\id HEB - Rakhine Bible Translation \ide UTF-8 \ide 65001 - Unicode (UTF-8) \h ဟေဗြဲ \toc1 ဟေဗြဲ အသင်းတော်သို့ ပီးစာ \toc2 ဟေဗြဲ \toc3 ဟေ \mt1 ဟေဗြဲ \mt2 ဟေဗြဲ အသင်းတော်သို့ ပီးစာ \imt နိဒါန်း \im \bk ဟေဗြဲ အသင်းတော်သို့ ပီးစာ\bk*သည် ဓမ္မဟောင်းကျမ်း၌ ပရောဖက်ပြုထားချက်များကို ယေသျှုက မည်သို့ ပြည့်စုံလာစီကြောင်း ဖော်ပြထားသော အားပီးတိုက်တွန်းစာ တစ်စောင် ဖြစ်ပါသည်။ ဤစာစောင်ကို တရားဟောချက် တစ်ခုကဲ့သို့ ရီးသားထားပါသည်။ ဟေဗြဲအသင်းတော်သို့ ပီးသောစာ၌ ယေသျှုခရစ်တော်သည် ပရောဖက်တိ ဟောထားချက်များ မည်သို့ ပြည့်စုံလာကြောင်းကို လည်းကောင်း၊ ယုဒလူမျိုး ယဇ်ပုရောဟိတ်မင်း၏တာဝန်ကို လည်းကောင်း ဓမ္မဟောင်းပါ ကျမ်းချက်ပေါင်း ၆၀ ကျော်ကို ကိုးကားလျက် ယှင်းလင်းစွာ ဖော်ပြထားပါသည်။ ထို့ကြောင့် ဤစာသည် ယုဒခရစ်ယာန်များကို အားပီးတိုက်တွန်းရန်အတွက် ဖြစ်သည်ဟု ဆိုနိုင်၏။ ဟေဗြဲအသင်းတော်သို့ ပီးသောစာ၌ ယဇ်ပုရောဟိတ်မင်းရို့သည် မည်သည့်အခါ၌မျှ နောက်တဖန် ယဇ်ပူဇော်ခြင်း မဟိကြစီရန် ယေသျှုခရစ်တော်သည် ပညတ်တရားကို မည်သို့ ပြည့်စုံစီခကြောင်းကို ဖော်ပြထားပါသည်။ ယေသျှုသည် တစ်ကြိမ် ပြစ်မှားမိသော အပြစ်များအတွက် သော်လည်းကောင်း၊ အခါခပ်သိမ်း၌ ပြစ်မှားမိသော အပြစ်များအတွက် သော်လည်းကောင်း၊ အပြစ်အားလုံးအတွက် ပူဇော်ပီးခသော ယဇ်ဖြစ်၏။ ဂနိ့ ခရစ်ယာန်များ ဘုရားသခင်ကို ယုံကြည်ကိုးစားကြစီခြင်းငှာ လည်းကောင်း၊ ယေသျှုခရစ်တော်ကို ယုံကြည်ကိုးစားကြစီခြင်းငှာ လည်းကောင်း၊ ငါရို့အတွက် ပူဇော်သကာယဇ်ကို ပူဇော်ပီးခသော သူတည်းဟူသော ယေသျှုခရစ်တော်နောက်ကို လိုက်ပါကြစီခြင်းငှာလည်းကောင်း အားပီးတိုက်တွန်းချက်များကို ဟေဗြဲအသင်းတော်သို့ ပီးစာ၌ တွိ့နိုင်၏ (\xt ၁၂.၂\xt*)။ \ip ဟေဗြဲအသင်းတော်သို့ ပီးသောစာကို ဇာသူ ရီးခကြောင်းကို မသိကြပေ။ သို့သော် ပညာသျှင်ရို့က တမန်တော် ပေါလု သို့မဟုတ် လုကာ သို့မဟုတ် ဗာနဗ ဖြစ်နိုင်ကြောင်း ခန့်မှန်းကြပါသည်။ မည်သည့်အချိန်က ရီးခကြောင်းကို မသိကြသော်လည်း ခရစ်တော်မွီးဖွားပြီးနောက် နှစ်ပေါင်း ၇၀ မတိုင်ခင်က ရီးခသည်ဟု ပညာသျှင်အများစုက ယုံကြည်ကြပါသည်။ ယေရုဆလင်မြို့သည် ခရစ်တော်မွီးဖွားပြီးနောက် နှစ်ပေါင်း ၇၀ တွင် ဖျက်ဆီးခြင်းကို ခံရ၏။ သို့ရာတွင် ဤစာကို ရီးသားသော စာရေးသူသည် ယေရုဆလင်မြို့ အကြောင်းကို ပြောဆိုထားသည်ဖြစ်၍ ယေရုဆလင်မြို့ ဖျက်ဆီးမခံရခင် ဤစာကို ရီးခ ဟန်ဟိ၏။ ဟေဗြဲအသင်းတော်သို့ ပီးသောစာကို ရောမမြို့၌ ရီးသားခပြီး (\xt ၁၃.၂၄\xt*)၊ ဤစာစောင်သည် အသင်းတော်များ၌ ပြန့်နှံ့ခလေ၏။ \iot အကြောင်းအရာ အကျဉ်းချုပ် \io1 ၁။ စာရီးသူက ယေသျှုသည် ဘုရားသခင်၏ ပရောဖက်တိထက် လည်းကောင်း၊ ကောင်းကင်တမန်တိထက်လည်းကောင်း ကြီးမြတ်သောသူဖြစ်ကြောင်း ဖော်ပြထားခြင်း \ior (၁.၁—၄.၁၃)\ior* \io1 ၂။ ထို့နောက် သူက ယေသျှုသည် ယေရုဆလင်မြို့ ဗိမာန်တော်၌ အမှုထမ်းလျက်ဟိကြသော ယဇ်ပုရောဟိတ်မင်းတိထက်လည်း ကြီးမြတ်သောသူ ဖြစ်ကြောင်းကို ဆက်လက်၍ ဖော်ပြထားခြင်း \ior (၄.၁၄—၇.၂၈)\ior* \io1 ၃။ ယေသျှု၏ သာသနာတော်သည် ဘုရားသခင်က မောသျှေအား ပီးခသော ပညတ်တရားအားဖြင့် မိမိ၏လူတိနှင့် ပြုခသော ကတိတော်ဟောင်းထက်လည်း ကြီးမြတ်တော်မူကြောင်း ဖော်ပြထားခြင်း \ior (၈.၁—၁၀.၃၁)\ior* \io1 ၄။ စာရီးသူက ယေသျှုသည် ခပ်သိမ်းသောအရာတိုင်း၌ ကြီးမြတ်တော်မူကြောင်းကို ယှင်းပြပြီးနောက် လက်တွိ့ကျင့်သုံးမှုဆိုင်ရာ သွန်သင်ချက်များစွာကိုလည်း ဖော်ပြထားခြင်း \ior (၁၀.၃၂—၁၃.၁၇)\ior* \io1 ၅။ နောက်ဆုံး၌ စာရီးသူက အားပီးတိုက်တွန်းခြင်းများ၊ နှုတ်ဆက်စကားပြောခြင်းများဖြင့် ဤစာစောင်ကို နိဂုံးချုပ်ထားခြင်း \ior (၁၃.၁၈–၂၅)\ior* \ie \c 1 \s သားတော်အားဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော် \p \v 1 ဘုရားသခင်သည် အတိတ်ကာလ၌ ပရောဖက်တိမှတစ်ဆင့် ငါရို့ အဖိုး အဖီးတိကို နည်းလမ်းအမျိုးမျိုးဖြင့် အကြိမ်ကြိမ် မိန့်မှာတော်မူခ၏။ \v 2 သို့ရာတွင် ဤနောက်ဆုံးသောကာလ၌ ကိုယ်တော်သည် မိမိ၏သားတော်အားဖြင့် ငါရို့အား မိန့်တော်မူ၏။ ဘုရားသခင်သည် ထိုသားတော်အားဖြင့် စကြဝဠာကို ဖန်းဆင်းတော်မူပြီး အဆုံး၌ ခပ်သိမ်းသောအရာအားလုံးကို ထိုသားတော်အား အမွီခံအဖြစ် ခန့်ထားတော်မူ၏။ \v 3 သားတော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထွန်းတောက်စီတော်မူပြီး တိကျမှန်ကန်သော ဘုရားသခင်၏ဇာတိတော် ဖြစ်၏။ မိမိ၏တန်ခိုးနှင့် ပြည့်စုံတော်မူသော နှုတ်ကပတ်တော်အားဖြင့် စကြဝဠာကို တည်စီတော်မူ၏။ လူသားတိကို အပြစ်မှ လွတ်မြောက်ရန် ဆောင်ရွက်ပီးပြီးနောက် ကောင်းကင်ဘုံ၌ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ လက်ယာတော်ဖက်တွင် ထိုင်တော်မူ၏။ \s ဘုရားသခင်သားတော်၏ ကြီးမြတ်တော်မူခြင်း \p \v 4 ဘုရားသခင်သည် ထိုသားတော်အား ကောင်းကင်တမန်ရို့ရသော ဘွဲ့နာမထက် သာ၍ ကြီးမြတ်တော်မူသော ဘွဲ့နာမတော်ကို ချီးမြှောက်တော်မူသည်နှင့်အညီ ကိုယ်တော်သည် ထိုကောင်းကင်တမန်တိထက် သာ၍ ကြီးမြတ်တော်မူ၏။ \v 5 အကြောင်းမူကား ဘုရားသခင်က၊ \q1 “သင်သည် ငါ့သား ဖြစ်၏၊ \q2 အေနိ့၌ ငါသည် သင်၏အဖ ဖြစ်၏” ဟူ၍လည်းကောင်း၊ \b \m “ငါသည် သူ၏အဖ ဖြစ်လိမ့်မည်၊ \q1 သူသည်လည်း ငါ့သား ဖြစ်လိမ့်မည်” ဟူ၍ လည်းကောင်း \q2 မိမိ၏ မည်သည့် ကောင်းကင်တမန်ကိုမျှ မပြောဖူးခပေ။ \b \m \v 6 သို့ရာတွင် ဘုရားသခင်က မိမိ၏ သားဦးကို ဤလောကထဲသို့ စီရွှတ်တော်မူသောအခါ၌ \q1 “ဘုရားသခင်၏ ကောင်းကင်တမန်အပေါင်းရို့သည် ကိုယ်တော့်ကို ကိုးကွယ်ရမည်” ဟု မိန့်တော်မူ၏။ \p \v 7 သို့ရာတွင် ဘုရားသခင်က ကောင်းကင်တမန်တိ အကြာင်းကို မိန့်တော်မူသည်ကား \q1 “ဘုရားသခင်သည် မိမိ၏ကောင်းကင်တမန်ရို့ကို လီကဲ့သို့ လည်းကောင်း၊ \q2 မိမိ၏အခိုင်းအစီများကို မီးတောက် မီးလျှံကဲ့သို့ လည်းကောင်း ဖြစ်စီတော်မူ၏” ဟူ၍ ဖြစ်သည်။ \b \m \v 8 သို့သော်လည်း သားတော်အကြောင်းနှင့်ပတ်သတ်၍ မိန့်တော်မူသည်မှာ၊ “အို ဘုရားသခင် ကိုယ်တော်၏ နိုင်ငံတော်သည် အစဉ်ထာဝရ တည်လိမ့်မည်။\f + \fr ၁.၈ \fr*\fq အို ဘုရားသခင် ကိုယ်တော်၏ နိုင်ငံတော်သည် အစဉ်ထာဝရ တည်လိမ့်မည်၊ \fq*\ft သို့မဟုတ် \ft*\fqa ဘုရားသခင်သည် ကိုယ်တော်၏ နိုင်ငံတော်ဖြစ်၏။\fqa*\f* ကိုယ်တော်သည် မိမိ၏\f + \fr ၁.၈ \fr*\fq ကိုယ်တော်၏၊ \fq*\ft အချို့သော လက်ရီးမူကျမ်း၌ \ft*\fqa မိမိ၏၊ \fqa*\ft ဟု ပါဟိ၏။\ft*\f* လူတိကို တရားမျှတစွာ အုပ်စိုးတော်မူ၏။ \v 9 ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက်တော်မူ၍ မတရားသောအမှုကို မုန်းတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏ ဘုရားသခင်တည်းဟူသော ဘုရားသခင်သည် ကိုယ်တော်အား ရွီးချယ်၍ မိမိ၏ အပေါင်းအဖော်ရို့ထက် ပို၍ ချီးမြှောက်ကာ ဝမ်းမြောက်ခြင်းကို ပီးတော်မူသည်” ဟု မိန့်တော်မူ၏။ \b \m \v 10 ထို့နောက် ကိုယ်တော်အား တဖန် မိန့်တော်မူသည်မှာ၊ \q1 “သခင်ဘုရား ကိုယ်တော်သည် အစဦး၌ မြီးကြီးကို ဖန်ဆင်းတော်မူပြီး၊ \q2 မိမိလက်တော်ဖြင့် ကောင်းကင်ကို ဖန်ဆင်းတော်မူ၏။ \q1 \v 11 ထိုအရာများသည် ပျောက်ကွယ်လားကြသော်လည်း ကိုယ်တော်သည် အမြဲ တည်တော်မူ၏။ \q2 ထိုအရာအားလုံးသည် အဝတ်များကဲ့သို့ ဟောင်းနွမ်းလားကြလိမ့်မည်။ \q1 \v 12 ကိုယ်တော်သည် ထိုအရာများကို ဝတ်ရုံကဲ့သို့ လိပ်တော်မူလိမ့်မည်ဖြစ်၍ \q2 ထိုအရာများသည် အဝတ်ကဲ့သို့ ပြောင်းလဲလားသော်လည်း၊ \q1 ကိုယ်တော်သည် ထာဝရ တည်တော်မူလိမ့်မည်။ \q2 ကိုယ်တော်၏ အသက်တော်သည် မည်သည့်အခါမျှ ကုန်ဆုံးလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။ \b \m \v 13 ဘုရားသခင်သည်၊ \q1 “သင်၏ရန်သူတိကို သင်၏ ခြီအောက်၌ \q2 သင်၏ ခြီတင်ရာခုံ အဖြစ် ငါ ချထားသည့်တိုင်အောင် \q2 ငါ၏ လက်ယာဖက်၌ ထိုင်နိန်လော့” ဟု ဇာကောင်းကင်တမန်ကိုမျှ မပြောဖူးခပေ။ \p \v 14 သို့ဖြစ်၍ ကောင်းကင်တမန်တိကား ဇာသူတိလဲ၊ ထိုသူရို့သည် ကယ်တင်ခြင်းကို အမွီခံရမည့်သူရို့အား ကူညီရန် ဘုရားသခင် စီရွှတ်တော်မူသော ကိုယ်တော်၏အစီခံ ဝိညာဉ်များ ဖြစ်ကြ၏။ \c 2 \s ကြီးမြတ်သောကယ်တင်ခြင်း \p \v 1 ထို့ကြောင့် ငါရို့သည် လမ်းမလွဲစီခြင်းငှာ ငါရို့ကြားနာပြီးသော သမ္မာတရားကို သာ၍ ခိုင်မြဲစွာ ဆုပ်ကိုင်ထားကြရမည်။ \v 2 ကောင်းကင်တမန်ရို့က ငါရို့အဖိုး အဖီးရို့အား ပီးခသော ဗျာဒိတ်တော်သည် မှန်ကန်သည်ဖြစ်၍ ထိုဗျာဒိတ်တော်ကို ငြင်းပယ်သောသူ သို့မဟုတ် မလိုက်နာသောသူရို့သည် ထိုက်တန်သော အပြစ်စီရင်ခြင်းကို ခံကြရသည်ဖြစ်၍ \v 3 ဤသို့သော ကြီးမြတ်သော ကယ်တင်ခြင်းတရားကို ဂရုမစိုက်ဘဲ နီကြလျှင် ငါရို့သည် ပြစ်ဒဏ်စီရင်ခြင်းက ဇာပိုင် လွတ်မြောက်နိုင်ပါဖို့လဲ။ သခင်ဘုရား ကိုယ်တိုင် ပထမဦးစွာ ဤကယ်တင်ခြင်းတရားကို ဟောကြားတော်မူခသည်ဖြစ်၍ ကြားနာရသောသူရို့က ထိုတရားတော်သည် မှန်ကန်ကြောင်းကို ငါရို့အား သက်သီပြခလေ၏။ \v 4 ထိုနည်းတူ ဘုရားသခင်သည် အမှတ်လက္ခဏာများ၊ အံ့ဩဖွယ်သောရာများနှင့် အမျိုးမျိုးသော နိမိတ်လက္ခဏာများကို ဖော်ပြတော်မူခြင်းဖြင့်လည်းကောင်း မိမိအလိုတော်အတိုင်း သန့်ယှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးများကို ဝီငှတော်မူခြင်းအားဖြင့်လည်းကောင်း သက်သီပြတော်မူခလေ၏။ \s ငါရို့ကို ကယ်တင်ခြင်းသို့ ပို့ဆောင်သူ \p \v 5 ဘုရားသခင်သည် ငါရို့ ပြောဆိုနိန်ကြသော ပေါ်ထွန်းလာမည့် လောကသစ်ကို အုပ်စိုးသောသူတိ အဖြစ် ကောင်းကင်တမန်တိအား ခန့်အပ်တော်မမူ။ \v 6 ကျမ်းချက် တစ်ချက်၌ ဆိုထားသည်မှာ၊ \q1 “အို၊ ဘုရားသခင် လူသားသည် ဇာပိုင်သူတိဖြစ်လို့ \q2 ကိုယ်တော်သည် သူ့အကြောင်းကို စဉ်းစားနိန်ပါလဲ။ သူ့ကို ဂရုစိုက်နိန်ရပါလဲ။ \q1 \v 7 ကိုယ်တော်သည် သူ့ကို ကောင်းကင်တမန်ရို့အောက် ခေတ္တမျှ နိ့မ့်ကျ စီတော်မူပြီ။ \q2 ကိုယ်တော်သည် ဘုန်းတန်ခိုးတော်နှင့် ဂုဏ်အသရေတော်အားဖြင့် သူ့ကို သရဖူ ဆောင်းစီတော်မူပြီး၊\f + \fr ၂.၇ \fr*\ft များစွာသော လက်ရီးမူကျမ်းများ၌ \ft*\fq ကိုယ်တော်သည် ဘုန်းတန်ခိုးတော်နှင့် ဂုဏ်အသရေတော်အားဖြင့် သူ့ကို သရဖူ ဆောင်းစီတော်မူပြီး၊ \fq*\ft ဟူ၍ ဖြည့်စွက် ရီးသားထား၏ (ရှု \ft*\xt ဆာ ၈.၆\xt*)။\f* \q2 \v 8 သူ့အား အရာခပ်သိမ်းကို အုပ်စိုးသူအဖြစ် ခန့်အပ်တော်မူပြီ” ဟု ဆိုထားသည်မှာ \m လူသားအား “အရာခပ်သိမ်းကို အုပ်စိုးပိုင်ခွင့် ပီးထားသည်” ဟူ၍ ဖြစ်၏။ သို့သော်လည်း ယခုတွင် လူသားသည် အရာခပ်သိမ်းကို အုပ်စိုးသောသူအဖြစ် မတွိ့မြင်ရသိမ့်ပေ။ \v 9 သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် လူတိုင်းအတွက် အသီခံခြင်းငှာ ကောင်းကင်တမန်တိအောက် ခေတ္တမျှ နှိမ့်ချထားခြင်းကို ခံရသော ယေသျှုကို ငါရို့သည် မြင်ကြရပြီ။ ထိုအသျှင်သည် မိမိအသီခံတော်မူခြင်းကြောင့် ဘုန်းတန်ခိုးတော်ဖြင့်လည်းကောင်း၊ ဂုဏ်အသရေဖြင့်လည်းကောင်း ချီးမြှောက်ခြင်းခံရသည်ကို ငါရို့ မြင်တွိ့ကြရ၏။ \v 10 များစွာသော သားသမီးတိကို မိမိ၏ဘုန်းစည်းစိမ်၌ ခံစားစီခြင်းငှာ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူပြီး ထိန်းသိမ်းစောင့်ရှောက်လျက် ဟိတော်မူသော ဘုရားသခင်သည် ယေသျှုအား စုံလင်တော်မူစီရန် ဆင်းရဲဒုက္ခကို ခံယူစီတော်မူခြင်းသည် ဖြောင့်မတ်မှန်ကန်တော်မူ၏။ အကြောင်းမူကား ယေသျှုသည် ထိုသူရို့ကို ကယ်တင်ခြင်းသို့ ပို့ဆောင်ပီးသောသူတစ်ယောက် ဖြစ်သောကြောင့်တည်း။ \p \v 11 ကိုယ်တော်သည် လူတိကို အပြစ်မှ သန့်ယှင်းစင်ကြယ်တော်မူ၏။ ကိုယ်တော်နှင့် သန့်ယှင်းစင်ကြယ်ခြင်းကို ခံရသောသူအားလုံး၏ အဖသည် တစ်ဦးတည်း ဖြစ်သောကြောင့် ယေသျှုသည် သူရို့ကို မိမိ၏ညီအစ်ကို မောင်နှမတိဟု ခေါ်ရန် ရှက်တော်မမူ။ \v 12 အသျှင်ယေသျှုက ဘုရားသခင်အား လျှောက်ထားသည်မှာ \q1 “အကျွန်သည် ကိုယ်တော် ပြုတော်မူသောအမှုကို အကျွန်၏ ညီအစ်ကို မောင်နှမတိကို ပြောကြားပါမည်။ \q2 သူရို့၏ ဝတ်ပြုစည်းဝေးပွဲ၌ ကိုယ်တော့်ကို ချီးမွမ်းပါမည်” ဟု ဖြစ်၏။ \m \v 13 တဖန် အသျှင်ယေသျှုက “ငါသည် ဘုရားသခင်ကို ကိုးစားပါမည်။ ဤအရပ်၌ ဘုရားသခင်သည် ငါ့အား ပီးအပ်ထားသော သားသမီးတိနှင့်အတူ ဟိပါ၏” ဟု လျှောက်ထားတော်မူ၏။ \p \v 14 အသျှင်ယေသျှုက သားသမီးတိဟု ခေါ်သော သူရို့သည် အသွီးအသားနှင့် တည်ဆောက်ထားသော လူသားတိဖြစ်သောကြောင့် ယေသျှုကိုယ်တိုင် ထိုသူရို့ကဲ့သို့ လူ့ဇာတိကို ခံယူတော်မူခ၏။ ထိုသို့ပြုခြင်းမှာ သီခြင်းတရားကို အစိုးရသောသူတည်းဟူသော မာရ်နတ်အား မိမိ၏အသီခံခြင်းအားဖြင့် ဖျက်ဆီးပစ်ရန် ဖြစ်၏။ \v 15 ထို့အပြင် ဤနည်းအားဖြင့် သီခြင်းတရားကို ကြောက်၍ ဘဝတစ်လျှောက်လုံး ကျွန်ခံနိန်ကြရသော သူတိကို လွတ်မြောက်စီတော်မူ၏။ \v 16 အကယ်စင်စစ် ကိုယ်တော်သည် ကောင်းကင်တမန်တိကို ကူညီမစ တော်မူသည်မဟုတ်၊ အာဗြဟံ၏ အမျိုးအနွယ်တိကို ကူညီ မစ တော်မူ၏။ \v 17 အကြောင်းမှာ လူတိ အပြစ်မှ ခွင့်ရွှတ်ခြင်း ရစီခြင်းငှာ ကိုယ်တော်သည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရာ၌ သစ္စာနှင့်လည်းကောင်း ကရုဏာနှင့်လည်းကောင်း ပြည့်စုံသော ယဇ်ပုရောဟိတ်မင်း ဖြစ်လာစီရန်နှင့် အရာရာ၌ မိမိ၏ညီအစ်ကို မောင်နှမကဲ့သို့ ဖြစ်လာစီရန် ဖြစ်၏။ \v 18 ထို့အပြင် ကိုယ်တော်သည် မိမိကိုယ်တိုင် စုံစမ်းသွီးဆောင်ခြင်းနှင့် ဆင်းရဲဒုက္ခကို ခံခရသည်ဖြစ်၍ ယခုတွင် စုံစမ်းသွီးဆောင်ခြင်းခံရသော သူတိကို ကူညီနိုင်တော်မူ၏။ \c 3 \s မောသျှေထက် ကြီးမြတ်တော်မူသော ယေသျှု \p \v 1 ဘုရားသခင် ခေါ်ထားတော်မူသော ငါ၏ခရစ်ယာန်ညီအစ်ကို မောင်နှမရို့၊ ငါရို့ ဝန်ခံထားသော ယုံကြည်ခြင်းတရားနှင့်ဆိုင်သော ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူခြင်းငှာ ဘုရားသခင် စီရွှတ်တော်မူသော ယေသျှုအကြောင်းကို စဉ်းစားဆင်ခြင်ကြလော့။ \v 2 မောသျှေသည် ဘုရားသခင်၏အိမ်တော်၌ လုပ်ဆောင်ရသည့် အလုပ်တွင် သစ္စာဟိသကဲ့သို့ ကိုယ်တော်သည် ဤအမှုတော်ကို ဆောင်ရွက်ရန် ခန့်အပ်တော်မူသော ဘုရားသခင်ကို သစ္စာဟိတော်မူ၏။ \v 3 အိမ်ကို ဆောက်သောသူသည် အိမ်ထက် သာ၍ ချီးမြှောက်ခြင်းကို ခံထိုက်သကဲ့သို့ ယေသျှုသည် မောသျှေထက်သာ၍ ဂုဏ်ပြုခြင်းကို ခံထိုက်ပေ၏။ \v 4 အိမ်မည်သည်ကား တည်ဆောက်သောသူ တစ်ဦး ကြောင့်ဖြစ်၏။ သို့ရာတွင် အရာခပ်သိမ်းကို တည်ဆောက်သောသူသည် ဘုရားသခင်ဖြစ်၏။ \v 5 မောသျှေသည် နောင်အခါ၌ ဘုရားသခင်ဟောကြားမည့် အရာများကို သက်သီခံလျက် ဘုရားသခင်၏အိမ်တော်၌ အစီခံတစ်ယောက်အဖြစ်ဖြင့် သစ္စာဟိတော်မူခ၏။ \v 6 သို့ရာတွင် ယေသျှုသည် ဘုရားသခင်၏အိမ်တော်ကို အုပ်စိုးရသော သားတော်အဖြစ်ဖြင့် သစ္စာဟိတော်မူ၏။ ငါရို့သည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံလျက်၊ ငါရို့၏မျှော်လင့်သောအရာ၌ တည်နိန်ကြလျှင် ကိုယ်တော်၏အိမ်တော်ပင်ဖြစ်ကြ၏။ \s ဘုရားသခင်သားသမီးတိအတွက် နားခိုရာ \p \v 7 သို့ဖြစ်၍ သန့်ယှင်းသော ဝိညာဉ်တော်က မိန့်တော်မူသည်မှာ၊ \q1 “ဤနိ့တွင် သင်ရို့သည် ဘုရားသခင်၏အသံတော်ကို ကြားလျှင်၊ \q2 \v 8 သင်ရို့၏ အဖိုးအဖီးရို့သည် သဲကန္တာရ၌ ဘုရားသခင်ကို ပုန်ကန်၍ စုံစမ်းကြသကဲ့သို့ သင်ရို့သည် စိတ်နှလုံးမာကြောခြင်း မဟိကတ်ကေ့။ \q1 \v 9 ထိုအရပ်၌ သူရို့သည် အနှစ်လေးဆယ်ကြာ ငါပြုသောအမှုကို မြင်ကြရသော်လည်း \q2 ငါ့ကို စုံစမ်းရန် ကြိုးစားကြလေ၏။ \q1 \v 10 ထို့ကြောင့် ငါသည် သူရို့ကို အမျက်တော်ထွက်၍ ကျိန်ဆိုတော်မူသည်မှာ၊ \q2 ‘သူရို့သည် အမြဲတမ်း သစ္စာဖောက်ကြပြီးလျှင်၊ \q2 ငါ့ပညတ်တော်များကို လိုက်နာရန် ငြင်းဆန်ကြ၏။’ \q1 \v 11 ငါသည် အမျက်တော်ထွက်၍ ကျိန်ဆိုတော်မူသည်မှာ၊ \q2 ‘သူရို့သည် ငါပီးမည့် ငြိမ်ဝပ်ချမ်းသာသော ပြည်တော်သို့ လုံးဝ ဝင်ကြရလိမ့်မည်မဟုတ်’ ” ဟူ၍ ဖြစ်၏။ \p \v 12 ငါ၏ညီအစ်ကို မောင်နှမရို့ အလွန်ဆိုးယုတ်ပြီး ယုံကြည်မှုကင်းမဲ့သည့် စိတ်နှလုံးဟိသောသူသည် အသက်ရှင်တော်မူသော ဘုရားသခင်မှ ဝီးကွာလားတတ်၏။ ထိုသို့သောသူ တစ်ဦးတစ်ယောက်မျှ သင်ရို့၌ မဟိစီခြင်းငှာ သတိထားကြလော့။ \v 13 သင်ရို့သည် အပြစ်၏လှည့်စားခြင်းအားဖြင့် ဂေါင်းမာသောသူတိ ဖြစ်မလာစီခြင်းငှာ ကျမ်းစာ၌ ပါသော “ဤနိ့” တည်းဟူသော နိ့ရက် ဟိသမျှကာလပတ်လုံး သင်ရို့သည် နိ့တိုင်း တစ်ယောက်ကို တစ်ယောက် အားပီးတိုက်တွန်းကြလော့။ \v 14 ငါရို့သည် အစဦးကပင် ရထားပြီးသော ယုံကြည်ခြင်းကို အဆုံးတိုင်အောင် ဆုပ်ကိုင်ထားကြလျှင် ခရစ်တော်နှင့်အတူ လုပ်ဖော်ကိုင်ဖက်များကြ၏။ \p \v 15 ကျမ်းစာလာသည်ကား၊ \q1 “ဤနိ့တွင် သင်ရို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြလျှင် \q2 သင်ရို့၏အဖိုး အဖီးတိကဲ့သို့ ဂေါင်းမမာကတ်ကေ့၊ \q2 အကြောင်းမူကား သူရို့သည် ဘုရားသခင်ကို ဆန့်ကျင်ခကြလေ၏” ဟူ၍ ဖြစ်၏။ \p \v 16 ဘုရားသခင်၏ အသံတော်ကို ကြားသောသူတိကား ဇာသူတိလဲ။ ထိုသူရို့သည်ကား အဲဂုတ္တုပြည်မှ မောသျှေ ခေါ်ထုတ်လာသောသူများ ဖြစ်ကြ၏။ \v 17 ဘုရားသခင်သည် နှစ်ပေါင်းလေးဆယ်ကာလပတ်လုံး ဇာသူရို့ကို အမျက်တော်ထွက်ခလဲ။ ထိုသူရို့ကား ဒုစရိုက်အပြစ်ကို ပြု၍ တောကန္တာရ၌ လဲကျ၍ သီဆုံးလားကြသောသူရို့ ဖြစ်ကြ၏။ \v 18 ဘုရားသခင်က ကျိန်ဆိုတော်မူသောအခါ “သူရို့သည် ငါ၏ ငြိမ်ဝပ်ချမ်းသာခြင်းထဲသို့ လုံးဝ ဝင်ရကြလိမ့်မည်မဟုတ်” ဟု ဇာသူရို့ကို ပြောခဖူးလဲ။ ထိုသူရို့သည်ကား ဘုရားသခင်ကို ဆန့်ကျင်သောသူရို့ ဖြစ်၏။ \v 19 သူရို့သည် ထိုသို့ မဝင်နိုင်ခကြသည်မှာ မယုံကြည်ကြသောကြောင့် ဖြစ်သည်ဟု ငါရို့ သိကြရ၏။ \c 4 \p \v 1 ယခုတွင် ကိုယ်တော်၏ကတိတော်နှင့် ဆိုင်သော ငြိမ်ဝပ်ချမ်းသာခြင်းသည် ငါရို့တွင် တည်လျက်ဟိ၏။ ထို့ကြောင့် သင်ရို့တစ်ဦးတစ်ယောက်မျှ ထိုချမ်းသာခြင်းထဲသို့ မဝင်လိုက်ရဘဲ မနိန်ကြစီခြင်းငှာ ဂရုစိုက်ကြလော့။ \v 2 အကြောင်းမူကား သူရို့ ကြားခသည့်အတိုင်း ငါရို့သည်လည်း ထိုသတင်းကောင်းတရားတော်ကို ကြားပြီးဖြစ်ကြ၏။ သို့ရာတွင် ထိုသတင်းကောင်းတရားသည် သူရို့အဖို့ ကောင်းကျိုး မဟိခပေ။ အကြောင်းမှာ သူရို့သည် ထိုသတင်းကောင်းတရားကို ကြားကြသော်လည်း ယုံကြည်ခြင်းဖြင့် လက်မခံကြသောကြောင့်ဖြစ်၏။ \v 3 ငါရို့မူကား ယုံကြည်ကြသောကြောင့် ဘုရားသခင် ကတိပီးထားခသော ထိုချမ်းသာခြင်းကို ခံစားကြရ၏။ ဤသည်ကား၊ \q1 “ငါသည် အမျက်ထွက်၍ ကျိန်ဆိုခြင်းကို ပြုလေ၏၊ \q2 ‘သူရို့သည် ငါ၏ ငြိမ်ဝပ်ချမ်းသာခြင်းထဲသို့ လုံးဝ ဝင်ကြရလိမ့်မည်မဟုတ်’ ဟု ဘုရားသခင်မိန့်တော်မူခသည့်အတိုင်းဖြစ်၏။” \m ကိုယ်တော်သည် လောကကို ဖန်ဆင်းသည့်အချိန်မှစ၍ မိမိ၏လုပ်ဆောင်မှုတိ ပြီးဆုံးလားသော်ငြားလည်း ဤစကားကို မိန့်တော်မူခ၏။ \v 4 သတ္တမနိ့ရက်နှင့် ပတ်သက်၍ ကျမ်းစာလာသည်ကား “ဘုရားသခင်သည် သတ္တမနိ့တွင် မိမိ၏လုပ်ဆောင်မှုအားလုံးကို ရပ်တန့်ပြီး ငြိမ်ဝပ်စွာအနားယူနိန်လေ၏” ဟူ၍ ဖြစ်၏။ \v 5 ထို့နောက် ဘုရားသခင်က တဖန် မိန့်တော်မူခသည်မှာ “သူရို့သည် ငါ၏ငြိမ်ဝပ်ချမ်းသာထဲသို့ မည်သည့်အခါမျှ ဝင်ရကြလိမ့်မည်မဟုတ်” ဟူ၍ ဖြစ်၏။ \v 6 သတင်းကောင်းတရားကို အဦးဆုံး ကြားနာရသောသူရို့သည် မယုံကြည်ကြသောကြောင့် ထိုငြိမ်ဝပ်ချမ်းသာကို မခံစားခရကြပေ။ သို့သော် အခြားသူရို့သည်ကား ထိုငြိမ်ဝပ်ချမ်းသာကို ခံစားကြရ၏။ \v 7 ဤသည်ကား ဘုရားသခင်က “ဤနိ့” ဟု ခေါ်သော တခြားသော နိ့တစ်နိ့ကို သတ်မှတ်ထားသည်မှာ မှန်ကန်ကြောင်းကို သက်သီပြလျက်ဟိ၏။ လွန်ခသော နှစ်ပေါင်းများစွာ အကြာက ဘုရားသခင်သည် ဤနိ့ အကြောင်းကို ဒါဝိဒ်အားဖြင့် ပြောခသည်ကို ကျမ်းစာ၌ ဖော်ပြထားသည်မှာ၊ \q1 “သင်ရို့သည် ဘုရားသခင်၏အသံတော်ကို ဤနိ့ ကြားရလျှင် \q2 စိတ်နှလုံး ခိုင်မာခြင်း မဟိကတ်ကေ့။” \p \v 8 ယောသျှုသည် ဘုရားသခင် ကတိပီးခသော ငြိမ်ဝပ်ချမ်းသာခြင်းအကြောင်းကို လူတိအား ပြောထားခလျှင် ဘုရားသခင်သည် တခြားသောနိ့ရက်ကို တဖန်ထပ်၍ မိန့်တော်မူလိမ့်မည် မဟုတ်ပေ။ \v 9 သို့ဖြစ်၍ ဘုရားသခင်၏လူတိအတွက် ငြိမ်ဝပ်ချမ်းသာခြင်းနှင့်ဆိုင်သော ဥပုသ်နိ့ သည် ကျန်နိန်သိမ့်၏။ \v 10 ဘုရားသခင်သည် မိမိလုပ်ဆောင်ခြင်းမှ ငြိမ်ဝပ်စွာ အနားယူသကဲ့သို့ ဘုရားသခင် ကတိပီးထားသော ငြိမ်ဝပ်ချမ်းသာခြင်းကို ခံစားကြရသောသူရို့သည် မိမိရို့၏အလုပ်မှ အနားယူကြရမည်။ \v 11 သူရို့သည် ယုံကြည်ခြင်း မဟိသောကြောင့် ထိုငြိမ်ဝပ်ချမ်းသာခြင်းကို ဆုံးယှုံးခကြသည့်နည်းတူ ငါရို့သည် ထိုသို့ မဆုံးယှုံးကြစီခြင်းငှာ အကောင်းဆုံး ကြိုးစားအားထုတ်ကြလော့။ \p \v 12 ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ လှုပ်ယှားလျက်ဟိ၏။ ထိုနှုတ်ကပတ်တော်သည် အသွားနှစ်ဖက်ပါသော သံလျက်ဒါးထက် ပြတ်၏။ ထိုနှုတ်ကပတ်တော်သည် အသက်နှင့် ဝိညာဉ်ကို လည်းကောင်း၊ အရိုးအဆစ်နှင့် ခြင်ဆီများကိုလည်းကောင်း ထိုးထွင်းပိုင်းခြားတတ်၏။ ထိုနှုတ်ကပတ်တော်သည် စိတ်နှလုံးအကြံအစည်နှင့် တပ်မက်မှုကို ခွဲခြားသိမြင်တတ်၏။ \v 13 ဘုရားသခင်၏ မျက်မှောက်တော်မှ ကွယ်ဝှက်ထားနိုင်သော အရာဟူ၍ မဟိ။ ဖန်ဆင်းထားသမျှသော အရာအားလုံးသည် ကိုယ်တော်၏မျက်မှောက်တော်၌ ထင်ရှားလျက်ဟိကြ၏။ သို့ဖြစ်၍ ငါရို့အားလုံးသည် မိမိရို့ ပြုသမျှအတိုင်း ပီးဆပ်ကြရလိမ့်မည်။ \s ကြီးမြတ်သော ယဇ်ပုရောဟိတ်မင်း ယေသျှု \p \v 14 သို့ဖြစ်၍ ငါရို့ ခံယူထားသော ယုံကြည်ခြင်းတရားကို ခိုင်ခံ့စွာ ဆုပ်ကိုင်ထားကြလော့။ အကြောင်းမူကား ဘုရားသခင်၏သားတော် ယေသျှုတည်းဟူသော ကောင်းကင်ဘုံသို့ ဝင်ရောက်တော်မူသော ကြီးမြတ်တော်မူသည့် ယဇ်ပုရောဟိတ်မင်းတစ်ပါးသည် ငါရို့၌ ဟိတော်မူသောကြောင့် ဖြစ်၏။ \v 15 ငါရို့၏ယဇ်ပုရောဟိတ်မင်းသည် ငါရို့၏အားနည်းချက်များကြောင့် ငါရို့ကို သနားကြင်နာစိတ် မဟိနိုင်သောသူ မဟုတ်ပေ။ တစ်နည်းဆိုသော် ငါရို့ ခံရသည့်နည်းတူ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းကို ခံယူတော်မူသော ယဇ်ပုရောဟိတ်မင်း တစ်ပါးသည် ငါရို့၌ ဟိတော်မူ၏။ သို့ရာတွင် ထိုအသျှင်သည် ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။ \v 16 သို့ဖြစ်၍ ငါရို့သည် ယုံကြည်သောစိတ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ပလ္လင်သို့ ချဉ်းကပ်ကြကုန်အံ့။ အကြောင်းမူကား ထိုအရပ်၌ ငါရို့သည် အကူအညီလိုအပ်သည့်အချိန်၌ ကျေးဇူးတော်ကို တွိ့မြင်၍ ကရုဏာတော်ကို ခံစားကြရလိမ့်မည်။ \c 5 \p \v 1 ယဇ်ပုရောဟိတ်မင်းဟူသည်မှာ အပြစ်ဖြေရန်အတွက် ယဇ်ပူဇော်မှုများကို ဆောင်ရွက်ခြင်းနှင့် ပူဇော်သကာများကို ဆက်သခြင်းဖြင့် ဘုရားသခင်၏အမှုတော်မြတ်ကို မိမိရို့၏ကိုယ်စား ဆောင်ရွက်စီခြင်းငှာ လူတိက ရွီးချယ်ခန့်ထားသောသူ ဖြစ်၏။ \v 2 သူသည် မိမိကိုယ်တိုင်လည်း အားနည်းချက် များစွာဟိသောကြောင့် အသိပညာခေါင်းပါးသောသူတိနှင့် မှားယွင်းသောသူတိကို သည်းခံနိုင်၏။ \v 3 ထို့အပြင် သူသည် မိမိကိုယ်တိုင် အားနည်းချက်ဟိသည်ဖြစ်၍ လူရို့၏အပြစ်အတွက်သာမက မိမိအပြစ်အတွက်ပါ ပူဇော်သကာများကို ဆက်သရ၏။ \v 4 မည်သူမျှ မိမိကိုယ်ကို ယဇ်ပုရောဟိတ်မင်းအဖြစ် မချီးမြှောက်နိုင်။ လူတစ်ယောက်သည် အာရုန်ကဲ့သို့ ယဇ်ပုရောဟိတ်မင်း ဖြစ်ခြင်းငှာ ဘုရားသခင်၏ ခေါ်တော်မူခြင်းအားဖြင့်သာ ဖြစ်နိုင်ပေ၏။ \p \v 5 တစ်နည်းအားဖြင့်ဆိုသော် ခရစ်တော်သည် ယဇ်ပုရောဟိတ်မင်းအဖြစ် မိမိကိုယ်ကို ချီးမြှောက်သည် မဟုတ်ပေ။ \q1 “သင်သည် ငါ့သားဖြစ်၏။ \q2 ဤနိ့တွင် ငါသည် သင်၏အဖ ဖြစ်လေပြီ” ဟူ၍ ဘုရားသခင်က ကိုယ်တော်အား မိန့်တော်မူလေ၏။ \m \v 6 ဘုရားသခင်က အခြားသောကျမ်းချက်၌ မိန့်တော်မူခသည်မှာ၊ \q1 “သင်သည် မေလခိဇေဒက် ယဇ်ပုရောဟိတ်မင်း အရာ၌၊\f + \fr ၅.၆ \fr*\fq မေလခိဇေဒက် ယဇ်ပုရောဟိတ်မင်း အရာ၌၊ \fq*\ft သို့မဟုတ် \ft*\fqa မေလခိဇေဒက် ယဇ်ပုရောဟိတ်ကဲ့သို့၊ \fqa*\ft သို့မဟုတ် \ft*\fqa မေလခိဇေဒက်၏အရာကို ကာလအစဉ်အဆက်။\fqa*\f* \q2 ထာဝရယဇ်ပုရောဟိတ်မင်း တစ်ပါးဖြစ်လိမ့်မည်” ဟူ၍ ဖြစ်၏။ \p \v 7 \x - \xo ၅.၇ \xo*\xt မ ၂၆.၃၆–၄၆; မာ ၁၄.၃၂–၄၂; လု ၂၂.၃၉–၄၆\xt*\x*ယေသျှုသည် လောကတွင် အသက်ရှင်စဉ်ကာလ၌ မိမိအား သီခြင်းတရားမှ ကယ်တင်နိုင်သော ဘုရားသခင်၌ ငိုယို၍ မျက်ရည်ကျလျက် တောင်းပန်၍ ဆုတောင်းပတ္ထနာ ပြုခ၏။ ကိုယ်တော်သည် စိတ်နှလုံးနှိမ့်ချလျက် အလိုတော်ကို ဝန်ခံတော်မူသောကြောင့် ဘုရားသခင်သည် ကိုယ်တော်၏ ဆုတောင်းပတ္ထနာကို နားညောင်းတော်မူလေ၏။ \v 8 ကိုယ်တော်သည် ဘုရားသခင်၏သားဖြစ်သော်လည်း ဆင်းရဲဒုက္ခကို ခံယူ၍ နာခံတတ်ရန် သင်ယူတော်မူခ၏။ \v 9 ထို့ကြောင့် ကိုယ်တော်သည် စုံလင်ခြင်းသို့ ရောက်သောအခါ မိမိကို နာခံသောသူအပေါင်းရို့အား ထာဝရကယ်တင်ခြင်းကို ပီးသောအသျှင် ဖြစ်လာတော်မူ၏။ \v 10 ထိုသို့ဖြင့် ဘုရားသခင်က ကိုယ်တော်အား မေလခိဇေဒက် ယဇ်ပုရောဟိတ်မင်း အရာ၌\f + \fr ၅.၁၀ \fr*\fq မေလခိဇေဒက် ယဇ်ပုရောဟိတ်မင်း အရာ၌၊ \fq*\ft (ရှု \ft*\xt ၅.၆\xt*)။\f* ခန့်အပ်တော်မူ၏။ \s ယုံကြည်ခြင်းကို မစွန့်ပစ်ရန် သတိပီးခြင်း \p \v 11 ဤအကြောင်းအရာနှင့်ပတ်သတ်၍ ငါရို့သည် ပြောစရာ များစွာဟိသော်လည်း သင်ရို့သည် ဉာဏ်နုံသောကြောင့် နားလည်ဖို့ရန် ခဲယဉ်း၏။ \v 12 \x - \xo ၅.၁၂,၁၃ \xo*\xt ၁ ကော ၃.၂\xt*\x*အကြောင်းမူကား ယခုအချိန်၌ သင်ရို့သည် ဆရာ အဖြစ်သို့ ရောက်သင့်ကြပြီ။ သို့သော်လည်း တစ်ဦးတစ်ယောက်က သင်ရို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ဆိုင်သော အခြေခံသမ္မာတရားကို တဖန်ပြန်၍ သင်ကြားပီးဖို့ရန် လိုနိန်သိမ့်၏။ သင်ရို့သည် ကြေခဲသောအစာကို မစားနိုင်သိမ့်။ နို့ကိုသာ သောက်၍ နိန်သင့်၏။ \v 13 နို့နှင့် အသက်ရှင်သောသူသည် နို့စို့သူငယ် တစ်ယောက်သာ ဖြစ်သိမ့်သောကြောင့် ထိုသူသည် ဖြောင့်မတ်ခြင်းတရားအကြောင်းကို သင်ကြားရာ၌ နားမလည်နိုင်။ \v 14 တစ်နည်းဆိုသော် ကြေခဲသောအစာသည် အရွယ်ရောက်ပြီးသော သူရို့အတွက်သာ ဖြစ်၏။ ထိုသူရို့သည် လေ့ကျင့် ထားပြီးဖြစ်သောကြောင့် အကောင်းအဆိုးကို ပိုင်းခြားသိမြင်နိုင်စွမ်း ဟိကြ၏။ \c 6 \p \v 1 သို့ဖြစ်၍ ငါရို့သည် ခရစ်ယာန်တရားတော်၏ အခြေခံသွန်သင်ချက်များကို ကျော်လွန်၍ ရင့်ကျက်သောဩဝါဒတရားတိကို ကျင့်ကြကုန်အံ့။ သီခြင်းတရားသို့ ပို့ဆောင်သော အကျင့်များမှ နောင်တရခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ \v 2 ဗတ္တိဇံတရား \f + \fr ၆.၂ \fr*\fq ဗတ္တိဇံတရား၊ \fq*\ft သို့မဟုတ် \ft*\fqa သန့်ယှင်းစင်ကြယ်ခြင်း အခမ်းအနား။\fqa*\f*ကို သွန်သင်ခြင်း၊ လက်တင်ဆုတောင်းပီးခြင်း၊ သီခြင်းမှ ထမြောက်ခြင်းနှင့် ထာဝရ တရားစီရင်ခြင်း စသည့် အခြေခံတရားများကို ငါရို့သည် တဖန်ပြန်၍ မသင်အပ်ယာ။ \v 3 ဘုရားသခင် အခွင့်ပီးတော်လျှင် ငါရို့သည် ထိုအရာများကို ဆက်လက်၍ လုပ်ဆောင်ကြကုန်အံ့။ \p \v 4 မိမိရို့၏ယုံကြည်ခြင်းကို စွန့်ပစ်သောသူရို့သည် နောက်တဖန် ဇာပိုင် နောင်တရနိုင်ပါအံ့နည်း။ အကြောင်းမူကား သူရို့သည် တစ်ခါက ဘုရားသခင်၏အလင်းအောက်၌ ကောင်းကင်ဆုကျေးဇူးကို မြည်းစမ်းဖူးသောသူ၊ သန့်ယှင်းသောဝိညာဉ်တော်ကို ခံယူဖူးသောသူ၊ \v 5 ဘုရားသခင်၏နှုတ်ကပတ်တော် ကောင်းမြတ်တော်မူကြောင်းကို လက်တွိ့ ခံစားဖူးသောသူ၊ နောင်ကာလ၏တန်ခိုးတော်တိကိုလည်း ခံစားဖူးကြသောသူများဖြစ်ကြ၏။ \v 6 သို့သော်လည်း သူရို့သည် မိမိရို့၏ယုံကြည်ခြင်းကို စွန့်ကြလေပြီတကား။ သူရို့သည် ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်မှာ တဖန် တင်၍ သတ်လျက် လူအများတိရှိ့မှာ အရှက်ခွဲနိန်ကြသည်ဖြစ်၍ သူရို့အတွက် နောင်တတရားဟူ၍ မဟိယာ။ \p \v 7 အကြိမ်ကြိမ် ရွာသွန်းသည့် မိုးရီကို သောက်လျက် ထွန်ယက်စိုက်ပျိုးသောသူတိ သုံးဆောင်အံ့သောငှာ သီးပင်စားပင်များကို ဖြစ်ထွန်းစီသော မြီကြီးကို ဘုရားသခင်သည် ကောင်းကြီးပီးတော်မူ၏။ \v 8 သို့ရာတွင် ဆူးပင် ပေါင်းပင်တိကို ဖြစ်ထွန်းစီသော မြီကြီးသည် အသုံးမဝင်။ ထိုမြီကြီးသည် ဘုရားသခင်၏ ကျိန်ခြင်းကို ခံရသောမြီဖြစ်၍ မီးဖြင့် ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ \p \v 9 သို့ရာတွင် ချစ်သော မိတ်ဆွီရို့၊ ငါရို့သည် ဤကဲ့သို့ ပြောဆိုကြသော်လည်း သင်ရို့နှင့်ပတ်သက်၍ အမှန်ပင် ခံစားရပါ၏။ သင်ရို့မှာ သာ၍ ကောင်းမွန်သော ကယ်တင်ခြင်းဆိုင်ရာ ကောင်းကြီးများ ပိုင်ဆိုင်ထားကြကြောင်းကို ငါရို့ သိကြ၏။ \v 10 ဘုရားသခင်သည် တရားမျှတမှုမဟိသော အသျှင်မဟုတ်ပေ။ သင်ရို့ဆောင်ရွက်ခသောအမှုကို လည်းကောင်း၊ အခြားသော ခရစ်ယာန်ညီအစ်ကိုများ ကူညီမစခြင်းအားဖြင့် ကိုယ်တော်သျှင်အား ပြသသော သင်ရို့၏ချစ်ခြင်းမေတ္တာကို လည်းကောင်း ဘုရားသခင်သည် မိ့လျော့လိမ့်မည် မဟုတ်ပေ။ \v 11 ငါရို့၏ ကြီးမားသော ဆန္ဒသည် သင်ရို့တစ်ယောက်စီတိုင်း၏မျှော်လင့်ချက်များ ပြည့်စုံလာစီရန် သင်ရို့၏စိတ်အားထက်သန်မှုကို အဆုံးတိုင်အောင် ခိုင်မြဲစီခြင်းငှာ ဖြစ်၏။ \v 12 ငါရို့သည် သင်ရို့အား ပျင်းရိသောသူများ ဖြစ်လာစီခြင်းငှာ အလိုမဟိ။ သို့ရာတွင် ယုံကြည်ခြင်းအားဖြင့် သော်လည်းကောင်း၊ စိတ်ရှည် သည်းခံသောအားဖြင့် သော်လည်းကောင်း၊ ဘုရားသခင်၏ကတိတော်ကို အမွီခံရသောသူတိကဲ့သို့ ပြုမူကျင့်ကြံစီခြင်းငှာ အလိုဟိကြ၏။ \s ဘုရားသခင်၏ စစ်မှန်သော ကတိတော် \p \v 13 ဘုရားသခင်သည် အာဗြဟံကို ကတိပီးတော်မူသောအခါ မိမိထက် ကြီးမြတ်သောသူ မဟိသောကြောင့် မိမိ၏နာမကို တိုင်တည်၍ ကျိန်ဆိုတော်မူခ၏။ \v 14 ကိုယ်တော်က “ငါသည် သင့်အား ကောင်းကြီးပီးမည်၊ သင်၏ အမျိုးအနွယ်ကို ပွားများစီမည်” ဟု မိန့်တော်မူခ၏။ \v 15 အာဗြဟံသည် စိတ်ရှည်သည်းခံသောကြောင့် ဘုရားသခင်၏ကတိတော်ကို ရဟိခ၏။ \v 16 လူအပေါင်းရို့သည် ကျိန်ဆိုခြင်းကို ပြုသောအခါ မိမိရို့ထက်သာ၍ ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို တိုင်တည်၍ ကျိန်ဆိုလေ့ဟိကြ၏။ ထိုသို့ ကျိန်ဆိုခြင်းသည် အချင်းချင်း အငြင်းပွားမှုများကို ပြေငြိမ်းစီ၏။ \v 17 ဘုရားသခင်က မိမိ၏ အကြံအစည်တော်သည် ဇာခါမျှ ပြောင်းလဲတော်မမူကြောင်းကို မိမိ၏ကတိတော်ကို အမွီခံကြရမည့်သူတိအား ယှင်းလင်းစွာ သိစီလိုသည်ဖြစ်၍ ကျိန်ဆိုခြင်းဖြင့် ကတိတော်ကို ခိုင်မြဲစီ၏။ \v 18 ဘုရားသခင်သည် မုသာကို ပြောဆိုတော်မမူသောကြောင့် ကတိတော်နှင့် ကျိန်ဆိုခြင်းသည် မပြောင်းလဲနိုင်သော အရာနှစ်ပါး ဖြစ်၏။ မိမိရို့ရှိ့၌ ချထားသော မျှော်လင့်ခြင်းကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားကြရန် ဘုရားသခင်၌ ခိုလှုံနိန်ကြသောငါရို့အား ထိုသို့ တိုက်တွန်းထားခြင်းဖြစ်၏။ \v 19 ငါရို့၏အသက်အတွက် အာမခံ၍ စိတ်ချရသော ကျောက်ဆူးတစ်ခု ကဲ့သို့ ဤမျှော်လင့်ခြင်းကို ငါရို့၌ ချထားလျက်ဟိ၏။ ဤမျှော်လင့်ခြင်းသည်ကား ကောင်းကင်ဗိမာန်တော်၏ကန့်လန့်ကာအတွင်း သန့်ယှင်းရာဌာနတော်သို့ ဝင်ရောက်တော်မူ၏။ \v 20 မေလခိဇေဒက် အရာကို ဆက်ခံတော်မူသော ထာဝရ ယဇ်ပုရောဟိတ်မင်း\f + \fr ၆.၂၀ \fr*\fq မေလခိဇေဒက် အရာကို ဆက်ခံတော်မူသော ထာဝရ ယဇ်ပုရောဟိတ်မင်း၊ \fq*\ft (ရှု \ft*\xt ၅.၆\xt*)။\f*တစ်ပါး ဖြစ်လာတော်မူသော ယေသျှုသည် ငါရို့၏ ရှိ့တော်ဗြီးတစ်ယောက်အဖြစ်ဖြင့် ထိုဌာနတော်ထဲသို့ ဝင်ရောက်တော်မူ၏။ \c 7 \s ယဇ်ပုရောဟိတ် မေလခိဇေဒက် \p \v 1 ဤမေလခိဇေဒက်သည်ကား ယှာလင်မြို့၏ဘုရင် ဖြစ်သည့်အပြင် အမြင့်ဆုံးသော ဘုရားသခင်၏ယဇ်ပုရောဟိတ်မင်း တစ်ပါးဖြစ်လေ၏။ အာဗြဟံသည် သျှင်ဘုရင်လေးပါးနှင့် တိုက်ခိုက်သော တိုက်ပွဲကို အောင်မြင်၍ ပြန်လာစဉ်တွင် မေလခိဇေဒက်သည် သူ့အား ခရီးဦးကြိုဆို၍ ကောင်းကြီးပီးလေ၏။ \v 2 ထိုအခါ အာဗြဟံသည်လည်း မိမိသိမ်းယူလာသော ပစ္စည်းဥစ္စာအားလုံး၏ ဆယ်ဖို့တစ်ဖို့ကို သူ့အား ပီးလျှူလေ၏။ မေလခိဇေဒက်ဟူသောနာမည်၏ ပထမ အနက်အဓိပ္ပာယ်မှာ “ဖြောင့်မတ်ခြင်း၏ဘုရင်” ဟူ၍ ဖြစ်၏။ သူသည် ယှာလင်မြို့၏ဘုရင်ဖြစ်၍ “ငြိမ်သက်ခြင်း၏ဘုရင်” ဟူ၍လည်း အဓိပ္ပာယ်ရ၏။ \v 3 မေလခိဇေဒက်သည် အမိ အဖ၊ ဆွီမျိုး ဟူ၍ မဟိပေ။ ဘဝ၏အစ အဆုံးဟူ၍လည်း မဟိပေ။ သူသည် ဘုရားသခင်၏သားတော်နှင့်တူ၍ ယဇ်ပုရောဟိတ်တစ်ပါးအဖြစ် ထာဝရ တည်တော်မူ၏။ \p \v 4 ငါရို့အမျိုး၏ ထင်ရှားသော အဖိုးဖြစ်သူ အာဗြဟံသည် တိုက်ပွဲမှ မိမိသိမ်းယူလာသော ပစ္စည်းဥစ္စာအားလုံး၏ ဆယ်ဖို့တစ်ဖို့ကို သူ့အား ပီးလှူခရသည်ဆိုသော် ထိုသူသည် ဇာလောက် ကြီးမြတ်တော်မူသည်ကို သင်ရို့ သဘောပေါက်ကြလော့။ \v 5 ယဇ်ပုရောဟိတ်တိဖြစ်သော လေဝိမျိုးနွယ်များသည် အာဗြဟံမှ ဆင်းသက်လာသော မိမိရို့၏ဣသရေလလူများ ဖြစ်ကြသော်လည်း ဣသရေလလူမျိုးများက ဆယ်ဖို့တစ်ဖို့ကို စုဆောင်း၍ ပီးလှူကြရန် ပညတ်ထားတော်မူ၏။ \v 6 မေလခိဇေဒက်သည် လေဝိမျိုးနွယ်မှ ဆင်းသက်လာသောသူ မဟုတ်သော်လည်း အာဗြဟံပါးက ဆယ်ဖို့တစ်ဖို့ကို ခံယူ၍ ဘုရားသခင်၏ကတိတော်များကို ရဟိထားသော အာဗြဟံအား ကောင်းကြီးပီးလေ၏။ \v 7 ကောင်းကြီးပီးသောသူသည် ကောင်းကြီးပီးခြင်းကို ခံရသောသူထက် သာ၍ ကြီးမြတ်သည်မှာ သံသယဖြစ်ဖွယ်မဟိပေ။ \v 8 ဤနီရာ၌ ဆယ်ဖို့တစ်ဖို့ကို ကောက်ခံကြသော ယဇ်ပုရောဟိတ်ရို့သည် သီဆုံးတတ်သော လူသားတိဖြစ်ကြ၏။ သို့သော်လည်း ဆယ်ဖို့တစ်ဖို့ကို ကောက်ခံသော မာလခိဇေဒက်သည်ကား အသက်ရှင်သောသူ ဖြစ်သည်ဟု ကျမ်းစာက ဆိုထား၏။ \v 9 ထို့ကြောင့် ဆယ်ဖို့တစ်ဖို့ကို ခံယူကြသော လေဝိရို့သည်လည်း အာဗြဟံအားဖြင့် ဆယ်ဖို့တစ်ဖို့ကို ပီးလျှူခကြသည်ဟု ဆိုနိုင်၏။ \v 10 အကြောင်းမူကား မေလခိဇေဒက်သည် အာဗြဟံအား တွိ့ဆုံသောအခါ လေဝိသည်လည်း သူ၏အဖိုး ခန္ဓာကိုယ်ထဲ၌ ဟိနိန်ခသောကြောင့် ဖြစ်၏။ \p \v 11 ပညတ်တရားကို ဣသရေလလူမျိုးတိအား ပီးအပ်ထားသည်မှာ လေဝိမျိုးနွယ် ယဇ်ပုရောဟိတ်တိ၌ အခြေခံထားခြင်းဖြစ်၏။ ယခုအခါ လေဝိမျိုးနွယ် ယဇ်ပုရောဟိတ်တိ၏လုပ်ဆောင်မှုသည် ပြည့်စုံလျှင် အာရုန်ကဲ့သို့ မဟုတ်ဘဲ မေလခိဇေဒက် အရာကို ဆက်ခံတော်မူသော ယဇ်ပုရောဟိတ်တစ်ပါး\f + \fr ၇.၁၁ \fr*\fq မေလခိဇေဒက် အရာကို ဆက်ခံတော်မူသော ယဇ်ပုရောဟိတ်တစ်ပါး၊ \fq*\ft (ရှု \ft*\xt ၅.၆\xt*)။\f* ပေါ်ထွန်းလာဖို့ မလိုအပ်ယာ။ \v 12 ထို့ကြောင့် ယဇ်ပုရောဟိတ်အမျိုး ပြောင်းလျှင် ပညတ်တရားလည်း ပြောင်းရမည်။ \v 13 ဤအကြောင်းအရာများကို မိန့်တော်မူသော ငါရို့၏အသျှင်ဘုရားသည် ယဇ်ပလ္လင်၌ ဆောင်ရွက်ရသော ယဇ်ပုရောဟိတ်အနွယ်ဝင်မဟုတ်၊ အခြားတစ်ပါးသော အမျိုးအနွယ်မှ ဆင်းသက်လာသော သူဖြစ်၏။ \v 14 အကျွန်ရို့၏ သခင်ဘုရားသည် ယုဒလူမျိုးထဲ၌ မွီးဖွားခသည်မှာ ထင်ရှား၏။ မောသျှေသည် ယဇ်ပုရောဟိတ်အကြောင်းကို ပြောခသည့်အချိန်မှာ ဤယုဒလူမျိုးနှင့် ပတ်သက်၍ တစ်ခုမျှ မပြောခပါ။ \s မေလခိဇေဒက်ကဲ့သို့သောယဇ်ပုရောဟိတ် \p \v 15 ထို့အပြင် မေလခိဇေဒက်ကဲ့သို့ အခြားသော ယဇ်ပုရောဟိတ်တစ်ပါး ပေါ်ထွန်းလာခြင်းသည် ငါရို့ပြောခသည့် အရာများ သာ၍ ထင်ရှားလာခြင်းဖြစ်၏။ \v 16 ထိုအသျှင်ကို ယဇ်ပုရောဟိတ်တစ်ပါးအဖြစ် ခန့်အပ်ထားသည်မှာ လူရို့၏ စည်းမျဉ်းဥပဒေ၊ အမိန့်အာဏာဖြင့် ခန့်အပ်ထားခြင်းမဟုတ်၊ မပျက်စီးနိုင်သော အသက်တာ၏ တန်ခိုးအာနုဘော်အားဖြင့် ခန့်အပ်ထားခြင်းဖြစ်၏။ \v 17 အကြောင်းမူကား “သင်သည် မေလခိဇေဒက် အရာကို ဆက်ခံတော်မူသော ထာဝရ ယဇ်ပုရောဟိတ်မင်း\f + \fr ၇.၁၇ \fr*\fq မေလခိဇေဒက် အရာကို ဆက်ခံတော်မူသော ထာဝရ ယဇ်ပုရောဟိတ်မင်း၊ \fq*\ft (ရှု \ft*\xt ၅.၆\xt*)။\f* ဖြစ်လိမ့်မည်” ဟု ကျမ်းစာက မိန့်တော်မူထားသောကြောင့် ဖြစ်၏။ \v 18 ယခင်ပညတ်တရားသည် အားနည်း၍ အသုံးမဝင်သောကြောင့် ဖယ်ထားကြ၏။ \v 19 မောသျှေ၏ပညတ်တရားသည် ပြည့်စုံခြင်းသို့ မရောက်နိုင်၊ ယခုအခါ သာ၍ကောင်းမြတ်သော မျှော်လင့်ခြင်းတစ်ခုကို ရထားကြသည်ဖြစ်၍ ငါရို့သည် ထိုမျှော်လင့်ခြင်းအားဖြင့် ဘုရားသခင်ထံတော်ပါးသို့ ရောက်လာကြ၏။ \p \v 20 တဖန် ဘုရားသခင် ကျိန်ဆိုတော်မူခြင်းသည်လည်း ဟိ၏။ လေဝိမျိုးနွယ်များကို ယဇ်ပုရောဟိတ် ခန့်အပ်သောအခါ ထိုသို့ကျိန်ဆိုတော်မူခြင်း မဟိပေ။ \v 21 သို့ရာတွင် ထိုသို့ ဘုရားသခင် ကျိန်ဆိုတော်မူခြင်းအားဖြင့် ယေသျှုသည် ယဇ်ပုရောဟိတ်တစ်ပါး ဖြစ်လာ၏၊ \q1 “ဘုရားသခင်က ကတိ ပီးတော်မူ၏ \q2 ထို့နောက် ထိုကတိတော်ကို ပြန်၍ ရုတ်သိမ်းတော်မူလိမ့်မည် မဟုတ်၊ \q1 ‘သင်သည် ထာဝရ ယဇ်ပုရောဟိတ်တစ်ပါး ဖြစ်လိမ့်မည်။’ ” \m \v 22 ဤသို့ ကျိန်ဆိုတော်မူခြင်းကြောင့် ယေသျှုသည် သာ၍မြတ်သော ပဋိညာဉ်တရားတော်၏ အာမခံ ဖြစ်တော်မူ၏။ \p \v 23 ယခုအခါ ထိုသို့သော ယဇ်ပုရောဟိတ် များစွာဟိကြလေ၏။ အကြောင်းမူကား သူရို့သည် သီဆုံးလားကြသည်ဖြစ်၍ မိမိရို့အလုပ်ကို ဆက်လက်၍ မလုပ်နိုင်ကြပေ။ \v 24 သို့ရာတွင် ယေသျှုသည် ထာဝရအသက်ရှင်တော်မူသည်ဖြစ်၍ သူသည် ပြောင်းလဲခြင်း မဟိသော ယဇ်ပုရောဟိတ်ဖြစ်တော်မူ၏။ \v 25 ထို့ကြောင့် ယခုတွင် ကိုယ်တော်သည် မိမိအားဖြင့် ဘုရားသခင်ထံပါးသို့ ရောက်လာကြသောသူရို့အား ကယ်တင်ခြင်းငှာ အစဉ်သဖြင့် တတ်နိုင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် ထိုသူရို့အတွက် ဘုရားသခင်ကို အသနားခံရန် ထာဝရအသက်ရှင်တော်မူသောကြောင့်ဖြစ်၏။ \p \v 26 ထို့ကြောင့် ယေသျှုသည် ငါရို့လိုအပ်သော ယဇ်ပုရောဟိတ်မင်း အမှန်ပင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် မြင့်မြတ်သန့်ယှင်း၍ အပြစ်ကင်းစင်တော်မူ၏။ ကိုယ်တော်သည် အပြစ်သားတိနှင့် ခြားထားခြင်းကို ခံရပြီးလျှင် ကောင်းကင်ဘဝဂ်တိုင်အောင် ချီးမြှောက်ခြင်းကို ခံတော်မူ၏။ \v 27 ကိုယ်တော်သည် အခြားသော ယဇ်ပုရောဟိတ်မင်းရို့ကဲ့သို့ နိ့စဉ်နိ့တိုင်း ယဇ်ပူဇော်ရန် မလိုအပ်ပေ။ အခြားသော ယဇ်ပုရောဟိတ်တိမှာကား မိမိရို့အပြစ်အတွက် ပထမဦးစွာ ပူဇော်သကာကို ပူဇော်ပြီးနောက် လူတိအပြစ်အတွက် တဖန် ပူဇော်သကာကို ပူဇော်ကြရ၏။ သို့ရာတွင် ယေသျှုသည် မိမိကိုယ်ကို ပူဇော်သောအခါ လူသားအားလုံး၏ အပြစ်အတွက် တစ်ခါတည်း အပြီးပူဇော်ထားပြီးဖြစ်၏။ \v 28 မောသျှေ၏ပညတ်တရားက ပြီးပြည့်စုံလင်ခြင်းမဟိသော လူတိကို ယဇ်ပုရောဟိတ်မင်းတိအဖြစ် ခန့်ထား၏။ သို့သော် ပညတ်တရား၏ နောက်မှရောက်လာသော ဘုရားသခင် ကျိန်ဆိုတော်မူသည့် ကတိတော်သည် ထာဝရပြည့်စုံတော်မူသော သားတော်ကို ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်ထားလေ၏။ \c 8 \s ငါရို့၏ ယဇ်ပုရောဟိတ်မင်း ဖြစ်သော ယေသျှု \p \v 1 ငါရို့ ပြောဆိုနိန်ကြသည့် အဓိကအချက်မှာ ကောင်းကင်ဘုံ၌ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ ပလ္လင်တော် လက်ယာဖက်တွင် ထိုင်နိန်တော်မူသော ယဇ်ပုရောဟိတ်မင်း တစ်ပါးသည် ငါရို့၌ ဟိနိန်သည်ဟူသော အကြောင်းပင် ဖြစ်၏။ \v 2 ထိုယဇ်ပုရောဟိတ်သည်ကား လူလက်ဖြင့် မလုပ်၊ သခင်ဘုရား တည်ဆောက်တော်မူသော စစ်မှန်သော တဲတော်ဖြစ်သည့် သန့်ယှင်းရာ ဌာနတော်၌ အမှုတော်ကို ဆောင်ရွက်လျက် ဟိတော်မူ၏။ \p \v 3 ယဇ်ပုရောဟိတ်မည်သည်ကား ပူဇော်သကာများနှင့် ယဇ်ကောင်များကို ဘုရားသခင်အား ပူဇော်ဆက်ကပ်ရန် ခန့်ထားခြင်းဖြစ်၏။ ထို့ကြောင့် ငါရို့၏ယဇ်ပုရောဟိတ်မင်း၌လည်း ထိုသို့ပူဇော်ခြင်းငှာ တစ်စုံတစ်ခု ဟိရမည် ဖြစ်၏။ \v 4 ကိုယ်တော်သည် မြီကြီးထက်တွင် ဟိတော်မူမည်ဆိုလျှင် ယုဒလူမျိုးရို့နှင့်ဆိုင်သော ပညတ်တရားအရ ပူဇော်သကာများကို ပူဇော်ကြသော ယဇ်ပုရောဟိတ်တိ ဟိနိန်ကြပြီးဖြစ်သောကြောင့် ကိုယ်တော်သည် ယဇ်ပုရောဟိတ်တစ်ပါး ဖြစ်လိမ့်မည် မဟုတ်ပေ။ \v 5 မောသျှေသည် ဝတ်ပြုရန် တဲတော်ကို တည်ဆောက်မည်ပြုသောအခါ ဘုရားသခင်က “တောင်ပေါ်တွင် သင့်ကို ငါ ပြခသည့် ပုံစံအတိုင်း အရာရာကို သေချာစွာ လုပ်ဆောင်လော့” ဟု သူ့အား မိန့်မှာခသည့်အတိုင်း ယဇ်ပုရောဟိတ်ရို့ လုပ်ဆောင်နိန်ကြသော အလုပ်သည် ကောင်းကင်ဘုံ၌ဟိသော အမှုအရာ၏ပုံရိပ်တစ်ခုမျှသာ ဖြစ်ပြီး မောသျှေ၏လုပ်ဆောင်မှုနှင့် အတူတူပင် ဖြစ်၏။ \v 6 သို့ရာတွင် ယေသျှုသည် ဘုရားသခင်နှင့် မိမိ၏လူရို့ကြားမှာ ပျင်ဆင်ထားတော်မူသော ပဋိညာဉ်တရားသည် ကတိတော်၌ တည်သောကြောင့် သာ၍ ကောင်းမြတ် သည်ဖြစ်၍ ယခုအခါ ကိုယ်တော်အား ယဇ်ပုရောဟိတ်တိထက် သာ၍ မြင့်မြတ်သော ယဇ်ပုရောဟိတ်တာဝန်ကို ပီးအပ်ထားတော်မူ၏။ \p \v 7 အကြောင်းမူကား ပထမ ပဋိညာဉ်တရား၌ အပြစ်မဟိခလျှင် ဒုတိယ ပဋိညာဉ်တရား ဖြစ်တည်ရန် မလိုအပ်ပေ။ \v 8 သို့ရာတွင် ဘုရားသခင်သည် မိမိလူတိ၌ အပြစ်တွိ့တော်မူသည်ဖြစ်၍ \q1 “ထာဝရဘုရား မိန့်တော်မူသည်မှာ၊ \q2 ငါသည် ဣသရေလလူမျိုးတိနှင့် သော်လည်းကောင်း၊ ယုဒလူမျိုးတိနှင့် သော်လည်းကောင်း ပဋိညာဉ်တရားသစ်ကို ပြုတော်မူမည့် နိ့ရက် ရောက်လာလိမ့်မည်။ \q2 \v 9 ထိုပဋိညာဉ်တရားသည်ကား ငါသည် အဲဂုတ္တုပြည်မှ သူရို့ကို ခေါ်ဆောင်လာစဉ်က \q1 သူရို့၏အဖိုး အဖီးရို့နှင့် ပြုခသော ပဋိညာဉ်တရားနှင့် တူလိမ့်မည် မဟုတ်ပေ။ \q1 သူရို့သည် ထိုပဋိညာဉ်တရားကို ချိုးဖောက်ကြသည် ဖြစ်၍ \q2 ငါသည် သူရို့ကို ဂရုမစိုက်ဘဲ နိန်ခ၏။ \q1 \v 10 နောင်ကာလတွင် ဣသရေလလူမျိုးတိနှင့် ငါပြုမည့် ပဋိညာဉ်တရားဟူမူကား၊ \q1 ငါသည် ငါ၏ပညတ်တရားကို သူရို့၏စိတ်ဝိညာဉ်ထဲသို့ သွင်းပြီးလျှင်၊ \q2 ထိုပညတ်တရားများကို သူရို့၏ စိတ်နှလုံးတွင် ရီးထားမည်။ \q1 ငါသည် သူရို့၏ဘုရားသခင် ဖြစ်ပြီး \q2 သူရို့သည်လည်း ငါ၏လူတိ ဖြစ်ကြလိမ့်မည်ဟူ၍ \q2 မိန့်တော်မူ၏။ \q1 \v 11 သူရို့သည် မိမိရို့၏အမျိုးသားချင်းကို သော်လည်းကောင်း၊ \q2 ညီအစ်ကိုချင်းကို သော်လည်းကောင်း ‘ထာဝရဘုရားကို သိကြလော့’ ဟု \q2 သင်ကြားပီးရ လိမ့်မည်မဟုတ်၊ \q1 အကြောင်းမူကား သူရို့အားလုံးသည် \q2 အငယ်ဆုံးမှ အကြီးဆုံးတိုင်အောင် ငါ့ကို သိကြလိမ့်မည်။ \q1 \v 12 ငါသည် သူရို့၏ အပြစ်တိကို ခွင့်ရွှတ်လိမ့်မည်။ \q2 သူရို့၏ ပြစ်မှားခြင်းတိကိုလည်း မအောင့်မိ့ဘဲ နိန်လိမ့်မည်” ဟု မိန့်တော်မူ၏။ \m \v 13 ပဋိညာဉ်တရားသစ်ဟူ၍ မိန့်တော်မူရာ၌ ဘုရားသခင်သည် ပထမ ပဋိညာဉ်တရားကို ဟောင်းနွမ်းစီတော်မူသည်ဖြစ်၍ ထိုဟောင်းနွမ်းလားသောအရာဟူသမျှသည် မကြာခင် ကွယ်ပျောက်လားလိမ့်မည်။ \c 9 \s မြီကြီးနှင့်ဆိုင်သော ကိုးကွယ်ခြင်းနှင့် ကောင်းကင်နှင့်ဆိုင်သော ကိုးကွယ်ခြင်း \p \v 1 ပထမပညတ်တော်၌ ဝတ်ပြုခြင်းဆိုင်ရာ စည်းမျဉ်းများနှင့် မြီကြီးနှင့်ဆိုင်သော ဝတ်ပြုရာ နီရာတစ်ခုလည်း ဟိလေ၏။ \v 2 တဲတော်၌ သန့်ယှင်းသောနီရာ ဟုခေါ်သော ပထမအခန်း၌ ဆီမီးခွက်တင်ခုံ၊ စားပွဲနှင့် ဘုရားသခင်ကို ပူဇော်ထားသောမုန့် ဟူ၍ ဟိကြ၏။ \v 3 ဒုတိယ ကန့်လန့်ကာ၏နောက်တွင် အသန့်ယှင်းဆုံးသောနီရာဟု ခေါ်သောအခန်း ဟိ၏။ \v 4 ထိုအခန်းထဲတွင် အမွှီးနံ့သာများကို ထွန်းညှိပူဇော်ထားသည့် ရွှီပလ္လင်တော်၊ ရွှီဖြင့်ပြုလုပ်ထားသော ပဋိညာဉ်သေတ္တာတော်၊ မန္နမုန့်ကို ထည့်ထားသော ရွှီအိုး၊ အဖူးအညွန့်များ ထွက်လျက်ဟိသော အာရုန်၏တောင်မွိ့နှင့် ပညတ်တရားတော်များကို ရီးထားသော ကျောက်ပြားနှစ်ချပ် စသည့်အရာများသည် ဟိကြ၏။ \v 5 သေတ္တာ၏အထက်တွင် ခေရုဗိမ်ရို့သည် ဘုရားသခင်၏ဘုန်းတော်ကို ဖော်ညွှန်းလျက်ဟိကြ၏။ ထိုခေရုဗိမ်ရို့သည် အပြစ်ဖြေရာနီရာ အထက်က သူရို့၏အတောင်များကို ဖြန့်မိုးထားကြ၏။ သို့ရာတွင် ဤအရာများကို ယခု အသေးစိပ်ပြောပြ၍ မရနိုင်ပေ။ \p \v 6 ဤသို့သောအရာများကို ပျင်ဆင်ထားပြီးနောက် ယဇ်ပုရောဟိတ်တိသည် မိမိရို့၏တာဝန်များကို ဆောင်ရွက်ရန် နိ့တိုင်း တဲတော်၏ပထမခန်းထဲသို့ ဝင်ကြရ၏။ \v 7 သို့ရာတွင် ယဇ်ပုရောဟိတ်မင်း တစ်ပါးတည်းသာ တဲတော်၏ ဒုတိယခန်းထဲသို့ ဝင်ရ၏။ ထိုသို့ ဝင်ရသည်မှာလည်း တစ်နှစ်လျှင် တစ်ကြိမ်သာ ဝင်ရ၏။ သူသည် မိမိအတွက်လည်းကောင်း၊ မသိ၍ ပြစ်မှားမိသော လူတိအပြစ်အတွက်လည်းကောင်း ကိုယ်စားပြု၍ ဘုရားသခင်အား ပူဇော်ရန် အသွီးကို မိမိနှင့်တပါတည်း ယူဆောင်လားရ၏။ \v 8 တဲတော်၏ပထမအခန်း တည်ဟိနိန်သမျှ ကာလပတ်လုံး အသန့်ယှင်းဆုံးနီရာသို့ ဝင်ရောက်ရန် လမ်းဖွင့်ထားခြင်း မဟိသိမ့်ကြောင်းကို ဤပျင်ဆင်ထားသောအရာများအားဖြင့် သန့်ယှင်းသောဝိညာဉ်တော်က ယှင်းလင်းစွာ ဖော်ပြလျက်ဟိ၏။ \v 9 ဤအရာများသည် ယခုမျက်မှောက်ကာလအတွက် ညွှန်ပြထားသော ပုံဆောင်ထားခြင်းသာ ဖြစ်ကြ၏။ ဘုရားသခင်အား ဆက်ကပ်ထားသော ပူဇော်သကာများနှင့် ယဇ်ကောင်များသည် ဝတ်ပြုသူများ၏စိတ်ကို ပြည့်စုံစီခြင်းငှာ ဆောင်ရွက်မပီးနိုင်ဟု အဓိပ္ပာယ်ရ၏။ \v 10 အကြောင်းမူကား ထိုအရာများသည် စားသောက်ဖွယ်ရာများနှင့် အမျိုးမျိုးသော သန့်ယှင်း စင်ကြယ်ခြင်းဝတ်နှင့်သာ ဆိုင်ကြ၏။ ဤအရာများသည် ပြင်ပလက္ခဏာများဆိုင်ရာ စည်းမျဉ်းများသာဖြစ်ကြ၏။ ဘုရားသခင်သည် အသစ်သော ပညတ်တော်ကို ချပီးသောအချိန်ကာလ ရောက်လာသည့်တိုင်အောင်အထိသာလျှင် ထိုအရာများသည် အထောက်အပံ့ပြုကြ၏။ \p \v 11 သို့ရာတွင် ခရစ်တော်သည် ကောင်းသောအရာအားလုံး၏ ယဇ်ပုရောဟိတ်မင်းအဖြစ်ဖြင့် ကြွလာတော်မူ၏။\f + \fr ၉.၁၁ \fr*\fq ကြွလာတော်မူ၏၊ \fq*\ft အချို့ လက်ရီးမူကျမ်းများ၌ \ft*\fqa ကြွရောက်တော်မူလာပြီ၊ \fqa*\ft ဟူ၍ ပါဟိ၏။\ft*\f* ကိုယ်တော် အမှုတော်ဆောင်သည့် တဲတော်သည် သာ၍ ကြီးမြတ်ပြည့်စုံတော်မူ၏။ အကြောင်းမူကား ထိုတဲတော်သည် လူ့လက်ဖြင့် တည်ဆောက်ထားသောအရာ မဟုတ်သည့်အပြင် ဖန်ဆင်းခံဖြစ်သော ဤလောက၏အရာများနှင့်လည်း မသက်ဆိုင်ပေ။ \v 12 ခရစ်တော်သည် လူသားအာလုံးအတွက် ပူဇော်သကာဆက်ကပ်ခြင်းငှာ တဲတော်၏အသန့်ယှင်းဆုံးသော နီရာသို့ ဝင်သောအခါ ဆိတ်၏အသွီး၊ နွား၏အသွီးများကို ယူဆောင်၍ ဝင်တော်မူခြင်းမဟုတ်၊ မိမိ၏အသွီးတော်ကို ယူဆောင်၍ ဝင်တော်မူခြင်းအားဖြင့် ငါရို့အား ထာဝရ ကယ်တင်ခြင်းကို ပီးတော်မူ၏။ \v 13 ဆိတ်၏အသွီး၊ နွား၏အသွီးနှင့် နွားမတမ်း၏ပြာများကို မစင်ကြယ်သောသူတိကို ဖြန်းခြင်းအားဖြင့် သူရို့သည် မိမိရို့၏ဘာသာတရားဆိုင်ရာ စင်ကြယ်ခြင်းသို့ ရောက်ကြသည် \v 14 မှန်လျှင် ခရစ်တော်၏အသွီးတော်သည် မည်မျှလောက်ထိ စင်ကြယ်ခြင်းသို့ ရောက်ကြပါမည်နည်း။ ခရစ်တော်သည် ထာဝရဝိညာဉ်တော်အားဖြင့် ပြည့်စုံသော ပူဇော်သကာအဖြစ် မိမိကိုယ်ကို ဘုရားသခင်အား ပူဇော်ပီးခ၏။ ကိုယ်တော်၏အသွီးတော်သည် သီခြင်းတရားနှင့်ဆိုင်သော အကျင့်များမှ ငါရို့၏စိတ်ဝိညဉ်ကို သန့်ယှင်းစီလိမ့်မည်။ အကြောင်းမူကား ငါရို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်မြတ်ကို ဆောင်ရွက်နိုင်ကြစီရန် ဖြစ်၏။ \p \v 15 ထို့ကြောင့် ခရစ်တော်သည် အသစ်သောပဋိညာဉ်ကို ပျင်ဆင်တော်မူသော ကြားဝင်​စိ့စပ်ပီး​သူ ဖြစ်၏။ အကြောင်းမူကား ဘုရားသခင်သည် မိမိခေါ်ထားတော်မူသော သူရို့အား ကတိပီးထားတော်မူသည့် ထာဝရကောင်းကြီးမင်္ဂလာများကို ရကြစီခြင်းငှာ ဖြစ်၏။ ပထမပဋိညာဉ်တရား အောက်၌ ပြစ်မှားမိခသော လူတိကို အပြစ်မှ လွတ်မြောက်ရန် ကိုယ်တော်သည် အသီခံ ပီးတော်မူခ၏။ \p \v 16 သီတမ်းစာတစ်စောင် တရားဝင်ဖြစ်လာစီခြင်းငှာ ထိုသီတမ်းစာကို ရီးသားထားသောသူသည် သီဆုံးလားပြီဖြစ်ကြောင်းကို သက်သီပြဖို့ရန် လိုအပ်၏။ \v 17 ထိုသီတမ်းစာကို ရီးသားထားသောသူသည် အသက်မသီသိမ့်လျှင် ထိုသီတမ်းစာသည် တရားမဝင်သိမ့်၊ ထိုသူ သီပြီးမှသာ တရားဝင်လာ၏။ \v 18 ထို့ကြောင့် ပထမပဋိညာဉ်တရား\f + \fr ၉.၁၈ \fr*\fk ပဋိညာဉ်တရား၊ \fk*\ft ဟေလသအားဖြင့် အဓိပ္ပာယ်တူ စကားလုံးမှာ “စိတ်” ဟူ၍ လည်းကောင်း၊ “ကတိပြုသည်” ဟူ၍ လည်းကောင်း ဖြစ်၏။\ft*\f*ပင်လျှင် အသွီးအားဖြင့်သာ တည်၏။ \v 19 အစဦးကပင် မောသျှေသည် ပညတ်တော်၌ ပါသော တရားအားလုံးကို လူတိအား ကြော်ငြာပြီးသောအခါ ရီနှင့်ရောထားသော နွား၏အသွီး၊ ဆိတ်၏အသွီးများကို ယူ၍ အနီရောင်သိုးမွှီးနှင့် ဟုဿုပ်ပင်ညွန့်ကို အသုံးပြုကာ ကျမ်းစာလိပ်ကို လည်းကောင်း၊ လူတိအားလုံးကို လည်းကောင်း ဖြန်းလေ၏။ \v 20 ထို့နောက် မောသျှေက “ဤအသွီးသည်ကား သင်ရို့ နာခံကြစီခြင်းငှာ ဘုရားသခင် ပညတ်တော်မူသော ပဋိညာဉ်တရား၏ သက်သီဖြစ်၏” ဟု မိန့်တော်မူ၏။ \v 21 ထိုနည်းအတိုင်း မောသျှေသည် တဲတော်နှင့်တကွ ဝတ်ပြုရာ၌ အသုံးပြုသော အရာအားလုံးကို အသွီးနှင့် ဖြန်းလေ၏။ \v 22 အကယ်စင်စစ် ပညတ်တရားအရ အရာအားလုံးနီးပါးသည် အသွီးအားဖြင့်သာလျှင် သန့်ယှင်းစင်ကြယ်ခြင်းသို့ ရောက်ကြရ၏။ အကြောင်းမူကား အသွီး သွန်းလောင်းခြင်း မဟိလျှင် အပြစ်လွှတ်ခြင်း မဟိ။ \s ခရစ်တော်၏ယဇ်ပူဇော်ခြင်းအားဖြင့် အပြစ်မှ လွတ်မြောက်ခြင်း \p \v 23 ထိုနည်းအားဖြင့် ကောင်းကင်ဘုံနှင့် သက်ဆိုင်သောပြယုဂ်များကိုသာ သန့်ယှင်းစင်ကြယ်ရန် ဖြစ်၏။ သို့ရာတွင် ကောင်းကင်ဘုံနှင့်ဆိုင်သော အရာများကို သန့်ယှင်းစင်ကြယ်ရန် သာ၍ မြင့်မြတ်သောယဇ်ကို ပူဇော်ရန်လိုအပ်၏။ \v 24 အကြောင်းမူကား ခရစ်တော်သည် စစ်မှန်သောအရာ၏ပြယုဂ်ဖြစ်သည့် လူ့လက်ဖြင့် လုပ်ထားသော သန့်ယှင်းသောနီရာသို့ ဝင်တော်မမူခပေ။ သို့သော် ယခုတွင် ဘုရားသခင်၏မျက်မှောက်တော်၌ ငါရို့အတွက် ထင်ရှားစီရန် ကောင်းကင်ဘုံသို့ ဝင်ရောက်တော်မူ၏။ \v 25 ယဇ်ပုရောဟိတ်မင်းသည် မိမိ၏အသွီးမဟုတ်သောအသွီးဖြင့် နှစ်စဉ်နှစ်တိုင်း အသန့်ယှင်းဆုံးသောနီရာသို့ ဝင်ရောက်သကဲ့သို့ ကိုယ်တော်သည် မိမိကိုယ်ကို အကြိမ်ကြိမ် ပူဇော်ရန် ကောင်းကင်ဘုံသို့ ဝင်ရောက်တော်မမူ။ \v 26 ထိုသို့ပူဇော်ရလျှင် ကမ္ဘာတည်သည့်အချိန်မှစ၍ ခရစ်တော်သည် ဒုက္ခဝေဒနာကို အကြိမ်ကြိမ် ခံစားရပေလိမ့်မည်။ ယခုမူကား မိမိကိုယ်ကို ပူဇော်ခြင်းအားဖြင့် အပြစ်တရားကို ဖယ်ယှားရန် ကပ်ကာလ၏အဆုံး၌ ကိုယ်တော်သည် တစ်ကြိမ်တည်းသာ ပေါ်ထွန်းတော်မူ၏။ \v 27 လူသည် တစ်ခါတည်းသာ သီဆုံး၍၊ တရားစီရင်ခြင်းကို ခံရသကဲ့သို့ \v 28 ခရစ်တော်သည်လည်း များစွာသောသူရို့၏အပြစ်များကို ဖယ်ယှားရန် မိမိကိုယ်ကို တစ်ကြိမ်တည်း ပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက်မဟုတ်ဘဲ မိမိအား စောင့်မျှော်နိန်ကြသောသူရို့ကို ကယ်တင်ရန် ပေါ်ထွန်းလာတော်မူလိမ့်မည်။ \c 10 \p \v 1 ပညတ်တရားသည် နောင်ဖြစ်လာမည့် ကောင်းသောအရာများ၏ ပုံရိပ်မျှသာဖြစ်ပြီး စစ်မှန်သောအရာများမဟုတ်ကြပေ။ ထို့ကြောင့် ဝတ်ပြုသူတိကို ပြည့်စုံစီခြင်းငှာ ဆောင်ရွက်မပီးနိုင်သောကြောင့် တူညီသောယဇ်များကို နှစ်စဉ် ပူဇော်ကြရ၏။ \v 2 အကယ်၍ ပြည့်စုံနိုင်ခလျှင် ဝတ်ပြုသူရို့သည် တစ်ခါတည်းဖြင့် စင်ကြယ်ခြင်းသို့ ရောက်ကြသည်ဖြစ်၍ အပြစ်ဟိသည်ဟု မခံစားရသောကြောင့် သူရို့သည် ယဇ်ပူဇော်ခြင်းကို မပြုလုပ်ဘဲနိန်ကြလိမ့်မည် မဟုတ်ပါလော။ \v 3 သို့ရာတွင် ထိုသို့ ယဇ်ပူဇော်ခြင်းများသည် သူရို့၏အပြစ်များကို နှစ်စဉ် ဖော်ပြနိန်ခြင်းဖြစ်၏။ \v 4 အကြောင်းမူကား နွားနှင့် ဆိတ်များ၏အသွီးသည် အပြစ်များကို လုံးဝ ဖယ်ယှားမပီးနိုင်သောကြောင့်ဖြစ်၏။ \p \v 5 ထို့ကြောင့် ခရစ်တော်သည် လောကထဲသို့ ကြွလာသောအခါ ဘုရားသခင်အား လျှောက်ထားတော်မူသည်မှာ၊ \q1 “ယဇ်ကောင်နှင့် ပူဇော်သကာများကို ကိုယ်တော်သည် အလိုမဟိသည်ဖြစ်၍ \q2 အကျွန့်အတွက် ကိုယ်ခန္ဓာကို ပျင်ဆင်ထားတော်မူ၏။ \q1 \v 6 ကိုယ်တော်သည် ယဇ်ပလ္လင်ထက်၌ မီးတိုက်ထားသောယဇ်ကောင်များကို လည်းကောင်း၊ \q2 အပြစ်ဖြေရာ ပူဇော်သကာများကို လည်းကောင်း နှစ်သက်တော်မမူ။ \q2 \v 7 သို့ဖြစ်၍ ပညတ္တိကျမ်း၌ အကျွန့်ကို ရည်ညွှန်း၍ ရီးသားထားသည့်အတိုင်း၊ \q2 ‘အို ဘုရားသခင်၊ အသျှင်ဘုရား၏အလိုတော်ကို ဆောင်ရွက်ရန် \q2 အကျွန်သည် ဤနီရာ၌ ဟိပါ၏’ ” ဟု လျှောက်လေ၏။ \m \v 8 ကိုယ်တော်သည် ပထမဦးစွာ လျှောက်တော်မူသည်မှာ “အသျှင်ဘုရားသည် ယဇ်ပလ္လင်ထက်၌ ယဇ်ကောင်များနှင့် ပူဇော်သကာများကို သော်လည်းကောင်း၊ မီးယှို့ထားသော ယဇ်ကောင်များနှင့် အပြစ်ဖြေရာပူဇော်သကာများကို သော်လည်းကောင်း ပညတ်တရားအရ ပူဇော်ကြသော်လည်း ကိုယ်တော်သည် နှစ်သက်တော်မမူ” ဟူ၍ ဖြစ်၏။ \v 9 တဖန် ကိုယ်တော်က လျှောက်တော်မူသည်မှာ “အကျွန်သည် ဤနီရာ၌ ဟိပါ၏၊ အသျှင်ဘုရား၏ အလိုတော်ကို ဆောင်ရွက်ရန် ရောက်လာခြင်းဖြစ်ပါ၏” ဟု ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်သည် ဒုတိယပူဇော်ခြင်းကို တည်စီခြင်းငှာ ပထမပူဇော်ခြင်းကို ပယ်တော်မူ၏။ \v 10 ထိုသို့ အလိုတော်နှင့်အညီ ငါရို့အားလုံးအတွက် ယေသျှုခရစ်တော်၏ ကိုယ်ခန္ဓာကို တစ်ကြိမ်တည်း ပူဇော်ခြင်းအားဖြင့် ငါရို့ကို သန့်ယှင်းစီခြင်းငှာ ဆောင်ရွက်ပီးတော်မူခ၏။ \p \v 11 ယဇ်ပုရောဟိတ်သည် နိ့စဉ်နိ့တိုင်း မတ်တပ်ရပ်ကာ မိမိ၏ဘာသာရေးဆိုင်ရာ ဝတ္တရားများကို ဆောင်ရွက်ရ၏။ သူသည် တူညီသော ပူဇော်သကာယဇ်ကို အကြိမ်ကြိမ် ပူဇော်ရ၏။ သို့သော်လည်း ထိုသို့ လုပ်ဆောင်ခြင်းသည် အပြစ်များကို လုံးဝ မဖယ်ယှားနိုင်။ \v 12 သို့ရာတွင် ခရစ်တော်သည်ကား ထာဝရအတွက် တစ်ခုတည်းသော အပြစ်ဖြေရာယဇ်ကို တစ်ကြိမ်တည်း ပူဇော်ပြီးလျှင် ဘုရားသခင်၏လက်ယာဖက်၌ ထိုင်နိန်တော်မူ၏။ \v 13 ယခုအခါ ကိုယ်တော်သည် မိမိ၏ရန်သူတိကို မိမိ၏ခြီတင်ခုံ ဖြစ်စီသည့်တိုင်အောင် စောင့်ဆိုင်းလျက် ဟိတော်မူ၏။ \v 14 အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကို တစ်ကြိမ်တည်း ပူဇော်ခြင်းအားဖြင့် အပြစ်များမှ စင်ကြယ်ခြင်းခံရပြီးသော သူရို့အား ထာဝရစုံလင်စီခြင်းငှာ ဆောင်ရွက်ပီးတော်မူခ၏။ \p \v 15 သန့်ယှင်းသော ဝိညာဉ်တော်သည်လည်း ဤအကြောင်းနှင့် ပတ်သက်၍ ငါရို့ကို သက်သီခံတော်မူ၏။ ထိုသန့်ယှင်းသော ဝိညာဉ်တော်က ပထမဦးစွာ မိန့်တော်မူသည်မှာ \q1 \v 16 “ထာဝရဘုရားက နောင်ကာလ၌၊ \q2 သူရို့နှင့် ငါပြုမည့်ပဋိညာဉ်မှာ၊ \q1 ငါသည် ငါ၏ပညတ်တရားများကို သူရို့၏နှလုံးထဲ၌ ထည့်သွင်း၍ \q2 သူရို့၏စိတ်ဝိညာဉ်မှာ ရီးမှတ်ထားမည်ဟု မိန့်တော်မူ၏” ဟူ၍ ဖြစ်၏။ \m \v 17 တဖန် “ငါသည် သူရို့၏အပြစ်များနှင့် တရားမဲ့ပြုမူခြင်းများကို လုံးဝ မှတ်ယူလိမ့်မည်မဟုတ်” ဟု မိန့်တော်မူခ၏။ \v 18 ထို့ကြောင့် အပြစ်များကို ခွင့်ရွှတ်ပြီးပြီဖြစ်သောကြောင့် အပြစ်ဖြေရာယဇ်ကို ပူဇော်ရန် မလိုယာ။ \s ဘုရားသခင်ထံပါးသို့ ချဉ်းကပ်ကြလော့ \p \v 19 ထို့ကြောင့် ညီအစ်ကို မောင်နှမရို့၊ ငါရို့သည် ယေသျှု၏အသွီးတော်အားဖြင့် အသန့်ယှင်းဆုံးသောနီရာသို့ ယုံကြည်စိတ်ချစွာ ဝင်ရောက်ခွင့်ရကြ၏။ \v 20 ထို့ကြောင့် ကိုယ်တော်သည် မိမိခန္ဓာကိုယ်တည်းဟူသော ကန့်လန့်ကာမှ တစ်ဆင့် ငါရို့အတွက် အသက်ရှင်သော လမ်းသစ်ကို ဖွင့်ပီးခတော်မူ၏။ \v 21 ထိုမျှမက ငါရို့၌ ဘုရားသခင်၏အိမ်တော်ကို အုပ်စိုးသည့် ကြီးမြတ်သော ယဇ်ပုရောဟိတ်တစ်ပါး ဟိတော်မူ၏။ \v 22 ငါရို့သည် သန့်စင်သောရီဖြင့် ဆီးကြောထားသော ကိုယ်ခန္ဓာဖြင့် လည်းကောင်း၊ ဖြောင့်မှန်သော နှလုံးသား၊ စစ်မှန်သောယုံကြည်ခြင်း၊ ဆိုးညစ်သောစိတ်နှလုံးကို သန့်ယှင်းစင်ကြယ်၍ လည်းကောင်း၊ ဘုရားသခင် ထံတော်ပါးသို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။ \v 23 ကတိပီးထားတော်မူသော အသျှင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ ငါရို့ ဝန်ခံထားသော မျှော်လင့်ခြင်းကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားကြကုန်အံ့။ \v 24 ထို့အပြင် မေတ္တာထားခြင်းငှာလည်းကောင်း၊ ကောင်းသောအမှုကို ပြုခြင်းငှာလည်းကောင်း၊ တစ်ယောက်ကို တစ်ယောက် မည်သို့ တိုက်တွန်းကြရမည်ကိုလည်းကောင်း၊ စဉ်းစားဆင်ခြင်ကြကုန်အံ့။ \v 25 တချို့သောသူရို့ ပြုမူကြသည့်အတိုင်း အတူတကွ စုဝေးသည့် အလေ့အထကို လက်မလျှော့ဘဲ၊ အချင်းချင်း တစ်ယောက်ကို တစ်ယောက် တိုက်တွန်းနှိုးဆော်ကြကုန်အံ့။ အကြောင်းမှာ သင်ရို့သည် သခင်ဘုရား ကြွလာမည့်နိ့ရက်သည် သာ၍ နီးလာသည်ကို သိမြင်လျက်ဟိကြ၏။ \p \v 26 အကြောင်းမူကား ငါရို့အား သမ္မာတရားကို သိခြင်းငှာ ဆောင်ရွက်ပီးထားပြီးမှ အပြစ်ကို တမင်တကာ ဆက်လက်၍ လုပ်နိန်ကြလျှင် အပြစ်ဖြေမည့်ယဇ်ဟူ၍ မဟိယာ။ \v 27 သို့ရာတွင် တရားစီရင်ခြင်းကို လည်းကောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော သူရို့ကို လောင်ကျွမ်းမည့် အမျက်တော်မီးကို လည်းကောင်း ကြောက်ရွံ့လျက် စောင့်နိန်ကြရုံမျှသာဟိ၏။ \v 28 မောသျှေ၏ပညတ်တရားကို ငြင်းပယ်သောသူမည်သည်ကား သက်သီနှစ်ဦး သို့မဟုတ် သုံးဦးဟိလျင် သက်ညှာခြင်းကို မခံရဘဲ သီဒဏ်ပီးခြင်းကို ခံရ၏။ \v 29 သို့ဖြစ်လျှင် ဘုရားသခင်၏သားတော်ကို ခြီဖြင့် နင်းလျက် အပြစ်ကို သန့်ယှင်းစင်ကြယ်စီသော ဘုရားသခင်၏ပဋိညာဉ်နှင့်ဆိုင်သောအသွီးတော်ကို မထီမဲ့မြင် ပြုမူကာ ကျေးဇူးတော်နှင့်ဆိုင်သော ဝိညာဉ်တော်ကို ကဲ့ရဲ့သောသူရို့သည် ဇာလောက်ကြီးမားသော ပြစ်ဒဏ်နှင့် ထိုက်တန်သည်ကို သင်ရို့ စဉ်းစားကြလော့။ \v 30 အကြောင်းမူကား “ပြစ်ဒဏ်ပီးခြင်းသည် ငါနှင့် ဆိုင်၏။ ငါ ကိုယ်တိုင် ပြစ်ဒဏ်ပီးမည်” ဟူ၍လည်းကောင်း၊ တဖန် “ထာဝရဘုရားသည် မိမိ၏လူမျိုးကို တရားစီရင်မည်” ဟူ၍လည်းကောင်း မိန့်တော်မူသောအသျှင်ကို ငါရို့ သိကြ၏။ \v 31 အသက်ရှင်တော်မူသော ဘုရားသခင်၏ လက်တော်၌ ကျရောက်ရခြင်းသည် ကြောက်မက်ဖွယ်ကောင်း၏။ \p \v 32 သင်ရို့သည် အယင်က နိ့ရက်များကို သတိရကြလော့။ ထိုနိ့ရက်များ၌ ဘုရားသခင်၏အလင်းသည် သင်ရို့၌ ထွန်းလင်းပြီး သင်ရို့ကြုံတွိ့ခရသော ဒုက္ခများစွာကို ရုန်းကန်၍ အနိုင်ရခကြ၏။ \v 33 သင်ရို့သည် တစ်ခါတစ်ရံ လူတိရှိ့၌ ကဲ့ရဲ့ပြစ်တင်ခြင်း၊ နှိပ်စက်ခြင်းကို ခံရကြ၍ တခြားသောအချိန်၌ ထိုသို့ ပြုခြင်းကိုခံရသော သူရို့၏အပေါင်းအသင်းများ ဖြစ်ကြ၏။ \v 34 သင်ရို့သည် အကျဉ်းကျခံနိန်ရသော သူရို့ကို စာနာစိတ်ဟိကြ၏။ မိမိရို့၏ဥစ္စာပစ္စည်းများကို မတရား လုယူခြင်း ခံရသောအခါ ဝမ်းမြောက်စွာ သည်းခံကြ၏။ အကြောင်းမူကား သင်ရို့သည် သာ၍ကောင်းမြတ်ပြီး တည်မြဲသောဥစ္စာကို ပိုင်ဆိုင်ထားကြသည်ကို သင်ရို့ကိုယ်တိုင်သိကြသောကြောင့်ဖြစ်၏။ \p \v 35 ထို့ကြောင့် သင်ရို့၏ရဲရင့်ခြင်းကို မဆုံးယှုံးစီကတ်ကေ့။ ထိုရဲရင့်ခြင်းသည်ကား ကြီးမြတ်သောအကျိုးကျေးဇူးကို ပီးတတ်၏။ \v 36 သင်ရို့သည် ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ပြီးသောအခါ ကိုယ်တော်၏ကတိတော်အတိုင်း အကျိုးကို ခံစားရခြင်းငှာ မဆုတ်မနစ် ကြိုးစားအားထုတ်ရန် လိုအပ်၏။ \v 37 အကြောင်းမူကား၊ \q1 “ကြွလာတော်မူမည့် အသျှင်သည် \q2 ကြန့်ကြာခြင်းမဟိဘဲ \q2 ကြွလာတော်မူလိမ့်မည်။ \q1 \v 38 ငါ၏ဖြောင့်မတ်သောသူသည် \q2 ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ \q2 သို့ရာတွင် ထိုသူသည် နောက်သို့ ပြန်လှည့်လျှင် ငါသည် သူ့ကို နှစ်သက်လိမ့်မည်မဟုတ်” ဟူ၍ ဖော်ပြထား၏။ \m \v 39 သို့သော် ငါရို့သည် နောက်သို့ ပြန်လှည့်သူတိ၊ ဖျက်ဆီးခြင်းကို ခံသော သူတိမဟုတ်ဘဲ၊ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း ခံထားရသောသူတိ ဖြစ်ကြ၏။ \c 11 \s ယုံကြည်ခြင်း \p \v 1 ယုံကြည်ခြင်း ဆိုသည်မှာ မျှော်လင့်ထားသောအရာများသည် အမှန် ဖြစ်လာလိမ့်မည်ဟု ယုံကြည်စိတ်ချမှုဟိခြင်း၊ မမြင်နိုင်သောအရာများသည် အမှန်ဟိသည်ဟူ၍ ခံယူထားခြင်း ဖြစ်၏။ \v 2 ရှီးလူရို့သည် ဘုရားသခင်၏ နှစ်သက်ခြင်းကို ခံရကြသည်မှာ သူရို့၏ယုံကြည်ခြင်းကြောင့် ဖြစ်၏။ \p \v 3 \x - \xo ၁၁.၃ \xo*\xt ယော ၁.၃\xt*\x*မမြင်နိုင်သောအရာကို မြင်နိုင်စီခြင်းငှာ ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် စကြဝဠာကို ဖန်ဆင်းထားတော်မူကြောင်းကို ငါရို့သည် ယုံကြည်ခြင်းအားဖြင့်သာ သိကြရ၏။ \p \v 4 ယုံကြည်ခြင်းအားဖြင့် အာဗေလသည် ကာဣနထက် သာ၍မြတ်သော ပူဇော်သကာယဇ်ကို ဘုရားသခင်အား ပူဇော်ခ၏။ သူသည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူ တစ်ယောက်အဖြစ် ဘုရားသခင်၏အသိအမှတ်ပြုခြင်းကို ခံရလေ၏။ အကြောင်းမှာ ဘုရားသခင်သည် သူ၏ပူဇော်သကာများကို လက်ခံတော်မူသောကြောင့် ဖြစ်၏။ သို့ဖြစ်၍ သူသည် သီလွန်သော်လည်း ယုံကြည်ခြင်းအားဖြင့် ယခုတိုင်အောင် စကားပြောလျက် ဟိ၏။ \p \v 5 ယုံကြည်ခြင်းအားဖြင့် ဧနောက်သည် သီခြင်းတရားကို မကြုံရစီခြင်းငှာ မျက်မှောက်ဘဝမှ ခေါ်ဆောင်လားခြင်းကို ခံရ၏။ ဘုရားသခင်သည် သူ့အား ချီဆောင်လားတော်မူသောကြောင့် သူ့ကို မတွိ့ကြရယာ။ အကြောင်းမူကား သူ့ကို မချီဆောင်ခင်က ဘုရားသခင် နှစ်သက်တော်မူသောသူအဖြစ် ချီးမွမ်းခြင်းကို ခံရခသောကြောင့်ဖြစ်၏။ \v 6 ယုံကြည်ခြင်းမဟိလျှင် ဘုရားသခင် နှစ်သက်ခြင်းကို မရနိုင်။ အကြောင်းမူကား ဘုရားသခင်ထံပါးသို့ လာသောသူသည် ဘုရားသခင်ဟိတော်မူသည်ကို လည်းကောင်း၊ ဘုရားသခင်သည် မိမိကို စိတ်အားကြီးစွာ ရှာသောသူတိအား အကျိုး ပီးတော်မူသည်ကို လည်းကောင်း ယုံကြည်ရသောကြောင့်ဖြစ်၏။ \p \v 7 နောဧသည် နောင်ကာလ၌ ဖြစ်လာမည့် မမြင်နိုင်သည့်အရာများနှင့်ပတ်သက်၍ ဘုရားသခင်၏သတိပီးခြင်းကို ကြားရသည်မှာ ယုံကြည်ခြင်းကြောင့် ဖြစ်၏။ သူသည် ဘုရားသခင်၏စကားကို နာခံ၍ မိမိနှင့်တကွ မိမိ၏မိသားစုကို ကယ်တင်ရန် သင်္ဘောကို တည်ဆောက်ခ၏။ လောကကို အပြစ်စီရင်ပြီးနောက် နောဧသည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ထံမှ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောအမွီကို ရသောသူတစ်ယောက် ဖြစ်လာ၏။ \p \v 8 အာဗြဟံသည် မိမိအား ပီးမည်ဟု ဘုရားသခင် ကတိပြုထားသောပြည်သို့ ထွက်ခွာရန် ဘုရားသခင်က သူ့အား ခေါ်တော်မူသောအခါ သူသည်ယုံကြည်ခြင်းအားဖြင့် နာခံလျက် မိမိမည်သည့်အရပ်သို့ လားရမည်ကို မသိသော်လည်း ဇာတိပြည်မှ ထွက်လားလေ၏။ \v 9 သူသည် မိမိအား ဘုရားသခင် ကတိပီးထားသောပြည်၌ အာဂန္တုတစ်ယောက်အဖြစ် ယုံကြည်ခြင်းဖြင့် နီထိုင်ခလေ၏။ ဘုရားသခင်ထံမှ ထိုသို့သော ကတိတော်ကို ရဟိခကြသော ဣဇာက်၊ ယာကုပ်ရို့နှင့်အတူ တဲများတွင် နီထိုင်ခလေ၏။ \v 10 အကြောင်းမူကား အာဗြဟံသည် ခိုင်ခံ့သည့် အုတ်မြစ်နှင့် ဘုရားသခင် တည်ဆောက်တော်မူသော မြို့တော်ကို မျှော်လင့်နိန်ခ၏။ \p \v 11 အာဗြဟံလည်း အိုမင်းနိန်ယာ။ စာရာသည်လည်း သားသမီးမရနိုင်ယာ။ သို့သော်လည်း ဖခင်တစ်ယောက် ဖြစ်လာရသည်မှာ ယုံကြည်ခြင်းကြောင့် ဖြစ်၏။ အကြောင်းမူကား ကတိပီးတော်မူသော အသျှင်သည် သစ္စာဟိတော်မူသည်ဟု သူသည် မှတ်ယူသောကြောင့် ဖြစ်၏။ \v 12 အမှန်အားဖြင့် အာဗြဟံသည် သီဆုံးလားပြီဖြစ်သော်လည်း ဤတစ်ယောက်သောသူထံပါးမှ သားသမီးများသည် ကောင်းကင်ကြယ်များကဲ့သို့ လည်းကောင်း၊ မရီတွက်နိုင်သော သမုဒ္ဒရာသဲလုံးများကဲ့သို့ လည်းကောင်း များပြားစွာ မွီးဖွားလာကြ၏။ \p \v 13 ဤသူရို့အားလုံးသည် ယုံကြည်ခြင်းဖြင့် သီလားကတ်ယာ။ သူရို့သည် ဘုရားသခင် ကတိပီးထားသော အရာများကို မခံစားရခသော်လည်း ထိုအရာများကို အဝီးမှ လှမ်းမြင်၍ လက်ခံကာ မိမိရို့သည် မြီကြီးထက်၌ အာဂန္တုများ၊ သူစိမ်းများသာဖြစ်ကြောင်း ဝန်ခံကြလေ၏။ \v 14 ထိုသို့ ဝန်ခံသောသူရို့သည် မိမိရို့၏နီရင်းပြည်တစ်ခုကို ရှာဖွီနိန်ကြကြောင်းကို ဖော်ပြလျက်ဟိ၏။ \v 15 သူရို့သည် မိမိရို့ စွန့်ခွာလာသောပြည်နှင့်ပတ်သက်၍ မအောင့်မိကတ်ယာ၊ သူရို့သည် အောက်မိ့လျှင် ပြန်လားရသောအခွင့်ကို ရဟိခကြပေလိမ့်မည်။ \v 16 အမှန်အားဖြင့် သူရို့သည် ကောင်းကင်အရပ်၌တည်ဟိသော သာ၍မြင့်မြတ်သော ပြည်ကို အလွန် လိုချင်တောင့်တနိန်ခကြ၏။ ထို့ကြောင့် ဘုရားသခင်က သူရို့၏ဘုရားဟု ခေါ်ဝေါ်ခြင်းခံရသည်ကို ရှက်တော်မမူ။ အကြောင်းမူကား ကိုယ်တော်သည် သူရို့အတွက် မြို့တော်တစ်မြို့ကို ပျင်ဆင်ထားတော်မူ၏။ \p \v 17 အာဗြဟံသည် မိမိအား ဘုရားသခင် စမ်းသပ်စစ်ဆေးသောအခါ မိမိ၏သား ဣဇာက်ကို ယဇ်ကောင်အဖြစ် ပူဇော်ခသည်မှာ ယုံကြည်ခြင်းကြောင့် ဖြစ်၏။ အာဗြဟံသည်ကား မိမိ၏တစ်ဦးတည်းသောသားကို ယဇ်ကောင်အဖြစ် ပူဇော်ရန် ပျင်ဆင်နိုင်သည်အထိ ဘုရားသခင်၏ကတိတော်များကို ရထားသောသူ ဖြစ်၏။ \v 18 “သင်၏အမျိုးအနွယ်တိကို ပွားများစီမည့်သူမှာ ဣဇာက်ဖြစ်၏” ဟု ဘုရားသခင်က သူ့အား မိန့်တော်မူသော်လည်း၊ \v 19 အာဗြဟံက ဘုရားသခင်သည် ဣဇာက်ကို သီခြင်းမှ ထမြောက်နိုင်သည်ဟု မှတ်ယူလျက် ထိုသို့ ပူဇော်ခ၏။ ဥပမာအားဖြင့်ဆိုရလျှင် အာဗြဟံသည် ဣဇာက်ကို သီရာမှ ပြန်ရခြင်းဖြစ်၏။ \p \v 20 ဣဇာက်သည် ယာကုပ်နှင့် ဧသောကို အနာဂါတ်အတွက် ကောင်းကြီးပီးခသည်မှာ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ \p \v 21 ယာကုပ်သည် ကွယ်လွန်ခါနီးအချိန်တွင် ယောသပ်၏သားတစ်ယောက်ချင်းစီကို ကောင်းကြီးပီးပြီးလျှင် မိမိ၏တောင်မွိ့ထိပ်ကို မှီလျက် ဘုရားသခင်အား ပျပ်ဝပ်ကိုးကွယ်ခသည်မှာ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ \p \v 22 ယောသပ်သည် ကွယ်လွန်ခါနီးအချိန်တွင် ဣသရေလလူမျိုးတိ အဲဂုတ္တုပြည်မှ ထွက်ခွာလာခြင်းအကြောင်းကို ပြောပြလျက် မိမိ၏အရိုးများနှင့် ပတ်သက်၍ မိန့်မှာထားခသည်မှာလည်း ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ \p \v 23 မောသျှေ၏မိဖရို့သည် မောသျှေကို ဖွားမြင်ပြီးနောက် အဆင်းလှသည်ကို သိမြင်၍ သျှင်ဘုရင်၏အမိန့်တော်ကိုပင် မကြောက်ဘဲ မိမိရို့၏သားကို သုံးလတာ ကာလပတ်လုံး ဝှက်ထားခသည်မှာ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ \p \v 24 မောသျှေသည် ကြီးပြင်းလာသောအခါ အဲဂုတ္တုဘုရင့်သမီးတော်၏သားဟု အခေါ်ခံရခြင်းကို ငြင်းပယ်ခသည်မှာ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ \v 25 အပြစ်တရား၌ တဒင်္ဂပျော်ရွှင်မှုကိုသာ ခံစားရခြင်းထက် ဘုရားသခင်၏လူတိနှင့်အတူ ဆင်းရဲဒုက္ခခံရခြင်းကိုသာ ရွီးချယ်ခ၏။ \v 26 သူသည် မိမိ၏အနာဂါတ် အကျိုးကျေးဇူးကို မျှော်မှန်းလျက် ခရစ်တော်အတွက် ကဲ့ရဲ့ပြစ်တင်ခံရခြင်းသည် အဲဂုတ္တုပြည်၏ဥစ္စာဘဏ္ဍာများထက် သာ၍ကြီးမြတ်သည်ဟု မှတ်ယူခ၏။ \v 27 မောသျှေသည် မမြင်နိုင်သောဘုရားသခင်ကို မြင်သောကြောင့် သျှင်ဘုရင်၏အမျက်တော်ကို မကြောက်ဘဲ အဲဂုတ္တုပြည်သို့ ပြန်လားရန် ငြင်းဆန်လျက် ထိုပြည်ကို စွန့်ခွာလာခသည်မှာ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ \v 28 သားဦးတိကို ဖျက်ဆီးသောသူသည် ဣသရေလသားဦးတိကို မထိခိုက်စီရန် မောသျှေသည် ပသခါပွဲတော်နှင့် အသွီးဖျန်းခြင်းကို စီမံဆောင်ရွက်ခသည်မှာ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ \p \v 29 ဣသရေလလူမျိုးရို့သည် ပင်လယ်နီကို ခြောက်သွိ့သောကုန်းလမ်းကဲ့သို့ ကျော်ဖြတ်ခကြသည်မှာ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ သူရို့နည်းတူ ကျော်ဖြတ်ခြင်းငှာ ကြိုးစားအားထုတ်ကြသော အဲဂုတ္တုအမျိုးသားရို့သည် ရီထဲ၌ နစ်မြုပ်ကြကုန်၏။ \p \v 30 ဣသရေလလူမျိုးရို့သည် ယေရိခေါမြို့ကို ခုနစ်ရက်ကြာ ဝိုင်းရံလှည့်ပတ်ကြရာ မြို့ရိုးသည် ပြိုလဲကျလားသည်မှာလည်း ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ \v 31 ပြည်တန်းဆာမ ရာခပ်သည် သူလျှိုတိကို ရင်းနှီးစွာ ကြိုဆို လက်ခံခသောကြောင့် မယုံကြည်သောသူတိနှင့်အတူ ပျက်စီးခြင်းသို့ မရောက်ခသည်မှာလည်း ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ \p \v 32 ထို့အပြင် ထပ်၍ မည်သည့်အကြောင်းကို ပြောရဦးမည်နည်း။ ဂိဒေါင်၊ ဗာရက်၊ သျှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ သျှမွေလနှင့် ပရောဖက်ရို့၏အကြောင်းများကိုပါ ပြောရလျှင် အချိန်လောက်မည်မဟုတ်ပေ။ \v 33 ထိုသူရို့သည် တိုင်းနိုင်ငံများကို အောင်နိုင်ခြင်း၊ ဖြောင့်မတ်စွာ အုပ်ချုပ်ခြင်း၊ ကတိတော်များကို ခံစားရခြင်း၊ ခြင်္သေ့ပါးစပ်ကို ပိတ်စီခြင်း၊ \v 34 မီးတောက် မီးလျှံကို ငြိမ်းစီခြင်း၊ ဓားဘေးမှ လွတ်မြောက်စီခြင်း၊ အားနည်းရာမှ အားကြီးလာစီခြင်း၊ စစ်ပွဲ၌ ခွန်အားနှင့် ပြည့်စုံလာ၍ တိုင်းတစ်ပါး ရန်သူရို့ကို အောင်နိုင်ခြင်း စသည့်အမှုများကို ပြုနိုင်ခကြသည်မှာလည်း ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ \v 35 မိန်းမရို့သည်လည်း သီဆုံးလားပြီးသော မိမိရို့၏ဆွီမျိုးတိအား တဖန်ပြန်၍ အသက်ရှင်ခြင်းကို ရကြ၏။ \p တချို့သောလူရို့သည် သာ၍မြတ်သောအသက်တာဖြင့် ရှင်ပြန်ထမြောက်ခြင်းကို ရစီရန် လွတ်မြောက်ခြင်းကို ငြင်းဆန်၍ နှိပ်စက်ခြင်း၌ အသီခံကြသည်မှာလည်း ယုံကြည်ခြင်းအားဖြင့် ဖြစ်ကြ၏။ \v 36 တချို့သောသူရို့သည် ကဲ့ရဲ့ခြင်း၊ ကြိမ်ဒဏ်ပီးခြင်းကို လည်းကောင်း၊ တခြားလူတိသည် သံကြိုးနှင့်ချိုင်ထားခြင်း၊ ထောင်ထဲ၌ ချုပ်ထားခြင်းကို လည်းကောင်း ခံခရကြ၏။ \v 37 သူရို့သည် ကျောက်ခဲနှင့် ပစ်သတ်ခြင်း၊ လွှနှင့်ပိုင်းဖြတ်ခြင်း၊ ဓားဖြင့် အသီသတ်ခြင်းကို ခံခရကြပြီးလျှင် သိုးသားရီ၊ ဆိတ်သားရီတိကို ဝတ်လျက် ဆင်းရဲနွမ်းပါးစွာဖြင့် လည်းကောင်း၊ နှိပ်စက်ခြင်းနှင့် မတရားပြုမူခြင်းများကိုလည်းကောင်း ခံ၍ လှည့်လည် နီထိုင်ခရကြ၏။ \v 38 ဤလောကသည် ထိုသူရို့နှင့် မထိုက်တန်။ သူရို့သည် တောကန္တာရများနှင့် တောင်တန်းများ၌ လည်းကောင်း၊ လိုဏ်ဂူများနှင့် မြီတွင်းများ၌ လည်းကောင်း လှည့်လည်၍ နီထိုင်ခကြရ၏။ \p \v 39 ဤသူရို့အားလုံးသည် မိမိရို့၏ယုံကြည်ခြင်းကြောင့် ချီးမွမ်းခြင်းကို ခံရကြသော်လည်း ပီးထားခသောကတိတော်ကို မခံစားခကြပေ။ \v 40 အကြောင်းမူကား သူရို့သည် ငါရို့နှင့်အတူ ပြည့်စုံခြင်းသို့ ရောက်ကြစီခြင်းငှာ ငါရို့အတွက် သာ၍ ကောင်းမြတ်သောအရာကို ဘုရားသခင် စီမံထားသောကြောင့် ဖြစ်၏။ \c 12 \s ငါရို့၏အဖ ဘုရားသခင် \p \v 1 ထို့ကြောင့် ဤလောက်များသော သက်သီများသည် ငါရို့အား ဝိုင်းရံလျက်ဟိကြသည်ဖြစ်၍ ငါရို့၌ အနှောင့်အယှက်ဖြစ်စီသော အရာဟူသမျှကို လည်းကောင်း၊ မိမိရို့၌ ငြိတွယ်နိန်သည့် အပြစ်များကို လည်းကောင်း ဖယ်ယှား၍ ငါရို့ရှိ့၌ ထားသောပန်းဖူးတိုင်သို့ ရောက်ခြင်းငှာ လုံ့လစိုက်၍ ဗြီးကြကုန်အံ့။ \v 2 ငါရို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စီ၍ အဆုံးတိုင်အောင် စုံလင်စီတော်မူသော အသျှင်ယေသျှုကို စိ့စိ့ထောက်ရှုကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်သည် မိမိအဖို့ ပျင်ဆင်ထားသော ဝမ်းမြောက်ဖွယ်ရာအကြောင်းကြောင့် ရှက်ကြောက်ဖွယ်အမှုကို မှတ်တော်မမူဘဲ လက်ဝါးကပ်တိုင်၌ အသီခံတော်မူပြီးလျှင် ဘုရားသခင်ပလ္လင်တော်၏ လက်ယာဖက်၌ ထိုင်တော်မူလေ၏။ \p \v 3 ထို့ကြောင့် သင်ရို့သည် ပင်ပန်းနွမ်းနယ်၍ စိတ်ဓါတ်ကျခြင်း မဟိကြစီခြင်းငှာ အပြစ်သားရို့၏ ဆန့်ကျင်မှုကို သည်းခံတော်မူသော ကိုယ်တော်အား ဆင်ခြင်အောက်မိ့ကြလော့။ \v 4 သင်ရို့သည် အပြစ်တရားကို ဆန့်ကျင်တွန်းလှန်ကြရာ၌ သွီးမြီကျသည့်တိုင်အောင် မခံကြရသိမ့်။ \v 5 ထို့အပြင် သင်ရို့သည် မိမိ၏သားကဲ့သို့ သင်ရို့အား မိန့်တော်မူသော အားပီးတိုက်တွန်းထားသည့် စကားကို မိ့လားကြလေပြီ။ \q1 “ငါ့သား၊ သခင်ဘုရား၏ ဆုံးမပဲ့ပြင်တော်မူခြင်းကို အလေးမထားဘဲမနိန်ကေ့။ \q2 ကိုယ်တော်သည် သင့်အား အပြစ်ကို ဖော်ပြ၍ ဆုံးမ သောအခါ စိတ်ဓါတ်မကျကေ့။ \q1 \v 6 အကြောင်းမူကား သခင်ဘုရားသည် ချစ်တော်မူသောသူကို ဆုံးမပဲ့ပြင်တတ်၏။ \q2 မိမိ၏သားအဖြစ် လက်ခံတော်မူသောသူတိုင်းကို ပြစ်ဒဏ်ပီးတော်မူတတ်၏” \m \v 7 ဘုရားသခင်သည် သင်ရို့ကို မိမိ၏သားကဲ့သို့ ပြုမူဆက်ဆံတော်မူသည်ဖြစ်၍ ထိုကဲ့သို့ ဆုံးမပဲ့ပြင်တော်မူခြင်းကြောင့် ခံရသောဒုက္ခဆင်းရဲခြင်းကို သည်းခံကြလော့။ အကြောင်းမူကား ဖခင်၏ ဆုံးမပဲ့ပြင်ခြင်းကို မခံရသော သားဟူ၍ ဟိသလော။ \v 8 သားသမီးရို့ခံရသော ဆုံးမပဲ့ပြင်ခြင်းကို သင်ရို့ မခံရလျှင် သင်ရို့သည် သားအရင်းမဟုတ်၊ သျှောက်သားတိသာ ဖြစ်ကြ၏။ \v 9 ထို့အပြင် ငါရို့ကို ဆုံးမပဲ့ပြင်သော အသွီးအသားနှင့် စပ်ဆိုင်သော ဖခင်များသည် ငါရို့အားလုံးမှာ ဟိကြ၏။ ငါရို့သည် ထိုသို့ ဆုံးမပဲ့ပြင်ခြင်းကြောင့် ထိုဖခင်ရို့ကို ရိုသီလေးစားကြ၏။ သို့ဖြစ်လျှင် ငါရို့စိတ်ဝိညာဉ်များ၏ဖခင်ကို သာ၍ပင် နာခံ၍ အသက်ရှင်ကြရမည်မဟုတ်ပါလော။ \v 10 အကြောင်းမူကား ငါရို့၏အသွီးအသားနှင့် စပ်ဆိုင်သော ဖခင်များသည် အကောင်းဆုံးဟု ထင်မှတ်၍ တစ်ဒင်္ဂကာလအတွက် ဆုံးမပဲ့ပြင်တတ်ကြ၏။ ဘုရားသခင်သည်ကား မိမိ၏သန့်ယှင်းခြင်းပါရမီ၌ ငါရို့ကို ဝင်စားစီခြင်းငှာ ငါရို့၏ကောင်းကျိုးချမ်းသာအတွက် ဆုံးမပဲ့ပြင်တော်မူ၏။ \v 11 နှစ်သက်ဖွယ်ကောင်းသော ဆုံးမပဲ့ပြင်ခြင်းဟူ၍ မဟိ။ နာကြင်စီသော ဆုံးမပဲ့ပြင်ခြင်း ဟူ၍သာ ဟိ၏။ သို့သော် ထိုဆုံးမပဲ့ပြင်ခြင်းကို ခံယူသူများအား ဖြောင့်မတ်ခြင်းနှင့် ငြိမ်းချမ်းခြင်းတည်းဟူသော အကျိုးကျေးဇူးများကို ပွားများစီတတ်၏။ \s ညွှန်ကြားချက်များနှင့် သတိပီးချက်များ \p \v 12 ထို့ကြောင့် အားအင်ကုန်ခမ်းနိန်သောလက်တိနှင့် ချိနဲ့နိန်သောဒူးတိကို ခိုင်ခံ့စီကြလော့။ \v 13 ခြီမသန်စွမ်းသောသူတိလည်း ခြီဆစ် လွဲခြင်းမဟိစီရဘဲ သာ၍ ကျန်းမာလာစီရန် သင်ရို့၏ခြီထောက်အတွက် ညီညာပြန့်ဖြူးသောလမ်းများကို ပျင်ဆင်ကြလော့။ \p \v 14 လူတိုင်းနှင့် ငြိမ်းချမ်းစွာ နီထိုင်ရန်လည်းကောင်း၊ သန့်ယှင်းသော အသက်တာဖြင့် အသက်ရှင်နိုင်ရန်လည်းကောင်း ကြိုးစားကြလော့။ အကြောင်းမူကား သန့်ယှင်းသော အသက်တာမဟိလျှင် ဇာသူမျှ ဘုရားသခင်ကို မြင်ကြလိမ့်မည်မဟုတ်။ \v 15 ဇာသူမျှ ဘုရားသခင်၏ကျေးဇူးတော်နှင့် မကင်းကွာစီခြင်းငှာ လည်းကောင်း၊ လူအပေါင်းရို့ကို အနှောင့်အယှက်ဖြစ်စီတတ်သည့်အပြင် ညစ်ညူးခြင်းကို ဖြစ်စီတတ်သည့် ခါးသီးသောအမြစ် ထွက်မလာစီခြင်းငှာ လည်းကောင်း သတိပြုကြကုန်အံ့။ \v 16 သားဦးတစ်ယောက်၏ အရိုက်အရာကို အစားတစ်လုပ်နှင့် လှဲစားခသည့် ဧသောကဲ့သို့ မတရားသောမေထုန်ကို ပြုသောသူ သို့မဟုတ် ဘုရားတရားကို မထီမဲ့မြင်ပြုသောသူ တစ်စုံတစ်ယောက်မျှ မဟိစီခြင်းငှာ သတိပြုကြလော့။ \v 17 အကြောင်းမူကား သင်ရို့ သိကြသည့်အတိုင်း သူသည် နောက်မှကောင်းကြီးမင်္ဂလာကို အမွီခံလိုသောအခါ၌ ငြင်းပယ်ခြင်းကို ခံရလေ၏။ သူသည် မျက်ရည်ကျလျက် ထိုကောင်းကြီးမင်္ဂလာကို ပြန်တောင်းသော်လည်း မိမိအဖ၏ စိတ်ပြောင်းလဲခြင်းအခွင့်ကို ပြန်၍ မရနိုင်ပေ။ \p \v 18 သင်ရို့သည် ဣသရေလလူမျိုးရို့ကဲ့သို့ လက်ဖြင့်ထိတွိ့နိုင်သော သိနာတောင်သို့ ရောက်လာကြသည် မဟုတ်။ ထိုတောင်သည်ကား မီးလောင်လျက်၊ မဲမှောင်ညိုမှိုင်းကာ မုန်တိုင်းကျလျက် \v 19 တံပိုးခရာမှုတ်သံနှင့် နှုတ်ကပတ်တော်အသံများ ထွက်ပေါ်လာသည့် တောင်ဖြစ်၏။ ဣသရေလလူမျိုးရို့သည် နှုတ်ကပတ်တော်အသံကို ကြားရပြီး၊ နောက်တဖန် ထိုအသံကို မကြားရစီခြင်းငှာ တောင်းပန်ကြ၏။ \v 20 အကြောင်းမူကား “တိရစ္ဆာန်တစ်ကောင်တောင်မှ ထိုတောင်ကို ထိမိလျှင် ကျောက်ခဲနှင့် ပစ်သတ်ရမည်” ဟူသော အမိန့်တော်ကို သူရို့သည် မခံနိုင်ကြသောကြောင့် ဖြစ်၏။ \v 21 ထိုမြင်ကွင်းသည် အလွန် ကြောက်စရာကောင်းသည်ဖြစ်၍ မောသျှေက “ငါသည် အလွန်ကြောက်ရွံ့တုန်လှုပ်ရ၏” ဟု ဆို၏။ \p \v 22 သို့သော် သင်ရို့သည် ဇိအုန်တောင်သို့ လည်းကောင်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏မြို့တော် တည်းဟူသော ကောင်းကင်အရပ်၌ ဟိသော ယေရုဆလင်မြို့သို့ လည်းကောင်း၊ ထောင်ပေါင်းများစွာသော ကောင်းကင်တမန်တိ ရွှင်လန်းဝမ်းမြောက်စွာ စုဝေးရာအရပ်သို့ လည်းကောင်း၊ \v 23 ကောင်းကင်ဘုံ၌ နာမည်စာရင်းဝင်လျက်ဟိကြသော အဦးဆုံးသောသားများ၏အသင်းတော်သို့ လည်းကောင်း၊ လူသားအားလုံးကို တရားစီရင်တော်မူသော ဘုရားသခင်ထံပါးသို့ လည်းကောင်း၊ စုံလင်ခြင်းသို့ ရောက်ကြကုန်သော ဖြောင့်မတ်သူရို့၏ ဝိညာဉ်များသို့ လည်းကောင်း၊ \v 24 ပဋိညာဉ်သစ်၏ ကြားဝင် စိ့စပ်ပီးသူ ဖြစ်သော ယေသျှုထံပါးသို့ လည်းကောင်း၊ အာဗေလ၏အသွီးထက် သာ၍ မြတ်သော နှုတ်ကပတ်တော်ကို မြွက်ဆိုခြင်းဖြင့် ပက်ဖြန်းထားသော အသွီးတော် ထံပါးသို့ လည်းကောင်း ရောက်လာကြ၏။ \p \v 25 သင်ရို့သည် မိန့်တော်မူသော အသျှင်ကို မငြင်းပယ်မိကြစီရန် သတိပြုကြလော့။ အကြောင်းမူကား မြီကြီး၌ ဗျာဒိတ်ပီးသောသူကို ငြင်းပယ်သောသူသည် ပြစ်ဒဏ်မှ မလွတ်နိုင်ကြလျှင် ကောင်းကင်ဘုံမှ ဗျာဒိတ်ပီးတော်မူသောအသျှင်ကို ငြင်းပယ်လျှင် ဇာပိုင် အပြစ်က လွတ်နိုင်ပါအံ့နည်း။ \v 26 သို့သော် ထိုစဉ်က ကိုယ်တော်၏အသံတော်သည် မြီကြီးကို တုန်လှုပ်စီ၏။ ယခုမူကား ကိုယ်တော်က “ငါသည် နောက်တဖန် မြီကြီးကိုသာမက ကောင်းကင်ကိုပါ တုန်လှုပ်စီလိမ့်မည်” ဟု ကတိပီးထားတော်မူ၏။ \v 27 “နောက်တဖန်” ဟူသော စကားသည်ကား မတုန်လှုပ်နိုင်သောအရာကို တည်မြဲစီခြင်းငှာ တုန်လှုပ်တတ်သော ဖန်ဆင်းခံအရာကို ဖယ်ယှားမည်ဟု ဆိုလိုသတည်း။ \p \v 28 ထို့ကြောင့် ငါရို့သည် မတုန်မလှုပ်နိုင်သော နိုင်ငံတော်ကို ရထားကြသည်ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းကြကုန်အံ့။ ထိုသို့ ကျေးဇူးတော်ချီးမွမ်းလျက် ကြောက်ရွံ့ရိုသီသောစိတ်ဖြင့် ဘုရားသခင် နှစ်သက်တော်မူသောဝတ်ပြုခြင်းကို ဆောင်ရွက်ကြကုန်အံ့။ \v 29 အကြောင်းမူကား ငါရို့၏ဘုရားသခင်သည် လောင်ကျွမ်းသောမီး ဖြစ်တော်မူ၏။ \c 13 \s ဘုရားသခင် နှစ်သက်တော်မူခြင်းငှာ လုပ်ဆောင်ခြင်း \p \v 1 ခရစ်ယာန်ညီအစ်ကို မောင်နှမတိ ဖြစ်ကြသောကြောင့် တစ်ယောက်ကို တစ်ယောက် ချစ်ခြင်းမေတ္တာ ထားကြလော့။ \v 2 အာဂန္တုရို့ကိုလည်း ဧည့်ဝတ်ပြုခြင်းငှာ မမိ့ကတ်ကေ့။ အကြောင်းမူကား တချို့သောသူရို့သည် ထိုသို့ ပြုခြင်းအားဖြင့် မိမိရို့ မသိကျွမ်းသော ကောင်းကင်တမန်များတိ ဧည့်ဝတ်ပြုကြလေ၏။ \v 3 အကျဉ်းသားတိကိုလည်း သူရို့နှင့်အတူ အချုပ်အနှောင် ခံနိန်ကြရသကဲ့သို့ သတိရကြလော့။ မတရားပြုမူခြင်းကို ခံနိန်ကြရသော သူရို့ကိုလည်း မိမိရို့ ကိုယ်တိုင် ထိုသို့ ခံနိန်ကြရသကဲ့သို့ အောက်မိ့ကြလော့။ \p \v 4 ထိမ်းမြားလက်ထပ်ခြင်းအမှုကိုလည်း လူတိုင်း လေးစားကြရမည်။ လင်ယောက်ျားနှင့် ဇနီးမယားသည် တစ်ဦးကို တစ်ဦး သစ္စာဟိကြရမည်။ အကြောင်းမူကား မတရားသောမေထုန်ပြုသောသူနှင့် အိမ်ထောင်ရေးဖောက်ပြန်သော သူရို့ကို ဘုရားသခင် စီရင်တော်မူလိမ့်မည်။ \p \v 5 သင်၏အသက်ရှင်နီထိုင်မှုတွင် ငွီကို တပ်မက်ခြင်းမဟိဘဲ မိမိ၌ ဟိသောအရာနှင့် ရောင့်ရဲခြင်း ဟိလော့။ အကြောင်းမူကား ဘုရားသခင်က “ငါသည် မည်သည့်အခါမျှ သင့်ကို မစွန့်၊ မည်သည့်အခါမျှ သင့်ကို မပစ်ပယ်” ဟု မိန့်တော်မူထားပြီးဖြစ်၏။ \v 6 ထို့ကြောင့် ငါရို့သည်ကား \q1 “ဘုရားသခင်သည် ငါ့ကို ကူညီမစတော်မူသော အသျှင်ဖြစ်၍ \q2 ငါသည် ကြောက်ရွံ့ လိမ့်မည်မဟုတ်။ \q1 လူသည် ငါ့ကို ဇာပိုင် ပြုနိုင်ပါအံ့နည်း” ဟု ယုံကြည်စိတ်ချစွာဖြင့် ပြောဆိုကြကုန်အံ့။ \p \v 7 သင်ရို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောသော သင်ရို့၏ခေါင်းဆောင်တိကို သတိရကြလော့။ ထိုခေါင်းဆောင်ရို့၏ အသက်ရှင်နီထိုင်မှုမှ ထွက်ပေါ်လာသည့် အကျိုးတရားကို ကြည့်ရှုဆင်ခြင်လျက် သူရို့၏ ယုံကြည်ခြင်းကို အတုယူကြလော့။ \v 8 ယေသျှုခရစ်တော်သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် ကာလအစဉ် ဟိတော်မူသောအသျှင် ဖြစ်တော်မူ၏။ \p \v 9 အသစ်အဆန်းသော ဩဝါဒအမျိုးမျိုးနောက်သို့ မလိုက်ကတ်ကေ့။ အစားအစာနှင့် ပတ်သက်၍ စည်းမျဉ်းများကို လိုက်နာခြင်းအားဖြင့် မဟုတ်ဘဲ၊ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အတွင်းလူကို ခွန်အားနှင့် ပြည့်စုံစီခြင်းသည် ကောင်းမြတ်ပေ၏။ ထိုစည်းမျဉ်းများသည် လိုက်နာသောသူအား အထောက်အပံ့ မပြုနိုင်။ \p \v 10 ငါရို့၌ ယဇ်ပလ္လင်တစ်ခု ဟိ၏။ တဲတော်၌ ဝတ်ပြုသောသူရို့သည် ထိုယဇ်ပလ္လင်ထက်မှ ပူဇော်သကာကို စားခွင့်မဟိ။ \v 11 အကြောင်းမူကား ယဇ်ပုရောဟိတ်မင်းသည် ယဇ်ကောင်များ၏အသွီးကို အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရန် အသန့်ယှင်းဆုံးသောဌာနတော်သို့ ယူဆောင်လားသော်လည်း ယဇ်ကောင်များကိုမူကား တပ်ပြင်၌ မီးယှို့ရ၏။ \v 12 ထိုနည်းတူ ယေသျှုသည်လည်း မိမိ၏သွီးတော်အားဖြင့် လူတိကို သန့်ယှင်းစီခြင်းငှာ မြို့တန်းခါးအပြင်ဖက်၌ အသီခံတော်မူခ၏။ \v 13 သို့ဖြစ်၍ ငါရို့သည် ကိုယ်တော်ခံရခသော ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံယူလျက် တပ်၏ အပြင်ဖက်၌ဟိသော ကိုယ်တော့်ထံပါးသို့ လားကြကုန်အံ့။ \v 14 ဤလောက၌ ငါရို့ အတွက် တည်မြဲသောမြို့ မဟိသောကြောင့် ငါရို့သည် နောင်ဖြစ်လာမည့် မြို့တော်ကို မျှော်လင့်နိန်ကြ၏။ \v 15 ထို့ကြောင့် ငါရို့သည် ကိုယ်တော်၏နာမတော်ကို ဝန်ခံသောနှုတ်၏အသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို ကိုယ်တော်အားဖြင့် ဘုရားသခင်အား အစဉ်မပြတ် ပူဇော်ကြကုန်အံ့။ \v 16 ထို့ကြောင့် ကောင်းသောအမှုကို ပြုခြင်းငှာ လည်းကောင်း၊ သူတစ်ပါးကို ပီးကမ်းခြင်းငှာ လည်းကောင်း မမိ့ကတ်ကေ့။ အကြောင်းမူကား ထိုသို့သော ပူဇော်သကာယဇ်များကို ဘုရားသခင်သည် နှစ်သက်တော်မူ၏။ \p \v 17 သင်ရို့ ခေါင်းဆောင်တိ၏စကားကို နာခံ၍ သူရို့၏ မိန့်မှာချက်များကို လိုက်လျှောက်ကြလော့။ အကြောင်းမူကား မိမိရို့၏ မှတ်တမ်းများကို တင်ပြပီးရမည့် သူရို့ကဲ့သို့ သူရို့သည် သင်ရို့အား မျက်ခြီမပြတ် စောင့်ကြည့်နိန်ကြသောကြောင့်ဖြစ်၏။ သင်ရို့သည် ထိုခေါင်းဆောင်ရို့၏စကားကို နာခံကြလျှင် သူရို့သည်လည်း မိမိရို့ အလုပ်ကို ဝမ်းမြောက်စွာ လုပ်ဆောင်ကြလိမ့်မည်။ ထိုသို့မဟုတ်ဘဲ သူရို့သည် စိတ်မကောင်းစွာဖြင့် လုပ်ဆောင်ကြလျှင် သင်ရို့အတွက် အကျိုးဟိလိမ့်မည် မဟုတ်ပေ။ \p \v 18 ငါရို့သည် အရာရာ၌ ကြည်လင်သော အသိစိတ်ဖြင့် ကောင်းမွန်စွာ အသက်ရှင်နီထိုင်ခြင်းငှာ အလိုဟိကြသည်ဖြစ်၍ ငါရို့အတွက်လည်း ဆုတောင်းပီးကြလော့။ \v 19 ဘုရားသခင်သည် ငါ့အား သင်ရို့ပါးသို့ မကြာခင် ပို့ဆောင်ပီးခြင်းငှာ ဆုတောင်းပီးကြရန် အထူးမေတ္တာရပ်ခံအပ်ပါ၏။ \s နိဂုံးချုပ် ဆုတောင်းပီးခြင်း \p \v 20 ထာဝရပဋိညာဉ် အသွီးတော်\f + \fr ၁၃.၂၀ \fr*\fq အသွီးတော်၊ \fq*\ft သို့မဟုတ် \ft*\fqa ကိုယ်တော်၏ ယဇ်ပူဇော်ခြင်းနှင့်ဆိုင်သော သီခြင်း။\fqa*\f*ဖြင့် သိုးများ၏ကြီးမြတ်သော သိုးထိန်းဖြစ်တော်မူသော ငါရို့၏ အသျှင်ယေသျှုကို သီဆုံးခြင်းမှ ထမြောက်စီတော်မူသော ငြိမ်သက်ခြင်း၏အသျှင် ဘုရားသခင်သည်၊ \v 21 မိမိ၏အလိုတော်ကို ဆောင်ရွက်နိုင်ကြစီရန် ကောင်းသောအမှုအမျိုးမျိုးဖြင့် သင်ရို့ကို ပြည့်စုံတော်မူပါစီသောဝ်။ ထို့အပြင် ကိုယ်တော်သည် မိမိ၏နှစ်သက်ဖွယ်သောအမှုကို ယေသျှုခရစ်တော်အားဖြင့် ငါရို့၌ လုပ်ဆောင်တော်မူပါစီသောဝ်။ ထိုခရစ်တော်၏ ဘုန်းတန်ခိုးတော်သည် ကမ္ဘာအဆက်ဆက် တည်ဟိပါစီသောဝ်။ အာမင်။ \s နောက်ဆုံး နှုတ်ဆက်ခြင်း \p \v 22 ညီအစ်ကို မောင်နှမရို့၊ ငါသည် သင်ရို့ကို အကျဉ်းချုပ် ရီးပီးလိုက်ခြင်းဖြစ်၍ ငါ၏ အားပီးတိုက်တွန်းစကားကို လက်ခံကြရန် သင်ရို့အား ငါ တောင်းပန်၏။ \v 23 ငါရို့၏ညီ တိမောသေသည် လွတ်မြောက်လာပြီဖြစ်ကြောင်း သင်ရို့အား ငါ သိစီလို၏။ မကြာခင် သူ ရောက်လာသောခါ ငါသည်လည်း သူနှင့်အတူ သင်ရို့ကို တွိ့ရန် လာလိမ့်မည်။ \p \v 24 သင်ရို့၏ခေါင်းဆောင်အားလုံးနှင့် ဘုရားသခင်၏သားသမီးအားလုံးကိုလည်း နှုတ်ဆက်လိုက်ပါ၏။ ဣတလိပြည်မှ ရောက်လာကြသောသူတိကလည်း သင်ရို့ကို နှုတ်ဆက်လိုက်ကြ၏။ \p \v 25 ကျေးဇူးတော်သည် သင်ရို့အားလုံးနှင့်အတူ ဟိပါစီသောဝ်။