\id ZEP Myanmar Common Language Bible \h ဇေဖနိ \toc1 ဇေဖနိအနာဂတ္တိကျမ်း \toc2 ဇေဖနိ \mt1 ဇေဖနိအနာဂတ္တိကျမ်း \is1 နိဒါန်း \ip ပရောဖက်ဇေဖနိသည်ခရစ်တော်မပေါ် ထွန်းမီ ၆၂၁ ခုနှစ်အချိန်၊ ယောရှုမင်း၏ဘာ သာရေးဆိုင်ရာပြုပြင်ပြောင်းလဲချက်များ မပြုလုပ်မီဆယ်ရာစုနှစ်အတွင်း ခရစ်တော် မပေါ်ထွန်းမီခုနစ်ရာစုနှစ်၏နောက်ပိုင်း အချိန်ကာလတွင်ဟောကြားမှုပြုခဲ့ပေ သည်။ ဤကျမ်းစောင်ထဲ၌အကျွမ်းတဝင် ရှိပြီးသားဖြစ်သည့်ပရောဖက်ပြုခြင်း နှင့်ဆိုင်သောအယူအဆများပါဝင်ပေ သည်။ ယုဒနိုင်ငံသည်အခြားဘုရားများ ကိုကိုးကွယ်ခြင်းကြောင့်ပြစ်ဒဏ်ခံရမည့် အချိန်ကာလဖြစ်သောကြမ္မာဆိုးကျ ရောက်၍ ဖျက်ဆီးခံရမည့်နေ့အားဖြင့် ချိန်းခြောက်ထားသည်။ ထာဝရဘုရား သည်အခြားနိုင်ငံများကိုလည်းပြစ်ဒဏ် ခတ်တော်မူမည် ယေရုရှလင်မြို့သည် ကြမ္မာဆိုးကျရောက်မည်ဖြစ်သော်လည်း နောင်တစ်နေ့တွင်ထိုမြို့၌စိတ်နှိမ့်ချ၍ ဖြောင့်မတ်သောသူများနေထိုင်လျက် ပြန်လည်ပြုပြင်တည်ဆောက်ရလိမ့်မည်။ \iot အကြောင်းအရာအကျဉ်းချုပ် \io1 ထာဝရဘုရား၏တရားစီရင်ရာနေ့ ၁:၁-၂:၃ \io1 ဣသရေလအိမ်နီးချင်းနိုင်ငံများ၏ကြမ္မာဆိုး ၂:၄-၁၅ \io1 ယေရုရှလင်မြို့၏ကြမ္မာဆိုးနှင့်ကယ်တင်ခြင်း ၃:၁-၂၀ \c 1 \p \v 1 ဤဗျာဒိတ်တော်သည်အာမုန်၏သား၊ ယုဒ ဘုရင်ယောရှိလက်ထက်၌ဇေဖနိအား ထာဝရဘုရားပေးတော်မူသောဗျာဒိတ် တော်ဖြစ်၏။ (ဇေဖနိကားဟိဇကိမင်းမျိုး ဝင်အာမရိ၊ ဂေဒလိနှင့်ကုရှိတို့မှဆင်း သက်လာသူတည်း။)\x + \xo 1:1 \xt ၄ရာ၊ ၂၂:၁-၂၃:၃၀။ ၆ရာ၊ ၃၄:၁-၃၅:၂၇။\x* \s1 ထာဝရဘုရားတရားစီရင်တော်မူရာနေ့ \p \v 2-3 ထာဝရဘုရားက``ငါသည်လူများ၊ တိရစ္ဆာန် များ၊ ငှက်များနှင့်ငါးများပါမကျန်၊ ကမ္ဘာ ပေါ်တွင်ရှိသမျှသောအရာတို့ကိုသုတ် သင်ဖျက်ဆီးမည်။ သူယုတ်မာတို့ကိုပြိုလဲ ပျက်စီးစေမည်။ လူသားအားလုံးကိုငါ ဖျက်ဆီးမည်။ အသက်မသေဘဲတစ်ယောက် မျှကျန်လိမ့်မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။ \v 4 ``ငါသည်ယေရုရှလင်မြို့နှင့်ယုဒပြည် ရှိလူအပေါင်းကိုဖျက်ဆီးချေမှုန်းမည်။ ထိုအရပ်တွင်ဗာလဘုရားအားကိုးကွယ် ဝတ်ပြုမှုကိုအစတုန်းစီရင်မည်ဖြစ်၍ တစ်စုံတစ်ယောက်သောသူမျှထိုဘုရား ထံအစေအပါးခံခဲ့သောတပည့်များ ကိုအောက်မေ့သတိရကြတော့မည်မဟုတ်။ \v 5 အိမ်ခေါင်မိုးထက်သို့တက်၍ နေ၊ လ၊ ကြယ် တာရာများကိုရှိခိုးဝတ်ပြုသူမှန်သမျှ ကိုငါသုတ်သင်ပယ်ရှင်းမည်။ ငါ့အားဝတ် ပြုကိုးကွယ်ကာသစ္စာစောင့်ပါမည်ဟုကျိန် ဆိုကတိပြုပြီးလျှင် မောလုတ်၏အမည် နာမကိုတိုင်တည်ကျိန်ဆိုသူတို့ကိုလည်း သုတ်သင်ပယ်ရှင်းမည်။ \v 6 ငါ့နောက်သို့မလိုက်တော့ဘဲ လှည့်၍ထွက် ခွာသွားသူများအားလည်းကောင်း၊ ငါ့ထံ မချဉ်းကပ် ငါ၏ပို့ဆောင်လမ်းပြမှုကို လည်းမတောင်းခံသူများအားလည်းကောင်း ငါသုတ်သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။ \v 7 ``ထာဝရဘုရားတရားစီရင်တော်မူရာ ကာလသည်ကျရောက်လာတော့မည်။ အရှင် ထာဝရဘုရားရှေ့တော်တွင်ငြိမ်ဝပ်စွာနေ ကြလော့။ ထာဝရဘုရားသည် မိမိလူတို့ အားယဇ်ပူဇော်ရန်ပြင်ဆင်လျက်ဆက် ကပ်ပူဇော်ရန်ပြုလုပ်နေလေပြီ။ \v 8 ထာဝရဘုရာက``ထိုသို့သတ်ဖြတ်ရာ နေ့ရက်ကာလကျရောက်လာသောအခါ၊ မှူးမတ်များ၊ ဘုရင့်သားတော်များနှင့်လူ မျိုးခြားဓလေ့ထုံးစံကိုကျင့်သုံးသူတို့ အားအပြစ်ဒဏ်ခတ်မည်။ \v 9 ရုပ်တုကိုးကွယ်သူများကဲ့သို့ပြုကျင့်သူ များအားလည်းကောင်း၊ မိမိတို့သခင်၏အိမ် ကိုဖြည့်တင်းရန် ပစ္စည်းဥစ္စာရရှိရေးအတွက် ခိုးဝှက်သတ်ဖြတ်သူတို့အားလည်းကောင်း ငါသုတ်သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။ \v 10 ထာဝရဘုရားက``ထိုနေ့ရက်ကာလ၌ ယေရုရှလင်မြို့ငါးတံခါးဝ၌အော်ဟစ် သံကိုကြားရကြလိမ့်မည်။ မြို့သစ်ပိုင်း၌ လူတို့ငိုကြွေးသံကိုလည်းကောင်း၊ တောင် ကုန်းများတွင်ကျိုးပဲ့သံကိုလည်းကောင်း ကြားရကြလိမ့်မည်။ \v 11 မြို့အနိမ့်ပိုင်းတွင်နေထိုင်သူတို့ငိုကြွေး ကြလော့။ ကုန်သည်ကြီးများသည်သေဆုံး ကြတော့မည်။ \v 12 ``ထိုအချိန်၌ငါသည်မီးခွက်ကိုယူ၍ ယေရုရှလင်မြို့တွင်ရှာဖွေမည်။ `ဘုရား သခင်သည်အခါခပ်သိမ်းကောင်းကျိုးဆိုး ကျိုး၊ အဘယ်အကျိုးကိုမျှမပေးတတ်' ဟုထင်မှတ်ရေရွတ်သူများ၊ မိမိတို့ကိုယ် ကိုအထင်ကြီး၍ကျေနပ်ရောင့်ရဲနေသူ များအားငါအပြစ်ဒဏ်ခတ်မည်။ \v 13 သူတစ်ပါးတို့သည်ထိုသူတို့၏စည်းစိမ် ဥစ္စာများကိုလုယူကာသူတို့၏အိမ်များ ကိုဖျက်ဆီးလိုက်ကြလိမ့်မည်။ သူတို့သည် မိမိတို့ဆောက်လုပ်လျက်ရှိသည့်အိမ်များ တွင်အဘယ်အခါ၌မျှနေထိုင်ရကြ လိမ့်မည်မဟုတ်။ မိမိတို့စိုက်ပျိုးလျက်ရှိ သည့်စပျစ်ဥယျာဉ်များမှစပျစ်ရည်ကို လည်းသောက်ရကြလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။ \v 14 ထာဝရဘုရားတရားစီရင်တော်မူရာ နေ့ကြီးသည်နီးကပ်၍အလွန်နီးကပ်၍ လာလေပြီ။ ထိုနေ့ရက်ကာလသည်လျင် မြန်စွာသက်ရောက်လာတော့အံ့။ ထိုနေ့ရက် သည်ခါးသီးလွန်းသောကြောင့်ရဲစွမ်းသတ္တိ အရှိဆုံးစစ်သူရဲပင်လျှင်စိတ်ပျက်စွာ အော်ဟစ်လိမ့်မည်။ \v 15 ထိုနေ့ရက်သည်အမျက်ထန်သည့်နေ့၊ ဆင်းရဲ ပူပန်ရသောနေ့၊ ယိုယွင်းပျက်စီးသုတ်သင် ပယ်ရှင်းရာနေ့၊ မိုက်မှောင်ညိုမှိုင်းသည့်နေ့ မည်းနက်၍မိုးတိမ်ထူသည့်နေ့၊ \v 16 ခံတပ်မြို့များ၊ မြင့်မားသည့်ရဲတိုက်များ ကိုတိုက်ခိုက်နေသူ၊ စစ်သူရဲတို့၏တံပိုး ခရာသံများ၊ ညာသံများဖြင့်ဆူညံနေ သောနေ့ဖြစ်ပေသည်။ \v 17 ထာဝရဘုရားက``ငါသည်လူသားတို့ အပေါ်သို့ဘေးအန္တရာယ်ဆိုးကိုသက် ရောက်စေမည်ဖြစ်၍ လူတိုင်းပင်မျက်မမြင် ကဲ့သို့အမှောင်တွင်စမ်း၍သွားလာရကြ လိမ့်မည်။ သူတို့သည်ငါ့ကိုပြစ်မှားကြ လေပြီ။ ထို့ကြောင့်ငါတို့သည်သူတို့၏ သွေးကိုရေကဲ့သို့သွန်းလောင်းမည်။ သူတို့ ၏အလောင်းများသည်လည်းမြေပေါ်တွင် ပုပ်ပျက်၍နေလိမ့်မည်'' ဟုမိန့်တော်မူ၏။ \v 18 ထာဝရဘုရားအမျက်ထွက်တော်မူရာ ထိုကာလ၌ထိုသူတို့သည် မိမိတို့၏ရွှေ ငွေရှိသမျှကိုစုပုံပေးသော်လည်းအသက် ချမ်းသာရာရကြလိမ့်မည်မဟုတ်။ ကမ္ဘာ မြေပြင်တစ်ခုလုံးသည်ကိုယ်တော်၏ အမျက်တော်မီးသင့်၍ဆုံးရှုံးပျက်စီး သွားလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာမြေ ပေါ်တွင်နေထိုင်သူမှန်သမျှကိုရုတ် တရက်အစတုံးအောင်စီရင်တော်မူ လိမ့်မည်။ \c 2 \s1 နောင်​တ​ရ​ကြ​ရန်​တောင်း​ပန်​ခြင်း \p \v 1 အို အ​ရှက်​မဲ့​သော​လူ​မျိုး၊- \v 2 သင်​တို့​သည်​ပန်း​သ​ဖွယ်​ညှိုး​နွမ်း​ခြောက်​သွေ့ လျက်​ခ​န္ဓာ​မ​ရွေ့​မီ၊ သင်​တို့​အ​ပေါ်​သို့ ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်​မ​သက် ရောက်​မီ၊ ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ ရာ​ကာ​လ​မ​ကျ​ရောက်​မီ​အ​မြင်​မှန်​ရ ကြ​လော့။- \v 3 ကိုယ်​တော်​၏​အ​မိန့်​တော်​တို့​ကို​လိုက်​နာ လျက် စိတ်​နှ​လုံး​နှိမ့်​ချ​သူ​ပြည်​သူ​ပြည် သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​ထံ တော်​သို့​လာ​ကြ​လော့။ ဖြောင့်​မှန်​ရာ​ကို​ပြု ကျင့်​လျက်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ မိ​မိ​တို့​ကိုယ်​ကို​နှိမ့်​ချ​ကြ​လော့။ ထာ​ဝ​ရ ဘု​ရား​အ​မျက်​တော်​ထွက်​ရာ​ကာ​လ​၌ သင်​တို့​သည်​အ​ပြစ်​ဒဏ်​စီရင်​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ \s1 ဣ​သ​ရေ​လ​ပြည်​ပတ်​ဝန်း​ကျင်​နိုင်​ငံ​များ​၏ ကံ​ကြမ္မာ​ဆိုး \p \v 4 ဂါ​ဇ​မြို့​တွင်​လူ​တစ်​စုံ​တစ်​ယောက်​မျှ​ကျန် ရှိ​လိမ့်​မည်​မ​ဟုတ်။ အာ​ရှ​ကေ​လုန်​မြို့​သည် လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လိမ့်​မည်။ အာ​ဇုတ် မြို့​သား​တို့​သည်​တစ်​နေ့​ချင်း​တွင်​အ​နှင် ခံ​ရ​ကြ​လျက်​ဧ​ကြုန်​မြို့​သား​တို့​သည် ထို​မြို့​မှ​ထွက်​ပြေး​ရ​ကြ​လိမ့်​မည်။-\x + \xo 2:4 \xt ဟေရှာ၊ ၁၄:၂၉-၃၁။ ယေ၊ ၄၇:၁-၇။ ယေဇ၊ ၂၅:၁၅-၁၇။ ယောလ၊ ၃:၄-၈။ အာ၊ ၁:၆-၈။ ဇာ၊ ၉:၅-၇။\x* \v 5 အို ဖိ​လိတ္တိ​လူ​တို့၊ ပင်​လယ်​ကမ်း​ခြေ​တွင်​နေ ထိုင်​သူ​ခေ​ရ​သိ​အ​မျိုး​သား​တို့၊ သင်​တို့ သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​ချ​မှတ် တော်​မူ​လေ​ပြီ။ ကိုယ်​တော်​သည်​သင်​တို့​ကို သုတ်​သင်​ဖျက်​ဆီး​တော်​မူ​မည်​ဖြစ်​၍ သင် တို့​တစ်​ဦး​တစ်​ယောက်​မျှ​ကျန်​ရှိ​ရ​လိမ့် မည်​မ​ဟုတ်။- \v 6 ပင်​လယ်​အ​နီး​ရှိ သင်​တို့​၏​ပြည်​သည်​သိုး များ​ကျက်​စား​ရာ​ကွင်း​ပြင်​ဖြစ်​၍​နေ လိမ့်​မည်။- \v 7 အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​သူ​ယု​ဒ​ပြည် သား​တို့​သည်​သင်​တို့​ပြည်​ကို​သိမ်း​ယူ​ကြ လိမ့်​မည်။ သူ​တို့​သည်​ထို​အ​ရပ်​တွင်​သိုး​အုပ် များ​ကို​ထိန်း​ကျောင်း​ကာ​အာ​ရှ​ကေ​လုန် မြို့​ရှိ​နေ​အိမ်​များ​တွင်​အိပ်​ကြ​လိမ့်​မည်။ သူ တို့​၏​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၍​သူ​တို့​အား တစ်​ဖန်​ပြန်​ကောင်း​စား​စေ​တော်​မူ​လိမ့်​မည်။ \p \v 8 အ​န​န္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က ``မော​ဘ​ပြည်​သား​များ​နှင့်​အမ္မုန်​ပြည် သား​များ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​စော် ကား​ရန်​စ​ကြ​သည်​ကို​လည်း​ကောင်း၊ သူ တို့​၏​ပြည်​ကို​ဝင်​ရောက်​သိမ်း​ယူ​ရန်​ကြွား ဝါ​လျက်​နေ​သည်​ကို​လည်း​ကောင်း​ငါ ကြား​သိ​တော်​မူ​လေ​ပြီ။-\x + \xo 2:8 \xt ဟေရှာ၊ ၁၅:၁-၁၆:၁၄၊ ၂၅:၁၀-၁၂။ ယေ၊ ၄၈:၁-၄၉:၆။ ယေဇ၊ ၂၁:၂၈-၃၂၊ ၂၅:၁-၁၁။ အာ၊ ၁:၁၃-၁၅။\x* \v 9 ငါ​သည်​ဧ​ကန်​အ​မှန်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​သည်​အ​တိုင်း မော​ဘ​ပြည်​နှင့် အမ္မုန်​ပြည်​သည်​သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့ တို့​ကဲ့​သို့​သုတ်​သင်​ဖျက်​ဆီး​ခြင်း​ခံ​ရ​လိမ့် မည်​ဖြစ်​ကြောင်း​ကျိန်​ဆို​ဖော်​ပြ​ပါ​၏။ ထို ပြည်​တို့​သည်​ဆား​မြေ​တူး​ရာ​အ​ရပ်​ဖြစ် လျက် ထာ​ဝ​ရ​ယို​ယွင်း​ပျက်​စီး​ကာ​ပေါင်း ပင်​များ​နှင့်​ဖုံး​လွှမ်း​၍​နေ​လိမ့်​မည်။ ငါ​၏ လူ​မျိုး​တော်​အ​နက်​မှ​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​နေ​သူ​တို့​သည် ထို​သူ​တို့​ကို​တိုက် ခိုက်​လု​ယက်​ကာ​သူ​တို့​၏​ပြည်​ကို​သိမ်း ယူ​ကြ​လိမ့်​မည်။\x + \xo 2:9 \xt က၊ ၁၉:၂၄။\x* \p \v 10 ဤ​သို့​လျှင်​မော​ဘ​ပြည်​သား​များ​နှင့်​အမ္မုန် ပြည်​သား​များ​သည်​မိ​မိ​တို့​၏​မာ​န​ကြီး မှု၊ မောက်​မာ​ထောင်​လွှား​မှု​နှင့်​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​တို့​ကို​စော်​ကား မှု​တို့​ကြောင့်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​လိမ့်​မည်။- \v 11 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​ထိတ်​လန့် တုန်​လှုပ်​စေ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည် လော​ကီ​ဘု​ရား​များ​ကို​ဆိတ်​သုဉ်း​စေ​တော် မူ​မည်​ဖြစ်​၍​လူ​မျိုး​တ​ကာ​တို့​သည် မိ​မိ တို့​ပြည်​အ​သီး​သီး​တွင်​ကိုယ်​တော်​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​လိမ့်​မည်။ \p \v 12 ထာ​ဝ​ရ​ဘု​ရား​သည်​ဆူ​ဒန်​ပြည်​သား​တို့ ကို​လည်း​ကွပ်​မျက်​တော်​မူ​လိမ့်​မည်။\x + \xo 2:12 \xt ဟေရှာ၊ ၁၈:၁-၇။\x* \p \v 13 ထာ​ဝ​ရ​ဘု​ရား​သည်​လက်​တော်​ကို​ဆန့်​၍ တန်​ခိုး​တော်​ဖြင့်​အာ​ရှု​ရိ​ပြည်​ကို​သုတ် သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော် သည်​နိ​နေ​ဝေ​မြို့​ကို​ရေ​မ​ရှိ​သည့်​ကန္တာ​ရ သ​ဖွယ် လူ​သူ​ဆိတ်​ငြိမ်​ရာ​မြို့​ပျက်​ဖြစ်​စေ တော်​မူ​မည်။-\x + \xo 2:13 \xt ဟေရှာ၊ ၁၀:၅-၃၄၊ ၁၄:၂၄-၂၇။ နာ၊ ၁:၁-၃:၁၉။\x* \v 14 ထို​အ​ရပ်​သည်​သိုး​အုပ်​နှင့်​တိ​ရစ္ဆာန်​အ​မျိုး မျိုး​တို့​နား​နေ​ရာ​ဖြစ်​လိမ့်​မည်။ ဇီး​ကွက် တို့​သည်​တိုက်​ပြို​တိုက်​ပျက်​များ​တွင်​ခို အောင်း​ကာ ပြူ​တင်း​ပေါက်​များ​မှ​အော်​မြည် ကြ​လိမ့်​မည်။ ကျီး​တို့​သည်​လည်း​လှေ​ကား ထစ်​များ​အ​ပေါ်​မှ​နေ​၍​အာ​ကြ​လိမ့်​မည်။ ထို​မြို့​ရှိ​အ​ဆောက်​အ​ဦး​များ​မှ​သစ်​က တိုး​သား​တို့​ကို​လည်း​လူ​တို့​ဖြုတ်​ယူ​ကြ လိမ့်​မည်။- \v 15 ဤ​သည်​လျှင်​မိ​မိ​ကိုယ်​ကို​တန်​ခိုး​ကြီး​လှ ပြီ​ဟူ​၍​လည်း​ကောင်း၊ လုံ​ခြုံ​မှု​ရှိ​လှ​ပြီ ဟူ​၍​လည်း​ကောင်း​ထင်​မှတ်​သည့်​မြို့​ကြုံ တွေ့​ရ​မည့်​ကံ​ကြမ္မာ​ပင်​ဖြစ်​တော့​၏။ ထို မြို့​၏​မြို့​သူ​မြို့​သား​တို့​က​မိ​မိ​တို့​မြို့ ကို​ကမ္ဘာ​ပေါ်​တွင်​အ​ကြီး​ဆုံး​ဟု​ထင်​မှတ် ကြ​ပေ​သည်။ ထို​မြို့​သည်​တော​တိ​ရစ္ဆာန် များ​နား​နေ​ရာ​ဖြစ်​လျက်​အ​ဘယ်​မျှ​လူ သူ​ဆိတ်​ညံ​၍​နေ​ပါ​လိမ့်​မည်​နည်း။ ယင်း အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​အ​ပေါင်း တို့​သည်​ထိတ်​လန့်​လျက် နောက်​သို့​တွန့်​ဆုတ် သွား​ကြ​လိမ့်​မည်။ \c 3 \s1 ယေ​ရု​ရှ​လင်​မြို့​လွန်​ကူး​သည့်​အပြစ်​နှင့် ကယ်​တင်​ခြင်း​ခံ​ရ​ပုံ \p \v 1 မိ​မိ​၏​မြို့​သား​များ​ကို​ပင်​လျှင်​ညှင်း​ပန်း နှိပ်​စက်​ကာ​အ​ကျင့်​ပျက်​ပုန်​ကန်​တတ်​သည့် ယေ​ရု​ရှ​လင်​မြို့​သည်​အ​မင်္ဂ​လာ​ရှိ​၏။- \v 2 ထို​မြို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော် ကို​နား​မ​ထောင်။ ကိုယ်​တော်​၏​စည်း​ကမ်း​ကို မ​လိုက်​နာ။ ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား မှု​မ​ပြု။ ကိုယ်​တော်​၏​ကူ​မ​မှု​ကို​လည်း​မ တောင်း​ခံ​ခဲ့။- \v 3 ထို​ပြည်​ကို​အုပ်​ချုပ်​သော​အ​ရာ​ရှိ​တို့​သည် ခြင်္သေ့​ငယ်​များ​နှင့်​တူ​ကြ​၏။ တ​ရား​စီ​ရင် သူ​တို့​သည်​လည်း​လော​ဘ​ရ​မက်​ကြီး​လွန်း သ​ဖြင့် နံ​နက်​ချိန်​တိုင်​အောင်​အ​ရိုး​တစ်​ချောင်း ကို​မျှ​မ​စွန့်​ပစ်​နိုင်​သည့်​ဝံ​ပု​လွေ​ငယ်​များ နှင့်​တူ​ကြ​၏။- \v 4 ပ​ရော​ဖက်​တို့​သည်​တာ​ဝန်​မဲ့​ပြု​လုပ်​တတ် သည့်​သစ္စာ​ဖောက်​များ​ဖြစ်​ကြ​၏။ ယဇ်​ပု​ရော ဟိတ်​တို့​က​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို​ညစ် ညမ်း​စေ​၍ ဘု​ရား​သ​ခင်​၏​ပညတ်​တ​ရား တော်​ကို​မိ​မိ​တို့​အ​ကျိုး​ရှိ​ရာ​ရှိ​ကြောင်း လှည့်​ကွက်​ဆင်​၍​အ​နက်​အ​ဋ္ဌိပ္ပါယ်​ပြန်​ဆို ကြ​၏။- \v 5 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့ တွင်​ရှိ​နေ​တော်​မူ​ပါ​သေး​၏။ ကိုယ်​တော် သည်​တ​ရား​သော​အ​မှု​ကို​သာ​လျှင်​ပြု တော်​မူ​၍​မ​တ​ရား​သည့်​အ​မှု​ကို​အ​ဘယ် အ​ခါ​၌​မျှ​ပြု​တော်​မ​မူ။ နံ​နက်​တိုင်း​မိ​မိ ၏​လူ​မျိုး​တော်​အား​မ​လွဲ​မ​သွေ​ဖြောင့်​မှန် စွာ​တ​ရား​စီ​ရင်​တော်​မူ​၏။ သို့​သော်​လည်း ထို​အ​ရပ်​ရှိ​လူ​မ​သ​မာ​တို့​သည်​မ​ကောင်း မှု​ကို​ဆက်​လက်​ပြု​ကျင့်​လျက်​နေ​ကြ​ပေ သည်။ သူ​တို့​တွင်​ရှက်​ကြောက်​မှု​လည်း​မ​ရှိ ကြ။ \p \v 6 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​လူ​မျိုး​တ​ကာ ကို​လုံး​ဝ​ဖျက်​ဆီး​ခဲ့​လေ​ပြီ။ သူ​တို့​၏​မြို့ များ​ကို​သုတ်​သင်​ဖျက်​ဆီး​၍​မြို့​တံ​တိုင်း များ၊ ရဲ​တိုက်​များ​ကို​လည်း​ယို​ယွင်း​ပျက် စီး​စေ​လေ​ပြီ။ မြို့​တို့​သည်​လူ​သူ​ဆိတ်​ငြိမ် လျက်​လမ်း​တို့​သည်​လည်း​ဟာ​လာ​ဟင်း လင်း​ဖြစ်​လျက်​နေ​ကြ​၏။ လူ​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ​ကြ​တော့​ပေ။- \v 7 ထို​စဉ်​အ​ခါ​က​ငါ​၏​လူ​မျိုး​တော်​သည် ငါ့​ကို​ကြောက်​ရွံ့​ရို​သေ​ကာ​ငါ​ပေး​သည့် စည်း​ကမ်း​ကို​လိုက်​နာ​ကြ​လိမ့်​မည်​ဟူ​၍ လည်း​ကောင်း၊ ငါ​၏​သွန်​သင်​ဆုံး​မ​ချက် ကို​အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့​ကြ လိမ့်​မည်​မ​ဟုတ်​ဟူ​၍​လည်း​ကောင်း​ငါ ထင်​မှတ်​ခဲ့​၏။ သို့​ရာ​တွင်​မ​ကြာ​ခ​ဏ သူ​တို့​သည်​အ​ကျင့်​ဆိုး​ကို​ပြု​မြဲ​ပြု လျက်​နေ​ကြ​၏။ \p \v 8 ထာ​ဝ​ရ​ဘု​ရား​က``စောင့်​မျှော်​၍​နေ​လော့။ လူ မျိုး​တ​ကာ​တို့​အား​ငါ​ထ​၍​ပြစ်​တင်​စွပ်​စွဲ မည့်​နေ့​ရက်​ကာ​လ​ကို​စောင့်​မျှော်​၍​နေ​လော့။ ငါ​၏​အ​မျက်​တော်​အ​ရှိန်​ကို​ခံ​စား​စိမ့် သော​ငှာ၊ လူ​မျိုး​တ​ကာ​နှင့်​နိုင်​ငံ​တ​ကာ ကို​စု​သိမ်း​ရန်​ငါ​သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​လေ ပြီ။ ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​သည်​ငါ​၏ အ​မျက်​တော်​မီး​ဖြင့်​ကျွမ်း​လောင်​ပျက်​စီး ၍​သွား​လိမ့်​မည်။ \p \v 9 ``ထို​အ​ခါ​ငါ​သည်​လူ​မျိုး​အ​ပေါင်း​ကို ပြု​ပြင်​ပြောင်း​လဲ​စေ​မည်​ဖြစ်​၍ သူ​တို့​သည် အ​ခြား​ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​ဘဲ ငါ့ ကို​သာ​ကိုး​ကွယ်​ကြ​လိမ့်​မည်။ သူ​တို့​အား လုံး​ပင်​ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ လိမ့်​မည်။- \v 10 ပျံ့​လွင့်​နေ​သော​ငါ​၏​လူ​မျိုး​တော်​သည် ဝေး​လံ​သော​ဆူ​ဒန်​ပြည်​မှ​ပင်​လျှင်​ငါ့​ထံ သို့​ပူ​ဇော်​သ​ကာ​များ​ကို​ယူ​ဆောင်​လာ ကြ​လိမ့်​မည်။- \v 11 အို ငါ​၏​လူ​မျိုး​တော်၊ ထို​အ​ခါ​သင်​တို့ သည်​ငါ့​ကို​ပုန်​ကန်​ခဲ့​သည့်​အ​တွက်​ရှက် ကြောက်​နေ​ရန်​လို​တော့​မည်​မ​ဟုတ်။ ငါ သည်​မာ​န​ကြီး​သူ​မောက်​မာ​ထောင်​လွှား သူ​မှန်​သ​မျှ​ကို​ပယ်​ရှင်း​မည်​ဖြစ်​၍ သင် တို့​သည်​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌ မျှ​ယေ​ရု​ရှ​လင်​မြို့​ရှိ ငါ​၏​သန့်​ရှင်း​မြင့် မြတ်​သည့်​တောင်​တော်​ပေါ်​တွင်​ငါ့​ကို​ပုန် ကန်​ကြ​တော့​မည်​မ​ဟုတ်။- \v 12 စိတ်​နှ​လုံး​နှိမ့်​ချ​နူး​ညံ့​သိမ်​မွေ့​သည့်​လူ​စု ကို​ထို​အ​ရပ်​တွင်​ငါ​ချန်​ထား​မည်။ သူ​တို့ သည်​လည်း​ငါ့​ထံ​သို့​လာ​ရောက်​ခို​လှုံ​ကြ လိမ့်​မည်။- \v 13 အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သည့်​ဣ​သ ရေ​လ​ပြည်​သား​တို့​သည်​အ​ဘယ်​သူ​ကို မျှ​ပြစ်​မှား​ကြ​လိမ့်​မည်​မ​ဟုတ်။ မု​သား စ​ကား​ပြော​ဆို​မှု​ကို​သော်​လည်း​ကောင်း၊ လိမ်​လည်​လှည့်​စား​ရန်​ကြိုး​စား​မှု​ကို​သော် လည်း​ကောင်း​ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ တို့​သည်​ကောင်း​စား​ကြ​လိမ့်​မည်။ အ​ဘယ် သူ​ကို​မျှ​မ​ကြောက်​မ​လန့်​ရ​ဘဲ ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။\x + \xo 3:13 \xt ဗျာ၊ ၁၄:၅။\x* \s1 ဝမ်း​မြောက်​စွာ​သီ​ဆို​သော​သီ​ချင်း \q1 \v 14 အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ဝမ်း​မြောက်​စွာ ကြွေး​ကြော်​သီ​ဆို​ကြ​လော့။ \q2 အို ယေ​ရု​ရှ​လင်​မြို့​သူ၊စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရွှင်​လန်း​ဝမ်း​မြောက်​လော့။ \q1 \v 15 ကိုယ်​တော်​သည်​သင်​တို့​အား​အ​တိုက်​အ​ခံ ပြု​သူ​များ​ကို​ဖယ်​ရှား​တော်​မူ​ပြီ။ \q2 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ရန်​သူ​များ​ကို ရုပ်​သိမ်း​တော်​မူ​ပြီ။ \q1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ \q2 ယ​ခု​သင်​တို့​သည်​ကြောက်​လန့်​စ​ရာ အ​ကြောင်း​မ​ရှိ​တော့​ပြီ။ \q1 \v 16 ထို​နေ့​တွင်​ယေ​ရု​ရှ​လင်​မြို့​အား​ဤ​သို့​ဆို လိမ့်​မည်။ ``အို ဇိ​အုန်​မြို့၊မ​ကြောက်​နှင့်။ \q2 သင်​သည်​လက်​မှိုင်​ချ​၍​မ​နေ​နှင့်။ \q1 \v 17 သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ \q2 ကိုယ်​တော်​၏​တန်​ခိုး​တော်​အား​ဖြင့် သင်​သည်​အောင်​ပွဲ​ကို​ရ​လိမ့်​မည်။ \q1 ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အ​ပေါ်​ဝမ်း မြောက်​အား​ရ​မှု ရှိ​တော်​မူ​လိမ့်​မည်။ \q2 ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​လည်း​သင့်​အား ဘ​ဝ​သစ်​ကို​ပေး​တော်​မူ​လိမ့်​မည်။ \q1 ကိုယ်​တော်​သည်​သင်​၏​အ​တွက်​ကြည်​နူး​ပျော် ရွှင်​ကာ သီ​ချင်း​ကူး​ဧ​တော်​မူ​လိမ့်​မည်။'' \q1 \v 18 ``ပွဲ​လမ်း​သ​ဘင်​၌​ပျော်​ရွှင်​သော​သူ​များ ကဲ့​သို့ ရွှင်​မြူး​တော်​မူ​လိမ့်​မည်'' \q1 ထာ​ဝ​ရ​ဘု​ရား​က \q2 ``ဝမ်း​နည်း​ရ​မှု​ကို​ရပ်​စဲ​၍၊- \q2 သင်​၏​အ​သ​ရေ​ပျက်​မှု​ကို​သင်​၏​ဝန်​ထုပ် အ​ဖြစ်​မှ ဖယ်​ရှား​လိုက်​လေ​ပြီ။ \q1 \v 19 သင့်​ကို​ညှင်း​ပန်း​နှိပ်​စက်​သူ​များ​အား​ငါ အ​ပြစ်​ဒဏ် ခတ်​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။ \q2 ငါ​သည်​ခြေ​မ​စွမ်း​မ​သန်​သူ​အ​ပေါင်း​ကို ကယ်​ဆယ်​၍၊ \q1 ပြည်​နှင်​ဒဏ်​သင့်​သူ​များ​ကို​မိ​မိ​တို့​ပြည်​သို့ ခေါ်​ဆောင်​လာ​မည်။ \q1 သူ​တို့​၏​အ​ရှက်​ရ​မှု​ကို​ဂုဏ်​အ​သ​ရေ​ရှိ​မှု အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​မည်။ \q2 က​မ္ဘာ​သူ​က​မ္ဘာ​သား​တို့​သူ​တို့​ကို ချီး​ကူး​ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။ \q1 \v 20 ကွဲ​လွင့်​နေ​သူ​သင်​တို့​၏​အ​မျိုး​သား​များ အား \q2 မိ​မိ​တို့​ပြည်​သို့​ငါ​ခေါ်​ဆောင်​လာ​မည့် အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။ \q1 ငါ​သည်​သင်​တို့​အား​ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင် ထင်​ပေါ်​ကျော်​ကြား​စေ​မည်။ \q2 သင်​တို့​ကို​တစ်​ဖန်​ပြန်​လည်​ကောင်း​စား စေ​မည်'' ဟု​မိန့်​တော်​မူ​၏။ \m ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။ ပ​ရော​ဖက်​ဇေ​ဖ​နိ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။