\id ZEC Myanmar Common Language Bible \h ဇာ​ခ​ရိ \toc1 ဇာ​ခ​ရိ​အ​နာ​ဂတ္တိ​ကျမ်း \toc2 ဇာ​ခ​ရိ \mt1 ဇာ​ခ​ရိ​အ​နာ​ဂတ္တိ​ကျမ်း \is1 နိ​ဒါန်း \ip ဇာ​ခ​ရိ​အ​နာ​ဂတ္တိ​ကျမ်း​တွင်​ထင်​ရှား​သော​အ​ပိုင်း နှစ်​ပိုင်း​ပါ​ဝင်​သည်။ ၁။ အ​ခန်း ၁-၈ ခ​ရစ်​တော်​မ​ပေါ်​ထွန်း​မီ ၅၂၀ မှ ၅၁၈ ခု​နှစ် အ​ချိန်​ကာ​လ​အ​တွင်း​အ​ချိန်​အ​ခါ အ​မျိုး​မျိုး ၌​သတ်​မှတ်​ပေါ်​ထွက်​လာ​သော​ပ​ရော​ဖက်​ဇာ​ခ​ရိ ၏​ပ​ရော​ဖက်​ပြု​ချက်​များ၊ ဤ​ပ​ရော​ဖက်​ပြု​ချက် များ​သည်​မြင်​ကွင်း​အ​ဖြစ်​အ​များ​အား​ဖြင့်​မြင် တွေ့​ရ​သည်။ ယေ​ရု​ရှ​လင်​မြို့​ပြန်​လည်​တည်​ထောင် ခြင်း​နှင့်​ပတ်​သက်​၍​လည်း​ကောင်း၊ ဗိ​မာန်​တော်​ပြန် လည်​တည်​ဆောက်​ခြင်း​နှင့်​ပတ်​သက်​၍​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​လူ​များ​ကို​သန့်​စင်​စေ​မှု​နှင့်​ပတ် သက်​၍​လည်း​ကောင်း၊ ကြွ​ရောက်​လာ​မည့်​မေ​ရှိ​ယ ၏​ခေတ်​ကာ​လ​နှင့်​ပတ်​သက်​၍​လည်း​ကောင်း ဖော်​ပြ​ချက်​မြင်​ကွင်း​များ​ဖြစ်​၏။ ၂။ အ​ခန်း ၉-၁၄ မျှော်​လင့်​လျက်​ရှိ​သော​မေ​ရှိ​ယ နှင့်​နောက်​ဆုံး​တ​ရား​စီ​ရင်​ချက်​နှင့်​ပတ်​သက် ၍ နောက်​ပိုင်း​အ​ချိန်​ကာ​လ​၏​သ​တင်း​စ​ကား စု​ဆောင်း​ချက်​များ။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ ် \io1 သ​တိ​ပေး​စ​ကား​နှင့်​မျှော်​လင့်​ချက်​သ​တင်း စ​ကား​များ ၁:၁-၈:၂၃ \io1 ဣ​သ​ရေ​လ​အိမ်​နီး​ချင်း​နိုင်​ငံ​များ​အ​ပေါ် တ​ရား​စီ​ရင်​ချက် ၉:၁-၈ \io1 အ​နာ​ဂတ်​ကာ​လ​၌​ကြွယ်​ဝ​ချမ်း​သာ​မှု နှင့်​ငြိမ်း​ချမ်း​ရေး ၉:၉-၁၄:၂၁ \c 1 \s1 အ​ထံ​တော်​သို့​ပြန်​လာ​ရန်​မိ​မိ​၏​လူ​မျိုး​တော် အား ထာ​ဝ​ရ​ဘု​ရား​ခေါ်​တော်​မူ​ခြင်း \p \v 1 ဤ​ဗျာ​ဒိတ်​တော်​သည်​ပေ​ရ​သိ​ဧ​က​ရာဇ်​ဘု​ရင် ဒါ​ရိ​နန်း​စံ​ဒု​တိ​ယ​နှစ်၊ အ​ဋ္ဌ​မ​လ​၌​ပ​ရော​ဖက် ဇာ​ခ​ရိ​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော နှုတ်​က​ပတ်​တော်​ဖြစ်​သည်။ ဇာ​ခ​ရိ​ကား​ဣ​ဒေါ ၏​မြေး၊ ဗာ​ရ​ခိ​၏​သား​ဖြစ်​သ​တည်း။-\x + \xo 1:1 \xt ဧဇ၊ ၄:၂၄-၅:၁၊ ၆:၁၄။\x* \v 2 ထာ​ဝ​ရ​ဘု​ရား​က​ဇာ​ခ​ရိ​အား``ငါ​သည်​သင် တို့​၏​ဘိုး​ဘေး​များ​ကို​လွန်​စွာ​အ​မျက်​ထွက် တော်​မူ​ခဲ့​၏။- \v 3 သို့​ရာ​တွင်​သင်​တို့​သည်​ငါ့​ထံ​သို့​ပြန်​လာ ကြ​လော့။ ငါ​သည်​လည်း​သင်​တို့​ထံ​သို့​ကြွ လာ​တော်​မူ​မည်။- \v 4 သင်​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​ကဲ့​သို့ မ​ပြု​ကြ​နှင့်။ ရှေး​အ​ခါ​က​ပ​ရော​ဖက်​များ သည်​သူ​တို့​အား ယုတ်​မာ​ဆိုး​ညစ်​သည့်​အ​ကျင့် များ​ကို​ရပ်​စဲ​လိုက်​ကြ​ရန်​ပြော​ကြား​သော် လည်း​သူ​တို့​သည်​နား​မ​ထောင်​ဂ​ရု​မ​စိုက် ကြ'' ဟု​မိန့်​တော်​မူ​၏။- \v 5 ``ထို​ပ​ရော​ဖက်​များ​နှင့်​သင်​တို့​၏​ဘိုး ဘေး​များ​ကား​သေ​လွန်​သွား​ကြ​လေ​ပြီ။- \v 6 ငါ​သည်​မိ​မိ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် သင်​တို့​၏​ဘိုး​ဘေး​တို့​အား​အ​မိန့်​ပ​ညတ် များ​နှင့်​သ​တိ​ပေး​စ​ကား​များ​ကို​မိန့်​မှာ သ​တိ​ပေး​ခဲ့​၏။ သူ​တို့​သည်​ငါ​၏​စ​ကား​ကို လျစ်​လှူ​ရှု​ခဲ့​ကြ​သ​ဖြင့် ထိုက်​သင့်​သည့် အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​၏။ ထို​အ​ခါ​သူ တို့​သည်​နောင်​တ​ရ​၍​လာ​ကြ​၏။ အ​နန္တ တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ စိတ်​ပြ​ဋ္ဌာန်း​ထား​သည့်​အ​တိုင်း သူ​တို့​အား အ​ပြစ်​နှင့်​အ​လျောက်​ဆုံး​မ​တော်​မူ​ကြောင်း ကို​လည်း​သိ​မှတ်​လာ​ကြ​ကုန်​၏'' ဟု​သူ တို့​အား​ကြား​ပြော​ရန်​မိန့်​မှာ​တော်​မူ​၏။ \s1 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​မြင်း​များ​ကို​တွေ့​မြင်​ရ​ခြင်း \p \v 7 ဧ​က​ရာဇ်​ဘု​ရင်​ဒါ​ရိ​နန်း​စံ​ဒု​တိ​ယ​နှစ်၊ ရှေ ဗတ်​လ​တည်း​ဟူ​သော​ဧ​က​ဒ​သ​မ​လ၊ နှစ် ဆယ့်​လေး​ရက်​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​သည် ညဥ့်​အ​ခါ​ငါ့​အား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု ကို​ပြ​တော်​မူ​၏။- \v 8 ငါ​သည်​မြင်း​နီ​ကို​စီး​လျက်​နေ​သူ​ထာ​ဝ​ရ ဘု​ရား​၏​ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို​မြင် ရ​၏။ သူ​သည်​ချိုင့်​ဝှမ်း​ထဲ​တွင်​ရှိ​သော​ကျောက် ပန်း​ပင်​များ​အ​လယ်​တွင်​ရပ်​တန့်​လျက်​နေ​၏။ သူ​၏​နောက်​၌​မူ​မြင်း​နီ၊ မြင်း​ပြောက်​ကြား၊ မြင်း​ဖြူ​စ​သည့်​အ​ခြား​မြင်း​များ​ရှိ​၏။-\x + \xo 1:8 \xt ဗျာ၊ ၆:၂-၈။\x* \v 9 ငါ​က​လည်း``အ​ရှင်​ဤ​မြင်း​များ​ကား အ​ဘယ်​အ​တွက်​ဖြစ်​ပါ​သ​နည်း'' ဟု​မေး လျှင် \p ကောင်း​ကင်​တ​မန်​က``သူ​တို့​အ​ဘယ်​အ​တွက် ဖြစ်​သည်​ကို​ငါ​ဖော်​ပြ​မည်။- \v 10 ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​မြေ​ကြီး​ကို ကြည့်​ရှု​စစ်​ဆေး​ရန် သူ​တို့​ကို​စေ​လွှတ်​တော် မူ​လိုက်​၏'' ဟု​ပြန်​လည်​ဖြေ​ကြား​၏။ \p \v 11 မြင်း​များ​က​လည်း``အ​ကျွန်ုပ်​တို့​သည်​ကမ္ဘာ​တစ် ဝှမ်း​လုံး​သို့​သွား​ရောက်​ခဲ့​ပြီး​ပါ​ပြီ။ ကမ္ဘာ​တစ်​ခု လုံး​ပင်​အား​ကိုး​ရာ​မဲ့​ဖြစ်​ကာ​နွံ​နာ​ကျိုး​နွံ နေ​ပါ​သည်'' ဟု​အ​စီ​ရင်​ခံ​ကြ​၏။ \p \v 12 ထို​နောက်​ကောင်း​ကင်​တ​မန်​က``အို အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ မြို့​တို့​အား​ကိုယ်​တော်​ရှင်​အ​မျက်​ထွက်​တော် မူ​သည်​မှာ ယ​ခု​အ​နှစ်​ခု​နစ်​ဆယ်​ရှိ​ပါ​ပြီ။ ထို​မြို့​အား​က​ရု​ဏာ​မ​ပြ​ဘဲ​အ​ဘယ်​မျှ ကြာ​နေ​တော်​မူ​ပါ​ဦး​မည်​နည်း'' ဟု​လျှောက်​၏။ \p \v 13 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​တ​မန် အား​နှစ်​သိမ့်​ဖွယ်​ရာ​စ​ကား​များ​ကို​မိန့် ကြား​တော်​မူ​သဖြင့်၊- \v 14 ကောင်း​ကင်​တ​မန်​သည်​လည်း​ငါ့​အား``အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သန့် ရှင်း​မြင့်​မြတ်​သည့်​ယေ​ရု​ရှ​လင်​မြို့​တော် ကို​လွန်​စွာ​ချစ်​မြတ်​နိုး​၍​အ​ကြင်​နာ တ​ရား​ထား​ရှိ​ပါ​၏။- \v 15 ငါ​သည်​မိ​မိ​လူ​မျိုးတော်​အ​ပေါ်​သို့​သက် ရောက်​သည့်​အ​မျက်​တော်​ကို​ထိန်း​ချုပ်​လျက် နေ​စဉ်၊ ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​ရ​ကြ​သော လူ​မျိုး​အ​ပေါင်း​တို့​သည် ငါ့​လူ​မျိုး​တော် ခံ​စား​ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​ကို​ပို​မို​ကြီး လေး​အောင်​ပြု​ကြ​၏။ ထို​ကြောင့်​ငါ​သည်​ထို လူ​မျိုး​တို့​အား​ပြင်း​စွာ​အ​မျက်​ထွက်​သ​ဖြင့်၊- \v 16 ယေ​ရု​ရှ​လင်​မြို့​ကို​က​ရု​ဏာ​ပြ​ရန်​ပြန် လာ​ခဲ့​ပေ​သည်။ ငါ​၏​ဗိ​မာန်​တော်​ကို​ပြန် လည်​ထူ​ထောင်​ကာ​ယေ​ရု​ရှ​လင်​မြို့​တော် ကို​လည်း​ပြန်​လည်​တည်​ဆောက်​ရ​ကြ​လိမ့် မည်'' ဟု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။ \p \v 17 ကောင်း​ကင်​တ​မန်​က​ငါ့​အား``အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​မြို့​တော် များ​တစ်​ဖန်​ပြန်​လည်​စည်​ကား​၍​လာ​လိမ့် မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော် သည်​တစ်​ဖန်​ပြန်​လည်​ကြွ​လာ​တော်​မူ​လျက် ယေ​ရု​ရှ​လင်​မြို့​ကို​ကူ​မ​တော်​မူ​ပြီး​လျှင် မိ​မိ​ပိုင်​မြို့​တော်​အ​ဖြစ်​သိမ်း​ယူ​တော်​မူ မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း​ထုတ်​ဖော် ကြေ​ညာ​လော့'' ဟူ​၍​လည်း​မှာ​ကြား​ခဲ့ လေ​သည်။ \s1 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ဦး​ချို​များ​ကို​တွေ့​မြင်​ရ​ခြင်း \p \v 18 ငါ​သည်​အ​ခြား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု တွင်​နွား​ဦး​ချို​လေး​ခု​ကို​တွေ့​မြင်​ရ​၏။- \v 19 ငါ​သည်​မိ​မိ​နှင့်​စ​ကား​ပြော​ဆို​နေ​ခဲ့​သည့် ကောင်း​ကင်​တ​မန်​အား​ထို​ဦး​ချို​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မေး​မြန်း​၍​ကြည့်​၏။ \p ထို​ကောင်း​ကင်​တ​မန်​က``ထို​ဦး​ချို​တို့​သည် ယု​ဒ​ပြည်​သား၊ ဣ​သ​ရေ​လ​ပြည်​သား​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့​အား​ကွဲ​လွင့်​စေ​ခဲ့ သူ​ကမ္ဘာ​တန်​ခိုး​ရှင်​များ​ကို​သ​ရုပ်​ဆောင်​ပါ သည်'' ဟု​ဆို​၏။ \p \v 20 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တူ များ​ကို​ကိုင်​ဆောင်​ထား​သည့်​အ​လုပ်​သ​မား လေး​ယောက်​ကို​ပြ​တော်​မူ​၏။- \v 21 ငါ​က​လည်း``ဤ​သူ​တို့​သည်​အ​ဘယ်​မှု​ကို ပြု​ရန်​ရောက်​ရှိ​လာ​ကြ​ပါ​သ​နည်း'' ဟု​မေး လျှောက်​လေ​လျှင်၊ \p ကိုယ်​တော်​က``သူ​တို့​သည်​ယု​ဒ​အ​မျိုး​သား တို့​အား​ကွဲ​လွင့်​စေ​၍​အ​ကုန်​အ​စင်​ဖျက်​ဆီး ချေ​မှုန်း​ခဲ့​သည့်​လူ​မျိုး​တို့​အား တုန်​လှုပ်​ချောက် ချား​စေ​၍​ဖြို​ခွင်း​နှိမ်​နင်း​ရန်​ရောက်​ရှိ​လာ ခြင်း​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ \c 2 \s1 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ပေ​ကြိုး​ကို​တွေ့​မြင်​ရ​ခြင်း \p \v 1 ငါ​သည်​ပေ​ကြိုး​ကို​ကိုင်​ထား​သည့်​လူ​တစ်​ယောက် ကို​အ​ခြား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု​တွင်​တွေ့​မြင် ရ​၏။- \v 2 သူ့​အား``သင်​သည်​အ​ဘယ်​အ​ရပ်​သို့​သွား​မည် နည်း'' ဟု​မေး​သော​အ​ခါ၊ \p ထို​သူ​က``ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ပါ​မည်။ ထို မြို့​သည်​အ​လျား​အ​နံ​မည်​မျှ​ရှိ​သည်​ကို​တိုင်း ထွား​၍​ကြည့်​ရန်​ဖြစ်​ပါ​၏'' ဟု ပြန်​ပြော​လေ​သည်။ \p \v 3 ထို​နောက်​ငါ​နှင့်​စ​ကား​ပြော​ဆို​နေ​ခဲ့​သည့် ကောင်း​ကင်​တ​မန်​သည်​ရှေ့​သို့​လာ​သော​အ​ခါ အ​ခြား​ကောင်း​ကင်​တ​မန်​တစ်​ပါး​က​သူ့​ထံ သို့​လာ​ရောက်​နှုတ်​ဆက်​သည်​ကို​ငါ​တွေ့​မြင် ရ​၏။- \v 4 ပ​ထ​မ​ကောင်း​ကင်​တ​မန်​က​သူ့​အား``ယေ​ရု ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သည့်​လူ​သတ္တ​ဝါ တို့​သည်​အ​လွန်​ပင်​များ​သ​ဖြင့် ထို​မြို့​ကို တံ​တိုင်း​ကာ​နိုင်​လိမ့်​မည်​မ​ဟုတ်​ကြောင်း​ပေ ကြိုး​ကိုင်​ထား​သူ​လူ​ငယ်​ထံ​သို့​ပြေး​၍​ပြော ကြား​လော့။- \v 5 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ကိုယ်​တော်​တိုင်​မြို့ ပတ်​လည်​တွင် မီး​တံ​တိုင်း​အ​ဖြစ်​တည်​ရှိ​လျက် ဘုန်း​အ​သ​ရေ​တော်​အ​ပေါင်း​နှင့်​တ​ကွ ထို​မြို့ တွင်​စံ​နေ​တော်​မူ​မည်​ဖြစ်​ကြောင်း​က​တိ​ထား တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။ \s1 ပြည်​နှင်​ဒဏ်​သင့်​သူ​တို့​အား​မိ​မိ​တို့​ပြည်​သို့ ပြန်​လည်​ခေါ်​ယူ​တော်​မူ​ခြင်း \p \v 6 ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော် အား``ငါ​သည်​သင်​တို့​ကို​အ​ရပ်​တ​ကာ​သို့ ကွဲ​လွင့်​စေ​တော်​မူ​ခဲ့​၏။- \v 7 သို့​ရာ​တွင်​အ​ချင်း​ပြည်​နှင်​ဒဏ်​သင့်​သူ​တို့ ယ​ခု​သင်​တို့​သည်​ဗာ​ဗု​လုန်​ပြည်​မှ​ထွက်​ပြေး ကာ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လာ​ကြ​လော့။- \v 8 သင်​တို့​အား​ထိ​ပါး​လာ​သူ​သည်​ငါ​တန်​ဘိုး အ​ထား​ဆုံး​သော​အ​ရာ​ကို​ထိ​ပါး​သူ​ဖြစ် ၏'' ဟု​မိန့်​တော်​မူ​၏။ \p ကိုယ်​တော်​၏​လူ​မျိုး​တော်​တို့​အား​တိုက်​ခိုက် ချေ​မှုန်း​သူ​တို့​အား ဤ​ကဲ့​သို့​သ​တင်း​စ​ကား ပြော​ကြား​ရန် ငါ့​အား​အ​နန္တ​တန်​ခိုး​ရှင်​ထာ ဝ​ရ​ဘု​ရား​သည်​စေ​လွှတ်​တော်​မူ​သည်။ \p \v 9 ``ဤ​သို့​လျှင်​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ပင် သင်​တို့​အား​တိုက်​ခိုက်​တော်​မူ​လိမ့်​မည်။ အ​ခါ တစ်​ပါး​က​သင်​တို့​၏​အ​စေ​အ​ပါး​ကို​ခံ​ခဲ့ ရ​ကြ​သူ​တို့​သည် သင်​တို့​ကို​လု​ယက်​တိုက်​ခိုက် ကြ​လတ္တံ့'' ဟူ​သော​ဗျာ​ဒိတ်​တော်​နှင့်​အ​တူ​ငါ့ အား​စေ​လွှတ်​တော်​မူ​သ​တည်း။ \p ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော​အ​ခါ ငါ့​အား အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​စေ လွှတ်​တော်​မူ​လိုက်​ကြောင်း​ကို​လူ​အ​ပေါင်း​တို့ သိ​ရှိ​ကြ​လိမ့်​မည်။ \p \v 10 ထာ​ဝ​ရ​ဘု​ရား​က``အို ယေ​ရု​ရှ​လင်​မြို့​သူ​တို့၊ ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ကြ​ပါ​လော့။ ငါ​သည် သင်​တို့​အ​လယ်​တွင်​ကျိန်း​ဝပ်​ရန်​ကြွ​လာ​တော် မူ​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 11 ထို​အ​ခါ​လူ​မျိုး​ပေါင်း​မြောက်​မြား​စွာ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ချဉ်း​ကပ် ကြ​လျက် ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​လာ ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင်​တို့​အ​လယ် တွင်​ကျိန်း​ဝပ်​တော်​မူ​လိမ့်​မည်။ ငါ့​အား​ကိုယ် တော်​စေ​လွှတ်​တော်​မူ​လိုက်​ကြောင်း​ကို​လည်း သင်​တို့​သိ​ကြ​လိမ့်​မည်။- \v 12 တစ်​ဖန်​တုံ​ယု​ဒ​နယ်​သည်​သန့်​ရှင်း​မြင့်​မြတ် သည့်​ပြည်​တော်​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ထူး ပိုင်​နက်​ဖြစ်​လာ​ရ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့ သည်​လည်း​ကိုယ်​တော်​အ​မြတ်​နိုး​ဆုံး​သော မြို့​ဖြစ်​လိမ့်​မည်။ \p \v 13 လူ​အ​ပေါင်း​တို့​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ ကျိန်း​ဝပ်​တော်​မူ​ရာ​သန့်​ရှင်း​မြင့်​မြတ်​သည့် ဌာ​န​တော်​မှ​ကြွ​လာ​တော်​မူ​မည်​ဖြစ်​၍ ကိုယ်​တော်​၏​ရှေ့​တော်​၌​ဆိတ်​ငြိမ်​စွာ​နေ ကြ​လော့။ \c 3 \s1 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ယဇ်​ပု​ရော​ဟိတ်​မင်း​ကို တွေ့​မြင်​ရ​ခြင်း \p \v 1 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ရှေ့​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု​ရပ်​လျက်​နေ​သည် ကို အ​ခြား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု​တွင်​ငါ့ အား​ထာ​ဝ​ရ​ဘု​ရား​ပြ​တော်​မူ​၏။ ယော​ရှု ၏​နံ​ဘေး​တွင်​စာ​တန်​သည်​ရပ်​လျက်​နေ​၏။ သူ​သည်​ယော​ရှု​အား​ပြစ်​တင်​စွပ်​စွဲ​ရန် အ​သင့်​ရှိ​ပေ​သည်။-\x + \xo 3:1 \xt ဧဇ၊ ၅:၂။ ဗျာ၊ ၁၂:၁၀။\x* \v 2 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်းကင်​တ​မန်​က​စာ​တန် အား``အို စာ​တန်၊ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ​စေ​သော။ ယေ​ရု​ရှ​လင် မြို့​ကို​ချစ်​မြတ်​နိုး​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား သည် သင့်​အား​အပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ​စေ​သော။ ဤ​သူ​သည်​မီး​ထဲ​မှ​ဆွဲ​နုတ်​လိုက်​သည့်​တုတ် ချောင်း​နှင့်​တူ​ပါ​၏'' ဟု​ပြော​၏။\x + \xo 3:2 \xt ယုဒ၊ ၉။\x* \p \v 3 ယော​ရှု​သည်​ညစ်​ပေ​နေ​သော​အ​ဝတ်​များ​ကို ဝတ်​လျက် ထို​အ​ရပ်​တွင်​ရပ်​၍​နေ​၏။- \v 4 ကောင်း​ကင်​တ​မန်​သည်​မိ​မိ​၏​အ​စေ​အ​ပါး ကောင်း​ကင်​သား​တို့​အား``ဤ​သူ​ဝတ်​ဆင်​ထား သည့်​အ​ဝတ်​ညစ်​တို့​ကို​ချွတ်​ပစ်​လော့'' ဟု​ဆို ပြီး​လျှင်၊ ယော​ရှု​အား``ငါ​သည်​သင်​၏​အ​ပြစ် ကို​ဖယ်​ရှား​လိုက်​ပြီး​လျှင်​သင်​ဝတ်​ဆင်​ရန် အ​ဝတ်​သစ်​များ​ကို​ပေး​ပါ​အံ့'' ဟု​ပြော လေ​သည်။ \p \v 5 သူ​သည်​မိ​မိ​၏​အ​စေ​အ​ပါး​တို့​အား​ယော​ရှု ၏​ဦး​ခေါင်း​ထက်​တွင်​ဖြူ​စင်​သန့်​ရှင်း​သည့် ပေါင်း​ထုပ်​တစ်​ခု​ကို​တပ်​ဆင်​ပေး​ရန်​ခိုင်း​စေ သ​ဖြင့် ထို​သူ​တို့​သည်​လည်း​ယင်း​သို့​ခိုင်း စေ​သည့်​အ​တိုင်း​ပြု​ကြ​၏။ ထို​နောက်​သူ​တို့ သည်​ယော​ရှု​အား​အ​ဝတ်​သစ်​များ​ကို​ဝတ် ဆင်​ပေး​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း ကင်​တ​မန်​သည်​လည်း​အ​နီး​တွင်​ရပ်​လျက် နေ​၏။ \p \v 6 ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ယော​ရှု​အား၊- \v 7 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ် ၍​သင်​သည်​ငါ​၏​ပ​ညတ်​တော်​တို့​ကို​လိုက်​နာ ၍ သင့်​အား​ငါ​ပေး​အပ်​သည့်​တာ​ဝန်​ဝတ္တ​ရား များ​ကို​ဆောင်​ရွက်​မည်​ဆို​ပါ​မူ ငါ​၏​ဗိ​မာန် တော်​နှင့်​ဗိ​မာန်​တော်​တံ​တိုင်း​တို့​ကို​ဆက်​လက် စောင့်​ထိန်း​ကြည့်​ရှု​ခွင့်​ရ​လိမ့်​မည်။ ငါ​သည်​လည်း မိ​မိ​၏​ရှေ့​တော်​တွင်​ရှိ​သည့်​ကောင်း​ကင်​တ​မန် တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​ကြား​တော် မူ​သည့်​နည်း​တူ​သင်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို လည်း​ကြား​တော်​မူ​မည်။- \v 8 သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သူ​ယောရှု၊ နား​ထောင်​လော့။ ယော​ရှု​၏​အ​ပေါင်း​အ​ဖော် ယဇ်​ပု​ရော​ဟိတ်​တို့၊ သာ​ယာ​သော​အ​နာ​ဂတ် ၏​နိ​မိတ်​လက္ခ​ဏာ​ကို​ဆောင်​သူ​တို့၊ နား​ထောင် ကြ​လော့။ ငါ​သည်``အ​ညွှန့်​အ​တက်'' ဟု​နာ​မည် တွင်​သော​မိ​မိ​၏​အ​စေ​ခံ​ကို​ပေါ်​ထွန်း​စေ မည်။-\x + \xo 3:8 \xt ယေ၊ ၂၃:၅၊ ၃၃:၁၅။ ဇာ၊ ၆:၁၂။\x* \v 9 မှန်​ကူ​ကွက်​ခု​နစ်​ခု​ရှိ​သော​ကျောက်​တုံး​ကို လည်း ယော​ရှု​၏​ရှေ့​တွင်​ငါ​ချ​ထား​မည်။ ထို ကျောက်​ပေါ်​တွင်​ကမ္ပည်း​ရေး​ထိုး​ပြီး​လျှင် ဤ ပြည်​၏​အ​ပြစ်​ဒု​စ​ရိုက်​ကို​တစ်​နေ့​ချင်း တွင်း​ပယ်​ရှား​ပစ်​မည်။-'' \v 10 ``ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ သင်​တို့​ရှိ​သ​မျှ​သည်​စ​ပျစ်​ဥ​ယျာဉ်​များ၊ သ​ဖန်း​ပင်​များ​ခြံ​ရံ​လျက်​ငြိမ်း​ချမ်း​လုံ​ခြုံ စွာ​နေ​ထိုင်​နိုင်​ကြ​စေ​ရန် မိ​မိ​တို့​၏​အိမ်​နီး ချင်း​များ​ကို​ခေါ်​ဖိတ်​ကြ​လိမ့်​မည်'' ဟု​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။\x + \xo 3:10 \xt မိ၊ ၄:၄။\x* \c 4 \s1 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​မီး​တင်​ခုံ​ကို​တွေ့​မြင် ရ​ခြင်း \p \v 1 ငါ​နှင့်​စ​ကား​ပြော​ဆို​နေ​ခဲ့​သည့်​ကောင်း​ကင် တ​မန်​သည် တစ်​ဖန်​လာ​၍​အိပ်​ပျော်​သူ​ကို နှိုး​သ​ကဲ့​သို့​ငါ့​ကို​နှိုး​ပြီး​လျှင်၊- \v 2 ``အ​ဘယ်​အ​ရာ​ကို​သင်​မြင်​ပါ​သ​နည်း'' ဟု​မေး​၏။ ငါ​က​လည်း``ရွှေ​မီး​တင်​ခုံ​တစ်​ခု ကို​မြင်​ပါ​သည်။ မီး​တင်​ခုံ​တိုင်​ထိပ်​တွင်​ဆီ ခွက်​တစ်​ခု​ရှိ​ပါ​သည်။ မီး​တင်​ခုံ​ပေါ်​တွင် မီး​စာ​ခု​နစ်​စ​စီ​ရှိ​သော​မီး​ခွက်​ခု​နစ်​လုံး ရှိ​ပါ​သည်။- \v 3 မီး​တင်​ခုံ​၏​နံ​ဘေး​တစ်​ဖက်​တစ်​ချက်​တွင် သံ​လွင်​ပင်​တစ်​ပင်​စီ​ရှိ​ပါ​သည်'' ဟု​ဖြေ ကြား​လိုက်​လေ​သည်။-\x + \xo 4:3 \xt ဗျာ၊ ၁၁:၄။\x* \v 4 ထို​နောက်​ငါ​သည်​ကောင်း​ကင်​တ​မန်​အား၊ အ​ရှင် ဤ​အ​ရာ​တို့​သည်​အ​ဘယ်​အ​ဖြစ်​အ​ပျက် များ​ကို​သ​ရုပ်​ဆောင်​ပါ​သ​နည်း'' ဟု​မေး​၏။ \p \v 5 ကောင်း​ကင်​တ​မန်​က``သင်​မ​သိ​ပါ​သ​လော'' ဟု​ဆို​လျှင် ငါ​က​လည်း``အ​ရှင်​အ​ကျွန်ုပ်​မ သိ​ပါ'' ဟု​ပြန်​လည်​ဖြေ​ကြား​လိုက်​၏။ \s1 ဇေ​ရု​ဗ​ဗေလ​အား​ပေး​တော်​မူ​သည့်​ဘု​ရား​သ​ခင်​၏ က​တိ​တော် \p \v 6 ကောင်း​ကင်​တ​မန်​က​ငါ့​အား``သင်​သည်​ဇေ​ရု​ဗ ဗေ​လ​သို့​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ဤ ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​လော့။ ကိုယ်​တော်​က သူ့​အား`သင်​သည်​မိ​မိ​၏​တန်​ခိုး​စွမ်း​ရည်​အား ဖြင့်​သော်​လည်း​ကောင်း၊ စစ်​သည်​ဗိုလ်​ခြေ​အင်​အား အား​ဖြင့်​သော်​လည်း​ကောင်း​ဤ​အ​မှု​ကို​ပြု လိမ့်​မည်​မ​ဟုတ်။ ငါ​၏​ဝိ​ညာဉ်​တော်​တန်​ခိုး တော်​အား​ဖြင့်​သာ​လျှင်​ပြု​နိုင်​လိမ့်​မည်'' ဟု အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။-\x + \xo 4:6 \xt ဧဇ၊ ၅:၂။\x* \v 7 တောင်​များ​သ​ဖွယ်​ကြီး​မား​သည့်​အ​ခက် အ​ခဲ​တို့​သည်​သင်​၏​ရှေ့​မှ​ကွယ်​ပျောက်​သွား လိမ့်​မည်။ သင်​သည်​ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​ရ​လိမ့်​မည်။ တိုက်​ထောင့်​အ​ထွတ် ကျောက်​ကို​အ​ပြီး​သတ်​တပ်​ဆင်​လိုက်​သော အ​ခါ ပြည်​သူ​တို့​က`တင့်​တယ်​လှ​ပါ​ပေ​သည်၊ တင့်​တယ်​လှ​ပါ​ပေ​သည်' ဟု​ကြွေး​ကြော် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။'' \p \v 8 ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​အ​ခြား​နှုတ် က​ပတ်​တော်​တစ်​ပါး​သည် ငါ​၏​ထံ​တော် သို့​ရောက်​ရှိ​လာ​ပြန်​၏။- \v 9 ကိုယ်​တော်​က၊``ဇေ​ရု​ဗ​ဗေ​လ​သည်​ဗိ​မာန် တော်​အုတ်​မြစ်​ကို​ချ​ထား​ပြီး​လေ​ပြီ။ သူ သည်​ထို​အ​ဆောက်​အ​ဦး​ကို​လက်​စ​သတ် ရ​ပေ​လိမ့်​မည်။ ယင်း​သို့​လက်​စ​သတ်​သော အ​ခါ​၌​ငါ​၏​လူ​မျိုး​တော်​သည် မိ​မိ​တို့ ထံ​သို့​သင့်​ကို​စေ​လွှတ်​ခဲ့​သူ​မှာ အ​နန္တ​တန်​ခိုး ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​ကြောင်း​သိ​ရှိ ကြ​လိမ့်​မည်။- \v 10 သူ​သည်​ဗိ​မာန်​တော်​ဆောက်​လုပ်​ရာ​တွင် တိုး တက်​မှု​နှေး​ကွေး​သည့်​အ​တွက်​စိတ်​ပျက်​ကြ သော်​လည်း ဗိ​မာန်​တော်​ကို​ဇေ​ရု​ဗ​ဗေ​လ​သည် ချိန်​ကြိုး​ကိုင်​လျက် ဆက်​လက်​တည်​ဆောက်​လျက် နေ​ကြောင်း​ကို​တွေ့​မြင်​ရ​သော​အ​ခါ​၌​မူ ဝမ်း​မြောက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ကောင်း​ကင်​တ​မန်​က​ငါ့​အား``မီး​ခွက်​ခု​နစ် ခု​သည်​ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​ကို​တွေ့ မြင်​နိုင်​သော ထာ​ဝ​ရ​ဘု​ရား​၏​မျက်​စိ ခု​နစ်​လုံး​ဖြစ်​၏'' ဟု​ပြော​၏။\x + \xo 4:10 \xt ဗျာ၊ ၅:၆။\x* \p \v 11 ထို​အ​ခါ​ငါ​သည်​သူ့​အား``မီး​တင်​ခုံ​၏ တစ်​ဖက်​တစ်​ချက်​တွင်​ရှိ​သော​သံ​လွင်​ပင် နှစ်​ပင်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကား​အ​ဘယ် သို့​နည်း။-\x + \xo 4:11 \xt ဗျာ၊ ၁၁:၄။\x* \v 12 သံ​လွင်​ဆီ​များ​ကျ​ဆင်း​ရာ​ရွှေ​ပြွန်​နှစ်​လုံး ၏​နံ​ဘေး​တွင်​ရှိ​သော​သံ​လွင်​ခက်​နှစ်​ခု​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​မှာ​လည်း​အ​ဘယ်​နည်း'' ဟု မေး​၏။ \p \v 13 သူ​က​ငါ့​အား``သင်​မ​သိ​ပါ​သ​လော'' ဟု ဆို​လျှင်၊ \p ငါ​က​လည်း`အ​ရှင်​အ​ကျွန်ုပ်​မ​သိ​ပါ' ဟု ပြန်​လည်​ဖြေ​ကြား​လိုက်​၏။ \p \v 14 ထို​အ​ခါ​ကောင်း​ကင်​တ​မန်​က``ဤ​အ​ရာ တို့​သည်​ကမ္ဘာ​မြေ​ပြင်​တစ်​ခု​လုံး​ကို​အ​စိုး ရ​သော​အ​ရှင်၊ ဘု​ရား​သ​ခင်​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ရန်​ကိုယ်​တော်​ရွေး​ချယ်​ဘိ​သိက် ပေး​တော်​မူ​သော​သူ​နှစ်​ဦး​ဖြစ်​၏'' ဟု​ဆို လေ​သည်။ \c 5 \s1 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​စာ​လိပ်​ပျံ​ကို​တွေ့​မြင်​ရ​ခြင်း \p \v 1 ငါ​သည်​နောက်​တစ်​ဖန်​ကြည့်​လိုက်​ပြန်​သော​အ​ခါ လေ​ထဲ​တွင်​ပျံ​ဝဲ​နေ​သော​စာ​လိပ်​တစ်​ခု​ကို​မြင် ရ​၏။- \v 2 ကောင်း​ကင်​တ​မန်​က``သင်​အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း'' ဟု​မေး​လျှင်​ငါ​သည်​လည်း``လေ ထဲ​တွင်​ပျံ​နေ​သော​စာ​လိပ်​တစ်​ခု​ကို​မြင် ပါ​၏။ ထို​စာ​လိပ်​သည်​အ​လျား​ပေ​သုံး​ဆယ် အ​နံ​တစ်​ဆယ့်​ငါး​ပေ​ရှိ​ပါ​သည်'' ဟု​ပြန် လည်​ဖြေ​ကြား​၏။ \p \v 3 ထို​အ​ခါ​ကောင်း​ကင်​တ​မန်​က``တစ်​နိုင်​ငံ​လုံး အ​ပေါ်​သို့​သက်​ရောက်​မည့်​ကျိန်​စာ​ကို​ထို​စာ လိပ်​တွင်​ရေး​သား​ထား​ပါ​သည်။ စာ​လိပ်​တစ် မျက်​နှာ​၌​သူ​ခိုး​မှန်​သ​မျှ​တို့​သည် ဤ​နိုင်​ငံ မှ​ဖယ်​ရှား​ခြင်း​ကို​ခံ​ရကြ​လိမ့်​မည်​ဟူ​၍ လည်း​ကောင်း၊ အ​ခြား​တစ်​မျက်​နှာ​၌​မူ​မ​မှန် မ​ကန်​ကျိန်​ဆို​၍ လိမ်​လည်​ပြော​ဆို​သူ​အ​ပေါင်း တို့​သည်​သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်​ဟူ​၍​လည်း​ကောင်း​ဖော်​ပြ​ထား ပါ​သည်။- \v 4 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘုရား​က​ငါ​သည် ဤ​ကျိန်​စာ​ကို​စေ​လွှတ်​လိုက်​မည်​ဖြစ်​၍​ယင်း သည်​ငါ​၏​နာ​မ​တော်​ကို​တိုင်​တည်​ကျိန်​ဆို​၍ လိမ်​လည်​ပြော​ဆို​သူ​မှန်​သ​မျှ​နှင့်​သူ​ခိုး​မှန် သ​မျှ​တို့​၏​အိမ်​များ​တွင်​ဝင်​၍​နေ​လိမ့်​မည်။ ထို​အိမ်​တို့​သည်​လည်း​ကျိန်​စာ​ထွက်​ခွာ​သွား သော​အ​ခါ ယို​ယွင်း​ပျက်​စီး​လျက်​ကျန်​ရစ် ကြ​လိမ့်​မည်'' ဟု​ဆို​၏။ \s1 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ခြင်း​တောင်း​ထဲ​မှာ အ​မျိုး​သ​မီး​ကို​တွေ့​မြင်​ရ​ခြင်း \p \v 5 ကောင်း​ကင်​တ​မန်​သည်​တစ်​ဖန်​ပေါ်​လာ​ပြန် ၍``ကြည့်​လော့။ အ​ရာ​ဝတ္ထု​တစ်​ခု​သည်​ရွေ့ လျား​၍​လာ​နေ​၏'' ဆို​၏။ \p \v 6 ငါ​က``ထို​အ​ရာ​ကား​အ​ဘယ်​နည်း'' ဟု မေး​လျှင်၊ \p ကောင်း​ကင်​တ​မန်​က``ထို​အ​ရာ​သည်​ခြင်း တောင်း​တစ်​ခု​ဖြစ်​၍​တစ်​နိုင်​ငံ​လုံး​၏​အ​ပြစ် ကို​သ​ရုပ်​ဆောင်​၏'' ဟု​ပြန်​လည်​ဖြေ​ကြား လေ​သည်။- \p \v 7 ထို​ခြင်း​တောင်း​တွင်​ခဲ​ဖြင့်​ပြီး​သော​အ​ဖုံး တစ်​ခု​ရှိ​၏။ ထို​အ​ဖုံး​သည်​ငါ​ကြည့်​လျက် နေ​စဉ်​၌​ပင်​ပွင့်​၍​လာ​လေ​သည်။ ခြင်း​တောင်း ထဲ​တွင်​အ​မျိုး​သ​မီး​တစ်​ယောက်​ထိုင်​လျက် နေ​ပါ​သည်​တ​ကား။ \p \v 8 ကောင်း​ကင်​တ​မန်​က၊``ဤ​အ​မျိုး​သ​မီး​သည် ယုတ်​မာ​မှု​ကို​သ​ရုပ်​ဆောင်​၏'' ဟု​ဆို​ကာ သူ့​အား​ခြင်း​တောင်း​ထဲ​သို့​နှိပ်​ချ​လိုက်​ပြီး လျှင်​အ​ဖုံး​ပြန်​ဖုံး​၍​ထား​လိုက်​လေ​သည်။- \v 9 ငါ​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​ငှက် ကျား​၏​အ​တောင်​ကဲ့​သို့​ကြီး​မား​သည့် အ​တောင်​များ​နှင့် ငါ့​ထံ​သို့​ပျံ​လာ​နေ​သော အ​မျိုး​သမီး​နှစ်​ဦး​ကို​မြင်​ရ​၏။ သူ​တို့​သည် ခြင်း​တောင်း​ကို​ချီ​ယူ​ကာ​အ​ဝေး​သို့​ပျံ သွား​ကြ​၏။ \p \v 10 ငါ​သည်​ကောင်း​ကင်​တ​မန်​အား``ထို​သူ​တို့ သည်​ခြင်း​တောင်း​ကို​အ​ဘယ်​အ​ရပ်​သို့ ယူ​ဆောင်​သွား​ကြ​ပါ​သ​နည်း'' ဟု​မေး လျှင်၊ \p \v 11 ကောင်း​ကင်​တ​မန်​က``ဗာ​ဗု​လုန်​ပြည်​သို့​ဖြစ် ပါ​၏။ သူ​တို့​သည်​ထို​ပြည်​တွင်​ဗိ​မာန်​တစ်​ခု ကို​တည်​ဆောက်​ကြ​ပါ​လိမ့်​မည်။ ထို​နောက်​ဝတ် ပြု​ကိုး​ကွယ်​ရန်​ထို​ဗိ​မာန်​တော်​ထဲ​တွင်​ခြင်း တောင်း​ကို​တည်​ထား​ကြ​ပါ​လိမ့်​မည်'' ဟု ဆို​၏။ \c 6 \s1 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ရ​ထား​လေး​စီး​ကို တွေ့​မြင်​ရ​ခြင်း \p \v 1 အ​ခြား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု​ကို​ငါ​မြင်​ရ ပြန်​၏။ ဤ​အ​ကြိမ်​၌​ငါ​သည်​ကြေး​ဝါ​တောင် နှစ်​ခု​ကြား​မှ​ထွက်​လာ​သော​စစ်​မြင်း​ရ​ထား လေး​စီး​ကို​မြင်​ရ​လေ​သည်။- \v 2 ပ​ထ​မ​စစ်​မြင်း​ရ​ထား​တွင်​မြင်း​နီ​များ၊ ဒု​တိ​ယ​စစ်​မြင်း​ရ​ထား​တွင်​မြင်း​နက်​များ၊-\x + \xo 6:2 \xt ဗျာ၊ ၆:၄-၅။\x* \v 3 တ​တိ​ယ​စစ်​မြင်း​ရ​ထား​တွင်​မြင်း​ဖြူ​များ၊ စ​တုတ္ထ​စစ်​မြင်း​ရ​ထား​တွင်​ပြောက်​ကျား မြင်း​များ​က​လျက်​ရှိ​၏။-\x + \xo 6:3 \xt ဗျာ၊ ၆:၂။\x* \v 4 ထို​နောက်​ငါ​သည်​ကောင်း​ကင်​တ​မန်​အား``အ​ရှင်၊ ဤ​စစ်​မြင်း​ရ​ထား​များ​ကား​မည်​သည့်​အ​နက် ကို​ဆောင်​ပါ​သ​နည်း'' ဟု​မေး​လျှင်၊ \p \v 5 ကောင်း​ကင်​တ​မန်​က``ယင်း​တို့​သည်​လေ​လေး​ပါး ဖြစ်​၏။ ထို​လေ​တို့​သည်​ကမ္ဘာ​မြေ​ပြင်​တစ်​ခု​လုံး ကို​အ​စိုး​ရ​သော​အ​ရှင်​၏​ရှေ့​တော်​မှောက်​မှ ယ​ခု​ပင်​ထွက်​လာ​ခဲ့​ကြ​၏'' ဟု​ဆို​လေ​သည်။\x + \xo 6:5 \xt ဗျာ၊ ၇:၁။\x* \p \v 6 မြင်း​နက်​များ​က​သည့်​စစ်​မြင်း​ရ​ထား​သည် မြောက်​အ​ရပ်​သို့​လည်း​ကောင်း၊ မြင်း​ဖြူ​များ သည်​အ​နောက်​ဘက်​သို့​လည်း​ကောင်း၊ ပြောက် ကျား​မြင်း​များ​သည်​တောင်​ဘက်​အ​ရပ် ဒေ​သ​သို့​လည်း​ကောင်း​သွား​လျက်​နေ​ကြ​၏။- \v 7 ပြောက်​ကျား​မြင်း​များ​သည်​ကမ္ဘာ​မြေ​ပြင် ကို​ကြည့်​ရှု​စစ်​ဆေး​ရန် အ​လျင်​စ​လို​ထွက် လာ​ကြ​လေ​သည်။ ကောင်း​ကင်​တ​မန်​က``သူ တို့​အား​ကမ္ဘာ​မြေ​ပြင်​ကို​သွား​ရောက်​ကြည့် ရှု​စစ်​ဆေး​ကြ​လော့'' ဟု​ဆို​သည့်​အ​တိုင်း သူ​တို့​သည်​ထွက်​သွား​ကြ​၏။- \v 8 ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ငါ့​အား၊``မြောက် အ​ရပ်​သို့​သွား​သည့်​မြင်း​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ကို​ပြေ​စေ​ကြ​လေ ပြီ'' ဟု​ပြော​၏။ \s1 ယော​ရှု​အား​မင်း​မြှောက်​ရန်​အ​မိန့်​တော် \p \v 9 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဤ​သို့​ဗျာ​ဒိတ် ပေး​တော်​မူ​၏။- \v 10 ကိုယ်​တော်​က``ပြည်​နှင်​ဒဏ်​သင့်​သူ​ဟေ​လ​ဒဲ၊ တော​ဘိ​ယ​နှင့်​ယေ​ဒါ​သ​အ​နွယ်​ဝင်​တို့​၏ အ​လှူ​ပစ္စည်း​များ​ကို​ယူ​၍ ဇေ​ဖ​နိ​၏​သား ယော​ရှိ​အိမ်​သို့​ချက်​ချင်း​သွား​လော့။ ဤ​သူ အ​ပေါင်း​တို့​သည် ဗာ​ဗု​လုန်​ပြည်​တွင်​ပြည် နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​များ ဖြစ်​၏။- \v 11 သူ​တို့​ပေး​လှူ​ထား​သည့်​ရွှေ​ငွေ​များ​ဖြင့် သ​ရ​ဖူ​တစ်​ခု​ကို​ပြု​လုပ်​၍ ယော​ဇ​ဒက် ၏​သား​ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု​၏ ဦး​ခေါင်း​ကို​ဆောင်း​ပေး​လော့။- \v 12 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘုရား​က``အ​ညွှန့် အ​တက်'' ဟု​နာ​မည်​တွင်​သူ​သည်​မိ​မိ​ရှိ​ရာ အ​ရပ်​တွင်​ကြီး​ပွား​တိုး​တက်​လျက်​ထာ​ဝ​ရ ဘုရား​၏​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက် ရ​လိမ့်​မည်။-\x + \xo 6:12 \xt ယေ၊ ၂၃:၅၊ ၃၃:၁၅။ ဇာ၊ ၃:၈။\x* \v 13 ထို​သူ​သည်​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရ​မည့် သူ၊ ဘု​ရင်​တို့​နှင့်​ထိုက်​တန်​သည့်​ဘုန်း​အ​သ​ရေ ကို​ခံ​ယူ​ရ​ရှိ​မည့်​သူ​ဖြစ်​သ​ဖြင့် မိ​မိ​၏​အ​မျိုး သား​တို့​ကို​အုပ်​စိုး​ရ​လိမ့်​မည်။ သူ​၏​ရာဇ​ပလ္လင် အ​နီး​တွင်​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည်​ရပ် လျက်​သူ​နှင့်​အ​တူ​ငြိမ်း​ချမ်း​သင့်​မြတ်​စွာ ပူး​ပေါင်း​ဆောင်​ရွက်​ပေး​လိမ့်​မည်။- \v 14 ထို​သ​ရ​ဖူ​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​၏ ဗိ​မာန်​တော်​တွင်​ဟေ​လ​ဒဲ၊ တော​ဘိ​ယ၊ ယေ ဒါ​ယ​နှင့်​ယော​ရှိ​တို့​အား ဂုဏ်​ပြု​ချီး​မြှင့် ရာ​အ​ထိမ်း​အ​မှတ်​လက္ခ​ဏာ​တစ်​ရပ်​ဖြစ် လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 15 ရပ်​ဝေး​ဒေ​သ​တွင်​နေ​ထိုင်​ကြ​ကုန်​သော လူ​တို့​သည်​လာ​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန် ကို​ပြန်​လည်​တည်​ဆောက်​ရာ​တွင်​ကူ​ညီ​ဆောင် ရွက်​ကြ​လိမ့်​မည်။ ထို​ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​၍​ပြီး​သော​အ​ခါ သင်​တို့​သည် မိ​မိ​တို့​ထံ​သို့​ငါ့​အား​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​ခဲ့​ကြောင်း သိ​ရှိ​ကြ​လိမ့်​မည်။ အ​ကယ်​၍​သင်​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​တို့​ကို​တိ​ကျ​စွာ​လိုက်​နာ​ကြ ပါ​မူ​ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ လိမ့်​မည်။ \c 7 \s1 ဟန်​ဆောင်​၍​အ​စာ​ရှောင်​မှု​ကို​ထာ​ဝ​ရ​ဘု​ရား ပြစ်​တင်​ရှုတ်​ချ​တော်​မူ​ခြင်း \p \v 1 ဧ​က​ရာဇ်​ဘု​ရင်​ဒါ​ရိ​နန်း​စံ​စ​တုတ္ထ​နှစ် ခိ​သ​လု​နာ​မည်​တွင်​သော န​ဝ​မ​လ၊ လေး ရက်​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ \p \v 2-3 ဗေ​သ​လ​မြို့​သား​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ကောင်း​ချီး​မင်္ဂ​လာ​ကို​တောင်း​ခံ​ကြ​ရန် လည်း​ကောင်း``အ​ကျွန်ုပ်​တို့​သည်​ဗိ​မာန်​တော် ပြို​ပျက်​မှု​အ​တွက် နှစ်​ပေါင်း​များ​စွာ​ပြု​လုပ် ခဲ့​ကြ​သည့်​နည်း​တူ အ​စာ​ရှောင်​ခြင်း​အား ဖြင့်​ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​မှတ်​လက္ခ​ဏာ ကို​ပြ​ရ​ကြ​ပါ​မည်​လော'' ဟု​မေး​လျှောက် ကြ​ရန်​လည်း​ကောင်း၊ ရှ​ရေ​ဇာ​နှင့်​ရေ​ဂင်္မေ လက်​နှင့်​သူ​တို့​၏​လူ​တို့​အား အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​မှ ယဇ် ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ​ထံ​သို့ စေ​လွှတ်​လိုက်​ကြ​၏။ \p \v 4 ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဗျာ​ဒိတ်​တော်​ကား​ဤ​သို့​တည်း။- \v 5 ကိုယ်​တော်​က``ပြည်​သူ​များ​နှင့်​ယဇ်​ပု​ရော ဟိတ်​တို့​သည်​နှစ်​ပေါင်း​ခု​နစ်​ဆယ်​ပတ်​လုံး၊ ပဉ္စ​မ​လ​နှင့်​သတ္တ​မ​လ​တို့​တွင်​အ​စာ​ရှောင် ၍​ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​မှတ်​လက္ခ​ဏာ ကို​ပြ​ခဲ့​ကြ​သည်​မှာ​ငါ့​အား​ဂုဏ်​ပြု​ချီး ကူး​ရန်​မ​ဟုတ်။- \v 6 စား​ပွဲ​သောက်​ပွဲ​ကျင်း​ပ​ကြ​သည်​မှာ​လည်း မိ​မိ​တို့​အာ​သာ​ချင်​ရဲ​ပြေ​စေ​ရန်​သာ​လျှင် ဖြစ်​ပေ​သည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 7 ဤ​ကား​ယေ​ရု​ရှ​လင်​မြို့​ကောင်း​စား​စည်​ပင် လျက်​နေ​ချိန်​၌ ရှေး​ပ​ရော​ဖက်​များ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ် တော်​ဖြစ်​၏။ ထို​အ​ခါ​မြို့​ပတ်​ဝန်း​ကျင်​ကျေး ရွာ​များ​တွင်​သာ​လျှင်​လူ​အ​မြောက်​အ​မြား နေ​ထိုင်​ကြ​သည်​မ​ဟုတ်။ တောင်​ဘက်​ဒေ​သ နှင့်​အ​နောက်​ဘက်​ရှိ​တောင်​ခြေ​ဒေ​သ​များ တွင်​လည်း​နေ​ထိုင်​ကြ​လေ​သည်။ \s1 ပြည်​နှင်​ဒဏ်​ခံ​ရ​ခြင်း​၏​အ​ကြောင်း​ရင်း​ကား ဘု​ရား​စ​ကား​ကို​မ​နာ​ခံ​မှု \p \v 8 ထာ​ဝ​ရ​ဘု​ရား​သည်​ဇာ​ခ​ရိ​အား ဤ​သို့ ဗျာ​ဒိတ်​ပေး​တော်​မူ​၏။- \v 9 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ရှေး အ​ခါ​၌​ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား`သင် တို့​သည်​တ​ရား​မျှ​တ​စွာ​ပြု​ကျင့်​ကြ​လျက်၊ တစ်​ဦး​အ​ပေါ်​တစ်​ဦး​သ​နား​က​ရု​ဏာ ထား​ရ​ကြ​မည်။- \v 10 မု​ဆိုး​မ​များ၊ မိ​ဘ​မဲ့​များ၊ တစ်​ကျွန်း​တစ် နိုင်​ငံ​သား​များ​သို့​မ​ဟုတ်​ဆင်း​ရဲ​နွမ်း​ပါး သူ​များ​အား​မ​ညှင်း​ဆဲ​မ​နှိပ်​စက်​ကြ​နှင့်၊ တစ်​ဦး​ကို​တစ်​ဦး​ဘေး​ဒုက္ခ​ရောက်​အောင် မ​ကြံ​စည်​ကြ​နှင့်'' ဟု​မိန့်​မှာ​ခဲ့​၏။ \p \v 11 ``သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​သည်​ဂ​ရု မ​စိုက်​ဘဲ​ခေါင်း​မာ​လျက် ငါ့​စ​ကား​ကို​နား မ​ထောင်​ကြ။ သူ​တို့​သည်​နား​ကို​ပိတ်​ထား ကြ​၏။- \v 12 စိတ်​နှ​လုံး​ကို​ကျောက်​ကဲ့​သို့​မာ​ကျော​စေ ကြ​၏။ သူ​တို့​သည်​ရှေး​ပ​ရော​ဖက်​များ​အား ဖြင့်​ငါ​ပေး​အပ်​ခဲ့​သည့်​သွန်​သင်​ချက်​များ ကို​နား​မ​ထောင်​သ​ဖြင့် အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း​စွာ​အ​မျက် ထွက်​ခဲ့​သည်။- \v 13 ငါ​၏​မိန့်​တော်​မူ​ချက်​ကို​သူ​တို့​သည်​နား မ​ထောင်​သော​ကြောင့် သူ​တို့​၏​ဆု​တောင်း​သံ ကို​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား နား​ညောင်း​တော်​မ​မူ။- \v 14 မုန်​တိုင်း​သ​ဖွယ်​တိုက်​ခတ်​ကာ​နိုင်​ငံ​ရပ် ခြား​များ​သို့​လွင့်​စင်​သွား​စေ​၏။ ဤ​သာ ယာ​သော​ပြည်​သည်​လည်း​နေ​ထိုင်​သူ​မ ရှိ​ဘဲ​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လျက်​ကျန် ရစ်​ခဲ့​ပေ​သည်'' ဟု​မိန့်​တော်​မူ​၏။ \c 8 \s1 ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​ထူ​ထောင်​ရန် ထာ​ဝ​ရ​ဘု​ရား​က​တိ​ပြု​တော်​မူ​ခြင်း \p \v 1 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ် က​ပတ်​တော်​သည် ဇာ​ခ​ရိ​ထံ​သို့​ရောက်​လာ ၏။- \v 2 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဇိ​အုန် မြို့​သူ​မြို့​သား​တို့​အ​ပေါ်​၌​ငါ​ထား​ရှိ​သည့် နက်​နဲ​သော​မေတ္တာ​ကြောင့်​သူ​တို့​၏​ရန်​သူ​များ အ​ပေါ်​အ​မျက်​ထွက်​စေ​သည့် ငါ​၏​မေတ္တာ​ကို ထောက်​၍​ငါ​သည်​ထို​မြို့​အား​ကူ​မ​ရန် တောင့်​တ​လျက်​နေ​၏။- \v 3 ငါ​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့ တော်​ယေ​ရု​ရှ​လင်​သို့​ပြန်​လာ​မည်။ ထို​မြို့ တွင်​ကျိန်း​ဝပ်​တော်​မူ​မည်။ ထို​မြို့​သည်​သစ္စာ ရှိ​သော​မြို့​ဟူ​၍​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​သည်​သန့် ရှင်း​မြင့်​မြတ်​သည့်​တောင်​ဟူ​၍​လည်း​ကောင်း နာ​မည်​တွင်​လိမ့်​မည်။-'' \v 4 ``တောင်​ဝှေး​ကို​စွဲ​ကိုင်​၍​သွား​ရကြ​သည်​တိုင် အောင် အို​မင်း​သူ​အ​မျိုး​သား​အ​မျိုး​သ​မီး ကြီး​တို့​သည် ယေ​ရု​ရှ​လင်​လမ်း​များ​တွင် ထိုင်​လျက်​နေ​ကြ​လိမ့်​မည်။- \v 5 လမ်း​များ​သည်​လည်း​က​စား​လျက်​နေ​သူ က​လေး​သူ​ငယ်​သူ​ငယ်​မ​များ​နှင့်​တစ်​ဖန် ပြည့်​နှက်​၍​နေ​ပေ​လိမ့်​ဦး​မည်။'' \p \v 6 ``ဤ​အ​မှု​အ​ရာ​များ​သည်​ယ​ခု​အ​ခါ​ကျန် ကြွင်း​နေ​သူ ယု​ဒ​အ​မျိုး​သား​တို့​အ​တွက်​ဖြစ် နိုင်​ဖွယ်​မ​ရှိ​ဟု​ထင်​မှတ်​ရ​သော်​လည်း ငါ​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​တွက်​မူ​ကား ဖြစ်​နိုင်​သည်​သာ​တည်း။- \v 7 ငါ​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​တော်​အား​သူ​တို့​ရောက်​ရှိ​လေ ရာ​အ​ရပ်​မှ​ကယ်​ဆယ်​၍၊- \v 8 ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ရန်​အ​ရှေ့​နှင့် အ​နောက်​အ​ရပ်​များ​မှ​ခေါ်​ဆောင်​လာ​မည်။ သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​လိမ့်​မည်။ ငါ​သည်​လည်း​သူ​တို့​၏​ဘု​ရား​ဖြစ်​၍​သူ တို့​အား​တ​ရား​မျှ​တ​စွာ​သစ္စာ​နှင့်​အုပ်​စိုး မည်။ \p \v 9 ရဲ​ရင့်​မှု​ရှိ​ကြ​လော့။ ယ​ခု​သင်​တို့​ကြား​သိ ကြ​ရ​သည့်​စ​ကား​များ​သည် ငါ​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​ကို ပြန်​လည် တည်​ဆောက်​ရန်​အုတ်​မြစ်​ချ​ချိန်​၌​ပ​ရော​ဖက် တို့​ဟော​ကြား​ခဲ့​ကြ​သည့်​စ​ကား​များ​ပင် ဖြစ်​၏။- \v 10 ထို​အ​ချိန်​ကာ​လ​မ​တိုင်​မီ​အ​ခါ​က​အ​ဘယ် သူ​မျှ​လူ​များ၊ တိ​ရစ္ဆာန်​များ​ကို​ငှား​ရမ်း​စေ ခိုင်း​နိုင်​စွမ်း​မ​ရှိ။ အ​ဘယ်​သူ​မျှ​လည်း​မိ​မိ တို့​ရန်​သူ​များ​၏​ဘေး​မှ​ကင်း​လွတ်​လုံ​ခြုံ​မှု မ​ရှိ။ ငါ​သည်​လူ​မျိုး​တစ်​ဦး​နှင့်​တစ်​ဦး​ရန် ဘက်​ဖြစ်​စေ​ခဲ့​၏။- \v 11 သို့​သော်​ယ​ခု​ငါ​သည်​ဤ​လူ​မျိုး​အ​ကြွင်း အ​ကျန်​များ​နှင့် တစ်​မျိုး​တစ်​ဖုံ​ပြောင်း​လဲ ဆက်​ဆံ​မည်။-'' \v 12 ``သူ​တို့​သည်​မိ​မိ​တို့​ကောက်​ပဲ​သီး​နှံ​များ ကို​ငြိမ်း​ချမ်း​စွာ​စိုက်​ပျိုး​ရကြ​လိမ့်​မည်။ သူ တို့​၏​စ​ပျစ်​ပင်​များ​သည်​အ​သီး​များ သီး​လိမ့်​မည်။ မြေ​ကြီး​သည်​ကောက်​ပဲ​သီး နှံ​များ​ကို​ဆောင်​လျက်​မိုး​သည်​လည်း​အ​မြောက် အ​မြား​ရွာ​သွန်း​လိမ့်​မည်။ ကြွင်း​ကျန်​နေ​သူ ငါ​၏​လူ​မျိုး​တော်​အား​ဤ​ကောင်း​ချီး​မင်္ဂ လာ​အ​ပေါင်း​ကို​ငါ​ပေး​မည်။- \v 13 အို ယု​ဒ​နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့၊ အ​တိတ် အ​ခါ​က​လူ​မျိုး​ခြား​တို့​သည်​မိ​မိ​တို့​အ​ချင်း ချင်း​ကျိန်​ဆဲ​ရာ​တွင်`သင်​တို့​သည်​ယု​ဒ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြုံ​တွေ့​ရ​သည့် ဘေး​အန္တ​ရာယ်​ဆိုး​များ​နှင့်​ကြုံ​တွေ့​ရကြ​ပါ စေ​သော' ဟု​ဆို​တတ်​ကြ​၏။ သို့​ရာ​တွင်​ငါ သည်​သင်​တို့​အား​ကယ်​တင်​တော်​မူ​မည်​ဖြစ်​၍ ထို​လူ​မျိုး​ခြား​တို့​သည်​တစ်​ဦး​နှင့်​တစ်​ဦး၊ `သင်​တို့​သည်​ယု​ဒ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ခံ​စား​ရ​သည့်​ကောင်း​ချီး​မင်္ဂ​လာ များ​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော' ဟု​ဆို ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​ရဲ​ရင့်​မှု​ရှိ​ကြ လော့။ မ​ကြောက်​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။ \p \v 14 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သင် တို့​၏​ဘိုး​ဘေး​များ​ငါ့​အား​အ​မျက်​ထွက် စေ​ကြ​သော​အ​ခါ ငါ​သည်​သူ​တို့​ကို​ဆိုး ကျိုး​ပေး​ရန်​ကြံ​စည်​ခဲ့​၏။ ထို​နောက်​စိတ် သ​ဘော​မ​ပြောင်း​မ​လဲ​ဘဲ​ယင်း​သို့​ကြံ စည်​သည့်​အ​တိုင်း​ငါ​ပြု​ခဲ့​၏။- \v 15 သို့​ရာ​တွင်​ယ​ခု​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့ သူ​မြို့​သား​များ​နှင့် ယု​ဒ​ပြည်​သား​တို့ အား​ကောင်း​ချီး​ပေး​ရန်​ကြံ​စည်​လျက် ရှိ​၏။ သို့​ဖြစ်​၍​မ​ကြောက်​ကြ​နှင့်။- \v 16 သင်​တို့​ပြု​ကျင့်​သင့်​သည့်​အ​မှု​များ​မှာ အ​ချင်း​ချင်း​ဟုတ်​မှန်​ရာ​ကို​ပြော​ဆို​ရန် ငြိမ်း​ချမ်း​သာ​ယာ​ရေး​အ​တွက်​ဖြောင့်​မှန် စွာ​တ​ရား​စီ​ရင်​ကြ​ရန်​ပင်​ဖြစ်​ပေ​သည်။-\x + \xo 8:16 \xt ဧ၊ ၄:၂၅။\x* \v 17 သင်​တို့​သည်​အ​ချင်း​ချင်း​ဘေး​အန္တ​ရာယ်​ဖြစ် စေ​မည့်​အ​ကြံ​အ​စည်​ကို​မ​ပြု​ကြ​နှင့်။ ကျိန် ဆို​ခြင်း​ကို​ပြု​လျက်​မ​မှန်​သော​သက်​သေ​ကို မ​ခံ​ကြ​နှင့်။ လိမ်​လည်​ပြော​ဆို​မှု၊ မ​တ​ရား သည့်​အ​မှု​နှင့် အ​ကြမ်း​ဖက်​မှု​တို့​ကို​ငါ​မုန်း ၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 18 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဇာ​ခ​ရိ​အား​ဤ​သို့​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။- \v 19 ``စ​တုတ္ထ၊ ပဉ္စ​မ၊ သတ္တ​မ​နှင့်​ဒ​သ​မ​လ​များ တွင်​ကျင်း​ပ​သည့်​အ​စာ​ရှောင်​သည့်​ပွဲ​တော် များ​သည် ယု​ဒ​ပြည်​သား​အ​တွက်​ရွှင်​လန်း ဝမ်း​မြောက်​ဖွယ်​ဖြစ်​လာ​လိမ့်​မည်။ သင်​တို့ သည်​အ​မှန်​တ​ရား​နှင့်​ငြိမ်း​ချမ်း​သာ​ယာ မှု​ကို​နှစ်​သက်​မြတ်​နိုး​ရ​ကြ​မည်'' ဟု မိန့်​တော်​မူ​၏။ \p \v 20 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``တိုင်း နိုင်​ငံ​ကြီး​များ​နှင့်​မြို့​များ​မှ​လူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ​ရောက်​ကြ​မည့် အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။- \v 21 မြို့​တစ်​မြို့​မှ​လူ​တို့​သည်​အ​ခြား​မြို့​မှ​လူ တို့​အား`ငါ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​ထံ​သွား​ရောက်​ဝတ်​ပြု​ကိုး​ကွယ်​ကာ ကိုယ်​တော်​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို​တောင်း ခံ​ကြ​ကုန်​အံ့။ ငါ​တို့​နှင့်​အ​တူ​လိုက်​ခဲ့​ကြ လော့' ဟု​ဆို​လိမ့်​မည်။- \v 22 တန်​ခိုး​ကြီး​မား​သည့်​တိုင်း​ကြီး​ပြည်​ကြီး သား​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​အား ဝတ်​ပြု​ကိုး​ကွယ်​ရန်​နှင့်​ကိုယ် တော်​၏​ကောင်း​ချီး​မင်္ဂလာ​ကို​တောင်း​ခံ​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​လာ​ရောက်​ကြ​လိမ့်​မည်။- \v 23 ထို​နေ့​ရက်​ကာ​လ​၌​ယု​ဒ​အ​မျိုး​သား တစ်​ဦး​အား​လူ​မျိုး​ခြား​တစ်​ကျိပ်​က``ဘု​ရား​သ​ခင်​သည်​သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ကြောင်း ငါ​တို့​ကြား​သိ​ရ​ကြ​ပေ​ပြီ။ သို့​ဖြစ်​၍ ငါ​တို့​သည်​သင်​တို့​နှင့်​ဆိုး​တူ​ကောင်း​ဖက် ဖြစ်​လို​ကြ​ပါ​သည်' ဟု​ဆို​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ \c 9 \s1 အိမ်​နီး​ချင်း​နိုင်​ငံ​များ​အ​ပေါ်​တွင်​စီ​ရင်​ချက် ချ​မှတ်​တော်​မူ​ခြင်း \p \v 1 ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကား​ဤ​သို့ တည်း။ \p ကိုယ်​တော်​သည်​ဟာ​ဒ​ရက်​ပြည်​နှင့်​ဒ​မာ​သက် မြို့​ကို​အ​ပြစ်​ဒဏ်​ခတ်​ရန်​စီ​ရင်​ချက်​ချ​မှတ် တော်​မူ​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ လ​လူ​မျိုး​နွယ်​များ​ကို​သာ​လျှင်​မ​ဟုတ်၊ ရှု​ရိ ပြည်​၏​မြို့​တော်​ကို​လည်း​ပိုင်​တော်​မူ​၏။-\x + \xo 9:1 \xt ဟေရှာ၊ ၁၇:၁-၃။ ယေ၊ ၄၉:၂၃-၂၇။ အာ၊ ၁:၃-၅။\x* \v 2 ဟာ​ဒ​ရက်​ပြည်​နှင့်​ကပ်​လျက်​နေ​သော​ဟာ​မက် ပြည်​ကို​လည်း​ကောင်း ကျွမ်း​ကျင်​လိမ္မာ​မှု​ရှိ​သည့် တု​ရု​မြို့​နှင့်​ဇိ​ဒုန်​မြို့​တို့​ကို​လည်း​ကောင်း ကိုယ်​တော်​ပိုင်​တော်​မူ​၏။- \v 3 တု​ရု​မြို့​သည်​မိ​မိ​အ​တွက်​ခံ​တပ်​များ​ကို ဆောက်​လုပ်​ကာ ရွှေ​နှင့်​ငွေ​များ​ကို​မြေ​မှုန့် တ​မျှ​ပေါ​များ​လောက်​အောင်​စု​ပုံ​၍​ထား​၏။- \v 4 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​၏ စည်း​စိမ်​ဥစ္စာ​မှန်​သ​မျှ​ကို​သိမ်း​ယူ​တော် မူ​၍ ပင်​လယ်​ထဲ​သို့​ပစ်​ချ​တော်​မူ​လိမ့်​မည်။ ထို​မြို့​သည်​လည်း​မီး​လောင်​ကျွမ်း​၍​သွား လိမ့်​မည်။\x + \xo 9:4 \xt ဟေရှာ၊ ၂၃:၁-၁၈။ ယေဇ၊ ၂၆:၁-၂၈:၂၆။ ယောလ၊ ၃:၄-၈။ အာ၊ ၁:၉-၁၀။ မ၊ ၁၁:၂၁-၂၂။ လု၊ ၁၀:၁၃-၁၄။\x* \p \v 5 ဤ​အ​မှု​ကို​အာ​ရှ​ကေ​လုန်​မြို့​သည်​မြင်​၍ ကြောက်​လန့်​သွား​လိမ့်​မည်။ ဂါ​ဇ​မြို့​သည် လည်း​မြင်​သ​ဖြင့်​စိတ်​နှ​လုံး​တုန်​လှုပ်​ခြောက် ချား​၍​သွား​လိမ့်​မည်။ ဧ​ကြုန်​မြို့​သည်​လည်း ထို​နည်း​လည်း​ကောင်း​ဖြစ်​၍​သူ​၏​မျှော်​လင့် ချက်​များ​ပျက်​ပြား​၍​သွား​လိမ့်​မည်။ ဂါ​ဇ မြို့​သည်​မင်း​ဆက်​ပြတ်​လျက်၊ အာရှ​ကေ​လုန် မြို့​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​၍​ကျန်​ရစ် လိမ့်​မည်။-\x + \xo 9:5 \xt ဟေရှာ၊ ၁၄:၂၉-၃၁။ ယေ၊ ၄၇:၁-၇။ ယေဇ၊ ၂၅:၁၅-၁၇။ ယောလ၊ ၃:၄-၈။ အာ၊ ၁:၆-၈။ ဇေ၊ ၂:၄-၇။\x* \v 6 အာ​ဇုတ်​မြို့​တွင်​အ​မျိုး​မ​စစ်​သည့်​လူ​တို့​နေ ထိုင်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည် ဖိလိတ္တိ​အ​မျိုး​သား​တို့​မာန်​မာ​န​ကို​ချိုး​နှိမ် မည်။- \v 7 သူ​သည်​သွေး​ပါ​သည့်​အ​သား​ကို​သော်​လည်း ကောင်း၊ အ​ခြား​တား​မြစ်​ရာ​ပါ​အ​စား​အ​စာ ကို​သော်​လည်း​ကောင်း​စား​ကြ​တော့​မည်​မ​ဟုတ်။ အ​သက်​မ​သေ​ဘဲ​ကြွင်း​ကျန်​နေ​သူ​မှန်​သ​မျှ သည် ငါ​၏​လူ​မျိုးတော်​တွင်​ပါ​၍​လာ​ကြ​လိမ့် မည်။ သူ​တို့​သည်​ယု​ဒ​အ​နွယ်​ဝင်​သား​ချင်း စု​တစ်​စု​ကဲ့​သို့​ဖြစ်​ကြ​လိမ့်​မည်။ ဧ​ကြုန်​မြို့ သား​တို့​သည်​ယေ​ဗု​သိ​မြို့​သား​များ​နည်း တူ​ငါ​၏​လူ​မျိုး​တွင်​အ​ပါ​အ​ဝင်​ဖြစ် လာ​ကြ​လိမ့်​မည်။- \v 8 ငါ​သည်​မိ​မိ​၏​ပြည်​တော်​ကို​အ​ဘယ်​တပ် မျှ​ဖြတ်​သန်း​၍ မ​သွား​နိုင်​စေ​ရန်​ကာ​ကွယ် စောင့်​ထိန်း​မည်။ မင်း​ဆိုး​မင်း​ညစ်​တို့​အား​လည်း ငါ​၏​လူ​မျိုး​တော်​ကို​ညှင်း​ပန်း​နှိပ်​စက်​ခွင့် ပြု​တော့​မည်​မ​ဟုတ်။ ငါ​၏​လူ​တို့​ဒုက္ခ​ခံ​စား ခဲ့​ရ​သည်​ကို​ငါ​မြင်​တော်​မူ​ပြီ'' ဟု​မိန့် တော်​မူ​ပါ​၏။ \s1 နောင်​ကာ​လ​ကြွ​လာ​တော်​မူ​မည့်​ဘု​ရင် \q1 \v 9 ဇိ​အုန်​မြို့​သူ၊မြို့​သား​အ​ပေါင်း​တို့၊ အား​ရ ရွှင်​မြူး ကြ​လော့။ အား​ရ​ရွှင်​မြူး​ကြ​လော့။ \q2 အ​ချင်း​ယေ​ရု​ရှ​လင်​မြို့​သူ၊မြို့​သား​တို့၊ ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။ \q1 ကြည့်​ကြ။ သင်​တို့​၏​ဘု​ရင်​ကြွ​လာ​တော်​မူ​ပြီ။ \q2 ထို​အ​ရှင်​သည်​အောင်​ပွဲ​ခံ​၍​ကယ်​တင်​တော် မူ​ရန် ကြွ​လာ​သည်​ဖြစ်​သော်​လည်း \q1 စိတ်​နှ​လုံး​နှိမ့်​ချ​လျက်​မြည်း​မ​၏​သား မြည်း​က​လေး​ကို​စီး​၍​လာ​၏။\x + \xo 9:9 \xt မ၊ ၂၁:၅။ ယော၊ ၁၂:၁၅။\x* \p \v 10 ထာ​ဝ​ရ​ဘု​ရား​က၊ \q1 ``ငါ​သည်​ဣ​သ​ရေ​လ​ပြည်​မှ​စစ်​မြင်း​ရ​ထား များ​ကို \q2 ဖယ်​ရှား​၍၊မြင်း​များ​ကို​ယေ​ရု​ရှ​လင်​မြို့​သို့ ယူ​ဆောင်​သွား​မည်။ \q1 စစ်​ပွဲ​တွင်​အ​သုံး​ပြု​သည့်​လေး​တို့​ကို​လည်း ချိုး​ပစ်​မည်။ \q2 သင်​တို့​ဘု​ရင်​သည်​နိုင်​ငံ​တ​ကာ​နှင့်​စစ်​ပြေ ငြိမ်း​ရေး ဆောင်​ရွက်​ပြီး​လျှင်၊ \q1 ပင်​လယ်​တစ်​ပြင်​မှ​တစ်​ပြင်​သို့​တိုင်​အောင် လည်း​ကောင်း၊ \q2 ဥ​ဖ​ရတ်​မြစ်​မှ​ကမ္ဘာ​မြေ​ကြီး​စွန်း​သို့​တိုင် အောင် လည်း​ကောင်း​အ​စိုး​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။\x + \xo 9:10 \xt ဆာ၊ ၇၂:၈။\x* \s1 ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​အား​ပြန်​လည် ခေါ်​ဆောင်​လာ​ခြင်း \p \v 11 ထာ​ဝ​ရ​ဘု​ရား​က၊ \q1 ``ယဇ်​ကောင်​များ​၏​သွေး​နှင့်​တံ​ဆိပ်​ခတ် နှိပ်​ကာ၊ \q2 သင်​တို့​နှင့်​ငါ​ပြု​သည့်​ပ​ဋိ​ညာဉ်​တော်​ကို ထောက်​၍ \q1 ငါ​သည်​သင်​တို့​၏​အ​မျိုး​သား​များ​အား ကယ်​လွှတ်​မည်။ \q2 ရေ​မ​ရှိ​သော​တွင်း​နက်​တည်း​ဟူ​သော​ပြည်​နှင်​ဒဏ် ဘ​ဝ​မှ​ကယ်​လွှတ်​မည်။\x + \xo 9:11 \xt ထွ၊ ၂၄:၈။\x* \q1 \v 12 အ​ချင်း​ပြည်​နှင်​ဒဏ်​သင့်​သူ​တို့​ပြန်​လာ​ကြ​လော့။ \q2 မျှော်​လင့်​ချက်​ရှိ​ကြ​ပေ​ပြီ။ \q2 ဘေး​မဲ့​လုံ​ခြုံ​ရာ​သင်​တို့​၏​ရဲ​တိုက်​သို့​ပြန်​လာ ကြ​လော့။ \q1 သင်​တို့​ခံ​ခဲ့​ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​များ​၏ နှစ်​ဆ​မျှ​သော \q2 ကောင်း​ချီး​မင်္ဂ​လာ​ကို​သင်​တို့​အား​ငါ​ပေး​မည် ဖြစ်​ကြောင်း​ယ​ခု​ပင်​ပြော​ကြား​ပါ​၏။ \q1 \v 13 ငါ​သည်​ယု​ဒ​ပြည်​ကို​စစ်​သူ​ရဲ​၏​လေး​အ​ဖြစ် နှင့်​လည်း​ကောင်း၊ \q2 ဣ​သ​ရေ​လ​ပြည်​ကို​မြား​များ​အ​ဖြစ် နှင့်​လည်း​ကောင်း အ​သုံး​ပြု​မည်။ \q1 ဂ​ရိတ်​ပြည်​ကို​တိုက်​ခိုက်​ရန်​ငါ​သည်​ဇိ​အုန် မြို့​သား​တို့​အား ဋ္ဌား​အ​ဖြစ်​အ​သုံး​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။ \b \q1 \v 14 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​ရှိ​ရာ အ​ရပ်​သို့ \q2 ကြွ​လာ​တော်​မူ​၍​မြား​တော်​တို့​ကို​လျှပ်​စစ်​ပြက် သ​ကဲ့​သို့​ပစ်​လွှတ်​တော်​မူ​လိမ့်​မည်။ \q1 ထာ​ဝ​ရ​ဘု​ရား​သည်​တံ​ပိုး​ခ​ရာ​မှုတ်​တော်​မူ​၍ \q2 တောင်​အ​ရပ်​မှ​လာ​သည့်​လေ​မုန်​တိုင်း​နှင့်​အ​တူ ချီ​တက်​တော်​မူ​လိမ့်​မည်။ \q1 \v 15 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် \q2 မိ​မိ​၏​လူ​မျိုး​တော်​ကို​ကာ​ကွယ်​စောင့်​ထိန်း တော်​မူ​လိမ့်​မည်။ \q1 သူ​တို့​သည်​လည်း​ရန်​သူ​များ​ကို နှိမ်​နင်း​အောင်​မြင်​ကြ​လိမ့်​မည်။ \q2 သူ​တို့​သည်​သေ​သောက်​ကြူး​များ​ကဲ့​သို့​စစ် ပွဲ​တွင် \q1 ဟစ်​အော်​ကြ​လျက်​ရန်​သူ​များ​ကို​သတ်​ဖြတ် ကြ​လိမ့်​မည်။ \q2 ထို​သူ​တို့​၏​သွေး​သည်​အင်​တုံ​မှ​ယဇ်​ပလ္လင် ပေါ်​သို့ \q1 သွန်း​လောင်း​လိုက်​သည့်​သွေး​ကဲ့​သို့​စီး​ဆင်း လာ​လိမ့်​မည်။ \b \q1 \v 16 ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ \q2 သိုး​ထိန်း​သည်​သိုး​စု​အား​ဘေး​အန္တ​ရာယ်​မှ ကယ်​တင်​သ​ကဲ့​သို့ \q1 သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် \q2 မိ​မိ​လူ​မျိုး​တော်​အား​ကယ်​တင်​တော်​မူ လိမ့်​မည်။ \q1 သူ​တို့​သည်​သ​ရ​ဖူ​မှ​ကျောက်​မျက်​ရ​တ​နာ များ​ကဲ့​သို့၊ \q2 ကိုယ်​တော်​၏​ပြည်​တွင်​အ​ရောင်​အ​ဝါ ထွန်း​တောက်​ကြ​လိမ့်​မည်။ \q1 \v 17 ပြည်​တော်​သည်​အ​ဘယ်​မျှ​သာ​ယာ​တင့် တယ်​လျက် နေ​ပါ​လိမ့်​မည်​နည်း။ \q2 လူ​ငယ်​လူ​ရွယ်​တို့​သည်​ပြည်​တော်​ထွက်​ဂျုံ​ဆန်​နှင့် \q1 စ​ပျစ်​ရည်​ကို​မှီ​ဝဲ​လျက်၊အား​အင်​ပြည့်​ဖြိုး​၍ လာ​ကြ​လိမ့်​မည်။ \c 10 \s1 ကယ်​တင်​လွတ်​မြောက်​ရန်​ဘု​ရား​ရှင်​က​တိ​ထား​ခြင်း \p \v 1 နွေ​ဦး​ပေါက်​သော​အ​ခါ​မိုး​ရွာ​စေ​ရန်​ထာ​ဝ​ရ ဘု​ရား​အား လျှောက်​ထား​တောင်း​ခံ​ကြ​လော့။ မိုး တိမ်​များ​ကို​စေ​လွှတ်​ကာ​မိုး​ရွာ​စေ​၍​လူ​ခပ် သိမ်း​တို့​အ​တွက် လယ်​ပြင်​များ​ကို​စိမ်း​လန်း စေ​တော်​မူ​သော​အ​ရှင်​ကား​ထာ​ဝ​ရ​ဘု​ရား ပေ​တည်း။- \v 2 လူ​တို့​သည်​နတ်​ရုပ်​များ၊ ရုပ်​တု​များ၊ ဗေ​ဒင် ဆ​ရာ​များ​ကို​မေး​မြန်း​စုံ​စမ်း​ကြ​၏။ သို့ ရာ​တွင်​သူ​တို့​ရ​ရှိ​သည့်​အ​ဖြေ​များ​မှာ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကင်း​မဲ့​သည့်​မု​သား​စ​ကား များ​ဖြစ်​၏။ အ​ချို့​သော​သူ​တို့​သည်​အိပ်​မက် များ​ကို​အ​နက်​ဖွင့်​ကြ​၏။ သို့​ရာ​တွင်​သူ​တို့ သည်​သင်​တို့​အား​လမ်း​မှား​သို့​သာ​လျှင် ပို့​ဆောင်​ပေး​တတ်​၏။ သူ​တို့​အ​ထဲ​မှ​ရ​ရှိ သည့်​နှစ်​သိမ့်​မှု​မှာ​လည်း​အ​ချည်း​နှီး​သာ လျှင်​ဖြစ်​ပေ​သည်။ ထို့​ကြောင့်​လူ​တို့​သည် လမ်း​လွဲ​သည့်​သိုး​များ​ကဲ့​သို့​လှည့်​လည် သွား​လာ​လျက်​နေ​ရကြ​၏။ ဦး​စီး​ခေါင်း ဆောင်​မ​ရှိ​သ​ဖြင့် ဒုက္ခ​ရောက်​လျက်​ရှိ ကြ​၏။ \p \v 3 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​မိ​မိ​လူ​မျိုး တော်​ကို​အုပ်​စိုး​သည့်​မင်း​တို့​အား အ​မျက် ထွက်​သ​ဖြင့်​အ​ပြစ်​ဒဏ်​ခတ်​မည်။ ယု​ဒ ပြည်​သား​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ် သ​ဖြင့် အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား သည်​သူ​တို့​ကို​စောင့်​ထိန်း​ကြည့်​ရှု​မည်။ သူ တို့​သည်​ငါ​၏​အင်​အား​ကြီး​မား​သည့်​စစ် မြင်း​များ​ဖြစ်​ကြ​လိမ့်​မည်။- \v 4 သူ​တို့​အ​ထဲ​မှ​မင်း​များ၊ ခေါင်း​ဆောင်​များ၊ တပ်​မှူး​များ​အ​စ​ရှိ​သည်​တို့​ပေါ်​ထွန်း လာ​မည်။- \v 5 ယု​ဒ​ပြည်​သား​တို့​သည်​လမ်း​များ​ပေါ်​ရှိ ရွှံ့​နွံ​ထဲ​တွင် ရန်​သူ​များ​ကို​ကျော်​နင်း​ပစ် ကြ​သည့်​စစ်​သည်​တော်​များ​ကဲ့​သို့​အောင်​ပွဲ ခံ​ရကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ နှင့်​အ​တူ​ရှိ​တော်​မူ​သ​ဖြင့် သူ​တို့​သည်​ရန် သူ​မြင်း​စီး​သူ​ရဲ​များ​ကို​ပင်​လျှင်​တိုက် ခိုက်​နှိမ်​နင်း​ကြ​လိမ့်​မည်။ \b \q1 \v 6 ``ငါ​သည်​ယု​ဒ​ပြည်​သား​တို့​ကို​ကြံ့​ခိုင် စေ​၍ ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို​ကယ်​တင်​မည်။ \q2 ငါ​သည်​သူ​တို့​အား​က​ရု​ဏာ​ထား​၍၊မိ​မိ တို့ နေ​ရင်း​ဌာ​နေ​သို့​ပြန်​လည်​ခေါ်​ဆောင်​လာ မည်။ \q1 သူ​တို့​သည်​ငါ​၏​ပစ်​ပယ်​မှု​ကို​အ​ဘယ် အ​ခါ​၌​မျှ မ​ခံ​ရ​ဘူး​သူ​များ​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ \q2 ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​၍ သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​နား​ညောင်း​မည်။ \q1 \v 7 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​စစ်​သည်​သူ​ရဲ များ​ကဲ့​သို့ \q2 ကြံ့​ခိုင်​လျက်​စ​ပျစ်​ရည်​သောက်​သူ​များ​ကဲ့​သို့ ပျော်​ရွှင်​လျက်​နေ​လိမ့်​မည်။ \q1 သူ​တို့​၏​သား​မြေး​များ​သည်​ဤ​အောင်​ပွဲ​ကို ပြန်​လည်​သ​တိ​ရ​ကာ \q2 ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​ခဲ့​သည့်​အ​မှု တော်​အ​တွက် ဝမ်း​မြောက်​ကြ​လိမ့်​မည်။ \b \q1 \v 8 ``ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို​ခေါ်​ယူ စု​ရုံး​မည်။ \q2 လူ​တို့​ကို​ကယ်​တင်​၍​ရှေး​က​နည်း​တူ ဦး​ရေ​တိုး​တက်​များ​ပြား​စေ​မည်။ \q1 \v 9 ငါ​သည်​သူ​တို့​အား​လူ​မျိုး​တ​ကာ​တို့​ထံ​သို့ ပျံ့​လွင့်​စေ​ခဲ့​သော်​လည်း၊ \q2 ထို​ဝေး​လံ​ရာ​အ​ရပ်​များ​မှ​သူ​တို့​သည်​ငါ့​ကို အောက်​မေ့​သ​တိ​ရ​ကြ​လိမ့်​မည်။ \q1 သူ​တို့​နှင့်​သူ​တို့​သား​သ​မီး​များ​သည် အ​သက်​မ​သေ​ဘဲ ကျန်​ရစ်​ကာ​မိ​မိ​တို့​ပြည်​သို့​ပြန်​လာ​ကြ လိမ့်​မည်။ \q1 \v 10 ငါ​သည်​သူ​တို့​အား​အီ​ဂျစ်​ပြည်​နှင့်​အာ​ရှု​ရိ ပြည်​မှ \q2 ပြန်​လည်​ခေါ်​ဆောင်​ကာ၊မိ​မိ​တို့​နေ​ရင်း​ပြည်​တွင် နေ​ရာ​ချ​ထား​မည်။ \q1 သူ​တို့​အား​ဂိ​လဒ်​ပြည်​နှင့်​လေ​ဗ​နုန်​ပြည်​တွင် လည်း ငါ​နေ​ရာ​ချ​ထား​မည်။ \q2 သို့​ဖြစ်​၍​လူ​တို့​နေ​စ​ရာ​မြေ​မ​လောက် နိုင်​အောင် ရှိ​လိမ့်​မည်။ \q1 \v 11 သူ​တို့​သည်​ဘေး​အ​န္တရာယ်​ရှိ​သော​ပင်​လယ်​ကို \q2 ဖြတ်​၍​သွား​ရကြ​သော​အ​ခါ​ငါ​သည် လှိုင်း​တံ​ပိုး​များ​ကို​ဆုံး​မ​မည်။ \q1 နိုင်း​မြစ်​မှ​ရေ​နက်​ရာ​အ​ရပ်​တို့​သည်​လည်း ခန်း​ခြောက်​၍​သွား​လိမ့်​မည်။ \q2 အာ​ရှု​ရိ​ပြည်​၏​မာန်​မာ​န​ကို​ငါ​ချိုး​နှိမ် မည်။ \q1 စွမ်း​အင်​ကြီး​မား​သည့်​အီ​ဂျစ်​ပြည်​သည်​လည်း တန်​ခိုး​အာ​ဏာ​မှေး​မှိန်​၍​သွား​လိမ့်​မည်။ \q1 \v 12 ငါ​သည်​မိ​မိ​လူ​မျိုး​တော်​အား​ကြံ့​ခိုင်​စေ​မည်။ \q2 သူ​တို့​သည်​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​လျက် ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​လိမ့်​မည်'' \m ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မိန့်​မြွက်​တော်​မူ​သည့် စ​ကား​ဖြစ်​၏။ \c 11 \s1 မင်း​ဆိုး​မင်း​ညစ်​များ​ကျ​ဆုံး​ကြ​ခြင်း \q1 \v 1 အို လေ​ဗ​နုန်​တောင်၊ သင်​၏​သစ်​က​တိုး​ပင်​များ​သည် \q2 မီး​သင့်​လောင်​၍​သွား​နိုင်​ရန်​သင်​၏​တံ​ခါး​တို့​ကို ဖွင့်​ပါ​လော့။\f 1 \fr 11:1 \ft * \+fk သစ်​က​တိုး​ပင်။ \ft သစ်​ပင်​များ​ကို​တန်​ခိုး​ကြီး​တိုင်း​ပြည် များ​သို့​မ​ဟုတ်​မင်း​ကို​သ​ရုပ်​ဆောင်​၍ ဖော်​ပြ​ထား​ခြင်း​ဖြစ်​သည်။\f* \q1 \v 2 အို ထင်း​ရှူး​ပင်​တို့​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ \q2 သစ်​က​တိုး​ပင်​များ​သည်​ပြို​လဲ​ကြ​လေ​ပြီ။ \q1 ကြက်​သ​ရေ​ဆောင်​သည့်​ထို​အ​ပင်​တို့​သည် ပျက်​ပြုန်း​၍​သွား​လေ​ပြီ။ \q2 အို ဗာ​ရှန်​ဝက်​သစ်​ချ​ပင်​တို့​ငို​ကြွေး မြည်​တမ်း​ကြ​လော့။ \q1 ထူ​ထပ်​သည့်​သစ်​တော​ကို​ခုတ်​လှဲ​လိုက်​ကြ လေ​ပြီ။ \q1 \v 3 ဘု​ရင်​မင်း​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက် ငို​ကြွေး​ကြ​၏။ \q2 သူ​တို့​၏​ဘုန်း​အ​သ​ရေ​ကား​ကွယ်​ပျောက် သွား​လေ​ပြီ။ \q1 ခြင်္သေ့​များ​၏​ဟောက်​သံ​ကို​နား​ထောင် ကြ​လော့။ \q2 သူ​တို့​ခို​အောင်း​ရာ​ယော်​ဒန်​မြစ်​ဝှမ်း​ရှိ သစ်​တော​သည်​ကား​ပျက်​ပြုန်း​၍​သွား​လေ​ပြီ။ \s1 သိုး​ထိန်း​နှစ်​ဦး \p \v 4 ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့ အား``သင်​သည်​သတ်​ရန်​လျာ​ထား​သည့်​သိုး စု​မှ​သိုး​ထိန်း​ကဲ့​သို့​ပြု​မူ​လော့။- \v 5 သိုး​ရှင်​များ​သည်​ထို​သိုး​တို့​ကို​သတ်​ဖြတ် ကြ​သော်​လည်း အ​ဘယ်​သို့​မျှ​အ​ပြစ်​မ​သင့် ကြ။ သူ​တို့​သည်​သိုး​သား​ကို​ရောင်း​ပြီး လျှင်`ငါ​တို့​ကား​ချမ်း​သာ​ကြွယ်​ဝ​လာ​လေ ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​မင်္ဂ​လာ​ရှိ​တော်​မူ စေ​သ​တည်း။' သိုး​ထိန်း​များ​ပင်​လျှင်​မိ​မိ တို့​၏​သိုး​များ​ကို​သ​နား​ဖော်​မ​ရ​ကြ​ဟု ဆို​ကြ​၏'' ဟူ​၍​မိန့်​တော်​မူ​၏။ \p \v 6 (ထာ​ဝ​ရ​ဘု​ရား​က၊``ငါ​သည်​ကမ္ဘာ​မြေ​ကြီး ပေါ်​တွင်​အ​ဘယ်​သူ့​ကို​မျှ​သ​နား​တော့​မည် မ​ဟုတ်​ပါ။ ငါ​ကိုယ်​တိုင်​ပင်​လူ​အ​ပေါင်း​တို့ ကို သူ​တို့​၏​ဘု​ရင်​များ​၏​လက်​သို့​ပေး​အပ် မည်။ ထို​ဘု​ရင်​တို့​သည်​ကမ္ဘာ​မြေ​ကြီး​ကို ပျက်​ပြုန်း​စေ​ကြ​မည်​ဖြစ်​သော်​လည်း ငါ သည်​ကယ်​တင်​ပေး​လိမ့်​မည်​မ​ဟုတ်'' ဟု မိန့်​တော်​မူ​၏။) \p \v 7 သိုး​ရောင်း​ဝယ်​သူ​တို့​က​ငါ့​ကို​ငှား​ရမ်း​သ ဖြင့်​ငါ​သည်​နှိပ်​စက်​ခြင်း​ခံ​ရ​သော​သိုး​တို့ ကို ထိန်း​ကျောင်း​ရ​သူ​ဖြစ်​လာ​လေ​သည်။ ``ကျေး ဇူး​ပြု​ခြင်း'' ဟု​နာ​မည်​တွင်​သော​သိုး​ထိန်း တောင်​ဝှေး​တစ်​ချောင်း​နှင့်``စည်း​လုံး​ခြင်း'' ဟု နာ​မည်​တွင်​သော​သိုး​ထိန်း​တောင်​ဝှေး​တစ် ချောင်း​ကို​ယူ​ပြီး​လျှင်​သိုး​အုပ်​ကို​ငါ ထိန်း​ကျောင်း​ရ​၏။- \v 8 ငါ​သည်​မိ​မိ​အား​မုန်း​သည့်​သိုး​ထိန်း​သုံး ယောက်​ကို​သည်း​မ​ခံ​နိုင်​သ​ဖြင့် သူ​တို့ အား​တစ်​လ​တည်း​တွင်​ဖယ်​ရှား​ပစ်​လိုက်​၏။- \v 9 ထို​နောက်​ငါ​၏​သိုး​အုပ်​အား``ငါ​သည်​သင် တို့​၏​သိုး​ထိန်း​မ​လုပ်​လို​တော့​ပါ၊ သေ​ရ မည့်​သိုး​တို့​သည်​သေ​ကြ​ပါ​လေ​စေ။ အ​သတ် ခံ​ရ​မည့်​သိုး​များ​သည်​လည်း​အ​သတ်​ခံ​ရ ကြ​ပါ​လေ​စေ။ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ သည့်​သိုး​များ​သည်​လည်း မိ​မိ​တို့​အ​ချင်း ချင်း​သတ်​ဖြတ်​ကြ​ပါ​လိမ့်​မည်'' ဟု​ပြော ဆို​၏။- \v 10 ထို​နောက်​ငါ​သည်​လူ​မျိုး​တ​ကာ​တို့​နှင့် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​ခဲ့​သည့်​ပ​ဋိ ညာဉ်​တော်​ကို​ဖျက်​သိမ်း​သည့်​အ​နေ​ဖြင့်``ကျေး ဇူး​ပြု​ခြင်း'' နာ​မည်​တွင်​သော​တောင်​ဝှေး ကို​ယူ​၍​ချိုး​ပစ်​လိုက်​လေ​သည်။- \v 11 ဤ​သို့​လျှင်​ပ​ဋိ​ညာဉ်​တော်​သည်​ထို​နေ့​၌ ပျက်​ပြား​၍​သွား​လေ​တော့​၏။ သိုး​များ ကို​ဝယ်​ယူ​ရောင်း​ချ​သူ​တို့​သည်​ငါ့​အား စောင့်​၍​ကြည့်​နေ​ကြ​၏။ သူ​တို့​သည်​ငါ​၏ အ​ပြု​အ​မူ​အား​ဖြင့်​ထာ​ဝ​ရ​ဘုရား​ဗျာ ဒိတ်​ပေး​တော်​မူ​လျက်​ရှိ​ကြောင်း​ကို​သိ ကြ​၏။- \v 12 ငါ​က​သူ​တို့​အား``သင်​တို့​ပေး​လို​လျှင်​ငါ​၏ လုပ်​အား​ခ​ကို​ပေး​ကြ​လော့။ မ​ပေး​လို​လျှင် လည်း​နေ​ကြ​တော့'' ဟု​ပြော​၏။ သို့​ဖြစ်​၍​သူ တို့​သည်​ငါ့​လုပ်​အား​ခ​အ​ဖြစ်​ငွေ​စ​သုံး ဆယ်​ကို​ပေး​ကြ​၏။\x + \xo 11:12 \xt မ၊ ၂၆:၁၅။\x* \p \v 13 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ထို​ငွေ​များ ကို​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​ထဲ​သို့​ထည့်​လိုက် လော့'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​ငါ​သည် မိ​မိ​၏​တန်​ဖိုး​အ​ဖြစ်​သူ​တို့​အ​ကဲ​ဖြတ် သည့်​မြောက်​မြား​လှ​သော​ငွေ​စ​သုံး​ဆယ် ကို​ယူ​၍​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​ထဲ​သို့​ထည့် လိုက်​လေ​သည်။-\x + \xo 11:13 \xt မ၊ ၂၇:၉-၁၀။\x* \v 14 ထို​နောက်​ငါ​သည်``စည်း​လုံး​ခြင်း'' နာ​မည်​တွင် သော​တောင်​ဝှေး​ကို​ချိုး​ပစ်​လိုက်​၏။ ထို​အ​ခါ ယု​ဒ​ပြည်​နှင့်​ဣ​သ​ရေ​လ​ပြည်​စည်း​လုံး​မှု သည်​ပျက်​ပြား​၍​သွား​လေ​တော့​၏။ \p \v 15 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``သင်​သည်​နောက် တစ်​ကြိမ်​သိုး​ထိန်း​ကဲ့​သို့​ပြု​မူ​ပြန်​ဦး​လော့။ ယ​ခု​အ​ကြိမ်​၌​သိုး​ထိန်း​မိုက်​ကဲ့​သို့​ဖြစ်​၏။- \v 16 ငါ​သည်​မိ​မိ​၏​သိုး​စု​အ​တွက်​သိုး​ထိန်း​တစ် ဦး​ကို​ခန့်​ထား​ခဲ့​သော်​လည်း သူ​သည်​သေ​ဘေး တွေ့​သည့်​သိုး​များ​ကို​မ​ကူ​ညီ။ ပျောက်​သည့် သိုး​များ​ကို​မ​ရှာ​ဖွေ။ အ​နာ​ရ​သည့်​သိုး​များ ကို​မ​ကု​သ။ မ​သေ​ဘဲ​ကျန်​ရှိ​နေ​သော​သိုး များ​ကို​လည်း​မ​ကျွေး​မွေး။ ယင်း​သို့​ပြု​မည့် အ​စား​သူ​သည်​အ​ဆူ​ဖြိုး​ဆုံး​သော​သိုး​တို့ ၏​အ​သား​ကို​စား​၏။ သူ​တို့​၏​ခွာ​များ​ကို လည်း​ချွတ်​ပစ်​၏။- \v 17 တန်​ဖိုး​မ​ရှိ​သော​သိုး​ထိန်း​မိုက်​သည်​အ​မင်္ဂ လာ​ရှိ​၏။ သူ​သည်​မိ​မိ​၏​သိုး​စု​ကို​စွန့်​ပစ် ထား​လေ​ပြီ။ စစ်​မက်​ဘေး​ဒဏ်​ကြောင့်​သူ​၏ လက်​ရုံး​နှင့်​ညာ​မျက်​စိ​သည်​ပျက်​ပြုန်း​၍ သွား​လိမ့်​မည်။ သူ့​၏​ညာ​လက်​ရုံး​သည်​ရှုံ့​တွ တွန့်​လိမ်​လျက်၊ ညာ​မျက်​စိ​သည်​လည်း​အလင်း ကွယ်​၍​သွား​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \c 12 \s1 အ​နာ​ဂတ်​ကာ​လ​၌​ယေ​ရု​ရှ​လင်​မြို့​ကို ကယ်​တင်​တော်​မူ​မည့်​အ​ကြောင်း \p \v 1 ဤ​ဗျာ​ဒိတ်​တော်​သည်​မိုး​ကောင်း​ကင်​ကို ဖြန့်​ကြက်​၍​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​ပြီး လျှင် လူ​သတ္တဝါ​အား​အ​သက်​ကို​ပေး​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​စပ်​ဆိုင် သည့်​ဗျာ​ဒိတ်​တော်​ဖြစ်​၏။- \v 2 ကိုယ်​တော်​က``ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို စ​ပျစ်​ရည်​ခွက်​ဖ​လား​နှင့်​တူ​စေ​မည်။ မြို့ ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​တို့​သည် ထို​စ​ပျစ်​ရည်​ကို​သောက်​၍ သေ​သောက်​ကြူး များ​ကဲ့​သို့​ယိမ်း​ယိုင်​လျက်​နေ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​ရံ တိုက်​ခိုက်​ကြ​သော​အ​ခါ အ​ခြား​ယု​ဒ​မြို့ တို့​သည်​လည်း​အ​ဝိုင်း​ခံ​ရ​ကြ​လိမ့်​မည်။- \v 3 သို့​ရာ​တွင်​ထို​အ​ချိန်​အ​ခါ​၌​ငါ​သည် ယေ​ရု​ရှ​လင်​မြို့​ကို လေး​လံ​သော​ကျောက်​တုံး ကြီး​သ​ဖွယ်​ဖြစ်​စေ​မည်။ ထို​ကျောက်​ကို​ကြိုး စား​၍​ချီ​မ​သည့်​လူ​မျိုး​သည်​အ​နာ​တ​ရ ဖြစ်​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​သည်​ထို​မြို့​ကို​ဝိုင်း​ဝန်း​တိုက်​ခိုက်​ကြ လိမ့်​မည်။- \v 4 ထို​အ​ခါ​ငါ​သည်​သူ​တို့​၏​မြင်း​များ​ကို ခြောက်​လှန့်​ကာ​မြင်း​စီး​သူ​ရဲ​အ​ပေါင်း​ကို ရူး​သွတ်​သွား​စေ​မည်'' ``ယု​ဒ​ပြည်​သား တို့​ကို​ငါ​ကြည့်​ရှု​မည်။ ရန်​သူ​တို့​၏​မြင်း များ​ကို​မူ​ကား​မျက်​စိ​ကန်း​စေ​မည်။- \v 5 ထို​အ​ခါ​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​ယေရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ မိ​မိ​၏ လူ​မျိုး​တော်​အား​ခွန်​အား​ကို​ပေး​တော်​မူ ပါ​၏​ဟု​ယု​ဒ​နွယ်​သား​စု​များ​သည်​မိ​မိ တို့​အ​ချင်း​ချင်း​ပြော​ဆို​ကြ​လိမ့်​မည်။'' \p \v 6 ``ထို​အ​ခါ​ငါ​သည်​ယု​ဒ​နွယ်​သား​စု​များ ကို​တော​မီး​ကဲ့​သို့​လည်း​ကောင်း၊ စ​ပါး​မှည့် လျက်​နေ​သည့်​လယ်​ကွက်​တွင်​လောင်​သော​မီး ကဲ့​သို့​သော်​လည်း​ကောင်း​ဖြစ်​စေ​မည်။ သူ​တို့ သည်​မိ​မိ​တို့​အ​နီး​အ​နား​ရှိ​လူ​မျိုး​အ​ပေါင်း တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ကြ​လိမ့်​မည်။ ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​တို့​မူ​ကား မိ​မိ​တို့​မြို့ တွင်း​၌​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ကြ​လိမ့်​မည်။ \p \v 7 ``ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​တပ်​မ​တော် ကို​ဦး​စွာ​ပ​ထ​မ​အောင်​ပွဲ​ခံ​စေ​မည်။ ဤ​နည်း အား​ဖြင့်​ဒါ​ဝိဒ်​၏​သား​စဉ်​မြေး​ဆက်​များ နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​ခံ​ယူ​ရ ရှိ​မည့်​ဂုဏ်​အ​သ​ရေ​သည် အ​ခြား​ယု​ဒ အ​မျိုး​သား​တို့​၏​ဂုဏ်​အ​သ​ရေ​ထက် ကြီး​မြတ်​လိမ့်​မည်​မ​ဟုတ်။- \v 8 ထို​ကာ​လ​၌​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင် သူ​လူ​တို့​အား ထာ​ဝ​ရ​ဘု​ရား​သည်​ကွယ် ကာ​စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။ သို့​ဖြစ်​၍ သူ​တို့​အ​နက်​အင်​အား​အ​ချိ​နဲ့​ဆုံး​သော သူ​များ​ပင်​လျှင် ဒါ​ဝိဒ်​ကဲ့​သို့​ကြံ့​ခိုင်​၍ လာ​လိမ့်​မည်။ ဒါ​ဝိဒ်​၏​သား​မြေး​များ​သည် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ကဲ့ သို့​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကိုယ်​တော် တိုင်​ကဲ့​သို့​လည်း​ကောင်း​သူ​တို့​အား​ဦး စီး​ခေါင်း​ဆောင်​ပြု​လိမ့်​မည်။- \v 9 ထို​အ​ခါ​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို တိုက် ခိုက်​သည့်​လူ​မျိုး​မှန်​သ​မျှ​တို့​အား​သုတ် သင်​ဖျက်​ဆီး​မည်။ \p \v 10 ``ငါ​သည်​ဒါ​ဝိဒ်​၏​သား​စဉ်​မြေး​ဆက်​များ နှင့် အ​ခြား​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား တို့​အား​က​ရု​ဏာ​ထား​တတ်​သော​သ​ဘော၊ ဆု​တောင်း​ပတ္ထ​နာ​ပြု​တတ်​သော​သ​ဘော နှင့်​ပြည့်​ဝ​စေ​မည်။ သူ​တို့​သည်​မိ​မိ​တို့​ဋ္ဌား နှင့်​ထိုး​၍​သတ်​ခဲ့​သူ​ကို​ကြည့်​ပြီး​လျှင် တစ် ဦး​တည်း​သော​သား​၏​အ​တွက်​ငို​ကြွေး​မြည် တမ်း​ဘိ​သ​ကဲ့​သို့ ထို​သူ​၏​အ​တွက်​ငို​ကြွေး မြည်​တမ်း​ကြ​လိမ့်​မည်။ သူ​တို့​သည်​သား​ဦး သေ​ဆုံး​ရ​သူ​များ​ကဲ့​သို့​ဝမ်း​နည်း​ပက် လက်​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-\x + \xo 12:10 \xt ယော၊ ၁၉:၃၇။ ဗျာ၊ ၁:၇။\x*\x + \xo 12:10 \xt မ၊ ၂၄:၃၀။ ဗျာ၊ ၁:၇။\x* \v 11 ထို​အ​ခါ​၌​ယေ​ရု​ရှ​လင်​မြို့​တွင်​ငို​ကြွေး မြည်​တမ်း​မှု​သည်​မေ​ဂိဒ္ဒေါ​လွင်​ပြင်​တွင် ဗာ​လ နတ်​ဘုရား​အ​တွက်​ငို​ကြွေး​မြည်​တမ်း​မှု​ကဲ့ သို့​ကြီး​ကျယ်​ပေ​လိမ့်​မည်။- \v 12 တိုင်း​ပြည်​တွင်း​ရှိ​အိမ်​ထောင်​မိ​သား​စု​များ တစ်​ခု​စီ​ခွဲ​၍ ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့် မည်။ ဒါ​ဝိဒ်​မင်း​မှ​ဆင်း​သက်​သည့်​အိမ်​ထောင် မိ​သား​စု၊ နာ​သန်​မှ​ဆင်း​သက်​သည့်​အိမ် ထောင်​မိ​သား​စု၊- \v 13 လေ​ဝိ​မှ​ဆင်း​သက်​သည့်​အိမ်​ထောင်​မိ​သား​စု၊ ရှိ​မိ​မှ​ဆင်း​သက်​သည့်​အိမ်​ထောင်​မိ​သား​စု၊- \v 14 အ​ခြား​အိမ်​ထောင်​မိ​သား​စု​များ​စ​သည် ဖြင့် တိုင်း​ပြည်​တွင်​ရှိ​သ​မျှ​သော​အိမ်​ထောင် မိ​သား​စု​တို့​သည်​သီး​သန့်​စွာ​ငို​ကြွေး မြည်​တမ်း​ကြ​လိမ့်​မည်။ အိမ်​ထောင်​မိ​သား​စု တစ်​ခု​စီ​၌​လည်း​အ​မျိုး​သား​များ​သီး သန့်၊ အ​မျိုး​သ​မီး​များ​သီး​သန့်​ဖြင့်​ငို ကြွေး​ကြ​လိမ့်​မည်။ \c 13 \p \v 1 ထာ​ဝ​ရ​ဘု​ရား​က``ထို​အ​ချိန်​ကျ​ရောက် လာ​သော​အ​ခါ ဒါ​ဝိဒ်​၏​သား​စဉ်​မြေး​ဆက် များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့ အား မိ​မိ​တို့​၏​အ​ပြစ်​များ​နှင့်​ရုပ်​တု ကိုး​ကွယ်​မှု​မှ​သန့်​စင်​စိမ့်​သော​ငှာ​စမ်း ရေ​ပေါက်​ဖွင့်​လျက်​လာ​လိမ့်​မည်။- \v 2 ထို​အ​ခါ​ငါ​သည်​ဤ​ပြည်​တွင်​ရှိ​သည့် ရုပ်​တု​တို့​၏​နာ​မည်​နာ​မ​များ​ကို သုတ်​သင် ပယ်​ရှင်း​မည်​ဖြစ်​၍​ယင်း​တို့​ကို​နောက်​တစ် ဖန်​အ​ဘယ်​သူ​မျှ​အ​မှတ်​ရ​ကြ​တော့​မည် မ​ဟုတ်။ မိ​မိ​ကိုယ်​ကို​ပ​ရော​ဖက်​ဖြစ်​သည် ဟု​ဆို​သော​သူ​မှန်​သ​မျှ​ကို ငါ​ဖျောက်​ဖျက် ပစ်​မည်။ ရုပ်​တု​ဝတ်​ပြု​ကိုး​ကွယ်​လို​သည့် ဆန္ဒ​ကို​လည်း​ဖယ်​ရှား​ပစ်​မည်။- \v 3 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ် တော်​ကို ဆင့်​ဆို​သူ​ရှိ​နေ​သေး​ပါ​မူ​သူ​၏ မိ​ဘ​များ​သည် သူ့​အား`သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​ပါ သည်​ဟု​ဆို​သော်​လည်း မု​သား​စ​ကား​များ ကို​သာ​လျှင်​အ​သုံး​ပြု​သ​ဖြင့်​သေ​ဒဏ် ခံ​ရ​ပေ​မည်' ဟု​ဆို​ကာ​ထို​သူ​ဟော​ပြော နေ​ချိန်​၌​ပင် သူ​၏​မိ​ဘ​များ​သည်​သူ့ အား​ဋ္ဌား​နှင့်​ထိုး​၍​သတ်​ကြ​လိမ့်​မည်။- \v 4 ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​အ​ဘယ် ပ​ရော​ဖက်​မျှ မိ​မိ​တွေ့​မြင်​ရ​သည့်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား​လိမ့်​မည် မ​ဟုတ်။ အ​ဘယ်​သူ​မျှ​ပ​ရော​ဖက်​၏​အ​ပြု အ​မူ​မျိုး​ကို​ပြု​လိမ့်​မည်​မ​ဟုတ်။ လှည့်​ဖျား ရန်​အ​လို​ငှာ​ပ​ရော​ဖက်​၏​အ​ဝတ်​မျိုး​ကို လည်း​ဝတ်​လိမ့်​မည်​မ​ဟုတ်။- \v 5 ယင်း​သို့​ပြု​မည့်​အ​စား`အ​ကျွန်ုပ်​သည်​ပ​ရော ဖက်​မ​ဟုတ်​ပါ။ လယ်​သ​မား​ဖြစ်​၍​တစ်​သက် လုံး​လယ်​ယာ​ကို​ထွန်​ယက်​ခဲ့​ပါ​၏' ဟု​ဆို လိမ့်​မည်။- \v 6 ထို​နောက်​အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်`သင် ၏​ရင်​၌​ရှိ​သော​ဒဏ်​ရာ​ကား​အ​ဘယ်​နည်း' ဟု မေး​ခဲ့​သော်​ထို​သူ​က`အ​ကျွန်ုပ်​သည်​ဤ​ဒဏ် ရာ​များ​ကို​မိတ်​ဆွေ​တစ်​ဦး​၏​အိမ်​တွင်​ရ​ရှိ ခဲ့​ပါ​သည်' ဟု​ပြန်​ပြော​လိမ့်​မည်'' ဟူ​၍​မိန့် တော်​မူ​၏။ \s1 ဘု​ရား​သ​ခင်​၏​သိုး​ထိန်း​ကို​သတ်​ရန်​အ​မိန့်​တော် \p \v 7 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``အို ဋ္ဌား၊ နိုး​ထ​၍​ငါ​၏​အ​မှု​တော်​ထမ်း​သိုး​ထိန်း​ကို တိုက်​ခိုက်​လော့။ သူ့​အား​သတ်​ဖြတ်​လော့။ ထို အ​ခါ​သိုး​တို့​သည်​က​စင့်​က​ရဲ​ဖြစ်​၍​သွား လိမ့်​မည်။ ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို တိုက်​ခိုက်​မည်​ဖြစ်​၍၊-\x + \xo 13:7 \xt မ၊ ၂၆:၃၁။ မာ၊ ၁၄:၂၇။\x* \v 8 ဤ​ပြည်​သူ​ပြည်​သား​သုံး​ပုံ​နှစ်​ပုံ​သေ​ဆုံး လိမ့်​မည်။'' \m \v 9 ``ထို​နောက်​ငါ​သည်​ငွေ​ကို​မီး​နှင့်​ချွတ်​သ​ကဲ့ သို့ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သူ​သုံး​ပုံ တစ်​ပုံ​ကို​သန့်​စင်​စေ​မည်။ သူ​တို့​၏​အ​ကဲ​ကို စမ်း​၍​ကြည့်​မည်။ ငါ​သည်​ရွှေ​ကို​စမ်း​သပ်​၍ ကြည့်​သ​ကဲ့​သို့​သူ​တို့​ကို​စမ်း​သပ်​ကြည့်​မည်။ ထို​အ​ခါ​သူ​တို့​သည်​ငါ့​ထံ​သို့​ဆု​တောင်း ပတ္ထနာ​ပြု​ကြ​လိမ့်​မည်။ ငါ​သည်​လည်း​နား ညောင်း​မည်။ သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော် ဖြစ်​ကြောင်း​သူ​တို့​အား​ငါ​ဖော်​ပြ​မည်။ သူ တို့​က​လည်း​ငါ​သည်​မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ဝန်​ခံ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။ \c 14 \s1 ယေ​ရု​ရှ​လင်​မြို့​နှင့်​လူ​မျိုး​တ​ကာ​တို့ \p \v 1 ထာ​ဝ​ရ​ဘု​ရား​အ​ရေး​ယူ​ဆောင်​ရွက်​တော်​မူ မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။ ထို အ​ခါ​ယေ​ရု​ရှ​လင်​မြို့​သည်​တိုက်​ခိုက်​လု​ယက် ခြင်း​ကို​ခံ​ရ​လျက် လူ​တို့​၏​တိုက်​ရာ​ပါ​ပစ္စည်း များ​ကို​သင်​တို့​မျက်​မှောက်​၌​ပင်​ခွဲ​ဝေ​ယူ ကြ​လိမ့်​မည်။- \v 2 ယေ​ရု​ရှ​လင်​မြို့​ကို​စစ်​ဆင်​ရန်​ထာ​ဝ​ရ ဘု​ရား​သည် လူ​မျိုး​တ​ကာ​တို့​အား​စု​ရုံး ခေါ်​ဆောင်​ကာ​လာ​တော်​မူ​လိမ့်​မည်။ ထို​မြို့ သည်​အ​သိမ်း​ခံ​ရ​လိမ့်​မည်။ အိမ်​များ​သည် အ​လု​ခံ​ရ​လျက်​အ​မျိုး​သ​မီး​များ​သည် လည်း မ​တော်​မ​တ​ရား​ပြု​ကျင့်​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ လူ​ဦး​ရေ​ထက်​ဝက်​မျှ​ပြည်​နှင် ဒဏ်​သင့်​ကြ​မည်​ဖြစ်​သော်​လည်း ကျန်​ထက် ဝက်​မှာ​ထို​မြို့​မှ​ပြောင်း​ရွှေ့​ရကြ​လိမ့်​မည် မ​ဟုတ်။- \v 3 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​တိတ် ကာ​လ​များ​မှာ​ကဲ့​သို့​ထွက်​ကြွ​တော်​မူ​၍ ထို​လူ​မျိုး​တို့​အား​တိုက်​ခိုက်​တော်​မူ​လိမ့် မည်။- \v 4 ထို​အ​ခါ​ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင် မြို့​၏​အ​ရှေ့​ဘက်​၌​ရှိ​သော​သံ​လွင်​တောင် ပေါ်​တွင်​ရပ်​တော်​မူ​သ​ဖြင့် သံ​လွင်​တောင် သည်​အ​ရှေ့​မှ​အ​နောက်​သို့​နှစ်​ခြမ်း​ကွဲ လျက်​ချိုင့်​ဝှမ်း​ကြီး​တစ်​ခု​ဖြစ်​ပေါ်​လာ လိမ့်​မည်။ တောင်​တစ်​ခြမ်း​သည်​မြောက်​ဘက် သို့​လည်း​ကောင်း၊ အ​ခြား​တစ်​ခြမ်း​သည် တောင်​ဘက်​သို့​လည်း​ကောင်း၊ ရွေ့​လျား သွား​လိမ့်​မည်။- \v 5 သင်​တို့​သည်​တောင်​နှစ်​ခြမ်း​ခွဲ​ရာ​ချိုင့်​ဝှမ်း လမ်း​ဖြင့်​ထွက်​ပြေး​လွတ်​မြောက်​ကြ​လိမ့် မည်'' ဟု​ယု​ဒ​ဘု​ရင်​သြ​ဇိ​၏​လက်​ထက် ၌​မြေ​င​လျင်​လှုပ်​စဉ်​အ​ခါ​က သင်​တို့ ၏​ဘိုး​ဘေး​များ​ထွက်​ပြေး​ရကြ​သ​ကဲ့ သို့​သင်​တို့​သည်​လည်း​ထွက်​ပြေး​ရကြ လိမ့်​မည်။ ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​နှင့်​အ​တူ​ကောင်း​ကင် တ​မန်​များ​ကို​ခေါ်​ဆောင်​ကာ​ကြွ​လာ တော်​မူ​လိမ့်​မည်။ \p \v 6 ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ချမ်း​ဧ​မှု သို့​မ​ဟုတ်​ဆီး​နှင်း​များ​ကျ​မှု ရှိ​တော့​မည်​မ​ဟုတ်။- \v 7 မှောင်​မိုက်​လည်း​ရှိ​တော့​မည်​မ​ဟုတ်၊ ထူး​ခြား သော​နေ့​ဖြစ်​မည်။ ညဥ့်​အ​ချိန်​၌​ပင်​လျှင် အ​စဉ်​အ​မြဲ​နေ​ရောင်​လင်း​၍​နေ​လိမ့်​မည်။ အ​ဘယ်​အ​ခါ​၌​ဤ​သို့​ဖြစ်​ပျက်​လာ​မည် ကို​မူ ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ လျှင်​သိ​တော်​မူ​၏။ \p \v 8 ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​မှ​စမ်း​ရေ​များ​စီး​ဆင်း​၍ လာ​လိမ့်​မည်။ ထို​ရေ​၏​တစ်​ဝက်​သည်​ပင်​လယ် သေ​ထဲ​သို့​လည်း​ကောင်း၊ အ​ခြား​တစ်​ဝက်​သည် မြေ​ထဲ​ပင်​လယ်​ထဲ​သို့​လည်း​ကောင်း တစ်​နှစ် ပတ်​လုံး​ဆောင်း​ရော​နွေ​ပါ​စီး​ဆင်း​သွား​လိမ့် မည်။-\x + \xo 14:8 \xt ယေဇ၊ ၄၇:၁။ ယော၊ ၇:၃၈။ ဗျာ၊ ၂၂:၁။\x* \v 9 ထို​အ​ခါ​ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​ထာ​ဝ​ရ ဘု​ရား​အုပ်​စိုး​တော်​မူ​လိမ့်​မည်။ လူ​အ​ပေါင်း တို့​သည်​လည်း​ကိုယ်​တော်​အား မိ​မိ​တို့​၏ ဘု​ရား​သ​ခင်​အ​ဖြစ်​ဝတ်​ပြု​ကိုး​ကွယ်​ကာ ထို​နာ​မ​တော်​တစ်​ပါး​တည်း​ဖြင့်​သိ​မှတ် ကြ​လိမ့်​မည်။ \p \v 10 မြောက်​ဘက်​ရှိ​ဂေ​ဘ​မြို့​မှ​သည် တောင်​ဘက်​ရှိ ရိမ္မုန်​မြို့​တိုင်​အောင်​ယေ​ရု​ရှ​လင်​မြို့​ပတ်​ဝန်း ကျင်​မှ မြေ​များ​ကို​ညီ​ညာ​အောင်​ညှိ​ရ​ကြ လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း​ပတ် ဝန်း​ကျင်​မြေ​များ​၏​အ​ထက်​တွင်​မိုး​၍​နေ လိမ့်​မည်။ ဤ​မြို့​သည်​ဗင်္ယာ​မိန်​တံ​ခါး​မှ​သည် တံ​ခါး​ဟောင်း​ရှိ​ခဲ့​ဖူး​သည့်​မြို့​ထောင့်​တံ​ခါး တိုင်​အောင်​လည်း​ကောင်း၊ ဟာန​နေ​လ​ရဲ​တိုက် မှ​သည်​နန်း​တော်​စ​ပျစ်​သီး​နယ်​ရာ​ကျင်း များ​တိုင်​အောင်​လည်း​ကောင်း​တည်​ရှိ​လိမ့်​မည်။- \v 11 လူ​တို့​သည်​ဆုံး​ပါး​ပျက်​စီး​မည့်​ဘေး​ဖြင့် ခြိမ်း​ချောက်​မှု​မ​ခံ​ရ​တော့​ဘဲ ထို​အ​ရပ်​တွင် ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။\x + \xo 14:11 \xt ဗျာ၊ ၂၂:၃။\x* \p \v 12 ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​ခိုက်​သူ​လူ​မျိုး​အ​ပေါင်း​တို့​အ​ပေါ် သို့ ကြောက်​မက်​ဖွယ်​ကောင်း​သည့်​အ​နာ​ရော​ဂါ ဘေး​သက်​ရောက်​စေ​တော်​မူ​လိမ့်​မည်။ သူ​တို့ သည်​အ​သက်​ရှင်​လျက်​ရှိ​စဉ်​အ​ခါ​၌​ပင် အ​သား​အ​ရေ​များ​ပုပ်​ပျက်​၍​သွား​လိမ့် မည်။ သူ​တို့​၏​မျက်​စိ​များ​နှင့်​လျှာ​များ သည်​လည်း​ပုပ်​ပျက်​၍​သွား​လိမ့်​မည်။ \p \v 13 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား အ​လွန်​ရှုပ်​ထွေး​ကြောက်​လန့်​စေ​တော်​မူ​မည် ဖြစ်​၍ လူ​တိုင်း​ပင်​မိ​မိ​တို့​အ​နီး​တွင်​တွေ့ ရှိ​သူ​တို့​ကို​ဖမ်း​ဆီး​တိုက်​ခိုက်​ကြ​လိမ့်​မည်။- \v 14 ယု​ဒ​ပြည်​သူ​တို့​က​မူ​ယေ​ရု​ရှ​လင်​မြို့ အ​တွက် ခု​ခံ​ကာ​ကွယ်​တိုက်​ခိုက်​ကာ​လူ​မျိုး တ​ကာ​တို့​၏​ဥစ္စာ​ဘဏ္ဍာ​များ​ဖြစ်​သော ရွှေ ငွေ​အ​ဝတ်​အ​စား​အ​မြောက်​အ​မြား​ကို တိုက်​ရာ​ပါ​ပစ္စည်း​အ​ဖြစ်​သိမ်း​ယူ​ကြ​လိမ့် မည်။ \p \v 15 ရန်​သူ​တပ်​စ​ခန်း​မှ​မြင်း၊ ကု​လား​အုတ်၊ မြည်း အ​စ​ရှိ​သည့်​တိ​ရစ္ဆာန်​အ​ပေါင်း​တို့​အ​ပေါ် သို့​လည်း ကြောက်​မက်​ဖွယ်​ကောင်း​သည့်​အ​နာ ရော​ဂါ​ဘေး​ကျ​ရောက်​လိမ့်​မည်။ \p \v 16 ထို​အ​ခါ​ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​ခဲ့ ကြ​သော​လူ​မျိုး​တို့​အ​နက်​မှ​အ​သက် မ​သေ​ဘဲ ကျန်​ရှိ​သူ​လူ​အ​ပေါင်း​တို့​သည် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​အုပ် စိုး​မှု​ကို​ဝန်​ခံ​၍ ကိုယ်​တော်​အား​ရှိ​ခိုး ဝတ်​ပြု​ကြ​ရန်​လည်း​ကောင်း၊ သစ်​ခက်​တဲ နေ​ပွဲ​တော်​ကို​ကျင်း​ပ​ကြ​ရန်​လည်း​ကောင်း ထို​မြို့​သို့​နှစ်​စဉ်​နှစ်​တိုင်း​လာ​ရောက်​ကြ လိမ့်​မည်။-\x + \xo 14:16 \xt ဝတ်၊ ၂၃:၃၉-၄၃။\x* \v 17 အ​ကြင်​လူ​မျိုး​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​အုပ်​စိုး​မှု​ကို​ဝန်​ခံ​၍ ကိုယ်​တော်​အား​ရှိ​ခိုး​ဝတ်​ပြု​ရန်​ငြင်း​ဆန် ၏။ ထို​လူ​မျိုး​တို့​၏​ပြည်​သည်​မိုး​ခေါင် လိမ့်​မည်။- \v 18 အ​ကယ်​၍​အီဂျစ်​အ​မျိုး​သား​တို့​သည်​သစ် ခက်​တဲ​နေ​ပွဲ​တော်​ကို​ကျင်း​ပ​ရန်​ငြင်း​ဆန် ကြ​ပါ​မူ သူ​တို့​သည်​ယင်း​သို့​ငြင်း​ဆန်​သူ များ​အ​တွက်​ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော် မူ​သော​အ​နာ​ရော​ဂါ​ဘေး​နှင့်​ကြုံ​တွေ့​ရ လိမ့်​မည်။- \v 19 ဤ​ကား​သစ်​ခက်​တဲ​နေ​ပွဲ​တော်​ကို​မ​ကျင်း ပ​ခဲ့​သော် အီ​ဂျစ်​ပြည်​နှင့်​အ​ခြား​နိုင်​ငံ အ​ပေါင်း​တို့​ခံ​ရကြ​မည့်​အ​ပြစ်​ဒဏ်​ပင် ဖြစ်​သ​တည်း။ \p \v 20 ထို​အ​ချိန်​ကာ​လ​၌​မြင်း​က​ကြိုး​တန်​ဆာ ခေါင်း​လောင်း​များ​ပေါ်​တွင်``ထာ​ဝ​ရ​ဘု​ရား အား​ဆက်​ကပ်​ထား​သည်'' ဟူ​သော​စာ​တမ်း ကို​ကမ္ပည်း​ထိုး​၍​ထား​လိမ့်​မည်။ ဗိ​မာန်​တော် တွင်​ချက်​ပြုတ်​သည့်​အိုး​များ​သည်​ယဇ်​ပလ္လင် ရှေ့​မှ​ခွက်​ဖ​လား​များ​ကဲ့​သို့​သန့်​ရှင်း​မြင့် မြတ်​ကြ​လိမ့်​မည်။- \v 21 ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​တစ်​ပြည် လုံး​တွင်​ရှိ​သ​မျှ​သော​အိုး​တို့​ကို​လည်း သန့်​ရှင်း​မြင့်​မြတ်​၍​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ် မှု​တွင်​အ​သုံး​ပြု​ရန်​အ​တွက် သီး​သန့်​ထား ရှိ​ကြ​လိမ့်​မည်။ ထို​နေ့​ရက်​ကာ​လ​ကျ ရောက်​လာ​သော​အ​ခါ အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​တွင် အ​ဘယ် သို့​သော​ရောင်း​ဝယ်​သူ​တစ်​ဦး​တစ်​ယောက် မျှ​ရှိ​တော့​မည်​မ​ဟုတ်။ ပ​ရော​ဖက်​ဇာ​ခ​ရိ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။