\id TIT Myanmar Common Language Bible \h တိ​တု \toc1 တိ​တု​သြ​ဝါ​ဒ​စာ \toc2 တိ​တု \mt1 တိ​တု​သြ​ဝါ​ဒ​စာ \is1 နိ​ဒါန်း \ip တိ​တု​သည်​ဂ​ရိ​အ​မျိုး​သား​ဖြစ်​ပြီး​ခ​ရစ် ယာန်​ဘာ​သာ​သို့​ကူး​ပြောင်း​၍ ရှင်​ပေါ​လု​၏ သာ​သ​နာ​ပြု​လုပ်​ငန်း​တွင်​ရှင်​ပေါ​လု​၏​လုပ် ဖော်​ကိုင်​ဘက်​နှင့်​လက်​ထောက်​ဖြစ်​လာ​သည်။ တိ​တု​သြ​ဝါ​ဒ​စာ​သည်​က​ရေ​တေ​ကျွန်း တွင်​အ​သင်း​တော်​လုပ်​ငန်း​ကို​ကြီး​ကြပ် ကွပ်​ကဲ​ရန် ရှင်​ပေါ​လု​တာ​ဝန်​လွှဲ​အပ်​ခဲ့​သော ငယ်​ရွယ်​သူ​တိ​တု​ထံ​သို့​ရှင်​ပေါ​လု​ရေး​ပို့ လိုက်​သော​စာ​ဖြစ်​သည်။ ယင်း​စာ​တွင် အ​ကြောင်း​ကြီး​သုံး​ရပ်​ပါ​ရှိ​ပေ​သည်။ \ip (၁) က​ရေ​တေ​ကျွန်း​သား​အ​ချို့​တို့​အ​ကျင့်​ပျက် ကြ​ပုံ​ကို​နှ​လုံး​သွင်း​လျက် အ​သင်း​တော်​ခေါင်း ဆောင်​တို့​၌​ရှိ​အပ်​သော​ဂုဏ်​အင်္ဂါ​များ​ကို​ဖော်​ပြ သည်။ (၂) အ​သင်း​တော်​ရှိ​အ​သက်​ကြီး​သူ​အ​မျိုး သား​များ၊ အ​သက်​ကြီး​သူ​အ​မျိုး​သ​မီး​များ (သူ​တို့​က​အ​သက်​ရွယ်​သူ​အ​မျိုး​သ​မီး​များ အား​တစ်​ဆင့်​သင်​ကြား​ရန်) အ​သက်​ရွယ်​တူ အ​မျိုး​သား​များ​နှင့်​ကျွန်​များ​အား မည်​သို့ သင်​ကြား​ရ​မည်​ကို​တိ​တု​အား​အ​ကြံ​ပေး ချက်​များ (၃) ခ​ရစ်​ယာန်​တို့​ပြု​မူ​ကျင့်​ကြံ ခြင်း​နှင့်​ပတ်​သက်​၍​တိ​တု​အား​အ​ကြံ​ပေး ချက်​များ။ အ​ထူး​သ​ဖြင့်​ခ​ရစ်​ယာန်​တို့​သည် ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​၍ တစ်​ဦး​ကို​တစ်​ဦး ခင်​မင်​လျက်​မုန်း​တီး​ခြင်း၊ ငြင်း​ခုံ​ခြင်း၊ အ​သင်း​တော်​တွင်​စိတ်​ဝမ်း​ကွဲ​ပြား​စေ​ခြင်း တို့​ကို​ရှောင်​ရ​မည်​ဖြစ်​ကြောင်း​သြ​ဝါ​ဒ ပေး​လေ​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 နိ​ဒါန်း​\ior ၁:၁-၄\ior* \io1 အ​သင်း​တော်​အ​ရာ​ရှိ​များ​\ior ၁:၅-၁၆\ior* \io1 အ​သင်း​တော်​ရှိ​လူ​စု​အ​သီး​သီး​တို့​၏​တာ​ဝန်​များ​\ior ၂:၁-၁၅\ior* \io1 နှိုး​ဆော်​ချက်​များ​နှင့်​သ​တိ​ပေး​ချက်​များ​\ior ၃:၁-၁၁\ior* \io1 နိ​ဂုံး​\ior ၃:၁၂-၁၅\ior* \c 1 \p \v 1 ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​နှင့်​သ​ခင်​ယေ​ရှု ခ​ရစ်​၏​တ​မန်​တော်​ဖြစ်​သူ ငါ​ပေါ​လု​သည် စာ​ရေး​လိုက်​ပါ​သည်။ \p ဘု​ရား​သ​ခင်​သည်​မိ​မိ​ရွေး​ကောက်​တော်​မူ သော​လူ​စု​တော်​၏ ယုံ​ကြည်​ခြင်း​ကို​ပြု​စု ပေး​စေ​ရန်​လည်း​ကောင်း၊ ငါ​တို့​၏​ဘာ​သာ တော်​က​သွန်​သင်​သည့်​သမ္မာ​တ​ရား​တော် အ​ကြောင်း​ကို ထို​သူ​တို့​သ​ဘော​ပေါက်​နား လည်​ကြ​စေ​ရန်​လည်း​ကောင်း​ငါ့​ကို​ရွေး ချယ်​စေ​လွှတ်​တော်​မူ​၏။- \v 2 ထို​ဘာ​သာ​တော်​သည်​ထာ​ဝ​ရ​အ​သက်​ကို မျှော်​လင့်​မှု​တွင်​အ​ခြေ​ခံ​ပေ​သည်။ မု​သား နှင့်​ကင်း​စင်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ရှေး​ကပ်​ကာ​လ​မ​တည်​ရှိ​မီ​က​ပင် ထာ​ဝ​ရ အ​သက်​ကို​ငါ​တို့​အား​ပေး​တော်​မူ​ရန် က​တိ​ထား​တော်​မူ​ပေ​သည်။- \v 3 ထို​နောက်​အ​ချိန်​သင့်​သော​အ​ခါ​၌​ထို ထာ​ဝ​ရ​အ​သက်​ကို​တ​ရား​တော်​အား​ဖြင့် ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​၏။ ငါ​တို့​၏ ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​သည်​ထို​တ​ရား တော်​ကို ငါ့​အား​ပေး​အပ်​တော်​မူ​သည်​ဖြစ်​ရာ ငါ​သည်​ကိုယ်​တော်​၏​အ​မိန့်​တော်​အ​ရ​ထို တ​ရား​တော်​ကို​ကြေ​ညာ​၏။ \p \v 4 ငါ​တို့​နည်း​တူ​ယုံ​ကြည်​သူ၊ ယုံ​ကြည်​ခြင်း​အား ဖြင့် ငါ​၏​သား​စစ်​ဖြစ်​သူ​တိ​တု​ထံ​သို့​ဤ​စာ ကို​ငါ​ရေး​သား​ပေး​ပို့​လိုက်​ပါ​သည်။ \p ခ​မည်း​တော်​ဘု​ရား​သ​ခင်​နှင့်​ငါ​တို့​၏​ကယ် တင်​ရှင်​ခ​ရစ်​တော်​ယေ​ရှု​သည် သင့်​အား​ကျေး​ဇူး တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို​ပေး​သ​နား​တော်​မူ ပါ​စေ​သတည်း။\x + \xo 1:4 \xt ၂ကော၊ ၈:၂၃။ ဂလ၊ ၂:၃။ ၂တိ၊ ၄:၁၀။\x* \s1 က​ရေ​တေ​ကျွန်း​တွင်​တိ​တု​အ​မှု​တော်​ဆောင်​ခြင်း \p \v 5 က​ရေ​တေ​ကျွန်း​တွင်​လုပ်​ဆောင်​စ​ရာ​ရှိ​သေး သော​အ​မှု​ကိစ္စ​အ​ဝ​ဝ​တို့​ကို​စီ​မံ​ဆောင်​ရွက် ရန်​နှင့် အ​မြို့​မြို့​တွင်​သင်း​အုပ်​များ​ခန့်​ထား ရန်​သင့်​အား​ငါ​ထား​ခဲ့​၏။ ငါ​ယ​ခု​ပေး​မည့် ညွှန်​ကြား​ချက်​များ​ကို​မ​မေ့​နှင့်။- \v 6 အ​သင်း​တော်​ကို​အုပ်​ထိန်း​သူ​သည်​အ​ပြစ်​ဆို စ​ရာ​မ​ရှိ​သူ​ဖြစ်​ရ​မည်။ သူ့​မှာ​ဇနီး​တစ်​ယောက် သာ​ရှိ​ရ​မည်။ သူ​၏​သား​သ​မီး​များ​သည်​ယုံ ကြည်​သူ​များ​ဖြစ်​ရ​မည်။ အ​ပျော်​ကြူး​သူ​များ၊ စ​ကား​နား​မ​ထောင်​သူ​များ​မ​ဖြစ်​စေ​ရ။-\x + \xo 1:6 \xt ၁တိ၊ ၃:၂-၇။\x* \v 7 အ​သင်း​တော်​ကို​ခေါင်း​ဆောင်​သူ​သည်​ဘု​ရား သ​ခင်​၏​အ​မှု​တော်​ကို​တာ​ဝန်​ယူ​၍ ဆောင်​ရွက် ရ​သူ​ဖြစ်​သ​ဖြင့်​အ​ပြစ်​ဆို​စ​ရာ​မ​ရှိ​သူ ဖြစ်​ရ​မည်။ သူ​သည်​မောက်​မာ​သူ၊ စိတ်​တို​သူ မ​ဖြစ်​စေ​ရ။ သေ​သောက်​ကြူး​သူ၊ ကြမ်း​တမ်း သူ၊ ငွေ​ကို​မက်​မော​သူ​မ​ဖြစ်​စေ​ရ။- \v 8 ဧည့်​သည်​ဝတ်​ကို​ပြု​တတ်​သူ၊ ကောင်း​မြတ်​သည့် အ​ရာ​ကို​နှစ်​သက်​တတ်​သူ​ဖြစ်​ရ​မည်။ သူ​သည် မိ​မိ​ကိုယ်​ကို​ထိန်း​ချုပ်​နိုင်​ရ​မည်။ ဖြောင့်​မတ် ရ​မည်။ ဘု​ရား​တ​ရား​ကို​ရို​သေ​ကိုင်း​ရှိုင်း​ရ​မည်။ စည်း​ကမ်း​သေ​ဝပ်​ရ​မည်။- \v 9 သူ​သည်​မှန်​ကန်​သည့်​အ​ယူ​ဝါ​ဒ​ကို​စွဲ​မြဲ​စွာ ခံ​ယူ​ယုံ​ကြည်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​သည် တ​ရား​စစ်​တ​ရား​မှန်​အား​ဖြင့်​အား​ပေး​တိုက် တွန်း​နိုင်​လိမ့်​မည်။ ထို​တရား​စစ်​တ​ရား​မှန်​ကို အ​တိုက်​အ​ခံ​ပြု​သူ​တို့​၏​အ​မှား​ကို​လည်း ထောက်​ပြ​နိုင်​လိမ့်​မည်။ \p \v 10 ထို​တ​ရား​ကို​တော်​လှန်​ကာ​အ​ကျိုး​မဲ့​သည့် စ​ကား​များ​အား​ဖြင့်​လှည့်​စား​တတ်​သူ​အ​များ အ​ပြား​ပင်​ရှိ​၏။ အ​ထူး​သ​ဖြင့်​ယု​ဒ​ဘာ​သာ​မှ ခရစ်​ယာန်​ဘာ​သာ​သို့​ကူး​ပြောင်း​လာ​သူ​တို့ အ​ထဲ​တွင်​ရှိ​ပေ​သည်။- \v 11 ထို​သူ​တို့​၏​နှုတ်​ကို​ပိတ်​ရန်​လို​အပ်​လာ​ပေ ပြီ။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ငွေ ရ​ရှိ​ရေး​ရည်​ရွယ်​ချက်​ဖြင့် မ​သွန်​သင်​သင့် သော​အ​ရာ​များ​ကို​သွန်​သင်​ခြင်း​အား​ဖြင့် အိမ်​ထောင်​စု​များ​ကို​က​မောက်​က​မ​ဖြစ်​စေ ကြ​သော​ကြောင့်​တည်း။- \v 12-14 သူ​တို့​၏​ပ​ရော​ဖက်​ဖြစ်​သူ​က​ရေ​တေ​ကျွန်း သား​တစ်​ဦး​က​ပင်​လျှင်``က​ရေ​တေ​ကျွန်း​သား တို့​သည်​အ​စဉ်​လိမ်​လည်​သူ​များ၊ သား​ရဲ​ဆိုး များ၊ ပျင်း​ရိ​စား​ကြူး​သူ​များ​ဖြစ်​၏'' ဟု​ပြော ဆို​ခဲ့​၏။ ထို​သူ​၏​ပြော​ဆို​ချက်​သည်​မှန်​ပေ သည်။ သို့​ဖြစ်​၍​သူ​တို့​သည်​အ​မှန်​တ​ကယ် ယုံ​ကြည်​လာ​ကြ​စေ​ရန်​လည်း​ကောင်း၊ ယု​ဒ ဒဏ္ဍာရီ​စ​ကား​များ​နှင့်​သမ္မာ​တ​ရား​ကို ပစ်​ပယ် သူ​တို့​၏​ပ​ညတ်​များ​ကို​စွန့်​လွှတ်​လိုက်​ကြ စေ​ရန်​လည်း​ကောင်း​သူ​တို့​အား​ကြပ်​တည်း စွာ​ဆုံး​မ​ရ​မည်။- \v 15 မိ​မိ​တို့​ကိုယ်​တိုင်​စိတ်​နှ​လုံး​စင်​ကြယ်​သန့်​ရှင်း သူ​တို့​အ​ဖို့​မှာ မည်​သည့်​အ​ရာ​မ​ဆို​စင်​ကြယ် သန့်​ရှင်း​၏။ သို့​သော်​မိ​မိ​တို့​ကိုယ်​တိုင်​မ​စင် ကြယ်​မ​ယုံ​ကြည်​သူ​တို့​အ​ဖို့​မှာ​မူ​ကား အ​ဘယ်​အ​ရာ​မျှ​စင်​ကြယ်​သန့်​ရှင်း​သည်​ဟူ​၍ မ​ရှိ။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့​၏​စိတ် နှ​လုံး​နှင့်​သြတ္တ​ပ္ပ​စိတ်​သည်​ညစ်​ညမ်း​နေ​သော ကြောင့်​ဖြစ်​၏။- \v 16 သူ​တို့​သည်​ဘုရား​သခင်​ကို​သိ​သည်​ဟု​ဝန်​ခံ သော်​လည်း​သူ​တို့​အ​ကျင့်​က​မ​ထောက်​ခံ။ သူ တို့​သည်​မုန်း​ဖွယ်​ကောင်း​သူ၊ နား​မ​ထောင်​သူ၊ ကောင်း​မြတ်​သည့်​အ​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ ပြု​ရန်​မ​သင့်​တော်​သူ​များ​ဖြစ်​ကြ​၏။ \c 2 \s1 မှန်​ကန်​သော​အ​ယူ​ဝါ​ဒ \p \v 1 သို့​ရာ​တွင်​သင်​သည်​မှန်​ကန်​သည့်​အ​ယူ​ဝါ​ဒ နှင့်​ကိုက်​ညီ​သည့် အ​ကြောင်း​အ​ရာ​ကို​သွန်​သင် ရ​မည်။- \v 2 အ​သက်​အ​ရွယ်​ကြီး​ရင့်​သူ​အ​မျိုး​သား​တို့​အား သ​မ္မာ​သ​တိ​ရှိ​ရန်၊ တည်​ကြည်​ရန်​နှင့်​ဣန္ဒြေ​စောင့် စည်း​ကြ​ရန်​လည်း​ကောင်း၊ စစ်​မှန်​သော​ယုံ​ကြည် ခြင်း၊ မေတ္တာ၊ ခံ​နိုင်​ရည်​တို့​ဖြင့်​ပြည့်​ဝ​ကြ​စေ​ရန် လည်း​ကောင်း​သွန်​သင်​လော့။- \v 3 ထို​နည်း​တူ​စွာ​အ​သက်​အ​ရွယ်​ကြီး​ရင့်​သူ အ​မျိုး​သ​မီး​တို့​သည်​လည်း ဘု​ရား​တ​ရား ကြည်​ညို​သူ​များ​ဖြစ်​ရန်​သွန်​သင်​လော့။ သူ တို့​သည်​သူ​တစ်​ပါး​၏​အ​သ​ရေ​ကို​ဖျက်​သူ များ၊ အ​ရက်​၏​ကျွန်​များ​မ​ဖြစ်​စေ​ရ။ အ​ကောင်း ကို​သင်​ကြား​ပေး​တတ်​သူ​များ​ဖြစ်​ရ​ကြ​မည်။- \v 4 သို့​မှ​သာ​သူ​တို့​သည်​မိ​မိ​တို့​ထက်​အ​သက် ငယ်​ရွယ်​သူ​အ​မျိုး​သ​မီး​တို့​အား ကိုယ့်​ခင်​ပွန်း၊ သား​သ​မီး​များ​ကို​ချစ်​ခင်​မှု၊- \v 5 ဣန္ဒြေ​စောင့်​စည်း​မှု၊ ဖြူ​စင်​မှု၊ အိမ်​ရှင်​မ​ကောင်း ပီ​သ​မှု​နှင့်​ခင်​ပွန်း​သည်​၏​စ​ကား​ကို​နား ထောင်​မှု​တို့​ကို​လေ့​ကျင့်​သင်​ကြား​ပေး​နိုင်​မည်။ ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​၏​တ​ရား တော်​ကို​ပုတ်​ခတ်​ပြော​ဆို​သူ​ရှိ​မည်​မ​ဟုတ် ပေ။ \p \v 6 ထို​နည်း​တူ​စွာ​ငယ်​ရွယ်​သူ​အ​မျိုး​သား​များ အား​ဣန္ဒြေ​စောင့်​စည်း​ရန်​တိုက်​တွန်း​လော့။- \v 7 ကိစ္စ​အ​ဝ​ဝ​၌​သင်​ကိုယ်​တိုင်​ပင်​လျှင်​စံ​န​မူ နာ​ကောင်း​ကို​ပြ​လော့။ တည်​ကြည်​လေး​နက်​စွာ သြ​ဝါ​ဒ​ပေး​လော့။- \v 8 သင်​၏​ရန်​သူ​များ​သည်​ငါ​တို့​အား​အ​ဘယ် အ​မှု​တွင်​မျှ​အ​ပြစ်​ရှာ​၍​မ​ရ​သ​ဖြင့် အ​ရှက် ကွဲ​ကြ​စေ​ရန်​သင်​သည်​သူ​တစ်​ပါး​တို့​ပြစ် တင်​ဝေ​ဖန်​မှု​မ​ပြု​နိုင်​အောင်​လျောက်​ပတ်​သည့် စ​ကား​ကို​ပြော​ဆို​လော့။ \p \v 9 အ​စေ​ခံ​ကျွန်​တို့​သည်​မိ​မိ​တို့​သ​ခင်​များ ၏​စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ အ​စ​စ အ​ရာ​ရာ​တွင်​သခင်​တို့​နှစ်​သက်​အောင်​ပြု​ရ ကြ​မည်။ စ​ကား​တုံ့​ပြန်​ပြော​ဆို​မှု၊- \v 10 သို့​မ​ဟုတ်​ခိုး​ဝှက်​မှု​ကို​မ​ပြု​ရ။ ယင်း​သို့​ပြု မည့်​အ​စား​သူ​တို့​သည်​အ​စဉ်​ရိုး​သား​၍ သ​စ္စာ ရှိ​သူ​များ​ဖြစ်​ကြောင်း​ပေါ်​လွင်​စေ​ရ​မည်။ ဤ နည်း​အား​ဖြင့်​သူ​တို့​သည်​မိ​မိ​တို့​ပြု​သ​မျှ သော​အ​မှု​တို့​တွင် ငါ​တို့​ကယ်​တင်​ရှင်​ဘု​ရား သ​ခင်​၏​တ​ရား​တော်​အ​ရောင်​အ​ဝါ​ကို​ပို​မို​၍ ထွန်း​တောက်​စေ​ကြ​လိမ့်​မည်။ \p \v 11 ဘု​ရား​သ​ခင်​သည်​လူ​သား​အ​ပေါင်း​တို့​အား ကယ်​တင်​ရန်​အ​တွက် မိ​မိ​၏​ကျေး​ဇူး​တော်​ကို ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​ပြီ။- \v 12-13 ငါ​တို့​သည်​မိ​မိ​တို့​၏​ကြီး​မြတ်​သည့်​ဘု​ရား သ​ခင်​တည်း​ဟူ​သော ကယ်​တင်​ရှင်​ယေ​ရှု​ခ​ရစ် ၏​ဘုန်း​အ​သ​ရေ​တော်​ထင်​ရှား​ပေါ်​ထွန်း​မည့် မင်္ဂလာ​နေ့​မြတ်​ကို​စောင့်​မျှော်​ကာ ဘု​ရား​မဲ့ တ​ရား​မဲ့​ပြု​ကျင့်​ခြင်း​နှင့်​လော​က​ရမ္မက်​ဆန္ဒ တို့​ကို​စွန့်​ပစ်​ကြ​ရန်​လည်း​ကောင်း၊ ဣန္ဒြေ​စောင့် စည်း​ခြင်း၊ ရိုး​သား​ဖြောင့်​မတ်​ခြင်း​ဘု​ရား ဝတ်​၌​မွေ့​လျော်​ခြင်း​တို့​ဖြင့်​ဤ​လော​က​၌ အ​သက်​ရှင်​ကြ​စေ​ရန်​လည်း​ကောင်း ထို ကျေး​ဇူး​တော်​က​ငါ​တို့​အား​ဆုံး​မ သွန်​သင်​လျက်​ရှိ​၏။- \v 14 ငါ​တို့​အား​ဆိုး​ညစ်​မိုက်​မဲ​မှု​အ​ပေါင်း​မှ​ကယ် ဆယ်​တော်​မူ​ရန်​လည်း​ကောင်း၊ ငါ​တို့​သည်​စိတ် နှ​လုံး​ဖြူ​စင်​သန့်​ရှင်း​လျက်​ကိုယ်​တော်​သာ လျှင်​ပိုင်​တော်​မူ​သော​သူ​များ​ဖြစ်​လျက် အ​ကျင့် ကောင်း​များ​၌​စိတ်​အား​ထက်​သန်​ကြ​စေ​ရန် လည်း​ကောင်း​ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက် မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​၏။\x + \xo 2:14 \xt ဆာ၊ ၁၃၀:၈။ ထွ၊ ၁၉:၅။ တရား၊ ၄:၂၀၊ ၇:၆၊ ၁၄:၂။ ၁ပေ၊ ၂:၉။\x* \p \v 15 သင်​သည်​ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ဟော ပြော​သွန်​သင်​လော့။ အား​ပေး​တိုက်​တွန်း​ဆုံး​မ သွန်​သင်​သည့်​အ​ခါ​၌​သင်​၌​ရှိ​သ​မျှ​သော အ​ခွင့်​အာ​ဏာ​ကို​အ​သုံး​ပြု​လော့။ သင့်​အား အ​ဘယ်​သူ​မျှ​အ​ထင်​မ​သေး​စေ​နှင့်။ \c 3 \s1 ခ​ရစ်​ယာန်​တို့​မည်​ကဲ့​သို့​ပြု​မူ​ရ​မည်​အ​ကြောင်း \p \v 1 တိုင်း​ပြည်​အုပ်​ချုပ်​သူ​များ​နှင့်​အာ​ဏာ​ပိုင်​များ ၏​အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​၍ သူ​တို့​၏​စ​ကား​ကို နား​ထောင်​ကြ​ရန်​လည်း​ကောင်း၊ ကောင်း​မြတ်​သော အ​မှု​ကိစ္စ​မှန်​သ​မျှ​ကို​ဆောင်​ရွက်​ဖို့​အ​သင့်​ရှိ ကြ​ရန်​လည်း​ကောင်း သင်​၏​လူ​စု​အား​သ​တိ ပေး​လော့။- \v 2 မည်​သူ့​အ​ကြောင်း​ကို​မျှ​မ​ကောင်း​မ​ပြော​ဘဲ ငြိမ်း​ချမ်း​ခင်​မင်​စွာ​နေ​ထိုင်​ကြ​စေ​ရန်​နှင့် အ​စဉ်​အ​မြဲ​လူ​ခပ်​သိမ်း​တို့​အား​သိမ်​မွေ့​စွာ ဆက်​ဆံ​ကြ​စေ​ရန်​သူ​တို့​အား​ပြော​ကြား လော့။- \v 3 အ​ခါ​တစ်​ပါး​က​ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင် မိုက်​မဲ​၍ မ​နာ​ခံ​ဘဲ​လမ်း​မှား​လျက်​နေ​ခဲ့ ကြ​၏။ ရမ္မက်​ဆန္ဒ​နှင့်​အ​မျိုး​မျိုး​သော​အ​ပျော် အ​ပါး​လိုက်​စား​မှု​များ​၏​ကျွန်​ဖြစ်​ခဲ့​ကြ​၏။ ငါ​တို့​၌​အ​မြဲ​ပင်​မ​နာ​လို​သော​သ​ဘော၊ ငြူ စူ​သော​သ​ဘော​ရှိ​ခဲ့​ကြ​၏။ သူ​တစ်​ပါး​တို့ သည်​ငါ​တို့​ကို​မုန်း​ကြ​၏။ ငါ​တို့​က​လည်း သူ​တို့​ကို​မုန်း​ကြ​၏။- \v 4 သို့​ရာ​တွင်​ငါ​တို့​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင် ၏​က​ရု​ဏာ​တော်​နှင့်​မေတ္တာ​တော်​ပေါ်​လွင်​ထင် ရှား​လာ​သော​အ​ခါ၊- \v 5 ငါ​တို့​သည်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​ပေ သည်။ ဤ​သို့​ကယ်​တင်​ခြင်း​ခံ​ရ​သည်​မှာ​ငါ တို့​ကိုယ်​တိုင်​ပြု​လုပ်​ခဲ့​သည့်​ကောင်း​မှု​တစ်​စုံ တစ်​ရာ​ကြောင့်​မ​ဟုတ်။ ကိုယ်​တော်​သည်​မိ​မိ​၏ က​ရု​ဏာ​တော်​နှင့်​အ​ညီ​သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​အား​ဖြင့် ငါ​တို့​အား​အ​သစ်​သော​မွေး ခြင်း​နှင့်​ဘ​ဝ​သစ်​ကို​ဆေး​ကြော​ခြင်း​ဖြင့် ပေး​တော်​မူ​သော​ကြောင့်​ဖြစ်​၏။- \v 6 ဘု​ရား​သ​ခင်​သည်​ငါ​တို့​၏​ကယ်​တင်​ရှင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​ကို​ငါ​တို့​အ​ပေါ်​သို့​ကြွယ်​ဝ​စွာ​သွန်း လောင်း​တော်​မူ​၏။- \v 7 ယင်း​သို့​ပြု​တော်​မူ​ခြင်း​မှာ​ငါ​တို့​သည်​ကျေး​ဇူး တော်​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက် ဆံ​မှု​ကို​ရ​ရှိ​ကာ ငါ​တို့​မျှော်​လင့်​တောင့်​တ​သည့် ထာ​ဝ​ရ​အ​သက်​ကို​ခံ​ယူ​ရ​ကြ​စေ​ရန်​ပင် ဖြစ်​ပေ​သည်။- \v 8 ဤ​စ​ကား​သည်​သစ္စာ​စ​ကား​ဖြစ်​၏။ \p ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​တို့​သည်​ကောင်း မြတ်​သော​အ​ကျင့်၊ လူ​အ​ပေါင်း​တို့​အား​အ​ကျိုး ပြု​သော​အ​ကျင့်​များ​၌​မွေ့​လျော်​ကြ​စေ​ရန် အ​ထက်​တွင်​ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ​များ ကို​အ​ထူး​ဂ​ရု​ပြု​၍​နှိုး​ဆော်​တိုက်​တွန်း​လော့။- \v 9 သို့​ရာ​တွင်​အ​ကျိုး​မဲ့​ငြင်း​ခုံ​ခြင်း၊ ရှည်​လျား သော​ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​များ​ပြု​လုပ်​ခြင်း၊ ရန်​ဖြစ်​ခြင်း၊ ပ​ညတ်​တရား​နှင့်​ပတ်​သက်​၍ အ​ငြင်း​ပွား​ခြင်း​တို့​ကို​ရှောင်​ကြဉ်​လော့။ ထို​သို့ ပြု​မူ​ခြင်း​များ​သည်​မည်​သို့​မျှ​အ​သုံး​မ​ဝင်၊ အ​ကျိုး​လည်း​မ​ရှိ။- \v 10 စိတ်​ဝမ်း​ကွဲ​ပြား​မှု​များ​ကို​ဖြစ်​စေ​သော​သူ​အား အ​နည်း​ဆုံး​နှစ်​ကြိမ်​သ​တိ​ပေး​ပြီး​နောက်​သူ နှင့်​ထပ်​မံ​၍​မည်​သို့​မျှ​မ​ဆက်​ဆံ​နှင့်။- \v 11 ထို​သို့​သော​သူ​သည်​ဖောက်​ပြန်​သော​သူ​ဖြစ် ကြောင်း​သင်​သိ​၏။ ထို​သူ့​အ​ပြစ်​သည်​သူ​အ​ပြစ် ရှိ​ကြောင်း​ကို​သက်​သေ​ထူ​လျက်​ရှိ​ပေ​သည်။ \s1 နောက်​ဆုံး​ညွှန်​ကြား​ချက်​များ \p \v 12 အာ​တေ​မ​ကို​ဖြစ်​စေ၊ တု​ခိတ်​ကို​ဖြစ်​စေ​သင့်​ထံ သို့​ငါ​စေ​လွှတ်​လိုက်​သော​အ​ခါ ငါ​ရှိ​ရာ​နိကော ပလိ​မြို့​သို့​အ​စွမ်း​ကုန်​ကြိုး​စား​၍​လာ​ခဲ့​လော့။ ထို​မြို့​တွင်​ဆောင်း​ရာ​သီ​အ​တွင်း​နေ​ထိုင်​ရန် ငါ​ဆုံး​ဖြတ်​ပြီး​ဖြစ်​၏။-\x + \xo 3:12 \xt တ၊ ၂၀:၄။ ဧ၊ ၆:၂၁-၂၂။ ကော၊ ၄:၇-၈။ ၂တိ၊ ၄:၁၂။\x* \v 13 ရှေ့​နေ​ဖြစ်​သူ​ဇေ​န​နှင့်​အာ​ပေါ​လု​တို့​ခရီး​ပြု နိုင်​ရန်​အ​တွက်​အ​စွမ်း​ကုန်​ကူ​ညီ​ဆောင်​ရွက် ပေး​လော့။ သူ​တို့​တွင်​လို​လေ​သေး​မ​ရှိ​ရ အောင်​လည်း​ကူ​ညီ​လိုက်​ပါ။-\x + \xo 3:13 \xt တ၊ ၁၈:၂၄။ ၁ကော၊ ၁၆:၁၂။\x* \v 14 စား​ဝတ်​နေ​ရေး​အ​တွက်​အ​မှန်​တ​ကယ်​လို​အပ် သည်​တို့​ကို​ရ​ရှိ​နိုင်​ရန် ငါ​တို့​၏​လူ​စု​သည် ကောင်း​သော​အ​သက်​မွေး​မှု​ကို​ပြု​ကြ​ရန်​သွန် သင်​လော့။ မိ​မိ​တို့​၏​လုပ်​အား​ကို​အ​ချည်း​နှီး မ​ဖြစ်​စေ​ရ​ကြ။ \p \v 15 ငါ​နှင့်​အ​တူ​နေ​သူ​အ​ပေါင်း​တို့​က​သင့်​အား နှုတ်​ဆက်​လိုက်​၏။ ယုံ​ကြည်​ခြင်း​တ​ရား​၌​ငါ တို့​၏​မိတ်​ဆွေ​များ​အား​နှုတ်​ဆက်​လော့။ \p ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​သင်​တို့ အား​လုံး​ခံ​စား​ရ​ကြ​ပါ​စေ​သော။ တိ​တု​သြ​ဝါ​ဒ​စာ​ပြီး​၏။