\id RUT Myanmar Common Language Bible \h ရု​သ \toc1 ရု​သ​ဝတ္ထု \toc2 ရု​သ \mt1 ရု​သ​ဝတ္ထု \is1 နိ​ဒါန်း \ip ရု​သ​ဝတ္ထု​သည်​တ​ရား​သူ​ကြီး​များ​လက် ထက်​တိုင်း​ပြည်​တွင် တ​ရား​ဥ​ပ​ဒေ​စိုး​မိုး မှု​မ​ရှိ၊ အ​ကြမ်း​ဖက်​မှု​သာ​ရှိ​သော​ခေတ်​က ထွက်​ပေါ်​လာ​သည့်​သိမ်​မွေ့​သော​ဝတ္ထု​ဖြစ်​သည်။ ရု​သ​ဆို​သူ​မော​ဘ​အ​မျိုး​သ​မီး​သည် ဣ​သ ရေ​လ​အ​မျိုး​သား​တစ်​ဦး​နှင့်​အိမ်​ထောင်​ကျ သည်။ ခင်​ပွန်း​သေ​ဆုံး​သော​အ​ခါ​ရု​သ​သည် မိ​မိ​ယောက္ခ​မ​ဖြစ်​သူ ဣ​သ​ရေ​လ​အ​မျိုး သ​မီး​အား​ထူး​ထူး​ခြား​ခြား​တွယ်​တာ​ပုံ ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​အား​လွန်​စွာ​ကြည်​ညို​ပုံ​ကို လည်း​ကောင်း​ဖော်​ညွှန်း​ထား​သည်။ နောက်​ဆုံး ၌​သူ​သည်​သေ​လွန်​သူ​ခင်​ပွန်း​၏​သား​ချင်း ထဲ​မှ​ပ္ဂိုလ်​တစ်​ဦး​နှင့်​အိမ်​ထောင်​သစ်​ထူ ထောင်​ရာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ အ​ကျော်​ကြား​ဆုံး​ဘု​ရင်​ဖြစ်​သူ​ဒါ​ဝိဒ် ၏​ဘွား​အေ​ကြီး​ဖြစ်​လာ​သည်။ \ip တ​ရား​သူ​ကြီး​မှတ်​စာ​တွင်​ဘု​ရား​သ​ခင် ၏​လူ​စု​သည် ကိုယ်​တော်​ထံ​မှ​စွန့်​ခွာ​သွား သော​အ​ခါ​၌​ပျက်​စီး​ဆုံး​ရှုံး​ရ​ကြောင်း​ဖော် ပြ​၏။ ရု​သ​ဝတ္ထု​တွင်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​ထံ​ဆည်း​ကပ်​သော​နိုင်​ငံ ခြား​သူ​တစ်​ဦး​ကောင်း​ချီး​ခံ​ရ​၍ ကိုယ်​တော် ၏​သစ္စာ​ခံ​လူ​စု​ဝင်​တစ်​ယောက်​ဖြစ်​လာ​ကြောင်း ဖော်​ပြ​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 ရု​သ​နှင့်​အ​တူ​ဗက်​လင်​မြို့​သို့​နော​မိ​ပြန်​လာ ခြင်း ၁:၁-၂၂ \io1 ရု​သ​နှင့်​ဗော​ဇ​တွေ့​ဆုံ​ခြင်း ၂:၁-၃:၁၈ \io1 ဗော​ဇ​သည်​ရု​သ​နှင့်​ထိမ်း​မြား​လက်​ထပ်​ခြင်း ၄:၁-၂၂ \c 1 \s1 မော​ဘ​ပြည်​သို့​ဧ​လိ​မ​လက်​နှင့်​မိ​သား​စု ရောက်​ရှိ​လာ​ခြင်း \p \v 1-2 ရှေး​အ​ခါ​က​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ဘု​ရင် မ​ရှိ​သေး​မီ​အ​ချိန်​၌​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း ဘေး​ဆိုက်​ရောက်​သ​ဖြင့် ယု​ဒ​ပြည်​ဗက်​လင်​မြို့ သား​ဧ​လိ​မ​လက်​သည် မိ​မိ​၏​ဇနီး​နှင့်​သား နှစ်​ယောက်​တို့​ကို​ခေါ်​၍​မော​ဘ​ပြည်​တွင်​ခေတ္တ သွား​ရောက်​နေ​ထိုင်​လေ​သည်။ သား​နှစ်​ယောက် တို့​၏​နာ​မည်​များ​မှာ​မ​ဟာ​လုန်​နှင့်​ခိ​လျှုန် ဖြစ်​၏။ သူ​တို့​သည်​ဧ​ဖ​ရတ်​သား​ချင်း​စု ဝင်​များ​တည်း။ မော​ဘ​ပြည်​တွင်​သူ​တို့​နေ ထိုင်​လျက်​ရှိ​စဉ်၊- \v 3 ဧ​လိ​မ​လက်​ကွယ်​လွန်​သွား​သ​ဖြင့် နော​မိ သည်​သား​နှစ်​ယောက်​နှင့်​ကျန်​ရစ်​လေ​သည်။- \v 4 ထို​သား​တို့​သည်​မော​ဘ​အ​မျိုး​သ​မီး​များ ဖြစ်​ကြ​သော​သြ​ရ​ပ၊ ရု​သ​တို့​နှင့်​အိမ်​ထောင် ကျ​ကြ​၏။ သူ​တို့​သည်​ထို​ပြည်​တွင်​ဆယ်​နှစ် ခန့်​နေ​ထိုင်​ကြ​ပြီး​နောက်၊- \v 5 မ​ဟာ​လုန်​နှင့်​ခိ​လျှုန်​တို့​သည်​လည်း​ကွယ်​လွန် သွား​ကြ​ပြန်​၏။ သို့​ဖြစ်​၍​နော​မိ​သည်​လင် သား​မဲ့​အ​ထီး​ကျန်​ဖြစ်​လေ​တော့​၏။ \s1 ဗက်​လင်​မြို့​သို့​နော​မိ​နှင့်​ရု​သ​ပြန်​လာ​ကြ​ခြင်း \p \v 6 ကာ​လ​အ​တန်​ကြာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား သည်​ကောက်​ပဲ​သီး​နှံ​အ​ထွက်​များ​စေ​ခြင်း​အား ဖြင့် မိ​မိ​၏​လူ​စု​အား​ကောင်း​ချီး​ပေး​တော်​မူ ကြောင်း​သ​တင်း​ကို​နော​မိ​ကြား​ရ​လေ​သည်။ သို့ ဖြစ်​၍​သူ​သည်​မိ​မိ​၏​ချွေး​မ​များ​နှင့်​အ​တူ မော​ဘ​ပြည်​မှ​ထွက်​ခွာ​ရန်​အ​သင့်​ပြင်​လေ​၏။- \v 7 ယု​ဒ​ပြည်​သို့​စ​တင်​ထွက်​ခွာ​လာ​ကြ​စဉ်၊- \v 8 နော​မိ​က​ချွေး​မ​များ​အား``သင်​တို့​သည် ကိုယ့်​မိ​ခင်​များ​အိမ်​သို့​ပြန်​ကြ​လော့။ သင်​တို့​သည်​ငါ​၏​အ​ပေါ်​၌​သော်​လည်း​ကောင်း၊ ကွယ်​လွန်​သွား​သူ​တို့​၏​အ​ပေါ်​၌​လည်း​ကောင်း ကျေး​ဇူး​ပြု​ခဲ့​ကြ​သည်​နည်း​တူ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။- \v 9 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှစ်​ယောက် စ​လုံး​အား နောက်​အိမ်​ထောင်​နှင့်​ပျော်​ရွှင်​စွာ နေ​ထိုင်​ခွင့်​ကို​ပေး​သ​နား​တော်​မူ​ပါ​စေ သော'' ဟု​ဆို​၏။ \p ဤ​သို့​ဆို​ပြီး​လျှင်​နော​မိ​သည် သူ​တို့​အား နမ်း​ရှုတ်​နှုတ်​ဆက်​လေ​၏။ သို့​ရာ​တွင်​သူ​တို့ သည်​ငို​ကြွေး​လျက်၊- \v 10 ``ကျွန်​မ​တို့​သည်​အိမ်​သို့​မ​ပြန်​လို​ပါ။ မိ​ခင် နှင့်​အ​တူ မိ​ခင်​၏​အ​မျိုး​သား​များ​ထံ​သို့ လိုက်​ပါ​မည်'' ဟု​ဆို​ကြ​၏။ \p \v 11 နော​မိ​က​လည်း``ငါ့​သ​မီး​တို့၊ ပြန်​သွား​ကြ လော့။ အ​ဘယ်​ကြောင့်​ငါ​နှင့်​လိုက်​လို​ကြ​ပါ သ​နည်း။ သင်​တို့​နှင့်​လက်​ထပ်​ထိမ်း​မြား​ရန် အ​တွက် ငါ​သည်​နောက်​ထပ်​သား​များ​ကို မွေး​ဖွား​ပေး​နိုင်​ပါ​သ​လော။- \v 12 အိမ်​သို့​ပြန်​ကြ​လော့။ ငါ​သည်​နောက်​ထပ်​အိမ် ထောင်​ပြု​ရန်​အ​ရွယ်​လွန်​လေ​ပြီ။ အ​ကယ်​၍ ငါ့​မှာ​မျှော်​လင့်​စ​ရာ​ရှိ​သေး​သ​ဖြင့် ယ​ခု ပင်​အိမ်​ထောင်​ကျ​၍​သား​များ​ကို​ရ​ရှိ​သည် ဟု​ဆို​စေ​ကာ​မူ၊- \v 13 သင်​တို့​သည်​ထို​သား​များ​ကြီး​ပြင်း​လာ​သည် တိုင်​အောင် စောင့်​ဆိုင်း​နေ​ကြ​ပါ​မည်​လော။ ယင်း သို့​စောင့်​ဆိုင်း​ကာ​နောက်​အိမ်​ထောင်​မ​ပြု​ဘဲ​နေ ကြ​ပါ​မည်​လော။ ငါ့​သ​မီး​တို့​ဤ​သို့​မ​ဖြစ်​နိုင် ကြောင်း​ကို​သင်​တို့​သိ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ငါ့​ကို​ဒဏ်​ခတ်​တော်​မူ​ပြီ​ဖြစ်​၍ ငါ​သည် သင်​တို့​အ​တွက်​အ​လွန်​ဝမ်း​နည်း​ပါ​၏'' ဟု ဆို​၏။ \p \v 14 သူ​တို့​သည်​လည်း​တစ်​ဖန်​ငို​ကြွေး​ကြ​၏။ ထို နောက်​သြ​ရ​ပ​သည် မိ​မိ​၏​ယောက္ခ​မ​အား နမ်း​ရှုတ်​နှုတ်​ဆက်​ပြီး​လျှင်​အိမ်​သို့​ပြန်​လေ​၏။ ရု​သ​မူ​ကား​မ​ပြန်​ဘဲ​နေ​၏။- \v 15 သို့​ဖြစ်​၍​နော​မိ​က``ရု​သ၊ သင့်​အစ်​မ​သည် မိ​မိ​အ​မျိုး​သား​များ၊ မိ​မိ​၏​ဘု​ရား​ထံ သို့​ပြန်​သွား​လေ​ပြီ။ သင်​သည်​လည်း​သူ နှင့်​အ​တူ​ပြန်​သွား​ပါ​လော့'' ဟု​ပြော​၏။ \p \v 16 သို့​ရာ​တွင်​ရုသ​က``မိ​ခင်​ကို​စွန့်​ခွာ​ရန် ကျွန်​မ အား​မ​တိုက်​တွန်း​ပါ​နှင့်။ မိ​ခင်​နှင့်​လိုက်​ခွင့်​ပြု ပါ။ ကျွန်​မ​သည်​မိ​ခင်​သွား​ရာ​သို့​သွား​ပါ မည်။ မိ​ခင်​နေ​ထိုင်​ရာ​တွင်​နေ​ထိုင်​ပါ​မည်။ မိ​ခင်​၏​အမျိုး​သား​များ​သည်​ကျွန်​မ​၏ အ​မျိုး​သား​များ၊ မိ​ခင်​၏​ဘု​ရား​သည် ကျွန်​မ​၏​ဘု​ရား​ဖြစ်​ပါ​မည်။- \v 17 မိ​ခင်​သေ​ရာ​အ​ရပ်​တွင်​ကျွန်​မ​သေ​ပါ မည်။ ထို​အ​ရပ်​တွင်​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ပါ​မည်။ အ​ကယ်​၍​ကျွန်​မ​သည် သေ​ခြင်း​မှ​တစ်​ပါး အ​ခြား​အ​ကြောင်း​တစ်​ခု​ခု​ကြောင့် မိ​ခင်​နှင့် ခွဲ​ခွာ​ခဲ့​လျှင်​ဘု​ရား​သ​ခင်​သည် ကျွန်​မ​အား အ​ဆိုး​ရွား​ဆုံး​သော​အ​ပြစ်​ဒဏ်​ကို​ပေး တော်​မူ​ပါ​စေ​သော'' ဟု​ပြန်​ပြော​လေ​သည်။ \p \v 18 မိ​မိ​နှင့်​အ​တူ​လိုက်​ရန် ရု​သ​စိတ်​ပိုင်း​ဖြတ် ထား​ကြောင်း​နော​မိ​သိ​သော​အ​ခါ ထပ်​မံ မ​တိုက်​တွန်း​ဘဲ​နေ​၏။ \p \v 19 သူ​တို့​သည်​ဗက်​လင်​မြို့​သို့​ရောက်​သည်​တိုင် အောင် ဆက်​လက်​သွား​ကြ​၏။ သူ​တို့​ရောက်​ရှိ ကြ​သော​အ​ခါ တစ်​မြို့​လုံး​လှုပ်​လှုပ်​ရှား​ရှား ဖြစ်​လျက်​အ​မျိုး​သ​မီး​များ​က``ဤ​သူ သည်​အ​ကယ်​ပင်​နော​မိ​ပေ​လော'' ဟု​မေး မြန်း​ကြ​၏။ \p \v 20 နော​မိ​က​လည်း ``ငါ့​ကို နော​မိ'' ဟု​သင်​တို့ မ​ခေါ်​ကြ​ပါ​နှင့်။ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည် ငါ့​အား​ခါး​သီး​စွာ​ပြု​တော်​မူ ပြီ​ဖြစ်​၍​ငါ့​ကို`မာ​ရ'\f + \fr 1:20 \fk နော​မိ...မာ​ရ။ \ft ဟေ​ဗြဲ​ဝေါ​ဟာ​ရ​အ​ရ နော​မိ သည် ရွှင်​လန်း​သူ ဟု​အ​နက်​ရ​၍၊ မာ​ရ သည် ခါး​သူ ဟု​အ​နက်​ရ​သည်။\f* ဟု​ခေါ်​ကြ​ပါ​လော့။- \v 21 ဤ​မြို့​မှ​ထွက်​ခွာ​သွား​စဉ်​အ​ခါ​က ငါ့​မှာ အ​စုံ​အ​လင်​ရှိ​သော်​လည်း ယ​ခု​ထာ​ဝ​ရ ဘု​ရား​သည် ငါ့​အား​လက်​ချည်း​သက်​သက် ပြန်​လည်​ပို့​ဆောင်​တော်​မူ​လေ​ပြီ။ အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​လျက်​ဒုက္ခ​ရောက်​စေ​တော်​မူ ပြီ​ဖြစ်​၍ ငါ့​ကို​အ​ဘယ်​ကြောင့် `နော​မိ' ဟု ခေါ်​ကြ​ပါ​သ​နည်း'' ဟု​ပြန်​ပြော​လေ​၏။ \p \v 22 ဤ​ကား​နော​မိ​သည် ချွေး​မ​ဖြစ်​သူ​မော​ဘ အ​မျိုး​သ​မီး​ရု​သ​နှင့်​အ​တူ မော​ဘ​ပြည် မှ​ပြန်​လည်​ရောက်​ရှိ​လာ​ပုံ​ဖြစ်​ပေ​သည်။ သူ တို့​နှစ်​ယောက်​သည်​မု​ယော​စ​ပါး​ရိတ်​သိမ်း စ​အ​ချိန်​၌ ဗက်​လင်​မြို့​သို့​ရောက်​ရှိ​လာ ကြ​သ​တည်း။ \c 2 \s1 ဗော​ဇ​၏​လယ်​ကွင်း​တွင်​ရု​သ ကောက်​သင်း​ကောက်​ခြင်း \p \v 1 နော​မိ​တွင်​ဗော​ဇ​ဆို​သူ ဆွေ​မျိုး​တစ်​ဦး​ရှိ ၏။ သူ​သည်​နော​မိ​၏​ခင်​ပွန်း​ဧ​လိ​မ​လက်​၏ သား​ချင်း​စု​ဝင်၊ ချမ်း​သာ​ကြွယ်​ဝ​၍ သြ​ဇာ ရှိ​သူ​တစ်​ဦး​ဖြစ်​ပေ​သည်။- \v 2 ရု​သ​က​နော​မိ​အား``ကောက်​ရိတ်​သူ​တို့​ချန် ထား​ခဲ့​သည့်​ကောက်​သင်း​ကို​ကောက်​ရန် ကျွန်​မ အား​လယ်​ကွင်း​များ​သို့​သွား​ခွင့်​ပြု​ပါ။ ကျွန် မ​သည်​ဤ​သို့​ကောက်​ခွင့်​ပြု​မည့်​တစ်​စုံ​တစ် ယောက်​ကို​တွေ့​ပါ​လိမ့်​မည်'' ဟု​ဆို​လျှင်၊ \p နော​မိ​က​လည်း``ငါ့​သ​မီး၊ သွား​လေ​တော့'' ဟု​ပြန်​ပြော​၏။\x + \xo 2:2 \xt ဝတ်၊ ၁၉:၉-၁၀။ တရား၊ ၂၄:၁၉။\x* \p \v 3 သို့​ဖြစ်​၍​ရုသ​သည်​လယ်​ကွင်း​များ​သို့​သွား ပြီး​လျှင် ကောက်​ရိတ်​သ​မား​များ​၏​နောက်​မှ လိုက်​၍ သူ​တို့​ချန်​ထား​ခဲ့​သည့်​ကောက်​သင်း ကို​ကောက်​၏။ သူ​သွား​ရောက်​မိ​သည့်​လယ်​ကွင်း မှာ​ဗော​ဇ​ပိုင်​သော​လယ်​ကွင်း​ဖြစ်​နေ​သည်။ \p \v 4 အ​ချိန်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ဗော​ဇ ကိုယ်​တိုင်​ပင်​ဗက်​လင်​မြို့​မှ​ရောက်​ရှိ​လာ​လျက် မိ​မိ​၏​အလုပ်​သ​မား​များ​အား``ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ ပါ​စေ​သော'' ဟု​ဆို​၍​နှုတ်​ဆက်​၏။ \p ကောက်​ရိတ်​သ​မား​များ​က``ထာ​ဝ​ရ​ဘု​ရား သည် အ​ရှင့်​အား​ကောင်းချီး​ပေး​တော်​မူ​ပါ​စေ သော'' ဟု​ပြန်​ပြော​ကြ​၏။ \p \v 5 ဗော​ဇ​သည်​အ​လုပ်​သ​မား​ခေါင်း​ဆောင် အား``ထို​သူ​ငယ်​မ​သည်​အ​ဘယ်​သူ​ဖြစ် ပါ​သ​နည်း'' ဟု​မေး​၏။ \p \v 6 အ​လုပ်​သ​မား​ခေါင်း​ဆောင်​က``ထို​သူ​ငယ်​မ သည် မော​ဘ​ပြည်​မှ​နော​မိ​နှင့်​အ​တူ​လိုက်​လာ သည့်​မော​ဘ​အ​မျိုး​သ​မီး​ဖြစ်​ပါ​သည်။- \v 7 သူ​သည်​ကောက်​ရိတ်​သ​မား​များ​၏​နောက်​မှ လိုက်​၍ ကောက်​သင်း​ကောက်​ခွင့်​ကို​ကျွန်​တော် ၏​ထံ​တွင်​တောင်း​ခံ​ကာ နံ​နက်​စော​စော​မှ​စ ၍​ကောက်​သင်း​ကောက်​လျက်​နေ​ခဲ့​ပါ​၏။ ယ​ခု မှ​သာ​လျှင်​လယ်​တဲ​တွင်​ခေတ္တ​နား​နေ​ပါ​သည်'' ဟု​ပြန်​လည်​ဖြေ​ကြား​၏။ \p \v 8 ထို​အ​ခါ​ဗော​ဇ​က​ရု​သ​အား``နား​ထောင်​ပါ ငါ့​သ​မီး၊ ဤ​လယ်​ကွင်း​မှ​တစ်​ပါး​အ​ခြား လယ်​ကွင်း​များ​သို့​သွား​၍ ကောက်​သင်း​မ​ကောက် ပါ​နှင့်။ ဤ​လယ်​ကွင်း​တွင်​နေ​၍​အ​မျိုး​သမီး များ​နှင့်​အ​တူ​လုပ်​ဆောင်​ပါ​လော့။- \v 9 သူ​တို့​အ​ဘယ်​နေ​ရာ​တွင်​ကောက်​ရိတ်​ကြ​သည် ကို​စောင့်​၍ ကြည့်​ကာ​သူ​တို့​နှင့်​အ​တူ​လိုက်​သွား ပါ​လော့။ သင့်​အား​အ​နှောင့်​အ​ယှက်​မ​ပေး​ရန် ငါ​၏​အ​လုပ်​သ​မား​များ​ကို​မှာ​ထား​ပြီ။ သင် ရေ​ငတ်​သည့်​အ​ခါ​အိုး​ထား​ရာ​သို့​သွား​၍ သူ တို့​ခပ်​ထား​သည်​ရေ​ကို​သောက်​ပါ​လော့'' ဟု ဆို​၏။ \p \v 10 ရု​သ​သည်​မြေ​သို့​တိုင်​အောင်​ဦး​ညွှတ်​ပျပ်​ဝပ် လျက် ဗော​ဇ​အား``အ​ရှင်​သည်​အ​ဘယ်​ကြောင့် ကျွန်​မ​ကဲ့​သို့​နိုင်​ငံ​ခြား​သူ​တစ်​ဦး​ကို ဤ​မျှ ဂ​ရု​တ​စိုက်​ပြု​၍​သ​နား​ကြင်​နာ​ပါ​သ​နည်း'' ဟု​ဆို​လျှင်၊ \p \v 11 ဗော​ဇ​က``သင်​သည်​ခင်ပွန်း​ကွယ်​လွန်​ချိန်​မှ​စ ၍ မိ​မိ​၏​ယောက္ခ​မ​အား​အ​ဘယ်​သို့​ပြု​စု​ခဲ့ သည်​ကို​ငါ​ကြား​သိ​ပြီး​ပါ​ပြီ။ သင်​သည် အ​ဘယ်​သို့​မိ​မိ​၏​မိ​ဘ​များ​နှင့်​တိုင်း​ပြည် ကို​စွန့်​ခွာ​လျက် ယ​ခင်​အ​ဘယ်​အ​ခါ​က​မျှ မ​တွေ့​မ​မြင်​ဘူး​သည့်​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ​ထိုင်​ရန်​လာ​ရောက်​ခဲ့​ကြောင်း​ကို လည်း​ငါ​သိ​ပါ​၏။- \v 12 ထာ​ဝ​ရ​ဘု​ရား​သည်​ယင်း​သို့​သင်​ပြု​သည့် အ​တွက် သင့်​အား​ဆု​ကျေး​ဇူး​တော်​ကို​ချ ပေး​တော်​မူ​ပါ​စေ​သော။ သင်​ခို​လှုံ​ချဉ်း​ကပ် သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား သခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဆု ကျေး​ဇူး​တော်​ကို​အ​ပြည့်​အ​ဝ​ချ​ပေး တော်​မူ​ပါ​စေ​သော'' ဟု​ဆို​လေ​၏။ \p \v 13 ရု​သ​က​လည်း``အ​ရှင်၊ အ​ရှင်​သည်​ကျွန်​မ အ​ပေါ်​တွင်​များ​စွာ​က​ရု​ဏာ​ထား​ပါ​ပြီ။ ကျွန်​မ​သည်​အ​ရှင့်​အ​စေ​ခံ​များ​၏​အ​ဆင့် အ​တန်း​ကို​မီ​သူ​ပင်​မ​ဟုတ်​သော်​လည်း အ​ရှင် သည်​ချို​သာ​စွာ​ပြော​ဆို​ခြင်း​အား​ဖြင့်​ကျွန်​မ ကို​အား​တက်​စေ​ပါ​၏'' ဟု​ပြန်​ပြော​၏။ \p \v 14 ထ​မင်း​စား​ချိန်​ရောက်​သော​အ​ခါ​၌ ဗော​ဇ သည်​ရု​သ​အား``လာ​၍​မုန့်​သုံး​ဆောင်​လော့။ မုန့်​ကို​အ​ချဉ်​ရည်​တွင်​နှစ်​၍​စား​လော့'' ဟု ဆို​၏။ သို့​ဖြစ်​၍​ရု​သ​သည် အ​လုပ်​သ​မား များ​နှင့်​အ​တူ​ထိုင်​လေ​သည်။ ထို​အ​ခါ​ဗော​ဇ သည်​သူ့​အား​ပေါက်​ပေါက်​အ​နည်း​ငယ်​ကို လှမ်း​၍​ပေး​၏။ ရု​သ​သည်​ဝ​အောင်​စား​ပြီး နောက်​မုန့်​ကျန်​သေး​၏။- \v 15 ထို​နောက်​သူ​သည်​ကောက်​သင်း​ကောက်​ရန်​ထ ၍​သွား​သော​အ​ခါ ဗော​ဇ​သည်​အ​လုပ်​သ​မား များ​အား``သူ့​အား​ကောက်​လှိုင်း​စီး​များ​ချ ထား​ရာ​အ​ရပ်​၌​ပင် ကောက်​သင်း​ကောက်​ခွင့် ပြု​ကြ​လော့။ သူ့​အား​မ​ဟန့်​တား​ကြ​နှင့်။- \v 16 ကောက်​လှိုင်း​စည်း​များ​မှ​စပါး​နှံ​အ​နည်း ငယ်​ကို​ဆွဲ​ထုတ်​၍ သူ​၏​အ​တွက်​ချ​ထား ပေး​ကြ​လော့'' ဟု​မှာ​ကြား​လေ​၏။ \p \v 17 သို့​ဖြစ်​၍​ရု​သ​သည် လယ်​ကွင်း​ထဲ​တွင်​ည​နေ စောင်း​သည်​တိုင်​အောင် ကောက်​သင်း​ကောက်​ပြီး နောက်​ကောက်​နှံ​များ​ကို နယ်​လိုက်​သော​အ​ခါ မု​ယော​စပါး​တင်း​ဝက်​ခန့်​ရ​ရှိ​လေ​သည်။- \v 18 သူ​သည်​ထို​စပါး​ကို​ယူ​၍​မြို့​သို့​ပြန်​ပြီး လျှင် မိ​မိ​၏​ယောက္ခ​မ​အား​ပြ​၏။ မိ​မိ​ချန် ထား​သည့်​အ​စား​အ​စာ​ကို​လည်း​ပေး​၏။- \v 19 နော​မိ​က``သင်​သည်​ယ​နေ့​အ​ဘယ်​မှာ​ကောက် သင်း​ကောက်​ခဲ့​ပါ​သ​နည်း။ မည်​သူ့​လယ်​တွင် ကောက်​ခဲ့​ပါ​သ​နည်း။ ဘု​ရား​သ​ခင်​သည် သင့် ကို​ကြည့်​ရှု​သူ​အား​ကောင်း​ချီး​ပေး​တော် မူ​ပါ​စေ​သော'' ဟု​ဆို​၏။ \p သို့​ဖြစ်​၍​ရု​သ​သည်​ဗော​ဇ​အ​မည်​ရှိ​သူ​လူ တစ်​ဦး​၏​လယ်​တွင် မိ​မိ​ကောက်​သင်း​ကောက်​ခဲ့ ကြောင်း​ကို​နော​မိ​အား​ပြော​ပြ​လေ​သည်။ \p \v 20 နော​မိ​က​လည်း``ထာ​ဝ​ရ​ဘု​ရား​သည် ဗော​ဇ အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ ဘု​ရား​သည်​အ​သက်​ရှင်​သူ၊ သေ​သူ​တို့​အား မိ​မိ​ထား​ရှိ​သည့်​က​တိ​တော်​တို့​ကို​အ​စဉ် အ​မြဲ​တည်​စေ​တော်​မူ​ပါ​၏'' ဟု​ဆို​ပြီး​လျှင် ဆက်​လက်​၍``ဤ​သူ​သည်​ငါ​တို့​နှင့်​ဆွေ​မျိုး ရင်း​ချာ​တော်​စပ်​၍ ငါ​တို့​အား​ကြည့်​ရှု​စောင့် ရှောက်​ရန်​အ​တွက်​တာ​ဝန်​ရှိ​သူ​တစ်​ဦး​ဖြစ် သည်'' ဟု​ဆို​၏။\x + \xo 2:20 \xt ဝတ်၊ ၂၅:၂၅။ \x* \p \v 21 ထို​အ​ခါ​ရု​သ​က``မု​ယော​စ​ပါး​ကို​အ​လုပ် သ​မား​တို့​ရိတ်​သိမ်း​ကာ​လ​မ​ကုန်​မ​ချင်း ကောက်​သင်း​လာ​၍ ကောက်​ရန်​ကျွန်​မ​အား​သူ မှာ​ကြား​လိုက်​ပါ​သည်'' ဟု​ပြော​၏။ \p \v 22 နော​မိ​သည်​ရု​သ​အား``ငါ့​သ​မီး၊ သင်​သည် အ​ခြား​သူ​တစ်​ဦး​တစ်​ယောက်​၏​လယ်​သို့ သွား​ခဲ့​သော် အ​နှောင့်​အ​ယှက်​ခံ​ကောင်း​ခံ ရ​ပေ​လိမ့်​မည်။-'' \v 23 သို့​ဖြစ်​၍​ရု​သ​သည်​ဗော​ဇ​၏​လယ်​၌​ပင် အ​မျိုး​သ​မီး​များ​နှင့်​အ​တူ​လုပ်​ဆောင်​ကာ မု​ယော​စပါး​နှင့်​ဂျုံ​စပါး​များ​ရိတ်​သိမ်း​ပြီး သည်​တိုင်​အောင် ကောက်​သင်း​ကောက်​လျက်​နေ​၏။ သူ​သည်​မိ​မိ​၏​ယောက္ခ​မ​နှင့်​အ​တူ​ဆက် လက်​၍​နေ​ထိုင်​လေ​သည်။ \c 3 \s1 ရု​သ​အိမ်​ထောင်​ကျခြင်း \p \v 1 များ​မ​ကြာ​မီ​နော​မိ​က​ရု​သ​အား``သင် သည်​ကိုယ့်​အိမ်​နှင့်​ကိုယ်​နေ​ထိုင်​နိုင်​ရန် သင့် အား​ငါ​နေ​ရာ​ချ​ပေး​ရ​မည်။- \v 2 သင်​နှင့်​အ​တူ​တူ​အ​လုပ်​လုပ်​သည့်​အ​မျိုး သ​မီး​များ​၏​သ​ခင်​ဖြစ်​သူ ဗော​ဇ​သည် ငါ တို့​နှင့်​ဆွေ​မျိုး​တော်​စပ်​သည်​မ​ဟုတ်​လော။ ယ​ခု​ငါ​ပြော​သည့်​စ​ကား​ကို​နား​ထောင်​ပါ လော့။ သူ​သည်​ယ​နေ့​ည​နေ​တွင် မု​ယော စ​ပါး​များ​ကို​နယ်​လျက်​နေ​လိမ့်​မည်။- \v 3 သို့​ဖြစ်​၍​သင်​သည်​ကိုယ်​လက်​သုတ်​သင်​ပြီး လျှင် နံ့​သာ​အ​မွှေး​အ​ကြိုင်​များ​လူး​၍​အ​လှ ဆုံး​အ​ဝတ်​အ​စား​များ​ကို​ဝတ်​ဆင်​ကာ​သူ စ​ပါး​နယ်​ရာ​သို့​သွား​ပါ​လော့။ သို့​ရာ​တွင် ထို​အ​ရပ်​သို့​သင်​ရောက်​ရှိ​နေ​ကြောင်း​ကို သူ စား​သောက်​ပြီး​သည်​တိုင်​အောင်​သူ့​အား အ​သိ​မ​ပေး​နှင့်။- \v 4 သူ​အိပ်​စက်​ရန်​လဲ​လျောင်း​သည့်​နေ​ရာ​ကို​မှတ် သား​ထား​လော့။ သူ​အိပ်​ပျော်​သွား​သော​အ​ခါ ကျ​မှ​သွား​၍​စောင်​ကို​မ​ပြီး​လျှင် သူ​၏​ခြေ ရင်း​တွင်​ဝင်​၍​လဲ​လျောင်း​နေ​ပါ​လေ။ သင့်​အား အ​ဘယ်​သို့​ပြု​စေ​လို​သည်​ကို​သူ​ပြော​ပြ ပါ​လိမ့်​မည်'' ဟု​ဆို​၏။ \p \v 5 ရု​သ​က​လည်း``မိ​ခင်​မှာ​ထား​သ​မျှ​အ​တိုင်း ကျွန်​မ​ပြု​ပါ​မည်'' ဟု​ပြန်​ပြော​၏။ \p \v 6 ထို​နောက်​ရု​သ​သည်​ကောက်​နယ်​တ​လင်း​သို့ သွား​၍ မိ​မိ​၏​ယောက္ခ​မ​မှာ​ကြား​လိုက်​သည် အ​တိုင်း​ပြု​၏။- \v 7 ဗော​ဇ​သည်​စား​သောက်​၍​ပြီး​သော​အ​ခါ​စိတ် ရွှင်​ပြ​လျက် စ​ပါး​ပုံ​ရှိ​ရာ​သို့​သွား​၍​အိပ် လေ​သည်။ ရု​သ​သည်​သူ​၏​ထံ​သို့​တိတ်​တ ဆိတ်​ချဉ်း​ကပ်​၍ စောင်​ကို​မ​ပြီး​လျှင်​သူ​၏ ခြေ​ရင်း​တွင်​လဲ​လျောင်း​လိုက်​၏။- \v 8 သန်း​ခေါင်​အ​ချိန်​၌​ဗောဇ​သည်​အိပ်​ရာ​မှ​ရုတ် တ​ရက်​နိုး​လာ​သ​ဖြင့် ကိုယ်​ကို​လှည့်​လိုက်​ရာ မိ​မိ​ခြေ​ရင်း​တွင် အိပ်​လျက်​နေ​သည့်​အမျိုး သမီး​ကို​တွေ့​ရှိ​ရ​သ​ဖြင့်၊- \v 9 ``သင်​သည်​အ​ဘယ်​သူ​နည်း'' ဟု​မေး​၏။ \p ရု​သ​က​လည်း``အ​ရှင်၊ ကျွန်​မ​သည်​ရု​သ​ဖြစ် ပါ​သည်။ အ​ရှင်​သည်​ကျွန်​မ​နှင့်​ဆွေ​မျိုး​တော် စပ်​သူ​ဖြစ်​၍ ကျွန်​မ​အား​ကြည့်​ရှု​စောင့်​ရှောက် ရန်​တာ​ဝန်​ရှိ​သူ​ဖြစ်​ပါ​၏။ ထို့​ကြောင့်​ကျွန်​မ အား​ထိမ်း​မြား​လက်​ထပ်​တော်​မူ​ပါ'' ဟု​ပြန် ပြော​လေ​၏။ \p \v 10 ဗော​ဇ​က​လည်း``သင့်​ကို​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ။ ယ​ခု​သင်​ပြု သော​အ​မှု​သည် ယ​ခင်​က​သင့်​ယောက္ခ​မ​အား ပြု​ခဲ့​သည့်​အ​မှု​ထက်​ပင်​ပို​၍ သင်​၏​သစ္စာ​ရှိ မှု​ကို​ပေါ်​လွင်​စေ​ပါ​၏။ သင်​သည်​ဆင်း​ရဲ​သူ သို့​မ​ဟုတ်​ချမ်း​သာ​သူ လူ​ပျို​လူ​ရွယ်​တစ်​စုံ တစ်​ယောက်​ကို​ရှာ​နိုင်​သော်​လည်း​မ​ရှာ​ခဲ့​ပါ။- \v 11 ရု​သ၊ ယ​ခု​သင်​မ​စိုး​ရိမ်​ပါ​နှင့်။ သင်​ပြော သ​မျှ​အ​တိုင်း​ငါ​ပြု​မည်။ သင်​သည်​အ​ကျင့် သီ​လ​ရှိ​သည့်​အ​မျိုး​သ​မီး​တစ်​ဦး​ဖြစ် သည်​ကို​တစ်​မြို့​လုံး​သိ​ကြ​ပါ​သည်။- \v 12 ငါ​သည်​သင်​၏​ဆွေ​မျိုး​အ​ရင်း​အ​ချာ​ဖြစ်​၍ သင်​၏​အ​တွက်​တာ​ဝန်​ရှိ​သည်​ကား​မှန်​၏။ သို့ ရာ​တွင်​ငါ့​ထက်​ပင်​ပို​၍​ရင်း​ချာ​သည့်​ဆွေ မျိုး​တစ်​ဦး​ရှိ​ပါ​သေး​သည်။-\x + \xo 3:12 \xt ရု၊ ၂:၂၀။\x* \v 13 သင်​သည်​ယ​နေ့​ညဥ့်​ကုန်​ဆုံး​သည်​တိုင်​အောင် ဤ​နေ​ရာ​တွင်​နေ​ပါ​လော့။ သင်​၏​အ​တွက်​ထို သူ​တာ​ဝန်​ယူ​လို​သည်​မ​ယူ​လို​သည်​ကို​မိုး သောက်​သော​အ​ခါ ငါ​တို့​မေး​မြန်း​စုံ​စမ်း​ကြ မည်။ အ​ကယ်​၍​သူ​တာ​ဝန်​ယူ​လို​ပါ​လျှင်​ယူ ပါ​လေ​စေ။ သူ​မ​ယူ​လို​လျှင်​မူ​ကား ငါ​တာ​ဝန် ယူ​မည်​ဖြစ်​ကြောင်း​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို​ပါ​၏။ ယ​ခု သင်​သည် ဤ​နေ​ရာ​တွင်​လဲ​လျောင်း​လျက်​မိုး သောက်​ချိန်​တိုင်​အောင်​နေ​ပါ​လော့'' ဟု​ဆို​၏။ \p \v 14 သို့​ဖြစ်​၍​ရု​သ​သည်​မိုး​သောက်​ချိန်​တိုင်​အောင် ဗော​ဇ​၏​ခြေ​ရင်း​တွင်​အိပ်​လျက်​နေ​၏။ သို့​သော် လည်း​ဗော​ဇ​သည်​ရု​သ​ရောက်​ရှိ​လာ​ကြောင်း ကို အ​ဘယ်​သူ​မျှ​မ​သိ​စေ​လို​သော​ကြောင့် ရု​သ​သည်​မိုး​မ​လင်း​မီ​အိပ်​ရာ​မှ​ထ​လေ သည်။- \v 15 ထို​အ​ခါ​ဗော​ဇ​က​သူ့​အား``သင်​၏​ခြုံ​ထည် ကို​ဤ​နေ​ရာ​တွင်​ဖြန့်​လော့'' ဟု​ဆို​သည် အ​တိုင်း​သူ​သည်​ပြု​၏။ ဗော​ဇ​သည်​မု​ယော စ​ပါး​တစ်​တင်း​ခန့်​ကို​လောင်း​ထည့်​ပြီး​လျှင် ချီ​ပင့်​၍​ပေး​သ​ဖြင့်​ရု​သ​သည်​ထို​စ​ပါး ထုပ်​နှင့်​မြို့​သို့​ပြန်​လေ​၏။- \v 16 သူ​သည်​မိ​မိ​၏​ယောက္ခမ​ထံ​သို့​ရောက်​သော အ​ခါ ယောက္ခ​မ​က``ငါ့​သ​မီး၊ သင့်​အ​ရေး အ​ဘယ်​သို့​နည်း'' ဟု​မေး​၏။ \p ရု​သ​သည်​ဗော​ဇ​ပြု​သ​မျှ​ကို​နော​မိ အား​ပြန်​ကြား​ပြီး​နောက်၊- \v 17 ``သူ​သည်​ကျွန်​မ​အား`မိ​ခင်​ထံ​သို့​လက်​ချည်း သက်​သက်​မ​ပြန်​ရ' ဟု​ဆို​ကာ​ဤ​မု​ယော​စ​ပါး ကို​ပေး​လိုက်​ပါ​သေး​သည်'' ဟု​ပြော​၏။ \p \v 18 နော​မိ​က``ရု​သ၊ ဤ​အ​မှု​အ​ဘယ်​သို့​အ​ဆုံး သတ်​သည် ကို​သိ​ရှိ​ရ​သည်​တိုင်​အောင်​စိတ်​ရှည် လျက်​စောင့်​နေ​ပါ​လော့။ ဗော​ဇ​သည်​ယ​နေ့ ဤ​ကိစ္စ​မ​ပြီး​ပြတ်​မ​ချင်း နား​နေ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆို​၏။ \c 4 \s1 ရု​သ​နှင့်​ဗော​ဇ​ထိမ်း​မြား​မင်္ဂ​လာ​ပြု​ခြင်း \p \v 1 ဗော​ဇ​သည်​မြို့​တံ​ခါး​ဝ​ရှိ​တ​ရား​စီ​ရင်​ရာ ဌာ​န​သို့ သွား​၍​ထိုင်​လျက်​နေ​၏။ ထို​အ​ခါ ဧ​လိ​မ​လက်​၏​အ​ရင်း​အ​ချာ​ဆုံး​သော​ဆွေ မျိုး​သား​ချင်း​ဖြစ်​သူ​သည် ရောက်​ရှိ​လာ​လေ သည်။ ထို​သူ​ကား​ယ​ခင်​က​ဗော​ဇ​ဖော်​ပြ​ခဲ့ သူ​ပင်​ဖြစ်​၏။ ဗော​ဇ​က​သူ့​အား``မိတ်​ဆွေ၊ ဤ နေ​ရာ​သို့​လာ​၍​ထိုင်​ပါ​လော့'' ဟု​ဆို​သ​ဖြင့် သူ​သည်​လာ​၍​ထိုင်​၏။- \v 2 ထို​နောက်​ဗော​ဇ​သည်​အ​ကြီး​အ​ကဲ​တစ်​ကျိပ် ကို​လည်း​ပင့်​ဖိတ်​ပြီး​လျှင် ထို​အ​ရပ်​တွင်​ထိုင် စေ​၏။ သူ​တို့​ထိုင်​ကြ​သော​အ​ခါ၊- \v 3 သူ​သည်​မိ​မိ​၏​သား​ချင်း​အား``ယ​ခု​အ​ခါ နော​မိ​သည်​မော​ဘ​ပြည်​မှ​ပြန်​လာ​ပြီ။ သူ သည်​ငါ​တို့​သား​ချင်း​ဧ​လိ​မ​လက်​ပိုင် သည့်​လယ်​မြေ​ကို​ရောင်း​ချ​လို​ပါ​သည်။- \v 4 ဤ​အ​ကြောင်း​ကို​သင်​သိ​သင့်​သည်​ဟု ငါ​ထင် မြင်​ပါ​၏။ အ​ကယ်​၍​သင်​ဝယ်​လို​ပါ​က​ယ​ခု ထိုင်​လျက်​နေ​သည့်​လူ​ကြီး​များ​၏​ရှေ့​မှောက် တွင်​ဝယ်​ယူ​ပါ​လော့။ သို့​ရာ​တွင်​မ​ဝယ်​လို​လျှင် မူ​ကား မ​ဝယ်​လို​ကြောင်း​ပြော​ပါ​လော့။ သင် မ​ဝယ်​မှ​ငါ​ဝယ်​ယူ​နိုင်​ခွင့်​ရှိ​ပါ​သည်'' ဟု ဆို​၏။ \p ထို​သူ​က​လည်း``ငါ​ဝယ်​ယူ​ပါ​မည်'' ဟု ပြန်​ပြော​၏။ \p \v 5 ဗော​ဇ​က``ထို​လယ်​မြေ​ကို​နော​မိ​ထံ​မှ​သင် ဝယ်​ယူ​ပါ​လျှင် ထို​လယ်​မြေ​သည်​သေ​လွန် သူ​၏​အိမ်​ထောင်​စု​လက်​ဝယ်​ဆက်​လက်​တည် ရှိ​နေ​စေ​ရန်​မော​ဘ​အ​မျိုး​သ​မီး၊ မု​ဆိုး​မ ဖြစ်​သူ​ရု​သ​ကို​လည်း​ဝယ်​ယူ​ရ​ပါ​မည်'' ဟု​ဆို​၏။ \p \v 6 ထို​သူ​က``ထို​သို့​ဖြစ်​ပါ​မူ​ငါ့​သား​သ​မီး များ​က ထို​လယ်​မြေ​ကို​အ​မွေ​ခံ​ရ​ကြ​လိမ့် မည်​မ​ဟုတ်​သ​ဖြင့် ဝယ်​ယူ​ပိုင်​ခွင့်​ကို​ငါ​စွန့် လွှတ်​လိုက်​ပါ​ပြီ။ ငါ​မ​ဝယ်​ယူ​လို​တော့​ပါ။ သင်​ပင်​ဝယ်​ယူ​ပါ​လော့'' ဟု​ပြန်​ပြော​၏။ \p \v 7 ထို​စဉ်​အ​ခါ​က အ​ရောင်း​အ​ဝယ်​ပြု​လုပ်​သည့် အ​ခါ​၌​သော်​လည်း​ကောင်း၊ ပစ္စည်း​ချင်း​လဲ​လှယ် သည့်​အ​ခါ​၌​သော်​လည်း​ကောင်း ရောင်း​သူ​သည် မိ​မိ​ဖိ​နပ်​ကို​ချွတ်​၍ ဝယ်​သူ​အား​ပေး​ရ​သည့် ဋ္ဌ​လေ့​ထုံး​စံ​ရှိ​ပေ​သည်။ ဤ​နည်း​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ရောင်း အ​ဝယ်​ပြီး​ပြတ်​သည့်​အ​ထိမ်း​အ​မှတ်​ကို ပြု​ကြ​၏။ \p \v 8 သို့​ဖြစ်​၍​ထို​သူ​သည်​ဗော​ဇ​အား``ထို​လယ် မြေ​ကို သင်​ပင်​လျှင်​ဝယ်​ယူ​ပါ​လော့'' ဟု ဆို​၍​မိ​မိ​ဖိ​နပ်​ကို​ချွတ်​ပေး​လေ​သည်။-\x + \xo 4:8 \xt တရား၊ ၂၅:၉။\x* \v 9 ထို​အ​ခါ​ဗောဇ​က​မြို့​အ​ကြီး​အ​ကဲ​များ နှင့် အ​ခြား​သူ​အ​ပေါင်း​တို့​အား``ဧ​လိ​မ​လက်၊ ခိ​လျုန်​နှင့်​မ​ဟာ​လုန်​တို့​ပိုင်​သော​ဥစ္စာ​ပစ္စည်း မှန်​သ​မျှ​ကို နော​မိ​ထံ​မှ​ယ​နေ့​ငါ​ဝယ်​ယူ ကြောင်း​သင်​တို့​အ​သိ​သက်​သေ​ဖြစ်​ကြ​၏။- \v 10 ထို့​အ​ပြင်​မ​ဟာ​လုန်​၏​မု​ဆိုး​မ၊ မော​ဘ အ​မျိုး​သ​မီး​ရု​သ​သည် ငါ​၏​gen 1gဇနီး​ဖြစ် လာ​လေ​ပြီ။ ဤ​နည်း​အား​ဖြင့်​ထို​ပစ္စည်း​ဥစ္စာ များ​သည် သေ​လွန်​သူ​၏​အိမ်​ထောင်​စု​လက် ဝယ်​တည်​ရှိ​နေ​ပါ​လိမ့်​မည်။ သေ​သူ​၏​ဆွေ စဉ်​မျိုး​ဆက်​သည်​လည်း သူ​၏​အ​မျိုး​သား များ​နှင့်​သူ​၏​နေ​ရင်း​မြို့​တွင်​မ​ပြတ်​ဘဲ ဆက်​လက်​ပွား​လျက်​နေ​ပါ​လိမ့်​မည်။ သင် တို့​သည်​ဤ​အ​မှု​တွင်​အ​သိ​သက်​သေ ဖြစ်​ကြ​၏'' ဟု​ဆို​၏။\x + \xo 4:10 \xt တရား၊ ၂၅:၅-၆။\x* \p \v 11 မြို့​အ​ကြီး​အ​ကဲ​များ​နှင့်​အ​ခြား​သူ​တို့ က​လည်း``ငါ​တို့​သည်​အ​သိ​သက်​သေ​ဖြစ် ကြ​ပါ​၏။ သင်​၏​ဇ​နီး​အား​ယာ​ကုပ်​အ​တွက် သား​သ​မီး​အ​မြောက်​အ​မြား​မွေး​ဖွား​ပေး သည့်​ရာ​ခေ​လ​နှင့်​လေ​အာ​တို့​ကဲ့​သို့​ဖြစ် စေ​ရန် ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော်​မူ​ပါ​စေ သော။ သင်​သည်​လည်း​ဧ​ဖ​ရတ်​သား​ချင်း​စု တွင်​ချမ်း​သာ​ကြွယ်​ဝ​လျက် ဗက်​လင်​မြို့ ၌​ထင်​ပေါ်​ကျော်​စော​ပါ​စေ​သော။-\x + \xo 4:11 \xt က၊ ၂၉:၃၁။\x* \v 12 ဤ​အ​မျိုး​သ​မီး​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​သား​သ​မီး​များ​သည် ယု​ဒ နှင့်​တာ​မာ​တို့​၏​သား​ဖာ​ရက်​၏​အိမ်​ထောင် စု​ဝင်​များ​ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော'' ဟု ဆို​ကြ​၏။\x + \xo 4:12 \xt က၊ ၃၈:၂၇-၃၀။\x* \s1 ဗော​ဇ​နှင့်​သူ​၏​သား​မြေး​များ \p \v 13 သို့​ဖြစ်​၍​ဗော​ဇ​သည်​ရု​သ​အား​မိ​မိ​၏ ဇနီး​အ​ဖြစ်​သိမ်း​ပိုက်​ပြီး​လျှင် အိမ်​သို့​ခေါ် ဆောင်​သွား​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည် ရု​သ​အား​ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့် သူ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​ကို​ဖွား မြင်​၏။- \v 14 အ​မျိုး​သ​မီး​များ​က​နော​မိ​အား``ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ လော့။ ကိုယ်​တော်​သည်​သင့်​ကို​ကြည့်​ရှု​စောင့် ရှောက်​ရန်​အ​တွက် မြေး​ယောကျာ်း​က​လေး​ကို ယ​နေ့​ပေး​သ​နား​တော်​မူ​လေ​ပြီ။ ထို​သူ​ငယ် သည် ဣ​သ​ရေ​လ​ပြည်​တွင်​ထင်​ပေါ်​ကျော်​စော သူ​ဖြစ်​လာ​ပါ​စေ​သော။- \v 15 သင်​၏​ချွေး​မ​သည်​သင့်​ကို​ချစ်​သ​ဖြင့် သား ယောကျာ်း​ခု​နစ်​ယောက်​ထက်​ပင်​သင့်​အား​ပို ၍​ပြု​စု​ခဲ့​သူ​ဖြစ်​ပေ​သည်။ ယ​ခု​သူ​သည် မြေး​ယောကျာ်း​က​လေး​ကို မွေး​ဖွား​ပေး​လေ ပြီ။ ထို​သူ​ငယ်​သည်​သင့်​အား​ဘ​ဝ​သစ်​ကို ပေး​၍ သင်​အို​မင်း​မ​စွမ်း​ရှိ​ချိန်​၌​လုံ​ခြုံ မှု​ကို​ပေး​မည့်​သူ​ဖြစ်​ပါ​၏'' ဟု​ပြော​ဆို ကြ​၏။- \v 16 နော​မိ​သည်​က​လေး​ငယ်​ကို​ယူ​၍​ပိုက်​ချီ လျက်​ထိန်း​လေ​၏။ \p \v 17 အိမ်​နီး​ချင်း​အ​မျိုး​သ​မီး​များ​က ထို​သူ ငယ်​ကို​သြ​ဗက်​ဟူ​သော​နာ​မည်​ကို​ပေး​ကြ လျက်``နော​မိ​သည်​သား​ယောကျာ်း​က​လေး ကို​ရ​ရှိ​လေ​ပြီ'' ဟု​လူ​အ​ပေါင်း​တို့​အား ပြော​ကြား​ကြ​၏။ သြ​ဗက်​သည် ဒါ​ဝိဒ်​၏ အ​ဖ​ဖြစ်​သူ​ယေရှဲ​၏​ဖ​ခင်​ဖြစ်​လာ​လေ သည်။ \s1 ဒါ​ဝိဒ်​၏​ဆွေ​စဉ်​မျိုး​ဆက် \p \v 18-22 ဖာ​ရက်​မှ​ဒါ​ဝိဒ်​တိုင်​အောင် သား​စဉ်​မြေး​ဆက် များ​မှာ​ဖာ​ရက်၊ ဟေ​ဇ​ရုံ၊ အာ​ရံ၊ အ​မိ​န​ဒပ်၊ နာ​ရှုန်၊ စာ​လ​မုန်၊ ဗော​ဇ၊ သြ​ဗက်၊ ယေ​ရှဲ၊ ဒါ​ဝိဒ်​ဟူ​၍​ဖြစ်​သ​တည်း။ ရု​သ​ဝတ္ထု​ပြီး​၏။