\id ROM Myanmar Common Language Bible \h ရော​မ \toc1 ရော​မ \toc2 ရော​မ \mt1 ရော​မ \mt2 သြ​ဝါ​ဒ​စာ \is1 နိဒါန်း \ip ရှင်​ပေါ​လု​သည်​ရော​မ​မြို့​သို့​သွား​ရောက်​ရန် အ​ကြံ​အ​စည်​ရှိ​သည်​အ​တိုင်း​ကြို​တင်​ပြင်​ဆင် သည့်​အ​နေ​ဖြင့် ရော​မ​သြ​ဝါ​ဒ​စာ​ကို​ရေး​သား ခြင်း​ဖြစ်​၏။ သူ​၏​အ​ကြံ​အ​စည်​မှာ​ထို​မြို့​ရှိ ခ​ရစ်​ယာန်​များ​ထံ​တွင် ခေတ္တ​မျှ​အ​မှု​တော်​ဆောင် ပြီး​သူ​တို့​၏​အ​ကူ​အ​ညီ​ဖြင့်​စ​ပိန်​ပြည်​သို့ သွား​ရောက်​သာ​သ​နာ​ပြု​ရန်​ဖြစ်​၏။ ဤ​သြ​ဝါ​ဒ စာ​တွင်​သူ​သည်​မိ​မိ​နား​လည်​ခံ​ယူ​သည့်​ခ​ရစ် ယာန်​ဘာ​သာ​တ​ရား​တော်​အ​ကြောင်း​နှင့် ထို ဘာ​သာ​တ​ရား​တော်​အ​ရ​ခရစ်​ယာန်​တို့​ကျင့် သုံး​ရ​မည့်​အ​ကြောင်း​ကို​ရှင်း​လင်း​တင်​ပြ​သည်။ ခ​ရစ်​ယာန်​တ​ရား​တော်​နှင့်​စပ်​လျဉ်း​၍​ရှင် ပေါ​လု​၏​တင်​ပြ​ချက်​များ​အ​နက် ဤ​ကျမ်း စောင်​၌​တင်​ပြ​ချက်​သည်​အ​ပြည့်​အ​စုံ​ဆုံး ဖြစ်​သည်။ \ip ရှင်​ပေါ​လု​သည်​ရော​မ​မြို့​အ​သင်း​တော်​ဝင် တို့​အား​နှုတ်​ခွန်း​ဆက်​သ​ကာ ထို​သူ​တို့​ကို သ​တိ​ရ​ဆု​တောင်း​ကြောင်း​ပြော​ကြား​ပြီး နောက် မိ​မိ​ရေး​သား​လို​သော​အ​ဋ္ဌိ​က​အ​ကြောင်း အ​ရာ​ကို​ဖော်​ပြ​လေ​သည်။ ယင်း​အ​ဋ္ဌိ​က အ​ကြောင်း​အ​ရာ​မှာ​ဘု​ရား​သ​ခင်​သည် ယုံ​ကြည်​သူ​တို့​အား မိ​မိ​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​စေ​တော်​မူ​ကြောင်း​တည်း​ဟူ​သော သ​တင်း​ကောင်း​ဖြစ်​သည်။ (၁:၁၇) \ip ထို​နောက်​ရှင်​ပေါ​လု​သည်​အ​ဋ္ဌိ​က​အ​ကြောင်း ကို​အ​ကျယ်​တ​ဝင့်​တင်​ပြ​သည်။ ယု​ဒ​လူ​မျိုး နှင့်​လူ​မျိုး​ခြား​အ​ပါ​အ​ဝင်​မ​နု​ဿ​လူ​သား မှန်​သ​မျှ​သည် အ​ပြစ်​ဒု​စ​ရိုက်​၏​အာ​ဏာ​စက် အောက်​တွင်​ရှိ​ကြ​သူ​များ​ဖြစ်​ကြ​သ​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​စေ​ရန် လို​အပ်​ကြောင်း၊ ယင်း​သို့​ဆက်​ဆံ​နိုင်​ရန်​ယေ​ရှု ခ​ရစ်​အား​ယုံ​ကြည်​ရ​မည်​ဖြစ်​ကြောင်း​တင်​ပြ သည်။ ထို​နောက်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​ခြင်း​ကြောင့် ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ခြင်း​တည်း​ဟူ​သော​ဘ​ဝ သစ်​အ​ကြောင်း​ကို​တင်​ပြ​ထား​၏။ ယုံ​ကြည် သူ​သည်​ဘု​ရား​သ​ခင်​နှင့်​ငြိမ်း​ချမ်း​မှု​ကို ရ​ရှိ​ပြီး​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် ထို​သူ​အား​အ​ပြစ်​နှင့်​သေ​ခြင်း​တ​ရား​၏ အာ​ဏာ​စက်​အောက်​မှ​လွတ်​မြောက်​စေ​တော် မူ​သည်။ အ​ခန်း ၅ မှ ၈ တွင်​ပ​ညတ်​တ​ရား​တော် ၏​ရည်​ရွယ်​ချက်​အ​ကြောင်း​နှင့်​ယုံ​ကြည်​သူ ၏​ဘ​ဝ​အ​သက်​တာ​အား ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​တန်​ခိုး​က​ပြု​ပြင်​ခြင်း​အ​ကြောင်း ကို​တင်​ပြ​သည်။ ထို​နောက်​မ​နု​ဿ​လူ​သား တို့​အ​တွက်​ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည် တော်​ရှိ​သ​ဖြင့် ထို​အ​ကြံ​အ​စည်​တော်​တွင် ယု​ဒ​လူ​မျိုး​နှင့်​လူ​မျိုး​ခြား​တို့​မည်​သို့ ပါ​ဝင်​ကြောင်း​ကို​တင်​ပြ​၏။ သ​ခင်​ယေ​ရှု အား​ယု​ဒ​အ​မျိုး​သား​တို့​ပစ်​ပယ်​ရ​ခြင်း မှာ​မ​နု​ဿ​လူ​သား​အ​ပေါင်း​တို့​သည် ယေ​ရှု ခ​ရစ်​အား​ဖြင့်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ခံ​စား​နိုင်​ကြ​စေ​ရန်​အ​တွက်​ပင် ဖြစ်​ကြောင်း၊ ယု​ဒ​အ​မျိုး​သား​တို့​သည် သ​ခင်​ယေ​ရှု​ကို​အ​စဉ်​အ​မြဲ​ပစ်​ပယ် ကြ​လိမ့်​မည်​မ​ဟုတ်​ဟု​ယုံ​ကြည်​ကြောင်း အ​ခန်း ၉ မှ ၁၁ တွင်​တင်​ပြ​သည်။ နောက်​ပိုင်း အ​ခန်း​များ​တွင်​ခ​ရစ်​ယာန်​တို့​အ​ဘယ် သို့​ပြု​မူ​ကျင့်​ကြံ​သင့်​ကြောင်း၊ အ​ထူး သ​ဖြင့်​သူ​တစ်​ပါး​တို့​နှင့်​ဆက်​ဆံ​ရာ​တွင် အ​ဘယ်​သို့​မေတ္တာ​တ​ရား​ကို​ကျင့်​သုံး​သင့် ကြောင်း​တင်​ပြ​သည်။ ယင်း​သို့​တင်​ပြ​ရာ တွင်​ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ဆောင် ရွက်​ခြင်း​အ​ကြောင်း၊ မိ​မိ​တို့​တိုင်း​နိုင်​ငံ အ​တွက်​နှင့်​အ​ချင်း​ချင်း​တို့​အ​တွက်​ခ​ရစ် ယာန်​တို့​ထမ်း​ဆောင်​ရ​မည့်​တာ​ဝန်​ဝတ္တ​ရား များ​အ​ကြောင်း၊ သြတ္တပ္ပ​စိတ်​နှင့်​သက်​ဆိုင် သည့်​ပြ​ဿ​နာ​များ​အ​ကြောင်း​တို့​ကို​ဆွေး​နွေး တင်​ပြ​ပြီး​နောက်​နှုတ်​ဆက်​၍ ဘု​ရား​သ​ခင် အား​ထော​မ​နာ​ပြု​လျက်​ဤ​သြ​ဝါ​ဒ​စာ ကို​နိ​ဂုံး​ချုပ်​လေ​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 နိ​ဒါန်း​နှင့်​အ​ဋ္ဌိ​က​အ​ကြောင်း​အ​ရာ ၁:၁-၁၇ \io1 ကယ်​တင်​ခြင်း​ကို​လူ​တို့​လို​အပ်​ပုံ ၁:၁၈-၃:၂၀ \io1 ဘု​ရား​သ​ခင်​ကယ်​တင်​တော်​မူ​သည့်​နည်း ၃:၂၁-၄:၂၅ \io1 ခ​ရစ်​တော်​အား​ဖြင့်​ရ​ရှိ​သော​ဘ​ဝ​သစ် ၅:၁-၈:၃၉ \io1 ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည်​တော်​တွင ် \io1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပါ​ဝင်​ခြင်း ၉:၁-၁၁:၃၆ \io1 ခ​ရစ်​ယာန်​တို့​၏​ပြု​မူ​ကျင့်​ကြံ​မှု ၁၂:၁-၁၅:၁၃ \io1 နိ​ဂုံး​နှင့်​နှုတ်​ဆက်​စ​ကား​များ ၁၅:၁၄-၁၆:၂၇ \c 1 \p \v 1 သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန်​တ​မန်​တော် အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​ရွေး​ချယ်​ခန့်​ထား​သူ၊ ခ​ရစ်​တော်​ယေ​ရှု​၏​အ​စေ​ခံ​ငါ​ပေါ​လု​သည် စာ​ရေး​လိုက်​ပါ​သည်။- \v 2 ရှေး​အ​ခါ​က​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏ ပ​ရော​ဖက်​များ​အား​ဖြင့် ထို​သ​တင်း​ကောင်း ကို​က​တိ​ထား​တော်​မူ​ခဲ့​ကြောင်း​ကျမ်း​စာ တော်​က​ဖော်​ပြ​၏။- \v 3 ထို​သ​တင်း​ကောင်း​ကား​ဘု​ရား​သ​ခင်​၏​သား တော် ငါ​တို့​၏​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​အ​ကြောင်း ပင်​ဖြစ်​ပေ​သည်။ ထို​အ​ရှင်​သည်​လူ့​ဇာ​တိ​အား ဖြင့်​ဒါ​ဝိဒ်​မင်း​မှ​ဆင်း​သက်​တော်​မူ​သည်။- \v 4 ဘု​ရား​ဇာ​တိ​အား​ဖြင့်​ဘု​ရား​သ​ခင်​၏​သား တော်​ဖြစ်​ကြောင်း​ကို​ပေါ်​လွင်​ထင်​ရှား​စေ​ရန် ဘု​ရား​သ​ခင်​သည်​မ​ဟာ​တန်​ခိုး​တော်​အား ဖြင့်​ထို​အ​ရှင်​ကို​သေ​ခြင်း​မှ​ထ​မြောက်​စေ တော်​မူ​၏။- \v 5 ဘု​ရား​သ​ခင်​သည်​ထို​အ​ရှင်​အား​ဖြင့်​ငါ့ အား​ခ​ရစ်​တော်​အ​တွက်​ကြောင့် ထူး​မြတ်​သည့် တ​မန်​တော်​ရာ​ထူး​ကို​ပေး​သ​နား​တော်​မူ​၏။ လူ​မျိုး​အ​ပေါင်း​တို့​သည်​ယုံ​ကြည်​၍​လိုက်​နာ ကြ​စေ​ရန်​ဘု​ရား​သ​ခင်​သည်​ငါ့​အား​ထို သူ​အ​ပေါင်း​တို့​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။- \v 6 ရော​မ​မြို့​၌​နေ​ထိုင်​သော​သင်​တို့​သည်​လည်း ယေ​ရှု​ခ​ရစ်​၏​တ​ပည့်​များ​အ​ဖြစ် ဘု​ရား သ​ခင်​ရွေး​ကောက်​တော်​မူ​သော​သူ​များ​ဖြစ် သော​ကြောင့်​ထို​လူ​စု​တွင်​အ​ပါ​အ​ဝင် ဖြစ်​ကြ​၏။ \p \v 7 ဘု​ရား​သ​ခင်​ချစ်​တော်​မူ​သ​ဖြင့်​မိ​မိ​၏ လူ​စု​တော်​ဝင်​ဖြစ်​စေ​ရန် ရွေး​ကောက်​တော်​မူ သည့်​ရော​မ​အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့ ထံ​သို့​ဤ​စာ​ကို​ရေး​လိုက်​ပါ​၏။ \p ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက် ခြင်း​ကို​သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ​သော။ \s1 ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​ဆု​တောင်း​ပတ္ထ​နာ \p \v 8 သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​ကြောင်း​သ​တင်း သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ပျံ့​နှံ့​လျက်​ရှိ​သ​ဖြင့် ငါ​သည်​သင်​တို့​အား​လုံး​အ​တွက်​ယေ​ရှု​ခ​ရစ် ကို​အ​မှီ​ပြု​၍​ဦး​စွာ​ပ​ထ​မ​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၏။- \v 9-10 သား​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို ကြေ​ညာ​ခြင်း​အား​ဖြင့် ငါ​သည်​ဘု​ရား​သ​ခင် ၏​အ​မှု​တော်​ကို​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ထမ်း ဆောင်​လျက်​ရှိ​၏။ ငါ​သည်​ဆု​တောင်း​ပတ္ထ​နာ ပြု​သည့်​အ​ခါ​တိုင်း သင်​တို့​အား​အ​စဉ်​သ​တိ ရ​ကြောင်း​ကို​ဘု​ရား​သ​ခင်​သည်​သက်​သေ ဖြစ်​တော်​မူ​၏။ ဘု​ရား​သ​ခင်​အ​လို​တော် ရှိ​ပါ​က​မ​ကြာ​မီ​သင်​တို့​ထံ​သို့​ငါ​လာ နိုင်​ရန်​လမ်း​ဖွင့်​ပေး​တော်​မူ​ရန်​ဆု​တောင်း​၏။- \v 11 သင်​တို့​သည်​တည်​ကြည်​ကြံ့​ခိုင်​စေ​ရန်​သင် တို့​အား​ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို​ဝေ​မျှ​လို သ​ဖြင့် ငါ​သည်​သင်​တို့​နှင့်​အ​လွန်​တွေ့​လို ၏။- \v 12 တစ်​နည်း​ကား​ယင်း​သို့​တွေ့​ဆုံ​မိ​ကြ​သော အ​ခါ​သင်​တို့​နှင့်​ငါ​သည် မိ​မိ​တို့​အ​သီး သီး​၏​ယုံ​ကြည်​ခြင်း​ကို​ဝေ​မျှ​၍​အ​ပြန် အ​လှန်​အား​ပေး​နိုင်​လိမ့်​မည်​ဖြစ်​သည်။ \p \v 13 ညီ​အစ်​ကို​တို့၊ ယု​ဒ​လူ​မျိုး​မ​ဟုတ်​သူ​လူ မျိုး​ခြား​ထံ​တွင်​အ​မှု​တော်​ဆောင်​ရာ​၌ အောင် မြင်​ခဲ့​သည့်​နည်း​တူ​သင်​တို့​ထံ​တွင်​လည်း​အောင် မြင်​နိုင်​ရန် ငါ​သည်​သင်​တို့​ထံ​သို့​လာ​ရန်​အ​ဖန်​ဖန် ကြံ​စည်​ခဲ့​၏။ သို့​သော်​လည်း​အ​ကြောင်း​မ​ညီ ညွတ်​သ​ဖြင့်​မ​လာ​ဖြစ်​ခဲ့​ကြောင်း​ကို​သင်​တို့ အား​သိ​စေ​လို​၏။-\x + \xo 1:13 \xt တ၊ ၁၉:၂၁။\x* \v 14 လူ​ယဉ်၊ လူ​ရိုင်း၊ ပ​ညာ​ရှိ၊ ပ​ညာ​မဲ့၊ ရှိ​ရှိ​သ​မျှ သော​သူ​တို့​အ​တွက်​ငါ့​မှာ​တာ​ဝန်​ရှိ​သ​ဖြင့်၊- \v 15 သ​တင်း​ကောင်း​ကို​ရော​မ​မြို့​ရှိ​သင်​တို့​အား လည်း​ကြေ​ညာ​ရန် ငါ​သည်​စိတ်​အား​ထက် သန်​လျက်​ရှိ​၏။ \s1 သ​တင်း​ကောင်း​၏​တန်​ခိုး \p \v 16 ငါ​သည်​သ​တင်း​ကောင်း​ကို​လုံး​ဝ​ယုံ​ကြည် စိတ်​ချ​၏။ ထို​သ​တင်း​ကောင်း​သည်​ဦး​စွာ​ယု​ဒ လူ​မျိုး၊ ထို့​နောက်​လူ​မျိုး​ခြား​တို့​တွင်​ယုံ​ကြည် သူ​အ​ပေါင်း​တို့​အား​ကယ်​တင်​သော​ဘု​ရား သ​ခင်​၏​တန်​ခိုး​တော်​ဖြစ်​၏။-\x + \xo 1:16 \xt မာ၊ ၈:၃၈။\x* \v 17 ဘု​ရား​သ​ခင်​သည်​လူ​တို့​အား​အ​ဘယ်​သို့ သော​နည်း​ဖြင့် မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​စေ တော်​မူ​သည်​ကို​သ​တင်း​ကောင်း​က​ပေါ်​လွင် ထင်​ရှား​စေ​၏။ ထို​နည်း​မှာ​အ​စ​မှ​အ​ဆုံး တိုင်​အောင်​ယုံ​ကြည်​ခြင်း​အ​ပေါ်​တွင်​အ​ခြေ ခံ​သည့်​နည်း​ဖြစ်​၏။ ထို့​ကြောင့်​ကျမ်း​စာ​တွင် ``ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင်​နှင့် မှန်​ကန်​စွာ​ဆက်​ဆံ​သူ​သည်​အ​သက်​ရှင်​လိမ့် မည်'' ဟု​လာ​သ​တည်း။\x + \xo 1:17 \xt ဟဗ၊ ၂:၄။\x* \s1 လူ​သား​တို့​၏​အ​ပြစ်​ဒု​စ​ရိုက် \p \v 18 အ​မှန်​တ​ရား​ကို​လူ​တို့​မ​သိ​စေ​ရန်​ဆီး​တား ပိတ်​ပင်​သော၊ ဆိုး​ညစ်​မှု​ကို​ပြု​ကျင့်​သော​ဘု​ရား မဲ့​သူ​တို့​၏​အ​ပြစ်​နှင့်​ဆိုး​ညစ်​မှု​အ​ပေါင်း​တို့ အ​ပေါ်​သို့ ကောင်း​ကင်​မှ​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​သည်​သက်​ရောက်​လျက်​ရှိ​ကြောင်း​ပေါ်​လွင် ထင်​ရှား​လာ​ပြီ။- \v 19 ထို​သူ​တို့​အား​ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ရှင်း​လင်း​စွာ​ဖော်​ပြ​တော်​မူ​သ​ဖြင့် ကိုယ်​တော် ၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍​သိ​နိုင်​ခွင့်​ရှိ​သ​မျှ သော​အ​ကြောင်း​အ​ရာ​တို့​ကို​ရှင်း​လင်း​စွာ​သိ​ရ ကြ​၏။ ဤ​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင် သည်​သူ​တို့​အား​ဒဏ်​ခတ်​တော်​မူ​ခြင်း​ဖြစ်​၏။- \v 20 ကမ္ဘာ​လော​က​ကို​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ ချိန်​မှ​စ​၍ လူ​တို့​သည်​ကိုယ်​တော်​၏​ထာ​ဝ​ရ တန်​ခိုး​တော်​နှင့် ဘု​ရား​သ​ခင်​၏​အ​ဖြစ်​တော် တည်း​ဟူ​သော​မျက်​မြင်​မ​ရ​သော​ဂုဏ်​အင်္ဂါ များ​ကို​ကောင်း​စွာ​သိ​နား​လည်​နိုင်​လေ​သည်။ သူ​တို့​သည်​ဤ​သို့​သော​ကိုယ်​တော်​၏​ဂုဏ်​အင်္ဂါ လက္ခ​ဏာ​များ​ကို​မ​မြင်​နိုင်​သော်​လည်း​သိ နိုင်​ကြ​၏။ ယင်း​သို့​သိ​နိုင်​ခြင်း​မှာ​သူ​တို့ သည်​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သော​အ​ရာ များ​ကို​တွေ့​မြင်​နိုင်​သော​ကြောင့်​ဖြစ်​၏။ ထို့ ကြောင့်​ထို​သူ​တို့​မှာ​မိမိ​တို့​ကူး​လွန်​သည့် အ​ပြစ်​များ​အ​တွက်​ဆင်​ခြေ​ပေး​စ​ရာ မ​ရှိ​တော့​ပေ။- \v 21 သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​သိ​ကြ​သော် လည်း ကိုယ်​တော်​၏​ဂုဏ်​တော်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သင့်​လျက်​နှင့်​မ​ချီး​မွမ်း​ကြ။ ချီး​မွမ်း မည့်​အ​စား​အ​ကျိုး​မဲ့​သည့်​အ​ရာ​များ​ကို သာ တွေး​တော​ဆင်​ခြင်​လျက်​နေ​ကြ​၏။ သူ​တို့ ၏​အ​သိ​ဉာဏ်​ကင်း​မဲ့​သည့်​စိတ်​နှ​လုံး​များ သည်​လည်း​အ​မှောင်​ဖုံး​၍​နေ​၏။-\x + \xo 1:21 \xt ဧ၊ ၄:၁၇-၁၈။\x* \v 22 သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ပ​ညာ​ရှိ​ဟု​ဆို သော်​လည်း​အ​မှန်​မှာ​ပ​ညာ​မဲ့​သူ​များ​ဖြစ် ကြ​၏။- \v 23 သေ​ခြင်း​တ​ရား​ကင်း​သည့်​ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​ကိုး​ကွယ်​မည့်​အ​စား​သေ​မျိုး​ဖြစ်​သည့် လူ၊ ငှက်၊ ခြေ​လေး​ချောင်း​သတ္တ​ဝါ၊ သို့​မ​ဟုတ်​တွား တတ်​သော​သတ္တ​ဝါ​၏​ပုံ​သဏ္ဌာန်​ကို​ဆောင်​သော ရုပ်​တု​များ​ကို​ကိုး​ကွယ်​ဝတ်​ပြု​ကြ​လေ သည်။\x + \xo 1:23 \xt တရား၊ ၄:၁၆-၁၈။\x* \p \v 24 ထို​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင်​သည်​ထို​သူ တို့​အား မိ​မိ​တို့​၏​ကိ​လေ​သာ​စိတ်​ဆွဲ​ဆောင်​ရာ သို့​လိုက်​ပါ​စေ​ရန်​လည်း​ကောင်း၊ အ​ချင်း​ချင်း အား​ကိုယ်​ခန္ဓာ​အ​သ​ရေ​ပျက်​စေ​ရန်​လည်း ကောင်း​စွန့်​ပစ်​၍​ထား​တော်​မူ​၏။- \v 25 သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​တ​ရား​မှန်​ကို အ​မှား​နှင့်​လဲ​လှယ်​ကြ​၏။ ဖန်​ဆင်း​တော်​မူ သော​အ​ရှင်​အ​စား​အ​ဖန်​ဆင်း​ခံ​အ​ရာ​ကို ကိုး​ကွယ်​ဝတ်​ပြု​ကြ​၏။ ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​၏​ဂုဏ်​တော်​ကို​ထာ​ဝ​စဉ်​ချီး​မွမ်း ထော​မ​နာ​ပြု​ကြ​စေ​သ​တည်း။ အာ​မင်။ \p \v 26 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ရှက် ဖွယ်​ကောင်း​သည့် ကိ​လေ​သာ​လက်​သို့​အပ်​လိုက် တော်​မူ​၏။ မိန်း​မ​တို့​ပင်​လျှင်​ဋ္ဌမ္မ​တာ​ထုံး​စံ အ​စား​ဆန့်​ကျင်​သော​ထုံး​စံ​ကို​ကျင့်​ကြ​၏။- \v 27 ထို​နည်း​တူ​စွာ​ယောကျာ်း​တို့​သည်​လည်း မိန်း​မ များ​နှင့်​ဋ္ဌမ္မ​တာ​ထုံး​စံ​အ​တိုင်း​ဆက်​ဆံ​မှု​ကို မ​ပြု​ဘဲ ယောကျာ်း​အ​ချင်း​ချင်း​ရာ​ဂ​မီး​တောက် လောင်​လျက်​ရှိ​ကြ​၏။ ယောကျာ်း​တို့​သည်​အ​ချင်း ချင်း​အား​ရှက်​ကြောက်​ဖွယ်​သော​အ​မှု​တို့​ကို​ပြု ကြ​သ​ဖြင့် မိ​မိ​တို့​ဆိုး​ညစ်​သော​အ​ကျင့် အ​တွက်​ထိုက်​သင့်​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ ကြ​၏။ \p \v 28 ထို​သူ​တို့​သည်​ဘု​ရား​ကို​ဘု​ရား​ဟူ​၍ မ​အောက်​မေ့​ကြ​သ​ဖြင့် ဘု​ရား​သ​ခင်​သည် သူ​တို့​အား​စွန့်​ပစ်​တော်​မူ​သော​ကြောင့် သူ​တို့ သည်​မှန်​ကန်​စွာ​စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း​မ​ရှိ တော့​ဘဲ​မ​ပြု​ကျင့်​သင့်​သော​အ​ရာ​များ​ကို ပြု​ကျင့်​ကြ​ကုန်​၏။- \v 29 သူ​တို့​သည်​အ​မျိုး​မျိုး​သော​ဆိုး​ယုတ်​မိုက်​မဲ ခြင်း၊ ညစ်​ညမ်း​ခြင်း၊ လော​ဘ​တပ်​မက်​ခြင်း၊ အ​ကျင့်​ပျက်​ခြင်း၊ မ​နာ​လို​ခြင်း၊ သူ့​အ​သက် ကို​သတ်​ခြင်း၊ ရန်​ဖြစ်​ခြင်း၊ လှည့်​ဖြား​ခြင်း၊ ရန် ငြိုး​ဖွဲ့​ခြင်း​စ​သည့်​အ​ပြစ်​များ​ကို​ကူး​လွန် ကြ​၏။ သူ​တို့​သည်​ကုန်း​ချော​ပြော​ဆို​ကြ​၏။- \v 30 သူ​တစ်​ပါး​၏​အ​သ​ရေ​ကို​ဖျက်​ကြ​၏။ ဘု​ရား သ​ခင်​ကို​မုန်း​သူ၊ စော်​ကား​သူ၊ မာန်​မာ​န​ထောင် လွှား​လျက်​ကြွား​ဝါ​သူ​များ​ဖြစ်​ကြ​၏။ မ​ကောင်း မှု​အ​မျိုး​မျိုး​ကို​တီ​ထွင်​ကြံ​စည်​တတ်​ကြ​၏။ မိ​မိ​တို့​မိ​ဘ​များ​၏​စ​ကား​ကို​နား​မ​ထောင် ကြ။- \v 31 သြတ္တ​ပ္ပ​စိတ်​မ​ရှိ​ကြ။ က​တိ​မ​တည်​ကြ။ ကြင်​နာ​သ​နား​တတ်​သည့်​စိတ်​လည်း​မ​ရှိ။- \v 32 ဤ​သို့​သော​အ​ကျင့်​ရှိ​သူ​တို့​သည်​သေ​ဒဏ်​ခံ ထိုက်​သည်​ဟု ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​ချက်​ကို​ထို သူ​တို့​သိ​လျက်​ပင် မိ​မိ​တို့​ကိုယ်​တိုင်​ဤ​အ​မှု များ​ကို​ဆက်​လက်​၍​ပြု​ကျင့်​ကြ​သည်​သာ မ​က၊ ဤ​သို့​ပြု​ကျင့်​ကြ​သူ​များ​ကို​လည်း အား​ပေး​အား​မြှောက်​ပြု​ကြ​သည်​တ​ကား။ \c 2 \s1 ဘု​ရား​သ​ခင်​ချ​မှတ်​သည့်​တ​ရား​စီ​ရင်​ချက် \p \v 1 သို့​ဖြစ်​၍​မိတ်​ဆွေ၊ သင်​သည်​သူ​တစ်​ပါး​အား အ​ပြစ်​စီ​ရင်​ပါ​သ​လော။ သင်​သည်​မည်​သူ​ဖြစ် စေ​ကာ​မူ​သူ​တစ်​ပါး​အား​အ​ပြစ်​စီ​ရင်​နိုင် သော​အ​ခြေ​အ​နေ​တွင်​မ​ရှိ။ သင်​သည်​သူ​တစ် ပါး​ကဲ့​သို့​အ​ပြစ်​ကူး​လွန်​သူ​ဖြစ်​လျက် နှင့် သူ​တစ်​ပါး​အား​အ​ပြစ်​စီ​ရင်​လျှင်​မိ​မိ ကိုယ်​တိုင်​အား​လည်း​အ​ပြစ်​စီ​ရင်​ရာ​ရောက် ၏။-\x + \xo 2:1 \xt မ၊ ၇:၁။ လု၊ ၆:၃၇။\x* \v 2 ထို​သို့​အ​ကျင့်​ဆိုး​များ​ကို​ပြု​ကျင့်​သူ​တို့ အား​ဘု​ရား​သ​ခင်​အ​ပြစ်​စီ​ရင်​တော်​မူ​သည် မှာ လျော်​ကန်​သင့်​မြတ်​ကြောင်း​ကို​ငါ​တို့​သိ ကြ​၏။- \v 3 သို့​သော်​လည်း​မိတ်​ဆွေ၊ သင်​က​သူ​တစ်​ပါး အား​အ​ပြစ်​စီ​ရင်​သည့်​အ​ပြစ်​မျိုး​ကို သင် ကိုယ်​တိုင်​ပင်​ကူး​လွန်​လျက်​နေ​ပါ​သည် တ​ကား။ သင်​သည်​ဘု​ရား​သ​ခင်​၏​အ​ပြစ် စီ​ရင်​ခြင်း​နှင့်​ကင်း​လွတ်​လိမ့်​မည်​ဟု​ထင် မှတ်​ပါ​သ​လော။- \v 4 သို့​တည်း​မ​ဟုတ်​သင်​သည်​ကိုယ်​တော်​၏ က​ရု​ဏာ​ထား​တော်​မူ​ခြင်း၊ စိတ်​ရှည်​တော်​မူ ခြင်း၊ သည်း​ခံ​တော်​မူ​ခြင်း​တို့​ကို​မ​ထီ​မဲ့ မြင်​ပြု​ပါ​သ​လော။ ဘု​ရား​သ​ခင်​သည်​သင့် အား​နောင်​တ​ရ​စေ​ရန်​လမ်း​ပြ​ပို့​ဆောင် လျက်​ရှိ​တော်​မူ​သည်​ဖြစ်​၍ ကိုယ်​တော် က​ရု​ဏာ​ထား​ကြောင်း​ကို​သင်​ဧ​ကန် အ​မှန်​ပင်​သိ​၏။- \v 5 သို့​သော်​လည်း​သင်​သည်​ခေါင်း​မာ​လျက် နောင်​တ​မ​ရ။ ထို့​ကြောင့်​အ​မျက်​တော်​ပေါ် လွင်​ထင်​ရှား​ရာ၊ ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင် ရာ​နေ့​ရက်​၌​သင်​သည်​ပို​မို​ကြီး​လေး​သော အ​ပြစ်​ဒဏ်​ကို​ခံ​ရ​လိမ့်​မည်။- \v 6 ထို​နေ့​ရက်​၌​ကိုယ်​တော်​သည်​လူ​အ​သီး​သီး တို့​အား မိ​မိ​တို့​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ဆပ်​ပေး​တော်​မူ​လတ္တံ့။-\x + \xo 2:6 \xt ဆာ၊ ၆၂:၁၂။ သု၊ ၂၄:၁၂။\x* \v 7 အ​ကျင့်​ကောင်း​ကို​ဆက်​လက်​ပြု​ကျင့်​လျက် ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ဂုဏ်​အ​သ​ရေ ကို​လည်း​ကောင်း၊ သေ​ခြင်း​ကင်း​သော​ဘ​ဝ​ကို လည်း​ကောင်း​ရှာ​သော​သူ​တို့​အား ဘု​ရား​သ​ခင် သည်​ထာ​ဝ​ရ​အ​သက်​ကို​ပေး​တော်​မူ​လိမ့်​မည်။- \v 8 သို့​ရာ​တွင်​တစ်​ကိုယ်​ကောင်း​သ​ဘော​ရှိ​၍ အ​မှန် တ​ရား​ကို​ပစ်​ပယ်​ကာ​အ​မှား​ဘက်​သို့​လိုက် ပါ​သူ​များ​သည် အ​မျက်​တော်​သင့်​ကြ​လိမ့် မည်။- \v 9 ဦး​စွာ​ယု​ဒ​လူ၊ ထို့​နောက်​လူ​မျိုး​ခြား​တို့ အ​နက်​ဒု​စ​ရိုက်​ကို​ပြု​သူ​အ​ပေါင်း​တို့ သည် ဆင်း​ရဲ​ဒုက္ခ​နှင့်​နာ​ကျင်​ခြင်း​ဝေ​ဒ​နာ ကို​ခံ​ရ​ကြ​လိမ့်​မည်။- \v 10 သို့​ရာ​တွင်​ဦး​စွာ​ယု​ဒ​လူ၊ ထို့​နောက်​လူ​မျိုး ခြား​တို့​အ​နက်​သု​စ​ရိုက်​ကို​ပြု​သူ​တို့​အား ဘု​ရား​သ​ခင်​သည်​ဘုန်း​အ​သ​ရေ​ကို​လည်း ကောင်း၊ ငြိမ်​သက်​ခြင်း​ကို​လည်း​ကောင်း​ခံ​စား စေ​တော်​မူ​လိမ့်​မည်။- \v 11 ဘု​ရား​သ​ခင်​သည်​မျက်​နှာ​ကြီး​ငယ်​မ​လိုက် ဘဲ​တ​ရား​စီ​ရင်​တော်​မူ​သ​တည်း။\x + \xo 2:11 \xt တရား၊ ၁၀:၁၇။\x* \p \v 12 လူ​မျိုး​ခြား​တို့​၌​မော​ရှေ​၏​ပ​ညတ်​တ​ရား မ​ရှိ။ သူ​တို့​အ​ပြစ်​ကူး​ကြ​သော​အ​ခါ​ဆုံး ပါး​ပျက်​စီး​ရ​ကြ​မည်​သာ​ဖြစ်​၏။ ပ​ညတ် တ​ရား​ရှိ​သော​ယု​ဒ​အ​မျိုး​သား​တို့​အ​ပြစ် ကူး​လွန်​သည့်​အ​ခါ သူ​တို့​သည်​ပ​ညတ်​တ​ရား ပြ​ဋ္ဌာန်း​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​၏။- \v 13 လူ​သည်​ပ​ညတ်​တ​ရား​ကို​ကြား​နာ​ရုံ​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​သူ မ​ဖြစ်​နိုင်။ ပ​ညတ်​တ​ရား​ပြ​ဋ္ဌာန်း​သည့်​အ​တိုင်း ပြု​ကျင့်​မှ​သာ​လျှင် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန် စွာ​ဆက်​သွယ်​သူ​ဖြစ်​နိုင်​၏။- \v 14 လူ​မျိုး​ခြား​တို့​သည်​မော​ရှေ​၏​ပ​ညတ်​တ​ရား ကို​မ​ခံ​ယူ​မ​ရ​ရှိ​ကြ​သော်​လည်း​ပ​ညတ် တ​ရား​၏​ပြ​ဋ္ဌာန်း​ချက်​များ​ကို မိ​မိ​တို့​အ​လို ဆန္ဒ​အ​လျောက်​ပြု​ကျင့်​ကြ​သော​အ​ခါ​ယင်း တို့​သည်​မိ​မိ​တို့​အ​ဖို့​ပ​ညတ်​တ​ရား​ဖြစ် လာ​၏။- \v 15 ပ​ညတ်​တ​ရား​၏​ပြ​ဋ္ဌာန်း​ချက်​များ​သည်​ထို သူ​တို့​၏​နှ​လုံး​သား​တွင်​ရေး​သား​ထား​လျက် ရှိ​ကြောင်း သူ​တို့​၏​အ​ပြု​အ​မူ​များ​က​ထောက် ခံ​၏။ သူ​တို့​၏​သြတ္တပ္ပ​စိတ်​က​လည်း​ထောက်​ခံ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​၏​စိတ်​နှ​လုံး သည် တစ်​ခါ​တစ်​ရံ​သူ​တို့​ကို​ပြစ်​တင်​၍ တစ်​ခါ တစ်​ရံ​လည်း​သူ​တို့​ကို​ထောက်​ခံ​သော​ကြောင့် ဖြစ်​၏။- \v 16 သို့​ဖြစ်​၍​ငါ​ဟော​ပြော​ကြေ​ညာ​သည့်​သ​တင်း ကောင်း​အ​ရ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ ဘု​ရား သ​ခင်​သည်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​လူ​ခပ်​သိမ်း တို့​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည်​များ​ကို ထို သို့​စစ်​ဆေး​စီ​ရင်​တော်​မူ​ပေ​အံ့။ \b \s1 ယု​ဒ​အ​မျိုး​သား​များ​နှင့်​ပ​ညတ်​တ​ရား \p \v 17 သို့​ရာ​တွင်​အ​ချင်း​မိတ်​ဆွေ၊ သင်​သည်​မိ​မိ​ကိုယ် ကို​ယု​ဒ​အ​မျိုး​သား​ဖြစ်​သည်​ဟု​ဆို​ကာ ပ​ညတ် တ​ရား​ကို​အား​ကိုး​လျက်​ဘု​ရား​သ​ခင်​အ​ကြောင်း ကို​ကြွား​ဝါ​၏။- \v 18 သင်​သည်​ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​သိ​မြင် သူ​ဖြစ်​သည်။ ပ​ညတ်​တ​ရား​၏​သွန်​သင်​မှု​အား ဖြင့်​အ​မှန်​ကို​သိ​မြင်​လာ​သူ​ဖြစ်​၏။- \v 19-20 မိ​မိ​သည်​မျက်​မ​မြင်​တို့​၏​လမ်း​ပြ၊ အ​မှောင် တွင်​ရှိ​သူ​တို့​၏​အ​လင်း၊ လူ​မိုက်​တို့​၏​နည်း​ပြ၊ မ​သိ​နား​မ​လည်​သူ​တို့​၏​ဆ​ရာ​ဖြစ်​သည်​ဟု အ​မှန်​ပင်​သင်​ယုံ​ကြည်​၏။ ပ​ညတ်​တ​ရား​သည် အ​သိ​ပ​ညာ​နှင့်​သမ္မာ​တ​ရား​အ​စုံ​အ​လင် ကိန်း​အောင်း​ရာ​ဖြစ်​သည်​ကို​လည်း​သေ​ချာ စွာ​သိ​၏။- \v 21 သင်​သည်​သူ​တစ်​ပါး​တို့​အား​သွန်​သင်​ဆုံး​မ သူ​ဖြစ်​ပါ​လျက် အ​ဘယ်​ကြောင့်​မိ​မိ​ကိုယ်​ကို မ​သွန်​သင်​မ​ဆုံး​မ​ပါ​သ​နည်း။ သင်​သည်​သူ တစ်​ပါး​တို့​အား​မ​ခိုး​မ​ဝှက်​ရန် သွန်​သင် ဆုံး​မ​ပါ​လျက်​အ​ဘယ်​ကြောင့်​သင်​ကိုယ်​တိုင် က​ခိုး​ဝှက်​ပါ​သ​နည်း။- \v 22 သင်​သည်​အ​ခြား​သူ​တို့​အား​သူ​တစ်​ပါး​၏ အိမ်​ရာ​ကို​မ​ပြစ်​မှား​ရန်​တား​မြစ်​ပါ​လျက် အ​ဘယ်​ကြောင့်​သင်​ကိုယ်​တိုင်​ပြစ်​မှား​ပါ သ​နည်း။ သင်​သည်​ရုပ်​တု​ကို​ရွံ​ရှာ​ပါ​လျက် အ​ဘယ်​ကြောင့် သင်​ကိုယ်​တိုင်​ရုပ်​တု​တည်​ရာ ဗိ​မာန်​ကို​လု​ယက်​ပါ​သ​နည်း။- \v 23 သင်​သည်​ပ​ညတ်​တ​ရား​ကို​အ​မှီ​ပြု​၍​ဂုဏ် ယူ​ဝါ​ကြွား​ပါ​လျက် အ​ဘယ်​ကြောင့်​ထို​ပ​ညတ် တ​ရား​ကို​ချိုး​ဖောက်​ခြင်း​အား​ဖြင့် ဘု​ရား သ​ခင်​၏​အ​သ​ရေ​တော်​ကို​ဖျက်​နေ​ပါ​သ​နည်း။- \v 24 ကျမ်း​စာ​တော်​တွင်``ယု​ဒ​အ​မျိုး​သား​တို့​ကြောင့် လူ​မျိုး​ခြား​တို့​သည်​ဘု​ရား​သ​ခင်​၏​နာ​မ တော်​ကို​ကဲ့​ရဲ့​ကြ​၏'' ဟု​ဖော်​ပြ​ပါ​ရှိ သည်။\x + \xo 2:24 \xt ဟေရှာ၊ ၅၂:၅။\x* \p \v 25 သင်​သည်​ပညတ်​တ​ရား​ကို​စောင့်​ထိန်း​သူ​ဖြစ် ပါ​မူ သင်​၏​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​သည် အ​ဋ္ဌိပ္ပါယ်​ရှိ​၏။ သို့​ရာ​တွင်​အ​ကယ်​၍​ပ​ညတ် တ​ရား​ကို​ချိုး​ဖောက်​သူ​ဖြစ်​ပါ​က အ​ရေ​ဖျား လှီး​ခြင်း​မင်္ဂလာ​မ​ခံ​ခဲ့​လျှင်​ပို​၍​ကောင်း​လိမ့် မည်။- \v 26 အ​ကယ်​၍​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​မ​ခံ​သူ လူ​မျိုး​ခြား​တစ်​ယောက်​သည် ပ​ညတ်​တ​ရား ပြ​ဋ္ဌာန်း​ချက်​များ​ကို​ထိန်း​သိမ်း​လိုက်​လျှောက် ပါ​မူ ထို​သူ​အား​ဘု​ရား​သ​ခင်​သည်​အ​ရေ ဖျား​လှီး​မင်္ဂလာ​ခံ​သူ​ကဲ့​သို့​မှတ်​ယူ​တော်​မူ မည်​မ​ဟုတ်​လော။- \v 27 သင်​သည်​အက္ခ​ရာ​တင်​ထား​သည့်​ပ​ညတ်​တ​ရား နှင့် အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ခံ​ယူ​ရ​ရှိ​သူ​ဖြစ် ပါ​လျက်​ပညတ်​တော်​ကို​ချိုး​ဖောက်​ပေ​သည်။ ထို့ ကြောင့်​လူ​မျိုး​ခြား​တို့​သည်​သင်​တို့​ယု​ဒ​အ​မျိုး သား​အား​ပြစ်​ဒဏ်​စီ​ရင်​ကြ​လိမ့်​မည်။ သူ​တို့ သည်​ကာ​ယ​နှင့်​ဆိုင်​သော​အ​ရေ​ဖျား​လှီး​မင်္ဂ လာ​ကို​မ​ခံ​ကြ​သော်​လည်း​ပ​ညတ်​တော်​ကို စောင့်​ထိန်း​ကြ​၏။- \v 28 နိ​ဂုံး​ချုပ်​ရ​သော်​ယု​ဒ​အ​မျိုး​သား​ဟူ​၍​ထင် မှတ်​ခြင်း​ခံ​ရ​သူ​တိုင်း​သည် ယု​ဒ​အ​မျိုး​သား အ​စစ်​အ​မှန်​မ​ဟုတ်။ လူ​တစ်​ဦး​တစ်​ယောက် သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကို​ခံ​ခြင်း​အား ဖြင့်​ယု​ဒ​အ​မျိုး​သား​ဖြစ်​၍​မ​လာ။- \v 29 ယု​ဒ​အ​မျိုး​သား​အ​စစ်​အမှန်​ကား​စိတ်​နှ​လုံး တွင် အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ကို​ခံ​သူ​သာ လျှင်​ဖြစ်​ပေ​သည်။ ထို​သူ​ကို​ယု​ဒ​အ​မျိုး​သား ဖြစ်​စေ​သော​အ​ရာ​မှာ​အက္ခ​ရာ​တင်​ထား​သည့် ပ​ညတ်​တ​ရား​မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ် တော်​က​သာ​လူ​ကို​အ​တွင်း​စိတ်​သ​ဘော​အား ဖြင့် ယု​ဒ​အ​မျိုး​သား​ဖြစ်​စေ​တော်​မူ​၏။ ထို သို့​သော​သူ​သည်​လူ​တို့​ထံ​မှ​မ​ဟုတ်၊ ဘု​ရား သ​ခင်​၏​ထံ​တော်​မှ​အ​ချီး​အ​မွမ်း​ကို​ခံ​ရ သ​တည်း။\x + \xo 2:29 \xt တရား၊ ၃၀:၆။\x* \c 3 \p \v 1 သို့​ဖြစ်​လျှင်​ယု​ဒ​လူ​မျိုး​သည် လူ​မျိုး​ခြား တို့​ထက်​အ​ဘယ်​သို့​သာ​သ​နည်း။ သူ​တို့ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​သည့်​အ​တွက် အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း။- \v 2 အ​ကျိုး​ကား​အ​ဘက်​ဘက်​၌​များ​စွာ​ရှိ​၏။ ပ​ထ​မ​အ​နေ​ဖြင့်​ယု​ဒ​အ​မျိုး​သား​တို့ သည်​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​ခံ ယူ​ရ​ရှိ​ကြ​၏။- \v 3 အ​ကယ်​၍​ထို​သူ​အ​ချို့​တို့​သည်​သစ္စာ​မဲ့​ကြ ခြင်း​ကြောင့် ဘု​ရား​သ​ခင်​သည်​လည်း​သစ္စာ​မဲ့ တော်​မူ​မည်​ဟု​ဆို​ရ​မည်​လော။- \v 4 မည်​သည့်​နည်း​နှင့်​မျှ​ဤ​သို့​မ​ဆို​နိုင်။ လူ​တိုင်း ပင်​လိမ်​လည်​ကြ​စေ​ကာ​မူ​ဘု​ရား​သ​ခင်​မူ ကား က​တိ​သစ္စာ​တည်​တော်​မူ​မည်​သာ​ဖြစ်​၏။ ကျမ်း​စာ​တော်​က၊ \q1 ``ကိုယ်​တော်​မိန့်​တော်​မူ​သော​စ​ကား​သည် မှန်​ကန်​ရ​မည်။ \q2 တ​ရား​ဆိုင်​တော်​မူ​ရ​လျှင်​လည်း​ကိုယ်​တော် သာ​လျှင် အ​နိုင်​ရ​မည်'' \m ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်​ဖြစ်​၏။\x + \xo 3:4 \xt ဆာ၊ ၅၁:၄။\x* \p \v 5 သို့​ရာ​တွင်​လူ​အ​ချို့​က``ငါ​တို့​၏​ဆိုး​ယုတ်​မှု သည်​ဘုရား​သ​ခင်​၏​ကောင်း​မြတ်​မှန်​ကန်​မှု​ကို ပို​မို​ထင်​ရှား​စေ​သည်​မ​ဟုတ်​ပါ​လော'' ဟု မေး​ကြ​လိမ့်​မည်။ ငါ​တို့​မည်​သို့​အ​ဖြေ​ပေး မည်​နည်း။ ``ဘု​ရား​သ​ခင်​သည်​ငါ​တို့​ကို ဒဏ်​ခတ်​တော်​မူ​သည်​မှာ​မ​တ​ရား'' ဟု​ငါ တို့​ဖြေ​ဆို​ကြ​မည်​လော။ (ဤ​သို့​ငါ​ဆို​ရာ ၌​လူ​တို့​ပြော​ဆို​လေ့​ရှိ​သည့်​အ​တိုင်း​ပြော လိုက်​ခြင်း​ဖြစ်​သည်။-) \v 6 ``ဘု​ရား​သ​ခင်​သည်​မ​တ​ရား'' ဟု​အ​ဘယ် နည်း​နှင့်​မျှ​မ​ဆို​နိုင်။ အ​ကယ်​၍​ကိုယ်​တော် သည်​မ​တ​ရား​ပါ​မူ အ​ဘယ်​သို့​လျှင်​ကမ္ဘာ လော​က​ကို​တ​ရား​စီ​ရင်​တော်​မူ​နိုင်​မည် နည်း။ \p \v 7 အ​ကယ်​၍​ငါ​၏​သစ္စာ​မဲ့​မှု​သည်​ဘု​ရား​သ​ခင် ၏​သစ္စာ​တော်​ကို​ပို​မို​ထင်​ရှား​စေ​သော​အား​ဖြင့် ကိုယ်​တော်​၏​ဂုဏ်​အ​သ​ရေ​တော်​ကို​တောက်​ပ စေ​သည်​ဆို​ပါ​က အ​ဘယ်​ကြောင့်​ငါ​သည် အ​ပြစ်​ကူး​သူ​အ​ဖြစ်​ဖြင့်​အ​ပြစ်​ဒဏ်​စီ​ရင် ခြင်း​ကို​ခံ​ရ​သ​နည်း။- \v 8 ``အ​ကောင်း​ကို​ဖြစ်​ပွား​စေ​ရန်​အ​ဆိုး​ကို​ငါ တို့​ပြု​ကြ​ကုန်​အံ့'' ဟု​ဆို​ရ​မည်​လော။ ဤ​ကဲ့ သို့​ပင်​ငါ​ပြော​ဆို​သည်​ဟူ​၍​လူ​အ​ချို့​က ပြစ်​တင်​စွပ်​စွဲ​ကာ​ငါ့​အား​စော်​ကား​ကြ​လေ ပြီ။ ထို​သူ​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​သည်​အ​တိုင်း​အ​မှန်​ပင်​ခံ​ရ​ကြ လိမ့်​မည်။ \s1 ဖြောင့်​မတ်​သူ​တစ်​ယောက်​မျှ​မ​ရှိ \p \v 9 သို့​ဖြစ်​ပါ​မူ​ငါ​တို့​ယု​ဒ​လူ​မျိုး​သည်​လူ မျိုး​ခြား​တို့​ထက်​အ​ဘယ်​သို့​လျှင် သာ​လွန် ကောင်း​မွန်​သည့်​အ​ခြေ​အ​နေ​တွင်​ရှိ​ကြ သ​နည်း။ မည်​သို့​မျှ​သာ​လွန်​ကောင်း​မွန်​သည့် အ​ခြေ​အ​နေ​တွင်​မ​ရှိ​ကြ။ ယု​ဒ​လူ​မျိုး ရော​လူ​မျိုး​ခြား​ပါ​အ​ပြစ်​၏​အာ​ဏာ​စက် အောက်​တွင်​ရှိ​ကြ​ကြောင်း​ငါ​အ​ထက်​က ဖော်​ပြ​ခဲ့​ပြီး​ဖြစ်​၏။- \v 10 ကျမ်း​စာ​တော်​တွင်၊``ဖြောင့်​မတ်​သူ​ဟူ​၍ တစ်​ယောက်​မျှ​မ​ရှိ။ \q1 \v 11 ပ​ညာ​ရှိ​သူ​ဟူ​၍​မ​ရှိ။ \q2 ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သူ တစ်​ယောက်​မျှ​မ​ရှိ။ \q1 \v 12 လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို ကျော​ခိုင်း​သွား​ကြ​လေ​ပြီ။ \q2 သူ​တို့​အား​လုံး​ပင်​လမ်း​လွဲ​ကြ​လေ​ပြီ။ \q1 အ​မှန်​တ​ရား​ကို​ပြု​ကျင့်​သူ​ဟူ​၍​မ​ရှိ။ တစ်​ယောက်​မျှ​မ​ရှိ။\x + \xo 3:12 \xt ဆာ၊ ၁၄:၁-၃၊ ၅၃:၁-၃။\x* \q1 \v 13 သူ​တို့​သည်​ကြောက်​မက်​ဖွယ်​ကောင်း​သော စ​ကား​များ​ကို​ပြော​ဆို​ကြ​၏။ \q2 သူ​တို့​သည်​မိ​မိ​တို့​လျှာ​ဖြင့်​လိမ်​လည်​လှည့် စား​ကြ​၏။ \q1 မြွေ​ဆိုး​ကဲ့​သို့​သူ​တို့​၏​နှုတ်​ခမ်း​တွင် အ​ဆိပ်​အ​တောက်​ရှိ​၏။\x + \xo 3:13 \xt ဆာ၊ ၅:၉၊ ၁၀၄:၃။\x* \q1 \v 14 သူ​တို့​၏​ခံ​တွင်း​သည်​ခါး​သီး​စွာ​ကျိန်​စာ သင့်​သော စ​ကား​နှင့်​ပြည့်​ဝ​လျက်​ရှိ​၏။\x + \xo 3:14 \xt ဆာ၊ ၁၀:၇။\x* \q1 \v 15 သူ​တို့​သည်​လူ့​အ​သက်​ကို​သတ်​ရန်​လက်​မ​နှေး ကြ။ \q1 \v 16 သူ​တို့​ရောက်​လေ​ရာ​တွင်​သူ​တို့​လက်​ချက်​ဖြင့် ပျက်​စီး​ဆုံး​ရှုံး​မှု​ရှိ​၏။ \q1 \v 17 သူ​တို့​သည်​ငြိမ်း​ချမ်း​ရေး​လမ်း​စဉ်​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​လိုက်​ကြ။\x + \xo 3:17 \xt ဟေရှာ၊ ၅၉:၇-၈။\x* \q1 \v 18 သူ​တို့​တွင်​ဘု​ရား​သ​ခင်​အား​ကြောက်​ရွံ့​သော စိတ်​မ​ရှိ​ကြ'' \m ဟူ​၍​ပါ​ရှိ​သည့်​အ​တိုင်း​ဖြစ်​သ​တည်း။\x + \xo 3:18 \xt ဆာ၊ ၃၆:၁။\x* \p \v 19 ပ​ညတ်​တ​ရား​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​မှန် သ​မျှ​သည် ပ​ညတ်​တ​ရား​စိုး​မိုး​မှု​လက်​အောက် တွင်​ရှိ​နေ​သူ​များ​အ​တွက်​ဖြစ်​ကြောင်း​ယ​ခု ငါ​တို့​သိ​ကြ​၏။ ဤ​သို့​ဖြစ်​ရ​ခြင်း​အ​ကြောင်း မှာ​လူ​တို့​၏​ဆင်​ခြေ​ဆင်​လက်​မှန်​သ​မျှ​ကို ရပ်​စဲ​စေ​ရန်​နှင့် လူ​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော်​မူ​ခြင်း ကို​ခံ​စေ​ရန်​ဖြစ်​ပေ​သည်။- \v 20 ပ​ညတ်​တ​ရား​၏​ပြ​ဋ္ဌာန်း​ချက်​များ​ကို​စောင့် ထိန်း​ခြင်း​အား​ဖြင့် အ​ဘယ်​သူ​မျှ​ဘုရား​သ​ခင် နှင့်​မှန်​ကန်​စွာ​မ​ဆက်​ဆံ​နိုင်။ ပ​ညတ်​တ​ရား ၏​ဆောင်​ရွက်​ချက်​မှာ​လူ​တို့​သည် မိ​မိ​တို့ အ​ပြစ်​ကူး​လွန်​သူ​များ​ဖြစ်​ကြောင်း​ကို သိ​ရှိ​လာ​စေ​ရန်​ပင်​ဖြစ်​၏။\x + \xo 3:20 \xt ဆာ၊ ၁၄၃:၂။ ဂလ၊ ၂:၁၆။\x* \s1 ဘု​ရား​သ​ခင်​သည်​လူ​တို့​အား​မိမိ​နှင့်​မှန်​ကန်​စွာ ဆက်​သွယ်​စေ​ပုံ \p \v 21 သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ဘု​ရား​သ​ခင်​သည် လူ​သား​အား​မိ​မိ​နှင့်​အ​ဘယ်​နည်း​ဖြင့် မှန်​ကန် စွာ​ဆက်​ဆံ​စေ​ကြောင်း​သိ​သာ​ထင်​ရှား​လာ ပေ​ပြီ။ ဤ​နည်း​သည်​တ​ရား​ဥ​ပ​ဒေ​နှင့်​လုံး​ဝ မ​သက်​ဆိုင်။ သို့​ရာ​တွင်​ဤ​အ​ကြောင်း​ကို မော​ရှေ​၏​ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း များ​က​သက်​သေ​ခံ​ကြ​၏။- \v 22 လူ​တို့​အား​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​နိုင်​သော​နည်း​လမ်း​မှာ​ယေ​ရှု​ခ​ရစ် ကို​ယုံ​ကြည်​ခြင်း​ဖြစ်​သည်။ လူ​တို့​သည်​ခြား နား​ခြင်း​မ​ရှိ။-\x + \xo 3:22 \xt ဂလ၊ ၂:၁၆။\x* \v 23 လူ​မှန်​သ​မျှ​သည်​အ​ပြစ်​ကူး​သူ​များ​ဖြစ် ကြ​၍​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​မှ​ဝေး ကွာ​စွာ​နေ​ရ​ကြ​၏။- \v 24 လူ​တို့​အား​အ​ပြစ်​မှ​လွတ်​မြောက်​စေ​တော်​မူ သော​ခ​ရစ်​တော်​ယေ​ရှု​ကို​အ​ကြောင်း​ပြု​၍ ဘု​ရား​သ​ခင်​သည်​အ​ခ​မဲ့​ကျေး​ဇူး​တော် အား​ဖြင့်​လူ​တို့​အား​မိ​မိ​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​စေ​တော်​မူ​၏။- \v 25-26 ခရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် လူ​တို့​သည်​အ​ပြစ်​များ​မှ​ပြေ​လွတ်​နိုင်​ကြ စေ​ရန် ဘု​ရား​သ​ခင်​သည်​ထို​အ​ရှင်​ကို​ပူ​ဇော် သကာ​အ​ဖြစ်​သတ်​မှတ်​တော်​မူ​၏။ လူ​တို့​သည် ခရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​ဖြင့်​အ​ပြစ်​များ မှ​ပြေ​လွတ်​ခြင်း​ကို​ခံ​စား​ရ​ကြ​၏။ ဘု​ရား သ​ခင်​သည်​ခ​ရစ်​တော်​ကို​ပူ​ဇော်​သ​ကာ အ​ဖြစ်​သတ်​မှတ်​တော်​မူ​ရ​ခြင်း​မှာ ကိုယ် တော်​သည်​ဖြောင့်​မတ်​တော်​မူ​သော​အ​ရှင်​ဖြစ် ကြောင်း​ကို​ပြ​သ​ရန်​ဖြစ်​၏။ ယ​ခု​ခေတ် ကာ​လ​အ​ထိ​ဘု​ရား​သ​ခင်​သည်​စိတ်​ရှည် သည်း​ခံ​တော်​မူ​ပြီး​လျှင် လူ​တို့​ကူး​လွန်​ခဲ့ သည့်​အ​ပြစ်​များ​ကို​အ​ရေး​ယူ​တော်​မ​မူ။ သို့​ရာ​တွင်​ယ​ခု​ခေတ်​ကာ​လ​၌​ကိုယ်​တော် သည် မိ​မိ​၏​ဖြောင့်​မတ်​ခြင်း​ကို​ပြ​သ​ရန် လူ​တို့​၏​အ​ပြစ်​များ​ကို​အ​ရေး​ယူ​တော် မူ​၏။ ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​သည် မိ​မိ​ကိုယ်​တိုင်​ပင်​ဖြောင့်​မတ်​တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​အား​ယုံ​ကြည်​သူ​အ​ပေါင်း​တို့ ကို မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​စေ​တော်​မူ ကြောင်း​ကို​လည်း​ကောင်း​ဖော်​ပြ​တော်​မူ​၏။ \p \v 27 သို့​ဖြစ်​၍​ငါ​တို့​ဝါ​ကြွား​စ​ရာ​အ​ကြောင်း အ​ဘယ်​မှာ​ရှိ​တော့​အံ့​နည်း။ ငါ​တို့​ဝါ​ကြွား စ​ရာ​အ​ကြောင်း​မ​ရှိ။ အ​ဘယ်​ကြောင့်​နည်း။ ပ​ညတ်​တ​ရား​ကို​ငါ​တို့​လိုက်​နာ​ကျင့်​သုံး ကြ​သည့်​အ​တွက်​ကြောင့်​လော။ မ​ဟုတ်​ပါ။ ယုံ​ကြည်​သည့်​အ​တွက်​ကြောင့်​ဖြစ်​၏။- \v 28 ယုံ​ကြည်​ခြင်း​အား​ဖြင့်​သာ​လျှင်​ကိုယ်​တော် နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ကြောင်း၊ ပ​ညတ်​တ​ရား​ကို​ကျင့်​သုံး​ခြင်း​အား​ဖြင့် မ​ရ​ရှိ​နိုင်​ကြောင်း​ငါ​တို့​ယ​ခု​သိ​ကြ​ပြီ ဖြစ်​သည်။- \v 29 ဘု​ရား​သ​ခင်​သည်​ယု​ဒ​အ​မျိုး​သား​တို့​၏ ဘု​ရား​သာ​ဖြစ်​သ​လော။ လူ​မျိုး​ခြား​တို့​၏ ဘု​ရား​လည်း​မ​ဟုတ်​လော။ ဟုတ်​ပေ​၏။- \v 30 ဘု​ရား​သ​ခင်​သည်​တစ်​ဆူ​တည်း​ဖြစ်​တော်​မူ ၏။ ကိုယ်​တော်​သည်​ယုံ​ကြည်​ခြင်း​ကြောင့်​ယု​ဒ အ​မျိုး​သား​တို့​ကို မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက် သွယ်​စေ​တော်​မူ​၏။-\x + \xo 3:30 \xt တရား၊ ၆:၄။ ဂလ၊ ၃:၂၀။\x* \v 31 သို့​ဖြစ်​လျှင်​ငါ​တို့​သည်​ယုံ​ကြည်​ခြင်း​ဖြင့် ပ​ညတ်​တ​ရား​ကို​ပယ်​ရာ​ရောက်​သ​လော။ အ​လျှင်း​မ​ပယ်။ ပ​ညတ်​တ​ရား​ကို​ထောက်​ခံ အ​တည်​ပြု​ခြင်း​သာ​ဖြစ်​၏။ \c 4 \s1 အာ​ဗြ​ဟံ​၏​ယုံ​ကြည်​ခြင်း​စံ​န​မူ​နာ \p \v 1 သို့​ဖြစ်​၍​ငါ​တို့​လူ​မျိုး​၏​အ​ဖ​ဖြစ်​သူ အာ​ဗြ​ဟံ​၏​အ​ကြောင်း​ကို​စဉ်း​စား​ကြည့် ကြ​စို့။ သူ​၏​အ​တွေ့​အ​ကြုံ​ကား​အောက်​ပါ အ​တိုင်း​ဖြစ်​သည်။- \v 2 အ​ကယ်​၍​အာ​ဗြ​ဟံ​သည်​မိ​မိ​၏​အ​ကျင့် သီ​လ​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​ပါ​မူ သူ့​မှာ​ဂုဏ်​ယူ​ဝါ ကြွား​စ​ရာ​အ​ကြောင်း​ရှိ​ပေ​သည်။ သို့​ရာ​တွင် သူ​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​တွင် ထို​သို့​ဂုဏ်​ယူ​ဝါ​ကြွား​မှု​ကို​မ​ပြု​နိုင်။- \v 3 ကျမ်း​စာ​တော်​က``အာ​ဗြ​ဟံ​သည်​ဘု​ရား သ​ခင်​ကို​ယုံ​ကြည်​သ​ဖြင့် ဘု​ရား​သ​ခင် သည်​သူ့​အား​ဖြောင့်​မတ်​သူ​အ​ဖြစ်​လက်​ခံ တော်​မူ​၏'' ဟု​ဆို​သည်။-\x + \xo 4:3 \xt က၊ ၁၅:၆။ ဂလ၊ ၃:၆။\x* \v 4 လူ​တစ်​စုံ​တစ်​ယောက်​သည်​အ​လုပ်​လုပ်​၍ အ​ခ​ကြေး​ငွေ​ကို​ရ​ရှိ​သော​အ​ခါ ထို​ကြေး ငွေ​သည်​လက်​ဆောင်​အ​ဖြစ်​ရ​သော​အ​ရာ မ​ဟုတ်​ဘဲ​မိ​မိ​အ​လုပ်​လုပ်​၍​ရ​သော​အ​ရာ ဖြစ်​၏။- \v 5 သို့​ရာ​တွင်​သူ​သည်​မိ​မိ​၏​အ​ကျင့်​သီ​လ ကို​အား​မ​ကိုး​ဘဲ​ယုံ​ကြည်​ခြင်း​ကို​အား​ကိုး လျှင် ဘု​ရား​သ​ခင်​သည်​သူ​၏​ယုံ​ကြည်​မှု​ကို ထောက်​ရှု​လျက် သူ့​အား​အ​ပြစ်​မ​ရှိ​ဟု​စီ​ရင် ချက်​ချ​မှတ်​တော်​မူ​သည်။ သူ​၏​ယုံ​ကြည်​ခြင်း ကြောင့်​ဘု​ရား​သ​ခင်​သည်​သူ့​ကို​မိ​မိ​နှင့် မှန်​ကန်​စွာ​ဆက်​ဆံ​စေ​တော်​မူ​၏။- \v 6 အ​ကျင့်​သီ​လ​ကို​မ​ထောက်​ဘဲ​ဘု​ရား​သ​ခင် သည်​ဖြောင့်​မတ်​သော​သူ​အ​ဖြစ်​လက်​ခံ​တော်​မူ ခြင်း​ကို ခံ​ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​ကြောင်း ဖော်​ပြ​ရာ​၌​ဒါ​ဝိဒ်​မင်း​က၊ \q1 \v 7 ``အ​ပြစ်​ပြေ​လွတ်​ခွင့်​နှင့်​အ​ပြစ်​ဒု​စ​ရိုက်​အ​တွက် \q2 လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ကို​ရ​သော​သူ​သည် မင်္ဂလာ​ရှိ​၏။ \q1 \v 8 မိမိ​၏​အ​ပြစ်​များ​ကို​ထာ​ဝ​ရ​ဘု​ရား​မှတ်​တော်​မူ ခြင်း​ကို၊ မ​ခံ​ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​၏'' \m ဟု​မြွက်​ဆို​လေ​သည်။\x + \xo 4:8 \xt ဆာ၊ ၃၂:၁-၂။\x* \p \v 9 ဒါ​ဝိဒ်​မင်း​ဖော်​ပြ​သော​မင်္ဂလာ​ကို​အ​ရေ​ဖျား လှီး​ခြင်း​ခံ​သူ​တို့​သာ​လျှင်​ရ​ရှိ​ကြ​သ​လော။ အ​ရေ​ဖျား​လှီး​ခြင်း​မ​ခံ​သူ​တို့​လည်း​ရ​ရှိ ကြ​ပေ​သည်။ ငါ​တို့​ဖော်​ပြ​ခဲ့​သော​ကျမ်း​စာ အ​ရ``အာ​ဗြ​ဟံ​သည်​ဘုရား​သခင်​ကို​ယုံ​ကြည် သ​ဖြင့်​ဘု​ရား​သ​ခင်​သည်​သူ့​အား​ဖြောင့်​မတ် သော​သူ​အ​ဖြစ်​လက်​ခံ​တော်​မူ​၏။-'' \v 10 ဤ​သို့​အာ​ဗြ​ဟံ​အား​ဖြောင့်​မတ်​သော​သူ အ​ဖြစ်​ဘု​ရား​သ​ခင်​လက်​ခံ​တော်​မူ​သည့် အ​ချိန်​မှာ အာ​ဗြ​ဟံ​အ​ရေ​ဖျား​လှီး​မင်္ဂလာ ခံ​ပြီး​မှ​လော။ မ​ခံ​ရ​သေး​မီ​က​လော။ ခံ​ပြီး မှ​မ​ဟုတ်။ မ​ခံ​ရ​သေး​မီ​က​ဖြစ်​၏။- \v 11 သူ့​အား​ဘု​ရား​သ​ခင်​ယင်း​သို့​လက်​ခံ​တော်​မူ ပြီး​မှ​အာ​ဗြ​ဟံ​သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ ခံ​ရ​၏။ ထို​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကား​ဘု​ရား သ​ခင်​သည်​အာ​ဗြ​ဟံ​၏​ယုံ​ကြည်​မှု​ကို​ထောက် လျက် အ​ရေ​ဖျား​လှီး​မင်္ဂလာ​မ​ခံ​မီ​ဖြောင့်​မတ်​သူ အ​ဖြစ်​လက်​ခံ​တော်​မူ​ကြောင်း​ကို​သက်​သေ​ပြ သော​အ​မှတ်​လက္ခ​ဏာ​ပင်​ဖြစ်​၏။ သို့​ဖြစ်​၍ အာ​ဗြ​ဟံ​သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကို မ​ခံ​သော်​လည်း​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သူ​အ​ဖြစ်​ကိုယ်​တော် လက်​ခံ​သူ​အ​ပေါင်း​တို့​၏​အ​ဖ​ဖြစ်​လာ ၏။-\x + \xo 4:11 \xt က၊ ၁၇:၁၀။\x* \v 12 သူ​သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ခံ​သူ​တို့​၏ အ​ဖ​လည်း​ဖြစ်​ပေ​သည်။ တစ်​နည်း​ကား​သူ သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကို​ခံ​ကြ​ရုံ​မ​က ငါ​တို့​အ​ဖ​အာ​ဗြ​ဟံ​အ​ရေ​ဖျား​လှီး​မင်္ဂလာ ကို​မ​ခံ​မီ​က ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ခြင်း စံ​န​မူ​နာ​ကို​လိုက်​သူ​တို့​၏​အ​ဖ​လည်း​ဖြစ် သည်။ \s1 ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဘု​ရား​သခင်​က​တိ​တော်​ကို ခံ​စား​ရ​ခြင်း \p \v 13 ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​နှင့်​သား​မြေး​တို့ အား​ကမ္ဘာ​လော​က​ကို ပိုင်​စေ​တော်​မူ​မည်​ဟု​က​တိ ထား​တော်​မူ​ခဲ့​၏။ ဤ​သို့​က​တိ​ထား​တော်​မူ​ခြင်း မှာ​အာ​ဗြ​ဟံ​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း သော​ကြောင့်​မ​ဟုတ်၊ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် သ​ဖြင့်​သူ့​အား​ဖြောင့်​မတ်​သူ​အ​ဖြစ်​ကိုယ်​တော် လက်​ခံ​တော်​မူ​သော​ကြောင့်​ဖြစ်​၏။-\x + \xo 4:13 \xt က၊ ၁၇:၄-၆၊ ၂၂:၁၇-၁၈။ ဂလ၊ ၃:၂၉။\x* \v 14 အ​ကယ်​၍​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ကြ သူ​များ​သာ​လျှင် က​တိ​တော်​ကို​ခံ​စား​ရ​ကြ မည်​ဆို​လျှင်​ဘု​ရား​သ​ခင်​အား​ယုံ​ကြည်​မှု သည်​အ​ချည်း​နှီး​ဖြစ်​၍​က​တိ​တော်​သည် လည်း​အဋ္ဌိ​ပ္ပါယ်​မ​ရှိ​တော့​ပေ။-\x + \xo 4:14 \xt ဂလ၊ ၃:၁၈။\x* \v 15 ပ​ညတ်​တ​ရား​သည်​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​ကို​ဖြစ်​ပွား​စေ​၏။ သို့​ရာ​တွင်​တ​ရား ဥ​ပ​ဒေ​မ​ရှိ​လျှင်​တ​ရား​ဥ​ပ​ဒေ​ကို​ချိုး ဖောက်​ခြင်း​လည်း​မ​ရှိ​နိုင်။ \p \v 16 သို့​ဖြစ်​၍​အာ​ဗြ​ဟံ​သား​မြေး​အ​ပေါင်း​တို့ သည်​ဘု​ရား​သ​ခင်​၏​က​တိ​တော်​ကို​အ​ခ​မဲ့ ခံ​စား​ခွင့်​ရှိ​ကြောင်း အာ​မ​ခံ​ချက်​ရှိ​စေ​ရန် ကိုယ်​တော်​သည်​အာ​ဗြ​ဟံ​၏​ယုံ​ကြည်​မှု​အ​ပေါ် တွင်​အ​ခြေ​ခံ​၍​က​တိ​ထား​တော်​မူ​၏။ ထို က​တိ​တော်​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း သူ​များ​အ​တွက်​သာ​လျှင်​မ​ဟုတ်။ အာ​ဗြ​ဟံ ကဲ့​သို့​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​တို့ အ​တွက်​လည်း​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် အာ​ဗြ​ဟံ​သည်​ငါ​တို့​အား​လုံး​၏​အ​ဖ​ဖြစ် သော​ကြောင့်​တည်း။-\x + \xo 4:16 \xt ဂလ၊ ၃:၁၇။\x* \v 17 ``ငါ​သည်​သင့်​အား​လူ​မျိုး​အ​မြောက်​အ​မြား​တို့ ၏​အ​ဖ​ဖြစ်​စေ​ပြီ'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော်​ပြ သည်​နှင့်​အ​ညီ​ဖြစ်​သည်။ သို့​ဖြစ်​၍​ဘု​ရား​သခင် ၏​ရှေ့​တော်​၌​ထို​က​တိ​တော်​တည်​ရ​၏။ ဘု​ရား သ​ခင်​သည်​အာ​ဗြ​ဟံ​ယုံ​ကြည်​သော​ဘု​ရား၊ သူ သေ​တို့​ကို​အ​သက်​ရှင်​စေ​သော​ဘု​ရား၊ ယ​ခင် က​မ​ဖြစ်​ဘူး​သည့်​အ​ရာ​များ​ကို​ဖြစ်​ပေါ် စေ​ရန်​အ​မိန့်​ပေး​တော်​မူ​သော​ဘု​ရား​ဖြစ် တော်​မူ​၏။-\x + \xo 4:17 \xt က၊ ၁၇:၅။\x* \v 18 အာ​ဗြ​ဟံ​သည်​မျှော်​လင့်​စ​ရာ​မဲ့​သော​အ​ခြေ အ​နေ​၌​ပင်​လျှင်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် ခဲ့​၏။ သို့​ဖြစ်​၍​သူ​သည်​လူ​မျိုး​အ​မြောက်​အ​မြား တို့​၏​အ​ဖ​ဖြစ်​လာ​၏။ ကျမ်း​စာ​တော်​တွင်``သင် ၏​အ​မျိုး​အ​နွယ်​တို့​သည်​ကြယ်​ကဲ့​သို့​များ ပြား​လိမ့်​မည်'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း ဖြစ်​၏။-\x + \xo 4:18 \xt က၊ ၁၅:၅။\x* \v 19 ထို​အ​ချိန်​၌​အာ​ဗြ​ဟံ​သည်​အ​သက်​တစ်​ရာ ခန့်​ပင်​ရှိ​၍ မိ​မိ​၏​ကိုယ်​ခန္ဓာ​သည်​အ​သေ​ကဲ့​သို့ ဖြစ်​လျက်​နေ​ကြောင်း​ကို​လည်း​ကောင်း၊ စာ​ရာ သည်​လည်း​က​လေး​မ​ရ​နိုင်​ကြောင်း​ကို​လည်း ကောင်း​သိ​သော်​လည်း ဘု​ရား​သ​ခင်​အ​ပေါ်​တွင် ယုံ​ကြည်​မှု​ခိုင်​မြဲ​လျက်​ရှိ​၏။-\x + \xo 4:19 \xt က၊ ၁၇:၁၇။\x* \v 20 သူ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဘု​ရား​သ​ခင် ၏​က​တိ​တော်​ကို​ယုံ​မှား​သံ​သ​ယ​မ​ဖြစ်။ ကိုယ်​တော့်​အ​ပေါ်​ယုံ​ကြည်​မှု​ကို​လည်း​မ​စွန့် လွှတ်။ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သည်​ဖြစ်​၍ ခွန်​အား​ပြည့်​ဝ​လာ​၏။ ထို့​ကြောင့်​သူ​သည် ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ပေ သည်။- \v 21 ဘု​ရား​သ​ခင်​သည်​မိမိ​က​တိ​ထား​တော်​မူ​သည့် အ​တိုင်း​ပြု​တော်​မူ​နိုင်​ကြောင်း​အာ​ဗြ​ဟံ​သည် အ​ကြွင်း​မဲ့​ယုံ​ကြည်​၏။- \v 22 ထို​သို့​ယုံ​ကြည်​မှု​ကြောင့်​ဘု​ရား​သ​ခင်​သည် သူ့​အား​ဖြောင့်​မတ်​သူ​အ​ဖြစ်​လက်​ခံ​တော် မူ​၏။- \v 23 ``ဘု​ရား​သ​ခင်​သည်​သူ့​အား​ဖြောင့်​မတ်​သူ အ​ဖြစ်​လက်​ခံ​တော်​မူ​၏'' ဟူ​သော​စ​ကား​ရပ် သည်​အာ​ဗြ​ဟံ​တစ်​ဦး​တည်း​သာ​ရည်​ညွှန်း သည်​မ​ဟုတ်။- \v 24 ငါ​တို့​အား​လည်း​ရည်​ညွှန်း​ပေ​သည်။ အ​ဘယ် ကြောင့်​ဆို​သော်​ငါ​တို့​၏​အ​ရှင်​သ​ခင်​ယေ​ရှု အား​ရှင်​ပြန်​ထ​မြောက်​စေ​သော​ဘု​ရား​သ​ခင် ကို ငါ​တို့​ယုံ​ကြည်​သ​ဖြင့်​ငါ​တို့​အား​ဖြောင့် မတ်​သူ​များ​အ​ဖြစ်​ကိုယ်​တော်​လက်​ခံ​မည် ဖြစ်​သော​ကြောင့်​တည်း။- \v 25 ထို​အ​ရှင်​သည်​ငါ​တို့​အ​ပြစ်​များ​ကြောင့်​အ​သေ ခံ​စေ​ရန်​အပ်​နှံ​ခြင်း​ကို​ခံ​တော်​မူ​၏။ ငါ​တို့​အား ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​စေ​အံ့​သော ငှာ​ကိုယ်​တော်​အား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​၏။\x + \xo 4:25 \xt ဟေရှာ၊ ၅၃:၄-၅။\x* \c 5 \s1 ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခြင်း \p \v 1 ငါ​တို့​သည်​ယုံ​ကြည်​ခြင်း​ဖြင့်​ဘု​ရား​သ​ခင် နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​မှု​ရ​ရှိ​ပြီး​ဖြစ်​သော ကြောင့် ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​ငြိမ်​သက်​ခြင်း​ကို ခံ​စား​ရ​ကြ​၏။- \v 2 ထို​အ​ရှင်​သည်​ငါ​တို့​အား​ယုံ​ကြည်​ခြင်း​ကြောင့် ဤ​ကဲ့​သို့​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ခံ စား​စေ​တော်​မူ​၏။ ထို​ကျေး​ဇူး​တော်​ကို​ယ​ခု​ငါ တို့​ခံ​စား​လျက်​ရှိ​ကြ​၏။ သို့​ဖြစ်​၍​ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ခံ​စား ရန်​မျှော်​လင့်​ခြင်း​အ​တွက်​ဝါ​ကြွား​ဝမ်း​မြောက် ကြ​၏။- \v 3 ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​လည်း​ငါ​တို့​ဝါ​ကြွား ဝမ်း​မြောက်​ကြ​ပေ​သည်။ ဆင်း​ရဲ​ဒုက္ခ​သည်​ခံ​နိုင် ရည်​ကို​လည်း​ကောင်း၊- \v 4 ခံ​နိုင်​ရည်​သည်​ဘု​ရား​သ​ခင်​၏​နှစ်​သက်​မှု​ကို လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​နှစ်​သက်​မှု​သည် မျှော်​လင့်​ခြင်း​ကို​လည်း​ကောင်း ပြု​စု​၍​ပေး တတ်​ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။- \v 5 ဤ​မျှော်​လင့်​ခြင်း​သည်​ငါ​တို့​အား​စိတ်​ပျက် စေ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ပေး​သ​နား တော်​မူ​သော​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား ဖြင့် ငါ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့​မေတ္တာ​တော်​ကို သွန်း​လောင်း​တော်​မူ​သော​ကြောင့်​တည်း။ \p \v 6 ငါ​တို့​သည်​ခို​ကိုး​ရာ​မဲ့​ဖြစ်​လျက်​ရှိ​နေ​ကြ စဉ် ခ​ရစ်​တော်​သည်​ဘု​ရား​သ​ခင်​သတ်​မှတ်​တော် မူ​ရာ​နေ့​ရက်​ကာ​လ​၌​ဆိုး​ယုတ်​သူ​တို့ အ​တွက်​အ​သေ​ခံ​တော်​မူ​၏။- \v 7 ဖြောင့်​မတ်​သူ​တစ်​ယောက်​အ​တွက်​အသေ​ခံ​မည့် သူ​ရှိ​ရန်​ခဲ​ယဉ်း​၏။ သူ​တော်​ကောင်း​တစ်​ယောက် အ​တွက်​အ​သေ​ခံ​ဝံ့​သူ​ရှိ​ကောင်း​ရှိ​မည်။- \v 8 သို့​ရာ​တွင်​ငါ​တို့​သည်​အ​ပြစ်​ကူး​လျက်​ရှိ​နေ ကြ​စဉ်​ပင် ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက်​အ​သေ ခံ​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​အ​ဘယ်​မျှ​ချစ်​တော်​မူ​ကြောင်း​ကို ထင်​ရှား​စွာ​ပြ​တော်​မူ​၏။- \v 9 ခ​ရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် ငါ တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ ခွင့်​ကို​ရ​ရှိ​သည်​ဖြစ်​ရာ အ​မျက်​တော်​မှ​ခ​ရစ် တော်​အား​ဖြင့်​ပို​၍​ကယ်​တင်​ခြင်း​ကို​ရ​ရှိ​ကြ လိမ့်​မည်။- \v 10 ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရန်​သူ​ဖြစ်​ကြ သော်​လည်း​ကိုယ်​တော်​သည် သား​တော်​ကို​အ​သေ​ခံ စေ​တော်​မူ​ခြင်း​အား​ဖြင့်​ငါ​တို့​အား​မိတ်​ဆွေ ဖြစ်​စေ​တော်​မူ​၏။ ယ​ခု​ငါ​တို့​သည်​ဘု​ရား​သ​ခင် ၏​မိတ်​ဆွေ​ဖြစ်​လာ​ကြ​ပြီ​ဖြစ်​ရာ ခ​ရစ်​တော် အ​သက်​ရှင်​တော်​မူ​ခြင်း​အား​ဖြင့်​ကယ်​တင်​ခြင်း ကို​ပို​၍​ခံ​ရ​ကြ​လိမ့်​မည်။- \v 11 ဤ​မျှ​သာ​မ​က၊ ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား ကိုယ်​တော်​၏​မိတ်​ဆွေ​ဖြစ်​စေ​တော်​မူ​သော ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ပြု​တော်​မူ​သော အ​မှု​ကြောင့်​ငါ​တို့​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​၏။ \s1 အာ​ဒံ​နှင့်​ခ​ရစ်​တော်​နှိုင်း​ယှဉ်​ချက် \p \v 12 အ​ပြစ်​တ​ရား​သည်​လူ​တစ်​ယောက်​ကြောင့်​ဤ ကမ္ဘာ​လော​က​သို့​သက်​ရောက်​လာ​၏။ ထို​သူ​၏ အ​ပြစ်​ကြောင့်​သေ​ခြင်း​တ​ရား​ပေါ်​ပေါက်​လာ ရ​၏။ သို့​ဖြစ်​၍​လူ​အ​ပေါင်း​တို့​သည်​အ​ပြစ် ကူး​လွန်​ကြ​သ​ဖြင့်​သေ​ရ​ကြ​ကုန်​၏။-\x + \xo 5:12 \xt က၊ ၃:၆။\x* \v 13 ပ​ညတ်​တ​ရား​မ​ပေါ်​မီ​အ​ခါ​က​လူ​တို့​သည် အ​ပြစ်​ကူး​ခဲ့​ကြ​၏။ သို့​သော်​ထို​စဉ်​အ​ခါ​က တ​ရား​ဥ​ပ​ဒေ​မ​ရှိ​သ​ဖြင့်​လူ​တို့​၏​အ​ပြစ် များ​ကို​မှတ်​သား​ထား​ခြင်း​မ​ရှိ။- \v 14 သို့​ရာ​တွင်​သေ​ခြင်း​တ​ရား​သည်​အာ​ဒံ​၏​လက် ထက်​မှ​စ​၍​မော​ရှေ​၏​လက်​ထက်​တိုင်​အောင် လူ အ​ပေါင်း​တို့​အား​စိုး​မိုး​ခဲ့​၏။ အာ​ဒံ​ကဲ့​သို့ ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​ဖီ​ဆန်​ခြင်း​ဖြင့် အ​ပြစ်​မ​ကူး​ခဲ့​သူ​တို့​ကို​ပင်​သေ​ခြင်း​တ​ရား က​စိုး​မိုး​ခဲ့​ပေ​သည်။ \p အာ​ဒံ​သည်​နောင်​အ​ခါ​ပေါ်​ထွန်း​လတ္တံ့​သော အ​ရှင်​၏​ပုံ​ကို​ဆောင်​ပေ​သည်။- \v 15 သို့​ရာ​တွင်​သူ​တို့​နှစ်​ဦး​ကွာ​ခြား​၏။ ဘု​ရား​သ​ခင် ၏​အ​ခ​မဲ့​ဆု​ကျေး​ဇူး​တော်​နှင့်​အာ​ဒံ​၏​အ​ပြစ် ကူး​လွန်​ပုံ​မ​တူ​သ​ဖြင့် သူ​တို့​နှစ်​ဦး​ကွာ​ခြား​၏။ တစ်​ဦး​ကူး​လွန်​သည့်​အ​ပြစ်​ကြောင့်​လူ​များ​စွာ သေ​သည်​မှန်​ပါ​က ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​သည်​လည်း​ကောင်း၊ အ​ခြား​တစ်​ဦး​ဖြစ်​သူ ယေ​ရှု​ခ​ရစ်​၏​ကျေး​ဇူး​တော်​အား​ဖြင့်​လူ မြောက်​မြား​စွာ​ရ​ရှိ​ကြ​သည့်​ဆု​ကျေး​ဇူး သည်​လည်း​ကောင်း​ပို​၍​ကြွယ်​ဝ​ပေ​သည်။- \v 16 ဘု​ရား​သ​ခင်​၏​ဆု​ကျေး​ဇူး​နှင့်​လူ​တစ်​ယောက် ၏​အ​ပြစ်​ကွာ​ခြား​၏။ တစ်​ဦး​အ​ပြစ်​ကူး​သော အ​ခါ​ပြစ်​ဒဏ်​စီ​ရင်​ချက်​ချ​မှတ်​ပါ​က အ​ပြစ်​များ​စွာ​ကူး​ကြ​သော​အ​ခါ မ​ထိုက် မ​တန်​သော်​လည်း​အ​ပြစ်​မ​ရှိ​ဟု​စီ​ရင်​ချက် မှတ်​သ​တည်း။- \v 17 တစ်​ဦး​ကူး​သည့်​အ​ပြစ်​သည်​သေ​ခြင်း​တ​ရား စိုး​မိုး​မှု​ကို​ဖြစ်​ပေါ်​စေ​ပါ​က အ​ခြား​သူ​တစ်​ဦး ဖြစ်​သူ​ယေ​ရှု​ခ​ရစ်​ပြု​သည့်​အ​မှု​တော်​၏​အ​ကျိုး ဆက်​ကား​အ​ဘယ်​မျှ​ပို​မို​ကြီး​မား​လိမ့်​မည်​နည်း။ ဘု​ရား​သ​ခင်​၏​ကြွယ်​ဝ​သော​ကျေး​ဇူး​တော်​ကို ခံ​စား​၍​ကိုယ်​တော်​နှင့်​လွတ်​လပ်​မှန်​ကန်​စွာ​ဆက် သွယ်​ရ​သူ​အ​ပေါင်း​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် အ​သက်​ရှင်​လျက်​စိုး​စံ​ရ​ကြ​လတ္တံ့။ \p \v 18 သို့​ဖြစ်​၍​တစ်​ဦး​က​အ​ပြစ်​ကို​ပြု​သော​ကြောင့် လူ​သား​အား​လုံး​ပင်​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ ကြ​သည်​နည်း​တူ အ​ခြား​တစ်​ဦး​က​ဖြောင့်​မတ် သော​အ​မှု​ကို​ပြု​သော​ကြောင့်​လူ​သား​အ​ပေါင်း တို့​သည်​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​မှ​လွတ်​မြောက်​၍ အ​သက်​ရှင်​ရ​ကြ​၏။- \v 19 လူ​တစ်​ဦး​သည်​ဘု​ရား​စ​ကား​ကို​နား​မ​ထောင် သော​အား​ဖြင့်​လူ​အ​ပေါင်း​တို့​အ​ပြစ်​ကူး​သူ များ​ဖြစ်​ရ​ကြ​သည်​နည်း​တူ အ​ခြား​လူ​တစ်​ဦး သည်​ဘု​ရား​စ​ကား​ကို​နာ​ခံ​သော​အား​ဖြင့်​လူ အ​ပေါင်း​တို့​သည်​ဘုရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​သွယ်​ရ​ကြ​လိမ့်​မည်။ \p \v 20 အ​ပြစ်​ဒု​စ​ရိုက်​များ​ပြား​လာ​စေ​ရန်​ပ​ညတ် တ​ရား​ကို​ချ​မှတ်​ခဲ့​၏။ သို့​ရာ​တွင်​အ​ပြစ် ဒု​စ​ရိုက်​များ​ပြား​လာ​သော​အ​ခါ​ကျေး​ဇူး တော်​သည်​ပို​၍​များ​ပြား​လာ​၏။- \v 21 သို့​ဖြစ်​၍​အ​ပြစ်​တ​ရား​သည်​သေ​ခြင်း​တ​ရား အား​ဖြင့် စိုး​မိုး​ခဲ့​သည်​နည်း​တူ​ငါ​တို့​၏​အ​ရှင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အား​ထာ​ဝ​ရ​အ​သက် ကို​ရ​စေ​ရန်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​အား​ဖြင့်​စိုး​မိုး​သ​တည်း။ \c 6 \s1 ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက် အ​သက်​ရှင်​ခြင်း \p \v 1 သို့​ဖြစ်​လျှင်​အ​ဘယ်​သို့​ဆို​ရ​မည်​နည်း။ ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ပို​မို​ခံ​စား​ရ​စေ ရန် အ​ပြစ်​ထဲ​၌​ဆက်​လက်​၍​ကျင်​လည်​ရ​မည် လော။- \v 2 ထို​သို့​မ​ဆို​လို​ပါ။ အ​ပြစ်​ဒု​စ​ရိုက်​နှင့်​လုံး​ဝ အ​ဆက်​ဖြတ်​ပြီး​သော ငါ​တို့​သည်​အ​ဘယ် ကြောင့်​အ​ပြစ်​ထဲ​၌​ပြန်​၍​ကျင်​လည်​ရ​ကြ ပါ​မည်​နည်း။- \v 3 ငါ​တို့​သည်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ရန်​ဗတ္တိ​ဇံ​မင်္ဂလာ​ခံ​ကြ​သော အ​ခါ တစ်​ချိန်​တည်း​မှာ​ပင်​ကိုယ်​တော်​နှင့်​အ​တူ အ​သေ​ခံ​ကြ​ကြောင်း​ကို​သင်​တို့​အ​မှန်​ပင် သိ​ကြ​၏။- \v 4 သို့​ဖြစ်​၍​ငါ​တို့​သည်​ဗတ္တိ​ဇံ​အား​ဖြင့်​ခ​ရစ်​တော် နှင့်​အ​တူ မြှုပ်​နှံ​ခြင်း​ကို​ခံ​သ​ဖြင့်​ကိုယ်​တော် နှင့်​အ​တူ​အ​သေ​ခံ​ကြ​၏။ ကိုယ်​တော်​နှင့်​အ​တူ အ​သေ​ခံ​ရ​သည့်​အ​ကြောင်း​မှာ​ခ​မည်း​တော် သည်​ဘုန်း​တန်​ခိုး​တော်​အား​ဖြင့် ကိုယ်​တော်​အား သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​သည် နည်း​တူ​ငါ​တို့​အား​လည်း​ဘ​ဝ​သစ်​၌​ကျင် လည်​ရ​ကြ​စေ​ရန်​ဖြစ်​သ​တည်း။\x + \xo 6:4 \xt ကော၊ ၂:၁၂။\x* \p \v 5 အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​လျက်​သေ​ကြ​ပါ​မူ ကိုယ်​တော် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​သ​ကဲ့​သို့ ငါ​တို့​သည်​ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​လျက် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ကြ မည်​ဖြစ်​သော​ကြောင့်​တည်း။- \v 6 ငါ​တို့​၏​ဇာ​တိ​စိတ်​ဟောင်း​ကို​ခရစ်​တော်​နှင့် အ​တူ လက်​ဝါး​ကပ်​တိုင်​တွင်​အ​သေ​သတ်​ခြင်း ခံ​စေ​ခဲ့​၏။ ဤ​သို့​အ​သေ​သတ်​ခြင်း​ခံ​စေ​ရ ခြင်း​မှာ​အ​ပြစ်​နှင့်​ပြည့်​ဝ​သည့်​ဇာ​တိ​စိတ် ကို​ဖျက်​ဆီး​ခြင်း​အား​ဖြင့် ငါ​တို့​သည်​အ​ပြစ် ၏​ကျွန်​ဘ​ဝ​မှ​လွတ်​မြောက်​ကြ​စေ​ရန်​ပင် ဖြစ်​ကြောင်း​ငါ​တို့​သိ​ကြ​၏။- \v 7 ခ​ရစ်​တော်​နှင့်​အ​တူ​သေ​သော​သူ​သည်​အ​ပြစ် တ​ရား​၏​လက်​အောက်​ခံ​မ​ဟုတ်​တော့​ပေ။- \v 8 ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​အ​တူ​သေ​ကြ​ပြီ ဖြစ်​၍​ကိုယ်​တော်​နှင့်​အ​တူ​အ​သက်​ရှင်​ရ ကြ​မည်​ကို​ယုံ​ကြည်​ကြ​၏။- \v 9 ခ​ရစ်​တော်​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​သ​ဖြင့် နောင်​အ​စဉ်​သေ​ခြင်း​တ​ရား​နှင့် ကင်း​လွတ်​တော်​မူ​ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။ သေ​ခြင်း​တ​ရား​သည်​ကိုယ်​တော်​ကို​အ​စိုး​မ​ရ တော့​ပေ။- \v 10 သို့​ဖြစ်​၍​ကိုယ်​တော်​အ​သေ​ခံ​တော်​မူ​သော ကြောင့်​အ​ပြစ်​တ​ရား​သည်​ကိုယ်​တော်​ကို​အ​စိုး မ​ရ​တော့​ချေ။ ယ​ခု​ကိုယ်​တော်​သည်​ဘု​ရား သ​ခင်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​လျက်​အ​သက် ရှင်​တော်​မူ​၏။- \v 11 ထို​နည်း​တူ​သင်​တို့​သည်​လည်း​အ​ပြစ်​တ​ရား နှင့်​လုံး​ဝ​အ​ဆက်​ပြတ်​၍​ခ​ရစ်​တော်​ယေ​ရှု အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့ လျက်​ရှိ​နေ​သည်​ဟု​မှတ်​ယူ​ရ​ကြ​မည်။ \p \v 12 ထို့​ကြောင့်​သင်​တို့​သည် မိ​မိ​တို့​ကိုယ်​ခန္ဓာ​၏ အ​လို​ဆန္ဒ​သို့​မ​လိုက်​စေ​ရန်​အ​ပြစ်​တ​ရား က သင်​တို့​၏​သေ​တတ်​သော​ကိုယ်​ခန္ဓာ​ကို​အ​စိုး မ​ရ​စေ​နှင့်။- \v 13 သင်​တို့​ကိုယ်​အင်္ဂါ​များ​ကို​လည်း​ဒု​စ​ရိုက်​အ​တွက် အ​သုံး​မ​ပြု​ကြ​နှင့်။ ယင်း​သို့​ပြု​မည့်​အ​စား သင်​တို့​သည်​သေ​ရာ​မှ​ရှင်​ပြန်​သူ​များ​အ​ဖြစ် ဖြင့်​လည်း​ကောင်း၊ သု​စ​ရိုက်​အ​တွက်​အ​သုံး​တော် ခံ​ရန်​လည်း​ကောင်း၊ မိ​မိ​တို့​ကိုယ်​ကို​ဘု​ရား သ​ခင်​အား​ဆက်​သ​ကြ​လော့။- \v 14 အ​ပြစ်​တ​ရား​သည်​သင်​တို့​အား​အ​စိုး​မ​ရ​စေ နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​ပ​ညတ် တ​ရား​လက်​အောက်​၌​မ​ရှိ။ ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တ​ရား​လက်​အောက်​၌​ရှိ​ကြ​သော ကြောင့်​တည်း။ \s1 ဖြောင့်​မတ်​ခြင်း​တ​ရား​၏​ကျွန်​များ \p \v 15 သို့​ဖြစ်​၍​ငါ​တို့​သည်​ပ​ညတ်​တ​ရား​၏​လက် အောက်​၌​မ​ရှိ​တော့​ဘဲ ကျေး​ဇူး​တ​ရား​၏​လက် အောက်​၌​ရှိ​ကြ​သ​ဖြင့်​အ​ပြစ်​ကူး​ကြ​ကုန် အံ့​ဟု​ဆို​ကြ​မည်​လော။ ထို​သို့​မ​ဆို​ရ။- \v 16 လူ​တစ်​စုံ​တစ်​ယောက်​၏​စေ​စား​မှု​ကို​ခံ​သော သူ​သည် စေ​စား​သူ​၏​ကျွန်​ဖြစ်​ကြောင်း​သင်​တို့ ကောင်း​စွာ​သိ​ကြ​၏။ အ​ကယ်​၍​သင်​တို့​သည် အ​ပြစ်​တ​ရား​၏​စေ​စား​မှု​ကို​ခံ​ကြ​ပါ​မူ သင် တို့​ခံ​စား​ရ​မည့်​အ​ကျိုး​ဆက်​ကား​သေ​ခြင်း ပင်​ဖြစ်​၏။ အ​ကယ်​၍​သင်​တို့​သည်​ဘု​ရား​သခင် ၏​စ​ကား​ကို​နာ​ခံ​ကြ​မည်​ဆို​ပါ​က​ကိုယ်​တော် နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​မှု​ကို​ရ​ရှိ​ကြ​လိမ့်​မည်။- \v 17 သင်​တို့​သည်​အ​ခါ​တစ်​ပါး​က​အ​ပြစ်​တ​ရား ၏​ကျွန်​ဖြစ်​ခဲ့​ဖူး​သော်​လည်း​ယ​ခု​အ​ခါ​၌ မိ​မိ တို့​ခံ​ယူ​ယုံ​ကြည်​သည့်​ဘာ​သာ​တ​ရား​တော်​ကို အ​ကြွင်း​မဲ့​လိုက်​နာ​ကျင့်​သုံး​ကြ​သည့်​အ​တွက် ငါ​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​၏။- \v 18 သင်​တို့​သည်​အ​ပြစ်​တ​ရား​၏​ကျွန်​ဘ​ဝ​မှ လွတ်​မြောက်​ကြ​သော​အ​ခါ​ဖြောင့်​မတ်​ခြင်း တ​ရား​၏​ကျွန်​ဖြစ်​လာ​ကြ​၏။- \v 19 (သင်​တို့​၏​ဇာ​တိ​သ​ဘော​အ​ရ​အား​နည်း​မှု ကြောင့် လူ​တို့​နား​လည်​နိုင်​သော​ဝေါ​ဟာ​ရ​ကို ငါ​သုံး​ခြင်း​ဖြစ်​သည်။) အ​ခါ​တစ်​ပါး​က သင်​တို့​သည်​ဆိုး​ယုတ်​မှု​အ​မျိုး​မျိုး​ကို​ပြု ကျင့်​နိုင်​ရန် မိ​မိ​တို့​ကိုယ်​ကို​ညစ်​ညမ်း​ဆိုး​ယုတ် မှု​၏​လက်​သို့​ကျွန်​အ​ဖြစ်​ဖြင့်​လုံး​ဝ​အပ်​နှံ ခဲ့​ကြ​၏။ ထို​နည်း​တူ​စွာ​သင်​တို့​သည်​ယ​ခု အ​ခါ​၌​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​မှု​ကို ပြု​ကျင့်​နိုင်​ရန် မိ​မိ​တို့​၏​ကိုယ်​ကို​ဖြောင့်​မတ် ခြင်း​တ​ရား​၏​လက်​သို့​ကျွန်​အ​ဖြစ်​ဖြင့်​လုံး​ဝ အပ်​နှံ​ကြ​လော့။ \p \v 20 သင်​တို့​သည်​အ​ပြစ်​တ​ရား​၏​ကျွန်​ဖြစ်​စဉ် အ​ခါ​က ဖြောင့်​မတ်​ခြင်း​တ​ရား​၏​လက်​မှ လွတ်​မြောက်​ကြ​၏။- \v 21 ထို​စဉ်​အ​ခါ​က​သင်​တို့​ပြု​ကျင့်​ခဲ့​သော​အ​မှု များ​သည်​မည်​သည့်​အ​ကျိုး​ကို​မျှ​မ​ပေး​ခဲ့။ သင် တို့​ကို​သာ​သေ​စေ​ခဲ့​၏။ ယ​ခု​အ​ခါ​သင်​တို့ သည်​ထို​အ​မှု​များ​အ​တွက်​ရှက်​ကြောက်​လျက် နေ​ကြ​၏။- \v 22 သို့​သော်​သင်​တို့​သည်​ယ​ခု​အ​ခါ​အ​ပြစ် တ​ရား​၏​လက်​မှ​လွတ်​မြောက်​ပြီး​လျှင် ဘု​ရား သ​ခင်​၏​ကျွန်​များ​ဖြစ်​လာ​ကြ​ပေ​ပြီ။ သင် တို့​ရ​ရှိ​သည့်​အ​ကျိုး​ကား​ကိုယ်​တော်​၏​အ​တွက် မိ​မိ​တို့​ကိုယ်​ကို​အ​ကြွင်း​မဲ့​ဆက်​ကပ်​ခြင်း ဖြစ်​သည်။ အ​ဆုံး​၌​ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ ခြင်း​ပင်​ဖြစ်​သည်။- \v 23 အ​ပြစ်​တ​ရား​၏​အ​ခ​ကား​သေ​ခြင်း​ဖြစ်​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​အ​ခ​မဲ့​ပေး​တော် မူ​သော​ဆု​ကျေး​ဇူး​တော်​ကား ငါ​တို့​၏​အ​ရှင် ယေ​ရှု​ခ​ရစ်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ခြင်း အား​ဖြင့်​ရ​ရှိ​သော​ထာ​ဝ​ရ​အ​သက်​ပေ​တည်း။ \c 7 \s1 ထိမ်း​မြား​စုံ​ဖက်​ခြင်း​သာ​ဋ္ဌ​က \p \v 1 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​တ​ရား​ဥ​ပ​ဒေ များ​အ​ကြောင်း​ကို​သိ​ထား​သူ​များ​ဖြစ်​၍ ငါ ယ​ခု​ပြော​ဆို​မည့်​အ​ကြောင်း​အ​ရာ​ကို​နား လည်​ကြ​လိမ့်​မည်။ လူ​သည်​အ​သက်​ရှင်​လျက် နေ​သ​မျှ​ကာ​လ​ပတ်​လုံး​တ​ရား​ဥ​ပ​ဒေ များ​၏​အာ​ဏာ​စက်​အောက်​တွင်​ရှိ​၏။- \v 2 ဥ​ပ​မာ​ပေး​ရ​သော်​အိမ်​ထောင်​သည်​အ​မျိုး သ​မီး​တစ်​ယောက်​သည် မိ​မိ​၏​ခင်​ပွန်း​အ​သက် ရှင်​စဉ်​လက်​ထပ်​ထိမ်း​မြား​ခြင်း​ဆိုင်​ရာ​တ​ရား ဥ​ပ​ဒေ​အောက်​တွင်​နေ​ရ​၏။- \v 3 သို့​ဖြစ်​၍​သူ​သည်​မိ​မိ​ခင်​ပွန်း​အ​သက်​ရှင်​လျက် ရှိ​စဉ်​အ​ခြား​လူ​တစ်​ယောက်​နှင့်​ပေါင်း​သင်း​နေ ထိုင်​ပါ​မူ မျောက်​မ​ထား​သူ​ဟု​အ​ခေါ်​ခံ​ရ​မည် ဖြစ်​သော်​လည်း ခင်​ပွန်း​သေ​ဆုံး​လျှင်​မူ​ကား တ​ရား​ဥ​ပ​ဒေ​နှင့်​ကင်း​လွတ်​သွား​ပြီ​ဖြစ်​၍ အ​ခြား​လူ​တစ်​ယောက်​နှင့်​ထိမ်း​မြား​စုံ​ဖက်​လျှင် မျောက်​မ​ထား​သူ​မ​ဖြစ်​တော့​ပေ။- \v 4 ညီ​အစ်​ကို​တို့၊ ဤ​အ​ချက်​သည်​သင်​တို့​နှင့် လည်း​သက်​ဆိုင်​ပေ​သည်။ သင်​တို့​သည်​ခ​ရစ်​တော် ၏​ကိုယ်​အင်္ဂါ​ဖြစ်​သ​ဖြင့် ပ​ညတ်​တ​ရား​အောက် တွင်​ရှင်​သော​ဘ​ဝ​ကို​စွန့်​လွှတ်​ခဲ့​ကြ​လေ​ပြီ။ ဘု​ရား​သ​ခင်​အ​တွက်​အ​သုံး​ဝင်​သူ​များ ဖြစ်​လာ​ကြ​စေ​ရန် သင်​တို့​သည်​သေ​ခြင်း​မှ ဘု​ရား​သ​ခင်​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ သော​ခ​ရစ်​တော်​၏​ဘက်​တော်​သား​များ​ဖြစ် ကြ​လေ​ပြီ။- \v 5 ငါ​တို့​သည်​လူ့​ဇာ​တိ​သ​ဘော​ကို​လိုက်​လျော ၍ အ​သက်​ရှင်​ကြ​စဉ်​အ​ခါ​က​ပ​ညတ်​တ​ရား ၏​လှုံ့​ဆော်​ချက်​အ​ရ​အ​ပြစ်​ကူး​လို​စိတ်​သည် ငါ​တို့​ကိုယ်​ခန္ဓာ​အ​တွင်း​၌​ထ​ကြွ​လှုပ်​ရှား ကာ​ငါ​တို့​ပြု​သ​မျှ​သည်​သေ​မင်း​အ​ဖို့ ဖြစ်​ခဲ့​၏။- \v 6 ပ​ညတ်​တ​ရား​သည်​အ​ခါ​တစ်​ပါး​က​ငါ​တို့ အား​ချုပ်​နှောင်​ခဲ့​၏။ ယင်း​သို့​ချုပ်​နှောင်​ခြင်း​ခံ​ရ သော​ဘ​ဝ​ကို​စွန့်​လွှတ်​ခဲ့​ပြီ​ဖြစ်​၍ ယ​ခု​အ​ခါ မှာ​မူ​ငါ​တို့​သည်​ပ​ညတ်​တ​ရား​၏​လက်​အောက် မှ​လွတ်​မြောက်​ကြ​ပြီ။ ယ​ခု​အ​ခါ​၌​ငါ​တို့ သည်​အက္ခ​ရာ​တင်​ထား​သည့်​တ​ရား​ဥ​ပ​ဒေ လမ်း​စဉ်​ဟောင်း​အ​ရ​မ​ဟုတ်​တော့​ဘဲ ဝိ​ညာဉ် တော်​၏​လမ်း​စဉ်​သစ်​အ​ရ​အ​မှု​ဆောင်​ရွက် ကြ​ပေ​သည်။ \s1 ပ​ညတ်​တ​ရား​နှင့်​အ​ပြစ်​တ​ရား \p \v 7 သို့​ဖြစ်​လျှင်​ငါ​တို့​မည်​သို့​ဆို​ရ​မည်​နည်း။ ပ​ညတ်​တ​ရား​သည်​ဆိုး​ယုတ်​သည့်​အ​ရာ​ဖြစ် သည်​ဟု​ဆို​ရ​မည်​လော။ သို့​ရာ​တွင်​အ​ပြစ်​ဟူ သည်​မှာ​အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို ငါ့​အား ပ​ညတ်​တ​ရား​က​သိ​ရှိ​စေ​၏။ အ​ကယ်​၍ ပ​ညတ်​တော်​က ``လော​ဘ​လွန်​ကူး​ခြင်း​မ​ရှိ နှင့်'' ဟု​မ​ဆို​လျှင်​လော​ဘ​လွန်​ကူး​ခြင်း ဟူ​သည်​မှာ​အ​ဘယ်​အ​ရာ​ဖြစ်​ကြောင်း​ကို ငါ​သိ​ရှိ​လိမ့်​မည်​မ​ဟုတ်။-\x + \xo 7:7 \xt ထွ၊ ၂၀:၁၇။ တရား၊ ၅:၂၁။\x* \v 8 အ​ပြစ်​တ​ရား​သည်​ငါ​တို့​အား​ထို​ပ​ညတ် တော်​ကို​သ​တိ​ရ​စေ​ကာ ငါ​တို့​၏​စိတ်​အ​တွင်း ၌​တစ်​ကိုယ်​ကောင်း​ကြံ​စည်​မှု​အ​မျိုး​မျိုး​တို့ ကို​ဖြစ်​ပေါ်​စေ​၏။ တ​ရား​ဥ​ပ​ဒေ​သာ​မ​ရှိ လျှင်​အ​ပြစ်​တ​ရား​သည်​သေ​လျက်​နေ​၏။- \v 9 ငါ​သည်​တရား​ဥ​ပ​ဒေ​နှင့်​ကင်း​လျက်​အ​သက် ရှင်​ခဲ့​သည့်​အ​ချိန်​ရှိ​ခဲ့​ဖူး​၏။ သို့​သော်​ပ​ညတ် တော်​ကို​ငါ​သိ​ရှိ​လာ​သည်​နှင့်​တစ်​ပြိုင်​နက် အ​ပြစ်​တ​ရား​သည်​ရှင်​သန်​လာ​၏။- \v 10 ထို့​နောက်​ငါ​သည်​သေ​ရ​၏။ ငါ့​အား​အ​သက်​ရှင် စေ​ရန်​ပေး​အပ်​သည့်​ပ​ညတ်​တော်​က​ပင်​လျှင် ငါ​၏​အ​သက်​ကို​သေ​စေ​လေ​သည်။- \v 11 အ​ပြစ်​တရား​သည်​အ​ခွင့်​ရ​ကာ​ပ​ညတ်​တော် အား​ဖြင့် ငါ့​ကို​လှည့်​စား​၍​ငါ့​အား​သေ​စေ ၏။\x + \xo 7:11 \xt က၊ ၃:၁၃။\x* \p \v 12 ထို့​ကြောင့်​ပ​ညတ်​တ​ရား​သည်​မြင့်​မြတ်​သန့်​ရှင်း ၏။ ပ​ညတ်​တော်​သည်​လည်း​မြင့်​မြတ်​သန့်​ရှင်း မှန်​ကန်​ကောင်း​မြတ်​၏။- \v 13 သို့​ဖြစ်​လျှင်​ကောင်း​မြတ်​သည့်​အ​ရာ​က​ငါ့​အား သေ​စေ​သ​လော။ မ​သေ​စေ​နိုင်​ရာ။ ငါ့​အား​သေ​စေ သော​အ​ရာ​မှာ​အ​ပြစ်​တ​ရား​ဖြစ်​ပေ​သည်။ အ​ပြစ် တ​ရား​သည် ၎င်း​၏​ပင်​ကို​သ​ဘော​သ​ဘာ​ဝ​ကို ပေါ်​လွင်​ထင်​ရှား​စေ​ရန် ကောင်း​မြတ်​သည့်​အ​ရာ ကို​အ​သုံး​ပြု​၍​ငါ့​ကို​သေ​စေ​ခြင်း​သာ​ဖြစ်​၏။ သို့​ဖြစ်​၍​အ​ပြစ်​တ​ရား​သည်​မည်​မျှ​ဆိုး​ရွား ကြောင်း​ကို​ပ​ညတ်​တော်​အား​ဖြင့်​သိ​ရ​၏။ \s1 လူ​စိတ်​အ​တွင်း​ရှိ​သ​ဘော​တ​ရား​နှစ်​ရပ် \p \v 14 ပ​ညတ်​တ​ရား​သည်​ဝိ​ညာဉ်​ရေး​နှင့်​ဆိုင်​ကြောင်း ငါ​တို့​သိ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည်​အ​ပြစ် တ​ရား​၏​ကျွန်​ဖြစ်​သည့်​လူ​သား​ဖြစ်​၏။- \v 15 မိ​မိ​ကိုယ်​တိုင်​ပြု​သည့်​အ​မှု​ကို​ပင်​နား​မ​လည်။ အ​ဘယ်​ကြောင့်​ဆို​သော်​မိ​မိ​ပြု​ကျင့်​လို​သည့် အ​တိုင်း​မ​ပြု​ကျင့်​ဘဲ မိ​မိ​ရွံ​မုန်း​သည့်​အ​မှု ကို​သာ​ပြု​သော​ကြောင့်​ဖြစ်​၏။-\x + \xo 7:15 \xt က၊ ၅:၁၇။\x* \v 16 ငါ​သည်​မိ​မိ​မ​ပြု​ကျင့်​လို​သော​အ​မှု​ကို​ပြု ကျင့်​၏။ သို့​ဖြစ်​၍​ပ​ညတ်​တ​ရား​မှန်​ကန်​ကြောင်း ကို​ငါ​ဝန်​ခံ​၏။- \v 17 ထို့​ကြောင့်​ငါ​ပြု​သော​အ​မှု​ကို​ပြု​သော​သူ​သည် စင်​စစ်​အား​ဖြင့်​ငါ​မ​ဟုတ်၊ ငါ​၏​စိတ်​နှ​လုံး အ​တွင်း​၌​ရှင်​သန်​လျက်​ရှိ​သည့်​အ​ပြစ်​တ​ရား ပင်​ဖြစ်​ပေ​သည်။- \v 18 ငါ​၏​လူ့​ဇာ​တိ​၌​ကောင်း​သော​အ​ရာ​မ​ရှိ​ကြောင်း ငါ​သိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ့​မှာ​အ​ကျင့် ကောင်း​ကို ပြု​ကျင့်​လို​သော​စိတ်​ရှိ​သော်​လည်း​ပြု ကျင့်​နိုင်​စွမ်း​ကား​မ​ရှိ​သော​ကြောင့်​ဖြစ်​၏။- \v 19 ငါ​သည်​အ​ကျင့်​ကောင်း​ကို​ပြု​ကျင့်​လို​သော်​လည်း မ​ပြု​ကျင့်​ဘဲ​မ​ကျင့်​လို​သော​အ​ကျင့်​ဆိုး​ကို သာ​ကျင့်​၏။- \v 20 မိ​မိ​မ​ကျင့်​လို​သော​အ​ကျင့်​ကို​ကျင့်​သော​သူ ကား​ငါ​မ​ဟုတ်၊ ငါ​၏​စိတ်​နှ​လုံး​အ​တွင်း​၌​ရှင် သန်​လျက်​ရှိ​သော​အ​ပြစ်​တ​ရား​ပင်​ဖြစ်​၏။ \p \v 21 သို့​ဖြစ်​၍​ငါ​တွေ့​ရှိ​ရ​သော​သ​ဘော​တ​ရား​မှာ ငါ​သည်​အ​ကျင့်​ကောင်း​ကို​ကျင့်​လို​သော​အ​ခါ အ​ကျင့်​ဆိုး​ကို​သာ​ကျင့်​နိုင်​ခြင်း​ဖြစ်​သည်။- \v 22 ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား​တော်​ကို ငါ​၏ စိတ်​နှ​လုံး​က​နှစ်​သက်​ဝမ်း​မြောက်​စွာ​လက်​ခံ ၏။- \v 23 သို့​သော်​ငါ​၏​ကိုယ်​ခန္ဓာ​အ​တွင်း​၌ ငါ​၏​စိတ်​က နှစ်​သက်​သည့်​သ​ဘော​တ​ရား​နှင့်​ဆိုင်​ပြိုင်​တိုက် ခိုက်​လျက်​နေ​သည့်​အ​ခြား​သ​ဘော​တ​ရား​တစ်​ခု ရှိ​၏။ ထို​သ​ဘော​တ​ရား​သည်​ငါ​၏​အ​တွင်း​၌ ထ​ကြွ​လှုပ်​ရှား​၍ ငါ့​အား​အ​ပြစ်​တ​ရား​၏ လက်​သို့​အပ်​နှံ​သည်​ကို​ငါ​မြင်​ရ​၏။- \v 24 သြော် ဒုက္ခ​ပါ​တ​ကား။ သေ​စေ​သည့်​ဤ​ကိုယ်​ခန္ဓာ မှ​အ​ဘယ်​သူ​သည်​ငါ့​ကို​ကယ်​ဆယ်​မည်​နည်း။- \v 25 ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ကယ် ဆယ်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​သည်​ကြီး​လှ​စွ​တ​ကား။ \p အ​ချုပ်​အား​ဖြင့်​ငါ​၏​ဖြစ်​ရပ်​ကို​ဖော်​ပြ​ရ​သော် ငါ​သည်​စိတ်​အား​ဖြင့် ဘု​ရား​သ​ခင်​၏​တ​ရား​တော် အောက်​အ​စေ​ခံ​သော်​လည်း​ဇာ​တိ​သ​ဘော​အား ဖြင့်​အ​ပြစ်​တ​ရား​အောက်​အ​စေ​ခံ​၏။ \b \c 8 \s1 ဝိ​ညာဉ်​တော်​အား​ဖြင့်​အ​သက်​ရှင်​မှု \p \v 1 သို့​ဖြစ်​၍​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​အ​ပြစ် ဒဏ်​စီ​ရင်​ခြင်း​နှင့်​ယ​ခု​ကင်း​လွတ်​ကြ​၏။- \v 2 အ​ဘယ်​ကြောင့်​ဆို​သော်​ခရစ်​တော်​ယေ​ရှု​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​သည့် ဝိ​ညာဉ်​တော်​နှင့် ဆိုင်​သော​တ​ရား​သည်​သေ​ခြင်း​တ​ရား​နှင့် အ​ပြစ် တ​ရား​၏​လက်​မှ​ငါ​တို့​ကို​လွတ်​မြောက်​စေ​သော ကြောင့်​တည်း။- \v 3 လူ့​ဇာ​တိ​သ​ဘော​အား​နည်း​မှု​ကြောင့်​ပ​ညတ် တ​ရား​က မ​ဆောင်​ရွက်​ပေး​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​က​ဆောင်​ရွက်​ပေး​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ့​ဇာ​တိ​သ​ဘော​တွင်​သက် ရှင်​လှုပ်​ရှား​သည့်​အ​ပြစ်​တ​ရား​ကို​အ​ပြစ် ဒဏ်​စီ​ရင်​ရန် မိ​မိ​၏​သား​တော်​အား​လော​က သို့​စေ​လွှတ်​တော်​မူ​၏။ သား​တော်​သည်​အ​ပြစ် တ​ရား​ကို​ဖျက်​ဆီး​ပစ်​ရန်​လူ့​ဇာ​တိ​ကို ခံ​ယူ​တော်​မူ​သည်။- \v 4 ဤ​သို့​ဘု​ရား​သ​ခင်​အ​ရေး​ယူ​ဆောင်​ရွက်​တော် မူ​ရ​ခြင်း​မှာ ငါ​တို့​သည်​လူ့​ဇာ​တိ​သ​ဘော​နှင့် အ​ညီ​မ​ဟုတ်​ဘဲ၊ ဝိ​ညာဉ်​တော်​၏​အ​လို​တော် နှင့်​အ​ညီ​အ​သက်​ရှင်​ကြ​သော​ငါ​တို့​သည် ပ​ညတ်​တ​ရား​ပြ​ဋ္ဌာန်း​သည့်​အ​ကျင့်​များ ကို​လိုက်​နာ​ကျင့်​သုံး​ကြ​စေ​ရန်​ဖြစ်​သည်။- \v 5 လူ့​ဇာ​တိ​သ​ဘော​၏​စေ​ခိုင်း​မှု​အ​ရ​အ​သက် ရှင်​သူ​တို့​သည် လူ့​ဇာ​တိ​သ​ဘော​နှင့်​ဆိုင်​သော အ​ရာ​များ​ကို​သာ​စိတ်​စွဲ​လမ်း​ကြ​၏။ သို့​ရာ တွင်​ဝိ​ညာဉ်​တော်​၏​ညွှန်​ကြား​ချက်​အ​ရ အ​သက်​ရှင်​သူ​တို့​မူ​ကား ဝိ​ညာဉ်​တော်​အ​လို ရှိ​သော​အ​ရာ​များ​ကို​စိတ်​စွဲ​လမ်း​ကြ​၏။- \v 6 ဇာတိ​သ​ဘော​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​စိတ် စွဲ​လမ်း​သူ​သည်​အ​သက်​သေ​လိမ့်​မည်။ ဝိ​ညာဉ် တော်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​စိတ်​စွဲ​လမ်း သူ​ကား အ​သက်​ရှင်​သန်​၍​ငြိမ်​သက်​ခြင်း​ကို ရ​ရှိ​လိမ့်​မည်။- \v 7 ဇာ​တိ​သ​ဘော​ဆိုင်​ရာ​အ​ရာ​များ​ကို​စိတ်​စွဲ လမ်း​သူ​သည် ဘု​ရား​သ​ခင်​အား​ရန်​ဖက်​ပြု​သူ ဖြစ်​၏။ ထို​သို့​စိတ်​စွဲ​လမ်း​သူ​သည်​ဘု​ရား​သ​ခင် ၏​တ​ရား​တော်​ကို​မ​လိုက်​လျှောက်။ အ​ကယ်​ပင် မ​လိုက်​လျှောက်​နိုင်။- \v 8 မိ​မိ​တို့​ဇာ​တိ​သ​ဘော​အ​လို​အ​တိုင်း​ပြု ကျင့်​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​စိတ်​တော် နှင့်​မ​တွေ့​နိုင်။ \p \v 9 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ​၌​အ​ကယ်​ပင်​ကျိန်း​ဝပ်​တော်​မူ လျှင် သင်​တို့​သည်​ဇာ​တိ​သ​ဘော​လှုံ့​ဆော်​သည့် အ​တိုင်း​မ​ဟုတ်​ဘဲ​ဝိ​ညာဉ်​တော်​သွန်​သင်​သည့် အ​တိုင်း​ပြု​မူ​ကျင့်​ကြံ​၏။ ခ​ရစ်​တော်​၏​ဝိ​ညာဉ် တော်​မ​ကျိန်း​ဝပ်​သော​သူ​သည်​ခ​ရစ်​တော်​နှင့် မည်​သို့​မျှ​မ​သက်​ဆိုင်။- \v 10 သို့​သော်​သင်​တို့​တွင်​ခ​ရစ်​တော်​ကျိန်း​ဝပ်​တော် မူ​လျှင်​အ​ပြစ်​တ​ရား​ကြောင့် သင်​တို့​၏​ကိုယ်​ခန္ဓာ သေ​ရ​မည်​ဖြစ်​သော်​လည်း​သင်​တို့​၏​ဝိ​ညာဉ်​မူ ကား​ရှင်​လျက်​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သင် တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် ခွင့်​ကို​ရ​ရှိ​ပြီး​သော​ကြောင့်​တည်း။- \v 11 သ​ခင်​ယေ​ရှု​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် သည်​သင်​တို့​အ​ထဲ​၌​ကျိန်း​ဝပ်​တော်​မူ​လျှင် ခ​ရစ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​သော​အ​ရှင်​သည်​သင်​တို့​အ​ထဲ​၌ ကျိန်း​ဝပ်​သော မိ​မိ​၏​ဝိ​ညာဉ်​တော်​အား​ဖြင့် သေ​တတ်​သော​သင်​တို့​၏​ကိုယ်​ခန္ဓာ​ကို​လည်း ရှင်​စေ​တော်​မူ​လိမ့်​မည်။\x + \xo 8:11 \xt ၁ကော၊ ၃:၁၆။\x* \p \v 12 ထို့​ကြောင့်​ညီ​အစ်​ကို​တို့၊ ငါ​တို့​၌​တာ​ဝန်​ရှိ သော်​လည်း ယင်း​တာ​ဝန်​မှာ​လူ့​ဇာ​တိ​အ​လို သို့​လိုက်​၍​ပြု​မူ​ကျင့်​ကြံ​ရန်​မ​ဟုတ်။- \v 13 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည် မိ​မိ​တို့ ၏​လူ့​ဇာ​တိ​အ​လို​သို့​လိုက်​၍​ပြု​မူ​ကျင့်​ကြံ ပါ​က​သေ​ရ​ကြ​မည်။ သို့​သော်​မိ​မိ​တို့​၏ အ​ကျင့်​ဆိုး​များ​ကို​ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ဆက်​ဖြတ်​ကြ​မည်​ဆို​လျှင်​မူ​ကား အ​သက်​ရှင်​ကြ​လိမ့်​မည်။- \v 14 ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ရှေ့​ဆောင်​လမ်း​ပြ မှု​ကို​ခံ​ယူ​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​၏ သား​များ​ဖြစ်​ကြ​၏။- \v 15 ဘု​ရား​သ​ခင်​ထံ​တော်​မှ​သင်​တို့​ခံ​ယူ​ရ​ရှိ သည့်​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ကျွန်​ဖြစ် စေ​သည်​မ​ဟုတ်။ ကြောက်​စိတ်​ကို​လည်း​ရှိ​စေ သည်​မ​ဟုတ်။ ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​စေ တော်​မူ​သ​ဖြင့် ငါ​တို့​သည်​ဝိ​ညာဉ်​တော်​၏ တန်​ခိုး​ဖြင့်​ဘု​ရား​သခင်​အား``အဗ္ဗ၊ အဖ'' ဟု ခေါ်​ကြ​၏။-\x + \xo 8:15 \xt မာ၊ ၁၄:၃၆။ ဂလ၊ ၄:၆။\x* \v 16 ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ် ကြ​ကြောင်း​ကို​ဝိ​ညာဉ်​တော်​ကိုယ်​တိုင်​ပင်​လျှင် ငါ​တို့​၏​ဝိ​ညာဉ်​နှင့်​အ​တူ​သက်​သေ​ခံ​တော် မူ​၏။- \v 17 ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ ဖြစ်​သ​ဖြင့်​ကိုယ်​တော်​၏​လူ​စု​တော်​အ​တွက် ကိုယ်​တော်​လျာ​ထား​တော်​မူ​သော​ကောင်း​ချီး မင်္ဂလာ​များ​ကို​ခံ​စား​ရ​ကြ​မည်။ ခ​ရစ်​တော် အ​တွက်​ဘု​ရား​သ​ခင်​လျာ​ထား​တော်​မူ သည့်​ဂုဏ်​အ​သ​ရေ​ကို​လည်း​ခံ​စား​ရ​ကြ မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ​ဝေ​ဒ​နာ​ခံ​စား​ကြ လျှင် ကိုယ်​တော်​နှင့်​အ​တူ​ဘုန်း​အ​သ​ရေ တော်​ခံ​စား​ရ​ကြ​မည်​ဖြစ်​သော​ကြောင့် တည်း။\x + \xo 8:17 \xt ဂလာ၊ ၄:၅-၇။\x* \s1 အ​နာ​ဂတ်​ဘုန်း​အ​သ​ရေ \p \v 18 ယ​ခု​မျက်​မှောက်​ကာ​လ​၌​ငါ​တို့​ခံ​ရ​ကြ​သည့် ဒုက္ခ​ဆင်း​ရဲ​ကို​နောင်​အ​ခါ​၌ ငါ​တို့​အား​ပေါ် လွင်​ထင်​ရှား​မည့်​ဘုန်း​အ​သ​ရေ​တော်​နှင့်​နှိုင်း ယှဉ်​၍​မ​ရ​ဟု​ငါ​ယုံ​ကြည်​၏။- \v 19 ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​သား​များ​ကို​ပေါ် လွင်​ထင်​ရှား​စေ​မည့်​အ​ခြင်း​အ​ရာ​ကို အ​ဖန် ဆင်း​ခံ​ကမ္ဘာ​လော​က​တစ်​ခု​လုံး​က​အ​လွန် တောင့်​တ​စောင့်​မျှော်​လျက်​ရှိ​၏။- \v 20 ဘု​ရား​သ​ခင်​သည်​ထို​အ​ဖန်​ဆင်း​ခံ​ကမ္ဘာ လော​က​ကို​အ​နတ္တ​ဖြစ်​စေ​ရန်​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​၏။ ထို​သို့​ဖြစ်​စေ​ခြင်း​မှာ​ကမ္ဘာ လော​က​၏​အ​လို​ဆန္ဒ​ကြောင့်​မ​ဟုတ်။ ဘု​ရား သ​ခင်​၏​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ချက်​ကြောင့် ဖြစ်​၏။ သို့​ရာ​တွင်​မျှော်​လင့်​ချက်​ရှိ​၏။-\x + \xo 8:20 \xt က၊ ၃:၁၇-၁၉။\x* \v 21 ထို​မျှော်​လင့်​ချက်​မှာ​တစ်​နေ့​သော​အ​ခါ​၌ အ​ဖန်​ဆင်း​ခံ​ကမ္ဘာ​လော​က​သည်​ဖောက်​ပြန် ပျက်​စီး​ခြင်း​အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​၍ ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​နှင့်​အ​တူ လွတ်​လပ်​မှု​ဘုန်း​အ​သ​ရေ​ကို​ခံ​စား​ခွင့် ရ​ရှိ​လိမ့်​မည်​ဖြစ်​သည်။- \v 22 အ​ဖန်​ဆင်း​ခံ​ကမ္ဘာ​လော​က​တစ်​ခု​လုံး​သည် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကဲ့​သို့​ပြင်း​ပြ​သော ဝေ​ဒ​နာ​ဖြင့် ယ​ခု​အ​ချိန်​တိုင်​အောင်​ညည်း တွား​လျက်​ရှိ​ကြောင်း​ငါ​တို့​သိ​ကြ​၏။- \v 23 အ​ဖန်​ဆင်း​ခံ​လော​က​သာ​မ​က​ဘု​ရား သ​ခင်​၏​အ​ဦး​ဆုံး​ဆု​ကျေး​ဇူး​ဖြစ်​သည့် ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​ငါ​တို့​သည်​လည်း ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ်​ခွင့်​ကို​လည်း​ကောင်း၊ ငါ​တို့​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​ကယ်​တင်​ခြင်း​ခံ​ရ ခွင့်​ကို​လည်း​ကောင်း စောင့်​မျှော်​ကာ​ညည်း​တွား လျက်​ရှိ​ကြ​ပေ​သည်။-\x + \xo 8:23 \xt ၂ကော၊ ၅:၂-၄။\x* \v 24 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​မျှော်​လင့် ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​သော ကြောင့်​ဖြစ်​၏။ ငါ​တို့​သည်​မိ​မိ​တို့​မျှော်​လင့် သည့်​အ​ရာ​ကို​မ​မြင်​နိုင်​ကြ။ မြင်​နိုင်​ကြ​ပါ မူ​ငါ​တို့​၏​မျှော်​လင့်​ခြင်း​သည်​အ​ကယ်​ပင် မျှော်​လင့်​ခြင်း​မ​ဟုတ်။ မြင်​ရ​သော​အ​ရာ​ကို အ​ဘယ်​သူ​သည်​မျှော်​လင့်​မည်​နည်း။- \v 25 သို့​ရာ​တွင်​ငါ​တို့​သည်​မိ​မိ​တို့​မ​မြင်​ရ​သည့် အ​ရာ​ကို​မျှော်​လင့်​ကြ​လျှင် ထို​အ​ရာ​ကို​စိတ် ရှည်​စွာ​စောင့်​မျှော်​ကြ​၏။ \p \v 26 ထို​နည်း​အ​တိုင်း​ပင်​ဝိ​ညာဉ်​တော်​သည်​လည်း အား​နည်း​သော ငါ​တို့​အား​ကူ​မ​ရန်​ကြွ​လာ တော်​မူ​၏။ ငါ​တို့​သည်​အ​ဘယ်​သို့​ဆု​တောင်း ရ​မည်​ကို​မ​သိ​ကြ။ နှုတ်​ဖြင့်​မြွက်​ဆို​ဖော်​ပြ ရန်​မ​ဖြစ်​နိုင်​သော​ညည်း​တွား​သံ​ဖြင့် ဝိ​ညာဉ် တော်​ကိုယ်​တိုင်​ပင်​လျှင်​ငါ​တို့​အ​တွက် ဘု​ရား​သ​ခင်​ထံ​အ​သ​နား​ခံ​တော်​မူ​၏။- \v 27 လူ​တို့​စိတ်​နှ​လုံး​ကို​သိ​မြင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်​ဝိ​ညာဉ်​တော်​၏​စိတ် သ​ဘော​ကို​လည်း​သိ​တော်​မူ​၏။ အ​ဘယ် ကြောင့်​ဆို​သော်​ဝိ​ညာဉ်​တော်​သည်​ဘု​ရား သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ ကိုယ်​တော် ၏​လူ​စု​တော်​အ​တွက်​အ​သ​နား​ခံ​တော် မူ​သော​ကြောင့်​ဖြစ်​၏။ \p \v 28 ဘု​ရား​သ​ခင်​အား​ချစ်​မြတ်​နိုး​၍​ကိုယ်​တော် ၏​အ​ကြံ​တော်​နှင့်​အ​ညီ ခေါ်​ယူ​ရွေး​ကောက်​ခြင်း ကို​ခံ​ရ​သော​သူ​တို့​တွေ့​ကြုံ​ခံ​စား​ရ​သော အ​မှု​ခပ်​သိမ်း​တို့​မှ အ​ကျိုး​ပေါ်​ထွက်​လာ​စေ ရန်​ကိုယ်​တော်​သည်​သူ​တို့​နှင့်​အ​တူ​လုပ်​ဆောင် တော်​မူ​ကြောင်း​ငါ​တို့​သိ​ကြ​၏။- \v 29 ဘု​ရား​သ​ခင်​သည်​မိ​မိ​ရွေး​ချယ်​ထား​သူ​တို့ အား မိ​မိ​၏​သား​တော်​ကဲ့​သို့​ဖြစ်​လာ​ကြ​စေ ရန်​သီး​သန့်​ထား​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ ခြင်း​မှာ​သား​တော်​အား​ညီ​အ​မြောက်​အ​မြား ထဲ​တွင်​နောင်​တော်​ကြီး​ဖြစ်​စေ​ရန်​ပင်​တည်း။- \v 30 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​သီး​သန့်​ထား​သူ တို့​ကို​ခေါ်​ယူ​တော်​မူ​၏။ ယင်း​သို့​ခေါ်​ယူ​တော် မူ​သော​သူ​တို့​အား မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ စေ​တော်​မူ​ပြီး​လျှင်​မိ​မိ​၏​ဘုန်း​အ​သ​ရေ တော်​ကို​ခံ​စား​ခွင့်​ပေး​တော်​မူ​၏။ \b \s1 ခ​ရစ်​တော်​ယေ​ရှု​၌​ထင်​ရှား​သော​ဘု​ရား​သ​ခင်​၏ မေတ္တာ​တော် \p \v 31 အ​ထက်​ပါ​အ​ချက်​များ​ကို​ထောက်​၍​မည်​သို့ ဆို​ရ​အံ့​နည်း။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဘက် ၌​ရှိ​တော်​မူ​လျှင်​အ​ဘယ်​သူ​မျှ​ငါ​တို့​အား ဆန့်​ကျင်​နိုင်​မည်​မ​ဟုတ်။- \v 32 မိ​မိ​၏​သား​တော်​ရင်း​ကို​ပင်​မ​နှ​မြော​ဘဲ​ငါ တို့​ရှိ​သ​မျှ​အ​တွက် ယဇ်​အ​ဖြစ်​ပူ​ဇော်​တော် မူ​သော​ဘု​ရား​သ​ခင်​သည်​ဆန့်​ကျင်​မည်​မ​ဟုတ်။ ငါ​တို့​အ​တွက်​သား​တော်​ကို​ပူ​ဇော်​သော​အ​ရှင် သည်​အ​ရာ​ခပ်​သိမ်း​ကို ငါ​တို့​အား​မ​ပေး​ဘဲ အ​ဘယ်​သို့​နေ​တော်​မူ​မည်​နည်း။- \v 33 ဘု​ရား​သ​ခင်​ရွေး​ချယ်​ထား​တော်​မူ​သော​လူ တို့​အား အ​ဘယ်​သူ​သည်​ပြစ်​တင်​စွပ်​စွဲ​မည်​နည်း။ သူ​တို့​၌​အ​ပြစ်​မ​ရှိ​ကြောင်း​ဘု​ရား​သ​ခင် ကိုယ်​တော်​တိုင်​ထုတ်​ဖော်​ကြေ​ညာ​တော်​မူ​ပြီ။- \v 34 သို့​ဖြစ်​၍​သူ​တို့​အား​အ​ဘယ်​သူ​ပြစ်​ဒဏ် စီ​ရင်​မည်​နည်း။ ခ​ရစ်​တော်​စီ​ရင်​မည်​မ​ဟုတ်။ အ​သေ​ခံ​တော်​မူ​သည်​သာ​မ​က သေ​ခြင်း​မှ ရှင်​ပြန်​ထ​မြောက်​တော်​မူ​သော​ခ​ရစ်​တော် ယေ​ရှု​သည် ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​တွင်​ထိုင်​တော်​မူ​ကာ ငါ​တို့​အ​တွက် ဘု​ရား​သ​ခင်​အား​အ​သ​နား​ခံ​လျက်​နေ တော်​မူ​၏။- \v 35 သို့​ဖြစ်​၍​အ​ဘယ်​သူ​သည်​ငါ​တို့​အား​ခ​ရစ် တော်​၏​မေတ္တာ​တော်​နှင့်​ကွဲ​ကွာ​စေ​နိုင်​မည်​နည်း။ ဒုက္ခ​ရောက်​ခြင်း၊ ကျဉ်း​ကျပ်​ခြင်း၊ အ​ညှဉ်း​ပန်း ခံ​ရ​ခြင်း၊ ငတ်​မွတ်​ခြင်း၊ ဆင်း​ရဲ​နွမ်း​ပါး​ခြင်း၊ ဘေး​အန္တ​ရာယ်​နှင့်​တွေ့​ခြင်း၊ ကွပ်​မျက်​ခံ​ရ​ခြင်း တို့​သည်​ကိုယ်​တော်​၏​မေတ္တာ​တော်​နှင့်​ငါ​တို့​ကို ကွဲ​ကွာ​စေ​နိုင်​မည်​လော။ \q1 \v 36 ``ကိုယ်​တော်​၏​အ​တွက်​အ​ကျွန်ုပ်​တို့​သည် \q2 တစ်​နေ့​လုံး​ပင်​သေ​ဘေး​နှင့်​ရင်​ဆိုင်​လျက် နေ​ကြ​ပါ​၏။ \q1 သတ်​ရန်​လျာ​ထား​သော​သိုး​များ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို​သူ​တစ်​ပါး​မှတ်​တတ်​ကြ​ပါ​၏'' \x + \xo 8:36 \xt ဆာ၊ ၄၄:၂၂။\x* \m ဟူ​သော​ကျမ်း​စ​ကား​အ​တိုင်း​ဖြစ်​ပေ​သည်။- \v 37 မ​ကွဲ​မ​ကွာ​စေ​သည်​သာ​မ​က​ငါ​တို့​သည်​ထို အ​တွေ့​အ​ကြုံ​ခပ်​သိမ်း​တို့​နှင့်​ဆိုင်​ရာ​တွင် ငါ တို့​ကို​ချစ်​တော်​မူ​သော​အ​ရှင်​အား​ဖြင့်​အ​ထူး အောင်​မြင်​လျက်​ရှိ​ကြ​၏။- \v 38 အ​ဘယ်​ကြောင့်​ဆို​သော်​မည်​သည့်​အ​ရာ​မျှ​ငါ တို့​အား​ကိုယ်​တော်​၏​မေတ္တာ​တော်​နှင့်​မ​ကွဲ​မ​ကွာ စေ​နိုင်။ သေ​ခြင်း​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ ကောင်း​ကင်​တ​မန်​များ​ဖြစ်​စေ၊ ကောင်း​ကင်​အာ​ဏာ ပိုင်​ဖြစ်​စေ၊ ပစ္စုပ္ပန်​အ​ရာ​ဖြစ်​စေ၊ အ​နာ​ဂတ် အ​ရာ​ဖြစ်​စေ၊- \v 39 ကောင်း​ကင်​အ​ထက်​အ​ရာ​ဖြစ်​စေ၊ မြေ​အောက် အ​ရာ​ဖြစ်​စေ၊ ဖန်​ဆင်း​ထား​သော​မည်​သည့်​အ​ရာ ပင်​ဖြစ်​စေ၊ ငါ​တို့​အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​အား ဖြင့်​ဘု​ရား​သ​ခင်​ဖော်​ပြ​တော်​မူ​သော​မေတ္တာ​တော် နှင့် ငါ​တို့​အား​မ​ကွဲ​မ​ကွာ​စေ​နိုင်​ဟု​ငါ​ဧ​ကန် အ​မှန်​သိ​သော​ကြောင့်​တည်း။ \b \c 9 \s1 ဘု​ရား​သ​ခင်​နှင့်​လူ​စု​တော် \p \v 1 ငါ​သည်​ခ​ရစ်​တော်​၏​တ​ပည့်​ဖြစ်​၍​မှန် သော​စ​ကား​ကို​ယ​ခု​ငါ​ပြော​၏။ လိမ်​လည် ၍​မ​ပြော။ ငါ​သည်​မှန်​သော​စ​ကား​ကို​ပြော ကြောင်း​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​အုပ်​စိုး မှု​ကို​ခံ​သော​ငါ​၏​သြတ္တပ္ပ​စိတ်​က​လည်း သက်​သေ​ခံ​၏။- \v 2-3 ငါ​၏​စိတ်​နှ​လုံး​သည်​ငါ​၏​အ​မျိုး​သား၊ ငါ ၏​သား​ချင်း​တို့​အ​တွက်​ဝမ်း​နည်း​ပူ​ဆွေး​လျက် အ​ခါ​မ​လပ်​ပြင်း​ပြ​သော​ဝေ​ဒ​နာ​ကို​ခံ စား​လျက်​ရှိ​၏။ သူ​တို့​၏​အ​ကျိုး​ငှာ​ငါ သည်​ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​တော်​မူ ခြင်း​ကို​လည်း​ကောင်း၊ ခ​ရစ်​တော်​နှင့်​ကွဲ​ကွာ မှု​ကို​လည်း​ကောင်း​ခံ​လို​သော​ဆန္ဒ​ရှိ​၏။- \v 4 သူ​တို့​သည်​ကား​ဘု​ရား​သ​ခင်​၏​လူ​စု​တော် ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​သည်​သူ​တို့​အား သား​များ​အ​ဖြစ်​ဖြင့်​ချီး​မြှောက်​တော်​မူ​၍ မိ​မိ​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​ခွင့် ပေး​တော်​မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​နှင့် ပ​ဋိ​ညာဉ်​များ​ပြု​တော်​မူ​၏။ သူ​တို့​အား ပ​ညတ်​တ​ရား​ကို​ပေး​အပ်​တော်​မူ​၏။ သူ တို့​သည်​မှန်​ကန်​သော​ဝတ်​ပြု​ကိုး​ကွယ်​နည်း နှင့်​က​တိ​တော်​များ​ကို​ခံ​ယူ​ရ​ရှိ​၏။-\x + \xo 9:4 \xt ထွ၊ ၉:၄။\x* \v 5 သူ​တို့​သည်​ဟေ​ဗြဲ​အ​မျိုး​သား​ဘိုး​ဘေး များ​မှ​ဆင်း​သက်​လာ​သူ​များ​တည်း။ ခ​ရစ် တော်​သည်​လူ့​ဇာ​တိ​အား​ဖြင့်​ထို​သူ​တို့​၏ အ​မျိုး​အ​နွယ်​ပင်​ဖြစ်​ပေ​သည်။ ခပ်​သိမ်း​သော အ​ရာ​တို့​ကို​အ​စိုး​ရ​တော်​မူ​သော​ဘု​ရား သ​ခင်​သည်​ထာ​ဝ​စဉ်​မင်္ဂလာ​ရှိ​တော်​မူ​ပါ စေ​သ​တည်း။ အာ​မင်။ \p \v 6 ဘု​ရား​သ​ခင်​၏​က​တိ​တော်​အ​တိုင်း​အ​ကောင် အ​ထည်​မ​ပေါ်​ဟု​ငါ​မ​ဆို​လို။ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​တွင် ဣသ​ရေ​လ​အ​မျိုး​သား​အား​လုံး​မ​ပါ​ဝင် သော​ကြောင့်​ဖြစ်​၏။- \v 7 ထို့​အ​ပြင်​အာ​ဗြ​ဟံ​မှ​ဆင်း​သက်​လာ​သူ​အား လုံး​တို့​သည်​အာ​ဗြ​ဟံ​၏​သား​မြေး​အ​စစ် မ​ဟုတ်​ပေ။ ဘု​ရား​သ​ခင်​က``သင်​သည်​ဣဇက် အား​ဖြင့်​သာ​လျှင်​သား​မြေး​များ​ရ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ​၏။-\x + \xo 9:7 \xt က၊ ၂၁:၁၂။\x* \v 8 တစ်​နည်း​ကား​သာ​မန်​အား​ဖြင့်​မွေး​ဖွား​သော အာ​ဗြ​ဟံ​၏​သား​မြေး​များ​သည် ဘု​ရား​သ​ခင် ၏​သား​သ​မီး​များ​မ​ဟုတ်။ ကိုယ်​တော်​က​တိ​တော် အ​တိုင်း​မွေး​ဖွား​လာ​သူ​များ​ကို​သာ​လျှင် အာ​ဗြ​ဟံ​၏​သား​မြေး​အ​စစ်​အ​မှန်​များ ဟု​ခေါ်​နိုင်​ပေ​သည်။- \v 9 ဘု​ရား​သ​ခင်​က``အ​ချိန်​တန်​သော​အ​ခါ​ငါ​လာ ခဲ့​မည်။ စာ​ရာ​သည်​သား​ယောကျာ်း​ကို​ဖွား​မြင် လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ​အား​က​တိ​ထား​တော် မူ​သ​တည်း။\x + \xo 9:9 \xt က၊ ၁၈:၁၀။\x* \p \v 10 ထို့​အ​ပြင်​ရေ​ဗက္က​၏​သား​နှစ်​ယောက်​တို့​သည် ငါ တို့​ဘိုး​ဘေး​ဣ​ဇာက်​နှင့်​ရ​သော​သား​များ​ဖြစ် ကြ​၏။- \v 11-12 သို့​သော်​သူ​တို့​မ​ဖွား​မီ၊ အ​ဆိုး​အ​ကောင်း​ကို မ​ပြု​မ​ကျင့်​နိုင်​မီ​က​ပင်​လျှင် ဘု​ရား​သ​ခင် သည်​ရေ​ဗက္က​အား``သင်​၏​သား​ကြီး​သည်​သား ငယ်​၏​အ​စေ​ကို​ခံ​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။ ဘု​ရား​သ​ခင်​ဤ​သို့​မိန့်​တော်​မူ​ခြင်း မှာ​ကိုယ်​တော်​သည် မိ​မိ​အ​ကြံ​အ​စည်​ကို ဖော်​ပြ​ရန်​ဖြစ်​ပေ​သည်။ ယင်း​သို့​ရွေး​ကောက် တော်​မူ​ရာ​၌​အ​ကျင့်​အ​ပေါ်​တွင်​တည်​သည် မ​ဟုတ်၊ ကိုယ်​တော်​ခေါ်​ယူ​တော်​မူ​ခြင်း အ​ပေါ်​၌​တည်​ပေ​သည်။-\x + \xo 9:11-12 \xt က၊ ၂၅:၂၃။\x* \v 13 ကျမ်း​စာ​တော်​တွင်``ယာကုပ်​ကို​ငါ​ချစ်​၏။ ဧ​သော​ကို​မုန်း​၏'' ဟု​လာ​သ​တည်း။\x + \xo 9:13 \xt မာလ၊ ၁:၂-၃။\x* \p \v 14 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​တ​ရား​မျှ​တ​မှု မ​ရှိ​ဟု​ဆို​ရ​မည်​လော။ အ​ဘယ်​နည်း​နှင့်​မျှ မ​ဆို​နိုင်။- \v 15 ကိုယ်​တော်​က​မော​ရှေ​အား``ငါ​ကျေး​ဇူး​ပြု​လို သူ​ကို​ကျေး​ဇူး​ပြု​မည်။ သ​နား​လို​သူ​ကို သ​နား​မည်'' ဟု​မိန့်​တော်​မူ​၏။-\x + \xo 9:15 \xt ထွ၊ ၃၃:၁၉။\x* \v 16 ထို့​ကြောင့်​ဘု​ရား​သ​ခင်​၏​ရွေး​ချယ်​မှု​သည် လူ​၏​အ​လို​ဆန္ဒ​သို့​မ​ဟုတ်​လူ​၏​ကြိုး​စား အား​ထုတ်​မှု​အ​ပေါ်​တွင်​မ​တည်။ ကိုယ်​တော် ၏​က​ရု​ဏာ​တော်​အ​ပေါ်​၌​သာ​တည်​ပေ​သည်။- \v 17 ကိုယ်​တော်​က​ဖာ​ရော​ဘု​ရင်​အား``သင့်​ကို​ဘု​ရင် အ​ဖြစ်​ငါ​ချီး​မြှောက်​ရ​ခြင်း​အ​ကြောင်း​မှာ သင့် အား​ဖြင့်​ငါ​၏​တန်​ခိုး​တော်​ကို​ပြ​၍​ကမ္ဘာ​တစ် ဝန်း​တွင်​ငါ​၏​ဂုဏ်​သ​တင်း​ပျံ့​နှံ့​စေ​ရန်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​ကြောင်း​ကျမ်း​စာ​တော်​က ဆို​သည်။-\x + \xo 9:17 \xt ထွ၊ ၉:၁၆။\x* \v 18 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​သ​နား​လို​သူ​ကို သ​နား​တော်​မူ​၍ မိ​မိ​ခေါင်း​မာ​စေ​လို​သူ​ကို ခေါင်း​မာ​စေ​တော်​မူ​၏။ \s1 ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​နှင့်​က​ရု​ဏာ​တော် \p \v 19 ``ထို​သို့​ဖြစ်​ပါ​မူ​ဘု​ရား​သ​ခင်​သည်​လူ​တို့ ကို​အ​ဘယ်​သို့​လျှင်​အ​ပြစ်​တင်​နိုင်​ပါ​မည်​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​၏​အ​လို​တော်​ကို ဆန့်​ကျင်​ဘက်​ပြု​နိုင်​ပါ​မည်​နည်း'' ဟူ​၍​မေး မြန်း​လို​သူ​ရှိ​လိမ့်​မည်။- \v 20 မိတ်​ဆွေ၊ သင်​သည်​အ​ဘယ်​သူ​ဖြစ်​၍​ဘု​ရား သ​ခင်​အား​ဤ​သို့​လျှောက်​ထား​နိုင်​သ​နည်း။ အ​ဖန်​ဆင်း​ခံ​က​ဖန်​ဆင်း​တော်​မူ​ရှင်​အား``အ​ရှင် သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​အား​ဤ​သို့ ဖန်​ဆင်း​တော်​မူ​ပါ​သ​နည်း'' ဟု​မေး​နိုင်​မည် လော။-\x + \xo 9:20 \xt ဟေရှာ၊ ၂၉:၁၆၊ ၄၅:၉။\x* \v 21 အိုး​ထိန်း​သည်​၌​ရွှံ့​စေး​ကို​မိ​မိ​အ​လို​ဆန္ဒ အ​တိုင်း​ပြု​လုပ်​ပိုင်​ခွင့်​ရှိ​သည်​မ​ဟုတ်​လော။ သူ​သည်​ရွှံ့​တုံး​တစ်​ခု​တည်း​မှ​အိုး​ကောင်း အိုး​ညံ့​ကို​ပြု​လုပ်​ပိုင်​သည်​မ​ဟုတ်​လော။ \p \v 22 ဘု​ရား​သ​ခင်​သည်​လည်း​ဤ​နည်း​အ​တိုင်း​ပင်​ပြု တော်​မူ​သည်။ ကိုယ်​တော်​သည်​အ​မျက်​တော်​ကို​ပြ ရန်​နှင့် တန်​ခိုး​တော်​ကို​ထင်​ရှား​စေ​ရန်​အ​လို​ရှိ တော်​မူ​၏။ သို့​ရာ​တွင်​အ​မျက်​တော်​သင့်​၍​ပျက်​စီး ဆုံး​ရှုံး​ထိုက်​သူ​တို့​အား​အ​လွန်​သည်း​ခံ​တော် မူ​၏။- \v 23 ထို့​အ​ပြင်​ကိုယ်​တော်​သည်​မိ​မိ​က​ရု​ဏာ​ထား တော်​မူ​သော​ငါ​တို့​အား မိ​မိ​၏​ကြွယ်​ဝ​သော ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​စေ​ရန်​လည်း အ​လို​ရှိ​တော်​မူ​၏။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ တော်​ကို​ခံ​စား​ခွင့်​ရ​စေ​ရန်​ကိုယ်​တော်​ပြင်​ဆင် ထား​သူ​များ​ဖြစ်​ကြ​သော ငါ​တို့​အား​ထို ကြွယ်​ဝ​သော​ဘုန်း​အ​သ​ရေ​ကို​ခံ​စား​စေ တော်​မူ​၏။- \v 24 ငါ​တို့​သည်​ကိုယ်​တော်​ခေါ်​ယူ​တော်​မူ​သော သူ​များ​ဖြစ်​ကြ​၏။ ကိုယ်​တော်​သည်​ငါ​တို့​ကို ခေါ်​ယူ​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​များ​အ​ထဲ မှ​သာ​မ​က လူ​မျိုး​ခြား​များ​အ​ထဲ​မှ လည်း​ခေါ်​ယူ​တော်​မူ​သ​တည်း။ \q1 \v 25 ဟော​ရှေ​ကျမ်း​တွင်​ကိုယ်​တော်​က \q2 ငါ​၏​လူ​စု​တော်​မ​ဟုတ်​သူ​တို့​ကို `ငါ​၏​လူ​စု​တော်' ဟု​ငါ​ခေါ်​မည်။ \q1 ငါ​မ​ချစ်​သော​လူ​မျိုး​ကို​ငါ​ချစ်​သော​လူ​မျိုး ဟု​ငါ​ခေါ်​မည်။\x + \xo 9:25 \xt ဟော၊ ၂:၂၃။\x* \q1 \v 26 မည်​သည့်​အ​ရပ်​၌​မ​ဆို​သင်​တို့​သည် `ငါ​၏ လူ​စု​တော်​မ​ဟုတ်' ဟု​အ​ခေါ်​ခံ​ရ​သော​သူ​တို့​သည် \q2 `အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ သား​များ' ဟု​အ​ခေါ်​ခံ​ရ​ကြ​လိမ့်​မည်'' \m ဟူ​၍​မိန့်​တော်​မူ​ပေ​သည်။-\x + \xo 9:26 \xt ဟော၊ ၁:၁၀။\x* \v 27 ဣသ​ရေ​လ​လူ​မျိုး​နှင့်​ပတ်​သက်​၍​ဟေ​ရှာ​ယ က ``ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပင်​လယ် ကမ်း​ခြေ​ရှိ​သဲ​လုံး​နှင့်​အ​မျှ​များ​ပြား​စေ​ကာ မူ သူ​တို့​အ​ထဲ​မှ​လူ​နည်း​စု​သာ​လျှင်​ကယ်​တင် ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။- \v 28 အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​ရှင်​သည်​ကမ္ဘာ ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​ကို​မ​ဆိုင်း​မ​တွ​ဘဲ အ​လျင်​အ​မြန်​တ​ရား​စီ​ရင်​တော်​မူ​မည်​ဖြစ် သော​ကြောင့်​တည်း'' ဟု​ကြွေး​ကြော်​ခဲ့​၏။-\x + \xo 9:28 \xt ဟေရှာ၊ ၁၀:၂၂-၂၃။\x* \v 29 ထို့​အ​ပြင် ``အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​ငါ​တို့​လူ​မျိုး​မ​ပျောက်​ကွယ်​သွား​စေ​ရန် ငါ​တို့​သား​မြေး​အ​ချို့​တို့​ကို​ချမ်း​သာ​ပေး တော်​မ​မူ​ခဲ့​လျှင် ငါ​တို့​သည်​သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​တို့​၏​ကံ​ကြမ္မာ​နှင့်​တွေ့​ကြုံ ကြ​လိမ့်​မည်'' ဟု​ယ​ခင်​က​ဟေ​ရှာ​ယ​ဖော်​ပြ ခဲ့​သည့်​အ​တိုင်း​ပင်​ဖြစ်​ပေ​သည်။\x + \xo 9:29 \xt ဟေရှာ၊ ၁:၉။\x* \s1 ဣသ​ရေ​လ​လူ​မျိုး​နှင့်​သ​တင်း​ကောင်း \p \v 30 ငါ​တို့​ဆို​လို​သည်​မှာ​ဤ​သို့​တည်း။ ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​နိုင်​ရန်​မ​ကြိုး ပမ်း​သော​လူ​မျိုး​ခြား​တို့​သည် ယုံ​ကြည်​ခြင်း အား​ဖြင့် ကိုယ်​တော်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် ခွင့်​ကို​ရ​ရှိ​ကြ​၏။- \v 31 သို့​ရာ​တွင်​ရွေး​ကောက်​တော်​မူ​ခြင်း​ကို​ခံ​ရ သော​လူ​စု​တော်​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန် စွာ​ဆက်​သွယ်​စေ​မည့်​တ​ရား​ဥ​ပ​ဒေ​ကို​ရှာ သော်​လည်း​မ​တွေ့​ရှိ​ကြ။- \v 32 အ​ဘယ်​ကြောင့်​နည်း။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​၏​လုပ်​ဆောင်​ချက်​သည်​ဘု​ရား​သ​ခင် အား​ယုံ​ကြည်​မှု​အ​ပေါ်​၌​အ​ခြေ​မ​ပြု​ဘဲ မိ​မိ​တို့​၏​အ​ကျင့်​သီ​လ​အ​ပေါ်​၌​အ​ခြေ ပြု​သော​ကြောင့်​ဖြစ်​၏။ သို့​ဖြစ်​၍​ကျမ်း​စာ​တော် တွင်​ဖော်​ပြ​သည့်​ကျောက်​ကို​တိုက်​မိ​၍​လဲ ကြ​၏။- \v 33 ကျမ်း​စာ​တော်​တွင်၊ \q1 ``ကြည့်​လော့။ \q2 လူ​တို့​တိုက်​မိ​၍​လဲ​စေ​ရန်​ကျောက်​တစ်​လုံး​ကို ဇိ​အုန်​တောင်​ပေါ်​မှာ​ငါ​ချထား​မည်။ \q1 ထို​ကျောက်​ကို​လူ​တို့​တိုက်​မိ​၍​လဲ​ကြ​လိမ့်​မည်။ \q2 သို့​ရာ​တွင်​ကိုယ်​တော်​ကို​ယုံ​ကြည်​သူ​သည် အ​ဘယ်​အ​ခါ​၌​မျှ​စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်'' \m ဟု​ဖော်​ပြ​ပါ​ရှိ​သ​တည်း။\x + \xo 9:33 \xt ဟေရှာ၊ ၂၈:၁၆။\x* \c 10 \p \v 1 ညီ​အစ်​ကို​တို့၊ ငါ​သည်​မိ​မိ​၏​အ​မျိုး​သား များ​ကယ်​တင်​ခြင်း​ခံ​ရ​စေ​ရန်​စိတ်​နှ​လုံး အ​ကြွင်း​မဲ့​လို​လား​တောင့်​တ​လျက် ဘု​ရား သ​ခင်​၏​ထံ​တော်​သို့​ဆု​တောင်း​၏။- \v 2 သူ​တို့​သည်​ဘု​ရား​သ​ခင်​အား အ​လွန်​ကြည်​ညို သူ​များ​ဖြစ်​ကြောင်း​ကို​ငါ​အာ​မ​ခံ​နိုင်​၏။ သို့ သော်​သူ​တို့​၏​ကြည်​ညို​မှု​နည်း​လမ်း​သည်​မှန် သော​အ​သိ​ပ​ညာ​အ​ပေါ်​၌​မ​တည်။- \v 3 သူ​တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက် သွယ်​နိုင်​မည့်​လမ်း​စဉ်​ကို​မ​သိ​သ​ဖြင့် ထို​လမ်း စဉ်​ကို​မ​လိုက်​ဘဲ​မိ​မိ​တို့​ကိုယ်​တိုင်​တီ​ထွင် သည့်​လမ်း​စဉ်​ကို​လိုက်​ကြ​ပေ​သည်။- \v 4 ခ​ရစ်​တော်​သည်​ပ​ညတ်​တ​ရား​ကို​အ​ဆုံး သတ်​စေ​တော်​မူ​ပြီ​ဖြစ်​ရာ​ယုံ​ကြည်​သူ​အ​ပေါင်း တို့​သည် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် မှု​ကို​ရ​ရှိ​ကြ​ပြီ။ \s1 လူ​သား​အား​လုံး​အ​တွက်​ကယ်​တင်​ခြင်း \p \v 5 ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း​အား​ဖြင့် ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​ခြင်း​အ​ကြောင်း နှင့်​ပတ်​သက်​၍ မော​ရှေ​က``ပ​ညတ်​တ​ရား​ကို စောင့်​ထိန်း​သူ​သည်​အ​သက်​ရှင်​လိမ့်​မည်'' ဟု ဖော်​ပြ​၏။-\x + \xo 10:5 \xt ဝတ်၊ ၁၈:၅။\x* \v 6 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ခြင်း​အား ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​ခြင်း နှင့်​ပတ်​သက်​၍ ကျမ်း​စာ​တော်​က ``အ​ဘယ်​သူ သည်​ကောင်း​ကင်​ဘုံ​သို့​တက်​ရ​ပါ​မည်​နည်း။ (ဆို​လို​သည်​မှာ​ခ​ရစ်​တော်​အား​အောက်​သို့​ပင့်​ရန်)- \v 7 အ​ဘယ်​သူ​သည်​မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​ရ​ပါ မည်​နည်း​ဟု​မ​မေး​ကြ​နှင့်'' ဟူ​၍​ဖော်​ပြ​ပေ သည်။ (ဆို​လို​သည်​မှာ​ခ​ရစ်​တော်​အား​သေ​ခြင်း မှ​ပင့်​ရန်)- \v 8 ကျမ်း​စာ​တော်​က​ဆို​လို​သည်​မှာ​နှုတ်​က​ပတ် တ​ရား​တော်​သည် ``သင်​၏​နှုတ်၊ သင်​၏​စိတ်​နှ​လုံး၊ သင်​၏​အ​နီး​၌​ရှိ​၏'' ဟူ​၍​ဖြစ်​သည်။ ထို​နှုတ် က​ပတ်​တ​ရား​ကား​သင်​တို့​အား​ငါ​ဟော​ပြော ကြေ​ညာ​သည့်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ခြင်း နှင့်​ဆိုင်​သော​တ​ရား​တော်​ပင်​ဖြစ်​သည်။-\x + \xo 10:8 \xt တရား၊ ၃၀:၁၂-၁၄။\x* \v 9 သင်​တို့​သည်​သ​ခင်​ယေ​ရှု​သည်​အ​ရှင်​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​နှုတ်​ဖြင့်​ဝန်​ခံ​၍ ဘု​ရား သ​ခင်​သည်​ထို​အ​ရှင်​အား​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ကြောင်း​ကို စိတ်​နှ​လုံး​ထဲ ၌​ယုံ​ကြည်​ကြ​လျှင်​ဘု​ရား​သ​ခင်​သည်​သင် တို့​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။- \v 10 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​ယုံ​ကြည် ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​သွယ်​ခွင့်​ရ​၍ နှုတ်​ဖြင့်​ဝန်​ခံ​ခြင်း​အား ဖြင့်​ကယ်​တင်​ခြင်း​ခံ​ရ​သော​ကြောင့်​ဖြစ်​၏။- \v 11 ကျမ်း​စာ​တော်​က``မည်​သူ​မ​ဆို​ကိုယ်​တော်​ကို ယုံ​ကြည်​လျှင်​စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​သည်။-\x + \xo 10:11 \xt ဟေရှာ၊ ၂၈:၁၆။\x* \v 12 ယု​ဒ​လူ​မျိုး၊ လူ​မျိုး​ခြား​ဟူ​၍​ခွဲ​ခြား​မှု မ​ရှိ​တော့​သ​ဖြင့်​လူ​တိုင်း​ပါ​ဝင်​၏။ ဘု​ရား သ​ခင်​သည်​လူ​အ​ပေါင်း​တို့​၏​အ​ရှင်​သ​ခင် ဖြစ်​တော်​မူ​၍ ကိုယ်​တော်​အား​ဆု​တောင်း​သ​မျှ သော​သူ​တို့​အား​ကြွယ်​ဝ​စွာ​ကောင်း​ချီး​ပေး တော်​မူ​၏။- \v 13 ကျမ်း​စာ​တော်​က ``ထာ​ဝ​ရ​ဘု​ရား​ရှင်​အား ဆု​တောင်း​သူ​ဟူ​သ​မျှ​တို့​သည် ကယ်​တင်​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း ဖြစ်​သ​တည်း။\x + \xo 10:13 \xt ယောလ၊ ၂:၃၂။\x* \p \v 14 သို့​ရာ​တွင်​ထို​သူ​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် မှု​မ​ရှိ​လျှင် အ​ဘယ်​သို့​ကိုယ်​တော်​ထံ​သို့​ပတ္ထနာ ပြု​နိုင်​မည်​နည်း။ နှုတ်​က​ပတ်​တ​ရား​တော်​ကို မ​ကြား​လျှင်​အ​ဘယ်​သို့​ယုံ​ကြည်​နိုင်​မည်​နည်း။ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​ကြေ​ညာ သူ​မ​ရှိ​လျှင်​အ​ဘယ်​သို့​ကြား​နိုင်​မည်​နည်း။- \v 15 ဟော​ပြော​ကြေ​ညာ​သူ​များ​ကို​မ​စေ​လွှတ် လျှင် အ​ဘယ်​သို့​နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြေ​ညာ​နိုင်​မည်​နည်း။ ကျမ်း​စာ တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သည်​အ​တိုင်း``သ​တင်း ကောင်း​ကို​ယူ​ဆောင်​လာ​သူ​တို့​၏​ခြေ​တို့​သည် လွန်​စွာ​တင့်​တယ်​စွ​တ​ကား။-''\x + \xo 10:15 \xt ဟေရှာ၊ ၅၂:၇။\x* \v 16 သို့​ရာ​တွင်​ထို​သ​တင်း​ကောင်း​ကို​လူ​တိုင်း မ​ယုံ​ကြ။ ဟေ​ရှာ​ယ​ကိုယ်​တိုင်​က``အို ထာ​ဝ​ရ ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​တို့​ကြေ​ညာ​သော​သ​တင်း ကို​အ​ဘယ်​သူ​ယုံ​ပါ​သ​နည်း'' ဟု​ဆို​သည်။-\x + \xo 10:16 \xt ဟေရှာ၊ ၅၃:၁။\x* \v 17 သို့​ဖြစ်​၍​နှုတ်​က​ပတ်​တ​ရား​တော်​ကို​ကြား နာ​ခြင်း​ကြောင့်​ယုံ​ကြ​၏။ ခ​ရစ်​တော်​အ​ကြောင်း ဟော​ပြော​ခြင်း​ကြောင့်​နှုတ်​က​ပတ်​တ​ရား​တော် ကို​ကြား​နာ​ရ​၏။ \p \v 18 သို့​ရာ​တွင်​လူ​တို့​သည်​ထို​နှုတ်​က​ပတ်​တ​ရား တော်​ကို​ကြား​နာ​ခွင့်​မ​ရ​ကြ​သ​လော​ဟု​ငါ မေး​လို​၏။ သူ​တို့​သည်​ကြား​နာ​ခွင့်​ကို​အ​မှန် ပင်​ရ​ကြ​၏။ ကျမ်းစာ​တော်​က၊ \q1 ``နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​သူ​တို့​၏ \q2 အ​သံ​သည်​ကမ္ဘာ​မြေ​တစ်​ဝန်း​လုံး​တွင်​ပျံ့​နှံ့​သွား​၏။ \q1 သူ​တို့​၏​တ​ရား​စ​ကား​များ​သည်​ကမ္ဘာ​အ​စွန် အ​ဖျား သို့​တိုင်​အောင်​ရောက်​ရှိ​လေ​ပြီ'' \m ဟု​ဆို​သည့်​အ​တိုင်း​ပင်​ဖြစ်​သည်။-\x + \xo 10:18 \xt ဆာ၊ ၁၉:၄။\x* \v 19 တစ်​ဖန်​ငါ​မေး​ဦး​မည်။ ဣသ​ရေ​လ​အ​မျိုး​သား တို့​သည် ထို​အ​မှု​အ​ရာ​ကို​မ​သိ​နား​မ​လည် ကြ​သ​လော။ မော​ရှေ​က၊ \q1 ``ငါ​သည်​မ​ရေ​ရာ​သော​လူ​မျိုး​ကို​အ​သုံး​ပြု သ​ဖြင့် \q2 ငါ​၏​လူ​စု​တော်​အား​မ​နာ​လို​စိတ်​ရှိ​စေ​မည်။ \q1 မိုက်​မဲ​သော​လူ​မျိုး​အား​ဖြင့်​ငါ​၏​လူ​စု​တော်​အား အ​မျက်​ထွက်​စေ​မည်'' \m ဟု​ဦး​စွာ​ပ​ထ​မ​ဖြေ​ကြား​၏။\x + \xo 10:19 \xt တရား၊ ၃၂:၂၁။\x* \p \v 20 ဟေ​ရှာ​ယ​က၊ \q1 ``ငါ့​ကို​မ​ရှာ​သော​သူ​တို့​သည်​ငါ့​ကို​တွေ့​ရှိ ကြ​၏။ \q2 ငါ​၏​အ​ကြောင်း​ကို​မ​စုံ​စမ်း​မ​မေး​မြန်း​သော သူ​တို့​သည်​ငါ့​ကို​ဖူး​မြင်​ရ​ကြ​၏'' \m ဟု​ပို​၍​ပင်​ပြတ်​သား​စွာ​ဆို​၏။-\x + \xo 10:20 \xt ဟေ​ရှာ၊ ၆၅:၁။\x* \v 21 သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ပတ်​သက်​၍​မူ​ကား``ငါ့​ကို​ဆန့်​ကျင်​ပုန်​ကန်​၍ ငါ​၏​စ​ကား​ကို​မ​နာ​ခံ​သော​လူ​မျိုး​အား ငါ​သည်​တစ်​နေ​ကုန်​လက်​ကမ်း​လျက်​ရှိ​၏'' ဟု ဟေ​ရှာ​ယ​ဆို​၏။\x + \xo 10:21 \xt ဟေရှာ၊ ၆၅:၂။\x* \c 11 \s1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​၌​ဘု​ရား​သ​ခင် ထား​ရှိ​သော​က​ရု​ဏာ​တော် \p \v 1 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု​တော် အား ပစ်​ပယ်​တော်​မူ​ပြီ​လော​ဟု​မေး​သော်​ဧ​ကန် မု​ချ​ပစ်​ပယ်​တော်​မ​မူ။ ငါ​ကိုယ်​တိုင်​ပင်​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား၊ အာ​ဗြ​ဟံ​မှ​ဆင်း သက်​သူ၊ ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ဖြစ်​၏။-\x + \xo 11:1 \xt ဖိ၊ ၃:၅။\x* \v 2 ဘု​ရား​သ​ခင်​သည်​အ​စ​မူ​လ​က​တည်း​က မိ​မိ​ရွေး​ကောက်​ထား​တော်​မူ​သော​လူ​စု​တော် ကို​ပစ်​ပယ်​တော်​မ​မူ။ ကျမ်း​စာ​တော်​တွင်​ဧ​လိ​ယ သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ဆန့်​ကျင်​၍ ဘု​ရား​သ​ခင်​ထံ​လျှောက်​ထား​သည့်​စာ​ပိုဒ်​ကို သင်​တို့​သိ​ကြ​၏။- \v 3 ထို​လျှောက်​ထား​ချက်​တွင်​ဧ​လိ​ယ​က``ထာ​ဝ​ရ ဘု​ရား​ရှင်၊ ထို​သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ရော ဖက်​များ​ကို​သတ်​ဖြတ်​ခဲ့​ကြ​ပါ​ပြီ။ ကိုယ်​တော် ၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ် တစ်​ဦး​တည်း​သာ​ကျန်​ပါ​၏။ အ​ကျွန်ုပ်​ကို​လည်း သူ​တို့​သတ်​ရန်​ကြိုး​စား​လျက်​နေ​ကြ​ပါ​၏'' ဟု​ဆို​၏။-\x + \xo 11:3 \xt ၃ရာ၊ ၁၉:၁၀၊ ၁၄။\x* \v 4 သို့​ရာ​တွင်​ဧ​လိ​ယ​အား​ဘု​ရား​သ​ခင်​အ​ဘယ် သို့​ပြန်​၍​မိန့်​တော်​မူ​သ​နည်း။ ကိုယ်​တော်​က``ငါ သည်​ဗာ​လ​ရုပ်​တု​အား​ဦး​မ​ညွှတ်၊ ရှိ​မ​ခိုး​သူ လူ​ခု​နစ်​ထောင်​ကို​ငါ​၏​အ​တွက်​ချန်​ထား ပြီ'' ဟု​မိန့်​တော်​မူ​၏။-\x + \xo 11:4 \xt ၃ရာ၊ ၁၉:၁၈။\x* \v 5 ယ​ခု​ကာ​လ​၌​လည်း​ဤ​နည်း​အ​တိုင်း​ပင်။ ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့်​ရွေး​ကောက်​ခြင်း​ခံ ရ​သူ​လူ​အ​နည်း​ငယ်​ကျန်​ရှိ​၏။- \v 6 ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ကျေး​ဇူး​တော် ကို​အ​ခြေ​ခံ​၍​ရွေး​ကောက်​တော်​မူ​၏။ သူ​တို့ ၏​အ​ကျင့်​ကို​အ​ခြေ​ခံ​၍​ရွေး​ကောက်​တော် မူ​သည်​မ​ဟုတ်။ အ​ကယ်​၍​ဘု​ရား​သ​ခင်​၏ ရွေး​ကောက်​တော်​မူ​ခြင်း​သည် လူ့​အ​ကျင့်​ကို အ​ခြေ​ခံ​လျှင်​ကိုယ်​တော်​၏​ကျေး​ဇူး​တော် သည်​အ​စစ်​အ​မှန်​မ​ဟုတ်။ \p \v 7 ထို့​ကြောင့်​အ​ဘယ်​သို့​ပြော​ရ​မည်​နည်း။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ရှာ​သော​အ​ရာ​ကို မ​တွေ့​ကြ​ကြောင်း​ထင်​ရှား​နေ​သည်။ ထို​အ​ရာ​ကို တွေ့​ရှိ​ကြ​သူ​များ​မှာ​ဘု​ရား​သ​ခင်​ရွေး​ကောက် တော်​မူ​သော​လူ​နည်း​စု​ပင်​ဖြစ်​ပေ​သည်။ ကျန် သော​သူ​တို့​သည်​ကား​ဘု​ရား​သ​ခင်​၏​ဖိတ် ခေါ်​တော်​မူ​သံ​ကို​မ​ကြား​ကြ။- \v 8 ကျမ်း​စာ​တော်​က``ဘု​ရား​သ​ခင်​သည်​သူ​တို့ ၏​စိတ်​နှ​လုံး​ကို​ထိုင်း​မှိုင်း​စေ​တော်​မူ​၏။ ယ​နေ့ တိုင်​အောင်​ပင်​သူ​တို့​သည်​မ​မြင်​မ​ကြား​နိုင် ကြ'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်​ဖြစ်​သည်။-\x + \xo 11:8 \xt တရား၊ ၂၉:၄။ ဟေရှာ၊ ၂၉:၁၀။\x* \v 9 ထို့​အ​ပြင်​ဒါ​ဝိဒ်​မင်း​က၊ \q1 ``သူ​တို့​၏​စား​သောက်​ပွဲ​များ​သည်​သူ​တို့​အ​တွက် ကျော့​ကွင်း​ကဲ့​သို့​လည်း​ကောင်း၊ \q2 ထောင်​ချောက်​ကဲ့​သို့​လည်း​ကောင်း​ဖမ်း​မိ​လျက် ဒဏ်​ခတ်​ခံ​ရ​ပါ​စေ​သော။ \q1 \v 10 သူ​တို့​သည်​ကြည့်​၍​မ​မြင်​နိုင်​စေ​ရန် မျက်​စိ​မှုန်​ပါ​စေ​သော။ \q2 သူ​တို့​၏​ခါး​သည်​လည်း​ထမ်း​ရ​သော​ဝန်​ထုပ် ကြောင့် အ​စဉ်​ကုန်း​ပါ​စေ​သော'' \m ဟု​မြွက်​ဆို​တော်​မူ​၏။\x + \xo 11:10 \xt ဆာ၊ ၆၉:၂၂-၂၃။\x* \p \v 11 သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား​တို့​သည်​ခ​လုတ် တိုက်​၍​လဲ​ပြီ​လော​ဟု​မေး​သော် အ​ဘယ်​နည်း နှင့်​မျှ​လဲ​၍​မ​နေ​ရ​ပါ။ သူ​တို့​အ​ပြစ်​ကူး ခြင်း​ကြောင့်​လူ​မျိုး​ခြား​တို့​သည်​ကယ်​တင်​ခြင်း ကို​ရ​ရှိ​လာ​ကြ​သ​ဖြင့် ယု​ဒ​အ​မျိုး​သား တို့​သည်​လူ​မျိုး​ခြား​တို့​အား​မ​နာ​လို​စိတ် ရှိ​လာ​ကြ​သည်။- \v 12 ယု​ဒ​အ​မျိုး​သား​တို့​အ​ပြစ်​ကူး​မှု​သည်​ကမ္ဘာ အား ကြွယ်​ဝ​စွာ​ကောင်း​ချီး​ခံ​စား​စေ​သည်။ သူ တို့​၏​ဆုံး​ရှုံး​မှု​သည်​လူ​မျိုး​ခြား​တို့​အား​ကောင်း ချီး​များ​စွာ​ခံ​စား​စေ​ပါ​လျှင် ယု​ဒ​အ​မျိုး​သား တစ်​ရပ်​လုံး​က​ခ​ရစ်​တော်​ကို​ယုံ​ကြည်​လက်​ခံ လာ​ကြ​သော​အ​ခါ​ပို​၍​ပင်​ကောင်း​ချီး​ခံ​စား ရ​ကြ​လိမ့်​မည်။ \s1 လူ​မျိုး​ခြား​တို့​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ခြင်း \p \v 13 လူ​မျိုး​ခြား​ဖြစ်​သူ​သင်​တို့​အား​ယ​ခု​ငါ​ပြော လို​၏။ ငါ​သည်​လူ​မျိုး​ခြား​တို့​နှင့်​ဆိုင်​သော တ​မန်​တော်​ဖြစ်​သည့်​ကာ​လ​ပတ်​လုံး​မိ​မိ ၏​အ​လုပ်​တွင်​ဂုဏ်​ယူ​ဝါ​ကြွား​မည်။- \v 14 ငါ​သည်​မိ​မိ​၏​အ​မျိုး​သား​များ​အား​မ​နာ လို​စိတ်​ကို​ရှိ​စေ​ခြင်း​အား​ဖြင့် ၎င်း​တို့​အ​ထဲ မှ​အ​ချို့​တို့​သည်​ကယ်​တင်​ခြင်း​ကို​ရ​ကောင်း ရ​လိမ့်​မည်။- \v 15 ဘု​ရား​သ​ခင်​သည်​ငါ​၏​အ​မျိုး​သား​တို့​အား ပစ်​ပယ်​တော်​မူ​သော​အ​ခါ​၌​ကမ္ဘာ​သူ​ကမ္ဘာ​သား တို့​အား မိ​မိ​ရန်​သူ​များ​ဖြစ်​ရာ​မှ​မိတ်​ဆွေ​များ ဖြစ်​စေ​တော်​မူ​၏။ သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား တို့​အား​ဘုရား​သ​ခင်​ပြန်​လည်​လက်​ခံ​တော်​မူ သော​အ​ခါ​၌​အ​ဘယ်​သို့​ဖြစ်​လိမ့်​မည်​နည်း။ သူ​သေ​တို့​အား​အ​သက်​ပြန်​၍​ရှင်​စေ​သ​ကဲ့ သို့​ဖြစ်​လိမ့်​မည်။ \p \v 16 မိ​မိ​၌​ရှိ​သော​မုန့်​ညက်​မှ​အ​နည်း​ငယ်​ကို ယူ​၍​ဘု​ရား​သ​ခင်​အား​ဦး​စွာ​ဆက်​ကပ်​လျှင် မုန့်​ညက်​အား​လုံး​ကို​ပင်​လျှင်​ဆက်​ကပ်​ရာ ရောက်​၏။ သစ်​ပင်​၏​အ​မြစ်​ကို​ဘု​ရား​သ​ခင် အား​ဆက်​ကပ်​လျှင်​အ​ကိုင်း​အ​ခက်​များ​ကို လည်း​ဆက်​ကပ်​ရာ​ရောက်​၏။- \v 17 လူ​တို့​သည်​သံ​လွင်​ပင်​၏​အ​ကိုင်း​အ​ချို့​ကို ခုတ်​ဖြတ်​လိုက်​ပြီး​နောက်​ကျန်​ရှိ​သည့်​အ​ငုတ် တွင် ရိုင်း​သော​သံ​လွင်​ကိုင်း​ကို​ဆက်​၍​စိုက် တတ်​ကြ​၏။ ထို​ရိုင်း​သော​သံ​လွင်​အ​ကိုင်း​သည် သံ​လွင်​ပင်​၏​အ​မြစ်​နှင့်​ပင်​စည်​မှ​ပင်​ရည် သြ​ဇာ​ကို​မှီ​ဝဲ​ရ​သ​ကဲ့​သို့ လူ​မျိုး​ခြား ဖြစ်​သူ​သင်​တို့​သည်​ယု​ဒ​အ​မျိုး​သား​တို့ ထံ​မှ​အ​ကျိုး​ကျေး​ဇူး​များ​စွာ​ခံ​ယူ​ရ ရှိ​ကြ​၏။- \v 18 သို့​ဖြစ်​၍​သင်​တို့​သည်​ခုတ်​ဖြတ်​ပစ်​လိုက်​သည့် အ​ကိုင်း​များ​နှင့်​တူ​သော​သူ​တို့​ကို​အ​ထင် မ​သေး​ကြ​နှင့်။ သင်​တို့​သည်​အ​ဘယ်​သို့​လျှင် ဝါ​ကြွား​နိုင်​သ​နည်း။ သင်​တို့​သည်​အ​ကိုင်း အ​ခက်​မျှ​သာ​ဖြစ်​၍​အ​မြစ်​ကို​ထောက်​မ သည်​မ​ဟုတ်။ အ​မြစ်​သည်​သာ​လျှင်​သင်​တို့ ကို​ထောက်​မ​၏။ \p \v 19 သို့​သော်​သင်​တို့​က ``အ​ကျွန်ုပ်​တို့​အား​နေ​ရာ ပေး​ရန်​သံ​လွင်​ယဉ်​ကိုင်း​များ​ကို​ခုတ်​ဖြတ် သည်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​လိမ့်​မည်။- \v 20 သင်​တို့​ဆို​သည်​အ​တိုင်း​လည်း​မှန်​၏။ ထို​သူ​တို့ ခုတ်​ဖြတ်​ခြင်း​ခံ​ရ​ကြ​သည်​မှာ​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​မှု​မ​ရှိ​ကြ​သော ကြောင့်​ဖြစ်​၏။ သင်​တို့​မူ​ကား​ကိုယ်​တော်​ကို ယုံ​ကြည်​သ​ဖြင့်​သံ​လွင်​ပင်​၏​တစ်​စိတ်​တစ် ဒေ​သ​ဖြစ်​လာ​ရ​၏။ သို့​သော်​သင်​တို့​ကိုယ်​ကို အ​ထင်​မ​ကြီး​ဘဲ​ကြောက်​ရွံ့​ခြင်း​ရှိ​ကြ​လော့။- \v 21 ဘု​ရား​သ​ခင်​သည်​သံ​လွင်​ပင်​မှ​န​ဂို​မူ​ရင်း အ​ကိုင်း​များ​သ​ဖွယ်​ဖြစ်​ကြ​သူ ယု​ဒ​အ​မျိုး သား​တို့​ကို​သက်​ညှာ​တော်​မ​မူ​လျှင် အ​ဘယ် သို့​လျှင်​သင်​တို့​ကို​သက်​ညှာ​တော်​မူ​မည်​နည်း။- \v 22 ဤ​တွင်​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​မျှ​သ​နား ကြင်​နာ​တော်​မူ​တတ်​ကြောင်း​နှင့်​အ​ဘယ်​မျှ ပြင်း​ထန်​စွာ​စီ​ရင်​တော်​မူ​တတ်​ကြောင်း​ကို​ငါ တို့​တွေ့​မြင်​ကြ​ရ​၏။ ကိုယ်​တော်​သည်​လဲ​သူ တို့​ကို​ပြင်း​စွာ​စီ​ရင်​တော်​မူ​ပေ​သည်။ သို့ သော်​လည်း​သင်​တို့​အား​သ​နား​ကြင်​နာ​တော် မူ​သည်။ တစ်​နည်း​အား​ဖြင့်​သင်​တို့​သည် က​ရု​ဏာ​တော်​ကို​ဆက်​လက်​ခံ​ယူ​ထိုက် အောင်​ပြု​မူ​ကျင့်​ကြံ​ကြ​လျှင် ကိုယ်​တော် သည်​သင်​တို့​အ​ပေါ်​၌​က​ရု​ဏာ​ထား တော်​မူ​မည်။ ထို​က​ရု​ဏာ​တော်​ကို​ခံ​ယူ ထိုက်​အောင်​မ​ပြု​မူ​ပါ​လျှင်​သင်​တို့​ကို လည်း​ဘုရား​သ​ခင်​ခုတ်​ဖြတ်​တော်​မူ​လိမ့်​မည်။- \v 23 ယု​ဒ​အ​မျိုး​သား​တို့​သည်​မ​ယုံ​ကြည်​သော စိတ်​စွန့်​၍​ယုံ​ကြည်​ကြ​မည်​ဆို​ပါ​က အ​ငုတ် တွင်​ပြန်​လည်​ကိုင်း​ဆက်​စိုက်​ပျိုး​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​ဤ​အ​မှု​ကို ပြု​တော်​မူ​နိုင်​၏။- \v 24 လူ​မျိုး​ခြား​ဖြစ်​သူ​သင်​တို့​အား​မိ​မိ​တို့​၏ န​ဂို​မူ​ရင်း​ရိုင်း​သော​သံ​လွင်​မှ​ခုတ်​ဖြတ်​၍ သင် တို့​၏​န​ဂို​မူ​ရင်း​မ​ဟုတ်​သည့်​ယဉ်​သော​သံ​လွင် တွင်​ကိုင်း​ဆက်​စိုက်​ပျိုး​တော်​မူ​ပါ​လျှင် ယဉ်​သော သံ​လွင်​၏​န​ဂို​မူ​ရင်း​အ​ကိုင်း​များ​ဖြစ်​သည့် ယု​ဒ​အ​မျိုး​သား​တို့​အား မူ​ရင်း​သံ​လွင်​ပင် တွင်​ပို​မို​လွယ်​ကူ​စွာ​ပြန်​လည်​ကိုင်း​ဆက် စိုက်​ပျိုး​တော်​မူ​မည်​မ​ဟုတ်​လော။ \s1 လူ​ခပ်​သိမ်း​တို့​အ​ပေါ်​၌​ဘု​ရား​သ​ခင် ထား​ရှိ​တော်​မူ​သော​က​ရု​ဏာ​တော် \p \v 25 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို တတ်​သိ​လိမ္မာ​လှ​ပြီ​ဟု​မ​ထင်​မ​မှတ်​ကြ​စေ​ရန် ငါ​သည်​ဘု​ရား​သ​ခင်​၏​လျှို့​ဝှက်​နက်​နဲ​သော အ​ရာ​ကို​သင်​တို့​အား​ဖော်​ပြ​လို​၏။ ထို​လျှို့​ဝှက် နက်​နဲ​သော​အ​ရာ​မှာ​ဤ​သို့​တည်း။ ယု​ဒ​အ​မျိုး သား​တို့​သည်​အ​မြဲ​စိတ်​နှ​လုံး​ထိုင်း​မှိုင်း​လျက် နေ​ကြ​မည်​မ​ဟုတ်​ဘဲ ကယ်​တင်​ခြင်း​ကို​ခံ​ရ မည့်​လူ​မျိုး​ခြား​တို့​အ​ရေ​အ​တွက်​ပြည့်​စုံ လာ​သည့်​ကာ​လ​အ​ထိ​သာ​ဖြစ်​၏။- \v 26 ထို​နောက်​ဘု​ရား​သ​ခင်​သည်​ဣသ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​ကို​ကယ်​တင်​တော် မူ​လိမ့်​မည်။ ကျမ်း​စာ​တော်​တွင်၊ \q1 ``ကယ်​တင်​ရှင်​သည်​ဇိ​အုန်​တောင်​မှ​ကြွ​လာ​ပြီး လျှင်၊ \q2 ယာ​ကုပ်​၏​သား​မြေး​များ​ထံ​မှ၊ဆိုး​ညစ်​မှု အ​ပေါင်း​ကို ပယ်​ရှား​တော်​မူ​လိမ့်​မည်။\x + \xo 11:26 \xt ဟေရှာ၊ ၅၉:၂၀-၂၁။\x* \q1 \v 27 ငါ​သည်​သူ​တို့​၏​အ​ပြစ်​များ​ကို​ပယ်​ရှား​သော အ​ခါ သူ​တို့​နှင့်​ဤ​ပ​ဋိ​ညာဉ်​ကို​ပြု​မည်။'' \m ဟု​ဖော်​ပြ​ပါ​ရှိ​သည်​အ​တိုင်း​ဖြစ်​လေ​သည်။-\x + \xo 11:27 \xt ဟေရှာ၊ ၂၇:၉။\x* \v 28 သ​တင်း​ကောင်း​ကို​ပစ်​ပယ်​ကြ​သည့်​အ​တွက် ယု​ဒ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်​၏ ရန်​သူ​ဖြစ်​လာ​ကြ​၏။ ယင်း​သို့​ဖြစ်​လာ​ခြင်း သည်​လူ​မျိုး​ခြား​ဖြစ်​သူ​သင်​တို့​၏​အ​ကျိုး အ​တွက်​ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ဘု​ရား​သ​ခင် သည်​သူ​တို့​ကို​ရွေး​ချယ်​တော်​မူ​သော​ကြောင့် သူ​တို့​၏​ဘိုး​ဘေး​များ​ကို​ထောက်​ထား​လျက် သူ​တို့​အား​ချစ်​တော်​မူ​သေး​၏။- \v 29 ကိုယ်​တော်​သည်​မည်​သူ့​ကို​မ​ဆို​ရွေး​ကောက်​၍ ကောင်း​ချီး​ပေး​တော်​မူ​ရန်​ဆုံး​ဖြတ်​တော်​မူ ပြီး​နောက်​စိတ်​သ​ဘော​ပြောင်း​လဲ​တော်​မ​မူ တတ်။- \v 30 လူ​မျိုး​ခြား​ဖြစ်​သူ​သင်​တို့​သည်​အ​ခါ​တစ်​ပါး က​ဘု​ရား​သ​ခင်​၏​စ​ကား​တော်​ကို​မ​နာ​ခံ​ခဲ့ ကြ။ သို့​သော်​လည်း​ယ​ခု​အ​ခါ​က​ရု​ဏာ​တော် ကို​သင်​တို့​ခံ​စား​ခွင့်​ရ​ရှိ​ကြ​သည်​မှာ ယု​ဒ အ​မျိုး​သား​တို့​သည်​ကိုယ်​တော်​၏​စ​ကား တော်​ကို​မ​နာ​ခံ​ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။- \v 31 ထို​နည်း​တူ​ဘု​ရား​သ​ခင်​၏​က​ရု​ဏာ​တော် ကို​သင်​တို့​ခံ​စား​ကြ​ရ​ခြင်း​ကြောင့် ယု​ဒ အ​မျိုး​သား​တို့​သည်​က​ရု​ဏာ​တော်​ကို​မိ​မိ တို့​လည်း​ခံ​စား​ရ​အံ့​သော​ငှာ ဘု​ရား​သ​ခင် ၏​စ​ကား​တော်​ကို​ယ​ခု​အ​ခါ​မ​နာ​ခံ​ဘဲ နေ​ကြ​၏။- \v 32 လူ​သား​အ​ပေါင်း​တို့​သည်​မ​နာ​ခံ​ကြ​သည့် အ​တွက် ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​အ​ကျဉ်း သား​များ​သ​ဖွယ်​ဖြစ်​စေ​တော်​မူ​၏။ ဤ​သို့ ကိုယ်​တော်​ပြု​တော်​မူ​ရ​ခြင်း​မှာ​သူ​တို့​အား က​ရု​ဏာ​တော်​ကို​ပြ​တော်​မူ​လို​သော​ကြောင့် ပင်​ဖြစ်​ပေ​သည်။ \s1 ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ခြင်း \p \v 33 ဘု​ရား​သ​ခင်​၏​ကြွယ်​ဝ​သော​ဉာဏ်​ပ​ညာ တော်​နှင့်​အ​သိ​ပ​ညာ​တော်​သည် လွန်​စွာ​နက်​နဲ လှ​ပါ​တ​ကား။ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ချက် များ​ကို​အ​ဘယ်​သူ​ရှင်း​ပြ​နိုင်​သ​နည်း။ နည်း လမ်း​တော်​များ​ကို​အ​ဘယ်​သူ​နား​လည် နိုင်​သ​နည်း။-\x + \xo 11:33 \xt ဟေ​ရှာ၊ ၅၅:၈။\x* \v 34 ကျမ်း​စာ​တော်​က၊ \q1 ``အ​ဘယ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ရှင် အ​ဘယ်​သို့ စဉ်း​စား​ဆင်​ခြင်​တော်​မူ​သည်​ကို​သိ​သ​နည်း။ \q2 အ​ဘယ်​သူ​သည်​ကိုယ်​တော်​အား​အ​ကြံ​ဉာဏ် ပေး​နိုင်​သ​နည်း။\x + \xo 11:34 \xt ဟေရှာ၊ ၄၁:၁၃။\x* \q1 \v 35 ကိုယ်​တော်​က​ကျေး​ဇူး​ဆပ်​တော်​မူ​ရ​အောင် \q2 အ​ဘယ်​သူ​သည်​ကိုယ်​တော်​အား​ကျေး​ဇူး​ပြု​ဖူး သ​နည်း'' \m ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်​ဖြစ်​သည်။-\x + \xo 11:35 \xt ယော​ဘ၊ ၄၁:၁၁။\x* \v 36 ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့ သည်​ကိုယ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ် တော်​၏​အ​တွက်​လည်း​ကောင်း​တည်​လျက် ရှိ​ကြ​၏။ ကိုယ်​တော်​သည်​ထာ​ဝ​စဉ်​ဘုန်း အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။\x + \xo 11:36 \xt ၁ကော၊ ၈:၆။\x* \c 12 \s1 ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ဆောင်​ရန် မည်​ကဲ့​သို့​အ​သက်​ရှင်​ရ​မည့်​အ​ကြောင်း \p \v 1 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​သည်​ငါ တို့​အား​လွန်​စွာ​က​ရု​ဏာ​ထား​တော်​မူ​သော ကြောင့် သင်​တို့​အား​ငါ​တိုက်​တွန်း​နှိုး​ဆော်​လို သည်​မှာ​ကိုယ်​တော်​၏​အ​မှု​တော်​ကို​ဆောင်​ရွက် ရန်​နှင့် ကိုယ်​တော်​နှစ်​သက်​သော​သက်​ရှိ​ယဇ်​ကောင် သ​ဖွယ်​ဖြစ်​ရန်​သင်​တို့​၏​ကိုယ်​ကို​ဆက်​ကပ် ကြ​လော့။ ဤ​သည်​ကား​သင်​တို့​သည်​ကိုယ်​တော် အား​မှန်​ကန်​စွာ​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​ဖြစ်​သည်။- \v 2 သင်​တို့​သည်​လော​ကီ​စံ​နှုန်း​ကို​လိုက်​၍​မ​ကျင့် ကြ​နှင့်။ သင်​တို့​သည်​မိ​မိ​တို့​၏​စိတ်​နှ​လုံး​ကို ဘု​ရား​သ​ခင်​လုံး​ဝ​ပြောင်း​လဲ​စေ​သော​အား ဖြင့် စိတ်​သ​ဘော​သစ်​ကို​ခံ​ယူ​လျက်​ပုံ​သဏ္ဌာန် ပြောင်း​လဲ​ကြ​လော့။ သို့​ပြု​လျှင်​ကောင်း​မြတ် သော​အ​ရာ၊ ကိုယ်​တော်​နှစ်​သက်​ဖွယ်​သော​အ​ရာ၊ အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​အ​လို​ရှိ​တော်​မူ​သော​အ​ရာ သည်​အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို​သင်​တို့​သိ ရှိ​ကြ​လိမ့်​မည်။ \p \v 3 သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ထင်​သင့်​သည် ထက်​ပို​၍​အ​ထင်​မ​ကြီး​ကြ​စေ​ရန် ငါ​ခံ​စား ရ​သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့် သင်​တို့​အ​ပေါင်း​အား​ငါ​မှာ​ကြား​လို​၏။ သင် တို့​အ​သီး​သီး​တို့​အား​ဘု​ရား​သ​ခင်​ချ ပေး​တော်​မူ​သော​ယုံ​ကြည်​ခြင်း​ပ​မာ​ဏ အ​တိုင်း​မိ​မိ​တို့​ကိုယ်​ကို​သင့်​လျော်​စွာ​ထင် ကြ​လော့။- \v 4 ငါ​တို့​ခန္ဓာ​ကိုယ်​တွင်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ ရှိ​၍ ထို​အင်္ဂါ​အ​စိတ်​အ​ပိုင်း​အား​လုံး​တွင် အ​လုပ်​တာ​ဝန်​အ​သီး​သီး​ရှိ​ကြ​၏။- \v 5 ထို​နည်း​တူ​စွာ​ငါ​တို့​သည်​အ​ရေ​အ​တွက် အား​ဖြင့်​များ​သော်​လည်း ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ကြ​သ​ဖြင့်​ကိုယ်​ခန္ဓာ​တစ်​ခု တည်း​၌​တည်​လျက်​ရှိ​ကြ​၏။ ငါ​တို့​အ​သီး​သီး သည်​အ​ချင်း​ချင်း​ဆက်​စပ်​လျက်​ရှိ​သော​ကိုယ် အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ဖြစ်​ကြ​၏။-\x + \xo 12:5 \xt ၁ကော၊ ၁၂:၁၂။\x* \v 6 သို့​ဖြစ်​၍​ငါ​တို့​အ​သီး​သီး​သည်​မိ​မိ​တို့ ခံ​စား​ရ​သည့်​ကျေး​ဇူး​တော်​နှင့်​အ​ညီ ဘု​ရား သ​ခင်​ချ​ပေး​တော်​မူ​သည့်​ဆု​ကျေး​ဇူး​ကို အ​သုံး​ပြု​ကြ​ရ​မည်။ ငါ​တို့​ရ​ရှိ​သည့်​ဆု ကျေး​ဇူး​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တော်​ကို​ဟော​ပြော​နိုင်​စွမ်း​ဖြစ်​ပါ​က ငါ​တို့ သည်​မိ​မိ​တို့​၏​ယုံ​ကြည်​ခြင်း​ပ​မာ​ဏ အ​တိုင်း​ထို​ဆု​ကျေး​ဇူး​ကို​အ​သုံး ပြု​ကြ​ရ​မည်။- \v 7 အ​ကယ်​၍​ငါ​တို့​၏​ဆု​ကျေး​ဇူး​သည်​သူ​တစ်​ပါး တို့​အား ကူ​ညီ​မ​စ​နိုင်​စွမ်း​ဖြစ်​ပါ​က​ကူ​ညီ​မ​စ ကြ​ရ​မည်။ ဋ္ဌမ္မ​ပ​ညာ​ပို့​ချ​နိုင်​စွမ်း​ဖြစ်​လျှင် ဋ္ဌမ္မ​ပ​ညာ​ပို့​ချ​ကြ​ရ​မည်။- \v 8 ငါ​တို့​၏​ဆု​ကျေး​ဇူး​သည်​သူ​တစ်​ပါး​တို့​ကို အား​ပေး​နိုင်​စွမ်း​ဖြစ်​ပါ​က​အား​ပေး​ကြ​ရ​မည်။ ပေး​ကမ်း​ဝေ​မျှ​သူ​သည်​ရက်​ရော​စွာ​ပေး​ကမ်း ဝေ​မျှ​ရ​မည်။ အာ​ဏာ​ရှိ​သူ​သည်​လုံ့​လ​ထုတ်​၍ အ​လုပ်​လုပ်​ရ​မည်။ သူ​တစ်​ပါး​တို့​အား​သ​နား ကြင်​နာ​မ​စ​သူ​သည်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ ကူ​ညီ​မ​စ​ရ​မည်။\x + \xo 12:8 \xt ၁ကော၊ ၁၂:၄-၁၁။\x* \p \v 9 သင်​တို့​၏​မေတ္တာ​သည်​ဟန်​ဆောင်​မှု​နှင့်​လုံး​ဝ ကင်း​ရ​မည်။ သင်​တို့​သည်​ဆိုး​ညစ်​မှု​ကို​မုန်း ၍​ကောင်း​မြတ်​မှု​ကို​စွဲ​လမ်း​လော့။- \v 10 သင်​တို့​သည်​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​အ​နေ ဖြင့်​တစ်​ဦး​ကို​တစ်​ဦး​ချစ်​ကြ​လော့။ တစ်​ဦး ကို​တစ်​ဦး​ချီး​မွမ်း​ရန်​လျင်​မြန်​ကြ​စေ။- \v 11 မ​ပျင်း​မ​ရိ​ဘဲ​အ​လုပ်​ကို​ကြိုး​စား​အား ထုတ်​လုပ်​ကိုင်​ကြ​လော့။ စိတ်​အား​ထက်​သန် စွာ​သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက် ကြ​လော့။- \v 12 သင်​တို့​၌​မျှော်​လင့်​ချက်​ရှိ​သော​ကြောင့်​ဝမ်း မြောက်​ရွှင်​လန်း​ကြ​လော့။ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ သော​အ​ခါ​သည်း​ခံ​ကြ​လော့။ မ​ပြတ်​မ​လပ် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။- \v 13 ဆင်း​ရဲ​သော​တ​ပည့်​တော်​တို့​အား​ပေး​ကမ်း ကြ​လော့။ ဧည့်​သည်​ဝတ်​ကို​ပြု​ကြ​လော့။ \p \v 14 သင်​တို့​အား​နှိပ်​စက်​ညှဉ်း​ဆဲ​သူ​တို့​ကို​ကောင်း ချီး​ပေး​ကြ​လော့။ သူ​တို့​ကို​မ​ကျိန်​မ​ဆဲ ဘဲ​ကောင်း​ချီး​ပေး​ကြ​လော့။-\x + \xo 12:14 \xt မ၊ ၅:၄၄။ လု၊ ၆:၂၈။\x* \v 15 ဝမ်း​မြောက်​သူ​တို့​နှင့်​အ​တူ​ဝမ်း​မြောက်​ကြ လော့။ ငို​ကြွေး​သူ​တို့​နှင့်​အ​တူ​ငို​ကြွေး​ကြ လော့။- \v 16 အ​ချင်း​ချင်း​အား​အ​လေး​ဂ​ရု​ပြု​ကြ​လော့။ မောက်​မာ​မှု​မ​ရှိ​ကြ​နှင့်။ သေး​ငယ်​သော​တာ​ဝန် တို့​ကို​လက်​ခံ​ကြ​လော့။ မိ​မိ​တို့​ကိုယ်​ကို​ပညာ ရှိ​ဟူ​၍​မ​ထင်​ကြ​နှင့်။\x + \xo 12:16 \xt သု၊ ၃:၇။\x* \p \v 17 အ​ဘယ်​သူ​ကို​မျှ​လက်​စား​မ​ချေ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​ရှေ့​တွင်​တင့်​တယ်​လျောက်​ပတ် စွာ​ပြု​ကျင့်​ကြ​လော့။- \v 18 လူ​တိုင်း​နှင့်​တတ်​နိုင်​သ​မျှ​ငြိမ်း​ချမ်း​စွာ​နေ ထိုင်​ကြ​လော့။- \v 19 မိတ်​ဆွေ​တို့​ဘယ်​သော​အ​ခါ​မျှ​လက်​စား မ​ချေ​ကြ​နှင့်။ ဘု​ရား​သ​ခင်​က​သာ​အ​ပြစ် ဒဏ်​စီ​ရင်​တော်​မူ​ပါ​စေ။ ကျမ်း​စာ​တော်​တွင် ``ထာ​ဝ​ရ​ဘု​ရား​က `ငါ​သည်​လက်​စား​ချေ မည်။ အ​ပြစ်​နှင့်​အ​လျောက်​ငါ​ဆပ်​ပေး​မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဖော်​ပြ​သည်။-\x + \xo 12:19 \xt တရား၊ ၃၂:၃၅။\x* \v 20 ထို့​ကြောင့်​လက်​စား​ချေ​မည့်​အ​စား​ကျမ်း​စာ တော်​တွင်​ပါ​ရှိ​သည့်​အ​တိုင်း​ပြု​ကျင့်​လော့။ ကျမ်း​စာ​တော်​က ``သင်​တို့​၏​ရန်​သူ​သည်​ဆာ ငတ်​မွတ်​သိပ်​လျှင်​ကျွေး​မွေး​လော့။ ရေ​ငတ်​လျှင် သောက်​ရေ​ကို​ပေး​လော့။ ဤ​သို့​ပြု​ခြင်း​အား ဖြင့်​သင်​သည်​သူ့​အား​အ​ရှက်​ရ​စေ​လိမ့်​မည်'' ဟု​ဖော်​ပြ​သည်။-\x + \xo 12:20 \xt သု၊ ၂၅:၂၁-၂၂။\x* \v 21 ဆိုး​ညစ်​မှု​ကို​ပြု​ခြင်း​အား​ဖြင့်​အ​ရှုံး​မ​ပေး နှင့်။ ကောင်း​မြတ်​မှု​ကို​ပြု​ခြင်း​အား​ဖြင့်​ဆိုး ညစ်​မှု​ကို​အ​နိုင်​ယူ​လော့။ \c 13 \s1 အ​စိုး​ရ​မင်း​အား​ပြု​အပ်​သော​ဝတ် \p \v 1 လူ​တိုင်း​ပင်​အ​စိုး​ရ​မင်း​တို့​၏​အ​မိန့်​အာ​ဏာ ကို​လိုက်​နာ​ကြ​ရ​မည်။ အ​ဘယ်​အ​စိုး​ရ​မျှ ဘု​ရား​သ​ခင်​၏​ခွင့်​ပြု​ချက်​မ​ရ​ဘဲ​မ​ရပ် မ​တည်​နိုင်။ အာ​ဏာ​ရ​အ​စိုး​ရ​မင်း​သည် ဘု​ရား​သ​ခင်​၏​ခွင့်​ပြု​ချက်​ရ​၍​သာ​အုပ်​စိုး ရ​၏။- \v 2 မည်​သူ​မ​ဆို​အာ​ဏာ​ရ​အ​စိုး​ရ​မင်း​ကို ဆန့်​ကျင်​ဘက်​ပြု​သူ​သည် ဘု​ရား​သ​ခင်​စီ​မံ ခန့်​ခွဲ​တော်​မူ​ချက်​ကို​ဆန့်​ကျင်​ဘက်​ပြု​သူ ဖြစ်​၏။ ထို​သူ​သည်​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​မည်။- \v 3 အ​ကျင့်​ကောင်း​သူ​သည်​အ​စိုး​ရ​မင်း​ကို​ကြောက် နေ​စ​ရာ​မ​လို။ ဆိုး​ညစ်​မှု​ကို​ပြု​ကျင့်​သူ​သာ​လျှင် ကြောက်​စ​ရာ​လို​၏။ သင်​သည်​အာ​ဏာ​ရှိ​သူ​ကို မ​ကြောက်​ဘဲ​နေ​လို​လျှင်​အ​ကျင့်​ကောင်း​ကို​ပြု ကျင့်​လော့။ သို့​ပြု​လျှင်​သူ​သည်​သင့်​ကို​ချီး​မွမ်း လိမ့်​မည်။- \v 4 အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​သင့်​အား အ​ကျိုး​ပြု​ရန်​အ​လို့​ငှာ ဘု​ရား​သ​ခင်​ခန့် ထား​တော်​မူ​သည့်​အ​စေ​ခံ​ဖြစ်​သော​ကြောင့် တည်း။ သို့​ရာ​တွင်​အ​ကယ်​၍​သင်​သည်​မ​ကောင်း မှု​ပြု​သူ​ဖြစ်​ပါ​မူ​ထို​သူ​ကို​ကြောက်​လော့။ သူ​သည်​အ​ကယ်​ပင်​အ​ပြစ်​ပေး​ပိုင်​သော တန်​ခိုး​အာ​ဏာ​ရှိ​သူ​ဖြစ်​ပေ​သည်။ သူ​သည် ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဖြစ်​၍​မ​ကောင်း မှု​ပြု​သူ​တို့​အား​ဘု​ရား​သ​ခင်​၏​ကိုယ်​စား အ​ပြစ်​ဒဏ်​စီ​ရင်​သူ​ဖြစ်​သ​တည်း။- \v 5 သို့​ဖြစ်​၍​သင်​သည်​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​မည်​ကို​ကြောက်​သော​ကြောင့်​သာ မ​က မိ​မိ​သြတ္တ​ပ္ပ​စိတ်​ကြည်​လင်​မှု​ကို​ထောက် ၍​လည်း​အ​စိုး​ရ​မင်း​၏​အ​မိန့်​အာ​ဏာ​ကို လိုက်​နာ​ရ​မည်။ \p \v 6 ဤ​အ​ကြောင်း​ကြောင့်​သင်​တို့​သည်​အ​ခွန်​ကို​ပေး ရ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​စိုး​ရ​မင်း​သည် မိ​မိ​၏​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​သော အ​ခါ​၌ ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ထမ်း ဆောင်​သော​ကြောင့်​တည်း။- \v 7 သို့​ဖြစ်​၍​အ​စိုး​ရ​မင်း​အား​သင်​တို့​ပေး​ဆောင် ထိုက်​သည်​ကို​ပေး​ဆောင်​ကြ​လော့။ ပေး​ဆောင်​စ​ရာ ရှိ​သ​မျှ​သော​အ​ခွန်​များ​ကို​ပေး​ဆောင်​ကြ​လော့။ အာ​ဏာ​ပိုင်​ရှိ​သ​မျှ​တို့​အား​ရို​သေ​လေး​စား ကြ​လော့။\x + \xo 13:7 \xt မ၊ ၂၂:၂၁။ မာ၊ ၁၂:၁၇။ လု၊ ၂၀:၂၅။\x* \s1 အ​ချင်း​ချင်း​ပြု​အပ်​သော​ဝတ် \p \v 8 အ​ချင်း​ချင်း​ထံ​မေတ္တာ​ကြွေး​မှ​တစ်​ပါး​အ​ဘယ် ကြွေး​မျှ​မ​တင်​စေ​နှင့်။ သူ​တစ်​ပါး​အား​ချစ် သော​သူ​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း သူ​ဖြစ်​၏။- \v 9 အ​ဘယ်​ကြောင့်​ဆို​သော် ``အိမ်​နီး​ချင်း​ကို​ကိုယ် နှင့်​အ​မျှ​ချစ်​လော့'' ဟူ​သော​ပ​ညတ်​သည် ``သူ့ အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်၊ လူ့​အ​သက်​ကို​မ သတ်​နှင့်၊ သူ့​ဥစ္စာ​ကို​မ​ခိုး​နှင့်၊ သူ့​ဥစ္စာ​ကို​တပ် မက်​လို​ချင်​သော​စိတ်​မ​ရှိ​နှင့်'' ဟူ​သော​ပ​ညတ် များ​နှင့်​အ​ခြား​ပ​ညတ်​ရှိ​သ​မျှ​၏​အ​ချုပ် ဖြစ်​သော​ကြောင့်​တည်း။-\x + \xo 13:9 \xt ထွ၊ ၂၀:၁၃-၁၅၊ ၁၇။ တရား၊ ၅:၁၇-၁၉၊ ၂၁။ ဝတ်၊ ၁၉:၁၈။\x* \v 10 အိမ်​နီး​ချင်း​ကို​ချစ်​သော​သူ​သည်​အိမ်​နီး​ချင်း အား မည်​သည့်​အ​ခါ​၌​မျှ​အ​ကျိုး​ယုတ်​စေ​လိမ့် မည်​မ​ဟုတ်။ သို့​ဖြစ်​၍​အိမ်​နီး​ချင်း​ကို​ချစ်​သော သူ​သည်​ပ​ညတ်​တ​ရား​အား​လုံး​ကို​စောင့်​ထိန်း ရာ​ရောက်​၏။ \p \v 11 သင်​တို့​သည်​မိ​မိ​တို့​အိပ်​ရာ​မှ​နိုး​ထ​ကြ​ရ​မည့် နေ့​ရက်​ရောက်​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း​ကို​သိ​သ​ဖြင့် မေတ္တာ​တ​ရား​ကို​ကျင့်​သုံး​ကြ​ရ​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ငါ​တို့​ကယ်​တင်​ခြင်း​ခံ​ရ​မည့် နေ့​ရက်​ကာ​လ​သည် သ​ခင်​ယေ​ရှု​ကို​ငါ​တို့ စ​တင်​ယုံ​ကြည်​ချိန်​က​ထက်​ပို​၍​နီး​ကပ် လာ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။- \v 12 ညဥ့်​အ​ချိန်​ကုန်​လု​ပြီ။ နေ့​အ​ချိန်​ရောက်​တော့ မည်။ သို့​ဖြစ်​၍​ငါ​တို့​သည်​အ​မှောင်​နှင့်​ဆိုင် သော​အ​လေ့​အ​ကျင့်​တို့​ကို​မ​ပြု​တော့​ဘဲ အ​လင်း​တွင်​တိုက်​ခိုက်​ရန်​လက်​နက်​တို့​ကို ယူ​ဆောင်​ကြ​ရ​မည်။- \v 13 ငါ​တို့​သည်​အ​လင်း​တွင်​ကျင်​လည်​သူ​များ ကဲ့​သို့​ကောင်း​မွန်​လျောက်​ပတ်​စွာ​ပြု​မူ​ကျင့်​ကြံ ကြ​ရ​မည်။ အ​ရက်​သေ​စာ​သောက်​ကြူး​ခြင်း၊ အ​ကျင့်​ဖောက်​ပြား​ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား ခြင်း၊ ခိုက်​ရန်​ဖြစ်​ခြင်း​နှင့်​မ​နာ​လို​ခြင်း​တို့​ကို ရှောင်​ကြဉ်​ကြ​ရ​မည်။- \v 14 အ​ရှင်​ယေ​ရှု​ခရစ်​ကို​လက်​နက်​သ​ဖွယ်​ယူ ဆောင်​ကြ​လော့။ ကာ​ယ​တပ်​မက်​မှု​အ​လို သို့​လိုက်​၍​မ​ကျင့်​ကြ​နှင့်။ \c 14 \s1 ညီ​အစ်​ကို​တို့​အား​ပြစ်တင်​ဝေ​ဖန်​မှု​မ​ပြု​နှင့် \p \v 1 ဘု​ရား​သ​ခင်​အား​ယုံ​ကြည်​ကိုး​စား​မှု​အား နည်း​သူ​ကို​လက်​ခံ​ကြ​လော့။ သို့​ရာ​တွင်​သူ ၏​ထင်​မြင်​ယူ​ဆ​ချက်​များ​နှင့်​ပတ်​သက်​၍ သူ​နှင့်​အ​ငြင်း​အ​ခုံ​မ​ပြု​ကြ​နှင့်။- \v 2 ယုံ​ကြည်​ခြင်း​ခိုင်​မာ​သူ​သည်​မည်​သည့်​အ​စား အ​စာ​ကို​မ​ဆို​စား​နိုင်​၏။ ယုံ​ကြည်​ခြင်း​မ​ခိုင် မာ​သူ​သည်​ဟင်း​ရွက်​ဟင်း​သီး​များ​ကို​သာ လျှင်​စား​တတ်​၏။- \v 3 မည်​သည့်​အ​စား​အ​စာ​ကို​မ​ဆို​စား​တတ်​သော သူ​သည် ထို​သို့​မ​စား​တတ်​သူ​အား​အ​ထင်​မ​သေး နှင့်။ ဟင်း​သီး​ဟင်း​ရွက်​သာ​စား​တတ်​သူ​က​လည်း မည်​သည့်​အ​စား​အ​စာ​ကို​မ​ဆို​စား​တတ်​သူ ကို​ပြစ်​တင်​ဝေ​ဖန်​မှု​မ​ပြု​နှင့်။ အ​ဘယ်​ကြောင့် ဆို​သော်​မည်​သည့်​အ​စား​အ​စာ​ကို​မ​ဆို​စား တတ်​သူ​အား ဘု​ရား​သ​ခင်​လက်​ခံ​တော်​မူ ပြီး​ဖြစ်​သော​ကြောင့်​တည်း။- \v 4 သင်​သည်​အ​ဘယ်​သူ​ဖြစ်​၍​သူ​တစ်​ပါး​၏ အ​စေ​ခံ​ကို​စစ်​ကြော​စီ​ရင်​နိုင်​သ​နည်း။ ထို အ​စေ​ခံ​၏​အ​လုပ်​သည်​ကျေ​နပ်​ဖွယ်​ဖြစ်​သည် မ​ဖြစ်​သည်​ကို​သူ​၏​သ​ခင်​က​ဆုံး​ဖြတ်​လိမ့် မည်။ သူ​၏​အ​လုပ်​ကျေ​နပ်​ဖွယ်​ဖြစ်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သ​ခင်​ဘု​ရား​သည် သူ့​အား​ကူ​မ​တော်​မူ​နိုင်​သော​ကြောင့်​တည်း။ \p \v 5 လူ​အ​ချို့​တို့​က​နေ့​ရက်​တစ်​ရက်​သည်​အ​ခြား နေ့​ရက်​ထက်​ပို​၍​အ​ရေး​ကြီး​သည်​ဟု​ယူ​ဆ ကြ​၏။ အ​ချို့​သော​သူ​တို့​က​မူ​နေ့​ရက်​များ အား​လုံး​ပင်​အ​တူ​တူ​ဖြစ်​သည်​ဟု​ယူ​ဆ ကြ​သည်။ သူ​တို့​သည်​မည်​သို့​ပင်​ယူ​ဆ​စေ ကာ​မူ မိ​မိ​တို့​မှန်​ကန်​သည်​ဟု​စိတ်​ချ​ယုံ ကြည်​စိတ်​ရှိ​ကြ​ရ​မည်။- \v 6 နေ့​ထူး​နေ့​မြတ်​ကို​စောင့်​ထိန်း​သူ​သည်​သ​ခင် ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​အ​တွက် စောင့်​ထိန်း​ခြင်း​ဖြစ်​၏။ မည်​သည့်​အ​စား​အ​စာ များ​ကို​မ​ဆို​စား​တတ်​သူ​သည်​လည်း သ​ခင် ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​အ​တွက် စား​ခြင်း​ဖြစ်​သည်။ သူ​သည်​လည်း​ထို​အ​စား အ​စာ​အ​တွက်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​သည်။ အ​ချို့​သော​အ​စား အ​စာ​ကို​ရှောင်​ကြဉ်​သော​သူ​သည်​လည်း သ​ခင် ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​အ​တွက် ရှောင်​ကြဉ်​ခြင်း​ဖြစ်​၏။ သူ​သည်​လည်း​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း သည်။-\x + \xo 14:6 \xt ကော၊ ၂:၁၆။\x* \v 7 ငါ​တို့​အ​နက်​အ​ဘယ်​သူ​မျှ​တစ်​ကိုယ်​တည်း အ​တွက်​သာ​အ​သက်​မ​ရှင်။ တစ်​ကိုယ်​တည်း အ​တွက်​သာ​မ​သေ။- \v 8 ငါ​တို့​အ​သက်​ရှင်​လျှင်​သ​ခင်​ဘု​ရား​၏ အ​တွက်​ဖြစ်​၍​သေ​လျှင်​လည်း သ​ခင်​ဘု​ရား ၏​အ​တွက်​ဖြစ်​၏။ ထို့​ကြောင့်​ငါ​တို့​သည် အ​သက်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ သ​ခင်​ဘု​ရား​ပိုင်​ဆိုင်​ရာ​ဖြစ်​၏။- \v 9 အ​ဘယ်​ကြောင့်​ဆို​သော်​ခ​ရစ်​တော်​သည်​သေ သူ၊ ရှင်​သူ​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​အံ့​သော​ငှာ အ​သေ​ခံ​၍​ရှင်​ပြန်​ထ​မြောက်​တော်​မူ​သော ကြောင့်​ဖြစ်​၏။- \v 10 ထို့​ကြောင့်​သင်​တို့​သည်​အ​ဘယ်​ကြောင့်​မိ​မိ တို့​၏​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​ကို​စစ်​ကြော စီ​ရင်​ကြ​သ​နည်း။ အ​ဘယ်​ကြောင့်​သူ​တို့​အား အ​ထင်​သေး​ကြ​သ​နည်း။ ငါ​တို့​အား​လုံး​ပင် တ​ရား​စီ​ရင်​ခံ​ရ​ရန်​ဘု​ရား​သ​ခင်​၏​တ​ရား ပလ္လင်​တော်​ရှေ့​သို့​ရောက်​ကြ​ရ​မည်။-\x + \xo 14:10 \xt ၂ကော၊ ၅:၁၀။\x* \v 11 ကျမ်း​စာ​တော်​တွင်၊ \q1 ``ဘု​ရား​ရှင်​မိန့်​တော်​မူ​သည်​ကား`ငါ​သည် အ​သက်​ရှင်​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​အ​တိုင်း \q2 ငါ​၏​ရှေ့​၌​လူ​တိုင်း​ပျပ်​ဝပ်​ရ​လိမ့်​မည်။ \q1 ငါ​သည်​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​လူ​တိုင်း ဝန်​ခံ​ရ​လိမ့်​မည်' '' \m ဟူ​၍​ဆို​သည်။-\x + \xo 14:11 \xt ဟေရှာ၊ ၄၅:၂၃။\x* \v 12 သို့​ဖြစ်​၍​ငါ​တို့​အား​လုံး​သည်​မိ​မိ​တို့​ပြု​ခဲ့ သ​မျှ​ကို ဘု​ရား​သ​ခင်​အား​အ​စီ​ရင်​ခံ​ကြ ရ​မည်။ \s1 ညီ​အစ်​ကို​အား​မှောက်​မှား​စေ​ရန်​မ​ပြု​နှင့် \p \v 13 ထို့​ကြောင့်​ငါ​တို့​သည်​အ​ချင်း​ချင်း​အား စစ်​ကြော​စီ​ရင်​မှု​မ​ပြု​ဘဲ​နေ​ကြ​ကုန်​အံ့။ ညီ​အစ်​ကို​ချင်း​တို့​အား​တိုက်​လဲ​မှောက်​မှား​စေ မည့်​အ​ပြု​အ​မူ​များ​ကို​ရှောင်​ကြဉ်​ကြ​ကုန် အံ့။- \v 14 အ​ဘယ်​အ​စား​အ​စာ​မျှ​ပ​က​တိ​အား​ဖြင့် မ​ညစ်​ညမ်း​ကြောင်း​ကို​ငါ​သည်​သ​ခင်​ယေ​ရှု ကို​အ​မှီ​ပြု​လျက်​အ​သေ​အ​ချာ​သိ​၏။ သို့ သော်​လည်း​အ​စား​အ​စာ​သည်​ညစ်​ညမ်း​သည် ဟု​ယုံ​ကြည်​လျှင်​ယုံ​ကြည်​သူ​အ​ဖို့​သာ​ညစ် ညမ်း​၏။- \v 15 အ​ကယ်​၍​သင်​သည်​မိ​မိ​စား​သော​အ​စား အ​စာ​အား​ဖြင့်​ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက် အား​စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​စေ​ပါ​မူ ထို သူ​၏​အ​ပေါ်​တွင်​မေတ္တာ​တ​ရား​ကင်း​မဲ့​စွာ ပြု​ကျင့်​ရာ​ရောက်​၏။ ထို​သူ​၏​အ​တွက်​ခ​ရစ် တော်​သည်​အ​သေ​ခံ​တော်​မူ​ခဲ့​သည်​ဖြစ်​ရာ တစ်​စုံ​တစ်​ခု​သော​အ​စား​အ​စာ​ကို​သင် စား​ခြင်း​ကြောင့်​ထို​သူ​အား​အ​ကျိုး​မ​နည်း စေ​နှင့်။- \v 16 သင်​တို့​ကောင်း​သည်​ဟု​ထင်​မြင်​ယူ​ဆ​မှု​သည် ကဲ့​ရဲ့​စ​ရာ​မ​ဖြစ်​စေ​နှင့်။- \v 17 ငါ​တို့​ကို​ဘု​ရား​သ​ခင်​အုပ်​စိုး​တော်​မူ​ခြင်း ဆို​သည်​မှာ​အ​စား​အ​သောက်​နှင့်​မ​စပ်​ဆိုင်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​မှ​ရ​ရှိ​သော​ငြိမ် သက်​ခြင်း၊ ဝမ်း​မြောက်​ခြင်း​တို့​နှင့်​သာ​စပ် ဆိုင်​၏။- \v 18 ဤ​နည်း​အား​ဖြင့်​ခ​ရစ်​တော်​၏​အ​မှု​တော် ကို​ဆောင်​ရွက်​သူ​အား​ဘု​ရား​သ​ခင်​နှစ်​သက် တော်​မူ​၏။ လူ​တို့​လည်း​ချီး​မွမ်း​ကြ​၏။ \p \v 19 သို့​ဖြစ်​၍​ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​မှု​ကို​ပြု​စု ပေး​မည့်​အ​ရာ​များ​နှင့်​တစ်​ယောက်​ကို​တစ် ယောက် ဝိ​ညာဉ်​ခွန်​အား​ပြည့်​စေ​မည့်​အ​ရာ များ​ကို​အ​မြဲ​ကြိုး​စား​ပြု​လုပ်​ကြ​ရ​မည်။- \v 20 အ​စား​အ​စာ​တစ်​စုံ​တစ်​ရာ​စား​သောက်​မှု အ​တွက်​ကြောင့်​ယုံ​ကြည်​ခြင်း​မ​ခိုင်​မာ​သေး သူ​ကို​အ​ကျိုး​မ​နည်း​စေ​နှင့်။ အ​စား​အ​စာ မှန်​သ​မျှ​သည်​စား​သင့်​သော​အ​ရာ​ဖြစ်​သော် လည်း​ထို​အ​စား​အ​စာ​များ​ကို​စား​သုံး ခြင်း​ဖြင့်​သူ​တစ်​ပါး​တို့​အား​မှောက်​မှား စေ​သူ​၌​အ​ဆိုး​ဖြစ်​၏။- \v 21 အ​သား​စား​ခြင်း၊ စ​ပျစ်​ရည်​သောက်​ခြင်း​စ သော​သင့်​ညီ​အစ်​ကို​အား​တိုက်​လဲ​စေ​ရန် မည်​သည်​ကို​မျှ​မ​ပြု​သင့်။- \v 22 ဤ​ကိစ္စ​များ​နှင့်​ပတ်​သက်​၍​သင်​မည်​သို့​ပြု​မူ သည်​မှာ​သင်​နှင့်​ဘု​ရား​သ​ခင်​သာ​သက်​ဆိုင် ၏။ မိ​မိ​မှန်​ကန်​သည်​ဟု​ယုံ​ကြည်​သည့်​အ​တိုင်း ဆောင်​ရွက်​၍​သြတ္တပ္ပ​စိတ်​ကြည်​လင်​သူ​သည် မင်္ဂလာ​ရှိ​၏။- \v 23 သို့​ရာ​တွင်​သံ​သ​ယ​ရှိ​သော​စိတ်​နှင့်​အ​စား အ​စာ​တစ်​စုံ​တစ်​ရာ​ကို​စား​သုံး​သော​သူ​အား ဘု​ရား​သ​ခင်​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယုံ​ကြည်​မှု​ပေါ်​၌ တည်​၍​မ​ပြု​သော​ကြောင့်​ဖြစ်​၏။ ယုံ​ကြည်​မှု ပေါ်​၌​မ​တည်​ဘဲ​ပြု​လေ​သ​မျှ​သည်​အ​ပြစ် ဖြစ်​၏။ \b \c 15 \s1 ကိုယ့်​အ​လို​ကို​မ​လိုက်​ဘဲ​သူ​တစ်​ပါး​၏ အ​လို​ကို​လိုက်​ခြင်း \p \v 1 ယုံ​ကြည်​ခြင်း​ခိုင်​မာ​သူ​ငါ​တို့​သည် ယုံ​ကြည် ခြင်း​အား​နည်း​သူ​တို့​၏​ဝန်​များ​ကို​ကူ​ညီ ထမ်း​သင့်​၏။ ငါ​တို့​သည်​ကိုယ့်​အ​လို​ကို​လိုက် ၍​မ​လုပ်​ဆောင်​ရ။- \v 2 ငါ​တို့​ရှိ​သ​မျှ​သည်​ယုံ​ကြည်​ခြင်း​မ​ခိုင်​မာ​သေး သော​ညီ​အစ်​ကို​များ​၏​ယုံ​ကြည်​ခြင်း​ခိုင်​မာ​လာ စေ​ရန် သူ​တို့​၏​အ​ကျိုး​ကို​ထောက်​၍​သူ​တို့​၏ အ​လို​ကို​လိုက်​သင့်​၏။- \v 3 ``ကိုယ်​တော်​အား​လူ​တို့​စော်​ကား​ပြော​ဆို​ခြင်း သည်​အ​ကယ်​ပင်​အ​ကျွန်ုပ်​အား​စော်​ကား​ပြော​ဆို ခြင်း​ဖြစ်​ပါ​၏'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော်​ပြ ထား​သည့်​အ​တိုင်း​ခ​ရစ်​တော်​သည်​မိ​မိ​၏ အ​လို​တော်​ကို​လိုက်​တော်​မ​မူ။-\x + \xo 15:3 \xt ဆာ၊ ၆၉:၉။\x* \v 4 ကျမ်း​စာ​တော်​တွင်​ရေး​သား​ဖော်​ပြ​ထား​သ​မျှ သော​အ​ရာ​တို့​သည် ငါ​တို့​အား​သွန်​သင်​ဆုံး​မ​ရန် အ​တွက်​ဖြစ်​၏။ ယင်း​သို့​ရေး​သား​ဖော်​ပြ​ရ​ခြင်း မှာ​ငါ​တို့​သည်​ကျမ်း​စာ​တော်​မှ​ရ​ရှိ​သည့် သည်း​ခံ မှု​နှင့်​နှစ်​သိမ့်​မှု​တို့​အား​ဖြင့်​မိ​မိ​တို့​၌​မျှော်​လင့် ခြင်း​ရ​ရှိ​နိုင်​ကြ​စေ​ရန်​ပင်​ဖြစ်​၏။- \v 5 သင်​တို့​အ​ပေါင်း​သည်​ခ​ရစ်​တော်​ယေ​ရှု​၏​စံ​န မူ​နာ​ကို​လိုက်​၍​တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​ကြ စေ​ရန် သည်း​ခံ​မှု​နှင့်​နှစ်​သိမ့်​မှု​၏​အ​ရှင်​ဘု​ရား သ​ခင်​သည်​သင်​တို့​အား​ကူ​မ​တော်​မူ​ပါ​စေ သော။- \v 6 သို့​မှ​သာ​သင်​တို့​အ​ပေါင်း​သည်​တ​ညီ​တ​ညွတ် တည်း​ဖြင့်​ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​၏​ခ​မည်း တော်​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး နိုင်​ကြ​လိမ့်​မည်။ \s1 လူ​မျိုး​ခြား​တို့​အ​တွက်​သ​တင်း​ကောင်း \p \v 7 ထို့​ကြောင့်​ခ​ရစ်​တော်​သည် သင်​တို့​ကို​လက်​ခံ သ​ကဲ့​သို့​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​စေ​ရန် သင်​တို့​သည်​လည်း​အ​ချင်း ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​လက်​ခံ​ကြ​လော့။- \v 8-9 ဘု​ရား​သ​ခင်​သည်​က​တိ​တည်​တော်​မူ​သော အ​ရှင်​ဖြစ်​ကြောင်း​ကို​ပြ​သ​ရန်၊ တစ်​နည်း​အား ဖြင့်​ဘိုး​ဘေး​တို့​အား​ဘု​ရား​သ​ခင်​ထား​တော် မူ​သော​ကတိ​တော်​ကို​အ​ကောင်​အ​ထည်​ဖော်​ရန် ခ​ရစ်​တော်​သည်​ယု​ဒ​အ​မျိုး​သား​တို့​၏​အ​ကျိုး ငှာ​ဆောင်​ရွက်​တော်​မူ​သည်​ဟု​ငါ​ဆို​၏။ လူ​မျိုး ခြား​တို့​ပင်​လျှင်​ဘု​ရား​သ​ခင်​၏​က​ရု​ဏာ တော်​ကို​ချီး​ကူး​နိုင်​ကြ​စေ​ရန်​အ​တွက်​လည်း ဆောင်​ရွက်​တော်​မူ​၏။ ကျမ်း​စာ​တော်​တွင်၊ \q1 ``ထို့​ကြောင့်​အ​ကျွန်ုပ်​သည်​လူ​မျိုး​ခြား​တို့​အ​ထဲ​တွင် ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ပါ​မည်။ \q2 ကိုယ်​တော်​အား​ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်'' \m ဟု​ဖော်​ပြ​ပါ​ရှိ​သည့်​အ​တိုင်း​ပင်​ဖြစ်​ပေ သည်။-\x + \xo 15:8-9 \xt ၂ရာ၊ ၂၂:၅၀။ ဆာ၊ ၁၈:၄၉။\x* \v 10 တစ်​ဖန်​ကျမ်း​စာ​တော်​တွင်၊ \q1 ``လူ​မျိုး​ခြား​တို့၊ကိုယ်​တော်​၏​လူ​စု​တော်​နှင့် အ​တူ ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့'' \m ဟူ​၍​လည်း​ကောင်း၊\x + \xo 15:10 \xt တ​ရား၊ ၃၂:၄၃။\x* \q1 \v 11 ``လူ​မျိုး​ခြား​အ​ပေါင်း​တို့၊ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​လော့။ \q2 လူ​မျိုး​အ​ပေါင်း​တို့၊ကိုယ်​တော်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​လော့'' \m ဟူ​၍​လည်း​ကောင်း​ဖော်​ပြ​ပါ​ရှိ​၏။-\x + \xo 15:11 \xt ဆာ၊ ၁၁၇:၁။\x* \v 12 တစ်​ဖန်​ဟေ​ရှာ​ယ​က၊ \q1 ``ယေ​ရှဲ​၏​သား​မြေး​တစ်​ဦး​သည်​ပေါ်​ထွန်း လာ​လိမ့်​မည်။ \q2 သူ​သည်​လူ​မျိုး​ခြား​တို့​ကို​အုပ်​စိုး​တော်​မူ​မည် ဖြစ်​၍၊ \q1 ထို​သူ​တို့​သည်​သူ့​ကို​အား​ကိုး​မျှော်​လင့်​ကြ​လိမ့်​မည်'' \m ဟု​ဖော်​ပြ​၏။-\x + \xo 15:12 \xt ဟေ​ရှာ၊ ၁၁:၁၀။\x* \v 13 သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့် သင်​တို့​၏​မျှော်​လင့်​ခြင်း​ပါ​ရ​မီ​ကြွယ်​ဝ​စေ ခြင်း​ငှာ မျှော်​လင့်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင် သည် သင်​တို့​၏​ယုံ​ကြည်​မှု​ကြောင့်​သင်​တို့​အား ဝမ်း​မြောက်​ခြင်း​အ​မျိုး​မျိုး​နှင့်​ငြိမ်​သက်​ခြင်း ကို​ပေး​သ​နား​တော်​မူ​ပါ​စေ​သော။ \s1 ပေါ​လု​ရဲ​တင်း​ပွင့်​လင်း​စွာ​ရေး​သား​ရ​ခြင်း \p \v 14 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ကောင်း​မြတ်​ခြင်း ပါ​ရ​မီ​နှင့်​လည်း​ကောင်း၊ အ​သိ​ပ​ညာ​အ​မျိုး မျိုး​နှင့်​လည်း​ကောင်း​ပြည့်​စုံ​လျက်​အ​ချင်း​ချင်း သွန်​သင်​နိုင်​ကြ​ကြောင်း​ကို​ငါ​စိတ်​ချ​ယုံ ကြည်​၏။- \v 15 သို့​သော်​ဤ​စာ​တွင်​အ​ချို့​အ​မှု​ကိစ္စ​များ​နှင့် ပတ်​သက်​၍​သင်​တို့​အား​သ​တိ​ပေး​ရာ​၌ ငါ သည်​ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော အ​ခွင့်​ထူး​ကို​အ​ကြောင်း​ပြု​၍​ရဲ​တင်း ပွင့်​လင်း​စွာ​ရေး​သား​ထား​၏။- \v 16 ထို​အ​ခွင့်​ထူး​မှာ​လူ​မျိုး​ခြား​တို့​အ​တွက်​အ​မှု တော်​ဆောင်​ရန် ခ​ရစ်​တော်​ယေ​ရှု​၏​အ​စေ​ခံ​ဖြစ် ရ​သော​အ​ခွင့်​ထူး​ပင်​ဖြစ်​၏။ လူ​မျိုး​ခြား​တို့ သည်​ဘု​ရား​သ​ခင်​နှစ်​သက်​ဖွယ်​ရာ​ပူ​ဇော် သကာ​အ​ဖြစ် ဘု​ရား​သ​ခင်​အား​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​က​ဆက်​ကပ်​သူ​များ​ဖြစ်​လာ ကြ​စေ​ရန် ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​၏​လုပ်​ငန်း တာ​ဝန်​ကို​ထမ်း​ဆောင်​လျက် ဘု​ရား​သ​ခင် ထံ​တော်​မှ​သ​တင်း​ကောင်း​ကို​ဟော​ပြော ကြေ​ညာ​၏။- \v 17 ထို့​ကြောင့်​ငါ​သည်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​လျက် ဘု​ရား​သ​ခင်​၏ အ​မှု​တော်​ကို​ဆောင်​ရွက်​ရ​သည့်​အ​တွက်​ဂုဏ် ယူ​ဝါ​ကြွား​နိုင်​၏။- \v 18-19 လူ​မျိုး​ခြား​တို့​သည်​ဘု​ရား​သ​ခင်​၏​စ​ကား ကို​နာ​ခံ​လာ​ကြ​စေ​ရန်​ငါ​၏​အ​ပြော​အ​ဆို အ​ပြု​အ​မူ​များ​အား​ဖြင့်​လည်း​ကောင်း၊ ထူး ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​အား​ဖြင့်​လည်း​ကောင်း၊ ဘု​ရား သ​ခင်​၏​ဝိ​ညာဉ်​တော်​အား​ဖြင့်​လည်း​ကောင်း ခ​ရစ်​တော်​ပြု​တော်​မူ​သော​အ​ရာ​များ​အ​ကြောင်း ကို​သာ​လျှင်​ငါ​ရဲ​ဝံ့​စွာ​ဖော်​ပြ​မည်။ သို့​ဖြစ်​၍ ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​မှ​ဣလု​ရိ​ပြည်​အ​ထိ ရောက်​ရှိ​သည့်​အ​ရပ်​ရပ်​၌ ခ​ရစ်​တော်​အ​ကြောင်း သ​တင်း​ကောင်း​ကို​အ​ကုန်​အ​စင်​ကြေ​ညာ ခဲ့​ပြီ။- \v 20 သူ​တစ်​ပါး​တို့​ချ​ခဲ့​သည့်​တိုက်​မြစ်​ပေါ်​တွင် ငါ​မ​တည်​မ​ဆောက်​လို။ ငါ​၏​ဆန္ဒ​မှာ​ခ​ရစ်​တော် ၏​အ​ကြောင်း​ကို​မ​ကြား​ဘူး​သေး​သော​အ​ရပ် တို့​တွင်​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန်​ဖြစ် သည်။- \v 21 ကျမ်း​စာ​တော်​တွင်၊ \q1 ``ထို​သူ​၏​အ​ကြောင်း​ကို​အ​ဘယ်​သူ​မျှ မ​ပြော​ဘူး​သော်​လည်း​သူ​တို့​သည်​မြင်​ကြ​လိမ့်​မည်။ \q2 မ​ကြား​ဘူး​သော​သူ​တို့​သည်​နား​လည်​ကြ​လိမ့်​မည်'' \m ဟု​ဖော်​ပြ​ပါ​ရှိ​သည်​အ​တိုင်း​ဖြစ်​သည်။\x + \xo 15:21 \xt ဟေရှာ၊ ၅၃:၁၅။\x* \s1 ရော​မ​မြို့​သို့​သွား​ရန်​ပေါ​လု​ကြံ​စည်​ခြင်း \p \v 22 ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​အ​ကြိမ်​ကြိမ်​အ​ဖန် ဖန်​ကြိုး​စား​သော်​လည်း သင်​တို့​ထံ​သို့​မ​ရောက်​နိုင် ခဲ့​ပါ။-\x + \xo 15:22 \xt ရော၊ ၁:၁၃။\x* \v 23 သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ငါ​သည်​ထို​ဒေ​သ​များ တွင် ဆောင်​ရွက်​သင့်​သည့်​အ​မှု​ကိစ္စ​ကို​ဆောင်​ရွက်​ပြီး ပါ​ပြီ။ သင်​တို့​ထံ​သို့​လာ​ရန်​လွန်​ခဲ့​သော​နှစ်​ပေါင်း များ​စွာ​က​ပင်​ဆန္ဒ​ရှိ​ခဲ့​သည်​အ​တိုင်း၊- \v 24 ယ​ခု​သင်​တို့​ထံ​သို့​လာ​ရောက်​နိုင်​မည်​ဟု​မျှော်​လင့် ပါ​၏။ ငါ​သည်​စ​ပိန်​ပြည်​သို့​ခ​ရီး​သွား​စဉ်​သင်​တို့ ထံ​သို့​ဝင်​ရောက်​လည်​ပတ်​ရန်​အ​ကြံ​ရှိ​ပါ​၏။ သင် တို့​ထံ​တွင်​ခေတ္တ​မျှ​တည်း​ခို​လည်​ပတ်​ပြီး​နောက် စ​ပိန်​ပြည်​သို့​ဆက်​လက်​ခ​ရီး​ပြု​နိုင်​ရန်​ငါ့​အား ကူ​ညီ​မ​စ​ကြ​စေ​လို​ပါ​သည်။- \v 25-26 ယ​ခု​မှာ​မူ​မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​ဂ​ရိ​ပြည်​ရှိ အ​သင်း​တော်​တို့​က ယေ​ရု​ရှ​လင်​မြို့​ရှိ​ဘု​ရား သ​ခင်​၏​လူ​စု​တော်​ထဲ​တွင် ဆင်း​ရဲ​သော​တ​ပည့် တော်​တို့​အား​စေ​တ​နာ​အ​လျောက်​ပေး​လှူ​ထောက် ပံ့​ရန်​ဆုံး​ဖြတ်​သ​ဖြင့် ထို​မြို့​ရှိ​တ​ပည့်​တော်​တို့ အား​ထောက်​ပံ့​ရန်​ငါ​သွား​မည်။-\x + \xo 15:25-26 \xt ၁ကော၊ ၁၆:၁-၄။\x* \v 27 ယင်း​သို့​သူ​တို့​ဆုံး​ဖြတ်​ကြ​သည်​မှာ​မိ​မိ​တို့​စေ တ​နာ​အ​လျောက်​သာ​လျှင်​ဖြစ်​ပေ​သည်။ အ​မှန်​အား ဖြင့်​ဆို​သော်​ထို​ဆင်း​ရဲ​သော​သူ​တို့​အား​ကူ​ညီ မ​စ​ရန်​သူ​တို့​မှာ​တာ​ဝန်​ရှိ​၏။ ယု​ဒ​အ​မျိုး​သား တို့​သည်​မိ​မိ​တို့​ခံ​စား​ရ​သည့်​ဝိ​ညာဉ်​ဆု​ကျေး​ဇူး များ​ကို​လူ​မျိုး​ခြား​တို့​အား​ဝေ​မျှ​ကြ​သည်​ဖြစ်​ရာ လူ​မျိုး​ခြား​တို့​က​လည်း​ယု​ဒ​အ​မျိုး​သား​တို့​အား စား​ဝတ်​နေ​ရေး​ကိစ္စ​တွင်​အ​ကူ​အ​ညီ​ပေး​သင့် ကြ​ပေ​သည်။-\x + \xo 15:27 \xt ၁ကော၊ ၉:၁၁။\x* \v 28 သို့​ဖြစ်​၍​ငါ​သည်​ကောက်​ခံ​ရ​ရှိ​သ​မျှ​သော​အ​လှူ ငွေ​ကို​ထို​သူ​တို့​အား​ပေး​အပ်​ရန်​ကိစ္စ​ပြီး​စီး​အောင် ဆောင်​ရွက်​ပြီး​နောက်​စ​ပိန်​ပြည်​သို့​ခ​ရီး​သွား​မည်။ လမ်း​ကြုံ​ကြိုက်​၍​သင်​တို့​ထံ​သို့​ဝင်​ရောက်​လည်​ပတ် မည်။- \v 29 သင်​တို့​ထံ​လာ​သော​အ​ခါ​ခ​ရစ်​တော်​၏​ကောင်း​ချီး မင်္ဂလာ​အ​ပြည့်​အ​စုံ​နှင့်​ငါ​ရောက်​လာ​မည်​ကို​ငါ သိ​၏။ \p \v 30 ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​နှင့် ဝိ​ညာဉ်​တော်​က​ငါ​တို့​အား​ပေး​သ​နား​တော်​မူ သော​မေတ္တာ​ကို​အ​ကြောင်း​ပြု​၍ ငါ့​အ​တွက်​ငါ နှင့်​အ​တူ​ဘု​ရား​သ​ခင်​ထံ​တော်​သို့​စိတ်​အား ထက်​သန်​စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​သင်​တို့ အား​ငါ​တိုက်​တွန်း​နှိုး​ဆော်​ပါ​၏။- \v 31 ငါ​သည်​ယု​ဒ​ပြည်​ရှိ​မ​ယုံ​ကြည်​သူ​တို့​၏​ဘေး ရန်​မှ​လွတ်​မြောက်​နိုင်​စေ​ရန်​နှင့်​ငါ​၏​ကူ​ညီ​ဆောင် ရွက်​မှု​ကို ယေ​ရု​ရှ​လင်​မြို့​ရှိ​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​က​ဝမ်း​သာ​စွာ​လက်​ခံ​နိုင်​ကြ​စေ​ရန် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။- \v 32 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​လျှင်​ငါ သည်​ဝမ်း​မြောက်​စွာ​သင်​တို့​ထံ​သို့​လာ​၍ သင်​တို့ နှင့်​အ​တူ​ပျော်​ရွှင်​စွာ​နား​နေ​ခွင့်​ကို​ရ​ရှိ​ပါ​လိမ့် မည်။- \v 33 ငြိမ်​သက်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​တို့​အ​ပေါင်း​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ စေ​သော။ အာ​မင်။ \c 16 \s1 ပေါ​လု​၏​နှုတ်​ဆက်​စ​ကား​များ \p \v 1 ကင်​ခြေ​မြို့​အ​သင်း​တော်​တွင်​ကူ​ညီ​မ​စ​သူ၊ ငါ တို့​၏​ညီ​မ​ဖြစ်​သူ​ဖိ​ဗေ​၏​အ​ကြောင်း​ကို​ငါ ထောက်​ခံ​ပြော​ဆို​လို​၏။- \v 2 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင် အ​ချင်း​ချင်း​အား​လက်​ခံ​သင့်​သည်​အ​တိုင်း​သ​ခင် ဘု​ရား​ကို​ထောက်​၍​သူ့​အား​လက်​ခံ​ကြ​လော့။ အ​ကူ​အ​ညီ​လို​အပ်​သည့်​အ​မှု​ကိစ္စ​၌​သူ့​အား ကူ​ညီ​မ​စ​ကြ​လော့။ သူ​သည်​လူ​အ​မြောက်​အ​မြား ကို​ကူ​ညီ​မ​စ​ခဲ့​သူ​ဖြစ်​ပေ​သည်။ ငါ့​ကို​လည်း ကူ​ညီ​မ​စ​ခဲ့​၏။ \p \v 3 ခ​ရစ်​တော်​ယေ​ရှု​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​ရာ​တွင် ငါ​၏​လုပ်​ဖော်​ဆောင်​ဘက်​ဖြစ်​သူ​ပြစ်​ကိ​လ​နှင့် အာ​ကု​လ​တို့​အား​နှုတ်​ဆက်​ကြ​လော့။-\x + \xo 16:3 \xt တ၊ ၁၈:၂။\x* \v 4 သူ​တို့​သည်​ငါ​၏​အ​တွက်​သက်​စွန့်​ကြိုး​ပမ်း ဆောင်​ရွက်​ခဲ့​ကြ​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​အား ငါ​တစ်​ဦး​တည်း​သာ​မ​က​လူ​မျိုး​ခြား​တို့​၏ အ​သင်း​တော်​အ​ပေါင်း​တို့​က​လည်း​ကျေး​ဇူး​တင် ကြ​၏။- \v 5 သူ​တို့​အိမ်​၌​စု​ဝေး​ဝတ်​ပြု​သည့်​အ​သင်း​တော်​ကို လည်း​ငါ​နှုတ်​ဆက်​ကြောင်း​ပြော​ကြား​ကြ​လော့။ \p အာ​ရှ​ပြည်​တွင်​ပ​ထ​မ​ဆုံး​ခ​ရစ်​တော်​ကို​ယုံ​ကြည် လက်​ခံ​လာ​သူ ငါ​၏​ရင်း​နှီး​သော​မိတ်​ဆွေ​ဧ​ပဲ​နက် ကို​နှုတ်​ဆက်​ကြ​လော့။- \v 6 သင်​တို့​အ​တွက်​အ​လုပ်​ကို​ကြိုး​စား​လုပ်​ဆောင်​သူ မာ​ရိ​ကို​နှုတ်​ဆက်​ကြ​လော့။- \v 7 အန္ဒြော​နိတ်​နှင့်​ယု​နိ​တို့​ကို​နှုတ်​ဆက်​ကြ​လော့။ သူ​တို့ သည်​ငါ​နှင့်​အ​တူ​အ​ကျဉ်း​ခံ​ခဲ့​သော​ယု​ဒ​အ​မျိုး​သား များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​တ​မန်​တော်​များ​အ​ဖြစ် ဖြင့်​ထင်​ပေါ်​ကျော်​ကြား​သူ​များ၊ ငါ​၏​အ​လျင် ခ​ရစ်​တော်​ကို​သိ​ကြ​သူ​များ​တည်း။ \p \v 8 သ​ခင်​ဘု​ရား​၌​ငါ​၏​ရင်း​နှီး​သော​မိတ်​ဆွေ၊ အမ္ပလိ ကို​နှုတ်​ဆက်​ကြ​လော့။- \v 9 ခ​ရစ်​တော်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​ရာ​တွင်​ငါ​၏ လုပ်​ဖော်​ဆောင်​ဘက်​ဖြစ်​သူ​ဥ​ရ​ဗန်​နှင့်​ငါ​၏​ရင်း​နှီး သော​မိတ်​ဆွေ သ​တာ​ခု​ကို​နှုတ်​ဆက်​ကြ​လော့။- \v 10 အ​ပေ​လေ​ကို​နှုတ်​ဆက်​ကြ​လော့။ သူ​သည်​ခ​ရစ် တော်​အား​သစ္စာ​ရှိ​သူ​ဖြစ်​ပေ​သည်။ အာ​ရိတ္တော​ဗု​လု ၏​အိမ်​သူ​အိမ်​သား​တို့​ကို​နှုတ်​ဆက်​ကြ​လော့။- \v 11 ယု​ဒ​အ​မျိုး​သား​ချင်း​ဖြစ်​သူ​ဟေ​ရော​ဒျုန်​ကို နှုတ်​ဆက်​ကြ​လော့။ ညီ​အစ်​ကို​များ​ဖြစ်​သော နာ​ကိ​သု​၏​အိမ်​သူ​အိမ်​သား​တို့​ကို​နှုတ်​ဆက် ကြ​လော့။ \p \v 12 သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သူ တ​ရု​ဖဲ​န​နှင့်​တ​ရု​ဖော​သ​ကို​နှုတ်​ဆက်​လိုက်​၏။ ငါ​၏​ရင်း​နှီး​သော​မိတ်​ဆွေ​ပေ​ရ​သိ​ကို​နှုတ်​ဆက် ကြ​လော့။ သူ​သည်​သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို အ​လွန်​ကြိုး​စား​ဆောင်​ရွက်​သူ​ဖြစ်​ပေ​သည်။- \v 13 သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ထူး​ချွန်​စွာ ဆောင်​ရွက်​သူ​ရု​ဖု​နှင့် ငါ​၏​အ​မိ​သ​ဖွယ် ဖြစ်​သော​သူ​၏​အ​မိ​ကို​နှုတ်​ဆက်​လိုက်​၏။-\x + \xo 16:13 \xt မာ၊ ၁၅:၂၁။\x* \v 14 အ​သုံ​ကြိတ်၊ ဖ​လေ​ကုန်၊ ဟေ​ရ​မ၊ ပတ်​ရော​ဘ၊ ဟေ​ရ​မေ​မှ​စ​၍​သူ​တို့​နှင့်​ပေါင်း​ဖော်​ကြ​သော ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို​နှုတ်​ဆက်​ကြ​လော့။- \v 15 ဖိ​လော​လုပ်၊ ယု​လိ၊ နေ​ရု၊ နေ​ရု​၏​နှ​မ​သြ​လုမ္ပ​မှ စ​၍​သူ​တို့​နှင့်​ပေါင်း​ဖော်​သော​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​ကို​နှုတ်​ဆက်​လိုက်​သည်။ \p \v 16 သင်​တို့​အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် သန့်​ရှင်း​သော​နမ်း​ခြင်း​ဖြင့်​နှုတ်​ဆက်​ကြ​လော့။ ခ​ရစ်​တော်​အ​သင်း​တော်​အ​ပေါင်း​က​သင်​တို့ အား​နှုတ်​ဆက်​လိုက်​၏။ \s1 ပေါ​လု​၏​နောက်​ဆုံး​ညွှန်​ကြား​ချက်​များ \p \v 17 ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ယူ​ရ​ရှိ​သည့်​သြ​ဝါ​ဒ များ​ကို​ဆန့်​ကျင်​လျက်​လူ​တို့​အား​စိတ်​ဝမ်း​ကွဲ စေ​ခြင်း၊ လူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​မှောက်​မှား လမ်း​လွဲ​စေ​ခြင်း​ကို​ပြု​သော​သူ​တို့​အား​သ​တိ ပြု​ကြ​လော့။ ထို​သူ​တို့​ကို​ရှောင်​ရှား​ကြ​လော့။- \v 18 သူ​တို့​သည်​ငါ​တို့​၏​အ​ရှင်​ခ​ရစ်​တော်​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​သူ​များ​မ​ဟုတ်။ မိ​မိ​တို့​၏​အ​မှု​ကို သာ​စိတ်​ဝင်​စား​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​နူး​ညံ့ ချို​သာ​သော​စ​ကား​များ၊ မြှောက်​ပင့်​သော​စ​ကား​များ ဖြင့်​ရိုး​သား​သူ​တို့​၏​စိတ်​ကို​လှည့်​စား​တတ်​ကြ​၏။- \v 19 သင်​တို့​သည်​သ​တင်း​ကောင်း​ကို​အ​ဘယ်​မျှ​စွဲ​မြဲ​စွာ ယုံ​ကြည်​ကြ​ကြောင်း​ကို​လူ​တိုင်း​ပင်​ကြား​သိ​ရ​၏။ သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​အ​တွက်​ဝမ်း​မြောက်​၏။ သင်​တို့​သည်​ကောင်း​မြတ်​သော​အ​မှု​အ​ဘယ်​အ​ရာ ဖြစ်​သည်​ကို​သိ​သော​ပ​ညာ​ရှိ​များ​ဖြစ်​ပြီး​လျှင် ညစ်​ညမ်း​သော​အ​မှု​နှင့်​ပတ်​သက်​၍​အ​ပြစ်​ကင်း သူ​များ​ဖြစ်​ကြ​စေ​လို​၏။- \v 20 ငြိမ်​သက်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည်​စာ​တန် အား သင်​တို့​၏​ခြေ​အောက်​တွင်​မ​ကြာ​မီ​ချေ​မှုန်း တော်​မူ​လိမ့်​မည်။ \p ငါ​တို့​သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​ကို​သင်​တို့ ခံ​စား​ကြ​ရ​ပါ​စေ​သော။ \p \v 21 ငါ​၏​လုပ်​ဖော်​ဆောင်​ဘက်​တိ​မော​သေ​နှင့်​ယု​ဒ အ​မျိုး​သား​ဖြစ်​ကြ​သူ​လု​ကိ၊ ယာ​သုန်​နှင့်​သော သိ​ပ​တ​ရု​တို့​က​သင်​တို့​အား​နှုတ်​ဆက်​လိုက် ကြ​၏။\x + \xo 16:21 \xt တ၊ ၁၆:၁။\x* \p \v 22 ကျွန်ုပ်​တေ​ရ​တိ​သည်​ဤ​စာ​ကို​နှုတ်​တိုက်​လိုက်​၍ ရေး​သား​ခဲ့​ပါ​၏။ ကျွန်ုပ်​က​လည်း​ခ​ရစ်​တော်​အား ဖြင့်​သင်​တို့​အား​နှုတ်​ဆက်​လိုက်​ပါ​၏။ \p \v 23 ငါ့​အား​ဧည့်​ဝတ်​ပြု​သူ၊ အ​သင်း​တော်​ဝင်​အ​ပေါင်း တို့​ဝတ်​ပြု​ရာ​အိမ်​ရှင်​ဂါ​ယု​က​လည်း​သင်​တို့​အား နှုတ်​ဆက်​လိုက်​၏။ မြို့​တော်​ဘဏ္ဍာ​ထိန်း​ဧရတ္တု​က လည်း​ကောင်း၊ ငါ​တို့​၏​ညီ​အစ်​ကို​ကွာ​တု​က လည်း​ကောင်း​သင်​တို့​အား​နှုတ်​ဆက်​လိုက်​၏။-\x + \xo 16:23 \xt တ၊ ၁၉:၂၉။ ၁ကော၊ ၁:၁၄။ ၂တိ၊ ၄:၂၀။\x* \v 24 ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ကျေး​ဇူး​တော်​ကို သင်​တို့​အား​လုံး​ခံ​စား​ကြ​ရ​ပါ​စေ​သော။ အာ​မင်။ \s1 ဂုဏ်​တော်​ကို​ချီး​မွမ်း​သည့်​ဆု​တောင်း​ပတ္ထ​နာ​ဖြင့် အ​ဆုံး​သတ်​ခြင်း \p \v 25 ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​အား​ငါ တို့​ထော​မ​နာ​ပြု​ကြ​ကုန်​စို့။ ယေ​ရှု​ခ​ရစ်​အ​ကြောင်း ငါ​ဟော​ပြော​သော​သ​တင်း​ကောင်း​အ​ရ​သော်​လည်း ကောင်း၊ ရှေး​ကာ​လ​အ​ဆက်​ဆက်​၌​ကွယ်​ဝှက်​နေ​ခဲ့ သော​သစ္စာ​တ​ရား​ပေါ်​လွင်​ထင်​ရှား​ချက်​အ​ရ​သော် လည်း​ကောင်း ကိုယ်​တော်​သည်​သင်​တို့​၏​ယုံ​ကြည် ခြင်း​ကို​ခိုင်​မြဲ​စေ​တော်​မူ​နိုင်​၏။- \v 26 သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ထို​လျှို့​ဝှက်​သည့်​သစ္စာ တ​ရား​သည်​ပ​ရော​ဖက်​ကျမ်း​များ​အား​ဖြင့်​ပေါ် လွင်​ထင်​ရှား​လာ​လေ​ပြီ။ လူ​မျိုး​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကာ​ကိုယ်​တော်​၏​စ​ကား တော်​ကို​နာ​ခံ​လာ​ကြ​စေ​ရန် နိစ္စ​ထာ​ဝ​ရ​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ​ထို သစ္စာ​တ​ရား​ကို​ကြေ​ညာ​လေ​ပြီ။ \p \v 27 တစ်​ဆူ​တည်း​သာ​လျှင် ဉာဏ်​တော်​အ​နန္တ​နှင့်​ပြည့်​စုံ တော်​မူ​သော​ဘု​ရား​သ​ခင်​သည်​ယေ​ရှု​ခ​ရစ်​အား ဖြင့် ထာ​ဝ​စဉ်​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ ပါ​စေ​သ​တည်း။ အာ​မင်။ ရော​မ​သြ​ဝါ​ဒ​စာ​ပြီး​၏။