\id PHP Myanmar Common Language Bible \h ဖိ​လိပ္ပိ \toc1 ဖိ​လိပ္ပိ​သြ​ဝါ​ဒ​စာ \toc2 ဖိ​လိပ္ပိ \mt1 ဖိ​လိပ္ပိ​သြ​ဝါ​ဒ​စာ \is1 နိ​ဒါန်း \ip ဖိ​လိပ္ပိ​သြ​ဝါ​ဒ​စာ​သည်​ဥ​ရော​ပ​တိုက်​တွင် ရှင်​ပေါ​လု​အ​ဦး​ဆုံး​တည်​ထောင်​ခဲ့​သည့်​ဖိ​လိပ္ပိ မြို့​အ​သင်း​တော်​သို့ ရှင်​ပေါ​လု​အ​ကျဉ်း​ခံ​နေ စဉ်​အ​ခါ​ရေး​သား​သည့်​စာ​ဖြစ်​သည်။ ဖိ​လိပ္ပိ မြို့​မှာ​ရော​မ​နိုင်​ငံ​လက်​အောက်​ခံ​မာ​ကေ​ဒေါ​နိ ပြည်​တွင်​တည်​ရှိ​သည်။ အ​ခြား​ခ​ရစ်​ယာန်​အ​မှု တော်​ဆောင်​များ​က ရှင်​ပေါ​လု​အား​အ​တိုက် အ​ခံ​ပြု​သော​ကြောင့်​လည်း​ကောင်း၊ ဖိ​လိပ္ပိ အ​သင်း​တော်​တွင်​မှား​ယွင်း​သည့်​အ​ယူ​ဝါ​ဒ များ​ပေါ်​ပေါက်​လျက်​နေ​သော​ကြောင့်​လည်း ကောင်း ဤ​စာ​ကို​ရေး​လိုက်​ခြင်း​ဖြစ်​၏။ သို့ ရာ​တွင်​ဤ​စာ​သည်​တ​မန်​တော်​ကြီး​ရွှင်​လန်း ဝမ်း​မြောက်​၍ ယုံ​ကြည်​စိတ်​ချ​သည့်​စိတ်​ထား ပေါ်​လွင်​လျက်​ရှိ​ပေ​သည်။ ထို​သို့​သော​စိတ်​ထား မျိုး​ရှိ​နိုင်​ခြင်း​မှာ ရှင်​ပေါ​လု​၌​ယေ​ရှု​ခ​ရစ် ကို​ကြီး​မား​သော​ယုံ​ကြည်​ကိုး​စား​မှု​ရှိ သော​ကြောင့်​ပင်​ဖြစ်​သည်။ \ip ဤ​စာ​ကို​ရေး​သား​ရန်​လတ်​တ​လော​ပေါ်​ပေါက် လာ​သည့်​အ​ကြောင်း​မှာ မိ​မိ​ငွေ​လို​နေ​ချိန်​၌ ဖိ​လိပ္ပိ​ခ​ရစ်​ယာန်​တို့​ထောက်​ပံ့​မှု​ပေး​ပို့​၍ လက်​ခံ​ရ​ရှိ​သ​ဖြင့်​ကျေး​ဇူး​တင်​စ​ကား​ပြော ကြား​ရန်​ပင်​ဖြစ်​ပေ​သည်။ မိ​မိ​ကိုယ်​တိုင်​နှင့်​ဖိ​လိပ္ပိ အ​သင်း​တော်​ဝင်​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ရောက်​လျက် နေ​သော်​လည်း စိတ်​ပျက်​အား​လျော့​မှု​မ​ရှိ​ဘဲ ရဲ​ရင့်​တည်​ကြည်​ကြ​ရ​မည်​ဖြစ်​ကြောင်း​တစ် ဆက်​တည်း​မှာ​ပင်​အား​ပေး​စ​ကား​ပြော​ကြား ၏။ လော​ဘ​နှင့်​မာန်​မာ​န​ကို​ပယ်​ရှား​၍​သ​ခင် ယေ​ရှု​ကဲ့​သို့ စိတ်​နှ​လုံး​နှိမ့်​ချ​ကြ​ရန်​ထို​သူ တို့​ကို​မေတ္တာ​ရပ်​ခံ​သည်။ သူ​တို့​သည်​သ​ခင် ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ပြီး​ဘ​ဝ သစ်​ကို​ခံ​ယူ​ရ​ရှိ​ခြင်း​သည် ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​သက်​သက်​ကြောင့်​ပင်​ဖြစ် ကြောင်း၊ ထို​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​သည် မှာ​လည်း ပ​ညတ်​တ​ရား​ကို​မိ​မိ​တို့​လိုက် လျှောက်​ကျင့်​သုံး​မှု​ကြောင့်​မ​ဟုတ်​ဘဲ ခ​ရစ် တော်​ကို​ယုံ​ကြည်​ခြင်း​ကြောင့်​သာ​ဖြစ်​ကြောင်း သ​တိ​ရ​စေ​သည်။ ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​သူ​အား​ဝမ်း​မြောက်​ခြင်း နှင့်​ငြိမ်​သက်​ခြင်း​ကို ဘု​ရား​သ​ခင်​ပေး​တော် မူ​ကြောင်း​ကို​ရေး​သား​သည်။ \ip ခ​ရစ်​ယာန်​တို့​၏​ယုံ​ကြည်​ခြင်း​နှင့်​နေ့​စဉ် အ​သက်​ရှင်​ခြင်း​၌​ဝမ်း​မြောက်​ခြင်း၊ ယုံ​ကြည် စိတ်​ချ​ခြင်း၊ စည်း​လုံး​ညီ​ညွတ်​ခြင်း​နှင့်​ဇွဲ သတ္တိ​ရှိ​ရ​မည်​ဖြစ်​ကြောင်း​အ​လေး​ပေး​၍ ရေး​သား​သည့်​စာ​ဖြစ်​ပေ​သည်။ ဖိ​လိပ္ပိ​အ​သင်း တော်​အ​ပေါ်​၌​ရှင်​ပေါ​လု​ထား​ရှိ​သော​မေတ္တာ သည် လွန်​စွာ​ကြီး​မား​ပုံ​ကို​ဤ​သြ​ဝါ​ဒ​စာ က​ထင်​ရှား​စွာ​သက်​သေ​ထူ​လျက်​ရှိ​လေ​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 နိ​ဒါန်း \ior ၁:၁-၁၁ \ior* \io1 ရှင်​ပေါ​လု​ကိုယ်​တိုင်​ကြုံ​တွေ့​ရ​သည့်​အ​ကြောင်း ခြင်း​ရာ​များ \ior ၁:၁၂-၂၆\ior* \io1 ခ​ရစ်​တော်​အား​ဖြင့်​ရ​ရှိ​သော​ဘ​ဝ \ior ၁:၂၇-၂:၁၈\ior* \io1 တိ​မော​သေ​နှင့်​ဧ​ပ​ဖြော​ဒိတ်​တို့​အ​တွက်​စီ​စဉ် ချက်​များ \ior ၂:၁၉-၃၀\ior* \io1 ရန်​သူ​များ​နှင့်​ဘေး​အန္တ​ရာယ်​များ​ရှိ​ကြောင်း​ကြို​တင် သ​တိ​ပေး​ချက်​များ \ior ၃:၁-၄:၉\ior* \io1 ရှင်​ပေါ​လု​နှင့်​ဖိလိပ္ပိ​မြို့​ရှိ​မိတ်​ဆွေ​များ \ior ၄:၁၀-၂၀\ior* \io1 နိ​ဂုံး \ior ၄:၂၁-၂၃\ior* \c 1 \p \v 1 ခ​ရစ်​တော်​ယေ​ရှု​၏​အ​စေ​ခံ​များ​ဖြစ်​သည့် ပေါ​လု​နှင့်​တိ​မော​သေ​တို့​ထံ​မှ ဖိလိပ္ပိ​မြို့​တွင် နေ​ထိုင်​ကြ​ကုန်​သော​သင်း​အုပ်​များ​နှင့်​သင်း ထောက်​လူ​ကြီး​များ​မှ​စ​၍ ခ​ရစ်​တော်​ယေ​ရှု နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ​သော​သ​ခင် ဘု​ရား​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​ထံ​သို့ စာ​ရေး​လိုက်​ပါ​သည်။\x + \xo 1:1 \xt တ၊ ၁၆:၁၂။\x* \p \v 2 သင်​တို့​သည်​ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော။ \s1 ဖိ​လိ​ပ္ပိ​အ​သင်း​တော်​ဝင်​တို့​အ​တွက် ရှင်​ပေါ​လု​၏​ဆု​တောင်း​ပတ္ထနာ \p \v 3 သင်​တို့​အ​ကြောင်း​ကို​သ​တိ​ရ​သည့်​အ​ခါ​တိုင်း ငါ​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပါ​၏။- \v 4-5 အ​မှု​တော်​ကို​ငါ​စ​တင်​ဆောင်​ရွက်​ချိန်​မှ​ယ​နေ့ တိုင်​အောင်​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရာ​တွင် ငါ နှင့်​အ​တူ​သင်​တို့​ဆောင်​ရွက်​ခဲ့​ကြ​သ​ဖြင့်​ငါ သည်​သင်​တို့​အ​တွက်​ဝမ်း​မြောက်​စွာ​ဆု​တောင်း ပါ​၏။- \v 6 သို့​ဖြစ်​၍​သင်​တို့​တွင်​ဤ​ကောင်း​မြတ်​သည့်​အ​မှု ကို​စ​တင်​ပြု​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ယေ​ရှု​၏​နေ့​ရက်​မ​တိုင်​မီ​ထို​အ​မှု ကို​ပြီး​စီး​သည့်​တိုင်​အောင်​ပြု​တော်​မူ​လိမ့်​မည် ဟု​ငါ​ယုံ​ကြည်​စိတ်​ချ​၏။- \v 7 သင်​တို့​ကို​ငါ​အ​စဉ်​အောက်​မေ့​၏။ သို့​ဖြစ်​၍ ငါ​သည်​သင်​တို့​နှင့်​ပတ်​သက်​၍​ယင်း​သို့​သ​ဘော ထား​အပ်​၏။ ယ​ခု​ငါ​အ​ကျဉ်း​ခံ​လျက်​နေ​ရ​စဉ် အ​ခါ​နှင့်​သ​တင်း​ကောင်း​ကို​လွတ်​လပ်​စွာ​သက် သေ​ခံ​တည်​တံ့​ခိုင်​မြဲ​စေ​ခွင့်​ရ​စဉ်​အ​ခါ​က သင်​တို့​သည်​ငါ့​အား​ဘု​ရား​သ​ခင်​ပေး​တော် မူ​သော​အ​ခွင့်​ထူး​တွင်​ပါ​ဝင်​လုပ်​ဆောင်​ကြ ပေ​သည်။- \v 8 ငါ​သည်​ခ​ရစ်​တော်​ယေ​ရှု​၏​မေတ္တာ​ဖြင့်​သင်​တို့ အား​လွန်​စွာ​လွမ်း​ဆွတ်​ကြောင်း​ဘု​ရား​သ​ခင် သည်​ငါ့​သက်​သေ​ဖြစ်​တော်​မူ​၏။ \p \v 9-10 သင်​တို့​သည်​အ​မြတ်​ဆုံး​သော​အ​ရာ​ကို​ရွေး​ယူ နိုင်​အံ့​သော​ငှာ​အ​သိ​ပ​ညာ၊ ပိုင်း​ခြား​ဝေ​ဖန်​တတ် သော​စွမ်း​ရည်​တို့​နှင့်​ပြည့်​စုံ​၍​မေတ္တာ​ပါ​ရ​မီ​တိုး သည်​ထက်​တိုး​လာ​ကြ​စေ​ရန်​သင်​တို့​အ​တွက် ငါ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​သည်။ သို့​မှ​သာ​လျှင် သင်​တို့​သည်​ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​သော နေ့​ရက်​၌​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ဘဲ​အ​ညစ် အ​ကြေး​နှင့်​ကင်း​စင်​လိမ့်​မည်။- \v 11 ထို့​အြုပင်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​စေ​ရန်​နှင့်​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​စေ​ရန် ယေ​ရှု​ခ​ရစ်​အား​ဖြင့်​သာ​လျှင်​ရ နိုင်​သော​စစ်​မှန်​သည့်​အ​ရည်​အ​သွေး​ကောင်း များ​နှင့်​ပြည့်​စုံ​လိမ့်​မည်။ \s1 အ​သက်​ရှင်​ခြင်း​ကား​ခ​ရစ်​တော်​ပင် \p \v 12 ညီ​အစ်​ကို​တို့၊ ငါ​တွေ့​ကြုံ​ရ​သည့်​အ​ဖြစ်​အ​ပျက် များ​သည်​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရာ​တွင် အ​ကယ်​ပင်​အ​ထောက်​အ​ကူ​ပေး​ကြောင်း​သင် တို့​အား​သိ​စေ​လို​၏။- \v 13 ငါ​သည်​ခ​ရစ်​တော်​၏​အ​စေ​ခံ​ဖြစ်​သည့်​အ​တွက် ကြောင့်​ငါ​အ​ကျဉ်း​ခံ​ရ​လျက်​နေ​ရ​ကြောင်း​ကို နန်း​တော်​အ​စောင့်​တပ်​တစ်​တပ်​လုံး​နှင့်​အ​ခြား သူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​ပေ​သည်။-\x + \xo 1:13 \xt တ၊ ၂၈:၃၀။\x* \v 14 ဤ​သို့​ငါ​အ​ကျဉ်း​ခံ​ရ​ခြင်း​ကြောင့်​ခ​ရစ်​ယာန် ညီ​အစ်​ကို​အ​များ​ပင်​သ​ခင်​ဘု​ရား​အ​ပေါ်​တွင် ပို​၍​ယုံ​ကြည်​စိတ်​ချ​လာ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့ သည်​မ​ကြောက်​မ​ရွံ့​ဘဲ​နှုတ်​က​ပတ်​တ​ရား​တော် ကို​ပို​မို​၍​ဟော​ပြော​ဝံ့​ကြ​ပေ​သည်။ \p \v 15 အ​ချို့​သော​သူ​တို့​သည်​မ​နာ​လို​သော​စိတ်၊ ရန်​တွေ့ လို​သော​စိတ်​နှင့်​ခ​ရစ်​တော်​အ​ကြောင်း​ကို​ဟော ပြော​ကြ​၏။ အ​ချို့​သော​သူ​တို့​မူ​ကား​စေတနာ စိတ်​နှင့်​ဟော​ပြော​ကြ​ပေ​သည်။- \v 16 ဤ​သူ​တို့​သည်​သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း ကောင်း​ကို​ကာ​ကွယ်​ဟော​ပြော​ရန်​ငါ့​အား​ဘု​ရား သ​ခင်​ခန့်​ထား​တော်​မူ​ကြောင်း​ကို​သိ​သ​ဖြင့် မေတ္တာ​အ​လျောက်​ဟော​ပြော​ကြ​ခြင်း​ဖြစ်​၏။- \v 17 အ​ခြား​သော​သူ​တို့​သည်​ကား​ခ​ရစ်​တော်​၏ အ​ကြောင်း​ကို​စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့်​မ​ဟုတ်​ဘဲ ကျော်​ကြား​လို​သော​ဆန္ဒ​ဖြင့်​ဟော​ပြော​ကြ​၏။ သူ​တို့​၏​အ​ကြံ​မှာ​အ​ကျဉ်း​ခံ​နေ​ရ​သူ​ငါ့ အား​ပို​၍​စိတ်​ဒုက္ခ​ရောက်​စေ​ရန်​ပင်​ဖြစ်​၏။ \p \v 18 ဟော​ပြော​သည့်​နည်း​မှာ​အ​ရေး​မ​ကြီး​ပါ။ မှား ယွင်း​သော​ရည်​ရွယ်​ချက်​ဖြင့်​ဟော​ပြော​သည်​ဖြစ်​စေ၊ မှန်​ကန်​သော​ရည်​ရွယ်​ချက်​ဖြင့်​ဟော​ပြော​သည် ဖြစ်​စေ​ခ​ရစ်​တော်​အ​ကြောင်း​ကို​ဟော​ပြော ခြင်း​သာ​ဖြစ်​သ​ဖြင့်​ငါ​ဝမ်း​မြောက်​၏။ ဆက်​လက် ၍​ဝမ်း​မြောက်​လျက်​နေ​မည်။- \v 19 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကြောင့်​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်​ဝိ​ညာဉ် တော်​၏​ကူ​ညီ​စောင်​မ​မှု​ကြောင့်​လည်း​ကောင်း ငါ​သည်​ဤ​အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​မည် ဟု​ငါ​သိ​သော​ကြောင့်​ဖြစ်​၏။- \v 20 ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မိ​မိ​၏​တာ​ဝန် မ​ပျက်​မ​ကွက်​ဘဲ​အ​ခါ​ခပ်​သိမ်း​၌​လည်း ကောင်း၊ အ​ထူး​သ​ဖြင့်​ယခု​အ​ခါ​၌​လည်း​ကောင်း ရဲ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​လျက်​ငါ​သည်​အ​သက်​ရှင် သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ၊ ငါ့​အ​စွမ်း​ရှိ​သ​မျှ နှင့်​ခ​ရစ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ထင်​ရှား လာ​နိုင်​စေ​ရန်​မျှော်​လင့်​တောင့်​တ​၏။- \v 21 အ​သက်​ရှင်​ခြင်း​ဟူ​သည်​မှာ​အ​ဘယ်​နည်း။ ငါ ၏​အ​ဖို့​မှာ​အ​သက်​ရှင်​ခြင်း​သည်​ခ​ရစ်​တော်​ပင် ဖြစ်​၏။ သေ​လျှင်​မူ​ကား​ပို​၍​အ​ကျိုး​ရှိ​၏။- \v 22 သို့​ရာ​တွင်​အ​ကယ်​၍​ငါ​သည်​ဆက်​လက်​အ​သက် ရှင်​ခြင်း​အား​ဖြင့်​ပို​မို​အ​ကျိုး​ပြု​နိုင်​မည်​ဆို ပါ​က အ​သက်​ရှင်​ခြင်း​နှင့်​သေ​ခြင်း​တို့​အ​နက် အ​ဘယ်​အ​ရာ​ကို​ရွေး​ချယ်​ရ​ပါ​မည်​နည်း။- \v 23 ငါ့​မှာ​စိတ်​နှစ်​ခွ​ဖြစ်​လျက်​နေ​တော့​၏။ ငါ​သည်​ဤ ဘ​ဝ​ကို​စွန့်​၍​ခ​ရစ်​တော်​နှင့်​အ​တူ​နေ​လို​လှ​ပါ သည်။ သို့​ပြု​ရ​လျှင်​ငါ့​အ​ဖို့​ပို​၍​အ​ကျိုး​ရှိ​၏။- \v 24 သို့​သော်​သင်​တို့​၏​အ​ကျိုး​ကို​ထောက်​၍​ငါ​သည် အ​သက်​ရှင်​လျက်​နေ​ရန်​ပို​၍​အ​ရေး​ကြီး​၏။- \v 25 ဤ​သို့​ယုံ​ကြည်​စိတ်​ချ​သ​ဖြင့်​ငါ​သည်​သင်​တို့ နှင့်​အ​တူ​နေ​မည်။ သင်​တို့​အား​တိုး​တက်​ကြီး ပွား​စေ​ရန်​နှင့်​ယုံ​ကြည်​ခြင်း​၌​ဝမ်း​မြောက် စေ​ရန်​ငါ​သည်​သင်​တို့​နှင့်​အ​တူ​နေ​မည်။- \v 26 သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​နှင့်​တစ်​ဖန်​နေ​ခွင့် ရ​သော​အ​ခါ​၌​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​သူ​သင်​တို့​သည်​ငါ့​အ​တွက် ကြောင့်​ပို​၍​ပင်​ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ကြ​လိမ့်​မည်။ \p \v 27 ယ​ခု​သင်​တို့​အ​ဖို့​အ​ရေး​ကြီး​သည့်​အ​ရာ​မှာ ခ​ရစ်​တော်​၏​တ​ရား​တော်​နှင့်​အ​ညီ​ပြု​မူ​နေ​ထိုင် ကြ​ရန်​ပင်​ဖြစ်​ပေ​သည်။ သင်​တို့​ထံ​သို့​ငါ​ပြန် လာ​သည်​ဖြစ်​စေ၊ မ​လာ​သည်​ဖြစ်​စေ​သာ​သ​နာ တော်​တည်​တံ့​ကြီး​ပွား​ရေး​အ​တွက်​ကြံ့​ခိုင်​စွာ ရပ်​တည်​၍​တစ်​စိတ်​တစ်​သ​ဘော​တည်း၊ ရည်​ရွယ် ချက်​တစ်​ခု​တည်း​ဖြင့်​သ​တင်း​ကောင်း​နှင့်​ဆိုင် သော​ယုံ​ကြည်​ခြင်း​တရား​အ​တွက်​သင်​တို့​တိုက်​ပွဲ ဝင်​လျက်​ရှိ​ကြ​ကြောင်း​ကို​ငါ​ကြား​သိ​လို​၏။- \v 28 သင်​တို့​သည်​ရန်​သူ​များ​ကို​မ​ကြောက်​ကြ​နှင့်။ အ​ခါ​ခပ်​သိမ်း​ရဲ​ရင့်​ကြ​လော့။ ဤ​သည်​ပင်​လျှင် ရန်​သူ​တို့​ရှုံး​နိမ့်​မည်​ဖြစ်​ကြောင်း​နှင့်​သင်​တို့ အောင်​မြင်​မည်​ဖြစ်​ကြောင်း​ကို​ရန်​သူ​များ​အား သက်​သေ​ပြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​သော​အ​ရှင် ကား ဘု​ရား​သ​ခင်​ပင်​ဖြစ်​တော်​မူ​သော​ကြောင့် တည်း။- \v 29 သင်​တို့​သည်​ခ​ရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​အား ဖြင့်​သာ​မ​က​ကိုယ်​တော်​၏​အ​တွက်​ဆင်း​ရဲ​ဒုက္ခ ခံ​ခြင်း​အား​ဖြင့်​လည်း ကိုယ်​တော်​၏​အ​မှု​တော် ကို​ဆောင်​ရွက်​ရန်​အ​ခွင့်​ထူး​ကို​ရ​ရှိ​ကြ​၏။- \v 30 ယ​ခု​သင်​တို့​သည်​ငါ​နှင့်​အ​တူ​တိုက်​ပွဲ​ကို​ဝင် နိုင်​ကြ​လေ​ပြီ။ ယ​ခင်​အ​ခါ​က​ငါ​တိုက်​ပွဲ​ဝင် ခဲ့​သည်​ကို​သင်​တို့​တွေ့​မြင်​ခဲ့​ကြ​၏။ သင်​တို့ ကြား​သိ​သည့်​အ​တိုင်း​ယ​ခု​လည်း​ငါ​သည် တိုက်​ပွဲ​ကို​ဝင်​လျက်​နေ​သေး​၏။\x + \xo 1:30 \xt တ၊ ၁၆:၁၉-၄၀။\x* \c 2 \s1 ခ​ရစ်​တော်​၏​နှိမ့်​ချ​ခြင်း​နှင့်​ကြီး​မြတ်​ခြင်း \p \v 1 သင်​တို့​သည်​ခ​ရစ်​တော်​၌​အ​သက်​ရှင်​ခြင်း အား​ဖြင့်​ခွန်​အား​ရ​ရှိ​ကြ​၏။ ကိုယ်​တော်​၏ မေတ္တာ​တော်​သည်​သင်​တို့​အား​နှစ်​သိမ့်​ခြင်း​ကို ပေး​၏။ သင်​တို့​သည်​ဝိညာဉ်​တော်​နှင့်​မိတ်​သ​ဟာ​ယ ဖွဲ့​ခွင့်​ကို​ရ​ရှိ​ကြ​၏။ သင်​တို့​တွင်​အ​ချင်း​ချင်း သ​နား​ကြင်​နာ​စိတ်​ရှိ​ကြ​၏။- \v 2 သို့​ဖြစ်​၍​သင်​တို့​သည်​တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ ခြင်း၊ အ​ချင်း​ချင်း​ချစ်​ခြင်း၊ စိတ်​သဘော​တ​ညီ တ​ညွတ်​တည်း​ရှိ​ခြင်း​အား​ဖြင့်​ငါ့​အား​အ​ကြွင်း မဲ့​ဝမ်း​မြောက်​စေ​ကြ​လော့။- \v 3 ကြွား​ဝါ​လို​သော​စိတ်၊ ကျော်​စော​ကိတ္တိ​ကို​တပ်​မက် သော​စိတ်​တို့​ဖြင့်​အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​ကြ နှင့်။ သူ​တစ်​ပါး​သည်​မိ​မိ​ထက်​သာ​သည်​ဟု အ​စဉ်​ယူ​ဆ​လျက်​စိတ်​နှိမ့်​ချ​ကြ​လော့။- \v 4 မိ​မိ​၏​အ​ကျိုး​ကို​သာ​မ​ရှာ​ဘဲ​အ​ချင်း​ချင်း ၏​အ​ကျိုး​ကို​ရှာ​ကြ​လော့။- \v 5 ခ​ရစ်​တော်​ယေ​ရှု​၌​ရှိ​သော​စိတ်​သ​ဘော​မျိုး ကို​သင်​တို့​၌​လည်း​ရှိ​စေ​ကြ​လော့။ \q1 \v 6 ကိုယ်​တော်​သည်​ဘု​ရား​ဇာ​တိ​တော်​နှင့် ထာ​ဝ​စဉ်​ပြည့်​စုံ​တော်​မူ​၏။ \q2 သို့​ရာ​တွင်​အ​ဋ္ဌမ္မ​နည်း​ဖြင့်​ဘု​ရား​သ​ခင်​နှင့် \q1 ဂုဏ်​ရည်​တူ​ရန်​ကြိုး​စား​သင့်​သည်​ဟု ထင်​မှတ်​တော်​မ​မူ။ \q1 \v 7 ယင်း​သို့​ပြု​မည့်​အ​စား​မိ​မိ​အ​လို​အ​လျောက် \q2 ဘုန်း​အ​သ​ရေ​တော်​ရှိ​သ​မျှ​ကို​စွန့်​၍ အ​စေ​ခံ​၏​ဇာ​တိ​ကို​ခံ​ယူ​တော်​မူ​၏။ \q1 ကိုယ်​တော်​သည်​လူ့​အ​သွင်​ကို​ယူ​ဆောင်​၍ လူ​ကဲ့​သို့​သော​အ​ဖြစ်​ကို​ခံ​ယူ​တော်​မူ​ပေ​သည်။ \q1 \v 8 မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​တော်​မူ​လျက်​လက်​ဝါး​ကပ် တိုင်​ပေါ်​တွင် \q2 အ​သေ​ခံ​သည့်​တိုင်​အောင်၊နာ​ခံ​ခြင်း​လမ်း​စဉ်​ကို လိုက်​လျှောက်​တော်​မူ​၏။ \q1 \v 9 ဤ​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင်​သည် \q2 ကိုယ်​တော်​အား​အ​ထက်​ဘ​ဝဂ်​သို့​တိုင်​အောင် ချီး​မြှောက်​၍၊ \q1 ဘွဲ့​နာ​မ​တ​ကာ​တို့​ထက်​ကြီး​မြတ်​သော​ဘွဲ့ နာ​မ​ကို ပေး​သ​နား​တော်​မူ​၏။ \q1 \v 10 ထို့​ကြောင့်​မိုး​မြေ​နှင့်​မြေ​အောက်​ရှိ သတ္တဝါ​အ​ပေါင်း​တို့​သည် \q2 သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို​ရို​သေ​ဦး​ညွှတ်​လျက်၊\x + \xo 2:10 \xt ဟေရှာ၊ ၄၅:၂၃။\x* \q1 \v 11 ယေ​ရှု​ခ​ရစ်​သည်​အ​ရှင်​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု နှုတ်​ဖြင့်​ဝန်​ခံ​သ​ဖြင့်၊ \q2 ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ တော်​ကို ထွန်း​တောက်​စေ​ကြ​လိမ့်​မည်။ \s1 လော​က​တွင်​အ​လင်း​ရောင်​များ​သ​ဖွယ် ထွန်း​လင်း​တောက်​ပ​မှု \p \v 12-13 သို့​ဖြစ်​၍​ချစ်​ဆွေ​တို့၊ သင်​တို့​နှင့်​ငါ​ရှိ​စဉ်​အ​ခါ က​သင်​တို့​သည်​ငါ့​စ​ကား​ကို​အ​စဉ်​နား​ထောင်​ခဲ့ ကြ​သည်​နည်း​တူ ယ​ခု​လည်း​ငါ​နှင့်​ဝေး​ကွာ​လျက် နေ​ချိန်​၌​ငါ့​စ​ကား​ကို​နား​ထောင်​ရန်​ပို​၍ ပင်​အ​ရေး​ကြီး​ပေ​သည်။ ဘု​ရား​သ​ခင်​၏​အ​ကြံ တော်​အ​တိုင်း​လိုက်​လျှောက်​လို​သော​စိတ်​နှင့်​လိုက် လျှောက်​နိုင်​သော​စွမ်း​အား​ကို သင်​တို့​အ​ထဲ​၌ အ​စဉ်​ပြု​ပြင်​လျက်​ရှိ​သည်​ဖြစ်​၍​သင်​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​စိမ့်​သော​ငှာ ကြောက်​ရွံ့ တုန်​လှုပ်​သော​စိတ်​နှင့်​လုပ်​ဆောင်​လျက်​နေ ကြ​လော့။ \p \v 14 သင်​တို့​လုပ်​ဆောင်​စ​ရာ​ရှိ​သ​မျှ​တို့​ကို​မ​ညည်း မ​တွား၊ မ​ငြင်း​မ​ခုံ​ဘဲ​လုပ်​ဆောင်​ကြ​လော့။- \v 15-16 သို့​မှ​သာ​လျှင်​သင်​တို့​သည်​ဖောက်​ပြန်​၍​အ​ပြစ် ကူး​လွန်​သူ​များ​ရှိ​ရာ​ကမ္ဘာ​တွင် ဘု​ရား​သ​ခင် ၏​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သော​သား​သ​မီး​များ အ​နေ​ဖြင့် စိတ်​နှ​လုံး​ဖြူ​စင်​သန့်​ရှင်း​လျက်​အ​ပြစ် ကင်း​သူ​များ​ဖြစ်​ကြ​လိမ့်​မည်။ သင်​တို့​သည် ထာ​ဝ​ရ​အ​သက်​နှင့်​ဆိုင်​သော​တ​ရား​တော် ကို​ဟော​ပြော​ကာ ထို​သူ​တို့​အ​လယ်​တွင်​ကြယ် တာ​ရာ​များ​သ​ဖွယ်​ထွန်း​လင်း​တောက်​ပ​ရ​ကြ မည်။ ဤ​သို့​ပြု​ကြ​မည်​ဆို​ပါ​က​ငါ​အား​ထုတ် လုပ်​ဆောင်​ခဲ့​သ​မျှ​သည် အ​ချည်း​နှီး​မ​ဖြစ် သ​ဖြင့်​ခ​ရစ်​တော်​၏​နေ့​ရက်​၌​ငါ့​မှာ​ဂုဏ် ယူ​ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ရှိ​လိမ့်​မည်။\x + \xo 2:15-16 \xt တရား၊ ၃၂:၅။\x* \p \v 17 သင်​တို့​၏​ယုံ​ကြည်​ခြင်း​က​ဘု​ရား​သ​ခင်​အား ပူ​ဇော်​သော​ယဇ်​ပေါ်​တွင် ငါ​၏​အ​သက်​သွေး​ကို သွန်း​လောင်း​ရ​မည်​ဆို​လျှင် ငါ​သည်​ဝမ်း​မြောက် လျက်​သင်​တို့​နှင့်​အ​တူ​ဝမ်း​မြောက်​သည်။- \v 18 သင်​တို့​သည်​လည်း​ဝမ်း​မြောက်​လျက်​ငါ​နှင့် အ​တူ​ဝမ်း​မြောက်​ကြ​လော့။ \s1 တိ​မော​သေ​နှင့်​ဧ​ပ​ဖြော​ဒိတ် \p \v 19 ငါ​သည်​သင်​တို့​၏​အ​ကြောင်း​သ​တင်း​ကောင်း​ကို ကြား​၍ အား​တက်​လာ​စေ​ရန်​သ​ခင်​ဘု​ရား​အလို တော်​ရှိ​လျှင် တိ​မော​သေ​ကို​သင်​တို့​ထံ​သို့​မ​ကြာ မီ​စေ​လွှတ်​နိုင်​လိမ့်​မည်​ဟု​မျှော်​လင့်​ပါ​သည်။- \v 20 တိ​မော​သေ​တစ်​ဦး​သာ​လျှင်​ငါ​နှင့်​သ​ဘော​ချင်း တူ​၍​သင်​တို့​၏​အ​ကျိုး​ကို​အ​ကယ်​ပင်​လို​လား သူ​ဖြစ်​၏။- \v 21 အ​ခြား​သော​သူ​အ​ပေါင်း​တို့​သည်​ကား​ကိုယ့် အ​ကျိုး​ကို​သာ​လျှင်​ရှာ​ကြ​၏။ ယေ​ရှု​ခ​ရစ် ၏​အ​ကျိုး​ကို​မ​ရှာ​ကြ။- \v 22 တိ​မော​သေ​နှင့်​ငါ​သည်​သား​အ​ဖ​သ​ဖွယ်​အ​တူ တ​ကွ​သ​တင်း​ကောင်း​ပျံ့​နှံ့​ရေး​အ​တွက် အ​မှု​တော် ကို​အ​ဘယ်​သို့​ဆောင်​ရွက်​ခဲ့​ကြ​ကြောင်း​ကို​သင်​တို့ သိ​ကြ​၏။- \v 23 သို့​ဖြစ်​၍​ငါ့​အ​မှု​ကိစ္စ​အ​ဘယ်​သို့​ဖြစ်​မည်​ကို​သိ လျှင်​သိ​ခြင်း သူ့​အား​သင်​တို့​ထံ​သို့​စေ​လွှတ်​နိုင် မည်​ဟု​ငါ​မျှော်​လင့်​၏။- \v 24 သ​ခင်​ဘု​ရား​ကို​ယုံ​ကြည်​ကိုး​စား​လျက်​ငါ​ကိုယ် တိုင်​ပင်​မ​ကြာ​မီ​သင်​တို့​ထံ​သို့​လာ​နိုင်​လိမ့်​မည်။ \p \v 25 ငါ​၏​လုပ်​ဖော်​ဆောင်​ဘက်၊ ငါ​နှင့်​အ​တူ​တိုက်​ပွဲ ဝင်​ခဲ့​သူ၊ ငါ့​အား​ပြု​စု​ရန်​သင်​တို့​က​စေ​လွှတ် လိုက်​သူ၊ ငါ​တို့​၏​ညီ​ဧ​ပ​ဖြော​ဒိတ်​ကို​သင်​တို့ ထံ​သို့​စေ​လွှတ်​ရန်​လို​အပ်​သည်​ဟု​ငါ​ယူ​ဆ​၏။- \v 26 သူ​သည်​သင်​တို့​အ​ပေါင်း​ကို​လွမ်း​ဆွတ်​လျက် နေ​၏။ သူ​ဖျား​နာ​သည့်​သ​တင်း​ကို​သင်​တို့​ကြား သိ​သွား​သ​ဖြင့်​သူ​သည်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​လျက်​နေ​၏။- \v 27 သူ​သည်​အ​မှန်​ပင်​သေ​လု​နီး​ပါး​ဖျား​နာ​ခဲ့​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သူ့​ကို​သ​နား တော်​မူ​လေ​ပြီ။ သူ့​ကို​သာ​လျှင်​သ​နား​တော် မူ​သည်​မ​ဟုတ်။ ငါ့​အား​လည်း​ထပ်​ဆင့်​ဝမ်း နည်း​မှု​နှင့်​မ​ကြုံ​တွေ့​စေ​ရန်​သ​နား​တော်​မူ​၏။- \v 28 ထို့​ကြောင့်​သင်​တို့​သည်​သူ့​ကို​တစ်​ဖန်​တွေ့​မြင်​ရ သ​ဖြင့်​ဝမ်း​မြောက်​ကြ​စေ​ရန်​လည်း​ကောင်း၊ ငါ ၏​ဝမ်း​နည်း​မှု​ကို​လည်း​ပ​ပျောက်​သွား​စေ​ရန် လည်း​ကောင်း​သူ့​အား​သင်​တို့​ထံ​သို့​စေ​လွှတ် ရန်​ငါ​ပို​၍​စိတ်​အား​ထက်​သန်​လျက်​ရှိ​၏။- \v 29 သင်​တို့​သည်​သူ့​အား​ခ​ရစ်​ယာန်​ညီ​အစ်​ကို​တစ်​ဦး အ​နေ​ဖြင့်​ဝမ်း​မြောက်​စွာ​ကြို​ဆို​ကြ​လော့။ ထို​သို့ သော​သူ​တို့​ကို​ရို​သေ​လေး​စား​ကြ​လော့။- \v 30 သူ​သည်​သင်​တို့​ကိုယ်​တိုင်​မ​ပေး​နိုင်​သည့်​အ​ကူ အ​ညီ​ကို ငါ့​အား​ပေး​နိုင်​အံ့​သော​ငှာ​အ​သက်​စွန့် စား​၍ ခ​ရစ်​တော်​၏​အ​မှု​တော်​ကို​သေ​လု​နီး သည်​တိုင်​အောင်​ကြိုး​ပမ်း​ထမ်း​ဆောင်​ခဲ့​ပေ​သည်။ \c 3 \s1 စစ်​မှန်​သော​ဖြောင့်​မတ်​ခြင်း \p \v 1 ညီ​အစ်​ကို​တို့၊ နိ​ဂုံး​ချုပ်​ရ​သော်​သ​ခင်​ဘု​ရား နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​ဝမ်း​မြောက် ကြ​လော့။ ယ​ခင်​က​ငါ​ရေး​သား​ဖော်​ပြ​ပြီး သော​အ​ကြောင်း​အ​ရာ​များ​ကို​ယ​ခု​ထပ်​မံ​၍ ဖော်​ပြ​ရ​သည်​မှာ​ဝန်​မ​လေး​ပါ။ သင်​တို့​ပို​၍ လုံ​ခြုံ​စေ​ရန်​ဖြစ်​၏။- \v 2 ခွေး​ဖြစ်​သူ၊ အ​ကျင့်​ဆိုး​ကို​ကျင့်​သော​သူ၊ ကိုယ် ခန္ဓာ​ကို​လှီး​ဖြတ်​ရ​မည်​ဟု​ဆို​သော​သူ​များ ကို​သ​တိ​နှင့်​ရှောင်​ကြ​လော့။- \v 3 အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​အ​စစ်​အ​မှန်​ကို ခံ​ရ​သော​သူ​တို့​ကား​ထို​သူ​တို့​မ​ဟုတ်​ဘဲ​ငါ တို့​သာ​လျှင်​ဖြစ်​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​တို့​သည်​ကိုယ်​တော်​၏​ဝိ​ညာဉ်​တော် အား​ဖြင့်​ဘု​ရား​သ​ခင်​အား​ကိုး​ကွယ်​ဝတ်​ပြု​၍ ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ရ​၍​ရွှင်​လန်း​ဝမ်း​မြောက်​သူ​များ​ဖြစ် သော​ကြောင့်​တည်း။ ငါ​တို့​သည်​ပြင်​ပ​လက္ခ​ဏာ များ​ကို​မ​ကိုး​စား။- \v 4 ပြင်​ပ​လက္ခ​ဏာ​များ​ကို​ကိုး​စား​မှု​လို​အပ်​သည်​ဟု ဆို​လျှင်​ငါ့​မှာ​ရှိ​၏။ ထို​ပြင်​ပ​လက္ခ​ဏာ​များ​ကို ကိုး​စား​နိုင်​သူ​တစ်​ဦး​တစ်​ယောက်​ရှိ​သည်​ဟု​ဆို ပါ​က ငါ့​မှာ​ထို​သူ​ထက်​ပို​၍​ကိုး​စား​နိုင်​စ​ရာ အ​ကြောင်း​ရှိ​၏။- \v 5 ငါ​သည်​ရှစ်​ရက်​မြောက်​သော​နေ့​၌​အ​ရေ​ဖျား လှီး​မင်္ဂလာ​ကို​ခံ​ယူ​လျက်​ဣ​သ​ရေ​လ​လူ​မျိုး ဗင်္ယာ​မိန်​အ​နွယ်​ဝင်၊ ဟေ​ဗြဲ​အ​မျိုး​သား​မိ​ဘ​များ​မှ ပေါက်​ဖွား​သူ​ဖြစ်​၏။ ပ​ညတ်​တ​ရား​စောင့်​ထိန်း​မှု​နှင့် ပတ်​သက်​၍​ဆို​သော်​ငါ​သည်​ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​ဖြစ်​၏။-\x + \xo 3:5 \xt တ၊ ၂၃:၆၊ ၂၆:၅။ ရော၊ ၁၁:၁။\x* \v 6 ဘာ​သာ​ရေး​စိတ်​အား​ထက်​သန်​မှု​ဘက်​၌​ဆို​သော် အ​သင်း​တော်​ကို​ညှဉ်း​ပန်း​နှိပ်​စက်​ခဲ့​သူ​ဖြစ်​၏။ ပ​ညတ်​တ​ရား​ကို​လိုက်​နာ​ကျင့်​သုံး​မှု​အ​ရ ဆို​သော်​ငါ​သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သူ​ဖြစ်​သည်။-\x + \xo 3:6 \xt တ၊ ၈:၃၊ ၂၂:၄၊ ၂၆:၉-၁၁။\x* \v 7 သို့​ရာ​တွင်​ထို​အ​ရာ​များ​သည်​ငါ့​အ​တွက်​အ​မြတ်​ဟု မှတ်​ယူ​နိုင်​သော်​လည်း ယ​ခု​အ​ခါ​ခ​ရစ်​တော်​၏​အ​တွက် ကြောင့်​အ​ရှုံး​ဟု​မှတ်​ယူ​၏။- \v 8-9 ထို​မျှ​မ​က​ငါ​၏​အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​ကို​သိ​ကျွမ်း ရ​ခြင်း​သည်​ထို​အ​ရာ​များ​နှင့်​အ​ရာ​ခပ်​သိမ်း​တို့​ထက် တန်​ခိုး​ရှိ​သည်​ဖြစ်​၍ ယင်း​တို့​ကို​ငါ့​အား​ရှုံး​စေ​သည့် အ​ရာ​များ​ဟူ​၍​မှတ်​ယူ​၏။ ငါ​သည်​ကိုယ်​တော်​အ​တွက် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​စွန့်​ပယ်​ခဲ့​၏။ ခ​ရစ်​တော်​ကို အ​မြတ်​ရ​နိုင်​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​နိုင်​ရန်​လည်း​ကောင်း​ထို​အ​ရာ များ​ကို​အ​မှိုက်​သ​ရိုက်​ကဲ့​သို့​ငါ​ထင်​မှတ်​၏။ ငါ​သည် ပညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း​အား​ဖြင့်​ဖြောင့်​မတ် ခြင်း​မ​ရ​ရှိ​ပေ။ ခ​ရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​အား ဖြင့်​သာ​လျှင်​ဖြောင့်​မတ်​ခြင်း​ကို​ရ​ရှိ​၏။ ထို​ကဲ့​သို့ သော​ဖြောင့်​မတ်​ခြင်း​သည်​ဘု​ရား​သ​ခင်​ပေး​သ​နား တော်​မူ​သော​ဖြောင့်​မတ်​ခြင်း​ဖြစ်​၍​ယုံ​ကြည်​ခြင်း အ​ပေါ်​တွင်​အ​ခြေ​ခံ​ပေ​သည်။- \v 10 ငါ​သည်​ခ​ရစ်​တော်​ကို​သိ​ကျွမ်း​ခြင်း၊ ထ​မြောက် ရှင်​ပြန်​တော်​မူ​ခြင်း​၏​တန်​ခိုး​တော်​ကို​ခံ​စား​ခြင်း၊ ခ​ရစ်​တော်​နှင့်​အ​တူ​ဆင်း​ရဲ​ဒုက္ခ​ခံ​ခြင်း၊ ကိုယ်​တော် အ​သေ​ခံ​တော်​မူ​ခြင်း​၌​ပါ​ဝင်​ခြင်း​တို့​ကို​သာ လို​ချင်​တောင့်​တ​၏။- \v 11 သို့​မှ​သာ​ငါ​ကိုယ်​တိုင်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် ခွင့်​ကို​ရ​မည်​ဟု​မျှော်​လင့်​နိုင်​ပေ​သည်။ \s1 ပန်း​တိုင်​သို့​ရှေး​ရှု​လျက်​ပြေး​ခြင်း \p \v 12 ငါ​သည်​အောင်​မြင်​မှု​ကို​ရ​ရှိ​ပြီ၊ အြုပစ်​ဆို​ဖွယ်​မ​ရှိ​သူ ဖြစ်​ပြီ​ဟု​မ​ဆို​လို။ သို့​ရာ​တွင်​ထို​ဆု​ကို​ငါ့​အား​ပေး ရန်​အ​တွက်​ခ​ရစ်​တော်​ယေ​ရှု​သည်​ငါ့​ကို​ဆွဲ​ဆောင် ရ​ရှိ​တော်​မူ​ပြီ​ဖြစ်​ရာ​ငါ​သည်​ထို​ဆု​ကို​ရ​ရှိ​နိုင်​ရန် ကြိုး​စား​လျက်​နေ​၏။- \v 13 ညီ​အစ်​ကို​တို့၊ ငါ​သည်​ထို​ဆု​ကို​ရ​ရှိ​ပြီ​ဟု​မ​ထင်​မှတ်။ ငါ​ပြု​သော​တစ်ခု​တည်း​သော​အ​ရာ​ကား​ငါ​သည်​နောက်​၌ ရှိ​သော​အ​ရာ​တို့​ကို​မေ့​ပစ်​ပြီး​လျှင်​ရှေ့​၌​ရှိ​သော​အ​ရာ တို့​သို့​ရောက်​ခြင်း​ငှာ​အ​စွမ်း​ကုန်​ကြိုး​စား​၏။- \v 14 သို့​ဖြစ်​၍​ငါ​သည်​ဆု​ကို​ရ​ရန်​ပန်း​တိုင်​သို့​ရှေး​ရှု လျက်​ပြေး​၏။ ထို​ဆု​ကား​အ​ထက်​အ​ရပ်​၌​အ​သက် ရှင်​ရေး​အ​တွက်​ခရစ်​တော်​ယေ​ရှု​အား​ဖြင့်​ဘု​ရား သ​ခင်​ဖိတ်​ခေါ်​တော်​မူ​ခြင်း​ပင်​ဖြစ်​သ​တည်း။ \p \v 15 ငါ​တို့​တွင်​ဝိညာဉ်​ရေး​ရင့်​ကျက်​သူ​တို့​သည် ဤ​စိတ် သ​ဘော​မျိုး​ထား​ရှိ​သင့်​ကြ​သည်။ အ​ကယ်​၍​အ​ချို့ တို့​သည်​ကွဲ​လွဲ​သော​စိတ်​သ​ဘော​ရှိ​ပါ​လျှင် ဘု​ရား သ​ခင်​သည်​ယင်း​တို့​ကို​ရှင်း​လင်း​ဖော်​ပြ​တော်​မူ လိမ့်​မည်။- \v 16 မည်​သို့​ပင်​ဖြစ်​စေ၊ ငါ​တို့​သည်​မိမိ​တို့​ယ​နေ့​တိုင် အောင်​လိုက်​လျှောက်​ခဲ့​သည့်​ထုံး​စံ​အ​တိုင်း​ပြု​ကျင့် ကြ​ကုန်​စို့။ \p \v 17 ညီ​အစ်​ကို​တို့၊ သင်​တို့​အ​ပေါင်း​သည် ငါ့​ထံ​မှ​အ​တု ယူ​ကြ​လော့။ ငါ​တို့​ပြ​သော​စံ​န​မူ​နာ​ကောင်း​ကို လိုက်​ကြ​သူ​တို့​အား​ရှု​မှတ်​ကြ​လော့။-\x + \xo 3:17 \xt ၁ကော၊ ၄:၁၆၊ ၁၁:၁။\x* \v 18 ဤ​အ​ချက်​ကို​ကြိမ်​ဖန်​များ​စွာ​ငါ​ဖော်​ပြ​ဖူး​လေ​ပြီ။ ယ​ခု​လည်း​မျက်​ရည်​ဖြင့်​ထပ်​မံ​၍​ဖော်​ပြ​၏။ ခ​ရစ်​တော် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌ အ​သေ​ခံ​တော်​မူ​ခြင်း​တ​ရား တော်​နှင့်​ဆန့်​ကျင်​၍​ပြု​ကျင့်​သူ​လူ​အ​များ​ပင် ရှိ​ပေ​သည်။- \v 19 ထို​သူ​တို့​သည်​င​ရဲ​တွင်​လမ်း​ဆုံး​ကြ​လိမ့်​မည်။ သူ တို့​၏​ဘု​ရား​ကား မိ​မိ​တို့​ဝမ်း​ပေ​တည်း။ သူ​တို့​သည် ရှက်​ကြောက်​သင့်​သော​အ​ရာ​တို့​တွင် ဂုဏ်​ယူ​ဝါ​ကြွား ကြ​၏။ လော​က​အ​ရာ​တို့​ကို​သာ​စိတ်​စွဲ​လမ်း​ကြ​၏။- \v 20 ငါ​တို့​မူ​ကား​ကောင်း​ကင်​ဘုံ​နိုင်​ငံ​သား​များ​ဖြစ် သ​ဖြင့် ကောင်း​ကင်​ဘုံ​မှ​ငါ​တို့​၏​ကယ်​တင်​ရှင် သ​ခင်​ယေ​ရှု​ခ​ရစ်​ကြွ​လာ​တော်​မူ​မည်​ကို စောင့်​မျှော်​လျက်​ရှိ​ကြ​၏။- \v 21 ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို​မိ​မိ​၏​အာ​ဏာ စက်​အောက်​တွင်​ရောက်​စေ​တော်​မူ​သော​တန်​ခိုး​တော် အား​ဖြင့် ငါ​တို့​၏​သေ​ကြေ​ပျက်​စီး​တတ်​သော​ကိုယ် ခန္ဓာ​ကို​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​ကိုယ်​ခန္ဓာ တော်​နှင့်​တူ​အောင် ပြောင်း​လဲ​စေ​တော်​မူ​လိမ့်​မည်။ \c 4 \s1 ညွှန်​ကြား​ချက်​များ \p \v 1 ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​အား​ငါ​အ​လွန်​ချစ် ၍​လွမ်း​ဆွတ်​ပါ​သည်။ ငါ​သည်​သင်​တို့​ကို​အ​ကြောင်း ပြု​၍​လွန်​စွာ​ဝမ်း​မြောက်​၍​ဂုဏ်​ယူ​ဝါ​ကြွား​ပါ​၏။ ချစ်​သော​ညီ​အစ်​ကို​တို့၊ ငါ​တို့​ဆို​ခဲ့​သည့်​အ​တိုင်း ကြံ့​ခိုင်​စွာ​ရပ်​တည်​ကြ​လော့။ \p \v 2 ဧ​ဝေါ​ဒိ​နှင့်​သုန္တုတ်​တို့၊ သ​ခင်​ဘု​ရား​၏​တပည့် တော်​မ​များ​ပီ​သ​စွာ​စိတ်​သ​ဘော​ညီ​ညွတ်​မှု ရှိ​ကြ​ရန်​ငါ​တောင်း​ပန်​ပါ​၏။- \v 3 ငါ​၏​ရဲ​ဘော်​စစ်​ဖြစ်​သူ၊ သင်​သည်​လည်း ထို အ​မျိုး​သ​မီး​တို့​ကို​ကူ​ညီ​မ​စ​ပါ​လော့။ သူ တို့​သည်​သ​တင်း​ကောင်း​ကြေ​ညာ​ရာ​တွင်​ငါ နှင့်​အ​တူ​အ​ထူး​ကြိုး​စား​အား​ထုတ်​လုပ် ဆောင်​သူ​များ​ဖြစ်​ကြ​၏။ ထို​သို့​လုပ်​ဆောင် ခဲ့​သူ​များ​တွင်​က​လေ​မင်​နှင့်​တ​ကွ ဘု​ရား သ​ခင်​၏​အ​သက်​စာ​စောင်​စာ​ရင်း​တွင်​ပါ ရှိ​သူ အ​ခြား​ငါ​၏​လုပ်​ဖော်​ဆောင်​ဘက်​များ လည်း​ပါ​ဝင်​၏။ \p \v 4 သင်​တို့​သည်​သ​ခင်​ဘု​ရား​နှင့် တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​လျက်​ဝမ်း​မြောက်​ကြ​လော့။ တစ်​ဖန် ငါ​ဆို​သည်​ကား ဝမ်း​မြောက်​ကြ​လော့။ \p \v 5 သင်​တို့​၏​နူး​ညံ့​သိမ်​မွေ့​သော​စိတ်​သ​ဘော​ကို လူ​အ​ပေါင်း​တို့​အား​မြင်​စေ​ကြ​လော့။ သ​ခင် ဘု​ရား​ကြွ​လာ​တော်​မူ​ချိန်​နီး​ပေ​ပြီ။- \v 6 အ​ဘယ်​အ​မှု​ကို​မျှ​မ​စိုး​ရိမ်​ဘဲ​ခပ်​သိမ်း သော​အ​မှု​တို့​တွင်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၍ ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​သင်​တို့​လို​သော အ​ရာ​များ​ကို​ဘု​ရား​သ​ခင်​အား​လျှောက် ထား​ကြ​လော့။- \v 7 ထို​သို့​ပြု​လျှင်​လူ့​ဉာဏ်​ဖြင့်​ကြံ​ဆ​နား​လည် ရန်​မ​စွမ်း​နိုင်​သော​ဘု​ရား​သ​ခင်​၏​ငြိမ်​သက် ခြင်း​သည် ခ​ရစ်​တော်​ယေ​ရှု​နှင့်​သင်​တို့​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​သော​အား​ဖြင့် သင်​တို့ ၏​စိတ်​နှ​လုံး​နှင့်​အ​ကြံ​အ​စည်​များ​ကို ကွယ်​ကာ​စောင့်​ရှောက်​လိမ့်​မည်။ \p \v 8 ညီ​အစ်​ကို​တို့၊ နိ​ဂုံး​ချုပ်​အ​နေ​ဖြင့်​ပြော​ရ လျှင် သင်​တို့​သည်​မှန်​ကန်​သော​အ​ရာ၊ မွန်​မြတ် သော​အ​ရာ၊ လျောက်​ပတ်​သော​အ​ရာ၊ ဖြူ​စင် သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ အ​သ​ရေ ရှိ​သော​အ​ရာ​တည်း​ဟူ​သော​ကောင်း​မြတ်​၍ ချီး​မွမ်း​ဖွယ်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို နှ​လုံး​သွင်း​ကြ​လော့။- \v 9 ငါ​၏​ထံ​တွင်​သင်​ကြား​မြင်​ခဲ့​သ​မျှ​ကို​ပြု ကျင့်​ကြ​လော့။ သို့​ပြု​လျှင်​ငါ​တို့​အား​ငြိမ် သက်​ခြင်း​ကို​ပေး​တော်​မူ​သော​ဘု​ရား​သ​ခင် သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​လိမ့်​မည်။ \s1 အ​လှူ​ပစ္စည်း​များ​ကို​လက်​ခံ​ရ​ရှိ​သ​ဖြင့် ကျေး​ဇူး​တင်​ခြင်း \p \v 10 ဤ​မျှအ​ချိန်​ကာ​လ​ကြာ​ညောင်း​ပြီး​မှ​သင်​တို့ သည် ငါ့​အား​မိ​မိ​တို့​၏​မေတ္တာ​စေ​တ​နာ​ကို​တစ် ဖန်​ပြန်​၍​ပြ​သ​ကြ​သည့်​အ​တွက် ငါ​သည် သ​ခင်​ဘု​ရား​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သူ တစ်​ဦး​အ​နေ​ဖြင့်​အ​လွန်​ပင်​ဝမ်း​မြောက်​ပါ​၏။ ယ​ခင်​အ​ခါ​က​သင်​တို့​သည်​ငါ​၏​အ​ပေါ် တွင်​မေတ္တာ​စေ​တ​နာ​မ​ထား​ဘဲ​နေ​ခဲ့​ကြ သည်​ဟု​ငါ​မ​ဆို​လို​ပါ။ ထို​မေတ္တာ​စေ​တ​နာ ကို​ပြ​သ​နိုင်​ခွင့်​မ​ရ​ခဲ့​ကြောင်း​ကို​သာ ဆို​လို​ပါ​၏။- \v 11 ငါ့​အား​သင်​တို့​လျစ်​လူ​ရှု​၍​ထား​ကြ​လေ ပြီ​ဟု​ယူ​ဆ​သ​ဖြင့် ဤ​စကား​ကို​ပြော​ဆို​ရ ခြင်း​လည်း​မ​ဟုတ်​ပါ။ ငါ​သည်​မိ​မိ​တွင်​ရှိ သ​မျှ​နှင့်​ရောင့်​ရဲ​စွာ​နေ​တတ်​ရန်​သင်​ယူ ထား​ပြီး​ဖြစ်​သည်။- \v 12 ငါ​သည်​ငတ်​မွတ်​သည်​ဖြစ်​စေ၊ ဝ​စွာ​စား​ရ သည်​ဖြစ်​စေ၊ ချို့​တဲ့​မှု​ရှိ​သည်​ဖြစ်​စေ၊ ပို​လျှံ မှု​ရှိ​သည်​ဖြစ်​စေ၊ မည်​သည့်​အ​ခြေ​အ​နေ၊ မည်​သည့်​အ​ရပ်​၌​နေ​ရ​သည်​မ​ဆို​ကျေ​နပ် ရောင့်​ရဲ​တတ်​ရန်​သင်​ယူ​ထား​ပြီး​ဖြစ်​၏။- \v 13 ခ​ရစ်​တော်​ထံ​မှ​ရ​ရှိ​သည့်​စွမ်း​ရည်​အား​ဖြင့် ငါ​သည်​မည်​သည့်​အ​ခြေ​အ​နေ​မျိုး​ကို​မ​ဆို ရင်​ဆိုင်​နိုင်​၏။ \p \v 14 သို့​ရာ​တွင်​ငါ​အ​ခက်​အ​ခဲ​တွေ့​ကြုံ​ရ​ချိန်​၌ သင်​တို့​ငါ့​ကို​ကူ​ညီ​ကြ​သော​အား​ဖြင့်​ကောင်း မွန်​စွာ​ပြု​ပြီ။- \v 15 အ​ချင်း​ဖိ​လိပ္ပိ​အ​သင်း​တော်​သား​တို့၊ ငါ​သည် မာ​ကေ​ဒေါ​နိ​ပြည်​မှ​ထွက်​ခွာ​၍ သ​တင်း​ကောင်း ကို​စ​တင်​ကြေ​ညာ​သော​အ​ခါ​၌ သင်​တို့ အ​သင်း​တော်​တစ်​ပါး​တည်း​က​သာ​လျှင်​ငါ့ အား​ကူ​ညီ​ခဲ့​ကြောင်း၊ အ​မှု​တော်​ဆောင်​လုပ် ငန်း​တွင်​သင်​တို့​က​သာ​လျှင် ငါ​နှင့်​အ​တူ ဖက်​စပ်​အ​ဖြစ်​နှင့်​အ​ရှုံး​အ​မြတ်​ရှိ​လျက် လုပ်​ဆောင်​ခဲ့​ကြ​ကြောင်း​ကို သင်​တို့​ကိုယ် တိုင်​ကောင်း​စွာ​သိ​ကြ​၏။-\x + \xo 4:15 \xt ၂ကော၊ ၁၁:၉။\x* \v 16 သက်​သာ​လော​နိတ်​မြို့​တွင်​ရှိ​စဉ်​အ​ခါ​က ငါ လို​သော​အ​ကူ​အ​ညီ​ကို​သင်​တို့​သည်​တစ် ကြိမ်​မ​က​ပေး​ပို့​ခဲ့​ကြ​ပေ​သည်။-\x + \xo 4:16 \xt တ၊ ၁၇:၁။\x* \v 17 ဤ​သို့​ဆို​သော်​ငါ​သည်​အ​လှူ​ကို​ခံ​ယူ​လို​၍ မ​ဟုတ်။ သင်​တို့​၏​ငွေ​စာ​ရင်း​တွင်​အ​မြတ်​တိုး လာ​စေ​ရန်​ငါ​အ​လို​ရှိ​၏။- \v 18 သင်​တို့​ပေး​ပို့​လိုက်​သော​အ​လှူ​ပ​စ္စည်း​အား လုံး​ကို​ရ​ရှိ​ကြောင်း ဤ​တွင်​ဖော်​ပြ​ပါ​သည်။ ထို​အ​လှူ​ပ​စ္စည်း​များ​ကို​ဧ​ပ​ဖြော​ဒိတ်​ယူ လာ​ပေး​သ​ဖြင့် ငါ​လို​သ​မျှ​ရ​ရှိ​ပေ​ပြီ။ ထို အ​ရာ​တို့​သည်​မွှေး​ကြိုင်​သော​ပူ​ဇော်​သ​ကာ၊ ဘု​ရား​သ​ခင်​လက်​ခံ​နှစ်​သက်​တော်​မူ သော​ယဇ်​ကဲ့​သို့​ဖြစ်​ပါ​၏။-\x + \xo 4:18 \xt ထွ၊ ၂၉:၁၈။\x* \v 19 ငါ​၏​ဘု​ရား​သ​ခင်​သည်​စည်း​စိမ်​ချမ်း​သာ ကြွယ်​ဝ​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​အား ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် သင်​တို့​လို​သ​မျှ သော​အ​ရာ​တို့​ကို​ပေး​သ​နား​တော်​မူ​ပါ စေ​သော။- \v 20 ငါ​တို့​၏​အဖ​ဘု​ရား​သ​ခင်​သည်​ကမ္ဘာ​အ​ဆက် ဆက် ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။ \s1 နောက်​ဆုံး​နှုတ်​ဆက်​စ​ကား \p \v 21 ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​များ​ဖြစ်​ကြ သော​ခ​ရစ်​တော်​ယေ​ရှု​၏​နောက်​လိုက်​တ​ပည့် တော်​အ​ပေါင်း​တို့​အား​နှုတ်​ဆက်​လိုက်​ပါ​၏။ ငါ​နှင့်​အ​တူ​ရှိ​ကြ​သည့်​ညီ​အစ်​ကို​များ က​သင်​တို့​အား​နှုတ်​ဆက်​လိုက်​ပါ​သည်။- \v 22 ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့ က​နှုတ်​ဆက်​လိုက်​ပါ​၏။ အ​ထူး​သ​ဖြင့်​ကဲ​သာ ဘု​ရင်​၏​နန်း​တော်​ရှိ​ညီ​အစ်​ကို​များ​က နှုတ်​ဆက်​လိုက်​ပါ​၏။ \p \v 23 သင်​တို့​အ​ပေါင်း​သည်​သ​ခင်​ယေ​ရှု​ခ​ရစ်​၏ ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော။ ဖိ​လိပ္ပိ​သြ​ဝါ​ဒ​စာ​ပြီး​၏။