\id NUM Myanmar Common Language Bible \h တော​လည် \toc1 တော​လည်​ရာ​ကျမ်း \toc2 တော​လည် \mt1 တော​လည်​ရာ​ကျမ်း \is1 နိ​ဒါန်း \ip ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သိ​နာ​တောင်​ပေါ်​မှ​ထွက်​ခွာ​လာ​၍ သူ​တို့​အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​မည်​ဟု​က​တိ​ထား​သည့်​ခါ​နာန်​ပြည်​၏​အ​ရှေ့​ဘက်​နယ်​စပ်​သို့​ရောက်​ရှိ​သည်​အ​ထိ နှစ်​ပေါင်း​လေး​ဆယ်​နီး​ပါး​ခန့်​ကြာ​သည့်​ခ​ရီး​အ​ကြောင်း​ကို​တော​လည်​ရာ​ကျမ်း​တွင်​ဖော်​ပြ​သည်။ ဤ​ကျမ်း​၏​ပေါ်​လွင်​သော​အ​ချက်​မှာ​သူ​တို့​ခ​ရီး​စ​၍ မ​ထွက်​မီ​သိ​နာ​တောင်​၌​လည်း​ကောင်း၊ လူ​မျိုး​ဆက်​တစ်​ဆက်​ခန့်​လွန်​ပြီး​နောက်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ မော​ဘ​လွင်​ပြင်​၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန်း​ခေါင်​စာ​ရင်း​ကို​ကောက်​ယူ​ခြင်း​ဖြစ်​သည်။ သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​ခြင်း​နှစ်​ကြိမ်​စပ်​ကြား​ကာ​လ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ခါ​နာန်​ပြည်​၏​တောင်​ဘက်​နယ်​စပ်​တွင်​တည်​ရှိ​သော ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​သို့​ရောက်​ရှိ​နေ​သော်​လည်း ခါ​နာန်​ပြည်​ထဲ​သို့​ထို​အ​ရပ်​မှ​မ​ဝင်​ရောက်​နိုင်​ခဲ့​ကြ​ချေ။ သူ​တို့​သည်​ယင်း​အ​ရပ်​တွင်​နှစ်​ပေါင်း​များ​စွာ​နေ​ထိုင်​ကြ​ပြီး​နောက် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ဒေ​သ​သို့​ရောက်​ရှိ​ပြီး​လျှင်​လူ​အ​ချို့​တို့​သည် ထို​ဒေ​သ​၌​အ​ခြေ​ချ​နေ​ထိုင်​၍ ကျန်​လူ​တို့​သည်​ခါ​နာန်​ပြည်​ထဲ​သို့​မြစ်​ကို​ကူး​၍​ဝင်​ရောက်​ရန်​ပြင်​ဆင်​ကြ​သည်။ \ip တော​လည်​ရာ​ကျမ်း​တွင်​ဆင်း​ရဲ​ဒုက္ခ​နှင့်​တွေ့​ကြုံ​ရ​သော​အ​ခါ စိတ်​ပျက်​ကြောက်​ရွံ့​လွယ်​၍​ဘု​ရား​သ​ခင်​အား​လည်း​ကောင်း၊ သူ​တို့​ကို​ဦး​ဆောင်​ရန်​ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​သော​မော​ရှေ​အား​လည်း​ကောင်း မ​ကြာ​ခ​ဏ​ပုန်​ကန်​တတ်​သော​လူ​မျိုး​အ​ကြောင်း​ကို​ဖော်​ပြ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​အား​နည်း​ချက်​နှင့်​နား​မ​ထောင်​တတ်​သော​သ​ဘော​ရှိ​သော်​လည်း ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​စောင့်​ရှောက်​မြဲ​စောင့်​ရှောက်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ တစ်​ခါ​တစ်​ရံ​သည်း​ညည်း​မ​ခံ​နိုင်​လောက်​အောင်​စိတ်​ပျက်​စ​ရာ​များ​နှင့်​တွေ့​ကြုံ​ရ​သော်​လည်း မော​ရှေ​သည်​ဘု​ရား​သ​ခင်​နှင့်​ကိုယ်​တော်​၏​လူ​မျိုး​တော်​တို့​အ​ပေါ်​၌​ထား​ရှိ​သော​သစ္စာ​အ​ကြောင်း​ကို​လည်း​ကောင်း ဤ​ကျမ်း​၌​ဖော်​ညွှန်း​ထား​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သိ​နာ​တောင်​မှ​ထွက်​ခွာ​သွား​ရန်​ပြင်​ဆင်​ကြ​ခြင်း​၁:၁-၉:၂၃ \io2 (က) ပ​ထ​မ​ဦး​ဆုံး​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​ခြင်း ၁:၁-၄:၄၉ \io2 (ခ) ပ​ညတ်​များ​နှင့်​ဥ​ပ​ဒေ​များ ၅:၁-၈:၂၆ \io2 (ဂ) ဒု​တိ​ယ​ပ​သ​ခါ​ပွဲ​တော် ၉:၁-၂၃ \io1 သိ​နာ​တောင်​မှ​မော​ဘ​လွင်​ပြင်​သို့ ၁၀:၁-၂၁:၃၅ \io1 မော​ဘ​လွင်​ပြင်​၌​တွေ့​ကြုံ​ရ​သော​အ​ဖြစ်​အ​ပျက်​များ ၂၂:၁-၃၂:၄၂ \io1 အီ​ဂျစ်​ပြည်​မှ​မော​ဘ​လွင်​ပြင်​အ​ထိ​ခရီး​စဉ်​အ​ကျဉ်း​ချုပ် ၃၃:၁-၄၉ \io1 ယော်​ဒန်​မြစ်​ကို​မ​ဖြတ်​ကူး​မီ​ပေး​သော​ပ​ညတ်​များ ၃၃:၅၀-၃၆:၁၃ \c 1 \s1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ပ​ထ​မ​ဦး​ဆုံး​သန်း​ခေါင်​စာ​ရင်း​ကောက်​ခြင်း \p \v 1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ပြီး​နောက် ဒု​တိ​ယ​နှစ်၊ ဒု​တိ​ယ​လ၊ ပ​ထ​မ​နေ့​ရက်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တော​ကန္တာ​ရ​ရှိ​စံ​တော်​မူ​ရာ​တဲ​တော်​၌​မော​ရှေ​အား​အောက်​ပါ​အ​တိုင်း​မိန့်​တော်​မူ​၏။-\x + \xo 1:1 \xt တော၊ ၂၆:၁-၅၁။\x* \v 2-3 ``သင်​နှင့်​အာ​ရုန်​သည်​ဣ​သ​ရေလ​အ​မျိုး​သား​တို့​၏​သန်း​ခေါင်​စာ​ရင်း​ကို သား​ချင်း​စု​နှင့်​မိ​သား​စု​အ​လိုက်​ကောက်​ယူ​ရ​မည်။ စစ်​မှု​ထမ်း​နိုင်​သူ​အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​အ​ရွယ်​ရှိ အ​မျိုး​သား​အား​လုံး​၏​နာ​မည်​စာ​ရင်း​ကို​ကောက်​ယူ​လော့။- \v 4 အ​နွယ်​တစ်​နွယ်​စီ​မှ​သား​ချင်း​စု​အ​ကြီး​အ​ကဲ​တစ်​ဦး​ကို သင်​တို့​အား​ကူ​ညီ​စေ​လော့'' ဟု​မိန့်​တော်​မူ​၏။- \v 5-16 သင်​တို့​နှင့်​အ​တူ​ကူ​ညီ​၍ အ​မှု​ကို​ဆောင်​ရ​သော​သူ​ဟူ​မူ​ကား၊ \tr \th1 အ​နွယ် \th2 သား​ချင်း​စု​အ​ကြီး​အ​ကဲ \tr \tc1 ရု​ဗင် \tc2 ရှေ​ဒု​ရ​၏​သား​ဧ​လိ​ဇု​ရ \tr \tc1 ရှိ​မောင် \tc2 ဇု​ရိ​ရှဒ္ဒဲ​၏​သား​ရှေ​လု​မျေ​လ \tr \tc1 ယု​ဒ \tc2 အ​မိ​န​ဒပ်​၏​သား​နာ​ရှုန် \tr \tc1 ဣ​သ​ခါ \tc2 ဇု​အာ​၏​သား​နာ​သ​နေ​လ \tr \tc1 ဇာ​ဗု​လုန် \tc2 ဟေ​လုန်​၏​သား​ဧ​လျာ​ဘ \tr \tc1 ဧ​ဖ​ရိမ် \tc2 အ​မိ​ဟုဒ်​၏​သား​ဧ​လိ​ရှ​မာ \tr \tc1 မ​နာ​ရှေ \tc2 ပေ​ဒါ​ဇု​ရ​၏​သား​ဂါ​မ​လျေ​လ \tr \tc1 ဗင်္ယာ​မိန် \tc2 ဂိ​ဒေါ​နိ​၏​သား​အ​ဘိ​ဒန် \tr \tc1 ဒန် \tc2 အ​မိ​ရှဒ္ဒဲ​၏​သား​အ​ဟေ​ဇာ \tr \tc1 အာ​ရှာ \tc2 သြ​က​ရန်​၏​သား​ပါ​ဂျေ​လ \tr \tc1 ဂဒ် \tc2 ဒွေ​လ​၏​သား​ဧ​လျာ​သပ် \tr \tc1 န​ဿ​လိ \tc2 ဧ​နန်​၏​သား​အ​ဟိ​ရ \p \v 17 မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ထို​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​၏​အ​ကူ​အ​ညီ​ဖြင့်၊- \v 18-19 ဒု​တိ​ယ​လ၊ ပ​ထ​မ​နေ့​ရက်​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​အား​လုံး​ကို​စု​ရုံး​လာ​စေ​၍ သား​ချင်း​စု​နှင့်​မိ​သား​စု​အ​လိုက်​စာ​ရင်း​ကောက်​ယူ​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​အ​ရွယ်​ရှိ​သော​အ​မျိုး​သား​အား​လုံး​တို့​ကို စာ​ရင်း​ကောက်​၍​မှတ်​တမ်း​တင်​လေ​သည်။ မော​ရှေ​သည်​သိ​နာ​တော​ကန္တာ​ရ​ထဲ​တွင်​လူ​များ​ကို​စာ​ရင်း​ကောက်​ယူ​ခဲ့​၏။- \v 20-46 ယာ​ကုပ်​၏​သား​ဦး​ဖြစ်​သူ​ရု​ဗင်​၏​အ​နွယ်​မှ​အ​စ​ပြု​၍ စစ်​မှု​ထမ်း​နိုင်​သူ​အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​အ​ရွယ်​ရှိ​အ​မျိုး​သား​အား​လုံး​တို့​ကို သား​ချင်း​စု​နှင့်​မိ​သား​စု​အ​လိုက်​စာ​ရင်း​ကောက်​ယူ​လေ​၏။ စု​စု​ပေါင်း​လူ​ဦး​ရေ​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ \tr \th1 အနွယ် \th2 ဦးရေ \tr \tc1 ရု​ဗင် \tc2 ၄၆၅၀၀ \tr \tc1 ရှိ​မောင် \tc2 ၅၉၃၀၀ \tr \tc1 ဂဒ် \tc2 ၄၅၆၅၀ \tr \tc1 ယု​ဒ \tc2 ၇၄၆၀၀ \tr \tc1 ဣသ​ခါ \tc2 ၅၄၄၀၀ \tr \tc1 ဇာ​ဗု​လုန် \tc2 ၅၇၄၀၀ \tr \tc1 ဧ​ဖ​ရိမ် \tc2 ၄၀၅၀၀ \tr \tc1 မ​နာ​ရှေ \tc2 ၃၂၂၀၀ \tr \tc1 ဗင်္ယာ​မိန် \tc2 ၃၅၄၀၀ \tr \tc1 ဒန် \tc2 ၆၂၇၀၀ \tr \tc1 အာ​ရှာ \tc2 ၄၁၅၀၀ \tr \tc1 န​ဿ​လိ \tc2 ၅၃၄၀၀ \tr \tc1 စု​စု​ပေါင်း \tc2 ၆၀၃၅၅၀ \p \v 47 လူ​ဦး​ရေ​စာ​ရင်း​ကောက်​ယူ​ရာ​တွင် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​စာ​ရင်း​မ​ကောက်​ခဲ့​ချေ။- \v 48-49 အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား``သင်​သည်​စစ်​မှု​မ​ထမ်း​နိုင်​သူ​ဦး​ရေ​စာ​ရင်း​ကို​မ​ကောက်​နှင့်။- \v 50 စစ်​မှု​ထမ်း​စေ​မည့်​အ​စား​ကောက်​ယူ​ရာ​တွင်​လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို ငါ​စံ​တော်​မူ​ရာ​တဲ​တော်​နှင့်​တဲ​တော်​ပစ္စည်း​များ​ကို​ထိန်း​သိမ်း​စေ​လော့။ သူ​တို့​သည်​တဲ​တော်​နှင့်​တဲ​တော်​ပစ္စည်း​များ​ကို​သယ်​ဆောင်​ရ​မည်။ သူ​တို့​သည်​တဲ​တော်​တွင်​အ​မှု​တော်​ကို​ထမ်း​၍​တဲ​တော်​ပတ်​လည်​တွင်​စ​ခန်း​ချ​နေ​ထိုင်​ရ​မည်။- \v 51 သင်​တို့​သည်​စ​ခန်း​ပြောင်း​ရွှေ့​သည့်​အ​ခါ​တိုင်း​လေ​ဝိ​အ​မျိုး​သား​တို့​က တဲ​တော်​ကို​သိမ်း​၍​စခန်း​သစ်​ချ​ရာ​၌​တဲ​တော်​ကို​ပြန်​ထူ​ရ​မည်။ လေ​ဝိ​အ​မျိုး​သား​တို့​မှ​လွဲ​၍ အ​ခြား​သူ​တစ်​ဦး​သည် တဲ​တော်​အ​နီး​သို့​ချဉ်း​ကပ်​လျှင် ထို​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။- \v 52 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​စ​ခန်း​ချ​သော​အ​ခါ မိ​မိ​တို့​၏​တပ်​စု​အ​လိုက်၊ အ​ဖွဲ့​အ​လိုက်၊ မိ​မိ​တို့​၏​အ​လံ​အ​နား​မှာ​နေ​ရာ​ယူ​ရ​မည်။- \v 53 တစ်​စုံ​တစ်​ယောက်​သည်​တဲ​တော်​အ​နီး​သို့​ချဉ်း​ကပ်​မိ​လျှင် ငါ​သည်​အ​မျက်​ထွက်​၍​တစ်​မျိုး​သား​လုံး​ကို​ဒဏ်​ခတ်​မည်​ဖြစ်​သည်။ သို့​ဖြစ်​၍​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​တဲ​တော်​ကို​စောင့်​ကြပ်​ရန်​တဲ​တော်​ပတ်​လည်​တွင်​စ​ခန်း​ချ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။- \v 54 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​အ​မိန့်​ပေး​တော်​မူ​သည့်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လိုက်​နာ​ဆောင်​ရွက်​ကြ​၏။ \c 2 \s1 အ​နွယ်​လိုက်​စ​ခန်း​ချ​ပုံ \p \v 1 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့​အား အောက်​ပါ​ညွှန်​ကြား​ချက်​များ​ကို​ပေး​တော်​မူ​၏။- \v 2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​စ​ခန်း​ချ​သော​အ​ခါ လူ​တိုင်း​မိ​မိ​တပ်​နှင့်​ဆိုင်​သော​အ​လံ​နှင့် မိ​မိ​သား​ချင်း​စု​နှင့်​ဆိုင်​သော​အ​လံ​အ​နီး​တွင်​နေ​ရာ​ယူ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တဲ​တော်​ပတ်​လည်​တွင်​စ​ခန်း​ချ​ရ​မည်။ \p \v 3-9 အ​ရှေ့​ဘက်​မျက်​နှာ​တွင် ယု​ဒ​တပ်​နှင့်​ဆိုင်​သော​အ​လံ​အ​နီး​တွင် အောက်​ဖော်​ပြ​ပါ​အ​တိုင်း​အ​စု​လိုက်​မိ​မိ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​စ​ခန်း​ချ​ရ​မည်။ \tr \th1 အ​နွယ် \th2 ခေါင်း​ဆောင် \th3 ဦး​ရေ \tr \tc1 ယု​ဒ \tc2 အ​မိ​န​ဒပ်​၏​သား​နာ​ရှုန် \tcr3 ၇၄၆၀၀ \tr \tc1 ဣ​သ​ခါ \tc2 ဇု​အာ​၏​သား​နာ​သ​နေ​လ \tcr3 ၅၄၄၀၀ \tr \tc1 ဇာ​ဗု​လုန် \tc2 ဟေ​လုန်​၏​သား​ဧ​လျာ​ဘ \tcr3 ၅၇၄၀၀ \tr \tc2 စု​စု​ပေါင်း \tcr3 ၁၈၆၄၀၀ \p ယု​ဒ​တပ်​သည်​ရှေ့​ဆုံး​မှ​ချီ​တက်​ရ​မည်။ \p \v 10-16 တောင်​ဘက်​မျက်​နှာ​တွင်​ရု​ဗင်​တပ်​နှင့်​ဆိုင်​သော​အ​လံ​အ​နီး​တွင် အောက်​ဖော်​ပြ​ပါ​အ​တိုင်း​အ​စု​လိုက်​မိ​မိ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​စ​ခန်း​ချ​ရ​မည်။ \tr \th1 အ​နွယ် \th2 ခေါင်း​ဆောင် \th3 ဦး​ရေ \tr \tc1 ရု​ဗင် \tc2 ရှေ​ဒု​ရ​၏​သား​ဧ​လိ​ဇု​ရ \tcr3 ၄၆၅၀၀ \tr \tc1 ရှိ​မောင် \tc2 ဇု​ရိ​ရှဒ္ဒဲ​၏​သား​ရှေ​လု​မျေလ \tcr3 ၅၉၃၀၀ \tr \tc1 ဂဒ် \tc2 ဒွေ​လ​၏​သား​ဧ​လျာ​သပ် \tcr3 ၄၅၆၅၀ \tr \tc2 စု​စု​ပေါင်း \tcr3 ၁၅၁၄၅၀ \p ရု​ဗင်​တပ်​သည်​ဒု​တိ​ယ​နေ​ရာ​မှ​လိုက်​၍​ချီ​တက်​ရ​မည်။ \p \v 17 အ​ရှေ့​မှ​ချီ​တက်​သော​တပ်​နှစ်​တပ်​နှင့်​အ​နောက်​မှ ချီ​တက်​သော​တပ်​နှစ်​တပ်​တို့​၏​အ​ကြား​တွင် လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​တဲ​တော်​ကို​သယ်​ဆောင်​၍​ချီ​တက်​ရ​ကြ​မည်။ တပ်​တစ်​တပ်​စီ​သည်​စ​ခန်း​ချ​သည့်​အ​ခါ မိ​မိ​တို့​အ​လံ​အ​နီး​တွင်​နေ​ရာ​ယူ​သည့်​အ​စီ​အ​စဉ်​အ​တိုင်း​ချီ​တက်​ရ​မည်။ \p \v 18-24 အ​နောက်​ဘက်​မျက်​နှာ​တွင်​ဧ​ဖ​ရိမ်​တပ်​နှင့်​ဆိုင်​သော​အ​လံ​အ​နီး​တွင် အောက်​ဖော်​ပြ​ပါ​အ​တိုင်း​အစု​လိုက်​မိ​မိ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​စ​ခန်း​ချ​ရ​မည်။ \tr \th1 အ​နွယ် \th2 ခေါင်း​ဆောင် \th3 ဦး​ရေ \tr \tc1 ဧ​ဖ​ရိမ် \tc2 အ​မိ​ဟုဒ်​၏​သား​ဧ​လိ​ရှ​မာ \tcr3 ၄၀၅၀၀ \tr \tc1 မ​နာ​ရှေ \tc2 ပေ​ဒါ​ဇု​ရ​၏​သား​ဂါ​မ​လျေ​လ \tcr3 ၃၂၂၀၀ \tr \tc1 ဗင်္ယာ​မိန် \tc2 ဂိ​ဒေါ​နိ​၏​သား​အ​ဘိ​ဒန် \tcr3 ၃၅၄၀၀ \tr \tc2 စု​စု​ပေါင်း \tcr3 ၁၀၈၁၀၀ \p ဧ​ဖ​ရိမ်​တပ်​သည်​တ​တိ​ယ​နေ​ရာ​မှ​လိုက်​၍​ချီ​တက်​ရ​မည်။- \v 25-31 မြောက်​ဘက်​မျက်​နှာ​တွင်​ဒန်​၏​တပ်​နှင့်​ဆိုင်​သော​အ​လံ​အ​နီး​တွင် အောက်​ဖော်​ပြ​ပါ​အ​တိုင်း​အ​စု​လိုက်​မိ​မိ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​စ​ခန်း​ချ​ရ​မည်။ \tr \th1 အ​နွယ် \th2 ခေါင်း​ဆောင် \th3 ဦး​ရေ \tr \tc1 ဒန် \tc2 အ​မိ​ရှဒ္ဒဲ​၏​သား​အ​ဟေ​ဇာ \tcr3 ၆၂၇၀၀ \tr \tc1 အာ​ရှာ \tc2 သြ​က​ရန်​၏​သား​ပါ​ဂျေ​လ \tcr3 ၄၁၅၀၀ \tr \tc1 န​ဿ​လိ \tc2 ဧ​နန်​၏​သား​အ​ဟိ​ရ \tcr3 ၅၃၄၀၀ \tr \tc2 စု​စု​ပေါင်း \tcr3 ၁၅၇၆၀၀ \p ဒန်​၏​တပ်​သည်​နောက်​ဆုံး​နေ​ရာ​မှ​လိုက်​၍​ချီ​တက်​ရ​မည်။ \p \v 32 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​တပ်​အ​လိုက်​နှင့်​သား​ချင်း​စု​အ​လိုက်​လူ​ဦး​ရေ​စာ​ရင်း​စု​စု​ပေါင်း​မှာ​ခြောက်​သိန်း​သုံး​ထောင့်​ငါး​ရာ​ငါး​ဆယ်​ယောက်​ဖြစ်​သည်။- \v 33 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​စာ​ရင်း​ကောက်​၍​မှတ်​တမ်း​တင်​ထား​ခြင်း​မ​ရှိ​ချေ။ \p \v 34 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​နှင့်​သက်​ဆိုင်​ရာ​အ​လံ​အ​နီး​တွင်​စ​ခန်း​ချကြ​၏။ ချီ​တက်​သည့်​အ​ခါ​သား​ချင်း​စု​အ​လိုက်​ချီ​တက်​ကြ​၏။ \c 3 \s1 အာ​ရုန်​၏​သား​များ \p \v 1 ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ်​တွင် မော​ရှေ​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​သည့်​အ​ချိန် အ​ခါ​၌ အာ​ရုန်​နှင့်​မော​ရှေ​တို့​၏​မိ​သား​စု စာ​ရင်း​မှာ​ဤ​သို့​တည်း။- \v 2 အာ​ရုန်​တွင်​သား​ဦး​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ ဇာ​နှင့်​ဣ​သ​မာ​ဟူ​၍​သား​လေး​ယောက် ရှိ​၏။-\x + \xo 3:2 \xt တော၊ ၂၆:၆၀။\x* \v 3 သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဘိ​သိက် ခံ​ခဲ့​၍​ဆက်​ကပ်​ထား​သူ​များ​ဖြစ်​ကြ​၏။- \v 4 သို့​ရာ​တွင်​နာ​ဒပ်​နှင့်​အ​ဘိ​ဟု​တို့​သည်​သိ​နာ တော​ကန္တာ​ရ​တွင်​ထာ​ဝ​ရ​ဘု​ရား​အား​မ​ပူ​ဇော် အပ်​သော​မီး​ဖြင့်​ပူ​ဇော်​သော​ကြောင့်​သေ​ဆုံး​ခဲ့ ကြ​၏။ သူ​တို့​တွင်​သား​သ​မီး​များ​မ​ကျန်​ရစ် ခဲ့​ချေ။ ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့​သည်​အာ​ရုန် ၏​လက်​အောက်​တွင်​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​ကြ​ရ​သည်။\x + \xo 3:4 \xt ဝတ်၊ ၁၀:၁-၂။ တော၊ ၂၆:၆၁။\x* \s1 လေ​ဝိ​အ​နွယ်​ဝင်​တို့​အား ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​မှု​ထမ်း​များ အ​ဖြစ်​ခန့်​ထား​ခြင်း \p \v 5 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊- \m \v 6 ``လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ဆင့်​ခေါ်​၍​ယဇ်​ပု​ရော ဟိတ်​အာ​ရုန်​၏​လက်​အောက်​တွင်​အ​မှု​တော်​ဆောင် ရွက်​စေ​လော့။- \v 7 သူ​တို့​သည်​ငါ​စံ​တော်​မူ​ရာ​တဲ​တော်​နှင့်​ဆိုင် သော​အ​မှု​ကို​ဆောင်​ရွက်​ရ​မည်။ ယဇ်​ပု​ရော ဟိတ်​များ​၏​ဝတ္တ​ရား​များ​နှင့်​ဣသ​ရေ​လ တစ်​မျိုး​သား​လုံး​နှင့်​ဆိုင်​သော​ဝတ္တ​ရား​များ ကို​ဆောင်​ရွက်​ရ​မည်။- \v 8 သူ​တို့​သည်​တဲ​တော်​နှင့်​ဆိုင်​သော​ပစ္စည်း အား​လုံး​ကို​ထိန်း​သိမ်း​၍​ဣသ​ရေ​လ​အ​မျိုး သား​တို့​အ​တွက်​တဲ​တော်​တွင်​အ​မှု​ထမ်း ရ​မည်။- \v 9 လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​အ​ဋ္ဌိ​က​တာ​ဝန် မှာ​အာ​ရုန်​နှင့် သူ​၏​သား​တို့​လက်​အောက်​၌ အ​မှု​ထမ်း​ခြင်း​ဖြစ်​သည်။- \v 10 သင်​သည်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​အား​ယဇ် ပု​ရော​ဟိတ်​၏​ဝတ္တ​ရား​များ​ကို​ဆောင်​ရွက်​ခန့် ထား​ရ​မည်။ မ​ဆိုင်​သူ​က​ယဇ်​ပု​ရော​ဟိတ် ဝတ္တ​ရား​များ​ကို​ဝင်​ရောက်​ဆောင်​ရွက်​လျှင် ထို​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်'' ဟု​မိန့် တော်​မူ​၏။ \p \v 11-13 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``လေ​ဝိ အ​နွယ်​ဝင်​တို့​ကို​ငါ​ပိုင်​၏။ ငါ​သည်​အီ​ဂျစ် အ​မျိုး​သား​တို့​၏​သား​ဦး​အား​လုံး​ကို​သေ ဒဏ်​ခတ်​စဉ်​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား မိ​သား​စု​တိုင်း​မှ​သား​ဦး​နှင့်​တိ​ရစ္ဆာန်​သား ဦး​ပေါက်​တို့​ကို​ငါ့​အ​တွက်​ရွေး​ချယ်​ခဲ့​သည်။ ယ​ခု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး အ​စား​လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ငါ့​အ​တွက် ရွေး​ယူ​ပြီ။ သူ​တို့​ကို​ငါ​ပိုင်​၏။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​သည်'' ဟု မိန့်​တော်​မူ​၏။\x + \xo 3:11-13 \xt ထွ၊ ၁၃:၂။\x* \s1 လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​လူ​ဦး​ရေ​စာ​ရင်း \p \v 14 ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တော​ကန္တာ​ရ​တွင်၊- \v 15 လေ​ဝိ​အ​နွယ်​ဝင်​ထဲ​မှ​တစ်​လ​သား​အ​ရွယ် နှင့်​အ​ထက်​ရှိ​သူ​တိုင်း​ကို သား​ချင်း​စု​နှင့် မိ​သား​စု​အ​လိုက်​စာ​ရင်း​ကောက်​ရန်​အ​မိန့် ရှိ​တော်​မူ​သည့်​အ​တိုင်း၊- \v 16 မော​ရှေ​လိုက်​နာ​ဆောင်​ရွက်​လေ​၏။- \v 17-20 လေ​ဝိ​တွင်​ဂေ​ရ​ရှုန်၊ ကော​ဟတ်၊ မေ​ရာ​ရိ​ဟူ ၍​သား​သုံး​ယောက်​ရှိ​၏။ သူ​တို့​သည်​မိ​မိ​တို့ နာ​မည်​ခံ​သား​ချင်း​စု​တို့​၏​ဘိုး​ဘေး​များ ဖြစ်​ကြ​သည်။ ဂေ​ရ​ရှုန်​တွင်​လိ​ဗ​နိ​နှင့်​ရှိ​မိ ဟူ​၍​သား​နှစ်​ယောက်၊ ကော​ဟတ်​တွင်​အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ သြ​ဇေ​လ​ဟူ​၍​သား လေး​ယောက်၊ မေ​ရာ​ရိ​တွင်​မ​ဟာ​လိ​နှင့် မု​ရှိ ဟူ​၍​သား​နှစ်​ယောက်​အ​သီး​သီး​ရှိ​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​နာ​မည်​ခံ​မိ​သား​စု များ​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​၏။ \p \v 21 ဂေ​ရ​ရှုန်​၏​သား​ချင်း​စု​တွင်​လိ​ဗ​နိ​၏ မိ​သား​စု​နှင့်​ရှိ​မိ​၏​မိ​သား​စု​တို့​ပါ​ဝင်​၍၊- \v 22 အ​သက်​တစ်​လ​သား​အ​ရွယ်​နှင့်​အ​ထက်​ရှိ​သူ ယောကျာ်း​ဦး​ရေ​စု​စု​ပေါင်း​မှာ​ခု​နစ်​ထောင့်​ငါး ရာ​ဖြစ်​သည်။- \v 23 ယင်း​သား​ချင်း​စု​သည်​တဲ​တော်​၏​အ​နောက် ဘက်​မျက်​နှာ​တွင်​စ​ခန်း​ချ​ရ​မည်။- \v 24 သူ​တို့​၏​ခေါင်း​ဆောင်​မှာ​လေ​လ​၏​သား​ဧ​လျာ သပ်​ဖြစ်​သည်။- \v 25 သူ​တို့​သည်​တဲ​တော်​နှင့်​ဆိုင်​သော​အ​တွင်း​အ​မိုး၊ အ​ပြင်​အ​မိုး၊ တံ​ခါး​ဝ​ရှိ​ကန့်​လန့်​ကာ၊- \v 26 တဲ​တော်​ဝင်း​ကို​ကာ​ရံ​ထား​သော​ကန့်​လန့်​ကာ များ​နှင့်​တဲ​တော်​ဝင်း​တံ​ခါး​ရှိ​ကန့်​လန့်​ကာ ကို​ထိန်း​သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။ သူ​တို့​သည်​အ​ထက်​ပါ​ပစ္စည်း​များ​ကို​ထိန်း သိမ်း​စောင့်​ရှောက်​ရ​ကြ​သည်။ \p \v 27 ကော​ဟတ်​၏​သား​ချင်း​စု​တွင်​အာ​မ​ရံ​မိ​သား​စု၊ ဣ​ဇ​ဟာ​မိ​သား​စု၊ ဟေ​ဗြုန်​မိ​သား​စု၊ သြ​ဇေ​လ မိ​သား​စု​တို့​ပါ​ဝင်​၍၊- \v 28 အ​သက်​တစ်​လ​သား​အ​ရွယ်​နှင့်​အ​ထက်​ရှိ သူ​ယောကျာ်း​ဦး​ရေ စု​စု​ပေါင်း​မှာ​ရှစ်​ထောင့် ခြောက်​ရာ​ဖြစ်​သည်။- \v 29 ယင်း​သား​ချင်း​စု​သည်​တဲ​တော်​၏​တောင်​ဘက် မျက်​နှာ​တွင်​စ​ခန်း​ချ​ရ​မည်။- \v 30 သူ​တို့​၏​ခေါင်း​ဆောင်​မှာ​သြ​ဇေ​လ​၏​သား ဧ​လိ​ဇာ​ဖန်​ဖြစ်​သည်။- \v 31 သူ​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ၊ စား​ပွဲ၊ မီး​ခုံ​တိုင်၊ ယဇ်​ပလ္လင်​များ၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင် ယဇ်​ပု​ရော​ဟိတ်​များ​အ​သုံး​ပြု​သော​ခွက် ယောက်​များ​နှင့်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တံ​ခါး​ဝ​ရှိ​ကန့်​လန့်​ကာ​စ​သည်​တို့​ကို ထိန်း​သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။ သူ​တို့​သည်​အ​ထက်​ပါ​ပစ္စည်း​များ​ကို ထိန်း​သိမ်း​စောင့်​ရှောက်​ကြ​ရ​သည်။ \p \v 32 လေ​ဝိ​အ​မျိုး​သား​တို့​၏​အ​ကြီး​အ​ကဲ​မှာ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​၏​သား​ဧ​လာ​ဇာ ဖြစ်​သည်။ သူ​သည်​သန့်​ရှင်း​ရာ​ဌာ​န​တော် တွင်​တာ​ဝန်​ကျ​သူ​တို့​အား​ကြီး​ကြပ် ကွပ်​ကဲ​ရ​သည်။ \p \v 33 မေ​ရာ​ရိ​၏​သား​ချင်း​စု​တွင်​မ​ဟာ​လိ မိ​သား​စု​နှင့်​မု​ရှိ​မိ​သား​စု​ပါ​ဝင်​၍၊- \v 34 အ​သက်​တစ်​လ​သား​အ​ရွယ်​နှင့်​အ​ထက် ရှိ​သူ​ယောကျာ်း​ဦး​ရေ​စု​စု​ပေါင်း​မှာ ခြောက်​ထောင့်​နှစ်​ရာ​ဖြစ်​သည်။- \v 35 ယင်း​သား​ချင်း​စု​သည်​တဲတော်​၏​မြောက်​ဘက် မျက်​နှာ​တွင်​စ​ခန်း​ချ​ရ​မည်။ သူ​တို့​၏​ခေါင်း ဆောင်​မှာ​အ​ဘိ​ဟဲ​လ​၏​သား​ဇု​ရေ​လ ဖြစ်​သည်။- \v 36 သူ​တို့​သည်​တဲ​တော်​ဘောင်​များ၊ တန်း​များ၊ တိုင်​များ၊ အောက်​ခံ​ခုံ​များ​နှင့်​ယင်း​တို့​နှင့် စပ်​လျက်​ရှိ​သော​တန်​ဆာ​များ​တို့​ကို​ထိန်း သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။ သူ တို့​သည်​အ​ထက်​ပါ​ပစ္စည်း​များ​ကို​ထိန်း​သိမ်း စောင့်​ရှောက်​ရ​ကြ​သည်။- \v 37 သူ​တို့​သည်​တဲ​တော်​ဝင်း​ရှိ​တိုင်​များ၊ အောက်​ခံ ခုံ​များ၊ ကြက်​ဆူး​များ၊ ကြိုး​များ​ကို​လည်း ထိန်း​သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။ \p \v 38 မော​ရှေ၊ အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည်​တဲ တော်​အ​ရှေ့​ဘက်​မျက်​နှာ​တွင်​စ​ခန်း​ချ​ရ မည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင် ကိုး​ကွယ်​ဝတ်​ပြု​မှု​ဆိုင်​ရာ​ကိစ္စ​အ​ဝ​ဝ​တို့ ကို​ဆောင်​ရွက်​ရ​သည်။ မ​ဆိုင်​သူ​က​ဝင်​ရောက် ဆောင်​ရွက်​လျှင်​ထို​သူ​အား​သေ​ဒဏ်​စီ​ရင် ရမည်။- \v 39 ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း မော​ရှေ​သည်​အ​သက်​တစ်​လ​သား​အ​ရွယ် နှင့်​အ​ထက်​ရှိ​လေ​ဝိ​အ​နွယ်​ဝင်​ယောကျာ်း တို့​ကို​သား​ချင်း​စု​အ​လိုက်​စာ​ရင်း​ကောက် ယူ​ရာ လူ​ဦး​ရေ​စု​စု​ပေါင်း​နှစ်​သောင်း​နှစ် ထောင်​ရ​ရှိ​လေ​သည်။ \s1 သား​ဦး​တို့​အ​စား​လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို ဆက်​ကပ်​ခြင်း \p \v 40-41 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​သား​ဦး​ရှိ​သ​မျှ​တို့​သည် ငါ​နှင့်​ဆိုင်​၏။ သို့​ဖြစ်​၍​အ​သက်​တစ်​လ​သား အ​ရွယ်​နှင့်​အ​ထက်​ရှိ​သား​ဦး​အား​လုံး​တို့ ၏​နာ​မည်​စာ​ရင်း​ကို​ကောက်​ယူ​လော့။ သို့​ရာ တွင်​ထို​သူ​တို့​ကို​ငါ​ပိုင်​ဆိုင်​ရာ​အ​ဖြစ်​ရွေး ချယ်​မည့်​အ​စား​လေ​ဝိ​အ​နွယ်​ဝင်​အ​ပေါင်း တို့​ကို​ရွေး​ချယ်​၏။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။ ထို့​အ​ပြင်​သိုး​နွား​တိ​ရစ္ဆာန် သား​ဦး​ပေါက်​အား​လုံး​ကို​ငါ​ပိုင်​ဆိုင်​ရာ အ​ဖြစ်​ရွေး​ချယ်​မည့်​အ​စား​ငါ​သည်​လေ​ဝိ အ​နွယ်​ဝင်​တို့​၏​သိုး​နွား​တိ​ရစ္ဆာန်​တို့​ကို ငါ​ရွေး​ချယ်​၏'' ဟု​မိန့်​တော်​မူ​၏။- \v 42 မော​ရှေ​သည်​ထာ​ဝ​ရ​ဘုရား​၏​အ​မိန့်​တော် အ​တိုင်း၊- \v 43 အ​သက်​တစ်​လ​သား​အ​ရွယ်​နှင့်​အ​ထက်​ရှိ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး​များ ကို​စာ​ရင်း​ကောက်​ယူ​ရာ​စု​စု​ပေါင်း​နှစ်​သောင်း နှစ်​ထောင့်​နှစ်​ရာ​ခု​နစ်​ဆယ့်​သုံး​ယောက်​ရှိ​၏။ \p \v 44 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊- \v 45 ``ယ​ခု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား ဦး​အ​ပေါင်း​တို့​အ​စား​လေ​ဝိ​အ​မျိုး​သား တို့​ကို​ငါ့​အား​ဆက်​ကပ်​လော့။ လေ​ဝိ​အ​မျိုး သား​တို့​၏​သိုး​နွား​တိ​ရစ္ဆာန်​သား​ဦး​ပေါက် တို့​ကို​လည်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​သိုး​နွား​တိ​ရစ္ဆာန်​သား​ဦး​ပေါက်​တို့​အ​စား ငါ့​အား​ဆက်​ကပ်​လော့။- \v 46 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး အ​ရေ​အ​တွက်​သည်​လေ​ဝိ​အ​မျိုး​သား​ဦး ရေ​ထက်​နှစ်​ရာ​ခု​နစ်​ဆယ့်​သုံး​ယောက်​ပို​သော ကြောင့်​ပို​များ​သော​ဦး​ရေ​ကို​ရွေး​ယူ​ရ​မည်။- \v 47 တစ်​ဦး​လျှင်​တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ ငွေ​သား​ငါး​ကျပ်​ဖြင့်​ရွေး​ယူ​ရ​မည်။- \v 48 ထို​ငွေ​ကို​အာ​ရုန်​နှင့်​သူ​၏​သား​တို့​လက်​သို့ ပေး​အပ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။- \v 49 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် အ​တိုင်း​ရ​ရှိ​သော၊- \v 50 ငွေ​သား​တစ်​ထောင့်​သုံး​ရာ​ခြောက်​ဆယ့်​ငါး ကျပ်​ကို၊- \v 51 အာ​ရုန်​နှင့်​သူ​၏​သား​တို့​အား​ပေး​အပ်​လေ သည်။ \c 4 \s1 လေ​ဝိ​အ​နွယ်​ဝင်​ကော​ဟတ်​သား​ချင်း​စု​၏ တာ​ဝန်​များ \p \v 1 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊ \m \v 2 ``လေ​ဝိ​အ​နွယ်​ဝင်​ကော​ဟတ်​၏​သား​ချင်း​စု​တွင်၊ \m \v 3 အ​သက်​သုံး​ဆယ်​မှ​ငါး​ဆယ်​အ​ထိ​ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တွင် အ​မှု​တော် ဆောင်​နိုင်​မည့်​အ​မျိုး​သား​အား​လုံး​တို့​ကို ဘိုး​ဘေး​ဆွေ​မျိုး​ဘက်​မှ​မိ​သား​စု​အ​လိုက် စာ​ရင်း​ကောက်​ယူ​လော့။- \v 4 သူ​တို့​သည်​အ​လွန်​သန့်​ရှင်း​သော​အ​ရာ​များ နှင့်​စပ်​လျဉ်း​သည့်​အ​မှု​ကို​ဆောင်​ရွက်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 5 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​အောက်​ပါ ညွှန်​ကြား​ချက်​များ​ကို​ပေး​တော်​မူ​၏။ စ​ခန်း သိမ်း​ချိန်​ရောက်​လျှင်​အာ​ရုန်​နှင့်​သူ​၏​သား​တို့ သည်​တဲ​တော်​ထဲ​သို့​ဝင်​၍ ပ​ဋိ​ညာဉ်​သေတ္တာ တော်​ရှေ့​တွင်​ရှိ​သော​ကန့်​လန့်​ကာ​ကို​ဖြုတ် ပြီး​လျှင်​၎င်း​နှင့်​သေတ္တာ​တော်​ကို​အုပ်​ရ​မည်။- \v 6 ကန့်​လန့်​ကာ​အ​ပေါ်​တွင်​နူး​ညံ့​သော​သား​ရေ ဖုံး​အုပ်​ပြန်​၍ ထို​အ​ပေါ်​တွင်​အ​ပြာ​ထည်​ကို ထပ်​မံ​၍​အုပ်​ရ​မည်။ ထို​နောက်​ထမ်း​ပိုး​များ ကို​ကွင်း​များ​တွင်​လျှို​သွင်း​ရ​မည်။ \p \v 7 ထာ​ဝ​ရ​ဘု​ရား​အား​မုန့်​တင်​လှူ​၍ ပူ​ဇော် သော​စား​ပွဲ​တော်​ပေါ်​တွင်​အ​ပြာ​ထည်​ကို ဖြန့်​ခင်း​၍​လင်​ပန်း​များ၊ နံ့​သာ​ပေါင်း​ခွက် များ၊ ဖ​လား​များ၊ စ​ပျစ်​ရည်​ခ​ရား​များ ကို​တင်​ရ​မည်။ တင်​လှူ​ပူ​ဇော်​သော​မုန့်​ကို လည်း​စား​ပွဲ​တော်​ပေါ်​တွင်​အ​မြဲ​ရှိ​စေ​ရ မည်။- \v 8 ထို​ပစ္စည်း​များ​အား​လုံး​တို့​ကို​အ​နီ​ထည် ဖြင့်​ဖုံး​အုပ်​၍ ထို​အ​နီ​ထည်​ပေါ်​တွင်​နူး​ညံ့ သော​သား​ရေ​ထည်​ဖြင့်​ဖုံး​အုပ်​ရ​မည်။ ထို နောက်​ထမ်း​ပိုး​များ​ကို​ကွင်း​များ​တွင် လျှို​ထား​ရ​မည်။ \p \v 9 မီး​ခုံ​တိုင်​နှင့်​ဆိုင်​ရာ​မီး​ခွက်​များ၊ မီး​ညှပ် များ၊ မီး​ခံ​ခွက်​များ​နှင့်​သံ​လွင်​ဆီ​ခွက်​စ သည်​တို့​ကို​အ​ပြာ​ထည်​ဖြင့်​ဖုံး​အုပ်​ရ​မည်။- \v 10 မီး​ခုံ​တိုင်​နှင့်​ဆိုင်​ရာ​ပစ္စည်း​အား​လုံး​တို့​ကို နူး​ညံ့​သော​သား​ရေ​ထည်​ဖြင့်​ထုပ်​ပြီး​လျှင် ထမ်း​စင်​ပေါ်​သို့​တင်​ရ​မည်။ \p \v 11 ရွှေ​ယဇ်​ပလ္လင်​ကို​အ​ပြာ​ထည်​ဖြင့်​ဖုံး​ပြီး​လျှင် အ​ပြာ​ထည်​အ​ပေါ်​တွင်​နူး​ညံ့​သော​သား​ရေ ထည်​ဖြင့်​အုပ်​ထား​ရ​မည်။ ထို​နောက်​ထမ်း​ပိုး များ​ကို​လျှို​ထား​ရ​မည်။- \v 12 သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​တွင်​အ​သုံး​ပြု သော​ခွက်​ယောက်​အား​လုံး​ကို​အ​ပြာ​ထည် ဖြင့်​ထုပ်​၍ အ​ပြာ​ထည်​အ​ပေါ်​၌​နူး​ညံ့ သော​သား​ရေ​ထည်​ဖြင့်​ဖုံး​အုပ်​ပြီး​လျှင် ထမ်း​စင်​ပေါ်​သို့​တင်​ရ​မည်။- \v 13 ယဇ်​ပလ္လင်​မှ​အ​ဆီ​နှင့်​ပြာ​ကို​ရှင်း​လင်း​ပြီး လျှင် ပလ္လင်​ကို​ခ​ရမ်း​ရောင်​အ​ထည်​ဖြင့်​ဖုံး အုပ်​ထား​ရ​မည်။- \v 14 ထို​အ​ပေါ်​တွင်​ယဇ်​ပလ္လင်​နှင့်​ဆိုင်​သော မီး​ခံ​ခွက်၊ ချိတ်၊ ဂေါ်​ပြား၊ ဖ​လား​စ​သော​အ​သုံး​အ​ဆောင် ပစ္စည်း​အား​လုံး​တို့​ကို​တင်​ထား​ရ​မည်။ ထို​နောက် ပလ္လင်​အ​သုံး​အ​ဆောင်​ပစ္စည်း​များ​ကို နူး​ညံ့ သော​သား​ရေ​ထည်​ဖြင့်​ဖုံး​အုပ်​၍​ထမ်း​ပိုး များ​ကို​လျှို​ထား​ရ​မည်။- \v 15 စခန်း​သိမ်း​ချိန်​ရောက်​၍​အာ​ရုန်​နှင့်​သူ​၏​သား များ​က သန့်​ရှင်း​သော​အ​သုံး​အ​ဆောင်​ပစ္စည်း အား​လုံး​တို့​ကို​ဖုံး​အုပ်​ပြီး​မှ​သာ​လျှင် ကော ဟတ်​၏​သား​ချင်း​စု​တို့​သည်​လာ​၍​ထို​ပစ္စည်း များ​ကို​ထမ်း​ရ​ကြ​မည်။ ကော​ဟတ်​၏​သား ချင်း​စု​တို့​သည်​ထို​ပစ္စည်း​များ​ကို​လက်​နှင့် မ​ထိ​ရ။ ထိ​မိ​လျှင်​အ​သက်​သေ​ဆုံး​ရ ကြ​မည်။ \p တဲ​တော်​ကို​ပြောင်း​ရွှေ့​သည့်​အ​ခါ​တိုင်း ကော​ဟတ်​၏​သား​ချင်း​စု​တို့​သည်​အ​ဆို ပါ​တာ​ဝန်​များ​ကို​ထမ်း​ဆောင်​ကြ​ရ​မည်။ \p \v 16 ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​၏​သား​ဧ​လာ​ဇာ သည်​တဲ​တော်​အ​တွက်​လည်း​ကောင်း၊ မီး​ခွက် ဆီ၊ နံ့​သာ​ပေါင်း၊ ဘော​ဇဉ်​သ​ကာ၊ ဘိ​သိက် ဆီ​မှ​စ​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် ထား​သော​တဲ​တော်​ပစ္စည်း​ရှိ​သ​မျှ​ကို​လည်း ကောင်း​တာ​ဝန်​ယူ​ရ​မည်။ \p \v 17 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား၊ \m \v 18-19 ``ကော​ဟတ်​၏​သား​ချင်း​စု​တို့​ကို​အ​လွန်​သန့်​ရှင်း သော​ပစ္စည်း​များ​အ​နီး​သို့​မ​ချဉ်း​ကပ်​စေ​နှင့်။ ထို အ​ဖြစ်​မျိုး​မ​ဆိုက်​ရောက်​စေ​ရန်​အာ​ရုန်​နှင့်​သူ ၏​သား​တို့​သည်​တဲ​တော်​ထဲ​သို့​ဝင်​၍​လူ​အ​သီး သီး​ဆောင်​ရွက်​ရ​မည့်​တာ​ဝန်​နှင့်​ထမ်း​ရ​မည့် ဝန်​တို့​ကို​ခန့်​ခွဲ​ပေး​ရ​မည်။- \v 20 ကော​ဟတ်​၏​သား​ချင်း​စု​တို့​သည်​တဲတော်​ထဲ သို့​ဝင်​၍​သန့်​ရှင်း​သော​ပစ္စည်း​များ​ကို​ခေတ္တ မျှ​ကြည့်​မိ​လျှင်​အ​သက်​သေ​ဆုံး​ရ​ကြ မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 လေ​ဝိ​အ​နွယ်​ဝင်​ဂေ​ရ​ရှုန်​သား​ချင်း​စု​တို့​၏ ဝတ္တရား​များ \p \v 21 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊ \m \v 22-23 လေ​ဝိ​အ​နွယ်​ဝင်​ဂေ​ရ​ရှုန်​၏​သား​ချင်း​စု​တို့ မှ​အ​သက်​သုံး​ဆယ်​နှင့်​ငါး​ဆယ်​အ​တွင်း​ရှိ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​၌​အ​မှု ထမ်း​ဆောင်​နိုင်​မည့်​ယောကျာ်း​တို့​ကို ဘိုး​ဘေး​ဆွေ မျိုး​ဘက်​မှ​မိ​သား​စု​အ​လိုက်​စာ​ရင်း​ကောက် ယူ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။- \v 24-25 သူ​တို့​တာ​ဝန်​မှာ၊- တဲ​တော်၊ တဲ​တော်​အောက်​ခံ အ​မိုး၊ အ​ပြင်​အ​မိုး၊ နူး​ညံ့​သော​အ​ပေါ်​ဆုံး ထပ်​သား​ရေ​မိုး၊- \v 26 တဲ​တော်​တံ​ခါး​ဝ​ကန့်​လန့်​ကာ၊ တဲ​တော်​နှင့် ယဇ်​ပလ္လင်​ပတ်​လည်​ရှိ​ကန့်​လန့်​ကာ​များ​နှင့် ကြိုး​များ၊ တဲ​တော်​ဝင်း​ပေါက်​ကန့်​လန့်​ကာ များ​အ​စ​ရှိ​သည်​တို့​ကို​လည်း​ကောင်း၊ ထို ပစ္စည်း​များ​ကို​တပ်​ဆင်​ရာ​၌​အ​သုံး​ပြု သော​တန်​ဆာ​ပ​လာ​အား​လုံး​တို့​ကို​လည်း ကောင်း​သယ်​ဆောင်​ရန်​ဖြစ်​သည်။ သူ​တို့​သည် ထို​ပစ္စည်း​များ​နှင့်​ဆိုင်​၍ ဆောင်​ရွက်​ရန်​ရှိ သ​မျှ​တို့​ကို​တာ​ဝန်​ယူ​ရ​မည်။- \v 27 ဂေ​ရ​ရှုန်​သား​ချင်း​စု​တို့​သည်​အာ​ရုန်​နှင့် သူ ၏​သား​များ​သတ်​မှတ်​ပေး​သော​ဝတ္တ​ရား​များ နှင့်​သယ်​ဆောင်​မှု​ရှိ​သ​မျှ​ကို​ဆောင်​ရွက်​ရန် မော​ရှေ​နှင့်​အာ​ရုန်​တို့​က​ကြပ်​မတ်​ပေး​ရ​မည်။- \v 28 ဤ​သည်​တို့​ကား​တဲ​တော်​တွင်​ဂေ​ရ​ရှုန်​သား​ချင်း စု​တို့​ဆောင်​ရွက်​ရ​မည့်​တာ​ဝန်​များ​ဖြစ်​သည်။ သူ တို့​သည်​ယဇ်ပု​ရော​ဟိတ်​အာ​ရုန်​၏​သား​ဣ​သ​မာ ညွှန်​ကြား​သည့်​အ​တိုင်း​ဆောင်​ရွက်​ရ​ကြ​မည်။ \s1 လေ​ဝိ​အ​နွယ်​ဝင်​မေ​ရာ​ရိ​သား​ချင်း​စု​တို့​၏ ဝတ္တရား​များ \p \v 29 ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ဝိ​အ​နွယ်​ဝင် မေ​ရာ​ရိ​၏​သား​ချင်း​စု​တွင်၊- \v 30 အ​သက်​သုံး​ဆယ်​နှင့်​ငါး​ဆယ်​အ​တွင်း​ရှိ ၍​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​၌ အ​မှု​ထမ်း​ဆောင်​နိုင်​မည့်​ယောကျာ်း​တို့​ကို ဘိုး ဘေး​ဆွေ​မျိုး​ဘက်​မှ​မိ​သား​စု​အ​လိုက် စာ​ရင်း​ကောက်​ယူ​ရန် မော​ရှေ​အား​အ​မိန့် ပေး​တော်​မူ​၏။- \v 31 သူ​တို့​သည်​တဲ​တော်​သစ်​သား​ဘောင်​များ၊ တန်း များ၊ တိုင်​များ​နှင့်​အောက်​ခံ​ခုံ​များ​ကို​လည်း ကောင်း၊- \v 32 တဲ​တော်​ဝင်း​ပတ်​လည်​ရှိ​တိုင်​များ၊ အောက်​ခံ​ခုံ များ၊ ကြက်​ဆူး​များ​နှင့်​ကြိုး​များ​ကို​လည်း ကောင်း၊ ထို​ပစ္စည်း​များ​ကို​တပ်​ဆင်​ရာ​၌​အ​သုံး ပြု​သော​တန်​ဆာ​ပ​လာ​အား​လုံး​တို့​ကို လည်း​ကောင်း​သယ်​ဆောင်​ရ​မည်။ လူ​တိုင်း မိ​မိ​အ​တွက်​သတ်​မှတ်​ပေး​သော​ပစ္စည်း ကို​သယ်​ဆောင်​ရ​မည်။- \v 33 ဤ​သည်​တို့​သည်​ကား​တဲ​တော်​တွင်​မေ​ရာ​ရိ သား​ချင်း​စု​တို့​ဆောင်​ရွက်​ရ​မည့်​တာ​ဝန်​များ ဖြစ်​သည်။ သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အာ​ရုန် ၏​သား​ဣ​သ​မာ​ညွှန်​ကြား​သည့်​အ​တိုင်း ဆောင်​ရွက်​ကြ​ရ​မည်။ \s1 လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​ဦး​ရေ​စာ​ရင်း \p \v 34-48 ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း မော​ရှေ၊ အာ​ရုန်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား ခေါင်း​ဆောင်​တို့​သည်​လေ​ဝိ​သား​ချင်း​စု​သုံး စု​ဖြစ်​သော​ကော​ဟတ်​သား​ချင်း​စု၊ ဂေ​ရ​ရှုန် သား​ချင်း​စု​နှင့်​မေ​ရာ​ရိ​သား​ချင်း​စု​တို့ တွင်​အ​သက်​သုံး​ဆယ်​နှင့်​ငါး​ဆယ်​အ​တွင်း ရှိ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် တွင်​အ​မှု​ထမ်း​ဆောင်​နိုင်​မည့်​ယောကျာ်း​တို့ ကို​ဘိုး​ဘေး​ဆွေ​မျိုး​များ​ဘက်​မှ မိ​သား​စု အ​လိုက်​ကောက်​ယူ​ရ​ရှိ​သော​လူ​ဦး​ရေ စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ \tr \th1 သား​ချင်း​စု \th2 လူ​ဦး​ရေ \tr \tc1 ကော​ဟတ် \tcr2 ၂၇၅၀ \tr \tc1 ဂေ​ရ​ရှုန် \tcr2 ၂၆၃၀ \tr \tc1 မေ​ရာ​ရိ \tcr2 ၃၂၀၀ \tr \tc1 စု​စု​ပေါင်း \tcr2 ၈၅၈၀ \p \v 49 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​တော်​မူ သည့်​အ​တိုင်း လေ​ဝိ​အ​မျိုး​သား​တစ်​ယောက်​စီ တို့​ကို​စာ​ရင်း​ကောက်​ယူ​၍ သူ​တို့​အ​သီး​သီး ဆောင်​ရွက်​ရ​မည့်​ဝတ္တ​ရား​နှင့်​သယ်​ဆောင်​ရ မည့်​တာ​ဝန်​ကို​ခွဲ​ခန့်​ပေး​လေ​သည်။ \c 5 \s1 မ​သန့်​စင်​သူ​များ \p \v 1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊ \m \v 2 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ကိုယ်​ရေ ပြား​ရော​ဂါ​စွဲ​သော​သူ​သို့​မ​ဟုတ်​ရိ​နာ​စွဲ သော​သူ၊ လူ​သေ​ကောင်​နှင့်​ထိ​မိ​သ​ဖြင့်​မ​သန့် စင်​သော​သူ​တို့​ကို စ​ခန်း​အ​ပြင်​သို့​နှင်​ထုတ် ရန်​ဆင့်​ဆို​လော့။- \v 3 ငါ​၏​လူ​မျိုး​တော်​နှင့်​အ​တူ​ငါ​ရှိ​ရာ​စ​ခန်း ကို​မ​ညစ်​ညူး​စေ​ရန် ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​မ​သန့်​စင်​သူ​တို့​ကို​စ​ခန်း​အ​ပြင်​သို့ နှင်​ထုတ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။- \v 4 ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မ​သန့်​စင် သူ​တို့​ကို​စ​ခန်း​အ​ပြင်​သို့​နှင်​ထုတ်​လိုက် ကြ​၏။ \s1 မ​တော်​မ​တ​ရား​မှု​အ​တွက်​လျော်​ကြေး \p \v 5-6 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​လိုက်​နာ​ရန် အောက်​ပါ​ညွှန်​ကြား​ချက်​များ ကို​မော​ရှေ​အား​ပေး​တော်​မူ​၏။ တစ်​စုံ​တစ်​ယောက် သည်​အ​ခြား​သူ​တစ်​ဦး​အား မ​တော်​မ​တ​ရား ပြု​၍​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​ကို ချိုး​ဖောက်​လျှင်၊- \v 7 ထို​သူ​သည်​မိ​မိ​၏​အ​ပြစ်​ကို​ဝန်​ချ​တောင်း​ပန် ၍ မ​တော်​မ​တ​ရား​ပြု​ခြင်း​ခံ​ရ​သူ​အား​လျော် ကြေး​အ​ပြည့်​အ​ပြင် နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​ထပ် ဆောင်း​ပေး​ရ​မည်။- \v 8 အ​ကယ်​၍​လျော်​ကြေး​လက်​ခံ​မည့်​သူ​သည် သေ​ဆုံး​၍​ဆွေ​မျိုး​သား​ချင်း​မ​ကျန်​ရစ်​လျှင် လျော်​ကြေး​ကို​ယဇ်​ပု​ရော​ဟိတ်​အ​တွက်​ထာ​ဝ​ရ ဘု​ရား​ထံ​ဆက်​သ​ရ​မည်။ အ​ပြစ်​ကူး​လွန်​သူ သည်​လျော်​ကြေး​အ​ပြင် သန့်​စင်​ခြင်း​ဝတ် အ​တွက်​သိုး​ထီး​ကို​လည်း​ပေး​ဆောင်​ရ မည်။-\x + \xo 5:8 \xt ဝတ်၊ ၆:၁-၇။\x* \v 9 ယဇ်​ပု​ရော​ဟိတ်​မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​က ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​သော အ​ထူး​အ​လှူ​ဒါ​န​ရှိ​သ​မျှ​ကို​ယဇ်​ပု​ရော ဟိတ်​ပိုင်​သည်။- \v 10 ယဇ်​ပု​ရော​ဟိတ်​သည်​မိ​မိ​အား​လှူ​သ​မျှ​တို့ ကို​ပိုင်​၏။ \s1 မျောက်​မ​ထား​သော​ဇ​နီး \p \v 11-14 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား အောက်​ပါ​ညွှန်​ကြား ချက်​များ​ကို​ပေး​တော်​မူ​၏။ ခင်​ပွန်း​သည်​တစ်​ဦး သည်​မိ​မိ​၏​ဇ​နီး​သစ္စာ​ဖောက်​၍ အ​ခြား​ယောကျာ်း နှင့်​ပြစ်​မှား​ခဲ့​သည်​ဟု​ခင်​ပွန်း​သည်​က​မ​ယုံ သင်္ကာ​ဖြစ်​အံ့။ သို့​သော်​လည်း​ဇ​နီး​သည်​ထို အ​မှု​ကို​လျှို့​ဝှက်​ထား​၍​သော်​လည်း​ကောင်း၊ မျက်​မြင်​သက်​သေ​မ​ရှိ​၍​သော်​လည်း​ကောင်း၊ လက်​ပူး​လက်​ကြပ်​မ​မိ​၍​သော်​လည်း​ကောင်း ခင်​ပွန်း​က​အ​တိ​အ​ကျ​မ​စွပ်​စွဲ​နိုင်။ သို့ တည်း​မ​ဟုတ်​ဇ​နီး​သည်​အ​ခြား​သူ​တစ်​ဦး နှင့်​မ​ဖောက်​ပြန်​သော်​လည်း ခင်​ပွန်း​သည်​က မ​ယား​အား​မ​ယုံ​သင်္ကာ​ဖြစ်​အံ့။- \v 15 မည်​သို့​ပင်​ဖြစ်​စေ၊ ခင်​ပွန်း​သည်​ဇ​နီး​ကို​ယဇ် ပု​ရော​ဟိတ်​ထံ​သို့​ခေါ်​ဆောင်​သွား​ရ​မည်။ သူ သည်​ပူ​ဇော်​သ​ကာ​အ​ဖြစ် မု​ယော​မုန့်​ညက် နှစ်​ပေါင်​ကို​လည်း​ယူ​ခဲ့​ရ​မည်။ သို့​ရာ​တွင် ပူ​ဇော်​သကာ​သည်​မ​ယုံ​သင်္ကာ​သ​ဖြင့် အ​မှန် တ​ရား​ကို​ဖော်​ထုတ်​ရန်​ဖြစ်​သော​ကြောင့် သူ သည်​မုန့်​ညက်​ပေါ်​တွင်​သံ​လွင်​ဆီ​ကို​မ လောင်း​ရ၊ နံ့​သာ​ပေါင်း​ကို​လည်း​မ​တင်​ရ။ \p \v 16 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အ​မျိုး​သ​မီး​ကို ယဇ်​ပလ္လင်​ရှေ့​သို့​သွား​၍​ရပ်​နေ​စေ​ရ​မည်။- \v 17 သူ​သည်​မြေ​အိုး​တွင်​ရေ​သန့်​ကို​ထည့်​၍ ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တ​လင်း​မှ​မြေ မှုန့်​အ​နည်း​ငယ်​ကို​ယူ​ပြီး​လျှင် ထို​ရေ​အိုး ထဲ​သို့​ထည့်​ရ​မည်။- \v 18 ထို​နောက်​သူ​သည်​အ​မျိုး​သ​မီး​ဆံ​ပင်​ကို ဖြေ​၍ ပူ​ဇော်​သကာ​မုန့်​ညက်​ကို​သူ့​လက်​ထဲ သို့​ထည့်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​ကျိန်​စာ သင့်​စေ​သော ရေ​ခါး​ပါ​ရှိ​သည့်​အိုး​ကို​လက် ထဲ​တွင်​ကိုင်​ထား​ရ​မည်။- \v 19 ထို​နောက်​သူ​သည်​အ​မျိုး​သ​မီး​အား​ဤ​သို့ ကျိန်​စာ​တိုက်​ရ​မည်။ ``သင်​သည်​အ​ခြား​သော ယောကျာ်း​နှင့်​မ​ဖောက်​ပြန်​မ​ကူး​လွန်​ခဲ့​သည် ရှိ​သော် ဤ​သစ္စာ​ရေ​ကြောင့်​ကျ​ရောက်​မည့်​ဘေး ဒဏ်​နှင့်​ကင်း​လွတ်​ပါ​စေ​သား။- \v 20 သို့​သော်​သင်​သည်​သစ္စာ​ဖောက်​ခဲ့​လျှင်၊ \m \v 21 သင်​သည်​သင်​၏​လူ​မျိုး​အ​တွက်​အ​မင်္ဂ​လာ ဖြစ်​ပါ​စေ​သား။ သင်​၏​မိန်း​မ​အင်္ဂါ​တို့​သည် ခြောက်​ကပ်​လာ​၍ သင်​၏​ဝမ်း​ဗိုက်​သည်​ဖောင်း ပွ​လာ​လိမ့်​မည်။- \v 22 ဤ​ရေ​သည်​သင်​၏​ဝမ်း​ထဲ​သို့​ရောက်​၍​ဝမ်း ဗိုက်​ကို​ဖောင်း​ပွ​လာ​စေ​လျက် သင်​၏​မိန်း​မ အင်္ဂါ​ကို​ခြောက်​ကပ်​စေ​လိမ့်​မည်။ \p ထို​အ​ခါ​အ​မျိုး​သ​မီး​က``ဤ​သစ္စာ​တည်​ပါ စေ​သော'' ဟု​ဝန်​ခံ​ရ​မည်။ \p \v 23 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် ထို​ကျိန်​စာ​ကို ရေး​သား​၍​စာ​ကို​ရေ​ခါး​ထဲ​တွင်​ချေ​ဖျက် ရ​မည်။- \v 24 အ​မျိုး​သ​မီး​အား ပြင်း​ပြ​သော​ဝေ​ဒ​နာ ဖြစ်​စေ​နိုင်​မည့်​ရေ​ကို​မ​တိုက်​မီ၊- \v 25 ယဇ်​ပု​ရော​ဟိတ်​သည် အ​မျိုး​သ​မီး​၏​လက်​ထဲ​မှ မုန့်​ညက်​ကို​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် ပြီး​လျှင် ယဇ်​ပလ္လင်​ပေါ်​သို့​တင်​ရ​မည်။- \v 26 ထို​နောက်​သူ​သည်​မုန့်​ညက်​လက်​တစ်​ဆုပ်​စာ​မျှ​ကို ယူ​၍ ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ နောက် ဆုံး​တွင်​ယဇ်​ပု​ရော​ဟိတ်​သည် အ​မျိုး​သ​မီး​အား သစ္စာ​ရေ​ကို​သောက်​စေ​ရ​မည်။- \v 27 အ​မျိုး​သ​မီး​သည်​အ​ခြား​ယောကျာ်း​နှင့်​ဖောက် ပြန်​ကူး​လွန်​ခဲ့​လျှင် သူ​သည်​ဝေ​ဒ​နာ​ပြင်း​ပြ စွာ​ခံ​ရ​၍ သူ​၏​ဝမ်း​ဗိုက်​သည်​ဖောင်း​ပွ​လာ​လျက် သူ​၏​မိန်း​မ​အင်္ဂါ​သည်​လည်း​ခြောက်​ကပ်​လာ​လိမ့် မည်။ သူ​သည်​မိ​မိ​လူ​မျိုး​အ​တွက်​အ​မင်္ဂ​လာ ဖြစ်​လိမ့်​မည်။- \v 28 သို့​ရာ​တွင်​အ​မျိုး​သ​မီး​သည် ကူး​လွန်​မှု​မ​ရှိ ခဲ့​သော် ဘေး​မ​သင့်​ဘဲ​သား​သ​မီး​မွေး​ဖွား နိုင်​စွမ်း​ရှိ​လိမ့်​မည်။ \p \v 29-30 အ​ဆို​ပါ​ပ​ညတ်​သည်​ကား​ခင်​ပွန်း​သည်​က မိ​မိ​ဇ​နီး​ဖောက်​ပြန်​သည်​ဟူ​၍​မ​ယုံ​သင်္ကာ ဖြစ်​သည့်​အ​ခါ​၌ လိုက်​နာ​ရ​သော​ပ​ညတ်​ဖြစ် သည်။ ယဇ်​ပု​ရော​ဟိတ်​သည် အ​မျိုး​သ​မီး​ကို ယဇ်​ပလ္လင်​ရှေ့​တွင်​ရပ်​စေ​၍ ဤ​ပ​ညတ်​အ​တိုင်း စစ်​ဆေး​စီ​ရင်​ရ​မည်။- \v 31 ခင်​ပွန်း​သည်​ပြစ်​မှု​ကင်း​စေ​ရ​မည်။ သို့​ရာ တွင်​ဇ​နီး​သည်​ပြစ်​မှု​ကူး​လွန်​လျှင် အ​ပြစ် အ​လျောက်​ဒဏ်​ခံ​စေ​ရ​မည်။ \c 6 \s1 နာ​ဇ​ရိ​ဂိုဏ်း​ဝင်​တို့​လိုက်​နာ​ရ​မည့်​ပ​ညတ်​များ \p \v 1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အောက်​ပါ ညွှန်​ကြား​ချက်​များ​ကို​ပေး​တော်​မူ​၏။- \v 2 ယောကျာ်း​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ နာ​ဇ​ရိ​ဂိုဏ်း ဝင်​အ​ဖြစ်​ဖြင့်​အ​ထူး​အ​ဋ္ဌိ​ဋ္ဌာန်​ပြု​၍ မိ​မိ ကိုယ်​ကို​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​လျှင်၊- \v 3 ထို​သူ​သည်​သေ​ရည်​သေ​ရက်​ကို​ရှောင်​ကြဉ်​ရ မည်။ သူ​သည်​စ​ပျစ်​ရည်​ကို​မ​သောက်​ရ၊ စ​ပျစ် သီး​စိမ်း​သို့​မ​ဟုတ်​စ​ပျစ်​ခြောက်​ကို​မ​စား ရ။-\x + \xo 6:3 \xt လု၊ ၁:၁၅။\x* \v 4 သူ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​အ​ဖြစ်​ဖြင့်​ရှိ​နေ သ​မျှ​ကာ​လ​ပတ်​လုံး​စ​ပျစ်​သီး​စေ့၊ စ​ပျစ် သီး​ခွံ​မှ​စ​၍​စ​ပျစ်​ပင်​မှ​ရ​သ​မျှ​ကို​မ စား​ရ။ \p \v 5 သူ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​အ​ဖြစ်​အ​ဋ္ဌိ​ဋ္ဌာန် ပြု​ထား​သည့်​ကာ​လ​အ​တွင်း မိ​မိ​၏​ဆံ​ပင် ကို​မ​ဖြတ်​ရ၊ မ​ရိတ်​ရ။ သူ​သည်​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​ကပ်​ထား​သည့်​အ​ဋ္ဌိ​ဋ္ဌာန် ကာ​လ​အ​တွင်း မိ​မိ​၏​ဆံ​ပင်​နှင့်​မုတ်​ဆိတ် မွေး​ကို​မ​ဖြတ်​မ​ရိတ်​ရ။- \v 6-7 သူ​၏​ဆံ​ပင်​သည်​မိ​မိ​ကိုယ်​ကို ဘု​ရား​သ​ခင် အား​ဆက်​ကပ်​သော​အ​မှတ်​လက္ခ​ဏာ​ဖြစ်​သည်။ ထို​ကြောင့်​သူ​သည်​မိ​မိ​ကိုယ်​ကို​မ​ညစ်​ညမ်း စေ​ရန်​လူ​သေ​အ​လောင်း​အ​နီး​သို့​မ​ချဉ်း ကပ်​ရ။ မိ​ဘ၊ ညီ​အစ်​ကို၊ နှ​မ​သေ​သော် လည်း​မ​ချဉ်း​ကပ်​ရ။- \v 8 သူ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​ဖြစ်​သည့်​ကာ​လ ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ထား သူ​ဖြစ်​သည်။ \p \v 9 နာ​ဇ​ရိ​ဂိုဏ်း​ဝင်​တစ်​ယောက်​၏​အ​နီး​တွင် တစ် စုံ​တစ်​ယောက်​ရုတ်​တ​ရက်​သေ​ဆုံး​ခဲ့​သည်​ရှိ သော် သူ​၏​ဆက်​ကပ်​ထား​သော​ဆံ​ပင်​သည် ညစ် ညမ်း​သွား​လိမ့်​မည်။ ယင်း​သို့​ဖြစ်​လျှင်​သူ​သည် ခု​နစ်​ရက်​စောင့်​ဆိုင်း​၍ ဆံ​ပင်​နှင့်​မုတ်​ဆိတ်​မွေး ကို​ရိတ်​ရ​မည်။ ထို​အ​ခါ​သူ​သည် ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​လာ​လိမ့်​မည်။- \v 10 အ​ဋ္ဌ​မ​နေ့​တွင်​သူ​သည်​ချိုး​နှစ်​ကောင်​သို့ မ​ဟုတ်​ခို​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​စံ​တော် မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​ရှိ​ယဇ်​ပု​ရော​ဟိတ် ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။- \v 11 သူ​သည်​လူ​သေ​ကောင်​နှင့်​တွေ့​ထိ​၍​ညစ်​ညမ်း သွား​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​အ​တွက် သန့်​စင်​ခြင်း​ဝတ်​ပြု​ရန် ငှက်​တစ်​ကောင်​ကို အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက်​လည်း​ကောင်း၊ ကျန်​ငှက်​တစ်​ကောင်​ကို​မီး​ရှို့​ရာ​ယဇ်​အ​တွက် လည်း​ကောင်း​ပူ​ဇော်​ရ​မည်။ ထို​နေ့​တွင်​သူ​၏ ဆံ​ပင်​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပြန်​လည် ဆက်​ကပ်​ရ​မည်။- \v 12 နာ​ဇ​ရိ​ဂိုဏ်း​ဝင်​အ​ဖြစ် မိ​မိ​ကိုယ်​ကို​အ​သစ် တစ်​ဖန်​ဆက်​ကပ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ထား​သော​ဆံ​ပင်​သည်​ညစ်​ညမ်း​သွား သော​ကြောင့် ယ​ခင်​အ​ဋ္ဌိ​ဋ္ဌာန်​ကာ​လ​သည်​ပျက် ပြယ်​ပြီ​ဖြစ်​၏။ သူ​သည်​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ် ပူ​ဇော်​ရန် တစ်​နှစ်​သား​သိုး​က​လေး​ကို​ယူ ခဲ့​ရ​မည်။ \p \v 13-14 နာ​ဇ​ရိ​ဂိုဏ်း​ဝင်​သည်​အ​ဋ္ဌိ​ဋ္ဌာန်​ကာ​လ​ကုန် ဆုံး​သော​အ​ခါ ပြု​ရ​မည့်​ဝတ်​ကား​ဤ​သို့ တည်း။ သူ​သည်​မီး​ရှို့​ရာ​ယဇ်​အ​တွက် အ​ပြစ် အ​နာ​ကင်း​သော​တစ်​နှစ်​သား​သိုး​ထီး​က လေး​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက် အ​ပြစ်​အ​နာ​ကင်း​သော​သိုး​အ​မ​တစ်​ကောင်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​အ​တွက်​အ​ပြစ်​အ​နာ ကင်း​သော​သိုး​ထီး​တစ်​ကောင်​ကို ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​ရန် တဲ​တော်​တံ​ခါး​ဝ သို့​ယူ​ဆောင်​ခဲ့​ရ​မည်။- \v 15 သံ​လွင်​ဆီ​နှင့်​မုန့်​ညက်​ရော​၍​ပြု​လုပ်​သော တ​ဆေး​မဲ့​မုန့်​လုံး​များ​နှင့် သံ​လွင်​ဆီ​သုတ် သော​တ​ဆေး​မဲ့​မုန့်​ပြား​များ​ပါ​ရှိ​သည့် မုန့်​တောင်း​ကို​လည်း​ဆက်​သ​ရ​မည်။ ထို့ အ​ပြင်​ဘော​ဇဉ်​သကာ​နှင့် စ​ပျစ်​ရည် သကာ​တို့​ကို​လည်း​ဆက်​သ​ရ​မည်။ \p \v 16 ယဇ်​ပု​ရော​ဟိတ်​သည် ထို​ပူ​ဇော်​သကာ​အား​လုံး ကို​ထာ​ဝ​ရ​ဘု​ရား​ထံ​ဆက်​သ​၍ အ​ပြစ်​ဖြေ ရာ​ယဇ်​နှင့်​မီး​ရှို့​ရာ​ယဇ်​တို့​ကို​ပူ​ဇော်​ရ​မည်။- \v 17 သူ​သည်​မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​သိုး​ထီး ကို​ပူ​ဇော်​သော​အ​ခါ မုန့်​တောင်း​ကို​လည်း ဆက်​သ​ရ​မည်။ တစ်​ချိန်​တည်း​တွင်​ဘော​ဇဉ် သ​ကာ​နှင့် စ​ပျစ်​ရည်​သ​ကာ​တို့​ကို​လည်း ဆက်​သ​ရ​မည်။- \v 18 နာ​ဇ​ရိ​ဂိုဏ်း​ဝင်​သည်​တဲ​တော်​တံ​ခါး​ဝ တွင် မိ​မိ​၏​ဆံ​ပင်​ကို​ရိတ်​၍ မိတ်​သ​ဟာ​ယ ယဇ်​မီး​ရှို့​ရာ​မီး​ထဲ​တွင်​ထည့်​ရ​မည်။ \p \v 19 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ပြုတ်​ပြီး သော​သိုး​ပ​ခုံး​သား​နှင့်​တ​ကွ မုန့်​တောင်း​ထဲ မှ​မုန့်​တစ်​လုံး၊ မုန့်​ပြား​တစ်​ပြား​ကို နာ​ဇ​ရိ ဂိုဏ်း​ဝင်​၏​လက်​ထဲ​သို့​ထည့်​ရ​မည်။- \v 20 ယဇ်​ပု​ရော​ဟိတ်​သည် ထို​ပူ​ဇော်​သကာ​များ ကို​ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဖွယ် အ​ဖြစ်​ဆက်​သ​ရ​မည်။ ထို​ပူ​ဇော်​သ​ကာ​များ အ​ပြင်​ပ​ညတ်​တော်​အ​ရ ယဇ်​ပု​ရော​ဟိတ် ပိုင်​သော​သိုး​၏​ရင်​ပုံ​သား​နှင့်​ပေါင်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​တွက်​လှူ​ဖွယ်​ပစ္စည်း​များ ဖြစ်​သည်။ သို့​ပြီး​မှ​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​သည် စ​ပျစ်​ရည်​ကို​သောက်​နိုင်​သည်။ \p \v 21 ဤ​ပ​ညတ်​များ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​တို့ အ​တွက် ပြ​ဋ္ဌာန်း​ထား​သည့်​ပ​ညတ်​များ​ဖြစ် သည်။ သို့​ရာ​တွင်​လူ​တစ်​ဦး​သည်​နာ​ဇ​ရိ ဂိုဏ်း​ဝင်​ဖြစ်​ရန်​အ​တွက် အ​ဋ္ဌိ​ဋ္ဌာန်​ပြု​ရန်​လို အပ်​သည်​ထက်​ပို​၍​ပြု​ခဲ့​သော် ထို​အ​ဋ္ဌိ​ဋ္ဌာန် အ​တိုင်း​ဆောင်​ရွက်​စေ​ရ​မည်။\x + \xo 6:21 \xt တ၊ ၂၁:၂၃-၂၄။\x* \s1 ယဇ်​ပု​ရော​ဟိတ်​တို့​ပေး​သော​ကောင်း​ချီး​မင်္ဂ​လာ \p \v 22-23 အာ​ရုန်​နှင့်​သူ​၏​သား​တို့​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​အောက်​ပါ​အ​တိုင်း ကောင်း​ချီး​မင်္ဂ လာ​ပေး​စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ မှ​တစ်​ဆင့်​မိန့်​မှာ​တော်​မူ​၏။ \q1 \v 24 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း​ချီး ပေး​၍၊ စောင့်​ထိန်း​တော်​မူ​ပါ​စေ​သော။ \q1 \v 25 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​က​ရု​ဏာ ထား​၍၊ ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။ \q1 \v 26 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကြင်​နာ စွာ​မျှော်​ကြည့်​၍ ချမ်း​မြေ့​သာ​ယာ​မှု​ပေး​တော်​မူ​ပါ​စေ​သော။ \p \v 27 ထာ​ဝ​ရ​ဘု​ရား​က``ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကောင်း​ချီး ပေး​ရန် ငါ​၏​နာ​မ​တော်​ကို​မြွက်​ဆို​လျှင် ငါ သည်​သူ​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ မည်'' ဟု​မိန့်​တော်​မူ​၏။ \c 7 \s1 ဣ​သ​ရေ​လ​ခေါင်း​ဆောင်​တို့​၏​ပူ​ဇော်​သ​ကာ \p \v 1 မော​ရှေ​သည်​တဲ​တော်​ကို​တည်​ဆောက်​ပြီး သော​နေ့​တွင် တဲ​တော်​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း များ​ကို​လည်း​ကောင်း၊ ယဇ်​ပလ္လင်​နှင့်​သက်​ဆိုင် သော​ပစ္စည်း​များ​ကို​လည်း​ကောင်း ဘိ​သိက်​ဆီ လောင်း​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် လေ​သည်။- \v 2 ထို​နောက်​သန်း​ခေါင်​စာ​ရင်း​ကောက်​ရာ​၌​ကြီး ကြပ်​ဆောင်​ရွက်​ခဲ့​သည့် ဣ​သ​ရေ​လ​အ​နွယ် ခေါင်း​ဆောင်​များ​ဖြစ်​ကြ​သော​မိ​သား​စု အ​ကြီး​အ​ကဲ​တို့​သည်၊- \v 3 ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပူ​ဇော်​သကာ များ​ကို​ယူ​ဆောင်​ခဲ့​ကြ​၏။ ခေါင်း​ဆောင်​တစ် ဦး​လျှင်​နွား​ထီး​တစ်​ကောင်​ကျ​နှင့်​ခေါင်း ဆောင်​နှစ်​ဦး​လျှင် လှည်း​တစ်​စီး​ကျ​စု​စု ပေါင်း​လှည်း​ခြောက်​စီး​နှင့်​နွား​တစ်​ဆယ့် နှစ်​ကောင်​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​သ​ကြ​သည်။- \v 4 ယင်း​သို့​ဆက်​သ​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား သည်​မော​ရှေ​အား၊- \v 5 ``သင်​သည်​တဲ​တော်​နှင့်​ဆိုင်​သော​အ​မှု​ကို ဆောင်​ရွက်​ရန် ဤ​လှူ​ဖွယ်​ပစ္စည်း​တို့​ကို​လက်​ခံ လော့။ လေ​ဝိ​အ​နွယ်​ဝင်​တို့​ဆောင်​ရွက်​ရ​မည့် လုပ်​ငန်း​အ​လိုက် ထို​လှူ​ဖွယ်​ပစ္စည်း​တို့​ကို​သူ တို့​အား​ပေး​အပ်​လော့'' ဟု​မိန့်​တော်​မူ​၏။- \v 6 ထို့​ကြောင့်​မော​ရှေ​သည်​လှည်း​နှင့်​နွား​များ ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ပေး​အပ်​လေ သည်။- \v 7 သူ​သည်​လှည်း​နှစ်​စီး​နှင့်​နွား​လေး​ကောင်​ကို ဂေ​ရ​ရှုန်​သား​ချင်း​စု​တို့​အား​လည်း​ကောင်း၊- \v 8 လှည်း​လေး​စီး​နှင့်​နွား​ရှစ်​ကောင်​ကို မေ​ရာ​ရိ သား​ချင်း​စု​တို့​အား​လည်း​ကောင်း​ပေး​အပ် လေ​သည်။ သူ​တို့​သည်​အ​လုပ်​ရှိ​သ​မျှ​ကို အာ​ရုန်​၏​သား ဣ​သ​မာ​ညွှန်​ကြား​သည့် အ​တိုင်း​ဆောင်​ရွက်​ရ​ကြ​သည်။- \v 9 ကော​ဟတ်​သား​ချင်း​စု​တို့​သည် မိ​မိ​တို့​ကြည့် ရှု​ထိန်း​သိမ်း​ရ​သော​တဲ​တော်​ဆိုင်​ရာ​ပစ္စည်း များ​ကို ပ​ခုံး​ပေါ်​တွင်​ထမ်း​ရ​သော​ကြောင့် မော​ရှေ​သည်​သူ​တို့​အ​တွက်​လှည်း​နှင့် နွား​များ​ကို​မ​ပေး​အပ်​ချေ။ \p \v 10 ဣ​သ​ရေ​လ​ခေါင်း​ဆောင်​တို့​ယဇ်​ပလ္လင်​ကို အ​နု​မော​ဒ​နာ​ပြု​ရာ​၌​လည်း​ပူ​ဇော်​သကာ များ​ကို​ယူ​ဆောင်​ခဲ့​ကြ​သည်။ သူ​တို့​သည် ယဇ်​ပလ္လင်​၌​လှူ​ဖွယ်​ပစ္စည်း​များ​ကို ဆက်​သ ရန်​အ​သင့်​ရှိ​သော​အ​ခါ၊- \v 11 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ယဇ်​ပလ္လင် ကို​အ​နု​မော​ဒ​နာ​ပြု​ရာ​၌​ခေါင်း​ဆောင်​တစ် ဆယ့်​နှစ်​ဦး​တို့​သည် တစ်​ဦး​လျှင်​တစ်​ရက်​ကျ အ​လှည့်​ယူ​၍​မိ​မိ​တို့​၏​လှူ​ဖွယ်​ပစ္စည်း​များ ကို​ဆက်​သ​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 12-83 သို့​ဖြစ်​၍​သူ​တို့​သည် မိ​မိ​တို့​၏​ပူ​ဇော် သ​ကာ​များ​ကို အောက်​တွင်​ဖော်​ပြ​ပါ အ​စီ​အ​စဉ်​အ​တိုင်း​ဆက်​သ​ကြ​၏။ \tr \th1 ရက် \th2 အ​နွယ် \th3 ခေါင်း​ဆောင် \tr \tc1 ပ​ထ​မ​ရက် \tc2 ယု​ဒ \tc3 အ​မိ​န​ဒပ်​၏​သား​နာ​ရှုန် \tr \tc1 ဒု​တိ​ယ​ရက် \tc2 ဣသ​ခါ \tc3 ဇု​အာ​၏​သား​နာ​သ​နေ​လ \tr \tc1 တ​တိ​ယ​ရက် \tc2 ဇာ​ဗု​လုန် \tc3 ဟေ​လုန်​၏​သား​ဧ​လျာ​ဘ \tr \tc1 စ​တုတ္ထ​ရက် \tc2 ရု​ဗင် \tc3 ရှေ​ဒု​ရ​၏​သား​ဧ​လိ​ဇု​ရ \tr \tc1 ပဉ္စ​မ​ရက် \tc2 ရှိ​မောင် \tc3 ဇု​ရိ​ရှဒ္ဒဲ​၏​သား​ရှေလုမျေလ \tr \tc1 ဆ​ဋ္ဌ​မ​ရက် \tc2 ဂဒ် \tc3 ဒွေ​လ​၏​သား​ဧ​လျာ​သပ် \tr \tc1 သတ္တမ​ရက် \tc2 ဧ​ဖ​ရိမ် \tc3 အ​မိ​ဟုဒ်​၏​သား​ဧ​လိ​ရှ​မာ \tr \tc1 အ​ဋ္ဌ​မ​ရက် \tc2 မ​နာ​ရှေ \tc3 ပေ​ဒါ​ဇု​ရ​၏​သား ဂါ​မ​လျေ​လ \tr \tc1 န​ဝ​မ​ရက် \tc2 ဗင်္ယာ​မိန် \tc3 ဂိ​ဒေါ​နိ​၏​သား​အ​ဘိ​ဒန် \tr \tc1 ဒ​သ​မ​ရက် \tc2 ဒန် \tc3 အ​မိ​ရှဒ္ဒဲ​၏​သား​အ​ဟေ​ဇာ \tr \tc1 ဧ​က​ဒ​သ​မ​ရက် \tc2 အာ​ရှာ \tc3 သြ​က​ရန်​၏​သား​ပါ​ဂျေ​လ \tr \tc1 ဒွါ​ဒ​သ​မ​ရက် \tc2 န​ဿ​လိ \tc3 ဧ​နန်​၏​သား​အ​ဟိ​ရ \p သူ​တို့​တစ်​ဦး​စီ​ဆက်​သ​သော​ပူ​ဇော်​သကာ များ​သည် ထပ်​တူ​ထပ်​မျှ​ဖြစ်​၏။ ယင်း​တို့​မှာ တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ​အောင်​စ​ငါး ဆယ်​အ​လေး​ချိန်​ရှိ ငွေ​ဖ​လား​တစ်​လုံး​နှင့် အောင်​စ​သုံး​ဆယ်​အ​လေး​ချိန်​ရှိ​ငွေ​အင်​တုံ တစ်​လုံး (ယင်း​ငွေ​ခွက်​နှစ်​ခု​စလုံး​တွင် ဘော​ဇဉ် သကာ​အ​တွက်​ဆီ​နှင့်​ရော​သော​မုန့်​ညက်​အ​ပြည့် ပါ​ရှိ​သည်။) နံ့​သာ​ပေါင်း​အ​ပြည့်​ရှိ​သော အ​လေး​ချိန်​လေး​အောင်​စ​ရှိ​ရွှေ​လင်​ပန်း တစ်​ချပ်၊ မီး​ရှို့​ရာ​ယဇ်​အ​တွက်​နွား​ထီး​ပေါက် တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား သိုး​က​လေး​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ် အ​တွက်​ဆိတ်​တစ်​ကောင်၊ မိတ်​သ​ဟာ​ယ​ယဇ် အ​တွက်​နွား​ထီး​နှစ်​ကောင်၊ သိုး​ထီး​ငါး ကောင်၊ ဆိတ်​ငါး​ကောင်​နှင့်​တစ်​နှစ်​သား​သိုး က​လေး​ငါး​ကောင်​စ​သည်​တို့​ဖြစ်​သည်။ \p \v 84-88 ယဇ်​ပလ္လင်​ကို​အ​နု​မော​ဒ​နာ​ပြု​ရာ​၌ ဣ​သ ရေ​လ​အ​မျိုး​ခေါင်း​ဆောင်​တစ်​ဆယ့်​နှစ်​ဦး တို့​ယူ​ဆောင်​ခဲ့​ကြ​သော​လှူ​ဖွယ်​ပစ္စည်း​စု​စု ပေါင်း​မှာ၊ \q1 -အ​လေး​ချိန်​စုစု​ပေါင်း​ပေါင်​ခြောက်​ဆယ်​ရှိ​သော ငွေ​ဖ​လား​တစ်​ဆယ့်​နှစ်​လုံး​နှင့်​ငွေ​အင်​တုံ​တစ် ဆယ့်​နှစ်​လုံး၊ \q1 -နံ့​သာ​ပေါင်း​အ​ပြည့်​ရှိ​သော​အ​လေး​ချိန် စု​စု​ပေါင်း​လေး​ဆယ့်​ရှစ်​အောင်​စ​ရှိ​ရွှေ​လင် ပန်း​တစ်​ဆယ့်​နှစ်​ချပ်၊ \q1 -မီး​ရှို့​ရာ​ယဇ်​အ​တွက်​နွား​ထီး​တစ်​ဆယ့်​နှစ် ကောင်၊ သိုး​ထီး​တစ်​ဆယ့်​နှစ်​ကောင်၊ တစ်​နှစ်​သား သိုး​က​လေး​တစ်​ဆယ့်​နှစ်​ကောင်​နှင့် ယင်း​တို့ နှင့်​သက်​ဆိုင်​သော​ဘော​ဇဉ်​သကာ​များ၊ \q1 -အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက်​ဆိတ်​တစ်​ဆယ့် နှစ်​ကောင်။ \q1 -မိတ်​သ​ဟာ​ယ​ယဇ်​အ​တွက်​နွား​ထီး​နှစ်​ဆယ့် လေး​ကောင်၊​သိုး​ထီး​အ​ကောင်​ခြောက်​ဆယ်၊ဆိတ် အ​ကောင်​ခြောက်​ဆယ်၊တစ်​နှစ်​သား​သိုး​က​လေး အ​ကောင်​ခြောက်​ဆယ်​စ​သည်​တို့​ဖြစ်​ကြ​သည်။ \p \v 89 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက် ထား​ရန်​တဲ​တော်​ထဲ​သို့​ဝင်​သော​အ​ခါ ပ​ဋိ ညာဉ်​သေတ္တာ​အ​ဖုံး​အ​ထက်​ခေ​ရု​ဗိမ်​ရုပ်​နှစ်​ခု ကြား​မှ​ထာ​ဝ​ရ​ဘုရား​မိန့်​တော်​မူ​သံ​ကို ကြား​ရ​လေ​သည်။ \c 8 \s1 မီး​ခွက်​များ​ကို​တင်​ထား​ခြင်း \p \v 1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊- \v 2 ``အာ​ရုန်​သည်​မီး​ခုံ​တိုင်​တွင်​မီး​ခွက်​ခု​နစ် လုံး​ကို​တင်​သော​အ​ခါ မီး​ခွက်​များ​မှ​အ​လင်း ရောင်​သည်​မီး​ခုံ​တိုင်​ရှေ့​သို့​ထွက်​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။- \v 3 အာ​ရုန်​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည့်​အ​တိုင်း မီး​ခုံ​တိုင်​မှ​အ​လင်း​ရောင်​ရှေ့ ထွက်​စေ​ရန်​မီး​ခွက်​များ​ကို​တင်​ထား​လေ သည်။- \v 4 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​ပြ​တော်​မူ သော​ပုံ​စံ​အ​တိုင်း မီး​ခုံ​တိုင်​တစ်​ခု​လုံး​ကို အောက်​ခြေ​မှ​အ​ထက်​ထိ​ရွှေ​ဖြင့်​ထု​လုပ် ထား​လေ​သည်။\x + \xo 8:4 \xt ထွ၊ ၂၅:၃၁-၄၀။ ၃၇:၁၇-၂၄။\x* \s1 လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​သန့်​စင်​ခြင်း​နှင့် ဆက်​ကပ်​ခြင်း \p \v 5 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊- \m \v 6 ``လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​များ​မှ​သီး​ခြား​ခွဲ​ထုတ်​၍ သူ​တို့​အ​တွက် အောက်​ပါ​အ​တိုင်း​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု လော့။- \v 7 သန့်​စင်​ရေး​ဆိုင်​ရာ​ရေ​ကို​သူ​တို့​၏​ကိုယ်​ပေါ် တွင်​ဖျန်း​၍ တစ်​ကိုယ်​လုံး​ရှိ​အ​မွေး​များ​ကို ရိတ်​စေ​ပြီး​လျှင်​အ​ဝတ်​များ​ကို​လျှော်​ဖွပ် စေ​ရ​မည်။ ထို​အ​ခါ​သူ​တို့​သည်​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​လာ​လိမ့်​မည်။- \v 8 ထို​နောက်​သူ​တို့​သည်​နွား​ထီး​ပေါက်​တစ်​ကောင် နှင့်​ဘော​ဇဉ်​သ​ကာ​အ​ဖြစ် သံ​လွင်​ဆီ​ရော​ထား သော​မုန့်​ညက်​ကို​ယူ​ဆောင်​ခဲ့​စေ​ရ​မည်။ အ​ပြစ် ဖြေ​ရာ​ယဇ်​အ​တွက်​နောက်​ထပ်​နွား​တစ်​ကောင် ယူ​ဆောင်​ခဲ့​ရ​မည်။- \v 9 ထို​နောက်​ဣ​သ​ရေ​လ​တစ်​မျိုး​သား​လုံး​ကို စု​ရုံး​စေ​၍ လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ငါ​စံ တော်​မူ​ရာ​တဲ​တော်​ရှေ့​တွင်​ရပ်​စေ​ရ​မည်။- \v 10 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​ဦး​ခေါင်း​များ ပေါ်​တွင်​လက်​ကို​တင်​ရ​မည်။- \v 11 လေ​ဝိ​အ​နွယ်​တို့​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​မှ ငါ့​အား​ဆက်​သ​သော​အ​ထူး ပူ​ဇော်​သကာ​အ​ဖြစ်​အာ​ရုန်​သည်​ဆက်​ကပ် ရ​မည်။ ဤ​နည်း​ဖြင့်​သူ​တို့​သည် ငါ​၏​အ​မှု တော်​ကို​ဆောင်​ရွက်​နိုင်​မည်။- \v 12 ထို​နောက်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​နွား​ထီး နှစ်​ကောင်​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​ရ ကြ​မည်။ လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ဘာ​သာ တ​ရား​ကျင့်​ထုံး​အ​ရ သန့်​စင်​စေ​ရန်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​နွား​ထီး​တစ်​ကောင် ကို​လည်း​ကောင်း၊ မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​အ​ခြား နွား​ထီး​တစ်​ကောင်​ကို​လည်း​ကောင်း​ပူ​ဇော် ရ​မည်။ \p \v 13 ``လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ငါ့​အား​အ​ထူး ပူ​ဇော်​သ​ကာ​အ​ဖြစ်​ဆက်​ကပ်​၍ အာ​ရုန်​နှင့် သူ​၏​သား​တို့​က​သူ​တို့​ကို​ကြီး​ကြပ်​ကွပ် ကဲ​စေ​ရ​မည်။- \v 14 ဤ​နည်း​အား​ဖြင့်​သူ​တို့​ကို​ငါ​ပိုင်​ဆိုင်​ရာ ဖြစ်​စေ​ခြင်း​ငှာ ဣသ​ရေ​လ​အ​မျိုး​သား​တို့ မှ​သီး​ခြား​ခွဲ​ထုတ်​လော့။- \v 15 သင်​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​သန့်​စင်​မှု၊ ဆက်​ကပ်​မှု​ဆောင်​ရွက်​ပြီး​သော​အ​ခါ သူ​တို့ သည်​တဲ​တော်​တွင်​အ​မှု​တော်​ဆောင်​နိုင်​လိမ့် မည်။- \v 16 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး အ​ပေါင်း​တို့​ကိုယ်​စား သူ​တို့​ကို​ငါ့​အ​တွက် ငါ​ရွေး​ကောက်​ခဲ့​သ​ဖြင့်​သူ​တို့​သည်​ငါ​နှင့် သာ​ဆိုင်​၏။- \v 17 ငါ​သည်​အီ​ဂျစ်​ပြည်​တွင်​သား​ဦး​အ​ပေါင်း တို့​ကို​သေ​ဒဏ်​ခတ်​ခဲ့​စဉ်​က ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​သား​ဦး​များ​နှင့်​တိ​ရစ္ဆာန် သား​ဦး​ပေါက်​များ​ကို ငါ​ပိုင်​ဆိုင်​ရာ​အ​ဖြစ် သီး​သန့်​ရွေး​ချယ်​ခဲ့​၏။-\x + \xo 8:17 \xt ထွ၊ ၁၃:၂။\x* \v 18 ယ​ခု​ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​သား​ဦး​ရှိ​သ​မျှ​တို့​အ​စား လေ​ဝိ အ​နွယ်​ဝင်​တို့​ကို​ရွေး​ချယ်​၍၊- \v 19 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ​ပူ​ဇော် သ​ကာ​အ​ဖြစ် အာ​ရုန်​နှင့်​သူ​၏​သား​များ လက်​သို့​အပ်​နှံ​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကိုယ်​စား​တဲ​တော်​တွင်​အ​မှု ထမ်း​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​နီး​သို့​ချဉ်း​ကပ်​၍ ဘေး​ဒဏ်​မ​သင့်​စေ​ရန်​သူ​တို့​က​ကာ​ကွယ် စောင့်​ရှောက်​ပေး​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 20 သို့​ဖြစ်​၍​မော​ရှေ၊ အာ​ရုန်​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း လေ​ဝိ​အ​နွယ်​ဝင် တို့​ကို​ဆက်​ကပ်​ကြ​၏။- \v 21 လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို သန့်​စင်​စေ​၍ အ​ဝတ်​များ​ကို​လျှော်​ဖွပ်​ကြ ပြီး​နောက် အာ​ရုန်​သည်​သူ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​အား​အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ် ဆက်​ကပ်​လေ​၏။ သူ​တို့​အ​တွက်​သန့်​စင် ခြင်း​ဝတ်​ကို​လည်း​ဆောင်​ရွက်​၏။- \v 22 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့်​စပ်​လျဉ်း​၍ ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​အ​တိုင်း​ဆောင် ရွက်​ကြ​သည်။ သို့​ဖြစ်​၍​လေ​ဝိ​အနွယ်​ဝင်​တို့ သည် အာ​ရုန်​နှင့်​သူ​၏​သား​များ​ကြီး​ကြပ် ကွပ်​ကဲ​မှု​ဖြင့်​တဲ​တော်​တွင်​အ​မှု​တော် ထမ်း​ကြ​လေ​သည်။ \p \v 23 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊- \v 24 ``လေ​ဝိ​အ​နွယ်​ဝင်​ထဲ​မှ​အ​သက်​နှစ်​ဆယ့် ငါး​နှစ်​အ​ရွယ်​သို့​ရောက်​သူ​တိုင်း တဲ​တော် တွင်​အ​မှု​ထမ်း​၍၊- \v 25 အ​သက်​ငါး​ဆယ်​အ​ရွယ်​တွင်​အ​မှု​တော် ထမ်း​ခြင်း​မှ​ရပ်​နား​ရ​မည်။- \v 26 အ​သက်​ငါး​ဆယ်​အ​ရွယ်​လွန်​သူ​သည်​တဲ တော်​နှင့်​ဆိုင်​သော​အ​လုပ်​တွင် ဆွေ​မျိုး​သား ချင်း​တို့​အား​ကူ​ညီ​နိုင်​သော်​လည်း မိ​မိ​ကိုယ် တိုင်​တာ​ဝန်​ယူ​၍​မ​ဆောင်​ရွက်​ရ။ သင်​သည် ဤ​စည်း​ကမ်း​ချက်​များ​နှင့်​အ​ညီ လေ​ဝိ အ​နွယ်​ဝင်​တို့​အား​တာ​ဝန်​ပေး​ရ​မည်'' ဟု မိန့်​တော်​မူ​၏။ \c 9 \s1 ဒု​တိ​ယ​ပ​သ​ခါ​ပွဲ​တော် \p \v 1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ပြီး​နောက်​ဒု​တိ​ယ​နှစ်၊ ပ​ထ​မ​လ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တော​ကန္တာ​ရ​၌​မော​ရှေ​အား၊- \v 2-3 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယ​ခု​လ​တစ်​ဆယ့်​လေး​ရက်​နေ့၊ နေ​ဝင်​ချိန်​မှ​အ​စ​ပြု​၍​ပ​သ​ခါ​ပွဲ​တော်​နှင့်​ဆိုင်​သော ပြ​ဋ္ဌာန်း​ချက်​များ​နှင့်​အ​ညီ​ကျင်း​ပ​ကြ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။- \v 4 သို့​ဖြစ်​၍​မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ​ရန်​ဆင့်​ဆို​သည့်​အ​တိုင်း၊- \v 5 သူ​တို့​သည်​သိ​နာ​တော​ကန္တာ​ရ​တွင် ပ​ထ​မ​တစ်​ဆယ့်​လေး​ရက်​နေ့​ည​နေ​၌​ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ​ကြ​သည်။ မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဆောင်​ရွက်​ကြ​သည်။\x + \xo 9:5 \xt ထွ၊ ၁၂:၁-၁၃။\x* \p \v 6 သို့​ရာ​တွင်​အ​ချို့​သော​သူ​တို့​သည်​လူ​သေ​အ​လောင်း​ကို​ကိုင်​တွယ်​မိ​သ​ဖြင့် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင်​သော​ကြောင့် ထို​နေ့​တွင်​ပ​သ​ခါ​ပွဲ​တော်​ကို​မ​ဝင်​နိုင်​ကြ​ချေ။ သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ထံ​သွား​၍၊- \v 7 ``အ​ကျွန်ုပ်​တို့​သည်​လူ​သေ​အ​လောင်း​ကို​ကိုင်​တွယ်​မိ​သ​ဖြင့်​မ​သန့်​စင်​ကြ​ပါ။ အ​ခြား​သူ​များ​နည်း​တူ​အ​ကျွန်ုပ်​တို့​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ဆက်​သ​ခြင်း​မ​ပြု​လုပ်​နိုင်​ပြီ​လော'' ဟု​မေး​လျှောက်​ကြ​၏။ \p \v 8 ထို​အ​ခါ​မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မည်​သို့​ညွှန်​ကြား​တော်​မူ​မည်​ကို​စောင့်​ဆိုင်း​ကြ​လော့'' ဟု​ဆို​၏။ \p \v 9-10 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``ယ​ခု​ဖြစ်​စေ၊ နောင်​အ​ခါ​ဖြစ်​စေ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​တစ်​စုံ​တစ်​ယောက်​သည် ပ​သ​ခါ​ပွဲ​ခံ​ချိန်​၌​လူ​သေ​အ​လောင်း​ကို​ကိုင်​တွယ်​မိ​သ​ဖြင့်​မ​သန့်​စင်​သူ​သည်​လည်း​ကောင်း၊ ရပ်​ဝေး​သို့​ခ​ရီး​လွန်​နေ​သူ​သည်​လည်း​ကောင်း​ပ​သ​ခါ​ပွဲ​ခံ​လို​သော်၊- \v 11 တစ်​လ​စောင့်​ဆိုင်း​၍​ဒု​တိ​ယ​လ၊ တစ်​ဆယ့်​လေး​ရက်​နေ့​ည​နေ​တွင်​ပွဲ​ခံ​နိုင်​ခွင့်​ရှိ​သည်။ သူ​သည်​သိုး​သား​ကို​တ​ဆေး​မဲ့​မုန့်၊ ခါး​သော​ဟင်း​သီး​ဟင်း​ရွက်​တို့​နှင့်​စား​၍​ပ​သ​ခါ​ပွဲ​ခံ​ရ​မည်။- \v 12 နောက်​တစ်​နေ့​နံ​နက်​သို့​တိုင်​အောင်​အ​စား​အ​စာ​ကို​မ​ကျန်​ကြွင်း​စေ​ရ။ သိုး​ကောင်​၏​အ​ရိုး​ကို​မ​ကျိုး​စေ​ရ။ ပြ​ဋ္ဌာန်း​ချက်​များ​အ​တိုင်း​ပ​သ​ခါ​ပွဲ​ခံ​ရ​မည်။-\x + \xo 9:12 \xt ထွ၊ ၁၂:၄၆။ ယော၊ ၁၉:၃၆။\x* \v 13 တစ်​စုံ​တစ်​ယောက်​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​လျက်​နှင့် ခ​ရီး​မ​လွန်​ဘဲ​ရှိ​လျက်​နှင့် ပ​သ​ခါ​ပွဲ​ခံ​ချိန်​တွင်​ငါ့​အား​ပူ​ဇော်​သ​ကာ​မ​ဆက်​သ​လျှင် ထို​သူ့​ကို​ငါ​၏​လူ​မျိုး​တော်​အ​ထဲ​မှ​ထုတ်​ပယ်​ရ​မည်။ သူ​သည်​မိ​မိ​၏​အ​ပြစ်​အ​လျောက်​ဒဏ်​ခံ​ရ​မည်။ \p \v 14 ``သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​သား​တစ်​ဦး​သည်​ပ​သ​ခါ​ပွဲ​ခံ​လို​လျှင် သူ​သည်​ပွဲ​တော်​နှင့်​ဆိုင်​သော​ပြ​ဋ္ဌာန်း​ချက်​အား​လုံး​ကို​လိုက်​နာ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ​ဤ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​လိုက်​နာ​ရ​မည်။ \s1 မီး​လျှံ​တောက်​သော​မိုး​တိမ် \r (ထွ၊ ၄၀:၃၄-၃၈) \p \v 15-16 ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ကို​ထူ​သော​နေ့​တွင် မိုး​တိမ်​သက်​ဆင်း​လာ​၍​တဲ​တော်​ကို​ဖုံး​လွှမ်း​လေ​သည်။ ည​အ​ချိန်​တွင်​မိုး​တိမ်​သည်​မီး​လျှံ​ကဲ့​သို့​တောက်​ပ​လျက်​ရှိ​၏။- \v 17 မိုး​တိမ်​အ​ထက်​သို့​တက်​သည့်​အ​ခါ​တိုင်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် စ​ခန်း​ဖြုတ်​၍​မိုး​တိမ်​သက်​ဆင်း​သည့်​နေ​ရာ​တွင်​တစ်​ဖန်​စ​ခန်း​ချကြ​၏။- \v 18 သူ​တို့​သည်​ထာ​ဝရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ​စ​ခန်း​ဖြုတ်​ခြင်း၊ စ​ခန်း​ချ​ခြင်း​ပြု​ကြ​၏။ မိုး​တိမ်​သည်​တဲ​တော်​အ​ပေါ်​တွင်​တည်​ရှိ​နေ​သ​မျှ​ကာ​လ​ပတ်​လုံး​သူ​တို့​သည်​စ​ခန်း​မ​ဖြုတ်​ကြ​ချေ။- \v 19 မိုး​တိမ်​သည်​တဲ​တော်​အ​ပေါ်​တွင်​အ​ချိန်​ကြာ​မြင့်​စွာ​တည်​ရှိ​နေ​သော​အ​ခါ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​နာ​ခံ​၍​ခ​ရီး​ဆက်​ခြင်း​မ​ပြု​ကြ​ချေ။- \v 20 တစ်​ခါ​တစ်​ရံ​မိုး​တိမ်​သည်​တဲ​တော်​အ​ပေါ်​တွင်​ရက်​အ​နည်း​ငယ်​မျှ​သာ​တည်​ရှိ​နေ​၏။ မည်​သို့​ပင်​ဖြစ်​စေ​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​တိုင်း​သာ စ​ခန်း​ချ​ခြင်း၊ စ​ခန်း​ဖြုတ်​ခြင်း​ကို​ပြု​လုပ်​ကြ​သည်။- \v 21 တစ်​ခါ​တစ်​ရံ​မိုး​တိမ်​သည်​ည​နေ​ခင်း​မှ​နံ​နက်​အ​ထိ​သာ​တည်​ရှိ​၏။ သူ​တို့​သည်​မိုး​တိမ်​တက်​လျှင်​ခ​ရီး​ဆက်​ကြ​သည်။- \v 22 တဲ​တော်​အ​ပေါ်​တွင်​မိုး​တိမ်​သည်​နှစ်​ရက်​ဖြစ်​စေ၊ တစ်​လ​ဖြစ်​စေ၊ တစ်​နှစ်​သို့​မ​ဟုတ်​တစ်​နှစ်​ထက်​ပို​၍​ဖြစ်​စေ တည်​ရှိ​သ​မျှ​ကာ​လ​ပတ်​လုံး​သူ​တို့​သည်​ခ​ရီး​ဆက်​ခြင်း​မ​ပြု​ကြ။ သို့​ရာ​တွင်​မိုး​တိမ်​တက်​သည့်​အ​ခါ​၌​မူ​ကား​ခ​ရီး​ဆက်​ကြ​၏။- \v 23 မော​ရှေ​မှ​တစ်​ဆင့်​ထာ​ဝ​ရ​ဘု​ရား​ပေး​သော​အ​မိန့်​တော်​အ​ရ သူ​တို့​သည်​စ​ခန်း​ချ​ခြင်း၊ စ​ခန်း​ဖြုတ်​ခြင်း​ပြု​လုပ်​ကြ​၏။ \c 10 \s1 ငွေ​တံ​ပိုး​ခ​ရာ​များ \p \v 1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊- \v 2 ``သင်​သည်​လူ​များ​ကို​စု​ရုံး​ခေါ်​ယူ​ရာ​၌​လည်း ကောင်း၊ စ​ခန်း​ဖြုတ်​ရာ​၌​လည်း​ကောင်း မှုတ်​ရန် အ​ချက်​ပေး​ငွေ​တံ​ပိုး​ခ​ရာ​နှစ်​လုံး​ကို​ထု လုပ်​လော့။- \v 3 တံ​ပိုး​ခ​ရာ​နှစ်​လုံး​စ​လုံး​ကို​အ​သံ​ရှည်​ဆွဲ ၍​မှုတ်​သည့်​အ​ခါ လူ​အ​ပေါင်း​တို့​သည်​တဲ တော်​တံ​ခါး​ဝ​ရှိ​သင့်​ထံ​သို့​စု​ရုံး​လာ​ရ ကြ​မည်။- \v 4 တံ​ပိုး​ခ​ရာ​တစ်​လုံး​တည်း​ကို​မှုတ်​လျှင်​သား ချင်း​စု​ခေါင်း​ဆောင်​တို့​သာ​လျှင် သင့်​ထံ​သို့ စု​ရုံး​လာ​ရ​ကြ​မည်။- \v 5 တံ​ပိုး​ခ​ရာ​မှ​အ​သံ​ပြတ်​တောင်း​မှုတ်​လျှင် အ​ရှေ့​ဘက်​တွင်​စ​ခန်း​ချ​သော​ဣ​သ​ရေ​လ အ​နွယ်​တို့​ခ​ရီး​စ​ထွက်​ရ​ကြ​မည်။- \v 6 ဒု​တိ​ယ​အ​ကြိမ်​တံ​ပိုး​ခ​ရာ​မှ​အ​သံ​ပြတ် တောင်း​မှုတ်​လျှင် တောင်​ဘက်​တွင်​စ​ခန်း​ချ​သော ဣ​သ​ရေ​လ​အ​နွယ်​တို့​ခ​ရီး​စ​ထွက်​ရ ကြ​မည်။- \v 7 သို့​ဖြစ်​၍​တံ​ပိုး​ခ​ရာ​ကို​ပြတ်​တောင်း​မှုတ်​သည့် အ​ခါ စ​ခန်း​ဖြုတ်​ရ​ကြ​မည်။ သို့​ရာ​တွင်​လူ အ​ပေါင်း​တို့​ကို​စု​ဝေး​စေ​ရန်​ဆင့်​ခေါ်​သည့် အ​ခါ တံ​ပိုး​ခ​ရာ​ကို​အ​သံ​ရှည်​ဆွဲ​၍​မှုတ် ရ​မည်။- \v 8 ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သော​အာ​ရုန် ၏​သား​များ​က တံ​ပိုး​ခ​ရာ​ကို​မှုတ်​ရ​မည်။ ``အောက်​ပါ​ပ​ညတ်​ကို​သင်​တို့​အ​မျိုး အ​စဉ်​အ​ဆက်​လိုက်​နာ​စောင့်​ထိန်း​ရ​မည်။- \v 9 သင်​တို့​၏​ပြည်​ကို​ရန်​သူ​များ​ထိ​ပါး​တိုက် ခိုက်​လာ​သော​အ​ခါ ရန်​သူ​ကို​ခု​ခံ​တိုက်​ခိုက် ရန်​အ​တွက် ဤ​တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​၍ တပ်​လှန့်​နှိုး​ဆော်​ရ​မည်။ သင်​တို့​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​သ​တိ​ရ လျက်​ရန်​သူ​၏​လက်​မှ​ကယ်​တင်​တော်​မူ​မည်။- \v 10 ထို့​အ​ပြင်​ပျော်​ပွဲ​ရွှင်​ပွဲ​များ​ဖြစ်​သော​လ​ဆန်း ပွဲ​များ​နှင့်​အ​ခြား​ဘာ​သာ​ရေး​ပွဲ​များ​တွင် မီး ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယဇ်​ကို​ပူ​ဇော်​သော အ​ခါ သင်​တို့​သည်​တံ​ပိုး​ခ​ရာ​များ​ကို​မှုတ် ရ​မည်။ ထို​အ​ခါ​ငါ​သည်​သင်​တို့​အား​ကူ​ညီ ထောက်​မ​တော်​မူ​မည်။ ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​သည်'' ဟု​မိန့်​တော်​မူ​၏။ \s1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​စ​ခန်း​ဖြုတ်​ခြင်း \p \v 11 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​မှ​ထွက်​လာ​ပြီး​နောက်​ဒု​တိ​ယ​နှစ်၊ ဒု​တိ​ယ​လ၊ နှစ်​ဆယ်​ရက်​နေ့​တွင်​တဲ​တော် ကို​ဖုံး​လွှမ်း​နေ​သော​မိုး​တိမ်​သည်​အ​ထက် သို့​တက်​ကြွ​သ​ဖြင့်၊- \v 12 သူ​တို့​သည်​သိ​နာ​တော​ကန္တာ​ရ​မှ​ခ​ရီး​ထွက် ခွာ​လာ​ကြ​လေ​သည်။ မိုး​တိမ်​သည်​ပါ​ရန်​ဟု ခေါ်​သော​တော​ကန္တာ​ရ​သို့​ရောက်​သော​အ​ခါ ရပ်​တန့်​လေ​သည်။ \p \v 13 သူ​တို့​သည်​မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း​ခ​ရီး ထွက်​ကြ​၏။- \v 14 ခ​ရီး​ထွက်​သည့်​အ​ခါ​တိုင်း​သတ်​မှတ်​ထား သော​အ​စီ​အ​စဉ်​အ​ရ​ချီ​တက်​ကြ​သည်။ ယု​ဒ​အ​နွယ်​တပ်​အ​လံ​နောက်​မှ​လိုက်​ရ​သော လူ​စု​ကို အ​မိ​န​ဒပ်​၏​သား​နာ​ရှုန်​က​အုပ် ချုပ်​ရ​သည်။ သူ​တို့​သည်​တပ်​စု​အ​လိုက်​ရှေ့ ဆုံး​မှ​ချီ​တက်​ရ​သည်။- \v 15 ဣ​သ​ခါ​အ​နွယ်​ကို​ဇု​အာ​၏​သား​နာ​သ နေ​လ​က​လည်း​ကောင်း၊- \v 16 ဇာ​ဗု​လုန်​အ​နွယ်​ကို​ဟေ​လုန်​၏​သား​ဧ​လျာ​ဘ က​လည်း​ကောင်း​အုပ်​ချုပ်​ရ​သည်။ \p \v 17 ထို​နောက်​တဲ​တော်​ကို​ဖြုတ်​ချ​၍​ဂေ​ရ​ရှုန် သား​ချင်း​စု​နှင့် မေ​ရာ​ရိ​သား​ချင်း​စု​တို့ သည်​တဲ​တော်​ကို​ထမ်း​လျက်​ချီ​တက်​ရ​သည်။ \p \v 18 ထို​နောက်​ရု​ဗင်​အ​နွယ်​တပ်​အ​လံ​နောက်​မှ လိုက်​ရ​သော​လူ​စု​ကို ရှေ​ဒု​ရ​၏​သား​ဧ​လိ ဇု​ရ​သည်​အုပ်​ချုပ်​လျက်​တပ်​စု​အ​လိုက်​ချီ တက်​ရ​သည်။- \v 19 ဇု​ရိ​ရှဒ္ဒဲ​၏​သား​ရှေ​လု​မျေ​လ​သည် ရှိ​မောင် အ​နွယ်​ကို​လည်း​ကောင်း၊- \v 20 ဒွေ​လ​၏​သား​ဧ​လျာ​သပ်​သည်​ဂဒ်​အ​နွယ် ကို​လည်း​ကောင်း​အုပ်​ချုပ်​ရ​သည်။ \p \v 21 ထို​နောက်​လေ​ဝိ​အ​နွယ်​ကော​ဟတ်​သား​ချင်း​စု တို့​သည် တဲ​တော်​ဆိုင်​ရာ​ပစ္စည်း​များ​ကို​ထမ်း​လျက် ချီ​တက်​ရ​သည်။ သူ​တို့​သည်​နောက်​စ​ခန်း​သို့ ဆိုက်​ရောက်​သည့်​အ​ခါ တဲ​တော်​ကို​ထူ​နှင့်​ပြီး ဖြစ်​သည်။ \p \v 22 ထို​နောက်​ဧ​ဖ​ရိမ်​အ​နွယ်​တပ်​အ​လံ​နောက်​မှ လိုက်​ရ​သော​လူ​စု​ကို အ​မိ​ဟုဒ်​၏​သား​ဧ​လိ ရှ​မာ​သည်​အုပ်​ချုပ်​လျက်​တပ်​စု​အ​လိုက် ချီ​တက်​ရ​သည်။- \v 23 မ​နာ​ရှေ​၏​အ​နွယ်​ကို​ပေ​ဒါ​ဇု​ရ​၏​သား ဂါ​မ​လျေ​လ​အုပ်​ချုပ်​ရ​သည်။- \v 24 ဗင်္ယာ​မိန်​အ​နွယ်​ကို​ဂိဒေါ​နိ​၏​သား​အ​ဘိ​ဒန် အုပ်​ချုပ်​ရ​သည်။ \p \v 25 နောက်​ဆုံး​တပ်​ဖြစ်​သော​ဒန်​အ​နွယ်​တပ်​အ​လံ နောက်​မှ​လိုက်​ရ​သော​လူ​စု​ကို အ​မိ​ရှဒ္ဒဲ​၏​သား အ​ဟေ​ဇာ​အုပ်​ချုပ်​လျက်​တပ်​စု​အ​လိုက် ချီ​တက်​ရ​သည်။- \v 26 အာ​ရှာ​အ​နွယ်​ကို​သြ​က​ရန်​၏​သား​ပါ​ဂျေ​လ အုပ်​ချုပ်​၍၊- \v 27 န​ဿ​လိ​အ​နွယ်​ကို​ဧ​နန်​၏​သား​အ​ဟိ​ရ အုပ်​ချုပ်​ရ​သည်။- \v 28 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​စ​ခန်း​ဖြုတ် ၍​ခ​ရီး​ထွက်​သည့်​အ​ခါ​တိုင်း အ​ထက်​ဖော်​ပြ ပါ​အ​စီ​အ​စဉ်​အ​ရ​တပ်​စု​အ​လိုက်​ချီ​တက် ကြ​ရ​သည်။ \p \v 29 မော​ရှေ​သည်​မိ​ဒျန်​အ​မျိုး​သား​ယေ​သ​ရော ၏​သား မိ​မိ​၏​ယောက်​ဖ​ဟော​ဗပ်​အား``ထာ​ဝ​ရ ဘု​ရား​က​ငါ​တို့​အား​ပေး​မည်​ဟု​က​တိ​ထား တော်​မူ​သော​ပြည်​သို့ ငါ​တို့​ယ​ခု​သွား​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ကြီး​ပွား​စေ​မည်​ဟူ​၍ က​တိ​တော်​ရှိ သ​ဖြင့်​ငါ​တို့​နှင့်​အ​တူ​လိုက်​ခဲ့​ပါ​လော့။ သင် သည်​ငါ​တို့​နှင့်​အ​ကျိုး​တူ​ခံ​စား​ခွင့်​ရ​လိမ့် မည်'' ဟု​ဆို​လေ​၏။ \p \v 30 ဟော​ဗပ်​က``ငါ​မ​လိုက်​လို​ပါ။ ငါ​၏​နေ​ရင်း ပြည်​သို့​ပြန်​မည်'' ဟု​ဖြေ​ကြား​လေ​၏။ \p \v 31 ထို​အ​ခါ​မော​ရှေ​က``ငါ​တို့​ကို​စွန့်​ပစ်​၍​မ​ထား ခဲ့​ပါ​နှင့်။ သင်​သည်​တော​ကန္တာ​ရ​ခ​ရီး​လမ်း​သိ ကျွမ်း​သူ​ဖြစ်​သ​ဖြင့် စ​ခန်း​ချ​ရာ​အ​ရပ်​ကို ငါ​တို့​အား​ညွှန်​ပြ​နိုင်​မည်​ဖြစ်​သည်။- \v 32 ငါ​တို့​နှင့်​အ​တူ​လိုက်​ခဲ့​ပါ​မူ​ငါ​တို့​အား ထာ​ဝ​ရ​ဘု​ရား​ချ​ပေး​တော်​မူ​သော ကောင်း ချီး​မင်္ဂ​လာ​အ​ပေါင်း​တို့​ကို​သင်​လည်း​ခံ စား​ခွင့်​ရ​ရှိ​စေ​ပါ​မည်'' ဟု​ဆို​၏။ \s1 ခ​ရီး​စ​ထွက်​ခြင်း \p \v 33 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​သိ​နာ​တောင်​တော်​မှ​ထွက်​ခွာ​၍ သုံး ရက်​ကြာ​မျှ​ခရီး​ပြု​လေ​သည်။ သူ​တို့​စ​ခန်း ချ​ရာ​အ​ရပ်​ကို​ညွှန်​ပြ​ရန် ထာ​ဝ​ရ​ဘုရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည်​သူ​တို့​ရှေ့​မှ အ​စဉ်​သွား​ရ​၏။- \v 34 သူ​တို့​စ​ခန်း​မှ​ထွက်​ခွာ​လာ​သည့်​အ​ခါ​တိုင်း ထာ​ဝ​ရ​ဘု​ရား​၏​မိုး​တိမ်​သည်​နေ့​အ​ချိန် တွင်​သူ​တို့​၏​အ​ပေါ်​မှ​လိုက်​ပါ​လျက်​ရှိ​၏။ \p \v 35 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ခ​ရီး​စ​ထွက်​သည့်​အ​ခါ မော​ရှေ​က``အို ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​ပါ။ ကိုယ်​တော်​၏​ရန်​သူ​တို့​ကို​က​စဥ့်​က​လျား ဖြစ်​စေ​၍ ကိုယ်​တော်​အား​မုန်း​တီး​သူ​တို့​ကို ထွက်​ပြေး​စေ​တော်​မူ​ပါ'' ဟူ​၍​လည်း ကောင်း၊-\x + \xo 10:35 \xt ဆာ၊ ၆၈:၁။\x* \v 36 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရပ်​နား​သော​အ​ခါ``အို ထာ​ဝ​ရ​ဘု​ရား၊ ထောင်​သောင်း​မ​က​သော​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​ပြန်​ကြွ​တော် မူ​ပါ'' ဟူ​၍​လည်း​ကောင်း​လျှောက်​ဆို​လေ့​ရှိ​၏။ \c 11 \s1 တ​ဗေ​ရ​နာ​မည်​တွင်​သည့်​အ​ရပ် \p \v 1 လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​တွေ့​ကြုံ​ရ​သော ဆင်း​ရဲ​ဒုက္ခ​များ​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ညည်း​ညူ​သံ​ကို​ကြား​ရ​သော​အ​ခါ အ​မျက်​တော်​ထွက်​၍​သူ​တို့​အ​ပေါ်​တွင်​လောင် မီး​ကျ​စေ​၏။ မီး​သည်​စ​ခန်း​တစ်​ဘက်​စွန်း တွင်​ရှိ​သော​လူ​များ​ကို​လောင်​ကျွမ်း​စေ​၏။- \v 2 ထို​အ​ခါ​လူ​တို့​သည်​မော​ရှေ​အား​အော်​ဟစ်​၍ အ​ကူ​အ​ညီ​တောင်း​ခံ​၏။ မော​ရှေ​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​သ​ဖြင့်​မီး​ငြိမ်း​သွား လေ​သည်။- \v 3 သူ​တို့​အ​ပေါ်​တွင်​ထာ​ဝ​ရ​ဘု​ရား​မှ​လောင် မီး​ကျ​သ​ဖြင့် ထို​အ​ရပ်​ကို​တ​ဗေ​ရ​ဟု သ​မုတ်​ကြ​၏။ \s1 ခေါင်း​ဆောင်​ခု​နစ်​ဆယ်​ကို​မော​ရှေ​ရွေး​ချယ်​ခြင်း \p \v 4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ​လိုက် ပါ​လာ​သော နိုင်​ငံ​ခြား​သား​တို့​သည်​အ​သား ကို​တောင့်​တ​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က​ပင်​လျှင်``အ​သား​ကို​စား​ချင်​လှ​ပါ​ဘိ။- \v 5 ငါ​တို့​သည်​အီ​ဂျစ်​ပြည်​တွင် ငါး​ကို​အ​ဖိုး အ​ခ​မ​ပေး​ရ​ဘဲ​လို​သ​လောက်​စား​ရ​၏။ သ​ခွား​သီး၊ ဖ​ရဲ​သီး၊ ကြက်​သွန်​မြိတ်၊ ကြက် သွန်​နီ၊ ကြက်​သွန်​ဖြူ​တို့​ကို​လည်း​စား​ရ​၏။- \v 6 ယ​ခု​ငါ​တို့​အင်​အား​ကုန်​ခန်း​ပါ​ပြီ။ တစ်​နေ့ နောက်​တစ်​နေ့​ဤ​မန္န​မုန့်​အ​ပြင်​စား​စ​ရာ မ​ရှိ​ပါ'' ဟု​ညည်း​တွား​ကြ​လေ​သည်။ \p \v 7 (မန္န​မုန့်​သည်​ဝါ​ဖျော့​ဖျော့​အ​ရောင်​ရှိ​သော သစ်​စေ့​က​လေး​များ​နှင့်​တူ​၏။-\x + \xo 11:7 \xt ထွ၊ ၁၆:၃၁။\x* \v 8-9 ည​အ​ခါ​နှင်း​နှင့်​အ​တူ​စခန်း​ထဲ​သို့​ကျ​၏။ နံ​နက်​အ​ချိန်​တွင်​လူ​တို့​သည်​မန္န​မုန့်​ကို​လှည့် လည်​စု​သိမ်း​ပြီး​လျှင်​ကြိတ်​၍​ဖြစ်​စေ၊ ထောင်း ၍​ဖြစ်​စေ​မုန့်​ညက်​ပြု​လုပ်​ကြ​၏။ ထို​နောက် မုန့်​ညက်​ကို​ပေါင်း​၍​မုန့်​ပြား​ပြု​လုပ်​ကြ​၏။ အ​ရ​သာ​သည်​သံ​လွင်​ဆီ​နှင့်​ဖုတ်​သော​မုန့် အ​ရ​သာ​နှင့်​တူ​၏။)\x + \xo 11:8-9 \xt ထွ၊ ၁၆:၁၃-၁၅။\x* \p \v 10 လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​တဲ​ဝ​အ သီး​သီး​တွင်​စု​ရုံး​ကာ ညည်း​ညူ​နေ​ကြ​သော အ​သံ​ကို​မော​ရှေ​ကြား​ရ​၏။ ထာ​ဝ​ရ​ဘု​ရား အ​မျက်​ထွက်​တော်​မူ​သော​ကြောင့် မော​ရှေ​သည် စိတ်​မ​ချမ်း​မ​သာ​ဖြစ်​၏။- \v 11 မော​ရှေ​က``ကိုယ်​တော်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ် အား ဆင်း​ရဲ​ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​သည်​ရှေ့​တော်​၌​မျက်​နှာ မ​ရ​ပါ​သ​နည်း။ ဤ​သူ​အ​ပေါင်း​တို့​အ​တွက် အ​ကျွန်ုပ်​အား အ​ဘယ်​ကြောင့်​တာ​ဝန်​ပေး​တော် မူ​ပါ​သ​နည်း။- \v 12 အ​ကျွန်ုပ်​သည်​သူ​တို့​ကို​ဝမ်း​နှင့်​လွယ်​၍​မွေး ထုတ်​ရ​သူ​ဖြစ်​ပါ​သ​လော။ ကိုယ်​တော်​သည်​သူ တို့​၏​ဘိုး​ဘေး​တို့​အား​ပေး​မည်​ဟု က​တိ​ထား တော်​မူ​သော​ပြည်​သို့​သွား​ရာ​လမ်း​တစ်​လျှောက် လုံး​တွင် အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​အား​က​လေး ထိန်း​သ​ဖွယ်​သူ​တို့​ကို​ပိုက်​ချီ​ဆောင်​ယူ​သွား စေ​ပါ​သ​နည်း။- \v 13 ဤ​သူ​အ​ပေါင်း​တို့​စား​ရန်​အ​သား​ကို​အ​ကျွန်ုပ် အ​ဘယ်​မှာ​ရှာ​၍​ရ​နိုင်​ပါ​မည်​နည်း။ သူ​တို့​သည် အ​သား​စား​လို​ပါ​သည်​ဟူ​၍ ညည်း​တွား​တောင်း ဆို​လျက်​ရှိ​ကြ​ပါ​သည်။- \v 14 ဤ​သူ​အ​ပေါင်း​တို့​အ​တွက်​အ​ကျွန်ုပ်​တစ်​ဦး တည်း​က​တာ​ဝန်​မ​ယူ​နိုင်​ပါ။ ထို​တာ​ဝန် သည်​အ​ကျွန်ုပ်​အ​တွက်​ကြီး​လွန်း​ပါ​၏။- \v 15 အ​ကျွန်ုပ်​သည်​ဤ​တာ​ဝန်​ထမ်း​ဆောင်​ရ​မည် ဟု​ဆို​လျှင် ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား သ​နား​သ​ဖြင့်​ယ​ခု​ပင်​အ​သက်​သေ​စေ​၍ ဤ​ဆင်း​ရဲ​ဒုက္ခ​မှ​ကင်း​လွတ်​စေ​တော်​မူ​ပါ'' ဟု​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား​လေ သည်။ \p \v 16 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​ထဲ​မှ​ဂုဏ်​အ​သ​ရေ​ရှိ​သူ ခေါင်း​ဆောင်​ခု​နစ်​ဆယ်​ကို ပ​ဋိ​ညာဉ်​တဲ​တော် သို့​လာ​ရောက်​စု​ရုံး​စေ​ပြီး​လျှင်​သင်​နှင့် အ​တူ​ရပ်​နေ​စေ​လော့။- \v 17 ငါ​သည်​ကြွ​လာ​၍​သင်​နှင့်​စ​ကား​ပြော​ဆို​မည်။ ငါ​သည်​သင့်​အား​ပေး​အပ်​ထား​သော​စွမ်း​ရည် အ​ချို့​ကို​ယူ​၍ သူ​တို့​အား​ပေး​အပ်​မည်။ ထို အ​ခါ​ဤ​သူ​များ​အ​တွက်​ထမ်း​ရ​သော​တာ​ဝန် ကို​သူ​တို့​သည်​သင့်​အား​ကူ​ညီ​ထမ်း​ရွက်​နိုင် သ​ဖြင့် ထို​တာ​ဝန်​ကို​သင်​တစ်​ဦး​တည်း​ထမ်း ရန်​မ​လို​တော့​ချေ။- \v 18 ယ​ခု​သင်​သည်​သူ​တို့​အား​ဤ​သို့​မှာ​ကြား လော့။ သူ​တို့​သည်​နက်​ဖြန်​နေ့​အ​တွက်​မိ​မိ တို့​ကိုယ်​ကို​သန့်​စင်​စေ​ရ​မည်။ သူ​တို့​သည် အ​သား​ကို​စား​ရ​လိမ့်​မည်။ သူ​တို့​သည်​အီ​ဂျစ် ပြည်​၌​အ​သား​ကို​စား​ရ​ကြောင်း၊ ယ​ခု​သူ တို့​အ​သား​ကို​စား​လို​၍​ညည်း​ညူ​နေ​ကြောင်း ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​စား​ရန်​အ​သား​ကို​ပေး တော်​မူ​မည်​ဖြစ်​၍​သူ​တို့​စား​ရ​လိမ့်​မည်။- \v 19 သူ​တို့​သည်​အ​သား​ကို​တစ်​ရက်၊ နှစ်​ရက်၊ ငါး​ရက်၊ ဆယ်​ရက်၊ အ​ရက်​နှစ်​ဆယ်​မျှ​သာ စား​ကြ​ရ​မည်​မ​က​ဘဲ၊- \v 20 အ​သား​သည်​သူ​တို့​၏​နား​များ​မှ​ထွက်​၍ အ​သား​ကို​ရွံ​မုန်း​လာ​သည့်​တိုင်​အောင် တစ်​လ လုံး​လုံး​စား​ရ​ကြ​မည်။ ဤ​သို့​ဖြစ်​ရ​ခြင်း​မှာ သူ​တို့​သည်​အီ​ဂျစ်​ပြည်​ကို​တ​သ​လျက်​သူ တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ကို​ပစ်​ပယ်​ကာ​ညည်း​ညူ​ကြ​သော​ကြောင့်​ဖြစ် သည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 21 မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​မှာ လူ​ပေါင်း​ခြောက်​သိန်း​ရှိ​ပါ​၏။ ကိုယ်​တော်​က သူ​တို့​အား​တစ်​လ​ပတ်​လုံး​အ​သား​ကျွေး မည်​ဟု​မိန့်​တော်​မူ​ပါ​သည်။- \v 22 သူ​တို့​ဝ​လင်​စွာ​စား​နိုင်​ရန်​သိုး​နွား​ဆိတ် အ​လုံ​အ​လောက်​ရ​နိုင်​ပါ​မည်​လော။ သူ​တို့ အ​တွက်​ပင်​လယ်​မှ​ငါး​အ​လုံ​အ​လောက် ရ​နိုင်​ပါ​မည်​လော'' ဟု​လျှောက်​ထား​လေ​၏။ \p \v 23 ထာ​ဝ​ရ​ဘု​ရား​က``ငါ​မ​တတ်​နိုင်​သည့်​အ​ရာ ရှိ​သ​လော။ ငါ​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​ဖြစ် မည်​မ​ဖြစ်​မည်​ကို​သင်​မ​ကြာ​မီ​တွေ့​မြင်​ရ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 24 မော​ရှေ​သည်​တဲ​တော်​တွင်း​မှ​ထွက်​လာ​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို​လူ အ​ပေါင်း​တို့​အား​ပြန်​ကြား​လေ​သည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​ခု​နစ် ဆယ်​ကို​ခေါ်​၍ တဲ​တော်​ပတ်​လည်​တွင်​ရပ်​နေ စေ​၏။- \v 25 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​ဖြင့် ကြွ​ဆင်း​လာ​၍ မော​ရှေ​နှင့်​စ​ကား​ပြော​ဆို​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​ပေး​အပ် ထား​သော​စွမ်း​ရည်​အ​ချို့​ကို​ယူ​၍ ခေါင်း​ဆောင် ခု​နစ်​ဆယ်​တို့​အား​ပေး​အပ်​တော်​မူ​၏။ သူ​တို့ သည်​စွမ်း​ရည်​ကို​ခံ​ယူ​ရ​ရှိ​ကြ​သော​အ​ခါ ပ​ရော​ဖက်​များ​ကဲ့​သို့​ကြွေး​ကြော်​ကြ​၏။ သို့ ရာ​တွင်​တစ်​ကြိမ်​မျှ​သာ​ကြွေး​ကြော်​ကြ​၏။ \p \v 26 ခေါင်း​ဆောင်​ခု​နစ်​ဆယ်​ထဲ​မှ​ဧ​လ​ဒဒ်​နှင့်​မေ​ဒဒ် ဆို​သူ​နှစ်​ဦး​သည် တဲ​တော်​သို့​မ​သွား​ဘဲ​စ​ခန်း ထဲ​တွင်​ကျန်​ရစ်​ခဲ့​ကြ​၏။ သူ​တို့​အ​ပေါ်​သို့​ဝိ​ညာဉ် တော်​သက်​ဆင်း​လာ​သော​အ​ခါ သူ​တို့​သည်​လည်း ပ​ရော​ဖက်​များ​ကဲ့​သို့​ကြွေး​ကြော်​ကြ​သည်။- \v 27 လူ​ငယ်​တစ်​ဦး​က​ဧ​လ​ဒဒ်​နှင့်​မေ​ဒဒ်​တို့​ပြု မူ​ပုံ​ကို မော​ရှေ​ထံ​သို့​ပြေး​၍​ပြော​ကြား​၏။ \p \v 28 ထို​အ​ခါ​ငယ်​စဉ်​က​တည်း​က​မော​ရှေ​ကို​ကူ ညီ​ခဲ့​သော​နုန်​၏​သား​ဖြစ်​သော ယော​ရှု​က မော​ရှေ​အား``အ​ရှင်၊ သူ​တို့​ကို​တား​မြစ် ပါ'' ဟု​တိုက်​တွန်း​လေ​သည်။ \p \v 29 မော​ရှေ​က``ငါ​၏​အ​ကျိုး​ကို​ထောက်​၍​သင် ပြော​နေ​သ​လော။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ ၏​လူ​မျိုး​တော်​အား​လုံး​အ​ပေါ်​သို့​ဝိ​ညာဉ် တော်​ကို​ပေး​အပ်​သ​ဖြင့် သူ​တို့​သည်​ပ​ရော ဖက်​များ​ကဲ့​သို့​ကြွေး​ကြော်​နိုင်​ကြ​ပါ​စေ သော'' ဟု​ပြန်​ပြော​လေ​၏။- \v 30 ထို​နောက်​မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား ခေါင်း​ဆောင်​ခု​နစ်​ဆယ်​တို့​သည် စ​ခန်း​သို့​ပြန် သွား​ကြ​၏။ \s1 ထာ​ဝ​ရ​ဘု​ရား​သည်​ငုံး​ငှက်​များ​ကို​ချ​ပေး​ခြင်း \p \v 31 ထာ​ဝ​ရ​ဘု​ရား​သည်​ပင်​လယ်​ဘက်​မှ​လေ​ကို တိုက်​စေ​သ​ဖြင့် လေ​နှင့်​အ​တူ​ငုံး​ငှက်​များ​ပါ လာ​၏။ ထို​ငုံး​ငှက်​များ​သည်​မြေ​ပြင်​အ​ထက် သုံး​ပေ​အ​မြင့်​မှ​ပျံ​သန်း​လာ​၍ စ​ခန်း​အ​တွင်း နှင့်​စ​ခန်း​အ​ပြင်​မိုင်​များ​စွာ​ပတ်​လည်​နေ​ရာ အ​နှံ့​အ​ပြား​တွင်​နား​ကြ​လေ​သည်။- \v 32 သို့​ဖြစ်​၍​လူ​တို့​သည်​တစ်​နေ့​လုံး၊ တစ်​ည​လုံး နှင့်​နောက်​တစ်​နေ့​လုံး​ငုံး​ငှက်​များ​ကို​ဖမ်း​ဆီး ကြ​၏။ ယုတ်​စွ​အ​ဆုံး​လူ​တစ်​ဦး​လျှင်​ငုံး​ငှက် တင်း​ငါး​ဆယ်​မျှ​ဖမ်း​ဆီး​မိ​သည်။ သူ​တို့​သည် စ​ခန်း​ပတ်​လည်​တွင်​ငှက်​များ​ကို​ဖြန့်​၍ အ​ခြောက်​လှန်း​ကြ​သည်။- \v 33 ငုံး​ငှက်​သား​ပေါ​များ​လျက်​ရှိ​သေး​ချိန်​တွင် ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ထွက်​၍​သူ တို့​တွင်​ကပ်​ရော​ဂါ​ကျ​ရောက်​စေ​၏။- \v 34 ထို​အ​ရပ်​တွင်​အ​သား​ကို​တောင့်​တ​သူ​တို့​၏ အ​လောင်း​များ​ကို​မြုပ်​နှံ​ခဲ့​ရ​သ​ဖြင့် ကိ​ဗြုတ် ဟတ္တ​ဝါ​သို့​မ​ဟုတ်​တောင့်​တ​သူ​တို့​၏​သင်္ချိုင်း ဟူ​၍​နာ​မည်​မှည့်​ခေါ်​လေ​၏။ \p \v 35 သူ​တို့​သည်​ထို​အ​ရပ်​မှ​ခ​ရီး​ဆက်​ကြ​၍ ဟာ​ဇ​ရုတ်​အ​ရပ်​သို့​ရောက်​လျှင်​စ​ခန်း​ချ ကြ​လေ​သည်။ \c 12 \s1 မိ​ရိ​အံ​ကို​ဒဏ်​ခတ်​ခြင်း \p \v 1 မော​ရှေ​သည်​မိ​ဒျန်​အ​မျိုး​သ​မီး​တစ်​ဦး နှင့်​စုံ​ဖက်​သ​ဖြင့် မိ​ရိ​အံ​နှင့်​အာ​ရုန်​တို့ က​သူ့​အား​အ​ပြစ်​တင်​ကြ​လေ​သည်။- \v 2 သူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား ဖြင့်​သာ​လျှင်​မိန့်​ကြား​တော်​မူ​သ​လော။ ငါ တို့​အား​ဖြင့်​လည်း​မိန့်​ကြား​တော်​မ​မူ​သ​လော'' ဟု​ဆို​ကြ​၏။ ထို​စ​ကား​ကို​ထာ​ဝ​ရ​ဘု​ရား ကြား​တော်​မူ​သည်။- \v 3 (မော​ရှေ​သည်​စိတ်​နှိမ့်​ချ​သူ​ဖြစ်​၏။ ကမ္ဘာ​ပေါ် တွင်​သူ​ကဲ့​သို့​စိတ်​နှိမ့်​ချ​သူ​တစ်​ယောက်​မျှ မ​ရှိ။) \p \v 4 ချက်​ချင်း​ပင်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ၊ အာ​ရုန်​နှင့်​မိ​ရိ​အံ​တို့​အား``သင်​တို့​သုံး ဦး​စ​လုံး​တဲ​တော်​သို့​လာ​ခဲ့​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။ သူ​တို့​သည်​တဲ​တော်​သို့​ရောက်​ရှိ သော​အ​ခါ၊- \v 5 ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​တိုင်​ဖြင့်​ကြွ လာ​၍ တဲ​တော်​တံ​ခါး​ဝ​တွင်​ရပ်​လျက်``အာ​ရုန်၊ မိ​ရိ​အံ'' ဟူ​၍​ခေါ်​တော်​မူ​၏။ ထို​အ​ခါ​သူ တို့​နှစ်​ဦး​သည်​ရှေ့​သို့​ထွက်​လာ​သ​ဖြင့်၊- \v 6 ``ငါ​မိန့်​တော်​မူ​သ​မျှ​ကို​နား​ထောင်​လော့။ သင် တို့​တွင်​ပ​ရော​ဖက်​များ​ရှိ​သော​အ​ခါ ငါ​သည် သူ​တို့​အား​အိပ်​မက်​အား​ဖြင့်​သော်​လည်း​ကောင်း၊ ရူ​ပါ​ရုံ​အား​ဖြင့်​သော်​လည်း​ကောင်း​ဗျာ​ဒိတ် ပေး​၏။- \v 7 ငါ​၏​အ​စေ​ခံ​မော​ရှေ​သည်​ကား​ထို​ကဲ့​သို့ သော​ပ​ရော​ဖက်​မ​ဟုတ်။ ငါ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို သူ​၏​လက်​ဝယ်​၌​ငါ​အပ်​ထား​ပြီ။-\x + \xo 12:7 \xt ဟေဗြဲ၊ ၃:၂။\x* \v 8 သို့​ဖြစ်​၍​ငါ​သည်​သူ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​၍ ရှင်း​လင်း​ပြတ်​သား​စွာ​စ​ကား​ပြော​ဆို​၏။ စ​ကား​ဝှက်​ဖြင့်​ပြော​ဆို​လေ့​မ​ရှိ။ သူ​သည် ငါ​၏​ပုံ​သဏ္ဌာန်​တော်​ကို​ပင်​ဖူး​တွေ့​ခဲ့​ရ​၏။ သင်​တို့​သည်​ငါ​၏​အ​စေ​ခံ​မော​ရှေ​ကို အ​ဘယ်​ကြောင့်​အ​ပြစ်​တင်​ပြော​ဆို​ဝံ့ သ​နည်း'' ဟု​မိန့်​တော်​မူ​၏။ \p \v 9 ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​အ​မျက်​ထွက် တော်​မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​ပြန်​လည်​ကြွ သွား​လျက်၊- \v 10 တဲ​တော်​ပေါ်​မှ​မိုး​တိမ်​တက်​သွား​သည့်​အ​ခါ မိ​ရိ​အံ​တွင် ကြောက်​မက်​ဖွယ်​သော​ကိုယ်​ရေ​ပြား ရော​ဂါ​စွဲ​သ​ဖြင့်​တစ်​ကိုယ်​လုံး​ဆွတ်​ဆွတ်​ဖြူ လာ​လေ​၏။ အာ​ရုန်​သည်​မိ​ရိ​အံ​ကိုယ်​၌ ရော​ဂါ စွဲ​သည့်​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​ရ​သော အ​ခါ၊- \v 11 မော​ရှေ​အား``အ​ရှင်၊ အ​ကျွန်ုပ်​တို့​၏​မိုက်​မဲ သော​အ​ပြစ်​ကြောင့်​ဒဏ်​မ​ခံ​ရ​ပါ​စေ​နှင့်။- \v 12 ဖွား​စ​က​ပင်​ကိုယ်​ခန္ဓာ​တစ်​ဝက်​ကို​ပုပ်​ပျက် သော အ​သေ​ကောင်​ကဲ့​သို့​မိ​ရိအံ​မ​ဖြစ်​ပါ စေ​နှင့်'' ဟု​တောင်း​ပန်​လေ​၏။ \p \v 13 သို့​ဖြစ်​၍​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​အား``အို ဘု​ရား​သ​ခင်၊ မိ​ရိ​အံ​၏​အ​နာ​ရော​ဂါ​ကို ပျောက်​ကင်း​စေ​တော်​မူ​ပါ'' ဟု​အော်​ဟစ်​တောင်း လျှောက်​လေ​၏။ \p \v 14 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အ​ကယ်​၍ သူ​၏​ဖ​ခင်​သည်​သူ​၏​မျက်​နှာ​ကို​တံ​တွေး နှင့်​ထွေး​လျှင် သူ​သည်​ခု​နစ်​ရက်​ပတ်​လုံး အ​ရှက်​ခွဲ​ခြင်း​ခံ​ရ​မည်​မ​ဟုတ်​လော။ ထို ကြောင့်​သူ့​ကို​စ​ခန်း​အ​ပြင်​တွင်​ခု​နစ်​ရက် မျှ​သီး​ခြား​နေ​ထိုင်​စေ​လော့။ ရက်​စေ့​လျှင် သူ့​ကို​စ​ခန်း​အ​တွင်း​သို့​ပြန်​လည်​ခေါ်​ဆောင် ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-\x + \xo 12:14 \xt တော၊ ၅:၂-၃။\x* \v 15 ထို့​ကြောင့်​မိ​ရိ​အံ​ကို​စ​ခန်း​အ​ပြင်​သို့ ခု​နစ် ရက်​မျှ​သီး​ခြား​နေ​ထိုင်​ရန်​ထုတ်​ထား​ကြ​သည်။ သူ​စ​ခန်း​ထဲ​သို့​ပြန်​ရောက်​မှ​လူ​များ​တို့​သည် ခ​ရီး​ဆက်​ကြ​လေ​သည်။- \v 16 ထို​နောက်​သူ​တို့​သည်​ဟာ​ဇ​ရုတ်​စ​ခန်း​မှ ထွက်​ခွာ​၍ ပါ​ရန်​ဟု​ခေါ်​သော​တော​ကန္တာ​ရ တွင်​စ​ခန်း​ချ​ကြ​လေ​သည်။ \c 13 \s1 သူ​လျှို​များ \r (တ​ရား၊ ၁:၁၉-၃၃) \p \v 1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊- \v 2 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ငါ​ပေး​မည့် ခါ​နာန်​ပြည်​ကို​စုံ​စမ်း​ထောက်​လှမ်း​ရန် အ​နွယ် တစ်​ဆယ့်​နှစ်​နွယ်​မှ​ခေါင်း​ဆောင်​တစ်​ဦး​ကျ​စီ ကို​ရွေး​လော့'' ဟု​မိန့်​တော်​မူ​၏။- \v 3-15 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း အောက်​ဖော်​ပြ​ပါ​ခေါင်း​ဆောင်​တို့​ကို ပါ​ရန်​တော​ကန္တာ​ရ​မှ​စေ​လွှတ်​လိုက်​လေ​သည်။ \tr \th1 အ​နွယ် \th2 ခေါင်း​ဆောင် \tr \tc1 ရု​ဗင် \tc2 ဇက္ကုရ​၏​သား​ရှ​မွာ \tr \tc1 ရှိ​မောင် \tc2 ဟော​ရိ​၏​သား​ရှာ​ဖတ် \tr \tc1 ယု​ဒ \tc2 ယေ​ဖုန္နာ​၏​သား​ကာ​လက် \tr \tc1 ဣ​သ​ခါ \tc2 ယော​သပ်​၏​သား​ဣ​ဂါ​လ \tr \tc1 ဧ​ဖ​ရိမ် \tc2 နုန်​၏​သား​သြ​ရှေ \tr \tc1 ဗင်္ယာ​မိန် \tc2 ရာ​ဖု​၏​သား​ပါ​တ​လိ \tr \tc1 ဇာ​ဗု​လုန် \tc2 သော​ဒိ​၏​သား​ဂါ​ဒျေ​လ \tr \tc1 မ​နာ​ရှေ \tc2 သု​သိ​၏​သား​ဂဒ္ဒိ \tr \tc1 ဒန် \tc2 ဂေ​မလ္လိ​၏​သား​အ​မျေလ \tr \tc1 အာ​ရှာ \tc2 မိက္ခေလ​၏​သား​သေ​သု​ရ \tr \tc1 န​ဿ​လိ \tc2 ဝါ​ဖ​သိ​၏​သား​နာ​ဘိ \tr \tc1 ဂဒ် \tc2 မာ​ခိ​၏​သား​ဂွေ​လ \p \v 16 ဤ​သူ​တို့​သည်​ကား​ခါ​နာန်​ပြည်​ကို​စုံ​စမ်း ထောက်​လှမ်း​ရန် မော​ရှေ​စေ​လွှတ်​သော​သူ​လျှို များ​ဖြစ်​ကြ​သည်။ မော​ရှေ​သည်​နုန်​၏​သား သြ​ရှေ​ကို​ယော​ရှု​ဟူ​သော​နာ​မည်​သို့​ပြောင်း ၍​မှည့်​ခေါ်​လေ​သည်။ \p \v 17 မော​ရှေ​သည်​သူ​တို့​ကို​မ​စေ​လွှတ်​မီ``သင်​တို့ သည်​ဤ​အ​ရပ်​မှ​မြောက်​ဘက်​သို့​သွား​၍ ခါ​နာန် ပြည်​တောင်​ပိုင်း​သို့​ဝင်​ပြီး​လျှင်​တောင်​ကုန်း ဒေ​သ​ပေါ်​သို့​တက်​လော့။- \v 18 ထို​ပြည်​သည်​မည်​ကဲ့​သို့​သော​ပြည်​ဖြစ်​သည်၊ လူ​ဦး​ရေ​မည်​မျှ​ရှိ​သည်၊ အင်​အား​မည်​မျှ တောင့်​တင်း​သည်​ကို​စုံ​စမ်း​ထောက်​လှမ်း​လော့။- \v 19 ထို​ပြည်​သည်​နေ​ထိုင်​ဖွယ်​ကောင်း​သည်​မ​ကောင်း သည်​ကို​လည်း​ကောင်း၊ မြို့​များ​သည်​တံ​တိုင်း အ​ကာ​အ​ရံ​ရှိ​သည်​မ​ရှိ​သည်​ကို​လည်း ကောင်း​စုံ​စမ်း​ထောက်​လှမ်း​လော့။- \v 20 ထို​ပြည်​သည်​မြေ​သြ​ဇာ​ထက်​သန်​သည်​မ​ထက် သန်​သည် တော​ထူ​ထပ်​သည်​မ​ထူ​ထပ်​သည်​ကို လည်း​စုံ​စမ်း​ထောက်​လှမ်း​လော့။ ထို​ပြည်​မှ​ထွက် သော​သစ်​သီး​အ​ချို့​ကို​လည်း​ယူ​ခဲ့​လော့'' ဟု မှာ​ကြား​လေ​သည်။ (ထို​အ​ချိန်​သည်​စ​ပျစ် သီး​မှည့်​စ​အ​ချိန်​ဖြစ်​၏။) \p \v 21 သို့​ဖြစ်​၍​သူ​တို့​သည်​မြောက်​ဘက်​သို့​သွား​ပြီး လျှင် ထို​ပြည်​တောင်​ဘက်​ဇိ​န​ခေါ်​တော​ကန္တာ​ရ မှ​မြောက်​ဘက်​ဟာ​မတ်​တောင်​ကြား​အ​နီး​ရှိ ရ​ဟော​ဘ​မြို့​သို့​တိုင်​အောင်​ပြည်​ကို​စုံ​စမ်း ထောက်​လှမ်း​ကြ​သည်။- \v 22 ပ​ထ​မ​ဦး​စွာ​သူ​တို့​သည်​ပြည်​၏​တောင်​ပိုင်း သို့​ဝင်​ရောက်​၍ ကိုယ်​ခန္ဓာ​အ​လွန်​ထွား​ကျိုင်း သည့်​အာ​န​က​အ​မျိုး​သား​တို့​၏​အ​ဆက် အ​နွယ်​များ​ဖြစ်​သော​အ​ဟိ​မန်​သား​ချင်း​စု၊ ရှေ​ရှဲ​သား​ချင်း​စု​နှင့်​တာ​လ​မဲ​သား​ချင်း​စု တို့​နေ​ထိုင်​ရာ​ဟေ​ဗြုန်​မြို့​သို့​ရောက်​ရှိ​ကြ သည်။ (ဟေ​ဗြုန်​မြို့​သည်​အီ​ဂျစ်​ပြည်​ရှိ​ဇော​န မြို့​မ​တည်​မီ​ခု​နစ်​နှစ်​အ​ထက်​က​တည်​ခဲ့ သော​မြို့​ဖြစ်​သ​တည်း။-) \v 23 ထို​နောက်​သူ​တို့​သည်​ဧ​ရှ​ကော​လ​ချိုင့်​ဝှမ်း သို့​ရောက်​၍ စ​ပျစ်​သီး​တစ်​ခိုင်​ကို​ဖြတ်​ယူ​ကြ သည်။ ထို​စ​ပျစ်​ခိုင်​မှာ​အ​လွန်​လေး​လံ​သ​ဖြင့် လူ​နှစ်​ယောက်​ထမ်း​ပိုး​လျှို​၍​ထမ်း​ရ​သည်။ သူ တို့​သည်​သ​လဲ​သီး​နှင့်​သ​ဖန်း​သီး​အ​ချို့ ကို​လည်း​ယူ​ခဲ့​ကြ​သည်။- \v 24 (ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​စ​ပျစ် ခိုင်​ကို​ဖြတ်​ယူ​သ​ဖြင့် ထို​အ​ရပ်​သည်​ဧ​ရှ ကော​လ​ချိုင့်​ဝှမ်း​ဟု​ခေါ်​တွင်​လေ​သည်။) \p \v 25 သူ​လျှို​တို့​သည်​ခါ​နာန်​ပြည်​ကို​ရက်​ပေါင်း လေး​ဆယ်​စုံ​စမ်း​ထောက်​လှမ်း​ပြီး​နောက်၊- \v 26 မော​ရှေ၊ အာ​ရုန်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​စ​ခန်း​ချ​ရာ​ပါ​ရန် တော​ကန္တာ​ရ ရှိ​ကာ​ဒေ​ရှ​စ​ခန်း​သို့​ပြန်​လာ​ကြ​လေ​သည်။ သူ​တို့​သည်​ထို​ပြည်​၌​တွေ့​မြင်​ခဲ့​သ​မျှ​ကို ပြန်​ကြား​၍ သူ​တို့​ယူ​ဆောင်​ခဲ့​သော​သစ်​သီး များ​ကို​ပြ​ကြ​၏။- \v 27 သူ​တို့​က​မော​ရှေ​အား``အ​ကျွန်ုပ်​တို့​သည်​ထို ပြည်​သို့​သွား​ရောက်​စုံ​စမ်း​ထောက်​လှမ်း​၍ ထို ပြည်​သည်​အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍ မြေ သြ​ဇာ​ထက်​သန်​ကြောင်း​သိ​ရှိ​ရ​ပါ​၏။ ဤ သစ်​သီး​များ​သည်​ထို​ပြည်​မှ​ထွက်​သော သစ်​သီး​ဖြစ်​ပါ​သည်။- \v 28 သို့​ရာ​တွင်​ထို​ပြည်​၌​နေ​ထိုင်​သူ​တို့​သည် အင်​အား​ကြီး​၍ တံ​တိုင်း​အ​ကာ​အ​ရံ​ရှိ သော​မြို့​ကြီး​များ​တွင်​နေ​ထိုင်​ကြ​ပါ​သည်။ ထို​မျှ​မ​က​အ​လွန်​ထွား​ကြိုင်း​သော​လူ​မျိုး ၏​အ​ဆက်​အ​နွယ်​များ​ကို​လည်း​တွေ့​မြင် ခဲ့​ရ​ပါ​သည်။- \v 29 အာ​မ​လက်​အ​မျိုး​သား​တို့​သည်​ထို​ပြည်​၏ တောင်​ပိုင်း​တွင်​နေ​ထိုင်​၍ ဟိတ္တိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား တို့​သည်​တောင်​ကုန်း​များ​ပေါ်​၌​လည်း​ကောင်း၊ ခါ​နာန်​အ​မျိုး​သား​တို့​သည်​မြေ​ထဲ​ပင် လယ်​ကမ်း​ခြေ​နှင့်​ယော်​ဒန်​မြစ်​ဝှမ်း​တစ် လျှောက်​၌​လည်း​နေ​ထိုင်​ကြ​ပါ​သည်'' ဟု ဆို​ကြ​၏။ \p \v 30 သို့​ရာ​တွင်​ကာ​လက်​သည်​မော​ရှေ​၏​ရှေ့​တွင် ညည်း​ညူ​သူ​တို့​အား``ငါ​တို့​သည်​ယ​ခု​ပင်​ထို ပြည်​သို့​ဝင်​ရောက်​တိုက်​ခိုက်​သိမ်း​ပိုက်​ကြ​ပါ စို့။ ငါ​တို့​သည်​ထို​ပြည်​ကို​တိုက်​ခိုက်​အောင် မြင်​နိုင်​စွမ်း​ရှိ​ပါ​သည်'' ဟု​ဆို​၍​လူ​တို့​ကို ငြိမ်​ဝပ်​သွား​စေ​၏။ \p \v 31 သို့​သော်​လည်း​ကာ​လက်​နှင့်​အ​တူ​လိုက်​ပါ သွား​သူ​တို့​က``ငါ​တို့​သည်​ထို​ပြည်​ကို​တိုက် ခိုက်​အောင်​မြင်​နိုင်​စွမ်း​မ​ရှိ​ပါ။ ထို​ပြည်​သား တို့​သည်​ငါ​တို့​ထက်​အင်​အား​ကြီး​ပါ​သည်'' ဟု​ဆို​ကြ​၏။- \v 32 သို့​ဖြစ်​၍​သူ​တို့​သည်​မိ​မိ​တို့​စုံ​စမ်း​ထောက် လှမ်း​ခဲ့​သော​ပြည်​အ​ကြောင်း မ​ဟုတ်​မ​မှန် သ​တင်း​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ တွင်​ဖြန့်​ကြ​သည်။ သူ​တို့​က``ထို​ပြည်​၌​ထို ပြည်​သား​တို့​အ​တွက်​ပင်​လျှင်​သီး​နှံ​လောက် အောင်​မ​ထွက်​ပါ။ ငါ​တို့​တွေ့​မြင်​ခဲ့​သော​သူ အ​ပေါင်း​တို့​သည်​အ​လွန်​အ​ရပ်​မြင့်​ကြ​၏။- \v 33 အ​လွန်​ထွား​ကျိုင်း​သော​အာ​န​က​လူ​မျိုး​၏ အ​ဆက်​အ​နွယ်​များ​ကို​လည်း ငါ​တို့​တွေ့​မြင် ခဲ့​ရ​သည်။ ငါ​တို့​အ​မြင်​အား​ဖြင့်​ငါ​တို့​သည် သူ​တို့​ရှေ့​တွင်​နှံ​ကောင်​များ​သ​ဖွယ်​သေး​ငယ် ပါ​၏။ သူ​တို့​သည်​ငါ​တို့​ကို​နှံ​ကောင်​များ သ​ဖွယ်​မြင်​ပါ​မည်'' ဟု​ဆို​ကြ​လေ​သည်။\x + \xo 13:33 \xt က၊ ၆:၄။\x* \c 14 \s1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ညည်း​ညူ​ကြ​ခြင်း \p \v 1 ထို​အ​ခါ​လူ​အ​ပေါင်း​တို့​သည်​တစ်​ည​လုံး ငို​ကြွေး​မြည်​တမ်း​ကြ​လေ​သည်။- \v 2 သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​အား``ငါ​တို့ သည်​အီ​ဂျစ်​ပြည်​၌​ဖြစ်​စေ၊ ဤ​တော​ကန္တာ​ရ ၌​ပင်​ဖြစ်​စေ​သေ​ရ​ခြင်း​က​သာ​၍​ကောင်း ပါ​သေး​သည်။- \v 3 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ်​ကြောင့်​ငါ​တို့ ကို​ထို​ပြည်​သို့​ပို့​ဆောင်​ရ​ပါ​သ​နည်း။ ငါ​တို့ သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​ပါ​လိမ့်​မည်။ ငါ တို့​၏​သား​မ​ယား​တို့​သည်​လည်း​ရန်​သူ​ဖမ်း သွား​ခြင်း​ခံ​ရ​ပါ​လိမ့်​မည်။ အီ​ဂျစ်​ပြည်​သို့ ပြန်​လျှင်​ကောင်း​မည်'' ဟု​ညည်း​ညူ​ကြ​လေ သည်။- \v 4 ထို​ကြောင့်​သူ​တို့​က``ငါ​တို့​ကို​အီ​ဂျစ်​ပြည်​သို့ ပြန်​၍ ပို့​ဆောင်​မည့်​ခေါင်း​ဆောင်​တစ်​ဦး​ကို​ရွေး ကြ​ပါ​စို့'' ဟူ​၍​အ​ချင်း​ချင်း​ပြော​ဆို​ကြ လေ​သည်။ \p \v 5 ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် လူ အ​ပေါင်း​တို့​ရှေ့​တွင်​မြေ​ပေါ်​၌​ပျပ်​ဝပ် လျက်​နေ​ကြ​၏။- \v 6 ခါ​နာန်​ပြည်​ကို​စုံ​စမ်း​ထောက်​လှမ်း​ခဲ့​သူ​များ အ​နက် နှစ်​ဦး​ဖြစ်​ကြ​သော​နုန်​၏​သား​ယော​ရှု နှင့်​ယေ​ဖုန္နာ​၏​သား​ကာ​လက်​တို့​သည် ဝမ်း​နည်း သည့်​အ​နေ​ဖြင့်​မိ​မိ​တို့​၏​အ​ဝတ်​အင်္ကျီ​များ ကို​ဆုတ်​ဖြဲ​လျက်၊- \v 7 ``ငါ​တို့​စုံ​စမ်း​ထောက်​လှမ်း​ခဲ့​သော​ပြည် သည်​အ​လွန်​နေ​ထိုင်​ဖွယ်​ကောင်း​သော​ပြည် ဖြစ်​သည်။- \v 8 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​စိတ်​တော်​နှင့် တွေ့​လျှင်​အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍ မြေ​သြ ဇာ​ထက်​သန်​သော​ထို​ပြည်​သို့​ပို့​ဆောင်​လျက် အ​ပိုင်​စား​ပေး​တော်​မူ​မည်။- \v 9 ထာ​ဝ​ရ​ဘု​ရား​ကို​မ​ပုန်​ကန်​ကြ​ပါ​နှင့်။ ခါ​နာန်​ပြည်​သား​တို့​ကို​လည်း​မ​ကြောက်​ရွံ့ ကြ​ပါ​နှင့်။ ငါ​တို့​သည်​သူ​တို့​ကို​လွယ်​ကူ စွာ​တိုက်​ခိုက်​အောင်​မြင်​နိုင်​ပါ​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၍ သူ​တို့​ကို​ကွယ်​ကာ​စောင့်​ရှောက်​သော​ဘု​ရား များ​ကို​လည်း နှိမ်​နင်း​အောင်​မြင်​တော်​မူ​ပြီး ဖြစ်​၍​မ​ကြောက်​ရွံ့​ကြ​ပါ​နှင့်'' ဟု​လူ​တို့ အား​ပြော​ကြ​၏။-\x + \xo 14:9 \xt ဟေဗြဲ၊ ၃:၁၆။\x* \v 10 လူ​အ​ပေါင်း​တို့​သည်​ထို​စ​ကား​ကို​ကြား လျှင် သူ​တို့​နှစ်​ဦး​ကို​ကျောက်​ခဲ​ဖြင့်​ပစ်​သတ် ရန်​ကြိုး​စား​အား​ထုတ်​ကြ​လေ​သည်။ သို့​ရာ တွင်​ထို​ခ​ဏ​ချင်း​၌​ထာ​ဝ​ရ​ဘု​ရား​၏ ဘုန်း​ရောင်​ခြည်​တော်​သည် တဲ​တော်​ပေါ်​တွင် ထွန်း​တောက်​နေ​သည်​ကို​သူ​တို့​မြင်​ကြ​၏။ \s1 မော​ရှေ​သည်​လူ​အ​ပေါင်း​တို့​အ​တွက် ဆု​တောင်း​ခြင်း \p \v 11 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဤ​လူ​တို့ သည်​မည်​မျှ​ကာ​လ​ပတ်​လုံး​ငါ့​ကို​ပစ်​ပယ် ကြ​မည်​နည်း။ ငါ​သည်​သူ​တို့​တွင်​အံ့​သြ​ဖွယ် အ​မှု​များ​စွာ​တို့​ကို​ပြ​ခဲ့​သော်​လည်း သူ​တို့ သည်​မည်​မျှ​ကာ​လ​ပတ်​လုံး​ငါ့​ကို​မ​ယုံ ကြည်​မ​ကိုး​စား​ဘဲ​နေ​ကြ​မည်​နည်း။- \v 12 ငါ​သည်​သူ​တို့​ကို​ကပ်​ရော​ဂါ​ဖြင့်​ဖျက်​ဆီး ပစ်​မည်။ သို့​ရာ​တွင်​ငါ​သည်​သင့်​အား​သူ​တို့ ထက်​သာ​၍​များ​ပြား​၍ တန်​ခိုး​ကြီး​သော​လူ မျိုး​၏​ဖ​ခင်​ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 13 ထို​အ​ခါ​မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား အား``ကိုယ်​တော်​သည်​ဤ​လူ​မျိုး​ကို​တန်​ခိုး တော်​အား​ဖြင့် အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော် မူ​ခဲ့​ပါ​သည်။ အီ​ဂျစ်​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​၏​လူ​မျိုး​တော်​အား ကိုယ်​တော်​ဘေး ဒဏ်​သင့်​စေ​ကြောင်း​ကြား​ရ​သော​အ​ခါ၊- \v 14 သူ​တို့​က​ဤ​ပြည်​ရှိ​ပြည်​သား​တို့​အား​သ​တင်း ပြော​ကြား​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​ကြောင်း​ကို လည်း​ကောင်း၊ ကိုယ်​တော်​၏​မိုး​တိမ်​သည်​အ​ကျွန်ုပ် တို့​၏​အ​ထက်​တွင်​ထင်​ရှား​စွာ​တည်​နေ​ကြောင်း ကို​လည်း​ကောင်း၊ ကိုယ်​တော်​သည်​နေ့​အ​ချိန်​တွင် မိုး​တိမ်​တိုင်၊ ည​အ​ချိန်​တွင်​မီး​တိမ်​တိုင်​အား ဖြင့်​အ​ကျွန်ုပ်​တို့​ရှေ့​မှ​ကြွ​သွား​တော်​မူ​ကြောင်း ကို​လည်း​ကောင်း ဤ​ပြည်​ရှိ​ပြည်​သား​များ​သိ ရ​ပြီး​ဖြစ်​ပါ​သည်။- \v 15 ယ​ခု​တွင်​ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို​သုတ်​သင် ပယ်​ရှင်း​တော်​မူ​လျှင် ကိုယ်​တော်​၏​ဂုဏ်​သ​တင်း ကို​ကြား​ခဲ့​ဖူး​သော​လူ​မျိုး​များ​က၊- \v 16 ကိုယ်​တော်​သည်​ပေး​မည်​ဟု​က​တိ​ထား​တော်​မူ သော​ပြည်​သို့​မ​ပို့​ဆောင်​နိုင်​သော​ကြောင့် ဤ​သူ တို့​ကို​တော​ကန္တာ​ရ​၌​အ​ဆုံး​စီ​ရင်​တော်​မူ သည်​ဟု​ပြော​ကြ​ပါ​လိမ့်​မည်။- \v 17-18 သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​ကိုယ်​တော် ၏​တန်​ခိုး​တော်​ကို​ပြ​တော်​မူ​ပါ။ ကိုယ်​တော်​က`ငါ ထာ​ဝ​ရ​ဘု​ရား​သည်​သည်း​ခံ​သော​သ​ဘော​ရှိ ၏။ မေတ္တာ​က​ရု​ဏာ​နှင့်​ကြွယ်​ဝ​၍​ဒု​စ​ရိုက်​အ​ပြစ် နှင့်​ပုန်​ကန်​ခြင်း​အ​ပြစ်​တို့​ကို​လွှတ်​တော်​မူ​၏။ သို့ သော်​လည်း​မိ​ဘ​တို့​၏​အ​ပြစ်​အ​တွက်​သူ​တို့ ၏​သား​မြေး​မှ​စ​၍​တ​တိ​ယ​မျိုး​ဆက်၊ စတုတ္ထ မျိုး​ဆက်​သို့​တိုင်​အောင်​ပင်​ဒဏ်​ခတ်​တော်​မူ​မည်' ဟု​က​တိ​ထား​တော်​မူ​သည့်​အ​တိုင်း​ပြု​တော် မူ​ပါ။-\x + \xo 14:17-18 \xt ထွ၊ ၂၀:၅-၆၊ ၃၇:၆-၇။ တရား၊ ၅:၉-၁၀၊ ၇:၉-၁၀။\x* \v 19 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဤ​သူ တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ချိန်​မှ ယ​နေ့ အ​ထိ​သူ​တို့​ကူး​လွန်​ခဲ့​သော​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​ခဲ့​သည့်​နည်း​တူ ကိုယ်​တော် ၏​ကြီး​မား​သော​မေတ္တာ​က​ရု​ဏာ​တော်​နှင့် အ​ညီ ယ​ခု​လည်း​သူ​တို့​ပြု​မိ​သော​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​ရန်​အ​ကျွန်ုပ် တောင်း​လျှောက်​ပါ​၏'' ဟု​ဆု​တောင်း​လေ သည်။\x + \xo 14:19 \xt ထွ၊ ၃၂:၁၁-၁၄။\x* \p \v 20 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​တောင်း​ပန် သည့်​အ​တိုင်း ငါ​သည်​သူ​တို့​၏​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။- \v 21 ငါ​သည်​အ​သက်​ရှင်​၍​ငါ​၏​ဘုန်း​အ​သ​ရေ တော်​သည် တစ်​ကမ္ဘာ​လုံး​တွင်​ပျံ့​နှံ့​လျက်​ရှိ သည်​အ​တိုင်း၊- \v 22 ဤ​သူ​တို့​အ​နက်​မည်​သူ​မျှ​ထို​ပြည်​သို့​မ​ဝင် ရ။ သူ​တို့​သည်​ငါ​၏​တောက်​ပ​သော​ဘုန်း​အ​သ ရေ​တော်​ကို​လည်း​ကောင်း၊ အီ​ဂျစ်​ပြည်​နှင့်​တော ကန္တာ​ရ​တွင်​ငါ​ပြု​ခဲ့​သော​အံ့​သြ​ဖွယ်​အ​မှု များ​ကို​လည်း​ကောင်း​တွေ့​မြင်​ခဲ့​ရ​သော်​လည်း သူ​တို့​သည်​ငါ့​ကို​အ​ကြိမ်​ကြိမ်​မ​ထီ​လေး​စား ပြု​၍​ငါ့​စ​ကား​ကို​လည်း​နား​မ​ထောင်​ခဲ့​ကြ။- \v 23 သူ​တို့​၏​ဘိုး​ဘေး​တို့​အား​ငါ​ပေး​မည်​ဟု​က​တိ ထား​သော​ပြည်​သို့​သူ​တို့​မ​ဝင်​ရ။ ငါ့​ကို​ပစ်​ပယ် သူ​မှန်​သ​မျှ​ထို​ပြည်​သို့​မ​ဝင်​ရ။-\x + \xo 14:23 \xt ဟေဗြဲ၊ ၃:၁၈။\x* \v 24-25 သို့​သော်​လည်း​ငါ​၏​အ​စေ​ခံ​ကာ​လက်​သည် အ​ခြား​သူ​တို့​နှင့်​ခြား​နား​သော​သ​ဘော​ရှိ​၍ ငါ​၏​စ​ကား​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ သူ​ဖြစ်​ခြင်း​ကြောင့် သူ​စုံ​စမ်း​ထောက်​လှမ်း​ခဲ့ သော​ပြည်​သို့​သူ့​ကို​ငါ​ပို့​ဆောင်​မည်။ သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​အာ​မ​လက်​အ​မျိုး သား​နှင့်​ခါ​နာန်​အ​မျိုး​သား​တို့​ယ​ခု​နေ​ထိုင် ရာ​ချိုင့်​ဝှမ်း​များ​ရှိ​ရာ​နယ်​မြေ​ကို​အ​ပိုင်​ရ လိမ့်​မည်။ နက်​ဖြန်​နေ့​တွင်​သင်​သည်​ပြန်​လှည့် ၍​အာ​ကာ​ဘာ​ပင်​လယ်​ကွေ့​ဘက်​ရှိ​တော ကန္တာ​ရ​သို့​သွား​လော့'' ဟု​မော​ရှေ​အား မိန့်​တော်​မူ​၏။\x + \xo 14:24-25 \xt ယောရှု၊ ၁၄:၉-၁၂။\x* \s1 ညည်း​ညူ​သူ​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ခတ်​ခြင်း \p \v 26 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​နှင့်​အာ​ရုန်​တို့​အား၊- \v 27 ``ဤ​ဆိုး​ယုတ်​သော​သူ​တို့​သည်​မည်​မျှ​ကာ​လ ပတ်​လုံး​ညည်း​ညူ​လျက်​ရှိ​ကြ​မည်​နည်း။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ညည်း​ညူ​သံ​ကို​ငါ ကြား​ရ​ဖန်​များ​လှ​ပြီ။- \v 28 ယ​ခု​သူ​တို့​အား​ဤ​သို့​ပြန်​ပြော​လော့။ `ငါ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကိုယ်​ကို​တိုင်​တည်​၍ သင်​တို့​တောင်း​ဆို​သည့်​အ​တိုင်း​ငါ​ပြု​မည်။- \v 29 သင်​တို့​သည်​တော​ကန္တာ​ရ​၌​ပင်​သေ​ဆုံး ကြ​လိမ့်​မည်။ ဤ​တော​သည်​သင်​တို့​၏​သင်္ချိုင်း ဖြစ်​လိမ့်​မည်။ သင်​တို့​သည်​ငါ့​ကို​အ​ပြစ်​တင် ညည်း​ညူ​ကြ​သော​ကြောင့် အ​သက်​နှစ်​ဆယ် ကျော်​သူ​တစ်​ယောက်​မျှ​ထို​ပြည်​သို့ မ​ဝင်​ရ။-\x + \xo 14:29 \xt ဟေဗြဲ၊ ၃:၁၇။\x* \v 30 သင်​တို့​ကို​နေ​ထိုင်​စေ​မည်​ဟု​က​တိ​ထား သော​ပြည်​သို့ ကာ​လက်​နှင့်​ယော​ရှု​မှ​တစ်​ပါး မည်​သူ​မျှ​မ​ဝင်​ရ။- \v 31 သင်​တို့​၏​သား​သ​မီး​များ​ကို​ရန်​သူ​ဖမ်း​သွား လိမ့်​မည်​ဟု​သင်​တို့​ဆို​ကြ​၏။ သို့​ရာ​တွင်​ငါ သည်​သင်​တို့​မ​သွား​လို​သော​ပြည်​သို့​သင်​တို့ ၏​က​လေး​များ​ကို​ပို့​ဆောင်​သ​ဖြင့် သူ​တို့ သည်​ထို​ပြည်​တွင်​နေ​ထိုင်​ရ​လိမ့်​မည်။- \v 32 သင်​တို့​မူ​ကား​ဤ​တော​ကန္တာ​ရ​၌​သေ​ဆုံး​ရ ကြ​မည်။- \v 33 သင်​တို့​ယုံ​ကြည်​မှု​ကင်း​မဲ့​သော​ကြောင့်​ဤ တော​ကန္တာ​ရ​၌​သင်​တို့​အ​နက် နောက်​ဆုံး​သော သူ​ကွယ်​လွန်​သည်​အ​ထိ​သင်​တို့​၏​သား​သ​မီး များ​သည်​နှစ်​ပေါင်း​လေး​ဆယ်​တိုင်​တိုင်​တော ကန္တာ​ရ​၌​လှည့်​လည်​နေ​ထိုင်​ရ​ကြ​မည်။-\x + \xo 14:33 \xt တ၊ ၇:၃၆။\x* \v 34 သင်​တို့​ခါ​နာန်​ပြည်​ကို​စုံ​စမ်း​ထောက်​လှမ်း​ခဲ့ သော​ရက်​ပေါင်း​လေး​ဆယ်​အ​တွက် တစ်​ရက်​လျှင် တစ်​နှစ်​ကျ​ဖြင့်​သင်​တို့​၏​အ​ပြစ်​ဒဏ်​ကို​နှစ် ပေါင်း​လေး​ဆယ်​ခံ​ရ​ကြ​မည်။ သင်​တို့​သည်​ငါ ၏​ပစ်​ပယ်​ခြင်း​ဒဏ်​ကို​ခံ​ရ​ကြ​လိမ့်​မည်။- \v 35 ငါ့​ကို​ဆန့်​ကျင်​ဘက်​ပြု​သော​ဆိုး​သွမ်း​သည့် သင်​တို့​အ​ပေါင်း​ကို ငါ​သည်​မု​ချ​ဒဏ်​ခတ်​မည်။ သင်​တို့​ရှိ​သ​မျှ​သည်​တော​ကန္တာ​ရ​တွင်​သေ ကြေ​ပျက်​စီး​လိမ့်​မည်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ \p \v 36-37 ခါ​နာန်​ပြည်​ကို​စုံ​စမ်း​ထောက်​လှမ်း​ရန်​မော​ရှေ စေ​လွှတ်​သော​သူ​တို့​သည် မ​မှန်​သ​တင်း​ကို​ယူ ဆောင်​ခဲ့​ကြ​သ​ဖြင့် ကြား​ရ​သော​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​အ​ပြစ်​တင်​ညည်း​တွား ကြ​၏။ ထို့​ကြောင့်​ထာဝ​ရ​ဘု​ရား​သည်​မ​မှန် သ​တင်း​ယူ​ဆောင်​လာ​ခဲ့​သူ​တို့​အား ကပ် ရော​ဂါ​ဖြင့်​သေ​ဆုံး​စေ​တော်​မူ​၏။- \v 38 စုံ​စမ်း​ထောက်​လှမ်း​သူ​တစ်​ဆယ့်​နှစ်​ဦး​အ​နက် ယော​ရှု​နှင့်​ကာ​လက်​သာ​လျှင်​အ​သက်​ချမ်း သာ​ရာ​ရ​လေ​သည်။ \s1 ခါ​နာန်​ပြည်​သို့​ဝင်​ရောက်​သိမ်း​ပိုက်​ရန် ပ​ထ​မ​အ​ကြိမ်​ကြိုး​ပမ်း​ကြ​ခြင်း \r (တ​ရား၊ ၁:၄၁-၄၆) \p \v 39 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြန်​ကြား သော​အ​ခါ သူ​တို့​သည်​အ​လွန်​ဝမ်း​နည်း ကြေ​ကွဲ​ကြ​၏။- \v 40 နောက်​တစ်​နေ့​နံ​နက်​စော​စော​အ​ချိန်​တွင် သူ​တို့ သည်​တောင်​ကုန်း​ဒေ​သ​ကို​ဝင်​ရောက်​သိမ်း​ပိုက် ရန်​စ​တင်​ချီ​တက်​ကြ​လေ​သည်။ သူ​တို့​က``ထာ ဝ​ရ​ဘု​ရား​က​တိ​ထား​တော်​မူ​သော​ပြည်​သို့ ယ​ခု​ငါ​တို့​သွား​ပါ​မည်။ ငါ​တို့​ပြစ်​မှား​မိ ကြောင်း​ဝန်​ခံ​ပါ​၏'' ဟု​ဆို​ကြ​လေ​သည်။ \p \v 41 သို့​ရာ​တွင်​မော​ရှေ​က``သင်​တို့​အ​ဘယ်​ကြောင့် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို ယ​ခု​မ​နာ ခံ​ကြ​သ​နည်း။ သင်​တို့​အ​ကြံ​အောင်​မြင်​မည် မ​ဟုတ်။- \v 42 မ​သွား​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ နှင့်​အ​တူ​မ​ရှိ​သ​ဖြင့် ရန်​သူ​တို့​သည်​သင် တို့​ကို​အ​နိုင်​ရ​လိမ့်​မည်။- \v 43 သင်​တို့​သည်​အာ​မ​လက်​အ​မျိုး​သား၊ ခါ​နာန် အ​မျိုး​သား​တို့​နှင့်​ယှဉ်​ပြိုင်​တိုက်​ခိုက်​သော​အ​ခါ သင်​တို့​ကျ​ဆုံး​ကြ​လိမ့်​မည်။ သင်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​ပစ်​ခြင်း​ကြောင့် ကိုယ်​တော်​သည်​သင် တို့​နှင့်​အ​တူ​ရှိ​တော်​မူ​မည်​မ​ဟုတ်'' ဟု​ဆို လေ​၏။ \p \v 44 ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် လည်း​ကောင်း၊ မော​ရှေ​သည်​လည်း​ကောင်း​စ​ခန်း​မှ မ​ထွက်​ခွာ​သော်​လည်း သူ​တို့​သည်​တောင်​ကုန်း ဒေ​သ​သို့​အ​ရဲ​စွန့်​၍​ချီ​တက်​ကြ​လေ​သည်။- \v 45 ထို​အ​ရပ်​၌​နေ​ထိုင်​ကြ​သော​အာ​မ​လက် အ​မျိုး​သား​နှင့် ခါ​နာန်​အ​မျိုး​သား​တို့​သည် သူ​တို့​တိုက်​ခိုက်​အောင်​မြင်​၍ သူ​တို့​ကို​ဟော မာ​မြို့​တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက်​လေ​သည်။ \c 15 \s1 ယဇ်​ပူ​ဇော်​ခြင်း​ဆိုင်​ရာ​ပ​ညတ်​များ \p \v 1 ထာ​ဝ​ရ​ဘု​ရား​သည်​ပေး​တော်​မူ​မည့်​ပြည် တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လိုက်​နာ​ရန် ပ​ညတ်​များ​ကို၊- \v 2 မော​ရှေ​မှ​တစ်​ဆင့်​အောက်​ပါ​အ​တိုင်း ပြ​ဋ္ဌာန်း​ပေး​တော်​မူ​၏။- \v 3 ``သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့ ရာ​ယဇ်​ဖြစ်​စေ၊ သစ္စာ​ဝတ်​ဖြေ​ရာ​ယဇ်​ဖြစ် စေ၊ စေ​တ​နာ​အ​လျောက်​ပူ​ဇော်​သော​သ​ကာ ကို​ဖြစ်​စေ​ကျင်း​ပ​မြဲ​ဘာ​သာ​ရေး​ပွဲ​တော် များ​၌ ပူ​ဇော်​သော​ပူ​ဇော်​သ​ကာ​ကို​ဖြစ် စေ​ပူ​ဇော်​သည့်​အ​ခါ သိုး၊ နွား၊ ဆိတ်​တို့​ကို ပူ​ဇော်​နိုင်​သည်။ ဤ​သ​ကာ​တို့​၏​ရ​နံ့​ကို ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။- \v 4-5 ထာ​ဝ​ရ​ဘု​ရား​အား​သိုး​သို့​မ​ဟုတ်​ဆိတ်​ကို မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​သော​သူ​သည် ယဇ် ကောင်​နှင့်​အ​တူ​ဘော​ဇဉ်​သကာ​အ​ဖြစ် သံ​လွင် ဆီ​နှစ်​ပိုင့်​နှင့်​ရော​ထား​သော​မုန့်​ညက်​နှစ်​ပေါင် အ​ပြင် စ​ပျစ်​ရည်​နှစ်​ပိုင့်​ကို​လည်း​ယူ​ဆောင် ခဲ့​ရ​မည်။- \v 6 သိုး​ထီး​ကို​ပူ​ဇော်​သည့်​အ​ခါ​ဘော​ဇဉ် သကာ​အ​ဖြစ် သံ​လွင်​ဆီ​သုံး​ပိုင့်​နှင့်​ရော ထား​သော​မုန့်​ညက်​လေး​ပေါင်​အ​ပြင်၊- \v 7 စ​ပျစ်​ရည်​သုံး​ပိုင့်​ကို​လည်း​ဆက်​သ​ရ​မည်။ ဤ​သ​ကာ​တို့​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​၏။- \v 8 ထာ​ဝ​ရ​ဘု​ရား​အား​နွား​ထီး​ကို​မီး​ရှို့ ရာ​ယဇ်​သို့​မ​ဟုတ်​သစ္စာ​ဝတ်​ဖြေ​ရာ​ယဇ် သို့​မ​ဟုတ်​မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ ဇော်​သော​အ​ခါ၊- \v 9 သံ​လွင်​ဆီ​လေး​ပိုင့်​နှင့်​ရော​ထား​သော​မုန့် ညက်​ခြောက်​ပေါင်​အ​ပြင်၊- \v 10 စ​ပျစ်​ရည်​လေး​ပိုင့်​ကို​ဆက်​သ​ရ​မည်။ ဤ သကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။ \p \v 11 ဤ​သကာ​များ​သည် သိုး၊ နွား၊ ဆိတ်​တို့​နှင့်​ပူ​ဇော် ရ​မည့်​သကာ​များ​ဖြစ်​သည်။- \v 12 ယဇ်​ကောင်​တစ်​ကောင်​ထက်​ပို​၍​ပူ​ဇော်​သည့် အ​ခါ တွဲ​ဖက်​ပူ​ဇော်​ရ​မည့်​သကာ​များ​ကို လည်း​အ​ချိုး​ကျ​တိုး​မြှင့်​ပူ​ဇော်​ရ​မည်။- \v 13 တိုင်း​ရင်း​ဖွား​ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော ရ​နံ့​အ​ဖြစ် သ​ကာ​ကို​ဆက်​သ​ရာ​၌​ထို​နည်း အ​တိုင်း​လိုက်​နာ​ရ​မည်။- \v 14 အ​မြဲ​ဖြစ်​စေ၊ ယာ​ယီ​ဖြစ်​စေ​သင်​တို့​နှင့် အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​တစ်​ဦး​သည် ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော​ရ​နံ့ အ​ဖြစ်​သကာ​ကို​ဆက်​သ​သည့်​အ​ခါ ဖော်​ပြ ပါ​ပြ​ဋ္ဌာန်း​ချက်​များ​အ​တိုင်း​ဆက်​သ ရ​မည်။- \v 15 သင်​တို့​တွင်​တည်း​ခို​နေ​ထိုင်​သော​လူ​မျိုး​ခြား တို့​သည် ဤ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​နောင်​အ​စဉ် အ​ဆက်​စောင့်​ထိန်း​ရ​ကြ​မည်။ သင်​တို့​နှင့်​လူ မျိုး​ခြား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​တွင်​ညီ​တူ​ညီ​မျှ​ဖြစ်​ကြ​သ​ဖြင့်၊- \v 16 သင်​တို့​နှင့်​သူ​တို့​အ​တွက်​ပြ​ဋ္ဌာန်း​ချက်​များ သည်​လည်း တ​ပြေး​ညီ​ဖြစ်​စေ​ရ​မည်။\x + \xo 15:16 \xt ဝတ်၊ ၂၄:၂၂။\x* \p \v 17-18 ထာ​ဝ​ရ​ဘု​ရား​သည်​ပေး​တော်​မူ​မည့်​ပြည် တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လိုက်​နာ ရန်​ပ​ညတ်​များ​ကို မော​ရှေ​မှ​တစ်​ဆင့် အောက်​ပါ​အ​တိုင်း​ပြ​ဋ္ဌာန်း​ပေး​တော်​မူ​၏။- \v 19 ထို​ပြည်​မှ​ထွက်​သော​သီး​နှံ​ကို​စား​သုံး​ကြ သော​အ​ခါ အ​ချို့​ကို​ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​သီး​သန့်​ထား​ရ​မည်။- \v 20 ကောက်​သစ်​မှ​ရ​သော​မုန့်​ညက်​ဖြင့်​လုပ်​သည့် အ​ဦး​ဆုံး​မုန့်​ကို ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဆက်​သ​ရ​မည်။ ကောက်​နယ်​တ​လင်း​မှ​ရ​သော​စ​ပါး​ကို အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဆက်​သ​သည့်​နည်း တူ​ဤ​မုန့်​ကို​ဆက်​သ​ရ​မည်။- \v 21 သင်​တို့​ဖုတ်​သော​မုန့်​မှ​ဤ​အ​ထူး​လှူ​ဖွယ် ကို​ထာ​ဝ​ရ​ဘု​ရား​အား သင်​တို့​အ​မျိုး အ​စဉ်​အ​ဆက်​ပူ​ဇော်​ဆက်​သ​ရ​မည်။ \p \v 22 အ​ကယ်​၍​တစ်​စုံ​တစ်​ယောက်​သည်​ဤ​ပ​ညတ် အ​ချို့​ကို အ​မှတ်​မ​ထင်​ဖောက်​ဖျက်​မိ​လျှင် သော်​လည်း​ကောင်း၊- \v 23 နောင်​အ​ခါ​တွင်​တစ်​မျိုး​သား​လုံး​သည် မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​ပြ​ဋ္ဌာန်း သော​ပ​ညတ်​ရှိ​သ​မျှ​အ​တိုင်း​မ​ကျင့် လျှင်​သော်​လည်း​ကောင်း၊- \v 24 မ​သိ​မှား​ယွင်း​ခြင်း​ဖြစ်​ခဲ့​သည်​ရှိ​သော် သူ​တို့​သည် နွား​ထီး​တစ်​ကောင်​ကို​မီး​ရှို့​ရာ ယဇ်​အ​ဖြစ်​ပူ​ဇော်​ရ​မည်။ ထို​သ​ကာ​ရ​နံ့ ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။ ထို ယဇ်​ကောင်​နှင့်​အ​တူ​ဘော​ဇဉ်​သကာ​နှင့် စ​ပျစ်​ရည်​သကာ​တို့​ကို​လည်း​တွဲ​ဖက် ဆက်​သ​ရ​မည်။ ထို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ ယဇ်​အ​တွက်​ဆိတ်​ထီး​တစ်​ကောင်​ကို လည်း​ပူ​ဇော်​ရ​မည်။- \v 25 ယဇ်​ပု​ရော​ဟိတ်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​အ​တွက် သန့်​စင်​ခြင်း​ဝတ် ကို​ပြု​ရ​မည်။ ထို​အ​ခါ​သူ​တို့​သည်​အ​ပြစ် လွတ်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ တို့​သည်​အ​မှတ်​မ​ထင်​မှား​ယွင်း​မိ​၍ ပူ​ဇော် သကာ​အ​ဖြစ်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ယူ​ဆောင် ခဲ့​သော​ကြောင့်​ဖြစ်​သည်။- \v 26 လူ​ထု​တစ်​ရပ်​လုံး​တွင်​ပါ​ဝင်​သူ​တိုင်း​သည် အ​မှတ်​မ​ထင်​မှား​ယွင်း​မိ​သည်​ဖြစ်​ရာ ဣ​သ ရေ​လ​အ​မျိုး​သား​များ​နှင့်​သူ​တို့​နှင့်​အ​တူ နေ​ထိုင်​သော​လူ​မျိုး​ခြား​များ​၏​အ​ပြစ် လွတ်​လိမ့်​မည်။ \p \v 27 အ​ကယ်​၍​တစ်​ဦး​တစ်​ယောက်​သည်​အ​မှတ် မ​ထင်​ပြစ်​မှား​မိ​လျှင် ထို​သူ​သည်​တစ်​နှစ် သား​ဆိတ်​မ​တစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ ယဇ်​အ​ဖြစ်​ပူ​ဇော်​ရ​မည်။- \v 28 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အ​တွက်​အ​ပြစ် ဖြေ​ရာ​ယဇ်​ကို​ပူ​ဇော်​သော​အား​ဖြင့် အ​ပြစ် မှ​လွတ်​လိမ့်​မည်။-\x + \xo 15:28 \xt ဝတ်၊ ၄:၂၇-၃၁။\x* \v 29 ဤ​ပ​ညတ်​သည်​အ​မှတ်​မ​ထင်​အ​ပြစ်​ပြု မိ​သော တိုင်း​ရင်း​ဖွား​ဣ​သ​ရေ​လ​အ​မျိုး သား​အ​တွက်​ဖြစ်​စေ၊ အ​တူ​တ​ကွ​နေ​ထိုင် သော​လူ​မျိုး​ခြား​အ​တွက်​ဖြစ်​စေ အ​ပြစ် ဖြေ​ရန်​လိုက်​နာ​ရ​မည့်​ပညတ်​ဖြစ်​သည်။ \p \v 30 တိုင်း​ရင်း​ဖွား​ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ​တ​မင်​သက်​သက်​အ​ပြစ် ပြု​မိ​လျှင်​မူ​ကား ထို​သူ​သည်​ထာ​ဝ​ရ​ဘု​ရား အား​မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ဖြစ်​သော​ကြောင့် သူ့​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။- \v 31 အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​ကို​ပစ်​ပယ်​၍ ပ​ညတ်​တော် ကို​တ​မင်​သက်​သက်​ချိုး​ဖောက်​သော​ကြောင့် ဖြစ်​သည်။ သူ​သည်​အ​ပြစ်​အ​လျောက်​သေ ဒဏ်​ခံ​ရ​မည်။ \s1 ဥ​ပုသ်​နေ့​ဆိုင်​ရာ​ပ​ညတ်​ကို​ချိုး​ဖောက်​သော​သူ \p \v 32 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တော​ကန္တာ​ရ ၌​ရှိ​သော​အ​ခါ တစ်​နေ့​သော​ဥ​ပုသ်​နေ့​၌​လူ တစ်​ယောက်​ထင်း​ခွေ​လျက်​နေ​သည်​ကို​တွေ့​ရှိ ကြ​သည်။- \v 33 ထို​သူ​အား​မော​ရှေ၊ အာ​ရုန်​နှင့်​ဣသ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ထံ​သို့​ခေါ် ဆောင်​ခဲ့​ကြ​သည်။- \v 34 သူ့​အား​မည်​ကဲ့​သို့​စီ​ရင်​ရ​မည်​ကို​မ​သိ သ​ဖြင့်​ချုပ်​နှောင်​ထား​ကြ​သည်။- \v 35 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ထို​သူ အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဣသ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည်​စ​ခန်း​အ​ပြင်​၌​သူ့ ကို​ကျောက်​ခဲ​နှင့်​ပစ်​၍​သတ်​ရ​မည်'' ဟု မိန့်​တော်​မူ​၏။- \v 36 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​ထို​သူ​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ် ပြီး​လျှင် ကျောက်​ခဲ​နှင့်​ပစ်​သတ်​ကြ​လေ​သည်။ \s1 ပန်း​ပွား​နှင့်​ဆိုင်​သော​ပ​ညတ် \p \v 37 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုးသား​တို့​အား၊- \v 38 ``သင်​တို့​၏​အ​ဝတ်​အင်္ကျီ​ထောင့်​စွန်း​များ တွင်​ပန်း​ပွား​များ​ပြု​လုပ်​၍ ပန်း​ပွား​တစ်​ခု စီ​တွင်​ကြိုး​ပြာ​တပ်​ထား​ရ​မည်။ သင်​တို့ အ​မျိုး​အ​စဉ်​အ​ဆက်​ဤ​ပ​ညတ်​ကို​စောင့် ထိန်း​ရ​မည်။-\x + \xo 15:38 \xt တရား၊ ၂၂:၁၂။\x* \v 39 သင်​တို့​သည်​ပန်း​ပွား​များ​ကို​မြင်​သည့် အ​ခါ​တိုင်း ငါ​၏​ပ​ညတ်​ရှိ​သ​မျှ​ကို သ​တိ​ရ​၍​လိုက်​နာ​ကျင့်​ဆောင်​ကြ​လိမ့် မည်။ ထို​အ​ခါ​သင်​တို့​သည်​ငါ့​ကို​စွန့်​ပယ်​၍ မိ​မိ​တို့​အ​လို​အ​တိုင်း​ပြု​မူ​ကျင့်​ဆောင် ကြ​မည်​မ​ဟုတ်​တော့​ချေ။- \v 40 ငါ​၏​ပ​ညတ်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း​ရန် ပန်း​ပွား​များ​က သင်​တို့​ကို​သ​တိ​ပေး သ​ဖြင့်​သင်​တို့​သည်​ငါ့​အ​တွက်​ဆက်​ကပ် ထား​သော​လူ​မျိုး​တော်​ဖြစ်​လိမ့်​မည်။- \v 41 ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​သင်​တို့​၏ ဘု​ရား​ဖြစ်​အံ့​သော​ငှာ သင်​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​၏။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။ \c 16 \s1 မော​ရှေ​အား​ကော​ရ၊ ဒါ​သန်​နှင့်​အ​ဘိ​ရံ​တို့ ပုန်​ကန်​ကြ​ခြင်း \p \v 1-2 လေ​ဝိ​အ​နွယ်​ဝင်၊ ကော​ဟတ်​၏​သား​ချင်း​စု​မှ ဣ​ဇ​ဟာ​၏​သား​ကော​ရ​သည်​မော​ရှေ​ကို​ပုန် ကန်​လေ​၏။ သူ​နှင့်​ကြံ​ရာ​ပါ​များ​မှာ​ရု​ဗင် အ​နွယ်​ဝင်​သုံး​ဦး​တို့​ဖြစ်​ကြ​သည်။ ထို​သူ တို့​မှာ​ဧ​လျာ​ဘ​၏​သား​များ​ဖြစ်​သော ဒါ​သန်​နှင့်​အ​ဘိ​ရံ၊ ပေ​လက်​၏​သား​သြ​န တို့​ဖြစ်​ကြ​သည်။ သူ​တို့​ဘက်​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​ခေါင်း​ဆောင်​နှစ်​ရာ့​ငါး​ဆယ် လည်း​ပါ​ဝင်​သည်။-\x + \xo 16:1-2 \xt ယု၊ ၁၁။\x* \v 3 ထို​သူ​အ​ပေါင်း​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန် တို့​ရှေ့​တွင်​စု​ရုံး​ရောက်​ရှိ​လာ​၍``သင်​တို့​၏ အ​ပြု​အ​မူ​မှာ​လွန်​ကဲ​လေ​ပြီ။ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​ကို​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​၍ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​မျိုး​သား​လုံး​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ သို့ ဖြစ်​၍​မော​ရှေ​သည်​အ​ဘယ်​ကြောင့်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ရိ​သတ်​အ​ပေါ်​မှာ​မိ​မိ​ကိုယ် ကို​ချီး​မြှောက်​ရ​ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။ \p \v 4 မော​ရှေ​သည်​သူ​တို့​ပြော​ဆို​သော​စ​ကား ကို​ကြား​လျှင် မြေ​ပေါ်​တွင်​ပျပ်​ဝပ်​၍​ဆု တောင်း​လေ​၏။- \v 5 ထို​နောက်​သူ​သည်​ကော​ရ​နှင့်​အ​ပေါင်း​ပါ​တို့ အား``နက်​ဖြန်​နေ့​နံ​နက်​တွင်​ထာ​ဝ​ရ​ဘု​ရား သည်​မည်​သူ့​ကို​ရွေး​ကောက်​ကြောင်း​ပြ​တော် မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ရွေး​ကောက် သော​သူ​အား​ကိုယ်​တော်​၏​ယဇ်​ပလ္လင်​အ​နီး သို့​ချဉ်း​ကပ်​စေ​တော်​မူ​မည်။- \v 6-7 နက်​ဖြန်​နေ့​နံ​နက်​တွင်​သင်​နှင့်​သင်​၏​နောက် လိုက်​တို့​သည်​မီး​ကျီး​ခံ​အိုး​များ​တွင်​မီး​ခဲ နှင့်​နံ့​သာ​ပေါင်း​ကို​ထည့်​၍​ယဇ်​ပလ္လင်​သို့​ယူ ဆောင်​သွား​လော့။ ထို​အ​ခါ​မည်​သူ့​အား ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​ကြောင်း ကို​သိ​ရ​ကြ​လိမ့်​မည်။ လေ​ဝိ​အ​နွယ်​ဝင် ဖြစ်​သော​သင်​တို့​သာ​လျှင်​လွန်​ကဲ​သော အ​မှု​ကို​ပြု​သူ​များ​ဖြစ်​သည်'' ဟု​ဆို လေ​၏။ \p \v 8 တစ်​ဖန်​မော​ရှေ​သည်​ကော​ရ​အား``လေ​ဝိ အ​နွယ်​ဝင်​တို့၊ နား​ထောင်​လော့။- \v 9 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​ထာ​ဝရ​ဘု​ရား​ထံ တော်​သို့​ချဉ်း​ကပ်​ရန် ထာ​ဝ​ရ​ဘု​ရား​၏ တဲ​တော်​တွင်​အ​မှု​ထမ်း​ရန်​နှင့် တစ်​မျိုး သား​လုံး​၏​အ​မှု​ကို​ဆောင်​ရွက်​ရန်​သီး သန့်​ရွေး​ချယ်​တော်​မူ​၏။ ဤ​အ​ခွင့်​အ​ရေး သည်​သေး​သိမ်​သော​အ​ခွင့်​အ​ရေး​မ​ဟုတ်။- \v 10 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​နှင့်​တ​ကွ​အ​ခြား သော​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား ဤ​အ​ခွင့် အ​ရေး​ကို​ပေး​ထား​ပါ​လျက်​နှင့်​ယ​ခု​သင် တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​တောင်း​ဆို လာ​ကြ​ပါ​သည်​တ​ကား။- \v 11 သင်​နှင့်​သင်​၏​နောက်​လိုက်​အ​ပေါင်း​တို့​က အာ​ရုန်​ကို​အ​ပြစ်​တင်​ကြ​ခြင်း​သည်​စင်​စစ် အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို​ပုန်​ကန်​ခြင်း ပင်​ဖြစ်​သည်'' ဟု​ပြော​လေ​၏။ \p \v 12 ထို​နောက်​မော​ရှေ​သည်​ဒါ​သန်​နှင့်​အ​ဘိ​ရံ တို့​ကို​ဆင့်​ခေါ်​သော်​လည်း သူ​တို့​သည်​မ လာ​ကြ။- \v 13 သူ​တို့​က``သင်​သည်​ငါ​တို့​ကို​တော​ကန္တာ​ရ​၌ သေ​ကုန်​စေ​ခြင်း​ငှာ အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ သော​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​ပြီ​မ​ဟုတ် လော။ ယ​ခု​သင်​သည်​ငါ​တို့​အ​ပေါ်​တွင်​မင်း မူ​လို​ပါ​သ​လော။- \v 14 သင်​သည်​ငါ​တို့​ကို​အ​စာ​ရေ​စာ​ပေါ​ကြွယ် ဝ​သော​ပြည်​သို့​မ​ပို့​ဆောင်​နိုင်​သေး​သည်​သာ မ​က ငါ​တို့​ပိုင်​ဆိုင်​ရန်​လယ်​ယာ​မြေ​နှင့်​စ​ပျစ် ဥ​ယျာဉ်​များ​ကို​လည်း​မ​ပေး​နိုင်။ သင်​သည် ငါ​တို့​အား​လှည့်​စား​ဦး​မည်​ကြံ​သ​လော။ ငါ​တို့​သင့်​ထံ​သို့​မ​လာ'' ဟု​ဆို​ကြ​၏။ \p \v 15 ထို​အ​ခါ​မော​ရှေ​သည်​သူ​တို့​ကို​အ​လွန် အ​မျက်​ထွက်​၍ ထာ​ဝ​ရ​ဘု​ရား​အား``ဤ​သူ တို့​ဆက်​သ​သော​ပူ​ဇော်​သကာ​ကို​လက်​ခံ တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​သည်​သူ​တို့​တစ် ဦး​တစ်​ယောက်​ကို​မျှ​မ​တော်​မ​တ​ရား​မ​ပြု လုပ်​ခဲ့​ပါ။ သူ​တို့​ထံ​မှ​မြည်း​တစ်​ကောင်​မျှ မ​သိမ်း​မ​ယူ​ခဲ့​ပါ'' ဟု​လျှောက်​ထား​လေ​၏။ \p \v 16 မော​ရှေ​က​ကော​ရ​အား``နက်​ဖြန်​နေ့​တွင် သင်​နှင့်​တ​ကွ သင်​၏​နောက်​လိုက်​သူ​နှစ်​ရာ့ ငါး​ဆယ်​တို့​သည်​တဲ​တော်​သို့​လာ​ရ​ကြ မည်။ အာ​ရုန်​သည်​လည်း​တဲ​တော်​တွင်​ရှိ လိမ့်​မည်။- \v 17 သင်​တို့​အ​သီး​သီး​သည်​ယဇ်​ပလ္လင်​၌​ဆက် သ​ရန် မိ​မိ​၏​မီး​ကျီး​ခံ​အိုး​တွင်​နံ့​သာ ပေါင်း​ထည့်​၍​ယူ​ခဲ့​ရ​မည်'' ဟု​ဆို​၏။- \v 18 ထို​ကြောင့်​လူ​တိုင်း​ပင်​မိ​မိ​၏​မီး​ကျီး​ခဲ နှင့်​နံ့​သာ​ပေါင်း​ထည့်​၍​မော​ရှေ၊ အာ​ရုန်​တို့ နှင့်​အ​တူ​တဲ​တော်​တံ​ခါး​ဝ​၌​ရပ်​နေ ကြ​သည်။- \v 19 ကော​ရ​သည်​လူ​အ​ပေါင်း​တို့​ကို​စု​ဝေး​စေ ၍​တဲ​တော်​တံ​ခါး​ဝ​တွင် မော​ရှေ​နှင့်​အာ​ရုန် တို့​ကို​မျက်​နှာ​ချင်း​ဆိုင်​၍​ရပ်​နေ​စေ​သည်။ ထို​ခ​ဏ​ချင်း​တွင်​လူ​အ​ပေါင်း​တို့​ရှေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​လေ​သည်။- \v 20 ထာဝ​ရ​ဘု​ရား​က​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား၊- \v 21 ဤ​သူ​တို့​အ​နီး​အ​ပါး​မှ​ခွာ​၍​နေ​လော့။ ငါ​သည်​သူ​တို့​ကို​ယ​ခု​ချက်​ချင်း​ဖျက် ဆီး​ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 22 သို့​ရာ​တွင်​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​မြေ ပေါ်​တွင်​ပျပ်​ဝပ်​၍`အို ဘု​ရား​သ​ခင်၊ ကိုယ် တော်​သည်​လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​၏​အ​သက် သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ လူ​တစ်​ဦး​တစ် ယောက်​၏​အ​ပြစ်​ကြောင့်​တစ်​မျိုး​သား​လုံး ကို​အ​မျက်​ထွက်​တော်​မူ​မည်​လော'' ဟု လျှောက်​ထား​လေ​သည်။ \p \v 23 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊- \v 24 ``လူ​အ​ပေါင်း​တို့​ကို​ကော​ရ၊ ဒါ​သန်​နှင့် အ​ဘိ​ရံ​တို့​၏​တဲ​များ​နှင့်​ဝေး​ဝေး​ခွာ​၍ နေ​ကြ​ရန်​ဆင့်​ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 25 ထို​အ​ခါ​မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​နှင့်​အ​တူ​ဒါ​သန်​နှင့် အ​ဘိ​ရံ​တို့​ထံ​သို့​သွား​လေ​သည်။- \v 26 သူ​သည်​လူ​အ​ပေါင်း​တို့​အား``ဤ​ဆိုး​ယုတ် သော​သူ​တို့​၏​တဲ​များ​နှင့်​ဝေး​ဝေး​ခွာ​နေ ကြ​လော့။ သူ​တို့​နှင့်​ဆိုင်​သော​ပစ္စည်း​တစ်​စုံ တစ်​ခု​ကို​မျှ​လက်​ဖြင့်​မ​ထိ​ကြ​နှင့်။ ငါ ၏​စ​ကား​ကို​နား​မ​ထောင်​လျှင်​သင်​တို့ သည်​သူ​တို့​၏​အ​ပြစ်​ကြောင့် သူ​တို့​နှင့် အ​တူ​ပျက်​စီး​ကြ​ရ​လိမ့်​မည်'' ဟု သ​တိ​ပေး​လေ​၏။- \v 27 သို့​ဖြစ်​၍​သူ​တို့​သည်​ကော​ရ၊ ဒါ​သန်၊ အ​ဘိ​ရံ​တို့​၏​တဲ​များ​မှ​ဝေး​ရာ​သို့ ခွာ​သွား​ကြ​လေ​သည်။ \p ဒါ​သန်​နှင့်​အ​ဘိ​ရံ​တို့​သည်​သား​မ​ယား များ​နှင့်​အ​တူ​ထွက်​၍ မိ​မိ​တို့​တဲ​ဝ​၌​ရပ် နေ​ကြ​သည်။- \v 28 မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း​၍​ဤ အ​မှု​အ​လုံး​စုံ​တို့​ကို​ငါ​ပြု​လုပ်​ကြောင်း၊ ငါ့​အ​လို​အ​တိုင်း​ပြု​လုပ်​ခြင်း​မ​ဟုတ် ကြောင်း​ကို​သင်​တို့​သိ​နိုင်​မည့်​နည်း​မှာ​ဤ သို့​တည်း။- \v 29 ဤ​သူ​တို့​သည်​ဘု​ရား​သ​ခင်​ဒဏ်​ခတ်​သည် မ​ဟုတ်​ဘဲ​ဋ္ဌမ္မ​တာ​အ​လျောက် သေ​ဆုံး​သည်​ရှိ သော်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​စေ​လွှတ် ခြင်း​မဟုတ်​ဟု​သိ​မှတ်​ကြ​လော့။- \v 30 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘုရား​သည်​ယ​ခင်​က မ​ကြား​စ​ဖူး​သော​အ​မှု​ကို​ပြု​တော်​မူ​ခြင်း အား​ဖြင့် သူ​တို့​နှင့်​တ​ကွ​သူ​တို့​ပိုင်​ဆိုင်​သ​မျှ ပစ္စည်း​များ​ကို​မြေ​မျို​လိုက်​သော​ကြောင့် သူ​တို့ သည်​အ​ရှင်​လတ်​လတ်​သေ​ဆုံး​ကြ​သော် သူ တို့​ကို​ထာ​ဝ​ရ​ဘု​ရား​ပစ်​ပယ်​သည်​ဟု​သိ မှတ်​ကြ​လော့'' ဟု​လူ​အ​ပေါင်း​တို့​အား​ပြော လေ​သည်။ \p \v 31 မော​ရှေ​၏​စ​ကား​ဆုံး​သည်​နှင့်​တစ်​ပြိုင်​နက် ဒါ​သန်​နှင့်​အ​ဘိ​ရံ​အောက်​တွင်​ရှိ​သော မြေ​သည်​ကွဲ​အက်​၍၊- \v 32 သူ​တို့​နှင့်​တ​ကွ​သူ​တို့​၏​သား​မ​ယား​များ၊ ကော​ရ​၏​နောက်​လိုက်​များ​နှင့်​သူ​တို့​ပိုင်​ဆိုင် သ​မျှ​ပစ္စည်း​များ​ကို​မြေ​မျို​လေ​၏။- \v 33 ထို​သို့​အား​ဖြင့်​သူ​တို့​ပိုင်​ဆိုင်​သ​မျှ​ပစ္စည်း တို့​နှင့်​အ​တူ သူ​တို့​သည်​သေ​မင်း​နိုင်​ငံ​သို့ အ​ရှင်​လတ်​လတ်​သက်​ဆင်း​ရ​ကြ​လေ​သည်။ သူ​တို့​သည်​မြေ​မျို​သ​ဖြင့်​ပျောက်​ကွယ် သွား​ကြ​လေ​၏။- \v 34 ထို​အ​ရပ်​တွင်​ရှိ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည်​လည်း သူ​တို့​၏​အော် ဟစ်​သံ​ကို​ကြား​ရ​သော​အ​ခါ``ပြေး​ကြ၊ ငါ​တို့​လည်း​မြေ​မျို​ခံ​ရ​လိမ့်​မည်'' ဟု အော်​ဟစ်​ကြ​၏။ \p \v 35 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​လောင်​မီး​ကျ စေ​၍ နံ့​သာ​ပေါင်း​ဆက်​သ​သော​သူ​နှစ်​ရာ့ ငါး​ဆယ်​ကို​မီး​လောင်​ကျွမ်း​စေ​၏။ \s1 မီး​ကျီး​ခံ​အိုး \p \v 36 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊- \v 37 ``ကြေး​ဝါ​မီး​ကျီး​ခံ​အိုး​များ​သည်​ဆက်​ကပ် ထား​သော​ပစ္စည်း​များ​ဖြစ်​သ​ဖြင့် ယဇ်​ပု​ရော ဟိတ်​အာ​ရုန်​၏​သား​ဧ​လာ​ဇာ​အား ထို​မီး ကျီး​ခံ​အိုး​များ​ကို​မီး​လောင်​သေ​ဆုံး​သူ​တို့ ထံ​မှ​သိမ်း​ယူ​ပြီး​လျှင်​မီး​ခဲ​များ​ကို​တစ် နေ​ရာ​တွင်​သွန်​ချ​စေ​လော့။- \v 38 ထာ​ဝရ​ဘု​ရား​၏​ယဇ်​ပလ္လင်​တွင်​နံ့​သာ​ပေါင်း မီး​ရှို့​ဆက်​သ​ရာ မီး​ကျီး​ခံ​အိုး​များ​ကို အ​သုံး​ပြု​သော​ကြောင့် ယင်း​တို့​သည်​ဆက် ကပ်​ထား​သော​ပစ္စည်း​များ​ဖြစ်​၏။ သို့​ဖြစ်​၍ မိ​မိ​တို့​၏​အ​ပြစ်​ကြောင့်​သေ​ဆုံး​ရ​သူ တို့​ထံ​မှ မီး​ကျီး​ခံ​အိုး​များ​ကို​ယူ​ပြီး လျှင်​အ​ပြား​ခတ်​၍​ယဇ်​ပလ္လင်​ကို​ဖုံး​အုပ် လော့။ ထို​ကြေး​ဝါ​ပြား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​သ​တိ​တ​ရား ရ​စေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။- \v 39 ထို​ကြောင့်​ယဇ်​ပု​ရောဟိတ်​ဧ​လာ​ဇာ​သည် မီး​ကျီး​ခံ​အိုး​များ​ကို​ယူ​၍ ယဇ်​ပလ္လင် ကို​ဖုံး​ရန်​အ​ပြား​ခတ်​လေ​သည်။- \v 40 အာ​ရုန်​၏​အ​ဆက်​အ​နွယ်​မ​ဟုတ်​သူ​မည် သူ​တစ်​စုံ​တစ်​ယောက်​မျှ ထာ​ဝ​ရ​ဘု​ရား အား​နံ့​သာ​ပေါင်း​ကို​ပူ​ဇော်​ရန်​ယဇ်​ပလ္လင် သို့​မ​ချဉ်း​ကပ်​ရ​ဟု​ကြေး​ဝါ​အ​ဖုံး​က ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​သ​တိ​ပေး ၏။ ဤ​ပ​ညတ်​ကို​မ​လိုက်​နာ​သူ​သည်​ကော​ရ နှင့်​သူ​၏​နောက်​လိုက်​များ​နည်း​တူ ပျက်​စီး ဆုံး​ရှုံး​ရ​လိမ့်​မည်။ မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ တို့​ကို ဧ​လာ​ဇာ​ဆောင်​ရွက်​လေ​သည်။ \s1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အာ​ရုန်​ကယ်​ဆယ်​ခြင်း \p \v 41 နောက်​တစ်​နေ့​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့​အား``သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ဝင် အ​ချို့​ကို​သတ်​ပစ်​ကြ​ပြီ'' ဟု​အ​ပြစ်​တင်​ကြ လေ​သည်။- \v 42 သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို​အ​ပြစ် တင်​ရန်​စု​ဝေး​လာ​ပြီး​နောက်​တဲ​တော်​ဘက်​သို့ မျှော်​ကြည့်​ရာ မိုး​တိမ်​သည်​တဲ​တော်​ကို​ဖုံး​လျက် ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ထွန်း တောက်​သည်​ကို​မြင်​ရ​လေ​သည်။- \v 43 ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​တဲတော် ရှေ့​သို့​ချဉ်း​ကပ်​၍​ရပ်​နေ​ကြ​၏။- \v 44 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊ \m \v 45 ``ဤ​သူ​တို့​ထံ​မှ​ခွာ​၍​နေ​လော့။ ငါ​သည်​သူ​တို့ ကို​ချက်​ချင်း​ဖျက်​ဆီး​ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​မြေ​ပေါ် တွင်​ပျပ်​ဝပ်​လျက်​နေ​ကြ​၏။- \v 46 မော​ရှေ​က​အာ​ရုန်​အား``သင်​၏​မီး​ကျီး​ခဲ များ​ကို​ယူ​၍​ထည့်​ပြီး​လျှင်​နံ့​သာ​ပေါင်း ကို​မီး​ကျီး​ခဲ​ပေါ်​တွင်​တင်​လော့။ ထို​နောက် မီး​ကျီး​ခံ​အိုး​ကို​လူ​အ​ပေါင်း​တို့​ထံ​သို့ အ​လျင်​အ​မြန်​ယူ​ဆောင်​သွား​ပြီး​လျှင်​သူ တို့​အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​ကို​အ​မျက် ထွက်​သ​ဖြင့်​သူ​တို့​တွင်​ရော​ဂါ​ဆိုက်​ရောက် စေ​ပြီ'' ဟု​ဆို​လေ​၏။- \v 47 မော​ရှေ​စေ​ခိုင်း​သည်​အ​တိုင်း​အာ​ရုန်​သည် မီး​ကျီး​ခံ​အိုး​ကို​ယူ​၍​လူ​အ​စု​အ​ဝေး ထဲ​သို့​ပြေး​ဝင်​လေ​သည်။ သူ​သည်​လူ​တို့​တွင် ရော​ဂါ​ကပ်​ဆိုက်​ရောက်​လျက်​ရှိ​ကြောင်း​တွေ့ မြင်​လျှင်​မီး​ခဲ​များ​ပေါ်​၌​နံ့​သာ​ပေါင်း ကို​တင်​လျက်​သူ​တို့​အ​တွက်​သန့်​စင်​ခြင်း ဝတ်​ကို​ပြု​လေ​၏။- \v 48 ထို​အ​ခါ​ရော​ဂါ​အန္တ​ရာယ်​ပ​ပျောက်​သွား သ​ဖြင့် သူ​သည်​သေ​သူ​နှင့်​ရှင်​သူ​တို့​၏ အ​လယ်​တွင်​ရပ်​လျက်​ရှိ​၏။- \v 49 ကော​ရ​ပုန်​ကန်​မှု​ကြောင့်​သေ​ဆုံး​သူ​များ အ​ပြင်​ရော​ဂါ​ကပ်​ကြောင့်​သေ​ဆုံး​သူ အ​ပေါင်း​မှာ​တစ်​သောင်း​လေး​ထောင့်​ခု​နစ် ရာ​ယောက်​ဖြစ်​သည်။- \v 50 ရော​ဂါ​အန္တ​ရာယ်​ပ​ပျောက်​သွား​ပြီး​နောက် အာ​ရုန်​သည်​မော​ရှေ​ရှိ​ရာ​တဲ​တော်​တံ​ခါး​ဝ သို့​ပြန်​လာ​ခဲ့​လေ​သည်။ \c 17 \s1 အာ​ရုန်​၏​တောင်​ဝှေး \p \v 1 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊ \m \v 2 ``ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​နွယ်​၏​ဦး​စီး​ခေါင်း ဆောင်​တို့​ထံ​မှ တစ်​ဦး​လျှင်​တောင်​ဝှေး​တစ်​ချောင်း ကျ​ဖြင့် တောင်​ဝှေး​တစ်​ဆယ့်​နှစ်​ချောင်း​ကို​သင့် ထံ​သို့​ယူ​ဆောင်​လာ​စေ​လော့။ ခေါင်း​ဆောင်​တစ် ဦး​စီ​သည်​မိ​မိ​၏​နာ​မည်​ကို​တောင်​ဝှေး​ပေါ် တွင်​ရေး​ရ​မည်။- \v 3 လေ​ဝိ​အ​နွယ်​၏​တောင်​ဝှေး​ပေါ်​တွင်​အာ​ရုန် ၏​နာ​မည်​ကို​ရေး​ရ​မည်။ အ​နွယ်​ဦး​စီး​ခေါင်း ဆောင်​တစ်​ဦး​လျှင်​တောင်​ဝှေး​တစ်​ချောင်း ရှိ​ရ​မည်။- \v 4 တောင်​ဝှေး​များ​ကို​ငါ​စံ​တော်​မူ​ရာ​တဲ တော်​သို့​ယူ​ဆောင်​၍​သင့်​ကို​ငါ​တွေ့​ဆုံ​ရာ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​ထား​လော့။- \v 5 ငါ​ရွေး​ကောက်​သော​သူ​၏​တောင်​ဝှေး​မှ အ​ညှောက်​ထွက်​လိမ့်​မည်။ ဤ​နည်း​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သင့်​အား မ​ကြာ​ခ​ဏ​ညည်း​ညူ​အ​ပြစ်​တင်​ခြင်း ပြု​တော့​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ \p \v 6 သို့​ဖြစ်​၍​မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ဆင့်​ဆို​သ​ဖြင့် အ​နွယ်​ဦး​စီး ခေါင်း​ဆောင်​တစ်​ဦး​စီ​က​တောင်​ဝှေး​တစ် ချောင်း​ကျ တောင်​ဝှေး​တစ်​ဆယ့်​နှစ်​ချောင်း​ကို သူ့​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​သည်။ အာ​ရုန်​၏ တောင်​ဝှေး​သည်​တစ်​ဆယ့်​နှစ်​ချောင်း​တွင် ပါ​ဝင်​၏။- \v 7 ထို​နောက်​မော​ရှေ​သည်​တဲ​တော်​ထဲ​ရှိ​ထာ​ဝ​ရ ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​ရှေ့​တွင်​တောင်​ဝှေး များ​ကို​ထား​လေ​သည်။ \p \v 8 နောက်​တစ်​နေ့​တွင်​မော​ရှေ​သည်​တဲ​တော်​ထဲ သို့​ဝင်​သော​အ​ခါ လေ​ဝိ​အ​နွယ်​ဝင်​အာ​ရုန် ၏​တောင်​ဝှေး​မှ​အ​ညှောက်​ထွက်​လျက်​ရှိ​သည် ကို​တွေ့​မြင်​ရ​လေ​သည်။ ထို​တောင်​ဝှေး​မှ အ​ဖူး၊ အ​ပွင့်​များ​ဖူး​ပွင့်​၍​ဗာ​ဒံ​သီး​မှည့် များ​သီး​လျက်​ရှိ​ပေ​သည်။- \v 9 မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား တောင်​ဝှေး​အား​လုံး​ကို​ထုတ်​ပြ​ရာ​သူ တို့​သည်​ဖြစ်​ခဲ့​သော​အ​ခြင်း​အ​ရာ​ကို​တွေ့ မြင်​ကြ​၏။ ဦး​စီး​ခေါင်း​ဆောင်​တို့​သည်​မိ​မိ တို့​ဆိုင်​ရာ​တောင်​ဝှေး​ကို​ပြန်​ယူ​ကြ​လေ​သည်။- \v 10 ထာ​ဝ​ရ​ဘု​ရား​က``အာ​ရုန်​၏​တောင်​ဝှေး​ကို သေတ္တာ​တော်​ရှေ့​တွင်​ပြန်​ထား​လော့။ ပုန်​ကန် တတ်​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​အ​ပြစ်​တင်​ညည်း​ညူ​နေ​လျှင် အ​သက် သေ​ဆုံး​ရ​မည်​ဖြစ်​ကြောင်း​သ​တိ​ပေး​သည့် အ​နေ​ဖြင့်​အာ​ရုန်​၏​တောင်​ဝှေး​ကို​ထို နေ​ရာ​၌​ထား​ရ​မည်'' ဟု​မိန့်​တော်​မူ ၏။-\x + \xo 17:10 \xt ဟေဗြဲ၊ ၉:၄။\x* \v 11 ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း မော​ရှေ​ဆောင်​ရွက်​လေ​သည်။ \p \v 12 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​မော​ရှေ အား``အ​ကျွန်ုပ်​တို့​၏​ဘ​ဝ​ဆုံး​ရှုံး​ပါ​ပြီ။- \v 13 တဲ​တော်​အ​နီး​သို့​ချဉ်း​ကပ်​မိ​သူ​တိုင်း​သေ ရ​မည်​ဆို​လျှင် အ​ကျွန်ုပ်​တို့​အား​လုံး​သေ​ဆုံး ရ​ပါ​တော့​မည်'' ဟု​ဆို​ကြ​လေ​သည်။ \c 18 \s1 ယဇ်​ပု​ရော​ဟိတ်​နှင့်​လေ​ဝိ​အ​မျိုး​သား​တို့​၏ ဝတ္တ​ရား​များ \p \v 1 ထာ​ဝ​ရ​ဘု​ရား​က​အာ​ရုန်​အား``သင်​နှင့်​တ​ကွ သင်​၏​သား​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် ငါ​စံ​တော်​မူ​ရာ​တဲ​တော်​နှင့်​ဆိုင်​သော​ဝတ်​ကို ဆောင်​ရွက်​ရာ​၌ မှား​ယွင်း​ချွတ်​ချော်​ခဲ့​သော် အ​ပြစ်​ဒဏ်​ကို​သင်​တို့​ခံ​ရ​ကြ​မည်။ သို့​ရာ တွင်​ယဇ်​ပု​ရော​ဟိတ်​တာ​ဝန်​ကို​ထမ်း​ဆောင် ရာ​၌​မှား​ယွင်း​ချွတ်​ချော်​ခဲ့​လျှင်​မူ​ကား သင် နှင့်​သင်​၏​သား​တို့​သာ​အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ​မည်။- \v 2 သင်​နှင့်​သင်​၏​သား​တို့​သည်​တဲ​တော်​နှင့်​ဆိုင် သော​ဝတ်​တို့​ကို​ဆောင်​ရွက်​ရာ​၌ သင်​၏​ဆွေ မျိုး​သား​ချင်း​များ​ဖြစ်​သော​လေ​ဝိ​အ​နွယ် ဝင်​တို့​အား​သင်​တို့​ကို​ကူ​ညီ​စေ​လော့။- \v 3 သူ​တို့​သည်​သင့်​ဝေ​ယျာ​ဝစ္စ​နှင့်​တဲ​တော် ဝေ​ယျာ​ဝစ္စ​ကို​ဆောင်​ရွက်​ရ​ကြ​မည်။ သို့​ရာ တွင်​သူ​တို့​သည်​သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် ဆိုင်​သော​ပစ္စည်း​များ​ကို​လည်း​ကောင်း၊ ယဇ် ပလ္လင်​ကို​လည်း​ကောင်း​မ​ထိ​မ​ကိုင်​ရ။ အ​ကယ် ၍​ထိ​ကိုင်​မိ​လျှင်​သင်​နှင့်​တ​ကွ​သူ​တို့​သည် သေ​ဒဏ်​ခံ​ရ​ကြ​မည်။- \v 4 သူ​တို့​သည်​သင်​နှင့်​အ​တူ​တဲ​တော်​နှင့်​ဆိုင် သော​တာ​ဝန်​များ​ကို​ထမ်း​ဆောင်​ရ​မည်။ လေ​ဝိ အ​နွယ်​ဝင်​မှ​တစ်​ပါး​အ​ခြား​မည်​သူ​မျှ သင်​နှင့်​အ​တူ​တဲ​တော်​တာ​ဝန်​ကို​မ​ဆောင် ရွက်​စေ​ရ။- \v 5 သင်​နှင့်​သင်​၏​သား​များ​သာ​လျှင်​သန့်​ရှင်း ရာ​ဌာ​န​တော်​နှင့်​ယဇ်​လ္လင်​ဆိုင်​ရာ​တာ​ဝန် များ​ကို​ထမ်း​ဆောင်​ရ​မည်။ သို့​မှ​သာ​လျှင် ငါ​သည်​နောက်​တစ်​ဖန်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​အ​မျက်​ထွက်​တော်​မူ​မည် မ​ဟုတ်။- \v 6 ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မှ သင် ၏​ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​သော​လေ​ဝိ အ​နွယ်​ဝင်​တို့​ကို သင်​တို့​အ​တွက်​လှူ​ဖွယ် ဝတ္ထု​အ​ဖြစ်​ငါ​ရွေး​ချယ်​၏။ သူ​တို့​သည် တဲ​တော်​ဝေ​ယျာ​ဝစ္စ​ကို​ထမ်း​ဆောင်​စေ​ရန် ငါ့​အ​တွက်​ဆက်​ကပ်​ထား​သူ​များ​ဖြစ်​သည်။- \v 7 သို့​ရာ​တွင်​သင်​နှင့်​သင်​၏​သား​များ​က​သာ ယဇ်​ပလ္လင်​နှင့်​အ​လွန်​သန့်​ရှင်း​သော​ဌာ​န​တော် နှင့်​ဆိုင်​သော ယဇ်​ပု​ရော​ဟိတ်​ဝတ်​ရှိ​သ​မျှ ကို​ဆောင်​ရွက်​ရ​မည်။ မ​ဆိုင်​သူ​တစ်​စုံ​တစ် ယောက်​သည်​ချဉ်း​ကပ်​မိ​လျှင် ထို​သူ​အား​သေ ဒဏ်​စီ​ရင်​ရ​မည်။ ငါ​သည်​သင်​တို့​အား​ယဇ် ပု​ရော​ဟိတ်​ရာ​ထူး​ချီး​မြှင့်​ထား​သည်​ဖြစ် ရာ သင်​တို့​သည်​ဤ​တာ​ဝန်​များ​ကို​ထမ်း ဆောင်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 ယဇ်​ပု​ရော​ဟိတ်​တို့​၏​ဝေ​စု \p \v 8 ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရုန်​အား``မီး​ရှို့​ရာ ယဇ်​မ​ဟုတ်​သော​အ​ထူး​ပူ​ဇော်​သကာ​ဟူ သ​မျှ​တို့​ကို သင်​နှင့်​သင်​၏​သား​တို့​အား ငါ​ပေး​သည်။ ဤ​ဝေ​စု​ကို​သင်​နှင့်​သင်​၏ သား​အ​စဉ်​အ​ဆက်​တို့​အား​ငါ​ပေး​၏။- \v 9 မီး​ရှို့​ရာ​သ​ကာ​မ​ဟုတ်​သည့်​ထူး​မြတ်​သော သ​ကာ​များ​အ​နက် သင်​ပိုင်​ဆိုင်​သော​သ​ကာ များ​မှာ​ဘော​ဇဉ်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ သ​ကာ​နှင့်​အ​ပြစ်​ဒဏ်​ပြေ​ရာ​သ​ကာ​တို့ ဖြစ်​သည်။ ငါ့​အား​ဆက်​သ​သော​သ​ကာ ဟူ​သ​မျှ​သည်​သင်​နှင့်​သင်​၏​သား​များ ပိုင်​ဆိုင်​၏။- \v 10 သ​ကာ​များ​ကို​သန့်​ရှင်း​သော​ဌာ​န​တွင်​စား​ရ မည်။ အ​မျိုး​သား​များ​သာ​လျှင်​စား​ရ​မည်။ ထို အ​စာ​သည်​သန့်​ရှင်း​သော​အ​စာ​ဖြစ်​၏။ \p \v 11 ``ထို့​အ​ပြင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဆက် သ​သော အ​ခြား​အ​ထူး​ပူ​ဇော်​သကာ​များ​သည် လည်း​သင်​တို့​နှင့်​ဆိုင်​၏။ ထို​ပူ​ဇော်​သကာ​များ သည် သင်​နှင့်​သင်​၏​သား​မြေး​အ​စဉ်​အ​ဆက် တို့​ခံ​စား​ရ​မည့်​ဝေ​စု​ဖြစ်​သည်။ သင့်​အိမ်​ထောင် ၌​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​သူ​တိုင်း ထို​အ​စား​အ​စာ​ကို​စား​နိုင်​သည်။ \p \v 12 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ငါ့​အား​နှစ် စဉ်​ဆက်​သ​သော​အ​ဦး​သီး​သော​အ​သီး​အ​နှံ များ​မှ​အ​ကောင်း​ဆုံး​သံ​လွင်​ဆီ၊ အ​ကောင်း​ဆုံး စ​ပျစ်​ရည်​နှင့်​အ​ကောင်း​ဆုံး​စ​ပါး​တို့​ကို သင့်​အား​ငါ​ပေး​၏။- \v 13 ထို​အ​စား​အ​စာ​များ​သည်​သင်​နှင့်​ဆိုင်​၏။ သင့်​အိမ်​ထောင်​၌​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​သူ​တိုင်း​ထို​အ​စား​အ​စာ​ကို​စား နိုင်​သည်။ \p \v 14 ``ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ငါ့​အား အ​ပြီး အ​ပိုင်​ဆက်​ကပ်​ထား​သ​မျှ​တို့​သည်​သင် တို့​နှင့်​ဆိုင်​၏။\x + \xo 18:14 \xt ဝတ်၊ ၂၇:၂၈။\x* \p \v 15 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ငါ့​အား ဆက်​သ​သော​သား​ဦး​ဖြစ်​သော​လူ​ဖြစ်​စေ၊ တိ​ရစ္ဆာန်​ဖြစ်​စေ​သင်​တို့​နှင့်​ဆိုင်​၏။ သို့​ရာ​တွင် သား​ဦး​ကို​ဖြစ်​စေ၊ အ​နာ​အ​ဆာ​ရှိ​သော တိ​ရစ္ဆာန်​သား​ဦး​ကို​ဖြစ်​စေ ငွေ​ဖြင့်​ရွေး​ယူ ခြင်း​ကို​လက်​ခံ​ရ​မည်။- \v 16 တစ်​လ​သား​အ​ရွယ်​က​လေး​များ​ကို​ကျပ် ချိန်​တော်​အ​ရ ငွေ​သား​ငါး​ကျပ်​ဖြင့်​ရွေး​ယူ စေ​ရ​မည်။- \v 17 သို့​ရာ​တွင် နွား၊ သိုး၊ ဆိတ်​တို့​၏​သား​ဦး​များ​ကို ရွေး​ယူ​ပိုင်​ခွင့်​မ​ရှိ။ ယင်း​တို့​ကို​ငါ့​အား​ဆက် ကပ်​ထား​ပြီး​ဖြစ်​၍​ပူ​ဇော်​ရ​မည်။ ထို​ယဇ်​ကောင် တို့​၏​သွေး​ကို​ယဇ်​ပလ္လင်​ပေါ်​သို့​ပက်​ဖျန်း​၍ အ​ဆီ​ကို​ပူ​ဇော်​သ​ကာ​အ​ဖြစ်​မီး​ရှို့​ရ​မည်။ ထို​ရ​နံ့​ကို​ငါ​နှစ်​သက်​တော်​မူ​၏။- \v 18 အ​ထူး​ပူ​ဇော်​သ​ကာ​မှ​ရင်​ပုံ​သား​နှင့်​ယာ ဘက်​ပေါင်​သည် သင်​တို့​နှင့်​ဆိုင်​သ​ကဲ့​သို့ ယင်း​တို့​၏​အ​သား​သည်​လည်း​သင်​တို့​နှင့် ဆိုင်​၏။ \p \v 19 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ငါ့​အား ဆက်​သ​သော အ​ထူး​ပူ​ဇော်​သကာ​ရှိ​သ​မျှ​တို့ ကို​သင်​နှင့်​သင်​၏​သား​မြေး​အ​စဉ်​အ​ဆက် တို့​အား​ငါ​ပေး​၏။ ဤ​ပဋိညာဉ်​သည်​ငါ​နှင့်​သင် ၏​အ​ဆက်​အ​နွယ်​တို့​ပြု​ထား​သော ထာ​ဝ​စဉ် တည်​မြဲ​သည့်​ပ​ဋိ​ညာဉ်​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။ \p \v 20 ထာ​ဝ​ရ​ဘု​ရား​က​အာ​ရုန်​အား``ဣ​သ​ရေ​လ နိုင်​ငံ​တွင် သင်​အ​မွေ​ခံ​ရန်​ပစ္စည်း၊ သင်​ပိုင်​မြေ ရ​လိမ့်​မည်​မ​ဟုတ်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​မှီ​ခို​အား​ထား​ရာ​ဖြစ်​သည်'' ဟု​မိန့်​တော် မူ​၏။ \s1 လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​ဝေ​စု \p \v 21 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က ငါ့​အား​ဆက်​သ​သော​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ရှိ​သ​မျှ​ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​အား ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ထိန်း​သိမ်း​ခ​အ​ဖြစ် ငါ​ပေး​ပြီ။-\x + \xo 18:21 \xt ဝတ်၊ ၂၇:၃၀-၃၃။ တရား၊ ၁၄:၂၂-၂၉။\x* \v 22 အ​ခြား​သော​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တို့​သည် တဲ​တော်​အ​နီး​သို့​မ​ချဉ်း​ကပ်​ရ၊ ချဉ်း​ကပ်​မိ သော​သူ​တို့​သည်​သေ​ဒဏ်​ခံ​ရ​မည်။- \v 23-24 ယ​ခု​မှ​စ​၍​လေ​ဝိ​အ​နွယ်​ဝင်​တို့​က​သာ​လျှင် တဲ​တော်​ကို​ထိန်း​သိမ်း​၍ တဲ​တော်​နှင့်​ဆိုင်​သော ဝေ​ယျာ​ဝစ္စ​ရှိ​သ​မျှ​ကို​တာ​ဝန်​ခံ​ဆောင်​ရွက် ရ​မည်။ ဤ​ပ​ညတ်​ကို​သင်​၏​သား​မြေး​အ​စဉ် အ​ဆက်​စောင့်​ထိန်း​ရ​မည်။ ငါ့​အား​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​က​အ​ထူး​အ​လှူ​အ​ဖြစ် ဆက် သ​သော​ဆယ်​ဖို့​တစ်​ဖို့​ကို​လေ​ဝိ​အ​နွယ်​ဝင် တို့​ကို​ငါ​ပေး​ထား​ပြီ​ဖြစ်​သော​ကြောင့် ဣ​သ ရေ​လ​နိုင်​ငံ​တွင်​ပစ္စည်း​ဥစ္စာ​မ​ပိုင်​ဆိုင်​ရ။ သို့ ဖြစ်​၍​သူ​တို့​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ပစ္စည်း​ဥစ္စာ​မ​ပိုင်​ရ​ဟု​ငါ​အ​မိန့်​ရှိ​ခဲ့​ပြီ'' ဟု​မိန့်​တော်​မူ​၏။ \s1 လေ​ဝိ​အ​နွယ်​ဝင်​တို့​ဆက်​သ​ရ​မည့် ဆယ်​ဖို့​တစ်​ဖို့​အ​လှူ \p \v 25-26 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် လေ​ဝိ အ​နွယ်​ဝင်​တို့​အား``ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ ကို​သင်​တို့​အား​ပေး​သော​အ​ခါ သင်​တို့​သည် ထို​အ​လှူ​၏​ဆယ်​ဖို့​တစ်​ဖို့​ကို​ထာ​ဝ​ရ​ဘု​ရား အား အ​ထူး​အ​လှူ​အ​ဖြစ်​ဆက်​သ​ရ​မည်။- \v 27 ထို​အ​ထူး​အ​လှူ​ကို​လယ်​သ​မား၊ ခြံ​သ​မား ဆက်​သ​သော​ကောက်​သစ်၊ စ​ပျစ်​ရည်​သစ် အ​လှူ​ကဲ့​သို့​ငါ​မှတ်​ယူ​မည်။- \v 28 ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ထံ​မှ ရ​ရှိ​သော​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ရှိ​သ​မျှ​ကို ငါ့​အား​အ​ထူး​အ​လှူ အ​ဖြစ်​ဆက်​သ​ရ​မည်။ သင်​တို့​သည်​ငါ့​အား ဆက်​သ​သော ဤ​အ​ထူး​အ​လှူ​ကို​ယဇ်​ပု ရော​ဟိတ်​အာ​ရုန်​အား​ပေး​အပ်​ရ​မည်။- \v 29 သင်​တို့​ရ​ရှိ​သော​အ​လှူ​ထဲ​မှ​အ​ကောင်း​ဆုံး ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​ရ​မည်။- \v 30 လယ်​သ​မား၊ ခြံ​သ​မား​သည်​ထာ​ဝရ​ဘုရား အ​တွက် လှူ​စ​ရာ​သီး​နှံ​များ​ကို​ဆက်​သ​ပြီး နောက် ကျန်​ရှိ​သ​မျှ​ကို​မိ​မိ​စား​သုံး​နိုင်​သ​ကဲ့ သို့ သင်​တို့​သည်​အ​ကောင်း​ဆုံး​ကို​ဆက်​သ​ပြီး လျှင် ကျန်​ရှိ​သ​မျှ​ကို​စား​သုံး​နိုင်​သည်။- \v 31 ကျန်​ရှိ​သ​မျှ​သော​အ​လှူ​သည်​သင်​တို့​တဲ တော်​၌ အ​မှု​ဆောင်​သည့်​အ​တွက်​ခံ​ထိုက်​သော အ​ခ​ဖြစ်​ခြင်း​ကြောင့် ထို​အ​လှူ​ကို​သင်​နှင့် သင်​၏​မိ​သား​စု​တို့​သည်​မည်​သည့်​နေ​ရာ ၌​မ​ဆို​စား​သုံး​နိုင်​သည်။- \v 32 အ​လှူ​ထဲ​မှ​အ​ကောင်း​ဆုံး​ကို​ထာ​ဝ​ရ​ဘု​ရား အား ဆက်​သ​ပြီး​မှ​စား​သုံး​လျှင်​သင်​တို့​၌ အ​ပြစ်​မ​ရှိ။ သို့​ရာ​တွင်​သင်​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ပေး​သော အ​လှူ​မှ​အ​ကောင်း​ဆုံး ကို​ထာ​ဝ​ရ​ဘု​ရား​အား​မ​ဆက်​သ​မီ​စား​သုံး ခြင်း​အား​ဖြင့် အ​လှူ​ကို​မ​ညစ်​ညူး​မိ​စေ​ရန် သ​တိ​ပြု​လော့။ ညစ်​ညူး​မိ​လျှင်​သင်​တို့​သည် သေ​ဒဏ်​သင့်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \c 19 \s1 နွား​နီ​မ​၏​ပြာ \p \v 1 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ မှ​တစ်​ဆင့်၊ \m \v 2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အောက်​ဖော် ပြ​ပါ​ပ​ညတ်​များ​ကို​ပြ​ဋ္ဌာန်း​ပေး​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ပြစ် အ​နာ​ကင်း​၍​ထမ်း​ပိုး​မ​တင်​ရ​သေး​သော နွား​နီ​မ​တစ်​ကောင်​ကို၊- \v 3 ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ထံ​သို့​ယူ​ဆောင်​ခဲ့ ရ​သည်။ နွား​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ်​၍ ယဇ်​ပု​ရော​ဟိတ်​၏​ရှေ့​မှောက်​တွင်​သတ်​ရ​မည်။- \v 4 ဧ​လာ​ဇာ​သည်​သွေး​ကို​လက်​ချောင်း​ဖြင့်​တို့​၍ တဲ​တော်​ရှိ​ရာ​ဘက်​ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။- \v 5 နွား​၏​အ​ရေ၊ အ​သား၊ သွေး​နှင့်​အူ​မှ​စ​၍​တစ် ကောင်​လုံး​ကို ယဇ်​ပု​ရော​ဟိတ်​ရှေ့​တွင်​မီး​ရှို့ ရ​မည်။- \v 6 ထို​နောက်​သူ​သည်​အ​ကာ​ရှ​သစ်​သား၊ ဟု​ဿုပ် ညွန့်​နှင့်​ချည်​ကြိုး​အ​နီ​တို့​ကို​မီး​ပုံ​ထဲ​သို့ ပစ်​ချ​ရ​မည်။- \v 7 ထို့​နောက်​သူ​သည်​မိ​မိ​အ​ဝတ်​များ​ကို​ဖွပ် လျှော်​၍ ရေ​ချိုး​ပြီး​လျှင်​စ​ခန်း​တွင်း​သို့​ဝင် နိုင်​သည်။ သို့​ရာ​တွင်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သူ​သည်​ည​နေ​ခင်း​သို့​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။- \v 8 နွား​မ​ကို​မီး​ရှို့​သော​သူ​သည်​လည်း မိ​မိ အ​ဝတ်​များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ သူ​သည်​လည်း​ည​နေ​ခင်း​သို့​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။- \v 9 ထို​နောက်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် သူ​တစ်​ဦး​က နွား​မ​၏​ပြာ​ကို​စု​သိမ်း​၍ စ​ခန်း​အ​ပြင်​ဘက်​ရှိ​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သန့်​သော​နေ​ရာ​တွင်​ထား​ရ​မည်။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ မ​သန့်​စင်​မှု​ကို​သန့်​စင်​စေ​မည့် ရေ​ကို​ဖော်​စပ်​ရာ​၌​ထို​ပြာ​ကို​အ​သုံး​ပြု ရ​မည်။ ဤ​ဝတ်​သည်​အ​ပြစ်​ကင်း​စေ​ရန်​ပြု သော​ဝတ်​ဖြစ်​သည်။-\x + \xo 19:9 \xt ဟေ​ဗြဲ၊ ၉:၁၃။\x* \v 10 နွား​မ​၏​ပြာ​ကို​စု​သိမ်း​သူ​သည်​မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​ရ​မည်။ သူ​သည်​လည်း​ည နေ​ခင်း​သို့​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​တ​ကွ​သူ​တို့ နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​များ​သည် ဤ​ပ​ညတ်​ကို​အ​စဉ်​အ​မြဲ​စောင့်​ထိန်း​ရ​မည်။ \s1 လူ​သေ​ကောင်​ကို​ကိုင်​တွယ်​မိ​ခြင်း \p \v 11 လူ​သေ​ကောင်​ကို​ကိုင်​တွယ်​မိ​သူ​သည်​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ ခု​နစ်​ရက်​တိုင်​အောင်​မ​သန့် စင်​ဘဲ​ရှိ​လိမ့်​မည်။- \v 12 သူ​သည်​တ​တိ​ယ​နေ့​နှင့်​သတ္တ​မ​နေ့​များ တွင်​သန့်​စင်​ခြင်း​ဝတ်​ဆိုင်​ရာ​ရေ​ဖြင့် မိ​မိ ကိုယ်​ကို​သန့်​စင်​စေ​ရ​မည်။ ထို​နောက်​သူ သည်​သန့်​စင်​လာ​လိမ့်​မည်။ တ​တိ​ယ​နေ့ နှင့်​သတ္တ​မ​နေ့​များ​တွင်​သန့်​စင်​မှု​မ​ပြု လျှင် သူ​သည်​သန့်​စင်​လိမ့်​မည်​မ​ဟုတ်။- \v 13 လူ​သေ​ကောင်​ကို​ကိုင်​တွယ်​မိ​သော​သူ​သည် သန့်​စင်​ခြင်း​ဝတ်​ဆိုင်​ရာ​ရေ​ကို​ကိုယ်​ပေါ်​သို့ ပက်​၍ သန့်​စင်​မှု​မ​ပြု​လျှင်​မ​သန့်​စင်​ဘဲ​ရှိ နေ​လိမ့်​မည်။ ထို​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ တဲ​တော်​ကို​ညစ်​ညမ်း​စေ​သ​ဖြင့် ဘု​ရား​သ​ခင် ၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​ခြင်း​ခံ​ရ​မည်။ \p \v 14 တဲ​ထဲ​တွင်​လူ​တစ်​ယောက်​ယောက်​သေ​ဆုံး​ခဲ့ လျှင် ထို​အ​ချိန်​တွင်​တဲ​တွင်း​၌​ရှိ​သော​သူ နှင့်​တဲ​ထဲ​သို့​ဝင်​လာ​သော​သူ​သည် ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​ခု​နစ်​ရက်​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။- \v 15 တဲ​တွင်း​၌​အ​ဖုံး​မ​ရှိ​သော​အိုး​ခွက်​ရှိ​သ​မျှ တို့​သည်​လည်း​ညစ်​ညမ်း​လိမ့်​မည်။- \v 16 မြို့​ပြင်​တွင်​အ​သတ်​ခံ​ရ​သူ​သို့​မ​ဟုတ် သ​ဘာ​ဝ​အ​လျောက်​သေ​ဆုံး​သူ​၏​အ​လောင်း၊ အ​ရိုး၊ သင်္ချိုင်း​ကို​ကိုင်​တွယ်​မိ​သော​သူ​သည် ခု​နစ်​ရက်​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။ \p \v 17 ထို​ကဲ့​သို့​မ​သန့်​စင်​သူ​များ​ကို​သန့်​စင်​လာ စေ​ရန် အ​ပြစ်​ဖြေ​ရာ​နွား​နီ​မ​၏​ပြာ​အိုး တစ်​လုံး​တွင်​စမ်း​ရေ​နှင့်​ရော​၍​ထည့်​ရ​မည်။- \v 18 အိမ်​၌​လူ​သေ​သ​ဖြင့်​မ​သန့်​စင်​မှု​ပေါ်​ပေါက် ခဲ့​သော် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် သူ​က ဟု​ဿုပ်​ညွန့်​ကို​ရေ​ထဲ​၌​နှစ်​ပြီး​လျှင် တဲ​ကို​လည်း​ကောင်း၊ တဲ​ထဲ​၌​ရှိ​သ​မျှ​သော ပစ္စည်း​များ​နှင့်​လူ​များ​ကို​လည်း​ကောင်း​ဖျန်း ရ​မည်။ လူ​သေ​အ​ရိုး၊ လူ​သေ​ကောင်​သို့​မ​ဟုတ် သင်္ချိုင်း​ကို​ကိုင်​တွယ်​မိ​၍ မ​သန့်​စင်​သူ​ကို သန့်​စင်​သူ​က​ရေ​နှင့်​ဖျန်း​ရ​မည်။- \v 19 သန့်​စင်​သူ​က​မ​သန့်​စင်​သူ​ကို​တ​တိ​ယ​နေ့ နှင့် သတ္တ​မ​နေ့​များ​တွင်​ရေ​နှင့်​ဖျန်း​ရ​မည်။ မ သန့်​စင်​သူ​အား​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​လုပ် ပေး​ရ​မည်။ သတ္တ​မ​နေ့​တွင်​သန့်​စင်​သူ​က​မိ​မိ ၏​အ​ဝတ်​များ​ကို​ဖွတ်​လျှော်​၍ ရေ​ချိုး​ပြီး နောက်​နေ​ဝင်​ချိန်​တွင်​သန့်​စင်​လာ​လိမ့်​မည်။ \p \v 20 ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင်​သူ သည် သန့်​စင်​ခြင်း​ဝတ်​ဆိုင်​ရာ​ရေ​ကို​မိ​မိ ကိုယ်​ပေါ်​သို့​ပက်​၍ သန့်​စင်​မှု​မ​ပြု​လျှင် မ​သန့်​စင်​ဘဲ​ရှိ​နေ​လိမ့်​မည်။ ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​၏​တဲ​တော်​ကို​ညစ်​ညမ်း စေ​သ​ဖြင့် ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော် မှ​ထုတ်​ပယ်​ခြင်း​ခံ​ရ​မည်။- \v 21 သင်​တို့​သည်​ဤ​ပ​ညတ်​ကို​နောင်​အ​စဉ် အ​ဆက်​စောင့်​ထိန်း​ရ​ကြ​မည်။ သန့်​စင်​ခြင်း ဝတ်​ဆိုင်​ရာ​ရေ​ကို​ဖျန်း​ပေး​သော​သူ​သည် လည်း မိ​မိ​၏​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​ရ​မည်။ ထို​ရေ​ကို​ထိ​ကိုင်​မိ​သော​သူ​သည် ည​နေ​သို့ တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။- \v 22 မ​သန့်​စင်​သူ​ကိုင်​တွယ်​မိ​သ​မျှ​တို့​သည်​ညစ် ညမ်း​လာ​သ​ဖြင့် ထို​အ​ရာ​ဝတ္ထု​များ​ကို​ကိုင် တွယ်​မိ​သူ​သည်​ည​နေ​သို့​တိုင်​အောင်​မ​သန့် စင်​ဘဲ​ရှိ​လိမ့်​မည်။ \c 20 \s1 ကာ​ဒေ​ရှ​အ​ရပ်​၌​တွေ့​ကြုံ​ရ​သော​အ​ဖြစ်​အ​ပျက် \r (ထွ၊ ၁၇:၁-၇) \p \v 1 ပ​ထ​မ​လ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ဇိ​န​ဟု​ခေါ်​သော​တော​ကန္တာ​ရ​သို့​ရောက်​၍ ကာ​ဒေ​ရှ​အ​ရပ်​၌​စ​ခန်း​ချ​ကြ​သည်။ ထို အ​ရပ်​တွင်​မိ​ရိ​အံ​သေ​ဆုံး​သ​ဖြင့် သူ့​အ​လောင်း ကို​မြှုပ်​နှံ​သင်္ဂြိုဟ်​လိုက်​ကြ​၏။ \p \v 2 စ​ခန်း​ချ​ရာ​အ​ရပ်​တို့​တွင်​ရေ​မ​ရှိ​သော​ကြောင့် သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ထံ​သို့​စု​ရုံး လာ​ကြ​ပြီး​လျှင်၊- \v 3 ``အ​ကျွန်ုပ်​တို့​သည်​ယ​ခု​ကဲ့​သို့​သော​ဆင်း​ရဲ ဒုက္ခ​ခံ​ရ​သည်​ထက် အ​ကျွန်ုပ်​တို့​၏​သား​ချင်း များ​နှင့်​အ​တူ​ထာ​ဝ​ရ​ဘု​ရား​၏​တဲ​တော် ရှေ့​တွင်​သေ​ရ​သည်​က​ပို​၍​ကောင်း​ပါ​သေး သည်။- \v 4 အ​ကျွန်ုပ်​တို့​၏​တိ​ရစ္ဆာန်​များ​နှင့်​အ​တူ​သေ ကြေ​ပျက်​စီး​စေ​ခြင်း​ငှာ သင်​တို့​သည်​အ​ကျွန်ုပ် တို့​အား​ဤ​တော​ကန္တာ​ရ​သို့​အ​ဘယ်​ကြောင့် ခေါ်​ဆောင်​ခဲ့​ပါ​သ​နည်း။- \v 5 အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​၍ မည်​သည့်​အ​ပင်​မျှ​မ​ပေါက်​သော​ဤ ခေါင်​သည့်​အ​ရပ်​သို့​ခေါ်​ဆောင်​ခဲ့​ပါ​သ​နည်း။ ဤ အ​ရပ်​တွင်​ကောက်​ပဲ​သီး​နှံ​ပင်​မ​ရှိ၊ သ​ဖန်း​ပင် မ​ရှိ၊ စ​ပျစ်​ပင်​မ​ရှိ၊ သ​လဲ​ပင်​မ​ရှိ၊ သောက် စ​ရာ​ရေ​မ​ရှိ'' ဟု​ညည်း​တွား​ကြ​လေ​သည်။- \v 6 ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​လူ​အ​စု အ​ဝေး​မှ​ထွက်​ခွာ​၍ တဲ​တော်​တံ​ခါး​ဝ​တွင်​ရပ် နေ​ကြ​၏။ သူ​တို့​သည်​ပျပ်​ဝပ်​လျက်​နေ​ကြ​စဉ် ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော​ဘုန်း​အ​သ ရေ​တော်​ထင်​ရှား​လာ​၏။ \p \v 7 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊- \v 8 ``ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင် ရှိ​သော​တောင်​ဝှေး ကို​ယူ​လော့။ ထို​နောက်​သင်​နှင့်​အာ​ရုန်​တို့​သည် ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​စု​ဝေး​စေ​ရန် ဆင့်​ဆို​လော့။ သူ​တို့​ရှေ့​တွင်​ထို​အ​ရပ်​၌​ရှိ​သော ကျောက်​ဆောင်​ကို ရေ​ထွက်​စေ​ရန်​အ​မိန့်​ပေး​လော့။ သူ​တို့​နှင့်​သူ​တို့​၏​တိ​ရစ္ဆာန်​များ​သောက်​ရန် ကျောက်​တုံး​မှ​ရေ​ပန်း​ထွက်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။- \v 9 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည်​အ​တိုင်း တောင်​ဝှေး​ကို​ယူ​ခဲ့​လေ​သည်။ \p \v 10 သူ​သည်​အာ​ရုန်​နှင့်​အ​တူ လူ​အ​ပေါင်း​တို့​ကို ကျောက်​ဆောင်​ရှေ့​တွင်​စု​ရုံး​စေ​၏။ ထို​နောက် မော​ရှေ​က``ပုန်​ကန်​သူ​တို့၊ နား​ထောင်​လော့။ ဤ ကျောက်​ဆောင်​ထဲ​မှ​သင်​တို့​အ​ဖို့​ရေ​ထွက် ရ​အောင် ငါ​တို့​ပြု​လုပ်​ရ​မည်​လော'' ဟု​ဆို​လျက်၊- \v 11 တောင်​ဝှေး​ကို​မြှောက်​၍​ကျောက်​တုံး​ကို​နှစ်​ကြိမ် ရိုက်​လေ​သည်။ ထို​အ​ခါ​ကျောက်​ဆောင်​မှ​ရေ များ​စွာ​ပန်း​ထွက်​သ​ဖြင့် လူ​အ​ပေါင်း​တို့​နှင့် တိ​ရစ္ဆာန်​များ​ရေ​သောက်​ကြ​ရ​သည်။ \p \v 12 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​နှင့် အာ​ရုန်​တို့​အား``သင်​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှေ့​တွင်​ငါ့​တန်​ခိုး​တော်​ကို ယုံ​ကြည်​မှု​နည်း​သော​ကြောင့် က​တိ​ထား​သော ပြည်​သို့​သူ​တို့​အား​ပို့​ဆောင်​ရ​ကြ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆုံး​မ​တော်​မူ​၏။ \p \v 13 မေ​ရိ​ဘ​အ​ရပ်​ကား ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ထာ​ဝ​ရ​ဘု​ရား​အား​ညည်း​တွား​သော၊ ထာ​ဝ​ရ ဘုရား​က​မိ​မိ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​ကို​ပြ​သော​အ​ရပ်​ဖြစ်​သ​တည်း။\x + \xo 20:13 \xt ထွ၊ ၁၇:၁-၇။\x* \s1 ဧ​ဒုံ​ပြည်​ဘု​ရင်​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိ​မိ​ပြည်​ကို​ဖြတ်​သန်း​ခွင့်​မ​ပြု \p \v 14 မော​ရှေ​သည်​ကာ​ဒေ​ရှ​အ​ရပ်​မှ​ဧ​ဒုံ​ဘု​ရင်​ထံ သို့ သံ​တ​မန်​များ​ကို​စေ​လွှတ်​လိုက်​၏။ သံ​တ​မန် တို့​က​ဧ​ဒုံ​ဘု​ရင်​အား``ကိုယ်​တော်​၏​ဆွေ​မျိုး သား​ချင်း​ဖြစ်​သော​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ထံ​မှ သ​တင်း​ပါး​လိုက်​ပါ​သည်။ အ​ကျွန်ုပ် တို့​ဆင်း​ရဲ​ဒုက္ခ​မည်​မျှ​ခံ​ခဲ့​ရ​ကြောင်း ကိုယ်​တော်​သိ​ပါ​၏။- \v 15 အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​များ​သည်​အီ​ဂျစ် ပြည်​သို့​သွား​ရောက်​၍ နှစ်​ပေါင်း​များ​စွာ​နေ ထိုင်​ခဲ့​ရာ​အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ဘိုး ဘေး​များ​နှင့်​အ​ကျွန်ုပ်​တို့​ကို​ညှင်း​ဆဲ​နှိပ်​စက် ခဲ့​ပါ​၏။- \v 16 အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​အ​ကူ အ​ညီ​တောင်း​ခံ​လျှောက်​ထား​သော​အ​ခါ ကိုယ် တော်​သည်​နား​ညောင်း​တော်​မူ​၍​ကောင်း​ကင် တ​မန်​ကို​စေ​လွှတ်​လျက် ကျွန်ုပ်​တို့​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​၏။ ယ​ခု​အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​၏​နယ်​စပ်​တွင်​တည်​ရှိ သော​ကာ​ဒေ​ရှ​မြို့​သို့​ရောက်​ရှိ​နေ​ပါ​သည်။- \v 17 ကိုယ်​တော်​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​ပေး​တော် မူ​ပါ။ အ​ကျွန်ုပ်​တို့​နှင့်​တ​ကွ​သိုး၊ နွား၊ တိ​ရစ္ဆာန် တို့​သည်​ကိုယ်​တော်​၏​လယ်​များ၊ စ​ပျစ်​ဥ​ယျာဉ် များ​ကို​ဖြတ်​သန်း​ခြင်း​ပြု​မည်​မ​ဟုတ်​ပါ။ ရေ​တွင်း​များ​မှ​ရေ​ကို​လည်း​သောက်​သုံး​မည် မ​ဟုတ်​ပါ။ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏ ပိုင်​နက်​လွန်​သည် အ​ထိ​လမ်း​မ​ကြီး​အ​တိုင်း ဖြတ်​သန်း​သွား​ပါ​မည်'' ဟု​လျှောက်​ထား ကြ​လေ​သည်။ \p \v 18 ဧ​ဒုံ​အ​မျိုး​သား​တို့​က``သင်​တို့​အား​ငါ​တို့ ၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​မ​ပြု​နိုင်။ သင်​တို့ ဖြတ်​သန်း​လာ​လျှင်​ငါ​တို့​သည်​အ​လုံး အ​ရင်း​နှင့်​ချီ​တက်​၍​သင်​တို့​အား​တိုက်​ခိုက် မည်'' ဟု​ဖြေ​ကြား​ကြ​လေ​သည်။ \p \v 19 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``အ​ကျွန်ုပ်​တို့ သည်​လမ်း​မ​ကြီး​အ​တိုင်း​သာ​ဖြတ်​သန်း​သွား ကြ​ပါ​မည်။ အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​၏ တိ​ရစ္ဆာန်​များ​သည် ကိုယ်​တော်​၏​ပြည်​မှ​ရေ​ကို သောက်​သုံး​မိ​လျှင်​ရေ​ဖိုး​ကို​ပေး​ပါ​မည်။ ဖြတ်​သန်း​ခွင့်​ကို​သာ​ပေး​တော်​မူ​ပါ'' ဟု လျှောက်​ထား​ကြ​လေ​သည်။ \p \v 20 ဧ​ဒုံ​အ​မျိုး​သား​တို့​က``ငါ​တို့​ဖြတ်​သန်း​ခွင့် မ​ပြု​နိုင်'' ဟု​ဆို​၍​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​တိုက်​ခိုက်​ရန် ဗိုလ်​ပါ​အ​လုံး​အ​ရင်း နှင့်​ချီ​တက်​လာ​ကြ​လေ​သည်။- \v 21 ဧ​ဒုံ​အ​မျိုး​သား​တို့​က​မိ​မိ​တို့​ပြည်​ကို​ဖြတ် သန်း​ခွင့်​မ​ပြု​ကြ​သော​ကြောင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​လှည့်​လည်​၍​အ​ခြား သော​လမ်း​ဖြင့်​ခရီး​ဆက်​ကြ​လေ​သည်။ \s1 အာ​ရုန်​အ​နိစ္စ​ရောက်​ခြင်း \p \v 22-23 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ကာ​ဒေ​ရှ အ​ရပ်​မှ​ထွက်​ခွာ​ခဲ့​ရာ ဧ​ဒုံ​ပြည်​နယ်​စပ်​ရှိ ဟော​ရ​တောင်​သို့​ရောက်​ရှိ​ကြ​လေ​သည်။ ထို အ​ရပ်​တွင်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​နှင့် အာ​ရုန်​တို့​အား၊- \v 24 ``အာ​ရုန်​သည်​အ​နိစ္စ​ရောက်​လိမ့်​မည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​က​တိ ထား​သော​ပြည်​သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​နှစ်​ဦး​သည် မေ​ရိ​ဘ​အ​ရပ်​တွင် ငါ​၏​အ​မိန့်​တော်​ကို မ​နာ​ခံ​ခဲ့​သော​ကြောင့်​ဖြစ်​သည်။- \v 25 အာ​ရုန်​နှင့်​သူ​၏​သား​ဧ​လာ​ဇာ​ကို​ဟော​ရ တောင်​ပေါ်​သို့​ခေါ်​ဆောင်​ခဲ့​ပြီး​လျှင်၊- \v 26 အာ​ရုန်​၏​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​ကို​ချွတ်​၍ ဧ​လာ​ဇာ​အား​ဝတ်​ဆင်​ပေး​လော့။ အာ​ရုန်​သည် ထို​အ​ရပ်​တွင်​အ​နိစ္စ​ရောက်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။- \v 27 ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း မော​ရှေ​ဆောင်​ရွက်​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​ရှေ့​တွင် သူ​တို့​သည်​ဟော​ရ တောင်​ပေါ်​သို့​တက်​သွား​ကြ​၏။- \v 28 တောင်​ပေါ်​တွင်​မော​ရှေ​သည်​အာ​ရုန်​၏​ယဇ် ပု​ရော​ဟိတ်​ဝတ်​စုံ​များ​ကို​ချွတ်​၍ ဧ​လာ​ဇာ အား​ဝတ်​ဆင်​ပေး​လေ​သည်။ အာ​ရုန်​သည်​ထို တောင်​ပေါ်​တွင်​အ​နိစ္စ​ရောက်​လေ​၏။ မော​ရှေ နှင့်​ဧ​လာ​ဇာ​တို့​သည်​တောင်​အောက်​သို့ ဆင်း​လာ​ကြ​၏။-\x + \xo 20:28 \xt ထွ၊ ၂၉:၂၉။ တော၊ ၃၃:၃၈။ တရား၊ ၁၀:၆။\x* \v 29 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် အာ​ရုန်​အ​နိစ္စ​ရောက်​ကြောင်း​ကြား​သိ​ရ​သော အ​ခါ ရက်​ပေါင်း​သုံး​ဆယ်​ပတ်​လုံး​ဝမ်း​နည်း ပူ​ဆွေး​ကြ​လေ​သည်။ \c 21 \s1 ခါ​နာန်​အ​မျိုး​သား​တို့​ကို​တိုက်​ခိုက်​အောင်​မြင်​ခြင်း \p \v 1 ခါ​နာန်​ပြည်​တောင်​ပိုင်း​တွင်​အာ​ရဒ်​မြို့​ကို​အုပ် စိုး​သော​မင်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​များ အ​သ​ရိမ်​လမ်း​ဖြင့်​လာ​နေ​ကြောင်း​သိ​ရ​လျှင် သူ​တို့​ကို​စစ်​ချီ​တိုက်​ခိုက်​ရာ​အ​ချို့​ကို​သုံ့​ပန်း အ​ဖြစ်​ဖမ်း​မိ​လေ​သည်။-\x + \xo 21:1 \xt တော၊ ၃၃:၄၀။\x* \v 2 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``ကိုယ် တော်​သည်​အ​ကျွန်ုပ်​တို့​အား​ဤ​သူ​တို့​ကို​တိုက် ခိုက်​အောင်​မြင်​စေ​တော်​မူ​လျှင် သူ​တို့​နှင့်​သူ​တို့ ၏​မြို့​များ​ကို​ကိုယ်​တော်​အား​အ​ပြီး​အ​ပိုင် ဆက်​ကပ်​သော​ပူ​ဇော်​သကာ​အ​ဖြစ်​ဖျက်​ဆီး ပစ်​ပါ​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား​အား​သစ္စာ က​တိ​ပြု​ကြ​လေ​သည်။- \v 3 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​လျှောက်​ထား​သည် အ​တိုင်း​ခါ​နာန်​အ​မျိုး​သား​တို့​ကို​တိုက်​ခိုက် အောင်​မြင်​စေ​တော်​မူ​၏။ ထို​ကြောင့်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​သူ​တို့​၏​မြို့​များ​ကို လုံး​ဝ​ဖျက်​ဆီး​ပစ်​ပြီး​လျှင် ထို​အ​ရပ်​ကို ဟော်​မာ​ဟူ​၍​နာ​မည်​မှည့်​ခေါ်​လေ​သည်။ \s1 ကြေး​ဝါ​မြွေ​ရုပ် \p \v 4 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟော​ရ တောင်​မှ​ထွက်​ခွာ​၍​ဧ​ဒုံ​ပြည်​ကို​ရှောင်​ကွင်း​သွား​ရန် အ​ကွာ​ဘာ​ပင်​လယ်​ကွေ့​သို့​သွား​ရာ​လမ်း​အ​တိုင်း ချီ​တက်​ကြ​လေ​သည်။ သို့​ရာ​တွင်​သူ​တို့​သည် လမ်း​ခု​လတ်​တွင် စိတ်​ပျက်​အား​လျော့​လာ​ကြ ပြီး​လျှင်၊-\x + \xo 21:4 \xt တရား၊ ၂:၁။\x* \v 5 ဘု​ရား​သ​ခင်​နှင့်​မော​ရှေ​တို့​အား​ပြစ်​တင်​ပြော ဆို​ကြ​လေ​သည်။ သူ​တို့​က``အ​စာ​ရေ​စာ​မ​ရှိ သည့်​ဤ​တော​ကန္တာ​ရ​တွင်​သေ​စေ​ရန် အ​ဘယ် ကြောင့် အ​ကျွန်ုပ်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ခေါ် ဆောင်​လာ​ပါ​သ​နည်း။ ဤ​ပေါ့​ပျက်​သော အ​စား​အ​စာ​ကို​လည်း အ​ကျွန်ုပ်​တို့​ငြီး ငွေ့​လာ​ပါ​ပြီ'' ဟု​ညည်း​ညူ​ကြ​၏။- \v 6 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှိ​ရာ​သို့​မြွေ​ဆိုး​များ​ကို​စေ လွှတ်​သ​ဖြင့် လူ​ပေါင်း​များ​စွာ​တို့​သည်​မြွေ ကိုက်​ခံ​ရ​၍​သေ​ဆုံး​ကြ​၏။-\x + \xo 21:6 \xt ၁ကော၊ ၁၀:၉။\x* \v 7 ထို​ကြောင့်​လူ​များ​သည်​မော​ရှေ​ထံ​သို့​လာ ၍``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​ကိုယ် တော်​ကို ဆန့်​ကျင်​ပြော​ဆို​၍​ပြစ်​မှား​မိ​ပါ​ပြီ။ ဤ​မြွေ​များ​ကို​ဖယ်​ရှား​ပစ်​ရန်​ထာ​ဝ​ရ​ဘု​ရား ထံ​ဆု​တောင်း​ပေး​ပါ​လော့'' ဟု​တောင်း​ပန်​ကြ​၏။ သို့​ဖြစ်​၍​မော​ရှေ​သည် သူ​တို့​အ​တွက်​ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​လေ​၏။- \v 8 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား သတ္တု မြွေ​ရုပ်​ကို​ပြု​လုပ်​၍​တိုင်​ထိပ်​တွင်​တင်​ထား​ရန် ခိုင်း​စေ​တော်​မူ​၏။ မြွေ​ကိုက်​ခံ​ရ​သော​သူ​သည် မြွေ​ရုပ်​ကို​ကြည့်​လျှင် အ​သက်​ချမ်း​သာ​ရာ​ရ မည်​ဖြစ်​ကြောင်း​ဆင့်​ဆို​စေ​တော်​မူ​၏။- \v 9 ထို့​ကြောင့်​မောရှေ​သည်​ကြေး​ဝါ​မြွေ​ရုပ်​ကို​ပြု လုပ်​၍ တိုင်​ထိပ်​တွင်​တင်​ထား​ရာ​မြွေ​ကိုက်​ခံ ရ​သော​သူ​သည် မြွေ​ရုပ်​ကို​ကြည့်​လျှင်​အ​သက် ချမ်း​သာ​ရာ​ရ​လေ​၏။\x + \xo 21:9 \xt ၄ရာ၊ ၁၈:၄။ ယော၊ ၃:၁၄။\x* \s1 ဟော​ရ​တောင်​မှ​မော​ဘ​အ​မျိုး​သား​တို့​နေ​ထိုင်​ရာ ချိုင့်​ဝှမ်း​သို့​ခ​ရီး​ဆက်​ခြင်း \p \v 10 တစ်​ဖန်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခ​ရီး ဆက်​ခဲ့​ကြ​ရာ​သြ​ဗုတ်​အ​ရပ်​တွင်​စ​ခန်း​ချ ကြ​၏။- \v 11 ထို​အ​ရပ်​မှ​တစ်​ဖန်​သူ​တို့​သည်​ခ​ရီး​ထွက်​၍ မော​ဘ​ပြည်​အ​ရှေ့​ဘက်​တော​ကန္တာ​ရ​ရှိ​ယို ယွင်း​ပျက်​စီး​နေ​သော ဗာ​ရိမ်​မြို့​တွင်​စ​ခန်း​ချ ကြ​လေ​သည်။- \v 12 ထို​နောက်​သူ​တို့​သည်​ဇာ​ရက်​မြစ်​ဝှမ်း​တွင် စ​ခန်း​ချ​ကြ​သည်။- \v 13 ထို​အ​ရပ်​မှ​တစ်​ဖန်​သူ​တို့​သည်​ခ​ရီး​ထွက်​လာ ခဲ့​ကြ​ရာ အာ​နုန်​မြစ်​မြောက်​ဘက်​အာ​မော​ရိ​ပြည် တော​ကန္တာ​ရ​နှင့်​တစ်​ဆက်​တည်း​ရှိ​သော​တော ကန္တာ​ရ​တွင်​စ​ခန်း​ချ​ကြ​၏။ (အာ​နုန်​မြစ်​သည် မော​ဘ​ပြည်​နှင့်​အာ​မော​ရိ​ပြည်​တို့​၏​နယ်​ခြား ဖြစ်​၏။-) \v 14 ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏​စစ်​ပွဲ​များ​စာ စောင်​တွင်``သု​ပ​ဒေ​သ​တွင်​တည်​သော​ဝါ​ဟက် မြို့​နှင့်​ချိုင့်​ဝှမ်း​များ​အာ​နုန်​မြစ်​နှင့်၊- \v 15 မော​ဘ​ပြည်​နယ်​စပ်​အာ​ရ​မြို့​သို့​တိုင်​အောင် လျှော​ဆင်း​သော​ချိုင့်​ဝှမ်း​များ'' ဟူ​၍​ဖော်​ပြ ပါ​ရှိ​လေ​သည်။ \p \v 16 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို​အ​ရပ်​မှ ရေ​တွင်း​ဟု​အ​နက်​ရှိ​သော​ဗေ​ရ​စ​ခန်း​သို့ ရောက်​ကြ​လေ​သည်။ ထို​စ​ခန်း​တွင်​ထာ​ဝ​ရ ဘု​ရား​က​မော​ရှေ​အား``လူ​အ​ပေါင်း​တို့​ကို စု​ရုံး​စေ​လော့။ ငါ​သည်​သူ​တို့​အား​ရေ​ပေး မည်'' ဟု​မိန့်​တော်​မူ​၏။- \v 17 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​စပ်​ဆို ကြ​သော​သီ​ချင်း​သည်​ကား၊- \q1 ``ရေ​တွင်း​တို့​ရေ​ထွက်​ကြ​လော့။ ငါ​တို့​သည်​သီ​ချင်း​ဆို​၍​ကြို​ဆို​မည်။ \q1 \v 18 မင်း​ညီ​မင်း​သား​နှင့်​ခေါင်း​ဆောင်​တို့​တူး​ဖော် သော ရေ​တွင်း၊ရာ​ဇ​လှံ​တံ​နှင့်​တောင်​ဝှေး​များ​ဖြင့် \q1 တူး​ဖော်​သော​ရေ​တွင်း​ပေ​တည်း'' ဟူ​၍​ဖြစ် သည်။ \p သူ​တို့​သည်​ထို​တော​ကန္တာ​ရ​မှ​မတ္တ​နာ​စ​ခန်း သို့​လည်း​ကောင်း၊- \v 19 ထို​မှ​တစ်​ဖန်​န​ဟာ​လျေ​လ​စ​ခန်း​သို့​လည်း ကောင်း၊ န​ဟာ​လျေ​လ​စ​ခန်း​မှ​ဗာ​မုတ်​စ​ခန်း သို့​လည်း​ကောင်း၊- \v 20 ဗာ​မုတ်​စ​ခန်း​မှ​သဲ​ကန္တာ​ရ​ကို​မျက်​နှာ​မူ​နေ​သော ပိ​သ​ဂါ​တောင်​ခြေ​ရှိ​မော​ဘ​ချိုင့်​ဝှမ်း​သို့​လည်း ကောင်း​ခ​ရီး​ဆက်​ကြ​လေ​သည်။ \s1 ရှိ​ဟုန်​ဘု​ရင်​နှင့်​သြ​ဂ​ဘု​ရင်​တို့​ကို တိုက်​ခိုက်​အောင်​မြင်​ခြင်း \r (တ​ရား၊ ၂:၂၆-၃:၁၁) \p \v 21 ဣ​သ​ရေ​အ​မျိုး​သား​တို့​သည် အာ​မော​ရိ​ဘု​ရင် ရှိ​ဟုန်​ထံ​သို့​သံ​တ​မန်​များ​စေ​လွှတ်​လျက်၊- \v 22 ``အ​ကျွန်ုပ်​တို့​အား​မင်း​ကြီး​၏​ပြည်​ကို​ဖြတ် သွား​ခွင့်​ပြု​ပါ။ အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့ ၏​သိုး​နွား​တိ​ရစ္ဆာန်​တို့​သည် လမ်း​မ​ကြီး​အ​တိုင်း သွား​ပါ​မည်။ မင်း​ကြီး​၏​လယ်​ယာ​များ​နှင့် စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ဖြတ်​ကျော်​သွား​မည် မ​ဟုတ်​ပါ။ မင်း​ကြီး​၏​ရေ​တွင်း​များ​မှ​ရေ​ကို လည်း​မ​သောက်​ပါ။ အ​ကျွန်ုပ်​တို့​သည်​မင်း​ကြီး ၏​နယ်​မြေ​မှ​ထွက်​သည်​အ​ထိ လမ်း​မ​ကြီး အ​တိုင်း​ဖြတ်​သွား​ပါ​မည်'' ဟူ​၍​အ​ခွင့် တောင်း​စေ​၏။- \v 23 သို့​ရာ​တွင်​ရှိ​ဟုန်​ဘု​ရင်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား မိ​မိ​၏​ပြည်​ကို​ဖြတ် သန်း​ခွင့်​မ​ပေး​ချေ။ သူ​သည်​တော​ကန္တာ​ရ​ရှိ ယာ​ဟတ်​မြို့​သို့​စစ်​ချီ​လာ​ပြီး​လျှင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​တိုက်​ခိုက်​လေ​သည်။- \v 24 သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရန် သူ​များ​စွာ​တို့​ကို တိုက်​ပွဲ​၌​ကျ​ဆုံး​စေ​ပြီး​လျှင် အာ​နုန်​မြစ်​မှ​မြောက်​ဘက်​အမ္မုန်​ပြည်​နယ်​စပ် ယဗ္ဗုတ်​မြစ်​တိုင်​အောင် ရှိ​ဟုန်​ဘု​ရင်​၏​နယ်​မြေ များ​ကို​သိမ်း​ယူ​ကြ​လေ​သည်။ အမ္မုန်​ပြည် နယ်​စပ်​တိုင်​အောင်​သာ​ချီ​တက်​နိုင်​ခြင်း​မှာ ထို​နယ်​စပ်​ကို​ခိုင်​ခံ့​စွာ​ကာ​ကွယ်​ထား​ခြင်း ကြောင့်​ဖြစ်​သည်။- \v 25 ဤ​နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ဟေ​ရှ​ဘုန်​မြို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ အ​ပါ​အ​ဝင် အာ​မော​ရိ​အ​မျိုး​သား​တို့​၏​မြို့ အား​လုံး​ကို​သိမ်း​ပိုက်​၍ ထို​မြို့​များ​တွင်​နေ ထိုင်​ကြ​လေ​သည်။- \v 26 ဟေ​ရှ​ဘုန်​မြို့​သည်​ကား​ရှိ​ဟုန်​ဘု​ရင်​နန်း​စိုက် သော​မြို့​တော်​ဖြစ်​သည်။ ရှိ​ဟုန်​ဘု​ရင်​၏​ပိုင်​နက် မှာ​အာ​နုန်​မြစ်​တိုင်​အောင်​ကျယ်​ပြန့်​သော ယ​ခင် မော​ဘ​ပြည်​ဘု​ရင်​ပိုင်​နက်​ဖြစ်​သည်။ ထို​နယ်​မြေ ကို​ရှိ​ဟုန်​ဘု​ရင်​က​တိုက်​ခိုက်​သိမ်း​ယူ​ခဲ့​ခြင်း ဖြစ်​သည်။- \v 27 သို့​ဖြစ်​၍​က​ဗျာ​ဆ​ရာ​တို့​က၊ \q1 ``ရှိ​ဟုန်​ဘု​ရင်​၏​မြို့​တော်​ဟေ​ရှ​ဘုန်​မြို့​သို့ လာ​ကြ​လော့။ \q1 ငါ​တို့​သည်​ထို​မြို့​ကို​အ​သစ်​တစ်​ဖန်​တည်​ကြ ကုန်​စို့။ \q1 \v 28 တစ်​ခါ​က​ရှိ​ဟုန်​ဘု​ရင်​၏​တပ်​သည်​ဟေ​ရှ​ဘုန် မြို့​မှ ထွက်​သော​မီး​လျှံ​ကဲ့​သို့​ချီ​တက်​၍ \q1 မော​ဘ​ပြည်​အာ​ရ​မြို့​ကို​ဖျက်​ဆီး​လျက် အာ​နုန်​မြစ် အ​ထက်​ပိုင်း​ရှိ​တောင်​များ​ကို​လောင်​ကျွမ်း​စေ​၏။ \q1 \v 29 မော​ဘ​ပြည်​သား​တို့​သင်​တို့​သည်​အ​လွန် ဆင်း​ရဲ​ဒုက္ခ​ရောက်​ကြ​ရ​ပါ​ပြီ​တ​ကား။ \q1 ခေ​မု​ရှ​ဘု​ရား​ကို​ကိုး​ကွယ်​သော​အ​သင်​တို့ ပျက်​စီး​ရ​ကြ​လေ​ပြီ။ \q1 သင်​တို့​၏​ဘု​ရား​များ​သည်​သင်​တို့​၏​အ​မျိုး သား​များ​ကို စစ်​ပြေး​ဒုက္ခ​သည်​များ​ဖြစ်​စေ​၍၊ \q1 အ​မျိုး​သ​မီး​များ​ကို​အာ​မော​ရိ​ဘု​ရင်​၏ သုံ့​ပန်း​များ​ဖြစ်​စေ​၏။\x + \xo 21:29 \xt ယေ၊ ၄၈:၄၅-၄၆။\x* \q1 \v 30 သို့​ဖြစ်​၍​သူ​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည် ဟေ​ရှ​ဘုန်​မြို့​မှ​ဒိ​ဘုန်​မြို့​သို့​လည်း​ကောင်း၊ \q1 နာ​ရှင်​မြို့​မှ​မေ​ဒ​ဘ​မြို့​အ​နီး​နော​ဖာ​မြို့​သို့ လည်း​ကောင်း၊ \q2 ဖျက်​ဆီး​သုတ်​သင်​ခြင်း​ခံ​ရ​လေ​ပြီ'' ဟူ​၍ စပ်​ဆို​ကြ​၏။ \p \v 31 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အာ​မော​ရိ​ပြည်​တွင်​အ​ခြေ​ချ​နေ​ထိုင်​ကြ လေ​သည်။- \v 32 မော​ရှေ​သည်​ယာ​ဇာ​မြို့​ကို​မ​တိုက်​ခိုက်​မီ လူ​ကို စေ​လွှတ်​၍​ထောက်​လှမ်း​စေ​၏။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ထို​မြို့​နှင့်​တ​ကွ ပတ်​ဝန်း​ကျင်​ရှိ​မြို့ များ​ကို​တိုက်​ခိုက်​သိမ်း​ပိုက်​သ​ဖြင့် အာ​မော​ရိ အ​မျိုး​သား​တို့​သည်​ထို​မြို့​များ​မှ​ထွက်​ပြေး ကြ​၏။ \p \v 33 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗာ​ရှန် ပြည်​ကို​ဦး​တည်​ချီ​တက်​ကြ​လေ​သည်။ ထို​အ​ခါ ဗာ​ရှန်​ပြည်​ဘု​ရင်​သြ​ဃ​သည်​စစ်​ချီ​၍ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ကို​ဧ​ဒြိ​အ​ရပ်​တွင် တိုက်​ခိုက်​လေ​သည်။- \v 34 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သူ့​ကို​မ ကြောက်​နှင့်။ သူ​နှင့်​တ​ကွ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သူ​၏​ပြည်​ကို လည်း​ကောင်း​သင့်​လက်​၌​ငါ​အပ်​ပေး​မည်။ သင်​သည်​ဟေ​ရှ​ဘုန်​မြို့​တွင်​စိုး​စံ​သော အာ မော​ရိ​ဘု​ရင်​ရှိ​ဟုန်​အား​ပြု​သ​ကဲ့​သို့​သူ့ အား​ပြု​လော့'' ဟု​မိန့်​တော်​မူ​၏။- \v 35 ထို​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သြ​ဃ​ဘု​ရင်​နှင့်​သူ​၏​သား​များ​အ​ပါ​အ​ဝင် တိုင်း​သူ​ပြည်​သား​တို့​ကို​တစ်​ယောက်​မ​ကျန် သုတ်​သင်​သတ်​ဖြတ်​ပြီး​နောက်​တိုင်း​ပြည်​ကို သိမ်း​ပိုက်​လေ​သည်။ \c 22 \s1 မော​ဘ​ပြည်​ဘု​ရင်​က​ဗာ​လမ်​ကို​ဆင့်​ခေါ်​ခြင်း \p \v 1 တစ်​ဖန်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခ​ရီး ဆက်​ခဲ့​ကြ​ရာ​ယေ​ရိ​ခေါ​မြို့​တစ်​ဘက်၊ ယော်​ဒန် မြစ်​အ​ရှေ့​ဘက်​ရှိ​မော​ဘ​လွင်​ပြင်​တွင်​စ​ခန်း ချ​ကြ​လေ​သည်။ \p \v 2 မော​ဘ​ပြည်​ဘု​ရင်၊ ဇိ​ဖော်​၏​သား​ဗာ​လက်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​လူ​အင်​အား များ​ပြား​ကြောင်း​ကို​လည်း​ကောင်း၊ ထို​ဣ​သ ရေ​လ​လူ​တို့​သည် အာ​မော​ရိ​လူ​တို့​ကို​မည် ကဲ့​သို့​ပြု​ခဲ့​ကြ​သည်​ကို​လည်း​ကောင်း​ကြား သိ​ရ​သော​အ​ခါ၊- \v 3 သူ​နှင့်​တ​ကွ​တိုင်း​သူ​ပြည်​သား​အ​ပေါင်း​တို့ သည် ထိတ်​လန့်​ကြောက်​ရွံ့​လာ​ကြ​လေ​သည်။- \v 4 ထို့​ကြောင့်​သူ​တို့​သည်​မိ​ဒျန်​ပြည်​အ​မျိုး​သား ခေါင်း​ဆောင်​တို့​အား``နွား​သည်​စား​ကျက်​ရှိ​မြက် ကို​ကုန်​စင်​အောင်​စား​သ​ကဲ့​သို့​ဤ​လူ​အုပ်​ကြီး သည် ငါ​တို့​ပတ်​ဝန်း​ကျင်​၌​ရှိ​သ​မျှ​ကို​ဖျက်​ဆီး ပစ်​လိမ့်​မည်'' ဟု​ဆို​ကြ​၏။ သို့​ဖြစ်​၍​ဗာ​လက် ဘု​ရင်​သည်၊- \v 5 အမ္မုန်​ပြည်​ယူ​ဖ​ရေး​မြစ်​အ​နီး​ရှိ​ပေ​သော် မြို့​တွင် နေ​ထိုင်​သော​ဗော​ရ​၏​သား​ဗာ​လမ်​အား လျှောက်​ထား​ပင့်​ခေါ်​ခြင်း​ငှာ စေ​တ​မန်​များ ကို​စေ​လွှတ်​လိုက်​လေ​သည်။ ဗာ​လက်​၏​လျှောက် ထား​ချက်​တွင်``လူ​မျိုး​တစ်​မျိုး​သည်​ထွက်​လာ ၍​နေ​ရာ​အ​နှံ့​အ​ပြား​သို့​ရောက်​ပြီး​နောက် ယ​ခု​ငါ​တို့​၏​ပြည်​ကို​သိမ်း​ယူ​ရန်​ခြိမ်း ခြောက်​နေ​ကြ​ပါ​ပြီ။-\x + \xo 22:5 \xt တော၊ ၃၁:၈။ ၂ပေ၊ ၂:၁၅-၁၆။ ယု၊ ၁၁။\x* \v 6 သူ​တို့​သည်​ငါ​တို့​ထက်​လူ​အင်​အား​ပို​များ သ​ဖြင့် လာ​၍​သူ​တို့​ကို​ကျိန်​ဆဲ​ပါ​လော့။ သို့ ပြု​လျှင်​သူ​တို့​ကို​ငါ​တိုက်​ခိုက်​၍ နှင်​ထုတ်​နိုင် ကောင်း​နှင်​ထုတ်​နိုင်​ပါ​လိမ့်​မည်။ ကိုယ်​တော် ကောင်း​ချီး​ပေး​သူ​တို့​သည်​ကောင်း​ချီး​ကို ခံ​ရ​၍ ကိုယ်​တော်​ကျိန်​ဆဲ​သော​သူ​တို့​သည် ကျိန်​စာ​သင့်​ကြ​ပါ​လိမ့်​မည်'' ဟု​ဖော်​ပြ ပါ​ရှိ​လေ​သည်။ \p \v 7 ထို့​ကြောင့်​မော​ဘ​အ​မျိုး​သား​နှင့်​မိ​ဒျန် အ​မျိုး​သား​ခေါင်း​ဆောင်​တို့​သည် ခြေ​ကြွ​ခ ငွေ​ကို​ယူ​ဆောင်​၍ ဗာ​လမ်​ထံ​သို့​သွား​ပြီး လျှင်​ဗာ​လက်​၏​လျှောက်​ထား​ချက်​ကို တင်​ပြ​ကြ​လေ​သည်။- \v 8 ထို​အ​ခါ​ဗာ​လမ်​က​သူ​တို့​အား``ယ​နေ့​ည ဤ​အ​ရပ်​တွင်​တည်း​ခို​နေ​ကြ​ပါ​ဦး။ ထာ​ဝ​ရ ဘု​ရား​က​ငါ့​အား​မည်​ကဲ့​သို့​မိန့်​မှာ​တော်​မူ ကြောင်း နက်​ဖြန်​နေ့​တွင်​ငါ​ပြော​ပြ​ပါ​မည်'' ဟု​ဆို​လေ​၏။ ထို့​ကြောင့်​မော​ဘ​အ​မျိုး​သား ခေါင်း​ဆောင်​တို့​သည်​ဗာ​လမ်​ထံ​၌​တည်း​ခို ကြ​လေ​သည်။ \p \v 9 ဘု​ရား​သ​ခင်​သည်​ဗာ​လမ်​ထံ​သို့​ကြွ​လာ ၍``သင်​နှင့်​အ​တူ​တည်း​ခို​နေ​သူ​များ​သည် မည်​သူ​တို့​နည်း'' ဟု​မေး​တော်​မူ​၏။ \p \v 10 ထို​အ​ခါ​ဗာ​လမ်​က``မော​ဘ​ပြည်​ဘု​ရင် ဗာလက်​ထံ​မှ​လာ​သော​သူ​များ​ဖြစ်​ကြ ပါ​သည်။- \v 11 ဗာ​လက်​က​အီ​ဂျစ်​ပြည်​မှ​လာ​သော​လူ​မျိုး တစ်​မျိုး​သည် မြေ​မျက်​နှာ​ပြင်​အ​နှံ့​အ​ပြား သို့​ရောက်​ရှိ​နေ​ကြောင်း၊ ထို​သူ​တို့​ကို​တိုက်​ခိုက် နှင်​ထုတ်​နိုင်​ရန်​အ​ကျွန်ုပ်​အား သူ​တို့​ထံ​သို့ သွား​၍​ထို​သူ​တို့​ကို​ကျိန်​ဆဲ​ပါ​မည့် အ​ကြောင်း​အ​ကြောင်း​ကြား​လိုက်​ပါ​သည်'' ဟု​လျှောက်​ထား​လေ​သည်။ \p \v 12 ဘု​ရား​သ​ခင်​က​ဗာ​လမ်​အား``သင်​သည်​ဤ သူ​တို့​နှင့်​အ​တူ​မ​လိုက်​သွား​ရ။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ငါ​၏​ကောင်း​ချီး​မင်္ဂ​လာ ကို​ခံ​ရ​သော​သူ​များ​ဖြစ်​သ​ဖြင့်​သူ​တို့ ကို​မ​ကျိန်​ဆဲ​ရ'' ဟု​မိန့်​တော်​မူ​၏။ \p \v 13 နောက်​တစ်​နေ့​နံ​နက်​တွင်​ဗာ​လမ်​က​ဗာ​လက် ၏​သံ​တ​မန်​တို့​အား``သင်​တို့​ပြန်​ကြ​လော့။ သင် တို့​နှင့်​အ​တူ​လိုက်​ရန်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့ အား​အ​ခွင့်​ပေး​တော်​မ​မူ'' ဟု​ပြော​လေ​၏။- \v 14 ထို​ကြောင့်​သူ​တို့​သည်​ဗာ​လက်​ထံ​သို့​ပြန်​၍ သူ တို့​နှင့်​အ​တူ​ဗာ​လမ်​မ​လိုက်​လို​ကြောင်း​လျှောက် ထား​ကြ​လေ​သည်။ \p \v 15 ထို​နောက်​ဗာ​လက်​သည်​ယ​ခင်​တစ်​ကြိမ်​ထက် အ​ရေ​အ​တွက်​များ​၍ ပို​မြင့်​သော​စေ​တ​မန် များ​ကို​ဗာ​လမ်​ထံ​သို့​စေ​လွှတ်​လိုက်​လေ သည်။- \v 16 သူ​တို့​သည်​ဗာ​လမ်​ထံ​သို့​သွား​၍``ငါ့​ထံ​လာ ဖြစ်​အောင်​လာ​ပါ​လော့။- \v 17 ကိုယ်​တော်​အား​ထိုက်​ထိုက်​တန်​တန်​ချီး​မြှင့် ပါ​မည်။ ကိုယ်​တော်​ခိုင်း​စေ​သ​မျှ​ကို​ဆောင်​ရွက် ပေး​ပါ​မည်။ ကြွ​လာ​၍​ဤ​သူ​တို့​ကို​ကျိန်​ဆဲ ပါ​လော့'' ဟူ​သော​ဗာ​လက်​၏​လျှောက်​ထား ချက်​ကို​တင်​ပြ​ကြ​၏။ \p \v 18 သို့​ရာ​တွင်​ဗာ​လမ်​က``ဗာ​လက်​ဘု​ရင်​သည်​နန်း တော်​တွင်​ရှိ​သ​မျှ​သော​ရွှေ၊ ငွေ​ကို ငါ့​အား​ပုံ​၍ ပေး​သော်​လည်း​ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​ငါ​မ​လွန်​ဆန်​နိုင်။- \v 19 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား မည် ကဲ့​သို့​မိန့်​တော်​မူ​ဦး​မည်​ကို​သိ​ရှိ​နိုင်​ရန် သင်​တို့​သည် ယ​နေ့​ည​ငါ့​ထံ​တွင်​တည်း​ခို နေ​ထိုင်​ကြ​ပါ'' ဟု​ဆို​၏။ \p \v 20 ထို​နေ့​ည​တွင်​ဘု​ရား​သ​ခင်​သည်​ဗာ​လမ်​ထံ သို့​ကြွ​လာ​၍``ဤ​သူ​တို့​သည်​သင့်​ကို​သူ​တို့ နှင့်​အ​တူ​လိုက်​ပါ​ရန် ခေါ်​ဖိတ်​လျှင်​လိုက်​သွား လော့။ သို့​ရာ​တွင်​သင်​သည်​ငါ​ညွှန်​ကြား​သည့် အ​တိုင်း​သာ​ဆောင်​ရွက်​ရ​မည်'' ဟု​မိန့်​တော် မူ​၏။- \v 21 သို့​ဖြစ်​၍​နောက်​တစ်​နေ့​နံ​နက်​တွင်​ဗာ​လမ် သည် မြည်း​ကို​ကုန်း​နှီး​တင်​၍​စီး​ပြီး​လျှင် မော​ဘ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​နှင့် အ​တူ​လိုက်​သွား​လေ​၏။ \s1 ဗာ​လမ်​နှင့်​သူ​၏​မြည်း \p \v 22 ထို​သို့​ဗာ​လမ်​လိုက်​သွား​သ​ဖြင့်​ဘု​ရား​သ​ခင်​သည် အ​မျက်​တော်​ထွက်​လေ​၏။ ဗာ​လမ် သည်​အ​စေ​ခံ​နှစ်​ယောက်​လိုက်​ပါ​လျက်​မြည်း ကို​စီး​၍​သွား​နေ​စဉ် ထာ​ဝ​ရ​ဘု​ရား​၏ ကောင်း​ကင်​တ​မန်​သည်​သူ​သွား​ရာ​လမ်း ပေါ်​တွင်​ရပ်​၍​တား​ဆီး​နေ​၏။- \v 23 မြည်း​သည်​လမ်း​ပေါ်​တွင်​ဋ္ဌား​ကို​ကိုင်​ဆွဲ​လျက် ရပ်​နေ​သော ကောင်း​ကင်​တ​မန်​ကို​မြင်​လျှင်​လမ်း လွှဲ​၍​လယ်​ကွင်း​ထဲ​သို့​ဆင်း​လေ​၏။ ထို​အ​ခါ ဗာ​လမ်​သည်​မြည်း​ကို​ရိုက်​၍​လမ်း​မ​ပေါ်​သို့ ပြန်​တက်​စေ​၏။- \v 24 ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​စ​ပျစ်​ဥ​ယျာဉ် နှစ်​ခု​၏ ကျောက်​နံ​ရံ​အ​ကြား​လမ်း​ကျဉ်း​ပေါ် တွင်​ရပ်​နေ​လေ​သည်။- \v 25 မြည်း​သည်​ကောင်း​ကင်​တ​မန်​ကို​မြင်​သော အ​ခါ​နံ​ရံ​တစ်​ဖက်​သို့​ကပ်​သ​ဖြင့် ဗာ​လမ် ၏​ခြေ​ညှပ်​မိ​လေ​သည်။ ထို​အ​ခါ​ဗာ​လမ် သည်​မြည်း​ကို​ရိုက်​ပြန်​သည်။- \v 26 တစ်​ဖန်​ကောင်း​ကင်​တမန်​သည်​ရှေ့​မှ​ဆီး​ကြို​၍ ဝဲ​ယာ​သို့​မြည်း​မ​လှည့်​သာ​သော​နေ​ရာ​တွင် ရပ်​နေ​၏။- \v 27 မြည်း​သည်​ကောင်းကင်​တ​မန်​ကို​မြင်​ပြန်​သော အ​ခါ လမ်း​မ​ပေါ်​တွင်​ဝပ်​ချ​လိုက်​၏။ ဗာ​လမ် သည်​ဒေါ​သ​ထွက်​၍​မြည်း​ကို​တောင်​ဝှေး​ဖြင့် ရိုက်​လေ​သည်။- \v 28 ထို​အ​ခါ​ထာဝရ​ဘု​ရား​သည်​မြည်း​ကို​လူ​ကဲ့ သို့ စ​ကား​ပြော​စေ​သ​ဖြင့်​မြည်း​က​ဗာ​လမ် အား``ငါ့​ကို​အ​ဘယ်​အ​ပြစ်​ကြောင့်​သုံး​ကြိမ် တိုင်​အောင်​ရိုက်​ရ​ပါ​သ​နည်း'' ဟု​မေး​လေ သည်။ \p \v 29 ဗာ​လမ်​က``သင်​သည်​ငါ့​ကို​အ​ရူး​ဖြစ်​အောင် ပြု​လုပ်​ပါ​သည်​တ​ကား။ ငါ့​လက်​ထဲ​၌​ဋ္ဌား ရှိ​လျှင်​သင့်​ကို​ငါ​သတ်​မည်'' ဟု​ဆို​လေ​၏။ \p \v 30 ထို​အ​ခါ​မြည်း​က``ငါ​သည်​သင်​စီး​နေ​ကျ မြည်း​မ​ဟုတ်​ပါ​သ​လော။ ငါ​သည်​ယ​ခင်​ဤ ကဲ့​သို့​ပြု​ခဲ့​ဖူး​ပါ​သ​လော'' ဟု​ဗာ​လမ်​အား မေး​လေ​၏။ \p ဗာ​လမ်​က``မ​ပြု​ဘူး'' ဟု​ပြန်​ပြော​၏။ \p \v 31 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​လမ်​အား ဋ္ဌား​ကိုင်​၍ ရပ်​နေ​သော​ကောင်း​ကင်​တ​မန်​ကို မြင်​စေ​တော်​မူ​သ​ဖြင့် သူ​သည်​မြေ​ပေါ်​တွင် ပျပ်​ဝပ်​၍​နေ​လေ​၏။- \v 32 ကောင်း​ကင်​တ​မန်​က​ဗာ​လမ်​အား``သင်​သည် မြည်း​ကို​ဤ​သို့​အ​ဘယ်​ကြောင့်​သုံး​ကြိမ် ရိုက်​ရ​ပါ​သ​နည်း။ သင်​သည်​ခ​ရီး​ဆက်​၍ မ​သွား​နိုင်​ရန်​ငါ​သည်​သင်​သွား​ရာ​လမ်း ကို​ပိတ်​ဆို့​ခဲ့​သည်။- \v 33 သင်​၏​မြည်း​သည်​ငါ့​ကို​မြင်​သ​ဖြင့်​သုံး​ကြိမ် တိုင်​လမ်း​လွှဲ​ခဲ့​ပြီ။ အ​ကယ်​၍​မြည်း​သည်​လမ်း မ​လွှဲ​ခဲ့​လျှင် ငါ​သည်​သင့်​ကို​သတ်​၍​မြည်း ကို​အ​သက်​ချမ်း​သာ​ပေး​ပြီ'' ဟု​ဆို​လေ​၏။ \p \v 34 ထို​အ​ခါ​ဗာ​လမ်​က``အ​ကျွန်ုပ်​အ​ပြစ်​ကူး လွန်​မိ​ပါ​ပြီ။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို​တား ဆီး​ရန်​လမ်း​ပေါ်​တွင်​ရပ်​နေ​သည်​ကို​အ​ကျွန်ုပ် မ​သိ​ပါ။ အ​ကျွန်ုပ်​အား​ခ​ရီး​ဆက်​၍​မ​သွား စေ​လို​လျှင်​အိမ်​သို့​ပြန်​ပါ​မည်'' ဟု​ဆို​လေ ၏။ \p \v 35 ကောင်း​ကင်​တ​မန်​က​လည်း``ဤ​သူ​တို့​နှင့် အ​တူ​လိုက်​သွား​လော့။ သို့​ရာ​တွင်​ငါ​ပြော စေ​လို​သည့်​အ​တိုင်း​သာ​ပြော​ဆို​ရ​မည်'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ဗာ​လမ်​သည်​သူ​တို့​နှင့် အ​တူ​လိုက်​ပါ​သွား​လေ​၏။ \s1 ဗာ​လမ်​အား​ဗာ​လက်​ကြို​ဆို​ခြင်း \p \v 36 ဗာ​လက်​ဘု​ရင်​သည်​ဗာ​လမ်​လာ​နေ​ကြောင်း ကို​ကြား​သိ​ရ​သော​အ​ခါ မော​ဘ​ပြည်​နယ်​စပ် အာ​နုန်​မြစ်​ကမ်း​ပေါ်​ရှိ​အာ​ရ​မြို့​သို့​သွား​၍ ကြို​ဆို​၏။- \v 37 ဗာ​လက်​က​ဗာ​လမ်​အား``အ​ကျွန်ုပ်​ပ​ထ​မ အ​ကြိမ်​ကိုယ်​တော်​ကို​ခေါ်​ရန်​စေ​လွှတ်​စဉ်​က အ​ဘယ်​ကြောင့်​လိုက်​၍​မ​လာ​ပါ​သ​နည်း။ ကိုယ်​တော်​အား​ထိုက်​တန်​စွာ​မ​ချီး​မြှင့်​နိုင် ဟု​ယူ​ဆ​ပါ​သ​လော'' ဟု​ဆီး​၍​မေး​လေ သည်။ \p \v 38 ဗာ​လမ်​က``ငါ​ယ​ခု​ရောက်​လာ​ပြီ။ သို့​ရာ​တွင် ငါ​သည် ကိုယ်​တိုင်​ပြော​ပိုင်​ခွင့်​မ​ရှိ။ ဘု​ရား​သ​ခင်​က​ငါ့​အား​ပြော​စေ​လို​သ​မျှ​ကို သာ​ငါ​ပြော​နိုင်​မည်'' ဟု​ဆို​လေ​၏။- \v 39 သို့​ဖြစ်​၍​ဗာ​လမ်​သည်​ဗာ​လက်​နှင့်​အ​တူ ဿု​ဇုတ်​မြို့​သို့​လိုက်​ပါ​သွား​လေ​သည်။- \v 40 ထို​မြို့​တွင်​ဗာ​လက်​သည်​သိုး​နွား​များ​ကို သတ်​၍ အ​သား​အ​ချို့​ကို​ဗာ​လမ်​နှင့်​အ​ကြီး အ​ကဲ​များ​ထံ​သို့​ပို့​စေ​သည်။ \s1 ဗာ​လမ်​ဆင့်​ဆို​သော​ပ​ထ​မ​ဗျာ​ဒိတ်​တော် \p \v 41 နောက်​တစ်​နေ့​နံ​နက်​တွင်​ဗာ​လက်​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မြင်​သာ​နိုင် သော​ဗား​မော့​ဗာ​လ​တောင်​ကုန်း​ပေါ်​သို့ ဗာ​လမ်​အား​ခေါ်​ဆောင်​သွား​လေ​သည်။ \c 23 \p \v 1 ဗာ​လမ်​က``ယဇ်​ပလ္လင်​ခု​နစ်​ခု​ကို​တည်​လော့'' ဟု ဗာ​လက်​အား​စေ​ခိုင်း​လေ​သည်။ \p \v 2 ဗာ​လမ်​စေ​ခိုင်း​သည့်​အ​တိုင်း​ဗာ​လက်​သည် ဆောင်​ရွက်​၍ သူ​တို့​နှစ်​ဦး​သည်​ယဇ်​ပလ္လင်​တစ်​ခု စီ​ပေါ်​တွင်​နွား​တစ်​ကောင်​နှင့်​သိုး​တစ်​ကောင် ကို​ယဇ်​ပူ​ဇော်​ကြ​လေ​သည်။- \v 3 ထို​နောက်​ဗာ​လမ်​က​ဗာ​လက်​အား``သင်​သည် မီး​ရှို့​ရာ​ယဇ်​နား​တွင်​ရပ်​နေ​လော့။ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​နှင့်​တွေ့​ဆုံ​ရန်​ကြွ​လာ​မည်၊ မ​ကြွ​လာ​မည်​ကို​သွား​၍​ကြည့်​မည်။ ထာ​ဝ​ရ ဘု​ရား​က​ငါ့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​သ​မျှ ကို​သင့်​အား​ငါ​ပြော​ပြ​မည်'' ဟု​ဆို​လေ​၏။ ထို​ကြောင့်​သူ​သည်​တစ်​ယောက်​တည်း​တောင် ကုန်း​တစ်​ခု​ပေါ်​သို့​တက်​သွား​သော​အ​ခါ၊- \v 4 ဘု​ရား​သ​ခင်​သည်​သူ​နှင့်​တွေ့​ဆုံ​ရန်​ကြွ လာ​တော်​မူ​၏။ ထို​အ​ခါ​ဗာ​လမ်​က​ထာ​ဝ​ရ ဘု​ရား​အား``အ​ကျွန်ုပ်​သည်​ယဇ်​ပလ္လင်​ခု​နစ်​ခု ကို​တည်​၍​တစ်​ခု​စီ​ပေါ်​တွင် နွား​ထီး​တစ်​ကောင် နှင့်​သိုး​ထီး​တစ်​ကောင်​ကို​ပူ​ဇော်​ပါ​ပြီ'' ဟု လျှောက်​ထား​လေ​၏။ \p \v 5 ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​လက်​အား ဆင့်​ဆို ရ​မည့်​စ​ကား​ကို​မိန့်​ကြား​ပြီး​လျှင်​ဗာ​လမ် ကို​ဗာ​လက်​ထံ​သို့​ပြန်​စေ​တော်​မူ​၏။- \v 6 သို့​ဖြစ်​၍​ဗာ​လမ်​သည်​ဗာလက်​ဘု​ရင်​ထံ​သို့ ပြန်​လာ​သော​အ​ခါ ဘု​ရင်​သည်​မော​ဘ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​နှင့်​အ​တူ မီး​ရှို့​ရာ​ယဇ်​ပလ္လင် အ​နား​တွင်​ရပ်​နေ​သည်​ကို​တွေ့​မြင်​ရ​လေ​၏။ \p \v 7 ထို​အ​ခါ​ဗာ​လမ်​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော် ကို​ဆင့်​ဆို​၏။ \q1 ``မော​ဘ​ပြည်​ဘု​ရင်​ဗာ​လက်​က​ရှု​ရိ​ပြည်​တည်​ရာ \q1 အ​ရှေ့​တောင်​တန်း​များ​မှ​ငါ့​အား​ခေါ်​ဆောင်​ခဲ့​လေ ပြီ။ \q1 ဘု​ရင်​က`လာ​၍​ယာ​ကုပ်​အ​ဆက်​အ​နွယ်​တို့​ကို ကျိန်​ဆဲ​ပါ​လော့။ \q1 လာ​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ရှုတ်​ချ​ပါ​လော့' ဟု​ဆို​၏။ \q1 \v 8 ဘု​ရား​သ​ခင်​ကျိန်​ဆဲ​တော်​မ​မူ​သော​သူ​တို့ ကို ငါ​အ​ဘယ်​သို့​ကျိန်​ဆဲ​နိုင်​မည်​နည်း။ \q1 ဘု​ရား​သ​ခင်​ရှုတ်​ချ​တော်​မ​မူ​သော​သူ​တို့​ကို ငါ​အ​ဘယ်​သို့​ရှုတ်​ချ​နိုင်​မည်​နည်း။ \q1 \v 9 ငါ​သည်​ကျောက်​တောင်​များ​ပေါ်​မှ​သူ​တို့​ကို မြင်​ရ​၏။ \q1 ငါ​သည်​တောင်​ကုန်း​များ​ပေါ်​မှ​သူ​တို့​ကို​ရှု မြင်​နိုင်​၏။ \q1 သူ​တို့​သည်​လူ​မျိုး​အ​ပေါင်း​တို့​တွင်​ထူး​ခြား သော လူ​မျိုး​ဖြစ်​၏။ \q1 အ​ခြား​လူ​များ​ထက်​ကောင်း​ချီး​ပို​၍​ခံ​စား ရ​သူ​များ ဖြစ်​ကြောင်း​ကို​သူ​တို့​သိ​ကြ​၏။ \q1 \v 10 ဣ​သ​ရေ​လ​အ​ဆက်​အ​နွယ်​တို့​သည်​များ​ပြား လှ​သ​ဖြင့် \q1 မြေ​မှုန့်​ကို​မ​ရေ​မ​တွက်​နိုင်​သ​ကဲ့​သို့၊ သူ​တို့​ကို​မ​ရေ​မ​တွက်​နိုင်။ \q1 ဘု​ရား​သ​ခင်​၏​လူ​စု​ဝင်​တစ်​ယောက်​ကဲ့​သို့ သေ​ရ​ပါ​လို​၏။ \q1 ဖြောင့်​မတ်​သော​သူ​ကဲ့​သို့​ငြိမ်း​ချမ်း​စွာ​သေ​ရ ပါ​လို​၏။'' \p \v 11 ထို​အ​ခါ​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``ကိုယ် တော်​မည်​သို့​ပြု​လုပ်​လိုက်​ပါ​သ​နည်း။ အ​ကျွန်ုပ် ၏​ရန်​သူ​တို့​ကို​ကျိန်​ဆဲ​ရန်​ကိုယ်​တော်​ကို​ခေါ် ဆောင်​ခဲ့​ပါ​သော်​လည်း ကိုယ်​တော်​သည်​သူ​တို့ ကို​ကောင်း​ချီး​ပေး​ပါ​သည်​တ​ကား'' ဟု​ဆို​၏။ \p \v 12 ဗာ​လမ်​က``ထာ​ဝ​ရ​ဘု​ရား​ဆင့်​ဆို​စေ​လို သည့်​အ​တိုင်း​သာ​လျှင် ငါ​ဆင့်​ဆို​နိုင်​သည်'' ဟု ပြန်​ဖြေ​လေ​၏။ \s1 ဗာ​လမ်​ဆင့်​ဆို​သော​ဒု​တိ​ယ​ဗျာ​ဒိတ်​တော် \p \v 13 ထို​နောက်​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``ဣသ​ရေ​လ အ​မျိုး​သား​အ​ချို့​ကို​သာ မြင်​နိုင်​သော​နေ​ရာ​သို့ လိုက်​ခဲ့​ပါ။ ထို​အ​ရပ်​မှ​နေ​၍​သူ​တို့​ကို ကျိန်​ဆဲ ပါ​လော့'' ဟု​ဆို​လေ​၏။- \v 14 သို့​ဖြစ်​၍​ဗာ​လက်​ဘု​ရင်​သည်​ဗာ​လမ်​ကို ပိ​သ​ဂါ တောင်​ပေါ်​ရှိ​ဇော​ဖိမ်​ကွင်း​သို့​ခေါ်​ဆောင်​သွား​လေ သည်။ ထို​အ​ရပ်​၌​လည်း​သူ​သည်​ယဇ်​ပလ္လင်​ခု​နစ်​ခု ကို​တည်​၍ တစ်​ခု​စီ​ပေါ်​တွင်​နွား​ထီး​တစ်​ကောင် နှင့်​သိုး​ထီး​တစ်​ကောင်​ကို​ပူ​ဇော်​လေ​သည်။ \p \v 15 ဗာ​လမ်​က​ဗာ​လက်​ဘု​ရင်​အား``သင်​သည်​မီး​ရှို့ ရာ​ယဇ်​နား​တွင်​ရပ်​နေ​လော့။ ငါ​သည်​သွား​၍ ဘုရား​သခင်​နှင့်​တွေ့​ဆုံ​မည်'' ဟု​ဆို​၏။ \p \v 16 ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​လက်​အား ဆင့်​ဆို​ရ​မည့် စ​ကား​ကို​မိန့်​ကြား​ပြီး​နောက်​ဗာ​လမ်​ကို​ဗာ​လက် ထံ​သို့​ပြန်​စေ​တော်​မူ​၏။- \v 17 ထို့​ကြောင့်​ဗာ​လမ်​သည်​ဗာ​လက်​ဘု​ရင်​ထံ​သို့ ပြန်​လာ​သော​အ​ခါ ဘု​ရင်​သည်​မော​ဘ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​နှင့်​အ​တူ မီး​ရှို့​ရာ​ယဇ် အ​နား​တွင်​ရပ်​နေ​သည်​ကို​တွေ့​မြင်​ရ​၏။ ဗာ​လက် ဘု​ရင်​က​ထာ​ဝ​ရ​ဘု​ရား​မည်​သို့​မိန့်​ကြား တော်​မူ​ကြောင်း​ကို​မေး​မြန်း​၏။- \v 18 ထို​အ​ခါ​ဗာ​လမ်​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော် ကို​ဆင့်​ဆို​လေ​၏။ \q1 ``ဇိ​ဖော်​၏​သား​ဗာ​လက်၊ငါ့​ထံ​သို့​လာ​၍ ငါ​ပြော​မည့်​စ​ကား​ကို​နား​ထောင်​လော့။ \q1 \v 19 ဘု​ရား​သ​ခင်​သည်​လူ​ကဲ့​သို့​မု​သား​စ​ကား ကို​မ​ပြော။ လူ​ကဲ့​သို့​စိတ်​ပြောင်း​လဲ​တော်​မ​မူ။ \q1 က​တိ​တော်​အ​တိုင်း​ပြု​တော်​မူ​၏။ အ​မိန့်​တော်​အ​တိုင်း​ဖြစ်​ပျက်​တတ်​၏။ \q1 \v 20 ကောင်း​ချီး​ပေး​ရန်​ငါ့​အား​စေ​ခိုင်း​တော်​မူ​ပြီ။ \q1 ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ကောင်း​ချီး​ကို ငါ​သည်​မ​ရုတ်​သိမ်း​နိုင်။ \q1 \v 21 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​နောင်​အ​ခါ ဘေး​ဒုက္ခ​ရောက်​မည်​ကို​ငါ​မ​မြင်။ \q1 သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ \q1 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဘု​ရင်​ဖြစ်​ကြောင်း ကို ကြေ​ညာ​ကြ​၏။ \q1 \v 22 ဘု​ရား​သ​ခင်​သည်​သူ​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​တော်​မူ​ခဲ့​၏။ \q1 သူ​တို့​သည်​နွား​ရိုင်း​ကဲ့​သို့​ခွန်​အား​ကြီး​၏။ \q1 \v 23 မှော်​အ​တတ်၊စုန်း​အ​တတ်​တို့​၏​အ​ကူ​အ​ညီ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို၊ \q1 အ​ဘယ်​သူ​မျှ​မ​တိုက်​ခိုက်​နိုင်။ \q1 ဘု​ရား​သ​ခင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ကျေး​ဇူး​ပြု​တော်​မူ​ပုံ​မှာ \q1 အံ့​သြ​ဘွယ်​ဟူ​၍​ဆို​စ​မှတ်​ပြု​ကြ​လိမ့်​မည်။ \q1 \v 24 ဣ​သ​ရေ​လ​နိုင်​ငံ​သည်​ခွန်​အား​ကြီး​သော​ခြင်္သေ့ နှင့်​တူ​၏။ \q1 သား​ကောင်​ကို​မ​သတ်​ဖြတ်​သွေး​ကို​မ​သောက် ရ​လျှင် ထို​ခြင်္သေ့​သည်​ငြိမ်​ဝပ်​၍​နေ​မည်​မ​ဟုတ်။'' \p \v 25 ထို​အ​ခါ​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``ကိုယ် တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မ​ကျိန် ဆဲ​ပါ​နှင့်။ သို့​ရာ​တွင်​သူ​တို့​အား​ကောင်း​ချီး မ​ပေး​ပါ​နှင့်'' ဟု​ဆို​၏။ \p \v 26 ဗာ​လမ်​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သ​မျှ​အ​တိုင်း ပြု​လုပ်​ရ​သည်​ဟု​သင့်​အား​ငါ ပြော​ခဲ့​ပြီ​မ​ဟုတ်​လော'' ဟု​ဖြေ​ကြား​လေ​သည်။ \s1 ဗာ​လမ်​ဆင့်​ဆို​သော​တ​တိ​ယ​ဗျာ​ဒိတ်​တော် \p \v 27 တစ်​ဖန်​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``အ​ခြား တစ်​နေ​ရာ​သို့​လိုက်​ခဲ့​ပါ​လော့။ ကိုယ်​တော်​အား ထို​အ​ရပ်​မှ​နေ​၍​သူ​တို့​ကို​ကျိန်​ဆဲ​စေ​ရန် ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​ကောင်း​ရှိ​မည်'' ဟု​ဆို​၏။- \v 28 သို့​ဖြစ်​၍​သူ​သည်​ဗာ​လမ်​အား​တော​ကန္တာ​ရ​ကို မြင်​နိုင်​သော ပေ​ဂု​ရ​တောင်​ထိပ်​ပေါ်​သို့​ခေါ်​ဆောင် သွား​လေ​သည်။- \v 29 ဗာ​လမ်​က ဘု​ရင်​အား``ဤ​အ​ရပ်​တွင်​ငါ့​အ​တွက် ယဇ်​ပလ္လင်​ခု​နစ်​ခု​ကို​တည်​လော့။ နွား​ထီး​ခု​နစ် ကောင်​နှင့်​သိုး​ထီး​ခု​နစ်​ကောင်​ကို​ယူ​ဆောင်​ခဲ့ လော့'' ဟု​စေ​ခိုင်း​လေ​သည်။- \v 30 ဗာ​လက်​ဘု​ရင်​သည်​ဗာ​လမ်​စေ​ခိုင်း​သည့်​အ​တိုင်း ယဇ်​ပလ္လင်​များ​တည်​၍ တစ်​ခု​စီ​ပေါ်​တွင်​နွား​ထီး တစ်​ကောင်​နှင့်​သိုး​ထီး​တစ်​ကောင်​ကို​ပူ​ဇော် လေ​၏။ \c 24 \p \v 1 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို ကောင်း​ချီး​ပေး​စေ​လို​ကြောင်း​သိ​မြင်​သော အ​ခါ ဗာ​လမ်​သည်​ယ​ခင်​က​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​ထံ​မှ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ခံ​ယူ​ရန်​မ​ကြိုး စား​တော့​ချေ။ သူ​သည်​တော​ကန္တာ​ရ​ဘက်​သို့ လှည့်​ကြည့်​ရာ၊- \v 2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​နွယ်​အ​လိုက် စ​ခန်း​ချ​နေ​သည်​ကို​မြင်​ရ​သည်။ ထို​အ​ခါ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​သူ့​အ​ပေါ် သို့​ဆင်း​သက်​၏။- \v 3 ထို့​နောက်​သူ​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​လေ​၏။ \p ``ဤ​ကား​ဗော​ရ​၏​သား​ဗာ​လမ်​ဆင့်​ဆို​သော ဗျာ​ဒိတ်​တော်​ဖြစ်​သည်။ \q1 ရှင်း​လင်း​စွာ​မြင်​နိုင်​သူ​၏​စ​ကား​များ​တည်း။ \q1 \v 4 သူ​သည်​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​ကို​ကြား​နိုင်​၏။ \q1 မျက်​စိ​ပွင့်​လျက်​ဘ​ဝင်​ကျ​နေ​စဉ် \q1 အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထံ​တော်​မှ ရူ​ပါ​ရုံ​ကို​ငါ​မြင်​ရ​၏။ \q1 \v 5 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​တဲ​များ​သည် တင့်​တယ်​လှ​ပေ​စွ။ \q1 \v 6 ရှည်​လျား​စွာ​ပေါက်​ရောက်​နေ​သော ထန်း​ပင်​တန်း​များ​နှင့်​တူ​ပေ​သည်။ \q1 မြစ်​ကမ်း​နား​မှာ​စိုက်​သော​ဥ​ယျာဉ်​နှင့်​လည်း​ကောင်း၊ \q1 ထာ​ဝ​ရ​ဘု​ရား​စိုက်​တော်​မူ​သော အ​ကျော်​ပင်​များ​နှင့်​လည်း​ကောင်း၊ \q1 ရေ​နီး​ရာ​၌​ပေါက်​သော​အာ​ရဇ်​ပင်​များ​နှင့် လည်း​ကောင်း တူ​ပေ​သည်။ \q1 \v 7 ယင်း​တို့​အ​ပေါ်​တွင်​မိုး​များ​စွာ​ရွာ​သွန်း​လိမ့်​မည်။ \q1 ရေ​အ​လုံ​အ​လောက်​ရ​ရှိ​သော​လယ်​များ​တွင် စိုက်​ပျိုး​ရ​လိမ့်​မည်။ \q1 သူ​တို့​၏​ဘု​ရင်​သည်​အာ​ဂတ်​ဘု​ရင်​ထက် တန်​ခိုး​ကြီး​၍​နေ​ရာ​အ​နှံ့​သို့ \q1 သူ​၏​အာ​ဏာ​စက်​သက်​ရောက်​လိမ့်​မည်။ \q1 \v 8 ဘု​ရား​သ​ခင်​သည်​သူ​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​ခဲ့​တော်​မူ​၏။ \q1 သူ​တို့​သည်​နွား​ရိုင်း​ကဲ့​သို့​ခွန်​အား​ကြီး​၏။ \q1 သူ​တို့​သည်​ရန်​သူ​များ​ကို​ချေ​မှုန်း​ကြ​၏။ \q1 ရန်​သူ​တို့​၏​အ​ရိုး​များ​ကို​ညက်​ညက်​ကြေ စေ​လျက် သူ​တို့​၏​မြား​များ​ကို​ချိုး​ဖျက်​ကြ​၏။ \q1 \v 9 ဣ​သ​ရေ​လ​နိုင်​ငံ​သည်​ခွန်​အား​ကြီး​သော ခြင်္သေ့​နှင့်​တူ​၏။ \q1 သူ​အိပ်​နေ​သော​အ​ခါ​မည်​သူ​မျှ​သူ့​ကို​မ​နှိုး​ဝံ့။ \q1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကောင်း​ချီး​ပေး သော သူ​သည်​ကောင်း​ချီး​ပေး​ခြင်း​ကို​ခံ​ရ​မည်။ \q1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကျိန်​ဆဲ​သော သူ​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​မည်။''\x + \xo 24:9 \xt က၊ ၄၉:၉။ ၁၂:၃။\x* \p \v 10 ထို​အ​ခါ​ဗာ​လက်​ဘု​ရင်​သည်​အ​မျက်​ထွက်​သ​ဖြင့် လက်​သီး​များ​ကို​ဆုပ်​လျက်​ဗာ​လမ်​အား``အ​ကျွန်ုပ် ၏​ရန်​သူ​တို့​ကို​ကျိန်​ဆဲ​ရန်​ကိုယ်​တော်​ကို​ခေါ် ဆောင်​ခဲ့​သည်။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​သူ​တို့ ကို​သုံး​ကြိမ်​တိုင်​အောင်​ကောင်း​ချီး​ပေး​လေ​ပြီ။- \v 11 ယ​ခု​ကိုယ်​တော်​ပြန်​ပါ​လော့။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​အား ဆု​လာဘ်​များ​ချီး​မြှင့်​မည်​ဟု က​တိ​ထား​ခဲ့​သော်​လည်း ထို​သို့​ချီး​မြှင့်​ရန် ထာ​ဝ​ရ​ဘု​ရား​သည်​အ​လို​တော်​မ​ရှိ'' ဟု ဆို​လေ​၏။ \p \v 12-13 ဗာ​လမ်​က``သင်​၏​နန်း​တော်​တွင် ရှိ​သ​မျှ​သော​ရွှေ၊ ငွေ​ကို​ပေး​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​ဆန့်​ကျင်​၍ ငါ့​အ​လို​အ​လျောက်​မည်​သို့ မျှ​မ​ပြု​နိုင်​ဟု​သင်​စေ​လွှတ်​သော​သံ​တ​မန်​တို့ အား ငါ​ပြော​ခဲ့​ပြီ​မ​ဟုတ်​လော။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို​သာ​ပြော​ရ​မည်'' ဟု​ဖြေ​ကြား​လေ​၏။ \s1 ဗာ​လမ်​ဆင့်​ဆို​သော​နောက်​ဆုံး​ဗျာ​ဒိတ်​တော် \p \v 14 ဗာ​လမ်​က​ဗာ​လက်​ဘု​ရင်​အား``ယ​ခု​ငါ​သည် ဆွေ​မျိုး​သား​ချင်း​တို့​ထံ​သို့​ပြန်​မည်။ သို့​ရာ​တွင် ငါ​ပြန်​၍​မ​သွား​မီ​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က​နောင်​အ​ခါ သင်​၏​အ​မျိုး​သား​တို့​အား မည်​ကဲ့​သို့​ပြု​လုပ်​မည့်​အ​ကြောင်း​ကို ငါ​သ​တိ ပေး​ခဲ့​မည်'' ဟု​ဆို​၏။- \v 15 ထို​နောက်​သူ​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​လေ​၏။ \q1 ``ဤ​ကား​ဗော​ရ​၏​သား​ဗာ​လမ်​ဆင့်​ဆို​သော ဗျာ​ဒိတ်​တော်​ဖြစ်​၏။ \q1 ရှင်း​လင်း​စွာ​မြင်​နိုင်​သူ​၏​စ​ကား​များ​တည်း။ \q1 \v 16 သူ​သည်​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​ကို​ကြား​နိုင်​၏။ \q1 အ​မြင့်​ဆုံး​သော​ဘု​ရား​ထံ​တော်​မှ အ​သိ​ပ​ညာ​ကို​ရ​ရှိ​၏။ \q1 မျက်​စိ​ပွင့်​လျက်​ဘ​ဝင်​ကျ​နေ​စဉ် \q1 အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထံ​တော်​မှ ရူ​ပါ​ရုံ​ကို​ငါ​မြင်​ရ​၏။ \q1 \v 17 ငါ​သည်​အ​နာ​ဂတ်​ကို​မျှော်​ကြည့်​သော​အ​ခါ ဣ​သ​ရေ​လ​နိုင်​ငံ​ကို​ငါ​မြင်​ရ​၏။ \q1 ထို​နိုင်​ငံ​တွင်​ရှင်​ဘု​ရင်​တစ်​ပါး​သည်​တောက်​ပ​သော ကြယ်​သ​ဖွယ်​ပေါ်​ထွန်း​လာ​လိမ့်​မည်။ \q1 ထို​ဘု​ရင်​သည်​ကြယ်​တံ​ခွန်​သ​ဖွယ် \q1 ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ပေါ်​ထွန်း​လိမ့်​မည်။ \q1 သူ​သည်​မော​ဘ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​ကို တိုက်​ခိုက်​ချေ​မှုန်း​၍ \q1 ရှေ​သ​အ​နွယ်​ဝင်​တို့​ကို​နှိမ်​နင်း​လိမ့်​မည်။ \q1 \v 18 သူ​သည်​ဧ​ဒုံ​ပြည်​ရှိ​ရန်​သူ​တို့​ကို တိုက်​ခိုက်​အောင်​မြင်​၍ \q1 သူ​တို့​၏​ပြည်​ကို​သိမ်း​ယူ​လိမ့်​မည်။ \q1 \v 19 ဣ​သ​ရေ​လ​နိုင်​ငံ​သည်​အ​ဆက်​မ​ပြတ် အောင်​ပွဲ​ခံ​လိမ့်​မည်။ \q1 ဣ​သ​ရေ​လ​နိုင်​ငံ​သည်​ရန်​သူ​တို့​ကို​ချေ​မှုန်း​၍ တစ်​ယောက်​မ​ကျန်​သုတ်​သင်​ဖျက်​ဆီး​လိမ့်​မည်။'' \p \v 20 ထို​နောက်​ဗာ​လမ်​သည်​အာ​မ​လက်​အ​မျိုး​သား တို့​ကို ရူ​ပါ​ရုံ​၌​မြင်​၍​အောက်​ပါ​ဗျာ​ဒိတ်​တော် ကို​ဆင့်​ဆို​လေ​၏။ \q1 ``အာ​မ​လက်​နိုင်​ငံ​သည်​အင်​အား အ​ကြီး​ဆုံး​နိုင်​ငံ​ဖြစ်​၏။ \q1 သို့​ရာ​တွင်​နောက်​ဆုံး​၌​ထို​နိုင်​ငံ​သည် ပျက်​သုဉ်း​ရ​လိမ့်​မည်။'' \p \v 21 တစ်​ဖန်​သူ​သည်​ကေ​နိ​အ​မျိုး​သား​တို့​ကို ရူ​ပါ​ရုံ​၌​မြင်​၍ အောက်​ပါ​ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​လေ​၏။ \q1 ``သင်​တို့​နေ​ထိုင်​ရာ​အ​ရပ်​သည် \q1 ကမ်း​ပါး​ယံ​အ​ထက်​၌​တည်​ဆောက်​ထား​သော ငှက်​သိုက်​ကဲ့​သို့​လုံ​ခြုံ​ပေ​သည်။ \q1 \v 22 သို့​ရာ​တွင်​အာ​ရှု​ရိ​ဘု​ရင်​သည်​သင်​တို့​၏​ပြည်​ကို တိုက်​ခိုက်​သိမ်း​ယူ​လိမ့်​မည်။ \q1 ထို​အ​ခါ​သင်​တို့​သည်​ပျက်​စီး​ဆုံး​ပါး​လိမ့်​မည်။'' \p \v 23 ဗာ​လမ်​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို သည်။ \q1 ``မြောက်​အ​ရပ်​တွင်​မည်​သူ​တို့​စု​ရုံး​နေ​ကြ သ​နည်း။ \q1 \v 24 ကု​ပ​ရု​ကျွန်း​မှ​ရန်​သူ​သင်္ဘော​များ​သည်​လာ​၍ \q1 အာ​ရှု​ရိ​ပြည်​နှင့်​ဟေ​ဗာ​ပြည်​တို့​ကို​တိုက်​ခိုက် အောင်​မြင်​လိမ့်​မည်။ \q1 သို့​ရာ​တွင်​သူ​တို့​ကိုယ်​တိုင်​လည်း​သုတ်​သင် ဖျက်​ဆီး​ခြင်း​ခံ​ရ​လိမ့်​မည်။'' \p \v 25 ထို​နောက်​ဗာ​လမ်​နှင့်​ဗာ​လက်​ဘု​ရင်​တို့​သည် မိ​မိ တို့​နေ​ရပ်​သို့​အ​သီး​သီး​ပြန်​သွား​ကြ​လေ​၏။ \c 25 \s1 ပေ​ဂု​ရ​အ​ရပ်​သို့​ရောက်​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​များ \p \v 1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ကား​ရှား ချိုင့်​ဝှမ်း​တွင်​စ​ခန်း​ချ​လျက်​ရှိ​နေ​ကြ​စဉ် အ​မျိုး သား​အ​ချို့​တို့​သည်​ထို​အ​ရပ်​သူ​မော​ဘ အ​မျိုး​သ​မီး​တို့​နှင့်​မှား​ယွင်း​ကြ​၏။- \v 2 ထို​အ​မျိုး​သ​မီး​တို့​က မော​ဘ​ဘုရား​ယဇ်​ပူ​ဇော် ပွဲ​များ​သို့​သူ​တို့​ကို​ခေါ်​သွား​ကြ​၏။ ဣသ​ရေ​လ အ​မျိုး​သား​တို့​သည်​ပေ​ဂု​ရ​ဒေ​သ​ခံ​ဗာ​လ ဘု​ရား​အား ပူ​ဇော်​သော​အ​စား​အ​စာ​ကို​စား ၍​ထို​ဘု​ရား​ကို​ဦး​ချ​ရှိ​ခိုး​ကြ​၏။- \v 3 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​တော် ထွက်​၍၊- \v 4 မော​ရှေ​အား``ငါ​၏​အ​မျက်​ပြေ​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ပေါင်း တို့​ကို​ထုတ်​ဆောင်​၍ လူ​ပ​ရိ​သတ်​ရှေ့​တွင်​ကွပ် မျက်​လော့'' ဟု​မိန့်​တော်​မူ​၏။- \v 5 မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​နွယ်​အ​လိုက်​အုပ် ချုပ်​ရ​သူ​တို့​အား``သင်​တို့​တစ်​ဦး​စီ​သည်​သင် တို့​အ​နွယ်​ထဲ​မှ ပေ​ဂု​ရ​ဒေ​သ​ခံ​ဗာ​လ​ဘု​ရား အား​ဦး​ချ​ရှိ​ခိုး​သူ​အား​လုံး​ကို​ကွပ်​မျက်​ရ မည်'' ဟု​အ​မိန့်​ပေး​လေ​သည်။ \p \v 6 မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် တဲ​တော်​တံ​ခါး​ဝ​တွင်​ငို​ကြွေး​မြည် တမ်း​လျက်​ရှိ​နေ​စဉ် ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​ဦး​သည်​သူ​တို့​ရှေ့​မှောက်​၌ မိ​ဒျန်​အ​မျိုး သ​မီး​တစ်​ယောက်​ကို​မိ​မိ​၏​တဲ​အ​တွင်း​သို့ ခေါ်​သွင်း​သွား​သည်​ကို​မြင်​ကြ​၏။- \v 7 ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​၏​မြေး၊ ဧ​လာ​ဇာ​၏ သား​ဖိ​န​ဟတ်​သည်​ထို​အ​ခြင်း​အ​ရာ​ကို မြင်​ရ​လျှင် ပ​ရိ​သတ်​ထဲ​မှ​ထွက်​သွား​၍ လှံ​တစ်​စင်း​ကိုင်​စွဲ​လျက်၊- \v 8 ထို​အ​မျိုး​သား​နှင့်​အ​မျိုး​သ​မီး​တို့​ရှိ​ရာ တဲ​ထဲ​သို့​လိုက်​သွား​ပြီး​လျှင် သူ​တို့​နှစ်​ယောက် စ​လုံး​အား​လှံ​ဖြင့်​ထိုး​သတ်​လေ​၏။ ဤ​နည်း အား​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို သေ​ကြေ​ပျက်​စီး​စေ​သည့်​ကပ်​ရော​ဂါ ဖြစ်​ပွား​မှု​ကို​ရပ်​စေ​သည်။- \v 9 သို့​ရာ​တွင်​ထို​ကပ်​ရော​ဂါ​ကြောင့်​လူ​ပေါင်း နှစ်​သောင်း​လေး​ထောင်​သေ​ဆုံး​ပြီး​ဖြစ်​သည်။ \p \v 10 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊- \v 11 ``ဖိ​န​ဟတ်​ပြု​သော​အ​မှု​ကြောင့်​ငါ​၏​အ​မျက် ပြေ​ပြီ။ သူ​သည်​ငါ​မှ​တစ်​ပါး​အ​ခြား​သော ဘု​ရား​အား ကိုး​ကွယ်​မှု​ကို​သည်း​မ​ခံ​နိုင်။ သို့ ဖြစ်​၍​ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​ကို​မ​သုတ်​သင်​မ​ဖျက် ဆီး​ခဲ့​ချေ။- \v 12 ထို့​ကြောင့်​ငါ​သည်​ထာ​ဝ​စဉ်​တည်​မည့်​ပ​ဋိ ညာဉ်​ကို သူ​နှင့်​ပြု​လုပ်​မည်​ဖြစ်​ကြောင်း​သူ့ အား​ပြော​လော့။- \v 13 သူ​သည်​ငါ​မှ​တစ်​ပါး​အ​ခြား​သော​ဘု​ရား​ကို လက်​မ​ခံ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​အ​ပြစ်​ပြေ​ရာ​ပြေ​ကြောင်း​ကို​ဆောင်​ရွက်​ခဲ့ သော​ကြောင့် သူ​မှ​စ​၍​သူ​၏​အ​ဆက်​အ​နွယ် တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​အ​မြဲ ဆက်​ခံ​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 14 မိ​ဒျန်​အ​မျိုး​သ​မီး​နှင့်​အ​တူ​အ​သတ်​ခံ​ရ သော ဣ​သ​ရေ​လ​အ​မျိုး​သား​နာ​မည်​သည်​ကား ရှိ​မောင်​အ​နွယ်​ဝင်​မိ​သား​စု​၏​အ​ကြီး အ​ကဲ​ဖြစ်​သူ​သာ​လု​၏​သား​ဇိ​မ​ရိ​ဖြစ် သ​တည်း။- \v 15 အ​မျိုး​သ​မီး​၏​နာ​မည်​မှာ​ကော​ဇ​ဘိ​ဖြစ်​၏။ သူ​၏​ဖ​ခင်​ဇု​ရ​သည်​မိ​ဒျန်​သား​ချင်း​စု တစ်​စု​တွင်​အ​ကြီး​အ​ကဲ​ဖြစ်​သည်။ \p \v 16-17 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား``မိ​ဒျန် အ​မျိုး​သား​တို့​ကို​တိုက်​ခိုက်​သုတ်​သင်​ဖျက် ဆီး​လော့။ \m \v 18 အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ပေ​ဂု​ရ အ​ရပ်​တွင် သင်​တို့​ကို​လှည့်​ဖြား​၍​ပြစ်​မှား​စေ သော​ကြောင့်​လည်း​ကောင်း၊ ထို​အ​ရပ်​တွင်​ရောဂါ ကပ်​ကျ​ရောက်​စဉ်​သေ​ဆုံး​သွား​သော​ကော​ဇ​ဘိ ကိစ္စ​ကြောင့်​လည်း​ကောင်း မိ​ဒျန်​အ​မျိုး​သား တို့​ကို​တိုက်​ခိုက်​သုတ်​သင်​ဖျက်​ဆီး​လော့'' ဟု​မိန့်​တော်​မူ​၏။ \c 26 \s1 ဒု​တိ​ယ​အ​ကြိမ်​သန်း​ခေါင်​စာ​ရင်း​ကောက်​ခြင်း \p \v 1 ရော​ဂါ​ကပ်​လွန်​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား သည် မော​ရှေ​နှင့်​အာ​ရုန်​၏​သား​ဧ​လာ​ဇာ တို့​အား၊- \v 2 ``ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ထဲ​မှ အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​၍ စစ်​မှု​ထမ်း နိုင်​သော​ယောကျာ်း​ဦး​ရေ​စာ​ရင်း​ကို မိ​သား​စု အ​လိုက်​ကောက်​ယူ​လော့'' ဟု​မိန့်​တော်​မူ​၏။- \v 3-4 မော​ရှေ​နှင့်​ဧ​လာ​ဇာ​တို့​သည်​အ​မိန့်​တော် အ​တိုင်း အ​သက်​နှစ်​ဆယ်​နှင့် အ​ထက်​ရှိ​သူ ယောကျာ်း​အ​ပေါင်း​တို့​ကို​ဆင့်​ခေါ်​သ​ဖြင့် သူ​တို့​သည်​ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​ယော်​ဒန် မြစ်​နား​ရှိ​မော​ဘ​လွင်​ပြင်​၌​စု​ရုံး​ရောက် ရှိ​လာ​ကြ​သည်။ \p အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ကြ​သော​အ​သက် နှစ်​ဆယ်​နှင့်​အ​ထက်​အ​ရွယ်​ရှိ ဣ​သ​ရေ​လ အ​မျိုး​သား​ထဲ​မှ​ယောကျာ်း​ဦး​ရေ​မှာ​အောက် ပါ​အ​တိုင်း​ဖြစ်​သည်။ \p \v 5 ရု​ဗင်​အ​နွယ်(ရု​ဗင်​သည်​ယာ​ကုပ်​၏​သား​ဦး ဖြစ်​၏) သား​ချင်း​စု​များ​မှာ​ဟာ​နုတ်​၏​သား ချင်း​စု၊ ဖာ​လု​၏​သား​ချင်း​စု၊- \v 6 ဟေ​ဇ​ရုံ​၏​သား​ချင်း​စု​နှင့်​ကာ​မိ​၏​သား​ချင်း စု​တို့​ဖြစ်​သည်။ \m \v 7 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​လေး​သောင်း သုံး​ထောင့်​ခု​နစ်​ရာ့​သုံး​ဆယ်​ယောက်​ဖြစ်​သည်။- \v 8 ဖာ​လု​၏​အ​ဆက်​အ​နွယ်​များ​မှာ​ဧ​လျာ​ဘ​နှင့်၊- \v 9 သူ​၏​သား​များ​ဖြစ်​သော​နေ​မွေ​လ၊ ဒါ​သန်၊ အ​ဘိ​ရံ​တို့​ဖြစ်​ကြ​သည်။ (ဒါ​သန်​နှင့်​အ​ဘိ​ရံ တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​က​ခေါင်း​ဆောင်​အ​ဖြစ်​ရွေး​ချယ်​ခြင်း​ခံ​ရ​၍ မော​ရှေ​နှင့်​အာ​ရုန်​တို့​၏​အာ​ဏာ​ကို​ဖီ​ဆန် လျက် ကော​ရ​၏​နောက်​လိုက်​များ​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ကို​ပုန်​ကန်​ခဲ့​သူ​များ ဖြစ်​ကြ​၏။- \v 10 ထို့​ကြောင့်​သူ​တို့​သည်​ကော​ရ​၏​နောက်​လိုက် များ​နှင့်​အ​တူ​မြေ​မျို​ခံ​ရ​၏။ ထို​နေ့​၌ လောင်​မီး​ကျ​၍ လူ​ပေါင်း​နှစ်​ရာ့​ငါး​ဆယ် အ​သက်​ဆုံး​ခဲ့​ရ​သည်။ ထို​အ​ဖြစ်​အ​ပျက် က​လူ​အ​ပေါင်း​တို့​ကို​သ​တိ​တ​ရား​ရ​စေ​၏။- \v 11 သို့​ရာ​တွင်​ကော​ရ​၏​သား​များ​သည်​သေ ဘေး​မှ​လွတ်​ကြ​၏။) \p \v 12 ရှိ​မောင်​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ ယေ မွေ​လ​၏​သား​ချင်း​စု၊ ယာ​မိန်​၏​သား​ချင်း​စု၊ ယာ​ခိန်​၏​သား​ချင်း​စု၊- \v 13 ဇေ​ရ​၏​သား​ချင်း​စု​နှင့်​ရှော​လ​၏ သား​ချင်း စု​တို့​ဖြစ်​သည်။- \v 14 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​နှစ်​သောင်း နှစ်​ထောင့်​နှစ်​ရာ​ယောက်​ဖြစ်​သည်။ \p \v 15 ဂဒ်​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ ဇေ​ဖုန်​၏ သား​ချင်း​စု၊ ဟ္ဂိ​၏​သား​ချင်း​စု၊ ရှု​နိ​၏​သား ချင်း​စု၊- \v 16 သြ​ဇ​နိ​၏​သား​ချင်း​စု၊ ဧ​ရိ​၏​သား​ချင်း​စု၊- \v 17 အာ​ရုဒ်​၏​သား​ချင်း​စု​နှင့်​အ​ရေ​လိ​တို့​၏ သား​ချင်း​စု​တို့​ဖြစ်​သည်။- \v 18 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ လေး​သောင်း ငါး​ရာ​ယောက်​ဖြစ်​သည်။ \p \v 19 ယု​ဒ​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ (ယု​ဒ ၏​သား​နှစ်​ယောက်​ဖြစ်​သော​ဧ​ရ​နှင့်​သြ​နန် တို့​သည်​ခါ​နာန်​ပြည်​တွင်​သေ​ဆုံး​ခဲ့​ကြ​၏။-) \v 20 ရှေ​လ​၏​သား​ချင်း​စု၊ ဖာ​ရဇ်​၏​သား​ချင်း​စု၊ ဇေ​ရ​၏​သား​ချင်း​စု၊- \v 21 ဟေ​ဇ​ရုံ​၏​သား​ချင်း​စု​နှင့်​ဟာ​မု​လ​၏​သား ချင်း​စု​တို့​ဖြစ်​သည်။- \v 22 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ ခု​နစ်​သောင်း ခြောက်​ထောင့်​ငါး​ရာ​ယောက်​ဖြစ်​သည်။ \p \v 23 ဣ​သ​ခါ​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ တော​လ ၏​သား​ချင်း​စု၊ ဖု​ဝါ​၏​သား​ချင်း​စု၊- \v 24 ယာ​ရှုပ်​၏​သား​ချင်း​စု​နှင့်​ရှိ​မ​ရုန်​၏​သား​ချင်း​စု တို့​ဖြစ်​သည်။- \v 25 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ ခြောက်​သောင်း လေး​ထောင့်​သုံး​ရာ​ယောက်​ဖြစ်​သည်။ \p \v 26 ဇာ​ဗု​လုန်​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ​သ​ရက် ၏​သား​ချင်း​စု၊ ဧ​လုန်​၏​သား​ချင်း​စု​နှင့်​ယာ လေ​လ​၏​သား​ချင်း​စု​တို့​ဖြစ်​သည်။- \v 27 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​ခြောက်​သောင်း ငါး​ရာ​ယောက်​ဖြစ်​သည်။ \p \v 28 ယော​သပ်​အ​နွယ်​များ​မှာ မ​နာ​ရှေ​နှင့်​ဧ​ဖ​ရိမ်​တို့ ဖြစ်​သည်။ ယော​သပ်​သည် မ​နာ​ရှေ​နှင့်​ဧ​ဖ​ရိမ်​တို့ ၏​ဖ​ခင်​ဖြစ်​သည်။ \p \v 29 မ​နာ​ရှေ​အ​နွယ်၊ မ​နာ​ရှေ​၏​သား​မာ​ခိ​ရ​သည် ဂိ​လဒ်​၏​ဖ​ခင်​ဖြစ်​သည်။ ဂိ​လဒ်​မှ​ဆင်း​သက် သော​သား​ချင်း​စု​များ​မှာ၊- \v 30 ယေ​ဇေ​ရ​၏​သား​ချင်း​စု၊ ဟေ​လက်​၏​သား​ချင်း စု၊- \v 31 အ​သ​ရေ​လ​၏​သား​ချင်း​စု၊ ရှေ​ခင်​၏​သား​ချင်း​စု၊- \v 32 ရှ​မိ​ဒ​၏​သား​ချင်း​နှင့်​ဟေ​ဖာ​၏​သား​ချင်း​စု​တို့ ဖြစ်​ကြ​သည်။- \v 33 ဟေ​ဖာ​၏​သား​ဇ​လော​ဖဒ်​တွင်​သား​ယောကျာ်း​မ​ရှိ၊ သ​မီး​များ​သာ​ရှိ​၏။ ထို​သ​မီး​များ​၏​နာ​မည် များ​မှာ​မာ​လာ၊ နော​အာ၊ ဟော​ဂ​လာ၊ မ​လ​ကာ နှင့်​တိ​ရ​ဇာ​တို့​ဖြစ်​သည်။- \v 34 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​ငါး​သောင်း နှစ်​ထောင့်​ခု​နစ်​ရာ​ယောက်​ဖြစ်​သည်။ \p \v 35 ဧ​ဖ​ရိမ်​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ ရှု​သ​လ​၏ သား​ချင်း​စု၊ ဗေ​ခါ​၏​သား​ချင်း​စု​နှင့်​တာ​ဟန်​၏ သား​ချင်း​စု​တို့​ဖြစ်​သည်။- \v 36 ဧ​ရန်​၏​သား​ချင်း​စု​သည် ရှု​သ​လ​မှ​ဆင်း​သက် လာ​သည်။- \v 37 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ သုံး​သောင်း​နှစ် ထောင့်​ငါး​ရာ​ယောက်​ဖြစ်​သည်။ \p ဤ​သား​ချင်း​စု​တို့​သည်​ယော​သပ်​မှ​ဆင်း​သက် လာ​သည်။ \p \v 38 ဗင်္ယာ​မိန်​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ​ဗေ​လ ၏​သား​ချင်း​စု၊ အာ​ရှ​ဗေ​လ​၏​သား​ချင်း​စု၊ အ​ဟိ​ရံ​၏​သား​ချင်း​စု၊- \v 39 ရှု​ဖံ​၏​သား​ချင်း​စု​နှင့်​ဟု​ဖံ​၏​သား​ချင်း​စု​တို့ ဖြစ်​သည်။- \v 40 အာ​ရ​ဒ​၏​သား​ချင်း​စု​နှင့်​နေ​မန်​၏​သား​ချင်း စု​တို့​သည် ဗေ​လ​မှ​ဆင်း​သက်​လာ​ကြ​သည်။- \v 41 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ လေး​သောင်း​ငါး ထောင့်​ခြောက်​ရာ​ယောက်​ဖြစ်​သည်။ \p \v 42 ဒန်​အ​နွယ်​မှ​ရှု​ဟံ​သား​ချင်း​စု​၏၊- \v 43 ဦး​ရေ​မှာ​ခြောက်​သောင်း​လေး​ထောင့်​လေး​ရာ​ယောက် ဖြစ်​သည်။ \p \v 44 အာ​ရှာ​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ​ယိ​မ​န သား​ချင်း​စု၊ ယေ​သ​ဝိ​သား​ချင်း​စု​နှင့်​ဗေ​ရိ သား​ချင်း​စု​တို့​ဖြစ်​သည်။- \v 45 ဟေ​ဗေ​ရ​သား​ချင်း​စု​နှင့်​မာ​လ​ချေ​လ​၏ သား​ချင်း​စု​တို့​သည် ဗေ​ရိ​မှ​ဆင်း​သက်​လာ​သည်။- \v 46 အာ​ရှာ​တွင်​စာ​ရာ​နာ​မည်​ရှိ​သ​မီး​တစ်​ယောက် ရှိ​၏။- \v 47 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​ငါး​သောင်း သုံး​ထောင့်​လေး​ရာ​ယောက်​ဖြစ်​သည်။ \p \v 48 န​ဿ​လိ​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ ယာ​ဇေ​လ ၏​သား​ချင်း​စု၊ ဂု​နိ​၏​သား​ချင်း​စု၊- \v 49 ယေ​ဇ​ရ​၏​သား​ချင်း​စု​နှင့်​ရှိလ္လင်​သား​ချင်း​စု တို့​ဖြစ်​သည်။- \v 50 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​လေး​သောင်း​ငါး ထောင့်​လေး​ရာ​ယောက်​ဖြစ်​သည်။ \p \v 51 ဣ​သ​ရေ​လ​အ​မျိုး​သား​ယောကျာ်း​ဦး​ရေ​မှာ ခြောက်​သိန်း​တစ်​ထောင့်​ခု​နစ်​ရာ့​သုံး​ဆယ်​ယောက် ဖြစ်​သ​တည်း။\x + \xo 26:51 \xt တော၊ ၁:၁-၄၆။\x* \p \v 52-56 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား``အ​နွယ် တို့​၏​ဦး​ရေ​အ​နည်း​အ​များ​အ​လိုက်​ခါ​နာန် ပြည်​ကို​ခွဲ​ဝေ​ပေး​လော့။ လူ​ဦး​ရေ​များ​သော အ​နွယ်​တို့​အ​တွက်​မြေ​ပို​၍​လည်း​ကောင်း၊ လူ​ဦး ရေ​နည်း​သော​အ​နွယ်​တို့​အ​တွက်​မြေ​လျော့​နည်း ၍​လည်း​ကောင်း​စာ​ရေး​တံ​ချ​၍​ဝေ​ပေး​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။\x + \xo 26:52-56 \xt တော၊ ၃၄:၁၃။ ယောရှု၊ ၁၄:၁-၂။\x* \p \v 57 လေ​ဝိ​အ​နွယ်​တွင်​ဂေ​ရ​ရှုံ​သား​ချင်း​စု၊ ကော ဟတ်​သား​ချင်း​စု​နှင့်​မေ​ရာ​ရိ​သား​ချင်း​စု တို့​ပါ​ဝင်​ကြ​သည်။- \v 58 ထို​သူ​တို့​မှ​တစ်​ဆင့်​လိ​ဗ​နိ​သား​ချင်း​စု၊ ဟေ ဗြော​နိ​သား​ချင်း​စု၊ မာ​လိ​သား​ချင်း​စု၊ မု​ရှိ သား​ချင်း​စု​နှင့်​ကော​ရ​သိ​သား​ချင်း​စု​တို့ ဆင်း​သက်​လာ​ကြ​သည်။ ကော​ဟတ်​၏​သား အာ​မ​ရံ​သည်၊- \v 59 လေ​ဝိ​၏​သ​မီး​ယော​ခေ​ဗက်​၏​ခင်​ပွန်း​ဖြစ် သည်။ ယော​ခေ​ဗက်​သည်​အီ​ဂျစ်​ပြည်​၌​ဖွား မြင်​ခဲ့​သည်။ အာ​မ​ရံ​နှင့်​ယော​ခေ​ဗက်​တို့​သည် သား​များ​ဖြစ်​သော​အာ​ရုန်​နှင့်​မော​ရှေ၊ သ​မီး ဖြစ်​သော​မိ​ရိ​အံ​တို့​ကို​ရ​ကြ​သည်။- \v 60 အာ​ရုန်​တွင်​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ နှင့်​ဣ​သ​မာ​ဟူ​၍​သား​လေး​ယောက်​ရှိ သည်။-\x + \xo 26:60 \xt တော၊ ၃:၂။\x* \v 61 နာ​ဒပ်​နှင့်​အ​ဘိ​ဟု​တို့​သည်​ထာ​ဝ​ရ​ဘု​ရား အား မ​ပူ​ဇော်​ထိုက်​သော​မီး​ဖြင့်​ပူ​ဇော်​သော ကြောင့်​သေ​ဆုံး​ခဲ့​ကြ​၏။-\x + \xo 26:61 \xt ဝတ်၊ ၁၀:၁-၂။ တော၊ ၃:၄။\x* \v 62 လေ​ဝိ​အ​နွယ်​တွင်​တစ်​လ​သား​အ​ရွယ်​နှင့် အ​ထက်​ရှိ သော​ယောကျာ်း​ဦး​ရေ​မှာ​နှစ်​သောင်း သုံး​ထောင်​ယောက်​ဖြစ်​သည်။ သူ​တို့​သည်​ဣ​သ ရေ​လ​နိုင်​ငံ​တွင်​နယ်​မြေ​ခွဲ​ဝေ​ပေး​ခြင်း​မ​ခံ ရ​သ​ဖြင့် အ​ခြား​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ဦး​ရေ​စာ​ရင်း​၌​မ​ပါ​ဝင်​ဘဲ​သီး ခြား​စာ​ရင်း​ဖြင့်​ဖော်​ပြ​ထား​သည်။ \p \v 63 ဤ​လူ​ဦး​ရေ​စာ​ရင်း​သည်​မော​ရှေ​နှင့်​ဧ​လာ​ဇာ တို့​က ယေ​ရိ​ခေါ​မြို့​တစ်​ဖက်​ယော်​ဒန်​မြစ်​နား ရှိ​မော​ဘ​လွင်​ပြင်​တွင် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​သား​ချင်း​စု​အ​လိုက်​ကောက်​ယူ သည့်​စာ​ရင်း​ဖြစ်​သ​တည်း။- \v 64 ဤ​လူ​ဦး​ရေ​စာ​ရင်း​တွင်​မော​ရှေ​နှင့်​အာ​ရုန်​တို့ သိ​နာ​တော​ကန္တာ​ရ​၌​ကောက်​ယူ​ခဲ့​သော​ပ​ထ​မ သန်း​ခေါင်​စာ​ရင်း​ဝင်​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ပါ​ရှိ​ချေ။- \v 65 ထို​သူ​အ​ပေါင်း​တို့​သည်​တော​ကန္တာ​ရ​၌​သေ​ဆုံး ရ​ကြ​မည်​ဟူ​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့ သည့်​အ​တိုင်း​ယေ​ဖုန္နာ​၏​သား​ကာ​လက်​နှင့် နုန် ၏​သား​ယော​ရှု​မှ​တစ်​ပါး​ကျန်​သော​သူ​အား လုံး​ပင်​သေ​ဆုံး​ခဲ့​ကြ​၏။\x + \xo 26:65 \xt တော၊ ၁၄:၂၆-၃၅။\x* \c 27 \s1 ဇ​လော​ဖဒ်​၏​သ​မီး​များ \p \v 1 ဇ​လော​ဖဒ်​သည်​ဟေ​ဖေ​ရ​၏​သား၊ ဟေ​ဖေ​ရ သည်​ဂိ​လဒ်​၏​သား၊ ဂိ​လဒ်​သည်​မာ​ခိ​ရ​၏​သား၊ မာ​ခိ​ရ​သည်​မ​နာ​ရှေ​၏​သား၊ မ​နာ​ရှေ​သည် ယော​သပ်​၏​သား​ဖြစ်​သည်။ ဇ​လော​ဖဒ်​၏​သ​မီး များ​ဖြစ်​ကြ​သော​မာ​လာ၊ နော​အာ၊ ဟော​ဂ​လာ၊ မိ​လ​ကာ​နှင့်​တိ​ရ​ဇာ​တို့​သည်၊- \v 2 တဲ​တော်​တံ​ခါး​ဝ​သို့​လာ​ရောက်​၍​မော​ရှေ၊ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ ခေါင်း​ဆောင်​များ နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ ရှေ့​တွင်​ရပ်​လျက်၊- \v 3 ``ကျွန်​မ​တို့​၏​ဖ​ခင်​သည်​တော​ကန္တာ​ရ​၌ သေ ဆုံး​ခဲ့​ရာ​သား​ယောကျာ်း​ဟူ​၍​တစ်​ယောက်​မျှ မ​ကျန်​ရစ်​ပါ။ ဖ​ခင်​သည်​ထာ​ဝ​ရ​ဘု​ရား အား​ပုန်​ကန်​သော​ကော​ရ​၏​လူ​စု​တွင်​မ​ပါ ဝင်​ခဲ့​ပါ။ သူ​သည်​မိ​မိ​၏​အ​ပြစ်​ကြောင့်​သေ ဆုံး​ခဲ့​ရ​ပါ​သည်။- \v 4 သူ​၌​သား​ယောကျာ်း​မ​ထွန်း​ကား​သော​ကြောင့် သူ​၏​နာ​မည်​သည်​ဣ​သ​ရေ​လ​အ​မျိုး​မှ ပျောက်​ကွယ်​သွား​ရ​မည်​လော။ ကျွန်​မ​တို့​ဖ​ခင် ၏​ဆွေ​မျိုး​သား​ချင်း​တို့​အား​မြေ​ခွဲ​ဝေ​ပေး သ​ကဲ့​သို့ ကျွန်​မ​တို့​အား​ခွဲ​ဝေ​ပေး​ပါ'' ဟု​တောင်း​လျှောက်​ကြ​လေ​သည်။ \p \v 5 ထို​အ​ခါ​မော​ရှေ​သည်​သူ​တို့​၏​တောင်း​ဆို ချက်​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တင်​လျှောက် ရာ၊- \v 6 ထာ​ဝ​ရ​ဘုရား​က၊ \m \v 7 ``ဇ​လော​ဖဒ်​၏​သ​မီး​များ​တောင်း​ဆို​ချက်​သည် သင့်​လျော်​သ​ဖြင့်​သူ​တို့​ဖ​ခင်​၏​ဆွေ​မျိုး​သား ချင်း​တို့​အား​မြေ​ခွဲ​ဝေ​ပေး​သ​ကဲ့​သို့ သူ​တို့ အား​ခွဲ​ဝေ​ပေး​လော့။ သူ​တို့​ဖ​ခင်​၏​အ​မွေ ကို​သူ​တို့​ဆက်​ခံ​ကြ​စေ။-\x + \xo 27:7 \xt တော၊ ၃၆:၂။\x* \v 8 တစ်​စုံ​တစ်​ယောက်​သည်​သား​ယောကျာ်း​မ​ကျန် ရစ်​ဘဲ သေ​ဆုံး​ခဲ့​သည်​ရှိ​သော်​သူ​၏​သ​မီး​သည် ထို​သူ​၏​အ​မွေ​ကို​ဆက်​ခံ​ရ​မည်​ဖြစ်​ကြောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကြား​ပြော လော့။- \v 9 အ​ကယ်​၍​ထို​သူ​၌​သ​မီး​လည်း​မ​ကျန်​ရစ် ခဲ့​လျှင် သူ​၏​ညီ​အစ်​ကို​တို့​သည်​သူ​၏​အ​မွေ ကို​ဆက်​ခံ​ရ​မည်။- \v 10 အ​ကယ်​၍​ထို​သူ​၌​ညီ​အစ်​ကို​များ​လည်း မ​ကျန်​ရစ်​လျှင်​သူ​၏​ဘ​ကြီး၊ ဘ​ထွေး​တို့ က​အ​မွေ​ကို​ဆက်​ခံ​ရ​မည်။- \v 11 ထို​သူ​၌​ညီ​အစ်​ကို​သို့​မ​ဟုတ်​ဘ​ကြီး​ဘ​ထွေး များ​မ​ကျန်​ရစ်​ခဲ့​လျှင် အ​နီး​စပ်​ဆုံး​ဆွေ​မျိုး အား​အ​မွေ​ကို​ဆက်​ခံ​သိမ်း​ပိုက်​စေ​ရ​မည်။ ငါ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​မိန့်​မှာ​တော် မူ​သည့်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ဤ​စီ​ရင်​ထုံး​ဖွဲ့​ချက်​ကို​လိုက်​နာ​ဆောင် ရွက်​ကြ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 မော​ရှေ​အား​ဆက်​ခံ​ရန်​ယော​ရှု​ကို ရွေး​ကောက်​တော်​မူ​ခြင်း \r (တ​ရား၊ ၃၁:၁-၈) \p \v 12 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား``အာ​ဗ ရိမ်​တောင်​ပေါ်​သို့​တက်​၍​ဣသ​ရေ​လ​အ​မျိုး​သား တို့​အား ငါ​ပေး​မည့်​ပြည်​ကို​မျှော်​ကြည့်​လော့။- \v 13 အာ​ရုန်​အ​နိစ္စ​ရောက်​သ​ကဲ့​သို့​သင်​သည် ထို ပြည်​ကို​မျှော်​ကြည့်​ပြီး​သော​အ​ခါ​၌ အ​နိစ္စ​ရောက်​လိမ့်​မည်။- \v 14 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​နှစ်​ဦး​စ​လုံး သည် ဇိ​န​တော​ကန္တာ​ရ​၌​ငါ​၏​အ​မိန့်​ကို​ဖီ​ဆန် သော​ကြောင့်​ဖြစ်​၏။ မေ​ရိ​ဘ​အ​ရပ်​တွင်​ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ငါ့​အား အ​ပြစ်​တင်​၍​ညည်း​တွား​ကြ​သော​အ​ခါ သင် တို့​သည်​သူ​တို့​ရှေ့​တွင်​ငါ​၏​တန်​ခိုး​တော်​ကို မ​ထီ​လေး​စား​ပြု​မူ​ခဲ့​ကြ​၏'' ဟု​မိန့်​တော် မူ​သည်။ (မေ​ရိ​ဘ​သည်​ဇိ​န​တော​ကန္တာ​ရ​ရှိ ကာ​ဒေ​ရှ​အ​ရပ်​၌​တည်​ရှိ​သော​စမ်း​ရေ ပေါက်​ကို​ဆို​လို​သည်။)\x + \xo 27:14 \xt တရား၊ ၃:၂၃-၂၇၊ ၃၂:၄၈-၅၂။\x* \p \v 15 ထို​အ​ခါ​မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား၊ \m \v 16 ``အ​သက်​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှင်၊ ကိုယ်​တော် ၏​လူ​မျိုး​တော်​သည်​သိုး​ထိန်း​မ​ရှိ​သော​သိုး များ​ကဲ့​သို့ အား​ကိုး​ရာ​မဲ့​မ​ဖြစ်​စေ​ခြင်း​ငှာ သူ​တို့​ကို​ခေါင်း​ဆောင်​၍၊- \v 17 တိုက်​ပွဲ​များ​၌​ဦး​စီး​နိုင်​သူ​တစ်​ဦး​ကို​ခန့် ထား​တော်​မူ​ပါ'' ဟု​လျှောက်​ထား​လေ​၏။\x + \xo 27:17 \xt ၃ရာ၊ ၂၂:၁၇။ ယေဇ၊ ၃၄:၅။ မ၊ ၉:၃၆။ မာ၊ ၆:၃၄။\x* \p \v 18 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား``နုန်​၏​သား ယော​ရှု​သည်​အ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​သူ​ဖြစ် သော​ကြောင့် သူ​၏​ဦး​ခေါင်း​ပေါ်​မှာ​သင့်​လက် ကို​တင်​လော့။-\x + \xo 27:18 \xt ထွ၊ ၂၄:၁၃။\x* \v 19 ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​နှင့်​လူ​အ​ပေါင်း​တို့ ရှေ့​တွင် သူ့​ကို​ရပ်​စေ​၍​သင့်​ကို​ဆက်​ခံ​သူ အ​ဖြစ်​ကြေ​ညာ​လော့။- \v 20 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်​သူ ၏​သြ​ဇာ​ကို​နာ​ခံ​ကြ​စေ​ခြင်း​ငှာ သင်​၏ အာ​ဏာ​အ​ချို့​ကို​သူ့​အား​လွှဲ​အပ်​ပေး​လော့။- \v 21 ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​သည်​ဥ​ရိမ်​နှင့် သု​မိန်​ကို​အ​သုံး​ပြု​၍ ငါ​၏​အ​လို​တော်​ကို သိ​နိုင်​မည်။ သို့​ဖြစ်​၍​ယော​ရှု​သည်​ဧ​လာ​ဇာ ကို​အား​ကိုး​မည်။ ဤ​နည်း​အား​ဖြင့်​ဧ​လာ​ဇာ သည်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ ပေါင်း​တို့​ကို အ​ရေး​ကိစ္စ​ရှိ​သ​မျှ​တို့​၌​သွန် သင်​လမ်း​ပြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-\x + \xo 27:21 \xt ထွ၊ ၂၈:၃၀။ ၁ရာ၊ ၁၄:၄၁၊ ၂၈:၆။\x* \v 22 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သ​မျှ​အ​တိုင်း​ဆောင်​ရွက်​လေ​၏။- \v 23 ထို​နောက်​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​အ​တိုင်း ယော​ရှု​၏​ဦး​ခေါင်း​ပေါ် တွင်​လက်​ကို​တင်​၍​မိ​မိ​အား​ဆက်​ခံ​သူ အ​ဖြစ်​ကြေ​ညာ​လေ​၏။\x + \xo 27:23 \xt တရား၊ ၃၁:၂၃။\x* \c 28 \s1 ပုံ​မှန်​ဆက်​သ​ရ​သော​သကာ​များ \r (ထွ၊ ၂၉:၃၈-၄၆) \p \v 1-2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​သော​ပူ​ဇော်​သကာ​များ​ကို သတ် မှတ်​သော​အ​ချိန်​အ​ခါ​၌​ပူ​ဇော်​ဆက်​သ​ရ မည်​ဖြစ်​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ အား​ဖြင့်​ဆင့်​ဆို​စေ​တော်​မူ​၏။ \p \v 3 ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ဆက်​သ​ရ​မည့် သကာ​များ​ကို​ဖော်​ပြ​ပေ​အံ့။ နေ့​စဉ်​မီး​ရှို့ ရာ​ယဇ်​အ​တွက်​အ​ပြစ်​အ​နာ​ကင်း​သော တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး​နှစ်​ကောင်​ကို ပူ​ဇော်​ရ​မည်။- \v 4 သိုး​က​လေး​တစ်​ကောင်​ကို​နံ​နက်​တွင်​ပူ​ဇော်​၍ အ​ခြား​တစ်​ကောင်​ကို​ည​နေ​တွင်​ပူ​ဇော်​ရ​မည်။- \v 5 သိုး​တစ်​ကောင်​စီ​နှင့်​အ​တူ​ဂျုံ​မုန့်​ညက်​နှစ် ပေါင်​နှင့် အ​ကောင်း​ဆုံး​သံ​လွင်​ဆီ​နှစ်​ပိုင့်​ရော နယ်​ထား​သော​ဘော​ဇဉ်​သကာ​ကို​လည်း​ပူ​ဇော် ရ​မည်။- \v 6 ဤ​သကာ​သည်​နေ့​စဉ်​အ​ကုန်​အ​စင်​မီး​ရှို့​ပူ ဇော်​ရ​သော​သကာ​ဖြစ်​၏။ ဤ​သကာ​သည်​သိ​နာ တောင်​ပေါ်​တွင်​ဦး​စွာ​ပူ​ဇော်​ခဲ့​သော​သကာ​ဖြစ်​၍ ယင်း​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​၏။- \v 7 ပ​ထ​မ​သိုး​က​လေး​နှင့်​အ​တူ​ယဇ်​ပလ္လင်​တွင် စ​ပျစ်​ရည်​နှစ်​ပိုင့်​ကို​လောင်း​၍​စ​ပျစ်​ရည် သကာ​အ​ဖြစ်​ဆက်​သ​ရ​မည်။- \v 8 ည​နေ​တွင်​ဒု​တိ​ယ​သိုး​က​လေး​ကို​ပူ​ဇော် သော​အ​ခါ​၌​လည်း နံ​နက်​တွင်​ပူ​ဇော်​ဆက်​သ သည့်​နည်း​တူ​စ​ပျစ်​ရည်​သကာ​ပါ​လျက်​ပူ​ဇော် ရ​မည်။ ဤ​သကာ​သည်​လည်း​ပူ​ဇော်​သကာ​ဖြစ် ၍ ယင်း​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။ \b \s1 ဥ​ပုသ်​နေ့​သကာ \p \v 9 ဥ​ပုသ်​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​တစ် နှစ်​သား​အ​ရွယ်​သိုး​ထီး​နှစ်​ကောင်၊ သံ​လွင်​ဆီ နှင့်​ဂျုံ​မုန့်​ညက်​လေး​ပေါင်​ကို​ရော​နယ်​ထား သော​ဘော​ဇဉ်​သကာ၊ စ​ပျစ်​ရည်​သကာ​တို့​ကို ပူ​ဇော်​ရ​မည်။- \v 10 နေ့​စဉ်​မီး​ရှို့​ရာ​သကာ​နှင့်​စ​ပျစ်​ရည်​သကာ အ​ပြင် ဤ​မီး​ရှို့​ရာ​သကာ​ကို​ဥ​ပုသ်​နေ့ တိုင်း​ပူ​ဇော်​ရ​မည်။ \b \s1 လ​ဆန်း​နေ့​သ​ကာ \p \v 11 လ​ဆန်း​တစ်​ရက်​နေ့​တိုင်း​ထာ​ဝ​ရ​ဘု​ရား အား အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး​ပျို​နှစ် ကောင်၊ သိုး​ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​ခု​နစ်​ကောင်​တို့​ကို​မီး​ရှို့ ပူ​ဇော်​ရ​မည်။- \v 12 ဘော​ဇဉ်​သကာ​အ​ဖြစ်​သံ​လွင်​ဆီ​ရော​ထား​သော မုန့်​ညက်​ကို​ဆက်​သ​ရ​မည်။ နွား​တစ်​ကောင်​စီ​နှင့် အ​တူ​မုန့်​ညက်​ခြောက်​ပေါင်​ကို​လည်း​ကောင်း၊ သိုး ထီး​နှင့်​အ​တူ​မုန့်​ညက်​လေး​ပေါင်​ကို​လည်း ကောင်း၊- \v 13 သိုး​က​လေး​တစ်​ကောင်​စီ​နှင့်​အ​တူ​မုန့်​ညက် နှစ်​ပေါင်​ကို​လည်း​ကောင်း​ဆက်​သ​ရ​မည်။ ဤ မီး​ရှို့​ရာ​သကာ​များ​သည်​ပူ​ဇော်​သကာ​များ ဖြစ်​၍ ယင်း​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​၏။- \v 14 ထို​မီး​ရှို့​ရာ​ယဇ်​တို့​နှင့်​တွဲ​၍​ဆက်​သ​ရ​သော စ​ပျစ်​ရည်​သကာ​မှာ နွား​ထီး​တစ်​ကောင်​စီ​နှင့် အ​တူ​စ​ပျစ်​ရည်​လေး​ပိုင့်၊ သိုး​ထီး​နှင့်​အ​တူ စ​ပျစ်​ရည်​သုံး​ပိုင့်၊ သိုး​က​လေး​တစ်​ကောင်​စီ နှင့်​အ​တူ​စ​ပျစ်​ရည်​နှစ်​ပိုင့်​ကို​ပူ​ဇော်​ရ​မည်။- \v 15 နေ့​စဉ်​ဆက်​သ​ရ​သော​မီး​ရှို့​ရာ​ယဇ်​နှင့်​တ​ကွ စ​ပျစ်​ရည်​သကာ​အ​ပြင်​ဆိတ်​ထီး​တစ်​ကောင် ကို​လည်း​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော် ရ​မည်။ \b \s1 တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​သကာ​များ \r (ဝတ်၊ ၂၃:၅-၁၄) \p \v 16 နှစ်​စဉ်​ပ​ထ​မ​လ​တစ်​ဆယ့်​လေး​ရက်​နေ့​တွင် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း သော​ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။-\x + \xo 28:16 \xt ထွ၊ ၁၂:၁-၁၃။ တရား၊ ၁၆:၁-၂။\x* \v 17 တစ်​ဆယ့်​ငါး​ရက်​နေ့​မှ​အ​စ​ပြု​၍​ခု​နစ်​ရက် တိုင်​တိုင် ဋ္ဌမ္မ​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။ ထို​ပွဲ တော်​ရက်​အ​တွင်း​တ​ဆေး​မဲ့​မုန့်​ကို​သာ​စား ရ​မည်။- \v 18 ပွဲ​တော်​ပ​ထ​မ​နေ့​တွင်​သင်​တို့​စု​ဝေး​ဝတ်​ပြု ရ​မည်။ ထို​နေ့​၌​အ​လုပ်​မ​လုပ်​ရ။- \v 19 ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​သော​ပူ​ဇော် သကာ​အ​ဖြစ် အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး ပျို​နှစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​ခု​နစ်​ကောင်​တို့​ကို​မီး​ရှို့​ပူ​ဇော် ရ​မည်။- \v 20 မီး​ရှို့​ရာ​ယဇ်​နှင့်​တွဲ​ဖက်​၍​ဘော​ဇဉ်​သကာ အ​ဖြစ် သံ​လွင်​ဆီ​ရော​ထား​သော​မုန့်​ညက်​ကို ဆက်​သ​ရ​မည်။ နွား​ထီး​တစ်​ကောင်​စီ​နှင့်​အ​တူ မုန့်​ညက်​ခြောက်​ပေါင်​ကို​လည်း​ကောင်း၊ သိုး​ထီး နှင့်​အ​တူ​မုန့်​ညက်​လေး​ပေါင်​ကို​လည်း​ကောင်း၊- \v 21 သိုး​က​လေး​တစ်​ကောင်​စီ​နှင့်​အ​တူ​မုန့်​ညက် နှစ်​ပေါင်​ကို​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။- \v 22 အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဆိတ်​ထီး​တစ်​ကောင် ကို​လည်း​ပူ​ဇော်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​လူ တို့​အ​တွက်​သန့်​စင်​မှု​ကို​ဝတ်​ပြု​ရ​မည်။- \v 23 နံ​နက်​တိုင်း​မီး​ရှို့​ရာ​ယဇ်​အ​ပြင်​ဤ​ပူ​ဇော် သကာ​များ​ကို​ဆက်​သ​ရ​မည်။- \v 24 ဤ​နည်း​အ​တိုင်း​ခု​နစ်​ရက်​တိုင်​အောင်​ထာ​ဝ​ရ ဘု​ရား​အား ပူ​ဇော်​သကာ​ကို​ဆက်​သ​ရ​မည်။ ယင်း ၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။ နေ့​စဉ်​မီး​ရှို့​ရာ​သကာ​နှင့်​စ​ပျစ်​ရည်​သကာ အ​ပြင် ဤ​သကာ​ကို​ဆက်​သ​ရ​မည်။-\x + \xo 28:24 \xt ထွ၊ ၁၂:၁၄-၂၀၊ ၂၃:၁၅၊ ၃၄:၁၈။ တရား၊ ၁၆:၃-၈။\x* \v 25 သတ္တမ​နေ့​တွင်​စု​ဝေး​ဝတ်​ပြု​ရ​မည်။ ထို​နေ့ တွင်​အ​လုပ်​မ​လုပ်​ရ။ \s1 ကောက်​သိမ်း​ပွဲ​တော်​သကာ​များ \r (ဝတ်၊ ၂၃:၁၅-၂၂) \p \v 26 သင်​တို့​သည်​ကောက်​သိမ်း​ပွဲ​တော်​ပ​ထ​မ​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​အား​ကောက်​သစ်​ပူ​ဇော်​သည့် အ​ခါ​စု​ဝေး​ဝတ်​ပြု​ရ​ကြ​မည်။ ထို​နေ့​၌ အ​လုပ်​မ​လုပ်​ရ။- \v 27 သင်​တို့​သည်​အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး ပျို​နှစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​ခု​နစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​ဖွယ်​ရ​နံ့​အ​ဖြစ်​မီး​ရှို့​ပူ​ဇော်​ရ​မည်။- \v 28-29 ထို​မီး​ရှို့​ရာ​နှင့်​တွဲ​ဖက်​၍​သံ​လွင်​ဆီ​ရော​သော မုန့်​ညက်​ကို​ဘော​ဇဉ်​သကာ​အ​ဖြစ်​ပူ​ဇော်​ရ​မည်။ နွား​ထီး​တစ်​ကောင်​စီ​နှင့်​အ​တူ​မုန့်​ညက်​ခြောက် ပေါင်​ကို​လည်း​ကောင်း၊ သိုး​ထီး​နှင့်​အ​တူ​မုန့် ညက်​လေး​ပေါင်​ကို​လည်း​ကောင်း၊ သိုး​က​လေး တစ်​ကောင်​စီ​နှင့်​အ​တူ​မုန့်​ညက်​နှစ်​ပေါင်​ကို လည်း​ကောင်း​ပူ​ဇော်​ရ​မည်။- \v 30 ထို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဆိတ်​ထီး တစ်​ကောင်​ကို​လည်း​ပူ​ဇော်​ရ​မည်။ ဤ​နည်း​အား ဖြင့်​လူ​တို့​အ​တွက်​သန့်​စင်​မှု​ဝတ်​ကို​ပြု​ရ​မည်။- \v 31 နေ့​စဉ်​မီး​ရှို့​ရာ​သကာ​နှင့်​ဘော​ဇဉ်​သကာ​အ​ပြင် ဤ​သကာ​များ​နှင့်​စ​ပျစ်​ရည်​သကာ​ကို​ပူ​ဇော် ရ​မည်။\x + \xo 28:31 \xt ထွ၊ ၂၃:၁၆၊ ၃၄:၂၂။ တရား၊ ၁၆:၉-၁၂။\x* \c 29 \s1 နှစ်​သစ်​ကူး​ပွဲ​တော်​သကာ​များ \r (ဝတ်၊ ၂၃:၂၃-၂၅) \p \v 1 သင်​တို့​သည်​သတ္တ​မ​လ၊ ပ​ထ​မ​နေ့​တွင် စု​ဝေး ဝတ်​ပြု​ရ​မည်။ ထို​နေ့​တွင်​အ​လုပ်​မ​လုပ်​ရ။ ထို​နေ့​တွင်​တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​ရ​မည်။- \v 2 ထာ​ဝ​ရ​ဘုရား​အား​အ​ပြစ်​အ​နာ​ကင်း​သော နွား​ထီး​ပျို​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်​နှင့် တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး​ခု​နစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​ဖွယ်​ရ​နံ့​အ​ဖြစ် မီး​ရှို့​ပူ​ဇော်​ရ​မည်။- \v 3 မီး​ရှို့​ရာ​ယဇ်​နှင့်​တွဲ​ဖက်​၍​သံ​လွင်​ဆီ​ရော သော​မုန့်​ညက်​ကို ဘော​ဇဉ်​သကာ​အ​ဖြစ်​ပူ​ဇော် ရ​မည်။ နွား​ထီး​နှင့်​အ​တူ​မုန့်​ညက်​ခြောက်​ပေါင် ကို​လည်း​ကောင်း၊ သိုး​ထီး​နှင့်​အ​တူ​မုန့်​ညက် လေး​ပေါင်​ကို​လည်း​ကောင်း၊- \v 4 သိုး​က​လေး​တစ်​ကောင်​စီ​နှင့်​အ​တူ မုန့်​ညက် နှစ်​ပေါင်​ကို​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။- \v 5 ထို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဆိတ် ထီး​တစ်​ကောင်​ကို​လည်း​ပူ​ဇော်​ရ​မည်။ ဤ နည်း​အား​ဖြင့်​လူ​တို့​အ​တွက်​သန့်​စင်​မှု ဝတ်​ကို​ပြု​ရ​မည်။- \v 6 လ​စဉ်​လ​ဆန်း​တစ်​ရက်​နေ့​တွင်​ပူ​ဇော်​သည့် မီး​ရှို့​ရာ​သ​ကာ၊ ၎င်း​နှင့်​တွဲ​ဖက်​သော​ဘော​ဇဉ် သကာ၊ နေ့​စဉ်​မီး​ရှို့​ရာ​သကာ​နှင့်​၎င်း​နှင့်​တွဲ​ဖက် သော​ဘော​ဇဉ်​သကာ၊ စ​ပျစ်​ရည်​သကာ​အ​ပြင် ဤ​သကာ​များ​ကို​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော် သကာ​တို့​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ် သက်​တော်​မူ​၏။ \s1 အ​ပြစ်​ဖြေ​ရာ​နေ့​သကာ​များ \r (ဝတ်၊ ၂၃:၂၆-၃၂) \p \v 7 သင်​တို့​သည်​သတ္တ​မ​လ​တစ်​ဆယ့်​လေး​ရက် နေ့​တွင် စု​ဝေး​ဝတ်​ပြု​ရ​မည်။ ထို​နေ့​၌​အ​စား အ​စာ​မစား​ရ၊ အ​လုပ်​မ​လုပ်​ရ။- \v 8 အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး​တစ်​ကောင်၊ သိုး ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး ခု​နစ်​ကောင်​ကို ထာ​ဝ​ရ​ဘုရား​နှစ်​သက်​ဖွယ် ရ​နံ့​အ​ဖြစ်​မီး​ရှို့​ပူ​ဇော်​ရ​မည်။- \v 9 မီး​ရှို့​ရာ​ယဇ်​နှင့်​တွဲ​ဖက်​၍​သံ​လွင်​ဆီ​ရော သော​မုန့်​ညက်​ကို ဘော​ဇဉ်​သကာ​အ​ဖြစ်​ပူ​ဇော် ရ​မည်။ နွား​ထီး​နှင့်​အ​တူ​မုန့်​ညက်​ခြောက်​ပေါင် ကို​လည်း​ကောင်း၊ သိုး​ထီး​နှင့်​အ​တူ​မုန့်​ညက် လေး​ပေါင်​ကို​လည်း​ကောင်း၊- \v 10 သိုး​က​လေး​တစ်​ကောင်​စီ​နှင့်​အ​တူ​မုန့် ညက်​နှစ်​ပေါင်​ကို​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။- \v 11 ထို့​အ​ပြင်​လူ​တို့​သန့်​စင်​မှု​ဝတ်​အ​တွက်​ပူ ဇော်​သော​ဆိတ်၊ နေ့​စဉ်​ပူ​ဇော်​သည့်​မီး​ရှို့​ရာ ယဇ်​နှင့်​တ​ကွ​ဘော​ဇဉ်​သကာ၊ စ​ပျစ်​ရည် သ​ကာ​တို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​ဆိတ်​ထီး​တစ်​ကောင်​ကို​ပူ​ဇော် ရ​မည်။\x + \xo 29:11 \xt ဝတ်၊ ၁၆:၂၉-၃၄။\x* \b \s1 သစ်​ခက်​နေ​ပွဲ​တော်​သကာ​များ \r (ဝတ်၊ ၂၃:၃၃-၄၄) \p \v 12 သင်​တို့​သည်​သတ္တ​မ​လ​တစ်​ဆယ့်​ငါး​ရက်​နေ့ တွင် စု​ဝေး​ဝတ်​ပြု​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​သော​ဤ​ပွဲ​တော်​ကို​ခု​နစ် ရက်​တိုင်​တိုင်​ကျင်း​ပ​ရ​မည်။ ထို​ရက်​များ​တွင် အ​လုပ်​မ​လုပ်​ရ။- \v 13 ပ​ထ​မ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား ထီး​ပျို​တစ်​ဆယ့်​သုံး​ကောင်၊ သိုး​ထီး​နှစ်​ကောင် နှင့်​တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး ကောင်​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​ဖွယ် ရ​နံ့​အ​ဖြစ်​မီး​ရှို့​ပူ​ဇော်​ရ​မည်။- \v 14 မီး​ရှို့​ရာ​ယဇ်​နှင့်​တွဲ​ဖက်​၍​သံ​လွင်​ဆီ​ရော​သော မုန့်​ညက်​ကို ဘော​ဇဉ်​သကာ​အ​ဖြစ်​ပူ​ဇော်​ရ​မည်။ နွား​ထီး​တစ်​ကောင်​စီ​နှင့်​အ​တူ​မုန့်​ညက်​ခြောက် ပေါင်​ကို​လည်း​ကောင်း၊ သိုး​ထီး​တစ်​ကောင်​စီ​နှင့် အ​တူ​မုန့်​ညက်​လေး​ပေါင်​ကို​လည်း​ကောင်း၊- \v 15 သိုး​က​လေး​တစ်​ကောင်​စီ​နှင့်​အ​တူ​မုန့်​ညက် နှစ်​ပေါင်​ကို​လည်း​ကောင်း၊ လို​အပ်​သော​စ​ပျစ် ရည်​သကာ​များ​ကို​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။- \v 16 ထို့​ပြင်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဆိတ်​ထီး တစ်​ကောင်​ကို​လည်း​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော် သကာ​များ​ကို​နေ့​စဉ်​မီး​ရှို့​ရာ​သကာ​နှင့် တ​ကွ​ဘော​ဇဉ်​သကာ၊ စ​ပျစ်​ရည်​သကာ​တို့ အ​ပြင်​ပူ​ဇော်​ရ​မည်။ \p \v 17 ဒု​တိ​ယ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား ထီး​ပျို​တစ်​ဆယ့်​နှစ်​ကောင်၊ သိုး​ထီး​နှစ်​ကောင် နှင့်​တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး​တစ်​ဆယ့် လေး​ကောင်​ကို​ပူ​ဇော်​ရ​မည်။- \v 18-19 ထို့​အ​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့် သကာ​များ​ကို​လည်း​ပူ​ဇော်​ရ​မည်။ \p \v 20 တ​တိ​ယ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော နွား​ထီး​ပျို​တစ်​ဆယ့်​တစ်​ကောင်၊ သိုး​ထီး​နှစ် ကောင်​နှင့်​တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး​တစ် ဆယ့်​လေး​ကောင်​ကို​ပူ​ဇော်​ရ​မည်။- \v 21-22 ထို့​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့်​သကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။ \p \v 23 စ​တုတ္ထ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား​ပျို ဆယ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး​ကောင်​ကို​ပူ​ဇော် ရ​မည်။- \v 24-25 ထို့​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့်​သကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။ \p \v 26 ပဉ္စ​မ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား​ပျို ကိုး​ကောင်၊ သိုး​ထီး​နှစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး​ကောင်​ကို ပူ​ဇော်​ရ​မည်။- \v 27-28 ထို့​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့်​သကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။ \p \v 29 ဆ​ဋ္ဌ​မ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား ပျို​ရှစ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး​ကောင်​ကို​ပူ​ဇော် ရ​မည်။- \v 30-31 ထို့​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့်​သကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။ \p \v 32 သတ္တ​မ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား ပျို​ခု​နစ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်​နှင့်​တစ်​နှစ် သား​အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး​ကောင် ကို​ပူ​ဇော်​ရ​မည်။- \v 33-34 ထို့​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့်​သ​ကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။ \p \v 35 အ​ဋ္ဌ​မ​နေ့​တွင်​သင်​တို့​သည်​စု​ဝေး​ဝတ်​ပြု​ရ မည်။ ထို​နေ့​၌​အ​လုပ်​မ​လုပ်​ရ။- \v 36 အ​ပြစ်​အ​နာ​ကင်း​သော​နွား​ပျို​တစ်​ကောင်၊ သိုး ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး ခု​နစ်​ကောင်​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​ဖွယ် ရ​နံ့​အ​ဖြစ်​မီး​ရှို့​ပူ​ဇော်​ရ​မည်။- \v 37-38 ထို့​ပြင်​ပထ​မ​နေ့​၌​ပူ​ဇော်​ရ​သည့်​သကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။\x + \xo 29:37-38 \xt ဝတ်၊ ၂၃:၃၄။ တရား၊ ၁၆:၁၃-၁၅။\x* \p \v 39 ဤ​ပြ​ဋ္ဌာန်း​ချက်​များ​ကား​သတ်​မှတ်​ထား​သော ပွဲ​နေ့​များ​၌ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ မည့်​မီး​ရှို့​ရာ​သ​ကာ​များ၊ ဘော​ဇဉ်​သကာ​များ၊ စ​ပျစ်​ရည်​သကာ​များ​နှင့်​မိတ်​သ​ဟာ​ယ​သကာ များ​နှင့်​ဆိုင်​သော​ပြ​ဋ္ဌာန်း​ချက်​များ​ဖြစ်​သည်။ ဤ​သကာ​များ​သည်​က​တိ​ဝတ်​ဖြည့်​သော​သကာ၊ စေ​တ​နာ​အ​လျောက်​ဆက်​သ​သော​သကာ​များ အ​ပြင်​ထာ​ဝ​ရ​ဘု​ရား​ပြ​ဋ္ဌာန်း​သော​သကာ များ​ဖြစ်​သည်။ \p \v 40 သို့​ဖြစ်​၍​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် မှာ​တော်​မူ​သ​မျှ​ကို ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ကြား​ပြော​လေ​၏။ \c 30 \s1 သစ္စာ​ပြု​ခြင်း​ဆိုင်​ရာ​ပ​ညတ်​များ \p \v 1 မော​ရှေ​သည်​သစ္စာ​ပြု​ခြင်း​နှင့်​ဆိုင်​သော​ပ​ညတ် များ​ကို ဣ​သ​ရေ​လ​အ​နွယ်​များ​ခေါင်း​ဆောင် တို့​အား​အောက်​ပါ​အ​တိုင်း​ညွှန်​ကြား​လေ သည်။- \v 2 တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ထာ​ဝ​ရ ဘု​ရား​အား တစ်​စုံ​တစ်​ခု​ကို​ဆက်​သ​ရန် က​တိ​ပြု​လျှင်​သော်​လည်း​ကောင်း၊ တစ်​စုံ တစ်​ရာ​ကို​ရှောင်​ကြဉ်​ရန်​သစ္စာ​ဆို​လျှင်​သော် လည်း​ကောင်း ထို​သစ္စာ​က​တိ​ကို​မ​ချိုး​ဖောက် ရ။ က​တိ​သစ္စာ​ပြု​ထား​သည့်​အ​တိုင်း​တစ် သ​ဝေ​မ​တိမ်း​ဆောင်​ရွက်​ရ​မည်။\x + \xo 30:2 \xt တရား၊ ၂၃:၂၁-၂၃။ မ၊ ၅:၃၃။\x* \p \v 3 အ​ဖ​၏​အုပ်​ထိန်း​မှု​အောက်​တွင်​ရှိ​နေ​သေး သော​မိန်း​မ​ပျို​တစ်​ဦး​သည် ထာ​ဝ​ရ​ဘု​ရား အား​တစ်​စုံ​တစ်​ခု​ကို​ဆက်​သ​ရန်​က​တိ​ပြု လျှင်​သော်​လည်း​ကောင်း၊ တစ်​စုံ​တစ်​ရာ​ကို ရှောင်​ကြဉ်​ရန်​သစ္စာ​ဆို​လျှင်​သော်​လည်း ကောင်း၊- \v 4 သူ​၏​ဖ​ခင်​ကြား​၍​မ​တား​မြစ်​လျှင် သူ​သည် က​တိ​သစ္စာ​ပြု​ထား​သည်​အ​တိုင်း​တစ်​သ​ဝေ မ​တိမ်း​ဆောင်​ရွက်​ရ​မည်။- \v 5 သို့​ရာ​တွင်​သူ​၏​ဖ​ခင်​ကြား​၍​တား​မြစ်​ပါ​မူ သူ​သည်​က​တိ​သစ္စာ​အ​တိုင်း​ဆောင်​ရွက်​ရန်​မ လို။ ဖ​ခင်​၏​တားမြစ်​မှု​ကြောင့်​က​တိ​သစ္စာ​ပျက် ခြင်း​ကို​ထာ​ဝ​ရ​ဘု​ရား​ခွင့်​လွှတ်​တော်​မူ​မည်။ \p \v 6 အိမ်​ထောင်​မ​ကျ​သေး​သော​အ​မျိုး​သ​မီး​တစ် ဦး​သည် သိ​လျက်​နှင့်​သော်​လည်း​ကောင်း၊ အ​မှတ် တမဲ့​သော်​လည်း​ကောင်း​တစ်​စုံ​တစ်​ရာ​ကို​ရှောင် ကြဉ်​ရန် က​တိ​သစ္စာ​ပြု​ပြီး​နောက်​အိမ်​ထောင် ကျ​လျှင် သူ​၏​ခင်​ပွန်း​သည်​ကြား​၍​မ​တား မြစ်​သော်၊- \v 7 သူ​သည်​က​တိ​သစ္စာ​ပြု​ထား​သည်​အ​တိုင်း တစ်​သ​ဝေ​မ​တိမ်း​ဆောင်​ရွက်​ရ​မည်။- \v 8 သူ​၏​ခင်​ပွန်း​ကြား​၍​တား​မြစ်​လျှင်​မူ​ကား သူ​သည်​က​တိ​သစ္စာ​အ​တိုင်း​ဆောင်​ရွက်​ရန် မ​လို။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ကို​ခွင့်​လွှတ် တော်​မူ​မည်။ \p \v 9 မု​ဆိုး​မ​ဖြစ်​စေ၊ လင်​ကွာ​မိန်း​မ​ဖြစ်​စေ မိ​မိ ပြု​ခဲ့​သ​မျှ​သော​က​တိ​သစ္စာ​ကို​တည်​စေ ရ​မည်။ \p \v 10 လင်​ရှိ​မိန်း​မ​သည်​တစ်​စုံ​တစ်​ရာ​ကို​ရှောင် ကြဉ်​ရန် က​တိ​သစ္စာ​ပြု​ခဲ့​သော်​သူ​၏​ခင်​ပွန်း ကြား​၍​မ​တား​မြစ်​လျှင်၊- \v 11 သူ​သည်​မိ​မိ​၏​က​တိ​သစ္စာ​ကို​တည်​စေ​ရ​မည်။- \v 12 သို့​ရာ​တွင်​သူ​၏​ခင်​ပွန်း​ကြား​၍​တား​မြစ်​ပါ မူ သူ​သည်​က​တိ​သစ္စာ​အ​တိုင်း​ဆောင်​ရွက်​ရန် မ​လို။ ခင်​ပွန်း​၏​တား​မြစ်​မှု​ကြောင့်​က​တိ​ပျက် ခြင်း​ကို ထာ​ဝ​ရ​ဘု​ရား​ခွင့်​လွှတ်​တော်​မူ​မည်။- \v 13 သူ​၏​ခင်​ပွန်း​သည်​သူ​ပြု​ခဲ့​သော​က​တိ သစ္စာ​ကို တည်​စေ​နိုင်​ခွင့်​နှင့်​ပယ်​ဖျက်​ပိုင်​ခွင့် ရှိ​၏။- \v 14 သို့​ရာ​တွင်​ခင်​ပွန်း​သည်​ဇ​နီး​၏​က​တိ​သစ္စာ အ​ကြောင်း​ကို​ကြား​ရ​သော​နေ့​၌​မ​တား​မြစ် လျှင် ဇ​နီး​သည်​မိ​မိ​၏​က​တိ​သစ္စာ​ကို​တည် စေ​ရ​မည်။ ခင်​ပွန်း​သည်​ကြား​ရ​သော​နေ့​၌ မ​တား​မြစ်​သ​ဖြင့်​သ​ဘော​တူ​ရာ​ရောက် သည်။- \v 15 သူ​သည်​တစ်​ရက်​လွန်​ပြီး​မှ​ဇ​နီး​၏​က​တိ သစ္စာ​ကို​ပယ်​ဖျက်​လျှင် က​တိ​သစ္စာ​ပျက်​ခြင်း အ​ပြစ်​ဒဏ်​ကို​ခံ​စေ​ရ​မည်။ \p \v 16 ဤ​ပ​ညတ်​များ​သည်​ကား​ဖ​ခင်​၏​အုပ်​ထိန်း မှု​အောက်​တွင် ရှိ​နေ​သေး​သော​မိန်း​မ​ပျို​နှင့် အိမ်​ထောင်​ကျ​ပြီး​သော​အ​မျိုး​သ​မီး​တို့ က​တိ​သစ္စာ​ပြု​ခြင်း​နှင့်​ဆိုင်​သည့်​ပ​ညတ် များ​ဖြစ်​သ​တည်း။ \c 31 \s1 မိ​ဒျန်​အ​မျိုး​သား​တို့​အား​မျိုး​ပြုတ်​အောင် တိုက်​ခိုက်​ချေ​မှုန်း​ခြင်း \p \v 1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊- \v 2 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​မိ​ဒျန် အ​မျိုး​သား​တို့​အား​လက်​စား​ချေ​လော့။ ထို တာ​ဝန်​ကို​ဆောင်​ရွက်​ပြီး​နောက် သင်​သည် အ​နိစ္စ​ရောက်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 3 ထို့​ကြောင့်​မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``မိ​ဒျန်​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ကို​ပြစ်​မှား​ကြ​သော​ကြောင့် သူ​တို့​ကို တိုက်​ခိုက်​ချေ​မှုန်း​ရန်​အ​သင့်​ပြင်​ကြ​လော့။- \v 4 စစ်​ချီ​တက်​တိုက်​ခိုက်​ရန်​ဣ​သ​ရေ​လ​အ​နွယ် များ​မှ တစ်​နွယ်​လျှင်​လူ​တစ်​ထောင်​ကျ​စေ လွှတ်​လော့'' ဟု​ဆို​၏။ \p \v 5 သို့​ဖြစ်​၍​စစ်​ချီ​ရန်​ဣ​သ​ရေ​လ​အ​နွယ်​များ မှ​လူ​တစ်​ထောင်​ကျ​စီ​ဖြင့် လူ​ပေါင်း​တစ်​သောင်း နှစ်​ထောင်​ကို​ရွေး​ချယ်​ကြ​လေ​သည်။- \v 6 ထို​နောက်​မော​ရှေ​သည်​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ ဇာ​၏​သား ဖိ​န​ဟတ်​အား​ဣ​သ​ရေ​လ​တပ်​ကို အုပ်​ချုပ်​ကွပ်​ကဲ​စေ​၏။ သူ​နှင့်​အ​တူ​တဲ​တော် နှင့်​ဆိုင်​သော​အ​သုံး​အ​ဆောင်​ပစ္စည်း​များ​နှင့် အ​ချက်​ပေး​တံ​ပိုး​ခ​ရာ​များ​ကို​ယူ​ဆောင် သွား​၏။- \v 7 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​အ​မိန့်​ပေး တော်​မူ​သည်​အ​တိုင်း သူ​တို့​သည်​မိ​ဒျန်​အ​မျိုး သား​တို့​ကို​တိုက်​ခိုက်​ရာ၊- \v 8 မိ​ဒျန်​ဘု​ရင်​ငါး​ပါး​ဖြစ်​ကြ​သော​ဧ​ဝိ၊ ရေ ကင်၊ ဇု​ရ၊ ဟု​ရ​နှင့်​ရေ​ဘ​တို့​အ​ပါ​အ​ဝင် ယောကျာ်း​အား​လုံး​ကို သတ်​ဖြတ်​သုတ်​သင်​ခဲ့ ကြ​လေ​သည်။ ဗော​ရ​၏​သား​ဗာ​လမ်​ကို လည်း​သတ်​ခဲ့​ကြ​၏။ \p \v 9 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဒျန် အ​မျိုး​သမီး​နှင့် က​လေး​များ​ကို​သုံ့​ပန်း အ​ဖြစ်​ဖမ်း​ဆီး​၍​သူ​တို့​၏​သိုး၊ နွား တိ​ရစ္ဆာန်​တို့​နှင့်​တ​ကွ​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ ကို​သိမ်း​ယူ​လေ​၏။- \v 10 သူ​တို့​၏​မြို့​နှင့်​စ​ခန်း​ရှိ​သ​မျှ​တို့​ကို လည်း​မီး​ရှို့​ဖျက်​ဆီး​ပစ်​ကြ​၏။- \v 11 သူ​တို့​သည်​သိမ်း​ယူ​ရ​ရှိ​သ​မျှ​သော​ဥစ္စာ ပစ္စည်း၊ သုံ့​ပန်း​နှင့်​တိ​ရစ္ဆာန်​တို့​ကို၊- \v 12 ယေ​ရိ​ခေါ​မြို့​တစ်​ဖက်​ယော်​ဒန်​မြစ်​နား​ရှိ မော​ဘ​လွင်​ပြင်​တွင် စ​ခန်း​ချ​လျက်​ရှိ​သော မော​ရှေ၊ ဧ​လာ​ဇာ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထံ​ယူ​ဆောင်​ခဲ့​ကြ​လေ​သည်။ \s1 ဣ​သ​ရေ​လ​တပ်​ပြန်​ရောက်​လာ​ခြင်း \p \v 13 မော​ရှေ၊ ဧ​လာ​ဇာ​နှင့်​ဣ​သ​ရေ​လ​ခေါင်း ဆောင်​အ​ပေါင်း​တို့​သည် စ​ခန်း​အ​ပြင်​သို့ ထွက်​၍​တပ်​သား​များ​ကို​ဆီး​ကြို​ကြ​၏။- \v 14 သို့​ရာ​တွင်​မော​ရှေ​သည်​တိုက်​ပွဲ​ပြန်​တပ် ရင်း​မှူး၊ တပ်​ခွဲ​မှူး​စ​သော​အ​ရာ​ရှိ​တို့ ကို​အ​မျက်​ထွက်​၍၊- \v 15 ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​အ​မျိုး​သ​မီး အား​လုံး​ကို အ​သက်​ချမ်း​သာ​စေ​ကြ​သ​နည်း။- \v 16 ဤ​အ​မျိုး​သ​မီး​များ​သည်​ဗာ​လမ်​၏​အ​ကြံ ပေး​ချက်​အ​ရ​ပေ​ဂု​ရ​အ​ရပ်​တွင် ဣသ​ရေ​လ အ​မျိုး​သား​တို့​အား ထာ​ဝ​ရ​ဘု​ရား​ကို​သစ္စာ ဖောက်​စေ​ခဲ့​ကြောင်း​သ​တိ​ရ​ကြ​လော့။ ထို အ​ပြစ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု တွင်​ကပ်​ရော​ဂါ​ကျ​ရောက်​ခဲ့​၏။-\x + \xo 31:16 \xt တော၊ ၂၅:၁-၉။\x* \v 17 သို့​ဖြစ်​၍​ယောကျာ်း​က​လေး​များ​နှင့် ယောကျာ်း နှင့်​ဆက်​ဆံ​ဖူး​သော​မိန်း​မ​ရှိ​သ​မျှ​တို့ ကို​သတ်​လော့။- \v 18 မိန်း​က​လေး​များ​နှင့်​အ​ပျို​က​ညာ​များ​ကို သင်​တို့​အ​သက်​ချမ်း​သာ​ပေး​ကြ​လော့။- \v 19 သင်​တို့​တွင်​လူ​အ​သက်​ကို​သတ်​ခဲ့​သူ​နှင့် လူ​သေ​ကောင်​ကို ကိုင်​တွယ်​မိ​ခဲ့​သူ​အ​ပေါင်း တို့​သည်​စ​ခန်း​အ​ပြင်​ဘက်​တွင်​ခု​နစ်​ရက် နေ​ထိုင်​ရ​ကြ​မည်။ တ​တိ​ယ​နေ့​နှင့်​သတ္တ​မ နေ့​ရက်​များ​၌ သင်​တို့​နှင့်​သင်​တို့​ဖမ်း​ဆီး ခဲ့​သော​အ​မျိုး​သ​မီး​များ​အ​တွက် သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။- \v 20 သင်​တို့​၏​အ​ဝတ်​အင်္ကျီ​များ​နှင့်​သား​ရေ၊ ဆိတ်​မွေး​သို့​မ​ဟုတ်​သစ်​သား​ဖြင့်​ပြု​လုပ် သော​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​လည်း​သန့်​စင် စေ​ရ​မည်'' ဟု​ဆို​၏။ \p \v 21 ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​က​လည်း​တိုက်​ပွဲ​ပြန် စစ်​သည်​တို့​အား``ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ အား​မိန့်​ကြား​တော်​မူ​သော​ပ​ညတ်​များ​မှာ၊- \v 22-23 ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ သံ​ဖြူ၊ ခဲ​အ​စ​ရှိ​သည့်​မီး မ​လောင်​ကျွမ်း​နိုင်​သော​သတ္တု​ပစ္စည်း​ရှိ​သ​မျှ အား​မီး​ကို​ဖြတ်​သန်း​စေ​ခြင်း​ဖြင့်​သန့်​စင်​စေ ရ​မည်။ အ​ခြား​သံ​ဝတ္ထု​ပစ္စည်း​များ​ကို​သန့်​စင် ခြင်း​ဝတ်​ပြု​ရာ​ရေ​ဖြင့်​သန့်​စင်​စေ​ရ​မည်။- \v 24 သတ္တ​မ​နေ့​တွင်​သင်​တို့​၏​အ​ဝတ်​အ​င်္ကျီ များ​ကို​ဖွပ်​လျှော်​ရ​မည်။ ထို​နောက်​သင်​တို့ သည်​သန့်​စင်​ပြီ​ဖြစ်​သ​ဖြင့် စ​ခန်း​အ​တွင်း သို့​ပြန်​လည်​ဝင်​ရောက်​နိုင်​သည်​ဟူ​၍​ဖြစ် သည်'' ဟု​ဆို​လေ​၏။ \s1 လက်​ရ​သိမ်း​ဆည်း​ခဲ့​သော​ပစ္စည်း​များ​ကို​ခွဲ​ဝေ​ခြင်း \p \v 25 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊ \m \v 26 ``သင်​နှင့်​ဧ​လာ​ဇာ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ကြီး​အ​ကဲ​တို့​နှင့်​အ​တူ သုံ့​ပန်း​နှင့်​တိ​ရစ္ဆာန်​များ​အ​ပါ​အ​ဝင် လက်​ရ​သိမ်း​ဆည်း​ခဲ့​သော​ပစ္စည်း​ရှိ​သ​မျှ ကို​ရေ​တွက်​ရ​မည်။- \v 27 ထို​ပစ္စည်း​များ​ကို​ထက်​ဝက်​စီ​အ​ညီ​အ​မျှ ခွဲ​ပြီး​လျှင် တစ်​ဝက်​ကို​စစ်​သည်​တို့​အား​ပေး ၍ တစ်​ဝက်​ကို​ကျန်​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ပေး​ရ​မည်။- \v 28 စစ်​သည်​တို့​အ​တွက်​ဝေ​စု​ထဲ​မှ​သုံ့​ပန်း​ငါး​ရာ လျှင် တစ်​ယောက်​ကျ​ဖြင့်​လည်း​ကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်​တို့​ကို​လည်း​ထို​အ​ချိုး​ကျ​ဖြင့် လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား​အ​တွက်​အ​ခွန် အ​ဖြစ်​သီး​သန့်​ထား​ရ​မည်။- \v 29 ထာ​ဝ​ရ​ဘုရား​အား​ဆက်​သ​ရန်​အ​ထူး​လှူ​ဖွယ် အ​ဖြစ် ထို​ဝေ​စု​ကို​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ အား​ပေး​အပ်​ရ​မည်။- \v 30 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ဝေ​စု​ထဲ မှ သုံ့​ပန်း​ငါး​ဆယ်​လျှင်​တစ်​ယောက်​ကျ​ဖြင့် လည်း​ကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်​တို့​ကို​လည်း ထို​အ​ချိုး​ကျ​ဖြင့်​လည်း​ကောင်း​နုတ်​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​၏​တဲ​တော်​ကို​တာ​ဝန်​ယူ စောင့်​ထိန်း​ရ​သော​လေ​ဝိ​အ​မျိုး​သား​တို့ အား​ပေး​အပ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။- \v 31 မော​ရှေ​နှင့်​ဧ​လာ​ဇာ​တို့​သည် ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း​ဆောင်​ရွက် ကြ​လေ​သည်။ \p \v 32-35 စစ်​သည်​တို့​ကိုယ်​ပိုင်​အ​တွက်​သိမ်း​ထား​သော ပစ္စည်း​များ​အ​ပြင် လက်​ရ​သိမ်း​ဆည်း​ခဲ့​သော တိရစ္ဆာန်​နှင့်​လူ​အ​ရေ​အ​တွက်​စာ​ရင်း​မှာ သိုး နှင့်​ဆိတ်​ကောင်​ရေ​ခြောက်​သိန်း​ခု​နစ်​သောင်း ငါး​ထောင်၊ နွား​ကောင်​ရေ​ခု​နစ်​သောင်း​နှစ်​ထောင်၊ မြည်း​ကောင်​ရေ​ခြောက်​သောင်း​တစ်​ထောင်​နှင့် အ​ပျို​က​ညာ​ဦး​ရေ​သုံး​သောင်း​နှစ်​ထောင် ယောက်​ဖြစ်​သည်။- \v 36-40 စစ်​သည်​တို့​အ​တွက်​ထက်​ဝက်​ဝေ​စု​မှာ သိုး နှင့်​ဆိတ်​ကောင်​ရေ​ပေါင်း​သုံး​သိန်း​သုံး​သောင်း ခု​နစ်​ထောင့်​ငါး​ရာ​ဖြစ်​၍ ၎င်း​တို့​အ​နက် ထာ​ဝ​ရ​ဘု​ရား​အ​တွက်​အ​ခွန်​အ​ဖြစ်​ဆက် သ​ရန်​ကောင်​ရေ​မှာ ခြောက်​ရာ့​ခု​နစ်​ဆယ့်​ငါး ဖြစ်​သည်။ စစ်​သည်​တို့​အ​တွက်​ဝေ​စု​နွား​ကောင် ရေ​သုံး​သောင်း​ခြောက်​ထောင်​ဖြစ်​၍ ၎င်း​တို့​အ​နက် ထာ​ဝ​ရ​ဘုရား​အ​တွက်​အ​ခွန်​အ​ဖြစ်​ဆက် သ​ရန် ကောင်​ရေ​မှာ​ခု​နစ်​ဆယ့်​နှစ်​ကောင်​ဖြစ် သည်။ စစ်​သည်​တို့​အ​တွက်​ဝေ​စု​မှာ​မြည်း ကောင်​ရေ​သုံး​သောင်း​ငါး​ရာ​ဖြစ်​၍​၎င်း​တို့ အ​နက် ထာ​ဝ​ရ​ဘု​ရား​အ​တွက်​အ​ခွန် အ​ဖြစ်​ဆက်​သ​ရန်​ကောင်​ရေ​မှာ​ခြောက်​ဆယ့် တစ်​ဖြစ်​သည်။ စစ်​သည်​တို့​အ​တွက်​ဝေ​စု မှာ​အ​ပျို​က​ညာ​တစ်​သောင်း​ခြောက်​ထောင် ယောက်​ဖြစ်​၍ ၎င်း​တို့​အ​နက်​ထာ​ဝ​ရ​ဘု​ရား အ​တွက်​အ​ခွန်​အ​ဖြစ်​ဆက်​သ​ရန်​အ​တွက် မှာ​သုံး​ဆယ့်​နှစ်​ယောက်​ဖြစ်​သည်။- \v 41 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် အ​တိုင်း မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​သ​ရန် အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဝေ​စု​ကို ဧ​လာ​ဇာ​အား​ပေး​အပ်​လေ​သည်။ \p \v 42-46 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ဝေ​စု သည်​လည်း စစ်​သည်​တို့​အ​တွက် ဝေ​စု​အ​တိုင်း သိုး​နှင့်​ဆိတ်​ကောင်​ရေ​သုံး​သိန်း​သုံး​သောင်း ခု​နစ်​ထောင့်​ငါး​ရာ၊ နွား​ကောင်​ရေ​သုံး​သောင်း ခြောက်​ထောင်၊ မြည်း​ကောင်​ရေ​သုံး​သောင်း​ငါး ရာ​နှင့်​အ​ပျို​က​ညာ​ဦး​ရေ​တစ်​သောင်း​ခြောက် ထောင်​ယောက်​ဖြစ်​သည်။- \v 47 မော​ရှေ​သည်​ထို​ဝေ​စု​ထဲ​မှ​သုံ့​ပန်း​နှင့်​တိ​ရစ္ဆာန် တို့​ကို ငါး​ဆယ်​ချိုး​တစ်​ချိုး​ကျ​နုတ်​ယူ​၍ ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း တဲ​တော်​ကို တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သော​လေ​ဝိ​အ​မျိုး​သား တို့​အား​ပေး​အပ်​လေ​သည်။ \p \v 48-49 ထို​နောက်​တပ်​မှူး​တို့​သည် မော​ရှေ​ထံ​သို့​လာ ရောက်​၍``အ​ကျွန်ုပ်​တို့​၏​လက်​အောက်​ရှိ​စစ်​သည် များ​ကို​ရေ​တွက်​ရာ တစ်​ယောက်​မျှ​ပျောက်​ဆုံး ခြင်း​မ​ရှိ​ကြောင်း​တွေ့​ရ​ပါ​သည်။- \v 50 သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့​အ​သီး​သီး​သိမ်း​ယူ ရ​ရှိ​သော​ရွှေ​တန်​ဆာ၊ လက်​ကောက်၊ ဘ​ယက်၊ လက်​စွပ်၊ နား​ဆွဲ​နှင့်​လည်​ဆွဲ​တို့​ကို​ကိုယ်​တော် ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​ပါ​သည်။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​၏​အ​သက်​ကို​ချမ်း သာ​ပေး​သော​ကြောင့် ထို​လက်​ဝတ်​တန်​ဆာ​များ ကို​ဆက်​သ​ပါ​သည်'' ဟု​အ​စီ​ရင်​ခံ​ကြ​၏။- \v 51 မော​ရှေ​နှင့်​ဧ​လာ​ဇာ​တို့​သည်​ရွှေ​လက်​ဝတ် တန်​ဆာ​များ​ကို​လက်​ခံ​လေ​သည်။- \v 52 တပ်​မှူး​များ​ဆက်​သ​သော​လက်​ဝတ်​တန် ဆာ​အ​လေး​ချိန်​မှာ​ပေါင်​လေး​ရာ​ကျော် ရှိ​သည်။- \v 53 ရိုး​ရိုး​တပ်​သား​တို့​သည်​မိ​မိ​တို့​ရ​ရှိ​သော ပစ္စည်း​များ​ကို ကိုယ်​ပိုင်​အ​တွက်​သိမ်း​ဆည်း ထား​ကြ​၏။- \v 54 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​အံ့ သော​ငှာ မော​ရှေ​နှင့်​ဧ​လာ​ဇာ​တို့​သည်​ရွှေ​များ ကို​တဲ​တော်​သို့​ယူ​ဆောင်​သွား​ကြ​လေ​သည်။ \c 32 \s1 ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​အ​နွယ်​များ \r (တ​ရား၊ ၃:၁၂-၂၂) \p \v 1 ရု​ဗင်​အ​နွယ်​နှင့်​ဂဒ်​အ​နွယ်​တို့​တွင် သိုး​နွား တိ​ရစ္ဆာန်​မြောက်​မြား​စွာ​ရှိ​ကြ​၏။ ယာ​ဇာ ပြည်​နှင့်​ဂိ​လဒ်​ပြည်​တွင်​စား​ကျက်​ကောင်း များ​ရှိ​ကြောင်း​သိ​ရှိ​ရ​သော​အ​ခါ၊- \v 2 သူ​တို့​သည်​မော​ရှေ၊ ဧ​လာ​ဇာ​နှင့်​ဣ​သ​ရေ​လ ခေါင်း​ဆောင်​တို့​ထံ​သို့​သွား​၍၊- \v 3-4 ``ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော်​မူ​ခြင်း​ဖြင့်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သိမ်း​ပိုက်​ရ​ရှိ​သော အ​တ ရုတ်​မြို့၊ ဒိ​ဘုန်​မြို့၊ ယာ​ဇာ​မြို့၊ နိ​မ​ရ​မြို့၊ ဟေ​ရှ ဘုန်​မြို့၊ ဧ​လာ​လေ​မြို့၊ ရှေ​ဘံ​မြို့၊ နေ​ဗော​မြို့​နှင့် ဗော​န​မြို့​များ​တည်​ရှိ​ရာ​ဒေ​သ​တွင်​စား​ကျက် ကောင်း​များ​ရှိ​ပါ​သည်။ အ​ကျွန်ုပ်​တို့​တွင်​သိုး နွား​တိ​ရစ္ဆာန်​များ​စွာ​ရှိ​ပါ​သည်။- \v 5 သို့​ဖြစ်​၍​ဤ​ဒေ​သ​တွင်​အ​ကျွန်ုပ်​တို့​နေ ထိုင်​ရန်​အ​ပိုင်​ပေး​သနား​ပါ။ အ​ကျွန်ုပ်​တို့ အား​ယော်​ဒန်​မြစ်​တစ်​ဖက်​သို့​ကူး​၍​မ​နေ ထိုင်​စေ​ပါ​နှင့်'' ဟု​လျှောက်​ထား​ကြ​၏။ \p \v 6 ထို​အ​ခါ​မော​ရှေ​က``သင်​တို့​၏​သား​ချင်း​များ စစ်​ချီ​တိုက်​ခိုက်​နေ​စဉ် သင်​တို့​သည်​ဤ​အ​ရပ် တွင်​နေ​ထိုင်​ကြ​ပါ​သ​လော။- \v 7 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယော်​ဒန် မြစ်​ကို​ကူး​၍ ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​သော​ပြည်​သို့​ဝင်​ရောက်​ရေး​တွင် သင် တို့​သည်​အ​ဘယ်​ကြောင့်​သူ​တို့​ကို​စိတ် ပျက်​အား​လျော့​စေ​ကြ​သ​နည်း။- \v 8 ငါ​သည်​သင်​တို့​၏​ဘိုး​ဘေး​များ​အား​ထို ပြည်​ကို​ထောက်​လှမ်း​ရန် ကာ​ဒေ​ရှ​အ​ရပ်​မှ စေ​လွှတ်​စဉ်​အ​ခါ​က သူ​တို့​သည်​လူ​တို့​ကို စိတ်​ပျက်​အား​လျော့​စေ​ခဲ့​ကြ​၏။- \v 9 သူ​တို့​သည်​ဧ​ရှကော​လ​ချိုင့်​ဝှမ်း​သို့​တိုင်​အောင် သွား​ရောက်​ခဲ့​ကြ​၍ ထို​ပြည်​ကို​တွေ့​မြင်​ပြီး နောက်​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​သော ပြည်​သို့​မ​သွား​ရန်​လူ​တို့​ကို​တိုက်​တွန်း ကြ​၏။-\x + \xo 32:9 \xt တော၊ ၁၃:၁၇-၃၃။\x* \v 10 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက် တော်​ထွက်​၍၊- \v 11 `သူ​တို့​သည်​ငါ့​ကို​သစ္စာ​ဖောက်​ကြ​သ​ဖြင့် အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​သော​သူ​တို့​တွင် အ​သက်​နှစ်​ဆယ်​အ​ရွယ်​နှင့်​အ​ထက်​ရှိ သော​မည်​သည့်​ယောကျာ်း​မျှ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ငါ​ပေး​မည်​ဟု​က​တိ​ထား သော​ပြည်​သို့​မ​ဝင်​ရ' ဟု​ကျိန်​ဆို​၍​မိန့် တော်​မူ​ခဲ့​၏။- \v 12 ထို​သို့​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​သူ​တို့​တွင် ကေ​နတ်​အ​မျိုး​သား​ယေ​ဖုန္နာ​၏​သား ကာ လက်​နှင့်​နုန်​၏​သား​ယော​ရှု​တို့​မ​ပါ​ဝင် ချေ။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​သစ္စာ တော်​ကို​စောင့်​သူ​များ​ဖြစ်​ပေ​သည်။- \v 13 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​အ​မျက်​ထွက်​သ​ဖြင့် မိ​မိ​အ​လို ကို​ဆန့်​ကျင်​သော​အ​မျိုး​ဆက်​တို့​သေ​ဆုံး ကုန်​ကြ​သည်​အ​ထိ​သူ​တို့​ကို​တော​ကန္တာ​ရ ၌​အ​နှစ်​လေး​ဆယ်​ပတ်​လုံး​လှည့်​လည်​နေ စေ​တော်​မူ​၏။-\x + \xo 32:13 \xt တော၊ ၁၄:၂၆-၃၅။\x* \v 14 ဘိုး​ဘေး​တို့​၏​ဒု​စ​ရိုက်​မျိုး​ကို​ကူး​လွန် သော​အား​ဖြင့် ယ​ခု​သင်​တို့​သည်​ဒု​စ​ရိုက် ပြု​သော​မျိုး​ဆက်​သစ်​ဖြစ်​လာ​ကြ​၏။ သို့ ဖြစ်​၍​သင်​တို့​သည်​ထာ​ဝ​ရ​ဘုရား​၏​ပြင်း ထန်​သော​အ​မျက်​တော်​ကို ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​ပေါ်​သို့​တစ်​ဖန်​ကျ ရောက်​စေ​ရန်​ပြု​ကျင့်​နေ​ကြ​ပါ​သည် တ​ကား။- \v 15 ရု​ဗင်​နှင့်​ဂဒ်​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​သော သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​နောက်​တော် သို့​ယ​ခု​မ​လိုက်​ကြ​လျှင် ကိုယ်​တော်​သည် ဣ​သ​ရေ​လ​တစ်​မျိုး​လုံး​ကို​တော​ကန္တာ​ရ တွင်​တစ်​ဖန်​စွန့်​ပစ်​တော်​မူ​လိမ့်​မည်။ သို့​ဖြစ် ၍​သင်​တို့​ကြောင့်​ထို​သူ​အ​ပေါင်း​တို့​သည် ပျက်​စီး​ဆုံး​ပါး​ရ​ကြ​လိမ့်​မည်'' ဟု​ပြန် လည်​ဖြေ​ကြား​၏။ \p \v 16 တစ်​ဖန်​သူ​တို့​သည် မော​ရှေ​အ​နီး​သို့​ချဉ်း ကပ်​၍``ရှေး​ဦး​စွာ​အ​ကျွန်ုပ်​တို့​၏​သိုး​များ ထား​ရန်​ကျောက်​တုံး​ခြံ​စည်း​ရိုး​များ​ကို လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​ကို​မှီ​ခို​သူ​များ နေ​ထိုင်​ရန် တံ​တိုင်း​ကာ​ရံ​ထား​သော​မြို့​များ ကို​လည်း​ကောင်း​တည်​ဆောက်​ခွင့်​ပေး​ပါ။- \v 17 ထို​နောက်​အ​ကျွန်ုပ်​တို့​သည်​အ​မျိုး​သား​ချင်း တို့​အ​ပိုင်​ရ​မည့်​ပြည်​တွင် အ​ခြေ​ချ​နေ​ထိုင် ရ​သည်​အ​ထိ​သူ​တို့​ကို​ရှေ့​ဆောင်​၍​စစ်​ချီ တိုက်​ခိုက်​ပါ​မည်။ ဤ​အ​တော​အ​တွင်း​အ​ကျွန်ုပ် တို့​ကို​မှီ​ခို​သူ​များ​သည် ခိုင်​ခံ့​သော​မြို့​များ တွင်​နေ​ထိုင်​ရ​သ​ဖြင့် ဤ​အ​ရပ်​သား​တို့​၏ ရန်​မှ​ကင်း​လွတ်​နိုင်​ကြ​ပါ​လိမ့်​မည်။- \v 18 အ​ခြား​သော​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တို့ သည် မိ​မိ​တို့​နေ​ထိုင်​ရ​မည့်​ပြည်​ကို​အ​ပိုင် မ​ရ​မ​ချင်း​အ​ကျွန်ုပ်​တို့​သည်​ကိုယ့်​အိမ် သို့​မ​ပြန်​ပါ။- \v 19 ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​အ​ကျွန်ုပ်​တို့ အား​နယ်​မြေ​ဝေ​စု​ပေး​ထား​ပြီး​ဖြစ်​သ​ဖြင့် အ​နောက်​ဘက်​ကမ်း​တွင်​နယ်​မြေ​ဝေ​စု​ကို ထပ်​မံ​၍​မ​တောင်း​ဆို​ပါ'' ဟူ​၍​လျှောက် ထား​ကြ​၏။ \p \v 20 ထို​အ​ခါ​မော​ရှေ​က``သင်​တို့​က​တိ​တည် မည်​ဆို​လျှင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ စစ်​ချီ​တိုက်​ရန်​အ​သင့်​ပြင်​လော့။- \v 21 သင်​တို့​၏​တပ်​သား​အ​ပေါင်း​တို့​သည်​ယော်​ဒန် မြစ်​ကို​ဖြတ်​ကူး​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​ကို​နာ​ခံ​လျက် ငါ​တို့​၏​ရန်​သူ​များ​ကို တိုက်​ခိုက်​ချေ​မှုန်း​၍၊- \v 22 တိုင်း​ပြည်​ကို​သိမ်း​ပိုက်​ရ​မည်။ ထို​နောက်​သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​အ​မျိုး​သား ချင်း​တို့​အ​တွက် တာ​ဝန်​ကျေ​ပွန်​ပြီ​ဖြစ်​၍ ဤ​အ​ရပ်​သို့​ပြန်​လာ​နိုင်​သည်။ ထို​အ​ခါ ထာ​ဝ​ရ​ဘုရား​သည်​ယော်​ဒန်​မြစ်​အ​ရှေ့ ဘက်​ရှိ ဤ​ပြည်​သည်​သင်​တို့​ဝေ​စု​ဖြစ် ကြောင်း​သိ​မှတ်​တော်​မူ​လိမ့်​မည်။- \v 23 သို့​ရာ​တွင်​သင်​တို့​သည်​က​တိ​မ​တည်​လျှင် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​ရာ​ရောက်​လိမ့် မည်။ ထို​အ​ခါ​သင်​တို့​သည်​အ​ပြစ်​ဒဏ်​ကို မု​ချ​ခံ​ကြ​ရ​မည်။- \v 24 သင်​တို့​မြို့​များ​နှင့်​သိုး​ခြံ​များ​ကို​တည် ဆောက်​ကြ​လော့။ သို့​ရာ​တွင်​သင်​တို့​က​တိ ကို​မ​ဖျက်​ကြ​နှင့်'' ဟု​သတိ​ပေး​လေ​၏။ \p \v 25 ထို​အ​ခါ​ဂဒ်​အ​နွယ်​ဝင်​နှင့်​ရု​ဗင်​အ​နွယ် ဝင်​တို့​က``ကိုယ်​တော်​မိန့်​မှာ​သည်​အ​တိုင်း အ​ကျွန်ုပ်​ဆောင်​ရွက်​ပါ​မည်။- \v 26 အ​ကျွန်ုပ်​တို့​၏​ဇ​နီး​နှင့်​သား​သ​မီး​များ၊ သိုး၊ ဆိတ်၊ နွား​များ​သည်​ဤ​အ​ရပ်​ရှိ​ဂိ​လဒ် မြို့​များ​တွင်​နေ​ရစ်​ကြ​ပါ​မည်။- \v 27 အ​ကျွန်ုပ်​တို့​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် ကို​နာ​ခံ​လျက် စစ်​ချီ​တက်​ရန်​အ​သင့်​ရှိ​နေ ကြ​ပါ​သည်။ ကိုယ်​တော်​မိန့်​မှာ​သည့်​အ​တိုင်း အ​ကျွန်ုပ်​တို့​သည် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး ၍​ရန်​သူ​များ​ကို​တိုက်​ခိုက်​ပါ​မည်'' ဟူ​၍ မော​ရှေ​အား​က​တိ​ပေး​ကြ​၏။ \p \v 28 ထို့​ကြောင့်​မော​ရှေ​က​ဧ​လာ​ဇာ၊ ယော​ရှု​နှင့် အ​ခြား​သော​ဣ​သ​ရေ​လ​ခေါင်း​ဆောင်​တို့ အား၊- \v 29 ``ဂဒ်​အ​နွယ်​ဝင်​နှင့်​ရု​ဗင်​အ​နွယ်​ဝင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ​ယော်​ဒန် မြစ်​ကို​ဖြတ်​ကူး​၍ စစ်​ချီ​တိုက်​ခိုက်​လျှင်​လည်း ကောင်း၊ သင်​တို့​သည်​သူ​တို့​၏​အ​ကူ​အ​ညီ ဖြင့်​ထို​ပြည်​ကို​တိုက်​ခိုက်​အောင်​မြင်​လျှင် လည်း​ကောင်း ဂိ​လဒ်​ပြည်​ကို​သူ​တို့​အား အ​ပိုင်​ပေး​လော့။- \v 30 သို့​ရာ​တွင်​သူ​တို့​သည်​သင်​တို့​နှင့်​အ​တူ ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​၍​စစ်​ချီ​တိုက်​ခိုက် ခြင်း​မ​ပြု​ကြ​လျှင် သင်​တို့​နည်း​တူ​ခါ​နာန် ပြည်​ထဲ​၌​သာ​သူ​တို့​ဝေ​စု​ကို​ရ​စေ​ရ​မည်'' ဟု​အ​မိန့်​ပေး​လေ​၏။ \p \v 31 ဂဒ်​အ​နွယ်​ဝင်​နှင့်​ရု​ဗင်​အ​နွယ်​ဝင်​တို့ က``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​အ​တိုင်း​ဆောင်​ရွက်​ပါ​မည်။- \v 32 အ​ကျွန်ုပ်​တို့​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ရှိ​ပြည်​ကို​အ​ပိုင်​ရ​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​ဆောင်​မှု​ကို​နာ​ခံ​လျက် ခါ​နာန်​ပြည် ဘက်​သို့​ကူး​၍​စစ်​ချီ​တိုက်​ခိုက်​ပါ​မည်'' ဟု​လျှောက်​ထား​ကြ​လေ​သည်။\x + \xo 32:32 \xt ယောရှု၊ ၁:၁၂-၁၅။\x* \p \v 33 ထို့​ကြောင့်​မော​ရှေ​သည်​အာ​မော​ရိ​ဘု​ရင် ရှိ​ဟုန်​နှင့် ဗာ​ရှန်​ဘု​ရင်​သြ​ဃ​တို့​ပိုင်​သ​မျှ သော​နယ်​မြေ​နှင့်​တ​ကွ ပတ်​ဝန်း​ကျင်​ရှိ​မြို့ ရွာ​များ​ကို​ဂဒ်​အ​နွယ်​ဝင်၊ ရုဗင်​အ​နွယ်​ဝင် နှင့်​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​အား​သတ်​မှတ် ပေး​လေ​သည်။- \v 34 ဂဒ်​အ​နွယ်​ဝင်​တို့​သည်​ဒိ​ဗုန်​မြို့၊ အ​တ​ရုပ် မြို့၊ အာ​ရော်​မြို့၊- \v 35 အာ​တ​ရုတ်​ရှော​ဖန်​မြို့၊ ယာ​ဇာ​မြို့၊ ယု​မ္ဘေဟ မြို့၊- \v 36 ဗက်​နိ​မ​ရာ​မြို့​နှင့်​ဗေ​သာ​ရန်​မြို့​စ​သော တံ​တိုင်း​ကာ​ရံ​ထား​သည့် မြို့​များ​ကို​ပြန် လည်​တည်​ဆောက်​ကြ​၏။- \v 37 ရု​ဗင်​အ​နွယ်​ဝင်​တို့​သည်​ဟေ​ရှ​ဘုန်​မြို့၊ ဧ​လာ​လေ​မြို့၊ ကိ​ရ​ယ​သိမ်​မြို့၊- \v 38 နေ​ဗော​မြို့၊ ဗာ​လ​မော​န​မြို့(ဤ​မြို့​၏​နာ​မည် ကို​ပြောင်း​လိုက်​၏) နှင့်​ရှိ​ဗ​မ​မြို့​များ​ကို ပြန်​လည်​တည်​ဆောက်​ကြ​သည်။ သူ​တို့​ပြန် လည်​တည်​ဆောက်​သော​မြို့​များ​ကို​နာ​မည် သစ်​ဖြင့်​မှည့်​ခေါ်​ကြ​သည်။ \p \v 39 မ​နာ​ရှေ​သား​မာ​ခိ​ရ​၏​သား​ချင်း​စု​သည် ဂိ​လဒ်​ပြည်​ကို​ဝင်​ရောက်​တိုက်​ခိုက်​ပြီး​လျှင် ထို​ပြည်​တွင်​နေ​ထိုင်​သော​အာ​မော​ရိ​အ​မျိုး သား​တို့​ကို​မောင်း​ထုတ်​၍​ပြည်​ကို​သိမ်း​ပိုက် လေ​သည်။- \v 40 ထို့​ကြောင့်​မော​ရှေ​သည်​မာ​ခိ​ရ​သား​ချင်း​စု အား​ဂိ​လဒ်​ပြည်​ကို​ပေး​သ​ဖြင့် သူ​တို့​သည် ထို​ပြည်​တွင်​နေ​ထိုင်​ကြ​၏။- \v 41 မ​နာ​ရှေ​၏​အ​နွယ်​ဝင်​ဖြစ်​သော​ယာ​ဣ​ရ သည် ကျေး​ရွာ​အ​ချို့​ကို​တိုက်​ခိုက်​သိမ်း​ပိုက် ပြီး​လျှင်``ယာ​ဣ​ရ​ကျေး​ရွာ​များ'' ဟု သ​မုတ်​လေ​သည်။- \v 42 နော​ဗာ​ဆို​သူ​သည်​လည်း​ကေ​နတ်​မြို့​နှင့် အ​နီး​ရှိ ကျေး​ရွာ​များ​ကို​တိုက်​ခိုက်​သိမ်း ပိုက်​ပြီး​လျှင် မိ​မိ​၏​အ​မည်​ကို​စွဲ​၍ နော​ဗာ​မြို့​ဟု​မှည့်​ခေါ်​လေ​၏။ \c 33 \s1 အီ​ဂျစ်​ပြည်​မှ​မော​ဘ​ပြည်​သို့​ခ​ရီး​စဉ် \p \v 1 မော​ရှေ​နှင့်​အာ​ရုန်​ခေါင်း​ဆောင်​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် အီ​ဂျစ်​ပြည်​မှ​အ​နွယ် အ​လိုက်​ထွက်​ခွာ​လာ​ခဲ့​ကြ​၏။ သူ​တို့​၏ ခ​ရီး​စဉ်​ကို​ဖော်​ပြ​ပေ​အံ့။- \v 2 ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း မော​ရှေ​သည် သူ​တို့​ရပ်​နား​ရာ​စ​ခန်း​အ​ဆင့် ဆင့်​တို့​၏​နာ​မည်​များ​ကို​မှတ်​သား​ထား လေ​သည်။ \p \v 3 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပ​ထ​မ​ဦး ဆုံး​ကျင်း​ပ​သော​ပ​သ​ခါ​ပွဲ​တော်​လွန်​ပြီး နောက်​တစ်​နေ့​ဖြစ်​သော​ပ​ထ​မ​လ​တစ်​ဆယ် ငါး​ရက်​နေ့​၌ အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ခဲ့ ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကာ အ​ကွယ်​ဖြင့် အီ​ဂျစ်​အ​မျိုး​သား​တို့​ရှေ့​မှောက် တွင်​ရာ​မ​သက်​မြို့​မှ​ထွက်​ခွာ​လာ​ကြ​၏။- \v 4 ထို​စဉ်​အ​ခါ​က​အီ​ဂျစ်​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ခတ်​ခြင်း​ခံ​ရ​သော သား​ဦး​များ​ကို​မြှုပ်​နှံ​လျက်​နေ​ကြ​၏။ ထို သို့​ဒဏ်​ခတ်​ခြင်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား သည် အီ​ဂျစ်​အ​မျိုး​သား​တို့​၏​ဘု​ရား​များ ထက်​တန်​ခိုး​ကြီး​ကြောင်း​ပြ​တော်​မူ​၏။ \p \v 5 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရာ​မ​သက် မြို့​မှ ထွက်​ခွာ​လာ​ကြ​ပြီး​နောက်​သု​ကုတ် စ​ခန်း​တွင်​ရပ်​နား​ကြ​၏။- \v 6 ထို​မှ​တစ်​ဆင့်​တော​ကန္တာ​ရ​အ​စွန်​ရှိ​ဧ​သံ စ​ခန်း​တွင်​ရပ်​နား​ကြ​၏။- \v 7 တစ်​ဖန်​သူ​တို့​သည်​ဗာ​လ​ဇေ​ဖုန်​စ​ခန်း အ​ရှေ့​ရှိ​ပိ​ဟ​ဟိ​ရုတ်​စ​ခန်း​သို့​ပြန်​လှည့် ကြ​ပြီး​လျှင် မိ​ဂ​ဒေါ​လ​စ​ခန်း​အ​နီး​၌ ရပ်​နား​ကြ​၏။- \v 8 သူ​တို့​သည်​ပိ​ဟ​ဟိ​ရုတ်​စ​ခန်း​မှ​ထွက်​လာ ၍ ပင်​လယ်​နီ​ကို​ဖြတ်​ကူး​ပြီး​လျှင်​ဧ​သံ တော​ကန္တာ​ရ​သို့​ရောက်​ကြ​၏။ သုံး​ရက်​ခ​ရီး သွား​ပြီး​နောက်​မာ​ရ​စ​ခန်း​၌​ရပ်​နား ကြ​၏။- \v 9 ထို​စ​ခန်း​မှ​ထွက်​လာ​ပြီး​နောက်​စမ်း​ရေ​တွင်း တစ်​ဆယ့်​နှစ်​တွင်း​နှင့် စွန်​ပ​လွံ​ပင်​ခု​နစ်​ဆယ် ရှိ​သော​ဧ​လိမ်​စ​ခန်း​သို့​ရောက်​လာ​ကြ​၏။ \p \v 10 တစ်​ဖန်​သူ​တို့​သည်​ဧ​လိမ်​စ​ခန်း​မှ​ထွက် လာ​၍ ဆူး​အက်​ပင်​လယ်​ကွေ့​အ​နီး​တွင် စ​ခန်း​ချ​ကြ​၏။- \v 11 ထို​နောက်​သိန်​တော​ကန္တာ​ရ​သို့​ရောက်​လာ ကြ​၏။- \v 12 တစ်​ဖန်​ဒေါ​ဖ​ကာ​စ​ခန်း​၌​လည်း​ကောင်း၊- \v 13 ထို​မှ​တစ်​ဆင့်​အာ​လု​ရှ​စ​ခန်း​၌​လည်း ကောင်း​ရပ်​နား​ကြ​၏။- \v 14 တစ်​ဖန်​ခ​ရီး​ဆက်​ကြ​ရာ​လူ​တို့​အ​တွက် သောက်​ရေ​မ​ရှိ​သော​ရေ​ဖိ​ဒိမ်​စ​ခန်း​သို့ ရောက်​ကြ​၏။ \p \v 15-37 သူ​တို့​သည်​ရေ​ဖိ​ဒိမ်​စ​ခန်း​မှ​ဟော​ရ​တောင် သို့ သွား​သော​ခ​ရီး​လမ်း​တွင်​ရပ်​နား​သော စ​ခန်း​များ​နာ​မည်​စာ​ရင်း​မှာ​သိ​နာ​တော ကန္တာ​ရ၊ ကိ​ဗြုတ်​ဟတ္တ​ဝါ​သို့​မ​ဟုတ်``မွတ်​သိပ် ရာ​သင်္ချိုင်း၊'' ဟာ​ဇ​ရုတ်၊ ရိ​သ​မ၊ ရိမ္မုန်​ဖာ​ရက်၊ လိ​ဗ​န၊ ရိ​ဿ၊ ကေ​ဟ​လာ​သ၊ ရှာ​ဖာ​တောင်၊ ဟာ​ရ​ဒ၊ မက္က​လုတ်၊ တာ​ဟတ်၊ တာ​ရ၊ မိ​သ​ကာ၊ ဟာ​ရှ​မော​န၊ မော​သ​ရုတ်၊ ဗင်္ယာ​ကန်၊ ဟော​ရ ဂိဒ်​ဂဒ်၊ ယုမ္ဘာ​သ၊ ဧ​ဗြော​န၊ ဧ​ဇ​ယုန်​ဂါ​ဗာ၊ ဇိ​န​တော​ကန္တာ​ရ(ယင်း​သည်​ကာ​ဒေ​ရှ​ဖြစ်​၏) ဧ​ဒုံ​ပြည်​နယ်​စပ်​ရှိ​ဟော​ရ​တောင်​တို့​ဖြစ် သည်။ \p \v 38-39 ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ယဇ် ပု​ရော​ဟိတ်​အာ​ရုန်​သည်​ဟော​ရ​တောင်​ပေါ် သို့​တက်​လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​အီ​ဂျစ်​ပြည်​မှ ထွက်​လာ​ခဲ့​ပြီး​နောက် လေး​ဆယ်​မြောက်​သော​နှစ်၊ ပဉ္စ​မ​လ၊ လ​ဆန်း တစ်​ရက်​နေ့​တွင်​အ​သက်​တစ်​ရာ့​နှစ်​ဆယ့် သုံး​နှစ်​ရှိ​သော​အာ​ရုန်​သည် ထို​တောင်​ပေါ် တွင်​အ​နိစ္စ​ရောက်​လေ​သည်။\x + \xo 33:38-39 \xt တော၊ ၂၀:၂၂-၂၈။ တရား၊ ၁၀:၆။ ၃၂:၅၀။\x* \p \v 40 ထို​အ​ချိန်​၌​ခါ​နာန်​ပြည်​တောင်​ပိုင်း​တွင် စိုး​စံ​သော​အာ​ရဒ်​ဘု​ရင်​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ချီ​တက်​လာ​နေ​ကြောင်း ကြား​သိ​ရ​လေ​၏။\x + \xo 33:40 \xt တော၊ ၂၆:၅၄-၅၆။\x* \p \v 41-49 ဟော​ရ​တောင်​မှ​မော​ဘ​လွင်​ပြင်​သို့​သွား သော​ခ​ရီး​လမ်း​တွင် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ရပ်​နား​ခဲ့​သော​စ​ခန်း​များ​နာ​မည် စာ​ရင်း​မှာ​ဇာ​လ​မော​န၊ ပု​နုန်၊ သြ​ဗုတ်၊ မော​ဘ​ပြည်​ထဲ​ရှိ​ဣ​ဇာ​ဗာ​ရိမ်၊ ဒိ​ဗုန်​ဂဒ်၊ အာ​လ​မုန်​ဒိ ဗ​လ​သိမ်၊ နေ​ဗော​တောင်​အ​နီး ရှိ​အာ​ဗ​ရိမ်​တောင်၊ ဗက်​ယေ​ရှိ​မုတ်​နှင့်​အာ ကာ​ရှား​ချိုင့်​ဝှမ်း​အ​ကြား​ယေ​ရိ​ခေါ​မြို့ တစ်​ဖက်​ယော်​ဒန်​မြစ်​နား​ရှိ​မော​ဘ​လွင် ပြင်​တို့​ဖြစ်​သည်။ \s1 ယော်​ဒန်​မြစ်​ကို​မ​ကူး​မီ​ထာ​ဝ​ရ​ဘု​ရား​၏ မိန့်​မှာ​ချက်​များ \p \v 50 ယေ​ရိ​ခေါ​မြို့​တစ်​ဖက်​ယော်​ဒန်​မြစ်​အ​နီး ရှိ​မော​ဘ​လွင်​ပြင်​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား၊- \v 51 မိန့်​မှာ​တော်​မူ​သည်​ကား``သင်​တို့​သည်​ယော်​ဒန် မြစ်​ကို​ကူး​၍ ခါ​နာန်​ပြည်​သို့​ဝင်​ရောက်​သော အ​ခါ၊- \v 52 ထို​ပြည်​တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​ကို​နှင် ထုတ်​ရ​မည်။ သူ​တို့​၏​ကျောက်​ရုပ်​ဘု​ရား၊ သတ္တု ရုပ်​ဘု​ရား​များ​နှင့်​သူ​တို့​ဝတ်​ပြု​ကိုး​ကွယ် ရာ​ဌာ​န​ရှိ​သ​မျှ​တို့​ကို​ဖျက်​ဆီး​ပစ်​ရ မည်။- \v 53 ငါ​သည်​ထို​ပြည်​ကို​သင်​တို့​အား​ပေး​သ​ဖြင့် သင်​တို့​သည် ထို​ပြည်​ကို​သိမ်း​ပိုက်​၍​အ​ခြေ ချ​နေ​ထိုင်​ကြ​ရ​မည်။- \v 54 ဣ​သ​ရေ​လ​အ​နွယ်​များ​နှင့်​သား​ချင်း​စု အ​သီး​သီး​တို့​အား ထို​ပြည်​ကို​မဲ​ချ​၍​ခွဲ ဝေ​ပေး​ရ​မည်။ သား​ချင်း​စု​ဦး​ရေ​အ​နည်း အ​များ​အ​လိုက် မြေ​ကို​အ​ချိုး​ချ​ခွဲ​ဝေ ပေး​ရ​မည်။-\x + \xo 33:54 \xt တော၊ ၂၆:၅၄-၅၆။\x* \v 55 သင်​တို့​သည်​ထို​ပြည်​သား​တို့​ကို​မ​နှင်​ထုတ် လျှင် ကျန်​ရှိ​နေ​သော​သူ​တို့​သည်​ဆူး​ငြောင့် သ​ဖွယ်​ဖြစ်​၍​သင်​တို့​ကို​ရန်​မူ​ကြ​လိမ့်​မည်။- \v 56 သင်​တို့​သည်​ထို​ပြည်​သား​တို့​ကို​မ​နှင်​ထုတ် လျှင် ငါ​သည်​သူ​တို့​အား​ပေး​မည့်​ဒဏ်​ကို​သင် တို့​အ​ပေါ်​သို့​ကျ​ရောက်​စေ​မည်'' ဟူ​၍​ဖြစ် သည်။ \c 34 \s1 ခါ​နာန်​ပြည်​၏​နယ်​နိ​မိတ်​များ \p \v 1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မိန့်​မှာ တော်​မူ​သည်​ကား၊- \v 2 ``သင်​တို့​သည်​ငါ​ပေး​မည့်​ခါ​နာန်​ပြည်​သို့ ဝင်​ရောက်​ကြ​သော​အ​ခါ သင်​တို့​ပိုင်​နက် နယ်​နိ​မိတ်​ကို​ဤ​သို့​သတ်​မှတ်​ရ​မည်။- \v 3 တောင်​ဘက်​နယ်​နိ​မိတ်​သည်​ဇိ​န​တော​ကန္တာ​ရ မှ ဧ​ဒုံ​ပြည်​နယ်​စပ်​တစ်​လျှောက်​ဖြစ်​၏။ ထို နယ်​နိ​မိတ်​သည် ပင်​လယ်​သေ​တောင်​ဘက်​စွန်း အ​ရှေ့​ဘက်​မှ​အ​စ​ပြု​ရ​မည်။- \v 4 ထို​မှ​တစ်​ဖန်​တောင်​ဘက်​သို့​လှည့်​၍​အာ​က ရဗ္ဗိန်​တောင်​ကြား​သို့​သွား​ပြီး​လျှင် ဇိ​န​တော ကန္တာ​ရ​ကို​ဖြတ်​လျက်​တောင်​ဘက်​ရှိ​ကာ​ဒေ​ရှ ဗာ​နာ​သို့​လည်း​ကောင်း၊ ထို​နောက်​အ​နောက် မြောက်​ဘက်​ဟာ​ဇရဒ္ဒါ​သို့​လည်း​ကောင်း၊ တစ်​ဖန် အာ​ဇ​မုန်​သို့​လည်း​ကောင်း၊- \v 5 ထို​နောက်​ကွေ့​၍​အီ​ဂျစ်​ပြည်​နယ်​စပ်​ရှိ​ချိုင့် ဝှမ်း​သို့​လည်း​ကောင်း​သွား​ပြီး​လျှင် မြေ​ထဲ ပင်​လယ်​ကမ်း​ခြေ​၌​အ​ဆုံး​သတ်​ရ​မည်။ \p \v 6 ``အ​နောက်​ဘက်​နယ်​နိ​မိတ်​သည် မြေ​ထဲ ပင်​လယ်​ကမ်း​ခြေ​ဖြစ်​ရ​မည်။ \p \v 7 ``မြောက်​ဘက်​နယ်​နိ​မိတ်​သည် မြေ​ထဲ​ပင်​လယ် ကမ်း​ခြေ​မှ​ဟော​ရ​တောင်​သို့​လည်း​ကောင်း၊- \v 8-9 ထို​မှ​တစ်​ဆင့်​ဟာ​မတ်​တောင်​ကြား​သို့​လည်း ကောင်း ဖြတ်​သွား​၍​ထို​မှ​တစ်​ဖန်​ဇေ​ဒဒ်​နှင့် ဇိ​ဖြုန်​ကို​ဖြတ်​ပြီး​လျှင်​ဟာ​ဇ​ရေ​နန်​၌ အ​ဆုံး​သတ်​ရ​မည်။ \p \v 10 ``အ​ရှေ့​ဘက်​နယ်​နိ​မိတ်​သည် ဟာ​ဇ​ရေ​နန်​မှ ရှေ​ဖံ​သို့​လည်း​ကောင်း၊- \v 11 ထို​မှ​တစ်​ဖန်​တောင်​ဘက်​အ​ဣ​န​အ​ရှေ့​သို့ လည်း​ကောင်း၊ ထို​နောက်​ဂါ​လိ​လဲ​အိုင်​အ​ရှေ့ ဘက်​ကမ်း​ခြေ​ရှိ တောင်​ကုန်း​များ​ကို​ဖြတ် ကျော်​ပြီး​လျှင်၊- \v 12 တောင်​ဘက်​ယော်​ဒန်​မြစ်​တစ်​လျှောက်​သွား​၍ ပင်​လယ်​သေ​တွင်​အ​ဆုံး​သတ်​ရ​မည်။ \p ``သင်​တို့​ပြည်​၏​နယ်​နိ​မိတ်​တို့​သည်​ကား အ​ထက်​ဖော်​ပြ​ပါ​အ​တိုင်း​ဖြစ်​သည်'' ဟူ ၍​ဖြစ်​၏။ \p \v 13 သို့​ဖြစ်​၍​မော​ရှေ​က​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``ဤ​နယ်​မြေ​သည်​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​အ​နွယ်​ကိုး​နွယ်​နှင့် အ​နွယ်​တစ်​ဝက်​တို့ အား​သတ်​မှတ်​ပေး​သော​နယ်​မြေ​ဖြစ်​၍ သင်​တို့ သည်​မဲ​ချ​ယူ​ကြ​ရ​မည်။-\x + \xo 34:13 \xt တော၊ ၂၆:၅၂-၅၆။\x* \v 14-15 ရု​ဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​အ​ရှေ့​ပိုင်း​မ​နာ​ရှေ အ​နွယ်​တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​ကမ်း​ရှိ​နယ်​မြေ​ကို မိ​မိ တို့​၏​သား​ချင်း​စု​အ​လိုက်​ခွဲ​ဝေ​ကြ​ပြီး​ဖြစ် သည်'' ဟု​ဆို​လေ​၏။\x + \xo 34:14-15 \xt ယောရှု၊ ၁၄:၁-၅။\x* \s1 မြေ​ကို​ခွဲ​ဝေ​ရန်​တာ​ဝန်​ကျ​သော​ခေါင်း​ဆောင်​များ \p \v 16 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊- \v 17 ``ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​နှင့်​နုန်​၏​သား ယော​ရှု​တို့​သည်​မြေ​ကို​ခွဲ​ဝေ​ပေး​ရ​မည်။- \v 18 ထို့​ပြင်​အ​နွယ်​တစ်​မျိုး​မှ​ခေါင်း​ဆောင်​တစ်​ဦး စီ​တို့​ကို​ရွေး​၍ သူ​တို့​အား​ကူ​ညီ​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။- \v 19-28 ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော်​မူ​သော​ပ္ဂိုလ် များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ \tr \th1 အ​နွယ် \th2 ခေါင်း​ဆောင် \tr \tc1 ယု​ဒ \tc2 ယေ​ဖုန္နာ​၏​သား​ကာ​လက် \tr \tc1 ရှိ​မောင် \tc2 အ​မိ​ဟုဒ်​၏​သား​ရှေ​မွေ​လ \tr \tc1 ဗ​င်္ယာ​မိန် \tc2 ခိ​သ​လုန်​၏​သား​ဧ​လိ​ဒဒ် \tr \tc1 ဒန် \tc2 ယော​ဂ​လိ​၏​သား​ဗုက္ကိ \tr \tc1 မ​နာ​ရှေ \tc2 ဧ​ဖုဒ်​၏​သား​ဟံ​ယေ​လ \tr \tc1 ဧ​ဖ​ရိမ် \tc2 ရှိ​ဖ​တန်​၏​သား​ကေ​မွေ​လ \tr \tc1 ဇာ​ဗု​လုန် \tc2 ပါ​နက်​၏​သား​ဧ​လိ​ဇ​ဖန် \tr \tc1 ဣသ​ခါ \tc2 အဇ္ဇန်​၏​သား ပါ​လ​တေ​လ \tr \tc1 အာ​ရှာ \tc2 ရှေ​လော​မိ​၏​သား​အ​ဘိ​ဟုဒ် \tr \tc1 န​ဿ​လိ \tc2 အ​မိ​ဟုဒ်​၏​သား​ပေ​ဒ​ဟေ​လ \p \v 29 ဤ​သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား ခါ​နာန်​ပြည်​ကို​ခွဲ​ဝေ​ပေး​ရန်​ထာ​ဝ​ရ ဘု​ရား​ခန့်​အပ်​တော်​မူ​သော​ပ္ဂိုလ်​များ​ဖြစ် ကြ​သည်။ \c 35 \s1 လေ​ဝိ​အ​နွယ်​အ​တွက်​သတ်​မှတ်​ပေး​သော​မြို့​များ \p \v 1 ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​ယော်​ဒန်​မြစ်​နား​ရှိ မော​ဘ​လွင်​ပြင်​၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား၊- \v 2 ``ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ရ​ရှိ​သော​နယ်​မြေ​ထဲ​မှ အ​ချို့​သော​မြို့​များ နှင့်​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​လေ​ဝိ အ​နွယ်​အား​ပေး​ရ​မည်။- \v 3 ဤ​မြို့​များ​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​တွက် ဖြစ်​၍ သူ​တို့​သည်​ထို​မြို့​များ​တွင်​နေ​ထိုင်​ရ ကြ​မည်။ စား​ကျက်​မြေ​သည်​သူ​တို့​၏​နွား များ​နှင့်​အ​ခြား​တိ​ရစ္ဆာန်​တို့​အ​တွက်​ဖြစ် သည်။- \v 4 စား​ကျက်​မြေ​သည်​မြို့​ရိုး​မျက်​နှာ​လေး​ဘက်​မှ အ​ပြင်​သို့​ကိုက်​ငါး​ရာ​အ​ထိ​ကျယ်​ပြန့်​စေ ရ​မည်။- \v 5 ပတ်​လည်​စား​ကျက်​မြေ​သည် ထို​မြို့​ကို​ဗ​ဟို ပြု​ကာ​အ​နံ​အ​လျား​ကိုက်​တစ်​ထောင်​စီ​ရှိ ရ​မည်။- \v 6 လူ​တစ်​ဦး​အား​ကြို​တင်​ကြံ​ရွယ်​ခြင်း​မ​ရှိ ဘဲ​နှင့် သတ်​မိ​သူ​ထွက်​ပြေး​၍​ခို​လှုံ​နိုင်​ရန် မြို့​ခြောက်​မြို့​ကို​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား ပေး​ရ​မည်။ ထို့​အ​ပြင်​အ​ခြား​မြို့​လေး​ဆယ့် နှစ်​မြို့​တို့​ကို​လည်း​သူ​တို့​အား​ပေး​ရ​မည်။- \v 7 သို့​ဖြစ်​၍​စား​ကျက်​မြေ​အ​ပါ​အ​ဝင်​စု​စု ပေါင်း လေး​ဆယ့်​ရှစ်​မြို့​ကို​သူ​တို့​အား​ပေး​ရ​မည်။- \v 8 ဣ​သ​ရေ​လ​အ​နွယ်​အ​သီး​သီး​ပိုင်​သော​နယ်​မြေ အ​ကျယ်​အ​ဝန်း​အ​လိုက် လေ​ဝိ​အ​နွယ်​ဝင်​တို့ အ​တွက်​မြို့​အ​ရေ​အ​တွက်​ကို​သတ်​မှတ်​ပေး​ရ မည်'' ဟု​မိန့်​တော်​မူ​၏။\x + \xo 35:8 \xt ယောရှု၊ ၂၁:၁-၄၂။\x* \s1 ခို​လှုံ​ရာ​မြို့​များ \r (တ​ရား၊ ၁၉:၁-၁၃။ ယော​ရှု၊ ၂၀:၁-၉) \p \v 9 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား၊- \v 10 ``သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​၍ ခါ​နာန်​ပြည်​သို့​ဝင်​ရောက်​သော​အ​ခါ၊- \v 11 ကြို​တင်​ကြံ​ရွယ်​ခြင်း​မ​ရှိ​ဘဲ​နှင့်​လူ​တစ်​ဦး အား​သတ်​မိ​သူ​သည် ထွက်​ပြေး​ခို​လှုံ​နိုင်​သည့် မြို့​များ​ကို​ရွေး​ချယ်​သတ်​မှတ်​ရ​မည်။- \v 12 ထို​မြို့​များ​တွင်​သူ​သည်​သေ​ဆုံး​သူ​နှင့်​သွေး တော်​စပ်​သူ​၏​လက်​စား​ချေ​ခြင်း​မှ​လွတ်​ကင်း လိမ့်​မည်။ လူ​အ​သက်​ကို​သတ်​သော​သူ​အား လူ ပ​ရိ​သတ်​ရှေ့​တ​ရား​ရုံး​တွင်​စီ​ရင်​ခြင်း​မ​ပြု ဘဲ​သေ​စား​မ​သေ​စေ​ရ။- \v 13-14 ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​သုံး​မြို့၊ ခါ​နာန် ပြည်​ထဲ​တွင်​သုံး​မြို့၊ စု​စု​ပေါင်း​ခြောက်​မြို့​ကို ရွေး​ချယ်​လော့။- \v 15 ထို​မြို့​များ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​များ အ​တွက်​လည်း​ကောင်း၊ အ​မြဲ​ဖြစ်​စေ၊ ခေတ္တ​ဖြစ် စေ​နေ​ထိုင်​ကြ​သော​လူ​မျိုး​ခြား​တို့​အ​တွက် လည်း​ကောင်း ခို​လှုံ​ရာ​မြို့​များ​ဖြစ်​ရ​မည်။ ကြို တင်​ကြံ​ရွယ်​ခြင်း​မ​ရှိ​ဘဲ​နှင့်​လူ​တစ်​ဦး​အား သတ်​မိ​သူ​သည်​ထို​မြို့​များ​အ​နက်​တစ်​မြို့ မြို့​သို့​ထွက်​ပြေး​ခို​လှုံ​နိုင်​သည်။ \p \v 16-18 ``သို့​ရာ​တွင်​သံ၊ ကျောက်၊ သစ်​သား​လက်​နက်​တစ် ခု​ခု​ဖြင့် လူ​တစ်​ဦး​အား​သတ်​သူ​သည်​လူ​သတ် မှု​ကို​ကူး​လွန်​သ​ဖြင့်​သေ​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​စေ​ရ​မည်။- \v 19 သေ​ဆုံး​သူ​နှင့်​အ​နီး​ဆုံး​သွေး​တော်​စပ်​သူ သည် တာ​ဝန်​ရှိ​သ​ဖြင့်​လူ​သတ်​သ​မား​ကို တွေ့​လျှင်​သတ်​ရ​မည်။ \p \v 20 ``တစ်​စုံ​တစ်​ယောက်​အား မုန်း​တီး​သ​ဖြင့်​တွန်း ချ​၍​သော်​လည်း​ကောင်း၊ တစ်​စုံ​တစ်​ခု​နှင့် ပစ်​၍​သော်​လည်း​ကောင်း၊- \v 21 လက်​သီး​နှင့်​ထိုး​၍​သော်​လည်း​ကောင်း သတ် သော​သူ​သည်​လူ​သတ်​မှု​ကို​ကူး​လွန်​သ​ဖြင့် သေ​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​စေ​ရ​မည်။ သေ​ဆုံး သူ​နှင့်​အ​နီး​ဆုံး​သွေး​တော်​စပ်​သူ​သည် တာ​ဝန်​ရှိ​သ​ဖြင့်​လူ​သတ်​သ​မား​ကို​တွေ့ လျှင်​သတ်​ရ​မည်။ \p \v 22 ``သို့​ရာ​တွင်​တစ်​စုံ​တစ်​ယောက်​အား မုန်း​တီး ခြင်း​မ​ရှိ​ဘဲ​နှင့်​တွန်း​ချ​၍​သော်​လည်း​ကောင်း၊ တစ်​စုံ​တစ်​ခု​နှင့်​ပစ်​၍​သော်​လည်း​ကောင်း အ​မှတ်​မ​ထင်​သတ်​မိ​လျှင်​ဖြစ်​စေ၊- \v 23 မိ​မိ​ရန်​သူ​မ​ဟုတ်​သူ​ကို​ထိ​ခိုက်​စေ​လို​သော ဆန္ဒ​မ​ရှိ​ဘဲ​နှင့်​ကျောက်​ခဲ​ဖြင့် အ​မှတ်​တ​မဲ့ ပစ်​မိ​သော​ကြောင့်​ထို​သူ​သေ​ဆုံး​ရ​လျှင် ဖြစ်​စေ၊- \v 24 လူ​ပ​ရိတ်​သတ်​က​လူ​သတ်​မှု​ကူး​လွန်​သူ နှင့် သေ​ဆုံး​သူ​၏​အ​နီး​ဆုံး​သွေး​တော်​စပ် သူ​တို့​အ​ကြား​တ​ရား​ဋ္ဌမ္မ​သတ်​အ​တိုင်း စီ​ရင်​ရ​မည်။- \v 25 လူ​ပ​ရိ​သတ်​သည်​လူ​သတ်​မှု​ကူး​လွန်​သူ အား​သေ​ဆုံး​သူ​၏​ဆွေ​မျိုး​တော်​စပ်​သူ​လက် မှ​ကယ်​တင်​၍ သူ​ထွက်​ပြေး​ခို​လှုံ​ခဲ့​သော​မြို့ သို့​ပြန်​ပို့​ရ​မည်။ သူ​သည်​ထို​စဉ်​က​အ​မှု​ထမ်း နေ​ဆဲ​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​နိစ္စ​ရောက်​သည် အ​ထိ​ထို​မြို့​တွင်​နေ​ထိုင်​ရ​မည်။- \v 26 အ​ကယ်​၍​လူ​သတ်​မှု​ကူး​လွန်​သူ​သည် ခို​လှုံ​ရာ​မြို့​ပြင်​သို့​ထွက်​သ​ဖြင့်၊- \v 27 သေ​ဆုံး​သူ​နှင့်​သွေး​တော်​စပ်​သူ​က​တွေ့​၍ သူ့ အား​လက်​စား​ချေ​သတ်​ပစ်​လျှင်​ဤ​လက်​စား ချေ​ခြင်း​သည်​လူ​သတ်​မှု​မ​ဟုတ်။- \v 28 သို့​ရာ​တွင်​လူ​သတ်​မှု​ကူး​လွန်​သူ​သည် ထို​စဉ် က​အ​မှု​ထမ်း​နေ​ဆဲ​ယဇ်​ပု​ရော​ဟိတ်​မင်း အ​နိစ္စ​ရောက်​သည်​တိုင်​အောင်​သူ​ခို​လှုံ​ရာ​မြို့ တွင်​နေ​ထိုင်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​မင်း​အ​နိစ္စ ရောက်​ပြီး​နောက် သူ​သည်​မိ​မိ​၏​နေ​ရပ်​သို့ ပြန်​နိုင်​သည်။-\x + \xo 35:28 \xt တရား၊ ၁၉:၂-၄။ ယောရှု၊ ၂၀:၁-၉။\x* \v 29 သင်​တို့​သည်​မည်​သည့်​အ​ရပ်​၌​နေ​ထိုင်​သည် မ​ဆို ဤ​ပ​ညတ်​များ​ကို​ထာ​ဝ​စဉ်​စောင့်​ထိန်း ကြ​ရ​မည်။ \p \v 30 ``လူ​သတ်​မှု​ဖြင့်​စွပ်​စွဲ​ခြင်း​ခံ​ရ​သူ​အား သက် သေ​နှစ်​ဦး​သို့​မ​ဟုတ်​နှစ်​ဦး​ထက်​ပို​၍​ရှိ​မှ သေ​ဒဏ်​စီ​ရင်​ရ​မည်။ သက်​သေ​တစ်​ဦး​တည်း ၏​စွပ်​စွဲ​ချက်​ဖြင့် ထို​သူ​အား​သေ​ဒဏ်​မ​စီ ရင်​ရ။-\x + \xo 35:30 \xt တရား၊ ၁၇:၆၊၁၉:၁၅။\x* \v 31 လူ​သတ်​မှု​ကူး​လွန်​သူ​အား​သေ​ဒဏ်​ပေး ရ​မည်။ ထို​သူ​သည်​အ​သက်​ဖိုး​ငွေ​ပေး​၍ သေ​ဒဏ်​မှ​လွတ်​ငြိမ်း​ခွင့်​မ​ရှိ​စေ​ရ။- \v 32 ခို​လှုံ​ရာ​မြို့​သို့​ပြေး​ဝင်​သူ​သည်​ယဇ်​ပု​ရော ဟိတ်​မင်း​အ​နိစ္စ​မ​ရောက်​မီ မိ​မိ​နေ​ရပ်​သို့ ပြန်​ရန်​အ​တွက်​ငွေ​ပေး​လျှင်​လက်​မ​ခံ​ရ။- \v 33 ငွေ​ကို​လက်​ခံ​ခဲ့​လျှင်​သင်​တို့​နေ​ထိုင်​ရာ​ပြည် ကို​ညစ်​ညမ်း​စေ​ရာ​ရောက်​မည်။ လူ​သတ်​မှု​ကူး လွန်​ခြင်း​သည်​တိုင်း​ပြည်​ကို​ညစ်​ညမ်း​စေ​၏။ သို့ ဖြစ်​၍​တိုင်း​ပြည်​၌​လူ​တစ်​ယောက်​အ​သတ်​ခံ ရ​လျှင် လူ​သတ်​မှု​ကူး​လွန်​သူ​အား​သေ​ဒဏ် ပေး​ခြင်း​အား​ဖြင့်​သာ​လျှင်​ထို​ပြည်​ကို​ပြန် လည်​သန့်​စင်​စေ​နိုင်​၏။- \v 34 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၍ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​တွင်​ကျိန်း​ဝပ်​တော်​မူ​သ​ဖြင့် ပြည်​တော်​ကို​မ​ညစ်​ညမ်း​စေ​ရ'' ဟု​မိန့် တော်​မူ​၏။ \c 36 \s1 အိမ်​ထောင်​သည်​အ​မျိုး​သမီး​များ ဆက်​ခံ​ရ​သော​အ​မွေ \p \v 1 ယော​သပ်​၏​မြစ်၊ မ​နာ​ရှေ​၏​မြေး၊ မာ​ခိ​ရ​၏ သား​ဂိ​လဒ်​သား​ချင်း​စု​မှ​အိမ်​ထောင်​ဦး​စီး တို့​သည် မော​ရှေ​နှင့်​အ​ခြား​ခေါင်း​ဆောင်​တို့ ထံ​သို့​လာ​၍၊- \v 2 ``ခါ​နာန်​ပြည်​ကို​စာ​ရေး​တံ​ချ​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ခွဲ​ဝေ​ပေး​ရန်​ထာ​ဝ​ရ ဘု​ရား​သည်​ကိုယ်​တော်​အား​မိန့်​မှာ​တော်​မူ​ပါ သည်။ အ​ကျွန်ုပ်​တို့​၏​ဆွေ​မျိုး​သား​ချင်း​ဇ​လော ဖဒ်​၏​အ​မွေ​ကို​လည်း သူ​၏​သ​မီး​တို့​အား ဆက်​ခံ​စေ​ရန်​မိန့်​မှာ​တော်​မူ​ပါ​သည်။-\x + \xo 36:2 \xt တော၊ ၂၇:၇။\x* \v 3 သို့​ရာ​တွင်​ထို​အ​မျိုး​သ​မီး​တို့​သည်​အ​ခြား အ​နွယ်​ဝင်​အ​မျိုး​သား​တို့​နှင့်​စုံ​ဖက်​လျှင် သူ​တို့ ၏​အ​မွေ​မြေ​သည်​ထို​အ​မျိုး​သား​အ​နွယ်​လက် ထဲ​သို့​ရောက်​ရှိ​သ​ဖြင့် အ​ကျွန်ုပ်​တို့​အ​တွက်​ခွဲ ဝေ​ပေး​သော​နယ်​မြေ​သည်​လျော့​နည်း​လာ​ပါ လိမ့်​မည်။- \v 4 ရောင်း​ချ​သော​ပစ္စည်း​အား​လုံး​ကို​မူ​လ​ပိုင်​ရှင် များ​၏​လက်​သို့​ပြန်​အပ်​ရ​သော​ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​ယု​ဘိ​လ​နှစ်​သို့​ရောက်​သော အ​ခါ ဇ​လော​ဖဒ်​သ​မီး​တို့​၏​မြေ​သည်​သူ​တို့ စုံ​ဖက်​သော​အ​နွယ်​ဝင်​တို့​လက်​သို့​အ​မြဲ​တမ်း ရောက်​ရှိ​မည်​ဖြစ်​၍ အ​ကျွန်ုပ်​တို့​၏​အ​နွယ် အ​တွက်​ဆုံး​ရှုံး​နစ်​နာ​ပါ​သည်'' ဟု​လျှောက် ထား​ကြ​သည်။ \p \v 5 ထို​အ​ခါ​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည့်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ဆင့်​ဆို​လေ​၏။ မော​ရှေ​က``မ​နာ ရှေ​၏​အ​နွယ်​ဝင်​တို့​လျှောက်​ထား​ချက်​သည် မှန်​ကန်​သ​ဖြင့်၊- \v 6 ထာ​ဝ​ရ​ဘု​ရား​က`ဇ​လော​ဖဒ်​၏​သ​မီး​တို့ သည် မိ​မိ​တို့​ကြိုက်​နှစ်​သက်​သော​ယောကျာ်း​နှင့် စုံ​ဖက်​နိုင်​၏။ သို့​ရာ​တွင်​ထို​ယောကျာ်း​သည် မိ​မိ တို့​၏​အ​နွယ်​ဝင်​ဖြစ်​ရ​မည်' ဟု​မိန့်​တော်​မူ​၏။- \v 7 ဣ​သ​ရေ​လ​အ​မျိုး​သား​တိုင်း​ပိုင်​ဆိုင်​သော အ​မွေ​မြေ​ကို မိ​မိ​နှင့်​သက်​ဆိုင်​ရာ​အ​နွယ် လက်​မှ​အ​ခြား​အ​နွယ်​လက်​သို့​မ​လွှဲ မ​ပြောင်း​ရ။- \v 8 ဣ​သ​ရေ​လ​အ​နွယ်​ထဲ​မှ​အ​မွေ​မြေ​ဆက်​ခံ ရ​ရှိ​သော​အ​မျိုး​သ​မီး​တိုင်း မိ​မိ​၏​အ​နွယ် ဝင်​ယောကျာ်း​နှင့်​စုံ​ဖက်​ရ​မည်။ ဤ​နည်း​အား ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တိုင်း​ဘိုး​ဘေး တို့​၏​မြေ​ကို​ဆက်​ခံ​ရ​ရှိ​သ​ဖြင့်၊- \v 9 မြေ​သည်​တစ်​နွယ်​လက်​မှ​အ​ခြား​တစ်​နွယ် လက်​သို့​ကူး​ပြောင်း​နိုင်​လိမ့်​မည်​မ​ဟုတ်။ အ​နွယ် တိုင်း​က​မိ​မိ​ပိုင်​မြေ​ကို​ဆက်​လက်​ပိုင်​ဆိုင် လိမ့်​မည်'' ဟု​ဆို​၏။ \p \v 10-11 ထို့​ကြောင့်​ဇ​လော​ဖဒ်​၏​သ​မီး​များ​ဖြစ်​ကြ သော​မာ​လာ၊ တိ​ရ​ဇာ၊ ဟော​ဂ​လာ၊ မိ​လ​ကာ နှင့်​နော​အာ​တို့​သည် မော​ရှေ​အား​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း​မိ​မိ​တို့ ၏​အစ်​ကို​ဝမ်း​ကွဲ​များ​နှင့်​စုံ​ဖက်​ကြ​၏။- \v 12 သူ​တို့​သည်​ယော​သပ်​၏​သား​မ​နာ​ရှေ​အ​နွယ် ဝင်​တို့​နှင့်​စုံ​ဖက်​ကြ​သ​ဖြင့် သူ​တို့​အ​မွေ​ခံ ရ​သော​မြေ​သည်​ဖ​ခင်​၏​အ​နွယ်​လက်​ဝယ် ဆက်​လက်​တည်​ရှိ​လေ​သည်။ \p \v 13 ဤ​ပ​ညတ်​များ​သည်​ကား​ယေ​ရိ​ခေါ​မြို့ တစ်​ဖက်​ယော်​ဒန်​မြစ်​နား​ရှိ​မော​ဘ​လွင်​ပြင်​၌ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပေး​တော် မူ​သော​ပ​ညတ်​များ​ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော​တော​လည်​ရာ ကျမ်း​ပြီး​၏။