\id NEH Myanmar Common Language Bible \h နေ​ဟ​မိ \toc1 နေ​ဟ​မိ​မှတ်​စာ \toc2 နေ​ဟ​မိ \mt1 နေ​ဟ​မိ​မှတ်​စာ \is1 နိ​ဒါန်း \ip `နေ​ဟ​မိ​မှတ်​စာ' ကို​လေး​ပိုင်း​ခွဲ​ခြား​နိုင်​၏။ ၁။ ပေ​ရ​သိ​ဧ​က​ရာဇ်​က​ယု​ဒ​နိုင်​ငံ​ကို​အုပ် ချုပ်​ရန်​စေ​လွှတ်​သ​ဖြင့် နေ​ဟ​မိ​သည်​ယေ​ရု ရှ​လင်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ​ခြင်း။ ၂။ ယေ​ရု ရှ​လင်​မြို့​ရိုး​များ​ကို​ပြန်​လည်​တည်​ဆောက် ခြင်း။ ၃။ ဧ​ဇ​ရ​က​ဘု​ရား​သ​ခင်​၏​ပ​ညတ် ကျမ်း​တော်​ကို​လေး​လေး​နက်​နက်​ဖတ်​ကြား​၍ လူ​အ​ပေါင်း​တို့​က​မိ​မိ​တို့​၏​အ​ပြစ်​များ ကို​ဝန်​ချ​တောင်း​ပန်​ကြ​ခြင်း။ ၄။ ယု​ဒ​နိုင်​ငံ ၏​ဘု​ရင်​ခံ​အ​ဖြစ်​နေ​ဟ​မိ​၏​ဆက်​လက် ဆောင်​ရွက်​ချက်​များ။ \ip ဤ​ကျမ်း​တွင်​ဘု​ရား​သ​ခင်​ကို​နေ​ဟ​မိ လုံး​ဝ​အား​ကိုး​ပုံ​နှင့်​ဘု​ရား​သ​ခင်​ထံ သူ​အ​ကြိမ်​ကြိမ်​ဆု​တောင်း​ပုံ​တို့​မှာ​မှတ် သား​ဖွယ်​ကောင်း​ပေ​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 ယေ​ရု​ရှ​လင်​မြို့​သို့​နေ​ဟ​မိ​ပြန်​လာ​ခြင်း ၁:၁-၂:၂၀ \io1 ယေ​ရု​ရှ​လင်​မြို့​ရိုး​များ​ကို​ပြန်​လည်​တည်​ဆောက်​ခြင်း ၃:၁-၇:၇၃ \io1 ပ​ညတ်​ကျမ်း​တော်​ကို​ဖတ်​ရွတ်​၍​ပ​ဋိ​ညာဉ်​ကို ပြန်​လည်​အ​ဋ္ဌိ​ဋ္ဌာန်​ပြု​ကြ​ခြင်း ၈:၁-၁၀:၃၉ \io1 နေ​ဟ​မိ​၏​ဆက်​လက်​ဆောင်​ရွက်​ချက်​များ ၁၁:၁-၁၃:၃၁ \c 1 \p \v 1 အောက်​ပါ​အ​ကြောင်း​အ​ရာ​များ​သည် ဟာ လ​ခိ​၏​သား​နေ​ဟ​မိ​လုပ်​ဆောင်​ခဲ့​သည့် အ​မှု​အ​ရာ​များ​အ​ကြောင်း​ပင်​ဖြစ်​၏။ \s1 ယေ​ရု​ရှ​လင်​မြို့​အ​တွက်​နေ​ဟ​မိ​စိုး​ရိမ်​ပူ​ပန်​ခြင်း \p ပေ​ရ​သိ​ဧ​က​ရာဇ်​အာ​တ​ဇေ​ရဇ် နန်း​စံ​အ​နှစ် နှစ်​ဆယ်​မြောက်၊ ခိ​သ​လု​ဟု​ခေါ်​သော​လ​၌ ငါ​နေ​ဟ​မိ​သည်​ရှု​ရှန်​မြို့​တော်​တွင်​ရှိ​၏။- \v 2 ငါ​၏​ညီ​ဟာ​နန်​နှင့်​ယု​ဒ​အ​မျိုး​သား​တစ်​စု သည် ထို​မြို့​သို့​ရောက်​လာ​ကြ​၏။ ထို​အ​ခါ​ငါ သည်​သူ​တို့​အား​ပြည်​နှင်​ဒဏ်​သင့်​ရာ​ဗာ​ဗု​လုန် ပြည်​မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ လာ​ကြ​သူ ယု​ဒ​ညီ​အစ်​ကို​များ​နှင့်​ယေ​ရု ရှ​လင်​မြို့​၏​အ​ကြောင်း​ကို​မေး​မြန်း​ရာ၊- \v 3 သူ​တို့​က​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​ကာ မိ​မိ​တို့​ပြည်​သို့​ပြန်​လည်​ရောက်​ရှိ​လာ သူ​တို့​သည်\f 1 \fr 1:3 \ft * \ft သို့​မ​ဟုတ်​ပြည်​နှင်​ဒဏ်​မ​ခံ​ရ​မီ​မိ​မိ တို့​ပြည်​တွင်​နေ​ရစ်​ခဲ့​သူ​တို့​သည်။\f* များ​စွာ​ဒုက္ခ​ဆင်း​ရဲ​ရောက်​လျက်​အနီး​အ​နား တွင်​နေ​ထိုင်​သူ​လူ​မျိုး​ခြား​တို့​၏​အ​ထင် သေး​မှု​ကို​ခံ​နေ​ကြ​ရ​ကြောင်း​ငါ့​အား ပြော​ကြား​ကြ​သည်။ ထို့​ပြင်​ယေ​ရု​ရှ​လင် မြို့​ရိုး​များ​သည်​ပြို​ကျ​လျက်​ပင်​ရှိ​နေ သေး​ကြောင်း​ကို​လည်း​ကောင်း၊ မြို့​တံ​ခါး များ​ကို​လည်း​မီး​လောင်​ကျွမ်း​ချိန်​မှ​စ​၍ ယ​နေ့​တိုင်​အောင်​ပြန်​လည်​မ​ပြင်​ဆင်​ရ သေး​ကြောင်း​ကို​လည်း​ကောင်း​ပြော​ကြား ကြ​၏။- \v 4 ထို​စ​ကား​ကို​ကြား​သော​အ​ခါ​ငါ​သည် ထိုင်​၍​ငို​ကြွေး​၏။ \p ငါ​သည်​ရက်​ပေါင်း​များ​စွာ​ငို​ကြွေး​မြည် တမ်း​လျက်​အ​စာ​ရှောင်​ပြီး​လျှင်၊- \v 5 ဘု​ရား​သ​ခင်​အား``အို ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကြီး​မြတ် တော်​မူ​သ​ဖြင့် အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော် ကို​ကြောက်​ရွံ့​ရို​သေ​ရ​ကြ​ပါ​၏။ ကိုယ်​တော် သည်​ကိုယ်​တော်​ကို​ချစ်​မြတ်​နိုး​၍​အ​မိန့် တော်​ကို​လိုက်​နာ​သူ​များ​နှင့်​ပြု​တော်​မူ သည့်​ပ​ဋိ​ညာဉ်​တော်​ကို​စောင့်​ထိန်း​တော် မူ​ပါ​၏။- \v 6 အို ထာ​ဝ​ရ​ဘု​ရား​အ​ကျွန်ုပ်​ကို​ကြည့်​တော် မူ​၍ ကိုယ်​တော်​၏​အ​စေ​ခံ​ဣ​သ​ရေ​လ အ​မျိုး​သား​များ​အ​တွက် နေ့​ည​မ​ပြတ် အ​ကျွန်ုပ်​တောင်း​လျှောက်​သော​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ ဣ​သ​ရေ​လ အ​မျိုး​သား​များ​ဖြစ်​သူ​အ​ကျွန်ုပ်​တို့​သည် လည်း​ကောင်း၊ အ​ပြစ်​ကူး​လွန်​သူ​များ​ဖြစ် ကြောင်း​အ​ကျွန်ုပ်​၏​ဘိုး​ဘေး​တို့​သည်​လည်း ကောင်း​ဝန်​ခံ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ် ကူး​လွန်​မိ​ပါ​ပြီ။- \v 7 အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​အား​ဆိုး​သွမ်း စွာ​ပြစ်​မှား​ကြ​ပါ​ပြီ။ ကိုယ်​တော်​၏​အ​မိန့် တော်​များ​ကို​မ​လိုက်​နာ​ကြ​ပါ။ ကိုယ်​တော် ၏​အ​စေ​ခံ​မော​ရှေ​မှ​တစ်​ဆင့်​ပေး​အပ်​တော် မူ​သည့်​ပ​ညတ်​တော်​တို့​ကို​မ​စောင့်​ထိန်း ကြ​ပါ။- \v 8 ကိုယ်​တော်​က​မော​ရှေ​အား​ထား​တော်​မူ​သည့် က​တိ​တော်​ကို​သ​တိ​ရ​တော်​မူ​ပါ။ ``သင် တို့​သည်​ငါ့​ကို​သစ္စာ​ဖောက်​လျှင် ငါ​သည် သင်​တို့​အား​လူ​အ​မျိုး​မျိုး​တို့​တွင်​ကွဲ လွင့်​စေ​မည်။-\x + \xo 1:8 \xt ဝတ်၊ ၂၆:၃၃။\x* \v 9 သို့​ရာ​တွင်​သင်​တို့​သည်​ငါ့​ထံ​သို့​ပြန်​လာ ပြီး​ငါ​၏​အ​မိန့်​တော်​ကို​လိုက်​နာ​ကြ​လျှင် ကမ္ဘာ​မြေ​ကြီး​အ​စွန်​အ​ဖျား​သို့​ပင်​ကွဲ​လွင့် လျက်​နေ​စေ​ကာ​မူ သင်​တို့​ကို​ငါ့​အား​ဝတ် ပြု​ကိုး​ကွယ်​ရန် ရွေး​ချယ်​သတ်​မှတ်​ထား​သည့် ဌာ​န​တော်​သို့​ပြန်​လည်​ပို့​ဆောင်​တော်​မူ မည်။''\x + \xo 1:9 \xt တရား၊ ၃၀:၁-၅။\x* \p \v 10 ``အို ထာ​ဝ​ရ​ဘု​ရား​ဤ​သူ​တို့​သည်​ကိုယ် တော်​၏​လူ​မျိုး​တော်၊ ကိုယ်​တော်​၏​အ​စေ​ခံ များ​ဖြစ်​ကြ​ပါ​၏။ သူ​တို့​အား​ကိုယ်​တော် သည်​မ​ဟာ​တန်​ခိုး​တော်၊ အား​ကြီး​သော လက်​ရုံး​တော်​ဖြင့်​ကယ်​ဆယ်​တော်​မူ​ခဲ့​ပါ​၏။- \v 11 အ​ကျွန်ုပ်​၏​ဆု​တောင်း​ပတ္ထနာ​ကို​လည်း​ကောင်း၊ ကိုယ်​တော်​အား​ရို​သေ​သော​ကိုယ်​တော့်​ကျွန် များ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​လည်း​ကောင်း နား​ညောင်း​တော်​မူ​ပါ။ ယ​နေ့​အ​ကျွန်ုပ်​အား အောင်​မြင်​ခွင့်​ကို​ပေး​တော်​မူ​ပါ။ ဧ​က​ရာဇ် မင်း​အား​အ​ကျွန်ုပ်​၏​အ​ပေါ်​တွင်​က​ရု​ဏာ ထား​စေ​တော်​မူ​ပါ'' ဟု​ငါ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ \p ထို​စဉ်​အ​ခါ​က​ငါ​သည်​ဧ​က​ရာဇ်​မင်း ကြီး​အား​စ​ပျစ်​ရည်​ဆက်​သ​ရ​သူ​ဖြစ်​၏။ \c 2 \s1 ယေ​ရု​ရှ​လင်​မြို့​သို့​နေ​ဟ​မိ​သွား​ရောက်​ခြင်း \p \v 1 လေး​လ​မျှ​ကုန်​လွန်​ပြီး​နောက်၊ တစ်​နေ့​သော အ​ခါ​၌​ဧ​က​ရာဇ်​မင်း​အာ​တ​ဇေ​ရဇ်​သည် ပွဲ​တော်​တည်​လျက်​နေ​စဉ် ငါ​သည်​သူ​၏​ထံ သို့​သွား​၍​စ​ပျစ်​ရည်​ကို​ဆက်​လေ​၏။ မင်း ကြီး​သည်​ယ​ခင်​အ​ဘယ်​အ​ခါ​၌​မျှ​ငါ ၏​မျက်​နှာ​ညှိုး​ငယ်​သည်​ကို​မ​တွေ့​မ​မြင် ဘူး​သ​ဖြင့်၊- \v 2 ငါ့​အား``သင်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ မျက်​နှာ​ညှိုး​ငယ်​ပါ​သ​နည်း။ သင့်​မှာ​ဖျား နာ​မှု​လည်း​မ​ရှိ​သ​ဖြင့် သင်​သည်​စိတ် မ​ချမ်း​မ​သာ​ဖြစ်​၍​မျက်​နှာ​ညှိုး​ငယ် ခြင်း​ဖြစ်​ရ​မည်'' ဟု​ဆို​၏။ \p ဤ​သို့​မင်း​ကြီး​ဆို​သော​အ​ခါ​ငါ​သည် ထိတ်​လန့်​ပြီး​လျှင်၊- \v 3 ``အ​ရှင်​မင်း​ကြီး​သည်​ထာ​ဝ​စဉ်​သက် တော်​ရှည်​ပါ​စေ​သော။ ကျွန်​တော်​မျိုး​၏ ဘိုး​ဘေး​များ​အား​သင်္ဂြိုဟ်​ရာ​မြို့​သည် ပျက်​စီး​ယို​ယွင်း​လျက်​မြို့​တံ​ခါး​များ သည်​လည်း​မီး​လောင်​ကျွမ်း​ကုန်​ပြီ​ဖြစ် သ​ဖြင့် ကျွန်​တော်​မျိုး​သည်​အ​ဘယ်​သို့ လျှင်​မျက်​နှာ​မ​ညှိုး​ငယ်​ဘဲ​နေ​နိုင်​ပါ မည်​နည်း'' ဟု​ပြန်​လည်​လျှောက်​ထား​၏။\x + \xo 2:3 \xt ၄ရာ၊ ၂၅:၈-၁၀။ ၆ရာ၊ ၃၆:၁၉။ ယေ၊ ၅၂:၁၂-၁၄။\x* \p \v 4 ဧ​က​ရာဇ်​မင်း​က``အ​ဘယ်​အ​ရာ​ကို​တောင်း လို​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p ငါ​သည်​ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင် ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပြီး​မှ၊- \v 5 မင်း​ကြီး​အား``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သည် ကျွန်​တော်​မျိုး​အား​စိတ်​တော်​နှင့်​တွေ့​တော်​မူ ၍ ကျွန်​တော်​မျိုး​၏​ပန်​ကြား​ချက်​ကို​ခွင့်​ပြု ရန်​အ​လို​ရှိ​တော်​မူ​ပါ​လျှင်​ကျွန်​တော်​မျိုး အား​ယု​ဒ​ပြည်​သို့​သွား​ခွင့်​ပြု​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ဘိုး​ဘေး​များ​အား​သင်္ဂြိုဟ် ရာ​မြို့​ကို​ပြန်​လည်​တည်​ဆောက်​ခွင့်​ပြု တော်​မူ​ပါ'' ဟု​လျှောက်​၏။ \p \v 6 မိ​ဖု​ရား​နှင့်​ယှဉ်​တွဲ​၍​ထိုင်​လျက်​နေ​သော ဧ​က​ရာဇ်​မင်း​သည် ငါ​၏​လျှောက်​ထား ချက်​ကို​ခွင့်​ပြု​တော်​မူ​ပြီး​လျှင် ငါ့​အား``သင် သည်​အ​ဘယ်​မျှ​ကြာ​အောင်​သွား​လို​ပါ သ​နည်း။ အ​ဘယ်​အ​ခါ​၌​ပြန်​လာ​ပါ​မည် နည်း'' ဟု​မေး​တော်​မူ​၏။ ငါ​သည်​ပြန်​လာ မည့်​အ​ချိန်​ကို​လျှောက်​ထား​၏။ \p \v 7 ထို​နောက်​ငါ​သည်​ယု​ဒ​ပြည်​သို့​ခ​ရီး​ပြု ရာ​တွင် လို​အပ်​သည့်​အ​ကူ​အ​ညီ​ပေး​ရန် အ​တွက်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်\f 2 \fr 2:7 \ft * \+fk ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်။ \ft ဣ​သ​ရေ​လ​ပြည်​သည် ပေ​ရ​သိ​ဘု​ရင် မင်း​လက်​အောက်​ခံ​ဥ​ဖ​ရတ်​မြစ်​ကြီး အ​နောက်​ဘက်​ရှိ ပြည်​နယ်​ကြီး​၏​တစ်​စိတ် တစ်​ဒေ​သ​ဖြစ်​သည်။\f* ပြည်​နယ်​ဘု​ရင်​ခံ​များ​ထံ​သို့​အ​မှာ​တော် စာ​ကို​လည်း​ကောင်း၊- \v 8 ဗိ​မာန်​တော်​ရဲ​တိုက်​ဝင်း​တံ​ခါး​များ၊ မြို့​ရိုး များ​နှင့်​ငါ​၏​အိမ်​အ​တွက်​သစ်​ပေး​ရန်​ဘု​ရင့် သစ်​တော​ဝန်​အာ​သပ်​ထံ​သို့ အ​မှာ​တော်​စာ ကို​လည်း​ကောင်း​သ​နား​တော်​မူ​ရန်​ပန်​ကြား ၏။ ဘု​ရား​သ​ခင်​သည်​ငါ​နှင့်​အ​တူ​ရှိ​တော် မူ​သည်​ဖြစ်​၍ ဧ​က​ရာဇ်​မင်း​သည်​ငါ​တောင်း သ​မျှ​သော​အ​ရာ​တို့​ကို​ပေး​သ​နား​တော် မူ​ပေ​သည်။ \p \v 9 မင်း​ကြီး​သည်​စစ်​အ​ရာ​ရှိ​အ​ချို့​နှင့်​မြင်း တပ်​ကို​ငါ​နှင့်​အ​တူ​စေ​လွှတ်​ပေး​တော်​မူ သ​ဖြင့် ငါ​သည်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက် ဘက်​ပြည်​နယ်​သို့​ခ​ရီး​ပြု​ပြီး​လျှင် ထို အ​ရပ်​ရှိ​ဘု​ရင်​ခံ​တို့​အား​မင်း​ကြီး​၏ အ​မှာ​တော်​စာ​များ​ကို​ပေး​၏။- \v 10 သို့​ရာ​တွင်​ဗေ​သ​ဟော​ရ​နိ​မြို့​သား​သမ္ဘာ လတ်​နှင့်​အမ္မုန်​ပြည်​နယ်​မှ​အ​ရာ​ရှိ​တော​ဘိ တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ကျိုး​ပြု​စု​ရန်​လူ​တစ်​ယောက်​ရောက်​ရှိ လာ​ကြောင်း​ကြား​သိ​ကြ​သော​အ​ခါ​လွန် စွာ​အ​မျက်​ထွက်​ကြ​၏။ \p \v 11 ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ဆက်​လက် သွား​ရောက်​ကာ ထို​မြို့​တွင်​သုံး​ရက်​မျှ​နေ​၏။- \v 12 သို့​ရာ​တွင်​ယေ​ရု​ရှ​လင်​မြို့​အ​တွက်​မည်​သို့ ဆောင်​ရွက်​ရ​မည်​ကို ငါ့​အား​ထာ​ဝ​ရ​ဘု​ရား နှိုး​ဆော်​တော်​မူ​ကြောင်း​ကို​မူ အ​ဘယ်​သူ​ကို မျှ​ငါ​မ​ပြော​ဘဲ​သန်း​ခေါင်း​ယံ​အ​ချိန်​၌ ထ​၍​အ​ဖော်​အ​ချို့​ကို​ခေါ်​ပြီး​လျှင်​မြို့ ထဲ​မှ​ထွက်​လာ​ခဲ့​၏။ ငါ​တို့​သည်​ငါ​စီး သည့်​မြည်း​မှ​တစ်​ပါး​အ​ခြား​တိ​ရစ္ဆာန် မ​ပါ။- \v 13 ငါ​တို့​သည်​အ​နောက်​ဘက်​ရှိ​ချိုင့်​တံ​ခါး မှ​ထွက်​၍ တောင်​ဘက်​န​ဂါး​စမ်း​တွင်း​ကို​ဖြတ် ကာ​အ​မှိုက်​ပုံ​တံ​ခါး​တိုင်​အောင်​လျှောက်​သွား ကြ​၏။ ထို​အ​ခါ​၌​မိုး​မ​လင်း​သေး​ပေ။ ငါ သည်​ဤ​သို့​သွား​ရောက်​လျက်​ပြို​ကျ​နေ​သော မြို့​ရိုး​များ​နှင့်​မီး​လောင်​ပျက်​စီး​သွား​သည့် မြို့​တံ​ခါး​များ​ကို​စစ်​ဆေး​ကြည့်​ရှု​၏။- \v 14 ထို​နောက်​မြို့​၏​အ​ရှေ့​ဘက်​မှ​နေ​၍​စမ်း​ရေ တွင်း​တံ​ခါး​နှင့် ဘု​ရင့်​ရေ​ကန်​ရှိ​ရာ​မြောက် ဘက်​သို့​သွား​၏။ ငါ​စီး​သည့်​မြည်း​သည် ကျောက်​အုတ်​ကျိုး​များ​အ​ကြား​တွင်​လမ်း ရှာ​၍​မ​ရ​သ​ဖြင့်၊- \v 15 ငါ​သည်​ကေ​ဒြုန်​ချိုင့်​ဝှမ်း​ထဲ​သို့​ဆင်း​၍ မြည်း​စီး​ပြီး​လျှင်​မြို့​ရိုး​ကို​စစ်​ဆေး ကြည့်​ရှု​၏။ ထို​နောက်​လာ​လမ်း​အ​တိုင်း ပြန်​ပြီး​လျှင်​ချိုင့်​ဝှမ်း​တံ​ခါး​မှ​နေ​၍ မြို့​ထဲ​သို့​ဝင်​၏။ \p \v 16 အ​ဘယ်​အ​ရပ်​သို့​ငါ​သွား​ရောက်​ခဲ့​သည်၊ အ​ဘယ်​အ​မှု​ကို​ပြု​ခဲ့​သည်​တို့​ကို​မြို့​ထဲ မှာ​အ​ဘယ်​အ​ရာ​ရှိ​မျှ​မ​သိ​ချေ။ ယ​နေ့ တိုင်​အောင်​ငါ​သည်​ဤ​အမှု​ကိစ္စ​အ​ကြောင်း ကို​မျှ​ယု​ဒ​အ​မျိုး​သား​များ​ဖြစ်​ကြ သော​ယဇ်​ပု​ရော​ဟိတ်​များ၊ ခေါင်း​ဆောင်​များ၊ အ​ရာ​ရှိ​များ၊ ငါ​၏​အ​လုပ်​တွင်​ပါ​ဝင် ဆောင်​ရွက်​ကြ​မည့်​အ​ခြား​သူ​များ​အား ပြော​မ​ပြ​ရ​သေး။- \v 17 သို့​ရာ​တွင်​ယ​ခု​ငါ​သည်​သူ​တို့​အား``ယေ​ရု ရှ​လင်​မြို့​သည်​ယို​ယွင်း​ပျက်​စီး​လျက်​မြို့​ရိုး များ​သည်​လည်း​ပြို​ကျ​လျက်​နေ​သ​ဖြင့် ငါ တို့​အ​ဘယ်​သို့​ဒုက္ခ​ရောက်​နေ​သည်​ကို​သင် တို့​သိ​ကြ​၏။ ငါ​တို့​ဆက်​လက်​၍​အ​ရှက်​ကွဲ ခြင်း​မ​ခံ​ရ​စေ​ရန်​မြို့​ရိုး​တို့​ကို​ပြန်​လည် ပြု​ပြင်​ကြ​ကုန်​အံ့'' ဟု​ပြော​ဆို​ပြီး​လျှင်၊- \v 18 ထာ​ဝ​ရ​ဘုရား​သည်​ငါ​နှင့်​အ​ဘယ်​သို့​အ​တူ ရှိ​တော်​မူ​ခဲ့​၍ ငါ့​အား​ကူ​မ​တော်​မူ​ခဲ့​ကြောင်း ကို​လည်း​ကောင်း၊ ငါ့​အား​ဧ​က​ရာဇ်​မင်း​ကြီး အ​ဘယ်​သို့​အ​မိန့်​ရှိ​တော်​မူ​ခဲ့​ကြောင်း​ကို လည်း​ကောင်း​ဖော်​ပြ​၏။ \p ထို​သူ​တို့​က``ပြန်​လည်​တည်​ဆောက်​မှု​ကို​ငါ တို့​အ​စ​ပြု​ကြ​ကုန်​အံ့'' ဟု​ဆို​ကာ​အ​လုပ် စ​ရန်​အ​သင့်​ပြင်​ဆင်​ကြ​လေ​သည်။ \p \v 19 ထို​သ​တင်း​ကို​သမ္ဘာ​လတ်၊ တော​ဘိ​နှင့်​အာ​ရပ် အ​မျိုး​သား​ဂေ​ရှင်​တို့​ကြား​ကြ​သော​အ​ခါ ငါ​တို့​အား​လှောင်​ပြောင်​ကြ​၏။ သူ​တို့​က``သင် တို့​၏​အ​ကြံ​အ​စည်​ကား​အ​ဘယ်​သို့​နည်း။ ဧ​က​ရာဇ်​ဘု​ရင်​အား​သင်​တို့​ပုန်​ကန်​ကြ မည်​လော'' ဟု​ဆို​ကြ​၏။ \p \v 20 ထို​အ​ခါ​ငါ​က``ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​အောင်​မြင်​ခွင့်​ကို ပေး​တော်​မူ​လိမ့်​မည်။ ငါ​တို့​သည်​ကိုယ်​တော်​၏ အ​စေ​ခံ​များ​ဖြစ်​၍​ဗိ​မာန်​တော်​တည်​ဆောက် မှု​ကို​အ​စ​ပြု​ကြ​မည်။ သင်​တို့​မူ​ကား​ယေ​ရု ရှ​လင်​မြို့​တွင်​ဘာ​မျှ​မ​ပိုင်။ ဤ​မြို့​တွင်​သင် တို့​နှင့်​ဆိုင်​သော​မှတ်​သား​ဖွယ်​ရာ​ဘာ​မျှ မ​ရှိ'' ဟု​ပြန်​ပြော​၏။ \c 3 \s1 မြို့​ရိုး​ကို​ပြန်​လည်​တည်​ဆောက်​ခြင်း \p \v 1 မြို့​ရိုး​ကို​ပြန်​လည်​တည်​ဆောက်​ကြ​ပုံ​ကား ဤ သို့​တည်း။\f 3 \fr 3:1 \ft * \+fk မြို့​ရိုး​ကို​ပြန်​လည်​တည်​ဆောက်​ခြင်း။ \ft မြောက်​ဘက်​ရှိ​မြို့​ရိုး​အ​လယ်​မှ​စ​တင် တည်​ဆောက်​သည်။ ဖော်​ပြ​သော​နေ​ရာ​ခပ်​များ များ​ကို​မည်​သည့်​နေ​ရာ​ဟူ​၍​ယ​ခု​အ​ခါ မ​ပြော​နိုင်​ပါ။\f* ယဇ်​ပု​ရော​ဟိတ်​မင်း​ဧ​လျာ​ရှိပ်​နှင့်​သူ​၏ အ​ဖော်​ယဇ်​ပု​ရော​ဟိတ်​တို့​သည် သိုး​တံ​ခါး ကို​ပြန်​လည်​တည်​ဆောက်​၍​ဆက်​ကပ်​ပြီး လျှင် တံ​ခါး​ရွက်​များ​ကို​တပ်​ဆင်​ကြ​၏။ သူ​တို့​သည်​မြို့​ရိုး​ကို​ရာ​ပြည့်​ပြ​အိုး​နှင့် ဟာ​န​နေ​လ​ပြ​အိုး​တိုင်​အောင်​ဆက်​ကပ် ကြ​၏။ \p \v 2 ယေ​ရိ​ခေါ​မြို့​သား​တို့​သည်​မြို့​ရိုး​နောက် တစ်​ပိုင်း​ကို​တည်​ဆောက်​ကြ​၍၊ \p ဣ​မ​ရိ​၏​သား​ဇက္ကု​ရ​သည် နောက်​ထပ်​တစ် ပိုင်း​ကို​တည်​ဆောက်​လေ​သည်။ \p \v 3 ဟ​ဿေ​နာ​သား​ချင်း​စု​သည်​ငါး​တံ​ခါး​ကို တည်​ဆောက်​ပြီး​လျှင်​တံ​ခါး​ထုပ်​များ၊ တံ​ခါး ရွက်​များ၊ တံ​ခါး​ပိတ်​ရန်​မင်း​တုပ်​များ​နှင့် ကန့်​လန့်​ကျင်​တို့​ကို​တပ်​ဆင်​ကြ​၏။ \p \v 4 မြို့​ရိုး​နောက်​တစ်​ပိုင်း​ကို​ဟက္ကု​၏​မြေး၊ ဥ​ရိ​ယ​၏​သား​မေ​ရ​မုတ်​တည်​ဆောက်​၍၊ \p နောက်​ထပ်​တစ်​ပိုင်း​ကို​မေ​ရှ​ဇ​ဗေ​လ​၏​မြေး၊ ဗေ​ရ​ခိ​၏​သား​မေ​ရှု​လံ​တည်​ဆောက်​လေ သည်။ \p နောက်​တစ်​ပိုင်း​ကို​ဗာ​နာ​၏​သား​ဇာ​ဒုတ် တည်​ဆောက်​၏။ \p \v 5 နောက်​ထပ်​တစ်​ပိုင်း​ကို​တေ​ကော​မြို့​သား​တို့ တည်​ဆောက်​ကြ​လေ​သည်။ သို့​ရာ​တွင်​မြို့​၏ အ​ကြီး​အ​ကဲ​များ​က​မူ မိ​မိ​တို့​အား​ကြီး ကြပ်​သူ​တို့​ပေး​အပ်​သည့်​ကာ​ယ​အ​လုပ် ကို​ငြင်း​ဆန်​ကြ​၏။ \p \v 6 ပါ​သာ​၏​သား​ယော​ယ​ဒ​နှင့်​ဗေ​သော​ဒေ​ယ ၏​သား​မေ​ရှု​လံ​တို့​သည်​ယေ​ရှာ​နာ​တံ​ခါး\f 4 \fr 3:6 \ft * \+fk ယေ​ရှာ​နာ​တံ​ခါး။ \ft ယေ​ရှာ​နာ​တံ​ခါး​သို့​မ​ဟုတ်​တံ​ခါး ဟောင်း။\f* ကို​ပြန်​လည်​တည်​ဆောက်​ကြ​ပြီး​လျှင်​တံ​ခါး ထုပ်​များ၊ တံခါး​ရွက်​များ၊ တံ​ခါး​ပိတ်​ရန်​မင်း တုပ်​များ​နှင့်​ကန့်​လန့်​ကျင်​တို့​ကို​တပ်​ဆင် ကြ​၏။ \p \v 7 မြို့​ရိုး​နောက်​တစ်​ပိုင်း​ကို​ဂိ​ဗောင်​မြို့​သား​မေ လ​တိ၊ မေ​ရော​နုတ်​မြို့​သား​ယာ​ဒုန်​နှင့်​ဂိ​ဗောင် မြို့​သား၊ မိ​ဇ​ပါ​မြို့​သား​တို့​က​ဥ​ဖ​ရတ်​မြစ် အ​နောက်​ဘက်​ပြည်​နယ်​ဘု​ရင်​ခံ​၏​အိမ်​တော် တိုင်​အောင်​တည်​ဆောက်​ကြ​၏။ \p \v 8 နောက်​တစ်​ပိုင်း​ကို​ဟာ​ဟာ​ယ​၏​သား၊ ပန်း ထိမ်​သ​မား​သြ​ဇေ​လ​တည်​ဆောက်​၍ နောက် တစ်​ပိုင်း​ကို​မြို့​ရိုး​ကျယ်​တိုင်​အောင်​နံ့​သာ ဆီ​ထုတ်​လုပ်​သူ​ဟာ​န​နိ​တည်​ဆောက်​လေ သည်။ \p \v 9 ဟု​ရ​၏​သား၊ ယေ​ရု​ရှ​လင်​နယ်​တစ်​ပိုင်း​ကို အုပ်​ချုပ်​ရ​သူ ရေ​ဖာ​ယ​သည်​မြို့​ရိုး​နောက် တစ်​ပိုင်း​ကို​တည်​ဆောက်​၏။ \p \v 10 ဟာ​ရု​မပ်​၏​သား​ယေ​ဒါ​ယ​သည်​မိ​မိ​နေ အိမ်​အ​နီး​ရှိ​မြို့​ရိုး​တစ်​ပိုင်း​ကို​တည်​ဆောက်​၍၊ \p ဟာ​ရှ​ဗာ​နိ​၏​သား​ဟတ္တုတ်​သည်​နောက်​တစ် ပိုင်း​ကို​တည်​ဆောက်​လေ​သည်။ \p \v 11 ဟာ​ရိမ်​၏​သား​မာ​လ​ခိ​ယ​နှင့်​ပါ​တတ်​မော​ဘ ၏​သား​ဟာ​ရှုတ်​တို့​သည် မြို့​ရိုး​နောက်​တစ်​ပိုင်း နှင့်​မုန့်​ဖို​ပြ​အိုး​ကို​တည်​ဆောက်​ကြ​၏။ \p \v 12 ဟာ​လော​ဟတ်​၏​သား၊ ယေ​ရု​ရှ​လင်​နယ်​ကျန် တစ်​ဝက်​ကို​အုပ်​ချုပ်​ရ​သူ​ရှလ္လုံ​သည် နောက်​တစ် ပိုင်း​ကို​တည်​ဆောက်​၏။ (တည်​ဆောက်​မှု​တွင် သူ​၏​သ​မီး​များ​က​ဝိုင်း​ဝန်း​ကူ​ညီ​ကြ လေ​သည်။) \p \v 13 ဟာ​နုန်​နှင့်​ဇာ​နော​မြို့​သား​တို့​သည် ချိုင့် တံ​ခါး​ကို​ပြန်​လည်​တည်​ဆောက်​ပြီး​လျှင် တံ​ခါး​ရွက်​များ၊ တံခါး​ပိတ်​ရန်​မင်း​တုပ် များ​နှင့်​ကန့်​လန့်​ကျင်​များ​ကို​တပ်​ဆင်​ကြ​၏။ ထို့​နောက်​မြို့​ရိုး​ပေ​တစ်​ထောင့်​ငါး​ရာ​ကို အ​မှိုက်​ပုံ​တံ​ခါး​တိုင်​အောင်​ပြင်​ဆင်​ကြ​၏။ \p \v 14 ရေ​ခပ်​၏​သား​ဗေ​သက္က​ရင်​နယ်​ကို​အုပ်​ချုပ်​ရ သူ​မာ​လ​ခိ​ယ​သည် အ​မှိုက်​ပုံ​တံ​ခါး​ကို​ပြန် လည်​တည်​ဆောက်​၍​တံ​ခါး​ရွက်​များ၊ မင်း​တုပ် များ​နှင့်​ကန့်​လန့်​ကျင်​များ​ကို​တပ်​ဆင်​လေ သည်။ \p \v 15 ကော​လ​ဟော​ဇ​၏​သား၊ မိ​ဇ​ပါ​နယ်​ကို​အုပ် ချုပ်​ရ​သူ​ရှလ္လုံ​သည် စမ်း​ရေ​တွင်း​တံ​ခါး​ကို ပြန်​လည်​တည်​ဆောက်​ကာ​အ​မိုး​မိုး​၍​တံ​ခါး ရွက်​များ၊ မင်း​တုပ်​များ​နှင့်​ကန့်​လန့်​ကျင် များ​ကို​တပ်​ဆင်​၏။ သူ​သည်​ဘု​ရင်​ဥ​ယျာဉ် အ​နီး၊ ရှိ​လောင်​ရေ​ကန်​မြို့​ရိုး​ကို​ဒါ​ဝိဒ်​မြို့ တော်​လှေ​ကား​တိုင်​အောင်​တည်​ဆောက်​လေ သည်။ \p \v 16 အာ​ဇ​ဗုတ်​၏​သား​ဗက်​ဇု​ရ​နယ်​တစ်​ဝက် ကို​အုပ်​ချုပ်​ရ​သူ​နေ​ဟ​မိ​သည် မြို့​ရိုး​နောက် တစ်​ပိုင်း​ကို​ဒါ​ဝိဒ်​သင်္ချိုင်း၊ ရေ​ကန်​နှင့်​စစ် တန်း​လျား​များ​တိုင်​အောင်​ဆောက်​လုပ်​၏။ \s1 မြို့​ရိုး​ကို​တည်​ဆောက်​သူ​လေ​ဝိ​အ​နွယ်​ဝင်​များ \p \v 17 အောက်​ပါ​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် မြို့​ရိုး တည်​ဆောက်​မှု​တွင်​ပါ​ဝင်​ကူ​ညီ​ကြ​လေ သည်။ \p ဗာ​နိ​၏​သား​ရေ​ဟုံ​သည်​မြို့​ရိုး​နောက်​တစ် ပိုင်း​ကို​တည်​ဆောက်​၍၊ \p ကိ​လ​နယ်​တစ်​ဝက်​ကို​အုပ်​ချုပ်​ရ​သူ​ဟာ ရှ​ဘိ​သည် နောက်​တစ်​ပိုင်း​ကို​မိ​မိ​နယ်​ကိုယ် စား​တည်​ဆောက်​၏။ \p \v 18 နောက်​တစ်​ပိုင်း​ကို​ဟေ​န​ဒဒ်​၏​သား၊ ကိ​လ နယ်​အ​ခြား​တစ်​ဝက်​ကို​အုပ်​ချုပ်​ရ​သူ ဗာ​ဝဲ​တည်​ဆောက်​၏။ \p \v 19 ယော​ရှ​၏​သား၊ မိ​ဇ​ပါ​မြို့​ကို​အုပ်​ချုပ်​ရ​သူ ဧ​ဇေ​ရ​သည် လက်​နက်​တိုက်​ရှေ့​ရှိ​မြို့​ရိုး​ကို မြို့​ထောင့်​တိုင်​အောင်​တည်​ဆောက်​လေ​သည်။ \p \v 20 နောက်​တစ်​ပိုင်း​ကို​ဇဗ္ဗဲ​၏​သား​ဗာ​ရုတ်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​ဧ​လျာ​ရှိပ်​၏​အိမ် တော်​အ​ဝင်​ဝ​တိုင်​အောင်​တည်​ဆောက်​၏။ \p \v 21 နောက်​တစ်​ပိုင်း​ကို​ဟက္ကုတ်​၏​မြေး၊ ဥ​ရိ​ယ ၏​သား​မေ​ရ​မုတ်​သည် ဧ​လျာ​ရှိပ်​၏​အိမ် တော်​အ​စွန်​ဆုံး​တိုင်​အောင်​တည်​ဆောက် သ​တည်း။ \s1 မြို့​ရိုး​ကို​တည်​ဆောက်​သူ​ယဇ်​ပု​ရော​ဟိတ်​များ \p \v 22 အောက်​ပါ​ယဇ်​ပု​ရော​ဟိတ်​တို့​သည် မြို့​ရိုး​တည် ဆောက်​မှု​တွင်​ပါ​ဝင်​ကူ​ညီ​ကြ​လေ​သည်။ \p ယေ​ရု​ရှ​လင်​မြို့​အ​နီး​တစ်​ဝိုက်​ရှိ​နယ်​မြေ​မှ ယဇ်​ပု​ရော​ဟိတ်​များ​သည်​မြို့​ရိုး​နောက်​တစ် ပိုင်း​ကို​တည်​ဆောက်​ကြ​၏။ \p \v 23 နောက်​တစ်​ပိုင်း​ကို​ဗင်္ယာ​မိန်​နှင့်​ဟာ​ရှုပ်​တို့​က မိ​မိ​တို့​နေ​အိမ်​များ​ရှေ့​တွင်​တည်​ဆောက် ကြ​၍၊ \p အာ​န​နိ​၏​မြေး​မာ​သေ​ယ​၏​သား​အာ​ဇ​ရိ က မိ​မိ​အိမ်​ရှေ့​၌​နောက်​တစ်​ပိုင်း​ကို​တည် ဆောက်​လေ​သည်။ \p \v 24 ဟေ​န​ဒဒ်​၏​သား​ဗိန္နိ​သည်​နောက်​တစ်​ပိုင်း ကို​အာ​ဇ​ရိ​၏​နေ​အိမ်​မှ​မြို့​ထောင့်​တိုင် အောင်​တည်​ဆောက်​၏။ \p \v 25-26 ဥ​ဇဲ​၏​သား​ပါ​လ​လ​သည်​မြို့​ရိုး​ထောင့်​နှင့် အ​စောင့်​တပ်​ဝင်း​အ​နီး​ရှိ အ​ထက်​နန်း​တော် အိုး​မှ​အ​စ​ပြု​၍​မြို့​ရိုး​နောက်​တစ်​ပိုင်း ကို​တည်​ဆောက်​၏။ \p ပါ​ရုပ်​၏​သား​ပေ​ဒါ​ယ​သည်​နောက်​တစ်​ပိုင်း ကို အ​ရှေ့​ဘက်​ရှိ​ရေ​တံ​ခါး​နှင့်​ဗိ​မာန်​တော် အ​စောင့်​ပြ​အိုး​အ​နီး​သို့​တိုင်​အောင်​တည် ဆောက်​လေ​သည်။ (ဤ​နေ​ရာ​သည်​ဗိ​မာန်​တော် အ​လုပ်​သ​မား​များ​နေ​ထိုင်​ရာ ယေ​ရု​ရှ​လင် မြို့​ရှိ​သြ​ဖေ​လ​ဟု​နာ​မည်​တွင်​သော ရပ်​ကွက်​တွင်​ရှိ​သ​တည်း။) \s1 အ​ခြား​တည်​ဆောက်​သူ​များ \p \v 27 တေ​ကော​မြို့​သား​တို့​သည်​ဒု​တိ​ယ​အ​ကြိမ် မြို့​ရိုး​နောက်​တစ်​ပိုင်း​ကို ဗိ​မာန်​တော်​အ​စောင့် မျှော်​စင်​ကြီး​ရှေ့​မှ​နေ​၍​သြ​ဖေ​လ​အ​ရပ် မြို့​ရိုး​အ​ထိ​တည်​ဆောက်​ကြ​၏။ \p \v 28 နောက်​တစ်​ပိုင်း​ကို​ယဇ်​ပု​ရော​ဟိတ်​တစ်​စု​က မြင်း​တံ​ခါး​မှ​သည်​မြောက်​ဘက်​သို့ မိ​မိ​တို့ နေ​အိမ်​အ​သီး​သီး​ရှေ့​တွင်​တည်​ဆောက်​ကြ လေ​သည်။ \p \v 29 ဣ​မေ​ရ​၏​သား​ဇာ​ဒုတ်​သည် မိ​မိ​၏​အိမ်​ရှေ့​၌ နောက်​တစ်​ပိုင်း​ကို​တည်​ဆောက်​၏။ \p ထို​နောက်​ရှေ​က​နိ​၏​သား၊ အ​ရှေ့​တံ​ခါး​မှူး ရှေ​မာ​ယ​သည် မြို့​ရိုး​တစ်​ပိုင်း​ကို​ဆက်​လက် တည်​ဆောက်​၏။ \p \v 30 ရှေ​လ​မိ​၏​သား​ဟာ​န​နိ​နှင့်​ဇာ​လပ်​၏​ဆ​ဋ္ဌ မ​သား​ဟာ​နုန်​တို့​သည် ဒု​တိ​ယ​အ​ကြိမ်​မြို့ ရိုး​နောက်​တစ်​ပိုင်း​ကို​တည်​ဆောက်​ကြ​၏။ \p နောက်​တစ်​ပိုင်း​ကို​ဗေ​ရ​ခိ​၏​သား​မေ​ရှု​လံ သည် မိ​မိ​၏​အိမ်​ရှေ့​တွင်​တည်​ဆောက်​လေ​သည်။ \p \v 31 ပန်း​ထိမ်​သ​မား​မာ​လ​ခိ​သည်​နောက်​တစ်​ပိုင်း ကို​ဗိ​မာန်​တော်​မိ​ဖ​ကဒ်​တံ​ခါး​နှင့် မြို့​ရိုး​၏ အ​ရှေ့​မြောက်​ထောင့်​ထိပ်​တွင်​ရှိ​သော​အ​ခန်း အ​နီး၊ ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​နှင့် ကုန်​သည်​တို့​အ​သုံး​ပြု​ရာ​အ​ဆောက်​အ​အုံ တိုင်​အောင်​တည်​ဆောက်​၏။ \p \v 32 နောက်​ဆုံး​အ​ပိုင်း​ကို​ပန်း​ထိမ်​သ​မား​များ နှင့်​ကုန်​သည်​များ​က​ထို​မြို့​ရိုး​ထောင့်​ခန်း မှ​သိုး​တံ​ခါး​တိုင်​အောင်​တည်​ဆောက်​ကြ သ​တည်း။ \c 4 \s1 ကန့်​ကွက်​ဆီး​တား​မှု​ကို​နေ​ဟ​မိ ကျော်​လွန်​အောင်​မြင်​ခြင်း \p \v 1 မြို့​ရိုး​ကို​ငါ​တို့​ယု​ဒ​အ​မျိုး​သား​တို့ ပြန် လည်​တည်​ဆောက်​လျက်​ရှိ​ကြ​ကြောင်း​ကို သမ္ဘာ​လတ်​ကြား​သိ​သော​အ​ခါ လွန်​စွာ အ​မျက်​ထွက်​၍​ငါ​တို့​အား​ပြက်​ရယ် ပြု​လေ​၏။- \v 2 သူ​၏​အ​ပေါင်း​အ​ဖော်​များ​နှင့်​ရှ​မာ​ရိ​တပ် သား​များ​ရှေ့​တွင်​သူ​က``ဤ​အ​စွမ်း​အ​စ​မ​ရှိ သော​ယု​ဒ​အ​မျိုး​သား​တို့​သည်​မည်​သို့​ပြု ကြ​သ​နည်း။ သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ပြန်​လည်​တည်​ဆောက်​ရန်​ကြံ​ရွယ်​ကြ​သ​လော။ ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့်​ဤ​အ​မှု​ကို​နေ့ ချင်း​ပြီး​စီး​နိုင်​မည်​ဟု​ထင်​မှတ်​ကြ​သ​လော။ ကျွမ်း​လောင်​ထား​သည့်​အမှိုက်​ပုံ​မှ​ကျောက်​တုံး များ​ကို​ထုတ်​လုပ်​နိုင်​ကြ​မည်​လော'' ဟု​ဆို​၏။ \p \v 3 သူ့​အ​နီး​တွင်​ရပ်​လျက်​နေ​သော​တော​ဘိ​က``သူ တို့​သည်​အ​ဘယ်​သို့​သော​မြို့​ရိုး​ကို​တည်​ဆောက် နိုင်​ကြ​မည်​နည်း။ သူ​တို့​၏​မြို့​ရိုး​သည်​မြေ​ခွေး တိုး​မိ​လျှင်​ပြို​ကျ​လိမ့်​မည်'' ဟု​ထောက်​ခံ ပြော​ဆို​၏။ \p \v 4 ငါ​က``အို ဘု​ရား​သ​ခင်​အ​ကျွန်ုပ်​တို့​အား ထို​သူ​တို့​အ​ဘယ်​သို့​ပြက်​ရယ်​ပြု​ကြ​သည် ကို​နား​ထောင်​တော်​မူ​ပါ။ သူ​တို့​သည်​မိ​မိ တို့​ကဲ့​ရဲ့​ပြော​ဆို​သည့်​စ​ကား​ဖြင့်​တန်​ပြန် ထိ​ကြ​ပါ​စေ​သော။ သူ​တို့​သည်​မိ​မိ​တို့​တွင် ရှိ​သ​မျှ​သော​ဥစ္စာ​ပစ္စည်း​များ​ကို​အ​လု အ​ယက်​ခံ​ရ​လျက် နိုင်​ငံ​ရပ်​ခြား​သို့​ဖမ်း ဆီး​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​ပါ​စေ သော။- \v 5 မြို့​ရိုး​ကို​တည်​ဆောက်​လျက်​နေ​သူ​အ​ကျွန်ုပ် တို့​အား သူ​တို့​သည်​စော်​ကား​ကြ​သော​ကြောင့် သူ​တို့​ပြု​သော​ဒု​စ​ရိုက်​ကို​ခွင့်​လွှတ်​တော်​မ မူ​ပါ​နှင့်။ သူ​တို့​၏​အ​ပြစ်​များ​ကို​မေ့​တော် မ​မူ​ပါ​နှင့်'' ဟု​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ \p \v 6 သို့​ဖြစ်​၍​ငါ​တို့​သည်​မြို့​ရိုး​ကို​ဆက်​လက် တည်​ဆောက်​ကြ​ရာ ဆောက်​လုပ်​သူ​တို့​၏​စိတ် အား​ထက်​သန်​မှု​ကြောင့် မ​ကြာ​မီ​ပင်​မြို့​ရိုး အ​မြင့်​တစ်​ဝက်​တိုင်​အောင်​ပြီး​လေ​၏။ \p \v 7 သမ္ဘာ​လတ်၊ တော​ဘိ​တို့​မှ​စ​၍၊ အာ​ရပ်၊ အမ္မုန်၊ အာ​ဇုတ်​အ​မျိုး​သား​များ​သည်​ယေ​ရု​ရှ​လင် မြို့​ကို​ပြန်​လည်​တည်​ဆောက်​မှု​တိုး​တက်​လျက် ရှိ​ကြောင်း၊ မြို့​ရိုး​ပြို​ပျက်​နေ​သည့်​နေ​ရာ​များ ကို​ဖာ​ထေး​လျက်​ရှိ​ကြောင်း​ကို​ကြား​သိ ကြ​သ​ဖြင့်​လွန်​စွာ​အ​မျက်​ထွက်​ကြ​၏။- \v 8 သို့​ဖြစ်​၍​သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သို့ လာ​ရောက်​တိုက်​ခိုက်​၍ မြို့​ကို​က​စဥ့်​က​လျား ဖြစ်​အောင်​ပြု​လုပ်​ရန်​တိုင်​ပင်​ကြံ​စည်​ကြ​၏။- \v 9 သို့​ရာ​တွင်​ငါ​တို့​သည်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက် ရန်​သူ တို့​၏​ဘေး​မှ​ကာ​ကွယ်​ရန်​နေ့​ရော​ညဥ့်​ပါ ကင်း​စောင့်​ထား​ကြ​၏။ \q1 \v 10 ယု​ဒ​ပြည်​သူ​တို့​က``ငါ​တို့​သည်​သယ်​ပိုး​၍ ပင်​ပန်း​နွမ်း​နယ်​ကြ​လေ​ပြီ။ \q2 သယ်​ယူ​ရန်​အ​မှိုက်​သ​ရိုက်​လည်း​များ​စွာ ရှိ​သေး​သ​ဖြင့် \q1 အ​ဘယ်​သို့​လျှင်​ယ​နေ့​မြို့​ရိုး​ကို​ငါ​တို့ တည်​ဆောက်​နိုင်​ကြ​ပါ​မည်​နည်း'' \q2 ဟူ​သော​သီ​ချင်း​ကို​သီ​ဆို​ကြ​၏။ \p \v 11 ငါ​တို့​၏​ရန်​သူ​များ​သည်​ငါ​တို့​မ​မြင် မ​သိ​နိုင်​မီ ငါ​တို့​အား​ဝင်​ရောက်​သတ်​ဖြတ် ကာ​မြို့​ရိုး​တည်​ဆောက်​မှု​ကို​ရပ်​စဲ​စေ​ရန် ကြံ​စည်​ကြ​၏။- \v 12 ရန်​သူ​များ​အ​ကြား​တွင်​နေ​ထိုင်​သူ​ယု​ဒ အ​မျိုး​သား​တို့​သည်​ငါ​တို့​ထံ​လာ​ရောက် ပြီး​လျှင် ငါ​တို့​အား​ရန်​သူ​တို့​တိုက်​ခိုက်​ရန် အ​ဘယ်​သို့​ကြံ​စည်​လျက်​ရှိ​ကြောင်း​ကို အ​ကြိမ်​ပေါင်း​များ​စွာ​သ​တိ​ပေး​ကြ​၏။- \v 13 သို့​ဖြစ်​၍​ငါ​သည်​ပြည်​သူ​တို့​အား ဋ္ဌား၊ လှံ၊ လေး​လက်​နက်​များ​ကို​စွဲ​ကိုင်​စေ​ကာ​တည် ဆောက်​၍​မ​ပြီး​သေး​သည့်​မြို့​ရိုး​များ​၏ နောက်​တွင်​သား​ချင်း​စု​အ​လိုက်​နေ​ရာ ယူ​စေ​၏။ \p \v 14 ငါ​သည်​ပြည်​သူ​တို့​စိုး​ရိမ်​ပူ​ပန်​လျက်​နေ ကြ​သည်​ကို​မြင်​သ​ဖြင့် သူ​တို့​နှင့်​တ​ကွ သူ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​အုပ်​ချုပ်​ရေး မှူး​များ​အား``ငါ​တို့​၏​ရန်​သူ​များ​ကို​မ ကြောက်​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည်​အ ဘယ်​မျှ​ကြီး​မြတ်​တော်​မူ​၍​ကြောက်​မက် ဖွယ်​ကောင်း​သည်​ကို​သ​တိ​ရ​လျက်​သင်​တို့ ၏​ညီ​အစ်​ကို​သား​မ​ယား​အိမ်​ရာ​များ အ​တွက်​တိုက်​ပွဲ​ဝင်​ကြ​လော့'' ဟု​နှိုး​ဆော်​၏။- \v 15 ရန်​သူ​များ​သည်​မိ​မိ​တို့​အ​ကြံ​အ​စည်​ကို ငါ​တို့​သိ​ရှိ​သွား​ကြောင်း​ကြား​ကြ​သော အ​ခါ သူ​တို့​၏​အ​ကြံ​အ​စည်​ကို​ဘု​ရား​သ​ခင်​ပယ်​ဖျက်​တော်​မူ​ပြီ​ဖြစ်​ကြောင်း​ရိပ် မိ​ကြ​၏။ ထို​နောက်​ငါ​တို့​ရှိ​သ​မျှ​သည်​မြို့ ရိုး​ကို​ဆက်​လက်​တည်​ဆောက်​ကြ​လေ​သည်။ \p \v 16 ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ငါ​၏​လူ​စု​တစ်​ဝက် သည်​အ​လုပ်​လုပ်​၍​ကျန်​တစ်​ဝက်​က​လှံ၊ ဒိုင်း လွှား၊ လေး​တို့​ကို​ကိုင်​ဆောင်​ကာ​သံ​ချပ်​အင်္ကျီ များ​ကို​ဝတ်​ဆင်​ပြီး​လျှင်​ကင်း​စောင့်​ရ​ကြ လေ​သည်။ ငါ​တို့​၏​ခေါင်း​ဆောင်​များ​သည်​မြို့ ရိုး​ပြန်​လည်​တည်​ဆောက်​လျက်​နေ​သူ​ယု​ဒ အ​မျိုး​သား​တို့​အား​ထောက်​ခံ​အား​ပေး ကြ​၏။- \v 17 ဆောက်​လုပ်​ရေး​ပစ္စည်း​များ​ကို​သယ်​ယူ​သူ​တို့ သည်​ပင်​လျှင်​လက်​တစ်​ဖက်​ဖြင့်​သယ်​ယူ​၍ အ​ခြား​လက်​တစ်​ဖက်​ဖြင့်​လက်​နက်​ကို​စွဲ ကိုင်​ထား​ကြ​၏။- \v 18 တည်​ဆောက်​သော​သူ​အ​ပေါင်း​တို့​သည်​လည်း ခါး​တွင်​ဋ္ဌား​ကို​ဆွဲ​လျက်​တည်​ဆောက်​ကြ​၏။ ဘေး​အန္တ​ရာယ်​အ​ချက်​ပေး​ရန်​တံပိုး​ခ​ရာ မှုတ်​ရ​မည့်​သူ​သည်​ငါ​၏​အ​နီး​တွင်​ရပ် လျက်​နေ​၏။- \v 19 ငါ​သည်​ပြည်​သူ​များ၊ သူ​တို့​၏​အုပ်​ချုပ်​ရေး မှူး​များ​နှင့်​ခေါင်း​ဆောင်​များ​အား``ငါ​တို့​၏ အ​လုပ်​သည်​ပြန့်​ကျဲ​၍​နေ​သ​ဖြင့်​ငါ​တို့ သည်​မြို့​ရိုး​ပေါ်​တွင်​တစ်​ဦး​နှင့်​တစ်​ဦး အ​လှမ်း​ဝေး​စွာ​အ​လုပ်​လုပ်​ရ​ကြ​၏။- \v 20 ဘေး​အန္တ​ရာယ်​အ​ချက်​ပေး​တံ​ပိုး​ခ​ရာ​မှုတ် သံ​ကို​ကြား​လျှင် သင်​တို့​သည်​ငါ့​ထံ​သို့​လာ ရောက်​စု​ရုံး​ကြ​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင် သည်​ငါ​တို့​ဘက်​မှ​နေ​၍​တိုက်​ခိုက်​တော်​မူ လိမ့်​မည်'' ဟု​မှာ​ကြား​ထား​၏။- \v 21 သို့​ဖြစ်​၍​နေ့​စဉ်​နေ့​တိုင်း​နေ​အ​ရုဏ်​တက်​ချိန် မှ​ညဥ့်​အ​ခါ​ကြယ်​ပေါ်​ချိန်​တိုင်​အောင် ငါ​တို့ လူ​စု​တစ်​ဝက်​သည်​မြို့​ရိုး​ကို​တည်​ဆောက်​၍ အ​ခြား​တစ်​ဝက်​က​လှံ​များ​ကို​ကိုင်​ဆောင် ကာ​ကင်း​စောင့်​ကြ​လေ​သည်။ \p \v 22 ထို​အ​ခါ​၌​ငါ​က``ငါ​တို့​သည်​ညဥ့်​အ​ခါ မြို့​ကို​ကင်း​စောင့်​၍​နေ့​အ​ခါ​အ​လုပ်​လုပ် နိုင်​ကြ​စေ​ရန် သင်​တို့​နှင့်​သင်​တို့​အား​ကူ​ညီ သူ​ရှိ​သ​မျှ​တို့​သည်​ညဥ့်​အ​ခါ​ယေ​ရု ရှ​လင်​မြို့​တွင်​အိပ်​ရ​မည်'' ဟု​တာ​ဝန် ရှိ​သူ​တို့​အား​ဆို​၏။- \v 23 ငါ​သည်​ညဥ့်​အ​ခါ​၌​ငါ​၏​အ​ဝတ်​များ​ကို မ​ချွတ်။ ငါ​၏​အ​ပေါင်း​အ​ဖော်​များ၊အ​စေ​ခံ များ​နှင့်​ကိုယ်​ရံ​များ​သည်​လည်း​သူ​တို့​၏ အဝတ်​များ​ကို​မ​ချွတ်​ရ​ကြ။ ငါ​တို့​အား​လုံး ပင်​မိ​မိ​တို့​၏​လက်​နက်​များ​ကို​အ​နီး​တွင် ထား​ရှိ​ရ​ကြ​၏။ \c 5 \s1 ဆင်း​ရဲ​သူ​များ​အား​ဖိ​နှိပ်​ချုပ်​ချယ်​မှု \p \v 1 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ယု​ဒ အ​မျိုး​သား​နှင့်​အ​မျိုး​သ​မီး​အ​မြောက် အ​မြား​တို့​သည် အ​ချင်း​ချင်း​အား​အ​ပြစ် တင်​၍​ညဉ်း​ညူ​ကြ​ကုန်​၏။- \v 2 အ​ချို့​သော​သူ​တို့​က``ငါ​တို့​၏​အိမ်​သား​များ သ​ဖြင့်​ငါ​တို့​အ​သက်​ရှင်​မှု​အ​တွက်​ဂျုံ​စ​ပါး လို​ပါ​သည်'' ဟု​ဆို​ကြ​၏။ \p \v 3 အ​ချို့​တို့​က``ငါ​တို့​သည်​မ​ငတ်​မ​ပြတ်​ရ​လေ အောင်​ဂျုံ​စ​ပါး​ရ​ရှိ​ရေး​အ​တွက်​လယ်​များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​အိမ်​များ​ကို​ပေါင်​နှံ ထား​ရ​ကြ​ပါ​သည်'' ဟု​ဆို​ကြ​၏။ \p \v 4 အ​ခြား​သူ​တို့​က``ငါ​တို့​သည်​လယ်​ခွန်​နှင့် စ​ပျစ်​ဥ​ယျာဉ်​ခွန်​ပေး​ဆောင်​နိုင်​ရန်​ငွေ​ကို ချေး​ယူ​ထား​ကြ​ရ​ပါ​သည်။- \v 5 ငါ​တို့​သည်​လည်း​ယု​ဒ​အ​မျိုး​သား​များ ပင်​မ​ဟုတ်​ပါ​လော။ ငါ​တို့​သား​သ​မီး​များ သည်​လည်း​သူ​တို့​သား​သ​မီး​များ​ထက်​မ​ညံ့ ပါ။ သို့​ရာ​တွင်​ငါ​တို့​သည်​ငါ​တို့​သား​သ​မီး များ​ကို​ကျွန်​ခံ​စေ​ကြ​ရ​ပါ​၏။ သ​မီး​အ​ချို့ ကို​လည်း​ကျွန်​အ​ဖြစ်​ရောင်း​ချ​လိုက်​ရ​လေ ပြီ။ ငါ​တို့​အ​ဘယ်​သို့​မျှ​မ​တတ်​နိုင်။ ငါ တို့​လယ်​များ​နှင့်​စ​ပျစ်​ဥ​ယျာဉ်​များ​သည် သူ​တစ်​ပါး​လက်​သို့​ရောက်​လေ​ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။ \p \v 6 ထို​သူ​တို့​ညည်း​ညူ​သံ​ကို​ကြား​သော်​ငါ သည်​အ​မျက်​ထွက်​၍၊- \v 7 အ​ရေး​ယူ​ဆောင်​ရွက်​ရန်​စိတ်​ပိုင်း​ဖြတ်​လိုက်​၏။ ငါ​သည်​ပြည်​သူ​ခေါင်း​ဆောင်​များ​နှင့်​အုပ်​ချုပ် ရေး​မှူး​တို့​အား``သင်​တို့​သည်​မိ​မိ​တို့​ညီ အစ်​ကို​များ​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​လျက်​နေ​ကြ ပါ​သည်​တ​ကား'' ဟု​ပြစ်​တင်​ပြော​ဆို​၏။ \p ငါ​သည်​ဤ​ပြ​ဿ​နာ​ကို ဖြေ​ရှင်း​ရန်​လူ​ထု စည်း​ဝေး​တစ်​ရပ်​ကို​ခေါ်​ယူ​ပြီး​လျှင်၊-\x + \xo 5:7 \xt ထွ၊ ၂၂:၂၅။ ဝတ်၊ ၂၅:၃၅-၃၇။ တရား၊ ၂၃:၁၉-၂၀။\x* \v 8 ``မိ​မိ​တို့​ကိုယ်​ကို​လူ​မျိုး​ခြား​များ​လက် သို့​ရောင်း​ချ​ရ​ကြ​သူ ယု​ဒ​အ​မျိုး​သား​ညီ အစ်​ကို​တို့​အား​တတ်​နိုင်​သ​မျှ​ငါ​တို့​ပြန် လည်​ဝယ်​ယူ​ပြီး​မှ ယ​ခု​သင်​တို့​က မိ​မိ​တို့ အ​မျိုး​သား​အ​ချင်း​ချင်း​ပြန်​လည်​ရောင်း စား​လျက်​နေ​ကြ​ပါ​တကား'' ဟု​ဆို​သော အ​ခါ​ခေါင်း​ဆောင်​များ​သည်​ဆိတ်​ဆိတ် နေ​ကြ​၏။ စ​ကား​တစ်​ခွန်း​ကို​မျှ​ပြန်​၍ မ​ပြော​နိုင်​ကြ။ \p \v 9 ထို​နောက်​ငါ​သည်​သူ​တို့​အား``သင်​တို့​ပြု သော​အ​မှု​သည်​မ​ကောင်း​ပါ​တ​ကား။ ရန်​သူ လူ​မျိုး​ခြား​များ​သည်​ငါ​တို့​အား​သ​ရော် ခြင်း​မှ​ကင်း​လွတ်​စေ​ရန် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရို​သေ​ကာ​သင်​တို့​မှန်​ရာ​ကို​လုပ် ဆောင်​သင့်​ကြ​သည်။- \v 10 ငါ​သည်​ပြည်​သူ​တို့​အား​ငွေ​နှင့်​ဂျုံ​စ​ပါး​ကို ချေး​ငှား​ပါ​၏။ ငါ​၏​အ​ပေါင်း​အ​ဖော်​များ နှင့်​လုပ်​သား​များ​သည်​လည်း​ဤ​နည်း​အ​တိုင်း ပင်​ပြု​ကြ​ပါ​၏။ ယ​ခု​ငါ​တို့​သည်​ထို​အ​ကြွေး များ​ကို​ပြန်​လည်​တောင်း​ခံ​မှု​မ​ပြု​ဘဲ​နေ ကြ​စို့။- \v 11 သူ​တို့​ပေး​ဆပ်​ရန်​ရှိ​သော ငွေ၊ ဂျုံ​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​အ​ကြွေး​ရှိ​သ​မျှ ကို​သင်​ပုန်း​ချေ​လိုက်​ကြ​စို့။ သူ​တို့​၏​လယ် များ၊ စ​ပျစ်​ဥ​ယျာဉ်​များ၊ သံ​လွင်​ခြံ​များ နှင့်​အိမ်​များ​ကို​ယ​ခု​ချက်​ချင်း​ပြန်​လည် ပေး​အပ်​လိုက်​ကြ​စို့'' ဟု​ပြော​ကြား​၏။ \p \v 12 ခေါင်း​ဆောင်​များ​က``အ​ကျွန်ုပ်​တို့​သည်​အ​ရှင် ပြော​ဆို​သည့်​အ​တိုင်း​ပြု​ပါ​မည်။ ထို​သူ​တို့ ၏​ဥစ္စာ​ပစ္စည်း​များ​ကို​ပြန်​လည်​ပေး​အပ်​ကြ ပါ​မည်။ အ​ကြွေး​များ​ကို​လည်း​တောင်း​ခံ​မှု ပြု​ကြ​တော့​မည်​မ​ဟုတ်​ပါ'' ဟု​ပြန်​ပြော ကြ​၏။ \p ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ကို​ခေါ်​ယူ​ကာ သူ​တို့​၏​ရှေ့​တွင်​ခေါင်း​ဆောင်​တို့​အား မိ​မိ​တို့ က​တိ​အ​တိုင်း​ပြု​လုပ်​ကြ​ရန်​ကျိန်​ဆို​စေ​၏။- \v 13 ထို​နောက်​ငါ​ပတ်​ထား​သည့်​ခါး​စည်း\f 5 \fr 5:13 \ft * \+fk ခါး​စည်း။ \ft ခါး​စည်း​သည်​ထို​ခေတ်​အ​ခါ​က​အင်္ကျီ များ​တွင်​အိတ်​မ​ပါ​သ​ဖြင့်​ခါး​စည်း​တွင်​ရှိ သည့်​အိတ်​ငယ်​များ​တွင်​တို​လီ​မို​လီ​များ ကို​ထည့်​ထား​တတ်​ကြ​၏။\f* ကို​ချွတ်​၍​ခါ​ပြီး​လျှင်``က​တိ​မ​တည်​သူ​သင် တို့​ရှိ​သ​မျှ​ကို​ဘု​ရား​သ​ခင်​သည်​ဤ​သို့ ခါ​တော်​မူ​လိမ့်​မည်။ သင်​တို့​၏​အိမ်​များ​နှင့်​သင် တို့​ပိုင်​ပစ္စည်း​ဥစ္စာ​ဟူ​သ​မျှ​ကို​သိမ်း​ယူ​တော် မူ​မည်​ဖြစ်​၍​သင်​တို့​အ​တွက်​အ​ဘယ်​အ​ရာ မျှ​ကျန်​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၏။ \p ထို​အ​ရပ်​တွင်​ရှိ​သော​သူ​အ​ပေါင်း​တို့ က``အာ​မင်'' ဟု​ဝန်​ခံ​ပြီး​လျှင်​ထာ​ဝ​ရ ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​ကုန်​၏။ ထို နောက်​ခေါင်း​ဆောင်​တို့​သည်​မိ​မိ​တို့​၏ က​တိ​အ​တိုင်း​ဆောင်​ရွက်​ကြ​လေ​သည်။ \s1 နေ​ဟ​မိ​၏​တစ်​ကိုယ်​ကောင်း​စိတ်​ကင်း​မှု \p \v 14 ယု​ဒ​ဘု​ရင်​ခံ​အ​ဖြစ်​နှင့်​ငါ​တာ​ဝန်​ယူ​ရ သည့်​တစ်​ဆယ့်​နှစ်​နှစ်​အ​တော​အ​တွင်း​အာ တ​ဇေ​ရဇ်​ဧ​က​ရာဇ်​မင်း​၏​နန်း​စံ​အ​နှစ် နှစ်​ဆယ်​မြောက်​မှ​သုံး​ဆယ့်​နှစ်​နှစ်​မြောက် တိုင်​အောင် ငါ​နှင့်​တ​ကွ​ငါ​၏​ဆွေ​မျိုး​သား ချင်း​တို့​သည်​ဘု​ရင်​ခံ​အ​နေ​ဖြင့်​ငါ​ရ သင့်​ရ​ထိုက်​သည့်​ရိက္ခာ​ကို​မ​ယူ​ပါ။- \v 15 ငါ​၏​အ​လျင်​ဘု​ရင်​ခံ​လုပ်​ခဲ့​သူ​တို့​သည် ပြည်​သူ​တို့​အား​ဝန်​လေး​စေ​ခဲ့​ကြ​၏။ သူ တို့​ထံ​မှ​ရိက္ခာ​နှင့်​စ​ပျစ်​ရည်​အ​တွက်​တစ် နေ့​လျှင် ငွေ​ဒင်္ဂါး​လေး​ဆယ်​တောင်း​ယူ​ခဲ့ ကြ​လေ​သည်။ ထို​ဘု​ရင်​ခံ​တို့​၏​အ​စေ အ​ပါး​များ​သည်​ပင်​လျှင်​ပြည်​သူ​တို့​အား ညှဉ်း​ပန်း​နှိပ်​စက်​ခဲ့​ကြ​၏။ ငါ​မူ​ကား ဘု​ရား​သ​ခင်​အား​ကြောက်​ရွံ့​ရို​သေ​သူ ဖြစ်​သ​ဖြင့်​ထို​သို့​မ​ပြု။- \v 16 ငါ့​မှာ​ရှိ​သ​မျှ​သော​စွမ်း​ရည်​ခွန်​အား​ကို​မြို့ ရိုး​တည်​ဆောက်​ရာ​တွင်​အ​သုံး​ပြု​၏။ ငါ​သည် အ​ဘယ်​လယ်​မြေ​ကို​မျှ​လည်း​မ​ဝယ်။ ငါ​၏ အ​လုပ်​သ​မား​ရှိ​သ​မျှ​သည်​လည်း​မြို့​ရိုး တည်​ဆောက်​မှု​တွင်​ပါ​ဝင်​လုပ်​ကိုင်​ကြ​သည်။- \v 17 ပတ်​ဝန်း​ကျင်​တိုင်း​ပြည်​များ​မှ​ငါ့​ထံ​သို့ လာ​ရောက်​ကြ​သည့်​လူ​များ​အ​ပြင် ယု​ဒ အ​မျိုး​သား​များ​နှင့် သူ​တို့​၏​ခေါင်း​ဆောင် တစ်​ရာ့​ငါး​ဆယ်​ကို ငါ​သည်​ငါ့​စား​ပွဲ​တွင် ပုံ​မှန်​ကျွေး​မွေး​၏။- \v 18 ယင်း​သို့​ကျွေး​မွေး​ရန်​အ​တွက်​နေ့​စဉ်​နေ့​တိုင်း နွား​တစ်​ကောင်၊ လက်​ရွေး​စင်​သိုး​ခြောက်​ကောင် နှင့်​ကြက်​အ​မြောက်​အ​မြား​ကို​ချက်​ပြုတ် ကျွေး​မွေး​သည်။ ထို့​ပြင်​ဆယ်​ရက်​တစ်​ကြိမ် စ​ပျစ်​ရည်​ကို​လည်း​ထုတ်​ပေး​၏။ သို့​ရာ​တွင် ငါ​သည်​ပြည်​သူ​တို့​ထမ်း​ရ​သော​ဝန်​လေး ကြောင်း​ကို​သိ​သ​ဖြင့် ဘု​ရင်​ခံ​အ​နေ​ဖြင့် ခံ​စား​ထိုက်​သော​ရိက္ခာ​ကြေး​များ​ကို​မ တောင်း​ခံ​ပါ။ \p \v 19 အို ဘု​ရား​သ​ခင်၊ ဤ​လူ​တို့​အ​တွက်​အ​ကျွန်ုပ် ပြု​ခဲ့​သ​မျှ​ကို​သ​တိ​ရ​၍​အ​ကျွန်ုပ်​အား ကျေး​ဇူး​ပြု​တော်​မူ​ပါ။ \c 6 \s1 နေ​ဟ​မိ​အား​လုပ်​ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​မှု​များ \p \v 1 ငါ​တို့​သည်​မြို့​တံ​ခါး​များ​ကို​မ​တပ်​ဆင် ရ​ကြ​သေး​သော်​လည်း မြို့​ရိုး​ကို​တည်​ဆောက် ပြီး​ကြောင်း​ကို​လည်း​ကောင်း၊ မြို့​ရိုး​တွင်​ပေါက် ပျက်​နေ​သည့်​နေ​ရာ​များ​လည်း​မ​ရှိ​တော့ ကြောင်း​ကို​လည်း​ကောင်း​သမ္ဘာ​လတ်၊ တော​ဘိ၊ ဂေ​ရှင်​နှင့်​အ​ခြား​ရန်​သူ​များ​ကြား​သိ ကြ​၏။- \v 2 သို့​ဖြစ်​၍​သမ္ဘာ​လတ်​နှင့်​ဂေ​ရှင်​တို့​သည်​သြ နော​လွင်​ပြင်​ရှိ​ရွာ​တစ်​ရွာ​တွင် သူ​တို့​နှင့်​လာ ရောက်​တွေ့​ဆုံ​ရန်​ငါ့​အား​မှာ​ကြား​ကြ​၏။ ဤ​သို့​မှာ​ကြား​ခြင်း​မှာ​ငါ့​ကို​အန္တ​ရာယ် ပြု​ရန်​လှည့်​စား​မှု​သာ​ဖြစ်​ပေ​သည်။- \v 3 ငါ​သည်​သူ​တို့​ထံ​သို့​လူ​စေ​လွှတ်​၍``ငါ​သည် ဤ​အ​ရပ်​တွင်​အ​ရေး​ကြီး​သည့်​အ​လုပ်​ကို လုပ်​ဆောင်​လျက်​နေ​ရ​သ​ဖြင့် ထို​အ​ရပ်​သို့ မ​လာ​နိုင်။ သင်​တို့​နှင့်​လာ​ရောက်​တွေ့​ဆုံ​ရန် ကိစ္စ​တစ်​ခု​တည်း​အ​တွက်​ဤ​အ​လုပ်​ကို​ရပ် ဆိုင်း​၍​မ​ထား​နိုင်​ပါ'' ဟု​ပြန်​ကြား​ပေး လိုက်​၏။ \p \v 4 သူ​တို့​သည်​လေး​ကြိမ်​တိုင်​တိုင်​မှာ​ကြား​သ ဖြင့် ငါ​သည်​ထို​သို့​ပင်​လေး​ကြိမ်​တိုင်​တိုင် ပြန်​ကြား​လိုက်​၏။ \p \v 5 ထို​နောက်​ငါး​ကြိမ်​မြောက်​သမ္ဘာ​လတ်​စေ လွှတ်​သော​အ​စေ​ခံ​၌​ချိပ်​မ​နှိပ်​သော​စာ\f 6 \fr 6:5 \ft * \+fk ချိပ်​မ​နှိပ်​သော​စာ။ \ft ချိပ်​မ​နှိပ်​သော​စာ​သည်​စာ​တွင်​ပါ​ရှိ သော​အ​ကြောင်း​အ​ရာ​ကို​လူ​အ​များ​သိ စေ​ရန်​ချိပ်​မ​နှိပ်​ဘဲ​ထား​သည်။\f* ပါ​ရှိ​၏။- \v 6 ထို​စာ​တွင် \mi ``သင်​နှင့်​ယု​ဒ​အ​မျိုး​သား​တို့​သည်​ပုန်​ကန် ရန်​အ​ကြံ​နှင့်​မြို့​ရိုး​ကို​တည်​ဆောက်​လျက်​နေ ကြောင်း​နီး​နား​ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့​ပြော ဆို​နေ​ကြ​သည်​ဟူ​သော​သ​တင်း​ကို​ဂေ​ရှင် ထံ​မှ​ငါ​ကြား​သိ​ရ​ပါ​သည်။ သင်​သည်​မင်း လုပ်​လို​သ​ဖြင့်၊- \v 7 ယေ​ရု​ရှ​လင်​မြို့​တွင်​မိ​မိ​အား​ယု​ဒ​ဘု​ရင် အ​ဖြစ်​ကြေ​ညာ​ရန် ပ​ရော​ဖက်​အ​ချို့​နှင့်​စီ​စဉ် ထား​ကြောင်း​ကို​လည်း​ငါ့​အား​ဂေ​ရှင်​ပြော​ပြ ပါ​သည်။ ဘု​ရင်​မင်း​မြတ်​သည်​ဤ​သ​တင်း​ကို ဧ​ကန်​မု​ချ​ကြား​သိ​တော်​မူ​လိမ့်​မည်။ ထို ကြောင့်​ငါ​နှင့်​တိုင်​ပင်​ရန်​လာ​ပါ​လော့'' ဟု ဖော်​ပြ​ပါ​ရှိ​၏။ \p \v 8 ငါ​က​လည်း``သင်​ပြော​သ​မျှ​တို့​သည်​မ​ဟုတ် မ​မှန်။ သင်​ကိုယ်​တိုင်​လုပ်​ကြံ​ပြော​ဆို​ခြင်း သာ​ဖြစ်​၏'' ဟု​ပြန်​ကြား​လိုက်​၏။ \p \v 9 မြို့​ရိုး​တည်​ဆောက်​မှု​ရပ်​ဆိုင်း​သွား​စေ​ရန်​သူ တို့​အား​လုံး​သည်​ငါ​တို့​အား​ခြိမ်း​ခြောက် လျက်​နေ​ကြ​၏။ သို့​ရာ​တွင်``အို ဘု​ရား​သ​ခင်၊ ယ​ခု​အ​ကျွန်ုပ်​အား​ခွန်​အား​ကြီး​မား​စေ တော်​ပါ'' ဟု​ဆု​တောင်း​၏။ \p \v 10 ထို​အ​ချိန်​အ​တော​အ​တွင်း​၌​မ​ဟေ​တ ဗေ​လ​၏​မြေး၊ ဒေ​လာ​ယ​၏​သား​ရှေ​မာ​ယ သည်​မိ​မိ​နေ​အိမ်​မှ​မ​ထွက်​ခွာ​နိုင်​သ​ဖြင့် ငါ​သည်​သူ့​ထံ​သို့​သွား​ရောက်​ရာ​သူ​က``ငါ တို့​သည်​ဗိ​မာန်​တော်​သို့​သွား​၍​သန့်​ရှင်း​ရာ ဌာ​န​တော်​တွင်​ပုန်း​အောင်း​ကာ​တံ​ခါး​များ ကို​ပိတ်​ထား​ကြ​ကုန်​အံ့။ သူ​တို့​သည်​ကိုယ် တော်​ကို​သတ်​ရန်​လာ​ကြ​လိမ့်​မည်။ အ​ဘယ် ည​၌​မ​ဆို​လာ​၍​ကိုယ်​တော်​ကို​သတ်​ကြ လိမ့်​မည်'' ဟု​ငါ့​အား​ပြော​ကြား​၏။ \p \v 11 ထို​အ​ခါ​ငါ​က``ငါ​သည်​ထွက်​ပြေး​တိမ်း ရှောင်​တတ်​သော​သူ​မ​ဟုတ်။ အ​သက်​ချမ်း​သာ ရ​ရန်​ဗိ​မာန်​တော်​ထဲ​တွင်​ပုန်း​အောင်း​တတ် သူ​ဟု​သင်​ထင်​မှတ်​ပါ​သ​လော။ ဗိ​မာန် တော်​သို့​ငါ​မ​သွား'' ဟု​ပြန်​ပြော​လိုက်​၏။ \p \v 12 ဤ​အ​မှု​ကို​ငါ​စဉ်း​စား​ဆင်​ခြင်​သော​အ​ခါ ယင်း​သို့​ရှေ​မာ​ယ​ငါ့​အား​သ​တိ​ပေး​သည် မှာ သူ့​အား​ဘု​ရား​သ​ခင်​မှာ​ကြား​ထား​တော် မူ​သော​ကြောင့်​မ​ဟုတ်။ တော​ဘိ​နှင့်​သမ္ဘာ​လတ် တို့​တံ​စိုး​လက်​ဆောင်​ပေး​၍ စေ​ခိုင်း​ထား​သော ကြောင့်​ဖြစ်​ကြောင်း​ရိပ်​မိ​သည်။- \v 13 ငါ​သည်​အ​ပြစ်​ကူး​လွန်​ခြင်း​အား​ဖြင့်​အ​သ ရေ​ပျက်​၍ အ​ရှက်​ကွဲ​ရ​လေ​အောင်​သူ​တို့​သည် ရှေ​မာ​ယ​ကို​ငှား​ရမ်း​၍​ငါ့​အား​ခြောက်​လှန့် ခိုင်း​ကြ​၏။ \p \v 14 ``အို ဘု​ရား​သ​ခင်​တော​ဘိ​နှင့်​သမ္ဘာ​လတ်​တို့ ပြု​ကြ​သည့်​အ​မှု​ကို​သ​တိ​ရ​တော်​မူ​၍ သူ တို့​အား​အပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ။ အ​ကျွန်ုပ် ကို​ခြောက်​လှန့်​ရန်​ကြိုး​စား​သူ၊ အ​မျိုး​သ​မီး ပ​ရော​ဖက်​နော​ဒိ​နှင့်​အခြား​ပ​ရော​ဖက်​တို့ ကို​သ​တိ​ရ​တော်​မူ​ပါ။ \s1 လုပ်​ငန်း​အ​ပြီး​သတ်​ခြင်း \p \v 15 အ​လုပ်​လုပ်​ရက်​ငါး​ဆယ့်​နှစ်​ရက်​ရှိ​သော​အ​ခါ ဧ​လု​လ၊ လ​နှစ်​ဆယ့်​ငါး​ရက်​နေ့​၌​မြို့​ရိုး​ကို လက်​စ​သတ်​ကြ​၏။- \v 16 ဤ​သ​တင်း​ကို​ပတ်​ဝန်း​ကျင်​နိုင်​ငံ​များ​ရှိ​ငါ တို့​ရန်​သူ​များ​ကြား​ကြ​သော​အ​ခါ မိ​မိ​တို့ အ​သ​ရေ​ပျက်​ရ​ပြီ​ဖြစ်​ကြောင်း​သိ​ရှိ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​အ​လုပ်​ပြီး​စီး သွား​သည်​မှာ ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​သော ကြောင့်​ဖြစ်​သည်​ကို​လူ​တိုင်း​ပင်​ရိပ်​မိ​သော ကြောင့်​ဖြစ်​၏။ \p \v 17 ဤ​ကာ​လ​အ​တော​အ​တွင်း​၌​ယု​ဒ​အ​မျိုး သား​ခေါင်း​ဆောင်​များ​သည် တော​ဘိ​နှင့်​စာ အား​ဖြင့်​ဆက်​သွယ်​လျက်​နေ​ခဲ့​ကြ​၏။- \v 18 သူ​သည်​အာ​ရာ​၏​သား၊ရှေ​က​နိ​၏​သ​မက် ဖြစ်​သ​ဖြင့် ယု​ဒ​အ​မျိုး​သား​အ​မြောက် အ​မြား​ပင်​သူ​၏​ဘက်​သို့​ပါ​ကြ​၏။ ထို့ ပြင်​သူ​၏​သား​ယော​ဟ​နန်​သည်​ဗေ​ရ​ခိ ၏​သား၊ မေ​ရှု​လံ​၏​သ​မီး​နှင့်​အိမ်​ထောင် ကျ​၏။- \v 19 လူ​တို့​သည်​တော​ဘိ​ကောင်း​ကြောင်း​ကို​ငါ့ အား​ပြော​ဆို​တတ်​ကြ​၏။ ငါ့​စ​ကား​ကို​လည်း သူ့​အား​ပြန်​ပြော​တတ်​ကြ​၏။ တော​ဘိ​သည် ငါ့​ကို​ခြောက်​လှန့်​ရန်​စာ​များ​ကို​ဆက်​လက် ပေး​ပို့​လျက်​နေ​၏။ \c 7 \p \v 1 ယ​ခု​အ​ခါ​၌​မြို့​ရိုး​ကို​ပြန်​လည်​တည်​ဆောက်​ပြီး​၍ တံ​ခါး​များ​ကို​နေ​ရာ​တ​ကျ​တပ်​ဆင်​ကာ​ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ၊ ဋ္ဌမ္မ​သီ​ချင်း​သည်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​အား​အ​လုပ်​တာ​ဝန်​များ​ကို​ခွဲ​ဝေ​သတ်​မှတ်​ပေး​ပြီး​လေ​ပြီ။- \v 2 ထို​နောက်​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အုပ်​ချုပ်​ရန် ငါ့​ညီ​ဟာ​နန်​နှင့်​ရဲ​တိုက်​မှူး​ဟာ​န​နိ​တို့​ကို​တာ​ဝန်​ပေး​အပ်​၏။ ဟာ​န​နိ​သည်​စိတ်​ချ​ယုံ​ကြည်​ရ​သူ၊ ဘု​ရား​သ​ခင်​ကို​အ​ထူး​ကြောက်​ရွံ့​ရို​သေ​သူ​ဖြစ်​၏။- \v 3 ငါ​သည်​သူ​တို့​အား``နံ​နက်​ချိန်​၌​နေ​မ​မြင့်​မ​ချင်း​ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​များ​ကို​မ​ဖွင့်​စေ​နှင့်။ နေ​ဝင်​ချိန်​၌​တံ​ခါး​စောင့်​များ​တာ​ဝန်​ပြီး​ဆုံး​ချိန်​မ​တိုင်​မီ တံ​ခါး​များ​ကို​ပိတ်​၍​ကန့်​လန့်​ကျင်​များ​ကို​ထိုး​ထား​စေ'' ဟု​မှာ​ကြား​ထား​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​များ​ထဲ​မှ​ကင်း​စောင့်​သူ​များ​ခန့်​ထား​ပြီး​လျှင် ထို​သူ​အ​ချို့​ကို​နေ​ရာ​အ​တိ​အ​ကျ​တွင်​ကင်း​စောင့်​စေ​၍​အ​ချို့​ကို​မိ​မိ​တို့​အိမ်​များ​၏​ပတ်​ဝန်း​ကျင်​တွင်​ကင်း​စောင့်​စေ​ရန်​ကို​လည်း​မှာ​ကြား​ထား​၏။ \s1 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ​များ​စာ​ရင်း \r (ဧ​ဇ၊ ၂:၁-၇၀) \p \v 4 ယေ​ရု​ရှ​လင်​မြို့​သည်​ကျယ်​ဝန်း​သော်​လည်း​နေ​ထိုင်​သူ​လူ​ဦး​ရေ​နည်း​ပါး​၍ အိမ်​အ​မြောက်​အ​မြား​ကို​လည်း​မ​တည်​မ​ဆောက်​ရ​ကြ​သေး​ပေ။- \v 5 ပြည်​သူ​များ၊ သူ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​အုပ်​ချုပ်​ရေး​မှူး​တို့​အား​စု​ရုံး​စေ​၍ အိမ်​ထောင်​စု​စာ​ရင်း​များ​ကို​စစ်​ဆေး​ရန်​ဘု​ရား​သ​ခင်​သည်​ငါ​၏​စိတ်​ကို​နှိုး​ဆော်​တော်​မူ​၏။ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ရာ​မှ​ရှေး​ဦး​စွာ​ပြန်​လည်​ရောက်​ရှိ​လာ​သူ​များ​၏​စာ​ရင်း​ကို​ဤ​သို့​ရှာ​ဖွေ​တွေ့​ရှိ​ရ​သည်။ \p \v 6 ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ချိန်​မှ​အ​စ​ပြု​၍ ဗာ​ဗု​လုန်​ပြည်​တွင်​နေ​ထိုင်​ရာ​မှ​ပြန်​လည်​ရောက်​ရှိ​လာ​သူ​များ​သည် မိ​မိ​တို့​နေ​ရင်း​ဌာ​နေ​ဖြစ်​သော​ယေ​ရု​ရှ​လင်​မြို့​နှင့်​အ​ခြား​ယု​ဒ​မြို့​များ​သို့​ပြန်​လာ​ခဲ့​ကြ​၏။- \v 7 သူ​တို့​၏​ခေါင်း​ဆောင်​များ​မှာ​ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု၊ နေ​ဟ​မိ၊ အာ​ဇ​ရိ၊ ရာ​မိ၊ နာ​ဟ​မာ​နိ၊ မော်​ဒ​ကဲ၊ ဗိ​လ​ရှန်၊ မိ​ဇ​ပေ​ရက်၊ ဗိ​ဂ​ဝဲ၊ နေ​ဟုံ​နှင့်​ဗာ​နာ​တို့​ဖြစ်​သည်။ \p \v 8-25 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​လူ​ဦး​ရေ​စာ​ရင်း​မှာ​သား​ချင်း​စု​အ​လိုက်​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ \tr \th1 သား​ချင်း​စု \th2 ဦး​ရေ \tr \tc1 ပါ​ရုတ် \tc2 ၂၁၇၂ \tr \tc1 ရှေ​ဖ​တိ \tc2 ၃၇၂ \tr \tc1 အာ​ရာ \tc2 ၆၅၂ \li1 ပါ​ဟတ်​မော​ဘ (ယော​ရှု​နှင့်​ယွာ​ဘ​တို့​၏ \tr \tc1 သား​မြေး​များ) \tc2 ၂၈၁၈ \tr \tc1 ဧ​လံ \tc2 ၁၂၅၄ \tr \tc1 ဇတ္တု \tc2 ၈၄၅ \tr \tc1 ဇက္ခဲ \tc2 ၇၆၀ \tr \tc1 ဗိနွိ \tc2 ၆၄၈ \tr \tc1 ဗေ​ဗဲ \tc2 ၆၂၈ \tr \tc1 အာ​ဇ​ဂဒ် \tc2 ၂၃၂၂ \tr \tc1 အ​ဒေါ​နိ​ကံ \tc2 ၆၆၇ \tr \tc1 ဗိ​ဂဝဲ \tc2 ၂၀၆၇ \tr \tc1 အာ​ဒိန် \tc2 ၆၅၅ \li1 (ဟေ​ဇ​ကိ​ဟု​လည်း​နာ​မည်​တွင်​သော) \tr \tc1 အာ​တာ​ဦး​ရေ \tc2 ၉၈ \tr \tc1 ဟာ​ရှုံ \tc2 ၃၂၈ \tr \tc1 ဗေ​ဇဲ \tc2 ၃၂၄ \tr \tc1 ဟာ​ရိပ် \tc2 ၁၁၂ \tr \tc1 ဂိ​ဗောင် \tc2 ၉၅ \b \p \v 26-38 အောက်​ဖော်​ပြ​ပါ​မြို့​တို့​တွင်​နေ​ထိုင်​ခဲ့​သူ​ဘိုး​ဘေး​များ​မှ ဆင်း​သက်​ပေါက်​ဖွား​လာ​သော​သူ​များ​သည်​လည်း​ပြန်​လာ​ကြ​လေ​သည်။ ဗက်​လင်​မြို့​နှင့်​နေ​တော​ဖ​မြို့ ၁၈၈ \tr \tc1 အာ​န​သုတ်​မြို့ \tc2 ၁၂၈ \tr \tc1 ဗေ​သာ​ဇ​မာ​ဝက်​မြို့ \tc2 ၄၂ \li1 ကိ​ရ​ယက်​ယာ​ရိမ်​မြို့၊ခေ​ဖိ​ရ​မြို့​နှင့် \tr \tc1 ဗေ​ရုတ်​မြို့ \tc2 ၇၄၃ \tr \tc1 ရာ​မ​မြို့​နှင့်​ဂါ​ဗ​မြို့ \tc2 ၆၂၁ \tr \tc1 မိတ်​မတ်​မြို့ \tc2 ၁၂၂ \tr \tc1 ဗေ​သ​လ​နှင့်​အာ​ဣ​မြို့ \tc2 ၁၂၃ \tr \tc1 အ​ခြား​နေ​ဗော​မြို့ \tc2 ၅၂ \tr \tc1 အ​ခြား​ဧ​လံ​မြို့ \tc2 ၁၂၅၄ \tr \tc1 ဟာ​ရိမ်​မြို့ \tc2 ၃၂၀ \tr \tc1 ယေ​ရိ​ခေါ​မြို့ \tc2 ၃၄၅ \tr \tc1 လော​ဒ​မြို့၊ ဟာ​ဒိဒ်​မြို့​နှင့်​သြ​နော​မြို့ \tc2 ၇၂၁ \tr \tc1 သေ​နာ​မြို့ \tc2 ၃၉၃၀ \b \p \v 39-42 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ​ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ယေ​ဒါ​ယ (ယော​ရှု​၏​သား​မြေး​များ) ၉၇၃ \b \tr \tc1 ဣ​မေ​ရ \tc2 ၁၀၅၂ \tr \tc1 ပါ​ရှု​ရ \tc2 ၁၂၄၇ \tr \tc1 ဟာ​ရိမ် \tc2 ၁၀၁၇ \b \p \v 43-45 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ​လေ​ဝိ​သား​ချင်း​စု​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ယော​ရှု​နှင့်​ကာ​ဒ​မေ​လ(ဟော​ဒေ​ဝ​၏ \tr \tc1 သား​မြေး​များ) \tc2 ၇၄ \li1 ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ \tr \tc1 (အာ​သပ်​၏​သား​မြေး​များ) \tc2 ၁၄၈ \li1 ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ \li1 (ရှလ္လုံ၊အာ​တာ၊တာ​လ​မုန်၊အက္ကုပ်၊ \tr \tc1 ဟ​တိ​တ​နှင့်​ရှော​ဗဲ​တို့​၏​သား​မြေး​များ) \tc2 ၁၃၈ \b \p \v 46-56 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​၏​သား​ချင်း​စု​နာ​မည်​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ \q1 ဇိ​ဟ၊ဟ​သု​ဖ၊တ​ဗ္ဗောက်၊ \q1 ကေ​ရုတ်၊သ​ယ၊ပါ​ဒုန်၊ \q1 လေ​ဗ​န၊ဟာ​ဂ​ဗ၊ရှာ​လ​မဲ၊ \q1 ဟာ​နန်၊ဂိဒ္ဒေ​လ၊ဂါ​ဟာ၊ \q1 ရာ​ယ၊ရေ​ဇိန်၊နေ​ကော​ဒ၊ \q1 ဂဇ္ဇမ်၊သြ​ဇ၊ပါ​သာ၊ \q1 ဗေ​သဲ၊မု​နိမ်၊နေ​ဖိ​ရှေ​သိမ်၊ \q1 ဗာ​က​ဗုတ်၊ဟာ​ကု​ဖ၊ဟာ​ရ​ဟု​ရ၊ \q1 ဗာ​ဇ​လိတ်၊မေ​ဟိ​ဒ၊ဟာ​ရ​ရှ၊ \q1 ဗာ​ရ​ကုတ်၊သိ​သ​ရ၊တာ​မ၊ \q1 နေ​ဇိ​နှင့်​ဟ​တိ​ဖ။ \p \v 57-59 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော ရှော​လ​မုန်​၏​အ​စေ​ခံ​သား​ချင်း​စု​နာ​မည်​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ \q1 သော​တဲ၊သော​ဖ​ရက်၊ပေ​ရိ​ဒ၊ \q1 ယာ​လ၊ဒါ​ကုန်၊ဂိဒ္ဒေ​လ၊ \q1 ရှေ​ဖ​တိ၊ဟတ္တိ​လ၊ပေါ​ခ​ရက်၊ \q1 ဇေ​ဗိမ်​နှင့်​အာ​မုန်။ \p \v 60 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော​ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​နှင့် ရှော​လ​မုန်​၏​အ​စေ​ခံ​များ​မှ​ဆင်း​သက်​ပေါက်​ဖွား​လာ​သူ​ဦး​ရေ​စု​စု​ပေါင်း​မှာ သုံး​ရာ​ကိုး​ဆယ့်​နှစ်​ယောက်​ဖြစ်​၏။ \p \v 61-62 တေ​လ​မေ​လ​မြို့၊ တေ​လ​ဟာ​ရ​ရှ​မြို့၊ ခေ​ရုပ်​မြို့၊ အဒ္ဒုန်​မြို့​နှင့်​ဣ​မေ​ရ​မြို့​တို့​မှ​ထွက်​ခွာ​လာ​သော​ဒေ​လာ​ယ၊ တော​ဘိ​နှင့်​နေ​ကော​ဒ​သား​ချင်း​စု​အ​နွယ်​ဝင်​များ​မှာ ခြောက်​ရာ​လေး​ဆယ့်​နှစ်​ယောက်​ဖြစ်​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​မှ မိ​မိ​တို့​ဆင်း​သက်​ပေါက်​ဖွား​လာ​ကြောင်း​သက်​သေ​ခံ​အ​ထောက်​အ​ထား​မ​ပြ​နိုင်​ကြ။ \p \v 63-64 အောက်​ပါ​ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​များ​သည် မိ​မိ​တို့​ဘိုး​ဘေး​များ​ကား​မည်​သူ​မည်​ဝါ​ဖြစ်​သည်​ကို​သက်​သေ​ခံ​အ​ထောက်​အ​ထား​ပြ​ရန်​တစ်​စုံ​တစ်​ရာ​ရှာ​၍​မ​တွေ့​နိုင်​ကြ။ ဟ​ဗာ​ယ၊ ကော​ဇ​နှင့်​ဗာ​ဇိ​လဲ (ဗာ​ဇိ​လဲ​ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​၏​ဘိုး​ဘေး​ဖြစ်​သူ​သည်​ဂိ​လဒ်​ပြည်​သား၊ ဗာ​ဇိ​လဲ​သား​ချင်း​စု​မှ​အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​စုံ​ဖက်​ပြီး​နောက်​မိ​မိ​ယောက္ခ​မ​သား​ချင်း​စု​၏​နာ​မည်​ကို​ခံ​ယူ​ခဲ့​၏။) \p ထို​သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​မှာ​မည်​သူ​မည်​ဝါ​ဖြစ်​သည်​ကို သက်​သေ​ခံ​အ​ထောက်​အ​ထား​မ​ပြ​နိုင်​ကြ​သ​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​အ​သိ​အ​မှတ်​ပြု​ခြင်း​ကို​မ​ခံ​ရ​ကြ။- \v 65 ယု​ဒ​ဘု​ရင်​ခံ​က​သူ​တို့​အား``သင်​တို့​သည်​ဥ​ရိမ်​နှင့်​သု​မိမ်\f 7 \fr 7:65 \ft * \+fk ဥ​ရိမ်​နှင့်​သု​မိမ်။ \ft ဘု​ရား​သ​ခင်​၏​အ​လို​တော်​သိ​ရှိ​ရန်​ယဇ်​ပု​ရော​ဟိတ်​အ​သုံး​ပြု​သည့်​အ​ရာ​နှစ်​ခု​ဖြစ်​သည်။ ယင်း​တို့​ကို​မည်​ကဲ့​သို့​အ​သုံး​ပြု​သည်​ကို​မ​သိ​ရ။\f* ကို​အ​သုံး​ပြု​၍​ဆုံး​ဖြတ်​နိုင်​သူ​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​မ​ပေါ်​မ​ချင်း​ဘု​ရား​သ​ခင်​အား​ပူ​ဇော်​သည့်​အ​စား​အ​စာ​များ​ကို​မ​စား​ကြ​ရ'' ဟု​ဆို​၏။\x + \xo 7:65 \xt ထွ၊ ၂၈:၃၀။ တရား၊ ၃၃:၈။\x* \q1 \v 66 ပြန်​လာ​ကြ​သော​ပြည်​နှင်​ဒဏ်​သင့်​သူ \q1 စု​စု​ပေါင်း​ဦး​ရေ ၄၂၃၆၀ \b \m \v 67-69 ack သူ​တို့​၏​အ​စေ​ခံ​ယောကျာ်း \tr \tc1 မိန်း​မ \tc2 ၇၃၃၇ \li1 အ​မျိုး​သား​အ​မျိုး​သ​မီး \tr \tc1 ဂီ​တ​ပ​ညာ​သည်​များ \tc2 ၂၄၅ \tr \tc1 မြင်း \tc2 ၇၃၆ ကောင် \tr \tc1 လား \tc2 ၂၄၅ ကောင် \tr \tc1 ကု​လား​အုတ် \tc2 ၄၃၅ ကောင် \tr \tc1 မြည်း \tc2 ၆၇၂၀ ကောင် \b \p \v 70-72 ဗိ​မာန်​တော်​ပြန်​လည်​တည်​ဆောက်​မှု​ကုန်​ကျ​စ​ရိတ်​အ​တွက် ပေး​လှူ​ကြ​သူ​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ဘု​ရင်​ခံ​ရွှေ​အောင်​စ ၂၇၀ \li1 ဗိ​မာန်​တော်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင် \tr \tc1 အ​သုံး​ပြု​သည့်​အင်​တုံ \tc2 ၅၀ \tr \tc1 ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ \tc2 ၅၃၀ \li1 သား​ချင်း​စု​ခေါင်း​ဆောင်​များ \tr \tc1 ရွှေ \tc2 ၃၃၇​ပေါင် \tr \tc1 ငွေ \tc2 ၃၂၁၅​ပေါင် \tr \tc1 ကျန်​ပြည်​သူ​များ​ရွှေ \tc2 ၃၃၇ ပေါင် \tr \tc1 ငွေ \tc2 ၂၉၂၃ ပေါင် \tr \tc1 ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ \tc2 ၆၇ \b \p \v 73 ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ၊ ဂီ​တ​ပ​ညာ​သည်​များ၊ သာ​မန်​ပြည်​သူ​အ​မြောက်​အ​မြား၊ ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​အ​စ​ရှိ​သော​ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်​ယု​ဒ​မြို့​ရွာ​များ​တွင်​အ​တည်​တ​ကျ​နေ​ထိုင်​ကြ​လေ​သည်။\x + \xo 7:73 \xt ၅ရာ၊ ၉:၂။ နေ၊ ၁၁:၃။\x* \c 8 \s1 ဧ​ဇ​ရ​သည်​လူ​တို့​ကို​ပ​ညတ်​တော်​ဖတ်​ပြ​ခြင်း \p \v 1 သတ္တ​မ​လ​ရောက်​ချိန်​၌​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​မြို့​ရွာ​များ​တွင်​အ​တည် တ​ကျ​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ ထို​လ​ပ​ထ​မ ရက်​နေ့​၌​သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​ရေ တံ​ခါး​အ​တွင်း​ကွက်​လပ်​တွင်​စု​ဝေး​ကြ​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​ပေး​အပ် တော်​မူ​ခဲ့​သော​ပ​ညတ်​တ​ရား​တော်​ကို ကျွမ်း​ကျင်​သူ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​အား ပ​ညတ်​ကျမ်း​ကို​ဆောင်​ခဲ့​ရန်​တောင်း​ပန် ကြ​၏။- \v 2 ထို​ကြောင့်​ဧ​ဇ​ရ​သည်​နား​လည်​နိုင်​စွမ်း​ရှိ​သူ အ​မျိုး​သား၊ အ​မျိုး​သ​မီး​ပ​ရိ​သတ်​စု​ရုံး လျက်​ရှိ​ရာ​အ​ရပ်​သို့ ပ​ညတ်​ကျမ်း​ကို​ယူ ဆောင်​သွား​ပြီး​လျှင်၊- \v 3 တံ​ခါး​အ​နီး​ကွပ်​လပ်​တွင်​မိုး​လင်း​ခါ​စ​မှ မွန်း​တည့်​ချိန်​တိုင်​အောင်​ဖတ်​ပြ​၏။ လူ​အ​ပေါင်း တို့​သည်​အာ​ရုံ​စိုက်​၍​နား​ထောင်​ကြ​၏။ \p \v 4 ဧ​ဇ​ရ​သည်​ထို​အ​ချိန်​အ​ခါ​အ​တွက်​ဆောက် လုပ်​ထား​သော​သစ်​သား​စင်​မြင့်​ပေါ်​တွင်​ရပ် ၍ ပ​ညတ်​ကျမ်း​ကို​ဖတ်​လေ​သည်။ မတ္တိ​သိ၊ ရှေ​မ၊ အ​နာ​ယ၊ ဥ​ရိ​ယ၊ ဟိ​လ​ခိ​နှင့်​မာ​သေ​ယ​တို့ သည်​သူ​၏​လက်ယာ​ဘက်​၌​လည်း​ကောင်း၊ ပေ​ဒါ ယ၊ မိ​ရှေ​လ၊ မာ​လ​ခိ၊ ဟာ​ရှုံ၊ ဟာ​ရှ​ဗ​ဒါ​န၊ ဇာ​ခ​ရိ​နှင့်​မေ​ရှု​လံ​တို့​သည်​လက်​ဝဲ​ဘက်​၌ လည်း​ကောင်း​ရပ်​လျက်​နေ​ကြ​၏။ \p \v 5 ဧ​ဇ​ရ​သည်​ထို​သူ​တို့​၏​အ​ထက်​စင်​မြင့်​ပေါ် မှာ​ရပ်​လျက်​နေ​စဉ် လူ​အ​ပေါင်း​တို့​သည်​သူ့ ကို​စိုက်​ကြည့်​ကြ​၏။ ပ​ညတ်​ကျမ်း​ကို​ဖွင့် လိုက်​သော​အ​ခါ​သူ​တို့​သည်​ထ​ကြ​၏။- \v 6 ဧ​ဇ​ရ​က``ကြီး​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ​သ​တည်း'' ဟု​ဆို​၏။ \p ပ​ရိတ်​သတ်​တို့​သည်​လက်​အုပ်​ချီ​လျက်``အာ​မင်၊ အာ​မင်'' ဟု​ဝန်​ခံ​ပြီး​လျှင်​ဒူး​ထောက်​ကာ ထာ​ဝ​ရ​ဘု​ရား​အား​ပျပ်​ဝပ်​ရှိ​ခိုး​ကြ လေ​သည်။ \p \v 7 ထို​နောက်​လူ​တို့​သည် မိ​မိ​တို့​နေ​ရာ​တွင်​ထ ၍​ရပ်​ကြ​၏။ ထို​အ​ခါ​သူ​တို့​အား​လေ​ဝိ အ​နွယ်​ဝင်​ဖြစ်​ကြ​သော​ယော​ရှု၊ ဗာ​နိ၊ ရှေ ရ​ဘိ၊ ယာ​မိန်၊ အက္ကုပ်၊ ရှဗ္ဗေ​သဲ၊ ဟော​ဒိ​ယ၊ မာ​သေ​ယ၊ ကေ​လိ​တ၊ အာ​ဇ​ရိ၊ ယော​ဇ​ဗဒ်၊ ဟာ​နန်​နှင့်​ပေ​လာ​ယ​တို့​က​ပ​ညတ်​ကျမ်း စာ​တော်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​ရှင်း​ပြ​ကြ​၏။ \p \v 8 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ညတ်​တ​ရား တော်​ကို​လူ​တို့​နား​လည်​နိုင်​ရန် ဘာ​သာ​ပြန် ဆို\f 8 \fr 8:8 \ft * \+fk ဘာ​သာ​ပြန်​ဆို။ \ft ပ​ညတ်​ကျမ်း​ကို​ဟေ​ဗြဲ​ဘာ​သာ​ဖြင့်​ရေး သား​ပြု​စု​ထား​သည်။ သို့​ရာ​တွင်​ဗာ​ဗု​လုန် ယု​ဒ​အ​မျိုး​သား​တို့​သည်​အာ​ရ​မိ​ဘာ သာ​စ​ကား​ကို​နေ့​စဉ်​သုံး​စ​ကား​အ​ဖြစ် သုံး​စွဲ​လာ​ကြ​သည်။\f* ကာ​ရှင်း​ပြ​ကြ​လေ​သည်။ \p \v 9 သူ​တို့​သည်​ပ​ညတ်​တ​ရား​ပြ​ဋ္ဌာန်း​ချက်​များ ကို​ကြား​သော​အ​ခါ စိတ်​ထိ​ခိုက်​သ​ဖြင့်​ငို ကြွေး​ကြ​ကုန်​၏။ သို့​ဖြစ်​၍​ဘု​ရင်​ခံ​နေ​ဟ​မိ၊ ပ​ညတ်​ကျမ်း​တတ်​ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​နှင့် ပ​ညတ်​ကျမ်း​စာ​တော်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို ရှင်း​ပြ​သူ​လေ​ဝိ​အ​နွယ်​ဝင်​တို့​က``ဤ​နေ့ သည်​သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား ၏​နေ့​မြတ်​ဖြစ်​၏။ သင်​တို့​သည်​ငို​ကြွေး​မြည် တမ်း​မှု​ကို​မ​ပြု​ကြ​နှင့်။- \v 10 ယ​ခု​အိမ်​သို့​ပြန်​၍​ပျော်​ရွှင်​စွာ​စား​သောက် ကြ​လော့။ သင်​တို့​၏​အ​စား​အ​စာ​နှင့်​စ​ပျစ် ရည်​ကို မ​ရှိ​ဆင်း​ရဲ​သူ​တို့​အား​ဝေ​ငှ​ကြ လော့။ ဤ​နေ့​သည်​ငါ​တို့​ထာ​ဝ​ရ​ဘု​ရား ၏​နေ့​မြတ်​ဖြစ်​သ​ဖြင့် ဝမ်း​မ​နည်း​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ရ​သော​ဝမ်း မြောက်​ခြင်း​သည် သင်​တို့​ကို​ခွန်​အား​ပြည့် ဝ​လာ​စေ​လိမ့်​မည်'' ဟု​ပြော​ကြား​ကြ​၏။ \p \v 11 လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​လှည့်​လည်​၍​ထို နေ့​မြတ်​၌ ဝမ်း​မ​နည်း​ဘဲ​စိတ်​တည်​ငြိမ်​မှု ရှိ​ကြ​ရန်​လူ​တို့​အား​ပြော​ကြား​ကြ​၏။- \v 12 သို့​ဖြစ်​၍​လူ​အ​ပေါင်း​တို့​သည်​ကြား​ခဲ့​ရ သော​ကျမ်း​စ​ကား​ကို​နား​လည်​သ​ဘော ပေါက်​သ​ဖြင့် မိ​မိ​တို့​အိမ်​သို့​ပြန်​၍​ပျော်​ရွှင် စွာ​စား​သောက်​လျက် အ​စား​အ​စာ​ကို​သူ တစ်​ပါး​အား​ဝေ​မျှ​ကြ​၏။ \s1 သစ်​ခက်​တဲ​နေ​ပွဲ​တော် \p \v 13 နောက်​တစ်​နေ့​၌​သား​ချင်း​စု​ခေါင်း​ဆောင်​များ သည် ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင် များ​နှင့်​အ​တူ ပ​ညတ်​ကျမ်း​ကို​လေ့​လာ​ရန် ဧ​ဇ​ရ​ထံ​သို့​လာ​ရောက်​ကြ​၏။- \v 14 သူ​တို့​သည်​မော​ရှေ​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား ပေး​အပ်​ထား​တော်​မူ​သော ပ​ညတ်​ကျမ်း​တွင် သစ်​ခက်​တဲ​နေ​ပွဲ​တော်​အ​ခါ​၌ ဣ​သ​ရေ​လ အ​မျိုး​သား​များ​သည်​ယာ​ယီ​တဲ​များ​တွင် နေ​ထိုင်​ကြ​ရ​မည်​ဖြစ်​ကြောင်း​ပြ​ဋ္ဌာန်း ထား​သည်​ကို​တွေ့​ရှိ​ကြ​ရ​၏။- \v 15 သို့​ဖြစ်​၍​သူ​တို့​က``ပ​ညတ်​ကျမ်း​တွင်​ဖော်​ပြ ပါ​ရှိ​သည့် ညွှန်​ကြား​ချက်​များ​အ​တိုင်း​တောင် များ​သို့​သွား​၍​သံ​လွင်​ခက်၊ ထင်း​ရှူး​ခက်၊ မု​ရ တု​ခက်၊ စွန်​ပ​လွံ​ခက်​နှင့်​အ​ခြား​သစ်​ခက် များ​ကို​ခုတ်​ယူ​၍​တဲ​ထိုး​ကြ​ရ​မည်'' ဟု ယေ​ရု​ရှ​လင်​မြို့​နှင့်​တ​ကွ​အ​ခြား​မြို့​ရွာ ရှိ​သ​မျှ​တို့​ကို​ညွှန်​ကြား​ချက်​ပေး​ပို့​ကြ လေ​သည်။\x + \xo 8:15 \xt ဝတ်၊ ၂၃:၃၃-၃၆၊ ၃၉:၄၃။ တရား၊ ၁၆:၁၃-၁၅။\x* \p \v 16 သို့​ဖြစ်​၍​လူ​တို့​သည်​သစ်​ခက်​များ​ကို​ခုတ် ၍ မိ​မိ​တို့​အိမ်​မိုး​ပေါ်၊ အိမ်​ဝင်း၊ ဗိ​မာန်​တော် ဝင်း၊ ရေ​တံ​ခါး​နှင့်​ဧ​ဖ​ရိမ်​တံ​ခါး​အ​နီး ကွက်​လပ်​များ​တွင်​တဲ​များ​ထိုး​ကြ​၏။- \v 17 ဖမ်း​ဆီး​သိမ်း​သွား​ရာ​မှ​ပြန်​လာ​သူ​လူ အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​များ​ထိုး​၍ နေ​ထိုင်​ကြ​လေ​သည်။ နုန်​၏​သား​ယော​ရှု လက်​ထက်​မှ​အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင် ပ​ထ​မ​ဆုံး​အ​ကြိမ်​သစ်​ခက်​တဲ​နေ​ပွဲ​ကို ကျင်း​ပ​ခြင်း​ဖြစ်​၍ လူ​တိုင်း​ပင်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​ကုန်​၏။- \v 18 သူ​တို့​သည်​ပွဲ​တော်​ပ​ထ​မ​နေ့​မှ​နောက်​ဆုံး နေ့​အ​ထိ နေ့​စဉ်​နေ့​တိုင်း​ဘု​ရား​သ​ခင်​၏ ပ​ညတ်​ကျမ်း​ကို​ဖတ်​ရွတ်​ကြ​၏။ သူ​တို့ သည်​ထို​ပွဲ​တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင် ကျင်း​ပ​ပြီး​လျှင် ရှစ်​ရက်​မြောက်​သော​နေ့ ၌​ပ​ညတ်​ကျမ်း​ပြ​ဋ္ဌာန်း​ချက်​အ​ရ​ဋ္ဌမ္မ ပွဲ​ကို​ခံ​ကြ​၏။ \c 9 \s1 လူ​တို့​အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​ကြ​ခြင်း \p \v 1-2 ထို​လ​နှစ်​ဆယ့်​လေး​ရက်​နေ့​၌​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် မိ​မိ​တို့​အ​ပြစ်​များ အ​တွက်​ဝမ်း​နည်း​သည့်​အ​ထိမ်း​အ​မှတ်​ဖြင့် အ​စာ​ရှောင်​ရန်​စု​ရုံး​ကြ​၏။ ထို​သူ​တို့​သည် လူ​မျိုး​ခြား​များ​နှင့်​ကွာ​ပြီး​ဖြစ်​သည်။ သူ တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​မှတ်​လက္ခ ဏာ​ဖြင့် လျှော်​တေ​ကို​ဝတ်​၍​ဦး​ခေါင်း​ကို​မြေ မှုန့်​ဖြင့်​ဖြူး​ကြ​၏။ ထို​နောက်​သူ​တို့​သည်​မိ​မိ တို့​အ​ပြစ်​များ​နှင့်​ဘိုး​ဘေး​တို့​၏​အ​ပြစ်​များ ကို​ဖော်​ပြ​ဝန်​ခံ​ကြ​လေ​သည်။- \v 3 သူ​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​ကျမ်း​စာ​တော်​ဖတ်​ရွတ်​သည် ကို သုံး​နာ​ရီ​ခန့်​နား​ထောင်​ကြ​ပြီး​လျှင်​နောက် ထပ်​သုံး​နာ​ရီ​မျှ မိ​မိ​တို့​အ​ပြစ်​များ​ကို ဖော်​ပြ​ဝန်​ခံ​ကာ မိ​မိ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရှိ​ခိုး​ကြ​လေ သည်။ \p \v 4 လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​တွက်​ဆောက်​လုပ်​ထား သော​စင်​မြင့်​ပေါ်​တွင်​ယော​ရှု၊ ဗာ​နိ၊ ကပ်​မျေ​လ၊ ရှေ​ဗ​နိ၊ ဗုန္နိ၊ ရှေ​ရ​ဘိ၊ ဗာ​နိ​နှင့်​ခေ​န​နိ​တို့​သည် ရပ်​လျက် သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​အ​သံ​ကျယ်​စွာ​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​၏။ \p \v 5 လေ​ဝိ​အ​မျိုး​သား​များ​ဖြစ်​ကြ​သော​ယော​ရှု၊ ကပ်​မျေ​လ၊ ဗာ​နိ၊ ဟာ​ရှ​ဗ​နိ၊ ရှေ​ရ​ဘိ၊ ဟော ဒိ​ယ၊ ရှေ​ဗ​နိ​နှင့်​ပေ​သ​ဟိ​တို့​က၊ \q1 ``ထ​၍​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လေ​၏။ \q2 ကိုယ်​တော်​အား​ကာ​လ​အ​စဉ်​အ​ဆက် ထော​မ​နာ​ပြု​ကြ​လေ​၏။ \q1 ဘု​ရား​သ​ခင်​သည်​လူ​တို့​ချီး​မွမ်း​နိုင်​သည်​ထက် ပို​၍​ကြီး​မြတ်​တော်​မူ​သော်​လည်း \q2 ငါ​တို့​အ​ပေါင်း​သည်​ဘုန်း​ကြီး​သော​နာ​မ တော်​ကို ချီး​မွမ်း​ထော​မ​နာ​ပြု​ကြ​ကုန်​အံ့'' ဟု \q1 ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို​စ​တင်​ရန်​လူ​တို့​အား ခေါ်​ဖိတ်​ကြ​လေ​သည်။ \s1 အ​ပြစ်​ဖော်​ပြ​ဝန်​ခံ​သည့်​ဆု​တောင်း​ပတ္ထနာ \p \v 6 ထို​နောက် \q1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ဤ​ပတ္ထ​နာ​ကို ဆု​တောင်း​ကြ​၏။ \q2 ``အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​သာ​လျှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ \q1 ကိုယ်​တော်​သည်​မိုး​ကောင်း​ကင်​နှင့်​ကောင်း​ကင် ကြယ်​နက္ခတ်​များ​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။ \q2 မြေ​ကြီး​နှင့်​ပင်​လယ်​ကို​လည်း​ကောင်း \q1 မြေ​ကြီး​ပေါ်​နှင့်​ပင်​လယ်​တွင်​ရှိ​သော​အ​ရာ​များ ကို​လည်း​ကောင်း​ဖန်​ဆင်း​တော်​မူ​ပါ​၏။ \q2 ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ​၏။ \q1 မိုး​ကောင်း​ကင်​ကြယ်​နက္ခတ်​တို့​သည် ကိုယ်​တော်​အား​ဦး​ညွှတ်​ရှိ​ခိုး​ကြ​ပါ​၏။ \q1 \v 7 အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား \q2 ကိုယ်​တော်​သည်​အာ​ဗြံ​ကို​ရွေး​ကောက်​တော် မူ​၍ \q1 ဗာ​ဗု​လုန်​ပြည်​ဥ​ရ​မြို့​မှ​ထုတ်​ဆောင်​တော်​မူ​ကာ \q2 သူ​၏​နာ​မည်​ကို​အာ​ဗြ​ဟံ​ဟု​ပြောင်း​လဲ ပေး​တော်​မူ​ပါ​၏။\x + \xo 9:7 \xt က၊ ၁၁:၃၁၊ ၁၂:၁၊ ၁၇:၅။\x* \q1 \v 8 ကိုယ်​တော်​အား​သစ္စာ​ရှိ​သူ​ဖြစ်​ကြောင်း တွေ့​မြင်​တော်​မူ​သ​ဖြင့် \q2 ကိုယ်​တော်​သည်​သူ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​ပါ​၏။ \q1 သူ​၏​သား​မြေး​များ​နေ​ထိုင်​ရန်​အ​တွက်​သူ့​အား \q2 ခါ​နာန်​ပြည်၊​ဟိတ္ထိ​ပြည်၊အာ​မော​ရိ​ပြည်၊ \q1 ဖေ​ရ​ဇိ​ပြည်၊ယေ​ဗု​သိ​ပြည်​နှင့်​ဂိ​ရ​ဂါ​ရှိ \q2 ပြည်​ကို​ပေး​တော်​မူ​မည်​ဟု​က​တိ​ပြု​တော် မူ​ပါ​၏။ \q1 သစ္စာ​တော်​ရှင်​ဖြစ်​သည်​နှင့်​အ​ညီ​ကိုယ်​တော်​သည် က​တိ​တော်​တို့​ကို​တည်​စေ​တော်​မူ​ပါ​၏။ \x + \xo 9:8 \xt က၊ ၁၅:၁၈-၂၁။\x* \b \q1 \v 9 ``အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​သည်​အီ​ဂျစ် ပြည်​တွင် \q2 ဆင်း​ရဲ​ဒုက္ခ​ရောက်​ကြ​ရ​သည်​ကို​ကိုယ်​တော် မြင်​တော်​မူ​ပါ​၏။ \q1 ပင်​လယ်​နီ​တွင်​ထို​သူ​တို့​အော်​ဟစ်​၍​အ​ကူ​အ​ညီ တောင်း​ခံ​သံ​ကို​ကြား​တော်​မူ​ပါ​၏။ \x + \xo 9:9 \xt ထွ၊ ၃:၇၊ ၁၄:၁၀-၁၂။\x* \q1 \v 10 ဖာ​ရော​ဘု​ရင်​၏​မှူး​မတ်​များ​နှင့် တိုင်း​သူ​ပြည်​သား​များ​သည် \q2 ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို ညှဉ်း​ပန်း​နှိပ်​စက်​ကြ​သ​ဖြင့် \q1 သူ​တို့​အား​ကိုယ်​တော်​သည်​အံ့​သြ​ဖွယ်​ရာ​နိ​မိတ် လက္ခ​ဏာ​များ​ကို​ပြ​၍၊ဒဏ်​ခတ်​တော်​မူ​သ​ဖြင့် \q2 ဂုဏ်​သ​တင်း​တော်​သည်​ယ​နေ့​တိုင်​အောင် ကျော်​စော​လျက်​ရှိ​ပါ​၏။\x + \xo 9:10 \xt ထွ၊ ၇:၈-၁၂:၃၂။\x* \q1 \v 11 ကိုယ်​တော်​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​တွက် ပင်​လယ်​ကို​ဖြတ်​၍​လမ်း​ဖောက်​ပြီး​လျှင် \q2 သူ​တို့​အား​ခြောက်​သွေ့​သော​မြေ​ပေါ်​တွင်​လျှောက်​၍ သွား​စေ​တော်​မူ​ပါ​၏။ \q1 သူ​တို့​အား​လိုက်​လံ​ဖမ်း​ဆီး​ကြ​သူ​တို့​ကို​မူ ပင်​လယ်​ရေ​လှိုင်း​တွင် \q2 ကျောက်​ခဲ​နစ်​သ​ကဲ့​သို့​ရေ​ထဲ​၌​နစ်​စေ​တော် မူ​ပါ​၏။\x + \xo 9:11 \xt ထွ၊ ၁၄:၂၁-၂၉၊ ၁၅:၄-၅။\x* \q1 \v 12 ကိုယ်​တော်​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အား နေ့​အ​ချိန်​၌​မိုး​တိမ်​တိုက်​အား​ဖြင့် \q2 လမ်း​ပြ​ပို့​ဆောင်​တော်​မူ​၍၊ညဥ့်​အ​ချိန်​၌ \q1 သူ​တို့​၏​ခ​ရီး​လမ်း​ကို​မီး​တိမ်​တိုက်​ဖြင့် ထွန်း​လင်း​စေ​တော်​မူ​ပါ​၏။\x + \xo 9:12 \xt ထွ၊ ၁၃:၂၁-၂၂။\x* \q1 \v 13 ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​တော်​မူ​၍ \q2 သိ​နာ​တောင်​တွင်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အား မိန့်​မြွက်​တော်​မူ​ပါ​၏။ \q1 သူ​တို့​အား​မွန်​မြတ်​သည့်​ပ​ညတ်​တော်​များ​နှင့် မှန်​ကန်​သော​သြ​ဝါ​ဒ​များ​ကို​ပေး​တော်​မူ ပါ​၏။\x + \xo 9:13 \xt ထွ၊ ၁၉:၁၈-၂၃:၃၃။\x* \q1 \v 14 ကိုယ်​တော်​သည်​သူ​တို့​အား​ဥ​ပုသ်​တော်​နေ့​ကို နေ့​မြတ်​အ​ဖြစ်​စောင့်​ထိန်း​ရန်​သွန်​သင်​တော်​မူ​၍ \q2 ပ​ညတ်​တော်​များ​ကို​ကိုယ်​တော်​၏​အ​စေ​ခံ မော​ရှေ​မှ​တစ်​ဆင့်​ပေး​အပ်​တော်​မူ​ပါ​၏။ \b \q1 \v 15 ``သူ​တို့​ဆာ​လောင်​မွတ်​သိပ်​ကြ​သော​အ​ခါ \q2 မိုး​ကောင်း​ကင်​မှ​အ​စား​အ​စာ​ကို​ချ​ပေး တော်​မူ​၍ \q1 ရေ​ငတ်​ကြ​သော​အ​ခါ​ကျောက်​ဆောင်​ထဲ​မှ ထွက်​သော​ရေ​ကို​ပေး​တော်​မူ​ပါ​၏။ \q2 ကိုယ်​တော်​ပေး​တော်​မူ​မည်​ဟု \q1 က​တိ​ထား​သော​ပြည်​ကို​သိမ်း​ပိုက်​ရန် သူ​တို့​အား မိန့်​တော်​မူ​ပါ​၏။\x + \xo 9:15 \xt ထွ၊ ၁၆:၄-၁၅၊ ၁၇:၁-၇။ တရား၊၁:၂၁။\x* \q1 \v 16 သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​သည် မာန်​မာ​န​ထောင်​လွှား​ကာ \q2 ခေါင်း​မာ​လာ​ပြီး​လျှင်​ကိုယ်​တော်​၏​အ​မိန့်​တော် တို့​ကို မ​လိုက်​နာ​ကြ​ပါ။\x + \xo 9:16 \xt တော၊ ၁၄:၁-၄။ တရား၊ ၁:၂၆-၃၃။\x* \q1 \v 17 သူ​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော်​ကို နား​မ​ထောင်​ကြ​ပါ။ \q2 ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို မေ့​ပျောက်​လိုက်​ကြ​ပါ​၏။ \q1 ကိုယ်​တော်​ပြ​တော်​မူ​သော​နိ​မိတ်​လက္ခ​ဏာ များ​ကို သ​တိ​မ​ရ​ကြ​တော့​ပါ။ \q2 မာန်​မာ​န​ထောင်​လွှား​ကာ​မိ​မိ​တို့​အား \q1 ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင် စေ​ရန် ခေါင်း​ဆောင်​တစ်​ဦး​ကို​ရွေး​ချယ်​ကြ​ပါ​၏။ \q2 သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​သည့်​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ \q1 ချစ်​ခင်​ကြင်​နာ​တော်​မူ​၍​စိတ်​ရှည်​တော်​မူ​ပါ​၏။ \q2 က​ရု​ဏာ​တော်​သည်​ကြီး​မား​သည်​ဖြစ်​၍ ကိုယ်​တော်​သည်​သူ​တို့​အား​စွန့်​ပစ်​တော်​မ​မူ​ပါ။\x + \xo 9:17 \xt ထွ၊ ၃၄:၆။ တော၊ ၁၄:၁၈\x* \q1 \v 18 သူ​တို့​သည်​နွား​လား​ဥ​သ​ဘ​ရုပ်​ကို​သွန်း​လုပ် ပြီး​လျှင် \q2 ဤ​ဘု​ရား​ကား​ငါ​တို့​အား​အီ​ဂျစ်​ပြည်​မှ \q1 ထုတ်​ဆောင်​လာ​သော​ဘု​ရား​ပင်​တည်း'' ဟု​ဆို ကြ​ပါ​၏။ \q2 အို ထာ​ဝ​ရ​ဘု​ရား​သူ​တို့​သည်​ကိုယ်​တော်​အား လွန်​စွာ​စော်​ကား​ကြ​ပါ​သည်​တကား။\x + \xo 9:18 \xt ထွ၊ ၃၂:၁-၄။\x* \q1 \v 19 သို့​ရာ​တွင်​ကိုယ်​တော်​၏​က​ရု​ဏာ​တော်​သည် ကြီး​မား​တော်​မူ​သည်​ဖြစ်​၍၊ \q2 ကိုယ်​တော်​သည်​သူ​တို့​အား​သဲ​ကန္တာ​ရ​တွင် စွန့်​တော်​မ​မူ​ပါ။ \q1 နေ့​အ​ချိန်​၌​သူ​တို့​အား​လမ်း​ပြ​ပို့​ဆောင်​သည့် မိုး​တိမ်​တိုက်​ကို​လည်း​ကောင်း၊ \q2 ညဥ့်​အ​ချိန်​သူ​တို့​၏​လမ်း​ခ​ရီး​ကို​ထွန်း​လင်း စေ​သည့် \q1 မီး​တိမ်​တိုက်​ကို​လည်း​ကောင်း​ရုပ်​သိမ်း​တော် မ​မူ​ပါ။\x + \xo 9:19 \xt တရား၊ ၈:၂-၄။\x* \q1 \v 20 ကိုယ်​တော်​သည်​ကောင်း​မြတ်​တော်​မူ​သ​ဖြင့် \q2 သူ​တို့​ပြု​ကျင့်​သင့်​သော​အ​မှု​အ​ရာ​များ​ကို သွန်​သင်​ပေး​တော်​မူ​ပါ​၏။ \q1 သူ​တို့​အား​မန္န​မုန့်​ကို​ကျွေး​၍​သူ​တို့​သောက်​ရန် ရေ​ကို​ပေး​တော်​မူ​ပါ​၏။ \q1 \v 21 အ​နှစ်​လေး​ဆယ်​ပတ်​လုံး​သဲ​ကန္တာ​ရ​တွင် \q2 ကိုယ်​တော်​သည်​သူ​တို့​လို​သ​မျှ​သော အ​စား​အ​စာ​ကို​ပေး​တော်​မူ​ပါ​၏။ \q1 သူ​တို့​အ​ဝတ်​သည်​အ​ဘယ်​အ​ခါ​၌​မျှ မ​ဟောင်း​မ​နွမ်း​ရ​ပါ။ \q2 သူ​တို့​၏​ခြေ​သည်​မ​ပွန်း​မ​ရောင်​ရ​ပါ။ \b \q1 \v 22 ``ကိုယ်​တော်​သည်​သူ​တို့​အား​မိ​မိ​တို့​နယ် စပ်​တွင် ရှိ​သော​နိုင်​ငံ​များ​နှင့်၊ \q2 လူ​မျိုး​များ​ကို​နှိမ်​နင်း​ခွင့်​ပေး​တော်​မူ​ပါ​၏။ \q1 သူ​တို့​သည်​ရှိ​ဟုန်​မင်း​အ​စိုး​ရ​သည့် ဟေ​ရှ​ဘုန်​ပြည်​ကို​လည်း​ကောင်း \q2 သြ​ဃ​မင်း​အ​စိုး​ရ​သည့်​ဗာ​ရှန်​ပြည်​ကို လည်း​ကောင်း သိမ်း​ပိုက်​ကြ​ပါ​၏။\x + \xo 9:22 \xt တော၊ ၂၁:၂၁-၃၅။\x* \q1 \v 23 ကိုယ်​တော်​သည်​သူ​တို့​အား \q2 ကောင်း​ကင်​ကြယ်​များ​ကဲ့​သို့​များ​ပြား​သည့် သား​သ​မီး​များ​ကို​ပေး​သ​နား​တော်​မူ​ပါ​၏။ \q1 ထို​နောက်​သူ​တို့​ဘိုး​ဘေး​များ​အား \q2 ကိုယ်​တော်​က​တိ​ထား​တော်​မူ​သော​ပြည်​တော်​ကို \q1 သိမ်း​ပိုက်​စေ​ကာ​ထို​ပြည်​တွင်​နေ​ထိုင်​စေ​တော် မူ​ပါ​၏။\x + \xo 9:23 \xt က၊ ၁၅:၅၊ ၂၂:၁၇။ ယောရှု၊ ၃:၁၄-၁၇။\x* \q1 \v 24 သူ​တို့​သည်​ခါ​နာန်​ပြည်​ကို​သိမ်း​ယူ​ကြ ရ​ပါ​၏။ \q2 ထို​ပြည်​တွင်​နေ​ထိုင်​သူ​တို့​အား​ကိုယ်​တော် နှိမ်​နင်း​တော်​မူ​ပါ​၏။ \q1 ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ခါ​နာန်​ပြည်​ဘု​ရင်​များ​နှင့် \q2 ပြည်​သူ​တို့​ကို​ပြု​ချင်​သ​လို​ပြု​နိုင်​သော တန်​ခိုး​ပေး​တော်​မူ​ပါ​၏။\x + \xo 9:24 \xt ယော​ရှု၊ ၁၁:၂၃။\x* \q1 \v 25 ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​ခံ​တပ်​မြို့​များ၊ မြေ​သြ​ဇာ​ကောင်း​သည့်​ပြည်၊ \q2 ဘဏ္ဍာ​အ​မျိုး​မျိုး​နှင့်​ပြည့်​ဝ​သည့်​အိမ်​များ အ​ဆင်​သင့်​တူး​ထား​ပြီး \q1 ရေ​တွင်း​များ​သံ​လွင်​ပင်​များ​သစ်​သီး​ပင်​များ​နှင့် စ​ပျစ်​ဥ​ယျာဉ်​များ​ကို​သိမ်း​ယူ​ကြ​ရ​ပါ​၏။ \q2 သူ​တို့​သည်​စိတ်​ရှိ​သ​မျှ​စား​သောက်​ကာ ဝ​ဖြိုး​လာ​ကြ​ပါ​၏။ \q1 ကိုယ်​တော်​ပေး​တော်​မူ​သော​ကောင်း​မြတ်​သည့် အ​ရာ​တို့​ကို​ခံ​စား​ကြ​ရ​ပါ​၏။\x + \xo 9:25 \xt တရား၊ ၆:၁၀-၁၁။\x* \b \q1 \v 26 ``သို့​ရာ​တွင်​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် \q2 ပုန်​ကန်​ကာ​ကိုယ်​တော်​၏​စ​ကား​ကို နား​မ​ထောင်​ကြ​ပါ။ \q1 သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တ​ရား​တော်​ကို ပစ်​ပယ်​ကြ​ပါ​၏။ \q1 မိ​မိ​တို့​အား​သ​တိ​ပေး​သူ၊ မိ​မိ​တို့​အား ကိုယ်​တော်​ထံ​ပြန်​လာ​ရန် \q2 ပြော​ကြား​သူ​ပ​ရော​ဖက်​များ​အား သတ်​ဖြတ်​ကြ​ပါ​၏။ \q1 သူ​တို့​သည်​ကိုယ်​တော်​အား​အ​ကြိမ်​ကြိမ် စော်​ကား​ကြ​ပါ​၏။ \q1 \v 27 သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​သည်​ရန်​သူ​တို့​အား \q2 သူ​တို့​ကို​နှိမ်​နင်း​အုပ်​စိုး​ခွင့်​ပေး​တော်​မူ ပါ​၏။\x + \xo 9:27 \xt သူ​ကြီး၊ ၂:၁၁-၁၆။\x* \q1 သူ​တို့​သည်​ဒုက္ခ​ရောက်​သ​ဖြင့်​ကူ​မ​တော်​မူ​ပါ​ဟု အ​ထံ​တော်​သို့​အော်​ဟစ်​ကြ​ပါ​၏။ \q2 ထို​အ​ခါ​ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ ကြား​တော်​မူ​၍ \q1 က​ရု​ဏာ​တော်​ကြီး​မား​သည်​နှင့်​အ​ညီ \q2 သူ​တို့​အား​ရန်​သူ​များ​လက်​မှ​ကယ်​ဆယ်​ရန် ခေါင်း​ဆောင်​များ​ကို​စေ​လွှတ်​တော်​မူ​ပါ​၏။ \q1 \v 28 ငြိမ်း​ချမ်း​မှု​ပြန်​လည်​ရ​ရှိ​ကြ​သော​အ​ခါ \q2 သူ​တို့​သည်​တစ်​ဖန်​အ​ပြစ်​ကူး​လွန်​ကြ​ပြန်​သ​ဖြင့် \q1 ကိုယ်​တော်​သည်​သူ​တို့​အား​ရန်​သူ​များ​၏​လက်​သို့ တစ်​ဖန်​အပ်​တော်​မူ​ပါ​၏။ \q2 သို့​ရာ​တွင်​သူ​တို့​သည်​နောင်​တ​ရ​လျက် \q1 မိ​မိ​တို့​အား​ကယ်​တော်​မူ​ရန်​အ​ထံ​တော်​သို့ တောင်း​လျှောက်​ကြ​သော​အ​ခါ \q2 ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ​ကြား​တော်​မူ​ပါ​၏။ \q1 က​ရု​ဏာ​တော်​ကြီး​မား​တော်​မူ​သည့်​အ​လျောက် \q2 သူ​တို့​အား​အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန် ကယ်​ဆယ်​တော်​မူ​ပါ​၏။ \q1 \v 29 ကိုယ်​တော်​သည်​ကိုယ်​တော်​၏​သြ​ဝါ​ဒ​များ​ကို \q2 လိုက်​နာ​ရန်​သူ​တို့​အား​သ​တိ​ပေး​တော်​မူ​ပါ​၏။ \q1 ပ​ညတ်​တ​ရား​တော်​ကို​စောင့်​ထိန်း​မှု​မှာ​မိ​မိ​တို့​၏ အ​သက်​ရှင်​ရာ​လမ်း​ပင်​ဖြစ်​သော်​လည်း \q2 သူ​တို့​သည်​မာန်​မာ​န​ထောင်​လွှား​ကာ​ကိုယ်​တော်​၏ တ​ရား​တော်​တို့​ကို​ပစ်​ပယ်​ကြ​ပါ​၏။ \q1 သူ​တို့​သည်​လွန်​စွာ​ခေါင်း​မာ​လျက်​စ​ကား​တော်​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ပါ​၏။\x + \xo 9:29 \xt ဝတ်၊ ၁၈:၅။\x* \q1 \v 30 ကိုယ်​တော်​သည်​သူ​တို့​အား​တစ်​နှစ်​ပြီး​တစ်​နှစ် သည်း​ခံ​၍​သ​တိ​ပေး​တော်​မူ​ပါ​၏။ \q2 ကိုယ်​တော်​၏​နှိုး​ဆော်​သူ​ပ​ရော​ဖက်​များ​က ပြော​ဆို​ဆုံး​မ​ကြ​သော်​လည်း \q1 ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​နား​ပင်း​လျက် နေ​ကြ​ပါ​၏။ \q2 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​လူ​မျိုး​ခြား​တို့​အား \q1 ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို​နှိမ်​နင်း​ခွင့် ပေး​တော်​မူ​ပါ​၏။ \q1 \v 31 သို့​ရာ​တွင်​လည်း​က​ရု​ဏာ​တော် ကြီး​မား​တော်​မူ​သည်​နှင့်​အ​ညီ \q2 ကိုယ်​တော်​သည်​သူ​တို့​အား​စွန့်​ပစ်​တော်​မ​မူ​ပါ။ \q1 ဆုံး​ပါး​ပျက်​စီး​စေ​တော်​မ​မူ​ပါ။ \q2 ကိုယ်​တော်​သည်​သ​နား​ကြင်​နာ​၍ \q1 က​ရု​ဏာ​နှင့်​ပြည့်​စုံ​ကြွယ်​ဝ​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​ပါ​သည်​တ​ကား။ \b \q1 \v 32 ``အို ဘု​ရား​သ​ခင်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​လွန်​စွာ​ကြီး​မြတ်​တော်​မူ​ပါ​၏။ \q2 အ​လွန်​ကြောက်​လန့်​တုန်​လှုပ်​ဖွယ်​ကောင်း​၍ တန်​ခိုး​ကြီး​မား​တော်​မူ​ပါ​သည်​တ​ကား။ \q1 ကိုယ်​တော်​သည်​ကိုယ်​တော်​၏​ပ​ဋိ​ညာဉ်​တော် ဆိုင်​ရာ \q2 က​တိ​တော်​များ​ကို​သစ္စာ​ရှိ​စွာ စောင့်​ထိန်း​တော်​မူ​ပါ​၏။ \q1 အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​အား​အာ​ရှု​ရိ​ဘု​ရင်​များ ညှဉ်း​ပန်း​နှိပ်​စက်​စဉ်​အ​ခါ​မှ​စ​၍ \q2 ယ​နေ့​တိုင်​အောင်​ပင်​အ​ဘယ်​မျှ​ဆင်း​ရဲ ဒုက္ခ​ရောက်​လျက်​နေ​ခဲ့​ရ​ကြ​ပါ​သ​နည်း။ \q1 ကျွန်ုပ်​တို့​၏​ဘု​ရင်​များ၊ ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ပ​ရော​ဖက်​များ၊ \q2 အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​များ​နှင့်​ပြည်​သူ အ​ပေါင်း​တို့​သည် \q1 ဆင်း​ရဲ​ဒုက္ခ​ရောက်​ခဲ့​ရ​ကြ​ပါ​၏။ \q2 အ​ကျွန်ုပ်​တို့​အ​ဘယ်​မျှ​ဆင်း​ရဲ​ဒုက္ခ​ရောက်​ခဲ့ ရ​ကြ​သည်​ကို​သ​တိ​ရ​တော်​မူ​ပါ။\x + \xo 9:32 \xt ၄ရာ၊ ၁၅:၁၉၊၂၉။ ၁၇:၃-၆။ ဧဇ၊ ၄:၂၊၁၀။\x* \q1 \v 33 အ​ကျွန်ုပ်​တို့​အား​ကိုယ်​တော်​အ​ပြစ်​ဒဏ် ပေး​တော်​မူ​သည်​မှာ​တ​ရား​ပါ​၏။ \q2 အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​ကူး​လွန်​ခဲ့​ကြ​သော် လည်း ကိုယ်​တော်​သည်​သစ္စာ​စောင့်​တော်​မူ​ပါ​၏။ \q1 \v 34 အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​များ၊ ဘု​ရင်​များ၊ ခေါင်း​ဆောင်​များ​နှင့် \q2 ယဇ်​ပု​ရော​ဟိတ်​များ​သည်​ကိုယ်​တော်​၏ ပ​ညတ်​တ​ရား​တော်​ကို​မ​စောင့်​ထိန်း​ခဲ့​ကြ​ပါ။ \q1 သူ​တို့​သည်​ကိုယ်​တော်​၏​အ​မိန့်​တော်​များ၊ \q2 သ​တိ​ပေး​တော်​မူ​ချက်​များ​ကို နား​မ​ထောင်​ကြ​ပါ။ \q1 \v 35 အ​ကျွန်ုပ်​တို့​၏​ဘု​ရင်​များ​သည် \q2 ကိုယ်​တော်​ပေး​အပ်​တော်​မူ​သော​ကျယ်​ပြန့် စို​ပြေ​သည့် ပြည်​တော်​တွင်​နေ​ထိုင်​ရ​စဉ်​အ​ခါ​၌ \q1 ကိုယ်​တော်​၏​ကောင်း​ချီး​ခံ​စား​ရ​သည်​နှင့်​အညီ \q2 ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​အုပ်​စိုး​ကြ​ရ​ပါ​၏။ \q1 သို့​ရာ​တွင်​သူ​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို \q2 မ​ကြဉ်​မ​ရှောင်၊ ကိုယ်​တော်​၏​အ​မှု​တော်​ကို​လည်း မ​ဆောင်​ရွက်​ကြ။ \q1 \v 36 ယ​ခု​အ​ခါ​၌​အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ပေး​တော်​မူ​သော \q2 အ​ကျွန်ုပ်​တို့​စား​သုံး​ရန်​အ​သီး​အ​နှံ ပေါ​များ​သော​ပြည်​၌​ကျွန်​ဖြစ်​ရ​ကြ​ပါ​၏။ \q1 \v 37 အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​များ​ကူး​လွန်​သော​ကြောင့် ဤ​ပြည်​မှ​ရ​သော​ကောက်​ပဲ​သီး​နှံ​များ​ကို \q2 အ​ကျွန်ုပ်​တို့​အား​ကိုယ်​တော်​အုပ်​စိုး​စေ​သည့် မင်း​တို့​က​ခံ​စား​ရကြ​ပါ​၏။ \q1 ထို​မင်း​တို့​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​၏ \q2 ကျွဲ​နွား​များ​ကို​မိ​မိ​တို့​ထင်​သ​လို​ခိုင်း​စေ ကြ​ပါ​၏။ \q1 သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့​သည်​လွန်​စွာ ဆင်း​ရဲ​ရ​ကြ​ပါ​၏။'' \s1 က​တိ​ဝန်​ခံ​ချက်​ကို​ပြည်​သူ​တို့​လက်​မှတ် ရေး​ထိုး​ကြ​ခြင်း \p \v 38 ဤ​သို့​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ​အ​ပေါင်း​ကြောင့် ငါ​တို့​ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်​က​တိ​ဝန်​ခံ ချက်​ကို​စာ​ဖြင့်​ရေး​၍ ငါ​တို့​၏​ခေါင်း​ဆောင်​များ၊ လေ​ဝိ​အနွယ်​ဝင်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ က​တံ​ဆိပ်​ခတ်​ကြ​၏။ \c 10 \p \v 1 ပ​ထ​မ​ဦး​စွာ​လက်​မှတ်​ရေး​ထိုး​သူ​မှာ ဟာ ခ​လိ​၏​သား၊ ဘု​ရင်​ခံ​နေ​ဟ​မိ​ဖြစ်​၏။ ထို နောက်​ဇိ​ဒ​ကိ​ယ​လက်​မှတ်​ရေး​ထိုး​လေ သည်။ \sp \v 2-8 လက်​မှတ်​ရေး​ထိုး​ကြ​သည့်​ယဇ်​ပု​ရော​ဟိတ် များ​မှာ အောက်​ပါ​စာ​ရင်း​အ​တိုင်း​ဖြစ်​သည်။ \q1 စ​ရာ​ယ၊အာ​ဇ​ရိ၊ယေ​ရ​မိ၊ \q1 ပါ​ရှု​ရ၊အာ​မ​ရိ၊မာ​လ​ခိ​ယ၊ \q1 ဟတ္ထုတ်၊ရှေ​ဗ​နိ၊မလ္လုတ် \q1 ဟာ​ရိမ်၊မေ​ရ​မုတ်၊သြ​ဗ​ဒိ၊ \q1 ဒံ​ယေ​လ၊ဂိ​န္နေသုန်၊ဗာ​ရုတ်၊ \q1 မေ​ရှု​လံ၊အ​ဘိ​ယ၊မိ​ယာ​မိန် \q1 မာ​ဇိ၊ဗိ​လ​ဂဲ၊ရှေ​မာ​ယ၊ \sp \v 9-13 လက်​မှတ်​ရေး​ထိုး​သူ​လေ​ဝိ​အ​နွယ်​ဝင် များ​မှာ အောက်​ပါ​စာ​ရင်း​အ​တိုင်း​ဖြစ်​သည်။ \q1 အာ​ဇ​နိ​၏​သား​ယော​ရှု၊ \q1 ဟေ​န​ဒဒ်​သား​ချင်း​စု​ခေါင်း​ဆောင်​ဗိနွိ၊ \q1 ကပ်​မျေလ၊ရှေ​ဗ​နိ၊ဟော​ဒိ​ယ၊ \q1 ကေ​လိ​တ၊ပေ​လာ​ယ၊ဟာ​နန်၊ \q1 မိက္ခာ၊ရေ​ဟုပ်၊ဟာ​ရှ​ဘိ၊ \q1 ဇက္ကုရ၊ရှေ​ရ​ဘိ၊ရှေ​ဗ​နိ၊ \q1 ဟော​ဒိ​ယ၊ဗာ​နိ၊ဗေ​နိ​နု။ \sp \v 14-27 လက်​မှတ်​ရေး​ထိုး​သူ​ပြည်​သူ​ခေါင်း​ဆောင် များ​မှာ အောက်​ပါ​စာ​ရင်း​အ​တိုင်း​ဖြစ်​သည်။ \q1 ပါ​ရုတ်၊ပါ​ဟတ်​မော​ဘ၊ \q1 ဧ​လံ၊ဇ​ဿု၊ဗာ​နိ၊ \q1 ဗုန္နိ၊အာ​ဇ​ဂဒ်၊ဗေ​ဗဲ၊ \q1 အ​ဒေါ​နိ​ယ၊ဗိ​ဂဝဲ၊အာ​ဒိန်၊ \q1 အာ​တာ၊ဟိ​ဇ​ကိ​ယ၊အဇ္ဇုရ၊ \q1 ဟော​ဒိ​ယ၊ဟ​ရှုံ၊ဗေ​ဇဲ၊ဟာ​ရိပ်၊ \q1 အာ​န​သုတ်၊နေ​ဗဲ၊မာ​ဂ​ပျာ​ရှ၊ \q1 မေ​ရှု​လံ၊ဟေ​ဇိ​ရ၊မေ​ရှ​ဇ​ဗေ​လ၊ \q1 ဇာ​ဒုတ်၊ယာ​ဒွါ၊ပေ​လ​တိ၊ဟာ​နန်၊ \q1 အ​နာ​ယ၊ဟော​ရှေ၊ဟာ​န​နိ၊ဟာ​ရှုပ်၊ \q1 ဟာ​လော​ဟက်၊ပိ​လ​ဟ၊ရှော​ဗက်၊ရေ​ဟုံ၊ \q1 ဟာ​ရှ​ဗ​န၊မာ​သေ​ယ၊အ​ဟိ​ယ၊ဟာ​နန်၊ \q1 အာ​နန်၊မလ္လုတ်၊ဟာ​ရိမ်၊ဗာ​နာ။ \s1 က​တိ​ဝန်​ခံ​ချက် \p \v 28-29 ငါ​တို့​ပြည်​တွင်​နေ​ထိုင်​သူ​လူ​မျိုး​ခြား​များ နှင့် ကွာ​လိုက်​ကြ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင် များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ၊ ဗိ​မာန် တော်​ဂီ​တ​ပ​ညာ​သည်​များ၊ဗိ​မာန်​တော်​အ​လုပ် သ​မား​များ​မှ​စ​သော​ငါ​တို့​သည် မိ​မိ​တို့ ဇ​နီး​များ​နှင့်​အ​ရွယ်​ရောက်​သူ​သား​သ​မီး တို့​နှင့်​အ​တူ​တ​ကွ​မော​ရှေ​မှ​တစ်​ဆင့်​ထာ​ဝ​ရ ဘု​ရား​ပေး​အပ်​တော်​မူ​သော​တ​ရား​တော်​ကို လိုက်​နာ​ကျင့်​သုံး​ပါ​မည်။ ငါ​တို့​၏​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​သော​အ​မိန့်​တော်​ရှိ​သ​မျှ ကို​နား​ထောင်​ပါ​မည်။ ကိုယ်​တော်​၏​ပ​ညတ် တော်​များ​နှင့်​ပြ​ဋ္ဌာန်း​တော်​မူ​ချက်​ရှိ သ​မျှ​တို့​ကို​လိုက်​လျှောက်​ပါ​မည်။ ဤ က​တိ​သစ္စာ​ကို​ချိုး​ဖောက်​သော်​ကျိန်​စာ သင့်​ပါ​စေ။ \p \v 30 ငါ​တို့​သည်​ဤ​ပြည်​တွင်​နေ​ထိုင်​သူ​လူ​မျိုး ခြား​နှင့်​ထိမ်း​မြား​စုံ​ဖက်​မှု​ကို​ပြု​မည်​မ ဟုတ်​ပါ။\x + \xo 10:30 \xt ထွ၊ ၃၄:၁၆။ တရား၊ ၇:၃။\x* \p \v 31 ထို​သူ​တို့​သည်​ဥ​ပုသ်​နေ့​၌​ဖြစ်​စေ၊ အ​ခြား နေ့​ထူး​နေ့​မြတ်​၌​ဖြစ်​စေ၊ ဂျုံ​စ​ပါး​သို့​မ​ဟုတ် အ​ခြား​အ​ရာ​တစ်​စုံ​တစ်​ခု​ကို​ရောင်း​ချ​ရန် ယူ​ဆောင်​လာ​ပါ​က​ငါ​တို့​သည်​သူ​တို့​ထံ မှ​ဝယ်​ယူ​မည်​မ​ဟုတ်​ပါ။ \p သတ္တ​မ​မြောက်​နှစ်​ရောက်​သည့်​အ​ခါ​တိုင်း​ငါ တို့​သည်​လယ်​လုပ်​မည်​မ​ဟုတ်​ပါ။ ကြွေး​မြီ ရှိ​သ​မျှ​ကို​လည်း​လျော်​ပစ်​ပါ​မည်။\x + \xo 10:31 \xt ထွ၊ ၂၃:၁၀-၁၁။ ဝတ်၊ ၂၅:၁-၇။ တရား၊ ၁၅:၁-၂။\x* \p \v 32 ငါ​တို့​သည်​နှစ်​စဉ်​နှစ်​တိုင်း​တစ်​ဦး​လျှင်​ငွေ တစ်​အောင်​စ​၏​ရှစ်​ပုံ​တစ်​ပုံ​ကို ဗိ​မာန်​တော် အ​သုံး​စ​ရိတ်​အ​တွက်​ပေး​လှူ​ပါ​မည်။\x + \xo 10:32 \xt ထွ၊ ၃၀:၁၁-၁၆။\x* \p \v 33 ငါ​တို့​သည်​ဗိ​မာန်​တော်​ဝတ်​ပြု​ကိုး​ကွယ်​မှု အ​တွက်​ရှေ့​တော်​မုန့်၊ နေ့​စဉ်​ဘော​ဇဉ်​ပူ​ဇော် သ​ကာ၊ နေ့​စဉ်​မီး​ရှို့​ပူ​ဇော်​ရန်​ယဇ်​ကောင် များ၊ ဥ​ပုသ်​နေ့၊ လ​ဆန်း​ပွဲ​နေ့​နှင့်​အ​ခြား​ပွဲ နေ့​များ​အ​တွက်​ပူ​ဇော်​သ​ကာ​များ၊ အ​ခြား သန့်​ရှင်း​မြင့်​မြတ်​သော​ပူ​ဇော်​သ​ကာ​များ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​အ​ပြစ် ဖြေ​ရာ​ယဇ်​နှင့်​ဗိ​မာန်​တော်​အ​တွက် အ​ခြား လို​အပ်​ရာ​တို့​ကို​ပေး​လှူ​ကြ​ပါ​မည်။ \p \v 34 ပြည်​သူ​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​များ​ဖြစ်​ကြ​သော​ငါ​တို့​သည် ပ​ညတ်​ကျမ်း​အ​ရ​ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို​မီး​ရှို့ ပူ​ဇော်​ရန်​အ​တွက် လို​အပ်​သည့်​ထင်း​များ​ကို အ​ဘယ်​သား​ချင်း​စု​တို့​က​ဆောင်​ခဲ့​ရ​ကြ မည်​ကို​နှစ်​စဉ်​နှစ်​တိုင်း​မဲ​ချ​ဆုံး​ဖြတ်​ကြ ပါ​မည်။ \p \v 35 ငါ​တို့​သည်​နှစ်​စဉ်​နှစ်​တိုင်း​မိ​မိ​တို့​ရိတ်​သိမ်း ရ​ရှိ​သည့်​အ​သီး​အ​နှံ​ဦး​များ​ကို​လည်း​ကောင်း၊ ငါ​တို့​သစ်​သီး​ပင်​များ​တွင်​အ​ဦး​မှည့်​သည့် အ​သီး​များ​ကို​လည်း​ကောင်း​ဗိ​မာန်​တော် သို့​ယူ​ဆောင်​ခဲ့​ပါ​မည်။\x + \xo 10:35 \xt ထွ၊ ၂၃:၁၉၊ ၃၄:၂၆။ တရား၊ ၂၆:၂။\x* \p \v 36 ပ​ညတ်​ကျမ်း​တွင်​ပြ​ဋ္ဌာန်း​ဖော်​ပြ​ထား​သည့် အ​တိုင်း ငါ​တို့​သည်​ဘု​ရား​သ​ခင်​အား​ဆက် ကပ်​ရန်​အ​တွက် မိ​မိ​တို့​၏​သား​ဦး​ကို​လည်း ကောင်း၊ မိ​မိ​တို့​နွား၊ သိုး၊ ဆိတ်​တို့​မှ​မွေး​ဖွား သည့်​သား​ဦး​ကို​လည်း​ကောင်း​ဗိ​မာန်​တော် ရှိ​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ယူ​ဆောင်​ခဲ့​ပါ မည်။\x + \xo 10:36 \xt ထွ၊ ၁၃:၂။\x* \p \v 37 ငါ​တို့​နှစ်​စဉ်​အ​ဦး​အ​ဖျား​ရိတ်​သိမ်း​ရ​ရှိ သည့်​ဂျုံ​ဆန်​ဖြင့်​ပြု​လုပ်​ထား​သော​မုန့်​ညက်၊ အ​ခြား​ပူ​ဇော်​သ​ကာ​များ​ဖြစ်​သော​စ​ပျစ် ရည်၊ သံ​လွင်​ဆီ​နှင့်​သစ်​သီး​အ​မျိုး​မျိုး​တို့ ကို​ဗိ​မာန်​တော်​ရှိ​ယဇ်​ပု​ရော​ဟိတ်​များ​ထံ သို့​ယူ​ဆောင်​ခဲ့​ပါ​မည်။ \p လယ်​လုပ်​သည့်​ရွာ​များ​တွင်​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ကို​ကောက်​ခံ​ကြ​သူ​လေ​ဝိ​အ​နွယ် ဝင်​တို့​ထံ​သို့ ငါ​တို့​သည်​မိ​မိ​တို့​လယ်​ယာ ထွက်​အ​သီး​အ​နှံ​ဆယ်​ပုံ​တစ်​ပုံ​ကို​ယူ ဆောင်​ခဲ့​ပါ​မည်။-\x + \xo 10:37 \xt တော၊ ၁၈:၂၁။\x* \v 38 ဤ​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ကို​ကောက်​ခံ​ချိန် ၌​အာ​ရုန်​မှ​ဆင်း​သက်​သည့်​ယဇ်​ပု​ရော ဟိတ်​များ​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့် အ​တူ​ရှိ​ရ​မည်။ ထို​နောက်​လေ​ဝိ​အ​နွယ်​ဝင် တို့​က​မိ​မိ​တို့​ကောက်​ခံ​ရ​ရှိ​သည့်​အ​သီး အ​နှံ​များ​အ​နက် ဆယ်​ပုံ​တစ်​ပုံ​ကို​ဗိ​မာန် တော်​တွင်​အ​သုံး​ပြု​ရန်​ဗိ​မာန်​တော်​ပစ္စည်း သို​လှောင်​ခန်း​သို့​ယူ​ဆောင်​သွား​ပါ မည်။-\x + \xo 10:38 \xt တော၊ ၁၈:၂၆။\x* \v 39 ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​သည်​အ​သီး​အ​နှံ၊ စ​ပျစ်​ရည် နှင့်​သံ​လွင်​ဆီ​အ​လှူ​ကို​ဗိ​မာန်​တော်​အ​သုံး အ​ဆောင်​များ​ထား​ရှိ​သော​တာ​ဝန်​ကျ​သည့် ယဇ်​ပု​ရော​ဟိတ်​များ၊ ဗိ​မာန်​တော်​အ​စောင့် တပ်​သား​များ​နှင့် ဗိ​မာန်​တော်​ဂီတ​ပ​ညာ​သည် များ​နေ​ထိုင်​သော​အ​ခန်း​များ​သို့​ယူ​ဆောင် သွား​ပါ​မည်။ \p ငါ​တို့​သည်​ငါ​တို့​ဘု​ရား​သ​ခင်​၏​အိမ် တော်​ကို​စွန့်​ပစ်​၍​ထား​မည်​မ​ဟုတ်​ပါ။ \b \c 11 \s1 ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​များ \p \v 1 ခေါင်း​ဆောင်​များ​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် နေ​ထိုင်​ကြ​၏။ အ​ခြား​သူ​တို့​မူ​ကား​ဆယ် အိမ်​ထောင်​လျှင် တစ်​အိမ်​ထောင်​ကျ​သန့်​ရှင်း သော​ယေ​ရု​ရှ​လင်​မြို့​တော်​တွင်​လည်း​ကောင်း၊ ကျန်​သော​သူ​တို့​ကို​အ​ခြား​မြို့​ရွာ​များ တွင်​လည်း​ကောင်း​နေ​ထိုင်​စေ​ရန်​မဲ​ချ​၍ ဆုံး​ဖြတ်​ကြ​၏။- \v 2 ယေ​ရု​ရှ​လင်​မြို့​တွင်​မိ​မိ​တို့​အ​လို​အ​လျောက် နေ​ထိုင်​သူ​တို့​အား​ပြည်​သူ​တို့​က​ချီး​ကူး ကြ​၏။- \v 3 အ​ခြား​မြို့​ရွာ​များ​တွင်​ဣ​သ​ရေ​လ​အ​မျိုး သား​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ် ဝင်​များ၊ ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ၊ ရှော လ​မုန်​၏​အ​စေ​ခံ​များ​မှ​ဆင်း​သက်​လာ သူ​များ​သည်​ကိုယ်​ပိုင်​အိမ်​များ​တွင်​နေ​ထိုင် ကြ​လေ​သည်။ \p ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သော​ယု​ဒ​ပြည် နယ်​အ​ကြီး​အ​ကဲ​များ​ကို​ဖော်​ပြ​အံ့။\x + \xo 11:3 \xt နေ၊ ၇:၇၃။\x* \sp \v 4 ယု​ဒ​အ​နွယ်​ဝင်​များ​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​သည်။ \p ဇာ​ခ​ရိ​၏​မြေး၊ သြ​ဇိ​၏​သား​အ​သာ​ယ။ သူ​၏ အ​ခြား​ဘိုး​ဘေး​များ​တွင်​ယု​ဒ​၏​သား​ဖာ​ရက် မှ​ဆင်း​သက်​သူ​အာ​မ​ရိ၊ ရှေ​ဖ​တိ​နှင့်​မ​ဟာ လေ​လ​တို့​ပါ​ဝင်​သည်။ \p \v 5 ကော​လ​ဟော​ဇ​၏​မြေး၊ ဗာ​ရုတ်​၏​သား​မာ​သေ​ယ။ သူ​၏​အ​ခြား​ဘိုး​ဘေး​များ​တွင်​ရှေ​လ​၏​သား ယု​ဒ​မှ​ဆင်း​သက်​သူ​ဟ​ဇာ​ယ၊ အ​ဒါ​ယ၊ ယော​ယ​ရိပ်​နှင့်​ဇာ​ခ​ရိ​တို့​ပါ​ဝင်​သည်။ \p \v 6 ဖ​ရက်​၏​သား​မြေး​များ​အ​နက်​သူ​ရဲ​ကောင်း လေး​ရာ​ခြောက်​ဆယ်​ရှစ်​ယောက်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​၏။ \sp \v 7 ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​၏။ \p ယော​ဒ​၏​မြေး၊ မေ​ရှု​လံ​၏​သား​သလ္လု။ သူ ၏​အ​ခြား​ဘိုး​ဘေး​များ​တွင်​ပေ​ဒါ​ယ၊ ကော​လာ​ယ၊ မာ​သေ​ယ၊ ဣ​သေ​လ၊ ယေ​ရှာ​ယ တို့​ပါ​ဝင်​သည်။ \p \v 8 သလ္လု​၏​ဆွေ​မျိုး​ရင်း​ခြာ​များ​ဖြစ်​ကြ​သော ဂဗ္ဗဲ​နှင့်​သလ္လဲ။ \p စု​စု​ပေါင်း ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ကိုး​ရာ​နှစ်​ဆယ့် ရှစ်​ယောက်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ ထိုင်​ကြ​၏။- \v 9 ဇိ​ခ​ရိ​၏​သား​ယော​လ​သည်​သူ​တို့​၏​ခေါင်း ဆောင်​ဖြစ်​၍ သေ​နွာ​၏​သား​ယု​ဒ​သည်​ဒု​တိ​ယ ခေါင်း​ဆောင်​ဖြစ်​၏။ \b \sp \v 10 ယဇ်​ပု​ရော​ဟိတ်​များ​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။ \p ယော​ယ​ရိပ်​၏​သား​ယေ​ဒါ​ယ၊ ယာ​ခိန်။ \p \v 11 မေ​ရှု​လံ​၏​မြေး၊ ဟိ​လ​ခိ​၏​သား​စ​ရာ​ယ။ သူ​၏​ဘိုး​ဘေး​များ​တွင်​ဇာ​ဒုတ်၊ မ​ရာ​ယုတ် နှင့်​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဟိ​တုပ်​တို့​ပါ ဝင်​သည်။- \v 12 ဤ​သား​ချင်း​စု​မှ​လူ​စု​စု​ပေါင်း​ရှစ်​ရာ​နှစ် ဆယ့်​နှစ်​ယောက်​တို့​သည်​ဗိ​မာန်​တော်​တွင် အ​မှု​ထမ်း​ကြ​၏။ \p ပေ​လ​လိ​၏​မြေး၊ ယေ​ရော​ဟံ​၏​သား​အ​ဒါ​ယ။ သူ​၏​ဘိုး​ဘေး​များ​တွင်​အာ​မ​ဇိ၊ ဇာ​ခ​ရိ၊ ပါ​ရှု​ရ၊ မာ​လ​ခိ​တို့​ပါ​ဝင်​သည်။- \v 13 ဤ​သား​ချင်း​စု​မှ​လူ​ပေါင်း​နှစ်​ရာ​လေး​ဆယ် နှစ်​ယောက်​တို့​သည်​အိမ်​ထောင်​ဦး​စီး​များ​ဖြစ် ကြ​၏။ \p အ​ဟ​ဇိ​၏​မြေး၊အာ​ဇ​ရေ​လ​၏​သား​အာ​မ​ရှဲ။ သူ​၏​ဘိုး​ဘေး​များ​တွင်​မေ​ရှိ​လ​မုတ်​နှင့် ဣ​မေ​ရ​တို့​ပါ​ဝင်​သည်။- \v 14 ဤ​သား​ချင်း​စု​တွင်​ထူး​ချွန်​သော​စစ်​သူ​ရဲ တစ်​ရာ​နှစ်​ဆယ့်​ရှစ်​ယောက်​ရှိ​၏။ သူ​တို့​၏​ခေါင်း ဆောင်​မှာ​အ​ရေး​ပါ​အ​ရာ​ရောက်​သည့်​အိမ် ထောင်​စု​ဝင်\f 9 \fr 11:14 \ft * \+fk အိမ်​ထောင်​စု​ခေါင်း​ဆောင်။ \ft သို့​မ​ဟုတ်​ဟ​ဂ​ဒေါ​လိမ်​၏​သား။\f* ဇာ​ဗ​ဒေ​လ​ဖြစ်​၏။ \b \sp \v 15 လေ​ဝိ​အ​နွယ်​ဝင်​များ​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။ \p အာ​ဇ​ရိ​ကံ​၏​မြေး၊ ဟာ​ရှုပ်​၏​သား​ရှေ​မာ​ယ။ သူ​၏​ဘိုး​ဘေး​များ​တွင်​ဟာ​ရှ​ဘိ​နှင့်​ဗုန္နိ​တို့ ပါ​ဝင်​သည်။ \p \v 16 ဗိ​မာန်​တော်​အ​ပြင်​မှု​ကြီး​ကြပ်​သူ​လေ​ဝိ အ​နွယ်​ဝင်​အ​ကြီး​အ​ကဲ​များ​ဖြစ်​ကြ​သော ရှဗ္ဗေ​သဲ​နှင့်​ယော​ဇ​ဗဒ်။ \p \v 17 ဇာ​ဗ​ဒိ​၏​မြေး၊ မိက္ခာ​၏​သား​မ​ဿ​နိ။ သူ​သည် အာ​သပ်​မှ​ဆင်း​သက်​လာ​သူ​ဖြစ်​၏။ သူ​သည် ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ဆု​တောင်း​ပတ္ထ​နာ သီ​ချင်း​ကို​သီ​ဆို​ရာ​တွင်​ဗိ​မာန်​တော်​သီ ချင်း​အ​ဖွဲ့​ခေါင်း​ဆောင်​အ​ဖြစ်​ဆောင်​ရွက် သူ​ဖြစ်​၏။ \p မ​ဿ​နိ​၏​လက်​ထောက်​ဗာ​က​ဗု​ကိ။ \p ဂ​လာ​လ​၏​မြေး၊ ရှ​မွာ​၏​သား​သြ​ဗ​ဒိ။ သူ သည်​ယေ​ဒု​သုန်​မှ​ဆင်း​သက်​လာ​သူ​ဖြစ်​၏။ \p \v 18 လေ​ဝိ​အ​နွယ်​ဝင်​စု​စု​ပေါင်း​နှစ်​ရာ​ရှစ်​ဆယ် လေး​ယောက်​တို့​သည်​သန့်​ရှင်း​သော​ယေ​ရု ရှ​လင်​မြို့​တော်​တွင်​နေ​ထိုင်​ကြ​လေ​သည်။ \b \sp \v 19 ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​မှာ​အောက် ပါ​အ​တိုင်း​ဖြစ်​သည်။ \p အက္ကုပ်၊တာ​လ​မုန်​နှင့်​သူ​၏​ဆွေ​မျိုး​များ​ဖြစ် ၍​စု​စု​ပေါင်း​တစ်​ရာ​ခု​နစ်​ဆယ်​နှစ်​ယောက် ရှိ​သ​တည်း။ \p \v 20 ကျန်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ၊ ပု​ရော​ဟိတ် များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​သည်​အ​ခြား ယု​ဒ​မြို့​ရွာ​တို့​တွင်​ကိုယ်​ပိုင်​မြေ​ရာ​တွင်​နေ ထိုင်​ကြ​၏။ \p \v 21 ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​သည် ယေ​ရု ရှ​လင်​မြို့​သြ​ဖေ​လ​ဟု​အ​မည်​တွင်​သော အ​ရပ်​တွင်​နေ​ထိုင်​၍ ဇိ​ဟ​နှင့်​ဂိ​သ​ပ​တို့ ၏​ကွပ်​ကဲ​မှု​အောက်​တွင်​အ​လုပ်​လုပ်​ကြ လေ​သည်။ \p \v 22 ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​လေ​ဝိ​အ​နွယ် ဝင်​တို့​ကို ကွပ်​ကဲ​အုပ်​ချုပ်​သူ​မှာ​ဟာ​ရှ​ဘိ​၏ မြေး၊ ဗာ​နိ​၏​သား​သြ​ဇိ​ဖြစ်​၏။ သူ​၏​ဘိုး​ဘေး များ​တွင်​မ​ဿ​နိ​နှင့်​မိက္ခာ​တို့​ပါ​ဝင်​၏။ သူ​သည် ဗိ​မာန်​တော်​ဝတ်​ပြု​ကိုး​ကွယ်​မှု​ဆိုင်​ရာ​ဂီ​တ တာ​ဝန်​ခံ​ဖြစ်​သည့်​အာ​သပ်​သား​ချင်း​စု ဝင်​ဖြစ်​ပေ​သည်။- \v 23 သား​ချင်း​စု​တို့​သည်​ဗိ​မာန်​တော်​တွင်​သီ​ဆို တီး​မှုတ်​မှု​ကို နေ့​စဉ်​အ​ဘယ်​သို့​အ​လှည့် ကျ​ဦး​ဆောင်​ရ​ကြ​မည်​ကို​ဖော်​ပြ​သည့် ဘု​ရင့်​ညွှန်​ကြား​ချက်​များ​ရှိ​၏။ \p \v 24 ယု​ဒ​အ​နွယ်၊ ဇာ​ရ​သား​ချင်း​စု​ဝင်၊ မေ​ရှ​ဇ ဗေ​လ​၏​သား​ပေ​သ​ဟိ​သည်​ဣ​သ​ရေ​လ အ​မျိုး​တို့​အ​မှု​အ​ရေး​ရှိ​သ​မျှ​နှင့်​ဆိုင် ၍ ပေ​ရ​သိ​ဘု​ရင်​မင်း​အ​ပါး​တော်​တွင် ခ​စား​ခဲ့​၏။ \b \s1 အ​ခြား​မြို့​ရွာ​များ​တွင်​နေ​ထိုင်​သူ​များ \p \v 25 လူ​အ​မြောက်​အ​မြား​ပင်​မိ​မိ​တို့​လယ်​ယာ များ​အ​နီး​ရှိ​မြို့​တို့​တွင်​နေ​ထိုင်​ကြ​လေ သည်။ ယု​ဒ​အ​နွယ်​ဝင်​တို့​သည်​ကိ​ရ​ယ သာ​ဘ​မြို့၊ ဒိ​ဘုန်​မြို့​နှင့်​ယေ​ကပ်​ဇေ​လ​မြို့ တို့​၌​လည်း​ကောင်း၊ ထို​မြို့​များ​အ​နီး​ရှိ ကျေး​ရွာ​များ​၌​လည်း​ကောင်း​နေ​ထိုင်​ကြ​၏။- \v 26 သူ​တို့​သည်​ယေ​ရွှ၊ မော​လ​ဒ၊ ဗက်​ပါ​လက်၊- \v 27 ဟာ​ဇာ​ရွာ​လ၊ ဗေ​ရ​ရှေ​ဘ​မြို့​နှင့်​ထို​မြို့​တို့ ၏​အ​နီး​အ​နား​ဝန်း​ကျင်​ရှိ​ကျေး​ရွာ​များ ၌​လည်း​နေ​ထိုင်​ကြ​လေ​သည်။- \v 28 သူ​တို့​သည်​ဇိ​က​လတ်​မြို့၊ မေ​ကော​န​မြို့​နှင့် ထို​မြို့​အ​နီး​ကျေး​ရွာ​များ​တွင်​လည်း​ကောင်း၊- \v 29 အင်​ရိမ္မုန်​မြို့၊ ဇာ​ရ​မြို့၊ ယာ​မုတ်​မြို့၊ \m \v 30 ဇာ​နော​မြို့၊အ​ဒုံ​လံ​မြို့​နှင့်​ထို​မြို့​များ​အ​နီး ရှိ​ကျေး​ရွာ​များ​တွင်​လည်း​ကောင်း၊ လာ​ခိ​ရှ မြို့​နှင့်​အ​နီး​အ​နား​ရှိ​လယ်​ယာ​များ၊ အ​ဇေ ကာ​မြို့​နှင့်​အ​နီး​အ​နား​ရှိ​ကျေး​ရွာ​များ တွင်​လည်း​ကောင်း​နေ​ထိုင်​ကြ​၏။ အ​ချုပ်​အား ဖြင့်​ဆို​သော်​ယု​ဒ​ပြည်​သူ​တို့​သည်​တောင် ဘက်​ရှိ​ဗေ​ရ​ရှေ​ဘ​မြို့​နှင့်​မြောက်​ဘက်​ဟိန္နုံ ချိုင့်​ဝှမ်း​စပ်​ကြား​ရှိ​နယ်​မြေ​တွင်​နေ​ထိုင် ကြ​သ​တည်း။ \p \v 31 ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​သည်​ဂေ​ဗ​မြို့၊ မိတ် မတ်​မြို့၊ အာ​ဣ​မြို့၊ ဗေ​သ​လ​မြို့​နှင့်​အ​နီး အ​နား​ရှိ​ကျေး​ရွာ​များ​တွင်​လည်း​ကောင်း၊- \v 32-35 အာ​န​သုတ်​မြို့၊ နော​ဗ​မြို့၊ အာ​န​နိ​မြို့၊- ဟာ​ဇော်​မြို့၊ ရာ​မ​မြို့၊ ဂိတ္တိမ်​မြို့၊- ဟာ​ဒိဒ်​မြို့၊ ဇေ​ဘိုင်​မြို့၊ နေ​ဗလ္လတ်​မြို့၊ လော​ဒ​မြို့၊သြ​နော​မြို့​နှင့်​လက်​မှု​ပ​ညာ သည်​ချိုင့်​ဝှမ်း​တွင်​လည်း​ကောင်း​နေ​ထိုင်​ကြ​၏။- \v 36 ယု​ဒ​နယ်​မြေ​တွင်​နေ​ထိုင်​ခဲ့​သူ​လေ​ဝိ​အ​နွယ် ဝင်​အ​ချို့​တို့​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ နှင့်​အ​တူ​နေ​ထိုင်​ရ​ကြ​လေ​သည်။ \c 12 \s1 ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​စာ​ရင်း \p \v 1 ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ၊ ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု​တို့​နှင့်​အ​တူ​ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အနွယ်​ဝင်​များ​၏​စာ​ရင်း​ကို​ဖော်​ပြ​ပေ​အံ့။ \sp \v 2-7 ယဇ်​ပု​ရော​ဟိတ်​များ​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ \q1 စ​ရာ​ယ၊ယေ​ရ​မိ၊ဧ​ဇ​ရ၊ \q1 အာ​မ​ရိ၊မလ္လုတ်၊ဟတ္ထုတ်၊ \q1 ရှေ​ခ​နိ၊ရေ​ဟုံ၊မေ​ရ​မုတ်၊ \q1 ဣ​ဒေါ၊ဂိ​န္နေသုန်၊အ​ဘိ​ယ၊ \q1 မိ​ညာ​မိန်၊မာ​ဒျာ၊ဗိ​လ​ဂ၊ \q1 ရှေ​မာ​ယ၊ယော​ယ​ရိပ်၊ယေ​ဒါ​ယ၊ \q1 သလ္လု၊အာ​မောက်၊ဟိ​လ​ခိ၊ယေ​ဒါ​ယ။ \p ထို​သူ​တို့​သည်​ယော​ရှု​၏​လက်​ထက်​၌ မိ​မိ​တို့​၏​အ​ဖော်​ယဇ်​ပု​ရော​ဟိတ်​တို့​၏​ခေါင်း​ဆောင်​များ​ဖြစ်​ကြ​၏။ \sp \v 8 လေ​ဝိ​အ​နွယ်​ဝင်​များ​စာ​ရင်း။ \p အောက်​ပါ​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ဋ္ဌမ္မ​သီ​ချင်း​များ​သီ​ဆို​မှု​တွင်​တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​သူ​များ​ဖြစ်​ကြ​သည်။ \q1 ယော​ရှု၊ဗိ​နွိ၊ကပ်​မျေလ၊ \q1 ရှေ​ရ​ဘိ၊ယု​ဒ​နှင့်​မ​ဿ​နိ၊ \p \v 9 အောက်​ပါ​တို့​သည်​တုန့်​ပြန်​သီ​ဆို​မှု​ကို​ပြု​ရ​သည့်​သီ​ချင်း​သည်​များ​ဖြစ်​ကြ​၏။ ဗာ​က​ဗု​ကိ၊ ဥ​နိ​နှင့်​အ​ဖော်​လေ​ဝိ​အ​နွယ်​ဝင်​များ။ \s1 ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု​၏​သား​မြေး​များ \p \v 10 ယော​ရှု​၏​သား​သည်​ယော​ယ​ကိမ်၊ ယော​ယ​ကိမ်​၏​သား​မှာ​ဧ​လျာ​ရှိပ်၊ ဧ​လျာ​ရှိပ်​၏​သား​ကား​ယော​ယ​ဒ​ဖြစ်​၏။ \p \v 11 ယော​ယ​ဒ​၏​သား​သည်​ယော​န​သန်၊ ယော​န​သန်​၏​သား​မှာ​ယာ​ဒွါ​ဖြစ်​၏။ \b \s1 ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​တို့​၏​ဦး​စီး​ခေါင်း​ဆောင်​များ \p \v 12-21 ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ယ​ကိမ်​လက်​ထက်​၌​အောက်​ပါ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​တို့​၏​ဦး​စီး​ခေါင်း​ဆောင်​များ​အ​ဖြစ်​ဆောင်​ရွက်​ရ​ကြ​၏။ \li1 သား​ချင်း​စု ဦး​စီး​ခေါင်း​ဆောင် \li1 စ​ရာ​ယ မေ​ရာ​ယ \li1 ယေ​ရ​မိ ဟာ​န​နိ \li1 ဧ​ဇ​ရ မေ​ရှု​လံ \li1 အာ​မ​ရိ ယော​ဟ​နန် \li1 မလ္လုတ် ယော​န​သန် \li1 ရှေ​ခ​နိ ယော​သပ် \li1 ဟာ​ရိ​မ အာ​ဒ​န \li1 မေ​ရာ​ယုတ် ဟေ​လ​ကဲ \li1 ဣ​ဒေါ ဇာ​ခ​ရိ \li1 ဂိန္နေ​သုန် မေ​ရှု​လံ \li1 အ​ဘိ​ယ ဇိ​ခ​ရိ \li1 မိ​ညာ​မိန် ဟေ​ဗြဲ​စာ​မူ​တွင်​နာ​မည်​မ​ပါ​လာ \li1 မာ​ဒျာ ပိ​လ​တဲ \li1 ဗိ​လ​ဂ ရှ​မွာ \li1 ရှေ​မာ​ယ ယေ​ဟော​န​သန် \li1 ယော​ယ​ရိပ် မတ္တေနဲ \li1 ယေ​ဒါ​ယ သြ​ဇိ \li1 သလ္လု ကာ​လဲ \li1 အာ​မောက် ဧ​ဗာ \li1 ဟိ​လ​ခိ ဟာ​ရှ​ဘိ \li1 ယေ​ဒါ​ယ နာ​သ​နေ​လ \s1 ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့်​လေ​ဝိ​အိမ်​ထောင်​စု​များ​မှတ်​တမ်း \p \v 22 ယဇ်​ပု​ရော​ဟိတ်​မင်း​များ​ဖြစ်​ကြ​သော​ဧ​လျာ​ရှိပ်၊ ယော​ယ​ဒ၊ ယော​ဟ​နန်​နှင့်​ယာ​ဒွါ​တို့​၏​လက်​ထက်​တွင်​လေ​ဝိ​အိမ်​ထောင်​စု​နှင့်​ယဇ်​ပု​ရော​ဟိတ်​အိမ်​ထောင်​စု​ဦး​စီး​ခေါင်း​ဆောင်​များ​၏​မှတ်​တမ်း​ကို​ထား​ရှိ​ခဲ့​၏။ ဤ​မှတ်​တမ်း​ကို​ပေ​ရ​သိ​ဧ​က​ရာဇ်​ဒါ​ရိ​လက်​ထက်​၌​ပြု​စု​ပြီး​စီး​လေ​သည်။ \p \v 23 သို့​ရာ​တွင်​လေဝိ​အိမ်​ထောင်​ဦး​စီး​များ​စာ​ရင်း​ကို​ဧ​လျာ​ရှိပ်​၏​မြေး​ယော​ဟ​နန်​၏​လက်​ထက်​တိုင်​အောင်​သာ​လျှင်​တ​ရား​ဝင်​မှတ်​တမ်း​များ​တွင်​တွေ့​ရှိ​ရ​၏။ \b \s1 ဗိ​မာန်​တော်​တွင်​တာ​ဝန်​ခွဲ​ဝေ​သတ်​မှတ်​ပေး​ခြင်း \p \v 24 ဟာ​ရှ​ဘိ၊ ရှေ​ရ​ဘိ၊ ယော​ရှု၊ ဗိနွိ\f 10 \fr 12:24 \ft * \ft ၁၀:၉ နှင့် ၁၂:၈ ကို​ကြည့်​ပါ။\f* နှင့်​ကပ်​မျေ​လ​တို့​၏​ညွှန်​ကြား​အုပ်​ချုပ်​မှု​ကို​ခံ​ယူ​ကာ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​အ​စု​များ​ခွဲ​၍​တာ​ဝန်​ယူ​ရ​ကြ​၏။ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ပေး​အပ်​သည့်​ညွှန်​ကြား​ချက်​များ​နှင့်​အ​ညီ တစ်​ကြိမ်​လျှင်​နှစ်​စု​ကျ​အ​တုန့်​အ​ပြန်​ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​လျက်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရ​ကြ​လေ​သည်။ \p \v 25 ဗိ​မာန်​တော်​အဝင်​တံ​ခါး​အ​နီး​ရှိ​ပစ္စည်း​သို​လှောင်​ခန်း​များ​ကို​တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သော​ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​မှာ​မ​ဿ​နိ၊ ဗာ​က​ဗု​ကိ၊ သြ​ဗ​ဒိ၊ မေ​ရှု​လံ၊ တာ​လ​မုန်​နှင့်​အက္ကုပ်​တို့​ဖြစ်​ကြ​၏။ \p \v 26 ဤ​သူ​အ​ပေါင်း​တို့​သည်​ယော​ဇ​ဒက်​၏​မြေး၊ ယော​ရှု​၏​သား​ယော​ယ​ကိန်၊ ဘု​ရင်​ခံ​နေ​ဟ​မိ၊ ပ​ညတ်​ကျမ်း​တတ်​မြောက်​သူ​ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​တို့​၏​လက်​ထက်​၌​နေ​ထိုင်​ကြ​သူ​များ​ဖြစ်​ပေ​သည်။ \b \s1 မြို့​ရိုး​ကို​အ​နု​မော​ဒ​နာ​ပြု​ခြင်း \p \v 27 ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို​အ​နု​မော​ဒ​နာ​ပြု​သော​အ​ခါ​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် အား​ရ​ရွှင်​လန်း​စွာ​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​သီ​ချင်း​များ​ကို​သီ​ဆို​လျက် လင်း​ကွင်း​နှင့်​စောင်း​များ​ကို​တီး​လျက်​ပါ​ဝင်​ဆင်​နွှဲ​ကြ​စေ​ရန် သူ​တို့​အား​ရောက်​ရှိ​နေ​ထိုင်​လျက်​ရှိ​သည့်​အ​ရပ်​များ​မှ​ခေါ်​ယူ​ခဲ့​ကြ​၏။ \p \v 28 ဋ္ဌမ္မ​သီ​ချင်း​ကို​ဆို​သော​လေ​ဝိ​အိမ်​ထောင်​စု​များ​သည်၊ မိ​မိ​တို့​အ​တည်​တ​ကျ​နေ​ထိုင်​ရာ​ယေ​ရု​ရှ​လင်​မြို့​ပတ်​ဝန်း​ကျင်​ဒေ​သ​နေ​တော​ဖာ​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ၊- \v 29 ဂိ​လ​ဂါ​လ၊ ဂေ​ဗ​နှင့်​အာ​ဇ​မာ​ဝက်​ကျေး​လက်​များ​မှ​လာ​ရောက်​ကြ​လေ​သည်။- \v 30 ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​ကိုယ်​တိုင်​အ​တွက်​လည်း​ကောင်း၊ ပြည်​သူ​များ၊ မြို့​တံ​ခါး​များ၊ မြို့​ရိုး​အ​တွက်​လည်း​ကောင်း​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ကို​ပြု​ကြ​၏။ \p \v 31 ငါ​သည်​ယု​ဒ​ခေါင်း​ဆောင်​များ​အား​မြို့​ရိုး​ပေါ်​တွင်​စု​ရုံး​စေ​ပြီး​လျှင် မြို့​ကို​လှည့်​လည်​၍​ကျေး​ဇူး​တော်​ကို​သီ​ဆို​ချီး​မွမ်း​ရန်​လူ​စု​ကြီး​နှစ်​စု​ကို​ကြီး​ကြပ်​စေ​၏။ \p ပ​ထ​မ​တစ်​စု​သည်​အ​မှိုက်​ပုံ​တံ​ခါး​သို့​ဦး​တည်​လျက်​မြို့​ရိုး​ပေါ်​တွင်​လက်​ယာ​ရစ်​လှည့်​ကြ​၏။- \v 32 သီ​ချင်း​သည်​များ​၏​နောက်​မှ​ဟော​ရှ​ယ​လိုက်​၏။ သူ​၏​နောက်​တွင်​ယု​ဒ​ခေါင်း​ဆောင်​တစ်​ဝက်​လိုက်​ကြ​၏။- \v 33 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သော​အာ​ဇ​ရိ၊ ဧ​ဇ​ရ၊မေ​ရှု​လံ၊- \v 34 ယု​ဒ၊ ဗင်္ယာ​မိန်၊ ရှေ​မာ​ယ​နှင့်​ယေ​ရ​မိ​တို့​နှင့်၊- \v 35 ယဇ်​ပု​ရော​ဟိတ်​အ​ချို့​က တံ​ပိုး​ခ​ရာ​များ​မှုတ်​၍​လိုက်​ကြ​၏။ ထို​နောက်​ရှေ​မာ​ယ​၏​မြေး၊ ယော​န​သန်​၏​သား​ဇာ​ခ​ရိ​လိုက်​လေ​သည်။ (သူ​၏​ဘိုး​ဘေး​များ​တွင်​အာ​သပ်​သား​ချင်း​စု​ဝင်​ဖြစ်​ကြ​သော​မ​ဿ​နိ၊ မိက္ခာ​ယ​နှင့်​ဇက္ကု​ရ​တို့​လည်း​ပါ​ဝင်​လေ​သည်။-) \v 36 သူ​၏​နောက်​၌​သူ့​သား​ချင်း​စု​ဝင်​များ​ဖြစ်​ကြ​သော​ရှေ​မာ​ယ၊ အာ​ဇ​ရေ​လ၊ မိ​လ​လဲ၊ ဂိ​လ​လဲ၊ မာ​ဣ၊ နာ​သ​နေ​လ၊ ယု​ဒ​နှင့်​ဟာ​န​နိ​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​မင်း​တီး​မှုတ်​သည့်​တူ​ရိ​ယာ​မျိုး​တို့​ကို​ကိုင်​ဆောင်​လျက်​လိုက်​ကြ​၏။ ကျမ်း​တတ်​မြောက်​သူ​ဧ​ဇ​ရ​က​ဤ​လူ​စု​တို့​လှည့်​လည်​ရာ​တွင်​ဦး​စီး​ခေါင်း​ဆောင်​ပြု​လေ​သည်။- \v 37 စမ်း​ရေ​တွင်း​တံ​ခါး​သို့​ရောက်​သော​အ​ခါ​သူ​တို့​သည် ဒါ​ဝိဒ်​မြို့​သို့​သွား​ရာ​လှေ​ကား​ထစ်​များ​ကို​တက်​၍ ဒါ​ဝိဒ်​နန်း​တော်​ကို​ဖြတ်​ကျော်​ကာ​မြို့​အ​ရှေ့​ဘက်၊ ရေ​တံ​ခါး​အ​နီး​ရှိ​မြို့​ရိုး​သို့​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​၏။ \p \v 38 ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​အ​ခြား​လူ​စု​သည်​မြို့​ရိုး​ပေါ်​တွင်​လက်​ဝဲ​ရစ်​လှည့်​၏။ ငါ​သည်​ကျန်​ပ​ရိ​သတ်​တစ်​ဝက်​နှင့်​အ​တူ​သူ​တို့​၏​နောက်​မှ​လိုက်​ကြ​၏။ ငါ​တို့​သည်​မုန့်​ဖို​ပြ​အိုး​ကို​ဖြတ်​၍​မြို့​ရိုး​ကျယ်​အ​ထိ​လျှောက်​သွား​ကြ​ပြီး​လျှင်၊- \v 39 ဧ​ဖ​ရိမ်​တံ​ခါး၊ မြို့​ဟောင်း​တံ​ခါး၊ ငါး​တံ​ခါး၊ ဟာ​န​နေ​လ​ပြ​အိုး​နှင့်​ရာပြည့်​ပြ​အိုး​တို့​ကို​ဖြတ်​၍ သိုး​တံ​ခါး​သို့​သွား​ပြီး​နောက်​ဗိ​မာန်​တော်​အ​နီး​ရှိ​တံ​ခါး​တွင်​ရပ်​နေ​ကြ​၏။ \p \v 40 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သည့်​လူ​စု​နှစ်​စု​စ​လုံး​ပင်​ဗိ​မာန်​တော်​နယ်​မြေ​သို့​ရောက်​ရှိ​လာ​ကြ​လေ​သည်။ \p ငါ​နှင့်​အ​တူ​လိုက်​ပါ​လာ​သည့်​ခေါင်း​ဆောင်​များ​အ​ပြင်၊- \v 41 ငါ​၏​လူ​စု​တွင်​တံ​ပိုး​ခ​ရာ​မှုတ်​သူ​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သည့်​ဧ​လျာ​ကိမ်၊ မာ​သေ​ယ၊ မိ​ညာ​မိန်၊ မိက္ခာ​ယ၊ ဧ​လိ​သြ​နဲ၊ ဇာ​ခ​ရိ​နှင့်​ဟာ​န​နိ​တို့​ပါ​ဝင်​ကြ​၏။- \v 42 သူ​တို့​၏​နောက်​မှ​မာ​သေ​ယ၊ ရှေ​မာ​ယ၊ ဧ​လာ​ဇာ၊ သြ​ဇိ ၊ ယော​ဟ​နန်၊ မာ​လ​ခိ​ယ၊ ဧ​လံ​နှင့်​ဧ​ဇာ​တို့​က​လိုက်​ကြ​၏။ ယေ​ဇ​ရာ​ဟိ​ခေါင်း​ဆောင်​သော​သီ​ချင်း​သည်​များ​သည်​အ​သံ​ကုန်​ဟစ်​၍​သီ​ဆို​ကြ​၏။ \p \v 43 ထို​နေ့​၌​ယဇ်​အ​မြောက်​အ​မြား​ကို​ပူ​ဇော်​ကြ​၏။ ဝမ်း​မြောက်​ရွှင်​လန်း​ခွင့်​ကို​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ကြောင့်​လူ​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​ကုန်​၏။ သူ​တို့​နှင့်​အ​တူ​အ​မျိုး​သ​မီး​များ​နှင့်​က​လေး​များ​သည်​လည်း​ပါ​ဝင်​ဆင်​နွှဲ​ကြ​သည်​ဖြစ်​၍ သူ​တို့​၏​ရွှင်​လန်း​ဝမ်း​မြောက်​သံ​ကို​အ​ဝေး​က​ပင်​ကြား​နိုင်​လေ​သည်။ \b \s1 ဗိ​မာန်​တော်​တွင်​ဝတ်​ပြု​ကိုး​ကွယ်​မှု​အ​တွက်​ဝတ္ထု​ပစ္စည်း​များ​စု​ဆောင်း​ထား​ရှိ​ခြင်း \p \v 44-45 ထို​ကာ​လ​၌​နှစ်​စဉ်​အ​သီး​အ​နှံ​ဦး​များ​နှင့်​အ​ဦး​မှည့်​သည့်​သစ်​သီး​များ​၏​ဆယ်​ဖို့​တစ်​ဖို့​နှင့်​အ​ခြား​အ​လှူ​များ​ထား​ရှိ​ရာ​ပစ္စည်း​သို​လှောင်​ခန်း​များ​အ​တွက်​တာ​ဝန်​ခံ​ပစ္စည်း​ထိန်း​တို့​ကို​ခန့်​ထား​ကြ​၏။ ဤ​သူ​တို့​သည်​ပ​ညတ်​ကျမ်း​တွင်​ပြ​ဋ္ဌာန်း​ထား​သည့်​အ​တိုင်း ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​တွက်​အ​လှူ​များ​ကို​မြို့​ရွာ​များ​အ​နီး​ရှိ​လယ်​ယာ​အ​သီး​သီး​မှ​ကောက်​ခံ​ရန်​တာ​ဝန်​ယူ​ကြ​ရ​လေ​သည်။ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် သန့်​စင်​မှု​မင်္ဂ​လာ​နှင့်​အ​ခြား​ဘု​ရား​သ​ခင်​မိန့်​မှာ​တော်​မူ​သည့်​အ​ခြား​ဘာ​သာ​ရေး​ဝတ်​များ​ကို​လည်း​ပြု​ကြ​သည်​ဖြစ်​၍ ယု​ဒ​ပြည်​သူ​များ​သည်​အား​ရ​ဝမ်း​မြောက်​ကြ​၏။ ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ​နှင့်​အ​စောင့်​တပ်​သား​များ​က​လည်း ဒါ​ဝိဒ်​မင်း​နှင့်​သား​တော်​ရှော​လ​မုန်​စီ​ရင်​တော်​မူ​ခဲ့​သည့်​အ​တိုင်း မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​ကြ​လေ​သည်။\x + \xo 12:44-45 \xt ၅ရာ၊ ၂၅:၁-၈၊ ၂၆:၁၂။\x* \p \v 46 ရှေး​ကာ​လ​ဒါ​ဝိဒ်​မင်း​နှင့်​ဂီ​တ​ပ​ညာ​သည်​အာ​သပ်​၏​လက်​ထက်​မှ​အ​စ​ပြု​၍ ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​နှင့်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​သီ​ချင်း​များ​ကို​ဂီတ​ပ​ညာ​သည်​များ​က​ဦး​ဆောင်​သီ​ဆို​ခဲ့​ကြ​သည်။- \v 47 ဇေ​ရု​ဗ​ဗေ​လ​၏​လက်​ထက်​နှင့်​နေ​ဟ​မိ​၏​လက်​ထက်​၌​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်​ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ​နှင့်​အ​စောင့်​တပ်​သား​တို့​အ​တွက် ရိက္ခာ​များ​ကို​နေ့​စဉ်​နေ့​တိုင်း​ထောက်​ပံ့​လှူ​ဒါန်း​ကြ​လေ​သည်။ ပြည်​သူ​တို့​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​သန့်​ရှင်း​သည့်​အ​ရာ​တို့​ကို​လှူ​ဒါန်း​ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​များ​က​လည်း ယဇ်​ပု​ရော​ဟိတ်​တို့​အား​သင့်​ရာ​အ​ချိုး​ကို​တစ်​ဆင့်​လှူ​ဒါန်း​ကြ​၏။ \b \c 13 \s1 လူ​မျိုး​ခြား​များ​နှင့်​ခွဲ​ခွာ​ကြ​ခြင်း \p \v 1 ထို​နေ့​၌​မော​ရှေ​၏​ပ​ညတ်​ကျမ်း​ကို​လူ​များ ရှေ့​မှာ​ဖတ်​ရွတ်​ကြ​ရာ``အမ္မုန်​အ​မျိုး​သား​နှင့် မော​ဘ​အ​မျိုး​သား​တို့​အား​ဘု​ရား​သ​ခင် ၏​လူ​မျိုး​တော်​ထဲ​တွင်​အ​ဘယ်​အ​ခါ​၌​မျှ ပါ​ဝင်​ခွင့်​မ​ပြု​ရ'' ဟူ​သော​ကျမ်း​ပိုဒ်​သို့ ရောက်​ရှိ​လာ​လေ​သည်။-\x + \xo 13:1 \xt တရား၊ ၂၃:၃-၅။\x* \v 2 ဤ​သို့​ပ​ညတ်​ရ​ခြင်း​မှာ​အမ္မုန်​နှင့်​မော​ဘ ပြည်​သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား များ​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ချိန်​၌ အ​စာ​ရေ​စာ​ကို​မ​ပေး​ဘဲ​နေ​ခဲ့​ကြ​သော ကြောင့်​ဖြစ်​၏။ ထို​ပြင်​ဗာ​လမ်​ကို​ငှား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကျိန်​ဆဲ စေ​ကြ​၏။ သို့​ရာ​တွင်​ငါ​တို့​ဘု​ရား​သ​ခင် သည်​ထို​ကျိန်​ဆဲ​သော​စ​ကား​ကို​ကောင်း​ချီး ပေး​သော​စ​ကား​ဖြစ်​စေ​တော်​မူ​၏။-\x + \xo 13:2 \xt တော၊ ၂၂:၁-၆။\x* \v 3 ထို​ကျမ်း​စ​ကား​ဖတ်​ရွတ်​သည်​ကို​ကြား​ကြ သော​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​အ​သိုင်း​အ​ဝိုင်း​မှ​လူ​မျိုး​ခြား​များ ကို​ပယ်​ထုတ်​လိုက်​ကြ​လေ​သည်။ \b \s1 နေ​ဟ​မိ​ဆောင်​ရွက်​သည့်​ပြု​ပြင်​ပြောင်း​လဲ​မှု​များ \p \v 4 ဗိ​မာန်​တော်​ပစ္စည်း​သို​လှောင်​ခန်း​များ​ကို​တာ​ဝန် ယူ​ထိန်း​သိမ်း​ရ​သူ ယဇ်​ပု​ရော​ဟိတ်​ဧ​လျာ​ရှိပ် သည်​တော​ဘိ​နှင့်​ခင်​မင်​ရင်း​နှီး​လျက်​နေ သ​ဖြင့်၊- \v 5 ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ၊ နံ့​သာ​ပေါင်း၊ ဗိ​မာန်​တော်​အ​သုံး​အ​ဆောင်​များ​မှ​စ​၍ ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက်​လှူ​ရ​သော အ​လှူ​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ၊ ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ၊ ဗိ​မာန် တော်​အ​စောင့်​တပ်​သား​များ​အ​တွက် ဆယ် ဖို့​တစ်​ဖို့​ပေး​လှူ​သော​ဆန်​စ​ပါး၊ စ​ပျစ် ရည်​နှင့်​သံ​လွင်​ဆီ​ကို​သို​လှောင်​ရန်​အ​တွက် သာ​လျှင် အ​သုံး​ပြု​သော​အ​ခန်း​ကြီး​ကို တော​ဘိ​အား​အ​သုံး​ပြု​ခွင့်​ပေး​ထား​လေ သည်။- \v 6 ဤ​သို့​ဖြစ်​ပျက်​လျက်​နေ​ချိန်​တွင်​ငါ​သည် ယေ​ရု​ရှ​လင်​မြို့​၌​မ​ရှိ။ ဗာ​ဗု​လုန်​ဘု​ရင် အာ​တ​ဇေ​ရဇ်​၏\f 11 \fr 13:6 \ft * \+fk အာ​တ​ဇေ​ရဇ်။ \ft ပေ​ရ​သိ​ဧ​က​ရာဇ်​မင်း​အား​ဗာ​ဗု​လုန် ဘု​ရင်​ဟု​လည်း​ခေါ်​သည်။\f* နန်း​စံ​သုံး​ဆယ့်​နှစ်​နှစ်​မြောက်​၌​ငါ​သည်​မင်း ကြီး​ထံ​သို့​အ​စီ​ရင်​ခံ​ရန်​သွား​ရောက်​ချိန် ဖြစ်​၏။ ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ငါ​သည်​မင်း​ကြီး​ထံ​မှ​ခွင့်​ပြု​ချက်​ရ​သ​ဖြင့်၊- \v 7 ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​ရောက်​၍​ဗိ​မာန်​တော် အ​ခန်း​တစ်​ခု​ကို တော​ဘိ​အား​ဧလျာရှိပ်​ပေး အပ်​ထား​ကြောင်း​ကြား​သိ​ရ​သော​အ​ခါ ငါ​သည်​ထိတ်​လန့်​၍၊- \v 8 လွန်​စွာ​အ​မျက်​ထွက်​ပြီး​လျှင်​တော​ဘိ​၏ ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​ကို​ပစ်​ထုတ်​လိုက်​၏။- \v 9 အ​ခန်း​များ​ကို​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​မှု​ကို​ပြု​စေ​၍​ဗိ​မာန်​တော်​အ​သုံး အ​ဆောင်​များ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ နှင့်​နံ့​သာ​ပေါင်း​တို့​ကို​ပြန်​သွင်း​ရန်​အ​မိန့် ပေး​၏။ \p \v 10 လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​ဗိ​မာန်​တော်​ဂီ​တ ပ​ညာ​သည်​များ​သည်​ရိက္ခာ​အ​လုံ​အ​လောက် မ​ရ​ကြ​သ​ဖြင့် မိ​မိ​တို့​၏​လယ်​ယာ​များ​ရှိ ရာ​သို့​ပြန်​သွား​ကြ​ကြောင်း​ကို​ငါ​ကြား သိ​ရ​၏။-\x + \xo 13:10 \xt တရား၊ ၁၂:၁၉။\x* \v 11 ယင်း​သို့​ဗိ​မာန်​တော်​ကို​စွန့်​ပစ်​ထား​ခဲ့​ရန် ခွင့်​ပြု​သူ​အုပ်​ချုပ်​ရေး​မှူး​တို့​အား ငါ​သည် ပြစ်​တင်​ပြော​ဆို​ကာ​လေ​ဝိ​အ​နွယ်​ဝင်​များ နှင့်​ဂီ​တ​ပ​ညာ​သည်​များ​ကို​ဗိ​မာန်​တော် သို့​ခေါ်​ယူ​ပြီး​လျှင်​အ​မှု​တော်​ကို​တစ်​ဖန် ပြန်​လည်​ထမ်း​ဆောင်​စေ​၏။- \v 12 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် မိ​မိ​တို့​၏​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ဖြစ် သည့်​ဆန်​စ​ပါး၊ စ​ပျစ်​ရည်​နှင့်​သံ​လွင်​ဆီ​ကို ဗိ​မာန်​တော်​ပစ္စည်း​သို​လှောင်​ခန်း​များ​သို့​ယူ ဆောင်​လာ​ကြ​လေ​သည်။-\x + \xo 13:12 \xt မာလ၊ ၃:၁၀။\x* \v 13 ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​ရှေ​လ​မိ၊ ပ​ညတ် ကျမ်း​တတ်​မြောက်​သူ​ဇာ​ဒုတ်​နှင့်​လေ​ဝိ​အ​နွယ် ဝင်​ပေ​ဒါ​ယ​တို့​အား​တာ​ဝန်​ခံ​ပစ္စည်း​ထိန်း များ​အ​ဖြစ်​ခန့်​ထား​၏။ မ​ဿ​နိ​၏​မြေး၊ ဇက္ကု​ရ ၏​သား​ဟာ​နန်​အား​ထို​သူ​တို့​၏​လက်​ထောက် အ​ဖြစ်​ခန့်​ထား​၏။ ဤ​သူ​တို့​သည်​မိ​မိ​တို့ ၏​လုပ်​ဖော်​ဆောင်​ဘက်​များ​အား​သစ္စာ​ရှိ​စွာ ရိက္ခာ​ဖြန့်​ဖြူး​ပေး​မည့်​သူ​များ​ဖြစ်​ကြောင်း ငါ​စိတ်​ချ​ယုံ​ကြည်​၏။ \p \v 14 အို အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်၊ကိုယ်​တော်​၏​ဗိ​မာန် တော်​အ​တွက်​နှင့်​ဗိ​မာန်​တော်​တွင်​ဝတ်​ပြု​ကိုး ကွယ်​မှု​အ​တွက်​အ​ကျွန်ုပ်​ပြု​ခဲ့​သ​မျှ​သော အ​မှု​တို့​ကို​သ​တိ​ရ​တော်​မူ​ပါ။ \p \v 15 ထို​ကာ​လ​ယု​ဒ​ပြည်​သူ​အ​ချို့​တို့​သည် ဥ​ပုသ် နေ့​၌​စ​ပျစ်​သီး​များ​နယ်​လျက်​နေ​ကြ​သည် ကို​လည်း​ကောင်း၊ အ​ချို့​တို့​သည်​ဂျုံ​စ​ပါး၊ စ​ပျစ်​ရည်၊ စ​ပျစ်​သီး၊ သ​ဖန်း​သီး​အ​စ​ရှိ သည်​တို့​ကို မိ​မိ​တို့​၏​မြည်း​များ​ပေါ်​တင်​ပြီး လျှင်​ယေ​ရု​ရှ​လင်​မြို့​သို့​သယ်​ဆောင်​လျက် နေ​ကြ​သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏။ သို့ ဖြစ်​၍​ဥ​ပုသ်​နေ့​တွင်​မည်​သည့်​အ​ရာ​ကို မျှ​မ​ရောင်း​ချ​ရန်​သူ​တို့​အား​ငါ​သ​တိ ပေး​၏။-\x + \xo 13:15 \xt ထွ၊ ၂၀:၈-၁၀။ တရား၊ ၅:၁၂-၁၄။ ယေ၊ ၁၇:၂၁-၂၂။\x* \v 16 ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​တု​ရု​မြို့ သား​အ​ချို့​တို့​သည်​ငါး​နှင့်​အ​ခြား​ပစ္စည်း အ​မျိုး​မျိုး​ကို ငါ​တို့​အ​မျိုး​သား​များ​အား ဥ​ပုသ်​နေ့​တွင်​ရောင်း​ချ​ရန်​ယူ​ဆောင်​လာ ကြ​၏။- \v 17 ထို​အ​ခါ​ငါ​သည်​ယု​ဒ​ခေါင်း​ဆောင်​များ အား``သင်​တို့​ပြု​လျက်​ရှိ​သည့်​ဒု​စ​ရိုက်​ကို ကြည့်​ကြ​လော့။ သင်​တို့​သည်​ဥ​ပုသ်​နေ့​ကို ညစ်​ညမ်း​စေ​ကြ​၏။- \v 18 သင်​တို့​၏​ဘိုး​ဘေး​များ​သည်​ဒု​စ​ရိုက်​ကို ပြု​သ​ဖြင့် ဘု​ရား​သ​ခင်​သည်​ဤ​မြို့​ကို ဖျက်​ဆီး​စေ​ခြင်း​အား​ဖြင့်​သူ​တို့​အား​ဒဏ် ခတ်​တော်​မူ​၏။ သို့​ပါ​လျက်​သင်​တို့​သည် ဥ​ပုသ်​နေ့​ကို​ညစ်​ညမ်း​စေ​သော​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​သို့ ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ကို ပို​မို ပြင်း​ထန်​စွာ​သက်​ရောက်​စေ​ကြ​မည်​လော'' ဟု​ပြစ်​တင်​ပြော​ဆို​၏။ \p \v 19 ထို​နောက်​ငါ​သည်​အ​ဖိတ်​နေ့​နေ​ဝင်​ချိန်​မှ\f 12 \fr 13:19 \ft * \+fk နေ​ဝင်​ချိန်။ \ft ယု​ဒ​လူ​မျိုး​၏​နေ့​သည်​နေ​ဝင်​ချိန်​မှ​အ​စ ပြု​သည်။\f* ဥ​ပုသ်​နေ့​ကုန်​အ​ထိ​မြို့​တံ​ခါး​များ​ကို​ပိတ် ထား​ရန်​အ​မိန့်​ပေး​၏။ ဥ​ပုသ်​နေ့​၌​အ​ဘယ် ကုန်​စည်​ကို​မျှ​မြို့​ထဲ​သို့​မ​သွင်း​စေ​ရန်​ငါ သည်​လူ​အ​ချို့​တို့​အား​မြို့​တံ​ခါး​များ တွင်​အ​စောင့်​ချ​ထား​၏။- \v 20 ကုန်​ပစ္စည်း​အ​မျိုး​မျိုး​ရောင်း​ချ​သူ​ကုန်​သည် အ​ချို့​တို့​သည်​သော​ကြာ​နေ့​ည​၌​မြို့​တံ​ခါး ပြင်​တွင်​လာ​၍​အိပ်​ကြ​၏။ သူ​တို့​သည်​ယင်း​သို့ တစ်​ကြိမ်​နှစ်​ကြိမ်​ပြု​ကြ​၏။- \v 21 ငါ​သည်​သူ​တို့​အား``သင်​တို့​သည်​မိုး​လင်း​ချိန် ကို​မြို့​ပြင်​မှ​စောင့်​ဆိုင်း​လျက်​နေ​သော်​လည်း အ​ချည်း​နှီး​သာ​လျှင်​ဖြစ်​၏။ သင်​တို့​နောက် တစ်​ကြိမ်​ဤ​သို့​ပြု​ကြ​လျှင် ငါ​သည်​သင် တို့​အား​အ​ကြမ်း​ဖက်​၍​နှင်​ထုတ်​ရ​လိမ့်​မည်'' ဟု​သ​တိ​ပေး​၏။ ထို​အ​ခါ​မှ​အ​စ​ပြု​၍ သူ​တို့​သည်​ဥ​ပုသ်​နေ့​၌​မ​လာ​ကြ​တော့ ပေ။- \v 22 ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ​လေ​ဝိ အ​နွယ်​ဝင်​တို့​အား မိ​မိ​တို့​ကိုယ်​ကို​သန့်​စင် စေ​ပြီး​လျှင်​မြို့​တံ​ခါး​များ​သို့​သွား​၍ စောင့်​ရန်​ငါ​အ​မိန့်​ပေး​၏။ \p အို ဘု​ရား​သ​ခင်​ဤ​အ​မှု​ကို​လည်း​ထောက်​၍ အ​ကျွန်ုပ်​ကို​သ​တိ​ရ​တော်​မူ​ပါ။ မေတ္တာ​တော် နှင့်​အ​ညီ​အ​ကျွန်ုပ်​အား​သ​နား​တော်​မူ​ပါ။ \p \v 23 ထို​ကာ​လ​၌​ယု​ဒ​အ​မျိုး​သား​အ​မြောက် အ​မြား​ပင်​အာ​ဇုတ်၊ အမ္မုန်​နှင့်​မော​ဘ အ​မျိုး​သ​မီး​များ​နှင့်​ထိမ်း​မြား​စုံ​ဖက် ထား​ကြ​ကြောင်း​ကို​လည်း​ငါ​တွေ့​ရှိ​ရ လေ​သည်။-\x + \xo 13:23 \xt ထွ၊ ၃၄:၁၁-၁၆။ တရား၊ ၇:၁-၅။\x* \v 24 သူ​တို့​၏​သား​သ​မီး​တစ်​ဝက်​မျှ​သည်​ငါ​တို့ ဘာ​သာ​စ​ကား​ကို​မ​ပြော​တတ်။ အာ​ဇုတ်​သို့ မ​ဟုတ်​အ​ခြား​ဘာ​သာ​စ​ကား​တစ်​မျိုး မျိုး​ကို​သာ​ပြော​တတ်​ကြ​၏။- \v 25 သို့​ဖြစ်​၍​ငါ​သည်​ထို​အ​မျိုး​သား​တို့​အား ပြစ်​တင်​ကျိန်​ဆဲ​ရိုက်​နှက်​၏။ သူ​တို့​ဆံ​ပင် ကို​လည်း​ဆွဲ​နုတ်​၏။ ထို​နောက်``အ​ကျွန်ုပ်​တို့ သည်​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​၏​သား​သ​မီး များ​သည်​လည်း​ကောင်း နောင်​အ​ဘယ်​အ​ခါ ၌​မျှ​လူ​မျိုး​ခြား​များ​နှင့်​အိမ်​ထောင်​မ​ပြု တော့​ပါ'' ဟု​သူ​တို့​အား​ဘု​ရား​သ​ခင်​၏ နာ​မ​တော်​ကို​တိုင်​တည်​၍​ကျိန်​ဆို​က​တိ ပြု​စေ​၏။- \v 26 ငါ​သည်​သူ​တို့​အား``ရှော​လ​မုန်​မင်း​ကို​အ​ပြစ် ကူး​လွန်​စေ​သူ​များ​ကား​လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​ပင်​တည်း။ ထို​မင်း​သည်​အ​ခြား​လူ မျိုး​တို့​၏​ဘု​ရင်​ရှိ​သ​မျှ​ထက်​ပို​၍​တန်​ခိုး ကြီး​၏။ ဘု​ရား​သ​ခင်​သည်​သူ့​ကို​ချစ်​တော် မူ​သ​ဖြင့်​ဣ​သ​ရေ​လ​တစ်​နိုင်​ငံ​လုံး​ကို​အုပ် စိုး​စေ​တော်​မူ​၏။ သို့​ရာ​တွင်​သူ​သည်​လူ​မျိုး ခြား​များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​သည့်​အ​ပြစ် ကို​ကူး​လွန်​ပေ​သည်။-\x + \xo 13:26 \xt ၂ရာ၊ ၁၂:၂၄-၂၅။ ၃ရာ၊ ၁၁:၁-၈။\x* \v 27 သို့​ဖြစ်​၍​ငါ​တို့​သည်​လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​ခြင်း​သင် တို့​၏​စံ​န​မူ​နာ​အား​ဖြင့်​ဘု​ရား​သ​ခင် ကို​ပြစ်​မှား​ရ​မည်​လော'' ဟု​ပြော​၏။ \p \v 28 ယော​ယ​ဒ​သည်​ယဇ်​ပု​ရော​ဟိတ်​မင်း​ဧ​လျာ ရှိပ်​၏​သား​ဖြစ်​၏။ သို့​ရာ​တွင်​သူ​၏​သား​တစ် ယောက်​သည်​ဗေ​သ​ဟော​ရ​နိ​မြို့​သား​သမ္ဘာ လတ်​၏​သ​မီး​နှင့်​အိမ်​ထောင်​ပြု​သ​ဖြင့် ငါ သည်​ယော​ယ​ဒ​အား​ယေ​ရု​ရှ​လင်​မြို့​မှ နှင်​ထုတ်​လိုက်​လေ​သည်။\x + \xo 13:28 \xt နေ၊ ၄:၁။\x* \p \v 29 အို ဘု​ရား​သ​ခင်၊ထို​သူ​တို့​သည်​ယဇ်​ပု​ရော ဟိတ်​ရာ​ထူး​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​ကိုယ် တော်​ပြု​တော်​မူ​သည့်​ပ​ဋိ​ညာဉ်​တော်​ကို လည်း​ကောင်း​အ​ဘယ်​သို့​ရှုတ်​ချ​ကြ​သည် ကို​မှတ်​တော်​မူ​ပါ။ \p \v 30 ငါ​သည်​ပြည်​သူ​တို့​အား​လူ​မျိုး​ခြား​နှင့် ဆိုင်​သော​အ​မှု​အ​ရာ​ဟူ​သ​မျှ​နှင့်​ကင်း​စင် စေ​၏။ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ် ဝင်​တို့​အား​မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား​အ​သီး သီး​ကို​သိ​ရှိ​နား​လည်​ကြ​စေ​ရန်​စည်း မျဉ်း​များ​ကို​ရေး​ဆွဲ​ပေး​၏။- \v 31 အ​ချိန်​ကျ​လျှင်​ထင်း​အ​လှူ​ကို​လည်း​ကောင်း၊ ဆန်​စ​ပါး​အ​ဦး​အ​ဖျား​များ​နှင့်​အ​ဦး မှည့်​သည့်​သစ်​သီး​ပူ​ဇော်​သ​ကာ​များ​ကို လည်း​ကောင်း​ယူ​ဆောင်​လာ​ကြ​စေ​ရန်​စီ​မံ​၏။ \p အို ဘု​ရား​သ​ခင်​ဤ​အ​မှု​အ​ရာ​အ​ပေါင်း​ကို သ​တိ​ရ​တော်​မူ​၍​အ​ကျွန်ုပ်​အား​ကျေး​ဇူး ပြု​တော်​မူ​ပါ။ နေ​ဟ​မိ​မှတ်​စာ​ပြီး​၏။