\id NAM Myanmar Common Language Bible \h နာ​ဟုံ \toc1 နာ​ဟုံ​အ​နာ​ဂတ္တိ​ကျမ်း \toc2 နာ​ဟုံ \mt1 နာ​ဟုံ​အ​နာ​ဂတ္တိ​ကျမ်း \is1 နိ​ဒါန်း \ip နာ​ဟုံ​အ​နာ​ဂတ္တိ​ကျမ်း​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အား မ​တ​ရား​စိုး​မိုး​ခဲ့​သည့်​ရှေး​ဟောင်း ရန်​သူ​ဖြစ်​သော အာ​ရှု​ရိ​အ​မျိုး​သား​တို့​၏​မြို့ တော်​နိ​နေ​ဝေ​မြို့​ကျ​ဆုံး​ခြင်း​အ​တွက် ဆင်​ယင် ကျင်း​ပ​မှု​နှင့်​ပတ်​သက်​သော​ကဗျာ​ဖြစ်​၍​ခ​ရစ် တော်​မ​ပေါ်​ထွန်း​မီ၊ ခု​နစ်​ရာ​စု​နှစ်​အ​ချိန်​ကုန် ဆုံး​လု​နီး​အ​ချိန်​၌​ဖြစ်​သည်။ ထို​သို့​ကျ​ဆုံး မှု​သည်​ရက်​စက်​၍ နိုင်​လို​မင်း​ထက်​ပြု​သော နိုင်​ငံ​အ​ပေါ်​ဘု​ရား​သ​ခင်​၏​တ​ရား စီ​ရင်​မှု​အ​ဖြစ်​ရှု​မြင်​ချက်​ဖြစ်​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 နိ​နေ​ဝေ​မြို့​အား​တ​ရား​စီ​ရင်​ခြင်း ၁:၁-၁၅ \io1 နိ​နေ​ဝေ​မြို့​ကျ​ဆုံး​ခြင်း ၂:၁-၃-၁၉ \c 1 \p \v 1 ဤ​အ​ကြောင်း​အ​ရာ​သည်​နိ​နေ​ဝေ​မြို့​နှင့် ပတ်​သက်​သည့်​ဗျာ​ဒိတ်​တော်​ဖြစ်​၍ ဧ​လ ကော​ရှ​ရွာ​သား​နာ​ဟုံ​တွေ့​မြင်​ရ​သည့် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​ကြောင်း​ပင်​ဖြစ်​ပေ သည်။\x + \xo 1:1 \xt ဟေရှာ၊ ၁၀:၅-၃၄၊ ၁၄:၂၄-၂၇။ ဇေ၊ ၂:၁၃-၁၅။\x* \s1 နိ​နေ​ဝေ​မြို့​ကို​ထာ​ဝ​ရ​ဘု​ရား အ​မျက်​ထွက်​တော်​မူ​ခြင်း \q1 \v 2 ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​အား အံ​တု​ဖက်​ပြိုင်​သူ​တို့​ကို​သည်း​ခံ​တော်​မ​မူ။ \q2 ကိုယ်​တော်​သည်​အ​တိုက်​အ​ခံ​ပြု​သူ​များ​ကို အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။ \q1 အ​မျက်​တော်​ထွက်​၍​သူ​တို့​အား လက်​စား​ချေ​တော်​မူ​၏။ \q1 \v 3 ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွယ်​တ​ကူ အ​မျက်​ထွက်​တော်​မ​မူ​တတ်။ \q2 သို့​ရာ​တွင်​ကိုယ်​တော်​သည်​တန်​ခိုး​ကြီး တော်​မူ​၍၊ \q1 အ​ပြစ်​ရှိ​သူ​တို့​ကို​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ အ​ဘယ်​အ​ခါ​၌​မျှ​ထား​တော်​မ​မူ​ပါ။ \b \q1 ကိုယ်​တော်​လျှောက်​သွား​ရာ​အ​ရပ်​တို့​၌ လေ​မုန်​တိုင်း​များ​ကျ​ရောက်​တတ်​၏။ \q2 မိုး​တိမ်​များ​ကား​ကိုယ်​တော်​၏​ရွှေ​စက်​တော် အောက်​မှ ထ​သည့်​မြေ​မှုန့်​များ​ပင်​တည်း။ \q1 \v 4 ကိုယ်​တော်​သည်​ပင်​လယ်​ကို​အ​မိန့်​ပေး​တော်​မူ သော​အ​ခါ​ပင်​လယ်​ရေ​သည်​ခန်း​ခြောက်​၍ သွား​၏။ \q2 ကိုယ်​တော်​သည်​မြစ်​တို့​ကို​လည်း ရေ​ကုန်​ခန်း​စေ​တော်​မူ​၏။ \q1 ဗာ​ရှန်​တောင်​သည်​ညှိုး​နွမ်း​ခြောက်​သွေ့​ကာ \q2 က​ရ​မေ​လ​တောင်​သည်​အ​ညို​ရောင်​သန်း​၍ သွား​၏။ \q1 လေ​ဗ​နုန်​တောင်​မှ​ပန်း​များ​သည်​လည်း ညှိုး​နွမ်း​ကြ​ကုန်​၏။ \q1 \v 5 ကိုယ်​တော်​၏​ရှေ့​၌​တောင်​ကြီး​များ​သည် တုန်​လှုပ်​ကြ​လျက်၊ \q2 တောင်​ငယ်​များ​သည်​အ​ရည်​ပျော်​ကြ​ကုန်​၏။ \q1 ထာ​ဝ​ရ​ဘု​ရား​ကြွ​လာ​တော်​မူ​သော​အ​ခါ မြေ​င​လျင်​လှုပ်​၍၊ \q2 ကမ္ဘာ​လော​က​နှင့်​တ​ကွ​ကမ္ဘာ​သူ​ကမ္ဘာ​သား အ​ပေါင်း​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ​၏။ \q1 \v 6 ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ အ​ဘယ်​သူ​သည်​ခံ​ရပ်​နိုင်​ပါ​မည်​နည်း။ \q2 ကိုယ်​တော်​၏​ကြောက်​မက်​ဖွယ်​ရာ​အ​မျက်​တော် အ​ရှိန်​ကို​အ​ဘယ်​သူ​ခံ​ရပ်​နိုင်​ပါ​မည်​နည်း။ \q1 ကိုယ်​တော်​သည်​မီး​လျှံ​ထ​သော​အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ​သ​ဖြင့်၊ \q2 ရှေ့​တော်​၌​ကျောက်​တို့​သည်​ကြေ​မွ​ကာ အ​မှုန့်​ဖြစ်​၍​သွား​ကုန်​၏။ \b \q1 \v 7 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍၊ \q2 မိ​မိ​၏​လူ​မျိုး​တော်​ဒုက္ခ​ရောက်​ချိန်​၌​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​၏။ \q1 အ​ထံ​တော်​တွင်​ခို​လှုံ​သူ​တို့​အား​ကြည့်​ရှု ပြု​စု​တော်​မူ​၏။ \q1 \v 8 ကိုယ်​တော်​သည်​အ​ရှိန်​ပြင်း​စွာ​လွှမ်း​မိုး​သည့် \q2 မြစ်​ရေ​ကဲ့​သို့​ရန်​သူ​တို့​အား​ဆုံး​ပါး ပျက်​စီး​စေ​တော်​မူ​၏။ \q1 မိ​မိ​ကို​အ​တိုက်​အ​ခံ​ပြု​သူ​တို့​အား သေ​ရွာ​သို့ ပို့​ဆောင်​တော်​မူ​၏။ \q1 \v 9 သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဆန့်​ကျင်​၍ အ​ဘယ်​အ​မှု​ကို​ကြံ​စည်​လျက်​နေ​ပါ​သ​နည်း။ \q2 ကိုယ်​တော်​သည်​သင့်​ကို​သုတ်​သင်​ဖျက်​ဆီး တော်​မူ​လိမ့်​မည်။ \q1 အ​ဘယ်​သူ​မျှ​ကိုယ်​တော်​အား​တစ်​ကြိမ်​ထက်​ပို​၍ အ​တိုက်​အ​ခံ​မ​ပြု​နိုင်။ \q1 \v 10 သင်​သည်​ဆူး​ချုံ​မြက်​ခြောက်​သ​ဖွယ် မီး​လောင်​ကျွမ်း​သွား​လိမ့်​မည်။ \p \v 11 အို နိ​နေ​ဝေ​မြို့၊ စီ​မံ​ကိန်း​အ​မျိုး​မျိုး​ဖြင့်​ထာ​ဝ​ရ ဘု​ရား​အား မ​ကောင်း​ကြံ​စည်​သူ​လူ​တစ်​ယောက် သည်​သင့်​အ​ထဲ​က​ထွက်​ပေါ်​လာ​လေ​ပြီ။- \v 12 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``အာ​ရှု​ရိ အ​မျိုး​သား​တို့​သည်​ခွန်​အား​ကြီး​၍​အ​ရေ အ​တွက်​အား​ဖြင့်​များ​သော်​လည်း သုတ်​သင် ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​ကြ​လျက်​ကွယ်​ပျောက် သွား​ကြ​လိမ့်​မည်။ အို ငါ​၏​လူ​မျိုး​တော်၊ ငါ သည်​သင်​တို့​အား​ဒုက္ခ​ရောက်​စေ​ခဲ့​ဖူး​သော် လည်း​နောက်​တစ်​ဖန်​ထို​သို့​ပြု​တော့​မည် မ​ဟုတ်။- \v 13 သင်​တို့​အား​အာ​ရှု​ရိ​ပြည်​၏​လက်​အောက်​မှ လွတ်​မြောက်​စေ​မည်။ သင်​တို့​ကို​ချည်​နှောင် ထား​သည့်​သံ​ကြိုး​များ​ကို​ဖြတ်​တောက် ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 14 ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရှု​ရိ​အ​မျိုး​သား တို့​နှင့်​ပတ်​သက်​၍``လူ​တို့​သည်​ထို​သူ​တို့​ကို မေ့​ပျောက်​၍​သွား​လိမ့်​မည်။ သူ​တို့​၏​ဗိ​မာန် တော်​များ​ရှိ​ရုပ်​တု​တို့​ကို ငါ​သုတ်​သင်​ဖျက် ဆီး​မည်။ ငါ​သည်​အာ​ရှု​ရိ​အ​မျိုး​သား​တို့ အ​တွက်​သင်္ချိုင်း​ကို​ပြင်​ဆင်​မည်။ သူ​တို့​သည် အ​သက်​ရှင်​ထိုက်​သူ​များ​မ​ဟုတ်'' ဟု​အ​မိန့် စီ​ရင်​ချက်​ချ​တော်​မူ​၏။ \p \v 15 ကြည့်​လော့၊ သ​တင်း​ကောင်း​ကို​ယူ​ဆောင်​လာ သူ​စေ​တ​မန်​သည်​တောင်​များ​ကို​ကျော်​ဖြတ် လျက်​နေ​၏။ သူ​သည်​အောင်​ပွဲ​ခံ​ရ​သည့်​သ​တင်း ကို​ကြေ​ညာ​ရန်​လာ​လျက်​ရှိ​ပေ​သည်။ အို ယု​ဒ ပြည်​သား​တို့​သင်​တို့​၏​ဋ္ဌမ္မ​ပွဲ​သ​ဘင်​များ ကို​ကျင်း​ပ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား သင်​တို့​ဆက်​ကပ်​ပေး​လှူ​ကြ​လော့။ သူ​ယုတ် မာ​များ​သည်​သင်​တို့​ပြည်​သို့​နောက်​တစ်​ဖန် ချင်း​နင်း​ဝင်​ရောက်​ရ​ကြ​တော့​မည်​မ​ဟုတ်။ သူ​တို့​သည်​လုံး​ဝ​ဆုံး​ပါး​ပျက်​စီး​သွား ကြ​လေ​ကုန်​ပြီ။\x + \xo 1:15 \xt ဟေရှာ၊ ၅၂:၇။\x* \c 2 \s1 နိ​နေ​ဝေ​မြို့​ကျဆုံး​ခြင်း \q1 \v 1 အို နိ​နေ​ဝေ​မြို့၊ရန်​သူ​သည်​သင့်​ကို​တိုက်​ခိုက် လျက်​ရှိ​၏။ \q2 သင်​တို့​ချေ​မှုန်း​ပစ်​မည့်​သူ​သည်​ရောက်​ရှိ​လာ လေ​ပြီ။ \q1 သင်​၏​ခံ​တပ်​များ​ကို​ကြီး​ကြပ်​အုပ်​ချုပ်​လော့။ လမ်း​တွင်​အ​စောင့်​ချ​ထား​လော့။ \q2 တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ပြင်​ဆင်​လော့။ \p \v 2 (ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်​သား ရန်​သူ​များ​လု​ယက်​တိုက်​ခိုက်​မှု​မ​ပြု​မီ အ​ခါ​က အ​ခြေ​အ​နေ​သို့​ပြန်​လည်​ရောက် ရှိ​စေ​တော်​မူ​တော့​အံ့။) \q1 \v 3 ရန်​သူ​စစ်​သူ​ရဲ​တို့​သည်​ဒိုင်း​လွှား​နီ​များ ကို​ကိုင်​ဆောင်​ကာ ဆင်​တူ​ဝတ်​စုံ​နီ​များ​ကို​ဝတ်​ဆင်​ထား​ကြ​၏။ \q2 သူ​တို့​သည်​တိုက်​ခိုက်​ရန်​အ​သင့်​ပြင်​ဆင်​လျက် ရှိ​ကြ​၏။ \q1 သူ​တို့​၏​စစ်​မြင်း​ရ​ထား​များ​သည်​မီး​လျှံ သ​ဖွယ် တောက်​ပ​လျက်၊ \q2 သူ​တို့​၏​မြင်း​များ​သည်​ခုန်​ပေါက်​၍​နေ​ကြ​၏။ \b \q1 \v 4 စစ်​မြင်း​ရ​ထား​တို့​သည်​လမ်း​များ​တွင်​အ​ပြင်း နှင်​ကာ၊ \q2 လူ​ထု​စု​ဝေး​ရာ​ကွက်​လပ်​များ​တွင် အ​စုံ​အ​ဆန်​ပြေး​ကြ​ကုန်​၏။ \q1 ယင်း​တို့​သည်​မီး​ရှူး​တိုင်​များ​သ​ဖွယ် တောက်​ပ​လျက်၊ လျှပ်​စစ်​ပြက်​သ​ကဲ့​သို့​လျင်​မြန်​ကြ​၏။ \q1 \v 5 တပ်​မှူး​တို့​ကို​ဆင့်​ခေါ်​လိုက်​သော​အ​ခါ \q2 သူ​တို့​သည်​ခ​လုတ်​တိုက်​၍​ပြို​လဲ​မ​တတ် ရှေ့​သို့​ချီ​တက်​လာ​ကြ​၏။ \b \q1 ထိုး​စစ်​ဆင်​သူ​တို့​သည်​မြို့​ရိုး​ရှိ​ရာ​သို့ အ​လျင်​အမြန် ပြေး​လာ​ပြီး​လျှင်၊ဒိုင်း​လွှား​များ​ဖြင့် \q2 အ​ကွယ်​အ​ကာ​ယူ​ကာ​ခံ​တပ်​ဖြို​သော တင်း​ပုတ်​ကြီး​များ​ကို​တပ်​ဆင်​ကြ​၏။ \q1 \v 6 မြစ်​အ​နီး​ရှိ​မြို့​တံ​ခါး​များ​သည်​ရုတ်​တ​ရက် ပွင့်​ထွက်​လာ​လေ​ပြီ။ \q2 နန်း​တော်​တွင်​လည်း​ကြောက်​စိတ်​လွှမ်း​လျက် နေ​တော့​၏။ \q1 \v 7 မိ​ဖု​ရား​သည်​အ​ဖမ်း​ခံ​ပြီး​ဖြစ်​၍ \q2 ရံ​ရွေ​တော်​တို့​သည်​ချိုး​ငှက်​များ​ကဲ့​သို့ ညည်း​တွား​ငို​ယို​ကြ​ကုန်​၏။ \q1 သူ​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သ​ဖြင့်​မိ​မိ​တို့ ရင်​ဘတ်​များ​ကို​တီး​ကြ​၏။ \q1 \v 8 တာ​ကျိုး​မှ​စီး​ထွက်​သည့်​ရေ​ကဲ့​သို့​လူ​တို့​သည် နိ​နေ​ဝေ​မြို့​မှ​တစ်​ဟုန်​တည်း​ထွက်​ပြေး​ကြ​၏။ \q2 သူ​တို့​အား`ရပ်​တန့်​လော့၊ရပ်​တန့်​လော့' ဟု \q1 ဟစ်​အော်​ပြော​ဆို​ပါ​သော်​လည်း၊အ​ဘယ်​သူ​မျှ လှည့်​၍​မ​ကြည့်​ကြ။ \b \q1 \v 9 ငွေ​တို့​ကို​လု​ယူ​ကြ​လော့။ ရွှေ​တို့​ကို​လု​ယူ ကြ​လော့။ \q2 ဤ​မြို့​သည်​ဥစ္စာ​ရ​တ​နာ​ပေါ​များ​ကြွယ်​ဝ သော​မြို့ ဖြစ်​ပါ​သည်​တ​ကား။ \b \q1 \v 10 နိ​နေ​ဝေ​မြို့​သည်​ပျက်​စီး​၍​သွား​လေ​ပြီ။ \q2 လူ​သူ​မ​ရှိ။ ဆိတ်​ညံ​ရာ​ဖြစ်​လျက်​နေ​၏။ \q1 လူ​တို့​သည်​အ​လွန်​ကြောက်​လန့်​သ​ဖြင့်​နှ​လုံး ခုန်​ရပ်​လု​နီး၊ \q2 ဒူး​များ​တုန်​လျက်​အား​အင်​ကုန်​ခန်း​၍​သွား​ကြ​၏။ \q1 သူ​တို့​၏​မျက်​နှာ​တွင်​လည်း​သွေး​မ​ရှိ​တော့။ \b \q1 \v 11 ခြင်္သေ့​များ​ခို​အောင်း​ရာ​သား​ရဲ​တွင်း၊ခြင်္သေ့​ငယ် များ​ကို အ​စာ​ကျွေး​ရာ၊ \q2 ခြင်္သေ့​ကြီး​ငယ်​တို့​ဘေး​မဲ့​လုံ​ခြုံ​စွာ​လာ ရောက်​ခို​လှုံ​ရာ အ​ရပ်​နှင့်​တူ​သော​မြို့​သည် \q1 ယ​ခု​အ​ဘယ်​မှာ​ရှိ​သ​နည်း။ \q1 \v 12 ခြင်္သေ့​သည်​သား​ကောင်​ကို​သတ်​ပြီး​လျှင်၊ ခြင်္သေ့​မ​နှင့် သား​ငယ်​တို့​အ​တွက် \q2 အ​ပိုင်း​ပိုင်း​အ​စ​စ​ဖြစ်​အောင်​ကိုက်​ဖြတ်​ကာ၊ \q1 ထို​အ​သား​စ​များ​ဖြင့်​မိ​မိ​သား​ရဲ​တွင်း​ကို ပြည့်​စေ​တတ်​၏။ \p \v 13 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​သည် သင်​၏​ရန်​သူ​ဖြစ်​၏။ သင့်​ရ​ထား​များ​ကို​ငါ မီး​ရှို့​ပစ်​မည်။ သင်​၏​စစ်​သည်​တပ်​သား​တို့​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​လိမ့်​မည်။ သူ​တစ်​ပါး တို့​ထံ​မှ သင်​သိမ်း​ယူ​ထား​သည့်​ဥစ္စာ​ပစ္စည်း မှန်​သ​မျှ​ကို​ငါ​ဖယ်​ရှား​မည်။ သင်​၏​သံ​တ​မန် တို့​၏​တောင်း​ဆို​သံ​များ​ကို​ကြား​ကြ​ရ တော့​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ \c 3 \q1 \v 1 တိုက်​ခိုက်​လု​ယူ​ခံ​ရန်​ကြွယ်​ဝ များ​ပြား​နေ​သည့်​မြို့၊ \q2 လှည့်​စား​တတ်​သူ​လူ​သတ်​သ​မား​မြို့​သည် အ​မင်္ဂ​လာ​ရှိ​၏။ \q1 \v 2 နှင်​တန်​ရိုက်​သံ၊ရ​ထား​ဘီး​လှိမ့်​သံ၊မြင်း​ခွာ​သံ၊ စစ်​မြင်း​ရ​ထား​ဆောင့်​သံ​ကို​နား​ထောင်​လော့။ \q1 \v 3 မြင်း​စီး​သူ​ရဲ​တို့​သည်​တစ်​ဟုန်​တည်း​တိုက်​ခိုက်​ကြ​ရာ၊ \q2 သူ​တို့​၏​ဋ္ဌား​များ​လှံ​များ​သည်​ဝင်း​က​နဲ​လက်​က​နဲ ဖြစ်​၍​နေ​တော့​၏။ \q1 မ​ရေ​မ​တွက်​နိုင်​အောင်​များ​ပြား​သည့် လူ​သေ​အ​လောင်း​တို့​သည်​စု​ပုံ​၍​နေ​၏။ \q2 လူ​တို့​သည်​လည်း​ထို​အ​လောင်း​ကောင်​များ​ကို တိုက်​မိ​၍​လဲ​ကြ​၏။ \q1 \v 4 နိ​နေ​ဝေ​မြို့​တည်း​ဟူ​သော​ပြည့်​တန်​ဆာ​မ​သည် အ​ပြစ်​ဒဏ်​ခံ​ရ​လေ​ပြီ။ \q2 သူ​သည်​လူ​တို့​၏​စိတ်​ကို​ယို​ဖိတ်​စေ​လောက်​အောင် \q1 ချော​မော​လှ​သ​ဖြင့်၊လူ​မျိုး​တ​ကာ​၏​စိတ်​ကို ဆွဲ​ဆောင်​ကာ ဖြား​ယောင်း​သွေး​ဆောင်​ခဲ့​ပေ​သည်။ \p \v 5 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​က \q1 ``အို နိ​နေ​ဝေ​မြို့​ငါ​သည်​သင့်​ကို​အ​ပြစ်​ဒဏ် ခတ်​မည်။ \q2 အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​စေ​၍၊လူ​မျိုး​တ​ကာ တို့​အား ရှု​ကြည့်​ခွင့်​ပေး​မည်။ \q1 သင်​အ​ရှက်​ကွဲ​သည်​ကို​နိုင်​ငံ​များ တွေ့​မြင်​ရ​ကြ​လိမ့်​မည်။ \q1 \v 6 ငါ​သည်​စက်​ဆုပ်​ရွံ​ရှာ​မှု​နှင့်​သင့်​ကို​ဆက်​ဆံ​၍ အ​ညစ်​အ​ကြေး​များ​ဖြင့်​ဖုံး​အုပ်​မည်။ \q2 လူ​တို့​သည်​သင့်​အား​အော့​နှ​လုံး​နာ​လျက် ငေး​၍​ကြည့်​ကြ​လိမ့်​မည်။ \q1 \v 7 သင့်​ကို​မြင်​သူ​အ​ပေါင်း​တို့​သည်​နောက်​သို့ တွန့်​ဆုတ်​သွား​လိမ့်​မည်။ \q2 သူ​တို့​က``နိ​နေ​ဝေ​မြို့​သည်​ယို​ယွင်း ပျက်​စီး​လျက်​နေ​လေ​ပြီ။ \q1 ထို​မြို့​အား​အ​ဘယ်​သူ​က​က​ရု​ဏာ​သက် ပါ​လိမ့်​မည်​နည်း။ \q2 အ​ဘယ်​သူ​သည်​နှစ်​သိမ့်​မှု​ကို​ပေး​လို ပါ​မည်​နည်း'' ဟု​ဆို​ကြ​လိမ့်​မည်။ \p \v 8 အို နိ​နေ​ဝေ​မြို့၊ သင်​သည်​အီ​ဂျစ်​ပြည်​၏​မြို့ တော်​သီ​ဘီ​မြို့​ထက်​သာ​လွန်​ကောင်း​မွန်​ပါ သ​လော။ ထို​မြို့​တွင်​လည်း​မြို့​ရိုး​သ​ဖွယ်​ကာ ကွယ်​မှု​ကို​ပေး​သည့်​မြစ်​တစ်​ခု​ရှိ​ပေ​သည်။ နိုင်း​မြစ်​ကား​ထို​မြို့​၏​ကွယ်​ကာ​ရာ​ပင်​တည်း။- \v 9 သီ​ဘီ​မြို့​သည်​ဆူ​ဒန်​နှင့်​အီ​ဂျစ်​ကို​အုပ်​စိုး​သည်။ တိုင်း​မ​သိ​သော​တန်​ခိုး​အာ​ဏာ​နှင့်​ပြည့်​စုံ​ပေ သည်။ လိ​ဗု​ပြည်​သည်​အီ​ဂျစ်​ပြည်​၏​မ​ဟာ မိတ်​ဖြစ်​သော်​လည်း၊- \v 10 သီ​ဘီ​မြို့​သူ​မြို့​သား​တို့​သည်​ပြည်​နှင်​ဒဏ်​သင့် ကြ​လျက်​သူ​တို့​၏​သား​သ​မီး​များ​သည်​လမ်း ဆုံ​လမ်း​ခွ​တိုင်း​၌​အ​ရိုက်​အ​နှက်​ခံ​ရ​ကြ​၏။ သူ​တို့​အ​ထဲ​မှ​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​ကို သံ​ကြိုး​များ​နှင့်​ချည်​နှောင်​ခေါ်​ဆောင်​ကာ မိ​မိ​တို့​အ​ချင်း​ချင်း​မဲ​ချ​၍​ခွဲ​ဝေ​ယူ​ကြ​၏။ \p \v 11 အို နိ​နေ​ဝေ​မြို့၊ သင်​သည်​မူး​ယစ်​ထုံ​ထိုင်း လျက်​ရန်​သူ​များ​၏​လက်​မှ​လွတ်​မြောက် ရန်​ကြိုး​စား​လိမ့်​မည်။- \v 12 သင်​၏​ခံ​တပ်​မှန်​သ​မျှ​သည်​အ​သီး​မှည့်​များ ရှိ​သည့်​သ​ဖန်း​ပင်​များ​နှင့်​တူ​၍ အ​ပင်​ကို လှုပ်​လိုက်​လျှင်​စား​ချင်​သူ​၏​ခံ​တွင်း​သို့ အ​သီး​များ​ကျ​လာ​လိမ့်​မည်။- \v 13 သင်​၏​စစ်​သည်​တပ်​သား​တို့​သည်​အ​မျိုး​သ​မီး များ​သ​ဖွယ်​ဖြစ်​၍ သင်​၏​ပြည်​ရှိ​တံ​ခါး​များ သည်​လည်း​ရန်​သူ​များ​ရှေ့​တွင်​ခု​ခံ​ကာ​ကွယ် နိုင်​စွမ်း​ကင်း​မဲ့​လျက်​ပွင့်​နေ​၏။ သင်​၏​မြို့ တံ​ခါး​ကန့်​လန့်​ကျင်​တို့​သည်​မီး​လောင် ကျွမ်း​၍​သွား​လိမ့်​မည်။- \v 14 မြို့​ကို​အ​ဝိုင်း​ခံ​နိုင်​ရန်​ရေ​များ​ကို​ခပ်​ထား​လော့။ ခံ​တပ်​များ​ကို​အား​ဖြည့်​ထား​ကြ​လော့။ အုတ်​ဖုတ် ရန်​ရွှံ့​စေး​ကို​နင်း​နယ်​၍​အုတ်​သွန်း​ပုံ​များ​ကို အ​သင့်​ပြု​လုပ်​လော့။- \v 15 သင်​သည်​အ​ဘယ်​သို့​ပင်​ပြု​သော်​လည်း​မီး​သင့် လောင်​ပြီး​စစ်​ပွဲ​တွင်​ကျ​ဆုံး​၍​သေ​လိမ့်​မည်။ ကျိုင်း​ကောင်​များ​ကိုက်​ဖျက်​လိုက်​သည့်​အ​သီး အ​နှံ​များ​ကဲ့​သို့​သင်​သည်​အ​စ​တုန်း​၍​သွား လိမ့်​မည်။ \p သင်​သည်​ကျိုင်း​ကောင်​များ​ကဲ့​သို့​လူ​ဦး​ရေ တိုး​ပွား​စေ​ခဲ့​၏။- \v 16 မိုး​ကောင်း​ကင်​ကြယ်​တာ​ရာ​များ​ထက်​ပင်​ပို မို​များ​ပြား​သည့်​ကုန်​သည်​များ​ကို​မွေး​ထုတ် ပေး​ခဲ့​၏။ သို့​ရာ​တွင်​မိ​မိ​တို့​အ​တောင်​ကို​ဖြန့် ၍​ပျံ​သွား​သော​ကျိုင်း​ကောင်​များ​ကဲ့​သို့ ထို သူ​တို့​သည်​ထွက်​သွား​ကြ​လေ​ပြီ။- \v 17 သင်​၏​အ​စောင့်​များ​နှင့်​မှူး​မတ်​များ​သည်​ချမ်း ဧ​ချိန်​ညဥ့်​အ​ခါ​နံ​ရံ​များ​တွင်​နား​နေ​ပြီး လျှင် နေ​ထွက်​သည်​နှင့်​ပျံ​ထွက်​သွား​သ​ဖြင့် အ​ဘယ်​အ​ရပ်​သို့​ရောက်​ရှိ​နေ​မှန်း​မ​သိ​ရ သည့်​ကျိုင်း​ကောင်​အုပ်​နှင့်​တူ​ကြ​၏။ \p \v 18 အို အာ​ရှု​ရိ​ဘု​ရင်​သင်​၏​ဘု​ရင်​ခံ​များ​သည် အိပ်​ငိုက်​ကြ​လေ​ပြီ။ သင်​၏​မှူး​မတ်​များ​သည် လည်း​ထာ​ဝ​ရ​အိပ်​ပျော်​လျက်​နေ​ကုန်​၏။ သင် ၏​ပြည်​သူ​တို့​သည်​တောင်​များ​ပေါ်​တွင်​ကွဲ လွင့်​လျက်​ရှိ​ရာ​သူ​တို့​အား​မိ​မိ​တို့​ပြည် သို့​တစ်​ဖန်​ပြန်​လည်​ခေါ်​ဆောင်​ပေး​မည့်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပေ။- \v 19 သင်​၏​အ​နာ​များ​အ​တွက်​ဆေး​မ​ရှိ။ သင် ၏​ဒဏ်​ရာ​များ​ကို​လည်း​ပျောက်​ကင်း​အောင် ကု​သ​၍​မ​ရ​နိုင်။ သင်​ဆုံး​ပါး​ပျက်​စီး သည့်​သ​တင်း​ကို​ကြား​သိ​ကြ​သူ​အ​ပေါင်း တို့​သည်​ဝမ်း​မြောက်​ဝမ်း​သာ​လက်​ခုပ်​တီး ကြ​၏။ အ​ဘယ်​သူ​မျှ​သင်​၏​အ​တိုင်း​မ​သိ ရက်​စက်​ကြမ်း​ကြုတ်​မှု​နှင့်​ကင်း​လွတ်​ခဲ့​သည် ဟူ​၍​မ​ရှိ။ ပ​ရော​ဖက်​နာ​ဟုံ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။