\id MRK Myanmar Common Language Bible \h ရှင်မာကု \toc1 ရှင်မာကု \toc2 ရှင်မာကု \mt1 ရှင်မာကု \mt2 ပြုစုသည့်သတင်းကောင်း \imt1 နိဒါန်း \ip ရှင်မာကုခရစ်ဝင်တည်းဟူသောရှင်မာကုပြုစုသည့် သတင်းကောင်းတွင်ပါရှိသောအကြောင်းအရာမှာ ဘုရားသခင်၏သားတော်သခင်ယေရှု၏အကြောင်း သတင်းကောင်းပင်ဖြစ်ကြောင်းကျမ်းဦး၌ဆိုထားသည်။ ဤကျမ်းတွင်သခင်ယေရှုကိုတန်ခိုးအာဏာနှင့်ပြည့်စုံ သောအရှင်၊ လက်တွေ့လုပ်ဆောင်သောအရှင်အဖြစ်တင်ပြ ထား၏။ သခင်ယေရှု၌တန်ခိုးအာဏာရှိကြောင်းကို ကိုယ်တော်သွန်သင်တော်မူသောသြဝါဒများအားဖြင့် လည်းကောင်း၊ နတ်မိစ္ဆာများကိုနှိမ်နင်းတော်မူပုံနှင့်လူတို့ ၏အပြစ်များကိုဖြေလွှတ်တော်မူပုံများအားဖြင့် လည်းကောင်းသိရှိနိုင်လေသည်။ သခင်ယေရှုကိုယ်တော်တိုင် ကလည်း မိမိသည်လူတို့၏အပြစ်များကိုဖြေလွှတ် အံ့သောငှာအသက်တော်ကိုစွန့်တော်မူရန် လောကသို့ ကြွလာတော်မူသော "လူသား" ပင်ဖြစ်သည်ဟု မိန့်တော်မူသည်။ \ip ရှင်မာကုသည်သခင်ယေရှု၏သက်တော်စဥ်ကို တင်ဆက်ရာဝယ်၊ ကိုယ်တော်မိန့်တော်မူသောစကားများ နှင့်သွန်သင်တော်မူသောသြဝါဒများကိုအလေးပေး သည်ထက်၊ ကိုယ်တော်ပြုတော်မူသောအမှုအရာများ အကြောင်းကိုပိုမိုအလေးပေးကာ၊ ရိုးရိုးစင်းစင်း တင်ပြထားသည်။ ကျမ်းပြုစုသူသည်ဗတ္တိဇံဆရာ ယောဟန်၏အကြောင်း၊ သခင်ယေရှုဗတ္တိဇံမင်္ဂလာခံ တော်မူခြင်းအကြောင်းနှင့် ကိုယ်တော်အားစာတန် စုံစမ်းသွေးဆောင်ခြင်းအကြောင်းတို့ဖြင့်ခပ်တိုတို နိဒါန်းပျိုးပြီးလျှင် သခင်ယေရှုဆုံးမသြဝါဒ ပေးတော်မူပုံနှင့်လူနာများကိုကျန်းမာစေတော်မူပုံ တို့ကိုတင်ပြပေသည်။ သခင်ယေရှု၏တပည့်တော်တို့ သည်ကိုယ်တော်အကြောင်းကို တဖြည်းဖြည်းတိုး၍ နားလည်သိမြင်လာကြ၏။ သို့ရာတွင်ကိုယ်တော်၏ ရန်သူတို့သည် ကိုယ်တော်အားပိုမိုပြင်းထန်စွာ အတိုက်အခံပြုလာကြလေသည်။ လက်ဝါးကပ်တိုင် ပေါ်တွင်အသေခံတော်မူခြင်းနှင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းအကြောင်းများကို အထူး အလေးပေးလျက်နောက်ဆုံးရက်သတ္တပတ်၌ဖြစ်ပျက် သည့်အမှုအရာများကိုတင်ပြထားသည်။ \iot အကြောင်းအရာအကျဥ်းချုပ် \io1 သတင်းကောင်းစတင်ပုံ 1း1-13 \io1 ဂါလိလဲပြည်တွင်သခင်ယေရှုအမှုတော်ဆောင်ခြင်း 1း14-9း50 \io1 ဂါလိလဲပြည်မှယေရုရှလင်မြို့သို့ 10း1-52 \io1 ယေရုရှလင်မြို့နှင့်အနီးတွင်နောက်ဆုံးရက်သတ္တပတ် 11း1-15း47 \io1 သခင်ယေရှုသေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်း 16း1-8 \io1 ရှင်ပြန်ထမြောက်တော်မူသောသခင်ဘုရားကိုယ်ထင်ပြတော်မူခြင်းနှင့် \io1 ကောင်းကင်ဘုံသို့တက်ကြွတော်မူခြင်း 16း9-20 \c 1 \s1 ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​ဟော​ပြော​ချက် \r (မ၊ ၃:၁-၁၂။ လု၊ ၃:၁-၁၈။ ယော၊ ၁:၁၉-၂၈) \p \v 1 ဘု​ရား​သ​ခင်​၏​သား​တော်​ယေ​ရှု​ခ​ရစ်​အ​ကြောင်း သ​တင်း​ကောင်း​စ​တင်​ပုံ​ကို​ဖော်​ပြ​ပါ​အံ့။- \v 2 ပ​ရော​ဖက်​ဟေ​ရှာ​ယ​ကျမ်း​တွင်၊ ``ဘု​ရား​သ​ခင်​က \q1 နား​ထောင်​ကြ​လော့။ \q2 ငါ​သည်​သင်​၏​လမ်း​ကို​အ​ဆင်​သင့်​ဖြစ်​စေ​ရန် ငါ​၏​တ​မန်​ကို​သင့်​အ​လျင်​စေ​လွှတ်​မည်။ \q1 \v 3 တော​ကန္တာ​ရ​၌​အ​သံ​တစ်​ခု​သည် \q2 ``ကိုယ်​တော်​ရှင်​ကြွ​တော်​မူ​ရာ​လမ်း​ကို အ​သင့်​ပြင်​ဆင်​ကြ​လော့။ \q1 ထို​အ​ရှင်​၏​လမ်း​ကို​ဖြောင့်​တန်း​အောင်​ပြု​ကြ​လော့'' ဟု ကြွေး​ကြော်​လျက်​နေ​၏။ \m ဟူ​၍​ဖော်​ပြ​ပါ​ရှိ​သည်။ \p \v 4 ယင်း​သို့​ဟေ​ရှာ​ယ​က​ဖော်​ပြ​သည်​နှင့်​အ​ညီ ဗတ္တိ​ဇံ ဆ​ရာ​ယော​ဟန်​သည်​တော​ကန္တာ​ရ​တွင်​ပေါ်​ထွန်း​လာ​၏။ သူ​သည်​လူ​တို့​အား ``နောင်​တ​ရ​၍​ဗတ္တိ​ဇံ​ကို​ခံ​ယူ ကြ​လော့။ သို့​မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်'' ဟု ဟော​ပြော​၏။- \v 5 ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​ကျေး​လက်​တော​ရွာ တို့​မှ လူ​အ​ပေါင်း​တို့​သည်​ယော​ဟန်​ထံ​သို့​သွား​ကြ ကုန်​၏။ မိ​မိ​တို့​အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​လျက် ယော်​ဒန်​မြစ်​တွင်​ယော​ဟန်​ထံ​မှ​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ကြ​၏။ \p \v 6 ယော​ဟန်​သည်​ကု​လား​အုပ်​မွေး​အ​ဝတ်​ကြမ်း​ကို ဝတ်​ထား​၏။ သား​ရေ​ခါး​ပန်း​ကို​စည်း​ထား​၏။ ကျိုင်း​ကောင်​နှင့်​ပျား​ရည်​ကို​မှီ​ဝဲ​၏။- \v 7 သူ​က ``ငါ့​ထက်​ကြီး​မြတ်​သော​အ​ရှင်​သည် ငါ​၏ နောက်​တွင်​ပေါ်​ထွန်း​လာ​လိမ့်​မည်။ ငါ​သည်​ထို​အ​ရှင် ၏​ဖိ​နပ်​ကြိုး​ကို​မျှ​ငုံ့​၍​မ​ဖြည်​ထိုက်။- \v 8 ငါ​သည်​သင်​တို့​အား​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို ပေး​၏။ ထို​အ​ရှင်​ကား​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ဖြင့် ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​တော်​မူ​လတ္တံ့'' ဟု လူ​တို့​အား​ဟော​ပြော​လေ​သည်။ \s1 ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​တော်​မူ​ခြင်း​စာ​တန်​စုံ​စမ်း သွေး​ဆောင်​ခြင်း \r (မ၊ ၃:၁၃-၄:၁၁။ လု၊ ၃:၂၁-၂၂၊ ၄:၁-၁၃) \p \v 9 ထို​နောက်​များ​မ​ကြာ​မီ​သ​ခင်​ယေ​ရှု​သည် ဂါ​လိ​လဲ ပြည်​နာ​ဇ​ရက်​မြို့​မှ​ကြွ​လာ​တော်​မူ​၍ ယော်​ဒန်​မြစ် တွင်​ယော​ဟန်​ထံ​မှ​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​တော်​မူ​သည်။- \v 10 ရေ​မှ​တက်​တော်​မူ​စဉ်​မိုး​ကောင်း​ကင်​ကွဲ​ဟ​၍ မိ​မိ အ​ပေါ်​သို့​ဝိ​ညာဉ်​တော်​သည်​ချိုး​ငှက်​အ​သွင်​ဖြင့် ဆင်း​သက်​သည်​ကို​မြင်​တော်​မူ​၏။- \v 11 ကောင်း​ကင်​မှ​လည်း ``သင်​ကား​ငါ​နှစ်​သက်​မြတ်​နိုး ရာ ငါ​၏​ချစ်​သာ၈​ပေ​တည်း'' ဟု​အ​သံ​တော်​ထွက် ပေါ်​လာ​၏။ \p \v 12 ချက်​ချင်း​ပင်​ဝိ​ညာဉ်​တော်​သည် ကိုယ်​တော်​ကို တော​ကန္တာ​ရ​သို့​ပို့​ဆောင်​တော်​မူ​၏။- \v 13 တော​ကန္တာ​ရ​တွင်​စာ​တန်​သည်​ကိုယ်​တော်​အား အ​ရက် လေး​ဆယ်​ပတ်​လုံး​စုံ​စမ်း​သွေး​ဆောင်​လေ​သည်။ ထို အ​ရပ်​တွင်​တော​တိ​ရစ္ဆာန်​များ​လည်း​ရှိ​၏။ သို့​ရာ တွင်​ကောင်း​ကင်​တ​မန်​တို့​သည်​လာ​၍ ကိုယ်​တော် ကို​လုပ်​ကျွေး​ကြ​၏။ \s1 တံ​ငါ​သည်​လေး​ယောက်​ကို​ခေါ်​ယူ​တော်​မူ​ခြင်း \r (မ၊ ၄:၁၂-၂၂။ လု၊ ၄:၁၄-၁၅၊ ၅:၁-၁၁) \p \v 14-15 ယော​ဟန်​အ​ကျဉ်း​ခံ​ရ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်​သို့​ကြွ​လာ​၍ ``ချိန်း​ချက်​တော်​မူ​ရာ အ​ချိန်​ကျ​ပြီ။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည် လု​နီး​ပြီ။ နောင်​တ​ရ​၍​သ​တင်း​ကောင်း​ကို​ခံ​ယူ ယုံ​ကြည်​ကြ​လော့'' ဟု​ဘု​ရား​သ​ခင်​ထံ​မှ သ​တင်း​ကောင်း​ကို​ဟော​ပြော​တော်​မူ​၏။ \p \v 16 ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ကမ်း​ခြေ​တွင်​လျှောက်​သွား တော်​မူ​စဉ် ရှိ​မုန်​နှင့်​ညီ​အန္ဒြေ​ကို​မြင်​တော်​မူ​၏။ သူ​တို့ သည်​တံ​ငါ​သည်​များ​ဖြစ်​သည်​အ​လျောက် အိုင်​ထဲ တွင်​ကွန်​ပစ်​နေ​ကြ​သ​တည်း။- \v 17 သ​ခင်​ယေ​ရှု​က ``လာ​ကြ။ ငါ့​နောက်​သို့​လိုက်​ကြ။ သင်​တို့​ကို​လူ​ဖမ်း​တံ​ငါ​များ​ဖြစ်​စေ​မည်'' ဟု ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။- \v 18 ထို​သူ​တို့​သည်​ချက်​ချင်း မိ​မိ​တို့​၏​ပိုက်​ကွန်​များ ကို​စွန့်​ပစ်​၍​နောက်​တော်​သို့​လိုက်​ကြ​၏။ \p \v 19 ကိုယ်​တော်​သည်​ဆက်​လက်​၍​အ​နည်း​ငယ်​လျှောက် သွား​သော​အ​ခါ ဇေ​ဗေ​ဒဲ​၏​သား​များ​ဖြစ်​ကြ သော​ယာ​ကုပ်​နှင့်​ညီ​ယော​ဟန်​ကို​မြင်​တော်​မူ​၏။ သူ​တို့​သည်​လှေ​ထဲ​တွင်​ပိုက်​ကွန်​များ​ကို​အ​သင့် ပြင်​လျက်​နေ​ကြ​၏။- \v 20 ကိုယ်​တော်​သည်​သူ​တို့​ကို​မြင်​လျှင်​ချက်​ချင်း​ခေါ်​ယူ တော်​မူ​သ​ဖြင့် သူ​တို့​သည်​ဖ​ခင်​ဇေ​ဗေ​ဒဲ​ကို​လူ ငှား​များ​နှင့်​လှေ​ထဲ​တွင်​ထား​ခဲ့​၍​နောက်​တော်​သို့ လိုက်​ကြ​၏။ \s1 ညစ်​ညမ်း​သော​နတ်​ပူး​ဝင်​သူ​လူ​တစ်​ယောက် \r (လု၊ ၄:၃၁-၃၇) \p \v 21 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် က​ပေ​ရ​နောင်​မြို့​သို့ ရောက်​လာ​ကြ​၏။ ဥ​ပုသ်​နေ့​၌​သ​ခင်​ယေ​ရှု​သည် တ​ရား​ဇ​ရပ်​သို့​ဝင်​၍​ဟော​ပြော​သွန်​သင်​တော်​မူ​၏။- \v 22 ကိုယ်​တော်​သည်​ကျမ်း​တတ်​ဆ​ရာ​တို့​သွန်​သင်​သ​ကဲ့​သို့ မ​ဟုတ်​ဘဲ အာ​ဏာ​ရှိ​သူ​ကဲ့​သို့​သွန်​သင်​တော်​မူ​၏။ သို့ ဖြစ်​၍​လူ​တို့​သည်​ကိုယ်​တော်​၏​သွန်​သင်​ပုံ​ကို​အံ့​သြ ကြ​၏။ \p \v 23 ထို​အ​ချိန်​၌​တ​ရား​ဇ​ရပ်​ထဲ​တွင် ညစ်​ညမ်း​သော​နတ် ပူး​ဝင်​နေ​သူ​တစ်​ဦး​ရှိ​၏။- \v 24 ထို​သူ​က ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ အ​ရှင်​သည်​အ​ကျွန်ုပ် တို့​အား​အ​ဘယ်​သို့​ပြု​လို​တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ် တို့​အား​ဖျက်​ဆီး​ရန်​ကြွ​လာ​တော်​မူ​ပါ​သ​လော။ အ​ရှင် သည်​မည်​သူ​ဖြစ်​သည်​ကို​အ​ကျွန်ုပ်​သိ​ပါ​၏။ အ​ရှင် ကား​ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​တော်​မူ​သော သန့်​ရှင်း​မြင့်​မြတ်​သူ​ပေ​တည်း'' ဟု​ဟစ်​အော်​၏။ \p \v 25 သ​ခင်​ယေ​ရှု​က ``ဆိတ်​ဆိတ်​နေ​လော့။ ထွက်​ခဲ့ လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။- \v 26 ညစ်​ညမ်း​သော​နတ်​သည်​လူ​ကို​ပြင်း​စွာ​တုန်​တက် စေ​ပြီး​လျှင် ကျယ်​စွာ​ဟစ်​အော်​၍​ထွက်​ခွာ​သွား​၏။- \v 27 လူ​အ​ပေါင်း​တို့​သည်​လွန်​စွာ​အံ့​သြ​ကြ​လျက် ``ဤ အ​ချင်း​အ​ရာ​ကား​အ​ဘယ်​သို့​နည်း။ သြ​ဝါ​ဒ​သစ် တစ်​မျိုး​ပေ​လော။ သူ​သည်​ညစ်​ညမ်း​သော​နတ်​များ​ကို အာ​ဏာ​နှင့်​အ​မိန့်​ပေး​၍ နတ်​တို့​က​လိုက်​နာ​ကြ သည်​တ​ကား'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။- \v 28 ချက်​ချင်း​ပင်​ကိုယ်​တော်​၏​သ​တင်း​သည် ဂါ​လိ​လဲ ပြည်​တစ်​ပြည်​လုံး​ရှိ​ကျေး​လက်​တော​ရွာ​အ​ပေါင်း သို့​ပြန့်​သွား​လေ​သည်။ \s1 များ​စွာ​သော​ရော​ဂါ​သည်​တို့​ကို ကျန်း​မာ​စေ​တော်​မူ​ခြင်း \r (မ၊ ၈:၁၄-၁၇။ လု၊ ၄:၃၈-၄၁) \p \v 29 ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် တ​ရား​ဇ​ရပ်​မှ​ထွက်​ခွာ​၍ ရှိ​မုန်​နှင့်​အန္ဒြေ​၏​အိမ်​သို့ ကြွ​တော်​မူ​၏။ ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​လည်း လိုက်​ပါ​သွား​ကြ​၏။ \p \v 30 ရှိ​မုန်​၏​ယောက္ခ​မ​မိန်း​မ​သူ​သည်​အိပ်​ရာ​ပေါ်​တွင် ဖျား​လျက်​ရှိ​၏။ သူ​၏​အ​ကြောင်း​ကို​ကိုယ်​တော်​အား ချက်​ချင်း​ပင်​လျှောက်​ထား​ကြ​၏။- \v 31 ကိုယ်​တော်​သည်​သူ့​ထံ​သို့​သွား​၍​လက်​ကို​ကိုင်​ဆွဲ ထူ​မ​တော်​မူ​၏။ ထို​အ​ခါ​သူ​သည်​အ​ဖျား​ပျောက် ၍​ဧည့်​သည်​ဝတ်​ကို​ပြု​လေ​၏။- \v 32 နေ​ဝင်​၍​ည​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ လူ​တို့​သည် ရော​ဂါ​သည်​များ​နှင့်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ​များ​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ​၏။- \v 33 တစ်​မြို့​လုံး​မှ​လူ​တို့​သည် အိမ်​တံ​ခါး​ဝ​တွင် လာ​ရောက်​စု​ရုံး​လျက်​ရှိ​နေ​ကြ​၏။- \v 34 ကိုယ်​တော်​သည်​ရော​ဂါ​အ​မျိုး​မျိုး​စွဲ​ကပ်​သူ အ​မြောက်​အ​မြား​ကို ကျန်း​မာ​စေ​တော်​မူ​၏။ များ​စွာ သော​နတ်​မိစ္ဆာ​တို့​ကို​နှင်​ထုတ်​တော်​မူ​၏။ ထို​နတ်​တို့​သည် ကိုယ်​တော်​မည်​သူ​ဖြစ်​ကြောင်း​ကို​သိ​ကြ​၏။ သို့​ဖြစ် သော​ကြောင့်​ကိုယ်​တော်​သည် သူ​တို့​အား​စ​ကား ပြော​ခွင့်​ပေး​တော်​မ​မူ။ \s1 ဂါ​လိ​လဲ​ပြည်​တွင်​တ​ရား​ဟော​တော်​မူ​ခြင်း \r (လု၊ ၄:၄၂-၄၄) \p \v 35 နောက်​တစ်​နေ့​မိုး​မ​လင်း​မီ​ကိုယ်​တော်​သည်​အိပ်​ရာ မှ​ထ​တော်​မူ​၏။ ထို​နောက်​ဆိတ်​ငြိမ်​ရာ​အ​ရပ်​သို့ ထွက်​ကြွ​တော်​မူ​ပြီး​လျှင် ဆု​တောင်း​ပတ္ထနာ​ပြု​တော် မူ​၏။- \v 36 ရှိ​မုန်​နှင့်​အ​ပေါင်း​ဖော်​များ​သည်​ကိုယ်​တော်​ကို လိုက်​ရှာ​ကြ​၏။- \v 37 တွေ့​သော​အ​ခါ ``ကိုယ်​တော်​ကို​လူ​အ​ပေါင်း​တို့ ရှာ​နေ​ကြ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။ \p \v 38 ကိုယ်​တော်​က ``အ​နီး​အ​နား​ရှိ​ရွာ​များ​သို့​သွား​ကြ ကုန်​စို့။ ထို​ရွာ​များ​တွင်​လည်း​ငါ​တ​ရား​ဟော​ရ​မည်။ ထို့​ကြောင့်​ငါ​ကြွ​လာ​ခဲ့​ခြင်း​ဖြစ်​သည်'' ဟု​တ​ပည့် တော်​တို့​အား​မိန့်​တော်​မူ​၏။ \p \v 39 ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်​တစ်​လျှောက်​လုံး လှည့်​လည်​တော်​မူ​၍ တ​ရား​ဇ​ရပ်​များ​တွင်​တ​ရား ဟော​တော်​မူ​၏။ ထို့​အ​ပြင်​နတ်​မိစ္ဆာ​များ​ကို​နှင် ထုတ်​တော်​မူ​၏။ \s1 အ​ရေ​ပြား​ရော​ဂါ​ကို​ပျောက်​ကင်း​စေ​တော်​မူ​ခြင်း \r (မ၊ ၈:၁-၄။ လု၊ ၅:၁၂-၁၆) \p \v 40 အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​သူ​လူ​တစ်​ယောက်​သည် ကိုယ်​တော်​၏​ရှေ့​မှောက်​သို့​လာ​ရောက်​ဒူး​ထောက် ၍ ``အ​ရှင်​အ​လို​တော်​ရှိ​လျှင် အ​ကျွန်ုပ်​ကို​ရော​ဂါ မှ​သန့်​စင်​စေ​နိုင်​ပါ​သည်'' ဟု​လျှောက်​ထား တောင်း​ပန်​၏။ \p \v 41 ကိုယ်​တော်​သည်​သ​နား​တော်​မူ​သ​ဖြင့် လက်​တော်​ကို ဆန့်​၍​ထို​သူ့​ကို​တို့​ထိ​တော်​မူ​၏။ ``ငါ​အ​လို​ရှိ​၏။ သန့်​စင်​စေ'' ဟု​မိန့်​တော်​မူ​၏။- \v 42 မိန့်​တော်​မူ​သည့်​ခ​ဏ​၌ ထို​သူ​သည်​ရော​ဂါ​ပျောက် ၍​သန့်​စင်​သွား​လေ​သည်။- \v 43-44 ချက်​ချင်း​ပင်​သ​ခင်​ယေ​ရှု​သည်​ထို​သူ​အား ``ဤ အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​မည်​သူ့​အား​မျှ မ​ပြော​နှင့်၊ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​မူ​သွား​၍​သင်​၏ ကိုယ်​ကို​ပြ​လော့။ သင်​သန့်​စင်​သွား​သည့်​အ​တွက် လူ​တို့​ရှေ့​တွင်​သက်​သေ​ပြ​ရန် မော​ရှေ​မိန့်​မှာ​သည့် ပူ​ဇော်​သကာ​ကို​ဆက်​သ​လော့'' ဟု​ကြပ်​တည်း​စွာ သ​တိ​ပေး​၍​ထွက်​ခွာ​သွား​စေ​တော်​မူ​၏။ \p \v 45 ထို​သူ​သည်​ထွက်​ခွာ​၍​သွား​၏။ သို့​ရာ​တွင်​မိ​မိ​၏ အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို အ​နှံ့​အ​ပြား ပြော​ကြား​လေ​သည်။ ထို​သ​တင်း​သည်​လွန်​စွာ ပြန့်​သွား​ရ​ကား​သ​ခင်​ယေ​ရှု​သည် အ​ဘယ်​မြို့​သို့​မျှ အ​ထင်​အ​ရှား​မ​ဝင်​နိုင်​တော့​ချေ။ ဆိတ်​ကွယ်​ရာ မြို့​ပြင်​ဒေ​သ​များ​မှာ​သာ​နေ​ရ​၏။ သို့​သော် အ​ရပ်​ရပ်​မှ​လူ​အ​ပေါင်း​တို့​သည်​အ​ထံ​တော် သို့​လာ​ရောက်​ကြ​ကုန်​၏။ \c 2 \s1 လေ​ဖြတ်​သူ​ကို​ရော​ဂါ​ပျောက်​စေ​တော်​မူ​ခြင်း \r (မ၊ ၉:၁-၈။ လု၊ ၅:၁၇-၂၆) \p \v 1 ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ကိုယ်​တော်​သည် က​ပေ​ရ​နောင်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ​လာ​၏။ အိမ်​သို့​ကိုယ်​တော်​ရောက်​ရှိ​နေ​သည့်​သ​တင်း​ကို လူ​တို့​ကြား​ကြ​ကုန်​၏။- \v 2 ထို့​ကြောင့်​အ​ထံ​တော်​သို့​စု​ရုံး​လာ​ကြ​သူ​များ လှ​သ​ဖြင့် အိမ်​ဥ​ပ​စာ​မှာ​ခြေ​ချ​စ​ရာ​မ​ရှိ တော့​ပေ။ ကိုယ်​တော်​သည်​ထို​သူ​တို့​အား​တ​ရား တော်​ကို​ဟော​ပြော​လျက်​နေ​တော်​မူ​၏။- \v 3 ထို​အ​ခါ​လူ​လေး​ယောက်​တို့​သည်​လေ​ဖြတ်​သူ တစ်​ဦး​ကို ထမ်း​စင်​ဖြင့်​အ​ထံ​တော်​သို့​ယူ​ဆောင် လာ​ကြ​၏။- \v 4 ပ​ရိ​သတ်​တိုး​မ​ပေါက်​သ​ဖြင့် သူ​တို့​သည်​ကိုယ်​တော် အ​နီး​သို့​မ​ချဉ်း​ကပ်​နိုင်​ကြ။ ထို့​ကြောင့်​ကိုယ်​တော် ရှိ​သည့်​နေ​ရာ​အ​ထက်​မှ​ခေါင်​မိုး​ကို​ဖောက်​ထွင်း​၍ လူ​မ​မာ​လဲ​လျောင်း​နေ​သော​ထမ်း​စင်​ကို​လျော​ချ ကြ​၏။- \v 5 သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​မြင် တော်​မူ​လျှင် လေ​ဖြတ်​သူ​အား ``ငါ့​သား၊ သင်​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​ပြီ'' ဟု​မိန့်​တော်​မူ​၏။- \v 6 သို့​သော်​လည်း​ထို​အ​ရပ်​မှာ​ထိုင်​လျက်​ရှိ​ကြ သော​ကျမ်း​တတ်​ဆ​ရာ​အ​ချို့​တို့​က၊- \v 7 ``ဤ​သူ​သည်​အ​ဘယ်​ကြောင့်​ဤ​သို့​ဆို​ပါ​သ​နည်း။ သူ​သည်​ဘု​ရား​သ​ခင်​ကို​ပြစ်​မှား​ပြော​ဆို​လေ ပြီ။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး​အ​ဘယ်​သူ​သည် အ​ပြစ်​ကို​ဖြေ​လွှတ်​နိုင်​ပါ​မည်​နည်း'' ဟူ​၍ တွေး​တော​နေ​ကြ​လေ​သည်။- \v 8 သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​ယင်း​သို့​တွေး​တော နေ​သည်​ကို ချက်​ချင်း​သိ​တော်​မူ​သ​ဖြင့် ``သင်​တို့ သည်​အ​ဘယ်​ကြောင့်​ဤ​သို့​တွေး​တော​နေ​ကြ သ​နည်း။- \v 9 လေ​ဖြတ်​သူ​အား​အ​ဘယ်​သို့​ပြော​ရန်​ပို​၍​လွယ်​ကူ သ​နည်း။ `သင်​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ပြီ' ဟု​ပြော​ရန် ပို​၍​လွယ်​ကူ​သ​လော။ သို့​တည်း​မ​ဟုတ် `နေ​ရာ​မှ ထ​လော့၊ သင်​၏​ထမ်း​စင်​ကို​ထမ်း​၍​လှမ်း​သွား လော့' ဟု​ပြော​ရန်​ပို​၍​လွယ်​ကူ​သ​လော။- \v 10 လူ​သား​သည်​လော​က​တွင်​အ​ပြစ်​ဖြေ​လွှတ်​ပိုင် သည်​ကို သင်​တို့​အား​သိ​မြင်​စေ​အံ့'' ဟု​ဆို​လျက် လက်​ခြေ​သေ​သူ​အား၊- \v 11 ``နေ​ရာ​မှ​ထ​၍​ထမ်း​စင်​ကို​ထမ်း​၍​အိမ်​သို့​ပြန် လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 12 လူ​ပ​ရိ​သတ်​ရှေ့​မှောက်​၌​ပင်​ထို​သူ​သည်​ထ​၍ ထမ်း​စင်​ကို​ထမ်း​ပြီး​လျှင်​ထွက်​သွား​လေ​သည်။ ယင်း​သို့​ထ​၍​ထွက်​သွား​သ​ဖြင့်​လူ​အ​ပေါင်း တို့​သည်​လွန်​စွာ​အံ့​သြ​ကြ​၏။ ``ဤ​အ​ချင်း အ​ရာ​မျိုး​ကို​ငါ​တို့​အ​ဘယ်​အ​ခါ​က​မျှ မ​မြင်​စ​ဖူး'' ဟု​ဆို​ကာ​ဘု​ရား​သ​ခင်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​၏။ \s1 လေ​ဝိ​ကို​ခေါ်​တော်​မူ​ခြင်း \r (မ၊ ၉:၉-၁၃။ လု၊ ၅:၂၇-၃၂) \p \v 13 ကိုယ်​တော်​သည်​ဂါ​လိ​လဲ​အိုင်​ကမ်း​ခြေ​သို့​တစ်​ဖန် ကြွ​တော်​မူ​ပြန်​၏။ လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် ထံ​သို့​လာ​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​သူ​တို့​ကို ဟော​ပြော​သွန်​သင်​တော်​မူ​၏။- \v 14 ကိုယ်​တော်​သည်​ဆက်​လက်​၍​လျှောက်​သွား​တော်​မူ ပြန်​သော​အ​ခါ အ​ကောက်​ခွန်​ရုံး​ခန်း​တွင်​အာ​လ​ဖဲ ၏​သား​လေ​ဝိ​ထိုင်​နေ​သည်​ကို​မြင်​တော်​မူ​၏။ သူ့ ကို​ကိုယ်​တော်​က ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့် တော်​မူ​လျှင်​သူ​သည်​ထ​၍​နောက်​တော်​သို့​လိုက် လေ​၏။ \p \v 15 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​လေ​ဝိ​၏​အိမ်​တွင် တ​ပည့်​တော်​တို့​နှင့်​အ​တူ​စား​သောက်​လျက်​ရှိ​စဉ်၊ အ​ခွန်​ခံ​သူ​နှင့်​အ​ပယ်​ခံ​သူ​အ​မြောက်​အ​မြား သည်​လည်း ကိုယ်​တော်​နှင့်​လိုက်​ပါ​လာ​ကြ​သ​ဖြင့် ကိုယ်​တော်​နှင့်​တ​ကွ​တ​ပည့်​တော်​တို့​နှင့်​အ​တူ စား​သောက်​လျက်​ရှိ​ကြ​၏။- \v 16 ဤ​သို့​ထို​သူ​တို့​နှင့်​ကိုယ်​တော်​ထိုင်​၍​စား​သောက်​နေ သည်​ကို ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​ကျမ်း​တတ်​ဆ​ရာ​တို့​မြင် လျှင် ``အ​ဘယ်​ကြောင့်​ကိုယ်​တော်​သည်​အ​ခွန်​ခံ​သူ များ၊ အ​ပြစ်​ကူး​သူ​များ​နှင့်​ထိုင်​၍​စား​သောက်​နေ ပါ​သ​နည်း'' ဟု​တ​ပည့်​တော်​တို့​အား​မေး​မြန်း ကြ​၏။ \p \v 17 ယင်း​သို့​မေး​မြန်း​သည်​ကို သ​ခင်​ယေ​ရှု​ကြား​တော် မူ​လျှင် ``ကျန်း​မာ​သူ​သည်​ဆ​ရာ​ဝန်​ကို​မ​လို။ ဖျား နာ​သူ​သာ​လျှင်​လို​၏။ ငါ​သည်​ဂုဏ်​အ​သ​ရေ​ရှိ သူ​များ​ကို​ခေါ်​ရန်​ကြွ​လာ​သည်​မ​ဟုတ်။ အ​ပြစ် ကူး​သူ​များ​ကို​ခေါ်​ရန်​ကြွ​လာ​သ​တည်း'' ဟု ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။ \s1 အ​စာ​ရှောင်​ခြင်း​ပြ​ဿ​နာ \r (မ၊ ၉:၁၄-၁၇။ လု၊ ၅:၃၃-၃၉) \p \v 18 တစ်​နေ့​၌​ယော​ဟန်​၏​တ​ပည့်​များ​နှင့်​ဖာ​ရိ​ရှဲ​တို့ သည်​အ​စာ​ရှောင်​လျက်​နေ​ကြ​၏။ လူ​အ​ချို့​တို့​သည် ကိုယ်​တော့်​ထံ​လာ​၍ ``ယော​ဟန်​၏​တ​ပည့်​များ​နှင့် ဖာ​ရိ​ရှဲ​တို့​သည်​အ​စာ​ရှောင်​ကြ​ပါ​သည်။ အ​ရှင် ၏​တ​ပည့်​များ​မူ​ကား​အ​ဘယ်​ကြောင့်​အ​စာ မ​ရှောင်​ကြ​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ \p \v 19 သ​ခင်​ယေ​ရှု​က ``မင်္ဂ​လာ​ဆောင်​သ​တို့​သား​၏ အ​ပေါင်း​အ​ဖော်​များ​သည် သ​တို့​သား​နှင့်​အ​တူ ရှိ​နေ​ချိန်​၌​အ​စာ​ရှောင်​နိုင်​ပါ​မည်​လော။ သ​တို့ သား​ရှိ​နေ​သ​မျှ​ကာ​လ​ပတ်​လုံး​သူ​တို့​သည် အ​စာ​မ​ရှောင်​နိုင်​ကြ​ရာ။- \v 20 သို့​ရာ​တွင်​သူ​တို့​ထံ​မှ​သ​တို့​သား​ကို ခွဲ​ခွာ ယူ​ဆောင်​သွား​မည့်​နေ့​ရက်​ရောက်​ရှိ​လာ​သော အ​ခါ သူ​တို့​သည်​အ​စာ​ရှောင်​ကြ​လိမ့်​မည်။ \p \v 21 ``မည်​သူ​မျှ​ပိတ်​စ​သစ်​နှင့်​အ​ထည်​ဟောင်း​ကို ဖာ​ရိုး​မ​ရှိ။ ဖာ​ခဲ့​လျှင်​ပိတ်​စ​သစ်​က​ရုန်း​သ​ဖြင့် စုတ်​ပြဲ​ရာ​ပို​၍​ဆိုး​ပေ​မည်။- \v 22 ထို​မှ​တစ်​ပါး​စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး​ဟောင်း တွင်​ထည့်​ရိုး​မ​ရှိ။ ထည့်​ခဲ့​ပါ​မူ​စ​ပျစ်​ရည်​သစ်​သည် သား​ရေ​ဘူး​ကို​ပေါက်​ပြဲ​စေ​သ​ဖြင့် စ​ပျစ်​ရည်​နှင့် သား​ရေ​ဘူး​ပါ​ပျက်​စီး​သွား​လိမ့်​မည်။ စ​ပျစ်​ရည် သစ်​ကို​သား​ရေ​ဘူး​သစ်​တွင်​ထည့်​ရ​မည်'' ဟု​ထို သူ​တို့​အား​မိန့်​တော်​မူ​၏။ \s1 ဥ​ပုသ်​နေ့​ပြ​ဿ​နာ \r (မ၊ ၁၂:၁-၈။ လု၊ ၆:၁-၅) \p \v 23 ဥ​ပုသ်​နေ့​၌​ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​နှင့် အ​တူ ဂျုံ​ခင်း​ကို​ဖြတ်​၍​လျှောက်​သွား​စဉ်​တ​ပည့် တော်​တို့​သည်​ဂျုံ​နှံ​များ​ကို​ဆွတ်​ခူး​ကြ​၏။-\x + \xo 2:23 \xt တရား၊ ၂၃:၂၅။\x* \v 24 ထို​အ​ခါ​ဖာ​ရိ​ရှဲ​များ​က ``ကြည့်​ပါ၊ ဥ​ပုသ်​နေ့ ၌​မ​ပြု​အပ်​သော​အ​မှု​ကို သူ​တို့​သည်​အ​ဘယ် ကြောင့်​ပြု​ကြ​ပါ​သ​နည်း'' ဟု​ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။ \p \v 25 ကိုယ်​တော်​က ``ဒါ​ဝိဒ်​မင်း​သည်​မိ​မိ​နှင့်​အ​ဖော်​တစ်​စု တို့​ဆာ​လောင်​မွတ်​သိပ်​သော​အ​ခါ အ​ဘယ်​သို့​ပြု​ခဲ့ ကြောင်း​ကို​သင်​တို့​တစ်​ခါ​မျှ​မ​ဖတ်​ဖူး​သ လော။-\x + \xo 2:25 \xt ၁ရာ၊ ၂၁:၁-၆။\x* \v 26 ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဗျာ​သာ​လက်​ထက်​တွင် ဒါ​ဝိဒ်​မင်း​သည်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​သို့ ဝင်​၍ ယဇ်​ပု​ရော​ဟိတ်​များ​မှ​တစ်​ပါး​မည်​သူ​မျှ မ​စား​ထိုက်​သော​ရှေ့​တော်​မုန့်​ကို​စား​၍ မိ​မိ အ​ပေါင်း​အ​ဖော်​များ​အား​လည်း​ထို​မုန့်​ကို ပေး​ဖူး​သည်​မ​ဟုတ်​လော'' ဟု​မိန့်​တော်​မူ​၏။\x + \xo 2:26 \xt ဝတ်၊ ၂၄:၉။\x* \p \v 27 ထို​နောက်​ကိုယ်​တော်​က ``လူ​၏​အ​ကျိုး​ငှာ​ဥ​ပုသ် နေ့​ကို​ပြ​ဋ္ဌာန်း​ထား​၏။ ဥ​ပုသ်​နေ့​၏​အ​ကျိုး​ငှာ လူ​ကို​ဖန်​ဆင်း​ထား​သည်​မ​ဟုတ်။- \v 28 သို့​ဖြစ်​၍​လူ​သား​သည်​ဥ​ပုသ်​နေ့​၏​အ​ရှင် ဖြစ်​တော်​မူ​၏'' ဟု​ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။ \c 3 \s1 လက်​တစ်​ဖက်​သေ​သူ​လူ​တစ်​ယောက်​အ​ကြောင်း \r (မ၊ ၁၂:၉-၁၄။ လု၊ ၆:၆-၁၁) \p \v 1 သ​ခင်​ယေ​ရှု​သည် တ​ရား​ဇ​ရပ်​သို့​တစ်​ဖန် ကြွ​ဝင်​တော်​မူ​ပြန်​၏။ တ​ရား​ဇ​ရပ်​ထဲ​တွင် လက်​တစ်​ဖက်​သေ​သူ​လူ​တစ်​ယောက်​ရှိ​၏။- \v 2 ထို​နေ​ရာ​ရှိ​လူ​တို့​သည်​ကိုယ်​တော်​ကို​ပြစ်​တင် စွပ်​စွဲ​ရန်​အ​လို့​ငှာ သူ​၏​ရော​ဂါ​ကို​ဥ​ပုသ်​နေ့​၌ ကိုယ်​တော်​ပျောက်​ကင်း​စေ​တော်​မူ​မည်၊ မ​မူ​မည် ကို​စောင့်​ကြည့်​နေ​ကြ​၏။- \v 3 ကိုယ်​တော်​သည်​လက်​သေ​သူ​အား``ပ​ရိ​သတ် ရှေ့​သို့​လာ​၍​ရပ်​လော့'' ဟု​မိန့်​တော်​မူ​၏။- \v 4 ထို​နောက်​ကိုယ်​တော်​က ``ဥ​ပုသ်​နေ့​တွင်​အ​ကောင်း ကို​ပြု​အပ်​သ​လော။ အ​ဆိုး​ကို​ပြု​အပ်​သ​လော။ လူ့​အ​သက်​ကို​ကယ်​အပ်​သ​လော၊ သတ်​အပ် သ​လော'' ဟု​ထို​သူ​တို့​အား​မေး​တော်​မူ​၏။ \p သူ​တို့​သည်​လည်း​ဆိတ်​ဆိတ်​နေ​ကြ​၏။- \v 5 ထို​သူ​တို့​မှာ​သ​နား​ကြင်​နာ​စိတ်​ကင်း​မဲ့​သည့် အ​တွက် ကိုယ်​တော်​သည်​ဝမ်း​နည်း​၍​အ​မျက်​ထွက် လျက်​သူ​တို့​အား​လှည့်​ကြည့်​တော်​မူ​ပြီး​လျှင် လက်​သေ​သူ​အား ``သင်​၏​လက်​ကို​ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။- \v 6 ဖာ​ရိ​ရှဲ​တို့​သည်​တ​ရား​ဇ​ရပ်​မှ​ချက်​ချင်း​ထွက် သွား​ကြ​၏။ ကိုယ်​တော်​ကို​သတ်​ရန်​နည်း​လမ်း​ကို ဟေ​ရုဒ်​ပါ​တီ​ဝင်​များ​နှင့်​ဆွေး​နွေး​တိုင်​ပင်​ကြ​၏။ \s1 အိုင်​ကမ်း​ခြေ​တွင်​ရှိ​သည့်​လူ​ပ​ရိ​သတ် \p \v 7-8 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​များ​နှင့်​အ​တူ ဂါ​လိ လဲ​အိုင်​သို့​ကြွ​တော်​မူ​၏။ ထို​အ​ခါ​ဂါ​လိ​လဲ​ပြည် မှ​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​နှင့်​တ​ကွ​ယု​ဒ ပြည်၊ ဣ​ဒု​မဲ​ပြည်​နှင့်​ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း မှ​လည်း​ကောင်း၊ တု​ရု​နှင့်​ဇိ​ဒုန်​မြို့​ပတ်​ဝန်း​ကျင် အ​ရပ်​များ​မှ​လည်း​ကောင်း​များ​စွာ​သော​လူ​တို့ သည် ကိုယ်​တော်​ပြု​တော်​မူ​သည့်​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​ကြား​သိ​ကြ​သ​ဖြင့်​ကိုယ်​တော် နောက်​သို့​လိုက်​ကြ​ကုန်​၏။- \v 9 ကိုယ်​တော်​သည်​မိ​မိ​အား​လူ​ထု​ပ​ရိ​သတ်​ကြီး မ​တိုး​မ​ကြိတ်​မိ​စေ​အံ့​သော​ငှာ မိ​မိ​အ​သုံး​ပြု ဖို့​လှေ​တစ်​စင်း​ကို​အ​သင့်​ထား​ရန်​တ​ပည့်​တော် တို့​အား​မိန့်​မှာ​တော်​မူ​၏။-\x + \xo 3:9 \xt မာ၊ ၄:၁။ လု၊ ၅:၁-၃။\x* \v 10 ကိုယ်​တော်​သည်​များ​စွာ​သော​လူ​မ​မာ​တို့​ကို ကျန်း​မာ​စေ​တော်​မူ​ခဲ့​သ​ဖြင့် ရော​ဂါ​ရှိ​သူ ဟူ​သ​မျှ​သည်​ကိုယ်​တော်​ကို​တို့​ထိ​ခွင့်​ရ​ရန် အ​ထံ​တော်​သို့​တိုး​ဝှေ့​၍​လာ​ကြ​၏။- \v 11 ညစ်​ညမ်း​သော​နတ်​များ​သည်​ကိုယ်​တော်​ကို မြင်​သော​အ​ခါ ရှေ့​တော်​၌​ပျပ်​ဝပ်​၍ ``အ​ရှင် သည်​ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်'' ဟု​ဟစ်​အော်​ကြ​၏။ \p \v 12 ကိုယ်​တော်​က​မူ​မိ​မိ​မည်​သူ​ဖြစ်​သည်​ကို​ထုတ်​ဖော် ၍​မ​ပြော​ရန် သူ​တို့​အား​ကြပ်​တည်း​စွာ​ပ​ညတ် တော်​မူ​၏။ \s1 တ​ပည့်​တော်​တစ်​ဆယ့်​နှစ်​ပါး​ကို ရွေး​ချယ်​တော်​မူ​ခြင်း \r (မ၊ ၁၀:၁-၄။ လု၊ ၆:၁၂-၁၆) \p \v 13 ထို​နောက်​ကိုယ်​တော်​သည်​တောင်​ပေါ်​သို့​ကြွ​တော် မူ​၏။ အ​လို​ရှိ​သော​သူ​များ​ကို​အ​ထံ​တော်​သို့ ခေါ်​တော်​မူ​၏။- \v 14-15 သူ​တို့​သည်​အ​ထံ​တော်​သို့​လာ​ကြ​သော​အ​ခါ ကိုယ်​တော်​သည် တ​ပည့်​တော်​တစ်​ဆယ့်​နှစ်​ပါး​ကို ရွေး​ချယ်​တော်​မူ​ပြီး​လျှင်​တ​မန်​တော်​များ​ဟူ​၍ သ​မုတ်​တော်​မူ​၏။ ထို​နောက်​သူ​တို့​အား ``ငါ​သည် သင်​တို့​ကို​ငါ​၏​အ​ပါး​တွင်​နေ​စေ​လို​၍​ရွေး ချယ်​ခဲ့​၏။ တ​ရား​ဟော​ထွက်​ရန် သင်​တို့​အား​ငါ စေ​လွှတ်​မည်။ နတ်​မိစ္ဆာ​များ​အား​နှင်​ထုတ်​နိုင်​သော တန်​ခိုး​ကို​လည်း​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 16 ကိုယ်​တော်​ရွေး​ချယ်​ခန့်​ထား​ခြင်း​ခံ​ရ​သည့်​တစ် ကျိပ်​နှစ်​ပါး​ကား (ပေ​တ​ရု​ဟု​ကိုယ်​တော်​မှည့် ခေါ်​သူ​) ရှိ​မုန်၊- \v 17 (မိုး​ကြိုး​၏​သား​များ​ဟု​အ​နက်​ရှိ​သော​ဗော​နေ ရ​ဂက်​ဟူ​သော​နာ​မည်​ဖြင့် ကိုယ်​တော်​မှည့်​ခေါ်​သူ များ​ဖြစ်​သည့်​) ဇေ​ဗေ​ဒဲ​၏​သား​နှစ်​ယောက် ယာ​ကုပ်​နှင့်​ယော​ဟန်၊- \v 18 အန္ဒြေ၊ ဖိ​လိပ္ပု၊ ဗာ​သော​လ​မဲ၊ မ​ဿဲ၊ သော​မ၊ အာ​လ​ဖဲ ၏​သား​ယာ​ကုပ်၊ သဒ္ဒဲ၊ မျိုး​ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန် နှင့်၊- \v 19 နောင်​အ​ခါ​ကိုယ်​တော်​ကို​သစ္စာ​ဖောက်​သူ​ယု​ဒ ရှ​ကာ​ရုတ်​တို့​ဖြစ်​၏။ \s1 သ​ခင်​ယေ​ရှု​နှင့်​ဗေ​လ​ဇေ​ဗု​လ \r (မ၊ ၁၂:၂၂-၃၂။ လု၊ ၁၁:၁၄-၂၃၊ ၁၂:၁၀) \p \v 20 ထို​နောက်​ကိုယ်​တော်​သည်​အိမ်​သို့​ပြန်​တော်​မူ​၏။ လူ တို့​သည်​စု​ရုံး​လာ​ကြ​ပြန်​သည်။ ထို့​ကြောင့်​ကိုယ်​တော် နှင့်​တ​ပည့်​တော်​တို့​မှာ​အ​စား​အ​စာ​သုံး​ဆောင်​ရန် ပင်​အ​ခွင့်​မ​ရ​ကြ။- \v 21 လူ​အ​ချို့​တို့​က ``ကိုယ်​တော်​သည်​စိတ်​ဖောက်​ပြန် သွား​ပြီ'' ဟု​ပြော​ဆို​နေ​ကြ​၏။ ဤ​အ​ကြောင်း​ကို ကိုယ်​တော်​၏​မိ​သား​စု​တို့​ကြား​ကြ​လျှင် ကိုယ်​တော် ကို​စောင့်​ရှောက်​ရန်​အ​ထံ​တော်​သို့​လိုက်​လာ​ကြ​၏။ \p \v 22 ယေ​ရု​ရှ​လင်​မြို့​မှ​ရောက်​လာ​ကြ​သော​ကျမ်း​တတ် ဆ​ရာ​များ​က ``ကိုယ်​တော်​သည်​ဗေ​လ​ဇေ​ဗု​လ နတ်​မိစ္ဆာ​စွဲ​ကပ်​သူ​ဖြစ်​သည်။ ထို​နတ်​မိစ္ဆာ​ဘု​ရင် ကို​အ​မှီ​ပြု​၍ နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်'' ဟု ဆို​ကြ​၏။\x + \xo 3:22 \xt မ၊ ၉:၃၄၊ ၁၀:၂၅။\x* \p \v 23 ကိုယ်​တော်​သည်​သူ​တို့​ကို​ခေါ်​တော်​မူ​ပြီး​လျှင် ပုံ​ဥ​ပ​မာ​ဆောင်​၍ ``စာ​တန်​သည်​အ​ဘယ်​သို့ လျှင် မိ​မိ​ကိုယ်​ကို​မိ​မိ​နှင်​ထုတ်​နိုင်​မည်​နည်း။- \v 24 လူ​တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ​သော​နိုင်​ငံ သည်​မ​ရပ်​မ​တည်​နိုင်​ရာ။- \v 25 အိမ်​သူ​အိမ်​သား​တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ သော​အိမ်​ထောင်​သည်​ရပ်​တည်​နိုင်​မည်​မ​ဟုတ်။- \v 26 ထို​နည်း​တူ​စွာ​စာ​တန်​သည်​မိ​မိ​ကိုယ်​ကို ရန်​ဖက်​ပြု​၍​ကွဲ​ပြား​လျှင် သူ​သည်​လည်း မ​ရပ်​မ​တည်​နိုင်​ရာ၊ ပျက်​စီး​ရ​မည်​သာ​ဖြစ်​၏။ \p \v 27 ခွန်​အား​ကြီး​သူ​ကို​ဦး​စွာ​မ​ချည်​မ​နှောင်​ဘဲ​သူ ၏​အိမ်​သို့​ဝင်​၍ ဥစ္စာ​ပစ္စည်း​များ​ကို​မည်​သူ​မျှ​မ​လု မ​ယူ​နိုင်။ ချည်​နှောင်​ပြီး​မှ​သာ​လု​ယူ​နိုင်​ပေ​မည်။ \p \v 28 ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​လူ တို့​သည် မိ​မိ​တို့​လွန်​ကူး​သော​အ​ပြစ်​ရှိ​သ​မျှ အ​တွက်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို​ပြစ်​မှား သော​စ​ကား​ဟူ​သ​မျှ​အ​တွက်​လည်း​ကောင်း အ​ပြစ် လွတ်​ငြိမ်း​နိုင်​ခွင့်​ရှိ​သည်။- \v 29 သို့​ရာ​တွင်​သန့်​ရှင်း​သော​ဝိညာဉ်​တော်​ကို​ပြစ်​မှား သော​သူ​မူ​ကား အ​ပြစ်​လွတ်​ငြိမ်း​ခွင့်​ရ​နိုင်​လိမ့်​မည် မ​ဟုတ်။ သူ​သည်​ထာ​ဝ​ရ​အ​ပြစ်​ကို​ကူး​သူ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။-\x + \xo 3:29 \xt လု၊ ၁၂:၁၀။\x* \v 30 (ဤ​သို့​ကိုယ်​တော်​မိန့်​တော်​မူ​ရ​ခြင်း​အ​ကြောင်း မှာ​လူ​အ​ချို့​တို့​က ကိုယ်​တော်​အား​ညစ်​ညမ်း သော​နတ်​စွဲ​ကပ်​သူ​ဟု​စွပ်​စွဲ​ကြ​သော​ကြောင့် ဖြစ်​၏။) \s1 ကိုယ်​တော်​၏​မယ်​တော်​နှင့်​ညီ​တော်​များ \r (မ၊ ၁၂:၄၆-၅၀။ လု၊ ၈:၁၉-၂၁) \p \v 31 ကိုယ်​တော်​၏​မယ်​တော်​နှင့်​ညီ​တော်​တို့​သည်​ရောက် လာ​ကြ​၏။ အိမ်​ပြင်​တွင်​ရပ်​၍​ကိုယ်​တော်​ကို အ​ခေါ်​ခိုင်း​ကြ​၏။- \v 32 လူ​ပ​ရိ​သတ်​တို့​သည်​ကိုယ်​တော်​ကို​ခြံ​ရံ​လျက် ထိုင်​နေ​ကြ​၏။ သူ​တို့​က ``ကိုယ်​တော်​ရှင်​၏​မယ်​တော်၊ ညီ​တော်​များ​နှင့်​ညီ​မ​များ​အိမ်​အ​ပြင်​တွင်​ရောက် ရှိ​နေ​ကြ​ပါ​သည်။ ကိုယ်​တော်​ရှင်​ကို​ရှာ​လျက်​နေ ကြ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။ \p \v 33 ကိုယ်​တော်​က ``ငါ့​အ​မိ၊ ငါ့​ညီ​များ​ကား​အ​ဘယ် သူ​များ​နည်း'' ဟု​ပြန်​၍​မိန့်​တော်​မူ​၏။- \v 34 ထို​နောက်​မိ​မိ​ပတ်​လည်​တွင်​ထိုင်​နေ​သူ​များ​ကို ကြည့်​တော်​မူ​လျက် ``ငါ့​အ​မိ၊ ငါ့​ညီ​များ​ကား ဤ​သူ​တို့​တည်း။- \v 35 ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​တိုင်း​ဆောင်​ရွက် သူ​မှန်​သ​မျှ​သည် ငါ့​ညီ၊ ငါ့​နှ​မ၊ ငါ့​အ​မိ​တို့ ပေ​တည်း'' ဟု​မိန့်​တော်​မူ​၏။ \c 4 \s1 မျိုး​ကြဲ​သူ​ပုံ​ဥ​ပ​မာ \r (မ၊ ၁၃:၁-၉။ လု၊ ၈:၄-၈) \p \v 1 ကိုယ်​တော်​သည်​ဂါ​လိ​လဲ​အိုင်​ကမ်း​ခြေ​တွင် တစ် ဖန်​ဟော​ပြော​သွန်​သင်​တော်​မူ​ပြန်​၏။ လူ​ပ​ရိ​သတ် ကြီး​သည်​အ​ထံ​တော်​သို့​လာ​ရောက်​စု​ဝေး​ကြ​၏။ ပ​ရိ​သတ်​ကြီး​မား​သ​ဖြင့် ကိုယ်​တော်​သည်​အိုင်​ထဲ ရှိ​လှေ​တစ်​စင်း​ပေါ်​သို့​တက်​၍​ထိုင်​တော်​မူ​၏။ လူ အ​ပေါင်း​တို့​သည်​ကမ်း​ခြေ​ရေ​စပ်​တွင်​ရှိ​နေ​ကြ​၏။-\x + \xo 4:1 \xt လု၊ ၅:၁-၃။\x* \v 2 ကိုယ်​တော်​က​ပုံ​ဥ​ပ​မာ​ဆောင်​၍​များ​စွာ​သော အ​ကြောင်း​အ​ရာ​များ​ကို​သွန်​သင်​တော်​မူ​၏။- \v 3 သို့​သွန်​သင်​ရာ​တွင်​ကိုယ်​တော်​က ``နား​ထောင် ကြ​လော့။ မျိုး​ကြဲ​သူ​တစ်​ယောက်​သည်​မျိုး​ကြဲ ရန်​ထွက်​ခွာ​သွား​၏။- \v 4 မျိုး​ကြဲ​သော​အ​ခါ​အ​ချို့​မျိုး​စေ့​တို့​သည်​လမ်း တွင်​ကျ​သ​ဖြင့် ငှက်​တို့​သည်​လာ​၍​စား​ကြ​၏။- \v 5 အ​ချို့​မျိုး​စေ့​တို့​သည်​မြေ​ဆီ​လွှာ​ပါး​သည့် ကျောက်​ခံ​မြေ​ပေါ်​တွင်​ကျ​၍ မြေ​သား​တိမ် သ​ဖြင့်​အ​ပင်​များ​လျင်​မြန်​စွာ​ပေါက်​သော် လည်း၊- \v 6 နေ​ပူ​သော​အ​ခါ​အ​မြစ်​မ​စွဲ​သ​ဖြင့်​ညှိုး​နွမ်း ခြောက်​သွေ့​လေ​၏။- \v 7 အ​ချို့​မျိုး​စေ့​တို့​သည်​ဆူး​တော​တွင်​ကျ​၍​ဆူး ပင်​များ​ကြီး​ထွား​လာ​ပြီး​လျှင် အ​ပင်​ငယ်​တို့ ကို​လွှမ်း​မိုး​သ​ဖြင့်​သီး​နှံ​မ​ဖြစ်​ပွား​နိုင်။- \v 8 အ​ချို့​မျိုး​စေ​တို့​ကား​မြေ​ကောင်း​မြေ​သန့်​တွင် ကျ​သ​ဖြင့် အ​ပင်​များ​ပေါက်​၍​ကြီး​ထွား​လာ လျက်​အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ တစ်​ရာ​သီး​နှံ​များ​ကို​ထွက်​စေ​ကြ​၏'' ဟု မိန့်​တော်​မူ​၏။ \p \v 9 ထို​နောက်​ကိုယ်​တော်​က ``ကြား​တတ်​သော​နား​ရှိ သူ​တို့​ကြား​ကြ​ကုန်​လော့'' ဟု​မိန့်​တော်​မူ​၏။ \s1 ပုံ​ဥ​ပ​မာ​များ​ရည်​ရွယ်​ချက် \r (မ၊ ၁၃:၁၀-၁၇။ လု၊ ၈:၉-၁၀) \p \v 10 လူ​ပ​ရိ​သတ်​ကင်း​ရှင်း​ချိန်​၌​တ​ပည့်​တော်​တစ် ဆယ့်​နှစ်​ဦး​နှင့်​တ​ကွ နောက်​တော်​ပါး​မှ​လိုက်​လာ သူ​တို့​သည် ပုံ​ဥ​ပ​မာ​များ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။- \v 11 ကိုယ်​တော်​က ``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​နှင့်​ဆိုင်​သော ခက်​ခဲ​နက်​နဲ​သည့် အ​ကြောင်း​အ​ရာ​တို့​ကို​သိ​နိုင်​ခွင့်​ရ​ရှိ​ကြ​၏။ ယင်း​သို့​သိ​နိုင်​ခွင့်​မ​ရ​သော​သူ​တို့​ကား ပုံ ဥ​ပ​မာ​များ​အား​ဖြင့်​သာ​ကြား​သိ​ရ​ပေ​သည်။- \v 12 အ​ဘယ်​ကြောင့်​ဆို​သော်၊ \q1 `သူ​တို့​သည်​ကြည့်​လျက်​နှင့်​လည်း​မ​မြင်၊ ကြား​လျက်​နှင့်​လည်း​နား​မ​လည်​ကြ။ \q2 အ​ကယ်​၍​သူ​တို့​သာ​မြင်​၍​နား​လည်​ပါ​မူ \q1 ဘု​ရား​သ​ခင်​ထံ​တော်​သို့​ပြောင်း​လဲ​ကြ​မည် ဖြစ်​သ​ဖြင့်၊ \q2 ကိုယ်​တော်​သည်​သူ​တို့​အား​အ​ပြစ် ဖြေ​လွှတ်​တော်​မူ​ပေ​အံ့' \m ဟု​ကျမ်း​စာ​လာ​သော​ကြောင့်​ဖြစ်​၏'' ဟူ​၍​မိန့်​တော်​မူ​၏။\x + \xo 4:12 \xt ဟေရှာ၊ ၆:၉-၁၀။\x* \s1 မျိုး​ကြဲ​သူ​၏​ပုံ​ဥ​ပ​မာ​ကို​ရှင်း​ပြ​တော်​မူ​ခြင်း \r (မ၊ ၁၃:၁၈-၂၃။ လု၊ ၈:၁၁-၁၅) \p \v 13 ကိုယ်​တော်​က ``သင်​တို့​သည်​ဤ​ပုံ​ဥ​ပ​မာ​ကို​မျှ နား​မ​လည်​ကြ​လျှင် အ​ဘယ်​ပုံ​ဥ​ပ​မာ​ကို​နား လည်​နိုင်​ကြ​မည်​နည်း။- \v 14-15 လူ​အ​ချို့​တို့​သည်​လမ်း​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​နှင့် တူ​၏။ မျိုး​ကြဲ​သူ​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တ​ရား​တော်​မျိုး​စေ့​ကို​ကြဲ​သ​ဖြင့် လူ​တို့​ကြား​သည် နှင့်​တစ်​ပြိုင်​နက်​စာ​တန်​သည်​လာ​၍​ထို​တ​ရား​တော် ကို​သူ​၏​စိတ်​နှ​လုံး​မှ​နုတ်​ယူ​သွား​၏။- \v 16 ထို​နည်း​တူ​စွာ​အ​ချို့​သော​သူ​တို့​သည်​ကျောက်​ခံ မြေ​တွင်​ကျ​သည့်​မျိုး​စေ့​နှင့်​တူ​၏။ သူ​တို့​သည် တ​ရား​တော်​ကို​ကြား​လျှင်​ကြား​ချင်း​ဝမ်း​မြောက် စွာ​ခံ​ယူ​ကြ​၏။- \v 17 သို့​သော်​ယင်း​တ​ရား​တော်​သည်​စိတ်​နှ​လုံး​တွင် အ​မြစ်​မ​စွဲ။ ကာ​လ​အ​နည်း​ငယ်​သာ​တည်​နေ​၏။ ထို​နောက်​ဤ​တ​ရား​တော်​ကြောင့်​ဒုက္ခ​နှင့်​နှိပ်​စက် ညှဉ်း​ပန်း​မှု​ကို​ကြုံ​တွေ့​ရ​သော​အ​ခါ သူ​တို့ သည်​ချက်​ချင်း​ပင်​ဖောက်​ပြန်​သွား​ကြ​၏။- \v 18 အ​ချို့​သော​သူ​တို့​သည်​ဆူး​တော​မြေ​တွင်​ကျ သည့်​မျိုး​စေ့​နှင့်​တူ​၏။ သူ​တို့​သည်​တ​ရား​တော် ကို​ကြား​ရ​ကြ​၏။- \v 19 သို့​သော်​ဘ​ဝ​ရပ်​တည်​မှု​အ​တွက်​စိုး​ရိမ်​ကြောင့် ကြ​စ​ရာ​များ၊ စည်း​စိမ်​ချမ်း​သာ​ခံ​စား​လို​မှု​များ နှင့်​အ​ခြား​လို​အင်​ဆန္ဒ​များ​ပေါ်​ပေါက်​လာ​ပြီး​လျှင် ထို​တ​ရား​တော်​ကို​လွှမ်း​မိုး​သ​ဖြင့်​တ​ရား​တော် မျိုး​စေ့​သည်​မည်​သို့​မျှ​မ​သီး​မ​ပွင့်​နိုင်။- \v 20 အ​ချို့​သော​သူ​များ​မူ​ကား​မြေ​ကောင်း​မြေ​သန့် တွင်​ကျ​သည့်​မျိုး​စေ့​နှင့်​တူ​၏။ သူ​တို့​သည်​တ​ရား တော်​ကို​ကြား​၍​ခံ​ယူ​ကြ​သည်​ဖြစ်​ရာ​အ​ဆ သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ​သီး နှံ​များ​ကို​ဆောင်​ကုန်​၏'' ဟု​မိန့်​တော်​မူ​၏။ \s1 တောင်း​ဇ​လား​နှင့်​အုပ်​ထား​သော​ဆီ​မီး \r (လု၊ ၈:၁၆-၁၈) \p \v 21 ကိုယ်​တော်​က ``ဆီ​မီး​ကို​တောင်း​ဇ​လား​နှင့်​အုပ်​ထား ရန်​မ​ဟုတ်။ ခု​တင်​အောက်​တွင်​ထား​ရန်​လည်း​မ​ဟုတ်။ ဆီ​မီး​ခုံ​ပေါ်​မှာ​သာ​တင်​ထား​ရန်​မ​ဟုတ်​ပါ​လော။-\x + \xo 4:21 \xt မ၊ ၅:၁၅။ လု၊ ၁၁:၃၃။\x* \v 22 ကွယ်​ဝှက်​ထား​သော​အ​ရာ​ဟူ​သ​မျှ​သည်​ပေါ်​လာ ရ​ပေ​မည်။ ဖုံး​အုပ်​ထား​သော​အ​ရာ​သည်​ပွင့်​လာ ရ​မည်။-\x + \xo 4:22 \xt မ၊ ၁၀:၂၆။ လု၊ ၁၂:၂။\x* \v 23 ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​ကုန်​လော့'' ဟု​ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။ \p \v 24 ထို​မှ​တစ်​ပါး​လည်း​ကိုယ်​တော်​က ``သင်​တို့​ကြား သည့်​အ​ရာ​ကို​ဂ​ရု​စိုက်​၍​နား​ထောင်​ကြ​လော့။ သင်​တို့​သည်​သူ​တစ်​ပါး​အား​စစ်​ကြော​သော​တင်း တောင်း​ပ​မာ​ဏ​အ​တိုင်း ဘု​ရား​သ​ခင်​သည်​သင် တို့​အား​စစ်​ကြော​တော်​မူ​လိမ့်​မည်။ ထို​ထက်​မ​က ပို​၍​ပြင်း​ထန်​စွာ​စစ်​ကြော​တော်​မူ​လိမ့်​မည်။-\x + \xo 4:24 \xt မ၊ ၇:၂။ လု၊ ၆:၃၈။\x* \v 25 ရှိ​သူ​အား​ထပ်​၍​ပေး​လိမ့်​မည်။ မ​ရှိ​သူ​ထံ​မှ​ရှိ သ​မျှ​ကို​ပင်​သိမ်း​ယူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။\x + \xo 4:25 \xt မ၊ ၁၃:၁၂၊ ၂၅:၂၉။ လု၊ ၁၉:၂၆။\x* \s1 မျိုး​စေ့​ကြီး​ပွား​ပုံ၊ပုံ​ဥ​ပ​မာ \p \v 26 ထို​နောက်​ကိုယ်​တော်​က​ဆက်​လက်​၍ ``ဘု​ရား​သ​ခင် ၏​နိုင်​ငံ​တော်​သည် မျိုး​ကြဲ​သူ​လူ​တစ်​ယောက်​ကြုံ တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။- \v 27 သူ​သည်​မြေ​တွင်​မျိုး​ကို​ကြဲ​ပြီး​နောက် နေ့​ည အ​လိုက်​အိပ်​စက်​တုံ​နိုး​ထ​တုံ​ပြု​၏။ ထို​အ​ခိုက် မျိုး​စေ့​သည်​အ​စို့​ထိုး​၍​အ​ပင်​ပေါက်​၏။ မည် သို့​အ​စို့​ထိုး၊ အ​ပင်​ပေါက်​သည်​ကို​သူ​မ​သိ။- \v 28 မြေ​ကြီး​သည်​အ​လို​အ​လျောက်​ကောက်​စ​ပါး ကို​ဖြစ်​စေ​၏။ ဦး​စွာ​ကောက်​ညွန့်​ကို​ထွက်​စေ​၏။ ထို​နောက်​ကောက်​နှံ​ကို​ဖြစ်​စေ​၏။ ထို​နောက်​ကောက် ဆန်​ကို​အောင်​စေ​၏။- \v 29 ကောက်​သီး​များ​မှည့်​သော​အ​ခါ​ကောက်​ရိတ်​ချိန်​ကျ ပြီ​ဖြစ်​၍ ထို​သူ​သည်​ချက်​ချင်း​ပင်​ကောက်​ရိတ်​စ ပြု​၏'' ဟု​မိန့်​တော်​မူ​၏။\x + \xo 4:29 \xt ယောလ၊ ၃:၁၃။\x* \s1 မုန်​ညင်း​စေ့​ပုံ​ဥ​ပ​မာ \r (မ၊ ၁၃:၃၁-၃၂၊၃၄။ လု၊ ၁၃:၁၈-၁၉) \p \v 30 တစ်​ဖန်​ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် ကို​မည်​သို့​ဥ​ပ​မာ​နှိုင်း​ရ​အံ့​နည်း။ မည်​သည့်​ပုံ ဥ​ပ​မာ​များ​အား​ဖြင့်​ဖော်​ပြ​ရ​မည်​နည်း။- \v 31 ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​မုန်​ညင်း​စေ့​နှင့် တူ​၏။ မုန်​ညင်း​စေ့​သည်​မြေ​၌​စိုက်​စဉ်​အ​ခါ ကမ္ဘာ ပေါ်​ရှိ​အ​စေ့​တ​ကာ​တို့​ထက်​သေး​ငယ်​၏။- \v 32 စိုက်​ပြီး​နောက်​ကြီး​ပွား​လာ​သော​အ​ခါ အ​ခြား အ​ပင်​ငယ်​များ​အား​လုံး​ထက်​ပို​၍​ကြီး​မား​၏။ အ​ကိုင်း​အ​ခက်​ကြီး​များ​လည်း​ပေါ်​ထွက်​လာ​၏။ ကောင်း​ကင်​ငှက်​များ​ပင်​ထို​အ​ပင်​အ​ရိပ်​ဝယ် နား​နေ​နိုင်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 33 ယင်း​သို့​လျှင်​ကိုယ်​တော်​သည်​ထို​သူ​တို့​နား​လည် နိုင်​သည့်​ပုံ​ဥ​ပ​မာ​များ​အား​ဖြင့် တ​ရား​တော် ကို​ဟော​ပြော​တော်​မူ​၏။- \v 34 ပုံ​ဥ​ပ​မာ​နှင့်​ကင်း​၍​ဟော​တော်​မ​မူ။ တ​ပည့်​တော် တို့​အား​လူ​ပ​ရိ​သတ်​ကင်း​ရှင်း​ချိန်​၌ ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ရှင်း​လင်း​ဖော်​ပြ​တော်​မူ​၏။ \s1 လေ​မုန်​တိုင်း​ကို​ငြိမ်​စေ​တော်​မူ​ခြင်း \r (မ၊ ၈:၂၃-၂၇။ လု၊ ၈:၂၂-၂၅) \p \v 35 ထို​နေ့​၌​ပင်​ည​နေ​ချမ်း​အ​ချိန်​ကျ​ရောက်​လာ သော​အ​ခါ ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``အိုင် တစ်​ဖက်​ကမ်း​သို့​ကူး​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​၏။- \v 36 တ​ပည့်​တော်​တို့​သည်​လည်း​လူ​ပ​ရိ​သတ်​ထံ​မှ ထွက်​ခွာ​ပြီး​လျှင် ကိုယ်​တော်​ရောက်​ရှိ​နေ​နှင့် ပြီး​သည့်​လှေ​ပေါ်​သို့​တက်​၍​ရွက်​လွှင့်​ကြ​၏။ အ​ခြား​လှေ​များ​လည်း​ပါ​၏။- \v 37 ထို​အ​ချိန်​၌​ရုတ်​တ​ရက်​လေ​မုန်​တိုင်း​ကျ​ရောက် လာ​ကာ​လှိုင်း​ရိုက်​သွင်း​သ​ဖြင့်​လှေ​သည်​ရေ​နှင့် ပြည့်​လု​မ​တတ်​ရှိ​လေ​၏။- \v 38 ကိုယ်​တော်​ကား​လှေ​ပဲ့​ပိုင်း​တွင် မှီ​အုံး​တစ်​ခု​ပေါ် မှာ​အိပ်​စက်​လျက်​နေ​တော်​မူ​၏။ တ​ပည့်​တော်​တို့ သည်​ကိုယ်​တော်​ကို​နှိုး​ကြ​၏။ ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ရေ​နစ်​သေ​ဆုံး​မည်​ကို​ဂ​ရု​ပြု တော်​မ​မူ​ပါ​သ​လော'' ဟု​မေး​လျှောက်​ကြ​၏။ \p \v 39 ကိုယ်​တော်​သည်​အိပ်​ရာ​မှ​နိုး​တော်​မူ​၍ လေ​နှင့်​လှိုင်း များ​အား ``ဆိတ်​ဆိတ်​နေ​လော့၊ ငြိမ်​သက်​လော့'' ဟု အ​မိန့်​ပေး​တော်​မူ​၏။ လေ​သည်​ငြိမ်​သွား​၏။ လှိုင်း လည်း​မ​ထ​တော့​ပေ။- \v 40 ထို​နောက်​ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``အ​ဘယ်​ကြောင့်​ဤ​မျှ​ကြောက်​လန့်​ကြ​သ​နည်း။ ယ​ခု​တိုင်​အောင်​ပင်​သင်​တို့​သည် ငါ့​အ​ပေါ်​၌ ယုံ​ကြည်​ကိုး​စား​မှု​ကင်း​လျက်​ရှိ​နေ​ကြ​သေး သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p \v 41 ထို​အ​ခါ​သူ​တို့​သည်​လွန်​စွာ​ထိတ်​လန့်​ကြ​၏။ ``ဤ သူ​ကား​အ​ဘယ်​သူ​နည်း။ လေ​နှင့်​လှိုင်း​များ​ပင် လျှင်​သူ​၏​အ​မိန့်​ကို​လိုက်​နာ​ကြ​သည်​တ​ကား'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ \c 5 \s1 လူ​တစ်​ယောက်​ထံ​မှ​ညစ်​ညမ်း​သော​နတ်​များ​ကို နှင်​ထုတ်​တော်​မူ​ခြင်း \r (မ၊ ၈:၂၈-၃၄။ လု၊ ၈:၂၆-၃၉) \p \v 1 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဂါ​လိ​လဲ​အိုင် တစ်​ဖက်​ကမ်း​တွင်​ရှိ​သော​ဂါ​ရ​စ​ဒေ​သ​သို့ ရောက်​ကြ​၏။- \v 2 ကိုယ်​တော်​လှေ​ထဲ​က​ထွက်​ကြွ​တော်​မူ​သည့်​ခ​ဏ ၌​နတ်​ပူး​ဝင်​နေ​သူ​လူ​တစ်​ယောက်​သည် သင်္ချိုင်း တ​စ​ပြင်​မှ​ထွက်​လာ​ပြီး​လျှင်​ကိုယ်​တော်​နှင့် တွေ့​ဆုံ​၏။- \v 3 သူ​သည်​သင်္ချိုင်း​ဂူ​များ​အ​ကြား​တွင်​နေ​၏။ သူ့ အား​မည်​သူ​မျှ​သံ​ကြိုး​နှင့်​ချည်​နှောင်​၍​မ​ထား နိုင်။- \v 4 သူ့​အား​ကြိမ်​ဖန်​များ​စွာ​သံ​ကြိုး​များ​ဖြင့်​ချည် နှောင်​ခဲ့​ဖူး​ကြ​၏။ သံ​ကြိုး​နှင့်​လက်​ထိတ်​ခြေ​ထိတ် များ​ခတ်​ခဲ့​ဖူး​ကြ​၏။ သံ​ကြိုး​နှင့်​လက်​ထိတ်​ခြေ ထိတ်​များ​သာ​ပြတ်​သွား​ခဲ့​၏။ မည်​သူ​မျှ​သူ့​အား နှိမ်​နင်း​၍​မ​ရ။- \v 5 သူ​သည်​သင်္ချိုင်း​ဂူ​များ​အ​ကြား​တွင်​လည်း​ကောင်း၊ တောင်​ကုန်း​များ​အ​ထက်​တွင်​လည်း​ကောင်း​နေ့​ည မ​ပြတ်​ဟစ်​အော်​လျက် မိ​မိ​ကိုယ်​ကို​ကျောက်​စောင်း များ​ဖြင့်​အ​နာ​တ​ရ​ဖြစ်​စေ​၏။ \p \v 6-7 သူ​သည်​သ​ခင်​ယေ​ရှု​ကို​အ​ဝေး​မှ​မြင်​လျှင် ပြေး ၍​ရှေ့​တော်​၌​ပျပ်​ဝပ်​ကာ ``အ​မြင့်​မြတ်​ဆုံး​သော ဘု​ရား​သ​ခင်​၏​သား​တော်​ယေ​ရှု၊ အ​ရှင်​သည် အ​ကျွန်ုပ်​ကို​မည်​သို့​ပြု​လို​တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ်​အား​ညှဉ်း​ဆဲ​တော်​မ​မူ​ပါ​နှင့်။ ဘု​ရား သ​ခင်​ကို​အ​မှီ​ပြု​၍​အ​ကျွန်ုပ်​တောင်း​ပန်​ပါ​၏'' ဟု​ကျယ်​စွာ​ဟစ်​အော်​၏။- \v 8 ယင်း​သို့​ဟစ်​အော်​ရ​သည့်​အ​ကြောင်း​မှာ သ​ခင် ယေ​ရှု​က ``ညစ်​ညမ်း​သော​နတ်၊ ဤ​လူ​အ​ထဲ​မှ ထွက်​ခဲ့​လော့'' ဟု​အ​မိန့်​ပေး​လိုက်​သော​ကြောင့် ဖြစ်​၏။ \p \v 9 ကိုယ်​တော်​က ``သင်​၏​နာ​မည်​ကား​အ​ဘယ်​နည်း'' ဟု​မေး​၏။ \p ထို​သူ​က ``အ​ကျွန်ုပ်​တို့​သည်​အ​ရေ​အ​တွက်​အား ဖြင့်​များ​သော​ကြောင့် အ​ကျွန်ုပ်​တို့​ကို​လေ​ဂေါင်​ဟု ခေါ်​ပါ​သည်'' ဟု​ပြန်​၍​လျှောက်​ထား​ပြီး​နောက်၊- \v 10 မိ​မိ​တို့​အား​ထို​ဒေ​သ​မှ​နှင်​ထုတ်​တော်​မ​မူ​ရန် အ​တန်​တန်​တောင်း​ပန်​လေ​၏။ \p \v 11 ထို​အ​ချိန်​၌​တောင်​ကုန်း​အ​နီး​တွင်​ဝက်​အုပ် ကြီး​ကျက်​စား​လျက်​ရှိ​၏။- \v 12 ညစ်​ညမ်း​သော​နတ်​များ​က ``အ​ကျွန်ုပ်​တို့​အား ထို ဝက်​များ​ကို​ပူး​ဝင်​ရန်​ခွင့်​ပြု​တော်​မူ​ပါ'' ဟု တောင်း​ပန်​ကြ​၏။- \v 13 ကိုယ်​တော်​သည်​ခွင့်​ပြု​တော်​မူ​၏။ ညစ်​ညမ်း​သော နတ်​တို့​သည် ထို​လူ​၏​ထံ​မှ​ထွက်​ခွာ​၍​ဝက်​များ ကို​ပူး​ဝင်​ကြ​၏။ ကောင်​ရေ​နှစ်​ထောင်​ခန့်​ရှိ​သော ထို​ဝက်​အုပ်​သည်​ချောက်​ကမ်း​ပါး​အ​တိုင်း​အိုင် ထဲ​သို့​ပြေး​ဆင်း​လျက်​နစ်​မြုပ်​ဆုံး​ပါး​ကြ ကုန်​၏။ \p \v 14 ဝက်​ထိန်း​များ​သည်​ထွက်​ပြေး​ကြ​၏။ မြို့​နှင့် ကျေး​လက်​တော​ရွာ​များ​တွင်​ထို​အ​ဖြစ်​အ​ပျက် အ​ကြောင်း​အ​ရာ​များ​ကို​အ​နှံ့​အ​ပြား​ပြော ကြား​ကြ​၏။ လူ​တို့​သည်​ဖြစ်​ပျက်​ပုံ​ကို​သိ​လို ၍​လာ​ရောက်​ကြည့်​ရှု​ကြ​၏။- \v 15 သူ​တို့​သည်​သ​ခင်​ယေ​ရှု​ထံ​သို့​ရောက်​ရှိ​ကြ သော​အ​ခါ လေ​ဂေါင်​နတ်​ပူး​ဝင်​ခဲ့​သူ​သည် အ​ဝတ် ကို​ဝတ်​ဆင်​ကာ​လူ​ကောင်း​ပ​က​တိ​အ​ဖြစ်​ထိုင် နေ​သည်​ကို​မြင်​လျှင်​ကြောက်​ကြ​၏။- \v 16 မျက်​မြင်​သက်​သေ​များ​က​နတ်​မိစ္ဆာ​ပူး​ဝင်​ခဲ့​သူ နှင့်​ဝက်​များ​၏​အ​ဖြစ်​အ​ပျက်​ကို​ထို​သူ​တို့ အား​ပြော​ပြ​ကြ​၏။ \p \v 17 ထို့​ကြောင့်​သူ​တို့​သည်​မိ​မိ​တို့​ဒေ​သ​မှ​ထွက်​ခွာ သွား​တော်​မူ​ရန် သ​ခင်​ယေ​ရှု​အား​တောင်း​ပန် ကြ​၏။ \p \v 18 ကိုယ်​တော်​သည်​လှေ​ပေါ်​သို့​တက်​တော်​မူ​စဉ် နတ်​မိစ္ဆာ ပူး​ဝင်​ခဲ့​သူ​က​နောက်​တော်​သို့​လိုက်​ခွင့်​ပြု​ရန် လျှောက်​ထား​တောင်း​ပန်​၏။ \p \v 19 ကိုယ်​တော်​ကား​ခွင့်​ပြု​တော်​မ​မူ။ ``သင်​၏​အိမ်​သို့ သွား​လော့။ ဘု​ရား​သ​ခင်​သည်​သင့်​အား​မည်​မျှ ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​နှင့် မည်​သို့​သ​နား တော်​မူ​ကြောင်း​ကို​ဆွေ​မျိုး​သား​ချင်း​တို့​အား ပြော​ပြ​လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 20 ထို​သူ​သည်​ထွက်​သွား​၍​မိ​မိ​အား​သ​ခင်​ယေ​ရှု သည် အ​ဘယ်​သို့​ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း ကို ဒေ​ကာ​ပေါ​လိ​ဟု​နာ​မည်​တွင်​သော​ပြည် တစ်​လျှောက်​လုံး​တွင်​အ​နှံ့​အ​ပြား​ပြော​ကြား လေ​၏။ ကြား​ရ​သော​သူ​အ​ပေါင်း​တို့​သည် အံ့​သြ​ကြ​၏။ \s1 ယာ​ဣ​ရု​၏​သ​မီး​နှင့်​သ​ခင်​ယေ​ရှု​အ​ဝတ်​တော်​ကို တို့​ထိ​သော​အ​မျိုး​သ​မီး \r (မ၊ ၉:၁၈-၂၆။ လု၊ ၈:၄၀-၅၆) \p \v 21 သ​ခင်​ယေ​ရှု​သည်​အိုင်​တစ်​ဖက်​သို့​လှေ​ဖြင့်​တစ်​ဖန် ကူး​တော်​မူ​ပြန်​သော​အ​ခါ များ​စွာ​သော​လူ​တို့​သည် အ​ထံ​တော်​သို့​စု​ရုံး​လာ​ကြ​၏။ ကိုယ်​တော်​သည်​အိုင် ကမ်း​ခြေ​တွင်​ရှိ​နေ​တော်​မူ​စဉ်၊- \v 22 ယာ​ဣ​ရု​ဆို​သူ​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး သည်​ရောက်​လာ​၏။- \v 23 သူ​သည်​ကိုယ်​တော်​ကို​မြင်​သော​အ​ခါ​ခြေ​တော်​ရင်း တွင်​ပျပ်​ဝပ်​လျက် ``အ​ကျွန်ုပ်​၏​သ​မီး​ငယ်​သည်​သေ​လု နီး​ပါး​ဖြစ်​နေ​ပါ​သည်။ သူ့​အား​ရော​ဂါ​ပျောက်​လျက် အ​သက်​ရှင်​စေ​ရန် ကိုယ်​တော်​ကြွ​တော်​မူ​၍​သူ​၏ အ​ပေါ်​၌​လက်​တော်​ကို​တင်​တော်​မူ​ပါ'' ဟု​အ​နူး အ​ညွတ်​လျှောက်​ထား​တောင်း​ပန်​၏။ \p \v 24 သ​ခင်​ယေ​ရှု​သည်​ယာ​ဣ​ရု​နှင့်​အ​တူ​လိုက်​သွား​၏။ များ​စွာ​သော​လူ​ပ​ရိ​သတ်​သည်​နောက်​တော်​က လိုက်​သ​ဖြင့်​ကိုယ်​တော်​ကို​တိုး​ဝှေ့​မိ​ကြ​၏။ \p \v 25 အ​မျိုး​သ​မီး​တစ်​ယောက်​သည်​ဆယ့်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​ရော​ဂါ​စွဲ​ကပ်​လျက်​ပြင်း​စွာ​ဝေ​ဒ​နာ​ခံ ခဲ့​ရ​၏။- \v 26 များ​စွာ​သော​ဆ​ရာ​ဝန်​တို့​၏​ကု​သ​မှု​ကို​ခံ​ခဲ့ ရ​၏။ မိ​မိ​၌​ရှိ​သ​မျှ​ကြေး​ငွေ​များ​ပင်​ကုန်​ချေ ပြီ။ မည်​သို့​မျှ​သက်​သာ​ရာ​မ​ရ​ဘဲ​အ​ခြေ​အ​နေ ပို​၍​ပင်​ဆိုး​ရွား​လာ​၏။- \v 27-28 သူ​သည်​သ​ခင်​ယေ​ရှု​၏​အ​ကြောင်း​ကို​ကြား​သိ သ​ဖြင့် ``ကိုယ်​တော်​၏​အ​ဝတ်​တော်​ကို​လက်​နှင့် တို့​ထိ​ရ​လျှင်​ငါ​၏​ရော​ဂါ​ပျောက်​လိမ့်​မည်'' ဟု တစ်​ကိုယ်​တည်း​ပြော​ဆို​လျက်​လူ​အ​ပေါင်း​တို့ ကြား​မှ​တိုး​ဝင်​ကာ ကိုယ်​တော်​၏​နောက်​သို့​ရောက် ရှိ​လာ​၏။- \v 29 ထို​နောက်​အ​ဝတ်​တော်​ကို​တို့​ထိ​လေ​၏။ ထို​သို့​တို့​ထိ လိုက်​သည်​နှင့်​တစ်​ပြိုင်​နက်​သွေး​အ​သွန်​ရပ်​၍​သွား သ​ဖြင့် သူ​သည်​ရော​ဂါ​ပျောက်​ကင်း​သွား​သည့် အ​ဖြစ်​ကို​သိ​ရှိ​လာ​၏။- \v 30 သ​ခင်​ယေ​ရှု​သည်​အ​ထံ​တော်​မှ​တန်​ခိုး​ထွက်​သွား သည်​ကို​ချက်​ချင်း​သိ​တော်​မူ​၏။ ပ​ရိ​သတ်​ဘက်​သို့ လှည့်​တော်​မူ​၍ ``ငါ​၏​အ​ဝတ်​ကို​မည်​သူ​တို့​ထိ သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p \v 31 တ​ပည့်​တော်​တို့​က ``အ​ရှင့်​ကို​တိုး​ဝှေ့​သော​လူ​ထု ကြီး​ကို​တွေ့​မြင်​တော်​မူ​ပါ​လျက် ငါ့​အား​မည်​သူ တို့​ထိ​သ​နည်း​ဟု​မေး​တော်​မူ​ပါ​သ​လော'' ဟု လျှောက်​ထား​ကြ​၏။ \p \v 32 သို့​ရာ​တွင်​ကိုယ်​တော်​သည်​မိ​မိ​အား အ​ဘယ်​သူ တို့​ထိ​သည်​ကို​သိ​ရန်​ပတ်​လည်​သို့​ကြည့်​တော် မူ​၏။- \v 33 အ​ဝတ်​တော်​ကို​တို့​ထိ​သော​အ​မျိုး​သ​မီး​သည် မိ​မိ​ခံ​စား​ရ​သည့်​အ​ဖြစ်​ကို​သိ​သ​ဖြင့် ကြောက်​ရွံ့ တုန်​လှုပ်​လျက်​ရှေ့​တော်​သို့​လာ​ရောက်​ပျပ်​ဝပ်​ကာ ဟုတ်​တိုင်း​မှန်​ရာ​ကို​အ​ကုန်​အ​စင်​လျှောက်​ထား​၏။ \p \v 34 ကိုယ်​တော်​က ``ငါ့​သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကျန်း​မာ​စေ​ပြီ။ စိတ်​ချမ်း​သာ​စွာ​သွား​လော့။ ရော​ဂါ​ပျောက်​ကင်း​စေ'' ဟု​မိန့်​တော်​မူ​၏။ \p \v 35 ယင်း​သို့​မိန့်​တော်​မူ​ချိန်​၌​ယာ​ဣ​ရု​၏​အိမ်​မှ​လူ အ​ချို့​တို့​ရောက်​လာ​ကြ​ပြီး​လျှင် ``အ​ရှင်​၏​သ​မီး သည်​သေ​ဆုံး​ပါ​ပြီ။ ဆ​ရာ​တော်​ကို​အ​ဘယ်​ကြောင့် ဒုက္ခ​ပေး​ပါ​တော့​မည်​နည်း'' ဟု​ဆို​ကြ​၏။ \p \v 36 သို့​သော်​သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​၏​စ​ကား​ကို ကြား​လျှင် ``မ​စိုး​ရိမ်​နှင့်။ သင့်​မှာ​ယုံ​ကြည်​ခြင်း​သာ ရှိ​စေ​လော့'' ဟု​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး​အား မိန့်​တော်​မူ​၏။- \v 37 ထို​နောက်​ပေ​တ​ရု၊ ယာ​ကုပ်​နှင့်​ယာ​ကုပ်​၏​ညီ ယော​ဟန်​တို့​မှ​တစ်​ပါး မည်​သူ​ကို​မျှ​ကိုယ်​တော် နှင့်​အ​တူ​လိုက်​ခွင့်​ပြု​တော်​မ​မူ။- \v 38 ယာ​ဣ​ရု​၏​အိမ်​သို့​ရောက်​လျှင်​လူ​တို့​ရုတ်​ရုတ်​သဲ​သဲ ဖြစ်​လျက် ကျယ်​လောင်​စွာ​မြည်​တမ်း​ငို​ယို​လျက်​နေ ကြ​သည်​ကို​မြင်​တော်​မူ​၏။- \v 39 ကိုယ်​တော်​သည်​အိမ်​ထဲ​သို့​ဝင်​၍​ထို​သူ​တို့​အား ``သင် တို့​အ​ဘယ်​ကြောင့်​ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​နေ​ကြ​သ​နည်း။ အ​ဘယ်​ကြောင့်​ငို​ယို​နေ​ကြ​သ​နည်း။ သူ​ငယ်​မ​သည် သေ​သည်​မ​ဟုတ်၊​အိပ်​လျက်​သာ​နေ​၏'' ဟု​မိန့်​တော် မူ​၏။ \p \v 40 ထို​အ​ခါ​လူ​တို့​သည်​ကိုယ်​တော်​ကို​ပြောင်​လှောင်​ကြ ၏။ ကိုယ်​တော်​သည်​သူ​တို့​ကို​အ​ပြင်​သို့​နှင်​ထုတ်​တော် မူ​ပြီး​လျှင် သူ​ငယ်​မ​၏​မိ​ဘ​များ​နှင့်​တ​ပည့်​တော် သုံး​ယောက်​တို့​ကို​ခေါ်​၍ သူ​ငယ်​မ​ရှိ​ရာ​အ​ခန်း​ထဲ သို့​ဝင်​တော်​မူ​၏။- \v 41 သူ​ငယ်​မ​၏​လက်​ကို​ဆုပ်​ကိုင်​ကာ ``တ​လိ​သ​ကု​မိ'' ဟု​မိန့်​တော်​မူ​၏။ အ​ဋ္ဌိပ္ပါယ်​ကား ``က​လေး​မ၊ ထ​လော့။ သင့်​အား​ငါ​အ​မိန့်​ရှိ​၏'' ဟူ​ဆို​လို​သည်။ \p \v 42 ကိုယ်​တော်​မိန့်​တော်​မူ​သည့်​ခ​ဏ​၌ သူ​ငယ်​မ​သည် ထ​၍​လမ်း​လျှောက်​လေ​၏။ (သူ​ငယ်​မ​ကား​တစ်​ဆယ့် နှစ်​နှစ်​သ​မီး​ဖြစ်​သ​တည်း။) ထို​အ​ခါ​လူ​တို့ သည်​လွန်​စွာ​အံ့​သြ​ကြ​ကုန်​သည်။- \v 43 ကိုယ်​တော်​က ``ဤ​အ​ကြောင်း​ကို​အ​ဘယ်​သူ​အား မျှ​မ​ပြော​နှင့်'' ဟု​သူ​တို့​အား​ကြပ်​တည်း​စွာ​ပ​ညတ် တော်​မူ​ပြီး​နောက် ``သူ​ငယ်​မ​အား​အ​စား​အ​စာ ကျွေး​လော့'' ဟု​မိန့်​တော်​မူ​၏။ \c 6 \s1 သ​ခင်​ယေ​ရှု​ကို​နာ​ဇ​ရက်​မြို့​က​လက်​မ​ခံ​ခြင်း \r (မ၊ ၁၃:၅၃-၅၈။ လု၊ ၄:၁၆-၃၀) \p \v 1 ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​နှင့်​အ​တူ ထို အ​ရပ်​မှ​ကြွ​တော်​မူ​ပြီး​နောက် မိ​မိ​၏​နေ​ရင်း မြို့​သို့​ရောက်​ရှိ​လာ​၏။- \v 2 ဥ​ပုသ်​နေ့​၌​ကိုယ်​တော်​သည်​တ​ရား​ဇ​ရပ်​တွင် ဟော​ပြော​သွန်​သင်​တော်​မူ​၏။ ကိုယ်​တော်​၏​သွန် သင်​ချက်​ကို​ကြား​သော​အ​ခါ -လူ​အ​ပေါင်း​တို့ သည်​အံ့​သြ​ကြ​၏။ ``ဤ​သူ​သည်​ဤ​ပညာ​ကို အ​ဘယ်​မှာ​ရ​ရှိ​သ​နည်း။ သူ​ရ​ရှိ​သည့်​ပညာ ကား​အ​ဘယ်​ပညာ​နည်း။ ဤ​နိ​မိတ်​လက္ခ​ဏာ​များ ကို​အ​ဘယ်​သို့​ပြ​နိုင်​သ​နည်း။- \v 3 ဤ​သူ​သည်​မာ​ရိ​၏​သား​မ​ဟုတ်​လော။ ယာ​ကုပ်၊ ယော​သေ၊ ယု​ဒ​နှင့်​ရှိ​မုန်​တို့​၏​အစ်​ကို​လက်​သ​မား ဆ​ရာ​ပင်​မ​ဟုတ်​လော သူ​၏​နှ​မ​များ​သည်​ငါ​တို့ အ​ရပ်​သူ​များ​မ​ဟုတ်​လော'' ဟု​ပြော​ဆို​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​ကိုယ်​တော်​ကို​လက်​မ​ခံ ကြ။ \p \v 4 သ​ခင်​ယေ​ရှု​က ``ပ​ရော​ဖက်​မည်​သည်​မိ​မိ​နေ​ရင်း မြို့​ရွာ၊ ဆွေ​မျိုး၊ အိမ်​ထောင်​စု​မှ​လွဲ​၍​အ​ဘယ် အ​ရပ်​တွင်​မ​ဆို​ဂုဏ်​အ​သ​ရေ​ရှိ​သည်'' ဟု မိန့်​တော်​မူ​၏။\x + \xo 6:4 \xt ယော၊ ၄:၄၄။\x* \p \v 5 ကိုယ်​တော်​သည်​ထို​မြို့​တွင်​ဖျား​နာ​သူ​အ​နည်း​ငယ် ကို​လက်​တော်​တင်​၍ ကျန်း​မာ​စေ​တော်​မူ​သည်​မှ အ​ပ အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ​ပြ​တော် မ​မူ​နိုင်။- \v 6 ကိုယ်​တော်​သည်​ထို​သူ​တို့​ယုံ​ကြည်​ခြင်း​ကင်း​မဲ့ ကြ​သည်​ကို​အံ့​သြ​တော်​မူ​၏။ \s1 တ​ပည့်​တော်​တစ်​ဆယ့်​နှစ်ဦး​တို့​ကို စေ​လွှတ်​တော်​မူ​ခြင်း \r (မ၊ ၁၀:၅-၁၅။ လု၊ ၉:၁-၆) \p ထို့​နောက်​သ​ခင်​ယေ​ရှု​သည်​အ​နီး​အ​နား​ရှိ ကျေး​ရွာ​များ​သို့​သွား​၍​ဟော​ပြော​သွန်​သင် တော်​မူ​၏။ \p \v 7 တ​ပည့်​တော်​တစ်​ဆယ့်​နှစ်​ဦး​တို့​ကို​အ​ထံ​တော် သို့​ခေါ်​တော်​မူ​ပြီး​နောက် နှစ်​ယောက်​စီ​တွဲ​၍​မြို့ ရွာ​များ​သို့​စေ​လွှတ်​တော်​မူ​၏။ သူ​တို့​အား​ညစ် ညမ်း​သော​နတ်​များ​ကို​နှိမ်​နင်း​နိုင်​သော​တန်​ခိုး အာ​ဏာ​ကို​အပ်​နှင်း​တော်​မူ​၏။- \v 8 ကိုယ်​တော်​က ``လမ်း​ခ​ရီး​အ​တွက်​တောင်​ဝှေး​မှ တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ​မ​ယူ​ကြ​နှင့်။ ရိက္ခာ၊ လွယ်​အိတ်၊ ခါး​ပန်း​၌​ကြေး​ငွေ​များ​ကို​ယူ​မ သွား​ကြ​နှင့်။-\x + \xo 6:8 \xt လု၊ ၁၀:၄-၁၁။\x* \v 9 ဖိ​နပ်​ကို​စီး​ကြ​လော့။ သို့​ရာ​တွင်​အင်္ကျီ​နှစ်​ထပ် မ​ဝတ်​နှင့်။- \v 10 ထို​မှ​တစ်​ပါး​မည်​သည့်​မြို့​တွင်​မ​ဆို​သင်​တို့ အား ဦး​စွာ​လက်​ခံ​သည့်​အိမ်​မှ​မ​ရွေ့​မ​ပြောင်း ကြ​နှင့်။ ထို​မြို့​မှ​မ​ထွက်​ခွာ​မီ​ကာ​လ​ပတ်​လုံး ထို​အိမ်​တွင်​သာ​တည်း​ခို​ကြ​လော့။- \v 11 သင်​တို့​ကို​လက်​မ​ခံ​သည့်​အ​ရပ်​တွင်​မ​နေ​ကြ​နှင့်။ သင်​တို့​ဟော​ပြော​သွန်​သင်​သည်​ကို​နား​မ​ထောင် သူ​များ​ထံ​မှ​ထွက်​ခွာ​သွား​ကြ​လော့။ ထွက်​ခွာ သွား​သည့်​အ​ခါ​တွင်​သူ​တို့​ကို​သ​တိ​ပေး​သည့် အ​နေ​ဖြင့် သင်​တို့​ခြေ​ဖ​ဝါး​မှ​မြေ​မှုန့်​ကို ခါ​ချ​ခဲ့​ကြ​လော့'' ဟု​မှာ​ကြား​တော်​မူ​၏။\x + \xo 6:11 \xt တ၊ ၁၃:၅၁။\x* \p \v 12 တ​ပည့်​တော်​တို့​သည်​ထွက်​သွား​၍​လူ​တို့ နောင်​တ​ရ​ကြ​စေ​ရန်​ဟော​ပြော​ကြ​၏။- \v 13 များ​စွာ​သော​နတ်​မိစ္ဆာ​တို့​ကို​နှင်​ထုတ်​ကြ​၏။ ဖျား​နာ​သူ​အ​မြောက်​အ​မြား​ကို​ဆီ​လိမ်း ၍​ကျန်း​မာ​စေ​ကြ​၏။\x + \xo 6:13 \xt ယာ၊ ၅:၁၄။\x* \s1 ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ကွယ်​လွန်​ခြင်း \r (မ၊ ၁၄:၁-၁၂။ လု၊ ၉:၇-၉) \p \v 14 သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​တော်​သည်​ကျော် ကြား​လာ​သ​ဖြင့် ဟေ​ရုဒ်​ဘု​ရင်​၏​နား​တော်​သို့​ပင် ရောက်​ရှိ​လေ​သည်။ လူ​အ​ချို့​တို့​က ``သေ​ရာ​မှ ပြန်​ရှင်​လာ​သော​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဖြစ်​၏။ သို့​ဖြစ်​၍​သူ​သည်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ လျက်​ရှိ​၏'' ဟု​ဆို​ကြ​၏။\x + \xo 6:14 \xt မ၊ ၁၆:၁၄။ မာ၊ ၈:၂၈။ လု၊ ၉:၁၉။\x* \p \v 15 အ​ချို့​သူ​များ​က ``ယေ​ရှု​သည်​ဧ​လိ​ယ​ဖြစ် ၏'' ဟု​ဆို​ကြ​၏။ \p အ​ချို့​သူ​များ​က​မူ ``ယေ​ရှု​သည်​ရှေး​ပ​ရော​ဖက် များ​ကဲ့​သို့​သော​ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​၏'' ဟု ပြော​ဆို​ကြ​၏။- \v 16 သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​ပြု​တော်​မူ​သော​အ​မှု အ​ရာ​အ​ကြောင်း​ကို​ကြား​သော​အ​ခါ ဟေ​ရုဒ် က ``ငါ​ဦး​ခေါင်း​ဖြတ်​ခဲ့​သော​ယော​ဟန်​သည် အ​သက်​ပြန်​ရှင်​လေ​ပြီ'' ဟု​ဆို​၏။- \v 17 ဟေ​ရုဒ်​သည်​ညီ​ဖြစ်​သူ​ဖိ​လိပ္ပု​၏​ဇ​နီး၊ ဟေ​ရော ဒိ​အား​မိ​မိ​သိမ်း​ပိုက်​မှု​နှင့်​ပတ်​သက်​၍ ယော​ဟန် ကို​ဖမ်း​ဆီး​ပြီး​လျှင်​ထောင်​တွင်​ချုပ်​နှောင်​ထား စေ​၏။-\x + \xo 6:17 \xt လု၊ ၃:၁၉-၂၀။\x* \v 18 ယော​ဟန်​သည်​ဟေ​ရုဒ်​အား ``သင်​သည်​ညီ​ဖြစ်​သူ ၏​ဇ​နီး​ကို​မ​သိမ်း​မ​ယူ​အပ်'' ဟု​အ​ဖန်​ဖန် ကန့်​ကွက်​ပြော​ဆို​ခဲ့​၏။ \p \v 19 သို့​ဖြစ်​၍​ဟေ​ရော​ဒိ​သည်​ယော​ဟန်​ကို​ရန်​ငြိုး​ဖွဲ့ ၍​သတ်​လို​၏။ သို့​ရာ​တွင်​သတ်​ရန်​ကား​မ​တတ်​နိုင်။- \v 20 ယော​ဟန်​သည်​သူ​တော်​သူ​မြတ်​ဖြစ်​ကြောင်း​ဟေ​ရုဒ် သိ​သ​ဖြင့်​ကြောက်​၍ သူ့​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ ထား​၏။ ဟေ​ရုဒ်​သည်​ယော​ဟန်​၏​ဟော​ပြော​သွန်​သင် ချက်​များ​ကို​ကြား​နာ​ရ​သည့်​အ​ခါ​တိုင်း စိတ် မ​ငြိမ်​မ​သက်​ဖြစ်​ရ​တတ်​သော်​လည်း​ဝမ်း​မြောက် စွာ​ပင်​ကြား​နာ​လေ့​ရှိ​သည်။ \p \v 21 ဟေ​ရုဒ်​၏​မွေး​နေ့​၌​ဟေ​ရော​ဒိ​အ​တွက် အ​ခါ အ​ခွင့်​သာ​လာ​၏။ ထို​နေ့​၌​ဟေ​ရုဒ်​သည်​ဂါ​လိ​လဲ ပြည်​မှ​ခေါင်း​ဆောင်​ကြီး​များ၊ တပ်​မ​တော်​အ​ရာ​ရှိ ကြီး​များ၊ ဂုဏ်​အ​သ​ရေ​ရှိ​လူ​ကြီး​လူ​ကောင်း​များ ကို​ဖိတ်​ကြား​လျက်​ည​စာ​စား​ပွဲ​တစ်​ရပ်​တည်​ခင်း ကျွေး​မွေး​၏။- \v 22 ထို​ည​စာ​စား​ပွဲ​သို့​ဟေ​ရော​ဒိ​၏​သ​မီး​သည် လာ​၍ အ​က​နှင့်​ဖျော်​ဖြေ​၏။ သူ​သည်​ဟေ​ရုဒ်​နှင့် ဧည့်​သည်​တော်​အ​ပေါင်း​တို့​၏​စိတ်​ကို​များ​စွာ ရွှင်​လန်း​စေ​၏။ ဘု​ရင်​မင်း​က​သူ​ငယ်​မ​အား ``သင် နှစ်​သက်​ရာ​ကို​တောင်း​လော့။ သင့်​အား​ငါ​ပေး​မည်။- \v 23 ငါ​၏​နိုင်​ငံ​တစ်​ဝက်​တိုင်​အောင်​သင်​တောင်း​သ​မျှ ကို​ငါ​ပေး​မည်'' ဟု​ကျိန်​ဆို​၍​ပြော​၏။ \p \v 24 သူ​ငယ်​မ​သည်​မင်း​ကြီး​၏​ထံ​မှ​ထွက်​သွား​ကာ မိ​ခင်​အား ``ကျွန်​မ​သည်​အ​ဘယ်​အ​ရာ​ကို တောင်း​ခံ​ရ​ပါ​မည်​နည်း'' ဟု​မေး​၏။ မိ​ခင်​က ``ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​ဦး​ခေါင်း​ကို​တောင်း လော့'' ဟု​ဆို​၏။ \p \v 25 သူ​ငယ်​မ​သည်​ချက်​ချင်း​ပင်​မင်း​ကြီး​၏​ထံ​သို့ အ​လျင်​အ​မြန်​ဝင်​ပြီး​လျှင် ``ဗတ္တိ​ဇံ​ဆ​ရာ ယော​ဟန်​၏​ဦး​ခေါင်း​ကို​လင်​ပန်း​ပေါ်​တွင်​တင် ၍ ယ​ခု​ပင်​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​၏။ \p \v 26 ထို​အ​ခါ​မင်း​ကြီး​သည်​များ​စွာ​စိတ်​မ​ချမ်း​မ​သာ ဖြစ်​တော်​မူ​၏။ သို့​ရာ​တွင်​ဧည့်​သည်​တော်​များ​ရှေ့ တွင် မိ​မိ​ကျိန်​ဆို​၍​ပေး​ခဲ့​သည့်​က​တိ​ကို​ထောက် ၍ သူ​ငယ်​မ​၏​တောင်း​လျှောက်​ချက်​ကို​မ​ငြင်း မ​ပယ်​နိုင်။- \v 27 သို့​ဖြစ်​၍​ယော​ဟန်​၏​ဦး​ခေါင်း​ကို​ယူ​ဆောင်​ခဲ့​ရန် အ​မိန့်​ပေး​၍ ကိုယ်​ရံ​တော်​တပ်​သား​တစ်​ယောက်​ကို စေ​လွှတ်​လိုက်​၏။ တပ်​သား​သည်​အ​ကျဉ်း​ထောင်​သို့ သွား​၍​ယော​ဟန်​၏​ဦး​ခေါင်း​ကို​ဖြတ်​၏။- \v 28 ဦး​ခေါင်း​ကို​လင်​ပန်း​ပေါ်​တွင်​တင်​၍​ယူ​ဆောင် လာ​ပြီး​နောက် သူ​ငယ်​မ​အား​ပေး​၏။ သူ​ငယ်​မ သည်​လည်း​မိ​ခင်​အား​တစ်​ဆင့်​ပေး​၏။- \v 29 ယော​ဟန်​၏​တ​ပည့်​တို့​သည်​ဤ​သ​တင်း​ကို ကြား​သော​အ​ခါ လာ​၍​ယော​ဟန်​၏​အ​လောင်း ကို​ယူ​ပြီး​လျှင်​ဂူ​သွင်း​ထား​ကြ​၏။ \s1 လူ​ငါး​ထောင်​ကို​ကျွေး​မွေး​တော်​မူ​ခြင်း \r (မ၊ ၁၄:၁၃-၂၁။ လု၊ ၉:၁၀-၁၇။ ယော၊ ၆:၁-၁၄) \p \v 30 တ​မန်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ထံ​တော်​သို့ ပြန်​လာ​ပြီး​လျှင် မိ​မိ​တို့​လုပ်​ဆောင်​ခဲ့​သ​မျှ သွန်​သင်​ခဲ့​သ​မျှ​တို့​ကို​ကြား​လျှောက်​ကြ​၏။- \v 31 များ​စွာ​သော​လူ​တို့​သည်​ဝင်​ထွက်​သွား​လာ​လျက် ရှိ​ကြ​သ​ဖြင့် သ​ခင်​ယေ​ရှု​နှင့်​တ​မန်​တော်​တို့​သည် အ​စား​အ​စာ​သုံး​ဆောင်​ရန်​အ​ချိန်​ပင်​မ​ရ​ကြ။ ထို့​ကြောင့်​ကိုယ်​တော်​က ``ငါ​တို့​ဆိတ်​ကွယ်​ရာ အ​ရပ်​သို့​သွား​၍​ခေတ္တ​မျှ​နား​နေ​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​၏။- \v 32 သို့​ဖြစ်​၍​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဆိတ်​ကွယ်​ရာ​အ​ရပ်​တစ်​ခု​သို့​လှေ​ဖြင့်​ထွက် သွား​ကြ​၏။ \p \v 33 ထို​သို့​သွား​သည်​ကို​လူ​အ​များ​ပင်​မြင်​လိုက် သ​ဖြင့် ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​ဖြစ်​ကြောင်း သိ​ကြ​၏။ ထို့​ကြောင့်​အ​မြို့​မြို့​အ​ရွာ​ရွာ​မှ​လူ အ​ပေါင်း​တို့​သည် ကိုယ်​တော်​သွား​ရာ​အ​ရပ်​သို့ အ​လျင်​အ​မြန်​ကုန်း​ကြောင်း​လိုက်​သ​ဖြင့်​ကိုယ် တော်​နှင့်​တ​ပည့်​တော်​တို့​မ​ရောက်​မီ​ရောက်​နှင့် နေ​ကြ​၏။- \v 34 ကိုယ်​တော်​သည်​လှေ​မှ​တက်​တော်​မူ​သော​အ​ခါ လူ​ထု​ကြီး​ကို​မြင်​တော်​မူ​၏။ သိုး​ထိန်း​မဲ့​သည့် သိုး​များ​ကဲ့​သို့​ဖြစ်​နေ​ကြ​သ​ဖြင့် သူ​တို့​ကို သ​နား​တော်​မူ​၏။ သို့​ဖြစ်​၍​များ​စွာ​သော​တ​ရား စ​ကား​များ​ကို သူ​တို့​အား​ဟော​ပြော​သွန်​သင် တော်​မူ​၏။-\x + \xo 6:34 \xt တော၊ ၂၇:၁၇။ ၃ရာ၊ ၂၂:၁၇။ ၆ရာ၊ ၁၈:၁၆။ ယေဇ၊ ၃၄:၅။ မ၊ ၉:၃၆။\x* \v 35 မိုး​ချုပ်​စ​ပြု​သော​အ​ခါ​တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ ``ဤ​အ​ရပ်​သည်​လူ သူ​မ​ရှိ​သည့်​အ​ရပ်​ဖြစ်​ပါ​၏။ အ​ချိန်​လည်း​နှောင်း ပါ​ပြီ။- \v 36 အ​စား​အ​စာ​ဝယ်​၍​စား​နိုင်​ရန်​လူ​တို့​အား ပတ်​ဝန်း​ကျင်​ရှိ​ကျေး​လက်​တော​ရွာ​များ​သို့ စေ​လွှတ်​တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။ \p \v 37 ကိုယ်​တော်​က ``သင်​တို့​ပင်​လျှင် သူ​တို့​အား​စား စ​ရာ​တစ်​စုံ​တစ်​ခု​ကို​ကျွေး​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။ \p ထို​အ​ခါ​တ​ပည့်​တော်​တို့​က ``အ​ကျွန်ုပ်​တို့​သည် ငွေ​ဒင်္ဂါး​နှစ်​ရာ​ဖိုး​မျှ​အ​စား​အ​စာ​ဝယ်​၍ ဤ သူ​တို့​အား​ကျွေး​ရ​ပါ​မည်​လော'' ဟု​လျှောက် ထား​ကြ​၏။- \v 38 ကိုယ်​တော်​က ``သင်​တို့​ထံ​တွင်​အ​စား​အ​စာ​မည် မျှ​ရှိ​သ​နည်း။ သွား​၍​ကြည့်​ကြ​လော့'' ဟု​မိန့်​တော် မူ​၏။ \p သူ​တို့​သည်​ကြည့်​၍​တွေ့​သော​အ​ခါ ``မုန့်​ငါး​လုံး နှင့်​ငါး​နှစ်​ကောင်​ရှိ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။ \p \v 39 ကိုယ်​တော်​သည်​စိမ်း​လန်း​သော​မြက်​ခင်း​ပေါ်​တွင် လူ​အ​ပေါင်း​တို့​ကို​အ​စု​လိုက်​ထိုင်​ကြ​စေ​ရန် တ​ပည့်​တော်​တို့​အား​စေ​ခိုင်း​တော်​မူ​၏။- \v 40 လူ​တို့​သည်​အ​စု​လိုက်​တစ်​ရာ​စီ၊ ငါး​ဆယ်​စီ၊ စီ​တန်း​၍​ထိုင်​ကြ​၏။- \v 41 ထို့​နောက်​ကိုယ်​တော်​သည်​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ် ကောင်​ကို​ယူ​တော်​မူ​၍​ကောင်း​ကင်​သို့​မျှော်​ကြည့် လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း တော်​မူ​၏။ မုန့်​ကို​ဖဲ့​တော်​မူ​ပြီး​လျှင် လူ​တို့​အား ဝေ​ငှ​ရန်​တ​ပည့်​တော်​တို့​အား​ပေး​တော်​မူ​၏။- \v 42 ထို​နည်း​တူ​ငါး​နှစ်​ကောင်​ကို​လည်း​သူ​တို့​အား ခွဲ​ဝေ​ပေး​တော်​မူ​၏။ လူ​အ​ပေါင်း​တို့​သည်​ဝ စွာ​စား​ရ​ကြ​၏။- \v 43 ထို့​နောက်​တ​ပည့်​တော်​တို့​သည် မုန့်​နှင့်​ငါး​အ​ကြွင်း အ​ကျန်​ကို​ကောက်​သိမ်း​ရာ​တစ်​ဆယ့်​နှစ်​တောင်း အ​ပြည့်​ရ​ကြ​၏။- \v 44 မုန့်​စား​သူ​ယောကျာ်း​ဦး​ရေ​မှာ​ငါး​ထောင်​မျှ​ရှိ သ​တည်း။ \s1 ရေ​ပေါ်​မှာ​လမ်း​လျှောက်​တော်​မူ​ခြင်း \r (မ၊ ၁၄:၂၂-၃၃။ ယော၊ ၆:၁၅-၂၁) \p \v 45 ထို​နောက်​ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​အိမ် သို့​ပြန်​စေ​တော်​မူ​၏။ တစ်​ချိန်​တည်း​မှာ​ပင်​တ​ပည့် တော်​တို့​အား​လှေ​တစ်​စင်း​ပေါ်​သို့​တက်​၍ အိုင်​တစ် ဖက်​ကမ်း​ရှိ​ဗက်​ဇဲ​ဒ​ရွာ​သို့​ကူး​နှင့်​စေ​တော်​မူ​၏။- \v 46 ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​ကို​နှုတ်​ဆက်​တော် မူ​ပြီး​လျှင် ဆု​တောင်း​ပတ္တနာ​ပြု​ရန်​တောင်​ပေါ်​သို့ တက်​တော်​မူ​၏။- \v 47 ည​ချမ်း​အ​ချိန်​ကျ​ရောက်​သော်​တ​ပည့်​တော်​တို့​၏ လှေ​သည် အိုင်​အ​လယ်​တွင်​ရောက်​လျက်​နေ​၏။ ကိုယ် တော်​သည်​ကား​တစ်​ကိုယ်​တည်း​ကုန်း​ပေါ်​မှာ​ရှိ​၏။- \v 48 လေ​ကို​ဆန်​၍​ခက်​ခဲ​စွာ​လှော်​ခတ်​ရ​ကြ​သ​ဖြင့် တ​ပည့်​တော်​တို့​သည်​ဒုက္ခ​ရောက်​လျက်​ရှိ​ကြ​သည် ကို​မြင်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​သည်​ရေ​ပေါ် မှာ​လျှောက်​၍​သူ​တို့​ထံ​သို့​ကြွ​တော်​မူ​၏။ အ​ချိန် ကား​မိုး​သောက်​ယံ​အ​ချိန်​ဖြစ်​၏။ ကိုယ်​တော်​သည် သူ​တို့​အ​နီး​မှ​ဖြတ်​ကျော်​၍​ကြွ​မည်​ပြု​၏။- \v 49 သူ​တို့​သည်​ရေ​ပေါ်​မှာ​ကိုယ်​တော်​လမ်း​လျှောက် နေ​သည်​ကို​မြင်​ကြ​သော်​တစ္ဆေ​ဟု​ထင်​မှတ်​၍ ဟစ်​အော်​ကြ​၏။- \v 50 သူ​တို့​သည်​ကိုယ်​တော်​ကို​မြင်​သော​အ​ခါ ထိတ် လန့်​ကြ​သော​ကြောင့်​ဖြစ်​၏။ ထို​အ​ခါ​ကိုယ်​တော် က ``အား​မ​ငယ်​ကြ​နှင့်။ ငါ​ပင်​တည်း။ မ​ကြောက် ကြ​နှင့်'' ဟု​သူ​တို့​အား​မိန့်​တော်​မူ​၏။- \v 51 ထို​နောက်​သူ​တို့​ရှိ​ရာ​လှေ​ပေါ်​သို့​တက်​တော် မူ​၏။ ထို​ခ​ဏ​၌​လေ​ငြိမ်​သွား​၏။ သူ​တို့​သည် လွန်​မင်း​စွာ​အံ့​သြ​တွေ​ဝေ​လျက်​နေ​ကြ​၏။- \v 52 အ​ဘယ်​ကြောင့်​ဆို​သော်​မုန့်​ကို​ကိုယ်​တော်​ကျွေး တော်​မူ​စဉ်​က မိ​မိ​တို့​တွေ့​မြင်​ခဲ့​ရ​သည့်​အံ့​သြ ဖွယ်​အ​ခြင်း​အ​ရာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​သူ တို့​နား​မ​လည်​ခဲ့​ကြ​သော​ကြောင့်​တည်း။ သူ​တို့ ၏​အ​သိ​ဉာဏ်​သည်​နား​လည်​နိုင်​စွမ်း​မ​ရှိ။ \s1 ဂင်​နေ​သ​ရက်​မြို့​တွင်​လူ​နာ​များ​ကို ကျန်း​မာ​စေ​တော်​မူ​ခြင်း \r (မ၊ ၁၄:၃၄-၃၆) \p \v 53 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် အိုင်​တစ်​ဖက် သို့​ကူး​ကြ​၏။ ဂင်​နေ​သ​ရက်​မြို့​သို့​ရောက်​လျှင် လှေ​ကို​ဆိုက်​ကြ​၏။- \v 54 သူ​တို့​လှေ​ပေါ်​မှ​ဆင်း​လျှင်​ဆင်း​ချင်း​လူ​တို့ သည် ကိုယ်​တော်​ကို​မှတ်​မိ​ကြ​သ​ဖြင့်၊- \v 55 ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​သို့​ပြေး​၍ လူ​နာ​များ ကို​ထမ်း​စင်​များ​နှင့်​ဆောင်​ခဲ့​ကြ​၏။- \v 56 ကိုယ်​တော်​ကြွ​ရောက်​တော်​မူ​ရာ​မြို့​ရွာ​ဇ​န​ပုဒ် ရှိ​လမ်း​နား​မှာ​လူ​နာ​များ​ကို​ချ​ထား​ကြ​၏။ အ​ဝတ်​တော်​၏​ပန်း​ဖွား​ကို​မျှ လူ​နာ​များ​အား တို့​ထိ​ခွင့်​ပြု​တော်​မူ​ရန်​တောင်း​ပန်​ကြ​၏။ တို့ ထိ​ခွင့်​ရ​သ​မျှ​သော​လူ​နာ​တို့​သည်​ကျန်း​မာ လာ​ကြ​၏။ \c 7 \s1 ရှေး​လူ​ကြီး​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ \r (မ၊ ၁၅:၁-၉) \p \v 1 ဖာ​ရိ​ရှဲ​တို့​နှင့်​ယေ​ရု​ရှ​လင်​မြို့​မှ​ရောက်​လာ ကြ​သော​ကျမ်း​တတ်​ဆ​ရာ​အ​ချို့​တို့​သည် သ​ခင်​ယေ​ရှု​ထံ​တော်​တွင်​ချဉ်း​ကပ်​ကြ​၏။- \v 2 သူ​တို့​သည်​မ​ဆေး​ကြော​မ​စင်​ကြယ်​သော လက်​များ​နှင့် တ​ပည့်​တော်​တို့​စား​သောက်​နေ ကြ​သည်​ကို​တွေ့​မြင်​ကြ​၏။ \p \v 3 (ဖာ​ရိ​ရှဲ​များ​နှင့်​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ရှေး​လူ​ကြီး​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ ကို​လိုက်​နာ​ကျင့်​သုံး​ကြ​၏။ လက်​ကို​လက်​ကောက် ဝတ်​အ​ထိ ဦး​စွာ​မ​ဆေး​ကြော​ဘဲ​အ​စား​အ​စာ စား​လေ့​မ​ရှိ​ကြ။- \v 4 စျေး​မှ​ဝယ်​ယူ​သည့်​အ​ရာ​အား​လုံး​ကို​မ​ဆေး မ​ကြော​ရ​လျှင်​မ​စား​ကြ။ အိုး၊ ခွက်၊ ကြေး​ဖ​လား နှင့်​ခု​တင်​များ​ကို​ဆေး​ကြော​နည်း​မှ​စ​သော​ထုံး တမ်း​စဉ်​လာ​များ​ကို သူ​တို့​သည်​လိုက်​နာ​ကျင့်​သုံး ကြ​၏။) \p \v 5 သို့​ဖြစ်​၍​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ က ``အ​ဘယ်​ကြောင့်​ကိုယ်​တော်​၏​တ​ပည့်​များ​သည် ရှေး​လူ​ကြီး​များ​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို မ​လိုက်​နာ​ကြ​သ​နည်း'' ဟု​ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။- \v 6 ကိုယ်​တော်​က ``သင်​တို့​၏​အ​ကြောင်း​ပ​ရော​ဖက် ဟေ​ရှာ​ယ​ဟော​ကြား​ချက်​မှာ​မှန်​လှ​ပါ​သည် တ​ကား။ သင်​တို့​သည်​ကြောင်​သူ​တော်​များ​ဖြစ် ကြ​၏။ ထို့​ကြောင့်​ဟေ​ရှာ​ယ​သည်​သင်​တို့​ကို ရည်​မှတ်​လျက်၊ \q1 `ဤ​လူ​မျိုး​သည်​ငါ့​အား​နှုတ်​ဖြင့်​ဂုဏ်​ပြု​ချီး ကူး​ကြ​၏။ \q2 သူ​တို့​၏​စိတ်​နှ​လုံး​မူ​ကား​ငါ​နှင့်​ဝေး​လှ​၏။\x + \xo 7:6 \xt ဟေရှာ၊ ၂၉:၁၃။\x* \q1 \v 7 သူ​တို့​သည်​လူ့​ပညတ်​များ​ကို​ဘု​ရား​ဟော တ​ရား​သ​ဖွယ်​သင်​ကြား​ပို့​ချ​ကြ​၏။ \q2 သို့​ဖြစ်​၍​ငါ့​အား​သူ​တို့​ဆည်း​ကပ်​ကိုး​ကွယ်​ခြင်း သည် အ​ချည်း​နှီး​ဖြစ်​၏' \m ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​ကြောင်း​ဖော်​ပြ​ချေ သည်။ \p \v 8 ``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​ကို ပစ်​ပယ်​၍ လူ​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက် နာ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 9 ဆက်​လက်​၍​ကိုယ်​တော်​က``သင်​တို့​သည်​မိ​မိ​တို့ ၏​ထုံး​တမ်း​စဉ်​လာ​များ​အ​တိုင်း​ကျင့်​သုံး​နိုင် ကြ​စေ​ရန် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တို့​ကို​ပစ် ပယ်​ပုံ​မှာ​ကျွမ်း​ကျင်​လေ​စွ​တ​ကား။- \v 10 `သင်​၏​မိ​ဘ​ကို​ရို​သေ​မြတ်​နိုး​လော့။ မိ​ဘ​ကို ကျိန်​ဆဲ​သော​သူ​သည်​သေ​ဒဏ်​ခံ​စေ' ဟု​မော​ရှေ က​ပညတ်​ခဲ့​၏။-\x + \xo 7:10 \xt ထွ၊ ၂၀:၁၂၊ ၂၁:၁၇။ ဝတ်၊ ၂၀:၉။ တရား၊ ၅:၁၆။\x* \v 11 သို့​သော်​သင်​တို့​က `လူ​တစ်​ဦး​တစ်​ယောက်​သည် အ​ဖ​သို့​မ​ဟုတ်​အ​မိ​အား​အ​ကျိုး​ပြု​စေ​မည့် ပစ္စည်း​တစ်​စုံ​တစ်​ရာ​ရှိ​သော်​လည်း ယင်း​ပစ္စည်း​ကို `ကော်​ဘန်' (ဘု​ရား​သ​ခင်​အ​ဖို့​လှူ​ပြီး​ပစ္စည်း ဖြစ်​သည်) ဟု​ဆို​လျှင်၊- \v 12 သူ​သည်​မိ​ဘ​ဝတ်​ကို​ပြု​ရန်​မ​လို​ဟု​သွန်​သင် ကြ​၏။- \v 13 ဤ​သို့​လျှင်​သင်​တို့​လက်​ဆင့်​ကမ်း​ပေး​အပ်​ကြ သည့်​ထုံး​တမ်း​စဉ်​လာ​များ​ဖြင့် ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တော်​ကို​ပစ်​ပယ်​ကြ​၏။ အ​လား​တူ အ​ခြား​အ​ကျင့်​ဋ္ဌ​လေ့​များ​စွာ​တို့​ကို​လည်း သင်​တို့​ပြု​ကြ​သေး​၏'' ဟု​မိန့်​တော်​မူ​၏။ \s1 လူ​ကို​ညစ်​ညမ်း​စေ​သည့်​အ​ရာ​များ \r (မ၊ ၁၅:၁၀-၂၀) \p \v 14 ထို​နောက်​ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​အား အ​ထံ​တော်​သို့​တစ်​ဖန်​ခေါ်​တော်​မူ​ပြီး​လျှင် ``ငါ့ စ​ကား​ကို​သင်​တို့​အား​လုံး​နာ​ယူ​သိ​မှတ်​ကြ လော့။- \v 15 လူ​၏​အ​ပြင်​အ​ပ​မှ​ဝင်​သည့်​အ​ရာ​သည်​လူ​ကို မ​ညစ်​ညမ်း​စေ​နိုင်။ အ​တွင်း​မှ​ထွက်​သည့်​အ​ရာ သည်​သာ​လူ​ကို​ညစ်​ညမ်း​စေ​နိုင်​၏။- \v 16 (နား​ရှိ​သူ​တို့​ကြား​ကြ​ကုန်​လော့)'' ဟု မိန့်​တော်​မူ​၏။-\x + \xo 7:16 \xt အ​ချို့​စာ​မူ​များ​တွင် ၇:၁၆ ကို​ဖြည့်​စွက်​သည်။\x* \v 17 ကိုယ်​တော်​သည်​ပ​ရိ​သတ်​ရှိ​ရာ​မှ​ကြွ​၍​အိမ်​ထဲ သို့​ဝင်​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​မိန့်​တော်​မူ​ခဲ့​သည့်​ပုံ​ဥ​ပ​မာ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​မေး​မြန်း​ကြ​၏။- \v 18-19 ကိုယ်​တော်​က ``သင်​တို့​သည်​ဤ​မျှ​ပင်​အ​သိ​ဉာဏ် ကင်း​မဲ့​လျက်​နေ​ကြ​သ​လော။ လူ​၏​အ​တွင်း​သို့ ပြင်​ပ​မှ​ဝင်​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​စိတ် နှ​လုံး​ထဲ​သို့​မ​ဝင်။ အ​စာ​အိမ်​သို့​သာ​ဝင်​ပြီး လျှင် အိမ်​သာ​တွင်း​သို့​သက်​ဆင်း​သွား​သော​ကြောင့် လူ​၏​ကိုယ်​တွင်း​သို့​ဝင်​သည့်​အ​ရာ​သည် လူ​ကို မ​ညစ်​ညမ်း​စေ​နိုင်​ကြောင်း​ကို သင်​တို့​နား​မ လည်​ကြ​သ​လော'' ဟု​မိန့်​တော်​မူ​၏။ (ဤ​သို့ မိန့်​တော်​မူ​ခြင်း​အား​ဖြင့် မ​စား​အပ်​သည့် အ​စား​အ​စာ​ဟူ​၍​မ​ရှိ​ကြောင်း​ရှင်း​ပြ တော်​မူ​သ​တည်း။) \p \v 20 ဆက်​လက်​၍​ကိုယ်​တော်​က ``လူ​၏​ကိုယ်​တွင်း​မှ ထွက်​သည့်​အ​ရာ​သာ​လျှင် လူ​ကို​ညစ်​ညမ်း​စေ​၏။- \v 21 လူ​အ​တွင်း​ရှိ​စိတ်​နှ​လုံး​ထဲ​မှ​ညစ်​ညမ်း​သော အ​ကြံ​အ​စည်​များ​ထွက်​လာ​၏။ ကာ​မ​ဂုဏ် လိုက်​စား​ခြင်း၊ သူ့​ဥစ္စာ​ကို​ခိုး​ခြင်း၊ လူ့​အ​သက် ကို​သတ်​ခြင်း၊- \v 22 သူ့​အိမ်​ရာ​ကို​ပြစ်​မှား​ခြင်း၊ လော​ဘ​လွန်​ကူး ခြင်း၊ ဆိုး​ယုတ်​မိုက်​မဲ​ခြင်း၊ လိမ်​လည်​လှည့်​စား ခြင်း၊ တ​ရား​လက်​လွတ်​ပြု​မူ​ခြင်း၊ မ​နာ​လို​ခြင်း၊ သူ့​အ​သ​ရေ​ကို​ဖျက်​ခြင်း၊ မာ​န​ထောင်​လွှား​ခြင်း၊ လျှပ်​ပေါ်​လော်​လည်​ခြင်း- \v 23 အ​စ​ရှိ​သော​ဆိုး​ညစ်​သည့်​အ​ရာ​အား​လုံး​တို့ သည် လူ​ကိုယ်​တွင်း​မှ​ထွက်​လာ​၍​လူ​ကို​ညစ်​ညမ်း စေ​၏။'' ဟု​မိန့်​တော်​မူ​၏။ \s1 အ​မျိုး​သ​မီး​တစ်​ဦး​၏​ယုံ​ကြည်​ခြင်း \r (မ၊ ၁၅:၂၁-၂၈) \p \v 24 ကိုယ်​တော်​သည်​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော်​မူ​၍ တု​ရု​နယ်​သို့​ကြွ​တော်​မူ​၏။ ရောက်​လျှင်​အိမ်​တစ် အိမ်​တွင်​တည်း​ခို​တော်​မူ​၏။ ကိုယ်​တော်​ရောက်​ရှိ တော်​မူ​ကြောင်း​မည်​သူ​ကို​မျှ​သိ​စေ​တော်​မ​မူ လို။ သို့​ရာ​တွင်​ပုန်း​ကွယ်​၍​နေ​တော်​မ​မူ​နိုင်။- \v 25 ညစ်​ညမ်း​သော​နတ်​ပူး​ဝင်​နေ​သော​သူ​ငယ်​မ​တစ် ဦး​၏​မိ​ခင်​သည် ကိုယ်​တော်​ရောက်​ရှိ​သည့်​သ​တင်း ကို​ကြား​လျှင်​ချက်​ချင်း​လာ​၍​ခြေ​တော်​ရင်း​တွင် ပျပ်​ဝပ်​၏။- \v 26 သူ​သည်​ရှု​ရိ​ဖိ​နိတ်​ပြည်​သူ​ဂ​ရိ​အ​မျိုး​သ​မီး ဖြစ်​၏။ မိ​မိ​၏​သ​မီး​ထံ​မှ​နတ်​မိစ္ဆာ​ကို​နှင်​ထုတ် တော်​မူ​ရန်​ကိုယ်​တော်​အား​တောင်း​ပန်​၏။- \v 27 ကိုယ်​တော်​က ``သား​သ​မီး​တို့​ကို​ဦး​စွာ​ဝ​အောင် ကျွေး​ရ​၏။ သား​သ​မီး​တို့​၏​အ​စား​အ​စာ​ကို ယူ​၍​ခွေး​တို့​အား​မ​ကျွေး​အပ်'' ဟု​သူ့​အား မိန့်​တော်​မူ​၏။ \p \v 28 ထို​အ​မျိုး​သ​မီး​က ``မှန်​ပါ​၏​အ​ရှင်။ သို့​ရာ​တွင် သား​သ​မီး​တို့​၏​စား​ကြွင်း​စား​ကျန်​များ​ကို စား​ပွဲ​အောက်​မှ​ခွေး​တို့​စား​ရ​ကြ​ပါသည်'' ဟု ပြန်​လည်​လျှောက်​ထား​၏။ \p \v 29 ထို​အ​ခါ​ကိုယ်​တော်​က ``သင်​ဤ​သို့​လျောက်​ပတ်​စွာ လျှောက်​ထား​သည့်​အ​တွက်​ကြောင့်​အိမ်​သို့​ပြန်​လော့။ နတ်​မိစ္ဆာ​သည်​သင့်​သ​မီး​ထံ​မှ​ထွက်​ခွာ​သွား​လေ ပြီ'' ဟု​မိန့်​တော်​မူ​၏။ \p \v 30 ထို​အ​မျိုး​သ​မီး​သည်​မိ​မိ​အိမ်​သို့​ပြန်​ရောက်​သော် နတ်​မိစ္ဆာ​ထွက်​သွား​သ​ဖြင့် အိပ်​ရာ​ထဲ​မှာ​ငြိမ်​သက် စွာ​လဲ​လျောင်း​နေ​သော​မိ​မိ​၏​သ​မီး​ငယ်​ကို​တွေ့ ရ​၏။ \s1 ဆွံ့​အ​နား​ပင်း​မှု​ကို​ပျောက်​ကင်း​စေ​တော်​မူ​ခြင်း \p \v 31 တု​ရု​ဒေ​သ​မှ​အ​ပြန်​တွင်​ကိုယ်​တော်​သည်​ဇိ​ဒုန် ဒေ​သ​ကို​လည်း​ကောင်း၊ ဒေ​ကာ​ပေါ​လိ​ပြည် အ​လယ်​ပိုင်း​ကို​လည်း​ကောင်း​ဖြတ်​၍ ဂါ​လိ​လဲ အိုင်​သို့​ကြွ​တော်​မူ​၏။- \v 32 လူ​အ​ချို့​တို့​သည်​ဆွံ့​အ​နား​ပင်း​သူ​တစ်​ယောက် ကို​အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ​၏။ ``သူ​၏​အ​ပေါ် တွင်​လက်​တော်​ကို​တင်​တော်​မူ​ပါ'' ဟု​လျှောက်​ထား တောင်း​ပန်​ကြ​၏။- \v 33 သ​ခင်​ယေ​ရှု​သည်​လူ​ပ​ရိ​သတ်​ထဲ​မှ​ထို​သူ တစ်​ယောက်​တည်း​ကို လူ​ရှင်း​ရာ​သို့​ခေါ်​သွား​တော် မူ​ပြီး​နောက် သူ​၏​နား​များ​အ​တွင်း​သို့​လက်​ညှိုး တော်​ကို​ထိုး​ထည့်​တော်​မူ​၏။ တံ​တွေး​ထွေး​၍ သူ​၏​လျှာ​ကို​လည်း​တို့​တော်​မူ​၏။- \v 34 ထို​နောက်​ကောင်း​ကင်​သို့​မျှော်​ကြည့်​လျက်​သက် ပြင်း​ချ​ကာ ``ဧ​ဖ​သ'' ဟု​မိန့်​တော်​မူ​၏။ ဧ​ဖ​သ အ​နက်​ကား ``ပွင့်​စေ'' ဟူ​သ​တည်း။ \p \v 35 ချက်​ချင်း​ပင်​ထို​သူ​၏​နား​တို့​သည်​ပွင့်​၍ သူ ၏​လျှာ​သည်​သွက်​လက်​လာ​သ​ဖြင့် သူ​သည် ပီ​သ​စွာ​စ​ကား​ပြော​လေ​သည်။- \v 36 ကိုယ်​တော်​သည်​ထို​အ​ဖြစ်​အ​ပျက်​အ​ကြောင်း ကို မည်​သူ​အား​မျှ​မ​ပြော​ကြ​ရန်​လူ​တို့​အား တား​မြစ်​တော်​မူ​၏။ သို့​သော်​လည်း​ကိုယ်​တော် တား​မြစ်​တော်​မူ​လေ၊ သူ​တို့​သည်​ထို​သ​တင်း ကို​ကြေ​ညာ​လေ​ဖြစ်​၏။- \v 37 ထို​အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​ကြား​ရ​သည့် လူ​အ​ပေါင်း​တို့​သည်​လွန်​မင်း​စွာ​အံ့​သြ​ကြ လျက် ``ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​မှု​တို့ ကို​လျောက်​ပတ်​စွာ​ပြု​တော်​မူ​ပြီ။ နား​ပင်း​သူ​တို့ ကို​ကြား​စေ​တော်​မူ​ပြီ။ ဆွံ့​အ​သူ​တို့​ကို​စ​ကား ပြော​စေ​တော်​မူ​ပြီ'' ဟု​ပြော​ဆို​ကြ​၏။ \c 8 \s1 လူ​လေး​ထောင်​ကို​ကျွေး​မွေး​တော်​မူ​ခြင်း \r (မ၊ ၁၅:၃၂-၃၉) \p \v 1 မ​ကြာ​မီ​လူ​ပ​ရိ​သတ်​ကြီး​စု​ရုံး​မိ​ပြန်​၏။ သူ တို့​မှာ​စား​စ​ရာ​မ​ရှိ​ကြ​သ​ဖြင့် ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​ကို​ခေါ်​တော်​မူ​၍၊- \v 2 ``ဤ​လူ​တို့​သည်​ငါ​နှင့်​အ​တူ​သုံး​ရက်​တိုင်​တိုင် ရှိ​နေ​ခဲ့​ကြ​၏။ ယ​ခု​သူ​တို့​မှာ​စား​စ​ရာ​မ​ရှိ ကြ။ သို့​ဖြစ်​၍​သူ​တို့​ကို​ငါ​သ​နား​တော်​မူ​သည်။- \v 3 အ​ချို့​သော​သူ​တို့​သည်​ခ​ရီး​ဝေး​မှ​လာ​ရောက်​ခဲ့ ကြ​၏။ သူ​တို့​ကို​မ​ကျွေး​မွေး​ဘဲ​အိမ်​သို့​ပြန်​စေ ပါ​လျှင် သူ​တို့​သည်​လမ်း​ခ​ရီး​တွင်​မူး​လဲ​ကုန် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 4 တ​ပည့်​တော်​တို့​က ``ဤ​တော​ကန္တာ​ရ​တွင်​အ​ဘယ် သို့​လျှင် ထို​သူ​တို့​ကို​ကျွေး​နိုင်​လောက်​အောင်​အ​စား အ​စာ​ရ​နိုင်​ပါ​မည်​နည်း'' ဟု​ပြန်​၍​လျှောက်​ကြ​၏။ \p \v 5 ကိုယ်​တော်​က ``သင်​တို့​တွင်​မုန့်​မည်​မျှ​ရှိ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p တ​ပည့်​တော်​တို့​က ``မုန့်​ခု​နစ်​လုံး​ရှိ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။ \p \v 6 ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​ကို​မြေ​ပေါ်​တွင် ထိုင်​စေ​တော်​မူ​ပြီး​လျှင်​မုန့်​ခု​နစ်​လုံး​ကို​ယူ​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော် မူ​၏။ ထို​နောက်​မုန့်​များ​ကို​ဖဲ့​တော်​မူ​၍​လူ​တို့ အား​ဝေ​ပေး​ကြ​၏။ သူ​တို့​၌​ငါး​အ​နည်း​ငယ် လည်း​ရှိ​၏။- \v 7 ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​ပြီး​နောက် ထို​ငါး​ကို​လည်း​လူ​တို့​အား ဝေ​ပေး​ရန် တ​ပည့်​တော်​တို့​ကို​စေ​ခိုင်း​တော်​မူ​၏။- \v 8 လူ​တို့​သည်​ဝ​စွာ​စား​ရ​ကြ​၏။ စား​ကြွင်း​စား​ကျန် များ​ကို​ပင်​တောင်း​ခု​နစ်​တောင်း​အ​ပြည့်​ကောက်​သိမ်း ရ​ကြ​၏။- \v 9 မုန့်​စား​သူ​ဦး​ရေ​ကား​လေး​ထောင်​မျှ​ရှိ​သ​တည်း။ ကိုယ်​တော်​သည်​လူ​တို့​ကို​ထို​အ​ရပ်​မှ​ထွက်​ခွာ သွား​စေ​တော်​မူ​၏။- \v 10 ထို​နောက်​ချက်​ချင်း​ပင်​တ​ပည့်​တော်​တို့​နှင့်​အ​တူ လှေ​ပေါ်​သို့​တက်​၍ ဒါ​လ​မ​နု​သ​ဒေ​သ​သို့​ကြွ တော်​မူ​၏။ \s1 ဖာ​ရိ​ရှဲ​တို့​က​နိ​မိတ်​လက္ခ​ဏာ​တောင်း​ဆို​ကြ​ခြင်း \r (မ၊ ၁၆:၁-၄) \p \v 11 ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည်​ရောက်​လာ​၍ ကိုယ်​တော်​နှင့် အ​ခြေ​အ​တင်​ဆွေး​နွေး​ကြ​၏။ သူ​တို့​သည်​ပ​ရိ ယာယ်​ဆင်​၍ ``ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​အား နှစ်​သက်​တော်​မူ​ကြောင်း​သက်​သေ​ပြ​ရန် နိ​မိတ် လက္ခ​ဏာ​တစ်​ပါး​ကို​ပြ​တော်​မူ​ပါ'' ဟု​ကိုယ်​တော် အား​တောင်း​ဆို​ကြ​၏။-\x + \xo 8:11 \xt မ၊ ၁၂:၃၈။ လု၊ ၁၁:၁၆။\x* \v 12 ကိုယ်​တော်​သည်​သက်​ပြင်း​ချ​တော်​မူ​ပြီး​လျှင် ``ယ​ခု ခေတ်​လူ​တို့​သည်​အ​ဘယ်​ကြောင့်​နိ​မိတ်​လက္ခ​ဏာ​ကို တောင်း​ဆို​ကြ​သ​နည်း။ အ​မှန်​အ​ကန်​ငါ​ဆို​သည် ကား ဤ​သူ​တို့​အား​ထို​သို့​သော​နိ​မိတ်​လက္ခ​ဏာ​ကို ပြ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။\x + \xo 8:12 \xt မ၊ ၁၂:၃၉။ လု၊ ၁၁:၂၉။\x* \p \v 13 ကိုယ်​တော်​သည်​ထို​သူ​တို့​ထံ​မှ​ထွက်​ကြွ​တော်​မူ​၍ လှေ​ပေါ်​သို့​တစ်​ဖန်​တက်​တော်​မူ​ပြီး​လျှင်​အိုင် တစ်​ဖက်​သို့​ကူး​တော်​မူ​၏။ \s1 ဖာ​ရိ​ရှဲ​များ​နှင့်​ဟေ​ရုဒ်​၏​တ​ဆေး \r (မ၊ ၁၆:၅-၁၂) \p \v 14 တ​ပည့်​တော်​တို့​သည်​အ​စား​အ​စာ​များ​ကို မ​ယူ​ခဲ့​မိ​ကြ။ လှေ​ပေါ်​၌​မုန့်​တစ်​လုံး​သာ​ရှိ​၏။- \v 15 ကိုယ်​တော်​က ``သင်​တို့​သည်​ဖာ​ရိ​ရှဲ​များ​၏ တ​ဆေး​နှင့်​ဟေ​ရုဒ်​၏​တ​ဆေး​ကို​သ​တိ​နှင့် ရှောင်​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့​အား​မိန့် တော်​မူ​၏။\x + \xo 8:15 \xt လု၊ ၁၂:၁။\x* \p \v 16 တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​၌​စား​စ​ရာ​မ​ပါ သည့်​အ​ကြောင်း​ကို အ​ချင်း​ချင်း​ပြော​ဆို​လျက် နေ​ကြ​၏။ \p \v 17 ယင်း​သို့​ပြော​ဆို​နေ​သည်​ကို​သ​ခင်​ယေ​ရှု​သိ တော်​မူ​လျှင် ``သင်​တို့​သည်​စား​စ​ရာ​မ​ပါ​သည့် အ​ဖြစ်​ကို​အ​ဘယ်​ကြောင့်​ပြော​ဆို​နေ​ကြ​သ​နည်း။ ယ​ခု​တိုင်​အောင်​မ​သိ​နား​မ​လည်​သေး​သ​လော။ သင်​တို့​၏​အ​သိ​ဉာဏ်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ ထိုင်း​မှိုင်း​နေ​သ​နည်း။- \v 18 သင်​တို့​သည်​မျက်​စိ​ရှိ​လျက်​မ​မြင်​ကြ​ပါ သ​လော။ နား​ရှိ​လျက်​မ​ကြား​ကြ​ပါ​သ​လော။-\x + \xo 8:18 \xt ယေ၊ ၅:၂၁။ ယေဇ၊ ၁၂:၂။ မာ၊ ၄:၁၂။\x* \v 19 ငါ​သည်​လူ​ငါး​ထောင်​ကို​ကျွေး​ရန်​မုန့်​ငါး​လုံး ဖဲ့​ခဲ့​သည်​ကို သင်​တို့​သ​တိ​မ​ရ​ကြ​သ​လော။ ထို​အ​ခါ​က​မုန့်​ကျိုး​မုန့်​ပဲ့​များ​ကို​တောင်း မည်​မျှ​အ​ပြည့်​ကောက်​သိမ်း​ရ​ကြ​သ​နည်း'' ဟု သူ​တို့​အား​မေး​တော်​မူ​၏။ \p တ​ပည့်​တော်​တို့​က ``တစ်​ဆယ့်​နှစ်​တောင်း​ကောက် သိမ်း​ရ​ပါ​သည်'' ဟု​ပြန်​၍​လျှောက်​ကြ​၏။ \p \v 20 နောက်​တစ်​ဖန် ကိုယ်​တော်​က ``ငါ​သည်​လူ​လေး ထောင်​ကို​မုန့်​ကျွေး​ရန် မုန့်​ခု​နစ်​လုံး​ကို​ဖဲ့​ခဲ့​စဉ် အ​ခါ​က မုန့်​ကျိုး​မုန့်​ပဲ့​များ​ကို​တောင်း​မည်​မျှ အ​ပြည့် ကောက်​သိမ်း​ရ​ကြ​သ​နည်း'' ဟု​မေး တော်​မူ​၏။ \p တ​ပည့်​တော်​တို့​က ``ခု​နစ်​တောင်း​ကောက်​သိမ်း ကြ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။ \p \v 21 ကိုယ်​တော်​က ``သို့​ဖြစ်​ပါ​လျက်​သင်​တို့​သည် ယ​ခု တိုင်​အောင်​မ​သိ​နား​မ​လည်​ဘဲ​ရှိ​နေ​ကြ​သေး သ​လော'' ဟု​မေး​တော်​မူ​၏။ \s1 ဗက်​ဇဲ​ဒ​ရွာ​၌​မျက်​မ​မြင်​တစ်​ယောက်​ကို မျက်​စိ​မြင်​စေ​တော်​မူ​ခြင်း \p \v 22 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ဗက်​ဇဲ​ဒ​ရွာ သို့​ရောက်​ကြ​၏။ ထို​အ​ခါ​လူ​တို့​သည်​မျက်​မ​မြင် တစ်​ယောက်​ကို​အ​ထံ​တော်​သို့​ခေါ်​ခဲ့​ပြီး​လျှင် ထို သူ​အား​လက်​တော်​နှင့်​တို့​ထိ​တော်​မူ​ရန် တောင်း​ပန်​ကြ​၏။- \v 23 ကိုယ်​တော်​သည်​မျက်​မ​မြင်​ကို​လက်​ဆွဲ​ကာ​ရွာ အ​ပြင်​သို့​ခေါ်​သွား​တော်​မူ​၏။ သူ​၏​မျက်​စိ​များ ကို​တံ​တွေး​နှင့်​ထွေး​၍ သူ​၏​အ​ပေါ်​မှာ​လက်​တော် ကို​တင်​တော်​မူ​၏။ ထို​နောက် ``သင်​ယ​ခု​မျက်​စိ မြင်​ပြီ​လော'' ဟု​မေး​တော်​မူ​၏။ \p \v 24 သူ​သည်​မော်​ကြည့်​ကာ ``အ​ကျွန်ုပ်​သည်​လူ​များ ကို​မြင်​ရ​ပါ​သည်။ သို့​ရာ​တွင်​သူ​တို့​သည်​သစ်​ပင် များ​လမ်း​လျှောက်​နေ​သ​ကဲ့​သို့​ဖြစ်​နေ​ပါ​သည်'' ဟု​လျှောက်​၏။ \p \v 25 ထို​အ​ခါ​ကိုယ်​တော်​သည် ထို​သူ​၏​မျက်​စိ​များ အ​ပေါ်​၌​လက်​တော်​ကို​တင်​တော်​မူ​ပြန်​၏။ ယ​ခု အ​ကြိမ်​၌​ထို​သူ​သည်​အား​စိုက်​၍​ကြည့်​လိုက်​ရာ မျက်​စိ​အ​လင်း​ကို​ပြန်​လည်​ရ​ရှိ​သ​ဖြင့် အ​ရာ ခပ်​သိမ်း​ကို​ရှင်း​လင်း​စွာ​မြင်​လေ​၏။- \v 26 ကိုယ်​တော်​သည်​သူ့​အား ``ရွာ​ထဲ​သို့​မ​ဝင်​နှင့်'' ဟု​အ​မိန့်​ပေး​၍​အိမ်​သို့​ပြန်​စေ​တော်​မူ​၏။ \s1 သ​ခင်​ယေ​ရှု​အ​ကြောင်း ပေ​တ​ရု​ထုတ်​ဖော်​ဝန်​ခံ​ချက် \r (မ၊ ၁၆:၁၃-၂၀။ လု၊ ၉:၁၈-၂၁) \p \v 27 သ​ခင်​ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့​သည် ကဲ​သ​ရိ ဖိ​လိပ္ပု​ကျေး​ရွာ​များ​သို့​သွား​ကြ​၏။ လမ်း​တွင် ကိုယ်​တော်​က ``လူ​တို့​သည်​ငါ့​ကို​အ​ဘယ်​သူ ဖြစ်​သည်​ဟု ပြော​ဆို​နေ​ကြ​သ​နည်း'' ဟု တ​ပည့်​တော်​တို့​အား​မေး​တော်​မူ​၏။- \v 28 ``လူ​အ​ချို့​က​အ​ရှင်​သည်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည်။ အ​ချို့​က​ဧ​လိ​ယ​ဖြစ်​သည်။ အ​ချို့​က မူ​ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သည်​ဟူ​၍​ပြော​ဆို​ကြ ပါ​သည်'' ဟု​တ​ပည့်​တော်​တို့​လျှောက်​ထား​ကြ​၏။\x + \xo 8:28 \xt မာ၊ ၆:၁၄-၁၅။ လု၊ ၉:၇-၈။\x* \p \v 29 ထို​အ​ခါ​ကိုယ်​တော်​က ``သင်​တို့​က​မူ​ငါ့​ကို အ​ဘယ်​သူ​ဟု​ဆို​ကြ​ပါ​သ​နည်း'' ဟု​မေး တော်​မူ​၏။ \p ပေ​တ​ရု​က ``အ​ရှင်​သည်​မေ​ရှိ​ယ​ဖြစ်​ပါ သည်'' ဟု​ဖြေ​ဆို​လျှောက်​ထား​၏။\x + \xo 8:29 \xt ယော၊ ၆:၆၈-၆၉။\x* \p \v 30 ထို​အ​ခါ​ကိုယ်​တော်​က ``ငါ​မည်​သူ​ဖြစ်​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ​မ​ပြော​နှင့်'' ဟု​တ​ပည့်​တော် တို့​အား​ပညတ်​တော်​မူ​၏။ \s1 မိ​မိ​ခံ​စား​ရ​မည့်​ဝေ​ဒ​နာ​နှင့် အ​သေ​ခံ​တော်​မူ​ရ​မည့်​အ​ကြောင်း​များ​ကို ဖော်​ပြ​တော်​မူ​ခြင်း \r (မ၊ ၁၆:၂၁-၂၈။ လု၊ ၉:၂၂-၂၇) \p \v 31 ကိုယ်​တော်​က ``လူ​သား​သည်​ဒုက္ခ​ဝေ​ဒ​နာ​များ​စွာ ခံ​တော်​မူ​ရ​မည်။ ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ၊ ယဇ် ပု​ရော​ဟိတ်​ကြီး​များ၊ ကျမ်း​တတ်​ဆ​ရာ​များ သည်​လူ​သား​ကို​ပစ်​ပယ်​ကြ​လိမ့်​မည်။ သူ​သည် အ​သတ်​ခံ​ရ​မည်။ သို့​သော်​အ​သတ်​ခံ​ရ​ပြီး​နောက် သုံး​ရက်​ကြာ​သော်​ရှင်​ပြန်​ထ​မြောက်​လိမ့်​မည်'' ဟု တ​ပည့်​တော်​တို့​အား​သွန်​သင်​တော်​မူ​၏။- \v 32 ဤ​သွန်​သင်​ချက်​ကို​ကိုယ်​တော်​သည်​ပွင့်​လင်း​စွာ မိန့်​ကြား​တော်​မူ​သ​တည်း။ ထို့​ကြောင့်​ပေ​တ​ရု သည် ကိုယ်​တော်​ကို​နေ​ရာ​တစ်​ခု​သို့​ပင့်​ခေါ်​ပြီး လျှင်​အ​ပြစ်​တင်​စ​ကား​လျှောက်​လေ​သည်။- \v 33 ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​ကို​လှည့်​ကြည့် တော်​မူ​လျက် ပေ​တ​ရု​အား ``အ​ချင်း​စာ​တန်၊ ငါ့​ထံ​မှ​ခွာ​သွား​လော့။ သင်​သည်​ဘု​ရား​သ​ခင် ၏​ရှု​ထောင့်​က​မ​တွေး၊ လူ​၏​ရှု​ထောင့်​က​သာ တွေး​၏'' ဟု​ဆုံး​မ​တော်​မူ​၏။ \p \v 34 ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​နှင့်​ပ​ရိ​သတ်​ကို အ​ထံ​တော်​သို့​ခေါ်​တော်​မူ​ပြီး​လျှင် ``ငါ့​တ​ပည့် ဖြစ်​လို​သူ​သည်​ကိုယ်​ကျိုး​စွန့်​ရ​မည်။ ကိုယ့် လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​၍​ငါ့​နောက်​သို့ လိုက်​ရ​မည်။-\x + \xo 8:34 \xt မ၊ ၁၀:၃၈။ လု၊ ၁၄:၂၇။\x* \v 35 မိ​မိ​၏​အ​သက်​ကို​ကယ်​ဆယ်​လို​သူ​သည် အ​သက်​ဆုံး​ရှုံး​ရ​လိမ့်​မည်။ ငါ့​အ​တွက်​နှင့် နှုတ်​က​ပတ်​တ​ရား​တော်​အ​တွက်​အ​သက် ဆုံး​ရှုံး​ရ​သူ​သည် မိ​မိ​၏​အ​သက်​ကို​ကယ် ဆယ်​လိမ့်​မည်။-\x + \xo 8:35 \xt မ၊ ၁၀:၃၉။ လု၊ ၁၇:၃၃။ ယော၊ ၁၂:၂၅။\x* \v 36 လူ​သည်​ကမ္ဘာ​လော​က​တစ်​ခု​လုံး​ကို​အ​စိုး​ရ သော်​လည်း မိ​မိ​၏​အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​လျှင် အ​ဘယ်​အ​ကျိုး​ရှိ​မည်​နည်း။- \v 37 မိ​မိ​၏​အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​လျှင် အ​ဘယ် အ​ရာ​နှင့်​ရွေး​ယူ​နိုင်​မည်​နည်း။- \v 38 ဘု​ရား​တ​ရား​မဲ့​၍​ဆိုး​သွမ်း​သော​ဤ​ခေတ်​ဤ အ​ခါ​၌ မည်​သူ​မ​ဆို​ငါ​နှင့်​ငါ​၏​သြ​ဝါ​ဒ ကြောင့်​ရှက်​လျှင် လူ​သား​သည်​လည်း​ခ​မည်း​တော် ၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​၍​သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​တို့​နှင့်​ကြွ​လာ​သော​အ​ခါ ထို​သူ​ကြောင့်​ရှက်​တော်​မူ​လ​တ္တံ့'' ဟု​သူ​တို့ အား​မိန့်​တော်​မူ​၏။ \c 9 \p \v 1 ထို​နောက်​ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား​တန်​ခိုး​အာ​ဏာ​နှင့်​တ​ကွ ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​တည်​သည်​ကို​မ​မြင်​မီ ဤ အ​ရပ်​ရှိ​လူ​အ​ချို့​တို့​သည်​မ​သေ​ရ​ကြ'' ဟု မိန့်​တော်​မူ​၏။ \s1 အ​ဆင်း​သဏ္ဌာန်​ပြောင်း​လဲ​တော်​မူ​ခြင်း \r (မ၊ ၁၇:၁-၁၃။ လု၊ ၉:၂၈-၃၆) \p \v 2 ခြောက်​ရက်​မျှ​ကြာ​သော်​သ​ခင်​ယေ​ရှု​သည်​ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​တို့​ကို​မြင့်​သော​တောင်​ပေါ်​သို့ ခေါ်​ဆောင်​သွား​တော်​မူ​၏။ အ​ခြား​တစ်​စုံ​တစ် ယောက်​မျှ​မ​ပါ​ချေ။ သူ​တို့​၏​ရှေ့​တွင်​ကိုယ်​တော် ၏​အ​ဆင်း​သဏ္ဌာန်​တော်​သည်​ပြောင်း​လဲ​လေ​၏။-\x + \xo 9:2 \xt ၂ပေ၊ ၁:၁၇-၁၈။\x* \v 3 အ​ဝတ်​တော်​သည်​တောက်​ပ​လျက်​လွန်​မင်း​စွာ ဖြူ​ဖွေး​လာ​၏။ ဤ​မျှ​ဖြူ​ဖွေး​စေ​ရန်​ဤ​လော​က တွင်​မည်​သည့်​ခ​ဝါ​သည်​မျှ​မ​တတ်​နိုင်​ရာ။- \v 4 တ​ပည့်​တော်​သုံး​ဦး​တို့​၏​ရှေ့​တွင် ဧ​လိ​ယ​နှင့် မော​ရှေ​ပေါ်​လာ​၍​သ​ခင်​ယေ​ရှု​နှင့်​စ​ကား ပြော​နေ​ကြ​၏။- \v 5 ထို​အ​ခါ​ပေ​တ​ရု​က ``အ​ရှင်​ဘု​ရား၊ ဤ​အ​ရပ် တွင်​နေ​ထိုင်​ဖွယ်​ကောင်း​ပါ​၏။ ကိုယ်​တော်​ရှင်​အ​တွက် တဲ​တစ်​ဆောင်၊ မော​ရှေ​အ​တွက်​တဲ​တစ်​ဆောင်၊ ဧ​လိ​ယ အ​တွက်​တဲ​တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို​အ​ကျွန်ုပ်​တို့ ဆောက်​ပါ​ရ​စေ'' ဟု​သ​ခင်​ယေ​ရှု​အား​လျှောက် ထား​၏။- \v 6 တ​ပည့်​တော်​တို့​သည်​လွန်​မင်း​စွာ​ကြောက်​လန့်​လျက် ရှိ​ကြ​သ​ဖြင့် ပေ​တ​ရု​သည်​မည်​သို့​လျှောက်​ထား​ရ မည်​ကို​မ​သိ​၍​ယင်း​သို့​လျှောက်​ထား​လိုက်​သ​တည်း။ \p \v 7 ထို​နောက်​မိုး​တိမ်​တိုက်​တစ်​ခု​သည်​ပေါ်​လာ​၍​သူ​တို့ အ​ပေါ်​သို့​တိမ်​ရိပ်​ကျ​လေ​သည်။ ``ဤ​သူ​ကား​ငါ ၏​ချစ်​သား​ဖြစ်​၏။ သူ​၏​စ​ကား​ကို​နား​ထောင် လော့'' ဟု​မိုး​တိမ်​က​အ​သံ​တော်​ထွက်​ပေါ်​လာ​၏။-\x + \xo 9:7 \xt မ၊ ၃:၁၇။ မာ၊ ၁:၁၁။ လု၊ ၃:၂၂။\x* \v 8 ထို​အ​ခါ​တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​ပတ်​လည် သို့​လှည့်​ကြည့်​ကြ​သော်​လည်း သ​ခင်​ယေ​ရှု​မှ​တစ် ပါး​အ​ခြား​မည်​သူ့​ကို​မျှ​မ​တွေ့​ရ​ကြ​တော့​ပေ။ \p \v 9 ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် တောင် ပေါ်​မှ​ဆင်း​ကြ​၏။ ထို​သို့​ဆင်း​ကြ​စဉ်​ကိုယ်​တော် က ``သင်​တို့​တွေ့​မြင်​ခဲ့​သည့်​အ​ခြင်း​အ​ရာ​ကို လူ​သား​သေ​ခြင်း​မှ​မ​ထ​မြောက်​မီ​အ​ဘယ်​သူ အား​မျှ​မ​ပြော​ကြ​နှင့်'' ဟု​တ​ပည့်​တော်​တို့​အား ပညတ်​တော်​မူ​၏။ \p \v 10 သူ​တို့​သည်​ဤ​အ​မိန့်​ကို​လိုက်​နာ​ကြ​သော်​လည်း ``သေ​ခြင်း​မှ​ထ​မြောက်​သည်​ဆို​သည်​ကား​အ​ဘယ် နည်း'' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​လျက်​နေ​ကြ​၏။- \v 11 ထို​နောက်​ကိုယ်​တော်​အား ``ကျမ်း​တတ်​ဆ​ရာ​တို့ က ဦး​စွာ​ပ​ထ​မ​ဧ​လိ​ယ​ကြွ​လာ​လိမ့်​မည်​ဟု အ​ဘယ်​ကြောင့်​ဆို​ပါ​သ​နည်း'' ဟု​မေး​လျှောက် ကြ​၏။\x + \xo 9:11 \xt မာလ၊ ၄:၅။ မ၊ ၁၁:၁၄။\x* \p \v 12 ကိုယ်​တော်​က ``အ​မှု​အ​ရာ​ခပ်​သိမ်း​ကို​အ​သင့် ပြင်​ဆင်​ရန် ဦး​စွာ​ပ​ထ​မ​ဧ​လိ​ယ​ကြွ​လာ​ရ သည်​ကား​မှန်​၏။ သို့​ရာ​တွင်​ကျမ်း​စာ​တော်​က လူ​သား​သည်​များ​စွာ​သော​ဒုက္ခ​ဆင်း​ရဲ​ကို​လည်း ကောင်း၊ ပစ်​ပယ်​ခြင်း​ကို​လည်း​ကောင်း​ခံ​ရ​မည်​ဟု အ​ဘယ်​ကြောင့်​ဆို​သ​နည်း။- \v 13 ဧ​လိ​ယ​သည်​ကြွ​လာ​ခဲ့​ပြီ။ ကျမ်း​စာ​လာ​သည် အ​တိုင်း လူ​တို့​သည်​သူ့​အား​ပြု​လို​ရာ​ပြု​ခဲ့​ကြ ပြီ​ဟု​သင်​တို့​အား​ငါ​ဆို​သည်'' ဟု​မိန့်​တော်​မူ​၏။ \s1 သူ​ငယ်​တစ်​ယောက်​ထံ​မှ​ညစ်​ညမ်း​သော​နတ်​ကို နှင်​ထုတ်​တော်​မူ​ခြင်း \r (မ၊ ၁၇:၁၄-၂၁။ လု၊ ၉:၃၇-၄၃က) \p \v 14 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​သုံး​ဦး​တို့​သည် အ​ခြား တ​ပည့်​တော်​များ​ရှိ​ရာ​သို့​ရောက်​လာ​ကြ​သော​အ​ခါ လူ​ပ​ရိ​သတ်​ကြီး​ကို​မြင်​ကြ​၏။ တ​ပည့်​တော်​တို့ သည်​ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​အ​ခြေ​အ​တင် ပြော​ဆို​နေ​ကြ​၏။- \v 15 လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို​မြင်​သော​အ​ခါ အံ့​သြ​ကြ​လျက်​အ​ထံ​တော်​သို့​ပြေး​၍​နှုတ်​ခွန်း ဆက်​ကြ​၏။- \v 16 ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``သင်​တို့​သည် ဤ​သူ​တို့​နှင့်​အ​ဘယ်​အ​ကြောင်း​အ​ရာ​များ​ကို အ​ခြေ​အ​တင်​ပြော​ဆို​နေ​ကြ​သ​နည်း'' ဟု​မေး တော်​မူ​၏။ \p \v 17 ပ​ရိ​သတ်​ထဲ​မှ​လူ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​သည်​မိ​မိ​၏​သား​ငယ်​ကို​အ​ထံ​တော် သို့​ခေါ်​ခဲ့​ပါ​သည်။ သူ​သည်​ဆွံ့​အ​သည့်​နတ် ပူး​ဝင်​နေ​သူ​ဖြစ်​ပါ​သည်။- \v 18 နတ်​ပူး​ဝင်​သည့်​အ​ခါ​တိုင်း​သူ​သည်​မြေ​ပေါ်​မှာ လဲ​ကျ​တတ်​ပါ​၏။ ပါး​စပ်​မှ​အ​မြှုပ်​များ​ထွက် လျက်​အံ​သွား​များ​ကြိတ်​တတ်​ပါ​သည်။ ထို​နောက် သူ​၏​ကိုယ်​သည်​တောင့်​မာ​လာ​ပါ​သည်။ အ​ရှင်​၏ တ​ပည့်​များ​အား​ထို​နတ်​ကို​နှင်​ထုတ်​ပေး​ရန် အ​ကျွန်ုပ်​တောင်း​ပန်​ပါ​သော်​လည်း​သူ​တို့​သည် မ​တတ်​နိုင်​ကြ​ပါ'' ဟု​ကိုယ်​တော်​အား​လျှောက် ထား​၏။ \p \v 19 ကိုယ်​တော်​က ``သင်​တို့​သည်​ယုံ​ကြည်​ခြင်း​ကင်း​မဲ့​လှ ပါ​သည်​တ​ကား။ ငါ​သည်​သင်​တို့​နှင့်​မည်​မျှ​ကြာ အောင်​နေ​ရ​မည်​နည်း။ မည်​မျှ​ကြာ​အောင်​သင်​တို့​အား သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို​ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။- \v 20 သူ​တို့​သည်​ထို​သူ​ငယ်​ကို​အ​ထံ​တော်​သို့​ခေါ်​ခဲ့ ကြ​၏။ \p နတ်​သည်​ကိုယ်​တော်​ကို​မြင်​လျှင်​မြင်​ချင်း​သူ​ငယ် အား ပြင်း​ထန်​စွာ​တုန်​တက်​စေ​သ​ဖြင့် သူ​ငယ်​သည် ပါး​စပ်​မှ​အ​မြှုပ်​များ​ထွက်​လျက်​မြေ​သို့​လဲ ကျ​လူး​လှိမ့်​နေ​၏။- \v 21 သ​ခင်​ယေ​ရှု​က ``ဤ​သို့​ဖြစ်​ပျက်​နေ​သည်​မှာ ကြာ​ပြီ​လော'' ဟု​သူ​ငယ်​၏​ဖ​ခင်​အား​မေး တော်​မူ​၏။ \p ဖ​ခင်​က ``က​လေး​အ​ရွယ်​မှ​ပင်​ဖြစ်​ပါ​သည်။- \v 22 နတ်​သည်​သူ​ငယ်​အား​သေ​စေ​ရန်​ကြိမ်​ဖန်​များ​စွာ မီး​ထဲ​သို့​ဖြစ်​စေ၊ ရေ​ထဲ​သို့​ဖြစ်​စေ​လဲ​စေ​တတ်​ပါ သည်။ အ​ရှင်​တတ်​နိုင်​တော်​မူ​လျှင် အ​ကျွန်ုပ်​တို့​အား သ​နား​သ​ဖြင့်​ကူ​မ​တော်​မူ​ပါ'' ဟု​ပြန်​လည် လျှောက်​ထား​၏။ \p \v 23 သ​ခင်​ယေ​ရှု​က ``တတ်​နိုင်​တော်​မူ​လျှင်'' ဟု အ​ဘယ်​ကြောင့်​ဆို​ဘိ​သ​နည်း။ ယုံ​ကြည်​ခြင်း ရှိ​သူ​အ​ဖို့​မ​ဖြစ်​နိုင်​သော​အ​ရာ​မ​ရှိ'' ဟု ထို​သူ​အား​မိန့်​တော်​မူ​၏။- \v 24 ချက်​ချင်း​ပင်​သူ​ငယ်​၏​အ​ဖ​က ``အ​ကျွန်ုပ်​အ​ကယ် ပင်​ယုံ​ကြည်​ပါ​၏။ ယုံ​ကြည်​ခြင်း​မ​ပြည့်​စုံ​သည့် အ​တွက်​အ​ကျွန်ုပ်​အား​မ​စ​တော်​မူ​ပါ'' ဟု​ကျယ် စွာ​လျှောက်​ထား​၏။ \p \v 25 အ​ထံ​တော်​သို့​လူ​ပ​ရိ​သတ်​များ​ပြေး​လာ​ကြ သည်​ကို​ကိုယ်​တော်​မြင်​တော်​မူ​လျှင် ``ဆွံ့​အ​နား​ပင်း သော​နတ်၊ သူ​ငယ်​ထံ​မှ​ထွက်​လော့။ အ​ဘယ်​အ​ခါ​မျှ ပြန်​၍​မ​ပူး​မ​ဝင်​နှင့်၊ ငါ​အ​မိန့်​ရှိ​သည်'' ဟု​ညစ် ညမ်း​သော​နတ်​အား​မိန့်​တော်​မူ​၏။- \v 26 နတ်​သည်​အော်​ဟစ်​ပြီး​လျှင် သူ​ငယ်​ကို​ပြင်း​စွာ​တုန် တက်​စေ​၏။ ထို​နောက်​သူ့​ထံ​မှ​ထွက်​သွား​၏။ သူ​ငယ် သည်​သူ​သေ​ကဲ့​သို့​ဖြစ်​နေ​သ​ဖြင့် လူ​အ​များ ပင် ``သူ​ငယ်​သေ​ပြီ'' ဟု​ပြော​ကြ​၏။- \v 27 သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​သူ​ငယ်​၏​လက်​ကို ကိုင်​လျက်​ထူ​မ​တော်​မူ​၏။ ထို​အ​ခါ​သူ​ငယ်​သည် ထ​လေ​၏။ \p \v 28 ကိုယ်​တော်​သည်​အိမ်​သို့​ပြန်​ရောက်​၍​တစ်​ကိုယ်​တည်း ရှိ​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​က ``အ​ကျွန်ုပ် တို့​သည်​ထို​နတ်​ကို​အ​ဘယ်​ကြောင့်​နှင်​ထုတ်​၍ မ​ရ​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ \p \v 29 ကိုယ်​တော်​က ``ဆု​တောင်း​ခြင်း​မှ​တစ်​ပါး အ​ခြား အ​ဘယ်​နည်း​နှင့်​မျှ​ဤ​နတ်​မျိုး​ကို​နှင်​ထုတ်​၍ မ​ရ'' ဟု​မိန့်​တော်​မူ​၏။ \s1 အ​သေ​ခံ​တော်​မူ​ရ​မည့်​အြေကာင်း​ထပ်​မံ ဖော်​ပြ​တော်​မူ​ခြင်း \r (မ၊ ၁၇:၂၂-၂၃။ လု၊ ၉:၄၃ခ-၄၅) \p \v 30 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ထို​အ​ရပ်​မှ ထွက်​ခွာ​ကြ​ပြီး​လျှင် ဂါ​လိ​လဲ​ပြည်​ကို​ဖြတ် သွား​ကြ​၏။ ယင်း​သို့​ဖြတ်​သွား​ကြောင်း​ကို​ကိုယ် တော်​သည်​မည်​သူ့​အား​မျှ​သိ​စေ​တော်​မ​မူ​လို။- \v 31 အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ``လူ​တို့ ၏​လက်​တွင်း​သို့​လူ​သား​ကို​အပ်​နှံ​ကြ​လိမ့်​မည်။ သူ့​ကို​သတ်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သုံး​ရက်​ကြာ သော်​သူ​သည်​သေ​ခြင်း​မှ​ထ​မြောက်​လိမ့်​မည်'' ဟု တ​ပည့်​တော်​တို့​အား​သွန်​သင်​တော်​မူ​လျက်​ရှိ သော​ကြောင့်​ဖြစ်​၏။- \v 32 တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော်​ကို နား​မ​လည်​ကြ။ သို့​ရာ​တွင်​ကိုယ်​တော်​အား​မ​မေး မ​လျှောက်​ဝံ့​ကြ။ \s1 မည်​သူ​အ​ကြီး​မြတ်​ဆုံး​နည်း \r (မ၊ ၁၈:၁-၅။ လု၊ ၉:၄၆-၄၈) \p \v 33 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​က​ပေ​ရ နောင်​မြို့​သို့​ရောက်​ကြ​၏။ အိမ်​ထဲ​သို့​ဝင်​ပြီး နောက် ကိုယ်​တော်​က ``သင်​တို့​သည်​လမ်း​တွင် အ​ဘယ်​အ​ကြောင်း​အ​ရာ​များ​ကို​ဆွေး​နွေး ကြ​သ​နည်း'' ဟု​တ​ပည့်​တို့​အား​မေး​တော်​မူ​၏။- \v 34 သူ​တို့​သည်​ဆိတ်​ဆိတ်​နေ​ကြ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​မိ​မိ​တို့​အ​နက် အ​ဘယ်​သူ​သည်​အ​ကြီး မြတ်​ဆုံး​ဖြစ်​သည်​ကို​လမ်း​တွင်​ဆွေး​နွေး​ငြင်း​ခုံ ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။-\x + \xo 9:34 \xt လု၊ ၂၂:၂၄။\x* \v 35 ကိုယ်​တော်​သည်​ထိုင်​တော်​မူ​ပြီး​လျှင်​တစ်​ကျိပ်​နှစ် ပါး​တို့​ကို​ခေါ်​တော်​မူ​၍ ``အ​မြင့်​ဆုံး​သို့​ရောက် လို​သူ​သည်​အ​နိမ့်​ဆုံး​မှာ​နေ​ရ​မည်။ လူ​ခပ်​သိမ်း တို့​၏​အ​စေ​ခံ​လည်း​ဖြစ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-\x + \xo 9:35 \xt မ၊ ၂၀:၂၆-၂၇၊ ၂၃:၁၁။ မာ၊ ၁၀:၄၃-၄၄။ လု၊ ၂၂:၂၆။\x* \v 36 ကိုယ်​တော်​သည်​က​လေး​သူ​ငယ်​တစ်​ယောက်​ကို ခေါ်​၍ တ​ပည့်​တော်​တို့​အ​လယ်​တွင်​ထား​တော် မူ​၏။- \v 37 ထို​နောက်​ထို​သူ​ငယ်​ကို​ပွေ့​တော်​မူ​လျက် ``ငါ ၏​နာ​မ​ကို​ထောက်​၍ ဤ​သို့​သော​သူ​ငယ်​တစ်​စုံ တစ်​ယောက်​ကို​လက်​ခံ​သူ​သည်​ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သူ​သည်​ငါ့​ကို​သာ​လက်​ခံ​သည် မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို လည်း​လက်​ခံ​၏'' ဟု​မိန့်​တော်​မူ​၏။\x + \xo 9:37 \xt မ၊ ၁၀:၄၀။ လု၊ ၁၀:၁၆။ ယော၊ ၁၃:၂၀။\x* \s1 ငါ​တို့​အား​မ​ဆန့်​ကျင်​သူ​သည် ငါ​တို့​ဘက်​သား​ဖြစ်​၏။ \r (လု၊ ၉:၄၉-၅၀) \p \v 38 ယော​ဟန်​က ``အ​ရှင်​ဘု​ရား၊ အ​ရှင်​၏​နာ​မ​တော် ကို​အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​တို့​ကို​နှင်​ထုတ်​နေ​သူ​လူ တစ်​ယောက်​ကို အ​ကျွန်ုပ်​တို့​တွေ့​မြင်​ခဲ့​ပါ​သည်။ သူ​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​မ​လိုက်။ သို့​မ​လိုက် သ​ဖြင့်​အ​ကျွန်ုပ်​တို့​သည် သူ့​အား​အ​ရှင်​၏​နာ​မ တော်​ကို​အ​သုံး​မ​ပြု​ရန်​တား​မြစ်​ခဲ့​ပါ​၏'' ဟု ကိုယ်​တော်​အား​လျှောက်​ထား​၏။- \v 39 သ​ခင်​ယေ​ရှု​က ``သူ့​ကို​မ​တား​မြစ်​ကြ​နှင့်၊ ငါ ၏​နာ​မ​ကို​အ​မှီ​ပြု​၍​အံ့​ဖွယ်​သော​အ​မှု​ကို​ပြု ပြီး​နောက် ငါ့​အား​ပုတ်​ခတ်​ပြော​ဆို​နိုင်​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။- \v 40 ငါ​တို့​အား​မ​ဆန့်​ကျင်​သူ​သည်​ငါ​တို့​ဘက်​သား ဖြစ်​၏။-\x + \xo 9:40 \xt မ၊ ၁၂:၃၀။ လု၊ ၁၁:၂၃။\x* \v 41 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏ တ​ပည့်​များ​ဖြစ်​သည်​ကို​ထောက်​လျက် သင်​တို့​အား သောက်​ရေ​တစ်​ခွက်​ကို​ပေး​သူ​သည်​မု​ချ​အ​ကျိုး ခံ​စား​ရ​လိမ့်​မည်။\x + \xo 9:41 \xt မ၊ ၁၀:၄၂။\x* \s1 အ​ပြစ်​သွေး​ဆောင်​ခြင်း​များ \r (မ၊ ၁၈:၆-၉။ လု၊ ၁၇:၁-၂) \p \v 42 ``ငါ့​ကို​ယုံ​ကြည်​ကိုး​စား​မှု​ပျက်​ပြား​စေ​ရန် ဤ က​လေး​သူ​ငယ်​တစ်​စုံ​တစ်​ယောက်​ကို​မှောက်​မှား လမ်း​လွဲ​စေ​သော​သူ​သည် လည်​တွင်​ကြိတ်​ဆုံ​ကျောက် ကို​ဆွဲ​လျက်​ပင်​လယ်​ထဲ​သို့​ပစ်​ချ​ခံ​ရ​လျှင်​သူ့ အ​ဖို့​သာ​၍​ကောင်း​၏။- \v 43 သင်​၏​လက်​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက် ပြား​စေ​လျှင် ထို​လက်​ကို​ဖြတ်​ပစ်​လော့။-\x + \xo 9:43 \xt မ၊ ၅:၃၀။\x* \v 44 (လောက်​ကောင်​များ​မ​သေ၊ မီး​မ​ငြိမ်း​ရာ) င​ရဲ​မီး ထဲ​သို့​လက်​နှစ်​ဖက်​အ​စုံ​အ​လင်​နှင့်​ကျ​ရောက် ရ​သည်​ထက်၊ လက်​တစ်​ဖက်​ချို့​တဲ့​လျက်​ထာ​ဝ​ရ အ​သက်​ကို​ရ​ခြင်း​က​သာ​၍​ကောင်း​၏။- \v 45 သင်​၏​ခြေ​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက် ပြား​စေ​လျှင် ထို​ခြေ​ကို​ဖြတ်​ပစ်​လော့။- \v 46 သင်​သည်​(လောက်​ကောင်​များ​မ​သေ၊ မီး​မ​ငြိမ်း​ရာ) င​ရဲ​သို့​ခြေ​နှစ်​ဖက်​အ​စုံ​အ​လင်​နှင့်​ကျ​ရ​သည် ထက် ခြေ​တစ်​ဖက်​ချို့​တဲ့​လျက်​ထာ​ဝ​ရ​အ​သက် ကို​ရ​ခြင်း​က​သာ​၍​ကောင်း​၏။-\x + \xo 9:46 \xt အ​ချို့​သော​ဂ​ရိ​ကျမ်း​စာ​စောင်​များ​တွင်​အ​ခန်း ငယ် ၄၄​ထို​အ​ရပ်​တွင်​လောက်​ကောင်​များ​မ​သေ၊ မီး​မ​ငြိမ်း ဟူ​သော​ကျမ်း​ပိုဒ်​ကို​ဖော်​ပြ​ထား​ခြင်း​မ​ရှိ။ အ​ငယ် ၄၈​ကို​ကြည့်​ပါ။\x* \v 47 သင်​၏​မျက်​စိ​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက်​ပြား စေ​လျှင် ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့၊ မျက်​စိ​တစ်​စုံ​နှင့် င​ရဲ​သို့​ကျ​ရ​သည်​ထက် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် သို့​မျက်​စိ​တစ်​လုံး​ချို့​တဲ့​လျက်​ဝင်​ရ​သည်​က​သာ​၍ ကောင်း​၏။-\x + \xo 9:47 \xt မ၊ ၅:၂၉။\x* \v 48 ထို​နေ​ရာ​သည်​ဖျက်​ဆီး​နေ​သော​လောက်​ကောင်​များ မ​သေ၊ မီး​မ​ငြိမ်း​ရာ​နေ​ရာ​ဖြစ်​သည်။\x + \xo 9:48 \xt ဟေရှာ၊ ၆၆:၂၄။\x* \p \v 49 ``ယဇ်​ကောင်​ကို​ဆား​ခပ်​၍​သန့်​စင်​စေ​သ​ကဲ့​သို့ မီး​သည်​လူ​ခပ်​သိမ်း​တို့​ကို​သန့်​စင်​စေ​လိမ့်​မည်။- \v 50 ဆား​သည်​အ​သုံး​ဝင်​၏။ သို့​သော်​ဆား​မှ​အ​ငန်​ကင်း ပျောက်​သွား​ပါ​မူ သင်​တို့​သည်​ယင်း​ကို​အ​ဘယ်​သို့ ပြန်​၍​ငန်​အောင်​ပြု​နိုင်​ပါ​မည်​နည်း။ \p ``သင်​တို့​၌​မိတ်​ဖွဲ့​ခြင်း​တည်း​ဟူ​သော​ဆား​ရှိ​စေ ပြီး​လျှင် အ​ချင်း​ချင်း​ငြိမ်း​ချမ်း​စွာ​နေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။\x + \xo 9:50 \xt မ၊ ၅:၁၃။ လု၊ ၁၄:၃၄-၃၅။\x* \c 10 \s1 လင်​မ​ယား​ကွာ​ရှင်း​မှု​ပြ​ဿ​နာ \r (မ၊ ၁၉:၁-၁၂။ လု၊ ၁၆:၁၈) \p \v 1 ထို​နောက်​ကိုယ်​တော်​သည်​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော် မူ​၍ ယု​ဒ​ပြည်​သို့​ကြွ​တော်​မူ​ပြီး​လျှင်​ယော်​ဒန် မြစ်​ကို​ကူး​တော်​မူ​၏။ လူ​ပ​ရိ​သတ်​တို့​သည်​အ​ထံ တော်​သို့​တစ်​ဖန်​လာ​ရောက်​စု​ရုံး​ကြ​ပြန်​၏။ ကိုယ်​တော် သည်​အ​လေ့​တော်​ရှိ​သည့်​အ​တိုင်း​သူ​တို့​အား​ဟော ပြော​သွန်​သင်​တော်​မူ​၏။ \p \v 2 ထို​အ​ခါ​ဖာ​ရိ​ရှဲ​တို့​သည်​အ​ထံ​တော်​သို့​လာ ၍ ``လူ​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​၏​မ​ယား​နှင့် ကွာ​ရှင်း​အပ်​ပါ​သ​လော'' ဟု​ပ​ရိ​ယာယ်​ဆင်​၍ မေး​လျှောက်​ကြ​၏။ \p \v 3 ကိုယ်​တော်​က ``မော​ရှေ​သည်​သင်​တို့​အား​မည်​သို့ ပ​ညတ်​သ​နည်း'' ဟု​ပြန်​၍​မေး​တော်​မူ​၏။ \p \v 4 သူ​တို့​က ``မ​ယား​ကို​ဖြတ်​စာ​နှင့်​ကွာ​ရှင်း​ရန် မော​ရှေ​ခွင့်​ပြု​ပါ​သည်'' ဟု​ဖြေ​ကြား​ကြ​၏။\x + \xo 10:4 \xt တရား၊ ၂၄:၁-၄။ မ၊ ၅:၃၁။\x* \p \v 5 သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​အ​ပြော​ရ​ခက်​သူ များ​ဖြစ်​၍ မော​ရှေ​သည်​ဤ​ပ​ညတ်​ကို​ရေး​သား ထား​ခဲ့​ခြင်း​ဖြစ်​၏။- \v 6 လော​က​ကို​ဖန်​ဆင်း​တော်​မူ​စ​က​ပင်​ဘု​ရား သ​ခင်​သည် ယောကျာ်း​နှင့်​မိန်း​မ​ကို​ဖန်​ဆင်း​တော် မူ​၏။-\x + \xo 10:6 \xt က၊ ၁:၂၇၊ ၅:၂။\x* \v 7 ဤ​အ​ကြောင်း​ကြောင့်​ယောကျာ်း​သည်​ကိုယ့်​မိ​ဘ​ကို စွန့်​၍ မိ​မိ​ဇ​နီး​နှင့်​ပေါင်း​သင်း​နေ​ထိုင်​လိမ့်​မည်။-\x + \xo 10:7 \xt က၊ ၂:၂၄။\x* \v 8 ထို​သူ​နှစ်​ဦး​တို့​သည်​တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​လာ​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သူ​တို့​သည်​နှစ် ဦး​မ​ဟုတ်၊ တစ်​ဦး​တည်း​ဖြစ်​၏။- \v 9 ဘု​ရား​သ​ခင်​စုံ​ဖက်​ပေး​သည်​ကို​လူ​မ​ခွဲ မ​ခွာ​စေ​နှင့်'' ဟု​မိန့်​တော်​မူ​၏။ \p \v 10 တ​ပည့်​တော်​တို့​သည်​အိမ်​သို့​ပြန်​ရောက်​ကြ သော​အ​ခါ ဤ​အ​ကြောင်း​အ​ရာ​ကို​ထပ်​မံ​၍ ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။-\x + \xo 10:10 \xt မ၊ ၅:၃၂။ ၁ကော၊ ၇:၁၀-၁၁။\x* \v 11 ကိုယ်​တော်​က ``မိ​မိ​ဇ​နီး​ကို​ကွာ​၍​အ​ခြား အ​မျိုး​သ​မီး​တစ်​ယောက်​နှင့်​အိမ်​ထောင်​ပြု သူ​သည် မိ​မိ​ဇ​နီး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၏။- \v 12 ထို​မှ​တစ်​ပါး​မိ​မိ​ခင်​ပွန်း​ကို​ကွာ​၍ အ​ခြား အ​မျိုး​သား​တစ်​ယောက်​နှင့်​အိမ်​ထောင်​ပြု​သော အ​မျိုး​သ​မီး​သည်​လည်း မိ​မိ​ခင်​ပွန်း​၏​အိမ်​ရာ ကို​ပြစ်​မှား​၏'' ဟု​မိန့်​တော်​မူ​၏။ \s1 က​လေး​သူ​ငယ်​များ​ကို​ကောင်း​ချီး​ပေး​တော်​မူ​ခြင်း \r (မ၊ ၁၉:၁၃-၁၅။ လု၊ ၁၈:၁၅-၁၇) \p \v 13 လူ​အ​ချို့​တို့​သည်​က​လေး​သူ​ငယ်​များ​အ​ပေါ် လက်​တော်​တင်​၍​ကောင်း​ချီး​ပေး​တော်​မူ​စေ​ရန် အ​ထံ​တော်​သို့​ခေါ်​ခဲ့​ကြ​၏။ သို့​ရာ​တွင်​တ​ပည့် တော်​တို့​သည်​ထို​သူ​တို့​ကို​အ​ပြစ်​တင်​ကြ​၏။- \v 14 သ​ခင်​ယေ​ရှု​သည်​ထို​အ​ခြင်း​အ​ရာ​ကို​မြင်​တော် မူ​လျှင် အ​မျက်​ထွက်​တော်​မူ​၍ ``က​လေး​သူ​ငယ်​တို့ ကို​ငါ့​ထံ​သို့​လာ​ကြ​ပါ​စေ။ မ​ဆီး​တား​ကြ​နှင့်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​ထို​သို့​သော သူ​တို့​၏​နိုင်​ငံ​ဖြစ်​၏။- \v 15 အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား​က​လေး​သူ​ငယ် နည်း​တူ ဘု​ရား​သ​ခင်​၏​အုပ်​စိုး​တော်​မူ​ခြင်း​ကို လက်​မ​ခံ​သော​သူ​သည် နိုင်​ငံ​တော်​သို့​ဝင်​ရ​လိမ့် မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။-\x + \xo 10:15 \xt မ၊ ၁၈:၃။\x* \v 16 ထို​နောက်​ကိုယ်​တော်​သည်​က​လေး​သူ​ငယ်​တို့ ကို​ချီ​ပွေ့​တော်​မူ​လျက် သူ​တို့​အ​ပေါ်​တွင်​လက် တော်​ကို​တင်​၍​ကောင်း​ချီး​ပေး​တော်​မူ​၏။ \s1 ဥစ္စာ​ကြွယ်​ဝ​သူ \r (မ၊ ၁၉:၁၆ -၃၀။ လု၊ ၁၈:၁၈-၃၀) \p \v 17 သ​ခင်​ယေ​ရှု​သည်​ခ​ရီး​ပြု​ရန်​ထွက်​တော်​မူ​စဉ် လူ​တစ်​ယောက်​သည်​အ​ထံ​တော်​သို့​ပြေး​လာ​ပြီး လျှင်​ရှေ့​တော်​၌​ဒူး​ထောက်​လျက် ``ကောင်း​မြတ် တော်​မူ​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို​ရ​အံ့ သော​ငှာ အ​ကျွန်ုပ်​သည်​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း'' ဟု​မေး​လျှောက်​၏။ \p \v 18 သ​ခင်​ယေ​ရှု​က ``သင်​သည်​အ​ဘယ်​ကြောင့် ငါ့ ကို​ကောင်း​မြတ်​သည်​ဟု​ဆို​သ​နည်း။ ဘု​ရား သ​ခင်​မှ​တစ်​ပါး​ကောင်း​မြတ်​သူ​တစ်​စုံ​တစ် ယောက်​မျှ​မ​ရှိ။- \v 19 သူ့​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်၊ သူ့​ဥစ္စာ​ကို​မ​ခိုး နှင့်၊ မ​မှန်​သော​သက်​သေ​ကို​မ​ခံ​နှင့်၊ လိမ်​လည် လှည့်​စား​မှု​ကို​မ​ပြု​နှင့်၊ မိ​ဘ​ကို​ရို​သေ​မြတ် နိုး​လော့​ဟူ​သော​ပ​ညတ်​တော်​များ​ကို​သင်​သိ သည်​မ​ဟုတ်​လော'' ဟု​မိန့်​တော်​မူ​၏။\x + \xo 10:19 \xt ထွ၊ ၂၀:၁၂-၁၆။ တရား၊ ၅:၁၆-၂၀။\x* \p \v 20 ထို​သူ​က ``ဆ​ရာ​တော်၊ ဤ​ပ​ညတ်​များ​ကို​အ​ကျွန်ုပ် သည်​ငယ်​စဉ်​မှ​စ​၍​စောင့်​ထိန်း​ခဲ့​ပါ​ပြီ'' ဟု​ပြန် လည်​လျှောက်​ထား​၏။ \p \v 21 သ​ခင်​ယေ​ရှု​သည်​ထို​သူ​ကို​မေတ္တာ​ဖြင့်​စေ့​စေ့​ကြည့် လျက် ``သင့်​မှာ​လို​နေ​သော​အ​ရာ​တစ်​ခု​ရှိ​သေး​၏။ သွား​လော့။ သင်​၏​ဥစ္စာ​ရှိ​သ​မျှ​ကို​ရောင်း​၍​ဆင်း​ရဲ သူ​တို့​အား​ပေး​ကမ်း​စွန့်​ကြဲ​လော့။ ဤ​သို့​ပြု​လျှင် သင်​သည်​ကောင်း​ကင်​ဘုံ​တွင်​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့​စွန့်​ကြဲ​ပြီး​မှ​လာ​၍​ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။- \v 22 ထို​သူ​ကား​ဥစ္စာ​ပစ္စည်း​များ​စွာ​ကြွယ်​ဝ​သူ​ဖြစ် သ​ဖြင့် ကိုယ်​တော်​၏​စ​ကား​ကို​ကြား​သော​အ​ခါ မျက်​နှာ​ညှိုး​ငယ်​၍​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​လျက် ထွက်​ခွာ​သွား​လေ​၏။ \p \v 23 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​ကို​လှည့်​ကြည့် တော်​မူ​ပြီး​နောက် ``ဥစ္စာ​ကြွယ်​ဝ​သူ​များ​သည်​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​နိုင်​ရန်​ခက်​လှ​၏'' ဟု မိန့်​တော်​မူ​၏။ \p \v 24 တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို ကြား​လျှင် လွန်​စွာ​အံ့​သြ​ကြ​၏။ တစ်​ဖန်​သ​ခင် ယေ​ရှု​က ``ငါ့​သား​တို့၊ ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​သို့​ဝင်​နိုင်​ရန်​ခက်​လှ​၏။- \v 25 အပ်​န​ဖား​ကို​ကု​လား​အုတ်​လျှို​ဝင်​ရန် လွယ်​ကောင်း လွယ်​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဥစ္စာ ကြွယ်​ဝ​သူ​ဝင်​နိုင်​ရန်​ကား​မ​လွယ်'' ဟု​မိန့်​တော် မူ​၏။ \p \v 26 တ​ပည့်​တော်​တို့​သည်​အံ့​သြ​တွေ​ဝေ​ကြ​လျက် ``ဤ သို့​ဖြစ်​ဘိ​မူ၊ အ​ဘယ်​သူ​သည်​ကယ်​တင်​ခြင်း​ကို ရ​နိုင်​ပါ​မည်​နည်း'' ဟု​အ​ချင်း​ချင်း​ပြော​ဆို ကြ​၏။ \p \v 27 သ​ခင်​ယေ​ရှု​သည်​သူ​တို့​ကို​စေ့​စေ့​ကြည့်​တော်​မူ ၍ ``ဤ​အ​မှု​ကို​လူ​မ​တတ်​နိုင်​သော်​လည်း​ဘု​ရား သ​ခင်​တတ်​နိုင်​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​အ​မှု​တို့​ကို​တတ်​နိုင်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 28 ထို​အ​ခါ​ပေ​တ​ရု​က ``အ​ကျွန်ုပ်​တို့​သည်​အ​လုံး စုံ​တို့​ကို​စွန့်​၍ ကိုယ်​တော်​၏​နောက်​သို့​လိုက်​ခဲ့ ကြ​ပါ​ပြီ'' ဟု​ကိုယ်​တော်​အား​လျှောက်​ထား​၏။ \p \v 29 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား ငါ့​အ​တွက်​လည်း​ကောင်း၊ ဧဝံ​ဂေ​လိ​တရား​အတွက် လည်း​ကောင်း၊ အိမ်၊ မြေ၊ ညီ​အစ်​ကို၊ နှ​မ၊ အစ်​မ၊ မိ​ဘ၊ သား​သ​မီး​ကို​စွန့်​သော​သူ​သည်၊- \v 30 ဤ​ဘ​ဝ​၌​ညှဉ်း​ဆဲ​ခြင်း​နှင့်​တ​ကွ​အ​ဆ​တစ်​ရာ မျှ​သော အိမ်၊ မြေ၊ ညီ​အစ်​ကို၊ နှ​မ၊ အစ်​မ၊ မိ​ဘ၊ သား သ​မီး​များ​ကို​ရ​ရှိ​လိမ့်​မည်။ ထို့​ပြင်​နောင်​ဘ​ဝ ၌​ထာ​ဝ​ရ​အ​သက်​ကို​ရ​လိမ့်​မည်။- \v 31 သို့​ရာ​တွင်​အ​ဦး​ဆုံး​ကျ​သူ​များ​သည်​နောက်​ဆုံး ကျ​လိမ့်​မည်။ နောက်​ဆုံး​ကျ​သူ​အ​များ​က​လည်း အ​ဦး​ဆုံး​ကျ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။\x + \xo 10:31 \xt မ၊ ၂၀:၁၆။ လု၊ ၁၃:၃၀။\x* \s1 အ​သေ​ခံ​တော်​မူ​ရ​မည့်​အ​ကြောင်း တ​တိ​ယ​အ​ကြိမ်​ဖော်​ပြ​တော်​မူ​ခြင်း \r (မ၊ ၂၀:၁၇-၁၉။ လု၊ ၁၈:၃၁-၃၄) \p \v 32 သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး​ပြု​လျက်​နေ ကြ​စဉ် ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​၏​ရှေ့​က ကြွ​တော်​မူ​၏။ ထို​အ​ခါ​တ​ပည့်​တော်​တို့​သည် ထိတ်​လန့်​လျက်​ရှိ​ကြ​၏။ နောက်​တော်​မှ​လိုက်​လာ သော​လူ​တို့​သည်​လည်း ကြောက်​လန့်​လျက်​ရှိ​ကြ​၏။ ကိုယ်​တော်​သည်​တ​ပည့်​တော်​တစ်​ဆယ့်​နှစ်​ဦး​ကို မ​လှမ်း​မ​ကမ်း​သို့​တစ်​ဖန်​ခေါ်​သွား​တော်​မူ​ပြီး လျှင် မိ​မိ​တွေ့​ကြုံ​ရ​မည့်​အ​မှု​အ​ရာ​များ​ကို ဖော်​ပြ​တော်​မူ​၏။- \v 33 ကိုယ်​တော်​က ``နား​ထောင်​ကြ​လော့။ ငါ​တို့​သည် ယေ​ရု​ရှလင်​မြို့​သို့​ခ​ရီး​ပြု​လျက်​ရှိ​ကြ​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​လူ​သား​အား ယဇ်​ပု​ရော ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​၏ လက်​သို့​အပ်​နှံ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လူ သား​အား​သေ​ဒဏ်​စီ​ရင်​၍ လူ​မျိုး​ခြား​တို့​၏ လက်​သို့​အပ်​နှံ​ကြ​လိမ့်​မည်။- \v 34 လူ​မျိုး​ခြား​တို့​သည်​လူ​သား​အား​ပြောင်​လှောင်​၍ တံ​တွေး​နှင့်​ထွေး​ကြ​လိမ့်​မည်။ ကြိမ်​ဒဏ်​ပေး​၍ အ​သေ​သတ်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သုံး​ရက် ကြာ​သော​အ​ခါ​လူ​သား​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​၏​ပန်​ကြား​ချက် \r (မ၊ ၂၀:၂၀-၂၈) \p \v 35 ဇေ​ဗေ​ဒဲ​၏​သား​များ​ဖြစ်​ကြ​သော ယာ​ကုပ်​နှင့် ယော​ဟန်​တို့​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​၏​ပန်​ကြား​ချက် ကို​ခွင့်​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။ \p \v 36 ကိုယ်​တော်​က ``သင်​တို့​အ​တွက်​အ​ဘယ်​အ​ရာ ကို​ပြု​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p \v 37 သူ​တို့​က ``အ​ရှင်​ဘုန်း​တန်​ခိုး​နှင့်​စိုး​စံ​ရ​သော အ​ခါ အ​ကျွန်ုပ်​တို့​အား​အ​ရှင်​၏​လက်​ယာ​ရံ၊ လက်​ဝဲ​ရံ​အ​ဖြစ်​ခန့်​ထား​တော်​မူ​ပါ'' ဟု လျှောက်​ထား​ကြ​၏။ \p \v 38 သ​ခင်​ယေ​ရှု​က ``သင်​တို့​ပန်​ကြား​နေ​သည့်​အ​ရာ ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​ရ​မည့်​ဒုက္ခ​ဝေ​ဒ​နာ ခွက်​ကို​သောက်​ရန်​နှင့် ငါ​ခံ​ရ​မည့်​ဗတ္တိ​ဇံ​ကို​ခံ​ရန် သင်​တို့​တတ်​စွမ်း​နိုင်​ကြ​သ​လော'' ဟု​မိန့်​တော်​မူ​၏။\x + \xo 10:38 \xt လု၊ ၁၂:၅၀။\x* \p \v 39 သူ​တို့​က ``အ​ကျွန်ုပ်​တို့​တတ်​စွမ်း​နိုင်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။ \p သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ငါ​သောက်​ရ​မည့် ခွက်​ကို​သောက်​ရ​ကြ​လိမ့်​မည်။ ငါ​ခံ​ရ​မည့်​ဗတ္တိ​ဇံ ကို​လည်း​ခံ​ရ​ကြ​လိမ့်​မည်။- \v 40 သို့​ရာ​တွင်​ငါ​၏​လက်​ယာ​ရံ၊ လက်​ဝဲ​ရံ​အ​ဖြစ် ကို​မူ ငါ​သည်​မ​ပေး​ပိုင်။ ဤ​အ​ခွင့်​အ​ရေး​များ သည်​ဘု​ရား​သ​ခင်​စီ​မံ​ပြင်​ဆင်​ထား​သူ​များ အ​တွက်​သာ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 41 ဤ​အ​ကြောင်း​အ​ရာ​ကို​အ​ခြား​တ​ပည့်​တော် ဆယ်​ဦး​တို့​ကြား​သိ​ကြ​သော​အ​ခါ ယာ​ကုပ် နှင့်​ယော​ဟန်​တို့​ကို​စိတ်​ဆိုး​ကြ​၏။- \v 42 ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့ ကို​ခေါ်​တော်​မူ​လျက် ``မင်း​စိုး​ရာ​ဇာ​တို့​သည် ပြည်​သူ​တို့​အ​ပေါ်​ဝယ်​အ​စိုး​တ​ရ​ပြု​တတ် ကြ​၏။ အ​ကြီး​အ​ကဲ​တို့​သည်​အာ​ဏာ​ကို သုံး​တတ်​ကြ​သည်။-\x + \xo 10:42 \xt လု၊ ၂၂:၂၅-၂၆။\x* \v 43 သင်​တို့​အ​ချင်း​ချင်း​တွင်​မူ​ကား​ထို​သို့​မ​ဖြစ် သင့်။ သင်​တို့​အ​နက်​အ​ကြီး​အ​ကဲ​ဖြစ်​လို​သူ သည် သူ​တစ်​ပါး​တို့​၏​အ​စေ​ကို​ခံ​ရ​မည်။-\x + \xo 10:43 \xt မ၊ ၂၃:၁၁။ မာ၊ ၉:၃၅။ လု၊ ၂၂:၂၆။\x* \v 44 အ​ကြီး​မြတ်​ဆုံး​ဖြစ်​လို​သူ​သည်​လူ​ခပ်​သိမ်း တို့​၏​ကျွန်​ဖြစ်​ရ​မည်။- \v 45 လူ​သား​ပင်​လျှင်​သူ​တစ်​ပါး​အား​စေ​စား​ရန် ကြွ​လာ​သည်​မ​ဟုတ်။ သူ​တစ်​ပါး​၏ အ​စေ​ကို ခံ​ရန်​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်​၍​လူ အ​မြောက်​အ​မြား​အား​ရွေး​နုတ်​ရန်​လည်း ကောင်း​ကြွ​လာ​သ​တည်း​ဟု​မိန့်​တော်​မူ​၏။ \s1 မျက်​မ​မြင်​ဗာ​တိ​မဲ​ကို​မျက်​စိ​မြင်​စေ​တော်​မူ​ခြင်း \r (မ၊ ၂၀:၂၉-၃၄။ လု၊ ၁၈:၃၅-၄၃) \p \v 46 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရိ​ခေါ မြို့​သို့​ရောက်​ကြ​ပြီး​နောက် လူ​ပ​ရိ​သတ်​ကြီး နှင့်​အ​တူ​ထို​မြို့​မှ​ထွက်​ခွာ​ကြ​၏။ ယင်း​သို့ ထွက်​ခွာ​ချိန်​၌​တိ​မဲ​၏​သား​ဗာ​တိ​မဲ​ဆို​သူ မျက်​မ​မြင်​သူ​တောင်း​စား​တစ်​ယောက်​သည် လမ်း​အ​နီး​တွင်​ထိုင်​လျက်​နေ​၏။- \v 47 သူ​သည်​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ရောက်​ရှိ​တော် မူ​ကြောင်း​ကို​ကြာ​သိ​ရ​သော​အ​ခါ ``ဒါ​ဝိဒ်​၏ သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ ပါ'' ဟု​ဟစ်​အော်​လေ​၏။ \p \v 48 လူ​တို့​က​သူ့​အား​ဆိတ်​ဆိတ်​နေ​ရန်​ငေါက်​ငမ်း ပြော​ဆို​ကြ​၏။ သို့​သော်​လည်း​သူ​သည် ``ဒါ​ဝိဒ် ၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို​သ​နား​တော် မူ​ပါ'' ဟု​ပို​၍​ပင်​ဟစ်​အော်​လေ​၏။ \p \v 49 သ​ခင်​ယေ​ရှု​သည်​ရပ်​တန့်​တော်​မူ​လျက် ``သူ့​ကို ခေါ်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ \p လူ​တို့​သည်​မျက်​မ​မြင်​အား ``အား​မ​ငယ်​နှင့်။ ထ​လော့။ သင့်​ကို​ကိုယ်​တော်​ခေါ်​တော်​မူ​သည်'' ဟု​ဆို​ကြ​၏။ \p \v 50 ထို​သူ​သည်​မိ​မိ​၏​ခြုံ​ထည်​ကို​ဘေး​သို့​ပစ်​ချ လိုက်​ပြီး​နောက် ခုန်​၍​ထ​ကာ​သ​ခင်​ယေ​ရှု​ထံ တော်​သို့​လာ​လေ​၏။ \p \v 51 သ​ခင်​ယေ​ရှု​က ``သင့်​အ​တွက်​အ​ဘယ်​အ​ရာ ကို​ပြု​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p မျက်​မ​မြင်​က ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​အား မျက်​စိ​ပြန်​၍​မြင်​စေ​တော်​မူ​ပါ'' ဟု​လျှောက် ၏။ \p \v 52 သ​ခင်​ယေ​ရှု​က ``သွား​လော့။ သင်​၏​ယုံ​ကြည် ခြင်း​သည်​သင့်​ရော​ဂါ​ကို​ပျောက်​စေ​ပြီ'' ဟု မိန့်​တော်​မူ​၏။ \p ချက်​ချင်း​ပင်​ထို​သူ​သည်​မျက်​စိ​မြင်​၍ ကိုယ်​တော် ကြွ​တော်​မူ​ရာ​လမ်း​တွင်​နောက်​တော်​က​လိုက်​လေ သည်။ \c 11 \s1 အောင်​ပွဲ​အ​ခမ်း​အ​နား​ဖြင့်​ယေ​ရု​ရှ​လင်​မြို့​သို့ ဝင်​တော်​မူ​ခြင်း \r (မ၊ ၂၁:၁-၁၁။ လု၊ ၁၉:၂၈-၄၀။ ယော၊ ၁၂:၁၂-၁၉) \p \v 1 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့ အ​နီး​သို့​ချဉ်း​ကပ်​မိ​၍ ဗက်​ဖာ​ဂေ​နှင့်​ဗေ​သ​နိ ရွာ​များ​အ​နီး​ရှိ​သံ​လွင်​တောင်​သို့​ရောက်​ကြ​၏။- \v 2 ထို​အ​ခါ​ကိုယ်​တော်​သည်​တ​ပည့်​တော်​နှစ်​ယောက် အား ``သင်​တို့​ရှေ့​တွင်​ရှိ​သော​ရွာ​သို့​သွား​ကြ​လော့။ ရွာ​ထဲ​သို့​ဝင်​လျှင် ဝင်​ချင်း​မည်​သူ​မျှ​မ​စီး​ဘူး သေး​သော​မြည်း​က​လေး​တစ်​ကောင်​ကို​တွေ့​လိမ့် မည်။ ထို​မြည်း​ကို​ကြိုး​ဖြင့်​လံ​ထား​၏။- \v 3 ကြိုး​ဖြေ​၍​မြည်း​ကို​ယူ​ခဲ့​ကြ​လော့။ အ​ကယ်​၍ လူ​တစ်​စုံ​တစ်​ယောက်​က​သင်​တို့​အား အ​ဘယ်​ကြောင့် မြည်း​ကြိုး​ကို​ဖြေ​သ​နည်း​ဟု​မေး​လျှင် ထို​မြည်း ကို​အ​ကျွန်ုပ်​တို့​သ​ခင်​အ​လို​ရှိ​ပါ​သည်။ ချက်​ချင်း ပြန်​ပို့​ပေး​ပါ​လိမ့်​မည်​ဟု​ပြော​ကြ​လော့'' ဟူ​၍ မှာ​ကြား​စေ​လွှတ်​တော်​မူ​၏။ \p \v 4 ထို​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည်​သွား​၍ မြည်း က​လေး​တစ်​ကောင်​ကို​လမ်း​တွင်​အိမ်​တစ်​အိမ်​၏ တံ​ခါး​အ​နီး​မှာ​လံ​ထား​သည်​ကို​တွေ့​သ​ဖြင့် မြည်း​ကြိုး​ကို​ဖြေ​ကြ​၏။- \v 5 လမ်း​မှာ​ရပ်​နေ​သူ​အ​ချို့​က ``မြည်း​ကြိုး​ကို အ​ဘယ်​ကြောင့်​ဖြေ​ကြ​သ​နည်း'' ဟု​မေး​ကြ​၏။ \p \v 6 တ​ပည့်​တော်​တို့​က​သ​ခင်​ယေ​ရှု​မိန့်​မှာ​တော်​မူ သည့်​အ​တိုင်း​ပြန်​ပြော​ကြ​သော​အ​ခါ ထို​သူ​တို့ သည်​မြည်း​ကြိုး​ကို​ဖြေ​ခွင့်​ပြု​ကြ​၏။- \v 7 တ​ပည့်​တော်​တို့​သည်​မြည်း​က​လေး​ကို​သ​ခင် ယေ​ရှု​ထံ​တော်​သို့​ဆောင်​ခဲ့​ပြီး​လျှင် မြည်း​ကျော ပေါ်​မှာ​မိ​မိ​တို့​၏​ဝတ်​လုံ​များ​ကို​လွှမ်း​တင်​ကြ ၏။- \v 8 ထို​နောက်​ကိုယ်​တော်​သည်​မြည်း​ကို​စီး​တော်​မူ​၏။ လူ​အ​များ​ပင်​မိ​မိ​တို့​၏​ဝတ်​လုံ​များ​ကို​လမ်း ပေါ်​မှာ​ဖြန့်​ခင်း​ကြ​၏။ အ​ချို့​သူ​များ​က​မူ​ကွင်း များ​မှ​ခုတ်​ယူ​ခဲ့​ကြ​သည့်​သစ်​ခက်​သစ်​ရွက်​များ ကို​လမ်း​မှာ​ဖြန့်​ခင်း​ကြ​၏။- \v 9 ကိုယ်​တော်​၏​ရှေ့​တော်​မှ​လည်း​ကောင်း၊ နောက်​တော် မှ​လည်း​ကောင်း၊ လိုက်​ပါ​ကြ​သူ​လူ​အ​ပေါင်း​တို့ က ``ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ လော့။ ဘု​ရား​သ​ခင်​၏​နာ​မ​တော်​နှင့်​ကြွ​လာ သော​အ​ရှင်​သည်​မင်္ဂ​လာ​ရှိ​စေ​သ​တည်း။-\x + \xo 11:9 \xt ဆာ၊ ၁၁၈:၂၅-၂၆။\x* \v 10 တည်​လ​တ္တံ့​သော​ငါ​တို့​အ​ဖ​ဒါ​ဝိဒ်​၏​နိုင်​ငံ​တော် သည်​မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ဘု​ရား​သ​ခင်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​စေ​သ​တည်း'' ဟု ကြွေး​ကြော်​ကြ​၏။ \p \v 11 သ​ခင်​ယေ​ရှု​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​တော် မူ​သော​အ​ခါ ဗိ​မာန်​တော်​သို့​ဝင်​တော်​မူ​၍​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​လှည့်​လည်​ကြည့်​ရှု​တော်​မူ​၏။ ထို နောက်​နေ​ဝင်​ခါ​နီး​ပြီ​ဖြစ်​သ​ဖြင့် တ​ပည့်​တော်​တစ် ဆယ့်​နှစ်​ဦး​နှင့်​အ​တူ​ဗေ​သ​နိ​ရွာ​သို့​ကြွ​တော် မူ​၏။ \s1 သင်္ဘော​သ​ဖန်း​ပင်​ကို​ဒဏ်​ခတ်​တော်​မူ​ခြင်း \r (မ၊ ၂၁:၁၈-၁၉) \p \v 12 နောက်​တစ်​နေ့​၌​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့ သည် ဗေ​သ​နိ​ရွာ​မှ​ပြန်​လာ​ကြ​စဉ်​ကိုယ်​တော် သည်​ဆာ​လောင်​မွတ်​သိပ်​တော်​မူ​၏။- \v 13 အ​ရွက်​ဝေ​ဆာ​လျက်​ရှိ​သော​သင်္ဘော​သ​ဖန်း​ပင် ကို​အ​ဝေး​က​မြင်​တော်​မူ​လျှင် အ​သီး​တွေ့​လို တွေ့​ငြား​အ​ပင်​အ​နီး​သို့​ချဉ်း​ကပ်​တော်​မူ​၏။ သ​ဖန်း​သီး​ပေါ်​ချိန်​မ​ဟုတ်​၍​အ​ပင်​ပေါ်​တွင် အ​ရွက်​များ​သာ​တွေ့​တော်​မူ​၏။- \v 14 ထို​အ​ခါ​ကိုယ်​တော်​က ``နောင်​အ​စဉ်​အ​ဆက် သင်​၏​အ​သီး​ကို​အ​ဘယ်​သူ​မျှ​မ​စား​စေ​ရ'' ဟု​သင်္ဘော​သ​ဖန်း​ပင်​အား​မိန့်​တော်​မူ​၏။ \p ထို​သို့​မိန့်​တော်​မူ​သည်​ကို​တ​ပည့်​တော်​တို့ ကြား​ကြ​၏။ \s1 ဗိ​မာန်​တော်​သို့​ကြွ​တော်​မူ​ခြင်း \r (မ၊ ၂၁:၁၂-၁၇။ လု၊ ၁၉:၄၅-၄၈။ ယော၊ ၂:၁၃-၂၂) \p \v 15 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့ သို့​ရောက်​ကြ​သော​အ​ခါ ကိုယ်​တော်​သည်​ဗိ​မာန်​တော် သို့​ဝင်​တော်​မူ​၍ ဗိ​မာန်​တော်​အ​တွင်း​မှာ​ရောင်း​ဝယ်​နေ သူ​တို့​ကို​နှင်​ထုတ်​တော်​မူ​၏။ ငွေ​လဲ​လှယ်​သူ​တို့​၏ စား​ပွဲ​များ​နှင့်​ချိုး​ငှက်​ရောင်း​သူ​များ​၏​ထိုင်​ခုံ​များ ကို​မှောက်​လှန်​ပစ်​တော်​မူ​၏။- \v 16 ဗိ​မာန်​တော်​ကို​ဖြတ်​၍​ကုန်​ပစ္စည်း​သယ်​ဆောင် ရန် မည်​သူ့​ကို​မျှ​ခွင့်​ပြု​တော်​မ​မူ။- \v 17 ကိုယ်​တော်​က `` `ငါ​၏​အိမ်​တော်​ကို​လူ​မျိုး​တ​ကာ​တို့ ဆု​တောင်း​ရာ​အိမ်​တော်​ဟု​ခေါ်​ဝေါ်​ရ​လတ္တံ့' ဟု​ကျမ်း စာ​လာ​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင်​သင်​တို့​သည် ထို​အိမ်​တော်​ကို​ဋ္ဌား​ပြ​ခို​အောင်း​ရာ​ဖြစ်​စေ​ကြ ပြီ​တ​ကား'' ဟု​လူ​တို့​အား​ဆုံး​မ​သွန်​သင်​တော် မူ​၏။\x + \xo 11:17 \xt ဟေရှာ၊ ၅၆:၇။ ယေ၊ ၇:၁၁။\x* \p \v 18 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​ကြား​၍ ကိုယ်​တော်​ကို​သတ်​ရန်​နည်း​လမ်း ရှာ​ကြ​၏။ လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ယင်း​သို့ သွန်​သင်​တော်​မူ​သည်​ကို​လွန်​စွာ​အံ့​သြ​လျက် ရှိ​ကြ​သော​ကြောင့် ထို​သူ​တို့​သည်​ကိုယ်​တော်​ကို ကြောက်​ရွံ့​ကြ​၏။ \p \v 19 နေ​စောင်း​လာ​သော​အ​ခါ​ကိုယ်​တော်​နှင့်​တ​ပည့် တော်​တို့​သည်​မြို့​မှ​ထွက်​သွား​ကြ​၏။ \s1 ခြောက်​သွေ့​ညှိုး​နွမ်း​နေ​သော​သင်္ဘော​သ​ဖန်း​ပင်​မှ သင်​ခန်း​စာ \r (မ၊ ၂၁:၂၀-၂၂) \p \v 20 နောက်​တစ်​နေ့​နံ​နက်​စော​စော​အ​ချိန်​၌ ကိုယ်​တော် နှင့်​တ​ပည့်​တော်​တို့​သည်​လမ်း​တွင်​လျှောက်​သွား​ကြ စဉ် သင်္ဘော​သ​ဖန်း​ပင်​ကို​မြင်​ကြ​၏။ ထို​အ​ပင်​သည် အ​မြစ်​မှ​စ​၍​တစ်​ပင်​လုံး​ခြောက်​သွေ့​ညှိုး​နွမ်း လျက်​နေ​၏။- \v 21 ပေ​တ​ရု​သည်​သ​တိ​ရ​၍ ``အ​ရှင်​ဘု​ရား၊ ကြည့် တော်​မူ​ပါ၊ အ​ရှင်​ဒဏ်​ခတ်​ခဲ့​သော​သင်္ဘော​သ​ဖန်း ပင်​သည် ညှိုး​နွမ်း​ခြောက်​သွေ့​သွား​ချေ​ပြီ'' ဟု လျှောက်​၏။ \p \v 22 သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​အား​ယုံ​ကြည် ကိုး​စား​ကြ​လော့။- \v 23 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား မိ​မိ စိတ်​နှ​လုံး​အ​တွင်း​တွင်​ယုံ​မှား​ခြင်း​မ​ရှိ​ဘဲ မိ​မိ ပြော​ဆို​သည်​အ​တိုင်း​ဖြစ်​လိမ့်​မည်​ဟု​ယုံ​ကြည်​သော သူ​သည် ဤ​တောင်​အား `ဤ​နေ​ရာ​မှ​ရွေ့​၍​ပင်​လယ် ထဲ​သို့​ဆင်း​သက်​လော့' ဟု​ဆို​လျှင်​ထို​သူ​ဆို​သည် အ​တိုင်း​ဖြစ်​လိမ့်​မည်။-\x + \xo 11:23 \xt မ၊ ၁၇:၂၀။ ၁ကော၊ ၁၃:၂။\x* \v 24 သို့​ဖြစ်​၍​သင်​တို့​အား​ငါ​ဆို​သည်​ကား သင်​တို့​သည် မိ​မိ​တို့​တောင်း​လျှောက်​သည့်​အ​ရာ​ကို​မု​ချ​ရ​မည် ဟု ယုံ​ကြည်​ကြ​လျှင်​တောင်း​လျှောက်​သ​မျှ​ကို ရ​ကြ​လိမ့်​မည်။- \v 25 သင်​တို့​သည်​ရပ်​လျက်​ဆု​တောင်း​သော​အ​ခါ သူ တစ်​ပါး​တို့​၏​အ​ပြစ်​ဟူ​သ​မျှ​ကို​ဖြေ​လွှတ်​ရ ကြ​မည်။ သို့​မှ​သာ​လျှင်​ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော် မူ​သော​သင်​တို့​အ​ဖ​သည် သင်​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်။-\x + \xo 11:25 \xt မ၊ ၆:၁၄-၁၅။\x* \v 26 (သင်​တို့​သည်​သူ​တစ်​ပါး​၏​အ​ပြစ်​များ​ကို မ​ဖြေ​လွှတ်​လျှင် ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော်​မူ သော​သင်​တို့​အ​ဖ​သည်​သင်​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်)'' ဟု​တ​ပည့် တော်​တို့​အား​ပြန်​လည်​မိန့်​ကြား​တော်​မူ​၏။ \s1 သ​ခင်​ယေ​ရှု​၏​အ​ခွင့်​အာ​ဏာ​ကို​စစ်​ဆေး မေး​မြန်း​ခြင်း \r (မ၊ ၂၁:၂၃-၂၇။ လု၊ ၂၀:၁-၈) \p \v 27 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရု​ရှ​လင် မြို့​သို့​တစ်​ဖန်​ရောက်​ရှိ​ကြ​ပြန်​၏။ ကိုယ်​တော်​သည် ဗိ​မာန်​တော်​တွင်​စင်္ကြံ​ကြွ​တော်​မူ​စဉ် ယဇ်​ပု​ရော​ဟိတ် ကြီး​များ၊ ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဘာ​သာ​ရေး ခေါင်း​ဆောင်​များ​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍၊- \v 28 ``အ​ရှင်​သည်​ဤ​အ​မှု​အ​ရာ​များ​ကို​အ​ဘယ် အ​ခွင့်​အာ​ဏာ​နှင့်​ပြု​တော်​မူ​ပါ​သ​နည်း။ ထို အ​ခွင့်​အာ​ဏာ​ကို​အ​ရှင့်​အား​အ​ဘယ်​သူ​အပ် နှင်း​ပါ​သ​နည်း'' ဟု​လျှောက်​ထား​မေး​မြန်း ကြ​၏။ \p \v 29 သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​ငါ​တစ်​ခု​မေး​မည်။ သင်​တို့​ဖြေ​ပြီး​မှ​ဤ​အ​မှု​အ​ရာ​များ​ကို အ​ဘယ် အ​ခွင့်​အာ​ဏာ​နှင့်​ငါ​ပြု​သည်​ကို​ပြော​မည်။- \v 30 ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ယော​ဟန်​ပေး​သည်​မှာ​ဘု​ရား သ​ခင်​၏​အ​ခွင့်​အာ​ဏာ​အ​ရ​လော။ လူ​တို့​၏ အ​ခွင့်​အာ​ဏာ​အ​ရ​လော၊ ငါ့​အား​ဖြေ​ကြား ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 31 သူ​တို့​သည် ``အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​အ​ခွင့် အာ​ဏာ​အ​ရ​ဟု ငါ​တို့​ဆို​လျှင်​ယော​ဟန်​ကို​သင် တို့​အ​ဘယ်​ကြောင့်​မ​ယုံ​ကြည်​ကြ​သ​နည်း​ဟု မေး​လိမ့်​မည်။- \v 32 သို့​ရာ​တွင်​လူ​တို့​၏​အ​ခွင့်​အာ​ဏာ​အ​ရ​ဟု​ငါ တို့​ဆို​မည်​လော'' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​ကြ​၏။ (သူ​တို့​သည်​လူ​ပ​ရိ​သတ်​ကို​ကြောက်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ​အ​ပေါင်း​တို့​သည် ယော​ဟန်​ကို​ပ​ရော​ဖက်​ဟု​ယုံ​ကြည်​ကြ​သော ကြောင့်​တည်း။)- \v 33 သို့​ဖြစ်​၍​သူ​တို့​က ``အ​ကျွန်ုပ်​တို့​မ​သိ​ပါ'' ဟု သ​ခင်​ယေ​ရှု​အား​ပြန်​လည်​လျှောက်​ထား​ကြ​၏။ \p ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ထို​နည်း​တူ​ဤ​အ​မှု အ​ရာ​များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​နှင့်​ငါ​ပြု သည်​ကို​ငါ​မ​ပြော'' ဟု​မိန့်​တော်​မူ​၏။ \c 12 \s1 စ​ပျစ်​ဥ​ယျာဉ်​သီး​စား​များ​ပုံ​ဥ​ပ​မာ \r (မ၊ ၂၁:၃၃-၄၆။ လု၊ ၂၀:၉-၁၉) \p \v 1 ထို​နောက်​ကိုယ်​တော်​သည်​သူ​တို့​အား ပုံ​ဥ​ပ​မာ ဆောင်​၍​မိန့်​ကြား​တော်​မူ​၏။ ကိုယ်​တော်​က ``လူ တစ်​ယောက်​သည်​စ​ပျစ်​ဥ​ယျာဉ်​ကို​စိုက်​ပျိုး​၍ ခြံ​ဝင်း​ကာ​၏။ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို​တူး ၍​မျှော်​စင်​ကို​ဆောက်​လုပ်​၏။ ထို​နောက်​သူ​သည် ဥ​ယျာဉ်​ကို​ခြံ​သ​မား​တို့​အား သီး​စား​ချ​၍ နိုင်​ငံ​ရပ်​ခြား​သို့​ထွက်​သွား​၏။-\x + \xo 12:1 \xt ဟေရှာ၊ ၅:၁-၂။\x* \v 2 အ​ချိန်​တန်​သော်​ကျွန်​တစ်​ယောက်​ကို​ခြံ​သ​မား များ​ထံ​သို့​စေ​လွှတ်​၍ ဥ​ယျာဉ်​သီး​ခွန်​ကို​တောင်း ခံ​စေ​၏။- \v 3 ခြံ​သ​မား​တို့​သည်​ထို​ကျွန်​ကို​ဖမ်း​ဆီး​ရိုက်​နှက် ပြီး​လျှင် လက်​ချည်း​သက်​သက်​ပြန်​လွှတ်​လိုက်​ကြ​၏။- \v 4 ဥ​ယျာဉ်​ရှင်​သည်​အ​ခြား​ကျွန်​တစ်​ယောက်​ကို​တစ်​ဖန် စေ​လွှတ်​ပြန်​၏။ ခြံ​သ​မား​တို့​သည်​ထို​ကျွန်​၏​ဦး ခေါင်း​ကို​ရိုက်​နှက်​၍ အ​ရှက်​တ​ကွဲ​အ​ကျိုး​နည်း အောင်​ပြု​ကြ​၏။- \v 5 ဥ​ယျာဉ်​ရှင်​သည်​အ​ခြား​ကျွန်​တစ်​ယောက်​ကို စေ​လွှတ်​ပြန်​သော် ခြံ​သ​မား​တို့​သည်​သူ့​ကို သတ်​ကြ​၏။ အ​ခြား​များ​စွာ​သော​ကျွန်​တို့​ကို လည်း ဤ​နည်း​တူ​ပင်​ရိုက်​သူ​ကို​ရိုက်၊ သတ်​သူ ကို​သတ်​ကြ​၏။- \v 6 ဥ​ယျာဉ်​ရှင်​မှာ​တစ်​ဦး​တည်း​သော​ချစ်​သား​ကို သာ​စေ​လွှတ်​ရန်​ကျန်​တော့​၏။ သို့​ဖြစ်​၍​သူ​သည် `ငါ့​သား​ကို​ထို​သူ​တို့​လေး​စား​ကြ​ရာ​၏' ဟု ဆို​လျက်​နောက်​ဆုံး​တွင်​မိ​မိ​၏​သား​ကို​စေ​လွှတ် လိုက်​၏။- \v 7 သို့​ရာ​တွင်​သူ​တို့​က ``ဤ​သူ​သည်​ဥ​ယျာဉ်​ရှင် ၏​အ​မွေ​စား​အ​မွေ​ခံ​ဖြစ်​၏။ လာ​ကြ။ သူ့​ကို သတ်​ကြ​ကုန်​အံ့။ သို့​မှ​သာ​ဥ​ယျာဉ်​ကို​ငါ​တို့ ရ​ရှိ​ကြ​လိမ့်​မည်'' ဟု​အ​ချင်း​ချင်း​ပြော​လျက်၊- \v 8 သူ့​ကို​ဖမ်း​၍​သတ်​ပြီး​လျှင်​ဥ​ယျာဉ်​အ​ပြင် သို့​ထုတ်​ပစ်​လိုက်​ကြ​၏။ \p \v 9 ``ထို​အ​ခါ​ဥ​ယျာဉ်​ရှင်​သည်​အ​ဘယ်​သို့​ပြု​လိမ့် မည်​နည်း။ သူ​သည်​လာ​၍​ခြံ​သ​မား​များ​ကို သုတ်​သင်​ဖျက်​ဆီး​ပြီး​သော် စ​ပျစ်​ဥ​ယျာဉ်​ကို အ​ခြား​သူ​တို့​အား​ပေး​အပ်​လိမ့်​မည်။ \q1 \v 10 `တိုက်​တည်​သူ​တို့​ပယ်​ထား​သော​ကျောက်​သည် \q2 အ​ရေး​အ​ကြီး​ဆုံး​သော​ထောင့်​ချုပ်​ကျောက် ဖြစ်​လာ​ရ​၏။\x + \xo 12:10 \xt ဆာ၊ ၁၁၈:၂၂-၂၃။\x* \q1 \v 11 ဤ​အ​မှု​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​ဖြစ်​၏၊ \q2 ငါ​တို့​မျက်​မှောက်​တွင်​အံ့​သြ​ဖွယ်​ရာ​ဖြစ်​လေ​စွ' \m ဟူ​သော​ကျမ်း​စကား​ကို​သင်​တို့​မ​ဖတ်​ဖူး​ကြ ပါ​သ​လော'' ဟု​မိန့်​တော်​မူ​၏။ \p \v 12 ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​သည်​မိ​မိ​တို့ ကို​ရည်​ဆောင်​၍ ဤ​ပုံ​ဥ​ပ​မာ​ကို​မိန့်​တော်​မူ ကြောင်း​သိ​သ​ဖြင့် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် ကြိုး​စား​ကြ​၏။ သို့​ရာ​တွင်​လူ​ပ​ရိ​သတ်​ကို ကြောက်​သော​ကြောင့်​အ​ထံ​တော်​မှ​ထွက်​သွား ကြ​၏။ \s1 အ​ခွန်​တော်​ဆက်​မှု​ပြ​ဿ​နာ \r (မ၊ ၂၂:၁၅-၂၂။ လု၊ ၂၀:၂၀-၂၆) \p \v 13 ထို​နောက်​သူ​တို့​သည်​ဖာ​ရိ​ရှဲ​အ​ချို့​နှင့် ဟေ​ရုဒ် ပါ​တီ​ဝင်​အ​ချို့​တို့​ကို​အ​ထံ​တော်​သို့​စေ​လွှတ် ကြ​၏။- \v 14 ထို​သူ​တို့​သည်​အ​ထံ​တော်​သို့​လာ​၍ ``ဆ​ရာ​တော်၊ အ​ရှင်​သည်​မှန်​သော​စ​ကား​ကို​သာ​ပြော​တတ် ပါ​၏။ လူ​တို့​အ​ဘယ်​သို့​ထင်​မှတ်​ကြ​သည်​ကို အ​ရေး​မ​စိုက်။ လူ့​မျက်​နှာ​ကို​မ​ထောက်​ဘဲ​ဘု​ရား သ​ခင်​၏​တ​ရား​လမ်း​ကို​ဟုတ်​မှန်​သည့်​အ​တိုင်း သွန်​သင်​တော်​မူ​ကြောင်း​အ​ကျွန်ုပ်​တို့​သိ​ပါ​၏။ ရော​မ​ဧ​က​ရာဇ်​မင်း​အား​အ​ခွန်​ဆက်​အပ်​ပါ သ​လော၊ မ​ဆက်​အပ်​ပါ​သ​လော။ အ​ကျွန်ုပ်​တို့ သည်​အ​ခွန်​ဆက်​ရ​မည်​လော၊ မ​ဆက်​ရ​မည် လော'' ဟု​ပ​ရိ​ယာယ်​ဆင်​၍​မေး​လျှောက်​ကြ​၏။ \p \v 15 ကိုယ်​တော်​သည်​ထို​သူ​တို့​၏​ပ​ရိ​ယာယ်​ကို​သိ​တော် မူ​သ​ဖြင့် ``သင်​တို့​သည်​ငါ့​အား​အ​ဘယ်​ကြောင့် အ​ပြစ်​ရှာ​လို​ကြ​သ​နည်း။ ဒင်္ဂါး​တစ်​ပြား​ကို​ငါ ကြည့်​ဖို့​ယူ​ခဲ့​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 16 သူ​တို့​ယူ​ခဲ့​ကြ​လျှင်​ကိုယ်​တော်​က ``ဤ​ရုပ်​ပုံ၊ ဤ​ကမ္ပည်း​လိပ်​စာ​သည်​မည်​သူ့​ရုပ်​ပုံ၊ မည်​သူ့ ကမ္ပည်း​လိပ်​စာ​ဖြစ်​သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p သူ​တို့​က ``ဧ​က​ရာဇ်​မင်း​၏​ရုပ်​ပုံ၊ ဧ​က​ရာဇ်​မင်း​၏ ကမ္ပည်း​လိပ်​စာ​ဖြစ်​ပါ​သည်'' ဟု​ပြန်​၍​လျှောက်​ကြ​၏။ \p \v 17 သ​ခင်​ယေ​ရှု​က ``ဧ​က​ရာဇ်​မင်း​ပိုင်​သည့်​အ​ရာ​ကို ဧ​က​ရာဇ်​မင်း​အား​ဆက်​ကြ​လော့။ ဘု​ရား​သ​ခင်​ပိုင် သည့်​အ​ရာ​ကို​ဘု​ရား​သ​ခင်​အား​ဆက်​ကြ​လော့'' ဟု​ထို​သူ​တို့​အား​မိန့်​တော်​မူ​လျှင်​သူ​တို့​သည် အံ့​သြ​ကြ​၏။ \s1 သေ​ခြင်း​မှ​ထ​မြောက်​ခြင်း​ပြ​ဿ​နာ \r (မ၊ ၂၂:၂၃-၃၃။ လု၊ ၂၀:၂၇-၄၀) \p \v 18 သေ​ခြင်း​မှ​ထ​မြောက်​ရှင်​ပြန်​ခြင်း​မ​ရှိ​ဟု​အ​ယူ ရှိ​သော​ဇဒ္ဒု​ကဲ​အ​ချို့​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​၍၊-\x + \xo 12:18 \xt တ၊ ၂၃:၈။\x* \v 19 ``ဆ​ရာ​တော်၊ `လူ​တစ်​စုံ​တစ်​ယောက်​သည်​သား​သ​မီး မ​ရ​ဘဲ​သေ​ဆုံး​သွား​လျှင် ကျန်​ခဲ့​သည့်​ဇ​နီး​ကို​ညီ ဖြစ်​သူ​က​ဆက်​ခံ​ထိမ်း​မြား​ရ​မည်။ အစ်​ကို​၏​အ​မျိုး အ​နွယ်​ကို​သူ​၏​ကိုယ်​စား​တိုး​ပွား​စေ​ရ​မည်' ဟု အ​ကျွန်ုပ်​တို့​အား​မော​ရှေ​မိန့်​မှာ​ခဲ့​ပါ​သည်။-\x + \xo 12:19 \xt တရား၊ ၂၅:၅။\x* \v 20 အ​ခါ​တစ်​ပါး​၌​ညီ​အစ်​ကို​ခု​နစ်​ယောက်​ရှိ​ပါ​၏။ အစ်​ကို​ကြီး​သည်​အိမ်​ထောင်​ကျ​သော်​လည်း​သား သ​မီး​မ​ရ​ဘဲ၊- \v 21 သေ​သွား​သော​အ​ခါ​သူ့​ညီ​အ​ကြီး​ဆုံး​သည် မ​ရီး ဖြစ်​သူ​ကို​ဆက်​ခံ​သိမ်း​ပိုက်​၏။ ထို​ညီ​သည်​လည်း သား​သ​မီး​မ​ရ​ဘဲ​သေ​ပြန်​၏။ ထို​နည်း​တူ​ဒု​တိ​ယ ညီ​သည်​လည်း​သား​သ​မီး​မ​ရ​ဘဲ​သေ​ပြန်​၏။- \v 22 ဤ​သို့​လျှင်​ညီ​အစ်​ကို​ခု​နစ်​ယောက်​စ​လုံး သား​သ​မီး​မ​ရ​ဘဲ​သေ​ကြ​၏။ နောက်​ဆုံး​၌ အ​မျိုး​သ​မီး​လည်း​သေ​၏။- \v 23 ညီ​အစ်​ကို​ခု​နစ်​ယောက်​စ​လုံး​ပင်​သူ​နှင့်​စုံ​ဖက် ခဲ့​ကြ​သည်​ဖြစ်​၍​ရှင်​ပြန်​ထ​မြောက်​ရာ​နေ့​၌ ထို​အ​မျိုး​သ​မီး​သည်​မည်​သူ​၏​ဇ​နီး​ဖြစ်​ပါ မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ \p \v 24 သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ကျမ်း​စာ​တော်​ကို နား​မ​လည်​ကြ။ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော် အ​ကြောင်း​ကို​လည်း​မ​သိ​ကြ။ သို့​ဖြစ်​၍​အ​ယူ လွဲ​လျက်​နေ​ကြ​၏။- \v 25 လူ​တို့​သည်​သေ​ခြင်း​မှ​ထ​မြောက်​ကြ​သော​အ​ခါ ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​မ​ပြု​တော့​ဘဲ ကောင်း​ကင် ဘုံ​ရှိ​ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့​ဖြစ်​ကြ​လိမ့် မည်။- \v 26 သေ​လွန်​သူ​တို့​ထ​မြောက်​ရှင်​ပြန်​ရ​ကြောင်း​ကို ဖော်​ပြ​သော မော​ရှေ​ကျမ်း​ကို​မ​ဖတ်​ဖူး​ကြ​ပါ သ​လော။ အ​ဆို​ပါ​ကျမ်း​တွင်​မီး​လျှံ​ထွက်​သည့် ချုံ​အ​ကြောင်း​ဆိုင်​ရာ​စာ​ပိုဒ်​၌ ဘု​ရား​သ​ခင် က `ငါ​သည်​အာ​ဗြ​ဟံ​၏​ဘု​ရား၊ ဣ​ဇာက်​၏ ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား​ပေ​တည်း' ဟု မော​ရှေ​အား​မိန့်​တော်​မူ​ကြောင်း​ပါ​ရှိ​၏။-\x + \xo 12:26 \xt ထွ၊ ၃:၆။\x* \v 27 ထို​အ​ရှင်​သည်​သေ​လွန်​သူ​တို့​၏​ဘု​ရား​မ​ဟုတ်။ အ​သက်​ရှင်​နေ​သူ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ သင်​တို့​သည်​လွန်​စွာ​မှ​အ​ယူ​လွဲ​လျက်​နေ​ကြ လေ​ပြီ​တ​ကား'' ဟု​မိန့်​တော်​မူ​၏။ \s1 ကြီး​မြတ်​သော​ပ​ညတ်​တော် \r (မ၊ ၂၂:၃၄-၄၀။ လု၊ ၁၀:၂၅-၂၈) \p \v 28 ယင်း​သို့​သ​ခင်​ယေ​ရှု​နှင့်​ဇဒ္ဒု​ကဲ​တို့​အ​ခြေ​အ​တင် ပြော​ဆို​နေ​ကြ​စဉ် ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက်​သည် အ​နီး​အ​ပါး​၌​ရှိ​နေ​၏။ သူ​တို့​အား​သ​ခင်​ယေ​ရှု လျောက်​ပတ်​စွာ​ဖြေ​ကြား​တော်​မူ​သည်​ကို​ကြား သ​ဖြင့် ရှေ့​တော်​သို့​လာ​၍​ကိုယ်​တော်​အား ``ပ​ညတ် ရှိ​သ​မျှ​တို့​တွင်​အ​ဘယ်​ပ​ညတ်​သည်​အ​ကြီး​မြတ် ဆုံး​ဖြစ်​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။\x + \xo 12:28 \xt လု၊ ၁၀:၂၅-၂၈။\x* \p \v 29 သ​ခင်​ယေ​ရှု​က `အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ နား​ထောင်​ကြ​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဆူ​တည်း​သော​ဘုရား ဖြစ်​တော်​မူ​၏။-\x + \xo 12:29 \xt တရား၊ ၆:၄-၅။\x* \v 30 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း​ရှိ​သ​မျှ၊ ကိုယ်​စွမ်း ရှိ​သ​မျှ​ဖြင့်​ချစ်​ရ​မည်' ဟူ​သော​ပ​ညတ်​သည် ပ​ထ​မ​အ​ကြီး​မြတ်​ဆုံး​ပ​ညတ်​ဖြစ်​၏။- \v 31 `အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်' ဟူ သော​ပ​ညတ်​သည်​ဒု​တိ​ယ​အ​ကြီး​မြတ်​ဆုံး ပ​ညတ်​ဖြစ်​၏။ ဤ​ပ​ညတ်​နှစ်​ပါး​ထက်​ပို​၍​ကြီး မြတ်​သော​ပ​ညတ်​ကား​မ​ရှိ'' ဟု​ဖြေ​ကြား​တော် မူ​၏။\x + \xo 12:31 \xt ဝတ်၊ ၁၉:၁၈။\x* \p \v 32 ကျမ်း​တတ်​ဆ​ရာ​က ``ဆ​ရာ​တော်၊ အ​ရှင်​မိန့်​တော်​မူ ချက်​သည်​သင့်​မြတ်​လှ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဆူ​တည်း​သာ​ရှိ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​မှ တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ။-\x + \xo 12:32 \xt တရား၊ ၄:၃၅။\x* \v 33 ဘု​ရား​သ​ခင်​အား​စိတ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း​ရှိ သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ​ဖြင့်​ချစ်​ရ​မည်။ အိမ်​နီး ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်​ဟူ​သော​ပ​ညတ် နှစ်​ပါး​ကို​လိုက်​နာ​ခြင်း​သည် ဘု​ရား​သ​ခင်​အား ပူ​ဇော်​သည့်​မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား​ယဇ်​အ​ပေါင်း တို့​ထက်​ပို​၍​မြတ်​ပါ​၏'' ဟု​ကိုယ်​တော်​အား လျှောက်​ထား​၏။\x + \xo 12:33 \xt ဟော၊ ၆:၆။\x* \p \v 34 ထို​သူ​သည်​ဤ​သို့​အ​သိ​ပ​ညာ​နှင့်​လျှောက်​ထား သည့်​အ​တွက် သ​ခင်​ယေ​ရှု​က ``သင်​သည်​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​မ​ဝေး​တော့​ပြီ'' ဟု မိန့်​တော်​မူ​၏။ \p ထို​နောက်​မည်​သူ​မျှ​ကိုယ်​တော်​အား​ထပ်​မံ​၍ မ​မေး​မ​လျှောက်​ဝံ့​ကြ။ \s1 မေ​ရှိ​ယ​ပြ​ဿ​နာ \r (မ၊၂၂:၄၁-၄၆။ လု၊၂၀:၄၁-၄၄) \p \v 35 သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​တွင်​ဟော​ပြော သွန်​သင်​လျက်​နေ​တော်​မူ​စဉ် ``မေ​ရှိ​ယ​သည် ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​သည်​ဟု​အ​ဘယ် ကြောင့်​ကျမ်း​တတ်​ဆ​ရာ​တို့​ဆို​ကြ​သ​နည်း။ \q1 \v 36 `သင့်​ရန်​သူ​များ​ကို​သင်​၏​ခြေ​ဖ​ဝါး​အောက်​သို့ ငါ​ရောက်​စေ​မည်။ \q2 သို့​မ​ရောက်​စေ​သေး​မီ​ကာ​လ​အ​တွင်း ငါ​၏​လက်​ယာ​ဘက်​တွင်​ထိုင်​နေ​လော့​ဟု \q1 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အ​ရှင်​အား​မိန့်​တော်​မူ​၏' \m ဟု​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နှိုး​ဆော်​ချက် ဖြင့်​ဒါ​ဝိဒ်​မင်း​မြွက်​ဆို​ခဲ့​၏။\x + \xo 12:36 \xt ဆာ၊ ၁၁၀:၁။\x* \p \v 37 ဤ​သို့​ဆို​ရာ​တွင်​ဒါ​ဝိဒ်​မင်း​ကိုယ်​တိုင်​ပင် မေ​ရှိ​ယ ကို `အ​ရှင်' ဟု​ခေါ်​သည်​ဖြစ်​ရာ အ​သို့​လျှင်​မေ​ရှိ​ယ သည်​ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​နိုင်​ပါ​မည်​နည်း'' ဟု မိန့်​တော်​မူ​၏။ လူ​ပ​ရိ​သတ်​ကြီး​သည်​ကိုယ်​တော်​၏ စ​ကား​တော်​ကို အား​ရ​ရွှင်​လန်း​စွာ​ကြား​နာ​ကြ​၏။ \s1 ကျမ်း​တတ်​ဆ​ရာ​တို့​ကို​ရှောင်​ရန် သ​တိ​ပေး​တော်​မူ​ခြင်း \r (မ၊၂၃:၁-၃၆။ လု၊၂၀:၄၅-၄၇) \p \v 38 ဤ​သို့​ဟော​ပြော​သွန်​သင်​လျက်​နေ​တော်​မူ​စဉ် ကိုယ်​တော်​က ``ကျမ်း​တတ်​ဆ​ရာ​တို့​ကို​သ​တိ နှင့်​ရှောင်​ကြ​လော့။ သူ​တို့​သည်​ဝတ်​လုံ​များ​ကို ဝတ်​၍​ပ​လွှား​သွား​လာ​လို​ကြ​၏။ စျေး​ရပ်​ကွက် တွင်​အ​လေး​ပြု​ခြင်း​ကို​ခံ​လို​ကြ​၏။- \v 39 တ​ရား​ဇ​ရပ်​များ​တွင်​သီး​သန့်​ထား​သော​နေ​ရာ များ​ကို​လည်း​ကောင်း၊ ပွဲ​သ​ဘင်​များ​တွင်​အ​ကောင်း ဆုံး​သော​နေ​ရာ​ထိုင်​ခင်း​များ​ကို​လည်း​ကောင်း​နှစ် သက်​ကြ​၏။- \v 40 မု​ဆိုး​မ​များ​၏​အိမ်​များ​ကို​မ​တ​ရား​သိမ်း​ယူ ပြီး​လျှင် လူ​ကြား​ကောင်း​စေ​ရန်​ရှည်​လျား​စွာ ဆု​တောင်း​ပတ္ထနာ​ပြု​တတ်​ကြ​၏။ သူ​တို့​သည်​ပို​၍ ကြီး​လေး​သော​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​လတ္တံ့'' ဟု မိန့်​တော်​မူ​၏။ \s1 မု​ဆိုး​မ​၏​အ​လှူ​ငွေ \r (လု၊၂၁:၁-၄) \p \v 41 သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​အ​လှူ​ခံ​သေတ္တာ​ရှေ့ တွင်​ထိုင်​လျက် ထို​သေတ္တာ​ထဲ​သို့ လူ​တို့​ငွေ​များ ထည့်​ဝင်​လှူ​ဒါန်း​ကြ​သည်​ကို​ကြည့်​ရှု​တော်​မူ​၏။ များ​စွာ​သော​သူ​ဌေး​သူ​ကြွယ်​တို့​သည်​ငွေ အ​မြောက်​အ​မြား​ထည့်​ဝင်​လှူ​ဒါန်း​ကြ​၏။- \v 42 ဆင်း​ရဲ​သော​မု​ဆိုး​မ​တစ်​ယောက်​သည်​လည်း​လာ ၍ ဆယ်​ပြား​ခန့်​တန်​သော​ကြေး​ပြား​နှစ်​ပြား​ကို အ​လှူ​ခံ​သေတ္တာ​ထဲ​သို့​ထည့်​၏။- \v 43 ထို​အ​ခါ​ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​ကို ခေါ်​တော်​မူ​ပြီး​လျှင် ``ဤ​ဆင်း​ရဲ​သော​မု​ဆိုး​မ သည်​ဗိ​မာန်​တော်​အ​လှူ​ခံ​သေတ္တာ​ထဲ​သို့​ထည့်​ဝင် လှူ​ဒါန်း​ကြ​သော​သူ​အ​ပေါင်း​တို့​ထက် ပို​၍ ထည့်​ဝင်​လှူ​ဒါန်း​လေ​ပြီ​ဟု​သင်​တို့​အား အ​မှန်​အ​ကန်​ငါ​ဆို​၏။- \v 44 ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ငွေ​ပို​ငွေ​လျှံ​များ​ကို လှူ​ကြ​ပေ​သည်။ ဤ​အ​မျိုး​သ​မီး​မူ​ကား​ဆင်း​ရဲ လျက်​နှင့်​မိ​မိ​၏​ချွေး​နှဲ​စာ​ရှိ​သ​မျှ​ကို​ပေး​လှူ သ​တည်း'' ဟု​မိန့်​တော်​မူ​၏။ \c 13 \s1 ဗိ​မာန်​တော်​ပြို​ပျက်​မည့်​အ​ကြောင်း​မိန့်​တော်​မူ​ခြင်း \r (မ၊ ၂၄:၁-၂။ လု၊ ၂၁:၅-၆) \p \v 1 ဗိ​မာန်​တော်​မှ​ကိုယ်​တော်​ထွက်​ကြွ​တော်​မူ​စဉ် တ​ပည့် တော်​တစ်​ဦး​က ``အ​ရှင်​ဘု​ရား၊ ကြည့်​တော်​မူ​ပါ။ ဤ ကျောက်​တုံး​များ​သည်​ကြီး​မား​လှ​၍ ဤ​အ​ဆောက် အ​အုံ​များ​သည်​လည်း​ကြီး​ကျယ်​လှ​ပါ​သည် တ​ကား'' ဟု​လျှောက်​ထား​၏။ \p \v 2 သ​ခင်​ယေ​ရှု​က ``ဤ​အ​ဆောက်​အ​အုံ​ကြီး​များ ကို ယ​ခု​သင်​မြင်​သည်​မ​ဟုတ်​လော။ ယင်း​အ​ဆောက် အ​အုံ​များ​မှ​ကျောက်​တုံး​အား​လုံး​ပင်​ပြို​ကျ ရ​လိမ့်​မည်။ ကျောက်​တစ်​တုံး​မျှ​မူ​လ​နေ​ရာ​တွင် ကျန်​ရစ်​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ \s1 ဆင်း​ရဲ​ဒုက္ခ​များ​နှင့်​ညှဉ်း​ပန်း​နှိပ်​စက်​ခြင်း​များ \r (မ၊ ၂၄:၃-၁၄။ လု၊ ၂၁:၇-၁၉) \p \v 3 ကိုယ်​တော်​သည်​သံ​လွင်​တောင်​ပေါ်​တွင်​ဗိ​မာန်​တော် ဖက်​သို့​မျက်​နှာ​မူ​လျက် တစ်​ကိုယ်​တည်း​ထိုင်​နေ တော်​မူ​သော​အ​ခါ၊- \v 4 ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​နှင့်​အန္ဒြေ-တို့​သည် ချဉ်း​ကပ်​၍ ``အ​ရှင်​မိန့်​တော်​မူ​သော​အ​ရာ​များ သည်​အ​ဘယ်​ကာ​လ​၌​ဖြစ်​ပျက်​ပါ​မည်​နည်း။ ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ချိန်​၌​အ​ဘယ် နိ​မိတ်​များ​ပေါ်​ထွန်း​ပါ​မည်​နည်း။ အ​ကျွန်ုပ် တို့​အား​မိန့်​တော်​မူ​ပါ'' ဟု​မေး​လျှောက်​ကြ​၏။ \p \v 5 သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​သူ​တစ်​ပါး မ​လှည့်​စား​စေ​ရန်​သ​တိ​ပြု​ကြ​လော့။- \v 6 လူ​အ​များ​ပင်​ငါ​၏​အ​ယောင်​ဆောင်​လျက်​လာ ကြ​လိမ့်​မည်။ သူ​တို့​သည်​မေ​ရှိ​ယ​ဖြစ်​သည်​ဟု ဆို​၍​လူ​အ​များ​ကို​လှည့်​ဖြား​ကြ​လိမ့်​မည်။- \v 7 သင်​တို့​သည်​ရပ်​နီး​ရပ်​ဝေး​မှ​စစ်​မက်​သ​တင်း များ​ကို​ကြား​သော​အ​ခါ မ​ထိတ်​မ​လန့်​ကြ နှင့်။ ဤ​အ​မှု​အ​ရာ​များ​သည်​မု​ချ​ဖြစ်​ပျက် ရ​မည်။ သို့​သော်​လည်း​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန် ကား​မ​ကျ​သေး။- \v 8 လူ​မျိုး​တစ်​မျိုး​နှင့်​တစ်​မျိုး၊ နိုင်​ငံ​တစ်​နိုင်​ငံ​နှင့် တစ်​နိုင်​ငံ​စစ်​ဖြစ်​လိမ့်​မည်။ နေ​ရာ​အ​နှံ့​အ​ပြား တွင်​မြေ​င​လျင်​လှုပ်​၍​အ​စာ​ငတ်​မွတ်​ခေါင်း​ပါး လိမ့်​မည်။ ဤ​အ​မှု​အ​ရာ​များ​သည်​ဆိုက်​ရောက် လတ္တံ့​သော​ဆင်း​ရဲ​ဒုက္ခ​များ​၏​ရှေ့​ပြေး​ဖြစ်​၏။'' \p \v 9 ``သင်​တို့​သည်​သ​တိ​နှင့်​နေ​ကြ​လော့။ လူ​အ​ချို့​တို့ သည် သင်​တို့​ကို​တ​ရား​ရုံး​သို့​ပို့​အပ်​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​များ​တွင်​ရိုက်​နှက်​ကြ​လိမ့်​မည်။ သင် တို့​သည်​ငါ့​အ​တွက်​ကြောင့် အာ​ဏာ​ပိုင်​များ​နှင့် ရှင်​ဘု​ရင်​များ​၏​ရှေ့​မှောက်​သို့​ရောက်​၍ သ​တင်း ကောင်း​ကို​ကြေ​ညာ​ရ​ကြ​လိမ့်​မည်။-\x + \xo 13:9 \xt မ၊ ၁၀:၁၇-၂၀။ လု၊ ၁၂:၁၁-၁၂။\x* \v 10 ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​မ​ရောက်​မီ​သင်​တို့​သည် သ​တင်း​ကောင်း​ကို​လူ​အ​ပေါင်း​တို့​အား​ဟော ပြော​ကြေ​ညာ​ရ​ကြ​မည်။- \v 11 သင်​တို့​အား​ဖမ်း​ဆီး​၍​တ​ရား​ရုံး​ခုံ​ရုံး​သို့ ပို့​အပ်​ကြ​သော​အ​ခါ မည်​သို့​ပြော​ဆို​ရ​မည် ကို​ကြို​တင်​၍​မ​စိုး​ရိမ်​ကြ​နှင့်။ ထို​ခ​ဏ​၌ မိ​မိ​တို့​စိတ်​တွင်​ပေါ်​လာ​သည့်​စ​ကား​များ​ကို သာ​လျှင် သင်​တို့​ပြော​ကြ​လော့။ ယင်း​စ​ကား​များ သည်​သင်​တို့​စ​ကား​များ​မ​ဟုတ်​ဘဲ သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​စ​ကား​များ​ဖြစ်​လိမ့်​မည်။- \v 12 လူ​တို့​သည်​ညီ​အစ်​ကို​ချင်း​အား​သေ​စေ​ရန်​အပ် ကြ​လိမ့်​မည်။ အ​ဖ​သည်​လည်း​သား​အား​သေ​စေ ရန်​အပ်​လိမ့်​မည်။ သား​သ​မီး​တို့​သည်​မိ​ဘ​များ ကို​တော်​လှန်​၍​သတ်​ဖြတ်​စေ​ကြ​လိမ့်​မည်။- \v 13 ငါ​၏​အ​တွက်​ကြောင့်​လူ​တိုင်း​ပင်​သင်​တို့​ကို​မုန်း လိမ့်​မည်။ သို့​ရာ​တွင်​အ​ဆုံး​တိုင်​အောင်​တည်​ကြည် သော​သူ​သည်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​လတ္တံ့။''\x + \xo 13:13 \xt မ၊ ၁၀:၂၂။\x* \s1 ထိတ်​လန့်​စက်​ဆုပ်​ဘွယ်​ကောင်း​သည့်​အ​ရာ \r (မ၊ ၂၄:၁၅-၂၈။ လု၊ ၂၁:၂၀-၂၄) \p \v 14 ``ထိတ်​လန့်​စက်​ဆုပ်​ဘွယ်​ကောင်း​သည့်​အ​ရာ​သည် မ​ရှိ​အပ်​သည့်​အ​ရပ်​တွင်​ရှိ​နေ​သည်​ကို သင်​တို့ မြင်​ရ​ကြ​လိမ့်​မည်'' (စာ​ဖတ်​သူ​သည်​ဤ​အ​ချက် ကို​နား​လည်​ပါ​စေ) ``ထို​သို့​မြင်​ရ​ကြ​သော အ​ခါ​ယု​ဒ​ပြည်​ရှိ​လူ​တို့​သည်​တောင်​များ ပေါ်​သို့​ပြေး​ကြ​စေ။-\x + \xo 13:14 \xt ဒံ၊ ၉:၂၇၊ ၁၁:၃၁၊ ၁၂:၁၁။\x* \v 15 အိမ်​မိုး​ပေါ်​တွင်​ရှိ​သူ​သည်​အောက်​သို့​ဆင်း​၍ အိမ်​ထဲ​သို့​ဝင်​ပြီး​လျှင်​မည်​သည့်​အ​ရာ​ကို မျှ​မ​ယူ​စေ​နှင့်။-\x + \xo 13:15 \xt လု၊ ၁:၃၁။\x* \v 16 လယ်​ထဲ​တွင်​ရှိ​သူ​သည်​လည်း​ဝတ်​လုံ​ကို​ယူ​ရန် အိမ်​သို့​မ​ပြန်​စေ​နှင့်။- \v 17 ထို​နေ့​ရက်​ကာ​လ​၌​ကိုယ်​ဝန်​ဆောင်​မိန်း​မ​နှင့် သား​သည်​မိ​ခင်​တို့​အ​တွက်​အ​ကျိုး​နည်း​ပေ တော့​မည်။- \v 18 ထို​နေ့​ရက်​များ​သည်​ဆောင်း​ဥ​တု​၌​မ​ကျ ရောက်​ပါ​စေ​နှင့်​ဟု​ဆု​တောင်း​ကြ​လော့။- \v 19 လော​က​ကို​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​ချိန် မှ​စ​၍ အ​ဘယ်​ကာ​လ​၌​မျှ​ဤ​ဆင်း​ရဲ​ဒုက္ခ​မျိုး​ကို လူ​တို့​မ​ကြုံ​စ​ဖူး။ နောင်​ကာ​လ​၌​လည်း​တွေ့​ကြုံ ရ​ကြ​လိမ့်​မည်​မ​ဟုတ်။-\x + \xo 13:19 \xt ဒံ၊ ၁၂:၁။ ဗျာ၊ ၇:၁၄။\x* \v 20 ထာ​ဝ​ရ​ဘု​ရား​သည်​ထို​နေ့​ရက်​ကာ​လ​ကို​တို​စေ တော်​မ​မူ​လျှင် အ​ဘယ်​သူ​မျှ​အ​သက်​ဘေး​မှ ကင်း​လွတ်​နိုင်​လိမ့်​မည်​မ​ဟုတ်။ သို့​ရာ​တွင်​ကိုယ်​တော် သည်​မိ​မိ​ရွေး​ချယ်​ထား​တော်​မူ​သော​သူ​များ အ​ဖို့​အ​လို့​ငှာ​ထို​နေ့​ရက်​ကာ​လ​ကို​တို​စေ တော်​မူ​ပြီ။ \p \v 21 ``ထို​ကာ​လ​၌​လူ​တစ်​စုံ​တစ်​ယောက်​က `ကြည့်​လော့၊ ဤ​အ​ရပ်​တွင်​မေ​ရှိ​ယ​ရှိ​သည်' ဟူ​၍​လည်း​ကောင်း၊ `ထို​အ​ရပ်​တွင်၊ မေ​ရှိ​ယ​ရှိ​သည်' ဟူ​၍​လည်း​ကောင်း ဆို​သော်​မ​ယုံ​ကြည်​နှင့်။- \v 22 မေ​ရှိ​ယ​အ​တု​အ​ယောင်​များ​နှင့်​ပ​ရော​ဖက် အ​တု​အ​ယောင်​များ​ပေါ်​လာ​လိမ့်​မည်။ သူ​တို့ သည်​ဖြစ်​နိုင်​ပါ​က​ဘု​ရား​သ​ခင်​ရွေး​ချယ် ထား​သူ​များ​ကို​ပင်​လှည့်​စား​နိုင်​ရန် အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​နှင့်​နိ​မိတ်​လက္ခ​ဏာ​များ​ကို ပြ​ကြ​လိမ့်​မည်။- \v 23 သင်​တို့​သည်​သ​တိ​နှင့်​နေ​ကြ​လော့။ ဤ​အ​မှု အ​ရာ​အ​လုံး​စုံ​တို့​မ​ဖြစ်​ပေါ်​မီ​သင်​တို့ အား​ငါ​ကြို​တင်​ဖော်​ပြ​ပြီ။'' \s1 လူ​သား​ကြွ​လာ​တော်​မူ​မည့်​အ​ကြောင်း \r (မ၊ ၂၄:၂၉-၃၁။ လု၊ ၂၁:၂၅-၂၈) \p \v 24 ``ဆင်း​ရဲ​ဒုက္ခ​များ​ကျ​ရောက်​ပြီး​သော​ကာ​လ​၌ နေ​သည်​မှောင်​မိုက်​၍​သွား​လိမ့်​မည်။ လ​သည် အ​လင်း​ရောင်​ကို​ပေး​လိမ့်​မည်​မ​ဟုတ်။-\x + \xo 13:24 \xt ဟေရှာ၊ ၁၃:၁၀။ ယေဇ၊ ၃၂:၇။ ယောလ၊ ၂:၁၀၊ ၃၁၊ ၃:၁၅။ ဗျာ၊ ၆:၁၂။\x* \v 25 ကြယ်​များ​သည်​ကောင်း​ကင်​မှ​ကြွေ​လိမ့်​မည်။ ကောင်း​ကင်​နက္ခတ်​များ​သည်​လမ်း​ကြောင်း​ပြောင်း ကြ​လိမ့်​မည်။-\x + \xo 13:25 \xt ဟေရှာ၊ ၃၄:၄။ ယောလ၊ ၂:၁၀။ ဗျာ၊ ၆:၁၃။\x* \v 26 ထို​အ​ခါ​မိုး​တိမ်​များ​ထဲ​မှ​ကြီး​စွာ​သော တန်​ခိုး​တော်၊ ဘုန်း​အ​သ​ရေ​တော်​တို့​နှင့်​လူ သား​ကြွ​လာ​သည်​ကို​မြင်​ရ​ကြ​လိမ့်​မည်။-\x + \xo 13:26 \xt ဒံ၊ ၇:၁၃။ ဗျာ၊ ၁:၇။\x* \v 27 ထို​နောက်​လူ​သား​သည်​ကောင်း​ကင်​တ​မန်​များ ကို မြေ​ကြီး​စွန်း​မှ​ကောင်း​ကင်​စွန်း​တိုင်​အောင် အ​ရပ်​လေး​မျက်​နှာ​သို့​စေ​လွှတ်​၍ မိ​မိ​ရွေး ချယ်​ထား​သူ​တို့​ကို​စု​သိမ်း​တော်​မူ​လိမ့်​မည်။'' \s1 သင်္ဘော​သ​ဖန်း​ပင်​မှ​သင်​ခန်း​စာ \r (မ၊ ၂၄:၃၂-၃၅။ လု၊ ၂၁:၂၉-၃၃) \p \v 28 ``သင်္ဘော​သ​ဖန်း​ပင်​မှ​သင်​ခန်း​စာ​တစ်​ရပ်​ကို သင်​ယူ​ကြ​လော့။ ထို​အ​ပင်​တွင်​အ​ခက်​အ​လက် နု​ထွက်​၍ အ​ရွက်​နု​ထွက်​သော​အ​ခါ​နွေ​ကာ​လ နီး​သည်​ကို​သင်​တို့​သိ​ကြ​၏။- \v 29 ထို​နည်း​တူ​စွာ​ဖော်​ပြ​ခဲ့​သော​အ​မှု​အ​ရာ​များ ဖြစ်​ပျက်​လျက်​ရှိ​သည်​ကို​တွေ့​မြင်​ရ​သော​အ​ခါ လူ​သား​သည်​သင်​တို့​အ​နီး၊ တံ​ခါး​ဝ​သို့​ပင် ရောက်​ရှိ​နေ​ပြီ​ဟု​သိ​မှတ်​ကြ​လော့။- \v 30 အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား​ဤ​အ​မှု​အ​ရာ အ​လုံး​စုံ​တို့​မ​ဖြစ်​မ​ပျက်​မီ ယ​ခု​ခေတ်​လူ​တို့ သေ​လွန်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။- \v 31 ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​တည်​သော်​လည်း ငါ ၏​စ​ကား​တည်​လိမ့်​မည်။'' \s1 ထို​နေ့​ထို​အ​ချိန်​ကို​မည်​သူ​မျှ​မ​သိ \r (မ၊ ၂၄:၃၆-၄၄) \p \v 32 ``သို့​သော်​လည်း​ထို​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​မည့် နေ့​ရက်​နာ​ရီ​ကို ခ​မည်း​တော်​မှ​တစ်​ပါး​အ​ဘယ် သူ​မျှ​မ​သိ။ ကောင်း​ကင်​ဘုံ​ရှိ​ကောင်း​ကင်​တ​မန် များ​လည်း​မ​သိ။-\x + \xo 13:32 \xt မ၊ ၂၄:၃၆။\x* \v 33 ထို​နေ့​ရက်​ကာ​လ​သည်​အ​ဘယ်​အ​ခါ​ကျ​ရောက် မည်​ကို သင်​တို့​မ​သိ​ကြ​သ​ဖြင့်​သ​တိ​နှင့်​စောင့် နေ​ကြ​လော့။ နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။- \v 34 ဥ​ပ​မာ​ဆို​သော်​နိုင်​ငံ​ရပ်​ခြား​သို့​သွား​သူ​လူ တစ်​ယောက်​သည် မိ​မိ​၏​အိမ်​ကို​ငယ်​သား​များ လက်​တွင်​အပ်​ထား​ခဲ့​၏။ သူ​တို့​အား​ကိုယ်​စီ ကိုယ်​ငှ​လုပ်​ဆောင်​ရန်​တာ​ဝန်​ဝတ္တ​ရား​များ ကို​ပေး​အပ်​ခဲ့​၏။ တံ​ခါး​မှူး​အား​သ​တိ​နှင့် စောင့်​နေ​ရန်​မှာ​ထား​ခဲ့​၏။-\x + \xo 13:34 \xt လု၊ ၁၂:၃၆-၃၈။\x* \v 35 သင်​တို့​သည်​အိမ်​ရှင်​အ​ဘယ်​အ​ခါ​ကြွ​လာ​မည် ကို​မ​သိ။ ညဥ့်​ဦး​ယံ​၌​ကြွ​ကောင်း​ကြွ​လာ​ပေ​မည်။ သို့​မ​ဟုတ်​သန်း​ခေါင်​ယံ​အ​ချိန်​၌​သော်​လည်း​ကောင်း ကြက်​ဦး​တွန်​ချိန်​၌​သော်​လည်း​ကောင်း၊ မိုး​သောက် ယံ​၌​သော်​လည်း​ကောင်း​ကြွ​လာ​နိုင်​ပေ​သည်။- \v 36 သို့​ဖြစ်​၍​အိမ်​ရှင်​ရုတ်​တ​ရက်​ကြွ​လာ​သော​အ​ခါ သင်​တို့​အိပ်​ပျော်​နေ​သည်​ကို​မ​တွေ့​စေ​ရန်​သ​တိ နှင့်​စောင့်​နေ​ကြ​လော့။- \v 37 ဤ​သို့​သင်​တို့​အား​သ​တိ​ပေး​သည်​အ​တိုင်း ခပ် သိမ်း​သော​သူ​တို့​အား​လည်း​ငါ​သ​တိ​ပေး​၏။ သ​တိ​နှင့်​စောင့်​နေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ \c 14 \s1 ကိုယ်​တော်​ကို​သတ်​ရန်​ကြံ​စည်​မှု \r (မ၊ ၂၆:၁-၅။ လု၊ ၂၂:၁-၂။ ယော၊ ၁၁:၄၅-၅၃) \p \v 1 ပ​သ​ခါ​ပွဲ​နှင့်​တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကျ​ရောက် ရန် နှစ်​ရက်​မျှ​အ​လို​တွင်​ယဇ်​ပု​ရော​ဟိတ်​မင်း များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​သည် ကိုယ်​တော် ကို​တိတ်​တ​ဆိတ်​ဖမ်း​ဆီး​၍​သတ်​ရန်​နည်း လမ်း​ရှာ​ကြံ​လျက်​နေ​ကြ​၏။-\x + \xo 14:1 \xt ထွ၊ ၁၂:၁-၂၇။\x* \v 2 သူ​တို့​က ``လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ​သ​ဖြင့် ပွဲ​တော်​ရက်​အ​တွင်း​၌ မ​ဖမ်း​ဆီး​ကြ​နှင့်'' ဟု​ဆို​ကြ​၏။ \s1 ဗေ​သ​နိ​ရွာ​တွင်​ကိုယ်​တော်​၏​ခေါင်းပေါ်​သို့ ဆီ​မွှေး​သွန်း​လောင်း​ခြင်း \r (မ၊ ၂၆:၆-၁၃။ ယော၊ ၁၂:၁-၈) \p \v 3 သ​ခင်​ယေ​ရှု​သည်​ဗေ​သ​နိ​ရွာ​၌ အ​ရေ​ပြား ရော​ဂါ​စွဲ​ကပ်​ဖူး​သူ​ရှိ​မုန်​၏​အိမ်​တွင်​ရှိ​၍ အ​စား​အ​စာ​သုံး​ဆောင်​တော်​မူ​စဉ်​အ​မျိုး သ​မီး​တစ်​ယောက်​သည် အ​လွန်​အ​ဖိုး​ထိုက် သော​နာ​ဒု​ဆီ​မွှေး​အ​စစ်​ကျောက်​ဖြူ​ဘူး ကို ကိုယ်​တော်​၏​ခေါင်း​တော်​ထက်​တွင်​သွန်း လောင်း​လေ​သည်။-\x + \xo 14:3 \xt လု၊ ၇:၃၇-၃၈။\x* \v 4 လူ​အ​ချို့​တို့​သည်​ဒေါ​သ​ထွက်​၍ ``အ​ဘယ် ကြောင့်​ဆီ​မွှေး​ကို​ဤ​သို့​အ​ကျိုး​မဲ့​ဖြုန်း​တီး ပါ​သ​နည်း။- \v 5 ဤ​ဆီ​မွှေး​ကို​ဒေ​နာ​ရိ​အ​ပြား​သုံး​ရာ​ကျော်​နှင့် ရောင်း​၍ ဆင်း​ရဲ​သူ​များ​အား​ပေး​ကမ်း​သင့်​၏'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကာ​အ​မျိုး​သ​မီး​ကို အ​ပြစ်​တင်​ကြ​၏။ \p \v 6 သ​ခင်​ယေ​ရှု​က ``ထို​အ​မျိုး​သ​မီး​ကို​ရှိ​စေ​တော့။ အ​ဘယ်​ကြောင့်​သူ့​ကို​နှောင့်​ယှက်​ကြ​သ​နည်း။ ငါ့ အား​သူ​ပြု​သော​အ​မှု​သည်​လျောက်​ပတ်​ပေ​၏။- \v 7 ဆင်း​ရဲ​သူ​များ​သည်​သင်​တို့​နှင့်​အ​မြဲ​ရှိ​နေ​ကြ ၏။ သင်​တို့​အ​လို​ရှိ​သည့်​အ​ခါ​တိုင်း​သူ​တို့​အား ကျေး​ဇူး​ပြု​နိုင်​ကြ​၏။ ငါ​မူ​ကား​သင်​တို့​နှင့် အ​မြဲ​ရှိ​နေ​သည်​မ​ဟုတ်။-\x + \xo 14:7 \xt တရား၊ ၁၅:၁၁။\x* \v 8 ဤ​အ​မျိုး​သ​မီး​သည်​သူ​တတ်​နိုင်​သ​မျှ​ငါ့ အား​ပြု​စု​လေ​ပြီ။ ငါ​၏​ရုပ်​အ​လောင်း​ကို​သင်္ဂြိုဟ် ရန် ကြို​တင်​၍​ဆီ​မွှေး​နှင့်​လိမ်း​ကျံ​လေ​ပြီ။- \v 9 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​သ​တင်း ကောင်း​ကြေ​ညာ​ရာ ကမ္ဘာ​အ​ရပ်​ရပ်​တွင်​ဤ​အ​မျိုး သ​မီး​ကို​အောက်​မေ့​သ​တိ​ရ​ကြ​စေ​ရန် သူ​ပြု ခဲ့​သော​ကောင်း​မှု​ကို​ပြော​ကြား​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ \s1 သ​ခင်​ယေ​ရှု​ကို​သစ္စာ​ဖောက်​ရန်​ယု​ဒ​ကြံ​စည်​ခြင်း \r (မ၊ ၂၆:၁၄-၁၆။ လု၊ ၂၂:၃-၆) \p \v 10 တစ်​ကျိပ်​နှစ်​ပါး​အ​ပါ​အ​ဝင်​ဖြစ်​သော​ယု​ဒ ရှ​ကာ​ရုတ်​သည် ကိုယ်​တော်​ကို​ရန်​သူ့​လက်​သို့ အပ်​ရန်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​ထံ​သို့​သွား​၏။- \v 11 ထို​သူ​တို့​သည်​သူ​လာ​ရ​သည့်​အ​ကြောင်း​ကို ကြား​သိ​သော​အ​ခါ ဝမ်း​မြောက်​သ​ဖြင့်​သူ့​အား ငွေ​ပေး​ရန်​က​တိ​ပြု​ကြ​၏။ သို့​ဖြစ်​၍​ယု​ဒ သည်​ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့​အပ်​ရန် အ​ခွင့်​ကောင်း​ကို​ရှာ​လျက်​နေ​၏။ \s1 ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​နှင့်​အ​တူ ပ​သ​ခါ​ည​စာ​စား​တော်​မူ​ခြင်း \r (မ၊ ၂၆:၁၇-၂၅။ လု၊ ၂၂:၇-၁၄၊ ၂၁-၂၃။ ယော၊ ၁၃:၂၁-၃၀) \p \v 12 ပ​သ​ခါ​သိုး​သူ​ငယ်​ကို​သတ်​၍​ပူ​ဇော်​ရ​သော နေ့​တည်း​ဟူ​သော တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ပ​ထ​မ နေ့​၌​တ​ပည့်​တော်​တို့​က ``အ​ရှင့်​အ​တွက်​ပ​သ​ခါ ပွဲ​ည​စာ​ကို အ​ကျွန်ုပ်​တို့​အ​ဘယ်​အ​ရပ်​သို့​သွား ၍​ပြင်​ဆင်​ရ​ပါ​မည်​နည်း'' ဟု​ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။ \p \v 13 ကိုယ်​တော်​က​တ​ပည့်​တော်​နှစ်​ယောက်​အား ``သင်​တို့ သည်​မြို့​ထဲ​သို့​သွား​ကြ။ ရေ​အိုး​ထမ်း​လာ​သူ​လူ တစ်​ယောက်​သည် သင်​တို့​ကို​ကြို​ဆို​လိမ့်​မည်။- \v 14 ထို​သူ​၏​နောက်​သို့​လိုက်​သွား​ကြ​လော့။ သူ​ဝင်​သော အိမ်​မှ​အိမ်​ရှင်​အား ``ဆ​ရာ​တော်​နှင့်​တ​ပည့်​များ ပ​သ​ခါ​ပွဲ​ည​စာ​ကို​စား​ရန်​အ​ခန်း​ကား​အ​ဘယ် မှာ​နည်း'' ဟု​ဆ​ရာ​တော်​က​မေး​ကြောင်း​ပြော ကြ​လော့။- \v 15 သူ​သည်​အ​ထက်​ထပ်​ရှိ​အ​သင့်​ပြင်​ဆင်​ခင်း​ကျင်း ထား​သော​အ​ခန်း​ကြီး​ကို​သင်​တို့​အား​ပြ​လိမ့်​မည်။ ယင်း​အ​ခန်း​တွင်​ငါ​တို့​အ​တွက်​ည​စာ​ကို​ပြင် ကြ​လော့'' ဟု​မိန့်​မှာ​၍​စေ​လွှတ်​တော်​မူ​၏။ \p \v 16 ထို​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည်​ထွက်​သွား​ပြီး လျှင် မြို့​တွင်း​သို့​ဝင်​ကြ​၏။ မြို့​ထဲ​သို့​ရောက်​သော အ​ခါ​ကိုယ်​တော်​မိန့်​မှာ​တော်​မူ​လိုက်​သည့်​အ​တိုင်း တွေ့​၍ ပ​သ​ခါ​ည​စာ​ကို​အ​သင့်​ပြင်​ကြ​၏။ \p \v 17 ည​ချမ်း​အ​ချိန်​ရောက်​သော် ကိုယ်​တော်​သည် တစ်​ကျိပ်​နှစ်​ပါး​နှင့်​အ​တူ​ကြွ​လာ​တော်​မူ​၏။- \v 18 သူ​တို့​သည်​စား​ပွဲ​မှာ​ထိုင်​လျက်​စား​နေ​ကြ​စဉ် သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား သင်​တို့​အ​နက်​ငါ​နှင့်​အ​တူ​စား​နေ သူ​တစ်​ဦး​သည်​ငါ့​ကို​သစ္စာ​ဖောက်​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။\x + \xo 14:18 \xt ဆာ၊ ၄၁:၉။\x* \p \v 19 တ​ပည့်​တော်​တို့​သည်​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​ကြ လျက် ``ထို​သူ​သည်​အ​ကျွန်ုပ်​ပေ​လော'' ဟု​တစ်​ဦး နောက်​တစ်​ဦး​ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။ \p \v 20 ကိုယ်​တော်​က ``ထို​သူ​သည်​တစ်​ကျိပ်​နှစ်​ပါး​တွင် အ​ပါ​အ​ဝင်​ဖြစ်​၏။ ငါ​နှိုက်​သော​ပန်း​ကန်​တွင် နှိုက်​၍​စား​သူ​ဖြစ်​၏။- \v 21 ကျမ်း​စာ​လာ​သည်​အ​တိုင်း​လူ​သား​သည်​အ​သေ​ခံ ရ​မည်။ သို့​ရာ​တွင်​လူ​သား​အား​ရန်​သူ့​လက်​သို့ အပ်​သူ​သည်​အ​မင်္ဂ​လာ​ရှိ​၏။ မွေး​ဖွား​ခြင်း​ကို မ​ခံ​ရ​လျှင်​သူ့​အ​ဖို့​သာ​၍​ကောင်း​သေး​၏'' ဟု မိန့်​တော်​မူ​၏။ \s1 ပွဲ​တော်​မင်္ဂ​လာ​အ​ကြောင်း \r (မ၊ ၂၆:၂၆-၃၀။ လု၊ ၂၂:၁၄-၂၀။ ၁ကော၊ ၁၁:၂၃-၂၅) \p \v 22 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ည​စာ​စား နေ​ကြ​စဉ်​ကိုယ်​တော်​သည်​မုန့်​ကို​ယူ​၍ ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ​၏။ ထို​နောက်​မုန့်​ကို​ဖဲ့​၍ ``ဤ​မုန့်​ကား​ငါ​၏​ကိုယ် ခန္ဓာ​ဖြစ်​၏။ ယူ​၍​စား​ကြ​လော့'' ဟု​မိန့်​တော်​မူ ပြီး​လျှင်​တ​ပည့်​တော်​တို့​အား​ဝေ​ပေး​တော် မူ​၏။ \p \v 23 စ​ပျစ်​ရည်​ခွက်​ကို​လည်း​ယူ​၍​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​နောက် သူ​တို့ အား​ပေး​တော်​မူ​လျှင်​သူ​တို့​အား​လုံး​သည် သောက်​ကြ​၏။- \v 24 ကိုယ်​တော်​က ``ဤ​စ​ပျစ်​ရည်​ကား​လူ​အ​များ အ​တွက်​သွန်း​သော ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တော်​ကို​တံ​ဆိပ်​ခတ်​နှိပ်​သော​ငါ​၏​သွေး​ဖြစ်​၏။-\x + \xo 14:24 \xt ထွ၊ ၂၄:၈။ ယေ၊ ၃၁:၃၁-၃၄။\x* \v 25 သင်​တို့​အား​ငါ​ဆို​သည်​ကား​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​တွင် စ​ပျစ်​ရည်​သစ်​ကို​သောက်​ရ​သည့် နေ့​မ​တိုင်​မီ ငါ​သည်​ဤ​စ​ပျစ်​ရည်​ကို​နောက်​တစ် ဖန်​သောက်​တော့​မည်​မ​ဟုတ်'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။ \p \v 26 ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဋ္ဌမ္မ သီ​ချင်း​ဆို​ပြီး​လျှင်​သံ​လွင်​တောင်​သို့​ထွက် သွား​ကြ​၏။ \s1 ပေ​တ​ရု​ငြင်း​ဆို​မည်​ကို​ကြို​တင်​ဖော်​ပြ​တော်​မူ​ခြင်း \r (မ၊ ၂၆:၃၁-၃၅။ လု၊ ၂၂:၃၁-၃၄။ ယော၊ ၁၃:၃၆-၃၈) \p \v 27 သ​ခင်​ယေ​ရှု​က ``ကျမ်း​စာ​တော်​တွင် `ငါ​သည်​သိုး ထိန်း​ကို​ရိုက်​သတ်​သ​ဖြင့် သိုး​တို့​သည်​က​စဥ့်​က​ရဲ ဖြစ်​ကြ​လိမ့်​မည်' ဟု​ပါ​ရှိ​သည်​နှင့်​အ​ညီ​သင်​တို့ သည်​ငါ့​ကို​စွန့်​၍​ထွက်​ပြေး​ကြ​လိမ့်​မည်။-\x + \xo 14:27 \xt ဇာ၊ ၁၃:၇။\x* \v 28 သို့​ရာ​တွင်​ငါ​သည်​သေ​ခြင်း​မှ​ထ​မြောက်​ပြီး နောက် ဂါ​လိ​လဲ​ပြည်​သို့​သင်​တို့​အ​လျင်​သွား နှင့်​မည်'' ဟု​တ​ပည့်​တော်​တို့​အား​မိန့်​တော်​မူ​၏။\x + \xo 14:28 \xt မ၊ ၂၈:၁၆။\x* \p \v 29 ပေ​တ​ရု​က ``အ​ခြား​သူ​အ​ပေါင်း​တို့​အ​ရှင့်​ကို စွန့်​ပစ်​ကြ​သော်​လည်း အ​ကျွန်ုပ်​မ​စွန့်​ပစ်​ပါ'' ဟု ကိုယ်​တော်​အား​လျှောက်​ထား​၏။ \p \v 30 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား ယ​နေ့​ည​၌​ပင်​ကြက်​နှစ်​ကြိမ်​မ​တွန်​မီ သင်​သည်​သုံး​ကြိမ်​တိုင်​တိုင်​ငါ့​ကို​မ​သိ​ဟု​ငြင်း ဆို​လိမ့်​မည်'' ဟု​ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။ \p \v 31 သို့​ရာ​တွင်​ပေ​တ​ရု​က ``အ​ကျွန်ုပ်​သည်​အ​ရှင် နှင့်​အ​တူ​ပင်​သေ​ရ​သော်​လည်း အ​ရှင့်​ကို​မ​သိ ဟု​ငြင်း​ဆို​မည်​မ​ဟုတ်​ပါ'' ဟု​အ​လေး​အ​နက် လျှောက်​ထား​၏။ \p အ​ခြား​တ​ပည့်​တော်​တို့​သည်​လည်း ဤ​နည်း အ​တိုင်း​လျှောက်​ထား​ကြ​၏။ \s1 ဂေ​သ​ရှေ​မန်​ဥ​ယျာဉ်​တွင်​ဆု​တောင်း​တော်​မူ​ခြင်း \r (မ၊ ၂၆:၃၆-၄၆။ လု၊ ၂၂:၃၉-၄၆) \p \v 32 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဂေ​သ​ရှေ​မန် ဟု​နာ​မည်​တွင်​သော​အ​ရပ်​သို့​ရောက်​ကြ​၏။ ကိုယ် တော်​သည် ``ငါ​ဆု​တောင်း​နေ​စဉ်​သင်​တို့​ဤ​နေ​ရာ ၌​ထိုင်​နေ​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့​အား​မှာ ကြား​ပြီး​နောက်၊- \v 33 ပေ​တ​ရု၊ ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​ကို​မိ​မိ​နှင့် အ​တူ​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ကိုယ်​တော်​သည် ပြင်း​စွာ​ပူ​ပင်​သော​က​ဖြစ်​တော်​မူ​သ​ဖြင့်၊- \v 34 ``ငါ​သည်​သေ​လု​နီး​ပါး​စိတ်​ဒုက္ခ​ရောက်​လှ​၏။ သင်​တို့​ဤ​အ​ရပ်​တွင်​သ​တိ​နှင့်​စောင့်​နေ​ကြ လော့'' ဟု​တ​ပည့်​တော်​တို့​သုံး​ဦး​တို့​အား​မိန့် တော်​မူ​၏။ \p \v 35-36 ထို​နောက်​ရှေ့​သို့​အ​နည်း​ငယ်​ကြွ​တော်​မူ​၍ မြေ​ပေါ် တွင်​ပျပ်​ဝပ်​တော်​မူ​ပြီး​လျှင် ``အ​ဖ​ခ​မည်း​တော်၊ ကိုယ်​တော်​သည်​အ​မှု​အ​ရာ​ခပ်​သိမ်း​ကို​တတ်​နိုင် တော်​မူ​ပါ​၏။ ဤ​ဒုက္ခ​ဝေ​ဒ​နာ​ခွက်​ကို​အ​ကျွန်ုပ် ထံ​မှ​လွှဲ​ဖယ်​ပေး​တော်​မူ​ပါ။ သို့​ရာ​တွင်​အ​ကျွန်ုပ် ၏​အ​လို​အ​တိုင်း​မ​ဟုတ်​ပါ။ ကိုယ်​တော်​၏​အ​လို တော်​အ​တိုင်း​ဖြစ်​စေ​တော်​မူ​ပါ'' ဟူ​၍​မိ​မိ ခံ​ရ​မည့်​ဝေ​ဒ​နာ​ကို​လွှဲ​ဖယ်​ရန်​ဖြစ်​နိုင်​ပါ က လွှဲ​ဖယ်​ပေး​တော်​မူ​ပါ​မည့်​အ​ကြောင်း​ဆု တောင်း​တော်​မူ​၏။ \p \v 37 ထို​နောက်​ကိုယ်​တော်​သည်​တ​ပည့်​တော်​သုံး​ဦး​တို့ ထံ​သို့​ပြန်​လာ​တော်​မူ​ရာ သူ​တို့​အိပ်​ပျော်​လျက် နေ​ကြ​သည်​ကို​တွေ့​တော်​မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော် က ``ရှိ​မုန်၊ သင်​သည်​အိပ်​ပျော်​နေ​သ​လော။ မ​အိပ်​ဘဲ တစ်​နာ​ရီ​မျှ​ပင်​စောင့်​၍​မ​နေ​နိုင်​သ​လော'' ဟု ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။- \v 38 ထို့​နောက်​ကိုယ်​တော်​က ``သင်​တို့​သည်​စုံ​စမ်း သွေး​ဆောင်​ရာ​သို့​မ​လိုက်​မ​ပါ​အံ့​သော​ငှာ ဆု တောင်း​လျက်​စောင့်​နေ​ကြ​လော့။ စိတ်​ဆန္ဒ​ရှိ​သော် လည်း​ကိုယ်​ခန္ဓာ​ကား​အား​နည်း​သည်'' ဟု​သူ​တို့ အား​မိန့်​တော်​မူ​၏။ \p \v 39 ကိုယ်​တော်​သည်​တစ်​ဖန်​ကြွ​တော်​မူ​ပြန်​၍ အ​ထက်​နည်း​အ​တိုင်း​ဆု​တောင်း​တော်​မူ​၏။- \v 40 ထို့​နောက်​တ​ပည့်​တော်​သုံး​ဦး​တို့​ထံ​သို့​ကြွ လာ​တော်​မူ​သော​အ​ခါ သူ​တို့​သည်​မျက်​စိ လေး​လံ​သ​ဖြင့် တစ်​ဖန်​အိပ်​ပျော်​နေ​ကြ​သည် ကို​တွေ့​မြင်​တော်​မူ​၏။ သူ​တို့​သည်​ကိုယ်​တော် အား​အ​ဘယ်​သို့​လျှောက်​ထား​ရ​မည်​ကို မ​သိ​ကြ။ \p \v 41 ကိုယ်​တော်​သည်​သူ​တို့​ထံ​သို့​တ​တိ​ယ​အ​ကြိမ် ကြွ​လာ​တော်​မူ​၍ ``သင်​တို့​သည်​ယ​ခု​တိုင်​အိပ် ပျော်​လျက်၊ နား​လျက်​နေ​ကြ​သေး​သ​လော။ တော် လောက်​ပြီ။ လူ​သား​ကို​ဆိုး​ယုတ်​သူ​များ​လက် သို့​အပ်​နှံ​သော​အ​ချိန်​ယ​ခု​ရောက်​လာ​ပြီ။- \v 42 လာ​ကြ။ ငါ​တို့​သွား​ကြ​ကုန်​အံ့။ ငါ့​အား​ရန်​သူ့ လက်​သို့​အပ်​မည့်​သူ​သည်​ရောက်​လာ​ပြီ'' ဟု မိန့်​တော်​မူ​၏။ \s1 ကိုယ်​တော်​ကို​ဖမ်း​ဆီး​ကြ​ခြင်း \r (မ၊ ၂၆:၄၇-၅၆။ လု၊ ၂၂:၄၇-၅၃။ ယော၊ ၁၈:၃-၁၂) \p \v 43 ယင်း​သို့​ကိုယ်​တော်​မိန့်​တော်​မူ​စဉ်​တွင် တစ်​ကျိပ် နှစ်​ပါး​အ​ဝင်​ဖြစ်​သော​ယု​ဒ​ရောက်​ရှိ​လာ​၏။ သူ​နှင့်​အ​တူ​တုတ်၊ ဋ္ဌား​ကိုင်​သူ​လူ​အ​မြောက် အ​မြား​ပါ​၏။ ထို​သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ် ကြီး​များ၊ ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဘာ​သာ ရေး​ခေါင်း​ဆောင်​များ​က​စေ​လွှတ်​၍​ရောက်​ရှိ လာ​ကြ​ခြင်း​ဖြစ်​သည်။- \v 44 ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့​အပ်​မည့်​သူ က ``ငါ​နမ်း​ရှုပ်​နှုတ်​ဆက်​သူ​သည်​ယေ​ရှု​ဖြစ်​၏။ သူ့​ကို​ဖမ်း​ဆီး​၍​အ​စောင့်​နှင့်​ခေါ်​သွား​ကြ လော့'' ဟု​သူ​တို့​အား​အ​မှတ်​ပေး​ခဲ့​၏။ \p \v 45 သူ​သည်​ရောက်​လာ​ပြီး​လျှင်​ချက်​ချင်း​ပင် ကိုယ်​တော်​ထံ​သို့​ချဉ်း​ကပ်​ကာ ``အ​ရှင်​ဘု​ရား'' ဟု​ဆို​၍​ကိုယ်​တော်​ကို​နမ်း​ရှုပ်​လေ​သည်။- \v 46 လူ​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ချုပ်​ကိုင် ထား​ကြ​၏။- \v 47 ထို​အ​ခါ​အ​နီး​တွင်​ရပ်​နေ​သူ​လူ​တစ်​ဦး​သည် ဋ္ဌား​ကို​ဆွဲ​ထုတ်​၍ ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကျွန် တစ်​ယောက်​ကို​ခုတ်​လိုက်​ရာ​ထို​သူ​နား​ရွက် ပြတ်​လေ​၏။- \v 48 သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ဋ္ဌား​ပြ​ကို ဖမ်း​ဆီး​သ​ကဲ့​သို့ ငါ့​ကို​ဖမ်း​ဆီး​ရန်​တုတ်၊ ဋ္ဌား​များ​နှင့်​လာ​ကြ​သ​လော။- \v 49 ငါ​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင် သင်​တို့ ရှေ့​မှာ​ဟော​ပြော​သွန်​သင်​ခဲ့​၏။ သင်​တို့​ငါ့​ကို မ​ဖမ်း​မ​ဆီး​ခဲ့​ကြ။ သို့​ရာ​တွင်​ကျမ်း​စာ​လာ သည်​အ​တိုင်း​ဖြစ်​ပျက်​ရ​မည်'' ဟု​ထို​သူ​တို့ အား​မိန့်​တော်​မူ​၏။\x + \xo 14:49 \xt လု၊ ၁၉:၄၇၊ ၂၁:၃၇။\x* \p \v 50 ထို​အ​ခါ​တ​ပည့်​တော်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​စွန့်​၍​ထွက်​ပြေး​ကြ​၏။ \p \v 51 ပိတ်​ပိုင်း​လွှာ​တစ်​ခု​ကို​သာ​ဝတ်​ထား​သည့်​လူ​ငယ် လူ​ရွယ်​တစ်​ယောက်​သည် ကိုယ်​တော်​၏​နောက်​တော် က​လိုက်​လာ​၏။ လူ​အ​ချို့​တို့​သည်​သူ့​ကို​ဖမ်း ဆီး​မည်​ပြု​ကြ​သော​အ​ခါ၊- \v 52 သူ​သည်​ပိတ်​ပိုင်း​လွှာ​ကို​စွန့်​၍​အ​ဝတ်​မ​ပါ​ဘဲ ထွက်​ပြေး​လေ​၏။ \s1 ယု​ဒ​တ​ရား​လွှတ်​တော်​၌​ကိုယ်​တော်​ကို စစ်​ဆေး​ကြ​ခြင်း \r (မ၊ ၂၆:၅၇-၆၈။ လု၊ ၂၂:၅၄-၅၅၊ ၆၃-၇၁။ ယော၊ ၁၈:၁၃-၁၄၊ ၁၉-၂၄) \p \v 53 ထို​သူ​တို့​သည်​သ​ခင်​ယေ​ရှု​ကို ယဇ်​ပု​ရော​ဟိတ် မင်း​၏​ကျောင်း​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ၊ ဘာ​သာ​ရေး​ခေါင်း ဆောင်​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​သည် ထို​ကျောင်း​တော်​တွင်​စု​ရုံး​လျက်​ရှိ​နေ​ကြ သည်။- \v 54 ပေ​တ​ရု​သည်​ခပ်​လှမ်း​လှမ်း​က​နေ​၍ ယဇ်​ပု​ရော ဟိတ်​မင်း​၏​ကျောင်း​တော်​ဝင်း​အ​တွင်း​သို့​တိုင် အောင် ကိုယ်​တော်​၏​နောက်​တော်​က​လိုက်​လာ​ခဲ့​၏။ သူ​သည်​ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​ရံ​တော် တပ်​သား​များ​နှင့်​အ​တူ မီး​လှုံ​လျက်​နေ​၏။- \v 55 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​တ​ကွ ယု​ဒ တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​သည် သ​ခင်​ယေ​ရှု​အား​သေ​ဒဏ်​ပေး​နိုင်​ရန်​သက်​သေ ကို​ရှာ​သော်​လည်း​မ​တွေ့​ကြ။- \v 56 လူ​အ​များ​ပင်​လိမ်​လည်​သက်​သေ​ခံ​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​၏​ထွက်​ဆို​ချက်​များ​ကိုက် ညီ​မှု​မ​ရှိ။ \p \v 57-58 လူ​အ​ချို့​တို့​သည်​ထ​၍ ``လူ့​လက်​ဖြင့်​တည်​ဆောက် သော ဤ​ဗိ​မာန်​ကို​ငါ​ဖြို​ဖျက်​မည်။ ထို​နောက်​သုံး​ရက် ကြာ​သော​အ​ခါ လူ့​လက်​ဖြင့်​မ​တည်​မ​ဆောက်​သည့် ဗိ​မာန်​တော်​ကို​ငါ​တည်​ဆောက်​မည်​ဟု သူ​ပြော​ဆို သည်​ကို​အ​ကျွန်ုပ်​တို့​ကိုယ်​တိုင်​ကြား​ပါ​သည်'' ဟု မ​ဟုတ်​မ​မှန်​ထွက်​ဆို​ကြ​၏။-\x + \xo 14:57-58 \xt ယော၊ ၂:၁၉။\x* \v 59 သို့​ရာ​တွင်​ထို​သူ​တို့​ထွက်​ဆို​ချက်​များ​ပင်​လျှင် ကိုက်​ညီ​မှု​မ​ရှိ။ \p \v 60 ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​လူ​ပ​ရိ​သတ်​တို့​အ​လယ် တွင်​ရပ်​လျက် သ​ခင်​ယေ​ရှု​အား ``ထို​သူ​တို့​သင့်​အား စွပ်​စွဲ​ပြော​ဆို​နေ​ကြ​သည်​ကို သင်​သည်​မည်​သို့​မျှ မ​ဖြေ​ဘဲ​နေ​သ​လော'' ဟု​မေး​၏။- \v 61 သို့​ရာ​တွင်​ကိုယ်​တော်​သည်​ဆိတ်​ဆိတ်​နေ​တော်​မူ​၏။ စ​ကား​တစ်​ခွန်း​ကို​မျှ​ပြန်​၍​ပြော​တော်​မ​မူ။ တစ် ဖန်​ယဇ်​ပု​ရော​ဟိတ်​မင်း​က ``သင်​သည်​မင်္ဂ​လာ​ရှိ တော်​မူ​သော​ဘု​ရား​သ​ခင်​၏​သား​တော်​မေ​ရှိ​ယ လော'' ဟု​မေး​၏။ \p \v 62 သ​ခင်​ယေ​ရှု​က ``မှန်​၏။ လူ​သား​သည်​အ​နန္တ တန်​ခိုး​ရှင်​၏​လက်​ယာ​ဘက်​၌​ထိုင်​လျက်​နေ​သည် ကို​လည်း​ကောင်း၊ မိုး​တိမ်​စီး​၍​ကြွ​လာ​သည်​ကို လည်း​ကောင်း​သင်​တို့​မြင်​ရ​ကြ​လတ္တံ့'' ဟု​မိန့် တော်​မူ​၏။-\x + \xo 14:62 \xt ဒံ၊ ၇:၁၃။\x* \v 63 ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​မင်း​သည် မိ​မိ​၏ အ​ဝတ်​ကို​ဆွဲ​ဆုတ်​ပြီး​လျှင် ``ငါ​တို့​အ​ဘယ်​မှာ လျှင်​သက်​သေ​များ​ထပ်​၍​လို​ပါ​တော့​မည်​နည်း။- \v 64 ဘု​ရား​သ​ခင်​အား​ထို​သူ​ပြစ်​မှား​ပြော​ဆို​သည် ကို​သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​မည်​သို့​စီ​ရင် ချက်​ချ​မှတ်​ကြ​မည်​နည်း'' ဟု​ဆို​၏။ \p ထို​သူ​အား​လုံး​တို့​က ``ပြစ်​မှု​ထင်​ရှား​သ​ဖြင့် သေ​ဒဏ်​ပေး​ထိုက်​သည်'' ဟု​စီ​ရင်​ချက်​ချ​မှတ် ကြ​၏။-\x + \xo 14:64 \xt ဝတ်၊ ၂၄:၁၆။\x* \v 65 အ​ချို့​သော​သူ​တို့​သည်​ကိုယ်​တော်​ကို​တံ​တွေး နှင့်​ထွေး​ကြ​၏။ မျက်​နှာ​တော်​ကို​ဖုံး​ပြီး​လျှင် ရိုက်​ပုတ်​ကြ​၏။ ``အ​ရှင်​အား​မည်​သူ​ရိုက်​ပုတ် သည်​ကို​ဟော​တော်​မူ​ပါ'' ဟု​ဆို​ကြ​၏။ ယဇ် ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​ရံ​တော်​တပ်​သား​တို့ သည်​ပါး​တော်​ကို​လက်​ဖြင့်​ရိုက်​ကြ​၏။ \s1 ကိုယ်​တော်​ကို​မ​သိ​ဟု​ပေ​တ​ရု​ငြင်း​ဆို​ခြင်း \r (မ၊ ၂၆:၆၉-၇၅။ လု၊ ၂၂:၅၆-၆၂။ ယော၊ ၁၈:၁၅-၁၈၊ ၂၅-၂၇) \p \v 66 ပေ​တ​ရု​သည်​ကျောင်း​တော်​ဝင်း​အ​တွင်း​၌​ရှိ​နေ စဉ် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အ​စေ​ခံ​မ​က​လေး တစ်​ယောက်​သည်​ရောက်​ရှိ​လာ​၏။- \v 67 ပေ​တ​ရု​မီး​လှုံ​နေ​သည်​ကို​မြင်​သော​အ​ခါ သူ့ ကို​စေ့​စေ့​ကြည့်​၍ ``သင်​သည်​လည်း​နာ​ဇ​ရက် မြို့​သား​ယေ​ရှု​၏​အ​ပေါင်း​အ​ဖော်​ဖြစ်​၏'' ဟု ဆို​၏။ \p \v 68 ပေ​တ​ရု​က ``သင်​ပြော​သည့်​အ​ရာ​ကို​ငါ​မ​သိ၊ နား​မ​လည်'' ဟု​ငြင်း​ဆို​၏။ ထို​နောက်​သူ​သည် ဝင်း​၏​အ​ဝင်​ဝ​ဆီ​သို့​သွား​၏။ ထို​အ​ချိန်​၌ ကြက်​တွန်​လေ​၏။ \p \v 69 အ​စေ​ခံ​မ​က​လေး​သည်​ပေ​တ​ရု​ကို​တစ်​ဖန်​မြင် ပြန်​သ​ဖြင့် အ​နား​၌​ရပ်​နေ​သူ​တို့​အား ``ဤ​သူ သည်​ထို​သူ​တို့​နှင့်​အ​ပေါင်း​ပါ​ဖြစ်​၏'' ဟု​ဆို ပြန်​၏။- \v 70 ပေ​တ​ရု​သည်​လည်း​မ​ဟုတ်​ကြောင်း​ငြင်း​ဆို​ပြန်​၏။ \p ထို​နောက်​များ​မ​ကြာ​မီ​အ​နီး​တွင်​ရပ်​နေ​သူ​တို့ က ``သင်​သည်​ဂါ​လိ​လဲ​ပြည်​သား​ဖြစ်​သ​ဖြင့် အ​မှန်​ပင်​ထို​သူ​တို့​နှင့်​အ​ပေါင်း​ပါ​ဖြစ်​၏'' ဟု​သူ့​အား​ဆို​ကြ​၏။ \p \v 71 သို့​ရာ​တွင်​ပေ​တ​ရု​က ``သင်​တို့​ပြော​သော​သူ ကို​ငါ​မ​သိ'' ဟု​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍ ကျိန်​ဆို​လေ​၏။ \p \v 72 ထို​ခ​ဏ​၌​ဒု​တိ​ယ​အ​ကြိမ်​ကြက်​တွန်​လေ​၏။ ထို​အ​ခါ ``ကြက်​နှစ်​ကြိမ်​မ​တွန်​မီ​သင်​သည်​ငါ့ ကို​မ​သိ​ဟူ​၍​သုံး​ကြိမ်​မြောက်​အောင်​ငြင်း​ဆို လိမ့်​မည်'' ဟု​သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​ခဲ့​သည့် စ​ကား​ကို ပေ​တ​ရု​သည်​ပြန်​လည်​သ​တိ​ရ သ​ဖြင့်​ငို​ကြွေး​လေ​၏။ \c 15 \b \s1 ဘု​ရင်​ခံ​ပိ​လတ်​မင်း​ထံ​သို့​ကိုယ်​တော်​ကို ပို့​ဆောင်​ကြ​ခြင်း \r (မ၊ ၂၇:၁-၂၊ ၁၁-၁၄။ လု၊ ၂၃:၁-၅။ ယော၊ ၁၈:၂၈-၃၈) \p \v 1 နံ​နက်​စော​စော​၌​ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့​သည် ကျမ်း​တတ်​ဆ​ရာ​များ၊ ဘာ​သာ​ရေး​ခေါင်း​ဆောင် များ​နှင့်​ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း တို့​နှင့် အ​လျင်​အ​မြန်​တွေ့​ဆုံ​၍​တိုင်​ပင်​ကြ​၏။ ထို​နောက်​သ​ခင်​ယေ​ရှု​ကို​ချည်​နှောင်​ကာ ပိ​လတ် မင်း​ထံ​သို့​ခေါ်​ဆောင်​၍​အပ်​လိုက်​ကြ​၏။- \v 2 ပိ​လတ်​မင်း​က ``သင်​သည်​ယု​ဒ​ရှင်​ဘု​ရင်​မှန် သ​လော'' ဟု​ကိုယ်​တော်​အား​မေး​၏။ \p ကိုယ်​တော်​က ``မင်း​ကြီး​မေး​သည့်​အ​တိုင်း​မှန်​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 3 ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့​သည်​ကိုယ်​တော်​အ​ပေါ် အ​ပြစ်​များ​စွာ​စွပ်​စွဲ​ကြ​၏။- \v 4 သို့​ဖြစ်​၍​တစ်​ဖန်​ပိ​လတ်​မင်း​က​ကိုယ်​တော် အား ``သင်​သည်​မည်​သို့​မျှ​မ​ဖြေ​ဘဲ​နေ​ပါ သ​လော။ သင့်​အ​ပေါ်​မည်​မျှ​အ​ပြစ်​တင်​သည် ကို​ကြည့်​ပါ'' ဟု​ဆို​၏။ \p \v 5 သ​ခင်​ယေ​ရှု​သည်​ဆိတ်​ဆိတ်​နေ​တော်​မူ​သ​ဖြင့် ပိ​လတ်​မင်း​သည်​အံ့​သြ​လေ​၏။ \b \s1 ကိုယ်​တော်​ကို​သေ​ဒဏ်​စီ​ရင်​ကြ​ခြင်း \r (မ၊ ၂၇:၁၅-၂၆။ လု၊ ၂၃:၁၃-၂၅။ ယော၊ ၁၈:၃၉-၁၉:၁၆) \p \v 6 ပိ​လတ်​မင်း​သည်​ပ​သ​ခါ​ပွဲ​အ​ခါ​ကျ​တိုင်း ပြည်​သူ​တို့​တောင်း​သည့်​အ​ကျဉ်း​သ​မား တစ်​ယောက်​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး လေ့​ရှိ​၏။- \v 7 ထို​အ​ချိန်​၌​ပုန်​ကန်​ထ​ကြွ​မှု​နှင့်​လူ​သတ်​မှု ဖြင့် အ​ကျဉ်း​ခံ​နေ​ရ​သူ​များ​ရှိ​၏။ ထို​သူ​တို့ အ​ထဲ​တွင်​ဗာ​ရဗ္ဗ​ဆို​သူ​တစ်​ဦး​လည်း​ပါ​၏။- \v 8 လူ​ပ​ရိ​သတ်​တို့​သည်​ပွဲ​တော်​အ​ခါ​၌​အ​စဉ် အ​လာ​ရှိ​သည်​အ​တိုင်း​တောင်း​ခံ​ရန်​ပိ​လတ် မင်း​ထံ​လာ​ရောက်​ကြ​သော​အ​ခါ၊- \v 9 ပိ​လတ်​မင်း​က ``သင်​တို့​သည်​ယု​ဒ​ရှင်​ဘု​ရင် အား လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​စေ​လို​သ​လော'' ဟု​မေး​၏။- \v 10 ထို​သို့​မေး​သည့်​အ​ကြောင်း​မှာ​ယဇ်​ပု​ရော​ဟိတ် ကြီး​တို့​သည် သ​ခင်​ယေ​ရှု​အား​မ​နာ​လို​သ​ဖြင့် မိ​မိ​ထံ​သို့​ပို့​အပ်​ကြ​ကြောင်း​ကို​သိ​သော ကြောင့်​ဖြစ်​၏။ \p \v 11 ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့​လှုံ့​ဆော်​သ​ဖြင့် လူ​အ​ပေါင်း တို့​သည်​သ​ခင်​ယေ​ရှု​အ​စား​ဗာ​ရဗ္ဗ​အား​လွတ်​ငြိမ်း ချမ်း​သာ​ခွင့်​ပေး​ရန်​တောင်း​ဆို​ကြ​၏။- \v 12 ပိ​လတ်​မင်း​က ``ယု​ဒ​ရှင်​ဘု​ရင်​ဟု​သင်​တို့​ခေါ် သူ​ကို ငါ​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း'' ဟု​ပြန်​၍ မေး​၏။ \p \v 13 သူ​တို့​က ``ထို​သူ​ကို​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ပါ'' ဟု​ပြန်​၍​ဟစ်​အော်​ကြ​၏။ \p \v 14 ပိ​လတ်​မင်း​က ``အ​ဘယ်​ကြောင့်​နည်း။ သူ​သည် အ​ဘယ်​အ​ပြစ်​ကို​ကူး​လွန်​သ​နည်း'' ဟု​မေး​၏။ \p လူ​တို့​သည် ``ထို​သူ​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင် ၍​သတ်​ပါ'' ဟု​ပို​၍​ပင်​ကျယ်​စွာ​ဟစ်​အော်​ကြ​၏။ \p \v 15 ပိ​လတ်​မင်း​သည်​လူ​ပ​ရိ​သတ်​ကို​ကျေ​နပ်​စေ​လို သ​ဖြင့် ဗာ​ရဗ္ဗ​ကို​လွှတ်​၍​သ​ခင်​ယေ​ရှု​ကို​ကြိမ် ဒဏ်​ခတ်​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍ သတ်​ရန်​အပ်​လိုက်​၏။ \b \s1 ကိုယ်​တော်​ကို​စစ်​သား​များ​ပြောင်​လှောင်​ကြ​ခြင်း \r (မ၊ ၂၇:၂၇-၃၁။ ယော၊ ၁၉:၂-၃) \p \v 16 စစ်​သား​များ​သည်​ကိုယ်​တော်​ကို​ဘု​ရင်​ခံ​မင်း ၏​အိမ်​တော်​ဝင်း​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် တပ်​ခွဲ​တစ်​ခု​လုံး​ကို​စု​ရုံး​စေ​၏။- \v 17 ထို​နောက်​ကိုယ်​တော်​အား​နီ​မောင်း​သော​အ​ဝတ် ကို​ဝတ်​ဆင်​စေ​၍ ဆူး​ခက်​ဖြင့်​ရက်​သော​သ​ရ​ဖူ ကို​ဆောင်း​ပေး​ပြီး​နောက်၊- \v 18 ``ယု​ဒ​ရှင်​ဘု​ရင်​သက်​တော်​ရှည်​ပါ​စေ​သော'' ဟု​ပြက်​ရယ်​ပြု​လျက်​အ​ရို​အ​သေ​ပေး​ကြ​၏။- \v 19 ဦး​ခေါင်း​တော်​ကို​ကူ​လုံး​နှင့်​ရိုက်​ကြ​၏။ ကိုယ် တော်​ကို​တံ​တွေး​နှင့်​ထွေး​ကြ​၏။ ရှေ့​တော်​၌ ဒူး​ထောက်​လျက်​ဦး​ညွှတ်​ရှိ​ခိုး​ကြ​၏။- \v 20 ဤ​သို့​ပြောင်​လှောင်​ကြ​ပြီး​လျှင်​နီ​မောင်း​သော အ​ဝတ်​ကို​ချွတ်​၍ ကိုယ်​တော်​၏​အ​ဝတ်​တော်​ကို ပြန်​ဝတ်​ပေး​ကြ​၏။ ထို​နောက်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​၍​သတ်​ရန်​ကိုယ်​တော်​ကို​ခေါ်​ဆောင် သွား​ကြ​၏။ \b \s1 ကိုယ်​တော်​ကို​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ကြ​ခြင်း \r (မ၊ ၂၇:၃၂-၄၄။ လု၊ ၂၃:၂၆-၄၃။ ယော၊ ၁၉:၁၇-၂၇) \p \v 21 ထို​အ​ချိန်​၌ (အာ​လေ​ဇန္ဒြု​နှင့်​ရု​ဖု​တို့​၏​အ​ဖ၊ ကု​ရေ​နေ​ပြည်​သား) ရှိ​မုန်​သည်​ကျေး​လက်​တော ရွာ​ဘက်​မှ​လာ​၏။ စစ်​သား​တို့​သည်​သူ့​ကို​အ​တင်း အ​ကြပ်​ခေါ်​၍ ကိုယ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း​စေ​၏။-\x + \xo 15:21 \xt ရော၊ ၁၆:၁၃။\x* \v 22 ထို​နောက်​ကိုယ်​တော်​ကို​ဂေါ​လ​ဂေါ​သ​နာ​မည် တွင်​သော​အ​ရပ်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ဂေါ​လ​ဂေါ​သ​၏​အ​နက်​ကား​ဦး​ခေါင်း​ခွံ အ​ရပ်​ဟူ​၏။- \v 23 သူ​တို့​သည်​မု​ရန်​နှင့်​ရော​စပ်​ထား​သော​စ​ပျစ် ရည်​ကို ကိုယ်​တော်​အား​တိုက်​ကြ​၏။ သို့​ရာ​တွင် ကိုယ်​တော်​သည်​သောက်​တော်​မ​မူ။- \v 24 ထို​နောက်​သူ​တို့​သည်​ကိုယ်​တော်​ကို​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ကြ​၏။ အ​ဝတ်​တော်​များ​ကို မဲ​ချ​၍​ခွဲ​ဝေ​ယူ​ကြ​၏။-\x + \xo 15:24 \xt ဆာ၊ ၂၂:၁၈။\x* \v 25 ကိုယ်​တော်​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ် သည့်​အ​ချိန်​မှာ နံ​နက်​ကိုး​နာ​ရီ​ဖြစ်​၏။- \v 26 ကိုယ်​တော်​၏​ပြစ်​မှု​ကို​ကမ္ပည်း​ရေး​ထိုး​၍​လက်​ဝါး ကပ်​တိုင်​အ​ထက်​တွင်​တင်​ထား​သည်​ကား ``ယု​ဒ ရှင်​ဘု​ရင်'' ဟူ​၍​ဖြစ်​သ​တည်း။- \v 27 ကိုယ်​တော်​နှင့်​အ​တူ​ဋ္ဌား​ပြ​နှစ်​ယောက်​ကို​လက် ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက် တွင်​တစ်​ယောက်​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍ သတ်​ကြ​၏။- \v 28 (ဤ​သို့​လျှင် ``ရာ​ဇ​ဝတ်​မှု​ကူး​လွန်​သူ​များ​စာ ရင်း​တွင်​ကိုယ်​တော်​ပါ​ဝင်​၏'' ဟူ​သော​ကျမ်း​စ​ကား သည်​မှန်​၍​လာ​တော့​၏။)\x + \xo 15:28 \xt စာ​မူ​အ​ချို့​တို့​တွင်​အ​ခန်း​ငယ် ၂၈ ပါ​ရှိ​သည်။\x*\x + \xo 15:28 \xt ဟေရှာ၊ ၅၃:၁၂။\x* \p \v 29 လမ်း​သွား​လမ်း​လာ​သူ​တို့​သည်​ခေါင်း​ညိတ်​လျက် ``ဟဲ့​ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​၍​သုံး​ရက်​အ​တွင်း ပြန်​လည်​တည်​ဆောက်​မည့်​သူ၊-\x + \xo 15:29 \xt ဆာ၊ ၂၂:၇၊ ၁၀၉:၂၅။ မာ၊ ၁၄:၅၈။ ယော၊ ၂:၁၉။\x* \v 30 လက်​ဝါး​ကပ်​တိုင်​ပေါ်​မှ​ဆင်း​ခဲ့​လော့။ သင့်​ကိုယ် ကို​သင်​ကယ်​တင်​လော့'' ဟု​ဆို​၍​ကိုယ်​တော်​ကို သ​ရော်​ကြ​၏။- \v 31 ထို​နည်း​တူ​စွာ​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ကျမ်း​တတ်​ဆ​ရာ​များ​သည်​ပြောင်​လှောင်​ကြ​၏။ ``ဤ​သူ​သည်​သူ​တစ်​ပါး​ကို​ကယ်​တင်​၏။ မိ​မိ ကိုယ်​ကို​မူ​မ​ကယ်​တင်​နိုင်​ပါ​တ​ကား။- \v 32 ဣသ​ရေ​လ​ရှင်​ဘု​ရင်၊ မေ​ရှိ​ယ​အ​ရှင်​သည် လက်​ဝါး​ကပ်​တိုင်​မှ​ယ​ခု​ဆင်း​ခဲ့​ပါ​စေ။ သို့ ဆင်း​သည်​ကို​မြင်​ရ​လျှင်​ငါ​တို့​ယုံ​ကြည် ပေ​အံ့'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​လျက် သ​ရော်​ကြ​၏။ \p ကိုယ်​တော်​နှင့်​အ​တူ​လက်​ဝါး​ကပ်​တိုင်​တွင် အ​တင်​ခံ​ရ​သော​သူ​များ​က​လည်း ကိုယ်​တော် ကို​ပြက်​ရယ်​ပြု​ကြ​၏။ \b \s1 ကိုယ်​တော်​အ​သက်​ချုပ်​တော်​မူ​ခြင်း \r (မ၊ ၂၇:၄၅-၅၆။ လု၊ ၂၃:၄၄-၄၉။ ယော၊ ၁၉:၂၈-၃၀) \p \v 33 မွန်း​တည့်​ချိန်​မှ​စ​၍​မွန်း​လွဲ​သုံး​နာ​ရီ​တိုင် အောင် မြေ​တစ်​ပြင်​လုံး​တွင်​မှောင်​အ​တိ​ကျ လေ​၏။- \v 34 မွန်း​လွဲ​သုံး​နာ​ရီ​ချိန်​၌​သ​ခင်​ယေ​ရှု​သည် ``ဧ​လိ၊ ဧ​လိ၊ လာ​မ​ရှာ​ဗ​ခ​သာ​နိ'' ဟု​ကျယ်​စွာ​ကြွေး ကြော်​တော်​မူ​၏။ ဆို​လို​သည့်​အ​နက်​ကား ``အ​ကျွန်ုပ် ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့်​အ​ကျွန်ုပ် ကို​စွန့်​ပစ်​တော်​မူ​သ​နည်း'' ဟူ​၏။\x + \xo 15:34 \xt ဆာ၊ ၂၂:၁။\x* \p \v 35 အ​နီး​တွင်​ရပ်​နေ​သူ​လူ​အ​ချို့​တို့​သည်​ထို စ​ကား​ကို​ကြား​လျှင် ``ကြည့်​လော့။ သူ​သည် ဧ​လိ​ယ​ကို​ခေါ်​လျက်​နေ​၏'' ဟု​ဆို​ကြ​၏။- \v 36 လူ​တစ်​ယောက်​သည်​ပြေး​၍​ပုံး​ရေ​ကို​ပင်​လယ် ရေ​မြှုပ်​ဖြင့်​စုပ်​ယူ​၏။ ထို​နောက်​ရေ​မြှုပ်​ကို​ကူ ရိုး​အ​ဖျား​တွင်​တပ်​၍ ကိုယ်​တော်​အား​သောက်​ရန် ဆက်​ကပ်​လျက် ``သူ့​ကို​ကယ်​ရန်​ဧ​လိ​ယ​လာ မ​လာ​ငါ​တို့​ကြည့်​ကြ​ကုန်​အံ့'' ဟု​ဆို​၏။\x + \xo 15:36 \xt ဆာ၊ ၆၉:၂၁။\x* \p \v 37 သ​ခင်​ယေ​ရှု​သည်​ကျယ်​စွာ​ကြွေး​ကြော်​တော် မူ​ပြီး​နောက်​အ​သက်​ချုပ်​တော်​မူ​၏။- \v 38 ထို​အ​ခါ​ဗိ​မာန်​တော်​ကန့်​လန့်​ကာ​သည် အ​ထက် စွန်း​မှ​အောက်​စွန်း​တိုင်​အောင်​နှစ်​ခြမ်း​ကွဲ​လေ​၏။-\x + \xo 15:38 \xt ထွ၊ ၂၆:၃၁-၃၃။\x* \v 39 ကိုယ်​တော်​၏​ရှေ့​တွင်​ရပ်​နေ​သူ​တပ်​မှူး​သည် ကိုယ် တော်​အ​သက်​ချုပ်​တော်​မူ​ပုံ​ကို​မြင်​သ​ဖြင့် ``ဤ​သူ​ကား​အ​ကယ်​ပင်​ဘု​ရား​သ​ခင်​၏ သား​တော်​ဖြစ်​၏'' ဟု​ဆို​၏။ \p \v 40 အ​မျိုး​သ​မီး​အ​ချို့​တို့​သည်​အ​ဝေး​က​ရပ် လျက်​ကြည့်​နေ​ကြ​၏။ ထို​သူ​တို့​အ​ထဲ​တွင် မာ​ဂ​ဒ​လ​ရွာ​သူ​မာ​ရိ၊ ယာ​ကုပ်​ငယ်​နှင့် ယော​သေ​တို့​၏​အ​မိ​ဖြစ်​သူ​မာ​ရိ​နှင့်​ရှာ​လုံ တို့​ပါ​၏။-\x + \xo 15:40 \xt လု၊ ၈:၂-၃။\x* \v 41 သူ​တို့​သည်​ကိုယ်​တော်​ဂါ​လိ​လဲ​ပြည်​တွင်​ရှိ တော်​မူ​ခဲ့​စဉ် နောက်​တော်​သို့​လိုက်​၍​လုပ်​ကျွေး သ​မှု​ပြု​ကြ​သူ​များ​ဖြစ်​၏။ သူ​တို့​အ​ပြင် ကိုယ်​တော်​နှင့်​ယေ​ရု​ရှ​လင်​မြို့​သို့​လိုက်​လာ သော​အ​ခြား​အ​မျိုး​သ​မီး​များ​လည်း​ထို အ​ရပ်​တွင်​ရှိ​နေ​ကြ​၏။ \b \s1 ကိုယ်​တော်​ကို​သင်္ဂြိုဟ်​ခြင်း \r (မ၊ ၂၇:၅၇-၆၁။ လု၊ ၂၃:၅၀-၅၆။ ယော၊ ၁၉:၃၈-၄၂) \p \v 42-43 ထို​နေ့​ကား (ဥ​ပုသ်​နေ့​အ​ကြို) ပြင်​ဆင်​ရာ​အ​ဖိတ် နေ့​ဖြစ်​၏။ ည​နေ​ချမ်း​အ​ချိန်​ကျ​သော​အ​ခါ အ​ရိ​မ​ဿဲ​မြို့​သား​ယော​သပ်​ရောက်​ရှိ​လာ​၏။ သူ သည်​ဂုဏ်​အ​သ​ရေ​ကြီး​မြင့်​သူ၊ တ​ရား​လွှတ်​တော် အ​ဖွဲ့​ဝင်​ဖြစ်​၏။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည် မည့်​အ​ချိန်​ကို​စောင့်​မျှော်​နေ​သူ​ဖြစ်​၏။ သူ​သည် အ​ရဲ​တင်း​စွာ​ပိ​လတ်​မင်း​ထံ​သို့​ဝင်​ပြီး​လျှင် သ​ခင်​ယေ​ရှု​၏​အ​လောင်း​တော်​ကို​တောင်း​လေ​၏။- \v 44 ပိ​လတ်​မင်း​သည်​ကိုယ်​တော်​အ​သက်​ချုပ်​တော်​မူ ပြီ​ဖြစ်​ကြောင်း​ကို​ကြား​သော် အံ့​အား​သင့်​သွား သ​ဖြင့်​တပ်​မှူး​ကို​ခေါ်​၍ ကိုယ်​တော်​အ​သက်​ချုပ် တော်​မူ​သည်​မှာ​မည်​မျှ​ကြာ​ပြီ​ဖြစ်​ကြောင်း ကို​စုံ​စမ်း​မေး​မြန်း​၏။- \v 45 သူ​သည်​တပ်​မှူး​၏​အ​စီ​ရင်​ခံ​ချက်​ကို​ကြား ရ​ပြီး​နောက် ယော​သပ်​အား​အ​လောင်း​တော်​ကို ယူ​ခွင့်​ပြု​၏။- \v 46 ယော​သပ်​သည်​ပိတ်​ချော​ကို​ဝယ်​ပြီး​လျှင် အ​လောင်း တော်​ကို​လက်​ဝါး​ကပ်​တိုင်​မှ​ချ​၍​ထို​ပိတ်​ဖြင့် ပတ်​၏။ ထို​နောက်​ကျောက်​ဆောင်​ကို​ထွင်း​ထား​သည့် သင်္ချိုင်း​ဂူ​တွင် သင်္ဂြိုဟ်​ကာ​ဂူ​ဝ​ကို​ကျောက်​တုံး ကြီး​လှိမ့်​၍​ပိတ်​ထား​လိုက်​၏။- \v 47 အ​လောင်း​တော်​ကို​သင်္ဂြိုဟ်​သည့်​နေ​ရာ​ကို မာ​ဂ​ဒ​လ​ရွာ​သူ​မာ​ရိ​နှင့်​ယော​သေ​၏ အ​မိ​မာ​ရိ​တို့​တွေ့​မြင်​ရ​ကြ​၏။ \c 16 \s1 သြေခင်းမှရှင်ပြန်ထမြောက်တော်မူခြင်း \r (မ၊ ၂၈:၁-၈။ လု၊ ၂၄:၁-၁၂။ ယော၊ ၂၀:၁-၁၀) \p \v 1 ဥပုသ်နေ့ကုန်လွန်သွားသောအခါ မာဂဒလ ရွာသူမာရိ၊ ယာကုပ်၏အမိမာရိနှင့်ရှာလုံတို့ သည် သခင်ယေရှု၏အလောင်းတော်ကိုသုတ်လိမ်း ရန်ဆီမွှေးများကိုဝယ်ယူကြ၏။- \v 2 တနင်္ဂနွေနေ့နံနက်စောစောနေထွက်ချိန်၌ သူတို့ သည်သင်္ချိုင်းတော်သို့သွားကြ၏။- \v 3-4 လမ်းတွင်သူတို့သည်``သင်္ချိုင်းဂူဝမှကျောက်တုံး ကို ငါတို့အတွက်အဘယ်သူတွန်းလှိမ့်ပေးပါ မည်နည်း'' ဟုအချင်းချင်းပြောဆိုကြ၏။ (ထိုကျောက်တုံးကားအလွန်ကြီးမားသော ကျောက်တုံးဖြစ်သည်။) ထိုနောက်ကြည့်လိုက် သောအခါကျောက်တုံးမှာလှိမ့်ထားနှင့်ပြီး ဖြစ်သည်ကိုတွေ့ကြ၏။- \v 5 သူတို့သည်ဂူထဲကိုဝင်မိလျှင်လက်ယာဘက်မှာ ဝတ်ဖြူစင်ကြယ်နှင့်လူငယ်လူရွယ်တစ်ဦးထိုင် နေသည်ကိုမြင်ကြ၏။ ထိုအခါသူတို့သည် ထိတ်လန့်ကြ၏။ \p \v 6 ထိုသူက``မထိတ်လန့်ကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်တွင်တင်၍ အသတ်ခံရသူ နာဇရက်မြို့သားယေရှုကိုရှာလျက်နေကြ သည်မဟုတ်လော။ ထိုအရှင်သည်ဤအရပ်တွင် မရှိ။ သြေခင်းမှထမြောက်တော်မူပြီ။ ဤနေရာ သည်ထိုအရှင်၏အလောင်းတော်ကိုထားသော နေရာဖြစ်၏။ ကြည့်ကြလော့။- \v 7 သင်တို့သည်ပေတရုနှင့်အခြားတပည့်တော်များ ထံသို့သွား၍``ကိုယ်တော်သည်ဂါလိလဲပြည်သို့ သင်တို့အလျင်ကြွနှင့်တော်မူလိမ့်မည်။ ယခင်က သင်တို့အားမိန့်မှာတော်မူခဲ့သည့်အတိုင်း ကိုယ်တော် ကိုဂါလိလဲပြည်မှာဖူးတွေ့ရကြလိမ့်မည်ဟု ပြောကြားလော့'' ဟုဆို၏။ \p \v 8 အမျိုးသမီးများသည်ထိတ်လန့်တွေဝေလျက် သင်္ချိုင်းဂူမှထွက်ပြေးကြ၏။ သူတို့သည်ကြောက်ရွံ့ သောကြောင့်အဘယ်သူအားမျှစကားမပြောကြ။ \b \d အဆုံးသတ်သည့်နည်းဟောင်းတစ်မျိုး\f 1 \fr 16:8 \ft * \ft အခန်းငယ် ၉ မှ ၂၀ အထိ။ အချို့ကျမ်းမူများနှင့် ဘာသာပြန်မူဟောင်းများတွင်ဤအခန်းငယ်များ မပါချေ။\f* \s1 မာဂဒလရွာသူမာရိအား ကိုယ်ထင်ပြတော်မူခြင်း \r (မ၊ ၂၈:၉-၁၀။ ယော၊ ၂၀:၁၁-၁၈) \p \v 9 [တနင်္ဂနွေနေ့နံနက်စောစောအချိန်၌ကိုယ်တော် သည်သြေခင်းမှထမြောက်တော်မူပြီးနောက် ဦးစွာ မာဂဒလရွာသူမာရိအားကိုယ်ထင်ပြတော်မူ၏။ မာဂဒလရွာသူမာရိထံမှနတ်မိစ္ဆာခုနစ်ဦးကို ကိုယ်တော်နှင်ထုတ်ပေးခဲ့၏။- \v 10 သူသည်ကိုယ်တော်၏တပည့်များထံသို့သွား၍ ထိုသတင်းကိုပြောကြား၏။ သူတို့သည်ငိုယို ပူဆွေးလျက်နေကြ၏။- \v 11 ကိုယ်တော်အသက်ရှင်လျက်ရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်အားမာရိတွေ့မြင်ခဲ့ ရကြောင်းကိုလည်းကောင်း၊ ကြားသောအခါ မယုံကြ။ \b \s1 တပည့်တော်နှစ်ယောက်ကို ကိုယ်ထင်ပြတော်မူခြင်း \r (လု၊ ၂၄:၁၃-၃၅) \p \v 12 ထိုနောက်တပည့်တော်နှစ်ယောက်သည်ကျေးတောသို့ သွားကြစဉ် ကိုယ်တော်သည်ခြားနားသောအသွင် ကိုဆောင်လျက်သူတို့အားကိုယ်ထင်ပြတော်မူ၏။- \v 13 သူတို့သည်အခြားတပည့်တော်များထံသို့ သွား၍ ထိုသတင်းကိုပြောကြား၏။ သို့ရာ တွင်သူတို့သည်မယုံကြ။ \s1 တစ်ကျိပ်တစ်ပါးသောတမန်တော်တို့ကို ကိုယ်ထင်ပြတော်မူခြင်း \r (မ၊ ၂၈:၁၆-၂၀။ လု၊ ၂၄:၃၆-၄၉။ ယော၊ ၂၀:၁၉-၂၃။ တ။ ၁:၆-၈) \p \v 14 ထိုနောက်တစ်ကျိပ်တစ်ပါးသောတမန်တော်တို့သည် စားပွဲမှာထိုင်၍စားသောက်နေကြစဉ် ကိုယ်တော် သည်သူတို့ကိုကိုယ်ထင်ပြတော်မူ၏။ သူတို့တွင် ယုံကြည်ြခင်းမရှိသြဖင့်လည်းကောင်း၊ ကိုယ်တော် သြေခင်းမှရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်တော်အားဖူးတွေ့ရသူတို့၏စကားကို မယုံနိုင်သည်တိုင်အောင် သူတို့သည်အပြော ရခက်သြဖင့်လည်းကောင်း ကိုယ်တော်သည် သူတို့အားပြစ်တင်ဆုံးမတော်မူ၏။- \v 15 ကိုယ်တော်က``သင်တို့သည်ကမ္ဘာအရပ်ရပ်သို့ သွား၍ လူသတ္တဝါအပေါင်းတို့အားသတင်း ကောင်းကိုဟောပြောကြေညာကြလော့။- \v 16 ယုံကြည်၍ဗတ္တိဇံမင်္ဂလာခံယူသူမှန်သမျှ ကို ဘုရားသခင်သည်ကယ်တင်တော်မူလိမ့်မည်။ မယုံကြည်သူမှန်သမျှကိုမူအြုပစ်ဒဏ်စီရင် တော်မူလိမ့်မည်။- \v 17 ယုံကြည်သူတို့သည်အံ့သြဖွယ်နိမိတ်လက္ခဏာများ ကိုပြနိုင်ကြလိမ့်မည်။ ငါ၏နာမကိုအမှီပြု၍ နတ်မိစ္ဆာများကိုနှင်ထုတ်ကြလိမ့်မည်။ ထူးခြား သောဘာသာစကားများကိုပြောဆိုကြလိမ့်မည်။- \v 18 မြွေဆိုးများကိုကိုင်ဖမ်းသော်လည်းကောင်း၊ သေစေ တတ်သောအဆိပ်ကိုသောက်သော်လည်းကောင်းသူ တို့၌ဘေးဥပါဒ်မြဖစ်။ မကျန်းမာသူများ အပေါ်တွင်လက်ကိုတင်၍ကျန်းမာစေကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။ \s1 ကောင်းကင်သို့တက်ကြွတော်မူခြင်း \r (လု၊ ၂၄:၅၀-၅၃။ တ၊ ၁:၉-၁၁) \p \v 19 ဤသို့တပည့်တော်တို့အားမိန့်တော်မူပြီးသော အခါ သခင်ယေရှုသည်ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကိုခံတော်မူပြီးလျှင် ဘုရား သခင်၏လက်ယာတော်ဘက်တွင်ထိုင်နေတော်မူ၏။- \v 20 တပည့်တော်တို့သည်အရပ်တကာသို့သွားရောက် ၍ တရားဟောပြောကြ၏။ သခင်ဘုရားသည် သူတို့နှင့်အတူလုပ်ဆောင်၍ သူတို့ဟောပြောသော တရားတော်မှန်ကန်ကြောင်းကိုသက်သေပြရန် သူတို့အားနိမိတ်လက္ခဏာများပြနိုင်သော တန်ခိုးကိုပေးတော်မူ၏။] ရှင်မာကုခရစ်ဝင်ပြီး၏။