\id MIC Myanmar Common Language Bible \h မိက္ခာ \toc1 မိက္ခာ​အ​နာ​ဂတ္တိ​ကျမ်း \toc2 မိက္ခာ \mt1 မိက္ခာ​အ​နာ​ဂတ္တိ​ကျမ်း \is1 နိ​ဒါန်း \ip ပ​ရော​ဖက်​မိက္ခာ​သည်​ဟေ​ရှာ​ယ​ပေါ်​ထွန်း ချိန်​တွင် တောင်​ပိုင်း​နိုင်​ငံ​ယု​ဒ​ပြည်​ရှိ​မြို့ တစ်​မြို့​မှ​ပေါ်​ထွန်း​သော​ပ​ရော​ဖက်​ဖြစ် သည်။ ပ​ရော​ဖက်​အာ​မုတ်​ကြို​တင်​ဟော​ပြော သည့်​မြောက်​ပိုင်း​နိုင်​ငံ​တွင်​ကျ​ရောက်​မည့်​ဘေး ဒုက္ခ​မျိုး ယု​ဒ​ပြည်​၌​လည်း​တွေ့​ကြုံ​ရ​ဦး​မည် ဟု​ယုံ​သည်။ ဘု​ရား​သ​ခင်​သည်​ပြည်​သား တို့​၏​စက်​ဆုပ်​ဖွယ်​ကောင်း​သော​မ​တ​ရား​မှု များ​ကြောင့် သူ​တို့​ကို​ဒဏ်​ခတ်​မည်။ သို့​ရာ တွင်​မိက္ခာ​၏​ဟော​ပြော​ချက်​တွင်​အ​နာ​ဂတ် အ​တွက် မျှော်​မှန်း​ချက်​အ​လား​အ​လာ​များ ကို​ပို​မို​ပြတ်​သား​စွာ​ဖော်​ပြ​ထား​သည်။ \ip အ​ထူး​မှတ်​သား​ဖွယ်​ရာ​ကျမ်း​ပိုဒ်​များ(၄:၁-၄) တွင်​ဖော်​ပြ​သော​ဘု​ရား​သ​ခင်​၏​အုပ်​စိုး​မှု အောက်​တွင် ငြိမ်း​ချမ်း​သာ​ယာ​သော​ကမ္ဘာ​လော​က ၏​သ​ရုပ်​သဏ္ဌာန်၊ (၅:၂-၄) တွင်​ဖော်​ပြ​သော​ဒါ​ဝိဒ် အ​မျိုး​ဆက်​ထဲ​မှ​ထင်​ရှား​သော​ဘု​ရင်​တစ်​ပါး ပေါ်​ထွန်း​သော​အ​ခါ တိုင်း​ပြည်​သည်​ငြိမ်း​ချမ်း သာ​ယာ​မည်​ဖြစ်​ကြောင်း​ကြို​တင်​ဟော​ပြော ချက်၊``ကိုယ်​တော်​အ​လို​ရှိ​သော​အ​ရာ​သည် ကား​တ​ရား​မျှ​တ​စွာ​ပြု​ကျင့်​ခြင်း၊ မေတ္တာ က​ရု​ဏာ​ထား​ရှိ​ခြင်း၊ စိတ်​နှိမ့်​ချ​စွာ​သင် ၏​ဘု​ရား​သ​ခင်​နှင့်​အ​တူ​သွား​လာ​နေ ထိုင်​ခြင်း​တို့​ဖြစ်​သ​တည်း'' ဟူ​၍ (၆:၈) ၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​ပေါ်​ထွန်း သော​ပ​ရော​ဖက်​များ​၏​ဟော​ပြော​ချက် များ​ကို​အ​ချုပ်​အား​ဖြင့်​ကျမ်း​တစ်​ပိုဒ် တည်း​ဖြင့်​ဖော်​ပြ​ချက်​ပင်​ဖြစ်​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 ဣ​သ​ရေ​လ​နိုင်​ငံ​နှင့်​ယု​ဒ​နိုင်​ငံ​တို့​ကို အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း ၁:၁-၃:၁၂ \io1 ပြန်​လည်​ပြု​ပြင်​ခြင်း​နှင့်​ငြိမ်း​ချမ်း သာ​ယာ​ခြင်း ၄:၁-၅:၁၅ \io1 သ​တိ​ပေး​ခြင်း​နှင့်​မျှော်​လင့်​ခြင်း​ဆိုင်​ရာ ဟော​ပြော​ချက် ၆:၁-၇:၂၀ \c 1 \p \v 1 ယု​ဒ​နိုင်​ငံ​တွင်​ယော​သံ​ဘု​ရင်၊ အာ​ခတ်​ဘု​ရင်၊ ဟေ​ဇ​ကိ​ဘု​ရင်​တို့​စိုး​စံ​သည့်​အ​ချိန်​ကာ​လ ၌ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရ​ရှ​မြို့​သား မိက္ခာ​အား​ဤ​သို့​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မာ​ရိ​မြို့​နှင့် ယေ​ရု​ရှ​လင်​မြို့​တို့​နှင့်​စပ်​လျဉ်း​၍ အောက် ပါ​အ​ကြောင်း​အ​ရာ​များ​ကို​ဖော်​ပြ​တော် မူ​၏။\x + \xo 1:1 \xt ၄ရာ၊ ၁၅:၃၂-၁၆:၂၀။ ၁၈:၁-၂၀:၂၁။ ၆ရာ၊ ၂၇:၁-၇၊ ၂၈:၁-၃၂:၃၃။\x* \s1 ရှ​မာ​ရိ​မြို့​နှင့်​ယေ​ရု​ရှ​လင်​မြို့​တို့​အ​တွက် မြည်​တမ်း​ခြင်း \q1 \v 2 လူ​မျိုး​အ​ပေါင်း​တို့၊ကြား​နာ​ကြ​လော့။ \q2 ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​နား​ထောင် ကြ​လော့။ \q1 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​တစ် ဘက်​မှ သက်​သေ​ခံ​တော်​မူ​မည်။ \q2 နား​ထောင်​ကြ​လော့၊ \q1 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​ရှိ​ဗိ​မာန် တော်​မှ မိန့်​ကြား​တော်​မူ​၏။ \q1 \v 3 ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​ရာ​ဌာ​န တော်​မှ \q2 ကြွ​ဆင်း​လာ​၍၊တောင်​ထိပ်​များ​ပေါ်​တွင် စက်​တော်​ဖြန့်​တော်​မူ​မည်။ \q1 \v 4 ထို​အ​ခါ​၌​တောင်​များ​သည်​မီး​နှင့်​တွေ့​သော ဖ​ယောင်း​ကဲ့​သို့​အ​ရည်​ပျော်​လိမ့်​မည်။ \q1 ထို​နောက်​တောင်​ကုန်း​မှ​တောင်​အောက်​သို့ ရေ​စီး​ဆင်း​သ​ကဲ့​သို့​ချိုင့်​ဝှမ်း​ထဲ​သို့​စီး​ဆင်း လိမ့်​မည်။ \p \v 5 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ပြစ် ကူး​လွန်​၍​ဘု​ရား​သ​ခင်​အား​ပုန်​ကန်​ကြ သော​ကြောင့် ဤ​အ​ဖြစ်​မျိုး​နှင့်​တွေ့​ကြုံ​ရ ကြ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ပုန်​ကန်​မှု​အ​တွက် မည်​သူ့​ကို​အ​ပြစ်​တင် ရ​ပါ​မည်​နည်း။ ရှ​မာ​ရိ​မြို့​တော်​မ​ဟုတ် လော။ ယု​ဒ​လူ​မျိုး​များ​ကိုး​ကွယ်​နေ​သည့် မြင့်​ရာ​အ​ရပ်​ကား​အ​ဘယ်​မှာ​နည်း။ ယေ​ရု​ရှ​လင်​မြို့​တော်​၌​မ​ဟုတ်​လော။- \v 6 ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည် ရှ​မာ​ရိ​မြို့​ကို​ကွင်း​ပြင်​၌​မြို့​ပျက်​ကဲ့ သို့​လည်း​ကောင်း၊ စ​ပျစ်​ပင်​စိုက်​ရာ​အ​ရပ် ကဲ့​သို့​လည်း​ကောင်း​ဖြစ်​စေ​မည်။ ငါ​သည် မြို့​ပျက်​မှ​ကျောက်​တုံး​ကျောက်​ခဲ​တို့​ကို ချိုင့်​ဝှမ်း​ထဲ​သို့​သွန်​ချ​၍​မြို့​အောက်​ခြေ ကို​လှန်​ပစ်​မည်။- \v 7 ရုပ်​တု​ရှိ​သ​မျှ​ကို​ကျိုး​ပဲ့​ကြေ​မွ​စေ​မည်။ ရုပ်​တု​တို့​အား​ပူ​ဇော်​သော​လက်​ဆောင်​ပစ္စည်း ရှိ​သ​မျှ​ကို​မီး​ရှို့​ဖျက်​ဆီး​မည်။ ရုပ်​တု​ရှိ သ​မျှ​ကို​အ​မှိုက်​ပုံ​ဖြစ်​စေ​မည်။ ရှ​မာ​ရိ မြို့​သည်​ဤ​အ​ရာ​များ​ကို​ရုပ်​တု​ကိုး​ကွယ် မှု​ဖြင့်​စု​ဆောင်း​ရ​ရှိ​၏။ ဘု​ရား​ကျောင်း ပြည့်​တန်​ဆာ​လုပ်​ငန်း​နှင့် ရန်​သူ​များ​သည် ယင်း​တို့​ကို​ကိုး​ကွယ်​ရန်​သိမ်း​ယူ​သွား ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 8 ထို​အ​ခါ​မိက္ခာ​က``ထို​အ​တွက်​ကြောင့်​ငါ သည်​ငို​ကြွေး​မြည်​တမ်း​မည်။ ငါ​သည်​ဝမ်း နည်း​ကြောင်း​ပြ​ရန်​ဖိ​နပ်​မ​စီး၊ အ​ဝတ် အင်္ကျီ​မ​ဝတ်​ဆင်​ဘဲ​လှည့်​လည်​မည်။ ငါ သည်​ခွေး​အ​ကဲ့​သို့​အူ​၍​ငှက်​ကု​လား အုတ်​ကဲ့​သို့​ညည်း​ညူ​မည်။- \v 9 ရှ​မာ​ရိ​မြို့​၏​ဒဏ်​ရာ​ဒဏ်​ချက်​တို့​ကို​ကု​သ ၍​မ​ရ​နိုင်။ ယု​ဒ​ပြည်​သည်​လည်း​ထို​ကဲ့​သို့ သော​ကံ​ကြမ္မာ​နှင့်​တွေ့​ကြုံ​ရ​တော့​မည်။ ငါ ၏​အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​ယေ​ရု​ရှ​လင် မြို့​တံ​ခါး​များ​သို့​ဘေး​အန္တ​ရာယ်​ဆိုက် ရောက်​လာ​သည်'' ဟု​ဆို​လေ​၏။ \s1 ရန်​သူ​များ​ယေ​ရု​ရှ​လင်​မြို့​သို့​ချဉ်း​ကပ်​လာ​ခြင်း \p \v 10 ဂါ​သ​မြို့​ရှိ​ရန်​သူ​များ​အား​ငါ​တို့​စစ်​ရေး နိမ့်​သည့်​သ​တင်း​ကို​မ​ကြား​ပြော​နှင့်။ သင် တို့​ငို​ကြွေး​နေ​ခြင်း​ကို​သူ​တို့​မ​မြင်​စေ​နှင့်။ ဗေ​သော​ဖ​ရာ​မြို့​သား​တို့၊ စိတ်​ပျက်​အား လျော့​ကြောင်း​ပြ​ရန်​မြေ​မှုန့်​၌​လူး​လှိမ့်​နေ ကြ​လော့။- \v 11 ရှ​ဖိ​ရ​မြို့​သား​တို့၊ အ​ဝတ်​အ​ချည်း​စည်း ဖြင့်​အ​ရှက်​ကွဲ​လျက်​သုံ့​ပန်း​အ​ဖြစ်​ရောက် ကြ​လော့။ ဇာ​နန်​မြို့​သား​တို့​သည်​မြို့​ပြင် သို့​မ​ထွက်​ဝံ့​ကြ။ ဗေ​သ​ဇေ​လ​မြို့​သား တို့​ငို​ကြွေး​သံ​ကို​သင်​တို့​ကြား​ရ​သော အ​ခါ ထို​မြို့​တွင်​သင်​တို့​ခို​လှုံ​နိုင်​မည် မ​ဟုတ်​ကြောင်း​သိ​ရ​လိမ့်​မည်။- \v 12 မာ​ရုတ်​မြို့​သား​တို့​သည်​လူး​လှိမ့်​လျက် ဝေ​ဒ​နာ​ခံ​နေ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ယေ​ရု​ရှ​လင်​မြို့​အား ဘေး​ဒုက္ခ​ရောက် စေ​တော့​မည်​ဖြစ်​၍ ငါ​တို့​မြို့​သား​တို့​သည် စိတ်​တ​ထင့်​ထင့်​နှင့်​အ​ကူ​အ​ညီ​စောင့် မျှော်​နေ​ကြ​၏။- \v 13 လာ​ခိ​ရှ​မြို့​တွင်​နေ​ထိုင်​သူ​တို့၊ စစ်​ရ​ထား များ​ကို​မြင်း​က​ကြ​လော့။ သင်​တို့​သည် ဣ​သ​ရေ​လ​ပြည်​သူ​တို့​၏​စံ​န​မူ​နာ​ကို လိုက်​၍ အ​ပြစ်​ကူး​လွန်​ကြ​၏။ သင်​တို့ အ​ပြစ်​ကူး​လွန်​စေ​သ​ကဲ့​သို့ ယေ​ရု​ရှ​လင် မြို့​အား​လည်း​အ​ပြစ်​ကူး​လွန်​စေ​ကြ​၏။- \v 14 ယု​ဒ​ပြည်​သား​တို့၊ မော​ရ​ရှက်​ဂါ​သ​မြို့​ကို လည်း​လက်​လွှတ်​လိုက်​ကြ​လော့။ ဣ​သ​ရေ​လ ဘု​ရင်​တို့​သည် အာ​ခ​ဇိပ်​မြို့​သား​တို့​ထံ​မှ အ​ကူ​အ​ညီ​ရ​လိမ့်​မည်​မ​ဟုတ်။ \p \v 15 မ​ရေ​ရှ​မြို့​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​မြို့​ကို​ရန်​သူ့​လက်​သို့​အပ်​တော် မူ​မည်။ ဣ​သ​ရေ​လ​ခေါင်း​ဆောင်​များ​သည် အ​ဒု​လံ​ဥ​မင်​လှိုဏ်​ခေါင်း​သို့​ထွက်​ပြေး ပုန်း​အောင်း​ရ​လိမ့်​မည်။- \v 16 ယု​ဒ​ပြည်​သား​တို့၊ သင်​တို့​ချစ်​သော​သား သ​မီး​များ​အ​တွက်​ဝမ်း​နည်း​ပူ​ဆွေး​ကြောင်း ပြ​သည့်​အ​နေ​ဖြင့် သင်​တို့​၏​ဆံ​ပင်​ကို​ရိတ် ကြ​လော့။ သင်​တို့​၏​သား​သ​မီး​များ​ကို တိုင်း​တစ်​ပါး​သို့​သိမ်း​ယူ​သွား​ကြ​မည် ဖြစ်​သော​ကြောင့် သင်​တို့​၏​ဦး​ခေါင်း​ကို လင်း​တ​ငှက်​ခေါင်း​ကဲ့​သို့​ပြောင်​အောင် ရိတ်​ကြ​လော့။ \c 2 \s1 ဆင်း​ရဲ​သား​ကို​ဖိ​နှိပ်​သူ​တို့​၏​ကံ​ကြမ္မာ \p \v 1 အိပ်​ရာ​ပေါ်​တွင်​လဲ​လျောင်း​လျက် မ​ကောင်း​မှု ကို​ကြံ​စည်​သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ နံ​နက်​မိုး​လင်း​သော​အ​ခါ​သူ​တို့​သည်​အ​ခွင့် ရ​လျှင်​ရ​ခြင်း မိ​မိ​တို့​ကြံ​စည်​သည့်​မ​ကောင်း မှု​ကို​ပြု​လုပ်​တတ်​ကြ​၏။- \v 2 သူ​တို့​သည်​သူ​တစ်​ပါး​၏​အိမ်​ကို​ဖြစ်​စေ၊ လယ်​ယာ​ကို​ဖြစ်​စေ၊ တပ်​မက်​လာ​လျှင်​အ​နိုင် အ​ထက်​သိမ်း​ယူ​တတ်​ကြ​သည်။ မည်​သူ​၏​အိုး အိမ်​နှင့်​အ​မွေ​ပစ္စည်း​ဟူ​သ​မျှ​လုံ​ခြုံ​သည် ဟူ​၍​မ​ရှိ။ \p \v 3 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​ဘေး ဒုက္ခ​ရောက်​စေ​ရန်​ငါ​စီ​ရင်​မည်။ ထို​ဘေး​ဒုက္ခ မှ​သင်​တို့​လွတ်​မြောက်​နိုင်​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​ဒုက္ခ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့​သည်​မောက်​မာ​ကြွား​ဝါ နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။- \v 4 ထို​အ​ချိန်​ကာ​လ​ရောက်​ရှိ​လာ​သော​အ​ခါ လူ​များ​တို့​က သင်​တို့​ဘေး​ဒုက္ခ​ရောက်​ရ​ပုံ ကို​အ​ကြောင်း​ပြု​၍ ပြော​စ​မှတ်​ပြု​ကြ လိမ့်​မည်။ သင်​တို့​၏​ဘ​ဝ​အ​တွေ့​အ​ကြုံ ကို​လည်း​ဤ​သို့​ဝမ်း​နည်း​ကြေ​ကွဲ​ဖွယ် တေး​ဖွဲ့​သီ​ဆို​ကြ​လိမ့်​မည်။ \q1 ငါ​တို့​သည်​လုံး​ဝ​အ​ကျိုး​နည်း​ပျက်​စီး ကြ​ပြီ။ \q2 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ပြည်​ကို​ငါ​တို့ လက်​မှ ရုပ်​သိမ်း​၍​ရန်​သူ့​လက်​သို့​အပ်​သ​ဖြင့် \q1 ငါ​တို့​သည်​လည်း​တစ်​ပါး​ကျွန်​ဖြစ်​ရ​ချေ​ပြီ။ \p \v 5 သို့​ဖြစ်​၍​တိုင်း​ပြည်​ကို​ထာ​ဝ​ရ​ဘု​ရား ၏​လူ​မျိုး​တော်​လက်​သို့​ပြန်​၍​အပ်​သော အ​ခါ​၌ သင်​တို့​အ​နက်​မည်​သူ​မျှ​မြေ ဝေ​စု​ကို​ရ​မည်​မ​ဟုတ်။ \p \v 6 လူ​တို့​က``အ​ကျွန်ုပ်​တို့​အား​တ​ရား​မ​ဟော ပါ​နှင့်၊ ထို​အ​ကြောင်း​အ​ရာ​တို့​ကို​မ​ပြော ပါ​နှင့်၊ ဘု​ရား​သ​ခင်​သည်​အ​ကျွန်ုပ်​တို့​အား အ​ရှက်​ကွဲ​အ​ကျိုး​နည်း​ဖြစ်​စေ​တော်​မူ မည်​မ​ဟုတ်​ပါ။- \v 7 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျိန်​စာ သင့်​နေ​ပြီ​ဟူ​၍​မ​ထင်​ပါ​နှင့်။ ထာ​ဝ​ရ ဘု​ရား​သည်​သည်း​မ​ခံ​နိုင်​တော့​ပြီ​လော။ ကိုယ်​တော်​သည်​ထို​သို့​ဧ​ကန်​ပြု​တော်​မူ ပါ​မည်​လော။ ဖြောင့်​မတ်​စွာ​ကျင့်​ကြံ​သူ တို့​အား ကိုယ်​တော်​သည်​သ​နား​ကြင်​နာ သည့်​စ​ကား​ကို​ပြော​တော်​မူ​မည်​မ​ဟုတ် ပါ​လော'' ဟု​ငါ့​အား​ပြန်​၍​တ​ရား​ဟော ကြ​၏။ \p \v 8 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည် ငါ​၏​လူ​မျိုး​တော်​ကို​ရန်​သူ​သ​ဖွယ်​တိုက် ခိုက်​ကြ​၏။ လုံ​ခြုံ​မှု​ရှိ​ရာ​နေ​အိမ်​သို့​စစ် ပွဲ​မှ​ပြန်​လာ​သူ​တို့​၏ အ​ပေါ်​ရုံ​အင်္ကျီ​ကို သင်​တို့​ချွတ်​ယူ​ကြ​၏။- \v 9 သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​တို့​၏​အ​မျိုး သ​မီး​များ​ကို​သူ​တို့​မြတ်​နိုး​သော​နေ​အိမ် များ​မှ​နှင်​ထုတ်​ကြ​၍ သူ​တို့​သား​သ​မီး​များ အ​နာ​ဂတ်​ကောင်း​စား​ရေး​မျှော်​လင့်​ချက် ဖြစ်​သည့် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ချီး မင်္ဂ​လာ​ကို​ပျက်​ပြား​စေ​ကြ​၏။- \v 10 ထ​၍​ထွက်​ခွာ​ကြ​လော့။ ဤ​ပြည်​သည်​သင်​တို့ လုံ​ခြုံ​စွာ​နေ​ထိုင်​ရာ​အ​ရပ်​မ​ဟုတ်​တော့​ပြီ။ သင်​တို့​၏​ဒု​စ​ရိုက်​အ​ပြစ်​ကြောင့်​ဤ​ပြည် သည်​ပျက်​စီး​ရ​လိမ့်​မည်။ \p \v 11 ``သင်​တို့​တွင်​စ​ပျစ်​ရည်​နှင့် အ​ရက်​လှိုင်​လှိုင် ပေါ​များ​လိမ့်​မည်​ဟု​ငါ​ဟော​၏' ဟူ​၍​လိမ် လည်​လှည့်​ဖြား​ပြော​ဆို​တတ်​သော​ပ​ရော​ဖက် မျိုး​ကို​ဤ​သူ​တို့​နှစ်​သက်​ကြ​၏။ \p \v 12 ``ငါ​သည်​သင်​တို့​တွင်​ကြွင်း​ကျန်​သော​ဣ​သ ရေ​လ​အ​မျိုး​သား​အား​လုံး​ကို​စု​ရုံး​မည်။ ခြံ သို့​ပြန်​လာ​သော​သိုး​များ​သ​ဖွယ်​သင်​တို့​ကို စု​သိမ်း​မည်။ စား​ကျက်​တွင်​သိုး​မြောက်​မြား စွာ​စု​ရုံး​ကျက်​စား​သ​ကဲ့​သို့ သင်​တို့​၏​ပြည် တွင်​တစ်​ဖန်​လူ​မြောက်​မြား​စွာ​နေ​ထိုင်​လိမ့် မည်'' ဟု​ပြန်​လည်​ဖြေ​ကြား​တော်​မူ​၏။ \p \v 13 သူ​တို့​အား​ပြည်​နှင်​ဒဏ်​ခံ​ရာ​မှ​လွတ် မြောက်​ရန် ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ရှေ့ ဆောင်​လမ်း​ပြ​တော်​မူ​မည်။ သူ​တို့​သည်​မြို့ တံ​ခါး​များ​ကို​ချိုး​ဖောက်​၍​လွတ်​မြောက် လာ​ကြ​မည်။ သူ​တို့​၏​ဘုရင်​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​သူ​တို့​ကို​ထုတ်​ဆောင်​တော် မူ​မည်။ \c 3 \s1 မိက္ခာ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား ခေါင်း​ဆောင်​တို့​အား​ပြစ်​တင်​ရှုတ်​ချ​ခြင်း \p \v 1 ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့​သည်​တ​ရား သ​ဖြင့်​စီ​ရင်​ရ​သူ​များ​ဖြစ်​သော်​လည်း၊- \v 2 ကောင်း​သော​အ​ကျင့်​ကို​မုန်း​၍​မ​ကောင်း​သော အ​ကျင့်​ကို​နှစ်​သက်​ကြ​၏။ သင်​တို့​သည်​ငါ​၏ လူ​မျိုး​တော်​တို့​ကို​အ​ရှင်​လတ်​လတ်​အ​ရေ ဆုတ်​၍​အ​ရိုး​မှ​အ​သား​ကို​ခွာ​ယူ​ကြ​၏။- \v 3 သင်​တို့​သည်​ငါ့​လူ​မျိုး​တော်​၏​အ​သား​ကို စား​ကြ​၏။ သူ​တို့​၏​အ​ရေ​ကို​ခွာ​၍​အ​ရိုး များ​ကို​ချိုး​လျက်​အ​မဲ​ဟင်း​လျာ​သ​ဖွယ် ဋ္ဌား​ဖြင့်​စဉ်း​ကြ​၏။- \v 4 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ် တောင်း​လျှောက်​ရ​သော​အ​ချိန်​ရောက်​လာ​လိမ့် မည်။ ထို​အ​ခါ​ကိုယ်​တော်​သည်​သင်​တို့​ကို နား​ညောင်း​တော်​မူ​မည်​မ​ဟုတ်။ သင်​တို့​သည် မ​ကောင်း​မှု​ကို​ပြု​သော​ကြောင့်​ကိုယ်​တော်​သည် သင်​တို့​၏​တောင်း​လျှောက်​သံ​ကို​နား​ညောင်း တော်​မူ​မည်​မ​ဟုတ်။ \p \v 5 ငွေ​ပေး​နိုင်​သူ​တို့​အား​ငြိမ်း​ချမ်း​သာ​ယာ မည်​ဟူ​၍​လည်း​ကောင်း၊ ငွေ​မ​ပေး​နိုင်​သူ​တို့ အား​စစ်​ဘေး​ရောက်​မည်​ဟူ​၍​လည်း​ကောင်း ဟော​တတ်​သော​ပ​ရော​ဖက်​တို့​၏​လှည့်​စား ခြင်း​ကို​ငါ​၏​လူ​မျိုး​တော်​တို့​ခံ​ရ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က​ထို​သို့​သော​ပ​ရော ဖက်​တို့​အား၊- \v 6 ``ပ​ရော​ဖက်​တို့၊ သင်​တို့​အ​တွက်​နေ့​အ​ချိန် ကုန်​လု​ပြီ၊ နေ​ဝင်​ချိန်​ရောက်​လာ​ပြီ။ သင်​တို့ သည်​ရူ​ပါ​ရုံ​မြင်​ရ​တော့​မည်​မ​ဟုတ်။ အ​နာ ဂတ်​ကို​ဟော​နိုင်​သော​အ​စွမ်း​ရှိ​လိမ့်​မည်​မ ဟုတ်'' ဟု​မိန့်​တော်​မူ​၏။- \v 7 အ​နာ​ဂတ်​ကို​ဟော​သူ​တို့​သည်​ဟော​ကိန်း မ​မှန်​သ​ဖြင့် အ​ရှက်​ကွဲ​ရ​လိမ့်​မည်။ သူ​တို့ သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​ဗျာ​ဒိတ်​မ​ခံ ရ​သ​ဖြင့်​အ​သ​ရေ​ပျက်​ကြ​လိမ့်​မည်။ \p \v 8 ငါ​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိ​မိ​တို့​ပုန်​ကန်​ကူး​လွန်​သည့်​အ​ပြစ်​များ ကို​ထုတ်​ဖော်​ကြေ​ညာ​ရန် ထာ​ဝ​ရ​ဘု​ရား​၏ ဝိ​ညာဉ်​တော်​အ​ရှိန်​တန်​ခိုး၊ တ​ရား​မျှ​တ​စွာ စီ​ရင်​နိုင်​စွမ်း၊ ရဲ​စွမ်း​သတ္တိ​တို့​နှင့်​ပြည့်​ဝ​၏။- \v 9 ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​ချုပ်​သူ​အ​ကြီး အ​ကဲ​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့​သည် တ​ရား​မျှ​တ​စွာ​စီ​ရင်​ခြင်း​ကို​မုန်း​၍ အ​မှန်​ကို​အ​မှား​ဖြစ်​စေ​ကြ​၏။- \v 10 သင်​တို့​သည်​လူ​သတ်​မှု​နှင့်​မ​တ​ရား​မှု တည်း​ဟူ​သော​အုတ်​မြစ်​ပေါ်​တွင် ဘု​ရား​သ​ခင်​၏​မြို့​တော်​ဖြစ်​သော​ယေ​ရု​ရှ​လင် မြို့​ကို​တည်​ဆောက်​ကြ​၏။- \v 11 မြို့​ကို​အုပ်​ချုပ်​သူ​တို့​သည်​တံ​စိုး​လက်​ဆောင် စား​၍​အုပ်​ချုပ်​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့ သည်​အ​ခ​ကြေး​ငွေ​ယူ​၍​စီ​ရင်​ဆုံး​ဖြတ် ကြ​၏။ ပ​ရော​ဖက်​တို့​သည်​ငွေ​ယူ​၍​ဗျာ​ဒိတ် တော်​ကို​ဖွင့်​ပြ​ကြ​၏။ ထို​သူ​အ​ပေါင်း​တို့ က​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဟု​ဆို​ကြ​၏။ သူ​တို့​က``ငါ တို့​တွင်​ဘေး​ဥ​ပဒ်​မ​ရောက်​နိုင်၊ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ သည်'' ဟု​ပြော​ကြ​၏။ \p \v 12 သို့​ဖြစ်​၍​သင်​တို့​ကြောင့်​ဇိ​အုန်​မြို့​သည် ထွန်​ယက်​ထား​သော​လယ်​ကွက်​သ​ဖွယ်​ဖြစ် လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​ကျောက်​ပုံ ဖြစ်​လိမ့်​မည်။ ဗိ​မာန်​တော်​တည်​ရာ​တောင် သည်​တော​အ​တိ​ဖြစ်​လိမ့်​မည်။\x + \xo 3:12 \xt ယေ၊ ၂၆:၁၈။\x* \c 4 \s1 ဘု​ရား​ရှင်​၏​ကမ္ဘာ​လုံး​ဆိုင်​ရာ​ငြိမ်း​ချမ်း​ရေး \r (ဟေ၊ ၂:၁-၄) \p \v 1 နောင်​ကာ​လ​တွင် \q1 ဗိ​မာန်​တော်​တည်​ရာ​တောင်​သည် အ​မြင့်​ဆုံး​တောင်​ဖြစ်​လိမ့်​မည်။ \q2 ရှိ​သ​မျှ​သော​တောင်​တို့​ထက်​ပို​မို​၍​မြင့်​မား လိမ့်​မည်။ \q1 လူ​မျိုး​များ​စွာ​တို့​သည်​ထို​တောင်​သို့​စု​ရုံး ရောက်​ရှိ​လာ​၍၊ \q1 \v 2 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ဘု​ရား​သ​ခင်​၏ \q2 ဗိ​မာန်​တော်​တည်​ရှိ​ရာ​ထာ​ဝ​ရ​ဘု​ရား​၏ တောင်​ပေါ်​သို့ တက်​ကြ​ကုန်​အံ့။ \q1 ကိုယ်​တော်​သည်​ငါ​တို့​အား​အ​လို​တော်​နှင့် အ​ညီ ကျင့်​ကြံ​ပြု​မူ​ရန်​သွန်​သင်​တော်​မူ​မည်။ \q2 ကိုယ်​တော်​ညွှန်​ပြ​သော​လမ်း​အ​တိုင်း လျှောက်​သွား​ကြ​မည်။ \q1 ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည် \q2 ဇိ​အုန်​တောင်​မှ​လည်း​ကောင်း​ထာ​ဝ​ရ​ဘု​ရား​၏ \q1 နှုတ်​က​ပတ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​မှ လည်း​ကောင်း ထွက်​ပေါ်​လာ​သ​တည်း'' ဟု​ဆို​ကြ​၏။ \b \q1 \v 3 ရပ်​ဝေး​ရပ်​နီး​မှ​အင်​အား​ကြီး​သော​နိုင်​ငံ များ​၏ \q2 အ​ငြင်း​ပွား​မှု​များ​ကို​အ​ဆုံး​အ​ဖြတ်​ပေး တော်​မူ​မည်။ \q1 သူ​တို့​သည်​မိ​မိ​တို့​၏​ဋ္ဌား​သွား​များ​ကို​ထွန်​သွား အ​ဖြစ်​သို့​လည်း​ကောင်း၊ \q1 လှံ​များ​ကို​တံ​စဉ်​များ​အ​ဖြစ်​သို့​ထု​လုပ် ကြ​လိမ့်​မည်။ \q2 နိုင်​ငံ​အ​ချင်း​ချင်း​နောက်​တစ်​ဖန်​စစ်​တိုက် ကြ​တော့​မည်​မ​ဟုတ်။ \q1 စစ်​တိုက်​ရန်​ပြင်​ဆင်​မှု​ကို​လည်း​နောက်​တစ်​ဖန် ပြု​လုပ်​ကြ​တော့​မည်​မ​ဟုတ်။\x + \xo 4:3 \xt ယောလ၊ ၃:၁၀။\x* \q1 \v 4 လူ​တိုင်း​ပင်​မိ​မိ​တို့​၏​စ​ပျစ်​ဥ​ယျာဉ်၊မိ​မိ​တို့​၏ သ​ဖန်း​ခြံ​ထဲ​၌​မ​ကြောက်​လန့်​ရ​ဘဲ၊ \q2 အေး​ချမ်း​သာ​ယာ​စွာ​နေ​ထိုင်​ရ​လိမ့်​မည်။ \q1 ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​မြွက်​တော်​မူ​သော​က​တိ​တော်​ဖြစ်​သ​တည်း။\x + \xo 4:4 \xt ဇာ၊ ၃:၁၀။\x* \p \v 5 လူ​မျိုး​အ​သီး​သီး​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား များ​ကို​ကိုး​ကွယ်​နာ​ခံ​ကြ​မည်​ဖြစ်​သော်​လည်း ငါ​တို့​မူ​ကား​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို ကာ​လ​အ​စဉ်​အ​ဆက်​ကိုး​ကွယ် နာ​ခံ​မည်။ \s1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပြည်​နှင်​ဒဏ်​ခံ​ရာ​မှ ပြန်​လာ​မည် \p \v 6 ထာ​ဝ​ရ​ဘု​ရား​က``ငါ​ဒဏ်​ခတ်​သူ၊ ပြည်​နှင် ဒဏ်​ခံ​ရ​သူ​တို့​ကို ငါ​ပြန်​လည်​စု​ရုံး​စေ သော​အ​ချိန်​ကား​ကျ​ရောက်​ခါ​နီး​ပြီ။- \v 7 သူ​တို့​သည်​ခြေ​ဆွံ့​လျက်​နေ​အိမ်​မှ​ရပ်​ဝေး သို့​ရောက်​ရှိ​နေ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည် မ​သေ​ဘဲ​ကျန်​ကြွင်း​နေ​သေး​သူ​တို့​အား အင်​အား​ကြီး​သော​လူ​မျိုး​ဖြစ်​လာ​စေ​မည်။ ငါ​သည်​ဇိ​အုန်​တောင်​ပေါ်​မှာ​သူ​တို့​အား ယ​ခု​မှ​စ​၍​ကာ​လ​အ​စဉ်​အ​ဆက်​အုပ် စိုး​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 8 ဘု​ရား​သ​ခင်​သည်​လင့်​စင်​မှ​မိ​မိ​၏​လူ​မျိုး တော်​ကို သိုး​ထိန်း​သ​ဖွယ်​စောင့်​ရှောက်​တော်​မူ ရာ​ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​နိုင်​ငံ​တော် ၏​မြို့​တော်​ဖြစ်​ခဲ့​ဖူး​သ​ကဲ့​သို့ ယ​ခု​တစ်​ဖန် မြို့​တော်​ဖြစ်​ရ​လိမ့်​မည်။- \v 9 သင်​သည်​အ​ဘယ်​ကြောင့်​ကျယ်​လောင်​စွာ အော်​ဟစ်​ရ​ပါ​သ​နည်း။ မီး​ဖွား​သော​မိန်း​မ ကဲ့​သို့​အ​ဘယ်​ကြောင့်​ဝေ​ဒ​နာ​ခံ​နေ​ရ ပါ​သ​နည်း။ သင်​၌​အုပ်​စိုး​မည့်​ရှင်​ဘု​ရင် မ​ရှိ​သော​ကြောင့်​လော၊ သင်​၏​အ​တိုင်​ပင် ခံ​များ​အ​နိစ္စ​ရောက်​ကုန်​ကြ​သော​ကြောင့် လော။- \v 10 ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ယ​ခု​တွင်​သင်​တို့ သည်​မြို့​ကို​စွန့်​၍ ကွင်း​ပြင်​ထဲ​၌​နေ​ထိုင်​ကြ ရ​မည်​ဖြစ်​သော​ကြောင့် မီး​ဖွား​သော​မိန်း​မ ကဲ့​သို့​ကိုယ်​ကို​တွန့်​လိမ်​ညည်း​တွား​လျက်​နေ ကြ​လော့၊ သင်​တို့​သည်​ဗာ​ဗု​လုန်​မြို့​သို့​သွား ရ​ကြ​မည်။ သို့​ရာ​တွင်​ထို​အ​ရပ်​၌​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​ကို​ရန်​သူ​များ​၏​လက် မှ​ကယ်​တင်​တော်​မူ​လိမ့်​မည်။- \v 11 လူ​မျိုး​များ​စွာ​တို့​သည်​သင်​တို့​ကို​တိုက်​ခိုက် ရန် စု​ရုံး​ရောက်​ရှိ​လာ​ကြ​ပြီ။ သူ​တို့​က``ယေ​ရု ရှ​လင်​မြို့​ကို​ဖြို​ဖျက်​ကြ​ကုန်​အံ့၊ ငါ​တို့​သည် မြို့​ပျက်​ကို​မြင်​ရ​သ​ဖြင့်​ဝမ်း​သာ​အား​ရ ကြ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။- \v 12 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကြံ​တော် မည်​သို့​ရှိ​ကြောင်း​ကို ထို​နိုင်​ငံ​များ​မ​သိ ကြ။ စ​ပါး​ကို​နယ်​ရန်​တ​လင်း​ထဲ​သို့​စု သိမ်း​သ​ကဲ့​သို့ ကိုယ်​တော်​သည်​သူ​တို့​ကို ဒဏ်​ခတ်​ရန်​စု​ဝေး​စေ​ကြောင်း​သူ​တို့ မ​သိ​ကြ။ \p \v 13 ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ရန်​သူ​များ​ကို​ချေ​မှုန်း​ရန်​ချီ​တက်​ကြ​လော့၊ ငါ​သည်​သင်​တို့​အား​သံ​ဦး​ချို​နှင့်​ကြေး​ဝါ ခွာ​များ​ရှိ​သော နွား​သိုး​ကဲ့​သို့​ခွန်​အား​ပြည့် စေ​မည်။ သင်​တို့​သည်​နိုင်​ငံ​များ​စွာ​ကို​ချေ​မှုန်း နိုင်​သ​ဖြင့်​အ​ဋ္ဌမ္မ​နည်း​ဖြင့် သူ​တို့​ရ​ရှိ​ထား သော​ဥစ္စာ​ဘဏ္ဍာ​များ​ကို​သိမ်း​ယူ​၍ ကမ္ဘာ​ကို အ​စိုး​ရ​သော​ငါ​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​သ​လော့'' ဟု​မိန့်​တော်​မူ​၏။ \c 5 \p \v 1 ``ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​၏​တပ်​များ ကို​စု​ရုံး​စေ​ကြ​လော့၊ ငါ​တို့​ကို​ရန်​သူ​များ ဝိုင်း​ထား​ကြ​ပြီ။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ခေါင်း​ဆောင်​များ​ကို သုတ်​သင်​ပယ်​ရှင်း​ပစ်​ရန်​ကြိုး​စား​ကြ​၏။ \s1 ဗက်​လင်​မြို့​မှ​ရှင်​ဘု​ရင်​တစ်​ပါး​ပေါ်​ထွန်း​မည်​ဟု က​တိ​ပေး​တော်​မူ​ခြင်း \p \v 2 ထာ​ဝ​ရ​ဘု​ရား​က``ဧ​ဖ​ရတ်​ခ​ရိုင်၊ ဗက်​လင် မြို့၊ သင်​သည်​ယု​ဒ​ပြည်​တွင်​သိမ်​ငယ်​သော မြို့​တစ်​မြို့​ဖြစ်​သော်​လည်း ရှေး​မင်း​ဆက်​ထဲ မှ​ဣ​သ​ရေ​လ​အမျိုး​သား​တို့​ကို​အုပ်​စိုး မည့်​ဘု​ရင်​တစ်​ပါး​ကို​ငါ​ပေါ်​ထွန်း​စေ မည်'' ဟု​မိန့်​တော်​မူ​၏။\x + \xo 5:2 \xt မ၊ ၂:၆။ ယော၊ ၇:၄၂။\x* \p \v 3 သို့​ဖြစ်​၍​မိ​ခင်​သား​ဖွား​သည့်​အ​ချိန်​တိုင် အောင် ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး တော်​ကို ရန်​သူ​တို့​၏​လက်​တွင်း​၌​စွန့်​ပစ် ထား​တော်​မူ​လိမ့်​မည်။ ထို​နောက်​ပြည်​နှင် ဒဏ်​သင့်​သူ​တို့​သည် မိ​မိ​တို့​၏​သား​ချင်း တို့​နှင့်​ပြန်​လည်​ပေါင်း​စည်း​ရ​ကြ​လိမ့် မည်။- \v 4 ထို​ဘု​ရင်​ကြွ​လာ​သော​အ​ခါ​သူ​သည် ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​ရ​သော​အ​စွမ်း​သတ္တိ​နှင့် လည်း​ကောင်း၊ သူ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ဘုန်း​တန်​ခိုး​တော်​နှင့်​လည်း​ကောင်း မိ​မိ​၏​လူ​စု​ကို​အုပ်​စိုး​လိမ့်​မည်။ ကမ္ဘာ​တစ် ဝှမ်း​လုံး​တွင်​ရှိ​သော​လူ​အ​ပေါင်း​တို့​သည် သူ ၏​ကြီး​မြတ်​တော်​မူ​ခြင်း​ကို​ဝန်​ခံ​ကြ သ​ဖြင့် သူ​၏​လူ​မျိုး​တော်​သည်​လုံ​ခြုံ​စွာ နေ​ထိုင်​ရ​ကြ​လိမ့်​မည်။- \v 5 တိုင်း​ပြည်​သည်​လည်း​ငြိမ်း​ချမ်း​သာ​ယာ လိမ့်​မည်။ \s1 ကယ်​နုတ်​ခြင်း​နှင့်​ဒဏ်​ခတ်​ခြင်း \p အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည်​ငါ​တို့​၏​နိုင်​ငံ ကို​တိုက်​ခိုက်​၍ ငါ​တို့​၏​ခံ​တပ်​များ​ကို​ချိုး ဖောက်​ဝင်​ရောက်​ကြ​သော​အ​ခါ၊ ငါ​တို့​တွင် ခွန်​အား​ကြီး​သော​ခေါင်း​ဆောင်​များ​ကို​စေ လွှတ်​၍ ရန်​သူ​တို့​ကို​ခု​ခံ​တိုက်​ခိုက်​မည်။- \v 6 သူ​တို့​သည်​လက်​နက်​အင်​အား​ဖြင့်​အာ​ရှု​ရိ ပြည်၊ နိမ်​ရော​ဋ္ဌ​ပြည်​ကို​တိုက်​ခိုက်​အောင်​မြင် ကြ​လိမ့်​မည်။ အာ​ရှု​ရိ​အ​မျိုး​သား​များ​က ငါ​တို့​၏​နယ်​မြေ​ကို​ဝင်​ရောက်​တိုက်​ခိုက်​သော အ​ခါ ထို​ခေါင်း​ဆောင်​များ​သည်​ငါ​တို့ အား​ရန်​သူ​၏​လက်​မှ​ကယ်​တင်​လိမ့်​မည်။\x + \xo 5:6 \xt က၊ ၁၀:၈-၁၁။\x* \p \v 7 အ​သက်​မ​သေ​ဘဲ​ကျန်​ရစ်​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကျ​စေ တော်​မူ​သော​နှင်း​ကဲ့​သို့​နိုင်​ငံ​များ​စွာ​အား လန်း​ဆန်း​စေ​လိမ့်​မည်။ အ​ပင်​များ​ပေါ်​သို့ ရွာ​သွန်း​သော​မိုး​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ ယင်း တို့​သည်​လူ​တို့​၏​အ​မိန့်​ကို​မ​နာ​ခံ၊ ဘု​ရား​သ​ခင်​၏​အ​မိန့်​ကို​သာ​နာ​ခံ​ကြ​၏။- \v 8 တော​သား​ရဲ​များ​ထဲ​သို့​ရောက်​ရှိ​နေ​သော ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ သိုး​အုပ်​ထဲ​သို့​ရောက် ရှိ​နေ​သော​ခြင်္သေ့​ပျို​ကဲ့​သို့​လည်း​ကောင်း အ​သက် မ​သေ​ဘဲ​ကျန်​ရစ်​ခဲ့​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​အ​ခြား​လူ​မျိုး​များ​ထဲ​တွင် ရောက်​ရှိ​နေ​လိမ့်​မည်။ ခြင်္သေ့​သည်​သိုး​အုပ်​ထဲ သို့​ဝင်​၍ သိုး​များ​ကို​အုပ်​ဖမ်း​လျက်​အ​ပိုင်း ပိုင်း​ကိုက်​ဖြတ်​မည်​ဖြစ်​ရာ၊ မည်​သူ​က​မျှ ကယ်​နိုင်​မည်​မ​ဟုတ်။- \v 9 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရန်​သူ များ​ကို တိုက်​ခိုက်​ချေ​မှုန်း​ကြ​လိမ့်​မည်။ \p \v 10 ထာ​ဝ​ရ​ဘု​ရား​က``ထို​အ​ချိန်​တွင်​ငါ​သည် သင်​တို့​၏​မြင်း​များ​ကို​ဖယ်​ရှား​၍ သင်​တို့​၏ စစ်​ရ​ထား​များ​ကို​ဖျက်​ဆီး​မည်။- \v 11 ငါ​သည်​သင်​တို့​ပြည်​တွင်​ရှိ​သော​မြို့​များ ကို​ဖျက်​ဆီး​၍ သင်​တို့​၏​ခံ​တပ်​များ​ကို ဖြို​ဖျက်​မည်။- \v 12 ငါ​သည်​သင်​တို့​ဆောင်​ထား​သော​အင်း​အိုင် လက်​ဖွဲ့​များ​ကို​ဖျက်​ဆီး​သ​ဖြင့် သင်​တို့​တွင် ဗေ​ဒင်​ဟော​သူ​မ​ရှိ​စေ​ရ။- \v 13 ငါ​သည်​သင်​တို့​ဝတ်​ပြု​သော​ရုပ်​တု​များ​နှင့် ကိုး​ကွယ်​ရာ​ကျောက်​တိုင်​များ​ကို​ဖျက်​ဆီး မည်။ နောက်​တစ်​ဖန်​သင်​တို့​သည်​သင်​တို့​လက် ဖြင့်​လုပ်​သော​အ​ရာ​များ​ကို​မ​ကိုး​ကွယ်​ရ။- \v 14 ငါ​သည်​သင်​တို့​ပြည်​တွင်​ရှိ​သော အာ​ရှ​ရ နတ်​သ​မီး​တံ​ခွန်​တိုင်​များ​နှင့် ရုပ်​တု​များ ကို​ဖျက်​ဆီး​ပစ်​မည်။- \v 15 ငါ​၏​အ​မိန့်​ကို​မ​နာ​ခံ​သော​အ​ခြား​နိုင်ငံ များ​ကို ပြင်း​စွာ​အ​မျက်​ထွက်​၍​ငါ​ဒဏ် စီ​ရင်​မည်'' ဟု​မိန့်​တော်​မူ​၏။ \c 6 \s1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​စွပ်​စွဲ​တော်​မူ​ချက် \p \v 1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား ၏​စွပ်​စွဲ​တော်​မူ​ချက်​ကို​နား​ထောင်​လော့။ \p အို ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​၍​ကိုယ်​တော် ၏​စွပ်​စွဲ​ချက်​ကို​မိန့်​တော်​မူ​ပါ။ ကိုယ်​တော် မိန့်​တော်​မူ​ချက်​ကို​တောင်​နှင့်​တောင်​ကုန်း များ​ကြား​ကြ​ပါ​စေ။ \p \v 2 ကမ္ဘာ​မြေ​ကြီး​၏​တည်​မြဲ​သော​အ​ခြေ​အ​မြစ် ဖြစ်​သည့်​တောင်​များ​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏ စွပ်​စွဲ​တော်​မူ​ချက်​ကို​နား​ထောင်​ကြ​လော့၊ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အား​စွဲ​ချက်​တင်​ရန်​ရှိ​တော်​မူ​သည်။ ကိုယ် တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ နှင့်​အ​မှု​ဆိုင်​ရန်​ရှိ​သည်။ \p \v 3 ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​မျိုး​တော်​တို့၊ သင်​တို့​ဤ​မျှ​လောက်​ဆိုး​ရွား​လာ​စေ​ရန် သင်​တို့​အား​ငါ​မည်​ကဲ့​သို့​ပြု​လုပ်​ခဲ့​ဖူး သ​နည်း။ ငါ့​အား​ဖြေ​ကြား​လော့။- \v 4 ငါ​သည်​သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​၏။ ကျွန်​ခံ​ရာ​ဘ​ဝ​မှ​ကယ်​တင်​ခဲ့​၏။ သင် တို့​ကို​ရှေ့​ဆောင်​လမ်း​ပြ​ရန်​မော​ရှေ၊ အာ​ရုန် နှင့်​မိ​ရိ​အံ​တို့​ကို​ငါ​စေ​လွှတ်​ခဲ့​၏။-\x + \xo 6:4 \xt ထွ၊ ၄:၁၀-၁၆။ ၁၂:၅၀-၅၁။ ၁၅:၂၀။\x* \v 5 ငါ​၏​လူ​မျိုး​တော်​တို့၊ မော​ဘ​ပြည့်​ရှင်​ဗာ​လက် မင်း​က သင်​တို့​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​မည် ကဲ့​သို့​ကြံ​စည်​ခဲ့​သည်​ကို​လည်း​ကောင်း၊ ဗော​ရ ၏​သား​ဗာ​လမ်​က​ဘု​ရင်​အား​မည်​ကဲ့​သို့​ပြန် ပြော​သည်​ကို​လည်း​ကောင်း သ​တိ​ရ​ကြ​လော့၊ အ​ကေး​ရှား​စ​ခန်း​မှ​ဂိ​လ​ဂါ​လ​မြို့​သို့ သွား​သော​ခ​ရီး​လမ်း​တွင် တွေ့​ကြုံ​ခဲ့​ရ​သော အ​ဖြစ်​အ​ပျက်​များ​ကို​သ​တိ​ရ​ကြ​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​မည်​ကဲ့ သို့ ကယ်​တင်​တော်​မူ​ခဲ့​ကြောင်း​သင်​တို့​သိ မြင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။\x + \xo 6:5 \xt တော၊ ၂၂:၂-၂၄:၂၅။ ယောရှု၊ ၃:၁-၄:၁၉။\x* \s1 ထာ​ဝ​ရ​ဘု​ရား​အ​လို​ရှိ​တော်​မူ​သော​အ​ရာ \p \v 6 ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​သို့​ဝတ်​ပြု​ကိုး​ကွယ်​ရန်​လာ သော​အ​ခါ ငါ​သည်​မည်​သည့်​ပူ​ဇော်​သကာ​ကို ယူ​ဆောင်​ခဲ့​ရ​ပါ​မည်​နည်း၊ ဆူ​ဖြိုး​သော​နွား က​လေး​ကို​မီး​ရှို့​ပူ​ဇော်​ရန်​ယူ​ဆောင်​ခဲ့​ရ ပါ​မည်​လော၊- \v 7 ငါ​သည်​သိုး​ထောင်​ပေါင်း​များ​စွာ​ကို​သော် လည်း​ကောင်း၊ သံ​လွင်​ဆီ​ကို​ချောင်း​စီး​အောင် သော်​လည်း​ကောင်း​ယူ​ဆောင်​ခဲ့​လျှင် ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​မည်​လော၊ ငါ​၏ အ​ပြစ်​ပြေ​စေ​ရန်​ကိုယ်​တော်​အား ငါ​၏ သား​ဦး​ကို​ဆက်​သ​ရ​မည်​လော၊- \v 8 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​သော​အ​ရာ​ကို ပြ​တော်​မူ​ပြီ။ ကိုယ်​တော်​အ​လို​ရှိ​တော်​မူ သော​အ​ရာ​ကို​ဖော်​ပြ​တော်​မူ​ခဲ့​ပြီ။ ကိုယ် တော်​အ​လို​ရှိ​သော​အ​ရာ​သည်​ကား​တ​ရား မျှ​တ​စွာ​ပြု​ကျင့်​ခြင်း၊ မေတ္တာ​က​ရု​ဏာ​ထား ရှိ​ခြင်း၊ စိတ်​နှိမ့်​ချ​စွာ​သင်​၏​ဘု​ရား​သ​ခင် နှင့်​အ​တူ​သွား​လာ​နေ​ထိုင်​ခြင်း​တို့​ဖြစ် သ​တည်း။ \p \v 9 ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော​သူ​သည် ပညာ​ရှိ​၏။ ကိုယ်​တော်​သည်​မြို့​ကို​ဤ​သို့​ဆင့် ဆို​တော်​မူ​၏။ ``မြို့​ထဲ​ရှိ​လူ​ပ​ရိ​သတ် အ​ပေါင်း​တို့၊ နာ​ခံ​ကြ​လော့၊- \v 10 ဆိုး​သွမ်း​သော​သူ​တို့​၏​အိမ်​များ​တွင်​မ​တ ရား​သ​ဖြင့် ရ​ရှိ​ထား​သော​ဥစ္စာ​ပစ္စည်း​များ ရှိ​၏။ သူ​တို့​သည်​မ​မှန်​ကန်​သည့်​အ​ခြင် အ​တွယ်​တို့​ကို​သုံး​ကြ​၏။ ထို​မ​မှန်​ကန် သည့်​အ​ခြင်​အ​တွယ်​တို့​ကို​ငါ​ရွံ​ရှာ​၏။- \v 11 မ​မှန်​ကန်​သော​အ​လေး​ချိန်​ခွင်​ကို​သုံး​စွဲ သူ​တို့​အား ငါ​သည်​မည်​ကဲ့​သို့​အ​ပြစ်​လွှတ် နိုင်​မည်​နည်း။- \v 12 ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​သူ​တို့​သည်​ဆင်း​ရဲ​သား တို့​အ​ပေါ်​တွင်​ခေါင်း​ပုံ​ဖြတ်​ကြ​၏။ သင်​တို့ အ​ပေါင်း​သည်​လူ​လိမ်​များ​ဖြစ်​ကြ​၏။- \v 13 သို့​ဖြစ်​၍​သင်​တို့​၏​ဒု​စ​ရိုက်​အ​ပြစ်​များ ကြောင့် ငါ​သည်​ယ​ခု​သင်​တို့​အား​ဒဏ်​ခတ်​၍ ပျက်​သုဉ်း​စေ​မည်။ လိမ်​လည်​သော​စ​ကား​ကို ပြော​ဆို​ကြ​၏။- \v 14 သင်​တို့​သည်​အ​စား​အ​စာ​ကို​စား​သော်​လည်း တင်း​တိမ်​မှု​မ​ရှိ။ ဆာ​လောင်​မြဲ​ဆာ​လောင်​လျက် ရှိ​နေ​မည်။ သင်​တို့​ရ​ရှိ​သ​မျှ​သော​ဥစ္စာ​ပစ္စည်း များ​ကို​စု​ဆောင်း​ထား​နိုင်​လိမ့်​မည်​မ​ဟုတ်။ စု​ဆောင်း​ထား​သော​ဥစ္စာ​ပစ္စည်း​များ​ကို​လည်း ငါ​သည်​စစ်​ဘေး​ဒဏ်​ဖြင့်​ဖျက်​ဆီး​ပစ်​မည်။- \v 15 သင်​တို့​သည်​ကောက်​ပဲ​သီး​နှံ​ကို​စိုက်​ပျိုး​သော် လည်း အ​သီး​အ​နှံ​ကို​မ​ရိတ်​သိမ်း​ရ။ သင်​တို့ သည်​သံ​လွင်​ဆီ​ကြိတ်​သော်​လည်း​ဆီ​ကို​မ သုံး​ရ။ စ​ပျစ်​သီး​ကို​နယ်​သော်​လည်း​စ​ပျစ် ရည်​ကို​မ​သောက်​ရ။- \v 16 သင်​တို့​သည်​သြ​မ​ရိ​ဘု​ရင်​နှင့်​သူ​၏​သား အာ​ဟပ်​မင်း​တို့​၏ ဆိုး​ညစ်​သည့်​စ​ရိုက်​ကို လိုက်​၍​ကျင့်​ကြ​သ​ဖြင့် ထို​ပျက်​စီး​ဆုံး​ရှုံး ခြင်း​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။ လူ​တိုင်း​က သင်​တို့​ကို​ကဲ့​ရဲ့​ကြ​လိမ့်​မည်။ လူ​မျိုး တ​ကာ​တို့​သည်​သင်​တို့​ကို​သ​ရော်​ကြ လိမ့်​မည်။''\x + \xo 6:16 \xt ၃ရာ၊ ၁၆:၂၃-၃၄၊ ၂၁:၂၅-၂၆။\x* \c 7 \s1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အ​ကျင့်​စာ​ရိတ္တ​ပျက်​ခြင်း \p \v 1 မျှော်​လင့်​ချက်​ကုန်​ပြီ၊ ငါ​သည်​ဆာ​လောင် သ​ဖြင့် အ​ပင်​မှ​အ​သီး​ကို​သော်​လည်း​ကောင်း၊ စ​ပျစ်​နွယ်​မှ​စ​ပျစ်​သီး​ကို​သော်​လည်း​ကောင်း ရှာ​သော်​လည်း တစ်​လုံး​ကို​မျှ​မ​တွေ့​ရ​သော သူ​ကဲ့​သို့​ဖြစ်​၏။ စ​ပျစ်​သီး​ရှိ​သ​မျှ​နှင့်​စား ချင်​ဖွယ်​ကောင်း​သော​သ​ဖန်း​သီး​ရှိ​သ​မျှ ကို​ဆွတ်​ခူး​သွား​ကြ​ပြီ။- \v 2 တိုင်း​ပြည်​ထဲ​တွင်​ရိုး​သား​ဖြောင့်​မတ်​သော​သူ၊ ဘု​ရား​သ​ခင်​အား​သစ္စာ​စောင့်​သိ​ရို​သေ​သော သူ​ဟူ​၍ တစ်​ယောက်​မျှ​မ​ရှိ​တော့​ချေ။ လူ့ အ​သက်​ကို​သတ်​ရန်​အ​ခွင့်​ကောင်း​ကို​လူ​တိုင်း စောင့်​လျက်​နေ​ကြ​၏။ ညီ​အစ်​ကို​အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက်​ကျော့​ကွင်း​ထောင်​၍ ဖမ်း​တတ်​ကြ​၏။- \v 3 သူ​တို့​သည်​မ​ကောင်း​မှု​ကို​ပြု​လုပ်​ရန်​စိတ် အား​ထက်​သန်​ကြ​၏။ အ​ရာ​ရှိ​များ​နှင့် တ​ရား​သူ​ကြီး​များ​သည် တံ​စိုး​လက်​ဆောင် တောင်း​တတ်​ကြ​၏။ သြ​ဇာ​ရှိ​သော​သူ​၏ အ​လို​ဆန္ဒ​ကို​လိုက်​၍ သူ​တို့​သည်​မ​ကောင်း မှု​ကို​အ​တူ​တ​ကွ​ကြံ​စည်​ကြ​၏။- \v 4 အ​တော်​ဖြောင့်​ဆုံး​ဟု​ဆို​ရ​သော​သူ​များ ပင်​လျှင် ပေါင်း​ပင်​ကဲ့​သို့​အ​သုံး​မ​ကျ​ချေ။ \p ဘု​ရား​သ​ခင်​သည်​သူ​တို့​၏​ကင်း​စောင့် သ​ဖွယ်​ဖြစ်​သော ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် သ​တိ​ပေး​သည့်​အ​တိုင်း လူ​များ​ကို​ဒဏ်​ခတ် မည့်​အ​ချိန်​ရောက်​လာ​ပြီ။ သူ​တို့​သည်​ယ​ခု အ​ခါ​က​ယောင်​ချောက်​ချား​ဖြစ်​လျက်​ရှိ ကြ​၏။- \v 5 သင်​တို့​၏​အိမ်​နီး​နား​ချင်း​ကို​သော်​လည်း ကောင်း၊ မိတ်​ဆွေ​ကို​သော်​လည်း​ကောင်း​မ​ယုံ ကြ​နှင့်။ သင်​၏​ဇ​နီး​ကို​ပင်​သ​တိ​နှင့် စကား​ပြော​လော့။- \v 6 ထို​အ​ချိန်​ကာ​လ​တွင်​သား​များ​က မိ​မိ​တို့ ၏​ဖ​ခင်​များ​၏​အ​သ​ရေ​ကို​ရှုတ်​ချ​လိမ့်​မည်။ သ​မီး​များ​က​မိ​ခင်​များ​အား​ဆန့်​ကျင်​ဘက် ပြု​မည်။ ချွေး​မ​များ​က​ယောက္ခ​မ​ကို​ရန်​ဘက် ပြု​မည်။ အိမ်​သား​တို့​၏​ရန်​သူ​များ​သည်​မိ​မိ တို့​၏​မိ​သား​စု​ထဲ​မှ​ဖြစ်​လိမ့်​မည်။\x + \xo 7:6 \xt မ၊ ၁၀:၃၅-၃၆။ လု၊ ၁၂:၅၃။\x* \p \v 7 ငါ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​ကို​စောင့်​မျှော် နေ​မည်။ ငါ့​ကို​ကယ်​တင်​မည့်​ဘု​ရား​သ​ခင် အား​ယုံ​ကြည်​စိတ်​ချ​စွာ​စောင့်​နေ​မည်။ ငါ ၏​ဘု​ရား​သ​ခင်​သည်​ငါ​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​မည်။ \s1 ထာ​ဝ​ရ​ဘု​ရား​၏​ကယ်​တင်​တော်​မူ​ခြင်း \p \v 8 ငါ​တို့​၏​ရန်​သူ​တို့၊ ငါ​တို့​၏​အ​ပြစ်​အ​ခြေ အ​နေ​ကြောင့် ဝမ်း​မြောက်​ဝမ်း​သာ​မ​ဖြစ်​ကြ နှင့်။ ငါ​တို့​လဲ​ကျ​သော်​လည်း​နောက်​တစ်​ဖန် ထ​ဦး​မည်။ ယ​ခု​အ​ခါ​ငါ​တို့​သည်​အ​မှောင် ထဲ​၌​နေ​ထိုင်​ရ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား သည်​ငါ​တို့​အ​ပေါ်​သို့​အ​လင်း​ရောင်​သက် ရောက်​စေ​တော်​မူ​လိမ့်​မည်။- \v 9 ငါ​တို့​သည်​အပြစ်​ကူး​လွန်​ခဲ့​သော​ကြောင့် အ​ခိုက်​အ​တန့်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား ၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​ရ​ကြ​မည်။ သို့ ရာ​တွင်​နောက်​ဆုံး​၌​ကိုယ်​တော်​သည် ငါ​တို့ အ​မှု​ကို​လျှောက်​လဲ​၍​တ​ရား​မျှ​တ​စွာ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော် သည်​ငါ​တို့​အား​အ​လင်း​ထဲ​သို့​ထုတ်​ဆောင် တော်​မူ​လိမ့်​မည်။ ငါ​တို့​အား​ကိုယ်​တော် ကယ်​တင်​တော်​မူ​ခြင်း​ကို​ငါ​တို့​ဒိ​ဌ မြင်​ရ​လိမ့်​မည်။- \v 10 ထို​အ​ခါ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟူ​၍​ပြောင် လှောင်​ကာ​မေး​မြန်း​ကြ​သော​ငါ​တို့​၏​ရန်​သူ များ​သည် ဤ​အ​မှု​ကို​မြင်​၍​အ​ရှက်​ကွဲ ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​ရေး​ရှုံး​နိမ့် သ​ဖြင့်​လမ်း​ပေါ်​မှ​ရွှံ့​သ​ဖွယ်​နင်း​ချေ ခြင်း​ခံ​ရ​ကြ​သည်​ကို​ငါ​တို့​မြင်​ရ​လိမ့် မည်။ \p \v 11 ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ မြို့​ရိုး​များ​ကို အ​သစ်​ပြန်​၍​တည်​ဆောက်​ရ​သော​အ​ချိန် ရောက်​လာ​ပြီ။ ထို​အ​ခါ​၌​သင်​တို့​၏​နယ် မြေ​ကျယ်​ပြန့်​လာ​မည်။- \v 12 သင်​တို့​၏​လူ​မျိုး​တော်​သည်​အ​ရှေ့​ဘက် အာ​ရှု​ရိ​ပြည်​မှ​လည်း​ကောင်း၊ တောင်​ဘက် အီ​ဂျစ်​ပြည်​မှ​လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ် ဝှမ်း​ဒေ​သ​မှ​လည်း​ကောင်း၊ ဝေး​လံ​သော ပင်​လယ်​များ​နှင့်​တောင်​များ​မှ​လည်း​ကောင်း သင်​တို့​ထံ​သို့​ပြန်​လာ​ကြ​လိမ့်​မည်။- \v 13 သို့​ရာ​တွင်​ထို​ပြည်​သူ​ပြည်​သား​တို့​၏ အ​ပြစ်​ဒု​စ​ရိုက်​ကြောင့် သူ​တို့​နေ​ထိုင်​ရာ အ​ရပ်​များ​သည်​ပျက်​သုဉ်း​ရ​ကြ​လိမ့်​မည်။ \s1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထာ​ဝ​ရ​ဘု​ရား သ​နား​ကြင်​နာ​တော်​မူ​ခြင်း \p \v 14 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရွေး​ကောက်​သော လူ​မျိုး​တော်​အား​သိုး​ထိန်း​သ​ဖွယ်​စောင့်​ရှောက် တော်​မူ​ပါ။ သူ​တို့​အား​ရှေး​အ​ခါ​က​မြက်​ပေါ များ​ရာ ဗာ​ရှန်​ပြည်​နှင့်​ဂိ​လဒ်​ပြည်​များ​တွင် ကျက်​စား​စေ​သ​ကဲ့​သို့​ယ​ခု​လည်း​ပြည် တော်​တွင်​နေ​ထိုင်​စေ​တော်​မူ​ပါ။ \p \v 15 အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​စဉ်​က ကိုယ်​တော်​ပြ​ခဲ့​သော​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခဏာ​များ​ကို​ပြ​တော်​မူ​ပါ။- \v 16 နိုင်​ငံ​တ​ကာ​တို့​သည်​အင်​အား​ကြီး​သော် လည်း ထို​အ​မှု​အ​ရာ​များ​ကို​မြင်​၍​ကြောက် ရွံ့​ထိတ်​လန့်​ကြ​သ​ဖြင့် မိ​မိ​တို့​၏​ပါး​စပ် နှင့်​နား​များ​ကို​ပိတ်​ထား​ကြ​လိမ့်​မည်။- \v 17 သူ​တို့​သည်​မြွေ​ကဲ့​သို့​ဖုတ်​ထဲ​တွင်​တွား​သွား ကြ​လိမ့်​မည်။ သူ​တို့​သည်​မိ​မိ​တို့​၏​ခံ​တပ် များ​ထဲ​မှ​ကြောက်​ရွံ့​တုန်​လှုပ်​စွာ​ထွက်​လာ​၍ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ သို့​ချဉ်း​ကပ်​ကိုး​ကွယ်​ကြ​လိမ့်​မည်။ \p \v 18 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​နှင့်​နှိုင်း​ယှဉ် အပ်​သော​အ​ခြား​ဘု​ရား​မ​ရှိ​ပါ။ ကိုယ်​တော် သည်​အ​သက်​ရှင်​ကျန်​ရစ်​သော ကိုယ်​တော်​၏ လူ​မျိုး​တော်​၏​ပုန်​ကန်​သည့်​အ​ပြစ်​များ​ကို လွှတ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​အ​စဉ် အ​မြဲ​အ​မျက်​ထွက်​တော်​မ​မူ​ပါ။ ကိုယ်​တော် သည်​အ​ကျွန်ုပ်​တို့​အား​မေတ္တာ​က​ရု​ဏာ​ထား တော်​မူ​ပါ​၏။- \v 19 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​သ​နား ကြင်​နာ​တော်​မူ​ဦး​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ​ကို​နင်း​ချေ​၍ ပင်​လယ်​အောက်​သို့​ပစ်​ချ​တော်​မူ​မည်။- \v 20 ကိုယ်​တော်​သည်​ရှေး​အ​ခါ​က​အ​ကျွန်ုပ်​တို့ ၏​ဘိုး​ဘေး​တို့​အား က​တိ​ထား​ရှိ​ခဲ့​သည့် အ​တိုင်း​အာ​ဗြ​ဟံ​နှင့်​ယာ​ကုပ်​တို့​၏​အ ဆက်​အ​နွယ်​များ​ဖြစ်​သော ကိုယ်​တော်​၏ လူ​မျိုး​တော်​အား​သစ္စာ​တော်၊ က​ရု​ဏာ​တော် နှင့်​အ​ညီ​ကျေး​ဇူး​ပြု​တော်​မူ​လိမ့်​မည်။ ပ​ရော​ဖက်​မိ​က္ခာ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။