\id MAT Myanmar Common Language Bible \h မဿဲ \toc1 ရှင်​မ​ဿဲ \toc2 မဿဲ \mt1 ရှင်​မ​ဿဲ \mt2 ပြု​စု​သည့်​သ​တင်း​ကောင်း \is1 နိ​ဒါန်း \ip ရှင်​မ​ဿဲ​ပြု​စု​သည့်​သ​တင်း​ကောင်း​တွင်​ဓမ္မ ဟောင်း​ကျမ်း​အ​ရ​ဘု​ရား​သ​ခင်​ထား​တော်​မူ​သော က​တိ​တော်​နှင့်​အ​ညီ​ကြွ​လာ​မည့်​ကယ်​တင်​ရှင်​မှာ သ​ခင်​ယေ​ရှု​ပင်​ဖြစ်​တော်​မူ​ကြောင်း​သ​တင်း​ကောင်း ကို​ကြေ​ညာ​ပေ​သည်။ ယင်း​သို့​ကြေ​ညာ​ရာ​တွင်​သ​ခင် ယေ​ရှု​မွေး​ဖွား​သန့်​စင်​သက်​ရှင်​လှုပ်​ရှား​ရာ​နိုင်​ငံ​မှ ယု​ဒ​အ​မျိုး​သား​တို့​သာ​မ​က​ကမ္ဘာ​သား​အ​ပေါင်း တို့​အား​လည်း​ကြေ​ညာ​ခြင်း​ဖြစ်​၏။ \ip ရှင်​မ​ဿဲ​သည်​ဤ​ကျမ်း​ကို​စ​နစ်​တ​ကျ​ရေး​သား ပြု​စု​ထား​ပေ​သည်။ ဤ​ကျမ်း​တွင်​သ​ခင်​ယေ​ရှု​ဖွား မြင်​တော်​မူ​ခြင်း​အ​ကြောင်း​ဖြင့်​အ​စ​ပျိုး​၍ ဗတ္တိ​ဇံ မင်္ဂလာ​ခံ​တော်​မူ​ပုံ​နှင့်​ကိုယ်​တော်​အား​စာ​တန်​စုံ စမ်း​သွေး​ဆောင်​ပုံ၊ ဂါ​လိ​လဲ​ပြည်​တွင်​အ​မှု​တော် ဆောင်​ပုံ၊ တ​ရား​ဓမ္မ​ဟော​ပြော​သွန်​သင်​ပုံ​နှင့်​လူ မ​မာ​များ​အား ကျန်း​မာ​စေ​တော်​မူ​ပုံ​ကို​မှတ် တမ်း​တင်​ထား​သည်။ ထို​နောက်​ဂါ​လိ​လဲ​ပြည် မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ကြွ​တော်​မူ​ခြင်း​အ​ကြောင်း ကို​လည်း​ကောင်း၊ နောက်​ဆုံး​ရက်​သတ္တ​ပတ်​၌ လက် ဝါး​ကပ်​တိုင်​တွင်​အ​သေ​ခံ​တော်​မူ​ခြင်း​နှင့် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ခြင်း အ​ကြောင်း​ကို​လည်း​ကောင်း​မှတ်​တမ်း​တင် ထား​၏။ \ip သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား တော်​အ​နက်​အ​ဓိပ္ပါယ်​ကို​ဖွင့်​ပြ​ပိုင်​သော​အ​ရှင် နှင့်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ကို ဟော​ပြော​သွန်​သင်​ပိုင်​သော​အ​ရှင်​ဖြစ်​ကြောင်း​ဤ ကျမ်း​တွင်​တင်​ပြ​ထား​၏။ ကိုယ်​တော်​၏​တ​ရား ဒေ​သ​နာ​တော်​တို့​ကို​အ​ပိုင်း​ကဏ္ဍ (၅) ခု​အောက် တွင်​စု​စည်း​ထား​သည်။ ယင်း​တို့​မှာ (၁) ကောင်း​ကင် နိုင်​ငံ​တော်​သား​တို့​၏​အ​ရည်​အ​သွေး၊ တာ​ဝန် ဝတ္တ​ရား၊ အ​ခွင့်​အ​ရေး​နှင့်​ကံ​ကြမ္မာ​တို့​ကို​ဖော်​ပြ သည့်​တောင်​ပေါ်​ဒေ​သ​နာ​တော် (အ​ခန်း ၅-၇) (၂) တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​အ​မှု​တော် ဆောင်​ရန်​အ​တွက်​ညွှန်​ကြား​ချက်​များ(အ​ခန်း ၁၀) (၃) ကောင်း​ကင်​နိုင်​ငံ​တော်​အ​ကြောင်း​ပုံ​ဉ​ပ​မာ​များ (အ​ခန်း ၁၃) (၄) တ​ပည့်​တော်​ဖြစ်​ခြင်း​၏​အ​နက် အ​ဓိပ္ပါယ် (အ​ခန်း ၁၈) (၅) ယ​ခု​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန် အ​ကြောင်း​နှင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည်​မည့် အ​ကြောင်း​သွန်​သင်​ချက် (အ​ခန်း ၂၄-၂၅) တို့​ဖြစ်​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 သ​ခင်​ယေ​ရှု​ခ​ရစ်​ဖွား​မြင်​တော်​မူ​ခြင်း​နှင့် ဆွေ​တော်​စဉ်​မျိုး​တော်​ဆက် \ior ၁:၁-၂:၂၃\ior* \io1 ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​အ​မှု​တော်​ဆောင်​ခြင်း \ior ၃:၁-၁၂ \ior* \io1 သ​ခင်​ယေ​ရှု​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ခြင်း​နှင့်​စာ​တန် စုံ​စမ်း​သွေး​ဆောင်​ခြင်း \ior ၃:၁၃-၄:၁၁\ior* \io1 ဂါ​လိ​လဲ​ပြည်​တွင်​သ​ခင်​ယေ​ရှု အ​မှု​တော်​ဆောင်​ခြင်း \ior ၄:၁၂-၁၈:၃၅ \ior* \io1 ဂါ​လိ​လဲ​ပြည်​မှ​ယေ​ရု​ရှ​လင်​မြို့ \ior ၁၉:၁-၂၀:၃၄ \ior* \io1 ယေ​ရု​ရှ​လင်​မြို့​နှင့်​အ​နီး​အ​နား​တွင် နောက်​ဆုံး​ရက်​သတ္တ​ပတ် \ior ၂၁:၁-၂၇:၆၆ \ior* \io1 သ​ခင်​ဘု​ရား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​ခြင်း​နှင့်​ကိုယ်​ထင်​ပြ​တော်​မူ​ခြင်း \ior ၂၈:၁-၂၀\ior* \c 1 \s1 သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက် \r (လု၊ ၃:၂၃-၃၈။) \p \v 1 အာ​ဗြ​ဟံ​နှင့်​ဒါ​ဝိဒ်​မှ​ဆင်း​သက်​တော်​မူ​သော သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက် စာ​ရင်း​ကား​ဤ​သို့​တည်း။ \p \v 2 အာ​ဗြ​ဟံ​၏​သား​သည်​ဣ​ဇာက်၊ ဣ​ဇာက်​၏​သား​မှာ​ယာ​ကုပ်၊ ယာ​ကုပ်​၏​သား​များ​ကား​ယု​ဒ​နှင့်​ညီ​များ​ဖြစ်​၏။- \v 3 ယု​ဒ​နှင့်​တာ​မာ​မှ​ရ​သော​သား​များ​သည်​ဖာ​ရက် နှင့်​ဇာ​ရ၊ ဖာ​ရက်​၏​သား​မှာ​ဟေ​ဇ​ရုံ၊ ဟေ​ဇ​ရုံ ၏​သား​ကား​အာ​ရံ​ဖြစ်​၏။- \v 4 အာ​ရံ​၏​သား​သည်​အ​မိ​န​ဒပ်၊ အ​မိ​န​ဒပ်​၏​သား မှာ​နာ​ရှုန်၊ နာ​ရှုန်​၏​သား​ကား​စာ​လ​မုန်​ဖြစ်​၏။- \v 5 စာ​လ​မုန်​နှင့်​ရာ​ခပ်​မှ​ရ​သော​သား​သည်​ဗော​ဇ၊ ဗော​ဇ နှင့်​ရု​သ​မှ​ရ​သော​သား​မှာ​ဩ​ဗက်၊ ဩ​ဗက်​၏​သား သည်​ယေ​ရှဲ၊ ယေ​ရှဲ​၏​သား​ကား​ဒါ​ဝိဒ်​မင်း​တည်း။ \p \v 6 ဉ​ရိ​ယ​၏​ဇ​နီး​နှင့်​ဒါ​ဝိဒ်​မင်း​ရ​သော​သား​သည် ရှော​လ​မုန်​ဖြစ်​၏။- \v 7 ရှော​လ​မုန်​၏​သား​သည်​ရော​ဗောင်၊ ရော​ဗောင်​၏​သား မှာ​အ​ဘိ​ယ၊ အ​ဘိ​ယ​၏​သား​ကား​အာ​သ​ဖြစ်​၏။- \v 8 အာ​သ​၏​သား​သည်​ယော​ရှ​ဖတ်၊ ယော​ရှ​ဖတ်​၏​သား မှာ​ယ​ဟော​ရံ၊ ယ​ဟော​ရံ​၏​သား​ကား​ဩ​ဇိ​ဖြစ်​၏။-\x + \xo 1:8 \xt တရား၊ ၁၅:၂၁။\x* \v 9 ဩ​ဇိ​၏​သား​သည်​ယော​သံ၊ ယော​သံ​၏​သား​မှာ အာ​ခတ်၊ အာ​ခတ်​၏​သား​ကား​ဟေ​ဇ​ကိ​ဖြစ်​၏။- \v 10 ဟေ​ဇ​ကိ​၏​သား​သည်​မ​နာ​ရှေ၊ မ​နာ​ရှေ​၏​သား မှာ​အာ​မုန်၊ အာ​မုန်​၏​သား​ကား​ယော​ရှိ​ဖြစ်​၏။- \v 11 ဗာ​ဗု​လုန်​မြို့​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ချိန်​၌ ယော​ရှိ​ရ​သော သား​များ​ကား​ယေ​ခေါ​နိ​နှင့်​ညီ​များ​ဖြစ်​ကြ​၏။\x + \xo 1:11 \xt ၄ရာ၊ ၂၄:၁၄-၁၅။ ၆ရာ၊ ၃၆:၁၀။ ယေ၊ ၂၇:၂၀။\x* \p \v 12 ဗာ​ဗု​လုန်​မြို့​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ဖမ်း​ဆီး ခေါ်​ဆောင်​ခြင်း​ခံ​ရ​ပြီး​နောက်၊ ယေ​ခေါ​နိ​ရ​သော​သား သည်​ရှာ​လ​သေ​လ၊ ရှာ​လ​သေ​လ​၏​သား​မှာ​ဇေ​ရု​ဗ ဗေ​လ​ဖြစ်​၏။- \v 13 ဇေ​ရု​ဗ​ဗေ​လ​၏​သား​သည်​အ​ဗျုဒ်၊ အ​ဗျုဒ်​၏​သား​မှာ ဧ​လျာ​ကိမ်၊ ဧ​လျာ​ကိမ်​၏​သား​ကား​အာ​ဇော်​ဖြစ်​၏။- \v 14 အာ​ဇော်​၏​သား​သည်​ဇာ​ဒုတ်၊ ဇာ​ဒုတ်​၏​သား​မှာ အာ​ခိမ်၊ အာ​ခိမ်​၏​သား​ကား​ဧ​လုဒ်​ဖြစ်​၏။- \v 15 ဧ​လုဒ်​၏​သား​သည်​ဧ​လာ​ဇာ၊ ဧလာဇာ​၏​သား​မှာ မ​ဿန်၊ မ​ဿန်​၏​သား​ကား​ယာ​ကုပ်​ဖြစ်​၏။- \v 16 ယာ​ကုပ်​၏​သား​သည်​မာ​ရိ​၏​ခင်​ပွန်း​ဖြစ်​သူ​ယော​သပ် ဖြစ်​၏။ မာ​ရိ​ကား​မေ​ရှိ​ယ​ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း ခံ​ရ​သော​သ​ခင်​ယေ​ရှု​၏​မယ်​တော်​တည်း။ \p \v 17 သို့​ဖြစ်​၍​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက်​များ​မှာ အာ​ဗြ​ဟံ​မှ​သည်​ဒါ​ဝိဒ်​မင်း​တိုင်​အောင်​တစ်​ဆယ့် လေး​ဆက်၊ ဒါ​ဝိဒ်​မင်း​မှ​သည်​ဣသ​ရေ​လ​အ​မျိုး​သား တို့​ဗာ​ဗု​လုန်​မြို့​သို့ ဖမ်း​ဆီး​ခေါ်​ဆောင်​ခြင်း​ခံ​ရ​ချိန် တိုင်​အောင်​တစ်​ဆယ့်​လေး​ဆက်၊ ဣသ​ရေ​လ​အ​မျိုး​သား တို့ ဗာ​ဗု​လုန်​မြို့​သို့​ရောက်​ရှိ​ချိန်​မှ​သည်​မေ​ရှိ​ယ ဖွား​မြင်​သည်​တိုင်​အောင်​တစ်​ဆယ့်​လေး​ဆက်​ဖြစ် သ​တည်း။ \s1 သ​ခင်​ယေ​ရှု​ခ​ရစ်​ဖွား​မြင်​တော်​မူ​ခြင်း \r (လု၊ ၂:၁-၇။) \p \v 18 သ​ခင်​ယေ​ရှု​ခ​ရစ်​ဖွား​မြင်​တော်​မူ​ပုံ​ကား​ဤ​သို့ တည်း။ မယ်​တော်​မာ​ရိ​နှင့်​ယော​သပ်​တို့​ထိမ်း​မြား​ရန် စေ့​စပ်​ကြောင်း​လမ်း​ထား​ပြီး​နောက်၊ ပေါင်း​သင်း​နေ​ထိုင် မှု​မ​ပြု​ရ​မီ​မာ​ရိ​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ၏​တန်​ခိုး​အား​ဖြင့်​ပ​ဋိ​သေနန္ဓ​စွဲ​ကပ်​လေ​၏။-\x + \xo 1:18 \xt လု၊ ၁:၂၇။\x* \v 19 ယော​သပ်​သည်​စိတ်​သ​ဘော​ထား​မြင့်​မြတ်​သူ​ဖြစ် သည်​အ​လျောက်​မာ​ရိ​အား​အ​သ​ရေ​မ​ပျက်​စေ လို​သ​ဖြင့် သူ​နှင့်​စေ့​စပ်​ကြောင်း​လမ်း​ထား​မှု​ကို တိတ်​တ​ဆိတ်​ဖျက်​သိမ်း​ရန်​အ​ကြံ​ရှိ​၏။- \v 20 ဤ​သို့​အ​ကြံ​ရှိ​နေ​စဉ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို​အိပ်​မက်​မြင်​မက်​၏။ ထို​ကောင်း​ကင်​တမန်​က ``ဒါ​ဝိဒ်​၏​သား​မြေး​ယော​သပ်၊ သင်​သည်​မာ​ရိ​အား​ဇ​နီး​အ​ဖြစ်​သိမ်း​ပိုက်​ရ​မည်​ကို မ​ကြောက်​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​၏​ဝမ်း​တွင် ရှိ​သော​ပ​ဋိ​သေနန္ဓ​ကား​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ၏​တန်​ခိုး​တော်​အား​ဖြင့်​ရ​သော​ပ​ဋိ​သေနန္ဓ​ဖြစ်​၏။- \v 21 သူ​သည်​သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ ထို သား​သည်​မိ​မိ​လူ​မျိုး​အား​အ​ပြစ်​မှ​ကယ်​တင် မည့်​အ​ရှင်​ဖြစ်​သော​ကြောင့်​သူ့​ကို​ယေ​ရှု​ဟု နာ​မည်​မှည့်​ရ​မည်'' ဟု​ဆို​၏။\x + \xo 1:21 \xt လု၊ ၁:၃၁။\x* \p \v 22 ဤ​အ​မှု​အ​ရာ​များ​မှာ​ပ​ရော​ဖက်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​ခဲ့​သော​ဗျာ​ဒိတ် တော်​အ​တိုင်း​ဖြစ်​ပျက်​ခြင်း​ပင်​ဖြစ်​သ​တည်း။- \v 23 ဗျာ​ဒိတ်​တော်​ကား ``အ​ပျို​က​ညာ​သည်​ကိုယ်​ဝန် ဆောင်​၍​သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ ထို သား​ကို​ဧ​မာ​နွေလ\f 1 \fr 1:23 \ft * \+fk ဧ​မာ​နွေ​လ၊ \ft ၏​အ​နက်​မှာ​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ သော​ထာ​ဝ​ရ​ဘု​ရား​ဟူ​၍​ဖြစ်​၏။\f* ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့်​မည်'' ဟူ​၍​ဖြစ်​သ​တည်း။\x + \xo 1:23 \xt ဟေရှာ၊ ၇:၁၄။\x* \p \v 24 သို့​ဖြစ်​၍​ယော​သပ်​သည်​အိပ်​ပျော်​ရာ​မှ​နိုး​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​အ​မိန့် ရှိ​ခဲ့​သည့်​အ​တိုင်း မာ​ရိ​အား​မိ​မိ​ဇ​နီး​အ​ဖြစ် သိမ်း​ပိုက်​လေ​၏။- \v 25 သို့​ရာ​တွင်​သား​ယောက်ျား​ဖွား​မြင်​သည်​တိုင်​အောင် မာ​ရိ​နှင့်​ပေါင်း​သင်း​နေ​ထိုင်​မှု​ကို​မ​ပြု​ဘဲ​နေ​၏။ ထို​သား​ကို​ယေ​ရှု​ဟု​နာ​မည်​မှည့်​လေ​၏။\x + \xo 1:25 \xt လု၊ ၂:၂၁။\x* \c 2 \s1 အ​ရှေ့​တိုင်း​နိုင်​ငံ​မှ​ဧည့်​သည်​တော်​များ \p \v 1 ဟေ​ရုဒ်​မင်း​၏​လက်​ထက်၊ ယု​ဒ​ပြည်​ဗက်​လင်​မြို့ တွင် မယ်​တော်​မာ​ရိ​သည်​သူ​ငယ်​တော်​ယေ​ရှု​ကို ဖွား​မြင်​လေ​သည်။ ထို​အ​ခါ​အ​ရှေ့​တိုင်း​နိုင်​ငံ မှ​ပ​ညာ​ရှိ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက် လာ​ပြီး​လျှင်၊- \v 2 ``ယ​ခု​ဖွား​မြင်​သော​ယု​ဒ​ရှင်​ဘု​ရင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ အ​ရှေ့​တိုင်း​နိုင်​ငံ​တွင် ထို​အ​ရှင်​၏​ကြယ်​ပေါ်​ထွန်း​သည်​ကို​မြင်​သ​ဖြင့် ထို​အ​ရှင်​အား​ဖူး​မြော်​ပူ​ဇော်​အံ့​သော​ငှာ ငါ တို့​ရောက်​လာ​ကြ​ပါ​သည်'' ဟု​စုံ​စမ်း​မေး​မြန်း ကြ​၏။- \v 3 ထို​အ​ကြောင်း​ကို​ကြား​လျှင်​ဟေ​ရုဒ်​မင်း​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​သည် တုန်​လှုပ်​ချောက်​ချား​၍​သွား​ကြ​ကုန်​၏။- \v 4 ဟေ​ရုဒ်​မင်း​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ကျမ်း​တတ်​ဆ​ရာ​များ​ကို​စု​ဝေး​စေ​လျက် ``မေ​ရှိ​ယ သည်​အ​ဘယ်​အ​ရပ်​တွင်​ဖွား​မြင်​လိမ့်​မည်​နည်း'' ဟု​မေး​၏။- \v 5 ထို​သူ​တို့​က ``ယု​ဒ​ပြည်​ဗက်​လင်​မြို့​တွင်​ဖွား​မြင် ပါ​လိမ့်​မည်။ ကျမ်း​စာ​တော်​တွင်​ပ​ရော​ဖက်​တစ်​ဦး က၊ \q1 \v 6 `အို ယု​ဒ​ပြည်​ဗက်​လင်​မြို့၊သင်​သည်​ယု​ဒ​ပြည်​ရှိ မြို့​များ​အ​နက်​သိမ်​ငယ်​လှ​သော​မြို့​မ​ဟုတ်။ \q2 ငါ​၏​လူ​မျိုး​တော်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား \q1 ရှေ့​ဆောင်​လမ်း​ပြ​မည့်​ခေါင်း​ဆောင်​တစ်​ဦး​သည် သင်​၏​အ​ထဲ​မှ​ပေါ်​ထွန်း​လိမ့်​မည်' \m ဟု​ဟော​ကြား​ထား​ပါ​သည်'' ဟူ​၍​လျှောက်​ထား ကြ​၏။\x + \xo 2:6 \xt မိ၊ ၅:၂။\x* \p \v 7 ထို​အ​ခါ​ဟေ​ရုဒ်​မင်း​သည်​ပ​ညာ​ရှိ​တို့​ကို​လျှို့ ဝှက်​စွာ​ခေါ်​၍ ကြယ်​ပေါ်​ထွန်း​ရာ​အ​ချိန်​ကာ​လ ကို​သေ​ချာ​စွာ​စုံ​စမ်း​မေး​မြန်း​တော်​မူ​၏။- \v 8 ထို​နောက်​မင်း​ကြီး​သည်​ထို​သူ​တို့​အား ``သင်​တို့ သွား​၍​သူ​ငယ်​ကို​တွေ့​အောင်​ရှာ​ကြ​ပါ။ တွေ့​သော အ​ခါ​ငါ​လည်း​သူ့​ကို​ဖူး​မြော်​ပူ​ဇော်​နိုင်​ရန် ငါ့ ထံ​လာ​၍​အ​ကြောင်း​ကြား​ကြ​ပါ'' ဟု​မိန့်​မှာ လျက်​ဗက်​လင်​မြို့​သို့​စေ​လွှတ်​တော်​မူ​၏။ \p \v 9-10 သို့​ဖြစ်​၍​ထို​သူ​တို့​သည်​ထွက်​သွား​ကြ​ရာ​သူ တို့​တွေ့​မြင်​ခဲ့​သည့်​ကြယ်​ကို​မြင်​ပြန်​သ​ဖြင့် လွန် စွာ​ဝမ်း​မြောက်​ဝမ်း​သာ​ဖြစ်​ကြ​၏။ ထို​ကြယ်​သည် လည်း​သူ​တို့​အား​ရှေ့​ဆောင်​ကာ​သူ​ငယ်​တော်​ရှိ ရာ​အ​ရပ်​ပေါ်​သို့​ရောက်​လျှင်​ရပ်​တန့်​လေ​၏။- \v 11 သူ​တို့​သည်​အိမ်​ထဲ​သို့​ဝင်​ကြ​ရာ​သူ​ငယ်​တော် အား မယ်​တော်​နှင့်​အ​တူ​တွေ့​မြင်​ကြ​၏။ ထို​အ​ခါ သူ​တို့​သည်​မြေ​ပေါ်​မှာ​ပျပ်​ဝပ်​ရှိ​ခိုး​ပြီး​လျှင် ဘဏ္ဍာ ကြုတ်​များ​ကို​ဖွင့်​၍​ရွှေ၊ လော​ဗန်​နှင့်​မု​ရန်​တို့​ကို ပူ​ဇော်​ဆက်​သ​ကြ​၏။ \p \v 12 ဟေ​ရုဒ်​မင်း​ထံ​သို့​မ​ပြန်​ကြ​ရန်​အိပ်​မက်​တွင် ဘု​ရား သ​ခင်​သ​တိ​ပေး​တော်​မူ​သ​ဖြင့် သူ​တို့​သည်​အ​ခြား လမ်း​ဖြင့်​မိ​မိ​တို့​တိုင်း​နိုင်​ငံ​သို့​ပြန်​သွား​ကြ​၏။ \s1 အီ​ဂျစ်​ပြည်​သို့​ရှောင်​တိမ်း​သွား​ကြ​ခြင်း \p \v 13 ပ​ညာ​ရှိ​များ​ထွက်​ခွာ​သွား​ကြ​ပြီး​နောက်​ယော​သပ် သည် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​တစ်​ပါး ကို​အိပ်​မက်​တွင်​မြင်​ရ​၏။ ကောင်း​ကင်​တ​မန်​က ``ထ လော့၊ သူ​ငယ်​တော်​နှင့်​မယ်​တော်​ကို​ခေါ်​၍​အီ​ဂျစ် ပြည်​သို့​ထွက်​ပြေး​လော့။ ဟေ​ရုဒ်​မင်း​သည်​သူ​ငယ် တော်​ကို​သတ်​ရန်​ရှာ​လိမ့်​မည်။ သင်​တို့​အား​ပြန် လာ​ရန်​ငါ​အ​မိန့်​မ​ပေး​မ​ချင်း​ထို​အ​ရပ်​တွင် နေ​လော့'' ဟု​ဆို​၏။- \v 14 ယော​သပ်​သည်​ထ​၍​သူ​ငယ်​တော်​နှင့်​မယ်​တော်​တို့ ကို​ခေါ်​ဆောင်​ကာ​ညဥ့်​အ​ခါ အီ​ဂျစ်​ပြည်​သို့​ထွက် ခွာ​သွား​ပြီး​လျှင်​ဟေ​ရုဒ်​မင်း​ကွယ်​လွန်​သည်​တိုင် အောင်​ထို​ပြည်​တွင်​နေ​၏။ \p \v 15 ဤ​အ​မှု​အ​ရာ​ကား ``ငါ့​သား​ကို​အီ​ဂျစ်​ပြည်​မှ ခေါ်​ခဲ့​၏'' ဟူ​၍​ပ​ရော​ဖက်​အား​ဖြင့်​မိန့်​ကြား​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​အ​တိုင်း ဖြစ်​ပျက်​ခြင်း​ပင်​ဖြစ်​သ​တည်း။\x + \xo 2:15 \xt ဟော၊ ၁၁:၁။\x* \s1 က​လေး​သူ​ငယ်​များ​ကို​သတ်​ခြင်း \p \v 16 ဟေ​ရုဒ်​မင်း​သည်​မိ​မိ​အား​ပ​ညာ​ရှိ​တို့​လှည့်​စား သွား​ကြ​ကြောင်း​ကို​သိ​လျှင် ပြင်း​စွာ​အ​မျက်​ထွက် လေ​၏။ သို့​ဖြစ်​၍​ထို​သူ​တို့​ထံ​မှ​စုံ​စမ်း​သိ​ရှိ​ရ သည့်​အ​တိုင်း​ကြယ်​ပေါ်​ထွန်း​ရာ​အ​ချိန်​ကာ​လ ကို​ထောက်​လျက် ဗက်​လင်​မြို့​နှင့်​အ​နီး​ပတ်​ဝန်း​ကျင် ကျေး​ရွာ​များ​ရှိ​နှစ်​နှစ်​အ​ရွယ်​နှင့်​နှစ်​နှစ်​အောက် သူ​ငယ်​အ​ပေါင်း​တို့​ကို​သတ်​စေ​၏။ \p \v 17-18 ဤ​သို့​လျှင်၊ \q1 ``ရာ​မ​အ​ရပ်​တွင်​လွန်​စွာ​ဝမ်း​နည်း​ပူ​ဆွေး ငို​ကြွေး​မြည်​တမ်း​သံ​ကို​ကြား​ရ​၏။ \q2 ရာ​ခေ​လ​သည်​မိ​မိ​၏​က​လေး​များ​အ​တွက် ငို​ယို​၍​နေ​၏။ \q1 က​လေး​တို့​သေ​ကြ​ပြီး​ဖြစ်​၍​သူ့​အား နှစ်​သိမ့်​၍​မ​ရ​နိုင်'' \m ဟူ​သော​ပ​ရော​ဖက်​ယေ​ရ​မိ​၏​စ​ကား​သည်​မှန် ၍​လာ​တော့​၏။\x + \xo 2:17-18 \xt ယေ၊ ၃၁:၁၅။\x* \s1 အီ​ဂျစ်​ပြည်​မှ​ပြန်​လာ​ခြင်း \p \v 19 ဟေ​ရုဒ်​မင်း​ကွယ်​လွန်​ပြီး​နောက်​အီ​ဂျစ်​ပြည်​တွင် ယော​သပ်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင် တ​မန်​တစ်​ပါး​ကို​အိပ်​မက်​မြင်​မက်​၏။- \v 20 ကောင်း​ကင်​တ​မန်​က ``သင်​သည်​ထ​၍​သူ​ငယ်​တော် နှင့်​မယ်​တော်​ကို​ခေါ်​ဆောင်​ကာ​ဣသ​ရေ​လ​ပြည်​သို့ ပြန်​သွား​လော့။ သူ​ငယ်​တော်​ကို​သတ်​လို​သူ​တို့​သည် သေ​လွန်​ကြ​လေ​ပြီ'' ဟု​ဆို​၏။- \v 21 ယော​သပ်​သည်​ထ​၍​သူ​ငယ်​တော်​နှင့်​မယ်​တော်​ကို ဆောင်​ယူ​ကာ ဣ​သ​ရေ​လ​ပြည်​သို့​ပြန်​သွား​လေ​၏။ \p \v 22 ယု​ဒ​ပြည်​တွင်​အာ​ခေ​လ​သည်​ခ​မည်း​တော်​ဟေ​ရုဒ် မင်း​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​စိုး​စံ​လျက်​နေ​၏။ ထို​အ​ကြောင်း​ကို​ကြား​သော​အ​ခါ​ယော​သပ်​သည် ထို​ပြည်​သို့​မ​သွား​ဝံ့​တော့​ချေ။ သူ​သည်​အိပ်​မက် တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ခံ​ယူ​ရ သည့်​အ​တိုင်း​ဂါ​လိ​လဲ​ပြည်​သို့​သွား​၍၊- \v 23 နာ​ဇ​ရက်​နာ​မည်​တွင်​သော​မြို့​တွင်​နေ​ထိုင်​လေ​၏။ သို့​ဖြစ်​၍ ``ကိုယ်​တော်​အား​နာ​ဇ​ရက်​မြို့​သား​ဟု ခေါ်​ဝေါ်​ကြ​လတ္တံ့'' ဟူ​သော​ပ​ရော​ဖက်​များ​၏ ဟော​ကြား​ချက်​မှန်​ကန်​၍​လာ​သ​တည်း။\x + \xo 2:23 \xt မာ၊ ၁:၂၄။ လု၊ ၂:၃၉။ ယော၊ ၁:၄၅။\x* \c 3 \s1 ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​ဟော​ပြော​ချက် \r (မာ၊ ၁:၁-၈။ လု၊ ၃:၁-၁၈။ ယော၊ ၁:၁၉-၂၈။) \p \v 1-2 ထို​အ​ခါ​ကာ​လ​၌​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် သည် ``နောင်​တ​ရ​ကြ​လော့။ ကောင်း​ကင်​နိုင်​ငံ တော်​တည်​လု​နီး​ပြီ'' ဟု​ယု​ဒ​တော​ကန္တာ​ရ​၌ ဟော​ပြော​လျက်​ပေါ်​ထွန်း​လာ​၏။-\x + \xo 3:1-2 \xt မ၊ ၄:၁၇။ မာ၊ ၁:၁၅။\x* \v 3 ပ​ရော​ဖက်​ဟေ​ရှာ​ယ​က၊ \q1 `` `ကိုယ်​တော်​ရှင်​ကြွ​တော်​မူ​ရာ​လမ်း​ကို အ​သင့်​ပြင်​ဆင်​ကြ​လော့။ \q2 ထို​အ​ရှင်​၏​လမ်း​ကို​ဖြောင့်​တန်း​အောင် ပြု​ကြ​လော့' ဟု \q1 တော​ကန္တာ​ရ​၌​လူ​တစ်​ယောက်​ကြွေး​ကြော်​လျက်​နေ​၏'' \m ဟူ​၍​ဖော်​ပြ​ရာ​၌​ယော​ဟန်​ကို​ပင်​ဆို​လို​သ​တည်း။\x + \xo 3:3 \xt ဟေရှာ၊ ၄၀:၃။\x* \p \v 4 ယော​ဟန်​သည်​ကု​လား​အုတ်​မွေး​အ​ဝတ်​ကြမ်း​ကို ဝတ်​၍ သား​ရေ​ခါး​ပန်း​ကြိုး​ကို​စည်း​ထား​၏။ သူ ၏​အ​စား​အ​စာ​မှာ​ကျိုင်း​ကောင်​နှင့်​ပျား​ရည်​ဖြစ်​၏။-\x + \xo 3:4 \xt ၄ရာ၊ ၁:၈။\x* \v 5 ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည်​လည်း​ကောင်း၊ ယု​ဒ​ပြည်​တစ်​ပြည်​လုံး​နှင့်​ယော်​ဒန်​မြစ်​ဝှမ်း​ဒေ​သ မှ​လူ​အ​ပေါင်း​တို့​သည်​လည်း​ကောင်း​ယော​ဟန်​ထံ သို့​လာ​ကြ​၏။- \v 6 သူ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​များ​ကို​ဖော်​ပြ ဝန်​ခံ​ကြ​သ​ဖြင့် ယော​ဟန်​သည်​ယော်​ဒန်​မြစ် တွင်​သူ​တို့​အား​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​၏။ \p \v 7 ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒုကဲ​အ​မြောက်​အ​မြား​ပင်​ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ယူ​ရန်​လာ​ကြ​သည်​ကို​မြင်​လျှင် ယော​ဟန် က ``အ​ချင်း​မြွေ​ဆိုး​တို့၊ သက်​ရောက်​လတ္တံ့​သော​ဘု​ရား သ​ခင်​၏​အ​မျက်​တော်​မှ​လွတ်​မြောက်​နိုင်​သည်​ဟု သင်​တို့​အား​အ​ဘယ်​သူ​ပြော​သ​နည်း။-\x + \xo 3:7 \xt မ၊ ၁၂:၃၄၊ ၂၃:၃၃။\x* \v 8 အ​ကယ်​ပင်​နောင်​တ​ရ​ကြောင်း​ကို​သင်​တို့​၏ အ​ကျင့်​အား​ဖြင့်​ပြ​ကြ​လော့။- \v 9 အာ​ဗြ​ဟံ​သည်​ငါ​တို့​၏​အ​ဖ​ဖြစ်​သည်​ဟူ​၍ ပြော​ဆို​ရုံ​မျှ​ဖြင့် သင်​တို့​သည်​အ​ပြစ်​မှ​လွတ်​ငြိမ်း ခွင့်​ကို​ရ​ရှိ​လိမ့်​မည်​ဟု​မ​ထင်​ကြ​နှင့်။ ဘု​ရား​သ​ခင် သည်​ဤ​ကျောက်​ခဲ​များ​မှ အာ​ဗြ​ဟံ​၏​သား​များ ကို​ဖန်​ဆင်း​တော်​မူ​နိုင်​သည်​ဟု​သင်​တို့​အား ငါ​ဆို​၏။-\x + \xo 3:9 \xt ယော၊ ၈:၃၃။\x* \v 10 သစ်​ပင်​များ​အား​အ​မြစ်​ရင်း​မှ​ခုတ်​လှဲ​ပစ်​ရန် ပု​ဆိန်​ကို​အ​သင့်​ထား​ရှိ​ပြီ​ဖြစ်​၍ အ​သီး​ကောင်း ကို​မ​သီး​သည့်​အ​ပင်​ဟူ​သ​မျှ​သည်​ခုတ်​လှဲ​၍ မီး​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​လိမ့်​မည်။-\x + \xo 3:10 \xt မ၊ ၇:၁၇။\x* \v 11 သင်​တို့​နောင်​တ​ရ​သည့်​အ​တွက် ငါ​သည်​သင်​တို့ အား​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​၏။ ငါ​၏​နောက် တွင်​ကြွ​လာ​မည့်​အ​ရှင်​သည်​ကား သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖြင့်​လည်း​ကောင်း၊ မီး​ဖြင့်​လည်း​ကောင်း၊ ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​တော်​မူ​လတ္တံ့။ ထို​အ​ရှင်​သည် ငါ့​ထက်​ကြီး​မြတ်​၏။ ငါ​သည်​ထို​အ​ရှင်​၏​ဖိ​နပ် ကို​မျှ​မ​ကိုင်​ဆောင်​ထိုက်။- \v 12 လက်​တော်​တွင်​စ​ပါး​လှေ့​ရန်​ဆန်​ကော​ကို​ကိုင်​၍ ထား​တော်​မူ​၏။ မိ​မိ​၏​ကောက်​နယ်​တ​လင်း​ကို ရှင်း​လင်း​ပြီး​နောက် ဂျုံ​စ​ပါး​ကို​ကျီ​တွင်​စု​သိမ်း ထား​တော်​မူ​လိမ့်​မည်။ အ​ဖျင်း​များ​ကို​မူ​ငြိမ်း သတ်​၍​မ​ရ​နိုင်​သော​မီး​နှင့်​ရှို့​တော်​မူ​လိမ့်​မည်'' ဟု​ဟော​ပြော​၏။ \s1 သ​ခင်​ယေ​ရှု​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​တော်​မူ​ခြင်း \r (မာ၊ ၁:၉-၁၁။ လု၊ ၃:၂၁-၂၂) \p \v 13 ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​ယော​ဟန်​ထံ​တွင် ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ရန်​ဂါ​လိ​လဲ​ပြည်​မှ ယော်​ဒန်​မြစ်​သို့​ကြွ​လာ​တော်​မူ​၏။- \v 14 သို့​ရာ​တွင်​ယော​ဟန်​က ``အ​ကျွန်ုပ်​သည်​အ​ရှင်​၏ ထံ​တွင် ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​သင့်​သူ​ဖြစ်​ပါ လျက် အ​ရှင်​သည်​အ​ကျွန်ုပ်​၏​ထံ​သို့​ကြွ​လာ​တော် မူ​ပါ​သ​လော'' ဟု​ဆို​၍​ဆီး​တား​လေ​၏။ \p \v 15 သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​တော်​မူ သ​မျှ​သော​အ​မှု​တို့​ကို​လိုက်​နာ​ဆောင်​ရွက်​သင့် သည်​ဖြစ်​၍ ယ​ခု​ငါ့​အား​ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​ပါ လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​ယော​ဟန်​သည် သ​ဘော​တူ​လေ​၏။ \p \v 16 သ​ခင်​ယေ​ရှု​သည်​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ပြီး​လျှင်​ပြီး ချင်း ရေ​မှ​တက်​တော်​မူ​သော​အ​ခါ၊ မိုး​ကောင်း​ကင် သည်​ကိုယ်​တော်​ရှင်​အ​တွက်​ကွဲ​ဟ​လျက် ဘု​ရား သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ချိုး​ငှက်​အ​သွင်​ဖြင့် ကိုယ်​တော်​၏​အ​ပေါ်​မှာ​နား​တော်​မူ​သည်​ကို​မြင် တော်​မူ​၏။- \v 17 ထို​နောက် ``ဤ​သူ​ကား​ငါ​၏​ချစ်​သား​ဖြစ်​၏။ သူ့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏'' ဟု​ကောင်း​ကင်​မှ အ​သံ​တော်​ပေါ်​ထွက်​လာ​၏။\x + \xo 3:17 \xt က၊ ၂၂:၂။ ဆာ၊ ၂:၇။ မ၊ ၁၂:၁၈၊ ၁၇:၅။ မာ၊ ၁:၁၁။ လု၊ ၉:၃၅။\x* \c 4 \s1 စုံ​စမ်း​သွေး​ဆောင်​ခြင်း​ခံ​တော်​မူ​ခြင်း \r (မာ၊ ၁:၁၂-၁၃။ လု၊ ၄:၁-၁၃။) \p \v 1 ထို​နောက်​မာရ်​နတ်​၏​စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို ခံ​စေ​ရန် ဝိ​ညာဉ်​တော်​သည်​သ​ခင်​ယေ​ရှု​ကို တော​ကန္တာ​ရ​သို့​ခေါ်​ဆောင်​သွား​တော်​မူ​၏။-\x + \xo 4:1 \xt ဟေဗြဲ၊ ၂:၁၈၊ ၄:၁၅။\x* \v 2 ကိုယ်​တော်​သည်​ရက်​လေး​ဆယ်​ပတ်​လုံး​အ​စာ ရှောင်​လျက်​နေ​ပြီး​နောက်​မွတ်​သိပ်​၍​လာ​တော် မူ​၏။- \v 3 ထို​အ​ခါ​မာရ်​နတ်​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ၍ ``အ​ရှင်​သည်​ဘု​ရား​သ​ခင်​၏​သား​တော်​မှန် လျှင်​ဤ​ကျောက်​ခဲ​များ​ကို​မုန့်​ဖြစ်​လာ​စေ​ရန် အ​မိန့်​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​၏။ \p \v 4 သို့​ရာ​တွင်​ကိုယ်​တော်​က ``လူ​သည်​အ​စား​အ​စာ အား​ဖြင့်​သာ​အ​သက်​ရှင်​ရ​မည်​မ​ဟုတ်။ ဘု​ရား သ​ခင်​၏​နှုတ်​တော်​ထွက်​စ​ကား​ရှိ​သ​မျှ​အား ဖြင့်​အ​သက်​ရှင်​ရ​မည်​ဟု​ကျမ်း​စာ​လာ​၏'' ဟူ ၍​မိန့်​တော်​မူ​၏။\x + \xo 4:4 \xt တရား၊ ၈:၃။\x* \p \v 5 ထို​အ​ခါ​မာရ်​နတ်​သည်​ကိုယ်​တော်​ကို​သန့်​ရှင်း မြင့်​မြတ်​သော​မြို့​တော်​ရှိ​ဗိ​မာန်​တော်​ထိပ်​ဖျား သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင်၊ \q1 \v 6 ``ဘု​ရား​သ​ခင်​သည်​သင့်​အား​ကာ​ကွယ်​စောင့် ရှောက်​ရန်​ကောင်း​ကင်​တ​မန်​တို့​အား \q2 အ​မိန့်​ပေး​တော်​မူ​မည်​ဖြစ်​ရာ၊သူ​တို့​သည် \q1 သင်​၏​ခြေ​ကို​ကျောက်​ခဲ​များ​နှင့်​မ​ထိ​မ​ခိုက်​မိ စေ​ရန်၊ \q2 သင့်​အား​ချီ​ပင့်​ကြ​လိမ့်​မည်​ဟု​ကျမ်း​စာ​တော်​တွင် ပါ​ရှိ​ပါ​၏။ \q1 သို့​ဖြစ်​၍​အ​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏ သား​တော်​မှန်​လျှင်​အောက်​သို့​ခုန်​ချ​ပါ​လော့'' \m ဟု​လျှောက်​၏။\x + \xo 4:6 \xt ဆာ၊ ၉၁:၁၁-၁၂။\x* \p \v 7 သ​ခင်​ယေ​ရှု​က​လည်း ``သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​အ​စုံ​အ​စမ်း​မ​ပြု​ရ​ဟူ ၍​လည်း​ကျမ်း​စာ​တော်​တွင်​ပါ​ရှိ​၏'' ဟု​မိန့် တော်​မူ​၏။\x + \xo 4:7 \xt တရား၊ ၆:၁၆။\x* \p \v 8 ထို​မှ​တစ်​ဖန်​မာရ်​နတ်​သည်​ကိုယ်​တော်​အား​မြင့် သော​တောင်​ပေါ်​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် လော​က နိုင်​ငံ​ရှိ​သ​မျှ​နှင့်​ထို​နိုင်​ငံ​တို့​၏​ဘုန်း​စည်း​စိမ် ကို​ညွှန်​ပြ​၏။- \v 9 ထို​နောက် ``ကိုယ်​တော်​သည်​ငါ့​အား​ဦး​ညွှတ်​ရှိ​ခိုး မည်​ဆို​ပါ​က​ဤ​အ​ရာ​အ​လုံး​စုံ​ကို​ငါ​ပေး မည်'' ဟု​ဆို​၏။ \p \v 10 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``အ​ချင်း​မာရ်​နတ်၊ ငါ့​ထံ​မှ​ထွက်​ခွာ​သွား​လော့။ သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​သာ​လျှင်​ဝတ်​ပြု​ရှိ​ခိုး​ရ​မည်။ ထို​အ​ရှင်​၏​အ​စေ​ကို​သာ​လျှင်​ခံ​ရ​မည်​ဟု ကျမ်း​စာ​လာ​သည်'' ဟု​မိန့်​တော်​မူ​၏။\x + \xo 4:10 \xt တရား၊ ၆:၁၃။\x* \p \v 11 ထို​အ​ခါ​မာရ်​နတ်​သည်​အ​ထံ​တော်​မှ​ထွက်​ခွာ သွား​လေ​သည်။ ထို​နောက်​ကောင်း​ကင်​တ​မန်​တို့ သည်​ကိုယ်​တော်​ထံ​သို့​ချဉ်း​ကပ်​ပြီး​လျှင်​လုပ် ကျွေး​ပြု​စု​ကြ​၏။ \s1 ဂါ​လိ​လဲ​ပြည်​တွင်​သ​ခင်​ယေ​ရှု အ​မှု​တော်​စ​တင်​ဆောင်​ရွက်​ခြင်း \r (မာ၊ ၁:၁၄-၁၅။ လု၊ ၄:၁၄-၁၅။) \p \v 12 သ​ခင်​ယေ​ရှု​သည်​ယော​ဟန်​အ​ဖမ်း​ခံ​ရ​ကြောင်း ကို​ကြား​သော​အ​ခါ​ဂါ​လိ​လဲ​ပြည်​သို့​ထွက်​ခွာ သွား​တော်​မူ​၏။-\x + \xo 4:12 \xt မ၊ ၁၄:၃။ မာ၊ ၆:၁၇။ လု၊ ၃:၁၉-၂၀။\x* \v 13 ကိုယ်​တော်​သည်​နာ​ဇ​ရက်​မြို့​တွင်​နေ​ထိုင်​တော် မ​မူ​ဘဲ​ဇာ​ဗု​လုန်​နယ်​နှင့်​န​ဿ​လိ​နယ်​စပ်​ကြား၊ ဂါ​လိ​လဲ​အိုင်​အ​နီး​ရှိ​က​ပေ​ရ​နောင်​မြို့​သို့ သွား​ရောက်​နေ​ထိုင်​တော်​မူ​၏။-\x + \xo 4:13 \xt ယော၊ ၂:၁၂။\x* \v 14 ဤ​သို့​ပြု​တော်​မူ​ရ​ခြင်း​မှာ​ပ​ရော​ဖက်​ဟေ ရှာ​ယ​၏​ဟော​ကြား​ချက်​မှန်​ကန်​လာ​စေ​ရန် ပင်​ဖြစ်​သ​တည်း။ ပ​ရော​ဖက်​ဟေ​ရှာ​ယ​က၊ \q1 \v 15 ``အို ဇာ​ဗု​လုန်​နယ်​နှင့်​န​ဿ​လိ​နယ်၊ယော်​ဒန်​မြစ် တစ်​ဖက်​ကမ်း၊အိုင်​လမ်း​တစ်​လျှောက်၊ \q2 လူ​မျိုး​ခြား​တို့​နေ​ထိုင်​ရာ​ဂါ​လိ​လဲ​ပြည်၊\x + \xo 4:15 \xt ဟေရှာ၊ ၉:၁-၂။\x* \q1 \v 16 အ​မှောင်​တွင်​နေ​ထိုင်​ကြ​သော​သူ​တို့​သည် အ​လင်း​ရောင်​ကြီး​ကို​မြင်​ရ​လေ​ပြီ။ \q2 သေ​မင်း​အ​ရိပ်​တွင်​နေ​ထိုင်​ကြ​သူ​တို့​၏​အ​ပေါ်​သို့ အ​လင်း​ရောင်​သက်​ရောက်​လိမ့်​မည်'' \m ဟု​ဟော​ကြား​ခဲ့​၏။ \p \v 17 ထို​အ​ခါ​မှ​စ​၍​သ​ခင်​ယေ​ရှု​သည် ``နောင်​တ​ရ ကြ​လော့။ ကောင်း​ကင်​နိုင်​ငံ​တော်​တည်​လု​နီး​ပြီ'' ဟု​ဟော​ကြား​တော်​မူ​၏။\x + \xo 4:17 \xt မ၊ ၃:၂။\x* \s1 တံ​ငါ​သည်​လေး​ယောက်​ကို​ခေါ်​တော်​မူ​ခြင်း \r (မာ၊ ၁:၁၆-၂၀။ လု၊ ၅:၁-၁၁။) \p \v 18 သ​ခင်​ယေ​ရှု​သည်​ဂါ​လိ​လဲ​အိုင်​အ​နီး​တွင်​လျှောက် သွား​တော်​မူ​စဉ် တံ​ငါ​သည်​ညီ​အစ်​ကို​နှစ်​ယောက်​ကို မြင်​တော်​မူ​၏။ သူ​တို့​ကား​ပေ​တ​ရု​ခေါ်​ရှိ​မုန်​နှင့် သူ​၏​ညီ​အန္ဒြေ-တို့​ပင်​ဖြစ်​၏။ သူ​တို့​သည်​အိုင်​ထဲ တွင်​ကွန်​ပစ်​လျက်​နေ​ကြ​၏။- \v 19 သ​ခင်​ယေ​ရှု​က ``လာ​ကြ။ ငါ့​နောက်​သို့​လိုက်​ကြ။ သင်​တို့​ကို​လူ​ဖမ်း​တံ​ငါ​များ​ဖြစ်​စေ​မည်'' ဟု သူ​တို့​အား​မိန့်​တော်​မူ​၏။- \v 20 သူ​တို့​သည်​ချက်​ချင်း​ပင်​မိ​မိ​တို့​၏​ပိုက်​ကွန် များ​ကို​စွန့်​ပစ်​၍​နောက်​တော်​သို့​လိုက်​ကြ​၏။ \p \v 21 ကိုယ်​တော်​သည်​ထို​အ​ရပ်​မှ​ဆက်​လက်​၍​လျှောက် သွား​တော်​မူ​သော​အ​ခါ အ​ခြား​ညီ​အစ်​ကို​နှစ် ယောက်​ဖြစ်​သော​ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​ကို မြင်​တော်​မူ​၏။ သူ​တို့​သည်​ဇေ​ဗေ​ဒဲ​၏​သား​များ ဖြစ်​၍ မိ​မိ​တို့​ဖ​ခင်​နှင့်​အ​တူ​လှေ​ထဲ​တွင်​ပိုက် ကွန်​များ​ကို​အ​သင့်​ပြင်​လျက်​ရှိ​နေ​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​နောက်​တော်​သို့ လိုက်​ရန်​ခေါ်​ယူ​တော်​မူ​သော​အ​ခါ၊- \v 22 သူ​တို့​သည်​ချက်​ချင်း​ပင်​လှေ​နှင့်​ဖ​ခင်​ကို ထား​ခဲ့​၍​နောက်​တော်​သို့​လိုက်​ကြ​၏။ \s1 သွန်​သင်​ဟော​ပြော​တော်​မူ​ခြင်း​နှင့် အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​တော်​မူ​ခြင်း \r (လု၊ ၆:၁၇-၁၉။) \p \v 23 ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်​တစ်​လျှောက်​လုံး ကြွ​တော်​မူ​လျက်​တ​ရား​ဇ​ရပ်​များ​တွင်​သွန် သင်​တော်​မူ​၏။ နိုင်​ငံ​တော်​အ​ကြောင်း​သ​တင်း ကောင်း​ကို​ဟော​ပြော​တော်​မူ​၏။-\x + \xo 4:23 \xt မ၊ ၉:၃၅။ မာ၊ ၁:၃၉။\x* \v 24 ကိုယ်​တော်​၏​သ​တင်း​သည်​ရှု​ရိ​ပြည်​တစ်​ဝှမ်း​လုံး တွင်​ပျံ့​နှံ့​၍​သွား​သ​ဖြင့်​လူ​တို့​သည်​နတ်​ပူး​ဝင် သူ၊ ဝက်​ရူး​နာ​စွဲ​ကပ်​သူ၊ ခြေ​လက်​သေ​သူ​မှ​စ​၍ အ​မျိုး​မျိုး​သော​အ​နာ​ရောဂါ​စွဲ​ကပ်​သူ​ဝေ​ဒ​နာ ရှင်​များ​ကို​အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​အ​ပေါင်း​တို့​အား​ရော​ဂါ ပျောက်​ကင်း​စေ​တော်​မူ​၏။- \v 25 ဂါ​လိ​လဲ​ပြည်၊ ဒေ​က​ပေါ​လိ​ပြည်၊ ယေ​ရု​ရှ​လင် မြို့၊ ယု​ဒ​ပြည်​နှင့်​ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​မှ လူ​ပ​ရိ​သတ်​ကြီး​များ​သည်​ကိုယ်​တော်​၏​နောက် တော်​သို့​လိုက်​ကြ​ကုန်​၏။ \c 5 \s1 တောင်​ပေါ်​ဒေ​သ​နာ \p \v 1 ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​ကို​မြင်​တော် မူ​သ​ဖြင့်​တောင်​ပေါ်​သို့​တက်​တော်​မူ​၏။ ကိုယ်​တော် ထိုင်​တော်​မူ​သော​အ​ခါ​တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​လာ​ကြ​၏။- \v 2 ထို​အ​ခါ​ကိုယ်​တော်​သည်​သူ​တို့​အား​အောက် ပါ​အ​တိုင်း​ဟော​ပြော​သွန်​သင်​တော်​မူ​၏။ \s1 မင်္ဂ​လာ​တ​ရား​တော် \r (လု၊ ၆:၂၀-၂၃။) \q1 \v 3 ``စိတ်​နှ​လုံး​နှိမ့်​ချ​သော​သူ​တို့​သည်​မင်္ဂ​လာ ရှိ​ကြ​၏။ \q2 ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ထို​သူ​တို့​၏​နိုင်​ငံ ဖြစ်​၏။ \q1 \v 4 ``ဝမ်း​နည်း​ပူ​ဆွေး​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ \q2 ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​အား​စိတ်​သက်​သာ မှု​ကို ပေး​တော်​မူ​လတ္တံ့။\x + \xo 5:4 \xt ဟေရှာ၊ ၆၁:၂။\x* \q1 \v 5 ``စိတ်​နူး​ညံ့​သိမ်​မွေ့​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ \q2 ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​က​တိ​ထား​တော် မူ​သော​ကောင်း​ချီး​ကို​ခံ​စား​ရ​ကြ​လတ္တံ့။\x + \xo 5:5 \xt ဆာ၊ ၃၇:၁၁။\x* \q1 \v 6 ``ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​တိုင်း \q2 လိုက်​နာ​ကျင့်​သုံး​ရန်​လို​လား​တောင့်​တ​သော သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ \q1 ထို​သူ​တို့​သည်​တောင့်​တ​သည်​အ​တိုင်း အ​ပြည့်​အ​ဝ​ရ​ရှိ​ကြ​လတ္တံ့။\x + \xo 5:6 \xt ဟေရှာ၊ ၅၅:၁-၂။\x* \q1 \v 7 ``သ​နား​ကြင်​နာ​တတ်​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏။ \q2 ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​အား သ​နား​ကြင်​နာ​တော်​မူ​လတ္တံ့။ \q1 \v 8 ``စိတ်​နှ​လုံး​ဖြူ​စင်​သော​သူ​တို့​သည်​မင်္ဂ​လာ ရှိ​ကြ​၏။ \q2 ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​ဖူး​မြင်​ရ​ကြ​လတ္တံ့။\x + \xo 5:8 \xt ဆာ၊ ၂၄:၃-၄။\x* \q1 \v 9 ``ငြိမ်း​ချမ်း​ရေး​အ​တွက်​ဆောင်​ရွက်​သော သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ \q2 ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​များ​ဟု အ​ခေါ်​ခံ​ရ​ကြ​လတ္တံ့။ \q1 \v 10 ``ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​တိုင်း ဆောင်​ရွက်​သ​ဖြင့် \q2 နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ \q1 ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ထို​သူ​တို့​၏​နိုင်​ငံ ဖြစ်​၏။\x + \xo 5:10 \xt ၁ပေ၊ ၃:၁၄။\x* \q1 \v 11 ``လူ​တို့​သည်​ငါ့​ကြောင့်​သင်​တို့​ကို​ကဲ့​ရဲ့​ညှဉ်း​ဆဲ လျက် \q2 မ​ဟုတ်​မ​မှန်​ဘဲ​အ​မျိုး​မျိုး​ပြစ်​တင်​စွပ်​စွဲ​ကြ​သော အ​ခါ၊ သင်​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။\x + \xo 5:11 \xt ၁ပေ၊ ၄:၁၄။\x* \q1 \v 12 ``ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ ကောင်း​ကင်​ဘုံ​တွင် သင်​တို့​ခံ​စား​ရ​မည့်​အ​ကျိုး​သည်​ကြီး​လှ​ပေ​၏။ \q2 ရှေး​ပ​ရော​ဖက်​တို့​ကို​ထို​နည်း​တူ​ညှဉ်း​ဆဲ​ကြ​ပြီ။\x + \xo 5:12 \xt ၆ရာ၊ ၃၆:၁၆။ တ၊ ၇:၅၂။\x* \s1 ဆား​နှင့်​အ​လင်း \r (မာ၊ ၉:၅၀။ လု၊ ၁၄:၃၄-၃၅။) \p \v 13 ``သင်​တို့​သည်​လော​က​၏​ဆား​သ​ဖွယ်​ဖြစ်​ကြ​၏။ ဆား​သည်​အ​ငန်​ကင်း​ပျောက်​သွား​လျှင် အ​ဘယ် သို့​ပြန်​၍​ငန်​အောင်​ပြု​လုပ်​နိုင်​ပါ​မည်​နည်း။ မည် သို့​မျှ​အ​သုံး​မ​ဝင်​တော့​ဘဲ​အ​ပြင်​သို့​ပစ်​လိုက် သ​ဖြင့်​လူ​တို့​ကျော်​နင်း​သွား​ကြ​၏။ \p \v 14 ``သင်​တို့​သည်​လော​က​၏​အ​လင်း​သ​ဖွယ်​ဖြစ် ကြ​၏။ တောင်​ပေါ်​မှာ​တည်​ထား​သော​မြို့​ကို​ဖုံး ကွယ်​၍​မ​ထား​နိုင်။-\x + \xo 5:14 \xt ယော၊ ၈:၁၂၊ ၉:၅။\x* \v 15 ဆီ​မီး​ကို​ထွန်း​ညှိ​၍​တင်း​တောင်း​ဖြင့်​အုပ်​၍​မ ထား​တတ်​ကြ။ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့ အ​လင်း​ရောင်​ရ​စေ​ရန်​ဆီ​မီး​ခုံ​ပေါ်​မှာ​သာ တင်​ထား​တတ်​ကြ​၏။-\x + \xo 5:15 \xt မာ၊ ၄:၂၁။ လု၊ ၈:၁၆၊ ၁၁:၃၃။\x* \v 16 ထို​နည်း​တူ​စွာ​လူ​တို့​သည်​သင်​တို့​၏​ကောင်း​သော အ​ကျင့်​ကို​မြင်​၍ ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဖ​၏​ဂုဏ်​တော်​ကို​ချီး​ကူး​စေ​ရန် သင် တို့​၏​အ​လင်း​ကို​လူ​တို့​ရှေ့​၌​ထွန်း​လင်း​စေ​ကြ လော့။\x + \xo 5:16 \xt ၁ပေ၊ ၂:၁၂။\x* \s1 ပ​ညတ်​တ​ရား​အ​ကြောင်း​ဟော​ပြော သွန်​သင်​တော်​မူ​ခြင်း \p \v 17 ``ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း​တို့​ကို​ဖျက် သိမ်း​ရန်​ငါ​လာ​သည်​ဟု​မ​ထင်​ကြ​နှင့်။ ဖျက်​သိမ်း ရန်​လာ​သည်​မ​ဟုတ်။ ထို​ကျမ်း​များ​တွင်​ဖော်​ပြ ပါ​ရှိ​သည့်​အ​တိုင်း​ဖြစ်​ပျက်​စေ​ရန်​သာ​ငါ​လာ သ​တည်း။- \v 18 သင်​တို့​အား​အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား​ကောင်း ကင်​နှင့်​မြေ​ကြီး​တည်​ရှိ​သ​မျှ​ကာ​လ​ပတ်​လုံး ပ​ညတ်​ကျမ်း​မှ​အက္ခ​ရာ​တစ်​လုံး၊ ဝစ္စ​တစ်​လုံး​မျှ ပင်​မ​ပျောက်​ပျက်​ရ။ ထို​ကျမ်း​တွင်​ဖော်​ပြ​သော အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​သည်​ဖြစ်​ပျက်​ရ​မည်။-\x + \xo 5:18 \xt လု၊ ၁၆:၁၇။\x* \v 19 အ​သေး​ငယ်​ဆုံး​သော​ပ​ညတ်​ကို​ကူး​လွန်​၍ သူ​တစ်​ပါး​တို့​ကူး​လွန်​ရန်​ကို​လည်း​ဟော​ပြော သွန်​သင်​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​တွင်​အ​သိမ် ငယ်​ဆုံး​သော​သူ​ဖြစ်​လိမ့်​မည်။ သို့​ရာ​တွင်​ပညတ်​တော် များ​ကို​လိုက်​နာ​ကျင့်​သုံး​၍ သူ​တစ်​ပါး​တို့​လိုက်​နာ ကျင့်​သုံး​ရန်​ကို​လည်း​ဟော​ပြော​သွန်​သင်​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​တွင်​ကြီး​မြတ်​သူ​ဖြစ်​လိမ့် မည်။- \v 20 ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​လိုက်​လျှောက်​ကျင့် သုံး​ရာ​တွင် သင်​တို့​သည်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ် ဆ​ရာ​တို့​ထက်​မ​သာ​လျှင် ကောင်း​ကင်​နိုင်​ငံ​တော် သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​ငါ​ဆို​၏။ \s1 အ​မျက်​ဒေါ​သ​အ​ကြောင်း​သွန်​သင်​တော်​မူ​ခြင်း \p \v 21 ``လူ့​အ​သက်​ကို​မ​သတ်​ရ။ သတ်​သော​သူ​သည် တ​ရား​သူ​ကြီး​၏​ရှေ့​မှောက်​သို့​ရောက်​ရ​မည် ဟူ​သော​ပ​ညတ်​ကို​သင်​တို့​ကြား​ရ​လေ​ပြီ။-\x + \xo 5:21 \xt ထွ၊ ၂၀:၁၃။ တရား၊ ၅:၁၇။\x* \v 22 သို့​ရာ​တွင်​မိ​မိ​၏​ညီ​အစ်​ကို​အား​အ​မျက် ထွက်​သော​သူ​သည် တ​ရား​သူ​ကြီး​၏​ရှေ့​မှောက် သို့​ရောက်​ရ​မည်​ဟု​သင်​တို့​အား​ငါ​ဆို​၏။ အ​ချင်း ချင်း​ဆဲ​ရေး​တိုင်း​ထွာ​သူ​သည်​တ​ရား​ရုံး​တော် တွင်​အ​ပြစ်​ပေး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ညီ​အစ်​ကို အ​ချင်း​ချင်း​မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည်​င​ရဲ သို့​လား​ရ​လိမ့်​မည်။- \v 23 သို့​ဖြစ်​၍​သင်​သည်​ယဇ်​ပလ္လင်​တော်​တွင်​ပူ​ဇော် သကာ​ဆက်​သ​မည်​ပြု​စဉ် မိ​မိ​အ​ပေါ်​၌​ညီ​အစ်​ကို တစ်​ဦး​တစ်​ယောက်​၏​မ​ကျေ​နပ်​မှု​ကို​သ​တိ​ရ ခဲ့​သော်၊- \v 24 ပူ​ဇော်​သကာ​ကို​ထား​ခဲ့​ပြီး​လျှင်​ထို​သူ​၏​ကျေ နပ်​မှု​ကို​ရ​ယူ​လော့။ ထို​နောက်​ပြန်​၍​သင်​၏​ပူ​ဇော် သကာ​ကို​ဆက်​သ​လော့။ \p \v 25 ``တစ်​စုံ​တစ်​ယောက်​သည်​ရုံး​တော်​တွင်​သင့်​အား တ​ရား​စွဲ​လျှင်​သူ​နှင့်​အ​တူ​လမ်း​ခ​ရီး​၌​ရှိ​နေ စဉ်​သူ​နှင့်​လျင်​မြန်​စွာ​ပြန်​လည်​သင့်​မြတ်​အောင်​ပြု လော့။ သို့​မ​ပြု​ပါ​မူ​သူ​သည်​သင့်​အား​တ​ရား သူ​ကြီး​၏​လက်​သို့​အပ်​၍ တ​ရား​သူ​ကြီး​သည် လည်း​ထောင်​မှူး​လက်​သို့​အပ်​ပြီး​လျှင်​သင့်​ကို ထောင်​ချ​ထား​လိမ့်​မည်။- \v 26 ပေး​ဆပ်​ရန်​ရှိ​သော​ငွေ​အ​ကုန်​အ​စင်​မ​ပေး​မ ဆပ်​မ​ချင်း​သင်​သည်​ထောင်​ထဲ​မှ​ထွက်​ရ​လိမ့်​မည် မ​ဟုတ်​ဟု​ငါ​ဆို​၏။ \s1 သူ့​အိမ်​ရာ​ကို​ပြစ်​မှား​မှု​အ​ကြောင်း သွန်​သင်​တော်​မူ​ခြင်း \p \v 27 ``သူ့​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်​ဟူ​သော​ပ​ညတ် ကို​သင်​တို့​ကြား​သိ​ရ​လေ​ပြီ။-\x + \xo 5:27 \x*ထွ၊ ၂၀:၁၄။ တရား၊ ၅:၁၈။* \v 28 သို့​ရာ​တွင်​တပ်​မက်​သော​စိတ်​ဖြင့်​အ​မျိုး​သ​မီး တစ်​ဦး​ကို​ကြည့်​သူ​သည် မိ​မိ​၏​စိတ်​တွင်​ထို​အ​မျိုး သ​မီး​ကို​ပြစ်​မှား​ပြီ​ဟု​သင်​တို့​အား​ငါ​ဆို​၏။- \v 29 သင်​၏​လက်​ယာ​မျက်​စိ​သည်​သင့်​အား​မှောက်​မှား စေ​လျှင်​ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့။ သင်​၏​ကိုယ် ခန္ဓာ​တစ်​ခု​လုံး​င​ရဲ​သို့​လား​ရ​သည်​ထက်​ကိုယ် အင်္ဂါ​တစ်​ခု​ချို့​တဲ့​ရ​ခြင်း​က​သာ​၍​ကောင်း​၏။-\x + \xo 5:29 \xt မ၊ ၁၈:၉။ မာ၊ ၉:၄၇။\x* \v 30 သင်​၏​လက်​ယာ​လက်​သည်​သင့်​အား​မှောက်​မှား​စေ လျှင်​ထို​လက်​ကို​ဖြတ်​ပစ်​လော့။ သင်​၏​ကိုယ်​ခန္ဓာ​တစ် ခု​လုံး​င​ရဲ​သို့​လား​ရ​သည်​ထက်​ကိုယ်​အင်္ဂါ​တစ်​ခု ချို့​တဲ့​ရ​ခြင်း​က​သာ​၍​ကောင်း​၏။\x + \xo 5:30 \xt မ၊ ၁၈:၈။ မာ၊ ၉:၄၃။\x* \s1 လင်​မ​ယား​ကွာ​ရှင်း​မှု​အ​ကြောင်း သွန်​သင်​တော်​မူ​ခြင်း \r (မ၊ ၁၉:၉။ မာ၊ ၁၀:၁၁-၁၂။ လု၊ ၁၆:၁၈) \p \v 31 ``မိ​မိ​၏​မ​ယား​နှင့်​ကွာ​ရှင်း​လို​သူ​သည်​ဖြတ်​စာ ကို​ပေး​အပ်​ရ​မည်​ဟု​ဆို​ရိုး​စ​ကား​ရှိ​၏။-\x + \xo 5:31 \xt တရား၊ ၂၄:၁-၄။ မ၊ ၁၉:၇။ မာ၊ ၁၀:၄။\x* \v 32 သို့​ရာ​တွင်​လူ​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​၏​ဇ​နီး အား​အ​ကျင့်​ဖောက်​ပြား​မှု​မ​ရှိ​ဘဲ​ကွာ​ရှင်း​၍ ထို အ​မျိုး​သ​မီး​က​လည်း​နောက်​အိမ်​ထောင်​ပြု​သည် ဆို​ပါ​မူ ထို​သူ​သည်​မိ​မိ​၏​ဇ​နီး​အား​မျောက်​မ ထား​စေ​ရာ​ရောက်​၏။ ထို​အ​မျိုး​သ​မီး​နှင့်​အိမ် ထောင်​ပြု​သူ​သည်​လည်း​သူ​တစ်​ပါး​၏​အိမ်​ရာ ကို​ပြစ်​မှား​ရာ​ရောက်​၏​ဟု​သင်​တို့​အား​ငါ​ဆို​၏။\x + \xo 5:32 \xt မ၊ ၁၉:၉။ မာ၊ ၁၀:၁၁-၁၂။ လု၊ ၁၆:၁၈။ ၁ကော၊ ၇:၁၀-၁၁။\x* \s1 သစ္စာ​က​တိ​အ​ကြောင်း​သွန်​သင်​တော်​မူ​ခြင်း \p \v 33 ``ထို့​အ​ပြင်`သင်​သည်​သစ္စာ​က​တိ​ကို​မ​ဖျက်​ရ။ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​သင်​ထား​ရှိ​သည့် သစ္စာ​က​တိ​အ​တိုင်း​ဆောင်​ရွက်​ရ​မည်' ဟူ​သော ပညတ်​ကို​သင်​တို့​ကြား​သိ​ရ​လေ​ပြီ။-\x + \xo 5:33 \xt ဝတ်၊ ၁၉:၁၂။ တော၊ ၃၀:၂။ တရား၊ ၂၃:၂၁။\x* \v 34 သို့​ရာ​တွင်​သင်​တို့​သည်​တစ်​စုံ​တစ်​ခု​ကို​က​တိ​ပြု သော​အ​ခါ​လုံး​ဝ​ကျိန်​ဆို​၍​မ​ပြော​ကြ​နှင့်​ဟု သင်​တို့​အား​ငါ​ဆို​၏။ ကောင်း​ကင်​ဘုံ​ကို​တိုင်​တည် ၍​မ​ကျိန်​ဆို​ကြ​နှင့်။ ကောင်း​ကင်​ဘုံ​သည်​ဘု​ရား သ​ခင်​၏​ပလ္လင်​တော်​ဖြစ်​၏။-\x + \xo 5:34 \xt ယာ၊ ၅:၁၂။ ဟေရှာ၊ ၆၆:၁။ မ၊ ၂၃:၂၂။\x* \v 35 ကမ္ဘာ​မြေ​ကြီး​ကို​တိုင်​တည်​၍​မ​ကျိန်​ဆို​ကြ​နှင့်။ ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​၏​ခြေ​တင်​ခုံ​ဖြစ်​၏။ ယေ​ရု​ရှ​လင်​မြို့​ကို​တိုင်​တည်​၍​မ​ကျိန်​ဆို​ကြ​နှင့်။ ယေ​ရု​ရှ​လင်​မြို့​သည်​ဘု​ရင်​မင်း​မြတ်​၏​နေ​ပြည် တော်​ဖြစ်​၏။-\x + \xo 5:35 \xt ဟေရှာ၊ ၆၆:၁။ ဆာ၊ ၄၈:၂။\x* \v 36 မိ​မိ​၏​ဦး​ခေါင်း​ကို​တိုင်​တည်​၍​လည်း​မ​ကျိန်​ဆို ကြ​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​ဆံ​ပင် တစ်​ပင်​မျှ​ကို​ပင်​ဖြူ​အောင်​မ​တတ်​နိုင်​ကြ​သော ကြောင့်​တည်း။- \v 37 သင်​တို့​သည် `ဟုတ်​ပါ​သည်' သို့​မ​ဟုတ် `မ​ဟုတ်​ပါ' ဟူ​၍​သာ​ပြော​ဆို​ကြ​လော့။ ဤ​ထက်​ပို​သော စ​ကား​သည်​မာရ်​နတ်​၏​ထံ​မှ​ရ​သော​စ​ကား ဖြစ်​၏။ \s1 လက်​စား​ချေ​ခြင်း​အ​ကြောင်း သွန်​သင်​တော်​မူ​ခြင်း \r (လု၊ ၆:၂၉-၃၀။) \p \v 38 ``မျက်​စိ​အ​စား​မျက်​စိ၊ သွား​အ​စား​သွား​ဟူ သော​ပ​ညတ်​ကို​သင်​တို့​ကြား​သိ​ရ​လေ​ပြီ။-\x + \xo 5:38 \xt ထွ၊ ၂၁:၂၄။ ဝတ်၊ ၂၄:၂၀။ တရား၊ ၁၉:၂၁။\x* \v 39 သို့​ရာ​တွင်​သင့်​အား​ပြစ်​မှား​သူ​ကို​လက်​စား​မ​ချေ နှင့်​ဟု​ငါ​ဆို​၏။ သင်​၏​လက်​ယာ​ပါး​ကို​ရိုက်​သူ အား​အ​ခြား​ပါး​တစ်​ဖက်​လည်း​ရိုက်​စေ​ဦး​လော့။- \v 40 သင်​၏​အ​တွင်း​အင်္ကျီ​ကို​ယူ​လို​၍​တ​ရား​တွေ့​သော သူ​အား​သင်​၏​ဝတ်​လုံ​ကို​လည်း​ယူ​ခွင့်​ပြု​လော့။- \v 41 သင့်​အား​အ​နိုင်​အ​ထက်​ပြု​၍​ခ​ရီး​တစ်​မိုင်​သွား စေ​သူ​နှင့်​ခ​ရီး​နှစ်​မိုင်​သွား​လော့။- \v 42 တောင်း​ခံ​သူ​အား​ပေး​ကမ်း​လော့။ ချေး​ငှား​လို​သူ အား​လည်း​ချေး​ငှား​လော့။ \s1 ရန်​သူ​ကို​ချစ်​ခြင်း \r (လု၊ ၆:၂၇-၂၈၊ ၃၂-၃၆။) \p \v 43 ``မိတ်​ဆွေ​ကို​ချစ်​လော့။ ရန်​သူ​ကို​မုန်း​လော့​ဟူ သော​ပ​ညတ်​ကို​သင်​တို့ ကြား​သိ​ရ​လေ​ပြီ။-\x + \xo 5:43 \xt ဝတ်၊ ၁၉:၁၈။\x* \v 44 သို့​ရာ​တွင်​ရန်​သူ​ကို​ချစ်​ကြ​လော့​ဟု​သင်​တို့ အား​ငါ​ဆို​၏။ သင်​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သူ တို့​အ​တွက်​မေတ္တာ​ပို့​ကြ​လော့။- \v 45 သို့​မှ​သာ​သင်​တို့​သည်​ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့ အ​ဖ​၏​သား​များ​ဖြစ်​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည် လူ​ဆိုး​လူ​ကောင်း​များ​အ​ပေါ်​၌​နေ​ရောင်​ခြည် ကို​သက်​ရောက်​စေ​တော်​မူ​၏။ သူ​တော်​ကောင်း၊ သူ ယုတ်​မာ​များ​အ​ပေါ်​၌​မိုး​ကို​ရွာ​စေ​တော်​မူ​၏။- \v 46 သင်​တို့​သည်​မိ​မိ​တို့​အား​ချစ်​သော​သူ​များ​ကို​သာ ချစ်​တုံ့​ပြန်​ပါ​မူ အ​ဘယ်​သို့​လျှင်​ဘု​ရား​သ​ခင်​ထံ တော်​မှ​ကောင်း​ချီး​ကို​ခံ​စား​ထိုက်​ပါ​မည်​နည်း။ အ​ခွန် ခံ​သူ​များ​ပင်​လျှင်​ဤ​သို့​ပြု​ကြ​သည်​မ​ဟုတ်​လော။- \v 47 ထို​မှ​တစ်​ပါး​လည်း​သင်​တို့​သည်​ညီ​အစ်​ကို​အ​ချင်း ချင်း​နှင့်​သာ​လျှင်​နှုတ်​ဆက်​ကြ​မည်​ဆို​ပါ​က သင်​တို့ ၏​အ​ပြု​အ​မူ​သည်​အ​ဘယ်​သို့​ထူး​ခြား​မှု​ရှိ​နိုင် ပါ​မည်​နည်း။ ဘု​ရား​သ​ခင်​ကို​မ​သိ​သော​သူ​များ ပင်​လျှင်​ဤ​သို့​ပြု​ကြ​သည်။- \v 48 ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့​၏​အ​ဖ​သည်​ကောင်း​မြတ် စုံ​လင်​တော်​မူ​သ​ကဲ့​သို့​သင်​တို့​သည်​လည်း​ကောင်း မြတ်​စုံ​လင်​ကြ​လော့။\x + \xo 5:48 \xt ဝတ်၊ ၁၉:၂။ တရား၊ ၁၈:၁၃။\x* \c 6 \s1 အ​လှူ​ဒါ​န​အ​ကြောင်း​သွန်​သင်​တော်​မူ​ခြင်း \p \v 1 ``သင်​တို့​သည်​အ​များ​မြင်​သာ​အောင်​လူ​မြင်​ကွင်း တွင် အ​လှူ​ဒါ​န​မ​ပြု​မိ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ သို့​မ​ဟုတ်​ပါ​မူ​ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော သင်​တို့​၏​အ​ဖ​သည် သင်​တို့​အား​မည်​သည့်​ကောင်း ချီး​ကို​မျှ​ပေး​သ​နား​တော်​မူ​လိမ့်​မည်​မ​ဟုတ်။\x + \xo 6:1 \xt မ၊ ၂၃:၅။\x* \p \v 2 ``ထို​ကြောင့်​သင်​သည်​လှူ​ဒါန်း​သော​အ​ခါ​သူ​တော် ကောင်း​ယောင်​ဆောင်​သူ​တို့​ကဲ့​သို့ တ​ရား​ဇ​ရပ်​များ နှင့်​လမ်း​ဆုံ​လမ်း​ခွ​များ​တွင်​မိ​မိ​တို့​ကိုယ်​ကို​ထင် ပေါ်​အောင်​မ​ပြု​ကြ​နှင့်။ သူ​တို့​သည်​လူ​များ​၏ အ​ချီး​အ​မွမ်း​ကို​ခံ​လို​၍​ဤ​သို့​ပြု​ကြ​ခြင်း ဖြစ်​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည် ကား​ထို​သူ​တို့​ခံ​စား​လို​သည့်​အ​ကျိုး​ကို ခံ​စား​ရ​ကြ​၏။- \v 3 သင်​သည်​လှူ​ဒါန်း​သော​အ​ခါ​မ​ထင်​မ​ရှား​ပြု​လော့။- \v 4 သင်​၏​လက်​ယာ​လက်​ပြု​သော​အ​မှု​ကို​သင်​၏​လက်​ဝဲ လက်​မ​သိ​စေ​နှင့်။ မ​ထင်​မ​ရှား​ပြု​သော​အ​မှု​ကို မြင်​တော်​မူ​သော​သင်​၏​အ​ဖ​သည်​သင့်​အား​ကောင်း ချီး​ပေး​သ​နား​တော်​မူ​လိမ့်​မည်။ \s1 ဆု​တောင်း​ပတ္ထ​နာ​အ​ကြောင်း​သွန်​သင်​တော်​မူ​ခြင်း \r (လု၊ ၁၁:၂-၄။) \p \v 5 ``သင်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ သူ​တော် ယောင်​ဆောင်​သူ​တို့​ကဲ့​သို့​မ​ပြု​ကြ​နှင့်။ ထို​သူ​တို့​သည် လူ​များ​မြင်​သာ​အောင်​တ​ရား​ဇ​ရပ်​များ​နှင့်​လမ်း​ဆုံ လမ်း​ခွ​များ​မှာ​ရပ်​လျက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​တတ် ကြ​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ထို​သူ​တို့​သည်​မိ​မိ​တို့​ခံ​စား​လို​သည့်​အ​ကျိုး​ကို ခံ​စား​ရ​ကြ​ပြီ။-\x + \xo 6:5 \xt လု၊ ၁၈:၁၀-၁၄။\x* \v 6 သို့​ရာ​တွင်​သင်​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော အ​ခါ​အိမ်​အ​တွင်း​ခန်း​သို့​ဝင်​၍​တံ​ခါး​ကို​ပိတ်​ပြီး လျှင် မျက်​စိ​နှင့်​မ​တွေ့​မ​မြင်​နိုင်​သော​သင်​တို့​၏​အ​ဖ ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။ မ​ထင် မ​ရှား​ပြု​သော​အ​မှု​ကို​မြင်​တော်​မူ​သော​သင်​တို့ ၏​အ​ဖ​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး​သ​နား တော်​မူ​လိမ့်​မည်။ \p \v 7 ``သင်​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ ဘု​ရား​သ​ခင်​ကို​မ​ကိုး​ကွယ်​သူ​တို့​နည်း​တူ အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှိ​သော​စ​ကား​များ​ကို မ​သုံး​ကြ​နှင့်။ ထို​သူ​တို့​သည်​ရှည်​လျား​စွာ ဆု​တောင်း​ပတ္ထ​နာ​ပြု​လျှင် တောင်း​သော​ဆု​ရ လိမ့်​မည်​ဟု​ထင်​မှတ်​ကြ​၏။- \v 8 သင်​တို့​မူ​ကား​ထို​သူ​တို့​ကဲ့​သို့​မ​ပြု​ကြ​နှင့်။ သင်​တို့​၏​အ​ဖ​သည်​သင်​တို့​မ​တောင်း​မ​လျှောက် မီ​က​ပင် သင်​တို့​လို​သော​အ​ရာ​တို့​ကို​သိ​နှင့် ပြီး​ဖြစ်​တော်​မူ​၏။- \v 9 သို့​ဖြစ်​၍​သင်​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ \q1 `ကောင်း​ကင်​ဘုံ​ရှင်၊ အ​ကျွန်ုပ်​တို့​၏​အ​ဖ၊ကိုယ်​တော်​၏ နာ​မ​တော်​အား​ရို​သေ​လေး​မြတ်​ကြ​ပါ​စေ​သော။ \q1 \v 10 နိုင်​ငံ​တော်​တည်​ပါ​စေ​သော။ \q2 အ​လို​တော်​သည်​ကောင်း​ကင်​ဘုံ​၌​ပြည့်​စုံ​သ​ကဲ့​သို့၊ မြေ​ကြီး​ပေါ်​၌​လည်း​ပြည့်​စုံ​ပါ​စေ​သော။ \q1 \v 11 ယ​နေ့​အ​တွက်​လို​အပ်​သော​အ​စား​အ​စာ​ကို၊ \q2 အ​ကျွန်ုပ်​တို့​အား​ပေး​သ​နား​တော်​မူ​ပါ။ \q1 \v 12 အ​ကျွန်ုပ်​တို့​ကို​ပြစ်​မှား​သော​သူ​တို့​၏​အ​ပြစ်​များ​ကို \q2 အ​ကျွန်ုပ်​တို့​ဖြေ​လွှတ်​ကြ​သ​ကဲ့​သို့၊အ​ကျွန်ုပ်​တို့​၏ အ​ပြစ်​များ​ကို​လည်း​ဖြေ​လွှတ်​တော်​မူ​ပါ။ \q1 \v 13 အ​ကျွန်ုပ်​တို့​အား​ကြီး​မား​သော​စုံ​စမ်း သွေး​ဆောင်​ခြင်း​ကို​ခံ​စေ​တော်​မ​မူ​ဘဲ၊ \q2 စာ​တန်​မာရ်​နတ်​ဘေး​ရန်​မှ​ကာ​ကွယ်​တော်​မူ​ပါ' \m ဟူ​၍​ဆု​တောင်း​ကြ​လော့။ \p \v 14 ``သင်​တို့​သည်​သူ​တစ်​ပါး​တို့​ပြစ်​မှား​သည့်​အ​ပြစ် များ​ကို​ဖြေ​လွှတ်​ပါ​လျှင် ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့ ၏​အ​ဖ​သည်​လည်း​သင်​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်။-\x + \xo 6:14 \xt မာ၊ ၁၁:၂၅-၂၆။\x* \v 15 သို့​ရာ​တွင်​သင်​တို့​သည်​သူ​တစ်​ပါး​တို့​ပြစ်​မှား သည့်​အ​ပြစ်​များ​ကို​မ​ဖြေ​မ​လွှတ်​ကြ​လျှင်​မူ ကား သင်​တို့​အ​ဖ​သည်​လည်း​သင်​တို့​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ \s1 အ​စာ​ရှောင်​ခြင်း​အ​ကြောင်း​သွန်​သင်​တော်​မူ​ခြင်း \p \v 16 ``သင်​တို့​သည်​အ​စာ​ရှောင်​ကြ​သော​အ​ခါ သူ​တော် ကောင်း​ယောင်​ဆောင်​သူ​တို့​ကဲ့​သို့ ညှိုး​ငယ်​သော​အ​သွင် ကို​မ​ဆောင်​ကြ​နှင့်။ ထို​သူ​တို့​သည်​မိ​မိ​တို့​အ​စာ ရှောင်​လျက်​နေ​ကြောင်း​ထင်​ပေါ်​စေ​လို​သ​ဖြင့် ဆာ​လောင် မွတ်​သိပ်​သော​အ​မူ​အ​ရာ​ဖြင့်​သွား​လာ​တတ်​ကြ​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ထို သူ​တို့​သည်​မိ​မိ​တို့​ခံ​စား​လို​သည့်​အ​ကျိုး​ကို အ​ပြည့်​အ​ဝ​ခံ​စား​ရ​ကြ​ပြီ။- \v 17 သင်​တို့​သည်​အ​စာ​ရှောင်​ကြ​သော​အ​ခါ​မျက်​စိ ဖြင့်​မ​တွေ့​မ​မြင်​နိုင်​သော သင်​တို့​၏​အ​ဖ​မှ​လွဲ​၍ အ​ခြား​မည်​သူ​မျှ​မ​သိ​စေ​ရန် မျက်​နှာ​ကို​သစ် ၍​ဦး​ခေါင်း​ကို​ဖြီး​ကြ​လော့။- \v 18 သင်​တို့​မ​ထင်​မ​ရှား​ပြု​သော​အ​မှု​ကို​မြင်​တော်​မူ သော​သင်​တို့​၏​အ​ဖ​သည် သင်​တို့​အား​ကောင်း​ချီး ပေး​သ​နား​တော်​မူ​လိမ့်​မည်။ \s1 ကောင်း​ကင်​ဘုံ​ဘဏ္ဍာ \r (လု၊ ၁၂:၃၃-၃၄။) \p \v 19 ``သံ​ချေး​ပိုး​ရွ​ဖျက်​ဆီး​တတ်​၍​သူ​ခိုး​ဋ္ဌား​ပြ ထွင်း​ဖောက်​ခိုး​ယူ​နိုင်​သော​လော​က​ဘဏ္ဍာ​ကို မ​စု​ဆောင်း​ကြ​နှင့်။-\x + \xo 6:19 \xt ယာ၊ ၅:၂-၃။\x* \v 20 သံ​ချေး​ပိုး​ရွ​မ​ဖျက်​မ​ဆီး၊ သူ​ခိုး​ဋ္ဌား​ပြ​မ​ထွင်း မ​ဖောက်​မ​ခိုး​မ​ယူ​နိုင်​သော​ဘဏ္ဍာ​ကို​ကောင်း​ကင်​ဘုံ ၌​စု​ဆောင်း​ကြ​လော့။- \v 21 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ဘဏ္ဍာ​ရှိ​ရာ​သို့ သင်​တို့​၏​စိတ်​ရောက်​တတ်​သော​ကြောင့်​ဖြစ်​၏။ \s1 ကိုယ်​ခန္ဓာ​၏​ဆီ​မီး \r (လု၊ ၁၁: ၃၄-၃၆) \p \v 22 ``မျက်​စိ​သည်​ကိုယ်​ခန္ဓာ​၏​ဆီ​မီး​သ​ဖွယ်​ဖြစ်​၏။ မျက်​စိ​ကြည်​လင်​လျှင်​သင်​တို့​၏​ကိုယ်​ခန္ဓာ​တစ်​ခု လုံး​လင်း​လိမ့်​မည်။- \v 23 သို့​ရာ​တွင်​သင်​တို့​၏​မျက်​စိ​မွဲ​လျှင်​မူ​ကား​ကိုယ် ခန္ဓာ​တစ်​ခု​လုံး​မှောင်​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​တို့ တွင်​ရှိ​သော​အ​လင်း​သည်​အ​မှောင်​ဖြစ်​လျှင်​ထို အ​မှောင်​သည်​လွန်​စွာ​မှောင်​လိမ့်​မည်။ \s1 ဘု​ရား​သ​ခင်​နှင့်​လော​က​စည်း​စိမ် \r (လု၊ ၁၆:၁၃။ ၁၂: ၂၂-၃၁။) \p \v 24 ``မည်​သူ​မျှ​သ​ခင်​နှစ်​ဦး​၏​အ​စေ​ကို​မ​ခံ​နိုင်။ သ​ခင် တစ်​ဦး​ကို​မုန်း​၍​တစ်​ဦး​ကို​ချစ်​လိမ့်​မည်။ သ​ခင်​တစ်​ဦး ကို​သစ္စာ​စောင့်​၍​တစ်​ဦး​ကို​မ​လေး​မ​ခန့်​ပြု​လိမ့်​မည်။ သင်​တို့​သည်​တစ်​ချိန်​တည်း​၌​ဘု​ရား​သ​ခင်​၏ အ​စေ​နှင့်​လော​က​စည်း​စိမ်​၏​အ​စေ​ကို​မ​ခံ​နိုင်​ကြ။ \p \v 25 ``ထို​ကြောင့်​သင်​တို့​အား​ငါ​ဆို​သည်​ကား​သင်​တို့ သည်​အ​ဘယ်​အ​ရာ​ကို​စား​သောက်​ရ​ပါ​မည်​နည်း ဟု အ​သက်​ရှင်​ရေး​အ​တွက်​မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ် အ​ရာ​ကို​ဝတ်​ရ​ပါ​မည်​နည်း​ဟု​ကိုယ်​ခန္ဓာ​အ​တွက် မ​စိုး​ရိမ်​ကြ​နှင့်။ အ​သက်​သည်​အ​စား​အ​သောက် ထက်​လည်း​ကောင်း၊ ကိုယ်​ခန္ဓာ​သည်​အ​ဝတ်​ထက်​လည်း ကောင်း​ပို​၍​အ​ရေး​ကြီး​သည်​မ​ဟုတ်​လော။- \v 26 မိုး​ကောင်း​ကင်​တွင်​ကျင်​လည်​သော​ငှက်​များ​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ သူ​တို့​သည်​မျိုး​ကို​မ​ကြဲ၊ ကောက်​နှံ​များ​ကို​မ​ရိတ်​မ​သိမ်း၊ ကျီ​များ​တွင်​လည်း သို​လှောင်​မှု​ကို​မ​ပြု။ သို့​ရာ​တွင်​ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​အ​ဖ​သည်​ထို​ငှက်​တို့​အား​ကျွေး​မွေး​တော် မူ​၏။ သင်​တို့​သည်​ကား​ငှက်​များ​ထက်​များ​စွာ​ပို ၍​မြတ်​သည်​မ​ဟုတ်​လော။- \v 27 သင်​တို့​တွင်​အ​ဘယ်​သူ​သည်​စိုး​ရိမ်​ကြောင့်​ကြ​ခြင်း အား​ဖြင့် မိ​မိ​၏​အ​သက်​ကို​နှစ်​အ​နည်း​ငယ်​မျှ​ပို ၍​ရှည်​စေ​နိုင်​သ​နည်း။ \p \v 28 ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​အ​ဝတ်​အ​တွက်​စိုး​ရိမ် ကြောင့်​ကြ​သ​နည်း။ တော​နှင်း​ပန်း​များ​အ​ဘယ်​သို့ ရှင်​သန်​လာ​သည်​ကို​ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထို ပန်း​ပင်​တို့​သည်​အ​လုပ်​လည်း​မ​လုပ်၊ ဗိုင်း​လည်း​မ​ငင်၊- \v 29 သို့​ရာ​တွင်​အ​လွန်​ချမ်း​သာ​ကြွယ်​ဝ​သည့်​ရှော​လ​မုန် မင်း​ကြီး​ပင်​လျှင်​ထို​ပန်း​ပင်​တစ်​ပင်​ကဲ့​သို့​လှ​ပ အောင်​မ​ဝတ်​မ​ဆင်​နိုင်​ဟု​သင်​တို့​အား​ငါ​ဆို​၏။-\x + \xo 6:29 \xt ၃ရာ၊ ၁၀:၄-၇။ ၆ရာ၊ ၉:၃-၆။\x* \v 30 ဘု​ရား​သ​ခင်​အ​ပေါ်​ယုံ​ကြည်​ကိုး​စား​မှု​နည်း သူ​တို့၊ ယ​နေ့​တော​ထဲ​တွင်​ရှိ​၍​နက်​ဖြန်​မီး​ထဲ​သို့ ရောက်​ရ​သော​တော​မြက်​မျိုး​ကို​ဘု​ရား​သ​ခင်​သည် ဤ​သို့​ဆင်​ယင်​ပေး​ပါ​လျှင်​သင်​တို့​အား​ထို​ထက် မ​က​ဆင်​ယင်​ပေး​တော်​မူ​မည်​မ​ဟုတ်​လော။ \p \v 31 ``ထို့​ကြောင့်​အ​ဘယ်​သို့​စား​သောက်​ရ​မည်​နည်း၊ အ​ဘယ်​သို့​ဝတ်​ရ​မည်​နည်း​ဟု​မ​စိုး​ရိမ်​ကြ​နှင့်။- \v 32 (ဘု​ရား​သ​ခင်​ကို​မ​ယုံ​ကြည်​မ​ကိုး​စား​သူ​တို့ သည်​ထို​သို့​စိုး​ရိမ်​တတ်​ကြ​သည်) ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​၏​အ​ဖ​သည်​ထို​အ​ရာ​အား​လုံး​ကို​သင် တို့​လို​ကြောင်း​သိ​တော်​မူ​၏။- \v 33 ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​အ​လို​တော်​ကို ပ​ထ​မ​ဦး​စွာ​ရှာ​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ်​တော် သည်​သင်​တို့​အား​အ​ခြား​လို​အပ်​သော​အ​ရာ​များ ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။- \v 34 ထို့​ကြောင့်​နက်​ဖြန်​နေ့​အ​ဖို့​မ​စိုး​ရိမ်​ကြ​နှင့်။ နက်​ဖြန် နေ့​နှင့်​သက်​ဆိုင်​သည့်​စိုး​ရိမ်​စ​ရာ​များ​ကို​ထို​နေ့​၌ ကြုံ​တွေ့​ဖြေ​ရှင်း​ရ​လိမ့်​မည်။ ယ​နေ့​ကြုံ​တွေ့​ရ​သည့် စိုး​ရိမ်​စ​ရာ​များ​သည်​ယ​နေ့​အ​တွက်​တော်​လောက် ပေ​၏။ \c 7 \s1 သူ​တစ်​ပါး​အား​စစ်​ကြော​စီ​ရင်​ခြင်း \r (လု၊ ၆:၃၇-၃၈၊ ၄၁-၄၂။) \p \v 1 ``သူ​တစ်​ပါး​အား​မ​စစ်​ကြော​မ​စီ​ရင်​ကြ​နှင့်။ သို့ မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​ကို​စစ်​ကြော စီ​ရင်​တော်​မူ​မည်​မ​ဟုတ်။- \v 2 သူ​တစ်​ပါး​အား​သင်​တို့​စစ်​ကြော​စီ​ရင်​သ​ကဲ့​သို့ ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​စစ်​ကြော​စီ​ရင် တော်​မူ​မည်။ သူ​တစ်​ပါး​တို့​အား​စီ​ရင်​ရာ​တွင် သင်​တို့​အ​သုံး​ပြု​သည့်​နည်း​အ​တိုင်း သင်​တို့ အား​စီ​ရင်​တော်​မူ​မည်။-\x + \xo 7:2 \xt မ၊ ၄:၂၄။\x* \v 3 သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ်​ကြောင့်​ကိုယ့် မျက်​စိ​ထဲ​က​သစ်​တုံး​ကို​မ​မြင်​ဘဲ ညီ​အစ် ကို​၏​မျက်​စိ​ထဲ​က​ငြောင့်​ငယ်​ကို​မြင်​သ​နည်း။- \v 4 သင်​၏​မျက်​စိ​ထဲ​က​သစ်​တုံး​ရှိ​နေ​ပါ​လျက် အ​ဘယ်​ကြောင့်​ညီ​အစ်​ကို​အား `သင်​၏​မျက်​စိ ထဲ​က​ငြောင့်​ငယ်​ကို​ထုတ်​ပေး​ပါ​ရ​စေ' ဟု​ပြော သ​နည်း။- \v 5 အ​ချင်း​ကြောင်​သူ​တော်၊ သင်​၏​မျက်​စိ​ထဲ​က သစ်​တုံး​ကို​ဦး​စွာ​ထုတ်​ပစ်​လော့။ သို့​မှ​သာ​သင့် ညီ​အစ်​ကို​၏​မျက်​စိ​ထဲ​က​ငြောင့်​ငယ်​ကို ကောင်း​စွာ​မြင်​၍​ထုတ်​ယူ​နိုင်​လိမ့်​မည်။ \p \v 6 ``မွန်​မြတ်​သော​အ​ရာ​ကို​ခွေး​တို့​အား​မ​ပေး​ကြ​နှင့်။ သို့​ပြု​ပါ​မူ​သူ​တို့​သည်​လှည့်​၍​သင်​တို့​အား​ကိုက် လိမ့်​မည်။ ပု​လဲ​ရ​တ​နာ​များ​ကို​ဝက်​တို့​ရှေ့​မှာ မ​ချ​ထား​ကြ​နှင့်။ သို့​ပြု​ပါ​မူ​သူ​တို့​သည် ထို အ​ရာ​တို့​ကို​ကျော်​နင်း​သွား​ကြ​လိမ့်​မည်။ \s1 တောင်း​လော့၊​ရှာ​လော့၊တံ​ခါး​ကို​ခေါက်​လော့ \r (လု၊ ၁၁:၉-၁၃။) \p \v 7 ``တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​ကြ​လိမ့်​မည်။ ရှာ ကြ​လော့။ ရှာ​လျှင်​တွေ့​ကြ​လိမ့်​မည်။ တံ​ခါး​ကို ခေါက်​ကြ​လော့။ ခေါက်​လျှင်​တံ​ခါး​ကို​ဖွင့်​ပေး လိမ့်​မည်။- \v 8 တောင်း​သော​သူ​သည်​ရ​၏။ ရှာ​သော​သူ​သည်​တွေ့​၏။ တံ​ခါး​ခေါက်​သူ​အား တံ​ခါး​ကို​ဖွင့်​၍​ပေး​လိမ့်​မည်။- \v 9 သင်​တို့​တွင်​မိ​မိ​၏​သား​က​မုန့်​ကို​တောင်း​လျှင် ကျောက်​ခဲ​ကို​ပေး​မည့်​သူ၊- \v 10 ငါး​ကို​တောင်း​လျှင်​မြွေ​ကို​ပေး​မည့်​သူ​တစ်​စုံ တစ်​ယောက်​ရှိ​ပါ​သ​လော။- \v 11 သင်​တို့​သည်​အ​ပြစ်​သား​များ​ပင်​ဖြစ်​သော်​လည်း မိ​မိ​တို့​၏​သား​သ​မီး​များ​အား​ကောင်း​မွန်​သော အ​ရာ​များ​ကို​ပေး​တတ်​ကြ​လျှင် ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​၏​အ​ဖ​သည်​လည်း မိ​မိ​ထံ​တောင်း​လျှောက် သူ​တို့​အား​ကောင်း​မွန်​သော​အ​ရာ​တို့​ကို​သာ​၍ ပင်​ပေး​တော်​မူ​မည်​မ​ဟုတ်​လော။ \p \v 12 ``သင်​တို့​သည်​မိ​မိ​တို့​အား​ကျေး​ဇူး​ပြု​စေ​လို​သည့် အ​တိုင်း သူ​တစ်​ပါး​တို့​အား​ကျေး​ဇူး​ပြု​ကြ​လော့။ ဤ​ကား​ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း​များ​၏ သွန်​သင်​ချက်​အ​ချုပ်​အ​ခြာ​ဖြစ်​သ​တည်း။\x + \xo 7:12 \xt လု၊ ၆:၃၁။\x* \s1 ကျဉ်း​မြောင်း​သော​တံ​ခါး​ပေါက် \r (လု၊ ၁၃:၂၄။) \p \v 13 ``ကျဉ်း​မြောင်း​သော​တံ​ခါး​ပေါက်​ကို​ဝင်​ကြ​လော့။ င​ရဲ​သို့​ပို့​ဆောင်​ရာ​လမ်း​နှင့်​တံ​ခါး​ပေါက်​သည် ကျယ်​ဝန်း​သ​ဖြင့် ထို​လမ်း​ကို​လိုက်​သူ​တို့​သည် များ​ကြ​၏။- \v 14 ထာ​ဝ​ရ​အ​သက်​သို့​ပို့​ဆောင်​ရာ​လမ်း​နှင့်​တံ​ခါး ပေါက်​သည်​ကျဉ်း​မြောင်း​သော​ကြောင့် ထို​လမ်း​ကို တွေ့​ရှိ​သူ​တို့​သည်​နည်း​ကြ​၏။ \s1 အ​ပင်​နှင့်​အ​သီး \r (လု၊ ၆:၄၃-၄၄။) \p \v 15 ``သိုး​ရေ​ခြုံ​ဝံ​ပု​လွေ​သား​ရဲ​နှင့်​တူ​သော​မိစ္ဆာ ပ​ရော​ဖက်​တို့​ကို​သ​တိ​နှင့်​ရှောင်​ကြ​လော့။- \v 16 သူ​တို့​သည်​မိစ္ဆာ​ပ​ရော​ဖက်​များ​ဖြစ်​ကြောင်း​ကို သူ​တို့​၏​အ​ပြု​အ​မူ​အား​ဖြင့် သင်​တို့​သိ​ရှိ​ကြ လိမ့်​မည်။ စ​ပျစ်​သီး​ကို​ဆူး​ပင်​မှ​လည်း​ကောင်း၊ သင်္ဘော​သ​ဖန်း​သီး​ကို​ဆူး​ချုံ​မှ​လည်း​ကောင်း လူ​တို့​ဆွတ်​ခူး​ကြ​သ​လော။- \v 17 အပင်​ကောင်း​သည်​အ​သီး​ကောင်း​ကို​သီး​တတ်​၏။ အ​ပင်​ညံ့​သည်​အ​သီး​ညံ့​ကို​သီး​တတ်​၏။- \v 18 အ​ပင်​ကောင်း​သည်​အ​သီး​ညံ့​မ​သီး​နိုင်။ အ​ပင်​ညံ့ သည်​လည်း အ​သီး​ကောင်း​ကို​မ​သီး​နိုင်။- \v 19 လူ​တို့​သည်​အ​သီး​ကောင်း​ကို​မ​သီး​သည့်​အ​ပင် ရှိ​သ​မျှ​ကို​ခုတ်​လှဲ​၍ မီး​ထဲ​သို့​ပစ်​ချ​တတ်​ကြ​၏။-\x + \xo 7:19 \xt မ၊ ၃:၁၀။ လု၊ ၃:၉။\x* \v 20 သို့​ဖြစ်​၍​မိစ္ဆာ​ပ​ရော​ဖက်​တို့​ကို​သူ​တို့​၏​အ​ပြု အ​မူ​အား​ဖြင့် သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။\x + \xo 7:20 \xt မ၊ ၁၂:၃၃။\x* \s1 သင်​တို့​ကို​အ​ဘယ်​အ​ခါ​က​မျှ​ငါ​မ​သိ \r (လု၊ ၁၃:၂၅-၂၇) \p \v 21 ``ငါ့​ကို `သ​ခင်၊ သ​ခင်' ဟု​ခေါ်​သော​သူ​တိုင်း​ကောင်း ကင်​နိုင်​ငံ​တော်​သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ ကောင်း​ကင် ဘုံ​ရှင်​ငါ့​အ​ဖ​၏​အ​လို​တော်​အ​တိုင်း​လိုက်​လျှောက် သူ​သာ​လျှင်​ဝင်​ရ​လိမ့်​မည်။- \v 22 တ​ရား​စီ​ရင်​ရာ​နေ့​ရက်​ရောက်​သော​အ​ခါ `သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု ၍ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို​ဟော​ကြား​ခဲ့ ကြ​သည်​မ​ဟုတ်​ပါ​လော။ ကိုယ်​တော်​၏​နာ​မ​တော်​ကို အ​မှီ​ပြု​၍ နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ခဲ့​ကြ​သည် မ​ဟုတ်​ပါ​လော။ ကိုယ်​တော်​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​များ​ကို​ပြု​ခဲ့​ကြ သည်​မ​ဟုတ်​ပါ​လော' ဟု​လူ​အ​များ​ပင်​ငါ့​အား ပြော​ကြား​ကြ​လိမ့်​မည်။- \v 23 ထို​အ​ခါ `ဆိုး​သွမ်း​သူ​တို့၊ သင်​တို့​ကို​အ​ဘယ် အ​ခါ​က​မျှ​ငါ​မ​သိ။ ငါ့​ထံ​မှ​ထွက်​သွား ကြ​လော့' ဟု​ထို​သူ​တို့​အား​ငါ​ပြော​မည်။\x + \xo 7:23 \xt ဆာ၊ ၆:၈။\x* \s1 တည်​ဆောက်​သူ​နှစ်​မျိုး \r (လု၊ ၆:၄၇-၄၉။) \p \v 24 `ငါ​ဟော​ပြော​သော​ဤ​တ​ရား​စ​ကား​ကို​ကြား​၍ လိုက်​လျှောက်​သူ​သည်​ကျောက်​ပေါ်​တွင်​အိမ်​ဆောက် သည့်​ပ​ညာ​ရှိ​နှင့်​တူ​၏။- \v 25 မိုး​သည်း​ထန်​စွာ​ရွာ​၍​မြစ်​ရေ​လျှံ​ကာ​မုန်​တိုင်း​ထန် လျက် ထို​အိမ်​ကို​တိုက်​ခတ်​သော်​လည်း​ထို​အိမ်​သည် ကျောက်​ပေါ်​မှာ​တည်​သော​ကြောင့်​မ​ပြို​မ​လဲ​ချေ။- \v 26 ငါ​ဟော​ပြော​သော​ဤ​တ​ရား​စ​ကား​ကို​ကြား ပြီး​နောက် မ​လိုက်​မ​လျှောက်​သူ​သည်​သဲ​ပေါ်​မှာ အိမ်​ဆောက်​သော​လူ​မိုက်​နှင့်​တူ​၏။- \v 27 မိုး​သည်း​ထန်​စွာ​ရွာ​၍​မြစ်​ရေ​လျှံ​ကာ​မုန်​တိုင်း​ထန် လျက် ထို​အိမ်​ကို​တိုက်​ခတ်​သည်​ရှိ​သော်​ထို​အိမ်​သည် ပြို​လဲ​၍​သွား​၏။ ထို​အိမ်​၏​အ​ပျက်​အ​စီး​မှာ ကြီး​လှ​စွာ​တ​ကား။'' \s1 သ​ခင်​ယေ​ရှု​၏​အ​ခွင့်​အာ​ဏာ \p \v 28 သ​ခင်​ယေ​ရှု​ဤ​သို့​ဟော​ပြော​ပြီး​သည့်​အ​ဆုံး​၌ လူ​ပ​ရိ​သတ်​တို့​သည်​ကိုယ်​တော်​၏​သွန်​သင်​ပုံ​ကို လွန်​စွာ​အံ့​သြ​ကြ​ကုန်​၏။-\x + \xo 7:28 \xt မာ၊ ၁:၂၂။ လု၊ ၄:၃၂။\x* \v 29 အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည်​ကျမ်း​တတ် ဆ​ရာ​တို့​ကဲ့​သို့​မ​ဟုတ်​ဘဲ အာ​ဏာ​ရှိ​ကဲ့​သို့​ဟော ပြော​သွန်​သင်​တော်​မူ​သော​ကြောင့်​ဖြစ်​သည်။ \c 8 \s1 အ​ရေ​ပြား​ရော​ဂါ​ကို​ပျောက်​ကင်း​စေ​တော်​မူ​ခြင်း \r (မာ၊ ၁:၄၀-၄၅။ လု၊ ၅:၁၂-၁၆။) \p \v 1 တောင်​ပေါ်​မှ​သ​ခင်​ယေ​ရှု​ဆင်း​သက်​တော်​မူ​လျှင် လူ​ပ​ရိ​သတ်​ကြီး​များ​သည်​နောက်​တော်​သို့​လိုက် ကြ​၏။- \v 2 ထို​အ​ခါ​အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​သူ​လူ​တစ် ယောက်​သည်​ကိုယ်​တော်​၏​ရှေ့​မှောက်​သို့​လာ​ရောက် ဒူး​ထောက်​လျက် ``အ​ရှင်၊ အ​ရှင်​အ​လို​တော်​ရှိ လျှင်​အ​ကျွန်ုပ်​အား ဤ​ရော​ဂါ​မှ​သန့်​စင်​စေ​နိုင် ပါ​သည်'' ဟု​လျှောက်​ထား​တောင်း​ပန်​၏။ \p \v 3 သ​ခင်​ယေ​ရှု​သည်​လက်​တော်​ကို​ဆန့်​၍ ``ငါ​အ​လို ရှိ​၏။ သန့်​စင်​စေ'' ဟု​မိန့်​တော်​မူ​ပြီး​လျှင်​ထို​သူ ကို​တို့​တော်​မူ​၏။ ချက်​ချင်း​ထို​သူ​သည်​အ​ရေ ပြား​ရော​ဂါ​မှ​သန့်​စင်​၍​သွား​လေ​သည်။- \v 4 သ​ခင်​ယေ​ရှု​က ``ဤ​အ​ကြောင်း​ကို​မည်​သူ့​အား​မျှ မ​ပြော​မိ​စေ​ရန်​သတိ​ပြု​လော့။ ယဇ်​ပု​ရော​ဟိတ်​ထံ ကို​သွား​၍​သင်​၏​ကိုယ်​ကို​ပြ​လော့။ ထို​နောက်​လူ​တို့ ရှေ့​တွင်​သက်​သေ​ခံ​အ​ထောက်​အ​ထား​ဖြစ်​စေ​ရန် မော​ရှေ​မိန့်​မှာ​ခဲ့​သည့်​ပူ​ဇော်​သကာ​ကို​ဆက်​သ​လော့'' ဟု​မိန့်​တော်​မူ​၏။\x + \xo 8:4 \xt ဝတ်၊ ၁၄:၁-၃၂။\x* \s1 ရော​မ​စစ်​ဗိုလ်​၏​အ​စေ​ခံ​ကို​ရော​ဂါ ပျောက်​စေ​တော်​မူ​ခြင်း \r (လု၊ ၇:၁-၁၀။) \p \v 5 က​ပေ​ရ​နောင်​မြို့​ကို​ကိုယ်​တော်​ဝင်​တော်​မူ​သော အ​ခါ ရော​မ​စစ်​ဗိုလ်​တစ်​ယောက်​သည်​အ​ထံ​တော် သို့​လာ​၍၊- \v 6 ``အ​ရှင်၊ အ​ကျွန်ုပ်​၏​အ​စေ​ခံ​တစ်​ယောက်​သည်​ပြင်း စွာ​သော​ဝေ​ဒ​နာ​ဖြင့်​အိမ်​တွင်​လဲ​၍​နေ​ပါ​သည်'' ဟု​လျှောက်​ထား​၏။ \p \v 7 ကိုယ်​တော်​က ``ငါ​လာ​၍​သူ့​ရော​ဂါ​ကို​ပျောက်​ကင်း စေ​မည်'' ဟု​မိန့်​တော်​မူ​လျှင်၊ \p \v 8 စစ်​ဗိုလ်​က ``အ​ရှင်၊ အ​ကျွန်ုပ်​သည်​မ​ထိုက်​မ​တန်​သူ ဖြစ်​သ​ဖြင့်​အ​ကျွန်ုပ်​၏​အိမ်​မိုး​အောက်​သို့​အ​ရှင် ဝင်​တော်​မူ​ရန်​မ​သင့်​လျော်​ပါ။ အ​မိန့်​တော်​သာ ပေး​တော်​မူ​ပါ​လျှင်​အ​ကျွန်ုပ်​၏​အ​စေ​ခံ​သည် ကျန်း​မာ​လာ​ပါ​လိမ့်​မည်။- \v 9 အ​ကျွန်ုပ်​သည်​အ​ထက်​အာ​ဏာ​ကို​နာ​ခံ​ရ​သူ ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​၏​လက်​အောက်​တွင်​လည်း​စစ် သား​များ​ရှိ​ပါ​၏။ စစ်​သား​တစ်​ယောက်​ကို​သွား ချေ​ဟု​အ​ကျွန်ုပ်​ဆို​လျှင်​သူ​သည်​သွား​ပါ​၏။ အ​ခြား​တစ်​ယောက်​ကို​လာ​ခဲ့​ဟု​ဆို​လျှင်​လာ ပါ​၏။ ထို့​အ​ပြင်​အ​ကျွန်ုပ်​၏​ကျွန်​အား​ဤ​အ​မှု ကို​ပြု​လော့​ဟု​ဆို​လျှင်​သူ​သည်​ပြု​ပါ​၏'' ဟု လျှောက်​၏။ \p \v 10 ဤ​စ​ကား​ကို​သ​ခင်​ယေ​ရှု​ကြား​တော်​မူ​လျှင် အံ့​သြ​တော်​မူ​၏။ သို့​ဖြစ်​၍​နောက်​တော်​သို့​လိုက် လာ​ကြ​သော​ပ​ရိ​သတ်​တို့​အား \v 11 ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ဤ ကဲ့​သို့​သော​ယုံ​ကြည်​ခြင်း​ကို​ဣသ​ရေ​အ​မျိုး​သား တို့​တွင်​ငါ​မ​တွေ့​မ​ကြုံ​ဘူး​သေး။ လူ​အ​မြောက် အ​မြား​ပင်​အ​ရှေ့​အ​ရပ်​နှင့်​အ​နောက်​အ​ရပ်​မှ လာ​၍​ကောင်း​ကင်​နိုင်​ငံ​တော်​တွင်​အာ​ဗြ​ဟံ၊ ဣဇက်၊ ယာ​ကုပ်​တို့​နှင့်​အ​တူ​စား​သောက်​ကြ​လိမ့်​မည်။-\x + \xo 8:11 \xt လု၊ ၁၃:၂၉။\x* \v 12 သို့​ရာ​တွင်​နိုင်​ငံ​တော်​သား​ဖြစ်​သင့်​သူ​တို့​မူ​ကား ပြင်​ပ​အ​မှောင်​ထဲ​သို့​ထုတ်​ပစ်​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်။ ထို​အ​ရပ်​တွင်​သူ​တို့​သည်​ငို​ကြွေး​မြည် တမ်း​၍​အံ​သွား​ခဲ​ကြိတ်​လျက်​နေ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-\x + \xo 8:12 \xt မ၊ ၂၂:၁၃၊ ၂၅:၃၀။ လု၊ ၁၃:၂၈။\x* \v 13 ထို​နောက်​ကိုယ်​တော်​က​စစ်​ဗိုလ်​အား ``အိမ်​သို့​ပြန် လော့။ သင်​ယုံ​ကြည်​သည့်​အ​တိုင်း​ဖြစ်​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ ဤ​သို့​မိန့်​တော်​မူ​သည့်​အ​ချိန်​၌ ပင်​လျှင်​စစ်​ဗိုလ်​၏​အ​စေ​ခံ​သည်​ရော​ဂါ​ပျောက် လေ​၏။ \s1 များ​စွာ​သော​ရော​ဂါ​သည်​တို့​ကို ကျန်း​မာ​စေ​တော်​မူ​ခြင်း \r (မာ၊ ၁:၂၉-၃၄။ လု၊ ၄:၃၈-၄၁။) \p \v 14 သ​ခင်​ယေ​ရှု​သည်​ပေ​တ​ရု​အိမ်​သို့​ကြွ​တော်​မူ သော​အ​ခါ​ပေ​တ​ရု​၏​ယောက္ခ​မ​မိန်း​မ​သူ​သည် ဖျား​၍​အိပ်​ရာ​ပေါ်​တွင်​လဲ​လျက်​နေ​သည်​ကို မြင်​တော်​မူ​၏။- \v 15 ကိုယ်​တော်​သည်​ထို​အ​မျိုး​သ​မီး​၏​လက်​ကို​တို့​ထိ တော်​မူ​လျှင် သူ​မ​သည်​အ​ဖျား​ပျောက်​သွား​သ​ဖြင့် ထ​၍​ကိုယ်​တော်​အား​ဧည့်​သည်​ဝတ်​ပြု​လေ​၏။ \p \v 16 ည​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ​လူ​တို့​သည် နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​အ​မြောက်​အ​မြား​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည် နတ်​မိစ္ဆာ​တို့​ကို​အ​မိန့်​ပေး​၍​နှင်​ထုတ်​တော်​မူ​၏။ ရော​ဂါ​သည်​အ​ပေါင်း​ကို​လည်း​ကျန်း​မာ​စေ တော်​မူ​၏။- \v 17 ဤ​သို့​လျှင် ``ကိုယ်​တော်​သည်​ငါ​တို့​၏​အ​ဖျား​အ​နာ များ​နှင့်​ရော​ဂါ​ဝေ​ဒ​နာ​များ​ကို​ဆောင်​ယူ​သွား တော်​မူ​၏'' ဟူ​၍ ပ​ရော​ဖက်​ဟေ​ရှာ​ယ​ဟော​ခဲ့​သည့် စ​ကား​အ​တိုင်း​ဖြစ်​ပျက်​၍​လာ​သ​တည်း။\x + \xo 8:17 \xt ဟေရှာ၊ ၅၃:၄။\x* \s1 သ​ခင်​ယေ​ရှု​၏​တ​ပည့်​ဖြစ်​လို​သူ​များ \r (လု၊ ၉: ၅၇-၆၂။) \p \v 18 သ​ခင်​ယေ​ရှု​သည်​မိ​မိ​ပတ်​လည်​ရှိ​လူ​ပ​ရိ​သတ် ကို​တွေ့​မြင်​တော်​မူ​လျှင် အိုင်​တစ်​ဖက်​သို့​ထွက်​ခွာ ရန်​တ​ပည့်​တော်​တို့​အား​အ​မိန့်​ပေး​တော်​မူ​၏။- \v 19 ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက်​သည်​လာ​၍​ကိုယ် တော်​အား ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​သည်​အ​ရှင် ကြွ​တော်​မူ​ရာ​သို့​လိုက်​ပါ​မည်'' ဟု​လျှောက် ထား​၏။ \p \v 20 သ​ခင်​ယေ​ရှု​က ``မြေ​ခွေး​မှာ​တွင်း​ရှိ​၏။ ငှက်​မှာ အ​သိုက်​ရှိ​၏။ လူ​သား​မှာ​မူ​ကား​ခေါင်း​ချ​စ​ရာ နေ​ရာ​မျှ​မ​ရှိ'' ဟု​မိန့်​တော်​မူ​၏။ \p \v 21 အ​ခြား​တ​ပည့်​တော်​တစ်​ဦး​က ``အ​ရှင်၊ အ​ကျွန်ုပ် အား​အ​ဖ​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ရန်​ခွင့်​ပြု​တော် မူ​ပါ'' ဟု​လျှောက်​ထား​၏။ \p \v 22 သို့​သော်​ကိုယ်​တော်​က ``သင်​သည်​ငါ​နောက်​ကို လိုက်​လော့။ သူ​သေ​တို့​အား​သူ​သေ​တို့​ပင်​သင်္ဂြိုဟ် ကြ​ပါ​လေ​စေ'' ဟု​မိန့်​တော်​မူ​၏။ \s1 လေ​မုန်​တိုင်း​ကို​ငြိမ်​စေ​တော်​မူ​ခြင်း \r (မာ၊ ၄:၃၅-၄၁။ လု၊ ၈:၂၂-၂၅။) \p \v 23 ကိုယ်​တော်​သည်​လှေ​ပေါ်​သို့​တက်​တော်​မူ​၏။ တ​ပည့် တော်​တို့​သည်​လည်း​ကိုယ်​တော်​နှင့်​အ​တူ​လိုက်​သွား ကြ​၏။- \v 24 အိုင်​ထဲ​တွင်​ရုတ်​တ​ရက်​လေ​မုန်​တိုင်း​ကျ​လာ​သ​ဖြင့် လှေ​သည်​လှိုင်း​တံ​ပိုး​များ​ထဲ​တွင်​နစ်​လု​မ​တတ် ရှိ​တော့​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ကား​အိပ်​စက် လျက်​နေ​တော်​မူ​၏။- \v 25 တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​ကို​နှိုး​၍ ``အ​ရှင်၊ ကယ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သေ​ဆုံး​ရ​ကြ​ပါ တော့​မည်'' ဟု​လျှောက်​ကြ​၏။ \p \v 26 ကိုယ်​တော်​က ``ယုံ​ကြည်​မှု​နည်း​သူ​တို့၊ သင်​တို့ အ​ဘယ်​ကြောင့်​ကြောက်​လန့်​သ​နည်း'' ဟု​မိန့်​တော် မူ​ပြီး​နောက် အိပ်​စက်​ရာ​မှ​ထ​တော်​မူ​၍​လေ​နှင့် လှိုင်း​များ​ကို​ဆုံး​မ​တော်​မူ​၏။ လေ​နှင့်​လှိုင်း​တို့ သည်​ငြိမ်​သက်​သွား​ကြ​၏။ \p \v 27 တ​ပည့်​တော်​တို့​သည်​အံ့​သြ​၍ ``ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့်​လှိုင်း​များ​ပင် လျှင်​သူ​၏​အ​မိန့်​ကို​လိုက်​နာ​ကြ​ပါ​တ​ကား'' ဟု​ဆို​ကြ​၏။ \s1 လူ​နှစ်​ယောက်​ထံ​မှ​နတ်​မိစ္ဆာ​များ​ကို နှင်​ထုတ်​တော်​မူ​ခြင်း \r (မာ၊ ၅:၁-၂၀။ လု၊ ၈:၂၆-၃၉။) \p \v 28 ကိုယ်​တော်​သည်​အိုင်​တစ်​ဖက်​ကမ်း​ရှိ​ဂါ​ဒ​ရ​နယ် သို့​ကြွ​လာ​တော်​မူ​၏။ ထို​အ​ခါ​နတ်​မိစ္ဆာ​ပူး​ဝင် သူ​လူ​နှစ်​ယောက်​သည် သင်္ချိုင်း​ဂူ​များ​အ​ကြား​မှ ထွက်​လာ​ပြီး​လျှင်​ကိုယ်​တော်​နှင့်​တွေ့​ဆုံ​ကြ​၏။ ထို​သူ​တို့​သည်​လွန်​စွာ​ဆိုး​သွမ်း​သ​ဖြင့် မည်​သူ မျှ​ထို​လမ်း​ကို​မ​သွား​ဝံ့​ကြ။- \v 29 ထို​သူ​တို့​က ``ဘု​ရား​သ​ခင်​၏​သား​တော်၊ အ​ရှင် သည်​အ​ကျွန်ုပ်​တို့​ကို​မည်​သို့​ပြု​လို​တော်​မူ​ပါ သ​နည်း။ အ​ချိန်​မ​ကျ​မီ​အ​ကျွန်ုပ်​တို့​အား​ဒဏ် ခတ်​ရန်​ဤ​အ​ရပ်​သို့​ကြွ​လာ​တော်​မူ​ပါ​သ​လော'' ဟု​ဟစ်​အော်​လျှောက်​ထား​ကြ​၏။ \p \v 30 ထို​သူ​တို့​နှင့်​အ​နည်း​ငယ်​မျှ​ဝေး​သော​နေ​ရာ​တွင် ဝက်​အုပ်​ကြီး​တစ်​အုပ်​သည်​အ​စာ​စား​လျက်​ရှိ​၏။- \v 31 နတ်​မိစ္ဆာ​တို့​က ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​ကို​နှင်​ထုတ်​မည် ဆို​ပါ​က​အ​ကျွန်ုပ်​တို့​အား​ထို​ဝက်​များ​ကို​ပူး​ဝင် ခွင့်​ပြု​တော်​မူ​ပါ'' ဟု​တောင်း​ပန်​ကြ​၏။ \p \v 32 ကိုယ်​တော်​က​လည်း ``သွား​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ နတ်​မိစ္ဆာ​တို့​သည်​ထို​သူ​တို့​ထံ​မှ​ထွက်​ခွာ​၍ ဝက်​များ ကို​ပူး​ဝင်​ကြ​သ​ဖြင့်​ဝက်​အုပ်​တစ်​အုပ်​လုံး​ပင် ချောက် ကမ်း​ပါး​အ​တိုင်း​ပြေး​ဆင်း​ကာ​အိုင်​ထဲ​တွင်​နစ်​မြုပ် သေ​ဆုံး​ကြ​၏။ \p \v 33 ဝက်​ထိန်း​များ​သည်​မြို့​သို့​ထွက်​ပြေး​ပြီး​နောက် နတ်​မိစ္ဆာ​ပူး​ဝင်​သူ​လူ​နှစ်​ယောက်​အ​ကြောင်း​နှင့် မိ​မိ တို့​တွေ့​ကြုံ​ရ​သည့်​အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ ကို​ပြော​ကြား​ကြ​၏။- \v 34 သို့​ဖြစ်​၍​ထို​မြို့​တစ်​မြို့​လုံး​ပင်​လျှင်​သ​ခင်​ယေ​ရှု ထံ​သို့​လိုက်​လာ​ကြ​လေ​သည်။ ကိုယ်​တော်​ကို​တွေ့​သော အ​ခါ​မိ​မိ​တို့​ဒေ​သ​မှ​ထွက်​ခွာ​သွား​တော်​မူ​ရန် တောင်း​ပန်​ကြ​၏။ \c 9 \s1 လေ​ဖြတ်​သူ​ကို​ရော​ဂါ​ပျောက်​စေ​တော်​မူ​ခြင်း \r (မာ၊ ၂:၁-၁၂။ လု၊ ၅:၁၇-၂၆။) \p \v 1 သ​ခင်​ယေ​ရှု​သည်​လှေ​ကို​စီး​၍​အိုင်​တစ်​ဖက်​သို့ ကူး​ပြီး​လျှင်​မိ​မိ​နေ​ရင်း​မြို့​သို့​ကြွ​တော်​မူ​၏။- \v 2 ထို​အ​ခါ​လူ​တို့​သည်​လေ​ဖြတ်​သူ​လူ​တစ်​ယောက် ကို​ထမ်း​စင်​ထက်​တင်​၍ အ​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့ ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​၏​ယုံ​ကြည် ခြင်း​ရှိ​ပုံ​ကို​မြင်​တော်​မူ​လျှင် လေ​ဖြတ်​သူ​အား ``ငါ့​သား​အား​မ​ငယ်​နှင့်။ သင်​၏​အ​ပြစ်​ကို​ဖြေ လွှတ်​ပြီ'' ဟု​မိန့်​တော်​မူ​၏။ \p \v 3 ကျမ်း​တတ်​ဆ​ရာ​အ​ချို့​တို့​က ``ဤ​သူ​သည် ဘု​ရား​သ​ခင်​ကို​ပြစ်​မှား​ပြော​ဆို​လေ​ပြီ'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ \p \v 4 သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​တွေး​တော​ပုံ​ကို​သိ မြင်​တော်​မူ​သ​ဖြင့် ``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​သို့​မှား​ယွင်း​စွာ​တွေး​တော​နေ​ကြ​သ​နည်း။- \v 5 `သင်​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ပြီ' ဟု​ပြော​ရန်​ပို​၍ လွယ်​ကူ​သ​လော။ သို့​တည်း​မ​ဟုတ် `နေ​ရာ​မှ​ထ​၍ လှမ်း​သွား​လော့' ဟု​ပြော​ရန်​ပို​၍​လွယ်​ကူ​သ​လော။- \v 6 သို့​ရာ​တွင်​လူ​သား​သည်​လော​က​တွင်​အ​ပြစ် ဖြေ​လွှတ်​ပိုင်​သည်​ကို​သင်​တို့​အား​သိ​မြင်​စေ​အံ့'' ဟု​ဆို​လျက်​လေ​ဖြတ်​သူ​အား ``ထ​လော့၊ ထမ်း​စင် ကို​ထမ်း​၍​အိမ်​သို့​ပြန်​လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 7 ထို​သူ​သည်​လည်း​ထ​၍​အိမ်​သို့​ပြန်​လေ​၏။- \v 8 ဤ​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​ကြ​သော​လူ​ပ​ရိ သတ်​တို့​သည်​ကြောက်​ရွံ့​ကြ​လျက်​လူ​တို့​အား ဤ​သို့​သော​တန်​ခိုး​ကို​ပေး​တော်​မူ​သော​ဘု​ရား သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး​ကြ​၏။ \s1 မ​ဿဲ​ကို​ခေါ်​ယူ​တော်​မူ​ခြင်း \r (မာ၊ ၂:၁၃-၁၇။ လု၊ ၅:၂၇-၃၂။) \p \v 9 သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​၍​ကြွ သွား​တော်​မူ​စဉ် အ​ကောက်​ခွန်​ရုံး​ခန်း​တွင်​ထိုင် လျက်​နေ​သော​မ​ဿဲ​ဆို​သူ​လူ​တစ်​ယောက်​ကို မြင်​တော်​မူ​၏။ ကိုယ်​တော်​က ``ငါ့​နောက်​သို့​လိုက် လော့'' ဟု​မိန့်​တော်​မူ​လျှင်​ထို​သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။ \p \v 10 သ​ခင်​ယေ​ရှု​သည်​မ​ဿဲ​၏​အိမ်​တွင်​ည​စာ​စား လျက်​နေ​တော်​မူ​သော​အ​ခါ အ​ခွန်​ခံ​သူ​များ နှင့်​အ​ခြား​အ​ပယ်​ခံ​သူ​များ​သည်​လည်း​ပါ ဝင်​စား​သောက်​ကြ​၏။-\x + \xo 9:10 \xt လု၊ ၁၅:၁-၂။\x* \v 11 ထို​အ​ခြင်း​အ​ရာ​ကို​ဖာ​ရိ​ရှဲ​တို့​မြင်​လျှင် ``သင် တို့​၏​ဆ​ရာ​သည်​အ​ဘယ်​ကြောင့်​ဤ​လူ​တန်း​စား များ​နှင့်​အ​တူ​ထိုင်​လျက်​စား​သောက်​နေ​ပါ​သ​နည်း'' ဟု​တ​ပည့်​တော်​တို့​အား​မေး​မြန်း​ကြ​၏။ \p \v 12 ယင်း​သို့​မေး​မြန်း​သည်​ကို​သ​ခင်​ယေ​ရှု​ကြား တော်​မူ​လျှင် ``ကျန်း​မာ​သူ​သည်​ဆ​ရာ​ဝန်​ကို မ​လို။ ဖျား​နာ​သူ​သာ​လျှင်​လို​၏။- \v 13 `ငါ​သည်​သ​နား​ကြင်​နာ​ခြင်း​ကို​ယဇ်​ပူ​ဇော် ခြင်း​ထက်​ပို​၍​နှစ်​သက်​၏' ဟူ​သော​ကျမ်း​စ​ကား ၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​သင်​တို့​သွား​၍​လေ့​လာ ကြ​လော့။ ငါ​သည်​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​ကို ကယ်​ရန်​ကြွ​ရောက်​လာ​သည်​မ​ဟုတ်။ အ​ပယ်​ခံ သူ​များ​ကို​ကယ်​ရန်​ကြွ​ရောက်​လာ​သ​တည်း'' ဟု မိန့်​တော်​မူ​၏။\x + \xo 9:13 \xt မ၊ ၁၂:၇။ ဟော၊ ၆:၆။\x* \s1 အ​စာ​ရှောင်​ခြင်း​ပြ​ဿ​နာ \r (မာ၊ ၂:၁၈-၂၂။ လု၊ ၅:၃၃-၃၉။) \p \v 14 ထို​အ​ခါ​ယော​ဟန်​၏​တ​ပည့်​များ​သည်​ကိုယ်​တော် ၏​ထံ​သို့​လာ​ရောက်​လျက် ``အ​ကျွန်ုပ်​တို့​နှင့်​ဖာ​ရိ​ရှဲ တို့​သည်​မ​ကြာ​ခ​ဏ​အ​စာ​ရှောင်​ကြ​ပါ​၏။ သို့ ရာ​တွင်​အ​ရှင်​၏​တ​ပည့်​များ​မူ​ကား​အ​ဘယ် ကြောင့်​အ​စာ​မ​ရှောင်​ကြ​ပါ​သ​နည်း'' ဟု​မေး လျှောက်​ကြ​၏။ \p \v 15 သ​ခင်​ယေ​ရှု​က ``မင်္ဂ​လာ​ဆောင်​သ​တို့​သား​၏ အ​ပေါင်း​အ​ဖော်​များ​သည်​သ​တို့​သား​နှင့်​အ​တူ ရှိ​နေ​ချိန်​၌​ဝမ်း​နည်း​ပူ​ဆွေး​ကြ​ပါ​မည်​လော။ သို့​ရာ​တွင်​သူ​တို့​ထံ​မှ​သ​တို့​သား​ကို​ခွဲ​ခွာ ယူ​ဆောင်​သွား​မည့်​နေ့​ရက်​ရောက်​ရှိ​လာ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့​သည်​အ​စာ​ရှောင်​ကြ​လိမ့်​မည်။ \p \v 16 မည်​သူ​မျှ​ပိတ်​စ​သစ်​နှင့်​အ​ထည်​ဟောင်း​ကို​ဖာ လေ့​မ​ရှိ။ ဖာ​ခဲ့​လျှင်​ပိတ်​စ​သစ်​က​ရုန်း​သ​ဖြင့် စုတ်​ရာ​ပြဲ​ရာ​ပို​၍​ဆိုး​မည်။- \v 17 ထို့​အ​ပြင်​စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး​ဟောင်း တွင်​ထည့်​လေ့​မ​ရှိ။ ထည့်​ခဲ့​ပါ​မူ​သား​ရေ​ဘူး​သည် ပေါက်​ပြဲ​၍​စ​ပျစ်​ရည်​ယို​ထွက်​ကုန်​လိမ့်​မည်။ သား ရေ​ဘူး​လည်း​ပျက်​စီး​သွား​လိမ့်​မည်။ သို့​ဖြစ်​၍ စ​ပျစ်​ရည်​နှင့်​သား​ရေ​ဘူး​ပါ​မ​ပျက်​မ​စီး​ဘဲ ရှိ​စေ​ရန်​စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး​သစ်​တွင် သာ​ထည့်​ရ​၏'' ဟု​ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။ \s1 ယာ​ဣ​ရု​၏​သ​မီး​နှင့်​သ​ခင်​ယေ​ရှု​၏ အ​ဝတ်​တော်​ကို​တို့​ထိ​သော​အ​မျိုး​သ​မီး \r (မာ၊ ၅:၂၁-၄၃။ လု၊ ၈:၄၀-၅၆။) \p \v 18 သ​ခင်​ယေ​ရှု​ဤ​သို့​မိန့်​မြွက်​လျက်​နေ​တော်​မူ စဉ် တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး​တစ်​ယောက်​သည် အ​ထံ​တော်​သို့​လာ​ရောက်​ပျပ်​ဝပ်​၏။ ထို​သူ​က ``အ​ကျွန်ုပ်​၏​သ​မီး​သည်​ယ​ခု​ပင်​သေ​ဆုံး​သွား ပါ​သည်။ သို့​ရာ​တွင်​အ​ရှင်​ကြွ​တော်​မူ​၍​သူ့ အ​ပေါ်​မှာ​လက်​တော်​ကို​တင်​တော်​မူ​လျှင် သူ သည်​အ​သက်​ရှင်​လာ​ပါ​လိမ့်​မည်'' ဟု​လျှောက် ထား​တောင်း​ပန်​၏။ \p \v 19 သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​သည်​ထ​တော်​မူ​၍​ထို သူ​နှင့်​အ​တူ​ကြွ​တော်​မူ​၏။ တ​ပည့်​တော်​တို့ လည်း​လိုက်​သွား​ကြ​၏။ \p \v 20 တစ်​ဆယ့်​နှစ်​နှစ်​ပတ်​လုံး​သွေး​သွန်​ရော​ဂါ​စွဲ​ကပ် နေ​သော​အ​မျိုး​သ​မီး​တစ်​ယောက်​သည် ကိုယ်​တော် ၏​နောက်​သို့​ချဉ်း​ကပ်​ပြီး​လျှင်၊- \v 21 ``ဝတ်​လုံ​တော်​အ​မြိတ်​ကို​မျှ​လက်​နှင့်​တို့​ထိ​ရ​လျှင် ငါ​၏​ရောဂါ​ပျောက်​လိမ့်​မည်'' ဟု​တစ်​ကိုယ်​တည်း​ပြော ဆို​လျက်​ဝတ်​လုံ​တော်​အ​မြိတ်​ကို​တို့​ထိ​လေ​၏။ \p \v 22 သ​ခင်​ယေ​ရှု​သည်​လှည့်​၍​ကြည့်​တော်​မူ​လျှင် ထို အ​မျိုး​သ​မီး​ကို​မြင်​တော်​မူ​သ​ဖြင့် ``ငါ့​သ​မီး၊ အား​မ​ငယ်​နှင့်။ သင်​၏​ယုံ​ကြည်​ခြင်း​သည်​သင်​၏ ရော​ဂါ​ပျောက်​စေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ချိန် ၌​ပင်​ထို​အ​မျိုး​သ​မီး​၏​ရော​ဂါ​ပျောက်​လေ​၏။ \p \v 23 သ​ခင်​ယေ​ရှု​သည်​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး ၏​အိမ်​သို့​ရောက်​တော်​မူ​လျှင် တီး​မှုတ်​သူ​များ​နှင့် ဆူ​ညံ​လျက်​နေ​သော​လူ​ပ​ရိ​သတ်​ကို​မြင်​တော်​မူ ၏။- \v 24 ထို​အ​ခါ​ကိုယ်​တော်​က ``ဖယ်​ကြ။ သူ​ငယ်​မ​သေ သည်​မ​ဟုတ်။ အိပ်​လျက်​သာ​နေ​၏'' ဟု​မိန့်​တော်​မူ လျှင်​သူ​တို့​သည်​ကိုယ်​တော်​ကို​ပြောင်​လှောင်​ကြ​၏။- \v 25 ကိုယ်​တော်​သည်​လူ​တို့​ကို​အ​ပြင်​သို့​ထွက်​စေ​ပြီး နောက်​အ​ခန်း​ထဲ​သို့​ဝင်​၍ သူ​ငယ်​မ​၏​လက်​ကို ကိုင်​လျက်​ထူ​မ​တော်​မူ​သော​အ​ခါ​သူ​ငယ်​မ သည်​ထ​လေ​၏။- \v 26 ဤ​အ​ဖြစ်​အ​ပျက်​သ​တင်း​သည်​ထို​ဒေသ​တွင် ပျံ့​နှံ့​သွား​လေ​၏။ \s1 မျက်​မ​မြင်​နှစ်​ယောက်​ကို မျက်​စိ​မြင်​စေ​တော်​မူ​ခြင်း \p \v 27 သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​ကြွ​တော် မူ​သော​အ​ခါ​မျက်​မ​မြင်​နှစ်​ယောက်​သည် ``ဒါ​ဝိဒ် ၏​သား​တော်၊ အ​ကျွန်ုပ်​တို့​ကို​သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော်​လျက်​နောက်​တော်​သို့​လိုက်​လာ​ကြ​၏။ \p \v 28 ကိုယ်​တော်​သည်​အိမ်​တစ်​အိမ်​သို့​ဝင်​တော်​မူ​လျှင် ထို​မျက်​မ​မြင်​တို့​သည်​အ​ထံ​တော်​သို့​လာ​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သည်​သင်​တို့​အား​မျက်​စိ မြင်​စေ​နိုင်​သည်​ဟု​ယုံ​ကြည်​ကြ​ပါ​သ​လော'' ဟု မေး​တော်​မူ​လျှင်​ထို​သူ​တို့​က ``ယုံ​ကြည်​ပါ သည်​အ​ရှင်'' ဟု​လျှောက်​ကြ​၏။ \p \v 29 ထို​အ​ခါ​ကိုယ်​တော်​က ``သင်​တို့​ယုံ​ကြည်​သည့် အ​တိုင်း​ဖြစ်​စေ'' ဟု​မိန့်​တော်​မူ​လျက်​သူ​တို့​၏ မျက်​စိ​များ​ကို​လက်​ဖြင့်​တို့​ထိ​တော်​မူ​၏။- \v 30 ထို​သူ​တို့​သည်​စက္ခု​အ​လင်း​ရ​လေ​၏။ သ​ခင် ယေ​ရှု​က​လည်း ``ထို​အ​မှု​ကို​မည်​သူ​မျှ​မ​သိ စေ​နှင့်'' ဟု​ကြပ်​တည်း​စွာ​ပ​ညတ်​တော်​မူ​၏။ \p \v 31 သို့​ရာ​တွင်​ထို​သူ​တို့​သည်​အ​ထံ​တော်​မှ​ထွက် သွား​ပြီး​လျှင် ကိုယ်​တော်​၏​သ​တင်း​တော်​ကို​ထို ဒေ​သ​တွင်​ပျံ့​နှံ့​ကျော်​ကြား​စေ​ကြ​၏။ \s1 ဆွံ့​အ​သူ​ကို​စ​ကား​ပြော​စေ​တော်​မူ​ခြင်း \p \v 32 ထို​သူ​တို့​ထွက်​ခွာ​သွား​ကြ​စဉ်​လူ​အ​ချို့​တို့​သည် နတ်​မိစ္ဆာ​ပူး​ဝင်​၍​ဆွံ့​အ​နေ​သူ​လူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့​ခေါ်​ခဲ့​ကြ​၏။- \v 33 နတ်​မိစ္ဆာ​ကို​နှင်​ထုတ်​လိုက်​သည်​နှင့်​တစ်​ပြိုင်​နက် ဆွံ့​အ​သူ​သည်​စ​ကား​ပြော​လေ​၏။ လူ​ပ​ရိ​သတ် တို့​သည်​လွန်​စွာ​အံ့​သြ​ကြ​လျက် ``ဤ​သို့​သော အ​ခြင်း​အ​ရာ​မျိုး​ကို​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် မ​မြင်​စ​ဖူး'' ဟု​ပြော​ဆို​ကြ​၏။ \p \v 34 ဖာ​ရိ​ရှဲ​တို့​က ``ဤ​သူ​သည်​နတ်​မိစ္ဆာ​ဘု​ရင်​ကို အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ခြင်း​ဖြစ် သည်'' ဟု​ပြော​ဆို​ကြ​၏။\x + \xo 9:34 \xt မ၊ ၁၀:၂၅၊ ၁၂:၂၄။ မာ၊ ၃:၂၂။ လု၊ ၁၁:၁၅။\x* \s1 လူ​တို့​အား​သ​နား​ကြင်​နာ​တော်​မူ​ခြင်း \p \v 35 သ​ခင်​ယေ​ရှု​သည်​မြို့​ရွာ​ရှိ​သ​မျှ​သို့​လှည့်​လည်​ပြီး လျှင်​တ​ရား​ဇ​ရပ်​များ​တွင်​သွန်​သင်​၍​နိုင်​ငံ​တော် အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော​ပြော​လျက် အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို​ပျောက်​ကင်း​စေ တော်​မူ​၏။-\x + \xo 9:35 \xt မ၊ ၄:၂၃။ မာ၊ ၁:၃၉။ လု၊ ၄:၄၄။\x* \v 36 လူ​ပ​ရိ​သတ်​တို့​သည်​သိုး​ထိန်း​မဲ့​သည့်​သိုး​များ ကဲ့​သို့​အား​ကိုး​စ​ရာ​မ​ရှိ၊ ပူ​ပင်​သော​က​ရောက် လျက်​နေ​ကြ​သည်​ကို​မြင်​တော်​မူ​လျှင်​သူ​တို့​အား သ​နား​ကြင်​နာ​တော်​မူ​၏။-\x + \xo 9:36 \xt တော၊ ၂၇:၁၇။ ၃ရာ၊ ၂၂:၁၇။ ၆ရာ၊ ၁၈:၁၆။ ယေဇ၊ ၃၄:၅။ မာ၊ ၆:၃၄။\x* \v 37 ထို့​ကြောင့်​ကိုယ်​တော်​က ``ရိတ်​သိမ်း​ရန်​စ​ပါး​များ သော်​လည်း ရိတ်​သိမ်း​သော​လုပ်​သား​တို့​ကား​နည်း လှ​၏။-\x + \xo 9:37 \xt လု၊ ၁၀:၂။\x* \v 38 သို့​ဖြစ်​၍​လုပ်​သား​များ​စေ​လွှတ်​ပေး​ရန်​စ​ပါး​ရှင် အား​ဆု​တောင်း​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။ \c 10 \s1 တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး \r (မာ၊ ၃:၁၃-၁၉။ လု၊ ၆:၁၂-၁၆။) \p \v 1 သ​ခင်​ယေ​ရှု​သည်​တစ်​ကျိပ်​နှစ်​ပါး​သော​တ​ပည့် တော်​တို့​ကို​အ​ထံ​တော်​သို့​ခေါ်​တော်​မူ​ပြီး​နောက် ညစ်​ညမ်း​သော​နတ်​များ​ကို​နှင်​ထုတ်​နိုင်​ရန်​နှင့် ရော​ဂါ​အ​မျိုး​မျိုး​ကို​ပျောက်​ကင်း​စေ​နိုင်​ရန် တန်​ခိုး​အာ​ဏာ​ကို​ပေး​အပ်​တော်​မူ​၏။- \v 2 တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​၏​နာ​မည်​များ​ကား ပေ​တ​ရု​ခေါ်​ရှိ​မုန်​နှင့်​သူ့​ညီ​အန္ဒြေ၊- \v 3 ဇေ​ဗေ​ဒဲ​၏​သား​နှစ်​ယောက်​ဖြစ်​ကြ​သော​ယာ​ကုပ် နှင့်​ယော​ဟန်၊ ဖိလိပ္ပု​နှင့် ဗာ​သော​လ​မဲ၊ သော​မ​နှင့် အ​ခွန်​ခံ​သူ​မ​ဿဲ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်​နှင့် သဒ္ဒဲ၊- \v 4 မျိုး​ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန်​နှင့်​ကိုယ်​တော်​ကို သစ္စာ​ဖောက်​သူ​ယု​ဒ​ရှ​ကာ​ရုတ်​တို့​တည်း။ \s1 တစ်​ကျိပ်​နှစ်​ပါး​တို့​၏​သာ​သ​နာ​ပြု​လုပ်​ငန်း \r (မာ၊ ၆:၇-၁၃။ လု၊ ၉:၁-၆။) \p \v 5 တ​မန်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​အား​သ​ခင်​ယေ​ရှု သည်​အောက်​ပါ​သြ​ဝါ​ဒ​များ​ကို​ပေး​၍​စေ​လွှတ် တော်​မူ​၏။ ``သင်​တို့​သည်​လူ​မျိုး​ခြား​များ​နေ​ထိုင် ရာ​ဒေ​သ​များ​နှင့်​ရှ​မာ​ရိ​မြို့​များ​သို့​မ​သွား ကြ​ဘဲ၊- \v 6 သိုး​ပျောက်​များ​ဖြစ်​သော​ဣသ​ရေ​လ​အ​မျိုး​သား တို့​ထံ​သို့​သွား​၍၊- \v 7 သူ​တို့​အား `ကောင်း​ကင်​နိုင်​ငံ​တော်​တည်​လု​နီး​ပြီ' ဟု​ဟော​ပြော​ကြ​လော့။-\x + \xo 10:7 \xt လု၊ ၁၀:၄-၁၂။\x* \v 8 မ​ကျန်း​မာ​သူ​တို့​ကို​ကျန်း​မာ​စေ​ကြ​လော့။ သေ​သူ တို့​အား​ပြန်​၍​ရှင်​စေ​ကြ​လော့။ အ​ရေ​ပြား​ရော​ဂါ သည်​တို့​ကို​သန့်​စင်​စေ​ကြ​လော့။ နတ်​မိစ္ဆာ​တို့​ကို​နှင် ထုတ်​ကြ​လော့။ သင်​တို့​သည်​ကျေး​ဇူး​တော်​ကို​အ​ခ မဲ့​ခံ​စား​ရ​ကြ​ပြီ​ဖြစ်​၍ သူ​တစ်​ပါး​တို့​အား​အ​ခ မ​ယူ​ဘဲ​ပေး​ကမ်း​ကြ​လော့။- \v 9 ခါး​ပန်း​တွင်​ရွှေ၊ ငွေ၊ ပိုက်​ဆံ​တို့​ကို​မ​ဆောင်​ကြ​နှင့်။- \v 10 အ​လှူ​ခံ​လွယ်​အိတ်၊ အင်္ကျီ​အ​ပို၊ ဖိ​နပ်​နှင့်​တောင် ဝှေး​တို့​ကို​မ​ယူ​ကြ​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော် လုပ်​သား​သည်​ရိက္ခာ​ကို​ရ​ထိုက်​သော​ကြောင့်​ဖြစ်​၏။\x + \xo 10:10 \xt ၁ကော၊ ၉:၁၄။ ၁တိ၊ ၅:၁၈။\x* \p \v 11 ``မည်​သည့်​မြို့​ရွာ​သို့​မ​ဆို​သင်​တို့​ဝင်​သော​အ​ခါ သင်​တို့​အား​ကြို​ဆို​လက်​ခံ​မည့်​သူ​ကို​ရှာ​ကြ​လော့။ ထို​မြို့​ရွာ​မှ​ထွက်​ခွာ​၍​မ​သွား​မ​ချင်း​ထို​သူ​၏ ထံ​တွင်​တည်း​ခို​ကြ​လော့။- \v 12 အိမ်​သို့​ဝင်​သော​အ​ခါ​မင်္ဂလာ​ရှိ​ပါ​စေ​ဟူ​၍ နှုတ်​ခွန်း​ဆက်​ကြ​လော့။- \v 13 ထို​အိမ်​သူ​အိမ်​သား​တို့​သည်​ထိုက်​တန်​သူ​များ​ဖြစ် လျှင် သင်​တို့​ပေး​သည့်​ကောင်း​ချီး​မင်္ဂလာ​သည်​သူ​တို့ အ​ပေါ်​သက်​ရောက်​လိမ့်​မည်။ ထို​သို့​ခံ​စား​ထိုက်​သူ များ​မ​ဟုတ်​ပါ​မူ​သင်​တို့​၏​ကောင်း​ချီး​မင်္ဂလာ​သည် သင်​တို့​ထံ​သို့​ပြန်​လည်​ရောက်​ရှိ​လာ​လိမ့်​မည်။- \v 14 သင်​တို့​ကို​လက်​မ​ခံ​လို၊ သင်​တို့​ဟော​ပြော​သည့် တ​ရား​ကို​လည်း​မ​နာ​ယူ​လို​သည့်​အိမ်၊ သို့​မ​ဟုတ် မြို့​မှ​ထွက်​ခွာ​ခဲ့​ကြ​လော့။ ထို​နောက်​သင်​တို့​ခြေ ဖ​ဝါး​မှ​မြေ​မှုန့်​ကို​ခါ​ချ​ခဲ့​ကြ​လော့။-\x + \xo 10:14 \xt တ၊ ၁၃:၅၁။\x* \v 15 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ထို​မြို့​သည် သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ထက်​ပို​၍ အ​ပြစ်​ဒဏ်​ခံ​ရ​လိမ့်​မည်။\x + \xo 10:15 \xt မ၊ ၁၁:၂၄။ က၊ ၁၉:၂၄-၂၈။\x* \s1 တွေ့​ကြုံ​ရ​မည့်​နှိပ်​စက်​ညှဉ်း​ပန်း​မှု​များ \r (မာ၊ ၁၃:၉-၁၃။ လု၊ ၂၁:၁၂-၁၇။) \p \v 16 ``သိုး​များ​အား​ဝံ​ပု​လွေ​စု​ထဲ​သို့​စေ​လွှတ်​သ​ကဲ့ သို့​သင်​တို့​အား​ငါ​စေ​လွှတ်​၏။ သို့​ဖြစ်​၍​မြွေ​ကဲ့​သို့ ပါး​နပ်​လိမ္မာ​ကာ​ချိုး​ကဲ့​သို့​အ​ဆိပ်​ကင်း​၍​နူး​ညံ့ သိမ်​မွေ့​ကြ​လော့။-\x + \xo 10:16 \xt လု၊ ၁၀:၃။\x* \v 17 သ​တိ​နှင့်​နေ​ကြ​လော့။ လူ​တို့​သည်​သင်​တို့​အား တ​ရား​ခုံ​ရုံး​သို့​ပို့​အပ်​ကြ​လိမ့်​မည်။ တ​ရား ဇ​ရပ်​များ​တွင်​ရိုက်​နှက်​ကြ​လိမ့်​မည်။-\x + \xo 10:17 \xt မာ၊ ၁၃:၉-၁၁။ လု၊ ၁၂:၁၁-၁၂၊ ၂၁:၁၂-၁၅။\x* \v 18 သင်​တို့​သည်​ငါ့​အ​တွက်​ကြောင့်​အာ​ဏာ​ပိုင်​များ နှင့်​ရှင်​ဘု​ရင်​များ​ရှေ့​မှောက်​သို့​ရောက်​ရ​ကြ​လိမ့် မည်။ သို့​ဖြစ်​၍​ထို​သူ​တို့​အား​လည်း​ကောင်း၊ လူ​မျိုး တ​ကာ​တို့​အား​လည်း​ကောင်း​ငါ​၏​အ​ကြောင်း သ​တင်း​ကောင်း​ကို​ကြေ​ညာ​ခွင့်​ရ​လိမ့်​မည်။- \v 19 ထို​သူ​တို့​လက်​သို့​အ​အပ်​ခံ​ရ​သော​အ​ခါ​မည်​သို့ ပြော​ဆို​ရ​မည်၊ မည်​သည့်​စ​ကား​ကို​ပြော​ရ​မည်​ကို ကြို​တင်​၍​မ​စိုး​ရိမ်​ကြ​နှင့်။- \v 20 သင်​တို့​ပြော​ဆို​ရ​မည့်​စ​ကား​များ​ကို​ထို​အ​ချိန်​၌ ပင်​သင်​တို့​ရ​ရှိ​ကြ​လိမ့်​မည်။ ယင်း​စ​ကား​များ​သည် သင်​တို့​၏​စ​ကား​များ​မ​ဟုတ်။ သင်​တို့​အ​ဖ​ဘု​ရား ၏​ဝိ​ညာဉ်​တော်​က​သင်​တို့​အား​ဖြင့်​မိန့်​တော်​မူ​သော စ​ကား​များ​ဖြစ်​လိမ့်​မည်။ \p \v 21 ``ညီ​အစ်​ကို​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​သေ​စေ ရန်​အပ်​ကြ​လိမ့်​မည်။ မိ​ဘ​တို့​သည်​သား​သ​မီး​များ သေ​စေ​ရန်​အပ်​ကြ​လိမ့်​မည်။ သား​သမီး​တို့​သည်​လည်း မိ​ဘ​များ​ကို​တော်​လှန်​၍​သတ်​ဖြတ်​စေ​ကြ​လိမ့်​မည်။-\x + \xo 10:21 \xt မာ၊ ၁၃:၁၂။ လု၊ ၂၁:၁၆။\x* \v 22 သင်​တို့​သည်​ငါ​၏​အ​တွက်​ကြောင့်​အ​မုန်း​ခံ​ရ​ကြ လိမ့်​မည်။ သို့​ရာ​တွင်​အ​ဆုံး​တိုင်​အောင်​တည်​ကြည် သူ​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။-\x + \xo 10:22 \xt မ၊ ၂၄:၉၊ ၁၃။ မာ၊ ၁၃:၁၃။ လု၊ ၂၁:၁၇။\x* \v 23 သင်​တို့​ကို​မြို့​တစ်​မြို့​က​ညှဉ်း​ဆဲ​နှိပ်​စက်​လျှင် အ​ခြား​တစ်​မြို့​သို့​ထွက်​ပြေး​ကြ​လော့။ အ​မှန် အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သင်​တို့ သည်​ဣသ​ရေ​လ​မြို့​ရှိ​သ​မျှ​တို့​တွင်​လုပ်​ဆောင် စ​ရာ​မ​ပြီး​စီး​မီ​လူ​သား​သည်​ကြွ​လာ​တော် မူ​လတ္တံ့။ \p \v 24 ``တ​ပည့်​သည်​ဆ​ရာ​ထက်​မ​သာ။ ကျွန်​သည်​လည်း သခင်​ထက်​မ​သာ။-\x + \xo 10:24 \xt လု၊ ၆:၄၀။ ယော၊ ၁၃:၁၆၊ ၁၅:၂၀။\x* \v 25 ထို့​ကြောင့်​တ​ပည့်​သည်​ဆ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​သည်​သ​ခင်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​လျှင်​ကျေ နပ်​လောက်​ပေ​ပြီ။ အိမ်​ထောင်​ဦး​စီး​ကို​ဗေ​လ​ဇေ ဗု​လ​ဟု​ခေါ်​ဝေါ်​ကြ​ပါ​လျှင်​အိမ်​သူ​အိမ်​သား တို့​ကို​သာ​၍​ဆိုး​ရွား​သော​နာ​မည်​များ​ဖြင့်​ခေါ် ဝေါ်​ကြ​လိမ့်​မည်။\x + \xo 10:25 \xt မ၊ ၉:၃၄၊ ၁၂:၂၄။ မာ၊ ၃:၂၂။ လု၊ ၁၁:၁၅။\x* \s1 အ​ဘယ်​သူ​ကို​ကြောက်​ရ​မည်​အ​ကြောင်း \r (လု၊ ၁၂:၂-၇။) \p \v 26 ``သို့​ဖြစ်​၍​လူ​တို့​ကို​မ​ကြောက်​ကြ​နှင့်။ ဖုံး​အုပ်​ထား သည့်​အ​ရာ​ဟူ​သ​မျှ​သည်​ထင်​ပေါ်​လာ​ရ​လိမ့်​မည်။ လျှို့​ဝှက်​မှု​ဟူ​သ​မျှ​သည်​လည်း​ပေါ်​လွင်​၍​လာ​ရ လိမ့်​မည်။-\x + \xo 10:26 \xt မာ၊ ၄:၂၂။ လု၊ ၈:၁၇။\x* \v 27 အ​မှောင်​တွင်​သင်​တို့​အား​ငါ​ပြော​သော​စ​ကား ကို​အ​လင်း​တွင်​ပြော​ကြား​ကြ​လော့။ တီး​တိုး ကြား​ရ​သည့်​စ​ကား​ကို​အိမ်​မိုး​ထက်​မှ​ကြွေး ကြော်​ကြ​လော့။- \v 28 ကိုယ်​ခန္ဓာ​ကို​ဖျက်​ဆီး​နိုင်​သော်​လည်း​ဝိ​ညာဉ်​ကို မ​ဖျက်​ဆီး​နိုင်​သော​သူ​များ​အား​မ​ကြောက်​ကြ နှင့်။ ကိုယ်​ခန္ဓာ​နှင့်​ဝိ​ညာဉ်​ကို​င​ရဲ​တွင်​ဖျက်​ဆီး နိုင်​သော​ဘု​ရား​သ​ခင်​ကို​သာ​လျှင်​ကြောက်​ကြ လော့။- \v 29 စာ​က​လေး​နှစ်​ကောင်​ကို​အဿရိ​တစ်​ပြား​ဖြင့်​ဝယ် နိုင်​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင်​ထို​စာ​က​လေး တစ်​ကောင်​မျှ​သင်​တို့​အ​ဖ​အ​ခွင့်​မ​ပြု​ဘဲ​မ​သေ မ​ပျောက်​ရ။- \v 30 သင်​တို့​ဦး​ခေါင်း​က​ဆံ​ပင်​များ​ကို​ပင်​လျှင် အ​ကုန်​အ​စင်​ရေ​တွက်​ထား​တော်​မူ​၏။- \v 31 သို့​ဖြစ်​၍​မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည်​စာ က​လေး​အ​မြောက်​အ​မြား​ထက်​လွန်​စွာ​ပို​၍ အ​ဖိုး​ထိုက်​ကြ​၏။ \s1 ခ​ရစ်​တော်​ကို​အ​ရှင်​သ​ခင်​အ​ဖြစ် ထုတ်​ဖော်​ဝန်​ခံ​သူ​နှင့်​ဝန်​မ​ခံ​သူ \r (လု၊ ၁၂:၈-၉။) \p \v 32 ``သို့​ဖြစ်​၍​ငါ့​ကို​အ​ရှင်​သ​ခင်​အ​ဖြစ်​လူ​တို့ ရှေ့​တွင်​ထုတ်​ဖော်​ဝန်​ခံ​သူ​ကို​ငါ​၏​တ​ပည့်​အ​ဖြစ် ဖြင့် ကောင်း​ကင်​ဘုံ​ရှင်​ငါ့​အ​ဖ​၏​ရှေ့​တော်​တွင်​ငါ ထုတ်​ဖော်​ဝန်​ခံ​မည်။- \v 33 သို့​ရာ​တွင်​ငါ့​ကို​လူ​တို့​ရှေ့​တွင်​ပစ်​ပယ်​သူ​ကို ကောင်း​ကင်​ဘုံ​ရှင်​ငါ့​အ​ဖ​၏​ရှေ့​တော်​တွင်​ငါ ပစ်​ပယ်​မည်။\x + \xo 10:33 \xt ၂တိ၊ ၂:၁၂။\x* \s1 ငြိမ်း​ချမ်း​သာ​ယာ​ရေး​မ​ဟုတ်၊ရန်​ဖက်​ဖြစ်​စေ​ရေး \r (လု၊ ၁၂:၅၁-၅၃။ ၁၄:၂၆-၂၇။) \p \v 34 ``ဤ​လော​က​ကို​ငြိမ်း​ချမ်း​သာ​ယာ​မှု​ပေး​ရန်​ငါ လာ​သည်​ဟု​မ​ထင်​ကြ​နှင့်။ ငါ​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ပေး​ရန်​လာ​သည်​မ​ဟုတ်။ ခိုက်​ရန်​ဖြစ် ပွား​ကြ​စေ​ရန်​သာ​ငါ​လာ​၏။- \v 35 သား​နှင့်​အ​ဖ၊ သ​မီး​နှင့်​အမိ၊ ချွေး​မ​နှင့်​ယောက္ခ​မ တို့​ရန်​ဖက်​ဖြစ်​စေ​ရန်​ငါ​လာ​သ​တည်း။-\x + \xo 10:35 \xt မိ၊ ၇:၆။\x* \v 36 လူ​တစ်​ဦး​တစ်​ယောက်​၏​အ​ဆိုး​ဆုံး​ရန်​သူ​များ ကား သူ​၏​အိမ်​သူ​အိမ်​သား​များ​ပင်​ဖြစ်​လိမ့်​မည်။- \v 37 မိ​ဘ​ကို​ငါ့​ထက်​ပို​၍​ချစ်​သူ​သည်​ငါ​၏​တ​ပည့် မ​ဖြစ်​ထိုက်၊ သား​သ​မီး​ကို​ငါ့​ထက်​ပို​၍​ချစ်​သူ သည်​ငါ​၏​တ​ပည့်​မ​ဖြစ်​ထိုက်။- \v 38 ကိုယ့်​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​၍ ငါ့​နောက်​ကို မ​လိုက်​သော​သူ​သည်​ငါ​၏​တ​ပည့်​မ​ဖြစ်​ထိုက်။-\x + \xo 10:38 \xt မ၊ ၁၆:၂၄။ မာ၊ ၈:၃၄။ လု၊ ၉:၂၃။\x* \v 39 မိ​မိ​အ​သက်​လုံ​ခြုံ​မှု​ရ​ရှိ​ရန်​ကြိုး​ပမ်း​သူ သည်​အ​သက်​ဆုံး​ရှုံး​ရ​လိမ့်​မည်။ ငါ့​အ​တွက် အ​သက်​ဆုံး​ရှုံး​သူ​သည်​မိ​မိ​အ​သက်​လုံ​ခြုံ မှု​ရ​ရှိ​လိမ့်​မည်။\x + \xo 10:39 \xt မ၊ ၁၆:၂၅။ မာ၊ ၈:၃၅။ လု၊ ၉:၂၄၊ ၁၇:၃၃။ ယော၊ ၁၂:၂၅။\x* \s1 ခံ​စား​ရ​မည့်​အ​ကျိုး​များ \r (မာ၊ ၉:၄၁။) \p \v 40 ``သင်​တို့​ကို​လက်​ခံ​သော​သူ​သည်​ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည်​ငါ့​ကို​စေ​လွှတ်​တော်​မူ သော​အ​ရှင်​ကို​လက်​ခံ​၏။-\x + \xo 10:40 \xt မာ၊ ၉:၃၇။ လု၊ ၉:၄၈၊ ၁၀:၁၆။ ယော၊ ၁၃:၂၀။\x* \v 41 ဘု​ရား​သ​ခင်​၏​စေ​တ​မန်​ဖြစ်​ခြင်း​ကို​ထောက်​၍ ဘု​ရား​သ​ခင်​၏​စေ​တ​မန်​အား​လက်​ခံ​သူ​သည် ထို​စေ​တ​မန်​ခံ​စား​ရ​သော​အ​ကျိုး​ကို​ခံ​စား​ရ လိမ့်​မည်။ သူ​တော်​ကောင်း​ဖြစ်​ခြင်း​ကို​ထောက်​၍ သူ​တော်​ကောင်း​ကို​လက်​ခံ​သူ​သည် သူ​တော်​ကောင်း ခံ​စား​ရ​သော​အ​ကျိုး​ကို​ခံ​စား​ရ​လိမ့်​မည်။- \v 42 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏​တ​ပည့်​များ​အ​နက်​အ​သိမ်​ငယ်​ဆုံး​သူ တစ်​စုံ​တစ်​ယောက်​အား ငါ​၏​မျက်​နှာ​ကို​ထောက် ၍​သောက်​ရေ​တစ်​ခွက်​ကို​ပေး​သော​သူ​သည်​အ​ကျိုး ကို​မ​ခံ​စား​ဘဲ​မ​နေ​ရ။'' \c 11 \s1 ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ထံ​မှ​စေ​တ​မန်​များ \r (လု၊ ၇:၁၈-၃၅။) \p \v 1 သ​ခင်​ယေ​ရှု​သည်​ထို​သို့​တ​ပည့်​တော်​တစ်​ကျိပ် နှစ်​ပါး​တို့​အား သြ​ဝါ​ဒ​ပေး​တော်​မူ​ပြီး​နောက် အ​နီး​အ​နား​ရှိ​မြို့​များ​တွင် ဟော​ပြော​သွန်​သင် ရန်​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော်​မူ​၏။ \p \v 2 ခ​ရစ်​တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို ယော​ဟန်​သည်​ထောင်​ထဲ​တွင်​ကြား သိ​ရ​သော​အ​ခါ မိ​မိ​၏​တ​ပည့်​များ​ကို​စေ လွှတ်​၍၊- \v 3 ``အ​ရှင်​သည်​ကြွ​လာ​တော်​မူ​မည်​ဟု​ဆို​သော အ​ရှင်​ပေ​လော။ သို့​မ​ဟုတ်​အ​ကျွန်ုပ်​တို့​သည် အ​ခြား​အ​ရှင်​တစ်​ပါး​ကို​စောင့်​မျှော်​ရ​ကြ ပါ​မည်​လော'' ဟု​မေး​လျှောက်​စေ​၏။- \v 4 သ​ခင်​ယေ​ရှု​က​ထို​သူ​တို့​အား ``သင်​တို့​မြင်​ရ ကြား​ရ​သည့်​အ​ရာ​များ​ကို​ယော​ဟန်​ထံ​သွား ၍​ပြော​ပြ​ကြ​လော့။- \v 5 မျက်​မ​မြင်​တို့​သည်​မျက်​စိ​အ​လင်း​ကို​ရ​ရှိ ကြ​၏။ ခြေ​မ​စွမ်း​မ​သန်​သူ​တို့​သည်​လမ်း​လျှောက် ကြ​၏။ အ​ရေ​ပြား​ရော​ဂါ​စွဲ​သူ​တို့​သည်​သန့်​စင် သွား​ကြ​၏။ နား​ပင်း​သူ​တို့​သည်​ကြား​ရ​ကြ​၏။ သေ​သူ​တို့​သည်​အ​သက်​ပြန်​၍​ရှင်​ကြ​၏။ ဆင်း​ရဲ သူ​တို့​သည်​သ​တင်း​ကောင်း​ကို​ကြား​ရ​ကြ​၏။-\x + \xo 11:5 \xt ဟေရှာ၊ ၃၅:၅-၆၊ ၆၁:၁။\x* \v 6 ငါ​၏​အ​ပေါ်​၌​ယုံ​မှား​ခြင်း​ကင်း​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 7 ယော​ဟန်​၏​တ​ပည့်​များ​ပြန်​သွား​ကြ​သော​အ​ခါ သ​ခင်​ယေ​ရှု​သည် ယော​ဟန်​နှင့်​စပ်​လျဉ်း​၍​လူ​ပရိ သတ်​တို့​အား ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​တော ကန္တာ​ရ​သို့​သွား​ကြ​သ​နည်း။ လေ​တိုက်​၍​လှုပ်​သော ကူ​ပင်​ကို​ကြည့်​ရှု​ကြ​ရန်​လော။- \v 8 ထို​သို့​မ​ဟုတ်​ပါ​မူ​အ​ဘယ်​ကြောင့်​နည်း။ ဝတ် ကောင်း​စား​လှ​ဝတ်​ဆင်​ထား​သူ​ကို​ကြည့်​ရှု​ကြ ရန်​လော။ ဝတ်​ကောင်း​စား​လှ​ဝတ်​ဆင်​ထား​သူ​များ ကား​မင်း​အိမ်​စိုး​အိမ်​များ​တွင်​နေ​ထိုင်​ကြ​၏။- \v 9 ထို​သူ​တို့​ကို​ကြည့်​ရှု​ရန်​မ​ဟုတ်​ပါ​မူ​အ​ဘယ် ကြောင့်​သွား​ကြ​သ​နည်း။ ပ​ရော​ဖက်​ကို​ကြည့်​ရှု ကြ​ရန်​လော။ မှန်​ပေ​၏။ သင်​တို့​သည်​ပ​ရော​ဖက် ထက်​ကြီး​မြတ်​သူ​ကို​မြင်​ရ​ကြ​လေ​ပြီ​ဟု သင်​တို့​အား​ငါ​ဆို​၏။- \v 10 ယော​ဟန်​ကား​ကျမ်း​စာ​တော်​တွင်၊ \q1 `နား​ထောင်​လော့။ သင်​၏​လမ်း​ကို​အ​သင့်​ဖြစ်​စေ​ရန်၊ \q2 ငါ​၏​စေ​တ​မန်​ကို​သင့်​အ​လျင်​စေ​လွှတ်​မည်' ဟု ဖော်​ပြ​ထား​၏။- \m ယော​ဟန်​ကား​ထို​စေ​တ​မန်​ပင်​တည်း။-\x + \xo 11:10 \xt မာ၊ ၃:၁။\x* \v 11 လူ့​သ​မိုင်း​တွင်​ယော​ဟန်​ထက်​ကြီး​မြတ်​သူ​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ​ဟု သင်​တို့​အား​ငါ​ဆို​၏။ သို့​ရာ တွင်​ကောင်း​ကင်​နိုင်​ငံ​တော်​၌ အ​သိမ်​ငယ်​ဆုံး​သော သူ​သည်​ယော​ဟန်​ထက်​ကြီး​မြတ်​၏။- \v 12 ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​စ​တင်​ဟော​ပြော​ချိန်​မှ အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင်​ကောင်း​ကင်​နိုင်​ငံ တော်​သည် အ​ကြမ်း​ဖက်​သ​မား​တို့​၏​တိုက်​ခိုက် မှု​ကို​ခံ​ရ​၏။ အ​ကြမ်း​ဖက်​သ​မား​တို့​သည်​ထို နိုင်​ငံ​တော်​ကို​သိမ်း​ယူ​ရန်​ကြိုး​စား​ကြ​၏။-\x + \xo 11:12 \xt လု၊ ၁၆:၁၆။\x* \v 13 ယော​ဟန်​ပေါ်​ထွန်း​လာ​ချိန်​တိုင်​အောင်​ပ​ရော​ဖက် အ​ပေါင်း​နှင့်​မော​ရှေ​၏​ပ​ညတ်​ကျမ်း​က​နိုင်​ငံ တော်​အ​ကြောင်း​ကို​ဖော်​ပြ​ခဲ့​ကြ​ပေ​သည်။- \v 14 ထို​ဖော်​ပြ​ချက်​များ​ကို​သင်​တို့​လက်​ခံ​ကြ ပါ​လျှင် ယော​ဟန်​သည်​ပေါ်​ထွန်း​လာ​ရ​မည့် ဧ​လိ​ယ​ပင်​ဖြစ်​ကြောင်း​ကို​လည်း​လက်​ခံ ကြ​လိမ့်​မည်။-\x + \xo 11:14 \xt မာ၊ ၄:၅။ မ၊ ၁၇:၁၀-၁၃။ မာ၊ ၉:၁၁-၁၃။\x* \v 15 ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​ကုန်​လော့။ \p \v 16 ``ငါ​သည်​ဤ​ခေတ်​လူ​တို့​ကို​အ​ဘယ်​သို့​ပုံ​နှိုင်း ရ​မည်​နည်း။ သူ​တို့​သည်​စျေး​ရပ်​ကွက်​တွင်​ထိုင်​လျက် နေ​သည့်​က​လေး​သူ​ငယ်​များ​နှင့်​တူ​ကြ​၏။ သူ​ငယ် တစ်​စု​က​အ​ခြား​တစ်​စု​အား `ငါ​တို့​သည်​တီး​မှုတ် သော်​လည်း​သင်​တို့​မ​က​မ​ခုန်​ကြ။- \v 17 ငါ​တို့​သည်​ငို​ချင်း​ကို​ဆို​သော်​လည်း​သင်​တို့ မ​ငို​မ​ကြွေး​ကြ' ဟု​ဟစ်​အော်​ပြော​ဆို​ကြ​၏။- \v 18 ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည်​အ​စာ​ရှောင်​လျက် မ​သောက်​မ​စား​ဘဲ သင်​တို့​ထံ​လာ​သော​အ​ခါ သင်​တို့​က `ဤ​သူ​သည်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ​ဖြစ် သည်' ဟု​ဆို​ကြ​၏။- \v 19 လူ​သား​သည်​စား​လျက်​သောက်​လျက်​လာ​သော အ​ခါ​၌​မူ​သင်​တို့​က `ကြည့်​လော့။ ဤ​သူ​သည် စား​ကြူး​သောက်​ကြူး​သူ​ဖြစ်​၏။ အ​ခွန်​ခံ​သူ​တို့ နှင့်​အ​ခြား​အ​ပယ်​ခံ​တို့​၏​မိတ်​ဆွေ​ဖြစ်​၏' ဟု ဆို​ကြ​ပြန်​၏။ ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​တော် သည်​မှန်​ကန်​ကြောင်း​ကို ထို​ပ​ညာ​တော်​မှ​သက် ရောက်​လာ​သည့်​အ​ကျိုး​တ​ရား​များ​က​သက် သေ​ပြ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ \s1 မ​ယုံ​ကြည်​ကြ​သည့်​မြို့​များ \r (လု၊ ၁၀:၁၃-၁၅။) \p \v 20 အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော် မူ​ခဲ့​သည့်​မြို့​များ​သည်​နောင်​တ​မ​ရ​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ထို​မြို့​တို့​အား​ဤ​သို့​ပြစ်​တင် ဆုံး​မ​တော်​မူ​၏။ ကိုယ်​တော်​က၊ \v 21 ``အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည်​အ​မင်္ဂ​လာ​ရှိ​၏။ အို ဗက်​ဇဲ ဒ​မြို့၊ သင်​သည်​အ​မင်္ဂ​လာ​ရှိ​၏။ သင်​တို့​တွင်​ငါ​ပြု​ခဲ့ သည့်​အံ့​ဖွယ်​အ​မှု​အ​ရာ​များ​ကို​တု​ရု​နှင့်​ဇိ​ဒုံ​မြို့ တို့​တွင်​သာ​ပြု​ခဲ့​ပါ​မူ ထို​မြို့​တို့​သည်​ရှေး​မ​ဆွ​က​ပင် လျှင်​လျှော်​တေ​ကို​ဝတ်​၍​ပြာ​နှင့်​လူး​လျက်​နောင်​တ ရ​ကြ​လိမ့်​မည်။-\x + \xo 11:21 \xt ဟေရှာ၊ ၂၃:၁-၁၈။ ယေဇ၊ ၂၆:၁-၂၈:၂၆။ ယောလ၊ ၃:၄-၈။ အာ၊ ၁:၉-၁၀။ ဇာ၊ ၉:၂-၄။\x* \v 22 သို့​ရာ​တွင်​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ သင်​တို့​သည် တု​ရု​နှင့်​ဇိ​ဒုံ​မြို့​တို့​ထက်​ပို​၍​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ ပေ​အံ့။- \v 23 အို က​ပေ​ရ​နောင်​မြို့၊ သင်​သည်​ကောင်း​ကင်​ဘုံ​တိုင်​အောင် မြှောက်​စား​ခြင်း​ကို​ခံ​ရ​လိမ့်​မည်​ဟု​ထင်​မှတ်​ပါ​သ လော။ မ​ရ​ဏာ​နိုင်​ငံ​အ​ထိ​နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​လတ္တံ့။ အ​ဘယ်​ကြောင့်​ဆို​သော်​သင့်​ထံ​တွင် ငါ​ပြု​ခဲ့​သည့် အံ့​ဖွယ်​အ​မှု​အ​ရာ​များ​ကို​သော​ဒုံ​မြို့​တွင်​သာ​ပြု ခဲ့​ပါ​မူ ထို​မြို့​သည်​ယ​နေ့​တိုင်​အောင်​တည်​လျက် ရှိ​ပေ​မည်။-\x + \xo 11:23 \xt ဟေရှာ၊ ၁၄:၁၃-၁၅။ က၊ ၁၉:၂၄-၂၈။\x* \v 24 တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​သင်​သည်​သော​ဒုံ​မြို့ ထက်​ပို​၍​အ​ပြစ်​ဒဏ်​ခံ​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။\x + \xo 11:24 \xt မ၊ ၁၀:၁၅။ လု၊ ၁၀:၁၂။\x* \s1 ငါ​သည်​သု​ခ​ချမ်း​သာ​ပေး​မည် \r (လု၊ ၁၀:၂၁-၂၂။) \p \v 25 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ ကြီး​ကို​အ​စိုး​ရ​တော်​မူ​သော​အ​ဖ၊ ကိုယ်​တော်​သည် အ​သိ​ပ​ညာ​ရှင်​များ​အား​သိ​ခွင့်​မ​ပေး​ဘဲ​ထား သည့်​အ​ရာ​များ​ကို ပ​ညာ​မဲ့​သူ​တို့​အား​ဖွင့်​ပြ တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။- \v 26 အို အ​ဖ​ခ​မည်း​တော်၊ ဤ​သို့​ဖြစ်​ရ​သည်​မှာ​ကိုယ်​တော် ရှင်​၏​အ​လို​တော်​အ​တိုင်း​ပင်​ဖြစ်​ပါ​၏'' ဟု​မြွက်​ဆို တော်​မူ​သည်။ \p \v 27 ထို​နောက်​ကိုယ်​တော်​က ``ငါ့​ခ​မည်း​တော်​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ငါ့​အား​ပေး​အပ်​ထား​တော်​မူ​လေ​ပြီ။ ခ​မည်း​တော်​မှ​တစ်​ပါး​အခြား​မည်​သူ​မျှ​သား​တော်​ကို မ​သိ။ ခ​မည်း​တော်​ကို​လည်း​သား​တော်​နှင့်​သား​တော် ဖွင့်​ပြ​လို​သူ​များ​မှ​တစ်​ပါး​အ​ခြား​မည်​သူ​မျှ မ​သိ။\x + \xo 11:27 \xt ယော၊ ၃:၃၅၊ ၁:၁၈၊ ၁၀:၁၅။\x* \p \v 28 လေး​သော​ဝန်​ထမ်း​ရ​၍​ပင်​ပန်း​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့​လာ​ကြ​လော့။ ငါ​သည်​သု​ခ​ချမ်း​သာ ပေး​မည်။- \v 29 ငါ​သည်​နူး​ညံ့​သိမ်​မွေ့​၍​စိတ်​နှ​လုံး​နှိမ့်​ချ​၏။ ထို ကြောင့်​ငါ​တင်​သော​ထမ်း​ပိုး​ကို​ထမ်း​၍ ငါ​၏​ထံ​တွင် နည်း​နာ​ခံ​ယူ​ကြ​လော့။ သင်​တို့​သည်​သု​ခ​ချမ်း​သာ ရ​ရှိ​ကြ​လိမ့်​မည်။-\x + \xo 11:29 \xt ယေ၊ ၆:၁၆။\x* \v 30 ငါ​ထမ်း​စေ​သော​ထမ်း​ပိုး​သည်​အ​ထမ်း​ရ​လွယ်​၍ ငါ​တင်​သော​ဝန်​သည်​လည်း​ပေါ့​၏'' ဟု​မိန့်​တော်​မူ သည်။ \c 12 \s1 ဥ​ပုသ်​နေ့​ပြ​ဿ​နာ \r (မာ၊ ၂:၂၃-၂၈။ လု၊ ၆:၁-၅။) \p \v 1 ထို​နောက်​များ​မ​ကြာ​မီ​ဥ​ပုသ်​နေ့​၌​သ​ခင် ယေ​ရှု​သည် ဂျုံ​ခင်း​တို့​ကို​ဖြတ်​၍​ကြွ​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​ဆာ​လောင်​မွတ်​သိပ်​သ​ဖြင့် ဂျုံ​နှံ​များ​ကို​ဆွတ်​ခူး​၍​စား​ကြ​၏။-\x + \xo 12:1 \xt တရား၊ ၂၃:၂၅။\x* \v 2 ဤ​အ​ခြင်း​အ​ရာ​ကို​ဖာ​ရိ​ရှဲ​တို့​မြင်​လျှင် ``ကြည့် ပါ။ ကိုယ်​တော်​၏​တ​ပည့်​များ​သည်​ဥ​ပုသ်​နေ့​၌​မ​ပြု အပ်​သော​အ​မှု​ကို​ပြု​နေ​ကြ​ပါ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။ \p \v 3 ကိုယ်​တော်​က ``ဒါ​ဝိဒ်​မင်း​သည်​မိ​မိ​နှင့်​အ​ဖော်​တို့ ဆာ​လောင်​မွတ်​သိပ်​သော​အ​ခါ​အ​ဘယ်​သို့​ပြု​ခဲ့ ကြောင်း သင်​တို့​တစ်​ခါ​မျှ​မ​ဖတ်​ဖူး​ပါ​သ​လော။-\x + \xo 12:3 \xt ၁ရာ၊ ၂၁:၁-၆။\x* \v 4 သူ​နှင့်​သူ့​အ​ဖော်​တို့​သည်​ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​သို့​ဝင်​၍ ယဇ်​ပု​ရော​ဟိတ်​များ​သာ စား​အပ်​သော​ရှေ့​တော်​မုန့်​ကို​စား​ဖူး​သည် မ​ဟုတ်​လော။-\x + \xo 12:4 \xt ဝတ်၊ ၂၄:၉။\x* \v 5 ထို​မှ​တစ်​ပါး​ဗိ​မာန်​တော်​တွင်​ယဇ်​ပု​ရော​ဟိတ် တို့​သည် ဥ​ပုသ်​နေ့​ဆိုင်​ရာ​ပ​ညတ်​ကို​ချိုး​ဖောက် သော်​လည်း​အ​ပြစ်​မ​သင့်​ကြောင်း မော​ရှေ​၏ ပ​ညတ်​ကျမ်း​တွင်​မ​ဖတ်​ဖူး​ကြ​ပါ​သ​လော။-\x + \xo 12:5 \xt တော၊ ၂၈:၉-၁၀။\x* \v 6 ဤ​အ​ရပ်​တွင်​ဗိ​မာန်​တော်​ထက်​ကြီး​မြတ်​သော အ​ရာ​ရှိ​၏​ဟု​သင်​တို့​အား​ငါ​ဆို​၏။- \v 7 `ငါ​သည်​သ​နား​ကြင်​နာ​ခြင်း​ကို​ယဇ်​ပူ​ဇော်​ခြင်း ထက်​ပို​၍​နှစ်​သက်​၏' ဟု​ကျမ်း​စ​ကား​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​နား​လည်​ပါ​မူ သင်​တို့​သည်​အ​ပြစ် မ​ရှိ​သူ​များ​ကို​ပြစ်​တင်​ရှုတ်​ချ​ကြ​လိမ့်​မည် မ​ဟုတ်။-\x + \xo 12:7 \xt မ၊ ၉:၁၃။ ဟော၊ ၆:၆။\x* \v 8 လူ​သား​သည်​ဥ​ပုသ်​နေ့​၏​အ​ရှင်​ဖြစ်​သည်'' ဟု မိန့်​တော်​မူ​၏။ \s1 လက်​တစ်​ဖက်​သေ​သူ​လူ​တစ်​ယောက် \r (မာ၊ ၃:၁-၆။ လု၊ ၆:၆-၁၁။) \p \v 9 ကိုယ်​တော်​သည်​ထို​အ​ရပ်​မှ​ကြွ​တော်​မူ​၍ တ​ရား​ဇ​ရပ်​တစ်​ခု​သို့​ဝင်​တော်​မူ​၏။- \v 10 တ​ရား​ဇ​ရပ်​ထဲ​တွင်​လက်​တစ်​ဖက်​သေ​သူ​လူ တစ်​ယောက်​ရှိ​၏။ လူ​အ​ချို့​တို့​သည်​ကိုယ်​တော်​ကို ပြစ်​တင်​စွပ်​စွဲ​လို​၍ ``ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ ပျောက်​ကင်း​စေ​အပ်​ပါ​သ​လော'' ဟု​မေး​လျှောက် ကြ​၏။ \p \v 11 ကိုယ်​တော်​က ``အ​ကယ်​၍​သင်​တို့​၏​သိုး​တစ်​ကောင် သည်​ဥ​ပုသ်​နေ့​၌​တွင်း​ထဲ​သို့​ကျ​သည်​ရှိ​သော် ထို သိုး​ကို​မ​ဆွဲ​မ​တင်​ဘဲ​နေ​မည့်​သူ​သင်​တို့​တွင် ရှိ​ပါ​သ​လော။-\x + \xo 12:11 \xt လု၊ ၁၄:၅။\x* \v 12 လူ​သည်​သိုး​ထက်​များ​စွာ​ပို​၍​အ​ဖိုး​ထိုက်​သည် မ​ဟုတ်​ပါ​လော။ သို့​ဖြစ်​၍​ဥ​ပုသ်​နေ့​၌​ကောင်း သော​အ​မှု​ကို​ပြု​လုပ်​နိုင်​ခွင့်​ရှိ​၏'' ဟု​မိန့်​တော် မူ​သည်။- \v 13 ထို​နောက်​ကိုယ်​တော်​က​လက်​သေ​သူ​အား ``သင်​၏ လက်​ကို​ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည် လက်​ကို​ဆန့်​လိုက်​လျှင်​ထို​လက်​သည်​အ​ခြား​လက် တစ်​ဖက်​ကဲ့​သို့​အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​၏။- \v 14 ဖာ​ရိ​ရှဲ​တို့​သည်​တ​ရား​ဇ​ရပ်​မှ​ထွက်​သွား​ကြ ပြီး​လျှင် ကိုယ်​တော်​ကို​သတ်​ရန်​ကြံ​စည်​တိုင်​ပင် ကြ​၏။ \s1 ဘု​ရား​သ​ခင်​ရွေး​ချယ်​တော်​မူ​သော​အ​စေ​ခံ \p \v 15 ယင်း​သို့​ကြံ​စည်​ကြောင်း​ကို​သ​ခင်​ယေ​ရှု​ကြား သိ​တော်​မူ​သော​အ​ခါ ထို​အ​ရပ်​မှ​ကြွ​သွား​တော် မူ​၏။ များ​စွာ​သော​လူ​တို့​သည်​နောက်​တော်​သို့​လိုက် ကြ​၏။ ကိုယ်​တော်​သည်​ဖျား​နာ​သူ​တို့​၏​ရော​ဂါ များ​ကို​ပျောက်​ကင်း​စေ​တော်​မူ​၏။- \v 16 သို့​ရာ​တွင်​မိ​မိ​၏​အ​ကြောင်း​ကို​သူ​တစ်​ပါး​တို့ အား​မ​ပြော​ကြား​ရန် ထို​သူ​တို့​ကို​ပ​ညတ်​တော် မူ​၏။- \v 17 ဤ​သို့​ပ​ညတ်​တော်​မူ​ရ​ခြင်း​မှာ​ပ​ရော​ဖက် ဟေ​ရှာ​ယ​မှ​တစ်​ဆင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ သော​ဗျာ​ဒိတ်​တော်​အ​တိုင်း​ဖြစ်​ပျက်​လာ​စေ​ရန် ပင်​ဖြစ်​သ​တည်း။ ထို​ဗျာ​ဒိတ်​တော်​ကား၊ \q1 \v 18 ``ငါ​နှစ်​သက်​မြတ်​နိုး​သူ၊ငါ​ရွေး​ချယ်​သော အ​စေ​ခံ​ကို​ကြည့်​ကြ​လော့။ \q2 ငါ​၏​ဝိ​ညာဉ်​တော်​ကို​သူ​၏​အ​ပေါ်​သို့ သက်​ရောက်​စေ​မည်။ \q1 သူ​သည်​ငါ​ချ​မှတ်​တော်​မူ​သည့်​တ​ရား စီ​ရင်​ချက်​ကို၊ လူ​မျိုး​တ​ကာ​တို့​အား​ကြေ​ညာ​လိမ့်​မည်။\x + \xo 12:18 \xt ဟေရှာ၊ ၄၂:၁-၄။\x* \q1 \v 19 သို့​ရာ​တွင်​သူ​သည်​ငြင်း​ခုံ​ခြင်း၊သို့​မ​ဟုတ် ဟစ်​အော်​ခြင်း​ကို​ပြု​လိမ့်​မည်​မ​ဟုတ်၊ \q2 လမ်း​တွင်​သူ​၏​အ​သံ​ကို​အ​ဘယ်​သူ​မျှ ကြား​ရ​လိမ့်​မည်​မ​ဟုတ်။ \q1 \v 20 သူ​သည်​ကွေ့​ကောက်​လျက်​ရှိ​သော​ကူ​ပင်​ကို​မ​ချိုး၊ \q2 မီး​မ​တောက်​ဘဲ​တ​ငွေ့​ငွေ့​လောင်​နေ​သော မီး​စာ​ကို​မ​ငြိမ်း​သတ်။ \q1 သူ​သည်​တ​ရား​မျှ​တ​မှု​စိုး​မိုး​လာ​သည်​တိုင်​အောင် လုပ်​ဆောင်​လိမ့်​မည်။ \q1 \v 21 လူ​မျိုး​တ​ကာ​တို့​သည်​လည်း​သူ့​ကို​ကိုး​စား​လိမ့်​မည်'' \m ဟူ​၍​ဖြစ်​၏။ \s1 သ​ခင်​ယေ​ရှု​နှင့်​ဗေ​လ​ဇေ​ဗု​လ \r (မာ၊ ၃:၂၀-၃၀။ လု၊ ၁၁:၁၄-၂၃။) \p \v 22 နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သ​ဖြင့်​မျက်​စိ​မ​မြင်၊ ဆွံ့​အ နေ​သူ​လူ​တစ်​ယောက်​ကို လူ​အ​ချို့​တို့​သည်​အ​ထံ တော်​သို့​ခေါ်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​နတ်​မိစ္ဆာ​ကို နှင်​ထုတ်​တော်​မူ​သ​ဖြင့် ထို​သူ​သည်​မျက်​စိ​မြင် လာ​ပြီး​လျှင်​စ​ကား​ပြော​လေ​၏။- \v 23 လူ​ပ​ရိ​သတ်​တို့​သည်​များ​စွာ​အံ့​သြ​ကြ လျက် ``ဤ​သူ​သည်​ဒါ​ဝိဒ်​၏​သား​တော်​ဖြစ်​ပါ မည်​လော'' ဟု​ဆို​ကြ​၏။ \p \v 24 ဤ​သို့​ပြော​ဆို​သည်​ကို​ဖာ​ရိ​ရှဲ​တို့​ကြား​သိ​ကြ သော​အ​ခါ ``ဤ​သူ​သည်​နတ်​မိစ္ဆာ​ဘု​ရင်​ဗေ​လ ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ် သူ​ဖြစ်​၏'' ဟု​ဆို​ကြ​၏။\x + \xo 12:24 \xt မ၊ ၉:၃၄၊ ၁၀:၂၅။\x* \p \v 25 ထို​သူ​တို့​၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ကို​သိ​တော်​မူ သ​ဖြင့်​ကိုယ်​တော်​က ``နိုင်​ငံ​တစ်​ခု​တွင်​လူ​တို့​သည် စိတ်​ဝမ်း​ကွဲ​ပြား​လျက် အချင်း​ချင်း​တိုက်​ခိုက်​နေ​လျှင် ထို​နိုင်​ငံ​သည်​မ​ကြာ​မီ​ပျက်​စီး​လိမ့်​မည်။ ထို​နည်း တူ​လူ​တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ​သော​မြို့ သို့​မ​ဟုတ်​အိမ်​ထောင်​သည်​မ​ရပ်​မ​တည်​နိုင်​ရာ။- \v 26 သို့​ဖြစ်​၍​စာ​တန်​၏​အုပ်​စိုး​မှု​ကို​ဝန်​ခံ​သူ​တို့ သည်​အ​ချင်း​ချင်း​တိုက်​ခိုက်​လျက်​နေ​ပါ​လျှင် သူ​၏​နိုင်​ငံ​သည်​အ​ဘယ်​သို့​တည်​တံ့​နိုင်​ပါ မည်​နည်း။- \v 27 ငါ​သည်​ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍​နတ် မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်​ဆို​ပါ​လျှင် သင်​တို့​၏ တ​ပည့်​များ​ကား​မည်​သူ​ကို​အ​မှီ​ပြု​၍​နှင်​ထုတ် ကြ​ပါ​သ​နည်း။ သင်​တို့​မှား​ယွင်း​ကြောင်း​ကို​သင် တို့​တ​ပည့်​များ​၏​အ​ပြု​အ​မူ​က​ပင်​သက်​သေ ခံ​၏။- \v 28 ငါ​သည်​ဗေ​လ​ဇေ​ဗု​လ​၏​တန်​ခိုး​အား​ဖြင့် မ​ဟုတ်၊ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​တန်​ခိုး အား​ဖြင့်​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်။ ထို သို့​မှန်​လျှင်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​တွင်​တည်​လျက်​ရှိ​ပေ​ပြီ။ \p \v 29 ``အ​ဘယ်​သူ​သည်​ခွန်​အား​ကြီး​သူ​ကို​ဦး​စွာ မ​ချည်​မ​နှောင်​ဘဲ သူ​၏​အိမ်​သို့​ဝင်​၍​ဥစ္စာ​ပစ္စည်း များ​ကို​လု​ယူ​နိုင်​ပါ​မည်​နည်း။ ချည်​နှောင်​ပြီး မှ​သာ​လု​ယူ​နိုင်​ပေ​မည်။ \p \v 30 ``ငါ့​ဘက်​မှာ​မ​နေ​သူ​သည်​ငါ့​ကို​ဆန့်​ကျင် သူ​ဖြစ်​၏။ ငါ​နှင့်​အ​တူ​မ​စု​မ​သိမ်း​သူ​သည် ကြဲ​ဖြန့်​သူ​ဖြစ်​၏။-\x + \xo 12:30 \xt မာ၊ ၉:၄၀။\x* \v 31 ထို​အ​ကြောင်း​ကြောင့်​သင်​တို့​အား​ငါ​ဆို​သည် ကား၊ အ​ပြစ်​ဟူ​သ​မျှ​အ​တွက်​လည်း​ကောင်း၊ ပြစ် မှား​ပြော​ဆို​သည့်​စ​ကား​ဟူ​သ​မျှ​အ​တွက် လည်း​ကောင်း လူ​တို့​အ​ပြစ်​ဖြေ​လွှတ်​နိုင်​ခွင့်​ရှိ​၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ပြစ်​မှား​ပြော​ဆို သူ​သည်​အ​ပြစ်​ဖြေ​လွှတ်​နိုင်​ခွင့်​မ​ရှိ။- \v 32 လူ​သား​ကို​ပြစ်​မှား​ပြော​ဆို​သူ​သည်​အ​ပြစ်​ဖြေ လွှတ်​နိုင်​၏။ သို့​ရာ​တွင်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ကို​ပြစ်​မှား​ပြော​ဆို​သော​သူ​မူ​ကား​ယ​ခု​ဘ​ဝ နောင်​ဘ​ဝ​တွင်​အ​ပြစ်​ဖြေ​လွှတ်​လိမ့်​မည်​မ​ဟုတ်။\x + \xo 12:32 \xt လု၊ ၁၂:၁၀။\x* \s1 အ​ပင်​နှင့်​အ​သီး \r (လု၊ ၆:၄၃-၄၅။) \p \v 33 ``အ​သီး​ကောင်း​ကို​ရ​လို​လျှင်​အ​ပင်​ကောင်း​ကို စိုက်​ရ​မည်။ အ​ပင်​ညံ့​သည်​အ​သီး​ညံ့​ကို​သီး လိမ့်​မည်။ အ​သီး​ကို​ထောက်​၍​အ​ပင်​အ​ကြောင်း ကို​သိ​ရ​၏။-\x + \xo 12:33 \xt မ၊ ၇:၂၀။ လု၊ ၆:၄၄။\x* \v 34 အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည်​ဆိုး​ယုတ် သူ​များ​ဖြစ်​သ​ဖြင့် အ​ဘယ်​သို့​လျှင်​ကောင်း​မြတ် သည့်​စ​ကား​ကို​ပြော​နိုင်​ကြ​ပါ​မည်​နည်း။ စိတ် နှ​လုံး​၌​ပြည့်​လျှံ​နေ​သည့်​အ​ရာ​များ​ကို​နှုတ် က​ဖော်​ပြ​တတ်​၏။-\x + \xo 12:34 \xt မ၊ ၃:၇၊ ၂၃:၃၃၊ ၁၅:၁၈။ လု၊ ၃:၇၊ ၆:၄၅။\x* \v 35 ကောင်း​မြတ်​သော​သူ​သည်​မိ​မိ​၏​ကောင်း​မြတ်​သော စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​အ​တွင်း​မှ​ကောင်း​မြတ်​သော အ​ရာ​ကို​ထုတ်​ဖော်​တတ်​၏။ ဆိုး​ယုတ်​သော​သူ​သည် မိ​မိ​ဆိုး​ယုတ်​သော​စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​အ​တွင်း မှ​ဆိုး​ယုတ်​သော​အ​ရာ​များ​ကို​ထုတ်​ဖော်​တတ်​၏။ \p \v 36 ``သင်​တို့​အား​ငါ​ဆို​သည်​ကား​တ​ရား​စီ​ရင်​တော် မူ​ရာ​နေ့​၌​လူ​တို့​သည်​မိ​မိ​တို့​အ​ကျိုး​မဲ့​ပြော​ဆို သော​စ​ကား​များ​အ​တွက်​စစ်​ဆေး​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​လတ္တံ့။- \v 37 သင်​တို့​အ​ပြစ်​ဒဏ်​ခံ​ထိုက်​သည်​မ​ခံ​ထိုက်​သည် ကို​သင်​တို့​ပြော​ဆို​သည့်​စ​ကား​များ​အ​ရ ဘု​ရား​သ​ခင်​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 နိ​မိတ်​လက္ခ​ဏာ​တောင်း​ဆို​ကြ​ခြင်း \r (မာ၊ ၈:၁၁-၁၂။ လု၊ ၁၁:၂၉-၃၂။) \p \v 38 အ​ချို့​သော​ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​တို့​အား​နိ​မိတ်​လက္ခ​ဏာ တစ်​ခု​ကို​ပြ​တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။\x + \xo 12:38 \xt မ၊ ၁၆:၁။ မာ၊ ၈:၁၁။ လု၊ ၁၁:၁၆။\x* \p \v 39 ကိုယ်​တော်​က ``ဆိုး​ညစ်​၍​ဘု​ရား​မဲ့​သော​ဤ​ခေတ် လူ​တို့​သည်​နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း​ဆို​ကြ​ပါ သည်​တ​ကား။ သင်​တို့​သည်​ယော​န​၏​နိ​မိတ်​လက္ခ ဏာ​မှ​တစ်​ပါး အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ တွေ့​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။-\x + \xo 12:39 \xt မ၊ ၁၆:၄။ မာ၊ ၈:၁၂။\x* \v 40 ယော​န​သည်​ငါး​ကြီး​၏​ဝမ်း​ထဲ​တွင်​သုံး​ရက်​တိုင် တိုင်​နေ​ရ​သ​ကဲ့​သို့ လူ​သား​သည်​လည်း​မြေ​ကြီး ထဲ​တွင်​သုံး​ရက်​နေ​ရ​လတ္တံ့။-\x + \xo 12:40 \xt ယောန၊ ၁:၁၇။\x* \v 41 နိ​နေ​ဝေ​မြို့​သား​တို့​သည်​ယော​န​၏​ဟော​ပြော​ချက် ကြောင့်​နောင်​တ​ရ​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည် တရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ထ​၍​သင်​တို့​အား ပြစ်​တင်​စွပ်​စွဲ​ကြ​လိမ့်​မည်။ ဤ​အ​ရပ်​တွင်​ယော​န ထက်​ကြီး​မြတ်​သည့်​အ​ရာ​ရောက်​ရှိ​နေ​လေ​ပြီ။\x + \xo 12:41 \xt ယောန၊ ၃:၅။\x* \p \v 42 ဒက္ခိဏ​ပြည်​က​ဘု​ရင်​မ​သည်​ဉာဏ်​ပ​ညာ​ရှင် ရှော​လ​မုန်​မင်း​ကြီး​၏​စ​ကား​ကို​ကြား​နာ​ရန် ဝေး​လံ​ရပ်​ခြား​တိုင်း​တစ်​ပါး​မှ​လာ​ရောက်​ခဲ့​၏။ သို့​ဖြစ်​၍​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​သူ​သည် ထ​၍​သင်​တို့​အား​ပြစ်​တင်​စွပ်​စွဲ​လိမ့်​မည်။ ဤ အ​ရပ်​တွင်​ရှော​လ​မုန်​မင်း​ထက်​ကြီး​မြတ်​သည့် အ​ရာ​ရောက်​ရှိ​နေ​လေ​ပြီ​ဟု​ငါ​ဆို​၏။\x + \xo 12:42 \xt ၃ရာ၊ ၁၀:၁-၁၀။ ၆ရာ၊ ၉:၁-၁၂။\x* \s1 ညစ်​ညမ်း​သော​နတ်​ပြန်​လာ​ခြင်း \r (လု၊ ၁၁:၂၄-၂၆။) \p \v 43 ``ညစ်​ညမ်း​သော​နတ်​သည်​မိ​မိ​ပူး​ဝင်​နေ​သူ​လူ ထဲ​မှ​ထွက်​သည့်​အ​ခါ​ခြောက်​သွေ့​ရာ​အ​ရပ်​တွင် လှည့်​လည်​၍​နား​နေ​စ​ရာ​ကို​ရှာ​တတ်​၏။ ယင်း သို့​ရှာ​၍​မ​တွေ့​သော​အ​ခါ၊ \v 44 `ငါ​ယ​ခင်​နေ​ခဲ့​သည့်​နေ​ရာ​သို့​ပင်​ပြန်​ပါ​အံ့' ဟု​ဆို​၏။ ထို​နေ​ရာ​သို့​ပြန်​ရောက်​သော​အ​ခါ သပ်​ရပ်​စွာ​လှည်း​ကျင်း​ထား​သည်​ကို​တွေ့​သ​ဖြင့်၊ \v 45 သူ​သည်​သွား​၍​မိ​မိ​ထက်​ညစ်​ညမ်း​သော​နတ် ခု​နစ်​ဦး​ကို​ခေါ်​ခဲ့​ပြီး​လျှင်​ထို​နေ​ရာ​တွင်​နေ လေ​၏။ သို့​ဖြစ်​၍​နတ်​ပူး​ဝင်​သူ​၏​နောက်​ဖြစ်​အင် သည်​ပ​ထ​မ​ဖြစ်​အင်​ထက်​ဆိုး​ရွား​လေ​တော့​၏။ ဤ​ဆိုး​ညစ်​သော​လူ​တို့​သည်​လည်း​ထို​နည်း​အ​တိုင်း ပင်​ခံ​စား​ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။ \s1 မယ်​တော်​နှင့်​ညီ​တော်​များ \r (မာ၊ ၃:၃၁-၃၅။ လု၊ ၈:၁၉-၂၁။) \p \v 46 ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​အား​ဟော​ပြော သွန်​သင်​လျက်​နေ​တော်​မူ​စဉ်​မယ်​တော်​နှင့်​ညီ​တော် များ​ရောက်​လာ​၍​ကိုယ်​တော်​နှင့်​တွေ့​လို​သ​ဖြင့် အ​ပြင်​တွင်​စောင့်​လျက်​နေ​ကြ​၏။- \v 47 လူ​တစ်​ယောက်​က ``အ​ရှင်​၏​မယ်​တော်​နှင့်​ညီ​တော် များ​သည်​အ​ရှင်​နှင့်​တွေ့​လို​၍​အ​ပြင်​တွင်​စောင့် နေ​ကြ​ပါ​သည်'' ဟု​လျှောက်​၏။- \v 48 ကိုယ်​တော်​က ``ငါ့​အ​မိ​ကား​မည်​သူ​နည်း။ ငါ့​ညီ၊ ငါ့​အစ်​ကို​များ​ကား​မည်​သူ​နည်း'' ဟု​ပြန်​၍ မေး​တော်​မူ​၏။- \v 49 ထို​နောက်​ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​ကို ညွှန်​ပြ​လျက် ``ငါ့​အ​မိ၊ ငါ့​ညီ၊ ငါ့​အစ်​ကို​များ ကား​ဤ​သူ​တို့​တည်း။- \v 50 ကောင်း​ကင်​ဘုံ​ရှင်​ငါ့​ခ​မည်း​တော်​၏​အ​လို​တော် အ​တိုင်း​ဆောင်​ရွက်​သူ​မှန်​သ​မျှ​သည်​ငါ့​ညီ၊ ငါ့ အစ်​ကို၊ ငါ့​အစ်​မ၊ ငါ့​နှ​မ၊ ငါ့​အ​မိ​တို့​ပေ တည်း'' ဟု​မိန့်​တော်​မူ​၏။ \c 13 \s1 မျိုး​ကြဲ​သူ​၏​ပုံ​ဥ​ပ​မာ \r (မာ၊ ၄:၁-၉။ လု၊ ၈:၄-၈။) \p \v 1 ထို​နေ့​၌​ပင်​လျှင်​သ​ခင်​ယေ​ရှု​သည်​ထို​အိမ်​မှ ထွက်​ကြွ​တော်​မူ​၍​အိုင်​ကမ်း​ခြေ​တွင်​ထိုင်​တော် မူ​၏။- \v 2 အ​ထံ​တော်​သို့​လာ​ရောက်​ကြ​သည့်​လူ​ပ​ရိ​သတ် မှာ​များ​လှ​သ​ဖြင့် ကိုယ်​တော်​သည်​လှေ​ပေါ်​သို့ တက်​၍​ထိုင်​တော်​မူ​၏။ လူ​အ​ပေါင်း​တို့​က​ကမ်း ခြေ​တွင်​ရပ်​လျက်​နေ​ကြ​၏။-\x + \xo 13:2 \xt လု၊ ၅:၁-၃။\x* \v 3 ကိုယ်​တော်​သည်​ထို​သူ​တို့​အား ပုံ​ဥ​ပ​မာ​ဆောင်​၍ များ​စွာ​သော​အ​ကြောင်း​အ​ရာ​များ​ကို​သွန်​သင် တော်​မူ​၏။ \p ကိုယ်​တော်​က ``မျိုး​ကြဲ​သူ​လူ​တစ်​ယောက်​သည် မျိုး​ကြဲ​ရန်​ထွက်​သွား​၏။- \v 4 မျိုး​ကြဲ​သော​အ​ခါ​အ​ချို့​မျိုး​စေ့​တို့​သည်​လမ်း တွင်​ကျ​သ​ဖြင့်​ငှက်​တို့​သည်​လာ​၍​စား​ကြ​၏။- \v 5 အ​ချို့​မျိုး​စေ့​တို့​သည်​မြေ​ဆီ​လွှာ​ပါး​သည့် ကျောက်​ခံ​မြေ​ပေါ်​တွင်​ကျ​၏။ မြေ​သား​တိမ် သ​ဖြင့်​အ​ပင်​များ​လျင်​မြန်​စွာ​ပေါက်​သော် လည်း၊- \v 6 နေ​ထွက်​သော​အ​ခါ​နေ​ပူ​လောင်​၍​အ​မြစ်​မ​စွဲ သည့်​အ​တွက်​ညှိုး​နွမ်း​၍​သွား​ကြ​၏။- \v 7 အ​ချို့​မျိုး​စေ့​တို့​သည်​ဆူး​တော​တွင်​ကျ​၏။ ဆူး​ပင် များ​ကြီး​ထွား​လာ​ပြီး​နောက်​အ​ပင်​ငယ်​တို့​ကို လွှမ်း​မိုး​ကာ​သေ​စေ​ကြ​၏။- \v 8 အ​ချို့​မျိုး​စေ့​တို့​ကား​မြေ​ကောင်း​မြေ​သန့်​တွင် ကျ​၏။ အ​ပင်​များ​ပေါက်​၍​အ​ဆ​တစ်​ရာ၊ အ​ဆ ခြောက်​ဆယ်၊ အ​ဆ​သုံး​ဆယ်​သီး​နှံ​များ​ကို​ဆောင် ကုန်​၏။ \p \v 9 ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။ \s1 ပုံ​ဥ​ပ​မာ​များ​၏​ရည်​ရွယ်​ချက် \r (မာ၊ ၄:၁၀-၁၂။ လု၊ ၈:၉-၁၀။) \p \v 10 တ​ပည့်​တော်​တို့​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ၍ ``အ​ရှင်​သည်​အ​ဘယ်​ကြောင့်​လူ​တို့​အား​ပုံ ဥ​ပ​မာ​ဖြင့်​သာ​လျှင်​မိန့်​တော်​မူ​ပါ​သ​နည်း'' ဟု မေး​လျှောက်​ကြ​၏။ \p \v 11 ကိုယ်​တော်​က ``သင်​တို့​သည်​ကောင်း​ကင်​နိုင်​ငံ​တော် နှင့်​ဆိုင်​သော​နက်​နဲ​သည့်​အ​ကြောင်း​အ​ရာ​များ ကို​နား​လည်​ခွင့်​ရ​ကြ​၏။ အ​ခြား​သူ​များ​မူ ကား​ထို​အ​ခွင့်​ကို​မ​ရ​ကြ။- \v 12 ဘု​ရား​သ​ခင်​သည်​ရှိ​သူ​အား​ပို​လျှံ​သည့်​တိုင်​အောင် ထပ်​လောင်း​၍​ပေး​တော်​မူ​၍​မ​ရှိ​သူ​ထံ​မှ​ရှိ​သ​မျှ ကို​ပင်​ရုပ်​သိမ်း​တော်​မူ​လိမ့်​မည်။-\x + \xo 13:12 \xt မ၊ ၂၅:၂၉။ မာ၊ ၄:၂၅။ လု၊ ၈:၁၈၊ ၁၉:၂၆။\x* \v 13 သူ​တို့​အား​ပုံ​ဥ​ပ​မာ​ဆောင်​၍​ငါ​ပြော​ရ​သည့် အ​ကြောင်း​မှာ​သူ​တို့​သည်​ကြည့်​သော်​လည်း​မ​မြင်၊ နား​ထောင်​သော်​လည်း​မ​ကြား​သို့​မ​ဟုတ်​နား​မ လည်​သော​ကြောင့်​ဖြစ်​၏။ \p \v 14 ထို့​ကြောင့်၊ \q1 `ဤ​သူ​တို့​သည်​ကြား​လျက်​နှင့်​နား​လည်​လိမ့်​မည် မ​ဟုတ်။ မြင်​လျက်​နှင့်​သိ​လိမ့်​မည်​မ​ဟုတ်။\x + \xo 13:14 \xt ဟေရှာ၊ ၆:၉-၁၀။\x* \q1 \v 15 ဤ​လူ​စု​၏​စိတ်​နှ​လုံး​သည်​ထိုင်း​မှိုင်း​လျက် \q2 သူ​တို့​၏​နား​များ​သည်​လေး​လျက်​မျက်​စိ​များ​သည် ပိတ်​လျက်​ရှိ​၏။ \q1 အ​ကယ်​၍​သာ​သူ​တို့​၏​မျက်​စိ​များ​သည်​မြင်​နိုင်​၍ နား​များ​သည်​ကြား​နိုင်​လျက်၊ \q2 စိတ်​နှ​လုံး​သည်​လည်း​သိ​နား​လည်​နိုင်​မည်​ဆို​ပါ​မူ \q1 သူ​တို့​သည်​ငါ့​ကို​ခို​လှုံ​ကိုး​စား​လာ​ကြ​မည်​ဖြစ်​၍၊ \q2 ငါ​သည်​လည်း​သူ​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​ပေ​အံ့' \m ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​ကြောင်း​ဟေ​ရှာ​ယ ဟော​ချက်​သည်​မှန်​ပေ​၏။ \p \v 16 ``သင်​တို့​၏​မျက်​စိ​များ​သည်​မြင်​၍​နား​များ​သည် လည်း​ကြား​သော​ကြောင့် သင်​တို့​သည်​မင်္ဂလာ​ရှိ​ကြ​၏။-\x + \xo 13:16 \xt လု၊ ၁၀:၂၃-၂၄။\x* \v 17 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သင် တို့​မြင်​ရ​သည့်​အ​ရာ​များ​ကို ပ​ရော​ဖက်​နှင့် သူ​တော်​ကောင်း​အ​မြောက်​အ​မြား​ပင်​မြင်​လို​ကြ သော်​လည်း​မ​မြင်​ရ​ကြ​။ သင်​တို့​ကြား​ရ​သည့် အ​ရာ​များ​ကို သူ​တို့​ကြား​လို​ကြ​သော်​လည်း မ​ကြား​ရ​ကြ။ \s1 မျိုး​ကြဲ​သူ​၏​ပုံ​ဥ​ပ​မာ​ကို​ရှင်း​ပြ​တော်​မူ​ခြင်း \r (မာ၊ ၄:၁၃-၂၀။ လု၊ ၈:၁၁-၁၅) \p \v 18 ``ထို့​ကြောင့်​မျိုး​ကြဲ​သူ​၏​ပုံ​ဥ​ပ​မာ​အ​နက် အဋ္ဌိပ္ပါယ်​ကို​နား​ထောင်​ကြ​လော့။- \v 19 လမ်း​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​နိုင်​ငံ​တော် အ​ကြောင်း​တ​ရား​တော်​ကို​ကြား​သော်​လည်း​နား မ​လည်​သူ​တို့​နှင့်​တူ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​တွင် ကြဲ​ထား​သည့်​တ​ရား​တော်​မျိုး​စေ့​ကို​စာ​တန် သည်​လာ​၍​ယူ​ငင်​သွား​၏။- \v 20 ကျောက်​ခံ​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​တ​ရား​တော် ကို​ကြား​လျှင်​ကြား​ချင်း​ဝမ်း​မြောက်​စွာ​ခံ​ယူ​သူ​တို့ ကို​ဆို​လို​၏။- \v 21 သို့​သော်​တ​ရား​တော်​သည်​သူ​တို့​၏​စိတ်​နှ​လုံး​တွင် အ​မြစ်​မ​စွဲ။ ကာ​လ​အ​နည်း​ငယ်​သာ​တည်​နေ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​တ​ရား​တော်​ကြောင့်​ဒုက္ခ​နှင့် နှိပ်​စက်​ညှဉ်း​ပန်း​မှု​ကို​တွေ့​ကြုံ​ရ​သော​အ​ခါ ချက်​ချင်း​ပင်​ဖောက်​ပြန်​သွား​ကြ​၏။- \v 22 ဆူး​တော​တွင်​ကျ​သည့်​မျိုး​စေ့​များ​သည်​တ​ရား တော်​ကို​ကြား​၍​အ​သီး​အ​ပွင့်​မ​ဖြစ်​ထွန်း​စေ နိုင်​သော​သူ​တို့​ကို​ဆို​လို​၏။ သူ​တို့​၏​စိုး​ရိမ်​ကြောင့် ကြ​မှု​များ​နှင့်​စည်း​စိမ်​ချမ်း​သာ​ခံ​စား​လို​မှု များ​က​တ​ရား​တော်​မျိုး​စေ့​ကို​လွှမ်း​မိုး​သ​ဖြင့် မည်​သို့​မျှ​မ​သီး​မ​ပွင့်​နိုင်​ချေ။- \v 23 မြေ​ကောင်း​မြေ​သန့်​တွင်​ကျ​သည့်​မျိုး​စေ့​ကား တ​ရား​တော်​ကို​ကြား​၍​နား​လည်​သူ​တို့​ကို​ဆို လို​၏။ သူ​တို့​သည်​အ​ဆ​တစ်​ရာ၊ အ​ဆ​ခြောက် ဆယ်၊ အ​ဆ​သုံး​ဆယ်​အ​သီး​အ​နှံ​များ​ကို ဆောင်​ကုန်​၏'' ဟု​မိန့်​တော်​မူ​သည်။ \s1 ပေါင်း​ပင်​များ​၏​ပုံ​ဥ​ပ​မာ \p \v 24 သ​ခင်​ယေ​ရှု​သည်​အ​ခြား​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍ မိန့်​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ​တော် သည်​ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ လူ​တစ်​ယောက် သည်​မိ​မိ​ဂျုံ​မျိုး​ကောင်း​မျိုး​သန့်​ကို​ကြဲ​၏။- \v 25 သို့​ရာ​တွင်​ည​အ​ခါ​လူ​တို့​အိပ်​ပျော်​နေ​ချိန်​၌ ရန်​သူ​သည်​လာ​၍​ဂျုံ​မျိုး​ကြဲ​ထား​ရာ​တွင်​ဂျုံ ရိုင်း​စေ့​များ​ကို​ကြဲ​ပြီး​နောက်​ထွက်​ခွာ​သွား​၏။- \v 26 ဂျုံ​ပင်​က​လေး​များ​ပေါက်​ပြီး​နောက်​ဂျုံ​နှံ​များ ထွက်​လာ​သော​အ​ခါ​ဂျုံ​ရိုင်း​ပင်​များ​လည်း​ပေါ် ထွက်​လာ​လေ​သည်။- \v 27 ထို​အ​ခါ​စာ​ရင်း​ငှား​တို့​သည်​လယ်​ရှင်​ထံ​လာ​၍ `အ​ရှင်၊ အ​ရှင့်​ဂျုံ​ခင်း​တွင်​မျိုး​ကောင်း​မျိုး​သန့်​များ ကြဲ​ခဲ့​သည်​မ​ဟုတ်​ပါ​လော။ ဂျုံ​ရိုင်း​ပင်​များ​ကား အ​ဘယ်​မှ​ရောက်​ရှိ​လာ​ပါ​သ​နည်း' ဟု​မေး​ကြ​၏။- \v 28 လယ်​ရှင်​က `ဤ​အ​ရာ​ကား​ရန်​သူ​၏​လက်​ချက်​ပင် ဖြစ်​၏' ဟု​ဆို​လျှင်​စာ​ရင်း​ငှား​များ​က `ထို​သို့​ဖြစ် ပါ​မူ​ဂျုံ​ရိုင်း​များ​ကို​သွား​၍​နုတ်​ပစ်​ရ​ပါ​မည် လော' ဟု​မေး​ပြန်​ကြ​၏။- \v 29 လယ်​ရှင်​က၊ နုတ်​မ​ပစ်​ကြ​နှင့်​ဦး။ ဂျုံ​ရိုင်း​များ​ကို နုတ်​လိုက်​လျှင်​ဂျုံ​ကောင်း​များ​လည်း​ပါ​သွား​လိမ့် မည်။- \v 30 ကောက်​ရိတ်​ချိန်​တိုင်​အောင်​အ​ပင်​နှစ်​မျိုး​လုံး​ဆက် လက်​ကြီး​ပွား​စေ​ကြ​လော့။ ကောက်​ရိတ်​ချိန်​ရောက် သော်​ကောက်​ရိတ်​သ​မား​တို့​အား​ဦး​စွာ​ဂျုံ​ရိုင်း များ​ကို​နုတ်​၍​စည်း​ထား​ပြီး​လျှင်​မီး​ရှို့​ပစ်​ကြ။ ထို​နောက်​ဂျုံ​စ​ပါး​ကို​စု​သိမ်း​၍​ငါ​၏​ကျီ​၌ သွင်း​ထား​ကြ​ဟု​ငါ​မှာ​ကြား​မည်' ဟု​ဆို​၏'' ဟူ ၍​မိန့်​တော်​မူ​သည်။ \s1 မုန်​ညင်း​စေ့​ပုံ​ဥ​ပ​မာ \r (မာ၊ ၄:၃၀-၃၂။ လု၊ ၁၃:၁၈-၁၉။) \p \v 31 သ​ခင်​ယေ​ရှု​သည်​အ​ခြား​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍ မိန့်​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ တော်​သည်​ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ လူ​တစ် ယောက်​သည်​မုန်​ညင်း​စေ့​ကို​ယူ​၍​မိ​မိ​ဥ​ယျာဉ် တွင်​စိုက်​၏။- \v 32 ထို​အ​စေ့​သည်​အ​စေ့​တ​ကာ​တို့​ထက်​သေး​ငယ် ၏။ သို့​ရာ​တွင်​အ​ပင်​ပေါက်​၍​ကြီး​ထွား​လာ​သော အ​ခါ အ​ခြား​အ​ပင်​ငယ်​များ​ထက်​ကြီး​မား​သည့် အ​ပင်​တစ်​ပင်​ဖြစ်​လာ​၏။ သို့​ဖြစ်​၍​ငှက်​များ​သည် ထို​အ​ပင်​၏​အ​ကိုင်း​များ​တွင်​အ​သိုက်​ပြု​လုပ် နိုင်​ကြ​၏'' ဟု​မိန့်​တော်​မူ​သည်။ \s1 တ​ဆေး​ပုံ​ဥ​ပ​မာ \r (လု၊ ၁၃:၂၀-၂၁။) \p \v 33 ကိုယ်​တော်​သည်​အ​ခြား​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍ မိန့်​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ တော်​သည်​ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ အ​မျိုး သ​မီး​တစ်​ယောက်​သည်​တ​ဆေး​ကို​ယူ​ပြီး​လျှင် မုန့်​ညက်​တစ်​တင်း​တွင်​ထည့်​သ​ဖြင့်​မုန့်​ညက်​အား လုံး​ကို​ဖောင်း​ကြွ​စေ​၏'' ဟု​မိန့်​တော်​မူ​သည်။ \s1 ပုံ​ဥ​ပ​မာ​များ​ကို​အ​သုံး​ပြု​တော်​မူ​ခြင်း​အ​ကြောင်း \r (မာ၊ ၄:၃၃-၃၄။) \p \v 34 သ​ခင်​ယေ​ရှု​သည်​လူ​ပ​ရိ​သတ်​တို့​အား​ဤ အ​ကြောင်း​အ​ရာ​များ​ကို​ပုံ​ဥ​ပ​မာ​ဆောင်​၍ ဟော​ကြား​တော်​မူ​၏။ ပုံ​ဥ​ပ​မာ​မ​ဆောင်​ဘဲ အ​ဘယ်​အ​ကြောင်း​အ​ရာ​ကို​မျှ​ဟော​ကြား တော်​မ​မူ။- \v 35 ဤ​သို့​ဟော​ကြား​ရ​ခြင်း​မှာ၊ \q1 ``ငါ​သည်​ပုံ​ဥ​ပ​မာ​ဆောင်​၍​မိ​မိ​၏​နှုတ်​ကို ဖွင့်​ဟ​မြွက်​ဆို​မည်။ \q2 လော​က​ကို​ထာ​ဝ​ရ​ဘု​ရား​ဖန်​ဆင်း​တော်​မူ​ချိန်​မှ​စ​၍ \q1 ကွယ်​ဝှက်​နေ​ခဲ့​သည့်​အ​ရာ​များ​ကို ငါ​ထုတ်​ဖော်​ပြော​ဆို​မည်'' \m ဟူ​သော​ပ​ရော​ဖက်​၏​ဟော​ချက်​မှန်​ကန်​လာ​စေ​ရန် ပင်​ဖြစ်​၏။\x + \xo 13:35 \xt ဆာ၊ ၇၈:၂။\x* \s1 ဂျုံ​ရိုင်း​ပင်​များ​ပုံ​ဥ​ပ​မာ​ကို​ရှင်း​ပြ​တော်​မူ​ခြင်း \p \v 36 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​လူ​ပ​ရိ​သတ်​များ​ထံ မှ​ထွက်​ခွာ​၍​အိမ်​ထဲ​သို့​ဝင်​တော်​မူ​၏။ ထို​အ​ခါ တ​ပည့်​တော်​တို့​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ၍ ``ဂျုံ​ရိုင်း​ပင်​များ​၏​ပုံ​ဥ​ပ​မာ​ကို​အ​ကျွန်ုပ် တို့​အား​ရှင်း​ပြ​တော်​မူ​ပါ'' ဟု​လျှောက်​ထား ကြ​၏။ \p \v 37 ကိုယ်​တော်​က ``မျိုး​ကောင်း​မျိုး​သန့်​ကို​ကြဲ​သူ​သည် လူ​သား​ပင်​ဖြစ်​၏။- \v 38 ဂျုံ​ခင်း​ကား​ဤ​ကမ္ဘာ​လော​က​တည်း။ မျိုး​ကောင်း မျိုး​သန့်​သည်​နိုင်​ငံ​တော်​သား​များ​ကို​ဆို​လို​၏။ ဂျုံ​ရိုင်း​စေ့​များ​ကား​စာ​တန်​မာရ်​နတ်​၏​နိုင်​ငံ သား​များ​ကို​ဆို​လို​၏။- \v 39 ထို​မျိုး​စေ့​များ​ကို​ကြဲ​သူ​သည်​စာ​တန်​မာရ်​နတ် ပင်​ဖြစ်​၏။ ကောက်​ရိတ်​ချိန်​ကား​ကပ်​ကမ္ဘာ​ကုန်​ဆုံး ချိန်​တည်း။ ကောက်​ရိတ်​သ​မား​များ​သည်​ကောင်း​ကင် တ​မန်​များ​ဖြစ်​၏။- \v 40 ဂျုံ​ရိုင်း​ပင်​များ​ကို​စု​သိမ်း​ပြီး​မီး​ရှို့​ပစ်​လိုက် သ​ကဲ့​သို့ ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​၌​စာ​တန်​မာရ် နတ်​၏​နိုင်​ငံ​သား​တို့​သည်​မီး​ရှို့​ဖျက်​ဆီး​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။- \v 41 လူ​သား​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန်​များ​ကို​စေ လွှတ်​တော်​မူ​၍ လူ​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ သူ​များ​နှင့်​အ​ပြစ်​ကူး​သူ​အ​ပေါင်း​ကို​နိုင်​ငံ တော်​ထဲ​က​ရွေး​ထုတ်​စေ​ပြီး​လျှင်၊- \v 42 တောက်​လောင်​သော​မီး​ဖို​ထဲ​သို့​ပစ်​ချ​စေ​တော်​မူ မည်။ ထို​သူ​အ​ပေါင်း​တို့​သည်​ငို​ကြွေး​မြည်​တမ်း ၍​အံ​သွား​ခဲ​ကြိတ်​ကြ​လိမ့်​မည်။- \v 43 ထို​အ​ခါ​သူ​တော်​ကောင်း​တို့​သည်​အ​ဖ​ဘု​ရား​၏ နိုင်​ငံ​တော်​တွင်​နေ​ကဲ့​သို့​ထွန်း​လင်း​တောက်​ပ​လျက် နေ​ကြ​လတ္တံ့။ ကြား​တတ်​သော​နား​ရှိ​သူ​ကြား​ကြ ကုန်​လော့။ \s1 ဝှက်​ထား​သော​ဘဏ္ဍာ​ပုံ​ဥ​ပ​မာ \p \v 44 ``ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ဤ​အ​ဖြစ်​အ​ပျက် နှင့်​တူ​၏။ လူ​တစ်​ယောက်​သည်​လယ်​၌​မြှုပ်​ထား​သော ဘဏ္ဍာ​ကို​တွေ့​သ​ဖြင့်​တစ်​ဖန်​မြှုပ်​ထား​ခဲ့​၏။ ထို​နောက် ဝမ်း​မြောက်​စွာ​သွား​ပြီး​လျှင်​ရှိ​သ​မျှ​ကို​ရောင်း​ချ လျက်​ထို​လယ်​ကို​ဝယ်​လေ​၏။ \s1 ပု​လဲ​ပုံ​ဥ​ပ​မာ \p \v 45 ``ထို​မှ​တစ်​ပါး​လည်း၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ ကုန်​သည်​တစ်​ဦး​သည် ပု​လဲ​ကောင်း​ကို​ရှာ​လျက်​နေ​၏။- \v 46 ထို​သူ​သည်​များ​စွာ​အ​ဖိုး​တန်​သည့်​ပု​လဲ​ကို​တွေ့ သော​အ​ခါ​သွား​ပြီး​လျှင်​ရှိ​သ​မျှ​ကို​ရောင်း​ချ​၍ ထို​ပု​လဲ​ကို​ဝယ်​လေ​၏။ \s1 ပိုက်​ကွန်​ပုံ​ဥ​ပ​မာ \p \v 47 ``ထို​မှ​တစ်​ပါး​လည်း၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ဤ အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ တံ​ငါ​သည်​တို့​သည်​အိုင် တွင်​ပိုက်​ကွန်​ကို​ချ​၍​ငါး​အ​မျိုး​မျိုး​ကို​အုပ်​မိ​၏။- \v 48 ပိုက်​ကွန်​တွင်​ငါး​အ​ပြည့်​ရ​သော​အ​ခါ​တံ​ငါ​သည် တို့​သည်​ထို​ပိုက်​ကွန်​ကို​ကုန်း​ပေါ်​သို့​ဆွဲ​၍​တင်​ကြ​၏။ ထို​နောက်​ထိုင်​၍​ငါး​များ​ကို​ရွေး​ကြ​၏။ ငါး​ကောင်း များ​ကို​အိုး​များ​တွင်​ထည့်​ထား​ပြီး​နောက်​ငါး​ညံ့ များ​ကို​မူ​အ​ပြင်​သို့​ပစ်​ထုတ်​လိုက်​ကြ​၏။- \v 49 ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​၌​လည်း​ထို​နည်း​တူ​ဖြစ်​ပေ အံ့။ ကောင်း​ကင်​တ​မန်​များ​သည်​လာ​၍​သူ​ယုတ်​မာ များ​ကို​သူ​တော်​ကောင်း​များ​ထဲ​မှ​ခွဲ​ထုတ်​ပြီး​လျှင်၊- \v 50 တောက်​လောင်​သော​မီး​ဖို​ထဲ​သို့​ပစ်​ချ​လိမ့်​မည်။ ထို သူ​တို့​သည်​ငို​ကြွေး​မြည်​တမ်း​၍​အံ​သွား​ခဲ​ကြိတ် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 သမ္မာ​တ​ရား​အ​သစ်​နှင့်​အ​ဟောင်း \p \v 51 သ​ခင်​ယေ​ရှု​က ``ဤ​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ တို့​ကို​သင်​တို့​နား​လည်​ကြ​ပါ​၏​လော'' ဟု​မေး တော်​မူ​လျှင်​တ​ပည့်​တော်​တို့​က``နား​လည်​ပါ သည်'' ဟု​ဖြေ​ကြား​ကြ​၏။ \p \v 52 သို့​ဖြစ်​၍​ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ​တော်​တွင် တ​ပည့်​ဖြစ်​လာ​သူ​ကျမ်း​တတ်​ဆ​ရာ​သည်​မိ​မိ​၏ ဘဏ္ဍာ​တိုက်​ထဲ​မှ​ဥစ္စာ​ပစ္စည်း​အ​သစ်​နှင့်​အ​ဟောင်း​များ ကို​ထုတ်​ယူ​သော​အိမ်​ရှင်​နှင့်​တူ​၏'' ဟု​မိန့်​တော်​မူ​၏။ \s1 သ​ခင်​ယေ​ရှု​ကို​နာ​ဇ​ရက်​မြို့​က​လက်​မ​ခံ​ခြင်း \r (မာ၊ ၆:၁-၆။ လု၊ ၄:၁၆-၃၀။) \p \v 53 ထို​ပုံ​ဥ​ပ​မာ​များ​ကို​မိန့်​ကြား​တော်​မူ​ပြီး​နောက် သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​ကြွ​၍၊- \v 54 မိ​မိ​နေ​ရင်း​မြို့​သို့​ရောက်​ရှိ​တော်​မူ​၏။ တ​ရား​ဇ​ရပ် တွင်​ဟော​ပြော​သွန်​သင်​တော်​မူ​သော​အ​ခါ လူ​တို့​သည် လွန်​စွာ​အံ့​သြ​ကြ​သ​ဖြင့် ``ဤ​သူ​သည်​ဤ​သို့​သော အ​သိ​ပ​ညာ​များ​ကို​အ​ဘယ်​က​ရ​ရှိ​ပါ​သ​နည်း။ ဤ​သို့​သော​အံ့​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​အ​ဘယ် သို့​ပြ​နိုင်​ပါ​သ​နည်း။- \v 55 သူ​သည်​လက်​သ​မား​ဆ​ရာ​၏​သား​မ​ဟုတ်​လော။ သူ့ အ​မိ​သည်​မာ​ရိ​နာ​မည်​ရှိ​သူ​မ​ဟုတ်​ပါ​လော။ သူ့ ညီ​များ​ကား​ယာ​ကုပ်၊ ယော​သပ်၊ ရှိ​မုန်​နှင့်​ယု​ဒ​တို့ မ​ဟုတ်​ပါ​လော။- \v 56 သူ့​နှ​မ​များ​သည်​လည်း​ငါ​တို့​မြို့​သူ​များ​မ​ဟုတ်​ပါ လော။ သို့​ဖြစ်​ပါ​လျက်​သူ​သည်​ဤ​တန်​ခိုး​ကို​အ​ဘယ် က​ရ​ရှိ​ပါ​သ​နည်း'' ဟု​ဆို​ကာ၊- \v 57 ကိုယ်​တော်​၏​အ​ပေါ်​၌​အ​ကြည်​ညို​ပျက်​ကြ​၏။ \p သ​ခင်​ယေ​ရှု​က​လည်း ``ပ​ရော​ဖက်​သည်​မိ​မိ​မြို့ နှင့်​မိ​မိ​အိမ်​မှ​လွဲ​၍​အ​ဘယ်​အ​ရပ်​တွင်​မ​ဆို ဂုဏ်​အ​သ​ရေ​ရှိ​၏'' ဟု​မိန့်​တော်​မူ​သည်။-\x + \xo 13:57 \xt ယော၊ ၄:၄၄။\x* \v 58 ထို​မြို့​သား​တို့​သည်​မိ​မိ​အား​ယုံ​ကြည်​ကိုး​စား မှု​မ​ရှိ​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​အံ့​သြ​ဖွယ် သော​အ​မှု​တို့​ကို​ထို​မြို့​တွင်​ပြု​တော်​မ​မူ။ \c 14 \s1 ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ကွယ်​လွန်​ခြင်း \r (မာ၊ ၆:၁၄-၂၉။ လု၊ ၉:၇-၉။) \p \v 1 ထို​ကာ​လ​၌​ဂါ​လိ​လဲ​ပြည်​ကို​အုပ်​စိုး​သူ ဟေ​ရုဒ်​သည်​သ​ခင်​ယေ​ရှု​၏​သ​တင်း​ကို ကြား​လျှင်၊- \v 2 ``ဤ​သူ​သည်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ပင်​တည်း။ သူ​သည်​သေ​ရာ​မှ​အ​သက်​ပြန်​ရှင်​လေ​ပြီ။ သို့ ဖြစ်​၍​အံ့​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြု​လျက် ရှိ​၏'' ဟု​မိ​မိ​အ​မှု​ထမ်း​အ​ရာ​ထမ်း​တို့​အား မိန့်​တော်​မူ​၏။ \p \v 3 ဟေ​ရုဒ်​သည်​ညီ​ဖြစ်​သူ​ဖိ​လိပ္ပု​၏​ဇ​နီး​ဟေ​ရော​ဒိ နှင့်​ပတ်​သက်​၍​ယော​ဟန်​ကို​ဖမ်း​ဆီး​ချုပ်​နှောင် ကာ​ထောင်​တွင်​အ​ကျဉ်း​ထား​ခဲ့​၏။-\x + \xo 14:3 \xt လု၊ ၃:၁၉-၂၀။\x* \v 4 အ​ဘယ်​ကြောင့်​ဆို​သော်​ယော​ဟန်​က ``သင်​သည် ညီ​ဖြစ်​သူ​၏​ဇ​နီး​ကို​မ​သိမ်း​မ​ယူ​အပ်'' ဟု ဆို​ခဲ့​သော​ကြောင့်​ဖြစ်​၏။-\x + \xo 14:4 \xt ဝတ်၊ ၁၈:၁၆၊ ၂၀:၂၁။\x* \v 5 ဟေ​ရုဒ်​သည်​ယော​ဟန်​ကို​သတ်​လို​သော်​လည်း ယု​ဒ​အ​မျိုး​သား​တို့​ကို​ကြောက်​သ​ဖြင့်​မ​သတ် ရဲ​ချေ။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ယော​ဟန် ကို​ပ​ရော​ဖက်​တစ်​ပါး​ဟု​မှတ်​ယူ​နေ​ကြ​သော ကြောင့်​ဖြစ်​၏။ \p \v 6 ဟေ​ရုဒ်​၏​မွေး​နေ့​၌​ဟေ​ရော​ဒိ​၏​သ​မီး​သည် ဧည့်​သည်​တော်​များ​အား​အ​က​နှင့်​ဖျော်​ဖြေ လျက်​ဟေ​ရုဒ်​၏​စိတ်​ကို​များ​စွာ​ရွှင်​လန်း​စေ​၏။- \v 7 သို့​ဖြစ်​၍​ဟေ​ရုဒ်​သည်​သူ​ငယ်​မ​နှစ်​သက်​ရာ ဆု​ကို​ပေး​မည်​ဟု​ကျိန်​ဆို​၍​က​တိ​ပြု​၏။ \p \v 8 သူ​ငယ်​မ​သည်​လည်း​မိ​ခင်​၏​တိုက်​တွန်း​ချက် အ​ရ ``ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​ဦး​ခေါင်း​ကို လင်​ပန်း​ပေါ်​တွင်​တင်​၍​အ​ကျွန်ုပ်​အား​ဤ​နေ​ရာ တွင်​ပင်​ပေး​တော်​မူ​ပါ'' ဟု​တောင်း​လျှောက်​၏။ \p \v 9 ထို​အ​ခါ​မင်း​ကြီး​သည်​များ​စွာ​စိတ်​မ​ချမ်း​မ​သာ ဖြစ်​တော်​မူ​သော်​လည်း​ဧည့်​သည်​တော်​များ​ရှေ့​တွင် မိ​မိ​ပေး​ခဲ့​သည့်​က​တိ​ကို​ထောက်​၍ သူ​ငယ်​မ တောင်း​လျှောက်​သည့်​အ​တိုင်း​ပေး​စေ​ရန်​အ​မိန့် ချ​တော်​မူ​၏။- \v 10 သို့​ဖြစ်​၍​ယော​ဟန်​၏​ဦး​ခေါင်း​ကို​ထောင်​ထဲ​တွင် ဖြတ်​စေ​ပြီး​လျှင်၊- \v 11 လင်​ပန်း​ပေါ်​တွင်​တင်​၍​သူ​ငယ်​မ​အား​ပေး​စေ တော်​မူ​၏။ သူ​ငယ်​မ​သည်​လည်း​ထို​ဦး​ခေါင်း​ကို မိ​ခင်​ထံ​သို့​ယူ​ဆောင်​သွား​၏။- \v 12 ယော​ဟန်​၏​တ​ပည့်​တို့​သည်​လာ​၍​အ​လောင်း​ကို ယူ​ပြီး​လျှင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သ​ခင်​ယေ​ရှု ထံ​သို့​သွား​၍​သ​တင်း​ပေး​ကြ​၏။ \s1 လူ​ငါး​ထောင်​ကို​ကျွေး​မွေး​တော်​မူ​ခြင်း \r (မာ၊ ၆:၃၀-၄၄။ လု၊ ၉:၁၀-၁၇။ ယော၊ ၆:၁-၁၄။) \p \v 13 ဤ​သ​တင်း​ကို​သ​ခင်​ယေ​ရှု​ကြား​တော်​မူ​လျှင် ထို​အ​ရပ်​မှ​တစ်​ကိုယ်​တည်း​ဆိတ်​ကွယ်​ရာ​အ​ရပ် သို့​လှေ​ဖြင့်​ကြွ​တော်​မူ​၏။ အ​မြို့​မြို့​မှ​လူ​ပ​ရိ သတ်​တို့​သည်​လည်း​ကိုယ်​တော်​ထွက်​ကြွ​တော်​မူ ကြောင်း​ကြား​ကြ​လျှင်​နောက်​တော်​သို့​ကုန်း​ကြောင်း ဖြင့်​လိုက်​ကြ​၏။- \v 14 ကိုယ်​တော်​သည်​လှေ​ပေါ်​မှ​တက်​တော်​မူ​သော​အ​ခါ လူ​ထု​ကြီး​ကို​မြင်​တော်​မူ​လျှင်​သူ​တို့​ကို​သ​နား တော်​မူ​သ​ဖြင့်​ဖျား​နာ​သူ​များ​ကို​ကျန်း​မာ​စေ တော်​မူ​၏။ \p \v 15 ည​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ​တ​ပည့်​တော်​တို့ သည်​အ​ထံ​တော်​သို့​လာ​၍ ``ဤ​အ​ရပ်​သည်​လူ​သူ မ​ရှိ​သည့်​အ​ရပ်​ဖြစ်​ပါ​၏။ နေ့​အ​ချိန်​လည်း​ကုန်​ပါ ပြီ။ လူ​တို့​အား​ကျေး​ရွာ​များ​သို့​သွား​၍​အ​စား အ​စာ​ဝယ်​ယူ​နိုင်​ရန်​စေ​လွှတ်​တော်​မူ​ပါ'' ဟု လျှောက်​ထား​ကြ​၏။ \p \v 16 သ​ခင်​ယေ​ရှု​က ``ထို​သူ​တို့​သွား​ကြ​ရန်​မ​လို​ပါ။ သင်​တို့​ပင်​လျှင်​သူ​တို့​အား​စား​စ​ရာ​ပေး​ကြ လော့'' ဟု​မိန်​တော်​မူ​၏။ \p \v 17 တ​ပည့်​တော်​တို့​က ``အ​ကျွန်ုပ်​တို့​မှာ​မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​သာ​ရှိ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ လျှင်၊ \p \v 18 ကိုယ်​တော်​က ``ထို​မုန့်​နှင့်​ငါး​ကို​ငါ့​ထံ​သို့​ယူ​ခဲ့​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။- \v 19 ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​ကို​မြက်​ခင်း​ပေါ် တွင်​ထိုင်​စေ​တော်​မူ​၏။ ထို​နောက်​မုန့်​ငါး​လုံး​နှင့်​ငါး နှစ်​ကောင်​ကို​ယူ​၍​ကောင်း​ကင်​သို့​မျှော်​ကြည့်​လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ ပြီး​လျှင် မုန့်​များ​ကို​ဖဲ့​၍​တ​ပည့်​တော်​တို့​အား​ပေး တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း​လူ​တို့​အား ဝေ​ပေး​ကြ​၏။- \v 20 လူ​အ​ပေါင်း​တို့​သည်​အ​ဝ​စား​ရ​ကြ​သည်​သာ​မ​က မုန့်​နှင့်​ငါး​အ​ကြွင်း​အ​ကျန်​များ​ကို​ပင်​တစ်​ဆယ့် နှစ်​တောင်း​အ​ပြည့်​ကောက်​သိမ်း​ရ​သေး​၏။- \v 21 အ​မျိုး​သမီး​နှင့်​က​လေး​များ​မှ​အ​ပ​မုန့်​စား​သူ ယောကျာ်း​ဦး​ရေ​မှာ​ငါး​ထောင်​မျှ​ရှိ​သ​တည်း။ \s1 ရေ​ပေါ်​မှာ​လမ်း​လျှောက်​တော်​မူ​ခြင်း \r (မာ၊ ၆:၄၅-၅၂။ ယော၊ ၆:၁၅-၂၁။) \p \v 22 ထို​နောက်​ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား အိမ်​သို့​ပြန်​စေ​တော်​မူ​၏။ တစ်​ချိန်​တည်း​ပင် တပည့်​တော်​တို့​အား​လှေ​ပေါ်​သို့​တက်​စေ​၍ အိုင်​တစ်​ဖက်​သို့​ကူး​စေ​တော်​မူ​၏။- \v 23 လူ​အ​ပေါင်း​တို့​အား​အိမ်​သို့​ပြန်​စေ​ပြီး​နောက် ကိုယ်​တော်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​တောင်​ပေါ် ကို​တက်​တော်​မူ​၏။ ည​ချမ်း​အ​ချိန်​ရောက်​သော် ထို​အ​ရပ်​တွင်​တစ်​ကိုယ်​တည်း​ရှိ​နေ​တော်​မူ​သ​တည်း။- \v 24 တ​ပည့်​တော်​တို့​၏​လှေ​သည်​ကား​ကမ်း​နှင့်​များ​စွာ ဝေး​ကွာ​သွား​လေ​ပြီ။ လေ​ဆန်​ဖြစ်​သ​ဖြင့်​ထို​လှေ ကို​လှိုင်း​တံ​ပိုး​များ​ရိုက်​ခတ်​လျက်​ရှိ​၏။ \p \v 25 မိုး​သောက်​ယံ​အ​ချိန်​ခန့်​တွင်​ကိုယ်​တော်​သည်​ရေ​ပေါ် မှာ​စက်​တော်​ဖြန့်​၍​တ​ပည့်​တော်​တို့​ထံ​သို့​ကြွ​လာ တော်​မူ​၏။- \v 26 ဤ​သို့​ရေ​ပေါ်​မှာ​ကိုယ်​တော်​စက်​တော်​ဖြန့်​၍​ကြွ လာ​သည်​ကို​မြင်​လျှင်​တ​ပည့်​တော်​တို့​သည်​ထိတ် လန့်​ကာ ``တစ္ဆေ'' ဟု​အ​လန့်​တ​ကြား​ဟစ်​အော်​ကြ​၏။ \p \v 27 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``အား​မ​ငယ်​ကြ​နှင့်။ ငါ ပင်​ဖြစ်​သည်။ မ​ကြောက်​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။ \p \v 28 ပေ​တ​ရု​က ``သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ရှင်​ဖြစ်​ပါ​မူ၊ အ​ကျွန်ုပ်​သည်​ရေ​ပေါ်​မှာ​လျှောက်​၍​အ​ထံ​တော်​သို့ လာ​နိုင်​ရန်​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။ \p \v 29 ကိုယ်​တော်​က ``လာ​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​လျှင် ပေ​တ​ရု​သည်​လှေ​ပေါ်​က​ဆင်း​၍​ရေ​ပေါ်​တွင် လျှောက်​ကာ​သ​ခင်​ယေ​ရှု​ထံ​သို့​သွား​လေ​၏။- \v 30 သို့​ရာ​တွင်​သူ​သည်​လေ​အ​ဟုန်​ပြင်း​သည်​ကို မြင်​သော​အ​ခါ​ကြောက်​လန့်​၍​လာ​သ​ဖြင့်​ရေ နစ်​စ​ပြု​သည်​နှင့် ``သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ် အား​ကယ်​တော်​မူ​ပါ'' ဟု​ဟစ်​အော်​လေ​၏။ \p \v 31 ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​လက်​တော်​ကို​ဆန့်​၍ ပေ​တ​ရု​ကို​ဆွဲ​ကိုင်​တော်​မူ​ပြီး​လျှင် ``ယုံ​ကြည်​ခြင်း နည်း​လှ​ပါ​တ​ကား။ အ​ဘယ်​ကြောင့်​ယုံ​မှား​သနည်း'' ဟု​မိန့်​တော်​မူ​၏။ \p \v 32 ကိုယ်​တော်​နှင့်​ပေ​တ​ရု​တို့​လှေ​ပေါ်​သို့​ရောက် ကြ​သော​အ​ခါ​လေ​သည်​ငြိမ်​သွား​လေ​၏။- \v 33 လှေ​ထဲ​ရှိ​တပည့်​တော်​တို့​သည်​ကိုယ်​တော်​အား ဦး​ညွှတ်​ရှိ​ခိုး​လျက် ``အ​ရှင်​ကား​အ​ကယ်​ပင် ထာ​ဝ​ရ​ဘု​ရား​၏​သား​တော်​ဖြစ်​ပါ​၏'' ဟု လျှောက်​ထား​ကြ​၏။ \s1 ဖျား​နာ​သူ​များ​ကို​ဂင်​နေ​သ​ရက်​မြို့​တွင် ကျန်း​မာ​စေ​တော်​မူ​ခြင်း \r (မာ၊ ၆:၅၃-၅၆။) \p \v 34 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​အိုင်​တစ်​ဖက်​ကမ်း သို့​ကူး​ပြီး​နောက်​ဂင်​နေ​သ​ရက်​မြို့​တွင်​လှေ​ကို ဆိုက်​ကြ​၏။- \v 35 ထို​မြို့​သား​တို့​သည်​ကိုယ်​တော်​ကို​မှတ်​မိ​ကြ​သ​ဖြင့် ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​သို့​လူ​များ​စေ​လွှတ်​၍ ဖျား နာ​သူ​တို့​ကို​အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ကြ​၏။- \v 36 ထို​နောက်​ဖျား​နာ​သူ​တို့​အား​ကိုယ်​တော်​၏​အ​ဝတ် တော်​အ​မြိတ်​ကို​မျှ​တို့​ထိ​နိုင်​ခွင့်​ပြု​ရန်​တောင်း​ပန် ကြ​၏။ ဤ​သို့​တို့​ထိ​ရ​သူ​အ​ပေါင်း​တို့​သည်​လည်း ကျန်း​မာ​သွား​ကြ​၏။ \c 15 \s1 ရှေး​လူ​ကြီး​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ \r (မာ၊ ၇:၁-၁၃။) \p \v 1 ထို​အ​ခါ​ယေ​ရု​ရှ​လင်​မြို့​မှ​ဖာ​ရိ​ရှဲ​များ​နှင့် ကျမ်း​တတ်​ဆ​ရာ​များ​သည်​သ​ခင်​ယေ​ရှု​ထံ တော်​ကို​ရောက်​လာ​ကြ​၏။- \v 2 သူ​တို့​က ``အ​ရှင်​၏​တ​ပည့်​များ​သည်​အ​ဘယ် ကြောင့်​ရှေး​လူ​ကြီး​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ ကို​မ​လိုက်​နာ​ကြ​ပါ​သ​နည်း။ သူ​တို့​သည်​နည်း မှန်​အ​တိုင်း​လက်​မ​ဆေး​ဘဲ​စား​သောက်​ကြ​ပါ သည်​တ​ကား'' ဟု​လျှောက်​ထား​ကြ​၏။ \p \v 3 ကိုယ်​တော်​က ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဘု​ရား သ​ခင်​၏​ပ​ညတ်​တော်​တို့​ကို​ပစ်​ပယ်​၍ မိ​မိ​တို့​၏ ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက်​နာ​ကြ​ပါ​သ​နည်း။- \v 4 ဘု​ရား​သ​ခင်​က `သင်​၏​မိ​ဘ​ကို​ရို​သေ​မြတ်​နိုး လော့။ မိ​ဘ​ကို​ကျိန်​ဆဲ​သော​သူ​သည်​သေ​ဒဏ်​ခံ​စေ' ဟု​ပ​ညတ်​တော်​မူ​ခဲ့​၏။-\x + \xo 15:4 \xt ထွ၊ ၂၀:၁၂၊ ၂၁:၁၇။ တရား၊ ၅:၁၆။ ဝတ်၊ ၂၀:၉။\x* \v 5 သို့​ရာ​တွင်​သင်​တို့​သွန်​သင်​ကြ​သည်​ကား​ဤ​သို့ တည်း။ အ​ကယ်​၍​လူ​တစ်​ယောက်​၌​အ​ဖ​သို့​မ​ဟုတ် အ​မိ​အား​ထောက်​ပံ့​ရန်​ပစ္စည်း​တစ်​စုံ​တစ်​ရာ​ရှိ သော်​လည်း ယင်း​ပစ္စည်း​ကို​ဘု​ရား​သ​ခင်​အ​ဖို့​လှူ ပြီး​ပစ္စည်း​ဖြစ်​သည်​ဟု​ဆို​လျှင်၊- \v 6 ထို​သူ​သည်​မိ​ဘ​အား​ထောက်​ပံ့​ရန်​မ​လို​ဟု​သင် တို့​သွန်​သင်​ကြ​၏။ ဤ​သို့​လျှင်​သင်​တို့​သည်​မိ​မိ တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက်​နာ​ရန်​ဘု​ရား သ​ခင်​၏​ပ​ညတ်​တော်​ကို​ပစ်​ပယ်​ကြ​၏။- \v 7 အ​ချင်း​ကြောင်​သူ​တော်​တို့၊ သင်​တို့​နှင့်​ပတ်​သက်​၍ ဘု​ရား​သ​ခင်​သည်​ဟေ​ရှာ​ယ​အား​ဖြင့်၊ \q1 \v 8 `ဤ​လူ​မျိုး​သည်​ငါ့​အား​နှုတ်​ဖြင့်​ဂုဏ်​ပြု​ချီး​ကူး ကြ​၏။ \q2 သူ​တို့​၏​စိတ်​နှ​လုံး​မူ​ကား​ငါ​နှင့်​ဝေး​လှ​၏။ \q1 သူ​တို့​သည်​လူ့​ပ​ညတ်​များ​ကို​ဘု​ရား​ပေး​ပ​ညတ် သ​ဖွယ် သင်​ကြား​ပို့​ချ​ကြ​၏။\x + \xo 15:8 \xt ဟေရှာ၊ ၂၉:၁၃။\x* \q1 \v 9 သို့​ဖြစ်​၍​ငါ့​အား​သူ​တို့​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​သည် \q2 အ​ချည်း​နှီး​ဖြစ်​၏' ဟု​မိန့်​ကြား​ခဲ့​သည်​မှာ​မှန်​လှ​၏'' \m ဟု​မိန့်​တော်​မူ​၏။ \s1 လူ​ကို​ညစ်​ညမ်း​စေ​သည့်​အ​ရာ​များ \r (မာ၊ ၇:၁၄-၂၃။) \p \v 10 ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​အား​အ​ထံ​တော် သို့​ခေါ်​တော်​မူ​ပြီး​လျှင် ``ငါ့​စ​ကား​ကို​သင်​တို့ နာ​ယူ​သိ​မှတ်​ကြ​ကုန်​လော့။- \v 11 လူ​ကို​ညစ်​ညမ်း​စေ​သည့်​အ​ရာ​ကား​ခံ​တွင်း​သို့ ဝင်​သည့်​အ​ရာ​မ​ဟုတ်။ ခံ​တွင်း​မှ​ထွက်​သည့်​အ​ရာ သာ​လျှင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​သည်။ \p \v 12 တ​ပည့်​တော်​တို့​သည်​အ​ထံ​တော်​သို့​လာ​၍ ``အ​ရှင် မိန့်​တော်​မူ​သော​စ​ကား​ကြောင့်​ဖာ​ရိ​ရှဲ​တို့​စိတ်​ဆိုး ကြ​သည်​ကို​သိ​တော်​မူ​ပါ​သ​လော'' ဟု​လျှောက် ထား​ကြ​၏။ \p \v 13 ကိုယ်​တော်​က ``ကောင်း​ကင်​ဘုံ​ရှင်၊ ငါ​၏​အ​ဖ​စိုက်​ပျိုး တော်​မ​မူ​သည့်​အ​ပင်​ရှိ​သ​မျှ​သည်​နုတ်​ပစ်​ခြင်း ကို​ခံ​ရ​လိမ့်​မည်။- \v 14 သို့​ဖြစ်​၍​ထို​သူ​တို့​အ​တွက်​ကြောင့်​စိတ်​မ​ပူ​ကြ နှင့်၊ သူ​တို့​သည်​မျက်​မ​မြင်​များ​ကို​လမ်း​ပြ​သည့် သူ​ကန်း​များ​ဖြစ်​ကြ​၏။ မျက်​မ​မြင်​တစ်​ယောက် က​အ​ခြား​မျက်​မ​မြင်​တစ်​ယောက်​အား​လမ်း​ပြ ပါ​မူ​သူ​တို့​နှစ်​ယောက်​စ​လုံး​ပင်​တွင်း​ထဲ​သို့​ကျ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။\x + \xo 15:14 \xt လု၊ ၆:၃၉။\x* \p \v 15 ပေ​တ​ရု​က ``ထို​ပုံ​ဥ​ပ​မာ​ကို​အ​ကျွန်ုပ်​တို့​အား ရှင်း​ပြ​တော်​မူ​ပါ'' ဟု​လျှောက်​၏။ \p \v 16 ကိုယ်​တော်​က ``သင်​တို့​ပင်​လျှင်​ယ​ခု​တိုင်​အောင် အ​သိ​ဉာဏ်​ကင်း​မဲ့​လျက်​ရှိ​နေ​ကြ​သေး​သ​လော။- \v 17 ခံ​တွင်း​သို့​ဝင်​သော​အ​ရာ​ဟူ​သ​မျှ​သည်​အ​စာ အိမ်​သို့​ရောက်​ပြီး​နောက် အိမ်​သာ​တွင်း​သို့​သက်​ဆင်း သွား​သည်​ကို​သင်​တို့​မ​သိ​ပါ​သ​လော။- \v 18 ခံ​တွင်း​က​ထွက်​သည့်​အ​ရာ​မူ​ကား​စိတ်​နှ​လုံး ထဲ​မှ​ထွက်​လာ​သော​အ​ရာ​ဖြစ်​၏။ ထို​အ​ရာ​မျိုး သည်​လူ​ကို​ညစ်​ညမ်း​စေ​၏။-\x + \xo 15:18 \xt မ၊ ၁၂:၃၄။\x* \v 19 လူ့​အ​သက်​ကို​သတ်​ခြင်း၊ သူ့​အိမ်​ရာ​ကို​ပြစ်​မှား ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊ သူ့​ဥစ္စာ​ကို​ခိုး​ခြင်း၊ မ​မှန်​သော​သက်​သေ​ကို​ခံ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း​အ​စ​ရှိ​သည့်​ညစ်​ညမ်း​သည့်​အ​ကြံ အ​စည်​များ​သည်​စိတ်​နှ​လုံး​ထဲ​မှ​ထွက်​လာ​၏။- \v 20 ဤ​အ​ရာ​များ​သည်​လူ​ကို​ညစ်​ညမ်း​စေ​ကြ​၏။ လက်​မ​ဆေး​ဘဲ​အ​စား​အ​စာ​စား​ခြင်း​က​လူ ကို​ညစ်​ညမ်း​စေ​သည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ \s1 အ​မျိုး​သ​မီး​တစ်​ဦး​၏​ယုံ​ကြည်​ခြင်း \r (မာ၊ ၇:၂၄-၃၀။) \p \v 21 သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော်​မူ ၍ တု​ရု​နှင့်​ဇိ​ဒုန်​နယ်​များ​သို့​ကြွ​တော်​မူ​၏။- \v 22 ထို​ဒေသ​တွင်​နေ​ထိုင်​သူ​ခါ​နာန်​အ​မျိုး​သ​မီး တစ်​ယောက်​သည်​အ​ထံ​တော်​သို့​လာ​ပြီး​လျှင် ``အ​ရှင်၊ ဒါ​ဝိဒ်​၏​သား​တော်၊ ကျွန်​မ​ကို​သ​နား တော်​မူ​ပါ။ ကျွန်​မ​၏​သ​မီး​သည်​နတ်​မိစ္ဆာ​ပူး ဝင်​နေ​သ​ဖြင့်​ပြင်း​ပြ​စွာ​ဝေ​ဒ​နာ​ခံ​လျက် နေ​ပါ​သည်'' ဟု​လျှောက်​၏။ \p \v 23 သို့​ရာ​တွင်​ကိုယ်​တော်​သည်​မည်​သို့​မျှ​ဖြေ​ကြား တော်​မ​မူ။ တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​အ​နီး သို့​လာ​၍ ``ဤ​အ​မျိုး​သ​မီး​သည်​အ​ကျွန်ုပ်​တို့​၏ နောက်​က​လိုက်​၍​ဟစ်​အော်​နေ​ပါ​သည်။ သူ့​အား နှင်​ပစ်​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။ \p \v 24 ထို​အ​ခါ​ကိုယ်​တော်​က ``ငါ​သည်​ပျောက်​နေ​သော သိုး​စု​ဖြစ်​သည့်​ဣသ​ရေ​လ​အ​မျိုး​သား​များ​အ​တွက် သာ​လျှင်​လာ​ရောက်​ခြင်း​ဖြစ်​သည်'' ဟု​ဖြေ​ကြား တော်​မူ​၏။ \p \v 25 ထို​အ​ခါ​၎င်း​အ​မျိုး​သ​မီး​သည်​ရှေ့​တော်​သို့​လာ ရောက်​ပျပ်​ဝပ်​လျက် ``အ​ရှင်၊ ကျွန်​မ​ကို​ကူ​မ​တော် မူ​ပါ'' ဟု​လျှောက်​၏။ \p \v 26 ကိုယ်​တော်​က ``သား​သ​မီး​တို့​၏​အ​စား​အ​စာ​ကို ယူ​၍​ခွေး​တို့​အား​မ​ကျွေး​အပ်'' ဟု​မိန့်​တော်​မူ​လျှင်၊ \p \v 27 အ​မျိုး​သ​မီး​က ``မှန်​ပါ​၏​အ​ရှင်၊ ခွေး​များ​ပင် လျှင်​မိ​မိ​တို့​သ​ခင်​၏​စား​ပွဲ​မှ​ကျ​သည့်​စား​ကြွင်း စား​ကျန်​များ​ကို​စား​ရ​ကြ​ပါ​၏'' ဟု​လျှောက်​၏။ \p \v 28 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း​သည်​အား​ကြီး​စွ​တ​ကား။ သင် ဆန္ဒ​ရှိ​သည်​အ​တိုင်း​ဖြစ်​စေ'' ဟု​မိန့်​တော်​မူ​၏။ ထို အ​ချိန်​မှ​စ​၍​ထို​အ​မျိုး​သ​မီး​၏​သ​မီး​သည် ရော​ဂါ​ပျောက်​လေ​၏။ \s1 လူ​မ​မာ​အ​မြောက်​အ​မြား​ကို ကျန်း​မာ​စေ​တော်​မူ​ခြင်း \p \v 29 သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​ခွာ​၍​ဂါ​လိ လဲ​အိုင်​ကမ်း​ခြေ​တစ်​လျှောက်​ကြွ​တော်​မူ​၏။ ထို နောက်​တောင်​ကုန်း​တစ်​ခု​ပေါ်​သို့​တက်​၍​ထိုင်​တော် မူ​၏။- \v 30 လူ​ပ​ရိ​သတ်​များ​သည်​ခြေ​မ​စွမ်း​မ​သန်​သူ​များ၊ မျက်​မ​မြင်​များ၊ ကိုယ်​အင်္ဂါ​ချို့​တဲ့​သူ​များ​ဆွံ့​အ သူ​များ​နှင့်​အ​ခြား​ရော​ဂါ​သည်​များ​ကို​ခေါ်​ဆောင် ကာ​ကိုယ်​တော်​၏​ခြေ​တော်​ရင်း​တွင်​ချ​ထား​ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​နာ​တို့​၏​ရော​ဂါ​များ​ကို ပျောက်​ကင်း​စေ​တော်​မူ​၏။- \v 31 ဆွံ့​အ​သူ​များ​စ​ကား​ပြော​ကြ​သည်​ကို​လည်း ကောင်း၊ ကိုယ်​အင်္ဂါ​ချို့​တဲ့​သူ​များ​အ​ကောင်း​ပ​က​တိ ဖြစ်​လာ​သည်​ကို​လည်း​ကောင်း၊ ခြေ​မ​စွမ်း​သူ​များ လမ်း​လျှောက်​ကြ​သည်​ကို​လည်း​ကောင်း၊ မျက်​မ​မြင် များ​မျက်​စိ​မြင်​ကြ​သည်​ကို​လည်း​ကောင်း​တွေ့​မြင် ကြ​သော​အ​ခါ လူ​ပ​ရိ​သတ်​တို့​သည်​လွန်​စွာ အံ့​သြ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​ကူး​ကြ​ကုန်​၏။ \s1 လူ​လေး​ထောင်​ကို​ကျွေး​မွေး​တော်​မူ​ခြင်း \r (မာ၊ ၈:၁-၁၀။) \p \v 32 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အား​အ​ထံ တော်​သို့​ခေါ်​ဆောင်​တော်​မူ​ပြီး​လျှင် ``ဤ​လူ အ​ပေါင်း​တို့​သည်​ငါ​နှင့်​အ​တူ​သုံး​ရက်​တိုင်​တိုင် နေ​ခဲ့​ကြ​၏။ သူ​တို့​မှာ​အ​စား​အ​စာ​မ​ရှိ​ကြ တော့​သ​ဖြင့်​သူ​တို့​ကို​ငါ​သ​နား​၏။ လမ်း​တွင် အား​ပြတ်​မည်​စိုး​ရိမ်​ရ​သ​ဖြင့်​သူ​တို့​အား အ​စား​အ​စာ​မ​ကျွေး​ဘဲ​အိမ်​သို့​မ​ပြန်​စေ လို'' ဟု​မိန့်​တော်​မူ​၏။ \p \v 33 တ​ပည့်​တော်​တို့​က ``ဤ​မျှ​ကြီး​မား​သည့်​လူ​ပ​ရိ သတ်​စား​လောက်​အောင်​အ​စား​အ​စာ​များ​ကို အ​ကျွန်ုပ်​တို့​သည်​ဤ​တော​ကန္တာ​ရ​တွင်​အ​ဘယ် သို့​ရ​နိုင်​ပါ​မည်​နည်း'' ဟု​လျှောက်​ကြ​လျှင်၊ \p \v 34 သ​ခင်​ယေ​ရှု​က ``သင်​တို့​တွင်​မုန့်​မည်​မျှ​ရှိ သ​နည်း'' ဟု​မေး​တော်​မူ​သော်၊ \p ``မုန့်​ခု​နစ်​လုံး​နှင့်​ငါး​အ​နည်း​ငယ်​ရှိ​ပါ​သည်'' ဟု​ပြန်​လျှောက်​ကြ​၏။ \p \v 35 ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​ကို​မြေ​ပေါ်​တွင် ထိုင်​ရန်​အ​မိန့်​ပေး​တော်​မူ​၏။- \v 36 မုန့်​ခု​နစ်​လုံး​နှင့်​ငါး​ကို​ယူ​၍​ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ​၏။ ထို​နောက်​မုန့် နှင့်​ငါး​ကို​ဖဲ့​၍​တ​ပည့်​တော်​တို့​အား​ပေး​တော် မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း​လူ​ပ​ရိ​သတ် တို့​အား​တစ်​ဆင့်​ပေး​ဝေ​ကြ​၏။- \v 37 လူ​တို့​သည်​အ​ဝ​စား​ရ​ကြ​၏။ စား​ကြွင်း​စား ကျန်​များ​ကို​တောင်း​ကြီး​ခု​နစ်​တောင်း​အ​ပြည့် ကောက်​သိမ်း​ကြ​ရ​၏။- \v 38 မုန့်​စား​သူ​ဦး​ရေ​ကား​အ​မျိုး​သ​မီး​နှင့်​က​လေး များ​မှ​အ​ပ​လေး​ထောင်​ခန့်​ရှိ​သ​တည်း။ \p \v 39 ထို​နောက်​ကိုယ်​တော်​သည်​လူ​တို့​အား​မိ​မိ​ရပ်​ရွာ သို့​ပြန်​စေ​တော်​မူ​ပြီး​နောက် လှေ​စီး​၍​မာ​ဂ ဒါ​လ​နယ်​သို့​ကြွ​တော်​မူ​၏။ \c 16 \s1 နိ​မိတ်​လက္ခ​ဏာ​တောင်း​ဆို​ကြ​ခြင်း \r (မာ၊ ၈:၁၁-၁၃။ လု၊ ၁၂:၅၄-၅၆။) \p \v 1 ဖာ​ရိ​ရှဲ​များ​နှင့်​ဇဒ္ဒု​ကဲ​များ​သည်​အ​ထံ​တော် သို့​လာ​၍​ကိုယ်​တော်​အား​ပ​ရိ​ယာယ်​ဆင်​လျက် ``ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​အား​စေ​လွှတ် တော်​မူ​ကြောင်း​သိ​နိုင်​ရန်​နိ​မိတ်​လက္ခ​ဏာ​ကို ပြ​တော်​မူ​ပါ'' ဟု​တောင်း​ဆို​ကြ​၏။-\x + \xo 16:1 \xt မ၊ ၁၂:၃၈။ လု၊ ၁၁:၁၆။\x* \v 2 ကိုယ်​တော်​က ``နေ​ဝင်​ချိန်​၌​မိုး​တိမ်​နီ​လျှင် ရာ​သီ​ဥ​တု​သာ​ယာ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊- \v 3 နံ​နက်​ချိန်​၌​မိုး​တိမ်​နီ​၍​အုံ့​မှိုင်း​နေ​လျှင်​မိုး​ရွာ လိမ့်​မည်​ဟူ​၍​လည်း​ကောင်း​သင်​တို့​ပြော​တတ်​ကြ​၏။ သင်​တို့​သည်​မိုး​ကောင်း​ကင်​ကို​ကြည့်​ခြင်း​အား​ဖြင့် မိုး​လေ​ဝ​သ​၏​အ​ခြေ​အ​နေ​ကို​သိ​နိုင်​ကြ​ပါ လျက် မျက်​မှောက်​ခေတ်​ကာ​လ​၏​အ​ရိပ်​အ​ခြေ​ကို မူ​ပိုင်း​ခြား​၍​မ​သိ​နိုင်​ကြ​ပါ​သ​လော။- \v 4 ဤ​ခေတ်​လူ​တို့​သည်​အ​လွန်​ဆိုး​ညစ်​၍​ဘု​ရား သ​ခင်​ကို​ယုံ​ကြည်​ခြင်း​ကင်း​မဲ့​ကြ​ပါ​သည် တ​ကား။ သင်​တို့​သည်​နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း ဆို​ကြ​၏။ သို့​ရာ​တွင်​ယော​န​၏​နိ​မိတ်​လက္ခ​ဏာ မှ​တစ်​ပါး​အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ​မျှ​သင်​တို့ တွေ့​မြင်​ရ​ကြ​လိမ့်​မည်​မဟုတ်'' ဟု​မိန့်​တော်​မူ​၏။ \p ထို​နောက်​ကိုယ်​တော်​သည်​ထို​သူ​တို့​ထံ​မှ​ထွက် ခွာ​သွား​တော်​မူ​၏။\x + \xo 16:4 \xt မ၊ ၁၂:၃၉။ လု၊ ၁၁:၂၉။\x* \s1 ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒု​ကဲ​တို့​၏​တ​ဆေး \r (မာ၊ ၈:၁၄-၂၁။) \p \v 5 တ​ပည့်​တော်​တို့​သည်​အိုင်​တစ်​ဖက်​ကမ်း​သို့​ရောက် ကြ​၏။ သူ​တို့​သည်​အ​စား​အ​စာ​များ​ကို​မ​ယူ ခဲ့​မိ​ကြ။- \v 6 သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒုကဲ တို့​၏​တ​ဆေး​ကို​သ​တိ​နှင့်​ရှောင်​ကြဉ်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။\x + \xo 16:6 \xt လု၊ ၁၂:၁။\x* \p \v 7 တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​၌​စား​စ​ရာ​မ​ပါ လာ​သည့်​အ​တွက်​ဤ​သို့​ကိုယ်​တော်​မိန့်​တော်​မူ​ခြင်း ဖြစ်​သည်​ဟု​အ​ချင်း​ချင်း​ပြော​ဆို​လျက်​နေ​ကြ​၏။ \p \v 8 ယင်း​သို့​ပြော​ဆို​နေ​သည်​ကို​သ​ခင်​ယေ​ရှု​သိ​တော် မူ​သ​ဖြင့် ``သင်​တို့​သည်​အ​စား​အ​စာ​မ​ပါ​သည် ကို​အ​ဘယ်​ကြောင့်​ဆွေး​နွေး​နေ​ကြ​သ​နည်း။- \v 9 ယုံ​ကြည်​ခြင်း​အား​နည်း​သူ​တို့၊ ယ​ခု​တိုင်​အောင် ပင်​မ​သိ​နား​မ​လည်​နိုင်​ကြ​သ​လော။-\x + \xo 16:9 \xt မ၊ ၁၄:၁၇-၂၁။\x* \v 10 မုန့်​ငါး​လုံး​ကို​လူ​ငါး​ထောင်​စား​၍​ဘယ်​နှစ်​တောင်း ကောက်​သိမ်း​ရ​သည်​ကို​သင်​တို့​သ​တိ​မ​ရ​ကြ​ပါ သ​လော။ မုန့်​ခု​နစ်​လုံး​ကို​လူ​လေး​ထောင်​စား​၍​ဘယ် နှစ်​တောင်း​ကောက်​သိမ်း​ရ​သည်​ကို​လည်း​သ​တိ​မ​ရ ကြ​ပါ​သ​လော။ အ​စား​အ​စာ​နှင့်​ပတ်​သက်​၍ ငါ​ပြော​ဆို​နေ​ခြင်း​မ​ဟုတ်​ကြောင်း​ကို​သင်​တို့ အ​ဘယ်​ကြောင့်​နား​မ​လည်​ကြ​သ​နည်း။-\x + \xo 16:10 \xt မ၊ ၁၅:၃၄-၃၈။\x* \v 11 ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒု​ကဲ​တို့​၏​တ​ဆေး​ကို​ရှောင်​ကြဉ် ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 12 ထို​အ​ခါ​တ​ပည့်​တော်​တို့​သည်​မုန့်​လုပ်​တ​ဆေး ကို​ရှောင်​ကြဉ်​ရန်​မ​ဟုတ်​ဘဲ​ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒု​ကဲ တို့​၏​သွန်​သင်​ချက်​များ​ကို​မ​လိုက်​နာ​ရန် ကိုယ်​တော်​သ​တိ​ပေး​တော်​မူ​ကြောင်း​နား​လည် ကြ​၏။ \s1 သ​ခင်​ယေ​ရှု​အ​ကြောင်း​ပေ​တ​ရု ထုတ်​ဖော်​ဝန်​ခံ​ချက် \r (မာ၊ ၈:၂၇-၃၀။ လု၊ ၉:၁၈-၂၁။) \p \v 13 သ​ခင်​ယေ​ရှု​သည်​ကဲ​သ​ရိ​ဖိ​လိ​ပ္ပိ​နယ်​သို့​ရောက် ရှိ​တော်​မူ​သော​အ​ခါ​တ​ပည့်​တော်​တို့​အား ``လူ တို့​သည်​ငါ့​ကို​အ​ဘယ်​သူ​ဖြစ်​သည်​ဟု​ပြော​ဆို ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p \v 14 ``လူ​အ​ချို့​က​အ​ရှင်​သည်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည်။ အ​ချို့​က​ဧ​လိ​ယ​ဖြစ်​သည်။ အ​ချို့​က ယေ​ရ​မိ​သို့​မ​ဟုတ်​အ​ခြား​ပ​ရော​ဖက်​တစ်​ပါး ပါး​ဖြစ်​သည်​ဟု​ပြော​ဆို​ကြ​ပါ​သည်'' ဟု​လျှောက် ကြ​၏။\x + \xo 16:14 \xt မ၊ ၁၄:၁-၂။ မာ၊ ၆:၁၄-၁၅။ လု၊ ၉:၇-၈။\x* \p \v 15 ကိုယ်​တော်​က ``သင်​တို့​က​မူ​ငါ့​ကို​အ​ဘယ်​သူ​ဟု ဆို​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ \p \v 16 ပေ​တ​ရု​က ``အ​ရှင်​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​သား​တော်​တည်း​ဟူ​သော​ခ​ရစ် တော်​ဖြစ်​ပါ​သည်'' ဟု​လျှောက်​လေ​၏။\x + \xo 16:16 \xt ယော၊ ၆:၆၈-၆၉။\x* \p \v 17 သ​ခင်​ယေ​ရှု​က ``ယော​ဟန်​၏​သား​ရှိ​မုန်၊ သင်​သည် မင်္ဂလာ​ရှိ​၏။ ဤ​အ​ကြောင်း​ကို​သာ​မန်​လူ​တစ်​ယောက် အ​နေ​ဖြင့်​သင်​မ​သိ​နိုင်။ ကောင်း​ကင်​ဘုံ​ရှင်​ငါ​၏ ခ​မည်း​တော်​က​ဖော်​ပြ​တော်​မူ​၍​သာ​သင်​သိ သ​တည်း။- \v 18 ထို့​ကြောင့်​သင်​၏​နာ​မည်​သည်​ကျောက်​ဟု​အ​နက် ရှိ​သော​ပေ​တ​ရု​ဖြစ်​၍​ထို​ကျောက်​တည်း​ဟူ​သော အုတ်​မြစ်​ပေါ်​မှာ​ငါ​၏​အ​သင်း​တော်​ကို​တည်​ဆောက် မည်။ သေ​ခြင်း​တ​ရား​ပင်​လျှင်​ထို​အ​သင်း​တော်​ကို မ​နိုင်​ရ။- \v 19 ငါ​သည်​သင့်​အား​ကောင်း​ကင်​နိုင်​ငံ​တော်​၏​သော့ များ​ကို​ပေး​အပ်​မည်။ လော​က​တွင်​သင်​တား​မြစ် သ​မျှ​ကို​ဘု​ရား​သ​ခင်​သည်​ကောင်း​ကင်​ဘုံ​တွင် လည်း​တား​မြစ်​တော်​မူ​မည်။ လော​က​တွင်​သင်​ခွင့် ပြု​သ​မျှ​ကို​ကောင်း​ကင်​ဘုံ​တွင်​လည်း​ခွင့်​ပြု တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။\x + \xo 16:19 \xt မ၊ ၁၈:၁၈။ ယော၊ ၂၀:၂၃။\x* \p \v 20 ထို​နောက်​ကိုယ်​တော်​သည်​မိ​မိ​ခ​ရစ်​တော်​ဖြစ်​တော် မူ​ကြောင်း​ကို​အ​ဘယ်​သူ​အား​မျှ​မ​ပြော​ရန်​တပည့် တော်​တို့​အား​ပ​ညတ်​တော်​မူ​၏။ \s1 ခံ​ရ​မည့်​ဝေ​ဒ​နာ​တော်​နှင့် အ​သေ​ခံ​တော်​မူ​ရ​မည့်​အ​ကြောင်း​များ​ကို ဖော်​ပြ​တော်​မူ​ခြင်း \r (မာ၊ ၈:၃၁-၉:၁။ လု၊ ၉:၂၂-၂၇။) \p \v 21 သ​ခင်​ယေ​ရှု​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍ ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော​ဟိတ် ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​၏​လက် တွင်​ဒုက္ခ​ဝေ​ဒ​နာ​ခံ​တော်​မူ​ရ​မည့်​အ​ကြောင်း ကို​လည်း​ကောင်း၊ သုံး​ရက်​မြောက်​သော​နေ့​၌​သေ ခြင်း​မှ​ထ​မြောက်​တော်​မူ​မည့်​အ​ကြောင်း​ကို လည်း​ကောင်း​တ​ပည့်​တော်​တို့​အား​ထို​အ​ချိန် မှ​စ​၍​ပွင့်​လင်း​စွာ​ဖော်​ပြ​တော်​မူ​၏။ \p \v 22 ပေ​တ​ရု​သည်​ကိုယ်​တော်​အား​မ​လှမ်း​မ​ကမ်း​နေ​ရာ သို့​ပင့်​ဖိတ်​ပြီး​လျှင် ``သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ရှင် ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ​များ​မ​ဖြစ်​ပျက်​စေ ရန်​ဘုရား​သ​ခင်​ဆီး​တား​တော်​မူ​ပါ​စေ​သော။ ကိုယ်​တော်​ရှင်​သည်​ထို​အ​မှု​အ​ရာ​များ​နှင့် အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြုံ​မ​တွေ့​ရ​ပါ​စေ​နှင့်'' ဟု​ပြစ်​တင်​လျှောက်​ထား​၏။ \p \v 23 ကိုယ်​တော်​သည်​လှည့်​၍​ပေ​တ​ရု​အား ``အ​ချင်း စာ​တန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည်​ငါ့ အ​တွက်​ဆူး​ငြောင့်​ခ​လုတ်​သ​ဖွယ်​ဖြစ်​၏။ သင် သည်​ဘု​ရား​သ​ခင်​၏​ရှု​ထောင့်​က​မ​တွေး၊ လူ ၏​ရှု​ထောင့်​က​သာ​တွေး​၏'' ဟု​မိန့်​တော်​မူ​သည်။ \p \v 24 ထို​နောက်​သ​ခင်​ယေ​ရှု​က ``ငါ့​တ​ပည့်​ဖြစ်​လို​သူ သည်​ကိုယ်​ကျိုး​ကို​စွန့်​ရ​မည်။ ကိုယ့်​လက်​ဝါး​ကပ် တိုင်​ကို​ထမ်း​၍​ငါ့​နောက်​သို့​လိုက်​ရ​မည်။-\x + \xo 16:24 \xt မ၊ ၁၀:၃၈။ လု၊ ၁၄:၂၇။\x* \v 25 မိ​မိ​အ​သက်​ကို​ကယ်​လို​သူ​သည်​အ​သက်​ဆုံး​ရှုံး​ရ လိမ့်​မည်။ ငါ​၏​အ​တွက်​အ​သက်​ဆုံး​ရှုံး​ရ​သူ​သည် အ​သက်​ကို​ရ​လိမ့်​မည်။-\x + \xo 16:25 \xt မ၊ ၁၀:၃၉။ လု၊ ၁၇:၃၃။ ယော၊ ၁၂:၂၅။\x* \v 26 လူ​သည်​လော​က​တစ်​ခု​လုံး​ကို​အ​စိုး​ရ​သော်​လည်း မိ​မိ​၏​အ​သက်​ဆုံး​ရှုံး​လျှင်​အ​ဘယ်​အ​ကျိုး​ရှိ မည်​နည်း။ မိ​မိ​၏​အ​သက်​ကို​အ​ဘယ်​အ​ရာ​နှင့် လဲ​လှယ်​နိုင်​မည်​နည်း။- \v 27 လူ​သား​သည်​ခ​မည်း​တော်​၏​ဘုန်း​အ​သ​ရေ​ကို ဆောင်​လျက်​ကောင်း​ကင်​တ​မန်​များ​နှင့်​အ​တူ ကြွ​လာ​တော်​မူ​လတ္တံ့။ ထို​အ​ခါ​လူ​အ​ပေါင်း​တို့ အား​မိ​မိ​တို့​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ဆပ်​ပေး​တော်​မူ​လိမ့်​မည်။-\x + \xo 16:27 \xt မ၊ ၂၅:၃၁။ ဆာ၊ ၆၂:၁၂။ ရော၊ ၂:၆။\x* \v 28 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​ဤ အ​ရပ်​ရှိ​လူ​အ​ချို့​တို့​သည် လူ​သား​အား​ဘု​ရင် အ​ဖြစ်​နှင့်​ကြွ​လာ​တော်​မူ​သည်​ကို​မ​မြင်​မီ မ​သေ​ရ​ကြ'' ဟု​မိန့်​တော်​မူ​၏။ \c 17 \s1 အ​ဆင်း​သဏ္ဌာန်​ပြောင်း​လဲ​တော်​မူ​ခြင်း \r (မာ၊ ၉:၂-၁၃။ လု၊ ၉:၂၈-၃၆။) \p \v 1 ခြောက်​ရက်​မျှ​ကြာ​သော်​သ​ခင်​ယေ​ရှု​သည်​ပေ​တ​ရု၊ ယာ​ကုပ်၊ ယာ​ကုပ်​၏​ညီ​ယော​ဟန်​တို့​ကို​မြင့်​သော တောင်​ပေါ်​သို့​ခေါ်​ဆောင်​သွား​တော်​မူ​၏။ အ​ခြား မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ပါ​ချေ။-\x + \xo 17:1 \xt ၂ပေ၊ ၁:၁၇-၁၈။\x* \v 2 သူ​တို့​၏​ရှေ့​တွင်​ကိုယ်​တော်​၏​အ​ဆင်း​သဏ္ဌာန်​တော် သည်​ပြောင်း​လဲ​သွား​၏။ မျက်​နှာ​တော်​သည်​နေ​ကဲ့ သို့​တောက်​ပ​လျက်​အ​ဝတ်​တော်​များ​သည်​လည်း အ​လင်း​ကဲ့​သို့​ဖြူ​လျက်​နေ​၏။- \v 3 ထို​နောက်​မော​ရှေ​နှင့်​ဧလိယ​ပေါ်​လာ​၍​ကိုယ်​တော် နှင့်​စ​ကား​ပြော​လျက်​နေ​ကြ​သည်​ကို​တွေ့​မြင် ကြ​၏။- \v 4 ထို​အ​ခါ​ပေ​တ​ရု​က ``အ​ရှင်​ဘု​ရား၊ ဤ​အ​ရပ် တွင်​နေ​ဖွယ်​ကောင်း​ပါ​၏။ အ​ရှင်​အ​လို​တော်​ရှိ လျှင်​အ​ရှင့်​အ​တွက်​တဲ​တစ်​ဆောင်၊ မော​ရှေ​အ​တွက် တစ်​ဆောင်၊ ဧ​လိ​ယ​အ​တွက်​တစ်​ဆောင်၊ တဲ​သုံး ဆောင်​ကို​အ​ကျွန်ုပ်​ဆောက်​လုပ်​ပါ​မည်'' ဟု​လျှောက် ထား​၏။ \p \v 5 ဤ​သို့​ပေ​တ​ရု​လျှောက်​ထား​စဉ်​ပင်​တောက်​ပ​သော မိုး​တိမ်​တိုက်​တစ်​ခု​၏​အ​ရိပ်​သည်​သူ​တို့​အ​ပေါ် သို့​ကျ​လာ​၏။ မိုး​တိမ်​တိုက်​ထဲ​မှ ``ဤ​သူ​ကား ငါ​နှစ်​သက်​မြတ်​နိုး​ရာ​ငါ​၏​ချစ်​သား​ပေ​တည်း။ သူ့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏။ သူ​၏​စ​ကား​ကို နား​ထောင်​ကြ​လော့'' ဟု​အ​သံ​တော်​ထွက်​ပေါ် လာ​၏။\x + \xo 17:5 \xt က၊ ၂၂:၂။ တရား၊ ၁၈:၁၅။ ဆာ၊ ၂:၇။ ဟေရှာ၊ ၄၂:၁။ မ၊ ၃:၁၇၊ ၁၂:၁၈။ မာ၊ ၁:၁၁။ လု၊ ၃:၂၂။\x* \p \v 6 ထို​အ​သံ​ကို​တ​ပည့်​တော်​တို့​ကြား​သော​အ​ခါ လွန်​စွာ​ကြောက်​လန့်​၍​ပျပ်​ဝပ်​လျက်​နေ​ကြ​၏။- \v 7 သခင်​ယေ​ရှု​သည်​ကြွ​လာ​တော်​မူ​၍​သူ​တို့​ကို လက်​ဖြင့်​တို့​ထိ​ပြီး​လျှင် ``ထ​ကြ။ မ​ကြောက် ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။- \v 8 သူ​တို့​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​သ​ခင် ယေ​ရှု​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​သူ​ကို​မျှ မ​တွေ့​မ​မြင်​ကြ​တော့​ချေ။ \p \v 9 ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​တောင် ပေါ်​မှ​ဆင်း​ကြ​၏။ ထို​သို့​ဆင်း​ကြ​စဉ်​သ​ခင်​ယေ​ရှု က ``သင်​တို့​တွေ့​မြင်​ခဲ့​ကြ​သည့်​အ​ခြင်း​အ​ရာ​ကို လူ​သား​သေ​ခြင်း​မှ​မ​ထ​မြောက်​မီ​အ​ဘယ်​သူ အား​မျှ​မ​ပြော​ကြ​နှင့်'' ဟု​တ​ပည့်​တော်​တို့​အား ပ​ညတ်​တော်​မူ​၏။ \p \v 10 တ​ပည့်​တော်​တို့​က ``ဦး​စွာ​ပ​ထ​မ​ဧ​လိ​ယ ကြွ​လာ​မည်​ဟု​ကျမ်း​တတ်​ဆ​ရာ​တို့​အ​ဘယ် ကြောင့်​ဆို​ပါ​သ​နည်း'' ဟု​ကိုယ်​တော်​အား​မေး လျှောက်​ကြ​၏။\x + \xo 17:10 \xt မာလ၊ ၄:၅။\x* \p \v 11 ကိုယ်​တော်​က ``ဦး​စွာ​ပ​ထ​မ​ဧ​လိ​ယ​သည်​ကြွ လာ​၍​အ​မှု​အ​ရာ​ခပ်​သိမ်း​ကို​အ​သင့်​ပြင်​ဆင် ရ​မည်​ကား​မှန်​၏။- \v 12 သင်​တို့​အား​ငါ​ဆို​သည်​ကား​ဧ​လိ​ယ​သည်​ကြွ လာ​ခဲ့​ပြီ။ သို့​ရာ​တွင်​လူ​တို့​သည်​သူ့​ကို​မ​သိ​ကြ သ​ဖြင့်​သူ့​အား​မိ​မိ​တို့​ပြု​လို​ရာ​ပြု​ခဲ့​ကြ​လေ ပြီ။ ထို​နည်း​တူ​ပင်​လူ​သား​သည်​လည်း​ထို​သူ​တို့ ၏​လက်​တွင်​ဒုက္ခ​ဆင်း​ရဲ​ခံ​ရ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။\x + \xo 17:12 \xt မ၊ ၁၁:၁၄။\x* \p \v 13 ထို​အ​ခါ​မှ​တ​ပည့်​တော်​တို့​သည်​ဗတ္တိ​ဇံ​ဆ​ရာ ယော​ဟန်​ကို​ရည်​မှတ်​၍​ကိုယ်​တော်​မိန့်​တော်​မူ ကြောင်း​နား​လည်​လာ​ကြ​လေ​သည်။ \s1 သူ​ငယ်​တစ်​ယောက်​ထံ​မှ​ညစ်​ညမ်း​သော​နတ်​ကို နှင်​ထုတ်​တော်​မူ​ခြင်း \r (မာ၊ ၉:၁၄-၂၉။ လု၊ ၉:၃၇-၄၃က။) \p \v 14 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ပ​ရိ​သတ်​ရှိ​ရာ သို့​ရောက်​ကြ​လျှင် လူ​တစ်​ယောက်​သည်​ရှေ့​တော်​သို့ လာ​ရောက်​ဒူး​ထောက်​လျက်၊- \v 15 ``အ​ရှင်၊ အ​ကျွန်ုပ်​၏​သား​ကို​သ​နား​တော်​မူ​ပါ။ သူ သည်​ဝက်​ရူး​နာ​စွဲ​၍​မီး​ထဲ​သို့​ဖြစ်​စေ၊ ရေ​ထဲ​သို့ ဖြစ်​စေ​မ​ကြာ​ခဏ​လဲ​ကျ​တတ်​ပါ​၏။- \v 16 သူ့​အား​အ​ရှင်​၏​တ​ပည့်​များ​ထံ​သို့​ခေါ်​ဆောင်​ခဲ့ သော်​လည်း​သူ​တို့​သည်​ရော​ဂါ​ပျောက်​အောင်​မ​ကု နိုင်​ကြ​ပါ'' ဟု​လျှောက်​၏။ \p \v 17 သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ယုံ​ကြည်​ခြင်း​ကင်း​၍ လွန်​စွာ​ဖောက်​ပြန်​ကြ​ပါ​တ​ကား။ ငါ​သည်​သင်​တို့​နှင့် မည်​မျှ​ကြာ​အောင်​နေ​ရ​မည်​နည်း။ မည်​မျှ​ကြာ​အောင် သင်​တို့​အား​သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို​ငါ့​ထံ သို့​ခေါ်​ခဲ့​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။- \v 18 သ​ခင်​ယေ​ရှု​သည်​နတ်​မိစ္ဆာ​အား​ထွက်​ခွာ​သွား​ရန် အ​မိန့်​ပေး​တော်​မူ​လျှင် နတ်​မိစ္ဆာ​သည်​သူ​ငယ်​ထံ​မှ ထွက်​ခွာ​သွား​လေ​သည်။ ချက်​ချင်း​ပင်​သူ​ငယ်​သည် ကျန်း​မာ​လာ​၏။ \p \v 19 ထို​နောက်​တ​ပည့်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​တစ် ကိုယ်​တည်း​ရှိ​တော်​မူ​သော​အ​ခါ အ​ထံ​တော်​သို့ ချဉ်း​ကပ်​၍ ``အ​ကျွန်ုပ်​တို့​သည်​ထို​နတ်​ကို​အ​ဘယ် ကြောင့်​နှင်​ထုတ်​၍​မ​ရ​ပါ​သ​နည်း'' ဟု​မေး လျှောက်​ကြ​၏။ \p \v 20 ကိုယ်​တော်​က ``သင်​တို့​တွင်​ယုံ​ကြည်​ခြင်း​နည်း​သော ကြောင့်​ဖြစ်​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည် ကား၊ သင်​တို့​တွင်​မုန်​ညင်း​စေ့​ပ​မာ​ဏ​မျှ​ယုံ​ကြည် ခြင်း​ရှိ​ပါ​မူ​ဤ​တောင်​အား `ဤ​နေ​ရာ​မှ​ထို​နေ​ရာ သို့​ပြောင်း​ရွှေ့​လော့' ဟု​ဆို​လျှင်​ပြောင်း​ရွှေ့​လိမ့်​မည်။ ယုံ​ကြည်​ခြင်း​ရှိ​လျှင်​သင်​တို့​မ​တတ်​နိုင်​သည့် အ​ရာ​မ​ရှိ။-\x + \xo 17:20 \xt မ၊ ၂၁:၂၁။ မာ၊ ၁၁:၂၃။ ၁ကော၊ ၁၃:၂။\x* \v 21 (ဤ​နတ်​မျိုး​ကို​ဆု​တောင်း​ပတ္ထ​နာ​ပြု​ခြင်း​နှင့် အ​စာ​ရှောင်​ခြင်း​မှ​တစ်​ပါး​အ​ခြား​အ​ဘယ် နည်း​ဖြင့်​မျှ​နှင်​ထုတ်​၍​မ​ရ)'' ဟု​မိန့်​တော်​မူ​၏။ \s1 အ​သေ​သတ်​ခြင်း​ခံ​တော်​မူ​ရ​မည့်​အ​ကြောင်း ထပ်​မံ​ဖော်​ပြ​တော်​မူ​ခြင်း \r (မာ၊ ၉:၃၀-၃၂။ လု၊ ၉:၄၃ခ-၄၅။) \p \v 22 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ဂါ​လိ​လဲ​ပြည် တွင်​လှည့်​လည်​နေ​ကြ​စဉ်​သ​ခင်​ယေ​ရှု​က ``လူ​တို့ ၏​လက်​တွင်း​သို့​လူ​သား​ကို​အပ်​နှံ​ကြ​လိမ့်​မည်။- \v 23 သူ့​ကို​သတ်​ကြ​လိမ့်​မည်။ ထို​နောက်​သုံး​ရက်​မြောက် သော​နေ့​တွင်​လူ​သား​သည်​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​လိမ့်​မည်'' ဟု​တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။ \p တ​ပည့်​တော်​တို့​သည်​လည်း​လွန်​စွာ​စိတ်​မ​ချမ်း မ​သာ​ဖြစ်​ကြ​ကုန်​၏။ \s1 ဗိ​မာန်​တော်​ခွန်​ပေး​ဆောင်​ခြင်း \p \v 24 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​က​ပေ​ရ​နောင်​မြို့ သို့​ရောက်​ကြ​သော​အ​ခါ​ဗိ​မာန်​တော်​အ​တွက်​အ​ခွန် ကောက်​ခံ​သူ​များ​သည်​လာ​၍​ပေ​တရု​အား ``သင်​၏ ဆ​ရာ​သည်​ဗိ​မာန်​တော်​ခွန်​ပေး​ဆောင်​ပါ​သ​လော'' ဟု​မေး​မြန်း​ကြ​၏။\x + \xo 17:24 \xt ထွ၊ ၃၀:၁၃၊ ၃၈:၂၆။\x* \p \v 25 ပေ​တ​ရု​က ``ပေး​ဆောင်​ပါ​သည်'' ဟု​ဆို​၏။ \p ထို​နောက်​အိမ်​ထဲ​သို့​ပေ​တ​ရု​ဝင်​လာ​သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​ပေ​တ​ရု​မ​ပြော​မီ ``ရှိ​မုန်၊ သင် အ​ဘယ်​သို့​ထင်​မြင်​ပါ​သ​နည်း။ လော​ကီ​ဘု​ရင် တို့​သည်​မည်​သူ့​ထံ​မှ​အ​ခွန်​အ​ကောက်​များ​ကို ကောက်​ခံ​ကြ​သ​နည်း။ တိုင်း​ရင်း​သား​များ​ထံ​မှ လော။ နိုင်​ငံ​ခြား​သား​များ​ထံ​မှ​လော'' ဟု မေး​တော်​မူ​၏။ \p \v 26 ပေ​တ​ရု​က ``နိုင်​ငံ​ခြား​သား​များ​ထံ​မှ​ကောက်​ခံ သည်'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ထို​သို့​ဖြစ် လျှင်​တိုင်း​ရင်း​သား​တို့​သည်​လွတ်​ငြိမ်း​ခွင့်​ရ ကြ​၏။- \v 27 သို့​ရာ​တွင်​သူ​တို့​စိတ်​မ​နာ​သွား​စေ​ရန်​သင်​သည် အိုင်​သို့​သွား​၍​ငါး​ကို​မျှား​လော့။ အ​ဦး​မိ​သည့် ငါး​ပါး​စပ်​ကို​ဖွင့်​လော့။ ငွေ​ဒင်္ဂါး​တစ်​ပြား​ကို တွေ့​လိမ့်​မည်။ ထို​ငွေ​ကို​ယူ​၍​သင်​နှင့်​ငါ့​အ​တွက် အ​ခွန်​တော်​ကို​သူ​တို့​အား​ပေး​ဆောင်​လော့'' ဟု မိန့်​တော်​မူ​၏။ \c 18 \s1 မည်​သူ​သည်​အ​ကြီး​မြတ်​ဆုံး​နည်း \r (မာ၊ ၉:၃၃-၃၇။ လု၊ ၉:၄၆-၄၈။) \p \v 1 ထို​အ​ခါ​တ​ပည့်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ထံ တော်​သို့​ချဉ်း​ကပ်​၍ ``ကောင်း​ကင်​နိုင်​ငံ​တော်​တွင် မည်​သူ​သည်​အ​ကြီး​မြတ်​ဆုံး​နည်း'' ဟု​မေး လျှောက်​ကြ​၏။\x + \xo 18:1 \xt လု၊ ၂၂:၂၄။\x* \p \v 2 ကိုယ်​တော်​သည်​က​လေး​သူ​ငယ်​တစ်​ယောက်​ကို ခေါ်​ယူ​ပြီး​လျှင်​တ​ပည့်​တော်​တို့​၏​ရှေ့​တွင် ရပ်​နေ​စေ​တော်​မူ​၏။- \v 3 ထို​နောက်​ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့ အား​ငါ​ဆို​သည်​ကား၊ သင်​တို့​သည်​စိတ်​ပြောင်း​လဲ ၍​က​လေး​သူ​ငယ်​ကဲ့​သို့​ဖြစ်​မှ​သာ​လျှင်​ကောင်း ကင်​နိုင်​ငံ​တော်​သို့​ဝင်​ရ​လိမ့်​မည်။-\x + \xo 18:3 \xt မာ၊ ၁၀:၁၅။ လု၊ ၁၈:၁၇။\x* \v 4 ဤ​က​လေး​သူ​ငယ်​ကဲ့​သို့​စိတ်​နှိမ့်​ချ​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​တွင်​အ​ကြီး​မြတ်​ဆုံး ဖြစ်​လိမ့်​မည်။- \v 5 ငါ​၏​နာ​မ​ကို​ထောက်​၍​ဤ​သို့​သော​က​လေး သူ​ငယ်​တစ်​စုံ​တစ်​ယောက်​ကို​လက်​ခံ​သူ​သည် ငါ့​ကို​လက်​ခံ​၏။ \s1 အ​ပြစ်​သွေး​ဆောင်​ခြင်း​များ \r (မာ၊ ၉:၄၂-၄၈။ လု၊ ၁၇:၁-၂။) \p \v 6 ``ငါ့​ကို​ယုံ​ကြည်​ကိုး​စား​သည့်​က​လေး​သူ​ငယ် တစ်​စုံ​တစ်​ယောက်​အား​ယုံ​ကြည်​ခြင်း​ပျက်​ပြယ် စေ​သော​သူ​မူ​ကား လည်​တွင်​ကြိတ်​ဆုံ​ကျောက်​ကြီး ကို​ဆွဲ​လျက်​ပင်​လယ်​နက်​ထဲ​သို့​အ​ချ​ခံ​ရ​လျှင် သူ့​အ​ဖို့​သာ​၍​ကောင်း​၏။- \v 7 လူ​သား​တို့​အား​ယုံ​ကြည်​ခြင်း​ပျက်​ပြယ်​စေ သော​အ​ရာ​များ​ရှိ​သည့်​အ​တွက်​လူ​သား​တို့ သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ ယုံ​ကြည်​ခြင်း​ကို​ပျက် ပြယ်​စေ​သော​အ​ရာ​များ​ကား​မု​ချ​ရှိ​မည်။ သို့ ရာ​တွင်​ယုံ​ကြည်​ခြင်း​ပျက်​ပြယ်​မှု​ကို​ဖြစ် စေ​သော​သူ​သည်​အ​မင်္ဂလာ​ရှိ​၏။ \p \v 8 ``သင်​၏​ခြေ​သော်​လည်း​ကောင်း၊ လက်​သော်​လည်း ကောင်း​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက်​ပြယ်​စေ​လျှင် ထို​ခြေ​ထို​လက်​ကို​ဖြတ်​ပစ်​လော့။ ထာ​ဝ​ရ​မီး ထဲ​သို့​ခြေ​လက်​အ​စုံ​နှင့်​ကျ​ရ​သည်​ထက်​ကိုယ် အင်္ဂါ​ချို့​တဲ့​လျက်​ထာ​ဝ​ရ​အ​သက်​ရ​ခြင်း​က သာ​၍​ကောင်း​၏။-\x + \xo 18:8 \xt မ၊ ၅:၃၀။\x* \v 9 သင်​၏​မျက်​စိ​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက် ပြယ်​စေ​လျှင်​ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့။ င​ရဲ​မီး ထဲ​သို့​မျက်​စိ​အ​စုံ​နှင့်​ကျ​ရ​သည်​ထက်​မျက်​စိ တစ်​လုံး​ချို့​တဲ့​လျက် ထာ​ဝ​ရ​အ​သက်​ကို​ရ​ခြင်း က​သာ​၍​ကောင်း​၏။\x + \xo 18:9 \xt မ၊ ၅:၂၉။\x* \s1 ပျောက်​သွား​သော​သိုး​ပုံ​ဥ​ပ​မာ \r (လု၊ ၁၅:၃-၇။) \p \v 10 ``သင်​တို့​သည်​အ​ဘယ်​က​လေး​သူ​ငယ်​ကို​မျှ အ​ထင်​အ​မြင်​မ​သေး​မိ​စေ​ရန်​သ​တိ​ထား ကြ​လော့။ သင်​တို့​အား​ငါ​ဆို​သည်​ကား၊ ထို​သူ​ငယ် တို့​၏​ကောင်း​ကင်​တ​မန်​များ​သည်​ကောင်း​ကင်​ဘုံ ရှင်​ငါ့​ခ​မည်း​တော်​၏​ရှေ့​တော်​မှောက်​၌​အ​စဉ် မ​ပြတ်​ခ​စား​လျက်​ရှိ​ကြ​၏။- \v 11 (လူ​သား​သည်​ပျောက်​ဆုံး​သူ​တို့​ကို​ကယ်​တင် ရန်​ကြွ​လာ​ခြင်း​ဖြစ်​၏။) \p \v 12 ``သင်​တို့​သည်​အ​ဘယ်​သို့​ထင်​မှတ်​ကြ​သ​နည်း။ လူ​တစ်​ယောက်​သည်​မိ​မိ​မှာ​ရှိ​သည့်​သိုး​တစ်​ရာ အ​နက်​တစ်​ကောင်​ပျောက်​သွား​လျှင်​ကိုး​ဆယ် ကိုး​ကောင်​ကို​တောင်​ပေါ်​စား​ကျက်​တွင်​ထား​ခဲ့ ပြီး​လျှင်​ပျောက်​သော​သိုး​ကို​လိုက်​၍​မ​ရှာ​ဘဲ နေ​ပါ​မည်​လော။- \v 13 ပျောက်​သော​သိုး​ကို​ရှာ​၍​တွေ့​သော​အ​ခါ​မ​ပျောက် သည့်​သိုး​ကိုး​ဆယ့်​ကိုး​ကောင်​အ​တွက်​ရွှင်​လန်း​ဝမ်း မြောက်​သည်​ထက် ထို​သိုး​အ​တွက်​ပို​၍​ရွှင်​လန်း ဝမ်း​မြောက်​သည်​ဟု​သင်​တို့​အား​အ​မှန်​အ​ကန် ငါ​ဆို​၏။- \v 14 ထို​နည်း​တူ​စွာ​ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့​၏​အ​ဖ သည်​လည်း ဤ​က​လေး​သူ​ငယ်​တစ်​စုံ​တစ်​ယောက် ပျောက်​ဆုံး​လမ်း​လွဲ​သွား​သည်​ကို​အ​လို​တော် မ​ရှိ။ \s1 အ​ပြစ်​ကူး​သူ​ညီ​အစ်​ကို \p \v 15 ``သင်​၏​ညီ​အစ်​ကို​သည်​သင့်​ကို​ပြစ်​မှား​လျှင်​သူ့ အ​ပြစ်​ကို​ဖော်​ပြ​ရန်​သူ့​ထံ​သို့​သွား​လော့။ သို့​ရာ တွင်​သင်​တို့​နှစ်​ယောက်​တည်း​သာ​တွေ့​ဆုံ​၍​ပြော ဆို​လော့။ သင်​၏​စ​ကား​ကို​နား​ထောင်​လျှင်​ထို ညီ​အစ်​ကို​နှင့်​သင်​သည်​ပြန်​၍​သင့်​မြတ်​သွား လေ​ပြီ။-\x + \xo 18:15 \xt လု၊ ၁၇:၃။\x* \v 16 သို့​ရာ​တွင်​သူ​သည်​သင်​၏​စ​ကား​ကို​နား​မ​ထောင် ပါ​မူ​သင်​၏​စွပ်​စွဲ​ချက်​မှန်​သ​မျှ​အ​တည်​ဖြစ် စေ​ရန် ကျမ်း​စာ​လာ​သည်​အ​တိုင်း​အ​သိ​သက်​သေ နှစ်​ယောက်​သုံး​ယောက်​ကို​ခေါ်​လော့။-\x + \xo 18:16 \xt တရား၊ ၁၉:၁၅။\x* \v 17 အ​ကယ်​၍​သူ​သည်​ထို​သူ​တို့​၏​စ​ကား​ကို​လည်း နား​မ​ထောင်​ပြန်​လျှင်​အ​သင်း​တော်​အား​တိုင်​ကြား လော့။ အ​သင်း​တော်​၏​စ​ကား​ကို​ပင်​နား​မ​ထောင် လျှင်​ထို​သူ​အား​ဘု​ရား​မဲ့​သူ​တစ်​ယောက်၊ သို့ မ​ဟုတ်​အ​ခွန်​ခံ​သူ​တစ်​ယောက်​ကဲ့​သို့​မှတ်​ယူ လော့။ \s1 တား​မြစ်​ခြင်း​နှင့်​ခွင့်​ပြု​ခြင်း \p \v 18 ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ လော​က​တွင်​သင်​တို့​တား​မြစ်​သ​မျှ​ကို​ဘု​ရား သ​ခင်​သည်​ကောင်း​ကင်​ဘုံ​၌​တား​မြစ်​တော်​မူ လိမ့်​မည်။ လော​က​တွင်​သင်​တို့​ခွင့်​ပြု​သ​မျှ ကို​ကောင်း​ကင်​ဘုံ​၌​ခွင့်​ပြု​တော်​မူ​လိမ့်​မည်။\x + \xo 18:18 \xt မ၊ ၁၆:၁၉။ ယော၊ ၂၀:၂၃။\x* \p \v 19 ``ထို့​ပြင်​အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည် ကား၊ လော​က​တွင်​သင်​တို့​အ​နက်​လူ​နှစ်​ယောက် မျှ​စိတ်​တူ​သ​ဘော​တူ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု ပါ​လျှင် ကောင်း​ကင်​ဘုံ​ရှင်​ငါ​၏​ခ​မည်း​တော် သည်​သင်​တို့​တောင်း​လျှောက်​သ​မျှ​သော​အ​ရာ ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။- \v 20 အ​ဘယ်​ကြောင့်​ဆို​သော်​လူ​နှစ်​ယောက်​သုံး​ယောက် တို့​သည်​ငါ့​နာ​မ​ကို​အ​မှီ​ပြု​၍​စု​ဝေး​လျှင် စု ဝေး​ရာ​တွင်​သူ​တို့​နှင့်​အ​တူ​ငါ​ရှိ​မည်​ဖြစ် သော​ကြောင့်​တည်း။ \s1 အ​ပြစ်​မ​ဖြေ​မ​လွှတ်​သည့်​ကျွန်​ပုံ​ဥ​ပ​မာ \p \v 21 ထို​နောက်​ပေ​တ​ရု​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ၍ ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​ညီ​အစ်​ကို​သည် အ​ကျွန်ုပ်​ကို​ပြစ်​မှား​လျှင်​သူ့​အား​အ​ကြိမ်​မည် မျှ​အ​ပြစ်​ဖြေ​လွှတ်​ရ​ပါ​မည်​နည်း။ ခု​နစ်​ကြိမ် တိုင်​အောင်​ဖြေ​လွှတ်​ရ​ပါ​မည်​လော'' ဟု​မေး လျှောက်​၏။\x + \xo 18:21 \xt လု၊ ၁၇:၃-၄။\x* \p \v 22 သ​ခင်​ယေ​ရှု​က ``ခု​နစ်​ကြိမ်​တိုင်​အောင်​ဖြေ​လွှတ်​ရ မည်​ဟု​သင့်​အား​ငါ​မ​ဆို။ အ​ကြိမ်​ခု​နစ်​ဆယ် ခု​နစ်​လီ​တိုင်​အောင်​ဖြေ​လွှတ်​ရ​မည်​ဟု​ငါ​ဆို​၏။- \v 23 သို့​ဖြစ်​၍​ကောင်း​ကင်​နိုင်​ငံ​တော်​သည်​မိ​မိ​၏​ကျွန် များ​နှင့်​စာ​ရင်း​ရှင်း​လို​သည့်​ဘု​ရင်​တစ်​ပါး ကြုံ​တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။- \v 24 သူ​သည်​စာ​ရင်း​စ​၍​ရှင်း​သော​အ​ခါ​ငွေ​သန်း​ပေါင်း များ​စွာ​ကြွေး​တင်​သူ​လူ​တစ်​ယောက်​ကို​ခေါ်​စေ​၏။- \v 25 ထို​သူ​သည်​ထို​အ​ကြွေး​ကို​ပေး​ဆပ်​နိုင်​စွမ်း​မ​ရှိ သ​ဖြင့်​မင်း​ကြီး​က​ထို​သူ​နှင့်​တ​ကွ​သား​မ​ယား၊ ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​ရောင်း​၍​ပေး​ဆပ်​စေ ရန်​အ​မိန့်​ချ​မှတ်​တော်​မူ​၏။- \v 26 သို့​ဖြစ်​၍​ထို​သူ​သည်​မင်း​ကြီး​၏​ရှေ့​တွင်​ဝပ်​တွား လျက် `အ​ကျွန်ုပ်​ကို​သည်း​ခံ​တော်​မူ​ပါ။ အ​ကြွေး များ​ပြေ​လည်​အောင်​ပေး​ဆပ်​ပါ​မည်' ဟု​လျှောက်​၏။- \v 27 မင်း​ကြီး​သည်​သူ့​ကို​သ​နား​သ​ဖြင့်​အ​ကြွေး​များ ကို​စာ​ရင်း​မှ​ပယ်​ဖျက်​ပြီး​လျှင်​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ပေး​လိုက်​၏။'' \p \v 28 ``သို့​ရာ​တွင်​သူ​သည်​ထွက်​သွား​သော​အ​ခါ​မိ​မိ အား​အ​ကြွေး​ငွေ​တစ်​ရာ​ပေး​ဆပ်​ရန်​ရှိ​သူ​ကျွန်​ချင်း တစ်​ယောက်​ကို​တွေ့​လျှင် ထို​ကျွန်​၏​လည်​ကို​ကိုင်​ညှစ် ၍ `သင်​ပေး​ဆပ်​ရန်​ရှိ​သော​အ​ကြွေး​ကို​ပေး​ဆပ် လော့'' ဟု​ဆို​၏။- \v 29 ထို​ကျွန်​သည်​ဒူး​ထောက်​လျက် `အ​ကျွန်ုပ်​ကို​သည်း​ခံ ပါ။ အ​ကြွေး​ရှိ​သ​မျှ​ကို​ပေး​ဆပ်​ပါ​မည်' ဟု​တောင်း ပန်​၏။- \v 30 သို့​ရာ​တွင်​ကြွေး​ရှင်​သည်​နား​မ​ထောင်​ဘဲ​မိ​မိ​၏ အ​ကြွေး​ကို​ပြေ​လည်​အောင်​မ​ပေး​မ​ဆပ်​မ​ချင်း ထို​ကျွန်​ကို​အ​ကျဉ်း​ချ​ထား​လေ​သည်။- \v 31 ထို​အ​ခြင်း​အ​ရာ​ကို​အ​ခြား​သော​ကျွန်​ချင်း​တို့ သိ​မြင်​လျှင်​လွန်​စွာ​စိတ်​ဆိုး​၍ မိ​မိ​တို့​၏​အ​ရှင် ထံ​သို့​သွား​ပြီး​လျှင်​ဖြစ်​ပျက်​သ​မျှ​တို့​ကို လျှောက်​ထား​ကြ​၏။- \v 32 ထို​အ​ခါ​မင်း​ကြီး​သည်​ထို​ကျွန်​ကို​ခေါ်​၍`ဟယ် ကျွန်​ယုတ်၊ သင်​ငါ့​ကို​တောင်း​ပန်​သော​အ​ခါ​သင် ပေး​ဆပ်​ရန်​အ​ကြွေး​ရှိ​သ​မျှ​ကို​ငါ​ပယ်​ဖျက် ခဲ့​၏။- \v 33 သင့်​ကို​ငါ​သ​နား​သ​ကဲ့​သို့​သင်​သည်​လည်း ကျွန်​ချင်း​ကို​မ​သ​နား​အပ်​သ​လော' ဟု​ဆို​၏။- \v 34 မင်း​ကြီး​သည်​အ​မျက်​ထွက်​၍​ထို​ကျွန်​ကို​အ​ကြွေး မ​ကျေ​မ​ချင်း​အ​ကျဉ်း​ချ​ထား​လေ​၏။'' \p \v 35 ထို​နောက်​သ​ခင်​ယေ​ရှု​က​သင်​တို့​သည်​ညီ​အစ်​ကို အ​ချင်း​ချင်း​တစ်​ယောက်​၏​အ​ပြစ်​ကို​တစ်​ယောက် အ​မှန်​တ​ကယ်​မ​ဖြေ​မ​လွှတ်​လျှင် ကောင်း​ကင်​ဘုံ ရှင်​ငါ​၏​အ​ဖ​သည်​လည်း​သင်​တို့​၏​အ​ပြစ်​ကို ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​၏။ \c 19 \s1 လင်​မ​ယား​ကွာ​ရှင်း​မှု​ပြ​ဿ​နာ \r (မာ၊ ၁၀:၁-၁၂။) \p \v 1 သ​ခင်​ယေ​ရှု​သည်​ဤ​သို့​မိန့်​တော်​မူ​ပြီး​သော အ​ခါ​ဂါ​လိ​လဲ​ပြည်​မှ​ထွက်​ခွာ​တော်​မူ​၍ ယော်​ဒန် မြစ်​တစ်​ဖက်​ကမ်း​ယု​ဒ​ပြည်​သို့​ရောက်​တော်​မူ​၏။- \v 2 လူ​ပ​ရိ​သတ်​ကြီး​သည်​နောက်​တော်​သို့​လိုက်​ကြ​၏။ ထို​အ​ရပ်​တွင်​ကိုယ်​တော်​သည်​သူ​နာ​များ​ကို ကျန်း​မာ​စေ​တော်​မူ​၏။ \p \v 3 ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည်​အ​ထံ​တော်​သို့​လာ​၍ ``လူ တစ်​စုံ​တစ်​ယောက်​သည်​မည်​သည့်​အ​ကြောင်း​ကြောင့် မ​ဆို မိ​မိ​၏​မ​ယား​နှင့်​ကွာ​ရှင်း​အပ်​ပါ​သ​လော'' ဟု​ပ​ရိ​ယာယ်​ဆင်​၍​မေး​လျှောက်​ကြ​၏။ \p \v 4 ကိုယ်​တော်​က ``ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​သည် အ​စ​အ​ဦး​က​ပင်​လျှင်​ယောကျာ်း​နှင့်​မိန်းမ​ကို ဖန်​ဆင်း​တော်​မူ​၏။ ဟူ​သော​ကျမ်း​စ​ကား​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​ပါ​သ​လော။-\x + \xo 19:4 \xt က၊ ၁:၂၇၊ ၅:၂။\x* \v 5 `ဘု​ရား​သ​ခင်​က​ဤ​အ​ကြောင်း​ကြောင့်​ယောကျာ်း သည် ကိုယ့်​မိ​ဘ​ကို​စွန့်​၍​မိ​မိ​ဇ​နီး​နှင့်​ပေါင်း​သင်း နေ​ထိုင်​ရ​လိမ့်​မည်။ ထို​သူ​နှစ်​ဦး​သည်​တစ်​သား တည်း​ဖြစ်​ရ​ကြ​လိမ့်​မည်။-\x + \xo 19:5 \xt က၊ ၂:၂၄။\x* \v 6 သို့​ဖြစ်​၍​သူ​တို့​သည်​နှစ်​ဦး​မ​ဟုတ်၊ တစ်​ဦး​တည်း ဖြစ်​၏။' `ဘု​ရား​သ​ခင်​စုံ​ဖက်​ပေး​သည်​ကို​လူ​မ​ခွဲ ခွာ​စေ​နှင့်' ဟု​မိန့်​တော်​မူ​၏။ \p \v 7 ဖာ​ရိ​ရှဲ​တို့​က ``ထို​သို့​ဖြစ်​ပါ​မူ​အ​ဘယ်​ကြောင့် မ​ယား​ကို​ဖြတ်​စာ​နှင့်​ကွာ​ရှင်း​ရန်​မော​ရှေ​ပ​ညတ် ခဲ့​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။\x + \xo 19:7 \xt တရား၊ ၂၄:၁-၄။ မ၊ ၅:၃၁။\x* \p \v 8 ကိုယ်​တော်​က ``သင်​တို့​သည်​အ​ပြော​ရ​ခက်​သူ​များ ဖြစ်​သော​ကြောင့်​မော​ရှေ​သည်​သင်​တို့​အား​မ​ယား နှင့်​ကွာ​ရှင်း​ခွင့်​ပေး​ခဲ့​ခြင်း​ဖြစ်​၏။ အ​စ​မူ​လ​က ဤ​ခွင့်​ပြု​ချက်​မ​ရှိ။- \v 9 သင်​တို့​အား​ငါ​ဆို​သည်​ကား​မိ​မိ​၏​ဇ​နီး​အား အ​ကျင့်​ဖောက်​ပြား​သည့်​အ​ပြစ်​မှ​တစ်​ပါး​အ​ခြား မည်​သည့်​အ​ပြစ်​ကြောင့်​မ​ဆို ကွာ​ရှင်း​၍​အ​ခြား အ​မျိုး​သ​မီး​တစ်​ယောက်​နှင့်​အိမ်​ထောင်​ပြု​သူ သည်​မိ​မိ​ဇ​နီး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၏'' ဟု မိန့်​တော်​မူ​သည်။\x + \xo 19:9 \xt မ၊ ၅:၃၂။ ၁ကော၊ ၇:၁၀-၁၁။\x* \p \v 10 တ​ပည့်​တော်​တို့​က ``ဇ​နီး​ခင်​ပွန်း​ပေါင်း​သင်း ဆက်​ဆံ​မှု​သည်​ဤ​သို့​ဖြစ်​ပါ​လျှင်​အိမ်​ထောင် မ​ပြု​ဘဲ​နေ​သည်​က​ပို​၍​ကောင်း​ပါ​၏'' ဟု လျှောက်​ထား​ကြ​၏။ \p \v 11 ကိုယ်​တော်​က ``လူ​တိုင်း​အိမ်​ထောင်​မ​ပြု​ဘဲ​နေ​နိုင် သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​ခွင့်​ပြု​သူ​များ​သာ လျှင်​နေ​နိုင်​ကြ​၏။ လူ​တို့​အိမ်​ထောင်​မ​ပြု​နိုင်​ကြ သည်​မှာ​အ​ကြောင်း​အ​မျိုး​မျိုး​ကြောင့်​ဖြစ်​၏။- \v 12 အ​ချို့​သော​သူ​တို့​တွင်​မွေး​စ​က​ပင်​အိမ်​ထောင် ပြု​နိုင်​ရန်​စွမ်း​ရည်​မ​ပါ​မ​ရှိ​ကြ။ အ​ချို့​တို့​မှာ လူ​တို့​က​ထို​စွမ်း​ရည်​ကို​ဖျက်​ဆီး​ပစ်​လိုက်​သော ကြောင့်​အိမ်​ထောင်​ပြု​၍​မ​ရ​ကြ။ အ​ချို့​မှာ​မူ ကောင်း​ကင်​နိုင်​ငံ​တော်​၏​အ​ကျိုး​ကို​ထောက်​၍ အိမ်​ထောင်​မ​ပြု​ဘဲ​နေ​ကြ​၏။ အိမ်​ထောင်​မ​ပြု ဘဲ​နေ​နိုင်​သူ​သည်​အိမ်​ထောင်​မ​ပြု​စေ​နှင့်'' ဟု မိန့်​တော်​မူ​၏။ \s1 က​လေး​သူ​ငယ်​များ​ကို​ကောင်း​ချီး​ပေး​တော်​မူ​ခြင်း \r (မာ၊ ၁၀:၁၃-၁၆။ လု၊ ၁၈:၁၅-၁၇။) \p \v 13 လူ​အ​ချို့​တို့​သည်​က​လေး​သူ​ငယ်​များ​အ​ပေါ် လက်​တော်​တင်​၍​ကောင်း​ချီး​ပေး​တော်​မူ​စေ​ရန် ကိုယ်​တော်​၏​ထံ​သို့​ခေါ်​ခဲ့​ကြ​၏။- \v 14 သို့​ရာ​တွင်​တ​ပည့်​တော်​တို့​သည်​ထို​သူ​တို့​ကို အ​ပြစ်​တင်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``က​လေး သူ​ငယ်​တို့​ငါ့​ထံ​လာ​ကြ​ပါ​စေ။ မ​ဆီး​တား ကြ​နှင့်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​ထို သို့​သော​သူ​တို့​၏​နိုင်​ငံ​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။ \p \v 15 ကိုယ်​တော်​သည်​က​လေး​သူ​ငယ်​တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​၍​ကောင်း​ချီး​ပေး​တော်​မူ​ပြီး နောက်​ထို​အ​ရပ်​မှ​ထွက်​ကြွ​တော်​မူ​၏။ \s1 ဥစ္စာ​ကြွယ်​ဝ​သူ \r (မာ၊ ၁၀:၁၇-၃၁။ လု၊ ၁၈:၁၈-၃၀။) \p \v 16 လူ​တစ်​ယောက်​သည်​အ​ထံ​တော်​သို့​လာ​၍ ``ဆ​ရာ တော်၊ ထာ​ဝ​ရ​အ​သက်​ကို​ရ​အံ့​သော​ငှာ​အ​ကျွန်ုပ် သည်​အ​ဘယ်​ကောင်း​မြတ်​သည့်​အ​မှု​ကို​ပြု​ရ ပါ​မည်​နည်း'' ဟု​မေး​လျှောက်​၏။ \p \v 17 ကိုယ်​တော်​က ``သင်​သည်​ကောင်း​မြတ်​သည့်​အ​မှု နှင့်​ပတ်​သက်​၍​ငါ့​အား​အ​ဘယ်​ကြောင့်​မေး​သ​နည်း။ ကောင်း​မြတ်​သော​အ​ရှင်​တစ်​ပါး​တည်း​သာ​ရှိ​၏။ သင် သည်​ထာ​ဝ​ရ​အ​သက်​ကို​ခံ​ယူ​လို​လျှင်​ပညတ်​တော် တို့​ကို​စောင့်​ထိန်း​လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 18 ထို​သူ​က ``အ​ဘယ်​ပ​ညတ်​များ​ပါ​နည်း'' ဟု​လျှောက် လျှင်​ကိုယ်​တော်​က ``လူ့​အ​သက်​ကို​မသတ်​နှင့်။ သူ့​အိမ် ရာ​ကို​မ​ပြစ်​မှား​နှင့်။ သူ့​ဥစ္စာ​ကို​မ​ခိုး​နှင့်။ မ​မှန်​သော သက်​သေ​ကို​မ​ခံ​နှင့်။-\x + \xo 19:18 \xt ထွ၊ ၂၀:၁၃-၁၆။ တရား၊ ၅:၁၇-၂၀။\x* \v 19 မိ​ဘ​ကို​ရို​သေ​မြတ်​နိုး​လော့။ အိမ်​နီး​ချင်း​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လော့'' ဟု​မိန့်​တော်​မူ​၏။\x + \xo 19:19 \xt ထွ၊ ၂၀:၁၂။ တရား၊ ၅:၁၆။ ဝတ်၊ ၁၉:၁၈။\x* \p \v 20 ထို​လူ​ငယ်​က​လည်း ``အ​ကျွန်ုပ်​သည်​ထို​ပညတ် အ​ပေါင်း​ကို​ငယ်​ရွယ်​စဉ်​အ​ခါ​မှ​စ​၍​စောင့်​ထိန်း ခဲ့​ပါ​ပြီ။ အ​ကျွန်ုပ်​တွင်​အ​ဘယ်​အ​ရာ​လို​နေ​ပါ သေး​သ​နည်း'' ဟု​ပြန်​လည်​လျှောက်​ထား​၏။ \p \v 21 သ​ခင်​ယေ​ရှု​က ``သင်​သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သူ ဖြစ်​လို​လျှင်​သွား​လော့၊ သင့်​ဥစ္စာ​ရှိ​သ​မျှ​ကို​ရောင်း​ပြီး လျှင်​ဆင်း​ရဲ​သူ​တို့​အား​ပေး​ကမ်း​စွန့်​ကြဲ​လော့။ ဤ သို့​ပြု​လျှင်​သင်​သည်​ကောင်း​ကင်​ဘုံ​တွင်​ဘဏ္ဍာ​ကို​ရ လိမ့်​မည်။ ထို​သို့​စွန့်​ကြဲ​ပြီး​မှ​ငါ့​နောက်​သို့​လိုက် လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 22 သို့​ရာ​တွင်​ထို​လူ​ငယ်​သည်​ဥစ္စာ​များ​စွာ​ကြွယ်​ဝ​သူ ဖြစ်​သ​ဖြင့်​ကိုယ်​တော်​၏​စ​ကား​ကို​ကြား​သော​အ​ခါ စိတ်​မ​ချမ်း​မ​သာ​ဖြစ်​လျက်​ထွက်​ခွာ​သွား​လေ​၏။ \p \v 23 သ​ခင်​ယေ​ရှု​က​လည်း ``အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား၊ ဥစ္စာ​ကြွယ်​ဝ​သူ​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့ ဝင်​နိုင်​ရန်​ခဲ​ယဉ်း​လှ​၏။- \v 24 တစ်​ဖန်​ငါ​ဆို​သည်​ကား၊ အပ်​န​ဖား​ကို​ကု​လား​အုတ် လျှို​ဝင်​ရန်​လွယ်​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် သို့​ဥစ္စာ​ကြွယ်​ဝ​သူ​ဝင်​နိုင်​ရန်​ကား​ခဲ​ယဉ်း​လှ​၏'' ဟု တ​ပည့်​တော်​တို့​အား​မိန့်​တော်​မူ​၏။ \p \v 25 တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​ကြား လျှင်​လွန်​စွာ​အံ့​သြ​ကြ​သ​ဖြင့် ``သို့​ဖြစ်​လျှင် အ​ဘယ်​သူ​သည်​ကယ်​တင်​ခြင်း​ကို​ရ​နိုင်​ပါ​မည် နည်း'' ဟု​မေး​လျှောက်​ကြ​၏။ \p \v 26 သ​ခင်​ယေ​ရှု​သည် သူ​တို့​ကို​စိုက်​ကြည့်​တော်​မူ လျက် ``လူ​သည်​မိ​မိ​ကိုယ်​ကို​ကယ်​တင်​ရန်​မ​တတ် နိုင်။ ဘု​ရား​သ​ခင်​မူ​ကား အ​ရာ​ခပ်​သိမ်း​ကို​တတ် နိုင်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 27 ထို​အ​ခါ​ပေ​တ​ရု​က ``အ​ကျွန်ုပ်​တို့​သည်​အ​လုံး စုံ​သော​အ​ရာ​တို့​ကို​စွန့်​ပစ်​၍​ကိုယ်​တော်​၏​နောက် တော်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​အ​ဘယ် အ​ကျိုး​ကို​ခံ​စား​ရ​ကြ​ပါ​မည်​နည်း'' ဟု​လျှောက်​၏။ \p \v 28 သ​ခင်​ယေ​ရှု​က ``ငါ​အ​မှန်​အ​ကန်​ဆို​သည် ကား​အ​သစ်​ပြု​ပြင်​ရာ​ကာ​လ​တွင်​လူ​သား​သည် ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သည့်​ပလ္လင်​တော်​မှာ ထိုင်​တော်​မူ​သော​အ​ခါ ငါ​၏​တ​ပည့်​ဖြစ်​သူ သင်​တို့​သည်​လည်း​ပလ္လင်​တစ်​ဆယ့်​နှစ်​ခု​ပေါ်​မှာ ထိုင်​၍ ဣ​သ​ရေ​လ​အ​နွယ်​တစ်​ဆယ့်​နှစ်​ပါး​ကို တ​ရား​စီ​ရင်​ရ​ကြ​လတ္တံ့။-\x + \xo 19:28 \xt မ၊ ၂၆:၃၁။ လု၊ ၂၂:၃၀။\x* \v 29 ထို​မှ​တစ်​ပါး​ငါ့​အ​တွက်​ကြောင့်​အိမ်၊ မြေ၊ ညီ အစ်​ကို၊ နှ​မ၊ အစ်​မ၊ မိ​ဘ၊ သား​သ​မီး​အ​နက် တစ်​စုံ​တစ်​ယောက်​ကို​စွန့်​သော​သူ​သည်​မိ​မိ​စွန့် သည်​ထက်​အ​ဆ​တစ်​ရာ​မျှ​အ​ကျိုး​ကို​ပြန် လည်​ရ​ရှိ​လိမ့်​မည်။ ထာ​ဝ​ရ​အ​သက်​ကို​လည်း ရ​လိမ့်​မည်။- \v 30 သို့​ရာ​တွင်​အ​မြင့်​ဆုံး​သို့​ရောက်​နေ​သူ​အ​များ သည်​အ​နိမ့်​ဆုံး​သို့​ရောက်​ကြ​လိမ့်​မည်။ အ​နိမ့် ဆုံး​သို့​ရောက်​နေ​သူ​အ​များ​သည်​အ​မြင့်​ဆုံး သို့​ရောက်​ကြ​လိမ့်​မည်။\x + \xo 19:30 \xt မ၊ ၂၀:၁၆။ လု၊ ၁၃:၃၀။\x* \c 20 \s1 စ​ပျစ်​ဥ​ယျာဉ်​အ​လုပ်​သ​မား​များ \p \v 1 ``ကောင်း​ကင်​နိုင်​ငံ​တော်​သည်​စ​ပျစ်​ဥ​ယျာဉ်​ပိုင် ရှင်​တစ်​ဦး​ကြုံ​တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​နှင့် တူ​၏။ သူ​သည်​အ​လုပ်​သ​မား​များ​ငှား​ရန်​နံ​နက် စော​စော​ထွက်​သွား​၏။- \v 2 အ​လုပ်​သ​မား​တို့​အား​ပေး​နေ​ကျ​နေ့​စား​ခ၊ ဒေ​နာ​ရိ​ဒင်္ဂါး​တစ်​ပြား​နှင့်​ငှား​ရန်​သ​ဘော​တူ သ​ဖြင့်​သူ​တို့​အား​စ​ပျစ်​ဥ​ယျာဉ်​သို့​စေ​လွှတ် လိုက်​၏။- \v 3 နံ​နက်​ကိုး​နာ​ရီ​ခန့်​၌​သူ​သည်​စျေး​ရပ်​ကွက် သို့​ထွက်​လာ​ရာ​အ​ခြား​သော​သူ​များ​အ​လုပ် မဲ့​ရပ်​နေ​သည်​ကို​တွေ့​၏။- \v 4 ထို​အ​ခါ​သူ​တို့​အား `သင်​တို့​သည်​စ​ပျစ်​ဥ​ယျာဉ် သို့​သွား​၍​အ​လုပ်​လုပ်​ကြ။ ထိုက်​သင့်​သော​လုပ် အား​ခ​ကို​ငါ​ပေး​မည်' ဟု​ဆို​၏။- \v 5 ထို​သူ​တို့​သည်​သွား​ကြ​၏။ သူ​သည်​မွန်း​တည့်​ချိန် ၌​လည်း​ကောင်း၊ မွန်း​လွဲ​သုံး​နာ​ရီ​ခန့်​၌​လည်း ကောင်း​ထို​နည်း​တူ​စျေး​ရပ်​ကွက်​သို့​သွား​၍​အ​လုပ် သ​မား​များ​ကို​ငှား​၏။- \v 6 ည​နေ​ငါး​နာ​ရီ​ခန့်​၌​တစ်​ဖန်​သွား​ပြန်​သော​အ​ခါ အ​ခြား​သော​သူ​တို့​ရပ်​လျက်​နေ​သည်​ကို​တွေ့ သ​ဖြင့်`သင်​တို့​အ​ဘယ်​ကြောင့်​တစ်​နေ့​လုံး​အ​လုပ် မ​လုပ်​ဘဲ​ဤ​နေ​ရာ​တွင်​ရပ်​နေ​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။- \v 7 ထို​သူ​တို့​က `အ​ကျွန်ုပ်​တို့​အား​မည်​သူ​မျှ​မ​ငှား သော​ကြောင့်​ဖြစ်​ပါ​သည်' ဟု​ပြန်​ပြော​ကြ​၏။ ထို အ​ခါ​ဥ​ယျာဉ်​ရှင်​က `သင်​တို့​လည်း​စ​ပျစ်​ဥ​ယျာဉ် သို့​သွား​၍​အ​လုပ်​လုပ်​ကြ' ဟု​ဆို​၏။'' \p \v 8 ``ည​ချမ်း​အ​ချိန်​ကျ​သော​အ​ခါ​ဥ​ယျာဉ်​ရှင်​သည် မိ​မိ​၏​စီ​မံ​ခန့်​ခွဲ​ရေး​မှူး​အား `အ​လုပ်​သ​မား​များ ကို​ခေါ်​လော့။ နောက်​ဆုံး​အ​လုပ်​ဝင်​သူ​များ​မှ​အ​စ​ပြု ၍​ပ​ထ​မ​ဆုံး​အ​လုပ်​ဝင်​သူ​များ​တိုင်​အောင်​လုပ် အား​ခ​များ​ကို​ပေး​လော့' ဟု​ဆို​၏။-\x + \xo 20:8 \xt ဝတ်၊ ၁၉:၁၃။ တရား၊ ၂၄:၁၅။\x* \v 9 မန်​နေ​ဂျာ​သည်​ည​နေ​ငါး​နာ​ရီ​ခန့်​ကျ​မှ​ငှား​သည့် အ​လုပ်​သ​မား​များ​အား​ဒေ​နာ​ရိ​ဒင်္ဂါး​တစ်​ပြား​စီ ပေး​၏။- \v 10 ပ​ထ​မ​ဆုံး​ငှား​သည့်​အ​လုပ်​သ​မား​များ​အ​လှည့် ကျ​သော​အ​ခါ သူ​တို့​သည်​အ​ခြား​သူ​များ​ထက် ပို​၍​ရ​မည်​ဟု​ထင်​မှတ်​ကြ​၏။- \v 11 သို့​ရာ​တွင်​သူ​တို့​သည်​လည်း​ဒေ​နာ​ရိ​ဒင်္ဂါး​တစ် ပြား​စီ​ပင်​ရ​ရှိ​ကြ​သ​ဖြင့်၊- \v 12 `ဤ​သူ​တို့​ကား​တစ်​နာ​ရီ​မျှ​သာ​အ​လုပ်​လုပ်​ကြ ရ​၏။ အ​ကျွန်ုပ်​တို့​မှာ​မူ​တစ်​နေ​ကုန်​နေ​ပူ​ကြဲ​ကြဲ တွင်​ပင်​ပန်း​စွာ​လုပ်​ကိုင်​ကြ​ရ​ပါ​၏။ သို့​ပါ​လျက် အ​ရှင်​သည်​အ​ကျွန်ုပ်​တို့​အား​ထို​သူ​တို့​နှင့်​ညီ တူ​မျှ​တူ​လုပ်​အား​ခ​ပေး​ပါ​သည်​တ​ကား' ဟု အ​လုပ်​ရှင်​အား​ညည်း​ညူ​ကြ​၏။- \v 13 ဥ​ယျာဉ်​ရှင်​က​မိ​မိ​ပထမ​ဆုံး​ငှား​ရမ်း​သည့်​အ​လုပ် သ​မား​များ​အ​နက်​တစ်​ယောက်​အား `အ​ဆွေ၊ ငါ သည်​သင့်​ကို​မ​တ​ရား​ပြု​သည်​မ​ဟုတ်။ သင်​သည် တစ်​နေ့​လျှင်​ဒေ​နာ​ရိ​ဒင်္ဂါး​တစ်​ပြား​နှင့်​အ​လုပ် လုပ်​ရန်​သ​ဘော​တူ​ခဲ့​သည်​မ​ဟုတ်​ပါ​လော။- \v 14 သင်​၏​လုပ်​အား​ခ​ကို​ယူ​၍​သွား​ပါ​လေ။ နောက် ဆုံး​ငှား​သည့်​ဤ​အ​လုပ်​သ​မား​အား​သင့်​ကို​ပေး သ​ကဲ့​သို့​ငါ​ပေး​လို​၏။- \v 15 ငါ​ပိုင်​သည့်​ငွေ​ကို​ငါ​အ​လို​ရှိ​သည့်​အ​တိုင်း​မ​သုံး စွဲ​အပ်​ပါ​သ​လော။ ငါ​ရက်​ရော​သော​ကြောင့်​သင် မ​နာ​လို​ဝန်​တို​စိတ်​ရှိ​သ​လော' ဟု​ဆို​၏'' ဟူ​၍ မိန့်​တော်​မူ​သည်။ \p \v 16 ထို​နောက်​ကိုယ်​တော်​က ``သို့​ဖြစ်​၍​အ​နိမ့်​ဆုံး​သို့ ရောက်​သူ​များ​သည်​အ​မြင့်​ဆုံး​သို့​ရောက်​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။\x + \xo 20:16 \xt မ၊ ၁၉:၃၀။ မာ၊ ၁၀:၃၁။ လု၊ ၁၃:၃၀။\x* \s1 အ​သေ​သတ်​ခြင်း​ခံ​တော်​မူ​ရ​မည့်​အ​ကြောင်း တ​တိ​ယ​အ​ကြိမ်​ဖော်​ပြ​တော်​မူ​ခြင်း \r (မာ၊ ၁၀:၃၂-၃၄။ လု၊ ၁၈:၃၁-၃၄။) \p \v 17 သ​ခင်​ယေ​ရှု​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ကြွ​တော် မူ​စဉ်​တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​ကို​မ​လှမ်း မ​ကမ်း​သို့​သီး​ခြား​ခေါ်​တော်​မူ​ပြီး​လျှင်၊- \v 18 ``နား​ထောင်​လော့။ ငါ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သို့ ခ​ရီး​ပြု​လျက်​ရှိ​၏။ ထို​မြို့​တွင်​လူ​သား​သည်​ယဇ် ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ ၏​လက်​သို့​အပ်​နှံ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ သူ​တို့ သည်​လူ​သား​အား​သေ​ဒဏ်​စီ​ရင်​ကာ၊- \v 19 လူ​မျိုး​ခြား​တို့​၏​လက်​သို့​အပ်​နှံ​ကြ​လိမ့်​မည်။ လူ မျိုး​ခြား​တို့​သည်​လည်း​လူ​သား​ကို​ပြောင်​လှောင် ပြီး​လျှင် ကြိမ်​ဒဏ်​ပေး​ကာ​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သုံး​ရက်​မြောက် သော​နေ့​၌​လူ​သား​သည်​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 မိ​ခင်​တစ်​ယောက်​၏​လျှောက်​ထား​ချက် \r (မာ၊ ၁၀:၃၅-၄၅။) \p \v 20 ထို​နောက်​ဇေ​ဗေ​ဒဲ​၏​သား​များ​၏​မိ​ခင်​သည်​သား များ​နှင့်​အ​တူ​ကိုယ်​တော်​ထံ​ပန်​ကြား​လျှောက်​ထား ရန်​ချဉ်း​ကပ်​ပျပ်​ဝပ်​၏။ \p \v 21 ကိုယ်​တော်​က ``သင်​အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ \p ``ကိုယ်​တော်​သည်​ဘု​ရင်​အ​ဖြစ်​အုပ်​စိုး​တော်​မူ သော​အ​ခါ ကျွန်​မ​၏​သား​နှစ်​ယောက်​အား​အ​ရှင် ၏​လက်​ယာ​ရံ​နှင့်​လက်​ဝဲ​ရံ​ခန့်​ထား​တော်​မူ​ပါ'' ဟု​ပန်​ကြား​၏။ \p \v 22 သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​မည်​သည့်​အ​ရာ​ကို ပန်​ကြား​နေ​သည်​ကို​သင်​တို့​မ​သိ​ကြ။ ငါ​သောက် ရ​မည့်​ဒုက္ခ​ဝေ​ဒ​နာ​ခွက်​ကို​သင်​တို့​သောက်​နိုင်​ကြ သ​လော'' ဟု​မေး​တော်​မူ​၏။ \p သူ​တို့​က ``အ​ကျွန်ုပ်​တို့​သောက်​နိုင်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။ \p \v 23 ကိုယ်​တော်​က ``သင်​တို့​သည်​ငါ​၏​ခွက်​မှ​အ​မှန်​ပင် သောက်​ရ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​၏​လက်​ယာ​ရံ နှင့်​လက်​ဝဲ​ရံ​အ​ဖြစ်​ကို​မူ​ငါ​မ​ပေး​ပိုင်။ ဤ​အ​ခွင့် အ​ရေး​များ​သည်​ငါ့​ခ​မည်း​တော်​စီ​မံ​ပြင်​ဆင်​ထား သူ​များ​အ​တွက်​သာ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 24 ဤ​အ​ကြောင်း​အ​ရာ​ကို​တ​ပည့်​တော်​ဆယ်​ဦး​တို့ ကြား​လျှင် ထို​ညီ​အစ်​ကို​နှစ်​ယောက်​ကို​စိတ်​ဆိုး ကြ​၏။- \v 25 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​ကို​အ​ထံ​တော် သို့​ခေါ်​တော်​မူ​လျက် ``မင်း​စိုး​ရာ​ဇာ​တို့​သည်​ပြည် သူ​တို့​အ​ပေါ်​ဝယ် တန်​ခိုး​အာ​ဏာ​ရှိ​ကြောင်း​ကို လည်း​ကောင်း၊ ပြည်​သူ့​ခေါင်း​ဆောင်​များ​သည်​လည်း ပြည်​သူ​တို့​အား အ​စိုး​တ​ရ​ပြု​တတ်​ကြောင်း​ကို လည်း​ကောင်း​သင်​တို့​သိ​ကြ​၏။-\x + \xo 20:25 \xt လု၊ ၂၂:၂၅-၂၆။\x* \v 26 သင်​တို့​အ​ချင်း​ချင်း​တွင်​မူ​ကား​ထို​သို့​မ​ဖြစ် သင့်။ သင်​တို့​အ​နက်​အ​ကြီး​အ​ကဲ​ဖြစ်​လို​သူ သည်​သင်​တို့​၏​အ​စေ​ခံ​ဖြစ်​ရ​မည်။-\x + \xo 20:26 \xt မ၊ ၂၃:၁၁။ မာ၊ ၉:၃၅။ လု၊ ၂၂:၂၆။\x* \v 27 အ​ကြီး​မြတ်​ဆုံး​ဖြစ်​လို​သူ​သည်​သင်​တို့​၏​ကျွန် ဖြစ်​ရ​မည်။- \v 28 လူ​သား​ပင်​လျှင်​သူ​တစ်​ပါး​အား​စေ​စား​ရန် ကြွ​လာ​သည်​မ​ဟုတ်။ သူ​တစ်​ပါး​၏​အ​စေ​ကို ခံ​ရန်​နှင့် မိ​မိ​အ​သက်​ကို​စွန့်​၍​လူ​များ​အား ရွေး​နုတ်​ရန်​ကြွ​လာ​သ​တည်း'' ဟု​မိန့်​တော်​မူ ၏။ \s1 မျက်​မ​မြင်​နှစ်​ယောက်​ကို မျက်​စိ​မြင်​စေ​တော်​မူ​ခြင်း \r (မာ၊ ၁၀:၄၆-၅၂။ လု၊ ၁၈:၃၅-၄၃။) \p \v 29 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ယေ​ရိ​ခေါ မြို့​မှ​ထွက်​ခွာ​လာ​ကြ​သော​အ​ခါ လူ​ပ​ရိ​သတ် ကြီး​သည်​နောက်​တော်​က​လိုက်​ကြ​၏။- \v 30 သ​ခင်​ယေ​ရှု​ကြွ​သွား​တော်​မူ​ကြောင်း​ကို လမ်း အ​နီး​တွင်​ထိုင်​နေ​သော​မျက်​မ​မြင်​နှစ်​ယောက်​တို့ ကြား​သိ​သော​အ​ခါ ``အ​ရှင်၊ ဒါ​ဝိဒ်​၏​သား​တော်၊ အ​ကျွန်ုပ်​တို့​ကို​သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော် ကြ​၏။ \p \v 31 လူ​ပ​ရိ​သတ်​တို့​က​သူ​တို့​အား​ဆိတ်​ဆိတ်​နေ ရန်​ငေါက်​ငန်း​ပြော​ဆို​ကြ​၏။ သို့​သော်​လည်း​သူ​တို့ သည် ``အ​ရှင်၊ ဒါ​ဝိဒ်​၏​သား​တော်၊ အ​ကျွန်ုပ်​တို့​ကို သ​နား​တော်​မူ​ပါ'' ဟု​သာ​၍​ပင်​ဟစ်​အော်​ကြ​၏။ \p \v 32 သ​ခင်​ယေ​ရှု​သည်​ရပ်​တန့်​တော်​မူ​၍​ထို​သူ​တို့ ကို​အ​ထံ​တော်​သို့​ခေါ်​တော်​မူ​ပြီး​လျှင် ``သင် တို့​အ​တွက်​အ​ဘယ်​အ​ရာ​ကို​ပြု​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p \v 33 သူ​တို့​က ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​အား​မျက်​စိ​ပြန်​၍ မြင်​စေ​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။ \p \v 34 သ​ခင်​ယေ​ရှု​သည်​သူ​တို့​ကို​သ​နား​တော်​မူ​သ​ဖြင့် သူ​တို့​၏​မျက်​စိ​ကို​လက်​တော်​ဖြင့်​တို့​ထိ​တော်​မူ​၏။ သူ​တို့​သည်​မျက်​စိ​အ​လင်း​ကို​ချက်​ချင်း​ပြန်​လည် ရ​ရှိ​၍​နောက်​တော်​သို့​လိုက်​ကြ​၏။ \c 21 \s1 အောင်​ပွဲ​အ​ခမ်း​အ​နား​နှင့်​ယေ​ရု​ရှ​လင်​မြို့​သို့ ဝင်​တော်​မူ​ခြင်း \r (မာ၊ ၁၁:၁-၁၁။ လု၊ ၁၉:၂၈-၄၀။ ယော၊ ၁၂:၁၂-၁၉။) \p \v 1 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရု​ရှ​လင် မြို့​သို့​ချဉ်း​ကပ်​လာ​သ​ဖြင့် သံ​လွင်​တောင်​အ​နီး ရှိ​ဗက်​ဖာ​ဂေ​ရွာ​သို့​ရောက်​ကြ​၏။ သ​ခင်​ယေ​ရှု သည်​တ​ပည့်​တော်​နှစ်​ယောက်​အား၊- \v 2 ``သင်​တို့​ရှေ့​တွင်​ရှိ​သော​ရွာ​သို့​သွား​ကြ။ မြည်း က​လေး​တစ်​ကောင်​နှင့်​အ​တူ​ကြိုး​ဖြင့်​လှန်​ထား သော​မြည်း​မ​တစ်​ကောင်​ကို​တွေ့​ရ​လိမ့်​မည်။ ကြိုး ကို​ဖြေ​၍​မြည်း​များ​ကို​ယူ​ခဲ့​ကြ​လော့။- \v 3 အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်​က​သင်​တို့ အား `အ​ဘယ်​ကြောင့်​ဖြေ​သ​နည်း' ဟု​မေး​ခဲ့ သော် `အ​ရှင်​ဘု​ရား​အ​လို​ရှိ​ပါ​သည်' ဟု ဖြေ​ကြား​ကြ​လော့။ ထို​အ​ခါ​သူ​သည်​မြည်း များ​ကို​ချက်​ချင်း​ယူ​ခွင့်​ပြု​လိမ့်​မည်'' ဟူ​၍ မှာ​ကြား​စေ​လွှတ်​တော်​မူ​၏။ \q1 \v 4-5 ဤ​အ​ခြင်း​အ​ရာ​ကား ``သင်​တို့​၏​ရှင်​ဘု​ရင်​သည် သင်​တို့​ထံ​သို့​ကြွလာ​တော်​မူ​ပြီ။ \q2 ထို​အ​ရှင်​သည်​နူး​ညံ့​သိမ်​မွေ့​တော်​မူ​သ​ဖြင့် မြည်း​ကို​စီး​တော်​မူ​၏။ \q1 ဝန်​ဆောင်​တိ​ရစ္ဆာန်​၏​သား၊မြည်း​က​လေး​ကို​စီး တော်​မူ​၏​ဟု​ဇိ​အုန်​မြို့​အား​ပြော​ကြား​ကြ​လော့'' \m ဟူ​၍​ပ​ရော​ဖက်​မြွက်​ဆို​ခဲ့​သည့်​အ​တိုင်း ဖြစ်​ပျက်​ခြင်း​ပင်​တည်း။\x + \xo 21:4-5 \xt ဇာ၊ ၉:၉။\x* \p \v 6 တ​ပည့်​တော်​နှစ်​ယောက်​တို့​သည်​ထွက်​သွား​ပြီး လျှင်​သ​ခင်​ယေ​ရှု​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ဆောင်​ရွက်​ကြ​၏။- \v 7 သူ​တို့​သည်​မြည်း​မ​နှင့်​မြည်း​က​လေး​ကို​ဆောင် ယူ​ခဲ့​၍ မိ​မိ​တို့​၏​ဝတ်​လုံ​များ​ကို​လွှမ်း​တင်​ကြ ၏။ ကိုယ်​တော်​သည်​မြည်း​ကို​စီး​တော်​မူ​၏။- \v 8 လူ​ပ​ရိ​သတ်​တို့​သည်​လည်း​မိ​မိ​တို့​၏​ဝတ်​လုံ များ​ကို​လမ်း​ပေါ်​မှာ​ဖြန့်​ခင်း​ကြ​၏။ လူ​အ​ချို့ တို့​သည်​သစ်​ပင်​များ​မှ​အ​ကိုင်း​အ​ခက်​များ ကို​ခုတ်​၍​လမ်း​ပေါ်​မှာ​ခင်း​ကြ​၏။- \v 9 ကိုယ်​တော်​၏​ရှေ့​နောက်​လိုက်​ပါ​လာ​ကြ​သူ​လူ အ​ပေါင်း​တို့​က ``ဒါ​ဝိဒ်​၏​သား​တော်​အား​ဂုဏ် တော်​ကို​ချီး​ကူး​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏ နာ​မ​တော်​နှင့်​ကြွ​လာ​သော​အ​ရှင်​သည်​မင်္ဂလာ ရှိ​စေ​သ​တည်း။ ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို ချီး​ကူး​ကြ​စေ​သ​တည်း'' ဟု​ကြွေး​ကြော်​ကြ ကုန်​၏။\x + \xo 21:9 \xt ဆာ၊ ၁၁၈:၂၅၊၂၆။\x* \p \v 10 ယေ​ရု​ရှ​လင်​မြို့​သို့​ကိုယ်​တော်​ဝင်​သော​အ​ခါ တစ်​မြို့​လုံး​အုတ်​အုတ်​သဲ​သဲ​ဖြစ်​ပြီး​လျှင် လူ​တို့ က ``ဤ​သူ​ကား​အ​ဘယ်​သူ​နည်း'' ဟု​မေး​မြန်း ကြ​၏။ \p \v 11 လူ​ပ​ရိ​သတ်​များ​က ``ဤ​သူ​သည်​ဂါ​လိ​လဲ ပြည်​နာ​ဇ​ရက်​မြို့​သား​ပ​ရော​ဖက်​ယေ​ရှု​ဖြစ် သည်'' ဟု​ဖြေ​ကြား​ကြ​၏။ \s1 ဗိ​မာန်​တော်​သို့​ကြွ​တော်​မူ​ခြင်း \r (မာ၊ ၁၁:၁၅-၁၉။ လု၊ ၁၉:၄၅-၄၈။ ယော၊ ၂:၁၃-၂၂။) \p \v 12 သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​သို့​ဝင်​တော်​မူ​၍ ဗိ​မာန်​တော်​အ​တွင်း​မှ​ရောင်း​ဝယ်​နေ​သူ​တို့​ကို နှင်​ထုတ်​တော်​မူ​၏။ ငွေ​လဲ​လှယ်​သူ​တို့​၏​စား​ပွဲ များ​နှင့်​ချိုး​ငှက်​ရောင်း​သူ​တို့​၏​ထိုင်​ခုံ​များ​ကို မှောက်​လှန်​ပစ်​တော်​မူ​၏။- \v 13 ထို​နောက်​ကိုယ်​တော်​က ``ငါ​၏​အိမ်​တော်​ကို​ဆု တောင်း​ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​ဟု​ခေါ်​ဝေါ်​ရ​လတ္တံ့ ဟု​ကျမ်း​စာ​လာ​၏။ သို့​ရာ​တွင်​သင်​တို့​သည်​အိမ် တော်​ကို​ဋ္ဌား​ပြ​ခို​အောင်း​ရာ​ဖြစ်​စေ​ကြ​ပြီ တ​ကား'' ဟု​မိန့်​တော်​မူ​၏။\x + \xo 21:13 \xt ဟေရှာ၊ ၅၆:၇။ ယေ၊ ၇:၁၁။\x* \p \v 14 ဗိ​မာန်​တော်​တွင်​မျက်​မ​မြင်​များ​နှင့်​ခြေ​မ​စွမ်း မ​သန်​သူ​များ​သည်​အ​ထံ​တော်​သို့​လာ​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​၏​ရော​ဂါ​များ​ကို​ပျောက် ကင်း​စေ​တော်​မူ​၏။- \v 15 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​ကို​မြင်​၍ ``ဒါ​ဝိဒ်​၏​သား​တော် အား​ချီး​မွမ်း​ထော​မ​နာ​ပြု​ကြ​လော့'' ဟု​ဗိ​မာန် တော်​ထဲ​တွင်​က​လေး​သူ​ငယ်​တို့​ဟစ်​အော်​နေ သည်​ကို​ကြား​ကြ​သော​အ​ခါ​အ​မျက်​ထွက် လျက်၊- \v 16 ``ဤ​သူ​ငယ်​တို့​အ​ဘယ်​သို့​ကြွေး​ကြော်​နေ​ကြ သည်​ကို​ကြား​ပါ​သ​လော'' ဟု​ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။ \p သ​ခင်​ယေ​ရှု​က ``ငါ​ကြား​၏။ `ကိုယ်​တော်​သည် သူ​ငယ်​များ​နှင့်​မိ​ခင်​ရင်​ခွင်​ရှိ​နို့​စို့​များ​အား ချီး​မွမ်း​စေ​ရန်​သင်​ကြား​ပေး​တော်​မူ​ပြီ' ဟူ သော​ကျမ်း​စ​ကား​ကို​သင်​တို့​အ​ဘယ်​အ​ခါ မျှ​မ​ဖတ်​ဖူး​ကြ​ပါ​သ​လော'' ဟု​မိန့်​တော်​မူ​၏။\x + \xo 21:16 \xt ဆာ၊ ၈:၂။\x* \p \v 17 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​မြို့​မှ​ထွက်​ပြီး​လျှင် ဗေ​သ​နိ​ရွာ​သို့​ကြွ​၍​ထို​ည​တည်း​ခို​တော်​မူ​၏။ \s1 သ​ခင်​ယေ​ရှု​သည်​သင်္ဘော​သ​ဖန်း​ပင်​ကို ဒဏ်​ခတ်​တော်​မူ​ခြင်း \r (မာ၊ ၁၁:၁၂-၁၄၊ ၂၀-၂၄။) \p \v 18 နံ​နက်​စော​စော​မြို့​သို့​ပြန်​လည်​ကြွ​လာ​တော်​မူ​စဉ် ကိုယ်​တော်​သည်​ဆာ​လောင်​မွတ်​သိပ်​တော်​မူ​၏။- \v 19 လမ်း​အ​နီး​တွင်​သ​င်္ဘော​သ​ဖန်း​ပင်​တစ်​ပင်​ကို မြင်​သ​ဖြင့်​ထို​အ​ပင်​ရှိ​ရာ​သို့​ကြွ​တော်​မူ​၏။ အ​ပင်​ပေါ်​တွင်​အ​ရွက်​များ​ကို​သာ​တွေ့​တော်​မူ လျှင်​ကိုယ်​တော်​သည်​ထို​အ​ပင်​အား ``သင်​သည် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​အ​သီး​မ​သီး​စေ​နှင့်'' ဟု​မိန့်​တော်​မူ​၏။ သင်္ဘော​သ​ဖန်း​ပင်​သည်​လည်း ချက်​ချင်း​ပင်​ညှိုး​နွမ်း​ခြောက်​သွေ့​သွား​လေ​၏။ \p \v 20 ထို​အ​ခြင်း​အ​ရာ​ကို​တ​ပည့်​တော်​တို့​မြင်​လျှင် လွန်​စွာ​အံ့​သြ​ကြ​သ​ဖြင့် ``သင်္ဘော​သ​ဖန်း​ပင် သည်​အ​ဘယ်​သို့​လျှင်​ချက်​ချင်း​ညှိုး​နွမ်း​ခြောက် သွေ့​သွား​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ \p \v 21 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား၊ သင်​တို့​သည်​သံ​သ​ယ​ကင်း သော​ယုံ​ကြည်​ခြင်း​ရှိ​လျှင်​သ​င်္ဘော​သ​ဖန်း​ပင် ကို​ငါ​ပြု​သ​ကဲ့​သို့​ပြု​နိုင်​လိမ့်​မည်။ ထို​မျှ​မ​က ဤ​တောင်​အား `ဤ​နေ​ရာ​မှ​ရွေ့​၍​ပင်​လယ်​ထဲ သို့​သက်​ဆင်း​လော့' ဟု​ဆို​လျှင်​ဆို​သည့်​အ​တိုင်း ဖြစ်​လိမ့်​မည်။-\x + \xo 21:21 \xt မ၊ ၁၇:၂၀။ ၁ကော၊ ၁၃:၂။\x* \v 22 သင်​တို့​သည်​ယုံ​ကြည်​ခြင်း​ဖြင့်​တောင်း​လျှောက် လျှင်​တောင်း​လျှောက်​သ​မျှ​တို့​ကို​ရ​ရှိ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 သ​ခင်​ယေ​ရှု​၏​အ​ခွင့်​အာ​ဏာ​ကို စစ်​ဆေး​မေး​မြန်း​ကြ​ခြင်း \r (မာ၊ ၁၁:၂၇-၃၃။ လု၊ ၂၀:၁-၈။) \p \v 23 ကိုယ်​တော်​သည်​ဗိ​မာန်​တော်​သို့​ပြန်​လည်​ကြွ​လာ တော်​မူ​၍​ဟော​ပြော​သွန်​သင်​တော်​မူ​စဉ်​ယဇ်​ပု​ရော ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​ပြီး​လျှင် ``အ​ရှင်​သည် ဤ​အ​မှု​အ​ရာ​များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​နှင့် ပြု​တော်​မူ​ပါ​သ​နည်း။ ထို​အ​ခွင့်​အာ​ဏာ​ကို​အ​ရှင့် အား​အ​ဘယ်​သူ​ပေး​အပ်​ပါ​သ​နည်း'' ဟု​မေး လျှောက်​ကြ​၏။ \p \v 24 သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​မေး​ခွန်း​တစ်​ခု​ကို ငါ​မေး​မည်။ ထို​မေး​ခွန်း​ကို​သင်​တို့​ဖြေ​ကြား​ကြ ပါ​လျှင် ဤ​အ​မှု​အ​ရာ​များ​ကို​အ​ဘယ်​အ​ခွင့် အာ​ဏာ​နှင့်​ငါ​ပြု​သည်​ကို​ငါ​ပြော​မည်။- \v 25 ယော​ဟန်​ဗတ္တိ​ဇံ​မင်္ဂလာ​ပေး​သည်​မှာ​ဘု​ရား​သ​ခင်​၏ အ​ခွင့်​အာ​ဏာ​နှင့်​ပေး​သ​လော။ လူ​တို့​၏​အ​ခွင့် အာ​ဏာ​နှင့်​ပေး​သ​လော'' ဟု​မေး​တော်​မူ​၏။ \p သူ​တို့​သည် ``အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​အ​ခွင့် အာ​ဏာ​နှင့်​ပေး​သည်​ဟု​ငါ​တို့​ဆို​လျှင်​ယော​ဟန် ကို​သင်​တို့​အ​ဘယ်​ကြောင့်​မ​ယုံ​ကြည်​ကြ သ​နည်း​ဟု​မေး​လိမ့်​မည်။- \v 26 သို့​ရာ​တွင်​လူ​တို့​၏​အ​ခွင့်​အာ​ဏာ​နှင့်​ပေး​သည် ဟု​ဆို​ရ​မည်​မှာ​လည်း​လူ​အ​ပေါင်း​တို့​သည်​ယော​ဟန် ကို ပ​ရော​ဖက်​တစ်​ပါး​ဟု​ယုံ​ကြည်​ကြ​သ​ဖြင့်​လူ ပ​ရိ​သတ်​ကို​ငါ​တို့​ကြောက်​ရ​၏'' ဟု​အ​ချင်း​ချင်း ဆွေး​နွေး​ကြ​၏။- \v 27 သို့​ဖြစ်​၍​သူ​တို့​က ``အ​ကျွန်ုပ်​တို့​မ​သိ​ပါ'' ဟု ပြန်​လည်​လျှောက်​ထား​ကြ​၏။ \p ထို​အ​ခါ​ကိုယ်​တော်​က ``ငါ​ပြု​သည့်​အ​မှု​အ​ရာ များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​နှင့်​ပြု​သည်​ကို လည်း​သင်​တို့​အား​ငါ​မ​ပြော'' ဟု​မိန့်​တော်​မူ​၏။ \s1 သား​နှစ်​ယောက်​ပုံ​ဥ​ပ​မာ \p \v 28 ထို​နောက်​ကိုယ်​တော်​က ``သင်​တို့​သည်​အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း။ လူ​တစ်​ယောက်​မှာ​သား​နှစ် ယောက်​ရှိ​၏။ သူ​သည်​သား​ကြီး​ထံ​သို့​သွား​ပြီး လျှင်`ငါ့​သား၊ ယ​နေ့​စ​ပျစ်​ဥ​ယျာဉ်​သို့​သွား​၍ လုပ်​ဆောင်​ပါ​လော့' ဟု​ဆို​၏။- \v 29 သား​ကြီး​က `အ​ကျွန်ုပ်​မ​သွား​လို​ပါ' ဟု​ဆို သော်​လည်း​နောက်​မှ​စိတ်​ပြောင်း​လဲ​သ​ဖြင့် ဥ​ယျာဉ်​သို့​သွား​လေ​၏။- \v 30 ဖ​ခင်​သည်​သား​ငယ်​ထံ​သို့​သွား​၍​ရှေး​နည်း​တူ ပြော​၏။ သား​ငယ်​က `ဟုတ်​ကဲ့ အ​ဖေ၊ အ​ကျွန်ုပ် သွား​ပါ​မည်' ဟု​ဆို​၏။- \v 31 သို့​သော်​လည်း​မ​သွား​ဘဲ​နေ​၏။ ထို​သား​နှစ်​ယောက် တို့​တွင်​အ​ဘယ်​သူ​သည်​ဖ​ခင်​၏​စ​ကား​ကို​နား ထောင်​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p ထို​သူ​တို့​က ``သား​ကြီး​နား​ထောင်​ပါ​သည်'' ဟု ဖြေ​ကြား​ကြ​၏။ \p သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို သည်​ကား၊ အ​ခွန်​ခံ​သူ​များ​နှင့်​ပြည့်​တန်​ဆာ​များ သည်​သင်​တို့​အ​လျင်​ကောင်း​ကင်​နိုင်​ငံ​တော်​သို့​ဝင် ကြ​လိမ့်​မည်။- \v 32 ယော​ဟန်​သည်​သင်​တို့​ထံ​လာ​၍​လမ်း​မှန်​ကို​ညွှန်​ပြ သော်​လည်း​သင်​တို့​သည်​သူ့​ကို​မ​ယုံ​ကြည်​ကြ။ သို့ ရာ​တွင်​အ​ခွန်​ခံ​သူ​များ​နှင့်​ပြည့်​တန်​ဆာ​များ​မူ ကား​ယုံ​ကြည်​ကြ​၏။ ဤ​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင် ရ​ကြ​သော​အ​ခါ​၌​ပင်​လျှင် သင်​တို့​သည်​စိတ်​ပြောင်း လဲ​၍​ယော​ဟန်​ကို​ယုံ​ကြည်​လာ​ခြင်း​မ​ရှိ​ကြ။''\x + \xo 21:32 \xt လု၊ ၃:၁၂၊ ၇:၂၉-၃၀။\x* \s1 စ​ပျစ်​ဥ​ယျာဉ်​သီး​စား​များ​ပုံ​ဥ​ပ​မာ \r (မာ၊ ၁၂:၁-၁၂။ လု၊ ၂၀:၉-၁၉။) \p \v 33 ``အ​ခြား​ပုံ​ဥ​ပ​မာ​တစ်​ခု​ကို​နား​ထောင်​ကြ​ဦး လော့။ စ​ပျစ်​ဥ​ယျာဉ်​တစ်​ခု​ကို​စိုက်​ပျိုး​သည့်​မြေ ပိုင်​ရှင်​တစ်​ယောက်​ရှိ​၏။ သူ​သည်​ခြံ​ဝင်း​ကာ​၍ စပျစ်​သီး​နယ်​ရာ​ကျင်း​ကို​တူး​၏။ မျှော်​စင်​တစ်​ခု ကို​လည်း​ဆောက်​လုပ်​၏။ ထို​နောက်​မိ​မိ​၏​ဥ​ယျာဉ် ကို​ခြံ​သ​မား​တို့​အား​သီး​စား​ချ​၍​နိုင်​ငံ​ရပ် ခြား​သို့​ထွက်​သွား​၏။-\x + \xo 21:33 \xt ဟေရှာ၊ ၅:၁-၂။\x* \v 34 စ​ပျစ်​သီး​ပေါ်​ချိန်​နီး​ကပ်​လာ​သော​အ​ခါ​မိ​မိ ၏​လုပ်​သား​များ​ကို​ခြံ​သ​မား​တို့​ထံ​သို့​စေ​လွှတ် ၍ သီး​စား​ခ​စ​ပျစ်​သီး​များ​ကို​တောင်း​ခံ​စေ​၏။- \v 35 ခြံ​သ​မား​တို့​သည်​လုပ်​သား​များ​ကို​ဖမ်း​၍​ရိုက် သူ​ကို​ရိုက်၊ သတ်​သူ​ကို​သတ်၊ ခဲ​နှင့်​ပေါက်​သူ​ကို ပေါက်​ကြ​၏။- \v 36 ထို​နောက်​ဥ​ယျာဉ်​ရှင်​သည်​ပ​ထ​မ​အ​ကြိမ်​ထက် လုပ်​သား​များ​ကို​ပို​၍​စေ​လွှတ်​၏။ သို့​ရာ​တွင် ခြံ​သ​မား​တို့​သည်​ထို​လုပ်​သား​များ​ကို​လည်း ရှေး​နည်း​တူ​ပြု​ကြ​ပြန်​၏။- \v 37 နောက်​ဆုံး​၌​သူ​သည် `ငါ​၏​သား​ကို​မူ​ထို​သူ​တို့ လေး​စား​ကြ​ရာ​၏' ဟု​ဆို​လျက်​မိ​မိ​၏​သား ကို​ခြံ​သ​မား​တို့​ထံ​သို့​စေ​လွှတ်​၏။- \v 38 သို့​သော်​ထို​သူ​တို့​သည်​ဥ​ယျာဉ်​ရှင်​၏​သား​ကို မြင်​သော​အ​ခါ `ဤ​သူ​သည်​အ​မွေ​စား​အ​မွေ​ခံ ဖြစ်​၏။ လာ​ကြ။ သူ့​ကို​သတ်​၍​သူ့​အ​မွေ​ဥစ္စာ ကို​ယူ​ကြ​ကုန်​အံ့' ဟု​အ​ချင်း​ချင်း​တိုင်​ပင် ပြီး​နောက်၊- \v 39 သူ့​ကို​ဖမ်း​ပြီး​ဥ​ယျာဉ်​အ​ပြင်​သို့​ထုတ်​၍ သတ်​ကြ​၏။ \p \v 40 သို့​ဖြစ်​၍​ဥ​ယျာဉ်​ရှင်​ရောက်​ရှိ​လာ​သော​အ​ခါ ခြံ​သ​မား​တို့​အား​အ​ဘယ်​သို့​ပြု​လိမ့်​မည်​နည်း'' ဟု​မေး​တော်​မူ​၏။ \p \v 41 လူ​တို့​က ``ဥ​ယျာဉ်​ရှင်​သည်​ထို​ဆိုး​သွမ်း​သော သူ​တို့​ကို​အ​မှန်​ပင်​သတ်​ပစ်​ပါ​လိမ့်​မည်။ ဥ​ယျာဉ် ကို​လည်း​စ​ပျစ်​သီး​ပေါ်​ချိန်​၌​သီး​စား​ခ​မှန်​မှန် ပေး​မည့်​အ​ခြား​ခြံ​သ​မား​တို့​အား​ပေး​အပ်​ပါ လိမ့်​မည်'' ဟု​ဖြေ​ကြား​ကြ​၏။ \p \v 42 သ​ခင်​ယေ​ရှု​က \q1 ``တိုက်​တည်​သူ​တို့​ပယ်​ထား​သော​ကျောက်​သည် \q2 အ​ရေး​အ​ကြီး​ဆုံး​သော​ထောင့်​ချုပ်​ကျောက်​ဖြစ် လာ​ရ​၏။ \q1 ဤ​အ​မှု​သည်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော အ​မှု​ဖြစ်​၏။ \q2 ငါ​တို့​မျက်​မှောက်​တွင်​အံ့​သြ​ဖွယ်​ရာ​ဖြစ်​လေ​စွ' \m ဟူ​သော​ကျမ်း​စ​ကား​ကို​သင်​တို့​မ​ဖတ်​ဖူး ကြ​သ​လော။\x + \xo 21:42 \xt ဆာ၊ ၁၁၈:၂၂-၂၃။\x* \p \v 43 ``သို့​ဖြစ်​၍​သင်​တို့​အား​ငါ​ဆို​သည်​ကား​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​ကို​သင်​တို့​ထံ​မှ​ရုပ်​သိမ်း​၍ နိုင်​ငံ​တော်​နှင့်​ထိုက်​လျောက်​သည့်​အ​ကျင့်​သီ​လ ရှိ​သော​လူ​မျိုး​အား​ပေး​လိမ့်​မည်။- \v 44 (ထို​ကျောက်​အ​ပေါ်​သို့​ကျ​သော​သူ​သည်​ကြေ​မွ ၍​သွား​ပေ​အံ့။ မိ​မိ​၏​အ​ပေါ်​သို့​ထို​ကျောက် အ​ကျ​ခံ​ရ​သူ​သည်​ညက်​ညက်​ကြေ​၍​သွား​ပေ အံ့'') ဟု​မိန့်​တော်​မူ​၏။ \p \v 45 ကိုယ်​တော်​၏​ပုံ​ဥ​ပ​မာ​များ​ကို​ယဇ်​ပု​ရော​ဟိတ် ကြီး​များ​နှင့်​ဖာ​ရိ​ရှဲ​များ​ကြား​ကြ​သော​အ​ခါ မိ​မိ​တို့​ကို​ရည်​မှတ်​၍​မိန့်​တော်​မူ​ကြောင်း​သိ ကြ​၏။- \v 46 ထို​ကြောင့်​သူ​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် နည်း​လမ်း​ရှာ​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​သည် ကိုယ်​တော်​အား​ပ​ရော​ဖက်​ဟု​မှတ်​ယူ​ယုံ​ကြည် နေ​သူ​လူ​ပ​ရိ​သတ်​တို့​ကို​ကြောက်​ကြ​၏။ \c 22 \s1 မင်္ဂ​လာ​ဆောင်​ပွဲ​ပုံ​ဥ​ပ​မာ \r (လု၊ ၁၄:၁၅-၂၄။) \p \v 1 သ​ခင်​ယေ​ရှု​သည်​ပုံ​ဥ​ပ​မာ​ဆောင်​၍​ထို​သူ တို့​အား​မိန့်​တော်​မူ​ပြန်​၏။- \v 2 ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ​တော်​သည်​သား တော်​အ​တွက်​မင်္ဂ​လာ​ဆောင်​ဧည့်​ခံ​ပွဲ​ကို​ပြင်​ဆင် ထား​သည့်​ဘု​ရင်​တစ်​ပါး​ကြုံ​တွေ့​ရ​သည့်​အ​ဖြစ် အ​ပျက်​နှင့်​တူ​၏။- \v 3 မင်း​ကြီး​သည်​ဖိတ်​ကြား​ထား​သူ​များ​ထံ​သို့​မင်း စေ​တို့​ကို​လွှတ်​၍​ခေါ်​ဖိတ်​စေ​၏။ သို့​ရာ​တွင်​သူ​တို့ သည်​မ​လာ​လို​ကြ။- \v 4 မင်း​ကြီး​က `ငါ​၏​ည​စာ​စား​ပွဲ​အ​သင့်​ရှိ​ပြီ။ နွား အ​စ​ရှိ​သည့်​ဆူ​ဖြိုး​သော​တိ​ရစ္ဆာန်​များ​ကို​လည်း သတ်​ပြီး​ပြီ။ အား​လုံး​အ​ဆင်​သင့်​ရှိ​ပြီ​ဖြစ်​၍ မင်္ဂ​လာ​ဆောင်​ပွဲ​သို့​ကြွ​ရောက်​ကြ​ပါ' ဟု​ဖိတ် ကြား​ထား​သူ​တို့​အား​ပြော​ကြ​လော့​ဟူ​၍ အ​ခြား​မင်း​စေ​တို့​အား​လွှတ်​တော်​မူ​၏။- \v 5 သို့​ရာ​တွင်​ဖိတ်​ကြား​ထား​သူ​တို့​သည်​မင်း​စေ တို့​ကို​ဂ​ရု​မ​စိုက်​ဘဲ​တစ်​ယောက်​က​လယ်​တော သို့​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက်​က​မိ​မိ ကုန်​သွယ်​ရာ​သို့​လည်း​ကောင်း​သွား​ကြ​၏။- \v 6 ကျန်​သော​သူ​များ​က​မင်း​စေ​တို့​ကို​ဖမ်း​၍ ရိုက်​နှက်​သတ်​ဖြတ်​ကြ​၏။- \v 7 မင်း​ကြီး​သည်​လွန်​စွာ​အ​မျက်​ထွက်​၍​စစ်​သား များ​ကို​စေ​လွှတ်​ပြီး​လျှင်​ထို​လူ​သတ်​သ​မား တို့​ကို​သုတ်​သင်​စေ​၏။ သူ​တို့​၏​မြို့​ကို​လည်း မီး​ရှို့​စေ​၏။- \v 8 ထို​နောက်​မင်း​စေ​တို့​ကို​ခေါ်​ပြီး​လျှင်​မင်္ဂ​လာ​ဆောင် ဧည့်​ခံ​ပွဲ​သည်​အ​သင့်​ရှိ​ပြီ​ဖြစ်​သော်​လည်း​ဖိတ် ကြား​ခြင်း​ခံ​ရ​သူ​တို့​သည်​ထို​ပွဲ​နှင့်​မ​ထိုက်​မ​တန် ကြ​သ​ဖြင့်၊- \v 9 `လမ်း​မ​ကြီး​များ​သို့​သွား​၍​သင်​တို့​တွေ့​ရှိ​သ​မျှ သော​သူ​တို့​ကို​ခေါ်​ဖိတ်​ကြ​လော့' ဟု​မိန့်​တော်​မူ​၏။- \v 10 မင်း​စေ​တို့​သည်​လမ်း​များ​သို့​သွား​၍​တွေ့​ရှိ​သ​မျှ သော​လူ​ဆိုး​လူ​ကောင်း​တို့​ကို​ခေါ်​ဆောင်​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​မင်္ဂ​လာ​ဆောင်​ပွဲ​ခန်း​မ​သည်​ဧည့်​သည် များ​ဖြင့်​ပြည့်​၍​နေ​လေ​၏။'' \p \v 11 ``မင်း​ကြီး​သည်​ဧည့်​သည်​များ​ကို​ကြည့်​ရှု​ရန် ကြွ​လာ​သော​အ​ခါ မင်္ဂ​လာ​ဆောင်​ပွဲ​ထိုင်​ဝတ်​စုံ ကို​ဝတ်​ဆင်​မ​ထား​သူ​လူ​တစ်​ယောက်​ကို​မြင် တော်​မူ​သ​ဖြင့် `အ​ဆွေ​သင်​သည်​ပွဲ​ထိုင်​ဝတ်​စုံ ကို​မ​ဝတ်​မ​ဆင်​ဘဲ​အ​ဘယ်​ကြောင့်​လာ​ပါ သ​နည်း' ဟု​မေး​တော်​မူ​၏။- \v 12 သို့​ရာ​တွင်​ထို​သူ​သည်​မ​ဖြေ​နိုင်​ဘဲ​ရှိ​နေ​၏။- \v 13 ထို​အ​ခါ​မင်း​ကြီး​က​မင်း​စေ​တို့​အား `ထို​သူ​၏ ခြေ​လက်​တို့​ကို​တုပ်​နှောင်​ပြီး​လျှင်​အ​ပြင်​အ​မှောင် ထဲ​သို့​ထုတ်​လိုက်​ကြ။ ထို​နေ​ရာ​တွင်​သူ​သည် ငို​ကြွေး​မြည်​တမ်း​၍​အံ​သွား​ခဲ​ကြိတ်​လျက် နေ​ရ​လိမ့်​မည်' ဟု​အ​မိန့်​တော်​ရှိ​၏'' ဟူ​၍ မိန့်​တော်​မူ​သည်။\x + \xo 22:13 \xt မ၊ ၈:၁၂၊ ၂၅:၃၀။ လု၊ ၁၃:၂၈။\x* \p \v 14 ထို​နောက်​သ​ခင်​ယေ​ရှု​က ``ဖိတ်​ကြား​ခြင်း​ခံ​ရ သူ​တို့​မှာ​များ​သော်​လည်း​ရွေး​ကောက်​ခြင်း​ခံ​ရ သူ​တို့​ကား​နည်း​၏'' ဟု​မိန့်​တော်​မူ​သည်။ \s1 အ​ခွန်​တော်​ဆက်​သ​မှု​ပြ​ဿ​နာ \r (မာ၊ ၁၂:၁၃-၁၇။ လု၊ ၂၀:၂၀-၂၆။) \p \v 15 ထို​နောက်​ဖာ​ရိ​ရှဲ​တို့​သည်​ထွက်​သွား​ပြီး​လျှင် ကိုယ်​တော်​အား​အ​ဘယ်​သို့​ပ​ရိ​ယာယ်​ဆင်​၍ မေး​မြန်း​ရ​မည်​ကို​ဆွေး​နွေး​တိုင်​ပင်​ကြ​၏။- \v 16 သူ​တို့​သည်​မိ​မိ​တို့​၏​တ​ပည့်​များ​ကို​ဟေ​ရုဒ် ၏​ပါ​တီ​ဝင်​အ​ချို့​နှင့်​အ​တူ​အ​ထံ​တော်​သို့ စေ​လွှတ်​ပြီး​လျှင် ``ဆ​ရာ​တော်၊ အ​ရှင်​သည်​သစ္စာ ရှိ​တော်​မူ​၍​ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း​ကို ဟုတ်​မှန်​သည်​အ​တိုင်း​သွန်​သင်​တော်​မူ​ပါ​၏။ လူ တို့​အ​ဘယ်​သို့​ထင်​မြင်​ကြ​သည်​ကို​အ​မှု​မ ထား​ပါ။ လူ့​မျက်​နှာ​ကို​လည်း​ထောက်​တော်​မ​မူ​ပါ။- \v 17 သို့​ဖြစ်​၍​အ​ရှင်​အ​ဘယ်​သို့​ထင်​မြင်​သည်​ကို အ​ကျွန်ုပ်​တို့​အား​မိန့်​တော်​မူ​ပါ။ ရော​မ​ဧ​က​ရာဇ် ဘု​ရင်​အား​အ​ခွန်​ဆက်​အပ်​ပါ​သ​လော၊ မ​ဆက် အပ်​ပါ​သ​လော'' ဟု​မေး​လျှောက်​ကြ​၏။ \p \v 18 သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​ဆိုး​ညစ် သော​အ​ကြံ​အ​စည်​ကို​သိ​တော်​မူ​သ​ဖြင့် ``ကြောင် သူ​တော်​တို့၊ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ငါ့​အား ပ​ရိ​ယာယ်​ဆင်​၍​မေး​မြန်း​ကြ​သ​နည်း။- \v 19 အ​ခွန်​တော်​ပေး​ဆောင်​ရန်​ငွေ​ဒင်္ဂါး​တစ်​ပြား​ကို ငါ့​အား​ပြ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ \p သူ​တို့​သည်​ဒေ​နာ​ရိ​တစ်​ပြား​ကို​ယူ​ခဲ့​ကြ​၏။- \v 20 ကိုယ်​တော်​က ``ဤ​ရုပ်​ပုံ၊ ဤ​ကမ္ပည်း​လိပ်​စာ​သည်​မည် သူ့​ရုပ်​ပုံ၊ မည်​သူ့​ကမ္ပည်း​လိပ်​စာ​ဖြစ်​သ​နည်း'' ဟု မေး​တော်​မူ​၏။ \p \v 21 သူ​တို့​က ``ဧက​ရာဇ်​၏​ရုပ်​ပုံ၊ ဧ​က​ရာဇ်​ဘု​ရင်​ကမ္ပည်း လိပ်​စာ​ဖြစ်​ပါ​သည်'' ဟု​ပြန်​လျှောက်​ကြ​၏။ \p ထို​အ​ခါ​ကိုယ်​တော်​က ``ဧ​က​ရာဇ်​ဘု​ရင်​ပိုင်​သည့် အ​ရာ​ကို​ဧ​က​ရာဇ်​ဘု​ရင်​အား​ဆက်​ကြ​လော့။ ဘု​ရား​သ​ခင်​ပိုင်​သည့်​အ​ရာ​ကို​ဘု​ရား​သခင် အား​ဆက်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 22 ထို​သူ​တို့​သည်​ထို​စ​ကား​ကို​ကြား​လျှင်​လွန် စွာ​အံ့​သြ​ကြ​၏။ ထို​နောက်​ကိုယ်​တော်​၏​ထံ​မှ ထွက်​ခွာ​သွား​ကြ​၏။ \s1 သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ခြင်း​ပြ​ဿ​နာ \r (မာ၊ ၁၂:၁၈-၂၇။ လု၊ ၂၀:၂၇-၄၀။) \p \v 23 ထို​နေ့​၌​ပင်​ဇဒ္ဒု​ကဲ​အ​ချို့​တို့​သည်​အ​ထံ​တော် သို့​လာ​ကြ​၏။ သူ​တို့​က​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​ခြင်း​ဟူ​သည်​မ​ရှိ​ဟု​ခံ​ယူ​ယုံ ကြည်​ကြ​သူ​များ​ဖြစ်​၏။-\x + \xo 22:23 \xt တ၊ ၂၃:၈။\x* \v 24 သူ​တို့​က ``ဆ​ရာ​တော်၊ လူ​တစ်​စုံ​တစ်​ယောက်​သည် သား​သ​မီး​မ​ရ​ဘဲ​သေ​ဆုံး​သွား​လျှင်​သူ​၏ မု​ဆိုး​မ​ကို​ညီ​ဖြစ်​သူ​က​ဆက်​ခံ​ထိမ်း​မြား​ရ မည်။ ရ​သော​သား​သ​မီး​များ​အား​ဖြင့်​အစ်​ကို ၏​အ​မျိုး​ကို​မ​ပြတ်​စေ​ရ​ဟု​မော​ရှေ​မိန့်​မှာ ခဲ့​ပါ​၏။-\x + \xo 22:24 \xt တရား၊ ၂၅:၅။\x* \v 25 အကျွန်ုပ်​တို့​တွင်​ညီ​အစ်​ကို​ခု​နစ်​ယောက်​ရှိ​ပါ​၏။ အစ်​ကို​ကြီး​သည်​အိမ်​ထောင်​ကျ​ပြီး​နောက်​သေ​ဆုံး သွား​ပါ​၏။ သား​သ​မီး​မ​ရ​သ​ဖြင့်​သူ​၏​ဇနီး​ကို ညီ​ဖြစ်​သူ​က​ဆက်​ခံ​ခဲ့​ပါ​၏။- \v 26 ဒု​တိ​ယ​ညီ၊ တ​တိ​ယ​ညီ​စ​သည်​ဖြင့်​ညီ​အစ်​ကို ခု​နစ်​ယောက်​စ​လုံး​ပင်​ထို​အ​မျိုး​သ​မီး​နှင့်​စုံ ဖက်​ပြီး​နောက်​သား​သ​မီး​မ​ရ​ဘဲ​သေ​ဆုံး​ကြ ပါ​၏။- \v 27 နောက်​ဆုံး​၌​အ​မျိုး​သ​မီး​သည်​လည်း​သေ​ပါ​၏။- \v 28 သို့​ဖြစ်​၍​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ရာ​နေ့​၌ အ​မျိုး​သ​မီး​သည်​ညီ​အစ်​ကို​ခုနစ်​ယောက်​အ​နက် မည်​သူ​၏​ဇ​နီး​ဖြစ်​ပါ​မည်​နည်း'' ဟု​မေး​လျှောက် ကြ​၏။ \p \v 29 သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ကျမ်း​စာ​တော်​ကို နား​မ​လည်​ကြ။ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော် ကို​လည်း​မ​သိ​ကြ။ သို့​ဖြစ်​၍​အ​ယူ​လွဲ​လျက် နေ​ကြ​၏။- \v 30 လူ​တို့​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ကြ​သော အ​ခါ​ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​မ​ပြု​တော့​ပြီ။ သူ တို့​သည်​ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့​ဖြစ်​ကြ လိမ့်​မည်။- \v 31-32 သေ​လွန်​သူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း​ရှိ​ရ​မည် အ​ကြောင်း​နှင့်​ပတ်​သက်​၍ `ငါ​သည်​အာဗြဟံ​၏ ဘု​ရား၊ ဣဇက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား​ပေ​တည်း' ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည်​ကို​သင်​တို့​မ​ဖတ် ဖူး​ကြ​သ​လော။ ကိုယ်​တော်​သည်​သေ​လွန်​သူ​တို့​၏ ဘု​ရား​မ​ဟုတ်။ ရှင်​နေ​သူ​တို့​၏​ဘု​ရား​ဖြစ်​၏' ဟု မိန့်​တော်​မူ​၏။\x + \xo 22:31-32 \xt ထွ၊ ၃:၆။\x* \p \v 33 ထို​သွန်​သင်​ချက်​ကို​လူ​ပ​ရိ​သတ်​တို့​ကြား​သော အ​ခါ​အံ့​သြ​ကြ​၏။ \s1 ကြီး​မြတ်​သော​ပ​ညတ်​တော် \r (မာ၊ ၁၂:၂၈-၃၄။ လု၊ ၁၀:၂၅-၂၈။) \p \v 34 ဇဒ္ဒု​ကဲ​တို့​မ​ချေ​ပ​နိုင်​အောင်​ဤ​သို့​သခင်​ယေရှု ဖြေ​ကြား​တော်​မူ​လိုက်​ကြောင်း​ကို​ဖာ​ရိ​ရှဲ​တို့ ကြား​လျှင်​အ​ထံ​တော်​သို့​စု​ရုံး​လာ​ကြ​၏။- \v 35-36 သူ​တို့​အ​ထဲ​မှ​ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက် က ``ဆ​ရာ​တော်၊ ပ​ညတ်​ကျမ်း​မှာ​အ​ဘယ်​ပ​ညတ် သည်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​ပါ​သ​နည်း'' ဟု​ပ​ရိ ယာယ်​ဆင်​၍​မေး​လျှောက်​လေ​၏။-\x + \xo 22:35-36 \xt လု၊ ၁၀:၂၅-၂၈။\x* \v 37-38 ကိုယ်​တော်​က ``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​စိတ်​စွမ်း​ရှိ​သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း ရှိ​သ​မျှ​နှင့်​ချစ်​ရ​မည်​ဟူ​သော​ပညတ်​သည်​ပ​ထ​မ အ​ကြီး​မြတ်​ဆုံး​ပ​ညတ်​ဖြစ်​၏။-\x + \xo 22:37-38 \xt တရား၊ ၆:၅။\x* \v 39 ဒု​တိ​ယ​အ​ကြီး​မြတ်​ဆုံး​ပ​ညတ်​ကား၊ အိမ်​နီး​ချင်း ကို​ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်​ဟူ​သော​ပ​ညတ် ဖြစ်​၏။-\x + \xo 22:39 \xt ဝတ်၊ ၁၉:၁၈။\x* \v 40 ဤ​ပညတ်​နှစ်​ပါး​တို့​သည်​မောရှေ​၏​ပ​ညတ်​ကျမ်း တစ်​စောင်​လုံး​နှင့်​ပ​ရော​ဖက်​ကျမ်း​များ​၏​အ​ချုပ် အ​ခြာ​ပင်​ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​သည်။ \s1 မေ​ရှိ​ယ​ပြ​ဿ​နာ \r (မာ၊ ၁၂:၃၅-၃၇။ လု၊ ၂၀:၄၁-၄၄။) \p \v 41-42 ဖာ​ရိ​ရှဲ​တို့​စု​ရုံး​မိ​ကြ​သော​အ​ခါ​သခင်​ယေရှု က ``မေ​ရှိ​ယ​ကို​သင်​တို့​မည်​သို့​ထင်​မြင်​ယူ​ဆ ကြ​သ​နည်း။ သူ​သည်​မည်​သူ​၏​သား​မြေး​ဖြစ် သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p ထို​သူ​တို့​က ``ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​ပါ​သည်'' ဟု​လျှောက်​ကြ​လျှင်၊ \p \v 43 ကိုယ်​တော်​က ``သို့​ဖြစ်​ပါ​မူ​ဒါဝိဒ်​မင်း​သည်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​နှိုး​ဆော်​ချက်​ဖြင့်​မေ​ရှိ​ယ​ကို အ​ရှင်​ဟု​အ​ဘယ်​ကြောင့်​ခေါ်​ပါ​သ​နည်း။ \p ဒါ​ဝိဒ်​မင်း​ကြီး​က၊ \q1 \v 44 `သင့်​ရန်​သူ​များ​ကို​သင်​၏​ခြေ​ဖ​ဝါး​အောက်​သို့ ရောက်​စေ​ရ​မည်။ \q2 ယင်း​သို့​မ​ရောက်​စေ​သေး​မီ​ကာ​လ​အ​တွင်း ငါ​၏​လက်​ယာ​ဘက်​တွင်​ထိုင်​နေ​လော့​ဟု \q1 ဘု​ရား​သ​ခင်​က​ငါ​၏​အ​ရှင်​အား​မိန့်​တော်​မူ​သည်' \m ဟု​မြွက်​ဆို​ခဲ့​၏။\x + \xo 22:44 \xt ဆာ၊ ၁၁၀:၁။\x* \p \v 45 အ​ကယ်​၍​ဒါ​ဝိဒ်​မင်း​သည်​မေ​ရှိ​ယ​ကို​အ​ရှင်​ဟု ခေါ်​ပါ​မူ​မေ​ရှိ​ယ​သည်​အ​ဘယ်​သို့​လျှင်​ဒါ​ဝိဒ်​၏ သား​မြေး​ဖြစ်​နိုင်​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p \v 46 ထို​အ​ခါ​ကိုယ်​တော်​အား​မည်​သူ​မျှ​အ​ဖြေ​မ​ပေး နိုင်​ကြ။ ထို​နေ့​မှ​စ​၍​မည်​သူ​မျှ​ကိုယ်​တော်​အား နောက်​ထပ်​မ​မေး​မြန်း​ဝံ့​တော့​ပေ။ \c 23 \s1 ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့​ကို သ​တိ​ပြု​ရန်​နှိုး​ဆော်​တော်​မူ​ခြင်း \r (မာ၊ ၁၂:၃၈-၃၉။ လု၊ ၁၁:၄၃-၄၆၊ ၂၀:၄၅-၄၆။) \p \v 1 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​လူ​ပ​ရိ​သတ်​နှင့် တ​ပည့်​တော်​တို့​အား၊ \v 2 ``ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​များ​သည်​မော​ရှေ ၏​ပ​ညတ်​ကျမ်း​ကို​အ​ဋ္ဌိပ္ပါယ်​ဖွင့်​ပြ​ရန်​အ​ခွင့် အာ​ဏာ​ရ​ရှိ​ထား​သူ​များ​ဖြစ်​ကြ​၏။- \v 3 သို့​ဖြစ်​၍​ထို​သူ​တို့​ပြော​ဆို​သွန်​သင်​သ​မျှ အ​တိုင်း​လိုက်​နာ​ပြု​ကျင့်​ကြ​လော့။ သို့​သော် သူ​တို့​သည်​မိ​မိ​တို့​ဟော​သည့်​အ​တိုင်း​မ​ကျင့် ကြ​သ​ဖြင့်​သူ​တို့​ကျင့်​သ​ကဲ့​သို့​မ​ကျင့်​ကြ​နှင့်။- \v 4 သူ​တို့​သည်​လေး​လံ​၍​အ​ထမ်း​ရ​ခက်​သည့်​ဝန်​ထုပ် များ​ကို​သူ​တစ်​ပါး​တို့​အား​ထမ်း​စေ​ကြ​၏။ မိ​မိ တို့​ကိုယ်​တိုင်​မူ​ထို​ဝန်​ထုပ်​များ​ကို​လက်​ဖျား​နှင့် မျှ​မ​တို့​လို​ကြ။- \v 5 မိ​မိ​တို့​ပြု​လုပ်​သ​မျှ​သော​အ​ရာ​တို့​ကို​လူ​မြင် သာ​အောင်​ပြု​လုပ်​တတ်​ကြ​၏။ မိ​မိ​တို့​န​ဖူး​နှင့် လက်​မောင်း​များ​ပေါ်​တွင်​ကျမ်း​စာ​လက်​ဖွဲ့​များ​ကို အ​ပြား​ကြီး​ပြု​လုပ်​၍​ဝတ်​ဆင်​တတ်​ကြ​၏။ ဝတ်​လုံ အ​မြိတ်​များ​ကို​ရှည်​လျား​စွာ​ချုပ်​ထား​တတ်​ကြ​၏။-\x + \xo 23:5 \xt မ၊ ၆:၁။ တော၊ ၁၅:၃၈။ တရား၊ ၆:၈။\x* \v 6 ပွဲ​သ​ဘင်​များ​တွင်​အ​ကောင်း​ဆုံး​သော​နေ​ရာ ထိုင်​ခင်း​များ၊ တ​ရား​ဇရပ်​များ​တွင်​သီး​သန့် ထား​သော​နေ​ရာ​များ​ကို​နှစ်​သက်​ကြ​၏။- \v 7 စျေး​ရပ်​ကွက်​တွင်​အ​လေး​ပြု​ခြင်း​ကို​ခံ​လို ကြ​၏။ ဆ​ရာ​တော်​ဟု​အ​ခေါ်​ခံ​လို​ကြ​၏။- \v 8 သို့​ရာ​တွင်​သင်​တို့​အား​လုံး​သည်​ညီ​အစ်​ကို များ​ဖြစ်​လျက် သင်​တို့​မှာ​ဆ​ရာ​တော်​တစ်​ပါး တည်း​သာ​ရှိ​သည်​ဖြစ်​၍​ဆ​ရာ​တော်​ဟု အ​ခေါ်​မ​ခံ​ကြ​နှင့်။- \v 9 ဤ​လော​က​တွင်​အ​ဘယ်​သူ​ကို​မျှ `အဖ' ဟု​မ​ခေါ် ကြ​နှင့်။ သင်​တို့​တွင်​ကောင်း​ကင်​ဘုံ​ရှင်​အ​ဖ​တစ်​ပါး တည်း​သာ​ရှိ​၏။- \v 10 သင်​တို့​သည်​ခေါင်း​ဆောင်​ဟူ​၍​လည်း​အ​ခေါ်​မ​ခံ ကြ​နှင့်။ သင်​တို့​တွင်​မေ​ရှိ​ယ​တည်း​ဟူ​သော​ခေါင်း ဆောင်​တစ်​ပါး​တည်း​သာ​ရှိ​၏။- \v 11 သင်​တို့​အ​နက်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​သူ​သည် သင်​တို့​၏​အ​စေ​ခံ​ဖြစ်​ရ​မည်။-\x + \xo 23:11 \xt မ၊ ၂၀:၂၆-၂၇။ မာ၊ ၉:၃၅၊ ၁၀:၄၃-၄၄။ လု၊ ၂၂:၂၆။\x* \v 12 မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​သူ​သည်​နိမ့်​ကျ​ရ​လိမ့် မည်။ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သူ​သည်​ချီး​မြှောက်​ခြင်း ကို​ခံ​ရ​လိမ့်​မည်။\x + \xo 23:12 \xt လု၊ ၁၄:၁၁၊ ၁၈:၁၄။\x* \s1 ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့​ကို အ​ပြစ်​တင်​တော်​မူ​ခြင်း \r (မာ၊ ၁၂:၄၀။ လု၊ ၁၁:၃၉-၄၂။ ၄၄၊ ၅၂။ ၂၀:၄၇။) \p \v 13 ``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ လူ​တို့​ကောင်း​ကင် နိုင်​ငံ​တော်​သို့​ဝင်​မည်​ပြု​သော​အ​ခါ​သင်​တို့​သည် တံခါး​ပိတ်​လိုက်​ကြ​၏။ သင်​တို့​ကိုယ်​တိုင်​လည်း​မ​ဝင်၊ ဝင်​ရန်​ကြိုး​စား​သူ​များ​ကို​လည်း​ဝင်​ခွင့်​မ​ပြု​ကြ။ \p \v 14 (``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် မု​ဆိုး​မ​များ​၏​အိမ်​ရာ​ပစ္စည်း​များ​ကို​မ​တ​ရား သိမ်း​ယူ​ကြ​ပြီး​နောက် လူ​အ​မြင်​ကောင်း​စေ​ရန် ရှည်​လျား​စွာ​ဆု​တောင်း​ပတ္ထနာ​ပြု​တတ်​ကြ​၏။ ဤ​အ​ကြောင်း​ကြောင့်​သင်​တို့​သည်​သာ​၍​ကြီး လေး​သော​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​လိမ့်​မည်။'') \p \v 15 ``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ လူ​တစ်​ယောက် ကို​ဘာ​သာ​သွင်း​နိုင်​ရန်​သင်​တို့​သည်​ရေ​ကြောင်း၊ ကုန်း​ကြောင်း​ခ​ရီး​ပြု​ကြ​၏။ ဘာ​သာ​သွင်း​ပြီး သော​အ​ခါ​၌​လည်း​ထို​သူ​အား​သင်​တို့​ထက် နှစ်​ဆ​ပို​၍​င​ရဲ​သို့​လား​ထိုက်​သူ​ဖြစ်​စေ​ကြ ၏။'' \p \v 16 ``လမ်း​ပြ​သည့်​မျက်​မ​မြင်​တို့၊ သင်​တို့​သည်​အမင်္ဂ​လာ ရှိ​ကြ​၏။ `လူ​တစ်​စုံ​တစ်​ယောက်​သည်​ဗိ​မာန်​တော်​ကို တိုင်​တည်​၍​ကျိန်​ဆို​လျှင် ထို​ကျိန်​ဆို​ချက်​သည် အ​တည်​မ​ဖြစ်။ သို့​သော်​ဗိ​မာန်​တော်​၏​ရွှေ​ကို တိုင်​တည်​၍​ကျိန်​ဆို​လျှင်​မူ​ကား​အ​တည်​ဖြစ်​၏' ဟု​သင်​တို့​ဆို​ကြ​၏။- \v 17 လူ​မိုက်​တို့၊ သင်​တို့​၏​မျက်​စိ​သည်​ကန်း​လှ​သည် တ​ကား။ အ​ဘယ်​အ​ရာ​က​ပို​၍​အ​ရေး​ကြီး​ပါ သ​နည်း။ ရွှေ​လော။ သို့​မ​ဟုတ်​ရွှေ​ကို​မြင့်​မြတ် သန့်​ရှင်း​စေ​သည့်​ဗိ​မာန်​တော်​လော။- \v 18 လူ​တစ်​စုံ​တစ်​ယောက်​သည်​ယဇ်​ပလ္လင်​ကို​တိုင်​တည် ၍​ကျိန်​ဆို​လျှင်​ထို​ကျိန်​ဆို​ချက်​သည်​အ​တည် မ​ဖြစ်။ ယဇ်​ပလ္လင်​ပေါ်​ရှိ​ပူ​ဇော်​သကာ​ကို​တိုင်​တည် ၍​ကျိန်​ဆို​လျှင်​မူ​ကား​အ​တည်​ဖြစ်​၏' ဟု​သင် တို့​ဆို​ကြ​၏။- \v 19 သင်​တို့​၏​မျက်​စိ​သည်​ကန်း​လှ​သည်​တ​ကား။ အ​ဘယ်​အ​ရာ​က​ပို​၍​အ​ရေး​ကြီး​ပါ​သ​နည်း။ ပူ​ဇော်​သကာ​လော။ သို့​မ​ဟုတ်​ပူ​ဇော်​သ​ကာ​ကို မြင့်​မြတ်​သန့်​ရှင်း​စေ​သည့်​ယဇ်​ပလ္လင်​လော။- \v 20 ယဇ်​ပလ္လင်​ကို​တိုင်​တည်​၍​ကျိန်​ဆို​သူ​သည်​ယဇ်​ပလ္လင် နှင့်​တ​ကွ​ယဇ်​ပလ္လင်​ပေါ်​မှာ​ရှိ​သ​မျှ​တို့​ကို​ပါ တိုင်​တည်​၍​ကျိန်​ဆို​သ​တည်း။- \v 21 ဗိ​မာန်​တော်​ကို​တိုင်​တည်​၍​ကျိန်​ဆို​သူ​သည်​ဗိ​မာန် တော်​နှင့်​တ​ကွ​ဗိ​မာန်​တော်​တွင်​ကျိန်း​ဝပ်​တော်​မူ သော​အရှင်​ကို​ပါ​တိုင်​တည်​၍​ကျိန်​ဆို​သ​တည်း။- \v 22 ကောင်း​ကင်​ဘုံ​ကို​တိုင်​တည်​၍​ကျိန်​ဆို​သူ​သည် ဘု​ရား​သ​ခင်​၏​ပလ္လင်​တော်​နှင့်​တ​ကွ ထို​ပလ္လင် ပေါ်​မှာ​စံ​နေ​တော်​မူ​သော​အ​ရှင်​ကို​ပါ​ကျိန် ဆို​သ​တည်း။''\x + \xo 23:22 \xt ဟေရှာ၊ ၆၆:၁။ မ၊ ၅:၃၄။\x* \p \v 23 ``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် ပင်​စိမ်း၊စ​မွတ်​နှင့်​ဇီ​ယာ​တို့​ကို​ဆယ်​ဖို့​တစ်​ဖို့ ပေး​လှူ​ကြ​သော်​လည်း​တ​ရား​မျှ​တ​မှု၊ သ​နား ကြင်​နာ​မှု၊ ရိုး​သား​ဖြောင့်​မတ်​မှု​စ​သည့်​ပ​ညတ် ကျမ်း​မှ​အ​ကယ်​ပင်​အ​ရေး​ကြီး​သော​သွန်​သင် ချက်​များ​ကို​မူ​ကား​လျစ်​လူ​ပြု​ကြ​၏။-\x + \xo 23:23 \xt ဝတ်၊ ၂၇:၃၀။\x* \v 24 လမ်း​ပြ​သည့်​မျက်​မ​မြင်​တို့၊ သင်​တို့​သည်​ခြင် ကောင်​မ​မျို​မိ​စေ​ရန်​သောက်​ရေ​ကို​စစ်​၍​သောက် ကြ​၏။ သို့​ရာ​တွင်​ကု​လား​အုတ်​ကို​ကား​မျို​ချ ကြ​ပါ​သည်​တ​ကား။'' \p \v 25 ``ကြောင်​သူ​တော်​ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် ပန်း​ကန်​ခွက်​ယောက်​များ​၏​ပြင်​ပ​ကို​စင်​ကြယ် အောင်​ဆေး​ကြော​ကြ​သော်​လည်း သင်​တို့​၏​စိတ် အ​တွင်း​မှာ​ကား​လော​ဘ​လွန်​ကူး​မှု​နှင့် အ​ကြမ်း​ဖက်​မှု​တို့​ဖြင့်​ပြည့်​လျက်​နေ​၏။- \v 26 မျက်​မ​မြင်​ဖာ​ရိ​ရှဲ​တို့၊ ပန်း​ကန်​ခွက်​ယောက်​များ အ​တွင်း​ဘက်​ကို​ဦး​စွာ​ဆေး​ကြော​ကြ​လော့။ သို့ ပြု​လျှင်​ပြင်​ပ​သည်​လည်း​သန့်​ရှင်း​စင်​ကြယ် လာ​လိမ့်​မည်။'' \p \v 27 ``ကြောင်​သူ​တော်​ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​ထုံး​ဖြူ​သုတ်​သော​သင်္ချိုင်း​ဂူ​များ​နှင့် တူ​ကြ​၏။ ထို​ဂူ​တို့​သည်​ပြင်​ပ​သဏ္ဌာန်​အား​ဖြင့် လှ​သော်​လည်း အ​တွင်း​၌​မူ​ကား​လူ​သေ​အ​ရိုး နှင့်​ပုပ်​နေ​သော​အ​လောင်း​ကောင်​တို့​ဖြင့်​ပြည့် နှက်​နေ​တော့​၏။-\x + \xo 23:27 \xt တ၊ ၂၃:၃။\x* \v 28 ထို​နည်း​တူ​သင်​တို့​သည်​လည်း​ပြင်​ပ​သဏ္ဌာန်​အား ဖြင့် လူ​တို့​ရှေ့​တွင်​သူ​တော်​ကောင်း​များ​ဟု​ထင်​ရ သော်​လည်း စိတ်​အ​တွင်း​၌​ကား​သူ​တော်​ကောင်း ယောင်​ဆောင်​မှု​နှင့်​ဆိုး​ညစ်​မှု​များ​ဖြင့်​ပြည့် လျက်​နေ​တော့​၏။'' \s1 ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့​အ​ပြစ်​ဒဏ် ခံ​ရ​မည်​ဖြစ်​ကြောင်း​ကြို​တင်​ဖော်​ပြ​တော်​မူ​ခြင်း \r (လု၊ ၁၁:၄၇-၅၁။) \p \v 29 ``ကြောင်​သူ​တော်​ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် ပ​ရော​ဖက်​များ​၏​သင်္ချိုင်း​ဂူ​များ​ကို​တည်​ဆောက် ပေး​ကြ​၏။ သူ​တော်​ကောင်း​တို့​၏​သင်္ချိုင်း​ဂူ​များ​ကို မွမ်း​မံ​ခြယ်​လှယ်​ပေး​ကြ​၏။- \v 30 ထို​နောက်​သင်​တို့​က `ငါ​တို့​သာ​ဘိုး​ဘေး​တို့​၏​ခေတ် က​အ​သက်​ရှင်​ခဲ့​မည်​ဆို​ပါ​က၊ ပ​ရော​ဖက်​များ​ကို သတ်​ဖြတ်​သည့်​အ​မှု​တွင်​ပါ​ဝင်​ခဲ့​ကြ​မည်​မ​ဟုတ်' ဟု​ဆို​ကြ​၏။- \v 31 သို့​ဖြစ်​၍​သင်​တို့​သည်​ပ​ရော​ဖက်​များ​ကို​သတ် ဖြတ်​သူ​တို့​၏​သား​မြေး​များ​ဖြစ်​ကြောင်း​ဝန်​ခံ ကြ​လေ​ပြီ​တ​ကား။- \v 32 သင်​တို့​၏​ဘိုး​ဘေး​များ​စ​တင်​ကူး​လွန်​ခဲ့​သည့် အ​ပြစ်​ကို​အ​ပြီး​တိုင်​အောင်​ဆက်​လက်​ကူး​လွန် ကြ​လော့။- \v 33 အ​ချင်း​မြွေ​ဆိုး​များ​နှင့်​မြွေ​ဆိုး​၏​သား​မြေး တို့၊ သင်​တို့​သည်​င​ရဲ​သို့​လား​ရ​မည့်​ဘေး​ဒဏ် မှ​အ​ဘယ်​သို့​လွတ်​နိုင်​ကြ​ပါ​မည်​နည်း။-\x + \xo 23:33 \xt မ၊ ၃:၇၊ ၁၂:၃၄။ လု၊ ၃:၇။\x* \v 34 သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သင်​တို့​ထံ​သို့ ပ​ရော​ဖက်​များ၊ ပ​ညာ​ရှိ​များ၊ ကျမ်း​တတ်​ဆ​ရာ များ​ကို​ငါ​စေ​လွှတ်​မည်။ သင်​တို့​သည်​ထို​သူ အ​ချို့​တို့​ကို​သတ်​ဖြတ်​ကြ​၍​အ​ချို့​ကို​လက် ဝါး​ကပ်​တိုင်​တွင်​တင်​ကြ​လိမ့်​မည်။ အ​ချို့​ကို​မူ တ​ရား​ဇ​ရပ်​များ​တွင်​ကြိမ်​ဒဏ်​ပေး​၍​အ​ချို့ ကို​မူ​တစ်​မြို့​ပြီး​တစ်​မြို့​လိုက်​လံ​ဖမ်း​ဆီး​ကြ လိမ့်​မည်။- \v 35 ထို့​ကြောင့်​အ​ပြစ်​ကင်း​သူ​အာ​ဗေ​လ​မှ​စ​၍ သန့် ရှင်း​ရာ​ဌာ​န​တော်​နှင့်​ယဇ်​ပလ္လင်​အ​ကြား​တွင် အ​သတ်​ခံ​ရ​သည့်​ဗာ​ရ​ခိ​၏​သား၊ ဇာ​ခ​ရိ​တိုင် အောင်​အ​ပြစ်​ကင်း​သူ​များ​ကို​သတ်​ဖြတ်​ခဲ့​သည့် အ​တွက်​သင်​တို့​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​ပေ​အံ့။-\x + \xo 23:35 \xt က၊ ၄:၈။ ၆ရာ၊ ၂၄:၂၀-၂၁။\x* \v 36 ဤ​အ​မှု​အ​ရာ​အ​ပေါင်း​တို့​အ​တွက်​ဤ​ခေတ် လူ​တို့​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​လိမ့်​မည်​ဟု အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​၏။'' \s1 ယေ​ရု​ရှ​လင်​မြို့​အ​တွက်​သခင်​ယေ​ရှု​၏​မေတ္တာ​တော် \r (လု၊ ၁၃:၃၄-၃၅။) \p \v 37 ``အို ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ ပ​ရော​ဖက် များ​ကို​သတ်​သည့်​မြို့၊ ဘု​ရား​သ​ခင်​စေ​လွှတ်​တော် မူ​သော​စေ​တ​မန်​များ​ကို​ခဲ​နှင့်​ပေါက်​သည့်​မြို့၊ ကြက်​မ​ကြီး​သည်​ကြက်​က​လေး​များ​ကို​မိ​မိ ၏​အ​တောင်​အောက်​တွင်​စု​သိမ်း​ထား​သ​ကဲ့​သို့ ငါ​သည်​သင့်​ကို​ယု​ယ​ပိုက်​ထွေး​နိုင်​ရန်​ကြိမ် ဖန်​များ​စွာ​ကြိုး​စား​ခဲ့​လေ​ပြီ။ သို့​ရာ​တွင်​သင် သည်​ငါ့​ကို​အ​ခွင့်​မ​ပေး​ခဲ့။- \v 38 ထို့​ကြောင့်​သင်​၏​ဗိ​မာန်​တော်​ကို​ဘု​ရား​သ​ခင် သည်​စွန့်​ပစ်​တော်​မူ​လိမ့်​မည်။-\x + \xo 23:38 \xt ယေ၊ ၂၂:၅။\x* \v 39 `ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ဖြင့်​ကြွ​လာ​တော် မူ​သော​အ​ရှင်​သည်​မင်္ဂ​လာ​ရှိ​စေ​သ​တည်း' ဟု သင်​မြွက်​ဆို​မည့်​နေ့​မ​တိုင်​မီ​သင်​သည်​ယ​ခု မှ​စ​၍​ငါ့​ကို​မြင်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​သင့် အား​ငါ​ဆို​၏'' ဟူ​၍​မိန့်​တော်​မူ​သည်။\x + \xo 23:39 \xt ဆာ၊ ၁၁၈:၂၆။\x* \c 24 \s1 ဗိ​မာန်​တော်​ပြို​ပျက်​မည်​ဖြစ်​ကြောင်း​မိန့်​တော်​မူ​ခြင်း \r (မာ၊ ၁၃:၁-၂။ လု၊ ၂၁:၅-၆။) \p \v 1 သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​မှ​ထွက်​ခွာ​သွား တော်​မူ​စဉ်​တ​ပည့်​တော်​တို့​သည်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​၍ ဗိ​မာန်​တော်​အ​ဆောက်​အ​အုံ​များ ကို​ကိုယ်​တော်​အား​ပြ​ကြ​၏။- \v 2 ကိုယ်​တော်​က ``ဤ​အ​ဆောက်​အ​အုံ​အ​ပေါင်း​ကို သင်​တို့​မြင်​ကြ​သည်​မ​ဟုတ်​လော။ အ​မှန်​အ​ကန် သင်​တို့​အား​ငါ​ဆို​သည်​ကား ဤ​အ​ဆောက်​အ​အုံ တို့​သည်​ကျောက်​တစ်​တုံး​ပေါ်​တစ်​တုံး​တင်​၍ မ​ကျန်​ရစ်​သည်​တိုင်​အောင်​ပြို​ပျက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 ဆင်း​ရဲ​ဒုက္ခ​များ​နှင့်​ညှဉ်း​ပန်း​နှိပ်​စက်​ခြင်း​များ \r (မာ၊ ၁၃:၃-၁၃။ လု၊ ၂၁:၇-၁၉။) \p \v 3 ကိုယ်​တော်​သည်​သံ​လွင်​တောင်​ပေါ်​တွင်​တစ်​ကိုယ်​တည်း ထိုင်​နေ​တော်​မူ​စဉ်​တ​ပည့်​တော်​တို့​သည်​အ​ထံ​တော် သို့​ချဉ်း​ကပ်​၍ ``အ​ရှင်​မိန့်​တော်​မူ​သော​အ​မှု​အ​ရာ များ​သည်​အ​ဘယ်​အ​ခါ​ကာ​လ​၌​ဖြစ်​ပျက်​ပါ​မည် နည်း။ အ​ရှင်​ကြွ​လာ​တော်​မူ​ချိန်​နှင့်​ကပ်​ကမ္ဘာ​ကုန်​ဆုံး ချိန်​၌​အ​ဘယ်​နိ​မိတ်​များ​ပေါ်​ထွန်း​ပါ​မည်​နည်း။ အ​ကျွန်ုပ်​တို့​အား​မိန့်​တော်​မူ​ပါ'' ဟု​လျှောက်​ထား ကြ​၏။ \p \v 4 သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​အ​ဘယ်​သူ မျှ​မလှည့်​စား​စေ​ရန်​သ​တိ​ပြု​လော့။- \v 5 `ငါ​သည်​မေ​ရှိ​ယ​ဖြစ်​သည်' ဟု​ဆို​ကာ​လူ အ​မြောက်​အ​မြား​ပင်​ငါ​၏​အ​ယောင်​ဆောင် လျက်​လူ​များ​စွာ​တို့​ကို​လှည့်​စား​ကြ​လိမ့် မည်။- \v 6 သင်​တို့​သည်​ရပ်​နီး​ရပ်​ဝေး​မှ​စစ်​မက်​သ​တင်း များ​ကို​ကြား​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​မထိတ် မ​လန့်​ကြ​နှင့်။ ဤ​အ​မှု​အ​ရာ​များ​သည်​ဖြစ် ပျက်​ရ​မည်။ သို့​ရာ​တွင်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန် ကား​မ​ရောက်​သေး။- \v 7 လူ​တစ်​မျိုး​နှင့်​တစ်​မျိုး၊ တစ်​နိုင်ငံ​နှင့်​တစ်​နိုင်​ငံ စစ်​ဖြစ်​လိမ့်​မည်။ နေ​ရာ​အ​နှံ့​အ​ပြား​တွင် အ​စာ​ခေါင်း​ပါး​၍​မြေ​င​လျင်​လှုပ်​လိမ့်​မည်။- \v 8 ဤ​အ​မှု​အ​ရာ​များ​သည်​ဆိုက်​ရောက်​လတ္တံ့ သော​ဆင်း​ရဲ​ဒုက္ခ​များ​၏​ရှေ့​ပြေး​သာ​ဖြစ်​၏။ \p \v 9 ``ထို​နောက်​လူ​တို့​သည်​သင်​တို့​အား​အ​ပြစ်​ဒဏ် ခံ​ရ​ကြ​စေ​ရန်​နှင့်​အ​သတ်​ခံ​ရ​ကြ​စေ​ရန် အာ​ဏာ​ပိုင်​တို့​ထံ​သို့​ပေး​အပ်​ကြ​လိမ့်​မည်။ လူ​ခပ်​သိမ်း​တို့​သည်​ငါ​၏​နာ​မ​ကြောင့်​သင် တို့​ကို​မုန်း​ကြ​လိမ့်​မည်။-\x + \xo 24:9 \xt မ၊ ၁၀:၂၂။\x* \v 10 ထို​အ​ခါ​လူ​များ​စွာ​ပင်​မှောက်​မှား​လမ်း​လွဲ​ကြ လျက် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် သစ္စာ​ဖောက်​ကြ​လိမ့်​မည်။- \v 11 တစ်​ယောက်​ကို​တစ်​ယောက်​မုန်း​လိမ့်​မည်။ ထို့​ပြင် ပ​ရော​ဖက်​အ​တု​အ​ယောင်​အ​မြောက်​အ​မြား​ပင် ပေါ်​လာ​ပြီး​လျှင်​လူ​များ​စွာ​တို့​ကို​လှည့်​စား ကြ​လိမ့်​မည်။- \v 12 ဆိုး​ညစ်​မှု​များ​ပြား​လာ​သ​ဖြင့်​လူ​တို့​တွင်​မေတ္တာ ခေါင်း​ပါး​လိမ့်​မည်။- \v 13 သို့​ရာ​တွင်​အ​ဆုံး​တိုင်​အောင်​တည်​ကြည်​သူ​ကို ဘု​ရား​သ​ခင်​ကယ်​တင်​တော်​မူ​လိမ့်​မည်။-\x + \xo 24:13 \xt မ၊ ၁၀:၂၂။\x* \v 14 နိုင်​ငံ​တော်​ဆိုင်​ရာ​သ​တင်း​ကောင်း​အ​ကြောင်း​ကို ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား သက်​သေ​ခံ​ဟော​ပြော​ပြီး​မှ​ကပ်​ကမ္ဘာ​ကုန်​ဆုံး ချိန်​ရောက်​လိမ့်​မည်။ \s1 ထိတ်​လန့်​စက်​ဆုတ်​ဖွယ်​ကောင်း​သည့်​အ​ရာ \r (မာ၊ ၁၃:၁၄-၂၃။ လု၊ ၂၁:၂၀-၂၄။) \p \v 15 ``ပ​ရော​ဖက်​ဒံ​ယေ​လ​ဟော​ကြား​ခဲ့​သည့်​ထိတ်​လန့် စက်​ဆုတ်​ဖွယ်​ကောင်း​သည့်​အ​ရာ​သည်​မ​ရှိ​အပ်​သည့် အ​ရပ်​တွင်​ရှိ​နေ​သည်​ကို​သင်​တို့​မြင်​ကြ​လိမ့်​မည်။ (စာ​ဖတ်​သူ​သည်​ဤ​အ​ချက်​ကို​သ​တိ​ပြု​အပ်​၏။)-\x + \xo 24:15 \xt ဒံ၊ ၉:၂၇၊ ၁၁:၃၁၊ ၁၂:၁၁။\x* \v 16 ထို​သို့​မြင်​ရ​သော​အ​ခါ​ယု​ဒ​ပြည်​ရှိ​လူ​တို့​သည် တောင်​များ​ပေါ်​သို့​ပြေး​ကြ​စေ။- \v 17 အိမ်​ခေါင်​မိုး​ပေါ်​တွင်​ရှိ​သူ​သည်​အိမ်​ထဲ​မှ​ဥစ္စာ ပစ္စည်း​များ​ကို​ယူ​ရန်​အောက်​သို့​မ​ဆင်း​စေ​နှင့်။-\x + \xo 24:17 \xt လု၊ ၁၇:၃၁။\x* \v 18 လယ်​ထဲ​တွင်​ရှိ​သူ​သည်​လည်း​ဝတ်​လုံ​ယူ​ရန် အိမ်​သို့​မ​ပြန်​စေ​နှင့်။- \v 19 ထို​နေ့​ရက်​ကာ​လ​၌​ကိုယ်​ဝန်​ဆောင်​နှင့်​သား​ငယ် မိ​ခင်​တို့​အ​တွက်​အ​ကျိုး​နည်း​ပေ​တော့​မည်။- \v 20 သင်​တို့​သည်​ထွက်​ပြေး​ရ​မည့်​အ​ချိန်​ကာ​လ​သည် ဆောင်း​ဥ​တု​၌​သော်​လည်း​ကောင်း၊ ဥ​ပုသ်​နေ့​၌ သော်​လည်း​ကောင်း​မ​ကျ​မ​ရောက်​ပါ​စေ​နှင့်​ဟု ဆု​တောင်း​ကြ​လော့။- \v 21 ထို​ကာ​လ​၌​အ​လွန်​ဆိုး​ရွား​သော​ဆင်း​ရဲ​ဒုက္ခ ကျ​ရောက်​လာ​လိမ့်​မည်။ ထို​မျှ​ဆိုး​ရွား​သော​ဆင်း​ရဲ ဒုက္ခ​မျိုး​ကို​ကမ္ဘာ​ဦး​မှ​စ​၍​အ​ဘယ်​ကာ​လ​၌ မျှ​လူ​တို့​မ​ကြုံ​စ​ဖူး၊ နောင်​ကာ​လ​၌​လည်း တွေ့​ကြုံ​ရ​ကြ​မည်​မ​ဟုတ်။-\x + \xo 24:21 \xt ဒံ၊ ၁၂:၁။ ဗျာ၊ ၇:၁၄။\x* \v 22 ဘု​ရား​သ​ခင်​သည်​ထို​နေ့​ရက်​ကာ​လ​ကို​တို​စေ တော်​မ​မူ​လျှင်​အ​ဘယ်​သူ​မျှ​အ​သက်​ဘေး​မှ​ကင်း လွတ်​နိုင်​လိမ့်​မည်​မ​ဟုတ်။ သို့​ရာ​တွင်​ဘု​ရား​သ​ခင် သည်​မိ​မိ​ရွေး​ချယ်​ထား​တော်​မူ​သော​သူ​များ​အ​ဖို့ အ​လို့​ငှာ​ထို​နေ့​ရက်​ကာ​လ​ကို​တို​စေ​တော်​မူ​လိမ့် မည်။'' \p \v 23 ``ထို​ကာ​လ​၌​လူ​တစ်​စုံ​တစ်​ယောက်​က `ကြည့်​လော့၊ ဤ​အ​ရပ်​တွင်​မေ​ရှိ​ယ​ရှိ​သည်' ဟူ​၍​လည်း​ကောင်း၊ `ထို​အ​ရပ်​တွင်​မေ​ရှိ​ယ​ရှိ​သည်' ဟူ​၍​လည်း​ကောင်း ဆို​လျှင်​မ​ယုံ​ကြ​နှင့်။- \v 24 မေ​ရှိ​ယ​အ​တု​အ​ယောင်​များ၊ ပ​ရော​ဖက်​အ​တု အ​ယောင်​များ​ပေါ်​ပေါက်​လာ​လိမ့်​မည်။ သူ​တို့​သည် ဖြစ်​နိုင်​ပါ​က​ဘု​ရား​သ​ခင်​ရွေး​ချယ်​ထား​တော်​မူ သော​သူ​များ​ကို​ပင်​လှည့်​စား​နိုင်​ရန်​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​ထူး​ဆန်း​သည့်​အ​မှု အ​ရာ​များ​ကို​ပြ​ကြ​လိမ့်​မည်။- \v 25 ဤ​အ​ကြောင်း​အ​ရာ​များ​မ​ဖြစ်​ပေါ်​မီ​သင်​တို့ အား​ကြို​တင်​၍​ငါ​ဖော်​ပြ​ပြီ။'' \p \v 26 ``လူ​တို့​က `ကြည့်​လော့။ မေ​ရှိ​ယ​သည်​တော​ကန္တာ​ရ တွင်​ရှိ​သည်' ဟု​ဆို​လျှင်​မ​သွား​ကြ​နှင့်။ `အိမ်​ခန်း ထဲ​မှာ​ရှိ​သည်' ဟု​ဆို​လျှင်​လည်း​မ​ယုံ​ကြ​နှင့်။-\x + \xo 24:26 \xt လု၊ ၁၇:၂၃-၂၄။\x* \v 27 လျှပ်​စစ်​ပြက်​၍​အ​ရှေ့​အ​ရပ်​မှ​အ​နောက်​အ​ရပ် တိုင်​အောင်​ကောင်း​ကင်​တစ်​ပြင်​လုံး​ထွန်း​လင်း​စေ သ​ကဲ့​သို့​လူ​သား​ကြွ​လာ​တော်​မူ​လိမ့်​မည်။'' \p \v 28 ``အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်​တွင်​လင်း​တ​တို့​စု​ရုံး ကြ​လတ္တံ့။''\x + \xo 24:28 \xt လု၊ ၁၇:၃၇။\x* \s1 လူ​သား​ကြွ​လာ​တော်​မူ​ခြင်း​အ​ကြောင်း \r (မာ၊ ၁၃:၂၄-၂၇။ လု၊ ၂၁:၂၅-၂၈။) \p \v 29 ``ထို​သို့​ဆင်း​ရဲ​ဒုက္ခ​များ​ကျ​ရောက်​လာ​ပြီး​နောက် ချက်​ချင်း​ပင်​နေ​သည်​မှောင်​မိုက်​သွား​လိမ့်​မည်။ လ သည်​အ​လင်း​ရောင်​ပေး​လိမ့်​မည်​မ​ဟုတ်။ ကြယ်​များ သည်​ကောင်း​ကင်​မှ​ကြွေ​လိမ့်​မည်။ ကောင်း​ကင်​နက္ခတ် များ​သည်​လမ်း​ပြောင်း​ကြ​လိမ့်​မည်။-\x + \xo 24:29 \xt ဟေရှာ၊ ၁၃:၁၀၊ ၃၄:၄။ ယေဇ၊ ၃၂:၇။ ယောလ၊ ၂:၁၀၊ ၃၁၊ ၃:၁၅။ ဗျာ၊ ၆:၁၂-၁၃။\x* \v 30 ထို​အ​ခါ​လူ​သား​ကြွ​လာ​တော်​မူ​မည့်​နိ​မိတ် လက္ခ​ဏာ​သည်​မိုး​ကောင်း​ကင်​တွင်​ပေါ်​ထွန်း​လာ လိမ့်​မည်။ မိုး​တိမ်​ကို​စီး​လျက်​ကြီး​စွာ​သော​ဘုန်း တန်​ခိုး​တော်​ဖြင့်​လူ​သား​ကြွ​လာ​တော်​မူ​သည်​ကို ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​မြင်​ကြ​သော အ​ခါ​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-\x + \xo 24:30 \xt ဒံ၊ ၇:၁၃။ ဇာ၊ ၁၂:၁၀-၁၄။ ဗျာ၊ ၁:၇။\x* \v 31 ထို​နောက်​လူ​သား​သည်​ကြီး​မား​သော​တံ​ပိုး​ခ​ရာ ကို​မှုတ်​စေ​ပြီး​လျှင်​မိ​မိ​၏​ကောင်း​ကင်​တ​မန်​များ အား အ​ရပ်​လေး​မျက်​နှာ​သို့​စေ​လွှတ်​၍​ကမ္ဘာ​မြေ ကြီး​တစ်​စွန်း​မှ​တစ်​စွန်း​အ​ထိ​ရှိ​ကြ​သော ကိုယ် တော်​ရွေး​ချယ်​ထား​တော်​မူ​သော​သူ​တို့​ကို​စု သိမ်း​စေ​တော်​မူ​လိမ့်​မည်။ \s1 သင်္ဘော​သ​ဖန်း​ပင်​မှ​သင်​ခန်း​စာ \r (မာ၊ ၁၃:၂၈-၃၁။ လု၊ ၂၁:၂၉-၃၃။) \p \v 32 ``သင်္ဘော​သ​ဖန်း​ပင်​မှ​သင်​ခန်း​စာ​တစ်​ရပ်​ကို​သင်​ယူ ကြ​လော့။ ထို​အ​ပင်​တွင်​အ​ကိုင်း​အ​ညှောက်​ထွက်​၍ ရွက်​နု​ပေါက်​သော​အ​ခါ​နွေ​ကာ​လ​နီး​သည်​ကို သင်​တို့​သိ​ကြ​၏။- \v 33 ထို​နည်း​တူ​စွာ​ဖော်​ပြ​ခဲ့​သော​အ​မှု​အ​ရာ​များ ဖြစ်​ပျက်​လျက်​ရှိ​သည်​ကို​တွေ့​မြင်​ရ​သော​အ​ခါ လူ​သား​သည်​သင်​တို့​အ​နီး​တံ​ခါး​ဝ​သို့​ပင် ရောက်​ရှိ​နေ​ပြီ​ဟု​သိ​မှတ်​ကြ​လော့။- \v 34 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ ဤ အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​သည်​ယ​ခု​အ​သက်​ရှင် လျက်​ရှိ​သူ​တို့​မ​သေ​လွန်​မီ​ဖြစ်​ပျက်​လာ​လိမ့်​မည်။- \v 35 ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​တည်​သော်​လည်း​ငါ​၏ စ​ကား​တည်​လိမ့်​မည်။'' \s1 ထို​နေ့​ထို​အ​ချိန်​ကို​မည်​သူ​မျှ​မ​သိ \r (မာ၊ ၁၃:၃၂-၃၇။ လု၊ ၁၇:၂၆-၃၀၊ ၃၄-၃၆။) \p \v 36 ``သို့​သော်​လည်း​ထို​အ​မှု​အ​ရာ​များ​ဖြစ်​ပျက် မည့်​နေ့​ရက်​နှင့်​အ​ချိန်​နာ​ရီ​ကို​ခ​မည်း​တော်​မှ တစ်​ပါး​အ​ဘယ်​သူ​မျှ​မ​သိ။ ကောင်း​ကင်​ဘုံ​ရှိ ကောင်း​ကင်​တ​မန်​များ​လည်း​မ​သိ။ သား​တော် လည်း​မ​သိ။- \v 37 နော​ဧ​လက်​ထက်​က​ဖြစ်​ပျက်​သ​ကဲ့​သို့​လူ​သား ကြွ​လာ​သော​အ​ခါ​၌​လည်း​ဖြစ်​ပျက်​လိမ့်​မည်။-\x + \xo 24:37 \xt က၊ ၆:၅-၈။\x* \v 38 ထို​နေ့​ရက်​ကာ​လ​၌​ရေ​မ​လွှမ်း​မိုး​မီ၊ သင်္ဘော​ထဲ သို့​နော​ဧ​ဝင်​သည့်​နေ့​တိုင်​အောင်​လူ​တို့​သည်​စား လျက်​ထိမ်း​မြား​စုံ​ဖက်​လျက်​နေ​ကြ​၏။- \v 39 သူ​တို့​သည်​ရေ​လွှမ်း​မိုး​၍​သေ​ကြေ​ပျက်​စီး​ကြ သည့်​အ​ချိန်​တိုင်​အောင်​သ​တိ​မဲ့​လျက်​နေ​ကြ​၏။ လူ​သား​ကြွ​လာ​တော်​မူ​ချိန်​၌​လည်း​ထို​နည်း​တူ ဖြစ်​လိမ့်​မည်။-\x + \xo 24:39 \xt က၊ ၇:၆-၂၄။\x* \v 40 ထို​အ​ခါ​လယ်​ထဲ​တွင်​ရှိ​သူ​လူ​နှစ်​ယောက်​အ​နက် တစ်​ယောက်​ကို​သိမ်း​ယူ​၍​တစ်​ယောက်​ကို​ထား​ခဲ့ လတ္တံ့။- \v 41 ကြိတ်​ဆုံ​လှည့်​နေ​သူ​အ​မျိုး​သ​မီး​နှစ်​ယောက်​အ​နက် တစ်​ယောက်​ကို​သိမ်း​ယူ​၍​တစ်​ယောက်​ကို​ထား​ခဲ့​လတ္တံ့။- \v 42 သို့​ဖြစ်​၍​သ​တိ​နှင့်​စောင့်​နေ​ကြ​လော့။ သင်​တို့​၏ အ​ရှင်​သည်​အ​ဘယ်​အ​ခါ​ကြွ​လာ​တော်​မူ​မည် ကို​သင်​တို့​မ​သိ​ကြ။- \v 43 အ​ကယ်​၍​အိမ်​ရှင်​သည်​သူ​ခိုး​လာ​မည့်​အ​ချိန်​ကို သာ​သိ​ရ​လျှင်​သ​တိ​နှင့်​နေ​လျက် မိ​မိ​အိမ်​ကို သူ​ခိုး​ဖောက်​ခွင့်​ပြု​မည်​မ​ဟုတ်​ကြောင်း​သင်​တို့ သိ​မှတ်​ကြ​လော့။-\x + \xo 24:43 \xt လု၊ ၁၂:၃၉-၄၀။\x* \v 44 လူ​သား​သည်​သင်​တို့​မ​မျှော်​သော​အ​ချိန်​၌​ကြွ လာ​တော်​မူ​မည်​ဖြစ်​၍​သင်​တို့​သည်​လည်း​အ​မြဲ အ​ဆင်​သင့်​ရှိ​ကြ​လော့။ \s1 သစ္စာ​ရှိ​သော​ကျွန်​နှင့်​သစ္စာ​မဲ့​သော​ကျွန် \r (လု၊ ၁၂:၄၁-၄၈။) \p \v 45 ``သစ္စာ​ရှိ​ကျွန်​လိမ္မာ​ကား​အ​ဘယ်​သူ​နည်း။ ထို​သူ ကား​အ​ခြား​ကျေး​ကျွန်​များ​ကို​အုပ်​ချုပ်​ရန်​နှင့် အ​ချိန်​တန်​လျှင်​ရိက္ခာ​များ​ထုတ်​ပေး​ရန်​သ​ခင် က​ခန့်​ထား​သူ​ဖြစ်​၏။- \v 46 သူ​သည်​မိ​မိ​တာ​ဝန်​ကို​သစ္စာ​ရှိ​စွာ​ဆောင်​ရွက်​နေ သည်​ကို​သ​ခင်​ပြန်​လာ​ချိန်​၌​တွေ့​ရ​လျှင်​မင်္ဂ​လာ ရှိ​၏။- \v 47 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သ​ခင်​သည်​မိ​မိ​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​စီ​မံ အုပ်​ချုပ်​ရန်​ထို​ကျွန်​အား​အပ်​နှင်း​လိမ့်​မည်။- \v 48 သို့​ရာ​တွင်​ထို​ကျွန်​သည်​ကျွန်​မိုက်​ဖြစ်​ပါ​မူ `ငါ့ သ​ခင်​ပြန်​လာ​ဦး​မည်​မ​ဟုတ်။ ကြာ​ပေ​ဦး​မည်' ဟု အောက်​မေ့​ကာ၊- \v 49 ကျွန်​ယောကျာ်း၊ ကျွန်​မိန်း​မ​တို့​အား​ရိုက်​နှက်​လျက် သေ​သောက်​ကြူး​သူ​တို့​နှင့်​သောက်​စား​မူး​ယစ်​လျက် နေ​လိမ့်​မည်။- \v 50 ထို​နောက်​ထို​သူ​မ​မျှော်​လင့်​သည့်​နေ့၊ မ​သိ​မြင် သည့်​အ​ချိန်​၌​သူ့​သ​ခင်​သည်​ပြန်​လာ​၍၊- \v 51 သူ့​ကို​ပြင်း​စွာ​ကြိမ်​ဒဏ်​ခတ်​၍​ကြောင်​သူ​တော်​တို့ ခံ​ရ​သော​ကံ​ကြမ္မာ​ဆိုး​ကို​ခံ​စေ​လိမ့်​မည်။ သူ​သည် ငို​ကြွေး​မြည်​တမ်း​၍​အံ​သွား​ခဲ​ကြိတ်​လျက်​နေ​ရ လိမ့်​မည်။ \c 25 \s1 အ​ပျို​ရံ​ဆယ်​ယောက်​ပုံ​ဥ​ပ​မာ \p \v 1 ``ထို​ကာ​လ​၌​ကောင်း​ကင်​နိုင်​ငံ​တော်​သည်​မီး​ခွက် များ​ကို​ယူ​၍ မင်္ဂ​လာ​ဆောင်​သ​တို့​သား​ကို​ကြို​ဆို ရန်​ထွက်​သွား​သည့်​အ​ပျို​ရံ​ဆယ်​ယောက်​တို့​တွေ့ ကြုံ​ရ​သည့်​အ​ဖြစ်​အ​ပျက်​နှင့်​တူ​လိမ့်​မည်။-\x + \xo 25:1 \xt လု၊ ၁၂:၃၅။\x* \v 2 သူ​တို့​အ​နက်​ငါး​ယောက်​သည်​ပ​ညာ​သ​တိ ရှိ​၏။ ငါး​ယောက်​မူ​ကား​ပ​ညာ​သ​တိ​မ​ရှိ။- \v 3 ပ​ညာ​သ​တိ​မ​ရှိ​သူ​တို့​သည်​မိ​မိ​တို့​၏ မီး​ခွက်​များ​ကို​ယူ​ခဲ့​သော်​လည်း​ဆီ​ပို​ကို မူ​မ​ယူ​ခဲ့​ကြ။- \v 4 ပ​ညာ​သ​တိ​ရှိ​သူ​များ​မူ​ကား​မိ​မိ​တို့​၏ မီး​ခွက်​များ​သာ​မ​က​ဆီ​ပို​ကို​လည်း​ဘူး တွင်​ထည့်​၍​ယူ​ခဲ့​ကြ​၏။- \v 5 မင်္ဂ​လာ​ဆောင်​သ​တို့​သား​သည်​ရောက်​လာ​ရန် ကြန့်​ကြာ​၍​နေ​သ​ဖြင့်​သူ​တို့​အား​လုံး​ငိုက် မျဉ်း​အိပ်​ပျော်​ကုန်​ကြ​၏။ \p \v 6 ``သန်း​ခေါင်​ယံ​၌`မင်္ဂ​လာ​ဆောင်​သ​တို့​သား​ရောက် လာ​ပြီ။ သွား​၍​ကြို​ဆို​ကြ​လော့' ဟူ​သော​ကြွေး ကြော်​သံ​ကို​ကြား​ရ​ကြ​၏။- \v 7 ထို​အ​ခါ​အ​ပျို​ရံ​အား​လုံး​တို့​သည်​ထ​၍​မိ​မိ ၏​မီး​ခွက်​များ​ကို​အ​သင့်​ပြင်​ကြ​၏။- \v 8 ပ​ညာ​သ​တိ​မ​ရှိ​သူ​များ​က `ငါ​တို့​မီး​ငြိမ်း တော့​မည်​ဖြစ်​၍​ငါ​တို့​ကို​ဆီ​အ​နည်း​ငယ်​ပေး ပါ' ဟု​ပ​ညာ​သ​တိ​ရှိ​သူ​တို့​ထံ​တောင်း​ကြ​၏။- \v 9 ပညာ​သ​တိ​ရှိ​သူ​များ​က `သင်​တို့​အ​ဖို့​နှင့်​ငါ​တို့ အ​ဖို့​ပါ​ဆို​လျှင်​ဆီ​လောက်​မည်​မ​ဟုတ်​သ​ဖြင့် ဆီ​ရောင်း​သူ​ထံ​သို့​သွား​၍​သင်​တို့​အ​တွက် ဝယ်​ယူ​ကြ​ပါ' ဟု​ပြန်​ပြော​ကြ​၏။- \v 10 ပ​ညာ​သ​တိ​မ​ရှိ​သူ​တို့​ဆီ​ဝယ်​ရန်​ထွက်​သွား နေ​ခိုက်​မင်္ဂ​လာ​ဆောင်​သ​တို့​သား​သည်​ရောက် လာ​၏။ အ​သင့်​ရှိ​နေ​ကြ​သော​အ​ပျို​ရံ​တို့ သည်​လည်း​သူ​နှင့်​အ​တူ​မင်္ဂ​လာ​ဆောင်​ပွဲ​သို့ ဝင်​ပြီး​လျှင်​တံ​ခါး​ကို​ပိတ်​ထား​လိုက်​၏။ \p \v 11 ``ပ​ညာ​သ​တိ​မ​ရှိ​သော​အ​ပျို​ရံ​များ​သည် လည်း​ပြန်​ရောက်​လာ​၍ `အ​ရှင်၊ အ​ရှင်၊ ကျွန်​မ​တို့ အား​တံ​ခါး​ဖွင့်​ပေး​ပါ' ဟု​ဆို​ကြ​၏။-\x + \xo 25:11 \xt လု၊ ၁၃:၂၅။\x* \v 12 သို့​ရာ​တွင်​မင်္ဂ​လာ​ဆောင်​သ​တို့​သား​က `မ​ဖွင့် ပေး​နိုင်​ပါ။ သင်​တို့​ကို​ငါ​မ​သိ' ဟု​ပြန်​ပြော​၏။ \p \v 13 ``သို့​ဖြစ်​၍​သင်​တို့​သည်​လည်း​ထို​နေ့​ထို​အ​ချိန် ကို​မ​သိ​ကြ​သ​ဖြင့်​သ​တိ​နှင့်​စောင့်​နေ​ကြ​လော့။ \s1 ကျွန်​သုံး​ယောက်​ပုံ​ဥ​ပ​မာ \r (လု၊ ၁၉:၁၁-၂၇။) \p \v 14 ``ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ခ​ရီး​ပြု​ရန် မိ​မိ​အိမ် မှ​ထွက်​မည့်​ဆဲ​ဆဲ​ရှိ​သူ လူ​တစ်​ယောက်​ကြုံ​တွေ့​ရ သည့်​အ​ဖြစ်​အ​ပျက်​နှင့်​တူ​လိမ့်​မည်။ သူ​သည်​မိ​မိ ၏​ကျွန်​များ​ကို​ခေါ်​၍​ဥစ္စာ​ပစ္စည်း​များ​ကို​အပ်​၏။-\x + \xo 25:14 \xt လု၊ ၁၉:၁၁-၂၇။\x* \v 15 တစ်​ယောက်​ကို​ရွှေ​ငါး​ပိ​ဿာ၊ အ​ခြား​တစ်​ယောက်​ကို နှစ်​ပိ​ဿာ၊ အ​ခြား​တစ်​ယောက်​ကို​ရွှေ​တစ်​ပိ​ဿာ​စ​သည် ဖြင့်​ထို​သူ​တို့​၏​အ​ရည်​အ​ချင်း​အ​လိုက်​ပေး​အပ်​၏။ ထို​နောက်​နိုင်​ငံ​ရပ်​ခြား​သို့​ထွက်​ခွာ​သွား​လေ​သည်။- \v 16 ရွှေ​ငါး​ပိ​ဿာ​ရ​သူ​သည်​ချက်​ချင်း​ပင်​ကူး​သန်း ရောင်း​ဝယ်​မှု​ကို​ပြု​သ​ဖြင့်​အ​မြတ်​ရွှေ​ငါး​ပိ​ဿာ ကို​ရ​၏။- \v 17 ထို​နည်း​တူ​ပင်​ရွှေ​နှစ်​ပိ​ဿာ​ရ​သူ​သည်​လည်း အ​မြတ်​ရွှေ​နှစ်​ပိ​ဿာ​ကို​ရ​၏။- \v 18 ရွှေ​တစ်​ပိဿာ​ရ​သူ​မူ​ကား​နေ​ရာ​တစ်​ခု​သို့​သွား ၍​မိ​မိ​သ​ခင်​၏​ရွှေ​ကို​မြေ​တွင်​မြှုပ်​ထား​လေ​၏။ \p \v 19 ``ကာ​လ​အ​တော်​ကြာ​သော်​ထို​ကျွန်​တို့​၏​အ​ရှင် သည်​ပြန်​လာ​၍​သူ​တို့​နှင့်​စာ​ရင်း​ရှင်း​၏။- \v 20 ရွှေ​ငါး​ပိ​ဿာ​ရ​သူ​သည်​အ​ပို​ရွှေ​ငါး​ပိ​ဿာ​ကို​ယူ ဆောင်​လာ​ပြီး​လျှင်`အ​ရှင်၊ အ​ကျွန်ုပ်​အား​အ​ရှင်​ရွှေ ငါး​ပိ​ဿာ​ပေး​အပ်​ခဲ့​ပါ​၏။ ကြည့်​ပါ။ အ​ကျွန်ုပ် သည်​ရွှေ​ငါး​ပိ​ဿာ​အ​မြတ်​ရ​ပါ​ပြီ' ဟု​လျှောက်​၏။- \v 21 သ​ခင်​က​လည်း `ကောင်း​လေ​စွ၊ သစ္စာ​ရှိ​ငါ့​ကျွန်​ကောင်း၊ သင်​သည်​သေး​ငယ်​သော​အ​မှု​တွင်​သစ္စာ​ရှိ​၏။ ကြီး သော​အ​မှု​ကို​သင့်​အား​ငါ​အပ်​နှင်း​မည်။ ငါ​နှင့် အ​တူ​စည်း​စိမ်​ချမ်း​သာ​ခံ​စား​ပါ​လော့' ဟု​ဆို​၏။ \p \v 22 ``ရွှေ​နှစ်​ပိ​ဿာ​ရ​သူ​သည်​လည်း​လာ​၍`အ​ရှင်၊ အ​ကျွန်ုပ် အား အ​ရှင်​ရွှေ​နှစ်​ပိ​ဿာ​ပေး​အပ်​ခဲ့​ပါ​၏။ ကြည့်​ပါ။ အ​ကျွန်ုပ်​သည် ရွှေ​နှစ်​ပိ​ဿာ​အ​မြတ်​ရ​ပါ​ပြီ' ဟု လျှောက်​ထား​၏။- \v 23 သ​ခင်​က`ကောင်း​လေ​စွ။ သစ္စာ​ရှိ​ငါ့​ကျွန်​ကောင်း၊ သင်​သည်​သေး​ငယ်​သော​အ​မှု​တွင်​သစ္စာ​ရှိ​၏။ ကြီး​သော​အ​မှု​ကို​သင့်​အား​ငါ​အပ်​နှင်း​မည်။ ငါ​နှင့်​အ​တူ​စည်း​စိမ်​ချမ်း​သာ​ခံ​စား​ပါ​လော့' ဟု​ဆို​၏။ \p \v 24 ``သို့​ရာ​တွင်​ရွှေ​တစ်​ပိ​ဿာ​ရ​သူ​သည်​လာ​၍ `အ​ရှင်၊ အ​ကျွန်ုပ်​သည်​အ​ရှင့်​အ​ကြောင်း​ကို​သိ​ပါ​၏။ အ​ရှင် သည်​ခက်​ထန်​သူ​ဖြစ်​၍​မိ​မိ​မ​စိုက်​မ​ပျိုး​သည့် အ​ရပ်​တွင်​ရိတ်​သိမ်း​တတ်​ပါ​၏။ မ​ကြဲ​ဖြန့်​သည့် အ​ရပ်​တွင်​စု​သိမ်း​တတ်​ပါ​၏။- \v 25 အ​ကျွန်ုပ်​သည်​ကြောက်​ရွံ့​သ​ဖြင့်​အ​ရှင်​၏​ရွှေ​ကို မြေ​တွင်​မြှုပ်​ထား​ခဲ့​ပါ​၏။ ကြည့်​ပါ။ အ​ရှင်​၏​ပစ္စည်း ဤ​မှာ​ရှိ​ပါ​၏' ဟု​လျှောက်​၏။'' \p \v 26 ``သ​ခင်​က​လည်း `အ​ချင်း​ဆိုး​ညစ်​သည့်​ကျွန်​ပျင်း၊ ငါ​သည်​မိ​မိ​မ​စိုက်​မ​ပျိုး​သည့်​အ​ရပ်​တွင်​ရိတ်​သိမ်း ၍​မ​ကြဲ​မ​ဖြန့်​သည့်​အ​ရပ်​တွင်​စု​သိမ်း​တတ်​သည် ကို​သင်​သိ​သည်​မှန်​လျှင်၊- \v 27 ငါ​၏​ရွှေ​ကို​ဘဏ်​တွင်​အပ်​ထား​သင့်​၏။ သို့​မှ​သာ လျှင်​ငါ​ပြန်​လာ​ချိန်​၌​အ​တိုး​နှင့်​အ​တူ​ပြန် လည်​ရ​ရှိ​နိုင်​၏။- \v 28 ထို​သူ​၏​ထံ​မှ​ရွှေ​တစ်​ပိဿာ​ကို​ယူ​၍​ဆယ်​ပိ​ဿာ ရှိ​သူ​အား​ပေး​ကြ။- \v 29 ကြွယ်​ဝ​ချမ်း​သာ​သော​သူ​သည်​ထပ်​၍​ရ​ရှိ​သ​ဖြင့် သူ​၌​ပို​လျှံ​၍​နေ​လိမ့်​မည်။ သို့​ရာ​တွင်​ဆင်း​ရဲ သော​သူ​ထံ​မှ​ရှိ​သ​မျှ​ကို​ပင်​နုတ်​လိမ့်​မည်။-\x + \xo 25:29 \xt မ၊ ၁၃:၁၂။ မာ၊ ၄:၂၅။ လု၊ ၈:၁၈။\x* \v 30 အ​သုံး​မ​ကျ​သည့်​ဤ​ကျွန်​ကို​အ​ပြင်​အ​မှောင်​ထဲ သို့​ထုတ်​လိုက်​ကြ။ သူ​သည်​ထို​အ​ရပ်​တွင်​ငို​ကြွေး မြည်​တမ်း​၍​အံ​သွား​ခဲ​ကြိတ်​လျက်​နေ​ရ​လိမ့် မည်' ဟု​ဆို​၏။''\x + \xo 25:30 \xt မ၊ ၈:၁၂၊ ၂၂:၁၃။ လု၊ ၁၃:၂၈။\x* \s1 နောက်​ဆုံး​တ​ရား​စီ​ရင်​တော်​မူ​ခြင်း \p \v 31 ``လူ​သား​သည်​ကောင်း​ကင်​တ​မန်​အ​ပေါင်း​ခြံ​ရံ လျက်​ဘု​ရင်​အ​ဖြစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ ပလ္လင်​ပေါ်​၌​ထိုင်​တော်​မူ​လိမ့်​မည်။-\x + \xo 25:31 \xt မ၊ ၁၆:၂၇၊ ၁၉:၂၈။\x* \v 32 ထို​အ​ခါ​လူ​မျိုး​အ​ပေါင်း​တို့​သည်​ရှေ့​တော်​တွင် စု​ရုံး​ရ​ကြ​လိမ့်​မည်။ သိုး​ထိန်း​သည်​သိုး​နှင့်​ဆိတ် တို့​ကို​တ​ခြား​စီ​ခွဲ​ထုတ်​သ​ကဲ့​သို့​လူ​သား​သည် လည်း​လူ​တို့​အား​နှစ်​စု​ခွဲ​ထုတ်​တော်​မူ​ပြီး​လျှင်၊- \v 33 သူ​တော်​ကောင်း​များ​ကို​လက်​ယာ​တော်​ဘက်၊ သူ​ယုတ်​မာ​များ​ကို​လက်​ဝဲ​တော်​ဘက်​တွင် ထား​တော်​မူ​လိမ့်​မည်။- \v 34 ထို​နောက်​ဘု​ရင်​မင်း​မြတ်​က​လက်​ယာ​တော်​ဘက် တွင်​ရှိ​သော​သူ​တို့​အား `ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​သူ​တို့၊ လော​က​ကို​ဖန်​ဆင်း​တော်​မူ​ချိန်​မှ စ​၍​သင်​တို့​အ​တွက်​ပြင်​ဆင်​ထား​တော်​မူ​သည့် နိုင်​ငံ​တော်​ကို​ခံ​ယူ​ကြ​လော့။- \v 35 သင်​တို့​သည်​ငါ​ဆာ​လောင်​မွတ်​သိပ်​စဉ်​အ​ခါ​က ငါ့​ကို​ကျွေး​မွေး​ကြ​၏။ ငါ​ရေ​ငတ်​စဉ်​အ​ခါ​က သောက်​ရေ​ကို​ပေး​ကြ​၏။ ငါ​သည်​ဧည့်​သည်​ဖြစ်​စဉ် အ​ခါ​က​ဧည့်​ဝတ်​ကို​ပြု​ကြ​၏။- \v 36 ငါ​သည်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​စဉ်​အ​ခါ​က အ​ဝတ်​ကို​ဝတ်​ဆင်​ပေး​ကြ​၏။ ငါ​ဖျား​နာ​စဉ် အ​ခါ​က​ပြု​စု​ကြ​၏။ ငါ​ထောင်​ကျ​စဉ်​အ​ခါ က​ငါ့​ထံ​လာ​ရောက်​ကြ​၏' ဟု​မိန့်​တော်​မူ​၏။'' \p \v 37 ထို​အ​ခါ​သူ​တော်​ကောင်း​တို့​က `အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​ဆာ​လောင်​မွတ်​သိပ်​တော်​မူ​သည်​ကို အ​ဘယ်​အ​ခါ​၌​မြင်​၍​အ​ကျွန်ုပ်​တို့​ကျွေး​မွေး ပါ​သ​နည်း။ ရေ​ငတ်​တော်​မူ​သည်​ကို​အ​ဘယ် အ​ခါ​၌​မြင်​၍​သောက်​ရေ​ကို​ပေး​ပါ​သ​နည်း။- \v 38 ဧည့်​သည်​ဖြစ်​တော်​မူ​သည်​ကို​အ​ဘယ်​အ​ခါ​၌ မြင်​၍​အ​ကျွန်ုပ်​တို့​ဧည့်​သည်​ဝတ်​ကို​ပြု​ပါ​သ​နည်း။ အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​တော်​မူ​သည်​ကို​အ​ဘယ် အ​ခါ​၌​မြင်​၍​အ​ဝတ်​ဝတ်​ဆင်​ပေး​ပါ​သ​နည်း။- \v 39 ဖျား​နာ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ထောင်​ကျ တော်​မူ​သည်​ကို​လည်း​ကောင်း​အ​ဘယ်​အ​ခါ​၌ အ​ကျွန်ုပ်​တို့​မြင်​၍​အ​ထံ​တော်​သို့​လာ​ကြ​ပါ သ​နည်း' ဟု​ပြန်​၍​လျှောက်​ထား​ကြ​၏။- \v 40 ထို​အ​ခါ​ဘု​ရင်​မင်း​မြတ်​က `အ​မှန်​အ​ကန်​သင် တို့​အား​ငါ​ဆို​သည်​ကား၊ ဤ​ငါ​၏​ညီ​များ​အ​နက် အ​သိမ်​ငယ်​ဆုံး​ဖြစ်​သူ​တစ်​စုံ​တစ်​ယောက်​အား သင်​တို့​ပြု​စု​ခဲ့​သ​မျှ​သည်​ငါ့​အား​ပြု​စု​ခြင်း ပင်​မည်​၏' ဟု​မိန့်​တော်​မူ​လိမ့်​မည်။ \p \v 41 ``ထို​နောက်​ဘု​ရင်​မင်း​မြတ်​က​လက်​ဝဲ​တော်​ဘက် ၌​ရှိ​သော​သူ​တို့​အား `အ​မင်္ဂ​လာ​ရှိ​သူ​တို့၊ ငါ့​ထံ မှ​ထွက်​သွား​ကြ​လော့။ မာရ်​နတ်​နှင့်​သူ့​စေ​တ​မန် များ​အ​တွက်​ပြင်​ဆင်​ထား​သည့်​ထာ​ဝ​ရ​မီး ထဲ​သို့​သက်​ဆင်း​ကြ​လော့။- \v 42 ငါ​ဆာ​လောင်​မွတ်​သိပ်​စဉ်​အ​ခါ​က​သင်​တို့​သည် ငါ့​ကို​မ​ကျွေး​မ​မွေး​ကြ။ ငါ​ရေ​ငတ်​စဉ်​အ​ခါ က​သောက်​ရေ​ကို​မ​ပေး​ကြ။- \v 43 ငါ​သည်​ဧည့်​သည်​ဖြစ်​စဉ်​အ​ခါ​က​ဧည့်​သည်​ဝတ် ကို​မ​ပြု​ကြ။ ငါ​သည်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ် စဉ်​အ​ခါ​က​အ​ဝတ်​ဝတ်​ဆင်​မ​ပေး​ကြ။ ငါ​ဖျား နာ​စဉ်​အ​ခါ​က​လည်း​ကောင်း၊ ထောင်​ကျ​စဉ်​အ​ခါ က​လည်း​ကောင်း​သင်​တို့​သည်​ငါ့​ထံ​ကို​မ​လာ​ကြ' ဟု​မိန့်​တော်​မူ​၏။ \p \v 44 ``ထို​သူ​တို့​က `အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​ဆာ​လောင် မွတ်​သိပ်​တော်​မူ​ခြင်း၊ ရေ​ငတ်​တော်​မူ​ခြင်း၊ ဧည့်​သည် ဖြစ်​တော်​မူ​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​တော် မူ​ခြင်း၊ ဖျား​နာ​တော်​မူ​ခြင်း၊ ထောင်​ကျ​တော်​မူ​ခြင်း တို့​ကို​အ​ဘယ်​အ​ခါ​၌​အ​ကျွန်ုပ်​တို့​မြင်​ရ​ပါ​လျက် ကိုယ်​တော်​အား​မ​ပြု​စု​မ​လုပ်​ကျွေး​ဘဲ​နေ​ခဲ့​ပါ သ​နည်း' ဟု​လျှောက်​ထား​ကြ​ပေ​အံ့။- \v 45 ထို​အ​ခါ​ဘု​ရင်​မင်း​မြတ်​က `အ​မှန်​အ​ကန် သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သိမ်​ငယ်​သည့် ဤ​သူ​များ​အ​နက်​က​တစ်​စုံ​တစ်​ယောက်​သော သူ​ကို​သင်​တို့​မ​ပြု​မ​စု​ဘဲ​နေ​ခဲ့​သ​မျှ​သည် ငါ့​ကို​မ​ပြု​မ​စု​ဘဲ​နေ​ခဲ့​ခြင်း​ပင်​မည်​၏' ဟု မိန့်​တော်​မူ​လိမ့်​မည်။- \v 46 ထို့​ကြောင့်​ထို​သူ​တို့​သည်​ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ခံ ရ​ကြ​လိမ့်​မည်။ သူ​တော်​ကောင်း​တို့​မူ​ကား​ထာ​ဝ​ရ ချမ်း​သာ​သို့​ဝင်​စား​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။\x + \xo 25:46 \xt ဒံ၊ ၁၂:၂။\x* \c 26 \s1 ကိုယ်​တော်​ကို​သတ်​ရန်​ကြံ​စည်​မှု \r (မာ၊ ၁၄:၁-၂။ လု၊ ၂၂:၁-၂။ ယော၊ ၁၁:၄၅-၅၃။) \p \v 1 ဤ​သို့​ဟော​ပြော​သွန်​သင်​တော်​မူ​ပြီး​သော​အ​ခါ ကိုယ်​တော်​က၊ \v 2 ``နောက်​နှစ်​ရက်​မျှ​ကြာ​လျှင်​ပ​သ​ခါ​ပွဲ​ကျ​ရောက် မည်​ကို​သင်​တို့​သိ​ကြ​၏။ ထို​အ​ခါ​လူ​သား​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​စေ​ရန်​ရန်​သူ့ လက်​သို့​အပ်​ကြ​လိမ့်​မည်'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။\x + \xo 26:2 \xt ထွ၊ ၁၂:၁-၂၇။\x* \p \v 3 ထို​အ​ချိန်​၌​ပင်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည်​က​ယာ​ဖ နာ​မည်​ရှိ​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကျောင်း တော်​ဝင်း​အ​တွင်း​တွင်​စု​ရုံး​လျက်​နေ​ကြ​၏။- \v 4 သူ​တို့​သည်​သ​ခင်​ယေ​ရှု​ကို​တိတ်​တ​ဆိတ် ဖမ်း​ဆီး​၍​သတ်​ရန်​ဆွေး​နွေး​တိုင်​ပင်​ကြ​၏။- \v 5 သူ​တို့​က ``လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည် ကို​စိုး​ရိမ်​စ​ရာ​ရှိ​သ​ဖြင့်​ပွဲ​တော်​ရက်​အ​တွင်း ၌​မ​ဖမ်း​မ​ဆီး​ကြ​နှင့်'' ဟု​ဆို​ကြ​၏။ \s1 ဗေ​သ​နိ​ရွာ​တွင်​သ​ခင်​ယေ​ရှု​၏ ခေါင်း​တော်​ပေါ်​သို့​ဆီ​မွှေး​လောင်း​ခြင်း \r (မာ၊ ၁၄:၃-၉။ ယော၊ ၁၂:၁-၈။) \p \v 6 သ​ခင်​ယေ​ရှု​သည်​ဗေ​သ​နိ​ရွာ​တွင်​အ​ရေ​ပြား ရော​ဂါ​စွဲ​ကပ်​ခဲ့​ဖူး​သူ​ရှိ​မုန်​၏​အိမ်​၌​ရှိ​၍ အ​စား​အ​စာ​သုံး​ဆောင်​လျက်​နေ​တော်​မူ သော​အ​ခါ၊- \v 7 အ​မျိုး​သ​မီး​တစ်​ယောက်​သည်​အ​လွန်​အ​ဖိုး ထိုက်​သည့်​ဆီ​မွှေး​ကျောက်​ဖြူ​ဗူး​ကို​ယူ​ဆောင်​၍ အ​ထံ​တော်​သို့​လာ​ပြီး​လျှင်​ထို​ဆီ​မွှေး​ကို ကိုယ်​တော်​၏​ခေါင်း​တော်​ထက်​တွင်​သွန်း​လောင်း လေ​သည်။-\x + \xo 26:7 \xt လု၊ ၇:၃၇-၃၈။\x* \v 8 ထို​အ​ခြင်း​အ​ရာ​ကို​တ​ပည့်​တော်​တို့​မြင်​လျှင် အ​မျက်​ထွက်​၍ ``အဘယ်​ကြောင့်​ဤ​သို့​ဖြုန်း​တီး ပါ​သ​နည်း။- \v 9 ဤ​ဆီ​မွှေး​ကို​ငွေ​အ​မြောက်​အ​မြား​နှင့်​ရောင်း ၍​ဆင်း​ရဲ​သူ​များ​အား​ပေး​ကမ်း​သင့်​၏'' ဟု ဆို​ကြ​သည်။ \p \v 10 သ​ခင်​ယေ​ရှု​သည်​ကြား​သိ​တော်​မူ​သော အ​ခါ ``အ​ဘယ်​ကြောင့်​ဤ​အ​မျိုး​သ​မီး​ကို သင်​တို့​နှောင့်​ယှက်​ကြ​သ​နည်း။ သူ​ပြု​သော အ​မှု​သည်​လွန်​စွာ​လျောက်​ပတ်​ပေ​၏။- \v 11 ဆင်း​ရဲ​သူ​များ​သည်​သင်​တို့​နှင့်​အ​မြဲ​ရှိ​နေ ကြ​မည်။ ငါ​မူ​ကား​သင်​တို့​နှင့်​အ​မြဲ​ရှိ​နေ မည်​မ​ဟုတ်။-\x + \xo 26:11 \xt တရား၊ ၁၅:၁၁။\x* \v 12 ဤ​အ​မျိုး​သ​မီး​သည်​ငါ့​အ​ပေါ်​သို့​ဆီ​မွှေး သွန်း​လောင်း​သည်​မှာ​ငါ​၏​ရုပ်​အ​လောင်း​ကို သင်္ဂြိုဟ်​ရန်​ပြင်​ဆင်​ခြင်း​ပင်​ဖြစ်​၏။- \v 13 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သ​တင်း​ကောင်း​ကို​ကမ္ဘာ​အ​ရပ်​ရပ်​တွင်​ကြေ ညာ​သော​အ​ခါ ဤ​အ​မျိုး​သ​မီး​ကို​အောက်​မေ့ သ​တိ​ရ​ကြ​စေ​ရန် သူ​ပြု​ခဲ့​သော​ကောင်း​မှု ကို​ပြော​ကြား​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 သ​ခင်​ယေ​ရှု​ကို​သစ္စာ​ဖောက်​ရန်​ယု​ဒ​ကြံ​စည်​ခြင်း \r (မာ၊ ၁၄:၁၀-၁၁။ လု၊ ၂၂:၃-၆။) \p \v 14 ထို​နောက်​တစ်​ကျိပ်​နှစ်​ပါး​အ​ပါ​အ​ဝင်​ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ ထံ​သို့​သွား​၍၊- \v 15 ``ယေ​ရှု​ကို​သင်​တို့​လက်​သို့​အ​ကျွန်ုပ်​ပေး​အပ်​ပါ လျှင်​အ​ကျွန်ုပ်​အား​ငွေ​မည်​မျှ​ပေး​မည်​နည်း'' ဟု မေး​၏။ ထို​သူ​တို့​သည်​လည်း​သူ့​အား​ငွေ​ဒင်္ဂါး သုံး​ဆယ်​ပေး​ကြ​၏။-\x + \xo 26:15 \xt ဇာ၊ ၁၁:၁၂။\x* \v 16 ထို​အ​ချိန်​မှ​စ​၍​ယု​ဒ​သည်​ကိုယ်​တော်​ကို ရန်​သူ့​လက်​သို့​အပ်​ရန်​အ​ခွင့်​ကောင်း​ကို​ရှာ လျက်​နေ​၏။ \s1 တ​ပည့်​တော်​တို့​နှင့်​အ​တူ ပ​သ​ခါ​ပွဲ​ည​စာ​စား​တော်​မူ​ခြင်း \r (မာ၊ ၁၄:၁၂-၂၁။ လု၊ ၂၂:၇-၁၄၊ ၂၁-၂၃။ ယော၊ ၁၃:၂၁-၃၀။) \p \v 17 တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ပ​ထ​မ​နေ့​၌​တ​ပည့်​တော် တို့​သည်​သ​ခင်​ယေ​ရှု​ထံ​တော်​သို့​လာ​၍ ``အ​ရှင့် အ​တွက်​ပ​သ​ခါ​ပွဲ​ည​စာ​ကို​အ​ကျွန်ုပ်​တို့ အ​ဘယ်​အ​ရပ်​တွင်​ပြင်​ဆင်​ရ​ပါ​မည်​နည်း'' ဟု မေး​လျှောက်​ကြ​၏။ \p \v 18 ကိုယ်​တော်​က ``မြို့​ထဲ​သို့​ဝင်​၍​ဤ​မည်​သော​သူ​ထံ သို့​သွား​၍​ဆ​ရာ​တော်​က `ငါ့​အ​တွက်​သတ်​မှတ် ထား​သည့်​အ​ချိန်​ရောက်​လာ​ပြီ​ဖြစ်​၍​ငါ့​တ​ပည့် များ​နှင့်​အ​တူ​သင်​၏​အိမ်​တွင်​ပ​သ​ခါ​ပွဲ​ကို ကျင်း​ပ​လို​သည်' ဟု​မှာ​ကြား​လိုက်​ကြောင်း​ပြော ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 19 တ​ပည့်​တော်​တို့​သည်​လည်း​ကိုယ်​တော်​မိန့်​တော်​မူ သည်​အ​တိုင်း​လိုက်​နာ​ဆောင်​ရွက်​၍​ပ​သ​ခါ​ပွဲ ကို​အ​သင့်​ပြင်​ကြ​၏။ \p \v 20 ည​ချမ်း​အ​ချိန်​ရောက်​သော်​ကိုယ်​တော်​သည်​တစ်​ကျိပ် နှစ်​ပါး​တို့​နှင့်​အ​တူ​စား​ပွဲ​တွင်​ထိုင်​၍​ည​စာ​စား တော်​မူ​၏။- \v 21 ထို​အ​ခါ​ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့ အား​ငါ​ဆို​သည်​ကား၊ သင်​တို့​အ​နက်​က​တစ်​စုံ တစ်​ယောက်​သော​သူ​သည်​ငါ့​ကို​ရန်​သူ့​လက်​သို့ အပ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။- \v 22 တပည့်​တော်​တို့​သည်​လွန်​စွာ​စိတ်​မ​ချမ်း​မ​သာ​ဖြစ် ကြ​လျက် ``ထို​သူ​သည်​အ​ကျွန်ုပ်​ပေ​လော'' ဟု​တစ် ဦး​နောက်​တစ်​ဦး​မေး​လျှောက်​ကြ​၏။ \p \v 23 ကိုယ်​တော်​က ``ငါ​နှင့်​အ​တူ​ဟင်း​ခွက်​တွင်​နှိုက်​၍ စား​သော​သူ​သည်​ငါ့​ကို​ရန်​သူ့​လက်​သို့​အပ် လိမ့်​မည်။-\x + \xo 26:23 \xt ဆာ၊ ၄၁:၉။\x* \v 24 ကျမ်း​စာ​လာ​သည်​အ​တိုင်း​လူ​သား​သည်​အ​သေ​ခံ ရန်​သွား​ရ​မည်။ သို့​ရာ​တွင်​လူ​သား​ကို​ရန်​သူ​လက် သို့​အပ်​သူ​သည်​အ​မင်္ဂ​လာ​ရှိ​၏။ မွေး​ဖွား​ခြင်း​ကို မ​ခံ​ရ​လျှင်​သူ့​အ​ဖို့​ကောင်း​သေး​၏'' ဟု​မိန့်​တော် မူ​သည်။ \p \v 25 ကိုယ်​တော်​ကို​ရန်​သူ့​လက်​သို့​အပ်​မည့်​သူ​ယု​ဒ က ``အ​ရှင်​ဘု​ရား၊ ထို​သူ​သည်​အ​ကျွန်ုပ်​ပေ​လော'' ဟု​မေး​လျှောက်​လျှင်၊ \p ကိုယ်​တော်​က ``သင်​ပြော​သည့်​အ​တိုင်း​ပင်​မှန်​၏'' ဟု​မိန့်​တော်​မူ​၏။ \s1 ပွဲ​တော်​မင်္ဂ​လာ \r (မာ၊ ၁၄:၂၂-၂၆။ လု၊ ၂၂:၁၄-၂၀။ ၁ကော၊ ၁၁:၂၃-၂၅။) \p \v 26 ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​နှင့်​အ​တူ​ညစာ စား​လျက်​နေ​တော်​မူ​စဉ်​မုန့်​ကို​ယူ​၍​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​တော်​မူ​၏။ ထို​နောက်​မုန့်​ကို​ဖဲ့​၍ ``ဤ​မုန့် ကား​ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ယူ​၍​စား​ကြ​လော့'' ဟု မိန့်​တော်​မူ​ပြီး​လျှင်​တ​ပည့်​တော်​တို့​အား​ဝေ​ပေး တော်​မူ​၏။ \p \v 27 စ​ပျစ်​ရည်​ခွက်​ကို​လည်း​ယူ​၍​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​နောက်​တ​ပည့်​တော်​တို့​အား​ပေး​တော် မူ​၏။ ကိုယ်​တော်​က ``သင်​တို့​အား​လုံး​သောက်​ကြ လော့။- \v 28 ဤ​စ​ပျစ်​ရည်​ကား​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တော်​ကို​တံ​ဆိပ်​ခတ်​သော၊ လူ​တို့​အ​ပြစ်​ပြေ လွှတ်​ရန်​အ​တွက်​သွန်း​သော​ငါ​၏​သွေး​ဖြစ်​၏။-\x + \xo 26:28 \xt ထွ၊ ၂၄:၈။ ယေ၊ ၃၁:၃၁-၃၄။\x* \v 29 သင်​တို့​အား​ငါ​ဆို​သည်​ကား​ယ​ခု​အ​ချိန်​မှ စ​၍​ငါ့​ခ​မည်း​တော်​၏​နိုင်​ငံ​တော်​တွင်​သင်​တို့ နှင့်​အ​တူ​စ​ပျစ်​ရည်​သစ်​ကို​သောက်​ရ​သည့်​နေ့ မ​တိုင်​မီ​ငါ​သည်​ဤ​စ​ပျစ်​ရည်​ကို​နောက်​တစ်​ဖန် မ​သောက်​တော့​ပြီ'' ဟု​မိန့်​တော်​မူ​၏။ \p \v 30 ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဋ္ဌမ္မ​သီ​ချင်း​ကို​ဆို​ပြီး​နောက်​သံ​လွင်​တောင်​သို့ ထွက်​သွား​ကြ​၏။ \s1 ပေ​တ​ရု​ငြင်း​ဆို​မည်​ကို ကြို​တင်​ဖော်​ပြ​တော်​မူ​ခြင်း \r (မာ၊ ၁၄:၂၇-၃၁။ လု၊ ၂၂:၃၁-၃၄။ ယော၊ ၁၃:၃၆-၃၈။) \p \v 31 ထို​နောက်​သ​ခင်​ယေ​ရှု​က ``ကျမ်း​စာ​တော်​တွင် `ဘု​ရား သ​ခင်​သည်​သိုး​ထိန်း​ကို​ရိုက်​သ​ဖြင့်​သိုး​တို့​သည် က​စဥ့်​က​ရဲ​ဖြစ်​ကြ​လိမ့်​မည်' ဟု​ပါ​ရှိ​သည်​နှင့် အ​ညီ​ယ​နေ့​ည​၌​ပင်​လျှင်​သင်​တို့​သည်​ငါ့​ကို စွန့်​ပစ်​၍​ပြေး​ကြ​လိမ့်​မည်။-\x + \xo 26:31 \xt ဇာ၊ ၁၃:၇။\x* \v 32 သို့​ရာ​တွင်​ငါ​သည်​သေ​ခြင်း​မှ​ထ​မြောက် ပြီး​နောက်​သင်​တို့​အ​လျင်​ဂါ​လိ​လဲ​ပြည် သို့​သွား​နှင့်​မည်'' ဟု​တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။\x + \xo 26:32 \xt မ၊ ၂၈:၁၆။\x* \p \v 33 ပေ​တ​ရု​က ``အ​ခြား​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​စွန့်​ပစ်​ကြ​သော်​လည်း​အ​ကျွန်ုပ် သည်​အ​ဘယ်​အ​ခါ​မျှ​စွန့်​ပစ်​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက်​ထား​၏။- \v 34 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား၊ ယ​နေ့​ည​၌​ပင်​ကြက်​မ​တွန်​မီ​သင် သည်​ငါ့​ကို​မ​သိ​ဟု​သုံး​ကြိမ်​တိုင်​တိုင်​ငြင်း​ဆို လိမ့်​မည်'' ဟု​ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။ \p \v 35 ပေ​တ​ရု​က ``အ​ကျွန်ုပ်​သည်​ကိုယ်​တော်​နှင့်​အ​တူ သေ​ပင်​သေ​ရ​ပါ​စေ၊ ကိုယ်​တော်​ကို​မ​သိ​ဟု​ငြင်း ဆို​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက်​ထား​၏။ အခြား တ​ပည့်​တော်​တို့​သည်​လည်း​ဤ​နည်း​အ​တိုင်း လျှောက်​ထား​ကြ​၏။ \s1 ဂေ​သ​ရှေ​မန်​ဥ​ယျာဉ်​တွင်​ဆု​တောင်း​တော်​မူ​ခြင်း \r (မာ၊ ၁၄:၃၂-၄၂။ လု၊ ၂၂:၃၉-၄၆။) \p \v 36 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​နှင့် အ​တူ​ဂေ​သ​ရှေ​မန်​နာ​မည်​ရှိ​သော​အ​ရပ်​သို့ ရောက်​ရှိ​တော်​မူ​၏။ ကိုယ်​တော်​က ``ငါ​သည်​ထို နေ​ရာ​သို့​သွား​၍​ဆု​တောင်း​နေ​စဉ်​သင်​တို့ ဤ​နေ​ရာ​တွင်​စောင့်​နေ​ကြ​လော့'' ဟု​တ​ပည့် တော်​တို့​အား​မှာ​ကြား​တော်​မူ​ပြီး​လျှင်၊- \v 37 ပေ​တ​ရု​နှင့်​ဇေ​ဗေ​ဒဲ​၏​သား​နှစ်​ယောက်​တို့​ကို ခေါ်​သွား​တော်​မူ​၏။ ကိုယ်​တော်​သည်​စိတ်​မ​ချမ်း မ​သာ​ဖြစ်​တော်​မူ​လျက်​လွန်​စွာ​သော​က​ရောက် တော်​မူ​သ​ဖြင့်၊- \v 38 ``ငါ​သည်​သေ​လု​အောင်​စိတ်​ဒုက္ခ​ရောက်​လှ​၏။ သင်​တို့​သည်​ဤ​နေ​ရာ​တွင်​ငါ​နှင့်​အ​တူ​စောင့် နေ​ကြ​လော့'' ဟု​တ​ပည့်​တော်​သုံး​ဦး​အား မိန့်​တော်​မူ​၏။- \v 39 ထို​နောက်​ရှေ့​သို့​အ​နည်း​ငယ်​ကြွ​တော်​မူ​၍​မြေ ပေါ်​တွင်​ပျပ်​ဝပ်​တော်​မူ​ပြီး​လျှင် ``အို အ​ကျွန်ုပ် ၏​အ​ဖ၊ ဖြစ်​နိုင်​ပါ​က​ဤ​ဒုက္ခ​ဝေ​ဒ​နာ​ခွက်​ကို အ​ကျွန်ုပ်​ထံ​မှ​လွှဲ​ဖယ်​ပေး​တော်​မူ​ပါ။ သို့​ရာ​တွင် အ​ကျွန်ုပ်​၏​အ​လို​အ​တိုင်း​မ​ဟုတ်​ပါ။ ကိုယ်​တော် ၏​အ​လို​တော်​အ​တိုင်း​သာ​ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​တော်​မူ​၏။ \p \v 40 ထို​နောက်​ကိုယ်​တော်​သည်​တ​ပည့်​တော်​သုံး​ဦး​တို့ ထံ​သို့​ပြန်​လာ​တော်​မူ​ရာ၊ အိပ်​ပျော်​လျက်​နေ ကြ​သည်​ကို​တွေ့​တော်​မူ​သ​ဖြင့် ``သင်​တို့​သုံး ယောက်​သည်​တစ်​နာ​ရီ​မျှ​ပင်​စောင့်​၍​မ​နေ နိုင်​ကြ​သ​လော။- \v 41 စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို​ခံ​ရပ်​နိုင်​မည့်​အ​ကြောင်း ဆု​တောင်း​၍​စောင့်​နေ​ကြ​လော့။ စိတ်​ဆန္ဒ​ရှိ​သော်​လည်း ကိုယ်​ခန္ဓာ​ကား​အား​နည်း​၏'' ဟု​ပေ​တ​ရု​အား မိန့်​တော်​မူ​၏။ \p \v 42 ထို​နောက်​ကိုယ်​တော်​သည်​ဒု​တိ​ယ​အ​ကြိမ်​ကြွ သွား​တော်​မူ​ပြန်​၍ ``အ​ကျွန်ုပ်​၏​အ​ဖ၊ ဤ​ဒုက္ခ ဝေ​ဒ​နာ​ခွက်​ကို​အ​ကျွန်ုပ်​ထံ​မှ​လွှဲ​ဖယ်​၍ မ​ဖြစ်​ပါ​က​ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​တော်​မူ​၏။- \v 43 ကိုယ်​တော်​နောက်​တစ်​ကြိမ်​ပြန်​လာ​တော်​မူ​သော အ​ခါ​တ​ပည့်​တော်​တို့​သည်​မျက်​စိ​လေး​လံ သ​ဖြင့်​အိပ်​ပျော်​လျက်​နေ​ကြ​သည်​ကို​တွေ့ တော်​မူ​၏။ \p \v 44 ကိုယ်​တော်​သည်​သူ​တို့​ထံ​မှ​တစ်​ဖန်​ကြွ​သွား တော်​မူ​ပြီး​လျှင်​ယ​ခင်​က​မြွက်​ဆို​သည် အ​တိုင်း​တတိယ​အ​ကြိမ်​ဆု​တောင်း​တော်​မူ​၏။- \v 45 ထို​နောက်​တ​ပည့်​တော်​တို့​ထံ​သို့​ပြန်​လာ​၍ ``သင် တို့​သည်​အိပ်​လျက်​နား​လျက်​ပင်​ရှိ​နေ​ကြ​သေး သ​လော။ လူ​သား​ကို​ဆိုး​ယုတ်​သူ​များ​လက်​သို့ အပ်​နှံ​သည့်​အ​ချိန်​ရောက်​လာ​ပြီ။- \v 46 ထ​ကြ။ ငါ​တို့​သွား​ကြ​ကုန်​အံ့။ ငါ့​ကို​ရန်​သူ့​လက် သို့​အပ်​မည့်​သူ​ရောက်​လာ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ \s1 ကိုယ်​တော်​ကို​ဖမ်း​ဆီး​ကြ​ခြင်း \r (မာ၊ ၁၄:၄၃-၅၀။ လု၊ ၂၂:၄၇-၅၃။ ယော၊ ၁၈:၃-၁၂။) \p \v 47 ယင်း​သို့​ကိုယ်​တော်​မိန့်​တော်​မူ​စဉ်​၌​ပင်​လျှင် တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်​သူ​ယု​ဒ​သည်​တုတ်၊ ဋ္ဌား​ကိုင်​ဆောင်​သူ​လူ​အ​မြောက်​အ​မြား​နှင့်​အ​တူ ရောက်​ရှိ​လာ​လေ​သည်။ ထို​သူ​တို့​သည်​ယဇ်​ပု​ရော ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ က​စေ​လွှတ်​လိုက်​သူ​များ​ဖြစ်​၏။- \v 48 ကိုယ်​တော်​ကို​ရန်​သူ့​လက်​သို့​အပ်​နှံ​သူ​က​မိ​မိ နှင့်​လိုက်​ပါ​လာ​သူ​တို့​အား ``ငါ​နမ်း​၍​နှုတ်​ဆက် သူ​သည်​ယေ​ရှု​ဖြစ်​၏။ သူ့​ကို​ဖမ်း​ဆီး​ကြ​လော့'' ဟု အ​ချက်​ပေး​ထား​၏။ \p \v 49 ယု​ဒ​သည်​ချက်​ချင်း​ပင်​ကိုယ်​တော်​၏​ထံ​သို့​ချဉ်း​ကပ် ကာ ``အ​ရှင်​ဘု​ရား၊ မင်္ဂ​လာ​ရှိ​ပါ​စေ​သော'' ဟု​ဆို ၍​ကိုယ်​တော်​ကို​နမ်း​လေ​၏။ \p \v 50 သ​ခင်​ယေ​ရှု​က ``အ​ဆွေ၊ သင်​ဆောင်​ရွက်​ရန်​လာ သည့်​ကိစ္စ​ကို​အ​မြန်​ဆောင်​ရွက်​လော့'' ဟု​မိန့်​တော် မူ​၏။ \p လူ​တို့​သည်​လာ​၍​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ချုပ်​ကိုင် ထား​ကြ​၏။- \v 51 ထို​အ​ခါ​သ​ခင်​ယေ​ရှု​နှင့်​လိုက်​ပါ​သော​လူ တစ်​ယောက်​သည်​ဋ္ဌား​ကို​ဆွဲ​ထုတ်​ပြီး​လျှင် ယဇ် ပု​ရော​ဟိတ်​မင်း​၏​ကျွန်​တစ်​ယောက်​ကို​ခုတ်​လိုက် ရာ​ထို​သူ​နား​ရွက်​ပြတ်​လေ​၏။- \v 52 သ​ခင်​ယေ​ရှု​က ``သင်​၏​ဋ္ဌား​ကို​ဋ္ဌား​အိမ်​သို့​ပြန်​သွင်း လော့။ ဋ္ဌား​ကို​စွဲ​ကိုင်​သူ​သည်​ဋ္ဌား​အား​ဖြင့်​သေ​ကြေ ပျက်​စီး​ရ​လိမ့်​မည်။- \v 53 ငါ​သည်​ခ​မည်း​တော်​ထံ​မှ​အ​ကူ​အ​ညီ​တောင်း​ခံ လျှင်​ခ​မည်း​တော်​သည်​တပ်​ကြီး​တစ်​ဆယ့်​နှစ်​တပ် ထက်​များ​ပြား​လှ​သော​ကောင်း​ကင်​တ​မန်​တို့​ကို ငါ့​ထံ​သို့​စေ​လွှတ်​တော်​မူ​မည်​ကို​သင်​တို့​မ​သိ ကြ​သ​လော။- \v 54 သို့​ရာ​တွင်​ငါ​ဤ​သို့​ပြု​ပါ​မူ​ကျမ်း​စာ​လာ​သည် အ​တိုင်း​အ​ဘယ်​သို့​လျှင်​ဖြစ်​ပျက်​တော့​မည်​နည်း'' ဟု​မိန့်​တော်​မူ​၏။ \p \v 55 ထို​နောက်​ကိုယ်​တော်​က​လူ​ပ​ရိ​သတ်​တို့​အား``သင် တို့​သည်​ဋ္ဌား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့​ငါ့​ကို​ဖမ်း​ရန် တုတ်​များ​ဋ္ဌား​များ​နှင့်​လာ​ကြ​သ​လော။ ငါ​သည် နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင်​ထိုင်​၍​ဟော​ပြော သွန်​သင်​နေ​စဉ်​အ​ခါ​သင်​တို့​သည်​ငါ့​ကို​မ​ဖမ်း မ​ဆီး​ခဲ့​ကြ။-\x + \xo 26:55 \xt လု၊ ၁၉:၄၇၊ ၂၁:၃၇။\x* \v 56 သို့​သော်​ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ရ​ခြင်း​မှာ ကျမ်း​စာ​တော်​တွင်​ပ​ရော​ဖက်​များ​ဟော​ကြား​ခဲ့ သ​မျှ​အ​တိုင်း အ​ကောင်​အ​ထည်​ပေါ်​လာ​စေ​ရန် ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။ \p ထို​အခါ​တပည့်​တော်​အပေါင်း​တို့​သည် ကိုယ်​တော် ကို​စွန့်​ပစ်​၍​ပြေး​ကြ​၏။ \s1 ယု​ဒ​တ​ရား​လွှတ်​တော်​၌ ကိုယ်​တော်​ကို​စစ်​ဆေး​ကြ​ခြင်း \r (မာ၊ ၁၄:၅၃-၆၅။ လု၊ ၂၂:၅၄-၅၅၊ ၆၃-၇၁။ ယော၊ ၁၈:၁၃-၁၄၊ ၁၉-၂၄။) \p \v 57 သ​ခင်​ယေ​ရှု​ကို​ဖမ်း​ဆီး​ကြ​သော​သူ​တို့​သည် ကိုယ်​တော်​အား​ယဇ်​ပု​ရော​ဟိတ်​မင်း​က​ယာ​ဖ​၏ ကျောင်း​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ကျမ်း​တတ် ဆ​ရာ​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည် ထို​အ​ရပ်​တွင်​စု​ရုံး​လျက်​နေ​ကြ​၏။- \v 58 ပေ​တ​ရု​သည်​ခပ်​လှမ်း​လှမ်း​က​နေ​၍​ယဇ်​ပု​ရော ဟိတ်​မင်း​၏​ကျောင်း​တော်​ဝင်း​တိုင်​အောင်​ကိုယ်​တော် ၏​နောက်​က​လိုက်​လာ​ခဲ့​၏။ ထို​နောက်​ဝင်း​ထဲ​သို့ ဝင်​၍​ကိုယ်​တော်​၏​အ​မှု​မည်​သို့​အ​ဆုံး​သတ်​မည် ကို​သိ​ရှိ​နိုင်​ရန် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​ရံ​တော် တပ်​သား​များ​နှင့်​အ​တူ​ထိုင်​လျက်​နေ​၏။- \v 59 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​တ​ကွ​ယု​ဒ​တ​ရား လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​သည်​သ​ခင်​ယေ​ရှု အား သေ​ဒဏ်​ပေး​နိုင်​ရန်​မ​ဟုတ်​မ​မှန်​သော​သက်​သေ ကို​ရှာ​ကြ​၏။- \v 60 သို့​ရာ​တွင်​မ​တွေ့​ကြ။ မု​သား​သက်​သေ​ကား​အ​များ ပင်​ရှိ​၏။ နောက်​ဆုံး​၌​လူ​နှစ်​ယောက်​သည်​ရှေ့​သို့​ထွက် လာ​ပြီး​လျှင်၊- \v 61 ``ဤ​သူ​က `ငါ​သည်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို ဖြို​ဖျက်​၍​သုံး​ရက်​အ​တွင်း​ပြန်​လည်​ဆောက်​နိုင်​သည်' ဟု​ပြော​ဆို​ပါ​သည်'' ဟူ​၍​သက်​သေ​ခံ​ကြ​၏။\x + \xo 26:61 \xt ယော၊ ၂:၁၉။\x* \p \v 62 ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​နေ​ရာ​မှ​ထ​၍ ``သင့်​အား ထို​သူ​တို့​မည်​သို့​စွပ်​စွဲ​ထွက်​ဆို​ကြ​ပါ​သ​နည်း။ သင့်​မှာ​မည်​သို့​မျှ​ဖြေ​ကြား​စ​ရာ​မ​ရှိ​ပါ​သ​လော'' ဟု​ကိုယ်​တော်​အား​မေး​၏။- \v 63 သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​ဆိတ်​ဆိတ်​နေ​တော် မူ​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က ``သင်​သည်​ဘု​ရား သ​ခင်​၏​သား​တော်​မေ​ရှိ​ယ​လော။ ငါ့​အား​ဖြေ ကြား​လော့။ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား သ​ခင်​ကို​တိုင်​တည်​၍​သင့်​အား​ငါ​မေး​၏'' ဟု ဆို​၏။ \p \v 64 သ​ခင်​ယေ​ရှု​က ``သင်​ဆို​သည်​အ​တိုင်း​မှန်​၏။ သို့ ရာ​တွင်​သင်​တို့​အား​ငါ​ဆို​သည်​ကား​နောင်​အ​ခါ တွင်​လူ​သား​သည်​အ​နန္တ​တန်​ခိုး​ရှင်​၏​လက်​ယာ ဘက်​တွင်​ထိုင်​လျက်​နေ​သည်​ကို​လည်း​ကောင်း၊ မိုး တိမ်​ကို​စီး​၍​ကြွ​လာ​တော်​မူ​သည်​ကို​လည်း​ကောင်း သင်​တို့​မြင်​ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။\x + \xo 26:64 \xt ဒံ၊ ၇:၁၃။\x* \p \v 65 ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​မိ​မိ​၏​အ​ဝတ် ကို​ဆွဲ​ဆုတ်​ပြီး​လျှင် ``ထို​သူ​သည်​ဘု​ရား​သ​ခင်​ကို ပြစ်​မှား​ပြော​ဆို​ချေ​ပြီ။ ငါ​တို့​သက်​သေ​များ​ထပ်​၍ မ​လို​တော့​ပြီ။ ဘု​ရား​သ​ခင်​အား​သူ​ပြစ်​မှား​ပြော ဆို​သည်​ကို​သင်​တို့​ယ​ခု​ကြား​ရ​ကြ​ပြီ။-\x + \xo 26:65 \xt ဝတ်၊ ၂၄:၁၆။\x* \v 66 အ​ဘယ်​သို့​ဆုံး​ဖြတ်​ချက်​ချ​ရ​မည်​နည်း'' ဟု​မေး​၏။ \p ထို​သူ​တို့​က ``ပြစ်​မှု​ထင်​ရှား​သ​ဖြင့်​သူ့​ကို​သေ​ဒဏ် ပေး​ရ​မည်'' ဟု​ဆို​ကြ​၏။ \p \v 67 ထို​နောက်​သူ​တို့​သည်​ကိုယ်​တော်​၏​မျက်​နှာ​တော်​ကို တံ​တွေး​နှင့်​ထွေး​ကြ​၏။ ကိုယ်​တော်​ကို​လက်​သီး​နှင့် ထိုး​ကြ​၏။ အ​ချို့​သော​သူ​တို့​သည်​ပါး​တော်​ကို လက်​ဝါး​ဖြင့်​ရိုက်​ပြီး​လျှင်၊-\x + \xo 26:67 \xt ဟေရှာ၊ ၅၀:၆။\x* \v 68 ``အ​ရှင်​မေ​ရှိ​ယ၊ အ​ရှင့်​အား​မည်​သူ​ရိုက်​သည်​ကို ဟော​တော်​မူ​ပါ'' ဟု​ဆို​ကြ​၏။ \s1 ကိုယ်​တော်​ကို​သူ​မ​သိ​ဟု​ပေ​တ​ရု​ငြင်း​ဆို​ခြင်း \r (မာ၊ ၁၄:၆၆-၇၂။ လု၊ ၂၂:၅၆-၆၂။ ယော၊ ၁၈:၁၅-၁၈၊ ၂၅-၂၇။) \p \v 69 ပေ​တ​ရု​သည်​အ​ပြင်​ဖက်​ကျောင်း​တော်​ဝင်း​အ​တွင်း ၌​ထိုင်​လျက်​နေ​စဉ်​အ​စေ​ခံ​မ​က​လေး​တစ်​ယောက် သည်​ရောက်​လာ​၍ `သင်​သည်​လည်း​ဂါလိလဲ​ပြည်​သား ယေ​ရှု​နှင့်​ပေါင်း​ဖော်​သူ​ဖြစ်​သည်'' ဟု​ဆို​၏။ \p \v 70 သို့​သော်​ပေ​တ​ရု​က ``သင်​ပြော​သည့်​အ​ရာ​ကို​ငါ မ​သိ'' ဟု​လူ​အ​ပေါင်း​တို့​ရှေ့​တွင်​ငြင်း​ဆို​ပြီး လျှင်​အိမ်​တော်​ဝင်း​တံ​ခါး​ဝ​သို့​ထ​သွား​လေ​၏။- \v 71 အ​ခြား​အ​စေ​ခံ​မ​က​လေး​တစ်​ယောက်​သည်​သူ့ ကို​မြင်​လျှင်​ထို​နေ​ရာ​တွင်​ရှိ​သော​သူ​တို့​အား ``ဤ သူ​သည်​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့်​ပေါင်း​ဖော် သူ​ဖြစ်​၏'' ဟု​ဆို​၏။ \p \v 72 ပေ​တ​ရု​က ``ထို​သူ​ကို​ငါ​မ​သိ'' ဟု​ကျိန်​ဆို​ပြန်​၏။ \p \v 73 ထို​နောက်​အ​ချိန်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​အ​နီး တွင်​ရပ်​နေ​သော​သူ​များ​သည်​ပေ​တ​ရု​ထံ​လာ​၍ ``သင် သည်​အ​မှန်​ပင်​ထို​သူ​နှင့်​အ​ပေါင်း​ပါ​ဖြစ်​ကြောင်း​သင် ပြော​ပုံ​ဆို​ပုံ​အား​ဖြင့်​သိ​သာ​၏'' ဟု​ဆို​ကြ​၏။ \p \v 74 ပေ​တ​ရု​က ``ထို​သူ​ကို​ငါ​မ​သိ'' ဟု​ဘု​ရား​သ​ခင် ကို​တိုင်​တည်​၍​ကျိန်​ဆို​လေ​၏။ \p ထို​ခ​ဏ​၌​ကြက်​တွန်​လေ​၏။- \v 75 ထို​အ​ခါ ``ကြက်​မ​တွန်​မီ​သင်​သည်​ငါ့​ကို​မ​သိ ဟု​သုံး​ကြိမ်​မြောက်​အောင်​ငြင်း​ဆို​လိမ့်​မည်'' ဟု သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​ခဲ့​သည့်​စ​ကား​ကို ပေ​တ​ရု​သည်​ပြန်​လည်​သ​တိ​ရ​သ​ဖြင့်​အ​ပြင် သို့​ထွက်​၍​ဝမ်း​နည်း​ပက်​လက်​ငို​ကြွေး​လေ​၏။ \b \c 27 \s1 ပိ​လတ်​မင်း​ထံ​သို့​ကိုယ်​တော်​ကို​ပို့​ဆောင်​ကြ​ခြင်း \r (မာ၊ ၁၅:၁။ လု၊ ၂၃:၁-၂။ ယော၊ ၁၈:၂၈-၃၂။) \p \v 1 နံ​နက်​စော​စော​၌​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည် သ​ခင်​ယေ​ရှု ကို​သတ်​ရန်​တိုင်​ပင်​ကြ​၏။- \v 2 ထို​နောက်​ကိုယ်​တော်​ကို​ချည်​နှောင်​၍​ရော​မ​ဘု​ရင်​ခံ ပိ​လတ်​မင်း​ထံ​ပို့​ဆောင်​၍​အပ်​လိုက်​ကြ​၏။ \s1 ယု​ဒ​ရှ​ကာ​ရုတ်​သေ​ဆုံး​ခြင်း \r (တ၊ ၁:၁၈-၁၉။) \p \v 3 ထို​နောက်​ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့​အပ်​ခဲ့​သူ ယု​ဒ​သည် ကိုယ်​တော်​သေ​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​ကြောင်း ကို​သိ​မြင်​လျှင် နောင်​တ​ရ​လျက်​ငွေ​သုံး​ဆယ်​ကို ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း ဆောင်​များ​ထံ​သို့​ပြန်​၍​ယူ​ခဲ့​ပြီး​လျှင်၊-\x + \xo 27:3 \xt တ၊ ၁:၁၈-၁၉။\x* \v 4 ``အ​ကျွန်ုပ်​သည်​အ​ပြစ်​ကင်း​သူ​ကို​သေ​စေ​ရန်​အပ် မိ​ပါ​ပြီ'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​သူ​တို့​က ``ဤ ကိစ္စ​သည်​ငါ​တို့​နှင့်​မည်​သို့​ဆိုင်​ပါ​သ​နည်း။ သင် ၏​တာ​ဝန်​သာ​ဖြစ်​၏'' ဟု​ပြန်​ပြော​ကြ​၏။- \v 5 ထို​အ​ခါ​ယု​ဒ​သည်​ငွေ​ဒင်္ဂါး​သုံး​ဆယ်​ကို​ဗိ​မာန် တော်​တွင်​ပစ်​ချ​ကာ​ထွက်​သွား​၏။ ထို​နောက်​အ​ခြား သို့​သွား​ပြီး​လျှင်​ကြိုး​ဆွဲ​ချ​၍​သေ​လေ​၏။ \p \v 6 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​သည်​ထို​ငွေ​ကို​ကောက်​ယူ ၍ ``ဤ​ငွေ​ကား​သွေး​ဖိုး​ငွေ​ဖြစ်​၏။ သို့​ဖြစ်​၍​ဤ​ငွေ ကို​ဘဏ္ဍာ​တော်​တိုက်​ထဲ​သို့​မ​သွင်း​အပ်'' ဟု​ဆို​ကြ​၏။- \v 7 သူ​တို့​သည်​ဆွေး​နွေး​တိုင်​ပင်​ကြ​ပြီး​လျှင်​ထို​ငွေ ဖြင့် အိုး​ထိန်း​သည်​၏​လယ်​မြေ​ကို​လူ​မျိုး​ခြား​သား သင်္ချိုင်း​အ​ဖြစ်​အ​သုံး​ပြု​ရန်​ဝယ်​ယူ​ကြ​၏။- \v 8 သို့​ဖြစ်​၍​ထို​လယ်​သည်​ယ​နေ့​တိုင်​အောင် ``သွေး​မြေ'' ဟူ​၍​ခေါ်​တွင်​သ​တည်း။ \p \v 9-10 ပ​ရော​ဖက်​ယေ​ရ​မိ​က ``သူ​တို့​သည်​ထို​သူ​၏ တန်​ဖိုး​အ​ဖြစ်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ကဲ ဖြတ်​ပေး​သည့်​ငွေ​ဒင်္ဂါး​သုံး​ဆယ်​ကို​ယူ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​ငါ့​အား​မှာ​ကြား​တော်​မူ​သည့် အ​တိုင်း​အိုး​ထိန်း​သည်​၏​လယ်​မြေ​ကို​ဝယ်​ယူ ကြ​၏'' ဟု​ဟော​ကြား​ခဲ့​သည့်​စ​ကား​သည်​ထို အ​ချိန်​၌​မှန်​၍​လာ​တော့​၏။\x + \xo 27:9-10 \xt ဇာ၊ ၁၁:၁၂-၁၃။\x* \s1 ကိုယ်​တော်​အား​ပိ​လတ်​မင်း​စစ်​ဆေး​ခြင်း \r (မာ၊ ၁၅:၂-၅။ လု၊ ၂၃:၃-၅။ ယော၊ ၁၈:၃၃-၃၈။) \p \v 11 ရော​မ​ဘု​ရင်​ခံ​မင်း​၏​ရှေ့​သို့​သ​ခင်​ယေ​ရှု​ရောက်​ရှိ သော​အ​ခါ​ဘု​ရင်​ခံ​မင်း​က ``သင်​သည်​ယု​ဒ​ရှင် ဘု​ရင်​ပေ​လော'' ဟု​မေး​၏။ ကိုယ်​တော်​က ``သင်​ဆို သည်​အ​တိုင်း​ငါ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 12 သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ ရေး​ခေါင်း​ဆောင်​များ​ပြစ်​တင်​စွပ်​စွဲ​ချက်​များ​ကို ကိုယ်​တော်​သည်​မည်​သို့​မျှ​ဖြေ​ကြား​တော်​မ​မူ။ \p \v 13 ထို​အ​ခါ​ပိ​လတ်​မင်း​က ``သင့်​အား​ထို​သူ​တို့​သည် မည်​မျှ​ပြစ်​တင်​စွပ်​စွဲ​လျက်​ရှိ​ကြ​သည်​ကို​သင် သည်​မ​ကြား​ပါ​သ​လော'' ဟု​ဆို​၏။ \p \v 14 သို့​ရာ​တွင်​ကိုယ်​တော်​သည်​စ​ကား​တစ်​ခွန်း​ကို​မျှ ပြန်​လည်​မိန့်​ကြား​တော်​မ​မူ။ သို့​ဖြစ်​၍​ဘု​ရင်​ခံ မင်း​သည်​လွန်​စွာ​အံ့​သြ​လေ​၏။ \s1 ကိုယ်​တော်​ကို​သေ​ဒဏ်​စီ​ရင်​ခြင်း \r (မာ၊ ၁၅:၆-၁၅။ လု၊ ၂၃:၁၄-၂၅။ ယော၊ ၁၈:၃၉-၁၉:၁၆။) \p \v 15 ရော​မ​ဘု​ရင်​ခံ​မင်း​သည်​ပ​သ​ခါ​ပွဲ​အ​ခါ​ကျ တိုင်း လူ​ပ​ရိ​သတ်​တို့​တောင်း​သည့်​အ​ကျဉ်း​သ​မား တစ်​ယောက်​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​လေ့ ရှိ​၏။- \v 16 ထို​အ​ချိန်​၌​ယေ​ရှု​ဗာ​ရဗ္ဗ​ဆို​သူ​နာ​မည်​ဆိုး အ​ကျဉ်း​သ​မား​တစ်​ယောက်​ရှိ​၏။- \v 17 သို့​ဖြစ်​၍​လူ​တို့​စု​ရုံး​လာ​ကြ​သော​အ​ခါ​ပိ​လတ်​မင်း က ``သင်​တို့​အ​တွက်​မည်​သူ့​အား​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ပေး​စေ​လို​သ​နည်း။ ယေ​ရှု​ဗာ​ရဗ္ဗ​လော။ ခ​ရစ်​တော် ဆို​သူ​ယေ​ရှု​လော'' ဟု​မေး​၏။- \v 18 ထို​သူ​တို့​မ​နာ​လို​၍​ယေ​ရှု​အား​မိ​မိ​လက်​သို့ အပ်​နှံ​ကြ​ကြောင်း​ကို​ပိ​လတ်​မင်း​သိ​သ​တည်း။ \p \v 19 ပိ​လတ်​မင်း​သည်​တ​ရား​ခွင်​တွင်​ထိုင်​လျက်​နေ​စဉ် သူ​၏​ဇ​နီး​သည်​လူ​တစ်​ယောက်​ကို​စေ​လွှတ်​၍ ``ထို အ​ပြစ်​ကင်း​သူ​နှင့်​ပတ်​သက်​၍​မည်​သည့်​အ​ရာ ကို​မျှ​မ​ပြု​ပါ​နှင့်။ အ​ကျွန်ုပ်​သည်​ယ​မန်​ည​က အိပ်​မက်​တွင်​သူ​၏​အ​တွက်​စိတ်​ဒုက္ခ​များ​စွာ ရောက်​ရ​ပါ​၏'' ဟု​ပြော​စေ​၏။ \p \v 20 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း ဆောင်​များ​သည် ``ဗာ​ရဗ္ဗ​အား​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ပေး​ပါ။ ယေ​ရှု​ကို​သတ်​ပါ'' ဟု​ပိ​လတ်​မင်း ထံ​တောင်း​ဆို​ရန်​ပ​ရိ​သတ်​တို့​အား​တိုက်​တွန်း ကြ​၏။- \v 21 ဘု​ရင်​ခံ​မင်း​က ``ဤ​သူ​နှစ်​ယောက်​အ​နက်​မည်​သူ့ ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​စေ​လို​သ​နည်း'' ဟု မေး​၏။ လူ​တို့​က ``ဗာ​ရဗ္ဗ​ကို​လွှတ်​ပေး​ပါ'' ဟု​ဆို ကြ​၏။ \p \v 22 ပိ​လတ်​မင်း​က ``သို့​ဖြစ်​လျှင်​ခ​ရစ်​တော်​ဆို​သူ ကို​ငါ​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း'' ဟု​မေး​၏။ \p ထို​သူ​အ​ပေါင်း​တို့​က ``သူ့​အား​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ပါ'' ဟု​ဆို​ကြ​၏။ \p \v 23 ပိ​လတ်​မင်း​က ``သူ​သည်​အ​ဘယ်​အ​ပြစ်​ကို ကူး​လွန်​သ​နည်း'' ဟု​မေး​၏။ \p သို့​ရာ​တွင်​ထို​သူ​တို့​က ``သူ့​အား​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ပါ'' ဟု​အ​သံ​ကုန်​ဟစ်​အော် ကြ​၏။ \p \v 24 ပိ​လတ်​မင်း​သည်​မိ​မိ​ရှေ့​ဆက်​လက်​ပြော​ဆို​ရန် မ​ဖြစ်၊ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည့်​အ​ရိပ်​အ​ရောင် ကို​သာ​သိ​မြင်​လာ​သ​ဖြင့်​ရေ​ကို​ယူ​၍ ``ဤ​သူ သေ​ရ​ခြင်း​မှာ​ငါ​၏​တာ​ဝန်​မ​ဟုတ်၊ သင်​တို့​၏ တာ​ဝန်​သာ​ဖြစ်​သည်'' ဟု​ဆို​ကာ​လူ​တို့​ရှေ့​တွင် မိ​မိ​၏​လက်​ကို​ဆေး​၏။\x + \xo 27:24 \xt တရား၊ ၂၁:၆-၉။\x* \p \v 25 လူ​အ​ပေါင်း​တို့​က ``ထို​သူ​သေ​ရ​ခြင်း​အ​တွက် အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​၏​သား​မြေး​များ ၏​တာ​ဝန်​ဖြစ်​ပါ​စေ'' ဟု​ဆို​ကြ​၏။ \p \v 26 ထို​အ​ခါ​ပိ​လတ်​မင်း​သည်​ဗာ​ရဗ္ဗ​ကို​လွတ်​ငြိမ်း​ချမ်း သာ​ခွင့်​ပေး​၍​သ​ခင်​ယေ​ရှု​ကို​ကြိမ်​ဒဏ်​ခတ်​စေ​ပြီး လျှင် လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ရန်​အပ်​လိုက်​၏။ \s1 ကိုယ်​တော်​ကို​စစ်​သား​များ​ပြောင်​လှောင်​ကြ​ခြင်း \r (မာ၊ ၁၅:၁၆-၂၀။ ယော၊ ၁၉:၂-၃။) \p \v 27 ပိ​လတ်​မင်း​၏​စစ်​သား​များ​သည်​သ​ခင်​ယေ​ရှု​ကို ဘု​ရင်​ခံ​မင်း​အိမ်​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ထို​နောက်​ခြေ​လျင်​တပ်​ခွဲ​တစ်​တပ်​လုံး​သည်​ကိုယ် တော်​ပတ်​လည်​စု​ရုံး​လာ​ကြ​၏။- \v 28 စစ်​သား​များ​သည်​ကိုယ်​တော်​အား​အ​ဝတ်​တော် ကို​ချွတ်​၍​ကမ္ဗ​လာ​နီ​ဝတ်​လုံ​ကို​ခြုံ​ပေး​ကြ​၏။- \v 29 ထို​နောက်​ဆူး​ခက်​ဖြင့်​ရက်​သည့်​သ​ရ​ဖူ​ကို​ဆောင်း ပေး​ကြ​၏။ ကူ​ရိုး​တစ်​ချောင်း​ကို​လက်​ယာ​လက်​တော် တွင်​ထည့်​ပေး​ကြ​၏။ ထို​နောက်​ရှေ့​တော်​တွင်​ဒူး​ထောက် လျက် ``ယု​ဒ​ဘု​ရင်၊ သက်​တော်​ရှည်​ပါ​စေ​သော'' ဟု ပြက်​ရယ်​ပြု​ကြ​၏။- \v 30 သူ​တို့​သည်​ကိုယ်​တော်​ကို​တံ​တွေး​နှင့်​ထွေး​ကြ​၏။ ကူ​ရိုး​ကို​ယူ​၍​ခေါင်း​တော်​ကို​ရိုက်​ကြ​၏။- \v 31 ဤ​သို့​ပြောင်​လှောင်​ကြ​ပြီး​လျှင်​ကမ္ဗ​လာ​နီ​ဝတ်​လုံ ကို​ချွတ်​၍​ကိုယ်​တော်​၏​အ​ဝတ်​ကို​ပြန်​ဝတ်​ပေး​ကြ ၏။ ထို​နောက်​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ရန် ကိုယ်​တော်​ကို​ခေါ်​ဆောင်​သွား​ကြ​၏။ \s1 ကိုယ်​တော်​ကို​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ကြ​ခြင်း \r (မာ၊ ၁၅:၂၁-၃၂။ လု၊ ၂၃:၂၆-၄၃။ ယော၊ ၁၉:၁၇-၂၇။) \p \v 32 သူ​တို့​သည်​ထွက်​လာ​ကြ​စဉ်​ရှိ​မုန်​နာ​မည်​ရှိ​သူ ကု​ရေ​နေ​ပြည်​သား​တစ်​ယောက်​ကို​တွေ့​သ​ဖြင့် ထို​သူ​အား​အ​တင်း​အ​ကြပ်​ခေါ်​၍​ကိုယ်​တော်​၏ လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​စေ​ကြ​၏။- \v 33 ဦး​ခေါင်း​ခွံ​အ​ရပ်​ဟု​အ​ဋ္ဌိပ္ပါယ်​ရှိ​သော​ဂေါ​လ ဂေါ​သ​နာ​မည်​တွင်​သည့်​အ​ရပ်​သို့​ရောက်​လျှင်၊- \v 34 သူ​တို့​သည်​ဆေး​ခါး​နှင့်​ရော​စပ်​ထား​သော​စ​ပျစ် ရည်​ကို​ကိုယ်​တော်​အား​တိုက်​ကြ​၏။ ကိုယ်​တော်​သည် မြည်း​စမ်း​ကြည့်​တော်​မူ​ပြီး​လျှင်​မ​သောက်​ဘဲ​နေ တော်​မူ​၏။\x + \xo 27:34 \xt ဆာ၊ ၆၉:၂၁။\x* \p \v 35 ထို​နောက်​သူ​တို့​သည်​ကိုယ်​တော်​ကို​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ကြ​၏။ အ​ဝတ်​တော်​များ​ကို မဲ​ချ​၍​ခွဲ​ဝေ​ကြ​၏။-\x + \xo 27:35 \xt ဆာ၊ ၂၂:၁၈။\x* \v 36 ထို​နောက်​ထိုင်​၍​ကိုယ်​တော်​ကို​စောင့်​ကြည့်​နေ​ကြ​၏။- \v 37 ကိုယ်​တော်​အား​စွဲ​ချက်​တင်​သည့်​အ​ပြစ်​ကို​ဦး​ခေါင်း တော်​အ​ထက်​တွင် ``ဤ​သူ​ကား​ယု​ဒ​ရှင်​ဘု​ရင်​ဖြစ်​၏'' ဟူ​၍​ကမ္ပည်း​ရေး​ထိုး​ထား​ကြ​၏။- \v 38 ထို​အ​ချိန်​၌​ဋ္ဌား​ပြ​နှစ်​ယောက်​ကို​လည်း​ကိုယ်​တော် နှင့်​အ​တူ​လက်​ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝဲ တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ကြ​၏။ \p \v 39-40 လမ်း​သွား​လမ်း​လာ​များ​က​ဦး​ခေါင်း​ခါ​လျက် ``ဗိ​မာန် တော်​ကို​ဖြို​ဖျက်​၍​သုံး​ရက်​အ​တွင်း​ပြန်​လည်​တည် ဆောက်​မည့်​သူ၊ သင့်​ကိုယ်​ကို​သင်​ကယ်​တင်​လော့။ သင် သည်​ဘု​ရား​သ​ခင်​၏​သား​တော်​မှန်​လျှင် လက်​ဝါး ကပ်​တိုင်​ပေါ်​မှ​ဆင်း​ခဲ့​လော့'' ဟု​ကိုယ်​တော်​အား ကဲ့​ရဲ့​ကြ​၏။\x + \xo 27:39-40 \xt ဆာ၊ ၂၂:၇၊ ၁၀၉:၂၅။\x*\x + \xo 27:39-40 \xt မ၊ ၂၆:၆၁။ ယော၊ ၂:၁၉။\x* \p \v 41 ထို​နည်း​တူ​စွာ​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ၊ ကျမ်း တတ်​ဆ​ရာ​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင် များ​က​လည်း​ပြောင်​လှောင်​ကြ​၏။- \v 42 ``ဤ​သူ​သည်​သူ​တစ်​ပါး​ကို​ကယ်​တင်​၏။ မိ​မိ ကိုယ်​ကို​မူ​မ​ကယ်​တင်​နိုင်​ပါ​တ​ကား။ သူ​သည် ဣသ​ရေ​လ​ရှင်​ဘု​ရင်​မ​ဟုတ်​ပါ​လော။ လက်​ဝါး ကပ်​တိုင်​မှ​ယ​ခု​ဆင်း​လာ​လျှင်​ငါ​တို့​သူ့​ကို ယုံ​ကြည်​ကြ​ပေ​အံ့။- \v 43 သူ​သည်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကိုး​စား​၏။ `ငါ သည်​ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်' ဟု​ဆို​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သူ့​ကို​အ​လို​တော် ရှိ​လျှင် ယ​ခု​ပင်​ကယ်​တင်​တော်​မူ​ပါ​စေ'' ဟု​ဆို ကြ​၏။\x + \xo 27:43 \xt ဆာ၊ ၂၂:၈။\x* \p \v 44 ကိုယ်​တော်​နှင့်​အ​တူ​လက်​ဝါး​ကပ်​တိုင်​တွင်​အ​တင် ခံ​ရ​သူ​ဋ္ဌား​ပြ​များ​က​ပင်​လျှင် ထို​နည်း​တူ​ကိုယ် တော်​ကို​ပြောင်​လှောင်​ကြ​၏။ \s1 ကိုယ်​တော်​အ​သက်​ချုပ်​တော်​မူ​ခြင်း \r (မာ၊ ၁၅:၃၃-၄၁။ လု၊ ၂၃:၄၄-၄၉။ ယော၊ ၁၉:၂၈-၃၀။) \p \v 45 မွန်း​တည့်​ချိန်​မှ​အ​စ​ပြု​၍​မွန်း​လွဲ​သုံး​နာ​ရီ​တိုင် အောင် မြေ​တစ်​ပြင်​လုံး​တွင်​မှောင်​အ​တိ​ကျ​လေ​၏။- \v 46 မွန်း​လွဲ​သုံး​နာ​ရီ​အ​ချိန်​၌​သ​ခင်​ယေ​ရှု​သည် ``ဧ​လိ၊ ဧ​လိ၊ လာ​မ​ရှာ​ဗ​ခ​သာ​နိ'' ဟု​ကျယ်​သော​အ​သံ နှင့်​မိန့်​တော်​မူ​၏။ ဆို​လို​သည့်​အ​နက်​ကား ``အ​ကျွန်ုပ် ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့်​အ​ကျွန်ုပ် ကို​စွန့်​ပစ်​တော်​မူ​ပါ​သ​နည်း'' ဟူ​၏။\x + \xo 27:46 \xt ဆာ၊ ၂၂:၁။\x* \p \v 47 အ​နီး​တွင်​ရပ်​နေ​သူ​လူ​အ​ချို့​တို့​သည်​ထို​စ​ကား​ကို ကြား​လျှင် ``သူ​သည်​ဧ​လိ​ယ​ကို​ခေါ်​နေ​၏'' ဟု​ဆို ကြ​၏။- \v 48 ထို​သူ​တို့​အ​နက်​လူ​တစ်​ယောက်​သည်​ချက်​ချင်း​ပြေး ၍​ပင်​လယ်​ရေ​မြှုပ်​ကို​ယူ​ကာ​ပုံး​ရည်​ကို​စုပ်​ပြီး​လျှင် ထို​ရေ​မြှုပ်​ကို​ကူ​ရိုး​ဖျား​တွင်​ပတ်​၍​ကိုယ်​တော် သောက်​ရန်​ပေး​လေ​၏။\x + \xo 27:48 \xt ဆာ၊ ၆၉:၂၁။\x* \p \v 49 အ​ခြား​သော​သူ​တို့​က ``ရှိ​စေ​တော့။ သူ့​ကို​ကယ်​ရန် ဧ​လိ​ယ​လာ​မ​လာ​ကို​ငါ​တို့​ကြည့်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။ \p \v 50 သ​ခင်​ယေ​ရှု​သည်​တစ်​ဖန်​ကျယ်​စွာ​ဟစ်​အော်​တော်​မူ ပြီး​လျှင်​အ​သက်​ချုပ်​တော်​မူ​၏။- \v 51 ထို​အ​ခါ​ဗိ​မာန်​တော်​ကန့်​လန့်​ကာ​သည်​အ​ထက်​စွန်း​မှ အောက်​စွန်း​တိုင်​အောင်​နှစ်​ခြမ်း​ကွဲ​လေ​၏။ မြေ​င​လျင် လှုပ်​၏။ ကျောက်​ဆောင်​များ​ပြို​ကွဲ​ကြ​၏။-\x + \xo 27:51 \xt ထွ၊ ၂၆:၃၁-၃၃။\x* \v 52 သင်္ချိုင်း​ဂူ​များ​ပွင့်​လစ်​သ​ဖြင့်​သေ​လွန်​ပြီး​သူ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​အ​မြောက် အ​မြား​ပင်​ရှင်​ပြန်​ထ​မြောက်​ကြ​ကုန်​၏။- \v 53 သ​ခင်​ယေ​ရှု​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီး​နောက် ထို​သူ​တို့​သည်​သင်္ချိုင်း​ထဲ​မှ​ထွက်​လာ​ကာ သန့်​ရှင်း သော​မြို့​တော်​သို့​ဝင်​သွား​ကြ​သ​ဖြင့်​လူ​အ​များ ပင်​သူ​တို့​ကို​တွေ့​မြင်​ကြ​၏။ \p \v 54 တပ်​မှူး​နှင့်​တ​ကွ​သ​ခင်​ယေ​ရှု​ကို​စောင့်​ကြည့် နေ​ကြ​သော​စစ်​သား​များ​သည်​မြေ​င​လျင်​လှုပ် သည်​ကို​လည်း​ကောင်း၊ အ​ခြား​အ​ဖြစ်​အ​ပျက်​များ ကို​လည်း​ကောင်း​တွေ့​မြင်​ကြ​သော​အ​ခါ​လွန်​စွာ ကြောက်​လန့်​ကြ​၍ ``ဤ​သူ​ကား​အ​ကယ်​ပင်​ဘုရား သ​ခင်​၏​သား​တော်​ဖြစ်​၏'' ဟု​ဆို​ကြ​၏။ \p \v 55 ထို​အ​ရပ်​တွင်​အ​ဝေး​က​ရပ်​လျက်​ကြည့်​နေ​သော အ​မျိုး​သ​မီး​များ​ရှိ​၏။ သူ​တို့​သည်​ကား​ဂါ​လိ​လဲ ပြည်​မှ​သ​ခင်​ယေ​ရှု​၏​နောက်​တော်​သို့​လိုက်​၍​လုပ် ကျွေး​သ​မှု​ပြု​ကြ​သူ​များ​တည်း။-\x + \xo 27:55 \xt လု၊ ၈:၂-၃။\x* \v 56 ထို​သူ​တို့​အ​ထဲ​တွင်​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ၊ ယာ​ကုပ်​နှင့်​ယော​သပ်​တို့​၏​အ​မိ​ဖြစ်​သူ​မာ​ရိ နှင့်​ဇေ​ဗေ​ဒဲ​၏​သား​များ​၏​အ​မိ​တို့​ပါ​ကြ​၏။ \s1 ကိုယ်​တော်​ကို​သင်္ဂြိုဟ်​ခြင်း \r (မာ၊ ၁၅:၄၂-၄၇။ လု၊ ၂၃:၅၀-၅၆။ ယော၊ ၁၉:၃၈-၄၂။) \p \v 57 ည​ချမ်း​အ​ချိန်​ကျ​သော​အ​ခါ​အ​ရိ​မ​ဿဲ​မြို့​မှ ယော​သပ်​ဆို​သူ​သူ​ဌေး​တစ်​ယောက်​ရောက်​ရှိ​လာ​၏။ သူ​သည်​သ​ခင်​ယေ​ရှု​၏​တ​ပည့်​တော်​တစ်​ဦး​ဖြစ်​၏။- \v 58 သူ​သည်​ပိ​လတ်​မင်း​ထံ​သို့​ဝင်​ပြီး​လျှင်​သ​ခင် ယေ​ရှု​၏​အ​လောင်း​တော်​ကို​တောင်း​၏။ ပိ​လတ်​မင်း သည်​အ​လောင်း​တော်​ကို​ယော​သပ်​အား​ပေး​ရန် အ​မိန့်​ချ​မှတ်​လိုက်​၏။- \v 59 ယော​သပ်​သည်​အ​လောင်း​တော်​ကို​ယူ​၍​ဖြူ​စင်​သော ပိတ်​ဖြင့်​ပတ်​၏။- \v 60 ထို​နောက်​ကျောက်​ဆောင်​၌​မ​ကြာ​မီ​က​ထွင်း​ထား​သည့် မိ​မိ​သင်္ချိုင်း​ဂူ​တွင်​သင်္ဂြိုဟ်​ကာ ဂူ​ဝ​ကို​ကျောက်​တုံး​တစ်​ခု လှိမ့်​၍​ပိတ်​ထား​လိုက်​ပြီး​နောက်​ပြန်​သွား​လေ​သည်။- \v 61 သင်္ချိုင်း​ရှေ့​တွင်​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​နှင့်​အ​ခြား မာ​ရိ​တို့​သည်​ထိုင်​လျက်​ရှိ​နေ​ကြ​၏။ \s1 သင်္ချိုင်း​ဂူ​တွင်​အ​စောင့်​ထား​ရှိ​ခြင်း \p \v 62 သော​ကြာ​နေ့​ကုန်​လွန်​၍​ဥ​ပုသ်​နေ့​ရောက်​သော် ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဖာ​ရိ​ရှဲ​များ​သည် ပိလတ်​မင်း​ထံ​သို့​သွား​ပြီး​လျှင်၊- \v 63 ``အ​ရှင်၊ ထို​လူ​လိမ်​အ​သက်​ရှင်​စဉ်​အ​ခါ​က၊ `ငါ သည်​သုံး​ရက်​ကြာ​သော်​သေ​ခြင်း​မှ​ထ​မြောက်​မည်' ဟု​ပြော​ဆို​ခဲ့​သည်​ကို​အ​ကျွန်ုပ်​တို့​မှတ်​မိ​ပါ​၏။-\x + \xo 27:63 \xt မ၊ ၁၆:၂၁၊ ၁၇:၂၃၊ ၂၀:၁၉။ မာ၊ ၈:၃၁၊ ၉:၃၁၊ ၁၀:၃၃-၃၄။ လု၊ ၉:၂၂၊ ၁၈:၃၁-၃၃။\x* \v 64 သို့​ဖြစ်​၍​သုံး​ရက်​မြောက်​သော​နေ့​အ​ထိ​သင်္ချိုင်း​ဂူ ကို​လုံ​ခြုံ​စွာ​ပိတ်​၍​စောင့်​ကြပ်​စေ​ရန်​အ​မိန့်​ပေး တော်​မူ​ပါ။ သို့​မ​ဟုတ်​ပါ​မူ​သူ​၏​တ​ပည့်​များ​သည် လာ​၍​ရုပ်​အ​လောင်း​ကို​ခိုး​ယူ​ကာ​သူ​သည်​သေ​ခြင်း မှ​ထ​မြောက်​လေ​ပြီ​ဟု​လူ​တို့​အား​ပြော​ကြ​လိမ့်​မည်။ ထို​အ​ခါ​နောက်​ဆုံး​လှည့်​စား​ချက်​သည်​ပ​ထ​မ လှည့်​စား​ချက်​ထက်​ပို​၍​ဆိုး​ပါ​လိမ့်​မည်'' ဟု လျှောက်​ထား​ကြ​၏။ \p \v 65 ပိ​လတ်​မင်း​က ``အ​စောင့်​တပ်​တစ်​တပ်​ကို​ခေါ်​၍ သင်္ချိုင်း​ဂူ​ကို​အ​တတ်​နိုင်​ဆုံး​စောင့်​ကြပ်​စေ​လော့'' ဟု​ဆို​၏။ \p \v 66 သို့​ဖြစ်​၍​ထို​သူ​တို့​သည် သင်္ချိုင်း​ဂူ​သို့​သွား​ပြီး​လျှင် ကျောက်​တုံး​ကို​ချိပ်​တံ​ဆိပ်​ခတ်​နှိပ်​ကာ သင်္ချိုင်း​ဂူ​ကို လုံ​ခြုံ​စွာ​ပိတ်​ထား​ကြ​၏။ ထို​နောက်​စောင့်​ကြပ်​ရန် အ​စောင့်​တပ်​သား​များ​ကို​ချ​ထား​ကြ​၏။ \b \c 28 \s1 သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ခြင်း \r (မာ၊ ၁၆:၁-၁၀။ လု၊ ၂၄:၁-၁၂။ ယော၊ ၂၀:၁-၁၀။) \p \v 1 ဥ​ပုသ်​နေ့​ကုန်​လွန်​ပြီး​နောက်​တ​နင်္ဂ​နွေ​နေ့​မိုး​လင်း စ​ပြု​သော​အ​ခါ မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​နှင့် အ​ခြား​မာ​ရိ​တို့​သည်​သင်္ချိုင်း​တော်​သို့​လာ​ကြ​၏။- \v 2 ထို​အ​ချိန်​၌​မြေ​င​လျင်​ပြင်း​စွာ​လှုပ်​လေ​သည်။ ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​သည်​ကောင်း​ကင် ဘုံ​မှ​ဆင်း​သက်​လာ​၍ သင်္ချိုင်း​ဂူ​ဝ​မှ​ကျောက်​တုံး ကို​လှိမ့်​ဖယ်​လိုက်​ပြီး​လျှင်​ထို​ကျောက်​တုံး​ပေါ်​မှာ ထိုင်​နေ​၏။- \v 3 သူ​၏​အ​ဆင်း​သဏ္ဌာန်​သည်​လျှပ်​စစ်​လက်​သ​ကဲ့​သို့ ဖြစ်​၍​သူ​၏​အ​ဝတ်​သည်​မိုး​ပွင့်​ကဲ့​သို့​ဖြူ​၏။- \v 4 အ​စောင့်​တပ်​သား​များ​သည်​လွန်​စွာ​ကြောက်​လန့် သ​ဖြင့်​တုန်​လှုပ်​ကာ​သေ​သ​ကဲ့​သို့​ဖြစ်​ကြ​၏။ \p \v 5 ကောင်း​ကင်​တ​မန်​က​အ​မျိုး​သ​မီး​တို့​အား ``မ ကြောက်​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍ အ​သတ်​ခံ​ရ​သည့်​ယေ​ရှု​ကို​သင်​တို့​ရှာ​နေ ကြောင်း​ကို​ငါ​သိ​၏။- \v 6 ကိုယ်​တော်​သည်​ယ​ခင်​က​မိန့်​တော်​မူ​သည့်​အ​တိုင်း သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ လျောင်း တော်​မူ​သည့်​နေ​ရာ​ကို​ကြည့်​ကြ​လော့။- \v 7 တ​ပည့်​တော်​တို့​ထံ​သို့​အ​လျင်​အ​မြန်​သွား​၍ `ကိုယ် တော်​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ သင်​တို့​အ​လျင်​ဂါ​လိ​လဲ​ပြည်​သို့​ကြွ​တော်​မူ​မည် ဖြစ်​၍ ထို​အ​ရပ်​တွင်​ကိုယ်​တော်​ကို​သင်​တို့​တွေ့​ရ ကြ​လိမ့်​မည်' ဟု​ပြော​ကြား​ကြ​လော့။ ငါ​ပြော သည့်​စ​ကား​ကို​မ​မေ့​ကြ​နှင့်'' ဟု​ဆို​၏။ \p \v 8 အ​မျိုး​သ​မီး​တို့​သည်​ကြောက်​လန့်​သော်​လည်း အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​သင်္ချိုင်း​ဂူ​မှ​အ​လျင် အ​မြန်​ထွက်​ခွာ​၍ တ​ပည့်​တော်​တို့​အား​ထို​သ​တင်း ကို​ပြော​ကြား​ရန်​ပြေး​ကြ​၏။ \p \v 9 ထို​အ​ချိန်​၌​သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​ထံ​သို့ ရောက်​ရှိ​လာ​ကာ ``သင်​တို့​သည်​မင်္ဂ​လာ​ရှိ​ပါ​စေ သော'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​မျိုး​သ​မီး​တို့ သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍​ခြေ​တော်​ကို ဖက်​ယမ်း​လျက်​ပျပ်​ဝပ်​ရှိ​ခိုး​ကြ​၏။- \v 10 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``မ​ကြောက်​ကြ​နှင့်။ သွား​၍​ငါ​၏​ညီ​အစ်​ကို​များ​အား​ဂါ​လိ​လဲ ပြည်​သို့​သွား​ရန်​ပြော​ကြား​ကြ​လော့။ သူ​တို့ သည်​ထို​ပြည်​တွင်​ငါ့​ကို​မြင်​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \b \s1 အ​စောင့်​တပ်​သား​တို့​သ​တင်း​ပေး​ကြ​ခြင်း \p \v 11 အ​မျိုး​သ​မီး​တို့​ထွက်​ခွာ​သွား​ကြ​စဉ်​အ​စောင့် တပ်​သား​အ​ချို့​တို့​သည်​မြို့​ထဲ​သို့​ဝင်​၍ ယဇ်​ပု​ရော ဟိတ်​ကြီး​များ​အား​ဖြစ်​ပျက်​သည့်​အ​ကြောင်း အ​ရာ​အ​လုံး​စုံ​ကို​ကြား​ပြော​ကြ​၏။- \v 12 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း ဆောင်​များ​သည်​စု​ရုံး​တိုင်​ပင်​ကြ​ပြီး​နောက်​စစ် သား​များ​အား​ငွေ​အ​မြောက်​အ​မြား​ပေး​၍၊- \v 13 ``ညဥ့်​အ​ခါ​ငါ​တို့​အိပ်​ပျော်​နေ​ခိုက်​ထို​သူ​၏ တ​ပည့်​တို့​သည်​လာ​၍​အ​လောင်း​ကို​ခိုး​ယူ​သွား ကြ​ပါ​သည်'' ဟု​ပြော​ကြ​လော့။- \v 14 အ​ကယ်​၍​ထို​သ​တင်း​ကို​ဘု​ရင်​ခံ​မင်း​ကြား​သိ သွား​ပါ​လျှင် သင်​တို့​အ​ပေါ်​တွင်​အ​မှု​မ​ပတ်​စေ​ရန် သူ့​အား​ငါ​တို့​ဖျောင်း​ဖျ​ပေး​မည်'' ဟု​ဆို​ကြ​၏။ \p \v 15 စစ်​သား​တို့​သည်​ငွေ​ကို​ယူ​၍​ယဇ်​ပု​ရော​ဟိတ်​ကြီး များ​သင်​ကြား​ပေး​လိုက်​သည့်​အ​တိုင်း​ပြော​ကြ​၏။ စစ်​သား​တို့​ပြော​ကြား​သည့်​သ​တင်း​ကို​ယ​နေ့​တိုင် အောင်​ယု​ဒ​အ​မျိုး​သား​တို့​သည်​အနှံ့​အြုပား​ပြော​ဆို ကြ​၏။ \s1 တ​ပည့်​တော်​တို့​အား​ကိုယ်​ထင်​ပြ​တော်​မူ​ခြင်း \r (မာ၊ ၁၆:၁၄-၁၈။ လု၊ ၂၄:၃၆-၄၉။ ယော၊ ၂၀:၁၉-၂၃။ တ၊ ၁:၆-၈။) \p \v 16 တ​ပည့်​တော်​တစ်​ဆယ့်​တစ်​ဦး​တို့​သည်​သ​ခင်​ယေ​ရှု မှာ​ကြား​တော်​မူ​သည့်​အ​တိုင်း​ဂါ​လိ​လဲ​ပြည် တောင်​ပေါ်​သို့​သွား​ကြ​၏။-\x + \xo 28:16 \xt မ၊ ၂၆:၃၂။ မာ၊ ၁၄:၂၈။\x* \v 17 သူ​တို့​သည်​ကိုယ်​တော်​ကို​တွေ့​မြင်​သော​အ​ခါ ပျပ်​ဝပ်​ရှိ​ခိုး​ကြ​၏။ သို့​ရာ​တွင်​ထို​သူ​တို့​အ​နက် အ​ချို့​သော​သူ​တို့​သည်​ယုံ​မှား​သံ​သ​ယ​ဖြစ် ကြ​၏။- \v 18 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အ​နီး​သို့​ကြွ​လာ တော်​မူ​လျက် ``ကောင်း​ကင်​ဘုံ​၌​လည်း​ကောင်း၊ ကမ္ဘာ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း​ရှိ​သ​မျှ​သော​တန်​ခိုး အာ​ဏာ​တို့​ကို​ငါ​ခံ​ယူ​ရ​ရှိ​ထား​လေ​ပြီ။- \v 19 သို့​ဖြစ်​၍​သင်​တို့​သည်​သွား​၍​လူ​မျိုး​တ​ကာ​တို့ ကို​ငါ့​တ​ပည့်​ဖြစ်​စေ​ကြ​လော့။ သူ​တို့​အား​ခ​မည်း တော်၊ သား​တော်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နာ​မ ကို​အ​မှီ​ပြု​၍​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​ကြ​လော့။-\x + \xo 28:19 \xt တ၊ ၁:၈။\x* \v 20 သင်​တို့​အား​ငါ​ပေး​သ​မျှ​သော​ပ​ညတ်​တို့​ကို စောင့်​ထိန်း​ကြ​စေ​ရန်​သူ​တို့​အား​သွန်​သင်​ကြ​လော့။ ငါ​သည်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင်​အောင်​သင်​တို့ နှင့်​အ​တူ​အ​စဉ်​မ​ပြတ်​ရှိ​တော်​မူ​မည်'' ဟု မိန့်​တော်​မူ​၏။ ရှင်​မ​ဿဲ​ခ​ရစ်​ဝင်​ပြီး​၏။