\id MAL Myanmar Common Language Bible \h မာ​လ​ခိ \toc1 မာ​လ​ခိ​အနာ​ဂတ္တိ​ကျမ်း \toc2 မာ​လ​ခိ \mt1 မာ​လ​ခိ​အနာ​ဂတ္တိ​ကျမ်း \is1 နိ​ဒါန်း \ip မာ​လ​ခိ​အ​နာ​ဂတ္တိ​ကျမ်း​သည်​ယေ​ရု ရှ​လင်​မြို့​အ​တွင်း​ရှိ ဗိ​မာန်​တော်​ပြန်​လည် တည်​ဆောက်​ပြီး​သည့်​အ​ချိန်​ဘီ​စီ ၅ ရာ​စု ခန့်​တွင်​ပေါ်​ပေါက်​လာ​ပါ​သည်။ ပ​ရော​ဖက် မာ​လ​ခိ​၏​အ​ဋ္ဌိ​က​လုပ်​ဆောင်​ချက်​မှာ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လူ​မျိုး​တော်​များ အား၊ မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​နှင့်​ပ​ဋိ​ညာဉ် ပြု​ထား​သည့်​သစ္စာ​တ​ရား​ကို​ပြန်​လည်​၍ အ​သစ်​ပြု​ပြင်​ရန်​သ​တိ​ပေး​ခြင်း​ဖြစ်​သည်။ ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​များ​သည် ပေါ့​တန်​သော​အ​သက်​တာ​ဖြင့်​သော်​လည်း ကောင်း၊ ပျက်​စီး​ယုတ်​ညံ့​သော​အ​သက်​တာ ဖြင့်​သော်​လည်း​ကောင်း​အ​သက်​ရှင်​နေ​ကြ သည်။ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လူ​မျိုး တော်​များ​သည်​မိ​မိ​တို့​လုပ်​ဆောင်​ရ​မည့် အ​မှု​ဖြစ်​သည့်​ဘု​ရား​သ​ခင်​ကို​တင်​လှူ ပူ​ဇော်​မှု​ပြု​ရ​မည်​ကို​မ​ပြု​ကြ​ဘဲ ဘု​ရား​သ​ခင်​ကို​လိမ်​လည်​လှည့်​ဖြား​ကြ​သည်။ ထို့​အ​ပြင်​ဘု​ရား​သ​ခင်​၏​သွန်​သင်​ချက် အ​တိုင်း​အ​သက်​မ​ရှင်​ကြ​ပါ။ သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည်​လာ​၍ မိ​မိ​၏​လူ​မျိုး တော်​အား​တ​ရား​စီ​ရင်​မှု​ပြု​ပြီး​ပြန်​လည် ၍​သန့်​စင်​အောင်​ပြု​လိမ့်​မည်။ မိ​မိ​၏​ရှေ့ တော်​ပြေး​စေ​တ​မန်​ကို​စေ​လွှတ်​ပြီး​လမ်း ခ​ရီး​ကို​အ​သင့်​ပြင်​စေ​ပြီး​မိ​မိ​၏ က​တိ​တော်​ကို​ဟော​ပြော​စေ​မည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ပြစ်​များ ၁:၁-၂:၁၆ \io1 ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​ခြင်း​နှင့်​သ​နား​ခြင်း က​ရု​ဏာ​တော် ၂:၁၇-၄:၆ \c 1 \p \v 1 ဤ​ဗျာ​ဒိတ်​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ပြန်​ကြား​ရန်​အ​တွက် မာ​လ​ခိ အား​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဗျာ​ဒိတ်​တော်​ဖြစ်​၏။ \s1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​၏​မေတ္တာ​တော် \p \v 2 ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော် အား``ငါ​သည်​သင်​တို့​အား​အ​စဉ်​အ​မြဲ ချစ်​မြတ်​နိုး​ပါ​၏'' ဟု​မိန့်​တော်​မူ​သော် လည်း၊ \p သူ​တို့​က``ကျွန်​တော်​မျိုး​အ​တွက်​မေတ္တာ​တော် ကို​အ​ဘယ်​သို့​ကိုယ်​တော်​ရှင်​ပြ​တော်​မူ​ခဲ့ ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ \p ထာ​ဝ​ရ​ဘု​ရား​က​လည်း``ဧ​သော​နှင့် ယာ​ကုပ်​သည်​ညီ​အစ်​ကို​တော်​သော်​လည်း ငါ သည်​ယာ​ကုပ်​နှင့်​သား​မြေး​များ​ကို​ချစ်​၍၊-\x + \xo 1:2 \xt ရော၊ ၉:၁၃။\x*\x + \xo 1:2 \xt ဟေရှာ၊ ၃၄:၅-၁၇၊ ၆၃:၁-၆။ ယေ၊ ၄၉:၇-၂၂။ ယေဇ၊ ၂၅:၁၂-၁၄၊ ၃၅:၁-၁၅။ အာ၊ ၁:၁၁-၁၂။ သြ၊ ၁-၁၄။\x* \v 3 ဧ​သော​နှင့်​သား​မြေး​တို့​ကို​မုန်း​၏။ ငါ​သည် ဧ​သော​၏​တောင်​ကုန်း​နယ်​မြေ​ကို​ပျက်​ပြုန်း စေ​၍ တော​တိ​ရစ္ဆာန်​များ​အ​တွက်​စွန့်​ပစ် လျက်​ထား​လေ​ပြီ'' ဟု​ပြန်​လည်​မိန့်​ကြား တော်​မူ​၏။ \p \v 4 အ​ကယ်​၍​ဧ​သော​၏​သား​မြေး​များ​ဖြစ် သော​ဧ​ဒုံ​ပြည်​သား​တို့​က``ငါ​တို့​မြို့​များ သည်​ပြို​ပျက်​၍​သွား​ပြီ​ဖြစ်​သော်​လည်း​ယင်း တို့​ကို​ငါ​တို့​ပြန်​လည်​တည်​ထောင်​မည်'' ဟု ဆို​ခဲ့​သော်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​သည် ``သူ​တို့​ပြန်​လည်​တည်​ထောင် ကြ​ပါ​လေ​စေ။ ထို​မြို့​များ​ကို​ငါ​တစ်​ဖန် ပြန်​၍​ဖြို​ချ​မည်။ လူ​တို့​သည်​ထို​သူ​တို့ အား `ဒု​စ​ရိုက်​ပြည်​သား​များ' ဟူ​၍​လည်း ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော် ထာ​ဝ​စဉ်​သင့်​သော​အ​မျိုး​သား​များ​ဟူ ၍​လည်း​ကောင်း​ခေါ်​ဆို​ကြ​လတ္တံ့'' ဟု​မိန့် တော်​မူ​လိမ့်​မည်။ \p \v 5 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဤ​အ​ဖြစ် အ​ပျက်​ကို မိ​မိ​တို့​ကိုယ်​တိုင်​တွေ့​မြင်​ရ​ကြ သ​ဖြင့်``ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ ပြည်​အ​ပြင်​အ​ပ​၌​ပင်​လျှင် ဘုန်း​တန်​ခိုး ကြီး​တော်​မူ​ပါ​ပေ​သည်'' ဟု​ဆို​ကြ​လိမ့် မည်။ \s1 ယဇ်​ပု​ရော​ဟိတ်​တို့​အား​ပြင်း​ထန်​စွာ​ထာ​ဝ​ရ​ဘု​ရား ပြစ်​တင်​ဆုံး​မ​တော်​မူ​ခြင်း \p \v 6 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ယဇ် ပု​ရော​ဟိတ်​တို့​အား``သား​သည်​ဖ​ခင်​အား လည်း​ကောင်း၊ အ​စေ​ခံ​သည်​သ​ခင်​အား​လည်း ကောင်း​ရို​သေ​လေး​စား​၏။ ငါ​သည်​သင်​တို့​၏ ဖ​ခင်​ဖြစ်​ပေ​သည်။ အ​ဘယ်​ကြောင့်​သင်​တို့ ငါ့​အား​မ​ရို​သေ​ကြ​ပါ​သ​နည်း။ ငါ​သည် သင်​တို့​၏​သ​ခင်​ဖြစ်​ပေ​သည်။ အ​ဘယ်​ကြောင့် သင်​တို့​ငါ့​အား​မ​လေး​စား​ကြ​ပါ​သ​နည်း။ သင်​တို့​သည် ငါ့​အား​မ​ထီ​မဲ့​မြင်​ပြု​ပြီး လျှင်``ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​တို့ အ​ဘယ်​သို့​မ​ထီ​မဲ့​မြင်​ပြု​မိ​ကြ​ပါ​သ နည်း'' ဟု​မေး​လျှောက်​ကြ​၏။- \v 7 သင်​တို့​မ​ထီ​မဲ့​မြင်​ပြု​ပုံ​မှာ​ငါ​၏​ယဇ် ပလ္လင်​ပေါ်​တွင်​ညစ်​ညမ်း​သည့်​အ​စား​အ​စာ များ​ကို​တင်​လှူ​ပူ​ဇော်​ခြင်း​အား​ဖြင့်​ဖြစ် ၏။ ထို​နောက်​သင်​တို့​က``ကျွန်​တော်​မျိုး​တို့ သည်​ကိုယ်​တော်​ရှင်​အား​အ​ဘယ်​သို့​မ​ရို မ​သေ​ပြု​ခဲ့​ကြ​ပါ​သ​နည်း'' ဟု​မေး​ကြ ပြန်​၏။ သင်​တို့​မ​ရို​မ​သေ​ပြု​ပုံ​ကား​ငါ ၏​ယဇ်​ပလ္လင်​ကို​မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ဖြစ် ပေ​သည်။- \v 8 သင်​တို့​သည်​မျက်​စိ​ကန်း​ဖျား​နာ​သို့​မ​ဟုတ် ခြေ​ကျိုး​သည့်​ယဇ်​ကောင်​တို့​အား​တင်​လှူ​ပူ ဇော်​ရန် ယူ​ဆောင်​လာ​ကြ​သော​အ​ခါ​သင် တို့​တွင်​အ​ပြစ်​မ​ရှိ​ဟု​ထင်​မှတ်​ကြ​ပါ သ​လော။ ဤ​ကဲ့​သို့​သော​သိုး​နွား​မျိုး​ကို ဘု​ရင်​ခံ​အား​ဆက်​သ​ကြည့်​ပါ​သ​လော။ သူ​သည်​သင်​တို့​အား​နှစ်​သက်​ပါ​မည်​လော။ အ​ခွင့်​ထူး​များ​ကို​သော်​လည်း​ပေး​ပါ​လိမ့် မည်​လော'' ဟု​မိန့်​တော်​မူ​၏။\x + \xo 1:8 \xt တရား၊ ၁၅:၂၁။\x* \p \v 9 အ​ချင်း​ယဇ်​ပု​ရော​ဟိတ်​တို့၊ ငါ​တို့​ကို ကျေး​ဇူး​ပြု​တော်​မူ​ရန်​ဘု​ရား​သ​ခင်​အား ယ​ခု​စမ်း​သပ်​လျှောက်​ထား​ကြည့်​ကြ​လော့။ ကိုယ်​တော်​သည်​သင်​တို့​၏​ဆု​တောင်း​ပ​တ္ထ​နာ ကို​နား​ညောင်း​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ယင်း သို့​ဖြစ်​ရ​သည်​မှာ​လည်း သင်​တို့​၏​အ​ပြစ် များ​ကြောင့်​ပင်​ဖြစ်​ပါ​၏။- \v 10 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ ၏​ယဇ်​ပလ္လင်​ပေါ်​တွင်​ညစ်​ညမ်း​သည့်​မီး​များ ကို​သင်​တို့​မ​ထည့်​နိုင်​စေ​ရန် ဗိ​မာန်​တော် တံ​ခါး​များ​ကို​ပိတ်​ထား​မည့်​သူ​ရှိ​လျှင် အ​ဘယ်​မျှ​ကောင်း​လိမ့်​မည်​နည်း။ ငါ​သည် သင်​တို့​ကို​မ​နှစ်​သက်။ ငါ့​ထံ​သို့​သင်​တို့ ယူ​ဆောင်​လာ​သော​ပူ​ဇော်​သ​ကာ​ကို​လည်း လက်​မ​ခံ​လို။- \v 11 ကမ္ဘာ​မြေ​ကြီး​တစ်​စွန်း​မှ​အ​ခြား​တစ်​စွန်း တိုင်​အောင်​လူ​တို့​သည် ငါ​၏​ဂုဏ်​တော်​ကို ချီး​ကူး​ကြ​ပေ​သည်။ သူ​တို့​သည်​အ​ရပ် တ​ကာ​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၍ နှစ် သက်​ဖွယ်​ကောင်း​သည့်​ယဇ်​များ​ကို​ငါ့ အား​ပူ​ဇော်​ကြ​၏။ သူ​တို့​အား​လုံး​ပင် ငါ​၏​နာ​မ​တော်​ကို​ချီး​ကူး​ကြ​၏။-'' \v 12 ``သို့​ရာ​တွင်​သင်​တို့​မူ​ကား​ငါ​၏​ယဇ် ပလ္လင်​ကို​ညစ်​ညမ်း​သည်​ဟု​ဆို​ကာ မိ​မိ​တို့ တင်​လှူ​သည့်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို လည်း​မ​ထီ​မဲ့​မြင်​ပြု​လျက်​ငါ့​အား​ရှုတ် ချ​ကြ​ပေ​သည်။- \v 13 သင်​တို့​က`ဤ​အ​မှု​များ​ပြု​ရ​သည်​ကို​ငါ တို့​ငြီး​ငွေ့​လှ​ပါ​ပြီ' ဟု​ဆို​ကာ​နှာ​ခေါင်း ရှုတ်​၍​ငါ့​အား​မ​လေး​မ​ခန့်​ပြု​ကြ​၏။ သင် တို့​သည်​မိ​မိ​တို့​ခိုး​ယူ​ရ​ရှိ​သည့်​ယဇ်​ကောင် ကို​သော်​လည်း​ကောင်း၊ ခြေ​ကျိုး​သို့​မ​ဟုတ် ဖျား​နာ​သည့်​ယဇ်​ကောင်​ကို​သော်​လည်း​ကောင်း ငါ​၏​အ​တွက်​ပူ​ဇော်​သ​ကာ​အ​ဖြစ်​နှင့်​ယူ ဆောင်​ခဲ့​ကြ​၏။ ငါ​သည်​ဤ​ပူ​ဇော်​သ​ကာ များ​ကို​လက်​ခံ​လိမ့်​မည်​ဟု​သင်​တို့​ထင် မှတ်​ကြ​ပါ​သ​လော။-'' \v 14 ``မိ​မိ​၏​သိုး​အုပ်​တွင်​အ​ပြစ်​အ​နာ​ကင်း သည့်​သိုး​များ​ရှိ​ပါ​လျက် ငါ့​အား​လိမ်​လည် လှည့်​စား​၍​အ​သုံး​မ​ကျ​သည့်​ယဇ်​ကောင် ကို​ပူ​ဇော်​ဆက်​သ​သူ​သည်​ကျိန်​စာ​သင့်​ပါ စေ​သ​တည်း။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည် ကြီး​မြတ်​သည့်​ဘု​ရင်​ဖြစ်​တော်​မူ​၍ ငါ​၏ နာ​မ​တော်​ကို​လူ​မျိုး​တ​ကာ​တို့​ကြောက်​ရွံ့ ရို​သေ​ရ​သော​ကြောင့်​တည်း'' ဟု​အ​နန္တ​တန် ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။ \c 2 \p \v 1-2 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ယဇ် ပု​ရော​ဟိတ်​တို့​အား``ဤ​ပ​ညတ်​သည်​သင်​တို့ အ​တွက်​ဖြစ်​၏။ သင်​တို့​သည်​အ​ကျင့်​အ​ကြံ အ​ပြု​အ​မူ​အား​ဖြင့် ငါ​၏​ဂုဏ်​တော်​ကို​ချီး ကူး​ရ​ကြ​မည်။ အ​ကယ်​၍​ငါ့​စ​ကား​ကို သင်​တို့​နား​မ​ထောင်​ပါ​မူ ငါ​သည်​သင်​တို့ အား​ကျိန်​စာ​သင့်​စေ​မည်။ သင်​တို့​မှီ​ခို အား​ထား​ရာ​များ​ကို​လည်း​ကျိန်​စာ​သင့် စေ​မည်။ အ​မှန်​စင်​စစ်​ထို​အ​ရာ​တို့​သည် ယ​ခု​ပင်​ကျိန်​စာ​သင့်​ကြ​လေ​ပြီ။ အ​ဘယ် ကြောင့်​ဆို​သော်​သင်​တို့​သည်​ငါ​၏​ပ​ညတ် ကို​လေး​လေး​စား​စား​မ​ခံ​မ​ယူ​ကြ​သည့် အ​တွက်​ဖြစ်​၏။- \v 3 ငါ​သည်​သင်​တို့​၏​သား​မြေး​များ​အား အ​ပြစ်​ဒဏ်​ခတ်​မည်။ သင်​တို့​၏​မျက်​နှာ​ကို သင်​တို့​ပူ​ဇော်​သည့်​တိ​ရစ္ဆာန်​ချေး​ဖြင့်​သုတ် လိမ်း​၍ သင်​တို့​အား​ထို​ယဇ်​ကောင်​များ​နှင့် အ​တူ​ပစ်​ထုတ်​လိုက်​မည်။- \v 4 ထို​အ​ခါ​ငါ​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့် ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​တည်​မြဲ​စေ လို​သ​ဖြင့် ဤ​ပ​ညတ်​ကို​သင်​တို့​အား​ပေး တော်​မူ​ခြင်း​ဖြစ်​ကြောင်း​သင်​တို့​သိ​ရှိ​ကြ လိမ့်​မည်။''\x + \xo 2:4 \xt တော၊ ၃:၁၁-၁၃။\x* \p \v 5 ငါ​၏​ပ​ဋိ​ညာဉ်​တော်​တွင်​သူ​တို့​အား အ​သက်​ရှင်​မှု​နှင့် ချမ်း​မြေ့​သာ​ယာ​မှု​ကို က​တိ​ထား​ခဲ့​သည်​ဖြစ်​၍ ငါ​သည်​မိ​မိ အား​သူ​တို့​ရို​သေ​လေး​စား​စိမ့်​သော​ငှာ ထို​အ​ရာ​များ​ကို​ပေး​အပ်​ခဲ့​ပေ​သည်။ ထို နေ့​ရက်​ကာ​လ​များ​က​သူ​တို့​သည်​အ​ကယ် ပင်​ငါ့​အား​ကြောက်​ရွံ့​ရို​သေ​ရ​ကြ​၏။-\x + \xo 2:5 \xt တော၊ ၂၅:၁၂။\x* \v 6 သူ​တို့​သည်​အ​မှန်​တ​ရား​ကို​ဟော​ပြော သွန်​သင်​ကြ​၏။ အ​မှား​ကို​မ​သွန်​သင်​ကြ။ သူ​တို့​သည်​ငါ​နှင့်​သ​ဟ​ဇာ​တ​ဖြစ်​အောင် နေ​ထိုင်​ကြ​လျက် မိ​မိ​တို့​ကိုယ်​တိုင်​သာ လျှင်​မှန်​ရာ​ကို​ပြု​ကျင့်​ကြ​သည်​မ​ဟုတ်။ သူ​တစ်​ပါး​တို့​အား​လည်း​မ​ကောင်း​မှု​ကို ရှောင်​ကြဉ်​ရန်​အ​ထောက်​အ​ကူ​ပေး​ကြ ပေ​သည်။- \v 7 ဘု​ရား​သ​ခင်​အ​ကြောင်း​တော်​ကို​မှန်​ကန် စွာ​သိ​ရှိ​နား​လည်​နိုင်​ရန်​ဟော​ပြော​သွန် သင်​မှု​မှာ ယဇ်​ပု​ရော​ဟိတ်​များ​၏​တာ​ဝန် ဖြစ်​ပေ​သည်။ သူ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏ တ​မန်​တော်​များ​ဖြစ် သ​ဖြင့် လူ​တို့​သည်​ငါ​၏​အ​လို​တော်​ကို သိ​ရှိ​နိုင်​ရန်​သူ​တို့​ထံ​သို့​သွား​ရ​ကြ​၏။ \p \v 8 ``သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​အ​သင်​ပု​ရော​ဟိတ် တို့​သည်​လမ်း​မှန်​မှ​လွဲ​ဖယ်​၍​သွား​ကြ​လေ​ပြီ။ သင်​တို့​၏​ဟော​ပြော​သွန်​သင်​မှု​ကြောင့်​လူ​အ​များ ပင်​အ​မှား​ကို​ပြု​ကျင့်​လျက်​နေ​လေ​ပြီ။ သင်​တို့ သည်​ငါ​နှင့်​ချုပ်​ဆို​ထား​သည့်​ပ​ဋိ​ညာဉ်​တော် ကို​ချိုး​ဖောက်​ကြ​လေ​ပြီ။- \v 9 သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​အား​ပ​ညတ် တော်​များ​ကို သွန်​သင်​ရာ​၌​မျက်​နှာ​ကြီး​ငယ် လိုက်​ကြ​သ​ဖြင့် ငါ​သည်​လည်း​သင်​တို့​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​စက်​ဆုတ်​ရွံ​ရှာ အောင်​ပြု​မည်။ \s1 ဘု​ရား​သ​ခင်​ကို​လူ​တို့​သစ္စာ​ဖောက်​ခြင်း \p \v 10 ငါ​တို့​အား​လုံး​၌​ဖ​ခင်​တစ်​ဦး​တည်​ရှိ​သည် မ​ဟုတ်​ပါ​လော။ ဤ​ဘု​ရား​သ​ခင်​တစ်​ပါး​တည်း ပင်​လျှင် ငါ​တို့​အား​ဖန်​ဆင်း​တော်​မူ​သည်​မ ဟုတ်​ပါ​လော။ သို့​ဖြစ်​ပါ​မူ​ငါ​တို့​သည်​အ​ဘယ် ကြောင့် မိ​မိ​တို့​အ​ချင်း​ချင်း​ထား​ရှိ​သည့်​သစ္စာ က​တိ​ကို​ဖျက်​ကြ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့် ငါ​တို့​ဘိုး​ဘေး​များ​နှင့်​ဘု​ရား​သ​ခင်​ပြု တော်​မူ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​မ​ထီ​မဲ့ မြင်​ပြု​ကြ​ပါ​သ​နည်း။- \v 11 ယု​ဒ​ပြည်​သူ​တို့​သည်​ဘု​ရား​သ​ခင်​နှင့် မိ​မိ​တို့​ထား​ရှိ​သည့်​သစ္စာ​က​တိ​ကို​ဖျက် လျက် ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​တစ် ခု​လုံး​၌​စက်​ဆုတ်​ဖွယ်​ကောင်း​သည့်​အ​မှု ကို​ပြု​ကြ​လေ​ပြီ။ သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​မြတ်​နိုး​တော်​မူ​သည့်​ဗိ​မာန်​တော် ကို​ညစ်​ညမ်း​စေ​ကြ​လေ​ပြီ။ အ​မျိုး​သား တို့​သည်​လည်း​လူ​မျိုး​ခြား​ဘု​ရား​များ ကို​ကိုး​ကွယ်​သူ​အ​မျိုး​သ​မီး​များ​နှင့် စုံ​ဖက်​ကြ​လေ​ပြီ။- \v 12 ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​သို့​ပြု​ကျင့်​သူ​မှန် သ​မျှ​အား​သုတ်​သင်​ဖျက်​ဆီး​တော်​မူ​ပါ​စေ သော။ သူ​တို့​အား​အ​ဘယ်​အ​ခါ​၌​မျှ​ငါ​တို့ ၏​အ​မျိုး​သား​ဖြစ်​ပိုင်​ခွင့်​ကို​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် သ​ကာ​များ​ဆက်​သ​သည့်​လူ​မျိုး​တော်​ဖြစ် ပိုင်​ခွင့်​ကို​လည်​ကောင်း​မ​ပေး​ဘဲ​နေ​တော်​မူ ပါ​စေ​သော။ \p \v 13 သင်​တို့​ပြု​သော​အ​ခြား​အ​မှု​တစ်​ခု​ရှိ သေး​၏။ သင်​တို့​သည်​မိ​မိ​တို့​ယူ​ဆောင်​လာ သည့်​ပူ​ဇော်​သကာ​များ​ကို​ထာ​ဝ​ရ​ဘု​ရား လက်​ခံ​တော်​မ​မူ​သ​ဖြင့်​ငို​ကြွေး​မြည် တမ်း​လျက်​ကိုယ်​တော်​၏​ယဇ်​ပလ္လင်​တော်​ကို မျက်​ရည်​တွင်​နစ်​မြုပ်​စေ​ကြ​၏။- \v 14 ထို​နောက်​သင်​တို့​က​အ​ဘယ်​ကြောင့်​ဤ​သို့ ကိုယ်​တော်​လက်​မ​ခံ​တော့​ဘဲ​နေ​တော်​မူ​ပါ သ​နည်း​ဟု​မေး​ကြ​၏။ ကိုယ်​တော်​လက်​မ​ခံ တော့​သည့်​အ​ကြောင်း​မှာ​သင်​တို့​သည်​ငယ်​စဉ် အ​ခါ​က လက်​ထပ်​ထိမ်း​မြား​ခဲ့​သူ​ဇ​နီး အား​ပေး​အပ်​ခဲ့​သည့်​က​တိ​သစ္စာ​ကို​ချိုး ဖောက်​လိုက်​ကြ​ကြောင်း​ကိုယ်​တော်​သိ​မြင် တော်​မူ​သော​ကြောင့်​ဖြစ်​ပေ​သည်။ ထို​ဇ​နီး သည်​သင်​၏​အ​ဆွေ​ခင်​ပွန်း​ဖြစ်​ပါ​၏။ သင် သည်​သူ​၏​အ​ပေါ်​တွင်​သစ္စာ​စောင့်​ပါ​မည် ဟု​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​က​တိ ပြု​ခဲ့​ပါ​သော်​လည်း​ထို​က​တိ​သစ္စာ​ကို ချိုး​ဖောက်​ခဲ့​လေ​ပြီ။- \v 15 ဘု​ရား​သ​ခင်​သည်​သင်​တို့​နှစ်​ဦး​အား​တစ် ကိုယ်​တည်း​တစ်​စိတ်​တည်း​ဖြစ်​စေ​တော်​မူ​သည် မ​ဟုတ်​ပါ​လော။ ယင်း​သို့​ဖြစ်​စေ​တော်​မူ​ရာ ၌​အ​ဘယ်​ရည်​ရွယ်​ချက်​ဖြစ်​ပါ​သ​နည်း။ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု​အ​စစ်​အ​မှန် များ​ကို​မွေး​ထုတ်​ပေး​ရန်​ဖြစ်​ပေ​သည်။ သို့​ဖြစ် ၍​သင်​တို့​တွင်​အ​ဘယ်​သူ​မျှ​မိ​မိ​၏​ဇ​နီး နှင့်​ပြု​ထား​သည့် က​တိ​သစ္စာ​ကို​မ​ချိုး​မ ဖောက်​မိ​စေ​ရန်​အ​ထူး​သ​တိ​ပြု​ရ​ပေ​မည်။- \v 16 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​လင်​မ​ယား​ကွာ ရှင်း​မှု​ကို​မုန်း​၏။ ဇ​နီး​ဖြစ်​သူ​ကို​သင်​တို့​ဤ သို့​ရက်​စက်​စွာ​ပြု​ကျင့်​မှု​ကို​ငါ​မုန်း​၏။ သင် တို့​၏​ဇ​နီး​များ​အား​သစ္စာ​စောင့်​ရန်​ပေး​အပ် ခဲ့​သည့်​က​တိ​ကို​မ​ချိုး​မ​ဖောက်​မိ​စေ​ရန် အ​ထူး​သ​တိ​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ ပါ​၏။ \s1 တ​ရား​စီ​ရင်​တော်​မူ​ရာ​ကာ​လ​နီး​ကပ်​၍​လာ​ခြင်း \p \v 17 သင်​တို့​သည်​စ​ကား​များ​လွန်း​သ​ဖြင့်​ထာ​ဝ​ရ ဘု​ရား​နား​ငြီး​တော်​မူ​လေ​ပြီ။ သို့​ရာ​တွင်​သင် တို့​က``ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင် နား​ငြီး​စေ​ရန်​အ​ဘယ်​သို့​ပြု​မိ​ကြ​ပါ သ​နည်း'' ဟု​ဆို​ကြ​၏။ ``ထာ​ဝ​ရ​ဘုရား​သည် ဒု​စ​ရိုက်​သ​မား​မှန်​သ​မျှ​ကို​လူ​ကောင်း​သူ ကောင်း​ဟု​ထင်​မှတ်​တော်​မူ​၏'' ဟူ​၍​ပြော ဆို​ခြင်း​အား​ဖြင့်​သော်​လည်း​ကောင်း``တ​ရား မျှ​တ​သည်​ဟု​ထင်​မြင်​ယူ​ဆ​မှု​ကို​ခံ​ရ သော​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​မှာ​ရှိ သ​နည်း'' ဟု​ပြော​ဆို​ခြင်း​အား​ဖြင့်​သော် လည်း​ကောင်း​သင်​တို့​သည်​ကိုယ်​တော်​အား နား​ငြီး​စေ​ကြ​၏။ \c 3 \p \v 1 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ သည်​မိ​မိ​၏​တ​မန်​တော်​ကို​စေ​လွှတ်​၍ ငါ့ အ​ဖို့​လမ်း​ခ​ရီး​ကို​ပြင်​ဆင်​စေ​မည်။ ထို နောက်​သင်​တို့​စောင့်​မျှော်​နေ​သော​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​ဗိ​မာန်​တော်​သို့​ကြွ​လာ တော်​မူ​လိမ့်​မည်။ သင်​တို့​စောင့်​မျှော်​နေ​သော တ​မန်​တော်​သည်​လာ​၍ ငါ​၏​ပ​ဋိ​ညာဉ်​တော် ကို​ဖော်​ပြ​ကြေ​ညာ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။\x + \xo 3:1 \xt မ၊ ၁၁:၁၀။ မာ၊ ၁:၂။ လု၊ ၁:၇၆၊ ၇:၂၇။\x* \p \v 2 သို့​ရာ​တွင်​အ​ဘယ်​သူ​သည်​ကိုယ်​တော်​ရှင်​ကြွ လာ​တော်​မူ​မည့်​နေ့​ရက်​ကာ​လ​ကို​တိမ်း​ရှောင် နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​ရှင်​ပေါ်​ထွန်း​တော် မူ​ရာ​ကာ​လ​၌​အ​ဘယ်​သူ​သည်​ကျန်​ရစ်​လိမ့် မည်​နည်း။ ကိုယ်​တော်​သည်​အ​စွမ်း​ထက်​သည့် ဆပ်​ပြာ​နှင့်​လည်း​ကောင်း၊ သတ္တု​ချွတ်​သည့် မီး​နှင့်​လည်း​ကောင်း​တူ​လိမ့်​မည်။-\x + \xo 3:2 \xt ယောလ၊ ၂:၁၁။ ဗျာ၊ ၆:၁၇။\x* \v 3 ကိုယ်​တော်​သည်​ချေး​ညှော်​ကင်း​စင်​စေ​ရန်​ငွေ ကို​ချွတ်​သော​သူ​ကဲ့​သို့​ကြွ​လာ​၍ တ​ရား စီ​ရင်​တော်​မူ​လိမ့်​မည်။ ရွှေ​ထည်​ငွေ​ထည်​အ​လုပ် သ​မား​သည်​ရွှေ​နှင့်​ငွေ​ကို​ချွတ်​သ​ကဲ့​သို့ ထာ​ဝ​ရ ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည်​လေ​ဝိ​ယဇ် ပု​ရော​ဟိတ်​တို့​အား​သန့်​စင်​အောင်​ပြု​လိမ့်​မည်။ ယင်း​သို့​ပြု​ရ​သည့်​အ​ကြောင်း​မှာ​ယဇ်​ပု​ရော ဟိတ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ လျောက်​ပတ်​သည့်​ပူ​ဇော်​သ​ကာ​များ​ကို ယူ​ဆောင်​လာ​နိုင်​ကြ​စေ​ရန်​ဖြစ်​ပေ​သည်။- \v 4 ထို​အ​ခါ​၌​ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ လင်​မြို့​သား​တို့​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော် သို့ ယူ​ဆောင်​လာ​သည့်​ပူ​ဇော်​သ​ကာ​များ​သည် ရှေး​ကာ​လ​မှာ​ကဲ့​သို့​ပင်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ဖွယ်​ရာ​ဖြစ်​လိမ့်​မည်။ \p \v 5 ကိုယ်​တော်​က``ငါ​သည်​တ​ရား​စီ​ရင်​ရန်​သင် တို့​ထံ​သို့​လာ​၍​မှော်​အ​တတ်​ကို​ကျင့်​သုံး သူ​များ၊ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား သူ​များ၊ မ​မှန်​သော​သက်​သေ​ခံ​သူ​များ၊ မိ​မိ​၏​အ​လုပ်​သ​မား​များ​အ​ပေါ်​အ​ခ ကြေး​ငွေ​ကို​မ​တ​ရား​သ​ဖြင့်​ပြု​သူ​များ၊ မု​ဆိုး​မ၊ မိ​ဖ​မဲ့​သူ​နှင့်​လူ​မျိုး​ခြား​တို့ အား​အ​နိုင်​ကျင့်​သူ​မှ​စ​၍ ငါ့​အား​မ​ရို သေ​မ​လေး​စား​သူ​မှန်​သ​မျှ​တို့​အား​ချက် ချင်း​ထုတ်​ဖော်​ကြေ​ညာ​မည်။ \s1 ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ငွေ​ပေး​လှူ​မှု \p \v 6 ``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၍ ပြောင်း​လဲ​တော်​မ​မူ။ ထို​ကြောင့်​ယာ​ကုပ်​၏ သား​မြေး​ဖြစ်​သူ​သင်​တို့​သည်​လုံး​ဝ ဆုံး​ရှုံး​မှု​မ​ဖြစ်​ကြ​သေး​ပေ။- \v 7 သင်​တို့​သည်​မိ​မိ​တို့​၏​ဘိုး​ဘေး​များ​နည်း တူ ငါ​၏​ပ​ညတ်​တော်​တို့​ကို​မ​စောင့်​ထိန်း ဘဲ​လွှဲ​ရှောင်​လျက်​နေ​ခဲ့​ကြ​လေ​ပြီ။ သင် တို့​သည်​ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။ ငါ သည်​လည်း​သင်​တို့​ထံ​သို့​ပြန်​လာ​မည်။'' ``သို့ ရာ​တွင်​သင်​တို့​က`အ​ထံ​တော်​သို့​ပြန်​လာ နိုင်​ရန်​ကျွန်​တော်​မျိုး​တို့​အ​ဘယ်​သို့​ပြု​ရ ကြ​ပါ​မည်​နည်း' ဟု​မေး​လျှောက်​ကြ​၏။- \v 8 လူ​သည်​ဘု​ရား​သ​ခင်​ကို​လိမ်​လည်​လှည့်​စား အပ်​ပါ​သ​လော​ဟု သင်​တို့​အား​ငါ​မေး​ပါ ၏။ ဤ​သို့​မ​ပြု​အပ်​သော်​လည်း​သင်​တို့​သည် ငါ့​အား​လိမ်​လည်​လှည့်​စား​လျက်​နေ​ပေ သည်။ သင်​တို့​က`ကျွန်​တော်​မျိုး​တို့​သည် အ​ဘယ်​သို့​လိမ်​လည်​လှည့်​စား​ကြ​ပါ သ​နည်း' ဟု​ဆို​ပါ​မူ​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ နှင့်​ပူ​ဇော်​သ​ကာ​များ​ဆက်​သ​မျှ​ဟူ​၍ ဖြေ​ရ​ပေ​မည်။- \v 9 တစ်​နိုင်​ငံ​လုံး​ပင်​ငါ့​အား​လိမ်​လည်​လှည့် စား​လျက်​နေ​သ​ဖြင့် သင်​တို့​အား​လုံး​သည် ကျိန်​စာ​သင့်​လျက်​ရှိ​ကြ​၏။- \v 10 ဗိ​မာန်​တော်​တွင်​စား​နပ်​ရိက္ခာ​အ​မြောက် အ​မြား​ရှိ​စေ​ရန် သင်​တို့​၏​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ကို​အ​ပြည့်​အ​ဝ​ယူ​ဆောင်​ခဲ့​ကြ လော့။ ငါ​၏​အ​ကဲ​ကို​စမ်း​၍​ကြည့်​ကြ​လော့။ ထို​အ​ခါ​ငါ​သည်​ကောင်း​ကင်​ပြူ​တင်း​ပေါက် များ​ကို​ဖွင့်​၍ သင်​တို့​အ​ပေါ်​သို့​ကောင်း​ချီး မင်္ဂ​လာ​အ​မျိုး​မျိုး​သွန်း​လောင်း​တော်​မူ သည်​ကို​သင်​တို့​တွေ့​မြင်​ကြ​ရ​လိမ့်​မည်။-\x + \xo 3:10 \xt ဝတ်၊ ၂၇:၃၀။ တော၊ ၁၈:၂၁-၂၄။ တရား၊ ၁၂:၆၊ ၁၄:၂၂-၂၉။ နေ၊ ၁၃:၁၂။\x* \v 11 ငါ​သည်​ပိုး​မွှား​များ​အား​သင်​တို့​အ​သီး အ​နှံ​များ​ကို​ဖျက်​ဆီး​ခွင့်​ပြု​လိမ့်​မည် မ​ဟုတ်။ သင်​တို့​၏​စ​ပျစ်​နွယ်​များ​သည် လည်း​အ​သီး​များ​နှင့်​ပြည့်​လျက်​နေ​လိမ့် မည်။-'' \v 12 ``ထို​အ​ခါ​သင်​တို့​ပြည်​သည်​နေ​ထိုင်​ဖွယ် ကောင်း​သည့်​အ​ရပ်​ဖြစ်​လိမ့်​မည်။ သို့​ဖြစ်​၍ လူ​မျိုး​တ​ကာ​တို့​သည်​သင်​တို့​အား​မင်္ဂ​လာ ရှိ​သူ​များ​ဟု​ခေါ်​ဝေါ်​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ \s1 က​ရု​ဏာ​ထား​တော်​မူ​ရန်​ဘု​ရား​သ​ခင်​၏​က​တိ​တော် \p \v 13 ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ငါ့​အ​ကြောင်း မ​ကောင်း​သ​တင်း​များ​ကို​ပြော​ဆို​ကြ​လေ​ပြီ။ သို့​သော်​လည်း​သင်​တို့​က`ကျွန်​တော်​မျိုး​တို့ သည်​ကိုယ်​တော်​ရှင်​၏​အ​ကြောင်း​ကို​အ​ဘယ် သို့​ပြော​ဆို​ခဲ့​ကြ​ပါ​သ​နည်း' ဟု​မေး​ကြ​၏။- \v 14 သင်​တို့​သည်`ဘု​ရား​သ​ခင်​အား​ဝတ်​ပြု ကိုး​ကွယ်​ရ​သည်​မှာ​အ​ချည်း​နှီး​ပင်​ဖြစ်​၏။ ကိုယ်​တော်​မိန့်​တော်​မူ​သည့်​အ​တိုင်း​လိုက်​နာ ဆောင်​ရွက်​သော်​လည်း​ကောင်း၊ ငါ​တို့​သည် မိ​မိ​တို့​ပြု​မိ​သည့်​အ​ပြစ်​များ​အ​တွက် ဝမ်း​နည်း​ကြောင်း​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​အား​ကြိုး​စား​ဖော်​ပြ​၍​သော်​လည်း ကောင်း​အ​ဘယ်​အ​ကျိုး​ရှိ​ပါ​မည်​နည်း။- \v 15 ငါ​တို့​တွေ့​မြင်​ရ​ကြ​သည့်​အ​တိုင်း​မာန်​မာ​န ကြီး​သူ​များ​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ သူ​ယုတ်​မာ တို့​သည်​ကောင်း​စား​ကြ​၏။ ထို​မျှ​မ​က​သူ​တို့ သည်​ဘု​ရား​သ​ခင်​၏​ခန္တီ​ပါ​ရ​မီ​တော်​ကို အ​ကဲ​စမ်း​ကြ​သော်​လည်း​အ​ဘယ်​ဒုက္ခ​နှင့် မျှ​မ​တွေ့​ရ​ကြ' ဟု​ဆို​ကြ​၏'' ဟု​မိန့်​တော် မူ​၏။ \p \v 16 ထို​အ​ခါ​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သော သူ​တို့​အ​ချင်း​ချင်း​ပြော​ဆို​နေ​ကြ​သည့် စ​ကား​များ​ကို ထာ​ဝ​ရ​ဘု​ရား​သည်​နား ထောင်​လျက်​နေ​တော်​မူ​သ​ဖြင့်​ကြား​တော် မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ သူ​များ​၏​စား​ရင်း​ကို ရှေ့​တော်​တွင်​စာ​စောင် တစ်​ခု​၌​ရေး​မှတ်​ထား​ရှိ​၏။- \v 17 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​က``ဤ သူ​တို့​သည်​ငါ​၏​လူ​စု​ဖြစ်​လိမ့်​မည်။ သူ တို့​သည်​ငါ​စီ​ရင်​ချက်​ချ​မှတ်​ရာ​နေ့​၌ ငါ​၏​ကိုယ်​ပိုင်​လူ​စု​ဖြစ်​ကြ​လိမ့်​မည်။ အ​ဖ သည်​မိ​မိ​၏​အ​စေ​အ​ပါး​ကို ခံ​သည့်​သား အ​ပေါ်​တွင် က​ရု​ဏာ​ထား​သ​ကဲ့​သို့​ငါ သည်​လည်း​သူ​တို့​အ​ပေါ်​တွင်​က​ရု​ဏာ ထား​တော်​မူ​မည်။- \v 18 တစ်​ဖန်​တုံ​ငါ​၏​လူ​စု​သည်​သူ​တော်​ကောင်း နှင့် သူ​ယုတ်​မာ​တို့​တွေ့​ကြုံ​ခံ​စား​ရ​မှု​မ​တူ ပုံ​ကို​လည်း​ကောင်း၊ ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ် သူ​နှင့်​ဝတ်​မ​ပြု​မ​ကိုး​ကွယ်​သူ​တို့ တွေ့​ကြုံ ခံ​စား​ရ​မှု​မ​တူ​ပုံ​ကို​လည်း​ကောင်း​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \c 4 \s1 ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​ရာ​နေ့​ရက်​ကာလ ကျ​ရောက်​လာ​လိမ့်​မည်။ \p \v 1 အ​နန္တ​တန်​ခိုး​နှင့်​ထာ​ဝရ​ဘု​ရား​က``မာန် မာ​န​ထောင်​လွှား​သူ​နှင့်​ယုတ်​မာ​သူ​အ​ပေါင်း တို့​သည် ကောက်​ရိုး​သ​ဖွယ်​မီး​ကျွမ်း​လောင် ကြ​မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။ ထို​နေ့​ရက်​ကာ​လ​၌​သူ​တို့​သည်​မီး ကျွမ်း​လောင်​၍​သွား​ကာ အ​မြစ်​အ​ကိုင်း အ​စ​အ​န​မျှ​ပင်​ကျန်​ရှိ​ကြ​လိမ့်​မည် မ​ဟုတ်။- \v 2 ငါ​၏​စ​ကား​တော်​ကို​ရို​သေ​သူ​သင်​တို့ အ​ဖို့​မှာ​မူ​ကား ငါ​၏​ကယ်​တင်​ခြင်း​တန် ခိုး​သည်​နေ​မင်း​သ​ဖွယ် သူ​တို့​အ​ပေါ်​၌ ထွန်း​လင်း​လျက်​နေ​ရောင်​ခြည်​သ​ဖွယ် သင် တို့​၏​အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း စေ​လိမ့်​မည်။ သင်​တို့​သည်​တင်း​ကုပ်​မှ​လွှတ် ထုတ်​လိုက်​သည့်​နွား​ငယ်​များ​ကဲ့​သို့​လွတ် လပ်​ပျော်​ရွှင်​စွာ​ခုန်​ပေါက်​လျက်​နေ​လိမ့်​မည်။- \v 3 ငါ​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ ၌ သင်​တို့​သည်​သူ​ယုတ်​မာ​များ​ကို​အ​နိုင် ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​သင်​တို့​ခြေ ဖ​ဝါး​အောက်​မှ​မြေ​မှုန့်​သ​ဖွယ်​ဖြစ်​လိမ့်​မည်။'' \p \v 4 ``ငါ​၏​အ​စေ​ခံ​မော​ရှေ​၏​ပ​ညတ်​တ​ရား များ​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​လိုက်​နာ​ကြ​ရန်​သိ​နာ​တောင်​ပေါ် တွင်​သူ့​အား​ငါ​ပေး​အပ်​ခဲ့​သည့်​နည်း​ဥ​ပ​ဒေ များ​နှင့်​ကျင့်​ထုံး​ကျင့်​နည်း​များ​ကို​လည်း ကောင်း​အောက်​မေ့​သ​တိ​ရ​ကြ​လော့။ \p \v 5 ``သို့​ရာ​တွင်​ယင်း​သို့​ကြောက်​မက်​ဖွယ်​ရာ နေ့​ကြီး မ​ကျ​မ​ရောက်​မီ​ငါ​သည်​ပ​ရော ဖက်​ဧ​လိ​ယ​ကို​သင်​တို့​ထံ​သို့​စေ​လွှတ် မည်။-\x + \xo 4:5 \xt မ၊ ၁၁:၁၄၊ ၁၇:၁၀-၁၃။ မာ၊ ၉:၁၁-၁၃။ လု၊ ၁:၁၇။ ယော၊ ၁:၂၁။\x* \v 6 ငါ​လာ​၍​ထို​ဒေ​သ​အား​ကျိန်​စာ​မ​သင့် စေ​ရန် သူ​သည်​အ​ဖ​များ​နှင့်​သား​သ​မီး တို့​ကို​ပြန်​လည်​စည်း​ရုံး​၍​ပေး​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဋ္ဌမ္မ​ဟောင်း​ကျမ်း​တို့​တွင်​နောက်​ဆုံး​ကျမ်း တည်း​ဟူ​သော၊ ပ​ရော​ဖက်​မာ​လ​ခိ​စီ​ရင်​ရေး ထား​သော​အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။