\id LUK Myanmar Common Language Bible \h လုကာ \toc1 ရှင်​လု​ကာ \toc2 လုကာ \mt1 ရှင်​လု​ကာ \mt2 ပြု​စု​သည့်​သ​တင်း​ကောင်း \is1 နိ​ဒါန်း \ip ရှင်​လု​ကာ​ပြု​စု​သည့်​သ​တင်း​ကောင်း​တွင်​သ​ခင် ယေ​ရှု​အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ကယ် တင်​ရှင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ မ​နု​ဿ​လူ​သား အ​ပေါင်း​တို့​၏​ကယ်​တင်​ရှင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း တင်​ပြ​ထား​ပေ​သည်။ ဆင်း​ရဲ​သူ​တို့​အား​သ​တင်း ကောင်း​ကို​ဖြန့်​ချိ​ကြေ​ညာ​ရန်​အ​တွက် ထာ​ဝ​ရ ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​သ​ခင်​ယေ​ရှု​ကို​ရွေး ချယ်​ခန့်​ထား​ကြောင်း​ဖော်​ပြ​ပါ​ရှိ​သည်။ ဤ​ကျမ်း ၌​ချို့​တဲ့​မှု​အ​မျိုး​မျိုး​ရှိ​သူ​တို့​ကို​အ​လေး​ပေး ၍ ဖော်​ပြ​သည့်​အ​ကြောင်း​အ​ရာ​များ​စွာ​ကို​တွေ့ ရှိ​လေ​သည်။ ကျမ်း​ဦး​တွင်​သ​ခင်​ယေ​ရှု​လော​က သို့​လူ့​ဇာတိ​အ​ဖြစ်​နှင့်​ကြွ​လာ​တော်​မူ​မည့် အ​ကြောင်း​ကို​ကြေ​ညာ​ရာ​၌​လည်း​ကောင်း၊ ကျမ်း ၏​နိ​ဂုံး​တွင်​ကောင်း​ကင်​ဘုံ​သို့​သ​ခင်​ယေ​ရှု​တက် ကြွ​တော်​မူ​ခြင်း​ကို​ဖော်​ပြ​ရာ​၌​လည်း​ကောင်း ရွှင်​လန်း​ဝမ်း​မြောက်​သည့်​လက္ခ​ဏာ​ပေါ်​လွင်​လျက် နေ​ပေ​သည်။ ခ​ရစ်​တော်​ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ တော်​မူ​ပြီး​နောက်​ခ​ရစ်​ယာန်​သာ​သ​နာ​တော်​တိုး တက်​ပြန့်​ပွား​လာ​ပုံ​ကို​တ​မန်​တော်​ဝတ္ထု​တွင် ဤ ကျမ်း​ကို​ပြု​စု​သူ​က​ပင်​လျှင်​ဆက်​လက်​ရေး သား​တင်​ပြ​ထား​သည်။ \ip အောက်​ဖော်​ပြ​ပါ​အ​ကြောင်း​အ​ရာ​အ​ကျဉ်း ချုပ်​အ​ပိုင်း (၂) နှင့် (၆) တို့​တွင်​ပါ​ရှိ​သည့်​ကောင်း​ကင် တ​မန်​များ​သီ​ဆို​သည့်​သီ​ချင်း​နှင့် သူ​ငယ်​တော် ယေ​ရှု​ကို​သိုး​ထိန်း​များ​လာ​ရောက်​ဖူး​မြော်​ကြ ခြင်း​အ​ကြောင်း၊ လူ​က​လေး​ယေ​ရှု​သည်​ဗိ​မာန် တော်​သို့​ရောက်​ရှိ​နေ​ပုံ​အ​ကြောင်း၊ သ​နား​ကြင်​နာ တတ်​သော​ရှ​မာ​ရိ​အ​မျိုး​သား​ပုံ​ဥ​ပ​မာ​နှင့် ပျောက်​ဆုံး​သွား​သည့်​သား​ပုံ​ဥ​ပ​မာ​မှ​စ​သည့် အ​ကြောင်း​အ​ရာ​များ​နှင့် အ​ခြား​သော​အ​ကြောင်း အ​ရာ​အ​မြောက်​အ​မြား​ကို​ဤ​ကျမ်း​တွင်​သာ လျှင်​တွေ့​ရှိ​နိုင်​သည်။ ဤ​ကျမ်း​တစ်​ကျမ်း​လုံး​တွင် ဆု​တောင်း​ခြင်း​အ​ကြောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​အ​ကြောင်း၊ သ​ခင်​ယေ​ရှု​အ​မှု​တော်​ကို​ဆောင် ရွက်​ရာ​တွင်​အ​မျိုး​သ​မီး​များ​ပါ​ဝင်​ဆောင် ရွက်​ခြင်း​အ​ကြောင်း၊ အ​ပြစ်​များ​ကို​ဘု​ရား သ​ခင်​ဖြေ​လွှတ်​တော်​မူ​ခြင်း​အ​ကြောင်း​တို့ ကို​အ​လေး​အ​နက်​ထား​၍​ရေး​သား​ဖော်​ပြ ထား​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 နိ​ဒါန်း ၁:၁-၄ \io1 ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​နှင့်​သ​ခင်​ယေ​ရှု​တို့​၏ ဖွား​မြင်​ခြင်း​နှင့်​သူ​ငယ်​ဘ​ဝ ၁:၅-၂:၅၂ \io1 ဗိတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​အ​မှု​တော်​ဆောင်​ခြင်း ၃:၁-၂၀ \io1 ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​သ​ခင်​ယေ​ရှု​ခံ​တော်​မူ​ခြင်း​နှင့် ကိုယ်​တော်​အား​စာ​တန် \io1 စုံ​စမ်း​သွေး​ဆောင်​ခြင်း ၃:၂၁-၄:၁၃ \io1 ဂါ​လိ​လဲ​ပြည်​တွင်​သ​ခင်​ယေ​ရှု​အ​မှု​တော် ဆောင်​ခြင်း ၄:၁၄-၉:၅၀ \io1 ဂါ​လိ​လဲ​ပြည်​မှ​ယေ​ရု​ရှ​လင်​မြို့​သို့ ၉:၅၁-၁၉:၂၇ \io1 ယေ​ရု​ရှ​လင်​မြို့​နှင့်​အ​နီး​အ​နား​တွင်​နောက်​ဆုံး ရက်​သတ္တ​ပတ် ၁၉:၂၈-၂၃:၅၆ \io1 သ​ခင်​ဘု​ရား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ခြင်း၊ ကိုယ်​ထင်​ပြ​တော်​မူ​ခြင်း​နှင့် \io1 ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ​တော်​မူ​ခြင်း ၂၄:၁-၅၃ \c 1 \p \v 1 အ​ရှင်​သော်​ဖိ​လု၊ အ​ကျွန်ုပ်​တို့​သက်​ဝင်​ယုံ​ကြည် သော​ဘာ​သာ​၏​အ​ခြေ​အ​မြစ်​ဖြစ်​သည့်​အ​ကြောင်း အ​ရာ​များ​ကို​ရေး​သား​ပြု​စု​သူ​အ​များ​ပင်​ရှိ​ခဲ့ ပါ​သည်။- \v 2 ထို​အ​ကြောင်း​အ​ရာ​များ​ကို​မျက်​မြင်​သက်​သေ များ​ဖြစ်​၍ သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​ကောင်း ကို​ဟော​ပြော​သူ​တို့​၏​ပြော​ကြား​ချက်​အ​ရ​ကျမ်း ပြု​ပ္ဂိုလ်​တို့​က​ရေး​သား​ပြု​စု​ခဲ့​ကြ​ပါ​သည်။- \v 3 အ​ကျွန်ုပ်​သည်​လည်း​ထို​အ​ကြောင်း​အ​ရာ​အ​ပေါင်း ကို​စ​တင်​ဖြစ်​ပျက်​ချိန်​မှ​စ​၍ သေ​ချာ​စွာ​လေ့​လာ ခဲ့​သူ​ဖြစ်​သည်​အ​လျောက်၊- \v 4 အ​ရှင်​ဖတ်​ရှု​နိုင်​ရန်​အ​စီ​အ​စဉ်​ညီ​ညွတ်​သည့် ကျမ်း​စောင်​ကို​ပြု​စု​ရ​သော်​ကောင်း​မည်​ဟု​ယူ​ဆ အပ်​ပါ​သည်။ အ​ရှင်​ကြား​သိ​ခဲ့​သော​အ​ကြောင်း အ​ရာ​များ​ကို​စုံ​လင်​စွာ​အ​ရှင့်​အား​သိ​စေ​လို သော​ကြောင့်​ဤ​ကျမ်း​ကို​ပြု​စု​ရ​ခြင်း​ဖြစ်​ပါ​သည်။ \s1 ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဖွား​မြင်​မည့်​အ​ကြောင်း ပြော​ကြား​ချက် \p \v 5 ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ရုဒ်​မင်း​လက်​ထက်​၌ ဇာ​ခ​ရိ နာ​မည်​ရှိ​သော​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ရှိ​၏။ သူ သည်​အ​ဘိ​ယ​ယဇ်​ပု​ရော​ဟိတ်​အ​ဖွဲ့​ဝင်​ဖြစ်​၏။ သူ​၏​ဇနီး​ကား​ဧ​လိ​ရှ​ဗက်​ဟု​နာ​မည်​တွင်​၏။ ဧ​လိ​ရှ​ဗက်​သည်​လည်း​ယဇ်​ပု​ရော​ဟိတ်​အ​နွယ် ဝင်​ဖြစ်​၏။-\x + \xo 1:5 \xt ၅ရာ၊ ၂၄:၁၀။\x* \v 6 ထို​သူ​နှစ်​ဦး​လုံး​ပင်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​သူ​ကောင်း​များ​ဖြစ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား ၏​ပ​ညတ်​တော်​ရှိ​သ​မျှ​နှင့်​ညွှန်​ကြား​တော်​မူ ချက်​များ​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ကြ​၏။- \v 7 သို့​သော်​ဧလိ​ရှဗက်​သည်​အ​မြုံ​ဖြစ်​၍​သား​သ​မီး မ​ရ။ သူ​တို့​နှစ်​ဦး​လုံး​ပင်​အ​သက်​ကြီး​ရင့်​ကြ လေ​ပြီ။- \v 8 တစ်​နေ့​သ​၌​ဇာ​ခ​ရိ​သည်​မိ​မိ​၏​အ​ဖွဲ့​တာ​ဝန် အ​လှည့်​ကျ​သ​ဖြင့် ဗိ​မာန်​တော်​တွင်​ယဇ်​ပု​ရော ဟိတ်​ဝတ္တ​ရား​ကို​ဆောင်​ရွက်​စဉ်၊- \v 9 ယဇ်​ပု​ရော​ဟိတ်​တို့​၏​ထုံး​စံ​အ​ရ​မဲ​ကျ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​ဗိမာန်​တော်​အ​တွင်း​သို့​ဝင်​၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ရ​၏။- \v 10 ထို​သို့​မီး​ရှို့​ပူ​ဇော်​နေ​ချိန်​၌​ကိုး​ကွယ်​ဝတ်​ပြု သူ​လူ​အ​ပေါင်း​တို့​သည် အ​ပြင်​မှာ​ဆု​တောင်း လျက်​နေ​ကြ​၏။- \v 11 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည် ဇာ​ခ​ရိ​၏​ရှေ့​တွင်​ပေါ်​လာ​၍​နံ့​သာ​ပေါင်း ကို မီး​ရှို့​ပူ​ဇော်​ရာ​ပလ္လင်​၏​လက်​ယာ​ဘက်​တွင် ရပ်​လျက်​နေ​၏။- \v 12 ဇာ​ခ​ရိ​သည်​ကောင်း​ကင်​တ​မန်​ကို​မြင်​သော အ​ခါ​စိတ်​တုန်​လှုပ်​ချောက်​ချား​သွား​၏။- \v 13 သို့​ရာ​တွင်​ကောင်း​ကင်​တ​မန်​က ``ဇာ​ခ​ရိ၊ မ​ကြောက်​နှင့်။ ဘု​ရား​သ​ခင်​သည်​သင်​တောင်း လျှောက်​သည့်​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပြီ။ သင်​၏​ဇ​နီး​ဧ​လိ​ရှ​ဗက်​သည်​သား​ရ​တ​နာ ကို​ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို​ယောဟန်​ဟု နာ​မည်​မှည့်​ရ​မည်။- \v 14 သင်​သည်​ဝမ်း​မြောက်​ရွှင်​မြူး​လိမ့်​မည်။ ထို​သား ဖွား​မြင်​လာ​သည့်​အ​တွက်​လူ​အ​များ​ပင် ဝမ်း​မြောက်​ကြ​လိမ့်​မည်။- \v 15 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ကြီး မြတ်​သူ​ဖြစ်​လိမ့်​မည်။ သူ​သည်​စ​ပျစ်​ရည်​နှင့် သေ​ရည်​သေ​ရက်​ကို​သောက်​လိမ့်​မည်​မ​ဟုတ်။ မွေး​က​တည်း​က​ပင်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် နှင့်​ပြည့်​ဝ​လိမ့်​မည်။-\x + \xo 1:15 \xt တော၊ ၆:၃။\x* \v 16 များ​စွာ​သော​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ပြန်​လည်​ပို့​ဆောင်​ပေး​လိမ့်​မည်။- \v 17 ကိုယ်​တော်​၏​ရှေ့​တော်​ပြေး​ဖြစ်​၍​ဧ​လိ​ယ​ကဲ့ သို့​ခွန်​အား​တန်​ခိုး​ကြီး​လိမ့်​မည်။ သူ​သည်​အ​ဖ တို့​ကို​သား​တို့​နှင့်​ပြန်​လည်​သင့်​မြတ်​စေ​လိမ့် မည်။ မ​နာ​ခံ​သော​သူ​တို့​အား​သူ​တော်​ကောင်း တို့​၏​အ​သိ​ပ​ညာ​ကို​ပြန်​လည်​ရ​ရှိ​စေ​လိမ့် မည်။ ထာ​ဝ​ရ​ဘု​ရား​အ​တွက်​အ​ဆင်​သင့် ဖြစ်​စေ​ရန် ကိုယ်​တော်​၏​လူ​စု​တော်​ကို​ပြင် ဆင်​ပေး​လိမ့်​မည်'' ဟု​ဇာ​ခ​ရိ​အား​ပြော​၏။\x + \xo 1:17 \xt မာလ၊ ၄:၅-၆။\x* \p \v 18 ဇာ​ခ​ရိ​က ``ဤ​သို့​ဖြစ်​မည်​ကို​အ​ဘယ်​သို့​သိ နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည်​အို​မင်း​သူ​ဖြစ် ပါ​၏။ အ​ကျွန်ုပ်​၏​ဇ​နီး​မှာ​လည်း​အ​သက်​ကြီး ရင့်​ပါ​ပြီ'' ဟု​ကောင်း​ကင်​တ​မန်​အား​ပြန် ပြော​၏။ \p \v 19 ကောင်း​ကင်​တ​မန်​က ``ငါ​သည်​ဘု​ရား​သ​ခင် ၏​ရှေ့​တော်​တွင်​ခ​စား​ရ​သော​ဂါ​ဗြေ​လ​ဖြစ်​၏။ သင့်​အား​ဤ​သ​တင်း​ကောင်း​ကို​ပြော​ကြား​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​၏။-\x + \xo 1:19 \xt ဒံ၊ ၈:၁၆၊ ၉:၁၂။\x* \v 20 နား​ထောင်​လော့။ သင်​သည်​ငါ့​စ​ကား​ကို​မ​ယုံ ကြည်​သော​ကြောင့် ဤ​အ​မှု​အ​ရာ​ဖြစ်​ပွား​လာ သည့်​နေ့​တိုင်​အောင်​စ​ကား​မ​ပြော​နိုင်​ဘဲ အ​လျက်​နေ​လိမ့်​မည်။ အ​ချိန်​တန်​လျှင်​ငါ ၏​စကား​မှန်​ကန်​လာ​လိမ့်​မည်'' ဟု​ဆို​၏။ \p \v 21 လူ​တို့​သည်​ဇာ​ခ​ရိ​ကို​စောင့်​မျှော်​လျက်​နေ ကြ​၏။ ဇာ​ခ​ရိ​သည်​ဗိ​မာန်​တော်​ထဲ​တွင် ကြန့်​ကြာ​နေ​သည်​ကို​အံ့​သြ​ကြ​၏။- \v 22 ဇာ​ခ​ရိ​သည်​ဗိ​မာန်​တော်​က​ထွက်​လာ​သော​အ​ခါ စ​ကား​မ​ပြော​နိုင်​တော့​သ​ဖြင့် ဗိ​မာန်​တော်​ထဲ တွင်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ခဲ့​ကြောင်း​သူ​တို့ ရိပ်​မိ​ကြ​၏။ ဇာ​ခ​ရိ​သည်​စ​ကား​အ​၍​လက် ရိပ်​ခြေ​ရိပ်​ပြ​လျက်​သာ​နေ​၏။ \p \v 23 ထို​နောက်​သူ​၏​တာ​ဝန်​ကုန်​ဆုံး​ချိန်​၌​အိမ်​ကို ပြန်​လေ​၏။- \v 24 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​သူ​၏​ဇ​နီး ဧ​လိ​ရှ​ဗက်​သည် ကိုယ်​ဝန်​ရှိ​၍​ငါးလ​ပတ်​လုံး အိမ်​တွင်း​အောင်း​လျက်​နေ​၏။- \v 25 ဧ​လိ​ရှ​ဗက်​က ``ယ​ခု​ငါ့​အား​ထာ​ဝ​ရ​ဘု​ရား ကျေး​ဇူး​ပြု​တော်​မူ​ပြီ။ ငါ့​အား​လူ​တို့​ကဲ့​ရဲ့​ရှုတ် ချ​ခြင်း​ကို​ကိုယ်​တော်​ပ​ပျောက်​စေ​တော်​မူ​ပြီ'' ဟု​ဆို​၏။ \s1 သ​ခင်​ယေ​ရှု​ဖွား​မြင်​တော်​မူ​မည့်​အ​ကြောင်း ဟော​ကြား​ချက် \p \v 26 ဧ​လိ​ရှ​ဗက်​ကိုယ်​ဝန်​ဆ​ဋ္ဌ​မ​လ​သို့​ရောက်​သော​အ​ခါ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ဂါ​ဗြေ​လ​အား ဂါ​လိ​လဲ​ပြည်၊ နာ​ဇ​ရက်​မြို့​ရှိ​မိန်း​မ​ပျို​တစ်​ဦး​ထံ သို့​စေ​လွှတ်​တော်​မူ​၏။- \v 27 ထို​မိန်း​မ​ပျို​သည်​ဒါ​ဝိဒ်​မင်း​မှ​ဆင်း​သက်​သူ ယော​သပ်​နာ​မည်​ရှိ​အ​မျိုး​သား​တစ်​ဦး​နှင့် ထိမ်း​မြား​ရန်​စေ့​စပ်​ကြောင်း​လမ်း​ထား​သူ ဖြစ်​၏။-\x + \xo 1:27 \xt မ၊ ၁:၁၈။\x* \v 28 သူ​၏​နာ​မည်​မှာ​မာ​ရိ​ဖြစ်​၏။ ကောင်း​ကင်​တ​မန် သည်​မာ​ရိ​ထံ​သို့​လာ​၍ ``ထူး​ကဲ​သော​ကျေးဇူး တော်​ကို​ခံ​စား​ရ​သည့်​အ​မျိုး​သ​မီး၊ သင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​သည်'' ဟု​ဆို​၏။ \p \v 29 ထို​စ​ကား​ကို​ကြား​လျှင်​မာ​ရိ​သည်​စိတ်​မ​ငြိမ် မ​သက်​ဖြစ်​ကာ ဤ​နှုတ်​ဆက်​စ​ကား​ကား​အ​ဘယ် သို့​နည်း​ဟု​တွေး​တော​ဆင်​ခြင်​လျက်​နေ​၏။- \v 30 ကောင်း​ကင်​တ​မန်​က ``မာ​ရိ၊ မ​ကြောက်​နှင့်၊ သင်​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​မှာ​မျက်​နှာ​ပွင့်​လန်း​ပြီ။- \v 31 သင်​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​ရ​တ​နာ​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို​ယေ​ရှု​နာ​မည် ဖြင့်​မှည့်​ရ​မည်။-\x + \xo 1:31 \xt မ၊ ၁:၂၁။\x* \v 32 ထို​သား​သည်​ကြီး​မြတ်​လိမ့်​မည်။ အ​မြင့်​မြတ် ဆုံး​သော​ဘု​ရား​၏​သား​တော်​ဟု​အ​ခေါ်​ခံ​ရ လိမ့်​မည်။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သူ့​အ​ဖ​ဒါ​ဝိဒ်​မင်း​၏​နန်း​မွေ​ကို​သူ့​အား​ပေး တော်​မူ​လိမ့်​မည်။-\x + \xo 1:32 \xt ၄ရာ၊ ၇:၁၂၊ ၁၃၊ ၁၆၊ ဟေရှာ၊ ၉:၇။\x* \v 33 သူ​သည်​ယာ​ကုပ်​အ​မျိုး​အ​နွယ်​များ​ကို​အ​စဉ် မ​ပြတ်​အုပ်​စိုး​တော်​မူ​လိမ့်​မည်။ သူ​၏​နန်း​သက် သည်​အ​ဘယ်​အ​ခါ​မျှ​ကုန်​ဆုံး​လိမ့်​မည်​မ​ဟုတ်'' ဟု​မာ​ရိ​အား​ပြော​၏။ \p \v 34 မာ​ရိ​က ``ကျွန်​မ​သည်​သ​တို့​သ​မီး​က​ညာ​ဖြစ် သ​ဖြင့်​အ​ဘယ်​သို့​လျှင်​ကိုယ်​ဝန်​ဆောင်​၍​သား ဖွား​နိုင်​ပါ​မည်​နည်း'' ဟု​ကောင်း​ကင်​တ​မန်​အား မေး​၏။ \p \v 35 ကောင်း​ကင်​တ​မန်​က ``သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် သည်​သင်​၏​အ​ပေါ်​သို့​သက်​ရောက်​လိမ့်​မည်။ အ​မြင့် မြတ်​ဆုံး​သော​ဘု​ရား​ရှင်​၏​တန်​ခိုး​တော်​သည် သင့်​ကို​လွှမ်း​ခြုံ​လိမ့်​မည်။ ထို​ကြောင့်​သင်​မွေး​ဖွား လတ္တံ့​သော​သန့်​ရှင်း​မြင့်​မြတ်​သည့်​သူ​ငယ်​ကို သန့်​ရှင်း​မြင့်​မြတ်​သော​အ​ရှင်​ဘု​ရား​သ​ခင်​၏ သား​တော်​ဟု​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​လိမ့်​မည်။- \v 36 သင့်​ဆွေ​မျိုး​ဖြစ်​သော​ဧ​လိ​ရှ​ဗက်​သည်​လည်း အို​မင်း​ခါ​မှ သား​ရ​တ​နာ​ကို​ကိုယ်​ဝန်​ဆောင် လျက်​ရှိ​၏။ အ​မြုံ​မ​ဟု​အ​ခေါ်​ခံ​ရ​သူ​သည် ကိုယ်​ဝန်​ဆောင်​၍​ဆ​ဋ္ဌ​မ​လ​သို့​ရောက်​လေ​ပြီ။- \v 37 ဘုရား​သ​ခင်​တတ်​နိုင်​တော်​မ​မူ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ'' ဟု​ဆို​၏။\x + \xo 1:37 \xt က၊ ၁၈:၁၄။\x* \p \v 38 မာ​ရိ​က ``ကျွန်​မ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ အ​စေ​ခံ​ဖြစ်​ပါ​၏။ အ​ရှင်​ဖော်​ပြ​သည့်​အ​တိုင်း ပင်​ဖြစ်​ပါ​စေ​သော'' ဟု​ကောင်း​ကင်​တ​မန်​အား ပြန်​ပြော​၏။ ထို​အ​ခါ​ကောင်း​ကင်​တ​မန်​သည် မာ​ရိ​ထံ​မှ​ထွက်​ခွာ​သွား​၏။ \s1 ဧ​လိ​ရှ​ဗက်​ထံ​သို့​မာ​ရိ​သွား​ရောက်​ခြင်း \p \v 39 များ​မ​ကြာ​မီ​မာ​ရိ​သည်​အ​သင့်​ပြင်​၍​တောင်​ပေါ် ဒေ​သ​ရှိ​ယု​ဒ​ပြည်​မြို့​တစ်​မြို့​သို့​အ​လျင်​အ​မြန် သွား​၏။- \v 40 သူ​သည်​ဇာ​ခ​ရိ​၏​အိမ်​သို့​ဝင်​ပြီး​လျှင်​ဧ​လိ ရှ​ဗက်​ကို​နှုတ်​ဆက်​၏။ မာ​ရိ​၏​နှုတ်​ဆက်​စ​ကား ကို​ကြား​သော​ဧ​လိ​ရှ​ဗက်​၏​ဝမ်း​မှ​က​လေး သည်​လှုပ်​လေ​၏။- \v 41 ဧ​လိ​ရှ​ဗက်​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ဖြင့်​ပြည့်​ဝ​လျက်၊- \v 42 ``သင်​သည်​အ​မျိုး​သ​မီး​တ​ကာ​တို့​ထက်​မင်္ဂ​လာ ရှိ​၏။ သင်​ဖွား​အံ့​သော​သား​သည်​မင်္ဂ​လာ​ရှိ​၏။- \v 43 အ​ကျွန်ုပ်​အ​ရှင်​၏​မယ်​တော်​သည်​အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ထံ​သို့​ကြွ​လာ​တော်​မူ​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​ဤ​အ​ခွင့်​ထူး​ကို​အ​ကျွန်ုပ်​ခံ​စား​ရ​ပါ​သ​နည်း။- \v 44 သင်​၏​နှုတ်​ဆက်​စ​ကား​ကို​အ​ကျွန်ုပ်​ကြား သော​အ​ခါ​အ​ကျွန်ုပ်​၏​ဝမ်း​မှ​သူ​ငယ်​သည် ဝမ်း​မြောက်​ရွှင်​မြူး​သ​ဖြင့်​ခုန်​ပါ​၏။- \v 45 ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော် အ​တိုင်း​ဖြစ်​လိမ့်​မည်​ဟု​သင်​သည်​ယုံ​ကြည်​သ​ဖြင့် မင်္ဂ​လာ​ရှိ​၏'' ဟု​ကျယ်​စွာ​မြွက်​ဆို​၏။ \s1 မာ​ရိ​၏​ချီး​မွမ်း​သီ​ချင်း \p \v 46 မာ​ရိ​က၊ \q1 ``ငါ​၏​စိတ်​နှ​လုံး​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​၏။\x + \xo 1:46 \xt ၁ရာ၊ ၂:၁-၁၀။\x* \q1 \v 47 ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အ​မှု​ကြောင့် \q2 ငါ့​ဝိ​ညာဉ်​သည်​အား​ရ​ရွှင်​လန်း​ပါ​၏။ \q1 \v 48 ကိုယ်​တော်​သည်​မိ​မိ​အ​စေ​ခံ​၏​သိမ်​ငယ်​သော အ​ဖြစ်​ကို သ​တိ​ရ​တော်​မူ​ပြီ။ \q2 ယ​ခု​မှ​စ​၍​နောင်​လာ​နောက်​သား​အ​ပေါင်း​တို့​သည် ငါ့​ကို​မင်္ဂ​လာ​ရှိ​သူ​ဟု​ခေါ်​ကြ​လိမ့်​မည်။\x + \xo 1:48 \xt ၁ရာ၊ ၁:၁၁။\x* \q1 \v 49 အ​ဘယ်​ကြောင့်​ဆို​သော်​တန်​ခိုး​ရှင်​သည် \q2 ငါ့​အ​တွက်​အံ့​သြ​ဖွယ်​သော​အ​မှု​များ​ကို ပြု​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ \m ကိုယ်​တော်​၏​နာ​မ​တော်​သည်​မြင့်​မြတ် သန့်​ရှင်း​တော်​မူ​၏။ \q1 \v 50 ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ​အ​ပေါင်း​တို့​အား သား​စဉ်​မြေး​ဆက်​က​ရု​ဏာ​ထား​တော်​မူ​၏။ \q1 \v 51 မ​ဟာ​လက်​ရုံး​တော်​ဖြင့်​မာ​န​ကြီး​သူ​များ​ကို ဖ​ရို​ဖ​ရဲ​ကွဲ​လွင့်​စေ​တော်​မူ​၏။ \q1 \v 52 ရှင်​ဘု​ရင်​များ​ကို​နန်း​ချ​၍​သိမ်​ငယ်​သူ​များ​ကို ချီး​မြှင့်​တော်​မူ​ပြီ။\x + \xo 1:52 \xt ယောဘ၊ ၅:၁၁၊ ၁၂:၁၉။\x* \q1 \v 53 ငတ်​မွတ်​သူ​အား​ချို​မြိန်​သော​အ​စား​အ​စာ​ကို ကျွေး​မွေး​၍၊ \q2 ချမ်း​သာ​ကြွယ်​ဝ​သူ​များ​ကို လက်​ချည်း​လွှတ်​တော်​မူ​ပြီ။ \q1 \v 54 ကိုယ်​တော်​သည်​ငါ​တို့​၏​ဘိုး​ဘေး​များ​အား ပေး​ခဲ့​သည့်​က​တိ​တော်​နှင့်​အ​ညီ၊ \q2 မိ​မိ​၏​အ​စေ​ခံ​ဣ​သ​ရေ​လ​ကို​မ​စ​တော်​မူ​ပြီ။ \q1 \v 55 အာ​ဗြ​ဟံ​နှင့်​အာ​ဗြ​ဟံ​၏​အ​မျိုး​အ​နွယ်​များ အ​ပေါ် ထား​တော်​မူ​သော​က​ရု​ဏာ​တော်​ကို၊ \q1 အ​စဉ်​အ​မြဲ​ပြု​ခြင်း​ငှာ​သ​တိ​ရ​တော်​မူ​ပြီ ဟု​ဆို​၏။\x + \xo 1:55 \xt က၊ ၁၇:၇။\x* \p \v 56 ထို​နောက်​မာ​ရိ​သည်​ဧ​လိ​ရှ​ဗက်​ထံ​တွင်​သုံး​လ ခန့်​နေ​ပြီး​နောက်​မိ​မိ​အိမ်​သို့​ပြန်​လေ​၏။ \s1 ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဖွား​မြင်​ခြင်း \p \v 57 ဧ​လိ​ရှ​ဗက်​သည်​နေ့​လ​စေ့​သော​အ​ခါ သား​ရ​တ​နာ​ကို​ဖွား​မြင်​၏။- \v 58 ဤ​သို့​သူ့​အား​ထာ​ဝ​ရ​ဘု​ရား​သည်​အံ့​သြ​ဖွယ် ကောင်း​အောင်​ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကြား​ကြ သော​အ​ခါ အိမ်​နီး​ချင်း​တို့​နှင့်​ဆွေ​မျိုး​သား​ချင်း တို့​သည်​သူ​နှင့်​အ​တူ​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​၏။ \p \v 59 ထို​နောက်​ရှစ်​ရက်​မြောက်​သော​နေ့​၌​သူ​တို့​သည် သူ​ငယ်​၏​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ပွဲ​သို့​လာ​ကြ ၏။ သူ့​အား​ဇာ​ခ​ရိ​ဟူ​၍​အ​ဖ​၏​နာ​မည်​ကို​ပင် မှည့်​လို​ကြ​၏။-\x + \xo 1:59 \xt ဝတ်၊ ၁၂:၃။\x* \v 60 သို့​ရာ​တွင်​သူ​ငယ်​၏​မိ​ခင်​က ``ထို​နာ​မည်​ကို မ​မှည့်​ပါ​နှင့်။ ယော​ဟန်​ဟု​မှည့်​ခေါ်​ကြ​ပါ'' ဟု ဆို​၏။ \p \v 61 လူ​တို့​က ``သင်​၏​မျိုး​ရိုး​တွင်​ယော​ဟန်​ဟု နာ​မည်​တွင်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ'' ဟု ဧ​လိ​ရှ​ဗက်​အား​ပြန်​ပြော​ကြ​၏။- \v 62 ထို​နောက်​ဖ​ခင်​၏​ဆန္ဒ​ကို​လက်​ရိပ်​ပြ​၍​စုံ​စမ်း​ကြ​၏။ \p \v 63 ဇာ​ခ​ရိ​သည်​သင်​ပုံး​တစ်​ချပ်​ကို​တောင်း​ယူ​ပြီး လျှင် ``သူ​ငယ်​၏​နာ​မည်​ကား​ယော​ဟန်​ဖြစ်​၏'' ဟု ရေး​၏။- \v 64 ထို​အ​ခါ​ထို​သူ​အ​ပေါင်း​တို့​သည်​အံ့​သြ​ကြ​၏။ ချက်​ချင်း​ပင်​ဇာ​ခ​ရိ​ပြန်​လည်​စ​ကား​ပြော​နိုင် သ​ဖြင့် ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း လေ​၏။- \v 65 အိမ်​နီး​ချင်း​အ​ပေါင်း​တို့​သည်​ကြောက်​ရွံ့​ကြ ကုန်​၏။ ဤ​အ​ဖြစ်​အ​ပျက်​သ​တင်း​သည်​ယု​ဒ ပြည်​တောင်​ကုန်း​ဒေ​သ​တစ်​လျှောက်​လုံး​သို့ ပျံ့​နှံ့​၍​သွား​၏။- \v 66 ကြား​ကြ​သူ​အ​ပေါင်း​တို့​သည် ``ဤ​သူ​ငယ် ကား​အ​ဘယ်​သို့​သော​သူ​ဖြစ်​လိမ့်​မည်​နည်း'' ဟု​ပြော​ဆို​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး တော်​သည်​ထို​သူ​ငယ်​အ​ပေါ်​သက်​ရောက်​လျက် နေ​တော်​မူ​၏။ \s1 ဇာ​ခ​ရိ​၏​ဟော​ချက် \p \v 67 ယော​ဟန်​၏​အ​ဖ​ဇာ​ခ​ရိ​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ​လျက်​ဟော​သည်​မှာ၊ \q1 \v 68 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ထာ​ဝ​ရ​အ​ရှင် \q2 ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​ထော​မ​နာ​ပြု​ကြ​ပါ စေ​သော။ \q1 ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့ ကြွ​လာ​၍​သူ​တို့​ကို​လွတ်​မြောက်​စေ​တော်​မူ​ပြီ။ \q1 \v 69 ကိုယ်​တော်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အ​မျိုး​အ​နွယ်​တွင် \q2 တန်​ခိုး​ကြီး​မား​သော၊ကယ်​တင်​ရှင်​ကို ပေါ်​ထွန်း​စေ​တော်​မူ​ပြီ။ \q1 \v 70 ရှေး​သန့်​ရှင်း​မြင့်​မြတ်​သူ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊ \q1 \v 71 ကိုယ်​တော်​သည်​ငါ​တို့​အား​ရန်​သူ​များ​၏ လက်​မှ​လည်း​ကောင်း၊ \q2 ငါ​တို့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​၏ လက်​မှ​လည်း​ကောင်း​ကယ်​ဆယ်​ရန်၊ \q1 \v 72 ငါ​တို့​၏​ဘိုး​ဘေး​များ​အ​ပေါ်​ဝယ်​က​ရု​ဏာ ထား​တော်​မူ​မည်​ဖြစ်​ကြောင်း​နှင့်၊ \q2 ပ​ဋိ​ညာဉ်​တော်​ကို​သ​တိ​ရ​မည်​ဖြစ်​ကြောင်း မိန့်​တော်​မူ​ခဲ့​ပြီ။ \q1 \v 73-75 ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင် တစ်​သက်​လုံး​သန့်​ရှင်း​ဖြောင့်​မတ်​ကြ​စေ​ရန်၊ \q2 ငါ​တို့​ကို​ရန်​သူ​များ​၏​လက်​မှ​ကယ်​၍ ကိုယ်​တော်​၏​အ​မှု​တော်​ကို၊ \q1 ကြောက်​ရွံ့​ခြင်း​ကင်း​လျက်​ဆောင်​ရွက်​စေ​မည်​ဟု ငါ​တို့​၏ အ​ဖ​အာ​ဗြ​ဟံ​အား​ကျိန်​ဆို​တော်​မူ​ခဲ့​ပြီ။ \b \q1 \v 76 အ​ချင်း​သူ​ငယ်၊သင်​သည်​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​၏ ပ​ရော​ဖက်​ဟု​အ​ခေါ်​ခံ​ရ​လိမ့်​မည်။ \q2 သင်​သည်​ဘု​ရား​ရှင်​အ​တွက်​လမ်း​ကို​အ​သင့် ပြင်​ဆင်​ရ​လိမ့်​မည့်​ရှေ့​တော်​ပြေး​ဖြစ်​ပြီး​လျှင်၊\x + \xo 1:76 \xt မာလ၊ ၃:၁။\x* \q1 \v 77 ကိုယ်​တော်​၏​လူ​စု​တော်​အား​အ​ပြစ်​ဖြေ​လွှတ်​၍ \q2 ကယ်​တင်​တော်​မူ​မည်​ဖြစ်​ကြောင်း​ပြော​ကြား​လိမ့်​မည်။ \q1 \v 78 ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​သ​နား​ခြင်း​က​ရု​ဏာ​နှင့် ကြွယ်​ဝ​တော်​မူ​၏။ \q2 ကိုယ်​တော်​သည်​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​ကို \q1 ကောင်း​ကင်​မှ​နေ​အ​ရုဏ်​သ​ဖွယ်​ငါ​တို့​အ​ပေါ်​သို့ သက်​ရောက်​စေ​၍၊ \q1 \v 79 သေ​မင်း​၏​အ​ရိပ်​တွင်​နေ​ထိုင်​သူ​များ​အ​ပေါ် ထွန်း​လင်း​စေ​လိမ့်​မည်။ \q2 ထို့​အ​ပြင်​ငါ​တို့​အား​ငြိမ်း​ချမ်း​ရေး​လမ်း​သို့ ပို့​ဆောင်​စေ​လိမ့်​မည်'' ဟူ​၍​တည်း။\x + \xo 1:79 \xt ဟေရှာ၊ ၉:၂။\x* \p \v 80 သူ​ငယ်​သည်​ကြီး​ပြင်း​လျက်​အ​သိ​ဉာဏ်​ရင့်​သန် လာ​၏။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ရှေ့​တွင် ထင်​ထင်​ပေါ်​ပေါ်​အ​မှု​တော်​ကို​စ​၍ မ​ဆောင်​မီ​တော​ကန္တာ​ရ​တွင်​နေ​၏။ \c 2 \s1 ဖွား​မြင်​တော်​မူ​ခန်း \r (မ၊ ၁:၁၈-၂၅) \p \v 1 ထို​ကာ​လ​၌​ရော​မ​နိုင်​ငံ​တစ်​ဝန်း​လုံး​ရှိ​လူ​ဦး ရေ​စာ​ရင်း​ကို​ယူ​ရန် ကဲ​သာ​သြ​ဂုတ္တု​ဘု​ရင်​သည် အ​မိန့်​ထုတ်​ပြန်​တော်​မူ​၏။- \v 2 ဤ​လူ​ဦး​ရေ​စာ​ရင်း​ယူ​ခြင်း​သည် ရှု​ရိ​ပြည် ဘု​ရင်​ခံ၊ ကု​ရေ​နိ​လက်​ထက်​တွင်​ပ​ထ​မ​ဆုံး အ​ကြိမ်​ဖြစ်​၏။- \v 3 လူ​အ​ပေါင်း​တို့​သည် မှတ်​ပုံ​တင်​ရန်​မိ​မိ​တို့ မြို့​ရွာ​သို့​သွား​ကြ​၏။ \p \v 4-5 ယော​သပ်​သည်​လည်း​မိ​မိ​ထိမ်း​မြား​ရန်​သစ္စာ က​တိ​ပြု​ထား​သူ​မာ​ရိ​နှင့်​အ​တူ ဂါ​လိ​လဲ​ပြည် နာ​ဇ​ရက်​မြို့​မှ​ယု​ဒ​ပြည်​ဗက်​လင်​မြို့​ဟု​နာ​မည် တွင်​သော​ဒါ​ဝိဒ်​မင်း​၏​မြို့​သို့​သွား​၏။ ထို​အ​ခါ မာ​ရိ​တွင်​ကိုယ်​ဝန်​အ​ရင့်​အ​မာ​ရှိ​၏။ ယော​သပ် သည်​ဒါ​ဝိဒ်​မင်း​၏​အ​ဆက်​အ​နွယ်​ဖြစ်​သော ကြောင့်​ဗက်​လင်​မြို့​သို့​သွား​ခြင်း​ဖြစ်​၏။- \v 6 ဗက်​လင်​မြို့​တွင်​ရှိ​နေ​ကြ​စဉ်​မာ​ရိ​မျက်​နှာ​မြင် ရန်​နေ့​လ​စေ့​သ​ဖြင့်​သား​ဦး​ကို​ဖွား​မြင်​လေ​၏။- \v 7 ဧည့်​ရိပ်​သာ​တွင်​သူ​တို့​တည်း​ခို​ရန်​နေ​ရာ​မ​ရှိ သော​ကြောင့် သူ​ငယ်​တော်​ကို​အ​နှီး​ဖြင့်​ပတ်​၍ နွား​စား​ခွက်​တွင်​သိပ်​ထား​ကြ​၏။ \s1 သိုး​ထိန်း​များ​နှင့်​ကောင်း​ကင်​တ​မန်​များ \p \v 8 ထို​အ​ရပ်​ဒေ​သ​တွင်​သိုး​ထိန်း​အ​ချို့​ရှိ​၏။ သူ တို့​သည်​ည​အ​ခါ​ကွင်း​ပြင်​များ​တွင်​သိုး​များ ကို​စောင့်​လျက်​နေ​ကြ​၏။- \v 9 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည်​သူ​တို့​၏​ရှေ့​မှာ​ပေါ်​လာ​၏။ သူ​တို့​ပတ်​လည် တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ထွန်း လင်း​တောက်​ပ​လျက်​နေ​သ​ဖြင့် သူ​တို့​သည် အ​လွန်​ကြောက်​လန့်​ကြ​၏။- \v 10 ကောင်း​ကင်​တမန်​က ``မ​ကြောက်​ကြ​နှင့်၊ ငါ​သည် လူ​အ​ပေါင်း​တို့​အ​လွန်​ဝမ်း​မြောက်​စ​ရာ​သ​တင်း ကောင်း​ကို​သင်​တို့​ထံ​သို့​ယူ​ဆောင်​လာ​၏။- \v 11 ဒါ​ဝိဒ်​မင်း​၏​မြို့​တွင်​သ​ခင်​ခ​ရစ်​တော်​တည်း ဟူ​သော​ကယ်​တင်​ရှင်​သည်​သင်​တို့​အ​ဖို့​ယ​နေ့ ဖွား​မြင်​တော်​မူ​ပြီ။- \v 12 နို့​စို့​သူ​ငယ်​တစ်​ဦး​ကို​အ​နှီး​ဖြင့်​ပတ်​လျက် နွား​စား​ခွက်​တွင်​သိပ်​ထား​သည်​ကို​သင်​တို့ တွေ့​မြင်​ကြ​လိမ့်​မည်။ ဤ​အ​ခြင်း​အ​ရာ​ကို တွေ့​မြင်​သော်​သူ​ငယ်​တော်​ဖြစ်​ကြောင်း​သိ​ရှိ နိုင်​ကြ​လိမ့်​မည်'' ဟု​ဆို​၏။ \p \v 13 ထို​ကောင်း​ကင်​တ​မန်​အ​နီး​တွင်​များ​စွာ​သော ကောင်း​ကင်​ဗိုလ်​ခြေ​တို့​သည်​ရုတ်​တ​ရက်​ပေါ် လာ​၍၊ ဘု​ရား​သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက် \q1 \v 14 ``ကောင်း​ကင်​ဘ​ဝဂ်​ဝယ်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ \q2 ကမ္ဘာ​ပေါ်​တွင်​ကိုယ်​တော်​နှစ်​သက်​တော်​မူ​သော \q1 လူ​အ​ပေါင်း​တို့​၌​ငြိမ်း​ချမ်း​သာ​ယာ​ခြင်း​ရှိ​စေ​သ​တည်း'' \m ဟု​မြွက်​ဆို​ကြ၏။ \p \v 15 ကောင်း​ကင်​တ​မန်​များ​ကောင်း​ကင်​ဘုံ​သို့​ပြန် သွား​ကြ​သော​အ​ခါ​သိုး​ထိန်း​တို့​က``ငါ​တို့ သည်​ဗက်​လင်​မြို့​သို့​သွား​ကြ​ကုန်​အံ့။ ငါ​တို့ အား​ထာ​ဝ​ရ​ဘု​ရား​ဖော်​ပြ​တော်​မူ​သော အ​ခြင်း​အ​ရာ​ကို​ကြည့်​ရှု​ကြ​ကုန်​အံ့'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ \p \v 16 သူ​တို့​သည်​အ​လျင်​အ​မြန်​သွား​၍​မာ​ရိ​နှင့် ယော​သပ်​ကို​လည်း​ကောင်း၊ နွား​စား​ခွက်​တွင်​သိပ် ထား​သော​သူ​ငယ်​တော်​ကို​လည်း​ကောင်း​တွေ့ ကြ​၏။- \v 17 သူ​ငယ်​တော်​ကို​တွေ့​သော​အ​ခါ​သူ​ငယ်​တော်​နှင့် စပ်​လျဉ်း​၍ မိ​မိ​တို့​ကြား​သိ​ခဲ့​သော​အ​ကြောင်း အ​ရာ​များ​ကို​ပြော​ကြား​ကြ​၏။- \v 18 သိုး​ထိန်း​များ​ပြော​ကြား​ချက်​ကို​ကြား​ရ​သူ အ​ပေါင်း​တို့​သည်​အံ့​သြ​ကြ​၏။- \v 19 သို့​သော်​မာ​ရိ​သည်​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ တို့​ကို​မှတ်​ကျုံး​ကာ​စဉ်း​စား​ဆင်​ခြင်​လျက်​နေ ၏။- \v 20 သိုး​ထိန်း​တို့​သည်​ကောင်း​ကင်​တ​မန်​ဖော်​ပြ​သည့် အ​တိုင်း​တွေ့​မြင်​ကြား​သိ​ရ​သ​ဖြင့် ဘု​ရား သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး လျက်​ပြန်​သွား​ကြ​၏။ \s1 သူ​ငယ်​တော်​ကို​နာ​မည်​မှည့်​ခြင်း \p \v 21 သူ​ငယ်​တော်​ရှစ်​ရက်​သား​ရှိ​၍​အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ခံ​ယူ​ရန်​အ​ချိန်​စေ့​သော​အ​ခါ သူ့​အား ယေ​ရှု​ဟု​နာ​မည်​မှည့်​ကြ​၏။ ဤ​နာ​မည်​ကား သူ​ငယ်​တော်​ပဋိ​သန္ဓေ​မ​နေ​မီ​က​ပင် ကောင်း​ကင် တ​မန်​က​မှည့်​ခေါ်​စေ​သည့်​နာ​မည်​ဖြစ်​၏။\x + \xo 2:21 \xt ဝတ်၊ ၁၂:၃။ လု၊ ၁:၃၁။\x* \s1 သူ​ငယ်​တော်​ကို​ဗိ​မာန်​တော်​မှာ ဆက်​ကပ်​ခြင်း \p \v 22 မော​ရှေ​၏​ပ​ညတ်​ပြ​ဋ္ဌာန်း​ချက်​အ​ရ​မိ​ဘ နှစ်​ပါး​တို့​သည်​သန့်​စင်​ခြင်း​မင်္ဂ​လာ​ကို​ပြု ရန်​အ​ချိန်​ရောက်​လာ​သ​ဖြင့် သူ​ငယ်​တော်​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ခေါ်​သွား​၍​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​ကပ်​ကြ​၏။-\x + \xo 2:22 \xt ဝတ်၊ ၁၂:၆-၈။\x* \v 23 သား​ဦး​မှန်​သ​မျှ​ကို​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ရ​မည်​ဟူ​၍​လည်း​ကောင်း၊-\x + \xo 2:23 \xt ထွ၊ ၁၃:၂၊ ၁၂။\x* \v 24 ချိုး​နှစ်​ကောင်​ကို​ဖြစ်​စေ၊ ခို​ငယ်​နှစ်​ကောင်​ကို ဖြစ်​စေ​ပူ​ဇော်​ရ​မည်​ဟူ​၍​လည်​ကောင်း ထာ​ဝ​ရ ဘု​ရား​၏​ပညတ်​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သည်​နှင့် အ​ညီ​ဆက်​ကပ်​ပူ​ဇော်​ကြ​၏။ \p \v 25 ထို​အ​ခါ​၌​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှု​မောင်​နာ​မည် ရှိ​သော​လူ​တစ်​ယောက်​ရှိ​၏။ သူ​သည်​ဘု​ရား​တ​ရား ကြည်​ညို​သော​သူ​တော်​ကောင်း​တစ်​ဦး​ဖြစ်​၏။ ဣ​သ ရေ​လ​လူ​မျိုး​တို့​ကယ်​တင်​ခြင်း​ကို​ရ​ရှိ​ရန်​စောင့် မျှော်​နေ​သူ​တည်း။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သူ​နှင့်​အ​တူ​ရှိ​၏။- \v 26 ``သင်​သည်​ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သော မေ​ရှိ​ယ​ကို​မ​ဖူး​မ​မြင်​ရ​မီ​မ​သေ​ရ'' ဟု​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​အား​ဖြင့်​ဗျာ​ဒိတ်​ကို​ခံ​ယူ​ရ​ရှိ သူ​လည်း​ဖြစ်​၏။- \v 27 သူ​သည်​ဝိညာဉ်​တော်​နှိုး​ဆော်​ခြင်း​ခံ​ရ​သ​ဖြင့် ဗိ​မာန်​တော်​ထဲ​သို့​ဝင်​လေ​သည်။ ပ​ညတ်​တ​ရား အ​ရ​ဆောင်​ရွက်​စ​ရာ​ဝတ်​ကို​ဆောင်​ရွက်​ရန် မိ​ဘ နှစ်​ပါး​တို့​သည်​သူ​ငယ်​တော်​အား​ဗိ​မာန်​တော် သို့​ခေါ်​ခဲ့​ကြ​သော​အ​ခါ၊- \v 28 ရှု​မောင်​သည်​သူ​ငယ်​တော်​ကို​ပွေ့​ချီ​၍​ဘု​ရား သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​ကူး​လျက်၊ \q1 \v 29 ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​၏​က​တိ​တော် ပြည့်​စုံ​ပြီး​ဖြစ်​၍၊ \q2 ကိုယ်​တော်​ရှင့်​ကျွန်​သည်​ငြိမ်​သက်​စွာ စု​တေ​ခွင့်​ကို​ပေး​တော်​မူ​ပါ။ \q1 \v 30-32 လူ​မျိုး​ခြား​တို့​အား​ကိုယ်​တော်​ရှင်​၏​အ​လို​တော်​ကို ဖော်​ပြ​သော​အ​လင်း​ဖြစ်​စေ​ရန်​နှင့်၊ \q2 ကိုယ်​တော်​၏​လူ​စု​တော်​ဖြစ်​သော​ဣ​သ​ရေ​လ​သည် \q1 ဂုဏ်​အ​သ​ရေ​ထွန်း​လင်း​လာ​စေ​ရန်၊ လူ​မျိုး​အ​ပေါင်း​တို့ ရှေ့​မှောက်​တွင် \q2 ကိုယ်​တော်​ရှင်​အ​သင့်​ပြင်​ဆင်​ထား​တော်​မူ​သော \q1 ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို၊အ​ကျွန်ုပ်​သည်​ဒိ​ဋ္ဌ​တွေ့ မြင် ရ​ပါ​ပြီ'' ဟု​မြွက်​ဆို​၏။\x + \xo 2:30-32 \xt ဟေရှာ၊ ၄၂:၆၊ ၄၉:၆၊ ၅၂:၁၀။\x* \p \v 33 မိ​ဘ​တို့​သည်​သူ​ငယ်​တော်​နှင့်​ပတ်​သက်​၍ ရှု​မောင်​ပြော​ဆို​သော​စ​ကား​များ​ကို​ကြား သော​အ​ခါ​အံ့​သြ​ကြ​၏။- \v 34 ရှု​မောင်​သည်​သူ​တို့​ကို​ကောင်း​ချီး​ပေး​၍ ``ဣသ​ရေ​လ အ​မျိုး​သား​တို့​တွင် ပျက်​စီး​ဆုံး​ရှုံး​ရ​သူ​များ​နှင့် ကယ်​တင်​ခြင်း​ကို​ခံ​ရ​သူ​များ​ပေါ်​ပေါက်​လာ​စေ​ရန် ဤ​သူ​ငယ်​ကို​ဘု​ရား​သ​ခင်​ရွေး​ချယ်​ခန့်​ထား​တော် မူ​ပြီ။ သူ​သည်​ဘု​ရား​သ​ခင်​၏​နိ​မိတ်​လက္ခ​ဏာ ဖြစ်​၍​သူ့​အား​လူ​အ​များ​ပင်​ဆန့်​ကျင်​ပြော​ဆို ကြ​ခြင်း​ဖြင့်၊- \v 35 မိ​မိ​တို့​၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို ပေါ်​လွင်​စေ​ကြ​လိမ့်​မည်။ သင်​၏​အ​သည်း​နှ​လုံး သည်​သန်​လျက်​ဖြင့်​အ​ခွင်း​ခံ​ရ​သ​ကဲ့​သို့​ဖြစ် လိမ့်​မည်'' ဟု​မယ်​တော်​မာ​ရိ​အား​မြွက်​ဆို​၏။ \p \v 36 အာ​ရှာ​အ​နွယ်​ဝင်၊ ဖ​နွေ​လ​၏​သ​မီး၊ အန္န​နာ​မည် ရှိ​သော​အ​မျိုး​သ​မီး​ပ​ရော​ဖက်​တစ်​ပါး​ရှိ​၏။ သူ​သည်​များ​စွာ​အ​သက်​အ​ရွယ်​ကြီး​ရင့်​သူ ဖြစ်​၏။ ငယ်​ရွယ်​စဉ်​တွင်​အိမ်​ထောင်​ကျ​၍​ခု​နစ် နှစ်​မျှ​ခင်​ပွန်း​ဖြစ်​သူ​နှင့်​ပေါင်း​သင်း​ရ​၏။- \v 37 ထို​နောက်​အ​သက်​ရှစ်​ဆယ့်​လေး​နှစ်​တိုင်​အောင်​မု​ဆိုး မ​ဘ​ဝ​နှင့်​နေ​၏။ သူ​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၍ အ​စာ​ရှောင်​လျက် နေ့​ည​မ​လပ်​ဘု​ရား​ဝတ်​၌ မွေ့​လျော်​ကာ​ဗိ​မာန်​တော်​ထဲ​မှ​မ​ထွက်​မ​ခွာ ဘဲ​နေ​၏။- \v 38 သူ​ငယ်​တော်​ကို​ဆက်​ကပ်​သည့်​အ​ချိန်​၌​ထို အ​မျိုး​သ​မီး​သည်​ရောက်​လာ​ပြီး​လျှင် ဘု​ရား သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​ကူး​၏။ ထို နောက်​ယေ​ရု​ရှ​လင်​မြို့​ကို​ကယ်​တင်​တော်​မူ လိမ့်​မည်​ဟု စောင့်​မျှော်​နေ​ကြ​ကုန်​သော​လူ အ​ပေါင်း​တို့​အား​သူ​ငယ်​တော်​၏​အ​ကြောင်း ကို​ပြော​ဆို​၏။ \s1 နာ​ဇ​ရက်​မြို့​သို့​ပြန်​ကြ​ခြင်း \p \v 39 မိ​ဘ​နှစ်​ပါး​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် တော်​ပြ​ဋ္ဌာန်း​ချက်​ရှိ​သ​မျှ​ကို​ဆောင်​ရွက်​ကြ ပြီး​နောက် ဂါ​လိ​လဲ​ပြည်၊ နာ​ဇ​ရက်​မြို့​ဟု ခေါ်​သော​မိ​မိ​တို့​၏​ဌာ​နေ​သို့​ပြန်​ကြ​၏။-\x + \xo 2:39 \xt မ၊ ၂:၂၃။\x* \v 40 သူ​ငယ်​တော်​သည်​ကြီး​ပြင်း​သန်​စွမ်း​လာ​၏။ ဉာဏ်​ပညာ​တိုး​တက်​လာ​၏။ ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တော်​ကို​ခံ​စား​လျက်​နေ​၏။ \s1 ဗိ​မာန်​တော်​တွင်​သူ​ငယ်​တော်​ယေ​ရှု တ​ရား​ဆွေး​နွေး​ခြင်း \p \v 41 သူ​ငယ်​တော်​၏​မိ​ဘ​တို့​သည်​နှစ်​စဉ်​ပ​သ​ခါ ပွဲ​တော်​ခံ​ချိန်​၌ ယေ​ရု​ရှ​လင်​မြို့​သို့​သွား​လေ့ ရှိ​ကြ​၏။-\x + \xo 2:41 \xt ထွ၊ ၁၂:၁-၂၇။ တရား၊ ၁၆:၁-၈။\x* \v 42 သူ​ငယ်​တော်​သည်​အ​သက်​တစ်​ဆယ့်​နှစ်​နှစ် ရှိ​သော​အ​ခါ​၌​လည်း ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ကြ​၏။- \v 43 ပွဲ​တော်​ပြီး​ဆုံး​ချိန်​၌​အိမ်​သို့​ပြန်​ကြ​၏။ ထို အ​ခါ​သူ​ငယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​မှာ နေ​ရစ်​၏။ ထို​သို့​နေ​ရစ်​သည်​ကို​မိ​ဘ​များ မ​သိ​ကြ။- \v 44 ခ​ရီး​သည်​လူ​စု​ထဲ​တွင်​ပါ​လာ​လိမ့်​မည်​ဟု ထင်​မှတ်​ကြ​၏။ တစ်​နေ့​ခ​ရီး​ပြု​ကြ​ပြီး​မှ ဆွေ​မျိုး​အ​သိ​အ​ကျွမ်း​များ​ထဲ​တွင်​သူ​ငယ် တော်​ကို​ရှာ​ကြ​၏။- \v 45 မ​တွေ့​သ​ဖြင့်​ယော​သပ်​နှင့်​မာ​ရိ​သည်​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​၍​ရှာ​ကြ​၏။ တ​တိ​ယ​နေ့​တွင်​သူ​ငယ် တော်​ကို​ဗိ​မာန်​တော်​အ​တွင်း​မှာ​တွေ့​ကြ​၏။- \v 46 သူ​သည်​ယု​ဒ​ဆ​ရာ​တော်​များ​နှင့်​အ​တူ​ထိုင် ကာ​သူ​တို့​၏​တ​ရား​စ​ကား​များ​ကို​ကြား​နာ လျက်၊ သူ​တို့​နှင့်​ဆွေး​နွေး​မေး​မြန်း​လျက်​နေ​၏။- \v 47 သူ​ငယ်​တော်​၏​စ​ကား​ကို​ကြား​ကြ​သော​သူ အ​ပေါင်း​တို့​သည်​သူ​၏​အ​သိ​ပ​ညာ​နှင့်​ဖြေ ကြား​ချက်​များ​ကို​အံ့​သြ​ကြ​၏။- \v 48 ယော​သပ်​နှင့်​မာ​ရိ​တို့​သည်​တွေ့​လျှင်​အံ့​အား​သင့် ကြ​၏။ ထို​နောက်​မယ်​တော်​က ``ငါ့​သား၊ သင်​သည် အ​ဘယ်​ကြောင့်​ငါ​တို့​ကို​ဤ​သို့​ပြု​ပါ​သ​နည်း။ သင့်​ဖ​ခင်​နှင့်​ငါ​သည်​စိုး​ရိမ်​ကြီး​စွာ​ဖြင့်​ရှာ​ခဲ့ ရ​၏'' ဟု​ပြော​၏။ \p \v 49 သူ​ငယ်​တော်​က ``အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​ကို​ရှာ ကြ​ပါ​သ​နည်း။ အ​ကျွန်ုပ်​သည်​ခ​မည်း​တော်​၏​အိမ် တွင်​ရှိ​နေ​ရ​မည်​ကို​မ​သိ​ကြ​ပါ​သ​လော'' ဟု ပြန်​ပြော​၏။- \v 50 သူ​တို့​သည်​ထို​စ​ကား​ကို​နား​မ​လည်​ကြ။ \p \v 51 ထို​နောက်​သူ​ငယ်​တော်​သည်​မိ​ဘ​တို့​နှင့်​အ​တူ လိုက်​၍ နာ​ဇ​ရက်​မြို့​သို့​ရောက်​သော်​မိ​ဘ​တို့​၏ စ​ကား​ကို​နာ​ခံ​လျက်​နေ​၏။ မယ်​တော်​သည်​ဤ အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ​တို့​ကို​စိတ်​နှ​လုံး​ထဲ မှာ​မှတ်​ကျုံး​ထား​၏။- \v 52 သူ​ငယ်​တော်​ယေ​ရှု​သည်​ကာ​ယ​ညာ​ဏ​ကြီး ပွား​တိုး​တက်​လျက်​ဘု​ရား​သ​ခင့်​ရှေ့၊ လူ​တို့ ရှေ့​တွင်​မျက်​နှာ​ပွင့်​လန်း​တော်​မူ​၏။\x + \xo 2:52 \xt ၁ရာ၊ ၂:၂၆။ သု၊ ၃:၄။\x* \c 3 \s1 ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏ ဟော​ပြော​ချက် \r (မ၊ ၃:၁-၁၂။ မာ၊ ၁:၁-၈။ ယော၊ ၁:၁၉-၂၈) \p \v 1 ဧ​က​ရာဇ်​မင်း​တိ​ဗေ​ရိ​နန်း​စံ​တစ်​ဆယ့်​ငါး​နှစ် မြောက်​သော​အ​ခါ ယု​ဒ​ပြည်​တွင်​ပုန္တိ​ပိ​လတ်​သည် ဘု​ရင်​ခံ​ဖြစ်​၏။ ဂါ​လိ​လဲ​ပြည်​တွင်​ဟေ​ရုဒ်၊ ဣ​တု​ရဲ ပြည်​နှင့်​တ​ရာ​ခေါ​နိတ်​ပြည်​တွင်​ဟေ​ရုဒ်​၏​ညီ ဖိ​လိပ္ပု၊ အ​ဘိ​လင်​ပြည်​တွင်​လု​သာ​နိ​တို့​သည် အ​သီး​သီး​ဘု​ရင်​ခံ​ဖြစ်​ကြ​၏။- \v 2 အန္န​နှင့်​က​ယာ​ဖ​တို့​သည်​ကား​ယဇ်​ပု​ရော​ဟိတ် မင်း​များ​ဖြစ်​ကြ​၏။ ထို​အ​ခါ​တော​ကန္တာ​ရ​၌​ရှိ သော​ဇာ​ခ​ရိ​၏​သား​ယော​ဟန်​သည် ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​၏။- \v 3 သို့​ဖြစ်​၍​ယော​ဟန်​သည်​ယော်​ဒန်​မြစ်​ဝှမ်း​တ​လျှောက် သို့​သွား​ရောက်​၍ ``နောင်​တ​ရ​၍​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ကြ လော့။ သို့​မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်'' ဟု​လူ​တို့​အား ဟော​ပြော​၏။- \v 4 ပ​ရော​ဖက်​ဟေ​ရှာ​ယ​ကျမ်း​တွင်​ပါ​ရှိ​သည်​နှင့် အ​ညီ၊ တော​ကန္တာ​ရ​တွင်​လူ​တစ်​ယောက်​သည် ကြွေး ကြော်​လျက်​နေ​သည်​မှာ၊ \q1 `ကိုယ်​တော်​ရှင်​ကြွ​တော်​မူ​ရာ​လမ်း​ကို အ​သင့်​ပြင်​ဆင်​ကြ​လော့။ \q2 ကိုယ်​တော်​၏​လမ်း​ကို​ဖြောင့်​တန်း​အောင်​ပြု​ကြ​လော့။\x + \xo 3:4 \xt ဟေရှာ၊ ၄၀:၃-၅။\x* \q1 \v 5 ချိုင့်​ဝှမ်း​ရှိ​သ​မျှ​ကို​ဖို့​၍​တောင်​ကြီး​တောင်​ငယ် အ​ပေါင်း​ကို ဖြို​ရ​ကြ​မည်။ \q2 လမ်း​ကောက်​များ​ကို​ဖြောင့်​စေ​၍​လမ်း​ကြမ်း​များ​ကို ချော​မော​ပြေ​ပြစ်​စေ​ရ​မည်။ \q1 \v 6 လူ​အ​ပေါင်း​တို့​သည်​ဘု​ရား​သ​ခင်​၏​ကယ်​တင်​ခြင်း ကျေး​ဇူး​ကို​တွေ့​မြင်​ရ​ကြ​လတ္တံ့' ဟု \q2 တော​ကန္တာ​ရ​တွင်​လူ​တစ်​ယောက်​သည် ကြွေး​ကြော်​လျက်​နေ​၏။ \p \v 7 ယော​ဟန်​က​မိ​မိ​၏​ထံ​မှ​ဗတ္တိ​ဇံ​ခံ​ယူ​ရန်​လာ​ကြ ကုန်​သော​လူ​အ​ပေါင်း​တို့​အား ``အ​ချင်း​မြွေ​ဆိုး အ​မျိုး​တို့၊ သက်​ရောက်​လတ္တံ့​သော​အ​မျက်​တော်​၏ ဘေး​မှ​ရှောင်​ပြေး​ရန်​သင်​တို့​အား​အ​ဘယ်​သူ သတိ​ပေး​ဘိ​သ​နည်း။-\x + \xo 3:7 \xt မ၊ ၁၂:၃၄၊ ၂၃:၃၃။\x* \v 8 နောင်​တ​နှင့်​လျော်​ကန်​သည့်​အ​ကျင့်​ကို​ကျင့်​ကြ လော့။ အာ​ဗြ​ဟံ​သည်​ငါ​တို့​၏​အ​ဖ​ဖြစ်​သည်​ဟု မ​ပြော​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည်​ဤ​ကျောက်​ခဲ များ​ကို​အာ​ဗြ​ဟံ​၏​သား​သ​မီး​များ​ဖြစ်​စေ ရန်​ဖန်​ဆင်း​တော်​မူ​နိုင်​သည်​ဟု​သင်​တို့​အား ငါ​ဆို​၏။-\x + \xo 3:8 \xt ယော၊ ၈:၃၃။\x* \v 9 သစ်​ပင်​ရင်း​တွင်​ပု​ဆိန်​ကို​ချ​ထား​လျက်​ရှိ​သ​ဖြင့် အ​သီး​ကောင်း​ကို​မ​သီး​သော​အ​ပင်​ဟူ​သ​မျှ​သည် ခုတ်​လှဲ​၍ မီး​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​လတ္တံ့'' ဟု​လူ အ​ပေါင်း​တို့​အား​ဆို​၏။\x + \xo 3:9 \xt မ၊ ၇:၁၉။\x* \p \v 10 လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​က ``ထို​သို့​ဖြစ်​ပါ​မူ အ​ကျွန်ုပ်​တို့​သည်​အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု မေး​လျှောက်​၏။ \p \v 11 ထို​အ​ခါ​ယော​ဟန်​က ``အင်္ကျီ​နှစ်​ထည်​ရှိ​သူ​သည် အင်္ကျီ​မ​ရှိ​သူ​အား​တစ်​ထည်​ဝေ​မျှ​စေ။ စား​သောက် စ​ရာ​ရှိ​သူ​သည်​လည်း​ထို​နည်း​တူ​ဝေ​မျှ​စေ'' ဟု ပြန်​ပြော​၏။ \p \v 12 အ​ခွန်​ခံ​သူ​တို့​သည်​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ရန်​ရောက်​လာ ကြ​၏။ သူ​တို့​က ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​သည်​အ​ဘယ် သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။\x + \xo 3:12 \xt လု၊ ၇:၂၉။\x* \p \v 13 ယော​ဟန်​က ``သင်​တို့​သည်​တ​ရား​ဥ​ပ​ဒေ​ရှိ သည်​ထက်​ပို​၍ အ​ခွန်​အ​ကောက်​မ​ခွဲ​မ​ခံ​ကြ နှင့်'' ဟု​ပြန်​ပြော​၏။ \p \v 14 စစ်​သား​များ​က​လည်း ``အ​ကျွန်ုပ်​တို့​သည်​အ​ဘယ် သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ \p ယော​ဟန်​က ``သင်​တို့​သည်​အ​ဘယ်​သူ​ကို​မျှ မ​တ​ရား​မ​စွပ်​မ​စွဲ​ကြ​နှင့်။ အ​ဘယ်​သူ့​ထံ​မှ ငွေ​ကို​အ​ဋ္ဌမ္မ​မ​တောင်း​ကြ​နှင့်။ သင်​တို့​ရ​သော လ​စာ​ဖြင့်​ရောင့်​ရဲ​ကြ​လော့'' ဟု​ပြန်​ပြော​၏။ \p \v 15 လူ​တို့​သည်​မေ​ရှိ​ယ​ကြွ​လာ​တော့​မည်​ဟု​ယုံ ကြည်​လျက်​စောင့်​မျှော်​နေ​ချိန်​ဖြစ်​ရာ ``ယော​ဟန် သည်​မေ​ရှိ​ယ​ပင်​ဖြစ်​လေ​သ​လော'' ဟု​တွေး​တော နေ​ကြ​၏။- \v 16 သို့​ဖြစ်​၍​ယော​ဟန်​က ``ငါ​သည်​သင်​တို့​အား​ရေ ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​၏။ သို့​ရာ​တွင်​ငါ့​ထက် ကြီး​မြတ်​သူ​သည်​ငါ့​နောက်​မှ​ပေါ်​ထွန်း​လိမ့်​မည်။ ငါ​သည်​ထို​အ​ရှင်​၏​ဖိ​နပ်​ကြိုး​ကို​မျှ​မ​ဖြေ​ထိုက်။ ထို​အ​ရှင်​သည်​သင်​တို့​အား​သန့်​ရှင်း​သော​ဝိညာဉ် တော်​ဖြင့်​လည်း​ကောင်း၊ မီး​ဖြင့်​လည်း​ကောင်း​ဗတ္တိဇံ မင်္ဂ​လာ​ကို​ပေး​တော်​မူ​လတ္တံ့။- \v 17 မိ​မိ​၏​ကောက်​နယ်​တ​လင်း​ကို​ရှင်း​လင်း​ပစ်​ရန် လက်​တော်​တွင်​ဆန်​ကော​ကို​ကိုင်​ထား​တော်​မူ​သည် ဖြစ်​၍ ဂျုံ​စ​ပါး​များ​ကို​ကျီ​တွင်​စု​သိမ်း​၍​အ​ဖျင်း များ​ကို​မူ ငြိမ်း​သတ်​၍​မ​ရ​နိုင်​သော​မီး​တွင်​ကျွမ်း လောင်​စေ​တော်​မူ​လတ္တံ့'' ဟု​သူ​တို့​အား​ဆို​၏။ \p \v 18 ယော​ဟန်​သည်​အ​ခြား​နှိုး​ဆော်​ချက်​များ​ဖြင့် လူ​တို့​အား​သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ ညာ​၏။- \v 19 သို့​ရာ​တွင်​ဟေ​ရုဒ်​ဘု​ရင်​သည်​မိ​မိ​ညီ​ဖြစ်​သူ​၏ ဇ​နီး​ဟေ​ရော​ဒိ​ကို​သိမ်း​ပိုက်​ခြင်း​နှင့်​ပတ်​သက်​၍ လည်း​ကောင်း၊ မိ​မိ​ကူး​လွန်​ခဲ့​သော​အ​ပြစ်​အ​ပေါင်း နှင့်​ပတ်​သက်​၍​လည်း​ကောင်း​ယော​ဟန်​က​သူ့​အား ဆုံး​မ​ခဲ့​၏။-\x + \xo 3:19 \xt မ၊ ၁၄:၃-၄။ မာ၊ ၆:၁၇-၁၈။\x* \v 20 ထို​နောက်​ယော​ဟန်​ကို​ထောင်​ထဲ​တွင်​ချုပ်​နှောင်​ထား စေ​ခြင်း​ဖြင့် ဟေ​ရုဒ်​သည်​ကူး​လွန်​ပြီး​ခဲ့​သည့် အ​ပြစ်​အ​ပေါင်း​တို့​ထက်​ဆိုး​ရွား​သော​အ​ပြစ် ကို​ကူး​လွန်​လေ​သည်။ \s1 သ​ခင်​ယေ​ရှု​ဗတ္တိ​ဇံ​ခံ​ယူ​တော်​မူ​ခြင်း \r (မ၊ ၃:၁၃-၁၇။ မာ၊ ၁:၉-၁၁) \p \v 21 လူ​အ​ပေါင်း​တို့​သည်​ဗတ္တိဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ကြ​ပြီး သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​လည်း​ဗတ္တိဇံ​မင်္ဂ​လာ ကို​ခံ​ယူ​တော်​မူ​၏။ ကိုယ်​တော်​သည်​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​တော်​မူ​စဉ်​ကောင်း​ကင် ပွင့်​ဟ​၍၊- \v 22 သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည်​ချိုး​ငှက်​အ​သွင် ဖြင့် ကိုယ်​ခန္ဓာ​ပုံ​သဏ္ဌာန်​ထင်​ရှား​စွာ​ဖြင့်​ကိုယ်​တော် ၏​အ​ပေါ်​သို့​ဆင်း​သက်​တော်​မူ​၏။ မိုး​ကောင်း​ကင် မှ ``သင်​ကား​ငါ​နှစ်​သက်​မြတ်​နိုး​ရာ​ငါ​၏​ချစ် သား​ပေ​တည်း'' ဟု​အ​သံ​တော်​ထွက်​ပေါ်​လာ​၏။\x + \xo 3:22 \xt က၊ ၂၂:၂။ ဆာ၊ ၂:၇။ ဟေရှာ၊ ၄၂:၁။ မ၊ ၃:၁၇။ မာ၊ ၁:၁၁။ လု၊ ၉:၃၅။\x* \s1 ဆွေ​တော်​စဉ်​မျိုး​တော်​ဆက် \r (မ၊ ၁:၁-၁၇) \p \v 23 အ​မှု​တော်​စ​တင်​ဆောင်​ရွက်​ချိန်​၌​သ​ခင်​ယေ​ရှု သည်​အ​သက်​သုံး​ဆယ်​ခန့်​ရှိ​တော်​မူ​၏။ လူ​တို့​ထင် မြင်​ယူ​ဆ​ချက်​အ​ရ​ကိုယ်​တော်​သည်​ယော​သပ်​၏ သား​ဖြစ်​၏။ ယော​သပ်​သည်​ဧ​လိ​၏​သား​တည်း။- \v 24 ဧ​လိ​ကား​မ​ဿတ်​၏​သား၊ မ​ဿတ်​ကား​လေ​ဝိ​၏ သား၊ လေ​ဝိ​ကား​မေ​လ​ခိ​၏​သား၊ မေ​လ​ခိ​ကား ယန္န​၏​သား၊ ယန္န​ကား​ယော​သပ်​၏​သား​ဖြစ်​၏။- \v 25 ယော​သပ်​သည်​မတ္တ​သိ​၏​သား၊ မတ္တ​သိ​သည်​အာ​မုတ် ၏​သား၊ အာ​မုတ်​သည်​နာ​ဟုံ​၏​သား၊ နာ​ဟုံ​သည် ဧ​သ​လိ​၏​သား၊ ဧ​သ​လိ​သည်​န္ဂဲ​၏​သား၊ န္ဂဲ သည်​မာ​အတ်​၏​သား​ဖြစ်​၏။- \v 26 မာ​အတ်​ကား​မတ္တ​သိ​၏​သား၊ မတ္တ​သိ​ကား​ရှေ​မိ​၏ သား၊ ရှေ​မိ​ကား​ယော​သပ်​၏​သား၊ ယော​သပ်​ကား ယု​ဒ​၏​သား၊ ယု​ဒ​ကား​ယော​ဟန္န​၏​သား​ဖြစ်​၏။- \v 27 ယော​ဟန္န​သည်​ရေ​သ​၏​သား၊ ရေ​သ​သည်​ဇေ​ရု​ဗ ဗေ​လ​၏​သား၊ ဇေ​ရု​ဗ​ဗေ​လ​သည်​ရှာ​လ​သေ​လ ၏​သား၊ ရှာ​လ​သေ​လ​သည်​နေ​ရိ​၏​သား၊ နေ​ရိ​သည် မေ​လ​ခိ​၏​သား၊ မေ​လ​ခိ​သည်​အဒ္ဒိ​၏​သား​ဖြစ်​၏။- \v 28 အဒ္ဒိ​ကား​ကော​သံ​၏​သား၊ ကော​သံ​ကား​ဧ​လ မော​ဒံ​၏​သား၊ ဧ​လ​မော​ဒံ​ကား​ဧ​ရ​၏​သား ဖြစ်​၏။- \v 29 ဧ​ရ​သည်​ယော​ရှု​၏​သား၊ ယော​ရှု​သည်​ဧ​လျေ​ဇာ ၏​သား၊ ဧ​လျေ​ဇာ​သည်​ယော​ရိမ်​၏​သား၊ ယော​ရိမ် သည်​မဿတ်​၏​သား၊ မ​ဿတ်​သည်​လေ​ဝိ​၏​သား ဖြစ်​၏။- \v 30 လေ​ဝိ​ကား​ရှိ​မောင်​၏​သား၊ ရှိ​မောင်​ကား​ယု​ဒ​၏​သား၊ ယု​ဒ​ကား​ယော​သပ်​၏​သား၊ ယော​သပ်​ကား​ယော​နန် ၏​သား၊ ယော​နန်​ကား​ဧ​လျာ​ကိမ်​၏​သား​ဖြစ်​၏။- \v 31 ဧ​လျာ​ကိမ်​သည်​မေ​လေ​၏​သား၊ မေ​လေ​သည်​မဲ​နန်​၏ သား၊ မဲ​နန်​သည်​မတ္တ​သ​၏​သား၊ မတ္တ​သ​သည်​နာ​သန်​၏ သား၊ နာ​သန်​သည်​ဒါ​ဝိဒ်​၏​သား​ဖြစ်​၏။- \v 32 ဒါ​ဝိဒ်​ကား​ယေ​ရှဲ​၏​သား၊ ယေ​ရှဲ​ကား​သြ​ဗက်​၏​သား၊ သြ​ဗက်​ကား​ဗော​ဇ​၏​သား၊ ဗောဇ​ကား​စာ​လ​မုန်​၏ သား၊ စာ​လ​မုန်​ကား​နာ​ရှုန်​၏​သား​ဖြစ်​၏။- \v 33 နာ​ရှုန်​သည်​အ​မိ​န​ဒပ်​၏​သား၊ အ​မိ​န​ဒပ်​သည် အဒ်​မိန်​၏​သား၊ အဒ်​မိန်​သည်​အာ​ရံ​နိ​၏​သား၊ အာ​ရံ​နိ​သည်​ဟေ​ဇ​ရုံ​၏​သား၊ ဟေ​ဇ​ရုံ​သည် ဖာ​ရက်​၏​သား၊ ဖာ​ရက်​သည်​ယု​ဒ​၏​သား​ဖြစ်​၏။- \v 34 ယု​ဒ​ကား​ယာ​ကုပ်​၏​သား၊ ယာ​ကုပ်​ကား​ဣဇာက်​၏ သား၊ ဣ​ဇာက်​ကား​အာ​ဗြ​ဟံ​၏​သား၊ အာ​ဗြ​ဟံ ကား​တေ​ရ​၏​သား၊ တေ​ရ​ကား​နာ​ခေါ်​၏​သား ဖြစ်​၏။- \v 35 နာ​ခေါ်​သည်​စေ​ရောက်​၏​သား၊ စေ​ရောက်​သည် ရာ​ဂေါ​၏​သား၊ ရာ​ဂေါ​သည်​ဖာ​လက်​၏​သား၊ ဖာလက်​သည်​ဟေ​ဗာ​၏​သား၊ ဟေ​ဗာ​သည် ရှာ​လ​၏​သား​ဖြစ်​၏။- \v 36 ရှာ​လ​ကား​ကာ​ဣ​နန်​၏​သား၊ ကာ​ဣ​နန်​ကား အာ​ဖာ​ဇဒ်​၏​သား၊ အာ​ဖာ​ဇဒ်​ကား​ရှေ​မ​၏ သား၊ ရှေ​မ​ကား​နော​ဧ​၏​သား၊ နော​ဧ​ကား လာ​မက်​၏​သား​ဖြစ်​၏။- \v 37 လာ​မက်​သည်​မ​သု​ရှ​လ​၏​သား၊ မ​သု​ရှ​လ​သည် ဧ​နောက်​၏​သား၊ ဧ​နောက်​သည်​ယာ​ရက်​၏​သား၊ ယာ​ရက်​သည်​မ​ဟာ​လေ​လ​၏​သား၊ မ​ဟာ လေ​လ​သည်​ကာ​ဣ​နန်​၏​သား​ဖြစ်​၏။- \v 38 ကာ​ဣ​နန်​ကား​ဧ​နုတ်​၏​သား၊ ဧ​နုတ်​ကား​ရှေ​သ​၏ သား၊ ရှေ​သ​သည်​ကား​အာ​ဒံ​၏​သား၊ အာ​ဒံ​ကား ဘု​ရား​သ​ခင်​၏​သား​ဖြစ်​သ​တည်း။ \c 4 \s1 စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို​ခံ​တော်​မူ​ခြင်း \r (မ၊ ၄:၁-၁၁။ မာ၊ ၁:၁၂-၁၃) \p \v 1 သ​ခင်​ယေ​ရှု​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့် ပြည့်​ဝ​လျက်​ယော်​ဒန်​မြစ်​မှ​ပြန်​လာ​တော်​မူ​စဉ် ဝိ​ညာဉ်​တော်​သည်​ကိုယ်​တော်​ကို​တော​ကန္တာ​ရ​သို့ ခေါ်​ဆောင်​သွား​တော်​မူ​၏။ ထို​အ​ရပ်​တွင်​အ​ရက် လေး​ဆယ်​ပတ်​လုံး​မာရ်​နတ်​၏​စုံ​စမ်း​သွေး​ဆောင် ခြင်း​ကို​ခံ​တော်​မူ​၏။- \v 2 ထို​နေ့​ရက်​များ​အ​တွင်း​မည်​သည့်​အ​စား​အ​စာ ကို​မျှ​သုံး​ဆောင်​တော်​မ​မူ။ ထို​နေ့​ရက်​များ ကုန်​လွန်​သွား​သော​အ​ခါ​ကိုယ်​တော်​သည် မွတ်​သိပ်​တော်​မူ​၏။ \p \v 3 ထို​အ​ခါ​မာရ်​နတ်​က ``အ​ရှင်​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​ပါ​လျှင်​ဤ​ကျောက်​ခဲ​ကို​မုန့် ဖြစ်​စေ​ရန်​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။ \p \v 4 သ​ခင်​ယေ​ရှု​က ``လူ​သည်​အ​စား​အ​စာ​အား​ဖြင့် သာ​အ​သက်​ရှင်​ရ​မည်​မ​ဟုတ်​ဟု​ကျမ်း​စာ​တော် တွင်​ပါ​ရှိ​၏'' ဟု​ပြန်​လည်​မိန့်​ကြား​တော်​မူ​၏။\x + \xo 4:4 \xt တရား၊ ၈:၃။\x* \p \v 5 ထို​အ​ခါ​မာရ်​နတ်​သည်​ကိုယ်​တော်​ကို​တောင်​ထိပ် ပေါ်​သို့​ခေါ်​ဆောင်​သွား​ပြီး​နောက်​လော​က​နိုင်​ငံ ရှိ​သ​မျှ​ကို​တစ်​ခ​ဏ​ချင်း​တွင်​ညွှန်​ပြ​လျက်၊- \v 6 ``ဤ​တန်​ခိုး​အာ​ဏာ​ဘုန်း​စည်း​စိမ်​ရှိ​သ​မျှ တို့​ကို​ကိုယ်​တော်​အား​ငါ​ပေး​ပါ​အံ့။ ဤ​အ​ရာ များ​ကို​ငါ့​လက်​ဝယ်​အပ်​နှင်း​ထား​ပြီး​ဖြစ် သ​ဖြင့်​ငါ​ပေး​လို​သူ​အား​ပေး​နိုင်​၏။- \v 7 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ငါ့​အား​ဦး​ညွှတ် ရှိ​ခိုး​လျှင် ဤ​တန်​ခိုး​အာ​ဏာ​အ​လုံး​စုံ​တို့ ကို​ကိုယ်​တော်​အား​ပေး​မည်'' ဟု​လျှောက်​၏။ \p \v 8 သ​ခင်​ယေ​ရှု​က ``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​သာ​လျှင် ဦး​ညွှတ်​ရှိ​ခိုး​ရ​မည်​ဟု ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​၏'' ဟု​ပြန် လည်​မိန့်​တော်​မူ​၏။\x + \xo 4:8 \xt တရား၊ ၆:၁၃။\x* \p \v 9 မာရ်​နတ်​သည်​သ​ခင်​ယေ​ရှု​ကို​ယေ​ရု​ရှ​လင်​မြို့​သို့ ခေါ်​ဆောင်​၍​သွား​ပြီး​လျှင် ဗိ​မာန်​တော်​ထိပ်​ဖျား​တွင် နေ​စေ​ပြီး​လျှင် ``ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​၏ သား​တော်​ဖြစ်​လျှင်​ဤ​နေ​ရာ​မှ​အောက်​သို့​ခုန်​ချ ပါ​လော့။- \v 10 ကျမ်း​စာ​တော်​တွင် `သင့်​ကို​စောင့်​ရှောက်​စေ​ရန် ဘု​ရား​သ​ခင်​သည်​ကောင်း​ကင်​တမန်​များ​အား အ​မိန့်​ပေး​တော်​မူ​မည်' ဟူ​၍​လည်း​ကောင်း၊-\x + \xo 4:10 \xt ဆာ၊ ၉၁:၁၁။\x* \v 11 `သင်​၏​ခြေ​သည်​ကျောက်​နှင့်​မ​ထိ​ခိုက်​စေ​ခြင်း ငှာ ကောင်း​ကင်​တ​မန်​တို့​သည်​လက်​ဖြင့်​သင့်​ကို ပွေ့​ချီ​ကြ​လိမ့်​မည်' ဟူ​၍​လည်း​ကောင်း​ပါ​ရှိ​၏'' ဟု​လျှောက်​၏။\x + \xo 4:11 \xt ဆာ၊ ၉၁:၁၂။\x* \p \v 12 သ​ခင်​ယေ​ရှု​က ``သင်​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​စစ်​ဆေး​စမ်း​သပ်​မှု​မ​ပြု​ရ​ဟု ကျမ်း​စာ​လာ​၏'' ဟု​ပြန်​လည်​ဖြေ​ကြား​တော် မူ​၏။\x + \xo 4:12 \xt တရား၊ ၆:၁၆။\x* \p \v 13 မာရ်​နတ်​သည်​ဤ​သို့​စုံ​စမ်း​သွေး​ဆောင်​မှု​အ​လုံး​စုံ ကို​ပြု​ပြီး​သော​အ​ခါ ကိုယ်​တော်​၏​ထံ​တော်​မှ ထွက်​ခွာ​၍​အ​ခါ​အ​ခွင့်​ကောင်း​ကို​စောင့်​နေ​၏။ \s1 ဂါ​လိ​လဲ​ပြည်​တွင်​အ​မှု​တော်​ကို စ​တင်​ဆောင်​ရွက်​တော်​မူ​ခြင်း \r (မ၊ ၄:၁၂-၁၇။ မာ၊ ၁:၁၄-၁၅) \p \v 14 သ​ခင်​ယေ​ရှု​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် တန်​ခိုး​နှင့်​ပြည့်​ဝ​လျက်​ဂါ​လိ​လဲ​ပြည်​သို့​ပြန် လာ​တော်​မူ​၏။ သ​တင်း​တော်​သည်​ထို​ဒေ​သ တစ်​လျှောက်​လုံး​တွင်​ပျံ့​နှံ့​သွား​၏။- \v 15 ကိုယ်​တော်​သည်​တ​ရား​ဇ​ရပ်​များ​မှာ​ဟော​ပြော သွန်​သင်​တော်​မူ​ရာ​လူ​အ​ပေါင်း​တို့​သည်​ကိုယ် တော်​ကို​ချီး​မွမ်း​ကြ​၏။ \s1 ကိုယ်​တော်​ကို​နာ​ဇ​ရက်​မြို့​က​လက်​မ​ခံ​ဘဲ​နေ​ခြင်း \r (မ၊ ၁၃:၅၃-၅၈။ မာ၊ ၆:၁-၆) \p \v 16 ကိုယ်​တော်​သည်​နာ​ဇ​ရက်​မြို့​သို့​ကြွ​တော်​မူ​၏။ နာ​ဇ​ရက်​မြို့​ကား​ကိုယ်​တော်​ကြီး​ပြင်း​ရာ​မြို့ ဖြစ်​၏။ ဥ​ပုသ်​နေ့​၌​ကိုယ်​တော်​သည်​အ​လေ့​တော် ရှိ​သည်​အ​တိုင်း​တ​ရား​ဇ​ရပ်​သို့​ဝင်​တော်​မူ​၏။ ကျမ်း​စာ​ကို​ဖတ်​ရန်​ထ​တော်​မူ​လျှင်၊- \v 17 တ​ရား​ဇ​ရပ်​မှူး​သည်​ပ​ရော​ဖက်​ဟေ​ရှာ​ယ​ကျမ်း ကို​ကိုယ်​တော်​အား​လှမ်း​၍​ပေး​၏။ ကိုယ်​တော်​သည် ကျမ်း​စာ​လိပ်​ကို​ဖွင့်​၍၊ \q1 \v 18 ``ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​သို့​ဆင်း​သက်​တော်​မူ​၏။ \q2 ဆင်း​ရဲ​သူ​များ​အား​သ​တင်း​ကောင်း​ကို​ပြော​ကြား​ရန် ငါ့​အား​ဘိ​သိက်​ပေး​တော်​မူ​ပြီ။ \q1 အ​ချုပ်​အ​နှောင်​ခံ​ရ​သူ​များ​ကို​လွတ်​မြောက် စေ​မည်​ဖြစ်​ကြောင်း​နှင့်၊ \q2 မျက်​မ​မြင်​များ​မျက်​စိ​အ​လင်း​ပြန်​လည်​ရ​ရှိ စေ​မည် ဖြစ်​ကြောင်း​ကို​ပြော​ကြား​ရန်​လည်း​ကောင်း၊ \q1 နှိပ်​စက်​ညှဉ်း​ဆဲ​ခံ​ရ​သူ​များ​အား​ကယ်​လွှတ်​မည် ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊\x + \xo 4:18 \xt ဟေရှာ၊ ၆၁:၁-၂။\x* \q1 \v 19 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​စု​တော်​အား \q2 ကယ်​တင်​ရာ​ကာ​လ​ရောက်​လာ​ပြီ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း \q1 ကြေ​ညာ​ရန်​ငါ့​ကို​စေ​လွှတ်​တော်​မူ​၏'' \m ဟူ​သော​ကျမ်း​ပိုဒ်​ကို​ဖတ်​တော်​မူ​၏။ \p \v 20 ထို​နောက်​ကျမ်း​စာ​တော်​ကို​လိပ်​၍​ဇ​ရပ်​မှူး​အား ပြန်​ပေး​ပြီး​နောက်​ထိုင်​တော်​မူ​၏။ တ​ရား​ဇ​ရပ် ထဲ​မှာ​ရှိ​သော​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် အား​စိုက်​ကြည့်​နေ​ကြ​၏။- \v 21 ကိုယ်​တော်​က ``ဤ​ကျမ်း​စာ​ပါ​အ​မှု​အ​ရာ​များ သည်​သင်​တို့​ကြား​နာ​ရ​သည့်​အ​တိုင်း​ယ​နေ့ အ​ကောင်​အ​ထည်​ပေါ်​ပြီ'' ဟု​မိန့်​တော်​မူ​၏။ \p \v 22 လူ​အ​ပေါင်း​တို့​က​ကိုယ်​တော်​၏​အ​ကြောင်း​ကို ချီး​ကူး​ပြော​ဆို​ကြ​၏။ နှုတ်​တော်​ထွက်​စ​ကား များ​ကို​အံ့​သြ​လျက် ``ဤ​သူ​သည်​ယော​သပ် ၏​သား​မ​ဟုတ်​လော'' ဟု​ဆို​ကြ​၏။ \p \v 23 ကိုယ်​တော်​က ``သင်​တို့​သည် `အ​ချင်း​ဆ​ရာ​ဝန်၊ သင့်​ရော​ဂါ​ကို​သင်​ပျောက်​အောင်​ကု​လော့' ဟူ သော​ဆို​ရိုး​စ​ကား​ကို​အ​သုံး​ပြု​ကာ​ငါ့ အား​ဆို​လိမ့်​မည်။ က​ပေ​ရ​နောင်​မြို့​တွင်​အ​ရှင် ပြု​ခဲ့​သည်​ဟု​အ​ကျွန်ုပ်​တို့​ကြား​သိ​ရ​သည့် အ​မှု​အ​ရာ​များ​ကို အ​ရှင့်​နေ​ရင်း​မြို့​တွင် လည်း​ပြု​တော်​မူ​ပါ​ဟု​ငါ့​အား​မု​ချ​ပြော ဆို​ကြ​လိမ့်​မည်။- \v 24 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား အ​ဘယ်​ပ​ရော​ဖက်​မျှ​မိ​မိ​နေ​ရင်း​မြို့​တွင် မျက်​နှာ​မ​ရ​တတ်။-\x + \xo 4:24 \xt ယော၊ ၄:၄၄။\x* \v 25 ဧ​လိ​ယ​လက်​ထက်​၌​ဣသ​ရေ​လ​နိုင်​ငံ​တွင် သုံး နှစ်​နှင့်​ခြောက်​လ​ပတ်​လုံး​မိုး​ခေါင်​၍​အ​စာ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ခဲ့​၏။-\x + \xo 4:25 \xt ၃ရာ၊ ၁၇:၁။\x* \v 26 ဣသ​ရေ​လ​အ​မျိုး​ဖြစ်​သော​မု​ဆိုး​မ​အ​များ​ရှိ သော်​လည်း မည်​သူ့​ထံ​သို့​မျှ​ဘု​ရား​သ​ခင်​သည် ပ​ရော​ဖက်​ဧ​လိ​ယ​ကို​စေ​လွှတ်​တော်​မ​မူ။ ဇိ​ဒုံ ပြည်၊ ဇရတ္တ​မြို့​သူ​မု​ဆိုး​မ​ထံ​သို့​သာ​လျှင်​စေ လွှတ်​တော်​မူ​၏။-\x + \xo 4:26 \xt ၃ရာ၊ ၁၇:၈-၁၆။\x* \v 27 ပ​ရော​ဖက်​ဧ​လိ​ရှဲ​လက်​ထက်​၌​လည်း​ဣသ​ရေ​လ အ​မျိုး​သား​တို့​တွင် အ​ရေ​ဖျား​ရော​ဂါ​သည် အ​များ​ရှိ​သော်​လည်း​မည်​သူ​မျှ​သန့်​စင်​ခွင့် မ​ရ။ ရှု​ရိ​ပြည်​သား​နေ​မန်​သာ​လျှင်​ရ​၏'' ဟု​မိန့်​တော်​မူ​၏။\x + \xo 4:27 \xt ၄ရာ၊ ၅:၁-၁၄။\x* \p \v 28 တ​ရား​ဇ​ရပ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ထို​စ​ကား ကို​ကြား​သော​အ​ခါ​ပြင်း​စွာ​အ​မျက်​ထွက်​ကြ​၏။- \v 29 ထို​နောက်​ကိုယ်​တော်​အား​တောင်​ကမ်း​ပါး​မှ​တွန်း​ချ အံ့​သော​ငှာ​မြို့​တည်​ရာ​တောင်​ထိပ်​စွန်း​သို့​ခေါ် ဆောင်​သွား​ကြ​၏။- \v 30 သို့​ရာ​တွင်​ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​အ​လယ် မှ​လျှောက်​၍​ကြွ​သွား​တော်​မူ​၏။ \s1 နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​တစ်​ဦး \r (မာ၊ ၁:၂၁-၂၈) \p \v 31 ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်၊ က​ပေ​ရ​နောင်​မြို့ သို့​ရောက်​တော်​မူ​၏။ ဥ​ပုသ်​နေ့​၌​တ​ရား​ဇ​ရပ် တွင်​ဟော​ပြော​သွန်​သင်​တော်​မူ​၏။- \v 32 ကိုယ်​တော်​၏​သွန်​သင်​ချက်​တွင်​တန်​ခိုး​အာ​ဏာ ပါ​သ​ဖြင့်​လူ​တို့​သည်​အံ့​သြ​ကြ​၏။-\x + \xo 4:32 \xt မ၊ ၇:၂၈-၂၉။\x* \v 33 တ​ရား​ဇ​ရပ်​ထဲ​တွင်​ညစ်​ညမ်း​သော​နတ်​ပူး​ဝင် နေ​သူ​တစ်​ယောက်​ရှိ​၏။- \v 34 ညစ်​ညမ်း​သော​နတ်​က ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ အ​ရှင်​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​ဘယ်​သို့​သက်​ဆိုင် တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ်​တို့​အား​သေ​ကြေ ပျက်​စီး​စေ​ရန်​ကြွ​လာ​တော်​မူ​ပါ​သ​လော။ အ​ရှင် သည်​မည်​သူ​ဖြစ်​သည်​ကို​အ​ကျွန်ုပ်​သိ​ပါ​၏။ အ​ရှင် ကား​ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​တော်​မူ​သော သန့်​ရှင်း​မြင့်​မြတ်​သူ​ဖြစ်​ပါ​သည်'' ဟု​ကျယ်​စွာ ဟစ်​အော်​၏။ \p \v 35 သ​ခင်​ယေ​ရှု​က ``တိတ်​တိတ်​နေ​လော့။ သူ့​အ​ထဲ​မှ ထွက်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ နတ်​မိစ္ဆာ​သည်​ထို သူ​ကို​လူ​အ​များ​ရှေ့​မှာ​လှဲ​ချ​လိုက်​၏။ ထို​နောက် ဘေး​အန္တ​ရာယ်​မ​ပြု​ဘဲ​သူ့​အ​ထဲ​မှ​ထွက်​သွား​၏။ \p \v 36 လူ​အ​ပေါင်း​တို့​သည်​အံ့​သြ​လျက် ``ဤ​သူ​၏ အ​မိန့်​စ​ကား​ကား​အ​ဘယ်​သို့​နည်း။ သူ​သည် ညစ်​ညမ်း​သော​နတ်​များ​အား​ထွက်​သွား​ရန် တန်​ခိုး​အာ​ဏာ​ဖြင့်​အ​မိန့်​ပေး​၍ သူ​တို့​သည် ထွက်​သွား​ကြ​ပါ​သည်​တ​ကား'' ဟု​အ​ချင်း ချင်း​ပြော​ဆို​ကြ​၏။- \v 37 ကိုယ်​တော်​၏​သ​တင်း​တော်​သည်​ပတ်​ဝန်း​ကျင် ဒေ​သ​တွင်​ပျံ့​နှံ့​သွား​တော့​၏။ \s1 လူ​မြောက်​မြား​စွာ​တို့​ကို ရော​ဂါ​ပျောက်​စေ​တော်​မူ​ခြင်း \r (မ၊ ၈:၁၄-၁၇။ မာ၊ ၁:၂၉-၃၄) \p \v 38 ကိုယ်​တော်​သည်​တ​ရား​ဇ​ရပ်​မှ​ထွက်​ခွာ​၍​ရှိ​မုန် ၏​အိမ်​သို့​ဝင်​တော်​မူ​၏။ ရှိ​မုန်​၏​ယောက္ခ​မ​ဖြစ်​သူ သည်​ပြင်း​စွာ​ဖျား​နေ​၏။- \v 39 သို့​ဖြစ်​၍​တ​ပည့်​တော်​တို့​သည်​ထို​အ​ကြောင်း ကို​ကိုယ်​တော်​အား​လျှောက်​ထား​ကြ​၏။ ကိုယ်​တော် သည်​ထို​အ​မျိုး​သ​မီး​ကြီး​၏​အ​နား​တွင်​ရပ် လျက် ``အ​ဖျား​ပျောက်​စေ'' ဟု​အ​မိန့်​ပေး​တော် မူ​၏။ အ​မျိုး​သ​မီး​ကြီး​သည်​အ​ဖျား​ပျောက် သ​ဖြင့် ချက်​ချင်း​ထ​၍​ကိုယ်​တော်​နှင့်​တ​ပည့် တော်​တို့​အား​ဧည့်​သည်​ဝတ်​ကို​ပြု​လေ​၏။ \p \v 40 နေ​ဝင်​ချိန်​၌​ရော​ဂါ​အ​မျိုး​မျိုး​စွဲ​ကပ်​သူ အ​ပေါင်း​တို့​ကို​အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့ ကြ​၏။ ကိုယ်​တော်​သည်​ထို​လူ​နာ​အ​သီး​သီး တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​၍​သူ​တို့​၏ ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​တော်​မူ​၏။- \v 41 နတ်​မိစ္ဆာ​များ​သည် ``အ​ရှင်​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​၏'' ဟု​ဟစ်​အော်​လျက်​မိ​မိ​တို့ ပူး​ဝင်​နေ​သူ​များ​ထံ​မှ​ထွက်​ခွာ​သွား​ကြ​၏။ ကိုယ်​တော်​သည်​နတ်​မိစ္ဆာ​များ​ထို​သို့​ဟစ်​အော် သည်​ကို​ဟန့်​တား​တော်​မူ​ပြီး​လျှင် သူ​တို့​အား စ​ကား​ပြော​ခွင့်​ပေး​တော်​မ​မူ။ အ​ဘယ်​ကြောင့် ဆို​သော်​သူ​တို့​သည်​ကိုယ်​တော်​မေ​ရှိ​ယ​ဖြစ် ကြောင်း​ကို​သိ​ကြ​သော​ကြောင့်​ဖြစ်​သည်။ \s1 တ​ရား​ဇ​ရပ်​များ​တွင်​ဟော​ပြော​တော်​မူ​ခြင်း \r (မာ၊ ၁:၃၅-၃၉) \p \v 42 မိုး​လင်း​သော​အ​ခါ​က​ပေ​ရ​နောင်​မြို့​မှ​ထွက်​ခွာ ၍​ဆိတ်​ငြိမ်​ရာ​အ​ရပ်​သို့​ကြွ​တော်​မူ​၏။ လူ​တို့​သည် ကိုယ်​တော်​ကို​ရှာ​ကြ​၏။ ရှာ​၍​တွေ့​သော​အ​ခါ​မိ​မိ တို့​ထံ​မှ​ထွက်​ခွာ​သွား​တော်​မ​မူ​စေ​ရန်​ကြိုး​စား ကြ​၏။- \v 43 သို့​ရာ​တွင်​ကိုယ်​တော်​က ``ငါ​သည်​အ​ခြား​မြို့ များ​တွင်​လည်း​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ ရ​မည်။ ထို​သို့​ဟော​ပြော​ကြေ​ညာ​ရန်​အ​တွက်​ငါ့ ကို​ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သည်'' ဟု မိန့်​တော်​မူ​၏။ \p \v 44 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ယု​ဒ​ပြည်​တ​ရား ဇ​ရပ်​များ​တွင်​ဟော​တော်​မူ​၏။ \c 5 \s1 တ​ပည့်​တော်​ဦး​များ​ကို​ခေါ်​ယူ​တော်​မူ​ခြင်း \r (မ၊ ၄:၁၈-၂၂။ မာ၊ ၁:၁၆-၂၀) \p \v 1 တစ်​နေ့​သ​၌​ကိုယ်​တော်​သည်​ဂင်​နေ​သ​ရက် အိုင်​ကမ်း​ခြေ​တွင်​ရပ်​လျက်​နေ​တော်​မူ​စဉ် လူ တို့​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို ကြား​နာ​ရန်​ကိုယ်​တော်​၏​အ​နီး​သို့​တိုး​ကြိတ် လာ​ကြ​၏။-\x + \xo 5:1 \xt မ၊ ၁၃:၁-၂။ မာ၊ ၃:၉-၁၀၊ ၄:၁။\x* \v 2 ထို​အ​ခါ​ကိုယ်​တော်​သည်​ကမ်း​နား​မှာ​ဆိုက်​ထား သော​လှေ​နှစ်​စင်း​ကို​မြင်​တော်​မူ​၏။ တံ​ငါ​သည် တို့​သည်​ထို​လှေ​များ​ပေါ်​မှ​ဆင်း​ပြီး​နောက် မိ​မိ တို့​၏​ပိုက်​ကွန်​များ​ကို​ဆေး​ကြော​လျက်​နေ ကြ​၏။- \v 3 ကိုယ်​တော်​သည်​ထို​လှေ​နှစ်​စင်း​အ​နက်​ရှိ​မုန်​၏ လှေ​သို့​တက်​တော်​မူ​ပြီး​လျှင်​လှေ​ကို​ကမ်း​မှ အ​နည်း​ငယ်​ခွာ​စေ​ရန်​ရှိ​မုန်​အား​စေ​ခိုင်း​တော် မူ​၏။ ထို​နောက်​ထိုင်​၍​လူ​ပ​ရိ​သတ်​တို့​အား ဟော​ပြော​သွန်​သင်​တော်​မူ​၏။ \p \v 4 ထို​သို့​ဟော​ပြော​သွန်​သင်​ပြီး​သော​အ​ခါ ``ရေ နက်​ရာ​သို့​ခွာ​ထွက်​လော့။ ငါး​များ​ဖမ်း​မိ​စေ ရန်​သင်​နှင့်​သင်​တို့​အ​ဖော်​တို့​၏​ကွန်​များ ကို​ချ​လော့'' ဟု​ရှိ​မုန်​အား​မိန့်​တော်​မူ​၏။ \p \v 5 ရှိ​မုန်​က ``သ​ခင်၊ အ​ကျွန်ုပ်​တို့​သည်​တစ်​ည​လုံး ကြိုး​စား​၍​ငါး​များ​ကို​ဖမ်း​ပါ​သော်​လည်း ငါး​တစ်​ကောင်​ကို​မျှ​မ​မိ​ကြ​ပါ။ သို့​ရာ​တွင် ကိုယ်​တော်​၏​အ​မိန့်​တော်​အ​ရ​ကွန်​များ​ကို အ​ကျွန်ုပ်​ချ​ပါ​မည်'' ဟု​လျှောက်​ထား​၏။-\x + \xo 5:5 \xt ယော၊ ၂၁:၃။\x* \v 6 သူ​တို့​သည်​ကွန်​များ​ကို​ချ​ပြီး​နောက်​အုပ်​မိ သော​ငါး​များ​လှ​သ​ဖြင့်​ကွန်​များ​ပင်​စုတ် လု​မ​တတ်​ရှိ​၏။-\x + \xo 5:6 \xt ယော၊ ၂၁:၆။\x* \v 7 သို့​ဖြစ်​၍​လာ​ရောက်​ကူ​ညီ​ရန်​အ​ခြား​လှေ​မှ မိ​မိ​တို့​၏​အ​ဖော်​တံ​ငါ​သည်​များ​ကို​အ​ချက် ပြ​၍​ခေါ်​ကြ​၏။ ထို​သူ​တို့​သည်​လာ​၍​လှေ နှစ်​စင်း​လုံး​ပြည့်​အောင်​ငါး​များ​ကို​ထည့် ကြ​ရာ​လှေ​များ​နစ်​လု​မ​တတ်​ရှိ​တော့​၏။- \v 8 ထို​အ​ခြင်း​အ​ရာ​ကို​ရှိ​မုန်​ပေ​တ​ရု​မြင်​လျှင် သ​ခင်​ယေ​ရှု​၏​ခြေ​တော်​ရင်း​မှာ​ပျပ်​ဝပ် လျက် ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​သည်​အြုပစ် သား​ဖြစ်​သော​ကြောင့်​အ​ကျွန်ုပ်​၏​ထံ​မှ ကြွ​သွား​တော်​မူ​ပါ'' ဟု​လျှောက်​၏။ \p \v 9 ရှိ​မုန်​နှင့်​တ​ကွ​ပါ​လာ​သူ​အ​ပေါင်း​တို့​သည် မိ​မိ တို့​ဖမ်း​မိ​သော​ငါး​အ​ရေ​အ​တွက်​ကို​ကြည့်​၍ တ​အံ့​တ​သြ​ဖြစ်​ကြ​၏။- \v 10 ရှိ​မုန်​နှင့်​ငါး​ဖမ်း​ဘက်​ဖြစ်​ကြ​သော​ဇေ​ဗေ​ဒဲ ၏​သား​နှစ်​ယောက်၊ ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​သည် လည်း​ထို​နည်း​တူ​အံ့​သြ​ကြ​၏။ သ​ခင်​ယေ​ရှု က​ရှိ​မုန်​အား ``မ​ကြောက်​နှင့်၊ ယ​ခု​မှ​စ​၍​သင် တို့​သည်​လူ​ဖမ်း​တံ​ငါ​များ​ဖြစ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 11 ထို​သူ​တို့​သည်​လှေ​များ​ကို​ကမ်း​တွင်​ဆိုက်​ကပ် ပြီး​နောက် ရှိ​သ​မျှ​တို့​ကို​စွန့်​၍​နောက်​တော် သို့​လိုက်​ကြ​၏။ \s1 အ​ရေ​ပြား​ရော​ဂါ​ကို​ပျောက်​ကင်း​စေ​တော်​မူ​ခြင်း \r (မ၊ ၈:၁-၄။ မာ၊ ၁:၄၀-၄၅။) \p \v 12 တစ်​နေ့​သ​၌​ကိုယ်​တော်​သည်​မြို့​ကြီး​တစ်​မြို့​တွင် ရှိ​နေ​တော်​မူ​၏။ ထို​မြို့​တွင်​တစ်​ကိုယ်​လုံး​အ​ရေ ပြား​ရော​ဂါ​စွဲ​ကပ်​နေ​သူ​တစ်​ယောက်​ရှိ​၏။ သူ သည်​သ​ခင်​ယေ​ရှု​ကို​မြင်​လျှင်​ပျပ်​ဝပ်​လျက် ``အ​ရှင် အ​လို​တော်​ရှိ​လျှင်​အ​ကျွန်ုပ်​ကို​သန့်​စင်​စေ​နိုင် ပါ​သည်'' ဟု​လျှောက်​၏။ \p \v 13 ကိုယ်​တော်​သည်​လက်​တော်​ကို​ဆန့်​၍​ထို​သူ့​ကို တို့​ထိ​တော်​မူ​၏။ ထို​နောက် ``ငါ​အ​လို​ရှိ​၏။ သန့် စင်​စေ'' ဟု​မိန့်​တော်​မူ​၏။ ထို​ခ​ဏ​၌​ထို​သူ သည်​ရော​ဂါ​ပျောက်​လေ​၏။- \v 14 ``ဤ​အ​ကြောင်း​ကို​မည်​သူ့​အား​မျှ​မ​ပြော​နှင့်'' ဟု ထို​သူ​အား​တား​မြစ်​တော်​မူ​ပြီး​သော်​ကိုယ်​တော် က ``သင်​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား​၍​ကိုယ် ကို​ပြ​လော့။ သင့်​ရော​ဂါ​ပျောက်​ကင်း​ကြောင်း​လူ​တို့ ရှေ့​၌​သက်​သေ​ခံ​အ​ထောက်​အ​ထား​ဖြစ်​စေ​ရန် မော​ရှေ​မိန့်​မှာ​သည့်​ပူ​ဇော်​သ​ကာ​ကို​ဆက်​သ လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 15 သို့​ရာ​တွင်​ကိုယ်​တော်​၏​သ​တင်း​တော်​သည်​ပို​၍ ပျံ့​နှံ့​သွား​သ​ဖြင့် လူ​ပ​ရိ​သတ်​ကြီး​များ​သည် ကိုယ်​တော်​၏​တ​ရား​တော်​ကို​ကြား​နာ​ရန်​နှင့် မိ​မိ​တို့​၏​အ​နာ​ရော​ဂါ​များ​အ​ကု​အ​သ ခံ​ရန်​လာ​ကြ​ကုန်​၏။- \v 16 သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​လေ့​တော်​ရှိ​သည် အ​တိုင်း​တော​ကန္တာ​ရ​သို့​ထွက်​ခွာ​၍​ဆု​တောင်း တော်​မူ​၏။ \s1 လေ​ဖြတ်​သူ​ကို​ပြန်​လည်​သန်​စွမ်း​စေ​တော်​မူ​ခြင်း \r (မ၊ ၉:၁-၈။ မာ၊ ၂:၁-၁၂) \p \v 17 တစ်​နေ့​သ​၌​ကိုယ်​တော်​ဟော​ပြော​သွန်​သင်​လျက် နေ​တော်​မူ​စဉ် ဂါ​လိ​လဲ​ပြည်​နှင့်​ယု​ဒ​ပြည်​ရှိ ကျေး​ရွာ​အ​ပေါင်း​မှ​လည်း​ကောင်း၊ ယေ​ရု​ရှ​လင် မြို့​မှ​လည်း​ကောင်း​လာ​ရောက်​သော​ဖာ​ရိ​ရှဲ​များ နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​သည်​အ​နီး​တွင်​ထိုင် လျက်​ရှိ​ကြ​၏။ ရော​ဂါ​များ​ကို​ပျောက်​ကင်း စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည် ကိုယ်​တော်​၌​ရှိ​၏။- \v 18 ထို​အ​ခါ​လူ​တို့​သည်​လေ​ဖြတ်​သူ​တစ်​ယောက် ကို​ထမ်း​စင်​နှင့်​တင်​၍​ဆောင်​ခဲ့​ကြ​၏။ ထို​သူ​နာ ကို​အိမ်​ထဲ​သို့​သယ်​ဆောင်​ကာ​သ​ခင်​ယေ​ရှု​၏ ရှေ့​တော်​တွင်​ချ​ထား​ရန်​ကြိုး​စား​ကြ​၏။- \v 19 သို့​ရာ​တွင်​လူ​ပ​ရိ​သတ်​တိုး​မ​ပေါက်​သ​ဖြင့် အိမ်​အ​မိုး​ပေါ်​သို့​တက်​ပြီး​လျှင်​အုတ်​ကြွပ် များ​ကို​ဖောက်​၍ သူ​နာ​ကို​ထမ်း​စင်​နှင့်​တ​ကွ လူ​တို့​အ​လယ်​သ​ခင်​ယေ​ရှု​၏​ရှေ့​တော်​သို့ လျော​ချ​ကြ​၏။- \v 20 ကိုယ်​တော်​သည်​ထို​သူ​တို့​၌​ယုံ​ကြည်​ခြင်း​ရှိ​ပုံ ကို​မြင်​တော်​မူ​လျှင်​လေ​ဖြတ်​သူ​အား ``အ​ချင်း လူ၊ သင်​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ပြီ'' ဟု​မိန့်​တော် မူ​၏။ \p \v 21 ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​က ``ဤ သူ​ကား​အ​ဘယ်​သူ​နည်း။ သူ​သည်​ဘု​ရား​သ​ခင် အား​ပြစ်​မှား​ပြော​ဆို​ပါ​သည်​တ​ကား။ ဘု​ရား သ​ခင်​မှ​တစ်​ပါး​အ​ဘယ်​သူ​သည်​အ​ပြစ်​ကို ဖြေ​လွှတ်​နိုင်​ပါ​မည်​နည်း'' ဟု​တွေး​တော​ကြ​၏။ \p \v 22 သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​ယင်း​သို့​တွေး​တော နေ​ကြ​သည်​ကို​သိ​တော်​မူ​သ​ဖြင့် ``သင်​တို့​သည် အ​ဘယ်​ကြောင့်​တွေး​တော​နေ​ကြ​သ​နည်း။- \v 23 `သင်​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ပြီ' ဟု​ပြော​ရန်​ပို​၍ လွယ်​ကူ​သ​လော။ သို့​တည်း​မ​ဟုတ်`နေ​ရာ​မှ​ထ ၍​လှမ်း​သွား​လော့' ဟု​ပြော​ရန်​ပို​၍​လွယ်​ကူ သ​လော။- \v 24 သို့​ရာ​တွင်​လူ​သား​သည်​လော​က​တွင်​အ​ပြစ် ဖြေ​လွှတ်​ပိုင်​သည်​ကို​သင်​တို့​အား​သိ​စေ​အံ့'' ဟု​ဆို​လျက်​လေ​ဖြတ်​သူ​အား ``သင့်​အား​ငါ ဆို​သည်​ကား​ထ​လော့။ သင့်​ထမ်း​စင်​ကို​ထမ်း ၍​အိမ်​ပြန်​လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 25 ချက်​ချင်း​ပင်​ထို​သူ​သည်​လူ​တို့​ရှေ့​တွင်​ထ​၍ မိ​မိ​လဲ​လျောင်း​နေ​ခဲ့​သော​ထမ်း​စင်​ကို​ထမ်း ပြီး​လျှင် ဘု​ရား​သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော် ကို​ချီး​ကူး​လျက်​အိမ်​သို့​ပြန်​လေ​၏။- \v 26 လူ​အ​ပေါင်း​တို့​သည်​လွန်​စွာ​အံ့​သြ​ကြောက်​ရွံ့ လျက် ``အံ့​ဖွယ်​သော​အ​ရာ​များ​ကို​ငါ​တို့ ယ​နေ့​တွေ့​မြင်​ရ​လေ​ပြီ'' ဟု​ပြော​ဆို​၍​ဘု​ရား သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​၏။ \s1 လေ​ဝိ​ကို​ခေါ်​ယူ​တော်​မူ​ခြင်း \r (မ၊ ၉:၉-၁၃။ မာ၊ ၂:၁၃-၁၇) \p \v 27 ထို​နောက်​ကိုယ်​တော်​သည်​က​ပေ​ရ​နောင်​မြို့​မှ ထွက်​ကြွ​တော်​မူ​၍ အ​ကောက်​ခွန်​ရုံး​ခန်း​တွင် လေ​ဝိ​နာ​မည်​ရှိ​သူ​အ​ခွန်​ခံ​ထိုင်​နေ​သည်​ကို မြင်​တော်​မူ​လျှင် ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု မိန့်​တော်​မူ​၏။- \v 28 ထို​သူ​သည်​ရှိ​သ​မျှ​တို့​ကို​စွန့်​ပြီး​လျှင်​ထ ၍​နောက်​တော်​သို့​လိုက်​လေ​၏။ \p \v 29 ထို​နောက်​လေ​ဝိ​သည်​မိ​မိ​၏​အိမ်​တွင်​ကိုယ်​တော် အ​တွက်​ဧည့်​ခံ​ပွဲ​ကြီး​ကျင်း​ပ​၏။ ဧည့်​သည်​များ တွင်​အ​ခွန်​ခံ​သူ​နှင့်​အ​ခြား​သူ​အ​မြောက်​အ​မြား ပါ​ဝင်​ကြ​၏။- \v 30 ဖာ​ရိ​ရှဲ​များ​နှင့်​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​ဖြစ် ကြ​သော​ကျမ်း​တတ်​ဆ​ရာ​များ​က ``အ​ဘယ် ကြောင့်​သင်​တို့​သည်​အ​ခွန်​ခံ​သူ​များ၊ အ​ခြား အ​ပယ်​ခံ​သူ​များ​နှင့်​စား​သောက်​ကြ​ပါ​သ​နည်း'' ဟု​တ​ပည့်​တော်​တို့​အား​ကဲ့​ရဲ့​ပြစ်​တင်​ကြ​၏။\x + \xo 5:30 \xt လု၊ ၁၅:၁-၂။\x* \p \v 31 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ကျန်း​မာ​သူ​သည် ဆ​ရာ​ဝန်​ကို​မ​လို။ ဖျား​နာ​သူ​သာ​လျှင်​လို​၏။- \v 32 ငါ​သည်​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​နောင်​တ​ရ စေ​ခြင်း​ငှာ​ခေါ်​ဖိတ်​ရန်​လာ​သည်​မ​ဟုတ်။ အ​ပယ် ခံ​သူ​များ​ကို​နောင်​တ​ရ​စေ​ခြင်း​ငှာ​ခေါ်​ဖိတ် ရန်​လာ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။ \s1 အ​စာ​ရှောင်​ခြင်း​ပြ​ဿ​နာ \r (မ၊ ၉:၁၄-၁၇။ မာ၊ ၂:၁၈-၂၂။) \p \v 33 လူ​အ​ချို့​က ``ယော​ဟန်​၏​တ​ပည့်​များ​နှင့်​ဖာ​ရိ​ရှဲ တို့​၏​တ​ပည့်​များ​သည်​အ​စာ​ရှောင်​ခြင်း​နှင့် ဆု တောင်း​ခြင်း​တို့​ကို​မ​ကြာ​ခ​ဏ​ပြု​လေ့​ရှိ​ကြ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​၏​တ​ပည့်​များ​မူ​ကား​စား လျက်​သောက်​လျက်​နေ​ကြ​ပါ​သည်​တ​ကား'' ဟု လျှောက်​ထား​ကြ​၏။ \p \v 34 ကိုယ်​တော်​က ``မင်္ဂ​လာ​ဆောင်​ပွဲ​တွင်​သ​တို့​သား ရှိ​နေ​သည့်​ကာ​လ​ဧည့်​သည်​များ​အား​အ​စာ ရှောင်​ခိုင်း​နိုင်​ပါ​မည်​လော။- \v 35 သို့​ရာ​တွင်​မင်္ဂ​လာ​ဆောင်​သ​တို့​သား​ကို​သူ​တို့ ထံ​မှ​ဆောင်​ယူ​သွား​မည့်​နေ့​ရက်​ကာ​လ​ရောက် ရှိ​လာ​ပေ​အံ့။ ထို​အ​ခါ​၌​သူ​တို့​သည်​အ​စာ ရှောင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 36 ကိုယ်​တော်​သည်​ပုံ​ဥ​ပ​မာ​ဆောင်​လျက် ``မည်​သူ​မျှ အ​ထည်​သစ်​မှ​အ​စ​တစ်​စ​ကို​ဆုတ်​၍​အ​ထည် ဟောင်း​ကို​ဖာ​ရိုး​မ​ရှိ။ ယင်း​သို့​ဖာ​ခဲ့​ပါ​မူ အ​ထည်​သစ်​ပျက်​စီး​သွား​သည်​သာ​မ​က၊ အ​စ​သစ်​နှင့်​အ​ထည်​ဟောင်း​တို့​အ​ဆင် အ​သွေး​မ​တူ​ဘဲ​ရှိ​လိမ့်​မည်။- \v 37 ထို​မှ​တစ်​ပါး​စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး ဟောင်း​တွင်​ထည့်​ရိုး​မ​ရှိ။ ထည့်​ခဲ့​ပါ​မူ​သား ရေ​ဘူး​သည်​ပေါက်​ကွဲ​၍​စ​ပျစ်​ရည်​ယို​ထွက် လိမ့်​မည်။ သား​ရေ​ဘူး​လည်း​ပျက်​စီး​သွား​လိမ့် မည်။- \v 38 စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး​သစ်​တွင်​သာ ထည့်​ရာ​၏။- \v 39 ထို့​အ​ပြင်​စ​ပျစ်​ရည်​ဟောင်း​ကို​သောက်​ပြီး သူ​သည်​စ​ပျစ်​ရည်​သစ်​ကို​မ​သောက်​လို။ စ​ပျစ် ရည်​ဟောင်း​က​သာ​၍​ကောင်း​သည်​ဟု​ဆို​တတ် ၏'' ဟု​မိန့်​တော်​မူ​၏။ \c 6 \s1 ဥ​ပုသ်​နေ့​ပြ​ဿ​နာ \r (မ၊ ၁၂:၁-၈။ မာ၊ ၂:၂၃-၂၈) \p \v 1 ဥ​ပုသ်​နေ့​၌​ကိုယ်​တော်​သည်​ဂျုံ​ခင်း​များ​ကို ဖြတ်​၍​လျှောက်​သွား​တော်​မူ​စဉ် တ​ပည့်​တော် သည်​ဂျုံ​များ​ကို​ဆွတ်​၍​ပွတ်​နယ်​စား​ကြ​၏။-\x + \xo 6:1 \xt တရား၊ ၂၃:၂၅။\x* \v 2 ဖာ​ရိ​ရှဲ​အ​ချို့​က ``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဥ​ပုသ်​နေ့​၌​မ​ပြု​အပ်​သော​အ​မှု​ကို​ပြု​ဘိ သ​နည်း'' ဟု​မေး​ကြ​၏။ \p \v 3 သ​ခင်​ယေ​ရှု​က ``ဒါ​ဝိဒ်​မင်း​သည်​မိ​မိ​နှင့်​အ​ဖော် တစ်​စု​တို့​ဆာ​လောင်​မွတ်​သိပ်​သော​အ​ခါ အ​ဘယ် သို့​ပြု​မူ​ခဲ့​ကြောင်း​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ သ​လော။-\x + \xo 6:3 \xt ၁ရာ၊ ၂၁:၁-၆။\x* \v 4 သူ​သည်​ဘု​ရား​သ​ခင်​၏​အိမ်​တော်​သို့​ဝင်​၍ ပ​ညတ်​တ​ရား​အ​ရ​ယဇ်​ပု​ရော​ဟိတ်​များ​မှ တစ်​ပါး မည်​သူ​မျှ​မ​စား​ထိုက်​သော​ရှေ့​တော် မုန့်​ကို​ယူ​၍​စား​ခဲ့​၏။ မိ​မိ​၏​အ​ဖော်​များ အား​လည်း​ပေး​ခဲ့​၏။-\x + \xo 6:4 \xt ဝတ်၊ ၂၄:၉။\x* \v 5 လူ​သား​သည်​ဥ​ပုသ်​နေ့​၏​အ​ရှင်​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။ \s1 လက်​တစ်​ဖက်​သေ​သူ \r (မ၊ ၁၂:၉-၁၄။ မာ၊ ၃:၁-၆) \p \v 6 အ​ခြား​သော​ဥ​ပုသ်​နေ့​တစ်​နေ့​၌​သ​ခင်​ယေ​ရှု သည် တ​ရား​ဇ​ရပ်​သို့​ဝင်​၍​ဟော​ပြော​သွန်​သင် တော်​မူ​၏။ တ​ရား​ဇ​ရပ်​ထဲ​တွင်​ညာ​လက်​သေ​သူ တစ်​ယောက်​ရှိ​၏။- \v 7 ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​သည် ကိုယ်​တော်​ကို​စွပ်​စွဲ​ရန်​အ​ကြောင်း​ရှာ​လို​သ​ဖြင့် ဥ​ပုသ်​နေ့​၌​ထို​သူ​၏​ရော​ဂါ​ကို​ကိုယ်​တော် ပျောက်​ကင်း​စေ​တော်​မူ​မည်​မ​မူ​မည်​ကို​စောင့် ကြည့်​နေ​ကြ​၏။- \v 8 ကိုယ်​တော်​သည်​ထို​သူ​တို့​၏​စိတ်​အ​ကြံ​အ​စည် ကို​သိ​တော်​မူ​သော​ကြောင့် လက်​သေ​သူ​အား ``နေ​ရာ မှ​ထ​ပြီး​ရှေ့​သို့​လာ​၍​ရပ်​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​နေ​ရာ​မှ​ထ​ပြီး​ရှေ့​သို့​သွား​၍​ရပ်​၏။- \v 9 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ပ​ညတ်​တ​ရား​အ​ရ ဥ​ပုသ်​နေ့​၌ အ​ကောင်း​ကို​ပြု​အပ်​သ​လော၊ အ​ဆိုး ကို​ပြု​အပ်​သ​လော၊ လူ့​အ​သက်​ကို​ကယ်​အပ် သ​လော၊ သတ်​အပ်​သ​လော၊ သင်​တို့​အား​ငါ​မေး​၏'' ဟု​မိန့်​တော်​မူ​၏။- \v 10 ကိုယ်​တော်​သည်​ထို​သူ​အ​ပေါင်း​တို့​ကို​လှည့်​ကြည့် တော်​မူ​ပြီး​လျှင် လက်​သေ​သူ​အား ``သင့်​လက်​ကို ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​လက်​ကို ဆန့်​လိုက်​သော​အ​ခါ အ​ကောင်း​ပ​က​တိ​ဖြစ် လေ​၏။ \p \v 11 ဖာ​ရိ​ရှဲ​တို့​သည်​များ​စွာ​ဒေါ​သ​ဖြစ်​လျက် သ​ခင်​ယေ​ရှု​အား​အ​ဘယ်​သို့​အ​ရေး​ယူ​ရ မည်​ကို​တိုင်​ပင်​ကြ​၏။ \s1 တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​ကို ရွေး​ချယ်​ခန့်​ထား​တော်​မူ​ခြင်း \r (မ၊ ၁၀:၁-၄။ မာ၊ ၃:၁၃-၁၉) \p \v 12 ထို​နောက်​ကိုယ်​တော်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန် တောင်​ပေါ်​သို့​ကြွ​တော်​မူ​၏။ တစ်​ည​လုံး​ဘု​ရား သ​ခင်​ထံ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော် မူ​၏။- \v 13 မိုး​လင်း​သော​အ​ခါ​တ​ပည့်​တော်​တို့​ကို​အ​ထံ တော်​သို့​ခေါ်​တော်​မူ​ပြီး​လျှင် ထို​သူ​တို့​အ​နက် တစ်​ဆယ့်​နှစ်​ပါး​ကို​ရွေး​ချယ်​၍​တ​မန်​တော် နာ​မည်​ဖြင့်​သ​မုတ်​တော်​မူ​၏။- \v 14 ထို​တစ်​ဆယ့်​နှစ်​ပါး​ကား​ပေ​တ​ရု​ဟု​ကိုယ်​တော် မှည့်​ခေါ်​သူ​ရှိ​မုန်​နှင့်​ရှိ​မုန်​၏​ညီ​အန္ဒြေ၊ ယာ​ကုပ် နှင့်​ယော​ဟန်၊ ဖိလိပ္ပု​နှင့်​ဗာ​သော​လ​မဲ၊- \v 15 မ​ဿဲ​နှင့်​သော​မ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်၊ မျိုး ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန်၊- \v 16 ယာ​ကုပ်​၏​သား​ယု​ဒ​နှင့်​နောင်​အ​ခါ​ကိုယ်​တော် ကို​သစ္စာ​ဖောက်​သူ​ယု​ဒ​ရှ​ကာ​ရုတ်​တို့​တည်း။ \s1 ဟော​ပြော​သွန်​သင်​တော်​မူ​ခြင်း၊ ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​တော်​မူ​ခြင်း \r (မ၊ ၄:၂၃-၂၅။) \p \v 17 ကိုယ်​တော်​သည်​တ​မန်​တော်​တို့​နှင့်​အ​တူ​တောင် ပေါ်​က​ဆင်း​သက်​တော်​မူ​၍​မြေ​ညီ​ရာ​သို့​ရောက် တော်​မူ​၏။ ထို​နေ​ရာ​မှာ​တ​ပည့်​တော်​စု​ကြီး တစ်​စု​အ​ပြင်၊ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​မှ​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ​ရှိ​တု​ရု၊ ဇိ​ဒုန်​မြို့​များ​မှ​လည်း​ကောင်း​လာ​ကြ​သူ အ​မြောက်​အ​မြား​ရှိ​၏။- \v 18 ထို​သူ​တို့​သည်​ကိုယ်​တော်​၏​တ​ရား​တော်​ကို ကြား​နာ​ရန်​နှင့်​မိ​မိ​တို့​၏​အ​နာ​ရော​ဂါ​များ ပျောက်​ကင်း​စေ​ရန်​လာ​ရောက်​ကြ​ခြင်း​ဖြစ်​၏။ ညစ်​ညမ်း​သော​နတ်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သူ​များ လည်း​လာ​၍​အ​နာ​ရော​ဂါ​ပျောက်​ကင်း​သွား​၏။- \v 19 ကိုယ်​တော်​၏​ထံ​တော်​မှ​တန်​ခိုး​ထွက်​၍​အ​နာ ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​သော​ကြောင့် လူ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို​တို့ ထိ​နိုင်​ရန်​ကြိုး​စား​ကြ​၏။ \s1 မင်္ဂ​လာ​နှင့်​အ​မင်္ဂ​လာ \r (မ၊ ၅:၁-၁၂) \q1 \v 20 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​ကို \q2 ကြည့်​တော်​မူ​ပြီး​လျှင် ``ဆင်း​ရဲ​သူ​တို့၊ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ \q1 ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​သင်​တို့​၏​နိုင်​ငံ ဖြစ်​၏။ \q1 \v 21 ``ယ​ခု​အ​ခါ​ဆာ​ငတ်​နေ​သူ​တို့၊သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ \q2 သင်​တို့​ဝ​ပြော​ရ​မည့်​အ​ချိန်​ရောက်​လိမ့်​မည်။ \q1 ``ငို​ကြွေး​နေ​ကြ​သူ​တို့၊သင်​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​ရယ်​မော​ရ​မည့်​အ​ချိန်​ရောက်​လိမ့်​မည်။ \p \v 22 ``လူ​သား​ကြောင့်​သင်​တို့​ကို​လူ​များ​မုန်း​ကြ​သော အ​ခါ​၌​လည်း​ကောင်း၊ ပစ်​ပယ်​ကြ​သော​အ​ခါ​၌ လည်း​ကောင်း၊ သင်​တို့​၏​ဂုဏ်​အ​သ​ရေ​ကို​ရှုတ်​ချ ကြ​သော​အ​ခါ​၌​လည်း​ကောင်း​သင်​တို့​သည်​မင်္ဂလာ ရှိ​ကြ​၏။-\x + \xo 6:22 \xt ၁ပေ၊ ၄:၁၄။\x* \v 23 ထို​သို့​တွေ့​ကြုံ​ခံ​စား​ရ​သော​အ​ခါ​ဝမ်း​မြောက် ကြ​လော့။ ရွှင်​မြူး​သ​ဖြင့်​က​ခုန်​ကြ​လော့။ ကောင်း ကင်​ဘုံ​တွင်​သင်​တို့​ရ​မည့်​အ​ကျိုး​ကား​ကြီး လှ​၏။ ဤ​သို့​သင်​တို့​အား​ပြု​ကျင့်​သူ​များ ၏​ဘိုး​ဘေး​များ​သည်​ရှေး​ပ​ရော​ဖက်​တို့​ကို ဤ​နည်း​အ​တိုင်း​ပင်​နှိပ်​စက်​ခဲ့​ကြ​၏။\x + \xo 6:23 \xt ၆ရာ၊ ၃၆:၁၆။ တ၊ ၇:၅၂။\x* \q1 \v 24 ``သို့​သော်​ကြွယ်​ဝ​ချမ်း​သာ​သူ​တို့၊သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ​၏။ \q2 သင်​တို့​သည်​ယ​ခု​ဘ​ဝ​၌​သက်​သာ​စွာ​နေ​ထိုင် ရ​ကြ​၏။ \q1 \v 25 ``ယ​ခု​အ​ခါ​ဝ​စွာ​စား​သောက်​ရ​သူ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ \q2 သင်​တို့​ဆာ​ငတ်​ရ​မည့်​အ​ချိန်​ရောက်​လိမ့်​မည်။ \q1 ယ​ခု​အ​ခါ​ရယ်​မော​ကြ​သူ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ \q2 သင်​တို့​ပူ​ဆွေး​ငို​ယို​ရ​မည့်​အ​ချိန်​ရောက်​လိမ့်​မည်။ \p \v 26 ``လူ​အ​ပေါင်း​တို့​သည်​သင်​တို့​ကို​ချီး​မွမ်း ကြ​သော​အ​ခါ​သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ ဤ​သူ​တို့​၏​ဘိုး​ဘေး​များ​သည် မိစ္ဆာ​ပ​ရော​ဖက်​များ​ကို​ဤ​နည်း​အ​တိုင်း ချီး​မွမ်း​ခဲ့​ကြ​လေ​ပြီ။ \s1 ရန်​သူ​ကို​ချစ်​ခြင်း \r (မ၊ ၅:၃၈-၄၈။ ၇:၁၂က) \p \v 27 ``သို့​ရာ​တွင်​ငါ​၏​တ​ရား​ကို​ကြား​နာ​ကြ​သူ​တို့၊ သင်​တို့​အား​ငါ​ဆို​သည်​ကား​ရန်​သူ​ကို​ချစ်​ကြ လော့။ သင်​တို့​ကို​မုန်း​သူ​အား​ကျေး​ဇူး​ပြု​ကြ လော့။- \v 28 ကျိန်​ဆဲ​သူ​အား​မေတ္တာ​ပို့​ကြ​လော့။ စော်​ကား သူ​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။- \v 29 သင်​၏​ပါး​တစ်​ဖက်​ကို​ရိုက်​သူ​အား​အ​ခြား ပါး​တစ်​ဖက်​ကို​လည်း​ရိုက်​စေ​ဦး​လော့။ သင် ၏​အ​ပေါ်​အင်္ကျီ​ကို​ယူ​သော​သူ​အား​ရှပ်​အင်္ကျီ ကို​လည်း​ယူ​ခွင့်​ပြု​လော့။- \v 30 သင့်​ထံ​တွင်​တောင်း​ခံ​လာ​သူ​တိုင်း​အား​ပေး လော့။ သင့်​ဥစ္စာ​ပစ္စည်း​များ​ကို​ယူ​သော​သူ​ထံ​မှ ပြန်​၍​မ​တောင်း​နှင့်။- \v 31 ကိုယ်​ကို​ပြု​စေ​လို​သည်​အ​တိုင်း​သူ​တစ်​ပါး တို့​အား​ပြု​ကြ​လော့။\x + \xo 6:31 \xt မ၊ ၇:၁၂။\x* \p \v 32 ``မိ​မိ​တို့​အား​ချစ်​သူ​များ​ကို​သာ​ချစ်​တုံ့​ပြန် ပါ​မူ အ​ဘယ်​သို့​လျှင်​ကောင်း​ချီး​မင်္ဂ​လာ​ကို သင်​တို့​ခံ​စား​နိုင်​မည်​နည်း။ အ​ပြစ်​ကူး​သူ များ​ပင်​လျှင်​မိ​မိ​တို့​အား​ချစ်​သူ​တို့​ကို​ချစ် ကြ​၏။- \v 33 သင်​တို့​အား​ကျေး​ဇူး​ပြု​သူ​များ​ကို​သာ​ကျေး ဇူး​တုံ့​ပြန်​ပါ​မူ သင်​တို့​သည်​အ​ဘယ်​သို့​လျှင် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​နိုင်​မည်​နည်း။ အ​ပြစ်​ကူး​သူ​များ​ပင်​လျှင်​ဤ​သို့​ပြု​ကြ​၏။- \v 34 ထို​မှ​တစ်​ပါး​ပြန်​လည်​ဆပ်​ပေး​မည်​ဟု​ယုံ​ကြည် သူ​ကို​သာ​လျှင်​သင်​တို့​ချေး​ငှား​ကြ​ပါ​မူ အ​ဘယ် သို့​လျှင်​ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​နိုင်​ကြ​ပါ မည်​နည်း။ အ​ပြစ်​ကူး​သူ​များ​ပင်​ပြန်​လည်​ဆပ် ပေး​မည်​ဟု​မျှော်​လင့်​လျက်​အ​ချင်း​ချင်း​အား ချေး​ငှား​ကြ​၏။- \v 35 သင်​တို့​မူ​ကား​ရန်​သူ​ကို​ချစ်​ကြ​လော့။ ကျေး​ဇူး ပြု​ကြ​လော့။ တစ်​စုံ​တစ်​ရာ​ကို​ပြန်​လည်​ရ​ရှိ​ရန် မ​မျှော်​လင့်​ဘဲ​ချေး​ငှား​ကြ​လော့။ ယင်း​သို့​ပြု​ပါ မူ​သင်​တို့​သည်​ကြီး​မြတ်​သော​ဆု​လာဘ်​ကို​ရ လျက်​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​ရှင်​၏​သား များ​ဖြစ်​ကြ​လိမ့်​မည်။ ထို​အ​ရှင်​သည်​ကျေး​ဇူး မ​သိ​တတ်​သူ​များ၊ ဆိုး​ညစ်​သူ​များ​အား ကျေး​ဇူး​ပြု​တော်​မူ​၏။- \v 36 သင်​တို့​၏​အ​ဖ​ဘု​ရား​သည်​သ​နား​ကြင်​နာ တော်​မူ​သည်​နည်း​တူ သင်​တို့​သည်​လည်း​သ​နား ကြင်​နာ​ကြ​လော့။ \s1 သူ​တစ်​ပါး​တို့​အား​စစ်​ကြော​စီ​ရင်​ခြင်း \r (မ၊ ၇:၁-၅) \p \v 37 ``သူ​တစ်​ပါး​တို့​အား​မ​စစ်​ကြော​မ​စီ​ရင်​ကြ​နှင့်။ သို့​မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​မ​စစ် ကြော​မ​စီ​ရင်​ဘဲ​နေ​တော်​မူ​လိမ့်​မည်။ သူ​တစ်​ပါး တို့​အား​မ​ရှုတ်​ချ​ကြ​နှင့်။ သို့​မှ​သာ​ဘု​ရား​သ​ခင် သည်​သင်​တို့​အား​မ​ရှုတ်​ချ​ဘဲ​နေ​တော်​မူ​လိမ့်​မည်။ သူ​တစ်​ပါး​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​ကြ​လော့။ သို့ မှ​သာ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​ပြစ်​ကို ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်။- \v 38 သူ​တစ်​ပါး​တို့​အား​ရက်​ရော​စွာ​ပေး​ကြ​လော့။ သို့​မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ရက် ရော​စွာ​ပေး​တော်​မူ​လိမ့်​မည်။ သိပ်​နှိပ်​လှုပ်​ခါ ပြည့်​လျှံ​သော​တောင်း​ပ​မာ​ဏ​ဖြင့်​သင်​တို့​၏ လက်​ထဲ​သို့​ပေး​တော်​မူ​လိမ့်​မည်။ သင်​တို့​သည် သူ​တစ်​ပါး​အား​ချိန်​တွယ်​ပေး​သည့်​တောင်း ပ​မာ​ဏ​အ​တိုင်း​ဘု​ရား​သ​ခင်​သည်​သင်​တို့ အား​ပေး​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 39 ထို​နောက်​ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ပုံ​ဥ​ပ​မာ ဆောင်​၍ ``မျက်​မ​မြင်​သည်​အ​ခြား​မျက်​မ​မြင် ကို​လမ်း​ပြ​နိုင်​သ​လော။ ထို​သူ​နှစ်​ဦး​လုံး​ပင် တွင်း​ထဲ​သို့​လိမ့်​ကျ​မည်​မ​ဟုတ်​လော။-\x + \xo 6:39 \xt မ၊ ၁၅:၁၄။\x* \v 40 တ​ပည့်​သည်​ဆ​ရာ​ထက်​မ​သာ။ သို့​ရာ​တွင်​ပ​ညာ သင်​ပြီး​ဆုံး​သော​အ​ခါ​တ​ပည့်​သည်​ဆ​ရာ​ကဲ့ သို့​ဖြစ်​လိမ့်​မည်။''\x + \xo 6:40 \xt မ၊ ၁၀:၂၄-၂၅။ ယော၊ ၁၃:၁၆၊ ၁၅:၂၀။\x* \p \v 41 ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ကိုယ့်​မျက်​စိ​၌​ရှိ သော​သစ်​တုံး​ကြီး​ကို​မ​မြင်​ဘဲ ညီ​အစ်​ကို မျက်​စိ​၌​ရှိ​သော​ငြောင့်​ငယ်​ကို​မြင်​သ​နည်း။- \v 42 အ​ဘယ်​ကြောင့်​ညီ​အစ်​ကို​အား`သင်​၏​မျက်​စိ​၌ ရှိ​သော​ငြောင့်​ငယ်​ကို​ထုတ်​ပေး​ပါ​ရ​စေ' ဟု​ပြော ဘိ​သ​နည်း။ အ​ချင်း​ကြောင်​သူ​တော်၊ သင်​၏​မျက်​စိ ၌​ရှိ​သော​သစ်​တုံး​ကြီး​ကို​ဦး​စွာ​ထုတ်​ပစ်​လော့။ သို့​မှ​သာ​သင်​သည်​သင့်​ညီ​အစ်​ကို​မျက်​စိ​၌ ရှိ​သော​ငြောင့်​ငယ်​ကို​ကောင်း​စွာ​မြင်​၍​ထုတ်​ယူ နိုင်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 အ​ပင်​နှင့်​အ​သီး \r (မ၊ ၇:၁၆-၂၀၊ ၁၂:၃၃-၃၅။) \p \v 43 ``အ​ပင်​ကောင်း​သည်​အ​သီး​ညံ့​ကို​မ​သီး​နိုင်။ ညံ့​သော​အ​ပင်​သည်​အ​သီး​ကောင်း​ကို​မ​သီး​နိုင်။- \v 44 အ​သီး​ကို​ထောက်​၍​အ​ပင်​အ​ကြောင်း​ကို​သိ​ရ ၏။ သင်္ဘော​သ​ဖန်း​သီး​ကို​ဆူး​ပင်​မှ​လည်း​ကောင်း၊ စ​ပျစ်​သီး​ကို​ဆူး​ချုံ​မှ​လည်း​ကောင်း​လူ​တို့ မ​ဆွတ်​မ​ခူး​နိုင်​ကြ။-\x + \xo 6:44 \xt မ၊ ၁၂:၃၃။\x* \v 45 ကောင်း​သော​သူ​သည်​ကောင်း​သော​အ​ရာ​များ​နှင့် ပြည့်​သော​စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​အ​တွင်း​မှ ကောင်း​သော​အ​ရာ​များ​ကို​ထုတ်​ဖော်​တတ်​၏။ ဆိုး​ယုတ်​သူ​မူ​ကား​ဆိုး​ယုတ်​သော​အ​ရာ​များ ကို​ထုတ်​ဖော်​တတ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် စိတ်​နှ​လုံး​တွင်​ပြည့်​လျှံ​နေ​သည့်​အ​ရာ​များ ကို​နှုတ်​က​မြွက်​ဆို​တတ်​သော​ကြောင့်​တည်း။\x + \xo 6:45 \xt မ၊ ၁၂:၃၄။\x* \s1 တည်​ဆောက်​သူ​နှစ်​မျိုး \r (မ၊ ၇:၂၄-၂၇) \p \v 46 ``သင်​တို့​သည်​ငါ့​စ​ကား​ကို​နား​မ​ထောင်​ဘဲ အ​ဘယ်​ကြောင့်​ငါ့​ကို `သ​ခင်၊ သ​ခင်' ဟု​ခေါ် ကြ​သ​နည်း။- \v 47 ငါ့​ထံ​သို့​လာ​၍​ငါ့​တ​ရား​စ​ကား​ကို​ကြား​နာ ပြီး​လျှင်​လိုက်​လျှောက်​သော​သူ​ကို​ပုံ​ဥ​ပ​မာ​ဖြင့် ပြ​ပေ​အံ့။- \v 48 ထို​သူ​သည်​မြေ​ကို​နက်​စွာ​တူး​ပြီး​မှ​ကျောက်​ပေါ် တွင်​အုတ်​မြစ်​ချ​၍​အိမ်​ကို​တည်​ဆောက်​သူ​နှင့်​တူ ၏။ ရေ​ကြီး​သော​အ​ခါ​မြစ်​ရေ​လျှံ​၍​ထို​အိမ်​ကို တိုက်​ခတ်​လေ​၏။ သို့​သော်​ရေ​အ​ဟုန်​သည်​အိမ်​ကို မ​လှုပ်​ရှား​စေ​နိုင်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အိမ် ကို​ခိုင်​ခန့်​စွာ​တည်​ဆောက်​ထား​သော​ကြောင့်​ဖြစ်​၏။- \v 49 သို့​ရာ​တွင်​ငါ့​တ​ရား​စ​ကား​ကို​ကြား​နာ​ပြီး နောက်​မ​လိုက်​လျှောက်​သော​သူ​မူ​ကား​အုတ်​မြစ် မ​ချ​ဘဲ​မြေ​ပေါ်​မှာ​အိမ်​ကို​တည်​ဆောက်​သူ နှင့်​တူ​၏။ မြစ်​ရေ​လျှံ​၍​ထို​အိမ်​ကို​တိုက်​ခတ် လျှင်​ချက်​ချင်း​ပြို​လဲ​သွား​၏။ ထို​အိမ်​၏ အ​ပျက်​အ​စီး​ကား​ကြီး​လှ​စွာ​တ​ကား'' ဟု မိန့်​တော်​မူ​၏။ \c 7 \s1 တပ်​မှူး​တစ်​ယောက်​၏​ကျွန်​ကို ရော​ဂါ​ပျောက်​စေ​တော်​မူ​ခြင်း \r (မ၊ ၈:၅-၁၃) \p \v 1 သ​ခင်​ယေ​ရှု​သည်​လူ​တို့​အား​ဤ​သို့​ဟော​ပြော သွန်​သင်​ပြီး​နောက်​က​ပေ​ရ​နောင်​မြို့​သို့​ကြွ တော်​မူ​၏။- \v 2 ထို​မြို့​တွင်​တာ​ဝန်​ကျ​သော​တပ်​ခွဲ​မှူး​တစ်​ယောက် ၌​အ​စေ​ခံ​တစ်​ယောက်​ရှိ​၏။ တပ်​ခွဲ​မှူး​သည်​ထို အ​စေ​ခံ​ကို​အ​လွန်​ချစ်​မြတ်​နိုး​၏။ သူ​သည် ဖျား​နာ​လျက်​သေ​အံ့​ဆဲ​ဆဲ​ဖြစ်​၍​နေ​၏။- \v 3 တပ်​ခွဲ​မှူး​သည်​သ​ခင်​ယေ​ရှု​၏​သ​တင်း​တော်​ကို ကြား​သော​အ​ခါ ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင် များ​ကို​အ​ထံ​တော်​သို့​စေ​လွှတ်​ပြီး​လျှင် ကိုယ် တော်​ကြွ​၍​မိ​မိ​အ​စေ​ခံ​အား​ကျန်း​မာ​စေ​ရန် လျှောက်​စေ​၏။- \v 4 သ​ခင်​ယေ​ရှု​ထံ​သို့​ရောက်​သော​အ​ခါ​ခေါင်း​ဆောင် က ``ထို​တပ်​ခွဲ​မှူး​သည်​အ​ရှင်​၏​ကျေး​ဇူး​ပြု​ခြင်း ကို​ခံ​ထိုက်​သူ​ဖြစ်​ပါ​၏။- \v 5 အ​ကျွန်ုပ်​တို့​အ​မျိုး​သား​များ​ကို​ချစ်​သော​ကြောင့် တ​ရား​ဇ​ရပ်​တစ်​ဆောင်​ကို​ဆောက်​လုပ်​ပေး​သူ ဖြစ်​ပါ​၏'' ဟု​လေး​နက်​စွာ​ထောက်​ခံ​လျှောက် ထား​ကြ​၏။ \p \v 6 သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​နှင့်​အ​တူ​ကြွ​တော် မူ​၍ တပ်​ခွဲ​မှူး​၏​အိမ်​နှင့်​မ​လှမ်း​မ​ကမ်း​သို့​ရောက် တော်​မူ​၏။ ထို​အ​ခါ​တပ်​ခွဲ​မှူး​သည်​မိတ်​ဆွေ​များ ကို​ကိုယ်​တော်​၏​ထံ​သို့​စေ​လွှတ်​ကာ ``အ​ရှင်၊ ဒုက္ခ ရှာ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​သည်​မ​ထိုက်​မ​တန် သူ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​၏​အိမ်​မိုး​အောက်​သို့​အ​ရှင် ဝင်​တော်​မူ​ရန်​မ​သင့်​လျော်​ပါ။ ထို့​အ​တူ​အ​ကျွန်ုပ် သည်​အ​ရှင်​၏​အ​ထံ​တော်​သို့​လာ​ထိုက်​သူ​မ​ဟုတ် ဟု​ယူ​ဆ​ပါ​၏။- \v 7 အ​မိန့်​တော်​ကို​သာ​ပေး​တော်​မူ​ပါ​လျှင် အ​ကျွန်ုပ် ၏​အ​စေ​ခံ​သည်​ကျန်း​မာ​လာ​ပါ​လိမ့်​မည်။- \v 8 အ​ကျွန်ုပ်​ကိုယ်​တိုင်​ပင်​အ​ထက်​အ​ရာ​ရှိ​အောက် တွင်​အ​မှု​ထမ်း​သူ​ဖြစ်​၍ အ​ကျွန်ုပ်​၏​လက်​အောက် တွင်​လည်း​စစ်​သား​များ​ရှိ​ပါ​၏။ စစ်​သား​တစ် ယောက်​အား `သွား​လော့' ဟု​ဆို​လျှင်​သူ​သည်​သွား ပါ​၏။ အ​ခြား​တစ်​ယောက်​အား `လာ​ခဲ့' ဟု​ဆို​လျှင် လာ​ပါ​၏။ အ​ကျွန်ုပ်​၏​ကျွန်​အား `ဤ​အ​မှု​ကို​ပြု လော့' ဟု​ဆို​လျှင်​သူ​သည်​ပြု​ပါ​၏'' ဟု​လျှောက် ထား​စေ​၏။ ဤ​စ​ကား​ကို​သ​ခင်​ယေ​ရှု​ကြား တော်​မူ​လျှင်​အံ့​သြ​တော်​မူ​၏။ \p \v 9 ကိုယ်​တော်​သည်​နောက်​တော်​က​လိုက်​လာ​ကြ သော လူ​ပ​ရိ​သတ်​တို့​ကို​လှည့်​ကြည့်​တော်​မူ လျက် ``ငါ​ဆို​သည်​ကား​ဤ​ကဲ့​သို့​သော​ယုံ​ကြည် ခြင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ထဲ​မှာ ပင် ငါ​မ​တွေ့​မ​ကြုံ​ဖူး​သေး'' ဟု​မိန့်​တော်​မူ​၏။ \p \v 10 တပ်​ခွဲ​မှူး​စေ​လွှတ်​လိုက်​သော​သူ​များ​သည်​အိမ် သို့​ပြန်​ရောက်​ကြ​သော​အ​ခါ​ထို​အ​စေ​ခံ​သည် ကျန်း​မာ​လျက်​ရှိ​သည်​ကို​တွေ့​ကြ​၏။ \s1 မု​ဆိုး​မ​တစ်​ယောက်​၏​သား​ကို အ​သက်​ပြန်​ရှင်​စေ​တော်​မူ​ခြင်း \p \v 11 ထို​နောက်​ကိုယ်​တော်​သည်​နာ​ဣ​န​မြို့​သို့​ကြွ​တော် မူ​သော​အ​ခါ တ​ပည့်​တော်​တို့​နှင့်​လူ​ပ​ရိ​သတ် ကြီး​သည်​လိုက်​ပါ​လာ​ကြ​၏။- \v 12 မြို့​တံ​ခါး​အ​နီး​သို့​ကိုယ်​တော်​ရောက်​ချိန်​၌ လူ​တို့ သည်​မု​ဆိုး​မ​တစ်​ယောက်​၏​တစ်​ဦး​တည်း​သော သား​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ရန် မြို့​ပြင်​သို့​ထုတ် ဆောင်​လာ​ကြ​၏။ ထို​မု​ဆိုး​မ​နှင့်​အ​တူ​မြို့​သူ မြို့​သား​တို့​သည်​လိုက်​ပို့​ကြ​၏။- \v 13 ကိုယ်​တော်​သည်​ထို​အ​မျိုး​သ​မီး​ကို​မြင်​သော အ​ခါ​သ​နား​တော်​မူ​သ​ဖြင့် ``မ​ငို​နှင့်'' ဟု သူ့​အား​မိန့်​တော်​မူ​၏။- \v 14 ထို့​နောက်​အ​နီး​သို့​ကြွ​တော်​မူ​ပြီး​လျှင် အ​လောင်း စင်​ကို​လက်​တော်​ဖြင့်​တို့​ထိ​တော်​မူ​၏။ ထို​အ​ခါ အ​လောင်း​စင်​ထမ်း​သူ​တို့​သည်​ရပ်​တန့်​ကြ​၏။ ကိုယ် တော်​က ``အ​ချင်း​လူ​ငယ်၊ ထ​လော့၊ သင့်​အား​ငါ အ​မိန့်​ပေး​၏'' ဟု​မိန့်​တော်​မူ​ရာ၊- \v 15 သူ​သေ​သည်​ထိုင်​ပြီး​လျှင်​စ​ကား​ပြော​လေ​၏။ ထို​နောက်​ကိုယ်​တော်​သည်​သူ့​ကို​မိ​ခင်​အား​အပ် ပေး​တော်​မူ​၏။ \p \v 16 လူ​အ​ပေါင်း​တို့​သည်​ကြောက်​ရွံ့​လျက်​ဘု​ရား​သ​ခင် ၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​ကူး​ကြ​၏။ သူ​တို့ က ``ငါ​တို့​တွင်​ပ​ရော​ဖက်​ကြီး​တစ်​ပါး​ပေါ်​ထွန်း လေ​ပြီ။ ဘု​ရား​သ​ခင်​သည်​မိ​မိ​လူ​စု​တော်​အား ကယ်​တင်​ရန်​ကြွ​လာ​တော်​မူ​ပြီ'' ဟု​ဂုဏ်​ကျေး​ဇူး တော်​ကို​ချီး​ကူး​ကြ​၏။ \p \v 17 ကိုယ်​တော်​၏​သ​တင်း​တော်​သည်​ယု​ဒ​ပြည်​တစ် လျှောက်​လုံး​နှင့်​ပတ်​ဝန်း​ကျင်​တွင်​ပျံ့​နှံ့​သွား​တော့ ၏။ \s1 ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ထံ​မှ​စေ​တ​မန်​များ \r (မ၊ ၁၁:၂-၁၉) \p \v 18 ယော​ဟန်​အား​တ​ပည့်​များ​က​ဤ​အ​ကြောင်း အ​ရာ​အ​လုံး​စုံ​တို့​ကို​ပြော​ကြား​ကြ​၏။ ထို အ​ခါ​သူ​သည်​တ​ပည့်​နှစ်​ယောက်​ကို​ခေါ်​ပြီး လျှင်​သ​ခင်​ယေ​ရှု​ထံ​သို့​စေ​လွှတ်​လျက်၊- \v 19 ``ကိုယ်​တော်​သည်​ကြွ​လာ​တော်​မူ​မည်​ဟု​ဆို သော​အ​ရှင်​ပေ​လော။ သို့​တည်း​မ​ဟုတ်​အ​ခြား ပ္ဂိုလ်​တစ်​ဦး​ကို​စောင့်​မျှော်​ရ​ပါ​မည်​လော'' ဟု မေး​လျှောက်​စေ​၏။ \p \v 20 ထို​သူ​နှစ်​ယောက်​တို့​သည်​ကိုယ်​တော်​၏​ထံ​သို့​လာ ကြ​ပြီး​နောက် ``ကိုယ်​တော်​သည်​ကြွ​လာ​တော်​မူ မည်​ဟု​ဆို​သော​အ​ရှင်​ပေ​လော။ သို့​တည်း​မ​ဟုတ် အ​ခြား​ပ္ဂိုလ်​တစ်​ဦး​ကို​စောင့်​မျှော်​ရ​ပါ​မည် လော။ ဤ​သို့​မေး​လျှောက်​ရန်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် က​အ​ကျွန်ုပ်​တို့​ကို​စေ​လွှတ်​လိုက်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။ \p \v 21 ထို​အ​ခါ​၌​ကိုယ်​တော်​သည်​လူ​တို့​၏​ရော​ဂါ ဝေ​ဒ​နာ​များ​ကို​ပျောက်​ကင်း​စေ​တော်​မူ​၏။ နတ် မိစ္ဆာ​များ​ကို​နှင်​ထုတ်​၍​မျက်​မ​မြင်​များ​ကို မျက်​စိ​မြင်​စေ​တော်​မူ​၏။- \v 22 ကိုယ်​တော်​က ``သင်​တို့​မြင်​ရ​ကြား​ရ​သည့်​အ​ရာ များ​ကို​ယော​ဟန်​ထံ​သွား​၍​ပြော​ကြား​လော့။ မျက်​မ​မြင်​များ​မျက်​စိ​အ​လင်း​ကို​ပြန်​လည် ရ​ရှိ​ကြ​၏။ ခြေ​ကျိုး​သူ​များ​လမ်း​လျှောက်​ကြ​၏။ အ​ရေ​ပြား​ရော​ဂါ​သည်​များ​သန့်​စင်​သွား​ကြ ၏။ နား​ပင်း​သူ​များ​နား​ကြား​ရ​ကြ​၏။ သေ သူ​များ​အ​သက်​ပြန်​၍​ရှင်​ကြ​၏။ ဆင်း​ရဲ သူ​တို့​သ​တင်း​ကောင်း​ကို​ကြား​ရ​ကြ​၏။-\x + \xo 7:22 \xt ဟေရှာ၊ ၃၅:၅-၆၊ ၆၁:၁။\x* \v 23 ငါ့​အ​ပေါ်​၌​ယုံ​မှား​ခြင်း​ကင်း​သူ​သည်​မင်္ဂ လာ​ရှိ​၏'' ဟု​ယော​ဟန်​၏​တ​ပည့်​များ​အား ဖြေ​ကြား​တော်​မူ​၏။ \p \v 24 ယော​ဟန်​တ​ပည့်​များ​အ​ထံ​တော်​မှ​ထွက်​သွား ကြ​သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​ယော​ဟန် အ​ကြောင်း​နှင့်​ပတ်​သက်​၍​လူ​ပ​ရိ​သတ်​တို့ အား ``သင်​တို့​သည်​အ​ဘယ်​အ​ရာ​ကို​ကြည့်​ရှု ရန်​တော​ကန္တာ​ရ​သို့​သွား​ကြ​သ​နည်း။ လေ​တိုက် ၍​လှုပ်​သော​ကူ​ပင်​ကို​ကြည့်​ရှု​ကြ​ရန်​လော။- \v 25 ထို​သို့​မ​ဟုတ်​ပါ​မူ​ဝတ်​ကောင်း​စား​လှ​ဝတ်​ဆင် ထား​သူ​ကို​ကြည့်​ရှု​ကြ​ရန်​လော။ ဝတ်​ကောင်း​စား လှ​ဝတ်​ဆင်​ကာ​စည်း​စိမ်​ခံ​သူ​များ​ကား​မင်း အိမ်​စိုး​အိမ်​များ​တွင်​နေ​ထိုင်​ကြ​၏။- \v 26 ထို​သို့​မ​ဟုတ်​ပါ​မူ​ပ​ရော​ဖက်​ကို​ကြည့်​ရှု​ရန် လော။ မှန်​ပေ​၏။ ပ​ရော​ဖက်​ထက်​ကြီး​မြတ်​သူ ကို​ကြည့်​ရှု​ရန်​ဖြစ်​၏။- \v 27 ကျမ်း​စာ​တော်​တွင် `နား​ထောင်​လော့၊ သင်​၏​လမ်း ကို​အ​သင့်​ဖြစ်​စေ​ရန် ငါ​၏​စေ​တ​မန်​ကို​သင့် အ​လျင်​စေ​လွှတ်​မည်' ဟု​ဖော်​ပြ​ထား​၏။ ယော​ဟန်​ကား​ထို​စေ​တ​မန်​ပင်​ဖြစ်​၏။-\x + \xo 7:27 \xt မာလ၊ ၃:၁။\x* \v 28 အ​မျိုး​သ​မီး​များ​မှ​ဖွား​မြင်​သူ​များ​အ​နက် ယော​ဟန်​ထက်​ကြီး​မြတ်​သူ​တစ်​ယောက်​မျှ​မ​ရှိ ဟု​သင်​တို့​အား​ငါ​ဆို​၏။ သို့​ရာ​တွင်​ဘု​ရား သ​ခင်​၏​အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​သူ​တို့​တွင် အ​သိမ်​ငယ်​ဆုံး​သော​သူ​သည်​ယော​ဟန်​ထက် ကြီး​မြတ်​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 29 လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော် ကို​ကြား​ကြ​၏။ ထို​သူ​တို့​အ​နက်​အ​ထူး​သ​ဖြင့် အ​ခွန်​ခံ​သူ​များ​သည်​ဘု​ရား​သ​ခင်​၏​ဖြောင့်​မှန် သော​ပြ​ဋ္ဌာန်း​ချက်​များ​ကို​လိုက်​နာ​၍ ယော​ဟန် ထံ​မှ​ဗတ္တိဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ခဲ့​သူ​များ​ဖြစ် ကြ​၏။-\x + \xo 7:29 \xt မ၊ ၂၁:၃၂။ လု၊ ၃:၁၂။\x* \v 30 သို့​ရာ​တွင်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​မူ ကား မိ​မိ​တို့​အ​တွက်​ဘု​ရား​သ​ခင်​ထား​ရှိ​တော် မူ​သော​အ​ကြံ​အ​စည်​တော်​ကို​ပစ်​ပယ်​သူ​များ ဖြစ်​ကြ​သ​ဖြင့် ယော​ဟန်​ထံ​တွင်​ဗတ္တိ​ဇံ​ကို မ​ခံ​မ​ယူ​ကြ။ \p \v 31 ကိုယ်​တော်​က ``ဤ​ခေတ်​လူ​တို့​ကို​အ​ဘယ်​သို့​ပုံ ဥ​ပ​မာ​ခိုင်း​နှိုင်း​ရ​မည်​နည်း။ သူ​တို့​သည်​အ​ဘယ် သူ​များ​နှင့်​တူ​ကြ​သ​နည်း။- \v 32 သူ​တို့​ကား​စျေး​ရပ်​ကွက်​တွင်​ထိုင်​လျက် `ငါ​တို့ သာ​ယာ​စွာ​တီး​မှုတ်​သော်​လည်း​သင်​တို့​သည် မ​က​မ​ခုန်။ ငါ​တို့​ငို​ချင်း​ကို​ဆို​သော်​လည်း သင်​တို့​သည်​မ​ငို​မ​ကြွေး' ဟု​အ​ချင်း​ချင်း အော်​ဟစ်​ပြော​ဆို​သော​က​လေး​သူ​ငယ်​များ နှင့်​တူ​၏။- \v 33 အ​ဘယ်​ကြောင့်​ဆို​သော်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် သည်​အ​စား​အ​စာ​ကို​မ​စား၊ စ​ပျစ်​ရည်​ကို မ​သောက်​ဘဲ​လာ​သော​အ​ခါ​သင်​တို့​က `ဤ သူ​သည်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ' ဟု​ဆို​ကြ​၏။- \v 34 လူ​သား​သည်​စား​လျက်​သောက်​လျက်​လာ​သော အ​ခါ​သင်​တို့​က `ကြည့်​လော့၊' ဤ​သူ​သည်​စား ကြူး​သူ​ဖြစ်​သည်။ အ​ခွန်​ခံ​သူ​များ​နှင့်​အ​ခြား အ​ပယ်​ခံ​သူ​များ​နှင့်​မိတ်​ဖွဲ့​သူ​ဖြစ်​သည်' ဟု ဆို​ကြ​၏။- \v 35 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ရွှေ​ဉာဏ်​တော်​ကို လက်​ခံ​သူ​အ​ပေါင်း​တို့​က ထို​ရွှေ​ဉာဏ်​တော် သည်​မှန်​ကန်​ကြောင်း​ကို​ပြ​သ​ကြ​၏'' ဟု မိန့်​တော်​မူ​၏။ \s1 ဖာ​ရိ​ရှဲ​ရှိ​မုန်​၏​အိမ်​တွင်​ကိုယ်​တော်​ရှိ​တော်​မူ​စဉ် \p \v 36 ဖာ​ရိ​ရှဲ​တစ်​ယောက်​သည်​ကိုယ်​တော်​အား​မိ​မိ နှင့်​အ​တူ​ည​စာ​သုံး​ဆောင်​တော်​မူ​ရန်​ပင့်​ဖိတ် ၏။ ကိုယ်​တော်​သည်​ဖာ​ရိ​ရှဲ​၏​အိမ်​သို့​ဝင်​၍​စား ပွဲ​တွင်​ထိုင်​တော်​မူ​၏။- \v 37 ထို​မြို့​တွင်​အ​ပြစ်​ကူး​သူ​အ​မျိုး​သမီး​တစ် ယောက်​ရှိ​၏။ သူ​သည်​ဖာ​ရိ​ရှဲ​၏​အိမ်​တွင်​ကိုယ်​တော် ည​စာ​သုံး​ဆောင်​တော်​မူ​ကြောင်း​ကို​သိ​သော​အ​ခါ ဆီ​မွှေး​ကျောက်​ဖြူ​ဘူး​တစ်​လုံး​ကို​ယူ​ဆောင်​ပြီး လျှင် ကိုယ်​တော်​၏​နောက်​၌​ခြေ​တော်​ရင်း​တွင် ရပ်​လျက်​ငို​ယို​ကာ​နေ​၏။-\x + \xo 7:37 \xt မ၊ ၂၆:၇။ မာ၊ ၁၄:၃။ ယော၊ ၁၂:၃။\x* \v 38 သူ​၏​မျက်​ရည်​သည်​ကိုယ်​တော်​၏​ခြေ​များ အ​ပေါ်​သို့​ကျ​သည်​ရှိ​သော်​မိ​မိ​၏​ဆံ​ပင် ဖြင့်​သုတ်​၏။ ထို​နောက်​ထို​အ​မျိုး​သ​မီး​သည် ကိုယ်​တော်​၏​ခြေ​များ​ကို​နမ်း​ရှုပ်​ပြီး​လျှင် ဆီ​မွှေး​ဖြင့်​သုတ်​လိမ်း​လျက်​နေ​၏။- \v 39 ကိုယ်​တော်​အား​ပင့်​ဖိတ်​သူ​ဖာ​ရိ​ရှဲ​သည်​ဤ အ​ခြင်း​အ​ရာ​ကို​မြင်​လျှင် ``ဤ​သူ​သည်​ပ​ရော ဖက်​ဖြစ်​ပါ​မူ သူ​၏​ခြေ​ကို​ကိုင်​သော​အ​မျိုး သ​မီး​သည်​အ​ဘယ်​သူ​ဖြစ်​သည်​ကို​လည်း ကောင်း၊ အ​ဘယ်​သို့​သော​အ​ပြစ်​ကူး​လွန်​သည့် အ​မျိုး​သ​မီး​ဖြစ်​သည်​ကို​လည်း​ကောင်း သိ​လိမ့်​မည်'' ဟု​တွေး​တော​လျက်​နေ​၏။ \p \v 40 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က​ထို​သူ​အား ``ရှိ​မုန်၊ သင့်​အား​ငါ​ပြော​စ​ရာ​တစ်​ခု​ရှိ​၏'' ဟု​မိန့် တော်​မူ​၏။ \p ရှိ​မုန်​က ``ဆ​ရာ​တော်၊အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။ \p \v 41 သ​ခင်​ယေ​ရှု​က ``ငွေ​ချေး​စား​သူ​တစ်​ဦး​တွင် အ​ကြွေး​တင်​သူ​နှစ်​ဦး​ရှိ​၏။ တစ်​ဦး​က​ငွေ​ဒင်္ဂါး ငါး​ရာ၊ အ​ခြား​တစ်​ဦး​က​ငါး​ဆယ်​အ​ကြွေး တင်​၏။- \v 42 သူ​တို့​သည်​အ​ကြွေး​မ​ဆပ်​နိုင်​သ​ဖြင့်​ကြွေး​ရှင် သည် ထို​သူ​နှစ်​ဦး​လုံး​၏​အ​ကြွေး​အား​လုံး​ကို လျှော်​ပစ်​လိုက်​၏။ ထို​သူ​နှစ်​ဦး​အ​နက်​အ​ဘယ် သူ​သည် ကြွေး​ရှင်​ကို​ပို​၍​မေတ္တာ​ရှိ​လိမ့်​မည် နည်း'' ဟု​မေး​တော်​မူ​၏။ \p \v 43 ရှိ​မုန်​က ``ငွေ​ပို​၍​လျှော်​ပစ်​ခြင်း​ခံ​ရ​သူ​သည် ပို​၍​မေတ္တာ​ရှိ​မည်​ထင်​ပါ​သည်'' ဟု​လျှောက်​၏။ \p ကိုယ်​တော်​က ``သင့်​ယူ​ဆ​ချက်​သည်​မှန်​ပေ​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 44 ထို​နောက်​အ​မျိုး​သ​မီး​၏​ဘက်​ကို​လှည့်​၍ ရှိ​မုန်​အား ``သင်​သည်​ဤ​အ​မျိုး​သ​မီး​ကို မြင်​သ​လော။ ငါ​သည်​သင်​၏​အိမ်​သို့​ဝင်​သော အ​ခါ သင်​သည်​ခြေ​ဆေး​ရေ​ကို​မ​ပေး။ သို့ ရာ​တွင်​သူ​သည်​မျက်​ရည်​ဖြင့် ငါ့​ခြေ​ကို ဆေး​၍​ဆံ​ပင်​ဖြင့်​သုတ်​လေ​ပြီ။- \v 45 သင်​သည်​ငါ့​ကို​မ​နမ်း။ ထို​အ​မျိုး​သ​မီး သည်​ဤ​အိမ်​သို့​ဝင်​ချိန်​မှ​စ​၍​ငါ​၏​ခြေ ကို​အ​ဆက်​မ​ပြတ်​နမ်း​လေ​ပြီ။- \v 46 သင်​သည်​ငါ​၏​ခေါင်း​ကို​ဆီ​ဖြင့်​မ​လိမ်း။ သူ​မူ​ကား ငါ​၏​ခြေ​ကို​ဆီ​မွှေး​ဖြင့်​လိမ်း​လေ​ပြီ။ ထို​ကြောင့်​သင့် အား​ငါ​ဆို​သည်​ကား ဤ​အ​မျိုး​သ​မီး​သည်​များ​စွာ သော​အ​ပြစ်​တို့​မှ​ပြေ​လွတ်​လေ​ပြီ။- \v 47 ထို​သို့​ပြေ​လွတ်​ကြောင်း​ကို​သူ​၏​ကြီး​မား​သော မေတ္တာ​က​သက်​သေ​ခံ​၏။ အ​ပြစ်​အ​နည်း​ငယ်​သာ ပြေ​လွတ်​သူ​မူ​ကား​အ​နည်း​ငယ်​သာ​လျှင်​ချစ် တတ်​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 48 ထို​နောက်​ကိုယ်​တော်​က ``သင်​၏​အ​ပြစ်​ကို​ဖြေ လွှတ်​ပြီ'' ဟု​အ​မျိုး​သ​မီး​အား​မိန့်​တော်​မူ​၏။ \p \v 49 ကိုယ်​တော်​နှင့်​အ​တူ​ည​စာ​စား​နေ​ကြ​သူ​တို့ သည် ``အ​ပြစ်​ကို​ပင်​ဖြေ​လွှတ်​သော​ဤ​သူ​ကား အ​ဘယ်​သူ​နည်း'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ \p \v 50 သို့​ရာ​တွင်​ကိုယ်​တော်​က​ထို​အ​မျိုး​သ​မီး အား ``သင်​၏​ယုံ​ကြည်​ခြင်း​သည်​သင့်​ကို​ကယ် တင်​ပြီ။ စိတ်​ချမ်း​သာ​စွာ​သွား​လော့'' ဟု​မိန့် တော်​မူ​၏။ \c 8 \s1 ကိုယ်​တော်​နှင့်​လိုက်​ပါ​ခဲ့​ကြ​သော အ​မျိုး​သ​မီး​များ \p \v 1 ကာ​လ​အ​နည်း​ငယ်​ကြာ​သော်​ကိုယ်​တော်​သည် မြို့​ရွာ​များ​ကို​ဖြတ်​ကြွ​လျက် ဘု​ရား​သ​ခင် နိုင်​ငံ​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော ပြော​တော်​မူ​၏။- \v 2 တစ်​ကျိပ်​နှစ်​ပါး​သော​တ​မန်​တော်​တို့​သည်​ကိုယ်​တော် နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။ အ​နာ​ရော​ဂါ​ဘေး၊ နတ်​မိစ္ဆာ​ဘေး​မှ​ကိုယ်​တော်​ကင်း​လွတ်​စေ​ခဲ့​သော အ​မျိုး​သ​မီး​အ​ချို့​တို့​လည်း​လိုက်​ပါ​လာ​ကြ​၏။ ထို​သူ​တို့​အ​နက်​နတ်​မိစ္ဆာ​ခု​နစ်​ဖော်​စွန့်​ခွာ​သွား သော​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ၊-\x + \xo 8:2 \xt မ၊ ၂၇:၅၅-၅၆။ မာ၊ ၁၅:၄၀-၄၁။ လု၊ ၂၃:၄၉။\x* \v 3 ဟေ​ရုဒ်​မင်း​၏​အိမ်​ထောင်​အုပ်​ချုပ်​ရေး​မှူး​ခု​ဇ​၏ ဇ​နီး​ယော​ဟန္န၊ ရှု​ရှန္န​နှင့်​အ​ခြား​အ​မျိုး​သ​မီး များ​ပါ​၏။ ဤ​အ​မျိုး​သမီး​များ​သည်​မိ​မိ​တို့ စ​ရိတ်​ဖြင့်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​အား လုပ်​ကျွေး​သ​မှု​ပြု​ကြ​၏။ \s1 မျိုး​ကြဲ​သူ​ပုံ​ဥ​ပ​မာ \r (မ၊ ၁၃:၁-၉။ မာ၊ ၄:၁-၉) \p \v 4 အ​မြို့​မြို့​မှ​လာ​ကြ​သော​လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်​တွင်​စု​ရုံး​လျက်​နေ​ကြ​စဉ်​ကိုယ် တော်​သည်​ပုံ​ဥ​ပ​မာ​ဆောင်​၍၊- \v 5 ``မျိုး​ကြဲ​သူ​သည်​မျိုး​ကြဲ​ရန်​ထွက်​သွား​၏။ မျိုး​ကြဲ သော​အ​ခါ​အ​ချို့​မျိုး​စေ့​များ​သည်​လမ်း​တွင်​ကျ​၏။ ထို​မျိုး​စေ့​တို့​ကို​လူ​များ​ကျော်​နင်း​၍​ငှက်​များ ကောက်​စား​ကြ​၏။- \v 6 အ​ချို့​မျိုး​စေ့​များ​သည်​ကျောက်​မြေ​ပေါ်​တွင်​ကျ ၏။ အ​ပင်​များ​ပေါက်​ပြီး​နောက်​ရေ​မ​ရ​သ​ဖြင့် ညှိုး​နွမ်း​ခြောက်​သွေ့​ကုန်​၏။- \v 7 အ​ချို့​မျိုး​စေ့​များ​သည်​ဆူး​တော​တွင်​ကျ​၏။ ဆူး​ပင် များ​သည်​အ​ပင်​ငယ်​များ​နှင့်​အ​တူ​ကြီး​ထွား​လာ ပြီး​လျှင်​ထို​အ​ပင်​ငယ်​တို့​ကို​လွှမ်း​မိုး​သွား​၏။- \v 8 အ​ချို့​မျိုး​စေ့​များ​ကား​မြေ​ကောင်း​မြေ​သန့်​တွင်​ကျ သ​ဖြင့်​အ​ပင်​ပေါက်​၍​အ​ဆ​တစ်​ရာ​သီး​နှံ​များ​ကို ဖြစ်​ပွား​စေ​၏'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက် ``ကြား တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​ကုန်​လော့'' ဟု ကြွေး​ကြော်​တော်​မူ​၏။ \s1 ပုံ​ဥ​ပ​မာ​များ​၏​ရည်​ရွယ်​ချက် \r (မ၊ ၁၃:၁၀-၁၇။ မာ၊ ၄:၁၀-၁၂။) \p \v 9 တ​ပည့်​တော်​တို့​သည်​ဤ​ပုံ​ဥ​ပ​မာ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။- \v 10 ကိုယ်​တော်​က ``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​နှင့်​ဆိုင်​သော​နက်​နဲ​သည့်​အ​ကြောင်း အ​ရာ​များ​ကို​သိ​နား​လည်​ရ​ကြ​၏။ အ​ခြား သူ​တို့​မူ​ကား​ကြည့်​လျက်​နှင့်​မ​မြင်၊ ကြား​လျက် နှင့်​နား​မ​လည်၊ ပုံ​ဥ​ပ​မာ​များ​အား​ဖြင့်​ဟော​ရ​၏။\x + \xo 8:10 \xt ဟေရှာ၊ ၆:၉-၁၀။\x* \s1 မျိုး​ကြဲ​သူ​ပုံ​ဥ​ပ​မာ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​ရှင်း​ပြ​တော်​မူ​ခြင်း \r (မ၊ ၁၃:၁၈-၂၃။ မာ၊ ၄:၁၃-၂၀) \p \v 11 ``ဤ​ပုံ​ဥ​ပ​မာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကား​ဤ​သို့ တည်း။ မျိုး​စေ့​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တော်​ကို​ဆို​လို​၏။- \v 12 လမ်း​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​သူ​များ​ကို​ဆို​လို​၏။ သို့ ရာ​တွင်​မာရ်​နတ်​သည်​ထို​သူ​တို့​ယုံ​ကြည်​၍ ကယ် တင်​ခြင်း​ခံ​ရ​ကြ​မည်​စိုး​သ​ဖြင့်​လာ​၍ သူ​တို့​၏ စိတ်​နှ​လုံး​ထဲ​မှ​နှုတ်​က​ပတ်​တ​ရား​တော်​ကို နုတ်​ယူ​သွား​၏။- \v 13 ကျောက်​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​သော​အ​ခါ ဝမ်း​မြောက်​စွာ ယုံ​ကြည်​ခံ​ယူ​သူ​များ​ကို​ဆို​လို​သည်။ သို့​ရာ​တွင် သူ​တို့​၏​စိတ်​နှ​လုံး​တွင်​နှုတ်​က​ပတ်​တော်​သည် အ​မြစ်​မ​စွဲ။ ကာ​လ​အ​နည်း​ငယ်​သာ​ယုံ​ကြည် လက်​ခံ​၏။ သို့​ရာ​တွင်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​တွေ့ သော​အ​ခါ​သူ​တို့​သည်​ဖောက်​ပြန်​သူ​များ ဖြစ်​ကြ​၏။- \v 14 ဆူး​တော​တွင်​ကျ​သည့်​မျိုး​စေ့​ကား​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​ပြီး​နောက်​စိုး​ရိမ်​ကြောင့် ကြ​မှု၊ ချမ်း​သာ​ကြွယ်​ဝ​မှု၊ ကာ​မ​ဂုဏ်​ခံ​စား​မှု များ​က​လွှမ်း​မိုး​သ​ဖြင့်​အောင်​မြင်​သော​အ​သီး မ​သီး​နိုင်​သူ​များ​ကို​ဆို​လို​၏။- \v 15 မြေ​ကောင်း​မြေ​သန့်​တွင်​ကျ​သော​မျိုး​စေ့​မူ​ကား နှုတ်​က​ပတ်​တော်​ကို​ကြား​ပြီး​နောက် ရိုး​ဖြောင့် ကောင်း​မွန်​သော​စိတ်​နှ​လုံး​တွင်​စွဲ​မြဲ​စွာ​ခံ​ယူ ကာ​အ​သီး​သီး​သူ​များ​ကို​ဆို​လို​သ​တည်း။ \s1 တောင်း​ဖြင့်​အုပ်​ထား​သော​ဆီ​မီး \r (မာ၊ ၄:၂၁-၂၅) \p \v 16 ``ဆီ​မီး​ကို​ထွန်း​ပြီး​လျှင်​တောင်း​ဖြင့်​အုပ်​ထား ခြင်း၊ ခု​တင်​အောက်​မှာ​ထား​ခြင်း​ကို​အ​ဘယ်​သူ မျှ​မ​ပြု​တတ်။ အ​ခန်း​ထဲ​သို့​ဝင်​လာ​သူ​များ အ​လင်း​ကို​မြင်​စေ​ရန်​ဆီ​မီး​ခုံ​ပေါ်​မှာ​သာ တင်​ထား​တတ်​ကြ​၏။\x + \xo 8:16 \xt မ၊ ၅:၁၅။ လု၊ ၁၁:၃၃။\x* \p \v 17 ``ကွယ်​ဝှက်​ထား​သော​အ​ရာ​ဟူ​သ​မျှ​သည်​ပေါ် လာ​ရ​မည်။ ဖုံး​အုပ်​ထား​သော​အ​ရာ​ဟူ​သ​မျှ သည်​ပေါ်​လွင်​ထင်​ရှား​လာ​ရ​မည်။\x + \xo 8:17 \xt မ၊ ၁၀:၂၆။ လု၊ ၁၂:၂။\x* \p \v 18 ``သို့​ဖြစ်​၍​သင်​တို့​မည်​သို့​မည်​ပုံ​ကြား​နာ​သည် ကို​သ​တိ​ပြု​ကြ​လော့။ ရှိ​သူ​အား​ထပ်​၍​ပေး လိမ့်​မည်။ မ​ရှိ​သူ​ထံ​မှ​ရှိ​သည်​ဟု​ထင်​ရ​သော အ​ရာ​ရှိ​သ​မျှ​ကို​ပင်​သိမ်း​ယူ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။\x + \xo 8:18 \xt မ၊ ၂၅:၅၉။ လု၊ ၁၉:၂၆။\x* \s1 သ​ခင်​ယေ​ရှု​၏​မယ်​တော်​နှင့်​ညီ​တော်​များ \r (မ၊ ၁၂:၄၆-၅၀။ မာ၊ ၃:၃၁-၃၅) \p \v 19 ကိုယ်​တော်​၏​မယ်​တော်​နှင့်​ညီ​တော်​များ​သည် အ​ထံ​တော်​သို့​လာ​ကြ​၏။ သို့​ရာ​တွင်​လူ​ပ​ရိ သတ်​တိုး​မ​ပေါက်​သ​ဖြင့်​ကိုယ်​တော်​အား​တွေ့ ခွင့်​မ​ရ​နိုင်​ကြ။- \v 20 လူ​တို့​က ``မယ်​တော်​နှင့်​ညီ​တော်​များ​သည်​အ​ရှင့် ကို​တွေ့​လို​သ​ဖြင့်​အ​ပြင်​တွင်​စောင့်​နေ​ကြ​ပါ သည်'' ဟု​လျှောက်​ကြ​၏။ \p \v 21 ထို​အ​ခါ​ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏​နှုတ် က​ပတ်​တော်​ကို​ကြား​၍​လိုက်​လျှောက်​သူ​တို့​ကား ငါ​၏​အ​မိ၊ ငါ​၏​ညီ​များ​ပေ​တည်း'' ဟု​မိန့်​တော် မူ​၏။ \s1 လေ​မုန်​တိုင်း​ကို​ငြိမ်​စေ​တော်​မူ​ခြင်း \r (မ၊ ၈:၂၃-၂၇။ မာ၊ ၄:၃၅-၄၁) \p \v 22 တစ်​နေ့​သ​၌​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် လှေ​ပေါ်​ကို​တက်​ကြ​၏။ ထို​နောက်​ကိုယ်​တော်​က ``အိုင် တစ်​ဖက်​ကို​ကူး​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​သ​ဖြင့် တ​ပည့်​တော်​တို့​သည်​ရွက်​လွှင့်​ကြ​၏။- \v 23 သို့​ရွက်​လွှင့်​ကြ​စဉ်​ကိုယ်​တော်​သည်​အိပ်​စက်​လျက် နေ​တော်​မူ​၏။ ထို​အ​ချိန်​၌​အိုင်​တွင်​လေ​မုန်​တိုင်း ကျ​သ​ဖြင့်​လှေ​သည်​ရေ​နှင့်​ပြည့်​လု​မ​တတ်​ရှိ လေ​၏။ တ​ပည့်​တော်​တို့​သည်​ရေ​နစ်​မည့်​ဘေး​နှင့် တွေ့​ကြုံ​ရ​ကြ​၏။- \v 24 သူ​တို့​သည်​ကိုယ်​တော်​ကို​နှိုး​ပြီး​လျှင် ``အ​ရှင်၊ အ​ရှင်၊ အ​ကျွန်ုပ်​တို့​သေ​ကြ​ပါ​တော့​မည်'' ဟု ဆို​ကြ​၏။ \p ကိုယ်​တော်​သည်​အိပ်​စက်​ရာ​က​ထ​တော်​မူ​၍ လေ​နှင့်​လှိုင်း​များ​ကို​ဟန့်​တား​တော်​မူ​သ​ဖြင့် လေ​နှင့်​လှိုင်း​များ​သည်​ငြိမ်​သက်​သွား​လေ​၏။- \v 25 ကိုယ်​တော်​က ``သင်​တို့​သည်​ယုံ​ကြည်​ခြင်း မ​ရှိ​ကြ​သ​လော'' ဟု​တ​ပည့်​တော်​တို့​အား မေး​တော်​မူ​၏။ \p တ​ပည့်​တော်​တို့​သည်​ကြောက်​ရွံ့​အံ့​သြ​လျက် ``ဤ သူ​ကား​အ​ဘယ်​သူ​နည်း။ လေ​နှင့်​လှိုင်း​များ​ကို ပင်​အ​မိန့်​ပေး​၍​သူ​တို့​သည်​လိုက်​နာ​ကြ​ပါ သည်​တ​ကား'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ \s1 နတ်​မိစ္ဆာ​ကို​နှင်​ထုတ်​တော်​မူ​ခြင်း \r (မ၊ ၈:၂၈-၃၄။ မာ၊ ၅:၁-၂၀) \p \v 26 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ဂါ​ရ​စ​နယ် သို့​ရွက်​လွှင့်​ကြ​၏။ ဂါ​ရ​စ​သည်​ဂါ​လိ​လဲ​ပြည် အိုင်​တစ်​ဖက်​ကမ်း​တွင်​ရှိ​၏။- \v 27 ကိုယ်​တော်​သည်​ကမ်း​ပေါ်​သို့​တက်​သော​အ​ခါ မြို့​သား​တစ်​ဦး​သည်​ကိုယ်​တော်​ကို​လာ​ရောက် တွေ့​ဆုံ​၏။ ထို​သူ​ကို​နတ်​မိစ္ဆာ​ပူး​ကပ်​နေ​သည် မှာ​ကာ​လ​ကြာ​လေ​ပြီ။ သူ​သည်​အ​ဝတ်​ကို မ​ဝတ်၊ အိမ်​တွင်​လည်း​မ​နေ၊ သင်္ချိုင်း​ဂူ​များ တွင်​သာ​နေ​၏။- \v 28 သ​ခင်​ယေ​ရှု​ကို​မြင်​လျှင်​သူ​သည်​အော်​ဟစ်​ပြီး လျှင်​ရှေ့​တော်​မှာ​ပျပ်​ဝပ်​လျက် ``အ​မြင့်​မြတ်​ဆုံး သော​ဘု​ရား​၏​သား​တော်​ယေ​ရှု၊ အ​ရှင်​သည် အ​ကျွန်ုပ်​အား​ညှဉ်း​ဆဲ​တော်​မ​မူ​ပါ​နှင့်'' ဟု ကျယ်​စွာ​လျှောက်​ထား​၏။- \v 29 သို့​လျှောက်​ထား​ရ​သည့်​အ​ကြောင်း​မှာ​ကိုယ်​တော် သည်​ညစ်​ညမ်း​သော​နတ်​အား​ထို​သူ​၏​အ​ထဲ​မှ ထွက်​ခဲ့​ရန်​အ​မိန့်​ပေး​လိုက်​သော​ကြောင့်​ဖြစ်​၏။ နတ်​မိစ္ဆာ​သည်​ထို​သူ​ကို​ကြိမ်​ဖန်​များ​စွာ​ပူး​ကပ် ခဲ့​၏။ သူ​၏​ခြေ​လက်​တို့​ကို​သံ​ကြိုး​များ​ဖြင့် ချည်​နှောင်​ဖမ်း​ချုပ်​စောင့်​ကြပ်​ထား​သော်​လည်း သူ​သည်​သံ​ကြိုး​များ​ကို​ချိုး​ဖြတ်​၍​တော ကန္တာ​ရ​သို့​ထွက်​ပြေး​တတ်​၏။ \p \v 30 သ​ခင်​ယေ​ရှု​က​နတ်​မိစ္ဆာ​အား ``သင့်​နာ​မည် ကား​အ​ဘယ်​နည်း'' ဟု​မေး​တော်​မူ​၏။ \p ``အ​ကျွန်ုပ်​နာ​မည်​မှာ​လေ​ဂေါင်​ဖြစ်​ပါ​သည်'' ဟု ပြန်​၍​လျှောက်​၏။ ဤ​သို့​လျှောက်​ရ​သည့်​အ​ကြောင်း မှာ​ထို​သူ​အား​နတ်​မိစ္ဆာ​များ​စွာ​ပူး​ကပ်​နေ​သော ကြောင့်​ဖြစ်​၏။- \v 31 နတ်​မိစ္ဆာ​တို့​သည် ``အ​ကျွန်ုပ်​တို့​အား​တွင်း​နက်​ကြီး ထဲ​သို့​လား​စေ​ရန်​အ​မိန့်​ပေး​တော်​မ​မူ​ပါ​နှင့်'' ဟု​တောင်း​ပန်​ကြ​၏။ \p \v 32 ထို​အ​ချိန်​၌​ဝက်​အုပ်​ကြီး​တစ်​အုပ်​သည်​တောင်​ကုန်း ပေါ်​တွင်​ကျက်​စား​လျက်​ရှိ​၏။ နတ်​မိစ္ဆာ​များ​သည် ထို​ဝက်​များ​ကို​ပူး​ဝင်​ခွင့်​ပြု​ရန်​ကိုယ်​တော်​အား တောင်း​ပန်​ကြ​၏။- \v 33 ကိုယ်​တော်​ခွင့်​ပြု​တော်​မူ​သ​ဖြင့်​နတ်​မိစ္ဆာ​များ​သည် လူ​မှ​ခွာ​၍​ဝက်​များ​ကို​ပူး​ဝင်​ကြ​၏။ ထို​အ​ခါ ဝက်​အုပ်​တစ်​အုပ်​လုံး​သည်​အိုင်​ကမ်း​စောက်​ကို တစ်​ဟုန်​တည်း​ပြေး​ဆင်း​ပြီး​လျှင်​ရေ​နစ်​သေ ဆုံး​ကြ​ကုန်​၏။ \p \v 34 ဤ​သို့​ဖြစ်​ပျက်​သည့်​အ​ခြင်း​အ​ရာ​ကို​ဝက်​ထိန်း တို့​မြင်​သော​အ​ခါ​ထွက်​ပြေး​ကြ​၏။ သူ​တို့​သည် မြို့​နှင့်​ကျေး​လက်​တော​ရွာ​များ​တွင်​ထို​အ​ဖြစ် အ​ပျက်​အ​ကြောင်း​ကို​အ​နှံ့​အ​ပြား​ပြော​ကြား ကြ​၏။- \v 35 လူ​တို့​သည်​ထို​အ​ဖြစ်​အ​ပျက်​ကို​ကြည့်​ရန်​လာ ကြ​၏။ သ​ခင်​ယေ​ရှု​၏​ထံ​တော်​သို့​ရောက်​ကြ​သော် နတ်​မိစ္ဆာ​များ​စွန့်​ခွာ​သွား​သူ​သည်​အ​ဝတ်​ဝတ် လျက် သ​ခင်​ယေ​ရှု​၏​ခြေ​တော်​ရင်း​မှာ​အ​ကောင်း ပ​က​တိ​ထိုင်​လျက်​နေ​သည်​ကို​မြင်​ကြ​လျှင် ကြောက်​ရွံ့​ကြ​၏။- \v 36 မျက်​မြင်​သက်​သေ​များ​က​လည်း​ထို​သူ​နတ်​မိစ္ဆာ ဘေး​မှ​ကင်း​လွတ်​လာ​ပုံ​ကို​လူ​တို့​အား​ပြော​ပြ ကြ​၏။- \v 37 ထို​အ​ခါ​ဂါ​ရ​စ​နယ်​က​လူ​အ​ပေါင်း​တို့ သည်​လွန်​စွာ​ကြောက်​လန့်​ကြ​သ​ဖြင့် မိ​မိ​တို့ အ​ရပ်​မှ​ထွက်​ခွာ​သွား​တော်​မူ​ပါ​ရန်​ကိုယ်​တော် အား​တောင်း​ပန်​ကြ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည် လှေ​ပေါ်​သို့​တက်​၍​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော် မူ​၏။- \v 38 နတ်​မိစ္ဆာ​များ​စွန့်​ခွာ​သွား​သူ​သည်​မိ​မိ​အား ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ခွင့်​ပြု​ရန်​ပန်​ကြား​၏။- \v 39 သို့​ရာ​တွင်​ကိုယ်​တော်​က ``အိမ်​သို့​ပြန်​၍​ဘု​ရား သ​ခင်​သည် သင့်​အား​မည်​မျှ​ကျေး​ဇူး​ပြု​တော် မူ​ကြောင်း​ကို​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။ \p ထို​သူ​သည်​အ​ထံ​တော်​မှ​ထွက်​သွား​ပြီး​လျှင် မိ​မိ​အား​သ​ခင်​ယေ​ရှု​မည်​သို့​ကျေး​ဇူး​ပြု တော်​မူ​ကြောင်း​ကို​တစ်​မြို့​လုံး​အ​နှံ့​အ​ပြား ပြော​ကြား​လေ​သည်။ \s1 ယာ​ဣ​ရု​၏​သ​မီး​နှင့်​သ​ခင်​ယေ​ရှု​၏ အ​ဝတ်​တော်​ကို​တို့​ထိ​သော​အ​မျိုး​သ​မီး \r (မ၊ ၉:၁၈-၂၆။ မာ၊ ၅:၂၁-၄၃) \p \v 40 သ​ခင်​ယေ​ရှု​ပြန်​လည်​ကြွ​လာ​တော်​မူ​သော​အ​ခါ လူ​ပ​ရိ​သတ်​တို့​သည်​ကိုယ်​တော်​ကို​စောင့်​မျှော်​နေ ကြ​သည့်​အ​လျောက်​ခ​ရီး​ဦး​ကြို​ပြု​ကြ​၏။- \v 41 ထို​အ​ခါ​ယာ​ဣ​ရု​ဆို​သူ​သည်​ထံ​တော်​သို့​ရောက် လာ​၏။ သူ​သည်​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး​ဖြစ် ၏။ ကိုယ်​တော်​၏​ခြေ​တော်​ရင်း​မှာ​ပျပ်​ဝပ်​ကာ​သူ ၏​အိမ်​သို့​ကြွ​တော်​မူ​ရန် ကိုယ်​တော်​အား​တောင်း ပန်​၏။- \v 42 ဤ​သို့​တောင်း​ပန်​ရ​သည့်​အ​ကြောင်း​မှာ​သူ​၏ တစ်​ဦး​တည်း​သော​တစ်​ဆယ့်​နှစ်​နှစ်​အ​ရွယ် သ​မီး​သည်​သေ​အံ့​ဆဲ​ဆဲ​ရှိ​နေ​သော​ကြောင့် ဖြစ်​၏။ \p ကိုယ်​တော်​သည်​သူ​နှင့်​အ​တူ​လိုက်​သွား​သော အ​ခါ​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို တိုး​ဝှေ့​မိ​ကြ​၏။- \v 43 အ​မျိုး​သ​မီး​တစ်​ယောက်​သည်​တစ်​ဆယ့်​နှစ် နှစ်​ပတ်​လုံး​သွေး​သွန်​ရော​ဂါ​စွဲ​ခဲ့​၏။ မိ​မိ​တွင် ရှိ​သ​မျှ​ကြေး​ငွေ​များ​ကို​အ​ကုန်​ခံ​၍​ဆေး ဆ​ရာ​များ​နှင့်​ကု​သ​သော်​လည်း အ​ဘယ် ဆေး​ဆ​ရာ​မျှ​ရော​ဂါ​ကို​မ​ပျောက်​စေ​နိုင်။- \v 44 ထို​အ​မျိုး​သ​မီး​သည်​ကိုယ်​တော်​၏​နောက်​က ကပ်​လိုက်​လျက်​အ​ဝတ်​တော်​ပန်း​ဖွား​ကို​တို့​ထိ လေ​၏။ ထို​ခ​ဏ​၌​သွေး​သွန်​နာ​ပျောက်​သွား​၏။- \v 45 သ​ခင်​ယေ​ရှု​က ``ငါ့​ကို​အ​ဘယ်​သူ​တို့​ထိ သ​နည်း'' ဟု​မေး​မြန်း​တော်​မူ​၏။ လူ​အ​ပေါင်း တို့​က​မိ​မိ​တို့​မ​တို့​မ​ထိ​ရ​ကြ​ကြောင်း​ငြင်း ဆို​ကြ​သော​အ​ခါ​ပေ​တ​ရု​နှင့်​အ​ပေါင်း​အ​ဖော် များ​က ``အ​ရှင်၊ လူ​ပ​ရိ​သတ်​တို့​သည်​အ​ရှင့်​ကို တိုး​ဝှေ့​နေ​ကြ​ပါ​၏။ သို့​ပါ​လျက်​ငါ့​ကို​အ​ဘယ် သူ​တို့​ထိ​သ​နည်း​ဟု​အ​ရှင်​မိန့်​တော်​မူ​ပါ သ​လော'' ဟု​မေး​လျှောက်​ကြ​၏။ \p \v 46 သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​က ``လူ​တစ်​စုံ​တစ်​ယောက် သည်​အ​မှန်​ပင်​ငါ့​ကို​တို့​ထိ​လေ​ပြီ။ ငါ​၏​ကိုယ်​မှ တန်​ခိုး​ထွက်​သွား​သည်​ကို​ငါ​သိ​၏'' ဟု​မိန့်​တော် မူ​၏။- \v 47 အ​မျိုး​သ​မီး​သည်​မိ​မိ​ပြု​သည့်​အ​မှု​ပေါ်​သွား ကြောင်း​သိ​ရှိ​သော​အ​ခါ တုန်​လှုပ်​လျက်​ရှေ့​တော် သို့​လာ​၍​ပျပ်​ဝပ်​၏။ ထို​နောက်​ကိုယ်​တော်​အား အ​ဘယ်​ကြောင့်​တို့​ထိ​ရ​သည့်​အ​ကြောင်း​ကို လည်း​ကောင်း၊ ချက်​ချင်း​ပင်​မိ​မိ​၏​ရော​ဂါ ပျောက်​ကင်း​သွား​ကြောင်း​ကို​လည်း​ကောင်း​လူ အ​ပေါင်း​တို့​၏​ရှေ့​တွင်​လျှောက်​၏။- \v 48 ကိုယ်​တော်​က ``ငါ့​သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း သည်​သင့်​ကို​ကျန်း​မာ​စေ​ပြီ။ စိတ်​ချမ်း​သာ​စွာ သွား​ပေ​တော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 49 ယင်း​သို့​ကိုယ်​တော်​မိန့်​တော်​မူ​ချိန်​၌​တ​ရား​ဇ​ရပ် အုပ်​ချုပ်​ရေး​မှူး​၏​အိမ်​မှ​လူ​တစ်​ယောက်​ရောက်​လာ ၏။ ``အ​ရှင်​၏​သ​မီး​သေ​ဆုံး​ပါ​ပြီ။ အ​ဘယ်​ကြောင့် ဆ​ရာ​တော်​ကို​နှောင့်​ယှက်​ပါ​တော့​မည်​နည်း'' ဟု ပြော​၏။ \p \v 50 ထို​စ​ကား​ကို​သ​ခင်​ယေ​ရှု​ကြား​တော်​မူ​လျှင် တ​ရား​ဇ​ရပ်​မှူး​အား ``မ​စိုး​ရိမ်​နှင့်။ သင့်​မှာ ယုံ​ကြည်​ခြင်း​သာ​ရှိ​စေ​လော့။ သူ​ငယ်​မ​သည် ကျန်း​မာ​လာ​ပေ​အံ့'' ဟု​မိန့်​တော်​မူ​၏။ \p \v 51 ကိုယ်​တော်​သည်​တ​ရား​ဇ​ရပ်​မှူး​၏​အိမ်​သို့​ဝင် သော​အ​ခါ ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​နှင့်​သူ​ငယ် မ​၏​မိ​ဘ​များ​မှ​တစ်​ပါး​မည်​သူ​ကို​မျှ မိ​မိ နှင့်​အ​တူ​ဝင်​စေ​တော်​မ​မူ။- \v 52 သူ​ငယ်​မ​သေ​သည့်​အ​တွက် လူ​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​လျက်​နေ​ကြ​၏။ ကိုယ်​တော် က ``မ​ငို​ကြွေး​ကြ​နှင့်။ သူ​ငယ်​မ​သေ​သည် မ​ဟုတ်၊ အိပ်​လျက်​နေ​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 53 ထို​အ​ခါ​လူ​တို့​သည်​သူ​ငယ်​မ​သေ​ဆုံး​ပြီး ကြောင်း​ကို​သိ​သ​ဖြင့်​ကိုယ်​တော်​ကို​ပြောင်​လှောင် ကြ​၏။- \v 54 ကိုယ်​တော်​သည်​သူ​ငယ်​မ​၏​လက်​ကို​ဆုပ်​ကိုင် ကာ ``က​လေး​မ၊ ထ​လော့'' ဟု​မိန့်​တော်​မူ​၏။- \v 55 သူ​ငယ်​မ​သည်​အ​သက်​ပြန်​ဝင်​လာ​၍​ချက်​ချင်း ပင်​ထ​လေ​၏။ ကိုယ်​တော်​သည်​သူ​ငယ်​မ​အား အ​စား​အ​စာ​ကျွေး​မွေး​ရန်​မိန့်​မှာ​တော်​မူ​၏။- \v 56 မိ​ဘ​တို့​သည်​များ​စွာ​အံ့​သြ​ကြ​၏။ သို့​ရာ​တွင် ကိုယ်​တော်​သည်​ဤ​အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို မည်​သူ​အား​မျှ​မ​ပြော​ရန်​သူ​တို့​အား​ပ​ညတ် တော်​မူ​၏။ \c 9 \s1 တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​ကို စေ​လွှတ်​တော်​မူ​ခြင်း \r (မ၊ ၁၀:၅-၁၅။ မာ၊ ၆:၇-၁၃) \p \v 1 သ​ခင်​ယေ​ရှု​သည်​တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​တို့ ကို​အ​ထံ​တော်​သို့​ခေါ်​တော်​မူ​ပြီး​လျှင် နတ်​မိစ္ဆာ အ​ပေါင်း​ကို​နှင်​ထုတ်​နိုင်​သော​တန်​ခိုး​အာ​ဏာ နှင့် အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​နိုင် သော​တန်​ခိုး​အာ​ဏာ​ကို​ပေး​အပ်​တော်​မူ​၏။- \v 2 ထို​နောက်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း ကို​ဟော​ပြော​ရန်​လည်း​ကောင်း၊ ဖျား​နာ​သူ​များ ကို​ကျန်း​မာ​အောင်​ကု​သ​ပေး​ရန်​လည်း​ကောင်း စေ​လွှတ်​တော်​မူ​၏။- \v 3 ကိုယ်​တော်​က ``လမ်း​ခ​ရီး​အ​တွက်​သင်​တို့​သည် အ​ဘယ်​အ​ရာ​ကို​မျှ​မ​ယူ​ကြ​နှင့်။ တောင်​ဝှေး၊ လွယ်​အိတ်၊ ရိက္ခာ၊ ကြေး​ငွေ​တို့​ကို​မ​ယူ​ရ​ကြ။ လူ​တစ်​ကိုယ်​လျှင်​အင်္ကျီ​အ​ပို​တစ်​ထည်​ပင် မ​ပါ​ရ။-\x + \xo 9:3 \xt လု၊ ၁၀:၄-၁၁။ တ၊ ၁၃:၅၁။\x* \v 4 မည်​သည့်​အိမ်​မ​ဆို​သင်​တို့​ကို​ဝင်​ခွင့်​ပြု​လျှင် မြို့​မှ​ထွက်​ခွာ​သည်​တိုင်​အောင်​ထို​အိမ်​မှာ​ပင် တည်း​ခို​ကြ​လော့။- \v 5 သင်​တို့​အား​လက်​မ​ခံ​သူ​များ​ကို​မူ​သ​တိ ပေး​သည့်​အ​နေ​ဖြင့် ထို​မြို့​မှ​ထွက်​ခွာ​ချိန်​၌ သင်​တို့​ခြေ​ဖ​ဝါး​မှ​မြေ​မှုန့်​ကို​ခါ​ချ​ခဲ့​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 6 တ​မန်​တော်​တို့​သည်​အ​ထံ​တော်​မှ​ထွက်​သွား ပြီး​လျှင် အ​ရပ်​ရပ်​သို့​လှည့်​လည်​လျက်​သ​တင်း ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​၍​အ​နာ​ရော​ဂါ များ​ကို​ပျောက်​ကင်း​စေ​ကြ​၏။ \s1 ဟေ​ရုဒ်​မင်း​စိတ်​ရှုပ်​ထွေး​သွား​ခြင်း \r (မ၊ ၁၄:၁-၁၂။ မ၊ ၆:၁၄-၂၉) \p \v 7 ဂါ​လိ​လဲ​ဘု​ရင်​ခံ​မင်း​ကြီး​ဟေ​ရုဒ်​မင်း​သည် ကိုယ် တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ​အ​ကြောင်း ကို​ကြား​၏။ လူ​အ​ချို့​က ``ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် သေ​ရာ​မှ​ရှင်​ပြန်​လေ​ပြီ'' ဟူ​၍​လည်း​ကောင်း၊-\x + \xo 9:7 \xt မ၊ ၁၆:၁၄။ မာ၊ ၈:၂၈။ လု၊ ၉:၁၉။\x* \v 8 အ​ချို့​က ``ဧ​လိ​ယ​ကြွ​လာ​လေ​ပြီ'' ဟူ​၍ လည်း​ကောင်း၊ အ​ချို့​က​မူ ``ရှေး​ပ​ရော​ဖက်​တစ် ပါး​အ​သက်​ပြန်​၍​ရှင်​လာ​လေ​ပြီ'' ဟူ​၍​လည်း ကောင်း​ပြော​ဆို​နေ​ကြ​သည်​ကို​ဟေ​ရုဒ်​သည် ကြား​သ​ဖြင့်​စိတ်​ရှုပ်​ထွေး​လျက်၊- \v 9 ``ငါ​သည်​ယော​ဟန်​၏​ဦး​ခေါင်း​ကို​ဖြတ်​ခဲ့​၏။ ငါ သ​တင်း​ကြား​နေ​ရ​သော​ဤ​သူ​ကား​အ​ဘယ်​သူ နည်း'' ဟု​ဆို​၍​သ​ခင်​ယေ​ရှု​ကို​တွေ့​မြင်​ရန်​ကြိုး စား​လျက်​နေ​၏။ \s1 လူ​ငါး​ထောင်​ကို​ကျွေး​မွေး​တော်​မူ​ခြင်း \r (မ၊ ၁၄:၁၃-၂၁။ မာ၊ ၆:၃၀-၄၄။ ယော၊ ၆:၁-၁၄) \p \v 10 တ​မန်​တော်​တို့​သည်​ကိုယ်​တော်​ထံ​သို့​ပြန်​လာ​ကြ လျက် မိ​မိ​တို့​လုပ်​ဆောင်​ခဲ့​သ​မျှ​တို့​ကို​လျှောက် ထား​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​ကို​ခေါ်​၍ ဗက်​ဇဲ​ဒ​နာ​မည်​တွင်​သော​မြို့​သို့​ကြွ​တော်​မူ​၏။- \v 11 လူ​ပရိ​သတ်​တို့​သည်​ထို​သို့​ကြွ​သွား​ကြောင်း​ကို ကြား​သိ​ကြ​သော​အ​ခါ​နောက်​တော်​သို့​လိုက် ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ကြို​ဆို လက်​ခံ​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် အ​ကြောင်း​ကို​ဟော​ပြော​သွန်​သင်​တော်​မူ​၏။ မ​ကျန်း​မာ​သူ​ကို​လည်း​ကျန်းမာ​စေ​တော်​မူ​၏။ \p \v 12 မိုး​ချုပ်​စ​ပြု​သော​အ​ခါ​တစ်​ကျိပ်​နှစ်​ပါး​သော တ​မန်​တော်​တို့​သည်​ကိုယ်​တော်​၏​ထံ​သို့​လာ​၍ ``ဤ လူ​ပ​ရိ​သတ်​ကို​ပတ်​ဝန်း​ကျင်​ကျေး​လက်​နှင့်​တော ရွာ​များ​သို့​သွား​၍ တည်း​ခို​ရန်​နေ​ရာ​နှင့်​အ​စား အ​စာ​ကို​ရှာ​စေ​တော်​မူ​ပါ။ ဤ​အ​ရပ်​သည်​လူ သူ​နှင့်​ဝေး​ရာ​အ​ရပ်​ဖြစ်​ပါ​၏'' ဟု​လျှောက် ထား​ကြ​၏။ \p \v 13 ကိုယ်​တော်​က ``သင်​တို့​ပင်​ထို​သူ​တို့​အား​စား စ​ရာ​ကို​ကျွေး​မွေး​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ \p တ​ပည့်​တော်​တို့​က ``အ​ကျွန်ုပ်​တို့​သည်​ဤ​လူ​ထု အ​တွက်​အ​စား​အ​စာ​များ​ကို​သွား​၍​ဝယ်​ရ ပါ​မည်​လော။ အ​ကျွန်ုပ်​တို့​ထံ​မှာ​မုန့်​ငါး​လုံး နှင့်​ငါး​နှစ်​ကောင်​သာ​ရှိ​ပါ​၏'' ဟု​ပြန်​လည် လျှောက်​ထား​ကြ​၏။- \v 14 (အ​ဘယ်​ကြောင့်​ဤ​သို့​လျှောက်​ထား​ရ​သ​နည်း ဆို​သော်​လူ​ပ​ရိ​သတ်​ဦး​ရေ​ငါး​ထောင်​ခန့်​ရှိ သော​ကြောင့်​ဖြစ်​၏။) \p ကိုယ်​တော်​က ``ဤ​သူ​တို့​ကို​ငါး​ဆယ်​ခန့်​စီ အ​စု​လိုက်​ထိုင်​စေ​ကြ​လော့'' ဟု​မိန့်​တော်​မူ သည်။- \v 15 တ​ပည့်​တော်​တို့​သည်​အ​မိန့်​တော်​အ​တိုင်း ဆောင်​ရွက်​ကြ​၏။- \v 16 ကိုယ်​တော်​သည်​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ကို ယူ​တော်​မူ​၏။ ထို​နောက်​ကောင်း​ကင်​သို့​မျှော်​ကြည့် လျက်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၍ မုန့်​နှင့်​ငါး​ကို​ဖဲ့​တော်​မူ​ပြီး​လျှင်​လူ​တို့​အား ဝေ​ငှ​ရန်​အ​တွက်​တ​ပည့်​တော်​တို့​အား​ပေး​အပ် တော်​မူ​၏။- \v 17 လူ​အ​ပေါင်း​တို့​သည်​အ​ဝ​စား​ရ​ကြ​၏။ သူ​တို့ ၏​စား​ကြွင်း​စား​ကျန်​များ​ကို​ကောက်​သိမ်း​ရာ တောင်း​တစ်​ဆယ့်​နှစ်​တောင်း​အ​ပြည့်​ရ​ကြ​၏။ \s1 သ​ခင်​ယေ​ရှု​အ​ကြောင်း ပေ​တ​ရု​ထုတ်​ဖော်​ဝန်​ခံ​ချက် \r (မ၊ ၁၆:၁၃-၁၉။ မာ၊ ၈:၂၇-၂၉) \p \v 18 အ​ခါ​တစ်​ပါး​၌​ကိုယ်​တော်​သည်​တစ်​ကိုယ်​တည်း ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​ထံ​တော်​သို့​လာ ကြ​၏။ ကိုယ်​တော်​က ``လူ​တို့​သည်​ငါ့​ကို​အ​ဘယ် သူ​ဟု​ဆို​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p \v 19 တ​ပည့်​တော်​တို့​က ``ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဟု အ​ချို့​ဆို​ကြ​ပါ​သည်။ အ​ချို့​က​ဧ​လိ​ယ​ဟူ​၍ လည်း​ကောင်း၊ အ​ချို့​က​မူ​ပြန်​လည်​အ​သက်​ရှင်​လာ သော​ရှေး​ပ​ရော​ဖက်​တစ်​ပါး​ဟူ​၍​လည်း​ကောင်း ပြော​ဆို​ကြ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။\x + \xo 9:19 \xt မ၊ ၁၄:၁-၂။ မာ၊ ၆:၁၄-၁၅။ လု၊ ၉:၇-၈။\x* \p \v 20 ထို​အ​ခါ​ကိုယ်​တော်​က ``သင်​တို့​က​မူ​ငါ့​ကို အ​ဘယ်​သူ​ဟု​ဆို​ကြ​သ​နည်း'' ဟု​မေး​တော် မူ​၏။ \p ပေ​တ​ရု​က ``အ​ရှင်​သည်​ဘု​ရား​သ​ခင်​စေ​လွှတ် တော်​မူ​သည့်​မေ​ရှိ​ယ​ဖြစ်​ပါ​သည်'' ဟု​ဖြေ​ဆို လျှောက်​ထား​၏။\x + \xo 9:20 \xt ယော၊ ၆:၆၈-၆၉။\x* \s1 ဝေ​ဒ​နာ​ခံ​တော်​မူ​ရ​မည်၊အ​သေ​သတ်​ခြင်း ခံ​တော်​မူ​ရ​မည်​တို့​ကို​ဖော်​ပြ​တော်​မူ​ခြင်း \r (မ၊ ၁၆:၂၀-၂၈။ မာ၊ ၈:၃၀-၉:၁) \p \v 21 ကိုယ်​တော်​က ``ဤ​အ​ကြောင်း​ကို​မည်​သူ​မျှ မ​သိ​စေ​နှင့်'' ဟု​ကြပ်​တည်း​စွာ​ပ​ညတ်​တော် မူ​၏။- \v 22 ထို​နောက်​ဆက်​လက်​၍ ``လူ​သား​သည်​ဝေ​ဒ​နာ​များ စွာ​ခံ​တော်​မူ​ရ​မည်။ ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​သူ့​ကို​ပစ်​ပယ်​ကြ​လိမ့်​မည်။ လူ​သား သည်​အ​သေ​ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့ ၌​ရှင်​ပြန်​ထ​မြောက်​လိမ့်​မည်'' ဟု​တ​ပည့်​တော် တို့​အား​မိန့်​တော်​မူ​၏။ \p \v 23 ထို​နောက်​ကိုယ်​တော်​က​လူ​အ​ပေါင်း​တို့​အား ``ငါ့ တ​ပည့်​ဖြစ်​လို​သူ​သည်​ကိုယ်​ကျိုး​ကို​စွန့်​ရ​မည်။ ကိုယ့်​လက်​ဝါး​ကပ်​တိုင်​ကို​နေ့​စဉ်​ထမ်း​၍​ငါ့ နောက်​သို့​လိုက်​ရ​မည်။-\x + \xo 9:23 \xt မ၊ ၁၀:၃၈။ လု၊ ၁၄:၂၇။\x* \v 24 မိ​မိ​အ​သက်​ကို​ကယ်​ဆယ်​လို​သူ​သည်​အ​သက် ဆုံး​ရှုံး​ရ​လိမ့်​မည်။ ငါ့​ကြောင့်​အ​သက်​ဆုံး​ရှုံး သူ​သည်​မိ​မိ​အ​သက်​ကို​ကယ်​ဆယ်​လိမ့်​မည်။-\x + \xo 9:24 \xt မ၊ ၁၀:၃၉။ လု၊ ၁၇:၃၃။ ယော၊ ၁၂:၂၅။\x* \v 25 လူ​သည်​တစ်​လော​က​လုံး​ကို​စိုး​ပိုင်​ခွင့်​ရ​သော် လည်း မိ​မိ​၏​အ​သက်​ဆုံး​ရှုံး​လျှင်​အ​ဘယ် အ​ကျိုး​ရှိ​မည်​နည်း။- \v 26 မည်​သူ​မ​ဆို​ငါ​နှင့်​ငါ​၏​သြ​ဝါဒ​ကြောင့်​ရှက် လျှင်​လူ​သား​သည်​မိ​မိ​၏​ဘုန်း​အ​သ​ရေ၊ ခ​မည်း တော်​၏​ဘုန်း​အ​သ​ရေ၊ သန့်​ရှင်း​သော​ကောင်း​ကင် တ​မန်​များ​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​လျက် ကြွ​လာ​သော​အ​ခါ​ထို​သူ​ကြောင့်​ရှက်​တော်​မူ လတ္တံ့။- \v 27 သင်​တို့​အား​အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား ဤ အ​ရပ်​ရှိ​လူ​အ​ချို့​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​ကို​မ​မြင်​မီ​မ​သေ​ရ​ကြ'' ဟု မိန့်​တော်​မူ​၏။ \s1 အ​ဆင်း​အ​ရောင်​ပြောင်း​လဲ​တော်​မူ​ခြင်း \r (မ၊ ၁၇:၁-၈။ မာ၊ ၉:၂-၈) \p \v 28 ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​ရှစ်​ရက်​ခန့်​ကြာ​သော အ​ခါ​ကိုယ်​တော်​သည်​ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ် တို့​ကို​ခေါ်​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​တောင်​ပေါ် သို့​ကြွ​တော်​မူ​၏။-\x + \xo 9:28 \xt ၂ပေ၊ ၁:၁၇-၁၈။\x* \v 29 ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော်​မူ​စဉ်​မျက်​နှာ တော်​၏​အ​ဆင်း​အ​ရောင်​သည်​ထူး​ခြား​လာ​လျက်၊ အ​ဝတ်​တော်​သည်​ဖြူ​ဖွေး​တောက်​ပ​လာ​၏။- \v 30 လူ​နှစ်​ယောက်​တို့​သည်​ရုတ်​တ​ရက်​ပေါ်​လာ​၍ ကိုယ်​တော်​နှင့်​စ​ကား​ပြော​လျက်​နေ​၏။ ထို​သူ တို့​သည်​ကား​မော​ရှေ​နှင့်​ဧ​လိ​ယ​ဖြစ်​ကြ​၏။- \v 31 သူ​တို့​သည်​ဘုန်း​အ​သ​ရေ​နှင့်​တ​ကွ​ပေါ်​လာ ၍​ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ​မ​ကြာ​မီ ယေ​ရု​ရှ​လင်​မြို့​တွင်​ကိုယ်​တော်​အ​သေ​ခံ​တော် မူ​ရ​မည့်​အ​ကြောင်း​ကို​ကိုယ်​တော်​နှင့်​ပြော​ဆို နေ​ကြ​သ​တည်း။- \v 32 ပေ​တ​ရု​နှင့်​အ​ဖော်​များ​သည်​ငိုက်​မြည်း အိပ်​ပျော်​လျက်​နေ​ကြ​၏။ သို့​ရာ​တွင်​သူ​တို့ နိုး​လာ​သော​အ​ခါ​ကိုယ်​တော်​၏​ဘုန်း​အ​သ ရေ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​နှင့်​အ​တူ ရပ်​နေ​သူ​နှစ်​ဦး​ကို​လည်း​ကောင်း​မြင်​ကြ​၏။- \v 33 ထို​သူ​နှစ်​ဦး​တို့​ကိုယ်​တော်​၏​ထံ​မှ​ထွက်​ခွာ​သွား နေ​ကြ​စဉ်​ပေ​တ​ရု​က ``အ​ရှင်​ဘု​ရား၊ ဤ​အ​ရပ် တွင်​နေ​ဖွယ်​ကောင်း​ပါ​၏။ ကိုယ်​တော်​အ​တွက်​တဲ တစ်​ဆောင်၊ မော​ရှေ​အ​တွက်​တဲ​တစ်​ဆောင်၊ ဧ​လိ​ယ အ​တွက်​တဲ​တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို​အ​ကျွန်ုပ် တို့​ဆောက်​ပါ​ရ​စေ'' ဟု​ပြော​မိ​ပြော​ရာ​ပြော​ဆို လျှောက်​ထား​၏။ \p \v 34 ဤ​သို့​လျှောက်​ထား​စဉ်​မိုး​တိမ်​တိုက်​တစ်​ခု​သည် ပေါ်​လာ​၍​သူ​တို့​အ​ပေါ်​မှာ​တိမ်​ရိပ်​ကျ​လေ​၏။- \v 35 မိုး​တိမ်​တိုက်​သူ​တို့​အ​ပေါ်​သို့​ရောက်​လာ​သော အ​ခါ​သူ​တို့​သည်​ကြောက်​လန့်​ကြ​၏။ မိုး​တိမ် ထဲ​က ``ဤ​သူ​ကား​ငါ​၏​သား​တော်​ဖြစ်​၏။ သူ့ အား​ငါ​ရွေး​ကောက်​တော်​မူ​ပြီ။ သူ​၏​စ​ကား ကို​နား​ထောင်​ကြ​လော့'' ဟု​အ​သံ​တော်​ထွက် ပေါ်​လာ​၏။\x + \xo 9:35 \xt ဟေရှာ၊ ၄၂:၁။ မ၊ ၃:၁၇၊ ၁၂:၁၈။ မာ၊ ၁:၁၁။ လု၊ ၃:၂၂။\x* \p \v 36 အ​သံ​တော်​ထွက်​ပေါ်​ပြီး​သည့်​နောက်​သ​ခင်​ယေ​ရှု တစ်​ပါး​တည်း​ကို​သာ​လျှင်​တ​ပည့်​တော်​တို့​မြင် ရ​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​တွေ့​မြင်​ရ​သည့် အ​ကြောင်း​အ​ရာ​ကို​ထို​စဉ်​အ​ခါ​က​မည်​သူ့ ကို​မျှ​မ​ပြော​ဘဲ​ဆိတ်​ဆိတ်​နေ​ကြ​၏။ \s1 နတ်​မိစ္ဆာ​ပူး​ဝင်​သော​သူ​ငယ်​ထံ​မှ နတ်​ကို​နှင်​ထုတ်​တော်​မူ​ခြင်း \r (မ၊ ၁၇:၁၄-၁၈။ မာ၊ ၉:၁၄-၂၇) \p \v 37 နောက်​တစ်​နေ့​၌​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် တောင်​ပေါ်​မှ​ဆင်း​လာ​ကြ​၏။ ထို​အ​ခါ​များ​စွာ သော​လူ​ပ​ရိ​သတ်​တို့​သည်​ကိုယ်​တော်​ကို​ခ​ရီး​ဦး ကြို​ဆို​ကြ​၏။- \v 38 ပ​ရိ​သတ်​ထဲ​မှ​လူ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​၏​သား​ကို​ကြည့်​ရှု​တော်​မူ​ရန်​တောင်း ပန်​ပါ​၏။ သူ​သည်​အ​ကျွန်ုပ်​၏​တစ်​ဦး​တည်း​သော သား​ဖြစ်​ပါ​၏။- \v 39 နတ်​ပူး​ဝင်​သ​ဖြင့်​ရုတ်​တ​ရက်​အော်​ဟစ်​တတ် ပါ​၏။ နတ်​သည်​သူ့​ကို​တုန်​တက်​စေ​သ​ဖြင့်​သူ့ ပါး​စပ်​မှ​အ​မြှုပ်​ထွက်​တတ်​ပါ​၏။ နတ်​သည် သူ့​အား​ပင်​ပန်း​မော​ဟိုက်​နာ​ကျင်​စေ​ပြီး​မှ ခက်​ခက်​ခဲ​ခဲ​နှင့်​သာ​လျှင်​ထွက်​ခွာ​တတ်​ပါ​၏။- \v 40 အ​ကျွန်ုပ်​သည်​အ​ရှင်​၏​တ​ပည့်​များ​အား​ထို နတ်​ကို​နှင်​ထုတ်​ပေး​ရန်​တောင်း​ပန်​ပါ​သော် လည်း​သူ​တို့​သည်​မ​တတ်​နိုင်​ကြ​ပါ'' ဟု လျှောက်​ထား​၏။ \p \v 41 သ​ခင်​ယေ​ရှု​က ``ယုံ​ကြည်​ခြင်း​မ​ရှိ၊ ဖောက်​ပြန် တတ်​သော​ခေတ်​လူ​တို့၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ မည်​မျှ​ကြာ​အောင်​နေ​၍​သည်း​ခံ​ရ​မည်​နည်း'' ဟု မိန့်​တော်​မူ​၏။ ထို​နောက်​ထို​သူ​အား ``သင်​၏​သား ကို​ခေါ်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 42 သူ​ငယ်​လာ​နေ​စဉ်​ပင်​နတ်​မိစ္ဆာ​သည်​သူ့​အား​မြေ ပေါ်​သို့​လှဲ​၍​တုန်​တက်​စေ​၏။ သ​ခင်​ယေ​ရှု​သည် နတ်​မိစ္ဆာ​အား​အ​မိန့်​ပေး​၍​သူ​ငယ်​ကို​ကျန်း​မာ စေ​တော်​မူ​ပြီး​နောက်​ဖ​ခင်​အား​ပြန်​လည်​ပေး အပ်​တော်​မူ​၏။- \v 43 လူ​အ​ပေါင်း​တို့​သည်​ဘု​ရား​သ​ခင်​၏​မ​ဟာ တန်​ခိုး​တော်​ကို​မြင်​ရ​၍​အံ့​သြ​ကြ​ကုန်​၏။ \s1 အ​သေ​သတ်​ခြင်း​ခံ​တော်​မူ​ရ​မည့်​အ​ကြောင်း​ကို တစ်​ဖန်​ဖော်​ပြ​တော်​မူ​ခြင်း \r (မ၊ ၁၇:၂၂-၂၃။ မာ၊ ၉:၃၀-၃၂) \p လူ​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု အ​ရာ​များ​ကြောင့်​အံ့​သြ​နေ​ကြ​စဉ်၊ ကိုယ်​တော် က၊- \v 44 ``လူ​သား​သည်​လူ​တို့​၏​လက်​သို့​အပ်​နှံ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ဤ​စ​ကား​ကို​သင်​တို့​သ​တိ​ပြု​၍ မှတ်​ထား​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။- \v 45 သို့​ရာ​တွင်​တ​ပည့်​တော်​တို့​သည်​ထို​စ​ကား​ကို နား​မ​လည်​ကြ။ ယင်း​သို့​နား​မ​လည်​ကြ​စေ​ရန် အ​နက်​အ​ဋ္ဌိပ္ပါယ်​ကွယ်​ဝှက်​လျက်​ရှိ​သ​တည်း။ သူ တို့​သည်​လည်း​ကိုယ်​တော်​အား​မ​မေး​မ​လျှောက် ဝံ့​ကြ။ \s1 အ​ဘယ်​သူ​သည်​အ​ကြီး​ဆုံး​နည်း \r (မ၊ ၁၈:၁-၅။ မာ၊ ၉:၃၃-၃၇) \p \v 46 တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​တွင်​အ​ဘယ်​သူ သည်​အ​ကြီး​မြတ်​ဆုံး​နည်း​ဟု​အ​ချင်း​ချင်း အ​ခြေ​အ​တင်​ပြော​ဆို​နေ​ကြ​၏။-\x + \xo 9:46 \xt လု၊ ၂၂:၂၄။\x* \v 47 သ​ခင်​ယေ​ရှု​သည်​ထို​သို့​ငြင်း​ခုံ​နေ​ကြ​သည် ကို​သိ​တော်​မူ​သ​ဖြင့် က​လေး​သူ​ငယ်​တစ်​ယောက် ကို​ခေါ်​၍​မိ​မိ​အ​နီး​တွင်​ရပ်​စေ​တော်​မူ​၏။- \v 48 ထို​နောက်​ကိုယ်​တော်​က ``ငါ​၏​နာ​မ​ကို​ထောက် ၍​ဤ​က​လေး​သူ​ငယ်​ကို​လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​လက်​ခံ ၏။ သင်​တို့​တွင်​အ​သိမ်​ငယ်​ဆုံး​သော​သူ​သည် အ​ကြီး​မြတ်​ဆုံး​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။\x + \xo 9:48 \xt မ၊ ၁၀:၄၀။ လု၊ ၁၀:၁၆။ ယော၊ ၁၃:၂၀။\x* \s1 သင်​တို့​ကို​မ​ဆန့်​ကျင်​သူ​သည် သင်​တို့​ဘက်​သား​ဖြစ်​၏ \r (မာ၊ ၉:၃၈-၄၀) \p \v 49 ယော​ဟန်​က ``အ​ရှင်​ဘု​ရား၊ လူ​တစ်​ယောက်​သည် အ​ရှင်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​တို့ ကို​နှင်​ထုတ်​နေ​သည်​ကို​အ​ကျွန်ုပ်​တို့​တွေ့​မြင် ခဲ့​ပါ​သည်။ သူ​သည်​အ​ကျွန်ုပ်​တို့​ဘက်​သား မ​ဟုတ်။ ထို့​ကြောင့်​အ​ကျွန်ုပ်​တို့​သည်​သူ့​အား အ​ရှင်​၏​နာ​မ​တော်​ကို​အ​သုံး​မ​ပြု​ရန် တား​မြစ်​ခဲ့​ပါ​၏'' ဟု​လျှောက်​ထား​၏။ \p \v 50 သ​ခင်​ယေ​ရှု​က ``ထို​သူ​ကို​မ​တား​မြစ်​ကြ နှင့်။ သင်​တို့​ကို​မ​ဆန့်​ကျင်​သူ​သည်​သင်​တို့ ဘက်​သား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ \s1 ရှ​မာ​ရိ​ရွာ​က​ကိုယ်​တော်​ကို​လက်​ခံ​ရန်​ငြင်း​ဆို​ခြင်း \p \v 51 ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ​ရန်​အ​ချိန်​နီး​လာ သော​အ​ခါ ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​တော်​မူ​ရန်​စိတ်​ပိုင်း​ဖြတ်​လျက်- \v 52 စေ​တ​မန်​များ​ကို​ကြို​တင်​စေ​လွှတ်​တော်​မူ​၏။ သူ​တို့​သည်​သွား​၍​ကိုယ်​တော်​၏​အ​တွက်​ပြင် ဆင်​မှု​များ​ကို​ပြု​ရန်​ရှ​မာ​ရိ​ရွာ​တစ်​ရွာ​သို့ ဝင်​ကြ​၏။- \v 53 သို့​ရာ​တွင်​ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့ ခ​ရီး​ပြု​လျက်​နေ​တော်​မူ​သည်​ကို​ထောက်​၍ ရွာ​သား​တို့​သည်​ကိုယ်​တော်​ကို​လက်​မ​ခံ​ကြ။- \v 54 ဤ​အ​ခြင်း​အ​ရာ​ကို​ကိုယ်​တော်​၏​တ​ပည့်​တော် များ​ဖြစ်​ကြ​သော​ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​မြင် ကြ​သော​အ​ခါ ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ကောင်း​ကင်​မှ​မီး​ကျ​၍​ထို​သူ​တို့​အား​လောင် ကျွမ်း​စေ​ရန်​အ​လို​ရှိ​တော်​မူ​သ​လော'' ဟု​မေး လျှောက်​ကြ​၏။\x + \xo 9:54 \xt ၄ရာ၊ ၁:၉-၁၆။\x* \p \v 55 ကိုယ်​တော်​သည်​လှည့်​၍​သူ​တို့​အား​ဆုံး​မ​တော် မူ​၏။- \m \v 56 ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် အ​ခြား​ရွာ​တစ်​ရွာ​သို့​ထွက်​သွား​ကြ​၏။ \s1 သ​ခင်​ယေ​ရှု​၏​တ​ပည့်​ဖြစ်​လို​သူ​များ \r (မ၊ ၈:၁၉-၂၂) \p \v 57 ယင်း​သို့​ခ​ရီး​ပြု​နေ​ကြ​စဉ်​လူ​တစ်​ယောက် က ``အ​ကျွန်ုပ်​သည်​အ​ရှင်​ကြွ​တော်​မူ​ရာ​သို့ လိုက်​ပါ​မည်'' ဟု​သ​ခင်​ယေ​ရှု​အား​လျှောက် ထား​၏။ \p \v 58 သ​ခင်​ယေ​ရှု​က ``မြေ​ခွေး​မှာ​တွင်း​ရှိ​၏။ ငှက်​မှာ အ​သိုက်​ရှိ​၏။ လူ​သား​မှာ​မူ​ကား​ခေါင်း​ချ​စ​ရာ နေ​ရာ​မျှ​မ​ရှိ'' ဟု​မိန့်​တော်​မူ​၏။ \p \v 59 ကိုယ်​တော်​သည်​အ​ခြား​လူ​တစ်​ယောက်​အား ``ငါ့ နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။ \p သို့​ရာ​တွင်​ထို​သူ​က ``အ​ကျွန်ုပ်​အ​ဖ​၏​အ​လောင်း ကို​ဦး​စွာ​သွား​၍​သင်္ဂြိုဟ်​ခွင့်​ပေး​တော်​မူ​ပါ'' ဟု လျှောက်​၏။ \p \v 60 ကိုယ်​တော်​က ``လူ​သေ​တို့​သည်​အ​ချင်း​ချင်း သင်္ဂြိုဟ်​ကြ​ပါ​စေ။ သင်​မူ​ကား​သွား​၍​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ဟော​ပြော လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 61 အ​ခြား​သော​သူ​တစ်​ယောက်​က ``အ​ရှင်၊ အ​ကျွန်ုပ် သည်​နောက်​တော်​သို့​လိုက်​ပါ​မည်။ သို့​ရာ​တွင် အ​ကျွန်ုပ်​၏​အိမ်​သူ​အိမ်​သား​များ​အား​ဦး စွာ​သွား​၍​နှုတ်​ဆက်​ခွင့်​ပြု​တော်​မူ​ပါ'' ဟု လျှောက်​၏။\x + \xo 9:61 \xt ၃ရာ၊ ၁၉:၂၀။\x* \p \v 62 သ​ခင်​ယေ​ရှု​က ``ထွန်​ကိုင်း​ကို​ကိုင်​လျက်​နောက် သို့​လှည့်​ကြည့်​သူ​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​အ​တွက်​အ​သုံး​မ​ဝင်'' ဟု​မိန့်​တော်​မူ​၏။ \c 10 \s1 တ​ပည့်​တော်​ခု​နစ်​ဆယ့်​နှစ်​ဦး​တို့​ကို စေ​လွှတ်​တော်​မူ​ခြင်း \p \v 1 ထို​နောက်​သ​ခင်​ဘု​ရား​သည်​အ​ခြား​သော တ​ပည့်​တော်​ခု​နစ်​ဆယ့်​နှစ်​ဦး​တို့​ကို​ရွေး​ချယ် ၍​နှစ်​ယောက်​စီ​တွဲ​ဖက်​စေ​လျက် ကိုယ်​တော်​တိုင် ကြွ​တော်​မူ​မည့်​မြို့​ရွာ​အ​သီး​သီး​သို့​သွား နှင့်​ရန်​စေ​လွှတ်​တော်​မူ​၏။- \v 2 ကိုယ်​တော်​က ``ရိတ်​သိမ်း​ရန်​စ​ပါး​များ​စွာ​ရှိ​၏။ သို့​ရာ​တွင်​ကောက်​ရိတ်​သူ​များ​ကား​နည်း​လှ​၏။ သို့​ဖြစ်​၍​ကောက်​ရိတ်​သ​မား​များ​ပို​မို​စေ​လွှတ် ပေး​ရန်​စ​ပါး​ရှင်​အား​ဆု​တောင်း​ကြ​လော့။-\x + \xo 10:2 \xt မ၊ ၉:၃၇-၃၈။\x* \v 3 သွား​ကြ၊ ဝံ​ပု​လွေ​စု​ထဲ​သို့​သိုး​သူ​ငယ်​များ​အား စေ​လွှတ်​သ​ကဲ့​သို့​သင်​တို့​အား​ငါ​စေ​လွှတ်​၏။-\x + \xo 10:3 \xt မ၊ ၁၀:၁၆။\x* \v 4 သင်​တို့​သည်​ပိုက်​ဆံ​အိတ်၊ လွယ်​အိတ်၊ ဖိ​နပ်​တို့​ကို ယူ​မ​သွား​ကြ​နှင့်။ လမ်း​မှာ​ရပ်​၍​မည်​သူ့​ကို​မျှ နှုတ်​မ​ဆက်​ကြ​နှင့်။-\x + \xo 10:4 \xt မ၊ ၁၀:၇-၁၄။ မာ၊ ၆:၈-၁၁။ လု၊ ၉:၃-၅။\x* \v 5 သင်​တို့​မည်​သည့်​အိမ်​သို့​မ​ဆို​ဝင်​သော​အ​ခါ ``ဤ အိမ်​၌​ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ'' ဟု​ဦး​စွာ​မေတ္တာ ပို့​ကြ​လော့။- \v 6 ထို​အိမ်​တွင်​ငြိမ်​သက်​မှု​ကို​လို​လား​သူ​ရှိ​လျှင် သင်​တို့​ပို့​သ​သည့်​မေတ္တာ​ကို​ထို​သူ​ခံ​စား​ရ လိမ့်​မည်။ ထို​သို့​သော​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​ပါ​မူ​သင်​တို့​ပို့​သည့်​မေတ္တာ​သည်​သင်​တို့ ၏​ထံ​သို့​ပြန်​လာ​လိမ့်​မည်။- \v 7 သင်​တို့​သည်​ထို​အိမ်​မှာ​နေ​၍​အိမ်​ရှင်​ကျွေး​မွေး သည်​တို့​ကို​စား​သောက်​ကြ​လော့။ အ​ဘယ်​ကြောင့် ဆို​သော်​အ​လုပ်​သ​မား​သည်​အ​ခ​ကို​ခံ​စား ထိုက်​သော​ကြောင့်​ဖြစ်​၏။ အိမ်​တစ်​အိမ်​မှ​အ​ခြား တစ်​အိမ်​သို့​မ​ပြောင်း​မ​ရွှေ့​ကြ​နှင့်။-\x + \xo 10:7 \xt ၁ကော၊ ၉:၁၄။ ၁တိ၊ ၅:၁၈။\x* \v 8 သင်​တို့​အား​ကြို​ဆို​လက်​ခံ​သော​မြို့​တွင်​သင် တို့​အား​ကျွေး​မွေး​သ​မျှ​တို့​ကို​စား​ကြ​လော့။- \v 9 ထို​မြို့​ရှိ​သူ​နာ​များ​ကို​ရော​ဂါ​ပျောက်​ကင်း​စေ ကြ​လော့။ ထို​နောက်​သူ​တို့​တွင်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​တည်​ချိန်​နီး​ပြီ​ဖြစ်​ကြောင်း​ပြော ကြား​ကြ​လော့။- \v 10 သင်​တို့​ကို​မ​ကြို​ဆို​လက်​မ​ခံ​သော​မြို့​တွင် လမ်း​များ​ပေါ်​သို့​ထွက်​၍ ဤ​သို့​ပြော​ကြ​လော့၊-\x + \xo 10:10 \xt တ၊ ၁၃:၅၁။\x* \v 11 `သင်​တို့​အား​သ​တိ​ပေး​သည့်​အ​နေ​ဖြင့်​ငါ​တို့ ခြေ​တွင်​ကပ်​သည့်​သင်​တို့​မြို့​က​မြေ​မှုန့်​ကို​ငါ တို့​ခါ​ချ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​သည်​သင်​တို့​၏​အ​နီး​သို့​ရောက်​ရှိ​ပြီ​ဖြစ် ကြောင်း​ကို​သိ​မှတ်​ကြ​လော့၊-' \v 12 ငါ​ဆို​သည်​ကား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ ဘု​ရား​သ​ခင်​သည်​ထို​မြို့​ထက်​ပို​၍​သော​ဒုံ မြို့​အား​က​ရု​ဏာ​ထား​တော်​မူ​လိမ့်​မည်။''\x + \xo 10:12 \xt က၊ ၁၉:၂၄-၂၈။ မ၊ ၁၁:၂၄၊ ၁၀:၁၅။\x* \s1 မ​ယုံ​ကြည်​ကြ​သည့်​မြို့​များ \r (မ၊ ၁၁:၂၀-၂၄) \p \v 13 ``အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည်​အ​မင်္ဂ​လာ​ရှိ​၏။ အို ဗက်​ဇဲ​ဒ​မြို့၊ သင်​သည်​လည်း​အ​မင်္ဂ​လာ​ရှိ​၏။ သင်​တို့​တွင်​ပြု​ခဲ့​သည့်​အံ့​ဖွယ်​အ​မှု​အ​ရာ​များ ကို​တု​ရု​နှင့်​ဇိ​ဒုံ​မြို့​တွင်​သာ​ပြု​ခဲ့​ပါ​မူ ထို​မြို့ တို့​သည်​ရှေး​မ​ဆွ​က​ပင်​လျှော်​တေ​ကို​ဝတ်​၍ ပြာ ထဲ​မှာ​ထိုင်​လျက်​နောင်​တ​ရ​ပြီး​ဖြစ်​လိမ့်​မည်။-\x + \xo 10:13 \xt ဟေရှာ၊ ၂၃:၁-၁၈။ ယေဇ၊ ၂၆:၁-၂၈:၂၆။ ယောလ၊ ၃:၄-၈။ အာ၊ ၁:၉-၁၀။ ဇာ၊ ၉:၂-၄။\x* \v 14 ဘု​ရား​သ​ခင်​သည်​တ​ရား​စီ​ရင်​တော်​မူ​ရာ ကာ​လ​၌ သင်​တို့​ထက်​ပို​၍​တု​ရု​နှင့်​ဇိ​ဒုံ​မြို့ တို့​အား​က​ရု​ဏာ​ထား​တော်​မူ​ပေ​အံ့။- \v 15 အို က​ပေ​ရ​နောင်​မြို့၊ သင်​သည်​ကောင်း​ကင်​ဘုံ တိုင်​အောင်​မြှောက်​စား​ခြင်း​ကို​ခံ​လို​သ​လော။ မ​ရ​ဏာ​နိုင်​ငံ​အ​ထိ​နှိမ့်​ချ​ခြင်း​ခံ​ရ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။\x + \xo 10:15 \xt ဟေရှာ၊ ၁၄:၁၃-၁၅။\x* \p \v 16 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အား ``သင်​တို့ ၏​စ​ကား​ကို​နား​ထောင်​သူ​သည်​ငါ့​စ​ကား​ကို နား​ထောင်​၏။ သင်​တို့​ကို​ပစ်​ပယ်​သူ​သည်​ငါ့​ကို ပစ်​ပယ်​၏။ ငါ့​ကို​ပစ်​ပယ်​သူ​သည်​ငါ့​ကို​စေ​လွှတ် တော်​မူ​သော​အ​ရှင်​ကို​ပစ်​ပယ်​သည်'' ဟု​မိန့် တော်​မူ​၏။\x + \xo 10:16 \xt မ၊ ၁၀:၄၀။ မာ၊ ၉:၃၇။ လု၊ ၉:၄၈။ ယော၊ ၁၃:၂၀။\x* \s1 တ​ပည့်​တော်​ခု​နစ်​ဆယ့်​နှစ်​ဦး​တို့ ပြန်​လည်​ရောက်​ရှိ​လာ​ကြ​ခြင်း \p \v 17 ခု​နစ်​ဆယ့်​နှစ်​ဦး​သော​တ​ပည့်​တော်​တို့​သည် အ​လွန် ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ပြန်​လည်​ရောက်​ရှိ​လာ​ကြ လျက် ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​နာ​မ တော်​အား​ဖြင့် နတ်​မိစ္ဆာ​များ​ပင်​နှိမ်​နင်း​ခဲ့​ပါ​သည်'' ဟု လျှောက်​ကြ​၏။ \p \v 18 ကိုယ်​တော်​က ``ကောင်း​ကင်​မှ​လျှပ်​စစ်​ကျ​သ​ကဲ့ သို့​စာ​တန်​ကျ​သည်​ကို​ငါ​မြင်​ရ​၏။- \v 19 မြွေ​ဆိုး​များ၊ ကင်း​မြီး​ကောက်​များ​အ​ပေါ်​မှာ နင်း​သွား​၍ စာ​တန်​၌​ရှိ​သ​မျှ​သော​တန်​ခိုး​ကို နှိမ်​နင်း​နိုင်​သည့်​အာ​ဏာ​ကို​သင်​တို့​အား​ငါ​ပေး အပ်​ထား​ပြီ။ အ​ဘယ်​ဘေး​မျှ​သင်​တို့​၌​မ​ရောက်​ရ။-\x + \xo 10:19 \xt ဆာ၊ ၉၁:၁၃။\x* \v 20 သို့​ရာ​တွင်​သင်​တို့​သည်​နတ်​မိစ္ဆာ​များ​ကို​နှိမ်​နင်း​နိုင် သည့်​အ​တွက်​ဝမ်း​မ​မြောက်​ကြ​နှင့်။ ကောင်း​ကင်​ဘုံ တွင်​သင်​တို့​၏​နာမည်​များ​စာ​ရင်း​ဝင်​ပြီး​ဖြစ်​သည့် အ​တွက်​သာ​လျှင်​ဝမ်း​မြောက်​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။ \s1 ကိုယ်​တော်​ရွှင်​လန်း​ဝမ်း​မြောက်​တော်​မူ​ခြင်း \r (မ၊ ၁၁:၂၅-၂၇၊ ၁၃:၁၆-၁၇) \p \v 21 ထို​အ​ခါ​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ကိုယ်​တော်​အား​ရွှင်​လန်း​ဝမ်း​မြောက်​စေ​တော်​မူ သ​ဖြင့်​ကိုယ်​တော်​က ``မိုး​မြေ​ကို​အ​စိုး​ရ​တော်​မူ သော​အ​ဖ၊ ကိုယ်​တော်​သည်​အ​သိ​ပ​ညာ​ရှင်​များ​မှ ထိမ်​ဝှက်​ထား​တော်​မူ​သော​အ​ကြောင်း​အ​ရာ​များ ကို ပ​ညာ​မဲ့​သူ​များ​အား​ဖွင့်​ပြ​တော်​မူ​သော ကြောင့်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။ အ​ဖ ခ​မည်း​တော်၊ ဤ​သို့​ဖြစ်​ရ​ခြင်း​မှာ​ကိုယ်​တော် လို​လား​တော်​မူ​သည်​အ​တိုင်း​ဖြစ်​ပါ​၏။ \p \v 22 ``ငါ့​ခ​မည်း​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့ ကို​ငါ့​အား​ပေး​အပ်​တော်​မူ​ပြီ။ သား​တော်​သည် အ​ဘယ်​သူ​ဖြစ်​ကြောင်း​ကို​ခ​မည်း​တော်​မှ တစ်​ပါး​မည်​သူ​မျှ​မ​သိ။ ခ​မည်း​တော်​သည် အ​ဘယ်​သူ​ဖြစ်​ကြောင်း​ကို​လည်း​သား​တော် နှင့်​သား​တော်​ဖွင့်​ပြ​လို​သူ​များ​မှ​တစ်​ပါး မည်​သူ​မျှ​မ​သိ'' ဟု​မိန့်​တော်​မူ​၏။\x + \xo 10:22 \xt ယော၊ ၃:၃၅၊ ၁၀:၁၅။\x* \p \v 23 ထို​နောက်​ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​ဘက်​သို့ လှည့်​၍ ``ယ​ခု​မြင်​သ​မျှ​သော​အ​ရာ​တို့​ကို​သင် တို့​မြင်​သော​ကြောင့်​သင်​တို့​မျက်​စိ​သည်​မင်္ဂ​လာ ရှိ​၏။- \v 24 သင်​တို့​အား​ငါ​ဆို​သည်​ကား​သင်​တို့​မြင်​ရ​သည့် အ​ရာ​များ​ကို​ပ​ရော​ဖက်​များ၊ ရှင်​ဘု​ရင်​များ မြင်​လို​ကြ​သော်​လည်း​မ​မြင်​ရ​ကြ၊ သင်​တို့​ကြား ရ​သည့်​အ​ရာ​များ​ကို​ကြား​လို​သော်​လည်း​မ ကြား​ရ​ကြ'' ဟု​မိန့်​တော်​မူ​သည်။ \s1 သ​နား​ကြင်​နာ​တတ်​သော​ရှ​မာ​ရိ​အ​မျိုး​သား ပုံ​ဥ​ပ​မာ \p \v 25 ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက်​သည်​အ​ထံ​တော် သို့​လာ​၍ ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ အ​သက်​ကို​ရ​အံ့​သော​ငှာ​အ​ဘယ်​သို့​ပြု​ရ ပါ​မည်​နည်း'' ဟု​ကိုယ်​တော်​အား​ပ​ညာ​စမ်း လို​သ​ဖြင့်​မေး​လျှောက်​၏။\x + \xo 10:25 \xt မ၊ ၂၂:၃၅-၄၀။ မာ၊ ၁၂:၂၈-၃၄။\x* \p \v 26 ကိုယ်​တော်​က ``ပညတ္တိ​ကျမ်း​တွင်​အ​ဘယ်​သို့ ဖော်​ပြ​ထား​သ​နည်း။ သင်​အ​ဘယ်​သို့​ဖတ်​ဖူး သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ \p \v 27 ထို​သူ​က ``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​စိတ်​စွမ်း​ရှိ​သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း ရှိ​သ​မျှ​နှင့်​ချစ်​လော့။ သင်​၏​အိမ်​နီး​ချင်း​ကို​ကိုယ် နှင့်​အ​မျှ​ချစ်​လော့​ဟု​ပါ​ရှိ​ပါ​သည်'' ဟူ​၍ လျှောက်​၏။\x + \xo 10:27 \xt ဝတ်၊ ၁၉:၁၈။ တရား၊ ၆:၅။\x* \p \v 28 ကိုယ်​တော်​က ``သင်​၏​အ​ဖြေ​သည်​မှန်​ပေ​၏။ ဤ အ​တိုင်း​ပြု​လျှင်​သင်​သည်​ထာ​ဝ​ရ​အ​သက်​ကို ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။\x + \xo 10:28 \xt ဝတ်၊ ၁၈:၅။\x* \p \v 29 ထို​သူ​သည်​မိ​မိ​၏​ပညာ​ကို​ဖော်​ပြ​လို သ​ဖြင့် ``အ​ဘယ်​သူ​သည်​အ​ကျွန်ုပ်​၏​အိမ် နီး​ချင်း​ဖြစ်​ပါ​သ​နည်း'' ဟု​မေး​မြန်း​၏။ \p \v 30 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``လူ​တစ်​ယောက်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​ယေ​ရိ​ခေါ​မြို့​ကို​သွား​ရာ လမ်း​တွင်​ဋ္ဌား​ပြ​များ​နှင့်​တွေ့​၏။ ဋ္ဌား​ပြ​တို့​သည် ထို​သူ​၏​အဝတ်​များ​ကို​ချွတ်​ယူ​ကြ​၏။ ထို​နောက် သူ့​ကို​ရိုက်​နှက်​၍​သေ​လု​နီး​ပါး​ရှိ​သော​အ​ခါ ပစ်​ထား​ခဲ့​ကြ​၏။- \v 31 ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည်​ထို​လမ်း​အ​တိုင်း ခ​ရီး​ပြု​လာ​စဉ်​ထို​သူ​ကို​မြင်​၏။ သို့​ရာ​တွင် သူ​သည်​ရှောင်​ကွင်း​၍​သွား​၏။- \v 32 ထို​နည်း​တူ​လေ​ဝိ​အ​နွယ်​ဝင်​တစ်​ယောက်​သည်​ထို နေ​ရာ​သို့​ရောက်​လာ​၏။ သူ​သည်​လည်း​လူ​နာ​ကို လာ​ကြည့်​ပြီး​လျှင်​ရှောင်​ကွင်း​၍​သွား​လေ​၏။- \v 33 သို့​ရာ​တွင်​ရှ​မာ​ရိ​အ​မျိုး​သား​တစ်​ယောက်​သည် ခ​ရီး​ပြု​လာ​စဉ်​သူ​နာ​ရှိ​ရာ​သို့​ရောက်​လာ​သော် သူ​နာ​ကို​မြင်​၍​သ​နား​ကြင်​နာ​စိတ်​ရှိ​သ​ဖြင့်၊-\x + \xo 10:33 \xt ၆ရာ၊ ၂၈:၁၅။\x* \v 34 သူ​နာ​၏​ထံ​သို့​ချဉ်း​ကပ်​ပြီး​လျှင် သူ​နာ​၏​ဒဏ် ရာ​များ​ကို​ဆီ​နှင့်​စ​ပျစ်​ရည်​လိမ်း​ကျံ​၍​အ​ဝတ် ဖြင့်​စည်း​ပေး​၏။ ထို​နောက်​မိ​မိ​မြည်း​ပေါ်​မှာ သူ​နာ​ကို​တင်​လျက်​တည်း​ခို​ရိပ်​သာ​သို့​ဆောင် သွား​၍​ပြု​စု​လေ​၏။- \v 35 နောက်​တစ်​နေ့​၌​တည်း​ခို​ရိပ်​သာ​မှ​ထွက်​ခွာ​ချိန် တွင်​သူ​သည်​ဒေ​နာ​ရိ​ဒင်္ဂါး​နှစ်​ပြား​ကို​ထုတ်​၍ တည်း​ခို​ရိပ်​သာ​ပိုင်​ရှင်​အား​ပေး​ပြီး​လျှင် `ဤ သူ​နာ​ကို​ကြည့်​ရှု​ပြု​စု​ပါ။ နောက်​ထပ်​ကုန်​ကျ သ​မျှ​ကို​အ​ကျွန်ုပ်​ပြန်​လာ​သော​အ​ခါ​ပေး ပါ​မည်' ဟု​ပြော​၏။ \p \v 36 ထို​သူ​သုံး​ယောက်​တို့​အ​နက်​အ​ဘယ်​သူ​သည် ဋ္ဌား​ပြ​ဘေး​နှင့်​တွေ့​ရ​သူ​၏​အိမ်​နီး​ချင်း​ဖြစ် မည်​ဟု​သင်​ထင်​သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p \v 37 ကျမ်း​တတ်​ဆ​ရာ​က ``သူ​နာ​အား​သ​နား​ကြင်​နာ စွာ​ပြု​စု​သူ​ဖြစ်​ပါ​သည်'' ဟု​လျှောက်​လျှင်၊ \p သ​ခင်​ယေ​ရှု​က ``သင်​သည်​သွား​၍​ထို​နည်း​တူ ပြု​လော့'' ဟု​မိန့်​တော်​မူ​၏။ \s1 မာ​သ​နှင့်​မာ​ရိ​တို့​၏​အိမ်​သို့​ကြွ​တော်​မူ​ခြင်း \p \v 38 သ​ခင်​ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့​သည်​ခ​ရီး​သွား ကြ​စဉ်​ရွာ​တစ်​ရွာ​သို့​ရောက်​ကြ​၏။ ထို​ရွာ​ရှိ​မာ​သ နာ​မည်​ရှိ​သော​အ​မျိုး​သ​မီး​သည်​မိ​မိ​၏​အိမ်​တွင် ကိုယ်​တော်​ကို​ကြို​ဆို​ဧည့်​ခံ​၏။-\x + \xo 10:38 \xt ယော၊ ၁၁:၁။\x* \v 39 မာ​သ​မှာ​မာ​ရိ​နာ​မည်​ရှိ​သော​ညီ​မ​တစ်​ယောက် ရှိ​၏။ သူ​သည်​သ​ခင်​ယေ​ရှု​၏​ခြေ​တော်​ရင်း​မှာ ထိုင်​၍​တ​ရား​တော်​ကို​ကြား​နာ​လျက်​နေ​၏။- \v 40 မာ​သ​မူ​ကား​ဧည့်​သည်​ဝတ်​ဖြင့်​ဗျာ​များ​နေ​ရ သ​ဖြင့်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​ပြီး​လျှင် ``အ​ရှင် ဘု​ရား၊ ကျွန်​မ​၏​ညီ​မ​သည်​လုပ်​ကျွေး​မှု​တာ​ဝန် ရှိ​သ​မျှ​ကို​ကျွန်​မ​တစ်​ယောက်​တည်း​အား ဆောင် ရွက်​စေ​သည်​ကို​ကိုယ်​တော်​ရှင်​လျစ်​လူ​ရှု​တော် မူ​ပါ​သ​လော။ ကျွန်​မ​ကို​ကူ​ညီ​စေ​ရန်​သူ့ အား​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။ \p \v 41 သ​ခင်​ဘု​ရား​က ``မာ​သ၊ မာ​သ၊ သင်​သည်​များ စွာ​သော​အ​မှု​ကိစ္စ​တို့​အ​တွက်​စိုး​ရိမ်​ပူ​ပန် လျက်​နေ​၏။- \v 42 သင့်​မှာ​လို​သော​အ​ရာ​တစ်​ခု​ရှိ​၏။ မာ​ရိ​သည် ကောင်း​မြတ်​သော​အ​ရာ​ကို​ရွေး​ချယ်​လေ​ပြီ။ ထို​အ​ရာ​ကို​သူ့​ထံ​မှ​အ​ဘယ်​သူ​မျှ​ယူ​၍ ရ​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ \c 11 \s1 ဆု​တောင်း​ပတ္ထ​နာ​အ​ကြောင်း သွန်​သင်​တော်​မူ​ခြင်း \r (မ၊ ၆:၉-၁၃၊ ၇:၇-၁၁) \p \v 1 အ​ခါ​တစ်​ပါး​၌​ကိုယ်​တော်​သည်​တစ်​ခု​သော အ​ရပ်​တွင်​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော် မူ​၏။ ဆု​တောင်း​ပတ္ထ​နာ​ပြီး​ဆုံး​သော​အ​ခါ တ​ပည့်​တော်​တစ်​ဦး​က ``အ​ရှင်​ဘု​ရား၊ ယော​ဟန် သည်​မိ​မိ​၏​တ​ပည့်​များ​အား​ဆု​တောင်း​ပတ္ထ နာ​ပြု​ရန်​နည်း​ပေး​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​အား လည်း​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​ထား​၏။ \p \v 2 ကိုယ်​တော်​က ``သင်​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော အ​ခါ၊ \q1 `အို အ​ဖ၊ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို ရို​သေ​လေး​မြတ်​ကြ​ပါ​စေ​သော။ \q2 ကိုယ်​တော်​ရှင်​၏​အုပ်​စိုး​တော်​မူ​ခြင်း​ရှိ​ပါ စေ​သော။ \q1 \v 3 လို​အပ်​သော​အ​စား​အ​စာ​ကို​အ​ကျွန်ုပ်​တို့​အား၊ နေ့​စဉ်​နေ့​တိုင်း​ပေး​သ​နား​တော်​မူ​ပါ။ \q1 \v 4 အ​ကျွန်ုပ်​တို့​အား​သူ​တစ်​ပါး​တို့​မှား​မိ​သည့် အ​ပြစ်​များ​ကို၊ \q2 အ​ကျွန်ုပ်​တို့​ဖြေ​လွှတ်​ကြ​သ​ကဲ့​သို့​အ​ကျွန်ုပ် တို့​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ \q1 အ​ကျွန်ုပ်​တို့​သည်​လွန်​ကဲ​သော​စုံ​စမ်း​သွေး ဆောင်​ခြင်း​ကို မ​ခံ​ရ​ပါ​စေ​နှင့်' \m ဟူ​၍​မြွက်​ဆို​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 5-6 ထို​နောက်​ကိုယ်​တော်​က ``သင်​တို့​တွင်​တစ်​စုံ​တစ် ယောက်​သော​သူ​သည်​သန်း​ခေါင်​အ​ချိန်​၌​မိတ် ဆွေ​တစ်​ဦး​၏​အိမ်​သို့​သွား​၍ `အ​ဆွေ၊ ကျွန်ုပ်​၏ အိမ်​သို့​ခ​ရီး​သည်​မိတ်​ဆွေ​တစ်​ယောက်​ရောက်​ရှိ လာ​ပါ​သည်။ ကျွန်ုပ်​တို့​ထံ​တွင်​သူ့​အား​ကျွေး စ​ရာ​ဘာ​မျှ​မ​ရှိ​သ​ဖြင့် မုန့်​သုံး​လုံး​ကို​ချေး လို​ပါ​သည်' ဟု​ဆို​သော်၊- \v 7 အိမ်​ရှင်​က `ကျွန်ုပ်​ကို​မ​နှောင့်​ယှက်​ပါ​နှင့်။ အိမ် တံ​ခါး​ကို​ပိတ်​ထား​ပြီး​လေ​ပြီ။ သား​သမီး များ​နှင့်​ကျွန်ုပ်​သည်​အိပ်​ရာ​ဝင်​ကြ​ပြီး​ဖြစ် ၏။ ထို့​ကြောင့်​ကျွန်ုပ်​ထ​၍​သင့်​အား​ဘာ​မျှ မ​ပေး​နိုင်​ပါ' ဟု​အိမ်​တွင်း​မှ​ပြော​လိမ့်​မည်။- \v 8 အိမ်​ရှင်​သည်​မိတ်​ဆွေ​တစ်​ဦး​အ​နေ​ဖြင့်​အိပ်​ရာ မှ​ထ​၍​သူ့​အား​မုန့်​များ​ကို​ပေး​လိမ့်​မည်​မ​ဟုတ်။ သို့​သော်​လည်း​ထို​သူ​သည်​အ​ရှက်​အ​ကြောက် ကင်း​မဲ့​စွာ​ဆက်​လက်​တောင်း​ခံ​နေ​သော​ကြောင့် အိမ်​ရှင်​သည်​ထ​၍​လို​သ​မျှ​သော​မုန့်​များ ကို​ပေး​လိမ့်​မည်။- \v 9 သင်​တို့​အား​ငါ​ဆို​သည်​ကား​တောင်း​ကြ​လော့၊ တောင်း​လျှင်​ရ​ကြ​လိမ့်​မည်။ ရှာ​ကြ​လော့၊ ရှာ လျှင်​တွေ့​ကြ​လိမ့်​မည်။ တံ​ခါး​ကို​ခေါက်​ကြ လော့၊ ခေါက်​လျှင်​တံ​ခါး​ကို​ဖွင့်​လိမ့်​မည်။- \v 10 တောင်း​သူ​သည်​ရ​လိမ့်​မည်။ ရှာ​သော​သူ​သည် တွေ့​လိမ့်​မည်။ တံ​ခါး​ကို​ခေါက်​သော​သူ​အား တံ​ခါး​ကို​ဖွင့်​ပေး​လိမ့်​မည်။- \v 11 သင်​တို့​တွင်​အ​ဘယ်​ဖ​ခင်​သည်​မိ​မိ​၏​သား က​ငါး​ကို​တောင်း​လျှင်​မြွေ​ကို​ပေး​မည်​နည်း။- \v 12 ကြက်​ဥ​ကို​တောင်း​လျှင်​ကင်း​မြီး​ကောက်​ကို ပေး​မည်​နည်း။- \v 13 သင်​တို့​သည်​ဆိုး​သော​သူ​များ​ဖြစ်​လျက်​ပင် သား​သ​မီး​များ​အား​အ​ကောင်း​ကို​ပေး​တတ် လျှင်​ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့​အ​ဖ​သည် တောင်း​လျှောက်​သော​သူ​တို့​အား​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို​သာ​၍​ပေး​တော်​မူ​မည်​မ​ဟုတ် လော'' ဟု​မိန့်​တော်​မူ​၏။ \s1 သ​ခင်​ယေ​ရှု​နှင့်​ဗေ​လ​ဇေ​ဗု​လ \r (မ၊ ၁၂:၂၂-၃၀။ မာ၊ ၃:၂၀-၂၇) \p \v 14 သ​ခင်​ယေ​ရှု​သည်​ဆွံ့​အ​သော​နတ်​မိစ္ဆာ​ကို နှင်​ထုတ်​တော်​မူ​၍​နတ်​မိစ္ဆာ​ထွက်​သွား​သည် နောက်​ဆွံ့​အ​သော​သူ​သည်​စ​ကား​ပြော လေ​၏။ လူ​ပ​ရိ​သတ်​တို့​သည်​များ​စွာ​အံ့​သြ ကြ​၏။- \v 15 သို့​ရာ​တွင်​လူ​အ​ချို့​က ``ကိုယ်​တော်​သည်​နတ် မိစ္ဆာ​ဘု​ရင်​ဗေလ​ဇေ​ဗုလ​ကို​အ​မှီ​ပြု​၍​နတ် မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်'' ဟု​ဆို​ကြ​၏။\x + \xo 11:15 \xt မ၊ ၉:၃၄၊ ၁၀:၂၅။\x* \p \v 16 အ​ချို့​က​ကိုယ်​တော်​အား​ပ​ရိ​ယာယ်​ဆင် ၍ ``ကောင်း​ကင်​မှ​နိ​မိတ်​လက္ခ​ဏာ​တစ်​ရပ် ကို​ပြ​တော်​မူ​ပါ'' ဟု​တောင်း​ခံ​ကြ​၏။-\x + \xo 11:16 \xt မ၊ ၁၂:၃၈၊ ၁၆:၁။ မာ၊ ၈:၁၁။\x* \v 17 ကိုယ်​တော်​သည်​ထို​သူ​တို့​၏​အ​ကြံ​အ​စည်​ကို သိ​တော်​မူ​သ​ဖြင့် ``တိုင်း​နိုင်​ငံ​တစ်​ခု​တွင်​လူ တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ​လျှင် ထို​နိုင်​ငံ​သည် မ​ကြာ​မီ​ပျက်​စီး​မည်​သာ​ဖြစ်​၏။ အိမ်​ထောင်​တစ် ခု​တွင်​အိမ်​သူ​အိမ်​သား​တို့​စိတ်​ဝမ်း​ကွဲ​ပြား လျက်​နေ​လျှင် ထို​အိမ်​ထောင်​သည်​ပျက်​စီး မည်​သာ​ဖြစ်​၏။- \v 18 ထို့​ကြောင့်​စာ​တန်​၏​နိုင်​ငံ​တွင်​စိတ်​ဝမ်း​ကွဲ​ပြား မှု​ရှိ​လျှင် အ​ဘယ်​သို့​လျှင်​ရပ်​တည်​နိုင်​မည်​နည်း။ ငါ​သည်​ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍ နတ်​မိစ္ဆာ များ​ကို​နှင်​ထုတ်​သည်​ဟု​သင်​တို့​ဆို​ကြ​၏။- \v 19 အ​ကယ်​၍​ငါ​သည်​ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ ပြု​၍​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်​ဆို​ပါ​မူ သင်​တို့​၏​တ​ပည့်​များ​ကား​မည်​သူ​ကို​အ​မှီ ပြု​၍ နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ကြ​သ​နည်း။ ထို​သူ​တို့​က​ပင်​လျှင်​သင်​တို့​မှား​ကြောင်း သက်​သေ​ထူ​ကြ​၏။- \v 20 သို့​ရာ​တွင်​ငါ​သည်​ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​အား​ဖြင့်​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည် ဖြစ်​သော​ကြောင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် သည်​သင်​တို့​တွင်​တည်​လျက်​ရှိ​လေ​ပြီ။'' \p \v 21 ``ခွန်​အား​ကြီး​သူ​သည်​လက်​နက်​စုံ​နှင့် မိ​မိ အိမ်​ကို​စောင့်​ကြပ်​နေ​သော​အ​ခါ သူ​၏​ဥစ္စာ ပစ္စည်း​များ​သည်​လုံ​ခြုံ​မှု​ရှိ​၏။- \v 22 သို့​ရာ​တွင်​ထို​သူ​ထက်​ခွန်​အား​ကြီး​သူ​သည် ရောက်​လာ​၍ သူ့​ကို​တိုက်​ခိုက်​အောင်​မြင်​သော အ​ခါ သူ​အား​ကိုး​အား​ထား​ပြု​သည့်​လက် နက်​များ​ကို​သိမ်း​ယူ​သွား​လိမ့်​မည်။ တိုက်​ခိုက် ၍​ရ​ရှိ​သော​ဥစ္စာ​ပစ္စည်း​များ​ကို​လည်း​ခွဲ ဝေ​လိမ့်​မည်။'' \p \v 23 ``ငါ့​ဘက်​မှာ​မ​နေ​သူ​သည်​ငါ့​ကို​ဆန့်​ကျင် သူ​ဖြစ်​၏။ ငါ​နှင့်​အ​တူ​မ​စု​မ​သိမ်း​သူ​သည် ကြဲ​ဖြန့်​သူ​ဖြစ်​၏။''\x + \xo 11:23 \xt မာ၊ ၉:၄၀။\x* \s1 ညစ်​ညမ်း​သော​နတ်​ပြန်​၍​ပူး​ဝင်​ခြင်း \r (မ၊ ၁၂:၄၃-၄၅) \p \v 24 ``ညစ်​ညမ်း​သော​နတ်​သည်​လူ​ထဲ​က​ထွက်​သည့် အ​ခါ​ခြောက်​သွေ့​ရာ​အ​ရပ်​သို့​လှည့်​လည်​၍ နား​စ​ရာ​နေ​ရာ​ကို​ရှာ​တတ်​၏။ ရှာ​မ​တွေ့ လျှင် `ငါ​ယ​ခင်​နေ​ခဲ့​သည့်​နေ​ရာ​သို့​ပင် ပြန်​ပါ​အံ့' ဟု​ဆို​၏။- \v 25 သို့​ဖြစ်​၍​သူ​သည်​ထို​နေ​ရာ​သို့​ပြန်​သွား သော​အ​ခါ သပ်​ရပ်​စွာ​လှဲ​ကျင်း​ထား​သည် ကို​တွေ့​သော်၊- \v 26 မိ​မိ​ထက်​ညစ်​ညမ်း​သော​နတ်​ခု​နစ်​ဦး​ကို​ခေါ် ခဲ့​ပြီး​လျှင်​ထို​နေ​ရာ​တွင်​နေ​လေ​၏။ သို့​ဖြစ် ၍​နတ်​ပူး​ဝင်​သူ​၏​နောက်​ဆုံး​ဖြစ်​အင်​သည် ပ​ထ​မ​ဖြစ်​အင်​ထက်​ဆိုး​လေ​၏'' ဟု​မိန့် တော်​မူ​၏။ \s1 မင်္ဂ​လာ​အ​စစ်​အ​မှန် \p \v 27 သ​ခင်​ယေ​ရှု​သည်​ဤ​သို့​မိန့်​တော်​မူ​ပြီး သော​အ​ခါ လူ​ပ​ရိ​သတ်​ထဲ​က​အ​မျိုး​သမီး တစ်​ယောက်​သည် ``အ​ရှင့်​ကို​မွေး​၍​နို့​တိုက် ရ​သော​အ​မျိုး​သမီး​သည်​မင်္ဂ​လာ​ရှိ​ပါ​၏'' ဟု​လျှောက်​၏။ \p \v 28 သို့​ရာ​တွင်​ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တော်​ကို​ကြား​၍​လိုက်​နာ​သူ​သည် မင်္ဂ​လာ​ရှိ​၏​ဟု​ဆို​လျှင်​ပို​၍​သင့်​မြတ်​လိမ့်​မည်'' ဟူ​၍​မိန့်​တော်​မူ​၏။ \s1 နိ​မိတ်​လက္ခ​ဏာ​ပြ​ရန်​တောင်း​ဆို​ကြ​ခြင်း \r (မ၊ ၁၂:၃၈-၄၂) \p \v 29 လူ​ပ​ရိ​သတ်​တို့​သည်​စု​ရုံး​လျက်​နေ​ကြ​စဉ် ကိုယ်​တော်​က ``ယ​ခု​ခေတ်​လူ​တို့​သည်​အ​လွန် ဆိုး​ညစ်​လှ​ပါ​သည်​တ​ကား။ သူ​တို့​သည်​နိ​မိတ် လက္ခ​ဏာ​ကို​တောင်း​ဆို​ကြ​၏။ သို့​ရာ​တွင်​ယော​န ၏​နိ​မိတ်​လက္ခ​ဏာ​မှ​တစ်​ပါး​အ​ဘယ်​နိ​မိတ် လက္ခ​ဏာ​ကို​မျှ​သူ​တို့​အား​ပြ​လိမ့်​မည်​မ​ဟုတ်။-\x + \xo 11:29 \xt မ၊ ၁၆:၄။ မာ၊ ၈:၁၂။\x* \v 30 နိ​နေ​ဝေ​မြို့​သား​တို့​အ​တွက်​ယော​န​သည် နိ​မိတ်​လက္ခ​ဏာ​ဖြစ်​သ​ကဲ့​သို့​ဤ​ခေတ်​လူ​တို့ အ​တွက်​လူ​သား​သည်​လည်း​နိ​မိတ်​လက္ခ​ဏာ ဖြစ်​ပေ​အံ့။-\x + \xo 11:30 \xt ယောန၊ ၃:၄။\x* \v 31 ရှေ​ဘ​ပြည်​က​ဘု​ရင်​မ​သည်​ဉာဏ်​ပ​ညာ​ရှင် ရှော​လ​မုန်​မင်း​ကြီး​၏​စ​ကား​ကို​ကြား​နာ​ရ အောင်​ဝေး​လံ​ရပ်​ခြား​တိုင်း​တစ်​ပါး​မှ​လာ ရောက်​ခဲ့​၏။ ယ​ခု​အ​ခါ​၌​မူ​ရှော​လ​မုန်​ထက် ကြီး​မြတ်​သည့်​အ​ရာ​ရောက်​ရှိ​နေ​လေ​ပြီ။ သို့ ဖြစ်​၍​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​တွင်​ရှေ​ဘ ပြည်​ဘု​ရင်​မ​သည်​ထ​၍​ထို​သူ​တို့​အား​ပြစ် တင်​စွပ်​စွဲ​လိမ့်​မည်။-\x + \xo 11:31 \xt ၃ရာ၊ ၁၀:၁-၁၀။ ၆ရာ၊ ၉:၁-၁၂။\x* \v 32 နိ​နေ​ဝေ​မြို့​သား​တို့​သည်​ယော​န​ဟော​ပြော သွန်​သင်​ချက်​ကြောင့်​နောင်​တ​ရ​ခဲ့​ကြ​၏။ ယ​ခု မှာ​မူ​ယော​န​ထက်​ကြီး​မြတ်​သည့်​အ​ရာ​ရောက် ရှိ​နေ​လေ​ပြီ။ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ နိ​နေ​ဝေ​မြို့​သား​တို့​သည်​ထ​၍​ဤ​လူ​တို့ အား​ပြစ်​တင်​စွပ်​စွဲ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။\x + \xo 11:32 \xt ယောန၊ ၃:၅။\x* \s1 ခန္ဓာ​ကိုယ်​၏​ဆီ​မီး \r (မ၊ ၅:၁၅၊ ၆:၂၂-၂၃) \p \v 33 လူ​တို့​သည် ``ဆီ​မီး​ကို​ထွန်း​ညှိ​၍​ဖုံး​ကွယ်​ထား လေ့​မ​ရှိ။ တောင်း​ဖြင့်​လည်း​အုပ်​ထား​လေ့​မ​ရှိ။ အိမ်​ထဲ​သို့​ဝင်​လာ​သူ​များ​အ​လင်း​ရ​စေ​ရန် မီး​တင်​ခုံ​ပေါ်​မှာ​တင်​ထား​လေ့​ရှိ​၏။-\x + \xo 11:33 \xt မ၊ ၅:၁၅။ မာ၊ ၄:၂၁။ လု၊ ၈:၁၆။\x* \v 34 မျက်​စိ​သည်​ကိုယ်​ခန္ဓာ​အ​တွက်​ဆီ​မီး​သ​ဖွယ်​ဖြစ် ၏။ မျက်​စိ​ကောင်း​လျှင်​သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု လုံး​လင်း​လိမ့်​မည်။ မျက်စိ​မ​ကောင်း​လျှင်​မူ​ကား သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​မှောင်​လျက် နေ​လိမ့်​မည်။- \v 35 သို့​ဖြစ်​၍​သင်​တို့​တွင်​ရှိ​သည့်​အ​လင်း​သည် အ​မှောင်​မ​ဖြစ်​စေ​ရန်​သ​တိ​ပြု​ကြ​လော့။- \v 36 အ​ကယ်​၍​သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် မှောင်​ကွက်​လုံး​ဝ​မ​ရှိ​ဘဲ​လင်း​လျက်​နေ​လျှင် ဆီ​မီး​သည်​တောက်​ပ​သော​အ​လင်း​ဖြင့်​သင့် အ​ပေါ်​၌​ထွန်း​လင်း​သ​ကဲ့​သို့ သင်​တို့​ကိုယ် ခန္ဓာ​တစ်​ခု​လုံး​သည်​အ​လင်း​နှင့်​ပြည့်​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့​ကို အ​ပြစ်​တင်​တော်​မူ​ခြင်း \r (မ၊ ၂၃:၁-၃၆။ မာ၊ ၁၂:၃၈-၄၀) \p \v 37 ထို​သို့​ကိုယ်​တော်​မိန့်​တော်​မူ​ပြီး​သော​အ​ခါ ဖာ​ရိ​ရှဲ​တစ်​ယောက်​သည်​ကိုယ်​တော်​အား​ည စာ​သုံး​ဆောင်​တော်​မူ​ရန်​ပင့်​ဖိတ်​၏။- \v 38 ကိုယ်​တော်​သည်​ထို​သူ​၏​အိမ်​သို့​ကြွ​၍​စား​ပွဲ တွင်​ထိုင်​တော်​မူ​၏။ ဤ​သို့​အ​စား​အ​စာ​မ​သုံး ဆောင်​မီ​ကိုယ်​တော်​သည်​ဆေး​ကြော​ခြင်း​ပြု တော်​မ​မူ​သည်​ကို​ထို​ဖာ​ရိ​ရှဲ​မြင်​သော​အ​ခါ အံ့​သြ​လေ​၏။- \v 39 သ​ခင်​ဘု​ရား​က ``သင်​တို့​ဖာရိရှဲ​များ​သည်​ပန်း ကန်​ခွက်​ယောက်​များ​၏​ပြင်​ပ​ကို​စင်​ကြယ်​အောင် ဆေး​ကြော​ကြ​သော်​လည်း​သင်​တို့​၏​စိတ်​အ​တွင်း မှာ​ကား​အ​ကြမ်း​ဖက်​မှု၊ ဆိုး​ညစ်​မှု​တို့​ဖြင့်​ပြည့် လျက်​နေ​၏။- \v 40 အ​ချင်း​လူ​မိုက်​တို့၊ ပြင်​ပ​သဏ္ဌာန်​ကို​ဖန်​ဆင်း တော်​မူ​သော​အ​ရှင်​သည် အ​တွင်း​သဏ္ဌာန်​ကို လည်း​ဖန်​ဆင်း​တော်​မူ​သည်​မ​ဟုတ်​လော။- \v 41 သို့​ရာ​တွင်​သင်​တို့​၏​ပန်း​ကန်​ခွက်​ယောက် များ​တွင်​ရှိ​သည့်​အ​ရာ​များ​ကို​ဆင်း​ရဲ​သူ များ​အား​ပေး​ကမ်း​ကြ​လော့။ သို့​ပြု​လျှင် အ​ရာ​ခပ်​သိမ်း​တို့​သည်​သင်​တို့​အ​တွက်​သန့် စင်​လိမ့်​မည်။'' \p \v 42 ``ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​ပင်​စိမ်း​ရွက်၊ လူ​ရွက်​နှင့်​အ​ခြား ဆေး​ဖက်​ဝင်​အ​ရွက်​အ​မျိုး​မျိုး​ကို​ဆယ်​ဖို့ တစ်​ဖို့​ပေး​လှူ​ကြ​သော်​လည်း​တ​ရား​မျှ​တ မှု​နှင့်​ဘု​ရား​သ​ခင်​အား​ကြည်​ညို​မှု​တို့​ကို လျစ်​လူ​ရှု​ကြ​သည်။ သင်​တို့​သည်​ဆယ်​ဖို့ တစ်​ဖို့​ပေး​လှူ​ခြင်း​ကို​တ​ရား​မျှ​တ​မှု​နှင့် ဘု​ရား​သ​ခင်​အား​ကြည်​ညို​မှု​တို့​ကို​ပါ ကျင့်​သုံး​သင့်​၏။''\x + \xo 11:42 \xt ဝတ်၊ ၂၇:၃၀။\x* \p \v 43 ``အ​ချင်း​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ သင်​တို့​သည်​တ​ရား​ဇ​ရပ်​များ​တွင် မြင့်​မြတ်​သော​နေ​ရာ​များ​ကို​လည်း​ကောင်း၊ စျေး​ရပ်​ကွက်​တွင်​လူ​တို့​အ​လေး​ပြု​ခြင်း ကို​လည်း​ကောင်း​နှစ်​သက်​ကြ​၏။- \v 44 သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် အ​မှတ်​အ​သား​မ​ရှိ​သည့်​သင်္ချိုင်း​တွင်း​များ​နှင့် တူ​၏။ လူ​တို့​သည်​ထို​တွင်း​များ​အ​ပေါ်​မှာ လျှောက်​၍​သွား​ကြ​သော​အ​ခါ​သင်္ချိုင်း​တွင်း ဖြစ်​မှန်း​ကို​မ​သိ​ကြ'' ဟု​မိန့်​တော်​မူ​၏။ \p \v 45 ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ရှင်​ဤ​သို့​မိန့်​တော်​မူ​သည်​မှာ​အ​ကျွန်ုပ် တို့​ကို​လည်း​စော်​ကား​ရာ​ရောက်​ပါ​သည်'' ဟု လျှောက်​၏။ \p \v 46 ကိုယ်​တော်​က ``အ​ချင်း​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​လည်း​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ထမ်း ရ​ခက်​သည့်​ဝန်​ထုပ်​များ​ကို​သင်​တို့​သည်​လူ များ​အား​ထမ်း​စေ​ကြ​လျက်​သင်​တို့​ကိုယ်​တိုင် မူ​ကား​ထို​ဝန်​ထုပ်​များ​ကို​လက်​ဖျား​နှင့်​မျှ မ​တို့​ကြ။- \v 47 သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​၏ ဘိုး​ဘေး​များ​က​သတ်​သော​ပ​ရော​ဖက်​များ အ​တွက်​သင်​တို့​က​ဂူ​များ​တည်​ဆောက်​ပေး ကြ​၏။- \v 48 ဤ​သို့​လျှင်​သင်​တို့​၏​ဘိုး​ဘေး​များ​ကူး​လွန် ခဲ့​သည့်​အ​မှု​များ​တွင် သင်​တို့​အ​လို​တူ​အ​လို ပါ​ဖြစ်​ကြ​၏။ သင်​တို့​၏​ဘိုးဘေး​များ​သည် ပ​ရော​ဖက်​များ​ကို​သတ်​၍ သင်​တို့​က​သင်္ချိုင်း များ​ကို​တည်​ဆောက်​ပေး​ကြ​၏။- \v 49 သို့​ဖြစ်​ခြင်း​ကြောင့်​ဘု​ရား​သ​ခင်​သည်​ရွှေ ဉာဏ်​တော်​ဖြင့်`ဤ​လူ​များ​ထဲ​သို့​ပ​ရော​ဖက် များ၊ စေ​တ​မန်​များ​ကို​ငါ​စေ​လွှတ်​မည်။ ထို ပ​ရော​ဖက်​များ၊ စေ​တ​မန်​များ​အ​နက်​အ​ချို့ ကို​သူ​တို့​ညှဉ်း​ဆဲ​၍​အ​ချို့​ကို​သတ်​ကြ​လိမ့် မည်' ဟု​မိန့်​တော်​မူ​၏။- \v 50-51 သို့​ဖြစ်​၍​အာ​ဗေ​လ​မှ​သည်​ဗိ​မာန်​တော် အ​တွင်း​ပိုင်း​နှင့်​ယဇ်​ပလ္လင်​အ​ကြား​မှာ အ​သတ် ခံ​ခဲ့​ရ​သည့်​ပ​ရော​ဖက်​ဇာ​ခ​ရိ​အ​ထိ၊ ကမ္ဘာ တည်​ချိန်​မှ​စ​၍​အ​သတ်​ခံ​ခဲ့​ရ​သော​ပ​ရော ဖက်​များ​၏​အ​သွေး​ကြောင့် ဤ​ခေတ်​လူ​တို့ သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်။ ထို​အ​မှု​အား​လုံး​အ​တွက် ဤ​ခေတ် လူ​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်​ဟု​ငါ​အ​မှန်​ဆို​၏။\x + \xo 11:50-51 \xt က၊ ၄:၈။ ၆ရာ၊ ၂၄:၂၀-၂၁။\x* \p \v 52 ``ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ သင်​တို့​သည်​အ​သိ​ပ​ညာ​ဗိ​မာန် တံ​ခါး​သော့​ကို​သိမ်း​ထား​ပြီး​လျှင်​ကိုယ်​တိုင် လည်း​မ​ဝင်၊ ဝင်​လို​သူ​များ​ကို​လည်း​ဆီး​တား ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 53 ထို​အ​ရပ်​မှ​ကိုယ်​တော်​ထွက်​ကြွ​တော်​မူ​သော အ​ခါ​ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ သည် ကိုယ်​တော်​အား​ပြင်း​ထန်​စွာ​ဝေ​ဖန်​မှု​ကို စ​တင်​ပြု​လုပ်​လာ​ကြ​၏။- \v 54 နှုတ်​တော်​ထွက်​စ​ကား​တွင်​အ​မှား​ရှာ​ရန် များ​စွာ​သော​အ​ကြောင်း​အ​ရာ​တို့​ကို​မေး မြန်း​ကြ​၏။ \c 12 \s1 ဟန်​ဆောင်​မှု​နှင့်​ပတ်​သက်​၍​သ​တိ​ပေး​ခြင်း \r (မ၊ ၁၀:၂၆-၂၇) \p \v 1 ထို​အ​ခါ​၌​ထောင်​ပေါင်း​များ​စွာ​သော​လူ​တို့ သည်​စု​ဝေး​လာ​ကြ​သ​ဖြင့်​အ​ချင်း​ချင်း​ပင် နင်း​မိ​ကြ​၏။ ကိုယ်​တော်​သည်​ဦး​စွာ​တ​ပည့် တော်​တို့​အား ``ဖာ​ရိ​ရှဲ​တို့​၏​ဟန်​ဆောင်​မှု တည်း​ဟူ​သော​တ​ဆေး​ကို​သ​တိ​ပြု​ကြ​လော့။-\x + \xo 12:1 \xt မ၊ ၁၆:၆။ မာ၊ ၈:၁၅။\x* \v 2 ဖုံး​အုပ်​ထား​သည့်​အ​ရာ​ဟူ​သ​မျှ​သည်​ပွင့် လာ​ရ​လိမ့်​မည်။ လျှို့​ဝှက်​ချက်​ဟူ​သ​မျှ​သည် လည်း​ပေါ်​လာ​ရ​လိမ့်​မည်။-\x + \xo 12:2 \xt မာ၊ ၄:၂၂။ လု၊ ၈:၁၇။\x* \v 3 သို့​ဖြစ်​၍​မှောင်​မိုက်​တွင်​သင်​တို့​ပြော​သော​စ​ကား များ​ကို​အ​လင်း​တွင်​လူ​တို့​ကြား​သိ​ကြ​လိမ့် မည်။ အိမ်​အ​တွင်း​ခန်း​တွင်​သင်​တို့​တီး​တိုး​ပြော ဆို​သော​စ​ကား​များ​ကို​အိမ်​ခေါင်​မိုး​ထက်​မှ ကြွေး​ကြော်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 ကြောက်​သင့်​သူ \r (မ၊ ၁၀:၂၈-၃၁) \p \v 4 ``ငါ​၏​အ​ဆွေ​တို့၊ သင်​တို့​အား​ငါ​ဆို​သည် ကား​ကိုယ်​ခန္ဓာ​ကို​သတ်​ခြင်း​မှ​တစ်​ပါး အ​ခြား မည်​သို့​မျှ​အန္တ​ရာယ်​မ​ပြု​သူ​များ​ကို​မ​ကြောက် ကြ​နှင့်။- \v 5 သင်​တို့​ကြောက်​သင့်​သူ​ကို​ငါ​ဖော်​ပြ​မည်။ ကိုယ် ခန္ဓာ​ကို​သတ်​ပြီး​နောက်​သင်​တို့​အား​င​ရဲ​သို့ ချ​နိုင်​သူ​ဘု​ရား​သ​ခင်​ကို​ကြောက်​ကြ​လော့။ သင်​တို့​အား​ငါ​ဆို​သည်​ကား​ထို​အ​ရှင်​ကို ကြောက်​ကြ​လော့။ \p \v 6 ``စာ​က​လေး​ငါး​ကောင်​ကို​အ​ဿ​ရိ​နှစ်​ပြား ဖြင့်​ရောင်း​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင်​ဘု​ရား သ​ခင်​သည်​စာ​က​လေး​တစ်​ကောင်​ကို​မျှ​မေ့ လျော့​တော်​မ​မူ။- \v 7 သင်​တို့​ဦး​ခေါင်း​က​ဆံ​ပင်​များ​ကို​ပင်​လျှင် အ​ကုန်​အ​စင်​ရေ​တွက်​ထား​တော်​မူ​ပြီ။ ထို့ ကြောင့်​မ​ကြောက်​ကြ​နှင့်။ သင်​တို့​ကား​စာ ငှက်​များ​ထက်​များ​စွာ​အ​ဖိုး​တန်​၏။ \s1 ခ​ရစ်​တော်​ကို​အ​ရှင်​သ​ခင်​အ​ဖြစ်​ဝန်​ခံ​ခြင်း​နှင့် ငြင်း​ဆို​ခြင်း \r (မ၊ ၁၀:၃၂-၃၃၊ ၁၂:၃၂၊ ၁၀:၁၉-၂၀) \p \v 8 ``သင်​တို့​အား​ငါ​ဆို​သည်​ကား​ငါ့​တ​ပည့်​အ​ဖြစ် လူ​တို့​ရှေ့​တွင်​ဝန်​ခံ​သော​သူ​ကို လူ​သား​သည်​လည်း ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​များ​တို့​၏​ရှေ့ တွင် မိ​မိ​တ​ပည့်​အ​ဖြစ်​ဝန်​ခံ​တော်​မူ​လိမ့်​မည်။- \v 9 ငါ့​ကို​လူ​တို့​ရှေ့​တွင်​ပစ်​ပယ်​သော​သူ​ကို လူ​သား​သည်​ဘု​ရား​သ​ခင်​၏​ကောင်း​ကင် တ​မန်​တို့​ရှေ့​တွင်​ပစ်​ပယ်​လိမ့်​မည်။ \p \v 10 ``လူ​သား​ကို​နှုတ်​ဖြင့်​ပြစ်​မှား​သူ​သည်​အ​ပြစ် ပြေ​လွတ်​ခွင့်​ရ​နိုင်​မည်​ဖြစ်​သော်​လည်း သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ကို​ပြစ်​မှား​ပြော​ဆို​သူ​မူ ကား အ​ပြစ်​ပြေ​လွတ်​ခွင့်​ရ​နိုင်​လိမ့်​မည်​မ​ဟုတ်။\x + \xo 12:10 \xt မ၊ ၁၂:၃၂။ မာ၊ ၃:၂၉။\x* \p \v 11 ``လူ​တို့​သည်​သင်​တို့​ကို​တ​ရား​ဇ​ရပ်​များ​သို့ လည်း​ကောင်း၊ မင်း​များ​အာ​ဏာ​ပိုင်​များ​ရှေ့​သို့ လည်း​ကောင်း ခေါ်​ဆောင်​လာ​ကြ​သော​အ​ခါ အ​ဘယ်​သို့​ပြော​ဆို​ရ​မည်​ကို​မ​စိုး​ရိမ်​ကြ နှင့်။-\x + \xo 12:11 \xt မ၊ ၁၀:၁၉-၂၀။ မာ၊ ၁၃:၁၁။ လု၊ ၂၁:၁၄-၁၅။\x* \v 12 သင်​တို့​အ​ဘယ်​သို့​ပြော​ဆို​ရ​မည်​ကို​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​သည် ထို​အ​ချိန်​၌​သွန်​သင်​ပေး တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 သူ​ဌေး​မိုက်​ပုံ​ဥ​ပ​မာ \p \v 13 ပ​ရိ​သတ်​ထဲ​မှ​လူ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​အား​အ​မွေ​ခွဲ​ဝေ​ပေး​ရန်​အစ်​ကို​ဖြစ် သူ​ကို​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​ကိုယ်​တော်​အား လျှောက်​ထား​၏။ \p \v 14 ကိုယ်​တော်​က ``အ​ချင်း​လူ၊ အ​ဘယ်​သူ​သည်​ငါ့​ကို သင်​တို့​၏​တ​ရား​သူ​ကြီး​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ အ​မွေ​ခွဲ​ဝေ​သူ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ခန့်​ထား သ​နည်း'' ဟု​ပြန်​၍​မိန့်​တော်​မူ​၏။- \v 15 ထို​နောက်​လူ​တို့​အား ``လော​ဘ​အ​မျိုး​မျိုး​ကို သ​တိ​နှင့်​ရှောင်​ကြဉ်​ကြ​လော့။ လူ​၏​အ​သက် သည်​ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​မှု​အ​ပေါ်​တွင်​မ​တည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 16 ထို​နောက်​ကိုယ်​တော်​သည်​ပုံ​ဥ​ပ​မာ​ကို​ဆောင် ၍ ``သူ​ဌေး​တစ်​ဦး​သည် မိ​မိ​၏​လယ်​ယာ​မှ အ​သီး​အ​နှံ​များ​စွာ​ထွက်​သ​ဖြင့်၊- \v 17 `ငါ​၏​လယ်​ယာ​ထွက်​သီး​နှံ​များ​ကို​သို​ထား ရန်​နေ​ရာ​မ​ရှိ။ ငါ​သည်​အ​ဘယ်​သို့​ပြု​ရ အံ့​နည်း' ဟု တစ်​ကိုယ်​တည်း​တွေး​တော​လျက် နေ​၏။- \v 18 ထို​နောက် `ငါ​ဤ​သို့​ပြု​မည်။ ကျီ​ဟောင်း​များ ကို​ဖျက်​၍ ပို​မို​ကြီး​မား​သော​ကျီ​သစ်​များ ကို​တည်​ဆောက်​မည်။ ငါ​၏​ဂျုံ​စ​ပါး​နှင့်​အ​ခြား ပစ္စည်း​ဥစ္စာ​များ​ကို ထို​ကျီ​သစ်​ကြီး​များ​တွင် သို​မှီး​ထား​မည်။- \v 19 ထို​နောက်`သင်​သည်​နှစ်​ပေါင်း​များ​စွာ​သုံး​ဆောင် ရန်​ဥစ္စာ​ပစ္စည်း​များ​ကို​သို​မှီး​ထား​ပြီး​ဖြစ်​၍ စိတ်​ချမ်း​သာ​စွာ​နေ​လော့။ စား​သောက်​ပျော်​ပါး စွာ​နေ​လော့' ဟု​ငါ့​ကိုယ်​ကို​ငါ​ပြော​မည်​ဟု ဆို​၏။- \v 20 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က `အ​ချင်း​လူ​မိုက်၊ ယ​ခု​ညဥ့်​ပင်​သင့်​အ​သက်​ချုပ်​ငြိမ်း​ရ​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​စု​ဆောင်း​ထား​သည့်​ဥစ္စာ​ပစ္စည်း များ​ကား အ​ဘယ်​သူ​၏​လက်​သို့​ရောက်​လိမ့် မည်​နည်း' ဟု​မိန့်​တော်​မူ​၏။ \p \v 21 ``မိ​မိ​အ​တွက်​ဘဏ္ဍာ​သို​မှီး​ထား​သော်​လည်း ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​ဆင်း​ရဲ​သော သူ​ကား အ​ဆို​ပါ​သူ​ဌေး​နှင့်​တူ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။ \s1 ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကိုး​စား​ခြင်း \r (မ၊ ၆:၂၅-၃၄) \p \v 22 ထို​နောက်​သ​ခင်​ယေ​ရှု​က​တ​ပည့်​တော်​တို့ အား``သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ်​သို့​စား ရ​မည်​နည်း​ဟု အ​သက်​ရှင်​ရေး​အ​တွက်​မ​စိုး ရိမ်​ကြ​နှင့်။ အ​ဘယ်​အ​ရာ​ကို​ဝတ်​ရ​မည်​နည်း ဟု ကိုယ်​ခန္ဓာ​အ​တွက်​မ​စိုး​ရိမ်​ကြ​နှင့်။- \v 23 အ​သက်​သည်​အ​စား​အ​စာ​ထက်​အ​ရေး​ကြီး ၏။ ကိုယ်​ခန္ဓာ​သည်​အ​ဝတ်​ထက်​အ​ရေး​ကြီး​၏။- \v 24 ကျီး​ကန်း​များ​ကို​ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ သူ​တို့​သည်​မျိုး​ကို​မ​ကြဲ၊ အ​သီး​အ​နှံ​များ ကို​မ​ရိတ်​မ​သိမ်း။ သူ​တို့​မှာ​ကုန်​လှောင်​ခန်း​များ၊ ကျီ​များ​မ​ရှိ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် သူ​တို့​အား​ကျွေး​မွေး​တော်​မူ​၏။ သင်​တို့ ကား​ငှက်​များ​ထက်​များ​စွာ​အ​ဖိုး​ထိုက်​သည် မ​ဟုတ်​လော။- \v 25 သင်​တို့​တွင်​အ​ဘယ်​သူ​သည်​စိုး​ရိမ်​ခြင်း အား​ဖြင့်​မိ​မိ​၏​အ​သက်​ကို​နှစ်​အ​နည်း ငယ်​မျှ​ပို​၍​ရှည်​စေ​နိုင်​သ​နည်း။- \v 26 ဤ​သို့​သေး​ငယ်​သော​အ​မှု​ကို​မ​တတ်​နိုင်​လျှင် အ​ဘယ်​ကြောင့်​အ​ခြား​အ​မှု​များ​အ​တွက် စိုး​ရိမ်​နေ​ကြ​သ​နည်း။- \v 27 တော​နှင်း​ပန်း​ပင်​များ​ကို​ကြည့်​ရှု​ဆင်​ခြင် ကြ​လော့။ ထို​ပန်း​ပင်​တို့​သည်​ဗိုင်း​မ​ငင်၊ ယက် ကန်း​လည်း​မ​ရက်၊ သို့​ရာ​တွင်​ဘုန်း​ကြီး​သော ရှော​လ​မုန်​မင်း​ကြီး​ပင်​လျှင် ထို​ပန်း​များ ကဲ့​သို့​မ​ဝတ်​မ​ဆင်​နိုင်​ဟု​သင်​တို့​အား ငါ​ဆို​၏။-\x + \xo 12:27 \xt ၃ရာ၊ ၁၀:၄-၇။ ၆ရာ၊ ၉:၃-၆။\x* \v 28 ယုံ​ကြည်​ကိုး​စား​ခြင်း​နည်း​ပါး​သူ​တို့၊ ယ​နေ့ ကွင်း​ထဲ​တွင်​ရှိ​၍​နက်​ဖြန်​မီး​ဖို​ထဲ​သို့​ရောက် ရ​သော​တော​မြက်​ကို ဘု​ရား​သ​ခင်​သည်​ဤ​သို့ ဝတ်​ဆင်​ပေး​လျှင် သင်​တို့​အား​ထို​ထက်​မ​က ဝတ်​ဆင်​ပေး​မည်​မ​ဟုတ်​လော။'' \p \v 29 ``အ​ဘယ်​အ​ရာ​ကို​စား​ရ​အံ့​နည်း၊ အ​ဘယ် အ​ရာ​ကို​သောက်​ရ​အံ့​နည်း​ဟူ​၍​စိုး​ရိမ်​ပူ​ပန် မှု​မ​ရှိ​ကြ​နှင့်။- \v 30 ထို​အ​ရာ​များ​ကို​ကမ္ဘာ​ပေါ်​ရှိ​ဘု​ရား​သ​ခင် ကို​မ​ယုံ​ကြည်​သူ​တို့​သည်​ရှာ​ဖွေ​တတ်​ကြ ၏။ ထို​အ​ရာ​များ​ကို​သင်​တို့​လို​ကြောင်း​ကို သင်​တို့​အ​ဖ​သိ​တော်​မူ​၏။- \v 31 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို ရှာ​ကြ​လော့။ သို့​ပြု​လျှင်​ထို​အ​ရာ​များ​ကို လည်း​သင်​တို့​အား​ပေး​တော်​မူ​လိမ့်​မည်။ \s1 ကောင်း​ကင်​ဘဏ္ဍာ \r (မ၊ ၆:၁၉-၂၁) \p \v 32 ``သိုး​စု​ငယ်၊ မ​ကြောက်​နှင့်။ သင်​တို့​၏​အ​ဖ သည်​သင်​တို့​အား​နိုင်​ငံ​တော်​ကို​ပေး​ရန် အ​လို​ရှိ​တော်​မူ​၏။- \v 33 သင်​တို့​သည်​မိ​မိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း ၍ ဆင်း​ရဲ​သူ​တို့​အား​ပေး​ကမ်း​စွန့်​ကြဲ​ကြ​လော့။ မ​ဆွေး​မ​မြေ့​နိုင်​သည့်​ပိုက်​ဆံ​အိတ်​များ​ကို ဆောင်​ကြ​လော့။ သူ​ခိုး​မ​ကပ်၊ ပိုး​မ​ဖျက်​ဆီး ရာ​ကောင်း​ကင်​ဘုံ​၌ ကုန်​ခန်း​ခြင်း​မ​ရှိ​နိုင် သည့်​ဘဏ္ဍာ​ကို​ဆည်း​ပူး​ကြ​လော့။- \v 34 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ဘဏ္ဍာ​ရှိ​ရာ သို့ သင်​တို့​စိတ်​သည်​လည်း​ရောက်​တတ်​သော ကြောင့်​ဖြစ်​၏။'' \s1 သ​တိ​နှင့်​စောင့်​နေ​သော​အ​စေ​ခံ​များ \p \v 35 ``သင်​တို့​သည်​အ​ဆင်​သင့်​ဖြစ်​ရန်​ခါး​ကို​စည်း လျက်​မီး​ခွက်​များ​ကို​ထွန်း​ညှိ​ထား​ကြ​လော့။-\x + \xo 12:35 \xt မ၊ ၂၅:၁-၁၃။\x* \v 36 မင်္ဂလာ​ဆောင်​မှ​ပြန်​လာ​သော​မိ​မိ​တို့​၏​သ​ခင် သည်​တံ​ခါး​ကို​ခေါက်​လျှင် ချက်​ချင်း​ဖွင့်​ပေး ရန်​စောင့်​မျှော်​နေ​ကြ​သော​အ​စေ​ခံ​များ​ကဲ့ သို့​ဖြစ်​ကြ​လော့။-\x + \xo 12:36 \xt မာ၊ ၁၃:၃၄-၃၆။\x* \v 37 အ​စေ​ခံ​တို့​စောင့်​မျှော်​နေ​ကြ​သည်​ကို သ​ခင် ပြန်​ရောက်​ချိန်​၌​တွေ့​ရှိ​ရ​၏။ ထို​အ​စေ​ခံ​တို့ သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​အား​အ​မှန် အ​ကန်​ငါ​ဆို​သည်​ကား သ​ခင်​သည်​ထို အ​စေ​ခံ​တို့​ကို​ဧည့်​သည်​များ​အ​ဖြစ်​စား ပွဲ​တွင်​ထိုင်​စေ​လျက် မိ​မိ​ကိုယ်​တိုင်​ခါး​ကို စည်း​ကာ​ဧည့်​ခံ​ကျွေး​မွေး​လိမ့်​မည်။- \v 38 သူ​သည်​သန်း​ခေါင်​ယံ​၌​သော်​လည်း​ကောင်း၊ မိုး​သောက်​ယံ​၌​သော်​လည်း​ကောင်း​ကြွ​လာ သော​အ​ခါ စောင့်​မျှော်​လျက်​နေ​သော​အ​စေ​ခံ တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။- \v 39 အ​ကယ်​၍​အိမ်​ရှင်​သည်​သူ​ခိုး​လာ​မည့်​အချိန် ကို​သာ​သိ​ရ​လျှင် မိ​မိ​အိမ်​ကို​သူ​ခိုး​အ​ဖောက် ခံ​လိမ့်​မည်​မ​ဟုတ်​ကြောင်း​မှတ်​ထား​ကြ​လော့။-\x + \xo 12:39 \xt မ၊ ၂၄:၄၃-၄၄။\x* \v 40 လူ​သား​သည်​သင်​တို့​မ​မျှော်​လင့်​သည့်​အ​ချိန် ၌​ကြွ​လာ​မည်​ဖြစ်​၍​သင်​တို့​အ​သင့်​ရှိ​နေ​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။ \s1 သစ္စာ​ရှိ​သော​အ​စေ​ခံ​နှင့်​သစ္စာ​မဲ့​သော​အ​စေ​ခံ \r (မ၊ ၂၄:၄၅-၅၁) \p \v 41 ပေ​တ​ရု​က ``အ​ရှင်၊ ဤ​ပုံ​ဥ​ပ​မာ​ကို​အ​ကျွန်ုပ် တို့​အ​တွက်​မိန့်​တော်​မူ​ပါ​သ​လော။ သို့​တည်း မ​ဟုတ်​လူ​ခပ်​သိမ်း​တို့​အ​တွက်​လော'' ဟု မေး​လျှောက်​၏။ \p \v 42 သ​ခင်​ဘု​ရား​က ``သစ္စာ​ရှိ​၍​လိမ္မာ​သော​အ​စေ​ခံ ကား အ​ဘယ်​သူ​နည်း။ အိမ်​ရှင်​သည်​အ​စေ​ခံ​များ ကို​အုပ်​ချုပ်​ရန်​နှင့်​အ​ချိန်​တန်​လျှင် ရိက္ခာ​များ ထုတ်​ပေး​ရန်​အ​စေ​ခံ​တစ်​ယောက်​ကို​ခန့်​ထား သည်​ဆို​အံ့။- \v 43 တာ​ဝန်​ကို​သစ္စာ​ရှိ​စွာ​ဆောင်​ရွက်​သည်​ကို​အိမ်​ရှင် ပြန်​လာ​ချိန်​၌​တွေ့​ရ​လျှင် ထို​အ​စေ​ခံ​သည် မင်္ဂ​လာ​ရှိ​၏။- \v 44 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား အိမ်​ရှင်​သည်​မိ​မိ​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​စီ​မံ အုပ်​ချုပ်​ရန် ထို​အ​စေ​ခံ​အား​အပ်​နှင်း​လိမ့်​မည်။- \v 45 သို့​ရာ​တွင်​အ​ကယ်​၍​ထို​အ​စေ​ခံ​သည်`ငါ့​သ​ခင် ပြန်​လာ​ရန်​ကြာ​ဦး​မည်' ဟု​စိတ်​တွင်​အောက်​မေ့ ကာ အ​စေ​ခံ​ယောကျာ်း၊ အ​စေ​ခံ​မိန်း​မ​တို့​အား ရိုက်​ပုတ်​၍ သောက်​စား​မူး​ယစ်​လျက်​နေ​သည် ဆို​အံ့။- \v 46 ထို​သူ​မ​မျှော်​လင့်​သည့်​နေ့၊ မ​သိ​မြင်​သည့် အ​ချိန်​၌​အိမ်​ရှင်​သည်​ပြန်​လာ​၍ သူ့​ကို​ပြင်း ထန်​စွာ​ဒဏ်​ခတ်​၍ သစ္စာ​မဲ့​သူ​တို့​ခံ​စား​ရ မည့်​ကံ​ကြမ္မာ​ကို​ခံ​စား​စေ​လိမ့်​မည်။ \p \v 47 ``အ​ရှင်​၏​အ​လို​ဆန္ဒ​ကို​သိ​လျက်​နှင့်​အ​သင့် ပြင်​ဆင်​၍​မ​ထား၊ ထို​အ​လို​ဆန္ဒ​သို့​လိုက်​လျော ခြင်း​ကို​မ​ပြု​ဘဲ​နေ​သော​အ​စေ​ခံ​သည်​ကြိမ် ဒဏ်​များ​စွာ​ခံ​ရ​လတ္တံ့။- \v 48 သို့​ရာ​တွင်​သ​ခင်​အ​လို​ဆန္ဒ​ကို​မ​သိ​ဘဲ ကြိမ်​ဒဏ်​ထိုက်​သော​အ​မှု​ကို​ပြု​မိ​သော​သူ မူ​ကား အ​နည်း​ငယ်​သာ​ကြိမ်​ဒဏ်​ခံ​ရ​လတ္တံ့။ ကျေး​ဇူး​ပြု​ခြင်း​များ​စွာ​ခံ​ရ​သော​သူ​သည် တာ​ဝန်​များ​စွာ​ရှိ​လိမ့်​မည်။ ပို​၍​ယုံ​ကြည် အပ်​နှံ​ခြင်း​ခံ​ရ​သော​သူ​သည်​ပို​၍​ဆောင် ရွက်​စ​ရာ​ရှိ​လိမ့်​မည်။ \s1 သ​ခင်​ယေ​ရှု​သည် စိတ်​ဝမ်း​ကွဲ​ပြား​မှု​ကို​ဖြစ်​စေ​သည် \r (မ၊ ၁၀:၃၄-၃၆) \p \v 49 ``ငါ​သည်​ဤ​လော​က​ကို​မီး​လောင်​စေ​ရန်​လာ ၏။ ယ​ခု​ပင်​မီး​လောင်​စေ​ချင်​လှ​ပြီ။- \v 50 ငါ​ခံ​ယူ​ရ​မည့်​ဗတ္တိ​ဇံ​တစ်​ပါး​ရှိ​၏။ ထို​အ​မှု ကို​ဆောင်​ရွက်​၍​မ​ပြီး​မ​ချင်း ငါ​သည်​စိတ် ဒုက္ခ​ရောက်​လှ​၏။-\x + \xo 12:50 \xt မာ၊ ၁၀:၃၈။\x* \v 51 ဤ​လော​က​ကို​ငြိမ်း​ချမ်း​သာ​ယာ​မှု​ပေး​ရန် ငါ​လာ​သည်​ဟု​ထင်​ကြ​သ​လော။ ယင်း​သို့​မ​ဟုတ်။ လူ​တို့​အ​ချင်း​ချင်း​စိတ်​ဝမ်း​ကွဲ​ပြား​စေ​ရန် သာ​လျှင်​ငါ​လာ​သ​တည်း။- \v 52 ယ​ခု​မှ​စ​၍​လူ​ငါး​ယောက်​ရှိ​သည့်​အိမ်​ထောင် တွင်​နှစ်​ယောက်​က​တစ်​ဖက်၊ သုံး​ယောက်​က တစ်​ဖက်​စိတ်​ဝမ်း​ကွဲ​ပြား​ကြ​လိမ့်​မည်။- \v 53 ဖ​ခင်​နှင့်​သား၊ မိ​ခင်​နှင့်​သ​မီး၊ ယောက္ခ​မ​ဖြစ် သူ​နှင့်​ချွေး​မ​အ​ချင်း​ချင်း​စိတ်​ဝမ်း​ကွဲ​ပြား လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။\x + \xo 12:53 \xt မိ၊ ၇:၆။\x* \s1 ခေတ်​ကာ​လ​ကို​သိ​ခြင်း \r (မ၊ ၁၆:၂-၃) \p \v 54 ထို​နောက်​ကိုယ်​တော်​က ``အ​နောက်​အ​ရပ်​တွင် မိုး​တိမ်​တက်​လာ​သည်​ကို​မြင်​လျှင် မိုး​ရွာ​လိမ့် မည်​ဟု​သင်​တို့​ချက်​ချင်း​ပြော​တတ်​ကြ​၏။ သင် တို့​ပြော​သည့်​အ​တိုင်း​လည်း​ဖြစ်​တတ်​၏။- \v 55 တောင်​လေ​လာ​သည်​ကို​မြင်​သော်​နေ​ပူ​လိမ့်​မည် ဟု​ပြော​တတ်​ကြ​၏။ သင်​တို့​ပြော​သည့်​အ​တိုင်း လည်း​ဖြစ်​တတ်​၏။- \v 56 ကြောင်​သူ​တော်​တို့၊ သင်​တို့​သည်​မိုး​မြေ​၏ အ​ရိပ်​အ​ခြေ​ကို​ထောက်​လျက်​ရာ​သီ​ဥ​တု အ​ခြေ​အ​နေ​ကို​ပြော​နိုင်​ကြ​ပါ​လျက်​နှင့် ဤ ခေတ်​ကာ​လ​နှင့်​စပ်​ဆိုင်​သော​နိ​မိတ်​များ​ကို အ​ဘယ်​ကြောင့်​မ​သိ​နိုင်​ကြ​သ​နည်း။'' \s1 တ​ရား​တွေ့​ဘက်​နှင့်​ကြေ​အေး​အောင်​ပြု​အပ်​ခြင်း \r (မ၊ ၅:၂၅-၂၆) \p \v 57 ``မှန်​ကန်​သည့်​အ​မှု​ကို​ပြု​ရန်​အ​ဘယ်​ကြောင့် သင်​တို့​ကိုယ်​တိုင်​မ​ဆုံး​ဖြတ်​ကြ​သ​နည်း။- \v 58 သင်​၏​တ​ရား​တွေ့​ဘက်​နှင့်​အ​တူ တ​ရား သူ​ကြီး​ထံ​ကို​သွား​ရာ​လမ်း​တွင်​ကျေ​အေး အောင်​စေ့​စပ်​လော့။ ထို​သို့​မ​ပြု​ပါ​မူ သူ​သည် သင့်​အား​တ​ရား​သူ​ကြီး​၏​ရှေ့​သို့​ဆွဲ​ခေါ် သွား​လိမ့်​မည်။ တ​ရား​သူ​ကြီး​သည် သင့်​အား မင်း​မှု​ထမ်း​လက်​သို့​ပေး​အပ်​လိုက်​လိမ့်​မည်။ မင်း​မှု​ထမ်း​သည်​လည်း​သင့်​အား​ထောင်​ချ ထား​လိမ့်​မည်။- \v 59 အ​ကြွေး​အ​ကုန်​ပြေ​လည်​အောင်​မ​ဆပ်​မ​ချင်း သင်​သည်​ထောင်​မှ​ထွက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု ငါ​ဆို​၏'' ဟူ​၍​ပ​ရိ​သတ်​သင်​တို့​အား​မိန့် တော်​မူ​၏။ \c 13 \s1 နောင်​တ​မ​ရ​လျှင်​သေ​ကြေ​ပျက်​စီး​ရ​လိမ့်​မည် \p \v 1 ထို​အ​ချိန်​၌​လူ​အ​ချို့​တို့​သည်​ကိုယ်​တော် ၏​ထံ​သို့​လာ​၍ ပိ​လတ်​မင်း​သတ်​ဖြတ်​လိုက် သည့်​ဂါ​လိ​လဲ​အ​မျိုး​သား​များ​အ​ကြောင်း ကို​လျှောက်​ထား​ကြ​၏။ ထို​သူ​တို့​သည်​ယဇ် ပူ​ဇော်​လျက်​ရှိ​နေ​စဉ်​သတ်​ဖြတ်​ခြင်း​ကို ခံ​ခဲ့​ရ​ကြ​၏။- \v 2 ကိုယ်​တော်​က ``ထို​လူ​စု​သည်​ယင်း​သို့​အ​သတ် ခံ​ရ​သ​ဖြင့်​အ​ခြား​ဂါ​လိ​လဲ​အ​မျိုး​သား အ​ပေါင်း​တို့​ထက်​ပို​၍ အ​ပြစ်​ကူး​သူ​များ ဖြစ်​သည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​လော။ သူ တို့​ကား​ပို​၍​အ​ပြစ်​ကူး​သူ​များ​မ​ဟုတ် ဟု​သင်​တို့​အား​ငါ​ဆို​၏။- \v 3 သို့​ရာ​တွင်​သင်​တို့​သည်​လည်း​နောင်​တ​မ​ရ ကြ​လျှင် ထို​သူ​တို့​နည်း​တူ​သေ​ကျေ​ပျက်​စီး ရ​လိမ့်​မည်။- \v 4 ရှိ​လောင်​မျှော်​စင်​ပြို​ကျ​သ​ဖြင့် ပိ​၍​သေ​သူ လူ​တစ်​ဆယ့်​ရှစ်​ယောက်​တို့​သည် အ​ခြား​ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​များ​ထက်​ပို​၍​အ​ပြစ် ကူး​သူ​များ​ဖြစ်​သည်​ဟု သင်​တို့​ထင်​မှတ် ကြ​သ​လော။- \v 5 သူ​တို့​ကား​ပို​၍​အ​ပြစ်​ကူး​သူ​များ​မ​ဟုတ် ဟု​သင်​တို့​အား​ငါ​ဆို​၏။ သို့​ရာ​တွင်​သင်​တို့ သည်​လည်း​နောင်​တ​မ​ရ​ကြ​လျှင် ထို​သူ​တို့ နည်း​တူ​သေ​ကျေ​ပျက်​စီး​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ \s1 အ​သီး​မ​သီး​သည့်​သင်္ဘော​သ​ဖန်း​ပင်​ပုံ​ဥ​ပ​မာ \p \v 6 ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​ပုံ​ဥ​ပ​မာ ဆောင်​၍ ``လူ​တစ်​ယောက်​၏​စ​ပျစ်​ဥ​ယျာဉ်​ထဲ တွင် စိုက်​ပျိုး​ထား​သော​သင်္ဘော​သ​ဖန်း​ပင်​တစ် ပင်​ရှိ​၏။ ဥ​ယျာဉ်​ရှင်​သည်​သ​ဖန်း​ပင်​ကို​လာ​၍ သ​ဖန်း​သီး​ရှာ​သော်​လည်း​တစ်​လုံး​မျှ​မ​တွေ့​ရ။- \v 7 ဥ​ယျာဉ်​ရှင်​က `ငါ​သည်​ဤ​သ​ဖန်း​ပင်​ကို​လာ​၍ သ​ဖန်း​သီး​ရှာ​သည်​မှာ​သုံး​နှစ်​ရှိ​ချေ​ပြီ။ သို့​ရာ တွင်​တစ်​လုံး​မျှ​မ​တွေ့​ရ။ ဤ​သ​ဖန်း​ပင်​ကို​ခုတ် ပစ်​လော့။ အ​ဘယ်​ကြောင့်​မြေ​ကို​အ​ကျိုး​မဲ့ ဖြစ်​စေ​မည်​နည်း' ဟု​ဥယျာဉ်​မှူး​အား​ဆို​၏။- \v 8 ဥ​ယျာဉ်​မှူး​က `ထို​အ​ပင်​ကို​ဤ​နှစ်​တစ်​နှစ် ထား​ပါ​ဦး။ အ​ပင်​ရင်း​ပတ်​လည်​ကို​အ​ကျွန်ုပ် တူး​ဆွ​၍​မြေ​သြ​ဇာ​ထည့်​ပါ​ဦး​မည်။- \v 9 နောင်​နှစ်​ခါ​အ​သီး​သီး​ကောင်း​သီး​ပါ​လိမ့်​မည်။ အ​ကယ်​၍​အ​သီး​မ​သီး​ခဲ့​သော်​ခုတ်​ပစ်​ပါ' ဟု ပြန်​၍​လျှောက်​သည်'' ဟု​မိန့်​တော်​မူ​၏။ \s1 မ​သန်​မ​စွမ်း​သူ​အ​မျိုး​သ​မီး​ကို​ဥ​ပုသ်​နေ့​၌ သန်​စွမ်း​စေ​တော်​မူ​ခြင်း \p \v 10-11 ဥ​ပုသ်​နေ့​တစ်​နေ့​၌​ကိုယ်​တော်​ဟော​ပြော​သွန် သင်​လျက်​နေ​တော်​မူ​ရာ တ​ရား​ဇ​ရပ်​တွင်​တစ် ဆယ့်​ရှစ်​နှစ်​ပတ်​လုံး​နတ်​မိစ္ဆာ​ပူး​ဝင်​သ​ဖြင့် မ​သန်​မ​စွမ်း​ဖြစ်​လျက်​နေ​သော​အ​မျိုး​သ​မီး တစ်​ယောက်​ရှိ​၏။ သူ​သည်​ကျော​ကုန်း​၍​မိ​မိ ၏​ခါး​ကို​လုံး​ဝ​မ​ဆန့်​နိုင်။- \v 12 သ​ခင်​ယေ​ရှု​သည်​ထို​အ​မျိုး​သ​မီး​ကို​မြင် သော​အ​ခါ အ​ထံ​တော်​သို့​ခေါ်​တော်​မူ​လျက် ``အ​ချင်း​အ​မျိုး​သ​မီး​သင့်​ရော​ဂါ​ပျောက် ပြီ'' ဟု​မိန့်​တော်​မူ​၏။- \v 13 သူ​၏​အ​ပေါ်​မှာ​လက်​တော်​ကို​တင်​တော်​မူ သ​ဖြင့် သူ​သည်​ချက်​ချင်း​ပင်​ခါး​ဆန့်​သွား​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​ကူး လေ​၏။ \p \v 14 ထို​အ​ခါ​ယင်း​သို့​ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ​ကို သ​ခင်​ယေ​ရှု​ပျောက်​ကင်း​စေ​တော်​မူ​သ​ဖြင့် တ​ရား ဇ​ရပ်​မှူး​သည်​စိတ်​ဆိုး​လျက် ``အ​လုပ်​လုပ်​အပ် သော​ရက်​ခြောက်​ရက်​ရှိ​၏။ ထို​ရက်​များ​တွင်​လာ​၍ ရော​ဂါ​ပျောက်​အောင်​အ​ကု​ခံ​ကြ​လော့။ ဥ​ပုသ် နေ့​၌​မူ​ကား​လာ​၍​အ​ကု​မ​ခံ​ကြ​နှင့်'' ဟု​လူ ပ​ရိ​သတ်​တို့​အား​ဆို​၏။\x + \xo 13:14 \xt ထွ၊ ၂၀:၉-၁၀။ တရား၊ ၅:၁၃-၁၄။\x* \p \v 15 သ​ခင်​ဘု​ရား​က ``ကြောင်​သူ​တော်​တို့၊ သင်​တို့​ရှိ သ​မျှ​သည်​ဥ​ပုသ်​နေ့​၌​သင်​တို့​၏​မြည်း​များ၊ နွား​များ​အား​တင်း​ကုတ်​မှ​ကြိုး​ကို​ဖြေ​၍ ရေ တိုက်​ရန်​ခေါ်​ဆောင်​သွား​တတ်​ကြ​သည်​မ​ဟုတ် လော။- \v 16 အာ​ဗြ​ဟံ​၏​သ​မီး​ဖြစ်​သူ​ဤ​အ​မျိုး​သ​မီး သည် တစ်​ဆယ့်​ရှစ်​နှစ်​ပတ်​လုံး​စာ​တန်​၏​အ​နှောင် အ​ဖွဲ့​ကို​ခံ​ခဲ့​ရ​၏။ သူ့​အား​ဥ​ပုသ်​နေ့​၌​ထို အ​နှောင်​အ​ဖွဲ့​မှ​မ​လွှတ်​အပ်​သ​လော'' ဟု​မိန့် တော်​မူ​၏။- \v 17 ဤ​သို့​မိန့်​တော်​မူ​လိုက်​သော​အ​ခါ​ကိုယ်​တော် ကို​ရန်​ဘက်​ပြု​သူ​များ​သည်​အ​ရှက်​ရ​သွား ကြ​၏။ လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ကား ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ များ​ကြောင့်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​၏။ \s1 မုန်​ညင်း​စေ့​ပုံ​ဥ​ပ​မာ \r (မ၊ ၁၃:၃၁-၃၂။ မာ၊ ၄:၃၀-၃၂) \p \v 18 သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် သည်​အ​ဘယ်​အ​ရာ​နှင့်​တူ​သ​နည်း။ အ​ဘယ် အ​ရာ​နှင့်​နှိုင်း​ယှဉ်​ရ​မည်​နည်း။- \v 19 နိုင်​ငံ​တော်​သည်​ဤ​ဖြစ်​ပျက်​ပုံ​နှင့်​တူ​၏။ မုန် ညင်း​စေ့​ကို​လူ​တစ်​ယောက်​သည်​ယူ​၍​မိ​မိ​၏ ဥ​ယျာဉ်​တွင်​စိုက်​၏။ ထို​အ​စေ့​မှ​အပင်​ပေါက် ၍​ကြီး​မား​လာ​သ​ဖြင့် ထို​အ​ပင်​၏​အ​ကိုင်း အ​ခက်​များ​တွင်​ငှက်​များ​နား​နေ​ရ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ \s1 တ​ဆေး​ပုံ​ဥ​ပ​မာ \r (မ၊ ၁၃:၃၃) \p \v 20 တစ်​ဖန်​ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​ကို​အ​ဘယ်​အ​ရာ​နှင့်​နှိုင်း​ယှဉ်​ရ​မည်​နည်း။- \v 21 နိုင်​ငံ​တော်​သည်​ဤ​ဖြစ်​ပျက်​ပုံ​နှင့်​တူ​၏။ တ​ဆေး ကို​အ​မျိုး​သ​မီး​တစ်​ယောက်​သည်​ယူ​ပြီး​လျှင် မုန့်​ညက်​သုံး​စိတ်​တွင်​ထည့်​၍​မုန့်​ညက်​အား​လုံး ကို​ဖောင်း​ကြွ​လာ​စေ​သည်'' ဟု​မိန့်​တော်​မူ​၏။ \s1 ကျဉ်း​မြောင်း​သော​တံ​ခါး​ပေါက် \r (မ၊ ၇:၁၃-၁၄၊ ၂၁-၂၃) \p \v 22 ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး​ပြု တော်​မူ​ရာ​လမ်း​တွင်​ဟော​ပြော​သွန်​သင်​လျက် တစ်​မြို့​မှ​တစ်​မြို့၊ တစ်​ရွာ​မှ​တစ်​ရွာ​ကို​ဖြတ် ၍​ကြွ​တော်​မူ​၏။- \v 23 လူ​တစ်​ယောက်​က ``အ​ရှင်၊ ကယ်​တင်​ခြင်း​ခံ​ရ သူ​များ​သည်​အ​ရေ​အ​တွက်​အား​ဖြင့်​နည်း​ပါ သ​လော'' ဟု​မေး​လျှောက်​၏။ \p \v 24 ကိုယ်​တော်​က ``သင်​တို့​သည်​ကျဉ်း​မြောင်း​သော တံ​ခါး​ပေါက်​ကို​ဝင်​ရန်​ကြိုး​စား​အား​ထုတ်​ကြ လော့။ လူ​အ​များ​ပင်​ထို​တံ​ခါး​ပေါက်​ကို​ဝင်​ရန် ကြိုး​စား​ကြ​လိမ့်​မည်။ သို့​သော်​ဝင်​နိုင်​စွမ်း​ရှိ​ကြ လိမ့်​မည်​မ​ဟုတ်​ဟု​သင်​တို့​အား​ငါ​ဆို​၏။- \v 25 အိမ်​ရှင်​သည်​ထ​လျက်​တံ​ခါး​ကို​ပိတ်​လိုက်​၍ သင် တို့​သည်​အိမ်​ပြင်​မှာ​ရောက်​ရှိ​နေ​ရ​သော​အ​ဖြစ် နှင့်​တွေ့​ကြုံ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့​က `အ​ရှင်၊ အ​ရှင်၊ အ​ကျွန်ုပ်​တို့​အား​တံ​ခါး​ကို​ဖွင့်​ပေး​တော် မူ​ပါ' ဟု​ဆို​၍​တံ​ခါး​ကို​ခေါက်​သော်​လည်း အိမ်​ရှင်​က `သင်​တို့​အ​ဘယ်​မှ​လာ​သည်​ကို​ငါ မ​သိ' ဟု​ဆို​လိမ့်​မည်။- \v 26 ထို​အ​ခါ​သင်​တို့​က `အ​ကျွန်ုပ်​တို့​သည်​အ​ရှင် နှင့်​အ​တူ​စား​သောက်​ခဲ့​သူ​များ​ဖြစ်​ပါ​၏။ အ​ရှင် သည်​အ​ကျွန်ုပ်​တို့​၏​မြို့​ရွာ​တွင်​ဟော​ပြော​သွန်​သင် ခဲ့​ပါ​၏' ဟု​လျှောက်​ကြ​လိမ့်​မည်။- \v 27 သို့​သော်​လည်း​အိမ်​ရှင်​က `သင်​တို့​အ​ဘယ်​မှ​လာ သည်​ကို​ငါ​မ​သိ။ ဆိုး​ညစ်​သော​သူ​တို့၊ ငါ့​ထံ​မှ ထွက်​သွား​ကြ​လော့' ဟူ​၍​ပြန်​ပြော​ပေ​အံ့။-\x + \xo 13:27 \xt ဆာ၊ ၆:၈။\x* \v 28 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ထဲ​တွင် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​နှင့်​ပ​ရော​ဖက်​အ​ပေါင်း တို့​ရောက်​ရှိ​ကြ​သည်​ကို​မြင်​လျက် မိ​မိ​တို့​ကိုယ် တိုင်​က​မူ​နိုင်​ငံ​တော်​၏​ပြင်​ပ​သို့​နှင်​ထုတ်​ခြင်း ခံ​ရ​ကြ​သော​အ​ခါ​အ​ဘယ်​မျှ​ငို​ကြွေး​မြည် တမ်း​ခြင်း၊ အံ​သွား​ကြိတ်​ခြင်း​ရှိ​ကြ​လိမ့်​မည်​နည်း။-\x + \xo 13:28 \xt မ၊ ၂၂:၁၃၊ ၂၅:၃၀။\x* \v 29 လူ​တို့​သည်​အ​ရှေ့​အ​နောက်​တောင်​မြောက်​အ​ရပ် လေး​မျက်​နှာ​မှ​လာ​ကြ​ပြီး​လျှင် ဘု​ရား​သ​ခင် ၏​နိုင်​ငံ​တော်​ပွဲ​တွင်​ဝင်​ကြ​လိမ့်​မည်။-\x + \xo 13:29 \xt မ၊ ၈:၁၁-၁၂။\x* \v 30 ထို​အ​ခါ​၌​ယ​ခု​နောက်​ဆုံး​သို့​ရောက်​နေ​သော သူ​တို့​သည် ရှေ့​ဆုံး​သို့​ရောက်​ကြ​လိမ့်​မည်။ ယ​ခု ရှေ့​ဆုံး​သို့​ရောက်​နေ​သူ​တို့​သည် နောက်​ဆုံး​သို့​ရောက် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။\x + \xo 13:30 \xt မ၊ ၁၉:၃၀၊ ၂၀:၁၆။ မာ၊ ၁၀:၃၁။\x* \s1 ယေ​ရု​ရှ​လင်​မြို့​အ​ပေါ် သ​ခင်​ယေ​ရှု​ထား​တော်​မူ​သော​မေတ္တာ \r (မ၊ ၂၃:၃၇-၃၉) \p \v 31 ထို​အ​ချိန်​၌​ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည်​ကိုယ်​တော် ၏​ထံ​ကို​လာ​ပြီး​လျှင် ``ဤ​အ​ရပ်​မှ​ထွက်​ခွာ​၍ အ​ခြား​အ​ရပ်​သို့​ကြွ​တော်​မူ​ပါ။ ဟေ​ရုဒ်​မင်း သည်​အ​ရှင့်​အား​သတ်​ရန်​အ​ကြံ​ရှိ​ပါ​၏'' ဟု လျှောက်​ကြ​၏။ \p \v 32 ကိုယ်​တော်​က ``ငါ​သည်​ယ​နေ့​နှင့်​နက်​ဖြန်​နေ့​တို့​၌ နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​၍ အ​နာ​ရော​ဂါ​များ​ကို ပျောက်​ကင်း​စေ​မည်။ တ​တိ​ယ​နေ့​တွင်​မူ​ငါ​၏ အ​လုပ်​ကို​အ​ဆုံး​သတ်​မည်​ဖြစ်​ကြောင်း​ကို​ထို မြေ​ခွေး​ကို​ပြော​ကြ​လော့။- \v 33 သို့​ရာ​တွင်​ယ​နေ့၊ နက်​ဖြန်​နေ့၊ နောက်​တစ်​နေ့​၌ ငါ​ခ​ရီး​ပြု​ရ​ဦး​မည်။ ပ​ရော​ဖက်​ဟူ​သည်​ယေ​ရု ရှ​လင်​မြို့​မှ​အ​ပ​အ​ခြား​အ​ရပ်​တွင်​အ​သတ် ခံ​ရန်​မ​သင့်။ \p \v 34 ``အို ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ ပ​ရော​ဖက် များ​ကို​သတ်​သည့်​မြို့၊ ဘု​ရား​သ​ခင်​စေ​လွှတ်​သော တ​မန်​များ​ကို​ခဲ​နှင့်​ပေါက်​သည့်​မြို့၊ ကြက်​မ​သည် ကြက်​က​လေး​များ​ကို​မိ​မိ​၏​အ​တောင်​အောက် တွင်​စု​သိမ်း​ထား​သ​ကဲ့​သို့ ငါ​သည်​သင်​၏​သား သ​မီး​များ​ကို​စု​သိမ်း​ထား​လို​သည်​မှာ​ကြိမ်​ဖန် များ​လှ​လေ​ပြီ။ သို့​ရာ​တွင်​သင်​မူ​ကား​ငါ့​ကို ဤ​သို့​မ​ပြု​စေ​လို။- \v 35 သို့​ဖြစ်​၍​သင်​၏​ဗိ​မာန်​တော်​ကို​ဘု​ရား​သ​ခင် စွန့်​တော်​မူ​လိမ့်​မည်။ သင့်​အား​ငါ​ဆို​သည်​ကား `ဘု​ရား​သ​ခင်​၏​နာ​မ​တော်​နှင့်​ကြွ​လာ​တော် မူ​သော​အ​ရှင်​သည်​မင်္ဂ​လာ​ရှိ​စေ​သ​တည်း' ဟု သင်​မြွက်​ဆို​ရာ​နေ့​မ​တိုင်​မီ​သင်​သည်​ငါ့​ကို မြင်​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။\x + \xo 13:35 \xt ဆာ၊ ၁၁၈:၂၆။ ယေ၊ ၂၂:၅။\x* \c 14 \s1 သူ​နာ​တစ်​ဦး​ကို​ရော​ဂါ​ပျောက်​စေ​တော်​မူ​ခြင်း \p \v 1 ဥ​ပုသ်​နေ့​တစ်​နေ့​၌​ကိုယ်​တော်​သည်​အ​စား အ​စာ​သုံး​ဆောင်​တော်​မူ​ရန် ဖာ​ရိ​ရှဲ​အ​ကြီး အ​ကဲ​တစ်​ဦး​၏​အိမ်​သို့​ဝင်​တော်​မူ​၏။ ထို အ​ခါ​သူ​တို့​သည်​ကိုယ်​တော်​ကို​ချောင်း ကြည့်​နေ​ကြ​၏။- \v 2 ကိုယ်​တော်​၏​ရှေ့​တွင်​ရေ​ဖျင်း​နာ​စွဲ​သူ​လူ တစ်​ယောက်​ရှိ​၏။- \v 3 ကိုယ်​တော်​က ``ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ​ကို ပျောက်​ကင်း​စေ​အပ်​သ​လော'' ဟု​ကျမ်း​တတ် ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​အား​မေး​တော် မူ​၏။ \p \v 4 သို့​ရာ​တွင်​သူ​တို့​သည်​ဆိတ်​ဆိတ်​နေ​ကြ​၏။ ကိုယ်​တော်​သည်​သူ​နာ​ကို​ခေါ်​လျက်​ရော​ဂါ​ကို ပျောက်​ကင်း​စေ​ပြီး​လျှင်​သူ့​အား​ထွက်​သွား စေ​တော်​မူ​၏။- \v 5 ကိုယ်​တော်​က ``သင်​တို့​အ​နက်​အ​ဘယ်​သူ​သည် မိ​မိ​၏​သား​ဖြစ်​စေ၊ နွား​ဖြစ်​စေ​ဥ​ပုသ်​နေ့​၌ ရေ​တွင်း​ထဲ​သို့​ကျ​ခဲ့​သော်​ချက်​ချင်း​မ​ဆွဲ မ​တင်​ဘဲ​နေ​ပါ​မည်​နည်း'' ဟု​မေး​တော်​မူ​၏။\x + \xo 14:5 \xt မ၊ ၁၂:၁၁။\x* \p \v 6 သို့​ရာ​တွင်​သူ​တို့​သည်​အ​ဘယ်​သို့​မျှ​အ​ဖြေ မ​ပေး​တတ်​ကြ။ \s1 ဧည့်​ဝတ်​ပြု​ခြင်း​နှင့်​နှိမ့်​ချ​ခြင်း \p \v 7 စား​သောက်​ပွဲ​သို့​ဖိတ်​ခေါ်​ထား​သော​သူ​တို့​သည် အ​ကောင်း​ဆုံး​သော​နေ​ရာ​များ​ကို​ရွေး​ချယ်​နေ ကြ​သည်​ကို​ကိုယ်​တော်​မြင်​တော်​မူ​လျှင် ထို​သူ တို့​အား​ပုံ​ဥ​ပ​မာ​တစ်​ခု​ကို​မိန့်​ကြား​တော်​မူ​၏။- \v 8 ကိုယ်​တော်​က ``သင်​သည်​မင်္ဂ​လာ​ဆောင်​ပွဲ​သို့​ဖိတ် ခေါ်​ခြင်း​ခံ​ရ​သော​အ​ခါ အ​ကောင်း​ဆုံး​သော နေ​ရာ​တွင်​မ​ထိုင်​နှင့်။ အ​ကယ်​၍​သင့်​ထက်​ဂုဏ် မြင့်​သူ​တစ်​ဦး​အား​လည်း​ဖိတ်​ခေါ်​ထား​ခဲ့​သော်။-\x + \xo 14:8 \xt သု၊ ၂၅:၆-၇။\x* \v 9 ပွဲ​ရှင်​သည်​သင့်​ထံ​သို့​လာ​၍ `ဤ​သူ​အား​နေ​ရာ ဖယ်​ပေး​လိုက်​ပါ' ဟု​ဆို​ပေ​အံ့။ ထို​အ​ခါ​သင် သည်​အ​ရှက်​ရ​လျက် နိမ့်​ကျ​သည့်​နေ​ရာ​တွင် ထိုင်​ရ​လိမ့်​မည်။- \v 10 သို့​ဖြစ်​၍​သင်​သည်​ဖိတ်​ခေါ်​ခြင်း​ခံ​ရ​လျှင် ပွဲ​သို့​သွား​၍​အ​နိမ့်​ကျ​ဆုံး​သော​နေ​ရာ​တွင် ထိုင်​လော့။ သို့​မှ​သာ​ပွဲ​ရှင်​သည်​သင့်​ထံ​လာ​၍ `အ​ဆွေ​သာ​၍​ကောင်း​သော​နေ​ရာ​သို့​ကြွ​ပါ' ဟု​သင့်​အား​ဆို​လိမ့်​မည်။ ထို​အ​ခါ​သင်​သည် ဧည့်​ပ​ရိ​သတ်​တို့​၏​ရှေ့​တွင်​ဂုဏ်​အ​သ​ရေ ရှိ​လိမ့်​မည်။- \v 11 မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​သူ​သည်​နှိမ့်​ချ​ခြင်း ကို​ခံ​ရ​လိမ့်​မည်။ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သူ​သည် ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။\x + \xo 14:11 \xt မ၊ ၂၃:၁၂။ လု၊ ၁၈:၁၄။\x* \p \v 12 ထို​နောက်​ကိုယ်​တော်​က​အိမ်​ရှင်​အား ``သင်​သည် နံ​နက်​စာ​သော်​လည်း​ကောင်း၊ ည​စာ​သော်​လည်း ကောင်း​ကျွေး​မွေး​ဧည့်​ခံ​မည်​ပြု​သော​အ​ခါ မိတ်​ဆွေ​များ၊ ညီ​အစ်​ကို​များ၊ ဆွေ​မျိုး​များ၊ ချမ်း​သာ​ကြွယ်​ဝ​သော​အိမ်​နီး​ချင်း​များ အား​မ​ဖိတ်​မ​ခေါ်​နှင့်။ ဖိတ်​ခေါ်​ခဲ့​ပါ​မူ​သူ တို့​သည်​သင့်​အား​ပြန်​ဖိတ်​ခေါ်​ပြီး​လျှင် ကျေး​ဇူး​ဆပ်​ကြ​လိမ့်​မည်။- \v 13 သို့​ဖြစ်​၍​ကျွေး​မွေး​ဧည့်​ခံ​ပွဲ​ကို​ကျင်း​ပ သော​အ​ခါ​ဆင်း​ရဲ​သူ၊ အင်္ဂါ​ချို့​တဲ့​သူ၊ ခြေ မ​စွမ်း​သူ၊ မျက်​မ​မြင်​သူ​များ​ကို​ဖိတ်​ခေါ် လော့။- \v 14 သို့​ဖိတ်​ခေါ်​လျှင်​သင်​သည်​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့​သည် သင့်​အား ပြန်​၍​ကျေး​ဇူး​ဆပ်​နိုင်​စွမ်း​မ​ရှိ​ကြ​သော​ကြောင့် ဖြစ်​သည်။ သူ​တော်​ကောင်း​တို့​သေ​ခြင်း​မှ​ထ​မြောက် ရာ​ကာ​လ​၌ သင်​သည်​ကျေးဇူး​ဆပ်​ခြင်း​ကို​ခံ​ရ လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။ \s1 ကျွေး​မွေး​ဧည့်​ခံ​ပွဲ​ကြီး​ပုံ​ဥ​ပ​မာ \r (မ၊ ၂၂:၁-၁၀) \p \v 15 ကိုယ်​တော်​နှင့်​အ​တူ​ထိုင်​နေ​သူ​လူ​တစ်​ယောက် သည်​ထို​စ​ကား​တော်​ကို​ကြား​လျှင် ``ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​တွင်​ပွဲ​ဝင်​ရ​မည့်​သူ​သည် မင်္ဂ​လာ​ရှိ​၏'' ဟု​လျှောက်​၏။ \p \v 16 ကိုယ်​တော်​က ``လူ​တစ်​ယောက်​သည်​ကျွေး​မွေး ဧည့်​ခံ​ပွဲ​ကြီး​တစ်​ရပ်​ကို​ကျင်း​ပ​ရန်​ဧည့်​သည် အ​မြောက်​အ​မြား​ကို​ဖိတ်​ကြား​၏။- \v 17 အ​ချိန်​ရောက်​သော​အ​ခါ​မိ​မိ​ဖိတ်​ခေါ်​ထား သူ​များ​၏​ထံ​သို့​အ​စေ​ခံ​တစ်​ယောက်​အား စေ​လွှတ်​၍ `ကြွ​ကြ​ပါ၊ အား​လုံး​အ​သင့်​ရှိ ပြီ' ဟု​ပြော​ကြား​စေ​၏။- \v 18 သူ​တို့​အား​လုံး​တစ်​ယောက်​ပြီး​တစ်​ယောက်​ခွင့်​ပန် ကြ​၏။ ပ​ထ​မ​လူ​က`အ​ကျွန်ုပ်​သည်​လယ်​တစ်​ကွက် ကို​ဝယ်​ထား​သ​ဖြင့်​သွား​၍​ကြည့်​ရ​ပါ​မည်။ အ​ကျွန်ုပ်​အား​ခွင့်​လွှတ်​ရန်​တောင်း​ပန်​ပါ​၏' ဟု ဆို​၏။- \v 19 အခြား​တစ်​ယောက်​က `အ​ကျွန်ုပ်​သည်​နွား​ငါး​ရှဉ်း ကို​ဝယ်​ထား​သ​ဖြင့် သွား​၍​စမ်း​သပ်​ရ​ပါ​မည်။ အ​ကျွန်ုပ်​အား​ခွင့်​လွှတ်​ရန်​တောင်း​ပန်​ပါ​၏' ဟု ဆို​၏။- \v 20 အ​ခြား​တစ်​ယောက်​က `အ​ကျွန်ုပ်​သည်​ယ​ခု​ပင် အိမ်​ထောင်​ကျ​သ​ဖြင့်​မ​လာ​နိုင်​ပါ' ဟု​ဆို​၏။- \v 21 အ​စေ​ခံ​သည်​မိ​မိ​၏​အ​ရှင်​ထံ​သို့​ပြန်​လာ​၍ ထို​အ​ကြောင်း​များ​ကို​လျှောက်​လေ​၏။ ထို​အ​ခါ အိမ်​ရှင်​အ​မျက်​ထွက်​၍ `လမ်း​မ​လမ်း​ကြား​သို့ အ​မြန်​သွား​၍​ဆင်း​ရဲ​သူ၊ အင်္ဂါ​ချို့​တဲ့​သူ၊ ခြေ မ​စွမ်း​သူ၊ မျက်​မ​မြင်​သူ​များ​ကို​ခေါ်​ခဲ့​လော့' ဟု​အ​စေ​ခံ​အား​စေ​ခိုင်း​၏။- \v 22 မ​ကြာ​မီ​အ​စေ​ခံ​ပြန်​ရောက်​လာ​၍`အ​ရှင်​စေ ခိုင်း​သည့်​အ​တိုင်း​ဆောင်​ရွက်​ပြီး​ပါ​ပြီ။ သို့​ရာ တွင်​နေ​ရာ​လပ်​ရှိ​ပါ​သေး​သည်' ဟု​လျှောက်​၏။- \v 23 အိမ်​ရှင်​က `ကျေး​လက်​တော​ရွာ​လမ်း​များ​ကို သွား​၍​အိမ်​ပြည့်​အောင်​လူ​များ​ကို​အ​နိုင် အ​ထက်​ခေါ်​ခဲ့​လော့။- \v 24 ယ​ခင်​က​ငါ​ဖိတ်​ခေါ်​ထား​သူ​တစ်​ယောက်​မျှ ငါ​၏​ကျွေး​မွေး​ဧည့်​ခံ​ပွဲ​သို့​မ​ဝင်​ရ​ဟု သင်​တို့​အား​ငါ​ဆို​သည်'' ဟု​မိန့်​တော်​မူ​၏။ \s1 တ​ပည့်​တော်​ဖြစ်​ရန်​ပေး​ရ​မည့်​အ​ဖိုး​အ​ခ \r (မ၊ ၁၀:၃၇-၃၈) \p \v 25 တစ်​နေ့​သ​၌​လူ​ပ​ရိ​သတ်​ကြီး​များ​သည် ကိုယ်​တော်​နှင့်​အ​တူ​လိုက်​လာ​ကြ​၏။ ကိုယ်​တော် သည်​သူ​တို့​အား​လှည့်​ကြည့်​တော်​မူ​ပြီး​လျှင်၊- \v 26 ``ငါ့​ထံ​ကို​လာ​သော်​လည်း​ငါ့​ကို​ချစ်​သည် ထက် မိ​ဘ၊ သား​မ​ယား၊ ညီ​အစ်​ကို​မောင်​နှ​မ နှင့်​မိ​မိ​ကိုယ်​ကို​ပို​၍​ချစ်​သော​သူ​သည် ငါ ၏​တ​ပည့်​မ​ဖြစ်​နိုင်။-\x + \xo 14:26 \xt မ၊ ၁၀:၃၇။\x* \v 27 မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​၍​ငါ့​နောက်​သို့ မ​လိုက်​သော​သူ​သည် ငါ​၏​တ​ပည့်​မ​ဖြစ်​နိုင်။-\x + \xo 14:27 \xt မ၊ ၁၀:၃၈၊ ၁၆:၂၄။ မာ၊ ၈:၃၄။ လု၊ ၉:၂၃။\x* \v 28 သင်​တို့​အ​နက်​အ​ဘယ်​သူ​သည်​မျှော်​စင်​တစ်​ခု ကို​တည်​ဆောက်​မည်​ကြံ​ပြီး​နောက်​မျှော်​စင်​ပြီး အောင်​တည်​ဆောက်​ရန် မိ​မိ​၌​ငွေ​အ​လုံ​အ​လောက် ရှိ​မ​ရှိ​ကို​သိ​ရန်​ဦး​စွာ​ထိုင်​၍​တွက်​ချက်​မ ကြည့်​ဘဲ​နေ​ပါ​မည်​နည်း။- \v 29 ထို​သို့​တွက်​ချက်​မ​ကြည့်​ဘဲ​မျှော်​စင်​ကို​အုတ် မြစ်​ချ​၍​အ​ဆုံး​မ​သတ်​နိုင်​ရှိ​ချေ​သော် ကြည့် မြင်​သူ​အ​ပေါင်း​တို့​သည်​ထို​သူ​အား​ပြောင် လှောင်​ကြ​လိမ့်​မည်။- \v 30 `ဤ​သူ​ကား​တည်​ဆောက်​မှု​ကို​အ​စ​ပြု​၏။ သို့​ရာ​တွင်​အ​ဆုံး​မ​သတ်​နိုင်​ပါ​တ​ကား' ဟု​ဆို​ကြ​လိမ့်​မည်။- \v 31 အ​ခြား​တစ်​နည်း​ဆို​သော်၊ အ​ဘယ်​မည်​သော ဘု​ရင်​သည်​အ​ခြား​ဘု​ရင်​တစ်​ပါး​နှင့်​စစ်​ပြိုင် ရန်​ထွက်​မည်​ပြု​သော​အ​ခါ မိ​မိ​၏​စစ်​သည် တစ်​သောင်း​ဖြင့် စစ်​သည်​နှစ်​သောင်း​နှင့်​ချီ​လာ သော​ဘု​ရင်​အား​ခု​ခံ​နိုင်​ပါ​မည်​လော​ဟု ဦး စွာ​ထိုင်​၍​မ​စဉ်း​စား​ဘဲ​နေ​ပါ​မည်​လော။- \v 32 အ​ကယ်​၍​မ​ခု​ခံ​နိုင်​ပါ​လျှင်​သူ​သည်​စစ်​ချီ လာ​သော​ဘု​ရင်​အ​ဝေး​၌​ရှိ​နေ​သေး​စဉ် သံ တ​မန်​များ​ကို​စေ​လွှတ်​၍​စစ်​ပြေ​ငြိမ်း​ရေး စ​ကား​ကမ်း​လှမ်း​ရ​ပေ​လိမ့်​မည်။- \v 33 ထို​နည်း​တူ​စွာ​သင်​တို့​အ​နက် မည်​သူ​မ​ဆို မိ​မိ​၌​ရှိ​သ​မျှ​ကို​မ​စွန့်​လျှင်​ငါ​၏​တပည့် မ​ဖြစ်​နိုင်။ \s1 ဆား​ပုံ​ဥ​ပ​မာ \r (မ၊ ၅:၁၃။ မာ၊ ၉:၅၀) \p \v 34 ``ဆား​သည်​ကောင်း​ပေ​၏။ သို့​ရာ​တွင်​ဆား​မှ အ​ငန်​ကင်း​ပျောက်​လျှင် အ​ဘယ်​သို့​မျှ​ငန်​သော အ​ရ​သာ​ကို​ပြန်​၍​မ​ရ​နိုင်။- \v 35 လယ်​မြေ​အ​တွက်​သော်​လည်း​ကောင်း၊ မြေ​သြ​ဇာ အ​တွက်​သော်​လည်း​ကောင်း​အ​သုံး​မ​ဝင်​တော့ ပေ။ ထို့​ကြောင့်​ထို​ဆား​ကို​လူ​တို့​စွန့်​ပစ်​လိုက် တတ်​၏။ ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား ကြ​ကုန်​လော့'' ဟု​မိန့်​တော်​မူ​၏။ \c 15 \s1 ပျောက်​ဆုံး​သော​သိုး \r (မ၊ ၁၈:၁၂-၁၄) \p \v 1 အ​ခွန်​ခံ​သူ​များ​နှင့်​အ​ပယ်​ခံ​သူ​အ​ပေါင်း တို့​သည် ကိုယ်​တော်​၏​တ​ရား​တော်​ကို​ကြား​နာ ရန်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​၏။-\x + \xo 15:1 \xt လု၊ ၅:၂၉-၃၀။\x* \v 2 ဖာ​ရိ​ရှဲ​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​က ``ဤ သူ​သည်​အ​ပြစ်​ကူး​သူ​များ​အား​လက်​ခံ​၍ သူ​တို့​နှင့်​အ​တူ​စား​သောက်​ပါ​သည်​တ​ကား'' ဟု​ညည်း​တွား​ပြော​ဆို​ကြ​၏။- \v 3 ထို​အ​ခါ​ကိုယ်​တော်​သည်​ပုံ​ဥ​ပ​မာ​ဆောင်​၍၊ \p \v 4 ``သင်​တို့​တွင်​တစ်​စုံ​တစ်​ယောက်​သော​သူ​သည် သိုး​အ​ကောင်​တစ်​ရာ​ရှိ​၍​တစ်​ကောင်​ပျောက် လျှင်​မည်​သို့​ပြု​မည်​နည်း။ သူ​သည်​ကျန်​ကိုး​ဆယ့် ကိုး​ကောင်​ကို​စား​ကျက်​တွင်​ထား​ခဲ့​၍ ပျောက် သော​သိုး​ကို​မ​တွေ့​မ​ချင်း​ရှာ​မည်​မ​ဟုတ် လော။- \v 5 ထို​သိုး​ကို​တွေ့​သော​အ​ခါ ရွှင်​လန်း​ဝမ်း​မြောက် စွာ​ဖြင့်​ပ​ခုံး​ထက်​တွင်​တင်​၍​ထမ်း​လာ​လိမ့် မည်။- \v 6 အိမ်​သို့​ပြန်​ရောက်​သော​အ​ခါ​မိတ်​ဆွေ​နှင့်​အိမ်​နီး ချင်း​တို့​ကို​ခေါ်​ကာ`ပျောက်​သော​သိုး​ကို​ငါ​ပြန် တွေ့​ပြီ။ ငါ​နှင့်​အ​တူ​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့' ဟု​ဆို​လိမ့်​မည်။- \v 7 ထို​နည်း​တူ​စွာ​နောင်​တ​ရ​ရန်​မ​လို​သော​ဂုဏ် အ​သ​ရေ​ရှိ​သူ​ကိုး​ဆယ့်​ကိုး​ယောက်​အ​တွက် ထက် အ​ပြစ်​ကူး​သူ​တစ်​ယောက်​နောင်​တ​ရ​သည့် အ​တွက်​ကောင်း​ကင်​ဘုံ​တွင်​ပို​၍​ရွှင်​လန်း​ဝမ်း မြောက်​ခြင်း​ရှိ​လိမ့်​မည်​ဟု​ငါ​ဆို​သည်။ \s1 ပျောက်​ဆုံး​သော​ဒင်္ဂါး \p \v 8 ``တစ်​နည်း​ကား၊ အ​မျိုး​သ​မီး​တစ်​ဦး​သည်​မိ​မိ မှာ​ရှိ​သည့်​ဒင်္ဂါး​ဆယ်​ပြား​အ​နက်​တစ်​ပြား​ပျောက် သွား​၏။ ထို​အ​ခါ​သူ​သည်​မီး​ထွန်း​၍ အိမ်​ကို လှည်း​ကျင်း​ကာ​မ​တွေ့​မ​ချင်း​သေ​ချာ​စွာ​ရှာ မည်​မ​ဟုတ်​လော။- \v 9 သူ​သည်​ထို​ဒင်္ဂါး​ကို​တွေ့​သော​အ​ခါ​မိတ်​ဆွေ​နှင့် အိမ်​နီး​ချင်း​တို့​ကို​ခေါ်​၍`ပျောက်​သွား​သော​ဒင်္ဂါး ကို​ငါ​ပြန်​တွေ့​ပြီ။ ငါ​နှင့်​အ​တူ​ရွှင်​လန်း​ဝမ်း မြောက်​ကြ​လော့' ဟု​ဆို​လိမ့်​မည်။- \v 10 ထို​နည်း​တူ​စွာ​ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန် များ​သည် အ​ပြစ်​ကူး​သူ​တစ်​ယောက်​နောင်​တ​ရ ခြင်း​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​သည်​ဟု ငါ​ဆို​၏'' ဟု​မိန့်​တော်​မူ​၏။ \s1 ပျောက်​ဆုံး​သော​သား \p \v 11 ကိုယ်​တော်​က ``လူ​တစ်​ယောက်​မှာ​သား​နှစ်​ယောက်​ရှိ​၏။- \v 12 သား​ငယ်​သည်​အ​ဖ​အား `အ​ဖ၊ ကျွန်​တော်​ရ​ထိုက် သော​အ​မွေ​ကို​ခွဲ​ဝေ​ပေး​ပါ' ဟု​ဆို​၏။ ထို​အ​ခါ ဖ​ခင်​သည် မိ​မိ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​သား​နှစ် ယောက်​အား​ခွဲ​ဝေ​ပေး​၏။- \v 13 ထို​နောက်​ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ သား ငယ်​သည်​မိ​မိ​၏​ဥစ္စာ​ပစ္စည်း​အား​လုံး​ရောင်း​ချ ၍​ရ​သော​ငွေ​ကို​ယူ​ပြီး​လျှင် ဝေး​လံ​ရပ်​ခြား တိုင်း​တစ်​ပါး​သို့​ထွက်​သွား​၏။ သူ​သည်​ထို​ပြည် တွင်​အ​ပျော်​အ​ပါး​လိုက်​စား​ကာ မိ​မိ​၏​ငွေ​ကို ဖြုန်း​တီး​ပစ်​၏။- \v 14 ရှိ​သ​မျှ​ငွေ​ကုန်​ချိန်​၌​ထို​ပြည်​တွင်​အ​စာ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက် သ​ဖြင့်​သူ​သည်​ငတ်​ပြတ်​လေ​၏။- \v 15 သို့​ဖြစ်​၍​ထို​ပြည်​သား​တစ်​ယောက်​ထံ​တွင်​ခို​ကိုး ရ​၏။ ထို​သူ​က​သူ့​အား​လယ်​တော​သို့​စေ​လွှတ် ၍​ဝက်​များ​ကို​ကျောင်း​စေ​၏။- \v 16 သူ​သည်​ဝက်​များ​စား​နေ​သည့်​ပဲ​တောင့်​ကို​ပင် စား​ချင်​စိတ်​ပေါက်​လာ​၏။ သို့​သော်​သူ့​အား​စား စ​ရာ​တစ်​စုံ​တစ်​ခု​ကို​မျှ​ပေး​မည့်​သူ​မ​ရှိ။- \v 17 ထို​အ​ခါ​သူ​သည်​အ​မြင်​မှန်​ရ​ရှိ​လာ​သ​ဖြင့်`ငါ့ အ​ဖ​၏​လုပ်​သား​အား​လုံး​ပင်​ဝ​စွာ​စား​ရ​ကြ​၏။ ငါ​မူ​ကား​ဤ​အ​ရပ်​တွင်​ငတ်​ပြတ်​လျက်​နေ​ပါ ပြီ​တ​ကား။- \v 18 ငါ​ထ​၍​အ​ဖ​ထံ​သို့​သွား​ပြီး​လျှင်`အ​ဖ၊ ကျွန်​တော် သည်​ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ အ​ဖ​ကို​လည်း ကောင်း​ပြစ်​မှား​မိ​ပါ​ပြီ။- \v 19 အ​ဖ​၏​သား​ဟူ​၍​ပင်​အ​ခေါ်​မ​ခံ​ထိုက်​တော့​ပါ ဟု​ငါ​ပြော​မည်' ဟူ​၍​ဆို​၏။- \v 20 ထို​နောက်​သူ​သည်​ထ​၍​ဖ​ခင်​ထံ​သို့​ပြန်​သွား​လေ​၏။ \p ``အ​ဝေး​၌​ပင်​ရှိ​နေ​စဉ်​ဖ​ခင်​သည်​သူ့​ကို​မြင် သော်​သ​နား​သ​ဖြင့် ပြေး​၍​ဖက်​ပြီး​လျှင်​နမ်း​ရှုပ် လေ​၏။- \v 21 သား​ဖြစ်​သူ​က `အ​ဖ၊ ကျွန်​တော်​သည်​ဘု​ရား​သ​ခင် ကို​လည်း​ကောင်း၊ အ​ဖ​ကို​လည်း​ကောင်း​ပြစ်​မှား​မိ ပါ​ပြီ။ သို့​ဖြစ်​၍​အ​ဖ​၏​သား​ဟူ​၍​ပင်​အ​ခေါ် မ​ခံ​ထိုက်​တော့​ပါ' ဟု​ဆို​၏။- \v 22 ဖ​ခင်​က `အ​ကောင်း​ဆုံး​သော​ဝတ်​လုံ​ကို​အ​မြန် ယူ​ခဲ့​၍​သူ့​အား​ဝတ်​ပေး​ကြ။ သူ​၏​လက်​၌​လက် စွပ်​ကို​ဆင်​ပေး​ကြ။ ဖိ​နပ်​ကို​စီး​ပေး​ကြ။- \v 23 ဆူ​ဖြိုး​အောင်​ကျွေး​ထား​သည့်​နွား​က​လေး​ကို သတ်​ကြ။ ငါ​တို့​ပျော်​ရွှင်​စွာ​စား​ကြ​ကုန်​အံ့။- \v 24 ငါ့​သား​သည်​ယ​ခင်​က​သေ​သော်​လည်း​ယ​ခု ပြန်​၍​အ​သက်​ရှင်​လာ​ပြီ။ ယ​ခင်​က​ပျောက်​ဆုံး သော်​လည်း​ယ​ခု​ပြန်​၍​တွေ့​ပြီ' ဟု​မိ​မိ​၏​လုပ် သား​တို့​အား​ဆို​၏။ ထို​နောက်​သူ​တို့​သည်​ပျော် ရွှင်​ပွဲ​ကို​ဆင်​နွှဲ​ကြ​ကုန်​၏။ \p \v 25 ``သို့​ရာ​တွင်​ထို​အ​ချိန်​၌​သား​ကြီး​ဖြစ်​သူ​သည် လယ်​တော​တွင်​ရောက်​ရှိ​နေ​၏။ သူ​ပြန်​လာ​၍​အိမ် အ​နီး​သို့​ရောက်​သော​အ​ခါ​တီး​မှုတ်​သံ​နှင့်​က ခုန်​သံ​ကို​ကြား​ရ​၏။- \v 26 ထို​အ​ခါ​လုပ်​သား​တစ်​ယောက်​ကို​ခေါ်​၍ `ဤ အ​ခြင်း​အ​ရာ​က​အ​ဘယ်​နည်း' ဟု​မေး​၏။- \v 27 လုပ်​သား​က `အ​ရှင်​၏​ညီ​သည်​ဘေး​မဲ့​လုံ​ခြုံ​စွာ ပြန်​ရောက်​လာ​သ​ဖြင့် အ​ရှင့်​ဖ​ခင်​သည်​ဆူ​ဖြိုး အောင်​ကျွေး​ထား​သော​နွား​က​လေး​တစ်​ကောင် ကို​သတ်​ပါ​၏' ဟု​ဆို​၏။- \v 28 သား​ကြီး​သည်​စိတ်​ဆိုး​လျက်​အိမ်​ထဲ​သို့​မ​ဝင် ဘဲ​နေ​၏။ ဖ​ခင်​သည်​အ​ပြင်​သို့​ထွက်​လာ​၍ သား​ကြီး​အား​အိမ်​ထဲ​သို့​ဝင်​ရန်​ဖျောင်း​ဖျ​၏။- \v 29 သား​ကြီး​က `ကျွန်​တော်​သည်​နှစ်​ပေါင်း​များ​စွာ အ​ဖ​၏​အ​စေ​ကို​ခံ​ခဲ့​ပါ​၏။ အ​ဖ​၏​အ​မိန့်​ကို အ​ဘယ်​အ​ခါ​က​မျှ​မ​လွန်​ဆန်​ခဲ့​ဘူး​ပါ။ သို့ ရာ​တွင်​သူ​ငယ်​ချင်း​များ​နှင့်​အ​တူ​ကျွန်​တော် ပျော်​ပွဲ​စား​ရန် အ​ဖ​သည်​အ​ဘယ်​အ​ခါ​က​မျှ ဆိတ်​က​လေး​တစ်​ကောင်​ကို​မျှ​မ​ပေး​ခဲ့​ပါ။- \v 30 အ​ဖ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ပြည့်​တန်​ဆာ​များ နှင့်​ပျော်​ပါး​ဖြုန်း​တီး​ပစ်​သည့်​သား​ပြန်​လာ သော​အ​ခါ​၌​မူ သူ့​အ​တွက်​ဆူ​ဖြိုး​အောင် ကျွေး​ထား​သော​နွား​က​လေး​ကို​သတ်​ပါ သည်​တ​ကား' ဟု​ဆို​၏။- \v 31 အ​ဖ​ဖြစ်​သူ​က `ငါ့​သား၊ သင်​သည်​ငါ​နှင့်​အ​တူ အ​မြဲ​နေ​၏။ ငါ့​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​သင်​ပိုင်​၏။- \v 32 သင့်​ညီ​သည်​ယ​ခင်​က​သေ​သော်​လည်း ယ​ခု​ပြန်​၍ အ​သက်​ရှင်​လာ​၏။ ယ​ခင်​က​သူ့​ကို​ပျောက်​ဆုံး​ခဲ့ သော်​လည်း ယ​ခု​ပြန်​၍​တွေ့​ရ​၏။ သို့​ဖြစ်​၍​ငါ​တို့ သည်​ဝမ်း​မြောက်​လျက်​ပျော်​ပွဲ​ကို​ဆင်​နွှဲ​ရ​ကြ ၏' ဟု​ဆို​၏'' ဟူ​၍​မိန့်​တော်​မူ​၏။ \c 16 \s1 ပါး​နပ်​သော​မန်​နေ​ဂျာ \p \v 1 တစ်​ဖန်​ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``အ ခါ​တစ်​ပါး​၌​သူ​ဌေး​တစ်​ယောက်​မှာ​မန်​နေ​ဂျာ တစ်​ဦး​ရှိ​၏။ ထို​သူ​သည်​သူ​ဌေး​၏​ဥစ္စာ​ပစ္စည်း များ​ကို​ဖြုန်း​တီး​လျက်​နေ​ကြောင်း​ကို လူ​တို့​က သူ​ဌေး​အား​တိုင်​တန်း​ကြ​၏။- \v 2 သူ​ဌေး​သည်​သူ့​ကို​ခေါ်​၍ `သင့်​အ​ကြောင်း​ငါ​ကြား ရ​သည်​မှာ​အ​သို့​နည်း။ သင်​၏​လုပ်​ငန်း​နှင့်​ဆိုင်​သော ငွေ​စာ​ရင်း​များ​ကို​တင်​ပြ​လော့။ သင်​သည်​ဆက်​၍ ငါ​၏​မန်​နေ​ဂျာ​လုပ်​ရ​တော့​မည်​မ​ဟုတ်' ဟု​ဆို​၏။- \v 3 မန်​နေ​ဂျာ​သည်`ငါ​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ ငါ့​သူ​ဌေး​သည်​မန်​နေ​ဂျာ​ရာ​ထူး​ကို​ရုပ်​သိမ်း လေ​ပြီ။ ငါ့​မှာ​မြေ​တူး​ဆွ​နိုင်​သော​ခွန်​အား မ​ရှိ။ တောင်း​ရမ်း​စား​ရန်​လည်း​ငါ​ရှက်​၏။- \v 4 ငါ့​ရာ​ထူး​ပြုတ်​ပြီး​နောက်​လူ​တို့​ငါ့​ကို​လက်​ခံ ပေါင်း​ဖော်​ကြ​စေ​ရန်​အ​ဘယ်​သို့​ပြု​ရ​မည်​ကို ငါ​သိ​ပြီ' ဟု​တစ်​ကိုယ်​တည်း​ပြော​ဆို​ကာ။- \v 5 သူ​ဌေး​၏​မြီ​စား​အား​လုံး​ကို​ခေါ်​၏။ ထို​နောက် ပ​ထ​မ​လူ​အား `ငါ့​သူ​ဌေး​ကို​သင်​ပေး​ဆပ်​ရန် အ​ကြွေး​မည်​မျှ​ရှိ​သ​နည်း' ဟု​မေး​၏။- \v 6 ထို​သူ​က `ဆီ​အ​ချိန်​ခွက်​တစ်​ထောင်​ရှိ​ပါ​သည်' ဟု​ပြန်​ပြော​၏။ ထို​အ​ခါ​မန်​နေ​ဂျာ​က `သင် ၏​စာ​ရင်း​ကို​ယူ​လော့။ အ​မြန်​ထိုင်​၍​ခွက်​ငါး ရာ​ဟု​ရေး​လော့' ဟု​ဆို​၏။- \v 7 ထို​နောက်​အ​ခြား​သူ​တစ်​ယောက်​အား `သင်​သည် လည်း​ပေး​ဆပ်​ရန်​အ​ကြွေး​မည်​မျှ​ရှိ​သ​နည်း' ဟု​မေး​၏။ ထို​သူ​က​ဂျုံ​စ​ပါး​တင်း​တစ်​ထောင် ရှိ​ပါ​သည်​ဟု​ဆို​လျှင်​မန်​နေ​ဂျာ​က `သင်​၏ စာ​ရင်း​ကို​ယူ​လော့၊ အ​မြန်​ထိုင်​၍​ရှစ်​ရာ ဟု​ရေး​လော့' ဟု​ဆို​၏။- \v 8 ဤ​သို့​ပါး​နပ်​လိမ္မာ​စွာ​ပြု​သည့်​အ​တွက်​မ​ရိုး ဖြောင့်​သည့်​မန်​နေ​ဂျာ​ကို​သူ​ဌေး​သည်​ချီး​မွမ်း လေ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​လော​ကီ​သား တို့​သည်​လော​ကီ​ကိစ္စ​ဆောင်​ရွက်​ရာ​တွင် အ​လင်း နှင့်​ဆိုင်​သော​သား​များ​ထက်​ပါး​နပ်​လိမ္မာ ကြ​သော​ကြောင့်​တည်း။ \p \v 9 ``ထို​မှ​တစ်​ပါး​သင်​တို့​အား​ငါ​ဆို​သည်​ကား လော​က​စည်း​စိမ်​ချမ်း​သာ​အား​ဖြင့်​မိတ်​ဆွေ များ​ရ​အောင်​ပြု​ကြ​လော့။ သို့​မှ​သာ​ထို​စည်း စိမ်​ချမ်း​သာ​ကုန်​ဆုံး​သော​အ​ခါ​သင်​တို့​အား ထာ​ဝ​ရ​အိမ်​တော်​တွင်​ကြို​ဆို​လက်​ခံ​လိမ့် မည်။- \v 10 အ​မှု​ငယ်​တွင်​သစ္စာ​ရှိ​သူ​သည်​အ​မှု​ကြီး​တွင် လည်း​သစ္စာ​ရှိ​လိမ့်​မည်။ အ​မှု​ငယ်​တွင်​မ​ရိုး ဖြောင့်​သူ​သည်​အ​မှု​ကြီး​တွင်​လည်း​ရိုး​ဖြောင့် လိမ့်​မည်​မ​ဟုတ်။- \v 11 သို့​ဖြစ်​၍​သင်​တို့​သည်​လော​က​စည်း​စိမ်​ချမ်း​သာ နှင့်​ပတ်​သက်​၍​သစ္စာ​မ​ရှိ​ပါ​မူ အ​ဘယ်​သူ​သည် သင်​တို့​အား​စည်း​စိမ်​ချမ်း​သာ​အ​စစ်​အ​မှန်​ကို အပ်​မည်​နည်း။- \v 12 သင်​တို့​သည်​သူ​တစ်​ပါး​ပိုင်​သည့်​ဥစ္စာ​ပစ္စည်း​နှင့် ဆိုင်​၍​သစ္စာ​မ​ရှိ​ပါ​မူ အ​ဘယ်​သူ​သည်​သင်​တို့ ပိုင်​ဆိုင်​သည့်​ဥစ္စာ​ပစ္စည်း​ကို​သင်​တို့​အား​ပေး​အပ် မည်​နည်း။ \p \v 13 ``အ​ဘယ်​အ​စေ​ခံ​မျှ​သ​ခင်​နှစ်​ဦး​၏​အ​စေ ကို​မ​ခံ​နိုင်။ သူ​သည်​သ​ခင်​တစ်​ဦး​ကို​မုန်း​၍ တစ်​ဦး​ကို​ချစ်​မည်။ တစ်​ဦး​ကို​သစ္စာ​ရှိ​၍​တစ်​ဦး ကို​မ​လေး​မ​ခန့်​ပြု​မည်။ သင်​တို့​သည်​တစ်​ချိန် တည်း​မှာ​ပင်​ဘု​ရား​သ​ခင်​၏​အ​စေ​နှင့်​လော​က စည်း​စိမ်​ချမ်း​သာ​၏​အ​စေ​ကို​မ​ခံ​နိုင်​ကြ'' ဟု​မိန့်​တော်​မူ​၏။\x + \xo 16:13 \xt မ၊ ၆:၂၄။\x* \s1 သ​ခင်​ယေ​ရှု​နှုတ်​တော်​ထွက်​စ​ကား​အ​ချို့ \r (မ၊ ၁၁:၁၂-၁၃၊ ၅:၃၁-၃၂။ မာ၊ ၁၀:၁၁-၁၂) \p \v 14 ငွေ​ကို​တပ်​မက်​သူ​များ​ဖြစ်​သည့်​ဖာ​ရိ​ရှဲ​များ သည်​ထို​စ​ကား​များ​ကို​ကြား​လျှင်​ကိုယ်​တော် ကို​သ​ရော်​ကြ​၏။- \v 15 ကိုယ်​တော်​က ``သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို သူ​တော်​ကောင်း​များ​ဟု​လူ​တို့​အား​ထင်​မြင် စေ​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သင် တို့​၏​စိတ်​နှ​လုံး​ကို​သိ​တော်​မူ​၏။ လူ​တို့​အ​မြတ် တ​နိုး​ထား​သော​အ​ရာ​သည်​ဘု​ရား​သ​ခင်​၏ ရှေ့​တော်​မှာ​စက်​ဆုပ်​ဖွယ်​ဖြစ်​၏။ \p \v 16 ``ယော​ဟန်​မ​ပေါ်​မီ​ကာ​လ​က​ပ​ညတ်​ကျမ်း နှင့်​ပ​ရော​ဖက်​ကျမ်း​များ​အာ​ဏာ​တည်​လျက်​ရှိ ၏။ ယော​ဟန်​ပေါ်​ပြီး​ချိန်​မှ​စ​၍​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော ပြော​ကြေ​ညာ​ခဲ့​၏။ လူ​အ​ပေါင်း​တို့​သည်​လည်း နိုင်​ငံ​တော်​သို့​အ​နိုင်​အ​ထက်​ဝင်​ကြ​ကုန်​၏။-\x + \xo 16:16 \xt မ၊ ၁၁:၁၂-၁၃။\x* \v 17 သို့​ရာ​တွင်​ပ​ညတ်​ကျမ်း​မှ​ဝစ္စ​ပေါက်​တစ်​လုံး ပျက်​စီး​ရန်​ထက် ကောင်း​ကင်​နှင့်​မြေ​ကြီး​ပျက် စီး​ရန်​က​သာ​၍​လွယ်​၏။\x + \xo 16:17 \xt မ၊ ၅:၁၈။\x* \p \v 18 ``မိ​မိ​၏​ဇ​နီး​ကို​ကွာ​၍​အ​ခြား​အ​မျိုး​သ​မီး တစ်​ယောက်​နှင့်​အိမ်​ထောင်​ပြု​သော​သူ​သည်​လည်း သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၏။ ကွာ​ရှင်း​ထား သော​အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​အိမ်​ထောင်​ပြု​သော သူ​သည်​လည်း​သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၏။\x + \xo 16:18 \xt မ၊ ၅:၃၂။ ၁ကော၊ ၇:၁၀-၁၁။\x* \s1 သူ​ဌေး​နှင့်​လာ​ဇ​ရု \p \v 19 ``အ​ခါ​တစ်​ပါး​၌​သူ​ဌေး​တစ်​ဦး​ရှိ​၏။ သူ​သည် နေ့​စဉ်​ကမ္ဗ​လာ​နီ​နှင့်​ပိတ်​ချော​ထည်​များ​ကို ဝတ်​ဆင်​လျက်​စည်း​စိမ်​ခံ​စား​လျက်​နေ​၏။- \v 20 သူ​၏​အိမ်​တံ​ခါး​အ​နီး​တွင်​လာ​ဇ​ရု​ဆို​သူ ဆင်း​ရဲ​သား​တစ်​ယောက်​သည်​တုံး​လုံး​လဲ​နေ​၏။ သူ့​မှာ​တစ်​ကိုယ်​လုံး​အ​နာ​စိမ်း​များ​ပေါက်​လျက် ရှိ​၏။ ခွေး​တို့​သည်​လာ​၍​သူ​၏​အ​နာ​စိမ်း​များ ကို​လျက်​ကြ​၏။- \v 21 သူ​သည်​သူ​ဌေး​၏​စား​ပွဲ​မှ​ကျ​သည့်​စား​နုပ် စား​ပေါက်​များ​ကို​စား​ရ​ရန်​တောင့်​တ​နေ​တတ်​၏။- \v 22 ထို​နောက်​ဆင်း​ရဲ​သား​သည်​သေ​လွန်​သွား​သ​ဖြင့် ကောင်း​ကင်​တ​မန်​တို့​သည် သူ့​အား​အာ​ဗြ​ဟံ​၏ လက်​ယာ​ဘက်​တွင်​လျောင်း​စေ​ရန်​သယ်​ဆောင်​သွား ကြ​၏။ သူ​ဌေး​သည်​လည်း​သေ​လွန်​၍​သင်္ဂြိုဟ်​ခြင်း ကို​ခံ​ရ​၏။- \v 23 သူ​သည်​မ​ရ​ဏ​နိုင်​ငံ​တွင်​ဝေ​ဒ​နာ​ပြင်း​စွာ​ခံ နေ​ရ​သ​ဖြင့် မျှော်​ကြည့်​လိုက်​သော​အ​ခါ​အာ​ဗြ​ဟံ ကို​လည်း​ကောင်း၊ အာ​ဗြ​ဟံ​၏​လက်​ယာ​ဘက်​တွင် လာ​ဇ​ရု​ကို​လည်း​ကောင်း​မြင်​လေ​၏။- \v 24 သူ​ဌေး​က `အ​ဖ​အာဗြဟံ၊ အ​ကျွန်ုပ်​ကို​သ​နား တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​ဤ​မီး​လျှံ​ထဲ​တွင် ပြင်း​စွာ​ဝေ​ဒ​နာ​ခံ​နေ​ရ​ပါ​၏။ လာ​ဇ​ရု​သည် လက်​ဖျား​ကို​ရေ​မှာ​နှစ်​၍​အ​ကျွန်ုပ်​၏​လျှာ ကို​အေး​စေ​မည့်​အ​ကြောင်း သူ့​အား​အ​ကျွန်ုပ် ထံ​သို့​စေ​လွှတ်​တော်​မူ​ပါ' ဟု​အော်​၍​လျှောက်​၏။ \p \v 25 ``သို့​ရာ​တွင်​အာ​ဗြ​ဟံ​က `ငါ့​သား၊ သင်​အ​သက် ရှင်​စဉ်​သု​ခ​ချမ်း​သာ​ခံ​စား​ခဲ့​ရ​သည်​ကို​လည်း ကောင်း၊ လာ​ဇ​ရု​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​ခဲ့​ရ​သည်​ကို လည်း​ကောင်း​သ​တိ​ရ​ပါ​လော့။ ယ​ခု​မှာ​မူ​သူ သည်​သု​ခ​ချမ်း​သာ​ကို​ခံ​စား​ရ​၍ သင်​မူ​ကား ကိုယ်​၏​ဒုက္ခ၊ စိတ်​၏​ဒုက္ခ​ကို​ခံ​ရ​လေ​ပြီ။- \v 26 ထို​မှ​တစ်​ပါး​သင်​တို့​နှင့်​ငါ​တို့​စပ်​ကြား​တွင် နက်​စွာ​သော​ချောက်​ကြီး​တစ်​ခု​တည်​ရှိ​၏။ ထို ကြောင့်​သင်​တို့​ဘက်​မှ​ငါ​တို့​ဘက်​သို့​လည်း ကောင်း၊ ငါ​တို့​ဘက်​မှ​သင်​တို့​ဘက်​သို့​လည်း ကောင်း​ကူး​ဖြတ်​လို​သူ​တို့​သည်​မ​ကူး​ဖြတ် နိုင်​ကြ' ဟု​ပြန်​၍​ပြော​၏။- \v 27 သူ​ဌေး​က `အ​ဖ၊ ထို​သို့​ဖြစ်​ပါ​မူ​လာ​ဇ​ရု​အား အ​ကျွန်ုပ်​၏​အ​ဖ​အိမ်​သို့​စေ​လွှတ်​ပေး​ပါ​ရန် တောင်း​ပန်​ပါ​၏။- \v 28 အ​ကျွန်ုပ်​မှာ​ညီ​ငါး​ယောက်​ရှိ​ပါ​၏။ သူ​တို့​သည် လည်း ဤ​ဝေ​ဒ​နာ​ခံ​ရာ​အ​ရပ်​သို့​မ​ရောက် ကြ​စေ​ခြင်း​ငှာ သူ​တို့​အား​သ​တိ​ပေး​ရန် လာ​ဇ​ရု​ကို​စေ​လွှတ်​တော်​မူ​ပါ' ဟု​လျှောက်​၏။- \v 29 အာ​ဗြ​ဟံ​က `သင်​၏​ညီ​များ​အား​သ​တိ​ပေး​ရန် မော​ရှေ​နှင့်​ပ​ရော​ဖက်​များ​ရှိ​ချေ​သည်။ ထို​သူ​တို့ ၏​စ​ကား​ကို​နား​ထောင်​ကြ​ပါ​စေ' ဟု​ဆို​၏။- \v 30 သို့​ရာ​တွင်​သူ​ဌေး​က `အ​ဖ​အာ​ဗြ​ဟံ၊ ထို​သို့ မ​ဟုတ်​ပါ။ အ​ကယ်​၍​သေ​လွန်​သူ​များ​အ​နက် တစ်​ယောက်​သော​သူ​သည် သူ​တို့​ထံ​သို့​သွား​သည် ရှိ​သော်​သူ​တို့​သည်​နောင်​တ​ရ​ကြ​ပါ​လိမ့်​မည်' ဟု​ဆို​၏။- \v 31 အာ​ဗြ​ဟံ​က `သူ​တို့​သည်​မော​ရှေ​နှင့်​ပ​ရော​ဖက် များ​၏​စ​ကား​ကို​နား​မ​ထောင်​ကြ​လျှင် အ​ကယ် ၍​သေ​ခြင်း​မှ​လူ​တစ်​စုံ​တစ်​ယောက်​ထ​မြောက် လာ​သော်​လည်း သူ​တို့​ယုံ​ကြည်​ကြ​လိမ့်​မည် မ​ဟုတ်' ဟု​ဆို​၏'' ဟူ​၍​မိန့်​တော်​မူ​၏။ \c 17 \s1 အ​ပြစ် \r (မ၊ ၁၈:၆-၇၊ ၂၁-၂၂။ မာ၊ ၉:၄၂) \p \v 1 သ​ခင်​ယေ​ရှု​က ``မှောက်​မှား​လမ်း​လွဲ​စေ​သည့် အ​ရာ​များ​ကား​မု​ချ​ရှိ​မည်။ သို့​ရာ​တွင် မှောက်​မှား​လမ်း​လွဲ​မှု​ကို​ဖြစ်​စေ​သော​သူ သည်​အ​မင်္ဂ​လာ​ရှိ​၏။- \v 2 ထို​သူ​သည်​ဤ​သို့​သော​က​လေး​သူ​ငယ်​တစ်​စုံ တစ်​ယောက်​ကို​မှောက်​မှား​လမ်း​လွဲ​စေ​မည့်​အ​စား မိ​မိ​၏​လည်​တွင်​ကြိတ်​ဆုံ​ကျောက်​ကြီး​ကို​ဆွဲ လျက်​ပင်​လယ်​ထဲ​သို့​အ​ချ​ခံ​ရ​သော်​မှ​သူ့ အ​ဖို့​ကောင်း​သေး​၏။- \v 3 သို့​ဖြစ်​၍​သ​တိ​ထား​လျက်​ပြု​မူ​ကြ​လော့။ \p ``သင်​၏​ညီ​အစ်​ကို​သည်​သင့်​ကို​ပြစ်​မှား​လျှင် သူ​အား​ဆုံး​မ​လော့။ သူ​သည်​နောင်​တ​ရ​လျှင် အ​ပြစ်​ဖြေ​လွှတ်​လော့။-\x + \xo 17:3 \xt မ၊ ၁၈:၁၅။\x* \v 4 တစ်​နေ့​တည်း​တွင်​ခု​နစ်​ကြိမ်​တိုင်​တိုင်​သင့်​ကို ပြစ်​မှား​၍ ခု​နစ်​ကြိမ်​တိုင်​တိုင်​ပင်​သင့်​ထံ​သို့ လာ​လျက် `အ​ကျွန်ုပ်​နောင်​တ​ရ​ပါ​ပြီ' ဟု​ဆို လျှင် သင်​သည်​သူ​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ရ​မည်'' ဟု​တ​ပည့်​တော်​တို့​အား​မိန့်​တော်​မူ​၏။ \s1 ယုံ​ကြည်​ခြင်း \p \v 5 တ​မန်​တော်​တို့​က​သ​ခင်​ဘု​ရား​အား ``အ​ကျွန်ုပ် ၏​ယုံ​ကြည်​ခြင်း​ကို​တိုး​ပွား​စေ​တော်​မူ​ပါ'' ဟု လျှောက်​ထား​ကြ​၏။ \p \v 6 သ​ခင်​ဘု​ရား​က ``သင်​တို့​တွင်​ယုံ​ကြည်​ခြင်း မုန်​ညင်း​စေ့​မျှ​လောက်​ရှိ​ပါ​မူ ဤ​ပိုး​စာ​ပင် အား `အ​မြစ်​ပါ​ကျွတ်​၍​ပင်​လယ်​ထဲ​မှာ​စိုက် လျက်​နေ​လော့' ဟု​ဆို​လျှင် ထို​အ​ပင်​သည်​သင် တို့​ဆို​သည့်​အ​တိုင်း​ပြု​လိမ့်​မည်။ \s1 အ​စေ​ခံ​၏​ဝတ္တ​ရား \p \v 7 ``သင်​တို့​တွင်​အ​ဘယ်​သူ​သည်​မိ​မိ​၏​လယ်​လုပ် သား​အား​သော်​လည်း​ကောင်း၊ သိုး​ကျောင်း​သား​အား သော်​လည်း​ကောင်း​လယ်​ကွင်း​မှ​ပြန်​လာ​သော​အ​ခါ `ည​စာ​စား​ရန်​အ​လျင်​အ​မြန်​လာ​၍​ထိုင်​လော့' ဟု​ဆို​မည်​နည်း။- \v 8 ထို​သို့​ဆို​မည့်​အ​စား `ငါ​၏​အ​တွက်​ည​စာ​ကို ပြင်​လော့။ ငါ​စား​သောက်​စဉ်​ခါး​ကို​စည်း​၍​ငါ့ အား​လုပ်​ကျွေး​လော့။ ပြီး​မှ​သင်​စား​သောက်​လော့' ဟူ​၍​သာ​ဆို​မည်​မ​ဟုတ်​လော။- \v 9 အ​စေ​ခံ​သည်​မိ​မိ​အ​ရှင်​စေ​ခိုင်း​သည့်​အ​တိုင်း ဆောင်​ရွက်​သည့်​အ​တွက်​သူ့​အား​ကျေး​ဇူး​တင် စ​ရာ​မ​ရှိ။- \v 10 ထို​နည်း​တူ​သင်​တို့​သည်​လည်း​မိ​မိ​တို့​အား​စေ ခိုင်း​သည့်​အ​ရာ​အား​လုံး​ကို​ဆောင်​ရွက်​ပြီး​ချိန် ၌ ငါ​တို့​ကား​သာ​မန်​အ​စေ​ခံ​များ​ပင်​ဖြစ်​သည်။ ငါ​တို့​ဆောင်​ရွက်​ရန်​ရှိ​သည့်​တာ​ဝန်​ဝတ္တ​ရား​ကို သာ​လျှင်​ဆောင်​ရွက်​ခဲ့​ကြ​ခြင်း​ဖြစ်​သည်​ဟု' ဆို ကြ​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။ \s1 အ​ရေ​ပြား​ရော​ဂါ​သည်​ဆယ်​ဦး​အား သန့်​စင်​စေ​တော်​မူ​ခြင်း \p \v 11 ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး​ပြု​တော်​မူ​စဉ်​ကိုယ်​တော် သည်​ရှ​မာ​ရိ​ပြည်​နှင့်​ဂါ​လိ​လဲ​ပြည်​စပ်​ကြား​တွင် လျှောက်​၍​ကြွ​တော်​မူ​၏။- \v 12 ရွာ​တစ်​ရွာ​သို့​ဝင်​တော်​မူ​သော​အ​ခါ​အ​ရေ​ပြား ရော​ဂါ​သည်​ဆယ်​ယောက်​တို့​သည် ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​ကြ​၏။ ခပ်​လှမ်း​လှမ်း​တွင်​ရပ် လျက်။- \v 13 ``သ​ခင်​ယေ​ရှု​အ​ရှင်​မြတ်၊ အ​ကျွန်ုပ်​တို့​ကို သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော်​လျှောက်​ထား ကြ​၏။ \p \v 14 ထို​သူ​တို့​ကို​မြင်​သော​အ​ခါ​ကိုယ်​တော် က ``သင်​တို့​သွား​၍​မိ​မိ​တို့​ကိုယ်​ကို​ယဇ် ပု​ရော​ဟိတ်​များ​အား​ပြ​လော့'' ဟု​မိန့်​တော်​မူ​၏။ \p သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ထံ​သွား​နေ​စဉ် ရော​ဂါ​သန့်​စင်​သွား​ကြ​ကုန်​၏။-\x + \xo 17:14 \xt ဝတ်၊ ၁၄:၁-၃၂။\x* \v 15 သူ​တို့​အ​နက်​လူ​တစ်​ယောက်​သည်​မိ​မိ​ရော​ဂါ ပျောက်​ကင်း​သွား​ကြောင်း​ကို​သိ​သော​အ​ခါ ဘု​ရား​သ​ခင်​၏​ဘုန်း​အသ​ရေ​တော်​ကို​အ​သံ ကျယ်​စွာ​ချီး​ကူး​လျက်​ကိုယ်​တော်​၏​ထံ​သို့ ပြန်​လာ​၏။- \v 16 ထို​နောက်​ခြေ​တော်​ရင်း​မှာ​ပျပ်​ဝပ်​လျက် ကိုယ်​တော် ၏​ကျေး​ဇူး​တော်​ကြီး​လှ​ကြောင်း​ကို​လျှောက်​ထား​၏။ ထို​သူ​ကား​ရှ​မာ​ရိ​အ​မျိုး​သား​ဖြစ်​သ​တည်း။- \v 17 သ​ခင်​ယေ​ရှု​က ``လူ​တစ်​ကျိပ်​တို့​သည် အ​ရေ​ပြား​ရော​ဂါ​သန့်​စင်​သွား​ကြ​သည် မ​ဟုတ်​လော။ အ​ခြား​လူ​ကိုး​ယောက်​ကား အ​ဘယ်​မှာ​နည်း။- \v 18 ဘု​ရား​သ​ခင်​၏​ဘုန်း​အသရေ​တော်​ကို​ချီး​ကူး​ရန် ဤ​လူ​မျိုး​ခြား​တစ်​ဦး​မှ​တစ်​ပါး​ပြန်​လာ​သူ တစ်​ယောက်​မျှ​မ​ရှိ​သ​လော'' ဟု​မေး​တော်​မူ​၏။- \v 19 ထို​နောက်​ထို​သူ​အား ``သင်​ထ​၍​သွား​လော့။ သင် ၏​ယုံ​ကြည်​ခြင်း​သည်​သင့်​ရော​ဂါ​ကို​ပျောက်​စေ ပြီ'' ဟု​မိန့်​တော်​မူ​၏။ \s1 နိုင်​ငံ​တော်​တည်​မည့်​အ​ချိန် \r (မ၊ ၂၄:၂၃-၂၈၊ ၃၇-၄၁) \p \v 20 ဖာ​ရိ​ရှဲ​အ​ချို့​တို့​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​သည်​အ​ဘယ်​အ​ခါ​၌​တည်​ပါ​မည်​နည်း'' ဟု ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည် ခြင်း​သည်​မြင်​သာ​အောင်​တည်​သည်​မ​ဟုတ်။- \v 21 `ကြည့်​လော့၊ နိုင်​ငံ​တော်​သည်​ဤ​အ​ရပ်​တွင်​တည် ပြီ။ ထို​အ​ရပ်​တွင်​တည်​ပြီ​ဟူ​၍​မ​ပြော​နိုင်။ အ​မှန် စင်​စစ်​သော်​ကား​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​၏​အ​ထဲ​တွင်​တည်​လျက်​ရှိ​သည်'' ဟု​မိန့် တော်​မူ​၏။ \p \v 22 ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``သင်​တို့​တွေ့ မြင်​လို​သော​လူ​သား​၏​နေ့​တစ်​ရက်​ရောက်​ပေ​အံ့။ သို့​ရာ​တွင်​သင်​တို့​တွေ့​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။- \v 23 လူ​တို့​က `လူ​သား​သည်​ဤ​အ​ရပ်​မှာ​ရှိ​သည်။ ထို​အ​ရပ်​မှာ​ရှိ​သည်' ဟု​ဆို​သော်​လည်း​သင်​တို့ လိုက်​၍​မ​ရှာ​ကြ​နှင့်။- \v 24 လျှပ်​စစ်​ပြက်​သော​အ​ခါ​လျှပ်​စစ်​ရောင်​သည် မိုး​ကုတ်​စက်​ဝိုင်း​တစ်​ခု​မှ​အ​ခြား​တစ်​ခု​သို့ တိုင်​အောင် မိုး​ကောင်း​ကင်​ကို​ထွန်း​တောက်​စေ သ​ကဲ့​သို့ လူ​သား​လော​က​သို့​ကြွ​လာ​တော် မူ​သော​နေ့​၌​ဖြစ်​လိမ့်​မည်။- \v 25 သို့​ရာ​တွင်​လူ​သား​သည်​ပြင်း​ပြ​သော​ဝေ​ဒ​နာ ကို​လည်း​ကောင်း၊ ဤ​ခေတ်​လူ​တို့​၏​ပစ်​ပယ် ခြင်း​ကို​လည်း​ကောင်း​ဦး​စွာ​ခံ​ရ​လိမ့်​မည်။- \v 26 နော​ဧ​လက်​ထက်​၌​ဖြစ်​ပျက်​သ​ကဲ့​သို့​လူ သား​ကြွ​လာ​ရာ​ကာ​လ​၌​ဖြစ်​ပျက်​လိမ့်​မည်။-\x + \xo 17:26 \xt က၊ ၆:၅-၈။\x* \v 27 သင်္ဘော​ထဲ​ကို​နော​ဧ​ဝင်​ပြီး​နောက်​ရေ​လွှမ်း​မိုး သ​ဖြင့် လူ​ခပ်​သိမ်း​တို့​သေ​ကျေ​ပျက်​စီး​ကြ သည့်​နေ့​မ​တိုင်​မီ​လူ​တို့​သည်​စား​သောက် လျက်၊ ထိမ်း​မြား​စုံ​ဖက်​လျက်​နေ​ခဲ့​ကြ​၏။-\x + \xo 17:27 \xt က၊ ၇:၆-၂၄။\x* \v 28 ထို​နည်း​တူ​လော​တ​၏​လက်​ထက်​၌​လူ​တို့​သည် စား​သောက်​ရောင်း​ဝယ်​လျက်​စိုက်​ပျိုး​တည်​ဆောက် လျက်​နေ​ခဲ့​ကြ​၏။-\x + \xo 17:28 \xt က၊ ၁၈:၂၀-၁၉:၂၅။\x* \v 29 သော​ဒုံ​မြို့​မှ​လော​တ​ထွက်​ခွာ​သွား​သော​နေ့ ၌​ကောင်း​ကင်​မှ​မီး​မိုး​ရွာ​၍ လူ​ခပ်​သိမ်း​တို့ သေ​ကျေ​ပျက်​စီး​ကြ​ကုန်​၏။- \v 30 လူ​သား​ပေါ်​ထွန်း​တော်​မူ​သော​နေ့​၌​လည်း​ဤ ကဲ့​သို့​ပင်​ဖြစ်​လိမ့်​မည်။'' \p \v 31 ``ထို​နေ့​ရက်​၌​အိမ်​မိုး​ပေါ်​တွင်​ရှိ​သော​သူ​သည် မိ​မိ​အိမ်​ထဲ​မှာ​ရှိ​သည့်​ဥစ္စာ​ပစ္စည်း​ကို​ယူ​ရန် မ​ဆင်း​စေ​နှင့်။ ထို​နည်း​တူ​လယ်​ကွင်း​သို့​ရောက် နေ​သူ​သည်​လည်း​အိမ်​ကို​မ​ပြန်​စေ​နှင့်။-\x + \xo 17:31 \xt မ၊ ၂၄:၁၇-၁၈။ မာ၊ ၁၃:၁၅-၁၆။\x* \v 32 လော​တ​၏​ဇ​နီး​ကို​သ​တိ​ရ​ကြ​လော့။\x + \xo 17:32 \xt က၊ ၁၉:၂၆။\x* \m \v 33 မိ​မိ​အ​သက်​ကို​ကယ်​ဆယ်​လို​သော​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ မိ​မိ​အ​သက်​ကို​ရှုံး​စေ သော​သူ​သည်​အ​သက်​ကို​ကယ်​ဆယ်​လိမ့်​မည်။-\x + \xo 17:33 \xt မ၊ ၁၀:၃၉၊ ၁၆:၂၅။ မာ၊ ၈:၃၅။ လု၊ ၉:၂၄။ ယော၊ ၁၂:၂၅။\x* \v 34 သင်​တို့​အား​ငါ​ဆို​သည်​ကား​ထို​ည​တွင်​အိပ်​ရာ တစ်​ခု​မှာ​အိပ်​နေ​သူ လူ​နှစ်​ယောက်​အ​နက်​တစ် ယောက်​ကို​သိမ်း​ယူ​၍​တစ်​ယောက်​ကို​ထား​ခဲ့ လတ္တံ့။- \v 35 ကြိတ်​ဆုံ​လှည့်​နေ​သူ​အ​မျိုး​သ​မီး​နှစ်​ယောက် အ​နက်​တစ်​ယောက်​ကို​သိမ်း​ယူ​၍​တစ်​ယောက် ကို​ထား​ခဲ့​လတ္တံ့။- \v 36 လယ်​ထဲ​တွင်​ရှိ​သူ​နှစ်​ယောက်​အ​နက်​တစ်​ယောက် ကို​သိမ်း​ယူ​၍​တစ်​ယောက်​ကို​ထား​ခဲ့​လတ္တံ့'' ဟု မိန့်​တော်​မူ​၏။ \p \v 37 တ​ပည့်​တော်​တို့​က ``အ​ရှင်၊ အ​ဘယ်​အ​ရပ်​တွင် ဤ​အ​ရာ​များ​ဖြစ်​ပျက်​ပါ​မည်​နည်း'' ဟု​မေး လျှောက်​ကြ​၏။ \p ကိုယ်​တော်​က ``အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်​တွင် လင်း​တ​များ​စု​ရုံး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။ \c 18 \s1 မု​ဆိုး​မ​နှင့်​တ​ရား​သူ​ကြီး​ပုံ​ဥ​ပ​မာ \p \v 1 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့ အား​အ​ဘယ်​အ​ခါ​မျှ​စိတ်​အား​မ​လျော့​ဘဲ အ​ခါ​ခပ်​သိမ်း​ဆု​တောင်း​ပတ္ထနာ​ပြု​သင့်​ကြောင်း ပုံ​ဥ​ပ​မာ​ဆောင်​၍​သွန်​သင်​တော်​မူ​၏။- \v 2 ကိုယ်​တော်​က ``မြို့​ကြီး​တစ်​မြို့​မှာ​တ​ရား​သူ ကြီး​တစ်​ယောက်​ရှိ​၏။ သူ​သည်​ဘု​ရား​သ​ခင်​ကို မ​ကြောက်။ လူ​မျက်​နှာ​ကို​မ​ထောက်​သူ​ဖြစ်​၏။- \v 3 ထို​မြို့​မှာ​ပင်​မု​ဆိုး​မ​တစ်​ယောက်​ရှိ​၏။ သူ​သည် တ​ရား​သူ​ကြီး​၏​ထံ​သို့​အ​ကြိမ်​ကြိမ်​လာ ၍ `ကျွန်​မ​၏​တ​ရား​တွေ့​ဘက်​အ​ပေါ်​တွင် အ​နိုင်​ရ​အောင်​စီ​ရင်​တော်​မူ​ပါ' ဟု​လျှောက် ထား​၏။- \v 4 တ​ရား​သူ​ကြီး​သည်​အ​တန်​ကြာ​မျှ​မု​ဆိုး​မ ၏​လျှောက်​ထား​ချက်​ကို​ငြင်း​ဆန်​နေ​ခဲ့​၏။ ထို နောက် `ငါ​သည်​ဘု​ရား​သ​ခင်​ကို​မ​ကြောက်၊ လူ့​မျက်​နှာ​ကို​မ​ထောက်​တတ်။- \v 5 သို့​သော်​လည်း​ဤ​မု​ဆိုး​မ​သည်​ငါ့​ကို​နှောင့်​ယှက် လှ​သည်​ဖြစ်​၍​သူ့​အား​တ​ရား​မျှ​တ​မှု​ရ​ရှိ​စေ ရန် ငါ​သူ့​အ​မှု​ကို​စီ​ရင်​မည်။ သို့​မ​ဟုတ်​လျှင်​သူ သည်​ငါ့​ကို​ဆက်​လက်​နှောင့်​ယှက်​သ​ဖြင့်​နောက် ဆုံး​၌​ငါ့​အား​ပင်​ပန်း​စေ​မည်' ဟု​ဆို​လေ​၏။'' \p \v 6 ``ဤ​မ​သ​မာ​သော​တ​ရား​သူ​ကြီး​ပြော​ပုံ​ကို ကြည့်​လော့။- \v 7 ရွေး​ကောက်​တော်​မူ​သော​သူ​တို့​သည်​နေ့​ည​မ​ပြတ် ဟစ်​အော်​တောင်း​လျှောက်​နေ​ကြ​လျှင် ဘု​ရား​သ​ခင် သည်​တ​ရား​သ​ဖြင့်​ဖြစ်​စေ​ရန်​စီ​ရင်​တော်​မ​မူ ဘဲ​နေ​မည်​လော။ ကိုယ်​တော်​သည်​ထို​သူ​တို့​အား ကူညီ​မစ​ရန်​နှောင့်​နှေး​တော်​မူ​မည်​လော။- \v 8 သင်​တို့​အား​ငါ​ဆို​သည်​ကား​ကိုယ်​တော်​သည် ဆော​လျင်​စွာ ထို​သူ​တို့​အ​တွက်​တ​ရား​သ​ဖြင့် ဖြစ်​စေ​ရန်​စီ​ရင်​တော်​မူ​ပေ​အံ့။ သို့​ရာ​တွင် လူ​သား​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌ ဤ လော​က​တွင်​ယုံ​ကြည်​ခြင်း​ကို​တွေ့​ရ​ပါ မည်​လော'' ဟု​မိန့်​တော်​မူ​၏။ \s1 ဖာ​ရိ​ရှဲ​နှင့်​အ​ခွန်​ခံ​ပုံ​ဥ​ပ​မာ \p \v 9 မိ​မိ​တို့​ကိုယ်​ကို​သူ​တော်​ကောင်း​ဟု​ယုံ​ကြည် ကာ​သူ​တစ်​ပါး​တို့​ကို​အ​ထင်​အ​မြင်​သေး တတ်​သူ​လူ​အ​ချို့​တို့​အား​သ​ခင်​ယေ​ရှု သည်​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍၊- \v 10 ``လူ​နှစ်​ယောက်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန် ဗိ​မာန်​တော်​သို့​သွား​ကြ​၏။ တစ်​ယောက်​က ဖာ​ရိ​ရှဲ၊ အ​ခြား​တစ်​ယောက်​က​အ​ခွန်​ခံ​သူ ဖြစ်​၏။- \v 11 ဖာ​ရိ​ရှဲ​သည်​တစ်​ယောက်​တည်း​ရပ်​လျက် `အို ဘု​ရား သ​ခင်၊ အ​ခြား​သော​သူ​တို့​သည်​လော​ဘ​ကြီး​သူ၊ မ​ရိုး​ဖြောင့်​သူ၊ သူ့​အိမ်​ရာ​ကို​ပြစ်​မှား​သူ​များ ဖြစ်​ကြ​ပါ​၏။ အ​ကျွန်ုပ်​သည်​ထို​သူ​တို့​ကဲ့​သို့ မ​ဟုတ်​သ​ဖြင့်​လည်း​ကောင်း၊ ဤ​အ​ခွန်​ခံ​သူ ကဲ့​သို့​ပင်​မ​ဟုတ်​သ​ဖြင့်​လည်း​ကောင်း ကိုယ် တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။- \v 12 အ​ကျွန်ုပ်​သည်​ရက်​သတ္တ​တစ်​ပတ်​လျှင်​နှစ်​ကြိမ် တိုင်​တိုင်​အ​စာ​ရှောင်​ပါ​၏။ ရ​ရှိ​သ​မျှ​ဥစ္စာ​ပစ္စည်း ၏​ဆယ်​ဖို့​တစ်​ဖို့​ကို​လှူ​ပါ​၏' ဟု​ဆု​တောင်း ပတ္ထနာ​ပြု​၏။- \v 13 သို့​ရာ​တွင်​အ​ခွန်​ခံ​သူ​မူ​ကား​အ​ဝေး​တွင် ရပ်​လျက်​ကောင်း​ကင်​သို့​မော်​၍​မျှ​မ​ကြည့်​ဝံ့ ဘဲ `အို ဘု​ရား​သ​ခင်၊ အ​ပြစ်​ကူး​သူ​အ​ကျွန်ုပ် အား​သ​နား​တော်​မူ​ပါ' ဟု​ရင်​ပတ်​ကို​တီး​ခတ် လျက်​ဆု​တောင်း​လေ​၏။- \v 14 သင်​တို့​အား​ငါ​ဆို​သည်​ကား​ဤ​သူ​သည် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​သူ​တော်​ကောင်း အ​ဖြစ်​ဖြင့်​အိမ်​သို့​ပြန်​ရ​၏။ ဖာ​ရိ​ရှဲ​မူ​ကား ထို​သို့​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​မိ​မိ ကိုယ်​ကို​ချီး​မြှောက်​သူ​သည်​နှိမ့်​ချ​ခြင်း​ခံ​ရ ၍ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သူ​သည်​ချီး​မြှောက်​ခြင်း ခံ​ရ​မည်​ဖြစ်​သော​ကြောင့်​တည်း'' ဟု​မိန့်​တော် မူ​၏။\x + \xo 18:14 \xt မ၊ ၂၃:၁၂။ လု၊ ၁၄:၁၁။\x* \s1 က​လေး​သူ​ငယ်​များ​ကို​ကောင်း​ချီး​ပေး​တော်​မူ​ခြင်း \r (မ၊ ၁၉:၁၃-၁၅။ မာ၊ ၁၀:၁၃-၁၆) \p \v 15 လက်​တော်​ဖြင့်​တို့​ထိ​တော်​မူ​စေ​ရန်​လူ​အ​ချို့​တို့ သည်​မိ​မိ​တို့​၏​က​လေး​သူ​ငယ်​များ​ကို​အ​ထံ တော်​သို့​ခေါ်​ဆောင်​ခဲ့​ကြ​သည်​ကို တ​ပည့်​တော် တို့​မြင်​လျှင်​ထို​သူ​တို့​အား​အ​ပြစ်​တင်​ကြ​၏။- \v 16 သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​က​လေး​တို့​ကို ခေါ်​လျက် ``က​လေး​သူ​ငယ်​တို့​ငါ့​ထံ​သို့​လာ ကြ​ပါ​စေ။ မ​ဆီး​တား​ကြ​နှင့်၊ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် ထို သို့​သော​သူ​တို့​၏​နိုင်​ငံ​ဖြစ်​သော​ကြောင့်​တည်း။- \v 17 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား က​လေး​သူ​ငယ်​ကဲ့​သို့​ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​ကို​မ​ခံ​မ​ယူ​လျှင် နိုင်​ငံ​တော်​သို့​ဝင်​ရ လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ \s1 ဥစ္စာ​ကြွယ်​ဝ​သူ \r (မ၊ ၁၉:၁၆-၃၀။ မာ၊ ၁၀:၁၇-၃၁) \p \v 18 ယု​ဒ​အ​မျိုး​သား​အ​ရာ​ရှိ​တစ်​ယောက် က ``ကောင်း​မြတ်​တော်​မူ​သော​ဆ​ရာ၊ ထာ​ဝ​ရ အ​သက်​ကို​ရ​အံ့​ငှာ​အ​ကျွန်ုပ်​သည်​အ​ဘယ် အ​ရာ​ကို​ပြု​ရ​ပါ​မည်​နည်း'' ဟု​ကိုယ်​တော် အား​မေး​လျှောက်​၏။ \p \v 19 သ​ခင်​ယေ​ရှု​က ``သင်​သည်​အ​ဘယ်​ကြောင့်​ငါ့ ကို​ကောင်း​မြတ်​သည်​ဟု​ခေါ်​သ​နည်း။ ဘု​ရား သ​ခင်​မှ​တစ်​ပါး​ကောင်း​မြတ်​သူ​တစ်​စုံ​တစ် ယောက်​မျှ​မ​ရှိ။- \v 20 သင်​သည်​ပ​ညတ်​တော်​တို့​ကို​သိ​သည်​မ​ဟုတ် လော။ `သူ့​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်။ လူ့​အ​သက် ကို​မ​သတ်​နှင့်။ သူ့​ဥစ္စာ​ကို​မ​ခိုး​နှင့်။ မ​မှန်​သော သက်​သေ​ကို​မ​ခံ​နှင့်။ မိ​ဘ​ကို​ရို​သေ​သ​မှု​ပြု လော့'' ဟု​မိန့်​တော်​မူ​၏။\x + \xo 18:20 \xt ထွ၊ ၂၀:၁၂-၁၆။ တရား၊ ၅:၁၆-၂၀။\x* \p \v 21 ထို​သူ​က ``ဤ​ပ​ညတ်​များ​ကို​အ​ကျွန်ုပ်​သည် ငယ်​စဉ်​မှ​စ​၍​စောင့်​ထိန်း​ခဲ့​ပါ​ပြီ'' ဟု​လျှောက် ၏။ \p \v 22 ထို​စ​ကား​ကို​ကြား​တော်​မူ​လျှင်​သ​ခင်​ယေ​ရှု က ``သင်​သည်​ပြု​လုပ်​ရန်​တစ်​ခု​လို​သေး​၏။ သင့် ဥစ္စာ​ရှိ​သ​မျှ​ကို​ရောင်း​၍​ဆင်း​ရဲ​သူ​တို့​အား ပေး​ကမ်း​စွန့်​ကြဲ​လော့။ ဤ​သို့​ပြု​လျှင်​သင်​သည် ကောင်း​ကင်​ဘုံ​တွင်​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့ စွန့်​ကြဲ​ပြီး​နောက်​ငါ့​နောက်​သို့​လိုက်​လော့'' ဟု မိန့်​တော်​မူ​၏။- \v 23 ထို​သူ​ကား​ဥစ္စာ​များ​စွာ​ကြွယ်​ဝ​သူ​ဖြစ်​သ​ဖြင့် ကိုယ်​တော်​၏​စ​ကား​ကို​ကြား​သော​အ​ခါ​အ​လွန် ပင်​စိတ်​ညှိုး​ငယ်​သွား​လေ​၏။ \p \v 24 ထို​အ​ခြင်း​အ​ရာ​ကို​သ​ခင်​ယေ​ရှု​မြင်​တော်​မူ လျှင် ``ဥစ္စာ​ကြွယ်​ဝ​သူ​များ​သည်​နိုင်​ငံ​တော်​သို့ ဝင်​ရန်​ခက်​လှ​၏။- \v 25 အပ်​န​ဖား​ကို​ကု​လား​အုတ်​လျှို​ဝင်​ရန်​လွယ် ကောင်း​လွယ်​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​သို့​ဥစ္စာ​ကြွယ်​ဝ​သူ​ဝင်​နိုင်​ရန်​ကား​မ​လွယ် ကူ'' ဟု​မိန့်​တော်​မူ​၏။ \p \v 26 ထို​စ​ကား​ကို​ကြား​ကြ​သော​သူ​တို့​က ``ဤ​သို့ ဖြစ်​ပါ​မူ​အ​ဘယ်​သူ​သည်​ကယ်​တင်​ခြင်း​ကို​ရ နိုင်​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ \p \v 27 ကိုယ်​တော်​က ``လူ​တို့​မ​တတ်​နိုင်​သော​အ​ရာ​ကို ဘု​ရား​သ​ခင်​တတ်​နိုင်​တော်​မူ​၏'' ဟု​မိန့်​တော် မူ​၏။ \p \v 28 ပေ​တ​ရု​က ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် မိ​မိ​တို့​၏​အိုး​အိမ်​ကို​စွန့်​၍ ကိုယ်​တော်​၏​နောက် တော်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ'' ဟု​လျှောက်​၏။ \p \v 29 ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​တွက် မိ​မိ​၏​အိမ်​ကို​ဖြစ်​စေ၊ ဇ​နီး​ကို​ဖြစ်​စေ၊ ညီ​အစ် ကို​ဖြစ်​စေ၊ မိ​ဘ​ဖြစ်​စေ၊ သား​သ​မီး​ဖြစ်​စေ​စွန့် သော​သူ​သည်၊- \v 30 ဤ​ဘ​ဝ​၌​အ​ဆ​ပေါင်း​များ​စွာ​သော​အ​ကျိုး ခံ​စား​ရ​သည်​သာ​မ​က နောင်​ဘ​ဝ​၌​လည်း ထာ​ဝ​ရ​အ​သက်​ကို​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။ \s1 အ​သေ​သတ်​ခြင်း​ခံ​တော်​မူ​ရ​မည့်​အ​ကြောင်း တ​တိ​ယ​အ​ကြိမ်​ဖော်​ပြ​တော်​မူ​ခြင်း \r (မ၊ ၂၀:၁၇-၁၉။ မာ၊ ၁၀:၃၂-၃၄) \p \v 31 သ​ခင်​ယေ​ရှု​သည်​တစ်​ကျိပ်​နှစ်​ပါး​တို့​ကို ခေါ်​တော်​မူ​ပြီး​လျှင် ``နား​ထောင်​ကြ​လော့။ ငါ တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး​ပြု​လျက် ရှိ​ကြ​၏။ လူ​သား​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ပ​ရော​ဖက်​များ​ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ အ​လုံး​စုံ​တို့​သည်​ဖြစ်​ပျက်​ရ​လိမ့်​မည်။- \v 32 လူ​သား​ကို​လူ​မျိုး​ခြား​တို့​၏​လက်​သို့​အပ်​နှံ ကြ​လိမ့်​မည်။ သူ့​ကို​ပြောင်​လှောင်​စော်​ကား​၍ တံ​တွေး​နှင့်​ထွေး​ကြ​လိမ့်​မည်။- \v 33 ကြိမ်​ဒဏ်​ပေး​၍​အ​သေ​သတ်​ကြ​လိမ့်​မည်။ ထို နောက်​သုံး​ရက်​မြောက်​သော​နေ့​၌​လူ​သား​သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 34 သို့​ရာ​တွင်​တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏ စ​ကား​တစ်​ခွန်း​ကို​မျှ​နား​မ​လည်​ကြ။ ထို စ​ကား​များ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​သည်​ကွယ်​ဝှက် လျက်​နေ​သ​ဖြင့် ကိုယ်​တော်​၏​မိန့်​တော်​မူ​ချက် ကို​နား​မ​လည်​ကြ။ \s1 မျက်​မ​မြင်​သူ​တောင်း​စား​ကို မျက်​စိ​မြင်​စေ​တော်​မူ​ခြင်း \r (မ၊ ၂၀:၂၉-၃၄။ မာ၊ ၁၀:၄၆-၅၂) \p \v 35 သ​ခင်​ယေ​ရှု​သည်​ယေ​ရိ​ခေါ​မြို့​အ​နီး​သို့ ရောက်​တော်​မူ​သော​အ​ခါ မျက်​မ​မြင်​တစ်​ဦး သည်​လမ်း​နား​မှာ​ထိုင်​၍​တောင်း​စား​လျက်​နေ​၏။- \v 36 သူ​သည်​လူ​ပ​ရိ​သတ်​များ​သွား​ကြ​သံ​ကို ကြား​လျှင်​အ​ကြောင်း​ကို​စုံ​စမ်း​မေး​မြန်း​၏။ \p \v 37 လူ​တို့​က​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကြွ​လာ တော်​မူ​လျက်​ရှိ​ကြောင်း​ပြော​ကြ​၏။ \p \v 38 ထို​သူ​က ``ဒါ​ဝိဒ်​၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ် ကို​သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော်​၏။ \p \v 39 ရှေ့​တွင်​ရှိ​သည့်​လူ​များ​က​သူ့​အား​တိတ်​တိတ် နေ​ရန်​ငေါက်​ငမ်း​ပြော​ဆို​ကြ​၏။ သို့​သော်​လည်း သူ​သည် ``ဒါ​ဝိဒ်​၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို သ​နား​တော်​မူ​ပါ'' ဟု​ပို​၍​ပင်​ဟစ်​အော်​လေ​၏။ \p \v 40 သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​သည်​ရပ်​တန့်​တော်​မူ လျက် ``ထို​သူ​အား​ခေါ်​ခဲ့​ပါ'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​အ​နီး​သို့​ရောက်​လျှင်၊- \v 41 ကိုယ်​တော်​က ``သင့်​အ​တွက်​အ​ဘယ်​အ​ရာ​ကို ပြု​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p မျက်​မ​မြင်​က ``အ​ရှင်၊ အ​ကျွန်ုပ်​အား​မျက်​စိ မြင်​စေ​တော်​မူ​ပါ'' ဟု​လျှောက်​၏။ \p \v 42 သ​ခင်​ယေ​ရှု​က ``မျက်​စိ​မြင်​စေ။ သင်​၏ ယုံ​ကြည်​ခြင်း​သည်​သင့်​မျက်​စိ​ကို​မြင်​စေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ \p \v 43 ထို​ခ​ဏ​၌​သူ​သည်​မျက်​စိ​မြင်​လာ​၏။ ထို​နောက် ဘု​ရား​သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​ကူး လျက် ကိုယ်​တော်​၏​နောက်​သို့​လိုက်​လေ​၏။ ထို​အ​ခြင်း အ​ရာ​ကို​မြင်​လျှင် လူ​အ​ပေါင်း​တို့​သည်​ဘု​ရား သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​ကုန်​၏။ \c 19 \s1 သ​ခင်​ယေ​ရှု​နှင့်​ဇက္ခဲ \p \v 1 သ​ခင်​ယေ​ရှု​သည်​ယေ​ရိ​ခေါ​မြို့​ကို​ဖြတ်​၍ ကြွ​တော်​မူ​၏။- \v 2 ထို​အ​ရပ်​တွင်​ဇက္ခဲ​နာ​မည်​ရှိ​သော​အ​ကောက်​ခွန် မှူး​တစ်​ယောက်​ရှိ​၏။ သူ​သည်​ချမ်းသာ​ကြွယ်​ဝ​သူ ဖြစ်​၏။- \v 3 သ​ခင်​ယေ​ရှု​ကား​အ​ဘယ်​သူ​ဖြစ်​သည်​ကို​တွေ့ မြင်​လို​သ​ဖြင့်​ကြိုး​စား​၍​ကြည့်​၏။ သို့​ရာ​တွင် အ​ရပ်​ပု​သူ​ဖြစ်​သည့်​အ​လျောက် လူ​ပ​ရိ​သတ် များ​ကွယ်​လျက်​နေ​သ​ဖြင့်​ကိုယ်​တော်​ကို​မ​မြင် နိုင်။- \v 4 ထို့​ကြောင့်​ကိုယ်​တော်​ကို​တွေ့​မြင်​နိုင်​ရန်​ကြွ​တော် မူ​မည့်​လမ်း​အ​တိုင်း​ရှေ့​သို့​ပြေး​၍ သ​ဖန်း​ပိုး စာ​ပင်​ပေါ်​ကို​တက်​၏။- \v 5 ကိုယ်​တော်​သည်​ထို​နေ​ရာ​သို့​ရောက်​သော​အ​ခါ မော်​၍​ကြည့်​တော်​မူ​ပြီး​လျှင် ``ဇက္ခဲ၊ အ​မြန်​ဆင်း ခဲ့​လော့။ ယ​နေ့​သင်​၏​အိမ်​တွင်​ငါ​တည်း​ခို​မည်'' ဟု မိန့်​တော်​မူ​၏။ \p \v 6 ဇက္ခဲ​သည်​သစ်​ပင်​ပေါ်​မှ​အ​မြန်​ဆင်း​၍ ကိုယ်​တော်​အား​ဝမ်း​မြောက်​စွာ​ကြို​ဆို​၏။- \v 7 ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​သော​အ​ခါ​လူ​တို့ က ``ထို​သူ​သည်​အ​ပြစ်​ကူး​သူ​တစ်​ယောက်​၏ အိမ်​တွင်​တည်း​ခို​ရန်​သွား​လေ​ပြီ​တ​ကား'' ဟု ညည်း​ညူ​ကြ​၏။ \p \v 8 ဇက္ခဲ​သည်​ရပ်​လျက်​သ​ခင်​ဘု​ရား​အား ``အ​ရှင်၊ အ​ကျွန်ုပ်​၏​ဥစ္စာ​ပစ္စည်း​တစ်​ဝက်​ကို​ဆင်း​ရဲ​သူ တို့​အား​ပေး​ကမ်း​ပါ​မည်။ အ​ကယ်​၍​အ​ကျွန်ုပ် သည်​လူ​တစ်​စုံ​တစ်​ယောက်​ထံ​မှ မ​တ​ရား တောင်း​ယူ​ထား​မိ​သော​ငွေ​ရှိ​ပါ​လျှင် ထို​ငွေ ၏​လေး​ဆ​ကို​ပြန်​၍​ပေး​ပါ​မည်'' ဟု​လျှောက်​၏။ \p \v 9 သ​ခင်​ယေ​ရှု​က ``ဤ​သူ​သည်​လည်း​အာ​ဗြ​ဟံ ၏​သား​မြေး​ဖြစ်​သ​ဖြင့်​ကယ်​တင်​ခြင်း​ကျေး​ဇူး သည်​ယ​နေ့​ပင်​ဤ​အိမ်​ပေါ်​သို့​သက်​ရောက်​လေ​ပြီ။- \v 10 လူ​သား​သည်​ပျောက်​ဆုံး​သူ​များ​ကို​ရှာ​ရန် နှင့်​ကယ်​တင်​ရန်​ကြွ​လာ​သ​တည်း'' ဟု​ဇက္ခဲ အား​မိန့်​တော်​မူ​၏။\x + \xo 19:10 \xt မ၊ ၁၈:၁၁။\x* \s1 ရွှေ​ဒင်္ဂါး​ပုံ​ဥ​ပ​မာ \r (မ၊ ၂၅:၁၄-၃၀) \p \v 11-12 ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ရောက်​တော်​မူ​သ​ဖြင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​ပေါ်​ထွန်း​တော့​မည်​ဟု​ထင်​မှတ်​ကြ သော​ကြောင့် အ​ထက်​တ​ရား​စ​ကား​များ ကို​ကြား​နာ​နေ​သူ​တို့​အား ပုံ​ဥ​ပ​မာ​ဆောင် ၍ ``မင်း​ညီ​မင်း​သား​တစ်​ပါး​သည်​ရှင်​ဘု​ရင် အ​ရာ​ကို​ခံ​ယူ​၍​ပြန်​လာ​ရန်​တိုင်း​တစ်​ပါး သို့​သွား​၏။-\x + \xo 19:11-12 \xt မ၊ ၂၅:၁၄-၃၀။\x* \v 13 ခ​ရီး​မ​ပြု​မီ​မိ​မိ​၏​အ​စေ​ခံ​ဆယ်​ယောက်​ကို ခေါ်​ယူ​ကာ `ငါ​ပြန်​လာ​သည်​အ​ထိ​ကုန်​သွယ် လျက်​နေ​ကြ​လော့' ဟု​ဆို​၍​ရွှေ​ဒင်္ဂါး​တစ်​ပြား စီ​ပေး​၏။- \v 14 သို့​ရာ​တွင်​သူ​၏​ပြည်​သူ​ပြည်​သား​တို့​သည် သူ့​ကို​မုန်း​ကြ​သ​ဖြင့် `ထို​သူ​၏​အ​အုပ်​အ​ချုပ် ကို​ငါ​တို့​မ​ခံ​လို' ဟု​စေ​တ​မန်​များ​ကို​သူ့ နောက်​သို့​လွှတ်​၍​လျှောက်​ထား​စေ​၏။ \p \v 15 ထို​သူ​ကား​ဘု​ရင်​အ​ရာ​ကို​ခံ​ယူ​၍​ပြန်​လာ​၏။ သူ​သည်​ချက်​ချင်း​ပင်​မိ​မိ​ရင်း​နှီး​ငွေ​ပေး​ခဲ့​သည့် အ​စေ​ခံ​များ​ကို ကုန်​သွယ်​၍​အ​ဘယ်​မျှ​လောက် အ​မြတ်​ရ​သည်​ကို​သိ​လို​သ​ဖြင့်​သူ​တို့​အား ဆင့်​ခေါ်​၏။- \v 16 ပ​ထ​မ​အ​စေ​ခံ​သည်​လာ​၍`အ​ရှင်၊ အ​ရှင်​ပေး ခဲ့​သည့်​ရွှေ​ဒင်္ဂါး​တစ်​ပြား​ဖြင့်​အ​မြတ်​ဆယ်​ပြား ရ​ပါ​သည်' ဟု​လျှောက်​၏။- \v 17 မင်း​ကြီး​က `ကောင်း​လေ​စွ၊ သင်​သည်​အ​စေ​ခံ ကောင်း​တစ်​ယောက်​ဖြစ်​ပေ​၏။ သေး​ငယ်​သော​အ​မှု တွင်​သစ္စာ​ရှိ​သူ​ဖြစ်​သ​ဖြင့် သင့်​အား​ငါ​သည်​မြို့ ကြီး​ဆယ်​မြို့​ကို​အ​ပိုင်​စား​ပေး​၏' ဟု​မိန့်​တော် မူ​၏။- \v 18 ဒု​တိ​ယ​အ​စေ​ခံ​သည်​လည်း​လာ​၍ `အ​ရှင်၊ အ​ရှင် ပေး​ခဲ့​သည့်​ရွှေ​ဒင်္ဂါး​တစ်​ပြား​ဖြင့်​အ​မြတ်​ငါး​ပြား ရ​ပါ​သည်' ဟု​လျှောက်​၏။- \v 19 မင်း​ကြီး​က `သင့်​အား​လည်း​မြို့​ကြီး​ငါး​မြို့ ကို​အ​ပိုင်​စား​ပေး​၏' ဟု​ဆို​၏။- \v 20 အ​ခြား​သော​အ​စေ​ခံ​သည်​လာ​၍ `အ​ရှင်၊ အ​ရှင် ပေး​ခဲ့​သည့်​ရွှေ​ဒင်္ဂါး​ဤ​မှာ​ရှိ​ပါ​၏။ ထို​ငွေ​ကို အ​ကျွန်ုပ်​သည်​အ​ဝတ်​ဖြင့်​ထုပ်​၍​သိမ်း​ဆည်း ထား​ပါ​၏။- \v 21 အ​ရှင်​သည်​ခက်​ထန်​သူ​ဖြစ်​သ​ဖြင့်​အ​ရှင့် အား​ကျွန်ုပ်​ကြောက်​ရွံ့​ပါ​၏။ အ​ရှင်​သည်​မိ​မိ မ​ပိုင်​သည့်​အ​ရာ​ကို​သိမ်း​ယူ​တတ်​ပါ​၏။ မိ​မိ မ​စိုက်​မ​ပျိုး​သည့်​အ​သီး​အ​နှံ​ကို​ရိတ်​သိမ်း တတ်​ပါ​၏' ဟု​လျှောက်​၏။- \v 22 မင်း​ကြီး​က `အ​ချင်း​အ​စေ​ခံ​ဆိုး၊ သင့်​နှုတ်​ထွက် စ​ကား​အ​တိုင်း​သင့်​ကို​ငါ​စီ​ရင်​မည်။ ငါ​သည် ခက်​ထန်​သူ​ဖြစ်​၍​မိ​မိ​မ​ပိုင်​သည့်​အ​ရာ​ကို သိမ်း​ယူ​တတ်​သည်​ကို​လည်း​ကောင်း၊ မိ​မိ​မ​စိုက် မ​ပျိုး​သည့်​အ​သီး​အ​နှံ​ကို​ရိတ်​သိမ်း​တတ် သည်​ကို​လည်း​ကောင်း​သိ​ပါ​လျက်​နှင့်။- \v 23 ငါ​ပေး​သည့်​ငွေ​ကို​ငါ​ပြန်​လာ​ချိန်​အ​တိုး​နှင့် တ​ကွ​ပြန်​လည်​ပေး​ဆပ်​နိုင်​ရန်​အ​ဘယ်​ကြောင့် ဘဏ်​တွင်​အပ်​နှံ​၍​မ​ထား​သ​နည်း' ဟု​မေး​၏။- \v 24 အ​နီး​တွင်​ရပ်​နေ​သူ​များ​အား​မင်း​ကြီး​က `ထို သူ​ထံ​မှ​ရွှေ​ဒင်္ဂါး​ကို​ယူ​၍​ရွှေ​ဒင်္ဂါး​ဆယ်​ပြား ရှိ​သူ​အား​ပေး​ကြ​လော့' ဟု​မိန့်​တော်​မူ​လျှင်။- \v 25 လူ​တို့​က `အ​ရှင်​ထို​သူ​ထံ​တွင်​ရွှေ​ဒင်္ဂါး​ဆယ် ပြား​ရှိ​ပြီး​ဖြစ်​ပါ​၏' ဟု​လျှောက်​ကြ​၏။- \v 26 မင်း​ကြီး​က `သင်​တို့​အား​ငါ​ဆို​သည်​ကား ကြွယ်​ဝ​ချမ်း​သာ​သော​သူ​အား​ထပ်​၍​ပေး​ဦး မည်။ ဆင်း​ရဲ​သော​သူ​ထံ​မှ​ရှိ​သ​မျှ​ကို​ပင် သိမ်း​ယူ​မည်။-\x + \xo 19:26 \xt မ၊ ၁၃:၁၂။ မာ၊ ၄:၂၅။ လု၊ ၈:၁၈။\x* \v 27 ထို​မှ​တစ်​ပါး​ငါ​၏​အ​အုပ်​အ​ချုပ်​ကို​မ​ခံ လို​သော​ငါ​၏​ရန်​သူ​များ​အား​ခေါ်​၍ ငါ​၏​ရှေ့ မှောက်​တွင်​ကွပ်​မျက်​လော့' ဟု​စီ​ရင်​တော်​မူ​သည်'' ဟု​မိန့်​တော်​မူ​၏။ \s1 အောင်​ပွဲ​အ​ခမ်း​အ​နား​နှင့် ယေ​ရု​ရှ​လင်​မြို့​ကို​ဝင်​တော်​မူ​ခြင်း \r (မ၊ ၂၁:၁-၁၁။ မာ၊ ၁၁:၁-၁၁။ ယော၊ ၁၂:၁၂-၁၉) \p \v 28 ထို​သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​တ​ပည့်​တော်​တို့​၏​ရှေ့ က​ကြွ​တော်​မူ​၏။- \v 29 သံ​လွင်​နာ​မည်​တွင်​သော​တောင်​အ​နီး​ရှိ​ဗက်​ဖာ ဂေ​နှင့်​ဗေ​သ​နိ​ရွာ​များ​အ​နီး​သို့​ရောက်​တော်​မူ သော​အ​ခါ တ​ပည့်​တော်​နှစ်​ယောက်​တို့​အား``သင် တို့​ရှေ့​တွင်​ရှိ​သော​ရွာ​သို့​သွား​ကြ​လော့။- \v 30 ရွာ​ကို​ဝင်​လျှင်​ဝင်​ချင်း​မည်​သူ​မျှ​မ​စီး​ဘူး​သေး သော​မြည်း​က​လေး​တစ်​ကောင်​ကို​တွေ့​လိမ့်​မည်။ ထို​မြည်း​ကို​ကြိုး​ဖြင့်​လှန်​ထား​၏။ ကြိုး​ဖြေ​၍ မြည်း​ကို​ယူ​ခဲ့​လော့။- \v 31 အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်​က​သင်​တို့ အား `အ​ဘယ်​ကြောင့်​မြည်း​ကို​ဖြေ​သ​နည်း' ဟု မေး​လျှင် `ထို​မြည်း​ကို​အ​ကျွန်ုပ်​တို့​သ​ခင် အ​သုံး​ပြု​လို​ပါ​သည်' ဟု​ဖြေ​ကြ​လော့'' ဟု​မှာ​ကြား​စေ​လွှတ်​တော်​မူ​၏။ \p \v 32 စေ​လွှတ်​ခြင်း​ခံ​ရ​သူ​တို့​သည်​လည်း​သွား​ကြ သော​အ​ခါ ကိုယ်​တော်​မိန့်​ကြား​တော်​မူ​သည့် အ​တိုင်း​အ​ရာ​ခပ်​သိမ်း​ကို​တွေ့​မြင်​ကြ​၏။ - \v 33 သူ​တို့​သည်​မြည်း​ကြိုး​ကို​ဖြေ​နေ​စဉ်​မြည်း​ရှင် က ``သင်​တို့​အ​ဘယ်​ကြောင့်​မြည်း​ကြိုး​ကို​ဖြေ သ​နည်း'' ဟု​မေး​၏။ \p \v 34 သူ​တို့​က ``ထို​မြည်း​ကို​အ​ကျွန်ုပ်​တို့​သ​ခင် အ​သုံး​ပြု​လို​ပါ​သည်'' ဟု​ဖြေ​ကြား​၏။- \v 35 ထို​နောက်​မြည်း​ကို​သ​ခင်​ယေ​ရှု​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ​၏။ မြည်း​၏​ကျော​ပေါ်​မှာ​မိ​မိ​တို့ ၏​အ​ဝတ်​များ​ကို​လွှမ်း​တင်​ကာ သ​ခင်​ယေ​ရှု အား​ထို​မြည်း​ကို​စီး​စေ​ကြ​၏။- \v 36 ကိုယ်​တော်​မြည်း​စီး​၍​ကြွ​တော်​မူ​စဉ်​လူ​တို့ သည် မိ​မိ​တို့​၏​အ​ဝတ်​များ​ကို​လမ်း​ပေါ်​မှာ ဖြန့်​ခင်း​ကြ​၏။ \p \v 37 ယေ​ရု​ရှ​လင်​မြို့​သို့​ကိုယ်​တော်​ချဉ်း​ကပ်​လာ စဉ်​သံ​လွင်​တောင်​အ​ဆင်း​လမ်း​တွင်​တ​ပည့် နောက်​လိုက်​ပ​ရိ​သတ်​ကြီး​သည် မိ​မိ​တို့​တွေ့ မြင်​ခဲ့​ရ​သည့်​အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​အ​ပေါင်း အ​တွက်​ဝမ်း​မြောက်​ရွှင်​လန်း​လျက် ဘု​ရား​သ​ခင် ၏​ဂုဏ်​တော်​ကို​အ​သံ​ကျယ်​စွာ​ချီး​ကူး​ကြ ၏။- \v 38 ထို​သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​နှင့် ကြွ​လာ​သော​ဘု​ရင်​သည်​မင်္ဂလာ​ရှိ​တော်​မူ​စေ သ​တည်း။ ကောင်း​ကင်​ဘုံ​တွင်​ငြိမ်​သက်​ခြင်း​ရှိ စေ​သ​တည်း။ ဘုရား​သခင်​သည်​ဘုန်း​ကြီး​တော်​မူ စေ​သ​တည်း'' ဟု​ကြွေး​ကြော်​ကြ​၏။\x + \xo 19:38 \xt ဆာ၊ ၁၁၈:၂၆။\x* \p \v 39 ထို​အ​ခါ​လူ​ပ​ရိ​သတ်​အ​ထဲ​မှ​ဖာ​ရိ​ရှဲ​အ​ချို့ တို့​က ``ဆ​ရာ​တော်၊ ကိုယ်​တော်​၏​တ​ပည့်​တော် များ​အား​တိတ်​ဆိတ်​စေ​ရန်​ဆုံး​မ​တော်​မူ​ပါ'' ဟု ကိုယ်​တော်​အား​လျှောက်​ထား​ကြ​၏။ \p \v 40 ကိုယ်​တော်​က ``သင်​တို့​အား​ငါ​ဆို​သည်​ကား ဤ​သူ​တို့​တိတ်​ဆိတ်​စွာ​နေ​ကြ​လျှင်​ကျောက် ခဲ​များ​က​ကြွေး​ကြော်​ကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ \s1 ယေ​ရု​ရှ​လင်​မြို့​အ​တွက်​ငို​ကြွေး​တော်​မူ​ခြင်း \p \v 41 ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့​ရောက် ၍ ထို​မြို့​ကို​မြင်​တော်​မူ​လျှင်​ငို​ကြွေး​တော်​မူ​၏။- \v 42 ကိုယ်​တော်​က ``အ​ချင်း​မြို့၊ သင်​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ကို​ရ​စေ​သည့်​လမ်း​ကို​ယ​နေ့​သိ မြင်​လျှင်​မင်္ဂ​လာ​ရှိ​၏။ သို့​ရာ​တွင်​ထို​လမ်း​ကို သင်​သည်​မ​သိ​မ​မြင်​နိုင်။- \v 43 ရန်​သူ​များ​သည်​သင့်​အား​ရင်​တား​ဖြင့်​ကာ​ဆီး လျက် အ​ဘက်​ဘက်​မှ​ဝိုင်း​ရံ​ပိတ်​ဆို့​နေ​သည့် အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။- \v 44 သူ​တို့​သည်​သင့်​ကို​လည်း​ကောင်း၊ သင်​၏​မြို့​ရိုး အ​တွင်း​ရှိ​လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဖျက် ဆီး​သုတ်​သင်​ကြ​လိမ့်​မည်။ ကျောက်​တစ်​ချပ် ပေါ်​တစ်​ချပ်​မျှ​တင်​၍​နေ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​သည်​မိ​မိ​အား ကယ်​တင်​ရန် ဘု​ရား​သ​ခင်​ကြွ​လာ​သည့် အ​ချိန်​ကာ​လ​ကို​မ​သိ​မ​မြင်​သော​ကြောင့် ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ \s1 ဗိ​မာန်​တော်​သို့​ကြွ​တော်​မူ​ခြင်း \r (မ၊ ၂၁:၁၂-၁၇။ မာ၊ ၁၁:၁၅-၁၉။ ယော၊ ၂:၁၃-၂၂။) \p \v 45-46 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​သို့ ဝင်​တော်​မူ​၏။ ကိုယ်​တော်​က `ငါ​၏​အိမ်​တော်​ကို ဆု​တောင်း​ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​ဟု​ခေါ်​ဝေါ် လတ္တံ့' ဟု​ကျမ်း​စာ​လာ​သည်​မ​ဟုတ်​လော။ သို့ ရာ​တွင်​သင်​တို့​သည်​အိမ်​တော်​ကို​ဋ္ဌား​ပြ​ခို အောင်း​ရာ​ဖြစ်​စေ​ကြ​ပြီ'' ဟု​ဆို​၍​ဗိ​မာန် တော်​အ​တွင်း​မှာ​ရောင်း​ဝယ်​နေ​သူ​တို့​ကို နှင်​ထုတ်​တော်​မူ​၏။\x + \xo 19:45-46 \xt ဟေရှာ၊ ၅၆:၇။ ယေ၊ ၇:၁၁။\x* \p \v 47 ကိုယ်​တော်​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​၌ ဟော​ပြော​သွန်​သင်​တော်​မူ​၏။ ယဇ်​ပု​ရော​ဟိတ် ကြီး​များ​ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ယု​ဒ အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည် ကိုယ်​တော် ကို​သတ်​ရန်​အ​ခွင့်​ရှာ​လျက်​နေ​ကြ​၏။-\x + \xo 19:47 \xt လု၊ ၂၁:၃၇။\x* \v 48 သို့​ရာ​တွင်​လူ​အ​ပေါင်း​တို့​က​ကိုယ်​တော်​၏ တ​ရား​စ​ကား​များ​ကို​အ​ထူး​အာ​ရုံ​စိုက်​၍ နာ​ယူ​နေ​ကြ​သော​ကြောင့်​ကိုယ်​တော်​အား အ​ဘယ်​နည်း​ဖြင့်​သတ်​ရ​မည်​ကို​မ​သိ​ကြ။ \c 20 \s1 သ​ခင်​ယေ​ရှု​၏​အ​ခွင့်​အာ​ဏာ​ကို စစ်​ဆေး​မေး​မြန်း​ကြ​ခြင်း \r (မ၊ ၂၁:၂၃-၂၇။ မာ၊ ၁၁:၂၇-၃၃) \p \v 1 တစ်​နေ့​သ​၌​ကိုယ်​တော်​သည်​ဗိ​မာန်​တော်​တွင် လူ​တို့​အား​ဆုံး​မ​သြ​ဝါ​ဒ​ပေး​၍ သ​တင်း ကောင်း​ကို​ဟော​ပြော​လျက်​နေ​တော်​မူ​စဉ်​ယဇ် ပု​ရော​ဟိတ်​ကြီး​များ၊ ကျမ်း​တတ်​ဆ​ရာ​များ နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည်​အ​ထံ တော်​ကို​လာ​ကြ​၏။- \v 2 သူ​တို့​က ``အ​ရှင်​သည်​ဤ​အ​မှု​အ​ရာ​များ ကို အ​ဘယ်​အ​ခွင့်​အာ​ဏာ​အ​ရ​ပြု​တော်​မူ ပါ​သ​နည်း။ ထို​အ​ခွင့်​အာ​ဏာ​ကို​အ​ရှင့်​အား အ​ဘယ်​သူ​အပ်​နှင်း​ပါ​သ​နည်း'' ဟု​လျှောက် ထား​မေး​မြန်း​ကြ​၏။ \p \v 3 ကိုယ်​တော်​က ``ငါ​သည်​လည်း​သင်​တို့​အား မေး​ခွန်း​တစ်​ခု​ကို​မေး​ဦး​မည်။- \v 4 ယော​ဟန်​ဗတ္တိ​ဇံ​ပေး​သည်​မှာ​ဘု​ရား​သ​ခင် ၏​အ​ခွင့်​အာ​ဏာ​အ​ရ​လော၊ လူ​တို့​၏​အ​ခွင့် အာ​ဏာ​အ​ရ​လော၊ ငါ့​အား​ဖြေ​ကြား​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 5 သူ​တို့​သည် ``အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​အ​ခွင့် အာ​ဏာ​အ​ရ​ဟု​ငါ​တို့​ဆို​လျှင်`ယော​ဟန်​ကို သင်​တို့​အ​ဘယ်​ကြောင့်​မ​ယုံ​ကြည်​ကြ​သ​နည်း' ဟု​မေး​လိမ့်​မည်။- \v 6 သို့​ရာ​တွင်​လူ​တို့​အ​ခွင့်​အာ​ဏာ​အ​ရ​ဟု ငါ​တို့​ဆို​လျှင် လူ​အ​ပေါင်း​တို့​က​ယော​ဟန် ကို​ပ​ရော​ဖက်​တစ်​ပါး​ဟု​အ​မှန်​ပင်​ယုံ​ကြည် ကြ​သ​ဖြင့် ငါ​တို့​အား​ခဲ​နှင့်​ပေါက်​ကြ​လိမ့် မည်'' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​ကြ​၏။- \v 7 ထို့​ကြောင့်​သူ​တို့​က ``မည်​သူ့​အ​ခွင့်​အာ​ဏာ အ​ရ​ပေး​သည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ပါ'' ဟု ဖြေ​ကြား​ကြ​၏။ \p \v 8 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က `ငါ​ပြု​သည့်​အ​မှု အ​ရာ​များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​အ​ရ ပြု​သည်​ကို​လည်း သင်​တို့​အား​ငါ​မ​ပြော' ဟု မိန့်​တော်​မူ​၏။ \s1 စ​ပျစ်​ဥ​ယျာဉ်​သီး​စား​များ​ပုံ​ဥ​ပ​မာ \r (မ၊ ၂၁:၃၃-၄၆။ မာ၊ ၁၂:၁-၁၂) \p \v 9 ထို့​နောက်​ကိုယ်​တော်​သည်​လူ​တို့​အား​ဤ​ပုံ ဥ​ပ​မာ​ကို​မိန့်​ကြား​တော်​မူ​၏။ ကိုယ်​တော် က ``လူ​တစ်​ယောက်​သည်​စ​ပျစ်​ဥ​ယျာဉ်​တစ် ခု​ကို​စိုက်​ပျိုး​၍​သီး​စား​ချ​၏။ ထို​နောက် နိုင်​ငံ​ရပ်​ခြား​သို့​ကာ​လ​အ​တော်​ကြာ သွား​၍​နေ​၏။-\x + \xo 20:9 \xt ဟေရှာ၊ ၅:၁။\x* \v 10 အ​ချိန်​တန်​သော်​ကျွန်​တစ်​ယောက်​ကို​ခြံ​သမား များ​ထံ​သို့​စေ​လွှတ်​၍​သီး​စား​ခ​ကို​တောင်း​ခံ စေ​၏။ သို့​ရာ​တွင်​ခြံ​သ​မား​တို့​သည်​ထို​ကျွန် ကို​ရိုက်​၍ လက်​ချည်း​သက်​သက်​ပြန်​လွှတ်​လိုက် ကြ​၏။- \v 11 ထို​နောက်​ဥ​ယျာဉ်​ရှင်​သည်​အ​ခြား​ကျွန်​တစ် ယောက်​ကို​စေ​လွှတ်​ပြန်​၏။ သို့​ရာ​တွင်​ခြံ​သ​မား တို့​သည်​သူ့​ကို​လည်း​ရိုက်​၍​အ​ရှက်​ခွဲ​ပြီး​လျှင် လက်​ချည်း​သက်​သက်​ပြန်​လွှတ်​လိုက်​ကြ​၏။- \v 12 နောက်​တစ်​ဖန်​ဥ​ယျာဉ်​ရှင်​သည်​တ​တိ​ယ​ကျွန် ကို​စေ​လွှတ်​၏။ သို့​ရာ​တွင်​ခြံ​သ​မား​တို့​သည် ထို​ကျွန်​ကို​လည်း​ဒဏ်​ရာ​များ​ရ​စေ​ပြီး​နောက် အ​ပြင်​သို့​နှင်​ထုတ်​လိုက်​ကြ​၏။- \v 13 ဥ​ယျာဉ်​ရှင်​သည် `ငါ​အ​ဘယ်​သို့​ပြု​ရ​အံ့​နည်း။ ငါ​၏​တစ်​ဦး​တည်း​သော​သား​ကို​စေ​လွှတ်​မည်။ သူ့​ကို​တွေ့​လျှင်​ခြံ​သ​မား​တို့​လေး​စား​ကြ ရာ​၏' ဟု​ဆို​၏။- \v 14 သို့​ရာ​တွင်​ဥ​ယျာဉ်​ရှင်​၏​သား​ရောက်​လာ​သော အ​ခါ​ခြံ​သ​မား​တို့​က `ဤ​သူ​သည်​ဥ​ယျာဉ်​ရှင် ၏​အ​မွေ​စား​အ​မွေ​ခံ​ဖြစ်​၏။ ငါ​တို့​ဥ​ယျာဉ် ကို​အ​မွေ​ခံ​ရ​အောင်​သူ့​အား​သတ်​ကြ​ကုန် အံ့' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​ပြော​ဆို​လျက်။- \v 15 ဥ​ယျာဉ်​ရှင်​၏​သား​ကို​အ​ပြင်​သို့​ထုတ်​ပြီး လျှင်​သတ်​ပစ်​ကြ​၏။ \p ထို​အ​ခါ​ဥ​ယျာဉ်​ရှင်​သည်​ခြံ​သ​မား​များ အား​အ​ဘယ်​သို့​ပြု​လိမ့်​မည်​နည်း။- \v 16 သူ​သည်​လာ​၍​ထို​သူ​တို့​ကို​သတ်​ပြီး​သော် စ​ပျစ်​ဥ​ယျာဉ်​ကို​အ​ခြား​သူ​များ​သို့​ပေး အပ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p ထို​စ​ကား​ကို​ကြား​သော​အ​ခါ​သူ​တို့ က ``ဘု​ရား​မ​၍​ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်'' ဟု​ဆို​ကြ​၏။ \p \v 17 ကိုယ်​တော်​သည်​လူ​တို့​ကို​ကြည့်​ရှု​တော်​မူ​လျက်၊ \q1 `တိုက်​ကို​တည်​ဆောက်​သူ​တို့​ပယ်​ထား​သည့်​ကျောက် သည် \q2 အ​ရေး​အ​ကြီး​ဆုံး​ဖြစ်​သော​ထောင့်​ချုပ်​ကျောက် ဖြစ်​လာ​ရ​၏' \m ဟူ​သော​ကျမ်း​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကား အ​သို့​နည်း။\x + \xo 20:17 \xt ဆာ၊ ၁၁၈:၂၂။\x* \p \v 18 ထို​ကျောက်​အ​ပေါ်​သို့​ကျ​သော​သူ​သည်​အ​ပိုင်း ပိုင်း​ကျိုး​လိမ့်​မည်။ ထို​ကျောက်​အ​ကျ​ခံ​ရ​သော သူ​သည်​ညက်​ညက်​ကြေ​၍​သွား​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ \s1 အ​ခွန်​တော်​ဆက်​သ​မှု​ပြ​ဿ​နာ \r (မ၊ ၂၂:၁၅-၂၂။ မာ၊ ၁၂:၁၃-၁၇) \p \v 19 ကျမ်း​တတ်​ဆ​ရာ​နှင့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ သည် မိ​မိ​တို့​ကို​ရည်​စူး​၍​ဤ​ပုံ​ဥ​ပ​မာ​ကို မိန့်​တော်​မူ​ကြောင်း​သိ​ကြ​သ​ဖြင့် ချက်​ချင်း ပင်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန်​ကြံ​စည်​ကြ​၏။ သို့​ရာ​တွင်​လူ​တို့​ကို​ကြောက်​ကြ​၏။- \v 20 ထို့​ကြောင့်​အ​ခွင့်​ကောင်း​ကို​စောင့်​နေ​ကြ​၏။ သူ​တို့ သည်​ကိုယ်​တော်​၏​စ​ကား​တွင်​အ​မှား​ကို​ရှာ​ပြီး လျှင် ကိုယ်​တော်​အား​ဘု​ရင်​ခံ​မင်း​၏​လက်​သို့ အပ်​နိုင်​ရန်​သူ​တော်​ကောင်း​ဖြစ်​ယောင်​ဆောင်​သော သူ​လျှို​များ​ကို​အ​ထံ​တော်​သို့​စေ​လွှတ်​ကြ​၏။- \v 21 သူ​လျှို​တို့​က ``ဆ​ရာ​တော်၊ အ​ရှင်​ဟော​ပြော သွန်​သင်​တော်​မူ​သော​အ​ရာ​များ​မှန်​ကန်​ကြောင်း ကို​အ​ကျွန်ုပ်​တို့​သိ​ပါ​၏။ အ​ရှင်​သည်​မျက်​နှာ ကြီး​ငယ်​မ​လိုက်၊ ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း ကို​သာ​ဟုတ်​မှန်​သည်​အ​တိုင်း​သွန်​သင်​တော် မူ​ပါ​၏။- \v 22 အ​ကျွန်ုပ်​တို့​သည်​ကဲ​သာ​ဘု​ရင်​အား​အ​ခွန် ဆက်​အပ်​သ​လော၊ မ​ဆက်​အပ်​သ​လော'' ဟု မေး​လျှောက်​ကြ​၏။ \p \v 23 ကိုယ်​တော်​သည်​ထို​သူ​တို့​၏​ပ​ရိ​ယာယ်​ကို သိ​မြင်​တော်​မူ​သ​ဖြင့်။- \v 24 ``ဒင်္ဂါး​တစ်​ပြား​ကို​ငါ့​အား​ပြ​ကြ​လော့။ ဤ ဒင်္ဂါး​တွင်​မည်​သူ့​ရုပ်​ပုံ၊ မည်​သူ့​ကမ္ပည်း​လိပ်​စာ ပါ​ရှိ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p သူ​တို့​က ``ကဲ​သာ​ဘု​ရင်​၏​ပုံ၊ ကဲ​သာ​ဘု​ရင် ၏​ကမ္ပည်း​လိပ်​စာ​ပါ​ရှိ​ပါ​သည်'' ဟု​ပြန်​၍ လျှောက်​ကြ​၏။ \p \v 25 ကိုယ်​တော်​က ``ကဲ​သာ​ဘု​ရင်​ပိုင်​သည့်​အ​ရာ​ကို ကဲ​သာ​ဘု​ရင်​အား​ဆက်​ကြ​လော့။ ဘု​ရား​သ​ခင် ပိုင်​သည့်​အ​ရာ​ကို​ဘု​ရား​သ​ခင်​အား​ဆက်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 26 သူ​တို့​သည်​လူ​တို့​ရှေ့​၌​ကိုယ်​တော်​၏​စ​ကား တွင်​အ​မှား​ရှာ​၍​မ​ရ​သ​ဖြင့် ကိုယ်​တော်​ဖြေ ကြား​တော်​မူ​ပုံ​ကို​အံ့​သြ​လျက်​ဆိတ်​ဆိတ် နေ​ကြ​၏။ \s1 သေ​ခြင်း​မှ​ထ​မြောက်​ခြင်း​ပြ​ဿ​နာ \r (မ၊ ၂၂:၂၃-၃၃။ မာ၊ ၁၂:၁၈-၂၇) \p \v 27 ထို့​နောက်​ဇဒ္ဒု​ကဲ​အ​ချို့​တို့​သည်​အ​ထံ​တော် သို့​ချဉ်း​ကပ်​ကြ​၏။ သူ​တို့​ကား​သေ​ခြင်း​မှ လူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​ဟု​ယုံ ကြည်​သူ​များ​ဖြစ်​ကြ​၏။-\x + \xo 20:27 \xt တ၊ ၂၃:၈။\x* \v 28 သူ​တို့​က ``ဆ​ရာ​တော် `တစ်​စုံ​တစ်​ယောက်​သည် သား​သ​မီး​မ​ရ​ဘဲ​သေ​ဆုံး​သွား​လျှင် ကျန်​ခဲ့ သည့်​ဇနီး​ကို​ညီ​ဖြစ်​သူ​က​ဆက်​ခံ​ထိမ်း​မြား ရ​မည်။ အစ်​ကို​၏​အ​မျိုး​အ​နွယ်​ကို​သူ​၏ ကိုယ်​စား​တိုး​ပွား​စေ​ရ​မည်' ဟု​အ​ကျွန်ုပ်​တို့ အား​မော​ရှေ​မိန့်​မှာ​ခဲ့​ပါ​သည်။-\x + \xo 20:28 \xt တရား၊ ၂၅:၅။\x* \v 29 အခါ​တစ်​ပါး​၌​ညီ​အစ်​ကို​ခု​နစ်​ယောက်​ရှိ ပါ​၏။ အစ်​ကို​ကြီး​သည်​အိမ်​ထောင်​ကျ​သော် လည်း​သား​သ​မီး​မ​ရ။- \v 30 ထို​သူ​သေ​သွား​သော​အ​ခါ​သူ့​ညီ​အ​ကြီး​ဆုံး သည်​မ​ရီး​ဖြစ်​သူ​ကို​ဆက်​ခံ​သိမ်း​ပိုက်​၏။ ထို ညီ​သည်​သား​သ​မီး​မ​ရ​ဘဲ​သေ​ပြန်​၏။- \v 31 ဒု​တိ​ယ​ညီ​သည်​လည်း​ထို​အ​မျိုး​သ​မီး​ကို သိမ်း​ပိုက်​၏။ ထို​နည်း​တူ​စွာ​ညီ​အစ်​ကို​ခု​နစ် ယောက်​စ​လုံး​သား​သ​မီး​မ​ရ​ဘဲ​သေ​သွား ကြ​၏။- \v 32 နောက်​ဆုံး​၌​အ​မျိုး​သ​မီး​သည်​လည်း​သေ​၏။- \v 33 ညီ​အစ်​ကို​ခုနစ်​ယောက်​စ​လုံး​ပင်​သူ​နှင့်​စုံ​ဖက်​ခဲ့ ကြ​သည်​ဖြစ်​၍​သေ​ခြင်း​မှ​ထ​မြောက်​ရာ​နေ့​တွင် ထို​အ​မျိုး​သ​မီး​သည်​မည်​သူ​၏​ဇ​နီး​ဖြစ်​ပါ မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ \p \v 34 သ​ခင်​ယေ​ရှု​က ``ဤ​ဘ​ဝ​၌​လူ​တို့​သည် ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​ပြု​တတ်​ကြ​၏။- \v 35 သို့​ရာ​တွင်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​၍ တ​မ​လွန်​သို့​ဝင်​ထိုက်​သော​သူ​တို့​မူ​ကား ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​မ​ပြု​ကြ​ကုန်။- \v 36 သူ​တို့​သည်​ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့​ဖြစ် သ​ဖြင့်​သေ​နိုင်​ကြ​မည်​မ​ဟုတ်။ သူ​တို့​သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​သူ​များ​ဖြစ် သော​ကြောင့်​ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ် ကြ​၏။ \p \v 37 ``မီး​လျှံ​ထွက်​သည့်​ချုံ​အ​ကြောင်း​ကို​ဖော်​ပြ​ရာ တွင်​မော​ရှေ​က `ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြ​ဟံ ၏​ဘု​ရား၊ ဣ​ဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား ဖြစ်​သည်' ဟု​ဆို​၏။ သို့​ဆို​ရာ​၌​သေ​လွန်​သော သူ​တို့​ရှင်​ပြန်​ထ​မြောက်​ကြောင်း​ကို​ဖော်​ပြ ခြင်း​ပင်​ဖြစ်​၏။-\x + \xo 20:37 \xt ထွ၊ ၃:၆။\x* \v 38 ထို​သူ​တို့​သည်​ကိုယ်​တော်​ရှေ့​တော်​၌ ထာ​ဝ​ရ ကာ​လ​ပတ်​လုံး​အ​သက်​ရှင်​သူ​များ​ဖြစ်​ကြ သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​သေ​လွန်​သူ​တို့ ၏​ဘု​ရား​မ​ဟုတ်။ အ​သက်​ရှင်​နေ​သူ​တို့​၏ ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 39-40 ကျမ်း​တတ်​ဆ​ရာ​အ​ချို့​တို့​သည်​ထပ်​မံ​၍ ကိုယ်​တော်​အား​မ​မေး​မ​လျှောက်​ဝံ့​ကြ။ သူ တို့​သည် ``ဆ​ရာ​တော်၊ အ​ရှင်​မိန့်​တော်​မူ​သော စ​ကား​တို့​သည်​လျောက်​ပတ်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။ \s1 မေ​ရှိ​ယ​ပြ​ဿ​နာ \r (မ၊ ၂၂:၄၁-၄၆။ မာ၊ ၁၂:၃၅-၃၇) \p \v 41 ကိုယ်​တော်​သည်​ထို​သူ​တို့​အား ``မေ​ရှိ​ယ​သည် ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​သည်​ဟု​အ​ဘယ်​ကြောင့် ဆို​ကြ​သ​နည်း။- \v 42-43 ဒါ​ဝိဒ်​မင်း​ကိုယ်​တိုင်​ပင်​လျှင်​ဆာ​လံ​ကျမ်း​၌ \q1 `ထာ​ဝ​ရ​ဘု​ရား​က​ငါ​သည်​သင်​၏​ရန်​သူ​များ ကို သင့်​ခြေ​တင်​ခုံ​ဖြစ်​စေ​မည်။ \q2 သို့​မ​ဖြစ်​စေ​သေး​မီ​ကာ​လ​ငါ​၏​လက်​ယာ​ဘက်​၌ ထိုင်​နေ​လော့​ဟု​ငါ​၏​အ​ရှင်​အား​မိန့်​တော်​မူ​၏' \m ဟု​ဆို​ချေ​သည်။-\x + \xo 20:42-43 \xt ဆာ၊ ၁၁၀:၁။\x* \v 44 ဒါ​ဝိဒ်​မင်း​သည်​မေ​ရှိ​ယ​ကို `အ​ရှင်' ဟု​ခေါ်​သည် ဖြစ်​ရာ​အ​သို့​လျှင်​မေ​ရှိ​ယ​သည်​ဒါ​ဝိဒ်​၏​သား မြေး​ဖြစ်​နိုင်​မည်​နည်း'' ဟု​မေး​တော်​မူ​၏။ \s1 ကျမ်း​တတ်​ဆ​ရာ​တို့​ကို​သ​တိ​နှင့်​ရှောင်​ကြ \r (မ၊ ၂၃:၁-၃၆။ မာ၊ ၁၂:၃၈-၄၀) \p \v 45 ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​များ​နား​ထောင် နေ​စဉ်​တ​ပည့်​တော်​တို့​အား။- \v 46 ``ကျမ်း​တတ်​ဆ​ရာ​တို့​ကို​သ​တိ​နှင့်​ရှောင်​ကြ လော့။ သူ​တို့​သည်​ဝတ်​လုံ​များ​ကို​ဝတ်​၍​ပ​လွှား သွား​လာ​လို​ကြ​၏။ စျေး​ရပ်​ကွက်​တွင်​အ​လေး ပြု​ခြင်း​ကို​ခံ​လို​ကြ​၏။ တ​ရား​ဇ​ရပ်​များ​တွင် သီး​သန့်​ထား​သော​နေ​ရာ​များ​ကို​လည်း​ကောင်း၊ ပွဲ​သ​ဘင်​များ​တွင်​အ​ကောင်း​ဆုံး​သော​နေ​ရာ ထိုင်​ခင်း​များ​ကို​လည်း​ကောင်း​နှစ်​သက်​ကြ​၏။- \v 47 မု​ဆိုး​မ​များ​၏​အိမ်​များ​ကို​မ​တ​ရား​သိမ်း ယူ​ပြီး​လျှင်​လူ​အ​ထင်​ကြီး​စေ​ရန်​ရှည်​လျား စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​တတ်​ကြ​၏။ သူ​တို့ သည်​ပို​၍​ကြီး​လေး​သော​အ​ပြစ်​ဒဏ်​ကို​ခံ ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။ \c 21 \s1 မု​ဆိုး​မ​အ​လှူ​ငွေ \r (မာ၊ ၁၂:၄၁-၄၄) \p \v 1 ကိုယ်​တော်​သည်​မော်​၍​ကြည့်​လိုက်​ရာ​ချမ်း​သာ ကြွယ်​ဝ​သူ​များ​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​ထဲ​သို့ အ​လှူ​ဒါ​န​ထည့်​ဝင်​နေ​ကြ​သည်​ကို​မြင်​တော် မူ​၏။- \v 2 ကြေး​ပြား​နှစ်​ပြား​ကို​ဆင်း​ရဲ​သူ​မု​ဆိုး​မ တစ်​ယောက်​ထည့်​ဝင်​လှူ​ဒါန်း​သည်​ကို​လည်း မြင်​တော်​မူ​၏။- \v 3 ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား​ဤ​ဆင်း​ရဲ​သော​မု​ဆိုး​မ သည်​ဤ​သူ​အ​ပေါင်း​တို့​ထက်​ပို​၍​ထည့်​ဝင် လှူ​ဒါန်း​လေ​ပြီ။- \v 4 ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ငွေ​ပို​ငွေ​လျှံ​ထဲ​မှ ပေး​လှူ​ကြ​၏။ ဤ​အ​မျိုး​သ​မီး​မူ​ကား​ဆင်း​ရဲ လျက်​နှင့်​မိ​မိ​၏​ချွေး​နှဲ​စာ​ရှိ​သ​မျှ​ကို​ပင် ပေး​လှူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ \s1 ဗိ​မာန်​တော်​ပြို​ပျက်​မည့်​အ​ကြောင်း​မိန့်​တော်​မူ​ခြင်း \r (မ၊ ၂၄:၁-၂။ မာ၊ ၁၃:၁-၂) \p \v 5 တ​ပည့်​တော်​အ​ချို့​တို့​က ဗိ​မာန်​တော်​သည်​လှ​ပ သော​ကျောက်​တုံး​များ၊ ပူ​ဇော်​ဆက်​ကပ်​ထား​သည့် ဝတ္ထု​ပစ္စည်း​များ​ဖြင့်​အ​လွန်​တင့်​တယ်​လျက်​ရှိ ကြောင်း​ပြော​ဆို​ကြ​၏။- \v 6 ထို​အ​ခါ​ကိုယ်​တော်​က ``သင်​တို့​မြင်​ရ​ကြ​သည့် အ​ရာ​အား​လုံး​တို့​သည်​ပြို​ကျ​ရ​လိမ့်​မည်။ ကျောက်​တစ်​လုံး​မျှ​မူ​လ​နေ​ရာ​တွင်​တင်​၍ မ​ကျန်​ရစ်​သည့်​တိုင်​အောင်​ပြို​ပျက်​ရ​သည့် အ​ချိန်​ကျ​ရောက်​လာ​ပေ​အံ့'' ဟု​မိန့်​တော်​မူ​၏။ \s1 ဆင်း​ရဲ​ဒုက္ခ​နှင့်​နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း \r (မ၊ ၂၄:၃-၁၄။ မာ၊ ၁၃:၃-၁၃) \p \v 7 ထို​သူ​တို့​က ``အ​ရှင်​ဘု​ရား၊ ဤ​အ​မှု​အ​ရာ များ​သည်​အ​ဘယ်​ကာ​လ​တွင်​ဖြစ်​ပျက်​ပါ မည်​နည်း။ ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ချိန်​၌ အ​ဘယ်​ပုဗ္ဗ​နိ​မိတ်​များ​ပေါ်​ထွန်း​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ \p \v 8 ကိုယ်​တော်​က ``သင်​တို့​သည်​လှည့်​စား​ခြင်း​မ​ခံ​ရ ကြ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ လူ​အ​များ​ပင် ငါ​၏​အ​ယောင်​ဆောင်​လျက်`ငါ​သည်​မေ​ရှိ​ယ​ဖြစ် သည်' ဟု​ဆို​၍​လည်း​ကောင်း၊ `ချိန်း​ချက်​သတ်​မှတ် တော်​မူ​ရာ​အ​ချိန်​ရောက်​ပြီ' ဟု​ဆို​၍​လည်း​ကောင်း လူ​တို့​ကို​လှည့်​စား​ကြ​လိမ့်​မည်။ ထို​သူ​တို့​၏ နောက်​သို့​မ​လိုက်​ကြ​နှင့်။- \v 9 သင်​တို့​သည်​စစ်​မက်​သ​တင်း​များ​နှင့်​ပုန်​ကန် တော်​လှန်​မှု​သ​တင်း​များ​ကို​ကြား​ကြ​သော အ​ခါ​မ​ထိတ်​လန့်​ကြ​နှင့်။ ဤ​အ​မှု​အ​ရာ​များ သည်​ဦး​စွာ​ဖြစ်​ပျက်​ရ​မည်။ သို့​သော်​လည်း​ကပ် ကမ္ဘာ​ကုန်​ဆုံး​ချိန်​ကား​မ​ရောက်​သေး'' ဟု​မိန့် တော်​မူ​၏။ \p \v 10 ထို​နောက်​ကိုယ်​တော်​က ``လူ​တစ်​မျိုး​နှင့်​တစ်​မျိုး၊ နိုင်ငံ​တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ​စစ်​ဖြစ်​ကြ​လိမ့်​မည်။- \v 11 နေ​ရာ​အ​နှံ့​အ​ပြား​တွင်​မြေ​င​လျင်​ပြင်း​ထန် စွာ​လှုပ်​ခြင်း၊ အ​စာ​ခေါင်း​ပါး​ခြင်း၊ အ​နာ​ရော​ဂါ ကပ်​သင့်​ခြင်း​တို့​ဖြစ်​လိမ့်​မည်။ ကောင်း​ကင်​တွင် ကြောက်​မက်​ဖွယ်​ကောင်း​သော​အ​ရာ​များ​နှင့်​ပုဗ္ဗ နိ​မိတ်​များ​ပေါ်​ထွန်း​ကြ​လိမ့်​မည်။- \v 12 သို့​ရာ​တွင်​ဤ​အ​မှု​အ​ရာ​များ​မ​ဖြစ်​မ​ပျက် မီ​လူ​တို့​သည်​သင်​တို့​အား​ဖမ်း​ဆီး​ညှဉ်း​ဆဲ​ကြ လိမ့်​မည်။ သင်​တို့​အား​တ​ရား​ဇ​ရပ်​များ​တွင် တ​ရား​စီ​ရင်​ရန်​အပ်​နှံ​၍​ထောင်​များ​တွင် အကျဉ်း​ချ​ထား​ကြ​လိမ့်​မည်။ သင်​တို့​သည် ငါ​၏​နာ​မ​ကြောင့်​ရှင်​ဘု​ရင်​များ၊ အာဏာ​ပိုင် များ​၏​ရှေ့​မှောက်​သို့​ရောက်​ရ​ကြ​လိမ့်​မည်။- \v 13 ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​သတင်း​ကောင်း ကို​ကြေ​ညာ​ရန်​အ​ခွင့်​ထူး​ရ​ကြ​လိမ့်​မည်။- \v 14 ထို့​ကြောင့်​မိ​မိ​တို့​မည်​သို့​ချေ​ပ​ရ​မည်​ကို မ​စိုး​ရိမ်​ရန်​ကြို​တင်​၍​စိတ်​ပြ​ဋ္ဌာန်း​ကြ​လော့။-\x + \xo 21:14 \xt လု၊ ၁၂:၁၁-၁၂။\x* \v 15 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ရန်​သူ​များ မ​ငြင်း​ခုံ​မ​ခု​ခံ​နိုင်​အောင်​သင်​တို့​အား​နှုတ် သတ္တိ၊ ဉာဏ်​သတ္တိ​ကို​ငါ​ပေး​မည်​ဖြစ်​သော​ကြောင့် တည်း။- \v 16 သင်​တို့​အား​မိ​ဘ​ဆွေ​မျိုး​မိတ်​သင်္ဂ​ဟ​များ​က ရန်​သူ့​လက်​သို့​အပ်​ကြ​လိမ့်​မည်။ သင်​တို့​အ​နက် အ​ချို့​သော​သူ​တို့​ကို​သတ်​ကြ​လိမ့်​မည်။- \v 17 ငါ​၏​နာ​မ​ကြောင့်​သင်​တို့​ကို​လူ​အ​ပေါင်း​တို့ မုန်း​ကြ​လိမ့်​မည်။- \v 18 သို့​ရာ​တွင်​သင်​တို့​ဦး​ခေါင်း​က​ဆံ​ပင်​တစ်​ပင် မျှ​ပျက်​စီး​ရ​လိမ့်​မည်​မ​ဟုတ်။- \v 19 သင်​တို့​သည်​ကြံ့​ကြံ့​ခံ​နိုင်​ရည်​ရှိ​ကြ​လော့။ သို့​ပြု​လျှင်​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။ \s1 ယေ​ရု​ရှ​လင်​မြို့​ပျက်​စီး​မည့်​အ​ကြောင်း မိန့်​တော်​မူ​ခြင်း \r (မ၊ ၂၄:၁၅-၂၁။ မာ၊ ၁၃:၁၄-၁၉) \p \v 20 ယေ​ရု​ရှ​လင်​မြို့​ကို​စစ်​တပ်​များ​ဝိုင်း​ရံ​လျက်​ရှိ သည်​ကို သင်​တို့​မြင်​သော​အ​ခါ ထို​မြို့​ပျက်​ခါ နီး​ပြီ​ဟု​သိ​မှတ်​ကြ​လော့။- \v 21 ထို​အ​ခါ​၌​ယု​ဒ​ပြည်​ရှိ​လူ​တို့​သည်​တောင်​များ ပေါ်​သို့​ပြေး​ကြ​စေ။ မြို့​ထဲ​မှာ​ရှိ​လူ​တို့​မြို့​ပြင် သို့​ထွက်​ကြ​စေ။ ကျေး​လက်​တော​ရွာ​မှာ​ရှိ​သော သူ​တို့​ကို​မြို့​ထဲ​သို့​မ​ဝင်​ကြ​စေ​နှင့်။- \v 22 အ​ဘယ်​ကြောင့်​ဆို​သော်​ထို​နေ့​ရက်​ကာ​လ​သည် အ​ပြစ်​ဒဏ်​စီ​ရင်​ရာ​နေ့​ရက်​ကာ​လ​ဖြစ်​သော ကြောင့်​တည်း။ ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ခဲ့​သည့် အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ရာ​ကာ​လ​ပင်​ဖြစ်​၏။-\x + \xo 21:22 \xt ဟော၊ ၉:၇။\x* \v 23 ထို​ကာ​လ​၌​ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​နှင့် သား​သည် မိ​ခင်​တို့​အ​တွက်​အ​ကျိုး​နည်း​ပေ တော့​မည်။ ယု​ဒ​ပြည်​သည်​အတိ​ဒုက္ခ​ရောက်​၍ ပြည်​သူ​တို့​သည်​အ​မျက်​တော်​သင့်​ကြ​လိမ့် မည်။- \v 24 အ​ချို့​သော​သူ​တို့​သည်​ဋ္ဌား​ဘေး​ဖြင့်​ကျ​ဆုံး ကြ​လိမ့်​မည်။ ကျန်​သူ​တို့​သည်​သုံ့​ပန်း​များ​အ​ဖြစ် ဖြင့် အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​သို့​ဖမ်း​သွား​ခြင်း​ခံ ရ​ကြ​လိမ့်​မည်။ လူ​မျိုး​ခြား​တို့​သည် မိ​မိ​တို့​ကြီး စိုး​သည့်​ခေတ်​မ​ကုန်​မ​ချင်း ယေ​ရု​ရှ​လင်​မြို့ ကို​ခြေ​ဖြင့်​နင်း​ကြ​လိမ့်​မည်။ \s1 လူ​သား​ကြွ​လာ​တော်​မူ​မည့်​အ​ကြောင်း \r (မ၊ ၂၄:၂၉-၃၁။ မာ၊ ၁၃:၂၄-၂၇) \p \v 25 ``နေ​လ​ကြယ်​နက္ခတ်​များ​၌​ပုဗ္ဗ​နိ​မိတ်​များ​ပေါ်​ထွန်း လာ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​တွင်​လူ​မျိုး​အ​ပေါင်း​တို့​သည် ပင်​လယ်​လှိုင်း​တံ​ပိုး​မြည်​ဟီး​သံ​ကြောင့်​စိတ်​ပျက် အား​လျော့​ကြောက်​ရွံ့​ကြ​လိမ့်​မည်။-\x + \xo 21:25 \xt ဟေရှာ၊ ၁၃:၁၀။ ယေဇ၊ ၃၂:၇။ ယောလ၊ ၂:၃၁။ ဗျာ၊ ၆:၁၂-၁၃။\x* \v 26 လူ​တို့​သည်​ကမ္ဘာ​ပေါ်​တွင်​ဆိုက်​ရောက်​လတ္တံ့​သော ဘေး​များ​ကို​မြော်​မြင်​၍​ကြောက်​လန့်​ကာ​မူး မော်​လိမ့်​မည်။ ကောင်း​ကင်​နက္ခတ်​တာ​ရာ​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။- \v 27 ထို​အ​ခါ​တိမ်​ကို​စီး​၍​ကြီး​စွာ​သော​ဘုန်း အ​သ​ရေ​တော်​ဆောင်​လျက်​လူ​သား​ကြွ လာ​တော်​မူ​သည်​ကို​မြင်​ရ​ကြ​လိမ့်​မည်။-\x + \xo 21:27 \xt ဒံ၊ ၇:၁၃။ ဗျာ၊ ၁:၇။\x* \v 28 ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော​အ​ခါ သင်​တို့​အား​ကယ်​တင်​တော်​မူ​မည့်​အ​ချိန်​သည် နီး​ကပ်​လျက်​ရှိ​သည်​ဖြစ်​၍ သင်​တို့​၏​ဦး​ခေါင်း ကို​ကြွ​၍​မျှော်​ကြည့်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ \s1 သင်္ဘော​သ​ဖန်း​ပင်​မှ​သင်​ခန်း​စာ \r (မ၊ ၂၄:၃၂-၃၅။ မာ၊ ၁၃:၂၈-၃၁) \p \v 29 ထို​နောက်​ကိုယ်​တော်​သည် သူ​တို့​အား​ပုံ​ဥ​ပ​မာ ဆောင်​၍ ``သင်္ဘော​သ​ဖန်း​ပင်​နှင့် အ​ခြား​သစ်​ပင် တို့​ကို​ကြည့်​ကြ​လော့။- \v 30 ထို​အ​ပင်​များ​ရွက်​နု​ပေါက်​သော​အ​ခါ သင်​တို့ သည်​ကြည့်​၍​နွေ​ရာ​သီ​နီး​ကြောင်း​သိ​ကြ​၏။- \v 31 ထို​နည်း​တူ​စွာ​ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ​များ ဖြစ်​ပျက်​လျက်​ရှိ​သည်​ကို​တွေ့​မြင်​ရ​သော​အ​ခါ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည်​ချိန်​နီး​ပြီ​ဟု သိ​မှတ်​ကြ​လော့။ \p \v 32 ``ငါ​အ​မှန်​ဆို​သည်​ကား​ဤ​အ​မှု​အ​ရာ​အ​လုံး​စုံ တို့​မ​ဖြစ်​မ​ပျက်​မီ ယ​ခု​အ​သက်​ရှင်​နေ​သူ​တို့ သေ​လွန်​ရ​လိမ့်​မည်​မ​ဟုတ်။- \v 33 ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​တည်​သော်​လည်း ငါ​၏​စ​ကား​တည်​လိမ့်​မည်။ \s1 သ​တိ​နှင့်​နေ​ရန်​လို​အပ်​ခြင်း \p \v 34-35 ``သင်​တို့​သည်​ပျော်​ရွှင်​သောက်​စား​မူး​ယစ်​ခြင်း၊ လော​ကီ​မှု​ရေး​အ​တွက် စိုး​ရိမ်​ပူ​ပန်​ခြင်း​တို့​ဖြင့် အ​ချိန်​မ​ကုန်​စေ​ရန်​သ​တိ​နှင့်​နေ​ကြ​လော့။ ယင်း သို့​သ​တိ​နှင့်​မ​နေ​ပါ​မူ တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​သည်​ထောင်​ချောက်​ကျ​သ​ကဲ့​သို့ သင်​တို့ အ​ပေါ်​သို့​ရုတ်​တ​ရက်​ကျ​ရောက်​လိမ့်​မည်။ ထို နေ့​ရက်​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​သား​အ​ပေါင်း တို့​အ​ပေါ်​သို့​ကျ​ရောက်​လာ​လိမ့်​မည်။- \v 36 နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ ကျ​ရောက်​လတ္တံ့ သော​ဘေး​များ​ကို​ခံ​ရပ်​၍ လူ​သား​၏​ရှေ့​တော် တွင်​မတ်​မတ်​ရပ်​၍​တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​နိုင် ကြ​ရန်​အ​မြဲ​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့'' ဟု​မိန့်​တော်​၏။ \p \v 37 ကိုယ်​တော်​သည်​နေ့​အ​ခါ​များ​၌​ဗိ​မာန်​တော် တွင်​ဟော​ပြော​သွန်​သင်​တော်​မူ​ပြီး​လျှင် ည​အ​ခါ များ​၌​သံ​လွင်​နာ​မည်​တွင်​သော​တောင်​ပေါ်​သို့ သွား​၍​ညဥ့်​ကို​လွန်​စေ​တော်​မူ​၏။-\x + \xo 21:37 \xt လု၊ ၁၉:၄၇။\x* \v 38 လူ​အ​ပေါင်း​တို့​သည်​ဗိမာန်​တော်​တွင်​တ​ရား တော်​ကို​ကြား​နာ​ရန် နံ​နက်​စော​စော​ထ​၍ အ​ထံ​တော်​သို့​လာ​ကြ​၏။ \c 22 \s1 သ​ခင်​ယေ​ရှု​ကို​သတ်​ရန်​ကြံ​စည်​မှု \r (မ၊ ၂၆:၁-၅။ မာ၊ ၁၄:၁-၂။ ယော၊ ၁၁:၄၅-၅၃) \p \v 1 ပ​သ​ခါ​ပွဲ​ဟု​နာ​မည်​တွင်​သော​တ​ဆေး​မဲ့ မုန့်​ပွဲ​တော်​အ​ခါ​ကျ​ရန်​နီး​ကပ်​လာ​၏။-\x + \xo 22:1 \xt ထွ၊ ၁၂:၁-၂၇။\x* \v 2 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​လူ​တို့​ကို​ကြောက်​သော​ကြောင့် ကိုယ်​တော် ကို​လျှို့​ဝှက်​စွာ​သတ်​ရန်​နည်း​လမ်း​ရှာ​လျက်​နေ ကြ​၏။ \s1 သ​ခင်​ယေ​ရှု​ကို​အပ်​နှံ​ရန် ယု​ဒ​သ​ဘော​တူ​ခြင်း \r (မ၊ ၂၆:၁၄-၁၆။ မာ၊ ၁၄:၁၀-၁၁) \p \v 3 ထို​အ​ခါ​စာ​တန်​သည် တစ်​ကျိပ်​နှစ်​ပါး​အ​ပါ အ​ဝင်​ဖြစ်​သူ​ရှ​ကာ​ရုတ်​ဟု​နာ​မည်​တွင်​သော ယု​ဒ​၏​စိတ်​နှ​လုံး​ထဲ​သို့​ဝင်​လေ​၏။- \v 4 ထို့​ကြောင့်​သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ နှင့်​ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​များ​ထံ​သို့ သွား​၍ ကိုယ်​တော်​အား​အ​ဘယ်​နည်း​ဖြင့်​သူ​တို့ လက်​သို့​အပ်​ရ​မည်​ကို​ဆွေး​နွေး​တိုင်​ပင်​၏။- \v 5 သူ​တို့​သည်​ဝမ်း​မြောက်​သ​ဖြင့်​ယု​ဒ​အား ငွေ​ပေး​ရန်​က​တိ​ပြု​ကြ​၏။- \v 6 ယု​ဒ​သည်​သ​ဘော​တူ​သ​ဖြင့်​ပ​ရိ​သတ်​မ​သိ အောင်​ကိုယ်​တော်​အား​သူ​တို့​လက်​သို့​အပ်​ရန် အ​ခွင့်​ကောင်း​ကို​ရှာ​ကြံ​လျက်​နေ​၏။ \s1 ပ​သ​ခါ​ည​စာ​သုံး​ဆောင်​တော်​မူ​ရန် ပြင်​ဆင်​ခြင်း \p \v 7 တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​တွင်​ပ​သ​ခါ​သိုး​ငယ်​ကို သတ်​၍​ပူ​ဇော်​ရာ​နေ့​ရက်​ကျ​ရောက်​လာ​၏။- \v 8 ကိုယ်​တော်​က​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​အား ``ငါ တို့​စား​ရန်​ပ​သ​ခါ​ပွဲ​ည​စာ​ကို​သွား​၍​ပြင်​ဆင် ကြ​လော့'' ဟု​ဆို​၍​စေ​လွှတ်​တော်​မူ​၏။ \p \v 9 သူ​တို့​က ``အ​ဘယ်​အ​ရပ်​တွင်​ပြင်​ဆင်​ရ​ပါ မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ \p \v 10 ကိုယ်​တော်​က ``သင်​တို့​မြို့​တွင်း​သို့​ဝင်​မိ​လျှင်​ရေ အိုး​ကို​ထမ်း​လာ​သူ​လူ​တစ်​ယောက်​သည်​သင်​တို့ အား​ကြို​ဆို​လိမ့်​မည်။ သူ့​နောက်​သို့​လိုက်​၍​သူ ဝင်​သော​အိမ်​ထဲ​သို့​ဝင်​ကြ​လော့။- \v 11 အိမ်​ရှင်​အား `တ​ပည့်​များ​နှင့်​အ​တူ​ပ​သ​ခါ​ပွဲ ည​စာ​ကို​ငါ​စား​ရန်​အ​ခန်း​ကား​အ​ဘယ်​နည်း' ဟု​ဆ​ရာ​တော်​က​စုံ​စမ်း​ခိုင်း​ကြောင်း​ပြော​ကြား ကြ​လော့။- \v 12 ထို​သူ​သည်​အ​ထက်​ထပ်​ရှိ​ခင်း​ကျင်း​ထား​သော အ​ခန်း​ကြီး​ကို​ပြ​လိမ့်​မည်။ ထို​အ​ခန်း​တွင် ပြင်​ဆင်​မှု​ကို​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။- \v 13 တ​ပည့်​တော်​နှစ်​ယောက်​တို့​သည်​ထွက်​သွား​ပြီး နောက်​ကိုယ်​တော်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​တွေ့ ရှိ​ကြ​သ​ဖြင့် ပ​သ​ခါ​ပွဲ​ည​စာ​ကို​အ​သင့်​ပြင် ဆင်​ကြ​၏။ \s1 ပွဲ​တော်​မင်္ဂ​လာ \r (မ၊ ၂၆:၂၆-၃၀။ မာ၊ ၁၄:၂၂-၂၆။ ၁ကော၊ ၁၁:၂၃-၂၅) \p \v 14 အ​ချိန်​ရောက်​သော​အ​ခါ​ကိုယ်​တော်​သည်​တ​မန် တော်​တို့​နှင့်​အ​တူ​စား​ပွဲ​တွင်​ထိုင်​တော်​မူ​၏။- \v 15 ကိုယ်​တော်​က ``ငါ​သည်​အ​သေ​မ​ခံ​ရ​မီ​ဤ ပ​သ​ခါ​ပွဲ​ည​စာ​ကို​သင်​တို့​နှင့်​အ​တူ​စား ရန်​အ​လွန်​အ​လို​ရှိ​၏။- \v 16 သင်​တို့​အား​ငါ​ဆို​သည်​ကား​ပ​သ​ခါ​ပွဲ​ကျင်း​ပ သည့်​ရည်​ရွယ်​ချက်​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် ၌​အ​ကောင်​အ​ထည်​ပေါ်​လာ​လိမ့်​မည်။ ထို​အ​ချိန် မ​တိုင်​မီ​ငါ​သည်​ပ​သ​ခါ​ည​စာ​ကို​နောက်​တစ် ဖန်​စား​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ \p \v 17 ထို​နောက်​ကိုယ်​တော်​သည်​စ​ပျစ်​ရည်​ခွက်​ကို​ယူ ၍​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း တော်​မူ​ပြီး​လျှင် ``ဤ​စ​ပျစ်​ရည်​ခွက်​ကို​ယူ ကြ​လော့။ အ​ချင်း​ချင်း​ဝေ​၍​သောက်​ကြ​လော့။- \v 18 သင်​တို့​အား​ငါ​ဆို​သည်​ကား​ယ​ခု​မှ​စ​၍ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​မ​တည်​မ​ချင်း​ငါ​သည် စ​ပျစ်​ရည်​ကို​နောက်​တစ်​ဖန်​သောက်​လိမ့်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ \p \v 19 ထို​နောက်​ကိုယ်​တော်​သည်​မုန့်​ကို​ယူ​၍​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ ပြီး​လျှင် မုန့်​ကို​ဖဲ့​၍​တ​ပည့်​တော်​တို့​အား ပေး​တော်​မူ​၏။ ကိုယ်​တော်​က ``ဤ​မုန့်​ကား​သင် တို့​အ​တွက်​စွန့်​သော​ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​အောက်​မေ့​သ​တိ​ရ​ရန်​ဤ​သို့​ပြု ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။- \v 20 ထို​နည်း​တူ​စွာ​ည​စာ​စား​ပြီး​နောက်​စ​ပျစ် ရည်​ခွက်​ကို​လည်း​ယူ​တော်​မူ​လျက် ``ဤ​ခွက် ကား​သင်​တို့​အ​တွက်​သွန်း​သော​ငါ​၏​သွေး အား​ဖြင့်​ပြု​သော​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တ​ရား​သစ်​ဖြစ်​၏။\x + \xo 22:20 \xt ယေ၊ ၃၁:၃၁-၃၄။\x* \p \v 21 ``သို့​ရာ​တွင်​သ​တိ​ပြု​ကြ​လော့။ ငါ့​ကို​ရန်​သူ့ လက်​သို့​အပ်​မည့်​သူ​သည်​ငါ​နှင့်​အ​တူ​စား​ပွဲ မှာ​ရှိ​၏။-\x + \xo 22:21 \xt ဆာ။ ၄၁:၉။\x* \v 22 လူ​သား​သည်​ဘု​ရား​သ​ခင်​ခွဲ​ခန့်​ထား​တော်​မူ သည်​အ​တိုင်း​အ​သေ​ခံ​ရန်​အ​မှန်​ပင်​သွား​ရ မည်။ သို့​သော်​လူ​သား​ကို​ရန်​သူ​လက်​သို့​အပ် သော​သူ​သည်​အ​မင်္ဂ​လာ​ရှိ​၏'' ဟု​မိန့်​တော် မူ​၏။ \p \v 23 တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​အ​နက်​အ​ဘယ် သူ​သည်​ဤ​အ​မှု​ကို​ပြု​လိမ့်​မည်​နည်း​ဟု အ​ချင်း​ချင်း​မေး​မြန်း​ကြ​၏။ \s1 အ​ဘယ်​သူ​ကြီး​မြတ်​ကြောင်း​အ​ငြင်း​ပွား​ကြ​ခြင်း \p \v 24 တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​တွင်​အ​ဘယ်​သူ သည်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​သ​နည်း​ဟု​အ​ငြင်း ပွား​ကြ​၏။-\x + \xo 22:24 \xt မ၊ ၁၈:၁။ မာ၊ ၉:၃၄။ လု၊ ၉:၄၆။\x* \v 25 ထို​အ​ခါ​ကိုယ်​တော်​က ``လော​ကီ​ဘု​ရင်​များ​သည် ပြည်​သူ​တို့​အ​ပေါ်​ဝယ်​အ​စိုး​တ​ရ​ပြု​တတ်​ကြ ၏။ အာ​ဏာ​ပိုင်​များ​သည်​လည်း​မိ​မိ​တို့​ကိုယ်​ကို ကျေး​ဇူး​ရှင်​များ​ဟု​အ​ခေါ်​ခံ​တတ်​ကြ​၏။-\x + \xo 22:25 \xt မ၊ ၂၀:၂၅-၂၇၊ ၁၀:၄၂-၄၄။\x* \v 26 သင်​တို့​အ​ချင်း​ချင်း​တွင်​မူ​ကား​ထို​သို့​မ​ဖြစ် စေ​သင့်။ သင်​တို့​တွင်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​သူ သည်​အ​သိမ်​ငယ်​ဆုံး​သော​သူ​ကဲ့​သို့​ဖြစ်​ရ​မည်။ ခေါင်း​ဆောင်​ဖြစ်​သူ​သည်​အ​စေ​ခံ​ကဲ့​သို့​ဖြစ် ရ​မည်။-\x + \xo 22:26 \xt မ၊ ၂၃:၁၁။ မာ၊ ၉:၃၅။\x* \v 27 စား​ပွဲ​ထိုင်​သူ၊ အ​စေ​ခံ​သူ​တို့​အ​နက်​အ​ဘယ်​သူ သာ​၍​ကြီး​မြတ်​သ​နည်း၊ စား​ပွဲ​ထိုင်​သူ​မ​ဟုတ် လော။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့​တွင်​အ​စေ​ခံ​သူ သ​ဖွယ်​ဖြစ်​၏။\x + \xo 22:27 \xt ယော၊ ၁၃:၁၂-၁၅။\x* \p \v 28 သင်​တို့​သည်​ငါ​နှင့်​အ​တူ​စုံ​စမ်း​နှောင့်​ယှက်​မှု များ​ကို​ရင်​ဆိုင်​ခဲ့​သူ​များ​ဖြစ်​ကြ​၏။- \v 29 ခ​မည်း​တော်​သည်​ငါ့​အား​အုပ်​စိုး​ခွင့်​ကို​ပေး အပ်​တော်​မူ​သည်​နည်း​တူ ငါ​သည်​လည်း​သင် တို့​အား​အုပ်​စိုး​ခွင့်​ကို​ပေး​၏။- \v 30 သင်​တို့​သည်​နိုင်​ငံ​တော်​တွင်​ငါ​၏​စား​ပွဲ​၌​စား သောက်​ရ​ကြ​လိမ့်​မည်။ ထို့​အ​ပြင်​ပလ္လင်​များ ပေါ်​မှာ​ထိုင်​လျက်​ဣသ​ရေ​လ​တစ်​ဆယ့်​နှစ်​နွယ် တို့​အား​အုပ်​စိုး​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။\x + \xo 22:30 \xt မ၊ ၁၉:၂၈။\x* \s1 ပေ​တ​ရု​ငြင်း​ဆို​မည်​ကို​ကြို​တင်​ဖော်​ပြ​တော်​မူ​ခြင်း \r (မ၊ ၂၆:၃၁-၃၅။ မာ၊ ၁၄:၂၇-၃၁။ ယော၊ ၁၃:၃၆-၃၈) \p \v 31 သ​ခင်​ယေ​ရှု​က ``ရှိ​မုန်၊ ရှိ​မုန်၊ စ​ပါး​ကို​လှေ့ သ​ကဲ့​သို့​သင်​တို့​အား​လုံး​ကို​စစ်​ဆေး​ရန် စာ​တန်​က​အ​ခွင့်​ရ​လေ​ပြီ။- \v 32 သို့​ဖြစ်​၍​သင်​၏​ယုံ​ကြည်​ခြင်း​ခိုင်​မြဲ​စေ​ရန် ငါ​ဆု​တောင်း​လေ​ပြီ။ သင်​သည်​သ​တိ​တ​ရား ပြန်​လည်​ရ​ရှိ​သော​အ​ခါ​သင်​၏​ညီ​အစ်​ကို များ​အား​ခွန်​အား​ဖြည့်​တင်း​ပေး​ရ​မည်'' ဟု မိန့်​တော်​မူ​၏။ \p \v 33 ပေ​တ​ရု​က ``အ​ရှင်၊ အ​ကျွန်ုပ်​သည်​ထောင်​ထဲ​သို့ လည်း​ကောင်း၊ သေ​ရွာ​သို့​လည်း​ကောင်း​ကိုယ်​တော် ရှင်​နှင့်​အ​တူ​လိုက်​ရန်​အ​သင့်​ရှိ​ပါ​၏'' ဟု လျှောက်​၏။ \p \v 34 ကိုယ်​တော်​က ``ပေ​တ​ရု၊ သင့်​အား​ငါ​ဆို​သည် ကား​ယ​နေ့​ည​ကြက်​မ​တွန်​မီ​သင်​သည်​ငါ့​ကို မ​သိ​ဟု​သုံး​ကြိမ်​မြောက်​အောင်​ငြင်း​ဆို​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 ငွေ​အိတ်၊လွယ်​အိတ်​နှင့်​ဋ္ဌား \p \v 35 ထို​နောက်​ကိုယ်​တော်​က ``ငါ​သည်​သင်​တို့​အား ငွေ​အိတ်၊ လွယ်​အိတ်​နှင့်​ဖိ​နပ်​ကို​မ​ယူ​စေ​ဘဲ စေ​လွှတ်​ခဲ့​၏။ ထို​အ​ခါ​သင်​တို့​တွင်​တစ်​စုံ တစ်​ရာ​ချို့​တဲ့​မှု​ရှိ​ခဲ့​သ​လော'' ဟု​တ​ပည့်​တော် တို့​အား​မေး​တော်​မူ​၏။ \p တ​ပည့်​တော်​တို့​က ``မ​ရှိ​ပါ'' ဟု​လျှောက်​ကြ​၏။\x + \xo 22:35 \xt မ၊ ၁၀:၉-၁၀။ မာ၊ ၆:၈-၉။ လု၊ ၉:၃၊ ၁၀:၄။\x* \p \v 36 ကိုယ်​တော်​က ``ယ​ခု​မူ​ကား​ငွေ​အိတ်၊ လွယ်​အိတ် ရှိ​လျှင်​ယူ​ခဲ့​ကြ။ ဋ္ဌား​မ​ရှိ​လျှင်​အ​ဝတ်​ကို ရောင်း​၍​ဋ္ဌား​ကို​ဝယ်​ကြ။- \v 37 သင်​တို့​အား​ငါ​ဆို​သည်​ကား `ထို​သူ​သည်​ရာ​ဇ​ဝတ် မှု​ကူး​လွန်​သူ​များ​စာ​ရင်း​တွင်​ပါ​ဝင်​ရ​၏' ဟူ သော​ကျမ်း​စ​ကား​အ​တိုင်း​ငါ​၌​ဖြစ်​ရ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​၏​အ​ကြောင်း​ရေး သား​ထား​သည့်​ကျမ်း​စ​ကား​အ​ရ​ဖြစ်​ပျက် လျက်​ရှိ​နေ​သော​ကြောင့်​တည်း'' ဟု​မိန့်​တော်​မူ​၏။\x + \xo 22:37 \xt ဟေရှာ၊ ၅၃:၁၂။\x* \p \v 38 တ​ပည့်​တော်​တို့​က ``အ​ရှင်၊ ကြည့်​တော်​မူ​ပါ။ ဤ မှာ​ဋ္ဌား​နှစ်​လက်​ရှိ​ပါ​၏'' ဟု​လျှောက်​ကြ​၏။ \p ကိုယ်​တော်​က ``တော်​လောက်​ပြီ'' ဟု​မိန့်​တော်​မူ​၏။ \s1 သံ​လွင်​တောင်​ပေါ်​တွင်​ဆု​တောင်း​တော်​မူ​ခြင်း \r (မ၊ ၂၆:၃၆-၄၆။ မာ၊ ၁၄:၃၂-၄၂) \p \v 39 ကိုယ်​တော်​သည်​အ​လေ့​တော်​ရှိ​သည်​အ​တိုင်း သံ​လွင်​တောင်​ပေါ်​သို့​ကြွ​တော်​မူ​၏။ တ​ပည့် တော်​တို့​သည်​နောက်​တော်​သို့​လိုက်​ကြ​၏။- \v 40 ထို​အ​ရပ်​သို့​ရောက်​တော်​မူ​လျှင်​ကိုယ်​တော် က ``သင်​တို့​သည်​စုံ​စမ်း​သွေး​ဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ရန်​ဆု​တောင်း​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။ \p \v 41 ထို​နောက်​တ​ပည့်​တော်​တို့​နှင့်​ခဲ​တစ်​ပစ်​ခန့် ကွာ​သော​အ​ရပ်​သို့​ကြွ​တော်​မူ​၍​ဒူး​ထောက် လျက်၊- \v 42 ``အို အ​ဖ၊ အ​လို​တော်​ရှိ​လျှင်​ဤ​ဒုက္ခ​ဝေ​ဒ​နာ ခွက်​ကို​ဖယ်​ရှား​တော်​မူ​ပါ။ သို့​ရာ​တွင်​အ​ကျွန်ုပ် ၏​အ​လို​အ​တိုင်း​မ​ဟုတ်၊ ကိုယ်​တော်​ရှင်​၏​အ​လို တော်​အ​တိုင်း​သာ​ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု တောင်း​တော်​မူ​၏။- \v 43 ကောင်း​ကင်​ဘုံ​မှ​ကောင်း​ကင်​တ​မန်​တစ်​ပါး သည်​လာ​၍​ကိုယ်​တော်​ကို​အား​ပေး​လေ​၏။- \v 44 ကိုယ်​တော်​သည်​ပြင်း​ပြ​စွာ​ဝေ​ဒ​နာ​ကို​ခံ လျက်​ပို​၍​စိတ်​အား​ကြီး​စွာ​ဆု​တောင်း​တော် မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​၏​ချွေး​ပေါက်​တို့ သည်​သွေး​စက်​များ​သ​ဖွယ်​မြေ​ပေါ်​သို့​ကျ​၏။ \p \v 45 ကိုယ်​တော်​သည်​ဆု​တောင်း​ရာ​မှ​ထ​၍​တ​ပည့် တော်​များ​ရှိ​ရာ​သို့​ပြန်​ကြွ​တော်​မူ​သော​အ​ခါ သူ​တို့​သည်​ဝမ်း​နည်း​မော​ပန်း​လျက်​အိပ်​ပျော် နေ​ကြ​သည်​ကို​မြင်​တော်​မူ​၏။- \v 46 ကိုယ်​တော်​က ``သင်​တို့​အ​ဘယ်​ကြောင့်​အိပ်​နေ ကြ​သ​နည်း။ ထ​ကြ​လော့။ စုံ​စမ်း​သွေး​ဆောင်​ရာ သို့​မ​လိုက်​မ​ပါ​စေ​ရန်​ဆု​တောင်း​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။ \s1 ကိုယ်​တော်​ကို​ဖမ်း​ဆီး​ခြင်း \r (မ၊ ၂၆:၄၇-၅၆။ မာ၊ ၁၄:၄၃-၅၀။ ယော၊ ၁၈:၃-၁၁) \p \v 47 ထို​သို့​ကိုယ်​တော်​မိန့်​တော်​မူ​စဉ်​ပင် လူ​ပ​ရိ​သတ် တစ်​စု​ရောက်​လာ​၏။ တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး အ​ပါ​အ​ဝင်​ဖြစ်​သူ​ယု​ဒ​သည် ထို​သူ​တို့​ကို ခေါင်း​ဆောင်​၍​လာ​၏။ သူ​သည်​သ​ခင်​ယေ​ရှု​အား နမ်း​ရှုပ်​ရန်​ချဉ်း​ကပ်​၏။- \v 48 သ​ခင်​ယေ​ရှု​က ``ယု​ဒ၊ သင်​သည်​နမ်း​ရှုပ်​ခြင်း ဖြင့်​လူ​သား​အား​ရန်​သူ​လက်​သို့​အပ်​မည်​လော'' ဟု​မေး​တော်​မူ​၏။ \p \v 49 တ​ပည့်​တော်​တို့​သည်​အ​ခြေ​အ​နေ​ကို​မှန်း​ဆ မိ​ကြ​သော​အ​ခါ​ကိုယ်​တော်​အား ``အ​ရှင်၊ အ​ကျွန်ုပ် တို့​သည်​ဋ္ဌား​ဖြင့်​ခုတ်​ရ​မည်​လော'' ဟု​မေး​လျှောက် ကြ​၏။- \v 50 တ​ပည့်​တော်​တစ်​ယောက်​သည်​ယဇ်​ပု​ရော​ဟိတ် မင်း​၏​ကျွန်​တစ်​ယောက်​ကို​ခုတ်​လိုက်​ရာ​ထို​သူ ၏​လက်​ယာ​နား​ရွက်​ပြတ်​လေ​၏။ \p \v 51 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``တော်​ပြီ'' ဟု​မိန့်​တော် မူ​၏။ ကိုယ်​တော်​သည်​ထို​သူ​၏​နား​ရွက်​ကို​လက် တော်​ဖြင့်​တို့​ထိ​တော်​မူ​၍​အ​နာ​ကို​ပျောက်​စေ တော်​မူ​၏။ \p \v 52 ထို​နောက်​သ​ခင်​ယေ​ရှု​က​မိ​မိ​အား​ဖမ်း​ဆီး​ရန် ရောက်​ရှိ​လာ​ကြ​သည့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​များ​နှင့်​ဘာ​သာ​ရေး ခေါင်း​ဆောင်​များ​အား ``သင်​တို့​သည်​ဋ္ဌား​ပြ​ကို​ဖမ်း သ​ကဲ့​သို့​ငါ့​ကို​ဖမ်း​ရန်​ဋ္ဌား​များ၊ တုတ်​များ​နှင့် လာ​ကြ​သ​လော။- \v 53 ငါ​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​မှာ​ရှိ​စဉ်​သင် တို့​သည်​အ​ဘယ်​ကြောင့်​မ​ဖမ်း​ဆီး​ကြ​သ​နည်း။ သို့​ရာ​တွင်​ဤ​အ​ချိန်​ကား​သင်​တို့​၏​အ​ချိန်၊ အ​မိုက်​မှောင်​စိုး​မိုး​ရာ​အ​ချိန်​တည်း'' ဟု မိန့်​တော်​မူ​၏။\x + \xo 22:53 \xt လု၊ ၁၉:၄၇-၂၁:၃၇။\x* \s1 ကိုယ်​တော်​ကို​သူ​မ​သိ​ဟု​ပေ​တ​ရု​ငြင်း​ဆို​ခြင်း \r (မ၊ ၂၆:၅၇-၅၈၊ ၆၉-၇၅။ မာ၊ ၁၄:၅၃-၅၄၊ ၆၆-၇၂။ ယော၊ ၁၈:၁၂-၁၈၊ ၂၅-၂၇) \p \v 54 ထို​သူ​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ပြီး​လျှင် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အိမ်​တော်​သို့​ခေါ်​ဆောင် သွား​ကြ​၏။ ပေ​တ​ရု​သည်​ခပ်​လှမ်း​လှမ်း​က​နေ ၍​လိုက်​လာ​ခဲ့​၏။- \v 55 လူ​အ​ချို့​တို့​သည်​အိမ်​တော်​ဝင်း​အ​လယ်​တွင် မီး​ဖို​၍​ထိုင်​နေ​ကြ​၏။ ပေ​တ​ရု​သည် သူ​တို့ ၏​ကြား​တွင်​ဝင်​၍​ထိုင်​၏။- \v 56 ထို​သို့​ပေ​တ​ရု​ထိုင်​နေ​သည်​ကို​အ​စေ​ခံ​မ က​လေး​တစ်​ယောက်​မြင်​သ​ဖြင့်​ပေ​တ​ရု​အား စိုက်​ကြည့်​ပြီး​လျှင် ``ဤ​သူ​သည်​ယေ​ရှု​နှင့် အ​ပေါင်း​အ​ပါ​ဖြစ်​၏'' ဟု​ဆို​၏။ \p \v 57 သို့​ရာ​တွင်​ပေ​တ​ရု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ ထို​သူ​ကို​ငါ​မ​သိ'' ဟု​ငြင်း​ဆို​လေ​၏။ \p \v 58 ထို​နောက်​ခ​ဏ​မျှ​ကြာ​သော်​လူ​တစ်​ယောက်​သည် ပေ​တ​ရု​ကို​မြင်​သ​ဖြင့် ``သင်​သည်​လည်း​ထို​သူ လူ​စု​တွင်​အ​ပါ​အ​ဝင်​ဖြစ်​၏'' ဟု​ဆို​၏။ \p သို့​ရာ​တွင်​ပေ​တ​ရု​က ``အ​ချင်း​လူ၊ ထို​လူ​စု တွင်​ငါ​မ​ပါ'' ဟု​ဆို​၏။ \p \v 59 ထို​နောက်​တစ်​နာ​ရီ​ခန့်​ကြာ​သော​အ​ခါ​အ​ခြား လူ​တစ်​ယောက်​က ``ဤ​သူ​သည်​ဂါ​လိ​လဲ​ပြည် သား​ဖြစ်​သ​ဖြင့်​ယေ​ရှု​နှင့်​အ​ပေါင်း​အ​ပါ​ဖြစ် သည်​ကို​ယုံ​မှား​စ​ရာ​မ​ရှိ'' ဟု​အ​ခိုင်​အ​မာ​ဆို​၏။ \p \v 60 သို့​ရာ​တွင်​ပေ​တ​ရု​က ``အ​ချင်း​လူ၊ သင်​ပြော သော​အ​ကြောင်း​အ​ရာ​ကို​ငါ​မ​သိ'' ဟု​ဆို​၏။ \p ဤ​သို့​ပေ​တ​ရု​ပြော​ဆို​နေ​စဉ်​ကြက်​တွန်​လေ​၏။- \v 61 အ​ရှင်​ဘု​ရား​သည်​လှည့်​၍​ပေ​တ​ရု​ကို​ကြည့် တော်​မူ​၏။ ထို​အ​ခါ​ပေ​တ​ရု​သည် ``ယ​နေ့​ည ကြက်​မ​တွန်​မီ​သင်​သည် ငါ့​ကို​မ​သိ​ဟု​သုံး​ကြိမ် မြောက်​အောင်​ငြင်း​ဆို​လိမ့်​မည်'' ဟူ​သော​သ​ခင် ဘု​ရား​၏​စ​ကား​တော်​ကို​ပြန်​၍​သ​တိ​ရ​၏။- \v 62 သို့​ဖြစ်​၍​အ​ပြင်​သို့​ထွက်​ပြီး​လျှင်​ဝမ်း​နည်း ပက်​လက်​ငို​ကြွေး​လေ​၏။ \s1 ကိုယ်​တော်​ကို​ပြောင်​လှောင်​ရိုက်​ပုတ်​ကြ​ခြင်း \r (မ၊ ၂၆:၆၇-၆၈။ မာ၊ ၁၄:၆၅) \p \v 63 သ​ခင်​ယေ​ရှု​ကို​စောင့်​ကြပ်​နေ​သူ​တို့​က ကိုယ်​တော်​အား​ပြောင်​လှောင်​ရိုက်​ပုတ်​ကြ​၏။- \v 64 မျက်​နှာ​တော်​ကို​ဖုံး​ပြီး​လျှင် ``အ​ရှင့်​အား​မည် သူ​ရိုက်​ပုတ်​သည်​ကို​ဟော​တော်​မူ​ပါ'' ဟု​ဆို ကြ​၏။- \v 65 အ​ခြား​စ​ကား​များ​ဖြင့်​လည်း​ကိုယ်​တော်​ကို စော်​ကား​ကြ​၏။ \s1 ယု​ဒ​တ​ရား​လွှတ်​တော်​တွင်​ကိုယ်​တော်​ကို စစ်​ဆေး​ခြင်း \r (မ၊ ၂၆:၅၉-၆၆။ မာ၊ ၁၄:၅၅-၆၄။ ယော၊ ၁၈:၁၉-၂၄) \p \v 66 မိုး​လင်း​သော​အ​ခါ​ယု​ဒ​အ​မျိုး​သား​ခေါင်း ဆောင်​များ​ဖြစ်​ကြ​သော​ယဇ်​ပု​ရော​ဟိတ်​ကြီး များ​နှင့် ကျမ်း​တတ်​ဆ​ရာ​များ​သည်​စု​ဝေး ကြ​၏။ ထို​နောက်​ကိုယ်​တော်​အား​မိ​မိ​တို့​၏ တ​ရား​လွှတ်​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။- \v 67 သူ​တို့​က ``သင်​သည်​မေ​ရှိ​ယ​ဖြစ်​ပါ​သ​လော။ ငါ​တို့​အား​ပြော​လော့'' ဟု​ဆို​ကြ​၏။ \p ကိုယ်​တော်​က``ငါ​ပြော​လျှင်​သင်​တို့​ယုံ​ကြ​မည် မ​ဟုတ်။- \v 68 သင်​တို့​အား​ငါ​မေး​လျှင်​သင်​တို့​ဖြေ​မည်​မ​ဟုတ်။ \m \v 69 ယ​ခု​မှ​စ​၍​လူ​သား​သည်​အနန္တ​တန်​ခိုး​တော် ရှင်​ဘု​ရား​သ​ခင်​၏​လက်​ယာ​တော်​ဘက်​တွင် ထိုင်​တော်​မူ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။ \p \v 70 ထို​သူ​တို့​က ``သို့​ဖြစ်​ပါ​မူ​သင်​သည်​ဘု​ရား သ​ခင်​၏​သား​တော်​ဖြစ်​ပါ​သ​လော'' ဟု​မေး ကြ​၏။ ကိုယ်​တော်​က ``ငါ​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​သည်​ဟု​သင်​တို့​ပင်​ဆို​ချေ သည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 71 ထို​အ​ခါ​သူ​တို့​က ``အ​ဘယ်​သက်​သေ​လို​သေး သ​နည်း။ ငါ​တို့​ကိုယ်​တိုင်​ပင်​သူ​၏​စ​ကား​ကို ကြား​ရ​ကြ​ပြီ'' ဟု​ဆို​ကြ​၏။ \c 23 \s1 ကိုယ်​တော်​အား ပိ​လတ်​မင်း​ထံ​သို့​ပို့​ဆောင်​ကြ​ခြင်း \r (မ၊ ၂၇:၁-၂၊ ၁၁-၁၄။ မာ၊ ၁၅:၁-၅။ ယော၊ ၁၈:၂၈-၃၈) \p \v 1 တ​ရား​လွှတ်​တော်​တစ်​ဖွဲ့​လုံး​သည်​ထ​၍​ကိုယ်​တော် အား ပိ​လတ်​မင်း​ထံ​သို့​ခေါ်​ဆောင်​သွား​ကြ​၏။- \v 2 ထို​နောက်​သူ​တို့​က ``ဤ​သူ​သည်​ပြည်​သူ​တို့​အား လမ်း​လွဲ​စေ​ရန် ကဲ​သာ​ဘု​ရင်​အား​အ​ခွန်​တော် မ​ပေး​မ​ဆက်​နှင့်​ဟု​တား​မြစ်​သည်​ကို​လည်း ကောင်း၊ မိ​မိ​ကိုယ်​ကို​မေ​ရှိ​ယ​တည်း​ဟူ​သော ဘု​ရင်​တစ်​ပါး​ဖြစ်​ကြောင်း​ပြော​ဆို​သည်​ကို လည်း​ကောင်း အ​ကျွန်ုပ်​တို့​တွေ့​ရှိ​ရ​ပါ​၏'' ဟု ဆို​၍​ကိုယ်​တော်​ကို​စွပ်​စွဲ​ကြ​၏။ \p \v 3 ပိ​လတ်​မင်း​က​ကိုယ်​တော်​အား ``သင်​သည်​ယု​ဒ ဘု​ရင်​ပေ​လော'' ဟု​မေး​၏။ \p ကိုယ်​တော်​က ``မင်း​ကြီး​မေး​သည်​အ​တိုင်း​မှန် သည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 4 ထို​နောက်​ပိ​လတ်​မင်း​က ``ဤ​သူ​အား​စွဲ​ချက် တင်​ရန်​အ​ကြောင်း​တစ်​စုံ​တစ်​ရာ​မျှ​ငါ​မ​တွေ့'' ဟု​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​လူ​အ​ပေါင်း တို့​အား​ဆို​၏။ \p \v 5 သို့​ရာ​တွင်​သူ​တို့​က ``ဤ​သူ​သည်​ဂါ​လိ​လဲ​ပြည် က​စ​၍ ယ​ခု​ဤ​အ​ရပ်​ဒေ​သ​တိုင်​အောင်​ယု​ဒ ပြည်​အ​နှံ့​အ​ပြား​ဟော​ပြော​လျက် ပြည်​သူ​တို့ အား​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​အောင်​လှုံ့​ဆော်​ပါ​၏'' ဟု​ပို​၍​ပင်​အ​သံ​ကျယ်​စွာ​စွပ်​စွဲ​ကြ​၏။ \s1 ကိုယ်​တော်​အား ဟေ​ရုဒ်​မင်း​ထံ​ကို​ပို့​ဆောင်​ကြ​ခြင်း \p \v 6 ပိ​လတ်​မင်း​သည်​ဂါ​လိ​လဲ​ဟူ​သော​စ​ကား​ကို ကြား​လျှင် ``ဤ​သူ​သည်​ဂါ​လိ​ပြည်​သား​ပေ လော'' ဟု​မေး​၏။- \v 7 ဟေ​ရုဒ်​အုပ်​စိုး​သော​ဂါ​လိ​လဲ​ပြည်​သား​ဖြစ် ကြောင်း​ကို​သိ​လျှင် ကိုယ်​တော်​အား​ဟေ​ရုဒ်​မင်း ထံ​သို့​ပို့​၏။ ထို​အ​ချိန်​အ​ခါ​သည်​ဟေ​ရုဒ်​မင်း ယေ​ရု​ရှ​လင်​မြို့​မှာ​ရောက်​ရှိ​နေ​သည့်​အ​ချိန် ဖြစ်​သ​တည်း။- \v 8 ဟေ​ရုဒ်​မင်း​သည်​သ​ခင်​ယေ​ရှု​ကို​မြင်​သော အ​ခါ​လွန်​စွာ​ဝမ်း​မြောက်​၏။ ကိုယ်​တော်​၏​သ​တင်း ကို​များ​စွာ​ကြား​ခဲ့​ရ​သ​ဖြင့် ကိုယ်​တော်​အား တွေ့​မြင်​လို​သည်​မှာ​ကြာ​ပေ​ပြီ။ ကိုယ်​တော်​ပြ သည့်​နိ​မိတ်​လက္ခ​ဏာ​တစ်​စုံ​တစ်​ရာ​ကို​တွေ့ မြင်​ရ​လိမ့်​မည်​ဟု​မျှော်​လင့်​လျက်​နေ​၏။- \v 9 ဟေ​ရုဒ်​မင်း​သည်​ကိုယ်​တော်​အား​မေး​ခွန်း​များ စွာ​မေး​သော်​လည်း ကိုယ်​တော်​က​ဖြေ​ကြား​တော် မ​မူ။- \v 10 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​ရှေ့​သို့​လာ​၍ ကိုယ်​တော်​အား​အ​ပြင်း အ​ထန်​စွပ်​စွဲ​ပြော​ဆို​ကြ​၏။- \v 11 ဟေ​ရုဒ်​မင်း​နှင့်​သူ​၏​စစ်​သား​များ​သည်​ကိုယ် တော်​အား​မ​ထီ​မဲ့​မြင်​ပြု​၍​ပြောင်​လှောင် ကြ​၏။ ထို​နောက်​တင့်​တယ်​သော​ဝတ်​လုံ​ကို ဝတ်​ပေး​ပြီး​လျှင် ကိုယ်​တော်​အား​ပိ​လတ် မင်း​ထံ​ပြန်​ပို့​လိုက်​၏။- \v 12 ယ​ခင်​က​ရန်​သူ​ဖြစ်​ခဲ့​ကြ​သည့်​ပိ​လတ် မင်း​နှင့်​ဟေ​ရုဒ်​မင်း​တို့​သည် ထို​နေ့​၌​ပြန်​၍ သင့်​မြတ်​သွား​ကြ​သ​တည်း။ \s1 ကိုယ်​တော်​ကို​သေ​ဒဏ်​စီ​ရင်​ကြ​ခြင်း \r (မ၊ ၂၇:၁၅-၂၆။ မာ၊ ၁၅:၆-၁၅။ ယော၊ ၁၈:၃၉-၁၉:၁၆) \p \v 13 ပိ​လတ်​မင်း​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ၊ ယု​ဒ​ခေါင်း​ဆောင်​များ​နှင့်​ယု​ဒ​အ​မျိုး​သား များ​အား​စု​ဝေး​စေ​၏။- \v 14 ထို​နောက် ``ဤ​သူ​သည်​ပုန်​ကန်​ရန်​ပြည်​သူ​တို့ အား​လှုံ့​ဆော်​သူ​ဖြစ်​သည်​ဟု​ဆို​၍ သူ့​အား သင်​တို့​ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ​၏။ သင်​တို့​ရှေ့ မှာ​ပင်​ငါ​စစ်​ဆေး​ခဲ့​၏။ သို့​ရာ​တွင်​သင်​တို့ ဆို​သည့်​အ​တိုင်း​ထို​သူ​အား​စွပ်​စွဲ​နိုင်​ရန် အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့။- \v 15 ဟေ​ရုဒ်​မင်း​သည်​လည်း​မ​တွေ့။ ထို့​ကြောင့်​သူ့ ကို​ငါ့​ထံ​သို့​ပြန်​၍​ပို့​၏။ ဤ​သူ​သည်​သေ ဒဏ်​ခံ​ထိုက်​သော​အ​ပြစ်​တစ်​စုံ​တစ်​ရာ​ကို မျှ​မ​ကူး​မ​လွန်​ခဲ့​ပေ။- \v 16 သို့​ဖြစ်​၍​သူ့​ကို​ကြိမ်​ဒဏ်​ဖြင့်​ဆုံး​မ​၍​လွှတ် လိုက်​မည်'' ဟု​ဆို​၏။-\x + \xo 23:16 \xt အ​ချို့​စာ​မူ​များ​တွင် အ​ခန်း​ငယ် ၁၇ မ​ပါ​ဝင်​ပါ၊\x* \v 17 (ပိ​လတ်​မင်း​သည်​ပ​သ​ခါ​ပွဲ​၌​လူ​တို့​အ​တွက် အ​ကျဉ်း​သား​တစ်​ယောက်​ကို​လွတ်​ငြိမ်း​ချမ်း သာ​ခွင့်​ပေး​ရ​မြဲ​ဖြစ်​သ​တည်း။) \p \v 18 လူ​ပ​ရိ​သတ်​အား​လုံး​က ``ဤ​သူ​ကို​သေ​ဒဏ် ပေး​ပါ။ အ​ကျွန်ုပ်​တို့​အ​တွက်​ဗာ​ရဗ္ဗ​ကို​လွတ် ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​ပါ'' ဟု​တစ်​ပြိုင်​နက် ဟစ်​အော်​ကြ​၏။- \v 19 (ဗာ​ရဗ္ဗ​ကား​မြို့​ထဲ​တွင်​ပုန်​ကန်​ထ​ကြွ​မှု​နှင့် လူ​သတ်​မှု​တို့​ဖြင့်​ထောင်​ကျ​ခံ​နေ​ရ​သူ​ဖြစ်​၏။) \p \v 20 ပိ​လတ်​မင်း​သည်​သ​ခင်​ယေ​ရှု​အား​လွတ်​ငြိမ်း ချမ်း​သာ​ခွင့်​ပေး​လို​၍​လူ​တို့​အား​တစ်​ဖန် တင်​ပြ​၏။- \v 21 သို့​ရာ​တွင်​လူ​တို့​သည် ``သူ့​ကို​လက်​ဝါး​ကပ်​တိုင် မှာ​တင်​၍​သတ်​ပါ၊ လက်​ဝါး​ကပ်​တိုင်​မှာ​တင်​၍ သတ်​ပါ'' ဟု​ဟစ်​အော်​ကြ​၏။ \p \v 22 ပိ​လတ်​မင်း​က ``သူ​သည်​အ​ဘယ်​ပြစ်​မှု​ကို ကူး​လွန်​သ​နည်း။ သူ့​အား​သေ​ဒဏ်​ပေး​ထိုက် သော​အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့၊ သို့​ဖြစ်​၍​သူ့​ကို​ကြိမ်​ဒဏ်​ဖြင့်​ဆုံး​မ​၍​လွှတ် လိုက်​မည်'' ဟု​တ​တိ​ယ​အ​ကြိမ်​ဆို​၏။ \p \v 23 သို့​ရာ​တွင်​လူ​တို့​သည်​ကိုယ်​တော်​အား​လက်​ဝါး ကပ်​တိုင်​မှာ​တင်​၍​သတ်​ရန် အ​သံ​ကုန်​အော်​ဟစ် တောင်း​ဆို​ကြ​သ​ဖြင့်​နောက်​ဆုံး​၌​တောင်း​ဆို ချက်​ရ​သွား​၏။- \v 24 ပိ​လတ်​မင်း​သည်​သူ​တို့​တောင်း​ဆို​သည့်​အ​တိုင်း စီ​ရင်​ချက်​ချ​မှတ်​လိုက်​၏။- \v 25 ပုန်​ကန်​ထ​ကြွ​မှု​နှင့်​လူ​သတ်​မှု​တို့​အ​တွက် ထောင်​ကျ​သူ​အား သူ​တို့​တောင်း​ဆို​သည့်​အ​တိုင်း လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​လိုက်​၏။ သ​ခင်​ယေ​ရှု ကို​မူ​သူ​တို့​ပြု​လို​သည့်​အ​တိုင်း​ပြု​စေ​ရန်​အပ် လိုက်​၏။ \s1 ကိုယ်​တော်​ကို​လက်​ဝါး​ကပ်​တိုင်​မှာ​တင်​၍ သတ်​ကြ​ခြင်း \r (မ၊ ၂၇:၃၂-၄၄။ မာ၊ ၁၅:၂၁-၃၂။ ယော၊ ၁၉:၁၇-၂၇) \p \v 26 စစ်​သား​တို့​သည်​ကိုယ်​တော်​ကို​ထုတ်​ဆောင်​သွား ကြ​စဉ် ကျေး​လက်​တော​ရွာ​မှ​လာ​သော​ကု​ရေ​နေ ပြည်​သား​ရှိ​မုန်​ကို​ဖမ်း​ဆီး​၍ သူ​၏​ပ​ခုံး​ပေါ် တွင်​လက်​ဝါး​ကပ်​တိုင်​ကို​တင်​ကြ​၏။ ထို​နောက် လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​စေ​လျက်​သ​ခင် ယေ​ရှု​၏​နောက်​တော်​မှ​လိုက်​စေ​ကြ​၏။ \p \v 27 လူ​ပ​ရိ​သတ်​ကြီး​သည်​နောက်​တော်​မှ​လိုက်​ကြ​၏။ အ​မျိုး​သ​မီး​အ​ချို့​တို့​သည်​မိ​မိ​တို့​ရင်​ကို တီး​ခတ်​ငို​ကြွေး​လျက်​လိုက်​ကြ​၏။- \v 28 သ​ခင်​ယေ​ရှု​သည်​ထို​အ​မျိုး​သ​မီး​များ​၏​ဘက် သို့​လှည့်​၍ ``ယေ​ရု​ရှ​လင်​မြို့​သူ​တို့၊ ငါ့​အ​တွက် မ​ငို​ကြွေး​ကြ​နှင့်။ သင်​တို့​နှင့်​သင်​တို့​၏​သား သ​မီး​များ​အ​တွက်​သာ​လျှင်​ငို​ကြွေး​ကြ​လော့။- \v 29 `က​လေး​မ​ရှိ​ခဲ့၊ နို့​မ​တိုက်​ခဲ့​သော​အ​မျိုး​သ​မီး များ​သည်​မင်္ဂ​လာ​ရှိ​၏' ဟု​ဆို​ရ​သည့်​အ​ချိန် ကျ​ရောက်​လာ​လိမ့်​မည်။- \v 30 ထို​အ​ချိန်​၌​လူ​တို့​က​တောင်​များ​အား `ငါ​တို့ အ​ပေါ်​သို့​ပြို​လဲ​ကြ​ပါ' ဟူ​၍​လည်း​ကောင်း၊ တောင်​ကုန်း​များ​အား `ငါ​တို့​ကို​ဖုံး​အုပ်​ကြ ပါ' ဟူ​၍​လည်း​ကောင်း​ဆို​ကြ​လိမ့်​မည်။-\x + \xo 23:30 \xt ဟော၊ ၁၀:၈။ ဗျာ၊ ၆:၁၆။\x* \v 31 စိမ်း​စို​သော​အ​ပင်​ကို​ဤ​သို့​ပြု​ကြ​ပါ​မူ အ​ပင်​သည်​ခြောက်​သွေ့​သော​အ​ခါ​မည်​သို့ ဖြစ်​လိမ့်​မည်​နည်း'' ဟု​မိန့်​တော်​မူ​၏။ \p \v 32 လူ​တို့​သည်​ရာ​ဇ​ဝတ်​သင့်​သူ​လူ​နှစ်​ယောက်​ကို လည်း​ကိုယ်​တော်​နှင့်​အ​တူ​သတ်​ရန်​ထုတ်​ဆောင် သွား​ကြ​၏။- \v 33 ``ဦး​ခေါင်း​ခွံ'' ဟု​နာ​မည်​တွင်​သော​အ​ရပ်​သို့​ရောက် သော​အ​ခါ​ကိုယ်​တော်​နှင့်​ရာ​ဇ​ဝတ်​သင့်​သူ​များ ကို​လက်​ဝါး​ကပ်​တိုင်​မှာ​တင်​၍​သတ်​ကြ​၏။ ရာ ဇ​ဝတ်​သင့်​သူ​တစ်​ယောက်​ကို​လက်​ယာ​တော်​ဘက် တွင်​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက်​ကို​လက်​ဝဲ တော်​ဘက်​တွင်​လည်း​ကောင်း​ထား​၍​သတ်​ကြ​၏။- \v 34 သ​ခင်​ယေ​ရှု​က ``အို အ​ဖ၊ ထို​သူ​တို့​၏​အ​ပြစ် ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည်​မိ​မိ​တို့​ပြု နေ​သည့်​အ​မှု​ကို​မ​သိ​ကြ​ပါ'' ဟု​မြွက်​ဆို တော်​မူ​၏။ \p သူ​တို့​သည်​ကိုယ်​တော်​၏​အ​ဝတ်​တော်​များ​ကို မဲ​ချ​၍​ဝေ​ယူ​ကြ​၏။-\x + \xo 23:34 \xt ဆာ၊ ၂၂:၁၈။\x* \v 35 လူ​ပ​ရိ​သတ်​သည်​ရပ်​လျက်​ကြည့်​နေ​ကြ​၏။ ယု​ဒ​ခေါင်း​ဆောင်​များ​သည် ``ဤ​သူ​သည်​အ​ခြား သူ​များ​အား​ကယ်​တင်​၏။ အ​ကယ်​၍​ဘု​ရား​သ​ခင် ရွေး​ချယ်​တော်​မူ​သော​မေ​ရှိ​ယ​ဖြစ်​ပါ​မူ မိ​မိ​ကိုယ် ကို​ကယ်​တင်​ပါ​လေ​စေ'' ဟု​ဆို​၍​ပြောင်​လှောင် ကြ​၏။-\x + \xo 23:35 \xt ဆာ၊ ၂၂:၇။\x* \v 36 စစ်​သား​များ​သည်​လည်း​ကိုယ်​တော်​အား​ပုံး ရည်​ကို​တိုက်​လျက်၊-\x + \xo 23:36 \xt ဆာ၊ ၆၉:၂၁။\x* \v 37 ``သင်​သည်​ယု​ဒ​ရှင်​ဘု​ရင်​ဖြစ်​ပါ​မူ​သင့်​ကိုယ် ကို​ကယ်​တင်​ပါ​လော့'' ဟု​ဆို​၍​ပြောင်​လှောင် ကြ​၏။ \p \v 38 ကိုယ်​တော်​၏​ဦး​ခေါင်း​အ​ထက်​တွင် ``ဤ​သူ​ကား ယု​ဒ​ရှင်​ဘု​ရင်​ပေ​တည်း'' ဟု​ကမ္ပည်း​ရေး​ထိုး ထား​ကြ​၏။ \p \v 39 လက်​ဝါး​ကပ်​တိုင်​မှာ​ရိုက်​ဆွဲ​ထား​သော​ရာ​ဇ ဝတ်​သင့်​သူ​နှစ်​ယောက်​အ​နက် တစ်​ယောက်​က ``သင် သည်​မေ​ရှိ​ယ​ပင်​မ​ဟုတ်​ပါ​လော။ သင့်​ကိုယ်​ကို လည်း​ကောင်း၊ ငါ​တို့​ကို​လည်း​ကောင်း​ကယ်​တင် ပါ​လော့'' ဟု​ကိုယ်​တော်​အား​ကဲ့​ရဲ့​ပြော​ဆို​၏။ \p \v 40 အ​ခြား​ရာ​ဇ​ဝတ်​သင့်​သူ​က​ထို​သူ့​အား ``သင် သည်​ဘု​ရား​သ​ခင်​ကို​မ​ကြောက်​ပါ​သ​လော။ ငါ တို့​သည်​ဤ​သူ​ကဲ့​သို့​ပင်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ရ​သော်​လည်း၊- \v 41 ငါ​တို့​သည်​အ​ပြစ်​အ​လျောက် ထိုက်​သင့်​သော အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​၏။ ဤ​အ​ရှင်​မှာ​မူ​ကား အ​ဘယ်​အ​ပြစ်​ကို​မျှ​မ​ကူး​လွန်​ခဲ့'' ဟု​ပြော ဆို​ဆုံး​မ​၏။- \v 42 ထို​နောက်​သ​ခင်​ယေ​ရှု​အား ``အ​ရှင်​အုပ်​စိုး​ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​ကို​သ​တိ ရ​တော်​မူ​ပါ'' ဟု​လျှောက်​၏။- \v 43 ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား ယ​နေ့​ပင်​သင်​သည်​ငါ​နှင့်​အ​တူ ပ​ရ​ဒိ​သု​ဘုံ​တွင်​ရှိ​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 ကိုယ်​တော်​အ​သက်​ချုပ်​တော်​မူ​ခြင်း \r (မ၊ ၂၇:၄၅-၅၆။ မာ၊ ၁၅:၃၃-၄၁။ ယော၊ ၁၉:၂၈-၃၀) \p \v 44 အ​ချိန်​ကား​မွန်း​တည့်​ချိန်​လောက်​ဖြစ်​၏။ ထို အ​ချိန်​မှ​စ​၍​မွန်း​လွဲ​သုံး​နာ​ရီ​အ​ထိ မြေ​တစ် ပြင်​လုံး​တွင်​နေ​ရောင်​အ​လင်း​ကွယ်​၍​မှောင် အ​တိ​ကျ​လေ​၏။- \v 45 ဗိ​မာန်​တော်​ကန့်​လန့်​ကာ​သည်​လည်း​နှစ်​ခြမ်း ကွဲ​လေ​၏။-\x + \xo 23:45 \xt ထွ၊ ၂၆:၃၁-၃၃။\x* \v 46 သ​ခင်​ယေ​ရှု​သည် ``အို အ​ဖ၊ ကိုယ်​တော်​ရှင်​၏ လက်​တော်​သို့​အ​ကျွန်ုပ်​၏​ဝိ​ညာဉ်​ကို​အပ်​ပါ​၏'' ဟု​ကျယ်​စွာ​ကြွေး​ကြော်​ပြီး​နောက်​အ​သက်​ချုပ် တော်​မူ​၏။\x + \xo 23:46 \xt ဆာ၊ ၃၁:၅။\x* \p \v 47 ဤ​အ​ဖြစ်​အ​ပျက်​ကို​တပ်​မှူး​သည်​တွေ့​မြင် လျှင် ``ဤ​သူ​ကား​အ​ကယ်​ပင်​သူ​တော်​ကောင်း ဖြစ်​၏'' ဟု​ဆို​၍​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော် ကို​ချီး​ကူး​လေ​၏။ \p \v 48 ဤ​အ​မှု​အ​ရာ​ကို​ကြည့်​ရှု​ရန်​လာ​ကြ​ကုန်​သော လူ​ပ​ရိ​သတ်​တို့​သည် ထို​အ​ဖြစ်​အ​ပျက်​များ​ကို မြင်​သ​ဖြင့် မိ​မိ​တို့​ရင်​ကို​တီး​ခတ်​လျက်​ပြန် ကြ​၏။- \v 49 ဂါ​လိ​လဲ​ပြည်​မှ​ကိုယ်​တော်​၏​နောက်​သို့​လိုက် လာ​ကြ​သော​အ​မျိုး​သ​မီး​များ​အ​ပါ​အ​ဝင် ကိုယ်​တော်​ကို​သိ​ကျွမ်း​သူ​အ​ပေါင်း​တို့​သည် အ​ဝေး​မှာ​ရပ်​လျက်​ကြည့်​ရှု​နေ​ကြ​၏။\x + \xo 23:49 \xt လု၊ ၈:၂-၃။\x* \s1 ကိုယ်​တော်​ကို​သင်္ဂြိုဟ်​ခြင်း \r (မ၊ ၂၇:၅၇-၆၁။ မာ၊ ၁၅:၄၂-၄၇။ ယော၊ ၁၉:၃၈-၄၂) \p \v 50-51 ယု​ဒ​ပြည်​အ​ရိ​မ​ဿဲ​မြို့​သား​ယော​သပ်​နာ​မည် ရှိ​သူ​ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တစ်​ဦး​ရှိ ၏။ သူ​သည်​လူ​ကောင်း​လူ​ဖြောင့်​တစ်​ယောက်​ဖြစ်​လျက် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည်​မည့်​အ​ချိန် ကို​စောင့်​မျှော်​နေ​သူ​ဖြစ်​၏။ သူ​သည်​တ​ရား​လွှတ် တော်​အ​ဖွဲ့​ဝင်​ဖြစ်​သော်​လည်း တ​ရား​လွှတ်​တော် ၏​ဆုံး​ဖြတ်​ချက်​နှင့်​လုပ်​ဆောင်​ချက်​ကို​သ​ဘော မ​တူ​ခဲ့​ပေ။- \v 52 သူ​သည်​ပိ​လတ်​မင်း​၏​ထံ​သို့​သွား​၍​သ​ခင်​ယေ​ရှု ၏​အ​လောင်း​တော်​ကို​တောင်း​၏။- \v 53 အ​လောင်း​တော်​ကို​လက်​ဝါး​ကပ်​တိုင်​မှ​ချ​ပြီး လျှင်​ပိတ်​ဖြင့်​ပတ်​၏။ ထို​နောက်​ကျောက်​ဆောင်​ကို ထွင်း​ထား​သည့်​တစ်​ခါ​မျှ​အ​သုံး​မ​ပြု​ရ​သေး သော​သင်္ချိုင်း​ဂူ​သစ်​တွင်​သင်္ဂြိုဟ်​၏။- \v 54 ထို​နေ့​ကား​သော​ကြာ​နေ့​ဖြစ်​၍​ဥ​ပုသ်​နေ့​သို့ ကူး​ရန်​အ​ချိန်​နီး​ပေ​ပြီ။- \v 55 ဂါ​လိ​လဲ​ပြည်​မှ​ကိုယ်​တော်​နှင့်​လိုက်​ခဲ့​ကြ​သော အ​မျိုး​သ​မီး​များ​လည်း​လိုက်​ပို့​၍​သင်္ချိုင်း​တော် ကို​လည်း​ကောင်း၊ အ​လောင်း​တော်​ကို​အ​ဘယ်​သို့ ထား​သည်​ကို​လည်း​ကောင်း​တွေ့​မြင်​ကြ​၏။- \v 56 ထို​နောက်​သူ​တို့​သည်​အိမ်​သို့​ပြန်​၍​ဆီ​မွှေး နှင့်​နံ့​သာ​ပေါင်း​ကို​အ​သင့်​ပြင်​ဆင်​ကြ​၏။ \p သူ​တို့​သည်​ပ​ညတ်​တော်​ရှိ​သည်​အ​တိုင်း ဥ​ပုသ်​နေ့​၌​အ​နား​ယူ​ကြ​၏။\x + \xo 23:56 \xt ထွ၊ ၂၀:၁၀။ တရား၊ ၅:၁၄။\x* \c 24 \s1 သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ခြင်း \r (မ၊ ၂၈:၁-၁၀။ မာ၊ ၁၆:၁-၈။ ယော၊ ၂၀:၁-၁၀) \p \v 1 တ​နင်္ဂ​နွေ​နေ့​မိုး​လင်း​စ​အ​ချိန်​၌​ထို​အ​မျိုး သ​မီး​တို့​သည် မိ​မိ​တို့​အ​သင့်​ပြင်​ဆင်​ထား​သော နံ့​သာ​ပေါင်း​ကို​ယူ​၍ အ​ခြား​သူ​များ​နှင့်​အ​တူ သင်္ချိုင်း​တော်​သို့​သွား​ကြ​၏။- \v 2 သင်္ချိုင်း​ဂူ​ဝ​က​ကျောက်​တုံး​ကို​လှိမ့်​ဖယ်​ထား သည်​ကို​တွေ့​သ​ဖြင့်၊- \v 3 ဂူ​ထဲ​သို့​ဝင်​ကြ​၏။ သို့​ရာ​တွင်​အ​လောင်း​တော် ကို​မ​တွေ့​ရ​ကြ။- \v 4 ဤ​အ​ခြင်း​အ​ရာ​နှင့်​ပတ်​သက်​၍​စိတ်​ဇ​ဝေ​ဇ​ဝါ ဖြစ်​လျက်​နေ​ကြ​စဉ် ပြောင်​လက်​သည့်​အ​ဝတ်​ကို ဝတ်​ဆင်​ထား​သူ​လူ​နှစ်​ယောက်​သည်​သူ​တို့​၏ အ​ရှေ့​တွင်​ရုတ်​တ​ရက်​ပေါ်​လာ​၏။- \v 5 အ​မျိုး​သ​မီး​များ​သည်​ကြောက်​ရွံ့​၍​ပျပ်​ဝပ် လျက်​နေ​ကြ​၏။ ထို​သူ​နှစ်​ယောက်​က``သင်​တို့​သည် အ​ဘယ်​ကြောင့်​အ​သက်​ရှင်​သူ​ကို​သေ​သူ​များ ရှိ​ရာ​အ​ရပ်​တွင်​ရှာ​ကြ​သ​နည်း။- \v 6 ကိုယ်​တော်​သည်​ဤ​အ​ရပ်​တွင်​မရှိ။ ရှင်​ပြန်​ထ​မြောက် တော်​မူ​ပြီ။ ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်​မှာ​ရှိ တော်​မူ​ခဲ့​စဉ်​က၊-\x + \xo 24:6 \xt မ၊ ၁၆:၂၁၊ ၁၇:၂၂-၂၃၊ ၂၀:၁၈-၁၉။ မာ၊ ၈:၃၁၊ ၉:၃၁၊ ၁၀:၃၃-၃၄။ လု၊ ၉:၂၂၊ ၁၈:၃၁-၃၃။\x* \v 7 `လူ​သား​သည်​အ​ပြစ်​ကူး​သူ​တို့​၏​လက်​သို့ အပ်​ခြင်း​ခံ​ရ​လိမ့်​မည်။ လက်​ဝါး​ကပ်​တိုင်​မှာ​တင် ၍​အ​သတ်​ခံ​ရ​လိမ့်​မည်။ ထို​နောက်​တ​တိ​ယ​နေ့​၌ သေ​ခြင်း​မှ​ရှင်ြုပန်​ထ​မြောက်​တော်​မူ​လိမ့်​မည်' ဟူ​၍ သင်​တို့​အား​ပြော​ကြား​ခဲ့​သည်​ကို​သ​တိ​ရ​ကြ လော့'' ဟု​ဆို​၏။ \p \v 8 ထို​အ​ခါ​အ​မျိုး​သ​မီး​များ​သည်​ကိုယ်​တော် မိန့်​တော်​မူ​ခဲ့​သော​စ​ကား​များ​ကို​ပြန်​သ​တိ​ရ ၍၊- \v 9 သင်္ချိုင်း​တော်​မှ​မိ​မိ​တို့​အိမ်​သို့​ပြန်​ပြီး​လျှင်​တစ် ကျိပ်​တစ်​ပါး​နှင့်​တ​ပည့်​တော်​အ​ပေါင်း​တို့​အား ထို​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​ကို​ပြော​ကြား ကြ​၏။- \v 10 တ​မန်​တော်​တို့​အား​ဤ​သို့​ပြော​ကြား​သူ​များ ကား​မာ​ဂ​ဒ​လ​မာ​ရိ၊ ယော​ဟန္န၊ ယာ​ကုပ်​၏​မိ​ခင် ဖြစ်​သူ​မာ​ရိ​မှ​စ​၍​အ​ခြား​သော​အ​မျိုး​သ​မီး များ​ဖြစ်​သ​တည်း။- \v 11 သူ​တို့​ပြော​ကြား​သည့်​စ​ကား​များ​သည်​တ​မန် တော်​တို့​အ​တွက်​ယုတ္တိ​မ​ရှိ​သော​ကြောင့်​တ​မန် တော်​တို့​သည်​မ​ယုံ​ကြ။- \v 12 သို့​ရာ​တွင်​ပေ​တ​ရု​သည်​သင်္ချိုင်း​တော်​သို့​ပြေး သွား​ပြီး​လျှင်​ငုံ့​၍​ကြည့်​၏။ ပိတ်​များ​မှ​တစ်​ပါး အ​ခြား​အ​ဘယ်​အ​ရာ​ကို​မျှ​မ​တွေ့​ရ။ သူ​သည် ထို​အ​ခြင်း​အ​ရာ​ကို​အံ့​သြ​လျက်​အိမ်​သို့​ပြန် လေ​သည်။ \s1 ဧ​မောက်​ရွာ​သို့​ခ​ရီး​သွား​ခြင်း \r (မာ၊ ၁၆:၁၂-၁၃) \p \v 13 ထို​နေ့​၌​ပင်​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် ဧ​မောက်​ဟု​ခေါ်​သော​ရွာ​သို့​သွား​ကြ​၏။ ထို​ရွာ သည်​ယေ​ရု​ရှ​လင်​မြို့​နှင့်​ခု​နစ်​မိုင်​ခန့်​ဝေး​၏။- \v 14 ထို​သူ​နှစ်​ယောက်​တို့​သည်​ဖြစ်​ပျက်​ခဲ့​သ​မျှ သော​အ​မှု​အ​ရာ​များ​အ​ကြောင်း​ကို​ပြော​ဆို လျက်​လာ​ကြ​၏။- \v 15 ယင်း​သို့​ပြော​ဆို​ဆွေး​နွေး​နေ​ကြ​စဉ်​သ​ခင် ယေ​ရှု​ကိုယ်​တော်​တိုင်​သူ​တို့​ထံ​သို့​ချဉ်း​ကပ် ၍​သူ​တို့​နှင့်​အ​တူ​ကြွ​တော်​မူ​၏။- \v 16 သို့​ရာ​တွင်​သူ​တို့​သည်​အ​ကြောင်း​တစ်​စုံ​တစ်​ခု ကြောင့်​ကိုယ်​တော်​မှန်း​မ​သိ​ကြ။- \v 17 ကိုယ်​တော်​က ``သင်​တို့​သည်​ခ​ရီး​သွား​စဉ် အ​ဘယ်​အ​ကြောင်း​အ​ရာ​များ​ကို​ဆွေး​နွေး နေ​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p ထို​အ​ခါ​သူ​တို့​သည်​မျက်​နှာ​ညှိုး​ငယ်​စွာ​ဖြင့် ထို​နေ​ရာ​တွင်​ရပ်​လျက်​နေ​၏။- \v 18 သူ​တို့​အ​နက်​က​လော​ဖ​ဆို​သူ​က ``ယေ​ရု​ရှ​လင် မြို့​သို့​လာ​ရောက်​သော​ဧည့်​သည်​များ​အ​နက်​သင် တစ်​ဦး​တည်း​သာ​လျှင် ဤ​ရက်​များ​အ​တော​အ​တွင်း ၌​ယေ​ရု​ရှ​လင်​မြို့​တွင်​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ များ​အ​ကြောင်း​ကို​မ​သိ​ဘဲ​နေ​ပါ​သ​လော'' ဟု ဆို​၏။ \p \v 19 ကိုယ်​တော်​က ``အ​ဘယ်​အ​မှု​အ​ရာ​များ​နည်း'' ဟု​မေး​တော်​မူ​၏။ \p ထို​သူ​နှစ်​ဦး​က ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့် သက်​ဆိုင်​သော​အ​မှု​အ​ရာ​များ​ပင်​ဖြစ်​ပါ​၏။ ထို​သူ​သည်​ဘု​ရား​သ​ခင်​နှင့်​လူ​အ​ပေါင်း တို့​၏​ရှေ့​တွင်​လက်​သတ္တိ၊ နှုတ်​သတ္တိ​နှင့်​ပြည့်​စုံ သော​ပ​ရော​ဖက်​ဖြစ်​ပါ​၏။- \v 20 ငါ​တို့​၏​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​အ​ကြီး အ​ကဲ​များ​သည်​သူ့​အား​သေ​ဒဏ်​စီ​ရင်​ရန် ပိ​လတ်​မင်း​၏​လက်​သို့​အပ်​နှံ​ခဲ့​ကြ​၏။ လက် ဝါး​ကပ်​တိုင်​မှာ​တင်​၍​သတ်​ခဲ့​ကြ​ပါ​၏။- \v 21 ထို​အ​ရှင်​သည်​ဣသ​ရေ​လ​လူ​မျိုး​ကို​လွတ်​မြောက် စေ​တော်​မူ​မည့်​အ​ရှင်​ဖြစ်​သည်​ဟု ငါ​တို့​မျှော်​လင့် ခဲ့​ကြ​ပါ​၏။ အ​ဆို​ပါ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက် ခဲ့​သည်​မှာ​ယ​ခု​သုံး​ရက်​ရှိ​ပါ​ပြီ။- \v 22 ငါ​တို့​၏​အ​ပေါင်း​အဖော်​များ​ဖြစ်​သော​အ​မျိုး သ​မီး​အ​ချို့​တို့​သည်​နံ​နက်​စော​စော​သင်္ချိုင်း တော်​သို့​သွား​ခဲ့​ကြ​၏။- \v 23 သူ​တို့​သည်​အ​လောင်း​တော်​ကို​မ​တွေ့​ရ​ကြ​ပါ။ ကောင်း​ကင်​တ​မန်​များ​ကို​ရူ​ပါ​ရုံ​တွင်​မြင်​ရ ကြ​သည်​ဟု​ငါ​တို့​အား​ပြော​ကြား​ကြ​ပါ​၏။ ကောင်း​ကင်​တ​မန်​များ​က​သ​ခင်​ယေ​ရှု​သည် အ​သက်​ရှင်​လျက်​ရှိ​တော်​မူ​ကြောင်း​ကို​ပြော ကြ​သည်​ဟု​လည်း​ဆို​ကြ​၏။ သို့​ဖြစ်​၍​ငါ တို့​သည်​မိန်း​မော​တွေ​ဝေ​သွား​ကြ​ပါ​၏။- \v 24 ငါ​တို့​အ​ထဲ​မှ​လူ​အ​ချို့​တို့​သည်​လည်း​သင်္ချိုင်း တော်​သို့​သွား​ကြ​ရာ​အ​မျိုး​သ​မီး​များ​ဖော် ပြ​ခဲ့​သည်​အ​တိုင်း​ပင်​တွေ့​မြင်​ရ​ကြ​ပါ​၏။ ကိုယ်​တော်​ကို​မူ​ကား​မ​တွေ့​မ​မြင်​ရ​ကြ​ပါ'' ဟု​ဆို​ကြ​၏။ \p \v 25 ထို​အ​ခါ​ကိုယ်​တော်​က ``ပ​ရော​ဖက်​များ​ဟော ကြား​ခဲ့​သ​မျှ​ကို​ယုံ​ကြည်​ရန်​အ​လွန်​နှေး ကွေး​သော​အို​လူ​မိုက်​တို့၊- \v 26 မေ​ရှိ​ယ​သည်​ဘုန်း​အ​သ​ရေ​တော်​ကို​မ​ခံ​မ ယူ​မီ ဤ​သို့​သော​ဒုက္ခ​ဝေ​ဒ​နာ​များ​ကို​ခံ​စား ရန်​လို​အပ်​သည်​မ​ဟုတ်​ပါ​လော'' ဟု​မိန့်​တော် မူ​၏။- \v 27 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​မော​ရှေ​ကျမ်း​မှ အ​စ​ပြု​၍​ပ​ရော​ဖက်​ကျမ်း​အား​လုံး​တွင် ကိုယ်​တော်​အ​ကြောင်း​နှင့်​ပတ်​သက်​သည့်​ကျမ်း ပိုဒ်​များ​ကို​ထို​သူ​နှစ်​ယောက်​တို့​အား​ရှင်​လင်း ၍​ပြ​တော်​မူ​၏။ \p \v 28 ထို​သူ​တို့​သွား​သည့်​ရွာ​အ​နီး​သို့​ရောက်​ကြ လျှင်​ကိုယ်​တော်​သည်​ရှေ့​သို့​ဆက်​၍​သွား​မည့် ဟန်​ပြု​၏။- \v 29 သို့​ရာ​တွင်​သူ​တို့​က ``ယ​ခု​မိုး​ချုပ်​စ​ပြု​ပါ​ပြီ။ နေ့​အ​ချိန်​ကုန်​ပါ​တော့​မည်။ သို့​ဖြစ်​၍​အ​ကျွန်ုပ် တို့​နှင့်​အ​တူ​တည်း​ခို​ပါ'' ဟု​ဆို​၍​ကိုယ်​တော် အား​ဖိတ်​ခေါ်​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​နှင့် အ​တူ​တည်း​ခို​ရန်​လိုက်​သွား​တော်​မူ​၏။- \v 30 စား​ပွဲ​တွင်​သူ​တို့​နှင့်​အ​တူ​ထိုင်​တော်​မူ​လျက် မုန့်​ကို​ယူ​၍​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော် မူ​၏။ ထို​နောက်​မုန့်​ကို​ဖဲ့​၍​သူ​တို့​အား​ပေး တော်​မူ​၏။- \v 31 ထို​အ​ခါ​၌​သူ​တို့​သည်​မျက်​စိ​ပွင့်​လာ​ကြ သ​ဖြင့်​ကိုယ်​တော်​မှန်း​သိ​ကြ​လေ​သည်။ သို့​ရာ တွင်​ကိုယ်​တော်​သည်​သူ​တို့​၏​မျက်​မှောက်​မှ ကွယ်​ပျောက်​သွား​လေ​သည်။- \v 32 သူ​တို့​က ``လမ်း​ခ​ရီး​တွင်​ကိုယ်​တော်​သည်​ငါ​တို့ အား​စ​ကား​ပြော​တော်​မူ​သော​အ​ခါ​၌​လည်း​ကောင်း၊ ကျမ်း​စာ​တော်​၏​အ​နက်​ကို​ဖွင့်​ပြ​တော်​မူ​သော အ​ခါ​၌​လည်း​ကောင်း၊ ငါ​တို့​၏​စိတ်​နှ​လုံး​တွင် မီး​လျှံ​ထ​သ​ကဲ့​သို့​ဖြစ်​နေ​ခဲ့​သည်​မ​ဟုတ် ပါ​လော'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ \p \v 33 သူ​တို့​သည်​ချက်​ချင်း​ထ​၍​ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​ကြ​၏။ ထို​အ​ရပ်​တွင်​တစ်​ကျိပ်​တစ်​ပါး​နှင့် အ​ခြား​တ​ပည့်​တော်​များ​သည်​စု​ရုံး​လျက်​နေ ကြ​သည်​ကို​တွေ့​ကြ​၏။- \v 34 စု​ရုံး​လျက်​နေ​သော​သူ​တို့​က ``အ​ကယ်​ပင်​သ​ခင် ဘု​ရား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​ပေ​တ​ရု​အား​ကိုယ်​ထင်​ပြ​တော် မူ​ပြီ'' ဟု​ဆို​ကြ​၏။ \p \v 35 ထို​နောက်​ထို​သူ​နှစ်​ယောက်​တို့​သည်​လမ်း​တွင် ဖြစ်​ပျက်​ခဲ့​သည့်​အ​ကြောင်း​အ​ရာ​ကို​လည်း ကောင်း၊ မုန့်​ကို​ဖဲ့​တော်​မူ​စဉ်​တွင်​ကိုယ်​တော်​မှန်း သိ​ရှိ​လာ​ကြောင်း​ကို​လည်း​ကောင်း​ပြော​ကြ​၏။ \s1 တ​ပည့်​တော်​တို့​အား ကိုယ်​ထင်​ပြ​တော်​မူ​ခြင်း \r (မ၊ ၂၈:၁၆-၂၀။ မာ၊ ၁၆:၁၄-၁၈။ ယော၊ ၂၀:၁၉-၂၃။ တ၊ ၁:၆-၈) \p \v 36 ထို​အ​ကြောင်း​အ​ရာ​များ​ကို​တ​ပည့်​တော်​နှစ်​ယောက် တို့​ပြော​ပြ​နေ​စဉ်​သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​အ​လယ် ၌​ပေါ်​လာ​တော်​မူ​၍ ``သင်​တို့​တွင်​ငြိမ်​သက်​ခြင်း​ရှိ စေ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။ \p \v 37 သူ​တို့​သည်​တစ္ဆေ​ခြောက်​သည်​ဟု​ထင်​မှတ်​သ​ဖြင့် ထိတ်​လန့်​တုန်​လှုပ်​နေ​ကြ​၏။- \v 38 ကိုယ်​တော်​က ``အ​ဘယ်​ကြောင့်​ကြောက်​လန့်​နေ​ကြ သ​နည်း။ အ​ဘယ်​ကြောင့်​ယုံ​မှား​သံ​သ​ယ​ဖြစ် နေ​ကြ​သ​နည်း။ ငါ​၏​လက်​များ၊ ခြေ​များ​ကို ကြည့်​ကြ​လော့။- \v 39 သင်​တို့​မြင်​ရ​သူ​ကား​ငါ​ကိုယ်​တိုင်​ပင်​ဖြစ်​၏။ ငါ့ ကိုယ်​ကို​စမ်း​သပ်​ကြည့်​ကြ​လော့။ သင်​တို့​မြင်​သည် အ​တိုင်း​ငါ့​မှာ​အ​သား​အ​ရိုး​များ​ရှိ​၏။ \p \v 40 ထို​နောက်​လက်​တော်​ခြေ​တော်​တို့​ကို​တ​ပည့်​တော် တို့​အား​ပြ​တော်​မူ​၏။- \v 41 သို့​ရာ​တွင်​သူ​တို့​သည်​အ​လွန်​အံ့​သြ​လျက်​နေ ကြ​သ​ဖြင့်​မ​ယုံ​နိုင်​သေး​ဘဲ​ရှိ​ကြ​စဉ်​ကိုယ်​တော် က ``သင်​တို့​မှာ​စား​စ​ရာ​တစ်​စုံ​တစ်​ခု​ရှိ​သ​လော'' ဟု​မေး​တော်​မူ​၏။- \v 42 သူ​တို့​သည်​ငါး​ကင်​တစ်​ပိုင်း​ကို​ပေး​ကြ​၏။ \m \v 43 ကိုယ်​တော်​သည်​ယူ​၍​သူ​တို့​၏​ရှေ့​တွင်​သုံး​ဆောင် တော်​မူ​၏။ \p \v 44 ထို​နောက်​ကိုယ်​တော်​က ``မော​ရှေ​၏​ပ​ညတ်​ကျမ်း၊ ပ​ရော​ဖက်​ကျမ်း​များ​နှင့်​ဆာ​လံ​ကျမ်း​တွင်​ငါ ၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍​ဖော်​ပြ​ထား​သည့် အ​မှု​အ​ရာ​များ​သည်​ဖြစ်​ပျက်​ရ​မည်​ဟူ​၍ သင် တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က​ငါ​ပြော​ခဲ့​၏။ ငါ ပြော​ခဲ့​သည့်​အ​တိုင်း​ယ​ခု​ဖြစ်​ပျက်​လျက်​ရှိ​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 45 ထို​နောက်​တ​ပည့်​တော်​တို့​ကျမ်း​စာ​တော်​ကို​နား လည်​ကြ​စေ​ရန်​သူ​တို့​၏​အ​သိ​ဉာဏ်​ကို​ဖွင့်​တော် မူ​၏။- \v 46 ကိုယ်​တော်​က ``ကျမ်း​စာ​တော်​တွင်​မေ​ရှိ​ယ​သည် အ​သေ​ခံ​တော်​မူ​ရ​မည်။ ထို​နောက်​သုံး​ရက်​ကြာ သော်​သေ​ခြင်း​မှ​ထ​မြောက်​တော်​မူ​မည်။- \v 47 နာ​မ​တော်​ကို​အ​မှီ​ပြု​၍​အ​ပြစ်​လွှတ်​ခြင်း​တ​ရား နှင့်​နောင်​တ​တ​ရား​ကို​လည်း ယေ​ရု​ရှ​လင်​မြို့​မှ အ​စ​ပြု​၍​လူ​မျိုး​တ​ကာ​တို့​အား​ဟော​ပြော ရ​မည်။- \v 48 သင်​တို့​အား​ထို​အ​ဖြစ်​အ​ပျက်​များ​နှင့် ပတ်​သက်​၍​မျက်​မြင်​သက်​သေ​များ​ဖြစ်​ကြ​၏။- \v 49 ငါ​၏​ခ​မည်း​တော်​က​တိ​ထား​တော်​မူ​ရာ​ကို သင်​တို့​အ​ပေါ်​မှာ​ငါ​သက်​ရောက်​စေ​မည်။ သို့ ရာ​တွင်​သင်​တို့​သည်​ကောင်း​ကင်​က​တန်​ခိုး​ကို မ​ခံ​မ​ယူ​ရ​မီ​တိုင်​အောင် ယေ​ရု​ရှ​လင်​မြို့​၌ စောင့်​နေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။\x + \xo 24:49 \xt တ၊ ၁:၄။\x* \s1 ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ​တော်​မူ​ခြင်း \r (မာ၊ ၁၆:၁၉-၂၀။ တ၊ ၁:၉-၁၁) \p \v 50 ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​အား​ဗေ​သ​နိ​ရွာ သို့​ခေါ်​ဆောင်​သွား​တော်​မူ​ပြီး​လျှင်​လက်​တော်​ကို ချီ​၍​ကောင်း​ချီး​ပေး​တော်​မူ​၏။-\x + \xo 24:50 \xt တ၊ ၁:၉-၁၁။\x* \v 51 ဤ​သို့​ကောင်း​ချီး​ပေး​တော်​မူ​စဉ်​ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​ထံ​မှ​ထွက်​ခွာ​လျက်​ကောင်း​ကင် ဘုံ​သို့​ယူ​ဆောင်​ခြင်း​ကို​ခံ​တော်​မူ​၏။- \v 52 တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​အား​ရှိ​ခိုး​ပြီး လျှင်​အ​လွန်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​သွား​၍။- \v 53 ဗိ​မာန်​တော်​တွင်​အ​မြဲ​မ​ပြတ်​ဘု​ရား​သ​ခင်​၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက်​နေ​ကြ​၏။ ရှင်​လု​ကာ​ခ​ရစ်​ဝင်​ပြီး​၏။