\id LEV Myanmar Common Language Bible \h ဝတ်​ပြု \toc1 ဝတ်​ပြု​ရာ​ကျမ်း \toc2 ဝတ်​ပြု \mt1 ဝတ်​ပြု​ရာ​ကျမ်း \is1 နိ​ဒါန်း \ip ဝတ်​ပြု​ရာ​ကျမ်း​တွင်​ရှေး​ခေတ်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏ ဝတ်​ပြု​ကိုး​ကွယ်​မှု​နှင့်​ဘာ သာ​ရေး​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ​အ​တိုင်း တာ​ဝန် ယူ​ဆောင်​ရွက်​ရ​သော​ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက် ညွှန်​ကြား​ချက်​များ​ဖော်​ပြ​ပါ​ရှိ​သည်။ \ip ဤ​ကျမ်း​၏​အ​ဋ္ဌိ​က​အ​ကြောင်း​အ​ရာ​မှာ​ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​တော်​မူ​ခြင်း​နှင့်​ကိုယ်​တော်​၏ လူ​မျိုး​တော်​သည်``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​သန့်​ရှင်း​သော​ဘု​ရား​သ​ခင်'' နှင့်​ဆက်​သွယ်​မှု ရှိ​နေ​စေ​ရန်​လိုက်​နာ​ရ​မည့်​ဝတ်​ပြု​ကိုး​ကွယ်​မှု၊ အ​သက်​ရှင်​နေ​ထိုင်​မှု​ဆိုင်​ရာ​နည်း​လမ်း များ​အ​ကြောင်း​ဖြစ်​သည်။ \ip သ​ခင်​ယေ​ရှု​က​ဒု​တိ​ယ​အ​ကြီး​မြတ်​ဆုံး သော​ပ​ညတ်​တော်​ဟူ​၍​ဖွင့်​ဆို​ခဲ့​သော``ကိုယ် ၏​အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်'' ဟူ​သော​ကျမ်း​ချက်​ကို​အ​ခန်း​ကြီး ၁၉ ငယ် ၁၈ တွင်​တွေ့​နိုင်​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 ယဇ်​ပူ​ဇော်​ခြင်း​နှင့်​အ​ခြား​ပူ​ဇော်​သ​ကာ​များ ဆိုင်​ရာ​ပ​ညတ်​များ ၁:၁-၇:၃၈။ \io1 အာ​ရုန်​နှင့်​သူ​၏​သား​များ​ကို​ယဇ်​ပု​ရော​ဟိတ်​များ အ​ဖြစ်​သိက္ခာ​တင်​ခြင်း ၈:၁-၁၀:၂၀။ \io1 ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​ခြင်း​နှင့် မ​သန့်​ရှင်း​ခြင်း​ဆိုင်​ရာ​ပ​ညတ်​များ ၁၁:၁-၁၅:၃၃။ \io1 အ​ပြစ်​ဖြေ​ရာ​နေ့ ၁၆:၁-၃၄။ \io1 သန့်​ရှင်း​စွာ​နေ​ထိုင်​မှု​နှင့်​ဝတ်​ပြု​ကိုး​ကွယ်​မှု ဆိုင်​ရာ​ပ​ညတ်​များ ၁၇:၁-၂၇:၃၄။ \c 1 \s1 အ​ကောင်​လိုက်​ပူ​ဇော်​ရာ​ယဇ် \p \v 1-2 ထာ​ဝ​ရ​ဘု​ရား​သည် စံ​တော်​မူ​ရာ​တဲ​တော် ထဲ​မှ​မော​ရှေ​ကို​ဆင့်​ခေါ်​၍ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ယဇ်​ပူ​ဇော်​ရာ​တွင်​လိုက်​နာ​ရန် အောက် ဖော်​ပြ​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​ချ​မှတ်​ပေး တော်​မူ​သည်။ \p တစ်​စုံ​တစ်​ယောက်​သော​သူ​သည် တိ​ရစ္ဆာန်​ကို​ယဇ် ပူ​ဇော်​သည့်​အ​ခါ မိ​မိ​နွား​အုပ်​ထဲ​မှ​ဖြစ်​စေ၊ သိုး​အုပ်​သို့​မ​ဟုတ်​ဆိတ်​အုပ်​ထဲ​မှ​ဖြစ်​စေ တိ​ရစ္ဆာန်​တစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။- \v 3 နွား​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​မည်​ဆို​လျှင် ထို​နွား​၌​အ​ပြစ်​အ​နာ​မ​ရှိ​စေ​ရ။ ထာ​ဝ​ရ ဘု​ရား​သည်​ထို​သူ​ကို​နှစ်​သက်​လက်​ခံ​ရန်​သူ သည်​နွား​ကို ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။- \v 4 သူ​သည်​နွား​၏​ဦး​ခေါင်း​ပေါ်​တွင် မိ​မိ​လက်​ကို တင်​သ​ဖြင့် နွား​ကို​သူ​၏​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​လက်​ခံ​တော်​မူ​မည်။- \v 5 သူ​သည်​ထို​နေ​ရာ​တွင်​နွား​ကို​သတ်​၍ အာ​ရုန် ၏​သား​များ​ဖြစ်​ကြ​သော​ယဇ်​ပု​ရော​ဟိတ်​တို့ က​သွေး​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​ပြီး လျှင် တဲ​တော်​တံ​ခါး​ဝ​တွင်​ရှိ​သော​ယဇ်​ပလ္လင် ဘေး​လေး​ဘက်​စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ ကြ​မည်။- \v 6 ထို​နောက်​သူ​သည်​နွား​ကို​အ​ရေ​ဆုတ်​၍ ခုတ် ဖြတ်​ရ​မည်။- \v 7 ယဇ်​ပု​ရော​ဟိတ်​တို့​က​ယဇ်​ပလ္လင်​ပေါ်​တွင် ထင်း​ကို​စီ​ခင်း​၍ မီး​ညှိ​ရ​မည်။- \v 8 ထို့​နောက်​အ​သား​တစ်၊ ဦး​ခေါင်း​နှင့်​အ​ဆီ​ကို ထင်း​ပေါ်​တွင်​စီ​တင်​ရ​မည်။- \v 9 ဝမ်း​တွင်း​သား​နှင့်​နောက်​ခြေ​များ​ကို​ရေ​ဆေး ရ​မည်။ ထို့​နောက်​တာ​ဝန်​ကျ​ယဇ်​ပု​ရော​ဟိတ် သည် တိ​ရစ္ဆာန်​တစ်​ကောင်​လုံး​ကို​ပလ္လင်​ပေါ်​တွင် မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော်​သ​ကာ​၏​ရ​နံ့ ကို ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။ \p \v 10 ထို​သူ​သည်​သိုး​သို့​မ​ဟုတ်​ဆိတ်​ကို​ယဇ်​ပူ ဇော်​လို​လျှင် ထို​ယဇ်​ကောင်​သည်​အ​ပြစ်​အ​နာ ကင်း​သည့်​သိုး​ထီး​ဆိတ်​ထီး​ဖြစ်​ရ​မည်။- \v 11 သူ​သည်​ယဇ်​ကောင်​ကို​ယဇ်​ပလ္လင်​၏​မြောက်​ဘက် တွင်​သတ်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​များ​သည်​ယဇ် ကောင်​၏​သွေး​ကို ပလ္လင်​ဘေး​လေး​ဘက်​စ​လုံး ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။- \v 12 သူ​သည်​ယဇ်​ကောင်​ကို​ခုတ်​ဖြတ်​ပြီး​နောက် တာ​ဝန် ကျ​ယဇ်​ပု​ရော​ဟိတ်​သည်​အ​သား​တစ်၊ ဦး​ခေါင်း နှင့်​အ​ဆီ​ကို​ထင်း​မီး​ပေါ်​တွင်​တင်​ရ​မည်။- \v 13 သူ​သည်​ဝမ်း​တွင်း​သား​နှင့်​နောက်​ခြေ​များ​ကို ရေ​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​တစ်​ကောင် လုံး​ကို​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​၏။ \p \v 14 တစ်​စုံ​တစ်​ယောက်​သည်​ငှက်​ကို​ယဇ်​ပူ​ဇော် လို​လျှင် ငှက်​သည်​ချိုး​ငှက်​သို့​မ​ဟုတ်​ခို​ဖြစ် ရ​မည်။- \v 15 ယဇ်​ပု​ရော​ဟိတ်​သည်​ငှက်​ကို​ပလ္လင်​သို့​ယူ​ဆောင် ခဲ့​၍ လည်​ပင်း​ကို​လိမ်​ချိုး​ပြီး​လျှင် ငှက်​ဦး​ခေါင်း ကို​ပလ္လင်​တွင်​မီး​ရှို့​ရ​မည်။ ငှက်​သွေး​ကို​ပလ္လင် ဘေး​ပေါ်​သို့​ညှစ်​ချ​ရ​မည်။- \v 16 ထို့​နောက်​စ​လုတ်​ရှိ​အ​စာ​နှင့်​တ​ကွ​စ​လုတ် ကို​ထုတ်​၍ ပလ္လင်​အ​ရှေ့​ဘက်​ရှိ​ပြာ​ပုံ​ထဲ​သို့ ပစ်​လိုက်​ရ​မည်။- \v 17 သူ​သည်​အ​တောင်​ပံ​များ​ကို​ကိုင်​၍​ငှက်​ကိုယ် ကို​ဆွဲ​ဖွင့်​ရ​မည်။ သို့​ရာ​တွင်​အ​တောင်​များ​မ ကျွတ်​ထွက်​စေ​ရ။ ထို့​နောက်​တစ်​ကောင်​လုံး​ကို ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော် သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။ \c 2 \s1 ဘော​ဇဉ်​သကာ \p \v 1 တစ်​စုံ​တစ်​ယောက်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​ပူ​ဇော်​လို​လျှင်​မုန့်​ညက်​ကို​ပူ​ဇော်​ရ မည်။ မုန့်​ညက်​တွင်​သံ​လွင်​ဆီ​နှင့်​အ​မွှေး​နံ့ သာ​လောင်း​ထည့်​၍၊- \v 2 အာ​ရုန်​၏​သား​များ​ဖြစ်​သော​ယဇ်​ပု​ရော​ဟိတ် တို့​ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ တာ​ဝန်​ကျ​သော ယဇ်​ပု​ရော​ဟိတ်​သည် မုန့်​ညက်​တစ်​လက်​ဆုပ်၊ ဆီ နှင့်​အ​မွှေး​နံ့​သာ​ရှိ​သ​မျှ​ကို​ယူ​၍​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ယင်း​သို့​ပူ​ဇော် ခြင်း​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​အ​ကုန် အ​စင်​ပူ​ဇော်​ရာ​ရောက်​၏။ ဤ​ပူ​ဇော်​သ​ကာ​၏ ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။- \v 3 ကျန်​သော​ဘော​ဇဉ်​သ​ကာ​သည် ယဇ်​ပု​ရော​ဟိတ် များ​သုံး​ဆောင်​ရန်​အ​တွက်​ဖြစ်​စေ​ရ​မည်။ ထို ဘော​ဇဉ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ပြီး သော​ဘော​ဇဉ်​သ​ကာ​ဖြစ်​သော​ကြောင့် ယဇ်​ပု​ရော ဟိတ်​များ​သာ​သုံး​ဆောင်​ရ​မည်။ အ​လွန်​သန့်​ရှင်း သည်။ \p \v 4 မီး​ဖို​တွင်​ဖုတ်​သော​မုန့်​ကို​ပူ​ဇော်​သော​အ​ခါ မုန့်​တွင်​တ​ဆေး​မ​ပါ​စေ​ရ။ မုန့်​ညက်​နှင့်​သံ လွင်​ဆီ​ရော​၍​ပြု​လုပ်​သော​မုန့်​လုံး​ကို​ဖြစ် စေ၊ သံ​လွင်​ဆီ​သုတ်​သော​မုန့်​ကြွပ်​ပြား​ကို ဖြစ်​စေ​ပူ​ဇော်​နိုင်​သည်။ \p \v 5 သံ​ဒယ်​ပြား​တွင်​ဖုတ်​သော​မုန့်​ကို​ပူ​ဇော်​လျှင် ယင်း​မုန့်​သည်​တ​ဆေး​မ​ပါ​သော​မုန့်​ညက် ကို သံ​လွင်​ဆီ​နှင့်​ရော​သော​မုန့်​ဖြစ်​စေ​ရ မည်။- \v 6 ထို​မုန့်​ကို​ပူဇော်​သော​အ​ခါ​မုန့်​ကို​ချေ​၍ မုန့် ပေါ်​တွင်​ဆီ​လောင်း​ရ​မည်။ \p \v 7 အိုး​တွင်​ကြော်​သော​မုန့်​ကို​ပူ​ဇော်​လျှင် သံ​လွင် ဆီ​နှင့်​ရော​သော​မုန့်​ညက်​ဖြင့်​ပြု​လုပ်​ရ​မည်။- \v 8 ထို​ပူ​ဇော်​သ​ကာ​ကို​ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ယူ​ဆောင်​ခဲ့​၍ ယဇ်​ပု​ရော​ဟိတ်​လက် သို့​ပေး​အပ်​ရ​မည်။- \v 9 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​ပူ​ဇော်​သ​ကာ​ကို ယဇ် ပလ္လင်​သို့​ယူ​ဆောင်​ခဲ့​၍ မုန့်​အား​လုံး​ကို​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​သည့်​အ​နေ​ဖြင့် မုန့်​အ​နည်း ငယ်​ကို​ယူ​ပြီး​လျှင်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော် ရ​မည်။ ဤ​ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​၏။- \v 10 ကျန်​သော​မုန့်​သည် ယဇ်​ပု​ရော​ဟိတ်​များ​သုံး ဆောင်​ရန်​အ​တွက်​ဖြစ်​စေ​ရ​မည်။ ထို​မုန့်​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ပြီး​သော​မုန့် ထဲ​က​ဖြစ်​သော​ကြောင့်​အ​လွန်​သန့်​ရှင်း​သည်။ \p \v 11 ထာ​ဝ​ရ​ဘု​ရား​အား သင်​တို့​ဆက်​သ​သော ဘော​ဇဉ်​သ​ကာ​ရှိ​သ​မျှ​တို့​တွင် တ​ဆေး မ​ပါ​စေ​ရ။ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် သည့်​ဘော​ဇဉ်​သ​ကာ​တွင် ဘယ်​သော​အ​ခါ မျှ​တ​ဆေး​သို့​မ​ဟုတ်​ပျား​ရည်​မ​ပါ စေ​ရ။- \v 12 သင်​တို့​နှစ်​စဉ်​အ​ဦး​ဆုံး​ရိတ်​သိမ်း​သည့် ကောက်​ပဲ​သီး​နှံ​ကို ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ရ​မည်။ သို့​ရာ​တွင်​ယင်း​ကို​ပလ္လင် ပေါ်​တွင်​မီး​မ​ရှို့​ရ။- \v 13 ဆား​သည်​သင်​တို့​နှင့်​ဘု​ရား​သ​ခင်​ပြု​ထား သော​ပ​ဋိ​ညာဉ်​ကို​ပုံ​ဆောင်​သော​ကြောင့် ဘော ဇဉ်​သ​ကာ​ဟူ​သ​မျှ​တွင်​ဆား​ခတ်​ရ​မည်။ (သင်​တို့​ဆက်​ကပ်​သော​ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ တို့​တွင်​ဆား​ခတ်​ရ​မည်။-) \v 14 သင်​တို့​သည်​အ​ဦး​ဆုံး​ရိတ်​သိမ်း​သော ကောက်​ပဲ​သီး​နှံ​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​အ​ခါ​ဆန်​လှော်​သို့​မ​ဟုတ် ဆန်​မှုန့်​ကို​ပူ​ဇော်​ရ​မည်။- \v 15 ၎င်း​တွင်​သံ​လွင်​ဆီ​နှင့်​အ​မွှေး​နံ့​သာ​ထည့်​ရ​မည်။- \v 16 ယဇ်​ပု​ရော​ဟိတ်​သည်​ဆန်​နှင့်​ဆီ​အ​ထိမ်း​အ​မှတ် အ​ဖြစ် ဆန်​မှုန့်​နှင့်​ဆီ​အ​နည်း​ငယ်​ကို​ယူ​၍ အ​မွှေး​နံ့​သာ​ရှိ​သ​မျှ​နှင့်​တ​ကွ​ထာ​ဝ​ရ ဘု​ရား​အ​တွက်​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​ရ​မည်။ \b \c 3 \s1 မိတ်​သ​ဟာ​ယ​ယဇ် \p \v 1 တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​နွား​တစ်​ကောင် ကို​မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ​ဇော်​လို​လျှင် ထို​နွား​သည်​အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး သို့​မ​ဟုတ်​နွား​မ​ဖြစ်​ရ​မည်။- \v 2 ထို​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​တံ​ခါး​ဝ​၌ နွား​၏​ဦး​ခေါင်း​ပေါ်​တွင်​လက် ကို​တင်​၍​နွား​ကို​သတ်​ရ​မည်။ အာ​ရုန်​၏​သား များ​ဖြစ်​ကြ​သော​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ယဇ်​ကောင်​၏​သွေး​ကို​ပလ္လင်​၏​ဘေး​လေး​ဘက် စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။- \v 3-4 ထို့​နောက်​နွား​၏​ဝမ်း​တွင်း​သား​များ​ရှိ​သ​မျှ အ​ဆီ၊ ကျောက်​ကပ်​များ​နှင့်​ကျောက်​ကပ်​အ​ဆီ၊ အ​သည်း​မှ​အ​ကောင်း​ဆုံး​အ​ပိုင်း​တို့​ကို​ထာ ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ​မည်။- \v 5 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ယင်း​တို့​ကို​မီး​ရှို့​ရာ ယဇ်​နှင့်​အ​တူ​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ မည်။ ဤ​ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​၏။ \p \v 6 သိုး​ကို​ဖြစ်​စေ၊ ဆိတ်​ကို​ဖြစ်​စေ၊ မိတ်​သ​ဟာ​ယ ယဇ်​အ​ဖြစ်​ပူ​ဇော်​လို​လျှင် အ​ပြစ်​အ​နာ​ကင်း သော​အ​ထီး​ကို​ဖြစ်​စေ​အ​မ​ကို​ဖြစ်​စေ​ပူ ဇော်​ရ​မည်။- \v 7 သိုး​ကို​ပူ​ဇော်​သူ​သည်၊ \m \v 8 တဲ​တော်​ရှေ့​တွင်​သိုး​၏​ဦး​ခေါင်း​ပေါ်​၌​လက် ကို​တင်​၍​သိုး​ကို​သတ်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ် တို့​သည် ယဇ်​ကောင်​၏​သွေး​ကို​ယဇ်​ပလ္လင်​လေး ဘက်​စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။- \v 9-10 ထို့​နောက်​သိုး​အ​ဆီ၊ ဆူ​ဖြိုး​သော​အ​မြီး၊ ဝမ်း တွင်း​သား​များ​မှ​ရှိ​သ​မျှ​အ​ဆီ၊ ကျောက်​ကပ် များ​နှင့်​ကျောက်​ကပ်​အ​ဆီ၊ အ​သည်း​မှ​အ​ကောင်း ဆုံး​အ​ပိုင်း​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​အား​ဆက် ကပ်​ရ​မည်။- \v 11 တာ​ဝန်​ကျ​ယဇ်​ပု​ရော​ဟိတ်​သည်​ယင်း​တို့ ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ \p \v 12 ဆိတ်​ကို​ပူ​ဇော်​သူ​သည်။- \v 13 တဲ​တော်​ရှေ့​တွင်​ဆိတ်​၏​ဦး​ခေါင်း​ပေါ်​၌ လက် ကို​တင်​၍​ဆိတ်​ကို​သတ်​ရ​မည်။ ယဇ်​ပု​ရော ဟိတ်​တို့​သည် ယဇ်​ကောင်​၏​သွေး​ကို​ယဇ်​ပလ္လင် ဘေး​လေး​ဘက်​စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။- \v 14-15 ထို့​နောက်​ဝမ်း​တွင်း​သား​များ​မှ​ရှိ​သ​မျှ အ​ဆီ၊ ကျောက်​ကပ်​များ​နှင့်​ကျောက်​ကပ်​အ​ဆီ၊ အ​သည်း​မှ​အ​ကောင်း​ဆုံး​အ​ပိုင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ရ​မည်။- \v 16 ယဇ်​ပု​ရော​ဟိတ်​သည်​ယင်း​တို့​ကို​ယဇ်​ပလ္လင် ပေါ်​တွင် မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော်​သကာ ၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​၏။ အ​ဆီ​ရှိ​သ​မျှ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​နှင့်​ဆိုင်​၏။- \v 17 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ဆီ ကို​သော်​လည်း​ကောင်း၊ သွေး​ကို​သော်​လည်း ကောင်း​မ​စား​ရ။ အ​ရပ်​ရပ်​တွင်​နေ​ထိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​လိုက်​နာ​ရ​ကြ​မည်။ \c 4 \s1 အ​မှတ်​မ​ထင်​ပြု​မိ​သော အ​ပြစ်​ဖြေ​ရာ​ယဇ် \p \v 1-2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​တစ်​စုံ တစ်​ယောက်​သော​သူ​သည် ပ​ညတ်​တော်​များ ကို​အ​မှတ်​မ​ထင်​ချိုး​ဖောက်​၍​အ​ပြစ်​ကူး လွန်​ခဲ့​သည်​ရှိ​သော် အောက်​ဖော်​ပြ​ပါ​ပြ​ဋ္ဌာန်း ချက်​များ​ကို​လိုက်​နာ​ရန် ထာ​ဝ​ရ​ဘု​ရား သည်​မော​ရှေ​မှ​တစ်​ဆင့်​ချ​မှတ်​ပေး​တော်​မူ​၏။ \p \v 3 အ​ကယ်​၍​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​အ​ပြစ် ပြု​မိ​လျှင် လူ​တို့​အား​လည်း​အ​ပြစ်​ရောက်​စေ သည့်​အ​တွက်​ကြောင့်​သူ​သည် အ​ပြစ်​အ​နာ ကင်း​သော​နွား​ပျို​ကို မိ​မိ​အ​ပြစ်​ဖြေ​ရန် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရ​မည်။- \v 4 သူ​သည်​နွား​ကို​တဲ​တော်​တံ​ခါး​ဝ​ထာ​ဝ ဘု​ရား​ရှေ့​တော်​သို့​ယူ​ဆောင်​ခဲ့​ပြီး​လျှင် နွား ၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​၍ ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​တွင် ထို​နေ​ရာ​၌​နွား​ကို​သတ် ရ​မည်။- \v 5 ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​နွား​၏​သွေး​အ​နည်း ငယ်​ကို​တဲ​တော်​ထဲ​သို့​ယူ​ဆောင်​သွား​ရ​မည်။- \v 6 သူ​၏​လက်​ချောင်း​ကို​သွေး​ထဲ​၌​နှစ်​၍​သွေး​ကို ကန့်​လန့်​ကာ​တော်​ရှေ့​တွင်​ခု​နစ်​ကြိမ်​ဖျန်း​ရ မည်။- \v 7 ထို​နောက်​သူ​သည်​တဲ​တော်​အ​တွင်း​ရှိ​နံ့​သာ ပေါင်း​မီး​ရှို့​ရာ​ပလ္လင်​၏​ထောင့်​များ​ရှိ​အ​တက် တို့​တွင် နွား​သွေး​အ​နည်း​ငယ်​ကို​သုတ်​ရ​မည်။ ကျန်​သော​နွား​သွေး​ကို တဲ​တော်​တံ​ခါး​ဝ​၌ ရှိ​သော​မီး​ရှို့​ပူ​ဇော်​ရာ​ပလ္လင်​ခြေ​ရင်း​တွင် လောင်း​ရ​မည်။- \v 8 ထို​နောက်​သူ​သည်​နွား​အ​ထီး​၏​ရှိ​သ​မျှ ဝမ်း​တွင်း​သား​မှ​အ​ဆီ၊- \v 9 ကျောက်​ကပ်​များ​နှင့်​ကျောက်​ကပ်​အ​ဆီ၊ အ​သည်း မှ​အ​ကောင်း​ဆုံး​အ​ပိုင်း​ကို​ယူ​ရ​မည်။- \v 10 ယဇ်​ပု​ရော​ဟိတ်​သည်​မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော် ရာ​၌​ယဇ်​ကောင်​၏​အ​ဆီ​ကို​မီး​ရှို့​ပူ​ဇော်​သ​ကဲ့ သို့ ထို​နွား​မှ​အ​ဆီ​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့ ပူ​ဇော်​ရ​မည်။- \v 11 နွား​အ​ရေ​ခွံ၊ အ​သား​ရှိ​သ​မျှ၊ ဦး​ခေါင်း၊ ခြေ ထောက်​များ၊ ဝမ်း​တွင်း​သား​နှင့်​တ​ကွ​အူ​တို့ ကို​မူ​ကား၊- \v 12 တပ်​စ​ခန်း​အ​ပြင်​သို့​ယူ​ဆောင်​၍​ပြာ​သွန်​ရာ သန့်​ရှင်း​သော​နေ​ရာ​တွင်​ထင်း​မီး​ပုံ​၌​မီး​ရှို့ ရ​မည်။ \p \v 13 အ​ကယ်​၍​ဣ​သ​ရေ​လ​တစ်​မျိုး​သား​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​တစ်​ပါး​ပါး ကို အ​မှတ်​မ​ထင်​ချိုး​ဖောက်​မိ​သ​ဖြင့်​အ​ပြစ် ကူး​လွန်​ခဲ့​သည်​ရှိ​သော်၊- \v 14 ပြစ်​မှား​ကြောင်း​သိ​လျှင်​သိ​ချင်း​နွား​ထီး​ငယ် ကို​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ကြ​ရ မည်။ သူ​တို့​သည်​ထို​နွား​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။- \v 15 ထို​နောက်​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​သည် နွား​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​များ​ကို​တင် ၍​နွား​ကို​သတ်​ရ​မည်။- \v 16 ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​နွား​သွေး​အ​နည်း ငယ်​ကို တဲ​တော်​ထဲ​သို့​ယူ​ဆောင်​သွား​ပြီး​လျှင်၊- \v 17 သူ​၏​လက်​ချောင်း​ကို​သွေး​ထဲ​၌​နှစ်​၍​သွေး ကို ကန့်​လန့်​ကာ​ရှေ့​တွင်​ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။- \v 18 တဲ​တော်​အ​တွင်း​ရှိ​နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ပလ္လင်​၏​ထောင့်​များ​ရှိ​အ​တက်​တို့​တွင် နွား​သွေး အ​နည်း​ငယ်​ကို​သုတ်​ရ​မည်။ ကျန်​သော​နွား သွေး​ကို​တဲ​တော်​တံ​ခါး​ဝ​၌​ရှိ​သော​မီး​ရှို့ ပူ​ဇော်​ရာ​ပလ္လင်​ခြေ​ရင်း​တွင်​လောင်း​ရ​မည်။- \v 19 ထို့​နောက်​သူ​သည်​နွား​မှ​အ​ဆီ​ရှိ​သ​မျှ​ကို ယူ​၍ ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။- \v 20 သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​နွား​ကို ပူ​ဇော်​သည့်​နည်း​စံ​နစ်​အ​တိုင်း ယဇ်​ကောင်​ကို ပူ​ဇော်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​ယဇ်​ပု​ရော ဟိတ်​သည် လူ​တို့​၏​အ​ပြစ်​အ​တွက်​ယဇ်​ကောင် ကို​ပူ​ဇော်​သ​ဖြင့် လူ​တို့​သည်​အ​ပြစ်​လွတ်​ကြ လိမ့်​မည်။- \v 21 ထို​နောက်​သူ​သည်​မိ​မိ​၏​အ​ပြစ်​အ​တွက် ပူ​ဇော်​သော​နွား​ကို​တပ်​စ​ခန်း​အ​ပြင်​တွင် မီး​ရှို့​သည့်​နည်း​တူ ဤ​နွား​ကို​လည်း​စ​ခန်း အ​ပြင်​တွင်​မီး​ရှို့​ရ​မည်။ ထို​ယဇ်​ပူ​ဇော်​နည်း သည်​တစ်​မျိုး​လုံး​၏​အပြစ်​ပြေ​စေ​ရန်​အ​တွက် ဖြစ်​သ​တည်း။ \p \v 22 အ​ကယ်​၍​အုပ်​ချုပ်​သော​မင်း​သည်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​တစ်​ပါး​ပါး​ကို အ​မှတ် မ​ထင်​ချိုး​ဖောက်​မိ​သ​ဖြင့်​အ​ပြစ်​ကူး​လွန် ခဲ့​သည်​ရှိ​သော်၊- \v 23 မိ​မိ​၏​အ​ပြစ်​ကို​သိ​လျှင်​အ​ပြစ်​အ​နာ​ကင်း သော​ဆိတ်​ထီး​တစ်​ကောင်​ကို​ယဇ်​ပူ​ဇော်​ရန် ယူ​ဆောင်​ခဲ့​ရ​မည်။- \v 24 ထို​သူ​သည်​ယဇ်​ပလ္လင်​၏​မြောက်​ဘက်​ရှိ​မီး​ရှို့ ရာ​ယဇ်​ကောင်​များ​ကို​သတ်​သည့်​နေ​ရာ​၌ ဆိတ် ၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​၍​ဆိတ်​ကို သတ်​ရ​မည်။ ဤ​ယဇ်​ပူ​ဇော်​ခြင်း​သည်​အ​ပြစ် ပြေ​စေ​ရန်​အ​တွက်​ဖြစ်​၏။- \v 25 ယဇ်​ပု​ရော​ဟိတ်​သည်​သူ​၏​လက်​ချောင်း​ကို သွေး​ထဲ​၌​နှစ်​၍ ယဇ်​ပလ္လင်​၏​ထောင့်​များ​ရှိ အ​တက်​တို့​တွင်​သွေး​သုတ်​ရ​မည်။ ကျန်​သော သွေး​ကို​ယဇ်​ပလ္လင်​၏​ခြေ​ရင်း​၌​လောင်း​ချ ရ​မည်။- \v 26 ထို​နောက်​မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​များ​၏ အ​ဆီ​ကို​မီး​ရှို့​ပူ​ဇော်​သ​ကဲ့​သို့ ဆိတ်​အ​ဆီ ရှိ​သ​မျှ​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော် ရ​မည်။ ဤ​နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည် အုပ်​ချုပ်​သော​မင်း​၏​အ​ပြစ်​အ​တွက်​ပူ​ဇော် သ​ဖြင့်​ထို​မင်း​အ​ပြစ်​လွတ်​လိမ့်​မည်။ \p \v 27 အ​ကယ်​၍​သာ​မန်​လူ​တစ်​ဦး​သည်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​တစ်​ပါး​ပါး​ကို အ​မှတ် မ​ထင်​ချိုး​ဖောက်​မိ​သ​ဖြင့်​အ​ပြစ်​ကူး​လွန် ခဲ့​သည်​ရှိ​သော်၊-\x + \xo 4:27 \xt တော၊ ၁၅:၂၇-၂၈။\x* \v 28 မိ​မိ​၏​အ​ပြစ်​ကို​သိ​လျှင်​သိ​ချင်း အ​ပြစ် အ​နာ​ကင်း​သော​ဆိတ်​မ​တစ်​ကောင်​ကို ယဇ် ပူ​ဇော်​ရန်​ယူ​ဆောင်​ခဲ့​ရ​မည်။- \v 29 သူ​သည်​ယဇ်​ပလ္လင်​၏​မြောက်​ဘက်​ရှိ​မီး​ရှို့​ရာ ယဇ်​ကောင်​များ​သတ်​သည့်​နေ​ရာ​၌ ဆိတ်​၏​ဦး ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​၍​ဆိတ်​ကို​သတ် ရ​မည်။- \v 30 ယဇ်​ပု​ရော​ဟိတ်​သည်​သူ​၏​လက်​ချောင်း​ကို​သွေး ထဲ​၌​နှစ်​၍ ယဇ်​ပလ္လင်​၏​ထောင့်​များ​ရှိ​အ​တက် တို့​တွင်​သွေး​သုတ်​ရ​မည်။ ကျန်​သော​သွေး​ကို ယဇ်​ပလ္လင်​၏​ခြေ​ရင်း​၌​လောင်း​ရ​မည်။- \v 31 ထို့​နောက်​မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​များ​မှ အ​ဆီ​ကို​ထုတ်​ယူ​သ​ကဲ့​သို့ ဆိတ်​မ​မှ​အ​ဆီ ရှိ​သ​မျှ​ကို​ထုတ်​ယူ​ပြီး​လျှင်​ယဇ်​ပလ္လင်​ပေါ် တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ထို​ပူ​ဇော်​သ​ကာ​၏ ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​သာ​မန် လူ​တစ်​ဦး​၏​အ​ပြစ်​အ​တွက်​ယဇ်​ပူ​ဇော် သဖြင့်​ထို​သူ​အ​ပြစ်​လွတ်​လိမ့်​မည်။ \p \v 32 အ​ကယ်​၍​လူ​တစ်​ဦး​သည်​အ​ပြစ်​ပြေ​ရာ​ယဇ် အ​ဖြစ်​သိုး​ကို​ယူ​ဆောင်​ခဲ့​လျှင် သိုး​သည် အ​ပြစ်​အ​နာ​ကင်း​သော​သိုး​မ​ဖြစ်​ရ​မည်။- \v 33 သူ​သည်​ယဇ်​ပလ္လင်​၏​မြောက်​ဘက်​ရှိ​မီး​ရှို့​ရာ ယဇ်​ကောင်​များ​သတ်​သည့်​နေ​ရာ​၌ သိုး​၏​ဦး ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​၍​သိုး​ကို​သတ် ရ​မည်။- \v 34 ယဇ်​ပု​ရော​ဟိတ်​သည်​သူ​၏​လက်​ချောင်း​ကို​သွေး ထဲ​၌​နှစ်​၍ ယဇ်​ပလ္လင်​၏​ထောင့်​များ​ရှိ​အ​တက် တို့​တွင်​သွေး​သုတ်​ရ​မည်။ ကျန်​သော​သွေး​ကို ယဇ်​ပလ္လင်​၏​ခြေ​ရင်း​၌​လောင်း​ချ​ရ​မည်။- \v 35 ထို့​နောက်​မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​သိုး​မှ အ​ဆီ​ကို​ထုတ်​ယူ​သ​ကဲ့​သို့ သိုး​မ​မှ​အ​ဆီ ရှိ​သ​မျှ​ကို​ထုတ်​ယူ​ပြီး​လျှင်​ပူ​ဇော်​သ​ကာ နှင့်​တ​ကွ ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​လူ တစ်​ဦး​၏​အ​ပြစ်​အ​တွက် ယဇ်​ပူ​ဇော်​သ​ဖြင့် ထို​အ​ပြစ်​လွတ်​လိမ့်​မည်။ \c 5 \s1 အ​ပြစ်​ဖြေ​ရာ​သ​ကာ​ပူ​ဇော်​ရ​မည့် ကူး​လွန်​မှု​များ \p \v 1 အောက်​ဖော်​ပြ​ပါ​ကူး​လွန်​မူ​များ​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​ရန်​လို​အပ်​သည်။ တစ် စုံ​တစ်​ယောက်​သော​သူ​အား​တ​ရား​ရုံး​မှ​သက် သေ​ခံ​ရန်​ဆင့်​ခေါ်​သည့်​အ​ခါ သူ​သည်​မိ​မိ မြင်​ရ​ကြား​ရ​သည့်​အ​တိုင်း​ထုတ်​ဖော်​ပြော​ဆို ခြင်း​မ​ပြု​လျှင် အ​ပြစ်​ကူး​လွန်​ရာ​ရောက်​သည်။ \p \v 2 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် တိ​ရစ္ဆာန်​အ​သေ ကောင်​အ​စ​ရှိ​သော​ဘာ​သာ​ထုံး​နည်း​အ​ရ မ​စင် ကြယ်​သော​အ​ရာ​ကို​မ​သိ​ဘဲ​နှင့်​ကိုင်​မိ​လျှင် ကိုင်​မိ​ကြောင်း​သိ​လျှင်​သိ​ချင်း သူ​သည်​အ​ပြစ် ကူး​လွန်​ရာ​ရောက်​သည်။ \p \v 3 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် လူ့​ကိုယ်​ခန္ဓာ​၏ အ​ညစ်​အ​ကြေး​တစ်​မျိုး​မျိုး​ကို အ​မှတ်​မ​ထင် ထိ​ကိုင်​မိ​လျှင် ထိ​ကိုင်​မိ​ကြောင်း​သိ​လျှင်​သိ ချင်း သူ​သည်​အ​ပြစ်​ကူး​လွန်​ရာ​ရောက်​သည်။ \p \v 4 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မည်​သည့်​ကိစ္စ မျိုး​၌​မ​ဆို​အ​ကျိုး​အ​ပြစ်​ကို​မ​ဆင်​ခြင်​ဘဲ ကျိန်​ဆို​မိ​လျှင် ယင်း​သို့​ကျိန်​ဆို​မိ​ကြောင်း သိ​လျှင်​သိ​ချင်း​သူ​သည်​အ​ပြစ်​ကူး​လွန် ရာ​ရောက်​သည်။ \p \v 5 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် အ​ပြစ်​ကူး လွန်​လျှင် အ​ပြစ်​ကူး​လွန်​ကြောင်း​ဝန်​ခံ​ရ မည်။- \v 6 အ​ပြစ်​ဒဏ်​အ​တွက်​သူ​သည် ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​သိုး​မ​သို့​မ​ဟုတ်​ဆိတ်​မ​ကို​ယဇ် ပူ​ဇော်​ရန်​ယူ​ဆောင်​ခဲ့​ရ​မည်။ ယဇ်​ပု​ရော​ဟိတ် သည် ထို​သူ​၏​အ​ပြစ်​အ​တွက်​ယဇ်​ကောင်​ကို ပူ​ဇော်​ရ​မည်။ \p \v 7 ထို​သူ​သည်​သိုး​ကို​ဖြစ်​စေ၊ ဆိတ်​ကို​ဖြစ်​စေ ပူ​ဇော်​ရန်​မ​တတ်​နိုင်​လျှင် သူ​၏​အ​ပြစ်​အ​တွက် ချိုး​နှစ်​ကောင်​သို့​မ​ဟုတ်​ခို​နှစ်​ကောင်​ကို ထာ​ဝ​ရ ဘု​ရား​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ငှက်​တစ် ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​လည်း ကောင်း၊ အ​ခြား​တစ်​ကောင်​ကို​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။- \v 8 သူ​သည်​ငှက်​များ​ကို​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ယူ​ဆောင်​ခဲ့​၍ ယဇ်​ပု​ရော​ဟိတ်​သည်​အ​ပြစ် ဖြေ​ရာ​ယဇ်​ကို​ဦး​စွာ​ပူ​ဇော်​ရ​မည်။ ယဇ်​ပု ရော​ဟိတ်​သည်​ထို​ငှက်​ဦး​ခေါင်း​ကို​မ​ပြတ် စေ​ဘဲ​လည်​ကို​လိမ်​ချိုး​ရ​မည်။- \v 9 ထို့​နောက်​ငှက်​သွေး​အ​ချို့​ကို​ပလ္လင်​ဘေး​ဘက် သို့​ပက်​ဖျန်း​၍ ကျန်​သော​သွေး​ကို​ပလ္လင်​ခြေ ရင်း​သို့​ညှစ်​ချ​ရ​မည်။ ဤ​သည်​ကား​အ​ပြစ် ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။- \v 10 ဒု​တိ​ယ​ငှက်​ကို​ပြ​ဋ္ဌာန်း​ချက်​များ​အ​ရ မီး​ရှို့​ပူ​ဇော်​ရ​မည်။ ထို​နည်း​အား​ဖြင့်​ယဇ် ပု​ရော​ဟိတ်​သည် ထို​သူ​၏​အ​ပြစ်​ကို​ဖြေ​ရန် ယဇ်​ပူ​ဇော်​ရ​မည်။ ထို​သူ​သည်​လည်း​အ​ပြစ် လွတ်​လိမ့်​မည်။ \p \v 11 သူ​သည်​ချိုး​နှစ်​ကောင် သို့​မ​ဟုတ်​ခို​နှစ်​ကောင် ပူ​ဇော်​ရန်​မ​တတ်​နိုင်​လျှင် အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​မုန့်​ညက်​နှစ်​ပေါင်​ကို ယဇ်​ပု​ရော​ဟိတ် ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ယင်း​ပူ​ဇော်​ခြင်း သည်​ဘော​ဇဉ်​သ​ကာ​ပူ​ဇော်​ခြင်း​မ​ဟုတ်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ခြင်း​ဖြစ် သော​ကြောင့် မုန့်​ညက်​ပေါ်​တွင်​သံ​လွင်​ဆီ သို့​မ​ဟုတ်၊ အ​မွှေး​နံ့​သာ​ကို​မ​လောင်း​ရ။- \v 12 ယဇ်​ပု​ရော​ဟိတ်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့ မုန့်​ညက်​အ​ကုန်​အ​စင်​ပူ​ဇော်​ဆက်​သ သည့်​အ​ထိမ်း​အ​မှတ်​အ​ဖြစ် မုန့်​ညက်​လက် တစ်​ဆုပ်​စာ​ကို​ယူ​၍​ပူ​ဇော်​သ​ကာ​အ​ဖြစ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ယင်း​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။- \v 13 ဤ​နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို သူ​အ​တွက်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​သ​ဖြင့် ထို​သူ​သည်​အ​ပြစ်​လွတ်​လိမ့်​မည်။ ဘော​ဇဉ် သ​ကာ​ပူ​ဇော်​သည့်​နည်း​ကဲ့​သို့​ကျန်​သော မုန့်​ညက်​သည် ယဇ်​ပု​ရော​ဟိတ်​သုံး​ဆောင် ရန်​အ​တွက်​ဖြစ်​သည်။ \s1 အ​ပြစ်​ဒဏ်​ပြေ​ရာ​ပူ​ဇော်​သ​ကာ \p \v 14 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား အောက်​ပါ ပြ​ဋ္ဌာန်း​ချက်​များ​ကို​ချ​မှတ်​ပေး​တော်​မူ​၏။- \v 15 တစ်​စုံ​တစ်​ယောက်​သည်​ထာ​ဝ​ရ​ဘု​ရား​၏ သန့်​ရှင်း​မြင့်​မြတ်​မှု​ကို အ​မှတ်​မ​ထင်​ထိ​ခိုက် အ​ပြစ်​ကူး​လွန်​မိ​သော်​အ​ပြစ်​အ​နာ​ကင်း သော​သိုး​ထီး၊ သို့​မ​ဟုတ်​ဆိတ်​ထီး​ကို​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ထို​သိုး သို့​မ​ဟုတ်​ဆိတ်​၏​တန်​ဖိုး​ကို ကျပ်​ချိန်​တော် အ​ရ​အ​ဖိုး​ဖြတ်​သည့်​ငွေ​ကို​ပါ​ဆက်​သ ရ​မည်။- \v 16 သူ​သည်​ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ် မှု​အ​တွက် မ​ဆောင်​ရွက်​ခဲ့​မိ​သည့်​လျော်​ငွေ တန်​ဖိုး​အ​ပြင် နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​အ​ပို ဆောင်း​၍​ယဇ်​ပု​ရော​ဟိတ်​အား​ပေး​ရ​မည်။ ထို နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​၏​အ​ပြစ် အ​တွက် သိုး​ထီး​သို့​မ​ဟုတ်​ဆိတ်​ကို​ပူ​ဇော် သ​ဖြင့်​ထို​သူ​သည်​အ​ပြစ်​လွတ်​လိမ့်​မည်။ \p \v 17 တစ်​စုံ​တစ်​ယောက်​သည် ထာ​ဝ​ရ​ဘု​ရား​၏ ပ​ညတ်​တော်​တစ်​ပါး​ပါး​ကို​အ​မှတ်​မ​ထင် ချိုး​ဖောက်​မိ​လျှင် သူ​သည်​အ​ပြစ်​ကူး​လွန် သ​ဖြင့်​အ​ပြစ်​ဒဏ်​ကို​ပေး​ဆောင်​ရ​မည်။- \v 18 သူ​သည်​အ​ပြစ်​အ​နာ​ကင်း​သော​သိုး​ထီး သို့​မ​ဟုတ်​ဆိတ်​ထီး​ကို​ယဇ်​ပု​ရော​ဟိတ်​ထံ သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ထို​သိုး​သို့​မ​ဟုတ် ဆိတ်​၏​တန်​ဖိုး​ကို​ကျပ်​ချိန်​တော်​အ​ရ​အ​ဖိုး ဖြတ်​သည့်​ငွေ​ကို​ပါ​ဆက်​သ​ရ​မည်။ ထို​နောက် ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​၏​အ​ပြစ်​အ​တွက် ယဇ်​ပူ​ဇော်​သ​ဖြင့်​သူ​သည်​အ​ပြစ်​လွတ်​လိမ့် မည်။- \v 19 ယင်း​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား ကူး​လွန်​မိ​သည့်​အ​တွက် အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။ \c 6 \p \v 1 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား အောက်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​ချ​မှတ်​ပေး တော်​မူ​၏။-\x + \xo 6:1 \xt တော၊ ၅:၅-၈။\x* \v 2 တစ်​စုံ​တစ်​ယောက်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ချင်း​တစ်​ဦး​က အပ်​နှံ​ထား​သော​အာ​မ​ခံ ငွေ​ကို​ပြန်​ပေး​ရန်​ငြင်း​ဆို​လျှင်​သော်​လည်း ကောင်း၊ သူ့​ထံ​မှ​ပစ္စည်း​တစ်​စုံ​တစ်​ခု​ကို​ခိုး ယူ​ခြင်း​သို့​မ​ဟုတ်​သူ့​အား​လိမ်​လည်​လှည့် ဖြား​ခြင်း​ပြု​လျှင်​လည်း​ကောင်း၊- \v 3 သူ​တစ်​ပါး​ပျောက်​ဆုံး​သော​ပစ္စည်း​ကို​တွေ့ လျက်​နှင့် မ​တွေ့​ဟု​ကျိန်​ဆို​၍​မု​သား​ကို ပြော​လျှင်​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​ကူး​လွန်​ရာ​ရောက်​သ​ဖြင့်​ယဇ် ပူ​ဇော်​ရ​မည်။- \v 4-5 ထို​အ​ပြစ်​များ​အ​နက်​တစ်​မျိုး​မျိုး​ကို​ကူး လွန်​သူ​သည်​မ​တ​ရား​သ​ဖြင့် ယူ​ထား​သ​မျှ ကို​ပြန်​၍​ပေး​အပ်​ရ​မည်။ သူ​၌​အ​ပြစ်​ရှိ ကြောင်း​သိ​ရ​သည့်​နေ့​၌ မိ​မိ​ယူ​ထား​သော ငွေ​အ​ပြင်​နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​အ​ပို​ဆောင်း ၍​ပိုင်​ရှင်​အား​ပြန်​ပေး​ရ​မည်။- \v 6 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန် အ​ပြစ် ဒဏ်​ပြေ​ရာ​ယဇ်​အ​ဖြစ်​အ​ပြစ်​အ​နာ​ကင်း သော​သိုး​ထီး သို့​မ​ဟုတ်​ဆိတ်​ထီး​ကို​ယဇ် ပု​ရော​ဟိတ်​ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ သိုး သို့​မ​ဟုတ်​ဆိတ်​၏​တန်​ဖိုး​ကို​ကျပ်​ချိန်​တော် အ​ရ​အ​ဖိုး​ဖြတ်​သည့်​ငွေ​ကို​ပါ​ဆက်​သ ရ​မည်။- \v 7 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​၏ အ​ပြစ်​အ​တွက် ယဇ်​ပူ​ဇော်​သဖြင့်​သူ​သည် အ​ပြစ်​လွတ်​လိမ့်​မည်။ \s1 မီး​ရှို့​ရာ​ယဇ် \p \v 8-9 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ရှို့​ရာ​ယဇ် နှင့်​ဆိုင်​သော အောက်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို မော​ရှေ​မှ​တစ်​ဆင့်​အာ​ရုန်​နှင့်​သူ​၏​သား​တို့ အား​ချ​မှတ်​ပေး​တော်​မူ​၏။ မီး​ရှို့​ရာ​ယဇ်​ကောင် ကို​ယဇ်​ပလ္လင်​ပေါ်​တွင် တစ်​ည​လုံး​ရှိ​စေ​ရ​မည်။ ယဇ်​ပလ္လင်​မီး​ကို​လည်း​အ​စဉ်​တောက်​လောင် နေ​စေ​ရ​မည်။- \v 10 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ပိတ်​ချော အ​ပေါ်​ရုံ​အင်္ကျီ၊ ပိတ်​ချော​ဘောင်း​ဘီ​တို့​ကို ဝတ်​ဆင်​၍​ယဇ်​ပလ္လင်​ပေါ်​ရှိ​ယဇ်​ကောင်​မှ ကျွမ်း​လောင်​သော​ပြာ​ကို​ပလ္လင်​ဘေး​တွင် ထား​ရ​မည်။- \v 11 ထို​နောက်​သူ​သည်​အ​ဝတ်​လဲ​၍ စ​ခန်း​အ​ပြင် ရှိ​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​ရာ အ​ရပ်​သို့​ပြာ​ကို​ယူ​ဆောင်​သွား​ရ​မည်။- \v 12 ယဇ်​ပလ္လင်​မီး​ကို​အ​မြဲ​တောက်​လောင်​နေ​စေ​ရ မည်။ မည်​သည့်​အ​ခါ​မှ​မီး​မ​ငြိမ်း​စေ​ရ။ ယဇ် ပု​ရော​ဟိတ်​သည်​နံ​နက်​တိုင်း​ယဇ်​ပလ္လင်​ပေါ်​တွင် ထင်း​တင်​၍ မီး​ရှို့​ရာ​ယဇ်​ကို​ထင်း​ပုံ​ပေါ်​တွင် စီ​၍​တင်​ရ​မည်။ ထို​ယဇ်​ပလ္လင်​ပေါ်​တွင်​မိတ် သ​ဟာ​ယ​ယဇ်​၏​ဆီ​ဥ​ကို​မီး​ရှို့​ပူ​ဇော်​ရ​မည်။- \v 13 ယဇ်​ပလ္လင်​မီး​ကို​အ​မြဲ​တောက်​လောင်​နေ​စေ​ရ မည်။ မည်​သည့်​အ​ခါ​မျှ​မီး​မ​ငြိမ်း​စေ​ရ။ \s1 ဘော​ဇဉ်​သ​ကာ \p \v 14 ဘော​ဇဉ်​သကာ​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ အာ​ရုန်​၏ အ​ဆက်​အ​နွယ်​ယဇ်​ပု​ရော​ဟိတ်​သည် ယဇ် ပလ္လင်​ရှေ့​တွင်​ထာ​ဝ​ရ​ဘု​ရား​အား​ဘော​ဇဉ် သ​ကာ​ကို​ပူ​ဇော်​ရ​မည်။- \v 15 ဘော​ဇဉ်​သ​ကာ​အား​လုံး​ကို​ပူ​ဇော်​သည့် အ​ထိမ်း​အ​မှတ်​အ​ဖြစ် ယဇ်​ပု​ရော​ဟိတ်​သည် မုန့်​ညက်​လက်​တစ်​ဆုပ်၊ ဆီ​အ​နည်း​ငယ်​နှင့် တ​ကွ​အ​မွှေး​အ​ကြိုင်​ကို​ယူ​၍ ယဇ်​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ထို​ဘော​ဇဉ် သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ် သက်​တော်​မူ​၏။- \v 16-17 ကျန်​သော​မုန့်​ညက်​သည် ယဇ်​ပု​ရော​ဟိတ်​စား သုံး​ရန်​အ​တွက်​ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​သည် ထို​မုန့်​ညက်​ကို​တ​ဆေး​မဲ့​မုန့်​ဖုတ်​၍ ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ဝင်း​အ​တွင်း တွင် သန့်​ရှင်း​ရာ​ဌာ​န​၌​စား​သုံး​ရ​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​ထို​မုန့်​ညက်​ကို​ဘော​ဇဉ်​သ​ကာ​ထဲ​မှ ယဇ်​ပု​ရော​ဟိတ်​တို့​အား​ပေး​တော်​မူ​သော​ဝေ​စု ဖြစ်​သ​တည်း။ ထို​ဘော​ဇဉ်​သ​ကာ​သည်​အ​ပြစ် ဖြေ​ရာ၊ အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​ကဲ့​သို့​အ​လွန် သန့်​ရှင်း​၏။- \v 18 အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ယောကျာ်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​ဘော​ဇဉ် သ​ကာ​မှ​ဝေ​စု​ကို​ထာ​ဝ​စဉ်​စား​သုံး​စေ​ရ မည်။ အ​ခြား​သူ​တစ်​စုံ​တစ်​ယောက်​က ထို ဘော​ဇဉ်​သ​ကာ​ကို​ထိ​ကိုင်​မိ​လျှင် ထို​ဘော​ဇဉ် ၏​သန့်​ရှင်း​မြင့်​မြတ်​မှု​ကြောင့်​ဘေး​သင့်​လိမ့် မည်။ \p \v 19-20 ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရုန်​၏​အ​ဆက် အ​နွယ်​ယဇ်​ပု​ရော​ဟိတ်​တို့​အား​သိက္ခာ​တင် ခြင်း​နှင့်​ပတ်​သက်​၍ အောက်​ပါ​ပြ​ဋ္ဌာန်း​ချက် များ​ကို​မော​ရှေ​မှ​တစ်​ဆင့်​ချ​မှတ်​ပေး​တော် မူ​၏။ ယဇ်​ပု​ရော​ဟိတ်​ကို​သိက္ခာ​တင်​သော​နေ့​၌ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​မုန့်​ညက်​နှစ် ပေါင် (နေ့​စဉ်​ပူ​ဇော်​သော​ဘော​ဇဉ်​အချင်​အ​တွယ် အ​တိုင်း) ကို​နံ​နက်​တစ်​ပေါင်​ည​နေ​တစ်​ပေါင် ပူ​ဇော်​ရ​မည်။- \v 21 မုန့်​ညက်​ကို​ဆီ​ရော​၍​သံ​အိုး​ကင်း​ပေါ်​တွင် ဖုတ်​ရ​မည်။ ထို​နောက်​မုန့်​ကို​ချေ​၍ ဘော​ဇဉ် သ​ကာ​အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် ရ​မည်။ ထို​ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​၏။- \v 22 အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ထဲ​မှ​ယဇ်​ပု​ရော ဟိတ်​မင်း​အ​ဖြစ်​အ​မှု​တော်​ဆောင်​ရွက်​ရ​သူ တိုင်း​သည် ထို​ပူ​ဇော်​သ​ကာ​ကို​အ​စဉ်​ဆက်​သ ရ​မည်။ ဤ​ပြ​ဋ္ဌာန်း​ချက်​ကို​ထာ​ဝ​စဉ်​လိုက်​နာ ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော ထို ဘော​ဇဉ်​သ​ကာ​ကို​အ​ကုန်​အ​စင်​မီး​ရှို့ ပူ​ဇော်​ရ​မည်။- \v 23 ယဇ်​ပု​ရော​ဟိတ်​ပူ​ဇော်​သော​ဘော​ဇဉ်​သ​ကာ ကို​မည်​သူ​မျှ​မ​စား​ရ။ မုန့်​အား​လုံး​ကို​မီး ရှို့​ရ​မည်။ \s1 အ​ပြစ်​ဖြေ​ရာ​သ​ကာ \p \v 24-25 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော် သ​ကာ​နှင့်​ဆိုင်​သော အောက်​ပါ​ပြ​ဋ္ဌာန်း​ချက် များ​ကို​မော​ရှေ​မှ​တစ်​ဆင့်၊ အာ​ရုန်​နှင့်​သူ​၏ သား​တို့​အား​ချ​မှတ်​ပေး​တော်​မူ​၏။ ယဇ်​ပလ္လင် ၏​မြောက်​ဘက်​ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင်​များ​ကို သတ်​သော​နေ​ရာ​တွင် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင် ကို​သတ်​ရ​မည်။ ဤ​ပူ​ဇော်​သကာ​သည်​အ​လွန် သန့်​ရှင်း​၏။- \v 26 ထို​ယဇ်​ကောင်​ကို​ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ် သည် ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် ဝင်း​အ​တွင်း​တွင် သန့်​ရှင်း​ရာ​ဌာ​န​၌​ယဇ်​ကောင် ၏​အ​သား​ကို​စား​ရ​မည်။- \v 27 တစ်​စုံ​တစ်​ယောက်​က​ထို​ယဇ်​ကောင်​၏​အ​သား ကို​ထိ​ကိုင်​မိ​လျှင် ထို​အ​သား​၏​သန့်​ရှင်း​မြင့် မြတ်​မှု​ကြောင့်​ဘေး​သင့်​လိမ့်​မည်။ အ​ဝတ်​အ​ထည် တွင်​ယဇ်​ကောင်​၏​အ​သွေး​စွန်း​လျှင် ထို​အ​စွန်း ကွက်​ကို​သန့်​ရှင်း​ရာ​ဌာ​န​တွင်​ဆေး​ကြော​ရ မည်။- \v 28 ယဇ်​ကောင်​၏​အ​သား​ကို​ပြုတ်​သော​မြေ​အိုး​ကို ခွဲ​ပစ်​ရ​မည်။ အ​သား​ကို​ကြေး​အိုး​တွင်​ပြုတ် လျှင် ထို​အိုး​ကို​ပွတ်​တိုက်​၍​ရေ​ဆေး​ရ​မည်။- \v 29 ယဇ်​ပု​ရော​ဟိတ်​အ​နွယ်​ထဲ​မှ​ယောကျာ်း​အ​ပေါင်း တို့​သည် ထို​ယဇ်​ကောင်​၏​အ​သား​ကို​စား​နိုင် သည်။ ထို​ပူ​ဇော်​သ​ကာ​သည်​အ​လွန်​သန့်​ရှင်း ၏။- \v 30 သို့​ရာ​တွင်​ယဇ်​ကောင်​၏​သွေး​ကို​တဲ​တော်​ထဲ​သို့ ယူ​ဆောင်​၍ အ​ပြစ်​ဖြေ​ရာ​ဝတ်​တွင်​အ​သုံး​ပြု လျှင်​ထို​ယဇ်​ကောင်​၏​အ​သား​ကို​မ​စား​ရ။ မီး​ရှို့​ရ​မည်။ \c 7 \s1 အ​ပြစ်​ဒဏ်​ပြေ​ရာ​ပူ​ဇော်​သ​ကာ \p \v 1 အ​ပြစ်​ဒဏ်​ပြေ​ရာ​ပူ​ဇော်​သ​ကာ​နှင့်​ဆိုင် သော​ပြ​ဋ္ဌာန်း​ချက်​များ​မှာ အောက်​ပါ​အ​တိုင်း ဖြစ်​သည်။ ဤ​ပူ​ဇော်​သ​ကာ​သည်​အ​လွန် သန့်​ရှင်း​၏။- \v 2 ယဇ်​ပလ္လင်​၏​မြောက်​ဘက်​ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင် များ​ကို​သတ်​သည့်​နေ​ရာ​တွင် အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ​အ​တွက်​ယဇ်​ကောင်​ကို​သတ် ရ​မည်။ သွေး​ကို​ယဇ်​ပလ္လင်​လေး​ဘက်​စ​လုံး ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။- \v 3-4 ယဇ်​ပု​ရော​ဟိတ်​သည်​ဆူ​ဖြိုး​သော​အ​မြီး ဝမ်း​တွင်း​သား​မှ​အ​ဆီ၊ ကျောက်​ကပ်​နှင့် ကျောက်​ကပ်​အ​ဆီ၊ အ​သည်း​မှ​အ​ကောင်း ဆုံး​အ​ပိုင်း​စ​သည်​တို့​ကို​ထုတ်​ယူ​၍​ယဇ် ပလ္လင်​ပေါ်​တွင်​ပူ​ဇော်​ရ​မည်။- \v 5 ယဇ်​ပု​ရော​ဟိတ်​သည်​အ​ဆီ​ရှိ​သ​မျှ​ကို​ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ကား အ​ပြစ်​ဒဏ်​ပြေ​ရာ​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။- \v 6 ယဇ်​ပု​ရော​ဟိတ်​ယောကျာ်း​အ​ပေါင်း​တို့​သည် ထို ယဇ်​ကောင်​၏​အ​သား​ကို​စား​နိုင်​သည်။ ထို​ပူ​ဇော် သ​ကာ​သည်​အ​လွန်​သန့်​ရှင်း​သော​ကြောင့် သန့်​ရှင်း ရာ​ဌာ​န​တွင်​စား​ရ​မည်။ \p \v 7 အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​နှင့် အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ​နှစ်​မျိုး​စ​လုံး​နှင့်​ဆိုင်​သော ပြ​ဋ္ဌာန်း​ချက်​မှာ ယဇ်​ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ် သည်​ယဇ်​ကောင်​၏​အ​သား​ကို​စား​သုံး​ခွင့်​ရှိ ခြင်း​ဖြစ်​သည်။- \v 8 မီး​ရှို့​ရာ​ယဇ်​ကောင်​၏​သား​ရေ​သည် ယဇ်​ပူ​ဇော် သော​ယဇ်​ပု​ရော​ဟိတ်​ပိုင်​ရာ​ဖြစ်​၏။- \v 9 မီး​ဖို​တွင်​ဖုတ်​သော​ဘော​ဇဉ်​သ​ကာ၊ အိုး​သို့ မ​ဟုတ်​သံ​အိုး​ကင်း​ပေါ်​၌​ကင်​သော​ဘော​ဇဉ် သ​ကာ​တို့​သည်​လည်း ပူ​ဇော်​သော​ယဇ် ပု​ရော​ဟိတ်​ပိုင်​ရာ​ဖြစ်​၏။- \v 10 သို့​ရာ​တွင်​မ​ဖုတ်​မ​ကင်​ရ​သေး​သော​ဘော​ဇဉ် သ​ကာ​သည် ဆီ​နှင့်​ရော​ပြီး​သည်​ဖြစ်​စေ၊ ဆီ နှင့်​မ​ရော​ရ​သေး​သည်​ဖြစ်​စေ၊ အာ​ရုန်​၏ အ​မျိုး​အ​နွယ်​ယဇ်​ပု​ရော​ဟိတ်​အား​လုံး​တို့ နှင့်​ဆိုင်​သ​ဖြင့် အ​ညီ​အ​မျှ​ဝေ​ယူ​စေ​ရ မည်။ \s1 မိတ်​သ​ဟာ​ယ​ယဇ် \p \v 11 ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော​မိတ်​သ​ဟာ ယ​ယဇ်​နှင့်​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ​သည် ကား အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။- \v 12 တစ်​စုံ​တစ်​ယောက်​သည်​ဘု​ရား​သ​ခင်​အား ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​ယဇ်​ကို​ပူ​ဇော် သော​အ​ခါ ယဇ်​ကောင်​နှင့်​အ​တူ​တ​ဆေး မ​ပါ​သော​မုန့်​ကို​လည်း​ယူ​ဆောင်​ခဲ့​ရ​မည်။ ၎င်း​မုန့်​မှာ​သံ​လွင်​ဆီ​နှင့်​မုန့်​ညက်​ရော​၍​ပြု လုပ်​သော​မုန့်​လုံး​သို့​မ​ဟုတ်​သံ​လွင်​ဆီ​သုတ် သော​မုန့်​ပြား သို့​မ​ဟုတ်​သံ​လွင်​ဆီ​နှင့်​မုန့် ညက်​ရော​၍​ပြု​လုပ်​သော​မုန့်​ဖြစ်​ရ​မည်။ ဤ​မုန့်​များ​တွင်​တဆေး​မ​ပါ​စေ​ရ။- \v 13 ထို​မုန့်​များ​အ​ပြင် တ​ဆေး​ထည့်​၍​ဖုတ် သော​မုန့်​များ​ကို​လည်း​ဆက်​ကပ်​ရ​မည်။- \v 14 မုန့်​တစ်​မျိုး​စီ​မှ​တစ်​ခု​ကျ​ကို ထာ​ဝ​ရ​ဘု​ရား အား​အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဆက်​ကပ်​ရ​မည်။ ထို​ဆက်​ကပ်​သော​မုန့်​များ​သည်​ယဇ်​ကောင်​၏ သွေး​ကို ယဇ်​ပလ္လင်​ဘေး​သို့​ပက်​ဖျန်း​သော​ယဇ် ပု​ရော​ဟိတ်​စား​သုံး​ရန်​အ​တွက်​ဖြစ်​သည်။- \v 15 မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ကို​ပူ​ဇော်​သော​နေ့ ၌ အ​သား​ကို​အ​ကုန်​စား​ရ​မည်။ နောက်​တစ်​နေ့ နံ​နက်​အ​ထိ အ​သား​အ​ကြွင်း​အ​ကျန်​မ​ရှိ စေ​ရ။ \p \v 16 တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​အ​ဋ္ဌိ​ဋ္ဌာန်​ပြည့် သည်​အ​တွက်​ဖြစ်​စေ၊ မိ​မိ​၏​စေ​တ​နာ​အ လျောက်​ဖြစ်​စေ​မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော် ဆက်​ကပ်​သည့်​အ​ခါ ပူ​ဇော်​သော​နေ့​၌​ယဇ် ကောင်​၏​အ​သား​ကို​အ​ကုန်​စား​ရန်​မ​လို။ ကြွင်း​ကျန်​သော​အ​သား​ကို​နောက်​တစ်​နေ့ ၌​စား​နိုင်​သည်။- \v 17 သို့​ရာ​တွင်​တ​တိ​ယ​နေ့​သို့​တိုင်​အောင် ကျန် နေ​သေး​သော​အ​သား​ကို​မူ​ကား​မီး​ရှို့​ပစ် ရ​မည်။- \v 18 အ​သား​အ​ကြွင်း​အ​ကျန်​ကို​တ​တိ​ယ​နေ့​၌ စား​လျှင် ဘု​ရား​သ​ခင်​သည်​ထို​သူ​ပူ​ဇော်​သော ယဇ်​ကို​လက်​ခံ​တော်​မူ​မည်​မ​ဟုတ်။ ပူ​ဇော်​သော သူ​သည်​လည်း​အ​ကျိုး​ကို​မ​ခံ​ရ။ ထို​ယဇ်​သည် မ​စင်​ကြယ်​သ​ဖြင့် အ​သား​ကို​စား​သော​သူ​၌ အ​ပြစ်​ရောက်​လိမ့်​မည်။- \v 19 ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​စင်​ကြယ်​သော အ​ရာ​တစ်​စုံ​တစ်​ခု​နှင့် ထိ​မိ​သော​အ​သား ကို​မ​စား​ရ။ ၎င်း​ကို​မီး​ရှို့​ပစ်​ရ​မည်။ \p ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​သော​သူ သည် မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​၏​အ​သား​ကို စား​နိုင်​သည်။- \v 20 မ​သန့်​ရှင်း​သူ​က​ထို​အ​သား​ကို​စား​လျှင် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​မှ​ပယ် ထုတ်​ခြင်း​ခံ​ရ​မည်။- \v 21 ထို​အ​ပြင်​တစ်​စုံ​တစ်​ယောက်​သည်​လူ​မှ​ဖြစ် စေ၊ တိ​ရစ္ဆာန်​မှ​ဖြစ်​စေ၊ ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​မ​သန့်​စင်​သော​အ​ရာ​တစ်​စုံ​တစ်​ခု​နှင့် ထိ​မိ​ပြီး​မှ ထို​ယဇ်​ကောင်​၏​အ​သား​ကို​စား လျှင် ထို​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​မှ​ပယ်​ထုတ်​ခြင်း​ခံ​ရ​မည်။ \p \v 22-23 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက် အောက်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို မော​ရှေ​အား​ဖြင့်​ချ​မှတ်​ပေး​တော်​မူ​၏။ သိုး၊ ဆိတ်၊ နွား​တို့​၏​အ​ဆီ​ကို​မ​စား​ရ။- \v 24 သ​ဘာ​ဝ​အ​လျောက်​သေ​သော​တိ​ရစ္ဆာန်​၏ အ​ဆီ၊ သို့​မ​ဟုတ်​သား​ရဲ​ကိုက်​သတ်​၍​သေ သော​တိ​ရစ္ဆာန်​၏​အ​ဆီ​ကို​မ​စား​ရ။ သို့​ရာ တွင်​ထို​အ​ဆီ​ကို​အ​ခြား​ကိစ္စ​များ​အ​တွက် အ​သုံး​ပြု​နိုင်​သည်။- \v 25 ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​ရာ​ယဇ်​ပူ​ဇော် သော​ယဇ်​ကောင်​၏​အ​ဆီ​ကို​စား​သော​သူ သည် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​မှ ပယ်​ထုတ်​ခြင်း​ခံ​ရ​မည်။- \v 26 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မည်​သည့် အ​ရပ်​၌​နေ​ထိုင်​သည်​မ​ဆို ငှက်​၏​သွေး​သို့ မ​ဟုတ်​တိ​ရစ္ဆာန်​၏​သွေး​ကို​မ​စား​ရ။-\x + \xo 7:26 \xt က၊ ၉:၄။ ဝတ်၊ ၁၇:၁၀-၁၄။ ၁၉:၂၆။ တရား၊ ၁၂:၁၆၊၂၃။ ၁၅:၂၃။\x* \v 27 ဤ​ပ​ညတ်​ကို​ချိုး​ဖောက်​သော​သူ​သည် ထာ​ဝ​ရ ဘု​ရား​၏​လူ​မျိုး​တော်​မှ​ပယ်​ထုတ်​ခြင်း​ခံ​ရ မည်။ \p \v 28-29 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက် အောက်​ပါ​ပြ​ဋ္ဌာန်း ချက်​များ​ကို​မော​ရှေ​မှ​တစ်​ဆင့်​ချ​မှတ်​ပေး တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​မိတ်​သ​ဟာ​ယ ယဇ်​ကို​ပူ​ဇော်​သော​သူ​သည် ယဇ်​ကောင်​၏ အ​စိတ်​အ​ပိုင်း​အ​ချို့​ကို​ထာ​ဝ​ရ​ဘု​ရား အ​တွက်​အ​ထူး​လှူ​ဖွယ်​အ​ဖြစ်၊- \v 30 မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​သ​ကာ​အ​နေ​နှင့် မိ​မိ လက်​နှင့်​ကိုယ်​တိုင်​ယူ​ဆောင်​ခဲ့​ရ​မည်။ သူ​သည် ယဇ်​ကောင်​၏​အ​ဆီ​နှင့်​တ​ကွ​ရင်​ပုံ​သား​ကို ထာ​ဝ​ရ​ဘု​ရား​အ​တွက် အ​ထူး​ပူ​ဇော် သ​ကာ​အ​ဖြစ်​ယူ​ဆောင်​ခဲ့​ရ​မည်။- \v 31 ယဇ်​ပု​ရော​ဟိတ်​သည်​အ​ဆီ​ကို​ယဇ်​ပလ္လင်​ပေါ် တွင် မီး​ရှို့​ပူ​ဇော်​ရ​မည်။ သို့​ရာ​တွင်​ရင်​ပုံ​သား သည် ယဇ်​ပု​ရော​ဟိတ်​များ​စား​သုံး​ရန်​အ​တွက် ဖြစ်​သည်။- \v 32-33 မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​၏​သွေး​နှင့်​အ​ဆီ ကို ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ်​အား ယဇ်​ကောင် ၏​လက်​ယာ​ပေါင်​ကို​အ​ထူး​လှူ​ဖွယ်​အ​ဖြစ် ပေး​ရ​မည်။- \v 34 ယဇ်​ကောင်​၏​ရင်​ပုံ​သား​နှင့်​လက်​ယာ​ပေါင်​တို့ သည် ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထံ​မှ ယဇ်​ပု​ရော​ဟိတ်​များ​အား အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​သတ်​မှတ်​ပေး​သော ဝေ​စု​ဖြစ်​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ထို​ဝေ​စု​ကို​ယဇ်​ပု​ရော​ဟိတ်​တို့​အား ထာ​ဝ​စဉ်​လှူ​ဒါန်း​ရ​မည်။- \v 35 ဤ​ဝေ​စု​သည်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​ယဇ် ပု​ရော​ဟိတ်​များ​အ​ဖြစ် သိက္ခာ​ခံ​ယူ​သည့်​နေ့ ၌​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော​ယဇ် ကောင်​မှ​ရ​ရှိ​ခဲ့​သော​ဝေ​စု​ဖြစ်​သည်။- \v 36 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဤ​ဝေ​စု ကို​ယဇ်​ပု​ရော​ဟိတ်​တို့​အား​ပေး​လှူ​ရန် ထို နေ့​၌​ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဤ​ပ​ညတ် ကို​ထာ​ဝ​စဉ်​လိုက်​နာ​ရ​ကြ​မည်။ \p \v 37 ဤ​ကား​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ၊ ဘော​ဇဉ်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ၊ အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ၊ သိက္ခာ​တင်​ရာ​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​တို့​နှင့်​ဆိုင် သော​ပြ​ဋ္ဌာန်း​ချက်​များ​ဖြစ်​သည်။- \v 38 တော​ကန္တာ​ရ​ရှိ​သိ​နာ​တောင်​ပေါ်​၌​ထာ​ဝ​ရ ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့်​ဤ​ပြ​ဋ္ဌာန်း​ချက် များ​ကို​လိုက်​နာ​ရန်​မှာ​ထား​တော်​မူ​သော​နေ့​၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ချ​မှတ်​ပေး တော်​မူ​၏။ \c 8 \s1 အာ​ရုန်​နှင့်​သူ​၏​သား​တို့​အား ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​သိက္ခာ​တင်​ခြင်း \r (ထွက်၊ ၂၉:၁-၃၇) \p \v 1 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊- \v 2 ``အာ​ရုန်​နှင့်​သူ​၏​သား​တို့​ကို​ငါ​စံ​တော်​မူ​ရာ တဲ​တော်​တံ​ခါး​ဝ​သို့​ခေါ်​ဆောင်​ခဲ့​လော့။ ယဇ် ပု​ရော​ဟိတ်​ဝတ်​စုံ​များ၊ သိက္ခာ​တင်​ဆီ၊ အ​ပြစ်​ဖြေ ရာ​ယဇ်​အ​တွက်​နွား​ပျို​တစ်​ကောင်၊ သိုး​ထီး​နှစ် ကောင်၊ တ​ဆေး​မဲ့​မုန့်​တစ်​တောင်း​ကို​ယူ​ခဲ့​လော့။- \v 3 ထို့​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​အား​လုံး​ကို ထို​နေ​ရာ​၌​စု​ရုံး​စေ​လော့'' ဟု​မိန့်​တော်​မူ​သည်။ \p \v 4 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည့်​အ​တိုင်း​ဆောင်​ရွက်​၏။ လူ​တို့​စု​ဝေး ရောက်​ရှိ​လာ​သော​အ​ခါ၊- \v 5 မော​ရှေ​က​သူ​တို့​အား``ယ​ခု​ငါ​ပြု​လုပ်​မည့် အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ငါ​ပြု​လုပ်​ခြင်း​ဖြစ်​သည်'' ဟု​ဆို​လေ​၏။ \p \v 6 ထို့​နောက်​မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သည်​အ​တိုင်း အာ​ရုန်​နှင့်​သူ​၏​သား တို့​ကို​ရှေ့​သို့​ထုတ်​ဆောင်​၍​ရေ​ဆေး​ကြော စေ​၏။- \v 7 အာ​ရုန်​အား​အင်္ကျီ၊ ဝတ်​ရုံ​နှင့်​ခါး​ပန်း​ကို ခါး​တွင်​ဝတ်​ဆင်​ပေး​၏။ ထို​နောက်​သင်​တိုင်း\f 1 \fr 8:7 \ft * \+fk သင်​တိုင်း။ \ft အ​ဖိုး​တန်​၍​အ​ရောင်​တောက်​ပ​သော အ​ဝတ်​ဖြင့်​ပြု​လုပ်​ထား​သော​အ​ထည်​ဖြစ် သည်။ ၎င်း​၌​ချုပ်​ထား​သော​အိတ်​တွင်​ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​သိ​ရန် အ​သုံး​ပြု သော​အ​ရာ​နှစ်​ခု​ဖြစ်​သည့်​ဥ​ရိမ်​နှင့်​သု​မိမ် ကို​ထည့်​ထား​သည်။\f* ကို​ဝတ်​ပေး​၍​လှ​ပ​စွာ​ရက်​ထား​သော​ခါး စည်း​ဖြင့်​သင်​တိုင်း​ကို​ချည်​နှောင်​ပေး​၏။- \v 8 ရင်​ဖုံး​ကို​တပ်​ဆင်​ပေး​ပြီး​လျှင်​ရင်​ဖုံး​ထဲ ၌​ဥ​ရိမ်​နှင့်​သု​မိမ်\f 2 \fr 8:8 \ft * \+fk ဥ​ရိမ်​နှင့်​သု​မိမ်။ \ft ယဇ်​ပု​ရော​ဟိတ်​က​ဘု​ရား​သ​ခင်​၏ အ​လို​တော်​မည်​သို့​ရှိ​သည်​ကို​သိ​ရန်​အ​သုံး ပြု​သော​ကျောက်​မျက်​နှစ်​လုံး။ မည်​သို့​အ​သုံး ချ​ပုံ​ကို​အ​တိ​အ​ကျ​မ​သိ​ရ​ပါ။\f* ကို​ထည့်​ထား​၏။- \v 9 အာ​ရုန်​၏​ဦး​ခေါင်း​ပေါ်​တွင်​ဗောင်း​ထုပ်​ကို​တင်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​သည့်​အ​ထိမ်း အ​မှတ်​ဖြစ်​သော​ရွှေ​သင်း​ကျစ်​ကို​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​ဗောင်း ထုပ်​ရှေ့​တွင်​တပ်​ဆင်​ပေး​၏။ \p \v 10 ထို​နောက်​မော​ရှေ​သည်​သိက္ခာ​တင်​ဆီ​ကို​ယူ ၍ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် နှင့်​တဲ​တော်​အ​တွင်း​ရှိ​ပစ္စည်း​တန်​ဆာ​အား လုံး​ကို​လိမ်း​လေ​၏။ ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ ဘု​ရား​အား​တဲ​တော်​နှင့်​တဲ​တော်​ဆိုင်​ရာ ပစ္စည်း​ရှိ​သ​မျှ​ကို​ဆက်​ကပ်​လေ​သည်။- \v 11 ထို​နောက်​မော​ရှေ​သည်​ဆီ​အ​နည်း​ငယ်​ကို ယူ​ပြီး​လျှင် ယဇ်​ပလ္လင်​နှင့်​ယဇ်​ပလ္လင်​ဆိုင်​ရာ​ပစ္စည်း တန်​ဆာ​တို့​ကို​လည်း​ကောင်း၊ အင်​တုံ​နှင့်​၎င်း ၏​အောက်​ခြေ​ကို​လည်း​ကောင်း​ခု​နစ်​ကြိမ် ဖျန်း​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် လေ​သည်။- \v 12 တစ်​ဖန်​သူ​သည်​ဆီ​အ​နည်း​ငယ်​ကို​အာ​ရုန် ၏​ဦး​ခေါင်း​ပေါ်​တွင်​လောင်း​လျက် ယဇ်​ပု​ရော ဟိတ်​အ​ဖြစ်​သိက္ခာ​တင်​သည်။- \v 13 ထို​နောက်​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သည့်​အ​တိုင်း​အာ​ရုန်​၏​သား​များ​ကို ရှေ့​သို့​ခေါ်​ဆောင်​၍ အင်္ကျီ​များ​ကို​ဝတ်​ဆင်​ပေး ပြီး​နောက်​ခါး​ပန်း​ကို​ခါး​တွင်​စည်း​ပေး​၏။ ဦး ခေါင်း​များ​ပေါ်​တွင်​လည်း​ဦး​ထုပ်​များ​ကို ဆောင်း​ပေး​၏။ \p \v 14 ထို​နောက်​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် မှာ​တော်​မူ​သည့်​အ​တိုင်း အ​ပြစ်​ဖြေ​ရာ​ယဇ် ပူ​ဇော်​ရန်​နွား​ပျို​ကို​ထုတ်​ဆောင်​ခဲ့​၍ အာ​ရုန် နှင့်​သူ​၏​သား​တို့​အား​နွား​၏​ဦး​ခေါင်း​ပေါ် တွင်​လက်​ကို​တင်​စေ​သည်။- \v 15 မော​ရှေ​သည်​နွား​ကို​သတ်​ပြီး​လျှင်​လက်​ချောင်း ဖြင့်​သွေး​အ​နည်း​ငယ်​ကို​ယူ​၍ ယဇ်​ပလ္လင်​ထောင့် များ​၌​ရှိ​သော​အ​တက်​များ​ကို​သုတ်​လိမ်း ခြင်း၊ ကျန်​သော​သွေး​ကို​ယဇ်​ပလ္လင်​၏​အောက် ခြေ​တွင်​သွန်း​လောင်း​ခြင်း​ဖြင့်​ပလ္လင်​ကို​ဆက် ကပ်​၍​အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​နိုင်​ရန် သန့်​ရှင်း​စေ​၏။- \v 16 မော​ရှေ​သည်​ဝမ်း​တွင်း​သား​မှ​အ​ဆီ​အား လုံး၊ အ​သည်း​မှ​အ​ဆီ၊ ကျောက်​ကပ်​နှင့် ကျောက်​ကပ်​အ​ဆီ​တို့​ကို​ထုတ်​ယူ​၍​ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​သည်။- \v 17 သူ​သည်​နွား​သား​ရေ​အ​သား​နှင့်​အူ​များ အ​ပါ​အ​ဝင်​ကျန်​သော​အ​ပိုင်း​တို့​ကို ထာ ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း စ​ခန်း​အ​ပြင်​ဘက်​၌​မီး​ရှို့​လေ​သည်။ \p \v 18 ထို့​နောက်​မော​ရှေ​သည်​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော် ရန်​သိုး​ထီး​ကို​ထုတ်​ဆောင်​ခဲ့​၍ အာ​ရုန်​နှင့်​သူ ၏​သား​တို့​အား​သိုး​၏​ဦး​ခေါင်း​ပေါ်​တွင် လက်​ကို​တင်​စေ​၏။- \v 19 မော​ရှေ​သည်​သိုး​ကို​သတ်​ပြီး​လျှင် သွေး​ကို ယဇ်​ပလ္လင်​လေး​ဘက်​ပေါ်​သို့​ပက်​ဖျန်း​လေ သည်။- \v 20-21 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည့်​အ​တိုင်း သိုး​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​ပြီး လျှင်​ဝမ်း​တွင်း​သား​နှင့်​နောက်​ခြေ​တို့​ကို​ရေ နှင့်​ဆေး​၍ သိုး​၏​ဦး​ခေါင်း၊ အ​ဆီ​မှ​စ​၍ တစ်​ကောင်​လုံး​ကို​မီး​ရှို့​ပူ​ဇော်​လေ​သည်။ ဤ မီး​ရှို့​ရာ​ယဇ်​သည်​ပူ​ဇော်​သကာ​ဖြစ်​၍ ၎င်း ၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​၏။ \p \v 22 ထို​နောက်​မော​ရှေ​သည်​ယဇ်​ပု​ရော​ဟိတ်​များ ကို​သိက္ခာ​တင်​ရာ​၌​ပူ​ဇော်​ရန် ဒု​တိ​ယ​သိုး ထီး​ကို​ယူ​ဆောင်​ခဲ့​၍ အာ​ရုန်​နှင့်​သူ​၏​သား တို့​က​သိုး​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို တင်​ကြ​သည်။- \v 23 မော​ရှေ​သည်​သိုး​ကို​သတ်​ပြီး​လျှင်​သွေး အ​နည်း​ငယ်​ကို​ယူ​၍ အာ​ရုန်​၏​လက်​ယာ နား​ပျဉ်း​ကို​လည်း​ကောင်း၊ လက်​ယာ​လက်​မ နှင့်​လက်​ယာ​ခြေ​မ​တို့​ကို​လည်း​ကောင်း သုတ်​လေ​သည်။- \v 24 ထို့​နောက်​အာ​ရုန်​၏​သား​တို့​ကို​ခေါ်​ပြီး​လျှင် သူ​တို့​၏​လက်​ယာ​နား​ပျဉ်း​များ၊ လက်​ယာ လက်​မ​များ​နှင့်​လက်​ယာ​ခြေ​မ​များ​ကို သိုး​သွေး​ဖြင့်​သုတ်​လေ​သည်။ မော​ရှေ​သည် ကျန်​သော​သွေး​ကို​ယဇ်​ပလ္လင်​လေး​ဘက်​ပေါ် သို့​ပက်​ဖျန်း​လေ​သည်။- \v 25 သူ​သည်​သိုး​၏​အ​ဆီ၊ ဆူ​ဖြိုး​သော​အ​မြီး၊ ဝမ်း​တွင်း​သား​မှ​အ​ဆုံး​အ​ပိုင်း၊ အ​သည်း မှ​အ​ဆီ၊ ကျောက်​ကပ်​နှင့်​ကျောက်​ကပ်​အ​ဆီ၊ လက်​ယာ​ပေါင်​တို့​ကို​ထုတ်​ယူ​သည်။- \v 26 ထို့​နောက်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဆက် ကပ်​ထား​သော​တ​ဆေး​မဲ့​မုန့်​တောင်း​ထဲ​မှ​မုန့်၊ ဆီ​နှင့်​လုပ်​သော​မုန့်၊ မုန့်​ကြွပ်​တို့​ကို​တစ်​ခု စီ​ယူ​၍​သိုး​အ​ဆီ​နှင့်​လက်​ယာ​ပေါင်​အ​ပေါ် တွင်​တင်​သည်။- \v 27 သူ​သည်​၎င်း​တို့​ကို​အာ​ရုန်​နှင့်​သူ​၏​သား​တို့ လက်​သို့​ပေး​အပ်​သ​ဖြင့် သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား​အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ် ဆက်​သ​ကြ​သည်။- \v 28 ထို့​နောက်​မော​ရှေ​သည်​ထို​ပူ​ဇော်​သ​ကာ​များ ကို​သူ​တို့​ထံ​မှ​ပြန်​ယူ​သ​ဖြင့် သူ​သည် သိက္ခာ တင်​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ်​ယဇ်​ပလ္လင်​ပေါ် ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင်​အ​ပေါ်​သို့​တင်​လျက် မီး​ရှို့​လေ​သည်။ ထို​ပူ​ဇော်​သ​ကာ​သည်​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​သော​ပူ​ဇော်​သ​ကာ​ဖြစ်​၍ ၎င်း​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။- \v 29 ထို့​နောက်​မော​ရှေ​သည်​သိုး​၏​ရင်​ပုံ​သား​ကို အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ် ထာ​ဝ​ရ​ဘု​ရား အား​ဆက်​ကပ်​လေ​သည်။ ထို​ရင်​ပုံ​သား​မှာ သိက္ခာ​တင်​ရာ​ယဇ်​ကောင်​မှ​မော​ရှေ​ပိုင်​ဝေ​စု ဖြစ်​သည်။ မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် မှာ​တော်​မူ​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​လေ သည်။ \p \v 30 ထို့​နောက်​မော​ရှေ​သည်​သိက္ခာ​တင်​ဆီ​အ​နည်း ငယ်​နှင့်​ယဇ်​ပလ္လင်​ပေါ်​တွင်​ရှိ​သော​သွေး​အ​နည်း ငယ်​ကို​ယူ​၍ အာ​ရုန်​နှင့်​သူ​၏​သား​များ​အ​ပေါ် သို့​လည်း​ကောင်း၊ သူ​တို့​၏​အ​ဝတ်​များ​အ​ပေါ် သို့​လည်း​ကောင်း​ပက်​ဖျန်း​လေ​သည်။ ယင်း​သို့ ပြု​လုပ်​ခြင်း​အား​ဖြင့်​သူ​သည် အာ​ရုန်​နှင့် သူ​၏​သား​များ​နှင့်​တ​ကွ​သူ​တို့​ဝတ်​ဆင် သော​အ​ဝတ်​များ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ ဆက်​ကပ်​လေ​သည်။ \p \v 31 ထို့​နောက်​မော​ရှေ​က​အာ​ရုန်​နှင့်​သူ​၏​သား တို့​အား``ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း သိုး​၏​အ​သား​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​အ​နီး​တွင် ပြုတ်​၍ ထို​အ​သား​ကို​သိက္ခာ​တင်​ရာ​မုန့် တောင်း​ထဲ​မှ​မုန့်​နှင့်​စား​ကြ​လော့။- \v 32 ကြွင်း​ကျန်​သော​အ​သား​နှင့်​မုန့်​ကို​မီး​ရှို့ ရ​မည်။ \m \v 33 သင်​တို့​သည်​သိက္ခာ​တင်​မင်္ဂ​လာ​ကာ​လ​ခု​နစ် ရက်​မ​စေ့​မီ တဲ​တော်​တံ​ခါး​အ​ပြင်​သို့​မ ထွက်​ရ။- \v 34 သင်​တို့​အ​ပြစ်​ပြေ​စေ​ရန်​အ​တွက်​ငါ​တို့ ယ​နေ့​ပြု​သော​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​ဖြစ်​သည်။- \v 35 သင်​တို့​သည်​တဲ​တော်​တံ​ခါး​ဝ​တွင်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို ခု​နစ်​ရက် ပတ်​လုံး​နေ့​ည​မ​ပြတ်​ဆောင်​ရွက်​လျက်​နေ ရ​မည်။ သင်​တို့​သည်​မိန့်​မှာ​တော်​မူ​သည် အ​တိုင်း​မ​ဆောင်​ရွက်​လျှင် သေ​ရ​လိမ့်​မည် ဟု​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား​မိန့်​တော် မူ​ပြီ'' ဟူ​၍​ဆင့်​ဆို​လေ​သည်။- \v 36 သို့​ဖြစ်​၍​အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည် မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​ချက်​တို့​ကို​ဆောင်​ရွက်​ကြ​လေ သည်။ \c 9 \s1 အာ​ရုန်​ယဇ်​ပူ​ဇော်​ခြင်း \p \v 1 သိက္ခာ​တင်​မင်္ဂ​လာ​ပြီး​ဆုံး​သော​နေ့​၌ မော​ရှေ သည်​အာ​ရုန်၊ သူ​၏​သား​များ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​ခေါင်း​ဆောင်​တို့​အား​ဆင့်​ခေါ် လေ​သည်။- \v 2 ထို့​နောက်​သူ​သည်​အာ​ရုန်​အား``သင်​သည်​အ​ပြစ် အ​နာ​ကင်း​သော​နွား​ပျို​တစ်​ကောင်​နှင့်​သိုး​ထီး တစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လော့။ နွား​ပျို​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက်​လည်း ကောင်း၊ သိုး​ထီး​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​လည်း ကောင်း​ပူ​ဇော်​လော့။- \v 3-4 ဆိတ်​ထီး​တစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်၊ အ​ပြစ်​အ​နာ​ကင်း​သော​တစ်​နှစ်​သား အ​ရွယ်​နွား​က​လေး​တစ်​ကောင်​နှင့် သိုး​ငယ် တစ်​ကောင်​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်၊ နွား​ထီး တစ်​ကောင်​နှင့်​သိုး​ထီး​တစ်​ကောင်​ကို မိတ်​သ​ဟာ ယ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ရ​မည်​ဟု ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ဆင့်​ဆို​လော့။ သူ​တို့ သည်​ထို​ယဇ်​ကောင်​များ​ကို​ဆီ​နှင့်​ရော​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​အ​တူ ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ရ​မည်။ ယ​နေ့​တွင်​ထာ ဝ​ရ​ဘု​ရား​သည်​သူ​တို့​ထံ​သို့​ကြွ​လာ တော်​မူ​မည်'' ဟု​ဆို​၏။ \p \v 5 ထို့​ကြောင့်​သူ​တို့​သည်​မော​ရှေ​မှာ​ကြား​သော အ​ရာ​ရှိ​သ​မျှ​ကို တဲ​တော်​အ​ရှေ့​သို့​ယူ ဆောင်​ခဲ့​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား အား​ဝတ်​ပြု​ရန်​စု​ဝေး​ရောက်​ရှိ​လာ​ကြ​၏။- \v 6 ထို​အ​ခါ​မော​ရှေ​က``သင်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​ရ စေ​ခြင်း​ငှာ ကိုယ်​တော်​သည်​သင်​တို့​အား​ဤ အ​မှု​ခပ်​သိမ်း​ကို​ဆောင်​ရွက်​ရန်​မိန့်​တော်​မူ ပြီ'' ဟု​ဆို​လေ​သည်။- \v 7 ထို့​နောက်​သူ​သည်​အာ​ရုန်​အား``သင်​၏​အ​ပြစ် နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ပြစ် ပြေ​ရန်​အ​တွက် ယဇ်​ပလ္လင်​သို့​သွား​၍​အ​ပြစ် ဖြေ​ရာ​ယဇ်​ကို​လည်း​ကောင်း၊ မီး​ရှို့​ရာ​ယဇ်​ကို လည်း​ကောင်း​ပူ​ဇော်​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​တွက်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို ပူ​ဇော်​လော့'' ဟု​ဆို​လေ​၏။\x + \xo 9:7 \xt ဟေဗြဲ၊ ၇:၂၇။\x* \p \v 8 ထို​အ​ခါ​အာ​ရုန်​သည်​ယဇ်​ပလ္လင်​သို့​သွား​၍ မိ​မိ​၏​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သော​နွား ပျို​ကို​သတ်​လေ​သည်။- \v 9 သူ​၏​သား​တို့​သည်​သူ​ထံ​သို့​သွေး​အ​နည်း ငယ်​ကို​ယူ​လာ​သ​ဖြင့် သူ​သည်​သွေး​ထဲ​သို့ လက်​ချောင်း​ကို​နှစ်​၍ ယဇ်​ပလ္လင်​ထောင့်​အ​တက် များ​ကို​သွေး​ဖြင့်​သုတ်​လေ​သည်။ သူ​သည် ကျန်​သော​သွေး​ကို​ယဇ်​ပလ္လင်​အောက်​ခြေ တွင်​သွန်း​လောင်း​လေ​သည်။- \v 10 ထို​နောက်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ အား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း နွား​၏​အ​ဆီ ကျောက်​ကပ်​များ​နှင့်​အ​သည်း​မှ​အ​ကောင်း​ဆုံး အ​ပိုင်း​ကို ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​လေ သည်။- \v 11 သို့​ရာ​တွင်​အ​သား​နှင့်​သား​ရေ​ကို​စ​ခန်း အ​ပြင်​တွင်​မီး​ရှို့​သည်။ \p \v 12 ထို​နောက်​သူ​သည်​မိ​မိ​အ​တွက် မီး​ရှို့​ရာ​ယဇ် ကောင်​ကို​သတ်​လေ​သည်။ သူ​၏​သား​တို့​က​သူ ထံ​သို့​သွေး​အ​နည်း​ငယ်​ကို​ယူ​လာ​သ​ဖြင့် သူ​သည်​ယဇ်​ပလ္လင်​လေး​ဘက်​အ​ပေါ်​သို့ သွေး​ကို​ပက်​ဖျန်း​လေ​သည်။- \v 13 တစ်​ဖန်​သူ​တို့​သည်​နွား​၏​ဦး​ခေါင်း​နှင့်​အ​ခြား သော​အ​သား​တစ် အ​ပိုင်း​များ​ကို​သူ့​အား​ပေး အပ်​သ​ဖြင့် သူ​သည်​ယင်း​တို့​ကို​ယဇ်​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​လေ​သည်။- \v 14 ထို​နောက်​သူ​သည်​နွား​၏​ဝမ်း​တွင်း​သား​နှင့် နောက်​ခြေ​ထောက်​တို့​ကို​ဆေး​ကြော​ပြီး​လျှင် မီး​ရှို့​ရာ​ယဇ်​အ​ပေါ်​သို့​တင်​လျက်​မီး​ရှို့ ပူ​ဇော်​လေ​သည်။ \p \v 15 ထို့​နောက်​သူ​သည်​လူ​များ​အ​တွက် ပူ​ဇော် သ​ကာ​ကို​ဆက်​သ​လေ​သည်။ သူ​သည်​လူ​များ အ​တွက်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သော​ဆိတ်​ကို ယူ​၍​သတ်​ပြီး​လျှင် မိ​မိ​အ​တွက်​အ​ပြစ်​ဖြေ ရာ​ယဇ်​ကို​ပူ​ဇော်​သည့်​နည်း​အ​တိုင်း​ဆိတ်​ကို ပူ​ဇော်​လေ​သည်။- \v 16 မီး​ရှို့​ရာ​ယဇ်​ကို​လည်း​ယူ​ခဲ့​ပြီး​လျှင် ပြ​ဋ္ဌာန်း ထား​သော​နည်း​အ​တိုင်း​မီး​ရှို့​ပူ​ဇော်​လေ​သည်။- \v 17 ထို့​နောက်​သူ​သည်​ဘော​ဇဉ်​သ​ကာ​ထဲ​မှ​မုန့် ညက်​လက်​တစ်​ဆုပ်​စာ​ကို​ယူ​၍ ယဇ်​ပလ္လင်​ပေါ် တွင်​မီး​ရှို့​ပူ​ဇော်​သည်။ (နေ့​စဉ်​မီး​ရှို့​ပူ​ဇော် သော​ယဇ်​အ​ပြင်​ထပ်​ဆင့်​ပူ​ဇော်​ခြင်း​ဖြစ် သည်။-) \v 18 သူ​သည်​လူ​များ​အ​တွက်​မိတ်​သ​ဟာ​ယ​ယဇ် ဖြစ်​သော နွား​ထီး​နှင့်​သိုး​ထီး​ကို​လည်း​သတ် လေ​သည်။ သူ​၏​သား​တို့​သည်​သူ့​ထံ​သို့​သွေး အ​နည်း​ငယ်​ကို​ယူ​လာ​သ​ဖြင့် သူ​သည်​ယဇ် ပလ္လင်​လေး​ဘက်​ပေါ်​သို့​သွေး​ကို​ပက်​ဖျန်း သည်။-\x + \xo 9:18 \xt ဝတ်၊ ၃:၁-၁၁။\x* \v 19 သို့​ရာ​တွင်​နွား​နှင့်​သိုး​၏​ဆူ​ဖြိုး​သော​အ​မြီး၊ ဝမ်း​တွင်း​သား​မှ​အ​ဆီ၊ အ​ဆီ​ပိုင်း​များ၊ ကျောက် ကပ်​များ​နှင့်​အ​သည်း​မှ​အ​ကောင်း​ဆုံး​အ​ပိုင်း တို့​ကို၊- \v 20 အာ​ရုန်​သည်​နွား​နှင့်​သိုး​တို့​၏​ရင်​ဒူး​များ အ​ပေါ်​တွင် အ​ဆီ​ပိုင်း​များ​ကို​ယဇ်​ပလ္လင်​ပေါ် တွင်​မီး​ရှို့​ပူ​ဇော်​၏။- \v 21 သူ​သည်​မော​ရှေ​မှာ​ထား​သည့်​အ​တိုင်း​ရင်​ဒူး များ​နှင့် နောက်​ပေါင်​များ​ကို​ယဇ်​ပု​ရော​ဟိတ် အ​တွက်​ထာ​ဝ​ရ​ဘု​ရား​အား​အ​ထူး​လှူ​ဖွယ် အ​ဖြစ်​ဝှေ့​ရမ်း​လျက်​ဆက်​ကပ်​လေ​သည်။ \p \v 22 အာ​ရုန်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို​ပူ​ဇော်​သည့် အ​မှု​ကိစ္စ​အား​လုံး​ကို​ဆောင်​ရွက်​ပြီး​စီး သော​အ​ခါ မိ​မိ​၏​လက်​များ​ကို​မြှောက် လျက်​လူ​တို့​အား​ကောင်း​ချီး​ပေး​ပြီး​လျှင် ယဇ်​ပလ္လင်​ပေါ်​မှ​ဆင်း​လာ​လေ​သည်။-\x + \xo 9:22 \xt တော၊ ၆:၂၂-၂၆။\x* \v 23 မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​ထဲ​သို့​ဝင်​ကြ​၏။ ပြန်​၍ ထွက်​လာ​ကြ​သော​အ​ခါ သူ​တို့​သည်​လူ​တို့ ကို​ကောင်း​ချီး​ပေး​လေ​သည်။ ထို​အ​ခါ​လူ အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ သော​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​ရ​ကြ​၏။- \v 24 ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​မီး​လျှံ​ကို ရုတ်​တ​ရက်​ကျ​ရောက်​စေ​ပြီး​လျှင် ယဇ်​ပလ္လင် ပေါ်​ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင်​နှင့်​အ​ဆီ​များ​ကို လောင်​ကျွမ်း​စေ​သည်။ လူ​အ​ပေါင်း​တို့​သည် ထို အ​ခြင်း​အ​ရာ​ကို​မြင်​ကြ​သော​အ​ခါ​ကြွေး ကြော်​၍​ပျပ်​ဝပ်​ကြ​၏။ \c 10 \s1 နာ​ဒပ်​နှင့်​အ​ဘိ​ဟု​တို့​အ​ပြစ်​ကူး​လွန်​ခြင်း \p \v 1 အာ​ရုန်​၏​သား​များ​ဖြစ်​ကြ​သော​နာ​ဒပ်​နှင့် အ​ဘိ​ဟု​တို့​သည် မိ​မိ​တို့​တစ်​ဦး​စီ​နှင့်​ဆိုင်​ရာ မီး​ကျီး​ခံ​လင်​ပန်း​ကို​ယူ​၍​မီး​သွေး​မီး​ထည့် ပြီး​လျှင် နံ့​သာ​ကို​ဖြူး​လျက်​ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​ကြ​၏။ သို့​ရာ​တွင်​ယင်း​သို့​ပူ​ဇော် ရန်​ထာ​ဝ​ရ​ဘု​ရား​က​သူ​တို့​အား​အ​မိန့် မ​ပေး​သော​ကြောင့် ထို​မီး​သည်​သန့်​ရှင်း​သော မီး​မ​ဟုတ်၊- \v 2 ထို့​ကြောင့်​ချက်​ချင်း​ပင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​မှ သူ​တို့​အ​ပေါ်​သို့​လောင်​မီး​ကျ ၍​သူ​တို့​သည်​ရှေ့​တော်​တွင်​သေ​ဆုံး​ကြ​၏။- \v 3 ထို​အ​ခါ​မော​ရှေ​က​အာ​ရုန်​အား``ထာ​ဝ​ရ ဘု​ရား​က`ငါ​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သူ အ​ပေါင်း​တို့​သည် ငါ​၏​သန့်​ရှင်း​ခြင်း​ဂုဏ်​တော် ကို​ရို​သေ​လေး​စား​ရ​ကြ​မည်။ ငါ​၏​လူ​မျိုး တော်​အား​ငါ့​ဘုန်း​အ​သ​ရေ​ကို​ပေါ်​လွင်​ထင် ရှား​စေ​မည်' ဟူ​၍​မိန့်​တော်​မူ​ရာ​ဤ​အ​မှု​ကို ရည်​ဆောင်​၍​မိန့်​တော်​မူ​ခြင်း​ဖြစ်​သည်'' ဟု ဆို​လေ​၏။ ထို​အ​ခါ​အာ​ရုန်​သည်​တိတ် ဆိတ်​စွာ​နေ​လေ​၏။ \p \v 4 မော​ရှေ​သည်​အာ​ရုန်​၏​ဦး​ရီး​တော်​သြ​ဇေ​လ ၏​သား​များ​ဖြစ်​ကြ​သော မိ​ရှေ​လ​နှင့်​ဧ​လ​ဇာ ဖန်​တို့​ကို​ခေါ်​၍``သင်​တို့​ညီ​အစ်​ကို​များ​၏ အ​လောင်း​များ​ကို​သန့်​ရှင်း​ရာ​တဲ​တော်​မှ စ​ခန်း​အ​ပြင်​သို့​ထုတ်​ဆောင်​သွား​ကြ'' ဟု စေ​ခိုင်း​လေ​သည်။- \v 5 ထို​အ​ခါ​သူ​တို့​သည်​မော​ရှေ​မိန့်​မှာ​သည့်​အ​တိုင်း အ​လောင်း​များ​ကို​လက်​ဖြင့်​မ​ထိ​ကိုင်​မိ​စေ​ရန် အ​ဝတ်​အင်္ကျီ​များ​မှ​ဆွဲ​၍​စ​ခန်း​အ​ပြင်​သို့ ထုတ်​ဆောင်​သွား​ကြ​လေ​သည်။ \p \v 6 ထို​နောက်​မော​ရှေ​က​အာ​ရုန်​နှင့်​သူ​၏​သား များ​ဖြစ်​ကြ​သော ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့ အား``သင်​တို့​သည်​သေ​ဆုံး​သူ​များ​အ​တွက် ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ကို​ပြ​ရန် ဆံ​ပင်​ကို မ​ဖြီး​ဘဲ​မ​နေ​ကြ​နှင့်။ အ​ဝတ်​အင်္ကျီ​များ ကို​လည်း​မ​ဆုတ်​ဖြဲ​ကြ​နှင့်။ ထို​သို့​ပြု​လျှင် သင်​တို့​၏​အ​သက်​ဆုံး​ရ​လိမ့်​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​အား​အ​မျက်​တော်​ထွက်​လိမ့်​မည်။ သို့​သော်​သင်​တို့​၏​သွေး​ချင်း​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​မူ ကား ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​လောင်​မီး ကျ​၍ သေ​ဆုံး​သူ​တို့​အ​တွက်​ဝမ်း​နည်း ကြေ​ကွဲ​ကြောင်း​ပြ​နိုင်​သည်။- \v 7 သင်​တို့​ကား​ထာ​ဝ​ရ​ဘု​ရား​၏​သိက္ခာ​တင် ဆီ​လောင်း​၍ ဆက်​ကပ်​ထား​သူ​များ​ဖြစ်​သော ကြောင့် သင်​တို့​သည်​တဲ​တော်​တံ​ခါး​မှ​ထွက် ခွာ​မ​သွား​ရ။ ထွက်​ခွာ​သွား​လျှင်​သင်​တို့​သေ ရ​မည်'' ဟု​ဆို​လေ​၏။ သူ​တို့​သည်​မော​ရှေ မှာ​ကြား​သည့်​အ​တိုင်း​လိုက်​နာ​ကြ​လေ​သည်။ \s1 ယဇ်​ပု​ရော​ဟိတ်​များ​လိုက်​နာ​ရန်​ပ​ညတ်​များ \p \v 8 ထာ​ဝ​ရ​ဘု​ရား​က​အာ​ရုန်​အား၊- \v 9 ``သင်​နှင့်​သင်​၏​သား​တို့​သည်​စ​ပျစ်​ရည် သို့ မ​ဟုတ်​သေ​ရည်​သေ​ရက်​ကို​သောက်​၍​တဲ​တော် ထဲ​သို့​မဝင်​ရ။ ထို​သို့​ပြု​လျှင်​သင်​တို့​သေ​ရ မည်။ ဤ​ပ​ညတ်​ကို​သင်​တို့​၏​အ​ဆက်​အ​နွယ် အား​လုံး​စောင့်​ထိန်း​ရ​ကြ​မည်။- \v 10 သင်​တို့​သည်​ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​ရာ၊ မ​ဆိုင်​သော​အ​ရာ၊ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​ရှင်း​သော​အ​ရာ၊ မ​သန့်​ရှင်း​သော​အ​ရာ တို့​ကို​ခွဲ​ခြား​တတ်​ရ​မည်။- \v 11 မော​ရှေ​အား​ဖြင့်​ငါ​ပေး​သော​ပညတ်​ရှိ​သ​မျှ တို့​ကို သင်​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​သွန်​သင်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 12 မော​ရှေ​သည်​အာ​ရုန်​နှင့်​အ​သက်​ရှင်​လျက် ကျန်​သော​သား​ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့ အား``ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မှ ကြွင်း​ကျန်​သော မုန့်​ညက်​ဖြင့်​တ​ဆေး​မဲ့​မုန့်​ပြု​လုပ်​၍ ယဇ် ပလ္လင်​နား​တွင်​စား​ကြ​လော့။ အ​ဘယ်​ကြောင့် ဆို​သော်​ဤ​ပူ​ဇော်​သ​ကာ​သည်​အ​လွန် သန့်​ရှင်း​၏။-\x + \xo 10:12 \xt ဝတ်၊ ၆:၁၄-၁၈။\x* \v 13 ထို​မုန့်​ကို​သန့်​ရှင်း​ရာ​ဌာ​န​တွင်​စား​ရ​မည်။ ထို​မုန့်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် သော​ပူ​ဇော်​သ​ကာ​ထဲ​မှ သင်​နှင့်​သင်​၏​သား တို့​ရ​သော​ဝေ​စု​ဖြစ်​သည်။ ဤ​ပ​ညတ်​သည် ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား​ဆင့်​ဆို​သော ပ​ညတ်​ဖြစ်​သည်။- \v 14 သင်​နှင့်​သင်​တို့​၏​မိ​သား​စု​များ​သည်​ယဇ် ပု​ရော​ဟိတ်​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား အား​အ​ထူး​ဆက်​သ​သော​ရင်​ဒူး​သား​နှင့် ပေါင်​တို့​ကို ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့် ရှင်း​သော​အ​ရပ်​တွင်​စား​ရ​မည်။ ဤ​ဝေ​စု များ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​များ​ထဲ​မှ သင်​နှင့်​သင်​၏​သား​သ​မီး​များ​အ​တွက် ဝေ​စု​များ​ဖြစ်​သည်။-\x + \xo 10:14 \xt ဝတ်၊ ၇:၃၀-၃၄။\x* \v 15 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော် သ​ကာ​အ​ဖြစ်​ယဇ်​ကောင်​အ​ဆီ​ကို​ပူ​ဇော် သော​အ​ခါ ရင်​ဒူး​နှင့်​ပေါင်​တို့​ကို​ယူ​ဆောင် ခဲ့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း ဤ​ယဇ်​ကောင်​ပိုင်း​များ​သည် သင်​နှင့် သင်​၏​သား​စဉ်​မြေး​ဆက်​အ​တွက်​ဝေ​စု ဖြစ်​ရ​မည်'' ဟု​ဆို​လေ​သည်။ \p \v 16 ထို့​နောက်​မော​ရှေ​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ် သော​ဆိတ်​အ​ကြောင်း​ကို​စုံ​စမ်း​မေး​မြန်း​သော အ​ခါ ထို​ယဇ်​ကို​မီး​ရှို့​ပူ​ဇော်​ပြီး​ကြောင်း​သိ ရ​၏။ ထို့​ကြောင့်​သူ​သည်​ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ တို့​အား​အ​မျက်​ထွက်​၍၊- \v 17 ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ထို​ယဇ်​ကောင်​၏ အ​သား​ကို သန့်​ရှင်း​ရာ​ဌာ​န​တွင်​မ​စား​ကြ သ​နည်း။ အ​ပြစ်​ဖြေ​ရာ​ယဇ်​သည်​အ​ထူး​ပူ ဇော်​သော​ပူ​ဇော်​သ​ကာ​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ပြစ် ကို​ဖြေ​ရန်​အ​တွက် သင်​တို့​အား​ထို​ယဇ် ကောင်​အ​သား​ကို​ပေး​တော်​မူ​ပြီ။-\x + \xo 10:17 \xt ဝတ်၊ ၆:၂၄-၂၆။\x* \v 18 ယဇ်​ကောင်​၏​သွေး​ကို​တဲ​တော်​ထဲ​သို့​မ​ယူ​ခဲ့ ပါ​တ​ကား။ သင်​တို့​သည်​ငါ​မိန့်​မှာ​သည့်​အ​တိုင်း ထို​ယဇ်​ကောင်​၏​အ​သား​ကို​တဲ​တော်​တွင်​စား ရ​မည်'' ဟု​ဆို​လေ​၏။ \p \v 19 ထို​အ​ခါ​အာ​ရုန်​က​မော​ရှေ​အား``အ​ကယ်​၍ အ​ကျွန်ုပ်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​၏ အ​သား​ကို ယ​နေ့​စား​ခဲ့​သော်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ပါ​မည်​လော။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ယ​နေ့​ထာ​ဝ​ရ​ဘု​ရား အား​အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့် မီး​ရှို့​ရာ​ယဇ်​တို့ ကို​ပူ​ဇော်​ကြ​ပါ​ပြီ။ သို့​ဖြစ်​ပါ​လျက်​နှင့် အ​ကျွန်ုပ်​၌ ဤ​အ​ဖြစ်​ဆိုး​နှင့်​တွေ့​ကြုံ​ရ ပါ​သည်​တ​ကား'' ဟု​ဖြေ​ကြား​လေ​၏။- \v 20 မော​ရှေ​သည်​အာ​ရုန်​၏​အ​ဖြေ​ကို​ကြား​ရ လျှင်​ကျေ​နပ်​လေ​၏။ \c 11 \s1 စား​နိုင်​သော​တိ​ရစ္ဆာန်​များ \r (တရား၊ ၁၄:၃-၂၁) \p \v 1-2 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​လိုက်​နာ​ရန် အောက်​ပါ​ပ​ညတ်​များ ကို​မော​ရှေ​နှင့်​အာ​ရုန်​တို့​မှ​တစ်​ဆင့်​ချ​မှတ် ပေး​တော်​မူ​၏။ သင်​တို့​သည်​ကုန်း​သတ္တ​ဝါ တို့​တွင်၊- \v 3 ခွာ​ကွဲ​၍​စား​မြုံ့​ပြန်​တတ်​သော တိ​ရစ္ဆာန် များ​၏​အ​သား​ကို​စား​နိုင်​သည်။- \v 4-6 သို့​ရာ​တွင်​ကု​လား​အုတ်၊ ခွေး​တူ​ဝက်​တူ​နှင့် ယုန်​တို့​၏​အ​သား​ကို​မ​စား​ရ။ ဤ​တိ​ရစ္ဆာန် တို့​သည်​စား​မြုံ့​ပြန်​တတ်​သော်​လည်း​ခွာ​မ​ကွဲ သ​ဖြင့် စား​ရန်​မ​သန့်​ရှင်း​ဟု​မှတ်​ယူ​ရ​မည်။- \v 7 ဝက်​သား​ကို​လည်း​မ​စား​ရ။ ဝက်​တို့​သည်​ခွာ ကွဲ​သော်​လည်း​စား​မြုံ့​မ​ပြန်​သ​ဖြင့် စား​ရန် မ​သန့်​ရှင်း​ဟု​မှတ်​ယူ​ရ​မည်။- \v 8 သင်​တို့​သည်​ထို​တိ​ရစ္ဆာန်​တို့​၏​အ​သား​ကို မ​စား​ရ။ အ​သေ​ကောင်​များ​ကို​ပင်​မ​ထိ​ရ။ ယင်း​တို့​ကို​မ​သန့်​ရှင်း​ဟု​မှတ်​ယူ​ရ​မည်။ \p \v 9 သင်​တို့​သည်​ဆူး​တောင်​နှင့်​အ​ကြေး​ရှိ​သော ငါး​များ​ကို​စား​နိုင်​သည်။- \v 10 သို့​ရာ​တွင်​ဆူး​တောင်​နှင့်​အ​ကြေး​မ​ပါ​ရှိ သော​ရေ​သတ္တ​ဝါ​များ​ကို​မ​စား​ရ။- \v 11 ထို​သတ္တ​ဝါ​များ​ကို​မ​သန့်​ရှင်း​ဟု​မှတ်​ယူ ရ​မည်။ သင်​တို့​သည်​ထို​သတ္တ​ဝါ​များ​ကို မ​စား​ရ၊ အ​သေ​ကောင်​များ​ကို​ပင်​မ​ထိ ရ။- \v 12 ဆူး​တောင်​နှင့်​အ​ကြေး​မ​ပါ​ရှိ​သော​ရေ သတ္တ​ဝါ​ဟူ​သ​မျှ​ကို​မ​စား​ရ။ \p \v 13-19 အောက်​ဖော်​ပြ​ပါ​ငှက်​မျိုး​တို့​ကို​သင်​တို့ သည်​မ​စား​ရ။ လင်း​ယုန်၊ ဇီး​ကွက်၊ သိမ်း​ငှက်၊ လင်း​တ၊ ကျီး၊ ငှက်​ကု​လား​အုတ်၊ ဇင်​ယော်၊ ငှက် ကျား၊ ဗျိုင်း၊ ငှက်​ကြီး​ဝံ​ပို၊ တင်​ကျီး၊ တောင်​သူ ဘီး​ငှက်​နှင့်​လင်း​နို့​တို့​ဖြစ်​သည်။ \p \v 20-21 ခုန်​ဆွ​သွား​တတ်​သည့်​ပိုး​ကောင်​များ​မှ​လွဲ​၍ အ​တောင်​ရှိ​ပိုး​ကောင်​ဟူ​သ​မျှ​သည်​မ​သန့်​ရှင်း၊- \v 22 သင်​တို့​သည်​ကျိုင်း​ကောင်၊ ပ​ရစ်​နှင့်​နှံ​ကောင်​များ ကို​စား​နိုင်​သည်။- \v 23 သို့​ရာ​တွင်​အ​တောင်​ရှိ​၍​တွား​သွား​တတ်​သော အ​ခြား​အ​ကောင်​ငယ်​ရှိ​သ​မျှ​ကို မ​သန့်​ရှင်း ဟု​မှတ်​ယူ​ရ​မည်။ \p \v 24-28 အောက်​ဖော်​ပြ​ပါ​တိ​ရစ္ဆာန်​တို့​၏​အ​သေ​ကောင် များ​ကို​ထိ​ကိုင်​မိ​သူ​သည် ည​ဦး​တိုင်​အောင် မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။ ခွာ​ကွဲ​၍​စား​မြုံ့ ပြန်​သော​တိရစ္ဆာန်​များ​မှ​တစ်​ပါး​အ​ခြား​ခွာ ရှိ​တိ​ရစ္ဆာန်​အား​လုံး​နှင့် အုပ်​ဖမ်း​တတ်​သော​လက် ရှိ​သည့်​ခြေ​လေး​ချောင်း​သတ္တ​ဝါ​အား​လုံး​တို့ ဖြစ်​သည်။ ထို​တိ​ရစ္ဆာန်​တို့​၏​အ​သေ​ကောင်​များ ကို​သယ်​ဆောင်​သွား​သူ​သည် မိ​မိ​၏​အ​ဝတ် များ​ကို​ဖွပ်​လျှော်​ရ​မည်။ သို့​သော်​လည်း​သူ သည်​ည​ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့် မည်။ \p \v 29-30 ပွေး၊ ကြွက်၊ အိမ်​မြှောင်​မျိုး​တို့​ကို​မ​သန့်​ရှင်း​ဟု မှတ်​ယူ​ရ​မည်။- \v 31 ထို​သတ္တ​ဝါ​တို့​ကို​ဖြစ်​စေ၊ ၎င်း​တို့​၏​အ​သေ ကောင်​များ​ကို​ဖြစ်​စေ​ကိုင်​တွယ်​မိ​သူ​သည် ည ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။- \v 32 သစ်​သား၊ အ​ဝတ်၊ သား​ရေ၊ လျှော်​တေ​စ​သည် တို့​ဖြင့်​ပြု​လုပ်​သော​မည်​သည့်​အ​သုံး​အ​ဆောင် များ​ပေါ်​သို့​မ​ဆို ထို​သတ္တ​ဝါ​တို့​၏​အ​သေ ကောင်​များ​ကျ​ခဲ့​သော် ယင်း​အ​သုံး​အ​ဆောင် သည်​မ​သန့်​ရှင်း​ဟု​မှတ်​ယူ​ရ​မည်။ ယင်း​ကဲ့ သို့​ညစ်​ညမ်း​သွား​သော​အ​သုံး​အ​ဆောင်​ကို ရေ​ထဲ​၌​နှစ်​ရ​မည်။ သို့​ရာ​တွင်​ထို​အ​သုံး အ​ဆောင်​သည် ည​ဦး​တိုင်​အောင်​မ​သန့်​ရှင်း ဘဲ​ရှိ​လိမ့်​မည်။- \v 33 အ​သေ​ကောင်​များ​မြေ​အိုး​ထဲ​သို့​ကျ​လျှင် အိုး​ထဲ​ရှိ​သ​မျှ​သည်​လည်း ညစ်​ညမ်း​ကုန် သ​ဖြင့်​အိုး​ကို​ခွဲ​ရ​မည်။- \v 34 မ​သန့်​ရှင်း​သော​ထို​အိုး​မှ​ရေ​သည်​စား​စ​ရာ ပေါ်​သို့​ကျ​လျှင် ထို​စား​စ​ရာ​သည်​လည်း မ​သန့်​ရှင်း​ချေ။ ထို​အိုး​မှ​သောက်​ရေ​သည် လည်း​မ​သန့်​ရှင်း။- \v 35 မြေ​မီး​ဖို​သို့​မ​ဟုတ်​မုန့်​ဖုတ်​ဖို​ပေါ်​သို့​ထို သတ္တ​ဝါ​တို့​၏​အ​သေ​ကောင်​များ​ကျ​လျှင် ထို​မီး​ဖို​သို့​မ​ဟုတ်​မုန့်​ဖုတ်​ဖို​သည်​မ​သန့် ရှင်း​သ​ဖြင့်​ခွဲ​ပစ်​လိုက်​ရ​မည်။- \v 36 သို့​ရာ​တွင်​စမ်း​ရေ​တွင်း​သို့​မ​ဟုတ်​ရေ​လှောင် ကန်​ထဲ​သို့​အ​သေ​ကောင်​ကျ​လျှင် ထို​ရေ​သည် မ​ညစ်​ညမ်း။ ထို​အ​သေ​ကောင်​နှင့်​ထိ​မိ​သော အ​ရာ​သာ​လျှင်​ညစ်​ညမ်း​သည်။- \v 37 ကြဲ​မည့်​မျိုး​စေ့​ပေါ်​သို့​အ​သေ​ကောင်​ကျ လျှင် မျိုး​စေ့​သည်​မ​ညစ်​ညမ်း။- \v 38 သို့​ရာ​တွင်​ရေ​စိမ်​ထား​သော​မျိုး​စေ့​ပေါ် သို့​အ​သေ​ကောင်​ကျ​လျှင် ထို​မျိုး​စေ့​သည် မ​သန့်​ရှင်း။ \p \v 39 စား​နိုင်​သော​တိ​ရစ္ဆာန်​သေ​လျှင်​ထို​အ​သေ ကောင်​ကို​ကိုင်​တွယ်​မိ​သူ​သည် ည​ဦး​တိုင်​အောင် မ​သန့်​ရှင်း​ချေ။- \v 40 ထို​အ​သေ​ကောင်​၏​အ​သား​ကို​စား​သူ​သည် မိ​မိ​အ​ဝတ်​ကို​ဖွပ်​လျှော်​ရ​မည်။ သူ​သည်​ည ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။ ထို အ​သေ​ကောင်​ကို​သယ်​ဆောင်​မိ​သူ​သည် မိ​မိ အ​ဝတ်​ကို​ဖွပ်​လျှော်​ရ​မည်။ သို့​သော်​သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။ \p \v 41-42 မြေ​ကြီး​ပေါ်​တွင်​တွား​သွား​တတ်​သော သို့ မ​ဟုတ်​ခြေ​လေး​ချောင်း​ရှိ​သော သို့​မ​ဟုတ် ခြေ​လေး​ချောင်း​ထက်​များ​သော​ခြေ​ရှိ​သော သတ္တ​ဝါ​ငယ်​များ​ကို​သင်​တို့​မ​စား​ရ။- \v 43 ထို​သတ္တ​ဝါ​များ​ကို​စား​၍​သင်​တို့​ကိုယ်​ကို မ​ညစ်​ညမ်း​စေ​နှင့်။- \v 44 ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ဖြစ်​၏။ ငါ​သည်​သန့်​ရှင်း​သော​ကြောင့် သင်​တို့​သည်​လည်း​သန့်​ရှင်း​ကြ​ရ​မည်။-\x + \xo 11:44 \xt ဝတ်၊ ၁၉:၂။ ၁ပေ၊ ၁:၁၆။\x* \v 45 ငါ​သည်​သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား​သခင် ဖြစ်​အံ့​သော​ငှာ သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​ခဲ့​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​သန့်​ရှင်း​သော​ကြောင့် သင်​တို့​သည် လည်း​သန့်​ရှင်း​ကြ​ရ​မည်။ \p \v 46 ဤ​ပ​ညတ်​သည်​ကား​တိ​ရစ္ဆာန်​များ​နှင့်​ငှက် များ၊ ရေ​သတ္တ​ဝါ​နှင့်​ကုန်း​သတ္တ​ဝါ​များ​နှင့် ဆိုင်​သော​ပညတ်​ဖြစ်​သ​တည်း။- \v 47 သင်​တို့​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​ရှင်း​၍ စား​နိုင်​သော​တိ​ရစ္ဆာန်​နှင့်​မ​သန့်​ရှင်း ၍​မ​စား​နိုင်​သော​တိ​ရစ္ဆာန်​တို့​ကို​ခွဲ​ခြား​သိ ကြ​ရ​မည်။ \c 12 \s1 သား​ဖွား​ပြီး​စ​အ​မျိုး​သ​မီး​သန့်​စင်​ခြင်း​နှင့် ဆိုင်​ရာ​ပ​ညတ်​များ \p \v 1-2 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​လိုက်​နာ​ရန်​အောက်​ပါ​ပ​ညတ်​များ​ကို မော​ရှေ​မှ​တစ်​ဆင့်​ချ​မှတ်​ပေး​တော်​မူ​၏။ အ​မျိုး သ​မီး​တစ်​ဦး​သည်​ဋ္ဌမ္မ​တာ​ရာ​သီ​ပေါ်​ချိန်​၌ မ​သန့်​ရှင်း​သ​ကဲ့​သို့ သား​ယောကျာ်း​ကို​ဖွား​မြင် ပြီး​ခု​နစ်​ရက်​အ​တွင်း​တွင်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​မ​သန့်​ရှင်း​ချေ။- \v 3 အ​ဋ္ဌ​မ​နေ့​၌​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို သား​အား​ပေး​ရ​မည်။-\x + \xo 12:3 \xt က၊ ၁၇:၁၂။ လု၊ ၂:၂၁။\x* \v 4 မိ​ခင်​သည်​နောက်​ထပ်​သုံး​ဆယ့်​သုံး​ရက်​အ​တွင်း ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​ရှင်း​သ​ဖြင့် သွေး​သန့်​သည့်​ကာ​လ​မ​တိုင်​မီ​သန့်​ရှင်း​သော အ​ရာ​တစ်​စုံ​တစ်​ခု​ကို​မ​ထိ​မ​ကိုင်​ရ။ တဲ တော်​အ​တွင်း​သို့​လည်း​မ​ဝင်​ရ။ \p \v 5 သ​မီး​ကို​ဖွား​မြင်​သော​အ​မျိုး​သ​မီး​သည် ဋ္ဌမ္မ တာ​ရာ​သီ​ပေါ်​ချိန်​၌​မ​သန့်​ရှင်း​သ​ကဲ့​သို့ မီး ဖွား​ပြီး​တစ်​ဆယ့်​လေး​ရက်​အ​တွင်း​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​မ​သန့်​ရှင်း​ချေ။ မိ​ခင်​သည် သွေး​သန့်​သည့်​ကာ​လ​မ​တိုင်​မီ နောက်​ထပ်​ခြောက် ဆယ့်​ခြောက်​ရက်​အ​တွင်း​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​မ​သန့်​ရှင်း​ချေ။ \p \v 6 မိ​ခင်​သည်​သား​ကို​ဖွား​မြင်​သည်​ဖြစ်​စေ၊ သမီး​ကို ဖွား​မြင်​သည်​ဖြစ်​စေ​သွေး​မ​သန့်​သည့်​ကာ​လ​ပြီး ဆုံး​သော​အ​ခါ မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ရန်​တစ်​နှစ်​သား သိုး​က​လေး​ကို​လည်း​ကောင်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ ဇော်​ရန် ချိုး​သို့​မ​ဟုတ်​ခို​တစ်​ကောင်​ကို​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ သို့​ယူ​ဆောင်​ခဲ့​၍​ယဇ်​ပု​ရော​ဟိတ်​ထံ​အပ်​ရ​မည်။- \v 7 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​ယဇ်​များ​ကို ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​လျက် မိ​ခင်​အ​တွက်​သန့်​ရှင်း စေ​ခြင်း​ဝတ်​ကို​ဆောင်​ရွက်​သ​ဖြင့် မိ​ခင်​သည် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​လာ​လိမ့် မည်။ ဤ​ပ​ညတ်​ကား​သား​ဖွား​ပြီး​အ​မျိုး သ​မီး​တို့​လိုက်​နာ​ရ​မည့်​ပညတ်​ဖြစ်​သ​တည်း။ \p \v 8 မိ​ခင်​သည်​သိုး​က​လေး​ကို​မ​ပူ​ဇော်​နိုင်​လျှင် ချိုး နှစ်​ကောင်​သို့​မ​ဟုတ်​ခို​နှစ်​ကောင်​ကို​ယူ​ခဲ့​ရ​မည်။ တစ်​ကောင်​သည်​မီး​ရှို့​ရာ​ယဇ်​အ​တွက်​ဖြစ်​၍ အ ခြား​တစ်​ကောင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက် ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​သည်​မိ​ခင်​အ​တွက် သန့်​ရှင်း​စေ​ခြင်း​ဝတ်​ကို​ဆောင်​ရွက်​သ​ဖြင့် မိ​ခင် သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​လာ လိမ့်​မည်။\x + \xo 12:8 \xt လု၊ ၂:၂၄။\x* \c 13 \s1 ကိုယ်​ရေ​ပြား​ရော​ဂါ​နှင့်​ဆိုင်​သော​ပ​ညတ်​များ \p \v 1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား အောက်​ဖော်​ပြ​ပါ​ပ​ညတ်​များ​ကို​ချ မှတ်​ပေး​တော်​မူ​၏။- \v 2 တစ်​စုံ​တစ်​ယောက်​တွင်​အ​ရေ​ပြား​၌​အ​နာ​စိမ်း ဖြစ်​စေ၊ ဖူး​ယောင်​နာ​ဖြစ်​စေ၊ အ​နာ​ကွက်​ဖြစ်​စေ၊ ပေါ်​လာ​သ​ဖြင့် ဆိုး​ရွား​သော​ကိုယ်​ရေ​ပြား​ရော​ဂါ စွဲ​မည့်​လက္ခ​ဏာ​ရှိ​လာ​လျှင် ထို​သူ​ကို​အာ​ရုန်​မှ ဆင်း​သက်​သော​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ခေါ် ဆောင်​ခဲ့​ရ​မည်။- \v 3 ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​ကို​စစ်​ဆေး​ပြီး လျှင် အ​နာ​ပေါ်​ရှိ​အ​မွေး​များ​ဖြူ​၍​အ​နာ တွင်း​နက်​နေ​လျှင် ထို​သူ​၌​ဆိုး​ဝါး​သော​ကိုယ် ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​နေ​ပြီ​ဖြစ်​သော​ကြောင့် မ​သန့်​ရှင်း​သူ​ဟူ​၍​အ​ဆုံး​အ​ဖြတ်​ပေး​ရ မည်။- \v 4 သို့​ရာ​တွင်​အ​နာ​ကွက်​ဖြူ​သော်​လည်း အ​မွေး မ​ဖြူ၊ အ​နာ​ကွက်​လည်း​ချိုင့်​နေ​ဟန်​မ​ရှိ​လျှင် ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အား​ခု​နစ်​ရက် ပတ်​လုံး​သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။- \v 5 သတ္တ​မ​နေ့​၌​ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အား ထပ်​မံ​စစ်​ဆေး​ပြီး​အ​နာ​သည် ပ​က​တိ​အ​တိုင်း ပြန့်​ပွား​မှု​မ​ရှိ​ဟု​ထင်​မြင်​လျှင် ထို​သူ​အား ခု​နစ်​ရက်​ထပ်​မံ​သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။- \v 6 တစ်​ဖန်​သတ္တ​မ​နေ့​၌​ထို​သူ​အား​ထပ်​မံ​စစ်​ဆေး ၍ အ​နာ​ညိုး​လျက်​မ​ပြန့်​ပွား​ကြောင်း​တွေ့​ရ​လျှင် ရိုး​ရိုး​အ​နာ​ဖြစ်​သ​ဖြင့်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​ရှင်း​သည်​ဟူ​၍​အ​ဆုံး​အ​ဖြတ်​ပေး​ရ မည်။ ထို​သူ​သည်​မိ​မိ​အ​ဝတ်​များ​ကို​လျှော်​ဖွပ် ပြီး​နောက် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း စင်​ကြယ်​လာ​လိမ့်​မည်။- \v 7 သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​၏ အ​နာ​ကို​စစ်​ဆေး​၍ သန့်​ရှင်း​သူ​ဟု​အ​ဆုံး အ​ဖြတ်​ပေး​ပြီး​နောက်​မှ​အ​နာ​ပြန့်​ပွား​လာ လျှင် ထို​သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ​၌​တစ် ဖန်​အ​စစ်​ဆေး​ခံ​ရ​မည်။- \v 8 ယဇ်​ပု​ရော​ဟိတ်​သည်​သူ​၏​အ​နာ​ကို​ထပ်​မံ စစ်​ဆေး​၍​အ​နာ​ပြန့်​ပွား​လျက်​ရှိ​ကြောင်း တွေ့​ရ​လျှင် ထို​အ​နာ​သည်​ဆိုး​ရွား​သော​ကိုယ် ရေ​ပြား​ရော​ဂါ​ဖြစ်​သော​ကြောင့် ထို​သူ​အား မ​သန့်​ရှင်း​သူ​ဟူ​၍​အ​ဆုံး​အ​ဖြတ်​ပေး ရ​မည်။ \p \v 9 တစ်​စုံ​တစ်​ယောက်​သော​သူ​၌ ဆိုး​ရွား​သော​ကိုယ် ရေ​ပြား​ရော​ဂါ​စွဲ​လျှင် ထို​သူ​ကို​ယဇ်​ပု​ရော ဟိတ်​ထံ​သို့​ခေါ်​ဆောင်​ခဲ့​ရ​မည်။- \v 10 ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​ကို​စစ်​ဆေး​၍ အ​ရေ ပြား​ပေါ်​တွင်​အ​ဖြူ​ကွက်​အ​နာ​ရှိ​ပြီး ထို​အ​ဖြူ ကွက်​ပေါ်​ရှိ​အ​မွေး​များ​ဖြူ​လျက်​အ​နာ​သည် လည်း​ပြည်​တည်​နေ​လျှင်၊- \v 11 ထို​အ​နာ​သည်​ဆိုး​ရွား​သော​အ​ရေ​ပြား​ရော​ဂါ ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​မ​သန့် ရှင်း​ဟု​အ​ဆုံး​အ​ဖြတ်​ပေး​ရ​မည်။ ထို​သူ​၌ ရော​ဂါ​ဆိုး​စွဲ​လျက်​ရှိ​ကြောင်း သိ​သာ​ထင်​ရှား သ​ဖြင့်​သူ့​အား​သီး​ခြား​နေ​ထိုင်​စေ​ရန်​မ​လို။- \v 12 အ​ကယ်​၍​သူ​၏​အ​ရေ​ပြား​ရော​ဂါ​သည် ဦး ခေါင်း​မှ​ခြေ​ထောက်​သို့​တိုင်​အောင်​ပြန့်​ပွား လာ​လျှင်၊- \v 13 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​ကို​ထပ်​မံ​၍​စစ် ဆေး​ရ​မည်။ သူ​၏​အ​နာ​သည် တစ်​ကိုယ်​လုံး​ပြန့် နှံ့​သွား​ကြောင်း​တွေ့​ရှိ​ရ​လျှင် ယဇ်​ပု​ရော​ဟိတ် သည်​သူ့​အား​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​ရှင်း​သည်​ဟု​ဆုံး​ဖြတ်​ရ​မည်။ သူ​သည်​တစ် ကိုယ်​လုံး​ဖြူ​ဆွတ်​သွား​လျှင်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​သန့်​ရှင်း​စင်​ကြယ်​၏။- \v 14 သို့​ရာ​တွင်​ထို​သူ​၏​ကိုယ်​ပေါ်​၌ အ​နာ​ပေါက်​လာ သည်​နှင့်​တစ်​ပြိုင်​နက်​သူ​သည်​မ​သန့်​ရှင်း​ချေ။- \v 15 ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​အား​တစ်​ဖန် စစ်​ဆေး​၍ ကိုယ်​ပေါ်​၌​အ​နာ​ပေါက်​နေ​သည်​ကို တွေ့​ရှိ​ရ​လျှင် သူ့​ကို​မ​သန့်​ရှင်း​ဟု​ဆုံး​ဖြတ်​ရ မည်။ အ​နာ​ပေါက်​လာ​ခြင်း​သည်​ဆိုး​ရွား​သော ကိုယ်​ရေ​ပြား​ရော​ဂါ​စွဲ​ခြင်း​လက္ခ​ဏာ​ဖြစ်​၍ ထို​သူ​သည်​မ​သန့်​ရှင်း​ချေ။- \v 16 အ​နာ​သည်​ပျောက်​ကင်း​၍​တစ်​ဖန်​ဖြူ​လာ လျှင် သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား ရ​မည်။- \v 17 ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​ကို​တစ်​ဖန်​စစ်​ဆေး ရ​မည်။ အ​နာ​သည်​ပြန်​၍​ဖြူ​လာ​လျှင် သူ​သည် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​စင်​ကြယ်​၏။ ယဇ် ပု​ရော​ဟိတ်​သည်​လည်း​သူ့​အား​စင်​ကြယ် သည်​ဟု​အ​ဆုံး​အ​ဖြတ်​ပေး​ရ​မည်။ \p \v 18 တစ်​စုံ​တစ်​ယောက်​သော​သူ​၏​ကိုယ်​ရေ​ပြား​ပေါ် တွင် ပျောက်​ကင်း​သွား​သော​အ​နာ​စိမ်း​နေ​ရာ​၌၊- \v 19 ဖြူ​သော​အ​ဖု​ဖြစ်​စေ၊ နီ​ဖျော့​ဖျော့​အ​ကွက်​ဖြစ် စေ​ပေါ်​လာ​လျှင် သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ သို့​သွား​ရ​မည်။- \v 20 ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​ကို​စစ်​ဆေး​ပြီး​နောက် အ​နာ​တွင်း​နက်​လျက် အ​နာ​ပေါ်​ရှိ​အ​မွေး​များ ဖြူ​လာ​ကြောင်း​တွေ့​ရှိ​ရ​လျှင် ထို​သူ​အား​မ​သန့် ရှင်း​ဟု​ဆုံး​ဖြတ်​ရ​မည်။ ထို​အ​နာ​သည်​အ​နာ စိမ်း​နေ​ရာ​မှ​ဖြစ်​ပေါ်​လာ​သော​ဆိုး​ရွား​သည့် ကိုယ်​ရေ​ပြား​ရော​ဂါ​ဖြစ်​သည်။- \v 21 ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​ကို​စစ်​ဆေး​၍ အ​နာ​နေ​ရာ​တွင်​အ​မွေး​များ​မ​ဖြူ၊ အ​နာ တွင်း​လည်း​မ​နက်၊ အ​နာ​၏​အ​ရောင်​လည်း ဖျော့​နေ​လျှင်​ထို​သူ​အား​ခု​နစ်​ရက်​ပတ်​လုံး သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။- \v 22 အ​နာ​ကွက်​ပြန့်​ပွား​လာ​ကြောင်း​ကို​တွေ့​ရှိ​ရ လျှင် ထို​သူ​၌​ရော​ဂါ​စွဲ​ကပ်​ပြီး​ဖြစ်​၍​သူ အား​မသန့်​ရှင်း​ဟု​ဆုံး​ဖြတ်​ရ​မည်။- \v 23 သို့​ရာ​တွင်​အ​နာ​ကွက်​သည်​မ​ပြန့်​ပွား​ဘဲ န​ဂို​မူ​လ​အ​တိုင်း​ရှိ​နေ​လျှင် အ​နာ​စိမ်း​၏ အ​မာ​ရွတ်​မျှ​သာ​ဖြစ်​သော​ကြောင့် ယဇ်​ပု​ရော ဟိတ်​က​ထို​သူ​အား​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​ရှင်း​သည်​ဟု​ဆုံး​ဖြတ်​ရ​မည်။ \p \v 24 တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​မီး​လောင်​ခံ​ရ​၍ မီး​လောင်​သော​နေ​ရာ​တွင်​အ​ရေ​ပြား​ဖြူ​လာ လျှင်​ဖြစ်​စေ၊ နီ​ဖျော့​ဖျော့​ဖြစ်​လာ​လျှင်​ဖြစ်​စေ၊- \v 25 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အ​နာ​ကို​စစ်​ဆေး​ရ မည်။ အ​နာ​ကွက်​တွင်​ရှိ​သော​အ​မွေး​များ​သည် ဖြူ​၍​အ​နာ​တွင်း​နက်​ကြောင်း​တွေ့​ရှိ​ရ​လျှင် မီး လောင်​သော​အ​နာ​မှ​ဖြစ်​ပေါ်​လာ​သော​ဆိုး​ရွား သည့်​ကိုယ်​ရေ​ပြား​ရော​ဂါ​ဖြစ်​သော​ကြောင့် ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​မ​သန့်​ရှင်း ဟု​ဆုံး​ဖြတ်​ရ​မည်။- \v 26 သို့​ရာ​တွင်​အ​နာ​ကွက်​၌​ရှိ​သော​အ​မွေး​သည် မ​ဖြူ၊ အ​နာ​တွင်း​မ​နက်၊ အ​နာ​၏​အ​ရောင်​လည်း ဖျော့​နေ​ကြောင်း​တွေ့​ရှိ​ရ​လျှင် ထို​သူ​အား​ခု​နစ် ရက်​သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။- \v 27 သတ္တ​မ​နေ့​တွင်​ယဇ်​ပု​ရော​ဟိတ်​သည် သူ့​ကို​ထပ်​မံ စစ်​ဆေး​၍​အ​နာ​သည်​ပြန့်​ပွား​နေ​ကြောင်း​တွေ့​ရ လျှင် ထို​အ​နာ​သည်​ဆိုး​ရွား​သော​ကိုယ်​ရေ​ပြား ရော​ဂါ​ဖြစ်​သော​ကြောင့် ထို​သူ​ကို​မ​သန့်​ရှင်း ဟု​ဆုံး​ဖြတ်​ရ​မည်။- \v 28 သို့​သော်​အ​နာ​ကွက်​သည်​မူ​လ​အ​ခြေ​အ​နေ​၌ ရှိ​၍ မ​ပြန့်​ပွား​ကြောင်း​ကို​လည်း​ကောင်း၊ အ​ရောင် ဖျော့​နေ​ကြောင်း​ကို​လည်း​ကောင်း​တွေ့​ရှိ​ရ​လျှင် ထို​အ​နာ​သည်​ဆိုး​ရွား​သော​ကိုယ်​ရေ​ပြား​ရော ဂါ​မ​ဟုတ်။ ထို​အ​နာ​သည်​မီး​လောင်​သည့်​အ​မာ ရွတ်​မျှ​သာ​ဖြစ်​ခြင်း​ကြောင့် ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အား​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း သည်​ဟု​ဆုံး​ဖြတ်​ရ​မည်။ \p \v 29 အ​မျိုး​သား​သို့​မ​ဟုတ်​အ​မျိုး​သ​မီး​တစ် ယောက်​၏​ခေါင်း​ပေါ်​တွင်​ဖြစ်​စေ၊ မေး​ပေါ်​တွင် ဖြစ်​စေ​အ​နာ​ပေါက်​လျှင်၊- \v 30 ယဇ်​ပု​ရော​ဟိတ်​က​ထို​အ​နာ​ကို​စစ်​ဆေး​ရ မည်။ အ​နာ​တွင်း​သည်​နက်​ဟန်​ရှိ​၍​အ​နာ​ပေါ် ရှိ​အ​မွေး​များ​ပါး​လျက် ဝါ​ကြန့်​ကြန့်​အ​ရောင် ရှိ​လျှင် ထို​အ​နာ​သည်​ဆိုး​ရွား​သော​ကိုယ်​ရေ ပြား​ရော​ဂါ​ဖြစ်​သော​ကြောင့် ထို​သူ​အား မ​သန့်​ရှင်း​ဟု​ဆုံး​ဖြတ်​ရ​မည်။- \v 31 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​စစ်​ဆေး သည့်​အ​ခါ အ​နာ​တွင်း​သည်​မ​နက်​သော်​လည်း အ​နာ​ပေါ်​ရှိ​အ​မွေး​များ​သည် ပ​က​တိ​အ​သွေး အ​ရောင်​အ​တိုင်း​မ​ရှိ​ခဲ့​လျှင် သူ့​ကို​ခု​နစ်​ရက် သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။- \v 32 သတ္တ​မ​နေ့​၌​ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ ကို​တစ်​ဖန်​စစ်​ဆေး​၍ အ​နာ​သည်​မ​ပြန့်​မ​ပွား အ​မွေး​များ​သည်​လည်း​မ​ဝါ၊ အ​နာ​တွင်း သည်​လည်း​မ​နက်​ကြောင်း​တွေ့​ရှိ​ရ​လျှင်၊- \v 33 အ​နာ​ပတ်​လည်​ရှိ​အ​မွေး​များ​ကို​ရိတ်​ရ မည်။ ထို့​နောက်​သူ​အား​ခု​နစ်​ရက်​တိုး​၍​သီး ခြား​နေ​ထိုင်​စေ​ရ​မည်။- \v 34 သတ္တ​မ​နေ့​၌​ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​ကို တစ်​ဖန်​စစ်​ဆေး​၍ အ​နာ​သည်​မ​ပြန့်​မ​ပွား၊ အ​နာ​တွင်း​သည်​လည်း​မ​နက်​ကြောင်း​တွေ့​ရှိ ရ​လျှင် ထို​သူ​အား​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​ရှင်း​သည်​ဟု​ဆုံး​ဖြတ်​ရ​မည်။ ထို​သူ​သည် မိ​မိ​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​ရ​မည်။ ထို့ နောက်​သူ​သည်​သန့်​ရှင်း​လိမ့်​မည်။- \v 35 သို့​ရာ​တွင်​သူ့​အား​သန့်​ရှင်း​သည်​ဟု​ဆုံး ဖြတ်​ပြီး​နောက် အ​နာ​သည်​ပြန့်​ပွား​လာ​လျှင်၊- \v 36 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​ကို​ထပ်​မံ​စစ်​ဆေး ရ​မည်။ အ​နာ​သည်​ပြန့်​ပွား​လျက်​ရှိ​ကြောင်း တွေ့​ရ​လျှင် အ​မွေး​ဝါ​သည်​မ​ဝါ​သည်​ကို​စစ် ဆေး​ကြည့်​ရန်​မ​လို။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​သည်​မ​သန့်​ရှင်း​ကြောင်း​ထင်​ရှား​နေ​ပြီ ဖြစ်​သည်။- \v 37 သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​မ​ပြန့် မ​ပွား၊ အ​နာ​ပေါ်​ရှိ​အ​မွေး​နက်​များ​သည် ပ​က​တိ​အ​သွေး​အ​ရောင်​ရှိ​၍ ပျောက်​ကင်း သွား​ပြီ​ဟု​ထင်​မြင်​ယူ​ဆ​လျှင် ထို​သူ​အား ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​သည် ဟူ​၍​ဆုံး​ဖြတ်​ရ​မည်။ \p \v 38 အ​မျိုး​သား​သို့​မ​ဟုတ်​အ​မျိုး​သ​မီး​တစ် ယောက်​၏​အ​ရေ​ပြား​ပေါ်​တွင်​အ​ဖြူ​ကွက် များ​ပေါ်​လျှင်၊- \v 39 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​စစ်​ဆေး ရ​မည်။ အ​ကွက်​များ​သည်​ဖြူ​မွဲ​မွဲ​ဖြစ်​လျှင် အ​ရေ​ပြား​ပေါ်​တွင်​ဖြစ်​ပေါ်​တတ်​သော​ညှင်း ကွက်​များ​ဖြစ်​၍​သူ​သည်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​သန့်​ရှင်း​သည်။ \p \v 40-41 အ​မျိုး​သား​သို့​မ​ဟုတ် အ​မျိုး​သ​မီး​တစ် ယောက်​၏​ဦး​ခေါင်း​အ​နောက်​ပိုင်း​မှ​ဖြစ်​စေ၊ အ​ရှေ့​ပိုင်း​မှ​ဖြစ်​စေ​ဆံ​ပင်​များ​ကျွတ်​လျှင် မ​သန့်​ရှင်း​သူ​ဟူ​၍​မ​သတ်​မှတ်​ရ။- \v 42 သို့​ရာ​တွင်​ဆံ​ပင်​ပြောင်​သော​နေ​ရာ​၌​နီ ဖျော့​ဖျော့​အ​နာ​ပေါက်​လျှင် ထို​အ​နာ​သည် ဆိုး​ရွား​သော​အ​ရေ​ပြား​ရော​ဂါ​ဖြစ်​သည်။- \v 43 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​စစ်​ဆေး​၍ အ​နာ​သည်​နီ​ဖျော့​ဖျော့​ဖြစ်​လျှင်၊- \v 44 သူ​၏​ဦး​ခေါင်း​ပေါ်​၌​ဆိုး​ရွား​သော​အ​ရေ ပြား​ရော​ဂါ​စွဲ​သည်​ဖြစ်​သော​ကြောင့် မ​သန့် ရှင်း​သူ​ဟု​ဆုံး​ဖြတ်​ရ​မည်။- \v 45 ဆိုး​ရွား​သော​ကိုယ်​ရေ​ပြား​ရော​ဂါ​စွဲ​သော သူ​သည် စုတ်​သော​အ​ဝတ်​ကို​ဝတ်​ရ​မည်။ ဆံ​ပင် ကို​မ​ဖြီး​ရ။ မျက်​နှာ​အောက်​ပိုင်း​ကို​ဖုံး​လျက် မ​သန့်​ရှင်း၊ မ​သန့်​ရှင်း​ဟု​အော်​ရ​မည်။- \v 46 သူ​၏​ကိုယ်​၌​ထို​ရော​ဂါ​စွဲ​နေ​သည့်​ကာ​လ ပတ်​လုံး သူ​သည်​မ​သန့်​ရှင်း​သ​ဖြင့် လူ​သူ​နှင့် ဝေး​ရာ​စ​ခန်း​အ​ပြင်​၌​ထွက်​၍​နေ​ထိုင်​ရ​မည်။ \s1 ဖား​ဥ​စွဲ​ခြင်း​နှင့်​ပတ်​သက်​သော​ပ​ညတ်​များ \p \v 47 သိုး​မွေး​အ​ဝတ်​အ​ထည်​သို့​မ​ဟုတ်​ပိတ်​ချော အ​ဝတ်​အ​ထည်​တွင်​ဖြစ်​စေ၊- \v 48 သိုး​မွေး​အ​ထည်​စ​သို့​မ​ဟုတ်​ပိတ်​ချော အ​ထည်​စ​တွင်​ဖြစ်​စေ၊ သား​ရေ​သို့​မ​ဟုတ် သား​ရေ​ထည်​ပစ္စည်း​တွင်​ဖြစ်​စေ၊- \v 49 စိမ်း​ဖန့်​ဖန့်​သို့​မ​ဟုတ်​နီ​ကြန့်​ကြန့်​ဖား​ဥ ကွက်​များ​ကို​တွေ့​ရ​လျှင် ပြန့်​ပွား​တက်​သော ဖား​ဥ​မျိုး​ဖြစ်​သ​ဖြင့် ထို​ပစ္စည်း​များ​ကို​ယဇ် ပု​ရော​ဟိတ်​ထံ​ပြ​သ​ရ​မည်။- \v 50 ယဇ်​ပု​ရော​ဟိတ်​သည်​ပစ္စည်း​ကို​စစ်​ဆေး​ပြီး ခု​နစ်​ရက်​သိမ်း​ထား​ရ​မည်။- \v 51 သတ္တ​မ​နေ့​၌​ထို​ပစ္စည်း​ကို​ထပ်​မံ​စစ်​ဆေး​၍ ဖား​ဥ​ကွက်​ပြန့်​ပွား​လာ​လျှင် ထို​ပစ္စည်း​သည် မ​သန့်​ရှင်း​ချေ။- \v 52 ထို​ဖား​ဥ​ကွက်​သည်​ကူး​စက်​တတ်​သော​ဖား​ဥ မျိုး​ဖြစ်​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​သည်​ပစ္စည်း ကို​မီး​ရှို့​ဖျက်​ဆီး​ရ​မည်။ \p \v 53 ယဇ်​ပု​ရော​ဟိတ်​သည် ပစ္စည်း​ကို​စစ်​ဆေး​၍​ဖား​ဥ ကွက်​သည်​မ​ကျယ်​ပြန့်​လျှင်၊- \v 54 ထို​ပစ္စည်း​ကို​ဖွပ်​လျှော်​စေ​ပြီး​နောက် ခု​နစ်​ရက် ထပ်​မံ​၍​သိမ်း​ထား​ရ​မည်။- \v 55 ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ပစ္စည်း​ကို​စစ် ဆေး​ရ​မည်။ ဖား​ဥ​ကွက်​သည်​မ​ပြန့်​ပွား​သော် လည်း​အ​ရောင်​မ​ပြောင်း​လဲ​လျှင် ထို​ပစ္စည်း​သည် မ​သန့်​ရှင်း​ချေ။ ထို​ပစ္စည်း​သည်​အ​တွင်း​အ​ပြင် ဆွေး​မြေ့​နေ​ကြောင်း​တွေ့​ရှိ​ရ​လျှင် ယင်း​ကို မီး​ရှို့​ဖျက်​ဆီး​ရ​မည်။- \v 56 သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​သည်​ထပ်​မံ​စစ် ဆေး​သည့်​အ​ခါ ဖား​ဥ​ကွက်​သည်​အ​ရောင်​ညှိုး သွား​ကြောင်း​ကို​တွေ့​ရှိ​ရ​လျှင် အ​ဝတ်​အ​ထည် သို့​မ​ဟုတ်​သား​ရေ​ထည်​ပစ္စည်း​မှ​ထို​အ​ကွက် ကို​ဆုတ်​ထုတ်​ရ​မည်။- \v 57 ထို့​နောက်​ဖား​ဥ​ကွက်​တစ်​ဖန်​ပြန်​ပေါ်​လာ လျှင် ဖား​ဥ​ပြန့်​ပွား​လာ​ခြင်း​ကြောင့် ပိုင်​ရှင် သည်​ပစ္စည်း​ကို​မီး​ရှို့​ဖျက်​ဆီး​ရ​မည်။- \v 58 သူ​သည်​ပစ္စည်း​ကို​ဖွပ်​လျှော်​သ​ဖြင့်​ဖား​ဥ ကွက်​ပျောက်​လျှင် နောက်​တစ်​ကြိမ်​ထပ်​မံ​ဖွပ် လျှော်​ရ​မည်။ ထို့​နောက်​ပစ္စည်း​သည်​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​လိမ့်​မည်။ \p \v 59 ဤ​ပ​ညတ်​သည်​ကား သိုး​မွေး​အဝတ်​အ​ထည် သို့​မ​ဟုတ်​ပိတ်​ချော​အ​ဝတ်​အ​ထည်​တွင်​ဖြစ် စေ၊ သိုး​မွေး​အ​ထည်​စ၊ သို့​မ​ဟုတ်​ပိတ်​ချော အ​ထည်​စ​တွင်​ဖြစ်​စေ၊ သား​ရေ​ထည်​ပစ္စည်း တွင်​ဖြစ်​စေ၊ ဖား​ဥ​ကွက်​ပေါ်​ခြင်း​နှင့်​ဆိုင်​သော ပ​ညတ်​ဖြစ်​သ​တည်း။ \c 14 \s1 ကိုယ်​ရေ​ပြား​ရော​ဂါ​ပျောက်​ကင်း​သူ​များ ပြု​လုပ်​ရ​မည့်​သန့်​စင်​ခြင်း​ဝတ် \p \v 1-2 ထာ​ဝ​ရ​ဘု​ရား​က​ကိုယ်​ရေ​ပြား​ရော​ဂါ ပျောက်​ကင်း​သူ​အား​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သန့်​စင်​စေ​ခြင်း​ဆိုင်​ရာ​အောက်​ဖော်​ပြ ပါ​ပ​ညတ်​များ​ကို​မော​ရှေ​အား​ချ​မှတ်​ပေး တော်​မူ​၏။ ထို​သူ​အား​သန့်​စင်​သူ​အ​ဖြစ် ကြေ​ညာ​မည့်​နေ့​၌​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ရ​မည်။-\x + \xo 14:1-2 \xt မ၊ ၈:၄။ မာ၊ ၁:၄၄။ လု၊ ၅:၁၄၊ ၁၇:၁၄။\x* \v 3 ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​ကို​စ​ခန်း​အ​ပြင် သို့​ထုတ်​၍​စစ်​ဆေး​ရ​မည်။ သူ​၏​ရော​ဂါ ပျောက်​ကင်း​လျှင်၊- \v 4 ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​သော​ငှက် နှစ်​ကောင်​နှင့်​တ​ကွ​သစ်​က​တိုး​သား၊ ကြိုး​နီ၊ ဟု​ဿုပ်​ပင်​ခက်​စ​သည်​တို့​ကို​ယူ​ဆောင်​စေ ခဲ့​ရ​မည်။- \v 5 ထို့​နောက်​စမ်း​ရေ​ထည့်​ထား​သော​မြေ​အိုး​ကို အောက်​မှ​ခံ​၍ ငှက်​တစ်​ကောင်​ကို​သတ်​စေ​ရ မည်။- \v 6 ယဇ်​ပု​ရော​ဟိတ်​သည်​သစ်​ကတိုး​သား၊ ကြိုး​နီ၊ ဟု​ဿုပ်​ပင်​ခက်​နှင့်​တ​ကွ​ငှက်​အ​ရှင်​ကို သတ်​ပြီး​သော​ငှက်​၏​သွေး​ထဲ​၌​နှစ်​ရ​မည်။- \v 7 ထို့​နောက်​သူ​သည်​ကိုယ်​ရေ​ပြား​ရော​ဂါ ပျောက်​ကင်း​သူ​အား သွေး​ဖြင့်​ခု​နစ်​ကြိမ်​ပက် ဖျန်း​ပြီး​လျှင်​သန့်​စင်​သူ​ဖြစ်​ကြောင်း​ကြေ ညာ​ရ​မည်။ ငှက်​အ​ရှင်​ကို​ကွင်း​ပြင်​သို့​ပျံ စေ​ရ​မည်။- \v 8 ရော​ဂါ​ပျောက်​ကင်း​သူ​သည်​မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​၍ ကိုယ်​ပေါ်​မှ​အ​မွေး​ရှိ သ​မျှ​ကို​ရိတ်​ပြီး​လျှင်​ရေ​ချိုး​ရ​မည်။ ထို အ​ခါ​သူ​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​သ​ဖြင့် စ​ခန်း​အ​တွင်း​သို့​ပြန်​ဝင် နိုင်​သည်။ သို့​ရာ​တွင်​သူ​၏​တဲ​အ​ပြင်​၌ ခု​နစ်​ရက်​နေ​ထိုင်​ရ​မည်။- \v 9 သတ္တ​မ​နေ့​တွင်​သူ​၏​ဆံ​ပင်၊ မုတ်​ဆိတ်​မွေး၊ မျက်​ခုံး​မွေး​နှင့်​ကိုယ်​ပေါ်​မှ​အ​မွေး​ရှိ​သ​မျှ ကို​တစ်​ဖန်​ရိတ်​ပြီး​လျှင် မိ​မိ​အ​ဝတ်​များ ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ ထို​အ​ခါ​သူ သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် လိမ့်​မည်။ \p \v 10 အ​ဋ္ဌ​မ​နေ့​၌​သူ​သည် အ​ပြစ်​အ​နာ​ကင်း သော​တစ်​နှစ်​သား​အ​ရွယ် သိုး​ထီး​က​လေး နှစ်​ကောင်၊ သိုး​မ​က​လေး​တစ်​ကောင်၊ သံ​လွင် ဆီ​နှင့်​ရော​သော​မုန့်​ညက်​ငါး​ပေါင်​နှင့်​သံ​လွင် ဆီ​အ​ဝက်​သား​ကို​ယူ​ဆောင်​ခဲ့​ရ​မည်။- \v 11 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​ကို​အ​ထက်​ပါ ပူ​ဇော်​သ​ကာ​များ​နှင့်​တ​ကွ ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​သို့​ခေါ် ဆောင်​ခဲ့​ရ​မည်။- \v 12 ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​သိုး​အ​ထီး တစ်​ကောင်​နှင့် သံ​လွင်​ဆီ​အ​ဝက်​သား​ကို အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ရ မည်။ ထို​ပူ​ဇော်​သ​ကာ​တို့​ကို ယဇ်​ပု​ရော​ဟိတ် အ​တွက်​ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ ဖွယ်​အ​ဖြစ်​ဆက်​ကပ်​ရ​မည်။- \v 13 သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​နှင့်​မီး​ရှို့ ရာ​ယဇ်​ကောင်​များ​ကို သတ်​သော​သန့်​ရှင်း​ရာ ဌာ​န​တွင်​သိုး​ကို​သတ်​ရ​မည်။ အ​ပြစ်​ဒဏ်​ပြေ ရာ​ယဇ်​ကောင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင် ကဲ့​သို့ ယဇ်​ပု​ရော​ဟိတ်​ပိုင်​ရာ​ဖြစ်​၏။ ထို​ယဇ် သည်​အ​လွန်​သန့်​ရှင်း​သည်။- \v 14 ယဇ်​ပု​ရော​ဟိတ်​သည်​သန့်​စင်​ခြင်း​ဝတ်​ကို ပြု​နေ​သော​သူ​၏​လက်​ယာ​နား​ပျဉ်း၊ လက် ယာ​လက်​မ​နှင့်​လက်​ယာ​ခြေ​မ​တို့​တွင်​သိုး ၏​သွေး​ဖြင့်​သုတ်​ရ​မည်။- \v 15 ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် မိ​မိ​၏​လက် ဝဲ​လက်​ဖ​ဝါး​ထဲ​သို့​သံ​လွင်​ဆီ​အ​နည်း ငယ်​ကို​လောင်း​ထည့်​လျက်၊- \v 16 လက်​ယာ​လက်​ညှိုး​ဖြင့်​ဆီ​ကို​တို့​၍ ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​တွင်​ခု​နစ်​ကြိမ်​ဖျန်း​ရ မည်။- \v 17 တစ်​ဖန်​သူ​သည်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​နေ​သူ​၏ လက်​ယာ​နား​ပျဉ်း၊ လက်​ယာ​လက်​မ၊ လက် ယာ​ခြေ​မ​တို့​တွင်​လက်​ဖ​ဝါး​ထဲ​မှ​ဆီ နှင့်​သိုး​၏​သွေး​အ​နည်း​ငယ်​ဖြင့်​သုတ် ရ​မည်။- \v 18 လက်​ဖ​ဝါး​ထဲ​တွင်​ကျန်​ရှိ​သော​ဆီ​ဖြင့် ထို သူ​၏​ဦး​ခေါင်း​ကို​သုတ်​ရ​မည်။ ဤ​နည်း​အား ဖြင့်​သူ​သည်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။ \p \v 19 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ရာ ယဇ်​ကို​ပူ​ဇော်​၍ သန့်​စင်​ခြင်း​ဝတ်​ကို​ဆောင် ရွက်​ရ​မည်။ ထို​နောက်​သူ​သည်​မီး​ရှို့​ရာ​ယဇ် ကောင်​ကို​သတ်​၍၊- \v 20 ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ ယဇ်​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​နည်း​အား ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​သန့်​စင်​ခြင်း​ဝတ် ကို​ဆောင်​ရွက်​ပြီး​နောက်​ရော​ဂါ​ပျောက်​ကင်း သူ​သည်​သန့်​စင်​လိမ့်​မည်။ \p \v 21 ထို​သူ​သည်​ဆင်း​ရဲ​သ​ဖြင့် အ​ထက်​ပါ​ပူ​ဇော် သ​ကာ​များ​ကို​သန့်​စင်​ခြင်း​ဝတ်​အ​တွက် အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ရန် မ​တတ်​နိုင်​လျှင် သိုး​ထီး​က​လေး​တစ်​ကောင် ကို​သာ​ယူ​ဆောင်​ခဲ့​ရ​မည်။ ထို​ယဇ်​သည်​ယဇ် ပု​ရော​ဟိတ်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဘွယ်​ဖြစ်​သည်။ သူ​သည်​ဘော​ဇဉ် ပူ​ဇော်​သ​ကာ​အ​တွက် သံ​လွင်​ဆီ​နှင့်​ရော သော​မုန့်​ညက်​နှစ်​ပေါင်​ကို​လည်း​ကောင်း၊ သံ လွင်​ဆီ​အဝက်​သား​ကို​လည်း​ကောင်း​ယူ​ခဲ့ ရ​မည်။- \v 22 အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​မီး​ရှို့​ရာ​ယဇ် အ​တွက်​တစ်​ကောင်​စီ​ပူ​ဇော်​ရန် ချိုး​နှစ်​ကောင် သို့​မ​ဟုတ်​ခို​နှစ်​ကောင်​ကို​လည်း​ယူ​ခဲ့​ရ​မည်။- \v 23 သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​သည့်​အ​ဋ္ဌ​မ​နေ့​၌ သူ​သည် ထို​ပူ​ဇော်​သ​ကာ​တို့​ကို​ယဇ်​ပု​ရော ဟိတ်​ထံ​တဲ​တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့ ရ​မည်။- \v 24 ယဇ်​ပု​ရော​ဟိတ်​သည်​သိုး​နှင့်​သံ​လွင်​ဆီ​ကို ယဇ်​ပု​ရော​ဟိတ်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ်​ဆက်​ကပ်​ရ​မည်။- \v 25 သူ​သည်​သိုး​ကို​သတ်​ပြီး​လျှင်​သွေး​အ​နည်း ငယ်​ဖြင့် ထို​သူ​၏​လက်​ယာ​နား​ပျဉ်း၊ လက်​ယာ လက်​မ၊ လက်​ယာ​ခြေ​မ​တို့​ကို​သုတ်​ရ​မည်။- \v 26 ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် မိ​မိ​၏​လက်​ဝဲ လက်​ဖ​ဝါး​ထဲ​တွင်​ဆီ​အ​နည်း​ငယ်​ကို​ထည့် ၍၊- \v 27 လက်​ယာ​လက်​ညှိုး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။- \v 28 တစ်​ဖန်​သူ​သည်​သွေး​သုတ်​ပြီး​သော​နေ​ရာ များ​ဖြစ်​သည့်​လက်​ယာ​နား​ပျဉ်း၊ လက်​ယာ လက်​မ၊ လက်​ယာ​ခြေ​မ​တို့​တွင်​ဆီ​အ​နည်း ငယ်​သုတ်​ရ​မည်။- \v 29 တစ်​ဖန်​သူ​သည်​လက်​ဖ​ဝါး​ထဲ​တွင်​ကျန်​ရှိ သော​ဆီ​ဖြင့် ထို​သူ​၏​ဦး​ခေါင်း​ကို​သုတ်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု ရ​မည်။- \v 30 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ချိုး​တစ်​ကောင်၊ သို့​မ​ဟုတ်​ခို​တစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ ယဇ်​အ​တွက်​လည်း​ကောင်း၊- \v 31 အ​ခြား​တစ်​ကောင်​ကို​မီး​ရှို့​ရာ​ယဇ်​အ​တွက် လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ​မည်။ ဤ​နည်း အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​သန့်​စင်​ခြင်း ဝတ်​ကို​ဆောင်​ရွက်​ရ​မည်။- \v 32 ဤ​ပ​ညတ်​သည်​ကား​ဆင်း​ရဲ​၍​မ​တတ်​နိုင် သည့်​ကိုယ်​ရေ​ပြား​ရော​ဂါ​သည် လိုက်​နာ​ရ မည့်​သန့်​စင်​ခြင်း​ဝတ်​နှင့်​ဆိုင်​သော​ပ​ညတ် ဖြစ်​သတည်း။ \s1 အိမ်​များ​တွင်​ဖား​ဥ​စွဲ​ခြင်း \p \v 33-34 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား အိမ်​များ​တွင်​ဖား​ဥ​စွဲ​ခြင်း​နှင့်​ပတ်​သက် ၍ အောက်​ဖော်​ပြ​ပါ​ပ​ညတ်​များ​ကို​ချ​မှတ် ပေး​တော်​မူ​၏။ (ဤ​ပ​ညတ်​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ပိုင်​ဆိုင်​နေ​ထိုင်​ရန် ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​မည့်​ခါ​နာန်​ပြည်​သို့​ရောက် ရှိ​ပြီး​နောက်​လိုက်​လျှောက်​ရ​မည့်​ပညတ်​များ ဖြစ်​သည်။-) \v 35 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မိ​မိ​၏​အိမ် တွင်​ဖား​ဥ​စွဲ​ကြောင်း​တွေ့​ရ​လျှင် ယဇ်​ပု​ရော ဟိတ်​ထံ​သို့​သွား​ရောက်​တိုင်​ကြား​ရ​မည်။- \v 36 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အိမ်​သို့​သွား​ရောက် မ​စစ်​ဆေး​မီ ပစ္စည်း​ရှိ​သ​မျှ​ကို​အ​ပြင်​သို့ ထုတ်​စေ​ရ​မည်။ ထို​သို့​မ​ပြု​လုပ်​လျှင်​အိမ်​ထဲ ၌​ရှိ​သ​မျှ​သော​ပစ္စည်း​များ​ကို​မ​သန့်​စင်​ဟု ကြေ​ညာ​ရ​မည်။ ထို​နောက်​သူ​သည်​အိမ်​ထဲ သို့​ဝင်​၍၊- \v 37 ဖား​ဥ​ကို​စစ်​ဆေး​ရ​မည်။ အိမ်​ထ​ရံ​ပေါ် တွင်​စိမ်း​ဖန့်​ဖန့်၊ နီ​ကြန့်​ကြန့်​ဖား​ဥ​စွဲ​သည့် အ​ကွက်​များ​ချိုင့်​ဝင်​နေ​ကြောင်း​တွေ့​ရှိ​ရ လျှင်၊- \v 38 သူ​သည်​အိမ်​အ​ပြင်​သို့​ထွက်​၍​အိမ်​ကို ခု​နစ်​ရက်​ပိတ်​ထား​စေ​ရ​မည်။- \v 39 သူ​သည်​သတ္တ​မ​နေ့​၌ ထို​အိမ်​သို့​တစ်​ဖန်​သွား ရောက်​စစ်​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည် ဖား​ဥ​များ​ပြန့်​ပွား​လျက်​ရှိ​ကြောင်း​တွေ့​ရ လျှင်၊- \v 40 ဖား​ဥ​စွဲ​သော​ကျောက်​တုံး​များ​ကို​ထုတ်​၍ မြို့​ပြင်​ရှိ​အ​ညစ်​အ​ကြေး​စွန့်​ရာ​အ​ရပ် ၌​စွန့်​ပစ်​ရ​မည်။- \v 41 ထို​နောက်​အိမ်​တွင်း​ထ​ရံ​များ​မှ​အင်္ဂ​တေ​ကို ခြစ်​ခွာ​စေ​ရ​မည်။ ခြစ်​ခွာ​၍​ရ​သော​အင်္ဂ​တေ ကို​မြို့​ပြင်​ရှိ​အ​ညစ်​အ​ကြေး​စွန့်​ရာ​အ​ရပ် ၌​စွန့်​ပစ်​ရ​မည်။- \v 42 ထုတ်​ပစ်​သော​ကျောက်​တုံး​များ​နေ​ရာ​တွင် အ​ခြား​ကျောက်​တုံး​များ​ဖြင့်​အ​စား​ထိုး ၍ ထ​ရံ​များ​ကို​အင်္ဂ​တေ​ဖြင့်​အ​သစ်​မွမ်း​မံ စေ​ရ​မည်။ \p \v 43 ထို​အိမ်​တွင်​ကျောက်​တုံး​များ​ကို​ထုတ်​၍​ထ​ရံ များ​ကို​ခြစ်​လျက် အင်္ဂ​တေ​အ​သစ်​မွမ်း​မံ​ပြီး နောက်​ဖား​ဥ​စွဲ​ပြန်​လျှင်၊- \v 44 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အိမ်​သို့​သွား​ရောက် စစ်​ဆေး​ရ​မည်။ ဖား​ဥ​ပြန့်​ပွား​လျက်​ရှိ​သည် ကို​တွေ့​ရ​လျှင်​ထို​အိမ်​သည်​မ​သန့်​စင်​ချေ။- \v 45 ထို​အ​ခါ​အိမ်​ကို​ဖြို​ချ​၍​ကျောက်၊ သစ်​သား၊ အင်္ဂတေ​ရှိ​သ​မျှ​ကို​မြို့​ပြင်​ရှိ​အ​ညစ်​အ​ကြေး စွန့်​ရာ​အ​ရပ်​သို့​ယူ​ဆောင်​သွား​ရ​မည်။- \v 46 အိမ်​ကို​ပိတ်​ထား​သည့်​ကာ​လ​အ​တွင်း အိမ်​ထဲ​သို့​ဝင်​မိ​သူ​သည်​ည​ဦး​တိုင်​အောင် မ​သန့်​စင်​ချေ။- \v 47 ထို​အိမ်​ထဲ​တွင်​အိပ်​မိ​စား​မိ​သူ​သည်​လည်း မိ​မိ​၏​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​ရ​မည်။ \p \v 48 အိမ်​ကို​အင်္ဂ​တေ​ဖြင့်​အ​သစ်​မွမ်း​မံ​ပြီး​သည့် နောက် ယဇ်​ပု​ရော​ဟိတ်​သွား​ရောက်​စစ်​ဆေး​ကြည့် သော​အ​ခါ ဖား​ဥ​ထပ်​မံ​၍​မ​စွဲ​ကြောင်း​တွေ့ ရှိ​ရ​လျှင် ဖား​ဥ​လုံး​ဝ​မ​စွဲ​တော့​ပြီ​ဖြစ်​သော ကြောင့် ထို​အိမ်​သည်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​စင်​သည်​ဟူ​၍​ကြေ​ညာ​ရ​မည်။- \v 49 ထို​အိမ်​အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ဆောင် ရွက်​ရန်​သူ​သည်​ငှက်​နှစ်​ကောင်၊ သစ်​က​တိုး သား၊ ကြိုး​နီ၊ ဟု​ဿုပ်​ပင်​ခက်​စ​သည်​တို့​ကို ယူ​ဆောင်​ခဲ့​ရ​မည်။- \v 50 သူ​သည်​စမ်း​ရေ​ထည့်​ထား​သော​မြေ​အိုး​ကို အောက်​မှ​ခံ​၍​ငှက်​တစ်​ကောင်​ကို​သတ်​ရ​မည်။- \v 51 ထို့​နောက်​သစ်​က​တိုး​သား၊ ဟု​ဿုပ်​ခက်၊ ကြိုး နီ​နှင့်​တ​ကွ ငှက်​အ​ရှင်​ကို​သတ်​ပြီး​သော ငှက်​၏​သွေး​နှင့်​စမ်း​ရေ​ထည့်​လာ​သော​အိုး ထဲ​တွင်​နှစ်​ပြီး​လျှင် အိမ်​ကို​ခု​နစ်​ကြိမ်​ပက် ဖျန်း​ရ​မည်။- \v 52 ဤ​နည်း​အား​ဖြင့်​သူ​သည်​ငှက်​၏​သွေး၊ စမ်း ရေ၊ ငှက်​အ​ရှင်၊ သစ်​က​တိုး​သား၊ ဟု​ဿုပ်​ခက် နှင့်​ကြိုး​နီ​စ​သည်​တို့​ကို​အ​သုံး​ပြု​၍​အိမ် အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။- \v 53 ထို​နောက်​ငှက်​အ​ရှင်​ကို​မြို့​ပြင်​ကွင်း​ပြင် သို့​လွှတ်​လိုက်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​သည် အိမ်​အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​သ​ဖြင့် အိမ်​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် လာ​လိမ့်​မည်။ \p \v 54 ဤ​ပ​ညတ်​သည်​ကား ဆိုး​ရွား​သည့်​ကိုယ်​ရေ ပြား​ရော​ဂါ​များ​နှင့်​ဆိုင်​၍​လည်း​ကောင်း၊- \v 55-56 ကိုယ်​ရေ​ပြား​ပေါ်​တွင်​ပေါက်​သော​အ​နာ၊ အ​နာ စိမ်း၊ သို့​မ​ဟုတ်​ဖူး​ယောင်​နာ​နှင့်​ဆိုင်​၍​လည်း ကောင်း၊ အ​ဝတ်​အ​ထည်​နှင့်​အိမ်​များ​တွင်​ဖား​ဥ စွဲ​ခြင်း​နှင့်​ဆိုင်​၍​လည်း​ကောင်း​ပြ​ဋ္ဌာန်း​သော ပ​ညတ်​များ​ဖြစ်​သည်။- \v 57 ဤ​ပ​ညတ်​များ​သည်​သန့်​စင်​သည်​မ​သန့်​စင် သည်​ကို အ​ဆုံး​အ​ဖြတ်​ပေး​သော​ပ​ညတ်​များ ဖြစ်​သည်။ \c 15 \s1 ကိုယ်​ခန္ဓာ​မှ​ထွက်​သော​အ​ညစ်​အ​ကြေး​များ \p \v 1-3 ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​လိုက်​နာ​ရန်​အ​တွက် အောက်​ဖော်​ပြ ပါ​ပ​ညတ်​များ​ကို​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား​ချ​မှတ်​ပေး​တော်​မူ​၏။ ယောကျာ်း​တစ်​ယောက် သည် ရိ​နာ​ကျ​နေ​လျှင်​ဖြစ်​စေ၊ ရိ​နာ​ကျ ခြင်း​ရပ်​စဲ​သွား​လျှင်​ဖြစ်​စေ၊ မ​သန့်​စင်​ချေ။- \v 4 ထို​သူ​ထိုင်​သော​အိပ်​ရာ​သို့​မ​ဟုတ်​အိပ်​သော အိပ်​ရာ​သည်​လည်း​မ​သန့်​စင်။- \v 5 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ထို​သူ အိပ်​သော​အိပ်​ရာ​ကို​ထိ​မိ​လျှင်၊- \v 6 ထိုင်​သော​နေ​ရာ​တွင်​ထိုင်​မိ​လျှင် မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။- \v 7 ရိ​နာ​စွဲ​သော​သူ​ကို​ထိ​ကိုင်​မိ​သော​သူ​သည် မိ​မိ​အဝတ်​များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ မည်။ သူ​သည်​ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ ရှိ​လိမ့်​မည်။- \v 8 ရိ​နာ​စွဲ​သော​သူ​သည်​ဘာ​သာ​တ​ရား​ထုံး နည်း​နှင့်​ဆိုင်​၍ သန့်​စင်​သူ​တစ်​ဦး​အ​ပေါ်​သို့ တံ​တွေး​ထွေး​မိ​လျှင် တံ​တွေး​ထွေး​ခံ​ရ​သူ သည်​မိ​မိ​အ​ဝတ်​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ မည်။ သူ​သည်​ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ ရှိ​လိမ့်​မည်။- \v 9 ရိ​နာ​စွဲ​သော​သူ​ထိုင်​သော​ကုန်း​နှီး​သို့ မ​ဟုတ်​ထိုင်​ခုံ​သည်​မ​သန့်​စင်။- \v 10 ထို​သူ​ထိုင်​သော​အ​ရာ​ကို​ကိုင်​တွယ်​မိ​သော သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့် မည်။ ထို​သူ​ထိုင်​မိ​သော​ဝတ္ထု​ပစ္စည်း​ကို​သယ် ဆောင်​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​ဖွပ်​လျှော် ၍​ရေ​ချိုး​ရ​မည်။ သူ​သည်​ည​ဦး​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။- \v 11 ရိ​နာ​စွဲ​သော​သူ​သည်​မိ​မိ​၏​လက်​များ​ကို မ​ဆေး​ဘဲ​နှင့် တစ်​စုံ​တစ်​ယောက်​ကို​ထိ​ကိုင် မိ​လျှင် အ​ကိုင်​ခံ​ရ​သော​သူ​သည်​မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။- \v 12 ရိ​နာ​စွဲ​သော​သူ​ကိုင်​မိ​သော​မြေ​အိုး​မြေ ခွက်​ကို​ခွဲ​ပစ်​ရ​မည်။ သူ​ကိုင်​မိ​သော​သစ်​သား အိုး​သစ်​သား​ခွက်​ကို​ရေ​နှင့်​ဆေး​ရ​မည်။ \p \v 13 ထို​သူ​သည်​ရိ​နာ​ပျောက်​ကင်း​ပြီး​နောက် ခု​နစ် ရက်​စောင့်​ဆိုင်း​ပြီး​လျှင် မိ​မိ​အ​ဝတ်​များ​ကို ဖွပ်​လျှော်​၍​စမ်း​ရေ​ဖြင့်​ရေ​ချိုး​ရ​မည်။ ထို အ​ခါ​တွင်​သူ​သည် ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​စင်​လိမ့်​မည်။- \v 14 အ​ဋ္ဌ​မ​နေ့​တွင်​သူ​သည် ချိုး​နှစ်​ကောင်​သို့ မ​ဟုတ်​ခို​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​စံ တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင် ခဲ့​၍​ယဇ်​ပု​ရော​ဟိတ်​ထံ​ပေး​အပ်​ရ​မည်။- \v 15 ယဇ်​ပု​ရော​ဟိတ်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​တွက် ငှက်​တစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။ ဤ နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။ \p \v 16 ယောကျာ်း​တစ်​ယောက်​သည်​သုက်​ရည်​ယို​လျှင် တစ်​ကိုယ်​လုံး​ရေ​ချိုး​ရ​မည်။ သူ​သည်​ည​ဦး တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။- \v 17 သုက်​ရည်​ထိ​မိ​သော​အ​ဝတ်​အ​ထည် သို့​မ​ဟုတ် သား​ရေ​ထည်​ကို​ဖွပ်​လျှော်​ရ​မည်။ ထို​အ​ရာ ဝတ္ထု​သည်​ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ လိမ့်​မည်။- \v 18 ယောကျာ်း​နှင့်​မိန်း​မ၊ ကာ​မ​စပ်​ယှက်​ပြီး​လျှင် နှစ်​ဦး​စ​လုံး​ရေ​ချိုး​ရ​မည်။ သူ​တို့​သည်​ည ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။ \p \v 19 အ​မျိုး​သ​မီး​တစ်​ယောက်​သည်​ရာ​သီ​သွေး ပေါ်​လျှင် သူ​သည်​ခု​နစ်​ရက်​မ​သန့်​စင်​ဘဲ​ရှိ လိမ့်​မည်။ သူ့​ကို​ထိ​ကိုင်​မိ​သော​သူ​သည် ည ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။- \v 20 ရာ​သီ​သွေး​ပေါ်​ချိန်​အ​တွင်း​ထို​အ​မျိုး သ​မီး​ထိုင်​သော​နေ​ရာ​သို့​မ​ဟုတ်​အိပ် သော​အိပ်​ရာ​တို့​သည်​မ​သန့်​စင်။- \v 21-23 သူ​ထိုင်​သော​နေ​ရာ​သို့​မ​ဟုတ်​သူ​အိပ်​သော အိပ်​ရာ​ကို​ထိ​ကိုင်​မိ​သော​သူ​သည် မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။- \v 24 ရာ​သီ​သွေး​ပေါ်​သော​မိန်း​မ​သည်​မ​သန့်​စင် သော​ကြောင့် သူ​နှင့်​ကာ​မ​စပ်​ယှက်​သော​ယောကျာ်း သည်​လည်း ခု​နစ်​ရက်​တိုင်​အောင်​မ​သန့်​စင်​ဘဲ ရှိ​လိမ့်​မည်။ ထို​သူ​၏​အိပ်​ရာ​သည်​လည်း မ​သန့်​စင်။ \p \v 25 အ​မျိုး​သ​မီး​တစ်​ယောက်​သည်​ရာ​သီ​သွေး ပေါ်​ချိန်​မ​ကျ​ဘဲ​နှင့် ရက်​အ​တန်​ကြာ​မျှ သွေး​ဆင်း​လျှင်​သော်​လည်း​ကောင်း၊ ရာ​သီ သွေး​ပေါ်​ချိန်​ကို​လွန်​၍​သွေး​ဆက်​ဆင်း​နေ လျှင်​သော်​လည်း​ကောင်း၊ သူ​သည်​သွေး​မ​ရပ် မ​ချင်း​ရာ​သီ​သွေး​ပေါ်​ချိန်​မှာ​ကဲ့​သို့ မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။- \v 26 ရာ​သီ​သွေး​ပေါ်​ချိန်​အ​တွင်း​သူ​ထိုင်​သော အ​ရာ သို့​မ​ဟုတ်​သူ​အိပ်​သော​အိပ်​ရာ​သည် မ​သန့်​စင်​ချေ။- \v 27 ထို​အ​ရာ​တို့​ကို​ထိ​ကိုင်​မိ​သော​သူ​သည်​မ​သန့် စင်​သ​ဖြင့် မိ​မိ​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​၍ ရေ​ချိုး​ရ​မည်။ သူ​သည်​ည​ဦး​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။- \v 28 အ​မျိုး​သ​မီး​သည်​သွေး​ဆင်း​ခြင်း​ရပ်​ပြီး နောက် ခု​နစ်​ရက်​ကြာ​လျှင်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​သန့်​စင်​လာ​လိမ့်​မည်။- \v 29 အ​ဋ္ဌ​မ​နေ့​၌​သူ​သည်​ချိုး​နှစ်​ကောင်​သို့​မ​ဟုတ် ခို​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ တဲ​တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့​၍​ယဇ်​ပု​ရော ဟိတ်​ထံ​ပေး​အပ်​ရ​မည်။- \v 30 ယဇ်​ပု​ရော​ဟိတ်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​တွက်​ငှက်​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​အ​တွက် အ​ခြား​ငှက်​တစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။ ဤ နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အ​မျိုး သ​မီး​အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။ \p \v 31 ထာ​ဝ​ရ​ဘု​ရား​သည်​စ​ခန်း​အ​လယ်​တွင် တည် ရှိ​သည့်​စံ​တော်​မူ​ရာ​တဲ​တော်​ကို​မ​ညစ်​ညမ်း စေ​ခြင်း​အ​လို့​ငှာ မ​သန့်​စင်​သော​အ​မှု​များ နှင့်​ဆိုင်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မော​ရှေ​အား​ဖြင့်​သ​တိ​ပေး​တော်​မူ​၏။ အ​ကယ်​၍​သူ​တို့​သည်​တဲ​တော်​ကို ညစ်​ညမ်း စေ​လျှင်​အ​သက်​သေ​ဆုံး​ရ​ကြ​မည်။ \p \v 32 ဤ​ပ​ညတ်​တို့​သည်​ကား​ရိ​နာ​စွဲ​သော​သူ၊ သုက်​ရည်​ယို​သော​သူ၊- \v 33 ရာ​သီ​သွေး​ပေါ်​သော​အ​မျိုး​သ​မီး၊ ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင်​သော​မိန်း​မ​နှင့် ကာ​မ​စပ်​ယှက်​သော​ယောကျာ်း​တို့​နှင့်​သက် ဆိုင်​သော​ပ​ညတ်​များ​ဖြစ်​သ​တည်း။ \c 16 \s1 အ​ပြစ်​ပြေ​ရာ​ယဇ်​ပူ​ဇော်​သော​နေ့ \p \v 1 အာ​ရုန်​၏​သား​နှစ်​ယောက်​တို့​သည် ထာ​ဝ​ရ ဘု​ရား​အား​မ​သန့်​စင်​သော​မီး​ဖြင့်​ပူ​ဇော် သော​ကြောင့် သေ​ဆုံး​ကြ​ပြီး​နောက်​ကိုယ် တော်​သည်​မော​ရှေ​အား၊- \v 2 ``သင်​၏​အစ်​ကို​အာ​ရုန်​သည် ကန့်​လန့်​ကာ အ​တွင်း​ရှိ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ထဲ​သို့ သတ်​မှတ်​သည့်​အ​ချိန်​၌​သာ​ဝင်​ရ​မည် ဖြစ်​ကြောင်း​ပြော​ကြား​လော့။ အ​ဘယ်​ကြောင့် ဆို​သော် ငါ​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ရှိ ပ​ဋိ​ညာဉ်​သေတ္တာ​အ​ဖုံး​အ​ထက်​မိုး တိမ်​၌​ထင်​ရှား​တော်​မူ​မည်​ဖြစ်​သည်။ သူ သည်​ဤ​ပ​ညတ်​ကို​မ​နာ​ခံ​လျှင်​သေ​ရ လိမ့်​မည်။-\x + \xo 16:2 \xt ဟေဗြဲ၊ ၆:၁၉။\x* \v 3 သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက် နွား ပျို​တစ်​ကောင်​နှင့် မီး​ရှို့​ရာ​ယဇ်​အ​တွက်​သိုး ထီး​တစ်​ကောင်​ကို​ယူ​ဆောင်​လာ​ပြီး​မှ အ​လွန် သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​သို့​ဝင်​ရ​မည်'' ဟု မိန့်​တော်​မူ​၏။\x + \xo 16:3 \xt ဟေဗြဲ၊ ၉:၇။\x* \p \v 4 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် အောက်​ပါ​ညွှန် ကြား​ချက်​များ​ကို​ပေး​တော်​မူ​၏။ အာ​ရုန်​သည် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​သို့​မ​ဝင်​မီ ရေ​ချိုး​၍​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​များ​ဖြစ် သော​ပိတ်​ချော​ဝတ်​ရုံ၊ ဘောင်း​ဘီ၊ ခါး​စည်း နှင့်​ဗောင်း​ထုပ်​များ​ကို​ဝတ်​ဆင်​ရ​မည်။ \p \v 5 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ပြစ် ဖြေ​ရာ​ယဇ်​အ​တွက်​ဆိတ်​ထီး​နှစ်​ကောင်​နှင့် မီး​ရှို့​ရာ​ယဇ်​အ​တွက်​သိုး​ထီး​တစ်​ကောင် ကို​အာ​ရုန်​ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။- \v 6 သူ​သည်​မိ​မိ​အ​ပြစ်​များ​နှင့် မိ​မိ​၏ မိ​သား​စု​အ​ပြစ်​များ​ဖြေ​ရန် နွား​ထီး ကို​ပူ​ဇော်​ရ​မည်။- \v 7 ထို​နောက်​သူ​သည်​ဆိတ်​နှစ်​ကောင်​ကို ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​သို့ ယူ​ဆောင်​လာ​ပြီး​လျှင်၊- \v 8 ကျောက်​တုံး​နှစ်​တုံး​ကို​ယူ​လျက်၊ ကျောက်​တုံး တစ်​တုံး​ကို``ထာ​ဝရ​ဘု​ရား​အ​တွက်'' ဟူ​၍ လည်း​ကောင်း၊ အ​ခြား​ကျောက်​တုံး​ကို``အ​ဇာ ဇယ်​အ​တွက်''\f 3 \fr 16:8 \ft * \+fk အ​ဇာ​ဇယ်။ \ft ဟေ​ဗြဲ​စ​ကား​လုံး​၏​အ​ဋ္ဌိပ္ပါယ်​အ​တိ အ​ကျ​ကို​မ​သိ။ သဲ​ကန္တာ​ရ​နတ်​ဆိုး အ​မည်​ဖြစ်​နိုင်​သည်။\f* ဟူ​၍​လည်း​ကောင်း​မှတ်​သား​ပြီး​နောက် ဆိတ် နှစ်​ကောင်​ကို​စာ​ရေး​တံ​ချ​ရ​မည်။- \v 9 အာ​ရုန်​သည်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် စား ရေး​တံ​ကျ​သော​ဆိတ်​ကို​အ​ပြစ်​ပြေ​ရာ ပူ​ဇော်​သကာ​အ​ဖြစ်​ပူ​ဇော်​ရ​မည်။- \v 10 အ​ဇာ​ဇယ်​အ​တွက်​စာ​ရေး​တံ​ကျ​သော​ဆိတ် အ​ရှင်​ကို​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​၍ လူ​တို့​၏​အ​ပြစ်​များ​ကို​ယူ​ဆောင်​သွား​စေ ရန် ထို​ဆိတ်​ကို​တော​ကန္တာ​ရ​သို့​စေ​လွှတ်​လိုက် ရ​မည်။ \p \v 11 အာ​ရုန်​သည်​မိ​မိ​၏​မိ​သား​စု​အ​တွက် အ​ပြစ် ဖြေ​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ်​နွား​ထီး​ကို ပူ​ဇော်​သော​အ​ခါ၊- \v 12 ယဇ်​ပလ္လင်​မှ​မီး​ခဲ​များ​ကို​မီး​ကျီး​ခံ​လင်​ပန်း ၌ အ​ပြည့်​ထည့်​၍​နံ့​သာ​မှုန့်​လက်​နှစ်​ဆုပ်​ကို ယူ​ပြီး​လျှင် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ထဲ​သို့​ဝင်​ရ​မည်။- \v 13 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင် နံ့​သာ​ကို​မီး​ခဲ​ပေါ်​၌​ဖြူး​ရ​မည်။ နံ့​သာ မှ​ထွက်​သော​မီး​ခိုး​သည်​ပ​ဋိ​ညာဉ်​သေတ္တာ ဖုံး​ကို​ကွယ်​ထား​သ​ဖြင့် သူ​သည်​အ​ဖုံး​ကို မ​မြင်​နိုင်​သော​ကြောင့်​အ​သက်​ချမ်း​သာ ရာ​ရ​လိမ့်​မည်။- \v 14 သူ​သည်​နွား​၏​သွေး​အ​နည်း​ငယ်​ကို​ယူ​၍ လက် ညှိုး​ဖြင့်​ပ​ဋိ​ညာဉ်​သေတ္တာ​ဖုံး​အ​ရှေ့​ပိုင်း​ကို ဖျန်း​ရ​မည်။ ပ​ဋိ​ညာဉ်​သေတ္တာ​အ​ရှေ့​၌​လည်း ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။ \p \v 15 ထို​နောက်​သူ​သည် လူ​တို့​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော် သ​ကာ​ဖြစ်​သော​ဆိတ်​ကို​သတ်​၍ သွေး​ကို​အ​လွန် သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​သို့​ယူ​ခဲ့​ရ​မည်။ နွား ၏​သွေး​ကို​ဖျန်း​သည့်​နည်း​တူ​ဆိတ်​၏​သွေး​ကို ပ​ဋိ​ညာဉ်​သေတ္တာ​ဖုံး​ပေါ်​တွင်​လည်း​ကောင်း၊ သေတ္တာ​အ​ရှေ့​တွင်​လည်း​ကောင်း​ဖျန်း​ရ မည်။-\x + \xo 16:15 \xt ဟေဗြဲ၊ ၉:၁၂။\x* \v 16 ဤ​နည်း​အား​ဖြင့်​အာ​ရုန်​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​မ​သန့်​စင်​ခြင်း​နှင့်​အ​ပြစ် အ​မျိုး​မျိုး​တို့​ကြောင့် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​အ​တွက် သန့်​စင်​ခြင်း​ဝတ်​ကို​ဆောင်​ရွက်​ရ မည်။ တဲ​တော်​သည်​မ​သန့်​စင်​သော​စ​ခန်း​အ​လယ် တွင်​တည်​ရှိ​သ​ဖြင့် တဲ​တော်​အ​တွက်​သန့်​စင် ခြင်း​ဝတ်​ကို​ဆောင်​ရွက်​ရ​မည်။- \v 17 အာ​ရုန်​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ထဲ​သို့​ဝင်​၍ သန့်​စင်​ခြင်း​ဝတ်​ကို​ဆောင်​ရွက် သည့်​အ​ချိန်​မှ​စ​၍ ပြန်​ထွက်​လာ​သည့်​အ​ချိန် အ​ထိ​တဲ​တော်​အ​တွင်း​၌​မည်​သူ​မျှ​မ​ရှိ စေ​ရ။ သူ​သည်​မိ​မိ​နှင့်​မိ​မိ​၏​မိ​သား​စု အ​တွက်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​တစ်​မျိုး သား​လုံး​အ​တွက်​လည်း​ကောင်း အ​ပြစ်​ပြေ ခြင်း​ဝတ်​ကို​ဆောင်​ရွက်​ပြီး​သော​အ​ခါ၊- \v 18 မီး​ရှို့​ရာ​ယဇ်​ပလ္လင်​သို့​ထွက်​လာ​၍ ထို​ပလ္လင် အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။ သူ သည်​နွား​၏​သွေး​နှင့်​ဆိတ်​၏​သွေး​အ​နည်း ငယ်​စီ​ကို​ယူ​၍ ယဇ်​ပလ္လင်​ထောင့်​အ​တက် များ​တွင်​သုတ်​လိမ်း​ရ​မည်။- \v 19 ယဇ်​ပလ္လင်​အ​ပေါ်​သို့​လည်း​သွေး​ကို​လက်​ညှိုး ဖြင့်​ခု​နစ်​ကြိမ်​ဖြန်း​ရ​မည်။ ဤ​နည်း​အား ဖြင့်​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​အ​ပြစ်​များ​အ​တွက် ယဇ်​ပလ္လင်​ကို​သန့်​စင် စေ​ပြီး​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​လေ​သည်။ \s1 ဋ္ဌား​စာ​ခံ​ဆိတ် \p \v 20 အာ​ရုန်​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်၊ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​နှင့် ယဇ်​ပလ္လင်​အ​တွက် သန့်​စင်​ခြင်း​ဝတ်​ကို​ဆောင် ရွက်​ပြီး​သော​အ​ခါ အ​ဇာ​ဇယ်​အ​တွက်​ရွေး ချယ်​ထား​သော​ဆိတ်​အ​ရှင်​ကို ထာ​ဝ​ရ ဘု​ရား​ထံ​ဆက်​ကပ်​ရ​မည်။- \v 21 သူ​သည်​ဆိတ်​၏​ဦး​ခေါင်း​ပေါ်​တွင်​လက် နှစ်​ဘက်​ကို​တင်​လျက် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဒု​စ​ရိုက်​အ​ပြစ်​နှင့်​ပုန်​ကန်​မှု ရှိ​သ​မျှ​ကို​ဝန်​ချ​သော​အား​ဖြင့် ထို​ဒု​စ​ရိုက် အ​ပြစ်​များ​ကို​ဆိတ်​၏​ဦး​ခေါင်း​ပေါ်​သို့ ကျ​ရောက်​စေ​သည်။ ထို​နောက်​တာ​ဝန်​ကျ သော​သူ​သည် ဆိတ်​ကို​တော​ကန္တာ​ရ​ထဲ သို့​မောင်း​နှင်​ရ​မည်။- \v 22 ဤ​နည်း​အား​ဖြင့်​ဆိတ်​သည်​လူ​သူ​ကင်း​မဲ့​သော အ​ရပ်​သို့ လူ​၏​ဒု​စ​ရိုက်​အ​ပြစ်​ရှိ​သ​မျှ​တို့ ကို​သယ်​ဆောင်​သွား​လိမ့်​မည်။ \p \v 23 ထို​နောက်​အာ​ရုန်​သည်​တဲ​တော်​ထဲ​သို့​ဝင်​၍ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့​မ​ဝင်​မီ​က ဝတ်​ဆင်​ခဲ့​သော​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​ကို ချွတ်​ထား​ခဲ့​ရ​မည်။-\x + \xo 16:23 \xt ယေဇ၊ ၄၄:၁၉။\x* \v 24 သူ​သည်​သီး​သန့်​နေ​ရာ​တွင်​ရေ​ချိုး​ပြီး​နောက် မိ​မိ​၏​အ​ဝတ်​အင်္ကျီ​များ​ကို​ဝတ်​ဆင်​ရ​မည်။ ထို့​နောက်​သူ​သည်​ယဇ်​ပလ္လင်​သို့​ထွက်​သွား​၍ မိ​မိ​၏​အ​ပြစ်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​အ​ပြစ်​များ​အ​တွက် မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ရ​မည်။- \v 25 သူ​သည်​ယဇ်​ပလ္လင်​ပေါ်​တွင်​အ​ပြစ်​ဖြေ​ရာ ယဇ်​ကောင်​၏​အ​ဆီ​ကို​မီး​ရှို့​ပူ​ဇော်​ရ​မည်။- \v 26 တော​ကန္တာ​ရ​ထဲ​သို့​အ​ဇာ​ဇယ်​ကို​မောင်း​နှင် သွား​ရ​သူ​သည် မိ​မိ​၏​အ​ဝတ်​များ​ကို​ဖွပ် လျှော်​၍​ရေ​ချိုး​ပြီး​မှ စ​ခန်း​အ​တွင်း​သို့ ပြန်​ဝင်​ရ​မည်။- \v 27 အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​များ​ဖြစ်​သည့်​နွား နှင့်​ဆိတ်​သွေး​ကို အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ထဲ​သို့​ယူ​ဆောင်​ပြီး​နောက် ယဇ်​ကောင် များ​၏​အ​သား၊ သား​ရေ၊ ဝမ်း​တွင်း​သား​ရှိ သ​မျှ​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ်​ဆောင်​၍ မီး​ရှို့​ပစ်​ရ​မည်။-\x + \xo 16:27 \xt ဟေဗြဲ၊ ၁၃:၁၁။\x* \v 28 ထို​ယဇ်​ကောင်​များ​ကို​မီး​ရှို့​ရ​သူ​သည် မိ​မိ ၏​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ပြီး မှ စ​ခန်း​အ​တွင်း​သို့​ပြန်​ဝင်​ရ​မည်။ \s1 အ​ပြစ်​ပြေ​ရာ​နေ့​ကို​စောင့်​ထိန်း​ခြင်း \p \v 29 သင်​တို့​သည်​အောက်​တွင်​ဖော်​ပြ​ပါ​ပ​ညတ်​ကို ထာ​ဝ​စဉ်​လိုက်​နာ​စောင့်​ထိန်း​ရ​မည်။ သတ္တမ​လ၊ ဆယ်​ရက်​နေ့​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​နှင့် သူ​တို့​ထံ​၌​နေ​ထိုင်​သော​လူ​မျိုး​ခြား တို့​သည် အ​စာ​ရှောင်​၍​မည်​သည့်​အ​လုပ်​ကို မျှ​မ​လုပ်​ရ။-\x + \xo 16:29 \xt ဝတ်၊ ၂၃:၂၆-၃၂။ တော၊ ၂၉:၇-၁၁။\x* \v 30 ထို​နေ့​တွင်​သူ​တို့​သည်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သန့်​စင်​စေ​ခြင်း​ငှာ​အ​ပြစ်​ဖြေ​ခြင်း ဝတ်​ကို​ပြု​ရ​မည်။- \v 31 ထို​နေ့​သည်​အ​လွန်​သန့်​ရှင်း​သော​နေ့​ဖြစ်​သည်။ ထို​နေ့​၌​မည်​သည့်​အ​လုပ်​ကို​မျှ​မ​လုပ်​ရ။ ဤ ပ​ညတ်​ကို​သား​စဉ်​မြေး​ဆက်​စောင့်​ထိန်း​ရ​မည်။- \v 32 ဖ​ခင်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​ရန် သိက္ခာ တင်​ဆက်​ကပ်​ပြီး​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​က သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။ ထို​ယဇ်​ပု​ရော ဟိတ်​မင်း​သည်​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​ကို ဝတ်​ဆင်​၍၊- \v 33 အ​လွန်​သန့်​ရှင်း​ရာ​ဌာန​တော်​အ​ပါ​အ​ဝင် ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်၊ ယဇ် ပလ္လင်၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​အ​တွက် သန့်​စင် ခြင်း​ဝတ်​ကို​ဆောင်​ရွက်​ရ​မည်။- \v 34 သင်​တို့​သည်​ဤ​ပညတ်​ချက်​များ​ကို​ထာ​ဝ စဉ်​စောင့်​ထိန်း​ရ​ကြ​မည်။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ပြု​မိ​သ​မျှ​သော​အ​ပြစ်​မှ​ပြေ​စေ အံ့​သော​ငှာ ဤ​ဝတ်​ကို​တစ်​နှစ်​လျှင်​တစ်​ကြိမ် ပြု​ရ​မည်။ \p သို့​ဖြစ်​ပါ​၍​မော​ရှေ\f 4 \fr 16:34 \ft * \+fk မော​ရှေ။ \ft မော​ရှေ​သို့​မ​ဟုတ်​အာ​ရုန်။\f* သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ဆောင်​ရွက်​လေ​၏။ \c 17 \s1 သွေး​၏​သန့်​ရှင်း​ခြင်း​ဆိုင်​ရာ​ပ​ညတ် \p \v 1-2 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့်​အာ​ရုန်၊ သူ​၏​သား​များ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​အား အောက်​ဖော်​ပြ​ပါ​ပ​ညတ် များ​ကို​ချ​မှတ်​ပေး​တော်​မူ​၏။- \v 3-4 ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး ဝ​မှ​လွဲ​၍ အ​ခြား​တစ်​နေ​ရာ​ရာ​တွင်​နွား​ကို ဖြစ်​စေ၊ ဆိတ်​ကို​ဖြစ်​စေ​သတ်​၍ ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​သည် ပ​ညတ်​တော်​ကို​ချိုး​ဖောက်​သူ​ဖြစ်​၏။ သူ​သည် သွေး​သွန်း​မှု​လွန်​ကူး​သော​ကြောင့် ထာ​ဝ​ရ ဘု​ရား​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​ခြင်း​ခံ ရ​မည်။- \v 5 ဤ​ပ​ညတ်​၏​ရည်​ရွယ်​ချက်​မှာ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ယ​ခင်​က​တိ​ရစ္ဆာန်​များ​ကို ကွင်း​ပြင်​၌​သတ်​ခဲ့​သော်​လည်း ယ​ခု​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​၌​သတ်​စေ​ရန်​ဖြစ်​သည်။ သူ တို့​သည်​တိ​ရစ္ဆာန်​များ​ကို ယဇ်​ပု​ရော​ဟိတ်​ထံ တဲ​တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့​ပြီး​လျှင် မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​သတ်​၍​ပူ​ဇော် ရ​မည်။- \v 6 ယဇ်​ပု​ရော​ဟိတ်​သည် သွေး​ကို​တဲ​တော်​တံ​ခါး​ဝ ရှိ​ယဇ်​ပလ္လင်​လေး​ဘက်​တွင် ပက်​ဖျန်း​ရ​မည်။ ထို နောက်​အ​ဆီ​ကို​မီး​ရှို့​ပူ​ဇော်​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​သော​ရ​နံ့​ကို​ထွက် ပေါ်​စေ​မည်။- \v 7 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​အား​သစ္စာ​ဖောက်​၍​ကွင်း​ပြင်​များ​တွင် တိ​ရစ္ဆာန်​များ​ကို​သတ်​ပြီး နတ်​မိစ္ဆာ​တို့​အား နောက်​တစ်​ဖန်​မ​ပူ​ဇော်​ရ။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​စောင့်​ထိန်း ရ​ကြ​မည်။ \p \v 8-9 ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့်​နေ​ထိုင်​သော​လူ​မျိုး​ခြား သား​ဖြစ်​စေ၊ တဲ​တော်​တံ​ခါး​ဝ​မှ​လွဲ​၍​အ​ခြား တစ်​နေ​ရာ​တွင် မီး​ရှို့​သော​ယဇ်​ကို​သော်​လည်း ကောင်း၊ အ​ခြား​ယဇ်​ကောင်​ကို​သော်​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လျှင်​ထို​သူ​ကို ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ် ရ​မည်။ \p \v 10 ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့်​နေ​ထိုင်​သော​လူ​မျိုး​ခြား သား​ဖြစ်​စေ၊ သွေး​ပါ​သော​အ​သား​ကို​စား လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​ကို​မျက်​နှာ လွှဲ​၍ မိ​မိ​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​တော် မူ​လိမ့်​မည်။-\x + \xo 17:10 \xt က၊ ၉:၄။ ဝတ်၊ ၇:၂၆-၂၇။ ၁၉:၂၆။ တရား၊ ၁၂:၁၆၊၂၃၊၁၅:၂၃။\x* \v 11 သတ္တ​ဝါ​တိုင်း​၏​အသက်​သည်​သွေး​၌​တည်​သော ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​၏​အ​ပြစ် ပြေ​စေ​ရန်​အ​တွက် သွေး​ဟူ​သ​မျှ​ကို​ယဇ်​ပလ္လင် ပေါ်​သို့​သွန်း​လောင်း​ရ​မည်​ဟု​ပ​ညတ်​တော် မူ​၏။ သွေး​သည်​အ​သက်​ဖြစ်​၍ အ​ပြစ်​ကို ပြေ​စေ​၏။-\x + \xo 17:11 \xt ဟေဗြဲ၊ ၉:၂၂။\x* \v 12 ထို​အ​ကြောင်း​ကြောင့်​ဣ​သ​ရေ​လ​အမျိုး​သား ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​နေ ထိုင်​သော​လူ​မျိုး​ခြား​သား​ဖြစ်​စေ သွေး​ပါ သော​အ​သား​ကို​မ​စား​ရ​ဟု​ထာ​ဝ​ရ ဘု​ရား​ပ​ညတ်​တော်​မူ​၏။ \p \v 13 ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့်​နေ​ထိုင်​သော​လူ​မျိုး​ခြား ဖြစ်​စေ၊ စား​နိုင်​သော​တိ​ရစ္ဆာန်​သို့​မ​ဟုတ်​ငှက် ကို​ဖမ်း​မိ​လျှင် ထို​သတ္တဝါ​၏​သွေး​ကို​မြေ​ကြီး ပေါ်​သို့​သွန်း​လောင်း​၍​မြေ​ဖြင့်​ဖုံး​ရ​မည်။- \v 14 သတ္တ​ဝါ​တိုင်း​၏​အ​သက်​သည်​သွေး​၌​တည်​သော ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သွေး ပါ​သော​အ​သား​ကို​မ​စား​ရ။ စား​သော​သူ​သည် ကိုယ်​တော်​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​ခြင်း ကို​ခံ​ရ​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။ \p \v 15 ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား သား​ဖြစ်​စေ၊ ဋ္ဌမ္မ​တာ​အ​လျောက်​သေ​သော တိ​ရစ္ဆာန်​၏​အ​သား သို့​မ​ဟုတ်​သား​ရဲ​ကိုက် သတ်​၍​သေ​သော​တိ​ရစ္ဆာန်​၏​အ​သား​ကို​စား လျှင် မိ​မိ​အ​ဝတ်​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ မည်။ သူ​သည်​ည​ဦး​တိုင်​အောင်​စောင့်​ဆိုင်း ပြီး​မှ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် လာ​လိမ့်​မည်။- \v 16 ထို​ပ​ညတ်​ကို​မ​လိုက်​နာ​သူ​သည် မိမိ အ​ပြစ်​၏​ဆိုး​ကျိုး​ဆက်​ကို​ခံ​ရ​မည်။ \c 18 \s1 ရှောင်​ကြဉ်​ရ​မည့်​ကာ​မ​စပ်​ယှက်​မှု​များ \p \v 1-2 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ် ဆင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``ငါ​သည် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၏။- \v 3 သင်​တို့​နေ​ထိုင်​ခဲ့​ဖူး​သော​အီ​ဂျစ်​ပြည်​ရှိ လူ တို့​၏​အ​လေ့​အ​ကျင့်​များ​ကို​သော်​လည်း​ကောင်း၊ သင်​တို့​အား​ငါ​ယ​ခု​ပို့​ဆောင်​နေ​ထိုင်​စေ​မည့် ခါ​နာန်​ပြည်​ရှိ​လူ​တို့​၏​အ​လေ့​အ​ကျင့်​များ ကို​သော်​လည်း​ကောင်း​မ​ကျင့်​ကြ​နှင့်။- \v 4 ငါ​၏​ပ​ညတ်​များ​ကို​စောင့်​ထိန်း​၍ ငါ​မိန့်​မှာ သ​မျှ​ကို​လိုက်​လျှောက်​လော့။ ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရားဖြစ်​၏။- \v 5 ငါ​၏​ပ​ညတ်​များ​နှင့်​ပြ​ဋ္ဌာန်း​ချက်​များ​ကို လိုက်​လျှောက်​လော့။ သို့​ပြု​လျှင်​သင်​တို့​သည် အ​သက်​ချမ်း​သာ​ရာ​ရ​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရားဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။\x + \xo 18:5 \xt နေ၊ ၉:၂၉။ ယေဇ၊ ၁၈:၉၊ ၂၀:၁၁-၁၃။ လု၊ ၁၀:၂၈။ ရော၊ ၁၀:၅။ ဂလ၊ ၃:၁၂။\x* \p \v 6 ထာ​ဝ​ရ​ဘု​ရား​သည်​အောက်​ပါ​ပြ​ဋ္ဌာန်း​ချက် များ​ကို ချ​မှတ်​ပေး​တော်​မူ​၏။ သင်​တို့​သည် ဆွေ​မျိုး​နီး​စပ်​သူ​နှင့် ကာ​မ​စပ်​ယှက်​ခြင်း မ​ပြု​ရ။- \v 7 သင်​၏​မိ​ခင်​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း​အား ဖြင့် ဖ​ခင်​ကို​အ​ရှက်​မ​ခွဲ​ရ။ သင်​၏​မိ​ခင် အ​ရင်း​ကို​အ​ရှက်​မ​ခွဲ​ရ။- \v 8 ဖ​ခင်​၏​မ​ယား​ငယ်​များ​နှင့်​ကာ​မ​စပ်​ယှက် ခြင်း​မ​ပြု​ရ။-\x + \xo 18:8 \xt ဝတ်၊ ၂၀:၁၁။ တရား၊ ၂၂:၃၀။ ၂၇:၂၀။\x* \m \v 9 နှ​မ​အ​ရင်း​နှင့်​သော်​လည်း​ကောင်း၊ တစ်​အိမ် တည်း​သို့​မ​ဟုတ် အိမ်​ခွဲ​၍​ကြီး​ပြင်း​လာ​သော ဖ​အေ​ပါ၊ မ​အေ​ပါ​သ​မီး​နှင့်​သော်​လည်း ကောင်း ကာ​မ​စပ်​ယှက်​ခြင်း​မပြု​ရ။-\x + \xo 18:9 \xt ဝတ်၊ ၂၀:၁၇။ တရား၊ ၂၇:၂၂။\x* \v 10 သင်​၏​မြေး​မိန်း​မ​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း မ​ပြု​ရ။ သင့်​ကိုယ်​ကို​သင်​အ​ရှက်​ခွဲ​ရာ ရောက်​လိမ့်​မည်။- \v 11 ဖ​အေ​တူ​မ​အေ​ကွဲ​မောင်​နှ​မ​နှင့် ကာ​မ​စပ် ယှက်​ခြင်း​မ​ပြု​ရ။ သူ​သည်​လည်း​သင်​၏​နှ​မ ပင်​ဖြစ်​သည်။- \v 12-13 ဖ​ခင်​၏​နှ​မ​သို့​မ​ဟုတ် မိ​ခင်​၏​ညီ​မ​ဖြစ်​သူ သင်​၏​အ​ဒေါ်​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း​မ​ပြု ရ။-\x + \xo 18:12-13 \xt ဝတ်၊ ၂၀:၁၉-၂၀။\x* \v 14 ဦး​လေး​၏​ဇ​နီး​နှင့် ကာ​မ​စပ်​ယှက်​ခြင်း​မ ပြု​ရ။ သူ​သည်​လည်း​သင်​၏​အ​ဒေါ်​ပင်​ဖြစ်​၏။- \v 15 သင်​၏​ချွေး​မ​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း မ​ပြု​ရ။-\x + \xo 18:15 \xt ဝတ်၊ ၂၀:၁၂၊ ၂၁။\x* \v 16 သင့်​ညီ​အစ်​ကို​၏​ဇ​နီး​နှင့်​သော်​လည်း​ကောင်း ကာ​မ​ယှက်​စပ်​ခြင်း​မ​ပြု​ရ။- \v 17 သင်​နှင့်​ကာ​မ​စပ်​ယှက်​ဖူး​သော​မိန်း​မ​၏​သ​မီး နှင့်​ဖြစ်​စေ၊ သူ​၏​မြေး​မိန်း​မ​နှင့်​ဖြစ်​စေ​ကာ​မ စပ်​ယှက်​ခြင်း​မ​ပြု​ရ။ ထို​သို့​ပြု​လျှင်​သင်​တို့ သည်​သင်​နှင့်​သွေး​နီး​စပ်​သူ​များ​ဖြစ်​နိုင်​သ​ဖြင့် သင်​သည်​သွေး​နီး​စပ်​သူ​နှင့်​ဖောက်​ပြန်​ခြင်း အ​ပြစ်​ကို​ကူး​လွန်​လိမ့်​မည်။-\x + \xo 18:17 \xt ဝတ်၊ ၂၀:၁၄။ တရား၊ ၂၇:၂၃။\x* \v 18 သင်​၏​ဇ​နီး​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ ပတ်​လုံး သင်​၏​ခယ်​မ​ကို​မ​ယား​ငယ်​အ​ဖြစ် မ​သိမ်း​ပိုက်​ရ။ \p \v 19 ရာ​သီ​သွေး​ပေါ်​သော​မိန်း​မ​သည်​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ​မ​သန့်​စင်​သော​ကြောင့် ရာ​သီ​သွေး ပေါ်​ချိန်​အ​တွင်း​သူ​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း မ​ပြု​ရ။-\x + \xo 18:19 \xt ဝတ်၊ ၂၀:၁၈။\x* \v 20 သူ​တစ်​ပါး၏​မ​ယား​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း မ​ပြု​ရ။ ထို​သို့​ပြု​လျှင်​သင်​သည်​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင်​ချေ။-\x + \xo 18:20 \xt ဝတ်၊ ၂၀:၁၀။\x* \v 21 သင်​၏​သား​သ​မီး​တို့​ကို​မော​လုတ်​ဘု​ရား​အား မီး​ရှို့​ပူ​ဇော်​ရန်​မ​အပ်​နှင့်။ ထို​သို့​ပြု​ခြင်း​ဖြင့် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​မ​ရှုတ်​ချ​ရ။-\x + \xo 18:21 \xt ဝတ်၊ ၂၀:၁-၅။\x* \v 22 ယောကျာ်း​ခြင်း​ကာ​မ​စပ်​ယှက်​ခြင်းမ​ပြု​ရ။ ဘု​ရား​သ​ခင်​သည်​ထို​အ​ကျင့်​ကို​စက်​ဆုပ် ရွံ​ရှာ​တော်​မူ​၏။-\x + \xo 18:22 \xt ဝတ်၊ ၂၀:၁၃။\x* \v 23 ယောကျာ်း​ဖြစ်​စေ​မိန်းမ​ဖြစ်​စေ၊ တိရစ္ဆာန်​နှင့်​ကာ​မ စပ်​ယှက်​ခြင်း​မ​ပြု​ရ။ ထို​အ​ကျင့်​သည်​ဋ္ဌမ္မ​တာ ကို​ဆန့်​ကျင်​သ​ဖြင့် ဘာ​သာ​တ​ရား​ထုံး​နည်း အ​ရ​သင့်​ကို​ညစ်​ညမ်း​စေ​သည်။\x + \xo 18:23 \xt ထွ၊ ၂၂:၁၉။ ဝတ်၊ ၂၀:၁၅-၁၆။ တရား၊ ၂၇:၂၁။\x* \p \v 24 သင်​တို့​သည်​ထို​အ​ကျင့်​များ​ကို​ကျင့်​၍ ကိုယ် ကို​မ​ညစ်​ညမ်း​စေ​ကြ​နှင့်။ သင်​တို့​ဝင်​ရောက်​နေ ထိုင်​မည်​ဖြစ်​သော​ပြည်​မှ​ငါ​နှင်​ထုတ်​မည့်​လူ​မျိုး တို့​သည် ထို​သို့​သော​အ​ကျင့်​များ​ကို​ပြု​ကျင့် ၍​မိ​မိ​တို့​ကိုယ်​ကို​ညစ်​ညမ်း​စေ​ကြ​၏။- \v 25 သူ​တို့​၏​အ​လေ့​အ​ကျင့်​များ​သည် သူ​တို့​နေ ထိုင်​ရာ​ပြည်​ကို​ညစ်​ညမ်း​စေ​သည်။ ထို့​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ထို​ပြည်​ကို​ဒဏ်​ခတ် သ​ဖြင့်​ပြည်​သား​တို့​သည် ထို​ပြည်​မှ​နှင် ထုတ်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။- \v 26-27 သူ​တို့​သည်​ထို​စက်​ဆုပ်​ဖွယ်​သော​အ​ကျင့်​တို့ ကို​ပြု​ကျင့်​၍ တိုင်း​ပြည်​ကို​ညစ်​ညမ်း​စေ​ကြ ၏။ သင်​တို့​မူ​ကား​ထို​အ​ကျင့်​များ​ကို​မ​ပြု ကျင့်​ရ။ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ သင် တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​သား ဖြစ်​စေ၊ သင်​တို့​အား​လုံး​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ညတ်​တော်​များ​နှင့် ပြ​ဋ္ဌာန်း​ချက်​များ ကို​စောင့်​ထိန်း​ရ​ကြ​မည်။- \v 28 သို့​ပြု​လျှင်​သင်​တို့​အ​လျင်​နေ​ထိုင်​ခဲ့​သော သူ​များ​ကဲ့​သို့ သင်​တို့​သည်​ထို​ပြည်​မှ​နှင် ထုတ်​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။- \v 29 ထို​သို့​သော​စက်​ဆုပ်​ဖွယ်​ရာ​အ​ကျင့်​ကို​ပြု ကျင့်​သူ​သည်​ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော် မှ​ပယ်​ထုတ်​ခြင်း​ခံ​ရ​မည်။ \p \v 30 ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​ပ​ညတ်​များ​ကို စောင့်​ထိန်း​လော့။ သင်​တို့​အ​လျင်​ထို​ပြည်​၌ နေ​ထိုင်​ခဲ့​သော သူ​တို့​၏​အ​လေ့​အ​ကျင့်​များ ကို​အ​တု​မ​ခိုး​နှင့်။ သင်​တို့​သည်​ထို​အ​ကျင့် များ​ကို​ကျင့်​ခြင်း​အား​ဖြင့် ကိုယ်​ကို​မ​ညစ် ညမ်း​စေ​ကြ​နှင့်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု မိန့်​တော်​မူ​၏။ \c 19 \s1 သန့်​ရှင်း​ခြင်း​နှင့်​တ​ရား​မျှ​တ​ခြင်း​ဆိုင်​ရာ ပ​ညတ်​များ \p \v 1-2 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အောက် ပါ​အ​တိုင်း​မိန့်​တော်​မူ​၏။ ``သင်​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​သော ကြောင့်​သင်​တို့​သည်​လည်း​သန့်​ရှင်း​ရ​မည်။-\x + \xo 19:1-2 \xt ဝတ်၊ ၁၁:၄၄-၄၅။ ၁ပေ၊ ၁:၁၆။\x* \v 3 လူ​တိုင်း​မိ​ဘ​ကို​ရို​သေ​လေး​စား​ရ​မည်။ ငါ ပ​ညတ်​သည့်​အ​တိုင်း​ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း ရ​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။\x + \xo 19:3 \xt ထွ၊ ၂၀:၈၊၁၂။ တရား၊ ၅:၁၂၊၁၆။\x* \p \v 4 ``ငါ့​ကို​ပစ်​ပယ်​၍​ရုပ်​တု​များ​ကို​မ​ကိုး​ကွယ် နှင့်။ သတ္တု​ဖြင့်​သွန်း​လုပ်​သော​ရုပ်​တု​များ​ကို မ​ကိုး​ကွယ်​ရ။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။\x + \xo 19:4 \xt ဝတ်၊ ၂၆:၁။ ထွ၊ ၂၀:၂၃၊၃၄:၁၇။ တရား၊ ၁၇:၂၅။\x* \p \v 5 ``သင်​တို့​သည်​မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော် သည့်​အ​ခါ ငါ​၏​ပြ​ဋ္ဌာန်း​ချက်​များ​နှင့်​အ​ညီ ပူ​ဇော်​လျှင် ငါ​သည်​ထို​ပူ​ဇော်​သ​ကာ​ကို လက်​ခံ​မည်။- \v 6-7 ယဇ်​ပူ​ဇော်​သော​နေ့​သို့​မ​ဟုတ်​နောက်​တစ်​နေ့ ၌​ယဇ်​ကောင်​၏​အ​သား​ကို​စား​ရ​မည်။ တ​တိ ယ​နေ့​သို့​တိုင်​အောင်​ကြွင်း​ကျန်​သော​အ​သား သည် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​ရှင်း သ​ဖြင့်​မီး​ရှို့​ပစ်​ရ​မည်။ အ​ကယ်​၍​တ​တိ​ယ နေ့​၌​ယဇ်​ကောင်​၏​အ​သား​ကို တစ်​ဦး​တစ် ယောက်​က​စား​ခဲ့​သည်​ရှိ​သော် ထို​ပူ​ဇော် သ​ကာ​ကို​ငါ​လက်​ခံ​မည်​မ​ဟုတ်။- \v 8 ထို​အ​သား​ကို​စား​သော​သူ​သည် ငါ့​အ​တွက် ဆက်​ကပ်​ထား​သော​ပူ​ဇော်​သ​ကာ​ကို​မ​ရို မ​သေ​ပြု​သော​ကြောင့် သူ့​အား​ငါ​၏​လူ​မျိုး တော်​မှ​ထုတ်​ပယ်​မည်။ \p \v 9 ``ကောက်​ရိတ်​သော​အ​ခါ လယ်​ကွက်​အ​နား တစ်​လျှောက်​ရှိ​ကောက်​ပင်​များ​ကို​မ​ရိတ်​ရ။ ကျန်​ကြွင်း​သော​ကောက်​နှံ​များ​ကို​လည်း ပြန်​ကျော့​၍​မ​ရိတ်​ရ။-\x + \xo 19:9 \xt ဝတ်၊ ၂၇:၁၅။ တရား၊ ၄:၁၉-၂၂။\x* \v 10 စ​ပျစ်​ခြံ​မှ​မ​ဆွတ်​ဘဲ​ကျန်​ခဲ့​သော​စ​ပျစ် သီး​များ​ကို​လည်း​ကောင်း၊ ကျ​ကျန်​ရစ်​သော စ​ပျစ်​သီး​များ​ကို​လည်း​ကောင်း​ပြန်​၍​မ​စု သိမ်း​ရ။ ထို​အ​သီး​များ​ကို​ဆင်း​ရဲ​သား​နှင့် လူ​မျိုး​ခြား​တို့​အ​တွက်​ချန်​ထား​ရ​မည်။ ငါ သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။ \p \v 11 ``သူ​တစ်​ပါး​၏​ပစ္စည်း​ကို​မ​ခိုး​ရ။ သူ​တစ်​ပါး ကို​မ​လှည့်​စား​ရ။ မု​သား​စ​ကား​မ​ပြော ရ။-\x + \xo 19:11 \xt ထွ၊ ၂၀:၁၅၊၁၆။ တရား၊ ၅:၁၉-၂၀\x* \v 12 က​တိ​တည်​ရန်​မ​ရည်​ရွယ်​ဘဲ​နှင့် ငါ​၏​နာ​မ တော်​ကို​တိုင်​တည်​၍​က​တိ​မ​ပေး​ရ။ ထို​သို့​ပြု ခြင်း​ဖြင့်​ငါ​၏​နာ​မ​တော်​ကို​မ​ရှုတ်​ချ​ရ။ ငါ သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။\x + \xo 19:12 \xt ထွ၊ ၂၀:၇။ တရား၊ ၅:၁၁။ မ၊ ၅:၃၃။\x* \p \v 13 ``မိ​မိ​ထက်​အား​နည်း​သူ​ကို​အ​နိုင်​မ​ကျင့်​ရ။ သူ့​ဥစ္စာ​ကို​လည်း​မ​လု​ယူ​ရ။ သူ​ငှား​အ​တွက် ပေး​စ​ရာ​အ​ခ​ကြေး​ငွေ​ကို​နေ့​ချင်း​ပေး​ရ မည်။ နောက်​တစ်​နေ့​တိုင်​အောင်​မ​ဆိုင်း​ထား ရ။-\x + \xo 19:13 \xt တရား၊ ၂၄:၁၄-၁၅။\x* \v 14 နား​ပင်း​သူ​ကို​မ​ကျိန်​ဆဲ​ရ။ မျက်​မ​မြင်​၏​ရှေ့ တွင်​တိုက်​မိ​၍​လဲ​စ​ရာ​ကို​မ​ချ​ထား​ရ။ ငါ့ ကို​ကြောက်​ရွံ့​ရို​သေ​ရ​မည်။ ငါ​သည်​သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​၏။\x + \xo 19:14 \xt တရား၊ ၂၇:၁၈။\x* \p \v 15 ``အ​မှု​အ​ခင်း​များ​ကို​တ​ရား​မျှ​တ​စွာ​စီ​ရင် ရ​မည်။ ဆင်း​ရဲ​သူ​ဘက်​သို့​မျက်​နှာ​သာ​ပေး​ခြင်း၊ ပစ္စည်း​ချမ်း​သာ​သူ​ဘက်​သို့​မျက်​နှာ​လိုက်​ခြင်း မ​ရှိ​စေ​ရ။-\x + \xo 19:15 \xt ထွ၊ ၂၃:၆-၈။ တရား၊ ၁၆:၁၉\x* \v 16 သူ​တစ်​ပါး​အ​သ​ရေ​ပျက်​စေ​သော​စ​ကား ကို​လှည့်​လည်​၍​မ​ပြော​ရ။ သေ​ဒဏ်​ခံ​ထိုက်​သော ပြစ်​မှု​ကို​ကူး​လွန်​သူ​အား​တ​ရား​စီ​ရင်​နေ စဉ် သူ့​ဘက်​က​သက်​သေ​ပြ​နိုင်​လျှင်​ဖော်​ထုတ် ပြော​ဆို​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​၏။ \p \v 17 ``သူ​တစ်​ပါး​အား​ရန်​ငြိုး​မ​ထား​နှင့်။ သူ့ ကြောင့်​သင်​သည်​အ​ပြစ်​မ​ကူး​လွန်​မိ​စေ ရန် သူ​နှင့်​သ​ဘော​ကွဲ​လွဲ​ချက်​များ​ကို​တွေ့ ဆုံ​ဖြေ​ရှင်း​လော့။-\x + \xo 19:17 \xt မ၊ ၁၈:၁၅။\x* \v 18 သူ​တစ်​ပါး​အား​လက်​စား​မ​ချေ​ရ။ ရန်​ငြိုး မ​ထား​ရ။ အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ် ရ​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​၏။\x + \xo 19:18 \xt မ၊ ၅:၄၃၊ ၁၉:၁၉၊၂၂:၃၉။ မာ၊ ၁၂:၃၁။ လု၊ ၁၀:၂၇။ ရော၊ ၁၃:၉။ ဂလ၊ ၅:၁၄။ ယာ၊ ၂:၈။\x* \p \v 19 ``ငါ​၏​ပ​ညတ်​များ​ကို​စောင့်​ထိန်း​လော့။ မျိုး မ​တူ​သော​အိမ်​မွေး​တိ​ရစ္ဆာန်​ချင်း​သား​မ​စပ်​ရ။ လယ်​တစ်​ကွက်​တည်း​တွင်​အ​သီး​အ​နှံ​နှစ်​မျိုး ကို​မ​စိုက်​ပျိုး​ရ။ ချည်​မျှင်​နှစ်​မျိုး​ဖြင့်​ရက် လုပ်​သော​အ​ထည်​ကို​မ​ဝတ်​ဆင်​ရ။\x + \xo 19:19 \xt တရား၊ ၂၂:၉-၁၁။\x* \p \v 20 ``တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မိ​မိ​၏​ကျွန်​မ ကို​အ​ခြား​တစ်​ယောက်​အား​မ​ယား​ငယ်​အ​ဖြစ် ရောင်း​ရန်​က​တိ​ပေး​ပြီး​နောက် ဝယ်​သူ​က​ထို ကျွန်​မ​အ​တွက်​ငွေ​မ​ပေး​ရ​သေး​မီ​မူ​လ ပိုင်​ရှင်​သည် ကျွန်​မ​နှင့်​ကာ​မ​စပ်​ယှက်​လျှင်​သူ တို့​နှစ်​ဦး​အား​သေ​ဒဏ်​မ​စီ​ရင်​ရ။ အ​ခြား အ​ပြစ်​ဒဏ်​ကို​သာ​စီ​ရင်​ရ​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ထို​ကျွန်​မ​ကို​သူ​ပိုင်​နေ သေး​သော​ကြောင့်​ဖြစ်​သည်။- \v 21 သူ​သည်​အ​ပြစ်​ဒဏ်​ပြေ​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ် သိုး​ထီး​တစ်​ကောင်​ကို​ငါ​စံ​တော်​မူ​ရာ​တဲ​တော် တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။- \v 22 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သိုး​ကို​ယဇ်​ပူ​ဇော်​၍ သူ့​အ​ပြစ်​ပြေ​စေ​ရန်​သန့်​စင်​ခြင်း​ဝတ်​ကို ပြု​ရ​မည်။ ထို​အ​ခါ​ဘု​ရား​သ​ခင်​သည်​သူ ၏​အ​ပြစ်​ကို​လွှတ်​တော်​မူ​၏။ \p \v 23 ``သင်​တို့​သည်​ခါ​နာန်​ပြည်​သို့​ရောက်​ရှိ​သော အ​ခါ သစ်​သီး​ပင်​ကို​စိုက်​ပျိုး​၍​အ​ပင်​မှ ပ​ထ​မ​သုံး​နှစ်​အ​တွင်း သီး​သော​အ​သီး​များ သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင် သ​ဖြင့် ထို​အ​သီး​များ​ကို​မ​စား​သုံး​ရ။- \v 24 စ​တုတ္ထ​နှစ်​တွင်​သီး​သော​အ​သီး​ရှိ​သ​မျှ​ကို ငါ​ထာ​ဝ​ရ​ဘု​ရား​အား​ကျေး​ဇူး​တင်​သည့် အ​နေ​ဖြင့်​ဆက်​ကပ်​ရ​မည်။- \v 25 ပဉ္စ​မ​နှစ်​သို့​ရောက်​လျှင်​သင်​တို့​သည်​သစ်​သီး များ​ကို​စား​သုံး​နိုင်​သည်။ သင်​တို့​သည်​အ​ထက် ပါ​အ​တိုင်း​လိုက်​နာ​လျှင် သစ်​သီး​အ​ထွက်​တိုး လိမ့်​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ \p \v 26 ``သွေး​ပါ​ရှိ​နေ​သေး​သော​အ​သား​ကို​မ​စား​ရ။ ဗေ​ဒင်​မှော်​အ​တတ်​အ​မျိုး​မျိုး​တို့​ကို​မ​ကျင့် သုံး​ရ။-\x + \xo 19:26 \xt က၊ ၉:၄။ ဝတ်၊ ၇:၂၆-၂၇။ ၁၇:၁၀-၁၄။ တရား၊ ၁၂:၁၆၊၂၃။ ၁၅:၂၃။ ၁၈:၁၀။\x* \v 27 သေ​သူ​အ​တွက်​ဝမ်း​နည်း​သည့်​အ​နေ​ဖြင့် ဦး ခေါင်း​ဘေး​ပတ်​လည်​ရှိ​ဆံ​ပင်​ကို​မ​ညှပ်​ရ။ မုတ်​ဆိတ်​မွေး​ကို​လည်း​မ​ညှိ​ရ။-\x + \xo 19:27 \xt ဝတ်၊ ၂၁:၅။ တရား၊ ၁၄:၁။\x* \v 28 ကိုယ်​ပေါ်​တွင်​ဆေး​မင်​လည်း​မထိုး​ရ။ ကိုယ်​ကို လည်း​မ​လှီး​မ​ရှ​ရ။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။ \p \v 29 ``ခါ​နာန်​နတ်​ဘု​ရား​များ​ကို ကိုး​ကွယ်​ရာ​ဌာ​န​နှင့် ဆိုင်​သော​ပြည့်​တန်​ဆာ​များ​အ​ဖြစ် မိ​မိ​သ​မီး များ​ကို​စေ​ခိုင်း​ခြင်း​အား​ဖြင့်​သူ​တို့​၏​အ​သ​ရေ ကို​မ​ပျက်​စေ​နှင့်။ ထို​သို့​ပြု​လျှင်​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​ပယ်​၍​အ​ကျင့်​ပျက် ကုန်​ကြ​လိမ့်​မည်။-\x + \xo 19:29 \xt တရား၊ ၂၃:၁၇။\x* \v 30 ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း​၍ ငါ့​အား​ဝတ်​ပြု​ရာ ဌာ​န​တော်​ကို​ရို​သေ​လော့။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​၏။\x + \xo 19:30 \xt ဝတ်၊ ၂၆:၂။\x* \p \v 31 ``သေ​သူ​တို့​၏​ဝိ​ညာဉ်​နှင့်​ဆက်​သွယ်​သော​သူ တို့​ထံ​မှ အ​ကြံ​ဉာဏ်​မ​တောင်း​ခံ​နှင့်။ ထို​သို့​ပြု လျှင်​သင်​တို့​သည် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ ညစ်​ညမ်း​ကြ​လိမ့်​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။\x + \xo 19:31 \xt တရား၊ ၁၈:၁၁။ ၁ရာ၊ ၂၈:၃။ ၄ရာ၊ ၂၃:၄။ ဟေရှာ၊ ၈:၁၉။\x* \p \v 32 ``အ​သက်​ကြီး​သူ​တို့​ကို​ရို​သေ​ကိုင်း​ရှိုင်း​ရ​မည်။ ငါ့​ကို​ကြောက်​ရွံ့​ရို​သေ​ရ​မည်။ ငါ​သည်​ထာ​ဝ​ရ ဘုရား​ဖြစ်​တော်​မူ​၏။ \p \v 33 ``သင်​တို့​ပြည်​တွင်​နေ​ထိုင်​သော​လူ​မျိုး​ခြား​တို့ ကို​မ​ညှင်း​ဆဲ​ရ။-\x + \xo 19:33 \xt ထွ၊ ၂၂:၂၁။ တရား၊ ၂၄:၁၇-၁၈၊ ၂၇:၁၉။\x* \v 34 သူ​တို့​အား​တိုင်း​ရင်း​သား​ချင်း​ကဲ့​သို့​ဆက်​ဆံ​၍ ကိုယ်​နှင့်​အ​မျှ​ချစ်​ခင်​ရ​မည်။ သင်​တို့​သည်​လည်း အီ​ဂျစ်​ပြည်​တွင်​သူ​စိမ်း​တစ်​ရံ​ဆံ​အ​ဖြစ်​နေ ထိုင်​ခဲ့​ရ​ဖူး​ကြောင်း​ကို​သ​တိ​ရ​ကြ​လော့။ ငါ သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။ \p \v 35 ``မ​မှန်​သော​အ​တိုင်း​အ​တာ​အ​ခြင်​အ​တွယ် တို့​ကို​သုံး​၍ သူ​တစ်​ပါး​အား​မ​လှည့်​စား ရ။-\x + \xo 19:35 \xt တရား၊ ၂၅:၁၃-၁၆။ သု၊ ၂၀:၁၀။ ယေဇ၊ ၄၅:၁၀\x* \v 36 မှန်​ကန်​သော​အ​တိုင်း​အ​တာ​အ​ခြင်​အ​တွယ် တို့​ကို​သုံး​ရ​မည်။ ငါ​သည်​သင်​တို့​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​ဖြစ်​တော်​မူ​၏။- \v 37 ငါ​၏​ပ​ညတ်​များ​နှင့်​ပြ​ဋ္ဌာန်း​ချက်​ရှိ​သ​မျှ ကို​စောင့်​ထိန်း​ကြ​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘုရား ဖြစ်​တော်​မူ​၏။'' \c 20 \s1 ပ​ညတ်​များ​ကူး​လွန်​ခြင်း​အ​တွက်​အ​ပြစ်​ဒဏ်​များ \p \v 1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်၊- \v 2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အောက်​ပါ​အ​တိုင်း​မိန့်​တော်​မူ​၏။ ``သင်​တို့​အ​ထဲ​က​ဖြစ်​စေ၊ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​ထဲ​က​ဖြစ်​စေ၊ တစ်​ဦး​ဦး​က​မိ​မိ​၏​သား​သ​မီး​ကို​မော​လုတ်​ဘု​ရား​အား​မီး​ရှို့​ပူ​ဇော်​လျှင်​တစ်​မျိုး​သား​လုံး​က​ထို​သူ​ကို​ခဲ​နှင့်​ပစ်​သတ်​ရ​မည်။- \v 3 မည်​သူ​မ​ဆို​မိ​မိ​၏​သား​သ​မီး​ကို​မော​လုတ်​ဘု​ရား​အား​ကိုး​ကွယ်​ရာ​တွင်​ပေး​အပ်​ခြင်း​အား​ဖြင့်​ငါ​၏​တဲ​တော်​ကို​ညစ်​ညမ်း​စေ​၍​ငါ​၏​နာမ​တော်​ကို​ရှုတ်​ချ​လျှင် ငါ​သည်​ထို​သူ​ကို​မျက်​နှာ​လွှဲ​၍​ငါ​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​မည်။- \v 4 အ​ကယ်​၍​လူ​ထု​တစ်​ရပ်​လုံး​က ထို​သူ​အား​အ​ရေး​မ​ယူ​သေ​ဒဏ်​မ​စီ​ရင်​လျှင်၊- \v 5 သူ​နှင့်​သူ​၏​မိ​သား​စု​ကို​လည်း​ကောင်း၊ ထို​သူ​နည်း​တူ​ငါ့​အား​သစ္စာ​ဖောက်​၍​မော​လုတ်​ဘု​ရား​အား​ကိုး​ကွယ်​သူ​ရှိ​သ​မျှ​ကို​လည်း​ကောင်း ငါ​သည်​မျက်​နှာ​လွှဲ​၍​ငါ​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​မည်။ \p \v 6 ``သေ​သူ​တို့​၏​ဝိ​ညာဉ်​နှင့်​ဆက်​သွယ်​သော​သူ​တို့​ထံ​မှ အ​ကြံ​ဉာဏ်​တောင်း​ခံ​သူ​ကို​ငါ​သည်​မျက်​နှာ​လွှဲ​၍​ငါ​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​မည်။- \v 7 ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သော​ကြောင့် သင်​တို့​သည်​သန့်​ရှင်း​ရ​ကြ​မည်။- \v 8 ငါ​၏​ပညတ်​များ​ကို​စောင့်​ထိန်း​ကြ​လော့။ ငါ​သည်​သင်​တို့​အား​သန့်​ရှင်း​စေ​သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။'' \p \v 9 ထာ​ဝ​ရ​ဘု​ရား​သည် အောက်​ပါ​ပ​ညတ်​များ​ကို​ပြ​ဋ္ဌာန်း​ပေး​တော်​မူ​၏။ မိ​မိ​၏​မိ​ဘ​တို့​ကို​ကျိန်​ဆဲ​သော​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​သည်​မိ​ဘ​ကို​ကျိန်​ဆဲ​သော​ကြောင့်​သေ​ဒဏ်​ကို​ခံ​ထိုက်​၏။\x + \xo 20:9 \xt ထွ၊ ၂၁:၁၇။ မ၊ ၁၅:၄။ မာ၊ ၇:၁၀။\x* \p \v 10 တစ်​စုံ​တစ်​ယောက်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​၏​မ​ယား​နှင့်​ဖောက်​ပြန်​လျှင် သူ​တို့​နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။- \x + \xo 20:10 \xt ထွ၊ ၂၀:၁၄။ ဝတ်၊ ၁၈:၂၀။ တရား၊ ၅:၁၈။\x* \v 11 ဖ​ခင်​၏​မ​ယား​တစ်​ဦး​ဦး​နှင့်​ဖောက်​ပြန်​သူ​သည် မိ​မိ​ဖ​ခင်​၏​အ​သ​ရေ​ကို​ဖျက်​သ​ဖြင့် သူ​တို့​နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​တို့​သည်​သေ​ထိုက်​သော​အ​ပြစ်​ကို​ကူး​လွန်​ကြ​၏။-\x + \xo 20:11 \xt ဝတ်၊ ၁၈:၈။ တရား၊ ၂၂:၃၀။ ၂၇:၂၀။\x* \v 12 တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​၏​ချွေး​မ​နှင့်​ဖောက်​ပြန်​လျှင် သူ​တို့​နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​တို့​သည်​သွေး​နီး​စပ်​သူ​ခြင်း​ဖောက်​ပြန်​ခြင်း​ကြောင့်​သေ​ဒဏ်​ကို​ခံ​ထိုက်​၏။-\x + \xo 20:12 \xt ဝတ်၊ ၁၈:၁၅။\x* \v 13 ယောကျာ်း​ချင်း​ကာ​မ​ဆက်​ဆံ​သူ​တို့​သည်​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​ကို​ပြု​လုပ်​သ​ဖြင့် နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​တို့​သည်​သေ​ထိုက်​သော​အ​ပြစ်​ကို​ကူး​လွန်​ကြ​၏။-\x + \xo 20:13 \xt ဝတ်၊ ၁၈:၂၂။\x* \v 14 တစ်​စုံ​တစ်​ယောက်​သည်​သ​မီး​နှင့်​သူ​၏​မိ​ခင်​ကို​မ​ယား​အ​ဖြစ်​သိမ်း​ပိုက်​လျှင် ရှက်​ဖွယ်​သော​အ​မှု​ကို​ပြု​လုပ်​ခြင်း​ဖြစ်​သော​ကြောင့် သူ​တို့​သုံး​ဦး​စ​လုံး​ကို​မီး​ရှို့​၍​သတ်​ရ​မည်။ သင်​တို့​တွင်​ထို​ကဲ့​သို့​ရှက်​ဖွယ်​သော​အ​မှု​မျိုး​မ​ရှိ​စေ​ရ။-\x + \xo 20:14 \xt ဝတ်၊ ၁၈:၁၇။ တရား၊ ၂၇:၂၃။\x* \v 15 တစ်​စုံ​တစ်​ယောက်​သည်​တိ​ရစ္ဆာန်​နှင့်​ကာ​မ​စပ်​ယှက်​လျှင် ထို​သူ​နှင့်​တ​ကွ​တိ​ရစ္ဆာန်​ကို​လည်း​သေ​ဒဏ်​စီ​ရင်​ရ​မည်။-\x + \xo 20:15 \xt ထွ၊ ၂၂:၁၉။ ဝတ်၊ ၁၈:၂၃။ တရား၊ ၂၇:၂၁။\x* \v 16 မိန်း​မ​တစ်​ဦး​သည်​တိ​ရစ္ဆာန်​နှင့်​ကာ​မ​စပ်​ယှက်​လျှင် ထို​မိန်း​မ​နှင့်​တ​ကွ​တိ​ရစ္ဆာန်​ကို​လည်း​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​တို့​သည်​သေ​ထိုက်​သော​အ​ပြစ်​ကို​ကူး​လွန်​ကြ​၏။ \p \v 17 တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​နှ​မ​အ​ရင်း​သို့​မ​ဟုတ်​ဖ​အေ​တူ​မ​အေ​ကွဲ​နှ​မ​နှင့်​ထိမ်း​မြား​လျှင် သူ​တို့​ကို​လူ​ထု​ရှေ့​မှောက်​တွင်​ရှုတ်​ချ​၍ ဣ​သ​ရေ​လ​အ​မျိုး​မှ​ထုတ်​ပယ်​ရ​မည်။ သူ​သည်​မိ​မိ​၏​နှ​မ​နှင့်​ကာ​မ​စပ်​ယှက်​သော​ကြောင့်​အ​ပြစ်​ကို​ခံ​ရ​မည်။-\x + \xo 20:17 \xt ဝတ်၊ ၁၈:၉။ တရား၊ ၂၇:၂၂။\x* \v 18 တစ်​စုံ​တစ်​ယောက်​သည်​ရာ​သီ​သွေး​ပေါ်​လျက်​ရှိ​သော​မိန်း​မ​နှင့်​ကာ​မ​စပ်​ယှက်​လျှင် သူ​တို့​နှစ်​ဦး​သည်​သန့်​စင်​မှု​ဆိုင်​ရာ​ပ​ညတ်​ကို​ချိုး​ဖောက်​သ​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​မှ​နှင်​ထုတ်​ရ​မည်။-\x + \xo 20:18 \xt ဝတ်၊ ၁၈:၁၉။\x* \v 19 တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​အ​ဒေါ်​နှင့်​ကာ​မ​စပ်​ယှက်​လျှင် သွေး​နီး​စပ်​သူ​ချင်း​ဖောက်​ပြန်​သ​ဖြင့်​နှစ်​ဦး​စ​လုံး​အ​ပြစ်​ခံ​ရ​မည်။-\x + \xo 20:19 \xt ဝတ်၊ ၁၈:၁၂-၁၄။\x* \v 20 တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​၏​ဘ​ကြီး၊ ဘ​ထွေး​၏​မ​ယား​နှင့်​ကာ​မ​စပ်​ယှက်​လျှင်​သူ​သည်​ဘ​ကြီး၊ ဘ​ထွေး​၏​အ​သ​ရေ​ကို​ဖျက်​သော​ကြောင့်​သူ​တို့​သည်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​မည်။ နှစ်​ဦး​စ​လုံး​သား​သ​မီး​များ​မ​ရ​ဘဲ​နေ​လိမ့်​မည်။- \v 21 တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​ညီ​အစ်​ကို​၏​မ​ယား​နှင့်​ထိမ်း​မြား​လျှင် သူ​တို့​သည်​သား​သ​မီး​မ​ထွန်း​ကား​ဘဲ​ရှိ​ကြ​လိမ့်​မည်။ သူ​သည်​ဘာ​သာ​တ​ရား​ထုံး​နည်း​အ​ရ​မ​သန့်​ရှင်း​သော​အ​မှု​ကို​ပြု​၍​မိ​မိ​ညီ​အစ်​ကို​၏​အ​သ​ရေ​ကို​ဖျက်​၏။\x + \xo 20:21 \xt ဝတ်၊ ၁၈:၁၆။\x* \p \v 22 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​ပို့​ဆောင်​၍​သင်​တို့​ရောက်​ရှိ​မည့်​ခါ​နာန်​ပြည်​မှ​သင်​တို့​နှင်​ထုတ်​ခြင်း​မ​ခံ​ရ​စေ​ရန် ငါ​၏​ပ​ညတ်​အား​လုံး​တို့​ကို​စောင့်​ထိန်း​ရ​မည်။- \v 23 ထို​ပြည်​တွင်​နေ​ထိုင်​သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​မ​ကျင့်​သုံး​နှင့်။ ထို​ပြည်​သို့​သင်​တို့​ဝင်​ရောက်​နိုင်​ရန် ငါ​သည်​ထို​ပြည်​သား​များ​ကို​နှင်​ထုတ်​မည်။ ငါ​သည်​သူ​တို့​၏​ဆိုး​ယုတ်​သော​အ​လေ့​အ​ကျင့်​များ​ကို​စက်​ဆုပ်​ရွံ​ရှာ​၏။- \v 24 အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍​မြေ​သြ​ဇာ​ထက်​သန်​သော​ထို​ပြည်​ကို သင်​တို့​ပိုင်​ဆိုင်​ရန်​ငါ​ပေး​မည်​ဟု​က​တိ​ထား​သည့်​အ​တိုင်း​ငါ​ပြု​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​ဖြစ်​၍ သင်​တို့​သည်​အ​ခြား​လူ​မျိုး​များ​နှင့်​မ​တူ​ငါ​သီး​သန့်​ရွေး​ချယ်​ထား​သော​လူ​မျိုး​ဖြစ်​၏။- \v 25 သို့​ဖြစ်​၍​သင်​တို့​သည်​စား​နိုင်​သော​တိ​ရစ္ဆာန်​နှင့်​ငှက်၊ မ​စား​နိုင်​သော​တိ​ရစ္ဆာန်​နှင့်​ငှက်​တို့​ကို​သေ​ချာ​စွာ​ခွဲ​ခြား​သတ်​မှတ်​ရ​မည်။ မ​သန့်​သော​တိ​ရစ္ဆာန်​နှင့်​ငှက်​တို့​ကို​မ​စား​ရ။ ငါ​သည်​ယင်း​တို့​ကို​မ​သန့်​ဟု​သတ်​မှတ်​ထား​သ​ဖြင့်​ထို​သတ္တ​ဝါ​တို့​၏​အ​သား​ကို​စား​လျှင်​သင်​တို့​သည်​ညစ်​ညမ်း​လိမ့်​မည်။- \v 26 ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​၍​သန့်​ရှင်း​သော​ကြောင့် သင်​တို့​သည်​သန့်​ရှင်း​ရ​ကြ​မည်။ သင်​တို့​အား​ငါ​ရွေး​ချယ်​သ​ဖြင့်​ငါ​ပိုင်​၏။ ငါ​သာ​လျှင်​သင်​တို့​ကို​ပိုင်​ရန်​အ​တွက် သင်​တို့​အား​လူ​မျိုး​တ​ကာ​မှ​ငါ​သီး​သန့်​ရွေး​ချယ်​တော်​မူ​ပြီ။ \p \v 27 ``သေ​လွန်​သူ​တို့​၏​ဝိ​ညာဉ်​များ​နှင့်​တိုင်​ပင်​သော​အ​မျိုး​သား​ဖြစ်​စေ၊ အ​မျိုး​သ​မီး​ဖြစ်​စေ​ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ​မည်။ သူ​သည်​သေ​ထိုက်​သော​အပြစ်​ကို​ကူး​လွန်​၏'' ဟု​မိန့်​တော်​မူ​၏။ \c 21 \s1 ယဇ်​ပု​ရော​ဟိတ်​များ​သန့်​ရှင်း​ရ​ခြင်း \p \v 1-3 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့် အာ​ရုန်​မှ​ဆင်း​သက်​သော​ယဇ်​ပု​ရော​ဟိတ် တို့​အား​အောက်​ပါ​အ​တိုင်း​မိန့်​တော်​မူ​သည်။ ယဇ်​ပု​ရော​ဟိတ်​သည်​မိ​မိ​၏​အ​မိ​အ​ဖ၊ သား သ​မီး၊ ညီ​အစ်​ကို၊ မိ​မိ​နှင့်​အ​တူ​နေ​ထိုင် သော​အိမ်​ထောင်​မ​ကျ​သေး​သည့်​ညီ​အစ်​မ စ​သည်​တို့​မှ​လွဲ​၍​အ​ခြား​ဆွေ​မျိုး​သား ချင်း​တို့​၏​အ​သု​ဘ​ကိစ္စ​များ​၌​ပါ​ဝင် ဆောင်​ရွက်​ခြင်း​အား​ဖြင့်​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ​မိ​မိ​ကိုယ်​ကို​မ​ညစ် ညမ်း​စေ​ရ။- \v 4 သူ​သည်​မိ​မိ​ဇ​နီး​၏​ဆွေ​မျိုး​သား​ချင်း အ​သု​ဘ​တွင်​ပါ​ဝင်​၍ မိ​မိ​ကိုယ်​ကို​မ​ညစ် ညမ်း​စေ​ရ။ \p \v 5 ယဇ်​ပု​ရော​ဟိတ်​သည်​သေ​ဆုံး​သူ​အ​တွက် ဝမ်း နည်း​သည့်​အ​နေ​ဖြင့်​ဆံ​ပင်​ကို​ကွက်​ကျား မ​ရိတ်​ရ။ မုတ်​ဆိတ်​မွေး​ကို​လည်း​မ​ညှပ်​ရ။ မိ​မိ​ကိုယ်​ကို​လည်း​မ​လှီး​မ​ရှ​ရ။-\x + \xo 21:5 \xt ဝတ်၊ ၁၉:၂၇-၂၈။ တရား၊ ၁၄:၁။\x* \v 6 သူ​သည်​သန့်​ရှင်း​ရ​မည်။ ငါ​၏​နာ​မ​တော် ကို​မ​ရှုတ်​ချ​ရ။ သူ​သည်​ငါ့​အား​ပူ​ဇော် သကာ​ကို​ဆက်​သ​ရ​သူ​ဖြစ်​၍​သန့်​ရှင်း ရ​မည်။- \v 7 သူ​သည်​သန့်​ရှင်း​သူ​ဖြစ်​သော​ကြောင့် ပြည့် တန်​ဆာ​မ​ကို​သော်​လည်း​ကောင်း၊ အ​ပျို ရည်​ပျက်​သော​မိန်း​မ​ကို​သော်​လည်း​ကောင်း၊ လင်​ကွာ​မိန်း​မ​ကို​သော်​လည်း​ကောင်း​မ​စုံ ဖက်​ရ။- \v 8 သူ​သည်​ငါ့​အား​ပူ​ဇော်​သ​ကာ​ကို​ဆက်​သ ရ​သူ​ဖြစ်​သ​ဖြင့် လူ​တို့​သည်​သူ့​ကို​သန့်​ရှင်း သူ​ဟူ​၍​မှတ်​ယူ​ရ​မည်။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​၏။ ငါ​သည်​သန့်​ရှင်း​တော်​မူ​သ​ဖြင့် ငါ​၏​လူ​မျိုး​တော်​ကို​သန့်​ရှင်း​စေ​တော်​မူ​၏။- \v 9 ယဇ်​ပု​ရော​ဟိတ်​၏​သ​မီး​သည်​ပြည့်​တန်​ဆာ အ​လုပ်​ကို​လုပ်​လျှင် မိ​မိ​အ​ဘ​၏​အ​သ​ရေ ကို​ရှုတ်​ချ​သော​ကြောင့်​သူ့​ကို​မီး​ရှို့​သတ်​ရ မည်။ \p \v 10 ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​ဦး​ခေါင်း​ပေါ်​တွင် ဆီ​လောင်း​၍ ဘိ​သိက်​ခံ​လျက်​ယဇ်​ပု​ရော​ဟိတ် ဝတ်​စုံ​ကို​ဝတ်​ဆင်​ထား​သူ​ဖြစ်​သော​ကြောင့် ဝမ်း​နည်း​သည့်​အ​နေ​ဖြင့် မိ​မိ​ဆံ​ပင်​ကို ဖား​လျား​မ​ချ​ရ။ မိ​မိ​၏​အ​ဝတ်​ကို​လည်း မ​ဆုတ်​မ​ဖြဲ​ရ။- \v 11-12 သူ​သည်​ငါ့​အ​တွက်​သီး​သန့်​ဆက်​ကပ်​ထား သူ​ဖြစ်​၍ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မိ​မိ ကိုယ်​ကို​မ​ညစ်​ညမ်း​စေ​ရ။ ငါ​၏​တဲ​တော်​မှ ထွက်​၍​မည်​သည့်​အ​သု​ဘ​အိမ်​သို့​မျှ​မ သွား​ရ။ မိ​ရင်း​ဘ​ရင်း​သေ​ဆုံး​သည့်​အိမ်​သို့ ပင်​မ​သွား​ရ။ ဤ​သို့​လျှင်​ငါ​၏​တဲ​တော်​မှ ထွက်​၍​အ​သု​ဘ​အိမ်​သို့​သွား​ခြင်း​အား ဖြင့်​ငါ​၏​တဲ​တော်​ကို​မ​ညစ်​ညမ်း​စေ​ရ။- \v 13 သူ​သည်​အ​ပျို​စင်​နှင့်​ထိမ်း​မြား​စုံ​ဖက်​ရ​မည်။- \v 14 မု​ဆိုး​မ၊ လင်​ကွာ​မိန်း​မ၊ ပြည့်​တန်​ဆာ​မ တို့​နှင့်​ထိမ်း​မြား​စုံ​ဖက်​ခြင်း​မ​ပြု​ရ။ သူ သည်​မိ​မိ​အ​မျိုး​အ​နွယ်​ထဲ​မှ​အ​ပျို​စင် ကို​သာ​ထိမ်း​မြား​စုံ​ဖက်​ရ​မည်။- \v 15 ဤ​အ​တိုင်း​မ​ကျင့်​လျှင်​သူ​၏​သား​သ​မီး တို့​သည် သန့်​ရှင်း​သင့်​ပါ​လျက်​နှင့်​မ​သန့် ရှင်း​သူ​များ​ဖြစ်​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ ဘု​ရား​သည်​သူ့​အား ယဇ်​ပု​ရော​ဟိတ်​မင်း အ​ဖြစ်​ခွဲ​ခန့်​မှတ်​သား​တော်​မူ​ပြီ။ \p \v 16-17 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် အာ​ရုန်​အား ``သင်​၏​အ​ဆက်​အ​နွယ်​ထဲ​မှ ကိုယ်​အင်္ဂါ​ချွတ်​ယွင်း​နေ​သူ​သည် ငါ့​အား ပူ​ဇော်​သ​ကာ​ကို​မ​ဆက်​သ​ရ။ ဤ​ပ​ညတ် ကို​ထာ​ဝ​စဉ်​လိုက်​နာ​ရ​မည်။- \v 18-20 မျက်​စိ​မ​မြင်​သူ၊ ခြေ​ဆွံ့​သူ၊ မျက်​နှာ​ရုပ် အ​ဆင်း​ပျက်​သူ၊ အ​ရုပ်​ဆိုး​အ​ကျည်း​တန် သူ၊ လက်​ခြေ​မ​သန်​စွမ်း​သူ၊ ကျော​ကုန်း​သူ၊ ပု​ကွ​သူ၊ မျက်​စိ​ရော​ဂါ​စွဲ​သူ၊ ကိုယ်​ရေ​ပြား ရော​ဂါ​ရှိ​သူ၊ သင်း​ကွပ်​ထား​သူ​စ​သည်​တို့ သည်​ငါ့​အား​ပူ​ဇော်​ဆက်​သ​ခြင်း​မ​ပြု​ရ။- \v 21 အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ထဲ​မှ​ကိုယ်​အ​င်္ဂါ တစ်​စုံ​တစ်​ခု​ချွတ်​ယွင်း​နေ​သော​ယဇ်​ပု​ရော ဟိတ်​သည် ငါ့​အား​ပူ​ဇော်​သ​ကာ​မ​ဆက်​သ​ရ။- \v 22 ထို​သို့​သော​ယဇ်​ပု​ရော​ဟိတ်​သည် ငါ့​အား ဆက်​သ​သော​သန့်​ရှင်း​သည့်​ပူ​ဇော်​သ​ကာ ကို​သော်​လည်း​ကောင်း၊ အ​လွန်​သန့်​ရှင်း​သည့် ပူ​ဇော်​သ​ကာ​ကို​သော်​လည်း​ကောင်း​စား သုံး​နိုင်​သည်။- \v 23 သို့​ရာ​တွင်​သူ​၏​ကိုယ်​အင်္ဂါ​ချွတ်​ယွင်း​နေ သော​ကြောင့် ကန့်​လန့်​ကာ​တော်​အ​နီး​သို့​လည်း ကောင်း၊ ယဇ်​ပလ္လင်​တော်​အ​နီး​သို့​လည်း​ကောင်း မ​ချဉ်း​ကပ်​ရ။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၏။ ငါ​သည်​ထို​ကန့်​လန့်​ကာ​တော်​နှင့်​ယဇ် ပလ္လင်​တော်​တို့​ကို​သန့်​ရှင်း​စေ​သော​ကြောင့် သူ သည်​ယင်း​တို့​ကို​မ​ညစ်​ညမ်း​စေ​ရ'' ဟု မိန့်​တော်​မူ​၏။ \p \v 24 မော​ရှေ​သည်​အာ​ရုန်​နှင့်​တ​ကွ​သူ​၏​သား​များ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ဆင့်​ဆို​သော​ပ​ညတ်​များ​သည်​ကား​အ​ထက် ပါ​အ​တိုင်း​ဖြစ်​သ​တည်း။ \c 22 \s1 ပူ​ဇော်​သ​ကာ​များ​သန့်​ရှင်း​ခြင်း \p \v 1-2 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့်​အာ​ရုန် နှင့်​သူ​၏​သား​တို့​အား``သင်​တို့​သည်​ငါ​၏​နာ​မ တော်​ကို​မ​ရှုတ်​ချ​မိ​စေ​ရန် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ပူ​ဇော်​သော​ပူ​ဇော်​သ​ကာ​ကို ငါ့​အား ဆက်​သ​ရာ​၌​ရို​သေ​လေး​စား​မှု​ရှိ​ရ​မည်။ ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။- \v 3 သင်​၏​အ​ဆက်​အ​နွယ်​ထဲ​မှ​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​မ​သန့်​ရှင်း​သူ​သည်၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့ ငါ့​အား​ဆက်​ကပ်​သော​ပူ​ဇော် သ​ကာ​များ​အ​နီး​သို့​ချဉ်း​ကပ်​မိ​လျှင် သူ သည်​နောက်​တစ်​ဖန်​ယဇ်​ပလ္လင်​နှင့်​ဆိုင်​သော​ဝတ် ကို​မ​ဆောင်​ရွက်​ရ။ ဤ​ပ​ညတ်​ကို​သင်​တို့ ထာ​ဝ​စဉ်​လိုက်​နာ​ရ​ကြ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ \p \v 4 ``အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ထဲ​မှ ကိုယ်​ရေ​ပြား ရော​ဂါ​စွဲ​သော​သူ​ဖြစ်​စေ၊ ရိ​နာ​စွဲ​သူ​ဖြစ်​စေ၊ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​မ​ရ​ရှိ မီ ငါ့​အား​ဆက်​ကပ်​သော​ပူ​ဇော်​သ​ကာ​များ ကို​မ​စား​ရ။ ယဇ်​ပု​ရော​ဟိတ်​သည်​လူ​သေ​နှင့် ထိ​၍ မ​သန့်​စင်​သော​အ​ရာ​ရှိ​သ​မျှ​ကို​ကိုင် တွယ်​မိ​လျှင်​သော်​လည်း​ကောင်း၊ သုက်​ရည်​ယို လျှင်​သော်​လည်း​ကောင်း၊- \v 5 မ​သန့်​စင်​သော​တိ​ရစ္ဆာန်​သို့​မ​ဟုတ်​လူ​ကို ထိ​မိ​လျှင်​သော်​လည်း​ကောင်း မ​သန့်​စင်​ဘဲ ဖြစ်​လိမ့်​မည်။- \v 6 ထို​သို့​သော​ယဇ်​ပု​ရော​ဟိတ်​သည်​ည​ဦး​တိုင် အောင်​မသန့်​စင်​ချေ။ သူ​သည်​ရေ​ချိုး​ပြီး​မှ ငါ့​အား​ဆက်​ကပ်​သော​ပူ​ဇော်​သ​ကာ​ကို စား​နိုင်​သည်။- \v 7 နေ​ဝင်​ပြီး​လျှင်​သူ​သည်​သန့်​စင်​လာ​သ​ဖြင့် သူ​၏​စား​စ​ရာ​ဖြစ်​သော​ပူ​ဇော်​သ​ကာ ကို​စား​နိုင်​သည်။- \v 8 သူ​သည်​သ​ဘာ​ဝ​အ​လျောက်​သေ​သော တိ​ရစ္ဆာန်​သို့​မ​ဟုတ်​သား​ရဲ​ကိုက်​သတ်​၍​သေ သော​တိ​ရစ္ဆာန်​၏​အ​သား​ကို​မ​စား​ရ။ ယင်း သို့​စား​လျှင်​သူ​သည်​မ​သန့်​စင်​ချေ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ \p \v 9 ``ယဇ်​ပု​ရော​ဟိတ်​အား​လုံး​တို့​သည် ငါ​၏ ပ​ညတ်​များ​ကို​လိုက်​နာ​ရ​ကြ​မည်။ ယင်း​သို့ မ​လိုက်​နာ​လျှင်​ပ​ညတ်​တော်​များ​ကို​ချိုး ဖောက်​သော​ကြောင့် သူ​တို့​သည်​အ​ပြစ်​ကူး လွန်​သ​ဖြင့်​သေ​ရ​ကြ​မည်။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​၏။ ငါ​သည်​သူ​တို့​ကို​သန့်​ရှင်း စေ​တော်​မူ​၏။ \p \v 10 ``ယဇ်​ပု​ရော​ဟိတ်​၏​မိ​သား​စု​၌​ပါ​ဝင်​သူ သာ​လျှင် သန့်​ရှင်း​သော​ပူ​ဇော်​သ​ကာ​ကို​စား နိုင်​သည်။ ယဇ်​ပု​ရော​ဟိတ်​နှင့်​အ​တူ​နေ​ထိုင် သော​သူ​နှင့်၊ သူ​ငှား​တို့​သည်​ပူ​ဇော်​သ​ကာ ကို​မ​စား​ရ။- \v 11 သို့​ရာ​တွင်​မိ​မိ​ငွေ​ဖြင့်​ဝယ်​သော​ကျွန်​သို့ မ​ဟုတ် မိ​မိ​အိမ်​၌​မွေး​ဖွား​သော​ကျွန်​တို့ သည်​ယဇ်​ပု​ရော​ဟိတ်​၏​အ​စား​အ​စာ​ကို စား​နိုင်​သည်။- \v 12 ယဇ်​ပု​ရော​ဟိတ်​မ​ဟုတ်​သူ​တစ်​ယောက်​နှင့် ထိမ်း​မြား​စုံ​ဖက်​သော ယဇ်​ပု​ရော​ဟိတ်​၏ သ​မီး​သည်​သန့်​ရှင်း​သော​ပူ​ဇော်​သ​ကာ ကို​မ​စား​ရ။- \v 13 သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​၏​သ​မီး​သည် ခင်​ပွန်း​သေ​လျှင်​ဖြစ်​စေ၊ ခင်​ပွန်း​နှင့်​ကွာ​ရှင်း ပြီး​လျှင်​ဖြစ်​စေ​သား​သ​မီး​မ​ရှိ​သ​ဖြင့် ဖ​ခင်​အိမ်​သို့​ပြန်​ရောက်​နေ​ထိုင်​ခဲ့​သည်​ရှိ သော်​ဖ​ခင်​၏​အ​စား​အ​စာ​ကို​စား​နိုင် သည်။ ယဇ်​ပု​ရော​ဟိတ်​၏​မိ​သား​စု​၌​ပါ​ဝင် သူ​သာ​လျှင်​ပူ​ဇော်​သ​ကာ​ကို​စား​နိုင်​သည်။ \p \v 14 ``ယဇ်​ပု​ရော​ဟိတ်​၏​မိ​သား​စု​၌​မ​ပါ​ဝင် သူ​သည် သန့်​ရှင်း​သော​ပူ​ဇော်​သ​ကာ​ကို​အ​မှတ် မဲ့​စား​မိ​လျှင် ယဇ်​ပု​ရော​ဟိတ်​အား​ထို​အ​စား အ​စာ​၏​တန်​ဖိုး​အ​ပြင် နှစ်​ဆယ်​ရာ​ခိုင်​နှုန်း ထပ်​ဆောင်း​၍​ပေး​လျော်​ရ​မည်။- \v 15-16 ယဇ်​ပု​ရော​ဟိတ်​များ​သည်​သန့်​ရှင်း​သော​ပူ ဇော်​သ​ကာ​ကို​မ​စား​ထိုက်​သော​သူ​အား​စား စေ​ခြင်း​ဖြင့် ပူ​ဇော်​သ​ကာ​ကို​မ​ညစ်​ညမ်း​စေ ရ၊ ထို​ပူဇော်​သ​ကာ​ကို​မ​စား​ထိုက်​သူ​သည်​စား မိ​လျှင်​အ​ပြစ်​ကူး​လွန်​၍​ဒဏ်​ခံ​ရ​မည်။ ငါ သည်​ထာ​ဝ​ရ​ဘုရား​ဖြစ်​၏။ ငါ​သည်​ပူ​ဇော် သ​ကာ​များ​ကို​သန့်​ရှင်း​စေ​တော်​မူ​၏'' ဟု မိန့်​တော်​မူ​၏။ \p \v 17-18 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့် အာ​ရုန်၊ သူ​၏​သား​များ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​အား​အောက်​ပါ ပြ​ဋ္ဌာန်း​ချက်​များ​ကို​ချ​မှတ်​ပေး​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ နိုင်​ငံ​တွင်​နေ​ထိုင်​သော​လူ​မျိုး​ခြား​ဖြစ်​စေ၊ ကတိ​သစ္စာ​အ​လျောက်​သော်​လည်း​ကောင်း၊ စေ တ​နာ​အ​လျောက်​သော်​လည်း​ကောင်း​မီး​ရှို့ ရာ​ယဇ်​ကို​ပူ​ဇော်​သည့်​အ​ခါ​ယဇ်​ကောင်​၌ အ​နာ​အ​ဆာ​မ​ရှိ​စေ​ရ၊- \v 19 အ​နာ​အ​ဆာ​ကင်း​သော​ယဇ်​ကောင်​အ​ထီး ကို​သာ​ငါ​လက်​ခံ​မည်၊- \v 20 သင်​တို့​သည်​အ​နာ​အ​ဆာ​ရှိ​သော​ယဇ်​ကောင် ကို​ပူ​ဇော်​လျှင် ငါ​လက်​ခံ​မည်​မ​ဟုတ်၊-\x + \xo 22:20 \xt တရား၊ ၁၇:၁။\x* \v 21 တစ်​စုံ​တစ်​ယောက်​သည်​ငါ့​အား​မိတ်​သ​ဟာ​ယ ယဇ်​ပူ​ဇော်​သည့်​အ​ခါ က​တိ​သစ္စာ​အ​လျောက် ပူ​ဇော်​လျှင်​ဖြစ်​စေ၊ စေ​တ​နာ​အ​လျောက် ပူ​ဇော်​လျှင်​ဖြစ်​စေ၊ ငါ​လက်​ခံ​နိုင်​ရန် ယဇ်​ကောင်​တွင်​အ​နာ​အ​ဆာ​ကင်း​ရ​မည်။- \v 22 မျက်​စိ​ကန်း​သော​တိ​ရစ္ဆာန်၊ ခြေ​လက်​ပြတ် သော​တိ​ရစ္ဆာန်၊ ပြည်​ထွက်​သော​အ​နာ​ရှိ​သည့် တိ​ရစ္ဆာန်၊ အ​ရေ​ပြား​တွင်​ယား​နာ၊ ဝဲ​နာ​စွဲ သော​တိ​ရစ္ဆာန်​တို့​ကို​ပလ္လင်​ပေါ်​တွင်​မီး​ရှို့ မ​ပူ​ဇော်​ရ။- \v 23 ပု​ကွ​သော​တိ​ရစ္ဆာန်​သို့​မ​ဟုတ်​ပုံ​ပန်း​မ​ကျ သော​တိ​ရစ္ဆာန်​ကို မိ​မိ​စေ​တ​နာ​အ​လျောက် ပူ​ဇော်​သော​ယဇ်​အ​ဖြစ်​ဆက်​သ​နိုင်​သော် လည်း က​တိ​သစ္စာ​အ​လျောက်​ပူ​ဇော်​သော ယဇ်​အ​ဖြစ်​မ​ဆက်​သ​နိုင်။- \v 24 ဝှေး​စေ့​များ​ကို​ထု​ချေ​ခြင်း၊ လှီး​ဖြတ်​ခြင်း၊ အ​နာ​တ​ရ​ဖြစ်​ခြင်း၊ စုတ်​ပြတ်​ခြင်း​ခံ​ရ သော​တိ​ရစ္ဆာန်​ကို​ငါ့​အား​မ​ပူ​ဇော်​ရ။ သင် တို့​ပြည်​တွင်​ထို​ကဲ့​သို့​သော​တိ​ရစ္ဆာန်​များ ကို​မ​ပူ​ဇော်​ရ။ \p \v 25 လူ​မျိုး​ခြား​ထံ​မှ ရ​ရှိ​သော​တိ​ရစ္ဆာန်​ကို ပူ​ဇော်​သကာ​အ​ဖြစ်​မ​ပူ​ဇော်​ရ။ ထို​ကဲ့​သို့ သော​တိ​ရစ္ဆာန်​သည် အ​နာ​အ​ဆာ​ရှိ​သည်​ဟု ယူ​ဆ​ရ​မည်​ဖြစ်​သော​ကြောင့်​ယင်း​ကို​မ​ပူ ဇော်​ရ။ \p \v 26-27 သိုး၊ နွား၊ ဆိတ်​သား​ပေါက်​များ​ကို မိ​ခင်​နှင့် ခု​နစ်​ရက်​နေ​စေ​ပြီး​မှ​သာ ပူ​ဇော်​သ​ကာ အ​ဖြစ်​ပူ​ဇော်​နိုင်​သည်။- \v 28 နွား​မ​နှင့်​၎င်း​၏​သား​ပေါက်​ကို​ဖြစ်​စေ၊ သိုး မ​နှင့်​၎င်း​၏​သား​ပေါက်​ကို​ဖြစ်​စေ၊ ဆိတ်​မ​နှင့် ၎င်း​၏​သား​ပေါက်​ကို​ဖြစ်​စေ​တစ်​နေ့​တည်း မ​ပူ​ဇော်​ရ။- \v 29 သင်​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ယဇ် ကို​ပူ​ဇော်​သော​အ​ခါ သင်​တို့​ထာ​ဝ​ရ​ဘု​ရား ၏​စိတ်​တော်​နှင့်​တွေ့​နိုင်​ရန်​ပြ​ဋ္ဌာန်း​ချက်​များ အ​တိုင်း​ပူ​ဇော်​ရ​မည်။- \v 30 ယဇ်​ကောင်​၏​အ​သား​ကို​နေ့​ချင်း​စား​ရ​မည်။ နက်​ဖြန်​နံ​နက်​အ​ထိ​မ​ကြွင်း​ကျန်​စေ​ရ။ \p \v 31 ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​ပ​ညတ်​များ​ကို လိုက်​နာ​ကြ​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။- \v 32 ငါ​၏​နာ​မ​တော်​ကို​မ​ရှုတ်​ချ​ရ။ ငါ​သည် သန့်​ရှင်း​တော်​မူ​ကြောင်း​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည်​သိ​မှတ်​ဝန်​ခံ​ရ​ကြ မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို သန့်​ရှင်း​စေ​တော်​မူ​၏။- \v 33 ငါ​သည်​သင်​တို့​၏​ဘု​ရား​ဖြစ်​ခြင်း​ငှာ​သင် တို့​အား​အီဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​၏။ ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု မိန့်​တော်​မူ​၏။ \b \c 23 \s1 ပွဲ​တော်​များ \p \v 1-2 ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​စု​ဝေး​ဝတ်​ပြု​သည့်​ပွဲ​တော်​များ​နှင့် ဆိုင်​သည့်​ပြ​ဋ္ဌာန်း​ချက်​များ​ကို​မော​ရှေ​အား ဖြင့် အောက်​ပါ​အ​တိုင်း​ချ​မှတ်​ပေး​တော်​မူ​၏။- \v 3 သင်​တို့​သည်​ခြောက်​ရက်​အ​လုပ်​လုပ်​၍ ဥ​ပုသ် နေ့​ဖြစ်​သော​သတ္တ​မ​နေ့​တွင်​အ​လုပ်​မှ​နား ရ​မည်။ ထို​နေ့​၌​အ​လုပ်​မ​လုပ်​ဘဲ​စု​ဝေး ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်။ သင်​တို့​နေ​ထိုင်​ရာ မည်​သည့်​အ​ရပ်​၌​မ​ဆို​ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း လော့။-\x + \xo 23:3 \xt ထွ၊ ၂၀:၈-၁၀၊ ၂၃:၁၂၊ ၃၁:၁၅၊ ၃၄:၂၁၊၃၅:၂။ တရား၊ ၅:၁၂-၁၄။\x* \v 4 အောက်​ဖော်​ပြ​ပါ​ပွဲ​တော်​များ​ကို​သတ်​မှတ် သော​အ​ချိန်​အ​ခါ​များ​တွင်​ကျင်း​ပ​ရ​မည် ဖြစ်​ကြောင်း​ကြေ​ညာ​လော့။ \s1 ပ​သ​ခါ​ပွဲ​နှင့်​တ​ဆေး​မဲ့​မုန့်​ပွဲ​တော် \p \v 5 ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​သည့်​ပ​သ​ခါ​ပွဲ​တော်​ကို​ပ​ထ​မ​လ၊ တစ်​ဆယ့်​လေး​ရက်​နေ့၊ နေ​ဝင်​ချိန်​တွင်​စ​တင် ကျင်း​ပ​ရ​မည်။-\x + \xo 23:5 \xt ထွ၊ ၁၂:၁-၁၃။ တရား၊ ၁၆:၁-၂။\x* \v 6 တစ်​ဆယ့်​ငါး​ရက်​မြောက်​နေ့​တွင်​တ​ဆေး​မဲ့ မုန့်​ပွဲ​တော်​အ​စ​ပြု​သည်​ဖြစ်​၍ သင်​တို့​သည် ခု​နစ်​ရက်​ပတ်​လုံး​တ​ဆေး​ပါ​သော​မုန့်​ကို မ​စား​ရ။- \v 7 ပွဲ​တော်​ပ​ထ​မ​ရက်​၌​သင်​တို့​သည်​စု​ဝေး ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်။ အ​သက်​မွေး​ဝမ်း ကျောင်း​အ​လုပ်​ကို​မ​လုပ်​ရ။- \v 8 ခု​နစ်​ရက်​ပတ်​လုံး​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော် သ​ကာ​ကို​ဆက်​သ​ရ​မည်။ သို့​ရာ​တွင်​သတ္တ​မ နေ့​၌​စု​ဝေး​ဝတ်​ပြု​ကိုး​ကွယ်​၍​အ​သက်​မွေး ဝမ်း​ကျောင်း​အ​လုပ်​ကို​မ​လုပ်​ရ။\x + \xo 23:8 \xt ထွ၊ ၁၂:၁၄-၂၀၊ ၂၃:၁၅၊ ၃၄:၁၈။ တရား၊ ၁၆:၃-၈။\x* \p \v 9-10 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​မည့်​ပြည်​သို့​ရောက်​ရှိ​၍ စ​ပါး​ရိတ် သော​အ​ခါ​အ​ဦး​ရိတ်​သော​ကောက်​လှိုင်း​စည်း ကို​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။- \v 11 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​စိတ်​တော် နှင့်​တွေ့​နိုင်​ရန် ယဇ်​ပု​ရော​ဟိတ်​သည်​ထို​ကောက် လှိုင်း​စည်း​ကို​အ​ထူး​ပူ​ဇော်​သကာ​အ​ဖြစ် ဆက်​သ​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​ထို ပူ​ဇော်​သ​ကာ​ကို ဥ​ပုသ်​နေ့​လွန်​သည့်​နောက် တစ်​နေ့​တွင်​ဆက်​သ​ရ​မည်။- \v 12 ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို​ပူ​ဇော်​သော​နေ့​၌ အ​နာ​အ​ဆာ​ကင်း​သော​တစ်​နှစ်​သား​သိုး က​လေး​ကို​လည်း​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ် ပူ​ဇော်​ရ​မည်။- \v 13 ထို​မီး​ရှို့​ပူ​ဇော်​သော​ယဇ်​နှင့်​အ​တူ​သံ​လွင် ဆီ​ရော​သော​မုန့်​ညက်​လေး​ပေါင်​ကို ဘော​ဇဉ် ပူ​ဇော်​သ​ကာ​အ​ဖြစ်​ဆက်​သ​ရ​မည်။ ထို​ပူ​ဇော် သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။ ထို​ယဇ်​နှင့်​အ​တူ​စ​ပျစ်​ရည်​ငါး ဆယ်​သား​ခန့်​ကို​လည်း​ဆက်​သ​ရ​မည်။- \v 14 ဘု​ရား​သ​ခင်​အား​ဦး​စွာ​မ​ဆက်​သ​ဘဲ ကောက်​သစ်​ကို​အ​စိမ်း​ဖြစ်​စေ၊ ကျော်​၍​ဖြစ်​စေ၊ မုန့်​လုပ်​၍​ဖြစ်​စေ​မ​စား​ရ။ သင်​တို့​၏​အ​မျိုး အ​စဉ်​အ​ဆက်​သည်​ပ​ညတ်​ကို​ထာ​ဝ​စဉ် စောင့်​ထိန်း​ရ​မည်။ \s1 ကောက်​သိမ်း​ပွဲ​တော် \r (တော၊ ၂၈:၂၆-၃၁) \p \v 15 ဥ​ပုသ်​နေ့​အ​လွန်​နောက်​တစ်​နေ့​ဖြစ်​သည့်​ထာ​ဝ​ရ ဘု​ရား​အား ကောက်​လှိုင်း​စည်း​ကို​ဆက်​သ​သည့် နေ့​မှ​အ​စ​ပြု​၍​ရက်​သတ္တ​ပတ်​ခု​နစ်​ပတ်​ရေ တွက်​လော့။-\x + \xo 23:15 \xt ထွ၊ ၂၃:၁၆၊၃၄:၂၂။ တရား၊ ၁၆:၉-၁၂။\x* \v 16 သတ္တ​မ​ဥ​ပုသ်​နေ့​လွန်​သည့်​နောက်​တစ်​နေ့​ဖြစ် သော​ငါး​ဆယ်​မြောက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား အား​ကောက်​သစ်​ကို​တစ်​ဖန်​ဆက်​သ​လော့။- \v 17 မိ​သား​စု​တိုင်း​က​မုန့်​နှစ်​လုံး​ကို​ယူ​ခဲ့​၍ ထာ​ဝ​ရ​ဘု​ရား​အား​အ​ထူး​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဆက်​သ​ရ​မည်။ ယင်း​သို့​ဆက်​သ​ရာ​၌ မုန့်​တစ်​လုံး​စီ​ကို တ​ဆေး​ရော​သော​မုန့်​ညက် လေး​ပေါင်​ဖြင့်​ဖုတ်​ပြီး​လျှင် အ​ဦး​ဆုံး​ရ သော​ကောက်​နှံ​ပူ​ဇော်​သ​ကာ​အ​ဖြစ်​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ရ​မည်။- \v 18 သင်​တို့​အ​သိုင်း​အ​ဝိုင်း​သည်​အ​ထက်​ပါ​ပူ​ဇော် သ​ကာ​နှင့်​အ​တူ အ​နာ​အ​ဆာ​ကင်း​သော​တစ် နှစ်​သား​သိုး​က​လေး​ခု​နစ်​ကောင်၊ နွား​ထီး​တစ် ကောင်​နှင့်​ဆိတ်​နှစ်​ကောင်​တို့​ကို​ပူ​ဇော်​ရ​မည်။ ထို​ယဇ်​ကောင်​များ​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ် ပူ​ဇော်​သည့်​အ​ခါ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ စ​ပျစ် ရည်​ပူ​ဇော်​သ​ကာ​တို့​ကို​လည်း​ပူ​ဇော်​ရ​မည်။ ထို​ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​၏။- \v 19 ထို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဆိတ် ထီး​တစ်​ကောင်​ကို​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ ယဇ်​အ​ဖြစ် တစ်​နှစ်​သား​သိုး​က​လေး​နှစ်​ကောင် ကို​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။- \v 20 ယဇ်​ပု​ရော​ဟိတ်​သည်​မုန့်​နှင့်​သိုး​က​လေး နှစ်​ကောင်​ကို ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဆက်​သ​ရ​မည်။ ဤ​ပူ​ဇော်​သ​ကာ တို့​သည်​သန့်​ရှင်း​၏။- \v 21 ထို​နေ့​၌​အ​သက်​မွေး​ဝမ်း​ကျောင်း​အ​လုပ် ကို​မ​လုပ်​ဘဲ စု​ဝေး​ဝတ်​ပြု​ကိုး​ကွယ်​ရ​ကြ မည်။ သင်​တို့​၏​အ​ဆက်​အ​နွယ်​များ​သည် မည်​သည့်​အ​ရပ်​တွင်​နေ​ထိုင်​သည်​မ​ဆို ဤ ပ​ညတ်​ကို​ထာ​ဝ​စဉ်​စောင့်​ထိန်း​ရ​ကြ​မည်။- \v 22 ကောက်​ရိတ်​သည့်​အ​ခါ​လယ်​ကွက်​အ​နား​တစ် လျှောက်​ရှိ​ကောက်​ပင်​များ​ကို​မ​ရိတ်​နှင့်၊ ကျန် ကြွင်း​သော​ကောက်​နှံ​များ​ကို​ပြန်​ကျော့​၍​မ ရိတ်​ရ။ ထို​ကောက်​ပင်​အ​ကျန်​အ​ကြွင်း​များ ကို​ဆင်း​ရဲ​သား​နှင့်​လူ​မျိုး​ခြား​တို့​အ​တွက် ချန်​ထား​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ ၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​၏။\x + \xo 23:22 \xt ဝတ်၊ ၁၉:၉-၁၀။ တရား၊ ၂၄:၁၉-၂၂။\x* \s1 နှစ်​သစ်​ကူး​ပွဲ​တော် \r (တော၊ ၂၉:၁-၆) \p \v 23-24 သတ္တ​မ​လ၊ ပ​ထ​မ​နေ့​ရက်​ကို​အ​ထူး​နား ရက်​အ​ဖြစ်​သတ်​မှတ်​လော့။ ထို​နေ့​၌​တံ​ပိုး မှုတ်​သံ​ကို​ကြား​ရ​လျှင် ဝတ်​ပြု​ကိုး​ကွယ် ရန်​စု​ဝေး​ကြ​လော့။- \v 25 ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သ​ကာ​ကို ဆက်​သ​လော့။ အ​သက်​မွေး​ဝမ်း​ကျောင်း အ​လုပ်​ကို​မ​လုပ်​ရ။ \s1 အ​ပြစ်​ပြေ​ရာ​ယဇ်​ပူ​ဇော်​သော​နေ့ \r (တော၊ ၂၉:၁-၆) \p \v 26-27 နှစ်​စဉ်​သတ္တ​မ​လ၊ ဆယ်​ရက်​နေ့​၌​လူ​အ​ပေါင်း တို့​သည် အ​ပြစ်​ပြေ​ရာ​ဝတ်​ကို​ပြု​ရ​မည်။ ထို နေ့​၌​မည်​သည့်​အ​စား​အ​စာ​ကို​မျှ​မ​စား​ရ။ ဝတ်​ပြု​ကိုး​ကွယ်​ရန်​စု​ဝေး​၍ ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​သ​ကာ​ကို​ဆက်​သ​ရ​မည်။-\x + \xo 23:26-27 \xt ဝတ်၊ ၁၆:၂၉-၃၄။\x* \v 28 ထို​နေ့​သည်​အ​ပြစ်​ပြေ​ရာ​ဝတ်​ကို​ပြု​ရာ နေ့​ဖြစ်​သော​ကြောင့်​အ​လုပ်​မ​လုပ်​ရ။- \v 29 ထို​နေ့​၌​အ​စား​အ​စာ​တစ်​စုံ​တစ်​ခု​ကို​စား သော​သူ​အား ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​မှ ထုတ်​ပယ်​ရ​မည်။- \v 30 ထို​နေ့​၌​အ​လုပ်​လုပ်​သော​သူ​အား ထာ​ဝ​ရ ဘု​ရား​ကိုယ်​တော်​တိုင်​သေ​ဒဏ်​စီ​ရင်​မည်။- \v 31 သင်​တို့​၏​အ​ဆက်​အ​နွယ်​များ​သည်​မည်​သည့် အ​ရပ်​တွင်​နေ​ထိုင်​သည်​မ​ဆို ဤ​ပ​ညတ်​ကို စောင့်​ထိန်း​ရ​မည်။- \v 32 ထို​လ​ကိုး​ရက်​နေ​ဝင်​ချိန်​မှ​ဆယ်​ရက်​နေ့​နေ​ဝင် ချိန်​အ​ထိ​အ​ထူး​နား​ရက်​အ​ဖြစ်​သတ်​မှတ်​ရ မည်။ ထို​ရက်​အ​တွင်း​မည်​သည့်​အ​စား​အ​စာ ကို​မျှ​မ​စား​ရ။ \s1 သစ်​ခက်​နေ​ပွဲ​တော် \r (တော၊ ၂၉:၁၂-၄၀) \p \v 33-34 သစ်​ခက်​နေ​ပွဲ​တော်​သည်​သတ္တမ​လ၊ တစ်​ဆယ့် ငါး​ရက်​နေ့​မှ​အ​စ​ပြု​၍​ခု​နစ်​ရက်​ပတ်​လုံး ကျင်း​ပ​သော​ပွဲ​တော်​ဖြစ်​သည်။-\x + \xo 23:33-34 \xt တရား၊ ၁၆:၁၃-၁၅။\x* \v 35 ပွဲ​တော်​ပ​ထ​မ​နေ့​၌​အ​သက်​မွေး​ဝမ်း​ကျောင်း အ​လုပ်​ကို​မ​လုပ်​ဘဲ ဝတ်​ပြု​ကိုး​ကွယ်​ရန်​စု ဝေး​ရ​ကြ​မည်။- \v 36 ခု​နစ်​ရက်​ပတ်​လုံး​နေ့​စဉ်​ပူ​ဇော်​သ​ကာ​ကို ဆက်​သ​ရ​မည်။ အ​ဋ္ဌ​မ​နေ့​၌​တစ်​ဖန်​ဝတ်​ပြု ကိုး​ကွယ်​ရန်​စု​ဝေး​၍ ပူ​ဇော်​သ​ကာ​ကို​ဆက် သ​ရ​မည်။ ထို​နေ့​သည်​ဝတ်​ပြု​ကိုး​ကွယ်​ရာ နေ့​ဖြစ်​သော​ကြောင့်​အ​လုပ်​မ​လုပ်​ရ။ \p \v 37 (ဤ​ဘာ​သာ​ရေး​ပွဲ​တော်​များ​တွင် ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရန် သင်​တို့​သည်​စု​ဝေး​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း နှင့်​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ၊ ဘော​ဇဉ်​ပူ​ဇော် သ​ကာ၊ ယဇ်​ပူ​ဇော်​ခြင်း​စ​ပျစ်​ရည်​ပူ​ဇော် သ​ကာ​များ​ကို​သတ်​မှတ်​သော​နေ့​ရက်​အ​လိုက် ပူ​ဇော်​ခြင်း​ကို​ပြု​လုပ်​ရ​ကြ​မည်။- \v 38 ဤ​ပွဲ​တော်​များ​သည်​ပုံ​မှန်​ဥ​ပုသ်​နေ့​များ အ​ပြင်​ကျင်း​ပ​ရ​သော​ပွဲ​တော်​များ​ဖြစ်​၏။ ဤ​ပူ​ဇော်​သ​ကာ​များ​သည် ထာ​ဝ​ရဘု​ရား အား​ပုံ​မှန်​ပူ​ဇော်​ခြင်း၊ သစ္စာ​ဝတ်​ဖြေ​ရာ ပူ​ဇော်​ခြင်း၊ စေ​တ​နာ​အ​လျောက်​ပူ​ဇော် ခြင်း​များ​အ​ပြင်​ပူ​ဇော်​ရ​သော​ပူ​ဇော် သ​ကာ​များ​ဖြစ်​သည်။) \p \v 39 သင်​တို့​ကောက်​သိမ်း​ပြီး​သော​အ​ခါ သစ်​ခက်​နေ ပွဲ​တော်​ကို​သတ္တ​မ​လ၊ တစ်​ဆယ့်​ငါး​ရက်​နေ့​မှ အ​စ​ပြု​၍ ခု​နစ်​ရက်​တိုင်​တိုင်​ကျင်း​ပ​ရ​မည်။ ပွဲ​တော်​ပ​ထ​မ​နေ့​ကို​အ​ထူး​နား​ရက်​အ​ဖြစ် သတ်​မှတ်​ရ​မည်။- \v 40 ထို​နေ့​၌​အ​ကောင်း​ဆုံး​သစ်​သီး​များ၊ စွန် ပ​လွံ​ခက်​များ၊ အ​ရွက်​ဝေ​ဆာ​သော​အ​ကိုင်း အ​ခက်​များ​ကို​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သော​ပွဲ​တော် ကို​စ​တင်​ကျင်း​ပ​လော့။- \v 41 ထို​ပွဲ​တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင်​ဆင်​ယင် ကျင်း​ပ​ရ​မည်။ သင်​တို့​၏​အ​ဆက်​အ​နွယ် တို့​သည်​ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​စောင့်​ထိန်း ရ​ကြ​မည်။- \v 42-43 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​သော အ​ခါ​၌​ကိုယ်​တော်​သည် သူ​တို့​အား​သစ်​ခက် တဲ​များ​တွင်​နေ​ထိုင်​စေ​တော်​မူ​ကြောင်း​ကို သင်​တို့​၏​အ​ဆက်​အ​နွယ်​များ​သ​တိ​ရ ကြ​စေ​ခြင်း​ငှာ သင်​တို့​အ​ပေါင်း​သည်​ခု​နစ် ရက်​ပတ်​လုံး​တဲ​များ​၌​နေ​ထိုင်​ရ​မည်။ ကိုယ် တော်​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​၏။ \p \v 44 သို့​ဖြစ်​၍​မော​ရှေ​သည်​ဤ​နည်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သည့်​ပွဲ​တော်​များ​နှင့်​ဆိုင်​သော ပ​ညတ်​များ​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​ပြ​ဋ္ဌာန်း​ပေး​လေ​၏။ \c 24 \s1 မီး​တိုင်​များ​ကို​ထိန်း​သိမ်း​ခြင်း \r (ထွ၊ ၂၇:၂၀-၂၁) \p \v 1-2 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​အောက်​ပါ​အ​တိုင်း မိန့်​တော်​မူ​သည်။ တဲ​တော်​ထဲ​ရှိ​မီး​တိုင်​ကို အ​စဉ်​မ​ပြတ်​ထွန်း​ညှိ​ထား​နိုင်​စေ​ရန် အ​ကောင်း​ဆုံး​သံ​လွင်​ဆီ​စစ်​စစ်​ကို​ယူ ခဲ့​ကြ​လော့။- \v 3 အာ​ရုန်​သည်​တဲ​တော်​တွင်း​အ​လွန်​သန့်​ရှင်း သော​ဌာ​န​တော်​၌​တည်​ရှိ​သည့် ပ​ဋိ​ညာဉ် သေတ္တာ​တော်​ရှေ့​ကန့်​လန့်​ကာ​အ​ပြင်​ဘက် တွင်​မီး​တိုင်​ကို​ည​နေ​တိုင်း​ထွန်း​ညှိ​ရ​မည်။ ထို​မီး​တိုင်​သည်​ရှေ့​တော်​၌​ည​နေ​မှ​နံ​နက် သို့​တိုင်​အောင်​ထွန်း​တောက်​လျက်​ရှိ​စေ​ရ​မည်။ သင်​တို့​သည်​ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​စောင့် ထိန်း​ရ​ကြ​မည်။- \v 4 အာ​ရုန်​သည်​ရွှေ​မီး​တိုင်​မှ​မီး​ခွက်​များ​ကို ထိန်း​သိမ်း​စောင့်​ရှောက်​၍​ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​အ​စဉ်​မ​ပြတ်​ထွန်း​တောက်​လျက် ရှိ​စေ​ရ​မည်။ \s1 ဘု​ရား​သ​ခင်​အား​ဆက်​သ​သော​မုန့် \p \v 5 မုန့်​ညက်​နှစ်​ဆယ့်​လေး​ပေါင်​ဖြင့်​မုန့်​တစ်​ဆယ့် နှစ်​လုံး​ဖုတ်​လော့။-\x + \xo 24:5 \xt ထွ၊ ၂၅:၃၀။\x* \v 6 ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ရှိ​သော​ရွှေ​စင် ဖြင့်​မွမ်း​မံ​ထား​သည့်​စား​ပွဲ​ပေါ်​တွင်​မုန့်​လုံး များ​ကို​တစ်​တန်း​လျှင်​မုန့်​ခြောက်​လုံး​ကျ နှစ်​တန်း​စီ​လော့။- \v 7 ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​သည့်​ပူဇော်​သ​ကာ အ​ထိမ်း​အ​မှတ်​အ​ဖြစ်​မုန့်​လုံး​တစ်​တန်း​စီ​ပေါ် တွင်​နံ့​သာ​အ​စစ်​ကို​တင်​လော့။- \v 8 အ​စဉ်​အ​မြဲ​ဥ​ပုသ်​နေ့​တိုင်း​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌​မုန့်​ကို​ဆက်​သ​ရ​မည်။- \v 9 ဤ​ကား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထာ​ဝ​စဉ် ဆောင်​ရွက်​ရ​မည့်​တာ​ဝန်​ဖြစ်​သည်။ ဤ​မုန့်​များ သည်​အာ​ရုန်​နှင့်​သူ​၏​သား​မြေး​များ​စား​ရန် အ​တွက်​ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​သော​မုန့်​ဖြစ်​ခြင်း ကြောင့်​အ​လွန်​သန့်​ရှင်း​သ​ဖြင့်​သူ​တို့​သည်​ဤ မုန့်​ကို​သန့်​ရှင်း​သော​ဌာ​န​တော်​၌​စား​ရ​ကြ မည်။\x + \xo 24:9 \xt မ၊ ၁၂:၄။ မာ၊ ၂:၂၆။ လု၊ ၆:၄။\x* \s1 တ​ရား​မျှ​တ​သော​ဒဏ်​စီ​ရင်​ခြင်း​သာ​ဋ္ဌ​က \p \v 10-11 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​စ​ခန်း​တွင် အီ​ဂျစ်​အ​မျိုး​သား​ဖ​ခင်​နှင့် ဣ​သ​ရေ​လ အ​မျိုး​သ​မီး​မိ​ခင်​တို့​မှ​ပေါက်​ဖွား​သူ​တစ် ယောက်​ရှိ​၏။ မိ​ခင်​သည်​ဒန်​အ​မျိုး​ထဲ​မှ​ဒိ​ဗ​ရိ ၏​သ​မီး​ရှေ​လော​မိတ်​ဖြစ်​သည်။ ထို​သူ​သည် စ​ခန်း​အ​တွင်း​၌​ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​ဦး​နှင့်​ခိုက်​ရန်​ဖြစ်​ပွား​နေ​စဉ် ထာ​ဝ​ရ ဘု​ရား​၏​နာမ​တော်​ကို​ကျိန်​ဆဲ​၏။ ထို့​ကြောင့် သူ့​အား​မော​ရှေ​ထံ​သို့​ခေါ်​ဆောင်​ခဲ့​ကြ သ​ဖြင့်၊- \v 12 သူ့​ကို​ချုပ်​ထား​ပြီး​လျှင်​သူ​နှင့်​ပတ်​သက်​၍ ထာ​ဝ​ရ​ဘု​ရား​မည်​သို့​မိန့်​တော်​မူ​မည်​ကို စောင့်​ဆိုင်း​နေ​ကြ​၏။ \p \v 13 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊- \v 14 ``ထို​သူ​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ်​လော့။ သူ ကျိန်​ဆဲ​ခြင်း​ကို​ကြား​ရ​သူ​တိုင်း​သည်​သူ​၏ ဦး​ခေါင်း​ပေါ်​သို့​လက်​ကို​တင်​၍​ဟုတ်​မှန်​ကြောင်း သက်​သေ​ခံ​ရ​မည်။ ထို့​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​က​သူ့​အား​ခဲ​ဖြင့် ပစ်​သတ်​ရ​မည်။- \v 15 တစ်​စုံ​တစ်​ယောက်​သည်​ဘု​ရား​သ​ခင်​ကို ကျိန်​ဆဲ​လျှင်​ထို​သူ​သည်​အ​ပြစ်​ကို​ခံ​ရ​မည်။- \v 16 သူ့​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်​ဟူ​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ပြော​ရ​မည်။ ဣ​သ​ရေ​လ အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​နေ ထိုင်​သော​လူ​မျိုး​ခြား​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား ကို​ကျိန်​ဆဲ​လျှင်​ဣ​သ​ရေ​လ​တစ်​မျိုး​သား လုံး​က ထို​သူ​ကို​ခဲ​ဖြင့်​ပစ်​သတ်​ရ​မည်။ \p \v 17 ``လူ​သတ်​မှု​ကူး​လွန်​သော​သူ​ကို​သေ​ဒဏ် စီ​ရင်​ရ​မည်။-\x + \xo 24:17 \xt ထွ၊ ၂၁:၁၂။\x* \v 18 သူ​တစ်​ပါး​ပိုင်​သော​တိ​ရစ္ဆာန်​ကို​သတ်​သော သူ​သည်​ပိုင်​ရှင်​အား​အ​စား​လျော်​ပေး​ရ​မည်။ ဤ​ပ​ညတ်​သ​ဘော​မှာ​အ​သက်​အ​တွက် အ​သက်​ကို​အ​စား​ပေး​ခြင်း​ဖြစ်​သည်။ \p \v 19 ``အ​ခြား​သူ​တစ်​ဦး​အား​ထိ​ခိုက်​နာ​ကျင် စေ​သော​သူ​သည်​ကိုယ်​တိုင်​လည်း​ထို​အ​တိုင်း ခံ​စေ​ရ​မည်။- \v 20 သူ​တစ်​ပါး​၏​အ​ရိုး​ကို​ချိုး​သော​သူ​သည် ကိုယ်​တိုင်​လည်း​အ​ရိုး​ချိုး​ခြင်း​ခံ​ရ​မည်။ သူ တစ်​ပါး​၏​မျက်​လုံး​ကို​ထိုး​ဖောက်​သော​သူ သည်​ကိုယ်​တိုင်​မျက်​လုံး​ဖောက်​ခြင်း​ခံ​ရ​မည်။ သူ​တစ်​ပါး​၏​သွား​ကို​ချိုး​သော​သူ​သည် ကိုယ်​တိုင်​လည်း​သွား​ချိုး​ခြင်း​ခံ​ရ​မည်။ သူ တစ်​ပါး​အား​ထိ​ခိုက်​နာ​ကျင်​စေ​သည့်​ပ​မာ ဏ​အ​တိုင်း​ကိုယ်​တိုင်​ခံ​ရ​မည်။-\x + \xo 24:20 \xt ထွ၊ ၂၁:၂၃-၂၅။ တရား၊ ၁၉:၂၁။ မ၊ ၅:၃၈။\x* \v 21 တိ​ရစ္ဆာန်​ကို​သတ်​သော​သူ​သည်​အ​စား လျော်​ပေး​ရ​မည်။ သို့​ရာ​တွင်​လူ​ကို​သတ် သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။- \v 22 ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​သော​ကြောင့်​သင်​တို့​နှင့်​တ​ကွ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား တို့​သည်​ဤ​ပ​ညတ်​ကို​စောင့်​ထိန်း​ကြ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။\x + \xo 24:22 \xt တော၊ ၁၅:၁၆။\x* \p \v 23 မော​ရှေ​သည်​ထို​သို့​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား မိန့်​ကြား​သည့်​အ​တိုင်း သူ​တို့​သည် အ​ပြစ်​ကူး​လွန်​သူ​ကို​စ​ခန်း​အ​ပြင်​သို့ ထုတ်​၍​ခဲ​ဖြင့်​ပစ်​ကြ​၏။ ဤ​နည်း​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း လိုက်​နာ​ဆောင်​ရွက်​ကြ​၏။ \c 25 \s1 သတ္တ​မ​နှစ် \r (တရား၊ ၁၅:၁-၁၁) \p \v 1-2 ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တောင်​ပေါ်​တွင် မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​အောက်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​ချ မှတ်​ပေး​တော်​မူ​၏။ သင်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ပေး​သ​နား​တော်​မူ​မည့်​ပြည်​သို့​ဝင် ရောက်​ကြ​သော​အ​ခါ သတ္တ​မ​နှစ်​ကျ​ရောက် သည့်​အ​ခါ​တိုင်း​လယ်​များ​ကို​မ​ထွန်​မ ယက်​မ​စိုက်​မ​ပျိုး​ခြင်း​အား​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မြှောက်​ရ​ကြ မည်။-\x + \xo 25:1-2 \xt ထွ၊ ၂၃:၁၀-၁၁။\x* \v 3 သင်​တို့​သည်​ခြောက်​နှစ်​မျှ​လယ်​များ​တွင် စိုက်​ပျိုး​ခြင်း၊ စ​ပျစ်​ကိုင်း​များ​ကို​သုတ်​သင် ရှင်း​လင်း​ခြင်း၊ အ​သီး​အ​နှံ​များ​ကို​ရိတ် သိမ်း​ခြင်း​ပြု​ရ​မည်။- \v 4 သို့​ရာ​တွင်​သတ္တ​မ​နှစ်​သည်​ထာ​ဝ​ရ​ဘု​ရား အား​ဆက်​ကပ်​ထား​သော​နှစ်​ဖြစ်​၍ ထို​နှစ်​တွင် မြေ​ကို​လုံး​ဝ​မ​ထွန်​ယက်​ဘဲ​ချန်​လှန်​ထား ရ​မည်။ လယ်​များ​တွင်​မ​စိုက်​မ​ပျိုး​ရ။ စပျစ် ကိုင်း​များ​ကို​သုတ်​သင်​ရှင်း​လင်း​ခြင်း​မ ပြု​ရ။- \v 5 မ​စိုက်​မ​ပျိုး​ရ​ဘဲ​နှင့်​အ​လို​အ​လျောက် သီး​သော​အ​သီး​အ​နှံ​များ​ကို​ပင်​မ​ရိတ် သိမ်း​ရ။ အ​ကိုင်း​အ​ခက်​ကို​မ​သုတ်​သင် မ​ရှင်း​လင်း​ဘဲ​နှင့်​သီး​သော​စ​ပျစ်​သီး များ​ကို​လည်း​မ​ဆွတ်​မ​ခူး​ရ။ ထို​နှစ်​တွင် မြေ​ကို​လုံး​ဝ​မ​ထွန်​ယက်​ဘဲ​ချန်​လှပ် ထား​ရ​မည်။- \v 6 ထို​နှစ်​အ​တွင်း​မ​စိုက်​မ​ပျိုး​ဘဲ​မြေ​မှ ထွက်​သော​အ​သီး​အ​နှံ​ရှိ​သ​မျှ​ကို သင် တို့​နှင့်​တ​ကွ​သင်​တို့​၏​ကျေး​ကျွန်၊ လူ​ငှား၊ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား၊- \v 7 တိ​ရစ္ဆာန်​အ​ယဉ်​နှင့်​အ​ရိုင်း​တို့​သည်​စား သုံး​နိုင်​ကြ​သည်။ \s1 ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ် \p \v 8 ခု​နစ်​နှစ်​ခု​နစ်​လီ​ဖြစ်​သော လေး​ဆယ့်​ကိုး နှစ်​ကို​ရေ​တွက်​လော့။- \v 9 ထို​နောက်​သတ္တ​မ​လ​ဆယ်​ရက်​နေ့​သည်​အ​ပြစ် ဖြေ​ရာ​နေ့​ဖြစ်​၍ လူ​တစ်​ယောက်​အား​တစ်​ပြည် လုံး​သို့​လှည့်​လည်​လျက်​တံ​ပိုး​ခ​ရာ​မှုတ်​စေ လော့။- \v 10 ဤ​နည်း​အား​ဖြင့်​ငါး​ဆယ်​မြောက်​နှစ်​ကို သီး​သန့်​သတ်​မှတ်​လျက် တိုင်း​ပြည်​တွင်​နေ ထိုင်​သူ​အ​ပေါင်း​တို့​အား​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ကို​ကြေ​ညာ​ရ​မည်။ အ​ရောင်း​အ​ဝယ်​ပြု လုပ်​ခဲ့​သော​ပစ္စည်း​ရှိ​သ​မျှ​ကို ဤ​နှစ်​၌​မူ​လ ပိုင်​ရှင်​သို့​မ​ဟုတ်​သူ​၏​အ​ဆက်​အ​နွယ် များ​ထံ​ပြန်​လည်​ပေး​အပ်​ရ​မည်။ ငွေ​ဝယ် ကျွန်​များ​ကို​သူ​တို့​၏​မိ​သား​စု​များ​ထံ သို့​ပြန်​စေ​ရ​မည်။- \v 11 သင်​တို့​သည်​လယ်​များ​ကို​မ​စိုက်​မ​ပျိုး​ရ။ အ​လို​အ​လျောက်​သီး​သော​အ​သီး​အ​နှံ များ​ကို​လည်း​မ​ဆွတ်​မ​ခူး​ရ။- \v 12 ထို​နှစ်​တစ်​နှစ်​လုံး​သည်​သင်​တို့​အ​တွက်​နှစ် ထူး​နှစ်​မြတ်​ဖြစ်​၏။ သင်​တို့​သည်​လယ်​မှ အ​လို​အ​လျောက်​ထွက်​သ​မျှ​ကို​သာ​စား သုံး​ရ​ကြ​မည်။ \p \v 13 အ​ရောင်း​အ​ဝယ်​ပြု​လုပ်​ခဲ့​သော​ပစ္စည်း​ရှိ​သ​မျှ ကို ဤ​နှစ်​၌​မူ​လ​ပိုင်​ရှင်​လက်​သို့​ပြန်​လည်​ပေး အပ်​ရ​မည်။- \v 14 သို့​မှ​သာ​သင်​သည်​အ​မျိုး​သား​ချင်း​နှင့် အ​ရောင်း​အ​ဝယ်​ပြု​လုပ်​သည့်​အ​ခါ ထိုက် တန်​သော​တန်​ဖိုး​ကို​ဖြတ်​ရ​မည်။- \v 15 နောက်​တစ်​ကြိမ်​ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင် ရာ​နှစ်​မ​ကျ​ရောက်​မီ မြေ​မှ​အ​သီး​အ​နှံ​ထွက် မည့်​နှစ်​အ​နည်း​အ​များ​ကို​တွက်​ချက်​၍ မြေ​၏​တန်​ဖိုး​ကို​ဖြတ်​ရ​မည်။- \v 16 အ​ရောင်း​အ​ဝယ်​ပြု​လုပ်​ရာ​၌​မြေ​မှ​အ​သီး အ​နှံ​ထွက်​အ​ကြိမ်​ပေါင်း​ကို​တွက်​ချက်​၍ ရောင်း ဝယ်​ရ​သည်​ဖြစ်​သော​ကြောင့် အ​သီး​အ​နှံ​ထွက် မည့်​နှစ်​အ​နည်း​အ​များ​အ​လိုက်​မြေ​တန်​ဖိုး ကို​ဖြတ်​ရ​မည်။- \v 17 သင်​တို့​သည်​အ​မျိုး​သား​ချင်း​ကို​မ​လှည့်​စား ရ။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​ကြောက်​ရွံ့​ရို​သေ​ရ​မည်။ \s1 သတ္တ​မ​နှစ်​နှင့်​ဆိုင်​သော​ပြ​ဿ​နာ \p \v 18 သင်​တို့​ဘေး​ကင်း​လုံ​ခြုံ​စွာ​နေ​ထိုင်​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​ရှိ​သ​မျှ ကို​စောင့်​ထိန်း​လော့။- \v 19 မြေ​မှ​အ​သီး​အ​နှံ​ထွက်​သ​ဖြင့် သင်​တို့​သည် ဝ​လင်​စွာ​စား​ရ​၍​ဘေး​ကင်း​လုံ​ခြုံ​စွာ​နေ ထိုင်​ရ​လိမ့်​မည်။- \v 20 လယ်​များ​ကို​မ​စိုက်​မ​ပျိုး၊ အ​သီး​အ​နှံ​များ ကို​မ​စု​မ​သိမ်း​ရ​သော​သတ္တ​မ​နှစ်​တွင်​မည် ကဲ့​သို့​စား​ရ​ပါ​မည်​နည်း​ဟူ​၍​တစ်​စုံ​တစ် ယောက်​က​မေး​ကောင်း​မေး​လိမ့်​မည်။- \v 21 ထာ​ဝ​ရ​ဘု​ရား​သည်​ဆ​ဋ္ဌ​မ​နှစ်​တွင် မြေ ကို​ကောင်း​ချီး​ပေး​သ​ဖြင့်​နှစ်​နှစ်​စာ အ​တွက်​အ​သီး​အ​နှံ​ထွက်​လိမ့်​မည်။- \v 22 သင်​တို့​သည်​အ​ဋ္ဌ​မ​နှစ်​တွင်​လယ်​များ​ကို​စိုက် ပျိုး​သော​အ​ခါ ဆ​ဋ္ဌ​မ​နှစ်​က​ရိတ်​သိမ်း​ခဲ့​သော အ​သီး​အ​နှံ​ကို​စား​နေ​ရ​ဦး​မည်။ ထို​နှစ်​၌ စိုက်​ပျိုး​သော​အ​သီး​အ​နှံ​များ​ကို​မ​ရိတ်​သိမ်း မီ​တိုင်​အောင် သင်​တို့​တွင်​အ​စား​အ​စာ​ဖူ​လုံ လိမ့်​မည်။ \s1 ပစ္စည်း​ဥစ္စာ​ကို​ပြန်​လည်​ပေး​အပ်​ခြင်း \p \v 23 မြေ​ကို​သင်​တို့​မ​ပိုင်။ ဘု​ရား​သ​ခင်​သာ​ပိုင် သ​ဖြင့် ယင်း​ကို​အ​ပြီး​အ​ပိုင်​မ​ရောင်း​ရ။ သင် တို့​သည်​ဧည့်​သည်​အာ​ဂန္တု​အ​ဖြစ်​နှင့်​သာ ထို ပြည်​သို့​ဝင်​ရောက်​အ​ခြေ​စိုက်​နေ​ထိုင်​သူ များ​ဖြစ်​ကြ​မည်။ \p \v 24 မြေ​ကို​ရောင်း​ချသည့်​အ​ခါ​မူ​လ​ပိုင်​ရှင်​က ထို​မြေ​ကို​ပြန်​၍​ဝယ်​ယူ​ခွင့်​ရှိ​စေ​ရ​မည်။- \v 25 ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​တစ်​ဦး​သည် ဆင်း​ရဲ​နွမ်း​ပါး​သ​ဖြင့် မိ​မိ​၏​မြေ​ကို​ရောင်း ချ​ရ​လျှင် သူ​နှင့်​အ​နီး​စပ်​ဆုံး​ဆွေ​မျိုး​သား ချင်း​က​ထို​မြေ​ကို​ပြန်​၍​ဝယ်​ယူ​ရ​မည်။- \v 26 ထို​မြေ​ကို​ပြန်​၍​ဝယ်​ယူ​မည့်​ဆွေ​မျိုး​သား ချင်း​မ​ရှိ​သော် ပိုင်​ရှင်​သည်​နောင်​အ​ခါ​၌ ငွေ ကြေး​တတ်​နိုင်​သော​အ​ခါ​ကိုယ်​တိုင်​မြေ​ကို ပြန်​၍​ဝယ်​ယူ​နိုင်​စေ​ရ​မည်။- \v 27 ထို​အ​ခါ​၌​သူ​သည်​ရှေ့​လာ​မည့်​ပြန်​လည် ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ်​အ​ထိ ကျန်​ရှိ​နေ သေး​သော​နှစ်​များ​ကို​တွက်​ချက်​၍​ပေး​သင့် ပေး​ထိုက်​သော​တန်​ဖိုး​ကို​ပေး​၍​ဝယ်​ရ​မည်။ မည်​သို့​ပင်​ဖြစ်​စေ​သူ​သည်​ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​နှစ်​၌ မိ​မိ​ပိုင်​မြေ​ကို ပြန်​လည်​ရ​ရှိ​မည်။- \v 28 အ​ကယ်​၍​သူ​သည်​မြေ​ကို​ပြန်​ဝယ်​ယူ​ရန် ငွေ​မ​ရှိ​လျှင် ထို​မြေ​သည်​ရှေ့​လာ​မည့်​ပြန် လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ်​အ​ထိ​ဝယ်​သူ ၏​လက်​ဝယ်​ရှိ​စေ​ရ​မည်။ ထို​နှစ်​၌​ယင်း​မြေ ကို​မူ​လ​ပိုင်​ရှင်​အား​ပြန်​ပေး​ရ​မည်။ \p \v 29 မြို့​ရိုး​အ​တွင်း​၌​ရှိ​သော​အိမ်​ကို​ရောင်း​လျှင် ပိုင်​ရှင်​သည်​တစ်​နှစ်​အ​တွင်း​အိမ်​ကို​ပြန်​၍ ဝယ်​ယူ​ခွင့်​ရှိ​သည်။- \v 30 သို့​ရာ​တွင်​တစ်​နှစ်​အ​တွင်း​အိမ်​ကို​ပြန်​၍​မ ဝယ်​ယူ​လျှင် နောက်​တစ်​ဖန်​ပြန်​လည်​ဝယ်​ယူ ခွင့်​မ​ရှိ​သည့်​အ​ပြင်​ဝယ်​ယူ​သူ​နှင့်​သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​ထို​အိမ်​ကို​အ​မြဲ ပိုင်​စေ​ရ​မည်။ ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ နှစ်​တွင်​ထို​အိမ်​ကို​မူ​လ​ပိုင်​ရှင်​အား​ပြန် မ​ပေး​ရ။- \v 31 မြို့​ရိုး​မ​ရှိ​သော​ကျေး​ရွာ​များ​၌​ရှိ​သည့် အိမ်​များ​ကို​ရောင်း​ဝယ်​ရာ​တွင်​လယ်​ယာ များ​ကို​ရောင်း​ဝယ်​သည့်​နည်း​အ​တိုင်း​လိုက် နာ​ရ​မည်။ ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ နှစ်​တွင်​ထို​အိမ်​ကို​မူ​လ​ပိုင်​ရှင်​အား​ပြန် ပေး​ရ​မည်။- \v 32 လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​နေ​ထိုင် ရာ​သတ်​မှတ်​ထား​သော​မြို့​များ​တွင်​မိ​မိ တို့​ရောင်း​ပြီး​သော​အိမ်​များ​ကို​အ​ချိန် မ​ရွေး​ပြန်​၍​ဝယ်​ယူ​ခွင့်​ရှိ​သည်။- \v 33 လေ​ဝိ​အ​နွယ်​ဝင်​တစ်​ဦး​သည်​မိ​မိ​နေ​ထိုင် ရာ​မြို့​တွင် မိ​မိ​၏​အိမ်​ကို​ရောင်း​ပြီး​နောက် ပြန်​၍​မ​ဝယ်​လျှင် ပြန်​လည်​ပေး​အပ်​ခြင်း ဆိုင်​ရာ​နှစ်​၌​ထို​အိမ်​ကို​သူ့​အား​ပြန်​ပေး ရ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဣ​သ​ရေ​လ နိုင်​ငံ​တွင် လေ​ဝိ​မြို့​များ​ကို​လေ​ဝိ​အ​နွယ် ဝင်​တို့​အ​မြဲ​ပိုင်​သော​ကြောင့်​ဖြစ်​သည်။- \v 34 သို့​ရာ​တွင်​လေ​ဝိ​မြို့​ပတ်​ဝန်း​ကျင်​ရှိ​စား ကျက်​ကို​မူ မည်​သည့်​အ​ခါ​မျှ​မ​ရောင်း​ရ။ ထို စား​ကျက်​ကို​လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​စဉ် အ​မြဲ​ပိုင်​၏။ \s1 ဆင်း​ရဲ​သား​တို့​အား​ချေး​ငှား​ခြင်း \p \v 35 သင်​၏​အိမ်​နီး​ချင်း​အ​မျိုး​သား​ချင်း​တစ်​ဦး သည် ဆင်း​ရဲ​နွမ်း​ပါး​၍​အား​ကိုး​ရာ​မဲ့​ဖြစ် နေ​လျှင် သင့်​အိမ်​နီး​ချင်း​အ​ဖြစ်​ဆက်​လက်​၍ အ​သက်​ရှင်​နေ​ထိုင်​နိုင်​စေ​ရန် သူ့​အား​မိ​မိ ၏​သူ​ရင်း​ငှား​ကဲ့​သို့​ထောက်​ပံ့​ရ​မည်။-\x + \xo 25:35 \xt တရား၊ ၁၅:၇-၈။\x* \v 36 ထို​သူ​အား​ငွေ​ချေး​ရာ​၌​အ​တိုး​မ​ယူ​ရ။ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​၍ သူ့​အား​သင် ၏​အိမ်​နီး​ချင်း​အ​ဖြစ်​အ​သက်​ရှင်​နေ​ထိုင် စေ​လော့။- \v 37 သူ့​အား​ချေး​ငွေ​အ​ပေါ်​တွင်​အ​တိုး​မ​ယူ​ရ။ အ​စား​အ​စာ​ကို​အ​မြတ်​တင်​၍​သူ့​အား မ​ရောင်း​ရ။-\x + \xo 25:37 \xt ထွ၊ ၂၂:၂၅။ တရား၊ ၂၃:၁၉-၂၀။\x* \v 38 ဤ​ကား​သင်​တို့​အား​ခါ​နာန်​ပြည်​ကို​ပေး​ရန် နှင့် သင်​တို့​၏​ဘု​ရား​ဖြစ်​ရန် သင်​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​လာ​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​ဖြစ်​၏။ \s1 ကျေး​ကျွန်​များ​အား​လွတ်​မြောက်​စေ​ခြင်း \p \v 39 သင်​၏​အိမ်​နီး​ချင်း​အ​မျိုး​သား​ချင်း​သည် အ​လွန်​ဆင်း​ရဲ​နွမ်း​ပါး​၍​သင့်​ထံ​တွင် မိ​မိ ကိုယ်​ကို​ကျွန်​အ​ဖြစ်​ဖြင့်​ရောင်း​လျှင် သူ့ အား​ကျွန်​ကဲ့​သို့​မ​စေ​ခိုင်း​ရ။-\x + \xo 25:39 \xt ထွ၊ ၂၁:၂-၆။ တရား၊ ၁၅:၁၂-၁၈။\x* \v 40 သူ​သည်​ရှေ့​လာ​မည့်​ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင် ရာ​နှစ်​ရောက်​သည်​အ​ထိ သင့်​ထံ​မှာ​သူ​ရင်း​ငှား အ​ဖြစ်​သင်​၏​အ​မှု​ကို​ထမ်း​စေ​ရ​မည်။- \v 41 ထို​အ​ချိန်​ရောက်​သည့်​အ​ခါ​သူ​နှင့်​သူ​၏​သား သ​မီး​တို့​သည် မိ​မိ​၏​ဆွေ​မျိုး​သား​ချင်း​များ ရှိ​ရာ​ဇာ​တိ​ရပ်​ရွာ​သို့​ပြန်​စေ​ရ​မည်။- \v 42 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ကျွန်​များ​ဖြစ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​၏။ သူ​တို့​ကို​ကျွန် ရောင်း​ကျွန်​ဝယ်​မ​ပြု​ရ။- \v 43 သူ​တို့​အ​ပေါ်​ညှာ​တာ​ထောက်​ထား​သော သ​ဘော​ထား​ရှိ​ရ​မည်။ သင်​တို့​သည် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရိုသေ​ရ​မည်။- \v 44 စေ​ခိုင်း​ရန်​ကျွန်​လို​လျှင်​သင်​တို့​၏​ပတ်​ဝန်း ကျင်​နိုင်​ငံ​များ​မှ​ကျွန်​များ​ကို​ဝယ်​ယူ​လော့။- \v 45 သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား တို့​၏​သား​သ​မီး​များ​ကို​လည်း​ဝယ်​ယူ​နိုင် သည်။ သင်​တို့​၏​ပြည်​တွင်​မွေး​ဖွား​သော​ယင်း က​လေး​များ​ကို​သင်​တို့​ဝယ်​ယူ​နိုင်​သည်။- \v 46 သင်​တို့​၏​သား​သ​မီး​များ​သည်​သူ​တို့​ကို အ​မွေ​အ​ဖြစ်​ဆက်​ခံ​နိုင်​သည်။ သူ​တို့​သည် သင်​တို့​သား​များ​၏​အ​စေ​ကို​တစ်​သက်​လုံး ခံ​စေ​ရ​မည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး သား​ချင်း​တို့​ကို​မူ​ကား​ထောက်​ထား​ညှာ​တာ ရ​မည်။ \p \v 47 အ​ကယ်​၍​ဆင်း​ရဲ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တစ်​ဦး​သည် သင်​တို့​နှင့်​အ​တူ​နေ​ထိုင် သည့်​လူ​မျိုး​ခြား​တစ်​ဦး​သို့​မ​ဟုတ်​သူ​၏ မိ​သား​စု​တစ်​ဦး​ထံ​တွင် မိ​မိ​ကိုယ်​ကို​ကျွန် အ​ဖြစ်​ရောင်း​ခဲ့​သည်​ရှိ​သော်၊- \v 48 သူ့​ကို​ပြန်​၍​ဝယ်​ယူ​နိုင်​ခွင့်​ရှိ​သည်။ သူ​၏​ညီ အစ်​ကို​တစ်​ဦး​က​သော်​လည်း​ကောင်း၊- \v 49 ဦး​ကြီး​ဦး​လေး​က​သော်​လည်း​ကောင်း၊ ညီ​အစ် ကို​ဝမ်း​ကွဲ​က​သော်​လည်း​ကောင်း၊ နီး​စပ်​သူ​ဆွေ​မျိုး တစ်​ဦး​က​သော်​လည်း​ကောင်း​သူ့​အား​ပြန်​၍​ဝယ် ယူ​နိုင်​သည်။ သို့​တည်း​မ​ဟုတ်​သူ​ကိုယ်​တိုင်​ငွေ ကြေး​တတ်​နိုင်​လျှင်​မိ​မိ​ကိုယ်​ကို​ဝယ်​ယူ​နိုင် သည်။- \v 50 မိ​မိ​အား​ဝယ်​ယူ​သူ​နှင့်​ညှိ​နှိုင်း​ပြီး​လျှင် မိ​မိ​ကိုယ်​ကို​မိ​မိ​ရောင်း​သည့်​နှစ်​မှ​အ​စ ပြု​၍ ရှေ့​လာ​မည့်​ပြန်​လည်​ပေး​အပ်​ခြင်း ဆိုင်​ရာ​နှစ်​အ​ထိ မိ​မိ​ရ​မည့်​သူ​ရင်း​ငှား​ခ အ​ပေါ်​မူ​တည်​၍​အ​ဖိုး​အ​ခ​ကို​သတ်​မှတ် ရ​မည်။- \v 51-53 မိ​မိ​အား​တစ်​နှစ်​ပြီး​တစ်​နှစ်​ခန့်​သည့်​အ​နေ ဖြင့် ကျန်​သေး​သော​နှစ်​များ​ကို​တွက်​၍ မိ​မိ​ကိုယ် ကို​ရောင်း​သည့်​တန်​ဖိုး​၏​တစ်​စိတ်​တစ်​ဒေ​သ ကို​ပြန်​အမ်း​ရ​မည်။ သူ့​သ​ခင်​သည်​သူ့​အ​ပေါ် ညှာ​တာ​သော​သ​ဘော​ထား​ရှိ​ရ​မည်။- \v 54 သူ​သည်​နည်း​တစ်​နည်း​နည်း​ဖြင့် ကျွန်​ဘ​ဝ​မှ မ​လွတ်​မြောက်​ခဲ့​လျှင် ရှေ့​လာ​မည့်​ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​နှစ်​၌ သူ​နှင့်​သူ​၏​သား​သ​မီး တို့​လွတ်​မြောက်​ခွင့်​ရ​ရှိ​စေ​ရ​မည်။- \v 55 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​၏​ကျွန်​များ​ဖြစ်​ခြင်း​ကြောင့်​ရာ​သက်​ပန် လူ​၏​ကျွန်​မ​ဖြစ်​စေ​ရ။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော် မူ​ခဲ့​၏။ ကိုယ်​တော်​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ \c 26 \s1 နာ​ခံ​ခြင်း​အ​တွက်​ကောင်း​ချီး​မင်္ဂ​လာ \r (တရား၊ ၇:၁၂-၂၄၊ ၂၈:၁-၁၄) \p \v 1 ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ရုပ်​တု​များ၊ ကျောက်​တိုင်​များ၊ ကျောက်​ရုပ်​များ​ကို​ထု​လုပ် ၍​မ​ကိုး​ကွယ်​ရ။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။-\x + \xo 26:1 \xt ဝတ်၊ ၁၉:၄။ ထွ၊ ၂၀:၄။ တရား၊ ၅:၈၊ ၁၆:၂၁-၂၂၊ ၂၇:၁။\x* \v 2 ဘာ​သာ​ရေး​ပွဲ​တော်​များ​ကို​ကျင်း​ပ​၍ ငါ့ အား​ကိုး​ကွယ်​ရာ​ဌာ​န​တော်​ကို​ရို​သေ​ရ မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။'' \p \v 3 ``သင်​တို့​သည်​ငါ​၏​ပ​ညတ်​များ​ကို​စောင့်​ထိန်း​၍ ငါ​၏​အ​မိန့်​များ​ကို​နာ​ခံ​လျှင်၊-\x + \xo 26:3 \xt တရား၊ ၁၁:၁၃-၁၅၊ ၂၈:၁-၁၄။\x* \v 4 ငါ​သည်​အ​ချိန်​တန်​သော​အ​ခါ​မိုး​ကို​ရွာ​စေ သ​ဖြင့် လယ်​များ​မှ​အ​သီး​အ​နှံ​ထွက်​လျက် သစ်​သီး​ပင်​များ​မှ​အ​သီး​သီး​ကြ​လိမ့်​မည်။- \v 5 အ​သီး​အ​နှံ​များ​လှိုင်​လှိုင်​ထွက်​သ​ဖြင့် သင်​တို့ သည်​စ​ပါး​ရိတ်​သိမ်း​၍​မ​ပြီး​ပြတ်​မီ စ​ပျစ်​သီး စု​သိမ်း​ချိန်​ရောက်​လိမ့်​မည်။ စ​ပျစ်​သီး​စု​သိမ်း​၍ မ​ပြီး​ပြတ်​မီ​စ​ပါး​စိုက်​ပျိုး​ချိန်​ရောက်​လိမ့်​မည်။ သင်​တို့​သည်​ဝ​စွာ​စား​ရ​၍​ဘေး​ကင်း​လုံ​ခြုံ စွာ​နေ​ထိုင်​ရ​လိမ့်​မည်။ \p \v 6 ``ငါ​သည်​သင်​တို့​၏​ပြည်​ကို​အေး​ချမ်း​သာ​ယာ စေ​သ​ဖြင့် သင်​တို့​သည်​ည​အ​ခါ​ဘေး​ရန်​အ​တွက် စိုး​ရိမ်​ကြောင့်​ကြ​မှု​မ​ရှိ​ဘဲ​အိပ်​ရ​လိမ့်​မည်။ ငါ သည်​သင်​တို့​ပြည်​မှ​သား​ရဲ​များ​ကို​ဖယ်​ရှား​မည်။ စစ်​ဘေး​စစ်​ဒဏ်​ကို​နောက်​တစ်​ဖန်​မ​ခံ​စား​စေ​ရ။- \v 7 သင်​တို့​သည်​ရန်​သူ​များ​ကို​နှိမ်​နင်း​အောင်​မြင် ရ​လိမ့်​မည်။- \v 8 သင်​တို့​ဘက်​မှ​လူ​ငါး​ယောက်​သည်​ရန်​သူ​တစ်​ရာ ကို​လည်း​ကောင်း၊ သင်​တို့​ဘက်​မှ​လူ​တစ်​ရာ​သည် ရန်​သူ​တစ်​ထောင်​ကို​လည်း​ကောင်း နှိမ်​နင်း​အောင် မြင်​လိမ့်​မည်။- \v 9 ငါ​သည်​သင်​တို့​ကို​ကောင်း​ချီး​ပေး​သ​ဖြင့် သင် တို့​တွင်​သား​သ​မီး​မြောက်​မြား​စွာ​ထွန်း​ကား လိမ့်​မည်။ သင်​တို့​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ် ကို​ငါ​တည်​စေ​မည်။- \v 10 သင်​တို့​၏​သီး​နှံ​အ​ထွက်​တိုး​သ​ဖြင့် တစ်​နှစ် စာ​အ​တွက်​ဖူ​လုံ​ရုံ​မျှ​မ​က​သင်​တို့​သည် စ​ပါး​သစ်​ကို​သို​လှောင်​နိုင်​ရန်​လက်​ကျန် စ​ပါး​ဟောင်း​ကို​ပင်​စွန့်​ပစ်​ရ​လိမ့်​မည်။- \v 11 ငါ​သည်​တဲ​တော်​တွင်​ကိန်း​ဝပ်​သ​ဖြင့် သင်​တို့ နှင့်​အ​တူ​ရှိ​နေ​မည်။ သင်​တို့​ကို​မည်​သည့်​အ​ခါ မျှ​စွန့်​ပစ်​တော်​မ​မူ။- \v 12 ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​မည်။ ငါ​သည်​သင် တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​၍ သင်​တို့​သည်​လည်း ငါ​၏​လူ​မျိုး​တော်​ဖြစ်​လိမ့်​မည်။-\x + \xo 26:12 \xt ၂ကော၊ ၆:၁၆။\x* \v 13 ငါ​သည်​သင်​တို့​အား​ကျွန်​ဘ​ဝ​မှ​လွတ်​မြောက် စေ​ရန် အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​၏။ ငါ​သည်​သင်​တို့​၏​ထမ်း​ပိုး​ကို​ချိုး​၍​သင် တို့​အား​မတ်​မတ်​လျှောက်​စေ​ပြီ'' ဟု​မိန့်​တော် မူ​၏။ \s1 မ​နာ​ခံ​ခြင်း​အ​တွက်​အ​ပြစ်​ဒဏ် \r (တ​ရား၊ ၂၈:၁၅-၆၈) \p \v 14 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ငါ ၏​ပ​ညတ်​များ​ကို​မ​စောင့်​ထိန်း​လျှင်​အ​ပြစ် ဒဏ်​ခံ​ရ​ကြ​မည်။-\x + \xo 26:14 \xt တရား၊ ၂၈:၁၅-၆၈။\x* \v 15 သင်​တို့​သည်​ငါ​၏​ပ​ညတ်​နှင့်​အ​မိန့်​တော်​များ ကို​မ​နာ​ခံ​ဘဲ သင်​တို့​နှင့်​ငါ​ပြု​သော​ပ​ဋိ​ညာဉ် ကို​ချိုး​ဖောက်​လျှင်၊- \v 16 ငါ​သည်​သင်​တို့​အား​ဒဏ်​ခတ်​မည်။ ကု​သ​၍​မ​ရ နိုင်​သော​ရော​ဂါ​ဝေ​ဒ​နာ​ကို​လည်း​ကောင်း၊ မျက်​စိ ကွယ်​ခြင်း၊ အား​အင်​ကုန်​ခန်း​ခြင်း​ကို​ဖြစ်​စေ သော​ရော​ဂါ​ဝေ​ဒ​နာ​ကို​လည်း​ကောင်း သင်​တို့ အား​ခံ​စား​စေ​မည်။ သင်​တို့​သည်​အ​သီး​အ​နှံ များ​ကို​စိုက်​ပျိုး​သော်​လည်း အ​ကျိုး​ကျေး​ဇူး ခံ​စား​ရ​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​၏​ရန်​သူ​များ​သည် သင်​တို့​ကို​တိုက် ခိုက်​အောင်​မြင်​၍​သင်​တို့​စိုက်​ပျိုး​သော အ​သီး​အ​နှံ​များ​ကို​စား​ကြ​မည်​ဖြစ် သော​ကြောင့်​တည်း။- \v 17 ငါ​သည်​သင်​တို့​တစ်​ဘက်​၌​ရှိ​သ​ဖြင့် သင်​တို့ သည်​စစ်​ရှုံး​၍​ရန်​သူ​၏​အုပ်​စိုး​ခြင်း​ကို​ခံ​ရ လိမ့်​မည်။ သင်​တို့​သည်​အ​လွန်​ထိတ်​လန့်​သ​ဖြင့် လိုက်​သူ​မ​ရှိ​ဘဲ​နှင့်​ပြေး​ရ​ကြ​လိမ့်​မည်။ \p \v 18 ``သင်​တို့​သည်​ထို​မျှ​လောက်​သော​ဒဏ်​ကို​ခံ​ရ လျက်​နှင့် ငါ​၏​ပ​ညတ်​တို့​ကို​မ​စောင့်​ထိန်း​ဘဲ နေ​သေး​လျှင် ငါ​သည်​သင်​တို့​အား​အ​ပြစ် ဒဏ်​ကို​ခု​နစ်​ဆ​တိုး​၍​ခံ​စေ​မည်။- \v 19 သင်​တို့​၏​မာန်​စွယ်​ကို​ငါ​ချိုး​မည်။ သင်​တို့ ပြည်​တွင်​မိုး​မ​ရွာ​သ​ဖြင့် မြေ​ကြီး​သည် ခြောက်​သွေ့​၍​သံ​ကဲ့​သို့​မာ​ကြော​လိမ့်​မည်။- \v 20 သင်​တို့​၏​မြေ​မှ​အ​သီး​အ​နှံ​မ​ထွက်၊ သစ်​သီး အ​ပင်​များ​မှ​အ​သီး​မ​သီး​သ​ဖြင့် သင်​တို့​ကြိုး ပမ်း​လုပ်​ကိုင်​သ​မျှ​တို့​သည်​အ​ချည်း​နှီး​သက် သက်​ဖြစ်​ရ​လိမ့်​မည်။ \p \v 21 ``သင်​တို့​သည်​ငါ့​ကို​အာ​ခံ​၍ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သေး​လျှင် ငါ​သည်​အ​ပြစ် ဒဏ်​ကို​ခု​နစ်​ဆ​ထပ်​မံ​တိုး​၍​ခံ​စေ​မည်။- \v 22 ငါ​သည်​သင်​တို့​ရှိ​ရာ​သို့​သား​ရဲ​များ​ကို​စေ လွှတ်​၍ သင်​တို့​၏​သား​သ​မီး​များ၊ သိုး​နွား များ​ကို​ကိုက်​သတ်​စေ​မည်။ လူ​ဦး​ရေ​လျော့ နည်း​လာ​သော​ကြောင့် လမ်း​များ​ပေါ်​တွင် သွား​လာ​သူ​ကင်း​မဲ့​လျက်​ရှိ​လိမ့်​မည်။ \p \v 23 ``သင်​တို့​သည်​ထို​မျှ​လောက်​သော​ဒဏ်​ကို​ခံ ပြီး​နောက် ငါ့​ကို​ဆက်​လက်​အာ​ခံ​၍​ငါ​၏ စ​ကား​ကို​နား​မ​ထောင်​ဘဲ​နေ​သေး​လျှင်၊- \v 24 ငါ​သည်​သင်​တို့​တစ်​ဘက်​၌​နေ​၍​အ​ပြစ်​ဒဏ် ကို ယ​ခင်​က​ထက်​ခု​နစ်​ဆ​တိုး​၍​ခံ​စေ​မည်။- \v 25 သင်​တို့​သည်​ငါ​၏​ပ​ဋိ​ညာဉ်​ကို​ဖောက်​ဖျက် သည့်​အ​တွက် သင်​တို့​အား​စစ်​ဘေး​စစ်​ဒဏ်​သင့် စေ​မည်။ ထို​အ​ခါ​သင်​တို့​သည်​မြို့​များ​သို့​ပြေး ၍​ခို​လှုံ​ကြ​လျှင် ငါ​သည်​သင်​တို့​တွင်​ကု​သ​၍ မ​ရ​နိုင်​သော​ရော​ဂါ​ကပ်​ဆိုက်​ရောက်​စေ​သ​ဖြင့် သင်​တို့​သည်​ရန်​သူ​တို့​လက်​တွင်း​သို့​ကျ​ရောက် လိမ့်​မည်။- \v 26 ငါ​သည်​စား​နပ်​ရိက္ခာ​ကို​ရှား​ပါး​စေ​သ​ဖြင့် အိမ် ရှင်​မ​ဆယ်​ယောက်​ဖုတ်​ရ​မည့်​မုန့်​အ​ရေ​အ​တွက် မှာ အိမ်​ရှင်​မ​တစ်​ဦး​၏​ဖို​တွင်​ဖုတ်​နိုင်​မည့်​မုန့် အ​ရေ​အ​တွက်​မျှ​သာ​ရှိ​မည်။ သင်​တို့​သည်​ထို မုန့်​ကို​ခွဲ​တမ်း​ချ​၍​မ​လောက်​မ​င​ဝေ​မျှ​စား ရ​လိမ့်​မည်။ \p \v 27 ``သင်​တို့​သည်​ထို​မျှ​လောက်​သော​ဒဏ်​ကို​ခံ​ရ ပြီး​နောက် ငါ့​ကို​ဆက်​လက်​အာ​ခံ​၍​ငါ့​စ​ကား ကို​နား​မ​ထောင်​ဘဲ​နေ​သေး​လျှင်၊- \v 28 ငါ​သည်​အ​မျက်​ထွက်​၍​သင်​တို့​တစ်​ဘက်​၌​နေ လျက် အ​ပြစ်​ဒဏ်​ကို​ယ​ခင်​က​ထက်​ခု​နစ်​ဆ တိုး​၍​ခံ​စေ​မည်။- \v 29 သင်​တို့​သည်​ဆာ​လောင်​မွတ်​သိပ်​လှ​သ​ဖြင့် ကိုယ် သား​သ​မီး​တို့​၏​အ​သား​ကို​စား​ရ​ကြ​လိမ့် မည်။- \v 30 ငါ​သည်​တောင်​ကုန်း​များ​ပေါ်​တွင်​ရှိ​သော​သင် တို့​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​ဖျက်​ဆီး ၍ နံ့​သာ​ပေါင်း​ပူ​ဇော်​ရာ​ပလ္လင်​ကို​ဖြို​ဖျက်​မည်။ သင်​တို့​၏​အ​လောင်း​များ​ကို​ပြို​ကျ​သော​ရုပ်​တု များ​အ​ပေါ်​တွင်​ပစ်​ချ​မည်။ ငါ​သည်​သင်​တို့ ကို​စက်​ဆုပ်​ရွံ​ရှာ​သ​ဖြင့်၊- \v 31 သင်​တို့​၏​မြို့​များ​ကို​ဖြို​ဖျက်​၍ သင်​တို့​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဌာန​များ​ကို​ပျက်​စီး​စေ​မည်။ သင် တို့​၏​ယဇ်​ပူ​ဇော်​ခြင်း​ကို​ငါ​လက်​မ​ခံ။- \v 32 ငါ​သည်​သင်​တို့​၏​ပြည်​ကို​လုံး​ဝ​ဖျက်​ဆီး​ပစ် သ​ဖြင့် သင်​တို့​၏​ပြည်​ကို​သိမ်း​ပိုက်​သော​ရန်​သူ တို့​ပင်​လျှင်​ထိတ်​လန့်​ကြ​လိမ့်​မည်။- \v 33 ငါ​သည်​သင်​တို့​ကို​စစ်​ဘေး​စစ်​ဒဏ်​သင့်​စေ​ပြီး လျှင် သင်​တို့​အား​အ​ခြား​နိုင်​ငံ​များ​သို့​ပြန့်​နှံ့ နေ​ထိုင်​စေ​မည်။ သင်​တို့​၏​ပြည်​သည်​လူ​သူ ကင်း​မဲ့​၍ သင်​တို့​၏​မြို့​များ​သည်​လည်း​ပျက်​စီး ယို​ယွင်း​လိမ့်​မည်။- \v 34-35 ထို​အ​ခါ​သင်​တို့​ယ​ခင်​က​အ​နား​မ​ပေး​ခဲ့ သော​မြေ​သည် ယ​ခု​အ​နား​ရ​လိမ့်​မည်။ သင်​တို့ သည်​ရန်​သူ​၏​နိုင်​ငံ​တွင်​နေ​ထိုင်​ရ​စဉ် သင်​တို့ ၏​ပြည်​သည်​လူ​သူ​ကင်း​မဲ့​မည်​ဖြစ်​၍​အ​နား ရ​လိမ့်​မည်။ \p \v 36 ``သင်​တို့​သည်​နိုင်​ငံ​ရပ်​ခြား​သို့​ရောက်​ရှိ​နေ​ထိုင် ရ​စဉ် လေ​တိုက်​ခတ်​သော​သစ်​ရွက်​သံ​ကို​ကြား​ရုံ မျှ​ဖြင့်​ကြောက်​လန့်​ထွက်​ပြေး​ရ​လိမ့်​မည်။ သင်​တို့ သည်​စစ်​ပွဲ​၌​ရန်​သူ​လိုက်​၍​ပြေး​ရ​ဘိ​သ​ကဲ့ သို့​ပြေး​ရ​လိမ့်​မည်။ အ​နီး​တွင်​ရန်​သူ​မ​ရှိ​ဘဲ လဲ​ကျ​လိမ့်​မည်။- \v 37 လိုက်​လံ​သူ​မ​ရှိ​ဘဲ​တစ်​ဦး​ကို​တစ်​ဦး​တိုက် မိ​၍​လဲ​ကျ​လိမ့်​မည်။ မည်​သည့်​ရန်​သူ​ကို​မျှ ခု​ခံ​တိုက်​ခိုက်​နိုင်​လိမ့်​မည်​မ​ဟုတ်။- \v 38 သင်​တို့​သည်​နိုင်​ငံ​ရပ်​ခြား​တွင်​သေ​ကျေ ပျက်​စီး​ရ​လိမ့်​မည်။- \v 39 ရန်​သူ​၏​နိုင်​ငံ​တွင်​သင်​တို့​၏​အ​မျိုး​ပြုန်း​လိမ့် မည်။ ထို​နိုင်​ငံ​တွင်​သင်​တို့​အ​နက်​ကျန်​ကြွင်း​သူ အ​နည်း​ငယ်​တို့​သည်​သင်​တို့​အ​ပြစ်​ကြောင့် လည်း​ကောင်း၊ သင်​တို့​ဘိုး​ဘေး​တို့​၏​အ​ပြစ် ကြောင့်​လည်း​ကောင်း​တိမ်​ကော​ပျက်​စီး​ရ​ကြ လိမ့်​မည်။ \p \v 40 ``သို့​ရာ​တွင်​သင်​တို့​၏​အ​ဆက်​အ​နွယ်​များ သည် သူ​တို့​၏​အ​ပြစ်​နှင့်​ဘိုး​ဘေး​တို့​၏​အ​ပြစ် များ​ကို​ဝန်​ချ​တောင်း​ပန်​ကြ​လိမ့်​မည်။ သူ​တို့ ၏​ဘိုး​ဘေး​များ​သည်​ငါ့​ကို​ဆန့်​ကျင်​၍​ပုန် ကန်​သ​ဖြင့်၊- \v 41 ငါ​သည်​အ​မျက်​ထွက်​၍​သူ​တို့​ကို​ပြည်​နှင်​ဒဏ် ပေး​ခဲ့​၏။ နောက်​ဆုံး​၌​သင်​တို့​၏​အ​ဆက်​အ​နွယ် များ​သည်​မာန်​စွယ်​ကျိုး​၍ မိ​မိ​တို့​၏​အ​ပြစ် နှင့်​ပုန်​ကန်​မှု​အ​တွက်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ ပြီး​သော​အ​ခါ၊- \v 42 ငါ​သည်​ယာ​ကုပ်၊ ဣဇက်၊ အာ​ဗြ​ဟံ​တို့​နှင့်​ပြု ခဲ့​သော​ပ​ဋိ​ညာဉ်​ကို​သ​တိ​ရ​၍ ထို​ပ​ဋိ​ညာဉ် အ​တိုင်း​ငါ​၏​လူ​မျိုး​တော်​အား​ခါ​နာန်​ပြည် ကို​ပေး​တော်​မူ​၏။-\x + \xo 26:42 \xt က၊ ၁၇:၇-၈၊ ၂၆:၃-၄၊ ၂၈:၁၃-၁၄။\x* \v 43 သို့​ရာ​တွင်​ပ​ထ​မ​ဦး​စွာ​တိုင်း​ပြည်​သည်​အ​နား ရ​စေ​ရန် ပြည်​သူ​တို့​ကို​ဖယ်​ရှား​ရ​မည်။ ငါ​၏ ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​များ​ကို​ပစ် ပယ်​သည့်​အ​တွက် ပြည်​သူ​တို့​သည်​အ​ပြစ်​ဒဏ် ခံ​ရ​မည်။- \v 44 သို့​ရာ​တွင်​ယင်း​သို့​ဖြစ်​စေ​ကာ​မူ​သူ​တို့​သည် ရန်​သူ​၏​ပြည်​တွင်​နေ​ထိုင်​ရ​စဉ် ငါ​သည်​သူ​တို့ ကို​အ​ပြီး​အ​ပိုင်​စွန့်​ပစ်​မည်​မ​ဟုတ်။ ဖျက်​ဆီး ပစ်​မည်​လည်း​မ​ဟုတ်။ အ​ကယ်​၍​ငါ​သည်​သင် တို့​ကို​အ​ပြီး​အ​ပိုင်​စွန့်​ပစ်​ပါ​မူ ငါ​နှင့်​သူ​တို့ ပြု​သော​ပ​ဋိ​ညာဉ်​သည်​ပျက်​ပြယ်​လိမ့်​မည်။ ငါ သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။- \v 45 ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​လူ​မျိုး​တော်​၏ ဘု​ရား​ဖြစ်​အံ့​သော​ငှာ သူ​တို့​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​ခြင်း​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​အား ငါ​၏​တန်​ခိုး​ကို​ဖော်​ပြ​စဉ်​အ​ခါ​က သူ​တို့ ၏​ဘိုး​ဘေး​များ​နှင့်​ပြု​ခဲ့​သော​ပ​ဋိ​ညာဉ်​ကို အောက်​မေ့​သ​တိ​ရ​တော်​မူ​မည်'' ဟု မိန့်​တော် မူ​၏။ \p \v 46 ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​က​သိ​နာ​တောင်​ပေါ် တွင် မော​ရှေ​မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ပေး​အပ်​သော​ပ​ညတ်​တော်​များ နှင့်​ပြ​ဋ္ဌာန်း​ချက်​များ​ဖြစ်​သ​တည်း။ \b \c 27 \s1 ထာ​ဝ​ရ​ဘု​ရား​အား​လှူ​ဖွယ်​ပစ္စည်း​ဆိုင်​ရာ ပ​ညတ်​များ \p \v 1-2 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ ရေ​လ​အ​မျိုး​သား​တို့ စောင့်​ထိန်း​ရန်​ပေး​အပ် သည့်​ပြ​ဋ္ဌာန်း​ချက်​များ​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​သည်။ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ထာ​ဝ​ရ ဘု​ရား​အား​က​တိ​သစ္စာ​ပြု​၍ မိ​မိ​ကိုယ်​ကို ဆက်​ကပ်​ပူ​ဇော်​လျှင် သူ​သည်​အောက်​တွင်​ဖော် ပြ​ပါ​ငွေ​များ​ကို၊- \v 3-7 ကျပ်​စံ​တော်​အ​ရ​ပေး​ဆောင်​၍ မိ​မိ​ကိုယ်​ကို ရွေး​ယူ​နိုင်​သည်။ \q1 -အ​သက်​နှစ်​ဆယ်​မှ​ခြောက်​ဆယ်​အ​ရွယ်​အ​ထိ ယောကျာ်း​ဖြစ်​လျှင်​ငွေ​သား​ငါး​ဆယ်​ကျပ် \q1 -မိန်း​မ​ဖြစ်​လျှင်​ငွေ​သား​သုံး​ဆယ်​ကျပ် \q1 -အ​သက်​ငါး​နှစ်​မှ​နှစ်​ဆယ်​အ​ရွယ်​အ​ထိ ယောကျာ်း​ဖြစ်​လျှင်​ငွေ​သား​နှစ်​ဆယ်​ကျပ် \q1 -မိန်း​မ​ဖြစ်​လျှင်​ငွေ​သား​တစ်​ဆယ်​ကျပ် \q1 -အ​သက်​ငါး​နှစ်​အောက်​ယောကျာ်း​က​လေး​ဖြစ်​လျှင် ငွေ​သား​ငါး​ကျပ် \q1 -အ​သက်​ငါး​နှစ်​အောက်​မိန်း​က​လေး​ဖြစ်​လျှင် ငွေ​သား​သုံး​ကျပ် \q1 -အ​သက်​ခြောက်​ဆယ်​ကျော်​ယောကျာ်း​ဖြစ်​လျှင် ငွေ​သား​တစ်​ဆယ့်​ငါး​ကျပ် \q1 -အ​သက်​ခြောက်​ဆယ်​ကျော်​မိန်း​မ​ဖြစ်​လျှင် ငွေ​သား​တစ်​ဆယ်​ကျပ် \p \v 8 က​တိ​သစ္စာ​ပြု​၍​မိ​မိ​ကိုယ်​မိ​မိ​ဆက်​ကပ် ပူ​ဇော်​သော​သူ​သည် သတ်​မှတ်​ထား​သော​ငွေ​ကို မ​ပေး​နိုင်​လျှင် သူ့​ကို​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​ထို သူ​ပေး​ဆောင်​နိုင်​စွမ်း​ရှိ​သည့်​အ​တိုင်း တန်​ဖိုး ငွေ​ကို​လျော့​၍​သတ်​မှတ်​ရ​မည်။ \p \v 9 ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန် သင့်​တော်​သည့် တိ​ရစ္ဆာန်​ကို​ဆက်​သ​မည်​ဟု​သစ္စာ​က​တိ​ပြု ထား​လျှင် ထို​သို့​သော​ယဇ်​ကောင်​သည်​သန့်​ရှင်း သည်​ဖြစ်​၍၊- \v 10 က​တိ​သစ္စာ​ပြု​သူ​သည် အ​ခြား​တိ​ရစ္ဆာန်​ကို အ​စား​ထိုး​၍​မ​ဆက်​သ​ရ။ သူ​သည်​အ​ခြား တိ​ရစ္ဆာန်​ကို​အ​စား​ထိုး​ဆက်​သ​လျှင် ယဇ် ကောင်​နှစ်​ကောင်​စ​လုံး​သည်​ထာ​ဝ​ရ​ဘု​ရား နှင့်​ဆိုင်​၏။- \v 11 ဆက်​သ​ရန်​ကတိ​သစ္စာ​ပြု​ထား​သော​တိ​ရစ္ဆာန် သည် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင် လျှင် ထာ​ဝ​ရ​ဘု​ရား​အား​မ​ပူ​ဇော်​အပ်။ သူ​သည်​တိ​ရစ္ဆာန်​ကို​ယဇ်​ပု​ရော​ဟိတ်​ထံ သို့​ယူ​ဆောင်​ခဲ့​ရ​မည်။- \v 12 ယဇ်​ပု​ရော​ဟိတ်​သည်​တိ​ရစ္ဆာန်​ကို​စစ်​ဆေး​၍ တန်​ဖိုး​ကို​သတ်​မှတ်​ရ​မည်။ ထို​သို့​သတ်​မှတ် သော​တန်​ဖိုး​သည်​အ​တည်​ဖြစ်​စေ​ရ​မည်။- \v 13 ထို​သူ​သည်​တိ​ရစ္ဆာန်​ကို​ပြန်​ဝယ်​ယူ​လို​လျှင် တန်​ဖိုး​အ​ပြင်​နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​ထပ်​ဆောင်း ၍​ပေး​ရ​မည်။ \p \v 14 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ထာ​ဝ​ရ ဘုရား​အား​မိ​မိ​အိမ်​ကို​ပူ​ဇော်​ဆက်​သ​သည့် အ​ခါ ယဇ်​ပု​ရော​ဟိတ်​သည်​အိမ်​၏​အ​ခြေ အ​နေ​ကို​စစ်​ဆေး​၍ တန်​ဖိုး​ကို​သတ်​မှတ် ရ​မည်။ ထို​သို့​သတ်​မှတ်​သော​တန်​ဖိုး​သည် အ​တည်​ဖြစ်​စေ​ရ​မည်။- \v 15 မိ​မိ​အိမ်​ကို​ပူ​ဇော်​ဆက်​သ​သော​သူ​သည် အိမ်​ကို​ပြန်​ဝယ်​ယူ​လို​လျှင် တန်​ဖိုး​အ​ပြင် နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​ထပ်​ဆောင်း​၍​ပေး​ရ မည်။ \p \v 16 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မိ​မိ​၏​မြေ​ယာ တစ်​စိတ်​တစ်​ဒေ​သ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ ဇော်​ဆက်​သ​လျှင် ယဇ်​ပု​ရော​ဟိတ်​သည်​ထို​မြေ ကွက်​တွင်​စိုက်​ပျိုး​နိုင်​သော မျိုး​စေ့​အ​နည်း​အ​များ အ​လိုက်​တန်​ဖိုး​ကို​ဖြတ်​ရ​မည်။ မု​ယော​စ​ပါး မျိုး​စေ့​တစ်​တင်း​စိုက်​ရ​သော​မြေ​ကွက်​ကို ငွေ သား​တစ်​ဆယ်​နှုန်း​ဖြင့်​တန်​ဖိုး​ဖြတ်​ရ​မည်။- \v 17 ထို​သူ​သည်​မိ​မိ​၏​မြေ​ယာ​ကို ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​နှစ်​ကုန်​ဆုံး​ချိန်​၌​ပူ​ဇော် ဆက်​သ​လျှင် တန်​ဖိုး​အ​ပြည့်​ပေး​ဆောင်​ရ မည်။- \v 18 သူ​သည်​မြေ​ယာ​ကို​ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင် ရာ​နှစ်​ကုန်​ဆုံး​ပြီး​နောက် တစ်​ချိန်​ချိန်​၌​ပူ​ဇော် ဆက်​သ​လျှင် ယဇ်​ပု​ရော​ဟိတ်​သည်​ရှေ့​လာ​မည့် ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ်​အ​ထိ ကျန် ရှိ​နေ​သေး​သော​နှစ်​အ​ရေ​အ​တွက်​အ​လိုက် တန်​ဖိုး​ငွေ​ကို​လျှော့​၍​သတ်​မှတ်​ရ​မည်။- \v 19 ထို​သူ​သည်​မြေ​ယာ​ကို​ပြန်​ဝယ်​ယူ​လို​လျှင် တန်​ဖိုး​အ​ပြင် နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​ထပ်​ဆောင်း ၍​ပေး​ရ​မည်။- \v 20 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​မြေ​ယာ ကို​ပြန်​၍ ဦး​စွာ​မ​ဝယ်​ယူ​ဘဲ​လူ​တစ်​ဦး​ထံ ရောင်း​ချ​ခဲ့​လျှင်​သူ​သည်​မြေ​ယာ​ကို​ပြန်​ဝယ် ယူ​ခွင့်​မ​ရှိ​စေ​ရ။- \v 21 ရှေ့​လာ​မည့်​ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ် ကျ​ရောက်​သည့်​အ​ခါ​ထို​မြေ​ယာ​သည်​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ဆက်​သ​ထား​သော​မြေ ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​အ​မြဲ​ပိုင်​တော်​မူ​၏။ သို့ ဖြစ်​၍​ထို​မြေ​သည်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် ဆိုင်​သည်။ \p \v 22 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မိ​မိ​ယူ​ထား သော​လယ်​မြေ​ကို​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် ဆက်​သ​လျှင်၊- \v 23 ယဇ်​ပု​ရော​ဟိတ်​သည် ရှေ့​လာ​မည့်​ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​နှစ်​အ​ထိ ကျန်​ရှိ​နေ​သေး သော​နှစ်​များ​ကို​ရေ​တွက်​၍ လယ်​မြေ​၏​တန်​ဖိုး ကို​သတ်​မှတ်​ရ​မည်။ ထို​သူ​သည်​လယ်​မြေ​၏ တန်​ဖိုး​ကို ထို​နေ့​၌​ပင်​ပေး​ဆောင်​ရ​မည်။ ထို ငွေ​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​ဆိုင်​သည်။- \v 24 ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ်​ကျ​ရောက် သည့်​အ​ခါ ထို​လယ်​မြေ​ကို​မူ​လ​ပိုင်​ရှင်​သို့ မ​ဟုတ်​သူ​၏​အ​ဆက်​အ​နွယ်​များ​လက်​သို့ ပြန်​လည်​ပေး​အပ်​ရ​မည်။ \p \v 25 တန်​ဖိုး​ငွေ​များ​ကို ကျပ်​ချိန်​တော်​အ​ရ​သတ် မှတ်​ရ​မည်။ \p \v 26 နွား​ဦး​ပေါက်​ဖြစ်​စေ၊ သိုး​ဦး​ပေါက်​ဖြစ်​စေ၊ ဆိတ်​ဦး​ပေါက်​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် သာ​ဆိုင်​သော​ကြောင့် မည်​သူ​မျှ​ယင်း​တို့​ကို စေ​တ​နာ​အ​လျောက်​ပူ​ဇော်​သ​ကာ​အ​ဖြစ် ထာ​ဝ​ရ​ဘု​ရား​အား​မ​ဆက်​သ​ရ။- \v 27 သို့​ရာ​တွင်​မ​သန့်​စင်​သော​တိ​ရစ္ဆာန်​၏​သား ဦး​ပေါက်​ကို​မူ​ကား ကျပ်​ချိန်​တော်​အ​ရ တန်​ဖိုး​အ​ပြင်​နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​ထပ် ဆောင်း​၍​ပြန်​ဝယ်​ယူ​ရ​မည်။ အ​ကယ်​၍​ထို တိ​ရစ္ဆာန်​ကို​ပြန်​၍​မ​ဝယ်​ယူ​လို​လျှင် အ​ခြား သူ​တစ်​ယောက်​အား​ကျပ်​ချိန်​တော်​အ​ရ တန်​ဖိုး​ဖြင့်​ရောင်း​ရ​မည်။ \p \v 28 ထာ​ဝ​ရ​ဘု​ရား​အား အ​ပြီး​အ​ပိုင်​လုံး​ဝ ပူ​ဇော်​ဆက်​သ​ထား​သော​လူ​ကို​ဖြစ်​စေ၊ တိ​ရစ္ဆာန်​ကို​ဖြစ်​စေ၊ မြေ​ယာ​ကို​ဖြစ်​စေ မ​ရောင်း​မ​ဝယ်​ရ။ ထို​ကဲ့​သို့​ပူ​ဇော်​ဆက်​သ ထား​သ​မျှ​ကို​ထာ​ဝ​ရ​ဘု​ရား​အ​မြဲ ပိုင်​၏။-\x + \xo 27:28 \xt တော၊ ၁၈:၁၄။\x* \v 29 ယင်း​ကဲ့​သို့​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော် ဆက်​သ​ထား​သော​လူ​ကို​ပင်​ပြန်​၍​မ​ရွေး ယူ​ရ။ သူ့​ကို​အ​ဆုံး​စီ​ရင်​ရ​မည်။ \p \v 30 မြေ​ယာ​မှ​ထွက်​သော​အ​သီး​အ​နှံ သို့​မ​ဟုတ် သစ်​သီး​ဆယ်​ပုံ​တစ်​ပုံ​သည် ထာ​ဝ​ရ​ဘု​ရား နှင့်​ဆိုင်​၏။-\x + \xo 27:30 \xt တော၊ ၁၈:၂၁။ တရား၊ ၁၄:၂၂-၂၉။\x* \v 31 တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ထို​အ​သီး အ​နှံ​ကို​ပြန်​၍​ဝယ်​ယူ​လို​လျှင် စံ​ချိန်​တော် အ​ရ​တန်​ဖိုး​အ​ပြင်​နှစ်​ဆယ်​ရာ​ခိုင်​နှုန်း ထပ်​ဆောင်း​၍​ဝယ်​ယူ​ရ​မည်။- \v 32 မွေး​မြူ​ထား​သော​နွား၊ သိုး၊ ဆိတ်၊ တို့​ကို​ရေ​တွက် လော့။ ယင်း​တို့​အ​နက်​ဆယ်​ကောင်​လျှင်​တစ် ကောင်​ကျ​ထာ​ဝ​ရ​ဘု​ရား​နှင့်​ဆိုင်​၏။- \v 33 ပိုင်​ရှင်​သည်​ညံ့​သော​တိ​ရစ္ဆာန်​များ​ကို ထာ​ဝ​ရ ဘု​ရား​အ​တွက်​ရွေး​မိ​စေ​ရန်​မ​စီ​စဉ်​ရ။ ရွေး ပြီး​သော​တိ​ရစ္ဆာန်​ကို​အ​စား​ထိုး​၍​မ​လဲ​လှယ် ရ။ တိ​ရစ္ဆာန်​တစ်​ကောင်​ကို​အ​ခြား​တစ်​ကောင် နှင့်​အ​စား​ထိုး​လဲ​လှယ်​လျှင် နှစ်​ကောင်​စ​လုံး သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​ဆိုင်​သည်​ဖြစ်​၍ ထို​တိ​ရစ္ဆာန်​များ​ကို​မ​ရွေး​ယူ​နိုင်။ \p \v 34 ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​က သိ​နာ​တောင် ပေါ်​တွင်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ပေး​အပ်​သော​ပ​ညတ် များ​ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော​ဝတ်​ပြု​ရာ ကျမ်း​ပြီး​၏။