\id LAM Myanmar Common Language Bible \h မြည်​တမ်း​စ​ကား \toc1 ယေ​ရ​မိ​မြည်​တမ်း​စ​ကား \toc2 မြည်​တမ်း​စ​ကား \mt1 ယေ​ရ​မိ​မြည်​တမ်း​စ​ကား \is1 နိ​ဒါန်း \ip ယေ​ရ​မိ​မြည်​တမ်း​စ​ကား​သည်​က​ဗျာ​ငါး​ပုဒ် ကို​စု​ဆောင်း​ထား​ချက်​များ​ဖြစ်​သည်။ ခ​ရစ်​တော် မ​ပေါ်​ထွန်း​မီ ၅၈၆ ခု​နှစ်​တွင်​ယေ​ရု​ရှ​လင်​မြို့ ဖျက်​ဆီး​ခံ​ရ​ခြင်း​အ​ကြောင်း​နှင့်​ဆိုင်​၍​လည်း ကောင်း၊ နောက်​ဆက်​တွဲ​ပျက်​စီး​ယို​ယွင်း​မှု​နှင့် ပြည်​နှင်​ဒဏ်​ခံ​ရ​မှု​နှင့်​ဆိုင်​၍​လည်း​ကောင်း ငို​ကြွေး​မြည်​တမ်း​ချက်​များ​ဖြစ်​သည်။ ကျမ်း စောင်​တစ်​စောင်​လုံး​လို​လို​၌​ပင်​ဝမ်း​နည်း​ပူ ဆွေး​မှု​ဖော်​ပြ​နေ​သည့်​သ​ဘော​လက္ခ​ဏာ ကို​တွေ့​ရ​သော်​လည်း ဘု​ရား​သ​ခင်​အား ယုံ​ကြည်​ကိုး​စား​ခြင်း​နှင့်​အ​နာ​ဂတ်​အ​တွက် မျှော်​လင့်​ချက်​ကို​ဖော်​ပြ​သည့်​သ​ဘော​လက္ခ ဏာ​ကို​လည်း​တွေ့​ရ​သည်။ ခ​ရစ်​တော်​မ​ပေါ် ထွန်း​မီ ၅၈၆ ခု​နှစ်​တွင်​တွေ့​ကြုံ​ရ​သည့်​ဘေး ဒုက္ခ​အ​တွက်​အ​ထိမ်း​အ​မှတ်​ပွဲ​အ​ဖြစ် ကျင်း​ပ​သော​အ​စာ​ရှောင်​မှု​နှင့်​ဝမ်း​နည်း ကြေ​ကွဲ​မှု​ပြု​သည့်​နှစ်​ပတ်​လည်​နေ့​များ ၌ ဂူး(ယု​ဒ) လူ​မျိုး​တို့​ကိုး​ကွယ်​ဝတ်​ပြု ရာ​တွင်​ဤ​က​ဗျာ​များ​ကို​အ​သုံး​ပြု လေ​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 ယေ​ရု​ရှ​လင်​မြို့​ဝမ်း​နည်း​မှု​များ ၁:၁-၂၂ \io1 ယေ​ရု​ရှ​လင်​မြို့​အား​ပြစ်​ဒဏ်​ခတ်​မှု ၂:၁-၂၂ \io1 ပြစ်​ဒဏ်​ခတ်​မှု​နှင့်​မျှော်​လင့်​ချက် ၃:၁-၆၆ \io1 ယေ​ရု​ရှ​လင်​မြို့​ပျက်​စီး​ယို​ယွင်း​ခြင်း ၄:၁-၂၂ \io1 က​ရု​ဏာ​သက်​တော်​မူ​ရန်​ဆု​တောင်း​ခြင်း ၅:၁-၂၂ \c 1 \s1 ယေ​ရု​ရှ​လင်​မြို့​၏​ဝမ်း​နည်း​မှု​များ \q1 \v 1 အ​ခါ​တစ်​ပါး​က​လူ​စည်​ကား​ခဲ့​သည့် \q2 ယေ​ရု​ရှ​လင်​မြို့​သည်​အ​ထီး​ကျန်​ဖြစ်​လျက် နေ​၏။ \q1 အ​ခါ​တစ်​ပါး​က​ကမ္ဘာ​၏​ဂုဏ်​ပြု​ချီး​မြှင့်​ခြင်း​ကို ခံ​ခဲ့​ရ​ဖူး​သော်​လည်း \q2 ယ​ခု​အ​ခါ​သူ​သည်​မု​ဆိုး​မ​နှင့်​တူ​တော့​၏။ \q1 မြို့​တ​ကာ​တွင်​ဂုဏ်​ကြက်​သ​ရေ​အ​ရှိ​ဆုံး​မြို့​သည် ကျွန်​ဘ​ဝ​သို့​သက်​ဆင်း​ရ​လေ​ပြီ။ \b \q1 \v 2 သူ​သည်​တစ်​ညဥ့်​လုံး​ငို​ကြွေး​လျက်​နေ​၏။ \q2 မျက်​ရည်​များ​သည်​သူ​၏​ပါး​ပြင်​ပေါ်​သို့ စီး​ဆင်း​လာ​၏။ \q1 သူ​၏​ယ​ခင်​က​မိတ်​ဆွေ​အ​ပေါင်း​တို့​တွင်​သူ့​အား \q2 နှစ်​သိမ့်​မှု​ပေး​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​တော့​ပေ။ \q1 သူ​၏​မ​ဟာ​မိတ်​တို့​သည်​သူ့​အား​သစ္စာ​ဖောက် ကြ​လေ​ပြီ။ \q2 ယ​ခု​အ​ခါ​သူ​တို့​က​ပင်​သူ့​ကို​ရန်​ဘက်​ပြု​၍ နေ​ကြ​၏။ \b \q1 \v 3 ယု​ဒ​ပြည်​သား​တို့​သည်​ပြည်​နှင်​ဒဏ်​သင့်​လျက် ခို​ကိုး​ရာ​မဲ့​ဖြစ်​ကာ​ကျွန်​ခံ​နေ​ရ​ကြ​၏။ \q2 သူ​တို့​သည်​အိမ်​ပိုင်​ယာ​ပိုင်​မ​ရှိ​ဘဲ​တိုင်း​တစ် ပါး​တွင် နေ​ထိုင်​ရ​ကြ​လေ​သည်။ \q1 ရန်​သူ​များ​ဝိုင်း​လျက်​လွတ်​မြောက်​ရန်​လမ်း​မ​ရှိ​ကြ။ \b \q1 \v 4 နေ့​ကြီး​ရက်​ကြီး​များ​တွင်​ကိုး​ကွယ်​ဝတ်​ပြု​ရန် ဗိ​မာန်​တော်​သို့​လာ​မည့်​သူ​မ​ရှိ။ \q2 ဗိ​မာန်​တော်​တွင်​သီ​ချင်း​ဆို​သူ \q1 အ​မျိုး​သ​မီး​ပျို​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက် ရှိ​ကြ​၏။ \q2 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း​ညည်း​တွား​မှု​မှ တစ်​ပါး အ​ဘယ်​သို့​မျှ​မ​ပြု​နိုင်။ \q1 မြို့​တံ​ခါး​များ​သည်​လူ​ဆိတ်​ညံ​လျက်​နေ​၏။ ဇိ​အုန်​မြို့​သည်​ဝေ​ဒ​နာ​ခံ​စား​နေ​ရ​သည်။ \b \q1 \v 5 သူ​၏​ရန်​သူ​များ​သည်​သူ့​ကို​အ​နိုင်​ရ​ကာ​မိ​မိ​တို့ အာ​ဏာ​စက်​အောက်​တွင်​ထား​ရှိ​ကြ​၏။ \q2 သူ​သည်​မြောက်​များ​စွာ​သော​အ​ပြစ်​တို့​ကို ကူး​ခဲ့​သည်​ဖြစ်​၍ \q1 ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​ဆင်း​ရဲ​ဒုက္ခ ရောက်​စေ​တော်​မူ​၏။ \q2 သူ​၏​သား​သ​မီး​များ​သည်​သုံ့​ပန်း​များ ဖြစ်​ရ​ကြ​လေ​ပြီ။ \b \q1 \v 6 ယေ​ရု​ရှ​လင်​မြို့​၏​ကြီး​ကျယ်​ခမ်း​နား​မှု​သည် \q2 ရှေး​အ​တိတ်​ကာ​လ​၏​ဖြစ်​ရပ်​တစ်​ခု​သာ​လျှင် ဖြစ်​လေ​တော့​၏။ \q1 သူ​၏​ခေါင်း​ဆောင်​များ​သည်​မု​ဆိုး​တို့​၏​ဘေး​မှ ထွက်​ပြေး​ကြ​သည့်​သ​မင်​များ​နှင့်​တူ​၏။ \q2 သူ​တို့​သည်​အား​အင်​ကုန်​ခန်း​လု​မ​တတ်​ဖြစ်​ကာ နား​နေ​စား​သောက်​မှု​ပြု​ရန်​စား​ကျက်​ကို​မ​ရှာ​နိုင်။ \b \q1 \v 7 အ​ထီး​ကျန်​ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​သော \q2 ယေ​ရု​ရှ​လင်​မြို့​သည်​ရှေး​ခေတ်​ဟောင်း​က​မိ​မိ ကြီး​ကျယ်​ခမ်း​နား​မှု​ကို​ပြန်​လည်​သ​တိ​ရ​မိ​၏။ \q1 ရန်​သူ့​လက်​သို့​ရောက်​ချိန်​၌​သူ့​အား​ကယ်​မည့်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။ \q2 သူ့​အား​နှိမ်​နင်း​အောင်​မြင်​သူ​တို့​သည် သူ​၏​ပြို​လဲ​မှု​ကို​ပြက်​ရယ်​ပြု​ကြ​၏။ \b \q1 \v 8 သူ​၏​ဂုဏ်​အ​သ​ရေ​ကင်း​မဲ့​ရ​လေ​ပြီ။ \q2 အ​ဝတ်​အ​ချည်း​စည်း​နှင့်​စက်​ဆုတ်​ရွံ​ရှာ​ဖွယ် ဖြစ်​၍​နေ​၏။ \q1 သူ​သည်​ညည်း​တွား​ကာ​ရှက်​သ​ဖြင့်​မျက်​နှာ​ကို အုပ်​၍​ထား​၏။ \q2 ယေ​ရု​ရှ​လင်​မြို့​သည်​ဆိုး​ရွား​သည့်​အ​ပြစ် ဒု​စ​ရိုက်​အား​ဖြင့်​မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း စေ​ခဲ့​၏။ \b \q1 \v 9 သူ​၏​ညစ်​ညမ်း​မှု​ကို​အ​လွယ်​တ​ကူ တွေ့​မြင်​နိုင်​သော်​လည်း \q2 သူ​သည်​မိ​မိ​ကြုံ​တွေ့​ရ​မည့်​ကံ​ကြမ္မာ​ကို အ​မှု​ထား​ပုံ​မ​ပေါ်။ \q1 သူ​၏​ပြို​လဲ​မှု​မှာ​ကြောက်​မက်​ဖွယ်​ကောင်း လှ​၏။ \q2 သူ့​အား​အ​ဘယ်​သူ​မျှ​လည်း​နှစ်​သိမ့်​မှု မ​ပေး​နိုင်​ကြ။ \q1 ရန်​သူ​များ​အ​နိုင်​ရ​၍​သွား​သ​ဖြင့်​သူ​သည် မိ​မိ​အား \q2 က​ရု​ဏာ​ထား​တော်​မူ​ပါ​ရန်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ဆု​တောင်း​ပတ္ထနာ​ပြု​လေ​သည်။ \b \q1 \v 10 ရန်​သူ​များ​သည်​သူ​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သ​မျှ​ကို တိုက်​ခိုက်​လု​ယူ​ကြ​၏။ \q2 သူ​သည်​လူ​မျိုး​ခြား​တို့​အား​ထာ​ဝ​ရ​ဘု​ရား \q1 ပိတ်​ပင်​တား​မြစ်​ထား​ရာ​ဖြစ်​သည့် ဗိ​မာန်​တော်​သို့​ပင်​လျှင် \q2 ထို​သူ​တို့​ဝင်​ရောက်​ကြ​သည်​ကို​တွေ့​မြင်​ရ​၏။ \b \q1 \v 11 သူ​၏​မြို့​သူ​မြို့​သား​တို့​သည်​အ​စား​အ​စာ ရှာ​ဖွေ​လျက် နေ​စဉ်​ညည်း​တွား​ကြ​၏။ \q2 သူ​တို့​သည်​အ​သက်​ဆက်​လက်​ရှင်​နိုင်​ရေး​အ​တွက် \q1 မိ​မိ​တို့​ဥစ္စာ​ဘဏ္ဍာ​များ​ကို​အ​စား​အ​စာ​နှင့် လဲ​လှယ်​ရ​ကြ​၏။ \q2 ထို​မြို့​က``အို ထာ​ဝ​ရ​ဘု​ရား​ကျွန်​တော်​မျိုး​ကို ကြည့်​ရှု​တော်​မူ​ပါ။ \q1 ကျွန်​တော်​မျိုး​စိတ်​ဆင်း​ရဲ​ခြင်း​ခံ​နေ​ရ​သည်​ကို ကြည့်​ရှု​တော်​မူ​ပါ'' ဟု​အော်​ဟစ်​တောင်း​ပန်​၏။ \b \q1 \v 12 သူ​သည်​အ​နီး​အ​နား​မှ​ဖြတ်​သန်း​သွား​လာ​သူ အ​ပေါင်း​တို့​အား​အော်​ပြော​သည်​မှာ \q2 ``ငါ့​ကို​ကြည့်​ကြ​ပါ။ ငါ​ခံ​ရ​သော​ဝေ​ဒ​နာ မျိုး​ကို အ​ဘယ်​သူ​မျှ​မ​ခံ​ရ​ဘူး​ပါ။ \q1 ဤ​ကဲ့​သို့​သော​ဝေ​ဒ​နာ​မျိုး​ရှိ​ဖူး​ပါ​သ​လော။ \q2 ထို​ဝေ​ဒ​နာ​သည်​ထာ​ဝ​ရ​ဘု​ရား \q1 အ​မျက်​တော်​ထွက်​၍​ငါ့​အား​ခံ​စား​စေ​သည့် ဝေ​ဒ​နာ​ဖြစ်​ပါ​၏။'' \b \q1 \v 13 ``ကိုယ်​တော်​သည်​အ​ထက်​မှ​မီး​ကို \q2 စေ​လွှတ်​တော်​မူ​သ​ဖြင့်​ထို​မီး​သည်​ငါ​၏​ကိုယ်​ခန္ဓာ အ​တွင်း​၌​တောက်​လောင်​လျက်​ရှိ​ပါ​၏။ \q1 ကိုယ်​တော်​သည်​ငါ့​အား​ထောင်​ချောက်​ထောင်​၍ ဖမ်း​ပြီး​လျှင်​မြေ​ပေါ်​သို့​လှဲ​ချ​တော်​မူ​ပါ​၏။ \q2 ထို​နောက်​စွန့်​ပစ်​တော်​မူ​ကာ​တစ်​နေ့​လုံး ဝေ​ဒ​နာ​ခံ​၍​နေ​စေ​တော်​မူ​ပါ​၏။'' \b \q1 \v 14 ``ကိုယ်​တော်​သည်​ငါ​၏​အ​ပြစ်​မှန်​သ​မျှ​ကို မှတ်​သား​ထား​တော်​မူ​ပါ​၏။ \q2 ယင်း​တို့​ကို​စု​စည်း​ပြီး​လျှင်​ငါ​၏​လည်​တွင် ဆွဲ​ထား​တော်​မူ​သည်​ဖြစ်​၍ \q1 ငါ​သည်​အ​ပြစ်​ဝန်​ထုပ်​လေး​လံ​မှု​ဖြင့် အား​အင်​ချည့်​နဲ့​ရ​လေ​ပြီ။ \q2 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ရန်​သူ​များ လက်​သို့​အပ်​တော်​မူ​ပါ​၏။ \q1 ငါ့​မှာ​လည်း​သူ​တို့​အား​ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ပါ။'' \b \q1 \v 15 ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ဘက်​မှ \q2 စွမ်း​ရည်​အကြီး​ဆုံး​စစ်​သည်​တော်​တို့​ကို ပျက်​ရယ်​ပြု​တော်​မူ​ပါ​၏။ \q1 ကိုယ်​တော်​သည်​ငါ​၏​လူ​ငယ်​လူ​ရွယ်​များ​ကို \q2 သုတ်​သင်​ချေ​မှုန်း​ရန်​တပ်​မ​တော်​ကို​စေ​လွှတ် တော်​မူ​ပါ​ပြီ။ \q1 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​လူ​တို့​အား \q2 စ​ပျစ်​သီး​နယ်​ရာ​ကျင်း​မှ​စ​ပျစ်​သီး​များ ကဲ့​သို့ ကြေ​မွ​စေ​တော်​မူ​ပါ​၏။'' \b \q1 \v 16 ``ထို့​ကြောင့်​ငါ​၏​မျက်​စိ​များ​မှ​မျက်​ရည်​တို့​သည် ယို​စီး​၍​နေ​ပေ​သည်။ \q2 ငါ့​အား​အ​ဘယ်​သူ​မျှ​နှစ်​သိမ့်​မှု​ကို​မ​ပေး​နိုင်။ \q1 အ​ဘယ်​သူ​မျှ​စိတ်​အား​တက်​ကြွ​လာ​အောင် မ​ပြု​နိုင်။ \q2 ရန်​သူ​များ​သည်​ငါ​တို့​ကို​အ​နိုင်​ရ​ကြ​လေ​ပြီ။ \q1 ငါ​၏​လူ​တို့​တွင်​လည်း​အ​ဘယ်​ဥစ္စာ​ပစ္စည်း​မျှ မ​ကျန်​မ​ရှိ​တော့​ပါ။'' \b \q1 \v 17 ``ငါ​သည်​မိ​မိ​လက်​များ​ကို​ကမ်း​လှမ်း​ပါ သော်​လည်း ငါ့​အား​ကူ​ညီ​မည့်​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ။ \q2 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တိုက်​ခိုက်​ရန် \q1 အ​ရပ်​တ​ကာ​မှ​ရန်​သူ​များ​ကို ဆင့်​ခေါ်​တော်​မူ​လေ​ပြီ။ \q2 သူ​တို့​သည်​ငါ့​ကို​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် အ​ရာ​ဟု မှတ်​ယူ​ကြ​ပါ​၏။'' \b \q1 \v 18 ``သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​မျှ​တ​တော်​မူ​ပါ​သည်။ \q2 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ကိုယ်​တော်​၏ အ​မိန့်​တော်​ကို​လွန်​ဆန်​ခဲ့​သော​ကြောင့်​တည်း။ \q1 အ​ရပ်​တ​ကာ​ရှိ​လူ​တို့​ငါ​ပြော​ဆို​သည်​ကို နား​ထောင်​ကြ​လော့။ \q2 ငါ​၏​ဝေ​ဒ​နာ​ကို​ကြည့်​ရှု​ကြ​လော့။ \q1 ငါ​၏​သား​ပျို​သ​မီး​ပျို​တို့​သည်​သုံ့​ပန်း အ​ဖြစ် ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။'' \b \q1 \v 19 ``ငါ​သည်​မိ​မိ​မ​ဟာ​မိတ်​များ​ထံ​တွင်​အ​ကူ​အ​ညီ တောင်း​ခံ​ပါ​သော်​လည်း​သူ​တို့​က​ငြင်း​ဆန်​ခဲ့​ကြ​၏။ \q2 ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ခေါင်း​ဆောင်​များ​သည် အ​သက်​ဆက်​လက်​ရှင်​သန်​နိုင်​ရေး​အ​တွက် \q1 အ​စား​အ​စာ​ရှာ​ဖွေ​လျက်​နေ​စဉ်​လမ်း​များ​ပေါ်​၌ သေ​ဆုံး​ရ​ကြ​ပါ​၏။'' \b \q1 \v 20 ``အို ထာ​ဝ​ရ​ဘု​ရား၊ \q2 ကျွန်​တော်​မျိုး​ပူ​ပင်​သော​က​ဖြစ်​လျက် ရှိ​သည်​ကို​လည်းကောင်း၊ \q1 ကျွန်​တော်​မျိုး​၏​စိတ်​ဝိ​ညာဉ်​သည်​ပြင်း​စွာ \q2 ဒုက္ခ​ရောက်​လျက်​နေ​သည်​ကို​လည်း​ကောင်း ကြည့်​ရှု​တော်​မူ​ပါ။ \q1 ကျွန်​တော်​မျိုး​သည်​မိ​မိ​အ​ပြစ်​များ​ကြောင့် စိတ်​နှ​လုံး​ကြေ​ကွဲ​လျက်​နေ​ပါ​၏။ \q2 လမ်း​ပေါ်​တွင်​လူ​သတ်​မှု​ကို​တွေ့​ရ​ပါ​၏။ \q1 အိမ်​တွင်း​၌​ပင်​သေ​မင်း​ကို​တွေ့​ရှိ​ရ​ပါ​၏။'' \b \q1 \v 21 ``ကျွန်​တော်​မျိုး​၏​ညည်း​တွား​သံ​များ​ကို နား​ထောင်​တော်​မူ​ပါ။ \q2 ကျွန်​တော်​မျိုး​အား​နှစ်​သိမ့်​မှု​ပေး​မည့်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​ပါ။ \q2 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား \q1 ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​ကြုံ​တွေ့​စေ​တော်​မူ​သ​ဖြင့် ရန်​သူ​တို့​ဝမ်း​မြောက်​ကြ​ပါ​၏။ \q1 ကိုယ်​တော်​ရှင်​က​တိ​ထား​တော်​မူ​သည့်​နေ့​ရက် ကာ​လ​ကို​ကျ​ရောက်​စေ​တော်​မူ​ပါ။ \q2 ရန်​သူ​များ​အား​ကျွန်​တော်​မျိုး​နည်း​တူ ဒုက္ခ​တွေ့​စေ​တော်​မူ​ပါ။'' \b \q1 \v 22 ``သူ​တို့​အား​မိ​မိ​တို့​ယုတ်​မာ​မှု​အ​ပေါင်း​အ​တွက် အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပါ။ \q2 ကျွန်​တော်​မျိုး​အား​မိ​မိ​၏​အ​ပြစ်​များ​အ​တွက် \q1 ဆုံး​မ​တော်​မူ​သ​ကဲ့​သို့​သူ​တို့​ကို​လည်း ဆုံး​မ​တော်​မူ​ပါ။ \q2 ကျွန်​တော်​မျိုး​သည်​စိတ်​ဆင်း​ရဲ​၍​ညည်း​တွား​ပါ​၏။ \q1 ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​သည်​လည်း ညှိုး​ငယ်​လျက်​ရှိ​ပါ​၏'' ဟူ​၍​တည်း။ \c 2 \s1 ယေ​ရု​ရှ​လင်​မြို့​ကို​ထာ​ဝ​ရ​ဘု​ရား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ခြင်း \q1 \v 1 ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ထွက်​တော်​မူ​၍ ဇိ​အုန်​မြို့​ကို​အ​မှောင်​ဖုံး​စေ​တော်​မူ​လေ​ပြီ။ \q2 ထို​မြို့​၏​ခမ်း​နား​ကြီး​ကျယ်​မှု​သည် ကောင်း​ကင်​မှ​မြေ​ကြီး​သို့​ကျ​ဆင်း​ယို​ယွင်း​လေ​ပြီ။ \q1 ကိုယ်​တော်​သည်​အ​မျက်​ထွက်​တော်​မူ​သော​ကာ​လ​၌ မိ​မိ​၏​ဗိ​မာန်​တော်​ကို​ပင်​စွန့်​ပစ်​တော်​မူ​၏။ \b \q1 \v 2 ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ ယု​ဒ​ရွာ​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​တော်​မူ​၍ \q2 ယု​ဒ​ပြည်​ကို​ကာ​ကွယ်​သည့်​ခံ​တပ်​များ​ကို ဖြို​ချ​တော်​မူ​၏။ \q1 ကိုယ်​တော်​သည်​နိုင်​ငံ​နှင့်​အုပ်​စိုး​သူ​မင်း​များ​ကို အ​သ​ရေ​ပျက်​စေ​တော်​မူ​၏။ \b \q1 \v 3 ကိုယ်​တော်​သည်​ပြင်း​စွာ​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် \q2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ အင်​အား​ကို​ဖြို​ခွဲ​တော်​မူ​ပါ​၏။ \q1 ရန်​သူ​များ​လာ​ရောက်​ချိန်​၌​ငါ​တို့​အား​ကူ​မ​ရန် ငြင်း​ဆန်​တော်​မူ​၏။ \q2 ကိုယ်​တော်​သည်​မီး​သ​ဖွယ်​တောက်​လောင်​ကာ ရှိ​သ​မျှ​ကို​လောင်​စေ​တော်​မူ​၏။ \b \q1 \v 4 ကိုယ်​တော်​သည်​ငါ​တို့​အား​မြား​တော်​များ​ဖြင့် \q1 အ​သင့်​ချိန်​ရွယ်​ကာ​အား​ရ​ရွှင်​လန်း​ဂုဏ်​ယူ \q2 ဝါ​ကြွား​ရာ​ဖြစ်​သူ​လူ​အ​ပေါင်း​တို့​အား ကွပ်​မျက်​တော်​မူ​၏။ \q1 ယေ​ရု​ရှ​လင်​မြို့​၌​ငါ​တို့​သည်​ကိုယ်​တော်​၏ \q2 တောက်​လောင်​သော​အ​မျက်​တော်​ကို​ခံ​စား ရ​ကြ​၏။ \b \q1 \v 5 ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​သ​ဖွယ်​ဣသ​ရေ​လ လူ​မျိုး​အား​ဖျက်​ဆီး​မူ​၏။ \q2 သူ​တို့​၏​ခံ​တပ်​များ​နှင့်​နန်း​တော် \q1 အ​ဆောက်​အ​အုံ​များ​ကို​ယို​ယွင်း​ပျက်​စီး​လျက် ကျန်​ရစ်​စေ​တော်​မူ​လေ​ပြီ။ \q2 ကိုယ်​တော်​သည်​ယု​ဒ​ပြည်​သူ​တို့​အား​ဝမ်း​နည်း ကြေ​ကွဲ​၍​မ​ဆုံး​နိုင်​အောင်​ပြု​တော်​မူ​ပြီ။ \b \q1 \v 6 ကိုယ်​တော်​အား​ငါ​တို့​ဝတ်​ပြု​ကိုး​ကွယ်​ရာ \q1 ဗိ​မာန်​တော်​ကို​အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ချိုး​ဖျက် တော်​မူ​ပြီ။ \q2 ကိုယ်​တော်​ရှင်​သည်​ဋ္ဌမ္မ​ပွဲ​တော်​နေ့​များ​နှင့် ဥ​ပုသ်​နေ့​များ​ကို​အ​ဆုံး​သတ်​စေ​တော်​မူ​ပြီ။ \q1 ရှင်​ဘု​ရင်​နှင့်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​အ​တူ​တူ​ပင် အ​မျက်​တော်​အ​ရှိန်​ကို​ခံ​ရ​ကြ​ပါ​၏။ \b \p \v 7 ထာ​ဝ​ရ​ဘု​ရား​သည် \q1 မိ​မိ​၏​ယဇ်​ပလ္လင်​တော်​ကို​လည်း​ကောင်း၊သန့်​ရှင်း မြင့်​မြတ်​သည့်​ဗိ​မာန်​တော်​ကို​လည်း​ကောင်း \q2 ပစ်​ပယ်​တော်​မူ​၍​ရန်​သူ​တို့​အား​ဗိ​မာန်​တော် နံ​ရံ​များ​ကို​ဖြို​ချ​ခွင့်​ပေး​တော်​မူ​၏။ \q1 သူ​တို့​သည်​လည်း​ငါ​တို့​ရွှင်​လန်း​ဝမ်း​မြောက်​စွာ \q2 ကိုး​ကွယ်​ဝတ်​ပြု​ခဲ့​ကြ​သည့်​ဌာ​န​တော်​တွင် \q1 အောင်​သံ​ပေး​၍​ကြွေး​ကြော်​ကြ​၏။ \b \q1 \v 8 ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​မြို့​ရိုး​များ ပြို​ပျက်​စေ​ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​သ​ဖြင့် \q2 ယင်း​တို့​ဧ​ကန်​မု​ချ​လုံး​ဝ​ပျက်​စီး​စိမ့်​သော​ငှာ တိုင်း​ထွာ​သတ်​မှတ်​ပေး​တော်​မူ​၏။ \q1 ယ​ခု​အ​ခါ​ပြ​အိုး​များ​နှင့်​မြို့​ရိုး​များ​သည် အ​တူ​တ​ကွ​ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​ကြ​၏။ \b \q1 \v 9 မြို့​တံ​ခါး​တို့​သည်​ကန့်​လန့်​ကျင်​များ​ကျိုး​ပဲ့​ကာ အ​မှိုက်​ပုံ​အောက်​တွင်​မြုပ်​၍​နေ​လေ​၏။ \q2 ရှင်​ဘု​ရင်​နှင့်​မင်း​ညီ​မင်း​သား​တို့​သည်​ယ​ခု​အ​ခါ တိုင်း​တစ်​ပါး​တွင်​ပြည်​နှင်​ဒဏ်​သင့်​လျက်​ရှိ​ကြ​၏။ \q1 ပ​ညတ်​တ​ရား​တော်​ကို​သွန်​သင်​မှု​မ​ရှိ​တော့ သ​ဖြင့် \q2 ပ​ရော​ဖက်​များ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ထံ​တော်​မှ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို​မ​တွေ့​မ​မြင်​ရ​ကြ။ \b \q1 \v 10 ယေ​ရု​ရှ​လင်​မြို့​၏​အ​သက်​ကြီး​သူ​တို့​သည် လျှော်​တေ​ကို​ဝတ်​၍ \q2 မိ​မိ​တို့​ဦး​ခေါင်း​ပေါ်​သို့​မြေ​မှုန့်​များ​တင် ပြီး​လျှင် မြေ​ပေါ်​၌​ဆိတ်​ငြိမ်​စွာ​ထိုင်​နေ​ကြ​၏။ \q1 မြို့​သူ​က​ညာ​များ​သည်​လည်း​ခေါင်း​ကို ငိုက်​စိုက်​ညွှတ်​လျက်​နေ​ကြ​လေ​သည်။ \b \q1 \v 11 ငါ​၏​မျက်​စိ​များ​သည်​ငို​ရ​လွန်း​သ​ဖြင့် နွမ်း​နယ်​လျက်​နေ​ပါ​၏။ \q2 ငါ​၏​စိတ်​ဝိ​ညာဉ်​သည်​လည်း​ပူ​ဆွေး​လျက်​ရှိ​ပါ​၏။ \q1 ငါ​သည်​မိ​မိ​အ​မျိုး​သား​တို့​ဆုံး​ပါး​ပျက်​စီး ကြ​သည့်​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​ဖြင့် \q2 အား​အင်​ကုန်​ခန်း​လျက်​နေ​ပေ​သည်။ \q1 သူ​ငယ်​နှင့်​နို့​စို့​က​လေး​တို့​သည်​မြို့​တွင်း​ရှိ လမ်း​များ​ပေါ်​တွင်​မေ့​မြော​၍​နေ​ကြ​၏။ \b \q1 \v 12 သူ​တို့​သည်​ရေ​ငတ်​ဆာ​လောင်​သ​ဖြင့်​မိ​ခင် များ​ထံ​တွင် ငို​ကြွေး​လျက်​နေ​ကြ​၏။ \q2 ဒဏ်​ရာ​ရ​သူ​များ​ကဲ့​သို့​သူ​တို့​သည် လမ်း​များ​ပေါ်​တွင်​လဲ​ကျ​ကာ \q1 မိ​ခင်​များ​၏​ရင်​ခွင်​၌​တ​ဖြည်း​ဖြည်း သေ​ဆုံး​သွား​ရ​ကြ​လေ​သည်။ \b \q1 \v 13 အို ယေ​ရု​ရှ​လင်​မြို့၊ ငါ​ချစ်​မြတ်​နိုး​သော​မြို့၊ အ​ဘယ်​သို့​ပြော​ဆို​ရ​ပါ​မည်​နည်း။ \q2 အ​ဘယ်​သို့​နှစ်​သိမ့်​မှု​ကို​ပေး​ရ​ပါ​မည်​နည်း။ \q1 အ​ဘယ်​သူ​မျှ​ဤ​ကဲ့​သို့​ဒုက္ခ​မ​ရောက်​ခဲ့​ဘူး​ပါ။ \q1 သင်​၏​ဘေး​အန္တ​ရာယ်​သည်​သ​မုဒ္ဒ​ရာ​သ​ဖွယ် အ​တိုင်း​မ​သိ​ကျယ်​ဝန်း​ပါ​၏။ \q2 မျှော်​လင့်​စ​ရာ​မ​ရှိ​နိုင်​ပါ။ \b \q1 \v 14 သင်​၏​ပ​ရော​ဖက်​များ​သည်​မု​သား​စ​ကား​မှ တစ်​ပါး သင့်​အား​အ​ခြား​မည်​သည့်​စ​ကား​ကို​မျှ မ​ပြော​တတ်​ကြ​ပါ။ \q2 သူ​တို့​ဟော​ပြော​သ​မျှ​သည်​သင့်​ကို လှည့်​စား​ခြင်း​သာ​ဖြစ်​၏။ \q2 သင်​၏​အ​ပြစ်​ကို​အ​ဘယ်​ခါ​မျှ​မ​ဖော်​ပြ​သ​ဖြင့် သင်​သည်​နောင်​တ​ရ​စ​ရာ​မ​လို​ဟု​ထင်​မှတ်​စေ​ခဲ့ သည်။ \b \q1 \v 15 မြို့​ကို​ဖြတ်​သန်း​သွား​လာ​သူ​တို့​သည် မ​ထီ​မဲ့​မြင်​ပြု​ကာ​လက်​ခုပ်​တီး​ကြ​၏။ \q2 သူ​တို့​သည်​ဦး​ခေါင်း​ကို​ခါ​လျက်​ယေ​ရု​ရှ​လင် မြို့​ပျက်​ကို​ပြက်​ရယ်​ပြု​ကြ​၏။ \q1 ``နှစ်​လို​ဖွယ်​ကောင်း​သည့်​မြို့​ကား​ဤ​မြို့​ပေ​လော။ \q2 ကမ္ဘာ​၏​ဂုဏ်​အ​သ​ရေ​ကို​ဆောင်​သော​မြို့​ကား ဤ​မြို့​ပေ​လော'' ဟု​ပျက်​ရယ်​ပြု​ကြ​၏။ \b \q1 \v 16 သင်​၏​ရန်​သူ​အ​ပေါင်း​တို့​သည် \q2 သင့်​ကို​ပြောင်​လှောင်​ကြ​လျက်​မုန်း​စိတ်​နှင့် စိုက်​၍​ကြည့်​ကြ​၏။ \q1 သူ​တို့​သည်​မဲ့​ရွဲ့​ကာ​နှာ​ခေါင်း​ရှုံ့​လျက်``သူ့​ကို ငါ​တို့​သုတ်​သင်​ဖျက်​ဆီး​လိုက်​ကြ​လေ​ပြီ။ \q2 ဤ​နေ့​ကား​ငါ​တို့​စောင့်​မျှော်​နေ​ခဲ့​သည့်​နေ့​ပေ တည်း'' ဟု​ဆို​ကြ​၏။ \b \q1 \v 17 နောက်​ဆုံး​၌​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ ကြုံး​ဝါး​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ပြု​တော် မူ​လေ​ပြီ။ \q2 ကိုယ်​တော်​သည်​ရှေး​ကာ​လ \q1 သ​တိ​ပေး​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ငါ​တို့​အား \q2 သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ​သုတ်​သင်​ဖျက်​ဆီး တော်​မူ​လေ​ပြီ။ \q1 ကိုယ်​တော်​သည်​ငါ​တို့​ရန်​သူ​များ​အား အောင်​ပွဲ​ကို​ပေး​တော်​မူ​၍ \q1 ငါ​တို့​ပြို​လဲ​မှု​အ​တွက်​ဝမ်း​မြောက်​စေ​တော်​မူ​ပါ​၏။ \b \q1 \v 18 အို ယေ​ရု​ရှ​လင်​မြို့၊ သင်​၏​မြို့​ရိုး​တို့​ကို \q2 ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ အော်​ဟစ်​စေ​ပါ​လော့။ \q1 မြစ်​များ​သ​ဖွယ်​သင်​၏​မျက်​ရည်​များ​ကို နေ့​ရော​ည​ပါ​စီး​ဆင်း​စေ​ပါ​လော့။ \q2 သင်​သည်​ငို​ကြွေး​မှု​ဝမ်း​နည်း​ကြေ​ကွဲ​မှု တို့​ဖြင့် မိ​မိ​ကိုယ်​ကို​နွမ်း​နယ်​စေ​ပါ​လော့။ \b \q1 \v 19 တစ်​ည​လုံး​အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန်​ထ​၍ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​အော်​ဟစ်​လော့။ \q2 ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​သင်​၏​စိတ်​နှ​လုံး​ကို သွန်​ချ​လျက်၊ သင်​၏​သား​သ​မီး​များ​အ​တွက် အ​သ​နား​ခံ​တောင်း​ပန်​လော့။ \q1 သင့်​သား​သ​မီး​များ​လမ်း​ဆုံ​လမ်း​ခွ​တိုင်း​တွင် အ​စာ​ငတ်​၍​သေ​ရ​ကြ​လေ​ပြီ။ \b \q1 \v 20 အို ထာ​ဝ​ရ​ဘု​ရား​ကြည့်​တော်​မူ​ပါ။ \q2 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား \q1 အ​ဘယ်​ကြောင့်​ဤ​မျှ​ဒဏ်​ခတ်​တော်​မူ​သ​နည်း။ \q2 အ​မျိုး​သ​မီး​တို့​သည်​မိ​မိ​တို့​ချစ်​မြတ်​နိုး​သည့် သား​သ​မီး​များ​၏​အ​သား​ကို​စား​နေ​ကြ​ပါ​၏။ \q1 ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ပ​ရော​ဖက်​များ​သည်​လည်း \q2 ဗိ​မာန်​တော်​အ​တွင်း​၌​ပင် အ​သတ်​ခံ​လျက်​နေ​ရ​ကြ​ပါ​၏။ \b \q1 \v 21 လူ​ကြီး​လူ​ငယ်​တို့​သည်​လမ်း​များ​ပေါ်​တွင် လဲ​၍​သေ​ရ​ကြ​ပါ​၏။ \q2 ပျို​ရွယ်​သူ​အ​မျိုး​သား​အ​မျိုး​သ​မီး​များ​သည် ရန်​သူ​၏​ဋ္ဌား​ဘေး​သင့်​၍​သေ​ရ​ကြ​ပါ​၏။ \q1 ကိုယ်​တော်​ရှင်​သည်​အ​မျက်​ထွက်​တော်​မူ​သော​နေ့​၌ သ​နား​ညှာ​တာ​ခြင်း​မ​ရှိ​ဘဲ \q2 သူ​တို့​ကို​ကွပ်​မျက်​တော်​မူ​ပါ​၏။ \b \q1 \v 22 ကိုယ်​တော်​ရှင်​သည်​ရန်​သူ​များ​ကို​ကျွန်​တော်​မျိုး​၏ \q2 ပတ်​လည်​တွင်​ကြောက်​မက်​ဖွယ်​သော​ပျော်​ပွဲ​သ​ဘင် ဆင်​ယင်​ရန်​ဖိတ်​ခေါ်​တော်​မူ​ပါ​၏။ \q1 ကိုယ်​တော်​ရှင်​အ​မျက်​ထွက်​တော်​မူ​ရာ \q2 ထို​နေ့​ရက်​ကာ​လ​၌​အ​ဘယ်​သူ​မျှ​ချမ်း​သာ​ရာ ရ​လိမ့်​မည်​မဟုတ်​ပါ။ \q1 သူ​တို့​သည်​ကျွန်​တော်​မျိုး​ချစ်​မြတ်​နိုး​၍ \q2 ကျွေး​မွေး​ပြု​စု​ခဲ့​သည့်​သား​သ​မီး​များ​ကို သတ်​ဖြတ်​ကြ​ပါ​၏။ \c 3 \s1 အ​ပြစ်​ဒဏ်​ခံ​ရ​ခြင်း​နောင်​တ​ရ​ခြင်း​နှင့် မျှော်​လင့်​ခြင်း \q1 \v 1 ငါ​သည်​ဘု​ရား​သ​ခင်​၏​အ​ပြစ်​ဒဏ်​ခတ်​ခြင်း ဆို​သည်​မှာ ဘယ်​သို့​ဖြစ်​သည်​ကို​သိ​ရ​သော​သူ​ဖြစ်​ပါ​၏။ \q1 \v 2 ကိုယ်​တော်​သည်​ငါ့​ကို​ပို​၍​ပို​၍​မှောင်​မိုက်​သော နေ​ရာ​ထဲ​သို့​ရောက်​ရှိ​စေ​တော်​မူ​လျက်၊ \q1 \v 3 သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ​အ​ကြိမ်​ကြိမ် အ​ဖန်​ဖန်​ရိုက်​နှက်​တော်​မူ​ပါ​၏။ \b \q1 \v 4 ကိုယ်​တော်​သည်​ငါ​၏​အ​သား​ကို​ကွဲ​ပြဲ​စေ​ကာ အ​ရိုး​တို့​ကို​ချိုး​၍​ထား​တော်​မူ​ပါ​၏။ \q1 \v 5 ငါ့​အား​စိတ်​ဆင်း​ရဲ​မှု​ပူ​ဆွေး​ဒုက္ခ​ရောက်​မှု​တို့​ဖြင့် ချုပ်​နှောင်​ထား​တော်​မူ​ပါ​၏။ \q1 \v 6 ကိုယ်​တော်​သည်​ငါ့​ကို​ကြာ​ရှည်​စွာ​ဒု​က္ခ မှောင်​မိုက်​တွင်​နေ​စေ​တော်​မူ​ပါ​၏။ \b \q1 \v 7 ငါ့​ကို​သံ​ကြိုး​များ​နှင့်​ချည်​နှောင်​ထား​တော်​မူ ပါ​၏။ \q2 ငါ​သည်​အ​ကျဉ်း​သား​ဖြစ်​၍ ငါ​လွတ်​မြောက်​ရန်​လမ်း​မ​ရှိ။ \q1 \v 8 ကူ​မ​တော်​မူ​ရန်​ငါ​ဟစ်​အော်​ပါ​သော်​လည်း \q2 ဘု​ရား​သ​ခင်​သည်​နား​ထောင်​တော်​မ​မူ။ \q1 \v 9 ငါ​သည်​လမ်း​လျှောက်​သော​အ​ခါ ယိမ်း​ယိုင်​လျက်​နေ​ပါ​၏။ \q2 ငါ​လှည့်​လိုက်​သည့်​အ​ခါ​တိုင်း​၌ ကျောက်​နံ​ရံ​များ​ပိတ်​လျက်​ရှိ​ပါ​၏။ \b \q1 \v 10 ကိုယ်​တော်​သည်​ဝက်​ဝံ​သ​ဖွယ်​ငါ့​အား​ချောင်း မြောင်း​ကာ ခြင်္သေ့​ကဲ့​သို့​ခုန်​အုပ်​တော်​မူ​ပါ​၏။ \q1 \v 11 လမ်း​နံ​ဘေး​တွင်​ငါ့​ကို​လိုက်​လံ​ဖမ်း​ဆီး​ပြီး​လျှင် အ​ပိုင်း​ပိုင်း​ဆွဲ​ဖြတ်​ကာ​စွန့်​ပစ်​ထား​တော်​မူ​ပါ​၏။ \q1 \v 12 ကိုယ်​တော်​သည်​လေး​တော်​ကို​တင်​၍​ငါ့​အား ပစ်​မှတ်​အ​ဖြစ်​အ​သုံး​ပြု​တော်​မူ​ပါ​၏။ \b \q1 \v 13 ကိုယ်​တော်​သည်​မြား​တော်​တို့​ကို​ငါ​၏ ကိုယ်​ခ​န္ဓာ​အ​တွင်း​သို့​ပစ်​လွှတ်​တော်​မူ​ပါ​၏။ \q1 \v 14 လူ​တို့​သည်​တစ်​နေ​ကုန်​တစ်​နေ​ခန်း​ငါ့​ကို ပြက်​ရယ်​ပြု​ကြ​ပါ​၏။ \q2 ငါ​သည်​လူ​များ​အ​တွက်​ရယ်​စ​ရာ​ဖြစ်​၍ နေ​တော့​၏။ \q1 \v 15 ကိုယ်​တော်​သည်​ငါ့​အား​ပြင်း​ထန်​သော \q2 ဝေ​ဒ​နာ​ကို​အ​စာ​ရေ​စာ​အ​ဖြစ်​တိုက်​ကျွေး တော်​မူ​ပါ​၏။ \b \q1 \v 16 ကိုယ်​တော်​သည်​ငါ​၏​မျက်​နှာ​ကို​မြေ​ပြင်​နှင့် ပွတ်​တိုက်​တော်​မူ​၍ \q2 ငါ​၏​သွား​တို့​ကို​ကျောက်​ပေါ်​တွင်​ချိုး​တော်​မူ​ပါ​၏။ \q1 \v 17 ငါ​သည်​ကျန်း​မာ​ပျော်​ရွှင်​မှု​နှင့်​ငြိမ်း​ချမ်း သာ​ယာ​မှု​ကို​မေ့​ပျောက်​၍​သွား​လေ​ပြီ။ \q1 \v 18 ငါ​သည်​ကြာ​ကြာ​အ​သက်​ရှင်​ရ​တော့​မည် မ​ဟုတ်​ပါ။ \q2 ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ငါ​မျှော်​လင့်​စ​ရာ​လည်း မ​ရှိ​တော့​ပါ။ \b \q1 \v 19 ငါ​ခံ​ရ​သည့်​ဝေ​ဒ​နာ​နှင့်​ငါ​အိုး​မဲ့​အိမ်​မဲ့ ဖြစ်​ရ​မှု​ကို စဉ်း​စား​ဆင်​ခြင်​ရ​သည်​မှာ \q2 ဆိုး​ရွား​သည့်​အ​ဆိပ်​ကို​မျို​ရ​သည်​နှင့် တူ​တော့​၏။ \q1 \v 20 ယင်း​သို့​အ​ခါ​တ​လဲ​လဲ​ဆင်​ခြင်​၍ ငါ​၏​စိတ်​ကို​ညှိုး​ငယ်​စေ​ပါ​၏။ \q1 \v 21 သို့​ရာ​တွင်​မျှော်​လင့်​ချက်​ကို​ပြန်​လည်​ရ​ရှိ​စေ​သည့် အ​ချက်​မှာ​အောက်​ပါ​တို့​ကို​သ​တိ​ရ​ခြင်း​ဖြစ်​သည်။ \b \q1 \v 22-23 ထာ​ဝ​ရ​ဘု​ရား​၏​မ​ကုန်​ဆုံး​နိုင်​သော​မေတ္တာ တော်​နှင့် က​ရု​ဏာ​တော်​သည် \q2 မိုး​သောက်​ချိန်​ကဲ့​သို့​လန်း​ဆန်း​လျက်၊ နေ​ထွက်​ချိန် ကဲ့​သို့​ဧ​ကန်​မု​ချ​တည်​မြဲ​၍​နေ​တော်​မူ​သေး​သည်။ \q1 \v 24 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အ​ဖို့​ဖြစ်​သ​ဖြင့် ငါ​သည်​ကိုယ်​တော်​ကို​မျှော်​ကိုး​ပါ​၏။ \b \q1 \v 25 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​ယုံ​ကြည်​ကိုး​စား သူ​မှန်​သ​မျှ​ကို​ကျေး​ဇူး​ပြု​တော်​မူ​တတ်​၏။ \q1 \v 26 သို့​ဖြစ်​၍​ငါ​တို့​ကို​ကယ်​တော်​မူ​ရန်​ကိုယ်​တော်​အား \q2 သည်း​ခံ​စောင့်​မျှော်​နေ​ခြင်း​သည်​ငါ​တို့​အ​ဖို့ အ​ကောင်း​ဆုံး​ပင်​ဖြစ်​ပါ​၏။ \q1 \v 27 ယင်း​သို့​သည်း​ခံ​စောင့်​မျှော်​မှု​ကို \q2 အ​သက်​ပျို​ရွယ်​စဉ်​အ​ခါ​က​လေ့​ကျက် ခြင်း​သည် အ​ကောင်း​ဆုံး​ပင်​ဖြစ်​ပါ​၏။ \b \q1 \v 28 ငါ​တို့​ဒုက္ခ​ရောက်​ချိန်​၌​သည်း​ခံ​လျက် တိတ်​ဆိတ်​စွာ​တစ်​ကိုယ်​တည်း​ထိုင်​နေ​ရ​ကြ​မည်။ \q1 \v 29 မျှော်​လင့်​ဖွယ်​ရှိ​ကောင်း​ရှိ​ဦး​မည်​ဖြစ်​၍​ငါ​တို့​သည် ဝန်​ခံ​လျက်​မြေ​သို့​ခေါင်း​ငုံ့​သင့်​ကြ​၏။ \q1 \v 30 ရိုက်​နှက်​စော်​ကား​မှု​ကို​ခံ​ရ​သော်​လည်း နား​လည်​လက်​ခံ​သင့်​ကြ​၏။ \b \q1 \v 31 ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​တတ်​သော ကြောင့် ငါ​တို့​အား​ထာ​ဝ​စဉ်​ပင်​ပစ်​ပယ်​တော်​မူ​လိမ့် မည်​မ​ဟုတ်။ \q1 \v 32 ကိုယ်​တော်​သည်​ငါ​တို့​အား​ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ကို ပေး​သော်​လည်း \q2 ငါ​တို့​အ​ပေါ်​၌​ကိုယ်​တော်​ထား​ရှိ​တော်​မူ​သော \q1 သ​နား​ညှာ​တာ​မှု​နှင့်​မေတ္တာ​တော်​ကား ကြီး​မား​တော်​မူ​ပါ​ပေ​သည်။ \q1 \v 33 ကိုယ်​တော်​သည်​ငါ​တို့​အား​ဝမ်း​နည်း​ကြေ​ကွဲ​စေ​၍ ဝေ​ဒ​နာ​ခံ​စား​စေ​သော်​လည်း​နှစ်​မြို့​တော်​မ​မူ​ပါ။ \q1 \v 34 ငါ​တို့​သည်​ထောင်​ထဲ​တွင်​အ​ကျဉ်း​ခံ​ရ​၍ \q2 စိတ်​ကျိုး​ပဲ့​ကြေ​မွ​လျက်​ရှိ​သော​အ​ခါ ကိုယ်​တော်​သိ​တော်​မူ​ပါ​၏။ \q1 \v 35 ကိုယ်​တော်​သည်​မိ​မိ​ပေး​ထား​သည့်​ရ​ပိုင်​ခွင့် များ​ကို \q2 ငါ​တို့​ဆုံး​ရှုံး​ရ​ကြ​သော​အ​ခါ​၌​လည်း သိ​တော်​မူ​ပါ​၏။ \q1 \v 36 ရုံး​တော်​တွင်​တ​ရား​စီ​ရင်​မှု​ဖောက်​လွဲ​ဖောက် ပြန် ဖြစ်​သော​အ​ခါ​လည်း \q2 ကိုယ်​တော်​သိ​တော်​မူ​ပါ​၏။ \b \q1 \v 37 ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​အ​ရ​သာ​လျှင် အ​ကောင်​အ​ထည်​ဖော်​ရ​ပါ​၏။ \q1 \v 38 အ​ကောင်း​နှင့်​အ​ဆိုး​သည်​ကိုယ်​တော်​၏ အ​မိန့်​တော်​အ​ရ​ဖြစ်​ပျက်​ရ​ပါ​၏။ \q1 \v 39 ငါ​တို့​သည်​မိ​မိ​တို့​အ​ပြစ်​အ​တွက် ဒဏ်​ခတ်​ခြင်း​ခံ​ရ​ကြ​သော​အ​ခါ \q2 အ​ဘယ်​ကြောင့်​ညည်း​တွား​ရ​ကြ​ပါ​မည်​နည်း။ \b \q1 \v 40 ငါ​တို့​သည်​မိ​မိ​တို့​လမ်း​စဉ်​ကို​စစ်​ဆေး​ကာ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​ကြ ကုန်​အံ့။ \q1 \v 41 ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင် အား \q2 ငါ​တို့​စိတ်​နှ​လုံး​ကို​ဖွင့်​လျက် အောက်​ပါ​ပတ္ထ​နာ​ကို​ပြု​ကြ​ကုန်​အံ့။ \q1 \v 42 ``ကျွန်​တော်​မျိုး​တို့​သည်​အ​ပြစ်​ကူး​ခဲ့​ကြ ပါ​ပြီ။ ပုန်​ကန်​ခဲ့​ကြ​ပါ​ပြီ။ \q2 အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်​လည်း \q1 ကျွန်​တော်​မျိုး​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မ​မူ​ခဲ့​ပါ။ \b \q1 \v 43-44 ``ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား လိုက်​လံ​ဖမ်း​ဆီး​၍​ကွပ်​မျက်​တော်​မူ​ပါ​၏။ \q1 ကျွန်​တော်​မျိုး​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ သည် \q2 ထူ​ထပ်​သော​အ​မျက်​တော်​တိမ်​တိုက်​ကို တိုး​၍​မ​ပေါက်​နိုင်​ပါ။ \q1 \v 45 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား \q2 ကမ္ဘာ့​အ​လယ်​တွင်​အ​ညစ်​အ​ကြေး​အ​မှိုက်​ပုံ ဖြစ်​စေ​တော်​မူ​ပါ​ပြီ။ \b \q1 \v 46 ``ကျွန်​တော်​မျိုး​တို့​သည်​ရန်​သူ​များ​၏​စော်​ကား ပြောင်​လှောင်​မှု​ကို​ခံ​ရ​ကြ​ပါ​၏။ \q1 \v 47 ပျက်​စီး​ယိုး​ယွင်း​မှု​နှင့်​ကြုံ​တွေ့​ခဲ့​ရ​ကြ​ပါ​ပြီ။ \q2 ကျွန်​တော်​မျိုး​တို့​သည်​အ​ဆီး​အ​တား​နှင့် ကြောက်​ရွံ့​မှု​တို့​ဖြင့်​အ​သက်​ရှင်​ရ​ပါ​၏။ \q1 \v 48 ကျွန်​တော်​မျိုး​တို့​၏​အ​မျိုး​သား​များ​ဆုံး​ပါး ပျက်​စီး​မှု​ကြောင့် \q2 ကျွန်​တော်​မျိုး​၏​မျက်​စိ​များ​မှ​မျက်​ရည်​တို့​သည် မြစ်​များ​သ​ဖွယ်​စီး​ဆင်း​၍​လာ​ပါ​၏။ \b \q1 \v 49-50 ``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​မှ​ငါ တို့​အား ကြည့်​တော်​မူ​၍​မြင်​တော်​မူ​သည်​တိုင်​အောင် \q2 ငါ​၏​မျက်​ရည်​များ​သည်​မ​ရပ်​မ​နား​စီး​လျက် နေ​ပါ​လိမ့်​မည်။ \q1 \v 51 မိ​မိ​၏​မြို့​မှ​အ​မျိုး​သ​မီး​များ​၏​အ​ဖြစ်​ဆိုး ကြောင့် ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​ကြေ​ကွဲ​၍​နေ​ပါ​၏။ \b \q1 \v 52 ကျွန်​တော်​မျိုး​ကို​မုန်း​ရန်​အ​ကြောင်း​မ​ရှိ​ပါ ဘဲ​လျက် \q2 ရန်​သူ​များ​သည်​ကျွန်​တော်​မျိုး​အား​ငှက်​သ​ဖွယ် ကျော့​ကွင်း​ထောင်​ကြ​ပါ​၏။ \q1 \v 53 သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​ရှင်​လတ်​လတ် \q2 တွင်း​ထဲ​သို့​ပစ်​ချ​ကာ​ကျောက်​တုံး​နှင့် တွင်း​ဝ​ကို​ပိတ်​ကြ​ပါ​၏။ \q1 \v 54 မိ​မိ​၏​အ​ပေါ်​သို့​ရေ​များ​ဖုံး​လွှမ်း​လာ​သ​ဖြင့် \q2 ကျွန်​တော်​မျိုး​သည်​သေ​ရ​ပေ​တော့​အံ့​ဟု ထင်​မှတ်​မိ​ပါ​၏။ \b \q1 \v 55 ``အို ထာ​ဝ​ရ​ဘု​ရား​တွင်း​ထဲ​မှ​နေ​၍ ကျွန်​တော်​မျိုး​သည် \q2 ကိုယ်​တော်​ရှင်​အား​ဟစ်​ခေါ်​ပါ​၏။ \q1 \v 56 ဤ​သို့​ဟစ်​ခေါ်​သံ​ကို​နား​ထောင်​တော်​မူ​ရန် \q2 ကျွန်​တော်​မျိုး​ပန်​ကြား​လျှောက်​ထား​သော​အ​ခါ ကိုယ်​တော်​ရှင်​ကြား​တော်​မူ​သည်​ဖြစ်​၍ \q1 \v 57 ကျွန်​တော်​မျိုး​အား`မ​ကြောက်​နှင့်' ဟု​ပြန်​လည် ဖြေ​ကြား​တော်​မူ​ပါ​၏။ \b \q1 \v 58 အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည် \q2 ကျွန်​တော်​မျိုး​အား​ကူ​မ​ရန်​ကြွ​လာ​တော်​မူ​၍ ကယ်​တင်​တော်​မူ​ပါ​၏။ \q1 \v 59 ကျွန်​တော်​မျိုး​ခံ​ရ​သည့်​မ​တ​ရား​မှု​များ​ကို \q2 ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ စီ​ရင်​ပေး​တော်​မူ​ပါ။ \q1 \v 60 ရန်​သူ​များ​သည်​ကျွန်​တော်​မျိုး​အား​အ​ဘယ်​မျှ မုန်း​ကြ​သည်​ကို​လည်း​ကောင်း၊ \q2 ကျွန်​တော်​မျိုး​အား​ဆန့်​ကျင်​၍​အ​ဘယ်​သို့ \q1 လျှို့​ဝှက်​ကြံ​စည်​ကြ​သည်​ကို​လည်း​ကောင်း ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ \b \q1 \v 61 ``ကိုယ်​တော်​ရှင်​သည်​ထို​သူ​တို့​ကျွန်​တော်​မျိုး အား စော်​ကား​ကြ​သည်​ကို​ကြား​တော်​မူ​၍ \q2 သူ​တို့​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည် မှန်​သ​မျှ​ကို​လည်း​သိ​တော်​မူ​ပါ​၏။ \q1 \v 62 သူ​တို့​သည်​တစ်​နေ​ကုန်​တစ်​နေ​ခန်း ကျွန်​တော်​မျိုး အ​ကြောင်း​ကို​ပြော​ဆို​လျက် \q2 မိ​မိ​တို့​အ​ကြံ​အ​စည်​များ​ကို​ပြု​လုပ်​ကြ​ပါ​၏။ \q1 \v 63 မိုး​လင်း​မှ​မိုး​ချုပ်​တိုင်​အောင်​ကျွန်​တော်​မျိုး​ကို ပြက်​ရယ်​ပြု​ကြ​ပါ​၏။ \b \q1 \v 64 ``အို ထာ​ဝ​ရ​ဘု​ရား​သူ​တို့​အား​မိ​မိ​တို့ \q2 ပြု​ကျင့်​ခဲ့​သည့်​အ​မှု​များ​အ​တွက်​ဒဏ် ခတ်​တော်​မူ​ပါ။ \q1 \v 65 သူ​တို့​အား​ကျိန်​ဆဲ​တော်​မူ​၍​စိတ်​ဋ္ဌာတ် ကျ​ဆင်း​စေ​တော်​မူ​ပါ။ \q1 \v 66 သူ​တို့​ကို​လိုက်​လံ​ဖမ်း​ဆီး​တော်​မူ​၍ က​မ္ဘာ​မြေ​ပေါ်​မှ \q2 အ​ကုန်​အ​စင်​သုတ်​သင်​ပယ်​ရှင်း​တော်​မူ​ပါ။'' \c 4 \s1 ကျ​ဆုံး​ပြီး​ချိန်​၌​ယေ​ရု​ရှ​လင်​မြို့​၏ အ​ခြေ​အ​နေ \q1 \v 1 ပြောင်​လက်​သည့်​ရွှေ​တို့​သည်​မှေး​မှိန်​၍ သွား​လေ​ပြီ။ \q2 ဗိ​မာန်​တော်​ကျောက်​တို့​သည်​လည်း လမ်း​များ​ပေါ်​တွင်​ပြန့်​ကျဲ​လျက်​နေ​၏။ \b \q1 \v 2 ဇိ​အုန်​မြို့​သား​လူ​ငယ်​လူ​ရွယ်​တို့​သည်​ငါ​တို့ အ​ဖို့ ရွှေ​ကဲ့​သို့​အ​ဖိုး​ထိုက်​ခဲ့​သော်​လည်း \q2 ယ​ခု​အ​ခါ​၌​မူ​မြေ​အိုး​များ​ကဲ့​သို့ မှတ်​ယူ​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။ \b \q1 \v 3 ဝံ​ပု​လွေ​မ​ပင်​လျှင်​မိ​မိ​သား​ငယ်​ကို​နို့​တိုက် ပြု​စု​တတ်​သော်​လည်း \q2 ငါ​၏​အ​မျိုး​သား​များ​မူ​ကား \q1 ငှက်​ကု​လား​အုတ်​များ​သ​ဖွယ်​မိ​မိ​တို့ သား​ငယ်​များ အ​ပေါ်​တွင်​ရက်​စက်​ကြ​ပေ​သည်။ \b \q1 \v 4 သူ​တို့​သည်​မိ​မိ​တို့​၏​နို့​စို့​က​လေး​များ​အား အ​စာ​ငတ်​ရေ​ငတ်​ထား​၍​သေ​စေ​ကြ​၏။ \q2 က​လေး​သူ​ငယ်​တို့​သည်​အ​စား​အ​စာ တောင်း​ခံ​လျက်​နေ​သော်​လည်း \q1 သူ​တို့​အား​အ​ဘယ်​သူ​မျှ​မ​ပေး​ကြ။ \b \q1 \v 5 အ​မွန်​မြတ်​ဆုံး​စား​ဖွယ်​သောက်​ဖွယ်​များ​ကို \q2 စား​သောက်​လေ့​ရှိ​သူ​တို့​သည်​လမ်း​များ​ပေါ် တွင် အ​စာ​ငတ်​၍​သေ​ကြ​ကုန်​၏။ \q1 ဇိမ်​ခံ​၍​ကြီး​ပြင်း​လာ​ကြ​သူ​တို့​သည်​လည်း အ​မှိုက်​ပုံ​ကို​လက်​နှင့်​ယက်​၍​အ​စာ​ရှာ​ရ ကြ​၏။ \b \q1 \v 6 ငါ​၏​လူ​မျိုး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လက် တော်​ဖြင့် ရုတ်​တ​ရက်​ပြို​လဲ​ပျက်​စီး​ရ​သည့် \q2 သော​ဒုံ​မြို့​ထက်​အ​ပြစ်​ဒဏ်​ပို​၍​ခံ​ရ ပါ​၏။\x + \xo 4:6 \xt က၊ ၁၉:၂၄။\x* \b \q1 \v 7 ငါ​တို့​၏​မင်း​ညီ​မင်း​သား​များ​သည်​ညစ်​ညမ်း မှု​မ​ရှိ။ မိုး​ပွင့်​ကဲ့​သို့​ဖြူ​စင်​သန့်​ရှင်း​ကြ​၏။ \q2 သူ​တို့​သည်​အ​သား​အ​ရည်​စို​ပြေ ကျန်း​မာ​လျက် \q2 ခွန်​အား​တောင့်​တင်း​သန်​မာ​ကြ​ကုန်​သည်။ \b \q1 \v 8 ယ​ခု​အ​ခါ​သူ​တို့​၏​အ​ရုပ်​အ​ဆင်း​သည် မည်း​နက်​လျက် \q2 မျိုး​မည်​မ​ပေါ်​ဘဲ​လမ်း​များ​ပေါ်​တွင်​လဲ​၍ သေ​နေ​ရ​ကြ​၏။ \q1 သူ​တို့​အ​သား​အ​ရည်​မှာ​သစ်​သား​သ​ဖွယ် \q2 ခြောက်​ကပ်​လျက်​အ​ရိုး​များ​ပေါ်​တွင်​တွန့်​လိမ်​၍ နေ​လေ​ပြီ။ \b \q1 \v 9 စစ်​ပွဲ​တွင်​ကျ​ဆုံး​သေ​ကြေ​ရ​သူ​တို့​သည် အ​စာ​ရေ​စာ​ပြတ်​၍ \q2 ဆက်​လက်​အ​သက်​မ​ရှင်​နိုင်​တော့​ဘဲ \q1 တ​ဖြည်း​ဖြည်း​ငတ်​မွတ်​သေ​ဆုံး​သူ​များ​ထက် သာ​၍​ကောင်း​သေး​သည်။ \b \q1 \v 10 ငါ​၏​အ​မျိုး​သား​တို့​ကြုံ​တွေ့​ရ​သည့် ဘေး​အန္တ​ရာယ်​ဆိုး​သည် \q2 ကြောက်​မက်​ဖွယ်​ကောင်း​လှ​၏။ \q1 ချစ်​ခင်​ကြင်​နာ​တတ်​သော​မိ​ခင်​များ​ပင်​လျှင် မိ​မိ​တို့​သား​သ​မီး​များ​ကို​ပြုတ်​၍​စား​ကြ​၏။\x + \xo 4:10 \xt တရား၊ ၂၈:၅၇။ ယေဇ၊ ၅:၁၀။\x* \b \q1 \v 11 ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း​ထန်​သော \q2 အ​မျက်​တော်​အ​ရှိန်​ကို​အ​စွမ်း​ကုန် လွှတ်​တော်​မူ​လေ​ပြီ။ \q1 ကိုယ်​တော်​သည်​ဇိ​အုန်​မြို့​တွင်​မီး​မွှေး​၍​ထို မြို့​ကို ပြာ​ကျ​စေ​တော်​မူ​ပါ​၏။ \b \q1 \v 12 အ​ရပ်​တ​ကာ​ရှိ​လူ​တို့​သည်​လည်း​ကောင်း \q2 လူ​မျိုး​ခြား​တို့​၏​ဘု​ရင်​များ​သည်​လည်း​ကောင်း \q1 အ​ဘယ်​ရန်​သူ​မျှ​ယေ​ရု​ရှ​လင် \q2 မြို့​တံ​ခါး​များ​ကို​ချင်း​နင်း​ဝင်​ရောက်​နိုင်​လိမ့် မည်​ဟု မ​ယုံ​ကြ။ \b \q1 \v 13 သို့​ရာ​တွင်​ယင်း​သို့​ချင်း​နင်း​ဝင်​ရောက်​မှု​ကား ဖြစ်​ပွား​ခဲ့​ပြီ။ \q2 ထို​မြို့​၏​ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ် များ​သည် \q1 အ​ပြစ်​ကူး​ကြ​သ​ဖြင့်​အ​ပြစ်​မဲ့​သူ​တို့​သည် သေ​ရ​ကြ​လေ​ပြီ။ \b \q1 \v 14 မြို့​၏​ခေါင်း​ဆောင်​တို့​သည်​အ​ဘယ်​သူ​မျှ \q2 မ​တို့​မ​ထိ​ချင်​အောင်​သွေး​များ​ပေ​ကျံ​လျက် \q1 လမ်း​များ​တွင်​မျက်​မ​မြင်​များ​ကဲ့​သို့ လှည့်​လည်​သွား​လာ​နေ​ကြ​၏။ \b \q1 \v 15 လူ​တို့​က``ထွက်​သွား​ကြ​လော့၊သင်​တို့​သည် ညစ်​ညမ်း​လျက်​ရှိ​၏။ \q2 ငါ​တို့​ကို​မ​တို့​မ​ထိ​ကြ​နှင့်'' ဟု​အော်​ဟစ် ပြော​ဆို​ကြ​၏။ \q1 သို့​ဖြစ်​၍​သူ​တို့​သည်​မိ​မိ​တို့​အား​လက်​ခံ မည့်​သူ မ​ရှိ​ဘဲ \q2 တစ်​နိုင်​ငံ​မှ​တစ်​နိုင်​ငံ​သို့​လှည့်​လည် သွား​လာ​ရ​ကြ​လေ​သည်။ \b \q1 \v 16 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား \q2 ဂ​ရု​စိုက်​တော်​မ​မူ​တော့​သ​ဖြင့်​ကိုယ်​တော်​တိုင် ကွဲ​လွင့်​စေ​တော်​မူ​ပါ​၏။ \q1 ငါ​တို့​၏​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် \q2 ခေါင်း​ဆောင်​များ​ကို​လည်း​ပ​မာ​ဏ​ပြု​တော် မ​မူ​ပါ။ မျက်​နှာ​သာ​မ​ပေး​ကြ​တော့​ချေ။ \b \q1 \v 17 ငါ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မ​ပေါ်​လာ​သည့် အ​ကူ​အ​ညီ​ကို​စောင့်​မျှော်​နေ​ခဲ့​ကြ​၏။ \q1 ငါ​တို့​သည်​အ​ဘယ်​သို့​မျှ​အ​ကူ​အ​ညီ​မ​ပေး နိုင်​သည့် \q2 နိုင်​ငံ​မှ​အ​ကူ​အ​ညီ​ကို ဆက်​လက်​စောင့်​မျှော်​ခဲ့​ကြ​၏။ \b \q1 \v 18 ရန်​သူ​များ​သည်​ငါ​တို့​အား​စောင့်​၍ \q2 ကြည့်​နေ​ကြ​သ​ဖြင့်​ငါ​တို့​သည် \q1 လမ်း​များ​ပေါ်​၌​ပင်​လျှင်​မ​သွား​မ​လာ​ရဲ ကြ​ပါ။ \q2 ငါ​တို့​၏​နေ့​ရက်​ကာ​လ​ကုန်​ဆုံး​ခဲ့​ပြီ။ နောက်​ဆုံး​အ​ချိန်​ရောက်​ခဲ့​ပြီ။ \b \q1 \v 19 သူ​တို့​သည်​မိုး​ကောင်း​ကင်​မှ​ထိုး​ဆင်း​လာ​သည့် \q2 လင်း​ယုန်​ငှက်​များ​ကဲ့​သို့​ငါ​တို့​ကို​လိုက်​လံ ဖမ်း​ဆီး​ကြ​ပါ​၏။ \q1 တောင်​ကုန်း​များ​တွင်​ငါ​တို့​ကို​လိုက်​၍​ရှာ​ဖွေ ကြ​ပါ​၏။ \q2 သဲ​ကန္တာ​ရ​တွင်​အ​မှတ်​မ​ထင်​ဖမ်း​ဆီး​ကြ​ပါ​၏။ \b \q1 \v 20 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​သည့်​ဘု​ရင် \q2 ငါ​တို့​၏​အ​သက်​သ​ခင်​ရန်​သူ​အ​ပေါင်း​တို့​၏​ဘေး​မှ \q1 ကွယ်​ကာ​စောင့်​ရှောက်​ရန်​ငါ​တို့​ယုံ​ကြည်​ကိုး​စား​သည့် အ​ရှင်​ကို​ဖမ်း​ဆီး​ကြ​ပါ​၏။ \b \q1 \v 21 ဧ​ဒုံ​ပြည်​နှင့်​ဥ​ဇ​ပြည်​သား​တို့​ရယ်​မော​၍ နေ​ကြ​လော့။ \q2 သင်​တို့​ဝမ်း​မြောက်​နိုင်​သည့်​ကာ​လ​ဝမ်း​မြောက်​လျက် နေ​ကြ​လော့။ \q1 သင်​တို့​ကြုံ​တွေ့​ရ​မည့်​ဘေး​အန္တရာယ်​သည်​လည်း သက်​ရောက်​လာ​လိမ့်​မည်။ \q2 သင်​သည်​လည်း​အ​ဝတ်​မဲ့​လျက်​ဒ​ယိမ်း​ဒ​ယိုင်​နှင့် အ​ရှက်​ကွဲ​ရ​လိမ့်​မည်။ \b \q1 \v 22 ဇိ​အုန်​မြို့​သည်​မိ​မိ​၏​အ​ပြစ်​ကြွေး​ကို​ပေး​ဆပ်​မှု ပြီး​ဆုံး​ပြီ။ \q2 ကိုယ်​တော်​ရှင်​သည်​ငါ​တို့​အား​တစ်​ကျွန်း​တစ်​နိုင်​ငံ​တွင် ဆက်​လက်​ထား​ရှိ​တော့​မည်​မ​ဟုတ်။ \q1 သို့​ရာ​တွင် အို ဧ​ဒုံ​ပြည်၊ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။ \q2 သင်​၏​အ​ပြစ်​ကို​ဖော်​ပြ​တော်​မူ​လိမ့်​မည်။ \c 5 \s1 က​ရု​ဏာ​ထား​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထနာ \q1 \v 1 အို ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​သော အ​ဖြစ်​အ​ပျက်​များ​နှင့် \q2 ကျွန်​တော်​မျိုး​တို့​ကြုံ​တွေ့​ရ​ကြ​သည်​ကို အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ \q1 ကျွန်​တော်​မျိုး​တို့​အား​ကြည့်​တော်​မူ​ပါ​၏။ \q2 ကျွန်​တော်​မျိုး​တို့​အ​သ​ရေ​ပျက်​မှု​ကို ရှု​မြင်​တော်​မူ​ပါ။ \b \q1 \v 2 ကျွန်​တော်​မျိုး​တို့​၏​ပစ္စည်း​ဥစ္စာ​များ​သည် \q2 သူ​စိမ်း​တစ်​ရံ​ဆံ​တို့​၏​လက်​သို့​ရောက်​ရှိ​နေ​ပါ​ပြီ။ \q1 လူ​မျိုး​ခြား​များ​သည်​ကျွန်​တော်​မျိုး​တို့​၏​အိမ်​များ​တွင် နေ​ထိုင်​လျက်​ရှိ​ကြ​ပါ​၏။ \b \q1 \v 3 ကျွန်​တော်​မျိုး​တို့​၏​ဖ​ခင်​များ​သည်​ရန်​သူ​၏ သတ်​ဖြတ်​မှု​ကို​ခံ​ရ​ကြ​လျက် \q2 မိ​ခင်​များ​မှာ​မု​ဆိုး​မ​များ ဖြစ်​ရ​ကြ​ပါ​၏။ \b \q1 \v 4 ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​၏​သောက်​ရေ​အ​တွက် အ​ဖိုး​ငွေ​ပေး​ရ​ကြ​ပါ​၏။ \q2 ထင်း​ကို​လည်း​ဝယ်​ယူ​ရ​ကြ​ပါ​၏။ \b \q1 \v 5 ကျွန်​တော်​မျိုး​တို့​သည်​မြည်း​များ၊ ကု​လား​အုတ် များ​ကဲ့​သို့ နောက်​မှ​အ​ပြင်း​မောင်း​နှင်​ခြင်း​ခံ​နေ​ရ​ကြ​ပါ​၏။ \q2 မော​ပန်း​ပါ​သော်​လည်း​နား​နေ​ခွင့်​မ​ရ​ကြ​ပါ။ \b \q1 \v 6 ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​အ​သက်​ရှင်​ရေး​အ​တွက် အ​စား​အ​စာ​အ​လုံ​အ​လောက်​ရ​ရှိ​နိုင်​ရန် \q2 အာ​ရှု​ရိ​ပြည်​နှင့်​အီ​ဂျစ်​ပြည်​သို့​သွား​၍ တောင်း​ရမ်း​ရ​ကြ​ပါ​၏။ \b \q1 \v 7 ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး​များ​သည်​အ​ပြစ် ကူး​ပြီး​နောက်​သေ​လွန်​သွား​ကြ​သ​ဖြင့် \q2 ကျွန်​တော်​မျိုး​တို့​သည်​သူ​တို့​၏​အ​ပြစ်​ဝန်​ကို ထမ်း​ရ​ကြ​ပါ​၏။ \b \q1 \v 8 ကျွန်​များ​နှင့်​မ​ခြား​နား​သူ​တို့​၏​အုပ်​စိုး ခြင်း​ကို ကျွန်​တော်​မျိုး​တို့​ခံ​ကြ​ရ​သော်​လည်း \q2 အ​ဘယ်​သူ​မျှ​ကျွန်​တော်​မျိုး​တို့​အား​ထို​သူ​တို့​၏ လက်​မှ​မ​ကယ်​နိုင်​ပါ။ \b \q1 \v 9 ကျေး​လက်​များ​တွင်​လူ​သတ်​သ​မား​တို့ လှည့်​လည်​သွား​လာ​လျက်​နေ​သ​ဖြင့် \q2 ကျွန်​တော်​မျိုး​တို့​သည်​အ​သက်​စွန့်​၍ အ​စား​အ​စာ​ရှာ​ဖွေ​ရ​ကြ​ပါ​၏။ \b \q1 \v 10 ဆာ​လောင်​မွတ်​သိပ်​မှု​ကြောင့်​အ​ဖျား​တက်​သ​ဖြင့် \q2 ကျွန်​တော်​မျိုး​တို့​၏​အ​သား​အ​ရေ​သည် မုန့်​ဖို​တ​မျှ​ပူ​လောင်​ပါ​၏။ \b \q1 \v 11 ကျွန်​တော်​မျိုး​တို့​၏​ဇ​နီး​များ​သည် \q2 ဇိ​အုန်​တောင်​ပေါ်​၌​ပင်​လျှင် မု​ဒိမ်း​အ​ကျင့်​ခံ​ရ​ကြ​ပါ​၏။ \q1 ကျွန်​တော်​မျိုး​တို့​၏​သ​မီး​ပျို​များ​သည် ယု​ဒ​ကျေး​ရွာ​မှန်​သ​မျှ​၌ \q2 အ​နိုင်​အ​ထက်​မ​တော်​မ​တ​ရား​ပြု​ကျင့်​မှု​ကို ခံ​ရ​ကြ​ပါ​၏။ \b \q1 \v 12 ရန်​သူ​များ​သည်​ကျွန်​တော်​မျိုး​တို့​၏ ခေါင်း​ဆောင်​များ​အား \q2 ဖမ်း​ဆီး​၍​စက်​တိုင်​တင်​ကြ​ပါ​၏။ \q1 သူ​တို့​သည်​အ​သက်​ကြီး​သူ​များ​ကို​လည်း ရို​သေ​လေး​စား​မှု​မ​ပြု​ကြ​ပါ။ \b \q1 \v 13 လူ​ငယ်​လူ​ရွယ်​များ​သည်​ကျေး​ကျွန်​သ​ဖွယ် စ​ပါး​ကြိတ်​ရ​ကြ​ပါ​၏။ \q2 လူ​ငယ်​တို့​သည်​လည်း​လေး​လံ​သော \q1 ထင်း​စည်း​များ​ကို​ယိမ်း​ယိုင်​ကာ​သယ်​ပို့​ရ ကြ​ပါ​၏။ \b \q1 \v 14 အ​သက်​ကြီး​သူ​တို့​သည်​မြို့​တံ​ခါး​အ​နီး​တွင် မ​ထိုင်​ကြ​တော့​ပါ။ \q2 လူ​ငယ်​လူ​ရွယ်​များ​သည်​လည်း​သီ​ဆို​တီး​မှုတ် မှု​ကို မ​ပြု​ကြ​တော့​ပါ။ \b \q1 \v 15 ဝမ်း​မြောက်​ရွှင်​လန်း​မှု​သည်​ကျွန်​တော်​မျိုး​တို့ ၏​ဘ​ဝ​မှ ကွယ်​ပျောက်​သွား​ပါ​ပြီ။ \q2 က​ခုန်​မှု​များ​သည်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​များ​သို့ ပြောင်း​လဲ​သွား​ပါ​ပြီ။ \b \q1 \v 16 ကျွန်​တော်​မျိုး​တို့​တွင်​ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ တစ်​ခု​မျှ​မ​ကျန်​ရှိ​တော့​ပါ။ \q2 ကျွန်​တော်​မျိုး​တို့​သည်​အ​ပြစ်​ကူး​ကြ​သ​ဖြင့် အ​မင်္ဂ​လာ​ရှိ​ကြ​ပါ​၏။ \b \q1 \v 17 ကျွန်​တော်​မျိုး​တို့​သည်​စိတ်​ပျက်​၍ မျက်​ရည်​များ​ဝိုင်း​လျက်​နေ​သ​ဖြင့် \q2 ကျွန်​တော်​မျိုး​တို့​၏​မျက်​စိ​များ​သည် ကြည့်​၍​မ​မြင်​နိုင်​တော့​ပါ။ \b \q1 \v 18 ဇိ​အုန်​တောင်​တော်​သည်​လူ​သူ​ဆိတ်​ညံ​သ​ဖြင့် ခွေး​အ​တို့​ကျက်​စား​ရာ​ဖြစ်​၍​နေ​ပါ​သည်။ \b \q1 \v 19 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည် ထာ​ဝ​စဉ်​ဘု​ရင်​ဖြစ်​တော်​မူ​ပါ​၏။ \q2 ရာ​ဇ​ပလ္လင်​တော်​သည်​နိစ္စ​ထာ​ဝ​ရ​တည် ပါ​လိမ့်​မည်။ \b \q1 \v 20 ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့် \q2 ကျွန်​တော်​မျိုး​တို့​အား​အ​စဉ်​အ​မြဲ​မေ့​လျော့​၍ နေ​တော်​မူ​ပါ​သနည်း။ \q1 အ​ဘယ်​ကြောင့်​ဤ​မျှ​ကြာ​စွာ​ကျွန်​တော်​မျိုး​တို့​ကို စွန့်​ပစ်​၍​ထား​တော်​မူ​ပါ​သ​နည်း။ \b \q1 \v 21 အို ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ပြန်​လာ​ခွင့်​ပြု​တော်​မူ​ပါ။ \q2 ကျွန်​တော်​မျိုး​တို့​အား​ပြန်​လာ​စေ​တော်​မူ​ပါ။ \q1 ရှေး​ကာ​လ​မှာ​ကဲ့​သို့​ကျွန်​တော်​မျိုး​တို့​အား ဘုန်း​ကြီး​စေ​တော်​မူ​ပါ။ \b \q1 \v 22 သို့​တည်း​မ​ဟုတ်​ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး တို့​အား ထာ​ဝ​စဉ်​စွန့်​ပစ်​ထား​တော်​မူ​ပြီ​လော။ \q2 ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​ငြိမ်း​မည့် ကာ​လ​မ​ရှိ​တော့​ပါ​တ​ကား။ ပ​ရော​ဖက်​ယေ​ရ​မိ​မြည်​တမ်း​သော စ​ကား​ပြီး​၏။