\id JON Myanmar Common Language Bible \h ယော​န \toc1 ယော​န​ဝတ္ထု \toc2 ယော​န \mt1 ယော​န​ဝတ္ထု \is1 နိ​ဒါန်း \ip ယော​န​ဝတ္ထု​သည်​သမ္မာ​ကျမ်း​စာ​တော်​တွင်​ပါ​ရှိ​သည့်​အ​ခြား​ပ​ရော​ဖက်​ကျမ်း​များ​နှင့်​မ​တူ​ချေ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​ကျမ်း​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​မ​နာ​ခံ​သူ ပ​ရော​ဖက်​တစ်​ပါး​၏​တွေ့​ကြုံ​ခံ​စား​မှု​များ​ကို​ပုံ​ဝတ္ထု​သွား​ဖြင့်​ရေး​သား​ဖော်​ပြ​ထား​ခြင်း​ကြောင့်​ဖြစ်​သည်။ ဘု​ရား​သ​ခင်​သည်​ယော​န​အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​ရန်​ငြိုး​ကြီး​သော​အာ​ရှု​ရိ​ဧ​က​ရာဇ်​နိုင်​ငံ​၏​မြို့​တော်​နိ​နေ​ဝေ​မြို့​သို့​သွား​ရန်​အ​မိန့်​ပေး​တော်​မူ​သည်။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် ထို​မြို့​ကို​အ​ပြစ်​ဒဏ်​ပေး​မည်​ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​ပြု​တော်​မူ​လိမ့်​မည်​မ​ဟုတ်​ကြောင်း​နား​လည်​သ​ဘော​ပေါက်​သ​ဖြင့် ယော​န​သည်​ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​ကြေ​ညာ​ရန်​ထို​မြို့​သို့​မ​သွား​လို​ပေ။ သူ​သည်​စိတ်​ဝင်​စား​ဖွယ်​ကောင်း​သော​အ​ဖြစ်​အ​ပျက်​အ​မျိုး​မျိုး​နှင့်​တွေ့​ကြုံ​ရ​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​စိတ်​ပါ​လက်​ပါ​မ​ရှိ​ဘဲ​နာ​ခံ​လိုက်​လေ​သည်။ သို့​ရာ​တွင်​နောက်​ဆုံး​၌​သူ​ကြေ​ညာ​ခဲ့​သည့်​အ​တိုင်း​နိ​နေ​ဝေ​မြို့​သူ​မြို့​သား​တို့​အ​ပြစ်​ဒဏ်​မ​ခံ​ရ​သော​အ​ခါ သူ​သည်​စိတ်​ကောက်​လျက်​နေ​၏။ \ip ဤ​ကျမ်း​တွင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​ဖန်​ဆင်း​တော်​မူ​သ​မျှ​တို့​ကို အ​ကြွင်း​မဲ့​ပိုင်​သ​အုပ်​စိုး​သော​အ​ရှင်​ဖြစ်​တော်​မူ​ကြောင်း​ကို​ပေါ်​လွင်​စေ​သည်။ ဤ​ကျမ်း​သည်​ထာ​ဝ​ရ​ဘု​ရား​အား​မေတ္တာ​က​ရု​ဏာ​တော်​အ​ရှင်​အ​ဖြစ်​ဖြင့်​ရှင်း​လင်း​ပြတ်​သား​စွာ​သ​ရုပ်​ပေါ်​အောင်​ဖော်​ပြ​သည်။ ကိုယ်​တော်​ရွေး​ကောက်​တော်​မူ​သော​ဣ​သ​ရေ​လ​လူ​မျိုး​၏​ရန်​သူ​များ​အား​သေ​ကြေ​ပျက်​စီး​စေ​မည့်​အ​စား​အ​ပြစ်​ဖြေ​လွှတ်​လျက်​ကယ်​တော်​မူ​သည့်​အ​ရှင်​ဖြစ်​တော်​မူ​ပေ​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 ယော​န​အား​ရွေး​ကောက်​ခေါ်​ယူ​တော်​မူ​ခြင်း​နှင့်​မ​နာ​ခံ​ခြင်း ၁:၁-၁၇ \io1 ယော​န​နောင်​တ​ရ​ခြင်း​နှင့်​ချမ်း​သာ​ရာ​ရ​ခြင်း ၂:၁-၁၀ \io1 နိ​နေ​ဝေ​မြို့​အား​ယော​န​ဟော​ပြော​ခြင်း​၃:၁-၁၀ \io1 နိ​နေ​ဝေ​မြို့​အ​ပေါ်​ဘု​ရား​သ​ခင်​၏​က​ရု​ဏာ​တော် ၄:၁-၁၁ \c 1 \s1 ဘု​ရား​သ​ခင်​၏​အ​မိန့်​ကို​မ​နာ​ခံ​သူ​ယော​န \p \v 1 တစ်​နေ့​သ​၌​အ​မိတ္တဲ​၏​သား​ယော​န​အား ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​ပေး​တော်​မူ​၏။-\x + \xo 1:1 \xt ၄ရာ၊ ၁၄:၂၅။\x* \v 2 ကိုယ်​တော်​က``သင်​သည်​နိ​နေ​ဝေ​မြို့​ကြီး​သို့​သွား​၍​သ​တိ​ပေး​လော့။ ထို​မြို့​သူ​မြို့​သား​တို့​သည်​အ​လွန်​ဆိုး​ယုတ်​ကြ​ကြောင်း​ကို​ငါ​သိ​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။- \v 3 သို့​ရာ​တွင်​ယော​န​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ထွက်​ပြေး​ရန်​ယုပ္ပေ​သင်္ဘော​ဆိပ်​သို့​သွား​၏။ ယုပ္ပေ​မြို့​သို့​ရောက်​လျှင်​စ​ပိန်​ပြည်​သို့​ထွက်​ခွာ​သွား​တော့​မည်​ဖြစ်​သော​သင်္ဘော​ကို​အ​ဆင်​သင့်​တွေ့​လေ​၏။ ယော​န​သည်​သင်္ဘော​ခ​ကို​ပေး​ပြီး​လျှင် ထာ​ဝ​ရ​ဘုရား​နှင့်​ဝေး​ရာ​စ​ပိန်​မြို့​သို့​သင်္ဘော​သား​များ​နှင့်​အ​တူ​လိုက်​ရန်​သင်္ဘော​ပေါ်​သို့​တက်​လေ​၏။ \p \v 4 သင်္ဘော​သည်​ပင်​လယ်​တွင်း​သို့​ရောက်​သွား​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ပြင်း​မုန်​တိုင်း​ကြီး​ကို​တိုက်​ခတ်​စေ​တော်​မူ​၏။ ထို​လေ​မုန်​တိုင်း​ကြီး​သည်​လွန်​စွာ​ပြင်း​ထန်​လှ​သ​ဖြင့်​သင်္ဘော​သည်​ပျက်​လု​မ​တတ်​ရှိ​လေ​၏။- \v 5 သင်္ဘော​သား​တို့​သည်​ကြောက်​လန့်​လျက် မိ​မိ​တို့​ယုံ​ကြည်​ကြ​သော​ဘု​ရား​များ​ထံ​သို့​သူ​တို့​အား ကယ်​တင်​ပါ​ရန်​ဆု​တောင်း​ကြ​၏။ ထို​နောက်​သင်္ဘော​ဝန်​ပေါ့​စေ​ရန် ကုန်​စည်​များ​ကို​ရေ​ထဲ​သို့​ပစ်​ချ​ကြ​၏။ ထို​အ​ချိန်​တွင်​ယော​န​သည်​သင်္ဘော​ဝမ်း​ထဲ​သို့​ဆင်း​၍​အိပ်​ပျော်​လျက်​နေ​၏။ \p \v 6 ထို​အ​ခါ​သင်္ဘော​သူ​ကြီး​သည် သူ့​ထံ​လာ​ပြီး​သူ့​အား``သင်​သည်​အ​ဘယ်​ကြောင့်​အိပ်​နေ​ပါ​သ​နည်း။ ထ​လော့၊ သင်​၏​ဘု​ရား​ထံ​တွင် ငါ​တို့​ကို​ကယ်​တင်​ရန်​ဆု​တောင်း​လော့။ ထို​အ​ရှင်​သည်​ငါ​တို့​အား​သ​နား​၍​ငါ​တို့​ကို​ကယ်​တင်​ကောင်း​ကယ်​တင်​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။ \p \v 7 ထို​နောက်​သင်္ဘော​သား​တို့​က``ငါ​တို့​ဤ​ကဲ့​သို့​ဘေး​ဒုက္ခ​ရောက်​ရ​သည်​မှာ အ​ဘယ်​သူ​၏​အ​ပြစ်​ကြောင့်​ဖြစ်​သည်​ကို​သိ​ရ​အောင်​မဲ​ချ​ကြ​ကုန်​အံ့'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ သူ​တို့​မဲ​ချ​ကြ​သော​အ​ခါ​ယော​န​မဲ​ကျ​လေ​၏။- \v 8 သို့​ဖြစ်​၍​သူ​တို့​က``ဤ​ကဲ့​သို့​ဘေး​ဒုက္ခ​ရောက်​ရ​သည်​မှာ အ​ဘယ်​သူ​၏​အပြစ်​ကြောင့်​နည်း။ ငါ​တို့​အား​ပြော​ပြ​ပါ။ သင်​သည်​အ​ဘယ်​ကိစ္စ​ဖြင့်​ဤ​သင်္ဘော​ပေါ်​သို့​ရောက်​နေ​ပါ​သ​နည်း။ အ​ဘယ်​ပြည်​မှ​လာ​ပါ​သ​နည်း။ အ​ဘယ်​အမျိုး​သား​ဖြစ်​ပါ​သ​နည်း'' ဟု​ယော​န​အား​မေး​ကြ​၏။ \p \v 9 ယော​န​က``ငါ​သည်​ဟေ​ဗြဲ​အ​မျိုး​သား​ဖြစ်​၏။ ကုန်း​မြေ​နှင့်​ပင်​လယ်​ကို​ဖန်​ဆင်း​တော်​မူ​သော​ကောင်း​ကင်​ဘုံ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​သူ​ဖြစ်​သည်'' ဟု​ဖြေ​ကြား​၏။- \v 10 ထို​နောက်​ဆက်​လက်​၍​မိ​မိ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ထွက်​ပြေး​တိမ်း​ရှောင်​လာ​သူ​ဖြစ်​ကြောင်း​ကို​လည်း​ထို​သူ​တို့​အား​ပြော​ပြ​၏။ \p သင်္ဘော​သား​တို့သည်​ကြောက်​လန့်​ကြ​ကုန်​လျက် ``သင်​ပြု​သည့်​အ​မှု​သည်​ထိတ်​လန့်​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။- \v 11 ထို​အ​ခိုက်​တွင်​လေ​မုန်​တိုင်း​သည်​ပြင်း​ထန်​သည်​ထက်​ပို​မို​ပြင်း​ထန်​၍​လာ​၏။ သို့​ဖြစ်​၍​သင်္ဘော​သား​တို့​က``လေ​မုန်​တိုင်း​ရပ်​စဲ​သွား​စေ​ရန်​ငါ​တို့​သည် သင့်​အား​အ​ဘယ်​သို့​ပြု​သင့်​ပါ​သ​နည်း'' ဟု​ယော​န​အား​မေး​ကြ​၏။ \p \v 12 ယော​န​က``ငါ့​ကို​ပင်​လယ်​ထဲ​သို့​ပစ်​ချ​ကြ​လော့။ သို့​ပြု​လျှင်​လေ​မုန်​တိုင်း​သည်​ငြိမ်​သွား​လိမ့်​မည်။ သင်​တို့​လေ​ပြင်း​မုန်​တိုင်း​မိ​ရ​ကြ​သည်​မှာ​ငါ​၏​အ​ပြစ်​ကြောင့်​ဖြစ်​ကြောင်း​ငါ​သိ​ပါ​၏'' ဟု​ဖြေ​၏။ \p \v 13 သို့​ရာ​တွင်​သင်္ဘော​သား​တို့​သည်​ယော​န​အား​ပင်​လယ်​ထဲ​သို့​ပစ်​ချ​မည့်​အ​စား သင်္ဘော​ကို​ကမ်း​ဘက်​သို့​ရောက်​ရန်​အ​စွမ်း​ကုန်​ကြိုး​စား​လှော်​ခတ်​ကြ​၏။ သို့​သော်​လည်း​လေ​မုန်​တိုင်း​သည်​ပြင်း​ထန်​သည်​ထက်​ပြင်း​ထန်​၍​လာ​သ​ဖြင့် သူ​တို့​သည်​အ​ဘယ်​သို့​မျှ​မ​တတ်​နိုင်​ကြ​တော့​ချေ။- \v 14 ထို​အ​ခါ​သင်္ဘော​သား​များ​က​ထာ​ဝ​ရ​ဘု​ရား​အား``အို ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​အ​သက်​ဆုံး​ရှုံး​ရ​သည့်​အ​တွက် အ​ကျွန်ုပ်​တို့​အား​သေ​ဒဏ်​ခတ်​တော်​မ​မူ​ပါ​ရန်​ပန်​ကြား​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ဤ​အ​မှု​သည်​အ​လို​တော်​အ​ရ​ကိုယ်​တော်​တိုင်​ပြု​တော်​မူ​သော​အ​မှု​ဖြစ်​ပါ​၏'' ဟု​ဟစ်​အော်​လျှောက်​ထား​ကြ​၏။- \v 15 ထို​နောက်​သူ​တို့​သည်​ယော​န​ကို​ပွေ့​ချီ​၍​ပင်​လယ်​ထဲ​သို့​ပစ်​ချ​လိုက်​ကြ​၏။ ထို​အ​ခါ​ချက်​ချင်း​ပင် ပင်​လယ်​သည်​ငြိမ်​သက်​သွား​၏။- \v 16 ယင်း​သို့​ငြိမ်​သက်​သွား​သော​အ​ခါ​သင်္ဘော​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​လွန်​စွာ​ကြောက်​လန့်​လာ​ကြ​သ​ဖြင့် ယဇ်​ပူ​ဇော်​ကြ​ပြီး​လျှင်​ကိုယ်​တော်​အား​သစ္စာ​က​တိ​ပြု​ကြ​၏။ \p \v 17 ထို​နောက်​ဘု​ရား​သ​ခင်​အ​မိန့်​ပေး​သ​ဖြင့်​ငါး​ကြီး​တစ်​ကောင်​သည်​ယော​န​ကို​မျို​လေ​၏။ ယော​န​လည်း​ငါး​ကြီး​၏​ဝမ်း​ဗိုက်​တွင်း​၌​သုံး​ရက်​ပတ်​လုံး​နေ​ရ​၏။\x + \xo 1:17 \xt မ၊ ၁၂:၄၀။\x* \c 2 \s1 ယော​န​၏​ဆု​တောင်း​ပတ္ထ​နာ \p \v 1 ထို​နောက်​ယော​န​သည်​ငါး​ကြီး​၏​ဝမ်း​ဗိုက် တွင်း​မှ​နေ​၍ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား၊ \q1 \v 2 ``အို ထာ​ဝ​ရ​ဘု​ရား၊ \q2 အ​ကျွန်ုပ်​သည်​ဘေး​နှင့်​ကြုံ​တွေ့​နေ​ရ​သည့်​အ​တွက် ကိုယ်​တော်​အား​ဟစ်​ခေါ်​ခဲ့​ပါ​သည်။ \q1 ကိုယ်​တော်​က​လည်း​ကြား​တော်​မူ​ပါ​၏။ \q2 အ​ကျွန်ုပ်​သည်​သေ​မင်း​၏​ခံ​တွင်း​မှ​နေ​၍ \q1 ကိုယ်​တော်​အား​ဟစ်​အော်​သံ​ကို​ကိုယ်​တော် ကြား​တော်​မူ​ပါ​၏။ \q1 \v 3 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​နက်​ရှိုင်း​သော ပင်​လယ်​ထဲ​သို့​လည်း​ကောင်း၊ \q2 ပင်​လယ်​အောက်​ဆုံး​ပိုင်း​တိုင်​အောင်​လည်း​ကောင်း ပစ်​ချ​လိုက်​သ​ဖြင့်၊ \q1 အ​ကျွန်ုပ်​မှာ​ပင်​လယ်​ရေ​ပတ်​လည် ဝိုင်း​ရံ​ခြင်း​ကို​ခံ​လျက် \q2 ကိုယ်​တော်​၏​လှိုင်း​လုံး​ကြီး​များ​သည် အ​ကျွန်ုပ်​ကို​လွှမ်း​မိုး​သွား​ပါ​သည်။ \q1 \v 4 အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​မျက်​မှောက်​မှ နှင်​ထုတ်​ခြင်း​ကို​ခံ​ရ​သ​ဖြင့်၊ \q2 ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန် တော်​ကို အ​ဘယ်​အ​ခါ​၌​မျှ​တွေ့​မြင်​ရ​တော့​မည် မ​ဟုတ်​ဟု​ထင်​မှတ်​ခဲ့​ပါ​၏။ \q1 \v 5 ရေ​သည်​အ​ကျွန်ုပ်​ကို​ဝိုင်း​ရံ​သ​ဖြင့်​အ​ကျွန်ုပ် သည် အ​သက်​ရှူ​၍​ပင်​မ​ရ​တော့​ပါ။ \q2 ပင်​လယ်​ရေ​သည်​အ​ကျွန်ုပ်​အား​လွှမ်း​မိုး​လျက်၊ ပင်​လယ်​ဒိုက်​ပင်​တို့​သည်​လည်း \q1 အ​ကျွန်ုပ်​၏​ဦး​ခေါင်း​ကို​ရစ်​ပတ်​ကြ​ပါ​၏။ \q1 \v 6 အ​ကျွန်ုပ်​သည်​တောင်​များ​၏​အောက်​ခြေ​သို့ တိုင်​အောင်​လည်း​ကောင်း၊ \q2 ပြန်​လမ်း​မ​ရှိ​သည့်​မ​ရ​ဏာ​နိုင်​ငံ​သို့ လည်း​ကောင်း နစ်​မြုပ်​သွား​ပါ​သည်။ \q1 သို့​ဖြစ်​လျက်​ပင်​အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ \q2 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​အ​သက်​ကို နက်​ရာ​မှ ကယ်​ဆယ်​တော်​မူ​ခဲ့​ပါ​၏။ \q1 \v 7 အ​ကျွန်ုပ်​သည်​သေ​အံ့​ဆဲ​ဆဲ​အ​ချိန်​တွင် \q2 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ထံ​တော်​သို့​ဆု​တောင်း​ခဲ့​ပါ​၏။ \q1 ကိုယ်​တော်​သည်​လည်း​ကိုယ်​တော်​၏ \q2 သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန်​တော်​မှ အ​ကျွန်ုပ်​၏ ဆု​တောင်း​ပတ္ထ​နာ​သံ​ကို​ကြား​တော်​မူ​ပါ​၏။ \q1 \v 8 အ​ချည်း​နှီး​ဖြစ်​သော​ရုပ်​တု​များ​ကို \q2 ကိုး​ကွယ်​သူ​တို့​သည်​ကိုယ်​တော်​၏​အ​ပေါ်​တွင် သစ္စာ​မဲ့​ကြ​ပါ​၏။ \q1 \v 9 သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ပါ​မည်။ \q2 ကိုယ်​တော်​အား​ယဇ်​ပူ​ဇော်​ပါ​မည်။ \q1 ထို့​ပြင်​အ​ကျွန်ုပ်​ပြု​ခဲ့​သည့်​သစ္စာ​က​တိ အ​တိုင်း လိုက်​နာ​ပါ​မည်။ \q2 အ​ကြောင်း​မှာ​ကယ်​တင်​ခြင်း​အ​မှု​သည် \q1 ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​လာ​ပါ​သည်'' ဟု ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​၏။ \p \v 10 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ငါး​ကြီး အား​အ​မိန့်​ပေး​သ​ဖြင့် ငါး​ကြီး​သည်​ယော​န အား​ကုန်း​ပေါ်​သို့​အန်​ထုတ်​လေ​၏။ \c 3 \s1 ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို ယော​န​နာ​ခံ​ခြင်း \p \v 1-2 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ယော​န​အား``ထ လော့၊ နိ​နေ​ဝေ​မြို့​ကြီး​သို့​သွား​လော့။ ငါ​မှာ သည့်​အ​တိုင်း​မြို့​သူ​မြို့​သား​တို့​အား​သ​တိ ပေး​လော့'' ဟု​ဒု​တိ​ယ​အ​ကြိမ်​အ​မိန့်​ပေး တော်​မူ​၏။- \v 3 သို့​ဖြစ်​၍​ယော​န​သည်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​နာ​ခံ​၍​နိ​နေ​ဝေ​မြို့​ကို သွား​၏။ နိ​နေ​ဝေ​မြို့​သည်​အ​လွန်​ကြီး​ရ ကား​ထို​မြို့​ကို​တစ်​ဘက်​မှ​တစ်​ဘက်​သို့ ဖြတ်​လျှောက်​လျှင်​သုံး​ရက်​ခ​ရီး​ကြာ​၏။- \v 4 ယော​န​သည်​နိ​နေ​ဝေ​မြို့​သို့​ရောက်​၍​မြို့​တွင်း သို့​တစ်​နေ့​ခ​ရီး​ဝင်​ပြီး​နောက်``နိ​နေ​ဝေ​မြို့ သည်​အ​ရက်​လေး​ဆယ်​ကြာ​သော​အ​ခါ ပျက်​လိမ့်​မည်'' ဟု​ကြေ​ညာ​လေ​၏။\x + \xo 3:4 \xt မ၊ ၁၂:၄၁။ လု၊ ၁၁:၃၂။\x* \p \v 5 နိ​နေ​ဝေ​မြို့​သူ​မြို့​သား​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​ယုံ​ကြ​၏။ သို့​ဖြစ်​၍ နောင်​တ​ရ​သည့်​လက္ခ​ဏာ​ဖြင့်​ဂုဏ်​ရှိ​ဂုဏ်​မဲ့ တစ်​ယောက်​မ​ကျန်​အ​စာ​ရှောင်​၍​လျှော်​တေ ကို​ဝတ်​ကြ​ရန်​ဆုံး​ဖြတ်​ကြ​၏။ \p \v 6 ထို​ကြေ​ညာ​ချက်​ကို​နိ​နေ​ဝေ​မင်း​ကြား တော်​မူ​သော​အ​ခါ ရာ​ဇ​ပလ္လင်​ပေါ်​မှ​ထ​၍ ဝတ်​လဲ​တော်​ကို​ချွတ်​ပြီး​လျှင်​လျှော်​တေ​ကို ဝတ်​တော်​မူ​၏။ ထို​နောက်​ပြာ​ထဲ​တွင်​ထိုင် နေ​တော်​မူ​၏။- \v 7 ထို​နောက်​နိ​နေ​ဝေ​ဘု​ရင်​သည်​နိ​နေ​ဝေ​မြို့ သူ​မြို့​သား​တို့​သိ​ကြ​စေ​ရန်​အ​မိန့်​တော် ကို​ထုတ်​ပြန်​လိုက်​၏။ ထုတ်​ပြန်​ချက်​မှာ``ဤ အ​မိန့်​ကား​ဘု​ရင်​နှင့်​မှူး​မတ်​များ​ထံ​မှ ဖြစ်​၏။ အ​ဘယ်​သူ​မျှ​အ​စား​အ​စာ​မ​စား​ရ၊ လူ​အား​လုံး​နှင့်​တိ​ရစ္ဆာန်​အား​လုံး​တို့​သည် အ​စာ​မ​စား​ရ၊ ရေ​မ​သောက်​ရ။- \v 8 လူ​နှင့်​တိ​ရစ္ဆာန်​အ​ပေါင်း​တို့​သည်​လျှော်​တေ ကို​ဝတ်​ရ​ကြ​မည်။ လူ​တိုင်း​ပင်​စိတ်​အား​ထက် သန်​စွာ​ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​ရ​မည်။ ထို့​ပြင်​မိ​မိ​တို့​၏​မ​ကောင်း​မှု​များ​နှင့်​အ​ဋ္ဌမ္မ မှု​များ​ကို​စွန့်​ပစ်​ရ​ကြ​မည်။- \v 9 သို့​မှ​သာ​ဘု​ရား​သ​ခင်​၏​စိတ်​တော်​ပြောင်း လဲ​ကောင်း​ပြောင်း​လဲ​လိမ့်​မည်။ အ​မျက်​တော် ပြေ​ကောင်း​ပြေ​လိမ့်​မည်။ ငါ​တို့​သည်​လည်း အ​သက်​ချမ်း​သာ​ရာ​ရ​နိုင်​မည်'' ဟူ​၍​ဖြစ်​၏။ \p \v 10 ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​၏​ပြု​မူ​ပုံ ကို​လည်း​ကောင်း၊ မ​ကောင်း​မှု​များ​ကို​စွန့် ပယ်​လိုက်​ပုံ​ကို​လည်း​ကောင်း​မြင်​တော်​မူ သော​အ​ခါ စိတ်​တော်​ပြောင်း​လဲ​လျက်​မိန့် မြွက်​တော်​မူ​သည့်​အ​တိုင်း​သူ​တို့​အား ဒဏ်​ခတ်​တော်​မ​မူ​တော့​ပေ။ \b \c 4 \s1 ယော​န​၏​အ​မျက်​နှင့်​ထာ​ဝ​ရ​ဘု​ရား​၏ က​ရု​ဏာ​တော် \p \v 1 ဤ​သို့​ဖြစ်​ရ​ခြင်း​ကြောင့်​ယော​န​သည်​လွန်​စွာ စိတ်​မ​ကျေ​မ​ချမ်း​ဖြစ်​၍​စိတ်​ဆိုး​သ​ဖြင့်၊- \v 2 ``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​အ​ကျွန်ုပ် တိုင်း​ပြည်​မှ​မ​ထွက်​ခွာ​မီ​က​ပင်​ကိုယ်​တော် ဤ​သို့​ပြု​တော်​မူ​မည်​ဟု အ​ကျွန်ုပ်​ကြို​တင် ပြော​ခဲ့​သည်​မ​ဟုတ်​ပါ​လော။ ဤ​အ​ကြောင်း ကြောင့်​အ​ကျွန်ုပ်​သည်​တာ​ရှု​မြို့​သို့​ထွက်​ပြေး ရန်​ကြိုး​စား​ခဲ့​ပါ​၏။ ကိုယ်​တော်​သည်​မေတ္တာ က​ရု​ဏာ​ရှိ​တော်​မူ​သော၊ အ​စဉ်​စိတ်​ရှည် လျက်​အ​ကြင်​နာ​တ​ရား​ရှိ​တော်​မူ​သော၊ အ​ပြစ်​ဒဏ်​ခတ်​သင့်​သော်​လည်း​မ​ခတ်​ဘဲ ချမ်း​သာ​ပေး​တော်​မူ​သော​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ကို​အ​ကျွန်ုပ်​သိ​ပါ ၏။-\x + \xo 4:2 \xt ထွ၊ ၃၄:၆။\x* \v 3 သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​လျှင် အ​ကျွန်ုပ်​အား​သေ​ရ​သော​အ​ခွင့်​ကို​ပေး တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​တွက်​အ​သက်​ရှင် ရ​ခြင်း​ထက်​သေ​ရ​ခြင်း​က​သာ​၍​ကောင်း ပါ​၏'' ဟု​ဆု​တောင်း​လေ​၏။\x + \xo 4:3 \xt ၃ရာ၊ ၁၉:၄။\x* \p \v 4 ထာ​ဝ​ရ​ဘု​ရား​က``သင်​ဤ​သို့​အ​မျက် ထွက်​သင့်​သ​လော'' ဟု​မေး​တော်​မူ​၏။ \p \v 5 ထို​နောက်​ယော​န​သည်​မြို့​အ​ရှေ့​ဘက်​သို့ ထွက်​၍ မိ​မိ​အ​တွက်​တဲ​ထိုး​ပြီး​လျှင်​တဲ​၏ အ​ရိပ်​အောက်​တွင်​ထိုင်​လျက် နိ​နေ​ဝေ​မြို့ မည်​သို့​ဖြစ်​မည်​ကို​စောင့်​ကြည့်​နေ​၏။- \v 6 ထို​အ​ခါ​ယော​န​အား​နေ​ပူ​ရှိန်​မှ​သက်​သာ စေ​ရန် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ကြက်​ဆူ​ပင်​တစ်​ပင်​ကို​ပေါက်​စေ​ပြီး​လျှင် ယော​န​၏​အ​ပေါ်​သို့​အ​ရိပ်​ကျ​စေ​တော် မူ​၏။ ယော​န​သည်​ထို​အ​ပင်​ပေါက်​လာ​သည့် အ​တွက်​အ​လွန်​ဝမ်း​သာ​လျက်​ရှိ​၏။- \v 7 သို့​ရာ​တွင်​နောက်​တစ်​နေ့​မိုး​သောက်​ချိန်​၌ ဘု​ရား​သ​ခင်​သည်​ယော​န​အ​ရိပ်​ခို​နေ သော​အ​ပင်​ကို ပိုး​ကောင်​တစ်​ကောင်​အား ကိုက်​စေ​သ​ဖြင့်​ထို​အ​ပင်​သေ​လေ​၏။- \v 8 နေ​ထွက်​လာ​ပြီး​နောက်​ဘု​ရား​သ​ခင်​သည် အ​ရှေ့​လေ​ပူ​ကို​တိုက်​ခတ်​စေ​တော်​မူ​၏။ ယော​န သည်​မိ​မိ​ဦး​ခေါင်း​ပေါ်​သို့​ကျ​ရောက်​လာ​သည့် အ​ပူ​ရှိန်​ကြောင့် မေ့​လု​မ​တတ်​ဖြစ်​ပြီး​လျှင် သေ​ချင်​စိတ်​ပေါက်​လာ​၏။ သို့​ဖြစ်​၍​ယော​န က``ငါ့​အ​ဖို့​မှာ​အ​သက်​ရှင်​နေ​ရ​ခြင်း​ထက် သေ​ရ​ခြင်း​က​ပို​၍​ကောင်း​လိမ့်​ဦး​မည်'' ဟု မြည်​တမ်း​၏။ \p \v 9 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က​ယော​န​အား``ကြက် ဆူ​ပင်​တစ်​ပင်​အ​တွက်​သင်​အ​မျက်​ထွက်​သင့် သ​လော'' ဟု​မေး​တော်​မူ​၏။ \p ယော​န​က``သေ​ချင်​အောင်​အ​မျက်​ထွက် ပါ​၏'' ဟု​လျှောက်​၏။ \p \v 10 ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​သင်​ကိုယ်​တိုင် မ​စိုက်​မ​ပြု​စု​ရ​ဘဲ တစ်​ည​ချင်း​တွင်​ပင် ပေါက်​ပြီး​တစ်​ည​တွင်း​ပင်​သေ​သွား​သော ကြက်​ဆူ​ပင်​ကို​နှ​မြော​သည်​မ​ဟုတ်​လော။- \v 11 ထို​နည်း​တူ​ပင်​အ​မှား​အ​မှန်​ကို​မ​ဝေ​ခွဲ နိုင်​သည့်​က​လေး​သူ​ငယ်​တစ်​သိန်း​နှစ်​သောင်း ကျော်​နှင့်​တိ​ရစ္ဆာန်​အ​မြောက်​အ​များ​ရှိ​သော နိ​နေ​ဝေ​မြို့​ကို​ငါ​ပို​၍​နှ​မြော​သင့်​သည် မ​ဟုတ်​လော'' ဟု​မိန့်​တော်​မူ​၏။ ပ​ရော​ဖက်​ယော​န​၏​ဝတ္ထု​ပြီး​၏။