\id JOL Myanmar Common Language Bible \h ယော​လ \toc1 ယော​လ​အ​နာ​ဂတ္တိ​ကျမ်း \toc2 ယော​လ \mt1 ယော​လ​အ​နာ​ဂတ္တိ​ကျမ်း \is1 နိ​ဒါန်း \ip ပ​ရော​ဖက်​ယော​လ​အ​ကြောင်း​နှင့်​ပတ်​သက်​၍ အ​နည်း​ငယ်​သာ​သိ​ပေ​သည်။ ထို့​ပြင်​မည်​သည့်​အ​ချိန်​က​သက်​ရှင်​ထင်​ရှား​ခဲ့​ကြောင်း​အ​သေ​အ​ချာ​မ​သိ​ပေ။ သို့​သော်​ပါ​ရှန်​နိုင်​ငံ​တော်​ကြီး​ထွန်း​ကား​နေ​စဉ်​အ​ချိန်​ကာလ၊ ခ၊ မ လေး​ရာ​စု​သို့​မ​ဟုတ်​ငါး​ရာ​စု​နှစ်​အ​ချိန်​အ​တွင်း​၌ ထို​ကျမ်း​စောင်​ပေါ်​ပေါက်​လာ​သည်​ဟု​ထင်​မြင်​ယူ​ဆ​ရ​ပေ​သည်။ ယော​လ​က၊ ပါ​လ​တိ​န​ပြည်​တွင်း​သို့​ကြောက်​မက်​ဖွယ်​ကောင်း​စွာ​ဝင်​ရောက်​လာ​သော​ကျိုင်း​ကောင်​များ​အ​ကြောင်း​ကို​လည်း​ကောင်း သ​ရုပ်​ဖော်​ရေး​သား​ခဲ့​ပေ​သည်။ ဤ​အ​ဖြစ်​အ​ပျက်​များ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​နေ့​ရက်​ရောက်​လာ​တော့​မည့်​လက္ခ​ဏာ​အ​ဖြစ်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည်​ကိုယ်​တော်​ရှင်​၏​ဖြောင့်​မတ်​သော​အ​လို​တော်​ကို​ဆန့်​ကျင်​သူ​များ​အား​ပြစ်​ဒဏ်​ခတ်​သည့်​အ​ချိန်​အ​ဖြစ်​လည်း​ကောင်း​ယော​လ​ထင်​မြင်​ပေ​သည်။ ပ​ရော​ဖက်​က​လူ​တို့​အား​နောင်​တ​ရ​ရန်၊ ထာ​ဝ​ရ​ဘု​ရား​ခေါ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​၏​လူ​တို့​အား​ပြန်​လည်​တည်​ဆောက်​နိုင်​စေ​မှု​နှင့်​ကောင်း​ချီး​မင်္ဂ​လာ​ပေး​မည့်​က​တိ​တော်​ကို​လည်း​ကောင်း​သိ​ရှိ​စေ​သည်။ ဂ​ရု​ပြု​ထိုက်​သော​အ​ချက်​မှာ၊ ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​ရှင်​၏​ဝိ​ညာဉ်​တော်​ကို​မိန်း​မ​ယောကျာ်း​ကြီး​ငယ်​မ​ဟူ​လူ​အား​လုံး​အ​ပေါ်​သို့​စေ​လွှတ်​တော်​မူ​မည်​ဟူ​သော​အ​ချက်​ဖြစ်​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 ကျိုင်း​ကောင်​များ​ကျ​ရောက်​သည့်​ကပ်​ကာ​လ ၁:၁-၂:၁၇ \io1 ပြန်​လည်​တည်​ဆောက်​စေ​မည့်​က​တိ​တော် ၂:၁၈-၂၇ \io1 ထာ​ဝ​ရ​ဘု​ရား​၏​နေ့​တော် ၂:၂၈-၃:၂၁ \c 1 \p \v 1 ဤ​ဗျာ​ဒိတ်​တော်​သည်​ပေ​သွေ​လ​၏​သား​ယော​လ​အား ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ \s1 ကောက်​ပဲ​သီး​နှံ​များ​ပျက်​စီး​သ​ဖြင့်​လူ​တို့​ဝမ်း​နည်း​ကြေ​ကွဲ​ကြ​ခြင်း \q1 \v 2 အ​ချင်း​အ​သက်​ကြီး​သူ​တို့​ငါ​ပြော​သည်​ကို​အာ​ရုံ​စိုက်​ကြ​လော့။ \q2 ယု​ဒ​ပြည်​သူ​အ​ပေါင်း​တို့​နား​ထောင်​ကြ​လော့။ \q1 သင်​တို့​ခေတ်​၌​သော်​လည်း​ကောင်း​သင်​တို့​ဘိုး​ဘေး​များ​၏​ခေတ်​၌​သော်​လည်းကောင်း၊ \q2 ဤ​အ​မှု​အ​ရာ​မျိုး​ဖြစ်​ပျက်​ဖူး​သ​လော။ \q1 \v 3 ဤ​အ​ချင်း​အ​ရာ​ကို​သင်​တို့​၏​သား​သ​မီး​များ​အား ပြော​ကြား​ကြ​လော့။ \q2 သူ​တို့​သည်​မိ​မိ​တို့​သား​သ​မီး​များ​အား​ပြော​ကြား​လျက်၊ \q1 ထို​သား​သ​မီး​များ​က​လည်း​နောင်​တစ်​ခေတ်​မှ​လူ​တို့​အား​ပြော​ကြား​ကြ​လိမ့်​မည်။ \b \q1 \v 4 ကျိုင်း​ကောင်​များ​သည်​တစ်​အုပ်​ပြီး​တစ်​အုပ် \q2 ကောက်​ပဲ​သီး​နှံ​များ​အ​ပေါ်​သို့​သက်​ဆင်း​ကြ​၏။ \q1 ကျိုင်း​ကောင်​တစ်​အုပ်​စား​၍​ကြွင်း​သော​အ​ရာ​ကို​အ​ခြား​တစ်​အုပ်​က​စား​ကြ​လေ​သည်။ \q1 \v 5 အ​ချင်း​သေ​သောက်​ကြူး​တို့​နိုး​ထ​၍​ငို​ကြွေး​ကြ​လော့။ \q2 အ​ချင်း​စ​ပျစ်​ရည်​သ​မား​တို့​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ \q1 စ​ပျစ်​ရည်​သစ်​ပြု​လုပ်​ရန်​စ​ပျစ်​သီး​များ​ပျက်​စီး​ကုန်​ပြီ။ \b \q1 \v 6 ကျိုင်း​ကောင်​အုပ်​ကြီး​သည်​ငါ​တို့​ပြည်​ကို​တိုက်​ခိုက်​လှ​လေ​ပြီ။ \q2 သူ​တို့​သည်​အား​အင်​ကြီး​၍​မ​ရေ​မ​တွက်​နိုင်​အောင်​များ​ပြား​ကြ​၏။ \q1 သူ​တို့​၏​သွား​များ​သည်​ခြင်္သေ့​သွား​ကဲ့​သို့​ထက်​မြက်​၏။\x + \xo 1:6 \xt ဗျာ၊ ၉:၈။\x* \q1 \v 7 သူ​တို့​သည်​ငါ​တို့​၏​စ​ပျစ်​နွယ်​များ​ကို​ဖျက်​ဆီး​ကာ၊ \q2 ငါ​တို့​သ​ဖန်း​ပင်​များ​ကို​ကိုက်​ဖြတ်​ပစ်​ကြ​၏။ \q1 သူ​တို့​သည်၊အ​ကိုင်း​အ​ခက်​များ​ဖြူ​သွား​သည်​တိုင်​အောင်၊ \q2 သစ်​ခေါက်​များ​ကို​အ​ကုန်​အ​စင်​သုတ်​သင်​ပယ်​ရှင်း​ကြ​လေ​ပြီ။ \b \q1 \v 8 အ​ချင်း​လူ​တို့​သင်​တို့​သည်​ကြင်​ယာ​လောင်း​သေ​သ​ဖြင့်၊ \q2 ငို​ကြွေး​မြည်​တမ်း​သည့်​အ​မျိုး​သ​မီး​က​လေး​ကဲ့​သို့​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ \q1 \v 9 ဗိ​မာန်​တော်​တွင်​ပူ​ဇော်​ဆက်​သ​ရန်​ဂျုံ​ဆန်​သော်​လည်း​ကောင်း \q2 စ​ပျစ်​ရည်​သော်​လည်း​ကောင်း​မ​ရှိ​တော့​ပေ။ \q1 မိ​မိ​တို့​ထံ​တွင်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် \q2 ပူ​ဇော်​သ​ကာ​များ​မ​ရှိ​သ​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ငို​ကြွေး​မြည်​တမ်း​ကြ​ကုန်​၏။ \q1 \v 10 လယ်​ယာ​များ​သည်​ကောက်​ပင်​ကင်း​လျက်​နေ​၏။ \q2 ဂျုံ​ဆန်​များ​သည်​ပျက်​စီး​၍​စ​ပျစ်​သီး​များ​မှာ​ခြောက်​သွေ့​ကုန်​လျက်၊ \q1 သံ​လွင်​ပင်​များ​သည်​ညှိုး​နွမ်း​သွား​ကြ​၏။ \q2 ထို့​ကြောင့်​မြေ​ကြီး​သည်​ငို​ကြွေး​မြည်​တမ်း​လေ​တော့​၏။ \b \q1 \v 11 အ​ချင်း​လယ်​သ​မား​တို့​ဝမ်း​နည်း​ပူ​ဆွေး​ကြ​လော့။ \q2 ဂျုံ​စ​ပါး​မု​ယော​စ​ပါး​မှ​စ​၍​အ​သီး​အ​နှံ​ရှိ​သ​မျှ​တို့​သည်​ပျက်​စီး​သွား​လေ​ပြီ။ \q1 ထို့​ကြောင့်​အ​ချင်း​စ​ပျစ်​ဥ​ယျာဉ်​မှူး​တို့​ငို​ကြွေး​ကြ​လော့။ \q1 \v 12 စ​ပျစ်​နွယ်​ပင်​များ​နှင့်​သ​ဖန်း​ပင်​တို့​သည်​ညှိုး​နွမ်း​ခြောက်​သွေ့​ကြ​လေ​ပြီ။ \q2 သီး​ပင်​မှန်​သ​မျှ​တို့​သည်​ညှိုး​နွမ်း​၍​သေ​ကြ​လေ​ကုန်​ပြီ။ \q1 လူ​တို့​မှာ​လည်း​ပျော်​ရွှင်​မှု​မ​ရှိ​တော့​ပေ။ \q1 \v 13 ယဇ်​ပလ္လင်​အ​မှု​တော်​ဆောင် \q2 အ​ချင်း​ယဇ်​ပု​ရော​ဟိတ်​တို့၊လျှော်​တေ​ကို​ဝတ်​၍​ငို​ကြွေး​ကြ​လော့။ \q1 ငါ​၏​ဘု​ရား​သ​ခင်​ရှေ့​အ​မှု​တော်​ဆောင်​တို့​ဗိ​မာန်​တော်​သို့​ဝင်​၍ \q2 ညဥ့်​လုံး​ပေါက်​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ \q1 သင်​တို့​၏​ဘု​ရား​သ​ခင်​အား​ပူ​ဇော်​ရန်​ဂျုံ​ဆန်​နှင့်​စ​ပျစ်​ရည်​များ​မ​ရှိ​တော့​ပြီ။ \q1 \v 14 အ​စာ​ရှောင်​ကြ​ရန်​အ​မိန့်​များ​ကို​ထုတ်​ပြန်​ကာ​လူ​ထု​စည်း​ဝေး​ပွဲ​တစ်​ရပ်​ကို​ကျင်း​ပ​ကြ​လော့။ \q2 သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​တွင် \q1 ခေါင်း​ဆောင်​များ​နှင့်၊ယု​ဒ​ပြည်​သား​အ​ပေါင်း​ကို​စု​ဝေး​စေ​ပြီးလျှင်၊ \q2 ကိုယ်​တော်​၏​ထံ​တော်​သို့​ဟစ်​အော်​ကြ​လော့။ \q1 \v 15 ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ​သည်​နီး​ကပ်​လာ​လေ​ပြီ။ \q2 ထို​ကာ​လ​တွင်​အ​နန္တ​တန်​ခိုး​ရှင်​သည် \q1 ဘေး​အန္တ​ရာယ်​ဆိုး​ကို​သက်​ရောက်​စေ​တော်​မူ​လိမ့်​မည်။ \q2 ထို​နေ့​ရက်​သည်​အ​ဘယ်​မျှ​ကြောက်​မက်​ဖွယ်​ကောင်း​လိမ့်​မည်​နည်း။\x + \xo 1:15 \xt ဟေရှာ၊ ၁၃:၆။\x* \b \q1 \v 16 ငါ​တို့​သည်​မိ​မိ​တို့​၏​ကောက်​ပဲ​သီး​နှံ​များ \q2 အ​ဖျက်​အ​ဆီး​ခံ​ရ​ချိန်​၌​ပင်​မည်​သို့​မျှ​မ​တတ်​နိုင်၊ငေး​၍​ကြည့်​နေ​ရ​ကြ​၏။ \q1 ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​တွင်​လည်း​ပျော်​ရွှင်​မှု​မ​ရှိ​တော့​ပေ။ \q1 \v 17 မျိုး​စေ့​တို့​သည်​မြေ​ခြောက်​အောက်​တွင်​ပုပ်​ပျက်​၍​သွား​ကြ​၏။ \q2 သို​လှောင်​ရန်​ဂျုံ​ဆန်​မ​ရှိ​တော့​သ​ဖြင့် \q1 ဟာ​လာ​ဟင်း​လင်း​ဖြစ်​လျက်​နေ​သော​စ​ပါး​ကျီ​များ​သည်​ယို​ယွင်း​ပျက်​စီး​၍​နေ​ကြ​၏။ \q1 \v 18 ကျွဲ​နွား​တို့​သည်​စား​ကျက်​များ​မ​ရှိ​သ​ဖြင့်​ဒုက္ခ​ရောက်​ကာ​မြည်​တွန်​နေ​ကြ​၏။ \q2 သိုး​အုပ်​များ​သည်​လည်း​ဒုက္ခ​ရောက်​ရ​ကြ​လေ​သည်။ \q1 \v 19 စား​ကျက်​များ​နှင့်​သစ်​ပင်​များ​သည် \q2 မီး​သင့်​လောင်​သည့်​အ​လား​ခြောက်​သွေ့​၍​သွား​ကုန်​၏။ \q1 သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား​ကျွန်​တော်​မျိုး​တို့​သည်​အ​ထံ​တော်​သို့​ဟစ်​အော်​ကြ​ပါ​၏။ \q1 \v 20 စား​ကျက်​များ​မီး​သင့်​လောင်​ထား​သ​ကဲ့​သို့ \q2 စမ်း​ချောင်း​များ​သည်​လည်း​ခန်း​ခြောက်​၍​သွား​လေ​ပြီ။ \q1 ထို့​ကြောင့်​တော​တိ​ရစ္ဆာန်​များ​ပင်​လျှင်​အ​ထံ​တော်​သို့​ဟစ်​အော်​ကြ​ပါ​၏။ \b \c 2 \s1 ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက် ကာလ​အ​တွက်​သ​တိ​ပေး​သည့်​အ​နေ​ဖြင့် ကျိုင်း​ကောင်​များ​ကျ​ခြင်း \q1 \v 1 ဘု​ရား​သ​ခင်​၏​တောင်​တော်​မြတ်​တည်း​ဟူ​သော ဇိ​အုန်​တောင်​ပေါ်​တွင်​တံ​ပိုး​ခ​ရာ​မှုတ်​ကြ​လော့။ \q2 နှိုး​ဆော်​သံ​ပေး​ကြ​လော့။ ယု​ဒ​ပြည်​သူ​တို့​တုန်​လှုပ်​ကြ​လော့။ \q1 ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက် ကာ​လ​သည်​မ​ကြာ​မီ​ကျ​ရောက်​လာ​လိမ့်​မည်။ \q1 \v 2 ထို​နေ့​သည်​မှောင်​မိုက်​အုံ့​ဆိုင်း​သော​နေ့၊မည်း နက်​လျက် မိုး​တိမ်​ထူ​ထပ်​သော​နေ့​ဖြစ်​လိမ့်​မည်။ \q2 တောင်​ရိုး​များ​ကို​လွှမ်း​ခြုံ​လိုက်​သည့် \q1 မှောင်​ရိပ်​ကဲ့​သို့၊ကျိုင်း​ကောင်​အုပ်​ကြီး​သည်​ရှေ့​သို့ ချီ​တက်​လာ​လေ​သည်။ \q2 ဤ​သို့​အ​ဘယ်​အ​ခါ​က​မျှ​ဖြစ်​ပျက်​ခဲ့​ဘူး​သည်​မ​ရှိ။ \q1 နောင်​အ​ဘယ်​အ​ခါ​၌​မျှ​လည်း​ဖြစ်​ပျက်​လိမ့်​မည် မ​ဟုတ်။ \b \q1 \v 3 ကျိုင်း​ကောင်​တို့​၏​ရှေ့​နှင့်​နောက်​တွင်​သီး​နှံ​ပင်​များ​ကို မီး​ကဲ့​သို့​ကိုက်​စား​ကြ​၏။ \q2 မြေ​ကြီး​သည်​သူ​တို့​၏​ရှေ့​၌​ဧ​ဒင်​ဥ​ယျာဉ်​နှင့် တူ​၍ \q1 သူ​တို့​၏​နောက်​တွင်​မူ​ကား၊သီး​နှံ​ပင်​ကင်း​မဲ့​သည့် သဲ​ကန္တာ​ရ​နှင့်​တူ​၏။ \q2 သူ​တို့​၏​ဘေး​အန္တ​ရာယ်​မှ​လွတ်​မြောက်​သည့် အ​သီး​အ​နှံ​ဟူ​၍​မ​ရှိ။ \q1 \v 4 ကျိုင်း​ကောင်​တို့​သည်​မြင်း​များ​နှင့်​သဏ္ဌာန်​တူ​၍၊ စစ်​မြင်း​ကဲ့​သို့​ပြေး​ကြ​၏။\x + \xo 2:4 \xt ဗျာ၊ ၉:၇-၉။\x* \q1 \v 5 သူ​တို့​သည်​တောင်​ရိုး​များ​ပေါ်​တွင်​ခုန်​လွှား​ကာ စစ်​မြင်း​ရ​ထား​မြည်​သံ​ကဲ့​သို့​လည်း​ကောင်း၊ \q2 မြက်​ခြောက်​မီး​လောင်​သ​ကဲ့​သို့​လည်း​ကောင်း အော်​မြည်​ကြ​၏။ \q1 သူ​တို့​သည်​တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ပြင်​လျက် ရှိ​သည့် တပ်​မ​တော်​ကြီး​ကဲ့​သို့​စီ​တန်း​လျက်​နေ​ကြ​၏။ \q1 \v 6 သူ​တို့​ချဉ်း​ကပ်​လာ​သော​အ​ခါ၊လူ​အ​ပေါင်း တို့​သည် ကြောက်​လန့်​တုန်​လှုပ်​ကြ​ကုန်​၏။ \q2 လူ​တိုင်း​၏​မျက်​နှာ​တွင်​သွေး​မ​ရှိ​တော့​ပေ။ \q1 \v 7 ကျိုင်း​ကောင်​တို့​သည်​စစ်​သူ​ရဲ​များ​သ​ဖွယ် တိုက်​ခိုက်​ကြ​၏။ \q2 စစ်​သည်​တပ်​သား​များ​သ​ဖွယ်​မြို့​ရိုး​များ​ကို တက်​ကြ​၏။ \q1 သူ​တို့​အား​လုံး​ပင်​ရှေ့​သို့​တည့်​မတ်​စွာ ချီ​တက်​လျက်​နေ​ကြ​၏။ \q2 မိ​မိ​တို့​၏​လမ်း​ကို​မ​ပြောင်း​မ​လွှဲ​ကြ။ \q1 \v 8 အ​ချင်း​ချင်း​တစ်​ကောင်​နှင့်​တစ်​ကောင် အ​နှောင့်​အ​ယှက်​လည်း​မ​ဖြစ်​စေ​ကြ။ \q1 သူ​တို့​ခံ​တပ်​များ​ကို​ဖြတ်​၍​ပျံ​သန်း ကြ​သော်​လည်း၊ သူ​တို့​အား​အ​ဘယ်​သူ​မျှ​မ​ဆီး​မ​တား​နိုင် ကြ။ \q1 \v 9 သူ​တို့​သည်​မြို့​ရှိ​ရာ​သို့​ပြေး​ကြ​၏။ \q2 မြို့​ရိုး​များ​ကို​ကျော်​၍​အိမ်​များ​ပေါ်​သို့​တက် ပြီး​လျှင် သူ​ခိုး​သ​ဖွယ်​ပြူ​တင်း​ပေါက်​များ​မှ​ဝင်​ကြ​၏။ \b \q1 \v 10 သူ​တို့​ချဉ်း​ကပ်​လာ​ချိန်​၌​မြေ​င​လျင်​လှုပ် လေ​၏။ \q2 မိုး​ကောင်း​ကင်​သည်​လည်း​တ​သိမ့်​သိမ့်​တုန်​၍ သွား​လေ​၏။ \q1 နေ​နှင့်​လ​သည်​မှောင်​မိုက်​လျက်​နေ​ကာ​ကြယ် တာ​ရာ များ​သည်​လည်း​မ​ထွန်း​မ​လင်း​ကြ​တော့​ချေ။\x + \xo 2:10 \xt ဗျာ၊ ၈:၁၂။\x* \q1 \v 11 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​တပ်​မ​တော်​ကို မိုး​ကြိုး​သံ​နှင့် တူ​သည့်​အ​သံ​ဖြင့်​အ​မိန့်​ပေး​တော်​မူ​၏။ \q2 ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​နာ​ယူ​ကြ​သူ စစ်​သည်​တပ်​သား​များ​သည်၊ \q1 အ​ရေ​အ​တွက်​အား​ဖြင့်​များ​၏။ တန်​ခိုး ကြီး​ကြ​၏။ \q2 ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​ကာ​လ​သည် \q1 အ​ဘယ်​မျှ​ကြောက်​မက်​ဖွယ်​ကောင်း​ပါ​သ​နည်း။ \q2 ထို​နေ့​ရက်​ကာ​လ​ကို​အ​ဘယ်​သူ လွန်​မြောက်​နိုင်​ပါ​မည်​နည်း။\x + \xo 2:11 \xt ဗျာ၊ ၆:၁၇။\x* \b \s1 နောင်​တ​ရ​ရန်​ခေါ်​ဖိတ်​ခြင်း \q1 \v 12 ထာ​ဝ​ရ​ဘု​ရား​က``သို့​ရာ​တွင်​သင်​တို့​သည် \q2 ယ​ခု​အ​ခါ​၌​ပင်​အ​မှန်​တ​ကယ်​နောင်​တ​ရ ကြ​လော့။ \q1 အ​စာ​ရှောင်​လျက်​ငို​ကြွေး​မြည်​တမ်း​လျက် ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။ \q1 \v 13 သင်​တို့​သည်​မိ​မိ​တို့​အ​ဝတ်​များ​ကို ဆုတ်​ဖြဲ​ခြင်း​အား​ဖြင့်​သာ​မ​ဟုတ်​ဘဲ၊ \q2 ကျိုး​ပဲ့​သော​စိတ်​နှ​လုံး​အား​ဖြင့်​သင်​တို့ ဝမ်း​နည်း​မှု​ကို​ဖော်​ပြ​ရာ​၏။ \b \q1 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြန်​လာ​ကြ​လော့။ \q2 ကိုယ်​တော်​သည်​သ​နား​ခြင်း​မေတ္တာ​က​ရု​ဏာ တော်​နှင့် ပြည့်​စုံ​တော်​မူ​၏။ \q1 စိတ်​ရှည်​၍​မိ​မိ​က​တိ​တော်​အ​တိုင်း ပြု​တော်​မူ​တတ်​၏။ \q2 ကိုယ်​တော်​သည်​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​ရန် \q1 အ​စဉ်​ပင်​အ​သင့်​ရှိ​တော်​မူ​သ​ဖြင့်​အ​ပြစ် ဒဏ် ခတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ \q1 \v 14 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​စိတ်​တော်​ကို ပြောင်း​လဲ​ကောင်း​ပြောင်း​လဲ​တော်​မူ​၍ \q2 သင်​တို့​အား​မြောက်​မြား​စွာ​သော​အ​သီး အ​နှံ​များ​ဖြင့် ကောင်း​ချီး​ပေး​တော်​မူ​ပါ​လိမ့်​မည်။ \q1 ထို​အ​ခါ​သင်​တို့​သည်​ကိုယ်​တော်​အား ဂျုံ​ဆန်​နှင့် စ​ပျစ်​ရည်​ပူ​ဇော်​သကာ​များ​ကို​ဆက်​သ​နိုင် ပါ​၏။ \b \q1 \v 15 ဇိ​အုန်​တောင်​ပေါ်​တွင်​တံ​ပိုး​ခ​ရာ​မှုတ်​ကြ​လော့။ \q2 အ​စာ​ရှောင်​ကြ​ရန်​အ​မိန့်​များ​ကို​ထုတ်​ပြန်​ကာ လူ​ထု​စည်း​ဝေး​ပွဲ​တစ်​ရပ်​ကို​ခေါ်​ယူ​ကြ​လော့။ \q1 \v 16 လူ​တို့​ကို​ခေါ်​ယူ​စု​ဝေး​၍​မြင့်​မြတ်​သော စည်း​ဝေး​ပွဲ တစ်​ရပ်​ကို​ပြင်​ဆင်​ကြ​လော့။ \q2 အ​သက်​ကြီး​သူ​များ​ကို​ခေါ်​ဖိတ်​၍ \q1 က​လေး​သူ​ငယ်​များ​နှင့်၊နို့​စို့​ရွယ်​များ​ကို​ပါ စု​ဝေး​စေ​ကြ​လော့။ \q2 ထိမ်း​မြား​မင်္ဂ​လာ​ပြု​ပြီး​ခါ​စ \q1 ဇ​နီး​မောင်​နှံ​များ​ပင်​လျှင်​မိ​မိ​တို့​၏​အ​ခန်း များ​ကို စွန့်​ခွာ​လာ​ရ​ကြ​ပေ​မည်။ \q1 \v 17 ယဇ်​ပလ္လင်​နှင့်​ဗိ​မာန်​တော်​အ​ဝင်​ဝ​စပ်​ကြား​၌ ထာ​ဝ​ရ​ဘု​ရား​၏ \q2 အ​မှု​တော်​ကို​ထမ်း​ဆောင်​ရ​သူ ယဇ်​ပု​ရော​ဟိတ်​များ​သည်​ငို​ကြွေး​လျက်၊ \q1 ``အို ထာ​ဝ​ရ​ဘု​ရား \q2 ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​ကို​သ​နား​တော်​မူ​ပါ။ \q1 `သူ​တို့​၏​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​မှာ​နည်း' ဟု​ဆို​ကာ​လူ​မျိုး​ခြား​များ​သည် \q2 ကျွန်​တော်​မျိုး​တို့​အား​ကဲ့​ရဲ့​ပြောင်​လှောင် စေ​တော်​မ​မူ​ပါ​နှင့်'' ဟု \q1 ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​ရ​ပေ​မည်။ \s1 ထာ​ဝ​ရ​ဘု​ရား​ပြည်​တော်​ကို​တစ်​ဖန်​ပြန်​၍ မြေ​သြ​ဇာ​ထက်​သန်​စေ​တော်​မူ​ခြင်း \q1 \v 18 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ပြည် တော်​အ​တွက် စိုး​ရိမ်​ပူ​ပန်​မှု​ကို​ပြ​တော်​မူ​၍၊ \q2 မိ​မိ​၏​လူ​မျိုး​တော်​အား​က​ရု​ဏာ​ထား တော်​မူ​၏။ \q1 \v 19 ကိုယ်​တော်​သည်​သူ​တို့​အား``ယ​ခု​ငါ​သည် သင်​တို့​အား \q2 ဂျုံ​ဆန်၊စ​ပျစ်​ရည်​နှင့်​သံ​လွင်​ဆီ​ကို ပေး​တော်​မူ​မည်​ဖြစ်​၍၊ \q1 သင်​တို့​သည်​ရောင့်​ရဲ​လျက်​နေ​ကြ​လိမ့်​မည်။ \q2 အ​ခြား​အ​မျိုး​သား​များ​သည်​လည်း​သင်​တို့ အား ကဲ့​ရဲ့​ကြ​တော့​မည်​မ​ဟုတ်။ \q1 \v 20 ငါ​သည်​မြောက်​အ​ရပ်​မှ​လာ​သည့်​ကျိုင်း ကောင်​အုပ်​ကို ပယ်​ရှင်း​မည်။ \q2 ကျိုင်း​ကောင်​အ​ချို့​ကို​သဲ​ကန္တာ​ရ​ထဲ​သို့ နှင်​ထုတ်​မည်။ \q1 သူ​တို့​တပ်​ဦး​ပိုင်း​ကို​ပင်​လယ်​သေ​ထဲ​သို့ လည်း​ကောင်း၊ \q2 တပ်​နောက်​ပိုင်း​ကို​မြေ​ထဲ​ပင်​လယ် ထဲ​သို့​လည်း​ကောင်း​ကျ​စေ​မည်။ \q1 သူ​တို့​၏​ကိုယ်​ခန္ဓာ​များ​သည်​ပုပ်​စပ်​နံ​စော် လျက် နေ​လိမ့်​မည်။ \q2 သင်​တို့​အား​သူ​တို့​ပြု​ခဲ့​သည့်​အ​မှု​များ အ​တွက် ငါ​သည်​သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​မည်။ \b \q1 \v 21 ``အို လယ်​ပြင်​တို့​မ​စိုး​ရိမ်​ကြ​နှင့်။ \q2 သင်​တို့​အ​ဖို့​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော \q1 အ​မှု​များ​အ​တွက်၊ ရွှင်​လန်း ဝမ်း​မြောက်​ကြ​လော့။ \q1 \v 22 အို သား​ရဲ​တိ​ရစ္ဆာန်​တို့​မ​စိုး​ရိမ်​ကြ​နှင့်။ \q2 စား​ကျက်​များ​သည် စိမ်း​လန်း​လျက်​ရှိ​၏။ \q1 သစ်​ပင်​များ​သည်​အ​သီး​သီး​လျက်​နေ​၏။ \q2 သ​ဖန်း​သီး​စ​ပျစ်​သီး​တို့​သည်​လည်း အ​မြောက်​အ​မြား​ရှိ​ပါ​၏။ \b \q1 \v 23 ``အို ဇိ​အုန်​မြို့​သား​တို့​ဝမ်း​မြောက်​ကြ​လော့။ \q2 သင်​တို့​အား​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား \q1 ပြု​တော်​မူ​သော​အ​မှု​များ​အ​တွက်​အား​ရ ရွှင်​မြူး​ကြ​လော့။ \q2 ကိုယ်​တော်​သည်​သင်​တို့​အား​ဆောင်း​ဦး​မိုး အ​လုံ​အ​လောက်​ချ​ပေး​တော်​မူ​လေ​ပြီ။ \q1 ဆောင်း​နှောင်း​မိုး​ကို​လည်း​ကောင်း​ယ​ခင် အ​ခါ​များ​မှာ​ကဲ့​သို့ \q2 နွေ​ဦး​မိုး​ကို​လည်းကောင်း၊သင်​တို့​အ​ပေါ်​သို့ ရွာ​သွန်း​စေ​တော်​မူ​လေ​ပြီ။ \q1 \v 24 ကောက်​နယ်​တ​လင်း​တို့​သည်​ဂျုံ​ဆန်​များ​နှင့် ပြည့်​နှက်​နေ​လိမ့်​မည်။ \q2 အ​သီး​နယ်​ရာ​ကျင်း​တို့​သည်​လည်း​စ​ပျစ် ရည်​နှင့် သံ​လွင်​ဆီ​တို့​ဖြင့်​လျှံ​လျက်​နေ​လိမ့်​မည်။ \q1 \v 25 သင်​တို့​၏​သီး​နှံ​များ​ကို​ကျိုင်း​ကောင်​အုပ်​တို့ ကိုက်​စား​လိုက်​သည့်​နှစ်​များ​က၊ \q2 သင်​တို့​ဆုံး​ရှုံး​မှု​ကို​ငါ​ပြန်​လည်​ပေး လျော်​မည်။ \q1 သင်​တို့​ထံ​သို့​ထို​ကျိုင်း​ကောင်​အုပ်​များ​ကို စေ​လွှတ်​သူ​မှာ​ငါ​ပင်​ဖြစ်​၏။ \q1 \v 26 ယ​ခု​အ​ခါ​သင်​တို့​သည်​အ​စာ​ရေ​စာ အ​လုံ​အ​လောက် ရ​ရှိ​ကြ​မည်​ဖြစ်​၍၊ရောင့်​ရဲ​လျက်​နေ​လိမ့်​မည်။ \q2 သင်​တို့​သည်​မိ​မိ​တို့​အ​တွက်​အံ့​သြ​ဖွယ် အ​မှု​များ​ကို​ပြု​တော်​မူ​သော၊ \q1 ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်။ \q2 ငါ​၏​လူ​မျိုး​တော်​သည်​နောင်​ဘယ်​အ​ခါ​၌​မျှ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။ \q1 \v 27 အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ငါ​သည် သင်​တို့​အ​လယ်​၌ ရှိ​နေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ \q2 ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၍၊ \q1 ငါ​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း​ကို လည်း​ကောင်း၊ ထို​အ​ခါ​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ \q2 ငါ​၏​လူ​မျိုး​တော်​သည်​နောင်​ဘယ်​အ​ခါ​မျှ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။ \s1 ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့ \q1 \v 28 ``ထို​နောက်​ငါ​သည်​မိ​မိ​၏​ဝိ​ညာဉ်​တော်​ကို လူ​အပေါင်း​တို့​အ​ပေါ်​သို့​သွန်း​လောင်း​မည်။ \q2 သင်​တို့​သား​သ​မီး​များ​သည်​ငါ​၏​ဗျာ​ဒိတ် တော်​ကို ပြန်​ကြား​ကြ​လိမ့်​မည်။ \q1 အ​သက်​ကြီး​သူ​များ​သည်​အိပ်​မက်​များ​ကို မြင်​မက်​ကြ​လျက်၊ \q2 လူ​ငယ်​လူ​ရွယ်​တို့​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို တွေ့​မြင်​ကြ​လိမ့်​မည်။\x + \xo 2:28 \xt တ၊ ၂:၁၇-၂၁။\x* \q1 \v 29 ထို​ကာ​လ​၌​ငါ​သည်​မိ​မိ​၏​ဝိ​ညာဉ်​တော်​ကို \q2 ယောကျာ်း​အ​စေ​ခံ​များ​နှင့်၊မိန်း​မ​အ​စေ​ခံ​များ အ​ပေါ်​သို့​ပင်​သက်​ရောက်​စေ​တော်​မူ​မည်။ \b \q1 \v 30 ``ငါ​သည်​ထို​နေ့​ရက်​ကာ​လ​နှင့်​ပတ်​သက်​၍ \q2 မိုး​ကောင်း​ကင်​၌​သော်​လည်း​ကောင်း၊မြေ​ကြီး ပေါ်​၌ သော်​လည်း​ကောင်း​ပုဗ္ဗ​နိ​မိတ်​များ​ကို​ပြ​မည်။ \q1 သွေး​ထွက်​သံ​ယို​ဖြစ်​မှု​မီး​လျှံ​မီး​ခိုး​များ ထ​မှု​တို့ ဖြစ်​ပေါ်​လာ​လိမ့်​မည်။ \q1 \v 31 ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ \q2 ကြောက်​မက်​ဖွယ်​ကောင်း​သည့်​နေ့​ကြီး မ​ကျ​မ​ရောက်​မီ၊ \q1 နေ​သည်​မှောင်​မိုက်​၍​သွား​လိမ့်​မည်။ လ​သည် လည်း သွေး​ကဲ့​သို့​နီ​မြန်း​၍​လာ​လိမ့်​မည်။\x + \xo 2:31 \xt မ၊ ၂၄:၂၉။ မာ၊ ၁၃:၂၄-၂၅။ လု၊ ၂၁:၂၅ ဗျာ၊ ၆:၁၂-၁၃။\x* \q1 \v 32 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​ထံ​ကူ​မ​တော် မူ​ရန် \q2 လျှောက်​ထား​ကြ​သူ​လူ​အ​ပေါင်း​တို့​မူ​ကား၊ ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ \q1 ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း `ယေ​ရု​ရှ​လင်​မြို့​သူ၊ မြို့​သား \q2 အ​ချို့​တို့​သည်​အ​သက်​ဘေး​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ \q1 ငါ​ရွေး​ချယ်​သူ​တို့​သည်​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​ကြ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏။''\x + \xo 2:32 \xt ရော၊ ၁၀:၁၃။\x* \b \c 3 \s1 လူ​မျိုး​တ​ကာ​တို့​အား​ထာ​ဝ​ရ​ဘု​ရား တ​ရား​စီ​ရင်​တော်​မူ​မည့်​အ​ကြောင်း \b \q1 \v 1 ထာ​ဝ​ရ​ဘု​ရား​က``ထို​အ​ခါ​ငါ​သည်​ယု​ဒ ပြည်​နှင့် \q2 ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​ကောင်း​စား​လာ​စေ​မည်။ \q1 \v 2 လူ​မျိုး​တ​ကာ​တို့​အား​ပြန်​လည်​စု​ရုံး​၍ \q2 တ​ရား​စီ​ရင်​ရာ​ချိုင့်​ဝှမ်း​သို့ ခေါ်​ဆောင်​လာ​မည်။ \q1 ငါ့​လူ​မျိုး​တော်​တို့​ကို​ထို​သူ​တို့​ပြု​ကျင့်​ခဲ့​သည့် အ​မှု​များ​အ​တွက်၊ \q2 ထို​အ​ရပ်​တွင်​သူ​တို့​အား​ငါ​တ​ရား​စီ​ရင်​မည်။ \q1 သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​နိုင်​ငံ​ရပ်​ခြား​သို့​ကွဲ​လွင့်​စေ​ကာ၊ \q2 ငါ​၏​ပြည်​တော်​ဣ​သ​ရေ​လ​ကို​ကွဲ​ပြား​စေ ခဲ့​ကြ​၏။ \q1 \v 3 သူ​တို့​သည်​သုံ့​ပန်း​များ​ကို​အ​ဘယ်​သူ​သို့ ပေး​အပ် ရ​မည်​ကို​မဲ​ချ​၍​ဆုံး​ဖြတ်​ခဲ့​ကြ​၏။ \q2 ပြည့်​တန်​ဆာ​မ​များ​အ​တွက်​အ​ခ​ကြေး​ငွေ​နှင့် စ​ပျစ်​ရည်​ဖိုး​ရ​ရှိ​ရန် \q1 သူ​တို့​သည်​သူ​ငယ်​သူ​ငယ်​မ​များ​ကို ရောင်း​စား​ခဲ့​ကြ​သည်။ \b \p \v 4 ``တု​ရု​မြို့၊ ဇိ​အုန်​မြို့​နှင့်​ဖိ​လိတ္တိ​ပြည်​အ​ရပ် ရပ်​မှ​လူ​အ​ပေါင်း​တို့ သင်​တို့​သည်​ငါ့​အား အ​ဘယ်​သို့​ပြု​ရန်​ကြိုး​ပမ်း​နေ​ကြ​ပါ​သ​နည်း။ ငါ့​အား​လက်​စား​ချေ​ရန်​ကြိုး​ပမ်း​နေ​ကြ​ပါ သ​လော။ ယင်း​သို့​ကြိုး​ပမ်း​နေ​ကြ​ပါ​မူ၊ ငါ သည်​အ​လျင်​အ​မြန်​ဦး​စွာ​သင်​တို့​အား လက်​စား​ချေ​မည်။-\x + \xo 3:4 \xt ဟေရှာ၊ ၁၄:၂၉-၃၁၊ ၂၃:၁-၁၈။ ယေ၊ ၄၇:၁-၇၊ ယေဇ၊ ၂၅:၁၅-၂၈:၂၆။ အာ၊ ၁:၆-၁၀။ ဇေ၊ ၂:၄-၇။ ဇာ၊ ၉:၁-၇။ မ၊ ၁၁:၂၁-၂၂။ လု၊ ၁၀:၁၃-၁၄။\x* \v 5 သင်​တို့​သည်​ငါ​၏​ရွှေ​ငွေ​ဥစ္စာ​ဘဏ္ဍာ​များ​ကို မိ​မိ​တို့​၏​ဘုံ​ဗိ​မာန်​များ​သို့​ယူ​ဆောင် သွား​ခဲ့​ကြ​၏။- \v 6 ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သူ​မြို့​သား​တို့​အား မိ​မိ​တို့​တိုင်း​ပြည်​မှ ရပ်​ဝေး​သို့​ခေါ်​ဆောင်​ကာ၊ ဂ​ရိ​အ​မျိုး သား​တို့​ထံ​တွင်​ရောင်း​စား​ခဲ့​ကြ​၏။- \v 7 သူ​တို့​အား​သင်​တို့​ရောင်း​စား​ခဲ့​သော​နေ​ရာ မှ​ငါ​ပြန်​လည်​ခေါ်​ဆောင်​မည်။ သူ​တို့​အား သင်​တို့​ပြု​ခဲ့​ကြ​သည့်​အ​တိုင်း​သင်​တို့ အား​ယ​ခု​ငါ​ပြု​မည်။- \v 8 ငါ​သည်​သင်​တို့​၏​သား​သ​မီး​များ​အား ယု​ဒ​ပြည်​သား​တို့​၏​ငွေ​ဝယ်​ကျွန်​ဖြစ်​စေ မည်။ ယု​ဒ​ပြည်​သား​တို့​သည်​လည်း​သူ​တို့ အား​ဝေး​လံ​သော​ရှေ​ဘ​ပြည်​သို့​ရောင်း​စား ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား ၏​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။ \b \q1 \v 9 ``လူ​မျိုး​တ​ကာ​တို့​အား`စစ်​တိုက်​ရန်​အ​သင့် ပြင်​ကြ​လော့။ စစ်​သူ​ရဲ​တို့​ကို​ခေါ်​ယူ​ကြ​လော့။ \q2 စစ်​သည်​တပ်​သား​များ​ကို​စု​ရုံး​၍​ချီ​တက် ကြ​လော့' ဟု​ပြော​ကြား​ကြေ​ညာ​ကြ​လော့။ \q1 \v 10 `သင်​တို့​သည်​ထွန်​သွား​များ​ကို​ဋ္ဌား အ​ဖြစ်​သို့​လည်း​ကောင်း၊ \q2 တံ​စဉ်​များ​ကို​လှံ​အ​ဖြစ်​သို့​လည်း​ကောင်း ထု​လုပ်​ကြ​လော့။ \q1 အား​အင်​ချည့်​နဲ့​သော​သူ​များ​ပင်​လျှင် စစ်​ပွဲ​ဝင်​ကြ​ရ​ပေ​မည်။\x + \xo 3:10 \xt ဟေရှာ၊ ၂:၄။ မိ၊ ၄:၃။\x* \q1 \v 11 အ​နီး​အ​နား​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​တို့ \q2 အ​လျင်​အ​မြန်​လာ​၍၊ ချိုင့်​ဝှမ်း​၌​စု​ရုံး ကြ လော့' ဟု​မိန့်​တော်​မူ​၏။'' \b \q1 အို ထာ​ဝ​ရ​ဘု​ရား​ထို​သူ​တို့​အား​တိုက်​ခိုက်​ရန် \q2 ကိုယ်​တော်​ရှင်​၏​တပ်​မ​တော်​ကို​စေ​လွှတ်​တော် မူ​ပါ။ \b \q1 \v 12 ထာ​ဝ​ရ​ဘု​ရား​က``လူ​မျိုး​တ​ကာ​တို့​သည် \q2 အ​သင့်​ပြင်​ဆင်​လျက်၊ တ​ရား​စီ​ရင်​တော် မူ​ရာ ချိုင့်​ဝှမ်း​သို့​လာ​ရောက်​ရ​ကြ​မည်။ \q1 အနီး​အနား​ဝန်း​ကျင်​မှ​လူ​မျိုး​တ​ကာ တို့​အား \q2 တ​ရား​စီ​ရင်​ရန်​ထို​အ​ရပ်​တွင်​ငါ​ထာ​ဝ​ရ ဘု​ရား ထိုင်​တော်​မူ​မည်။ \q1 \v 13 ထို​သူ​တို့​သည်​အ​လွန်​ယုတ်​မာ​ကြ​၏။ \q2 ကောက်​ရိတ်​ချိန်​၌​ဂျုံ​နှံ​ကို​ဖြတ်​သ​ကဲ့​သို့ သူ​တို့​ကို​ခုတ်​ဖြတ်​ကြ​လော့။ \q1 စ​ပျစ်​သီး​များ​နှင့်​ပြည့်​လျက်​နေ​သော \q2 အ​သီး​နယ်​ရာ​ကျင်း​မှ​စ​ပျစ်​ရည်​များ လျှံ​တက်​လာ​သည်​တိုင်​အောင်၊ \q1 စ​ပျစ်​သီး​များ​ကို​နင်း​ချေ​သ​ကဲ့​သို့ ထို​သူ​တို့​ကို နင်း​ချေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။\x + \xo 3:13 \xt ဗျာ၊ ၁၄:၁၄-၁၆၊ ၁၉-၂၀၊ ၁၉:၁၅။\x* \b \q1 \v 14 ထောင်​ပေါင်း​များ​စွာ​သော​သူ​တို့​သည် \q2 တ​ရား​စီ​ရင်​တော်​မူ​ရာ​ချိုင့်​ဝှမ်း​တွင် ရှိ​နေ​ကြ​၏။ \q1 ထို​ချိုင့်​ဝှမ်း​သို့​ထာ​ဝ​ရ​ဘု​ရား \q2 တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ သည် များ​မ​ကြာ​မီ​သက်​ရောက်​လာ​လိမ့်​မည်။ \q1 \v 15 နေ​နှင့်​လ​သည်​မှောင်​မိုက်​လျက် \q2 ကြယ်​တာ​ရာ​များ​သည်​လည်း​မ​ထွန်း မ​လင်း​ကြ​တော့​ချေ။ \b \s1 မိ​မိ​၏​လူ​မျိုး​တော်​အား​ထာ​ဝ​ရ​ဘု​ရား ကောင်း​ကြီး​ပေး​တော်​မူ​မည့်​အ​ကြောင်း \b \q1 \v 16 ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​တောင်​ပေါ်​မှာ ကြွေး​ကြော်​တော်​မူ​၏။ \q2 ယေ​ရု​ရှ​လင်​မြို့​မှ​ဟစ်​အော်​တော်​မူ​၏။ \q1 မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​သည်​လည်း​တုန်​လှုပ် ကြ​၏။ \q2 သို့​ရာ​တွင်​ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကာ​ကွယ်​တော်​မူ​လိမ့်​မည်။\x + \xo 3:16 \xt အာ၊ ၁:၂။\x* \q1 \v 17 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ \q2 ထို​အ​ခါ​ငါ​သည်​သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ \q1 ငါ​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဇိ​အုန်​တောင်​ပေါ်​တွင်​ကျိန်း​ဝပ်​တော်​မူ​ပေ​သည်။ \q2 ယေ​ရု​ရှ​လင်​မြို့​သည်​သန့်​ရှင်း​မြင့်​မြတ်​လိမ့်​မည်။ \q1 လူ​မျိုး​ခြား​တို့​သည်​ထို​မြို့​ကို​နောက်​တစ်​ဖန် အ​ဘယ်​အ​ခါ​၌​မျှ​နိုင်​နင်း​ရ​ကြ​လိမ့်​မည် မ​ဟုတ်။ \q1 \v 18 ထို​ကာ​လ​၌​တောင်​တို့​သည်​စ​ပျစ်​ဥ​ယျာဉ် များ​နှင့် ဖုံး​လွှမ်း​လျက်​ရှိ​လိမ့်​မည်။ \q2 တောင်​ကုန်း​မှန်​သ​မျှ​တို့​တွင်​လည်း​ကျွဲ​နွား​များ ကို​မြင်​ရ​လိမ့်​မည်။ \q1 ယု​ဒ​ပြည်​တစ်​ခု​လုံး​၌​ရေ​အ​လုံ​အ​လောက် ရ​ရှိ​ကြ​လိမ့်​မည်။ \q2 စမ်း​ရေ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​မှ \q1 စီး​ဆင်း​လာ​လျက်​ရှိတ္တိမ်​ချိုင့်​ဝှမ်း​ကို​စို​ပြေ​စေ လိမ့်​မည်။ \b \q1 \v 19 ``အီ​ဂျစ်​ပြည်​သည်​သဲ​က​န္တာ​ရ​ဖြစ်​၍​ဧ​ဒုံ ပြည်​သည် ပျက်​စီး​ယို​ယွင်း​၍​လူ​သူ​ကင်း​မဲ့​သည့် နေ​ရာ​ဖြစ်​နေ​လိမ့်​မည်။ \q2 အ​ဘယ်​ကြောင့်​ဆို​သော်​ထို​ပြည်​တို့​သည် ယု​ဒ​ပြည်​ကို​တိုက်​ခိုက်​၍၊ \q1 အ​ပြစ်​မဲ့​သူ​တို့​အား​သတ်​ဖြတ်​ခဲ့​ကြ​သော ကြောင့်​ဖြစ်​၏။ \q1 \v 20-21 ငါ​သည်​အ​သတ်​ခံ​ခဲ့​ရ​ကြ​သူ​များ​အ​တွက် လက်​စား​ချေ​မည်။ \q2 အ​ပြစ်​ရှိ​သူ​တို့​အား​ချမ်း​သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ \q1 သို့​ရာ​တွင်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​ကို​မူ​ကား၊ \q2 ထာ​ဝ​စဉ်​လူ​တို့​နေ​ထိုင်​ရာ​ဖြစ်​စေ​မည်။ \q1 ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​လည်း​ဇိ​အုန်​တောင်​ပေါ် တွင် ကျိန်း​ဝပ်​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။ ပ​ရော​ဖက်​ယော​လ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။