\id JHN Myanmar Common Language Bible \h ရှင်ယောဟန် \toc1 ရှင်ယောဟန် \toc2 ရှင်ယောဟန် \mt1 ရှင်ယောဟန် \mt2 ပြုစုသည့်သတင်းကောင်း \imt1 နိဒါန်း \ip ရှင်ယောဟန်ပြုစုသည့်သတင်းကောင်းတွင်သခင် ယေရှုသည် "လူဇာတိကိုခံယူကာငါတို့ထံတွင် စံနေတော်မူသော ဘုရားသခင်၏နှုတ်ကပတ်တော် ဖြစ်ကြောင်းဖော်ပြထားလေသည်။ ထိုကျမ်းကိုပြုစု ရခြင်း၏ရည်ရွယ်ချက်မှာ သခင်ယေရှုသည်ဘုရား သခင်၏သားတော်၊ ဘုရားသခင်ကတိထားတော်မူ သောကယ်တင်ရှင်ဖြစ်တော်မူကြောင်းကို စာဖတ်သူတို့ ယုံကြည်လာကြစေရန်လည်းကောင်း၊ ယင်းသို့ ယုံကြည်ခြင်းအားဖြင့် ထာဝရအသက်ကိုရရှိကြစေရန် လည်းကောင်းဖြစ်၏။ (20း31) \ip သခင်ယေရှုသည်ဘုရားသခင်၏နှုတ်ကပတ်တော် ဖြစ်ကြောင်းကိုနိဒါန်းပျိုးပြီးနောက် ဤကျမ်း၏ ပထမပိုင်းတွင် သခင်ယေရှုသည် ဘုရားသခင်၏ သားတော်တည်းဟူသောဘုရားသခင်ကတိထား တော်မူသော ကယ်တင်ရှင် ဖြစ်တော်မူကြောင်းကို သက်သေပြသည့်နိမိတ်လက္ခဏာများကိုတင်ပြသည်။ ထိုနောက်ထိုနိမိတ်လက္ခဏာများ၏အနက် အဋ္ဌိပ္ပါယ်များကိုရှင်းလင်းဖော်ပြသည့် ဆွေးနွေးခန်းများကိုတင်ပြသည်။ ဤအခန်းများမှာပင်သခင်ယေရှုအား လူအချို့တို့ယုံကြည်လာကာနောက်တော်သို့ လိုက်ကြပုံကိုလည်းကောင်း၊ လူအချို့တို့သည် ကိုယ်တော်အား ယုံကြည်ရန်ငြင်းဆန်လျက် အတိုက်အခံပြုကြပုံကိုလည်းကောင်းဖော်ပြသည်။ အခန်း 13 မှ 17 တွင် သခင်ယေရှုအဖမ်းခံတော်မူ ရမည့်ညဥ့်၌ ကိုယ်တော်နှင့်တပည့်တော်တို့ရင်းနှီးစွာ မိတ်သဟာယဖွဲ့ကြကြောင်း၊ လက်ဝါးကပ်တိုင်တွင် အသေခံတော်မူရခါနီး၌ တပည့်တော်တို့ကြုံတွေ့ ရမည့်အရေးကိစ္စများကိုရင်ဆိုင်နိုင်ရန် အားပေးစကားပြောကြားတော်မူကြောင်းတို့ကိုအကျယ်တဝင့် တင်ပြထားလေသည်။ အခန်း 18 မှ 21 တွင် သခင်ယေရှု အဖမ်းခံတော်မူခြင်း၊ အစစ်အဆေးခံတော်မူခြင်း၊ လက်ဝါးကပ်တိုင်တော်ပေါ်တွင်အသေခံတော်မူခြင်း၊ သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းနှင့် တပည့်တော်တို့အားကိုယ်ထင်ပြတော်မူခြင်း အကြောင်းများပါရှိပေသည်။ \ip 8း1-11 ကိုကျမ်းမူများနှင့်ရှေးဘာသာပြန်များ တွင်မတွေ့ရပေ။ အချို့သောစာမူများကမူ ယင်းကိုအခြားနေရာတွင် ထည့်သွင်းဖော်ပြကြ သဖြင့် ယင်းကျမ်းပိုဒ်ကို "ကွင်းစကွင်းပိတ်" များဖြင့် ဖော်ပြထားသည်။ \ip ရှင်ယောဟန်သည်ခရစ်တော်အားဖြင့်ရရှိသည့် ထာဝရအသက်တည်းဟူသောဆုကျေးဇူးတော်အကြောင်းကို အထူးအလေးပေး၍ရေးသားထား ၏။ သခင်ယေရှုအားခရီးလမ်း၊ သမ္မာတရား၊ အသက် အဖြစ်ဖြင့်ခံယူယုံကြည်သူတို့သည် ယခုဘဝမှအစပြု၍ထာဝရအသက်ကိုခံစား ရကြမည်ဖြစ်ကြောင်းတင်ပြသည်။ ရှင်ယောဟန်ပြုစု သည့်ကျမ်း၏ထူးခြားချက်မှာ လူတို့နေ့စဥ်တွေ့ထိ နေကျဖြစ်သောရေနှင့်အစာအာဟာရ၊ အလင်း၊ သိုးထိန်း နှင့်သိုး၊ စပျစ်ပင်နှင့်စပျစ်သီးစသည်တို့ကို ပုံဥပမာပေး၍ နက်ရှိုင်းသည့်အဋ္ဌိပ္ပါယ်ကိုထုတ်ဖော် ခြင်းပင်ဖြစ်ပေသည်။ \iot အကြောင်းအရာအကျဥ်းချုပ် \io1 နိဒါန်း 1း1-18 \io1 ဗတ္တိဇံဆရာယောဟန်နှင့်သခင်ယေရှု၏ တမန်တော်ဦးများ 1း19-51 \io1 သခင်ယေရှုအမှုတော်ဆောင်ခြင်း 2း1-12း50 \io1 ယေရုရှလင်မြို့နှင့်အနီးအနားတွင် \io1 နောက်ဆုံးရက်သတ္တပတ် 13း1-19း42 \io1 သခင်ဘုရားသေခြင်းမှရှင်ပြန်ထမြောက်ခြင်းနှင့် \io1 ကိုယ်ထင်ပြတော်မူခြင်း 20း1-31 \io1 နောက်တစ်ကြိမ်ကိုယ်ထင်ပြတော်မူခြင်း 21း1-25 \c 1 \s1 အ​သက်​တည်း​ဟူ​သော နှုတ်​က​ပတ်​တော် \p \v 1 ကမ္ဘာ​လော​က​ကို​ဖန်​ဆင်း​တော်​မ​မူ​မီ​က​ပင် နှုတ်​က​ပတ်​တော်​ရှိ​တော်​မူ​၏။ နှုတ်​က​ပတ်​တော် သည်​ဘု​ရား​သ​ခင်​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ နှုတ်​က​ပတ်​တော်​သည်​လည်း​ဘု​ရား​ဖြစ်​တော်​မူ​၏။- \v 2 နှုတ်​က​ပတ်​တော်​သည်​အ​စ​အ​ဦး​၌ ဘု​ရား​သ​ခင်​နှင့်​အ​တူ​ရှိ​တော်​မူ​၏။- \v 3 ဘု​ရား​သ​ခင်​သည်​နှုတ်​က​ပတ်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​တော်​မူ​၏။ ဖန်​ဆင်း​ခြင်း​နှင့်​ကင်း​၍​ပေါ်​လာ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။- \v 4 ဖန်​ဆင်း​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​သည် နှုတ်​က​ပတ်​တော်​အား​ဖြင့် အ​သက်​ကို​ရ​ရှိ​ကြ​၏။ ထို​အ​သက်​သည်​လူ​သား​တို့ အ​တွက်​အ​လင်း​ဖြစ်​၏။- \v 5 ထို​အ​လင်း​သည်​အ​မှောင်​တွင်​ထွန်း​လင်း​၍​အ​မှောင်​သည် ထို​အ​လင်း​ကို​အ​ဘယ်​အ​ခါ​မျှ​မ​ဖုံး​လွှမ်း​နိုင်။ \p \v 6 ဘု​ရား​သ​ခင်​သည်​ယော​ဟန်​ဆို​သူ​အား​မိ​မိ ၏​စေ​တ​မန်​အ​ဖြစ်​ဖြင့်​စေ​လွှတ်​တော်​မူ​၏။- \v 7 တ​ရား​တော်​ကို​လူ​အ​ပေါင်း​တို့​ကြား​၍ ယုံ​ကြည်​လာ​စိမ့်​သော​ငှာ ထို​သူ​သည်​အ​လင်း တော်​အ​ကြောင်း​ကို​သက်​သေ​ခံ​ရန်​လာ​၏။- \v 8 သူ​သည်​အ​လင်း​တော်​မ​ဟုတ်။ အ​လင်း​တော် အ​ကြောင်း​ကို​သက်​သေ​ခံ​ရန်​လာ​သူ​ဖြစ်​၏။- \v 9 ထို​အ​လင်း​တော်​သည်​လော​က​သို့​ကြွ​လာ​၍ လူ​သား​အ​ပေါင်း​တို့​အ​ပေါ်​တွင် ထွန်း​လင်း တောက်​ပ​သည့်​စစ်​မှန်​သော​အ​လင်း​ဖြစ်​ပေ သည်။ \p \v 10 နှုတ်​က​ပတ်​တော်​သည်​လော​က​၌​ရှိ​တော်​မူ​၏။ လော​က​ကို​နှုတ်​က​ပတ်​တော်​အား​ဖြင့်​ဖန်​ဆင်း တော်​မူ​သော်​လည်း လော​က​သည်​ကိုယ်​တော်​ကို မ​သိ။- \v 11 ကိုယ်​တော်​သည်​မိ​မိ​နေ​ရင်း​ပြည်​သို့​ကြွ​တော်​မူ သော်​လည်း မိ​မိ​၏​ပြည်​သား​များ​က​လက်​မ​ခံ ကြ။- \v 12 သို့​ရာ​တွင်​လူ​အ​ချို့​တို့​သည်​ကိုယ်​တော်​ကို ယုံ​ကြည်​လက်​ခံ​သ​ဖြင့် ဘု​ရား​သ​ခင်​၏​သား သ​မီး​များ​ဖြစ်​ခွင့်​ကို​ရ​ကြ​၏။- \v 13 ထို​သူ​တို့​သည်​လူ​သား​ဖ​ခင်​မှ​ပေါက်​ဖွား​လာ သော​သား​သ​မီး​များမ​ဟုတ်။ ဘု​ရား​သ​ခင် ပေါက်​ဖွား​စေ​တော်​မူ​သော​သူ​များ​ဖြစ်​ကြ​၏။ \p \v 14 နှုတ်​က​ပတ်​တော်​သည်​လူ​ဇာ​တိ​ကို​ခံ​ယူ​၍ ကျေး​ဇူး​တော်၊ သစ္စာ​တော်​နှင့်​ပြည့်​စုံ​လျက် ငါ​တို့​ထံ​တွင်​စံ​နေ​တော်​မူ​၏။ ငါ​တို့​သည် ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင် ရ​ကြ​၏။ ထို​ဘုန်း​အ​သ​ရေ​တော်​ကား​ခ​မည်း တော်​၏​တစ်​ပါး​တည်း​သော​သား​တော်​အ​ဖြစ် ဖြင့်​ခံ​ယူ​ရ​ရှိ​သော​ဘုန်း​အ​သ​ရေ​တော်​ပင် ဖြစ်​သ​တည်း။ \p \v 15 ကိုယ်​တော်​၏​အ​ကြောင်း​ကို​ယော​ဟန်​ဟော​ပြော​၏။ ယော​ဟန်​က ``ငါ​၏​နောက်​ကြွ​လာ​သူ​သည်​ငါ မ​မွေး​မီ​က​ပင်​ရှိ​နေ​နှင့်​သ​ဖြင့်​ငါ့​ထက်​ကြီး မြတ်​သူ​ဖြစ်​သည်​ဟု​ငါ​သက်​သေ​ခံ​ခဲ့​သူ​ကား ဤ​အရှင်​ပင်​တည်း'' ဟု​ကြွေး​ကြော်​လေ​သည်။ \p \v 16 ကိုယ်​တော်​သည်​ကျေး​ဇူး​တော်​ပြည့်​စုံ​ကြွယ်​ဝ​တော် မူ​သည်​နှင့်​အ​ညီ ငါ​တို့​အား​ကောင်း​ချီး​မင်္ဂ​လာ တစ်​ပါး​ပြီး​တစ်​ပါး​ချ​ပေး​တော်​မူ​၏။- \v 17 ဘု​ရား​သ​ခင်​သည်​ပ​ညတ်​တ​ရား​ကို​မော​ရှေ အား​ဖြင့်​ပေး​အပ်​တော်​မူ​၏။ သို့​ရာ​တွင်​ကျေးဇူး တရား​နှင့် သစ္စာ​တရား​တို့​ကို​မူ​ကား​ယေ​ရှု​ခ​ရစ် အား​ဖြင့်​ပေး​အပ်​တော်​မူ​၏။- \v 18 လူ​တစ်​စုံ​တစ်​ယောက်​မျှ​ဘု​ရား​သ​ခင်​ကို​မ​မြင် စ​ဖူး​သော်​လည်း ခ​မည်း​တော်​၏​ရင်​ခွင်​၌​ရှိ​တော် မူ​သော၊ ဘု​ရား​ဖြစ်​တော်​မူ​သော၊ တစ်​ပါး​တည်း သော​သား​တော်​သည် ဘု​ရား​သ​ခင်​ကို​ထင်​ရှား စေ​တော်​မူ​ပြီ။ \s1 ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဟော​ပြော​သည့်​တ​ရား \r (မ၊ ၃:၁-၁၂။ မာ၊ ၁:၁-၈။ လု၊ ၃:၁-၁၈) \p \v 19 ယေ​ရု​ရှ​လင်​မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​တို့​သည် ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​အ​နွယ်​ဝင်​အ​ချို့ တို့​ကို​ယော​ဟန်​ထံ​သို့​စေ​လွှတ်​၍ ``သင်​သည် အ​ဘယ်​သူ​နည်း'' ဟု​မေး​မြန်း​စေ​ကြ​၏။ \p \v 20 ထို​အ​ခါ​ယော​ဟန်​က ``ငါ​သည်​မေ​ရှိ​ယ မ​ဟုတ်'' ဟု​ထိန်​ဝှက်​ခြင်း​မ​ရှိ​ဘဲ​အ​တိ အ​လင်း​ပြော​ဆို​၏။ \p \v 21 ထို​သူ​တို့​က ``သင်​သည်​မေ​ရှိ​ယ​မ​ဟုတ်​လျှင် အ​ဘယ်​သူ​နည်း။ ဧ​လိ​ယ​ပေ​လော'' ဟု​တစ်​ဖန် မေး​ပြန်​ကြ​၏။ \p ယော​ဟန်​က ``ငါ​သည်​ဧ​လိ​ယ​မ​ဟုတ်'' ဟု​ဆို​၏။ \p သူ​တို့​က ``ပ​ရော​ဖက်​ပေ​လော'' ဟု​မေး​ကြ​လျှင်၊ \p ``ငါ​သည်​ပ​ရော​ဖက်​လည်း​မ​ဟုတ်'' ဟု​ဆို​ပြန်​၏။ \p \v 22 ထို​သူ​တို့​က ``သင်​သည်​အ​ဘယ်​သူ​နည်း။ ငါ တို့​ကို​စေ​လွှတ်​လိုက်​သူ​များ​အား​ပြန်​၍ ပြော​ရ​ပါ​မည်။ သင်​ကိုယ်​တိုင်​က​မည်​သို့ ဆို​ပါ​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။ \p \v 23 ယော​ဟန်​က ``ငါ​သည်​ပ​ရော​ဖက်​ဟေ​ရှာ​ယ ဖော်​ပြ​ခဲ့​သည်​အ​တိုင်း၊ \q1 `ထာ​ဝ​ရ​ဘု​ရား​သ​ခင်​၏​လမ်း​ခ​ရီး​တော်​ကို ဖြောင့်​တန်း​အောင်​ပြု​ကြ​လော့' ဟု \q2 တော​ကန္တာ​ရ​၌​ကြွေး​ကြော်​နေ​သော​အသံ​ဖြစ်​၏'' \m ဟု​ဆို​၏။ \p \v 24 ယော​ဟန်​ထံ​သို့​ရောက်​လာ​ကြ​သော​စေ​တ​မန် များ​တွင်​ဖာ​ရိ​ရှဲ​အ​ချို့​ပါ​၏။- \v 25 ထို​သူ​တို့​က ``သင်​သည်​မေ​ရှိ​ယ​မ​ဟုတ်၊ ဧ​လိ​ယ လည်း​မ​ဟုတ်၊ ပ​ရော​ဖက်​လည်း​မ​ဟုတ်​ပါ​မူ​အ​ဘယ် ကြောင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​ပါ​သ​နည်း'' ဟု မေး​ကြ​၏။ \p \v 26 ယော​ဟန်​က ``ငါ​သည်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ ကို​ပေး​၏။ သင်​တို့​တွင်​သင်​တို့​မ​သိ​သော အ​ရှင်​ရှိ​၏။- \v 27 ထို​အ​ရှင်​သည်​ငါ့​နောက်​ကြွ​လာ​သော်​လည်း ငါ သည်​သူ​၏​ဖိ​နပ်​ကြိုး​ကို​မျှ​မ​ဖြည်​ထိုက်'' ဟု ဆို​၏။ \p \v 28 ယော​ဟန်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​ရာ​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​ကမ်း​ရှိ​ဗေ​သ​နိ​ရွာ​တွင်​ဤ​အ​မှု အ​ရာ​ဖြစ်​ပျက်​သ​တည်း။ \s1 ဘု​ရား​သ​ခင်​၏​သိုး​သူ​ငယ်​တော် \p \v 29 နောက်​တစ်​နေ့​၌​မိ​မိ​၏​ထံ​သို့​သ​ခင်​ယေ​ရှု ကြွ​လာ​သည်​ကို​မြင်​လျှင် ယော​ဟန်​က ``လော​က သား​တို့​၏​အ​ပြစ်​ကို​ယူ​ဆောင်​သွား​တော်​မူ သော​ဘု​ရား​သ​ခင်​၏​သိုး​သူ​ငယ်​တော်​ကို ကြည့်​ကြ​လော့။- \v 30 `ငါ​မ​မွေး​မီ​က​ပင်​ရှိ​နေ​နှင့်​သ​ဖြင့် ငါ့​ထက် ကြီး​မြတ်​သော​သူ​သည်​ငါ​၏​နောက်​တွင်​ကြွ လာ​လိမ့်​မည်' ဟု​ယ​ခင်​အ​ခါ​က​ငါ​ဖော်​ပြ ခဲ့​သူ​ကား​ထို​သူ​ပင်​တည်း။- \v 31 ကိုယ်​တော်​သည်​မည်​သူ​ဖြစ်​သည်​ကို​ယ​ခင် အ​ခါ​က​ငါ​မ​သိ။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သူ့​ကို​သိ​ရှိ​နိုင်​ကြ​စေ​ရန် ငါ သည်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂလာ​ကို​ပေး​ခြင်း​ဖြစ်​၏'' ဟု​ဆို​၏။ \p \v 32 ထို​နောက်​ယော​ဟန်​က ``ဝိ​ညာဉ်​တော်​သည် ကောင်း​ကင်​မှ​ချိုး​ငှက်​အ​သွင်​ဖြင့်​ဆင်း​သက်​၍ ကိုယ်​တော်​၏​အ​ပေါ်​မှာ​နား​သည်​ကို​ငါ​မြင် ရ​၏။- \v 33 ကိုယ်​တော်​သည်​မည်​သူ​ဖြစ်​သည်​ကို ယ​ခင်​က ငါ​မ​သိ။ သို့​သော်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ဘု​ရား​သ​ခင် က `ဝိ​ညာဉ်​တော်​သည်​ဆင်း​သက်​၍​တစ်​စုံ တစ်​ယောက်​သော​သူ​၏​အ​ပေါ်​မှာ​နား​တော်​မူ သည်​ကို​သင်​မြင်​ရ​လိမ့်​မည်' ဟု​ငါ့​အား မိန့်​တော်​မူ​ခဲ့​၏။- \v 34 ဤ​သို့​မိန့်​တော်​မူ​သည်​အ​တိုင်း​ငါ​တွေ့​မြင်​ရ​ပြီ ဖြစ်​၍ ဤ​သူ​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ဖြစ်​ကြောင်း​ကို​ငါ​သက်​သေ​ခံ​၏'' ဟု​ဆို​၏။ \b \s1 သ​ခင်​ယေ​ရှု​၏​တ​ပည့်​ဦး​များ \p \v 35 နောက်​တစ်​နေ့​၌​ယော​ဟန်​သည် တ​ပည့် နှစ်​ယောက်​နှင့်​အ​တူ​ရပ်​လျက်​နေ​စဉ်၊- \v 36 သ​ခင်​ယေ​ရှု​ကြွ​တော်​မူ​သည်​ကို​မြင် သ​ဖြင့် ``ဘု​ရား​သ​ခင်​၏​သိုး​သူငယ်​တော်​ကို ကြည့်​လော့'' ဟု​ဆို​၏။ \p \v 37 သူ​၏​တ​ပည့်​နှစ်​ယောက်​တို့​သည်​ထို​စ​ကား​ကို ကြား​လျှင် သ​ခင်​ယေ​ရှု​၏​နောက်​တော်​သို့ လိုက်​သွား​ကြ​၏။- \v 38 သ​ခင်​ယေ​ရှု​သည်​နောက်​သို့​လှည့်​၍​ကြည့်​တော် မူ​ရာ ထို​သူ​တို့​လိုက်​လာ​သည်​ကို​မြင်​တော်​မူ လျှင် ``သင်​တို့​အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​ကြ သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p ထို​သူ​တို့​က ``ရဗ္ဗိ၊ ကိုယ်​တော်​သည်​အ​ဘယ်​မှာ နေ​တော်​မူ​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ (ရဗ္ဗိ​၏​အ​နက်​ကား​အ​ရှင်​ဘု​ရား​ဟု​ဆို​လို​၏) \p \v 39 ကိုယ်​တော်​က ``လာ​၍​ကြည့်​ကြ​လော့'' ဟု​မိန့်​တော် မူ​၏။ ထို​အ​ချိန်​သည်​ည​နေ​လေး​နာ​ရီ​အ​ချိန် ဖြစ်​သည်။ သူ​တို့​သည်​လိုက်​၍​ကိုယ်​တော်​နေ​တော် မူ​ရာ​အ​ရပ်​ကို​မြင်​ပြီး​လျှင် ကိုယ်​တော်​နှင့်​အ​တူ မိုး​ချုပ်​သည်​တိုင်​အောင်​နေ​ကြ​၏။ \p \v 40 ယော​ဟန်​၏​စ​ကား​ကို​ကြား​၍ ကိုယ်​တော်​၏ နောက်​တော်​သို့​လိုက်​သွား​သူ​နှစ်​ယောက်​အ​နက် တစ်​ယောက်​မှာ​ရှိ​မုန်​ပေ​တ​ရု​၏​ညီ​အန္ဒြေ ဖြစ်​၏။- \v 41 သူ​သည်​အစ်​ကို​ဖြစ်​သူ​ရှိ​မုန်​ကို​ချက်​ချင်း​ရှာ ၍ ``မေ​ရှိ​ယ​အ​ရှင်​ကို​ငါ​တို့​တွေ့​ပြီ'' ဟု​ဆို​၏။ (မေ​ရှိ​ယ​အ​နက်​မှာ ခ​ရစ်​တော်​ဖြစ်​သ​တည်း။)- \v 42 ထို​နောက်​သူ​သည်​ရှိ​မုန်​အား​သ​ခင်​ယေ​ရှု ထံ​တော်​သို့​ခေါ်​ဆောင်​သွား​လေ​သည်။ \p သ​ခင်​ယေ​ရှု​သည်​ရှိ​မုန်​ကို​ကြည့်​၍ ``သင်​သည် ယော​ဟန်​၏​သား​ရှိ​မုန်​ဖြစ်​၏။ ကေ​ဖ​နာ​မည် သစ်​ကို​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ (ကေ​ဖ ကား​ပေ​တ​ရု​ဟူ​သော​အ​မည်​နှင့်​ထပ်​တူ ဖြစ်​၍ ကျောက်​ဟု​အ​နက်​ရှိ​၏။) \s1 ဖိ​လိပ္ပု​နှင့်​နာ​သ​နေ​လ​တို့​ကို တ​ပည့်​များ​အ​ဖြစ် ရွေး​ချယ်​တော်​မူ​ခြင်း \p \v 43 နောက်​တစ်​နေ့​၌​ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည် သို့​ကြွ​တော်​မူ​ရန် စိတ်​ပိုင်း​ဖြတ်​တော်​မူ​၏။ ဖိ​လိပ္ပု ကို​တွေ့​လျှင် ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော် မူ​၏။- \v 44 (ဖိ​လိပ္ပု​သည်​ဗက်​ဇဲ​ဒ​မြို့​သား​ဖြစ်​၏။ ဗက်​ဇဲ​ဒ မြို့​ကား​အန္ဒြေ​နှင့်​ပေ​တ​ရု​တို့​နေ​ထိုင်​ရာ​မြို့ တည်း။)- \v 45 ဖိ​လိပ္ပု​သည်​နာ​သ​နေ​လ​ကို​တွေ့​သ​ဖြင့် ``မော​ရှေ ၏​ပ​ညတ်​ကျမ်း​တွင်​လည်း​ကောင်း၊ ပ​ရော​ဖက်​ကျမ်း များ​တွင်​လည်း​ကောင်း​ရေး​သား​ဖော်​ပြ​ထား​သူ ကို​ငါ​တို့​တွေ့​ပြီ။ ထို​သူ​သည်​ယောသပ်​၏​သား၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဖြစ်​၏'' ဟု​ဆို​၏။ \p \v 46 နာ​သ​နေ​လ​က ``နာ​ဇ​ရက်​မြို့​မှ​ကောင်း​သည့် အ​ရာ​တစ်​စုံ​တစ်​ခု​ထွက်​ပေါ်​နိုင်​ပါ​သ​လော'' ဟု​ပြန်​၍​မေး​၏။ \p ဖိ​လိပ္ပု​က ``လာ​၍​ကြည့်​ပါ'' ဟု​ဆို​၏။ \p \v 47 နာ​သ​နေ​လ​လာ​နေ​သည်​ကို​သ​ခင်​ယေ​ရှု​မြင် တော်​မူ​လျှင် ``ပ​ရိ​ယာယ်​ကင်း​သူ​ဣသ​ရေ​လ အ​မျိုး​သား​စစ်​ကို​ကြည့်​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။ \p \v 48 နာ​သ​နေ​လ​က ``ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​သို့ အ​ကျွန်ုပ်​ကို​သိ​ရှိ​ပါ​သ​နည်း'' ဟု​မေး​လျှောက် ၏။ \p သ​ခင်​ယေ​ရှု​က ``သင့်​အား​ဖိ​လိပ္ပု​မ​ခေါ်​မီ သ​ဖန်း​ပင်​အောက်​တွင်​ရှိ​နေ​စဉ်​အ​ခါ​က​ပင် လျှင် သင့်​ကို​ငါ​မြင်​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 49 ထို​အ​ခါ​နာ​သ​နေ​လ​က ``အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ဖြစ်​ပါ​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရင်​ဖြစ်​တော်​မူ​ပါ​၏'' ဟု​လျှောက်​လေ​၏။ \p \v 50 သ​ခင်​ယေ​ရှု​က ``သ​ဖန်း​ပင်​အောက်​တွင်​သင့် ကို​ငါ​မြင်​ကြောင်း​ပြော​ပြ​သည့်​အ​တွက်​သင် ယုံ​သ​လော။ ဤ​ထက်​ပို​၍​အံ့​သြ​ဖွယ်​သော အ​မှု​အ​ရာ​တို့​ကို​သင်​မြင်​ရ​လိမ့်​မည်။- \v 51 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ကောင်း​ကင်​ပွင့်​လျက် လူ​သား​အ​ပေါ်​တွင်​ဘု​ရား သ​ခင်​၏​ကောင်း​ကင်​တ​မန်​များ​ဆင်း​လျက် တက်​လျက်​နေ​ကြ​သည်​ကို​သင်​တို့​မြင်​ရ ကြ​လတ္တံ့' ဟု​မိန့်​တော်​မူ​၏။ \c 2 \s1 ကာ​န​မြို့​မင်္ဂ​လာ​ဆောင်​ပွဲ \p \v 1 နောက်​နှစ်​ရက်​ကြာ​သော​အ​ခါ​ဂါ​လိ​လဲ​ပြည်၊ ကာ​န​မြို့​မှာ​မင်္ဂ​လာ​ဆောင်​ပွဲ​ကျင်း​ပ​ရာ သ​ခင်​ယေ​ရှု​၏​မယ်​တော်​ကြွ​ရောက်​၏။- \v 2 သ​ခင်​ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့​အား​လည်း ထို​ပွဲ​သို့​ဖိတ်​ကြား​ထား​၏။- \v 3 စပျစ်​ရည်​ကုန်​သွား​သော​အ​ခါ​သ​ခင်​ယေ​ရှု ၏​မယ်​တော်​က ``ထို​သူ​တို့​မှာ​စ​ပျစ်​ရည်​မ​ရှိ တော့​ပါ'' ဟု​ကိုယ်​တော်​အား​ပြော​ကြား​၏။ \p \v 4 သ​ခင်​ယေ​ရှု​က ``မယ်​တော်၊ အ​ဘယ်​အ​မှု​ပြု ရ​မည်​ကို​အ​ကျွန်ုပ်​အား​မ​ပြော​ပါ​နှင့်။ အ​ကျွန်ုပ် လုပ်​ဆောင်​ရန်​အ​ချိန်​မ​ကျ​သေး​ပါ'' ဟု​မိန့်​တော် မူ​၏။ \p \v 5 ထို​အ​ခါ​မယ်​တော်​သည်​အ​စေ​ခံ​တို့​အား ကိုယ် တော်​စေ​ခိုင်း​သည့်​အ​တိုင်း​ပြု​ကြ​ရန်​မှာ​ကြား​၏။ \p \v 6 ထို​နေ​ရာ​တွင် ရေ​နှစ်​ထမ်း​သုံး​ထမ်း​ခန့်​စီ​ဝင်​သော ကျောက်​အိုး​ကြီး​ခြောက်​လုံး​ရှိ​၏။ ယု​ဒ​မျိုး​သား တို့​၏​ဘာ​သာ​ဋ္ဌ​လေ့​အ​ရ သန့်​စင်​မှု​ကို​ပြု​ရန် ထို​အိုး​များ​ကို​ထား​ရှိ​ခြင်း​ဖြစ်​၏။- \v 7 သ​ခင်​ယေ​ရှု​က ``ဤ​အိုး​များ​တွင်​ရေ​အ​ပြည့် ထည့်​ကြ​လော့'' ဟု​အ​စေ​ခံ​တို့​အား​မိန့်​တော်​မူ လျှင် သူ​တို့​သည်​အိုး​နှုတ်​ခမ်း​အ​ထိ​ရေ​ပြည့် အောင်​ထည့်​ကြ​၏။- \v 8 ထို​နောက်​ကိုယ်​တော်​က ``ဤ​အိုး​များ​မှ​ရေ အ​နည်း​ငယ်​ကို​ခပ်​၍​ပွဲ​အုပ်​ထံ​ယူ​သွား​ကြ လော့'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​အ​စေ​ခံ တို့​သည်​ယူ​သွား​ကြ​၏။- \v 9 ပွဲ​အုပ်​သည်​စ​ပျစ်​ရည်​အ​ဖြစ်​သို့​ပြောင်း​လဲ လာ​သော​ရေ​ကို​မြည်း​စမ်း​ကြည့်​၏။ အ​စေ​ခံ များ​သည်​စ​ပျစ်​ရည်​ကို​အ​ဘယ်​မှ​ရ​ရှိ ကြောင်း​သိ​ကြ​သော်​လည်း ပွဲ​အုပ်​မူ​ကား မ​သိ။ သို့​ဖြစ်​၍​ပွဲ​အုပ်​သည်​မင်္ဂ​လာ​ဆောင် သ​တို့​သား​အား​ခေါ်​ပြီး​လျှင်၊- \v 10 ``လူ​တိုင်း​ပင်​စ​ပျစ်​ရည်​ကောင်း​နှင့်​ဦး​စွာ​ဧည့်​ခံ တတ်​၏။ လူ​တို့​စိတ်​ရှိ​သောက်​ကြ​ပြီး​မှ စ​ပျစ် ရည်​အ​ညံ့​ကို​ထည့်​ပေး​လေ့​ရှိ​၏။ သင်​မူ​ကား စ​ပျစ်​ရည်​ကောင်း​ကို​ယ​ခု​မှ​ထုတ်​ပေး​ပါ သည်​တ​ကား'' ဟု​ဆို​၏။ \p \v 11 သ​ခင်​ယေ​ရှု​သည်​ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​တွင် ဤ​သို့​ဦး​စွာ​ပ​ထ​မ​အံ့​ဖွယ်​သော​နိ​မိတ်​လက္ခ ဏာ​ကို​ပြ​တော်​မူ​လျက် မိ​မိ​၏​ဘုန်း​အ​သ​ရေ တော်​ကို​ထွန်း​တောက်​စေ​တော်​မူ​၏။ သို့​ဖြစ်​၍ တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် ကြ​၏။ \p \v 12 ထို​နောက်​ကိုယ်​တော်​သည်​မယ်​တော်၊ ညီ​တော်​များ၊ တ​ပည့်​တော်​များ​နှင့်​အ​တူ​က​ပေ​ရ​နောင်​မြို့ သို့​ကြွ​၍​ရက်​အ​နည်း​ငယ်​နေ​ထိုင်​တော်​မူ​၏။\x + \xo 2:12 \xt မ၊ ၄:၁၃။\x* \s1 ဗိ​မာန်​တော်​သို့​ကြွ​တော်​မူ​ခြင်း \r (မ၊ ၂၁:၁၂-၁၃။ မာ၊ ၁၁:၁၅-၁၇။ လု၊ ၁၉:၄၅-၄၆) \p \v 13 ယု​ဒ​အ​မျိုး​သား​တို့​၏​ပ​သ​ခါ​ပွဲ​နီး​ကပ်​လာ သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​ယေ​ရု​ရှ​လင်​မြို့ သို့​ကြွ​တော်​မူ​၏။-\x + \xo 2:13 \xt ထွ၊ ၁၂:၁-၂၇။\x* \v 14 ကိုယ်​တော်​သည်​ဗိ​မာန်​တော်​အ​တွင်း​တွင်​နွား​များ၊ သိုး​များ၊ ချိုး​ငှက်​များ​ရောင်း​သော​သူ​များ​နှင့် ငွေ​လဲ​လှယ်​နေ​သူ​များ​ထိုင်​လျက်​နေ​သည်​ကို တွေ့​တော်​မူ​၏။- \v 15 ထို​အ​ခါ​ကြိုး​ဖြင့်​နှင်​တံ​ကို​ပြု​လုပ်​ပြီး​လျှင် သိုး​နွား​များ​ကို​ဗိ​မာန်​တော်​ထဲ​မှ​မောင်း​ထုတ် တော်​မူ​၏။ ငွေ​လဲ​လှယ်​သူ​တို့​၏​ငွေ​များ​ကို သွန်​ချ​၍ ငွေ​တင်​ခုံ​များ​ကို​မှောက်​လှန်​ပစ် တော်​မူ​၏။- \v 16 ကိုယ်​တော်​က ``ဤ​အ​ရာ​များ​ကို​ယူ​သွား ကြ။ ငါ့​အ​ဖ​၏​အိမ်​တော်​ကို​စျေး​မ​ဖြစ်​စေ နှင့်'' ဟု​ချိုး​ငှက်​ရောင်း​သူ​များ​အား​မိန့်​တော် မူ​၏။- \v 17 ထို​အ​ခါ​တ​ပည့်​တော်​တို့​သည် ``ကိုယ်​တော် ၏​အိမ်​တော်​အ​ပေါ်​ချစ်​ခင်​တွယ်​တာ​မှု​သည် အ​ကျွန်ုပ်​၏​ရင်​အ​တွင်း​၌​မီး​သ​ဖွယ်​ကျွမ်း လောင်​လျက်​ရှိ​ပါ​၏'' ဟူ​သော​ကျမ်း​စကား ကို​သ​တိ​ရ​ကြ​၏။\x + \xo 2:17 \xt ဆာ၊ ၆၉:၉။\x* \p \v 18 ယု​ဒ​အာ​ဏာ​ပိုင်​တို့​က ``သင်​သည်​ဤ​အ​မှု အ​ရာ​များ​ကို​ပြု​လုပ်​ပိုင်​ကြောင်း​သိ​သာ စေ​ရန် ငါ​တို့​အား​အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ ကို​ပြ​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။ \p \v 19 သ​ခင်​ယေ​ရှု​က ``ဤ​ဗိ​မာန်​တော်​ကို​ဖြို​ဖျက် ကြ​လော့။ သုံး​ရက်​အ​တွင်း​ငါ​ပြန်​လည်​တည် ဆောက်​မည်'' ဟု​မိန့်​တော်​မူ​၏။\x + \xo 2:19 \xt မ၊ ၂၆:၆၁၊ ၂၇:၄၀။ မာ၊ ၁၄:၅၈၊ ၁၅:၂၉။\x* \p \v 20 ယု​ဒ​အ​မျိုး​သား​တို့​က ``ဤ​ဗိ​မာန်​တော် ကို​လေး​ဆယ့်​ခြောက်​နှစ်​တိုင်​တိုင်​တည်​ဆောက် ခဲ့​ရ​၏။ သင်​က​သုံး​ရက်​နှင့်​ပြန်​လည်​တည် ဆောက်​ပါ​မည်​လော'' ဟု​မေး​ကြ​၏။ \p \v 21 ကိုယ်​တော်​ကား​မိ​မိ​၏​ကိုယ်​ခန္ဓာ​တော်​တည်း​ဟူ သော​ဗိ​မာန်​တော်​ကို​ရည်​စူး​၍​မိန့်​တော်​မူ​ခြင်း ဖြစ်​၏။- \v 22 သို့​ဖြစ်​၍​တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​သေ ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​သော​အ​ခါ ဤ သို့​ကိုယ်​တော်​မိန့်​တော်​မူ​ခဲ့​သည်​ကို​ပြန်​လည် သ​တိ​ရ​ကြ​လျက် ကျမ်း​စာ​တော်​ကို​လည်း ကောင်း၊ သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​ခဲ့​သော စ​ကား​တော်​ကို​လည်း​ကောင်း​ယုံ​ကြ​၏။ \s1 လူ့​အ​ကြောင်း​ကို​သ​ခင်​ယေ​ရှု သိ​တော်​မူ​ခြင်း \p \v 23 ယေ​ရု​ရှ​လင်​မြို့​တွင်​ကျင်း​ပ​သည့်​ပ​သ​ခါ​ပွဲ ၌ ကိုယ်​တော်​ပြ​တော်​မူ​သည့်​အံ့​ဖွယ်​သော​နိ​မိတ် လက္ခ​ဏာ​များ​ကို​တွေ့​မြင်​ရ​ကြ​သ​ဖြင့် လူ အ​မြောက်​အ​မြား​ပင်​ကိုယ်​တော်​အား​ယုံ​ကြည် လာ​ကြ​၏။- \v 24 သို့​ရာ​တွင်​ကိုယ်​တော်​သည်​လူ​ခပ်​သိမ်း​တို့​၏ အ​ကြောင်း​ကို​သိ​တော်​မူ​သ​ဖြင့် ထို​သူ​တို့ အား​ယုံ​စား​တော်​မ​မူ။ \p \v 25 ကိုယ်​တော်​သည်​လူ​၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည် ကို​သိ​တော်​မူ​သော​ကြောင့် ကိုယ်​တော်​အား​လူ့ အ​ကြောင်း​ကို​အ​ဘယ်​သူ​မျှ​ပြော​ရန်​မ​လို။ \c 3 \s1 သ​ခင်​ယေ​ရှု​နှင့်​နိ​ကော​ဒင် \p \v 1 ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​ဖြစ်​သူ​နိ​ကော​ဒင်​နာ​မည်​ရှိ​သော ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​တစ်​ယောက်​ရှိ​၏။- \v 2 သူ​သည်​ညဥ့်​အ​ခါ​ကိုယ်​တော်​၏​ထံ​သို့​လာ​၍ ``အ​ရှင်​ဘု​ရား၊ ဘု​ရား​သ​ခင်​အ​တူ​ပါ​ရှိ​တော် မ​မူ​လျှင် အ​ဘယ်​သူ​မျှ​အ​ရှင်​ပြ​တော်​မူ​သော အံ့​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​နိုင်​မည် မ​ဟုတ်​ပါ။ သို့​ဖြစ်​၍​အ​ရှင်​သည်​ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​ဆ​ရာ​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏'' ဟု​လျှောက်​၏။ \p \v 3 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား တစ်​ဖန်​မွေး​ဖွား​ခြင်း​မ​ခံ​ရ​သူ​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို​မ​မြင်​နိုင်'' ဟု မိန့်​တော်​မူ​၏။ \p \v 4 နိ​ကော​ဒင်​က ``အ​သက်​ကြီး​သော​သူ​သည် အ​ဘယ်​သို့​လျှင် တစ်​ဖန်​မွေး​ဖွား​ခြင်း​ကို​ခံ​ရ ပါ​မည်​နည်း။ အ​မိ​ဝမ်း​သို့​ပြန်​၍​ဝင်​ပြီး​လျှင် ဒု​တိ​ယ​အ​ကြိမ်​မွေး​ဖွား​ခြင်း​ကို​ခံ​ရ​ပါ မည်​လော'' ဟု​လျှောက်​၏။ \p \v 5 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ ဆို​သည်​ကား၊ ရေ​နှင့်​ဝိညာဉ်​တော်​အား​ဖြင့်​မွေး ဖွား​လာ​သူ​မ​ဟုတ်​လျှင် အ​ဘယ်​သူ​မျှ​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​သို့​မ​ဝင်​ရ။- \v 6 အ​သွေး​အ​သား​အား​ဖြင့်​မွေး​ဖွား​သူ​သည် အ​သွေး​အ​သား​ဖြစ်​၏။ ဝိညာဉ်​တော်​အား​ဖြင့် မွေး​ဖွား​သူ​သည်​ဝိ​ညာဉ်​ဖြစ်​၏။- \v 7 တစ်​ဖန်​မွေး​ဖွား​ခြင်း​ကို​ခံ​ရ​ကြ​မည်​ဟု​ငါ ဆို​သည်​ကို​မ​အံ့​သြ​နှင့်။- \v 8 လေ​သည်​မိ​မိ​တိုက်​လို​ရာ​သို့​တိုက်​တတ်​၏။ လေ​၏ အ​သံ​ကို​ကြား​ရ​သော်​လည်း​အ​ဘယ်​အ​ရပ်​မှ တိုက်​လာ​သည်​ကို​သော်​လည်း​ကောင်း၊ အ​ဘယ်​အ​ရပ် သို့​တိုက်​လိမ့်​မည်​ကို​သော်​လည်း​ကောင်း​မ​သိ​နိုင်။ ဝိ​ညာဉ်​တော်​အား​ဖြင့်​မွေး​ဖွား​သူ​တိုင်း​သည် လည်း ဤ​နည်း​တူ​ပင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 9 နိ​ကော​ဒင်​က ``ဤ​အ​မှု​အ​ရာ​သည်​အ​ဘယ် သို့​ဖြစ်​နိုင်​ပါ​မည်​နည်း'' ဟု​လျှောက်​၏။ \p \v 10 သ​ခင်​ယေ​ရှု​က ``သင်​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​၏​ဆ​ရာ​တစ်​ဦး​ဖြစ်​ပါ​လျက် ဤ အ​မှု​အ​ရာ​အ​ကြောင်း​ကို​မ​သိ​သ​လော။- \v 11 အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို​သည်​ကား ငါ​တို့ သည်​မိ​မိ​တို့​သိ​သည့်​အ​ရာ​ကို​ပြော​ကြ​၏။ မြင် သည့်​အ​ရာ​ကို​သက်​သေ​ခံ​ကြ​၏။ သို့​ရာ​တွင် ငါ​တို့​၏​သက်​သေ​ခံ​ချက်​ကို​သင်​တို့​လက် မ​ခံ​ကြ။- \v 12 လော​က​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​ငါ​ဖော်​ပြ သော​အ​ခါ​၌​သင်​တို့​မ​ယုံ​ကြ​လျှင် ကောင်း​ကင် ဘုံ​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​ဖော်​ပြ​သော အ​ခါ​၌ အ​ဘယ်​သို့​လျှင်​သင်​တို့​ယုံ​ကြည် ကြ​မည်​နည်း။- \v 13 ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​လာ​သော​လူ​သား မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​ကောင်း​ကင်​ဘုံ​သို့ မ​ရောက်​ဖူး​ကြ'' ဟု​မိန့်​တော်​မူ​၏။ \p \v 14-15 မိ​မိ​အား​ယုံ​ကြည်​သူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ အ​သက်​ကို​ရ​ရှိ​ကြ​စေ​ရန် လူ​သား​သည်​တော ကန္တာ​ရ​၌​တိုင်​ထိပ်​တွင်​မော​ရှေ​မြှောက်​တင်​ထား သည့်​ကြေး​မြွေ​ရုပ်​ကဲ့​သို့​မြှောက်​တင်​ခြင်း ခံ​ရ​လိမ့်​မည်။-\x + \xo 3:14-15 \xt တော၊ ၂၁:၉။\x* \v 16 ဘု​ရား​သ​ခင်​သည်​လော​က​သား​တို့​ကို​လွန်​စွာ ချစ်​တော်​မူ​သ​ဖြင့် သား​တော်​အား​ယုံ​ကြည်​သူ အ​ပေါင်း​တို့​သည်​ပျက်​စီး​ဆုံး​ပါး​ခြင်း​မ​ရှိ ဘဲ ထာ​ဝ​ရ​အ​သက်​ကို​ရ​စေ​ခြင်း​ငှာ မိ​မိ ၏​တစ်​ပါး​တည်း​သော​သား​တော်​ကို​စွန့်​တော် မူ​၏။- \v 17 သား​တော်​ကို​လော​က​သို့​စေ​လွှတ်​တော်​မူ​သည် မှာ လော​က​သား​တို့​အား​အ​ပြစ်​စီ​ရင်​ရန် မ​ဟုတ်။ လော​က​သား​တို့​ကို​ကယ်​တင်​ရန် ဖြစ်​၏။ \p \v 18 သား​တော်​ကို​ယုံ​ကြည်​သူ​သည်​အ​ပြစ်​စီ​ရင် တော်​မူ​ခြင်း​ကို​မ​ခံ​ရ။ မ​ယုံ​ကြည်​သူ​မူ​ကား ဘု​ရား​သ​ခင်​၏​တစ်​ပါး​တည်း​သော​သား​တော် ကို​မ​ယုံ​ကြည်​သည့်​အ​တွက် ယ​ခု​ပင်​အ​ပြစ် စီ​ရင်​ခြင်း​ကို​ခံ​ရ​၏။- \v 19 အ​ပြစ်​စီ​ရင်​ခြင်း​၏​သ​ဘော​တ​ရား​ကား ဤ​သို့​တည်း။ အ​လင်း​တော်​သည်​ဤ​လော​က သို့​ရောက်​ရှိ​လာ​၏။ သို့​ရာ​တွင်​လူ​တို့​သည် ဆိုး​ယုတ်​သူ​များ​ဖြစ်​သည်​အား​လျော်​စွာ အ​လင်း​တော်​ထက်​အ​မှောင်​ကို​နှစ်​သက် ကြ​၏။- \v 20 ဆိုး​ယုတ်​သူ​တိုင်း​အ​လင်း​ကို​မုန်း​၏။ မိ​မိ​၏ အ​ကျင့်​ဆိုး​ပေါ်​သွား​မည်​ကို​စိုး​၍​အ​လင်း အ​နီး​သို့​မ​ကပ်​ဝံ့။- \v 21 သို့​ရာ​တွင်​သစ္စာ​တ​ရား​ကို​ကျင့်​သော​သူ​များ ကား မိ​မိ​ပြု​လေ​သ​မျှ​သော​အ​ရာ​တို့​သည် ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ​ဖြစ် ကြောင်း​ကို သိ​သာ​ထင်​ရှား​စေ​ရန်​အ​လင်း သို့​ချဉ်း​ကပ်​လာ​တတ်​သည်။\x + \xo 3:21 \xt အ​ခန်း​ငယ် ၁၄-၂၁ သည်​သ​ခင်​ယေ​ရှု​မိန့်​တော်​မူ သော​စ​ကား​များ​ဖြစ်​နိုင်​သည်။\x* \s1 သ​ခင်​ယေ​ရှု​နှင့်​ယော​ဟန် \p \v 22 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့ နှင့်​အ​တူ ယု​ဒ​ကျေး​လက်​သို့​ကြွ​တော်​မူ​၏။ ထို​အ​ရပ်​တွင်​တ​ပည့်​တော်​တို့​နှင့်​အ​တူ​နေ တော်​မူ​လျက်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​တော်​မူ​၏။- \v 23 ရှာ​လိမ်​မြို့​အ​နီး​အဲနုန်​အ​ရပ်​တွင်​ရေ​များ​စွာ ရှိ​သ​ဖြင့်​ယော​ဟန်​သည်​လည်း ဗတ္တိ​ဇံ​မင်္ဂ​လာ ပေး​လျက်​နေ​၏။ လူ​တို့​သည်​ယော​ဟန်​ထံ သို့​လာ​၍​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ကြ​၏။- \v 24 (ထို​အ​ခါ​က​ယော​ဟန်​ထောင်​မ​ကျ​သေး​ချေ။)\x + \xo 3:24 \xt မ၊ ၁၄:၃။ မာ၊ ၆:၁၇။ လု၊ ၃:၁၉-၂၀။\x* \p \v 25 ယော​ဟန်​၏​တ​ပည့်​အ​ချို့​တို့​သည်​သန့်​ရှင်း ခြင်း​မင်္ဂ​လာ​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ယု​ဒ အ​မျိုး​သား​တစ်​ယောက်​နှင့်​အ​ငြင်း​ပွား ကြ​၏။- \v 26 သို့​ဖြစ်​၍​သူ​တို့​သည်​ယော​ဟန်​ထံ​သို့​လာ​ပြီး လျှင် ``ဆ​ရာ​တော်၊ ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း တွင်​ဆ​ရာ​တော်​၏​ထံ​သို့ လာ​ရောက်​ခဲ့​ဖူး​သူ လူ​တစ်​ယောက်​ကို​သ​တိ​ရ​ပါ​သ​လော။ သူ​၏ အ​ကြောင်း​ကို​ဆ​ရာ​တော်​သက်​သေ​ခံ​ခဲ့​ဖူး ပါ​၏။ ယ​ခု​သူ​သည်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး လျက်​နေ​ပါ​သည်။ လူ​အ​ပေါင်း​တို့​သည်​လည်း သူ့​ထံ​သို့​လာ​လျက်​နေ​ကြ​ပါ​၏'' ဟု​လျှောက် ၏။ \p \v 27 ယော​ဟန်​က ``ဘု​ရား​သ​ခင်​ပေး​အပ်​တော်​မ​မူ လျှင် လူ​သည်​အ​ဘယ်​အ​လုပ်​တာ​ဝန်​ကို​မျှ မ​ခံ​မ​ယူ​နိုင်။- \v 28 ငါ​သည်​မေ​ရှိ​ယ​မ​ဟုတ်။ ထို​အ​ရှင်​၏​ရှေ့​တော် ပြေး​မျှ​သာ​ဖြစ်​၏။ ယင်း​သို့​ဖြစ်​ကြောင်း​သင် တို့​အား ငါ​ပြော​ကြား​ခဲ့​သည်​ကို​သင်​တို့ ကိုယ်​တိုင်​ပင်​သက်​သေ​ဖြစ်​ကြ​၏။-\x + \xo 3:28 \xt ယော၊ ၁:၂၀။\x* \v 29 မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကို​သိမ်း​ပိုက်​ရ သူ​သည် မင်္ဂ​လာ​ဆောင်​သ​တို့​သား​ဖြစ်​၏။ သ​တို့ သား​၏​မိတ်​ဆွေ​သည်​ကား​အ​ဆင်​သင့်​စောင့် ဆိုင်း​ကာ သ​တို့​သား​၏​အ​သံ​ကို​နား​ထောင် လျက်​နေ​၏။ သူ​သည်​သ​တို့​သား​၏​အ​သံ​ကို ကြား​သော် လွန်​စွာ​အား​ရ​ဝမ်း​မြောက်​သ​ကဲ့ သို့ ငါ​သည်​လည်း​အ​ပြည့်​အ​ဝ​ဝမ်း​မြောက်​ရ လေ​ပြီ။- \v 30 ထို​အ​ရှင်​သည်​တိုး​တက်​ရ​မည်။ ငါ​မူ​ကား ဆုတ်​ယုတ်​ရ​မည်'' ဟု​ဆို​၏။ \s1 ကောင်း​ကင်​ဘုံ​မှ​ကြွ​လာ​တော်​မူ​သော အ​ရှင် \p \v 31 ကောင်း​ကင်​ဘုံ​မှ​ကြွ​လာ​တော်​မူ​သော​အ​ရှင် သည်​အ​လုံး​စုံ​တို့​ထက်​ကြီး​မြတ်​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​မှ​ပေါက်​ဖွား​သူ​သည်​ကမ္ဘာ​မြေ ကြီး​သား​ဖြစ်​၍ မြေ​ကြီး​နှင့်​ဆိုင်​သော အ​ကြောင်း​အ​ရာ​များ​ကို​ပြော​တတ်​၏။- \v 32 ထို​အ​ရှင်​သည်​မိ​မိ​မြင်​ခဲ့​ကြား​ခဲ့​ရ​သော အ​ရာ​များ​အ​ကြောင်း​ကို​ဟော​ပြော​တော်​မူ သော်​လည်း ကိုယ်​တော်​၏​ဟော​ပြော​ချက်​ကို အ​ဘယ်​သူ​မျှ​လက်​မ​ခံ​ကြ။- \v 33 ကိုယ်​တော်​၏​ဟော​ပြော​ချက်​ကို​လက်​ခံ​သော သူ​မူ​ကား​ယင်း​သို့​လက်​ခံ​ခြင်း​အား​ဖြင့် ဘု​ရား သ​ခင်​သည်​သစ္စာ​တော်​ရှင်​ဖြစ်​ကြောင်း​ကို သက်​သေ​ခံ​သူ​ဖြစ်​၏။- \v 34 ဘု​ရား​သခင်​သည်​မိ​မိ​စေ​လွှတ်​တော်​မူ​သော​သူ အား​ဝိ​ညာဉ်​တော်​ကို​အ​ပြည့်​အ​ဝ​ချ​ပေး​တော် မူ​သည်​ဖြစ်​၍ ထို​သူ​သည်​ဘု​ရား​သ​ခင်​၏​နှုတ် က​ပတ်​တ​ရား​တော်​ကို​ဖော်​ပြ​တတ်​၏။- \v 35 ခ​မည်း​တော်​သည်​သား​တော်​ကို​ချစ်​တော်​မူ သ​ဖြင့် တန်​ခိုး​အာ​ဏာ​ရှိ​သ​မျှ​ကို​သား​တော် လက်​သို့​ပေး​အပ်​တော်​မူ​ပြီ။-\x + \xo 3:35 \xt မ၊ ၁၁:၂၇။ လု၊ ၁၀:၂၂။\x* \v 36 သား​တော်​ကို​ယုံ​ကြည်​သူ​သည်​ထာ​ဝ​ရ​အ​သက် ကို​ရ​၏။ သား​တော်​၏​စ​ကား​ကို​နား​မ​ထောင်​သူ မူ​ကား​အ​သက်​ကို​မ​ရ​ဘဲ ဘု​ရား​သ​ခင်​၏ အ​မျက်​တော်​သင့်​သူ​ဖြစ်​လိမ့်​မည်။ \c 4 \s1 သ​ခင်​ယေ​ရှု​နှင့်​ရှ​မာ​ရိ​အ​မျိုး​သ​မီး \p \v 1 သ​ခင်​ယေ​ရှု​သည်​ယော​ဟန်​ထက်​ပို​၍​များ သော​တ​ပည့်​များ​ကို ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​လျက် နေ​သည်​ကို​ဖာ​ရိ​ရှဲ​တို့​ကြား​သိ​ကြ​၏။- \v 2 (အ​မှန်​မှာ​သ​ခင်​ယေ​ရှု​ကိုယ်​တော်​တိုင်​ဗတ္တိ​ဇံ မင်္ဂ​လာ​ကို​ပေး​တော်​မ​မူ။ တ​ပည့်​တော်​တို့​သာ လျှင်​ပေး​ခြင်း​ဖြစ်​၏။)- \v 3 ယင်း​သို့​ဖာ​ရိ​ရှဲ​တို့​ကြား​သိ​ကြ​ကြောင်း​ကို သ​ခင်​ယေ​ရှု​သိ​တော်​မူ​လျှင် ယု​ဒ​ပြည်​မှ ထွက်​ခွာ​တော်​မူ​၍​ဂါ​လိ​လဲ​ပြည်​သို့​ကြွ တော်​မူ​၏။- \v 4 လမ်း​တွင်​ရှ​မာ​ရိ​ပြည်​ကို​ဖြတ်​၍​သွား​ရ​၏။ \p \v 5 ရှု​ခါ​နာ​မည်​ရှိ​သော​မြို့​သို့​ရောက်​တော်​မူ​၏။ ထို​မြို့​သည်​ယာ​ကုပ်​က​သား​ယော​သပ်​အား ပေး​သည့်​မြေ​ယာ​အ​နီး​တွင်​တည်​ရှိ​၏။-\x + \xo 4:5 \xt က၊ ၃၃:၁၉။ ယောရှု၊ ၂၄:၃၂။\x* \v 6 ထို​အ​ရပ်​တွင်​ယာကုပ်​၏​ရေ​တွင်း​ရှိ​၏။ သ​ခင် ယေ​ရှု​သည်​ခ​ရီး​ပန်း​တော်​မူ​သ​ဖြင့်​ရေ​တွင်း အ​နီး​တွင်​ထိုင်​တော်​မူ​၏။ ထို​အ​ချိန်​ကား​မွန်း တည့်​အ​ချိန်​ခန့်​ဖြစ်​သ​တည်း။ \p \v 7 ရှ​မာ​ရိ​အ​မျိုး​သ​မီး​တစ်​ဦး​သည်​ရေ​ခပ်​ရန် ရောက်​ရှိ​လာ​၏။ သ​ခင်​ယေ​ရှု​က ``ငါ့​အား သောက်​ရေ​တစ်​ခွက်​ပေး​ပါ'' ဟု​ထို​အ​မျိုး သ​မီး​အား​မိန့်​တော်​မူ​၏။- \v 8 (တ​ပည့်​တော်​တို့​သည်​အ​စား​အ​စာ​ဝယ်​ရန် မြို့​ထဲ​သို့​သွား​နေ​ခိုက်​ဖြစ်​၏။) \p \v 9 ရှ​မာ​ရိ​အ​မျိုး​သ​မီး​က ``သင်​သည်​ယု​ဒ အ​မျိုး​သား​တစ်​ယောက်​ဖြစ်​ပါ​လျက် ရှ​မာ​ရိ အ​မျိုး​သ​မီး​ဖြစ်​သူ​ကျွန်​မ​ထံ​မှ​သောက်​ရေ ကို​အ​ဘယ်​ကြောင့်​တောင်း​ပါ​သ​နည်း'' ဟု​မေး​၏။ (ဤ​သို့​မေး​ရ​သည့်​အ​ကြောင်း​မှာ​ယု​ဒ​အ​မျိုး သား​များ​သည် ရှ​မာ​ရိ​အ​မျိုးသား​တို့​၏​ခွက် ယောက်​များ​ကို​အ​သုံး​ပြု​လေ့​မ​ရှိ​ကြ​သော ကြောင့်​ဖြစ်​၏။)\x + \xo 4:9 \xt ဧဇ၊ ၄:၁-၅။ နေ၊ ၄:၁-၂။\x* \p \v 10 သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​ပေး​သ​နား တော်​မူ​သော​ဆု​ကျေး​ဇူး​တော်​ကို​လည်း​ကောင်း၊ သင့်​အား​သောက်​ရေ​တစ်​ခွက်​တောင်း​နေ​သူ​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း​သင်​သည် သိ​ပါ​လျှင် ထို​သူ​၏​ထံ​မှ​အ​သက်​ရေ​ကို တောင်း​လိမ့်​မည်။ ထို​သူ​သည်​လည်း​သင့်​အား ထို​ရေ​ကို​ပေး​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 11 ထို​အ​မျိုး​သ​မီး​က ``အ​ရှင်၊ ရေ​တွင်း​သည် နက်​ပါ​၏။ အ​ရှင့်​မှာ​ခပ်​စ​ရာ​ရေ​ပုံး​မ​ရှိ ပါ။ အ​ဘယ်​မှာ​လျှင်​အ​သက်​ရေ​ကို​ရ​ပါ မည်​နည်း။- \v 12 အ​ဖ​ယာ​ကုပ်​သည်​သူ​ကိုယ်​တိုင်​မှ​စ​၍​သား များ၊ သိုး​များ၊ နွား​များ​သည်​ဤ​ရေ​တွင်း​ရေ ကို​သောက်​ခဲ့​ကြ​ပါ​၏။ အ​ရှင်​သည်​အ​ဖ ယာ​ကုပ်​ထက်​ပင်​ကြီး​မြတ်​ပါ​သ​လော'' ဟု ဆို​၏။ \p \v 13 သ​ခင်​ယေ​ရှု​က ``ဤ​ရေ​ကို​သောက်​သူ​တိုင်း နောက်​တစ်​ဖန်​ရေ​ငတ်​လိမ့်​ဦး​မည်။- \v 14 ငါ​ပေး​မည့်​ရေ​ကို​သောက်​သူ​မူ​ကား​အ​ဘယ် အ​ခါ​မျှ​ရေ​ငတ်​တော့​မည်​မ​ဟုတ်။ ထို​ရေ​သည် သူ​၏​အ​တွင်း​၌​ထာ​ဝ​စဉ်​စမ်း​ပေါက်​လျက် သူ့ အား​ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​စေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 15 ထို​အ​မျိုး​သ​မီး​က ``အ​ရှင်၊ ကျွန်​မ​သည်​နောက် တစ်​ဖန်​ရေ​မ​ငတ်​စေ​ရန်​လည်း​ကောင်း၊ ဤ​အ​ရပ် သို့​လာ​၍​ရေ​မ​ခပ်​ရ​စေ​ရန်​လည်း​ကောင်း ထို​ရေ ကို​ကျွန်​မ​အား​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​၏။ \p \v 16 ကိုယ်​တော်​က ``သွား​လော့။ သင့်​ခင်​ပွန်း​ကို​ခေါ် ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 17 ထို​အ​မျိုး​သ​မီး​က ``ကျွန်​မ​မှာ​ခင်​ပွန်း​မ​ရှိ ပါ'' ဟု​ဆို​၏။ \p ကိုယ်​တော်​က ``ကျွန်​မ​မှာ​ခင်​ပွန်း​မ​ရှိ​ဟု​ဆို သည်​မှာ​မှန်​ပေ​၏။- \v 18 သင့်​မှာ​ခင်​ပွန်း​ငါး​ယောက်​ရှိ​ခဲ့​ဖူး​ပြီ။ ယ​ခု သင်​နှင့်​အ​တူ​နေ​သူ​ကား​သင်​၏​ခင်​ပွန်း​မ ဟုတ်။ သင်​သည်​မှန်​သော​စ​ကား​ကို​ပြော​၏'' ဟု မိန့်​တော်​မူ​၏။ \p \v 19 အ​မျိုး​သ​မီး​က ``အ​ရှင်​သည်​ပ​ရော​ဖက် ဖြစ်​တော်​မူ​ကြောင်း​ကို​ကျွန်​မ​သိ​မြင်​နိုင် ပါ​၏။- \v 20 ကျွန်​မ​တို့​၏​ဘိုး​ဘေး​များ​သည်​ဤ​တောင် ပေါ်​မှာ ဘု​ရား​သ​ခင်​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ့ ရှိ​ကြ​ပါ​၏။ အ​ရှင်​တို့​ယုဒ​အ​မျိုး​သား​များ က​မူ​ယေ​ရု​ရှ​လင်​မြို့​၌​သာ ဘု​ရား​သ​ခင် ကို​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်​ဟု​ဆို​ကြ​ပါ​၏'' ဟု​လျှောက်​၏။ \p \v 21 သ​ခင်​ယေ​ရှု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ ငါ့ စ​ကား​ကို​ယုံ​လော့။ ဤ​တောင်​ပေါ်​၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​၌​လည်း​ကောင်း​ခ​မည်း​တော်​ကို ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​မ​ပြု​တော့​မည့်​အ​ချိန် ရောက်​ရှိ​လာ​ပေ​အံ့။- \v 22 ရှ​မာ​ရိ​လူ​မျိုး​ဖြစ်​သော​သင်​တို့​သည် မိ​မိ​တို့ မ​သိ​သည့်​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ ငါ​တို့​မူ​ကား​ငါ​တို့​သိ​သည့်​ဘု​ရား​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​သည် ယု​ဒ​အ​မျိုး သား​များ​ထံ​မှ​တစ်​ဆင့်​သက်​ရောက်​လာ​သော ကြောင့်​ဖြစ်​၏။- \v 23 ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​သည်​ခ​မည်း​တော်​အား အ​မှန်​စင်​စစ်​ဖြစ်​တော်​မူ​သည့်​အ​တိုင်း ဝိ​ညာဉ် တော်​တန်​ခိုး​အား​ဖြင့်​မှန်​ကန်​စွာ​ဝတ်​ပြု​ကိုး ကွယ်​ရ​မည့်​အ​ချိန်​ရောက်​လာ​လိမ့်​မည်။ ယ​ခု ပင်​ရောက်​လျက်​ရှိ​၏။ ထို​သို့​ဝတ်​ပြု​ကိုး​ကွယ် သူ​တို့​ကို​ခ​မည်း​တော်​နှစ်​သက်​တော်​မူ​၏။- \v 24 ဘု​ရား​သ​ခင်​သည်​နာမ်​ဝိ​ညာဉ်​ဖြစ်​တော်​မူ သ​ဖြင့် ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့ သည်​လည်း​ကိုယ်​တော်​အ​မှန်​စင်​စစ်​ဖြစ်​တော်​မူ သည့်​အ​တိုင်း ကိုယ်​တော်​၏​ဝိ​ညာဉ်​တော်​တန်​ခိုး အား​ဖြင့်​မှန်​ကန်​စွာ​ဝတ်​ပြု​ကိုး​ကွယ်​နိုင်​ကြ မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 25 အ​မျိုး​သ​မီး​က ``မေ​ရှိ​ယ​အ​ရှင်​ကြွ​လာ​တော် မူ​မည်​ကို​ကျွန်​မ​သိ​ပါ​၏။ ထို​အ​ရှင်​ကြွ​လာ တော်​မူ​သော​အ​ခါ ကျွန်​မ​တို့​အား​အ​မှု​အ​ရာ ခပ်​သိမ်း​ကို​ရှင်း​လင်း​ဖော်​ပြ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။ \p \v 26 သ​ခင်​ယေ​ရှု​က ``ထို​အ​ရှင်​ကား​သင်​နှင့်​ယ​ခု စ​ကား​ပြော​နေ​သူ​ငါ​ပင်​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။ \p \v 27 ထို​အ​ချိန်​၌​တ​ပည့်​တော်​တို့​ပြန်​ရောက်​လာ ကြ​၏။ သူ​တို့​သည်​အ​မျိုး​သ​မီး​နှင့်​ကိုယ်​တော် စ​ကား​ပြော​လျက်​နေ​သည်​ကို​တွေ့​ရ​သ​ဖြင့် အံ့​သြ​ကြ​၏။ သို့​ရာ​တွင်​အ​မျိုး​သ​မီး​အား ``အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​ပါ​သ​နည်း'' ဟူ​၍​လည်း​ကောင်း၊ ကိုယ်​တော်​အား ``အ​ဘယ် ကြောင့်​ထို​အ​မျိုး​သ​မီး​နှင့်​စ​ကား​ပြော လျက်​နေ​တော်​မူ​ပါ​သ​နည်း'' ဟူ​၍​လည်း ကောင်း​အ​ဘယ်​သူ​မှ​မ​မေး​လျှောက်​ကြ။ \p \v 28 အ​မျိုး​သ​မီး​သည်​ရေ​အိုး​ကို​ထား​ခဲ့​၍​မြို့ ထဲ​သို့​သွား​ပြီး​လျှင်၊- \v 29 ``ကျွန်​မ​ပြု​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​ပြော​ပြ​သူ​ကို​လာ​၍​ကြည့်​ကြ ပါ။ သူ​သည်​ခ​ရစ်​တော်​ပင်​ဖြစ်​လိမ့်​မည်​လော'' ဟု​လူ​တို့​အား​ဆို​၏။- \v 30 သို့​ဖြစ်​၍​လူ​တို့​သည်​မြို့​ထဲ​မှ​ထွက်​၍ ကိုယ်​တော်​၏​ထံ​သို့​လာ​ကြ​၏။ \p \v 31 ဤ​အ​တော​အ​တွင်း​၌​တ​ပည့်​တော်​တို့​က ``အ​ရှင် ဘု​ရား၊ အ​စား​အ​စာ​သုံး​ဆောင်​တော်​မူ​ပါ'' ဟု လျှောက်​ထား​တောင်း​ပန်​ကြ​၏။ \p \v 32 ကိုယ်​တော်​က ``သင်​တို့​မ​သိ​ကြ​သည့်​အ​စား အ​စာ​ကို​ငါ​သုံး​ဆောင်​ပြီး​ပြီ'' ဟု​မိန့်​တော် မူ​၏။- \v 33 ထို့​ကြောင့်​တ​ပည့်​တော်​တို့​သည် ``ကိုယ်​တော်​အား အ​စား​အ​စာ​ဆက်​ကပ်​သူ​တစ်​စုံ​တစ်​ယောက်​ရှိ လေ​ပြီ​လော'' ဟု​အ​ချင်း​ချင်း​မေး​မြန်း​ကြ​၏။ \p \v 34 ကိုယ်​တော်​က ``ငါ​၏​အ​စား​အ​စာ​ကား​ငါ့​ကို စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို​တော်​ကို လိုက်​နာ​၍ ထို​အ​ရှင်​ပေး​အပ်​သည့်​အ​မှု​တော် ကို​ပြီး​စီး​အောင်​ဆောင်​ရွက်​ခြင်း​ပင်​ဖြစ်​၏။- \v 35 နောက်​လေး​လ​မျှ​ကြာ​လျှင်​ကောက်​ရိတ်​ချိန် ရောက်​လိမ့်​မည်​ဟု သင်​တို့​ဆို​တတ်​ကြ​သည် မ​ဟုတ်​လော။ သင်​တို့​အား​ငါ​ဆို​သည်​ကား လယ်​ပြင်​တို့​ကို​မျှော်​ကြည့်​လော့။ ရိတ်​သိမ်း ရန်​သီး​နှံ​တို့​သည်​မှည့်​ဝင်း​လျက်​ရှိ​ပေ​ပြီ။- \v 36 ရိတ်​သူ​သည်​အ​ခ​ကို​ခံ​ယူ​၍​ထာ​ဝ​ရ​အ​သက် ဆိုင်​ရာ​သီး​နှံ​များ​ကို​ရိတ်​သိမ်း​၏။ သို့​ဖြစ်​၍ စိုက်​သူ​နှင့်​ရိတ်​သူ​တို့​သည် အ​တူ​တ​ကွ​ရွှင်​လန်း ဝမ်း​မြောက်​ကြ​လိမ့်​မည်။- \v 37 `တစ်​ဦး​ကား​စိုက်​၍​နောက်​တစ်​ဦး​ကား​ရိတ်​ရ​၏' ဟူ​သော​ဆို​ရိုး​စ​ကား​သည်​မှန်​ကန်​လျက်​နေ သ​တည်း။- \v 38 သင်​တို့​မ​စိုက်​မ​ပျိုး​သည့်​လယ်​မှ​အ​သီး အ​နှံ​များ​ကို​ရိတ်​သိမ်း​ရန်​သင်​တို့​အား​ငါ စေ​လွှတ်​၏။ အ​ခြား​သော​သူ​တို့​က​စိုက်​ပျိုး လုပ်​ဆောင်​ကြ​၍ သင်​တို့​က​အ​ကျိုး​ကို​ခံ​စား ကြ​ရ​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 39 ရှ​မာ​ရိ​အ​မျိုး​သ​မီး​က ``ဤ​သူ​သည်​ကျွန်​မ ပြု​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ​များ​ကို​ပြော ပြ​ပါ​၏။'' ဟု​ဆို​သ​ဖြင့်​ထို​မြို့​ရှိ​ရှ​မာ​ရိ အ​မျိုး​သား​အ​မြောက်​အမြား​ပင်​သ​ခင်​ယေ​ရှု အား​ယုံ​ကြည်​လာ​ကြ​၏။- \v 40 သို့​ဖြစ်​၍​သူ​တို့​သည်​ကိုယ်​တော်​၏​ထံ​တော် သို့​ရောက်​ကြ​သော​အ​ခါ မိ​မိ​တို့​ထံ​တွင် တည်း​ခို​တော်​မူ​ပါ​ဟု​လျှောက်​ထား​တောင်း​ပန် ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​တွင်​နှစ် ရက်​မျှ​နေ​တော်​မူ​၏။ \p \v 41 ကိုယ်​တော်​၏​တ​ရား​တော်​ကို​ကြား​နာ​ကြ​ရ သ​ဖြင့် ကိုယ်​တော်​အား​ယုံ​ကြည်​လာ​ကြ​သူ အ​မြောက်​အ​မြား​လည်း​ရှိ​၏။- \v 42 ထို​သူ​တို့​က​ရှ​မာ​ရိ​အ​မျိုး​သ​မီး​အား ``ယ​ခု ငါ​တို့​သည်​ကိုယ်​တော်​အား​ယုံ​ကြည်​လာ​ကြ သည်​မှာ သင့်​စ​ကား​ကြောင့်​မ​ဟုတ်။ ကိုယ်​တော် ၏​တ​ရား​တော်​ကို​ငါ​တို့​ကိုယ်​တိုင်​ကြား​နာ ကြ​ရ​သော​ကြောင့်​ဖြစ်​၏။ ဤ​အ​ရှင်​ကား လော​က​၏​ကယ်​တင်​ရှင်​အ​စစ်​အ​မှန်​ပင် ဖြစ်​တော်​မူ​ကြောင်း​ကို​ငါ​တို့​သိ​ကြ​ပြီ'' ဟု​ဆို​ကြ​၏။ \s1 အ​ရာ​ရှိ​တစ်​ဦး​၏​သား​ကို ရော​ဂါ​ပျောက်​စေ​တော်​မူ​ခြင်း \p \v 43-44 ``ပ​ရော​ဖက်​သည်​မိ​မိ​နေ​ရင်း​ပြည်​ရွာ​၌ ဂုဏ်​အ​သ​ရေ​မ​ရှိ'' ဟု​သ​ခင်​ယေ​ရှု​ကိုယ် တော်​တိုင်​မိန့်​တော်​မူ​ခဲ့​ဖူး​သည့်​အ​တိုင်း နှစ် ရက်​မျှ​ကြာ​သော်​ထို​အ​ရပ်​မှ​ထွက်​ခွာ​၍ ဂါ​လိ​လဲ​ပြည်​သို့​ကြွ​တော်​မူ​၏။-\x + \xo 4:43-44 \xt မ၊ ၁၃:၅၇။ မာ၊ ၆:၄။ လု၊ ၄:၂၄။\x* \v 45 ရောက်​တော်​မူ​လျှင်​ဂါ​လိ​လဲ​ပြည်​သား​တို့ သည်​ကိုယ်​တော်​အား​ကြို​ဆို​လက်​ခံ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ယေ​ရု​ရှ​လင်​မြို့ တွင်​ကျင်း​ပ​ခဲ့​သည့်​ပ​သ​ခါ​ပွဲ​တော်​သို့ သူ တို့​ကိုယ်​တိုင်​ရောက်​ခဲ့​ကြ​၍ ထို​ပွဲ​တော်​အ​တွင်း ၌​ကိုယ်​တော်​ပြု​တော်​မူ​ခဲ့​သော​အ​မှု​အ​ရာ အ​ပေါင်း​ကို​တွေ့​မြင်​ခဲ့​ကြ​သော​ကြောင့်​တည်း။\x + \xo 4:45 \xt ယော၊ ၂:၂၃။\x* \p \v 46 ထို​နောက်​ကိုယ်​တော်​သည်​ရေ​ကို​စ​ပျစ်​ရည်​ဖြစ် စေ​တော်​မူ​ခဲ့​ရာ ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​သို့ တစ်​ဖန်​ကြွ​တော်​မူ​၏။ ထို​မြို့​၌​အ​စိုး​ရ​အ​ရာ ရှိ​တစ်​ဦး​ရှိ​၏။ သူ​၏​သား​သည်​က​ပေ​ရ​နောင် မြို့​တွင်​ဖျား​နာ​လျက်​နေ​၏။-\x + \xo 4:46 \xt ယော၊ ၂:၁-၁၁။\x* \v 47 ထို​အ​ရာ​ရှိ​သည်​ယု​ဒ​ပြည်​မှ​ဂါ​လိ​လဲ ပြည်​သို့​သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ကြောင်း ကို​ကြား​သ​ဖြင့် အ​ထံ​တော်​သို့​သွား​၍​သေ ခါ​နီး​ဖြစ်​သော မိ​မိ​သား​၏​အ​နာ​ရော​ဂါ ကို​ပျောက်​ကင်း​စေ​တော်​မူ​ပါ​မည့်​အ​ကြောင်း လျှောက်​ထား​၏။- \v 48 သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​အံ့​သြ​ဖွယ်​ရာ နိ​မိတ်​လက္ခ​ဏာ​များ​ကို​မ​တွေ့​မ​မြင်​ရ​လျှင် ယုံ​ကြည်​ကြ​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ \p \v 49 အ​ရာ​ရှိ​က ``အ​ရှင်၊ အ​ကျွန်ုပ်​၏​သား​မ​သေ​မီ ကြွ​တော်​မူ​ပါ'' ဟု​လျှောက်​၏။ \p \v 50 သ​ခင်​ယေ​ရှု​က ``သွား​လော့။ သင့်​သား​သည် အ​သက်​ရှင်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p ထို​သူ​သည်​သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​သည့် စ​ကား​ကို​ယုံ​ကြည်​လျက်​ထွက်​သွား​၏။- \v 51 သူ​သည်​လမ်း​ခရီး​မှာ​ရှိ​နေ​သေး​စဉ်​သူ​၏ အ​စေ​ခံ​များ​ရောက်​လာ​၍ ``အ​ရှင်​၏​သား​ငယ် သည်​သက်​သာ​လာ​ပါ​ပြီ'' ဟု​ပြော​ကြား​ကြ​၏။ \p \v 52 ထို​သူ​က ``အ​ဘယ်​အ​ချိန်​၌​သား​ငယ်​ရော​ဂါ သက်​သာ​သွား​ပါ​သ​နည်း'' ဟု​မေး​သော​အ​ခါ အ​စေ​ခံ​များ​က ``ယ​မန်​နေ့​မွန်း​လွဲ​တစ်​နာ​ရီ ခန့်​တွင်​အ​ဖျား​ပျောက်​ပါ​၏'' ဟု​ဖြေ​ကြား ကြ​၏။- \v 53 ထို​အ​ခါ​ဖ​ခင်​ဖြစ်​သူ​သည်​ထို​အ​ချိန်​ကား `သင့်​သား​သည်​အ​သက်​ရှင်​လိမ့်​မည်' ဟု​သ​ခင် ယေ​ရှု​မိန့်​တော်​မူ​သော​အ​ချိန်​ပင်​ဖြစ်​ကြောင်း ကို​သ​တိ​ရ​လေ​သည်။ သို့​ဖြစ်​၍​သူ​နှင့်​တ​ကွ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည်​ကိုယ်​တော် အား​ယုံ​ကြည်​လာ​ကြ​၏။ \p \v 54 ဤ​ကား​ယု​ဒ​ပြည်​မှ​ဂါ​လိ​လဲ​ပြည်​သို့​သ​ခင် ယေ​ရှု​ကြွ​တော်​မူ​ပြီး​နောက် ဒု​တိ​ယ​အ​ကြိမ် ပြ​တော်​မူ​သော​အံ့​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​ဖြစ် သ​တည်း။ \c 5 \s1 ရေ​ကန်​အ​နီး​တွင်​မ​ကျန်း​မ​မာ​သူ တစ်​ယောက်​ကို​ကျန်း​မာ​စေ​ခြင်း \p \v 1 ထို​နောက်​ယု​ဒ​အ​မျိုး​သား​တို့​၏​ဘာ​သာ​ရေး ပွဲ​တော်​ရှိ​သ​ဖြင့် သ​ခင်​ယေ​ရှု​သည်​ယေ​ရု ရှ​လင်​မြို့​သို့​ကြွ​တော်​မူ​၏။- \v 2 ယေ​ရု​ရှ​လင်​မြို့​သိုး​တံ​ခါး​အ​နီး​မှာ​ရေ​ကန် ရှိ​၏။ ထို​ရေ​ကန်​ကို​ဟေ​ဗြဲ​စ​ကား​ဖြင့်​ဗေ​သေ သ​ဒ​ဟု​ခေါ်​၏။ ထို​ရေ​ကန်​ကို​မုခ်​ငါး​ခု​ဖြင့် ခြံ​ရံ​ထား​၏။- \v 3 ထို​မုခ်​များ​အောက်​တွင်​မျက်​စိ​မ​မြင်​သူ၊ ခြေ​မ​စွမ်း​မ​သန်​သူ၊ လေ​ဖြတ်​သူ​မှ​စ​၍ သူ​နာ​အ​မြောက်​အ​မြား​ပင်​လဲ​လျောင်း လျက်​နေ​ကြ​၏။- \v 4 (ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​သည်​မ​ကြာ မ​ကြာ​ရေ​ကန်​သို့​ဆင်း​သက်​ကာ​ရေ​ကို​လှုပ်​ရှား လေ့​ရှိ​သ​ဖြင့် ထို​သူ​တို့​သည်​ရေ​လှုပ်​ရှား​မည်​ကို စောင့်​မျှော်​လျက်​နေ​ကြ​၏။ ယင်း​သို့​ရေ​လှုပ်​ရှား လာ​ပြီး​နောက် ဦး​စွာ​ပ​ထ​မ​ရေ​ကန်​တွင်း​သို့ ဆင်း​နိုင်​သူ​သည်​ရော​ဂါ​ပျောက်​သွား​လေ​သည်။)- \v 5 ထို​နေ​ရာ​တွင်​သုံး​ဆယ့်​ရှစ်​နှစ်​ပတ်​လုံး​မ​ကျန်း မ​မာ​ဖြစ်​နေ​သူ​လူ​တစ်​ယောက်​ရှိ​၏။- \v 6 ထို​သူ​လဲ​လျောင်း​နေ​သည်​ကို​သ​ခင်​ယေ​ရှု မြင်​တော်​မူ​လျှင် ကာ​လ​ကြာ​မြင့်​စွာ​ဤ​သို့ လဲ​လျောင်း​နေ​ခဲ့​သည့်​အ​ဖြစ်​ကို​သိ​တော်​မူ​၏။ ထို့​ကြောင့်​ကိုယ်​တော်​က ``သင်​သည်​ကျန်း​မာ လို​ပါ​သ​လော'' ဟု​မေး​တော်​မူ​၏။ \p \v 7 ထို​သူ​က ``အ​ရှင်၊ ရေ​လှုပ်​ရှား​လာ​သော​အ​ခါ အ​ကျွန်ုပ်​ကို​ရေ​ကန်​ထဲ​သို့​ချ​ပေး​မည့်​သူ တစ်​ယောက်​မျှ​မ​ရှိ​ပါ။ အ​ကျွန်ုပ်​ဆင်း​မည်​ပြု နေ​စဉ် အ​ခြား​သူ​တစ်​ယောက်​သည်​ဦး​စွာ​ရေ ကန်​ထဲ​သို့​ရောက်​ရှိ​သွား​တတ်​ပါ​၏'' ဟု လျှောက်​၏။ \p \v 8 သ​ခင်​ယေ​ရှု​က ``ထ​လော့၊ သင့်​အိပ်​ရာ​ကို​ယူ ၍​လှမ်း​သွား​လော့'' ဟု​ထို​သူ​အား​မိန့်​တော် မူ​၏။- \v 9 ထို​သူ​သည်​ချက်​ချင်း​ကျန်း​မာ​လာ​သ​ဖြင့် မိ​မိ​၏​အိပ်​ရာ​ကို​ယူ​၍​လှမ်း​သွား​လေ​၏။ \p ထို​နေ့​ကား​ဥ​ပုသ်​နေ့​ဖြစ်​၏။- \v 10 သို့​ဖြစ်​၍​ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ကျန်း​မာ လာ​သူ​အား ``ယ​နေ့​သည်​ဥ​ပုသ်​နေ့​ဖြစ်​၍​သင့် အိပ်​ရာ​ကို​မ​ယူ​ဆောင်​အပ်'' ဟု​ဆို​၏။\x + \xo 5:10 \xt နေ၊ ၁၃:၁၉။ ယေ၊ ၁၇:၂၁။\x* \p \v 11 ထို​သူ​က ``အ​ကျွန်ုပ်​အား​ကျန်း​မာ​စေ​သူ​က `သင့်​အိပ်​ရာ​ကို​ယူ​၍​လှမ်း​သွား​လော့' ဟု​စေ ခိုင်း​ပါ​၏'' ဟု​ပြန်​၍​ပြော​၏။ \p \v 12 သူ​တို့​က ``သင့်​အား​အိပ်​ရာ​ကို​ယူ​၍​လှမ်း​သွား လော့​ဟု​ဆို​သူ​ကား​မည်​သူ​နည်း'' ဟု​မေး​ကြ​၏။ \p \v 13 သို့​ရာ​တွင်​မိ​မိ​အား​ဤ​သို့​စေ​ခိုင်း​သူ​သည် မည်​သူ​ဖြစ်​ကြောင်း​ကို ကျန်း​မာ​လာ​သော​သူ သည်​မ​သိ။ အ​ဘယ်​ကြောင့်​ဆို​သော်​သ​ခင် ယေ​ရှု​သည် ပ​ရိ​သတ်​အ​ကြား​မှ​မ​ထင် မ​ရှား​ထွက်​ခွာ​သွား​တော်​မူ​သော​ကြောင့်​တည်း။ \p \v 14 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​ထို​သူ့​ကို​ဗိ​မာန် တော်​ထဲ​တွင်​တွေ့​တော်​မူ​သ​ဖြင့် ``သင်​သည်​ယ​ခု ကျန်း​မာ​လာ​လေ​ပြီ။ နောက်​ထပ်​အ​ပြစ်​မ​ကူး နှင့်။ သို့​မ​ဟုတ်​ပါ​မူ သင်​သည်​ဤ​မျှ​ထက်​ဆိုး ရွား​သော​အ​ဖြစ်​မျိုး​နှင့်​ကြုံ​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ \p \v 15 ထို​သူ​သည်​ထွက်​သွား​၍​မိ​မိ​အား​ကျန်း​မာ စေ​သော​သူ​မှာ သ​ခင်​ယေ​ရှု​ပင်​ဖြစ်​ကြောင်း ယု​ဒ​အာ​ဏာ​ပိုင်​တို့​အား​ပြော​ကြား​လေ​၏။- \v 16 ထို့​ကြောင့်​ဥပုသ်​နေ့​၌​ဤ​အ​မှု​အ​ရာ​ကို ပြု​တော်​မူ​သည့်​အ​တွက် ယု​ဒ​အာ​ဏာ​ပိုင် တို့​သည်​ထို​နေ့​မှ​စ​၍​ကိုယ်​တော်​အား အ​နှောင့်​အ​ယှက်​ပေး​ကြ​၏။- \v 17 ကိုယ်​တော်​က ``ငါ့​ခ​မည်း​တော်​သည်​အ​ဘယ် အ​ခါ​မျှ​အ​လုပ်​မှ​ရပ်​နား​သည်​ဟူ​၍​မ​ရှိ။ ထို​နည်း​တူ​စွာ​ငါ​သည်​လည်း​လုပ်​ဆောင်​လျက် နေ​ရ​မည်'' ဟု​ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။ \p \v 18 ဤ​သို့​မိန့်​တော်​မူ​သော​ကြောင့်​လည်း​ကောင်း၊ ဥ​ပုသ် စည်း​ကမ်း​ကို​ချိုး​ဖောက်​ရုံ​မ​က ဘု​ရား​သ​ခင်​အား မိ​မိ​၏​အ​ဖ​ဟူ​၍​ခေါ်​ကာ မိ​မိ​ကိုယ်​ကို​ဘု​ရား နှင့်​တန်း​တူ​ထား​တော်​မူ​သော​ကြောင့်​လည်း​ကောင်း ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ကိုယ်​တော်​ကို​သတ် ရန်​ပို​၍​ကြံ​စည်​အား​ထုတ်​ကြ​၏။ \s1 သား​တော်​၏​အ​ခွင့်​အာ​ဏာ \p \v 19 ထို့​ကြောင့်​သ​ခင်​ယေ​ရှု​က ယု​ဒ​အာ​ဏာ​ပိုင် တို့​အား ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို သည်​ကား​သား​တော်​သည် မိ​မိ​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​နိုင်။ ခ​မည်း​တော်​ပြု တော်​မူ​သည့်​အ​မှု​အ​ရာ​များ​ကို​တွေ့​မြင်​ရ သည့်​အ​တိုင်း​သာ​လျှင်​ပြု​၏။ ခ​မည်း​တော်​ပြု တော်​မူ​သော​အ​ရာ​တို့​ကို​သား​တော်​သည်​ပြု တော်​မူ​၏။- \v 20 ခ​မည်း​တော်​သည်​သား​တော်​ကို​ချစ်​တော်​မူ သ​ဖြင့် မိ​မိ​ပြု​သ​မျှ​သော​အ​မှု​အ​ရာ​များ ကို​သား​တော်​အား​ပြ​သ​တော်​မူ​၏။ ဤ​အ​မှု အ​ရာ​များ​ထက်​ပင်​ကြီး​စွာ​သော​အ​မှု​အ​ရာ များ​ကို​ပြု​ရန် ခ​မည်း​တော်​သည်​သား​တော်​အား ပြ​သ​ပေး​မည်​ဖြစ်​၍​သင်​တို့​သည်​အံ့​သြ ကြ​လိမ့်​မည်။- \v 21 ခမည်း​တော်​သည်​သူ​သေ​များ​ကို​အ​သက်​ပြန် ရှင်​စေ​တော်​မူ​သ​ကဲ့​သို့ သား​တော်​သည်​လည်း မိ​မိ​အ​လို​ရှိ​သူ​များ​ကို​အ​သက်​ရှင်​စေ တော်​မူ​၏။- \v 22 ခ​မည်း​တော်​သည်​အ​ဘယ်​သူ​ကို​မျှ​တ​ရား စီ​ရင်​တော်​မ​မူ။- \v 23 သား​တော်​အား​တ​ရား​စီ​ရင်​ပိုင်​ခွင့်​ရှိ​သ​မျှ ကို​ပေး​အပ်​ထား​တော်​မူ​၏။ သို့​ဖြစ်​၍​လူ​တို့ သည်​ခ​မည်း​တော်​အား​ရို​သေ​ကြ​သည်​နည်း တူ သား​တော်​အား​ရို​သေ​ရ​ကြ​မည်။ သား​တော် အား​မ​ရို​သေ​သော​သူ​သည်​သား​တော်​ကို​စေ လွှတ်​တော်​မူ​သော​ခ​မည်း​တော်​အား​မ​ရို​သေ သူ​ဖြစ်​၏။ \p \v 24 ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏​စ​ကား​ကို​ကြား​နာ​၍ ငါ့​ကို​စေ​လွှတ် တော်​မူ​သော​အ​ရှင်​ကို​ယုံ​ကြည်​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။ သူ​သည်​တ​ရား စီ​ရင်​တော်​မူ​ခြင်း​ကို​မ​ခံ​ရ​ဘဲ သေ​ခြင်း မှ​အ​သက်​ရှင်​ခြင်း​သို့​ကူး​မြောက်​သော​သူ ဖြစ်​၏။- \v 25 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သူ​သေ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​တော် အ​သံ​ကို​ကြား​ရ​သည့်​အ​ချိန်​ကျ​ရောက် လာ​လိမ့်​မည်။ ထို​အ​ချိန်​သည်​ယ​ခု​ပင်​ကျ ရောက်​လျက်​ရှိ​ပြီ။ သား​တော်​၏​အ​သံ​ကို ကြား​ရ​သော​သူ​တို့​သည်​အ​သက်​ပြန်​၍ ရှင်​ကြ​လိမ့်​မည်။- \v 26 ခ​မည်း​တော်​မှာ​အ​သက်​ပေး​ပိုင်​သော​တန်​ခိုး ရှိ​တော်​မူ​သည်​နည်း​တူ သား​တော်​တွင်​လည်း​ရှိ စေ​ရန်​ထို​တန်​ခိုး​ကို​သား​တော်​အား​အပ်​နှင်း ထား​တော်​မူ​၏။- \v 27 သား​တော်​သည်​လူ​သား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ တ​ရား​စီ​ရင်​ပိုင်​သော​တန်​ခိုး​အပ်​နှင်း ခြင်း​ကို​ခံ​ရ​၏။- \v 28 ဤ​အ​ခြင်း​အ​ရာ​ကို​သင်​တို့​မ​အံ့​သြ​ကြ​နှင့်။ သင်္ချိုင်း​မှ​သူ​သေ​တို့​သည်​သား​တော်​၏​အ​သံ တော်​ကို​ကြား​၍​ထွက်​လာ​ကြ​မည့်​အ​ချိန်​ကျ ရောက်​လိမ့်​မည်။- \v 29 အ​ကျင့်​ကောင်း​ကို​ပြု​ခဲ့​သူ​တို့​သည်​ထ​မြောက် ၍​အ​သက်​ရှင်​ကြ​ရ​လိမ့်​မည်။ အ​ကျင့်​ဆိုး​ကို ပြု​ခဲ့​သူ​တို့​မူ​ကား ထ​မြောက်​၍​အ​ပြစ်​စီ​ရင် ခြင်း​ကို​ခံ​ရ​လိမ့်​မည်။\x + \xo 5:29 \xt ဒံ၊ ၁၂:၂။\x* \s1 သ​ခင်​ယေ​ရှု​အ​ကြောင်း သက်​သေ​ခံ​သူ​များ \p \v 30 ``ငါ​သည်​မိ​မိ​အ​လို​အ​လျောက်​မည်​သည့်​အ​ရာ ကို​မျှ​မ​ပြု​နိုင်။ ခ​မည်း​တော်​ဖော်​ပြ​သည့်​အ​တိုင်း သာ​လျှင်​စီ​ရင်​ဆုံး​ဖြတ်​၏။ ငါ​သည်​ကိုယ့်​အ​လို သို့​မ​လိုက်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏ အ​လို​တော်​သို့​လိုက်​သည်​ဖြစ်​၍ ငါ​၏​စီ​ရင်​ဆုံး ဖြတ်​ချက်​သည်​မှန်​ကန်​၏။ \p \v 31 ``ငါ​သည်​မိ​မိ​၏​အ​ကြောင်း​ကို​သက်​သေ​ခံ​လျှင် ငါ​၏​သက်​သေ​ခံ​ချက်​သည်​ခိုင်​လုံ​ခြင်း​မ​ရှိ။- \v 32 သို့​ရာ​တွင်​ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​သူ တစ်​ပါး​ရှိ​၏။ သူ​၏​သက်​သေ​ခံ​ချက်​သည်​မှန် ကန်​ကြောင်း​ကို​ငါ​သိ​၏။- \v 33 သင်​တို့​သည်​ယော​ဟန်​၏​ထံ​သို့​စေ​တ​မန်​များ စေ​လွှတ်​ခဲ့​ကြ​၏။ သူ​သည်​သမ္မာ​တ​ရား​ဘက် က​သက်​သေ​ခံ​၏။-\x + \xo 5:33 \xt ယော၊ ၁:၁၉-၂၇၊ ၃:၂၇-၃၀။\x* \v 34 ငါ့​အ​ကြောင်း​ကို​လူ​တစ်​စုံ​တစ်​ယောက်​က သက်​သေ​ခံ​ရန်​လို​၍​မ​ဟုတ်။ သင်​တို့​ကယ်​တင် ခြင်း​ခံ​ရ​စေ​ရန်​သာ​ဤ​စ​ကား​ကို​ငါ​ပြော ၏။- \v 35 ယော​ဟန်​သည်​အ​လျှံ​ထ​၍​ထွန်း​လင်း​နေ​သော ဆီ​မီး​ခွက်​သ​ဖွယ်​ဖြစ်​သ​ဖြင့် သင်​တို့​သည်​သူ ၏​အ​လင်း​ရောင်​တွင်​ခ​ဏ​မျှ​သာ​ပျော်​မွေ့​လို ကြ​၏။- \v 36 သို့​ရာ​တွင်​ယော​ဟန်​၏​သက်​သေ​ခံ​ချက်​ထက် ကြီး​မြတ်​သည့်​သက်​သေ​ခံ​ချက်​ငါ့​မှာ​ရှိ​၏။ ခ​မည်း​တော်​ငါ့​အား​ပေး​အပ်​သ​ဖြင့် ယ​ခု​ငါ လုပ်​ဆောင်​လျက်​ရှိ​သည့်​အ​မှု​အ​ရာ​များ​က​ပင် ငါ့​ကို​ခ​မည်း​တော်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို သက်​သေ​ခံ​ကြ​၏။- \v 37 ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​ကိုယ် တိုင်​က​လည်း ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​တော် မူ​၏။ သင်​တို့​သည်​ခ​မည်း​တော်​၏​အ​သံ​တော် ကို​အ​ဘယ်​အ​ခါ​က​မျှ​မ​ကြား​ဘူး​ကြ။ သဏ္ဌာန်​တော်​ကို​လည်း​မ​မြင်​ဘူး​ကြ။-\x + \xo 5:37 \xt မ၊ ၃:၁၇။ မာ၊ ၁:၁၁။ လု၊ ၃:၂၂။\x* \v 38 ခ​မည်း​တော်​စေ​လွှတ်​တော်​မူ​သော​သူ​ကို မ​ယုံ​ကြည်​ကြ​သ​ဖြင့် နှုတ်​က​ပတ်​တော်​သည် သင်​တို့​၏​စိတ်​နှ​လုံး​တွင်​မ​ကိန်း​အောင်း။- \v 39 ကျမ်း​စာ​တော်​တွင်​ရှာ​ဖွေ​၍​ထာ​ဝ​ရ​အ​သက် ကို​တွေ့​ရှိ​လိမ့်​မည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​ဖြင့် ကျမ်း​စာ​တော်​ကို​အ​ပတ်​တ​ကုတ်​လေ့​လာ​ကြ​၏။ ထို​ကျမ်း​စာ​တော်​က​ပင်​လျှင်​ငါ့​အ​ကြောင်း​ကို သက်​သေ​ခံ​၏။- \v 40 သို့​သော်​လည်း​သင်​တို့​သည်​အ​သက်​ရ​အံ့​သော ငှာ​ငါ့​ထံ​သို့​မ​လာ​လို​ကြ။ \p \v 41-42 ``လူ​တို့​ချီး​မွမ်း​ဂုဏ်​ပြု​ခြင်း​ကို​ငါ​မ​ခံ​လို။ သို့​ရာ​တွင်​သင်​တို့​အ​ကြောင်း​ကို​ငါ​သိ​၏။ သင်​တို့​စိတ်​နှ​လုံး​တွင်​ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​မ​ရှိ​ကြ။- \v 43 ငါ​သည်​ခ​မည်း​တော်​၏​အ​ခွင့်​အာ​ဏာ​နှင့် ရောက်​ရှိ​လာ​သော်​လည်း သင်​တို့​သည်​ငါ့​ကို လက်​မ​ခံ​ကြ။ အ​ခြား​သူ​တစ်​ဦး​တစ်​ယောက် သည် ကိုယ်​ပိုင်​အ​ခွင့်​အာ​ဏာ​နှင့်​ရောက်​ရှိ​လာ ပါ​မူ သင်​တို့​လက်​ခံ​ကြ​လိမ့်​မည်။- \v 44 သင်​တို့​သည်​အ​ချင်း​ချင်း​ချီး​မွမ်း​ဂုဏ်​ပြု​ခြင်း ကို​ခံ​လို​ကြ​၏။ သို့​ရာ​တွင်​တစ်​ဆူ​တည်း​ရှိ​တော် မူ​သော​ဘု​ရား​သ​ခင်​၏​ချီး​မွမ်း​ဂုဏ်​ပြု​ခြင်း ကို​ခံ​ရန်​ကို​မူ​မ​ကြိုး​စား​ကြ။ သို့​ဖြစ်​၍​သင် တို့​သည်​ငါ့​ကို​အ​ဘယ်​သို့​ယုံ​ကြည်​နိုင်​ကြ မည်​နည်း။- \v 45 သို့​သော်​ငါ​သည်​သင်​တို့​အား​ခ​မည်း​တော်​၏ ရှေ့​တော်​၌ အ​ပြစ်​တင်​စွပ်​စွဲ​လိမ့်​မည်​ဟု​မ​ထင် ကြ​နှင့်။ သင်​တို့​အား​အ​ပြစ်​တင်​မည့်​သူ​ကား သင်​တို့​ကိုး​စား​သော​မော​ရှေ​ပင်​ဖြစ်​၏။- \v 46 မော​ရှေ​သည်​ငါ​၏​အ​ကြောင်း​ကို​ရေး​သား ဖော်​ပြ​ခဲ့​၏။ ထို့​ကြောင့်​မော​ရှေ​ကို​သင်​တို့ ယုံ​လျှင်​ငါ့​ကို​လည်း​ယုံ​ကြ​လိမ့်​မည်။- \v 47 သို့​ရာ​တွင်​သင်​တို့​သည်​မော​ရှေ​ရေး​သား ဖော်​ပြ​ချက်​များ​ကို​မ​ယုံ​ကြ​သ​ဖြင့် အ​ဘယ် သို့​လျှင်​ငါ​၏​စ​ကား​ကို​ယုံ​နိုင်​ကြ​မည်​နည်း'' ဟု​မိန့်​တော်​မူ​၏။ \c 6 \s1 လူ​ငါး​ထောင်​ကို​ကျွေး​မွေး​တော်​မူ​ခြင်း \r (မ၊ ၁၄:၁၃-၂၁။ မာ၊ ၆:၃၀-၄၄။ လု၊ ၉:၁၀-၁၇) \p \v 1 ထို​သို့​မိန့်​တော်​မူ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ဂါ​လိ​လဲ​အိုင် (တိ​ဗေ​ရိ​အိုင်​ဟု​လည်း​ခေါ်​သည်) ကို​ကူး​တော်​မူ​၏။- \v 2 သူ​နာ​များ​အား​ရော​ဂါ​ပျောက်​ကင်း​စေ​တော် မူ​သည်​ကို​တွေ့​မြင်​ခဲ့​ကြ​သ​ဖြင့် လူ​ပ​ရိ​သတ် ကြီး​သည်​နောက်​တော်​သို့​လိုက်​ကြ​၏။- \v 3 သ​ခင်​ယေ​ရှု​သည်​တောင်​ပေါ်​သို့​တက်​တော်​မူ​၍ တ​ပည့်​တော်​တို့​နှင့်​အ​တူ​ထိုင်​တော်​မူ​၏။- \v 4 ယု​ဒ​အ​မျိုး​သား​တို့​၏​ပွဲ​တော်​ဖြစ်​သော ပ​သ​ခါ​ပွဲ​ကျ​ရောက်​ရန်​အ​ခါ​ကား​နီး ပေ​ပြီ။- \v 5 သ​ခင်​ယေ​ရှု​သည်​မျှော်​ကြည့်​လိုက်​သော​အ​ခါ မိ​မိ​ထံ​သို့​လူ​ပ​ရိ​သတ်​ကြီး​လာ​လျက်​နေ သည်​ကို​မြင်​တော်​မူ​၍ ``ဤ​သူ​တို့​စား​ရန် အ​စား​အ​စာ​ကို​အ​ဘယ်​မှာ​ဝယ်​နိုင်​သ​နည်း'' ဟု​ဖိ​လိပ္ပု​အား​မေး​တော်​မူ​၏။- \v 6 (ဤ​သို့​မေး​တော်​မူ​ခြင်း​မှာ​ဖိ​လိပ္ပု​ကို​အ​ကဲ ခပ်​လို​၍​ဖြစ်​၏။ ကိုယ်​တော်​ကား​မိ​မိ​အ​ဘယ် သို့​ပြု​မည်​ကို​သိ​ရှိ​ပြီး​ဖြစ်​ပေ​သည်။) \p \v 7 ဖိ​လိပ္ပု​က ``လူ​တစ်​ယောက်​ကို​အ​စား​အ​စာ အ​နည်း​ငယ်​စီ​ကျွေး​ရန်​ပင်​လျှင် ငွေ​ဒေ​နာ​ရိ နှစ်​ရာ​ဖိုး​နှင့်​လုံ​လောက်​မည်​မ​ဟုတ်​ပါ'' ဟု လျှောက်​၏။- \v 8 ရှိ​မုန်​ပေ​တ​ရု​၏​ညီ၊ တ​ပည့်​တော်​တစ်​ဦး​ဖြစ် သူ​အန္ဒြေ​က​ကိုယ်​တော်​အား၊- \v 9 ``ဤ​မှာ​သူ​ငယ်​တစ်​ယောက်​ရှိ​ပါ​၏။ သူ့​ထံ တွင်​မု​ယော​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ရှိ ပါ​၏။ သို့​ရာ​တွင်​ဤ​မျှ​ကြီး​မား​သော​လူ ပ​ရိ​သတ်​အား ထို​မုန့်​နှင့်​ငါး​ကို​အ​ဘယ် သို့​လျှင်​လောက်​င​အောင်​ကျွေး​နိုင်​ပါ​မည် နည်း'' ဟု​လျှောက်​၏။ \p \v 10 ကိုယ်​တော်​က ``လူ​တို့​အား​ထိုင်​စေ​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။ (ထို​အ​ရပ်​တွင်​မြက်​ထူ​ထပ်​သ​ဖြင့်) ငါး​ထောင်​မျှ​သော​လူ​တို့​သည်​မြက်​ပေါ်​တွင် ထိုင်​ကြ​၏။- \v 11 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​မုန့်​ကို​ယူ​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ​ပြီး​လျှင် ထိုင်​နေ​သော​သူ​တို့​အား​ဝေ​ငှ​ပေး​တော် မူ​၏။ ငါး​ကို​လည်း​ထို​နည်း​တူ​ပြု​တော် မူ​၏။ လူ​တို့​သည်​ဝ​အောင်​စား​ကြ​ရ​၏။- \v 12 ထို​သူ​တို့​စား​၍​ဝ​ကြ​သော​အ​ခါ​ကိုယ်​တော် က ``စား​ကြွင်း​စား​ကျန်​များ​ကို​မ​လေ​မ​လွင့် ရ​အောင်​သိမ်း​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။- \v 13 သို့​ဖြစ်​၍​တ​ပည့်​တော်​တို့​သည်​ကောက်​သိမ်း ကြ​ရာ​မု​ယော​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင် မှ စား​ကြွင်း​စား​ကျန်​အ​စ​အ​န​များ​တောင်း တစ်​ဆယ့်​နှစ်​တောင်း​အ​ပြည့်​ရ​ကြ​၏။ \p \v 14 ဤ​သို့​ကိုယ်​တော်​ပြ​တော်​မူ​သော​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​ကို​မြင်​ကြ​ရ​သော​သူ​တို့​က ``ဤ​သူ​ကား​လော​က​သို့​ကြွ​လာ​တော်​မူ​မည် ဟု​ဆို​သော​ပ​ရော​ဖက်​အ​မှန်​ပင်​ဖြစ်​၏'' ဟု ဆို​ကြ​၏။- \v 15 သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​လာ​၍ မိ​မိ​အား အ​တင်း​အ​ဋ္ဌမ္မ​ခေါ်​ဆောင်​ကာ​မင်း​မြှောက်​ကြ လိမ့်​မည်​ကို​သိ​တော်​မူ​သ​ဖြင့် တစ်​ကိုယ်​တည်း တောင်​ပေါ်​သို့​ရှောင်​တိမ်း​သွား​တော်​မူ​၏။ \s1 ရေ​ပေါ်​မှာ​ကိုယ်​တော်​စက်​တော်​ဖြန့်​တော်​မူ​ခြင်း \r (မ၊ ၁၄:၂၂-၃၃။ မာ၊ ၆:၄၅-၅၂) \p \v 16 ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ တ​ပည့်​တော် တို့​သည်​ဂါ​လိ​လဲ​အိုင်​သို့​ဆင်း​သွား​ကြ​၏။- \v 17 လှေ​ပေါ်​သို့​တက်​ကြ​ပြီး​လျှင်​အိုင်​တစ်​ဖက်​ကမ်း ရှိ​က​ပေ​ရ​နောင်​မြို့​သို့​ပြန်​သွား​ကြ​၏။ မိုး​ချုပ် လာ​သော်​လည်း​သ​ခင်​ယေ​ရှု​ကား​သူ​တို့​ထံ​သို့ မ​ကြွ​မ​ရောက်​သေး။- \v 18 ထို​အ​ချိန်​၌​လေ​ပြင်း​ကျ​လျက်​နေ​သ​ဖြင့် အိုင်​တွင်​လှိုင်း​ထ​လာ​၏။- \v 19 တ​ပည့်​တော်​တို့​သည်​သုံး​လေး​မိုင်​ခန့်​လှော်​ခတ် ပြီး​သော​အ​ခါ သ​ခင်​ယေ​ရှု​ရေ​ပေါ်​မှာ​စက်​တော် ဖြန့်​၍ မိ​မိ​တို့​အ​နီး​သို့​ကြွ​လာ​သည်​ကို​မြင် ကြ​၏။ ထို​အ​ခါ​သူ​တို့​သည်​ကြောက်​လန့်​ကြ​၏။- \v 20 ကိုယ်​တော်​က ``မ​ကြောက်​ကြ​နှင့်။ ငါ​ပင်​ဖြစ် သည်'' ဟု​မိန့်​တော်​မူ​၏။- \v 21 ထို​အ​ခါ​သူ​တို့​သည်​ဝမ်း​မြောက်​စွာ​ကိုယ်​တော် အား​လှေ​ပေါ်​သို့​ပင့်​ဖိတ်​ကြ​၏။ ထို​နောက်​လှေ သည်​တစ်​ခ​ဏ​ချင်း​တွင်​ရောက်​လို​ရာ​ကမ်း ခြေ​သို့​ဆိုက်​လေ​၏။ \s1 သ​ခင်​ယေ​ရှု​ကို​လူ​တို့​ရှာ​ကြ​ခြင်း \p \v 22 နောက်​တစ်​နေ့​၌​အိုင်​တစ်​ဖက်​ကမ်း​တွင်​နေ​ရစ် ခဲ့​သော​လူ​ပ​ရိ​သတ်​တို့​သည် ထို​အ​ရပ်​၌​လှေ တစ်​စင်း​တည်း​ရှိ​ခဲ့​သည်​ကို​သ​တိ​ရ​ကြ​၏။ ထို​လှေ​တွင်​သ​ခင်​ယေ​ရှု​လိုက်​ပါ​တော်​မ​မူ ဘဲ တ​ပည့်​တော်​ချည်း​သာ​လျှင်​ထွက်​ခွာ​သွား ကြ​သည်​ကို​သိ​ကြ​၏။- \v 23 သို့​သော်​လည်း​တိ​ဗေ​ရိ​မြို့​မှ​လာ​သော​လှေ​များ သည်​သ​ခင်​ဘု​ရား​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍ လူ​ပ​ရိ​သတ်​အား​မုန့်​ကို​ကျွေး​မွေး​တော်​မူ​ခဲ့ သည့်​အ​ရပ်​အ​နီး​သို့​ဆိုက်​ရောက်​လာ​ကြ​၏။- \v 24 လူ​ပ​ရိ​သတ်​သည်​ထို​အရပ်​တွင်​သ​ခင်​ယေ​ရှု သည်​လည်း​ကောင်း၊ တ​ပည့်​တော်​တို့​သည်​လည်း ကောင်း​မ​ရှိ​ကြောင်း​ကို​သိ​မြင်​သော​အ​ခါ ထို လှေ​များ​ပေါ်​သို့​တက်​၍​ကိုယ်​တော်​ကို​ရှာ​ရန် က​ပေ​ရ​နောင်​မြို့​သို့​သွား​ကြ​၏။ \s1 အ​သက်​အာ​ဟာ​ရ​ဖြစ်​တော်​မူ​သော သ​ခင်​ယေ​ရှု \p \v 25 အိုင်​တစ်​ဖက်​ကမ်း​တွင်​ကိုယ်​တော်​ကို​တွေ့​ကြ​သော အ​ခါ​လူ​ပ​ရိ​သတ်​က ``ဆ​ရာ​တော်၊ ကိုယ်​တော်​သည် ဤ​အ​ရပ်​သို့​အ​ဘယ်​အ​ခါ​က​ကြွ​လာ​တော်​မူ ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ \p \v 26 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား သင်​တို့​ငါ့​ကို​ရှာ​ကြ​ခြင်း​မှာ​ငါ​ပြ သည့်​နိ​မိတ်​လက္ခ​ဏာ​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို နား​လည်​ကြ​ရ​၍​မ​ဟုတ်။ အ​စား​အ​စာ​ကို​ဝ အောင်​စား​ကြ​ရ​၍​ဖြစ်​၏။- \v 27 ပုပ်​ပျက်​တတ်​သော​အ​စာ​အာ​ဟာ​ရ​အ​တွက် မ​ကြိုး​ပမ်း​ကြ​နှင့်။ ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ စေ​သော​မ​ပုပ်​ပျက်​နိုင်​သော​အ​စာ​အာ​ဟာ​ရ အ​တွက်​ကြိုး​ပမ်း​ကြ​လော့။ ဘု​ရား​သ​ခင်​သည် လူ​သား​အား​တန်​ခိုး​အာ​ဏာ​ကို​အပ်​နှင်း​တော် မူ​သည်​ဖြစ်​၍ လူ​သား​သည်​ထို​အ​စာ​အာ​ဟာ​ရ ကို​သင်​တို့​အား​ပေး​တော်​မူ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ \p \v 28 လူ​တို့​က ``အ​ကျွန်ုပ်​တို့​သည်​ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သည့်​အ​ရာ​ကို​ဆောင်​ရွက်​နိုင် ရန် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး လျှောက်​ကြ​၏။ \p \v 29 သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ သည့်​အ​ရာ​ကား ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သော သူ​ကို​သင်​တို့​ယုံ​ကြည်​ကြ​စေ​ရန်​ပင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 30 ထို​သူ​တို့​က ``အ​ရှင့်​အား​အ​ကျွန်ုပ်​တို့​ယုံ​ကြည်​နိုင် ကြ​စေ​ရန် အ​ဘယ်​အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​ကို ပြ​တော်​မူ​ပါ​မည်​နည်း။ အ​ရှင်​အ​ဘယ်​အ​မှု​ကို လုပ်​ဆောင်​တော်​မူ​မည်​နည်း။- \v 31 ကျမ်း​စာ​တော်​တွင် `ကိုယ်​တော်​သည်​ထို​သူ​တို့​စား ရန်​ကောင်း​ကင်​မှ​မုန့်​ကို​ချ​ပေး​တော်​မူ​၏' ဟု ပါ​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး များ​သည်​တော​ကန္တာ​ရ​တွင်​မန္န​မုန့်​ကို​စား​ကြ ရ​ပါ​၏'' ဟု​လျှောက်​ကြ​၏။\x + \xo 6:31 \xt ထွ၊ ၁၆:၄၊ ၁၅။ ဆာ၊ ၇၈:၂၄။\x* \p \v 32 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား မော​ရှေ​သည်​သင်​တို့​အား ကောင်း​ကင်​မှ​အ​စာ​အာ​ဟာ​ရ​ကို​ပေး​သည် မ​ဟုတ်။ ငါ့​ခ​မည်း​တော်​သည်​သင်​တို့​အား ကောင်း​ကင်​မှ အ​စာ​အာ​ဟာ​ရ​အ​စစ်​အ​မှန် ကို​ပေး​တော်​မူ​၏။- \v 33 ထို​စစ်​မှန်​သော​အ​စာ​အာ​ဟာ​ရ​ကား​ကောင်း​ကင် ဘုံ​မှ​ကျ​ဆင်း​၍ ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား အ​သက်​ပေး​သော​သူ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 34 ထို​အ​ခါ​သူ​တို့​က ``အ​ရှင်၊ ထို​အ​စာ​အာ​ဟာ​ရ ကို အ​ကျွန်ုပ်​တို့​အား​အ​စဉ်​မ​ပြတ်​ပေး​သ​နား တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။ \p \v 35 သ​ခင်​ယေ​ရှု​က ``ငါ​သည်​အ​သက်​၏​အ​စာ​အာ​ဟာ ရ​ဖြစ်​၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည်​အ​ဘယ်​အ​ခါ ၌​မျှ​ဆာ​ငတ်​လိမ့်​မည်​မ​ဟုတ်။ ငါ့​ကို​ယုံ​ကြည်​သော သူ​သည်​လည်း အ​ဘယ်​အ​ခါ​မျှ​ရေ​ငတ်​လိမ့်​မည် မ​ဟုတ်။- \v 36 သို့​ရာ​တွင်​သင်​တို့​သည်​ငါ့​ကို​တွေ့​မြင်​ကြ သော်​လည်း​မ​ယုံ​ကြည်​ကြ​ဟု​ငါ​ဆို​ခဲ့​ပြီ။- \v 37 ခ​မည်း​တော်​ငါ့​အား​ပေး​အပ်​တော်​မူ​သော​သူ အ​ပေါင်း​တို့​သည် ငါ့​ထံ​သို့​လာ​ကြ​လိမ့်​မည်။ ငါ့ ထံ​လာ​သော​သူ​ကို​ငါ​သည်​ပစ်​ပယ်​လိမ့်​မည် မ​ဟုတ်။- \v 38 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ငါ့​အ​လို​အ​တိုင်း ဆောင်​ရွက်​ရန် ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​လာ​သည် မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏ အ​လို​အ​တိုင်း​ဆောင်​ရွက်​ရန် ဆင်း​သက်​လာ​သော ကြောင့်​တည်း။- \v 39 ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို တော်​ကား ကိုယ်​တော်​ရှင်​ပေး​အပ်​ထား​တော်​မူ သော​သူ​အ​ပေါင်း​တို့​သည် ဆုံး​ပါး​ပျက်​စီး ခြင်း​မှ​နောက်​ဆုံး​သော​နေ့​၌ ရှင်​ပြန်​ထ​မြောက် ကြ​စေ​ရန်​ပင်​ဖြစ်​သည်။- \v 40 သား​တော်​ကို​ဖူး​မြင်​၍​ယုံ​ကြည်​လာ​သူ အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ကြ စေ​ရန်​ခ​မည်း​တော်​အ​လို​တော်​ရှိ​၏။ ငါ​သည် လည်း​သူ​တို့​အား နောက်​ဆုံး​သော​နေ့​၌​သေ ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​မည်'' ဟု​မိန့် တော်​မူ​၏။ \p \v 41 ကိုယ်​တော်​က ``ငါ​သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၏'' ဟု​မိန့်​တော် မူ​သ​ဖြင့် လူ​တို့​သည်​ညည်း​ညူ​ကြ​၏။- \v 42 သူ​တို့​က ``ဤ​သူ​သည်​ယော​သပ်​၏​သား​ယေ​ရှု မ​ဟုတ်​ပါ​လော။ သူ့​မိ​ဘ​များ​ကို​ငါ​တို့​သိ​သည် မ​ဟုတ်​ပါ​လော။ သို့​ပါ​လျက်​အ​ဘယ်​ကြောင့်`ငါ သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​ခဲ့​သည်' ဟု​သူ ဆို​ဘိ​သ​နည်း'' ဟု​ပြော​ကြ​၏။ \p \v 43 သ​ခင်​ယေ​ရှု​က ``သင်​တို့​အ​ချင်း​ချင်း​ညည်း​ညူ မ​နေ​ကြ​နှင့်။- \v 44 ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​ဆွဲ​ဆောင် တော်​မ​မူ​လျှင် အ​ဘယ်​သူ​မျှ​ငါ့​ထံ​သို့​မ​လာ​နိုင်။ ငါ့​ထံ​သို့​လာ​သော​သူ​ကို​ငါ​သည်​နောက်​ဆုံး​သော နေ့​၌​သေ​ခြင်း​မှ​ထ​မြောက်​စေ​မည်။- \v 45 ပ​ရော​ဖက်​ကျမ်း​များ​တွင်`ထို​သူ​အ​ပေါင်း​တို့ သည်​ဘု​ရား​သ​ခင်​၏​သွန်​သင်​တော်​မူ​ခြင်း​ကို ခံ​ကြ​လိမ့်​မည်' ဟု​ပါ​ရှိ​၏။ သို့​ဖြစ်​၍​ခ​မည်း​တော် မိန့်​တော်​မူ​သော​စ​ကား​ကို​ကြား​၍ အ​ထံ​တော် မှ​နည်း​နာ​ခံ​ယူ​သူ​အ​ပေါင်း​တို့​သည်​ငါ့​ထံ သို့​လာ​ကြ​၏။-\x + \xo 6:45 \xt ဟေရှာ၊ ၅၄:၁၃။\x* \v 46 ဤ​သို့​ငါ​ဆို​ရာ​၌​ခ​မည်း​တော်​ကို​တွေ့​မြင် ဖူး​သူ​တစ်​စုံ​တစ်​ယောက်​ရှိ​သည်​ဟု​မ​ဆို​လို။ ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကြွ​လာ​သူ​တစ်​ဦး တည်း​သာ​လျှင်​ခ​မည်း​တော်​ကို​တွေ့​မြင်​ဖူး​၏။- \v 47 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ့ ကို​ယုံ​ကြည်​သူ​သည်​ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။- \v 48 ငါ​သည်​အ​သက်​၏​အ​စာ​အာ​ဟာ​ရ​ဖြစ်​၏။- \m \v 49 သင်​တို့​၏​ဘိုး​ဘေး​များ​သည်​တော​ကန္တာ​ရ​တွင် မန္န မုန့်​ကို​စား​ကြ​ရ​သော်​လည်း​သေ​လွန်​ကြ​ကုန်​၏။- \v 50 ဤ​အ​စာ​အာ​ဟာ​ရ​သည်​ကား​ကောင်း​ကင်​ဘုံ​မှ ဆင်း​သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၍ ယင်း​ကို မှီ​ဝဲ​သူ​သည်​သေ​ရ​လိမ့်​မည်​မ​ဟုတ်။- \v 51 ငါ​သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​သည့်​အ​သက် အာ​ဟာ​ရ​ဖြစ်​၏။ ထို​အ​စာ​အာ​ဟာ​ရ​ကို​မှီ​ဝဲ​သူ သည်​အ​စဉ်​ထာ​ဝ​ရ​အ​သက်​ရှင်​လိမ့်​မည်။ ငါ​ပေး မည့်​အ​စာ​အာ​ဟာ​ရ​သည် ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ အ​သက်​ရှင်​နိုင်​ကြ​စေ​ရန်​ပေး​သော​ငါ​၏​အ​သား ပေ​တည်း'' ဟု​မိန့်​တော်​မူ​၏။ \p \v 52 ထို​အ​ခါ ``ဤ​သူ​သည်​အ​ဘယ်​သို့​လျှင်​ငါ​တို့ စား​ရန်​အ​တွက် သူ​၏​အ​သား​ကို​ပေး​နိုင်​ပါ မည်​နည်း'' ဟု​လူ​တို့​သည်​အ​ချင်း​ချင်း​ပြင်း ထန်​စွာ​ငြင်း​ခုံ​ကြ​၏။ \p \v 53 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား လူ​သား​၏​အ​သား​ကို​မ​စား၊ သူ​၏ သွေး​ကို​မ​သောက်​ပါ​မူ​သင်​တို့​၌​အ​သက်​မ​ရှိ။- \v 54 ငါ့​အ​သား​ကို​စား​၍​ငါ့​သွေး​ကို​သောက်​သော သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။ ငါ​သည်​လည်း နောက်​ဆုံး​သော​နေ့​၌​ထို​သူ​အား​သေ​ခြင်း​မှ ရှင်​ပြန်​ထြေမာက်​စေ​မည်။- \v 55 ငါ့​အ​သား​သည်​စား​စ​ရာ​အ​စစ်​အ​မှန်​ဖြစ်​၏။ ငါ့​သွေး​သည်​သောက်​စ​ရာ​အ​စစ်​အ​မှန်​ဖြစ်​၏။- \v 56 ငါ့​အ​သား​ကို​စား​၍​ငါ့​သွေး​ကို​သောက်​သော သူ​သည်​ငါ​၌​ကျိန်း​ဝပ်​၏။ ငါ​သည်​လည်း​ထို​သူ ၌​ကျိန်း​ဝပ်​၏။- \v 57 အ​သက်​ရှင်​တော်​မူ​သော​ခ​မည်း​တော်​သည်​ငါ့​ကို စေ​လွှတ်​တော်​မူ​၏။ ငါ​သည်​လည်း​ခ​မည်း​တော် ကြောင့်​အ​သက်​ရှင်​သည်​နည်း​တူ ငါ့​အ​သား ကို​စား​သော​သူ​သည်​လည်း​ငါ့​ကြောင့်​အ​သက် ရှင်​လိမ့်​မည်။- \v 58 သို့​ဖြစ်​၍​ဤ​အ​စာ​အာ​ဟာ​ရ​ကား​ကောင်း​ကင် ဘုံ​မှ​ဆင်း​သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၏။ သင်​တို့​ဘိုး​ဘေး​များ​စား​သုံး​ကြ​ရ​သည့် အ​စာ​အာ​ဟာ​ရ​မျိုး​မ​ဟုတ်။ ထို​အ​စာ​အာ ဟာ​ရ​ကို​သုံး​ဆောင်​သူ​တို့​သည်​သေ​ကြ​ရ​၏။ ဤ အ​စာ​အာ​ဟာ​ရ​ကို​စား​သူ​မူ​ကား​အ​စဉ် မ​ပြတ်​အ​သက်​ရှင်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 59 သ​ခင်​ယေ​ရှု​သည်​က​ပေ​ရ​နောင်​မြို့​တ​ရား ဇ​ရပ်​တွင်​ဟော​ပြော​သွန်​သင်​တော်​မူ​စဉ်​က ဤ သြ​ဝါ​ဒ​များ​ကို​ပေး​တော်​မူ​သ​တည်း။ \s1 ထာ​ဝ​ရ​အ​သက်​ဆိုင်​ရာ​သြ​ဝါ​ဒ​များ \p \v 60 ထို​သြ​ဝါ​ဒ​များ​ကို​တ​ပည့်​တော်​အ​မြောက် အ​မြား​ပင်​ကြား​ကြ​၏။ သူ​တို့​က ``ဤ​သွန်​သင် တော်​မူ​ချက်​တို့​သည်​ခက်​ခဲ​လှ​သ​ဖြင့် အ​ဘယ် သူ​လိုက်​နာ​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။ \p \v 61 ဤ​သို့​တ​ပည့်​တော်​တို့​သည်​ညည်း​တွား​နေ​ကြ သည်​ကို သ​ခင်​ယေ​ရှု​သည်​အ​လို​အ​လျောက်​သိ တော်​မူ​သ​ဖြင့် ``ဤ​စ​ကား​ကြောင့်​သင်​တို့​စိတ် ပျက်​ကြ​သ​လော။- \v 62 အ​ကယ်​၍​လူ​သား​သည်​မိ​မိ​နေ​ရင်း​ရပ်​ထံ သို့​တက်​ကြွ​တော်​မူ​သည်​ကို​မြင်​ကြ​ရ​ပါ​မူ သင်​တို့​အ​ဘယ်​သို့​ထင်​မှတ်​ကြ​မည်​နည်း။- \v 63 ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​က​သာ​လျှင် အ​သက်​ကို​ရှင်​စေ​နိုင်​၏။ လူ​တို့​၏​တန်​ခိုး စွမ်း​ရည်​မူ​ကား​မည်​သို့​မျှ​မ​တတ်​နိုင်။ သင် တို့​အား​ငါ​ပြော​သော​စ​ကား​သည်​အ​သက် ရှင်​စေ​သည့်​ဝိ​ညာဉ်​တော်​နှင့်​သက်​ဆိုင်​၏။- \v 64 သို့​သော်​လည်း​သင်​တို့​အ​နက်​အ​ချို့​သော​သူ တို့​သည်​မ​ယုံ​ကြည်​ကြ'' ဟု​မိန့်​တော်​မူ​၏။ (မည် သူ​တို့​မ​ယုံ​ကြည်​ကြ​သည်​ကို​လည်း​ကောင်း၊ မည်​သူ​သည်​ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့ အပ်​နှံ​မည်​ကို​လည်း​ကောင်း သ​ခင်​ယေ​ရှု​သည် အ​စ​က​တည်း​က​ပင်​သိ​တော်​မူ​ပြီး​ဖြစ်​၏။)- \v 65 ဆက်​လက်​၍​ကိုယ်​တော်​က ``ဤ​အ​ကြောင်း ကြောင့်​ခ​မည်း​တော်​အ​ခွင့်​ပေး​တော်​မ​မူ လျှင် အ​ဘယ်​သူ​မျှ​ငါ့​ထံ​သို့​မ​လာ​နိုင် ဟု​သင်​တို့​အား​ငါ​ဆို​ခဲ့​ပြီ'' ဟူ​၍​မိန့် တော်​မူ​၏။ \p \v 66 ထို​အ​ချိန်​မှ​စ​၍​တ​ပည့်​တော်​အ​များ​ပင် အ​ထံ​တော်​မှ​ဆုတ်​ခွာ​လျက် ကိုယ်​တော်​နှင့် အ​တူ​မ​လိုက်​ဘဲ​နေ​ကြ​၏။- \v 67 သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​လည်း ငါ့​ထံ​မှ​ထွက်​ခွာ​သွား​လို​ကြ​ပါ​သ​လော'' ဟု​တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​အား မေး​တော်​မူ​၏။ \p \v 68 ရှိ​မုန်​ပေ​တ​ရု​က ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​သည် မည်​သူ​ထံ​သို့​သွား​ကြ​ရ​ပါ​မည်​နည်း။ ကိုယ် တော်​ရှင်​သာ​လျှင်​ထာ​ဝ​ရ​အ​သက်​ဆိုင်​ရာ တ​ရား​ကို​ဟော​ပါ​၏။-\x + \xo 6:68 \xt မ၊ ၁၆:၁၆။ မာ၊ ၈:၂၉။ လု၊ ၉:၂၀။\x* \v 69 ထို​မှ​တစ်​ပါး​လည်း​ကိုယ်​တော်​ရှင်​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​မှ​ကြွ​လာ​သော​သန့်​ရှင်း​သော​အ​ရှင် ဖြစ်​တော်​မူ​သည်​ကို ယ​ခု​အ​ကျွန်ုပ်​တို့​ယုံ​ကြည် သိ​မြင်​ကြ​ပါ​ပြီ'' ဟု​လျှောက်​၏။ \p \v 70 သ​ခင်​ယေ​ရှု​က ``ငါ​သည်​တစ်​ကျိပ်​နှစ်​ပါး သော​သင်​တို့​ကို​ရွေး​ချယ်​ခန့်​ထား​ခဲ့​သည် မ​ဟုတ်​ပါ​လော။ သို့​သော်​လည်း​သင်​တို့​တွင် နတ်​မိစ္ဆာ​တစ်​ဦး​ပါ​လျက်​နေ​၏'' ဟု​မိန့်​တော် မူ​၏။- \v 71 ရှိ​မုန်​ရှ​ကာ​ယုတ်​၏​သား​ယု​ဒ​သည်​တစ်​ကျိပ် နှစ်​ပါး​အ​ပါ​အ​ဝင်​ဖြစ်​သော်​လည်း ကိုယ်​တော် အား​ရန်​သူ့​လက်​သို့​အပ်​မည့်​သူ​ဖြစ်​သ​ဖြင့် ထို​သူ​ကို​ရည်​ဆောင်​၍​ဤ​သို့​မိန့်​တော်​မူ​ခြင်း ဖြစ်​သ​တည်း။ \c 7 \s1 သ​ခင်​ယေ​ရှု​နှင့်​ညီ​တော်​များ \p \v 1 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​ဂါ​လိ​လဲ​ပြည်​တွင် ဒေ​သ​စာ​ရီ​လှည့်​လည်​တော်​မူ​၏။ ယု​ဒ​အာ​ဏာ ပိုင်​တို့​သည်​ကိုယ်​တော်​ကို​သတ်​ရန်​ကြံ​စည်​နေ ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ယု​ဒ​ပြည်​တွင်​ဒေ​သ စာ​ရီ​လှည့်​လည်​တော်​မ​မူ​လို။- \v 2 ယု​ဒ​အ​မျိုး​သား​တို့​၏​သစ်​ခက်​တဲ​နေ့​ကောက် သိမ်း​ပွဲ​တော်​အ​ခါ​ကား​နီး​ကပ်​၍​လာ​၏။-\x + \xo 7:2 \xt ဝတ်၊ ၂၃:၃၄။ တရား၊ ၁၆:၁၃။\x* \v 3 သို့​ဖြစ်​၍​ညီ​တော်​များ​က​ကိုယ်​တော်​အား ``သင် ပြု​သော​အ​မှု​အ​ရာ​များ​ကို​သင့်​တ​ပည့်​တို့ တွေ့​မြင်​နိုင်​ကြ​စေ​ရန် ဤ​အ​ရပ်​မှ​ထွက်​ခွာ​၍ ယု​ဒ​ပြည်​သို့​သွား​ပါ​လော့။- \v 4 မည်​သူ​မ​ဆို​ထင်​ပေါ်​ကျော်​ကြား​လို​လျှင် အ​ဘယ်​အ​မှု​ကို​မျှ​လျှို့​ဝှက်​စွာ​ပြု​လေ့​မ​ရှိ။ သင်​သည်​ဤ​သို့​အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​များ ကို​ပြု​မည်​ဆို​ပါ​က သင်​၏​အ​ကြောင်း​ကို​ကမ္ဘာ က​သိ​အောင်​ပြု​ပါ​လော့'' ဟု​ဆို​ကြ​၏။- \v 5 (ညီ​တော်​များ​သည်​ပင်​လျှင်​ကိုယ်​တော်​ကို မ​ယုံ​ကြည်​ကြ။) \p \v 6 သ​ခင်​ယေ​ရှု​က ``ငါ့​အ​ချိန်​မ​ကျ​ရောက်​သေး။ သင်​တို့​အ​ချိန်​ကား​အ​စဉ်​ကျ​ရောက်​လျက်​ရှိ​၏။- \v 7 ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည်​သင်​တို့​ကို​မ​မုန်း​နိုင်။ ငါ့​ကို​မူ​ကား​မုန်း​ကြ​၏။ ယင်း​သို့​မုန်း​ကြ​ခြင်း မှာ​ငါ​သည်​သူ​တို့​၏​ဆိုး​ညစ်​သော​အ​ကျင့် များ​ကို​ထုတ်​ဖော်​ပြော​ဆို​သော​ကြောင့်​ဖြစ်​၏။- \v 8 ထို​ပွဲ​တော်​သို့​သင်​တို့​သွား​ကြ​ကုန်။ ငါ​ကား ငါ့​အ​ချိန်​မ​ကျ​ရောက်​သေး​သ​ဖြင့်​သွား လိမ့်​မည်​မ​ဟုတ်'' ဟု​ပြန်​၍​မိန့်​တော်​မူ​၏။- \v 9 ထို​သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​သည် ဂါ​လိ​လဲ​ပြည်​တွင်​ဆက်​၍​နေ​တော်​မူ​၏။ \s1 သစ်​ခက်​တဲ​နေ့​ကောက်​သိမ်း​ပွဲ​တော်​သို့ ကိုယ်​တော်​ကြွ​တော်​မူ​ခြင်း \p \v 10 ထို​ပွဲ​တော်​သို့​ညီ​တော်​များ​ထွက်​သွား​ကြ ပြီး​မှ​သ​ခင်​ယေ​ရှု​သည်​လည်း​ထို​ပွဲ​သို့ မ​ထင်​မ​ရှား​ကြွ​တော်​မူ​၏။- \v 11 ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ထို​ပွဲ​တော်​တွင် ကိုယ်​တော်​ကို​ရှာ​လျက် ``ထို​သူ​ကား​အ​ဘယ် မှာ​နည်း'' ဟု​မေး​မြန်း​ကြ​၏။- \v 12 လူ​ပ​ရိ​သတ်​သည်​ကိုယ်​တော်​နှင့်​ပတ်​သက်​၍ များ​စွာ​တီး​တိုး​ပြော​ဆို​လျက်​နေ​ကြ​ကုန်​၏။ လူ​အ​ချို့​တို့​က ``ဤ​သူ​သည်​သူ​တော်​ကောင်း ဖြစ်​သည်'' ဟု​ဆို​ကြ​၏။ အ​ချို့​က​မူ ``သူ​တော် ကောင်း​မ​ဟုတ်။ လူ​ပ​ရိ​သတ်​အား​မှောက်​မှား လမ်း​လွဲ​စေ​သူ​ဖြစ်​၏'' ဟု​ဆို​ကြ​၏။- \v 13 သို့​ရာ​တွင်​ယု​ဒ​အာ​ဏာ​ပိုင်​တို့​ကို​ကြောက် ကြ​သ​ဖြင့် ကိုယ်​တော်​၏​အ​ကြောင်း​ကို​မည်​သူ မျှ​ပွင့်​လင်း​စွာ​မ​ပြော​ရဲ​ကြ။ \p \v 14 ပွဲ​တော်​ကျင်း​ပ​ရက်​ထက်​ဝက်​မျှ​လွန်​သော အ​ခါ သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​သို့​ကြွ ၍​ဟော​ပြော​သွန်​သင်​လျက်​နေ​တော်​မူ​၏။- \v 15 ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​လွန်​စွာ​အံ့​သြ​ကြ လျက် ``ဤ​သူ​သည်​အ​ဘယ်​သင်​တန်း​ကျောင်း ကို​မျှ​မ​တက်​ဘူး​ဘဲ ဤ​အ​သိ​ပ​ညာ​များ​ကို အ​ဘယ်​သို့​ရ​ရှိ​ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။ \p \v 16 သ​ခင်​ယေ​ရှု​က ``ငါ​ဟော​ပြော​သွန်​သင်​သော တ​ရား​သည်​ငါ​၏​တ​ရား​မ​ဟုတ်။ ငါ့​ကို​စေ လွှတ်​တော်​မူ​သော​အ​ရှင်​၏​တ​ရား​ဖြစ်​၏။- \v 17 ထို​အ​ရှင်​၏​အ​လို​တော်​ကို​လိုက်​လျှောက်​လို သူ​သည် ငါ​ဟော​ပြော​သော​တ​ရား​ကား​ဘု​ရား သ​ခင်​၏​တ​ရား​လော၊ သို့​မ​ဟုတ်​ငါ​၏​ကိုယ် ပိုင်​တ​ရား​လော​ဟူ​၍​ခွဲ​ခြား​သိ​လိမ့်​မည်။- \v 18 မိ​မိ​ကိုယ်​ပိုင်​တ​ရား​စ​ကား​ကို​ဟော​ပြော​သွန် သင်​သူ​သည် မိ​မိ​ကိုယ်​ပိုင်​ဘုန်း​အ​သ​ရေ​ကို ရှာ​လိမ့်​မည်။ သို့​သော်​မိ​မိ​အား​စေ​လွှတ်​တော် မူ​သော​အ​ရှင်​၏​ဘုန်း​အ​သ​ရေ​ကို​ရှာ​သော သူ​မူ​ကား ရိုး​သား​ဖြောင့်​မှန်​စွာ​ဟော​ပြော တတ်​၏။ သူ့​မှာ​မု​သား​မ​ရှိ။- \v 19 မော​ရှေ​သည်​သင်​တို့​အား​ပ​ညတ်​တရား​ကို ပေး​သည်​မ​ဟုတ်​လော။ သို့​သော်​လည်း​သင်​တို့ တစ်​စုံ​တစ်​ယောက်​မျှ ထို​ပ​ညတ်​တ​ရား​ကို မ​ကျင့်​သုံး​ကြ။ သင်​တို့​သည်​ငါ့​ကို​သတ်​ရန် အ​ဘယ်​ကြောင့်​ရှာ​ကြံ​ကြ​သ​နည်း'' ဟု မိန့်​တော်​မူ​၏။ \p \v 20 လူ​ပ​ရိ​သတ်​က ``သင်​သည်​နတ်​မိစ္ဆာ​ပူး​ဝင်​နေ သူ​ဖြစ်​၏။ အ​ဘယ်​သူ​သည်​သင့်​ကို​သတ်​ရန် ကြိုး​စား​ကြံ​စည်​လျက်​နေ​ပါ​သ​နည်း'' ဟု ဆို​ကြ​၏။ \p \v 21 သ​ခင်​ယေ​ရှု​က ``ဥ​ပုသ်​နေ့​၌​အံ့​သြ​ဖွယ်​အ​မှု တစ်​ခု​ကို​ငါ​ပြု​သော​အ​ခါ သင်​တို့​အား​လုံး ပင်​အံ့​အား​သင့်​သွား​ကြ​၏။- \v 22 မော​ရှေ​က​သင်​တို့​၏​က​လေး​သူ​ငယ်​များ​အား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ပေး​ရန်​ပညတ်​ခဲ့​၏။ သို့ ဖြစ်​၍​သင်​တို့​သည်​ဥ​ပုသ်​နေ့​၌​ပင်​လျှင် အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ကို​ပြု​ကြ​၏။ (အ​မှန်​စင်​စစ် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​စ​တင်​စီ​ရင်​ခဲ့​သူ မှာ မော​ရှေ​မ​ဟုတ်​ဘဲ​သင်​တို့​ဘိုး​ဘေး​များ ဖြစ်​ပေ​သည်။)-\x + \xo 7:22 \xt က၊ ၁၇:၁၀။ ဝတ်၊ ၁၂:၃။\x* \v 23 ဤ​သို့​လျှင်​မော​ရှေ​၏​ပ​ညတ်​တ​ရား​မ​ချိုး ဖောက်​ရန် သင်​တို့​သည်​ဥ​ပုသ်​နေ့​တွင်​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​ပေး​လျှင် ငါ​သည်​ဥ​ပုသ်​နေ့​၌​လူ တစ်​ဦး​တစ်​ယောက်​အား​ပ​က​တိ​ကျန်း​မာ လာ​စေ​သော​အ​ခါ​၌​မူ အ​ဘယ်​ကြောင့်​ငါ့ အား​အ​မျက်​ထွက်​ကြ​သ​နည်း။-\x + \xo 7:23 \xt ယော၊ ၅:၉။\x* \v 24 အ​ပြင်​အ​ပ​လက္ခ​ဏာ​ကို​ထောက်​၍​မ​စီ​ရင် မ​ဆုံး​ဖြတ်​ကြ​နှင့်။ အ​မှန်​တ​ရား​အ​တိုင်း စီ​ရင်​ဆုံး​ဖြတ်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ \s1 ဤ​သူ​သည်​မေ​ရှိ​ယ​ပေ​လော \p \v 25 ယေ​ရု​ရှ​လင်​မြို့​သား​အ​ချို့​တို့​က ``ဤ​သူ​ကို အာ​ဏာ​ပိုင်​က​သတ်​ရန်​ရှာ​ကြံ​နေ​ကြ​သည် မ​ဟုတ်​ပါ​လော။- \v 26 ကြည့်​ပါ။ သူ​သည်​အ​ထင်​အ​ရှား​ဟော​ပြော​သွန် သင်​လျက်​နေ​၏။ မည်​သူ​တစ်​ဦး​တစ်​ယောက်​က​မျှ သူ့​အား​မ​တား​မြစ်​ပါ​တ​ကား။ ဤ​သူ​သည် မေ​ရှိ​ယ​အ​ရှင်​ဖြစ်​ကြောင်း​ကို​အာ​ဏာ​ပိုင်​တို့ က​အ​ကယ်​ပင်​သိ​ရှိ​ကြ​လေ​သ​လော။ သို့​ရာ တွင်​ဤ​သူ​၏​ဇာ​တိ​ကို​ငါ​တို့​သိ​ကြ​၏။- \v 27 မေ​ရှိ​ယ​အ​ရှင်​ကြွ​လာ​တော်​မူ​ချိန်​၌​မူ​ကား ထို​အ​ရှင်​၏​ဇာ​တိ​ကို​မည်​သူ​မျှ​မ​သိ​နိုင်​ရာ'' ဟု​ဆို​ကြ​၏။ \p \v 28 ကိုယ်​တော်​သည်​ဗိ​မာန်​တော်​ထဲ​တွင်​ဟော​ပြော သွန်​သင်​လျက်​နေ​တော်​မူ​စဉ် ``သင်​တို့​ငါ့​ကို သိ​ကြ​၏။ ငါ​အ​ဘယ်​က​လာ​သည်​ကို​လည်း သိ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည်​ကိုယ့်​အ​ခွင့် အာ​ဏာ​အ​ရ​လာ​သည်​မ​ဟုတ်။ ငါ့​ကို​စေ လွှတ်​တော်​မူ​သော​အ​ရှင်​သည်​သစ္စာ​နှင့်​ပြည့်​စုံ တော်​မူ​၏။ ထို​အ​ရှင်​ကို​သင်​တို့​မ​သိ​ကြ။- \v 29 ငါ​သည်​ထို​အ​ရှင်​၏​ထံ​မှ​လာ​သော​ကြောင့် လည်း​ကောင်း၊ ထို​အ​ရှင်​သည်​ငါ့​ကို​စေ​လွှတ် တော်​မူ​သော​ကြောင့်​လည်း​ကောင်း ငါ​သည်​ထို အ​ရှင်​ကို​သိ​၏'' ဟု​ကြွေး​ကြော်​တော်​မူ​၏။ \p \v 30 လူ​တို့​သည်​ကိုယ်​တော်​အား​ဖမ်း​ဆီး​ရန်​အ​ခွင့် ကို​ရှာ​ကြံ​ကြ​သော်​လည်း​အ​ချိန်​မ​ကျ​သေး သ​ဖြင့် ကိုယ်​တော်​အား​အ​ဘယ်​သူ​မျှ​မ​ဖမ်း မ​ဆီး​ကြ။- \v 31 ပ​ရိ​သတ်​အ​ထဲ​မှ​လူ​အ​များ​ပင်​ကိုယ်​တော်​ကို သက်​ဝင်​ယုံ​ကြည်​လာ​ကြ​ပြီး​လျှင် ``မေ​ရှိ​ယ အ​ရှင်​ကြွ​လာ​တော်​မူ​သော​အ​ခါ ဤ​အ​ရှင် ပြ​သည်​ထက်​ပို​မို​များ​ပြား​သော​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​မည်​လော'' ဟု​ဆို​ကြ​၏။ \s1 ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် အ​စောင့်​တပ်​သား​များ​အား​စေ​လွှတ်​ခြင်း \p \v 32 ဤ​သို့​ကိုယ်​တော်​၏​အ​ကြောင်း​ကို​လူ​တို့​တီး တိုး​ပြော​ဆို​နေ​ကြ​သည်​ကို​ဖာ​ရိ​ရှဲ​များ ကြား​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​နှင့်​ယဇ်​ပု​ရော ဟိတ်​ကြီး​များ​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး ရန်​အ​စောင့်​တပ်​သား​အ​ချို့​ကို​စေ​လွှတ် လိုက်​ကြ​၏။- \v 33 သ​ခင်​ယေ​ရှု​က​လူ​တို့​အား ``ငါ​သည်​သင်​တို့ နှင့်​အ​တူ​ခေတ္တ​ခ​ဏ​သာ​နေ​ပြီး​လျှင်​ငါ့​ကို စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ထံ​သို့​ငါ​သွား ရ​မည်။- \v 34 သင်​တို့​သည်​ငါ့​ကို​ရှာ​သော်​လည်း​တွေ့​ကြ​လိမ့် မည်​မ​ဟုတ်။ ထို​မှ​တစ်​ပါး​ငါ​ရောက်​ရှိ​မည့် အ​ရပ်​သို့​သင်​တို့​မ​သွား​နိုင်​ကြ'' ဟု​မိန့်​တော် မူ​၏။ \p \v 35 ယု​ဒ​အာ​ဏာ​ပိုင်​တို့​က ``ငါ​တို့​ရှာ​၍​မ​တွေ့​စေ​ရန် သူ​သည်​အ​ဘယ်​အ​ရပ်​သို့​သွား​ပါ​မည်​နည်း။ ယု​ဒ အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​ဂ​ရိ​မြို့​များ​သို့​သွား​၍ ဂ​ရိ​အ​မျိုး​သား​တို့​အား​ဟော​ပြော​သွန်​သင်​ပါ မည်​လော။- \v 36 သူ​က `သင်​တို့​ငါ့​ကို​ရှာ​သော်​လည်း​တွေ့​လိမ့်​မည် မ​ဟုတ်။ ငါ​ရောက်​ရှိ​မည့်​အ​ရပ်​သို့​သင်​တို့​မ​သွား နိုင်​ကြ' ဟု​ဆို​ချေ​သည်။ ဤ​စ​ကား​များ​၏​အ​နက် ကား​အ​ဘယ်​သို့​နည်း'' ဟု​အ​ချင်း​ချင်း​မေး​မြန်း ကြ​၏။ \s1 အ​သက်​ရေ​စမ်း​ချောင်း \p \v 37 ပွဲ​တော်​၏​နောက်​ဆုံး​နေ့​နှင့်​အ​ရေး​ကြီး​ဆုံး နေ့​၌ သ​ခင်​ယေ​ရှု​သည်​ရပ်​လျက် ``ရေ​ငတ် သူ​သည်​ငါ့​ထံ​သို့​လာ​၍​သောက်​လော့။-\x + \xo 7:37 \xt ဝတ်၊ ၂၃:၃၆။\x* \v 38 ကျမ်း​စာ​လာ​သည်​အ​တိုင်း `ငါ့​ကို​ယုံ​ကြည်​သူ ၏​စိတ်​နှ​လုံး​အ​ထဲ​မှ​အ​သက်​ရေ​သည်​စမ်း ချောင်း​သ​ဖွယ်​စီး​ထွက်​နေ​လိမ့်​မည်' '' ဟု ကြွေး​ကြော်​တော်​မူ​၏။-\x + \xo 7:38 \xt ယေဇ၊ ၄၇:၁။ ဇာ၊ ၁၄:၈။\x* \v 39 သ​ခင်​ယေ​ရှု​သည်​ဘုန်း​အ​သ​ရေ​ပွင့်​တော်​မ​မူ သေး​သ​ဖြင့် ဝိ​ညာဉ်​တော်​ကို​လည်း​ကိုယ်​တော် ကို​သက်​ဝင်​ယုံ​ကြည်​သူ​တို့​အား​မ​ပေး​မ​အပ် ရ​သေး​ပေ။ သို့​ဖြစ်​၍​ထို​သူ​တို့​ခံ​ယူ​ကြ​ရ မည့်​ဝိ​ညာဉ်​တော်​ကို​ရည်​မှတ်​၍ ဤ​သို့​ကြွေး ကြော်​တော်​မူ​ခြင်း​ဖြစ်​၏။ \s1 လူ​တို့​စိတ်​သ​ဘော​ကွဲ​လွဲ​ကြ​ခြင်း \p \v 40 ပ​ရိ​သတ်​အ​ထဲ​မှ​လူ​အ​များ​ပင်​ဤ​သို့​ကိုယ်​တော် ကြွေး​ကြော်​တော်​မူ​သည်​ကို​ကြား​ကြ​၏။ သို့​ဖြစ်​၍ သူ​တို့​က ``ဤ​သူ​သည်​ဧ​ကန်​ပင်​ပ​ရော​ဖက်​ဖြစ်​၏'' ဟု​ဆို​ကြ​၏။ \p \v 41 အ​ချို့​သော​သူ​တို့​က ``ဤ​သူ​သည်​မေ​ရှိ​ယ ဖြစ်​သည်​ဟု​ဆို​ကြ​၏။'' သို့​ရာ​တွင်​အ​ချို့​က မေ​ရှိ​ယ​သည်​ဂါ​လိ​လဲ​ပြည်​မှ​ပေါ်​ထွန်း​ပါ မည်​လော။- \v 42 မေ​ရှိ​ယ​သည်​ဒါ​ဝိဒ်​မင်း​၏​သား​မြေး​ဖြစ်​လိမ့်​မည် ဟူ​၍​လည်း​ကောင်း၊ ဒါ​ဝိဒ်​နေ​ထိုင်​ခဲ့​သည့်​ဗက်​လင် ရွာ​မှ​ပေါ်​ထွန်း​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း ကျမ်း စာ​လာ​သည်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​ကြ​၏။-\x + \xo 7:42 \xt ၂ရာ၊ ၇:၁၂။ မိ၊ ၅:၂။\x* \v 43 သို့​ဖြစ်​၍​ကိုယ်​တော်​နှင့်​ပတ်​သက်​၍​လူ​ပ​ရိ​သတ် စိတ်​သ​ဘော​ကွဲ​လွဲ​လျက်​နေ​ကြ​၏။- \v 44 လူ​အ​ချို့​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​လို ကြ​၏။ သို့​သော်​လည်း​အ​ဘယ်​သူ​မျှ​မ​ဖမ်း မ​ဆီး​ကြ။ \s1 ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ ယုံ​ကြည်​ခြင်း​ကင်း​မဲ့​မှု \p \v 45 အ​စောင့်​တပ်​သား​များ​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး များ​နှင့်​ဖာ​ရိ​ရှဲ​များ​ထံ​သို့​ပြန်​လာ​ကြ​သော အ​ခါ သူ​တို့​က ``အ​ဘယ်​ကြောင့်​ထို​သူ့​ကို​သင် တို့​ဖမ်း​ဆီး​ခေါ်​ဆောင်​၍​မ​လာ​ကြ​သ​နည်း'' ဟု​မေး​ကြ​၏။ \p \v 46 အ​စောင့်​တပ်​သား​များ​က ``ဤ​သူ​ဟော​ပြော သ​ကဲ့​သို့​မည်​သူ​မျှ​မ​ဟော​စ​ဖူး​ပါ'' ဟု ဆို​ကြ​၏။ \p \v 47 ဖာ​ရိ​ရှဲ​များ​က ``သင်​တို့​သည်​လည်း​သူ​၏​လှည့် စား​ခြင်း​ကို​ခံ​ရ​ကြ​ပြီ​လော။- \v 48 ငါ​တို့​ခေါင်း​ဆောင်​များ​နှင့်​ဖာ​ရိ​ရှဲ​များ​အ​ထဲ မှ​တစ်​ဦး​တစ်​ယောက်​သည် ထို​သူ​ကို​ယုံ​ကြည် ပါ​သ​လော။- \v 49 ဤ​လူ​ထု​သည်​ပ​ညတ်​တ​ရား​ကို​မ​သိ​သော ကြောင့် ဘု​ရား​သ​ခင်​၏​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ကြ ရ​ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။ \p \v 50 ထို​သူ​အ​ထဲ​တွင်​နိ​ကော​ဒင်​ပါ​၏။ သူ​သည်​ယ​ခင် က​သ​ခင်​ယေ​ရှု​၏​ထံ​တော်​သို့​လာ​ဖူး​၏။-\x + \xo 7:50 \xt ယော၊ ၃:၁-၂။\x* \v 51 နိ​ကော​ဒင်​က ``ငါ​တို့​တ​ရား​အ​ရ​အ​ဘယ် အ​မှု​ကို​ကူး​လွန်​ကြောင်း​စစ်​ဆေး​ခြင်း​ကို​မ​ပြု၊ တ​ရား​ခံ​အား​ချေ​ပ​ပြော​ဆို​ခွင့်​ကို​လည်း​မ​ပေး ဘဲ​တစ်​စုံ​တစ်​ယောက်​ကို​အ​ပြစ်​စီ​ရင်​နိုင်​ပါ သ​လော'' ဟု​ဆို​၏။ \p \v 52 ထို​သူ​တို့​က ``သင်​သည်​လည်း​ဂါ​လိ​လဲ​ပြည် သား​ပေ​လော။ ကျမ်း​စာ​တော်​ကို​လေ့​လာ​ကြည့် ပါ​လျှင်​ဂါ​လိ​လဲ​ပြည်​မှ​အ​ဘယ်​ပ​ရော​ဖက် မျှ​မ​ပေါ်​ထွန်း​သည်​ကို​သင်​သိ​ရ​လိမ့်​မည်'' ဟု ဆို​ကြ​၏။ \c 8 \s1 မျောက်​မ​ထား​နေ​စဉ် အ​ဖမ်း​ခံ​ရ​သည့်​အ​မျိုး​သ​မီး \p \v 1 ထို​နောက်​သူ​တို့​သည်​မိ​မိ​တို့​အိမ်​သို့​အ​သီး သီး​ပြန်​သွား​ကြ​၏။ သ​ခင်​ယေ​ရှု​မူ​ကား သံ​လွင်​တောင်​သို့​ကြွ​တော်​မူ​၏။- \v 2 နောက်​တစ်​နေ့​နံ​နက်​စော​စော​ဗိ​မာန်​တော်​သို့ တစ်​ဖန်​ကြွ​တော်​မူ​သော​အ​ခါ လူ​အ​ပေါင်း​တို့ သည်​အ​ထံ​တော်​သို့​လာ​ကြ​၏။ ကိုယ်​တော်​သည် ထိုင်​တော်​မူ​လျက်​ထို​သူ​တို့​အား​ဟော​ပြော သွန်​သင်​တော်​မူ​၏။- \v 3 ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​သည် အ​မျိုး​သ​မီး​တစ်​ယောက်​ကို​အ​ထံ​တော်​သို့ ခေါ်​ခဲ့​ကြ​၏။ သူ​သည်​မျောက်​မ​ထား​နေ​စဉ် အ​ဖမ်း​ခံ​ရ​ခြင်း​ဖြစ်​၏။ ကျမ်း​တတ်​ဆ​ရာ များ​နှင့်​ဖာ​ရိ​ရှဲ​တို့​သည်​အ​မျိုး​သ​မီး​ကို မိ​မိ​တို့​ရှေ့​တွင်​ရပ်​စေ​ပြီး​လျှင်၊- \v 4 သ​ခင်​ယေ​ရှု​အား ``အ​ရှင်​ဘု​ရား၊ ဤ​မိန်း​မ မျောက်​မ​ထား​သည်​ကို​အ​ကျွန်ုပ်​တို့​လက်​ပူး လက်​ကြပ်​ဖမ်း​မိ​ပါ​၏။- \v 5 ပ​ညတ်​တ​ရား​တွင်​မော​ရှေ​က ထို​သို့​သော မိန်း​မ​မျိုး​ကို​ကျောက်​ခဲ​နှင့်​ပေါက်​၍​သတ်​ရ မည်​ဟု အ​ကျွန်ုပ်​တို့​အား​ပ​ညတ်​ခဲ့​ပါ​သည်။ ကိုယ်​တော်​သည်​မည်​သို့​ဆို​ပါ​မည်​နည်း'' ဟု လျှောက်​ကြ​၏။-\x + \xo 8:5 \xt ဝတ်၊ ၂၀:၁၀။ တရား၊ ၂၂:၂၂-၂၄။\x* \v 6 သူ​တို့​သည်​ကိုယ်​တော်​ကို​ပြစ်​တင်​စွပ်​စွဲ​နိုင်​ရန် ဤ​သို့​အ​ကွက်​ဆင်​၍​လျှောက်​ထား​ကြ​ခြင်း ဖြစ်​၏။ သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​ငုံ့​၍ မြေ​ပေါ်​တွင်​လက်​ညှိုး​တော်​ဖြင့်​ရေး​ခြစ် လျက်​နေ​တော်​မူ​၏။ \p \v 7 ထို​သူ​တို့​သည်​ထပ်​ကာ​ထပ်​ကာ​မေး​မြန်း လျှောက်​ထား​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​သည် မော်​၍​ကြည့်​တော်​မူ​လျက် ``သင်​တို့​အ​နက် အ​ပြစ်​ကင်း​သူ​သည် ဦး​စွာ​ပ​ထ​မ​သူ့​ကို ကျောက်​ခဲ​နှင့်​ပေါက်​ပါ​စေ'' ဟု​မိန့်​တော်​မူ​၏။- \v 8 ထို​နောက်​ငုံ့​၍​မြေ​ပေါ်​တွင်​ရေး​ခြစ်​လျက် နေ​တော်​မူ​ပြန်​၏။- \v 9 ထို​သူ​တို့​သည်​ဤ​သို့​ကိုယ်​တော်​မိန့်​တော်​မူ​သည် ကို​ကြား​ကြ​သော​အ​ခါ အ​သက်​ကြီး​သူ​များ က​အ​စ​ပြု​၍​တစ်​ယောက်​ပြီး​တစ်​ယောက်​ထွက် သွား​ကြ​၏။- \v 10 သ​ခင်​ယေ​ရှု​သည်​မော်​၍​ကြည့်​တော်​မူ​ပြန် လျှင် ``အ​ချင်း​အ​မျိုး​သ​မီး၊ ထို​သူ​တို့​ကား အ​ဘယ်​မှာ​နည်း။ သင့်​အား​အ​ပြစ်​ဒဏ်​စီ​ရင် မည့်​သူ​တစ်​ယောက်​မျှ​မ​ရှိ​သ​လော'' ဟု​မေး တော်​မူ​၏။ \p \v 11 ထို​အ​ခါ​အ​မျိုး​သ​မီး​က ``အ​ရှင်၊ တစ်​ယောက် မျှ​မ​ရှိ​တော့​ပါ'' ဟု​ပြန်​လည်​၍​လျှောက်​ထား ၏။ \p သ​ခင်​ယေ​ရှု​က ``ငါ​သည်​လည်း​သင့်​အား​အ​ပြစ် ဒဏ်​မ​စီ​ရင်​ပြီ။ သွား​လော့။ နောက်​တစ်​ဖန်​အ​ပြစ် မ​ပြု​နှင့်'' ဟု​မိန့်​တော်​မူ​၏။]\x + \xo 8:11 \xt ကျမ်း​မူ​အ​များ​နှင့်​ရှေး​ဘာ​သာ​ပြန်​မူ​များ တွင် (၈:၁-၁၁) မ​ပါ​မ​ရှိ​ချေ။ အ​ချို့​မူ​များ​တွင် (ယော၊၂၁:၂၄) နောက်​ပိုင်း​၌​ပါ​ရှိ​၏။ အ​ချို့​မူ​များ တွင် (လု၊၂၁:၃၀) နောက်​ပိုင်း​၌​ပါ​ရှိ​၏။ ကျမ်း​မူ တစ်​ခု​တွင် (ယော၊၇:၃၆) နောက်​ပိုင်း​၌​ပါ​ရှိ​၏။\x* \s1 လော​က​၏​အ​လင်း​ဖြစ်​တော်​မူ​သော သ​ခင်​ယေ​ရှု \p \v 12 တစ်​ဖန်​သ​ခင်​ယေ​ရှု​က​ဖာ​ရိ​ရှဲ​တို့​အား ``ငါ သည်​လော​က​၏​အ​လင်း​ဖြစ်​၏။ ငါ့​နောက်​သို့ လိုက်​သော​သူ​သည်​အ​သက်​၏​အ​လင်း​ကို​ရ ၍​အ​ဘယ်​အ​ခါ​မျှ​အ​မှောင်​တွင်​သွား​လာ ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။\x + \xo 8:12 \xt မ၊ ၅:၁၄။ ယော၊ ၉:၅။\x* \p \v 13 ဖာ​ရိ​ရှဲ​တို့​က ``သင်​သည်​ကိုယ့်​အ​ကြောင်း​ကို သက်​သေ​ခံ​လျက်​နေ​၏။ သို့​ဖြစ်​၍​သင့်​သက် သေ​ခံ​ချက်​သည်​မ​ခိုင်​လုံ'' ဟု​ဆို​ကြ​၏။\x + \xo 8:13 \xt ယော၊ ၅:၃၁။\x* \p \v 14 သ​ခင်​ယေ​ရှု​က ``ငါ​သည်​ကိုယ့်​အ​ကြောင်း​ကို သက်​သေ​ခံ​သော်​လည်း​ငါ​၏​သက်​သေ​ခံ​ချက် သည်​ခိုင်​လုံ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည် အ​ဘယ်​အ​ရပ်​မှ​လာ​၍​အ​ဘယ်​အ​ရပ်​သို့ သွား​မည်​ကို​ငါ​သိ​သော​ကြောင့်​တည်း။ သင်​တို့ မူ​ကား​ငါ​အ​ဘယ်​အ​ရပ်​မှ​လာ​သည်​ကို လည်း​ကောင်း၊ အ​ဘယ်​အ​ရပ်​သို့​သွား​မည်​ကို လည်း​ကောင်း​မ​သိ​ကြ။- \v 15 သင်​တို့​သည်​လူ့​စံ​နှုန်း​အ​ရ​စစ်​ဆေး​စီ​ရင် တတ်​ကြ​၏။ ငါ​မူ​ကား​မည်​သူ့​ကို​မျှ​မ​စစ် ဆေး​မ​စီ​ရင်​ပြီ။- \v 16 အ​ကယ်​၍​ငါ​စစ်​ဆေး​စီ​ရင်​မည်​ဆို​ပါ​က ငါ​တစ်​ဦး​တည်း​စစ်​ဆေး​စီ​ရင်​ခြင်း​မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​သည် ငါ​နှင့်​အ​တူ​ရှိ​သော​ကြောင့်​ငါ​၏​စီ​ရင်​ချက် သည်​မှန်​ကန်​၏။- \v 17 သင်​တို့​၏​ပ​ညတ်​ကျမ်း​တွင် ``သက်​သေ​နှစ်​ဦး ထွက်​ဆို​လျှင်​အ​မှန်​ဖြစ်​၏'' ဟု​ဖော်​ပြ​ပါ ရှိ​၏။-\x + \xo 8:17 \xt တရား၊ ၁၉:၁၅။\x* \v 18 ငါ​သည်​ကိုယ့်​အ​ကြောင်း​ကို​သက်​သေ​ခံ​၏။ ငါ့ ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​က​လည်း ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​၏'' ဟု​မိန့်​တော် မူ​၏။ \p \v 19 ထို​သူ​တို့​က ``သင့်​ခ​မည်း​တော်​ကား​အ​ဘယ် မှာ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ \p သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ငါ့​ကို​လည်း ကောင်း၊ ငါ့​ခ​မည်း​တော်​ကို​လည်း​ကောင်း​မ​သိ ကြ။ အ​ကယ်​၍​သင်​တို့​ငါ့​ကို​သိ​ပါ​မူ​ငါ့ ခ​မည်း​တော်​ကို​လည်း​သိ​ကြ​မည်'' ဟု​ဖြေ ကြား​တော်​မူ​၏။ \p \v 20 ကိုယ်​တော်​သည်​ဤ​စ​ကား​တော်​များ​ကို​ဗိ​မာန် တော်​အ​တွင်း​အ​လှူ​ခံ​သတ္တာ​များ​ထား​ရာ​အ​ခန်း ၌ ဟော​ပြော​သွန်​သင်​စဉ်​မိန့်​တော်​မူ​သ​တည်း။ သို့ ရာ​တွင်​ကိုယ်​တော်​၏​အ​ချိန်​မ​ကျ​သေး​သ​ဖြင့် မည်​သူ​မျှ​ကိုယ်​တော်​ကို​မ​ဖမ်း​မ​ဆီး​ကြ။ \s1 ငါ​သွား​ရာ​သို့​သင်​တို့​မ​လိုက်​နိုင်​ကြ \p \v 21 ထို​မှ​တစ်​ဖန်​ကိုယ်​တော်​က ``ငါ​သည်​ထွက်​ခွာ သွား​ရ​မည်။ သင်​တို့​သည်​ငါ့​ကို​ရှာ​ကြ​လိမ့် မည်။ သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့​အ​ပြစ် ၌​သေ​ကြ​လိမ့်​မည်။ ငါ​သွား​မည့်​အ​ရပ်​သို့ သင်​တို့​မ​လိုက်​နိုင်​ကြ'' ဟု​မိန့်​တော်​မူ​၏။ \p \v 22 သို့​ဖြစ်​၍​ယု​ဒ​အာ​ဏာ​ပိုင်​များ​က ``ငါ​သွား မည့်​အ​ရပ်​သို့​သင်​တို့​မ​လိုက်​နိုင်​ကြ​ဟု​သူ ဆို​ချေ​သည်။ သူ​သည်​မိ​မိ​ကိုယ်​ကို​သတ်​၍ သေ​မည်​လော'' ဟု​ပြော​ဆို​ကြ​၏။ \p \v 23 ကိုယ်​တော်​က ``သင်​တို့​သည်​အောက်​ဘုံ​သား​များ ဖြစ်​ကြ​၏။ ငါ​မူ​ကား​အ​ထက်​ဘုံ​မှ​လာ​၏။ သင်​တို့​သည်​ဤ​လော​က​သား​များ​ဖြစ်​ကြ​၏။ ငါ​မူ​ကား​ဤ​လော​က​သား​မ​ဟုတ်။- \v 24 သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ​တို့​အ​ပြစ်​၌​သေ ကြ​လိမ့်​မည်​ဟု​ငါ​ဆို​သ​တည်း။ ငါ​သည်`ငါ​ဖြစ် သည်​အ​တိုင်း​ငါ​ဖြစ်​သည်' ကို​သင်​တို့​မ​ယုံ​ကြည် လျှင် သင်​တို့​သည်​မိ​မိ​တို့​အ​ပြစ်​၌​သေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 25 ထို​သူ​တို့​က ``သင်​သည်​အ​ဘယ်​သူ​နည်း'' ဟု မေး​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​အ​ဘယ်​သူ ဖြစ်​သည်​ကို​အ​စ​က​တည်း​က​သင်​တို့​အား ငါ​ပြော​ခဲ့​ပြီ။- \v 26 သင်​တို့​အ​ကြောင်း​နှင့်​ပတ်​သက်​၍​ငါ​ပြော​စ​ရာ များ​စွာ​ရှိ​၏။ သင်​တို့​အား​ပြစ်​တင်​ရှုတ်​ချ​စ​ရာ လည်း​များ​စွာ​ရှိ​၏။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော အ​ရှင်​သည်​သစ္စာ​တော်​အ​ရှင်​ဖြစ်​တော်​မူ​၏။ ထို အ​ရှင်​ထံ​မှ​ငါ​ကြား​ရ​သည့်​တ​ရား​ကို​သာ လျှင် ဤ​လော​က​သား​တို့​အား​ငါ​ဟော​ပြော​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 27 ကိုယ်​တော်​သည်​ခ​မည်း​တော်​ကို​ရည်​မှတ်​၍​မိန့် မြွက်​လျက်​နေ​ကြောင်း​ကို ထို​သူ​တို့​မ​သိ​ကြ။- \v 28 ထို့​ကြောင့်​ကိုယ်​တော်​က ``လူ​သား​ကို​မြေ​မှ မြှောက်​ထား​ကြ​သော​အ​ခါ​မှ​ငါ​သည်`ငါ​ဖြစ် သည်​အ​တိုင်း​ငါ​ဖြစ်​သည်' ကို​လည်း​ကောင်း၊ ငါ သည်​ကိုယ်​ပိုင်​အ​ခွင့်​အာ​ဏာ​အ​ရ​အ​ဘယ် အ​မှု​ကို​မျှ​မ​ပြု​မူ​၍ မိ​မိ​အား​ခ​မည်း​တော် သွန်​သင်​တော်​မူ​သည့်​အ​ကြောင်း​အ​ရာ​များ ကို​သာ​လျှင်​ဟော​ပြော​သွန်​သင်​သည်​ကို​လည်း ကောင်း သင်​တို့​သိ​ကြ​လိမ့်​မည်။- \v 29 ထို​မှ​တစ်​ပါး​လည်း​ငါ့​ကို​စေ​လွှတ်​တော်​မူ​သော အ​ရှင်​သည်​ငါ​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ထို​အ​ရှင် နှစ်​သက်​တော်​မူ​သော​အ​မှု​ကို​ငါ​သည်​အ​ခါ ခပ်​သိမ်း​လုပ်​ဆောင်​သည်​ဖြစ်​၍ ထို​အ​ရှင်​သည် ငါ့​အား​တစ်​ကိုယ်​တည်း​စွန့်​ပစ်​၍​ထား​တော်​မ​မူ'' ဟု​မိန့်​တော်​မူ​၏။ \p \v 30 ဤ​သို့​မိန့်​တော်​မူ​သည်​ကို​ကြား​ရ​သော​လူ အ​မြောက်​အ​မြား​ပင်​ကိုယ်​တော်​ကို​ယုံ​ကြည် လာ​ကြ​၏။ \s1 ကျွန်​များ​နှင့်​လွတ်​လပ်​သူ​များ \p \v 31 သ​ခင်​ယေ​ရှု​သည်​ယုံ​ကြည်​သူ​တို့​အား ``သင် တို့​သည်​ငါ​ဟော​ပြော​သွန်​သင်​သည်​အ​တိုင်း​ပြု ကျင့်​ကြ​လျှင် ငါ​၏​တ​ပည့်​အ​မှန်​ဖြစ်​ကြ​၏။- \v 32 သမ္မာ​တ​ရား​ကို​လည်း​သိ​သ​ဖြင့်​ထို​သမ္မာ တ​ရား​သည်​သင်​တို့​အား​လွတ်​လပ်​စေ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 33 ထို​သူ​တို့​က ``အ​ကျွန်ုပ်​တို့​သည်​အာ​ဗြ​ဟံ​၏ သား​မြေး​များ​ဖြစ်​ပါ​၏။ အ​ဘယ်​အ​ခါ​က​မျှ တစ်​ပါး​ကျွန်​မ​ဖြစ်​ခဲ့​ဘူး​ပါ။ `သင်​တို့​လွတ် လပ်​လိမ့်​မည်' ဟု​အ​ဘယ်​ကြောင့်​ဆို​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။\x + \xo 8:33 \xt မ၊ ၃:၉။ လု၊ ၃:၈။\x* \p \v 34 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား အ​ပြစ်​ကူး​သူ​တိုင်း​သည် အ​ပြစ်​၏​ကျွန်​ဖြစ်​၏။- \v 35 ကျွန်​သည်​အိမ်​မှာ​အ​စဉ်​နေ​သည်​မ​ဟုတ်၊ သား မူ​ကား​အ​စဉ်​နေ​၏။- \v 36 သို့​ဖြစ်​၍​သင်​တို့​အား​သား​တော်​က​လွတ်​လပ် စေ​လျှင် သင်​တို့​သည်​ဧ​ကန်​အ​မှန်​လွတ်​လပ် ကြ​လိမ့်​မည်။- \v 37 သင်​တို့​သည်​အာ​ဗြ​ဟံ​၏​သား​မြေး​ဖြစ်​သည်​ကို ငါ​သိ​၏။ သို့​ရာ​တွင်​သင်​တို့​သည်​ငါ​၏​သွန်​သင် ချက်​ကို​လက်​မ​ခံ​လို​သ​ဖြင့် ငါ့​ကို​သတ်​ရန် ကြိုး​စား​ကြ​၏။- \v 38 ငါ​သည်​ငါ့​ခမည်း​တော်​ထံ​မှ​သိ​ရှိ​သော​အ​ရာ များ​ကို​ဟော​ပြော​၏။ သင်​တို့​မူ​ကား​သင်​တို့ အ​ဖ​ညွှန်​ကြား​သည့်​အ​တိုင်း​ပြု​ကြ​၏'' ဟု မိန့်​တော်​မူ​၏။ \p \v 39 ထို​သူ​တို့​က ``အ​ကျွန်ုပ်​တို့​၏​အ​ဖ​သည် အာ​ဗြ​ဟံ​ဖြစ်​ပါ​၏'' ဟု​ဆို​ကြ​၏။ \p သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​အာ​ဗြ​ဟံ​၏ သား​မြေး​များ​ဖြစ်​ပါ​မူ အာ​ဗြ​ဟံ​ကဲ့​သို့ ပြု​ကျင့်​ကြ​လိမ့်​မည်။- \v 40 ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကြား​နာ​ခဲ့​ရ​သည့် သမ္မာ​တ​ရား​ကို သင်​တို့​အား​ဟော​ပြော​သူ​ငါ့ ကို​သတ်​ရန်​သင်​တို့​ကြံ​စည်​လျက်​နေ​ကြ​၏။ အာ​ဗြ​ဟံ​ကား​ဤ​သို့​မ​ကျင့်​ခဲ့။- \v 41 သင်​တို့​သည်​သင်​တို့​အ​ဖ​ကဲ့​သို့​ကျင့်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ \p ထို​သူ​တို့​က ``အ​ကျွန်ုပ်​တို့​သည်​ဖ​ခင်​မဲ့​မွေး သော​သား​များ​မ​ဟုတ်။ အ​ကျွန်ုပ်​တို့​မှာ​ဘု​ရား သ​ခင်​တည်း​ဟူ​သော​ဖ​ခင်​တစ်​ပါး​တည်း​ရှိ​၏'' ဟု​ဆို​ကြ​၏။ \p \v 42 သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​သည်​သင်​တို့​၏ အ​ဖ​ဖြစ်​ပါ​မူ သင်​တို့​သည်​ငါ့​ကို​ချစ်​ကြ​လိမ့် မည်။ ငါ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​လာ​၍ ယ​ခု​ဤ​အ​ရပ်​သို့​ရောက်​ရှိ​နေ​၏။ ကိုယ်​ပိုင် အ​ခွင့်​အာ​ဏာ​အ​ရ​လာ​သည်​မ​ဟုတ်။ ကိုယ် တော်​သည်​ငါ့​ကို​စေ​လွှတ်​တော်​မူ​၏။- \v 43 ငါ​ဟော​ပြော​သည့်​တ​ရား​ကို​အ​ဘယ်​ကြောင့် သင်​တို့​နား​မ​လည်​ကြ​သ​နည်း။ သင်​တို့​တွင် ငါ​၏​တ​ရား​ကို နာ​ယူ​နိုင်​စွမ်း​မ​ရှိ​သော​ကြောင့် ပင်​ဖြစ်​၏။- \v 44 သင်​တို့​၏​အ​ဖ​သည်​မာရ်​နတ်​ဖြစ်​၏။ သို့​ဖြစ်​၍ သင်​တို့​အ​ဖ​၏​အ​လို​သို့​လိုက်​၍​သင်​တို့​ပြု ကြ​၏။ မာရ်​နတ်​သည်​အ​စ​က​ပင်​လျှင်​လူ သတ်​သ​မား​ဖြစ်​၏။ သူ​သည်​သမ္မာ​တ​ရား ကင်း​မဲ့​သူ​ဖြစ်​၍​သမ္မာ​တ​ရား​တွင်​မ​ကျင် လည်၊ လိမ်​လည်​ပြော​ဆို​တတ်​သူ​ဖြစ်​၏။ သူ သည်​ကား​မု​သား​၏​အ​ဖ​ဖြစ်​၍ မိ​မိ​ပင်​ကို ဇာ​တိ​သ​ဘော​အ​ရ​မု​သား​ကို​ပြော​တတ်​၏။- \v 45 ငါ​သည်​သစ္စာ​စ​ကား​ကို​ပြော​သော​ကြောင့်​သင် တို့​ငါ့​ကို​မ​ယုံ​ကြ။- \v 46 ငါ​သည်​အ​ပြစ်​ကူး​သူ​ဖြစ်​ကြောင်း​အ​ဘယ် သူ​သက်​သေ​ပြ​နိုင်​သ​နည်း။ ငါ​သည်​သစ္စာ​စ​ကား ကို​ပြော​ဆို​လျှင်​အ​ဘယ်​ကြောင့်​သင်​တို့​မ​ယုံ ကြ​သ​နည်း။- \v 47 ဘု​ရား​သ​ခင်​၏​ထံ​မှ​ဖြစ်​ပွား​သူ​သည်​ဘု​ရား သ​ခင်​၏​စ​ကား​တော်​ကို​နား​ထောင်​တတ်​၏။ သင် တို့​သည်​ဘု​ရား​သ​ခင်​၏​ထံ​မှ​ဖြစ်​ပွား​သူ များ​မ​ဟုတ်​သော​ကြောင့်​နား​မ​ထောင်​ကြ'' ဟု မိန့်​တော်​မူ​၏။ \s1 သ​ခင်​ယေ​ရှု​နှင့်​အာ​ဗြ​ဟံ \p \v 48 သူ​တို့​က ``သင်​သည်​ရှ​မာ​ရိ​အ​မျိုး​သား​ဖြစ် သည်​ဟူ​၍​လည်း​ကောင်း၊ နတ်​မိစ္ဆာ​စွဲ​ကပ်​သူ​ဖြစ် သည်​ဟူ​၍​လည်း​ကောင်း​ငါ​တို့​စွပ်​စွဲ​သည်​မှာ မ​မှန်​ပါ​လော'' ဟု​ဆို​ကြ​၏။ \p \v 49 သ​ခင်​ယေ​ရှု​က ``ငါ​သည်​နတ်​မိစ္ဆာ​စွဲ​ကပ်​သူ မ​ဟုတ်။ ငါ​သည်​ငါ့​ခ​မည်း​တော်​ကို​ချီး​မြှောက် ၏။ သင်​တို့​ကား​ငါ့​ကို​ရှုတ်​ချ​ကြ​၏။- \v 50 ငါ​သည်​မိ​မိ​ဘုန်း​အ​သ​ရေ​ကို​မ​ရှာ။ ငါ့ ဘုန်း​အ​သ​ရေ​ကို​ရှာ​၍​ငါ့​ဘက်​မှ​စစ်​ကြော စီ​ရင်​တော်​မူ​သော​အ​ရှင်​တစ်​ပါး​ရှိ​၏။- \v 51 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​ငါ့ စ​ကား​ကို​နာ​ယူ​သူ​သည် အ​ဘယ်​အ​ခါ​မျှ သေ​ဘေး​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု မိန့်​တော်​မူ​၏။ \p \v 52 ယု​ဒ​အ​မျိုး​သား​တို့​က ``သင်​သည်​နတ်​မိစ္ဆာ စွဲ​ကပ်​နေ​သူ​ဖြစ်​ကြောင်း​ယ​ခု​အ​ခါ​ငါ​တို့ သိ​ကြ​ပါ​ပြီ။ အာ​ဗြ​ဟံ​ကား​သေ​လွန်​လေ ပြီ။ ပ​ရော​ဖက်​များ​သည်​လည်း​ထို့​အ​တူ​ပင်။ သို့​ပါ​လျက်​သင်​က `ငါ​၏​စ​ကား​ကို​နာ​ယူ သူ​သည်​အ​ဘယ်​အ​ခါ​မျှ​သေ​ရ​လိမ့်​မည် မ​ဟုတ်' ဟု​ဆို​ချေ​သည်။- \v 53 သင်​သည်​သေ​လွန်​သူ​ငါ​တို့​၏​အ​ဖ​အာ​ဗြ​ဟံ ထက်​ပင်​ကြီး​မြတ်​ပါ​သ​လော။ ပ​ရော​ဖက်​တို့ သည်​လည်း​သေ​လွန်​လေ​ပြီ။ သင်​သည်​မိ​မိ​ကိုယ် ကို​အ​ဘယ်​သူ​ဟု​ထင်​မှတ်​ပါ​သ​နည်း'' ဟု မေး​ကြ​၏။ \p \v 54 သ​ခင်​ယေ​ရှု​က ``ငါ​သည်​မိ​မိ​ကိုယ်​ကို​ချီး မြှောက်​ပါ​မူ​ငါ​၏​ဘုန်း​အ​သ​ရေ​သည်​အ​ချည်း နှီး​ပင်​ဖြစ်​၏။ ငါ့​ကို​ချီး​မြှောက်​သူ​ကား​ငါ​၏ ခ​မည်း​တော်​တည်း။ ထို​အ​ရှင်​ကို​သင်​တို့​၏ ဘု​ရား​သ​ခင်​ဟု​ဆို​ကြ​၏။- \v 55 သို့​သော်​လည်း​ထို​အ​ရှင်​ကို​သင်​တို့​မ​သိ​ကြ။ ငါ​မူ​ကား​သိ​၏။ အ​ကယ်​၍​ငါ​မ​သိ​ဟု​ဆို လျှင်​ငါ​သည်​သင်​တို့​နည်း​တူ​လိမ်​လည်​ပြော ဆို​သူ​ဖြစ်​ပေ​အံ့။ ငါ​သည်​ခ​မည်း​တော်​ကို အ​ကယ်​ပင်​သိ​၍​ကိုယ်​တော်​၏​စ​ကား​ကို နား​ထောင်​၏။- \v 56 သင်​တို့​အ​ဖ​အာ​ဗြ​ဟံ​သည်​ငါ​ကြွ​လာ မည့်​ခေတ်​ကာ​လ​နှင့်​ကြုံ​ကြိုက်​ရ​မည်​ဖြစ် ၍​နှစ်​ထောင်း​အား​ရ​၏။ ထို​ခေတ်​ကာ​လ​နှင့် ကြုံ​ကြိုက်​ရ​သော​အ​ခါ​၌​လည်း​ရွှင်​လန်း ဝမ်း​မြောက်​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 57 ယု​ဒ​အ​မျိုး​သား​တို့​က ``သင်​သည်​အ​သက် ငါး​ဆယ်​မျှ​ပင်​မ​ရှိ​သေး။ အ​ဘယ်​သို့​လျှင် အာ​ဗြ​ဟံ​ကို​မြင်​ဖူး​နိုင်​ပါ​မည်​နည်း'' ဟု ဆို​ကြ​၏။ \p \v 58 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား​အာ​ဗြ​ဟံ​မ​မွေး​ဖွား​မီ​က ပင်​ငါ​ရှိ​နှင့်​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 59 ထို​သူ​တို့​သည်​သ​ခင်​ယေ​ရှု​ကို​ပေါက်​ရန် ကျောက်​ခဲ​များ​ကောက်​ကြ​၏။ သို့​ရာ​တွင် ကိုယ်​တော်​သည်​တိမ်း​ရှောင်​၍​ဗိ​မာန်​တော်​မှ ထွက်​ခွာ​သွား​တော်​မူ​၏။ \c 9 \s1 ဝမ်း​တွင်း​ပါ​မျက်​မ​မြင်​တစ်​ဦး​ကို မျက်​စိ​မြင်​စေ​တော်​မူ​ခြင်း \p \v 1 ကိုယ်​တော်​သည်​လမ်း​လျှောက်​၍​ကြွ​တော်​မူ​စဉ် ဝမ်း​တွင်း​ပါ​မျက်​မ​မြင်​တစ်​ဦး​ကို​တွေ့​ရှိ တော်​မူ​၏။- \v 2 တ​ပည့်​တော်​တို့​က ``အ​ရှင်​ဘု​ရား၊ ဤ​သူ​မျက်​စိ မ​မြင်​သည်​မှာ​မိ​မိ​၏​အ​ပြစ်​ကြောင့်​လော၊ မိ​ဘ တို့​၏​အ​ပြစ်​ကြောင့်​လော'' ဟု​မေး​လျှောက်​ကြ​၏။ \p \v 3 သ​ခင်​ယေ​ရှု​က ``သူ​၏​အ​ပြစ်​ကြောင့်​မ​ဟုတ်၊ မိ​ဘ​တို့​၏​အ​ပြစ်​ကြောင့်​လည်း​မ​ဟုတ်။ သူ မျက်​စိ​မ​မြင်​ရ​ခြင်း​မှာ ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော် သူ​၌​ထင်​ရှား​လာ​စေ​ရန်​ပင် ဖြစ်​၏။- \v 4 ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​မှု တော်​မြတ်​ကို​နေ့​အ​ချိန်​၌​ငါ​တို့​လုပ်​ဆောင် ကြ​ရ​မည်။ အ​ဘယ်​သူ​မျှ​မ​လုပ်​ဆောင်​နိုင် သည့်​ညဥ့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။- \v 5 ငါ​သည်​ဤ​လော​က​မှာ​ရှိ​နေ​စဉ်​လော​က ၏​အ​လင်း​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။\x + \xo 9:5 \xt မ၊ ၅:၁၄။ ယော၊ ၈:၁၂။\x* \p \v 6 ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​သည် မြေ​ပေါ်​သို့​တံ​တွေး​ထွေး​၍​ရွှံ့​ပြု​လုပ်​တော် မူ​၏။ မျက်​မ​မြင်​၏​မျက်​စိ​ကို​ရွှံ့​နှင့်​လူး​၍၊- \v 7 ``သွား​လော့၊ ရှိ​လောင်​ရေ​ကန်​တွင် ဆေး​လော့'' ဟု မိန့်​တော်​မူ​၏။ (ရှိ​လောင်​၏​အ​နက်​ကား ``စေ​လွှတ် သည်'' ဟု​ဆို​လို​သ​တည်း။) ထို​သူ​သည်​သွား​၍ မျက်​စိ​ကို​ဆေး​ပြီး​နောက်​မျက်​စိ​မြင်​လျက် ပြန်​လာ​၏။ \p \v 8 သူ​သည်​သူ​တောင်း​စား​ဖြစ်​သ​ဖြင့်​ယ​ခင်​က သူ့​ကို​မြင်​ဖူး​သူ​များ​နှင့်​အိမ်​နီး​ချင်း​များ က ``ဤ​သူ​သည်​ထိုင်​၍​ကြေး​ငွေ​တောင်း​ခံ​လေ့ ရှိ​သူ​မ​ဟုတ်​ပါ​လော'' ဟု​ဆို​ကြ​၏။ \p \v 9 လူ​အ​ချို့​တို့​က ``ဟုတ်​ပါ​သည်'' ဟူ​၍​လည်း​ကောင်း၊ အ​ချို့​က ``ထို​သူ​မ​ဟုတ်၊ ထို​လူ​နှင့်​တူ​သူ​ဖြစ်​၏'' ဟူ​၍​လည်း​ကောင်း​ဆို​ကြ​၏။ \p သူ​ကိုယ်​တိုင်​က​မူ ``အ​ကျွန်ုပ်​သည်​ထို​သူ​ပင်​တည်း'' ဟု​ဆို​၏။ \p \v 10 လူ​တို့​က ``သင်​အ​ဘယ်​သို့​မျက်​စိ​မြင်​လာ သ​နည်း'' ဟု​မေး​ကြ​၏။ \p \v 11 ထို​သူ​က ``ယေ​ရှု​ဆို​သူ​သည်​ရွှံ့​အ​နည်း​ငယ်​လုပ် ၍​အ​ကျွန်ုပ်​၏​မျက်​စိ​ကို​လူး​ပြီး​လျှင် အ​ကျွန်ုပ် အား​ရှိ​လောင်​ရေ​ကန်​သို့​သွား​၍​မျက်​စိ​ကို​ဆေး ခိုင်း​ပါ​၏။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည်​သွား​၍​ဆေး လိုက်​ရာ မျက်​စိ​မြင်​လာ​ပါ​သည်'' ဟု​ပြန်​ပြော​၏။ \p \v 12 လူ​တို့​က ``ထို​သူ​သည်​အ​ဘယ်​မှာ​နည်း'' ဟု မေး​လျှင်၊ \p သူ​တောင်း​စား​က ``အ​ကျွန်ုပ်​မ​သိ​ပါ'' ဟု​ဆို​၏။ \s1 မျက်​စိ​ကု​သ​မှု​အ​ကြောင်း​ဖာ​ရိ​ရှဲ​တို့​စစ်​ဆေး​ခြင်း \p \v 13 လူ​တို့​သည်​ယ​ခင်​က​မျက်​မ​မြင်​ဖြစ်​ခဲ့​သူ​ကို ဖာ​ရိ​ရှဲ​တို့​ထံ​သို့​ခေါ်​ခဲ့​ကြ​၏။- \v 14 သ​ခင်​ယေ​ရှု​ရွှံ့​ဖြင့်​ပြု​လုပ်​၍​ထို​သူ​ကို​မျက်​စိ မြင်​စေ​တော်​မူ​သော​နေ့​ကား​ဥပုသ်​နေ့​ဖြစ်​သ​တည်း။- \v 15 ဖာ​ရိ​ရှဲ​တို့​သည်​ထို​သူ​မျက်​စိ​အ​လင်း​ရ​ရှိ လာ​ပုံ​ကို​မေး​မြန်း​ကြ​၏။ ထို​သူ​က ``သူ​သည် အ​ကျွန်ုပ်​၏​မျက်​စိ​ကို​ရွှံ့​နှင့်​လူး​ပေး​ပါ​၏။ ထို​နောက်​အ​ကျွန်ုပ်​သည်​မျက်​စိ​ကို​ဆေး​လိုက် ရာ​မျက်​စိ​မြင်​လာ​ပါ​သည်'' ဟု​ဆို​၏။ \p \v 16 အ​ချို့​သော​ဖာ​ရိ​ရှဲ​တို့​က ``ထို​သူ​သည်​ဥ​ပုသ် မ​စောင့်​သ​ဖြင့်​ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ သူ​မ​ဟုတ်'' ဟု​ဆို​ကြ​၏။ \p အ​ချို့​က​မူ ``အ​ပြစ်​ကူး​သူ​တစ်​စုံ​တစ်​ယောက် သည်​အ​ဘယ်​သို့​လျှင် ဤ​သို့​သော​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။ ဤ​သို့​လျှင်​ထို​သူ​တို့​သည် အ​ချင်း​ချင်း​စိတ်​သ​ဘော​ကွဲ​လွဲ​လျက်​နေ ကြ​၏။ \p \v 17 ထို့​ကြောင့်​ဖာ​ရိ​ရှဲ​တို့​သည် မျက်​မ​မြင်​ဖြစ်​ခဲ့​ဖူး သူ​အား ``သင့်​ကို​မျက်​စိ​မြင်​စေ​သူ​သည်​အ​ဘယ် သို့​သော​သူ​ဖြစ်​သ​နည်း'' ဟု​တစ်​ဖန်​မေး​ပြန် ကြ​၏။ \p ထို​သူ​က ``ပ​ရော​ဖက်​ဖြစ်​ပါ​၏'' ဟု​ဖြေ​ကြား​၏။ \p \v 18 သို့​ရာ​တွင်​ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ယ​ခင်​က ထို​သူ​မျက်​မ​မြင်​ဖြစ်​ခဲ့​သည်​ကို​လည်း​ကောင်း၊ ယ​ခု​မျက်​စိ​မြင်​လာ​သည်​ကို​လည်း​ကောင်း မ​ယုံ​သ​ဖြင့် သူ့​မိ​ဘ​တို့​ကို​ခေါ်​၍​မေး​ကြ​၏။- \v 19 သူ​တို့​က ``ဤ​သူ​သည်​သင်​တို့​၏​သား​လော။ သင် တို့​ပြော​သည်​အ​တိုင်း​ဝမ်း​တွင်း​ပါ​မျက်​မ​မြင် လော။ သို့​မှန်​လျှင်​သူ​သည်​အ​ဘယ်​သို့​ယ​ခု မျက်​စိ​မြင်​သ​နည်း'' ဟု​မေး​ကြ​၏။ \p \v 20 မိ​ဘ​တို့​က ``ဤ​သူ​သည်​အ​ကျွန်ုပ်​တို့​၏ သား​မှန်​ပါ​၏။ ဝမ်း​တွင်း​ပါ​မျက်​မ​မြင်​ဖြစ် ကြောင်း​လည်း​မှန်​ပါ​၏။- \v 21 သို့​ရာ​တွင်​အ​ဘယ်​နည်း​ဖြင့်​သူ့​မျက်​စိ​မြင် လာ​သည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ပါ။ သူ့​အား အဘယ်​သူ​မျက်​စိ​မြင်​စေ​သည်​ကို​လည်း​မ​သိ ပါ။ သူ​သည်​အ​ရွယ်​ရောက်​ပါ​ပြီ။ သူ့​အား​မေး ပါ။ သူ့​အ​ကြောင်း​ကို​သူ​ကိုယ်​တိုင်​ပြော​ပြ နိုင်​ပါ​လိမ့်​မည်'' ဟု​ဖြေ​ကြား​ကြ​၏။- \v 22 ဤ​သို့​ဖြေ​ကြား​ကြ​ခြင်း​မှာ​ယု​ဒ​အာ​ဏာ ပိုင်​တို့​ကို​ကြောက်​သော​ကြောင့်​ဖြစ်​၏။ ကိုယ်​တော် အား​မေ​ရှိ​ယ​အ​ဖြစ်​ဖြင့်​အ​သိ​အ​မှတ်​ပြု သူ​မှန်​သ​မျှ​အား တ​ရား​ဇ​ရပ်​မှ​ထုတ်​ပယ်​ရန် ယု​ဒ​အာ​ဏာ​ပိုင်​တို့​သ​ဘော​တူ​ဆုံး​ဖြတ် ထား​ပြီး​ဖြစ်​သ​တည်း။- \v 23 ထို့​ကြောင့်​မိ​ဘ​တို့​က ``သူ​သည်​အ​ရွယ်​ရောက် ပြီ​ဖြစ်​၍​သူ့​အား​မေး​ပါ'' ဟု​ဆို​ကြ​ခြင်း ဖြစ်​၏။ \p \v 24 ဖာ​ရိ​ရှဲ​တို့​သည်​မျက်​မ​မြင်​ဖြစ်​ခဲ့​ဖူး​သူ​ကို ဒု​တိ​ယ​အ​ကြိမ်​ခေါ်​ပြီး ``ဘု​ရား​သ​ခင်​ရှေ့ တွင်​ဟုတ်​မှန်​ရာ​ကို​ပြော​ပါ​လော့။ သင့်​အား မျက်​စိ​မြင်​စေ​သော​သူ​သည်​အ​ပြစ်​ကူး​သူ ဖြစ်​ကြောင်း​ငါ​တို့​သိ​ကြ​၏'' ဟု​ဆို​၏။ \p \v 25 ထို​သူ​က ``ဤ​သူ​သည်​အ​ပြစ်​ကူး​သူ​ဖြစ်​သည် မ​ဖြစ်​သည်​ကို​အ​ကျွန်ုပ်​မ​သိ​ပါ။ အ​ကျွန်ုပ်​သည် ယ​ခင်​က​မျက်​စိ​ကွယ်​၍​ယ​ခု​မျက်​စိ​မြင်​လာ သည်​ကို​သာ​လျှင်​သိ​ပါ​၏'' ဟု​ပြော​၏။ \p \v 26 ထို​သူ​တို့​က ``သူ​သည်​သင့်​ကို​မည်​သို့​ပြု သ​နည်း။ အ​ဘယ်​သို့​သင်​၏​မျက်​စိ​ကို​မြင် စေ​သ​နည်း'' ဟု​မေး​ကြ​၏။ \p \v 27 ထို​သူ​က ``သင်​တို့​အား​အ​ကျွန်ုပ်​တစ်​ကြိမ် ဖော်​ပြ​ပြီး​ပါ​ပြီ။ သင်​တို့​နား​မ​ထောင်​ကြ။ အ​ဘယ်​ကြောင့်​ထပ်​၍​ကြား​လို​ကြ​ပါ​သ​နည်း။ သင်​တို့​သည်​လည်း​သူ​၏​တ​ပည့်​ဖြစ်​လို​ကြ ပါ​သ​လော'' ဟု​ပြန်​၍​မေး​၏။ \p \v 28 ထို​သူ​တို့​က​သူ့​အား ``သင်​သာ​လျှင်​သူ့​တ​ပည့် ဖြစ်​၏။ ငါ​တို့​ကား​မော​ရှေ​၏​တ​ပည့်​များ​ဖြစ်​၏။- \v 29 ဘု​ရား​သ​ခင်​သည်​မော​ရှေ​အား​ဗျာ​ဒိတ်​ပေး တော်​မူ​ခဲ့​ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။ ဤ​သူ သည်​အ​ဘယ်​က​လာ​သည်​ကို​ပင်​ငါ​တို့​မ​သိ ကြ'' ဟု​ဆို​ကြ​၏။ \p \v 30 မျက်​မ​မြင်​ဖြစ်​ခဲ့​ဖူး​သူ​က ``သူ​သည်​အ​ကျွန်ုပ် အား​မျက်​စိ​မြင်​စေ​သူ​ဖြစ်​ပါ​၏။ သို့​ပါ​လျက် သင်​တို့​သည် ထို​သူ​အ​ဘယ်​က​လာ​သည်​ကို မ​သိ​ကြ​သည်​မှာ​အံ့​သြ​ဖွယ်​ကောင်း​လေ​စွ။- \v 31 ဘု​ရား​သ​ခင်​သည်​အ​ပြစ်​ကူး​သူ​တို့​၏​ဆု တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မ​မူ​ပါ။ ကိုယ် တော်​အား​ကိုင်း​ရှိုင်း​ရို​သေ​လျက်​အ​လို​တော် အ​တိုင်း လုပ်​ဆောင်​သော​သူ​၏​ဆု​တောင်း​ပတ္ထ​နာ ကို​သာ​နား​ညောင်း​တော်​မူ​ပါ​၏။- \v 32 ဝမ်း​တွင်း​ပါ​မျက်​မ​မြင်​ကို​တစ်​စုံ​တစ်​ယောက် က​မျက်​စိ​မြင်​စေ​နိုင်​သည်​ဟူ​၍ ကမ္ဘာ​ဦး​မှ​စ ၍​အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြား​စ​ဖူး။- \v 33 ဤ​သူ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကြွ​လာ သူ​မ​ဟုတ်​လျှင် အ​ဘယ်​အ​မှု​ကို​မျှ​မ​တတ် နိုင်​ပါ'' ဟု​ဆို​၏။ \p \v 34 ထို​သူ​တို့​က ``သင်​သည်​ဝမ်း​တွင်း​ပါ​အ​ပြစ် နှင့်​ကြီး​ပြင်း​လာ​သူ​ဖြစ်​ပါ​လျက် ငါ​တို့​အား သွန်​သင်​နေ​ပါ​သ​လော'' ဟု​ဆို​၍​တ​ရား ဇ​ရပ်​မှ​နှင်​ထုတ်​လိုက်​ကြ​၏။ \s1 ဝိ​ညာဉ်​မျက်​စိ​ကွယ်​ခြင်း \p \v 35 ဤ​သို့​နှင်​ထုတ်​လိုက်​ကြောင်း​ကို​သ​ခင်​ယေ​ရှု ကြား​တော်​မူ​ပြီး​နောက် ထို​သူ​ကို​တွေ့​တော်​မူ လျှင် ``သင်​သည်​လူ​သား​ကို​ယုံ​ကြည်​ပါ သ​လော'' ဟု​မေး​တော်​မူ​၏။ \p \v 36 ထို​သူ​က ``အ​ရှင်၊ လူ​သား​ကား​အ​ဘယ်​သူ​ဖြစ် ပါ​သ​နည်း။ အ​ကျွန်ုပ်​ယုံ​နိုင်​ရန်​လူ​သား​သည် မည်​သူ​နည်း'' ဟု​လျှောက်​၏။ \p \v 37 သ​ခင်​ယေ​ရှု​က ``သူ့​ကို​သင်​မြင်​ဖူး​၏။ သူ​သည် ကား​ယ​ခု​သင်​နှင့်​စ​ကား​ပြော​နေ​သူ​ပင်​တည်း'' ဟု​မိန့်​တော်​မူ​၏။ \p \v 38 မျက်​မ​မြင်​ဖြစ်​ခဲ့​ဖူး​သူ​က ``အ​ရှင်၊ အ​ကျွန်ုပ် ယုံ​ကြည်​ပါ​၏'' ဟု​ဆို​၍​ကိုယ်​တော်​အား​ပျပ်​ဝပ် ရှိ​ခိုး​လေ​၏။ \p \v 39 သ​ခင်​ယေ​ရှု​က ``မျက်​မ​မြင်​တို့​မျက်​စိ​မြင် ကြ​စေ​ရန်​နှင့် မျက်​စိ​မြင်​သူ​တို့​မျက်​စိ​အ​လင်း ကွယ်​ကြ​စေ​ရန်​စီ​ရင်​ချ​မှတ်​အံ့​သော​ငှာ ဤ လော​က​သို့​ငါ​ကြွ​လာ​ခြင်း​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။ \p \v 40 ကိုယ်​တော်​၏​အ​နီး​တွင်​ရှိ​နေ​ကြ​သော​ဖာ​ရိ​ရှဲ တို့​သည်​ထို​စ​ကား​တော်​ကို​ကြား​သ​ဖြင့် ``အ​ကျွန်ုပ် တို့​သည်​လည်း​မျက်​မ​မြင်​များ​ဖြစ်​သည်​ဟု​ဆို​လို ပါ​သ​လော'' ဟု​မေး​ကြ​၏။ \p \v 41 သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​မျက်​မ​မြင်​များ ဖြစ်​ပါ​မူ​အ​ပြစ်​ရှိ​ကြ​မည်​မ​ဟုတ်။ ယ​ခု​မူ ကား​သင်​တို့​က `ငါ​တို့​သည်​မျက်​စိ​မြင်​ပါ​သည်' ဟု​ဆို​ကြ​သ​ဖြင့် သင်​တို့​တွင်​အ​ပြစ်​ရှိ​လျက် နေ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။ \c 10 \s1 သိုး​ထိန်း​ပုံ​ဥ​ပ​မာ \p \v 1 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား သိုး​ခြံ​ထဲ​သို့​တံ​ခါး​ပေါက် က​မ​ဝင်​ဘဲ အ​ခြား​နည်း​ဖြင့်​ကျော်​ဝင်​သူ သည်​သူ​ခိုး​ဋ္ဌား​ပြ​ဖြစ်​၏။- \v 2 တံ​ခါး​ပေါက်​က​ဝင်​သူ​မူ​ကား​သိုး​ထိန်း​ဖြစ်​၏။- \v 3 သိုး​ထိန်း​အား​တံ​ခါး​စောင့်​သည်​တံ​ခါး​ဖွင့်​၍ ပေး​တတ်​၏။ သိုး​တို့​သည်​သူ​၏​အ​သံ​ကို​နား ထောင်​တတ်​ကြ​၏။ သူ​သည်​သိုး​တို့​ကို​နာ​မည် ဖြင့်​ခေါ်​၍​သိုး​ခြံ​မှ​ထုတ်​ဆောင်​တတ်​၏။- \v 4 သိုး​တို့​ကို​ထုတ်​ပြီး​လျှင်​သိုး​တို့​၏​အ​ရှေ့​က ဦး​ဆောင်​၍​သွား​တတ်​၏။ သိုး​တို့​သည်​သူ့​အ​သံ ကို​သိ​သ​ဖြင့်​နောက်​က​လိုက်​ကြ​၏။- \v 5 သိုး​တို့​သည်​သူ​စိမ်း​၏​နောက်​သို့​မူ​လိုက်​လိမ့်​မည် မ​ဟုတ်။ သူ​စိမ်း​၏​အ​သံ​ကို​မ​သိ​သ​ဖြင့်​သူ့ ထံ​မှ​ထွက်​ပြေး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 6 သ​ခင်​ယေ​ရှု​သည်​ဤ​ပုံ​ဥ​ပ​မာ​ကို​ထို​သူ​တို့ အား​မိန့်​တော်​မူ​သော်​လည်း သူ​တို့​သည်​ပုံ​ဥ​ပ​မာ တော်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​နား​မ​လည်​ကြ။ \s1 သိုး​ထိန်း​ကောင်း​ဖြစ်​တော်​မူ​သော သ​ခင်​ယေ​ရှု \p \v 7 ထို့​ကြောင့်​တစ်​ဖန်​သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန် သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​သည်​သိုး​တို့​ဝင် သော​တံ​ခါး​ပေါက်​ဖြစ်​၏။- \v 8 ငါ့​ရှေ့​တွင်​ရောက်​ရှိ​လာ​သူ​အား​လုံး​သည်​သူ​ခိုး ဋ္ဌား​ပြ​များ​ဖြစ်​ကြ​၏။ သို့​ရာ​တွင်​သိုး​တို့​သည် ထို​သူ​တို့​၏​စ​ကား​ကို​နား​မ​ထောင်​ကြ။- \v 9 ငါ​သည်​တံ​ခါး​ပေါက်​ဖြစ်​၏။ ထို​တံ​ခါး​ပေါက် ဖြင့်​ဝင်​သူ​သည် ဘေး​နှင့်​ကင်း​လွတ်​၍​ဝင်​ထွက် သွား​လာ​လျက်​ကျက်​စား​ရာ​ကို​တွေ့​ရ​လိမ့်​မည်။- \v 10 သူ​ခိုး​သည်​ခိုး​ယူ​သတ်​ဖြတ်​ဖျက်​ဆီး​ရန်​သာ လာ​၏။ ငါ​မူ​ကား​သင်​တို့​အ​သက်​ရှင်​ကြ​စေ​ရုံ မျှ​သာ​မ​က ကြွယ်​ဝ​ပြည့်​စုံ​သော​အ​သက်​ကို ရှင်​နိုင်​ကြ​စေ​ရန်​လာ​သ​တည်း။ \p \v 11 ``ငါ​သည်​သိုး​ထိန်း​ကောင်း​ဖြစ်​၏။ သိုး​ထိန်း​ကောင်း သည်​သိုး​များ​အ​တွက် အ​သက်​ကို​စွန့်​တတ်​၏။- \v 12 သူ​ငှား​သည်​သိုး​ထိန်း​မ​ဟုတ်။ သိုး​ရှင်​လည်း​မ​ဟုတ် သ​ဖြင့် ဝံ​ပု​လွေ​လာ​သည်​ကို​မြင်​လျှင် သိုး​တို့​ကို စွန့်​၍​ထွက်​ပြေး​တတ်​၏။ သို့​ဖြစ်​၍​ဝံ​ပု​လွေ​သည် သိုး​တို့​ကို​ကိုက်​ဖမ်း​၍​က​စဥ့်​က​ရဲ​ဖြစ်​စေ တတ်​၏။- \v 13 သူ​ငှား​သည်​သူ​ငှား​ဖြစ်​သည့်​အ​လျောက် သိုး​တို့ ကို​ဂ​ရု​မ​စိုက်​ဘဲ​ထွက်​ပြေး​တတ်​၏။- \v 14-15 ငါ​သည်​သိုး​ထိန်း​ကောင်း​ဖြစ်​၏။ ခ​မည်း​တော်​သည် ငါ့​ကို​သိ​တော်​မူ​၍ ငါ​သည်​လည်း​ခ​မည်း​တော် ကို​သိ​သ​ကဲ့​သို့ ငါ​သည်​သိုး​တို့​ကို​သိ​၍​သိုး တို့​သည်​လည်း​ငါ့​ကို​သိ​ကြ​၏။ ငါ​သည်​သိုး​များ အ​တွက်​အ​သက်​ကို​စွန့်​၏။-\x + \xo 10:14-15 \xt မ၊ ၁၁:၂၇။ လု၊ ၁၀:၂၂။\x* \v 16 ဤ​သိုး​ခြံ​သို့​မ​ဝင်​သည့်​အ​ခြား​သိုး​များ​ကို လည်း​ငါ​ပိုင်​သေး​၏။ ထို​သိုး​တို့​ကို​ငါ​ဆောင်​သွင်း ရ​ဦး​မည်။ သူ​တို့​သည်​ငါ့​စ​ကား​ကို​နား​ထောင် ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သိုး​အုပ်​တစ်​အုပ်၊ သိုး​ထိန်း တစ်​ပါး​တည်း​ဖြစ်​လိမ့်​မည်။ \p \v 17 ``ငါ​သည်​အ​သက်​ကို တစ်​ဖန်​ပြန်​လည်​ရ​ရှိ​စေ ရန် ကိုယ့်​အ​သက်​ကို​စွန့်​သော​ကြောင့်​ခ​မည်း​တော် သည်​ငါ့​ကို​ချစ်​တော်​မူ​၏။- \v 18 အ​ဘယ်​သူ​မျှ​ငါ့​အသက်​ကို​စွန့်​စေ​သည်​မ​ဟုတ်။ ငါ့​အ​လို​အ​လျောက်​စွန့်​ခြင်း​ဖြစ်​၏။ ငါ့​မှာ အ​သက်​ကို​စွန့်​ပိုင်​ခွင့်၊ ပြန်​ယူ​ပိုင်​ခွင့်​ရှိ​၏။ ဤ သို့​ပြု​ရန်​ခ​မည်း​တော်​က​ငါ့​အား​စေ​ခိုင်း တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 19 ဤ​သို့​မိန့်​တော်​မူ​သော​ကြောင့်​လူ​တို့​သည် စိတ် သ​ဘော​ကွဲ​လွဲ​သွား​ကြ​ပြန်​၏။- \v 20 လူ​အ​ချို့​တို့​က ``ဤ​သူ​သည်​နတ်​မိစ္ဆာ​စွဲ​ကပ် သော​သူ​ရူး​ဖြစ်​၏။ အ​ဘယ်​ကြောင့်​သူ့​စ​ကား ကို​သင်​တို့​နား​ထောင်​ကြ​သ​နည်း'' ဟု​ဆို​ကြ ၏။ \p \v 21 သို့​ရာ​တွင်​အ​ခြား​သူ​တို့​က ``နတ်​မိစ္ဆာ​စွဲ​ကပ်​သူ သည် ဤ​သို့​သော​စ​ကား​ကို​မ​ပြော​မ​ဆို​နိုင်​ရာ။ နတ်​မိစ္ဆာ​စွဲ​ကပ်​သူ​သည်​အ​ဘယ်​သို့​လျှင် မျက်​မ မြင်​များ​ကို​မျက်​စိ​မြင်​စေ​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။ \s1 ကိုယ်​တော်​အား​ယု​ဒ​အ​မျိုး​သား​တို့ ပစ်​ပယ်​ကြ​ခြင်း \p \v 22 ထို​အ​ချိန်​၌​ယေ​ရု​ရှ​လင်​မြို့​တွင် ဗိ​မာန်​တော်​ကို ဆက်​ကပ်​သည့်​ပွဲ​တော်​ကျ​ရောက်​လျက်​ရှိ​၏။ ထို အ​ခါ​ကား​ဆောင်း​ရာ​သီ​ဖြစ်​၏။- \v 23 သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​ရှိ​ရှော​လ​မုန် မုခ်​တွင် စင်္ကြံ​သွား​လျက်​နေ​တော်​မူ​၏။- \v 24 ထို​အ​ခါ​လူ​တို့​သည်​ကိုယ်​တော်​ကို​ဝန်း​ရံ​လျက် ``သင်​သည်​အ​ဘယ်​မျှ​ကြာ​အောင်​အ​ကျွန်ုပ်​တို့ အား​စိတ်​ဒွိ​ဟ​ဖြစ်​စေ​ပါ​မည်​နည်း။ အ​ကယ်​၍ သင်​သည်​မေ​ရှိ​ယ​ဖြစ်​ပါ​လျှင် အ​ကျွန်ုပ်​တို့​အား အ​တည့်​အ​လင်း​ပြော​ပါ​လော့'' ဟု​ဆို​ကြ​၏။ \p \v 25 သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​ငါ​ပြော​ပြီး​ဖြစ် ၏။ သို့​ရာ​တွင်​သင်​တို့​မ​ယုံ​ကြ။ ခ​မည်း​တော်​ခွင့် ပြု​တော်​မူ​ချက်​အ​ရ​ငါ​ပြု​သည့်​အ​မှု​အ​ရာ များ​က ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​လျက်​ရှိ​၏။- \v 26 သင်​တို့​သည်​ငါ​၏​သိုး​များ​မ​ဟုတ်​သ​ဖြင့် ငါ့​ကို​မ​ယုံ​ကြ။- \v 27 ငါ​၏​သိုး​တို့​သည်​ငါ့​စ​ကား​ကို​နား​ထောင်​ကြ ၏။ ငါ​သည်​သူ​တို့​ကို​သိ​၍​သူ​တို့​သည်​လည်း ငါ့ နောက်​သို့​လိုက်​ကြ​၏။- \v 28 ငါ​သည်​သူ​တို့​အား​ထာ​ဝ​ရ​အ​သက်​ကို​ပေး​သည် ဖြစ်​၍ သူ​တို့​သည်​သေ​ခြင်း​နှင့်​အ​စဉ်​မ​ပြတ်​ကင်း လွတ်​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​သူ​တို့​ကို​ငါ့ လက်​မှ​လု​ယူ​၍​မ​ရ​နိုင်။- \v 29 သူ​တို့​ကို​ငါ့​အား​ပေး​သ​နား​တော်​မူ​သော ခ​မည်း​တော်​သည်​ခပ်​သိမ်း​သော​သူ​တို့​ထက် ကြီး​မြတ်​တော်​မူ​၏။ သို့​ဖြစ်​၍​မည်​သူ​မျှ​သိုး တို့​ကို​ခ​မည်း​တော်​၏​လက်​မှ​မ​လု​မ​ယူ​နိုင်။- \v 30 ခ​မည်း​တော်​နှင့်​ငါ​သည်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။ \p \v 31 ထို​အ​ခါ​လူ​တို့​သည်​ကိုယ်​တော်​ကို​ပေါက်​ရန် ခဲ​များ​ကို​ကောက်​ပြန်​၏။- \v 32 သ​ခင်​ယေ​ရှု​က ``ခ​မည်း​တော်​စေ​ခိုင်း​တော်​မူ သ​ဖြင့် ငါ​သည်​ကောင်း​မြတ်​သော​အ​မှု​များ ကို​ပြု​ခဲ့​၏။ ၎င်း​အ​မှု​များ​အ​နက်​အ​ဘယ် အ​မှု​ကြောင့်​ငါ့​အား​သင်​တို့​ခဲ​နှင့်​ပေါက်​လို ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p \v 33 သူ​တို့​က ``ကောင်း​မြတ်​သော​အ​မှု​တစ်​စုံ​တစ်​ရာ ကို​သင်​ပြု​သော​ကြောင့်​ခဲ​နှင့်​ပေါက်​မည်​မ​ဟုတ်။ သင်​သည်​လူ​စင်​စစ်​ဖြစ်​ပါ​လျက်​ဘု​ရား​ယောင် ဆောင်​ကာ ဘု​ရား​သ​ခင်​အား​ပြစ်​မှား​သည့်​စ​ကား ကို​ပြော​သော​ကြောင့်​ခဲ​နှင့်​ပေါက်​မည်'' ဟု​ဆို ကြ​၏။\x + \xo 10:33 \xt ဝတ်၊ ၂၄:၁၆။\x* \p \v 34 သ​ခင်​ယေ​ရှု​က ``ငါ​တို့​ပ​ညတ်​ကျမ်း​တွင် ဘု​ရား သ​ခင်​က `သင်​တို့​သည်​ဘု​ရား​များ​ဖြစ်​ကြ​၏' ဟု ဖော်​ပြ​ထား​လေ​သည်။-\x + \xo 10:34 \xt ဆာ၊ ၈၂:၆။\x* \v 35 ကျမ်း​စာ​တော်​ဖော်​ပြ​သည့်​အ​ရာ​များ​သည် အ​စဉ် မှန်​ကန်​ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။ ဘု​ရား​သ​ခင် က​မိ​မိ​၏​တ​ရား​တော်​ကို​ကြား​နာ​ရ​သူ​တို့​အား `ဘု​ရား​များ' ဟု​ဖော်​ပြ​သည်။- \v 36 ခ​မည်း​တော်​သည်​ငါ့​ကို​ရွေး​ချယ်​၍ ဤ​လော​က သို့​စေ​လွှတ်​တော်​မူ​၏။ သို့​ဖြစ်​၍ `ငါ​သည်​ဘု​ရား သ​ခင်​၏​သား​တော်​ဖြစ်​သည်' ဟု​ဆို​သော​အ​ခါ ငါ​သည်​ဘု​ရား​သ​ခင်​အား​ပြစ်​မှား​သည့်​စ​ကား ကို​ပြော​သည်​ဟု​အ​ဘယ်​သို့​လျှင်​သင်​တို့​ဆို နိုင်​ကြ​သ​နည်း။- \v 37 ခ​မည်း​တော်​၏​အ​မှု​တော်​များ​ကို​ငါ​မ​ဆောင် ရွက်​လျှင် ငါ့​အား​မ​ယုံ​ကြည်​ကြ​နှင့်။- \v 38 ဆောင်​ရွက်​လျှင်​မူ​ကား​ငါ့​ကို​မ​ယုံ​သော်​လည်း ငါ​၏​ဆောင်​ရွက်​ချက်​များ​ကို​ယုံ​ကြ​လော့။ သို့ မှ​သာ​လျှင်​ခ​မည်း​တော်​သည်​ငါ​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ရှိ​တော်​မူ​လျက် ငါ​သည်​လည်း ခ​မည်း​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​သည် ကို သင်​တို့​သိ​မြင်​နား​လည်​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ \p \v 39 ထို​အ​ခါ​သူ​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် ကြိုး​စား​ကြ​ပြန်​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည် ရှောင်​တိမ်း​၍​ကြွ​သွား​တော်​မူ​၏။ \p \v 40 ကိုယ်​တော်​သည်​ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​ရှိ ယ​ခင်​ယော​ဟန်​ဗတ္တိ​ဇံ​င်္မဂ​လာ​ပေး​ရာ​အ​ရပ် သို့​ပြန်​လည်​ကြွ​သွား​တော်​မူ​၍​ထို​အ​ရပ် တွင်​နေ​တော်​မူ​၏။-\x + \xo 10:40 \xt ယော၊ ၁:၂၈။\x* \v 41 လူ​အ​များ​အ​ပြား​ပင်​အ​ထံ​တော်​သို့​လာ ကြ​၏။ သူ​တို့​က ``ယော​ဟန်​သည်​အ​ဘယ်​အံ့ ဖွယ်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ​မ​ပြ​ခဲ့။ သို့​ရာ တွင်​ဤ​သူ​အ​ကြောင်း​နှင့်​ပတ်​သက်​၍​ယော​ဟန် ပြော​သ​မျှ​မှန်​ပေ​၏'' ဟု​ဆို​ကြ​၏။- \v 42 သို့​ဖြစ်​၍​ထို​အ​ရပ်​တွင်​လူ​အ​မြောက်​အမြား ပင် ကိုယ်​တော်​ကို​ယုံ​ကြည်​လာ​ကြ​၏။ \c 11 \s1 လာ​ဇ​ရု​သေ​ဆုံး​ခြင်း \p \v 1 ဗေ​သ​နိ​ရွာ​သား​လာ​ဇ​ရု​ဆို​သူ​သည်​ဖျား​နာ လျက်​ရှိ​၏။ ဗေ​သ​နိ​ရွာ​တွင်​ညီ​အစ်​မ​ဖြစ်​ကြ သော​မာ​ရိ​နှင့်​မာ​သ​တို့​နေ​ထိုင်​ကြ​၏။-\x + \xo 11:1 \xt လု၊ ၁၀:၃၈-၃၉။\x* \v 2 (ဤ​မာ​ရိ​ကား​သခင်​ယေ​ရှု​၏​ခြေ​တော်​ထက် မှာ​ဆီ​မွှေး​သွန်း​လောင်း​၍ မိ​မိ​ဆံ​ပင်​ဖြင့်​သုတ် ပေး​သူ​ဖြစ်​၏။ ဖျား​နာ​နေ​သူ​လာ​ဇ​ရု​သည် ဤ​မာ​ရိ​၏​မောင်​တည်း။)-\x + \xo 11:2 \xt ယော၊ ၁၂:၃။\x* \v 3 ညီ​အစ်​မ​နှစ်​ယောက်​တို့​က ``အ​ရှင်၊ အ​ရှင် ချစ်​တော်​မူ​သော​သူ​သည်​ဖျား​နာ​လျက်​နေ ပါ​၏'' ဟု​သ​ခင်​ယေ​ရှု​ထံ​သို့​သ​တင်း​ပေး ပို့​လိုက်​ကြ​၏။ \p \v 4 ကိုယ်​တော်​က ``ဤ​ရော​ဂါ​သည်​သေ​စေ​မည့် ရော​ဂါ​မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ ရေ​တော်​ကို​ထွန်း​တောက်​စေ​မည့်​ရော​ဂါ​ဖြစ်​၏။ ထို​ရော​ဂါ​အား​ဖြင့်​ဘု​ရား​သ​ခင်​၏​သား တော်​သည်​လည်း​ဘုန်း​အ​သ​ရေ​ထွန်း​တောက် အံ့'' ဟု​မိန့်​တော်​မူ​၏။ \p \v 5 သ​ခင်​ယေ​ရှု​သည်​မာ​သ​နှင့်​ညီ​မ​မာ​ရိ​ကို လည်း​ကောင်း၊ လာ​ဇ​ရု​ကို​လည်း​ကောင်း​ချစ် တော်​မူ​၏။- \v 6 လာ​ဇ​ရု​ဖျား​နာ​နေ​ကြောင်း​ကို​ကြား​တော်​မူ လျှင် ကိုယ်​တော်​သည်​မိ​မိ​ရောက်​ရှိ​ရာ​အ​ရပ် တွင်​နှစ်​ရက်​တိုင်​တိုင်​ဆက်​၍​နေ​တော်​မူ​၏။- \v 7 ထို​နောက်​ကိုယ်​တော်​က ``ယု​ဒ​ပြည်​သို့​ငါ​တို့ တစ်​ဖန်​သွား​ကြ​ကုန်​အံ့'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။ \p \v 8 တ​ပည့်​တော်​တို့​က ``အ​ရှင်​ဘု​ရား၊ လူ​တို့​သည် ကိုယ်​တော်​အား​မ​ကြာ​မီ​က​ပင်​ခဲ​နှင့်​ပေါက် ရန်​ကြိုး​စား​ကြ​ပါ​၏။ ထို​အ​ရပ်​သို့​တစ်​ဖန် ကြွ​တော်​မူ​ဦး​မည်​လော'' ဟု​မေး​လျှောက်​ကြ​၏။ \p \v 9 ကိုယ်​တော်​က ``တစ်​နေ့​တွင်​တစ်​ဆယ့်​နှစ်​နာ​ရီ​ရှိ သည်​မ​ဟုတ်​လော။ နေ့​အ​ချိန်​၌​သွား​လာ​သူ သည်​နေ​၏​အ​လင်း​ရောင်​ကို​မြင်​ရ​သ​ဖြင့် ခ​လုတ်​မ​ထိ​ဘဲ​ကောင်း​စွာ​သွား​လာ​နိုင်​၏။- \v 10 ည​အ​ချိန်​၌​သွား​လာ​သူ​မူ​ကား​အ​လင်း ရောင်​ကို​မ​ရ​သ​ဖြင့် ခ​လုတ်​ထိ​၍​လဲ​တတ်​၏'' ဟု​မိန့်​တော်​မူ​၏။- \v 11 ကိုယ်​တော်​သည်​ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက် ``ငါ တို့​၏​အ​ဆွေ​လာ​ဇ​ရု​သည်​အိပ်​ပျော်​လျက်​နေ ၏။ သူ့​ကို​နှိုး​ရန်​ငါ​သွား​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 12 တ​ပည့်​တော်​တို့​က ``အ​ရှင်၊ သူ​သည်​အိပ်​ပျော် လျက်​နေ​ပါ​မူ​ကျန်း​မာ​လာ​ပါ​လိမ့်​မည်'' ဟု လျှောက်​ကြ​၏။ \p \v 13 သ​ခင်​ယေ​ရှု​က​လာ​ဇ​ရု​သေ​ကြောင်း​ကို ရည်​မှတ်​၍​ထို​သို့​မိန့်​တော်​မူ​သော်​လည်း သာ မန်​အိပ်​ပျော်​ကြောင်း​ကို​ဆို​လို​တော်​မူ​သည် ဟု​တ​ပည့်​တော်​တို့​ထင်​မှတ်​ကြ​၏။- \v 14 သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​က ``လာ​ဇ​ရု​သည် သေ​ပြီ။- \v 15 ထို​အ​ရပ်​၌​ငါ​မ​ရှိ​ခဲ့​သည်​မှာ​သင်​တို့​ယုံ ကြည်​လာ​ကြ​စေ​ရန်​ပင်​ဖြစ်​၍ သင်​တို့​အ​တွက် ငါ​ဝမ်း​မြောက်​၏။ သူ့​ထံ​သို့​သွား​ကြ​ကုန်​အံ့'' ဟု ပွင့်​လင်း​စွာ​မိန့်​တော်​မူ​၏။ \p \v 16 (အ​မြွှာ​ပူး​ဟု​နာ​မည်​တွင်​သည့်) သော​မ​က ``ငါ တို့​သည်​လည်း​သ​ခင်​နှင့်​အ​တူ​အ​သေ​ခံ​ရန် လိုက်​သွား​ကြ​ကုန်​အံ့'' ဟု​မိ​မိ​၏​အ​ဖော် တ​ပည့်​တော်​တို့​အား​ပြော​ဆို​၏။ \s1 အ​သက်​ရှင်​ခြင်း​နှင့်​ရှင်​ပြန်​ထ​မြောက်​ခြင်း အ​ရှင်​ယေ​ရှု \p \v 17 သ​ခင်​ယေ​ရှု​ရောက်​တော်​မူ​သော​အ​ခါ​လာ​ဇ​ရု အား​သ​င်္ဂြိုဟ်​ခဲ့​သည်​မှာ​လေး​ရက်​မျှ​ရှိ​ပြီ​ဖြစ် ကြောင်း​တွေ့​ရှိ​တော်​မူ​၏။- \v 18 ဗေ​သ​နိ​ရွာ​သည်​ယေ​ရု​ရှ​လင်​မြို့​နှင့်​နှစ် မိုင်​ပင်​မ​ဝေး​ချေ။ \m \v 19 ယု​ဒ​အ​မျိုး​သား​အ​မြောက်​အ​မြား​ပင် မာ​ရိ​နှင့်​မာ​သ​တို့​၏​မောင်​သေ​ဆုံး​သော ကြောင့်​သူ​တို့​ကို​နှစ်​သိမ့်​ရန်​လာ​ရောက်​ကြ ၏။ \p \v 20 မာ​သ​သည်​သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ ကြောင်း​ကို​ကြား​လျှင် ခ​ရီး​ဦး​ကြို​ပြု​ရန် ထွက်​သွား​၏။ မာ​ရိ​မူ​ကား​အိမ်​တွင်​ထိုင် လျက်​နေ​ရစ်​၏။- \v 21 မာ​သ​က ``အ​ရှင်​ဘု​ရား၊ အ​ရှင်​သာ​ဤ အ​ရပ်​တွင်​ရှိ​ခဲ့​ပါ​မူ​ကျွန်​မ​၏​မောင်​သေ မည်​မ​ဟုတ်​ပါ။- \v 22 ယ​ခု​ပင်​လျှင်​အ​ရှင်​တောင်း​ခံ​သ​မျှ​သော အ​ရာ​တို့​ကို​ဘု​ရား​သ​ခင်​ချ​ပေး​တော် မူ​မည်​ကို​ကျွန်​မ​သိ​ပါ​၏'' ဟု​သ​ခင် ယေ​ရှု​အား​လျှောက်​၏။ \p \v 23 သ​ခင်​ယေ​ရှု​က ``သင်​၏​မောင်​သည်​အ​သက် ပြန်​၍​ရှင်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 24 မာ​သ​က ``နောက်​ဆုံး​သော​နေ့​၌​သူ​သေ​တို့ ထ​မြောက်​ကြ​သော​အ​ခါ သူ​သည်​အ​သက် ပြန်​၍​ရှင်​မည်​ကို​ကျွန်​မ​သိ​ပါ​၏'' ဟု လျှောက်​၏။- \v 25 သ​ခင်​ယေရှု​က ``ငါ​သည်​အ​သက်​ရှင်​ခြင်း၊ ရှင် ပြန်​ထ​မြောက်​ခြင်း​အ​ရှင်​ဖြစ်​၏။ ငါ့​ကို​ယုံ ကြည်​သော​သူ​သည်​သေ​သော်​လည်း​ရှင်​လိမ့် မည်။- \v 26 ငါ့​ကို​ယုံ​ကြည်​၍​ယ​ခု​အ​သက်​ရှင်​လျက်​ရှိ သော​သူ​သည်​လည်း အ​ဘယ်​အ​ခါ​မျှ​သေ​ရ လိမ့်​မည်​မ​ဟုတ်။ ငါ့​စ​ကား​ကို​သင်​ယုံ​ပါ သ​လော'' ဟု​မေး​တော်​မူ​၏။ \p \v 27 မာ​သ​က ``ယုံ​ပါ​၏​သ​ခင်။ အ​ရှင်​သည်​ဤ လော​က​သို့​ကြွ​လာ​မည့်​ဘု​ရား​သ​ခင်​၏ သား​တော်​မေ​ရှိ​ယ​ဖြစ်​တော်​မူ​သည်​ကို ကျွန်​မ​ယုံ​ပါ​၏'' ဟု​လျှောက်​၏။ \s1 ကိုယ်​တော်​မျက်​ရည်​ကျ​တော်​မူ​ခြင်း \p \v 28 ဤ​သို့​လျှောက်​ထား​ပြီး​လျှင်​မာ​သ​သည်​အိမ် သို့​ပြန်​၍​ညီ​မ​မာ​ရိ​ကို​တိတ်​တ​ဆိတ်​ခေါ် ပြီး​နောက် ``ဆ​ရာ​တော်​ကြွ​လာ​တော်​မူ​ပြီ။ သင့်​အား​မေး​လျက်​နေ​သည်'' ဟု​ပြော​ကြား​၏။- \v 29 ထို​စ​ကား​ကို​ကြား​လျှင်​မာ​ရိ​သည်​အ​လျင် အ​မြန်​ထ​၍​အ​ထံ​တော်​သို့​သွား​လေ​၏။- \v 30 သ​ခင်​ယေ​ရှု​သည်​ကား​ရွာ​ထဲ​သို့​မ​ဝင်​ရ​သေး။ မာ​သ​သွား​ရောက်​ကြို​ဆို​ရာ​အ​ရပ်​မှာ​ပင်​ရှိ တော်​မူ​၏။- \v 31 မာ​ရိ​အား​နှစ်​သိမ့်​စ​ကား​ပြော​ကြား​ရန်​အိမ် တွင်​ရှိ​နေ​ကြ​သော​လူ​တို့​သည်​မာ​ရိ​အ​လျင် အ​မြန်​ထ​၍​ထွက်​သွား​သည်​ကို​မြင်​လျှင် ငို ကြွေး​ရန်​သင်္ချိုင်း​သို့​သွား​သည်​ဟု​ထင်​မှတ် ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​မာ​ရိ​၏​နောက် သို့​လိုက်​သွား​ကြ​၏။ \p \v 32 မာ​ရိ​သည်​သ​ခင်​ယေ​ရှု​ရှိ​ရာ​အ​ရပ်​သို့​ရောက် သော​အ​ခါ ကိုယ်​တော်​ကို​မြင်​သ​ဖြင့်​ခြေ​တော် ရင်း​မှာ​ပျပ်​ဝပ်​လျက် ``အ​ရှင်​ဘု​ရား၊ အ​ရှင် သာ​ဤ​အ​ရပ်​မှာ​ရှိ​တော်​မူ​ခဲ့​ပါ​လျှင်​ကျွန်​မ မောင်​သည်​သေ​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက် ထား​၏။ \p \v 33 သ​ခင်​ယေ​ရှု​သည်​မာ​ရိ​ငို​ယို​နေ​သည်​ကို လည်း​ကောင်း၊ သူ​နှင့်​အ​တူ​ပါ​လာ​ကြ​သော လူ​တို့​သည်​လည်း​ငို​ယို​နေ​ကြ​သည်​ကို​လည်း ကောင်း​မြင်​တော်​မူ​သ​ဖြင့် စိတ်​တော်​အ​လွန် လှုပ်​ရှား​လျက်​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​တော်​မူ​၏။- \v 34 ကိုယ်​တော်​က ``သူ့​အလောင်း​ကို​အ​ဘယ်​မှာ သင်္ဂြိုဟ်​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p ထို​သူ​တို့​က ``သ​ခင်​ကြွ​၍​ကြည့်​တော်​မူ ပါ'' ဟု​လျှောက်​ထား​ကြ​၏။- \v 35 သ​ခင်​ယေ​ရှု​သည်​မျက်​ရည်​ကျ​တော်​မူ​၏။ \m \v 36 ထို​အ​ခါ​လူ​တို့​က ``ကြည့်​ပါ၊ သူ​သည် လာ​ဇ​ရု​ကို​အ​လွန်​ချစ်​ပါ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။- \v 37 အ​ချို့​သော​သူ​တို့​က​မူ ``မျက်​မ​မြင်​ကို မျက်​စိ​မြင်​စေ​သော​သူ​သည်​လာ​ဇ​ရု​ကို မ​သေ​ရ​အောင်​မ​တတ်​နိုင်​ပါ​သ​လော'' ဟု ဆို​ကြ​၏။ \s1 လာ​ဇ​ရု​ကို​အ​သက်​ပြန်​ရှင်​စေ​တော်​မူ​ခြင်း \p \v 38 သ​ခင်​ယေ​ရှု​သည်​တစ်​ဖန်​စိတ်​တော်​အ​လွန် လှုပ်​ရှား​လျက်​သင်္ချိုင်း​ဂူ​သို့​ကြွ​တော်​မူ​၏။ ထို ဂူ​၏​အ​ဝင်​ဝ​ကို​ကျောက်​တုံး​ဖြင့်​ပိတ်​ထား​၏။- \v 39 သ​ခင်​ယေ​ရှု​က ``ကျောက်​တုံး​ကို​ရွှေ့​လိုက်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။ \p သေ​လွန်​သူ​၏​အစ်​မ၊ မာ​သ​က ``အ​ရှင် ဘု​ရား၊ ယ​ခု​အ​ခါ​ဆို​လျှင်​အ​နံ့​ထွက် နေ​ပါ​လိမ့်​မည်။ သူ​သေ​သည်​မှာ​လေး​ရက် ရှိ​ပါ​ပြီ'' ဟု​လျှောက်​၏။ \p \v 40 သ​ခင်​ယေ​ရှု​က ``သင်​ယုံ​ကြည်​လျှင်​ဘု​ရား သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​မြင်​ရ​လိမ့် မည်​ဟူ​၍​ငါ​ပြော​သည်​မ​ဟုတ်​လော'' ဟု မိန့်​တော်​မူ​၏။- \v 41 သို့​ဖြစ်​၍​လူ​တို့​သည်​ကျောက်​တုံး​ကို​ရွှေ့​လိုက် ကြ​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​အ​ထက် သို့​မျှော်​ကြည့်​လျက် ``ခ​မည်း​တော်၊ ကိုယ်​တော် ရှင်​သည်​အ​ကျွန်ုပ်​၏​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကြီး​ပါ​၏။- \v 42 ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​အ​ကျွန်ုပ် ၏​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​အား ကိုယ်​တော်​ရှင်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို ဤ လူ​အ​ပေါင်း​တို့​ယုံ​ကြည်​ကြ​စေ​ရန် သူ​တို့​၏ အ​ကျိုး​ကို​ထောက်​၍​အ​ကျွန်ုပ်​ဤ​သို့​လျှောက် ပါ​၏'' ဟု​မြွက်​ဆို​တော်​မူ​၏။- \v 43 ထို​နောက် ``လာ​ဇ​ရု၊ ထွက်​ခဲ့​လော့'' ဟု​ကျယ်​စွာ အ​မိန့်​ပေး​တော်​မူ​၏။- \v 44 ထို​အ​ခါ​သေ​လွန်​သော​သူ​သည်​ခြေ​လက်​၌ အ​ဝတ်​ဖြင့်​ပတ်​လျက်၊ မျက်​နှာ​၌​ပ​ဝါ​ဖြင့် စည်း​လျက်​ထွက်​လာ​လေ​သည်။ သ​ခင်​ယေ​ရှု က ``သူ့​အား​ပတ်​ထား​သည့်​အ​ဝတ်​များ​ကို ဖြေ​ပေး​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ \s1 ကိုယ်​တော်​ကို​သတ်​ရန်​ကြံ​စည်​ခြင်း \r (မ၊ ၂၆:၁-၅။ မာ၊ ၁၄:၁-၂။ လု၊ ၂၂:၁-၂) \p \v 45 ထို​အ​ခါ​မာ​ရိ​ထံ​သို့​လာ​ကြ​သည့်​လူ အ​မြောက်​အ​မြား​ပင်​သ​ခင်​ယေ​ရှု​ပြု​တော် မူ​သော​အ​မှု​ကို​တွေ့​မြင်​ကြ​သ​ဖြင့်​ကိုယ် တော်​ကို​ယုံ​ကြည်​လာ​ကြ​၏။- \v 46 သို့​ရာ​တွင်​အ​ချို့​တို့​သည်​ဖာ​ရိ​ရှဲ​များ​၏ ထံ​သို့​သွား​၍ သ​ခင်​ယေ​ရှု​ပြု​တော်​မူ​သော အ​မှု​ကို​ပြော​ကြား​ကြ​၏။- \v 47 သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ဖာ​ရိ​ရှဲ​များ​သည်​ယု​ဒ​တ​ရား​လွှတ်​တော်​ဆိုင် ရာ​အ​စည်း​အ​ဝေး​ကို​ခေါ်​ဖိတ်​၍ ``ဤ​သူ​သည် များ​စွာ​သော​အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​တို့ ကို​ပြ​လျက်​နေ​၏။ ငါ​တို့​အ​ဘယ်​ကြောင့်​မည် သို့​မျှ​မ​ပြု​ဘဲ​နေ​ကြ​သ​နည်း။- \v 48 သူ့​ကို​ဤ​သို့​ခွင့်​ပြု​ထား​ပါ​မူ​လူ​တိုင်း​ပင် သူ့​အား​ယုံ​ကြည်​လာ​ကြ​ပါ​လိမ့်​မည်။ ထို အ​ခါ​ရော​မ​အာ​ဏာ​ပိုင်​တို့​သည်​လာ​၍​ငါ တို့​၏​ဗိ​မာန်​တော်​ကို​လည်း​ကောင်း၊ ငါ​တို့ အ​မျိုး​သား​တစ်​ရပ်​လုံး​ကို​လည်း​ကောင်း ဖျက်​ဆီး​ပစ်​ကြ​ပါ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။ \p \v 49 ထို​သူ​တို့​တွင်​ထို​နှစ်​အ​တွက် ယဇ်​ပု​ရော​ဟိတ် မင်း​ဖြစ်​သော​က​ယာ​ဖ​ဆို​သူ​က ``သင်​တို့ သည်​ပ​ညာ​မဲ့​ကြ​ပါ​သည်​တ​ကား။- \v 50 ယု​ဒ​အ​မျိုး​သား​တစ်​ရပ်​လုံး​သေ​ကျေ​ပျက် စီး​သည်​ထက် တစ်​မျိုး​သား​လုံး​အ​တွက်​လူ တစ်​ယောက်​သေ​ရ​သည်​က သင်​တို့​အ​ဖို့​ပို​၍ ကောင်း​သည်​ကို​သင်​တို့​မ​သိ​ကြ​သ​လော'' ဟု​ဆို​၏။- \v 51-52 ယင်း​သို့​ဆို​ရာ​၌​သူ​သည် မိ​မိ​ကိုယ်​ပိုင်​ဉာဏ် ဖြင့်​ဆို​သည်​မ​ဟုတ်။ ထို​နှစ်​အ​တွက်​ယဇ်​ပု ရော​ဟိတ်​မင်း​ဖြစ်​လျက် ယု​ဒ​အ​မျိုး​သား တစ်​ရပ်​လုံး​အ​တွက်​လည်း​ကောင်း၊ ထို​မျှ​မ​က အ​ရပ်​ရပ်​တွင် ကွဲ​လွင့်​နေ​သော​ဘု​ရား​သ​ခင် ၏​လူ​စု​တော်​ဝင်​များ​ကို​တစ်​စု​တစ်​ရုံး​တည်း ဖြစ်​စေ​ရန်​လည်း​ကောင်း ကိုယ်​တော်​အ​သေ​ခံ တော်​မူ​မည့်​အ​ကြောင်း​ကြို​တင်​ဟော​ကြား ခြင်း​ဖြစ်​သ​တည်း။ \p \v 53 ထို​နေ့​မှ​စ​၍​ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည် သ​ခင်​ယေ​ရှု​ကို​သတ်​ရန်​တိုင်​ပင်​ကြံ​စည် ကြ​၏။- \v 54 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ယု​ဒ​ပြည်​တွင် အ​ထင်​အ​ရှား​မ​သွား​မ​လာ​တော့​ချေ။ ထို အ​ရပ်​မှ​ထွက်​ခွာ​တော်​မူ​၍​တော​က​န္တာ​ရ အ​နီး၊ ဧ​ဖ​ရိမ်​နာ​မည်​ရှိ​သော​မြို့​သို့​ကြွ တော်​မူ​ပြီး​လျှင်​တ​ပည့်​တော်​တို့​နှင့်​အ​တူ နေ​တော်​မူ​၏။ \p \v 55 ယု​ဒ​အ​မျိုး​သား​တို့​၏​ပ​သ​ခါ​ပွဲ​တော်​အ​ခါ နီး​ကပ်​လာ​ပြီ​ဖြစ်​၍ ကျေး​လက်​တော​ရွာ​များ မှ​လူ​အ​များ​ပင်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရန် ပွဲ​တော်​မ​စ​မီ​ယေ​ရု​ရှ​လင်​မြို့​သို့​တက်​လာ ကြ​၏။- \v 56 ထို​သူ​တို့​သည်​သ​ခင်​ယေ​ရှု​ကို​ရှာ​လျက်​နေ ကြ​၏။ သူ​တို့​သည်​ဗိ​မာန်​တော်​တွင်​စု​ရုံး​မိ ကြ​သော​အ​ခါ ``သူ​သည်​ဤ​ပွဲ​တော်​သို့​လာ ပါ​မည်​လော။ မ​လာ​မည်​မှာ​သေ​ချာ​၏။ သင် တို့​အ​ဘယ်​သို့​ထင်​ကြ​သ​နည်း'' ဟု​အ​ချင်း ချင်း​မေး​မြန်း​ပြော​ဆို​ကြ​၏။- \v 57 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဖာ​ရိ​ရှဲ​များ က​မည်​သူ​မ​ဆို​သ​ခင်​ယေ​ရှု​ရှိ​ရာ​အ​ရပ် ကို​သိ​လျှင် သူ့​ကို​ဖမ်း​ဆီး​နိုင်​ရန်​အ​ကြောင်း ကြား​ရ​မည်​ဟု​အ​မိန့်​ထုတ်​ပြန်​ထား​ပြီး ဖြစ်​သ​တည်း။ \c 12 \s1 ဗေ​သ​နိ​ရွာ​တွင်​ကိုယ်​တော်​၏​ခြေ​တော်​ကို ဆီ​မွှေး​ဖြင့်​လိမ်း​ခြင်း \r (မ၊ ၂၆:၆-၁၃။ မာ၊ ၁၄:၃-၉) \p \v 1 ပ​သ​ခါ​ပွဲ​တော်​ကျ​ရောက်​ရန်​ခြောက်​ရက်​မျှ အ​လို​၌ သေ​လွန်​ပြီး​မှ​ပြန်​၍​အ​သက်​ရှင် စေ​တော်​မူ​ခဲ့​သူ လာ​ဇ​ရု​နေ​ထိုင်​ရာ​ဗေ​သ​နိ ရွာ​သို့​သ​ခင်​ယေ​ရှု​ကြွ​တော်​မူ​၏။- \v 2 ကိုယ်​တော်​အား​ည​စာ​ဖြင့်​ဧည့်​ခံ​ရာ​၌​မာ​သ​က ဧည့်​ဝတ်​ကို​ပြု​၏။ ကိုယ်​တော်​နှင့်​အ​တူ​စား​ပွဲ​တွင် ထိုင်​ကြ​သူ​များ​အ​ထဲ​တွင်​လာ​ဇ​ရု​လည်း​ပါ​၏။- \v 3 ထို​အ​ခါ​မာ​ရိ​သည်​အ​လွန်​အ​ဖိုး​ထိုက်​သော နာ​ဒု​ဆီ​မွှေး​အ​စစ်​သုံး​ဆယ်​သား​ကို​ယူ​၍ သ​ခင်​ယေ​ရှု​၏​ခြေ​တော်​ကို​လိမ်း​ပြီး​နောက် မိ​မိ​၏​ဆံ​ပင်​နှင့်​သုတ်​လေ​၏။ ဤ​ဆီ​မွှေး​၏ ရ​နံ့​သည်​တစ်​အိမ်​လုံး​မွှေး​ကြိုင်​လျက်​ရှိ​၏။-\x + \xo 12:3 \xt လု၊ ၇:၃၇-၃၈။\x* \v 4-5 တ​ပည့်​တော်​တစ်​ဦး​ဖြစ်​သူ​ယု​ဒ​ရှ​ကာ​ရုတ် က ``ဤ​ဆီ​မွှေး​ကို​အ​ဘယ်​ကြောင့်​ဒေ​နာ​ရိ သုံး​ရာ​ဖြင့်​ရောင်း​၍ ဆင်း​ရဲ​သူ​တို့​အား​မ​စွန့် မ​ကြဲ​ပါ​သ​နည်း'' ဟု​ဆို​၏။ သူ​သည်​နောင် အ​ခါ​ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့​အပ်​နှံ မည့်​သူ​ဖြစ်​သ​တည်း။- \v 6 ဤ​သို့​ပြော​ဆို​ရာ​၌​သူ​သည်​ဆင်း​ရဲ​သူ​တို့ အား​ကြင်​နာ​ထောက်​ထား​၍​မ​ဟုတ်၊ ခိုး​ဝှက် တတ်​သူ​ဖြစ်​၍​သာ​လျှင်​ပြော​ဆို​ခြင်း​ဖြစ်​၏။ သူ​သည်​ငွေ​အိတ်​ကို​လွယ်​ရ​သူ​ဖြစ်​၍​ငွေ​များ ကို​ခိုး​ယူ​သုံး​စွဲ​လေ့​ရှိ​သ​တည်း။ \p \v 7 သ​ခင်​ယေ​ရှု​က ``ထို​အ​မျိုး​သ​မီး​ကို မ​နှောင့်​ယှက်​နှင့်။ သူ​သည်​ငါ့​အလောင်း​ကို သင်္ဂြိုဟ်​မည့်​အ​ချိန်​အ​တွက်​ဤ​ဆီ​မွှေး​ကို သိမ်း​ထား​ပါ​လေ​စေ။- \v 8 ဆင်း​ရဲ​သူ​တို့​သည်​သင်​တို့​နှင့်​အ​မြဲ​ပင် ရှိ​ကြ​၏။ ငါ​မူ​ကား​သင်​တို့​နှင့်​အ​မြဲ​ရှိ မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။\x + \xo 12:8 \xt တရား၊ ၁၅:၁၁။\x* \s1 လာ​ဇ​ရု​ကို​သတ်​ရန်​ကြံ​စည်​ခြင်း \p \v 9 ဗေ​သ​နိ​ရွာ​သို့​ကိုယ်​တော်​ရောက်​ရှိ​နေ​ကြောင်း ကြား​ရ​သော​အ​ခါ လူ​ပ​ရိ​သတ်​ကြီး​သည် ထို​ရွာ​သို့​လာ​ရောက်​ကြ​၏။ သူ​တို့​သည်​သ​ခင် ယေ​ရှု​ကြောင့်​သာ​လျှင်​လာ​ကြ​သည်​မ​ဟုတ်။ ကိုယ်​တော်​အ​သက်​ပြန်​၍​ရှင်​စေ​တော်​မူ​ခဲ့ သူ လာ​ဇ​ရု​ကို​တွေ့​မြင်​လို​ကြ​သော​ကြောင့် လည်း​ဖြစ်​၏။- \v 10-11 လာ​ဇ​ရု​ကို​အ​ကြောင်း​ပြု​၍​ယု​ဒ​အ​မျိုး သား​အ​များ​ပင်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​ကို မ​ဆည်း​ကပ်​ကြ​တော့​ဘဲ သ​ခင်​ယေ​ရှု​ကို​ယုံ ကြည်​ဆည်း​ကပ်​လာ​ကြ​၏။ သို့​ဖြစ်​၍​ယဇ်​ပု ရော​ဟိတ်​ကြီး​တို့​သည်​လာ​ဇ​ရု​ကို​လည်း သတ်​ရန်​ကြံ​စည်​ကြ​၏။ \s1 အောင်​ပွဲ​အ​ခမ်း​အ​နား​ဖြင့် ယေ​ရု​ရှ​လင်​မြို့​သို့​ကြွ​ဝင်​တော်​မူ​ခြင်း \r (မ၊ ၂၁:၁-၁၁။ မာ၊ ၁၁:၁-၁၁။ လု၊ ၁၉:၂၈-၄၀) \p \v 12 နောက်​တစ်​နေ့​၌​ပ​သ​ခါ​ပွဲ​တော်​သို့​လာ ကြ​ကုန်​သော​လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သ​ခင်​ယေ​ရှု​ကြွ​လာ တော်​မည်​ဟု​ကြား​သ​ဖြင့်၊- \v 13 စွန်​ပ​လွံ​ခက်​များ​ကို​ကိုင်​ဆောင်​ကာ​ထွက်​သွား ပြီး​လျှင် ``ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​နှင့်​ကြွ လာ​သော​အရှင်​သည်​မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ဣ​သ​ရေ​လ​ဘု​ရင်​သည်​မင်္ဂ​လာ​ရှိ​တော်​မူ​စေ သ​တည်း'' ဟု​ကြွေး​ကြော်​လျက်​ကိုယ်​တော်​အား ကြို​ဆို​ကြ​၏။\x + \xo 12:13 \xt ဆာ၊ ၁၁၈:၂၅၊ ၂၆။\x* \p \v 14-15 ကျမ်း​စာ​တော်​တွင်၊ \q1 ``အို ဇိ​အုန်​မြို့၊မ​ကြောက်​နှင့်၊ကြည့်​လော့၊ \q2 သင်​၏​ရှင်​ဘု​ရင်​သည်​မြည်း​က​လေး​ကို​စီး​လျက် ကြွ​လာ​လေ​ပြီ'' \m ဟု​ပါ​ရှိ​သည်​နှင့်​အ​ညီ​သ​ခင်​ယေ​ရှု​သည် မြည်း​တစ်​ကောင်​ကို​တွေ့​၍​ထို​မြည်း​ကို​စီး တော်​မူ​၏။\x + \xo 12:14-15 \xt ဇာ၊ ၉:၉။\x* \p \v 16 တ​ပည့်​တော်​တို့​သည်​ထို​စဉ်​အ​ခါ​က​ဤ ကျမ်း​ချက်​ကို​နား​မ​လည်​ကြ။ သ​ခင်​ယေ​ရှု ဘုန်း​အ​သ​ရေ​ပွင့်​တော်​မူ​သော​အ​ခါ​ကျ​မှ ဤ​ကျမ်း​ချက်​ကား​ကိုယ်​တော်​၏​အ​ကြောင်း ဖော်​ပြ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏ အ​တွက်​ထို​သို့​ပြု​ခဲ့​ကြ​သည်​ကို​လည်း​ကောင်း ပြန်​လည်​သ​တိ​ရ​ကြ​၏။ \p \v 17-18 လာ​ဇ​ရု​အား​သင်္ချိုင်း​ဂူ​မှ​ခေါ်​ထုတ်​၍​ရှင်​ပြန် စေ​တော်​မူ​စဉ်​အ​ခါ​က​နောက်​တော်​ပါ​ပ​ရိ​သတ် သည် အံ့​ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ​အ​ကြောင်း​ကို ပြန်​ကြား​ကြ​သ​ဖြင့် ကြား​ရ​သော​လူ​အ​ပေါင်း တို့​သည်​ကိုယ်​တော်​ကို​ကြို​ဆို​ရန်​လာ​ကြ​၏။ \p \v 19 ဖာ​ရိ​ရှဲ​တို့​က ``ငါ​တို့​မှာ​လုံး​ဝ​အောင်​မြင်​မှု မ​ရှိ။ လော​က​တစ်​ခု​လုံး​ပင်​ထို​သူ့​နောက်​သို့ လိုက်​ပါ​သွား​ပါ​ပြီ​တ​ကား'' ဟု​အ​ချင်း ချင်း​ပြော​ဆို​ကြ​၏။ \s1 ဂ​ရိ​အ​မျိုး​သား​တို့ ကိုယ်​တော်​ကို​ရှာ​ကြ​ခြင်း \p \v 20 ပွဲ​တော်​အ​တွင်း​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ယေ​ရု ရှ​လင်​မြို့​သို့​သွား​ကြ​သော​လူ​တို့​အ​ထဲ​တွင် ဂ​ရိ​အ​မျိုး​သား​အ​ချို့​ပါ​၏။- \v 21 သူ​တို့​သည် (ဂါ​လိ​လဲ​ပြည်​ဗက်​ဇဲ​ဒ​မြို့​သား​ဖြစ် သူ) ဖိ​လိပ္ပု​ထံ​သို့​သွား​ကြ​၍ ``ဆ​ရာ၊ အ​ကျွန်ုပ် တို့​သည်​သ​ခင်​ယေ​ရှု​ကို​မြင်​လို​ပါ​သည်'' ဟု ပြော​ကြား​ကြ​၏။ \p \v 22 ဖိ​လိပ္ပု​သည်​အန္ဒြေ​ထံ​သို့​သွား​၍​ထို​အ​ကြောင်း​ကို ပြော​ပြ​၏။ ထို​နောက်​ထို​သူ​နှစ်​ဦး​တို့​သည်​သ​ခင် ယေ​ရှု​ထံ​တော်​သို့​သွား​၍​ထို​အ​ကြောင်း​ကို​လျှောက် ထား​ကြ​၏။- \v 23 သ​ခင်​ယေ​ရှု​က ``လူ​သား​ဘုန်း​အ​သ​ရေ​ပွင့် မည့်​အ​ချိန်​ကျ​ရောက်​လာ​လေ​ပြီ။- \v 24 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ဂျုံ​စေ့​သည်​မြေ​သို့​မ​ကျ၊ မ​ကျေ​မ​ပျက်​ဘဲ ရှိ​ပါ​မူ​အ​စေ့​တစ်​စေ့​ထက်​ပို​မို​ပွား​များ လာ​လိမ့်​မည်​မ​ဟုတ်။ ကျေ​ပျက်​၍​သွား​လျှင် မူ​ကား​များ​စွာ​သော​သီး​နှံ​တို့​ကို​ဖြစ်​ထွန်း စေ​တတ်​၏။- \v 25 မိ​မိ​အ​သက်​ကို​ချစ်​သော​သူ​သည်​အ​သက် ဆုံး​ရှုံး​လိမ့်​မည်။ ဤ​လော​က​တွင်​မိ​မိ​အ​သက် ကို​မုန်း​သော​သူ​သည် မိ​မိ​အ​သက်​ကို​အ​စဉ် ထာ​ဝ​ရ​စောင့်​ရှောက်​ထိန်း​သိမ်း​လိမ့်​မည်။-\x + \xo 12:25 \xt မ၊ ၁၀:၃၉၊ ၁၆:၂၅။ မာ၊ ၈:၃၅။ လု၊ ၉:၂၄၊ ၁၇:၃၃။\x* \v 26 ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​သော​သူ​သည် ငါ့​နောက်​သို့​လိုက်​ရ​မည်။ သို့​မှ​သာ​ငါ​ရှိ​ရာ အ​ရပ်​၌​သူ​သည်​လည်း​ရှိ​လိမ့်​မည်။ ငါ​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​သော​သူ​ကို​ခ​မည်း​တော် သည်​ချီး​မြှောက်​တော်​မူ​လိမ့်​မည်။ \s1 အ​သေ​ခံ​တော်​မူ​ရ​မည့်​အ​ကြောင်း ဖော်​ပြ​တော်​မူ​ခြင်း \p \v 27 ``ငါ​သည်​စိတ်​ဒုက္ခ​ရောက်​လျက်​ရှိ​၏။ ငါ​အ​ဘယ် သို့​မြွက်​ဆို​ရ​အံ့​နည်း။ `အို ခ​မည်း​တော်၊ အ​ကျွန်ုပ် အား​ဤ​ဒုက္ခ​ဝေ​ဒ​နာ​ရောက်​ချိန်​နှင့်​ကင်း​လွတ် စေ​တော်​မူ​ပါ' ဟု​မြွက်​ဆို​ရ​မည်​လော။ သို့​ရာ တွင်​ငါ​သည်​ဤ​ဒုက္ခ​ဝေ​ဒ​နာ​ခံ​ဖို့​ရန်​ရောက်​ရှိ လာ​ခြင်း​ဖြစ်​၏။- \v 28 အို ခ​မည်း​တော်၊ ကိုယ်​တော်​ရှင်​၏​နာ​မ​တော် အား​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​စေ​တော်​မူ ပါ'' ဟု​မြွက်​ဆို​တော်​မူ​၏။ \p ထို​အ​ခါ​ကောင်း​ကင်​မှ ``ငါ​သည်​နာ​မ​တော် ကို​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​စေ​ပြီ။ နောက် တစ်​ဖန်​လည်း​ထွန်း​တောက်​စေ​ဦး​မည်'' ဟု​အ​သံ တော်​ပေါ်​ထွက်​လာ​၏။ \p \v 29 ထို​နေ​ရာ​တွင်​ရပ်​လျက်​နေ​ကြ​သော​လူ​ပ​ရိ​သတ် သည်​ထို​အ​သံ​ကို​ကြား​၍​အ​ချို့​က ``မိုး​ချုန်း သည်'' ဟု​ဆို​ကြ​၏။ အ​ချို့​က​မူ ``ကိုယ်​တော်​အား ကောင်း​ကင်​တ​မန်​စ​ကား​ပြော​သည်'' ဟု​ဆို​ကြ​၏။ \p \v 30 သ​ခင်​ယေ​ရှု​က ``ဤ​အ​သံ​တော်​ပေါ်​ထွက်​လာ ခြင်း​သည်​ငါ​၏​အ​တွက်​မ​ဟုတ်။ သင်​တို့​၏​အ​တွက် ဖြစ်​၏။- \v 31 ဤ​လော​က​သည်​ယ​ခု​ပင်​လျှင်​တ​ရား​စီ​ရင် ခြင်း​ခံ​ရ​လေ​ပြီ။ လော​က​ကို​အ​စိုး​ရ​သူ သည်​လည်း​ယ​ခု​ပင်​နှိမ်​နင်း​ခြင်း​ခံ​ရ​ပေ တော့​မည်။- \v 32 ငါ​သည်​မြေ​မှ​မြှောက်​ထား​ခြင်း​ခံ​ရ​သော​အ​ခါ လူ​ခပ်​သိမ်း​တို့​ကို​ငါ​ထံ​သို့​ဆွဲ​ဆောင်​မည်'' ဟု မိန့်​တော်​မူ​၏။- \v 33 (ဤ​သို့​မိန့်​တော်​မူ​ရာ​တွင်​မိ​မိ​သည်​အ​ဘယ် သို့​အ​သေ​ခံ​ရ​မည်​ကို​အ​ရိပ်​အ​မြွက်​အား ဖြင့်​ဖော်​ပြ​တော်​မူ​ခြင်း​ဖြစ်​၏။) \p \v 34 လူ​တို့​က ``မေ​ရှိ​ယ​သည်​ထာ​ဝ​စဉ်​အ​သက်​ရှင် တော်​မူ​၏​ဟု​ပ​ညတ်​ကျမ်း​က​ဆို​ပါ​သည်။ သို့ ဖြစ်​၍`လူ​သား​သည်​မြေ​မှ​မြှောက်​ထား​ခြင်း​ကို ခံ​ရ​မည်' ဟု​အ​ဘယ်​ကြောင့်​သင်​ဆို​ပါ​သ​နည်း။ လူ​သား​ကား​အ​ဘယ်​သူ​နည်း'' ဟု​မေး​မြန်း​ကြ ၏။\x + \xo 12:34 \xt ဆာ၊ ၁၁၀:၄။ ဟေရှာ၊ ၉:၇။ ယေဇ၊ ၃၇:၂၅။ ဒံ၊ ၇:၁၄။\x* \p \v 35 သ​ခင်​ယေ​ရှု​က​လည်း ``အ​လင်း​သည်​သင်​တို့ တွင်​ခ​ဏ​သာ​ရှိ​ပေ​တော့​မည်။ သင်​တို့​အား အ​မှောင်​မ​ဖုံး​လွှမ်း​စေ​ရန် အ​လင်း​ရှိ​စဉ်​အ​ခါ သွား​လာ​ကြ​လော့။ အ​မှောင်​တွင်​သွား​လာ​သူ သည်​မိ​မိ​အ​ဘယ်​အ​ရပ်​သို့​သွား​လာ​သည် ကို​မ​သိ။- \v 36 သို့​ဖြစ်​၍​အ​လင်း​ရှိ​နေ​ခိုက်​ထို​အ​လင်း​ကို ယုံ​ကြည်​ကြ​လော့။ သို့​မှ​သာ​သင်​တို့​သည် အ​လင်း​၏​သား​များ​ဖြစ်​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ \s1 လူ​တို့​၏​ယုံ​ကြည်​ခြင်း​ကင်း​မဲ့​မှု \p ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​သ​ခင်​ယေ​ရှု သည်​ထွက်​ကြွ​၍ ထို​သူ​တို့​ကို​တိမ်း​ရှောင် လျက်​နေ​တော်​မူ​၏။- \v 37 သူ​တို့​၏​မျက်​မှောက်​တွင်​များ​စွာ​သော​နိ​မိတ် လက္ခ​ဏာ​တို့​ကို​ပြ​တော်​မူ​ခဲ့​သော်​လည်း သူ​တို့​သည်​ကိုယ်​တော်​ကို​မ​ယုံ​ကြည်​ကြ။- \v 38 ဤ​သို့​ဖြစ်​ရ​သည်​မှာ၊ \q1 ``အို ထာ​ဝ​ရ​ဘု​ရား၊အ​ဘယ်​သူ​သည် အ​ကျွန်ုပ်​တို့​၏ ဟော​ပြော​ချက်​ကို​ယုံ​ပါ​သ​နည်း။ \q2 ထာ​ဝ​ရ​ဘု​ရား​သည်​တန်​ခိုး​တော်​ကို​အ​ဘယ် သူ​အား ထင်​ရှား​ပါ​သ​နည်း။ \m ဟု​ဟေ​ရှာ​ယ​မြွက်​ဆို​ခဲ့​သည့်​အ​တိုင်း​ဖြစ် ပျက်​ခြင်း​ပင်​ဖြစ်​၏။-\x + \xo 12:38 \xt ဟေရှာ၊ ၅၃:၁။\x* \v 39-40 ထို​မှ​တစ်​ပါး​လည်း​ဟေ​ရှာ​ယ​က၊ \q1 ``သူ​တို့​၏​မျက်​စိ​များ​သည်​မြင်​နိုင်​၍ သူ​တို့​၏ စိတ်​နှလုံး​သည်​သိ​နား​လည်​နိုင်​ပါ​မူ၊ \q2 ထို​သူ​တို့​သည်​မိ​မိ​တို့​၏​အ​နာ​ရော​ဂါ​ပျောက်​ကင်း စိမ့်​သော​ငှာ​စိတ်​ပြောင်း​လဲ​ကြ​လိမ့်​မည်။ \q1 သို့​ဖြစ်​၍​သူ​တို့​မျက်​စိ​အ​လင်း​ကို​ငါ​ကွယ်​စေ လျက် \q2 သူ​တို့​စိတ်​နှ​လုံး​ကို​လည်း၊လေး​လံ​ထိုင်း​မှိုင်း စေ​တော်​မူ​၏​ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​၏'' \m ဟူ​၍​မြွက်​ဆို​ပြန်​သည့်​အ​တိုင်း​ထို​သူ​တို့ မှာ​ယုံ​ကြည်​နိုင်​စွမ်း​မ​ရှိ​ကြ။\x + \xo 12:39-40 \xt ဟေရှာ၊ ၆:၁၀။\x* \p \v 41 ဟေ​ရှာ​ယ​သည်​သ​ခင်​ယေ​ရှု​၏​ဘုန်း​အ​သ​ရေ ကို​ဖူး​မြင်​ရ​သ​ဖြင့် ကိုယ်​တော်​၏​အ​ကြောင်း​ကို ဤ​သို့​မြွက်​ဆို​ခြင်း​ဖြစ်​၏။ \p \v 42 သို့​ဖြစ်​စေ​ကာ​မူ​ယု​ဒ​အာ​ဏာ​ပိုင်​အ​မြောက် အ​မြား​ပင်​ကိုယ်​တော်​ကို​ယုံ​ကြည်​လာ​ကြ​၏။ သို့​ရာ​တွင်​ဖာ​ရိ​ရှဲ​များ​ကြောင့်​တ​ရား​ဇ​ရပ် မှ​ထုတ်​ပယ်​ခံ​ရ​မည်​ကို​ကြောက်​၍​မိ​မိ​တို့ ယုံ​ကြည်​ကြောင်း​ကို​ပွင့်​လင်း​စွာ​ဝန်​မ​ခံ​ကြ။- \v 43 သူ​တို့​သည်​ကား​လူ​တို့​၏​အ​ချီး​အ​မွမ်း​ကို ပို​၍​နှစ်​သက်​ကြ​သူ​များ​ဖြစ်​သ​တည်း။ \s1 ကိုယ်​တော်​ဟော​ပြော​သော​စ​ကား​သည်​ပင်​လျှင် တ​ရား​သူ​ကြီး​ဖြစ်​လိမ့်​မည် \p \v 44 သ​ခင်​ယေ​ရှု​က​ဤ​သို့​ကြွေး​ကြော်​တော်​မူ​သည်။ ``ငါ့​ကို​ယုံ​ကြည်​သူ​သည်​ငါ့​ကို​သာ​မ​ဟုတ်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​လည်း ယုံ​ကြည်​၏။- \v 45 ငါ့​ကို​တွေ့​မြင်​သူ​သည်​ငါ့​ကို​သာ​တွေ့​မြင် သည်​မ​ဟုတ်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော အ​ရှင်​ကို​လည်း​တွေ့​မြင်​၏။- \v 46 ငါ့​ကို​ယုံ​ကြည်​သူ​မှန်​သ​မျှ​သည်​အ​မှောင် တွင်​မ​နေ​ရ​စေ​ခြင်း​ငှာ ငါ​သည်​အ​လင်း အ​ဖြစ်​လော​က​သို့​ကြွ​လာ​ပြီ။- \v 47 ငါ​ဟော​ပြော​သော​စ​ကား​ကို​ကြား​၍​မ​ခံ​မ​ယူ သူ​ကို​ငါ​သည်​တ​ရား​မ​စီ​ရင်။ လော​က​သား​တို့ ကို​တ​ရား​စီ​ရင်​ရန်​ငါ​လာ​သည်​မ​ဟုတ်။ လော​က သား​တို့​ကို​ကယ်​တင်​ရန်​ငါ​လာ​သ​တည်း။- \v 48 ငါ့​ကို​ပစ်​ပယ်​၍​ငါ​ဟော​ပြော​သော​စ​ကား​ကို မ​ခံ​မ​ယူ​သော​သူ​ကို​တ​ရား​စီ​ရင်​မည့်​သူ ရှိ​၏။ ငါ​ဟော​ပြော​သော​စ​ကား​သည်​ပင်​လျှင် ထို​သူ​ကို​နောက်​ဆုံး​သော​နေ့​၌ တ​ရား​သူ ကြီး​အ​ဖြစ်​ဖြင့်​တ​ရား​စီ​ရင်​လိမ့်​မည်။- \v 49 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ကိုယ်​ပိုင်​အ​ခွင့် အာ​ဏာ​အ​ရ​ဟော​ပြော​ခြင်း​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​၏​အ​မိန့် တော်​အ​ရ​ဟော​ပြော​ခြင်း​ဖြစ်​၏။- \v 50 ခ​မည်း​တော်​၏​အ​မိန့်​တော်​သည်​ထာ​ဝ​ရ​အ​သက် ရ​စေ​သည်​ကို​ငါ​သိ​၏။ သို့​ဖြစ်​၍​ခမည်း​တော်​ပြော စေ​လို​သည်​အ​တိုင်း​ငါ​ဟော​ပြော​သတည်း။'' \c 13 \s1 တ​ပည့်​တော်​တို့​၏​ခြေ​ကို ဆေး​တော်​မူ​ခြင်း \p \v 1 အ​ခါ​ကား​ပ​သ​ခါ​ပွဲ​တော်​မ​တိုင်​မီ​တစ်​ရက် ဖြစ်​၏။ သ​ခင်​ယေ​ရှု​သည်​ဤ​လော​က​မှ​ထွက် ခွာ​၍ ခ​မည်း​တော်​ထံ​သို့​ကြွ​တော်​မူ​ရ​မည့် အ​ချိန်​ကျ​ရောက်​လာ​ကြောင်း​ကို​သိ​တော်​မူ ၏။ ကိုယ်​တော်​သည်​ဤ​လော​က​ရှိ​မိ​မိ​၏​တပည့် သား​ရင်း​များ​ကို​အ​စဉ်​ပင်​ချစ်​တော်​မူ​၏။ သူ​တို့​အား​ဆုံး​ခန်း​တိုင်​အောင်​ချစ်​တော် မူ​ပေ​သည်။ \p \v 2 သ​ခင်​ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့​သည်​ည​စာ စား​လျက်​နေ​ကြ​၏။ မာရ်​နတ်​သည်​ရှိ​မုန်​ရှ ကာ​ရုတ်​သား​ယု​ဒ​အား ကိုယ်​တော်​ကို​ရန်​သူ့ လက်​သို့​အပ်​နှံ​စေ​ရန်​အ​ကြံ​ပေး​ထား​ပြီး ဖြစ်​ပေ​သည်။- \v 3 သ​ခင်​ယေ​ရှု​သည်​မိ​မိ​အား​ခ​မည်း​တော်​က အာ​ဏာ​ကုန်​လွှဲ​အပ်​ထား​သည်​ကို​လည်း​ကောင်း၊ မိ​မိ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကြွ​လာ ၍ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ပြန်​တော့​မည်​ကို လည်း​ကောင်း​သိ​တော်​မူ​၏။- \v 4 သို့​ဖြစ်​၍​စား​ပွဲ​မှ​ထ​၍​ဝတ်​လုံ​တော်​ကို ချွတ်​တော်​မူ​ပြီး​လျှင်​ပ​ဝါ​ကို​ယူ​၍​ခါး ကို​စည်း​တော်​မူ​၏။- \v 5 ထို​နောက်​ဇ​လုံ​တွင်​ရေ​ထည့်​၍​တ​ပည့်​တော်​တို့ ၏​ခြေ​ကို​ဆေး​ပြီး​လျှင် ခါး​တွင်​စည်း​ထား​သော ပ​ဝါ​နှင့်​သုတ်​တော်​မူ​၏။- \v 6 ရှိ​မုန်​ပေ​တ​ရု​ထံ​သို့​ရောက်​တော်​မူ​လျှင် ပေ​တ​ရု​က ``သ​ခင်၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ် ၏​ခြေ​ကို​ဆေး​တော်​မူ​မည်​လော'' ဟု​မေး လျှောက်​၏။ \p \v 7 သ​ခင်​ယေ​ရှု​က ``ငါ​ပြု​သော​အ​မှု​ကို​ယ​ခု သင်​မ​သိ။ နောင်​အ​ခါ​မှ​သိ​ရ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​၏။ \p \v 8 ပေ​တ​ရု​က ``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​ခြေ ကို​အ​ဘယ်​အ​ခါ​မျှ​မ​ဆေး​ရ'' ဟု​ဆို​၏။ \p သ​ခင်​ယေ​ရှု​က ``သင့်​ခြေ​ကို​ငါ​မ​ဆေး​ရ လျှင် သင်​သည်​ငါ​၏​တ​ပည့်​မ​ဟုတ်​တော့​ပြီ'' ဟု​မိန့်​တော်​မူ​၏။ \p \v 9 ပေ​တ​ရု​က ``သ​ခင်၊ အ​ကျွန်ုပ်​၏​ခြေ​ကို သာ​မ​က​လက်​နှင့်​ဦး​ခေါင်း​ကို​လည်း​ဆေး တော်​မူ​ပါ'' ဟု​လျှောက်​၏။ \p \v 10 သ​ခင်​ယေ​ရှု​က ``ရေ​ချိုး​ပြီး​သူ​သည်​တစ်​ကိုယ် လုံး​စင်​ကြယ်​ပြီး​ဖြစ်​၍​ခြေ​ကို​သာ​ဆေး​ရန် လို​၏။ သင်​တို့​သည်​စင်​ကြယ်​ပြီး​ဖြစ်​၏။ သို့​ရာ တွင်​လူ​တိုင်း​စင်​ကြယ်​သည်​မ​ဟုတ်'' ဟု​မိန့် တော်​မူ​၏။- \v 11 (မိ​မိ​အား​ရန်​သူ့​လက်​သို့​အပ်​နှံ​မည့်​သူ​ကို​သိ တော်​မူ​သော​ကြောင့် ကိုယ်​တော်​က​လူ​တိုင်း​စင် ကြယ်​သည်​မ​ဟုတ်​ဟု​မိန့်​တော်​မူ​သ​တည်း။) \p \v 12 ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​၏​ခြေ​ကို​ဆေး ပြီး​နောက် ဝတ်​လုံ​တော်​ကို​ပြန်​၍​ဝတ်​ပြီး​လျှင် ထိုင်​တော်​မူ​၏။ ကိုယ်​တော်​က ``သင်​တို့​အ​တွက် ငါ​ပြု​ခဲ့​သော​အ​မှု​အ​ရာ​ကို​နား​လည်​ကြ သ​လော။-\x + \xo 13:12 \xt လု၊ ၂၂:၂၇။\x* \v 13 သင်​တို့​သည်​ငါ့​ကို​ဆ​ရာ​တော်​ဟူ​၍​လည်း ကောင်း၊ အ​ရှင်​ဘု​ရား​ဟူ​၍​လည်း​ကောင်း​ခေါ် တတ်​ကြ​၏။ ဤ​အ​တိုင်း​လည်း​ဟုတ်​မှန်​သ​ဖြင့် သင်​တို့​ခေါ်​သည်​မှာ​လျောက်​ပတ်​ပေ​၏။- \v 14 ငါ​သည်​သင်​တို့​၏​ဆ​ရာ​တော်​ဖြစ်​၏။ အ​ရှင် ဘု​ရား​လည်း​ဖြစ်​၏။ သို့​ဖြစ်​ပါ​လျက်​သင်​တို့ ၏​ခြေ​ကို​ငါ​ဆေး​ပေး​ခဲ့​၏။ သို့​ဖြစ်​၍​သင်​တို့ သည်​လည်း​အ​ချင်း​ချင်း​တို့​၏​ခြေ​ကို​ဆေး ရ​မည်။- \v 15 သင်​တို့​အား​ငါ​ပြု​သ​ကဲ့​သို့ သင်​တို့​အ​ချင်း ချင်း​သည်​လည်း​ပြု​ကြ​စိမ့်​သော​ငှာ​စံ​န​မူ​နာ ကို​ငါ​ပြ​ခဲ့​ပြီ။- \v 16 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ကျွန်​သည်​သ​ခင်​ထက်​ကြီး​မြတ်​သည်​မ​ဟုတ်။ စေ​လွှတ်​ခြင်း​ခံ​ရ​သူ​လည်း​စေ​လွှတ်​သော​သူ ထက်​ကြီး​မြတ်​သည်​မ​ဟုတ်။-\x + \xo 13:16 \xt မ၊ ၁၀:၂၄။ လု၊ ၆:၄၀။ ယော၊ ၁၅:၂၀။\x* \v 17 ဤ​သစ္စာ​စ​ကား​ကို​သင်​တို့​ယ​ခု သိ​ကြ​လေ ပြီ။ ယင်း​သို့​သိ​သည့်​အ​တိုင်း​ကျင့်​သုံး​ကြ​ပါ လျှင်​မင်္ဂ​လာ​ရှိ​ကြ​၏။ \p \v 18 ``သင်​တို့​အား​လုံး​ကို​ရည်​မှတ်​၍​ငါ​ပြော​သည် မ​ဟုတ်။ ငါ​ရွေး​ကောက်​ထား​သူ​များ​ကို​ငါ​သိ ၏။ သို့​သော်​ကျမ်း​စာ​တော်​တွင်`ငါ​၏​ထ​မင်း​ကို စား​သူ​သည်​ငါ့​ကို​ခြေ​နှင့်​ကျောက်​လေ​ပြီ' ဟု ပါ​ရှိ​သည်​အ​တိုင်း​ဖြစ်​ပျက်​ရ​မည်။-\x + \xo 13:18 \xt ဆာ၊ ၄၁:၉။\x* \v 19 ထို​သို့​ဖြစ်​ပျက်​လာ​သော​အ​ခါ `ငါ​သည်​ငါ ဖြစ်​သည်​အ​တိုင်း​ငါ​ဖြစ်​သည်​ကို' သင်​တို့ ယုံ​ကြည်​လာ​ကြ​စေ​ရန်​ယ​ခု​က​ပင်​ကြို တင်​၍​သင်​တို့​အား​ငါ​ပြော​နှင့်​ပြီ။- \v 20 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​စေ​လွှတ်​သော​သူ​ကို​လက်​ခံ​သူ​သည်​ငါ့ ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည် လည်း​ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို လက်​ခံ​၏'' ဟု​မိန့်​တော်​မူ​၏။\x + \xo 13:20 \xt မ၊ ၁၀:၄၀။ မာ၊ ၉:၃၇။ လု၊ ၉:၄၈၊ ၁၀:၁၆။\x* \s1 ကိုယ်​တော်​အား​သစ္စာ​ဖောက်​မည့်​အြေကာင်း ကြို​တင်​ဖော်​ပြ​တော်​မူ​ခြင်း \r (မ၊ ၂၆:၂၀-၂၅။ မာ၊ ၁၄:၁၇-၂၁။ လု၊ ၂၂:၂၁-၂၃) \p \v 21 ဤ​သို့​မိန့်​တော်​မူ​ပြီး​သော​အ​ခါ​သ​ခင်​ယေ​ရှု သည်​ပြင်း​စွာ​စိတ်​ဒုက္ခ​ရောက်​တော်​မူ​၍ ``အ​မှန် အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သင်​တို့ အ​နက်​တစ်​ယောက်​သော​သူ​သည်​ငါ့​ကို​ရန်​သူ့ လက်​သို့​အပ်​နှံ​လိမ့်​မည်'' ဟု​ပွင့်​လင်း​စွာ​မိန့် တော်​မူ​၏။ \p \v 22 အ​ဘယ်​သူ​ကို​ရည်​ဆောင်​၍​မိန့်​တော်​မူ​သည် ကို​တ​ပည့်​တော်​တို့​တွေး​၍​မ​ရ​နိုင်​ကြ​သ​ဖြင့် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​ကြည့် ကြ​၏။- \v 23 ထို​အ​ခါ​သ​ခင်​ယေ​ရှု​ချစ်​တော်​မူ​သော တ​ပည့်​တော်​သည် ကိုယ်​တော်​၏​လက်​ယာ​တော် ဘက်​တွင်​ထိုင်​လျက်​နေ​၏။- \v 24 ရှိ​မုန်​ပေ​တ​ရု​က ``ကိုယ်​တော်​သည်​မည်​သူ့​ကို ဆို​လို​တော်​မူ​ပါ​သ​နည်း'' ဟု​မေး​လျှောက် ရန်​ထို​တ​ပည့်​အား​မျက်​ရိပ်​ပြ​၍​ခိုင်း​၏။ \p \v 25 ထို​တ​ပည့်​တော်​သည် သ​ခင်​ယေ​ရှု​၏​အ​နီး သို့​ကပ်​ပြီး​လျှင် ``သ​ခင်၊ ထို​သူ​သည်​မည်​သူ ဖြစ်​ပါ​သ​နည်း'' ဟု​လျှောက်​၏။ \p \v 26 သ​ခင်​ယေ​ရှု​က ``ဤ​မုန့်​တစ်​ဖဲ့​ကို​ဟင်း​ပန်း ကန်​တွင်​နှစ်​၍​ငါ​ပေး​သူ​သည်​ထို​သူ​ပင်​ဖြစ် ၏'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​မုန့်​တစ်​ဖဲ့​ကို ဟင်း​ပန်း​ကန်​တွင်​နှစ်​ပြီး​လျှင် ရှိ​မုန်​ရှ​ကာ​ရုတ် ၏​သား​ယု​ဒ​အား​ပေး​တော်​မူ​၏။- \v 27 ထို​မုန့်​ကို​ယု​ဒ​စား​လိုက်​သည်​နှင့်​တစ်​ပြိုင် နက်​စာ​တန်​သည်​သူ​၏​အ​ထဲ​သို့​ဝင်​လေ​၏။ သ​ခင်​ယေ​ရှု​က ``သင်​ပြု​ရ​မည့်​အ​မှု​ကို အ​လျင်​အ​မြန်​ပြု​လော့'' ဟု​မိန့်​တော်​မူ​၏။- \v 28 ယု​ဒ​အား​အ​ဘယ်​ကြောင့်​ထို​သို့​မိန့်​တော်​မူ သည်​ကို စား​ပွဲ​တွင်​ထိုင်​နေ​သူ​တစ်​ယောက်​မျှ မ​သိ။- \v 29 ယုဒ​သည်​ငွေ​အိတ်​ကို​ကိုင်​ဆောင်​ရ​သူ​ဖြစ်​၍ ပွဲ​တော်​အ​တွက်​လို​အပ်​သည်​များ​ကို​ဝယ်​ယူ ရန်​ဖြစ်​စေ၊ ဆင်း​ရဲ​သူ​တို့​အား​ပေး​ကမ်း​ရန် ဖြစ်​စေ​သ​ခင်​ယေ​ရှု​မှာ​ကြား​တော်​မူ​သည် ဟု အ​ချို့​သော​တ​ပည့်​တော်​တို့​က​ထင်​မှတ် ကြ​၏။ \p \v 30 ယု​ဒ​ရှ​ကာ​ရုတ်​သည်​မုန့်​တစ်​ဖဲ့​ကို​ခံ​ယူ ပြီး​လျှင်​ချက်​ချင်း​ထွက်​ခွာ​သွား​လေ​သည်။ ထို​အ​ချိန်​ကား​ည​အ​ချိန်​ဖြစ်​သ​တည်း။ \s1 ပ​ညတ်​တော်​သစ် \p \v 31 ယု​ဒ​ထွက်​သွား​ပြီး​နောက်​သ​ခင်​ယေ​ရှု​က ``ယ​ခု လူ​သား​သည်​ဘုန်း​အ​သ​ရေ​ထွန်း​တော်​မူ​လေ ပြီ၊ ဘု​ရား​သ​ခင်​သည်​လည်း​လူ​သား​အား​ဖြင့် ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပြီ။- \v 32 ဘု​ရား​သ​ခင်​သည်​လူ​သား​အား​ဖြင့်​ဘုန်း အ​သ​ရေ​ထွန်း​တောက်​တော်​မူ​လျှင် ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​အား​ဖြင့် လူ​သား​အား ဘုန်း​အ​သ​ရေ​ထွန်း​တောက်​စေ​တော်​မူ​လိမ့် မည်။- \v 33 ချစ်​သား​တို့၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ခ​ဏ​မျှ သာ​နေ​ရ​ပေ​တော့​အံ့။ သင်​တို့​သည်​ငါ့​ကို​ရှာ ကြ​လိမ့်​မည်။ `ငါ​သွား​ရာ​သို့​သင်​တို့​မ​လိုက် နိုင်​ကြ' ဟု​ယု​ဒ​အာ​ဏာ​ပိုင်​တို့​အား​ပြော​ခဲ့ သည်​အ​တိုင်း​သင်​တို့​အား​လည်း​ယ​ခု​ငါ ပြော​၏။-\x + \xo 13:33 \xt ယော၊ ၇:၃၄။\x* \v 34 အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟူ​သော​ပ​ညတ်​သစ် ကို​သင်​တို့​အား​ငါ​ပေး​၏။ ငါ​သည်​သင်​တို့​ကို ချစ်​သည်​နည်း​တူ​သင်​တို့​သည်​လည်း​အ​ချင်း ချင်း​ချစ်​ကြ​ရ​မည်။-\x + \xo 13:34 \xt ယော၊ ၁၅:၁၂၊ ၁၇၊ ၁ယော၊ ၃:၂၃။ ၂ယော ၅။\x* \v 35 သင်​တို့​အ​ချင်း​ချင်း​ချစ်​ကြ​လျှင်​လူ​အ​ပေါင်း တို့​သည် ထို​မေတ္တာ​ကို​ထောက်​၍​သင်​တို့​သည်​ငါ ၏​တ​ပည့်​များ​ဖြစ်​ကြောင်း​ကို​သိ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 ပေ​တ​ရု​ငြင်း​ဆို​မည်​ကို​ကြို​တင် ဖော်​ပြ​တော်​မူ​ခြင်း \r (မ၊ ၂၆:၃၁-၃၅။ မာ၊ ၁၄:၂၇-၃၁။ လု၊ ၂၂:၃၁-၃၄) \p \v 36 ရှိ​မုန်​ပေ​တ​ရု​က ``သ​ခင်၊ အ​ဘယ်​အ​ရပ်​သို့ ကြွ​တော်​မူ​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သွား​ရာ​ကို​သင်​ယ​ခု မ​လိုက်​နိုင်။ နောင်​အ​ခါ​မှ​လိုက်​ရ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​၏။ \p \v 37 ပေ​တ​ရု​က ``သ​ခင်၊ အ​ဘယ်​ကြောင့်​ယ​ခု အ​ကျွန်ုပ်​မ​လိုက်​နိုင်​ပါ​သ​နည်း။ ကိုယ်​တော် ၏​အ​တွက်​အ​ကျွန်ုပ်​သည်​အ​သက်​ကို​ပင်​စွန့် ပါ​မည်'' ဟု​လျှောက်​၏။ \p \v 38 သ​ခင်​ယေ​ရှု​က ``သင်​သည်​ငါ့​အ​တွက်​အ​သက် စွန့်​မည်​လော။ အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို​သည် ကား ကြက်​မ​တွန်​မီ​သင်​သည်​ငါ့​ကို​မ​သိ​ဟု သုံး​ကြိမ်​တိုင်​အောင်​ငြင်း​ဆို​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ \c 14 \s1 သ​ခင်​ယေ​ရှု​သည်​ခ​မည်း​တော်​ထံ​သို့ ပို့​ဆောင်​ရာ​ခ​ရီး​လမ်း​ဖြစ်​ခြင်း \p \v 1 သ​ခင်​ယေ​ရှု​က ``သင်​တို့​စိတ်​မ​ပူ​ပန်​ကြ နှင့်။ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကြ​လော့။ ငါ့ ကို​လည်း​ယုံ​ကြည်​လော့။- \v 2 ငါ့​ခ​မည်း​တော်​၏​အိမ်​တော်​တွင်​အ​ခန်း​များ​စွာ ရှိ​၏။ သို့​မ​ရှိ​ပါ​မူ​ငါ​သည်​သင်​တို့​အ​တွက် နေ​ရာ​ကို​သွား​၍​ပြင်​ဆင်​မည်​ဟု​ပြော​ဆို ပါ​မည်​လော။- \v 3 ယင်း​သို့​သွား​၍​ပြင်​ဆင်​ပြီး​မှ​သင်​တို့​ထံ​သို့ ငါ​ပြန်​လာ​၍ ငါ​ရှိ​ရာ​အ​ရပ်​တွင်​သင်​တို့​ရှိ နိုင်​ကြ​စေ​ရန် သင်​တို့​ကို​ငါ့​ထံ​သို့​ခေါ်​ဆောင် မည်။- \v 4 ငါ​သွား​ရာ​အ​ရပ်​သို့​ရောက်​စေ​မည့်​ခ​ရီး လမ်း​ကို​သင်​တို့​သိ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 5 သော​မ​က ``သ​ခင်၊ အ​ရှင်​အ​ဘယ်​အ​ရပ်​သို့ သွား​မည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ပါ။ အ​ဘယ် သို့​လျှင်​ခ​ရီး​လမ်း​ကို​အ​ကျွန်ုပ်​တို့​သိ​နိုင် ကြ​ပါ​မည်​နည်း'' ဟု​လျှောက်​၏။ \p \v 6 သ​ခင်​ယေ​ရှု​က ``ငါ​သည်​ခ​ရီး​လမ်း​ဖြစ်​၏။ သမ္မာ​တ​ရား​လည်း​ဖြစ်​၏။ အ​သက်​လည်း​ဖြစ်​၏။ ငါ့​ကို​အ​မှီ​မ​ပြု​ဘဲ​အ​ဘယ်​သူ​မျှ​ခ​မည်း တော်​ထံ​သို့​မ​ရောက်​နိုင်။- \v 7 ယ​ခု​သင်​တို့​သည်​ငါ့​ကို​သိ​ကြ​ပြီ​ဖြစ်​၍ ငါ့​ခ​မည်း​တော်​ကို​လည်း​သိ​ကြ​လိမ့်​မည်။ ယ​ခု မှ​စ​၍​ခ​မည်း​တော်​ကို​သင်​တို့​သိ​ကျွမ်း​၍​ဖူး မြင်​ရ​ကြ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ \p \v 8 ဖိ​လိပ္ပု​က ``အ​ရှင်​ဘု​ရား၊ ခ​မည်း​တော်​ကို အ​ကျွန်ုပ်​တို့​အား​ပြ​တော်​မူ​ပါ။ သို့​ပြ​တော် မူ​လျှင်​အ​ကျွန်ုပ်​တို့​အ​လို​ပြည့်​ပါ​ပြီ'' ဟု လျှောက်​၏။ \p \v 9 သ​ခင်​ယေ​ရှု​က ``ဖိ​လိပ္ပု၊ ငါ​သည်​သင်​တို့​နှင့် အ​တူ​ဤ​မျှ​ကြာ​အောင်​နေ​ခဲ့​ပြီး​ဖြစ်​ပါ လျက်​ငါ့​ကို​သင်​မ​သိ​ပါ​သ​လော။ ငါ့​ကို တွေ့​မြင်​ရ​သူ​သည်​ခ​မည်း​တော်​ကို​ဖူး​မြင် ရ​၏။ ခ​မည်း​တော်​အား​အ​ကျွန်ုပ်​တို့​ကို​ပြ တော်​မူ​ပါ​ဟု​အ​ဘယ်​ကြောင့်​ဆို​သ​နည်း။- \v 10 ငါ​သည်​ခ​မည်း​တော်​၌​တည်​ရှိ​နေ​၍​ခ​မည်း တော်​သည်​လည်း ငါ​၌​တည်​ရှိ​နေ​တော်​မူ​သည် ကို​သင်​မ​ယုံ​သ​လော။ သင်​တို့​အား​ငါ​ပြော သော​စ​ကား​သည်​ငါ့​ကိုယ်​ပိုင်​စ​ကား​မ​ဟုတ်။ ငါ​ပြု​သော​အ​မှု​တို့​သည်​ခ​မည်း​တော်​ပြု တော်​မူ​သော​အ​မှု​များ​ပင်​ဖြစ်​၏။- \v 11 ငါ​သည်​ခ​မည်း​တော်​၌​တည်​နေ​၍​ခ​မည်း တော်​သည်​လည်း ငါ​၌​တည်​နေ​တော်​မူ​သည် ဟု​ငါ​ပြော​သည်​ကို​ယုံ​ကြ​လော့။ မ​ယုံ​လျှင် ငါ​ပြု​သော​အ​မှု​များ​ကို​ထောက်​၍​ယုံ​ကြ လော့။- \v 12 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ့​ကို​ယုံ​ကြည်​သူ​သည်​ငါ​ပြု​သော​အ​မှု တို့​ကို​ပြု​လိမ့်​မည်။ ထို​ထက်​ကြီး​မြတ်​သည့် အ​မှု​များ​ကို​ပင်​ပြု​လိမ့်​မည်။ အ​ဘယ်​ကြောင့် ဆို​သော်​ငါ​သည်​ခ​မည်း​တော်​ထံ​တော်​သို့ သွား​မည်​ဖြစ်​သော​ကြောင့်​တည်း။- \v 13 သား​တော်​အား​ဖြင့်​ခ​မည်း​တော်​ဘုန်း​အ​သ​ရေ ထွန်း​တောက်​စေ​အံ့​သော​ငှာ​ငါ့​နာ​မ​ကို​အ​မှီ ပြု​၍ သင်​တို့​တောင်း​လျှောက်​သ​မျှ​အ​တိုင်း ငါ​ပြု​မည်။- \v 14 ငါ့​နာ​မ​ကို​အ​မှီ​ပြု​၍​သင်​တို့​မည်​သည့် ဆု​ကို​မ​ဆို​ငါ့​ကို​တောင်း​လျှင် တောင်း​သည့် အ​တိုင်း​ငါ​ပြု​မည်။ \s1 ဝိ​ညာဉ်​တော်​၏​က​တိ​တော် \p \v 15 ``သင်​တို့​သည်​ငါ့​ကို​ချစ်​လျှင်​ငါ့​ပ​ညတ် တို့​ကို​စောင့်​ထိန်း​လိမ့်​မည်။- \v 16 ငါ​သည်​ခ​မည်း​တော်​အား​တောင်း​လျှောက် သ​ဖြင့်​သင်​တို့​နှင့်​အ​တူ​အ​စဉ်​အ​မြဲ​ရှိ​၍ သင်​တို့​အား​မ​စ​တော်​မူ​သော​အ​ခြား အ​ရှင်​တစ်​ပါး​ကို​ပေး​တော်​မူ​လိမ့်​မည်။- \v 17 ထို​အ​ရှင်​သည်​ဘု​ရား​သ​ခင်​အ​ကြောင်း​ဆိုင် ရာ​သမ္မာ​တ​ရား​ကို​ဖော်​ပြ​သော​ဝိ​ညာဉ်​တော် ဖြစ်​၏။ လော​က​သား​တို့​သည်​ထို​ဝိ​ညာဉ်​တော် ကို​မြင်​လည်း​မ​မြင်၊ သိ​လည်း​မ​သိ​သ​ဖြင့် မ​ခံ​မ​ယူ​နိုင်။ ထို​ဝိ​ညာဉ်​တော်​သည်​သင်​တို့ နှင့်​အ​တူ​တည်​နေ​တော်​မူ​၍ သင်​တို့​စိတ်​နှ​လုံး တွင်​ကျိန်း​ဝပ်​တော်​မူ​သ​ဖြင့်​ထို​အ​ရှင်​ကို သင်​တို့​သိ​ကြ​၏။ \p \v 18 ``ငါ​သည်​သင်​တို့​အား​ခို​ကိုး​ရာ​မဲ့​ဖြစ်​စေ မည်​မ​ဟုတ်။ သင်​တို့​ထံ​သို့​ငါ​လာ​ဦး​မည်။- \v 19 ကာ​လ​အ​နည်း​ငယ်​ကြာ​လျှင်​ဤ​လော​က သား​တို့​သည် ငါ့​ကို​မြင်​ကြ​ရ​တော့​မည်​မ​ဟုတ် သော်​လည်း သင်​တို့​မူ​ကား​မြင်​ကြ​ရ​လိမ့်​မည်။ ငါ သည်​အ​သက်​ရှင်​သော​ကြောင့်​သင်​တို့​သည်​လည်း အ​သက်​ရှင်​ကြ​လိမ့်​မည်။- \v 20 ငါ​သည်​ခ​မည်း​တော်​၌​တည်​နေ​သည်​ကို​လည်း ကောင်း၊ သင်​တို့​သည်​ငါ​၌​တည်​နေ​၍​ငါ​သည် လည်း​သင်​တို့​၌​တည်​နေ​သည်​ကို​လည်း​ကောင်း ထို​နေ့​ရက်​၌​သင်​တို့​သိ​ကြ​လိမ့်​မည်။'' \p \v 21 ``ငါ့​ပ​ညတ်​များ​ကို​ခံ​ယူ​၍​စောင့်​ထိန်း​သော သူ​သည်​ငါ့​ကို​ချစ်​သော​သူ​ဖြစ်​၏။ ငါ့​ကို​ချစ် သော​သူ​ကို ခ​မည်း​တော်​သည်​ချစ်​တော်​မူ​မည်။ ငါ​သည်​လည်း​သူ့​ကို​ချစ်​၍ မိ​မိ​ကိုယ်​ကို​သူ့ အား​ပေါ်​လွင်​ထင်​ရှား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 22 (ရှ​ကာ​ရုတ်​မ​ဟုတ်​သူ) အ​ခြား​ယု​ဒ​က``သ​ခင်၊ လော​က​သား​တို့​အား​မိ​မိ​ကိုယ်​ကို​ပေါ်​လွင် ထင်​ရှား​စေ​တော်​မ​မူ​ဘဲ အ​ကျွန်ုပ်​တို့​အား အ​ဘယ်​သို့​ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​မည် နည်း'' ဟု​မေး​လျှောက်​၏။ \p \v 23 သ​ခင်​ယေ​ရှု​က ``ငါ့​ကို​ချစ်​သော​သူ​သည် ငါ့​သွန်​သင်​ချက်​ကို​ခံ​ယူ​လိမ့်​မည်။ သို့​ဖြစ်​၍ ငါ့​ခ​မည်း​တော်​သည်​ထို​သူ​ကို​ချစ်​တော်​မူ လိမ့်​မည်။ ငါ့​ခမည်း​တော်​နှင့်​ငါ​သည်​လည်း​သူ့ ထံ​သို့​လာ​၍​သူ​နှင့်​အ​တူ​ကျိန်း​ဝပ်​မည်။- \v 24 ငါ့​ကို​မ​ချစ်​သော​သူ​သည်​ငါ့​သွန်​သင်​ချက် ကို​မ​ခံ​မ​ယူ​တတ်။ သင်​တို့​ကြား​ရ​သော​သွန် သင်​ချက်​သည်​ငါ့​သွန်​သင်​ချက်​မ​ဟုတ်။ ငါ့ ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​၏​သွန် သင်​ချက်​ဖြစ်​၏။ \p \v 25 ``သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​ဤ​အ​ရာ များ​ကို​ငါ​ဖော်​ပြ​ပြီ။- \v 26 သို့​ရာ​တွင်​ခ​မည်း​တော်​သည်​ငါ့​နာ​မ​ကြောင့် စေ​လွှတ်​တော်​မူ​မည့်​မ​စ​တော်​မူ​သော​အ​ရှင် တည်း​ဟူ​သော​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သွန်​သင် ပေး​တော်​မူ​၍ ငါ​ပြော​ခဲ့​သ​မျှ​သော​အ​ရာ​တို့ ကို​သင်​တို့​အား​ပြန်​လည်​သ​တိ​ရ​စေ​တော် မူ​လိမ့်​မည်။ \p \v 27 ``ငြိမ်​သက်​ခြင်း​ကို​သင်​တို့​အား​ငါ​ထား​ခဲ့​၏။ ငါ​၏​ငြိမ်​သက်​ခြင်း​ကို​သင်​တို့​အား​ငါ​ပေး​၏။ လော​က​သား​တို့​ပေး​သ​ကဲ့​သို့​မ​ဟုတ်။ သင်​တို့ စိတ်​မ​ပူ​ပန်​ကြ​နှင့်။ မ​ကြောက်​ကြ​နှင့်။- \v 28 `ငါ​ယ​ခု​သွား​သော်​လည်း​သင်​တို့​ထံ​ကို ပြန်​လာ​ဦး​မည်' ဟု​ပြော​သည်​ကို​သင်​တို့ ကြား​ခဲ့​ကြ​ပြီ။ ခ​မည်း​တော်​သည်​ငါ့​ထက် ကြီး​မြတ်​တော်​မူ​၏။ သို့​ဖြစ်​၍​သင်​တို့​ငါ့ ကို​ချစ်​လျှင်​ခ​မည်း​တော်​ထံ​သို့​ငါ​သွား သည်​ကို​ဝမ်း​မြောက်​ကြ​လိမ့်​မည်။- \v 29 ထို​အ​မှု​အ​ရာ​ဖြစ်​ပျက်​သော​အ​ခါ​၌​သင် တို့​ယုံ​ကြည်​ကြ​စေ​ရန် ယ​ခု​က​ပင်​ကြို​တင် ၍​သင်​တို့​အား​ငါ​ပြော​နှင့်​ပြီ။- \v 30 လော​က​ကို​အ​စိုး​ရ​သူ​သည်​ရောက်​ရှိ​လာ တော့​မည်။ သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​နှင့်​စ​ကား ကြာ​ကြာ​ပြော​နိုင်​တော့​မည်​မ​ဟုတ်။ သူ​သည် ငါ့​ကို​မည်​သို့​မျှ​မ​ပြု​နိုင်။- \v 31 သို့​ရာ​တွင်​ငါ​သည်​ခ​မည်း​တော်​ကို​ချစ်​ကြောင်း ကမ္ဘာ​က​သိ​ရန်​လို​ပေ​သည်။ သို့​ဖြစ်​၍​ငါ​သည် ခ​မည်း​တော်​ငါ့​အား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို ငါ​လိုက်​နာ​ဆောင်​ရွက်​၏။ \p ထ​၍​ဤ​နေ​ရာ​မှ​သွား​ကြ​ကုန်​အံ့'' ဟု မိန့်​တော်​မူ​၏။ \c 15 \s1 စ​ပျစ်​ပင်​အ​စစ်​ဖြစ်​တော်​မူ​သော သ​ခင်​ယေ​ရှု \p \v 1 သ​ခင်​ယေ​ရှု​က ``ငါ​သည်​စ​ပျစ်​ပင်​အ​စစ် ဖြစ်​၍​ငါ့​အ​ဖ​သည်​ဥ​ယျာဉ်​မှူး​ဖြစ်​တော် မူ​၏။- \v 2 ကိုယ်​တော်​ရှင်​သည်​ငါ​၌​အ​သီး​မ​သီး​သော အ​ကိုင်း​အ​ခက်​ရှိ​သ​မျှ​ကို​ခုတ်​ပစ်​တော်​မူ ၏။ အ​သီး​သီး​သည့်​အ​ကိုင်း​အ​ခက်​ရှိ​သ​မျှ ကို​လည်း​ပို​၍​သီး​စေ​ရန်​သုတ်​သင်​ရှင်း​လင်း တော်​မူ​၏။- \v 3 ထို​နည်း​တူ​စွာ​ငါ​ဟော​ပြော​သော​တ​ရား အား​ဖြင့် ယ​ခု​သင်​တို့​ရှင်း​လင်း​လျက်​ရှိ​ကြ​၏။- \v 4 ငါ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​တည်​နေ​ကြ​လော့။ ငါ​သည်​လည်း​သင်​တို့​နှင့်​တစ်​လုံး​တစ်​ဝ​တည်း တည်​နေ​မည်။ စ​ပျစ်​ကိုင်း​သည်​အ​ပင်​၌​တည် မ​နေ​လျှင်​အ​သီး​မ​သီး​နိုင်​သ​ကဲ့​သို့ သင် တို့​သည်​ငါ​၌​တည်​မ​နေ​လျှင်​အ​သီး မ​သီး​နိုင်​ကြ။'' \p \v 5 ``ငါ​သည်​စ​ပျစ်​ပင်​ဖြစ်​၏။ သင်​တို့​ကား​အ​ကိုင်း အ​ခက်​များ​ဖြစ်​ကြ​၏။ ငါ​နှင့်​ကင်း​လျှင်​သင်​တို့ သည်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​တတ်​နိုင်​ကြ​သော ကြောင့် မည်​သူ​မ​ဆို​ငါ​၌​တည်​နေ​၍​ငါ​သည် လည်း​သူ​၌​တည်​နေ​လျှင်​များ​စွာ​သော​အ​သီး ကို​သီး​လိမ့်​မည်။- \v 6 ငါ​၌​မ​တည်​နေ​သော​သူ​သည်​အ​ပြင်​သို့​ပစ် ထုတ်​ခြင်း​ကို​ခံ​ရ​၍ ခြောက်​သွေ့​သွား​သည့် အ​ကိုင်း​အ​ခက်​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ လူ​တို့ သည်​ထို​သို့​သော​အ​ကိုင်း​အ​ခက်​များ​ကို စု​သိမ်း​၍​မီး​ရှို့​တတ်​ကြ​၏။- \v 7 သင်​တို့​သည်​ငါ​၌​တည်​နေ​၍​ငါ​၏​တ​ရား သည်​လည်း​သင်​တို့​၌​တည်​နေ​လျှင် သင်​တို့ တောင်း​လျှောက်​သ​မျှ​သော​အ​ရာ​တို့​ကို​ရ​ရှိ ကြ​လိမ့်​မည်။- \v 8 သင်​တို့​သည်​များ​စွာ​သော​အ​သီး​သီး​ခြင်း အား​ဖြင့် ငါ့​ခ​မည်း​တော်​၏​ဘုန်း​အ​သ​ရေ တော်​ကို​ထွန်း​တောက်​စေ​၏။ ဤ​နည်း​အား​ဖြင့် သင်​တို့​သည်​ငါ​၏​တ​ပည့်​များ​ဖြစ်​လာ​ကြ ၏။- \v 9 ခ​မည်း​တော်​သည်​ငါ့​ကို​ချစ်​သ​ကဲ့​သို့​ငါ သည်​သင်​တို့​ကို​ချစ်​၏။ ငါ​၏​မေတ္တာ​၌​တည် နေ​ကြ​လော့။- \v 10 ငါ​သည်​ခ​မည်း​တော်​၏​ပ​ညတ်​တို့​ကို​စောင့် ထိန်း​၍​ခ​မည်း​တော်​၏​မေတ္တာ​၌​တည်​နေ​သ​ကဲ့ သို့ သင်​တို့​သည်​ငါ့​ပ​ညတ်​တို့​ကို​စောင့်​ထိန်း လျှင်​ငါ့​မေတ္တာ​၌​တည်​နေ​ကြ​လိမ့်​မည်။'' \p \v 11 ``သင်​တို့​သည်​ငါ​၏​ဝမ်း​မြောက်​ခြင်း​ကို​ခံ​စား ရ​လျက် အ​ပြည့်​အ​ဝ​ဝမ်း​မြောက်​နိုင်​ကြ​စေ ရန်​ဤ​စ​ကား​ကို​ငါ​ပြော​၏။- \v 12 ငါ့​ပ​ညတ်​ကား​ငါ​သည်​သင်​တို့​ကို​ချစ်​သည့် နည်း​တူ သင်​တို့​သည်​အ​ချင်း​ချင်း​ချစ်​ကြ လော့။-\x + \xo 15:12 \xt ယော၊ ၁၃:၃၄၊ ၁၅:၁၇။ ၁ယော၊ ၃:၂၃။ ၂ယော ၅။\x* \v 13 မိ​မိ​၏​မိတ်​ဆွေ​အ​တွက်​အ​သက်​ကို​စွန့်​သော မေတ္တာ​ထက်​ကြီး​မြတ်​သည့်​မေတ္တာ​မ​ရှိ​တော့ ပြီ။- \v 14 သင်​တို့​သည်​ငါ​ပ​ညတ်​သည့်​အ​တိုင်း​ပြု ကျင့်​လျှင် ငါ​၏​အ​ဆွေ​ဖြစ်​ကြ​၏။- \v 15 ယ​ခု​မှ​စ​၍​သင်​တို့​အား​အ​စေ​ခံ​ဟူ​၍​ငါ မ​ခေါ်။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​စေ​ခံ​သည် သ​ခင်​ပြု​သည့်​အ​မှု​ကို​မ​သိ​သော​ကြောင့် ဖြစ်​၏။ ခ​မည်း​တော်​ထံ​မှ​ငါ​ကြား​ရ​သ​မျှ တို့​ကို​သင်​တို့​အား​ငါ​ပြော​ကြား​ပြီး​ဖြစ် သ​ဖြင့် သင်​တို့​ကို​အ​ဆွေ​ဟူ​၍​ငါ​ခေါ်​၏။- \v 16 သင်​တို့​သည်​ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ တည်​မြဲ​သော​အ​သီး​ကို​သီး​နိုင်​ကြ​စေ​ရန်​သင် တို့​အား​ငါ​ရွေး​ကောက်​ခန့်​ထား​၏။ သို့​ဖြစ်​၍​ငါ ၏​နာ​မ​ကို​အ​မှီ​ပြု​၍​သင်​တို့​တောင်း​လျှောက် သ​မျှ​တို့​ကို​ခ​မည်း​တော်​ပေး​တော်​မူ​လိမ့်​မည်။- \v 17 ထို့​ကြောင့်​အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟု သင်​တို့​အား​ငါ​ပ​ညတ်​၏။'' \s1 လော​က​သား​တို့​၏​မုန်း​တီး​ခြင်း \p \v 18 ``လော​က​သား​တို့​သည်​သင်​တို့​ကို​မုန်း​တီး​ကြ လျှင် သင်​တို့​ကို​မ​မုန်း​မီ ငါ့​ကို​မုန်း​ကြ​သည်​ကို သ​တိ​ရ​ကြ​လော့။- \v 19 သင်​တို့​သည်​ဤ​လော​က​နှင့်​သက်​ဆိုင်​သူ​များ ဖြစ်​ပါ​မူ​လော​က​သား​တို့​သည် မိ​မိ​တို့​၏​သွေး ချင်း​သား​ချင်း​များ​သ​ဖွယ်​သင်​တို့​အား​ချစ် ကြ​လိမ့်​မည်။ ငါ​သည်​သင်​တို့​ကို​ဤ​လော​က ထဲ​က​ရွေး​ကောက်​သည်​ဖြစ်​၍ သင်​တို့​သည်​ဤ လော​က​နှင့်​မ​သက်​ဆိုင်။ ထို့​ကြောင့်​လော​က သား​တို့​သည်​သင်​တို့​ကို​မုန်း​ကြ​၏။- \v 20 ကျွန်​သည်​သ​ခင်​ထက်​ကြီး​မြတ်​သည်​မ​ဟုတ်​ဟု သင်​တို့​အား​ငါ​ပြော​ခဲ့​သည်​ကို​သ​တိ​ရ​ကြ​လော့။ လော​က​သား​တို့​သည်​ငါ့​ကို​ညှဉ်း​ပန်း​ခဲ့​ကြ​လျှင် သင်​တို့​ကို​လည်း​ညှဉ်း​ပန်း​ကြ​လိမ့်​မည်။ သူ​တို့ သည်​ငါ့​စ​ကား​ကို​လိုက်​နာ​လျှင် သင်​တို့​၏ စ​ကား​ကို​လည်း​လိုက်​နာ​ကြ​လိမ့်​မည်။-\x + \xo 15:20 \xt မ၊ ၁၀:၂၄။ လု၊ ၆:၄၀။ ယော၊ ၁၃:၁၆။\x* \v 21 သို့​ရာ​တွင်​ထို​သူ​တို့​သည်​ငါ့​ကို​စေ​လွှတ်​တော် မူ​သော​အ​ရှင်​ကို​မ​သိ​ကြ​သ​ဖြင့် ငါ​၏​နာ​မ အ​တွက်​ကြောင့်​သင်​တို့​ကို​ညှဉ်း​ပန်း​ကြ​လိမ့် မည်။- \v 22 ငါ​သည်​လာ​၍​သူ​တို့​အား​မ​ဟော​မ​ပြော​ပါ​က သူ​တို့​အ​ပြစ်​ကူး​လွန်​မိ​မည်​မ​ဟုတ်။ ယ​ခု​မှာ​မူ သူ​တို့​သည်​မိ​မိ​တို့​အ​ပြစ်​ကူး​လွန်​မှု​အ​တွက် အ​ဘယ်​သို့​မျှ​အ​ကြောင်း​မ​ပြ​နိုင်​တော့​ပြီ။- \v 23 ငါ့​ကို​မုန်း​သော​သူ​သည်​ငါ့​ခ​မည်း​တော်​ကို လည်း​မုန်း​၏။- \v 24 အ​ကယ်​၍​ငါ​သည်​အ​ခြား​မည်​သူ​မျှ​မ​ပြု သည့်​အ​မှု​အ​ရာ​များ​ကို​သူ​တို့​၏​ရှေ့​တွင် မ​ပြု​ခဲ့​လျှင် သူ​တို့​၌​အ​ပြစ်​ရှိ​မည်​မ​ဟုတ်။ ယ​ခု​မူ​ကား​သူ​တို့​သည်​ငါ​ပြု​သည့်​အ​မှု အ​ရာ​များ​ကို​မြင်​ရ​ကြ​လေ​ပြီ။ သို့​ဖြစ်​၍ ငါ့​ကို​လည်း​ကောင်း၊ ငါ့​ခမည်း​တော်​ကို​လည်း ကောင်း​မုန်း​ကြ​၏။- \v 25 ဤ​သို့​မုန်း​ကြ​ရ​ခြင်း​မှာ​ပ​ညတ်​ကျမ်း​၌ `သူ တို့​သည်​ငါ့​ကို​အ​ကြောင်း​မဲ့​မုန်း​ကြ​၏' ဟူ​၍ ရေး​သား​ဖော်​ပြ​ထား​သည့်​အ​တိုင်း​ဖြစ်​ပျက် ခြင်း​ပင်​တည်း။''\x + \xo 15:25 \xt ဆာ၊ ၃၅:၁၉၊ ၆၉:၄။\x* \p \v 26 ``ခ​မည်း​တော်​ထံ​မှ​ကြွ​လာ​၍​ဘု​ရား​သ​ခင် အ​ကြောင်း​ဆိုင်​ရာ​သမ္မာ​တ​ရား​ကို ဖော်​ပြ​သည့် မ​စ​တော်​မူ​သော​အ​ရှင်​တည်း​ဟူ​သော​ဝိ​ညာဉ် တော်​သည်​ရောက်​လာ​တော်​မူ​သော​အ​ခါ ငါ​၏ အ​ကြောင်း​ကို​ပြော​ကြား​တော်​မူ​လိမ့်​မည်။ ထို အ​ရှင်​ကို​ခ​မည်း​တော်​ထံ​မှ​သင်​တို့​ထံ​သို့ ငါ​စေ​လွှတ်​မည်။- \v 27 သင်​တို့​သည်​လည်း​အ​စ​က​ပင်​ငါ​နှင့်​အ​တူ ရှိ​နေ​သော​ကြောင့် ငါ​၏​အ​ကြောင်း​ကို​ပြော ကြား​ရ​ကြ​လိမ့်​မည်။'' \c 16 \p \v 1 ``သင်​တို့​၏​ယုံ​ကြည်​ခြင်း​မ​ပျက်​ပြား​စေ​ရန် ဤ​အ​မှု​အ​ရာ​များ​ကို​ငါ​ကြို​တင်​ဖော်​ပြ ခဲ့​ပြီ။- \v 2 သင်​တို့​သည်​တ​ရား​ဇ​ရပ်​များ​မှ​နှင်​ထုတ်​ခြင်း ခံ​ရ​လိမ့်​မည်။ သင်​တို့​ကို​သတ်​ဖြတ်​ခြင်း​သည် ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​ခြင်း ပင်​ဖြစ်​သည်​ဟု လူ​တို့​ထင်​မှတ်​သည့်​အ​ချိန် ကာ​လ​မု​ချ​ကျ​ရောက်​ပေ​အံ့။- \v 3 သူ​တို့​သည်​လည်း​ခ​မည်း​တော်​ကို​မ​သိ၊ ငါ့ ကို​လည်း​မ​သိ​ကြ​သော​ကြောင့်​ဤ​သို့​သင် တို့​အား​ပြု​ကြ​လိမ့်​မည်။- \v 4 သင်​တို့​အား​ငါ​သ​တိ​ပေး​ခဲ့​ကြောင်း​ကို​ဤ အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​ချိန်​၌ သင်​တို့ ပြန်​လည်​သ​တိ​ရ​ကြ​စေ​ရန်​ယ​ခု​ပင်​ငါ ပြော​နှင့်​ပြီ။'' \s1 သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏ ဆောင်​ရွက်​ချက် \p ``ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​နေ​သေး​သော ကြောင့် သင်​တို့​အား​ထို​အ​ကြောင်း​အ​ရာ​များ ကို ယ​ခင်​က​ငါ​မ​ပြော​ကြား​ခဲ့။- \v 5 ယ​ခု​မှာ​မူ​ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင် ထံ​သို့​ငါ​သွား​တော့​မည်။ သို့​ရာ​တွင်​ငါ​အ​ဘယ် အ​ရပ်​သို့​သွား​မည်​ကို​သင်​တို့​မည်​သူ​မျှ မ​မေး​ကြ။- \v 6 ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ငါ​ပြော​ကြား သ​ဖြင့် သင်​တို့​သည်​စိတ်​ညှိုး​ငယ်​လျက်​ရှိ ကြ​၏။- \v 7 သို့​သော်​သင်​တို့​အား​ငါ​အ​မှန်​အ​ကန်​ပြော သည်​ကား ငါ​သွား​ရ​ခြင်း​သည်​သင်​တို့​အ​ဖို့ ပို​၍​ကောင်း​၏။ ငါ​မ​သွား​လျှင်​မ​စ​တော်​မူ သော​အ​ရှင်​သည်​ကြွ​လာ​တော်​မူ​မည်​မ​ဟုတ်။ ငါ​သွား​လျှင်​မူ​ကား​ထို​အ​ရှင်​ကို​သင်​တို့ ထံ​သို့​ငါ​စေ​လွှတ်​မည်။- \v 8 ထို​အ​ရှင်​ကြွ​လာ​တော်​မူ​သော​အ​ခါ​လော​က သား​တို့​အား​အ​ပြစ်​အ​ကြောင်း​ကို​လည်း​ကောင်း၊ အ​မှန်​တ​ရား​အ​ကြောင်း​ကို​လည်း​ကောင်း၊ တ​ရား စီ​ရင်​တော်​မူ​ခြင်း​အ​ကြောင်း​ကို​လည်း​ကောင်း ရှင်း​လင်း​စွာ​ဖော်​ပြ​တော်​မူ​ပေ​အံ့။- \v 9 ထို​သူ​တို့​သည်​ငါ့​ကို​မ​ယုံ​ကြည်​ကြ​သော ကြောင့်​အ​ပြစ်​အ​ကြောင်း​ကို​ဖော်​ပြ​မည်။- \v 10 ငါ​သည်​ခ​မည်း​တော်​ထံ​သို့​သွား​ရ​မည်​ဖြစ် ၍ သင်​တို့​ငါ့​ကို​တွေ့​မြင်​ရ​တော့​မည်​မ​ဟုတ် သော​ကြောင့်​အ​မှန်​တ​ရား​အ​ကြောင်း​ကို ဖော်​ပြ​မည်။- \v 11 လော​က​ကို​အ​စိုး​ရ​သူ​သည်​တ​ရား​စီ​ရင် ခြင်း​ကို​ခံ​ရ​ပြီ​ဖြစ်​သော​ကြောင့် တ​ရား​စီ​ရင် တော်​မူ​ခြင်း​အ​ကြောင်း​ကို​ဖော်​ပြ​မည်။'' \p \v 12 ``သင်​တို့​အား​ငါ​ပြော​စ​ရာ​များ​ရှိ​သေး သော်​လည်း​ယ​ခု​သင်​တို့​ခံ​ယူ​နိုင်​ကြ​မည် မ​ဟုတ်။- \v 13 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​အ​ကြောင်း​နှင့်​စပ် လျဉ်း​၍ သမ္မာ​တ​ရား​ကို​ဖွင့်​ပြ​သည့်​ဝိ​ညာဉ် တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ သင်​တို့​အား သမ္မာ​တ​ရား​အ​ကြောင်း​အ​လုံး​စုံ​ကို​ဖွင့်​ပြ တော်​မူ​လိမ့်​မည်။ ထို​ဝိ​ညာဉ်​တော်​သည်​ကိုယ့် အ​လို​အ​လျောက်​မိန့်​ကြား​တော်​မူ​မည်​မ​ဟုတ်။ မိ​မိ​ကြား​သိ​ရ​သည့်​အ​ကြောင်း​အ​ရာ​များ ကို​သာ​သင်​တို့​အား​မိန့်​ကြား​တော်​မူ​လိမ့်​မည်။ နောက်​ဖြစ်​လတ္တံ့​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​လည်း​ဖွင့်​ပြ​တော်​မူ​လိမ့်​မည်။- \v 14 ထို​အ​ရှင်​သည်​ငါ့​ထံ​မှ​ရ​ရှိ​သော​စ​ကား ကို​သင်​တို့​အား​ပြော​ကြား​မည်​ဖြစ်​သ​ဖြင့် ငါ​၏​ဘုန်း​အ​သ​ရေ​ကို​ထွန်း​တောက်​စေ တော်​မူ​လိမ့်​မည်။- \v 15 ခ​မည်း​တော်​၌​ရှိ​သ​မျှ​သည်​ငါ​နှင့်​စပ်​ဆိုင် ၏။ သို့​ဖြစ်​၍​ဝိ​ညာဉ်​တော်​သည်​ငါ​ထံ​မှ​ရ​ရှိ သည့်​စ​ကား​ကို သင်​တို့​အား​ပြော​ကြား​တော် မူ​လိမ့်​မည်​ဟု​ငါ​ပြော​သ​တည်း။'' \s1 ဝမ်း​နည်း​ခြင်း​ဝမ်း​မြောက်​ခြင်း \p \v 16 ``အ​ချိန်​အ​နည်း​ငယ်​ကြာ​လျှင်​သင်​တို့​ငါ့ ကို​တွေ့​မြင်​ကြ​တော့​မည်​မ​ဟုတ်။ ထို့​နောက် အ​ချိန်​အ​နည်း​ငယ်​ကြာ​ပြန်​သော်​ငါ့​ကို ပြန်​၍​တွေ့​မြင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 17 တ​ပည့်​တော်​အ​ချို့​တို့​က ``အ​ချိန်​အ​နည်း ငယ်​ကြာ​လျှင်​သင်​တို့​ငါ့​ကို​တွေ့​မြင်​ကြ​တော့ မည်​မ​ဟုတ်။ ထို​နောက်​အ​ချိန်​အ​နည်း​ငယ်​ကြာ ပြန်​သော်​ငါ့​ကို​ပြန်​၍​တွေ့​မြင်​ကြ​လိမ့်​မည်' ဟု ကိုယ်​တော်​မိန့်​တော်​မူ​သည်။ ထို​မှ​တစ်​ပါး​လည်း ကိုယ်​တော်​က`ငါ​သည်​ခ​မည်း​တော်​ထံ​သို့​သွား ရ​မည်' ဟု​လည်း​ဆို​သည်။- \v 18 `အ​ချိန်​အ​နည်း​ငယ်​ကြာ​လျှင်' ဆို​သည်​ကား အ​ဘယ်​သို့​ဆို​လို​သ​နည်း။ အ​ဘယ်​အ​မှု အ​ရာ​အ​ကြောင်း​ကိုယ်​တော်​မိန့်​မြွက်​တော် မူ​သည်​ကို​ငါ​တို့​မ​သိ'' ဟု​အ​ချင်း​ချင်း ပြော​ဆို​ကြ​၏။ \p \v 19 သ​ခင်​ယေ​ရှု​သည်​မိ​မိ​အား​ထို​သူ​တို့​လျှောက် ထား​မေး​မြန်း​လို​ကြောင်း​သိ​တော်​မူ​သ​ဖြင့် ``သင် တို့​အ​ချင်း​ချင်း​အ​ဘယ်​အ​ကြောင်း​ကို​မေး​မြန်း ပြော​ဆို​လျက်​နေ​ကြ​သ​နည်း။ `အ​ချိန်​အ​နည်း ငယ်​ကြာ​လျှင်​သင်​တို့​ငါ့​ကို​တွေ့​မြင်​ကြ​တော့ မည်​မ​ဟုတ်' ဟူ​၍​လည်း​ကောင်း၊ ထို​နောက် `အ​ချိန် အ​နည်း​ငယ်​ကြာ​ပြန်​သော်​ငါ့​ကို​ပြန်​၍​တွေ့ မြင်​ကြ​လိမ့်​မည်' ဟူ​၍​လည်း​ကောင်း​ငါ​ပြော သော​စ​ကား​များ​နှင့်​ပတ်​သက်​၍​လော။- \v 20 ဧ​ကန်​အ​မှန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သင်​တို့​သည်​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။ လော​က​သား​တို့​မူ​ကား​ဝမ်း​မြောက်​ကြ​လိမ့် မည်။ သင်​တို့​သည်​ဝမ်း​နည်း​ကြ​သော်​လည်း​ထို ဝမ်း​နည်း​ခြင်း​သည် ဝမ်း​မြောက်​ခြင်း​အ​ဖြစ် သို့​ပြောင်း​လဲ​သွား​လိမ့်​မည်။- \v 21 အ​မျိုး​သ​မီး​တစ်​ဦး​သည်​မီး​ဖွား​ချိန်​ရောက် သော​အ​ခါ​ဝေ​ဒ​နာ​ပြင်း​စွာ​ခံ​စား​ရ​၏။ မီး ဖွား​ပြီး​သော​အ​ခါ​၌​မူ​ကား​လော​က​သို့​လူ တစ်​ယောက်​ဖွား​မြင်​လာ​သ​ဖြင့် မိ​မိ​ခံ​စား ခဲ့​ရ​သော​ဝေ​ဒ​နာ​ကို​သ​တိ​မ​ရ​တော့​ပေ။- \v 22 သင်​တို့​သည်​လည်း​ယ​ခု​အ​ခါ​ဝမ်း​နည်း​လျက် ရှိ​ကြ​၏။ သို့​သော်​လည်း​သင်​တို့​နှင့်​တစ်​ဖန်​ငါ ပြန်​၍​တွေ့​ဦး​မည်​ဖြစ်​သ​ဖြင့် သင်​တို့​သည် ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သင်​တို့​၏​ဝမ်း​မြောက် ခြင်း​ကို​အ​ဘယ်​သူ​မျှ​မ​နုတ်​မ​ယူ​နိုင်။'' \p \v 23 ``ထို​နေ့​၌​သင်​တို့​သည်​ငါ့​အား​အ​ဘယ်​အ​ရာ ကို​မျှ​တောင်း​လျှောက်​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​မှန် အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​သင်​တို့ သည် ငါ​၏​နာ​မ​ကို​အ​မှီ​ပြု​၍​တောင်း​လျှောက် သ​မျှ​သော​အ​ရာ​တို့​ကို​ခ​မည်း​တော်​သည်​သင် တို့​အား​ချ​ပေး​တော်​မူ​လိမ့်​မည်။- \v 24 ယ​ခု​အ​ချိန်​တိုင်​အောင်​သင်​တို့​သည်​ငါ​၏ နာ​မ​ကို​အ​မှီ​ပြု​၍​အ​ဘယ်​အ​ရာ​ကို​မျှ မ​တောင်း​မ​လျှောက်​ကြ​ရ​သေး။ ဝမ်း​မြောက်​ခြင်း အ​ပြည့်​အ​ဝ​ရ​ရှိ​နိုင်​ရန်​တောင်း​လျှောက်​ကြ လော့။ သင်​တို့​တောင်း​လျှောက်​သည့်​အ​တိုင်း​ရ​ရှိ ကြ​လိမ့်​မည်။'' \s1 လော​က​ကို​အောင်​တော်​မူ​ခြင်း \p \v 25 ``ဤ​အ​ကြောင်း​အ​ရာ​များ​ကို ဥ​ပ​မာ​တင်​စား ၍​ငါ​ပြော​ခဲ့​၏။ ဤ​သို့​ဥ​ပ​မာ​မ​တင်​စား​ဘဲ ခ​မည်း​တော်​၏​အ​ကြောင်း​ကို​ပွင့်​လင်း​စွာ ငါ ဖော်​ပြ​မည့်​အ​ချိန်​ရောက်​ရှိ​လာ​လိမ့်​မည်။- \v 26 ထို​ကာ​လ​၌​သင်​တို့​သည် ငါ​၏​နာ​မ​ကို​အ​မှီ ပြု​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လိမ့်​မည်။ သို့ သော်​ငါ​သည်​သင်​တို့​အ​တွက် ခ​မည်း​တော်​ထံ တွင်​တောင်း​လျှောက်​ပေး​မည်​ဟု​ငါ​မ​ဆို။- \v 27 အ​ဘယ်​ကြောင့်​ဆို​သော်​ခ​မည်း​တော်​ကိုယ်​တိုင် ပင် သင်​တို့​အား​ချစ်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ သင်​တို့​သည်​ငါ့​ကို​ချစ်​၍ ငါ​သည်​ဘု​ရား​သ​ခင် ထံ​တော်​မှ​လာ​ကြောင်း​ကို​လည်း​ယုံ​ကြည်​သ​ဖြင့် ခ​မည်း​တော်​သည်​သင်​တို့​အား​ချစ်​တော်​မူ​၏။- \v 28 ငါ​သည်​ခ​မည်း​တော်​ထံ​မှ​ထွက်​ခွာ​၍ ဤ လော​က​သို့​ကြွ​လာ​ခဲ့​၏။ ယ​ခု​ဤ​လော​က မှ​ထွက်​ခွာ​၍ ခ​မည်း​တော်​၏​ထံ​သို့​ငါ​သွား တော့​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 29 တ​ပည့်​တော်​တို့​က ``ကိုယ်​တော်​သည် ယ​ခု​အ​ခါ ၌​ပုံ​ပ​မာ​မ​ဆောင်​ဘဲ​ပွင့်​လင်း​စွာ​မိန့်​တော်​မူ ပါ​၏။- \v 30 ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သိ တော်​မူ​ကြောင်း ယ​ခု​အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​ပြီ။ ကိုယ်​တော်​အား​အ​ဘယ်​သူ​မျှ​မေး​လျှောက်​ရန် မ​လို​တော့​ပါ။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ဘု​ရား သ​ခင်​ထံ​တော်​မှ​ကြွ​လာ​တော်​မူ​သော​အ​ရှင် ဖြစ်​သည် ကို​အ​ကျွန်ုပ်​တို့​ယုံ​ကြည်​ပါ​၏'' ဟု လျှောက်​ထား​ကြ​၏။ \p \v 31 သ​ခင်​ယေ​ရှု​က ``သင်​တို့​ယ​ခု​ယုံ​ကြ​ပြီ​လော။- \v 32 သင်​တို့​သည်​မိ​မိ​တို့​အိမ်​သို့​အ​သီး​သီး​ထွက် ပြေး​သွား​ကြ​မည့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့် မည်။ ငါ​သည်​လည်း​အ​ထီး​တည်း​ကျန်​ရစ်​လိမ့် မည်။ ထို​အ​ချိန်​သည်​ယ​ခု​ပင်​ကျ​ရောက်​လျက် ရှိ​ပေ​ပြီ။ သို့​ရာ​တွင်​ခ​မည်း​တော်​သည်​ငါ​နှင့် အ​တူ​ရှိ​တော်​မူ​သ​ဖြင့် ငါ​သည်​အ​ကယ်​ပင် အ​ထီး​တည်း​နေ​သည်​မ​ဟုတ်။- \v 33 သင်​တို့​သည်​လော​က​တွင်​ဆင်း​ရဲ​ဒုက္ခ​နှင့်​တွေ့ ကြုံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​အား​မ​ငယ်​ကြ​နှင့်။ ငါ​သည်​လော​က​ကို​အောင်​ပြီ'' ဟု​မိန့်​တော် မူ​၏။ \c 17 \s1 တ​ပည့်​တော်​တို့​အ​တွက် ဆု​တောင်း​တော်​မူ​ခြင်း \p \v 1 ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ကောင်း​ကင်​သို့​မျှော်​ကြည့်​လျက် ``အို အ​ဖ၊ အ​ချိန် ကျ​ပါ​ပြီ။ သား​တော်​သည်​ကိုယ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​ကို​ထွန်း​တောက်​စေ​နိုင်​ရန် သား တော်​၏​ဘုန်း​အ​သ​ရေ​ကို​ထွန်း​တောက်​စေ တော်​မူ​ပါ။- \v 2 သား​တော်​သည်​မိ​မိ​လက်​သို့​အပ်​နှင်း​ထား သူ​တို့​အား​ထာ​ဝ​ရ​အ​သက်​ကို​ပေး​နိုင်​ရန် ကိုယ်​တော်​သည်​လူ​သား​အ​ပေါင်း​တို့​ကို စိုး​ပိုင်​သော​တန်​ခိုး​အာ​ဏာ​ကို​ပေး​တော် မူ​ပါ​ပြီ။- \v 3 ထာ​ဝ​ရ​အ​သက်​ဟူ​သည်​တစ်​ဆူ​တည်း​သော ဘု​ရား​ဖြစ်​တော်​မူ​သည့်​ကိုယ်​တော်​ကို​လည်း ကောင်း၊ ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သော​ယေ​ရှု ခ​ရစ်​ကို​လည်း​ကောင်း​သိ​ကျွမ်း​ခြင်း​ပင်​ဖြစ် ပါ​၏။- \v 4 ဤ​လော​က​တွင်​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏ ဘုန်း​အ​သ​ရေ​ကို​ထွန်း​တောက်​စေ​ပါ​ပြီ။ ကိုယ် တော်​အ​ကျွန်ုပ်​အား​ပေး​အပ်​တော်​မူ​သော​အ​မှု တော်​ကို​အ​ပြီး​တိုင်​ဆောင်​ရွက်​ပြီး​ပါ​ပြီ။- \v 5 အို အ​ဖ၊ ဤ​ကမ္ဘာ​မ​ပေါ်​မ​တည်​မီ​က​ကိုယ်​တော် နှင့်​အ​တူ​အ​ကျွန်ုပ်​ခံ​စား​ခဲ့​ရ​သည့်​ဘုန်း​အ​သ ရေ​ကို ယ​ခု​အ​ခါ​၌​ရှေ့​တော်​တွင်​အ​ကျွန်ုပ်​အား ပေး​တော်​မူ​ပါ။'' \p \v 6 ``ဤ​လော​က​ထဲ​မှ​ရွေး​ချယ်​၍​အ​ကျွန်ုပ်​လက် သို့​ကိုယ်​တော်​ပေး​အပ်​တော်​မူ​သော​သူ​တို့​အား အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ရှင့်​အ​ကြောင်း​ကို ကြား​သိ​စေ​ပါ​ပြီ။ ထို​သူ​တို့​ကို​ကိုယ်​တော် ပိုင်​သ​ဖြင့် အ​ကျွန်ုပ်​အား​ပေး​အပ်​တော်​မူ​ပါ ပြီ။ သူ​တို့​သည်​ကိုယ်​တော်​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​လိုက်​နာ​ကြ​ပါ​ပြီ။- \v 7 အ​ကျွန်ုပ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​သည် အ​ထံ​တော်​မှ​ရ​ရှိ​ကြောင်း​ယ​ခု​သူ​တို့​သိ​ရှိ ကြ​ပါ​ပြီ။- \v 8 အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​အပ်​သော​တ​ရား တော်​ကို အ​ကျွန်ုပ်​သည်​သူ​တို့​အား​ပေး​အပ်​သော အ​ခါ​သူ​တို့​ခံ​ယူ​ကြ​ပါ​၏။ ကိုယ်​တော်​၏​ထံ တော်​မှ​အ​ကျွန်ုပ်​လာ​သည်​မှာ အ​မှန်​ပင်​ဖြစ်​ကြောင်း ကို​သူ​တို့​သိ​ကြ​ပါ​၏။ ကိုယ်​တော်​သည်​အ​ကျွန်ုပ် အား​စေ​လွှတ်​တော်​မူ​ကြောင်း​ကို​လည်း​သူ​တို့ ယုံ​ကြည်​ကြ​ပါ​၏။'' \p \v 9 ``အ​ကျွန်ုပ်​သည်​သူ​တို့​အ​တွက်​ဆု​တောင်း​ပါ​၏။ လော​က​သား​တို့​အ​တွက်​ဆု​တောင်း​သည်​မ​ဟုတ် ပါ။ အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​အပ်​တော်​မူ​သော သူ​များ​သည်​ကိုယ်​တော်​ပိုင်​ဆိုင်​သူ​များ​ဖြစ် သ​ဖြင့် ထို​သူ​တို့​အ​တွက်​သာ​လျှင်​ဆု​တောင်း ပါ​၏။- \v 10 အ​ကျွန်ုပ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ကိုယ်​တော်​ပိုင်​တော်​မူ​၍ ကိုယ်​တော်​၌​ရှိ​သ​မျှ သော​အ​ရာ​တို့​ကို​လည်း​အ​ကျွန်ုပ်​ပိုင်​ပါ​၏။ ထို​အ​ရာ​များ​အား​ဖြင့်​အ​ကျွန်ုပ်​၏​ဘုန်း အ​သ​ရေ​ထွန်း​တောက်​ပါ​၏။- \v 11 အ​ကျွန်ုပ်​သည်​အ​ထံ​တော်​သို့​လာ​မည်​ဖြစ်​၍ ဤ​လော​က​တွင်​ရှိ​တော့​မည်​မ​ဟုတ်​ပါ။ ထို​သူ တို့​မူ​ကား​ရှိ​ကြ​ပါ​မည်။ သန့်​ရှင်း​မြင့်​မြတ်​တော် မူ​သော​အ​ဖ၊ ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​သည်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​သည်​နည်း​တူ ဤ​သူ​တို့ သည်​လည်း​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ စေ​ရန် အ​ကျွန်ုပ်​အား​အပ်​နှင်း​ထား​တော်​မူ သည့်​နာ​မ​တော်​၏​တန်​ခိုး​ဖြင့်​သူ​တို့​ကို စောင့်​ထိန်း​ခဲ့​ပါ​၏။- \v 12 အ​ကျွန်ုပ်​သည်​သူ​တို့​နှင့်​အ​တူ​ရှိ​စဉ်​သူ​တို့ ကို​ကာ​ကွယ်​စောင့်​ရှောက်​ခဲ့​ပါ​၏။ ကျမ်း​စာ​တော် လာ​သည့်​အ​တိုင်း​ဖြစ်​ပျက်​စေ​ရန်​ပျက်​စီး​ရ မည့်​သူ​တစ်​ဦး​မှ​လွဲ​၍ အ​ခြား​မည်​သူ​တစ်​စုံ တစ်​ယောက်​မျှ​ပျက်​စီး​မှု​မ​ရှိ​ခဲ့​ပါ။-\x + \xo 17:12 \xt ဆာ၊ ၄၁:၉။ ယော၊ ၁၃:၁၈။\x* \v 13 ယ​ခု​မှာ​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​ထံ​သို့ လာ​ပါ​မည်။ ထို​သူ​တို့​သည်​အ​ကျွန်ုပ်​၏​ဝမ်း မြောက်​ခြင်း​ကို​စိတ်​နှ​လုံး​ထဲ​တွင်​အ​ပြည့် အ​ဝ​ခံ​စား​ကြ​ရ​စေ​ရန် ဤ​လော​က​တွင် ရှိ​နေ​စဉ်​အ​ကျွန်ုပ်​သည်​ဤ​စ​ကား​များ​ကို မြွက်​ဆို​ပါ​၏။- \v 14 ကိုယ်​တော်​၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို​သူ တို့​အား​အ​ကျွန်ုပ်​ပေး​ပါ​၏။ အ​ကျွန်ုပ်​သည် လော​က​နှင့်​မ​သက်​ဆိုင်​သ​ကဲ့​သို့​သူ​တို့​သည် လည်း​မ​သက်​ဆိုင်​ကြ​ပါ။ သို့​ဖြစ်​၍​လော​က သား​တို့​သည်​သူ​တို့​ကို​မုန်း​ကြ​ပါ​၏။- \v 15 သူ​တို့​အား​ဤ​လော​က​မှ​နုတ်​ယူ​တော်​မူ​ရန် အ​ကျွန်ုပ်​တောင်း​လျှောက်​သည်​မ​ဟုတ်​ပါ။ သူ​တို့ သည်​မာရ်​နတ်​၏​ဘေး​မှ​ကင်း​လွတ်​မည့်​အ​ကြောင်း စောင့်​ထိန်း​တော်​မူ​ရန်​ကို​သာ​တောင်း​လျှောက်​ပါ​၏။- \v 16 အ​ကျွန်ုပ်​သည်​ဤ​လော​က​နှင့်​မ​သက်​ဆိုင် သ​ကဲ့​သို့ ထို​သူ​တို့​သည်​လည်း​မ​သက်​ဆိုင် ကြ​ပါ။- \v 17 သူ​တို့​အား​သမ္မာ​တ​ရား​အား​ဖြင့်​ကိုယ်​တော် ၏​အ​တွက်​သီး​သန့်​ဆက်​ကပ်​ထား​တော်​မူ​ပါ။ ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည်​သမ္မာ​တ​ရား ဖြစ်​ပါ​၏။- \v 18 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို​ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သ​ကဲ့​သို့ အ​ကျွန်ုပ်​သည်​လည်း သူ​တို့​ကို​ဤ​လော​က​ထဲ​သို့​စေ​လွှတ်​ပါ​၏။- \v 19 သူ​တို့​သည်​အ​မှု​တော်​ဆောင်​ရန်​အ​တွက်​မိ​မိ တို့​ကိုယ်​ကို​အ​မှန်​ဆက်​ကပ်​သူ​များ​ဖြစ်​လာ ကြ​စေ​ရန် အ​ကျွန်ုပ်​သည်​သူ​တို့​၏​အ​ကျိုး​ကို ထောက်​၍​မိ​မိ​ကိုယ်​ကို​ဆက်​ကပ်​ပါ​၏။'' \p \v 20 ``အ​ကျွန်ုပ်​သည်​ထို​သူ​တို့​အ​တွက်​သာ​လျှင် ဆု​တောင်း​သည်​မ​ဟုတ်​ပါ။ သူ​တို့​ဟော​ပြော ချက်​ကြောင့်​အ​ကျွန်ုပ်​ကို​ယုံ​ကြည်​လာ​သူ​များ အ​တွက်​လည်း​ဆု​တောင်း​ပါ​၏။- \v 21 ထို​သူ​အ​ပေါင်း​တို့​သည်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ​စေ​ရန်​ဆု​တောင်း​ပါ​၏။ အို အ​ဖ၊ ကိုယ်​တော် သည်​အ​ကျွန်ုပ်​၌​တည်​ရှိ​တော်​မူ​၍​အ​ကျွန်ုပ်​သည် လည်း​ကိုယ်​တော်​၌​တည်​ရှိ​သ​ကဲ့​သို့ ထို​သူ​တို့​သည် အ​ကျွန်ုပ်​တို့​၌​တည်​ရှိ​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ် ကို​ကိုယ်​တော်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို​လော​က သား​တို့​ယုံ​ကြည်​ကြ​စေ​ရန် ထို​သူ​တို့​ကို​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​တော်​မူ​ပါ။- \v 22 ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​သည်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သ​ကဲ့​သို့​ထို​သူ​တို့​သည်​လည်း​ဖြစ် ကြ​စေ​ရန် အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ပေး​တော် မူ​သော​ဘုန်း​အ​သ​ရေ​တော်​ကို​သူ​တို့​အား ပေး​ပါ​ပြီ။- \v 23 အ​ကျွန်ုပ်​သည်​သူ​တို့​၌​လည်း​ကောင်း၊ ကိုယ်​တော် သည်​အ​ကျွန်ုပ်​၌​လည်း​ကောင်း​တည်​ရှိ​သ​ဖြင့် သူ တို့​သည်​လုံး​ဝ​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သော အား​ဖြင့် ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​စေ​လွှတ် တော်​မူ​ကြောင်း​နှင့် အ​ကျွန်ုပ်​အား​ချစ်​တော်​မူ သ​ကဲ့​သို့ သူ​တို့​အား​လည်း​ချစ်​တော်​မူ​ကြောင်း ကို​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သိ​ရှိ​ကြ​မည်​ဖြစ် ပါ​၏။'' \p \v 24 ``အို အ​ဖ၊ ကမ္ဘာ​မ​တည်​မ​ရှိ​မီ​ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​ချစ်​၍​ပေး​တော်​မူ​သော​ဘုန်း အ​သ​ရေ​ကို အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​အပ် တော်​မူ​သော​သူ​တို့​သည်​မြင်​ကြ​စေ​ရန် အ​ကျွန်ုပ် ရှိ​ရာ​အ​ရပ်​တွင်​သူ​တို့​အား​ရှိ​စေ​လို​ပါ​၏။- \v 25 တ​ရား​မျှ​တ​တော်​မူ​သော​အ​ဖ၊ လော​က​သား တို့​သည်​ကိုယ်​တော်​ကို​မ​သိ​ကြ​သော်​လည်း အ​ကျွန်ုပ်​သိ​ပါ​၏။ ဤ​သူ​တို့​သည်​အ​ကျွန်ုပ် အား​ကိုယ်​တော်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို သိ​ကြ​ပါ​၏။- \v 26 အ​ကျွန်ုပ်​အ​ပေါ်​၌​ကိုယ်​တော်​ရှင်​ထား​တော်​မူ သော​မေတ္တာ​တော်​သည်​သူ​တို့​၌​ကိန်း​အောင်း​၍ အ​ကျွန်ုပ်​သည်​လည်း​သူ​တို့​၏​စိတ်​နှ​လုံး​တွင် ကိန်း​အောင်း​နိုင်​စေ​ရန်​ကိုယ်​တော်​အ​ကြောင်း ကို​သူ​တို့​အား​အ​ကျွန်ုပ်​ကြား​သိ​စေ​ခဲ့​ပါ ပြီ။ ဆက်​လက်​၍​လည်း​ကြား​သိ​စေ​ပါ​ဦး​မည်'' ဟု​မြွက်​ဆို​တော်​မူ​၏။ \b \c 18 \s1 ကိုယ်​တော်​ကို​ဖမ်း​ဆီး​ကြ​ခြင်း \r (မ၊ ၂၆:၄၇-၅၆။ မာ၊ ၁၄:၄၃-၅၀။ လု၊ ၂၂:၄၇-၅၃) \p \v 1 ဤ​သို့​ဆု​တောင်း​တော်​မူ​ပြီး​နောက်​ကိုယ်​တော် သည်​တ​ပည့်​တော်​တို့​နှင့်​အ​တူ​ကြွ​တော်​မူ​၍ ကေ​ဒြုန်​ချောင်း​ကို​ကူး​တော်​မူ​၏။ ထို​အ​ရပ် တွင်​ဥ​ယျာဉ်​တစ်​ခု​ရှိ​၏။ သ​ခင်​ယေ​ရှု​နှင့် တ​ပည့်​တော်​တို့​သည် ထို​ဥ​ယျာဉ်​ထဲ​သို့​ဝင် ကြ​၏။- \v 2 ထို​နေ​ရာ​သို့​သ​ခင်​ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့ သည်​မ​ကြာ​ခ​ဏ​သွား​လေ့​ရှိ​သ​ဖြင့် သစ္စာ​ဖောက် ယု​ဒ​သည်​ထို​ဥ​ယျာဉ်​ကို​သိ​၏။- \v 3 သို့​ဖြစ်​၍​သူ​သည်​ရော​မ​စစ်​တပ်​ခွဲ​တစ်​တပ်​ကို လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဖာ​ရိ​ရှဲ များ​၏​အ​စောင့်​တပ်​သား​များ​ကို​လည်း​ကောင်း ခေါ်​လာ​ခဲ့​၏။ သူ​တို့​သည်​မီး​အိမ်​များ၊ မီး​တုတ် များ​နှင့်​လက်​နက်​များ​ကို​ကိုင်​ဆောင်​လာ​ကြ​၏။- \v 4 သ​ခင်​ယေ​ရှု​သည်​မိ​မိ​ကြုံ​တွေ့​ရ​မည့်​အ​မှု အ​ရာ​အ​လုံး​စုံ​တို့​ကို​သိ​တော်​မူ​ပြီး​ဖြစ်​သည် အ​လျောက် ထို​သူ​တို့​၏​ထံ​သို့​ကြွ​တော်​မူ​လျက် ``သင်​တို့​မည်​သူ့​ကို​ရှာ​ကြ​သ​နည်း'' ဟု​မေး တော်​မူ​၏။ \p \v 5 ထို​သူ​တို့​က ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကို​ရှာ ပါ​သည်'' ဟု​ဆို​ကြ​၏။ \p ကိုယ်​တော်​က ``ငါ​သည်​ထို​သူ​ပင်​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။ \p ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့​အပ်​မည့်​သူ​ယု​ဒ သည်​လည်း​ထို​သူ​တို့​နှင့်​အ​တူ​ရပ်​လျက်​နေ​၏။- \v 6 ``ငါ​သည်​ထို​သူ​ပင်​ဖြစ်​၏'' ဟု​သ​ခင်​ယေ​ရှု မိန့်​တော်​မူ​သော​အ​ခါ​သူ​တို့​သည်​နောက်​သို့ ဆုတ်​ကာ​မြေ​ပေါ်​တွင်​လဲ​ကြ​၏။- \v 7 သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​က ``သင်​တို့​မည်​သူ့ ကို​ရှာ​သ​နည်း'' ဟု​တစ်​ဖန်​မေး​တော်​မူ​ပြန်​၏။ \p သူ​တို့​က​လည်း ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု ကို​ရှာ​ပါ​သည်'' ဟု​ဆို​ကြ​ပြန်​၏။ \p \v 8 သ​ခင်​ယေ​ရှု​က ``ထို​သူ​သည်​ငါ​ပင်​ဖြစ်​သည် ဟု​သင်​တို့​အား​ငါ​ပြော​ခဲ့​ပြီ။ ငါ​သည်​သင်​တို့ ရှာ​သော​သူ​ဖြစ်​လျှင်​ဤ​သူ​တို့​သွား​ပါ​လေ စေ'' ဟု​မိန့်​တော်​မူ​၏။- \v 9 (ဤ​သို့​မိန့်​တော်​မူ​ခြင်း​မှာ ``ကိုယ်​တော်​ပေး​အပ် တော်​မူ​သော​သူ​တစ်​စုံ​တစ်​ယောက်​မျှ​ဆုံး​ပါး ပျက်​စီး​မှု​မ​ရှိ​ပါ'' ဟု​ယ​ခင်​က​ကိုယ်​တော် မြွက်​ဆို​ခဲ့​သည့်​အ​တိုင်း​ဖြစ်​ပျက်​လာ​စေ​ရန် ပင်​တည်း။) \p \v 10 ရှိ​မုန်​ပေ​တ​ရု​မှာ​ဋ္ဌား​တစ်​လက်​ပါ​လာ​၏။ သူ သည်​ဋ္ဌား​ကို​ဆွဲ​ထုတ်​၍​ယဇ်​ပု​ရော​ဟိတ်​မင်း​၏ ကျွန်​တစ်​ယောက်​ကို​ခုတ်​လိုက်​ရာ​ထို​ကျွန်​လက် ယာ​နား​ရွက်​ပြတ်​လေ​၏။ ထို​ကျွန်​၏​နာ​မည် ကား​မာ​လ​ခု​ဖြစ်​သ​တည်း။- \v 11 သ​ခင်​ယေ​ရှု​က ``ဋ္ဌား​ကို​ဋ္ဌား​အိမ်​တွင်​ပြန်​သွင်း ထား​လော့။ ခ​မည်း​တော်​ငါ့​အား​ခံ​စေ​တော်​မူ သည့်​ဒုက္ခ​ဝေ​ဒ​နာ​ကို​ငါ​မ​ခံ​သင့်​သ​လော'' ဟု ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။\x + \xo 18:11 \xt မ၊ ၂၆:၃၉။ မာ၊ ၁၄:၃၆။ လု၊ ၂၂:၄၂။\x* \b \s1 အန္နတ်​မင်း​၏​ရှေ့​သို့​ယေ​ရှု​ရောက်​ရှိ​ခြင်း \p \v 12 ထို​နောက်​ရော​မ​တပ်​သား​များ​နှင့်​ယု​ဒ​အ​မျိုး သား​အ​စောင့်​တပ်​သား​များ​သည်​ကိုယ်​တော်​ကို ဖမ်း​ဆီး​ချည်​နှောင်​ပြီး​လျှင်​အန္နတ်​မင်း​ထံ​သို့ ဦး​စွာ​ခေါ်​ဆောင်​သွား​ကြ​၏။- \v 13 အန္နတ်​မင်း​ကား​ထို​နှစ်​တွင်​ယဇ်​ပု​ရော​ဟိတ် မင်း​ဖြစ်​သော​က​ယာ​ဖ​၏​ယောက္ခ​မ​ဖြစ်​၏။- \v 14 က​ယာ​ဖ​ကား ``လူ​အ​ပေါင်း​တို့​အ​တွက်​လူ တစ်​ဦး​တစ်​ယောက်​သေ​ရ​သည်​က​ပို​၍​ကောင်း ၏'' ဟု​ယု​ဒ​အာ​ဏာ​ပိုင်​တို့​အား​အ​ကြံ​ပေး ခဲ့​သူ​ဖြစ်​သ​တည်း။\x + \xo 18:14 \xt ယော၊ ၁၁:၄၉-၅၀။\x* \s1 ယေ​ရှု​ကို​မ​သိ​ဟု​ပေ​တ​ရု​ငြင်း​ဆို​ခြင်း \r (မ၊ ၂၆:၆၉-၇၀။ မာ၊ ၁၄:၆၆-၆၈။ လု၊ ၂၂:၅၅-၅၇) \p \v 15 ရှိ​မုန်​ပေ​တ​ရု​နှင့်​အ​ခြား​တ​ပည့်​တော်​တစ်​ဦး သည်​သ​ခင်​ယေ​ရှု​၏​နောက်​တော်​က​လိုက်​သွား ကြ​၏။ အ​ခြား​တ​ပည့်​တော်​သည်​ယဇ်​ပု​ရော ဟိတ်​မင်း​၏​အ​သိ​ဖြစ်​၍ သ​ခင်​ယေ​ရှု​နှင့် အ​တူ​ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အိမ်​တော်​ဝင်း အ​တွင်း​သို့​လိုက်​သွား​ခွင့်​ရ​ပေ​သည်။- \v 16 ပေ​တ​ရု​ကား​ဝင်း​တံ​ခါး​အ​ပြင်​တွင်​နေ​ရစ်​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​သိ​သူ​တ​ပည့်​တော်​သည် ဝင်း​ပြင်​သို့​ထွက်​လာ​ပြီး​နောက် တံ​ခါး​စောင့် သူ​မ​အား​အ​ခွင့်​တောင်း​ကာ​ပေ​တ​ရု​ကို ဝင်း​ထဲ​သို့​သွင်း​လေ​၏။- \v 17 တံ​ခါး​စောင့်​သူ​ငယ်​မ​က ``သင်​သည်​ထို​သူ​၏ တ​ပည့်​တစ်​ဦး​မ​ဟုတ်​ပါ​လော'' ဟု​မေး​လျှင်၊ \p ပေ​တ​ရု​က ``ငါ​မ​ဟုတ်'' ဟု​ဆို​၏။ \p \v 18 ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​၏​အ​စောင့် တပ်​သား​များ​နှင့်​အ​စေ​ခံ​များ​သည်​ချမ်း​သ​ဖြင့် မီး​သွေး​မီး​လင်း​ဖို​ပတ်​လည်​တွင်​ရပ်​၍​မီး​လှုံ လျက်​နေ​ကြ​၏။ ပေ​တ​ရု​သည်​လည်း​ထို​သူ တို့​နှင့်​အ​တူ​ရပ်​၍​မီး​လှုံ​နေ​၏။ \s1 ကိုယ်​တော်​အား​ယဇ်​ပု​ရော​ဟိတ်​မင်း စစ်​ဆေး​မေး​မြန်း​ခြင်း \r (မ၊ ၂၆:၅၉-၆၆။ မာ၊ ၁၄:၅၅-၆၄။ လု၊ ၂၂:၆၆-၇၁) \p \v 19 ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​ကိုယ်​တော်​အား​တ​ပည့် တော်​တို့​၏​အ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော် ဟော​ပြော​တော်​မူ​သော​တ​ရား​တော်​အ​ကြောင်း ကို​လည်း​ကောင်း​စစ်​ဆေး​မေး​မြန်း​၏။- \v 20 သ​ခင်​ယေ​ရှု​က ``ငါ​သည်​လူ​အ​ပေါင်း​တို့​ရှေ့ တွင်​အ​စဉ်​ပင်​ပွင့်​လင်း​စွာ​ဟော​ပြော​သွန်​သင် ခဲ့​၏။ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​စု​ဝေး​ရာ ဖြစ်​သော​တ​ရား​ဇ​ရပ်​များ​နှင့်​ဗိ​မာန်​တော်​တွင် ငါ​ဟော​ပြော​သွန်​သင်​ခဲ့​၏။ အ​ဘယ်​အ​ခါ​၌ မျှ​လျှို့​ဝှက်​စွာ​မ​ဟော​ပြော​ခဲ့။- \v 21 သို့​ဖြစ်​၍​အ​ဘယ်​ကြောင့်​ငါ့​ကို​စစ်​ဆေး​မေး မြန်း​သ​နည်း။ ငါ​ဟော​ပြော​သွန်​သင်​သည်​ကို ကြား​နာ​ကြ​ရ​သူ​တို့​အား​မေး​မြန်း​လော့။ သူ​တို့​အား​ငါ​မည်​သို့​ဟော​ပြော​သည်​ကို မေး​မြန်း​လော့။ ငါ​ဟော​ပြော​သည့်​အ​ရာ​တို့ ကို​သူ​တို့​သိ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 22 ဤ​သို့​မိန့်​တော်​မူ​လျှင်​အ​စောင့်​တပ်​သား​တစ် ယောက်​သည် ``ယဇ်​ပု​ရော​ဟိတ်​မင်း​အား​သင်​သည် ဤ​သို့​မ​ဖွယ်​မ​ရာ​ပြော​ဆို​သင့်​သ​လော'' ဟု ဆို​၍​ကိုယ်​တော်​၏​ပါး​ကို​ရိုက်​လေ​၏။ \p \v 23 သ​ခင်​ယေ​ရှု​က ``ငါ​၏​စ​ကား​မ​မှန်​လျှင်​မ​မှန် ကြောင်း​ကို​ထောက်​ပြ​ပါ။ မှန်​လျှင်​မူ​ကား​အ​ဘယ် ကြောင့်​ငါ့​ကို​ရိုက်​ပုတ်​သ​နည်း'' ဟု​မိန့်​တော်​မူ​၏။ \p \v 24 ထို့​နောက်​အန္နတ်​မင်း​သည်​ကိုယ်​တော်​ကို​ချည်​နှောင် လျက်​ယဇ်​ပု​ရော​ဟိတ်​မင်း​က​ယာ​ဖ​၏​ထံ​သို့ ပို့​စေ​၏။ \s1 ကိုယ်​တော်​ကို​မ​သိ​ဟု ပေ​တ​ရု​တစ်​ဖန်​ငြင်း​ဆို​ခြင်း \r (မ၊ ၂၆:၇၁-၇၅။ မာ၊ ၁၄:၆၉-၇၂။ လု၊ ၂၂:၅၈-၆၂) \p \v 25 ရှိ​မုန်​ပေ​တ​ရု​သည်​ရပ်​လျက်​မီး​လှုံ​နေ​၏။ လူ အ​ချို့​က ``သင်​သည်​လည်း​ထို​သူ​၏​တ​ပည့် မ​ဟုတ်​ပါ​လော'' ဟု​မေး​ကြ​၏။ \p ပေ​တ​ရု​က ``ငါ​မ​ဟုတ်'' ဟု​ငြင်း​ဆို​၏။ \p \v 26 ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကျွန်​တစ်​ယောက်​က ``သင့် အား​ထို​သူ​နှင့်​အ​တူ​ဥ​ယျာဉ်​ထဲ​တွင်​ငါ​တွေ့ မြင်​ခဲ့​သည်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​၏။ ထို​ကျွန် ကား​ပေ​တ​ရု​ဋ္ဌား​နှင့်​ခုတ်​၍​နား​ရွက်​ပြတ်​သွား သူ​နှင့်​ဆွေ​မျိုး​တော်​စပ်​သူ​တည်း။ \p \v 27 ပေ​တ​ရု​က ``ငါ​မ​ဟုတ်'' ဟု​တစ်​ဖန်​ငြင်း ဆို​၏။ ထို​ခ​ဏ​ချင်း​တွင်​ကြက်​တွန်​လေ​၏။ \s1 ပိ​လတ်​မင်း​ရှေ့​သို့​ရောက်​ရှိ​တော်​မူ​ခြင်း \r (မ၊ ၂၇:၁-၂၊ ၁၁-၁၄။ မာ၊ ၁၅:၁-၅။ လု၊ ၂၃:၁-၅) \p \v 28 လူ​တို့​သည်​သ​ခင်​ယေ​ရှု​အား​က​ယာ​ဖ​ထံ​မှ ဘု​ရင်​ခံ​မင်း​၏​အိမ်​တော်​သို့​ခေါ်​ဆောင်​သွား​ကြ ၏။ အ​ချိန်​ကား​နံ​နက်​စော​စော​ဖြစ်​၏။ ယု​ဒ အ​မျိုး​သား​တို့​သည်​ပ​သ​ခါ​ည​စာ​စား​နိုင်​ရန် မိ​မိ​တို့​ကိုယ်​ကို​ဘာ​သာ​ရေး​ကျင့်​ထုံး​အ​ရ သန့်​စင်​စေ​လို​သ​ဖြင့်​အိမ်​တော်​ထဲ​သို့​မ​ဝင် ကြ။- \v 29 သို့​ဖြစ်​၍​ပိ​လတ်​မင်း​သည်​ထို​သူ​တို့​နှင့်​တွေ့​ဆုံ ရန်​အ​ပြင်​သို့​ထွက်​လာ​ပြီး​လျှင် ``ဤ​သူ​အား အ​ဘယ်​ပြစ်​မှု​နှင့်​စွပ်​စွဲ​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ \p \v 30 ထို​သူ​တို့​က ``ဤ​သူ​သည်​ပြစ်​မှု​တစ်​စုံ​တစ်​ရာ ကူး​လွန်​သူ​မ​ဟုတ်​ပါ​က သူ့​အား​အ​ရှင့်​ထံ​သို့ အ​ကျွန်ုပ်​တို့​ခေါ်​ဆောင်​လာ​မည်​မ​ဟုတ်​ပါ'' ဟု လျှောက်​ကြ​၏။ \p \v 31 ပိ​လတ်​မင်း​က​လည်း ``သင်​တို့​ကိုယ်​တိုင်​ပင်​သူ့ အား​ယူ​ဆောင်​သွား​ကြ​လော့။ သင်​တို့​၏​တ​ရား ဥ​ပ​ဒေ​အ​ရ​စစ်​ဆေး​စီ​ရင်​ကြ​လော့'' ဟု ဆို​၏။ \p ယု​ဒ​အ​မျိုး​သား​တို့​က ``အ​ကျွန်ုပ်​တို့​မှာ​လူ တစ်​စုံ​တစ်​ယောက်​ကို​သေ​မိန့်​ပေး​ပိုင်​ခွင့်​မ​ရှိ ပါ'' ဟု​ပြန်​၍​လျှောက်​ကြ​၏။- \v 32 (ဤ​သို့​လျှောက်​ကြ​ခြင်း​မှာ​မိ​မိ​အ​ဘယ်​သို့ သေ​ရ​မည်​ကို​သ​ခင်​ယေ​ရှု​မိန့်​မြွက်​ဖော်​ပြ​ခဲ့ သည့်​အ​တိုင်း​ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​၏။)\x + \xo 18:32 \xt ယော၊ ၃:၁၄၊ ၁၄:၃၂။\x* \p \v 33 ပိ​လတ်​မင်း​သည်​အိမ်​တော်​ထဲ​သို့​ပြန်​၍​ဝင် ပြီး​လျှင်​သ​ခင်​ယေ​ရှု​အား​ခေါ်​ယူ​ကာ ``သင် သည်​ယု​ဒ​ရှင်​ဘု​ရင်​ပေ​လော'' ဟု​မေး​၏။ \p \v 34 သ​ခင်​ယေ​ရှု​က ``ဤ​မေး​ခွန်း​ကို မင်း​ကြီး အ​လို​အ​လျောက်​မေး​ပါ​သ​လော။ သို့​မ​ဟုတ် ငါ​၏​အ​ကြောင်း​ကို သူ​တစ်​ပါး​တို့​လျှောက် ထား​ကြ​ပြီ​လော'' ဟု​မေး​တော်​မူ​၏။ \p \v 35 ပိ​လတ်​မင်း​က ``သင်​သည်​ငါ့​ကို​ယု​ဒ​အ​မျိုး သား​တစ်​ယောက်​ဟု​ထင်​မှတ်​ပါ​သ​လော။ သင့် ကို​ငါ့​ထံ​သို့​ပို့​အပ်​လာ​သူ​များ​ကား​သင်​၏ အ​မျိုး​သား​များ​နှင့်​သူ​တို့​၏​ယဇ်​ပု​ရော​ဟိတ် ကြီး​များ​ပင်​ဖြစ်​၏။ သင်​သည်​အ​ဘယ်​အ​မှု ကို​ပြု​မိ​ပါ​သ​နည်း'' ဟု​မေး​၏။ \p \v 36 သ​ခင်​ယေ​ရှု​က ``ငါ့​နိုင်​ငံ​သည်​ဤ​လော​က​နှင့် မ​သက်​ဆိုင်။ အ​ကယ်​၍​ငါ့​နိုင်​ငံ​သည်​ဤ​လော​က နှင့်​သက်​ဆိုင်​ပါ​မူ ငါ​သည်​ယု​ဒ​အ​မျိုး​သား​တို့ လက်​သို့​မ​ရောက်​ရ​အောင်​ငါ​၏​တ​ပည့်​တို့​သည် တိုက်​ခိုက်​ကြ​မည်။ အ​မှန်​စင်​စစ်​ငါ​၏​နိုင်​ငံ​သည် ဤ​လော​က​နှင့်​မ​သက်​ဆိုင်'' ဟု​မိန့်​တော်​မူ​၏။ \p \v 37 ပိ​လတ်​မင်း​က ``သို့​ဖြစ်​လျှင်​သင်​သည်​ရှင် ဘု​ရင်​လော'' ဟု​မေး​၏။ \p သ​ခင်​ယေ​ရှု​က ``ငါ​သည်​သင်​ဆို​သည့်​အ​တိုင်း ရှင်​ဘု​ရင်​ဖြစ်​၏။ ငါ​သည်​သမ္မာ​တ​ရား​ကို​ဟော ပြော​ခြင်း​ငှာ​မွေး​ဖွား​ခြင်း​ကို​ခံ​၍​ဤ​လော​က သို့​ကြွ​လာ​၏။ သမ္မာ​တ​ရား​နှင့်​သက်​ဆိုင်​သူ​မှန် သ​မျှ​သည် ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​သည်'' ဟု​မိန့်​တော်​မူ​၏။- \v 38 ပိ​လတ်​မင်း​က ``သမ္မာ​တ​ရား​ကား​အ​ဘယ် နည်း'' ဟု​မေး​၏။ \s1 ကိုယ်​တော်​ကို​သေ​ဒဏ်​စီ​ရင်​ကြ​ခြင်း \r (မ၊ ၂၇:၁၅-၃၁။ မာ၊ ၁၅:၆-၂၀။ လု၊ ၂၃:၁၃-၂၅) \p ထို​နောက်​ပိ​လတ်​မင်း​သည်​လူ​တို့​ထံ​ထွက်​လာ​ပြီး လျှင် ``ထို​သူ​အား​အ​ပြစ်​ဒဏ်​စီ​ရင်​ရန်​အ​ကြောင်း တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့။- \v 39 သင်​တို့​ဋ္ဌလေ့​ထုံး​စံ​အ​ရ​ပ​သ​ခါ​ပွဲ​အ​တွင်း​၌ အ​ကျဉ်း​သ​မား​တစ်​ဦး​ကို​ငါ​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ပေး​မြဲ​ဖြစ်​၏။ သင်​တို့​အ​တွက်​ယု​ဒ​ရှင်​ဘု​ရင် ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​စေ​လို​သ​လော'' ဟု​မေး​၏။ \p \v 40 ထို​သူ​တို့​က ``သူ့​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​မ​ပေး ပါ​နှင့်။ ဗာ​ရဗ္ဗ​ကို​ပေး​ပါ'' ဟု​ဟစ်​အော်​ကြ​၏။ (ဗာ​ရဗ္ဗ​ကား​ဋ္ဌား​ပြ​ဖြစ်​သ​တည်း။) \c 19 \p \v 1 ထို​နောက်​ပိ​လတ်​မင်း​သည်​သ​ခင်​ယေ​ရှု​ကို ခေါ်​သွား​စေ​ပြီး​လျှင်​ကြိမ်​ဒဏ်​ခတ်​စေ​၏။- \v 2 စစ်​သား​များ​သည်​ဆူး​ခက်​ဖြင့်​ရက်​သော​ဦး​ရစ် သ​ရ​ဖူ​ကို​ပြု​လုပ်​၍ ဦး​ခေါင်း​တော်​ကို​ဆောင်း ပေး​ကြ​၏။ ထို​နောက်​နီ​မောင်း​သော​ဝတ်​လုံ​ကို ကိုယ်​တော်​အား​ဝတ်​ပေး​ပြီး​လျှင်၊- \v 3 အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ ``ယု​ဒ​ရှင်​ဘု​ရင်၊ သက်​တော်​ရှည်​ပါ​စေ​သော'' ဟု​ဆို​၍​ပါး​တော် ကို​ရိုက်​ကြ​၏။ \p \v 4 ပိ​လတ်​မင်း​သည်​အ​ပြင်​သို့​တစ်​ဖန်​ထွက်​ပြီး လျှင်​ပ​ရိ​သတ်​တို့​အား ``ထို​သူ​ကို​သေ​ဒဏ်​ပေး နိုင်​ရန်​အ​ကြောင်း​တစ်​စုံ​တစ်​ရာ​မျှ​ငါ​မ​တွေ့ ကြောင်း သင်​တို့​သိ​ရှိ​ကြ​စေ​ရန်​သူ့​အား​သင် တို့​ထံ​သို့​ငါ​ထုတ်​ခဲ့​မည်'' ဟု​ဆို​၏။- \v 5 သ​ခင်​ယေ​ရှု​သည်​လည်း​ဆူး​ဦး​ရစ်​သ​ရ​ဖူ​ကို ဆောင်း​လျက်​နီ​မောင်း​သော​ဝတ်​လုံ​ကို​ဝတ်​ဆင် ကာ အ​ပြင်​သို့​ထွက်​ကြွ​တော်​မူ​၏။ ပိ​လတ်​မင်း က ``ကြည့်​ကြ​လော့၊ ဤ​သူ​ပင်​ဖြစ်​သည်'' ဟု ဆို​၏။ \p \v 6 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​အ​စောင့်​တပ်​သား များ​သည်​ကိုယ်​တော်​ကို​မြင်​သော​အ​ခါ ``သူ့​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ပါ။ သူ့​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ပါ'' ဟု ဟစ်​အော်​ကြ​၏။ \p ပိ​လတ်​မင်း​က ``သင်​တို့​ပင်​သူ့​ကို​ခေါ်​ဆောင် ပြီး​လျှင်​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ် ကြ​လော့။ သူ့​ကို​သေ​ဒဏ်​ပေး​ရန်​အ​ကြောင်း တစ်​စုံ​တစ်​ရာ​မျှ​ငါ​မ​တွေ့'' ဟု​ဆို​၏။- \v 7 လူ​ထု​က ``ထို​သူ​သည်​မိမိ​ကိုယ်​ကို​ဘု​ရား သ​ခင်​၏​သား​တော်​ဟု​ဆို​သော​ကြောင့် သေ​ဒဏ် ခံ​ထိုက်​ကြောင်း အ​ကျွန်ုပ်​တို့​တ​ရား​ဥ​ပ​ဒေ က​ဆို​ပါ​သည်'' ဟု​ပြန်​၍​ဖြေ​ကြား​၏။ \p \v 8 ထို​သူ​တို့​၏​စ​ကား​ကို​ကြား​လျှင်​ပိ​လတ် မင်း​သည်​ပို​၍​ပင်​ကြောက်​လန့်​လာ​၏။- \v 9 သို့​ဖြစ်​၍​အိမ်​တော်​ထဲ​သို့​ပြန်​ဝင်​ပြီး​နောက် သ​ခင်​ယေ​ရှု​အား ``သင်​သည်​အ​ဘယ်​မှ​လာ သ​နည်း'' ဟု​မေး​၏။ \p သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​မည်​သို့​မျှ ဖြေ​ကြား​တော်​မ​မူ။- \v 10 ပိ​လတ်​မင်း​က ``သင်​သည်​ငါ​နှင့်​စကား​ပြော ရန်​ငြင်း​ဆန်​နေ​ပါ​သ​လော။ ငါ​သည်​သင့်​ကို လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​ပိုင်​သည်​ကို​လည်း ကောင်း၊ လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ပိုင် သည်​ကို​လည်း​ကောင်း​သင်​မ​သိ​ပါ​သ​လော'' ဟု​မေး​၏။ \p \v 11 သ​ခင်​ယေ​ရှု​က ``မင်း​ကြီး​အား​ဘု​ရား​သ​ခင် အပ်​နှင်း​၍​သာ​ဤ​သို့​သော​အ​ခွင့်​အာ​ဏာ​ကို ခံ​ယူ​ရ​ရှိ​သည်။ ထို့​ကြောင့်​အ​ကျွန်ုပ်​အား​မင်း ကြီး​၏​လက်​သို့​အပ်​နှံ​သူ​သည်​ပို​၍​အ​ပြစ် ကြီး​၏'' ဟု​မိန့်​တော်​မူ​၏။- \v 12 ဤ​သို့​မိန့်​တော်​မူ​သော​ကြောင့်​ပိ​လတ်​မင်း​သည် ကိုယ်​တော်​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​ရန် နည်း​လမ်း​ရှာ​ကြံ​လေ​တော့​၏။ သို့​ရာ​တွင်​လူ ထု​က ``ထို​သူ​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး ပါ​မူ​အ​ရှင်​မင်း​ကြီး​သည်​ဧ​က​ရာဇ်​မင်း​၏ အ​ဆွေ​တော်​မ​ဟုတ်​တော့​ပြီ။ မည်​သူ​မ​ဆို မိ​မိ​ကိုယ်​ကို​ရှင်​ဘု​ရင်​ဟု​ဆို​သူ​သည် ဧ​က​ရာဇ်​မင်း​ကို​ပုန်​ကန်​သူ​ဖြစ်​ပါ​၏'' ဟု ဟစ်​အော်​ကြ​၏။ \p \v 13 ဤ​စ​ကား​ကို​ကြား​သော​အ​ခါ​ပိ​လတ်​မင်း သည်​သ​ခင်​ယေ​ရှု​ကို​အ​ပြင်​သို့​ထုတ်​ဆောင် ခဲ့​ပြီး​လျှင် ကျောက်​ပြား​စင်္ကြံ​ပေါ်​ရှိ​တ​ရား ခွင်​တွင်​ထိုင်​လေ​၏။ (ထို​စင်္ကြံ​ကို​ဟေ​ဗြဲ ဘာ​သာ​ဖြင့်​ဂဗ္ဗ​သ​ဟု​ခေါ်​၏။)- \v 14 ထို​အ​ချိန်​ကား​ပ​သ​ခါ​ပွဲ​အ​ကြို​နေ့၊ မွန်း​တည့် ခါ​နီး​ဖြစ်​သ​တည်း။ ပိ​လတ်​မင်း​က ``ကြည့် ကြ​လော့၊ ဤ​မှာ​သင်​တို့​၏​ရှင်​ဘု​ရင်​တည်း'' ဟု​ယု​ဒ​အ​မျိုး​သား​တို့​အား​ဆို​၏။ \p \v 15 ထို​သူ​တို့​က ``သူ့​ကို​သတ်​ပါ၊ သူ့​ကို​သတ်​ပါ။ လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ပါ'' ဟု ပြန်​၍​ဟစ်​အော်​ကြ​၏။ \p ပိ​လတ်​မင်း​က ``သင်​တို့​၏​ရှင်​ဘု​ရင်​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​စေ​လို သ​လော'' ဟု​မေး​၏။ \p ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​က ``အ​ကျွန်ုပ်​တို့ မှာ​ဧ​က​ရာဇ်​မင်း​မှ​တစ်​ပါး​အ​ခြား​ရှင် ဘု​ရင်​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​ကြ​၏။ \p \v 16 ထို​အ​ခါ​ပိ​လတ်​မင်း​သည်​ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ရန် ထို​သူ တို့​လက်​သို့​အပ်​လိုက်​လေ​၏။ \s1 ကိုယ်​တော်​ကို​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ခြင်း \r (မ၊ ၂၇:၃၂-၄၄။ မာ၊ ၁၅:၂၁-၃၂။ လု၊ ၂၃:၂၆-၄၃) \p သို့​ဖြစ်​၍​သူ​တို့​သည်​ကိုယ်​တော်​ကို​ခေါ်​ဆောင် သွား​ကြ​၏။- \v 17 ကိုယ်​တော်​သည်​ဦး​ခေါင်း​ခွံ​ဟု​နာ​မည်​တွင်​သော အ​ရပ်​သို့​မိ​မိ​၏​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း လျက်​ကြွ​တော်​မူ​၏။ (ထို​အ​ရပ်​ကို​ဟေ​ဗြဲ ဘာ​သာ​အား​ဖြင့် ``ဂေါ​လ​ဂေါ​သ'' ဟု​ခေါ် သ​တည်း။)- \v 18 ထို​အ​ရပ်​မှာ​ကိုယ်​တော်​ကို​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ကြ​၏။ ကိုယ်​တော်​နှင့်​အ​တူ​အ​ခြား သူ​နှစ်​ယောက်​ကို​လည်း​ကိုယ်​တော်​၏​လက်​ယာ ဘက်​တွင်​တစ်​ယောက် လက်​ဝဲ​ဘက်​တွင်​တစ်​ယောက် လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ကြ​၏။ ကိုယ်​တော်​ကို​မူ​ကား​အ​လယ်​တွင်​ထား သ​တည်း။- \v 19 ပိ​လတ်​မင်း​သည်​ကမ္ပည်း​လိပ်​စာ​ရေး​၍​ကိုယ်​တော် ၏​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ​ကပ်​ထား​စေ​၏။ ထို ကမ္ပည်း​လိပ်​စာ​ကား ``ယု​ဒ​ဘု​ရင်၊ နာ​ဇ​ရက်​မြို့ သား​ယေ​ရှု'' ဟူ​၍​ဖြစ်​သ​တည်း။- \v 20 သ​ခင်​ယေ​ရှု​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင် ၍​သတ်​သည့်​အ​ရပ်​မှာ​မြို့​နှင့်​နီး​ကပ်​သ​ဖြင့် လူ​အ​များ​ပင်​ထို​ကမ္ပည်း​လိပ်​စာ​ကို​ဖတ် ကြည့်​ကြ​၏။ ကမ္ပည်း​လိပ်စာ​ကို​ယု​ဒ​ဘာ​သာ၊ လက်​တင်​ဘာ​သာ​နှင့်​ဂ​ရိ​ဘာ​သာ​တို့​ဖြင့် ရေး​သား​ထား​သည်။- \v 21 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​က ``ယု​ဒ​ဘု​ရင် ဟူ​၍​ရေး​တော်​မ​မူ​ပါ​နှင့်။ `ဤ​သူ​က​ငါ သည်​ယု​ဒ​ရှင်​ဘု​ရင်​ဖြစ်​သည်​ဟု​ဆို​သည်' ဟူ​၍​သာ​ရေး​တော်​မူ​ပါ'' ဟု​ပိ​လတ်​မင်း အား​လျှောက်​ထား​ကြ​၏။ \p \v 22 ပိ​လတ်​မင်း​က ``ငါ​ရေး​ပြီး​သည့်​အ​တိုင်း အ​တည်​ဖြစ်​စေ​ရ​မည်'' ဟု​ပြန်​ပြော​၏။ \p \v 23 စစ်​သား​တို့​သည်​သ​ခင်​ယေ​ရှု​ကို​လက်​ဝါး​ကပ် တိုင်​တွင်​တင်​ကြ​ပြီး​သော​အ​ခါ ကိုယ်​တော်​၏ အဝတ်​တော်​တို့​ကို​လေး​ပိုင်း​ပိုင်း​၍​တစ်​ယောက် တစ်​ပိုင်း​စီ​ယူ​ကြ​၏။ သူ​တို့​သည်​အ​ထဲ​ခံ အင်္ကျီ​ကို​လည်း​ယူ​ကြ​၏။ သို့​ရာ​တွင်​ထို​အင်္ကျီ မှာ​ချုပ်​ရိုး​မဲ့​ရက်​လုပ်​ထား​သည်​ဖြစ်​၍၊- \v 24 စစ်​သား​များ​က ``ဤ​အင်္ကျီ​ကို​မ​ဆုတ်​ကြ နှင့်။ မဲ​ချ​၍​ယူ​ကြ​ကုန်​အံ့'' ဟု​အ​ချင်း အ​ချင်း​ပြော​ဆို​ကြ​၏။ ဤ​စစ်​သား​များ ပြု​မူ​ကြ​ခြင်း​မှာ​ကျမ်း​စာ​တော်​တွင် \q1 ``ထို​သူ​တို့​သည်​ငါ​၏​အ​ဝတ်​များ​ကို​ခွဲ​ဝေ ယူ​ကြ​၏။ \q2 ငါ​၏​အင်္ကျီ​ကို​မဲ​ချ​ယူ​ကြ​၏'' \m ဟု​ပါ​ရှိ​သည့်​အ​တိုင်း​ဖြစ်​ပျက်​စေ​ရန်​ပင်​တည်း။-\x + \xo 19:24 \xt ဆာ၊ ၂၂:၁၈။\x* \v 25 ထို​အ​ခါ​ကိုယ်​တော်​၏​မယ်​တော်​နှင့်​မယ်​တော် ၏​ညီ​မ​သည်​လည်း​ကောင်း၊ က​လော​ဖ​၏​ဇ​နီး ဖြစ်​သူ​မာ​ရိ​နှင့်​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ သည်​လည်း​ကောင်း သ​ခင်​ယေ​ရှု​၏​လက်​ဝါး ကပ်​တိုင်​အ​နီး​တွင်​ရပ်​လျက်​နေ​ကြ​၏။- \v 26 သ​ခင်​ယေ​ရှု​သည်​မယ်​တော်​နှင့်​မယ်​တော်​၏ အ​နီး​တွင်​ကိုယ်​တော်​ချစ်​တော်​မူ​သော​တ​ပည့် တော်​ရပ်​လျက်​နေ​သည်​ကို​တွေ့​မြင်​တော်​မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​က ``မယ်​တော်၊ ဤ​မှာ မယ်​တော်​၏​သား'' ဟု​မြွက်​ဆို​တော်​မူ​၏။ \p \v 27 ထို​နောက်​တ​ပည့်​တော်​အား ``ဤ​မှာ​သင်​၏ အ​မိ'' ဟု​မိန့်​မြွက်​တော်​မူ​၏။ ထို​အ​ခါ​မှ စ​၍​ထို​တ​ပည့်​တော်​သည်​မယ်​တော်​အား မိ​မိ​၏​အိမ်​တွင်​ပြု​စု​စောင့်​ရှောက်​ထား​လေ သည်။ \s1 ကိုယ်​တော်​အ​သက်​ချုပ်​တော်​မူ​ခြင်း \r (မ၊ ၂၇:၄၅-၅၆။ မာ၊ ၁၅:၃၃-၄၁။ လု၊ ၂၃:၄၄-၄၉) \p \v 28 ထို​အ​ချိန်​၌​အ​မှု​ခပ်​သိမ်း​ပြီး​စီး​ပြီ​ဖြစ် ကြောင်း​ကို​သ​ခင်​ယေ​ရှု​သိ​တော်​မူ​သ​ဖြင့် ကျမ်း​စာ​တော်​လာ​သည်​အ​တိုင်း​ဖြစ်​ပျက် စေ​ရန်​ကိုယ်​တော်​က ``ငါ​ရေ​ငတ်​သည်'' ဟု မိန့်​တော်​မူ​၏။\x + \xo 19:28 \xt ဆာ၊ ၆၉:၂၁၊ ၂၂:၁၅။\x* \p \v 29 ထို​နေ​ရာ​တွင်​ပုန်း​ရည်​အ​ပြည့်​ထည့်​ထား သော​အိုး​တစ်​လုံး​ရှိ​၏။ ထို​သူ​တို့​သည်​ရေ မြှုပ်​တစ်​ခု​ကို​ပုန်း​ရည်​တွင်​နှစ်​၍​ဟု​ဿုပ်​ပင် အ​ကိုင်း​အ​ဖျား​၌​တပ်​ပြီး​လျှင်​ကိုယ်​တော် ၏​ခံ​တွင်း​တော်​သို့​ကမ်း​ပေး​ကြ​၏။- \v 30 သ​ခင်​ယေ​ရှု​သည်​ထို​ပုန်း​ရည်​ကို​သောက်​တော် မူ​ပြီး​မှ ``အ​မှု​ပြီး​ပြီ'' ဟု​မိန့်​တော်​မူ​ကာ ဦး​ခေါင်း​တော်​ကို​ငိုက်​လျက်​အ​သက်​ချုပ် တော်​မူ​၏။ \s1 နံ​တော်​ကို​လှံ​ဖြင့်​ထိုး​ခြင်း \p \v 31 ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​ထား​သူ​များ​၏​ခြေ​တို့​ကို​ချိုး​၍ အ​လောင်း​များ​ကို​ယူ​ဆောင်​သွား​ခွင့်​ပြု​ရန် ပိ​လတ်​မင်း​အား​တောင်း​လျှောက်​ကြ​၏။ သူ​တို့ ဤ​သို့​တောင်း​လျှောက်​ကြ​ရ​ခြင်း​မှာ​ထို​နေ့ သည်​အ​ဖိတ်​နေ့​ဖြစ်​၍​ဥ​ပုသ်​နေ့​၌ အ​လောင်း များ​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​မ​ရှိ​စေ​လို သော​ကြောင့်​လည်း​ကောင်း၊ ထို​ဥ​ပုသ်​နေ့​သည် လည်း​နေ့​ထူး​နေ့​မြတ်​ဖြစ်​သော​ကြောင့် လည်း​ကောင်း​ဖြစ်​ပေ​သည်။- \v 32 ထို့​ကြောင့်​စစ်​သား​များ​သည်​လာ​၍​သ​ခင်​ယေ​ရှု နှင့်​အ​တူ​လက်​ဝါး​ကပ်​တိုင်​တွင်​အ​တင်​ခံ​ရ​သော ပ​ထ​မ​လူ​၏​ခြေ​များ​ကို​ချိုး​ပြီး​လျှင် အ​ခြား တစ်​ယောက်​၏​ခြေ​များ​ကို​လည်း​ချိုး​ကြ​၏။- \v 33 ကိုယ်​တော်​ထံ​သို့​ရောက်​ကြ​သော​အ​ခါ​အ​သက် ချုပ်​တော်​မူ​ပြီး​ကြောင်း​ကို​တွေ့​ရှိ​သ​ဖြင့် ခြေ တော်​တို့​ကို​မ​ချိုး​ကြ​တော့​ချေ။- \v 34 သို့​ရာ​တွင်​စစ်​သား​တစ်​ယောက်​သည်​ကိုယ်​တော် ၏​နံ​တော်​ကို​လှံ​ဖြင့်​ထိုး​လိုက်​ရာ​ချက်​ချင်း ပင်​သွေး​နှင့်​ရေ​ထွက်​လာ​၏။- \v 35 (ဤ​အ​ဖြစ်​အ​ပျက်​ကို​သင်​တို့​သည်​လည်း​ယုံ ကြည်​ကြ​စေ​ရန်​မျက်​မြင်​သက်​သေ​တစ်​ဦး က​ဖော်​ပြ​ပါ​၏။ ထို​သူ​၏​ဖော်​ပြ​ချက်​သည် မှန်​ကန်​ပါ​၏။ ထို​သူ​ကိုယ်​တိုင်​ပင်​မိ​မိ​စ​ကား မှန်​ကန်​ကြောင်း​ကို​သိ​ပါ​၏။)- \v 36 ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ ``သူ​၏​အ​ရိုး​တစ် ချောင်း​မျှ​မ​ကျိုး​စေ​ရ'' ဟု​ကျမ်း​စာ​တော် တွင်​ပါ​ရှိ​သည့်​အ​တိုင်း​ပင်​တည်း။-\x + \xo 19:36 \xt ထွ၊ ၁၂:၄၆။ တော၊ ၉:၁၂။ ဆာ၊ ၃၄:၂၀။\x* \v 37 အ​ခြား​ကျမ်း​စာ​တစ်​ပုဒ်​တွင်​လည်း ``ထို​သူ တို့​သည်​မိ​မိ​လှံ​ဖြင့်​ထိုး​ဖောက်​သော​သူ​ကို ရှု​ကြည့်​ကြ​ရ​လိမ့်​မည်'' ဟု​ပါ​ရှိ​သေး​၏။\x + \xo 19:37 \xt ဇာ၊ ၁၂:၁၀။ ဗျာ၊ ၁:၇။\x* \s1 ကိုယ်​တော်​ကို​သင်္ဂြိုဟ်​ကြ​ခြင်း \r (မ၊ ၂၇:၅၇-၆၁။ မာ၊ ၁၅:၄၂-၄၇။ လု၊ ၂၃:၅၀-၅၆) \p \v 38 ထို​နောက်​အ​ရိ​မ​ဿဲ​မြို့​သား​ယော​သပ်​သည် သ​ခင်​ယေ​ရှု​၏​အ​လောင်း​တော်​ကို​ယူ​ခွင့်​ပြု ရန်​ပိ​လတ်​မင်း​အား​တောင်း​လျှောက်​၏။ (ယော​သပ် ကား​ယု​ဒ​အာ​ဏာ​ပိုင်​တို့​ကို​ကြောက်​သ​ဖြင့် မ​ထင်​မ​ရှား​သ​ခင်​ယေ​ရှု​၏​တပည့်​တော်​ဖြစ် သ​တည်း။) ပိ​လတ်​မင်း​ခွင့်​ပြု​တော်​မူ​သ​ဖြင့် ယော​သပ်​သည်​အ​လောင်း​တော်​ကို​လာ​ယူ​၏။- \v 39 ယ​ခင်​သ​ခင်​ယေ​ရှု​ကို​ည​အ​ခါ​လာ​ရောက် တွေ့​ဆုံ​သူ​နိ​ကော​ဒင်​သည်​လည်း မု​ရန်​နှင့် အ​ကျော်​ရော​နှော​သော​ဆီ​မွှေး​နံ့​သာ​ပေါင်း အ​ချိန်​နှစ်​ဆယ့်​ငါး​ပိ​ဿာ​ခန့်​ကို​ယူ​၍ ယော သပ်​နှင့်​အ​တူ​လိုက်​သွား​၏။-\x + \xo 19:39 \xt ယော၊ ၃:၁-၂။\x* \v 40 သူ​တို့​သည်​သ​ခင်​ယေ​ရှု​၏​အ​လောင်း​တော်​ကို ယူ​၍​ယု​ဒ​အ​မျိုး​သား​တို့​၏​သင်္ဂြိုဟ်​ခြင်း​ဆိုင် ရာ​ဋ္ဌ​လေ့​ထုံး​စံ​အ​တိုင်း နံ့​သာ​ပေါင်း​နှင့်​အ​တူ ပိတ်​ဖြင့်​ရစ်​ပတ်​ကြ​၏။- \v 41 ကိုယ်​တော်​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ် သည့်​အ​ရပ်​၌​ဥ​ယျာဉ်​တစ်​ခု​ရှိ​၏။ ထို​ဥ​ယျာဉ် တွင်​မည်​သူ​ကို​မျှ​မ​သင်္ဂြိုဟ်​ဘူး​သေး​သည့် သင်္ချိုင်း​ဂူ​တစ်​ခု​ရှိ​၏။- \v 42 ထို​နေ့​သည်​ယု​ဒ​အ​မျိုး​သား​တို့​၏​အ​ဖိတ် နေ့​ဖြစ်​သော​ကြောင့် အ​လောင်း​တော်​ကို​အ​နီး တွင်​ရှိ​သည့်​ထို​ဂူ​၌​ပင်​သင်္ဂြိုဟ်​ကြ​၏။ \c 20 \s1 အ​လောင်း​တော်​ကင်း​မဲ့​သည့်​ဂူ \r (မ၊ ၂၈:၁-၈။ မာ၊ ၁၆:၁-၈။ လု၊ ၂၄:၁-၁၂) \p \v 1 တ​နင်္ဂ​နွေ​နေ့​မိုး​မ​လင်း​မီ​မှောင်​လျက်​နေ​သေး စဉ်​အ​ခါ​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​သည်​သင်္ချိုင်း တော်​သို့​လာ​ရာ​ဂူ​ဝ​မှ​ကျောက်​တုံး​ကို​ဖယ် ရှား​ထား​သည်​ကို​တွေ့​ရ​၏။- \v 2 သူ​သည်​ရှိ​မုန်​ပေ​တ​ရု​နှင့်​သ​ခင်​ယေ​ရှု​ချစ် တော်​မူ​သော​တ​ပည့်​တော်​ထံ​သို့​ပြေး​သွား​ပြီး လျှင် ``သ​ခင်​ဘု​ရား​ကို​သင်္ချိုင်း​တော်​မှ​ယူ​ဆောင် သွား​ကြ​လေ​ပြီ။ အ​ဘယ်​မှာ​ထား​ကြ​သည်​ကို မ​သိ​ပါ'' ဟု​ပြော​၏။ \p \v 3 ထို​အ​ခါ​ပေ​တ​ရု​နှင့်​အ​ခြား​တ​ပည့်​တော် သည်​သင်္ချိုင်း​တော်​သို့​ပြေး​သွား​ကြ​၏။- \v 4 ထို​သူ​နှစ်​ဦး​သည်​အ​တူ​ပြေး​ကြ​သော်​လည်း အ​ခြား​တ​ပည့်​တော်​က​ပေ​တ​ရု​ထက်​လျင် မြန်​စွာ​ပြေး​၍​သင်္ချိုင်း​တော်​သို့​ဦး​စွာ​ရောက် လေ​သည်။- \v 5 သူ​သည်​ငုံ့​၍​ကြည့်​လိုက်​ရာ​ဂူ​ထဲ​တွင်​ပိတ် များ​ကျန်​ရစ်​သည်​ကို​မြင်​ရ​၏။ သို့​သော်​သူ သည်​ဂူ​ထဲ​သို့​မ​ဝင်​ဘဲ​နေ​၏။- \v 6 သူ​၏​နောက်​က​လိုက်​လာ​သူ​ရှိ​မုန်​ပေ​တ​ရု သည်​လည်း​ရောက်​လာ​ပြီး​နောက်​ဂူ​ထဲ​သို့​ဝင် ရာ​ပိတ်​များ​ကျန်​ရစ်​ခဲ့​သည်​ကို​လည်း​ကောင်း၊- \v 7 ကိုယ်​တော်​၏​ဦး​ခေါင်း​တော်​မှ​ပ​ဝါ​သည်​ထို​ပိတ် များ​နှင့်​အ​တူ​မ​ရှိ​ဘဲ​တစ်​နေ​ရာ​တွင်​သီး​သန့် လိပ်​လျက်​ရှိ​သည်​ကို​လည်း​ကောင်း​မြင်​လေ​၏။- \v 8 ထို​နောက်​သင်္ချိုင်း​တော်​သို့​ဦး​စွာ​ရောက်​ရှိ​သည့် အ​ခြား​တ​ပည့်​တော်​သည်​လည်း​ဂူ​ထဲ​သို့​ဝင် လျှင်​ထို​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​ရ​သ​ဖြင့် ယုံ​ကြည်​လေ​၏။- \v 9 (ကိုယ်​တော်​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် ရ​မည်​ဟူ​သော​ကျမ်း​စ​ကား​ကို​ထို​သူ​တို့​နား မ​လည်​ကြ​သေး​ချေ။)- \v 10 ထို​နောက်​တ​ပည့်​တော်​နှစ်​ဦး​တို့​သည်​ပြန်​ကြ​၏။ \s1 မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​အား ကိုယ်​ထင်​ပြ​တော်​မူ​ခြင်း \r (မ၊ ၂၈:၉-၁၀။ မာ၊ ၁၆:၉-၁၁) \p \v 11 မာ​ရိ​သည်​သင်္ချိုင်း​တော်​အ​နီး​တွင်​ငို​ကြွေး​လျက် ရပ်​နေ​၏။ သူ​သည်​ငို​ကြွေး​နေ​စဉ်​ငုံ့​၍​ဂူ​ထဲ​သို့ ကြည့်​လိုက်​ရာ၊- \v 12 သခင်​ယေ​ရှု​အ​လောင်း​တော်​၏​နေ​ရာ​ခေါင်း​ရင်း တွင်​ကောင်း​ကင်​တ​မန်​တစ်​ပါး၊ ခြေ​ရင်း​တွင် တစ်​ပါး၊ ကောင်း​ကင်​တ​မန်​နှစ်​ပါး​ဝတ်​ဖြူ​စင် ကြယ်​နှင့်​ထိုင်​နေ​သည်​ကို​မြင်​ရ​၏။- \v 13 ကောင်း​ကင်​တ​မန်​များ​က ``အ​ချင်း​အ​မျိုး သ​မီး၊ အ​ဘယ်​ကြောင့်​ငို​ကြွေး​သနည်း'' ဟု​မေး​၏။ \p မာ​ရိ​က ``ကျွန်​မ​၏​အ​ရှင်​ကို​သူ​တို့​ယူ​ဆောင် သွား​လေ​ပြီ။ ကိုယ်​တော်​အား​အ​ဘယ်​အ​ရပ်​မှာ ထား​ကြ​သည်​ကို​ကျွန်​မ​မ​သိ​ပါ'' ဟု​ဆို​၏။ \p \v 14 ဤ​သို့​ဆို​ပြီး​လျှင်​နောက်​သို့​လှည့်​၍​ကြည့်​ရာ သခင်​ယေ​ရှု​ရပ်​လျက်​နေ​တော်​မူ​သည်​ကို​မြင် သော်​လည်း​သ​ခင်​ယေ​ရှု​ဖြစ်​သည်​ကို​မ​သိ။- \v 15 သ​ခင်​ယေ​ရှု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ အ​ဘယ်​ကြောင့်​ငို​ကြွေး​သ​နည်း။ သင်​မည် သူ့​ကို​ရှာ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p ထို​အ​ခါ​မာ​ရိ​သည်​ကိုယ်​တော်​ကို​ဥ​ယျာဉ်​စောင့် ဟု​ထင်​မှတ်​ကာ ``ဆ​ရာ၊ ကိုယ်​တော်​၏​အ​လောင်း တော်​ကို​ရှင်​ယူ​ဆောင်​သွား​ခဲ့​ပါ​လျှင်​အ​ဘယ် အ​ရပ်​တွင်​ထား​သည်​ကို​ကျွန်​မ​အား​ပြော​ပြ​ပါ။ ကျွန်​မ​သွား​၍​ယူ​ပါ​မည်'' ဟု​ဆို​၏။ \p \v 16 သ​ခင်​ယေ​ရှု​က ``မာ​ရိ'' ဟု​ခေါ်​တော်​မူ​၏။ \p ထို​အ​ခါ​မာ​ရိ​သည်​လှည့်​၍ ဟေ​ဗြဲ​ဘာ​သာ ဖြင့် ``ရဗ္ဗုနိ'' ဟု​ထူး​၏။ (ရဗ္ဗုနိ​အ​နက်​ကား အ​ရှင်​ဘု​ရား​ဟု​ဆို​လို​သ​တည်း။) \p \v 17 သ​ခင်​ယေ​ရှု​က ``ငါ့​ကို​ကိုင်​ဆွဲ​၍​မ​ထား​နှင့်။ ငါ​သည်​ခ​မည်း​တော်​၏​ထံ​သို့​မ​တက်​ရ​သေး။ သို့​သော်​ငါ​၏​ညီ​များ​ထံ​သို့​သွား​၍​ငါ့​အ​ဖ တည်း​ဟူ​သော​သင်​တို့​၏​ဘု​ရား​သ​ခင်​ထံ​တော် သို့​ငါ​တက်​သွား​ရ​မည့်​အ​ကြောင်း​ကို​ပြော​ကြား လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 18 သို့​ဖြစ်​၍​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​သည်​တ​ပည့် တော်​တို့​ထံ​သွား​၍​သ​ခင်​ဘု​ရား​ကို​မိ​မိ​တွေ့ မြင်​ခဲ့​ကြောင်း​နှင့်​ကိုယ်​တော်​မည်​သို့​မိန့်​ကြား တော်​မူ​လိုက်​ကြောင်း​ကို​ပြော​ပြ​၏။ \s1 တ​ပည့်​တော်​တို့​အား ကိုယ်​ထင်​ပြ​တော်​မူ​ခြင်း \r (မ၊ ၂၈:၁၆-၂၀။ မာ၊ ၁၆:၁၄-၁၈။ လု၊ ၂၄:၃၆-၄၉) \p \v 19 တ​ပည့်​တော်​တို့​သည်​ယု​ဒ​အာ​ဏာ​ပိုင်​တို့​ကို ကြောက်​သ​ဖြင့်​တ​နင်္ဂ​နွေ​နေ့​ည​ဦး​အ​ချိန်​၌ အိမ်​တံ​ခါး​ပိတ်​၍​စု​ဝေး​နေ​ကြ​၏။ ထို​အ​ခါ သ​ခင်​ယေ​ရှု​သည်​ကြွ​လာ​တော်​မူ​၍​ထို​သူ​တို့ အ​လယ်​မှာ​ရပ်​တော်​မူ​လျက် ``သင်​တို့​၌​ငြိမ် သက်​ခြင်း​ရှိ​စေ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။- \v 20 သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​၏​လက်​တော် များ​နှင့်​နံ​တော်​ကို​တ​ပည့်​တော်​တို့​အား​ပြ တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​သ​ခင်​ဘု​ရား ကို​တွေ့​မြင်​ရ​သော​အ​ခါ​ဝမ်း​မြောက်​ကြ​၏။- \v 21 ထို​နောက်​တစ်​ဖန်​သ​ခင်​ယေ​ရှု​က ``သင်​တို့​၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း။ ခ​မည်း​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သည်​နည်း​တူ​သင်​တို့​ကို ငါ​စေ​လွှတ်​၏'' ဟု​မိန့်​တော်​မူ​၏။- \v 22 ဤ​သို့​မိန့်​တော်​မူ​ပြီး​လျှင်​ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အ​ပေါ်​သို့​မှုတ်​တော်​မူ​လျက် ``သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ကြ လော့။- \v 23 သင်​တို့​သည်​လူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် လျှင်​သူ​တို့​သည်​အ​ပြစ်​လွတ်​ကြ​လိမ့်​မည်။ သင် တို့​မ​ဖြေ​မ​လွှတ်​လျှင်​မူ​ကား​သူ​တို့​အ​ပြစ် ပြေ​လွတ်​ကြ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​၏။\x + \xo 20:23 \xt မ၊ ၁၆:၁၉၊ ၁၈:၁၈။\x* \s1 သ​ခင်​ယေ​ရှု​နှင့်​သော​မ \p \v 24 သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ချိန်​၌ (အ​မြွှာ​ပူး ဟု​နာ​မည်​တွင်​သည့်) သော​မ​ကား​တ​ပည့်​တော် တို့​နှင့်​အ​တူ​မ​ရှိ။- \v 25 သို့​ဖြစ်​၍​အ​ခြား​တ​ပည့်​တော်​များ​က ``သ​ခင် ဘု​ရား​ကို​ငါ​တို့​တွေ့​မြင်​ကြ​ရ​ပြီ'' ဟု​သော​မ အား​ပြော​ဆို​ကြ​၏။ \p သော​မ​က ``လက်​တော်​၌​သံ​ရိုက်​ရာ​ကို​မ​မြင်၊ သံ​ရိုက်​ရာ​ကို​လက်​ညှိုး​ဖြင့်​မ​တို့​မ​စမ်း၊ နံ​ဘေး တော်​ကို​လက်​ဖြင့်​မ​စမ်း​မ​သပ်​ရ​လျှင်​ငါ​ယုံ မည်​မ​ဟုတ်'' ဟု​ဆို​၏။ \p \v 26 ထို​နောက်​ရက်​သတ္တ​တစ်​ပတ်​ကြာ​သော်​တ​ပည့် တော်​တို့​သည် အိမ်​အ​တွင်း​မှာ​စု​ဝေး​လျက်​ရှိ ကြ​၏။ သော​မ​လည်း​သူ​တို့​နှင့်​အ​တူ​ရှိ​၏။ တံ​ခါး​များ​ပိတ်​ထား​လျက်​ရှိ​၏။ သို့​ရာ​တွင် သ​ခင်​ယေ​ရှု​သည်​ကြွ​လာ​တော်​မူ​၍​သူ​တို့ ၏​အ​လယ်​တွင်​ရပ်​တော်​မူ​ပြီး​လျှင် ``သင်​တို့ ၌​ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း'' ဟု​မိန့်​တော် မူ​၏။- \v 27 ထို​နောက်​သော​မ​အား ``သင်​၏​လက်​ညှိုး​ဖြင့်​ဤ နေ​ရာ​ကို​တို့​ကြည့်​လော့။ ငါ​၏​လက်​များ​ကို ကြည့်​လော့။ သင့်​လက်​ကို​ဆန့်​၍​ငါ​၏​နံ​ဘေး ကို​စမ်း​သပ်​လော့။ ယုံ​မှား​သံ​သ​ယ​မ​ဖြစ်​နှင့်။ ယုံ​လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 28 သော​မ​က ``အ​ကျွန်ုပ်​၏​အ​ရှင်၊ အ​ကျွန်ုပ်​၏ ဘုရား​ပါ​တ​ကား'' ဟု​ပြန်​၍​လျှောက်​၏။ \p \v 29 သ​ခင်​ယေ​ရှု​က ``သင်​သည်​ငါ့​ကို​မြင်​ရ​၍ ယုံ​ကြည်​သ​လော။ ငါ့​ကို​မ​မြင်​ရ​ဘဲ​ယုံ​ကြည် သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ \s1 ဤ​ကျမ်း​ကို​ပြု​စု​ရ​သည့်​ရည်​ရွယ်​ချက် \p \v 30 ဤ​ကျမ်း​တွင်​ရေး​မ​ထား​သော​အ​ခြား​များ​စွာ သော​အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​လည်း သခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​ရှေ့​မှောက်​တွင် ပြ​တော်​မူ​၏။- \v 31 သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သခင်​၏ သား​တော်​မေ​ရှိ​ယ​အ​ရှင်​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​ယုံ​ကြည်​ကြ​စေ​ရန်​လည်း​ကောင်း၊ ယင်း သို့​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ကိုယ်​တော်​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​အ​သက်​ကို​ရ​နိုင်​ကြ​စေ ရန်​လည်း​ကောင်း​ဤ​ကျမ်း​ကို​ရေး​သား​ပြု​စု သ​တည်း။ \c 21 \s1 တ​ပည့်​တော်​ခု​နစ်​ဦး​တို့​အား ကိုယ်​ထင်​ပြ​တော်​မူ​ခြင်း \p \v 1 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​တိ​ဗေ​ရိ​အိုင်​အ​နီး တွင်​တ​ပည့်​တော်​တို့​အား​တစ်​ဖန်​ကိုယ်​ထင်​ပြ တော်​မူ​၏။ ပြ​တော်​မူ​ပုံ​ကား​ဤ​သို့​တည်း။- \v 2 ရှိ​မုန်​ပေ​တ​ရု၊ (အ​မြွှာ​ပူး​ဟု​နာ​မည်​တွင်​သူ) သော​မ၊ (ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​သား) နာ​သ နေ​လ၊ ဇေ​ဗေ​ဒဲ​၏​သား​များ​နှင့်​အ​ခြား​တ​ပည့် တော်​နှစ်​ဦး​တို့​သည်​အ​တူ​ရှိ​နေ​ကြ​၏။- \v 3 ရှိ​မုန်​ပေ​တ​ရု​က​အ​ခြား​သူ​တို့​အား ``ငါ ငါး​ဖမ်း​ထွက်​မည်'' ဟု​ဆို​၏။ \p ထို​သူ​တို့​က ``ငါ​တို့​လည်း​လိုက်​မည်'' ဟု​ဆို ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​လှေ​ဖြင့်​ငါး​ဖမ်း ထွက်​ကြ​၏။ သို့​သော်​ထို​ည​တစ်​ည​လုံး​ငါး တစ်​ကောင်​ကို​မျှ​မ​မိ​ကြ။-\x + \xo 21:3 \xt လု၊ ၅:၅။\x* \v 4 နေ​ထွက်​လာ​သော​အ​ခါ​သ​ခင်​ယေ​ရှု​သည် ကမ်း​စပ်​တွင်​ရပ်​လျက်​နေ​တော်​မူ​၏။ သို့​ရာ တွင်​တ​ပည့်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ဖြစ် မှန်း​ကို​မ​သိ​ကြ။- \v 5 ကိုယ်​တော်​က ``အ​မောင်​တို့၊ ငါး​မိ​ကြ​ပါ​၏ လော'' ဟု​မေး​တော်​မူ​၏။ \p သူ​တို့​က ``မ​မိ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။ \p \v 6 ကိုယ်​တော်​က ``သင်​တို့​လှေ​၏​လက်​ယာ​ဘက်​သို့ ကွန်​ကို​ပစ်​လော့၊ ငါး​မိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ ၏။ မိန့်​တော်​မူ​သည့်​အ​တိုင်း​သူ​တို့​သည်​ကွန်​ကို ပစ်​ကြ​ရာ​မိ​သည့်​ငါး​များ​လှ​သ​ဖြင့်​ကွန်​ကို မ​ဆွဲ​တင်​နိုင်​ကြ​ချေ။\x + \xo 21:6 \xt လု၊ ၅:၆။\x* \p \v 7 ထို​အ​ခါ​သ​ခင်​ယေ​ရှု​ချစ်​တော်​မူ​သော​တ​ပည့် တော်​က ``ငါ​တို့​၏​သ​ခင်​ဘု​ရား​ပင်​တည်း'' ဟု ပေ​တ​ရု​အား​ပြော​၏။ ဤ​စ​ကား​ကို​ကြား​သော အ​ခါ​ပေ​တ​ရု​သည်​မိ​မိ​ချွတ်​ထား​သည့်​အ​ဝတ် ကို​ခါး​တွင်​ပတ်​၍​အိုင်​ထဲ​သို့​ခုန်​ဆင်း​လေ​၏။- \v 8 အ​ခြား​တ​ပည့်​တော်​တို့​မူ​ကား​ကမ်း​နှင့်​မ​ဝေး ဘဲ​ကိုက်​တစ်​ရာ​ခန့်​သာ​ကွာ​တော့​သ​ဖြင့် ငါး နှင့်​ပြည့်​နေ​သော​ကွန်​ကို​ဆွဲ​တင်​လျက်​လှေ နှင့်​အ​တူ​လိုက်​လာ​ကြ​၏။- \v 9 သူ​တို့​သည်​လှေ​ပေါ်​က​ဆင်း​၍​ကုန်း​ပေါ်​သို့ ရောက်​ကြ​သော​အ​ခါ​မုန့်​ကို​လည်း​ကောင်း၊ မီး​ကျီး​ပေါ်​တွင်​ကင်​ထား​သော​ငါး​ကို လည်း​ကောင်း​တွေ့​ကြ​၏။- \v 10 သ​ခင်​ယေ​ရှု​က ``သင်​တို့​ယ​ခု​မိ​သော​ငါး အ​ချို့​ကို​ယူ​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 11 ရှိ​မုန်​ပေ​တ​ရု​သည်​လှေ​ပေါ်​သို့​တက်​၍​ငါး​ကြီး များ​ဖြင့်​ပြည့်​နေ​သော​ပိုက်​ကွန်​ကို​ကုန်း​ပေါ်​သို့ ရောက်​အောင်​ဆွဲ​ယူ​လေ​၏။ ငါး​တစ်​ရာ့​ငါး​ဆယ့် သုံး​ကောင်​ကို​မိ​၍ ထို​မျှ​လောက်​များ​ပြား​သော် လည်း​ကွန်​မှာ​မ​စုတ်​မ​ပြတ်​ချေ။- \v 12 သ​ခင်​ယေ​ရှု​က ``လာ​၍​စား​ကြ​လော့'' ဟု​သူ တို့​အား​မိန့်​တော်​မူ​၏။ ကိုယ်​တော်​သည်​မိ​မိ​တို့ ၏​သ​ခင်​ဘု​ရား​ပင်​ဖြစ်​တော်​မူ​ကြောင်း​ကို​သိ ကြ​သ​ဖြင့်​အ​ဘယ်​တ​ပည့်​တော်​မျှ ``အ​ရှင် သည်​အ​ဘယ်​သူ​နည်း'' ဟု​မ​မေး​မ​လျှောက် ဝံ့​ကြ။- \v 13 သ​ခင်​ယေ​ရှု​သည်​သူ​တို့​ရှိ​ရာ​သို့​ကြွ​တော်​မူ ၍​မုန့်​ကို​ယူ​ပြီး​လျှင်​သူ​တို့​အား​ပေး​တော် မူ​၏။ ငါး​ကို​လည်း​ထို​နည်း​တူ​ပေး​တော်​မူ​၏။ \p \v 14 သေ​ခြင်း​မှ​ထ​မြောက်​တော်​မူ​ပြီး​နောက်​တ​ပည့် တော်​တို့​အား ယ​ခု​ကိုယ်​ထင်​ပြ​တော်​မူ​သည်​မှာ တ​တိ​ယ​အ​ကြိမ်​ဖြစ်​သ​တည်း။ \s1 သ​ခင်​ယေ​ရှု​နှင့်​ပေ​တ​ရု \p \v 15 တ​ပည့်​တော်​တို့​စား​ကြ​ပြီး​နောက်​သ​ခင် ယေ​ရှု​က ``ယော​ဟန်​၏​သား​ရှိ​မုန်၊ သူ​တို့ ငါ့​ကို​ချစ်​သည်​ထက်​ပို​၍​ချစ်​သ​လော'' ဟု​ရှိ​မုန်​ပေ​တ​ရု​အား​မေး​တော်​မူ​၏။ \p ရှိ​မုန်​က ``မှန်​ပါ​၏​သ​ခင်၊ ကိုယ်​တော်​အား အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​ပါ​၏'' ဟု လျှောက်​၏။ \p ကိုယ်​တော်​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့'' ဟု မိန့်​တော်​မူ​၏။- \v 16 တစ်​ဖန်​ကိုယ်​တော်​က ``ယော​ဟန်​၏​သား​ရှိ​မုန်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော'' ဟု​မေး​တော် မူ​၏။ \p ပေ​တ​ရု​က ``မှန်​ပါ​၏​သ​ခင်၊ ကိုယ်​တော်​အား အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​ပါ​၏'' ဟု လျှောက်​၏။ \p ကိုယ်​တော်​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့'' ဟု​မိန့် တော်​မူ​၏။- \v 17 တ​တိ​ယ​အ​ကြိမ်​ကိုယ်​တော်​က ``ယော​ဟန်​၏​သား ရှိ​မုန်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော'' ဟု​မေး​တော် မူ​၏။ \p ဤ​သို့​တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​သ​ဖြင့် ပေ​တ​ရု​သည်​ဝမ်း​နည်း​၍ ``သ​ခင်၊ ကိုယ်​တော်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို​သိ​တော်​မူ​၏။ ကိုယ်​တော် အား​အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​တော် မူ​ပါ​၏'' ဟု​လျှောက်​၏။ \p သ​ခင်​ယေ​ရှု​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့။- \v 18 အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို​သည်​ကား​သင် သည်​ငယ်​ရွယ်​စဉ်​အ​ခါ​က​ခါး​ကို​စည်း​၍​သွား လို​ရာ​သို့​သွား​တတ်​၏။ အို​မင်း​လာ​သော​အ​ခါ မူ​ကား​သင်​သည်​လက်​နှစ်​ဖက်​ကို​ဆန့်​လျက် သူ တစ်​ပါး​က​သင့်​ကို​ချည်​နှောင်​ပြီး​လျှင်​သင် မ​သွား​လို​သည့်​အ​ရပ်​သို့​ဆောင်​သွား​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။- \v 19 (ဤ​သို့​မိန့်​တော်​မူ​ရာ​၌​ပေ​တ​ရု​သည်​အ​ဘယ် သို့​သော​သေ​ခြင်း​မျိုး​ဖြင့်​ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​ထွန်း​တောက်​စေ​မည့် အ​ကြောင်း​ဖော်​ပြ​တော်​မူ​ခြင်း​ဖြစ်​၏။) ဤ သို့​မြွက်​ဆို​တော်​မူ​ပြီး​နောက်​ပေ​တ​ရု​အား ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။ \s1 သ​ခင်​ယေ​ရှု​နှင့် အ​ခြား​သော​တ​ပည့်​တော် \p \v 20 ပေ​တ​ရု​သည်​လှည့်​၍​ကြည့်​လိုက်​သော​အ​ခါ သူ​၏​နောက်​တွင်​သ​ခင်​ယေ​ရှု​ချစ်​တော်​မူ​သော တ​ပည့်​တော်​ကို​မြင်​လေ​၏။ ထို​သူ​ကား​ည​စာ စား​ကြ​စဉ်​အ​ခါ​က​သ​ခင်​ယေ​ရှု​၏​ရင်​တော် ကို​မှီ​လျက် ``သ​ခင်၊ ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့ အပ်​မည့်​သူ​ကား​အ​ဘယ်​သူ​ဖြစ်​သ​နည်း'' ဟု မေး​လျှောက်​ခဲ့​သူ​ဖြစ်​၏။- \v 21 ပေ​တ​ရု​သည်​ထို​တ​ပည့်​တော်​ကို​မြင်​သော​အ​ခါ ``သ​ခင်​ဘု​ရား၊ ဤ​သူ​သည်​လည်း​အ​ဘယ်​သို့ ဖြစ်​ပါ​လိမ့်​မည်​နည်း'' ဟု​မေး​လျှောက်​၏။ \p \v 22 သ​ခင်​ယေ​ရှု​က ``ငါ​ကြွ​လာ​သည်​တိုင်​အောင် သူ့​အား​အ​သက်​ရှင်​စေ​ရန်​ငါ​အ​လို​ရှိ​လျှင် သင်​နှင့်​မည်​သို့​မျှ​မ​သက်​ဆိုင်။ သင်​မူ​ကား ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 23 သို့​ဖြစ်​၍​ထို​တ​ပည့်​တော်​သည်​သေ​ရ​တော့ မည်​မ​ဟုတ်​ဟူ​သော​သ​တင်း​သည်​တ​ပည့် တော်​တို့​အ​ထဲ​တွင်​ပျံ့​နှံ့​သွား​၏။ သို့​ရာ တွင်​သ​ခင်​ယေ​ရှု​က​ထို​တ​ပည့်​တော်​သည် မ​သေ​ရ​ဟု​မိန့်​တော်​မူ​သည်​မ​ဟုတ်။ ``ငါ ကြွ​လာ​သည်​အ​ထိ​သူ့​အား​အ​သက်​ရှင် စေ​ရန်​ငါ​အ​လို​ရှိ​လျှင်​သင်​နှင့်​မည်​သို့​မျှ မ​သက်​ဆိုင်'' ဟူ​၍​သာ​မိန့်​တော်​မူ​သ​တည်း။ \p \v 24 ဤ​အ​ကြောင်း​အ​ရာ​တို့​ကို​ဖော်​ပြ​သက်​သေ ခံ​မှတ်​တမ်း​တင်​သူ​ကား​ထို​တ​ပည့်​တော်​ပင် ဖြစ်​၏။ သူ​၏​ဖော်​ပြ​ချက်​များ​မှန်​ကန်​ကြောင်း ကို​လည်း​ငါ​တို့​သိ​ကြ​၏။ \s1 နိ​ဂုံး \p \v 25 သ​ခင်​ယေ​ရှု​ပြု​တော်​မူ​သော​အ​ခြား​အ​မှု အ​ရာ​များ​စွာ​ရှိ​သေး​၏။ ထို​အ​မှု​အ​ရာ​ရှိ သ​မျှ​တို့​ကို​မှတ်​တမ်း​တင်​ရ​မည်​ဆို​ပါ​က ပြု​စု​ရ​မည့်​ကျမ်း​ဂန်​များ​ကို​ထား​ရှိ​ရန် ဤ လော​က​တွင်​နေ​ရာ​ရှိ​မည်​မ​ဟုတ်​ဟု​ထင် မြင်​ပါ​သ​တည်း။ ရှင်​ယော​ဟန်​ခ​ရစ်​ဝင်​ပြီး​၏။