\id JDG Myanmar Common Language Bible \h သူ​ကြီး \toc1 တ​ရား​သူ​ကြီး​မှတ်​စာ \toc2 သူ​ကြီး \mt1 တ​ရား​သူ​ကြီး​မှတ်​စာ \is1 နိ​ဒါန်း \ip တ​ရား​သူ​ကြီး​မှတ်​စာ​သည်​ဣသ​ရေ​လ​သ​မိုင်း တွင် လူ​တို့​တ​ရား​လက်​လွတ်​ပြု​မူ​ကြ​သည့်​ခေတ် အ​ခါ​က​ဖြစ်​ပျက်​သည့်​အ​ကြောင်း​အ​ရာ​များ ကို​ပြု​စု​ထား​သည့်​ကျမ်း​ဖြစ်​သည်။ ထို​ခေတ် ကာ​လ​မှာ​ခါ​နာန်​ပြည်​သို့​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ချင်း​နင်း​ဝင်​ရောက်​ချိန်​နှင့်​မင်း​ဧ​က​ရာဇ် အုပ်​စိုး​မှု​စ​နစ်​တည်​ထောင်​ချိန်​တို့​၏​စပ်​ကြား ကာ​လ​ဖြစ်​ပေ​သည်။ ဤ​ကျမ်း​တွင်​တ​ရား​သူ ကြီး​များ​ဟု​အ​မည်​တွင်​သော​အာ​ဇာ​နည်​ကြီး တို့​၏​ထူး​ချွန်​ပြောင်​မြောက်​သည့်​ဆောင်​ရွက် ချက်​များ​ကို​ဖော်​ညွှန်း​ထား​သည်။ ထို​သူ​တို့ သည်​အ​များ​အား​ဖြင့်​တ​ရား​ဥ​ပ​ဒေ​ရှု ထောင့်​မှ​ကြည့်​လျှင် တ​ရား​သူ​ကြီး​များ​မ ဟုတ်​ဘဲ​စစ်​မှု​ရေး​ရာ​ခေါင်း​ဆောင်​များ​သာ လျှင် ဖြစ်​ကြ​သည်။ သူ​တို့​အ​နက်​နာ​မည်​ကြီး သူ​တစ်​ဦး​မှာ​ရှံ​ဆုန်​တည်း။ သူ​၏​ပြောင်​မြောက် ထူး​ချွန်​သည့်​ဆောင်​ရွက်​ချက်​တို့​ကို​အ​ခန်း ၁၃-၁၆ တွင်​တွေ့​ရှိ​နိုင်​သည်။ \ip ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဘု​ရား​သ​ခင် အား​သစ္စာ​စောင့်​သိ​ကြ​သော​အ​ခါ အ​သက်​အိုး အိမ်​တည်​မြဲ​လျက်​သစ္စာ​ဖောက်​ကြ​ချိန်​၌​မူ ကား​ဆုံး​ပါး​ပျက်​စီး​မှု​နှင့်​အ​စဉ်​အ​မြဲ​ကြုံ တွေ့​ရ​ကြ​ကြောင်း ဤ​ကျမ်း​စောင်​မှ​မွန်​မြတ်​သည့် သင်​ခန်း​စာ​ကို​ရ​နိုင်​ပါ​သည်။ ထို​ထက်​သာ​လွန် မွန်​မြတ်​သည့်​သင်​ခန်း​စာ​မှာ​ဘု​ရား​သ​ခင် ၏​အ​ပေါ်​တွင်​သစ္စာ​ဖောက်​ကြ​သ​ဖြင့် ဘေး အန္တ​ရာယ်​ဆိုး​နှင့်​ကြုံ​တွေ့​ကြ​ရ​သော​အ​ခါ ၌​ပင်​လျှင် အ​ကယ်​၍​သူ​တို့​သည်​နောင်​တ​ရ ၍​အ​ထံ​တော်​သို့​ပြန်​လာ​ကြ​မည်​ဆို​ပါ လျှင် ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ကယ် တင်​ရန်​အ​သင့်​ရှိ​တော်​မူ​ကြောင်း​ပင်​ဖြစ် သ​တည်း။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 ယော​ရှု​ကွယ်​လွန်​ချိန်​အ​ထိ​အ​ဖြစ်​အ​ပျက်​များ ၁:၁-၂:၁၀ \io1 ဣ​သ​ရေ​လ​တ​ရား​သူ​ကြီး​များ ၂:၁၁-၁၆:၃၁ \io1 အ​ခြား​အ​ဖြစ်​အ​ပျက်​အ​မျိုး​မျိုး ၁၇:၁-၂၁:၂၅ \c 1 \s1 အ​ဒေါ​နိ​ဗေ​ဇက်​မင်း​အား​ယု​ဒ​နှင့် ရှိ​မောင်​အ​နွယ်​တို့​က​ဖမ်း​ဆီး​မိ​ခြင်း \p \v 1 ယော​ရှု​ကွယ်​လွန်​သွား​သော​အ​ခါ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​က``မည်​သည့်​အ​နွယ်​ဝင်​သည် ခါ​နာန်​ပြည်​သား​တို့​အား ဦး​စွာ​ပ​ထ​မ​သွား ရောက်​တိုက်​ခိုက်​ရ​ပါ​မည်​နည်း'' ဟု​ထာ​ဝ​ရ ဘု​ရား​အား​မေး​လျှောက်​ကြ​၏။ \p \v 2 ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​အ​နွယ်​သည် ပ​ထ​မ​သွား​ရောက်​ရ​မည်။ ငါ​သည်​ထို​ပြည် ကို​သူ​တို့​လက်​သို့​အပ်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 3 ယု​ဒ​အ​နွယ်​ဝင်​တို့​က​ရှိ​မောင်​အ​နွယ်​ဝင် တို့​အား``ငါ​တို့​အ​တွက်​သတ်​မှတ်​သည့်​ပြည်​သို့ ငါ​တို့​နှင့်​အ​တူ​လိုက်​ပါ။ ငါ​တို့​သည်​ခါနာန် ပြည်​သား​တို့​အား​တိုက်​ခိုက်​ကြ​မည်။ ထို​နောက် ငါ​တို့​သည်​သင်​တို့​အ​တွက်​သတ်​မှတ်​သည့် ပြည်​သို့​လိုက်​ခဲ့​ပါ​မည်'' ဟု​ပြော​ကြား​ကြ ၏။ သို့​ဖြစ်​၍​ရှိ​မောင်​အ​နွယ်​ဝင်​တို့​သည်၊- \v 4 ယု​ဒ​အ​နွယ်​ဝင်​တို့​နှင့်​အ​တူ​စစ်​ပွဲ​ဝင် ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း​သူ​တို့​အား ခါ​နာန်​ပြည်​သား​များ​နှင့်​ဖေ​ရ​ဇိ​ပြည်​သား တို့​အ​ပေါ်​၌​အောင်​ပွဲ​ခံ​စေ​တော်​မူ​သ​ဖြင့် သူ​တို့​သည်​ဗေ​ဇက်​မြို့​တွင်​ရန်​သူ​တပ်​သား ပေါင်း​တစ်​သောင်း​ကို​တိုက်​ခိုက်​အောင်​မြင် လိုက်​ကြ​၏။- \v 5 ထို​မြို့​တွင်​သူ​တို့​သည်​အ​ဒေါ​နိ​ဗေ​ဇက် မင်း​ကို​တွေ့​၍​သူ့​အား​တိုက်​ခိုက်​သဖြင့်၊- \v 6 သူ​သည်​ထွက်​ပြေး​လေ​သည်။ သူ​တို့​သည်​ထို မင်း​အား​လိုက်​လံ​ဖမ်း​ဆီး​ပြီး​လျှင် သူ​၏ လက်​မ​ခြေ​မ​များ​ကို​ဖြတ်​တောက်​ပစ် ကြ​၏။- \v 7 အ​ဒေါ​နိ​ဗေ​ဇက်​က``ငါ​သည်​ဘု​ရင်​ခု​နစ်​ဆယ် တို့​အား​ခြေ​မ​လက်​မ​များ​ဖြတ်​တောက်​ပစ်​ခဲ့​၏။ သူ​တို့​သည်​ငါ​၏​စား​ပွဲ​အောက်​မှ​စား​ကြွင်း​စား ကျန်​များ​ကို​ကောက်​၍​စား​ခဲ့​ကြ​ရ​၏။ ယ​ခု​မှာ မူ​ဘု​ရား​သ​ခင်​သည် ထို​သူ​တို့​အား​ငါ​ပြု​ခဲ့ သည်​အ​တိုင်း​ငါ့​ကို​ပြု​တော်​မူ​လေ​ပြီ'' ဟု ဆို​၏။ သူ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ခေါ်​ဆောင် ခြင်း​ကို ခံ​ရ​ပြီး​လျှင်​ထို​မြို့​၌​ပင်​ကွယ်​လွန် သွား​လေ​၏။ \s1 ယေ​ရု​ရှ​လင်​မြို့​နှင့်​ဟေ​ဗြုန်​မြို့​တို့​ကို​ယု​ဒ အ​နွယ်​ဝင်​တို့​တိုက်​ခိုက်​အောင်​မြင်​ခြင်း \p \v 8 ယု​ဒ​အ​နွယ်​ဝင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့ ကို​တိုက်​ခိုက်​သိမ်း​ပိုက်​ကြ​၏။ မြို့​သား​တို့​ကို သတ်​၍​မြို့​ကို​မီး​ရှို့​ကြ​လေ​သည်။- \v 9 ထို​နောက်​တောင်​ကုန်း​ဒေ​သ​၌​လည်း​ကောင်း၊ တောင် ခြေ​ရင်း​ဒေ​သ​နှင့်​တောင်​ဘက်​သွေ့​ခြောက်​သည့် ဒေ​သ​၌​လည်း​ကောင်း​နေ​ထိုင်​ကြ​သော​ခါ​နာန် ပြည်​သား​တို့​အား​သွား​ရောက်​တိုက်​ခိုက်​ကြ​၏။- \v 10 ကိ​ရ​ယ​သာ​ဘ​ဟု​အ​မည်​တွင်​ခဲ့​သည့်​ဟေ​ဗြုန် မြို့​၌​နေ​ထိုင်​သော​ခါ​နာန်​ပြည်​သား​တို့​ကို​လည်း သွား​ရောက်​တိုက်​ခိုက်​ကြ​၏။ ထို​မြို့​တွင်​ရှေ​ရှဲ အ​ဟိ​မန်​နှင့်​တာ​လ​မဲ​သား​ချင်း​စု​တို့​ကို နှိမ်​နင်း​အောင်​မြင်​ကြ​လေ​သည်။ \s1 ဒေ​ဗိ​ရ​မြို့​ကို​သြ​သံ​ယေ​လ​တိုက်​ခိုက် အောင်​မြင်​ခြင်း \r (ယောရှု၊ ၁၅:၁၃-၁၉) \p \v 11 ထို​မှ​တစ်​ဖန်​ယု​ဒ​အ​နွယ်​ဝင်​တို့​သည်​ထို​စဉ် အခါ​က​ကိ​ရ​ယ​ဿေ​ဖာ​ဟု​နာ​မည်​တွင်​သည့် ဒေ​ဗိ​ရ​မြို့​သို့​ချီ​တက်​ကြ​၏။- \v 12 ထို​သူ​တို့​အ​နက်​ကာ​လက်​ဆို​သူ​က``ငါ​သည် ကိ​ရ​ယ​ဿေ​ဖာ​မြို့​ကို​တိုက်​ခိုက်​အောင်​မြင် သော​သူ​အား​ငါ့​သ​မီး​အာ​ခ​သ​နှင့် ပေး​စား​မည်'' ဟု​ဆို​၏။- \v 13 ယင်း​သို့​ဆို​သည်​အ​တိုင်း​သြ​သံ​ယေ​လ​သည် ထို မြို့​ကို​အောင်​မြင်​စွာ​တိုက်​ခိုက်​နိုင်​သည်​ဖြစ်​၍ ကာ​လက်​၏​သ​မီး​ကို​ရ​လေ​သည်။ သူ​သည် ကာ​လက်​၏​ညီ​ကေ​နတ်​၏​သား​ဖြစ်​သ​တည်း။- \v 14 မင်္ဂ​လာ​ဆောင်​သော​နေ့​၌​သြ​သံ​ယေ​လ​သည် အာ​ခ​သ​အား​သူ​၏​ဖ​ခင်​ထံ​တွင်​လယ်​မြေ တစ်​ကွက်​ကို​တောင်း​ခံ​စေ​၏။ အာ​ခ​သ​သည် မြည်း​အ​ပေါ်​မှ​ဆင်း​လိုက်​သော​အ​ခါ​ကာ​လက် က``အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​ပါ​သ​နည်း'' ဟု​မေး​လျှင်၊- \v 15 ``ကျွန်​မ​အား​ဖ​ခင်​ပေး​ထား​သည့်​မြေ​ယာ သည်​ခြောက်​သွေ့​သည့်​အ​ရပ်​တွင်​တည်​ရှိ​ပါ သည်။ သို့​ဖြစ်​၍​ကျွန်​မ​အား​စမ်း​ရေ​တွင်း​တို့ ကို​လည်း​ပေး​စေ​ချင်​ပါ​သည်'' ဟု​ဆို​၏။ ထို အ​ခါ​ကာ​လက်​သည်​သူ့​အား​အ​ထက်​စမ်း ရေ​တွင်း​များ​နှင့်​အောက်​စမ်း​ရေ​တွင်း​များ ကို​ပေး​လေ​သည်။ \s1 ယု​ဒ​အ​နွယ်​ဝင်​များ​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​၏ အောင်​ပွဲ​များ \p \v 16 မော​ရှေ​၏​ယောက္ခ​မ​မှ​ဆင်း​သက်​လာ​သော​ကေ​နိ အ​မျိုး​သား​တို့​သည်​စွန်​ပ​လွံ​ပင်​များ​ပေါ​သည့် ယေ​ရိ​ခေါ​မြို့​မှ​ယု​ဒ​ပြည်​အာ​ရဒ်​မြို့​တောင် ဘက်​ရှိ​တော​ကန္တာ​ရ​ဒေ​သ​သို့ ယု​ဒ​အ​နွယ်​ဝင် များ​နှင့်​အ​တူ​ထွက်​ခွာ​သွား​ကြ​၏။ ထို​နောက် သူ​တို့​သည်​အာ​မ​လက်​အ​မျိုး​သား​တို့​အ​ထဲ တွင်​အ​တည်​တ​ကျ​နေ​ထိုင်​ကြ​လေ​သည်။- \v 17 ယု​ဒ​အ​နွယ်​ဝင်​တို့​သည်​ရှိ​မောင်​အ​နွယ်​ဝင် တို့​နှင့်​အ​တူ​လိုက်​၍ ဇေ​ဖတ်​မြို့​တွင်​နေ​ထိုင် သော​ခါ​နာန်​အ​မျိုး​သား​တို့​အား​တိုက်​ခိုက် နှိမ်​နင်း​လိုက်​ကြ​၏။ သူ​တို့​သည်​ထို​မြို့​ကို ကျိန်​ဆဲ​ကာ​ဖျက်​ဆီး​ပစ်​ပြီး​နောက်​ဟော်​မာ နာ​မည်​ဖြင့်​သ​မုတ်​ကြ​လေ​သည်။- \v 18-19 ထာ​ဝ​ရ​ဘု​ရား​သည်​ယု​ဒ​အ​နွယ်​ဝင်​တို့​အား ကူ​မ​တော်​မူ​သ​ဖြင့် သူ​တို့​သည်​တောင်​ကုန်း​ဒေ​သ ကို​သိမ်း​ပိုက်​နိုင်​ကြ​၏။ သို့​ရာ​တွင်​ဂါ​ဇ​မြို့၊ အာ​ရှ ကေ​လုန်​မြို့၊ ဧ​ကြုံ​မြို့​နှင့်​ထို​မြို့​များ​၏​အ​နီး​ရှိ နယ်​ပယ်​များ​ကို​မူ​မ​သိမ်း​ပိုက်​နိုင်​ကြ​ချေ။ ပင် လယ်​ကမ်း​ခြေ​တွင်​နေ​ထိုင်​ကြ​သော ဤ​သူ​တို့ တွင်​သံ​ရ​ထား​များ​ရှိ​သ​ဖြင့်​ယု​ဒ​အ​မျိုး သား​တို့​သည်​သူ​တို့​အား​နှင်​ထုတ်​ခြင်း​ငှာ မ​စွမ်း​ကြ။- \v 20 မော​ရှေ​မိန့်​မှာ​ခဲ့​သည့်​အ​တိုင်း​ကာ​လက်​သည် ဟေ​ဗြုန်​မြို့​ကို​ရ​ရှိ​လေ​သည်။ သူ​သည်​အာ​နက် မှ​ဆင်း​သက်​လာ​သော​သား​ချင်း​စု​သုံး​စု အား​ထို​မြို့​မှ​နှင်​ထုတ်​လိုက်​၏။-\x + \xo 1:20 \xt ယောရှု၊ ၁၅:၁၃-၁၄။\x* \v 21 ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​မူ​ကား​ယေ​ရု​ရှ​လင် မြို့​တွင် နေ​ထိုင်​သော​ယေ​ဗု​သိ​အ​မျိုး​သား​တို့ အား​ထို​မြို့​မှ​နှင်​ထုတ်​ခြင်း​မ​ပြု​ကြ​ချေ။ သို့ ဖြစ်​၍​ထို​အ​ချိန်​အ​ခါ​မှ​အ​စ​ပြု​၍​ယေ​ဗု​သိ အ​မျိုး​သား​တို့​သည် ဗင်္ယာ​မိန်​အ​မျိုး​သား​တို့ နှင့်​အ​တူ​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ခဲ့ ကြ​သ​တည်း။\x + \xo 1:21 \xt ယော​ရှု၊ ၁၅:၆၃။ ၂ရာ၊ ၅:၆။ ၅ရာ၊ ၁၁:၄။\x* \s1 ဗေ​သ​လ​မြို့​ကို​ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​နှင့် မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​တိုက်​ခိုက်​အောင်​မြင်​ခြင်း \p \v 22-23 ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​နှင့်​မ​နာ​ရှေ​အ​နွယ်​ဝင် တို့​သည်​ဗေ​သ​လ​မြို့​ကို​တိုက်​ခိုက်​ရန်​သွား ရောက်​ကြ​၏။ ထို​စဉ်​အ​ခါ​က​ထို​မြို့​သည် လု​ဇ​မြို့​ဟု​အ​မည်​တွင်​လေ​သည်။ ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​အား​ကူ​ညီ​မ​စ​တော် မူ​၏။ မြို့​တွင်း​သို့​သူ​တို့​စေ​လွှတ်​လိုက်​သော သူ​လျှို​တို့​သည်၊- \v 24 မြို့​ထဲ​မှ​လူ​တစ်​ယောက်​ထွက်​လာ​သည်​ကို​မြင် ကြ​၏။ သူ​တို့​က​ထို​သူ​အား``မြို့​ထဲ​သို့​ဝင်​ရန် ငါ​တို့​အား​လမ်း​ပြ​မည်​ဆို​လျှင်​သင့်​ကို​ငါ တို့​အ​ဘယ်​သို့​မျှ​အန္တ​ရာယ်​ပြု​မည်​မ​ဟုတ် ပါ'' ဟု​ပြော​ကြ​၏။- \v 25 ထို​သူ​က​လည်း​သူ​တို့​အား​လမ်း​ပြ​သ​ဖြင့် ဧ​ဖ​ရိမ်​အ​မျိုး​သား​နှင့်​မ​နာ​ရှေ​အ​မျိုး သား​တို့​သည် ထို​သူ​နှင့်​သူ​၏​အိမ်​ထောင်​စု သား​များ​မှ​အ​ပ​အ​ခြား​မြို့​သူ​မြို့​သား ရှိ​သ​မျှ​ကို​သတ်​ဖြတ်​ကြ​လေ​သည်။- \v 26 ထို​သူ​သည်​ဟိတ္တိ​ပြည်​သို့​သွား​ပြီး​လျှင် မြို့ တစ်​မြို့​ကို​တည်​ထောင်​ကာ ထို​မြို့​ကို​လု​ဇ​မြို့ ဟု​ခေါ်​ဝေါ်​သ​မုတ်​သ​ဖြင့် ထို​မြို့​သည်​ယ​နေ့ တိုင်​အောင်​လု​ဇ​မြို့​ဟူ​၍​နာ​မည်​တွင်​လျက် ရှိ​သ​တည်း။ \s1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင်​ထုတ်​ခြင်း​ကို မ​ခံ​ရ​သူ​များ \p \v 27 မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​သည်​ဗက်​ရှန်​မြို့၊ တာ​နက် မြို့၊ ဒေါ​ရ​မြို့၊ ဣ​ဗ​လံ​မြို့၊ မေ​ဂိဒ္ဒေါ​မြို့​တို့​နှင့်​ထို မြို့​တို့​၏​အ​နီး​ရှိ​မြို့​ရွာ​များ​မှ​လူ​တို့​အား နှင်​မ​ထုတ်​ခဲ့​ကြ​ချေ။ သို့​ဖြစ်​၍​ခါ​နာန်​အ​မျိုး သား​တို့​သည်​ထို​မြို့​ရွာ​များ​၌​ပင်​ဆက်​လက် နေ​ထိုင်​ကြ​လေ​သည်။- \v 28 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပို​၍​အင်​အား တောင့်​တင်း​လာ​သော​အ​ခါ ခါ​နာန်​အ​မျိုး​သား တို့​အား​ချွေး​တပ်​ဆွဲ​ကြ​၏။ သို့​ရာ​တွင်​သူ​တို့ အား​နှင်​ထုတ်​ခြင်း​ကို​မူ​မ​ပြု​ကြ။\x + \xo 1:28 \xt ယောရှု၊ ၁၇:၁၁-၁၃။\x* \p \v 29 ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​တို့​သည်​လည်း ဂေ​ဇာ​မြို့​တွင် နေ​ထိုင်​သော​ခါ​နာန်​အ​မျိုး​သား​တို့​အား​နှင် မ​ထုတ်​ဘဲ​နေ​ကြ​၏။ သို့​ဖြစ်​၍​ခါ​နာန်​အ​မျိုး သား​တို့​သည်​သူ​တို့​နှင့်​အ​တူ​ဆက်​လက်​နေ ထိုင်​ကြ​၏။\x + \xo 1:29 \xt ယောရှု၊ ၁၆:၁၀။\x* \p \v 30 ဇေ​ဗု​လုန်​အ​နွယ်​ဝင်​တို့​က​လည်း ကိ​တ​ရုန် မြို့​နှင့်​န​ဟာ​လော​လ​မြို့​တို့​တွင်​နေ​ထိုင်​သူ တို့​အား​နှင်​မ​ထုတ်​ဘဲ​နေ​ကြ​သ​ဖြင့် ခါ​နာန် အ​မျိုး​သား​တို့​သည်​သူ​တို့​နှင့်​အ​တူ​ဆက် လက်​နေ​လျက်​သူ​တို့​၏​ချွေး​တပ်​ဆွဲ​ခြင်း ကို​ခံ​ရ​ကြ​၏။ \p \v 31 အာ​ရှာ​အ​နွယ်​ဝင်​တို့​သည်​အက္ခော​မြို့၊ ဇိ​ဒုန်​မြို့၊ အာ​လပ်​မြို့၊ အာ​ခ​ဇိပ်​မြို့၊ ဟေ​လ​ဗ​မြို့၊ အာ​ဖိတ် မြို့၊ ရ​ဟော​ဘ​မြို့​တို့​တွင်​နေ​ထိုင်​သူ​တို့​အား နှင်​မ​ထုတ်​ခဲ့​ကြ​ချေ။- \v 32 ထို့​ကြောင့်​အာ​ရှာ​အ​မျိုး​သား​တို့​သည်​ယင်း ဒေ​သ​ခံ​ခါ​နာန်​အ​မျိုး​သား​တို့​နှင့်​အ​တူ နေ​ထိုင်​ရ​ကြ​၏။ \p \v 33 န​ဿ​လိ​အ​နွယ်​ဝင်​တို့​သည်​ဗက်​ရှေ​မက်​မြို့၊ ဗေ​သ​နတ်​မြို့​တို့​တွင်​နေ​ထိုင်​သူ​တို့​အား​နှင် မ​ထုတ်​ကြ​ဘဲ ဒေ​သ​ခံ​ခါ​နာန်​အ​မျိုး​သား တို့​နှင့်​အ​တူ​နေ​ထိုင်​ကြ​ကာ​သူ​တို့​အား ချွေး​တပ်​ဆွဲ​ကြ​လေ​သည်။ \p \v 34 အာ​မော​ရိ​အ​မျိုး​သား​တို့​သည်​ဒန်​အ​နွယ်​ဝင် တို့​အား တောင်​ကုန်း​ဒေ​သ​သို့​နှင်​ထုတ်​လိုက်​ကြ ပြီး​လျှင်​ချိုင့်​ဝှမ်း​ဒေ​သ​သို့​ပြန်​လာ​ခွင့်​မ​ပြု ကြ။- \v 35 အာ​မော​ရိ​အ​မျိုး​သား​တို့​သည်​အာ​ဇ​လုန်​မြို့၊ ရှာ​လ​ဗိမ်​မြို့​နှင့်​ဟေ​ရက်​တောင်​စ​ခန်း​မြို့​တို့ တွင်​ဆက်​လက်​နေ​ထိုင်​ကြ​၏။ သို့​ရာ​တွင်​ဧ​ဖ​ရိမ် အ​နွယ်​ဝင်​နှင့်​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​သည်​သူ တို့​အား​ဆက်​လက်​အုပ်​စိုး​၍​ချွေး​တပ်​ဆွဲ​ကြ လေ​သည်။ \p \v 36 သေ​လ​မြို့​၏​မြောက်​ဘက်​တွင်​ဧ​ဒုံ​ပြည်​နယ် နိ​မိတ်​သည် အ​က​ရဗ္ဗိမ်​တောင်​ကြား​လမ်း​ကို ဖြတ်​၍​သွား​သ​တည်း။ \c 2 \s1 ဗော​ခိမ်​မြို့​ရောက်​ထာ​ဝ​ရ​ဘုရား​၏ ကောင်း​ကင်​တ​မန် \p \v 1 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ဂိ​လ​ဂါ​လ​မြို့​မှ​ဗော​ခိမ်​မြို့​သို့​သွား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``ငါ​သည် သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ပြီး​လျှင် သင်​တို့​ဘိုး​ဘေး​တို့​အား​ငါ​က​တိ​ပြု​ခဲ့​သည့် ပြည်​သို့​ပို့​ဆောင်​ပေး​ခဲ့​၏။ ငါ​သည်​သင်​တို့​နှင့် ပြု​သည့်​ပ​ဋိ​ညာဉ်​ကို​အ​ဘယ်​အ​ခါ​၌​မျှ ဖျက်​လိမ့်​မည်​မ​ဟုတ်။- \v 2 သင်​တို့​သည်​ဤ​ပြည်​တွင်​နေ​ထိုင်​သူ​တို့​နှင့် အ​ဘယ်​သို့​မျှ​ပ​ဋိ​ညာဉ်​မ​ပြု​ရ။ ထို​သူ တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ချ​ရ​ကြ​မည် ဟု​သင်​တို့​အား​ငါ​မိန့်​မှာ​ခဲ့​၏။ သို့​ရာ​တွင် သင်​တို့​သည်​ငါ​၏​အ​မိန့်​ကို​မ​နာ​ခံ​ကြ။ အ​ဘယ်​ကြောင့်​ဤ​သို့​ပြု​ဘိ​သ​နည်း။-\x + \xo 2:2 \xt ထွ၊ ၃၄:၁၂-၁၃။ တရား၊ ၇:၂-၅။\x* \v 3 သို့​ဖြစ်​၍​သင်​တို့​ရှေ့​သို့​ချီ​တက်​ကြ​သော အ​ခါ ငါ​သည်​ဤ​သူ​တို့​ကို​ထွက်​ပြေး​စေ​လိမ့် မည်​မ​ဟုတ်​ဟု သင်​တို့​အား​ယ​ခု​ငါ​ဆို​၏။ သူ တို့​သည်​သင်​တို့​၏​ရန်​သူ​များ​ဖြစ်​ကြ​လိမ့် မည်။ သင်​တို့​အ​တွက်​သူ​တို့​၏​ဘု​ရား​များ သည်​ထောင်​ချောက်​သ​ဖွယ်​ဖြစ်​လိမ့်​မည်'' ဟု​မြွက်​ဆို​လေ​သည်။- \v 4 ဤ​သို့​ကောင်း​ကင်​တ​မန်​မြွက်​ဆို​ပြီး​သော အ​ခါ​၌ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည်​ငို​ကြွေး​ကြ​ကုန်​၏။- \v 5 ထို့​ကြောင့်​ဤ​အရပ်​ကို​ဗော​ခိမ်​မြို့​ဟု​ခေါ်​ဝေါ် သ​မုတ်​သ​တည်း။ သူ​တို့​သည်​ထို​အ​ရပ်​တွင် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ကြ​၏။ \s1 ယော​ရှု​ကွယ်​လွန်​ခြင်း \p \v 6 ယော​ရှု​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား လူ​တိုင်း​ပင်​မိ​မိ​တို့​ဝေ​စု​ကျ​ရာ​မြေ ယာ​ကို​သိမ်း​ယူ​ရန်​ထွက်​သွား​စေ​၏။- \v 7 ယော​ရှု​အ​သက်​ရှင်​လျက်​ရှိ​နေ​သ​မျှ​ကာ​လ ပတ်​လုံး​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​ကြ​၏။ ယော​ရှု ကွယ်​လွန်​ပြီး​သည့်​နောက်​၌​ပင်​လျှင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက်​ထာ​ဝ​ရ​ဘု​ရား​ပြု တော်​မူ​သော​ကြီး​မြတ်​သည့်​အ​မှု​တော်​တို့​ကို မိ​မိ​တို့​ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​သူ​ခေါင်း ဆောင်​များ​အ​သက်​ရှင်​လျက်​ရှိ​နေ​သ​မျှ ကာ​လ​ပတ်​လုံး လူ​တို့​သည်​ဆက်​လက်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​ကြ​သေး​၏။- \v 8 ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ၊ နုန်​၏​သား ယော​ရှု​သည်​အ​သက်​တစ်​ရာ့​တစ်​ဆယ်​ရှိ သော်​ကွယ်​လွန်​လေ​သည်။- \v 9 သူ​၏​အ​လောင်း​ကို​ဂါရှာ​ကုန်း​မြောက်​ဘက်၊ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​ရှိ​တိ​မ​နတ်​ဿေ​ရ မြို့၊ သူ​ပိုင်​မြေ​တွင်​သင်္ဂြိုဟ်​ကြ​၏။-\x + \xo 2:9 \xt ယောရှု၊ ၁၉:၄၉-၅၀။\x* \v 10 ယော​ရှု​၏​ခေတ်​က​လူ​အ​ပေါင်း​တို့​သည်​ကွယ် လွန်​သွား​ကြ​သ​ဖြင့် နောက်​တစ်​ခေတ်​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ လူ​မျိုး​အ​တွက်​ကိုယ်​တော်​ပြု​မူ​ခဲ့​သော​အ​မှု တော်​တို့​ကို​လည်း​ကောင်း​မေ့​လျော့​၍​သွား ကြ​ကုန်​၏။ \s1 ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​မှု​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​စွန့်​ခြင်း \p \v 11 ထို​အ​ခါ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​ကာ​ဗာ​လ ဘု​ရား​များ​ကို​ကိုး​ကွယ်​ကြ​လေ​သည်။- \v 12 သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်၊ မိ​မိ​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​တော်​မူ​သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား ကိုး​ကွယ်​မှု​မ​ပြု​ကြ​တော့​ဘဲ​မိ​မိ​တို့ ပတ်​ဝန်း​ကျင်​မှ လူ​တို့​ကိုး​ကွယ်​သော​ဘု​ရား များ​ကို​ကိုး​ကွယ်​ကြ​လေ​သည်။ သူ​တို့​သည် ထို​ဘု​ရား​များ​ရှေ့​တွင်​ဦး​ညွှတ်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​ကို​ထွက်​စေ ကြ​လေ​သည်။- \v 13 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​မှု ကို​စွန့်​၍ ဗာ​လ​ဘု​ရား​များ​နှင့်​အာ​ရှ​တ​ရက် ဘု​ရား​များ​ကို​ရှိ​ခိုး​ကြ​၏။- \v 14 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​ပြင်း​စွာ​အ​မျက်​ထွက်​တော် မူ​သ​ဖြင့် ရန်​သူ​တို့​ကို​သူ​တို့​အား​လု​ယက် တိုက်​ခိုက်​ရန်​အ​ခွင့်​ပြု​တော်​မူ​၏။ ကိုယ်​တော် သည်​ပတ်​ဝန်း​ကျင်​ရှိ​ရန်​သူ​တို့​ကို ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​နှိမ်​နင်း​အောင်​မြင်​ခွင့် ပေး​တော်​မူ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ကာ​ကွယ်​နိုင်​စွမ်း မ​ရှိ​ကြ​တော့​ချေ။- \v 15 သူ​တို့​တိုက်​ပွဲ​ဝင်​သည့်​အ​ခါ​တိုင်း​ကိုယ်​တော် သည် မိ​မိ​မိန့်​မြွက်​တော်​မူ​ခဲ့​သည်​အ​တိုင်း​သူ တို့​အား​အ​ရေး​နိမ့်​စေ​တော်​မူ​သ​ဖြင့် သူ တို့​သည်​အ​တိ​ဒုက္ခ​ရောက်​ရ​ကြ​လေ​သည်။ \p \v 16 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား လု​ယက်​တိုက်​ခိုက်​သူ​တို့​၏​လက်​မှ​ကယ်​ဆယ် မည့်​ခေါင်း​ဆောင်​များ​ကို​ပေါ်​ထွန်း​စေ​တော် မူ​၏။- \v 17 သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​မူ ထို​ခေါင်း​ဆောင်​တို့​၏​စ​ကား​ကို​နား​မ​ထောင် ကြ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား သစ္စာ​ဖောက်​၍​အ​ခြား​ဘု​ရား​များ ကို​ကိုး​ကွယ်​ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ညတ်​တော်​တို့​ကို​ဘိုး​ဘေး​များ​စောင့်​ထိန်း ခဲ့​ကြ​သ​ကဲ့​သို့​မ​စောင့်​ထိန်း​ကြ​တော့​ပေ။- \v 18 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တစ်​ဦး​ကို​ပေါ်​ထွန်း​စေ​သည့် အ​ခါ​တိုင်း ထို​သူ​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး​သူ့​ကို​ကူ​မ​တော်​မူ​၍ သူ​တို့​ကို​ရန် သူ​တို့​လက်​မှ​ကယ်​ဆယ်​တော်​မူ​သည်။ သူ​တို့ သည်​ဆင်း​ရဲ​ဒုက္ခ​နှင့်​ညှင်း​ပန်း​နှိပ်​စက်​ခြင်း ကို​ခံ​ရ​၍​ညည်း​ညူ​ကြ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​အား​က​ရု​ဏာ​တော်​ကို ပြ​တော်​မူ​ပေ​သည်။- \v 19 သို့​ရာ​တွင်​သူ​တို့​သည်​မိ​မိ​တို့​၏​ခေါင်း​ဆောင် ကွယ်​လွန်​သွား​သော​အ​ခါ​၌​မူ ဒုံ​ရင်း​သို့​ပြန် လည်​ဆိုက်​ရောက်​ကြ​လျက် ယ​ခင်​လူ​မျိုး​ဆက် မှ​လူ​တို့​ထက်​ပင်​ပို​မို​ဆိုး​ရွား​စွာ​ပြု​မူ​ကျင့် ကြံ​တတ်​ကြ​၏။ အ​ခြား​ဘု​ရား​များ​ကို​ကိုး ကွယ်​ကာ မိ​မိ​တို့​၏​ဆိုး​ညစ်​သည့်​လမ်း​စဉ်​ကို လိုက်​မြဲ​လိုက်​ကြ​ကုန်​သည်။- \v 20 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ လူ​မျိုး​အား လွန်​စွာ​အ​မျက်​ထွက်​တော်​မူ​၍``ဤ လူ​မျိုး​သည်​ငါ့​စ​ကား​ကို​နား​မ​ထောင်။ စောင့် ထိန်း​ရန်​အ​တွက်​သူ​တို့​၏​ဘိုး​ဘေး​များ​အား ငါ​ပေး​အပ်​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက် ကြ​၏။- \v 21 ထို့​ကြောင့်​ယော​ရှု​ကွယ်​လွန်​စဉ်​အ​ခါ​က​ပင် ဤ​ပြည်​တွင်​ကျန်​ရှိ​နေ​သေး​သည့်​အ​ဘယ် လူ​မျိုး​ကို​မျှ​ငါ​နှင်​ထုတ်​တော့​မည်​မ​ဟုတ်။- \v 22 ဤ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ​၏ လမ်း​စဉ်​ကို​သူ​တို့​ဘိုး​ဘေး​များ​လိုက်​လျှောက် ခဲ့​ကြ​သ​ကဲ့​သို့ လိုက်​လျှောက်​မည်​မ​လိုက်​လျှောက် မည်​ကို​သိ​ရှိ​စေ​ရန် ငါ​သည်​ဤ​ပြည်​ရှိ​လူ​မျိုး တို့​ကို​အ​သုံး​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။- \v 23 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​လူ​မျိုး တို့​အား ထို​ပြည်​၌​ပင်​ဆက်​လက်​နေ​ထိုင်​ခွင့်​ပြု တော်​မူ​၏။ ကိုယ်​တော်​သည်​ယော​ရှု​အား​ထို​သူ တို့​အ​ပေါ်​၌​အောင်​ပွဲ​ခံ​ခွင့်​ပေး​တော်​မ​မူ။ ယော​ရှု​ကွယ်​လွန်​ပြီး​သော​အ​ခါ​၌​လည်း​သူ တို့​အား​အ​ဆော​တ​လျင်​နှင်​ထုတ်​ခြင်း​ကို ပြု​တော်​မ​မူ။ \c 3 \s1 ခါ​နာန်​ပြည်​တွင်​ဆက်​လက်​နေ​ထိုင်​သော လူ​မျိုး​များ \p \v 1 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ခါ​နာန်​ပြည် စစ်​ပွဲ​များ​တွင်​မ​ပါ​မ​ဝင်​ခဲ့​ဘူး​သော ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​စစ်​ကြော​ရန် ထို ပြည်​တွင်​အ​ချို့​သော​လူ​မျိုး​တို့​ကို​ဆက် လက်​နေ​ထိုင်​စေ​တော်​မူ​၏။- \v 2 ယင်း​သို့​ကိုယ်​တော်​ပြု​ရ​သည့်​အ​ကြောင်း​မှာ ဣ​သ​ရေ​လ​လူ​မျိုး​ဆက်​တစ်​ဆက်​ပြီး​တစ် ဆက်​စစ်​မှု​ရေး​ရာ​သင်​ကြား​နိုင်​ရန်​ပင်​ဖြစ် ၏။ အ​ထူး​သ​ဖြင့်​ယ​ခင်​က​စစ်​ပွဲ​မ​ဝင်​ခဲ့ ဘူး​သူ​တို့​အား​သင်​ကြား​ပေး​နိုင်​စေ​ရန် ဖြစ်​၏။- \v 3 ထို​ပြည်​တွင်​ကျန်​ရှိ​နေ​သော​လူ​မျိုး​များ​မှာ ဖိ​လိတ္တိ​မြို့​ငါး​မြို့​မှ​ဖိ​လိတ္တိ​လူ​မျိုး၊ ခါ​နာန် လူ​မျိုး​အား​လုံး၊ ဇိ​ဒုန်​လူ​မျိုး​နှင့်​ဗာ​လ​ဟေ ရ​မုန်​တောင်​မှ​ဟာ​မတ်​တောင်​ကြား​လမ်း​အ​ထိ တည်​ရှိ​သော​လေ​ဗ​နုန်​တောင်​ပေါ်​တွင်​နေ​ထိုင် သည့်​ဟိဝိ​လူ​မျိုး​တို့​ဖြစ်​ကြ​၏။- \v 4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ဘိုး​ဘေး​များ​အား​မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​ခဲ့​သည့်​ပ​ညတ်​တော်​တို့ ကို​လိုက်​နာ​ကျင့်​သုံး​မည်​မ​ကျင့်​သုံး​မည်​ကို သိ​ရှိ​နိုင်​စေ​ရန်​ကိုယ်​တော်​သည်​အ​ဆို​ပါ​လူ မျိုး​တို့​ကို​အ​သုံး​ပြု​၍​စစ်​ကြော​တော်​မူ​လို သ​တည်း။- \v 5 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခါ​နာန်​အ​မျိုး​သား​များ၊ ဟိတ္တိ​အ​မျိုး​သား များ၊ အာ​မော​ရိ​အ​မျိုး​သား​များ၊ ဖေ​ရ​ဇိ အ​မျိုး​သား​များ၊ ဟိ​ဝိ​အ​မျိုး​သား​များ​နှင့် ယေ​ဗု​သိ​အ​မျိုး​သား​များ​တို့​နှင့်​အ​တူ​နေ ထိုင်​ရ​ကြ​လေ​သည်။- \v 6 သူ​တို့​သည်​ထို​သူ​တို့​၏​သား​သ​မီး​များ​နှင့် ထိမ်း​မြား​စုံ​ဖက်​ကာ​သူ​တို့​၏​ဘု​ရား​များ ကို​ကိုး​ကွယ်​ကြ​ကုန်​၏။ \s1 သြ​သံ​ယေ​လ \p \v 7 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​မေ့​လျော့ သွား​ကြ​၏။ ကိုယ်​တော်​ကို​ပြစ်​မှား​ကာ​ဗာ​လ ဘု​ရား​နှင့်​အာ​ရှ​ရ​ဘု​ရား​တို့​ကို​ဝတ်​ပြု ရှိ​ခိုး​ကြ​၏။- \v 8 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အ​မျက်​တော်​ထွက်​သ​ဖြင့် မေ​သော​ပေါ​တာ​မိ​ဘု​ရင်​ခု​ရှံ​ရိ​ရှ​သိမ်​အား သူ​တို့​ကို​နှိမ်​နင်း​အောင်​မြင်​စေ​တော်​မူ​၏။ သူ တို့​သည်​ရှစ်​နှစ်​ပတ်​လုံး​ထို​ဘု​ရင်​၏​လက် အောက်​ခံ​ဖြစ်​ရ​ကြ​လေ​သည်။- \v 9 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဟစ်​အော်​ကြ သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​အား​ကယ် ဆယ်​ရန်​လူ​တစ်​ယောက်​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​မှာ​ကာ​လက်​၏​ညီ​ကေ​နတ်​၏​သား သြ​သံ​ယေ​လ​ပင်​တည်း။- \v 10 ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​သူ့ အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ခေါင်း​ဆောင် ဖြစ်​လာ​လေ​သည်။ သြ​သံ​ယေ​လ​သည်​စစ် ချီ​တိုက်​ခိုက်​ရာ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့ အား​မေ​သော​ပေါ​တာ​မိ​ဘု​ရင်​ကို​နှိမ်​နင်း အောင်​မြင်​စေ​တော်​မူ​၏။- \v 11 တိုင်း​ပြည်​သည်​အ​နှစ်​လေး​ဆယ်​ပတ်​လုံး ငြိမ်း​ချမ်း​သာ​ယာ​လျက်​ရှိ​၏။ ထို​နောက် သြ​သံ​ယေ​လ​ကွယ်​လွန်​လေ​သည်။ \s1 ဧ​ဟု​ဒ \p \v 12 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား နောက်​တစ်​ဖန်​ပြစ်​မှား​ကြ​ပြန်​၏။ ကိုယ်​တော်​သည်​လည်း​မော​ဘ​ဘု​ရင်​ဧ​ဂ​လုန် ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထက်​ပို​၍ ခွန်​အား​ကြီး​စေ​တော်​မူ​၏။- \v 13 ဧ​ဂ​လုန်​သည်​အမ္မုန်​အ​မျိုး​သား​နှင့်​အာ​မ​လက် အ​မျိုး​သား​တို့​ကို​စု​ရုံး​ပြီး​လျှင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​နှိမ်​နင်း​အောင်​မြင်​သ​ဖြင့် စွန်​ပ​လွံ​ပင်​မြို့​တည်း​ဟူ​သော​ယေ​ရိ​ခေါ​မြို့ ကို​သိမ်း​ယူ​လေ​သည်။- \v 14 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တစ်​ဆယ့် ရှစ်​နှစ်​ပတ်​လုံး​ဧ​ဂ​လုန်​ထံ​၌​ကျွန်​ခံ​ရ​ကြ လေ​သည်။ \p \v 15 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဟစ်​အော်​ကြ သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​ကို​ကယ် ဆယ်​မည့်​သူ​တစ်​ဦး​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ဂေ​ရ​၏​သား၊ ဘယ်​သန်​သူ​ဧ​ဟု​ဒ​ဖြစ်​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဧ​ဟု​ဒ​အား​မော​ဘ ဘု​ရင်​ဧ​ဂ​လုန်​ထံ​သို့​လက်​ဆောင်​ပဏ္ဏာ များ​နှင့်​အ​တူ​စေ​လွှတ်​လိုက်​ကြ​၏။- \v 16 ဧ​ဟု​ဒ​သည်​တစ်​ပေ​ခွဲ​ခန့်​ရှိ​သော​သံ​လျက် တစ်​လက်​ကို​ပြု​လုပ်​ပြီး​လျှင် ညာ​ဘက်​ပေါင် အ​ဝတ်​အ​စား​များ​အောက်​တွင်​ချည်​နှောင် ထား​၏။- \v 17 ထို​နောက်​လက်​ဆောင်​ပဏ္ဏာ​များ​ကို​လူ​ဝ​ကြီး ဧ​ဂ​လုန်​ထံ​သို့​ယူ​ဆောင်​သွား​လေ​သည်။- \v 18 ဧ​ဟု​ဒ​သည်​ထို​လက်​ဆောင်​ပဏ္ဏာ​များ​ကို ဆက်​သ​ပြီး​သော​အ​ခါ ယင်း​တို့​ကို​သယ် ဆောင်​လာ​သူ​တို့​အား​အိမ်​သို့​ပြန်​စေ​၏။- \v 19 သူ​မူ​ကား​ဂိ​လ​ဂါ​လ​မြို့​အ​နီး​၌​ရှိ​သော ကျောက်​ရုပ်​တု​များ​ရှိ​ရာ​မှ​ပြန်​လာ​၍​ဧ​ဂ လုန်​ကို``မင်း​ကြီး​အား​လျှောက်​ထား​ရန်​လျှို့​ဝှက် သ​တင်း​ရှိ​ပါ​သည်'' ဟု​လျှောက်​၏။ သို့​ဖြစ်​၍ မင်း​ကြီး​သည်​ကျေး​ကျွန်​တို့​အား``ငါ​တို့​နှစ် ဦး​တည်း​ပြော​စ​ရာ​ရှိ​၍​ထွက်​သွား​ကြ​လော့'' ဟု​အ​မိန့်​ပေး​သ​ဖြင့်​ကျေး​ကျွန်​အ​ပေါင်း တို့​သည်​အ​ပြင်​သို့​ထွက်​သွား​ကြ​လေ​သည်။ \p \v 20 မင်း​ကြီး​သည်​နွေ​နန်း​ဆောင်​၌​တစ်​ကိုယ်​တည်း ထိုင်​လျက်​နေ​စဉ် ဧ​ဟု​ဒ​သည်​ဘု​ရင်​၏​အ​နီး သို့​သွား​ပြီး​လျှင်``အ​ရှင်​မင်း​ကြီး​အ​တွက် ဘု​ရား​သ​ခင်​ထံ​မှ​အ​မိန့်​တော်​ရှိ​ပါ​သည်'' ဟု​ဆို​၏။ မင်း​ကြီး​သည်​လည်း​မတ်​တတ် ထ​တော်​မူ​၏။- \v 21 ထို​အ​ခါ​ဧ​ဟု​ဒ​သည်​မိ​မိ​ဘယ်​လက်​ဖြင့် ညာ​ပေါင်​တွင်​ချည်​နှောင်​ထား​သော​သံ​လျက် ကို​ယူ​၍​မင်း​ကြီး​၏​ဝမ်း​ဗိုက်​ကို​ထိုး​လိုက် ရာ၊- \v 22 သန်​လျက်​သည်​လက်​ကိုင်​ရိုး​နှင့်​တ​ကွ​မြုပ်​ဝင် သွား​ပြီး​လျှင် အ​ဆီ​များ​ဖြင့်​ဖုံး​အုပ်​သွား​လေ သည်။ ဧ​ဟု​ဒ​သည်​ထို​သန်​လျက်​ကို​ဆွဲ​မ​နုတ် ချေ။ သန်​လျက်​သည်​မင်း​ကြီး​၏​နောက်​ဘက် တွင်​ပေါင်​နှစ်​လုံး​ကြား​မှ​ထိုး​ထွက်​လျက်​နေ တော့​၏။- \v 23 ထို​နောက်​ဧ​ဟု​ဒ​သည်​အ​ပြင်​သို့​ထွက်​၍ တံ​ခါး​များ​ကို​သော့​ခတ်​ပြီး​လျှင်၊- \v 24 ထွက်​ခွာ​သွား​လေ​သည်။ ကျေး​ကျွန်​များ​ပြန် လာ​ကြ​သော​အ​ခါ နန်း​တော်​တံ​ခါး​များ သော့​ခတ်​လျက်​ထား​သည်​ကို​တွေ့​မြင်​ရ​ကြ ၏။ သို့​ရာ​တွင်​သူ​တို့​သည်​နန်း​တွင်း​၌ မင်း ကြီး​အ​ခင်း​သွား​နေ​သည်​ဟူ​၍​သာ​လျှင် ထင်​မှတ်​ကြ​လေ​သည်။- \v 25 အ​ပြင်​တွင်​စောင့်​ဆိုင်း​သင့်​သ​မျှ​စောင့်​ဆိုင်း​နေ သော်​လည်း မင်း​ကြီး​သည်​တံ​ခါး​ကို​မ​ဖွင့်​ဘဲ နေ​သေး​သ​ဖြင့် သူ​တို့​သည်​သော့​ကို​ယူ​၍​ဖွင့် လိုက်​ကြ​၏။ ထို​အ​ခါ​မိ​မိ​တို့​၏​အ​ရှင်​မှာ ကြမ်း​ပြင်​ပေါ်​တွင်​လဲ​လျက်​သေ​နေ​သည် ကို​တွေ့​မြင်​ကြ​လေ​သည်။ \p \v 26 ဧ​ဟု​ဒ​သည်​ယင်း​သို့​ထို​သူ​တို့​စောင့်​ဆိုင်း​နေ ကြ​စဉ်​အ​တွင်း​၌​ထွက်​ပြေး​သွား​လေ​သည်။ သူ​သည်​ကျောက်​ရုပ်​တု​တို့​ကို​ကျော်​လွန်​ကာ စိရပ်​ရွာ​သို့​လွတ်​မြောက်​သွား​လေ​၏။- \v 27 သူ​သည်​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​သို့​ရောက် သော​အ​ခါ​တိုက်​ပွဲ​ဝင်​ရန်​တံ​ပိုး​ခ​ရာ​မှုတ် လိုက်​ရာ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ့​နောက်​သို့​လိုက်​၍​တောင်​ကုန်း​များ​ပေါ် မှ​ဆင်း​လာ​ကြ​၏။- \v 28 သူ​က``ငါ့​နောက်​သို့​လိုက်​ကြ​လော့။ ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​အား​ရန်​သူ​ဖြစ်​သော မော​ဘ​အ​မျိုး​သား​တို့​အ​ပေါ်​၌​အောင်​ပွဲ ခံ​စေ​တော်​မူ​ပြီ'' ဟု​သူ​တို့​အား​ပြော​လေ သည်။ သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​တောင်​ကုန်း​ပေါ်​မှ​ဆင်း​၍ ဧ​ဟု​ဒ​၏ နောက်​သို့​လိုက်​ပြီး​လျှင်​မော​ဘ​အ​မျိုး​သား တို့​ကူး​ရာ​ယော်​ဒန်​မြစ်​ကူး​ဆိပ်​ကို​သိမ်း ယူ​ကြ​လေ​သည်။ ရန်​သူ​တို့​တစ်​ယောက်​မျှ မြစ်​ကို​ကူး​ခွင့်​မ​ရ​ကြ။- \v 29 ထို​နေ့​၌​မော​ဘ​အ​မျိုး​သား​လက်​ရွေး​စင်​စစ် သည် တစ်​သောင်း​မျှ​သုတ်​သင်​ခြင်း​ကို​ခံ​ရ​ကြ ၏။ သူ​တို့​တစ်​ယောက်​မျှ​မ​လွတ်​မြောက်​ပေ။- \v 30 ထို​နေ့​၌​မော​ဘ​အ​မျိုး​သား​တို့​အား​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​က​နှိမ်​နင်း​အောင်​မြင် ပြီး​နောက် တိုင်း​ပြည်​တွင်​နှစ်​ပေါင်း​ရှစ်​ဆယ် တိုင်​ငြိမ်း​ချမ်း​သာ​ယာ​လျက်​နေ​သ​တည်း။ \s1 ရှံ​ဂါ \p \v 31 ထို​နောက်​ပေါ်​ထွန်း​လာ​သော​ခေါင်း​ဆောင်​မှာ အာ​နတ်​၏​သား​ရှံ​ဂါ​ဖြစ်​၏။ သူ​သည်​ဖိ​လိတ္တိ အ​မျိုး​သား​ခြောက်​ရာ​ကို​တုတ်​ချွန်​တစ်​ချောင်း ဖြင့်​သတ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကယ်​ဆယ်​ခဲ့​လေ​သည်။ \c 4 \s1 ဒေ​ဗော​ရ​နှင့်​ဗာ​ရက် \p \v 1 ဧ​ဟု​ဒ​သေ​လွန်​ပြီး​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား အား​တစ်​ဖန်​ပြစ်​မှား​ကြ​ပြန်​၏။- \v 2 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဟာ​ဇာ​မြို့ ၌​မင်း​ပြု​သူ​ခါ​နာန်​ဘု​ရင်​ရာ​ဘိန်​အား သူ​တို့ ကို​တိုက်​ခိုက်​အောင်​မြင်​စေ​တော်​မူ​၏။ ထို​မင်း ၏​စစ်​သူ​ကြီး​မှာ​လူ​မျိုး​ခြား​တို့​နေ​ရာ၊ ဟာ ရော​ရှက်​မြို့​သား​သိ​သ​ရ​ဖြစ်​၏။- \v 3 ရာ​ဘိန်​မင်း​ထံ​တွင်​သံ​ရ​ထား​ကိုး​ရာ​ရှိ​၏။ သူ သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​နှစ် နှစ်​ဆယ်​တိုင်​တိုင် အ​ကြမ်း​ဖက်​၍​ရက်​စက်​စွာ အုပ်​စိုး​လေ​သည်။ ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ကူ​မ​တော်​မူ​ရန်​ဟစ်​အော်​ကြ​ကုန်​၏။ \p \v 4 ထို​အ​ခါ​လ​ဝိ​ဒုတ်​၏​ဇ​နီး​ဒေ​ဗော​ရ​သည် ပ​ရော​ဖက်​မ​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​တ​ရား​သူ​ကြီး​တစ်​ဦး​အ​ဖြစ် အ​မှု​ထမ်း​လျက်​နေ​၏။- \v 5 သူ​သည်​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​တွင်​ရာ​မ မြို့​နှင့် ဗေ​သ​လ​မြို့​စပ်​ကြား​ရှိ​စွန်​ပ​လွံ​ပင် အောက်​၌​ထိုင်​၍​နေ​လေ့​ရှိ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​လည်း​အ​ဆုံး​အ​ဖြတ် ကို​ခံ​ယူ​ရန် ထို​အ​ရပ်​သို့​သွား​ရောက်​လေ့ ရှိ​ကြ​၏။- \v 6 တစ်​နေ့​သ​၌​သူ​သည်​န​ဿ​လိ​နယ်​မြေ၊ ကေ ဒေ​ရှ​မြို့​မှ​အ​ဘိ​နောင်​၏​သား​ဗာ​ရက်​ကို ခေါ်​ပြီး​လျှင်``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`သင်​သည်​န​ဿ​လိ အ​နွယ်​နှင့် ဇာ​ဗု​လုန်​အ​နွယ်​မှ​လူ​ပေါင်း​တစ် သောင်း​ကို​ခေါ်​ယူ​ကာ​တာ​ဗော်​တောင်​သို့ သွား​ရ​မည်။- \v 7 သင့်​ကို​တိုက်​ခိုက်​စေ​ရန်​ရာ​ဘိန်​မင်း​၏​စစ်​သူ ကြီး​သိ​သ​ရ​ကို​ကိ​ရှုန်​မြစ်​သို့​ငါ​ခေါ်​ဆောင် ခဲ့​မည်။ သူ​၏​ထံ​တွင်​ရ​ထား​များ​နှင့်​စစ်​သည် ဗိုလ်​ပါ​များ​ပါ​ရှိ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​သည် သင့်​အား​သူ့​ကို​နိုင်​နင်း​အောင်​မြင်​စေ​မည်' ဟု သင့်​အား​မိန့်​တော်​မူ​လေ​ပြီ'' ဟု​ပြော​၏။ \p \v 8 ထို​အ​ခါ​ဗာရက်​က``အ​ကယ်​၍​အ​ကျွန်ုပ်​နှင့် အ​တူ အ​ရှင်​လိုက်​မည်​ဆို​လျှင်​အ​ကျွန်ုပ်​သွား ပါ​မည်။ အ​ရှင်​မ​လိုက်​လို​ပါ​က​အ​ကျွန်ုပ် လည်း​မ​သွား​လို​ပါ'' ဟု​ဆို​၏။ \p \v 9 ဒေ​ဗော​ရ​က​လည်း``ကောင်း​ပြီ၊ သင်​နှင့်​အ​တူ ငါ​လိုက်​ပါ​အံ့။ သို့​ရာ​တွင်​သင်​သည်​ထို​အောင် ပွဲ​နှင့်​ဆိုင်​သော​ဂုဏ်​အ​သ​ရေ​ကို​ရ​ရှိ​လိမ့် မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ ဘု​ရား​သည်​သိ​သ​ရ​ကို​အ​မျိုး​သ​မီး​လက် သို့​ပေး​အပ်​တော်​မူ​လိမ့်​မည်​ဖြစ်​သော​ကြောင့် တည်း'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ဒေ​ဗော​ရ​သည် ဗာ​ရက်​နှင့်​အ​တူ​ကိ​ရှန်​မြစ်​သို့​ထွက်​ခွာ သွား​၏။- \v 10 ဗာ​ရက်​သည်​န​ဿ​လိ​အ​နွယ်​ဝင်​နှင့်​ဇာ​ဗု​လုန် အ​နွယ်​ဝင်​တို့​ကို ကေ​ဒေ​ရှ​မြို့​သို့​ခေါ်​ယူ​ရာ သူ​၏​နောက်​သို့​လူ​ပေါင်း​တစ်​သောင်း​လိုက်​ကြ ၏။ ဒေ​ဗော​ရ​သည်​လည်း​သူ​နှင့်​အ​တူ​လိုက် လေ​သည်။ \p \v 11 ဤ​အ​တော​အ​တွင်း​၌​ကေ​နိ​အ​မျိုး​သား ဟေ​ဗာ​သည် ကာ​ဒေ​ရှ​မြို့​အ​နီး​ဗာ​နိမ်​အ​ရပ် ရှိ​သ​ပိတ်​ပင်​ခြေ​ရင်း​၌​မိ​မိ​၏​တဲ​ကို​တည် ဆောက်​၏။ သူ​သည်​မော​ရှေ​၏​ယောက်​ဖ၊ ဟော​ဗက် ၏​သား​မြေး​များ​ဖြစ်​သူ​အ​ခြား​ကေ​နိ​အ​နွယ် ဝင်​တို့​ထံ​မှ​ပြောင်း​ရွှေ့​လာ​သူ​ဖြစ်​သ​တည်း။ \p \v 12 တာ​ဗော်​တောင်​သို့​ဗာ​ရက်​တက်​သွား​သည့် အ​ကြောင်း​ကို သိ​သ​ရ​ကြား​သိ​သော​အ​ခါ၊- \v 13 သူ​သည်​သံ​ရ​ထား​ကိုး​ရာ​နှင့်​မိ​မိ​၏​လူ အ​ပေါင်း​တို့​ကို​စု​ရုံး​စေ​ပြီး​လျှင် လူ​မျိုး ခြား​တို့​နေ​ရာ​ဟာ​ရော​ရှက်​မြို့​မှ​ကိ​ရှုန် မြစ်​သို့​စေ​လွှတ်​လိုက်​လေ​သည်။ \p \v 14 ထို​အ​ခါ​ဒေ​ဗော​ရ​က​ဗာ​ရက်​အား``သင်​သွား လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ရှေ့​ဆောင် လျက်​နေ​တော်​မူ​ပြီ။ ယ​နေ့​၌​ပင်​ကိုယ်​တော် သည်​သင့်​အား​သိ​သ​ရ​အ​ပေါ်​တွင်​အောင်​ပွဲ ခံ​စေ​တော်​မူ​လေ​ပြီ'' ဟု​ပြော​၏။ သို့​ဖြစ်​၍ ဗာ​ရက်​သည်​မိ​မိ​၏​လူ​တစ်​သောင်း​နှင့်​အ​တူ တာ​ဗော်​တောင်​မှ​ဆင်း​ပြီး​နောက်၊- \v 15 ရန်​သူ​ကို​တိုက်​ခိုက်​ရာ​ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​၏​သံ​ရ​ထား​များ​နှင့်​တပ်​သား​တို့ ကို​က​စဥ့်​က​ရဲ​ဖြစ်​စေ​တော်​မူ​သ​ဖြင့် သိ​သ​ရ သည်​မိ​မိ​ရ​ထား​မှ​ဆင်း​၍​ခြေ​လျင်​ထွက် ပြေး​လေ​၏။- \v 16 ဗာ​ရက်​သည်​လည်း​သူ​၏​ရ​ထား​များ​နှင့်​တပ် သား​တို့​ကို လူ​မျိုး​ခြား​တို့​နေ​ရာ​ဟာ​ရော​ရှက် မြို့​သို့​တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက်​ရာ သိ​သ​ရ ၏​တပ်​သား​တို့​သည်​တစ်​ယောက်​မျှ​မ​ကျန် သေ​ဆုံး​ကြ​ကုန်​၏။ \p \v 17 သိ​သ​ရ​သည်​ကေ​နိ​အ​မျိုး​သား​ဟေ​ဗာ ၏​ဇ​နီး​ယေ​လ​၏​တဲ​သို့​ထွက်​ပြေး​သွား​လေ သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဟာ​ဇော်​ဘု​ရင် ယာ​ဘိန်​နှင့်​ဟေ​ဗာ​၏​မိ​သား​စု​သင့်​မြတ် မှု​ရှိ​သော​ကြောင့်​ဖြစ်​၏။- \v 18 ယေ​လ​သည်​ထွက်​၍​သိ​သ​ရ​အား``ကြွ​တော် မူ​ပါ။ ကျွန်​တော်​မ​တဲ​ထဲ​သို့​ဝင်​တော်​မူ​ပါ။ ကြောက်​လန့်​တော်​မ​မူ​ပါ​နှင့်'' ဟု​ဖိတ်​ခေါ် လေ​သည်။ သို့​ဖြစ်​၍​စစ်​သူ​ကြီး​သည်​တဲ​ထဲ သို့​ဝင်​လေ​သော်​ယေလ​သည်​သူ့​အား​ကန့်​လန့် ကာ​တစ်​ခု​၏​နောက်​တွင်​ကွယ်​ဝှက်​၍​ထား​၏။- \v 19 သူ​က​လည်း``ငါ​ရေ​ငတ်​သည်၊ ရေ​တစ်​ပေါက် လောက်​သောက်​ပါ​ရ​စေ'' ဟု​ယေ​လ​အား​ပြော လျှင်​ယေ​လ​သည်​နွား​နို့​ထည့်​ထား​သော သား​ရေ​ဘူး​ကို​ဖွင့်​၍ နို့​တစ်​ခွက်​ကို​ပေး​ပြီး နောက်​သူ့​အား​ပြန်​၍​ဝှက်​ထား​လေ​သည်။- \v 20 ထို​နောက်​သိ​သ​ရ​က``သင်​သည်​တဲ​တံ​ခါး​ဝ ၌​စောင့်​နေ​ပါ​လော့။ အ​ကယ်​၍​တဲ​ထဲ​တွင်​လူ တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သ​လော​ဟု​မေး​မြန်း လာ​သူ​ရှိ​ပါ​က`မ​ရှိ​ပါ' ဟု​ပြန်​ပြော​ပါ လေ'' ဟု​ယေ​လ​အား​မှာ​ထား​လိုက်​၏။ \p \v 21 သိ​သ​ရ​သည်​အ​လွန်​မော​ပန်း​သ​ဖြင့်​အိပ် ပျော်​သွား​လေ​သည်။ ထို​အ​ခါ​ယေ​လ​သည်​တူ တစ်​လက်​နှင့်​တဲ​ရှင်​ငုတ်​ချွန်​တစ်​ချောင်း​ကို​ယူ​၍ သူ့​ထံ​သို့​တိတ်​ဆိတ်​စွာ​သွား​ပြီး​လျှင်​ငုတ် ချွန်​ကို​မြေ​၌​စွဲ​သည်​တိုင်​အောင်​သူ​၏​နား ထင်​သို့​ရိုက်​သွင်း​လိုက်​လေ​သည်။- \v 22 သိ​သ​ရ​အား​ရှာ​ဖွေ​ရန်​ဗာ​ရက်​ရောက်​ရှိ​လာ သော​အ​ခါ ယေ​လ​သည်​ထွက်​၍​ခ​ရီး​ဦး​ကြို ပြု​လျက်``တဲ​ထဲ​သို့​ဝင်​ပါ။ သင်​ရှာ​ဖွေ​နေ​သူ အား​ကျွန်​မ​ပြ​ပါ​မည်'' ဟု​ပြော​၏။ ဗာ​ရက် သည်​ယေ​လ​နှင့်​အ​တူ​တဲ​ထဲ​သို့​ဝင်​လိုက် သော​အ​ခါ​နား​ထင်​တွင်​တဲ​ရှင်​ငုတ်​ချွန်​စိုက် ၍​သေ​နေ​သူ​သိ​သ​ရ​ကို​တွေ့​မြင်​ရ​တော့​၏။ \p \v 23 ထို​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ခါ​နာန်​ဘု​ရင် ယာ​ဘိန်​၏​အ​ပေါ်​၌ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​သ​တည်း။- \v 24 သူ​တို့​သည်​ထို​ဘုရင်​အား​ဆုံး​ရှုံး​ပျက်​စီး​သွား သည့်​တိုင်​အောင်​တိုး​၍​တိုး​၍​ပြင်း​ပြင်း​ထန် ထန်​တိုက်​ခိုက်​ကြ​၏။ \c 5 \s1 ဒေ​ဗော​ရ​နှင့်​ဗာ​ရက်​သီ​ချင်း \p \v 1 ထို​နေ့​၌​ဒေ​ဗော​ရ​နှင့်​အ​ဘိ​နောင်​၏​သား ဗာ​ရက်​တို့​သည် အောက်​ပါ​သီ​ချင်း​ကို​သီ​ဆို ကြ​လေ​သည်။ \q1 \v 2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တိုက်​ပွဲ​ဝင်​ရန် သန္နိ​ဋ္ဌာန်​ချ​မှတ်​ကြ​၏။ \q2 ပြည်​သူ​တို့​က​လည်း​စေ​တ​နာ​အ​လျောက် ဝမ်း​မြောက်​စွာ​ပါ​ဝင်​ဆင်​နွှဲ​ကြ​၏။ \q1 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ \q1 \v 3 အ​ချင်း​ရှင်​ဘု​ရင်​တို့​နား​ထောင်​ကြ​လော့။ \q2 အ​ချင်း​အာ​ဏာ​ပိုင်​တို့​သ​တိ​မူ​ကြ​လော့။ \q1 ဣ​သ​ရေ​လ​လူ​မျိုး​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏ \q2 ဂုဏ်​တော်​ကို၊သီ​ကူး​ရန်​ငါ​သီ​ချင်း​ဆို​၍ စောင်း​ကို​တီး​မည်။ \q1 \v 4 အို ထာ​ဝ​ရ​ဘု​ရား​စိ​ရ​တောင်​ရိုး​ပေါ်​မှာ ကိုယ်​တော်​ကြွ​လျက် \q2 ဧ​ဒုံ​ပြည်​မှ​စစ်​ချီ​တော်​မူ​သော​အ​ခါ၊ \q1 မြေ​င​လျင်​လှုပ်​၍​ကောင်း​ကင်​မှ​မိုး​ရွာ​သွန်း ပါ​၏။ \q2 မိုး​တိမ်​များ​မှ​မိုး​ရေ​တို့​သည်​ကျ​ဆင်း​လာ ပါ​၏။ \q1 \v 5 တောင်​ရိုး​တို့​သည်​သိ​နာ​တောင်​၏​အ​ရှင် \q2 ဣ​သ​ရေ​လ​လူ​မျိုး​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​တုန်​လှုပ်​ကြ ပါ​၏။\x + \xo 5:5 \xt ထွ၊ ၁၉:၁၈။\x* \q1 \v 6 အာ​နတ်​၏​သား​ရှံ​ဂါ​လက်​ထက်​၌​လည်း​ကောင်း၊ ယေ​လ​လက်​ထက်​၌​လည်း​ကောင်း၊ \q2 ခ​ရီး​သွား​ကုန်​သည်​တို့​သည်​တိုင်း​ပြည်​ကို ဖြတ်​၍​မ​သွား​ကြ​တော့​ချေ။ \q1 ခ​ရီး​သည်​တို့​သည်​လမ်း​ကြို​လမ်း​ကြား​များ တို့​ကို​သာ အ​သုံး​ပြု​ကြ​၏။ \q1 \v 7 ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​မြို့​တို့​သည်​လူ​သူ ဆိတ်​ညံ​လျက်​ရှိ​၏။ \q2 ငါ​ဒေ​ဗော​ရ​သည်​ဣ​သ​ရေ​လ​လူ​မျိုး​၏ မိ​ခင်​သ​ဖွယ်​မ​ပေါ်​ထွန်း​မီ \q1 ထို​မြို့​တို့​သည်​လူ​သူ​ဆိတ်​ညံ​လျက်​ရှိ​ခဲ့​၏။ \q1 \v 8 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သစ်​များ​ကို​ရွေး​ယူ​ကြ​သော​အ​ခါ၊ \q2 တိုင်း​ပြည်​တွင်​စစ်​ဖြစ်​လေ​၏။ \q1 ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​လူ​ပေါင်း​လေး​သောင်း ရှိ​သည့် အ​နက်​ဒိုင်း​လွှား​တစ်​ခု​သို့​မ​ဟုတ်၊ \q2 လှံ​တစ်​ချောင်း​ကို​ကိုင်​ဆောင်​သူ​ရှိ​ပါ​၏​လော။ \q1 \v 9 ငါ​၏​စိတ်​နှ​လုံး​သည်​ဣ​သ​ရေ​လ​စစ်​သူ​ကြီး များ ထံ​သို့​လည်း​ကောင်း၊ \q2 စေ​တ​နာ​စိတ်​နှင့်​စစ်​ပွဲ​ဝင်​ကြ​သည့်​ပြည်​သူ များ ထံ​သို့​လည်း​ကောင်း​နူး​ညွတ်​လျက်​ရှိ​ပါ​၏။ \q1 ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ \q1 \v 10 ကုန်း​နှီး​ပေါ်​တွင်​ထိုင်​၍​မြည်း​ဖြူ​ကို​စီး​ကြ သူ​တို့​နှင့် သွား​လာ​လေ​ရာ​တွင် \q2 ခြေ​လျင်​လျှောက်​ရ​သူ​တို့​ဤ​အ​ကြောင်း အ​ရာ​ကို စဉ်း​စား​ဆင်​ခြင်​ကြ​လော့။ \q1 \v 11 နား​ထောင်​ကြ​လော့။ \q2 ရေ​တွင်း​များ​ပတ်​လည်​တွင်​ဆူ​ညံ​နေ​သော လူ​အုပ်​တို့​သည် \q1 ထာ​ဝ​ရ​ဘု​ရား​၏​အောင်​ပွဲ​တော် အ​ကြောင်း​ကို​လည်း​ကောင်း \q2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အောင်​ပွဲ​များ \q1 အ​ကြောင်း​ကို​လည်း​ကောင်း​ပြော​ကြား​လျက်​နေ ကြ​၏။ \q2 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် မိ​မိ​တို့​မြို့​များ​မှ​ချီ​တက်​လာ​ကြ​၏။ \q1 \v 12 ရှေ့​ဆောင်​ပါ​လော့။ အို ဒေ​ဗော​ရ​ရှေ့​ဆောင်​ပါ​လော့။ \q2 ရှေ့​ဆောင်​ပါ​လော့။ သီ​ချင်း​ဆို​ပါ​လော့။ ရှေ့​ဆောင်​ပါ​လော့။ \q1 အ​ဘိ​နောင်​၏​သား​ဗာ​ရက်​ရှေ့​သို့​ချီ​တက်​ပါ​လော့။ \q2 သင်​၏​သုံ့​ပန်း​တို့​ကို​ထုတ်​ဆောင်​သွား​ပါ​လော့။ \q1 \v 13 ထို​နောက်​သစ္စာ​ရှိ​သူ​တို့​သည်​မိ​မိ​တို့​၏ ခေါင်း​ဆောင်​များ​ထံ​သို့​လာ​ကြ​၏။ \q2 ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည်​စစ်​ပွဲ​ဝင်​ရန် အ​သင့်​ပြင်​လျက်​သူ့​ထံ​သို့​လာ​ကြ​၏။ \q1 \v 14 သူ​တို့​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​နောက်​က လိုက်​၍ \q2 ဧ​ဖ​ရိမ်​နယ်​မြေ​မှ​ချိုင့်​ဝှမ်း​ထဲ​သို့​ဆင်း​လာ ကြ​၏။ \q1 စစ်​သူ​ကြီး​များ​သည်​မာ​ခိ​ရ​အ​နွယ်​ထဲ​မှ လည်း​ကောင်း \q2 စစ်​အ​ရာ​ရှိ​တို့​သည်​ဇာ​ဗု​လုန်​အ​နွယ် ထဲ​မှ​လည်း​ကောင်း​ဆင်း​လာ​ကြ​၏။ \q1 \v 15 ဣ​သ​ခါ​အ​နွယ်​ဝင်​တို့​၏​ခေါင်း​ဆောင်​များ သည် ဒေ​ဗော​ရ​နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။ \q2 ဣ​သ​ခါ​အ​နွယ်​ဝင်​တို့​သည်​ဗာ​ရက်​နှင့်​အ​တူ လိုက်​လာ​ကြ​၏။ \q1 သူ​တို့​သည်​ဗာ​ရက်​နှင့်​အ​တူ​လိုက်​၍ ချိုင့်​ထဲ​သို့​ဆင်း​ခဲ့​ကြ​၏။ \q2 ရု​ဗင်​အ​နွယ်​ဝင်​တို့​မူ​ကား​ညီ​ညွတ်​မှု​မ​ရှိ​သဖြင့် လိုက်​ပါ​လာ​ရန်​မိ​မိ​တို့​စိတ်​ကို​မ​ဆုံး​ဖြတ်​နိုင်​ကြ။ \q1 \v 16 သူ​တို့​သည်​အ​ဘယ်​ကြောင့်​သိုး​များ​နှင့်​အ​တူ နေ​ရစ်​ခဲ့​ကြ​ပါ​သ​နည်း။ \q2 သိုး​စု​များ​အား​သိုး​ထိန်း​တို့​ခေါ်​သံ​ကို နား​ထောင်​လို​၍​လော။ \q1 ရု​ဗင်​အ​နွယ်​ဝင်​တို့​ညီ​ညွတ်​မှု​မ​ရှိ​သည်​ကား မှန်​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​စိတ်​ကို​မ​ဆုံး​ဖြတ်​နိုင်​ကြ။ \q1 \v 17 ဂိ​လဒ်​အ​နွယ်​ဝင်​တို့​သည်​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​တွင်​နေ​ရစ်​ကြ​၏။ \q2 ဒန်​အ​နွယ်​ဝင်​တို့​သည်​လည်း​သင်္ဘော​များ အ​နီး​တွင်​နေ​ရစ်​ကြ​၏။ \q1 အာ​ရှာ​အ​နွယ်​ဝင်​တို့​သည်​ပင်​လယ်​ကမ်း​ခြေ အ​နီး​တွင်​နေ​ရစ်​ကြ​လေ​သည်။ \q1 \v 18 သို့​ရာ​တွင်​ဇာ​ဗု​လုန်​နယ်​နှင့်​န​ဿ​လိ​နယ်​မှ လူ​တို့​သည်​ကား​စစ်​မြေ​ပြင်​တွင်၊ \q2 မိ​မိ​တို့​၏​အ​သက်​ကို​ပ​မာ​ဏ​မ​ပြု​ဘဲ စွန့်​စား​ကြ​သ​တည်း။ \q1 \v 19 ရှင်​ဘု​ရင်​တို့​သည်​လာ​၍​မေ​ဂိဒ္ဒေါ​ချောင်း အ​နီး တာ​နက်​မြို့​၌​တိုက်​ခိုက်​ကြ​၏။ \q2 ခါ​နာန်​ဘု​ရင်​တို့​သည်​တိုက်​ခိုက်​ကြ​သော်​လည်း ငွေ​ကို​လု​ယူ​ခွင့်​မ​ရ​ကြ။ \q1 \v 20 ကြယ်​နက္ခတ်​တို့​သည်​ကောင်း​ကင်​ပြင်​မှ တိုက်​ခိုက်​ကြ​၏။ \q2 သူ​တို့​သည်​မိုး​ကောင်း​ကင်​ကို​ဖြတ်​သန်း​သွား​စဉ် သိ​သ​ရ​ကို​တိုက်​ခိုက်​ကြ​၏။ \q1 \v 21 အ​ဟုန်​ပြင်း​သည့်​ကိ​ရှုန်​မြစ်​သည်​ရေ​လျှံ​၍ ရန်​သူ​တို့​အား​မျော​ပါ​သွား​စေ​၏။ \q2 ငါ​ချီ​တက်​မည်။ ခွန်​အား​ဗ​လ​နှင့်​ရှေ့​သို့ ချီ​တက်​မည်။ \q1 \v 22 ထို​အ​ခါ​မြင်း​တို့​သည်​ဒုန်း​စိုင်း​၍​မြေ​ကို ခွာ​နှင့် ပေါက်​လျက်​လာ​ကြ​၏။ \q1 \v 23 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က ``မေ​ရော​ဇ​မြို့​ကို​ကျိန်​ဆဲ​ကြ​လော့။ \q2 ထို​မြို့​သား​တို့​အား​ကျိန်​ဆဲ​ကြ​လော့။ \q1 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဘက်​မှ ကူ​ညီ​ရန်​မ​လာ​ကြ။ \q2 ထာ​ဝ​ရ​ဘု​ရား​အ​တွက်​တိုက်​ခိုက်​ရန် \q1 စစ်​သည်​တော်​များ​မ​လာ​ကြ'' ဟု​မြွက်​ဆို​၏။ \q1 \v 24 ကေ​နိ​အ​မျိုး​သား​ဟေ​ဗာ​၏​ဇ​နီး​ယေ​လ​သည် \q2 တဲ​ရှင်​တွင်​နေ​ထိုင်​သူ၊အ​မျိုး​သ​မီး​တို့​အ​နက် မင်္ဂ​လာ​အ​ရှိ​ဆုံး​ဖြစ်​၏။ \q1 \v 25 သိ​သ​ရ​သည်​ရေ​ကို​တောင်း​သော်​လည်း​ယေ​လ​က နို့​ကို​ပေး​၏။ \q2 လှ​ပ​သော​ခွက်​ဖ​လား​ဖြင့်​နို့​ကို​ပေး​၏။ \q1 \v 26 သူ​သည်​တဲ​ရှင်​ငုတ်​ချွန်​တစ်​ခု​ကို​လက်​တစ်​ဘက်​နှင့် ယူ​၍​အ​လုပ်​သ​မား​တူ​တစ်​လက်​ကို \q2 အ​ခြား​လက်​တစ်​ဖြင့်​ကိုင်​ပြီး​လျှင်​သိ​သ​ရ​၏ ဦး​ခေါင်း​ကို​ရိုက်​သွင်း​လိုက်​ရာ \q1 ငုတ်​ချွန်​သည်​သူ​၏​ဦး​ခေါင်း​ကို​ထုတ်​ချင်း ပေါက်​၍​သွား​လေ​သည်။ \q1 \v 27 သိ​သ​ရ​သည်​လဲ​ကျ​ပြီး​လျှင်​ယေ​လ​၏ ခြေ​ရင်း​၌ မ​လှုပ်​မ​ရှား​ဘဲ​နေ​၏။ \q2 သူ​သည်​မြေ​ပေါ်​သို့​လဲ​ကျ​ကာ​ယေ​လ​၏​ခြေ​ရင်း​၌ သေ​လျက်​နေ​၏။ \q1 \v 28 သိ​သ​ရ​၏​မိ​ခင်​သည်​ပြူ​တင်း​ပေါက်​မှ​မျှော် ၍​ကြည့်​၏။ သူ​သည်​တ​ရုတ်​ကပ်​၏​နောက်​မှ​ငေး​၍​ကြည့်​၏။ \q2 ``သူ​၏​ရ​ထား​သည်​အ​ဘယ်​ကြောင့်​ကြန့်​ကြာ​၍ နေ​ပါ​သ​နည်း။ \q1 သူ​၏​မြင်း​တို့​သည်​အ​ဘယ်​ကြောင့်​အ​ပြန်​နှေး​လျက် နေ​ပါ​သ​နည်း'' ဟု​မြည်​တမ်း​ပြော​ဆို​လျက်​နေ​၏။ \q1 \v 29-30 သူ​၏​ပ​ညာ​ရှိ​နန်း​တွင်း​သူ​တို့​က``သူ​တို့​သည် ဖမ်း​ဆီး​သိမ်း​ယူ​၍​ဝေ​ငှ​ရန်​အ​တွက်၊ \q2 ပစ္စည်း​ဥစ္စာ​များ​ကို​ရှာ​ဖွေ​လျက်​ရှိ​ကြ​ပါ​မည်။ \q1 စစ်​သား​တစ်​ယောက်​စီ​အ​တွက်​အ​ပျို​က​ညာ တစ်​ယောက်​နှစ်​ယောက်​ကို​လည်း​ကောင်း၊ \q2 သိ​သ​ရ​အ​တွက်​အ​ဖိုး​ထိုက်​အ​ဝတ် အ​ထည်​နှင့် မိ​ဖု​ရား​အ​တွက်၊ \q1 ပန်း​ထိုး​လည်​စည်း​တန်​ဆာ​တို့​ကို​လည်း​ကောင်း \q2 ရှာ​ဖွေ​လျက်​နေ​သော​ကြောင့်​ပင်​ဖြစ်​တန်​ရာ​၏'' ဟု \q1 ပြန်​လည်​ဖြေ​ကြား​ကြ​သ​ဖြင့်​သူ​ကိုယ်​တိုင်​လည်း \q2 ထို​အ​တိုင်း​အ​ဖန်​တ​လဲ​လဲ​တွေး​တော​လျက် နေ​သ​တည်း။ \q1 \v 31 အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​၏​ရန်​သူ အ​ပေါင်း​တို့​သည် \q2 ဤ​နည်း​အ​တိုင်း​ပင်​ဆုံး​ရှုံး​ပျက်​စီး​ကြ​ပါ စေ​သော။ \q1 သို့​ရာ​တွင်​ကိုယ်​တော်​၏​မိတ်​ဆွေ​များ​မှာ​မူ​ကား \q2 တက်​သစ်​နေ​ကဲ့​သို့​ထွန်း​လင်း​တောက်​ပ ကြ​ပါ​စေ​သော။ \p ထို​နောက်​ခါ​နာန်​ပြည်​တွင်​အ​နှစ်​လေး​ဆယ် တိုင်​တိုင်​ငြိမ်း​ချမ်း​သာ​ယာ​လျက်​နေ​သ​တည်း။ \c 6 \s1 ဂိ​ဒေါင် \p \v 1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တစ်​ဖန်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ကြ​ပြန်​၏။ သို့​ဖြစ်​၍​ကိုယ် တော်​သည်​သူ​တို့​ကို​ခု​နစ်​နှစ်​တိုင်​တိုင် အုပ်​စိုး​ခွင့် ကို​မိ​ဒျန်​အ​မျိုး​သား​တို့​အား​ပေး​တော်​မူ​၏။- \v 2 မိ​ဒျန်​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထက်​အင်​အား​ကြီး​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဥ​မင်​များ​၌​လည်း​ကောင်း၊ အ​ခြား​ဘေး​လွတ်​ရာ​တောင်​ပေါ်​ဒေ​သ​များ ၌​လည်း​ကောင်း​ပုန်း​အောင်း​နေ​ရ​ကြ​ကုန်​၏။- \v 3 ကောက်​ပဲ​သီး​နှံ​များ​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​စိုက်​ပျိုး​သည့်​အ​ခါ​တိုင်း မိ​ဒျန်​အ​မျိုး​သား တို့​သည်​အာ​မ​လက်​အ​မျိုး​သား​နှင့် သဲ​ကန္တာ​ရ တွင်​နေ​ထိုင်​သော​လူ​မျိုး​များ​နှင့်​အ​တူ​လာ​၍ တိုက်​ခိုက်​တတ်​ကြ​၏။- \v 4 သူ​တို့​သည်​ဣ​သ​ရေ​လ​မြေ​ပေါ်​တွင်​တပ်​စ​ခန်း ချ​၍ တောင်​ဘက်​ရှိ​ဂါ​ဇ​မြို့​တစ်​ဝိုက်​မြေ​ယာ​များ တိုင်​အောင် အ​သီး​အ​နှံ​တို့​ကို​ဖျက်​ဆီး​ပစ်​တတ် ကြ​၏။ သူ​တို့​သည်​သိုး​နွား​မြည်း​မှ​စ​၍​ရှိ​သ​မျှ ကို​သိမ်း​ယူ​ကြ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​အ​ဘယ်​စား​စ​ရာ​မျှ​မ​ကျန်​တော့ ချေ။- \v 5 သူ​တို့​သည်​မိ​မိ​တို့​၏​တဲရှင်​များ၊ သိုး​နွား​များ နှင့်​ပြန်​လာ​တတ်​ကြ​၏။ သူ​တို့​၏​အ​ရေ​အ​တွက် မှာ​ကျိုင်း​ကောင်​အုပ်​ကဲ့​သို့​များ​သ​တည်း။ သူ​တို့ နှင့်​သူ​တို့​၏​ကု​လား​အုတ်​များ​မှာ​လည်း​မ​ရေ မ​တွက်​နိုင်​အောင်​များ​ပြား​သည်။ သူ​တို့​သည် ဝင်​ရောက်​လာ​၍​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​ပစ် ကြ​၏။- \v 6 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သူ​တို့​ကို ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ချေ။ \p \v 7 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဒျန် အ​မျိုး​သား​တို့​၏​ရန်​ကြောင့်​မိ​မိ​တို့​အား ကူ​မ တော်​မူ​ရန်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဟစ် အော်​လျှောက်​ထား​ကြ​၏။- \v 8 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ပ​ရော​ဖက်​တစ်​ပါး​ကို သူ​တို့​ထံ​သို့​စေ​လွှတ်​တော်​မူ​သည်။ ပ​ရော​ဖက် မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့ ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​သင်​တို့​အား​ထုတ် ဆောင်​ခဲ့​၏။- \v 9 အီ​ဂျစ်​ပြည်​သူ​တို့​လက်​မှ​လည်း​ကောင်း၊ ဤ​ပြည် တွင်​သင်​တို့​အား​တိုက်​ခိုက်​သူ​တို့​၏​လက်​မှ​လည်း ကောင်း​ကယ်​ဆယ်​ခဲ့​၏။ သင်​တို့​ချီ​တက်​လာ​စဉ်​သူ တို့​အား​နှင်​ထုတ်​၍ သူ​တို့​၏​ပြည်​ကို​သင်​တို့​၏ လက်​သို့​ပေး​အပ်​ခဲ့​၏။- \v 10 ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို​မိန့်​ကြား​၍ ယ​ခု​သင်​တို့​နေ​ထိုင်​ရာ ပြည်​ရှိ​အာ​မော​ရိ​အ​မျိုး​သား​တို့​ကိုး​ကွယ်​သည့် ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​ကြ​ရန်​သင်​တို့​အား ပညတ်​ခဲ့​၏။ သို့​သော်​လည်း​သင်​တို့​သည်​ငါ့​စ​ကား ကို​နား​မ​ထောင်​ကြ'' ဟု​မိန့်​တော်​မူ​၏။ \p \v 11 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည်​သြ​ဖ​ရ​ရွာ​သို့​လာ​၍ အ​ဗျေ​ဇာ​သား​ချင်း စု​ဝင်​တစ်​ဦး​ဖြစ်​သူ၊ ယော​ရှ​၏​သ​ပိတ်​ပင် အောက်​၌​ထိုင်​လေ​သည်။ ယော​ရှ​၏​သား​ဂိ​ဒေါင် သည် မိ​မိ​အား​မိ​ဒျန်​အ​မျိုး​သား​တို့​မ​တွေ့ မ​မြင်​နိုင်​စေ​ရန် စ​ပျစ်​သီး​နယ်​ရာ​ကျင်း​တွင် ဂျုံ​စပါး​နယ်​လျက်​နေ​၏။- \v 12 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည်​သူ​၏​ရှေ့​၌​ပေါ်​လာ​၍​သူ့​အား``ခွန်​အား ကြီး​သော​အ​ချင်း​သူ​ရဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပြီ'' ဟု​ဆို​လေ​သည်။ \p \v 13 ဂိ​ဒေါင်​က​သူ့​အား``အို အ​ရှင်၊ အ​ကယ်​၍​ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သည် မှန်​ပါ​လျှင် အ​ဘယ်​ကြောင့်​ဤ​ဘေး​ဆိုး​သင့်​ရောက် ရ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​ပုံ အ​စ​ရှိ​သည့် အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​များ​ကို​ပြု​တော်​မူ ကြောင်း​ဘိုး​ဘေး​တို့​ပြော​ဆို​ခဲ့​ကြ​ပါ​၏။ ထို အံ့​သြ​ဖွယ်​ရာ​တို့​သည်​အ​ဘယ်​မှာ​နည်း။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​ကို​စွန့်​၍​မိ​ဒျန်​အ​မျိုး သား​တို့​၏​လက်​သို့​အပ်​တော်​မူ​ပါ​ပြီ​တ​ကား'' ဟု​ပြော​၏။ \p \v 14 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​၏​ကြီး​မား သော​ခွန်​အား​ဖြင့်​သွား​၍ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား မိ​ဒျန်​အ​မျိုး​သား​များ​၏​လက် မှ​ကယ်​ဆယ်​လော့။ ငါ​ကိုယ်​တိုင်​ပင်​သင့်​အား စေ​လွှတ်​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ \p \v 15 ဂိ​ဒေါင်​က​လည်း``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​အ​ဘယ်​သို့​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​ကယ်​ဆယ်​နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​၏​သား ချင်း​စု​သည်​မ​နာ​ရှေ​အ​နွယ်​တွင် အား​အ​နည်း ဆုံး​သော​သူ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​သည်​လည်း မိ​မိ​၏​မိ​သား​စု​တွင်​အ​ရေး​မ​ပါ၊ အ​ရာ မ​ရောက်​ဆုံး​သော​သူ​ဖြစ်​ပါ​သည်'' ဟု ပြန် လည်​လျှောက်​ထား​၏။ \p \v 16 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင့်​ကို​ကူ​မ​မည် ဖြစ်​၍ ထို​အ​မှု​ကို​သင်​ပြု​နိုင်​လိမ့်​မည်။ သင်​သည် လူ​တစ်​ယောက်​တည်း​ကို​လုပ်​ကြံ​ရ​ဘိ​သ​ကဲ့ သို့ မိ​ဒျန်​အ​မျိုး​သား​များ​အား​အ​လွယ် တ​ကူ​နှိမ်​နင်း​နိုင်​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။ \p \v 17 ဂိ​ဒေါင်​က``အ​ကယ်​၍​ကိုယ်​တော်​၏​သ​ဘော တော်​နှင့်​တွေ့​မည်​ဆို​ပါ​က ကိုယ်​တော်​သည် အ​မှန်​ပင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သက်​သေ​ခံ​အ​ထောက်​အ​ထား​တစ်​ခု​ကို​ပြ တော်​မူ​ပါ။- \v 18 ကိုယ်​တော်​အား​ဆက်​သ​ရန်​ပူ​ဇော်​သကာ​ကို​ယူ ဆောင်​လာ​ချိန်​တိုင်​အောင် ဤ​အ​ရပ်​မှ​ကြွ​သွား တော်​မ​မူ​ပါ​နှင့်'' ဟု​လျှောက်​လေ​၏။ \p ကိုယ်​တော်​က​လည်း``သင်​ပြန်​လာ​ချိန်​တိုင် အောင်​ငါ​ရှိ​နေ​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 19 သို့​ဖြစ်​၍​ဂိ​ဒေါင်​သည်​မိ​မိ​အိမ်​သို့​ပြန်​ပြီး လျှင် ဆိတ်​ငယ်​တစ်​ကောင်​ကို​ချက်​ပြုတ်​၏။ တ​ဆေး​မဲ့​မုန့်​ညက်​တစ်​တင်း​ဖြင့်​မုန့်​ကို ပြင်​ဆင်​၏။ ထို​နောက်​ဆိတ်​သား​ကို​တောင်း နှင့်​လည်း​ကောင်း၊ ဆိတ်​ပြုတ်​ရည်​ကို​အိုး​တစ် လုံး​၌​လည်း​ကောင်း​ထည့်​၍ ကောင်း​ကင်​တ​မန် ရှိ​ရာ​သပိတ်​ပင်​အောက်​သို့​ယူ​ဆောင်​လာ​ပြီး လျှင်​သူ့​အား​ဆက်​လေ​သည်။- \v 20 ကောင်း​ကင်​တ​မန်​က``ဆိတ်​သား​နှင့်​မုန့်​တို့​ကို ယူ​၍​ဤ​ကျောက်​ပေါ်​တွင်​တင်​၍ ဆိတ်​ပြုတ် ရည်​ဖြင့်​သွန်း​လောင်း​လော့'' ဟု​ဆို​၏။ ဤ​သို့ ဆို​သည့်​အ​တိုင်း​ဂိ​ဒေါင်​ပြု​၏။- \v 21 ထို​အ​ခါ​ကောင်း​ကင်​တ​မန်​သည်​လက်​ကို​ဆန့်​၍ မိ​မိ​ကိုင်​ထား​သည့်​တုတ်​ဖျား​ဖြင့်​ဆိတ်​သား​နှင့် မုန့်​တို့​ကို​တို့​ထိ​လိုက်​ရာ ကျောက်​ထဲ​မှ​မီး​လျှံ ထွက်​၍​ဆိတ်​သား​နှင့်​မုန့်​တို့​ကို​ကျွမ်း​လောင် စေ​၏။ ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ပျောက် ကွယ်​သွား​လေ​သည်။ \p \v 22 ထို​အ​ခါ​ဂိ​ဒေါင်​သည်​မိ​မိ​တွေ့​ရှိ​ခဲ့​သူ​မှာ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ပင်​ဖြစ် ကြောင်း​သိ​လေ​လျှင် ကြောက်​လန့်​လျက်​ဤ​သို့ ဆို​၏။ ``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​ကိုယ်​တော်​၏​ကောင်း​ကင်​တ​မန်​နှင့်​မျက် နှာ​ချင်း​ဆိုင်​တွေ့​မြင်​ရ​ပါ​ပြီ​တ​ကား'' ဟု​လျှောက်​လေ​သည်။ \p \v 23 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``စိတ်​အေး​ချမ်း သာ​စွာ​နေ​လော့။ မ​စိုး​ရိမ်​နှင့်။ သင်​သည်​သေ​ရ လိမ့်​မည်​မ​ဟုတ်'' ဟု​သူ့​အား​မိန့်​တော်​မူ​၏။- \v 24 ဂိ​ဒေါင်​သည်​ထို​အ​ရပ်​၌​ထာ​ဝ​ရ​ဘု​ရား အ​ဖို့​ယဇ်​ပလ္လင်​တစ်​ခု​တည်​ဆောက်​၍``ထာ​ဝ​ရ ဘု​ရား​သည်​စိတ်​အေး​ချမ်း​ခြင်း​ဖြစ်​တော်​မူ​၏'' ဟူ​သော​အ​မည်​ဖြင့်​မှည့်​ခေါ်​လေ​သည်။ (ထို ယဇ်​ပလ္လင်​သည်​အ​ဗျေ​ဇာ​သား​ချင်း​စု​ပိုင် သြ​ဖ​ရ​ရွာ​၌​ယ​နေ့​တိုင်​အောင်​တည်​ရှိ သ​တည်း။) \p \v 25 ထို​ည​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဒေါင်​အား``သင့် ဖ​ခင်​၏​နွား​ထီး​နှင့်​အ​ခြား​ခုနစ်​နှစ်​သား​နွား​ထီး တစ်​ကောင်​ကို​ယူ​လော့။ ဗာ​လ​ဘု​ရား​အ​ဖို့​သင့် ဖ​ခင်​တည်​ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​ကို​ဖြို​ချ ပြီး​လျှင် ထို​ယဇ်​ပလ္လင်​၏​အ​နီး​ရှိ​အာ​ရှ​ရ​နတ် သ​မီး​၏​အ​မှတ်​လက္ခ​ဏာ​အ​ဖြစ်​ဖြင့်​စိုက် ထား​သည့်​သစ်​ပင်​တို့​ကို​ခုတ်​လှဲ​ပစ်​လော့။- \v 26 ဤ​တောင်​ပူ​စာ​ထိပ်​တွင်​သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​တွက် ယဇ်​ပလ္လင်​ကို​အ​ခိုင် အ​မာ​တည်​ဆောက်​လော့။ ထို​နောက်​ဒု​တိ​ယ​နွား ထီး​ကို​ယူ​ပြီး​လျှင်​သင်​ခုတ်​လှဲ​ထား​သည့် အာ ရှ​ရ​နတ်​သ​မီး​၏​အ​မှတ်​လက္ခ​ဏာ​ကို​ထင်း အ​ဖြစ်​အ​သုံး​ပြု​၍​မီး​ရှို့​ပူ​ဇော်​လော့'' ဟု မိန့်​တော်​မူ​၏။- \v 27 သို့​ဖြစ်​၍​ဂိ​ဒေါင်​သည်​အ​စေ​ခံ​ဆယ်​ယောက် ကို​ခေါ်​၍ မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သည့်​အ​တိုင်း​ပြု​စေ​သည်။ သူ​သည်​မိ​မိ အိမ်​ထောင်​စု​ဝင်​တို့​ကို​လည်း​ကောင်း၊ မြို့​သူ မြို့​သား​များ​ကို​လည်း​ကောင်း​ကြောက်​သ​ဖြင့် ဤ​အ​မှု​ကို​နေ့​အချိန်​၌​မ​ပြု​ဝံ့​ဘဲ​ည အ​ချိန်​၌​ပြု​၏။ \p \v 28 နောက်​တစ်​နေ့​နံ​နက်​စော​စော​မြို့​သား​တို့​နိုး​ထ ကြ​သော​အ​ခါ သူ​တို့​သည်​ဗာလ​ဘု​ရား​၏​ယဇ် ပလ္လင်​နှင့်​အာ​ရှ​ရ​နတ်​သ​မီး​၏ အ​မှတ်​လက္ခ ဏာ​သစ်​ပင်​တို့​ပြို​လဲ​လျက်​နေ​သည်​ကို​လည်း ကောင်း၊ ယဇ်​ပလ္လင်​သစ်​တစ်​ခု​ပေါ်​တွင်​ဒု​တိ​ယ နွား​ထီး​ကို မီး​ရှို့​ပူ​ဇော်​ထား​လျက်​ရှိ​သည် ကို​လည်း​ကောင်း​တွေ့​မြင်​ကြ​၏။- \v 29 သူ​တို့​သည်``ဤ​အ​မှု​ကို​အ​ဘယ်​သူ​ပြု​သ​နည်း'' ဟု​အ​ချင်း​ချင်း​မေး​မြန်း​စုံ​စမ်း​ကြည့်​ရာ ယော​ရှ​၏​သား​ဂိ​ဒေါင်​ပြု​သည့်​အ​မှု​ဖြစ် ကြောင်း​ကို​သိ​ရှိ​ရ​ကြ​၏။- \v 30 ထို​အ​ခါ​သူ​တို့​သည်​ယော​ရှ​အား``သင်​၏ သား​ဂိ​ဒေါင်​ကို​ငါ​တို့​သတ်​နိုင်​ရန်​ခေါ်​ထုတ် လော့။ သူ​သည်​ဗာ​လ​၏​ယဇ်​ပလ္လင်​နှင့်​ယင်း ၏​အ​နီး​ရှိ​အာ​ရှ​ရ​နတ်​သ​မီး​၏​အ​မှတ် လက္ခ​ဏာ​သစ်​ပင်​တို့​ကို ခုတ်​လှဲ​လိုက်​လေ ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။ \p \v 31 ယော​ရှ​သည်​မိ​မိ​ထံ​သို့​လာ​ရောက်​တောင်း​ဆို သူ​အ​ပေါင်း​တို့​အား``သင်​တို့​သည်​ဗာ​လ​ကိုယ် စား​ရှေ့​နေ​လိုက်​နေ​ကြ​ပါ​သ​လော။ သူ​၏ အ​တွက်​အ​ကွယ်​အ​ကာ​ပေး​နေ​ကြ​ပါ​သ လော။ သူ့​အ​တွက်​ရှေ့​နေ​လိုက်​သူ​မှန်​သ​မျှ သည်​နံ​နက်​ချိန်​မ​လွန်​မီ​အ​သတ်​ခံ​ရ​မည်။ အ​ကယ်​၍​ဗာ​လ​သည်​ဘု​ရား​ဖြစ်​ပါ​မူ မိ​မိ ကိုယ်​ကို​မိ​မိ​ကာ​ကွယ်​ပါ​လေ​စေ။ ဖြို​ချ​ခြင်း ခံ​ရ​သည်​မှာ​သူ​၏​ယဇ်​ပလ္လင်​ဖြစ်​ပါ​၏'' ဟု​ပြော​လေ​သည်။- \v 32 ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ဂိ​ဒေါင်​သည်​ယေ​ရု ဗ္ဗာ​လ​ဟူ​၍​နာ​မည်​တွင်​လေ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​ယော​ရှ​က``ဗာ​လ​သည်​မိ​မိ​ကိုယ်​ကို မိ​မိ​ကွယ်​ကာ​ပါ​လေ​စေ။ ဖြို​ချ​ခြင်း​ခံ​ရ သည်​မှာ​သူ​၏​ယဇ်​ပလ္လင်​ဖြစ်​သည်'' ဟု​ဆို သော​ကြောင့်​တည်း။ \p \v 33 ထို​အ​ခါ​မိ​ဒျန်​အ​မျိုး​သား​များ၊ အာ​မ​လက် အ​မျိုး​သား​များ၊ သဲ​ကန္တာ​ရ​နေ​လူ​မျိုး​အ​ပေါင်း တို့​သည်​စု​ဝေး​၍​ယော်​ဒန်​မြစ်​ကို​ဖြတ်​ပြီး​လျှင် ယေ​ဇ​ရေ​လ​ချိုင့်​တွင်​စ​ခန်း​ချ​ကြ​၏။- \v 34 ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ဂိ​ဒေါင် အ​ပေါ်​၌​သက်​ရောက်​သ​ဖြင့် သူ​သည်​အ​ဗျေ​ဇာ သား​ချင်း​စု​အ​ပေါင်း​တို့​အား မိ​မိ​နောက်​သို့ လိုက်​ကြ​ရန်​တံ​ပိုး​ခ​ရာ​ကို​မှုတ်​လေ​၏။- \v 35 မ​နာ​ရှေ​နယ်​မြေ​နှစ်​ရပ်​စ​လုံး​သို့​လည်း​စေ တ​မန်​များ​ကို​လွှတ်​၍ မ​နာ​ရှေ​အ​မျိုး​သား တို့​အား​မိ​မိ​နောက်​သို့​လိုက်​ကြ​ရန်​လှုံ့​ဆော်​၏။ သူ​သည်​အာ​ရှာ၊ ဇာ​ဗု​လုန်​နှင့်​န​ဿ​လိ​အ​နွယ် တို့​ထံ​သို့​လည်း​စေ​တ​မန်​များ​ကို​လွှတ်​လိုက် သ​ဖြင့် ထို​သူ​တို့​သည်​လည်း​သူ​၏​ထံ​သို့​လာ ရောက်​ကြ​ကုန်​၏။ \p \v 36 ထို​နောက်​ဂိ​ဒေါင်​သည်​ဘု​ရား​သ​ခင်​အား``ကိုယ် တော်​သည်​အ​ကျွန်ုပ်​အား​အ​သုံး​ပြု​၍ ဣ​သ ရေ​လ​လူ​မျိုး​ကို​ကယ်​ဆယ်​ရန်​ဆုံး​ဖြတ်​တော် မူ​ပြီး​ဖြစ်​ကြောင်း​မိန့်​တော်​မူ​ခဲ့​ပါ​၏။- \v 37 အ​ကျွန်ုပ်​သည်​ဂျုံ​စပါး​နယ်​ရာ​မြေ​တ​လင်း ပေါ်​၌ သိုး​မွေး​ကို​ချ​ထား​ပါ​မည်။ အ​ကယ်​၍ နံ​နက်​ချိန်​၌​သိုး​မွေး​အ​ပေါ်​၌​သာ​လျှင် နှင်း​ကျ​၍​မြေ​တ​လင်း​ပေါ်​၌​မ​ကျ​ခဲ့​သော် ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​ဣ​သ​ရေ​လ လူ​မျိုး​ကို​ကယ်​ဆယ်​ရန်​အ​တွက်​အ​သုံး​ပြု တော်​မူ​မည်​ကို​အ​ကျွန်ုပ်​အ​မှန်​သိ​ရ​ပါ လိမ့်​မည်'' ဟု​လျှောက်​ထား​၏။- \v 38 ယင်း​သို့​လျှောက်​ထား​သည့်​အ​တိုင်း​ဖြစ်​လေ သည်။ ဂိ​ဒေါင်​သည်​နောက်​တစ်​နေ့​နံ​နက်​စော စော​ထ​၍ သိုး​မွေး​ကို​ညှစ်​ကြည့်​ရာ​နှင်း​ရည် အင်​တုံ​တစ်​လုံး​အ​ပြည့်​ရ​ရှိ​လေ​သည်။- \v 39 ထို​နောက်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ် ကို​အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ ယ​ခု​တစ် ကြိမ်​သာ​လျှင်​ထပ်​မံ​လျှောက်​ထား​ခွင့်​ပြု​တော် မူ​ပါ။ သိုး​မွေး​နှင့်​နောက်​တစ်​ကြိမ်​ထပ်​မံ​စမ်း သပ်​ခွင့်​ပြု​တော်​မူ​ပါ။ ဤ​တစ်​ကြိမ်​၌​သိုး မွေး​သည်​ခြောက်​သွေ့​လျက် မြေ​ကြီး​သည် နှင်း​စို​လျက်​နေ​စေ​တော်​မူ​ပါ'' ဟု​လျှောက် ၏။- \v 40 ထို​ည​၌​လည်း​ဘု​ရား​သ​ခင်​သည်​ဂိ​ဒေါင် လျှောက်​ထား​သည့်​အ​တိုင်း​ပင်​ဖြစ်​စေ​တော် မူ​၏။ နောက်​တစ်​နေ့​နံ​နက်​၌​သိုး​မွေး​သည် ခြောက်​သွေ့​လျက်​မြေ​ကြီး​မှာ​မူ​စွတ်​စို လျက်​နေ​၏။ \c 7 \s1 မိ​ဒျန်​အ​မျိုး​သား​တို့​အား​ဂိ​ဒေါင် နှိမ်​နင်း​အောင်​မြင်​ခြင်း \p \v 1 တစ်​နေ့​သ​၌​ဂိဒေါင်​နှင့်​တ​ကွ​သူ​နှင့်​ပါ​လာ သော​လူ​အ​ပေါင်း​တို့​သည်​နံ​နက်​စော​စော​ထ ၍ ဟာ​ရုတ်​စမ်း​အ​နီး​၌​တပ်​ချ​ကြ​၏။ မိ​ဒျန် အ​မျိုး​သား​တို့​၏​တပ်​စ​ခန်း​သည်​သူ​တို့ ၏​မြောက်​ဘက်​မော​ရ​တောင်​ကုန်း​အ​နီး​ရှိ ချိုင့်​ထဲ​၌​ရှိ​သ​တည်း။ \p \v 2 ထာ​ဝ​ရ​ဘု​ရား​က​ဂိ​ဒေါင်​အား``သင်​နှင့် အ​တူ​ပါ​လာ​သော​လူ​တို့​သည်​အ​ရေ​အ​တွက် အား​ဖြင့်​များ​လွန်း​သ​ဖြင့် သူ​တို့​အား​မိ​ဒျန် အ​မျိုး​သား​တို့​အ​ပေါ်​အောင်​မြင်​ခွင့်​ကို​ငါ မ​ပေး​လို။ အ​ကယ်​၍​ပေး​ခဲ့​သော်​သူ​တို့​သည် မိ​မိ​တို့​၏​စွမ်း​ရည်​ဖြင့်​အောင်​ပွဲ​ရ​သည်​ဟု ထင်​မှတ်​ကာ​ငါ့​ကျေး​ဇူး​ကို​မ​သိ​ဘဲ​နေ ကြ​လိမ့်​မည်။- \v 3 သို့​ဖြစ်​၍`ကြောက်​လန့်​သူ​မှန်​သ​မျှ​မိ​မိ​တို့ အိမ်​သို့​ပြန်​ကြ​ပါ။ ငါ​တို့​မူ​ကား​ဤ​ဂိ​လဒ် တောင်​တွင်​နေ​ရစ်​မည်' ဟု​လူ​တို့​အား​ကြေ​ညာ လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​လူ​ပေါင်း နှစ်​သောင်း​နှစ်​ထောင်​တို့​သည်​ပြန်​သွား​ကြ​၏။ လူ​တစ်​သောင်း​မူ​ကား​နေ​ရစ်​ကြ​လေ​သည်။\x + \xo 7:3 \xt တရား၊ ၂၀:၈။\x* \p \v 4 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဒေါင်​အား ``ကျန်​ရှိ​နေ​သူ​တို့​မှာ​များ​လွန်း​သေး​သည်။ သူ​တို့​အား​ရေ​ဆိပ်​သို့​ခေါ်​သွား​လော့။ ထို အ​ရပ်​တွင်​သူ​တို့​ကို​သင့်​အ​တွက်​ငါ​လူ​နှစ်​စု ခွဲ​၍​ပေး​မည်။ အ​ကယ်​၍​ဤ​မည်​သော​သူ​သည် သင်​နှင့်​အ​တူ​လိုက်​ရ​မည်​ဟု​ငါ​ဆို​လျှင် ထို သူ​သည်​သင်​နှင့်​လိုက်​ရ​မည်။ အ​ကယ်​၍​ဤ မည်​သော​သူ​သည်​သင်​နှင့်​အ​တူ​မ​လိုက်​ရ ဟု​ငါ​ဆို​လျှင်​မူ​ကား ထို​သူ​သည်​သင်​နှင့် မ​လိုက်​ရ'' ဟု​မိန့်​တော်​မူ​၏။- \v 5 ဂိ​ဒေါင်​သည်​လူ​တို့​ကို​ရေ​ဆိပ်​သို့​ခေါ်​ဆောင် သွား​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​က``ထို​သူ​တို့ တွင်​ရေ​ကို​ခွေး​ကဲ့​သို့​လျှာ​နှင့်​လျက်​သောက် သော​သူ​များ​နှင့် ဒူး​ထောက်​၍​သောက်​သော​သူ များ​ကို​နှစ်​စု​ခွဲ​လော့'' ဟု​ဂိ​ဒေါင်​အား​မိန့် တော်​မူ​၏။- \v 6 ရေ​ကို​လက်​ခုပ်​ဖြင့်​ယူ​ပြီး​လျှင်​လျှာ​နှင့် လျက်​သောက်​သော​လူ​အ​ရေ​အ​တွက်​မှာ သုံး​ရာ​ရှိ​၍ ကျန်​သော​သူ​တို့​မူ​ကား​ဒူး ထောက်​၍​ရေ​ကို​သောက်​သူ​များ​ဖြစ်​ကြ​၏။- \v 7 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ရေ​ကို​လျှာ ဖြင့်​လျက်​သောက်​သော​သူ​သုံး​ရာ​အား​ဖြင့် သင့်​ကို​ကယ်​ဆယ်​၍​မိ​ဒျန်​အ​မျိုး​သား တို့​အ​ပေါ်​၌​အောင်​ပွဲ​ခံ​စေ​မည်။ အ​ခြား သူ​အ​ပေါင်း​တို့​ကို​အိမ်​သို့​ပြန်​ရန်​ပြော ကြား​လော့'' ဟု​ဂိ​ဒေါင်​အား​မိန့်​တော် မူ​၏။- \v 8 သို့​ဖြစ်​၍​ဂိ​ဒေါင်​သည်​ရိက္ခာ​နှင့်​တံ​ပိုး ခ​ရာ​ရှိ​သ​မျှ​ကို ယူ​ထား​သော​လူ​သုံး​ရာ မှ​တစ်​ပါး​အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​ကို​အိမ်​သို့​ပြန်​စေ​၏။ မိ​ဒျန်​အ​မျိုး​သား​များ​၏​တပ်​စ​ခန်း​မှာ အ​နိမ့်​ပိုင်း​ချိုင့်​ထဲ​တွင်​ရှိ​သ​တည်း။ \p \v 9 ထို​ည​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဒေါင် အား``ထ​၍​သူ​တို့​၏​တပ်​စ​ခန်း​ကို​တိုက် ခိုက်​လော့။ သင့်​အား​အောင်​ပွဲ​ကို​ငါ​ပေး​မည်။- \v 10 သို့​ရာ​တွင်​အ​ကယ်​၍​သင်​သည်​သူ​တို့​အား တိုက်​ခိုက်​ရန်​ကြောက်​လန့်​နေ​ပါ​မူ သင်​၏ အ​စေ​ခံ​ဖုရ​ကို​ခေါ်​၍​ထို​တပ်​စ​ခန်း​သို့ သွား​လော့။- \v 11 သူ​တို့​ပြော​ဆို​နေ​ကြ​သော​စ​ကား​ကို​သင် ကြား​သိ​ရ​လိမ့်​မည်။ ထို​အ​ခါ​သင်​သည်​တိုက် ခိုက်​ရန်​ရဲ​စွမ်း​သတ္တိ​ကို​ရ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ သို့​ဖြစ်​၍​ဂိ​ဒေါင်​သည်​မိ​မိ​အ​စေ ခံ​ဖု​ရ​နှင့်​အ​တူ ရန်​သူ့​တပ်​စ​ခန်း​အ​စွန် နား​သို့​သွား​လေ​သည်။- \v 12 မိ​ဒျန်​အ​မျိုး​သား၊ အာ​မ​လက်​အ​မျိုး​သား၊ သဲ​ကန္တာ​ရ​နေ​လူ​မျိုး​တို့​သည်​ကျိုင်း​ကောင် အုပ်​ကြီး​သ​ဖွယ်​ချိုင့်​၌​အိပ်​နေ​ကြ​၏။ သူ တို့​၏​ကု​လား​အုတ်​များ​သည်​သ​မုဒ္ဒ​ရာ ကမ်း​ခြေ​ရှိ​သဲ​လုံး​နှင့်​အ​မျှ​များ​သ​တည်း။ \p \v 13 ဂိ​ဒေါင်​ရောက်​ရှိ​လာ​ချိန်​၌​လူ​တစ်​ယောက် သည် မိ​မိ​မြင်​မက်​သည့်​အိပ်​မက်​အ​ကြောင်း ကို​မိတ်​ဆွေ​တစ်​ဦး​အား​ပြော​ပြ​လျက်​နေ​၏။ ထို​သူ​က``မု​ယော​မုန့်​ပြား​တစ်​ချပ်​သည်​ငါ တို့​တပ်​စ​ခန်း​ထဲ​သို့​လိမ့်​ဝင်​လာ​ပြီး​လျှင် တဲ​ရှင်​တစ်​ခု​နှင့်​တိုက်​မိ​သ​ဖြင့်​ထို​တဲ​ရှင် သည်​ပြို​လဲ​ပြား​ချပ်​၍​သွား​သည်​ကို​ငါ အိပ်​မက်​မြင်​မက်​ပါ​သည်'' ဟု​ဆို​လေ​သည်။ \p \v 14 ထို​မိတ်​ဆွေ​က​လည်း``ထို​မုန့်​ပြား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​ယော​ရှ​၏​သား​ဖြစ်​သူ ဂိ​ဒေါင်​၏​ဋ္ဌား​ပင်​ဖြစ်​သည်။ မုန့်​ပြား​သည် အ​ခြား​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မ​ဆောင်​နိုင် ရာ။ ဘု​ရား​သ​ခင်​သည်​သူ့​အား​မိ​ဒျန် အ​မျိုး​နှင့် ငါ​တို့​တပ်​တစ်​ခု​လုံး​အ​ပေါ်​၌ အောင်​ပွဲ​ခံ​စေ​တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။ \p \v 15 ထို​သူ​၏​အိပ်​မက်​နှင့်​ယင်း​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​ကြား​သိ​ရ​သော​အ​ခါ​ဂိ​ဒေါင်​သည်​ဒူး ထောက်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​၏။ ထို​နောက်​ဣ​သ​ရေ​လ​တပ်​စ​ခန်း​သို့​ပြန် ပြီး​လျှင်``ထ​ကြ၊ ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​အား​မိ​ဒျန်​တပ်​အ​ပေါ်​၌​အောင်​ပွဲ​ခံ စေ​တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။- \v 16 သူ​သည်​မိ​မိ​တပ်​သား​သုံး​ရာ​ကို​သုံး​စု​ခွဲ ပြီး​နောက် လူ​တိုင်း​အား​မီး​ရှူး​တိုင်​ပါ​သော အိုး​တစ်​လုံး​နှင့်​တံ​ပိုး​ခ​ရာ​တစ်​ခု​ကို​ပေး ၏။- \v 17 ထို​နောက်​သူ​တို့​အား``ရန်​သူ​တပ်​စ​ခန်း​အ​စွန် သို့​ငါ​ရောက်​ရှိ​လာ​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​ကြည့်​၍​ငါ​ပြု​သည့်​အ​တိုင်း​ပြု​ကြ လော့။- \v 18 ငါ​နှင့်​ငါ​၏​လူ​စု​တံ​ပိုး​ခ​ရာ​မှုတ်​သော အ​ခါ​သင်​တို့​သည်​လည်း စ​ခန်း​ပတ်​လည်​၌ တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​ပြီး​လျှင်`ထာ​ဝ​ရ ဘု​ရား​နှင့်​ဂိ​ဒေါင်​အ​တွက်' ဟူ​၍​ကြွေး ကြော်​ကြ​လော့'' ဟု​မှာ​ထား​လေ​သည်။ \p \v 19 ဂိ​ဒေါင်​နှင့်​သူ​၏​တပ်​သား​တစ်​ရာ​တို့​သည် ရန်​သူ့​တပ်​စ​ခန်း​အ​စွန်​သို့ သန်း​ခေါင်​အ​ချိန် မ​တိုင်​မီ​အ​စောင့်​ကင်း​လဲ​ပြီး​စ​အ​ခါ​၌ ရောက်​ရှိ​လာ​ကြ​၏။ ထို​အ​ခါ​သူ​တို့​သည် တံ​ပိုး​ခ​ရာ​မှုတ်​၍ မိ​မိ​တို့​ကိုင်​ဆောင်​ထား သော​အိုး​တို့​ကို​ခွဲ​ပစ်​လိုက်​ကြ​၏။- \v 20 အ​ခြား​တပ်​သား​နှစ်​စု​သည်​လည်း​ဤ​နည်း တူ​ပင်​ပြု​ကြ​၏။ သူ​တို့​အား​လုံး​ပင်​ဘယ် လက်​ဖြင့်​မီး​ရှူး​တိုင်​ကို​ကိုင်​၍ ညာ​လက်​ဖြင့် တံ​ပိုး​ခ​ရာ​ကို​ကိုင်​ထား​ကြ​လေ​သည်။ ထို နောက်``ထာ​ဝ​ရ​ဘု​ရား​နှင့်​ဂိ​ဒေါင်​၏​ဋ္ဌား'' ဟူ​၍​ကြွေး​ကြော်​ကြ​၏။- \v 21 သူ​တို့​သည်​ရန်​သူ့​တပ်​စ​ခန်း​ပတ်​လည်​၌ အ​သီး​သီး​မိ​မိ​တို့​နေ​ရာ​၌​ရပ်​နေ​ကြ​၏။ ထို​အ​ခါ​ရန်​သူ​တပ်​တစ်​တပ်​လုံး​ပင်​လျှင် အော်​ဟစ်​ထွက်​ပြေး​ကြ​လေ​သည်။- \v 22 ဂိဒေါင်​၏​တပ်​သား​တို့​တံ​ပိုး​ခ​ရာ​များ​ကို မှုတ်​ကြ​စဉ်​အ​ခါ​၌ ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​တို့​အား​အ​ချင်း​ချင်း​ဋ္ဌား​လက်​နက် ဖြင့်​တိုက်​ခိုက်​စေ​တော်​မူ​၏။ သူ​တို့​သည်​ဇေ​ရ ရတ်​အ​ရပ်​သို့​ဦး​တည်​လျက်​ဗက်​ရှိတ္တ​မြို့​သို့ တိုင်​အောင်​လည်း​ကောင်း၊ တဗ္ဗတ်​မြို့​အ​နီး​အာ ဗေ​လ​မ​ဟော​လ​မြို့​သို့​တိုင်​အောင်​လည်း ကောင်း​ထွက်​ပြေး​ကြ​လေ​သည်။ \p \v 23 ထို​အ​ခါ​န​ဿ​လိ​နှင့်​အာ​ရှာ​အ​နွယ်​ဝင် တို့​ကို​လည်း​ကောင်း၊ မ​နာ​ရှေ​ဒေ​သ​နှစ်​ပိုင်း စ​လုံး​မှ​လူ​တို့​ကို​လည်း​ကောင်း​ဆင့်​ခေါ် လိုက်​ရာ သူ​တို့​သည်​မိ​ဒျန်​အ​မျိုး​သား​တို့ ကို​လိုက်​လံ​တိုက်​ခိုက်​ကြ​၏။- \v 24 ဂိ​ဒေါင်​သည်​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​အ​ရပ် ရပ်​သို့​စေ​တ​မန်​များ​ကို​လွှတ်​၍``မိ​ဒျန်​အ​မျိုး သား​တို့​အား​တိုက်​ခိုက်​ရန်​ဆင်း​ခဲ့​ကြ​လော့။ ယော်​ဒန်​မြစ်​ကို​လည်း​ကောင်း၊ ဗက်​ဗာ​ရ​ရွာ​တိုင် အောင်​ရှိ​သ​မျှ​သော​ချောင်း​ငယ်​တို့​ကို​လည်း ကောင်း ထို​သူ​တို့​မ​ကူး​မ​ဖြတ်​နိုင်​စေ​ရန်​သိမ်း ယူ​ကြ​လော့'' ဟု​မှာ​ကြား​လိုက်​၏။ ဧ​ဖ​ရိမ် အ​နွယ်​ဝင်​အ​ပေါင်း​တို့​သည်​စု​ရုံး​ပြီး​လျှင် ယော်​ဒန်​မြစ်​နှင့်​ဗက်​ဗာ​ရ​ရွာ​အ​ထိ​ချောင်း ငယ်​ရှိ​သ​မျှ​တို့​ကို​သိမ်း​ယူ​ကြ​၏။- \v 25 သူ​တို့​သည်​မိ​ဒျန်​ဗိုလ်​ချုပ်​နှစ်​ဦး​ဖြစ်​သော သြ​ရ​ဘ​နှင့်​ဇေ​ဘ​တို့​ကို​လက်​ရ​ဖမ်း​မိ​သ ဖြင့် သြ​ရ​ဘ​အား​သြ​ရ​ဘ​ကျောက်​၌​လည်း ကောင်း၊ ဇေ​ဘ​ကို​ဇေ​ဘ​စ​ပျစ်​သီး​နယ်​ရာ အ​ရပ်​၌​လည်း​ကောင်း​ကွပ်​မျက်​လိုက်​ကြ လေ​သည်။ သူ​တို့​သည်​မိ​ဒျန်​အ​မျိုး​သား တို့​နောက်​သို့​ဆက်​လက်​လိုက်​လံ​ကြ​ပြီး နောက် သြ​ရ​ဘ​နှင့်​ဇေ​ဘ​တို့​၏​ဦး​ခေါင်း ကို​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ကမ်း​သို့​ရောက် ရှိ​နေ​သော​ဂိ​ဒေါင်​၏​ထံ​သို့​ယူ​ဆောင်​ခဲ့ ကြ​၏။ \c 8 \s1 မိ​ဒျန်​အ​မျိုး​သား​တို့​အ​ရေး​ရှုံး​နိမ့်​ခြင်း \p \v 1 ထို​နောက်​ဧ​ဖ​ရိမ်​နယ်​သား​တို့​က​ဂိ​ဒေါင် အား``သင်​သည်​မိ​ဒျန်​အ​မျိုး​သား​တို့​ထံ​သွား ရောက်​တိုက်​ခိုက်​စဉ်​အ​ခါ​က အ​ဘယ်​ကြောင့် ငါ​တို့​အား​မ​ခေါ်​ဘဲ​နေ​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​ဤ​သို့​ငါ​တို့​အား​ပြုပါ​သ​နည်း'' ဟု ပြင်း​ပြင်း​ထန်​ထန်​အ​ပြစ်​တင်​ကြ​၏။ \p \v 2 သို့​ရာ​တွင်​ဂိ​ဒေါင်​က``သင်​တို့​ပြုခဲ့​သ​မျှ နှင့်​နှိုင်း​ယှဉ်​ကြည့်​လျှင် ငါ​ပြု​ခဲ့​သ​မျှ​သည် ဘာ​မျှ​မ​ဖြစ်​လောက်​ပါ။ သင်​တို့​ပြု​သည့် အ​မှု​အ​နည်း​ငယ်​က​ပင်​လျှင် ငါ​တို့​သား ချင်း​စု​တစ်​ရပ်​လုံး​ပြု​သည့်​အ​မှု​ထက်​ပို​၍ တန်​ဖိုး​ရှိ​ပါ​၏။- \v 3 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော် အား​ဖြင့် မိ​ဒျန်​ဗိုလ်​ချုပ်​နှစ်​ဦး​ဖြစ်​သော သြ​ရ​ဘ​နှင့်​ဇေ​ဘ​တို့​အား​ကွပ်​မျက်​နိုင်​ခဲ့ ကြ​လေ​ပြီ​တ​ကား။ ထို​အ​မှု​နှင့်​နှိုင်း​ယှဉ် လောက်​အောင်​ငါ​သည်​အ​ဘယ်​အ​မှု​ကို​ပြု နိုင်​ခဲ့​ပါ​သ​နည်း'' ဟု​ပြန်​ပြော​သော​စ​ကား ကို​ကြား​လျှင်​သူ​တို့​သည်​အ​မျက်​ပြေ ကြ​၏။ \p \v 4 ထို​အ​ခါ​၌​ဂိ​ဒေါင်​နှင့်​သူ​၏​တပ်​သား​သုံး ရာ​တို့​သည် ယော်​ဒန်​မြစ်​သို့​ရောက်​ရှိ​လာ ကာ​မြစ်​ကူး​ဖြတ်​ပြီး​ဖြစ်​သည်။ သူ​တို့​သည် အ​လွန်​ပင်​ပန်း​နွမ်း​နယ်​လျက်​နေ​ကြ​သော် လည်း​ရန်​သူ​အား​ဖိ​၍​လိုက်​လျက်​ပင်။- \v 5 ဂိ​ဒေါင်​သည်​သု​ကုတ်​မြို့​သို့​ရောက်​သော အ​ခါ​ထို​မြို့​သား​တို့​အား``ငါ​၏​တပ်​သား တို့​ကို​အ​စား​အ​စာ​အ​နည်း​ငယ်​ပေး​ကြ ပါ။ သူ​တို့​သည်​ပင်​ပန်း​နွမ်း​နယ်​လျက်​ရှိ ကြ​ပါ​၏။ ငါ​သည်​မိ​ဒျန်​ဘု​ရင်​ဇေဘဟ​နှင့် ဇာ​လ​မုန္န​တို့​ကို​လိုက်​လံ​ဖမ်း​ဆီး​နေ​ပါ သည်'' ဟု​ဆို​၏။\x + \xo 8:5 \xt ဆာ၊ ၈၃:၁၁။\x* \p \v 6 သို့​ရာ​တွင်​သု​ကုတ်​မြို့​မှ​ခေါင်း​ဆောင်​များ က``ငါ​တို့​သည်​အ​ဘယ်​ကြောင့်​သင်​၏​တပ် သား​များ​အား အ​စာ​ရေ​စာ​ပေး​ရ​ပါ​မည် နည်း။ ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့​ကို​သင်​တို့ မ​ဖမ်း​မိ​သေး​ပါ​တ​ကား'' ဟု​ပြန်​ပြော ကြ​၏။ \p \v 7 သို့​ဖြစ်​၍​ဂိ​ဒေါင်​က``ကောင်း​ပြီ၊ ဇေ​ဘ​ဟ နှင့်​ဇာ​လ​မုန္န​တို့​အား ငါ​၏​လက်​သို့​ဘု​ရား​သ​ခင်​အပ်​တော်​မူ​သော​အ​ခါ ငါ​သည်​သင် တို့​ကို​သဲ​ကန္တာ​ရ​မှ​ဆူး​ပင်​များ​နှင့်​ရိုက် နှက်​မည်'' ဟု​ဆို​လေ​သည်။- \v 8 ထို​နောက်​သူ​သည်​ပေ​နွေ​လ​မြို့​သို့​သွား​၍ ရှေး​နည်း​တူ ထို​မြို့​သား​တို့​ထံ​မှ​အ​ကူ​အ​ညီ တောင်း​ခံ​သော်​လည်း ပေ​နွေ​လ​မြို့​သား​တို့​က သု​ကုတ်​မြို့​သား​တို့​နည်း​တူ​ပြန်​လည်​ဖြေ ကြား​ကြ​၏။- \v 9 ထို့​ကြောင့်​ဂိ​ဒေါင်​သည်​သူ​တို့​အား``စစ်​ငြိမ်း​၍ ငါ​ပြန်​လာ​သော​အ​ခါ​၌ ဤ​ခံ​တပ်​မျှော်​စင် ကို​ဖျက်​ဆီး​ပစ်​အံ့'' ဟု​ဆို​လေ​သည်။ \p \v 10 ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့​သည် မိ​မိ​တို့​၏​တပ်​မ တော်​နှင့်​အ​တူ ကာ​ကော်​မြို့​၌​ရှိ​ကြ​၏။ သဲ​ကန္တာရ နေ​သူ​တို့​၏​တပ်​မ​တော်​ကြီး​တစ်​ခု​လုံး​အ​နက် လူ​တစ်​သိန်း​နှစ်​သောင်း​ကျ​ဆုံး​၍​တစ်​သောင်း ငါး​ထောင်​သာ​ကျန်​တော့​၏။- \v 11 ဂိ​ဒေါင်​သည်​နော​ဗာ​မြို့​နှင့်​ယုဗ္ဗေဟ​မြို့​အ​ရှေ့ ဘက်​သဲ​ကန္တာ​ရ​အ​စွန်​လမ်း​အ​တိုင်း​လိုက်​ပြီး လျှင် ထို​တပ်​မ​တော်​အား​ရုတ်​တ​ရက်​အ​မှတ် မ​ထင်​ဝင်​ရောက်​တိုက်​ခိုက်​လေ​သည်။- \v 12 ထို​အ​ခါ​မိ​ဒျန်​ဘု​ရင်​နှစ်​ပါး​ဖြစ်​သော ဇေ​ဘ​ဟ နှင့်​ဇာ​လ​မုန္န​တို့​သည်​ထွက်​ပြေး​ကြ​၏။ သို့​ရာ တွင်​ဂိ​ဒေါင်​သည်​သူ​တို့​ကို​လိုက်​လံ​ဖမ်း​ဆီး​ရ မိ​သဖြင့် သူ​တို့​၏​တပ်​မ​တော်​ကြီး​တစ်​ခု​လုံး မှာ​က​စဥ့်​က​ရဲ​ပြို​လဲ​၍​သွား​တော့​၏။ \p \v 13 ဂိ​ဒေါင်​သည်​ဟေ​ရက်​တောင်​ကြား​လမ်း​ဖြင့် တိုက်​ပွဲ​မှ​ပြန်​လာ​သော​အ​ခါ၊- \v 14 သု​ကုတ်​မြို့​သား​လူ​ငယ်​တစ်​ဦး​ကို​ဖမ်း​ဆီး​၍ စစ်​ဆေး​မေး​မြန်း​ကြည့်​ရာ ထို​သူ​ငယ်​က​သု​ကုတ် မြို့​မှ​ခေါင်း​ဆောင်​ခု​နစ်​ဆယ့်​ခု​နစ်​ယောက်​တို့ ၏​အ​မည်​များ​ကို​ဂိဒေါင်​အား​ရေး​ပေး​၏။- \v 15 ထို​နောက်​ဂိ​ဒေါင်​သည်​သု​ကုတ်​မြို့​သား​တို့​ထံ သွား​၍``ငါ့​အား​သင်​တို့​အ​ကူ​အ​ညီ​ပေး​ရန် ငြင်း​ဆို​ခဲ့​သည်​ကို​မှတ်​မိ​ကြ​လိမ့်​မည်။ သင် တို့​က​ငါ​သည်​ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​ကို ဖမ်း​ဆီး​၍​မ​ရ​သေး​သ​ဖြင့် ငါ​၏​မော​ပန်း နွမ်း​နယ်​နေ​သည့်​တပ်​သား​တို့​အား​စား​နပ် ရိက္ခာ​မ​ပေး​နိုင်​ဟု​ဆို​ခဲ့​ကြ​၏'' ဟု​ပြော ဆို​ပြီး​လျှင်၊- \v 16 သဲ​ကန္တာရ​မှ​ဆူး​ခက်​များ​ကို​ယူ​၍ သု​ကုတ် မြို့​သား​ခေါင်း​ဆောင်​တို့​အား​ရိုက်​နှက်​လေ သည်။- \v 17 သူ​သည်​ပေ​နွေ​လ​မြို့​မှ​ခံ​တပ်​မျှော်​စင်​ကို လည်း​ဖြို​ချ​၍ ထို​မြို့​သား​တို့​ကို​သုတ်​သင် ပစ်​လိုက်​၏။ \p \v 18 ထို​နောက်​ဂိ​ဒေါင်​က ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့ အား``တာ​ဗော်​မြို့​၌​သင်​တို့​သတ်​ဖြတ်​ပစ်​သူ တို့​ကား မည်​သို့​သော​သူ​များ​ဖြစ်​သ​နည်း'' ဟု​မေး​၏။ \p သူ​တို့​က​လည်း``ထို​သူ​တို့​သည် သင်​နှင့်​အ​သွင် တူ​ပါ​သည်။ သူ​တို့​အား​လုံး​ပင်​လျှင် ဘု​ရင့်​သား တော်​များ​နှင့်​တူ​ကြ​ပါ​၏'' ဟု​ပြန်​ပြော​လေ သည်။ \p \v 19 ဂိ​ဒေါင်​က``သူ​တို့​သည်​ကား​ငါ့​အ​မိ​၏​သား များ​ဖြစ်​၍ ငါ​၏​ညီ​များ​ဖြစ်​သည်။ အ​ကယ် ၍​သင်​တို့​သည်​သူ​တို့​အား​မ​သတ်​ခဲ့​ပါ​မူ ငါ​သည်​လည်း​သင်​တို့​အား​သတ်​လိမ့်​မည် မ​ဟုတ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ကျိန်​ဆို​ပါ​၏'' ဟု​ပြော​၏။- \v 20 ထို​နောက်​သူ​သည်​မိ​မိ​၏​သား​ဦး​ယေ​သာ အား ထို​သူ​တို့​ကို​ထ​၍​သတ်​ရန်​စေ​ခိုင်း​လေ သည်။ သို့​ရာ​တွင်​သူ​ငယ်​သည်​မိ​မိ​ဋ္ဌား​ကို​ဆွဲ ၍​မ​ထုတ်​ဘဲ​နေ​၏။ သူ​သည်​အ​သက်​အ​ရွယ် ငယ်​သော​ကြောင့်​ယင်း​သို့​တုံ့​နှေး​လျက်​နေ ခြင်း​ဖြစ်​သည်။ \p \v 21 ထို​အ​ခါ​ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့​က``ငါ တို့​အား​သင်​ကိုယ်​တိုင်​သတ်​ပါ​လော့။ လူ​ကြီး ပြု​ရ​မည့်​အ​မှု​ကို​လူ​ကြီး​သာ​လျှင်​ပြု​နိုင် ၏'' ဟု​ဆို​ကြ​၏။ ထို့​ကြောင့်​ဂိ​ဒေါင်​သည်​သူ​တို့ နှစ်​ယောက်​အား​သတ်​ပြီး​လျှင် သူ​တို့​ကု​လား အုတ်​များ​၏​လည်​ပင်း​၌​ဆင်​ယင်​ထား​သော တန်​ဆာ​တို့​ကို​ချွတ်​ယူ​လေ​သည်။ \p \v 22 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဂိ​ဒေါင်​အား``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား မိ​ဒျန်​အ​မျိုး​သား​များ​လက်​မှ​ကယ်​ဆယ်​ခဲ့ ပါ​၏။ ထို့​ကြောင့်​ကိုယ်​တော်​နှင့်​သား​မြေး​စဉ် ဆက်​အပေါင်း​သည် အ​ကျွန်ုပ်​တို့​ကို​အုပ်​စိုး တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။ \p \v 23 ဂိ​ဒေါင်​က​လည်း``ငါ​သည်​သင်​တို့​အား​အုပ် စိုး​လိမ့်​မည်​မ​ဟုတ်။ ငါ​၏​သား​သည်​လည်း အုပ်​စိုး​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​အား​ထာ​ဝ​ရ ဘု​ရား​အုပ်​စိုး​တော်​မူ​လိမ့်​မည်'' ဟု​ပြန် ပြော​လေ​သည်။- \v 24 သို့​ရာ​တွင်​သူ​သည်​ဆက်​လက်​၍``သင်​တို့​ထဲ မှ​ငါ​တောင်း​ခံ​လို​သည့်​အ​ရာ​တစ်​ခု​ရှိ​ပါ သည်။ သင်​တို့​ရ​ယူ​ထား​သည့်​ရွှေ​နား​ကွင်း များ​ကို​ငါ့​အား​ပေး​ကြ​လော့'' ဟု​ဆို​၏။ (မိ​ဒျန်​အ​မျိုး​သား​တို့​သည်​အခြား​သဲ​ကန္တာ​ရ နေ​သူ​များ​ကဲ့​သို့​ပင် ရွှေ​နား​ကွင်း​များ​ကို တပ်​ဆင်​လေ့​ရှိ​သ​တည်း။) \p \v 25 လူ​တို့​က​လည်း``ရွှေ​နား​ကွင်း​များ​ကို အ​ကျွန်ုပ် တို့​ဝမ်း​မြောက်​စွာ​ကိုယ်​တော်​အား​ပေး​ပါ​မည်'' ဟု​ပြန်​လျှောက်​ပြီး​လျှင်​စောင်​ကို​ခင်း​၍ မိ​မိ တို့​ရ​ယူ​ထား​သ​မျှ​သော​နား​ကွင်း​များ​ကို လူ​တိုင်း​လာ​ရောက်​ချ​ထား​ကြ​၏။- \v 26 မိဒျန်​ဘု​ရင်​တို့​ဝတ်​ဆင်​ထား​သည့်​တန်​ဆာ များ၊ လည်​ဆွဲ​များ၊ နီ​မောင်း​သော​အ​ဝတ်​နှင့် ကု​လား​အုတ်​လည်​ပတ်​ကြိုး​များ​အ​ပြင်၊ ဂိ ဒေါင်​ရ​ရှိ​သည့်​ရွှေ​နား​ကွင်း​များ​၏​အ​လေး ချိန်​မှာ​ပေါင်​လေး​ဆယ်​ကျော်​ရှိ​သ​တည်း။ \p \v 27 ဂိ​ဒေါင်​သည်​ထို​ရွှေ​များ​ဖြင့်​ရုပ်တု​တစ်​ခု​ကို သွန်း​လုပ်​ပြီး​လျှင် မိ​မိ​နေ​ထိုင်​ရာ​သြ​ဖ​ရ မြို့​၌​ထား​ရှိ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​လည်း ဘု​ရား​သ​ခင်​ကို​စွန့် ပစ်​ကာ​ထို​ရုပ်​တု​ကို​ဝတ်​ပြု​ကိုး​ကွယ်​ရန် သြ​ဖ​ရ​မြို့​သို့​သွား​ကြ​ကုန်​သည်။ ယင်း သည်​ဂိ​ဒေါင်​နှင့်​အိမ်​ထောင်​စု​အ​တွက် ကျော့​ကွင်း​သ​ဖွယ်​ဖြစ်​လာ​၏။ \p \v 28 သို့​ဖြစ်​၍​မိ​ဒျန်​အ​မျိုး​သား​တို့​သည် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​နှိမ်​နင်း​ခြင်း​ကို​ခံ ရ​၍ နောက်​တစ်​ဖန်​သူ​တို့​အ​တွက်​ခြိမ်း​ခြောက်​မှု အန္တ​ရာယ်​မ​ဖြစ်​တော့​ချေ။ တိုင်း​ပြည်​သည်​လည်း ဂိ​ဒေါင်​ကွယ်​လွန်​ချိန်​တိုင်​အောင် နှစ်​ပေါင်း​လေး ဆယ်​မျှ​ငြိမ်း​ချမ်း​သာ​ယာ​လျက်​နေ​သ​တည်း။ \s1 ဂိ​ဒေါင်​ကွယ်​လွန်​ခြင်း \p \v 29 ဂိ​ဒေါင်​သည်​မိ​မိ​၏​ကိုယ်​ပိုင်​နေ​အိမ်​သို့ ပြန် လည်​သွား​ရောက်​နေ​ထိုင်​လေ​သည်။- \v 30 သူ​၌​မ​ယား​အ​မြောက်​အ​မြား​ရှိ​သ​ဖြင့် သား​ခု​နစ်​ဆယ်​ကို​ရ​၏။- \v 31 ရှေ​ခင်​မြို့​တွင်​လည်း​မယား​ငယ်​တစ်​ယောက်​ရှိ သ​ဖြင့် ထို​မ​ယား​မှ​သား​တစ်​ယောက်​ကို​ရ​ရှိ ပြန်​သည်။ သူ​သည်​ထို​သား​ကို​အ​ဘိ​မ​လက် ဟု​အ​မည်​မှည့်​၏။- \v 32 ယော​ရှ​၏​သား​ဂိ​ဒေါင်​သည်​အ​သက်​ကြီး​ရင့် ၍​ကွယ်​လွန်​သော်​သူ​၏​ရုပ်​အ​လောင်း​ကို အ​ဗျေ ဇာ​သား​ချင်း​စု​၏​ဌာ​နေ​ဖြစ်​သော​သြ​ဖ​ရ​မြို့ ရှိ​အ​ဖ​ယော​ရှ​၏​သင်္ချိုင်း​ဂူ​၌​သင်္ဂြိုဟ်​ကြ​၏။ \p \v 33 ဂိ​ဒေါင်​ကွယ်​လွန်​ပြီး​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ဘု​ရား​သ​ခင်​အား​တစ်​ဖန်​သစ္စာ ဖောက်​ကြ​ပြန်​၏။ ဗာ​လ​ဘု​ရား​များ​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​ပြန်​၏။ သူ​တို့​က​ပ​ဋိ​ညာဉ် ပြု​ထား​သည့်​ဗာ​လ​ဘု​ရား​ကို မိ​မိ​တို့​၏ ဘု​ရား​အ​ဖြစ်​ချီး​မြှောက်​ကာ၊- \v 34 မိ​မိ​တို့​အား​ပတ်​လည်​ဝိုင်း​လျက်​နေ​သည့်​ရန် သူ​များ​၏​လက်​မှ ကယ်​ဆယ်​တော်​မူ​ခဲ့​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​မူ​ဝတ်​မ ပြု​တော့​ချေ။- \v 35 သူ​တို့​သည်​ဣ​သ​ရေ​လ​လူ​မျိုး​အ​တွက် ဂိ​ဒေါင် ပြု​ခဲ့​သ​မျှ​သော​ကောင်း​ကျိုး​များ​အ​တွက် သူ​၏​အိမ်​ထောင်​စု​သား​များ​အ​ပေါ်​တွင် ကျေး​ဇူး​ကန်း​ကြ​ကုန်​သည်။ \c 9 \s1 အ​ဘိ​မ​လက် \p \v 1-2 ဂိ​ဒေါင်​၏​သား​အ​ဘိ​မ​လက်​သည်​ရှေ​ခင်​မြို့ ရှိ​မိ​ခင်​ဘက်​မှ ဆွေ​မျိုး​အ​ပေါင်း​တို့​ထံ​သို့ သွား​၍​မြို့​သူ​မြို့​သား​တို့​အား``သင်​တို့​သည် ဂိ​ဒေါင်​၏​သား​ခု​နစ်​ဆယ်​စ​လုံး​၏​အုပ်​စိုး မှု​ကို​ခံ​ယူ​လို​ကြ​ပါ​သ​လော။ သို့​တည်း မ​ဟုတ်​လူ​တစ်​ဦး​တည်း​၏​အုပ်​စိုး​မှု​ကို ခံ​ယူ​လို​ကြ​ပါ​သ​လော။ အ​ဘိ​မ​လက် သည်​သင်​တို့​၏​သွေး​ရင်း​သား​ရင်း​ဖြစ် သည်​ကို​မ​မေ့​ပါ​နှင့်'' ဟု​ပြော​ကြား​စေ​၏။- \v 3 သူ့​မိ​ခင်​၏​ဆွေ​မျိုး​သား​ချင်း​တို့​သည်​လည်း ရှေ​ခင်​မြို့​သား​များ​အား ဤ​အ​ကြောင်း​ကိစ္စ ကို​သူ​၏​ကိုယ်​စား​တင်​ပြ​ကြ​၏။ အ​ဘိ မ​လက်​သည်​မိ​မိ​တို့​နှင့်​ဆွေ​မျိုး​တော်​စပ် သူ​ဖြစ်​သ​ဖြင့် ရှေ​ခင်​မြို့​သား​များ​က​သူ ၏​နောက်​သို့​လိုက်​ရန်​ဆုံး​ဖြတ်​လိုက်​ကြ လေ​သည်။- \v 4 သူ​တို့​သည်​မိ​မိ​တို့​ပ​ဋိ​ညာဉ်​ပြု​ထား​သည့် ဗာ​လ​ဘု​ရား​၏​ဝတ်​ကျောင်း​မှ ငွေ​အ​ခွက် ခု​နစ်​ဆယ်​ကို​အ​ဘိ​မ​လက်​အား​ပေး​ကြ​၏။ ထို​ငွေ​ဖြင့်​သူ​သည်​အ​ခြေ​အ​နေ​မဲ့​သူ​လူ ခု​နစ်​ဆယ်​အား မိ​မိ​နောက်​သို့​လိုက်​ရန်​ငှား ရမ်း​ပြီး​လျှင်၊- \v 5 သြ​ဖ​ရ​မြို့​ရှိ​ဖ​ခင်​၏​အိမ်​သို့​သွား​၍​ဂိ​ဒေါင် ၏​သား​များ​ဖြစ်​ကြ​သော မိ​မိ​၏​ညီ​အစ်​ကို ခု​နစ်​ဆယ်​တို့​ကို​ကျောက်​တုံး​တစ်​ခု​တည်း ပေါ်​၌​သတ်​လေ​သည်။ သို့​ရာ​တွင်​ဂိ​ဒေါင်​၏ သား​ထွေး​ယော​သံ​သည် ပုန်း​ရှောင်​နေ​သော ကြောင့်​အ​သက်​ဘေး​မှ​လွတ်​မြောက်​သွား​၏။- \v 6 ထို​နောက်​ရှေ​ခင်​မြို့​နှင့်​ဗေ​သ​မိလ္လော​မြို့​မှ မြို့​သား​အ​ပေါင်း​တို့​သည်​စု​ဝေး​လျက် ရှေ​ခင် မြို့​ရှိ​အ​ထိမ်း​အ​မှတ်​သ​ပိတ်​ပင်​သို့​သွား ရောက်​၍ အ​ဘိ​မ​လက်​အား​မင်း​မြှောက်​ကြ လေ​သည်။ \p \v 7 ဤ​အ​ခြင်း​အ​ရာ​ကို​ယော​သံ​ကြား​သိ​သော အ​ခါ ဂေ​ရ​ဇိမ်​တောင်​ထိပ်​သို့​တက်​၍​ရပ်​ပြီး လျှင် အော်​ဟစ်​၍​ဤ​သို့​ဆို​၏။ ``အ​ချင်း​ရှေ​ခင် မြို့​သား​တို့၊ ငါ့​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင်​ဘု​ရား​သခင်​သည်​လည်း သင်​တို့ ၏​စ​ကား​ကို​နား​ထောင်​ကောင်း​နား​ထောင် တော်​မူ​လိမ့်​မည်။- \v 8 အ​ခါ​တစ်​ပါး​က​သစ်​ပင်​တို့​သည်​မိ​မိ​တို့ အ​တွက် ဘု​ရင်​ရွေး​ချယ်​ရန်​ထွက်​သွား​ခဲ့​ကြ ၏။ သူ​တို့​သည်​သံ​လွင်​ပင်​အား`ငါ​တို့​အ​ပေါ် ၌​မင်း​လုပ်​အုပ်​စိုး​ပါ' ဟု​ပြော​ကြား​ကြ​၏။- \v 9 သံ​လွင်​ပင်​က`သင်​တို့​အား​အုပ်​စိုး​ရ​မည်​ဆို လျှင် ငါ​သည်​ဘု​ရား​သ​ခင်​၏​ဂုဏ်​အ​သ​ရေ နှင့်​လူ​တို့​၏​ဂုဏ်​အ​သ​ရေ​ကို​ပြု​စု​ပေး​ရာ ဖြစ်​သော ငါ​၏​အ​ဆီ​ကို​ထုတ်​ပေး​မှု​မှ ရပ်​စဲ​ရ​ပေ​လိမ့်​မည်' ဟု​ပြန်​ပြော​လေ​သည်။- \v 10 ထို​အ​ခါ​သစ်​ပင်​တို့​သည်​သင်္ဘော​သ​ဖန်း​ပင်​ထံ သို့​သွား​၍`ငါ​တို့​အ​ပေါ်​၌​မင်း​လုပ်​အုပ်​စိုး​ပါ' ဟု​တောင်း​ပန်​ကြ​၏။- \v 11 သို့​ရာ​တွင်​သင်္ဘော​သ​ဖန်း​ပင်​က`သင်​တို့​အား အုပ်​စိုး​နိုင်​ရန် ငါ​သည်​ကောင်း​၍​ချို​မြိန်​သော အ​သီး​များ​ကို​သီး​ပေး​ခြင်း​မှ​ရပ်​စဲ​ရ​ပေ လိမ့်​မည်' ဟု​ဆို​၏။- \v 12 သို့​ဖြစ်​၍​သစ်​ပင်​တို့​သည်​စ​ပျစ်​နွယ်​ပင်​ထံ သို့​သွား​ရောက်​ကာ`သင်​သည်​လာ​၍​ငါ​တို့ အ​ပေါ်​၌​မင်း​လုပ်​အုပ်​စိုး​ပါ' ဟု​ပန်​ကြား ကြ​၏။- \v 13 သို့​ရာ​တွင်​စပျစ်​နွယ်​ပင်​က`သင်​တို့​အား​အုပ်​စိုး နိုင်​ရန် ငါ​သည်​ဘု​ရား​သ​ခင်​၏​စိတ်​နှင့်​လူ​၏ စိတ်​ကို​ရွှင်​လန်း​စေ​တတ်​သော စ​ပျစ်​ရည်​ကို ထုတ်​လုပ်​ပေး​မှု​မှ​ရပ်​စဲ​လိုက်​ရ​ပေ​လိမ့်​မည်' ဟု​ပြန်​ပြော​လေ​သည်။- \v 14 ထို့​ကြောင့်​သစ်​ပင်​အ​ပေါင်း​တို့​သည်​ဆူး​ချုံ အား မိ​မိ​တို့​အ​ပေါ်​၌​မင်း​လုပ်​အုပ်​စိုး​ရန် လျှောက်​ထား​ကြ​၏။- \v 15 ဆူး​ချုံ​က​လည်း`အ​ကယ်​၍​သင်​တို့​သည်​ငါ့ အား​အ​မှန်​ပင် မိ​မိ​တို့​အ​ပေါ်​၌​မင်း​လုပ် အုပ်​စိုး​စေ​လို​ပါ​မူ​ငါ​၏​အ​ရိပ်​တွင်​ဝင် ရောက်​ခို​လှုံ​၍​နေ​ကြ​လော့။ ယင်း​သို့​ခို​လှုံ​ခြင်း မ​ပြု​ဘဲ​နေ​ခဲ့​သော်​ငါ​၏​အ​ခက်​အ​လက် များ​အ​ကြား​မှ​မီး​ထွက်​၍ လေ​ဗ​နုန်​အာ​ရစ် ပင်​တို့​ကို​လောင်​ကျွမ်း​သွား​စေ​လိမ့်​မည်' ဟု ပြန်​ပြော​လေ​သည်။ \p \v 16 ထို​နောက်​ယော​သံ​သည်​ဆက်​လက်​၍``ထို့​ကြောင့် သင်​တို့​သည်​အ​ဘိ​မ​လက်​ကို​မင်း​မြှောက်​ရာ ၌ အ​မှန်​တ​ကယ်​ပင်​ရိုး​သား​စွာ​သစ္စာ​စောင့် သိ​သူ​များ​ဖြစ်​ကြ​ပါ​၏​လော။ သင်​တို့​သည် ဂိ​ဒေါင်​၏​ဂုဏ်​ကျေး​ဇူး​ကို​အ​မှတ်​ရ​လျက် သူ​ပြု​ခဲ့​သည့်​အ​မှု​အ​ရာ​များ​နှင့်​ထိုက် လျောက်​စွာ​သူ​၏​အိမ်​ထောင်​စု​အ​ပေါ်​၌ ကျေး​ဇူး​တုံ့​ပြန်​ရာ​ရောက်​ပါ​၏​လော။- \v 17 ငါ​၏​ဖ​ခင်​သည်​သင်​တို့​အ​တွက်​စစ်​ပွဲ​ဝင်​ခဲ့ သည်​ကို​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​ပ​ဋ္ဌာ​န မ​ထား​ဘဲ​သင်​တို့​အား မိ​ဒျန်​အ​မျိုး​သား​တို့ လက်​မှ​ကယ်​ဆယ်​ခဲ့​သည်​ကို​လည်း​ကောင်း အောက်​မေ့​သ​တိ​ရ​ကြ​လော့။- \v 18 သို့​ရာ​တွင်​သင်​တို့​သည်​ယ​နေ့​ပင်​လျှင်​သူ​၏ အိမ်​ထောင်​စု​အား ဆန့်​ကျင်​ဘက်​ပြု​ခဲ့​ကြ လေ​ပြီ။ သူ​၏​သား​ခု​နစ်​ဆယ်​ကို​ကျောက်​တုံး တစ်​ခု​တည်း​အ​ပေါ်​၌​သတ်​ပစ်​ခဲ့​ကြ​လေ ပြီ။ ကျွန်​မိန်း​မ​နှင့်​ရ​သော​သား​အ​ဘိ​မ​လက် သည်​သင်​တို့​၏​ဆွေ​မျိုး​သား​ချင်း​ဖြစ်​ကာ မျှ​ဖြင့် သူ့​အား​သင်​တို့​မင်း​မြှောက်​ခဲ့​ကြ​၏။- \v 19 ထို့​ကြောင့်​ဂိ​ဒေါင်​နှင့်​သူ​၏​အိမ်​ထောင်​စု​အား သင်​တို့​ယ​နေ့​ပြု​သည့်​အ​မှု​သည်​ရိုး​သား ဖြောင့်​မှန်​သည်​ဆို​ပါ​မူ သင်​တို့​သည်​အ​ဘိ မ​လက်​နှင့်​အ​တူ​တ​ကွ​ဝမ်း​မြောက်​နိုင်​ကြ ပါ​စေ​သော။- \v 20 သို့​ရာ​တွင်​အ​ကယ်​၍​ဤ​အ​မှု​သည်​မ​ရိုး မ​ဖြောင့်​လျှင်​မူ​ကား အ​ဘိ​မ​လက်​ထံ​မှ မီး​လျှံ​ထွက်​၍​ရှေ​ခင်​မြို့​နှင့်​ဗေ​သ​မိလ္လော​မြို့ ရှိ​လူ​တို့​အား​ကျွမ်း​လောင်​ပါ​စေ​သော။ ရှေ​ခင် မြို့​နှင့်​ဗေ​သ​မိလ္လော​မြို့​ရှိ​လူ​တို့​ထံ​မှ​လည်း မီး​လျှံ​ထွက်​၍​အ​ဘိ​မ​လက်​အား​ကျွမ်း လောင်​ပါ​စေ​သော။'' \v 21 ထို​နောက်​ယော​သံ​သည်​မိ​မိ​အစ်​ကို​အ​ဘိ မ​လက်​ကို​ကြောက်​သ​ဖြင့် ထွက်​ပြေး​ပြီး လျှင်​ဗေ​ရ​မြို့​သို့​သွား​ရောက်​နေ​ထိုင်​လေ​၏။- \v 22-23 အ​ဘိ​မ​လက်​သည်​ဣ​သ​ရေ​လ​ပြည်​ကို သုံး​နှစ်​မျှ​အုပ်​စိုး​ရ​၏။ ထို​နောက်​ဘု​ရား​သ​ခင်​သည်​သူ​နှင့်​ရှေ​ခင်​မြို့​သား​တို့​အား ပ​ဋိ​ပက္ခ​ဖြစ်​စေ​တော်​မူ​သ​ဖြင့် ထို​သူ​တို့ သည်​အ​ဘိ​မ​လက်​အား​ပုန်​ကန်​ကြ​၏။- \v 24 ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​ဂိ​ဒေါင်​၏​သား ခု​နစ်​ဆယ်​ကို​သတ်​ပစ်​ရန် အား​ပေး​သူ​ရှေ​ခင် မြို့​သား​များ​နှင့်​အ​ဘိ​မ​လက်​အား မိ​မိ​တို့ ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​၏​အ​ခ​ကို​ပေး​ဆပ် ကြ​စေ​ရန်​ပင်​ဖြစ်​သတည်း။- \v 25 ရှေ​ခင်​မြို့​သား​တို့​သည်​အ​ဘိ​မ​လက်​အား တောင်​ထိပ်​များ​တွင် ချုံ​ခို​ချောင်း​မြောင်း​စေ​ရန် အ​စောင့်​ထား​ကြ​၏။ ထို​အ​စောင့်​တို့​သည်​ဖြတ် သန်း​သွား​လာ​သူ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို လု ယူ​ကြ​၏။ ထို​သ​တင်း​ကို​အ​ဘိ​မ​လက်​ကြား သိ​ရ​လေ​သည်။ \p \v 26 ထို​အ​ခါ​၌​ဧ​ဗက်​၏​သား​ဂါ​လ​သည်​မိ​မိ​ညီ အစ်​ကို​များ​နှင့်​အ​တူ ရှေ​ခင်​မြို့​သို့​ရောက်​ရှိ​လာ ၏။ ရှေ​ခင်​မြို့​သား​တို့​က​လည်း​သူ့​အား​ယုံ​ကြည် အား​ကိုး​ကြ​၏။- \v 27 ထို​သူ​အ​ပေါင်း​တို့​သည်​စ​ပျစ်​ဥယျာဉ်​များ သို့​သွား​ရောက်​ကာ စ​ပျစ်​သီး​များ​ကို​ခူး​၍ စ​ပျစ်​ရည်​ပြု​လုပ်​ပြီး​လျှင် ပွဲ​လမ်း​သ​ဘင် တစ်​ရပ်​ကို​ဆင်​နွှဲ​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​၏​ဘု​ရား​ဝတ်​ကျောင်း​သို့​သွား​၍ စား သောက်​ကာ​အ​ဘိ​မ​လက်​အား​ပြက်​ရယ် ပြု​ကြ​၏။- \v 28 ဂါ​လ​က``ငါ​တို့​ရှေ​ခင်​မြို့​သား​များ​ကား အ​ဘယ်​သို့​သော​သူ​များ​ပေ​နည်း။ အ​ဘိ မ​လက်​၏​အ​စေ​ကို​အ​ဘယ်​ကြောင့်​ငါ​တို့ ခံ​နေ​ကြ​ပါ​သ​နည်း။ သူ​ကား​အ​ဘယ်​သူ နည်း။ သူ​သည်​ဂိ​ဒေါင်​၏​သား​မ​ဟုတ်​လော။ ဇေ​ဗု​လ​သည်​သူ​၏​အ​မိန့်​ကို​နာ​ခံ​ရ​သော် လည်း ငါ​တို့​ကား​အ​ဘယ်​ကြောင့်​သူ​၏​အစေ ကို​ခံ​ပါ​မည်​နည်း။ သင်​တို့​သား​ချင်း​စု​ကို စ​တင်​တည်​ထောင်​ပေး​ခဲ့​သူ​ဟာ​မော်​အား သစ္စာ​စောင့်​ကြ​လော့။- \v 29 အ​ကယ်​၍​ငါ​သာ​ဤ​လူ​စု​၏​ခေါင်း​ဆောင်​ဖြစ် ပါ​လျှင် အ​ဘိ​မ​လက်​ကို​ဖယ်​ရှား​ပစ်​မည်။ `သင် ၏​တပ်​ကို​အင်​အား​ဖြည့်​၍ ငါ့​ကို​လာ​ရောက် တိုက်​ခိုက်​လော့' ဟု​သူ့​အား​ငါ​ပြော​မည်။'' \p \v 30 မြို့​အုပ်​ဇေ​ဗု​လ​သည်​ဂါ​လ​၏​စ​ကား​ကို ကြား​သော​အ​ခါ အ​မျက်​ထွက်​သ​ဖြင့်၊- \v 31 စေ​တ​မန်​များ​ကို​လွှတ်​၍​အ​ရု​မ​မြို့​ရှိ အ​ဘိ​မ​လက်​အား​လျှောက်​ထား​စေ​၏။ ``ဧ​ဗက် ၏​သား​ဂါ​လ​သည်​မိ​မိ​ညီ​အစ်​ကို​များ​နှင့် အ​တူ ရှေ​ခင်​မြို့​သို့​ရောက်​ရှိ​နေ​ပါ​သည်။ သူ​တို့ သည်​ကိုယ်​တော်​အား​မြို့​ထဲ​သို့​ဝင်​ခွင့်​ပြု​ကြ လိမ့်​မည်​မ​ဟုတ်​ပါ။- \v 32 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​နှင့်​ညဥ့် အ​ခါ လာ​ရောက်​၍​လယ်​တော​များ​တွင်​ပုန်း အောင်း​နေ​ပြီး​လျှင်၊- \v 33 နောက်​တစ်​နေ့​နံ​နက်​နေ​ထွက်​ချိန်​၌​ထ​၍​မြို့ ကို​ရုတ်​တ​ရက်​တိုက်​ခိုက်​တော်​မူ​ပါ။ ဂါ​လ​နှင့် သူ​၏​လူ​စု​တို့​သည်​ကိုယ်​တော်​အား​တိုက်​ခိုက် ရန်​ထွက်​လာ​သော​အ​ခါ ကိုယ်​တော်​သည်​မိ​မိ ၏​အ​လုံး​အ​ရင်း​နှင့်​သူ​တို့​ကို​တိုက်​ခိုက် တော်​မူ​ပါ။'' \p \v 34 သို့​ဖြစ်​၍​အဘိ​မလက်​နှင့်​သူ​၏​လူ​အ​ပေါင်း တို့​သည် ညဥ့်​အ​ခါ​လာ​ရောက်​ပြီး​လျှင်​လေး​စု ခွဲ​၍​ရှေ​ခင်​မြို့​ပြင်​၌​ပုန်း​အောင်း​နေ​ကြ​၏။- \v 35 သူ​တို့​သည်​ဂါ​လ​ထွက်​၍​မြို့​တ​ခါး​ဝ​၌​ရပ် နေ​သည်​ကို​မြင်​သော​အ​ခါ မိ​မိ​တို့​ပုန်း​အောင်း ရာ​မှ​ထွက်​လာ​ကြ​၏။- \v 36 ဂါ​လ​သည်​သူ​တို့​ကို​မြင်​သ​ဖြင့်​ဇေ​ဗု​လ အား``ကြည့်​လော့၊ တောင်​ထိပ်​များ​ပေါ်​မှ​လူ တို့​ဆင်း​လာ​နေ​ကြ​၏'' ဟု​ဆို​၏။ \p ဇေ​ဗု​လ​က``ထို​အ​ရာ​တို့​သည်​လူ​များ​မ​ဟုတ်။ တောင်​မှ​ကျ​လာ​သော​အ​ရိပ်​များ​သာ​ဖြစ်​သည်'' ဟု​ပြန်​ပြော​၏။ \p \v 37 ဂါလ​က​လည်း``ကြည့်​လော့၊ တောင်​ထိပ်​ပေါ်​မှ​လူ များ​ဆင်း​လာ​နေ​ကြ​၏။ လူ​တစ်​စု​သည်​ဗေ​ဒင် ဆ​ရာ​သ​ပိတ်​ပင်​မှ​လာ​သော​လမ်း​ဖြင့်​လာ နေ​ကြ​၏'' ဟု​ဆို​ပြန်​၏။ \p \v 38 ထို​အ​ခါ​ဇေ​ဗု​လ​က``သင်​၏​လေ​လုံး​ကြီး သ​မျှ​သည် ယ​ခု​အ​ဘယ်​သို့​ရောက်​ရှိ​သွား​ပြီ နည်း။ ဤ​သူ​အဘိ​မလက်​၏​အ​စေ​ကို ငါ​တို့ အ​ဘယ်​ကြောင့်​ခံ​ပါ​မည်​နည်း​ဟု​ပြော​ဆို​ခဲ့ သူ​မှာ​သင်​ပင်​မ​ဟုတ်​ပါ​လော။ ထို​သူ​တို့​သည် ကား သင်​မ​ထီ​မဲ့​မြင်​ပြော​ဆို​ခဲ့​သူ​များ​ဖြစ် သည်။ ယ​ခု​သင်​ထွက်​၍​သူ​တို့​အား​တိုက်​ခိုက် ပါ​လော့'' ဟု​ဆို​၏။- \v 39 ဂါ​လ​သည်​ရှေ​ခင်​မြို့​သား​တို့​ကို​ရှေ့​ဆောင်​၍ အ​ဘိ​မ​လက်​အား​တိုက်​လေ​သည်။ အ​ဘိ​မ​လက် သည်​ဂါ​လ​ကို​လိုက်​၍​တိုက်​၏။- \v 40 ထို​အ​ခါ​ဂါ​လ​ထွက်​ပြေး​လေ​၏။ မြို့​တံ​ခါး အ​နီး​၌​ပင်​လျှင် လူ​အ​မြောက်​အ​မြား​ထိ​ခိုက် ဒဏ်​ရာ​ရ​ရှိ​ကြ​သည်။- \v 41 အ​ဘိ​မ​လက်​သည်​အ​ရု​မ​မြို့​၌​နေ​၏။ ဇေ​ဗု​လ သည်​ဂါ​လ​နှင့်​သူ​၏​ညီ​အစ်​ကို​များ​အား​ရှေ​ခင် မြို့​မှ​နှင်​ထုတ်​လိုက်​ရာ သူ​တို့​သည်​ထို​မြို့​သို့ နောက်​တစ်​ဖန်​လာ​ရောက်​နေ​ထိုင်​ခြင်း​မ​ပြု​နိုင် တော့​ချေ။ \p \v 42 နောက်​တစ်​နေ့​၌​ရှေခင်​မြို့​သား​တို့​သည်​လယ် တော​သို့​ထွက်​ရန် အ​ကြံ​အ​စည်​ပြု​လျက်​ရှိ ကြောင်း​ကို​အ​ဘိ​မ​လက်​ကြား​သိ​ရ​သ​ဖြင့်၊- \v 43 မိ​မိ​၏​လူ​တို့​ကို​သုံး​စု​ခွဲ​၍​လယ်​များ​တွင်​ပုန်း အောင်း​စောင့်​ဆိုင်း​လျက်​နေ​၏။ မြို့​ထဲ​မှ​လူ​တို့ ထွက်​လာ​သည်​ကို​မြင်​လျှင် သူ​သည်​ပုန်း​အောင်း ရာ​မှ​ထွက်​၍​သူ​တို့​အား​လုပ်​ကြံ​လေ​၏။- \v 44 အ​ဘိ​မ​လက်​နှင့်​သူ​၏​လူ​စု​သည်​မြို့​တံ​ခါး ကို​စောင့်​ထိန်း​ရန်​သွား​ကြ​စဉ် အ​ခြား​လူ​နှစ်​စု တို့​လယ်​ထဲ​မှ​လူ​တို့​အား​တိုက်​ခိုက်​သတ်​ဖြတ် ပစ်​လိုက်​ကြ​လေ​သည်။- \v 45 တိုက်​ပွဲ​မှာ​တစ်​နေ​ကုန်​တစ်​နေ​ခန်း​ဖြစ်​သ​တည်း။ အ​ဘိ​မ​လက်​သည်​မြို့​ကို​သိမ်း​ယူ​လိုက်​ပြီး​နောက် မြို့​သား​တို့​ကို​သတ်​ဖြတ်​၍ မြို့​ရိုး​တို့​ကို​ဖြို​ချ ကာ​မြို့​တည်​ရာ​ကို​ဆား​နှင့်​ကြဲ​ဖြန့်​လေ​သည်။ \p \v 46 ရှေခင်​ရဲ​တိုက်​ရှိ​ခေါင်း​ဆောင်​အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား​သော​အ​ခါ မိ​မိ​တို့​ပ​ဋိ ညာဉ်​ပြု​ထား​သည့်​ဗာလ​ဘု​ရား​ဝတ်​ကျောင်း ရှိ​ခိုင်​ခံ့​သော​အ​ခန်း​ထဲ​သို့​ဝင်​၍​နေ​ကြ​၏။- \v 47 ယင်း​သို့​သူ​တို့​ဝင်​နေ​ကြ​ကြောင်း​ကို​အ​ဘိ မ​လက်​သိ​လေ​လျှင်၊- \v 48 မိ​မိ​၏​လူ​တို့​နှင့်​အ​တူ​ဇာ​လ​မုန်​တောင်​သို့ တက်​ပြီး​နောက် ပု​ဆိန်​ဖြင့်​သစ်​ကိုင်း​တစ်​ခု​ကို ခုတ်​၍​ထမ်း​၏။ မိ​မိ​၏​လူ​တို့​အား​လည်း​ထို နည်း​တူ​အ​လျင်​အ​မြန်​ပြု​ရန်​ပြော​လေ​သည်။- \v 49 သို့​ဖြစ်​၍​လူ​တိုင်း​ပင်​သစ်​ကိုင်း​တစ်​ခု​စီ​ကို ခုတ်​၍ အ​ဘိ​မ​လက်​၏​နောက်​က​လိုက်​ပြီး​လျှင် ခိုင်​ခံ့​သော​အ​ခန်း​ကို​မီး​ပုံ​ရှို့​ကြ​၏။ ရဲ​တိုက် ထဲ​မှ​လူ​အ​ပေါင်း​တို့​သည်​သေ​ကြ​ကုန်​၏။ ဤ​သူ​တို့​၏​အ​ရေ​အ​တွက်​မှာ​ယောကျာ်း မိန်း​မ​တစ်​ထောင်​ခန့်​ရှိ​သ​တည်း။ \p \v 50 ထို​နောက်​အ​ဘိ​မ​လက်​သည် သေ​ဗတ်​မြို့​သို့ သွား​ရောက်​ဝိုင်း​ရံ​ထား​ပြီး​လျှင်​သိမ်း​ယူ လိုက်​လေ​သည်။- \v 51 မြို့​ထဲ​၌​ခိုင်​ခံ့​သည့်​ရဲ​တိုက်​ရှိ​၏။ ခေါင်း​ဆောင် များ​အ​ပါ​အ​ဝင်​ယောကျာ်း​မိန်း​မ​အ​ပေါင်း တို့​သည် ထို​ရဲ​တိုက်​ထဲ​သို့​ဝင်​ပြေး​ကြ​၏။ သူ တို့​သည်​ရဲ​တိုက်​ကို​အ​လုံ​ပိတ်​ပြီး​လျှင် ခေါင်​မိုး​ပေါ်​သို့​တက်​၍​နေ​ကြ​၏။- \v 52 အ​ဘိ​မ​လက်​သည်​လည်း​ရဲ​တိုက်​ကို​တိုက်​ခိုက် ရန်​လာ​၏။ သူ​သည်​ရဲ​တိုက်​တံခါး​ကို​မီး​ရှို့​ရန် ချဉ်း​ကပ်​သော​အ​ခါ၊- \v 53 အ​မျိုး​သ​မီး​တစ်​ယောက်​သည်​ကျိတ်​ဆုံ​ကျောက် တစ်​လုံး​ကို သူ​၏​ဦး​ခေါင်း​ပေါ်​သို့​ပစ်​ချ​လိုက် သ​ဖြင့်​သူ​၏​ဦး​ခေါင်း​ကွဲ​၍​သွား​လေ​သည်။-\x + \xo 9:53 \xt ၂ရာ၊ ၁၁:၂၁။\x* \v 54 ထို​အ​ခါ​သူ​သည်​မိ​မိ​၏​လက်​နက်​ကို​ကိုင် ဆောင်​သော​လူ​ငယ်​အား အ​လျင်​အ​မြန်​ခေါ် ပြီး​လျှင်``သင်​၏​ဋ္ဌား​ကို​ဋ္ဌား​အိမ်​မှ​ထုတ်​၍ ငါ့​ကို​သတ်​လော့။ ငါ​သည်​အ​မျိုး​သ​မီး​၏ လက်​ချက်​ဖြင့်​သေ​ရ​သည်​ဟူ​၍​အ​ပြော​မ​ခံ လို'' ဟု​ဆို​၏။ သို့​ဖြစ်​၍​လူ​ငယ်​သည်​အ​ဘိ မ​လက်​အား​ဋ္ဌား​နှင့်​ထိုး​၍​သတ်​လိုက်​လေ သည်။- \v 55 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ဘိ​မ​လက် သေ​ကြောင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ မိ​မိ တို့​အိမ်​သို့​ပြန်​သွား​ကြ​၏။ \p \v 56 ထို​သို့​အ​ဘိ​မ​လက်​သည်​မိ​မိ​၏​ညီ​အစ်​ကို ခု​နစ်​ဆယ်​ကို​သတ်​ဖြတ်​ခြင်း​ဖြင့် ဖ​ခင်​အား ပြု​မိ​သည့်​ဒု​စ​ရိုက်​အ​ပြစ်​အ​တွက်​ဘု​ရား​သ​ခင်​ဒဏ်​ခံ​စေ​တော်​မူ​၏။- \v 57 ဂိ​ဒေါင်​၏​သား​ယော​သံ​ကျိန်​ဆဲ​ခဲ့​သည့် စ​ကား​အ​တိုင်း​ရှေ​ခင်​မြို့​သား​တို့​သည်​လည်း မိ​မိ​တို့​၏​ဆိုး​ယုတ်​မှု​အ​တွက်​အ​ပြစ်​ဒဏ် ခံ​စေ​တော်​မူ​သ​တည်း။ \c 10 \s1 တော​လ \p \v 1 အ​ဘိ​မ​လက်​ကွယ်​လွန်​ပြီး​နောက် ဣ​သ​ရေ​လ လူ​မျိုး​ကို​ကယ်​ဆယ်​ရန်​ဒေါ​ဒေါ​၏​မြေး၊ ဖု​ဝါ ၏​သား​တော​လ​ပေါ်​ထွန်း​လာ​၏။ သူ​သည်​ဣ​သ ခါ​အ​နွယ်​ဝင်​ဖြစ်​၍ ဧ​ဖ​ရိမ်​တောင်​ကုန်း​ရှိ ရှ​မိ​ရ​မြို့​တွင်​နေ​ထိုင်​၏။- \v 2 သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ခေါင်း ဆောင်​အ​ဖြစ်​ဖြင့် နှစ်​ဆယ့်​သုံး​နှစ်​မျှ​ဆောင်​ရွက် ပြီး​နောက်​ကွယ်​လွန်​သော် သူ​၏​ရုပ်​အ​လောင်း​ကို ရှ​မိ​ရ​မြို့​၌​သင်္ဂြိုဟ်​ကြ​လေ​သည်။ \s1 ယာ​ဣ​ရ \p \v 3 တော​လ​ကွယ်​လွန်​ပြီး​နောက်​ဂိ​လဒ်​ပြည်​သား ယာ​ဣ​ရ​ပေါ်​ထွန်း​လာ​၍ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​နှစ်​ဆယ့်​နှစ်​နှစ်​တိုင်​ခေါင်း​ဆောင် ရ​၏။- \v 4 သူ​၌​မြည်း​တစ်​ကောင်​စီ​စီး​သော​သား​သုံး​ကျိပ် ရှိ​၏။ သူ​တို့​သည်​ဂိ​လဒ်​ပြည်​တွင်​မြို့​ပေါင်း​သုံး ဆယ်​ကို​အ​ပိုင်​စား​ရ​ရှိ​ကြ​လေ​သည်။ ထို​မြို့ တို့​သည်`ယာ​ဣ​ရ​ရွာ​များ' ဟူ​၍​ယ​နေ့​တိုင် အောင်​နာ​မည်​တွင်​လျက်​ရှိ​နေ​သေး​သ​တည်း။- \v 5 ယာ​ဣ​ရ​ကွယ်​လွန်​သော​အ​ခါ​သူ​၏​ရုပ် အ​လောင်း​ကို​ကာ​မုန်​မြို့​၌​သင်္ဂြိုဟ်​ကြ​လေ သည်။ \s1 ယေ​ဖ​သ \p \v 6 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဗာ​လ ဘု​ရား၊ မော​ဘ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား၊ ရှု​ရိ​ဘု​ရား၊ ဇိ​ဒုန်​ဘု​ရား၊ အမ္မုန်​ဘု​ရား၊ ဖိ​လိတ္တိ ဘုရား​တို့​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကာ​ထာ​ဝ​ရ ဘု​ရား​အား​နောက်​တစ်​ဖန်​ပြစ်​မှား​ကြ​ပြန်​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပစ်​ပယ်​၍ ကိုယ်​တော်​ကို​ဝတ်​မ​ပြု​ရှိ​မ​ခိုး​ကြ​တော့​ချေ။- \v 7 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အ​မျက်​ထွက်​တော်​မူ သ​ဖြင့် ဖိ​လတ္တိ​အ​မျိုး​သား​နှင့်​အမ္မုန်​အ​မျိုး သား​တို့​၏​လက်​အောက်​ခံ​ဖြစ်​စေ​တော်​မူ​၏။- \v 8 ထို​သူ​တို့​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ အာ မော​ရိ​နယ်​မြေ​ဂိ​လဒ်​ပြည်​တွင်​နေ​ထိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား တစ်​ဆယ့် နှစ်​နှစ်​တိုင်​တိုင်​ညှင်း​ပန်း​နှိပ်​စက်​ကြ​၏။- \v 9 အမ္မုန်​အ​မျိုး​သား​တို့​သည်​ယော်​ဒန်​မြစ်​ကို ပင်​လျှင် ဖြတ်​ကျော်​ကာ​ယု​ဒ​အ​နွယ်၊ ဗင်္ယာ​မိန် အ​နွယ်​နှင့်​ဧ​ဖ​ရိမ်​အ​နွယ်​တို့​ကို​တိုက်​ခိုက် ကြ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မှာ အ​တိ​ဒုက္ခ​ရောက်​ရ​ကြ​လေ​သည်။ \p \v 10 ထို​အ​ခါ​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ဟစ်​အော်​ကာ``အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​အား​ပြစ်​မှား​မိ​ကြ​ပါ​ပြီ။ အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​ကို​စွန့်​ပယ်​ကာ ဗာ​လ ဘု​ရား​များ​ကို​ဝတ်​ပြု​မိ​ကြ​ပါ​ပြီ'' ဟု လျှောက်​ထား​ကြ​၏။ \p \v 11 ထာ​ဝ​ရ​ဘု​ရား​က​ဤ​သို့​ပြန်​၍​မိန့်​ကြား တော်​မူ​၏။ ``အ​တိတ်​ကာ​လ​က​အီ​ဂျစ်​အ​မျိုး သား၊ အာ​မော​ရိ​အ​မျိုး​သား၊ အမ္မုန်​အ​မျိုး​သား၊ ဖိ​လိတ္တိ​အ​မျိုး​သား၊- \v 12 ဇိ​ဒုန်​အ​မျိုး​သား၊ အာ​မ​လက်​အ​မျိုး​သား နှင့်​မော​နိ​အ​မျိုး​သား​တို့​သည် သင်​တို့​အား ညှင်း​ဆဲ​နှိပ်​စက်​ကြ​သော​အ​ခါ ငါ့​ထံ​သို့​သင် တို့​အော်​ဟစ်​လျှောက်​ထား​ခဲ့​ကြ​၏။ ငါ​သည် လည်း​ထို​သူ​တို့​လက်​မှ​သင်​တို့​ကို​ကယ်​ဆယ် ခဲ့​သည်​မ​ဟုတ်​ပါ​လော။ \p \v 13 သို့​သော်​သင်​တို့​သည်​ငါ့​ကို​စွန့်​ပယ်​၍ အ​ခြား ဘု​ရား​တို့​အား​ဝတ်​ပြု​ရှိ​ခိုး​ကြ​ပြန်​၏။ ထို့ ကြောင့်​ငါ​သည်​သင်​တို့​အား​နောက်​တစ်​ဖန် ကယ်​တော့​မည်​မ​ဟုတ်။- \v 14 သင်​တို့​ရွေး​ချယ်​ထား​သည့်​အ​ခြား​ဘု​ရား များ​ထံ​သို့​သွား​၍​အော်​ဟစ်​ကြ​လော့။ သင် တို့​ဒုက္ခ​ရောက်​ရာ​ကာ​လ​၌​ထို​ဘု​ရား​တို့ သည်​သင်​တို့​အား​ကယ်​ဆယ်​ပါ​လေ​စေ။'' \p \v 15 သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​တို့​သည် အ​ပြစ်​ကူး​လွန်​မိ​ကြ​ပါ​ပြီ။ ကိုယ်​တော် အ​လို​ရှိ​သည်​အ​တိုင်း​ပြု​တော်​မူ​ပါ။ သို့ ရာ​တွင်​ယ​ခု​တစ်​ကြိမ်​သာ​လျှင် အ​ကျွန်ုပ် တို့​အား​ကယ်​ဆယ်​တော်​မူ​ပါ'' ဟု​အ​သ နား​ခံ​ကြ​၏။- \v 16 သူ​တို့​သည်​လူ​မျိုး​ခြား​တို့​ကိုး​ကွယ်​သည့် ဘု​ရား​များ​ကို​လည်း စွန့်​ပယ်​ကာ​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​ကုန်​၏။ ကိုယ် တော်​သည်​လည်း​ထို​သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ ဒုက္ခ​အ​တွက်​က​ရု​ဏာ​သက်​တော်​မူ​၏။ \p \v 17 ထို​အ​ခါ​၌​အမ္မုန်​တပ်မ​တော်​သည်​စစ်​ပွဲ​ဝင် ရန်​အ​သင့်​ပြင်​လျက် ဂိ​လဒ်​ပြည်​တွင်​စ​ခန်း ချ​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​စု​ရုံး​၍ ဂိ​လဒ်​ပြည်​မိ​ဇ​ပါ​မြို့​၌​တပ် ချ​ကြ​၏။- \v 18 သူ​တို့​က``ဤ​တိုက်​ပွဲ​တွင်​ငါ​တို့​အား​အ​ဘယ် သူ​ဦး​ဆောင်​ပါ​မည်​နည်း။ ဦး​ဆောင်​မည့်​သူ သည်​ဂိ​လဒ်​ပြည်​သား​အ​ပေါင်း​တို့​၏​ခေါင်း ဆောင်​ဖြစ်​လာ​စေ​ရ​မည်'' ဟု​မိ​မိ​တို့​၏ ခေါင်း​ဆောင်​များ​နှင့်​အ​ချင်း​ချင်း​ဆွေး​နွေး တိုင်​ပင်​ကြ​၏။ \c 11 \p \v 1 သူ​ရဲ​ကောင်း​တစ်​ဦး​ဖြစ်​သူ​ယေ​ဖ​သ​သည် ပြည့်​တန်​ဆာ​မ​တစ်​ယောက်​၏​သား​ဖြစ်​၏။ သူ​၏​ဖ​ခင်​ဂိ​လဒ်​၌၊- \v 2 မ​ယား​နှင့်​ရ​သော​သား​များ​လည်း​ရှိ​၏။ ထို သူ​တို့​သည်​ကြီး​ပြင်း​လာ​သော​အ​ခါ ယေ ဖ​သ​အား​နေ​အိမ်​မှ​နှင်​ထုတ်​လိုက်​ကြ​၏။ သူ​တို့​က``သင်​သည်​အ​ခြား​မိန်း​မ​နှင့်​ရ သော​သား​ဖြစ်​သ​ဖြင့် ငါ​တို့​ဖခင်​၏​အ​မွေ ကို​ခံ​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။- \v 3 ယေ​ဖ​သ​သည်​လည်း​မိ​မိ​၏​ညီ​အစ်​ကို​များ ထံ​မှ​ထွက်​ပြေး​၍ တော​ဘ​ပြည်​၌​နေ​ထိုင် လေ​သည်။ ထို​အ​ရပ်​၌​သူ​သည်​အ​ခြေ​အ​နေ မဲ့​သူ​လူ​တစ်​စု​၏​လေး​စား​မှု​ကို​ခံ​ရ သ​ဖြင့် ထို​သူ​တို့​သည်​သူ​၏​နောက်​သို့ လိုက်​ကြ​လေ​သည်။ \p \v 4 ထို​နောက်​ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ အမ္မုန်​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​နှင့်​စစ်​ဖြစ်​ကြ​၏။- \v 5 ထို​အ​ခါ​ဂိ​လဒ်​ပြည်​၏​ခေါင်း​ဆောင်​တို့​သည် ယေ​ဖ​သ​ကို​ခေါ်​ယူ​ရန်​တော​ဘ​ပြည်​သို့​သွား​၍၊- \v 6 သူ့​အား``အမ္မုန်​အ​မျိုး​သား​များ​ကို​တိုက်​ခိုက် ရန် ငါ​တို့​အား​ဦး​ဆောင်​ပါ'' ဟု​ပြော​ကြား ကြ​၏။ \p \v 7 သို့​ရာ​တွင်​ယေ​ဖ​သ​က``သင်​တို့​သည်​ငါ့​ကို အ​လွန်​မုန်း​သ​ဖြင့်​အ​ဖ​အိမ်​မှ​နှင်​ထုတ်​ခဲ့ ကြ​၏။ ယ​ခု​ဒုက္ခ​ရောက်​သော​အ​ခါ​ကျ​မှ အ​ဘယ်​ကြောင့်​ငါ့​ထံ​သို့​လာ​ကြ​ပါ​သ​နည်း'' ဟု​ပြန်​ပြော​လေ​သည်။ \p \v 8 သူ​တို့​သည်​ယေ​ဖ​သ​အား``ယ​ခု​သင့်​ထံ​သို့ ငါ​တို့​လာ​ကြ​သည်​မှာ​အမ္မုန်​အ​မျိုး​သား​တို့ အား ငါ​တို့​နှင့်​အ​တူ​သွား​ရောက်​တိုက်​ခိုက်​ရန် နှင့်​ဂိလဒ်​ပြည်​သား​အ​ပေါင်း​တို့​အား​ခေါင်း ဆောင်​စေ​ရန်​ဖြစ်​ပါ​သည်'' ဟု​ဆို​ကြ​၏။ \p \v 9 ယေ​ဖ​သ​က``အ​ကယ်​၍​သင်​တို့​သည်​အမ္မုန် အ​မျိုး​သား​တို့​အား တိုက်​ခိုက်​ရန်​ငါ့​ကို​အိမ် သို့​ပြန်​လည်​ခေါ်​ဆောင်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား က​လည်း​ငါ့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​သည် ဆို​ပါ​လျှင် ငါ​သည်​သင်​တို့​၏​ဘု​ရင်​ဖြစ်​လာ ရ​မည်'' ဟု​ပြန်​ပြော​လေ​သည်။ \p \v 10 ထို​သူ​တို့​က​လည်း``ငါ​တို့​သ​ဘော​တူ​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​၏​အ​သိ​သက်​သေ ပင်​ဖြစ်​ပါ​၏'' ဟု​ဖြေ​ကြား​ကြ​၏။- \v 11 ထို့​ကြောင့်​ယေ​ဖ​သ​သည်​ဂိ​လဒ်​ပြည်​ခေါင်း​ဆောင် များ​နှင့်​အ​တူ​လိုက်​သွား​လေ​သည်။ လူ​တို့​သည် လည်း​သူ့​အား​မိ​မိ​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့် လည်း​ကောင်း၊ ခေါင်း​ဆောင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း ချီး​မြှောက်​ကြ​၏။ ယေ​ဖ​သ​သည်​မိ​ဇ​ပါ​မြို့ ၌​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​တွင် မိ မိ​တောင်း​ဆို​ချက်​များ​ကို​ပြန်​လည်​ဖော် ပြ​လျှောက်​ထား​၏။ \p \v 12 ထို​နောက်​သူ​သည်​အမ္မုန်​ဘုရင်​ထံ​သို့​စေ​တ​မန် များ​ကို​လွှတ်​၍``သင်​နှင့်​ငါ​တို့​တွင်​အ​ဘယ် ရန်​စ​ရှိ​ပါ​သ​နည်း။ သင်​သည်​အ​ဘယ်​ကြောင့် ငါ​တို့​ပြည်​သို့​ချဉ်း​နင်း​ဝင်​ရောက်​ရ​ပါ သ​နည်း'' ဟု​မေး​၏။ \p \v 13 အမ္မုန်​ဘု​ရင်​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​သော​အ​ခါ ငါ​၏​နယ်​မြေ​ကို​အာ​နုန်​မြစ်​မှ​ယဗ္ဗုတ်​မြစ် နှင့်​ယော်​ဒန်​မြစ်​တိုင်​အောင်​သိမ်း​ယူ​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ယ​ခု​အ​ခါ​ထို​နယ် မြေ​ကို ငါ့​အား​ငြိမ်း​ချမ်း​စွာ​ပြန်​လည်​ပေး အပ်​ရ​ကြ​မည်'' ဟု​စေ​တ​မန်​တို့​အား​ပြန် ကြား​စေ​၏။ \p \v 14-15 ယေ​ဖ​သ​သည်​အမ္မုန်​ဘု​ရင်​ထံ​သို့​စေ​တ​မန် များ​ကို​ပြန်​လည်​စေ​လွှတ်​ကာ​ဤ​သို့​ဖြေ ကြား​၏။ ``မော​ဘ​ပြည်​ကို​သော်​လည်း​ကောင်း၊ အမ္မုန်​ပြည်​ကို​သော်​လည်း​ကောင်း ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သိမ်း​ယူ​ခဲ့​ကြ​သည်​ဆို​သည် မှာ​မ​ဟုတ်​မ​မှန်​ပါ။- \v 16 အ​ဖြစ်​မှန်​မှာ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​သော​အ​ခါ ၌​သူ​တို့​သည်​သဲ​ကန္တာ​ရ​ကို​ဖြတ်​၍ အာ​က ဘာ​ပင်​လယ်​ကွေ့​အ​နီး​ကာ​ဒေ​ရှ​မြို့​သို့ ရောက်​ရှိ​ကြ​၏။- \v 17 ထို​အ​ခါ​သူ​တို့​သည်​ဧဒုံ​ဘု​ရင်​ထံ​သို့​စေ တ​မန်​များ​ကို​လွှတ်​၍ ဧ​ဒုံ​ပြည်​ကို​ဖြတ်​သွား ခွင့်​ပြု​ရန်​လျှောက်​ထား​ကြ​၏။ သို့​ရာ​တွင်​ဧ​ဒုံ ဘု​ရင်​က​ခွင့်​ပြု​တော်​မ​မူ။ သူ​တို့​သည်​မော​ဘ ဘု​ရင်​အား​လည်း​ထို​နည်း​တူ​လျှောက်​ထား​ကြ ပြန်​၏။ ထို​ဘု​ရင်​က​လည်း​ခွင့်​မ​ပြု​ချေ။ သို့ ဖြစ်​၍​ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​ကာ ဒေ​ရှ​မြို့​တွင်​နေ​ထိုင်​ရ​ကြ​၏။-\x + \xo 11:17 \xt တော၊ ၂၀:၁၄-၂၁။\x* \v 18 ထို​နောက်​သူ​တို့​သည်​ဧ​ဒုံ​ပြည်​နှင့်​မော​ဘ ပြည်​တို့​ကို​ပတ်​၍​သဲ​ကန္တာ​ရ​ကို​ဖြတ်​ပြီး လျှင် မော​ဘ​ပြည်​၏​အ​ရှေ့​ဘက်၊ အာ​နုန်​မြစ် တစ်​ဘက်​ကမ်း​သို့​ရောက်​ရှိ​လာ​သော​အ​ခါ ထို​အ​ရပ်​တွင်​စ​ခန်း​ချ​ကြ​၏။ အာ​နုန်​မြစ် သည်​မော​ဘ​ပြည်​၏​နယ်​နိ​မိတ်​ဖြစ်​သ​ဖြင့် ထို​မြစ်​ကို​သူ​တို့​မ​ကူး​မ​ဖြတ်​ကြ။-\x + \xo 11:18 \xt တော၊ ၂၁:၄။\x* \v 19 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟေ​ရှ​ဘုန်​မြို့​ရှိ​အာ​မော​ရိ​လူ​မျိုး​တို့​၏ ဘု​ရင်၊ ရှိ​ဟုန်​ထံ​သို့​စေ​လွှတ်​ပြီး​လျှင်​သူ ၏​ပြည်​ကို​ဖြတ်​ကျော်​ကာ မိ​မိ​တို့​ပြည်​သို့ သွား​ရောက်​ခွင့်​ပြု​ရန်​ပန်​ကြား​လျှောက် ထား​ကြ​၏။- \v 20 သို့​ရာ​တွင်​ရှိ​ဟုန်​မင်း​က​ခွင့်​မ​ပြု​ချေ။ သူ သည်​မိ​မိ​၏​တပ်​မ​တော်​တစ်​ခု​လုံး​ကို​စု​ရုံး စေ​ပြီး​လျှင် ယာ​ဟတ်​မြို့​သို့​လာ​ရောက်​စ​ခန်း ချ​ကာ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား တိုက်​ခိုက်​လေ​သည်။- \v 21 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ရှိ​ဟုန်​မင်း​နှင့်​တပ်​မ တော်​ကို​နှိမ်​နင်း​အောင်​မြင်​ခွင့်​ပေး​တော်​မူ သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို ပြည်​၌​နေ​ထိုင်​သော​အာ​မော​ရိ​အ​မျိုး​သား တို့​၏​နယ်​မြေ​ရှိ​သ​မျှ​ကို​သိမ်း​ယူ​ကြ​၏။- \v 22 သူ​တို့​သည်​တောင်​သို့​လား​သော်​အာ​နုန်​မြစ်၊ မြောက်​သို့​လား​သော်​ယဗ္ဗုတ်​မြစ်​တိုင်​အောင် လည်း​ကောင်း၊ အ​ရှေ့​သို့​လား​သော်​သဲ​ကန္တာ​ရ၊ အ​နောက်​သို့​လား​သော်​ယော်​ဒန်​မြစ်​တိုင်​အောင် လည်း​ကောင်း​အာ​မော​ရိ​နယ်​မြေ​ရှိ​သ​မျှ ကို​သိမ်း​ယူ​ကြ​၏။-\x + \xo 11:22 \xt တော၊ ၂၁:၂၁-၂၄။\x* \v 23 သို့​ဖြစ်​၍​ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက် အမ္မုန်​အ​မျိုး​သား တို့​အား​နှင်​ထုတ်​ပေး​တော်​မူ​သော​အ​ရှင်​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။- \v 24 သင်​သည်​ထို​နယ်​မြေ​ကို​ပြန်​လည်​ရ​ယူ​ရန် ကြိုး​စား​ပါ​မည်​လော။ သင်​၏​ဘု​ရား​ခေ​မု​ရှ ပေး​အပ်​သ​မျှ​နယ်​မြေ​ကို​သင်​သိမ်း​ပိုက်​ထား နိုင်​ပါ​၏။ ငါ​တို့​အ​တွက်​ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သိမ်း​ယူ​တော်​မူ​သော​နယ် မြေ​ရှိ​သ​မျှ​ကို​ငါ​တို့​သိမ်း​ပိုက်​ထား​မည်။- \v 25 သင်​သည်​မိ​မိ​ကိုယ်​ကို​မော​ဘ​ဘု​ရင်၊ ဇိ​ဖော် ၏​သား​ဗာ​လက်​ထက်​ပို​မို​ကြီး​မြတ်​သည်​ဟု ထင်​မှတ်​ပါ​သ​လော။ သူ​သည်​ဣ​သ​ရေ​လ လူ​မျိုး​ကို​ရန်​ပြု​၍​တိုက်​ခိုက်​ဖူး​ပါ​သ လော။-\x + \xo 11:25 \xt တော၊ ၂၂:၁-၆။\x* \v 26 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဟေ​ရှ​ဘုန် မြို့​နှင့်​အာ​ရော်​မြို့​တို့​ကို​လည်း​ကောင်း၊ ထို​မြို့ များ​အ​နီး​တစ်​ဝိုက်​ရှိ​မြို့​တို့​နှင့်​အာ​နုန်​မြစ် ကမ်း​ပေါ်​ရှိ​မြို့​မှန်​သ​မျှ​ကို​လည်း​ကောင်း နှစ် ပေါင်း​သုံး​ရာ​တိုင်​တိုင်​သိမ်း​ပိုက်​ထား​စဉ်​က သင်​သည်​အ​ဘယ်​ကြောင့်​ထို​မြို့​တို့​ကို​ပြန် လည်​မ​သိမ်း​မ​ယူ​ခဲ့​ပါ​သ​နည်း။- \v 27 ငါ​သည်​သင့်​အား​အ​ဘယ်​သို့​မျှ​မ​ပြစ်​မှား။ သင်​သာ​လျှင်​ငါ့​အား​စစ်​တိုက်​ခြင်း​ဖြင့် အ​မှား​ကို​ပြု​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရား သူကြီး​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​နှင့်​အမ္မုန်​အ​မျိုး​သား တို့​စပ်​ကြား​၌ ယ​နေ့​တ​ရား​စီ​ရင်​ဆုံး ဖြတ်​တော်​မူ​ပါ​လိမ့်​မည်။-'' \v 28 သို့​ရာ​တွင်​အမ္မုန်​ဘု​ရင်​သည်​ယေ​ဖ​သ​ပြန် လည်​ဖြေ​ကြား​သော​စ​ကား​ကို​မည်​သို့​မျှ ပ​မာ​ဏ​မ​ပြု​ချေ။ \p \v 29 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော် သည် ယေ​ဖ​သ​အ​ပေါ်​သို့​သက်​ရောက်​တော် မူ​၏။ ယေ​ဖ​သ​သည်​ဂိ​လဒ်​ပြည်​နှင့်​မ​နာ ရှေ​ပြည်​တစ်​လျှောက်​သို့​သွား​ပြီး​လျှင် ဂိ​လဒ် ပြည်​မိ​ဇ​ပါ​မြို့​သို့​ပြန်​လာ​သည်။ ထို နောက်​အမ္မုန်​ပြည်​သို့​ချီ​တက်​လေ​၏။- \v 30 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဤ​သို့​သစ္စာ က​တိ​ပြု​၏။ ``အ​ကယ်​၍​ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​အမ္မုန်​အ​မျိုး​သား​တို့​အ​ပေါ် ၌​အောင်​ပွဲ​ခံ​စေ​တော်​မူ​မည်​ဆို​ပါ​က၊- \v 31 အ​ကျွန်ုပ်​အား​ခ​ရီး​ဦး​ကြို​ပြု​ရန်​အိမ်​မှ ဦး​စွာ​ပ​ထ​မ​ထွက်​လာ​သူ​အား မီး​ရှို့​ရာ ယဇ်​အ​ဖြစ်​ဖြင့်​ကိုယ်​တော်​အား​ပူ​ဇော်​ဆက် သ​ပါ​မည်။'' \p \v 32 သို့​ဖြစ်​၍​ယေ​ဖ​သ​သည်​မြစ်​ကို​ကူး​ဖြတ် ပြီး​လျှင် အမ္မုန်​အ​မျိုး​သား​တို့​အား​တိုက်​ခိုက် ရာ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​အောင်​ပွဲ ခံ​စေ​တော်​မူ​၏။- \v 33 သူ​သည်​ရန်​သူ​များ​ကို​အာ​ရော်​မြို့​မှ​အ​စ​ပြု ၍ မိန္နိတ်​မြို့​၏​ပတ်​ဝန်း​ကျင်​ဒေ​သ​တစ်​လျှောက် ရှိ​မြို့​ပေါင်း​နှစ်​ဆယ်​ကို​လည်း​ကောင်း၊ အာ​ဗေ လ​ခေ​ရ​မိမ်​မြို့​သို့​တိုင်​အောင်​လည်း​ကောင်း လိုက် လံ​တိုက်​ခိုက်​ရာ​လူ​သတ်​ပွဲ​ကြီး​ဖြစ်​ခဲ့​၏။ သို့ ဖြစ်​၍​အမ္မုန်​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့်​စစ်​တိုက်​ရာ​တွင်​အ​ရေး ရှုံး​နိမ့်​သွား​လေ​၏။ \s1 ယေ​ဖ​သ​၏​သ​မီး \p \v 34 ယေ​ဖ​သ​သည်​မိ​ဇ​ပါ​မြို့​နေ​အိမ်​သို့​ပြန်​လာ သော​အ​ခါ သ​မီး​ဖြစ်​သူ​သည်​ပတ်​သာ​ကို​တီး ၍​က​ခုန်​လျက် သူ့​အား​ခ​ရီး​ဦး​ကြို​ပြု​ရန် ထွက်​လာ​၏။ သူ​သည်​ကား​တစ်​ဦး​တည်း​သော သ​မီး​ဖြစ်​သတည်း။- \v 35 ယေ​ဖ​သ​သည်​သူ့​ကို​မြင်​သော​အ​ခါ​စိတ် မ​ချမ်း​မ​သာ​ဖြစ်​လျက် မိ​မိ​အ​ဝတ်​ကို​ဆွဲ ဆုတ်​ကာ``အို ငါ့​သမီး၊ သင်​သည်​ငါ​၏​စိတ်​နှ​လုံး ကို​ကြေ​ကွဲ​စေ​လေ​ပြီ။ ငါ့​အား​စိတ်​ဝေ​ဒ​နာ ခံ​စား​စေ​သူ​မှာ​အ​ဘယ်​ကြောင့်​သင်​ဖြစ်​ရ ပါ​သ​နည်း။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား ကြီး​လေး​သည့်​သစ္စာ​က​တိ​ကို​ပြန်​လည်​ရုတ် သိမ်း​၍​မ​ရ​တော့​ပါ'' ဟု​ပြော​၏။\x + \xo 11:35 \xt တော၊ ၃၀:၂။\x* \p \v 36 သူ​ငယ်​မ​က​လည်း``အ​ကယ်​၍​ဖ​ခင်​သည် ထာ​ဝ​ရ ဘု​ရား​အား​သစ္စာ​က​တိ​ပြုထား​ပြီး​ပြီ​ဟု​ဆို လျှင် ထို​သစ္စာ​က​တိ​အ​တိုင်း​ကျွန်​မ​အား​ပြု ပါ​လေ။ ထာ​ဝ​ရ​ဘု​ရား​သည်​ဖ​ခင်​အား​မိ​မိ ၏​ရန်​သူ​တို့​အ​ပေါ်​၌​လက်​စား​ချေ​ခွင့်​ကို ပေး​တော်​မူ​ပါ​ပြီ။- \v 37 သို့​ရာ​တွင်​ကျွန်မ​တစ်​ခု​တောင်း​ခံ​ပါ​ရ​စေ။ ကျွန်​မ​သည်​အ​ပျို​စင်​ဘ​ဝ​ဖြင့်​အ​သက်​ကုန် ဆုံး​ရ​သည့်​အ​တွက် အ​ပေါင်း​အ​ဖော်​များ​နှင့် အ​တူ​တောင်​ရိုး​ပေါ်​တွင်​လှည့်​လည်​၍ ငို​ကြွေး မြည်​တမ်း​နိုင်​ရန်​နှစ်​လ​မျှ​ကျွန်​မ​အား လွတ်​လွတ်​လပ်​လပ်​နေ​ခွင့်​ပြု​ပါ'' ဟု​တောင်း ပန်​၏။- \v 38 ယေ​ဖ​သ​သည်​သမီး​ဖြစ်​သူ​အား​နှစ်​လ​မျှ ခွင့်​ပြု​၍ ထွက်​ခွာ​သွား​စေ​လေ​သည်။ သူ​ငယ်​မ သည်​အိမ်​ထောင်​မ​ကျ၊ သား​သ​မီး​မ​ရ​ဘဲ သေ​ဆုံး​ရ​တော့​မည်​ဖြစ်​၍ သူ​နှင့်​တ​ကွ​သူ ၏​အ​ပေါင်း​အ​ဖော်​တို့​သည်​တောင်​ရိုး​ပေါ် သို့​တက်​၍​ငို​ကြွေး​မြည်​တမ်း​ကြ​ကုန်​၏။- \v 39 နှစ်​လ​မျှ​ကြာ​သော​အ​ခါ​သူ​သည်​မိ​မိ​၏ ဖ​ခင်​ထံ​သို့​ပြန်​လာ​လေ​သည်။ ဖ​ခင်​သည် လည်း​ထာ​ဝ​ရ​ဘု​ရား​အား​မိ​မိ​သစ္စာ​က​တိ ပြု​ထား​သည့်​အ​တိုင်း​ပြု​သ​ဖြင့် သူ​ငယ်​မ သည်​အ​ပျို​စင်​အ​ဖြစ်​နှင့်​ပင်​လျှင်​ဘ​ဝ ဆုံး​ရ​လေ​တော့​၏။ \p ဤ​အ​ဖြစ်​အပျက်​ကြောင့်၊- \v 40 ဣ​သ​ရေ​လ​ပြည်​ဂိ​လဒ်​မြို့​သား​ယေ​ဖ​သ ၏​သ​မီး​အ​တွက်​နှစ်​စဉ်​နှစ်​တိုင်း​လေး​ရက်​မျှ ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့​သည်​ထွက်​၍ ငို​ကြွေး​မြည်​တမ်း​ကြ​သည့်​ဋ္ဌ​လေ့​ထုံး​စံ​ရှိ သတည်း။ \c 12 \s1 ယေ​ဖ​သ​နှင့်​ဧ​ဖ​ရိမ်​အ​မျိုး​သား​များ \p \v 1 ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည်​စစ်​တိုက်​ရန်​ပြင် ဆင်​ကြ​၏။ သူ​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ် ကျော်​ကာ​ဇာ​ဖုန်​မြို့​သို့​ချီ​သွား​ပြီး​လျှင် ယေ​ဖ​သ​အား``သင်​တို့​သည်​ငါ​တို့​ကို​မ​ခေါ် ဘဲ​အ​ဘယ်​ကြောင့်​အမ္မုန်​အ​မျိုး​သား​တို့​အား ချီ​တက်​တိုက်​ခိုက်​ခဲ့​ပါ​သ​နည်း။ သင်​ရှိ​ရာ သင်​၏​အိမ်​ကို​ငါ​တို့​မီး​ရှို့​ဖျက်​ဆီး​ပစ်​မည်'' ဟု​ပြော​၏။ \p \v 2 သို့​ရာ​တွင်​ယေ​ဖ​သ​က``ငါ​နှင့်​ငါ​၏​လူ​တို့ သည်​အမ္မုန်​အ​မျိုး​သား​တို့​နှင့်​ပြင်း​ပြင်း​ထန် ထန်​ခိုက်​ရန်​ဖြစ်​ခဲ့​ကြ​၏။ ငါ​သည်​သင်​တို့​ကို ခေါ်​သော်​လည်း ငါ​တို့​အား​ထို​သူ​တို့​လက်​မှ သင်​တို့​မ​ကယ်​ဘဲ​နေ​ခဲ့​ကြ​သည်။- \v 3 ယင်း​သို့​ငါ​တို့​အား​သင်​တို့​ကယ်​ကြ​မည့် ပုံ​မ​ပေါ်​သော​အ​ခါ ငါ​သည်​အ​သက်​စွန့်​၍ အမ္မုန်​အ​မျိုး​သား​တို့​အား​တိုက်​ခိုက်​ရန်​ချီ သွား​ခဲ့​ရ​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​က​လည်း ငါ့​အား​သူ​တို့​၏​အ​ပေါ်​၌​အောင်​ပွဲ​ခံ​စေ တော်​မူ​၏။ သို့​ဖြစ်​၍​အ​ဘယ်​ကြောင့်​သင် သည်​ယ​ခု​ငါ့​အား​လာ​ရောက်​တိုက်​ခိုက် ပါ​သ​နည်း'' ဟု​ပြန်​ပြော​၏။- \v 4 ထို​နောက်​ယေ​ဖ​သ​သည်​ဂိလဒ်​သူ​ရဲ​အ​ပေါင်း တို့​ကို​စု​ရုံး​စေ​လျက် ဧ​ဖ​ရိမ်​အ​မျိုး​သား တို့​အား​တိုက်​ခိုက်​လေ​သည်။ (ဧ​ဖ​ရိမ်​ပြည် နှင့်​မ​နာ​ရှေ​ပြည်​တွင်​နေ​ထိုင်​သော​ဂိ​လဒ် ပြည်​သား​တို့​သည် သစ္စာ​ဖောက်​၍​ဧ​ဖ​ရိမ် ပြည်​မှ​ထွက်​သွား​သူ​များ​ဟူ​၍​စွပ်​စွဲ ပြော​ဆို​ခဲ့​သ​တည်း။-) \v 5 ဧ​ဖ​ရိမ်​ပြည်​သား​တို့​မ​လွတ်​မြောက်​နိုင်​စေ ရန်​ဂိ​လဒ်​ပြည်​သား​တို့​သည် ယော်​ဒန်​မြစ် တစ်​ဘက်​ကမ်း​သို့​ကူး​ဖြတ်​နိုင်​သည့်​နေ ရာ​ရှိ​သ​မျှ​ကို​သိမ်း​ထား​ကြ​၏။- \v 6 ဧ​ဖ​ရိမ်​ပြည်​သား​တစ်​စုံ​တစ်​ယောက်​သည် ထွက်​မြောက်​နိုင်​ရန် မြစ်​ကို​ဖြတ်​ကူး​ခွင့်​တောင်း ခံ​သည့်​အ​ခါ​တိုင်း​ဂိ​လဒ်​ပြည်​သား​တို့ က``သင်​သည်​ဧ​ဖ​ရိမ်​ပြည်​သား​လော'' ဟု မေး​စစ်​၏။ ``မ​ဟုတ်​ပါ'' ဟု​ဆို​လျှင်``ရှိ​ဗော လက်'' ဟူ​သော​စ​ကား​ကို​ဆို​စေ​၏။ သို့​ရာ တွင်​အ​ကယ်​၍​ထို​သူ​သည်​စ​ကား​ကို ပီ​သ​စွာ​မ​ပြော​နိုင်​ဘဲ``သိ​ဗော​လက်'' ဟု ဆို​ခဲ့​သော်​သူ့​အား​ဖမ်း​ဆီး​၍​ယော်​ဒန် မြစ်​ကူး​ရာ​အ​ရပ်​၌​သတ်​ကြ​သည်။ ထို စစ်​ပွဲ​၌​ဧ​ဖ​ရိမ်​ပြည်​သား​လေး​သောင်း နှစ်​ထောင်​ကျ​ဆုံး​ရ​ကြ​လေ​သည်။ \p \v 7 ယေ​ဖ​သ​သည်​ဣ​သ​ရေ​လ​ပြည်​သူ​တို့ အား​ခြောက်​နှစ်​မျှ​ခေါင်း​ဆောင်​ပြီး​နောက် ကွယ်​လွန်​သော် သူ​၏​ရုပ်​အ​လောင်း​ကို​ဂိ​လဒ် ပြည်​ရှိ​သူ​၏​ဌာ​နေ​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။ \s1 ဣ​ဗ​ဇန်၊ဧ​လုန်၊အာ​ဗ​ဒုန် \p \v 8 ယေ​ဖ​သ​ကွယ်​လွန်​ပြီး​နောက်​ဣ​သ​ရေ​လ လူ​မျိုး​အား ခေါင်း​ဆောင်​သူ​မှာ​ဗက်​လင်​မြို့ သား​ဣ​ဗ​ဇန်​ဖြစ်​၏။ သူ​၌​သား​သုံး​ဆယ် နှင့်​သမီး​သုံး​ဆယ်​ရှိ​၏။- \v 9 သူ​သည်​မိ​မိ​၏​သ​မီး​တို့​အား​မိ​မိ​သား ချင်း​စု​ဝင်​မ​ဟုတ်​သူ​များ​နှင့်​ထိမ်း​မြား ပေး​၍ မိ​မိ​သား​များ​အား​မိ​မိ​သား​ချင်း စု​ဝင်​မ​ဟုတ်​သော​အ​မျိုး​သ​မီး​များ နှင့်​ထိမ်း​မြား​ပေး​လေ​သည်။ ဣ​ဗ​ဇန်​သည် ဣ​သ​ရေ​လ​အ​မျိုး​အား​ခု​နစ်​နှစ်​မျှ ခေါင်း​ဆောင်​ရ​ပြီး​နောက်၊- \v 10 ကွယ်​လွန်​သော်​သူ​၏​ရုပ်​အ​လောင်း​ကို ဗက်​လင်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။ \p \v 11 ဣ​ဗ​ဇန်​ကွယ်​လွန်​ပြီး​နောက် ဇာ​ဗု​လုန်​မြို့​သား ဧ​လုန်​သည်​ဆယ်​နှစ်​မျှ ဣ​သ​ရေ​လ​လူ​မျိုး​၏ ခေါင်း​ဆောင်​ဖြစ်​လာ​၏။- \v 12 ထို​နောက်​သူ​သည်​ကွယ်​လွန်​သော်​သူ​၏​ရုပ် အ​လောင်း​ကို ဇာ​ဗု​လုန်​နယ်​မြေ​ရှိ​အာ​ဇ​လုန် မြို့​၌​သင်္ဂြိုဟ်​ကြ​လေ​သည်။- \v 13 ဧ​လုန်​ကွယ်​လွန်​ပြီး​နောက်​ပိ​ရ​သုန်​မြို့​နေ​ဟိ လေ​လ​၏​သား​အာ​ဗ​ဒုန်​သည် ဣ​သ​ရေ​လ လူ​မျိုး​ကို​ခေါင်း​ဆောင်​ရ​၏။- \v 14 သူ​၌​မြည်း​တစ်​ကောင်​စီ​စီး​နင်း​သော​သား လေး​ဆယ်​နှင့်​မြေး​သုံး​ဆယ်​ရှိ​၏။ အာ​ဗ​ဒုန် သည်​ဣ​သ​ရေ​လ​လူ​မျိုး​ကို​ရှစ်​နှစ်​မျှ ခေါင်း​ဆောင်​ပြီး​လျှင်၊- \v 15 ကွယ်​လွန်​သော်​သူ​၏​ရုပ်​အ​လောင်း​ကို​အာ မ​လက်​တောင်​ကုန်း​ဒေ​သ၊ ဧ​ဖ​ရိမ်​နယ်​ရှိ ပိ​ရ​သုန်​မြို့​၌​သင်္ဂြိုဟ်​ကြ​၏။ \c 13 \s1 ရှံ​ဆုန်​မွေး​ဖွား​ခြင်း \p \v 1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​အား​တစ်​ဖန်​ပြစ်​မှား​ကြ​ပြန်​၏။ သို့ ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား​အ​နှစ် လေး​ဆယ်​ပတ်​လုံး ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ၏​စိုး​မိုး​အုပ်​ချုပ်​မှု​ကို​ခံ​စေ​တော်​မူ​၏။ \p \v 2 ထို​ကာ​လ​၌​ဒန်​အ​နွယ်​ဝင်​ဇော​ရာ​မြို့​သား မာ​နော်​ဆို​သူ​လူ​တစ်​ယောက်​ရှိ​၏။ သူ​၏ ဇ​နီး​မှာ​မြုံ​၍​နေ​သ​ဖြင့်​သား​သ​မီး​မ​ရ နိုင်​ပေ။- \v 3 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ထို အ​မျိုး​သ​မီး​၏​ရှေ့​တွင်​ပေါ်​လာ​၍``သင်​သည် အ​ဘယ်​အ​ခါ​မျှ​သား​သ​မီး​မ​ရ​နိုင်​ခဲ့ သော်​လည်း မ​ကြာ​မီ​ကိုယ်​ဝန်​ဆောင်​၍​သား ယောကျာ်း​ကို​ဖွား​မြင်​လိမ့်​မည်။- \v 4 သို့​ဖြစ်​၍​စပျစ်​ရည်​ကို​သော်​လည်း​ကောင်း၊ သေ ရည်​သေ​ရက်​ကို​သော်​လည်း​ကောင်း ဘယ်​အ​ခါ ၌​မျှ​မ​သောက်​နှင့်။ တား​မြစ်​ထား​သည့်​အ​စား အ​စာ​မှန်​သ​မျှ​ကို​လည်း​ရှောင်​လော့။- \v 5 သင်​သည်​သား​ကို​ဖွား​မြင်​ပြီး​နောက်​သူ​၏ ဆံ​ပင်​ကို​အ​ဘယ်​အ​ခါ​၌​မျှ​မ​ရိတ်​နှင့်။ အ ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​ငယ်​သည်​မိ​မိ ဖွား​မြင်​ချိန်​မှ​စ​၍​နာ​ဇ​ရိ​ဂိုဏ်း​ဝင်\f 1 \fr 13:5 \ft * \+fk နာ​ဇ​ရိ​ဂိုဏ်း​ဝင်။ \ft နာ​ဇ​ရိ​ဂိုဏ်း​ဝင်​သည်​စ​ပျစ်​ရည်​နှင့်​သေ ရည်​သေ​ရက်​ကို​မ​သောက်​ရန်၊ ဆံ​ပင်​ကို​မ​ညှပ် ရန်​နှင့် လူ​သေ​ကို​မ​ကိုင်​မ​ထိ​ရန်​က​တိ​သစ္စာ ပြု​ခြင်း​ဖြင့်​ဘု​ရား​သ​ခင်​ကို​ရို​သေ​မြတ် နိုး​ကြောင်း​ကို​ဖော်​ပြ​သော​သူ​ဖြစ်​သည်။ (တော၊ ၆:၁-၈ ကို​ကြည့်​ပါ။)\f* အ​ဖြစ်​ဖြင့်​ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​ထား သူ​ဖြစ်​သော​ကြောင့်​တည်း။ သူ​သည်​ဣ​သ​ရေ​လ လူ​မျိုး​ကို​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​မှ ကယ်​ဆယ်​ခြင်း​ကို​အ​စ​ပြု​လိမ့်​မည်'' ဟု ဆို​၏။\x + \xo 13:5 \xt တော၊ ၆:၁-၅။\x* \p \v 6 ထို​နောက်​ထို​အ​မျိုး​သ​မီး​သည်​မိ​မိ​၏​ခင် ပွန်း​ထံ​သို့​သွား​၍``ဘု​ရား​သ​ခင်​၏​စေ​တ​မန် တော်​သည်​ကျွန်​မ​ထံ​သို့​လာ​ပါ​သည်။ သူ​သည် ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​ကဲ့​သို့​ပင် ကြောက်​မက်​ဖွယ်​ရာ​အ​ဆင်း​ကို​ဆောင်​ပါ​၏။ ကျွန်​မ​သည်​သူ့​အား`သင်​အ​ဘယ်​အ​ရပ်​မှ လာ​သ​နည်း' ဟူ​၍​မ​မေး​ပါ။ သူ​က​လည်း သူ​၏​နာ​မည်​ကို​ကျွန်​မ​အား​မ​ပြော​ပါ။- \v 7 သို့​ရာ​တွင်​ကျွန်​မ​သည်​ကိုယ်​ဝန်​ဆောင်​၍ သား​ယောကျာ်း​ကို​ဖွား​မြင်​မည်​ဖြစ်​ကြောင်း ကို​မူ ဧ​ကန်​အ​မှန်​ပင်​ကျွန်​မ​အား​သူ​ပြော ပါ​၏။ က​လေး​သူ​ငယ်​သည်​အ​သက်​ရှင်​သ မျှ​ကာ​လ​ပတ်​လုံး​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​အ​ဖြစ် ဖြင့် ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​ထား​သူ ဖြစ်​မည်​ဖြစ်​၍ ကျွန်​မ​အား​စ​ပျစ်​ရည်​ကို သော်​လည်း​ကောင်း၊ သေ​ရည်​သေ​ရက်​ကို​သော် လည်း​ကောင်း​မ​သောက်​ရန်​နှင့် တား​မြစ်​ထား သည့်​အစား​အ​စာ​မှန်​သ​မျှ​ကို​ရှောင်​ကြဉ် ရန်​ပြော​ပါ​သည်'' ဟု​ဆို​လေ​သည်။ \p \v 8 ထို​အ​ခါ​မာ​နော်​သည်``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​စေ​လွှတ်​ခဲ့​သူ​အား​ကျေး​ဇူး​ပြု​၍ အ​ကျွန်ုပ်​တို့​ထံ​သို့​တစ်​ဖန်​ပြန်​လည်​စေ​လွှတ် ပေး​တော်​မူ​၍ သား​ငယ်​မွေး​ဖွား​လာ​သော အ​ခါ​သူ့​အား​အကျွန်ုပ်​တို့​အ​ဘယ်​သို့​ပြု ကြ​ရ​မည်​ကို​လည်း​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ \p \v 9 ဘု​ရား​သ​ခင်​သည်​လည်း​မာ​နော်​တောင်း လျှောက်​သည့်​အ​တိုင်း​ပြု​တော်​မူ​သ​ဖြင့် ကိုယ် တော်​၏​ကောင်း​ကင်​တ​မန်​သည်​လယ်​ထဲ​၌ ထိုင်​နေ​သော​အ​မျိုး​သ​မီး​ထံ​သို့​ပြန်​လာ လေ​သည်။ ထို​အ​ခါ​၌​သူ​၏​ခင်​ပွန်း မာ​နော်​မှာ​သူ​နှင့်​အ​တူ​မ​ရှိ​ချေ။- \v 10 သို့​ဖြစ်​၍​သူ​သည်​ချက်​ချင်း​ပြေး​၍​မိ​မိ​၏ ခင်​ပွန်း​အား``တစ်​နေ့​က​ကျွန်​မ​ထံ​သို့​လာ သူ​သည်​ယ​ခု​ပြန်​လည်​ရောက်​ရှိ​နေ​ပါ​ပြီ'' ဟု​ပြော​၏။ \p \v 11 မာ​နော်​သည်​လည်း​ထ​၍​မိ​မိ​ဇနီး​နောက်​သို့ လိုက်​သွား​ပြီး​လျှင်​သူ့​အား``သင်​သည်​အ​ကျွန်ုပ် ၏​ဇ​နီး​နှင့်​စ​ကား​ပြော​ခဲ့​သူ​မှန်​ပါ​သ​လော'' ဟု​မေး​၏။ \p ``မှန်​ပါ​သည်'' ဟု​ထို​သူ​က​ဆို​၏။ \p \v 12 မာ​နော်​က``သို့​ဖြစ်​ပါ​လျှင်​သင်​ပြော​သည့် အ​တိုင်း​ဖြစ်​ပျက်​လာ​သော​အ​ခါ ထို​သူ​ငယ် သည်​အ​ဘယ်​အ​ရာ​ကို​ပြု​ရ​ပါ​မည်​နည်း။ အ​ဘယ်​သို့​နေ​ထိုင်​ပြု​မူ​ရ​ပါ​မည်​နည်း'' ဟု​မေး​၏။ \p \v 13 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က လည်း``သင်​၏​ဇနီး​သည်​သူ့​အား​ငါ​ပြော​ပြ ခဲ့​သ​မျှ​သော​အရာ​တို့​ကို​သေ​ချာ​စွာ​ဆောင် ရွက်​ရ​မည်။- \v 14 သူ​သည်​စ​ပျစ်​နွယ်​ပင်​မှ​ရ​ရှိ​သည့်​အ​ရာ​ဟူ သ​မျှ​ကို​မ​စား​ရ။ စ​ပျစ်​ရည်​ကို​သော်​လည်း ကောင်း၊ သေ​ရည်​သေ​ရက်​ကို​သော်​လည်း​ကောင်း မ​သောက်​ရ။ တား​မြစ်​ထား​သည့်​အ​စား​အ​စာ မှန်​သ​မျှ​ကို​ရှောင်​ရ​မည်။ သူ​သည်​ငါ​မှာ​ကြား ခဲ့​သ​မျှ​သော​အ​ရာ​တို့​ကို​ပြု​ရ​မည်'' ဟု ပြန်​ပြော​လေ​သည်။ \p \v 15-16 မာ​နော်​သည်​ထို​သူ​မှာ​ကောင်း​ကင်​တ​မန်​ဖြစ် ကြောင်း​ကို​မ​သိ​သ​ဖြင့်​သူ့​အား``ကျေး​ဇူး​ပြု ၍​မ​သွား​ပါ​နှင့်​ဦး။ သင့်​အ​တွက်​ဆိတ်​ငယ် တစ်​ကောင်​ကို​အ​ကျွန်ုပ်​တို့​ချက်​ပြုတ်​ပါ​ရ စေ'' ဟု​ဆို​၏။ \p သို့​သော်​ကောင်း​ကင်​တ​မန်​က``အ​ကယ်​၍​ငါ သည်​မ​သွား​ဘဲ​နေ​လျှင်​လည်း သင်​၏​အ​စား အ​စာ​ကို​စား​လိမ့်​မည်​မ​ဟုတ်။ အ​ကယ်​၍​ထို အ​စား​အ​စာ​တို့​ကို​သင်​ပြင်​ဆင်​လို​သည် ဆို​ပါ​မူ ယင်း​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လော့'' ဟု ဆို​လေ​သည်။ \p \v 17 မာ​နော်​က​လည်း​သင်​၏​နာ​မည်​ကို​အ​ကျွန်ုပ် သိ​ပါ​ရ​စေ။ သို့​မှ​သာ​လျှင်​သင်​ပြော​ဆို​သည့် စ​ကား​များ​မှန်​ကန်​လာ​သော​အ​ခါ သင့်​အား အ​ကျွန်ုပ်​တို့​ဂုဏ်​ပြု​နိုင်​ပါ​လိမ့်​မည်'' ဟု​ပြန် ပြော​၏။ \p \v 18 ကောင်း​ကင်​တ​မန်​က``ငါ​၏​နာ​မ​ကို​အ​ဘယ် ကြောင့်​သိ​လို​သ​နည်း။ ယင်း​မှာ​အံ့​သြ​ဖွယ် ကောင်း​သည့်​နာ​မ​ဖြစ်​၏'' ဟု​ဆို​၏။\x + \xo 13:18 \xt က၊ ၃၂:၂၉။\x* \p \v 19 သို့​ဖြစ်​၍​မာ​နော်​သည်​ဆိတ်​ငယ်​တစ်​ကောင်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ကျောက်​ယဇ်​ပလ္လင်​ပေါ် တွင်​တင်​ပြီး​လျှင် အံ့​သြ​ဖွယ်​အ​မှု​တို့​ကို​ပြု တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် လေ​၏။- \v 20-21 ယဇ်​ပလ္လင်​မှ​မီးလျှံ​များ​အ​ထက်​သို့​တက်​လျက်​နေ စဉ် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည်​မီး လျှံ​ထဲ​မှ​နေ​၍ ကောင်း​ကင်​ဘုံ​သို့​တက်​သွား​သည် ကို​မာ​နော်​တို့​ဇ​နီး​မောင်​နှံ​တွေ့​မြင်​ရ​ကြ​လေ သည်။ ထို​အ​ခါ​ကျ​မှ​ထို​သူ​သည်​ကောင်း​ကင် တ​မန်​ဖြစ်​ကြောင်း​ကို​မာ​နော်​သိ​ရှိ​ရ​သ​တည်း။ သို့​ဖြစ်​၍​သူ​တို့​ဇ​နီး​မောင်​နှံ​နှစ်​ယောက်​သည် မြေ​ပေါ်​သို့​ပျပ်​ဝပ်​လိုက်​ကြ​၏။ ထို​ကောင်း​ကင် တ​မန်​ကို​မူ​ကား​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ ၌​မျှ​သူ​တို့​မ​တွေ့​မ​မြင်​ရ​ကြ​တော့​ချေ။ \p \v 22 မာ​နော်​က​မိ​မိ​၏​ဇနီး​အား``ငါ​တို့​ဘု​ရား​သ​ခင်​ကို​ဖူး​မြင်​ရ​ကြ​ပြီ​ဖြစ်​၍​အ​မှန် ပင်​သေ​ရ​ကြ​ပေ​တော့​အံ့'' ဟု​ဆို​၏။ \p \v 23 သို့​ရာ​တွင်​ဇ​နီး​ဖြစ်​သူ​က``အ​ကယ်​၍​ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​ကို​သေ​စေ​လို​သည်​ဆို​ပါ​မူ ငါ​တို့​၏​ပူ​ဇော်​သ​ကာ​များ​ကို​လက်​ခံ​တော်​မူ မည်​မ​ဟုတ်။ ဤ​သို့​သော​စ​ကား​တို့​ကို​လည်း​ဤ အ​ချိန်​အ​ခါ​၌​မိန့်​တော်​မူ​မည်​မ​ဟုတ်'' ဟု ပြန်​ပြော​လေ​သည်။ \p \v 24 ထို​အ​မျိုး​သ​မီး​သည်​သား​ယောကျာ်း​ကို ဖွား​မြင်​၍ သူ​ငယ်​အား​ရှံ​ဆုန်​ဟူ​သော​အ​မည် ဖြင့်​မှည့်​၏။ က​လေး​ငယ်​သည်​လည်း​ကြီး​ပြင်း လာ​ရာ​ဘု​ရား​သ​ခင်​သည်​သူ့​အား​ကောင်း ချီး​ပေး​တော်​မူ​၏။- \v 25 သူ​ငယ်​သည်​ဇော​ရာ​မြို့​နှင့်​ရှေ​တော​လ​မြို့ စပ်​ကြား​ဒန်​တပ်​စ​ခန်း​၌​ရှိ​နေ​စဉ် ထာ​ဝ​ရ ဘု​ရား​၏​တန်​ခိုး​တော်​သည်​သူ့​အား​စ​တင် ၍​ခွန်​အား​ကြီး​မား​လာ​စေ​တော်​မူ​သည်။ \c 14 \s1 ရှံ​ဆုန်​နှင့်​တိ​မ​န​မြို့​သူ \p \v 1 တစ်​နေ့​သ​၌​ရှံ​ဆုန်​သည်​တိ​မ​န​မြို့​သို့​ရောက် ရှိ​သွား​ရာ ထို​မြို့​တွင်​ဖိ​လိတ္တိ​အ​မျိုး​သ​မီး က​လေး​တစ်​ဦး​ကို​တွေ့​မြင်​လေ​သည်။- \v 2 သူ​သည်​အိမ်​သို့​ပြန်​ပြီး​လျှင်​မိ​မိ​၏​မိ​ဘ​တို့ အား``တိ​မ​န​မြို့​တွင်​ကျွန်​တော်​သ​ဘော​ကျ သော​မိန်း​က​လေး​တစ်​ယောက်​ရှိ​ပါ​သည်။ သူ နှင့်​ထိမ်း​မြား​လက်​ထပ်​လို​သ​ဖြင့်​သူ့​အား တောင်း​ရမ်း​ပေး​ကြ​ပါ'' ဟု​ပြော​၏။ \p \v 3 သို့​ရာ​တွင်​သူ​၏​မိ​ဘ​တို့​က``သင်​သည်​မိန်း​မ တစ်​ယောက်​ရ​ရှိ​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား​ကို မ​ကိုး​ကွယ်​သော​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ထံ သို့​အ​ဘယ်​ကြောင့်​သွား​ရ​ပါ​မည်​နည်း။ ငါ တို့​အ​မျိုး​သား​အ​ချင်း​ချင်း​အ​ထဲ​မှ​သော် လည်း​ကောင်း၊ ငါ​တို့​သား​ချင်း​စု​ထဲ​မှ​သော် လည်း​ကောင်း​မိန်း​က​လေး​တစ်​ယောက်​ကို ရှာ​၍​မ​ရ​နိုင်​ပါ​သ​လော'' ဟု​ပြန်​၍​မေး ကြ​၏။ \p ရှံ​ဆုန်​က​လည်း​မိ​မိ​၏​ဖ​ခင်​အား``ထို​အ​မျိုး သ​မီး​ကို​သာ​လျှင်​ကျွန်​တော်​၏​အ​တွက်​တောင်း ရမ်း​ပေး​စေ​လို​ပါ​သည်။ သူ့​အား​ကျွန်​တော်​နှစ် သက်​ပါ​သည်'' ဟု​ဆို​၏။ \p \v 4 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဖိ​လိတ္တိ​အ​မျိုး သား​တို့​အား တိုက်​ခိုက်​ရန်​အ​ခွင့်​အ​ခါ​ကို​ရှာ လျက်​ရှိ​သ​ဖြင့် ရှံ​ဆုန်​အား​ဤ​အ​မှု​အ​ရာ​ကို ပြု​စေ​တော်​မူ​လျက်​ရှိ​ကြောင်း​ကို​မူ​သူ​၏ မိ​ဘ​တို့​သည်​မ​သိ​ကြ။ ထို​ကာ​လ​သည်​ကား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​ဝယ် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကြီး​စိုး​လျက်​နေ သော​ကာ​လ​တည်း။ \p \v 5 သို့​ဖြစ်​၍​ရှံ​ဆုန်​သည်​မိ​မိ​၏​မိ​ဘ​တို့​နှင့် အ​တူ​တိ​မ​န​မြို့​သို့​သွား​လေ​သည်။ သူ​တို့ သည်​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ဖြတ်​သန်း​သွား ကြ​စဉ် ခြင်္သေ့​ငယ်​တစ်​ကောင်​ဟောက်​လျက်​နေ သံ​ကို​ရှံ​ဆုန်​ကြား​ရ​၏။- \v 6 ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​သူ့​အား ရုတ်​တ​ရက်​သန်​စွမ်း​၍​လာ​စေ​တော်​မူ​၏။ သို့ ဖြစ်​၍​ရှံ​ဆုန်​သည်​မိ​မိ​၏​လက်​နှစ်​ဘက်​တည်း ဖြင့် ထို​ခြင်္သေ့​အား​ဆိတ်​ငယ်​က​လေး​ကို​ဆွဲ​ဖဲ့ သ​ကဲ့​သို့​ဆွဲ​ဖဲ့​ပစ်​လိုက်​လေ​သည်။ သို့​ရာ​တွင် သူ​သည်​မိ​မိ​ပြု​ခဲ့​သည့်​အ​မှု​ကို​မိ​ဘ​တို့ အား​မ​ပြော​ဘဲ​နေ​၏။ \p \v 7 ထို​နောက်​သူ​သည်​သူ​ငယ်​မ​ထံ​သို့​သွား​၍ တွေ့​ဆုံ​စ​ကား​ပြော​ကြည့်​ရာ​သူ​ငယ်​မ​ကို နှစ်​သက်​သ​ဘော​ကျ​လေ​သည်။- \v 8 ထို​နောက်​ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ရှံ​ဆုန်​သည် ထို​သူ​ငယ်​မ​နှင့်​လက်​ထပ်​ထိမ်း​မြား ရန်​ပြန်​လာ​၏။ ထို​ခ​ရီး​တွင်​သူ​သည်​လမ်း​မ မှ​လွှဲ​ရှောင်​ကာ မိ​မိ​ယ​ခင်​က​သတ်​ခဲ့​သည့် ခြင်္သေ့​ကို​ကြည့်​ရှု​ရန်​သွား​ရာ​ခြင်္သေ့​အ​သေ ကောင်​ထဲ​၌​ပျား​အုံ​နှင့်​ပျား​များ​ကို​တွေ့ ရှိ​ရ​သ​ဖြင့်​အံ့​သြ​၍​သွား​လေ​သည်။- \v 9 သူ​သည်​ပျား​ရည်​အ​နည်း​ငယ်​ကို​လက်​ထဲ သို့​ခြစ်​ယူ​ကာ​ခ​ရီး​ပြု​ရင်း​စား​၏။ မိ​ဘ တို့​ထံ​သို့​ရောက်​သော​အ​ခါ​၌​သူ​တို့​အား လည်း​အ​နည်း​ငယ်​ပေး​၍​စား​စေ​၏။ သို့​ရာ တွင်​ပျား​ရည်​ကို​ခြင်္သေ့​အ​သေ​ကောင်​၏ အ​ထဲ​မှ​ရ​ရှိ​ကြောင်း​ကို​မူ​ရှံ​ဆုန်​သည် သူ​တို့​အား​မ​ပြော​ချေ။ \p \v 10 သူ​၏​ဖ​ခင်​သည်​ချွေး​မ​၏​အိမ်​သို့​တစ်​ဖန် သွား​ရောက်​၏။ ရှံ​ဆုန်​သည်​လူ​ပျို​လူ​ရွယ်​တို့ ဋ္ဌ​လေ့​ထုံး​စံ​ရှိ​သည့်​အ​တိုင်း​စား​သောက် ပွဲ​ကို​ကျင်း​ပ​၏။- \v 11 အ​ရပ်​သား​တို့​သည်​သူ့​ကို​မြင်​လျှင်​လူ​ပျို လူ​ရွယ်​သုံး​ဆယ်​ကို​သူ​နှင့်​အ​တူ​ပွဲ​ခံ​စေ ခြင်း​ငှာ​စေ​လွှတ်​လိုက်​ကြ​၏။- \v 12 ရှံ​ဆုန်​က​သူ​တို့​အား``သင်​တို့​အား​စ​ကား ထာ​ကို​ငါ​ဝှက်​မည်။ သင်​တို့​သည်​မင်္ဂ​လာ​ဆောင် ပွဲ​ရက်​ခု​နစ်​ရက်​မ​လွန်​မီ​ဖော်​နိုင်​လျှင် ခြုံ​ထည် သုံး​ဆယ်​နှင့်​အင်္ကျီ​သုံး​ဆယ်​ကို​ငါ​ပေး​မည်။- \v 13 မ​ဖော်​နိုင်​လျှင်​ငါ့​အား​သင်​တို့​က​ခြုံ​ထည် သုံး​ဆယ်​နှင့်​အင်္ကျီ​သုံး​ဆယ်​ပေး​ကြ​ရ​မည်'' ဟု​ဆို​၏။ \p ``သူ​တို့​က​စ​ကား​ထာ​ကို​ဝှက်​သာ​ဝှက်​ပါ။ ငါ​တို့​နား​ထောင်​ပါ​ရ​စေ'' ဟု​ဆို​ကြ​၏။ \p \v 14 ရှံ​ဆုန်​က၊ \q1 ``စား​သူ့​အ​ထဲ​မှ​စား​စ​ရာ၊သန်​သူ့​အ​ထဲ​မှ​ချို မြိန်​ရာ၊ ထွက်​ပေါ်​လာ​ခဲ့​တာ'' \m ဟု​ဆို​လေ​သည်။ သုံး​ရက်​ကြာ​သော်​လည်း​ထို သူ​တို့​သည်​စ​ကား​ထာ​ကို​မ​ဖော်​နိုင်​ကြ သေး​ပေ။ \p \v 15 လေး​ရက်​မြောက်​သော​နေ့​၌​သူ​တို့​က ရှံ​ဆုန်​၏ ဇ​နီး​အား``သင်​၏​ခင်​ပွန်း​ကို​လှည့်​ဖြား​၍​ထို စ​ကား​ထာ​ကို​ငါ​တို့​သိ​ရှိ​ရ​အောင်​ဖော်​ပြ ခိုင်း​ပါ​လော့။ အ​ကယ်​၍​ဤ​သို့​သင်​မ​ပြု​ပါ မူ​သင်​နှင့်​တ​ကွ​သင့်​ဖ​ခင်​၏​နေ​အိမ်​ကို​ပါ ငါ​တို့​မီး​ရှို့​ဖျက်​ဆီး​ပစ်​မည်။ သင်​တို့​ဇ​နီး မောင်​နှံ​နှစ်​ယောက်​သည် ငါ​တို့​၏​ပစ္စည်း​ဥစ္စာ ကို​လု​ယူ​လို​၍​ငါ​တို့​အား​ဖိတ်​ခေါ်​ခဲ့ သည်​မ​ဟုတ်​လော'' ဟု​ကြိမ်း​မောင်း​ကြ​၏။ \p \v 16 ထို့​ကြောင့်​ရှံ​ဆုန်​၏​ဇ​နီး​သည်​မျက်​ရည်​စက် လက်​နှင့်​သူ့​ထံ​သို့​သွား​၍``သင်​သည်​ကျွန်​မ ကို​ချစ်​သူ​မ​ဟုတ်။ မုန်း​သူ​သာ​ဖြစ်​သည်။ ကျွန်​မ အား​မ​ဖော်​ပြ​ဘဲ​ကျွန်​မ​၏​မိတ်​ဆွေ​များ​အား စ​ကား​ထာ​ဝှက်​ထား​လေ​ပြီ'' ဟု​ဆို​လေ​သည်။ \p ရှံ​ဆုန်​က​လည်း``ငါ​သည်​မိ​ဘ​တို့​ကို​ပင်​မ ဖော်​ပြ​ဘဲ သင့်​အား​ဖော်​ပြ​ရ​မည်​လော'' ဟု ပြန်​ပြော​၏။- \v 17 ထို​အ​မျိုး​သ​မီး​သည်​ဤ​အ​မှု​နှင့်​ပတ်​သက်​၍ ပွဲ​ရက်​ခု​နစ်​ရက်​စ​လုံး​ပင်​ငို​ကြွေး​လျက်​နေ​၏။ သို့​ရာ​တွင်​ခု​နစ်​ရက်​မြောက်​သော​နေ့​၌​သူ သည်​အ​လွန်​ပူ​ဆာ​သ​ဖြင့် ရှံ​ဆုန်​သည်​သူ့​အား စ​ကား​ထာ​ကို​ဖော်​ပြ​လိုက်​တော့​၏။ ထို​အ​ခါ သူ​သည်​လည်း​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား ပြော​ပြ​လိုက်​လေ​သည်။- \v 18 သို့​ဖြစ်​၍​ခု​နစ်​ရက်​မြောက်​သော​နေ့​၌​အိပ် ခန်း​အ​တွင်း​သို့ ရှံ​ဆုန်​မ​ဝင်​မီ​ထို​မြို့​သား တို့​က၊ \q1 ``ပျား​ရည်​ထက်​ချို​မြိန်​သော​အ​ရာ၊ ခြင်္သေ့​ထက်​သန်​စွမ်း​သော​သူ​ရှိ​နိုင်​ပါ​သ​လော'' \m ဟု​ဆို​ကြ​၏။ ရှံ​ဆုန်​က​လည်း \q1 ``အ​ကယ်​၍​သင်​တို့​သည်​ငါ​၏​နွား​မ​နှင့် မ​ထွန်​မ​ယက်​ရ​လျှင် \q2 ငါ့​စ​ကား​ထာ​ကို​ဖော်​ပြ​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်'' \m ဟု​ပြန်​ပြော​လေ​သည်။ \p \v 19 ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​ရှံ​ဆုန် အား ရုတ်​တ​ရက်​သန်​စွမ်း​၍​လာ​စေ​တော်​မူ သ​ဖြင့် သူ​သည်​အာ​ရှ​ကေ​လုန်​မြို့​သို့​သွား ပြီး​လျှင်​လူ​သုံး​ဆယ်​ကို​သတ်​၍ ဝတ်​ကောင်း စား​လှ​များ​ကို​ချွတ်​ယူ​ကာ​စ​ကား​ထာ ကို​ဖော်​ပြ​သော​သူ​တို့​အား​ပေး​အပ်​လိုက်​၏။ ထို​နောက်​သူ​သည်​အ​မျက်​ထွက်​၍​မိ​မိ​အိမ် သို့​ပြန်​သွား​လေ​သည်။- \v 20 သူ​၏​ဇ​နီး​ကို​မင်္ဂ​လာ​ဆောင်​ပွဲ​တွင်​ရှံ​ဆုန် ၏​လူ​ပျို​ရံ​ဖြစ်​သူ​နှင့်​ပေး​စား​လိုက်​ကြ​၏။ \c 15 \p \v 1 ကာ​လ​အ​နည်း​ငယ်​ကြာ​၍​ဂျုံ​စ​ပါး​များ ရိတ်​သိမ်း​ချိန်​ရောက်​သော​အ​ခါ ရှံ​ဆုန်​သည် ဆိတ်​ငယ်​တစ်​ကောင်​ကို​ယူ​၍​မိ​မိ​ဇနီး​ထံ​သို့ အ​လည်​သွား​လေ​သည်။ သူ​သည်​သူ​ငယ်​မ​၏ ဖခင်​အား``အ​ကျွန်ုပ်​သည်​ဇနီး​၏​အိပ်​ခန်း​သို့ ဝင်​လို​ပါ​သည်'' ဟု​ပြော​၏။ \p သို့​ရာ​တွင်​ဖ​ခင်​ဖြစ်​သူ​က​ဝင်​ခွင့်​မ​ပေး​ချေ။- \v 2 သူ​သည်​ရှံ​ဆုန်​အား``သင်​သည်​သင်​၏​ဇနီး​အား မုန်း​လေ​ပြီ​ဟု​အ​ကယ်​ပင်​ငါ​ထင်​မှတ်​သ​ဖြင့် သူ့​အား​သင်​၏​မိတ်​ဆွေ​နှင့်​ပေး​စား​လိုက်​ပါ သည်။ သို့​ရာ​တွင်​သူ​၏​ညီ​မ​သည်​သူ့​ထက်​ပင် ပို​၍​လှ​ပါ​၏။ သူ့​အ​စား​ထို​သူ​ငယ်​မ​ကို သင်​ယူ​နိုင်​ပါ​သည်'' ဟု​ဆို​လေ​သည်။ \p \v 3 ရှံ​ဆုန်​က​လည်း``ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား ဤ​တစ်​ကြိမ်​ငါ​ပြု​သည့်​အ​မှု​အ​တွက်​ငါ ၌​တာ​ဝန်​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၍၊- \v 4 ထွက်​သွား​ပြီး​လျှင်​မြေ​ခွေး​သုံးရာ​ကို​ဖမ်း ဆီး​၍ နှစ်​ကောင်​တစ်​တွဲ​အမြီး​ချင်း​ဆက်​ကာ အ​မြီး​ထုံး​ကြား​ထဲ​တွင်​မီး​တုတ်​ကို​ချည် ၏။- \v 5 ထို​နောက်​မီး​တုတ်​ကို​မီး​ညှိ​၍ ဖိ​လိတ္တိ​လယ် များ​ထဲ​သို့​မြေ​ခွေး​တို့​ကို​လွှတ်​လိုက်​လေ သည်။ ဤ​နည်း​အား​ဖြင့်​သူ​သည်​ရိတ်​သိမ်း ပြီး​ဂျုံ​စပါး​တို့​ကို​သာ​မ​က​မ​ရိတ်​သိမ်း ရ​သေး​သည့်​ဂျုံ​ပင်​များ​ကို​ပါ​မီး​သင့် လောင်​ကျွမ်း​သွား​စေ​၏။ သံ​လွင်​ဥ​ယျာဉ် တို့​သည်​လည်း​မီး​လောင်​ကျွမ်း​ကုန်​၏။- \v 6 ဤ​အ​မှု​ကို​မည်​သူ​ပြု​သည်​ကို​ဖိ​လိတ္တိ အ​မျိုး​သား​တို့​စုံ​စမ်း​မေး​မြန်း​ကြ​သော အ​ခါ တိ​မ​န​မြို့​မှ​သူ​၏​ယောက္ခ​မ​သည် ရှံ​ဆုန်​၏​ဇနီး​အား​ရှံ​ဆုန်​၏​မိတ်​ဆွေ​တစ်​ဦး နှင့်​ပေး​စား​လိုက်​သော​ကြောင့် ရှံ​ဆုန်​ဤ​ကဲ့​သို့ ပြု​သည်​ကို​သိ​ရှိ​ကြ​ရ​၏။ ထို့​ကြောင့်​သူ​တို့ သည်​ထို​အ​မျိုး​သ​မီး​နှင့်​သူ​၏​ဖ​ခင်​၏ အိမ်​ကို​မီး​ရှို့​ကြ​လေ​သည်။ \p \v 7 ရှံ​ဆုန်​က​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား``သင် တို့​သည်​ဤ​သို့​ပြု​ကြ​သည်​ဆို​လျှင် ငါ​သည် လည်း​သင်​တို့​အား​လက်​စား​မ​ချေ​ရ​မ​ချင်း နား​နေ​လိမ့်​မည်​မ​ဟုတ်​ကြောင်း​ငါ​ကျိန်​ဆို ၏'' ဟု​ဆို​၍၊- \v 8 သူ​တို့​အား​ပြင်း​ထန်​စွာ​တိုက်​ခိုက်​လေ​၏။ သူ သည်​လူ​အ​မြောက်​အ​မြား​ကို​သတ်​ဖြတ်​ပြီး နောက် ဧ​တံ​ကျောက်​ဆောင်​အ​တွင်း​ရှိ​ဂူ​၌ သွား​ရောက်​နေ​ထိုင်​လေ​သည်။ \s1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​ရှံ​ဆုန်​နှိမ်​နင်း​ခြင်း \p \v 9 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ယု​ဒ​ပြည်​သို့ လာ​၍​စ​ခန်း​ချ​ကာ​လေ​ဟိ​မြို့​ကို​တိုက်​ခိုက် ကြ​၏။- \v 10 ယု​ဒ​ပြည်​သူ​တို့​က``သင်​တို့​သည်​အ​ဘယ် ကြောင့်​ငါ​တို့​အား​တိုက်​ခိုက်​ကြ​ပါ​သ​နည်း'' ဟု​မေး​လျှင်​သူ​တို့​က``ငါ​တို့​သည်​ရှံ​ဆုန်​ကို ဖမ်း​ဆီး​၍ ငါ​တို့​အား​သူ​ပြု​သ​ကဲ့​သို့​သူ့ အား​ပြု​ရန်​လာ​ရောက်​ကြ​ခြင်း​ဖြစ်​သည်'' ဟု​ပြန်​လည်​ပြော​ကြား​ကြ​၏။- \v 11 ထို​အ​ခါ​ယု​ဒ​ပြည်​သား​လူ​သုံး​ထောင်​တို့​သည် ရှံ​ဆုန်​နေ​သော​ဧ​တံ​ကျောက်​ဂူ​သို့​သွား​၍​သူ့ အား``ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ငါ​တို့​အား အ​စိုး​ရ​သူ​များ​ဖြစ်​သည်​ကို​သင်​မ​သိ​ပါ သ​လော။ အ​ဘယ်​သို့​အ​မှု​ကို​ငါ​တို့​အား​သင် ပြု​ခဲ့​ပါ​ပြီ​နည်း'' ဟု​မေး​ကြ​၏။ \p သူ​က​လည်း``ငါ​သည်​သူ​တို့​ငါ့​အား​ပြု​သည် အ​တိုင်း​သာ​လျှင် သူ​တို့​အား​ပြု​ခဲ့​ပါ​၏'' ဟု ဖြေ​ကြား​လေ​သည်။ \p \v 12 သူ​တို့​သည်​ရှံဆုန်​အား``ငါ​တို့​လာ​ရောက်​ကြ ခြင်း​မှာ​သင့်​ကို​ချည်​နှောင်​၍ ထို​သူ​တို့​၏​လက် သို့​အပ်​နှံ​ရန်​ဖြစ်​ပါ​သည်'' ဟု​ဆို​ကြ​၏။ \p ရှံ​ဆုန်​က​လည်း``သင်​တို့​ကိုယ်​တိုင်​ငါ့​အား မသတ်​ပါ​ဟု​က​တိ​ပြု​ပါ​လော့'' ဟု​ဆို​၏။ \p \v 13 ``ကောင်း​ပြီ။ ငါ​တို့​သည်​သင့်​ကို​ချည်​နှောင်​၍ ထို​သူ​တို့​၏​လက်​သို့​အပ်​နှံ​ပါ​အံ့။ သင့်​အား ငါ​တို့​သတ်​မည်​မ​ဟုတ်​ပါ'' ဟု​က​တိ​ပြု ကြ​၏။ ဤ​သို့​လျှင်​သူ​တို့​သည်​သူ့​အား​ကြိုး သစ်​နှစ်​ချောင်း​ဖြင့်​ချည်​နှောင်​ပြီး​လျှင်​ကျောက် ဆောင်​မှ​ပြန်​လည်​ခေါ်​ဆောင်​လာ​ကြ​၏။ \p \v 14 လေ​ဟိ​အ​ရပ်​သို့​ရောက်​သော​အ​ခါ ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည်​အော်​ဟစ်​ကာ​ရှံ​ဆုန် ထံ​သို့​ပြေး​၍​လာ​ကြ​၏။ ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော်​သည်​ရှံ​ဆုန်​အား​ရုတ်​တ​ရက် သန်​စွမ်း​လာ​စေ​တော်​မူ​သ​ဖြင့် သူ​သည်​မိ​မိ ၏​လက်​များ​ကို​ချည်​နှောင်​ထား​သော​ကြိုး တို့​ကို​မီး​ကျွမ်း​သည့်​အပ်​ချည်​မျှင်​ပ​မာ ပြတ်​စေ​၏။- \v 15 ထို​နောက်​သူ​သည်​မ​ကြာ​မီ​က​သေ​သွား​သည့် မြည်း​တစ်​ကောင်​၏​မေး​ရိုး​တစ်​ချောင်း​ကို​တွေ့ ရှိ​သ​ဖြင့်​ကောက်​ယူ​ပြီး​လျှင် ထို​မေး​ရိုး​ဖြင့် လူ​တစ်​ထောင်​မျှ​ကို​တိုက်​ခိုက်​သတ်​ဖြတ်​ပစ် လိုက်​လေ​သည်။ \p \v 16 သို့​ဖြစ်​၍​ရှံ​ဆုန်​က၊ \q1 ``မြည်း​မေး​ရိုး​ဖြင့်​လူ​တစ်​ထောင်​ကို​ငါ​သတ်​ပြီ။ \q2 မြည်း​မေး​ရိုး​ဖြင့်​အ​လောင်း​တွေ​အ​ပုံ​ပုံ​ဖြစ်​စေ​ပြီ'' ဟူ​၍​သီ​ဆို​လေ​၏။ \p \v 17 ထို​နောက်​သူ​သည်​မြည်း​မေး​ရိုး​ကို​လွှင့်​ပစ်​လိုက် သည်။ ဤ​အ​မှု​အ​ရာ​ဖြစ်​ပျက်​သည့်​အ​ရပ်​ကို ရာ​မတ်​လေ​ဟိ​ဟူ​၍​ခေါ်​ဝေါ်​ကြ​သ​တည်း။ \p \v 18 ထို​နောက်​ရှံ​ဆုန်​သည်​အ​လွန်​ရေ​ငတ်​၍​လာ​သ ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့``ဤ​အောင်​ပွဲ​ကြီး ကို​အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​တော်​မူ​ခဲ့​ပါ ပြီ။ ယ​ခု​အ​ကျွန်ုပ်​သည်​ရေ​ငတ်​၍​သေ​ရ​ပါ တော့​မည်​လော။ ဘု​ရား​မဲ့​သူ​ဤ​ဖိ​လိတ္တိ​အ​မျိုး သား​တို့​၏​လက်​တွင်​အ​ဖမ်း​ခံ​ရ​ပါ​တော့​မည် လော'' ဟု​ဆု​တောင်း​၏။- \v 19 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ဟိ​အ​ရပ် မြေ​ချိုင့်​တစ်​နေ​ရာ​တွင် စမ်း​ပေါက်​စေ​တော်​မူ သ​ဖြင့်​ရေ​ထွက်​လာ​၏။ ရှံ​ဆုန်​သည်​ထို​ရေ​ကို သောက်​ရ​၍​လန်း​ဆန်း​လာ​လေ​သည်။ သို့​ဖြစ် ၍​ထို​စမ်း​ပေါက်​ကို​အ​ဟက္ကော​ရ​ဟု​ခေါ်​ဝေါ် ၍​ယ​နေ့​တိုင်​အောင်​လေ​ဟိ​အ​ရပ်​၌​ရှိ​သ တည်း။- \v 20 ရှံ​ဆုန်​သည်​လည်း​ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ကြီး​စိုး​နေ​ချိန်​၌ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​အ​နှစ်​နှစ်​ဆယ်​တိုင်​တိုင်​ခေါင်း ဆောင်​ခဲ့​လေ​သည်။ \c 16 \s1 ဂါ​ဇ​မြို့​သို့​ရှံ​ဆုန်​ရောက်​ရှိ​ခြင်း \p \v 1 တစ်​နေ့​သ​၌​ရှံ​ဆုန်​သည် ဖိ​လိတ္တိ​အ​မျိုး​သား တို့​နေ​ထိုင်​ရာ​ဂါ​ဇ​မြို့​သို့​သွား​ရောက်​၏။ ထို မြို့​တွင်​ပြည့်​တန်​ဆာ​မ​တစ်​ဦး​ကို​တွေ့​၍​သူ နှင့်​အိပ်​စက်​လေ​သည်။- \v 2 ဂါ​ဇ​မြို့​သား​တို့​သည်​ရှံ​ဆုန်​ရောက်​ရှိ​နေ​ကြောင်း ကို​ကြား​သိ​ကြ​သ​ဖြင့် ထို​အိမ်​ကို​ဝိုင်း​ရံ​ထား ပြီး​လျှင်​တစ်​ည​လုံး​မြို့​တံ​ခါး​ဝ​မှ​စောင့်​နေ ကြ​၏။ ``ငါ​တို့​သည်​သူ့​အား​မိုး​လင်း​သည်​တိုင် အောင်​စောင့်​ဆိုင်း​ပြီး​မှ​သတ်​ပစ်​မည်'' ဟု​ကြံ စည်​ကာ​ဆိတ်​ငြိမ်​စွာ​နေ​ကြ​၏။- \v 3 သို့​ရာ​တွင်​ရှံ​ဆုန်​သည်​သန်း​ခေါင်​တိုင်​အောင် သာ​အိပ်​ပြီး​နောက်​ထ​၍​တံ​ခါး​ရွက်၊ တံ​ခါး တိုင်၊ ကန့်​လန့်​ကျင်​နှင့်​တ​ကွ​မြို့​တံ​ခါး​ကို ဆွဲ​နုတ်​ပြီး​လျှင်​ပ​ခုံး​ပေါ်​မှာ​ထမ်း​၍ ဟေ​ဗြုန် မြို့​အ​နီး​တောင်​ထိပ်​ပေါ်​သို့​ယူ​ဆောင်​သွား လေ​သည်။ \s1 ရှံ​ဆုန်​နှင့်​ဒေ​လိ​လ \p \v 4 ထို​နောက်​ရှံ​ဆုန်​သည်​စော​ရက်​ချိုင့်​တွင် နေ​ထိုင် သော​ဒေ​လိ​လ​အ​မည်​ရှိ​သော​အ​မျိုး​သ​မီး ကို​ချစ်​ကြိုက်​ပြန်​၏။- \v 5 ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​ဒေ​လိ​လ​ထံ သို့​လာ​၍``ရှံ​ဆုန်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ ခွန်​အား​ကြီး​ရ​ကြောင်း​ကို​လည်း​ကောင်း၊ သူ့ အား​အ​ဘယ်​သို့​နှိမ်​နင်း​၍​ချည်​နှောင်​ထား နိုင်​ကြောင်း​ကို​လည်း​ကောင်း​သိ​ရှိ​ရန်​သူ့​အား ဖြား​ယောင်း​၍​မေး​ပါ။ ငါ​တို့​တစ်​ယောက်​လျှင် ငွေ​တစ်​ဆယ့်​တစ်​ပိ​ဿာ​စီ​ပေး​ပါ​မည်'' ဟု​ပြော​၏။ \p \v 6 သို့​ဖြစ်​၍​ဒေ​လိ​လ​သည်​ရှံ​ဆုန်​အား``သင်​သည် ဤ​မျှ​ခွန်​အား​ကြီး​ရ​ခြင်း​မှာ​အ​ဘယ်​ကြောင့် နည်း။ သင့်​အား​အ​ဘယ်​နည်း​ဖြင့်​ချည်​နှောင်​၍ အနိုင်​ရ​နိုင်​ပါ​မည်​နည်း'' ဟု​မေး​၏။ \p \v 7 ရှံ​ဆုန်​က``မ​ခြောက်​သေး​သော​လေး​ကြိုး​အ​သစ် ခု​နစ်​ပင်​ဖြင့်​ငါ့​ကို​ချည်​နှောင်​ထား​မည်​ဆို လျှင် ငါ​သည်​အ​ခြား​သူ​များ​နည်း​တူ​အား လျော့​လိမ့်​မည်'' ဟု​ဆို​၏။ \p \v 8 သို့​ဖြစ်​၍​ဖိ​လိတ္တိ​ဘု​ရင်​တို့​သည်​မ​ခြောက်​သေး သော​လေး​ကြိုး​အ​သစ်​ခု​နစ်​ပင်​ကို​ဒေ​လိ​လ အား​ပေး​သ​ဖြင့် ဒေ​လိ​လ​သည်​ရှံ​ဆုန်​အား ချည်​နှောင်​ထား​လိုက်​လေ​သည်။- \v 9 သူ​မ​သည်​အ​ခြား​အ​ခန်း​တစ်​ခု​ထဲ​၌​လူ အ​ချို့​ကို​စောင့်​၍​နေ​စေ​ပြီး​လျှင်``ရှံ​ဆုန်၊ ဖိ​လိတ္တိ အ​မျိုး​သား​တို့​လာ​နေ​ကြ​ပြီ'' ဟု​ဟစ်​အော်​၏။ သို့​ရာ​တွင်​ရှံ​ဆုန်​သည်​ထို​လေး​ကြိုး​တို့​ကို​မီး ထိ​သည့်​ချည်​မျှင်​သ​ဖွယ်​ဖြတ်​တောက်​ပစ်​လိုက် လေ​သည်။ သို့​ဖြစ်​၍​သူ​တို့​သည်​သူ​ခွန်​အား ကြီး​ရ​ခြင်း​၏​လျှို့​ဝှက်​ချက်​ကို​မ​သိ​နိုင် ကြ​သေး​ပေ။ \p \v 10 ဒေ​လိ​လ​က​ရှံ​ဆုန်​အား``သင်​သည်​ကျွန်​မ အား​မှန်​ရာ​ကို​မ​ပြော​ဘဲ​အ​ရူး​လုပ်​လေ ပြီ။ သင့်​အား​အ​ဘယ်​သို့​ချည်​နှောင်​ထား​နိုင် မည်​ကို​ကျွန်​မ​အား​ကျေး​ဇူး​ပြု​၍​ပြော​ပြ ပါ'' ဟု​ဖြား​ယောင်း​ပြော​ဆို​၏။ \p \v 11 သူ​က​လည်း``ငါ့​အား​တစ်​ကြိမ်​တစ်​ခါ​မျှ အ​သုံး​မ​ပြု​ရ​သေး​သည့်​ကြိုး​သစ်​များ​ဖြင့် ချည်​နှောင်​မည်​ဆို​လျှင် ငါ​သည်​အ​ခြား​သူ များ​ကဲ့​သို့​ပင်​အား​လျော့​ပေ​အံ့'' ဟု​ပြန် ပြော​၏။ \p \v 12 သို့​ဖြစ်​၍​ဒေ​လိ​လ​သည်​ကြိုး​သစ်​ကို​ယူ ပြီး​လျှင် သူ့​အား​ချည်​နှောင်​လေ​သည်။ ထို နောက်``ရှံ​ဆုန်၊ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လာ​နေ ကြ​ပြီ'' ဟု​ဟစ်​အော်​၏။ လူ​တို့​သည်​အ​ခန်း တစ်​ခု​ထဲ​တွင်​စောင့်​နေ​ကြ​၏။ သို့​ရာ​တွင် ရှံ​ဆုန်​သည်​မိ​မိ​လက်​များ​မှ​ကြိုး​တို့​ကို ချည်​မျှင်​သ​ဖွယ်​ဖြတ်​တောက်​လိုက်​လေ​သည်။ \p \v 13 ဒေ​လိ​လ​က​ရှံ​ဆုန်​အား``သင်​သည်​ကျွန်​မ​အား မှန်​ရာ​ကို​မ​ပြော​ဘဲ​အ​ရူး​လုပ်​လျက်​ပင်​ရှိ​နေ ပါ​သေး​၏။ သင့်​အား​အ​ဘယ်​သို့​ချည်​နှောင်​ထား ရ​မည်​ကို​ကျွန်​မ​အား​ပြော​ပါ​လော့'' ဟု​ဖြား ယောင်း​ပြော​ဆို​ပြန်​၏။ \p ရှံ​ဆုန်​က``ငါ​၏​ဆံ​ပင်​ခု​နစ်​စု​ကို​ယက်​ကန်း စင်​ထဲ​သို့​ယက်​သွင်း​ကာ သပ်​နှင့်​ရိုက်​၍​ထား မည်​ဆို​လျှင်​ငါ​သည်​အ​ခြား​သူ​များ​နည်း တူ​အား​လျော့​လိမ့်​မည်'' ဟု​ပြော​၏။ \p \v 14 ထို​အ​ခါ​ဒေ​လိ​လ​သည်​သူ့​အား​ချော့​၍ သိပ်​ပြီး​လျှင် သူ​၏​ဆံ​ပင်​ခု​နစ်​စု​ကို​ယူ​၍ ရက်​ကန်း​စင်​ထဲ​သို့​ရက်​သွင်း​ကာ​သပ်​ရိုက် ထား​လိုက်​၏။ ထို​နောက်``ရှံ​ဆုန်၊ ဖိ​လိတ္တိ​အ​မျိုး သား​တို့​လာ​နေ​ကြ​ပြီ'' ဟု​ဟစ်​အော်​လေ​သည်။ သို့​ရာ​တွင်​ရှံ​ဆုန်​သည်​နိုး​ထ​ပြီး​လျှင် မိ​မိ ၏​ဆံ​ပင်​ကို​ယက်​ကန်း​စင်​မှ​ဆွဲ​ထုတ်​လိုက် ၏။ \p \v 15 သို့​ဖြစ်​၍​ဒေ​လိ​လ​က​သူ​အား``သင်​သည် ကျွန်​မ​ကို​တ​ကယ်​မ​ချစ်​ဘဲ​နှင့်​ချစ်​ပါ​သည် ဟု အ​ဘယ်​သို့​ပြော​နိုင်​ပါ​သ​နည်း။ ကျွန်​မ အား​သင်​အ​ရူး​လုပ်​ခဲ့​သည်​မှာ​သုံး​ကြိမ်​တိုင် တိုင်​ရှိ​လေ​ပြီ။ သင်​သည်​ယ​ခု​တိုင်​အောင်​ပင် မိ​မိ​အ​ဘယ်​ကြောင့်​သန်​စွမ်း​ရ​ကြောင်း​ကို ကျွန်​မ​အား​ပြော​မ​ပြ​သေး​ပါ​တ​ကား'' ဟု​ဆို​၏။- \v 16-17 ဤ​သို့​လျှင်​သူ​သည်​ဆက်​လက်​၍​တစ်​နေ့​ပြီး တစ်​နေ့​မေး​မြန်း​လျက်​နေ​ရ​ကား ရှံ​ဆုန်​သည် ဒေ​လိ​လ​၏​ပူ​ဆာ​မှု​ကို​လွန်​စွာ​ငြီး​ငွေ့​လာ ပြီး​လျှင်​နောက်​ဆုံး​၌``ငါ​၏​ဆံ​ပင်​သည်​တစ် ကြိမ်​တစ်​ခါ​မျှ​မ​ရိတ်​မ​ဖြတ်​ရ​သေး။ ငါ သည်​လည်း​မွေး​စ​က​ပင်​လျှင်​နာ​ဇ​ရိ​ဂိုဏ်း ဝင်​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​အား​ဆက်​ကပ် ထား​သူ​ဖြစ်​သည်။ အ​ကယ်​၍​ငါ​၏​ဆံပင်​ကို ရိတ်​ဖြတ်​လိုက်​သည်​ရှိ​သော်​ငါ​သည်​ခွန်​အား ဆုတ်​ယုတ်​၍​သူ​တစ်​ပါး​နည်း​တူ​အား​နည်း ပေ​အံ့'' ဟု​အ​မှန်​အ​တိုင်း​ထုတ်​ဖော်​ပြော ဆို​လိုက်​တော့​၏။ \p \v 18 ယင်း​သို့​အ​မှန်​အ​တိုင်း​ပြော​ဆို​သည်​ကို ဒေ​လိ​လ​သိ​သော​အ​ခါ သူ​သည်​ဖိ​လိတ္တိ ဘု​ရင်​တို့​ထံ​သို့​လူ​လွှတ်​၍``ဤ​တစ်​ကြိမ် ပြန်​လာ​ခဲ့​ကြ​ပါ။ ကျွန်​မ​သည်​ရှံ​ဆုန်​ထံ မှ​မှန်​ရာ​ကို​သိ​ရှိ​ရ​ပါ​ပြီ'' ဟု​ပြော​ကြား လိုက်​၏။ ထို​သူ​တို့​သည်​လည်း​ငွေ​များ ကို​ယူ​၍​လာ​ကြ​၏။- \v 19 ဒေ​လိ​လ​သည်​ရှံ​ဆုန်​အား​မိ​မိ​၏​ပေါင်​ပေါ် တွင်​ချော့​၍​သိပ်​ပြီး​မှ လူ​တစ်​ယောက်​ကို​ခေါ် ၍​ရှံ​ဆုန်​၏​ဆံ​ပင်​ခု​နစ်​စု​ကို​ရိတ်​ဖြတ်​စေ​၏။ ရှံ​ဆုန်​၌​ခွန်​အား​ပျောက်​ကွယ်​သွား​ပြီ​ဖြစ်​၍ ဒေ​လိ​လ​သည်​သူ့​အား​စ​တင်​ညှင်း​ပန်း​လေ တော့​သည်။- \v 20 သူ​သည်``ရှံ​ဆုန်၊ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လာ နေ​ကြ​ပြီ'' ဟု​ဟစ်​အော်​၏။ ထို​အ​ခါ​ရှံ​ဆုန် သည်​အိပ်​ရာ​မှ​နိုး​ထ​၍​ယ​ခု​တစ်​ကြိမ်​လည်း ခါ​တိုင်း​ကဲ့​သို့​ပင် မိ​မိ​လွတ်​မြောက်​နိုင်​လိမ့် မည်​ဟု​ထင်​မှတ်​၏။ မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား စွန့်​ခွာ​သွား​တော်​မူ​ပြီ​ဖြစ်​ကြောင်း​ကို​မူ​သူ မ​သိ။- \v 21 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​လည်း​သူ့​အား ဖမ်း​ဆီး​ကာ​သူ​၏​မျက်​စိ​ကို​ဖောက်​ပြီး နောက် သူ့​အား​ဂါ​ဇ​မြို့​သို့​ခေါ်​ဆောင်​၍ ကြေး​ဝါ​ကြိုး​များ​ဖြင့်​ချည်​နှောင်​ပြီး​လျှင် ထောင်​ထဲ​၌​ကြိတ်​ဆုံ​ကျောက်​ကို​လှည့်​စေ ကြ​၏။- \v 22 သို့​ရာ​တွင်​သူ​၏​ဆံပင်​သည်​ပြန်​၍​ရှည်​စ ပြု​လာ​လေ​သည်။ \s1 ရှံ​ဆုန်​သေ​ဆုံး​ခြင်း \p \v 23 ဖိ​လိတ္တိ​ဘုရင်​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား​ဒါ​ဂုန် အား ယဇ်​ပူ​ဇော်​ရန်​နှင့်​အောင်​ပွဲ​ခံ​ရန်​အ​တွက် စု​ဝေး​ကြ​၏။ သူ​တို့​က``ငါ​တို့​၏​ဘု​ရား​သည် ငါ​တို့​အား​မိ​မိ​တို့​ရန်​သူ​ရှံ​ဆုန်​၏​အ​ပေါ် ၌​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပြီ'' ဟု​သီ​ဆို​ကြ​၏။- \v 24-25 သူ​တို့​သည်​အ​လွန်​ပျော်​ရွှင်​လျက်``ရှံ​ဆုန်​ကို​ခေါ် ခဲ့​ကြ။ သူ့​အား​ငါ​တို့​ကို​ဖျော်​ဖြေ​စေ​မည်'' ဟု​ဆို ကြ​၏။ သူ​တို့​သည်​ရှံ​ဆုန်​ကို​ထောင်​ထဲ​မှ​ခေါ်​ဆောင် ၍ မိ​မိ​တို့​အား​ဖျော်​ဖြေ​စေ​၏။ မဏ္ဍပ်​တိုင်​မ​ကြီး အ​ကြား​တွင်​ရပ်​စေ​၏။ လူ​တို့​သည်​သူ့​ကို​မြင် လေ​လျှင်``ငါ​တို့​၏​ဘု​ရား​သည်​ငါ​တို့​ပြည်​ကို ယို​ယွင်း​ပျက်​စီး​စေ​၍ ငါ​တို့​လူ​အ​မြောက် အ​မြား​ကို​သတ်​ဖြတ်​ခဲ့​သော​ရန်​သူ​၏​အ​ပေါ် ၌​ငါ​တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပြီ'' ဟု မိ​မိ​တို့​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​ကို​ချီး​မွမ်း​၏။- \v 26 ရှံ​ဆုန်​သည်​မိ​မိ​အား​လက်​ဆွဲ​၍​ခေါ်​ယူ​လာ သော​သူ​ငယ်​အား``မဏ္ဍပ်​တိုင်​မ​ကြီး​တို့​ကို​ငါ့ အား​ကိုင်​ခွင့်​ပြု​ပါ။ ယင်း​တို့​ကို​ငါ​မှီ​၍​နေ လို​ပါ​သည်'' ဟု​ပြော​၏။- \v 27 ထို​မဏ္ဍပ်​သည်​အ​မျိုး​သား​အ​မျိုး​သ​မီး​များ နှင့်​ပြည့်​လျှံ​လျက်​ရှိ​၏။ ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး တို့​သည်​လည်း​ထို​မဏ္ဍပ်​တွင်​ရှိ​ကြ​၏။ အ​မျိုး သား​အ​မျိုး​သ​မီး​စု​စု​ပေါင်း​သုံး​ထောင်​ခန့် သည် မဏ္ဍပ်​အ​မိုး​ပေါ်​မှ​ရှံ​ဆုန်​ဖျော်​ဖြေ​နေ သည်​ကို​ကြည့်​ရှု​လျက်​ရှိ​ကြ​၏။ \p \v 28 ထို​အ​ခါ​ရှံ​ဆုန်​က``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​၏​မျက်​စိ​နှစ်​လုံး​ကို ဖောက်​ပစ်​သည့်​အ​တွက် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ အား​တစ်​ချက်​တည်း​ဖြင့်​လက်​စား​ချေ​နိုင်​ရန် အ​ကျွန်ုပ်​အား​ဤ​တစ်​ကြိမ်​သာ​လျှင်​ခွန်​အား ကို​ပြန်​လည်​ရ​ရှိ​စေ​တော်​မူ​ပါ'' ဟု​ဆု တောင်း​ပတ္ထ​နာ​ပြု​လေ​သည်။- \v 29 ထို​နောက်​သူ​သည်​မဏ္ဍပ်​ဗ​ဟို​တိုင်​မ​ကြီး​နှစ်​ခု ကို လက်​တစ်​ဘက်​စီ​ဖြင့်​ကိုင်​၍​တွန်း​ပြီး​လျှင်၊- \v 30 ``အ​ကျွန်ုပ်​အား​ဖိ​လိတ္တိ​လူ​တို့​နှင့်​အ​တူ​သေ​ခွင့် ပြု​တော်​မူ​ပါ'' ဟု​ဟစ်​အော်​၏။ သူ​သည်​အ​စွမ်း​ကုန် တွန်း​လိုက်​ရာ​မဏ္ဍပ်​သည် ဘု​ရင်​ငါး​ပါး​နှင့်​တ​ကွ ရှိ​သ​မျှ​သော​လူ​တို့​အ​ပေါ်​သို့​ပြို​ကျ​လေ​သည်။ ရှံ​ဆုန်​သည်​သေ​ဆဲ​အ​ချိန်​၌​သတ်​ခဲ့​သည့်​လူ ဦး​ရေ​မှာ​အ​သက်​ရှင်​စဉ်​အ​ခါ​က​သတ်​ခဲ့ သည့်​လူ​ဦး​ရေ​ထက်​ပို​၍​များ​ပြား​၏။ \p \v 31 ရှံ​ဆုန်​၏​ညီ​များ​နှင့်​အ​ခြား​အိမ်​ထောင်​စု သား​တို့​သည် လာ​ရောက်​၍​သူ​၏​ရုပ်​အ​လောင်း ကို​ယူ​ပြီး​လျှင် ဇော​ရာ​မြို့​နှင့်​ဧ​ရှ​တော​လ မြို့​စပ်​ကြား​ရှိ​ဖ​ခင်​ဖြစ်​သူ​မာ​နော်​၏​သင်္ချိုင်း ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။ သူ​သည်​နှစ်​ပေါင်း​နှစ် ဆယ်​တိုင်​တိုင်​ဣ​သ​ရေ​လ​လူ​မျိုး​၏​ခေါင်း ဆောင်​ဖြစ်​ခဲ့​သ​တည်း။ \c 17 \s1 မိက္ခာ​၏​ရုပ်​တု \p \v 1 အ​ခါ​တစ်​ပါး​က​မိက္ခာ​အ​မည်​ရှိ​သော​လူ တစ်​ယောက်​သည် ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ တွင်​နေ​ထိုင်​၏။- \v 2 သူ​သည်​မိ​မိ​၏​မိခင်​အား``မိ​ခင်​၏​ငွေ​တစ်​ဆယ့် တစ်​ပိ​ဿာ​ပျောက်​ဆုံး​သွား​စဉ်​အ​ခါ​က​ခိုး ယူ​သူ​အား မိ​ခင်​ကျိန်​ဆဲ​ခဲ့​သည်​ကို​ကျွန်​တော် ကြား​ရ​ပါ​သည်။ ထို​ငွေ​သည်​ကျွန်​တော့်​မှာ ရှိ​ပါ​သည်။ ကျွန်​တော်​ယူ​မိ​ပါ​သည်'' ဟု ပြော​လေ​သည်။ \p သူ​၏​မိ​ခင်​က​လည်း``ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ သော'' ဟု​ဆို​၏။- \v 3 သူ​သည်​ထို​ငွေ​ကို​မိခင်​အား​ပြန်​၍​ပေး​၏။ ထို အ​ခါ​မိ​ခင်​ဖြစ်​သူ​က``ငါ့​သား၊ ကျိန်​စာ မ​သင့်​စိမ့်​သော​ငှာ​ငါ​ကိုယ်​တိုင်​ပင်​ထို​ငွေ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပေး​လှူ​ဆက်​ကပ်​မည်။ ငွေ​ဖြင့်​မွမ်း​မံ​ထား​သည့်​သစ်​သား​ရုပ်​တု တစ်​ခု​ကို​ပြု​လုပ်​ရာ​တွင် ထို​ငွေ​ကို​အ​သုံး ပြု​မည်​ဖြစ်​၍​သင့်​အား​ပြန်​ပေး​မည်'' ဟု​ဆို​၏။- \v 4 သား​ဖြစ်​သူ​သည်​လည်း​ထို​ငွေ​ကို​မ​ယူ​ဘဲ အ​မိ​အား​ပြန်​၍​ပေး​လေ​သည်။ ထို​အ​ခါ မိ​ခင်​သည်​ငွေ​နှစ်​ပိ​ဿာ​ကို​ယူ​၍​ပန်း​ထိမ် အား​ပေး​အပ်​ကာ သစ်​သား​ရုပ်​တု​တစ်​ခု ထု​လုပ်​စေ​ပြီး​လျှင်​ငွေ​ဖြင့်​မွမ်း​မံ​စေ​၏။ ထို​ရုပ်​တု​ကို​မိက္ခာ​၏​အိမ်​တွင်​ထား​ရှိ သတည်း။ \p \v 5 ဤ​မိက္ခာ​ဆို​သူ​၌ မိ​မိ​ကိုယ်​ပိုင်​ဝတ်​ပြု​ကိုး ကွယ်​ရာ​ဌာ​န​တစ်​ခု​ရှိ​၏။ သူ​သည်​ရုပ်​တု များ​နှင့်​သင်​တိုင်း​တော်​တစ်​ခု​ကို​ပြု​လုပ် ပြီး​လျှင် မိ​မိ​သား​တစ်​ယောက်​အား​မိ​မိ ၏​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့်​ခန့်​ထား လေ​သည်။- \v 6 ထို​ကာ​လ​၌​ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ဘု​ရင် မ​ရှိ​သေး​ချေ။ လူ​တိုင်း​ပင်​မိ​မိ​၏​စိတ် သ​ဘော​အ​တိုင်း​ပြု​လုပ်​လေ​သည်။\x + \xo 17:6 \xt သူကြီး၊ ၂၁:၂၅။\x* \p \v 7 ထို​ကာ​လ​၌​ယု​ဒ​ပြည်​ဗက်​လင်​မြို့​တွင် နေ​ထိုင် သော​လေ​ဝိ​အ​မျိုး​သား​လူ​ငယ်​တစ်​ယောက်​သည်၊- \v 8 အ​ခြား​တစ်​မြို့​တစ်​ရွာ​သို့​သွား​ရောက်​နေ​ထိုင် ရန်​ဗက်​လင်​မြို့​မှ​ထွက်​ခွာ​လာ​စဉ် ဧ​ဖ​ရိမ် တောင်​ကုန်း​ဒေ​သ​ရှိ​မိက္ခာ​၏​အိမ်​သို့​ရောက် ရှိ​လာ​လေ​သည်။- \v 9 မိက္ခာ​က``သင်​သည်​အ​ဘယ်​အ​ရပ်​မှ​လာ​သ​နည်း'' ဟု​မေး​၏။ သူ​က``အ​ကျွန်ုပ်​သည်​ယု​ဒ​ပြည်​ဗက် လင်​မြို့​မှ​လေ​ဝိ​အ​မျိုး​သား​ဖြစ်​၍​နေ​ထိုင်​ရန် အ​ရပ်​ကို​ရှာ​နေ​သူ​ဖြစ်​ပါ​သည်'' ဟု​ပြန်​ပြော လေ​သည်။ \p \v 10 မိက္ခာ​က​လည်း``အ​ကျွန်ုပ်​နှင့်​အ​တူ​နေ​ပါ​လော့။ အ​ကျွန်ုပ်​အား​အ​ကြံ​ဉာဏ်​ပေး​သူ၊ အ​ကျွန်ုပ်​၏ ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့်​နေ​ပါ​လော့။ သင့် အား​တစ်​နှစ်​လျှင်​ငွေ​ဒင်္ဂါး​တစ်​ဆယ်​နှင့်​ဝတ်​စုံ ကို​လည်း​ကောင်း၊ အ​စား​အ​စာ​ကို​လည်း​ကောင်း အ​ကျွန်ုပ်​ထောက်​ပံ့​ပါ​မည်'' ဟု​ဆို​လေ​သော်၊- \v 11 လေ​ဝိ​လူ​ငယ်​သည်​မိက္ခာ​နှင့်​အ​တူ​နေ​ထိုင် ရန်​သ​ဘော​တူ​လိုက်​၏။ သူ​သည်​မိက္ခာ​၏​သား သ​ဖွယ်​အ​တူ​နေ​ထိုင်​လေ​သည်။ \p \v 12 မိက္ခာ​သည်​သူ့​အား​မိ​မိ​၏​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ် ဖြင့်​ခန့်​ထား​သ​ဖြင့် သူ​သည်​မိက္ခာ​၏​အိမ်​၌​နေ​ထိုင် လေ​သည်။- \v 13 မိက္ခာ​က​လည်း``ယ​ခု​ငါ​သည်​လေဝိ​အ​မျိုး​သား တစ်​ဦး​အား မိ​မိ​၏​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့် ရ​ရှိ​ထား​လေ​ပြီ။ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား သည်​အ​စ​စ​အ​ရာ​ရာ​၌ ငါ့​အား​တိုး​တက် အောင်​မြင်​စေ​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။ \c 18 \s1 မိက္ခာ​နှင့်​ဒန်​အ​နွယ်​ဝင်​များ \p \v 1 ထို​ကာ​လ​၌​ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ဘုရင် မ​ရှိ​သေး​ချေ။ ဒန်​အ​နွယ်​ဝင်​တို့​တွင်​လည်း အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​ကဲ့ သို့ ကိုယ်​ပိုင်​နယ်​မြေ​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ ကြ​သေး​ပေ။ သို့​ဖြစ်​၍​မိ​မိ​တို့​သိမ်း​ယူ​၍ အ​တည်​တ​ကျ​နေ​ထိုင်​ရန်​နယ်​မြေ​ကို ရှာ​ဖွေ​လျက်​နေ​ကြ​၏။- \v 2 ဒန်​အ​မျိုး​သား​တို့​သည်​နယ်​မြေ​ကို​စူး​စမ်း ရှာ​ဖွေ​ရန် မိ​မိ​တို့​အ​နွယ်​ဝင်​အိမ်​ထောင်​စု အ​ပေါင်း​မှ အ​ရည်​အ​ချင်း​ရှိ​သူ​လူ​ငါး ယောက်​ကို​ရွေး​ချယ်​၍​ဇော​ရာ​မြို့​နှင့်​ဧ​ရှ တော​လ​မြို့​တို့​မှ​စေ​လွှတ်​လိုက်​ကြ​၏။ ထို သူ​တို့​သည်​တောင်​ကုန်း​ဒေ​သ​ဖြစ်​သော ဧ​ဖ​ရိမ်​ပြည်​သို့​ရောက်​လာ​သော​အ​ခါ မိက္ခာ​၏​အိမ်​တွင်​တည်း​ခို​ကြ​၏။- \v 3 ထို​အိမ်​တွင်​ရှိ​နေ​စဉ်​လူ​တို့​သည်​လေဝိ​လူ ငယ်​ပြော​ဆို​သည့်​စ​ကား​သံ​ကို​သ​တိ​ထား မိ​ကြ​သ​ဖြင့် သူ့​ထံ​သို့​သွား​ပြီး​လျှင်``သင် သည်​ဤ​အ​ရပ်​သို့​အ​ဘယ်​ကြောင့်​ရောက်​နေ ပါ​သ​နည်း။ သင့်​အား​ဤ​အ​ရပ်​သို့​အ​ဘယ် သူ​ခေါ်​ဆောင်​လာ​ပါ​သ​နည်း'' ဟု​မေး​ကြ​၏။ \p \v 4 သူ​က​လည်း``ငါ​သည်​မိက္ခာ​နှင့်​အ​မှု​တစ်​ခု အ​တွက် သ​ဘော​တူ​ထား​ပါ​သည်။ သူ​သည်​ငါ့ အား​အ​ခ​ပေး​၍​မိ​မိ​၏​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ်​ဖြင့်​ငှား​ရမ်း​ထား​ပါ​သည်'' ဟု​ပြန် ပြော​၏။ \p \v 5 ထို​အ​ခါ​သူ​တို့​က``ငါ​တို့​သည်​ဤ​ခ​ရီး​တွင် အောင်​မြင်​မှု​ရှိ​မည်​မ​ရှိ​မည်​ကို ဘု​ရား​သ​ခင် အား​ကျေး​ဇူး​ပြု​၍​လျှောက်​ထား​မေး​မြန်း ပေး​ပါ'' ဟု​ဆို​ကြ​၏။ \p \v 6 ယဇ်​ပု​ရော​ဟိတ်​က``မည်​သို့​မျှ​သင်​တို့​စိုး​ရိမ် ရန်​မ​လို​ပါ။ ဘု​ရား​သ​ခင်​သည်​ဤ​ခ​ရီး​တွင် သင်​တို့​အား​စောင့်​ရှောက်​တော်​မူ​လျက်​ရှိ​ပါ သည်'' ဟု​ပြန်​ပြော​၏။ \p \v 7 ထို့​ကြောင့်​ထို​လူ​ငါး​ယောက်​တို့​သည်​လဲ​ရှ မြို့​သို့​ထွက်​သွား​ကြ​၏။ ထို​မြို့​သား​တို့​သည် ဇိ​ဒုန်​မြို့​သား​များ​ကဲ့​သို့ အေး​ဆေး​ငြိမ်း​ချမ်း စွာ​နေ​ထိုင်​ကြ​သူ​များ​ဖြစ်​ကြောင်း၊ မည်​သူ နှင့်​မျှ​အ​ငြင်း​မ​ပွား​တတ်​ကြောင်း၊ သူ​တို့ လို​အပ်​သ​မျှ​တို့​ကို​လည်း​ရ​ရှိ​ကြ​ကြောင်း၊ သူ​တို့​သည်​ဇိ​ဒုန်​မြို့​သား​တို့​နှင့်​အ​လွန် အ​လှမ်း​ကွာ​ရာ​တွင်​နေ​ထိုင်​ကြ​လျက် အ​ခြား​အ​ဘယ်​လူ​မျိုး​နှင့်​မျှ​လည်း အ​ဆက်​အ​သွယ်​မ​ရှိ​ကြ​ကြောင်း​ကို စူး​စမ်း​သိ​ရှိ​ကြ​လေ​သည်။- \v 8 ထို​သူ​ငါး​ယောက်​တို့​သည်​ဇော​ရာ​မြို့​နှင့် ဧ​ရှ​တော​လ​မြို့​တို့​သို့​ပြန်​လည်​ရောက်​ရှိ ကြ​သော​အ​ခါ အ​မျိုး​သား​ချင်း​တို့​က``သင် တို့​အ​ဘယ်​သို့​စုံ​စမ်း​တွေ့​ရှိ​ခဲ့​ရ​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။- \v 9 သူ​တို့​က​လည်း``လာ​ကြ၊ လဲ​ရှ​မြို့​ကို​ငါ တို့​သွား​ရောက်​တိုက်​ခိုက်​ကြ​ကုန်​အံ့။ ထို နယ်​မြေ​သည်​အ​လွန်​ကောင်း​မွန်​ကြောင်း ကို​ငါ​တို့​တွေ့​မြင်​ခဲ့​ရ​ပြီ။ ဤ​အ​ရပ်​တွင် ဆိုင်း​လင့်​၍​နေ​ကြ​မည်​လော။ အ​လျင် အ​မြန်​ထို​နယ်​မြေ​ကို​ဝင်​ရောက်​သိမ်း​ယူ ကြ​ကုန်​အံ့။- \v 10 ထို​အ​ရပ်​သို့​သင်​တို့​ရောက်​ကြ​သော​အ​ခါ လူ​တို့​သည် စိုး​စဉ်း​မျှ​မ​ယုံ​သင်္ကာ​မ​ဖြစ်​ကြ သည်​ကို​တွေ့​ရှိ​ရ​ကြ​လိမ့်​မည်။ ထို​နယ်​မြေ သည်​ကျယ်​ပြန့်​၍​လူ​သား​တို့​လို​ချင်​တောင့် တ​သော​အ​ရာ​တို့​နှင့်​လည်း​ပြည့်​စုံ​၏။ ထို နယ်​မြေ​ကို​သင်​တို့​အား​ဘု​ရား​သ​ခင်​ပေး သ​နား​တော်​မူ​လေ​ပြီ'' ဟု​ဆို​ကြ​၏။ \p \v 11 သို့​ဖြစ်​၍​ဒန်​အ​နွယ်​ဝင်​လူ​ပေါင်း​ခြောက်​ရာ တို့​သည် တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ပြင်​လျက် ဇော​ရာ​မြို့​နှင့်​ဧ​ရှ​တော​လ​မြို့​တို့​မှ​ထွက်​ခွာ သွား​လေ​သည်။- \v 12 သူ​တို့​သည်​ယု​ဒ​ပြည်၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​၌ တပ်​စခန်း​ချ​ကြ​၏။ ထို​အ​ကြောင်း​ကြောင့်​ထို အ​ရပ်​သည်​ဒန်​တပ်​စ​ခန်း​ဟူ​၍​ယ​နေ့​တိုင် အောင်​အ​မည်​တွင်​သ​တည်း။- \v 13 သူ​တို့​သည်​ထို​အ​ရပ်​မှ​ဆက်​လက်​၍​ခ​ရီး ပြု​ကြ​ရာ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​ရှိ​မိက္ခာ ၏​အိမ်​သို့​ရောက်​ကြ​၏။ \p \v 14 ထို​အ​ခါ​လဲ​ရှ​နယ်​သို့​သွား​ရောက်​စူး​စမ်း ထောက်​လှမ်း​ခဲ့​သော​လူ​ငါး​ယောက်​တို့​က မိ​မိ တို့​၏​အ​ပေါင်း​အ​ဖော်​များ​အား``ဤ​အိမ်​စု အ​နက်​အိမ်​တစ်​လုံး​တွင်​ငွေ​ဖြင့်​မွမ်း​မံ​ထား သည့်​ရုပ်​တု​တစ်​ခု​ရှိ​သည်​ကို သင်​တို့​သိ​ကြ ပါ​၏​လော။ ထို​အိမ်​တွင်​အ​ခြား​ရုပ်​တု​များ နှင့်​သင်​တိုင်း​တော်​တစ်​ခု​လည်း​ရှိ​၏။ ငါ​တို့ အ​ဘယ်​သို့​ပြု​သင့်​သည်​ဟု​သင်​တို့​ထင် မြင်​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။- \v 15 သို့​ဖြစ်​၍​သူ​တို့​သည်​လေဝိ​လူ​ငယ်​နေ​ထိုင် ရာ မိက္ခာ​၏​အိမ်​သို့​သွား​၍​သူ့​အား​နှုတ်​ခွန်း ဆက်​ကြ​၏။- \v 16 တိုက်​ခိုက်​ရန်​အ​သင့်​ရှိ​သော​ဒန်​အ​နွယ်​ဝင် စစ်​သည် ခြောက်​ရာ​တို့​သည်​ဝင်း​တံ​ခါး​ဝ တွင်​စောင့်​ဆိုင်း​နေ​ကြ​၏။- \v 17 ထောက်​လှမ်း​ရန်​သွား​ရောက်​ခဲ့​သော​လူ​ငါး ယောက်​တို့​သည် အိမ်​ထဲ​သို့​ဝင်​၍​ငွေ​ဖြင့်​မွမ်း မံ​ထား​သည့်​ရုပ်တု​နှင့်​အ​ခြား​ရုပ်​တု​များ​ကို လည်း​ကောင်း၊ သင်​တိုင်း​တော်​ကို​လည်း​ကောင်း​ယူ ကြ​၏။ ထို​အ​ချိန်​၌​ယဇ်​ပု​ရော​ဟိတ်​သည်​စစ် သား​ခြောက်​ရာ​နှင့်​အ​တူ​ဝင်း​တံ​ခါး​ဝ​တွင် ရှိ​သ​တည်း။ \p \v 18 မိက္ခာ​၏​အိမ်​သို့​ထို​သူ​တို့​ဝင်​၍​ရုပ်​တု​များ နှင့် သင်​တိုင်း​တော်​တို့​ကို​ယူ​ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​က​သူ​တို့​အား``သင်​တို့​သည် အ​ဘယ်​သို့​ပြု​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ \p \v 19 သူ​တို့​က​လည်း``ဆိတ်​ဆိတ်​နေ​လော့။ စ​ကား တစ်​ခွန်း​မျှ​မ​ပြော​နှင့်။ သင်​သည်​ငါ​တို့​နှင့် အ​တူ​လိုက်​၍​ငါ​တို့​အား​အ​ကြံ​ပေး​သူ အ​ဖြစ်​ဆောင်​ရွက်​ပါ​လော့။ လူ​တစ်​ယောက် ၏​အိမ်​ထောင်​အ​တွက်​ယဇ်​ပု​ရော​ဟိတ်​ပြု ရ​ခြင်း​ထက် ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တစ် ခု​လုံး​အ​တွက်​ပြု​ရ​ခြင်း​က​သင့်​အ​ဖို့ ပို​၍​ကောင်း​မည်​မ​ဟုတ်​ပါ​လော'' ဟု ပြော​ကြ​၏။- \v 20 ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​သည်​လွန်​စွာ ဝမ်း​မြောက်​သ​ဖြင့် ရုပ်​တု​များ​နှင့်​သင်​တိုင်း တော်​တို့​ကို​ယူ​၍​ထို​လူ​စု​နှင့်​အ​တူ လိုက်​သွား​လေ​သည်။ \p \v 21 သူ​တို့​သည်​ပြန်​လှည့်​ပြီး​လျှင်​ထွက်​ခွာ သွား​ကြ​၏။ မိ​မိ​တို့​၏​သား​သ​မီး​များ၊ တိ​ရစ္ဆာန်​များ​နှင့်​ဝန်​စည်​စ​လယ်​များ​ကို ရှေ့​မှ​အ​လျင်​သွား​နှင့်​စေ​ကြ​၏။- \v 22 ထို​သူ​တို့​အ​တန်​ငယ်​ခ​ရီး​ရောက်​သော​အ​ခါ မိက္ခာ​သည် မိ​မိ​၏​အိမ်​နီး​ချင်း​တို့​တိုက်​ပွဲ​ဝင် ရန်​စု​ရုံး​လေ​သည်။ သူ​တို့​သည်​ဒန်​အ​မျိုး သား​တို့​အား​လိုက်​၍​မီ​သော​အ​ခါ၊- \v 23 ဟစ်​ခေါ်​ကြ​၏။ သူ​တို့​သည်​လည်း​လှည့်​၍​ကြည့် ပြီး​လျှင် မိက္ခာ​အား``သင်​တို့​တွင်​အ​ဘယ်​အ​ရေး အ​ခင်း​ရှိ​သ​နည်း။ ဤ​လူ​ထု​နှင့်​အဘယ်​ကြောင့် လိုက်​လာ​ကြ​သ​နည်း'' ဟု​မေး​၏။ \p \v 24 မိက္ခာ​က​လည်း`` `အ​ဘယ်​အ​ရေး​အ​ခင်း​ရှိ သ​နည်း' ဟု​ဆို​ရာ​၌​သင်​တို့​အ​ဘယ်​သို့​ဆို လို​ပါ​သ​နည်း။ သင်​တို့​သည်​ငါ​၏​ယဇ်​ပု​ရော ဟိတ်​နှင့် ငါ​ထု​လုပ်​ထား​သော​ရုပ်​တု​တို့​ကို ယူ​သွား​ကြ​ပါ​သည်​တ​ကား။ ငါ​၌​အ​ဘယ် အ​ရာ​ကျန်​ရှိ​သေး​သ​နည်း'' ဟု​ပြန်​ပြော လေ​၏။ \p \v 25 ဒန်​အ​မျိုး​သား​တို့​က``ဤ​သူ​တို့​သည်​အ​မျက် ထွက်​၍ သင်​တို့​အား​မ​တိုက်​ခိုက်​စေ​လို​လျှင် နောက်​ထပ်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော​ပါ​နှင့်။ သင်​နှင့်​သင်​၏​အိမ်​ထောင်​စု​တစ်​ခု​လုံး​သေ သွား​လိမ့်​မည်'' ဟု​ဆို​ကြ​၏။- \v 26 ထို​နောက်​သူ​တို့​သည်​ခ​ရီး​ဆက်​ကြ​၏။ မိက္ခာ သည်​သူ​တို့​အား​ခု​ခံ​တိုက်​ခိုက်​နိုင်​စွမ်း​မ​ရှိ သည်​ကို သိ​သ​ဖြင့်​လှည့်​၍​အိမ်​သို့​ပြန်​လေ​၏။ \p \v 27-28 ဒန်​အ​မျိုး​သား​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​နှင့် တ​ကွ​မိက္ခာ​ပြု​လုပ်​ထား​သည့်​ရုပ်​တု​များ​ကို ယူ​ပြီး​နောက် အေး​ဆေး​ငြိမ်း​ချမ်း​စွာ​နေ​ထိုင် ကြ​သူ​တို့​၏​လဲ​ရှ​မြို့​သို့​သွား​ရောက်​တိုက် ခိုက်​ကြ​၏။ ထို​မြို့​သည်​ဗက်​ရ​ဟော​ဘ​မြို့ တည်​ရှိ​ရာ​ချိုင့်​ဝှမ်း​၌​ပင်​တည်​ရှိ​သည်။ သူ တို့​သည်​မြို့​သား​တို့​ကို​သတ်​၍​မြို့​ကို​လည်း မီး​ရှို့​ပစ်​ကြ​၏။ သူ​တို့​အား​ကယ်​ဆယ်​သည့် သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​ချေ။ အ​ဘယ် ကြောင့်​ဆို​သော်​လဲ​ရှ​မြို့​သည်​ဇိ​ဒုန်​မြို့​နှင့် အ​လွန်​ခ​ရီး​လှမ်း​သည့်​ပြင် လဲ​ရှ​မြို့​သား တို့​သည်​အ​ခြား​လူ​တို့​နှင့်​ဆက်​သွယ်​မှု လုံး​ဝ​မ​ရှိ​သော​ကြောင့်​ဖြစ်​၏။ ဒန်​အ​မျိုး သား​တို့​သည်​ထို​မြို့​ကို​ပြန်​လည်​တည် ထောင်​ကာ​အ​တည်​တ​ကျ​နေ​ထိုင်​ကြ လေ​သည်။- \v 29 ယင်း​အ​မည်​လဲ​ရှ​မြို့​ကို​လည်း​ယာ​ကုပ် ၏​သား မိ​မိ​တို့​၏​ဘိုး​ဘေး​ဖြစ်​သူ​ဒန်​ကို အ​စွဲ​ပြု​၍​ဒန်​မြို့​ဟု​ပြောင်း​လဲ​ခေါ်​ဝေါ် ကြ​၏။- \v 30 ဒန်​အ​မျိုး​သား​တို့​သည်​မိက္ခာ​ပြုလုပ်​သည့်​ရုပ် တု​ကို​တည်​ထား​ပြီး​လျှင် ဝတ်​ပြု​ကိုး​ကွယ် ကြ​လေ​သည်။ မော​ရှေ​၏​မြေး၊ ဂေ​ရ​ရှုံ​၏ သား​ယော​န​သန်​က သူ​တို့​၏​ယဇ်​ပု​ရော ဟိတ်​အ​ဖြစ်​ဖြင့်​ဆောင်​ရွက်​လေ​သည်။ သူ​၏ သား​စဉ်​မြေး​ဆက်​တို့​သည်​လည်း ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ဖမ်း​ဆီး​သိမ်း​သွား​ခြင်း ခံ​ရ​ချိန်​တိုင်​အောင် သူ​တို့​၏​ယဇ်​ပု​ရော ဟိတ်​များ​အ​ဖြစ်​ဖြင့်​ဆောင်​ရွက်​ကြ​၏။- \v 31 ရှိ​လော​မြို့​၌​ဘု​ရား​သ​ခင်​အား​ဝတ်​ပြု​ကိုး ကွယ်​ရာ​တဲ​တော်​ရှိ​နေ​သ​မျှ​ကာ​လ​ပတ် လုံး မိက္ခာ​ပြု​လုပ်​သည့်​ရုပ်​တု​သည်​လည်း​ထို အ​ရပ်​၌​တည်​ရှိ​နေ​သ​တည်း။ \c 19 \s1 လေ​ဝိ​အ​မျိုး​သား​နှင့်​မ​ယား​ငယ် \p \v 1 ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ရှင်​ဘု​ရင်​မ​ပေါ်​မ​ရှိ သေး​မီ​ကာ​လ​၌ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ အ​စွန်​အ​ဖျား​တွင်​နေ​ထိုင်​သော​လေ​ဝိ​အ​မျိုး သား​တစ်​ယောက်​သည် ယု​ဒ​ပြည်​ဗက်​လင်​မြို့ သူ​တစ်​ယောက်​ကို​အ​ပျော်​မ​ယား​အ​ဖြစ် သိမ်း​ယူ​၏။- \v 2 သို့​ရာ​တွင်​ထို​သူ​ငယ်​မ​သည်​ခင်​ပွန်း​နှင့် စိတ်​ဆိုး​သ​ဖြင့် ဗက်​လင်​မြို့​ရှိ​သူ့​ဖခင်​၏ အိမ်​သို့​ပြန်​ပြီး​လျှင်​ထို​အိမ်​တွင်​လေး​လ မျှ​နေ​လေ​သည်။- \v 3 ထို​အ​ခါ​လင်​ဖြစ်​သူ​သည်​သူ့​အား​ချော့​မော့​၍ မိ​မိ​ထံ​ပြန်​လာ​ရန်​ကြိုး​စား​မည်​ဟု​ဆုံး​ဖြတ် ကာ မိ​မိ​နှင့်​အ​တူ​မြည်း​နှစ်​ကောင်​နှင့်​အ​စေ​ခံ ကို​ပါ​ခေါ်​၍​သွား​၏။ သူ​ငယ်​မ​သည်​လေဝိ အ​မျိုး​သား​အား​အိမ်​ထဲ​သို့​ဝင်​ရန်​ဖိတ်​ခေါ် လိုက်​ရာ​ဖ​ခင်​ဖြစ်​သူ​သည် သူ့​ကို​မြင်​လျှင် ဝမ်း​မြောက်​စွာ​ကြို​ဆို​လက်​ခံ​လေ​သည်။- \v 4 သူ့​အား​လည်း​ဆက်​လက်​နေ​ထိုင်​ရန်​တိုက် တွန်း​၏။ ထို့​ကြောင့်​သူ​သည်​ယောက္ခ​မ​အိမ်​တွင် သုံး​ရက်​မျှ​နေ​ထိုင်​လေ​သည်။ သ​မက်​သည် ထို​အိမ်​၌​စား​သောက်​တည်း​ခို​ပြီး​နောက်၊- \v 5 စ​တုတ္ထ​နေ့​နံ​နက်​၌​စော​စော​ထ​၍​ခ​ရီး​ထွက် ရန်​ပြင်​ဆင်​သော​အ​ခါ ယောက္ခ​မ​က``စား​စ​ရာ ကို​ဦး​စွာ​သုံး​ဆောင်​၍​အား​ဖြည့်​ပြီး​မှ​ခ​ရီး ထွက်​ပါ'' ဟု​ပြော​၏။ \p \v 6 သို့​ဖြစ်​၍​ယောက္ခ​မ​နှင့်​သမက်​တို့​သည်​အ​တူ ထိုင်​၍​စား​သောက်​ကြ​၏။ ထို​နောက်​ယောက္ခ​မ က``ယ​နေ့​လည်း​အိပ်​ပါ​ဦး​ပျော်​မွေ့​စွာ​နေ ပါ​ဦး'' ဟု​ဆို​၏။ \p \v 7 လေ​ဝိ​အ​မျိုး​သား​သည်​ထ​၍​ခ​ရီး​သွား​ရန် ပြင်​ဆင်​သော်​လည်း ယောက္ခ​မ​ဖြစ်​သူ​က​ဆက် လက်​နေ​ထိုင်​ရန်​တိုက်​တွန်း​သ​ဖြင့် ထို​ည​တွင် လည်း​ထို​အိမ်​၌​အိပ်​လေ​သည်။- \v 8 ငါး​ရက်​မြောက်​သော​နေ့​နံနက်​စော​စော​၌​သူ သည် ခ​ရီး​သွား​ရန်​ထ​သော​အ​ခါ​ယောက္ခ​မ က``ကျေး​ဇူး​ပြု​၍​အ​စာ​စား​ပါ​ဦး။ နေ​မြင့် သည်​တိုင်​အောင်​စောင့်​ပါ​ဦး'' ဟု​ဆို​သ​ဖြင့် ယောက္ခ​မ​နှင့်​သမက်​တို့​သည်​အ​တူ​တ​ကွ စား​ကြ​၏။ \p \v 9 သူ​သည်​မိ​မိ​၏​မယား​ငယ်​နှင့်​အ​စေ​ခံ​ကို ခေါ်​၍ ထွက်​ခွာ​မည်​ပြု​သော​အ​ခါ​ယောက္ခ​မ က``ကြည့်​ပါ​ည​နေ​ချမ်း​အ​ချိန်​သို့​ရောက် လေ​ပြီ။ မ​ကြာ​မီ​ပင်​မှောင်​လာ​တော့​အံ့။ ဤ အ​ရပ်​၌​ပင်​တစ်​ည​အိပ်​၍​ပျော်​မွေ့​စွာ​နေ ပါ​လော့။ နက်​ဖြန်​နံ​နက်​စော​စော​ထ​၍​ပြန် ပါ​လော့'' ဟု​ဆို​လေ​သည်။ \p \v 10-11 သို့​ရာ​တွင်​လေဝိ​အ​မျိုး​သား​သည်​နောက်​တစ် ည​မ​နေ​လို​တော့​သ​ဖြင့် ကုန်း​နှီး​တင်​ထား သည့်​မြည်း​နှစ်​စီး​ပါ​လျက် မိ​မိ​မ​ယား​ငယ် နှင့်​အ​တူ​စ​တင်​ခ​ရီး​ထွက်​လေ​၏။ သူ​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​တည်း​ဟူ​သော​ယေ​ဗုတ် မြို့​သို့​ရောက်​သော​အ​ခါ နေ့​အ​ချိန်​ကုန်​လွန် ခါ​နီး​လေ​ပြီ။ ထို့​ကြောင့်​အ​စေ​ခံ​က​မိ​မိ ၏​သ​ခင်​အား``ယေ​ဗု​သိ​အ​မျိုး​သား​တို့ နေ​ထိုင်​ရာ​မြို့​၌​ပင်​အ​ကျွန်ုပ်​တို့​အိပ်​ကြ ရ​အောင်'' ဟု​ပြော​၏။ \p \v 12-13 သို့​ရာ​တွင်​သူ​၏​သ​ခင်​က``ဣ​သ​ရေ​လ အ​မျိုး​သား​မ​ဟုတ်​သူ​တို့​၏​မြို့​တွင် ငါ​တို့ မ​ရပ်​မ​နား​လို။ ရှေ့​သို့​အ​နည်း​ငယ်​ဆက် ၍​သွား​ပြီး​လျှင် ဂိ​ဗာ​မြို့​၌​အိပ်​ကြ​ကုန် အံ့'' ဟု​ဆို​လေ​သည်။- \v 14 သို့​ဖြစ်​၍​သူ​တို့​သည်​ယေ​ဗုတ်​မြို့​ကို​ကျော် ဖြတ်​၍​ဆက်​လက်​ခ​ရီး​ပြု​ရာ ဗင်္ယာ​မိန်​အ​နွယ် ဝင်​တို့​၏​နယ်​မြေ​ရှိ​ဂိဗာ​မြို့​သို့​ရောက်​ကြ​၏။ ထို​အ​ခါ​၌​နေ​ဝင်​လျက်​နေ​လေ​ပြီ။- \v 15 ထို့​ကြောင့်​သူ​တို့​သည်​ထို​မြို့​တွင်​အိပ်​စက် နား​နေ​ရန်​မြို့​ထဲ​သို့​ဝင်​ပြီး​လျှင် မြို့​တံ​ခါး အ​နီး​ရှိ​ကွက်​လပ်​၌​ထိုင်​နေ​ကြ​၏။ သို့​သော် လည်း​မည်​သူ​မျှ​မိ​မိ​အိမ်​တွင်​တည်း​ခို​ရန် သူ​တို့​အား​ခေါ်​ဖိတ်​ခြင်း​မ​ပြု​ကြ​ချေ။ \p \v 16 ယင်း​သို့​သူ​တို့​ထိုင်​နေ​ကြ​စဉ်​အ​ဖိုး​အို တစ်​ယောက်​သည် ညဥ့်​ဦး​ယံ​၌​လယ်​လုပ်​ရာ​မှ ပြန်​လာ​လေ​သည်။ သူ​သည်​ယ​ခု​အ​ခါ​၌ ဂိ​ဗာ​မြို့​တွင်​နေ​ထိုင်​လျက်​ရှိ​သော်​လည်း အ​စ​က​မူ​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ တွင်​နေ​ထိုင်​ခဲ့​သူ​ဖြစ်​၏။ (ထို​မြို့​ရှိ​အ​ခြား သူ​တို့​မှာ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ​ဖြစ် သ​တည်း။-) \v 17 အ​ဖိုး​အို​သည်​မြို့​တံ​ခါး​အ​နီး​ကွက်​လပ် ရှိ​ခ​ရီး​သည်​ကို​မြင်​သော​အ​ခါ``သင်​အ​ဘယ် မှ​လာ​သ​နည်း။ အ​ဘယ်​အ​ရပ်​သို့​သွား​မည် နည်း'' ဟု​မေး​၏။ \p \v 18 လေ​ဝိ​အ​မျိုး​သား​က​လည်း``ကျွန်ုပ်​တို့​သည် ယု​ဒ​ပြည်​ဗက်​လင်​မြို့​သို့​သွား​ရောက်​ခဲ့​ပြီး နောက် ကျွန်ုပ်​တို့​၏​နေ​အိမ်​ရှိ​ရာ​ဧ​ဖ​ရိမ် တောင်​ကုန်း​ဒေ​သ​အ​စွန်း​အ​ဖျား​သို့​ပြန် ရန်​ခ​ရီး​သွား​နေ​ကြ​ပါ​၏။ ကျွန်ုပ်​တို့​အား ဤ​ည​အ​တွက်​တည်း​ခို​ရန်​ဖိတ်​ခေါ်​သူ မ​ရှိ​ပါ။- \v 19 ကျွန်ုပ်​တို့​တွင်​မိ​မိ​တို့​မြည်း​များ​အ​တွက် ကောက်​ရိုး၊ ကျွန်ုပ်​နှင့်​ကျွန်ုပ်​၏​မ​ယား​နှင့် အ​စေ​ခံ​အ​တွက် အ​စား​အ​စာ​နှင့်​စ​ပျစ် ရည်​ရှိ​ပါ​၏။ အ​ကျွန်ုပ်​တို့​မှာ​တစ်​စုံ​တစ်​ခု မျှ​မ​လို​ပါ'' ဟု​ပြန်​ပြော​လေ​သည်။ \p \v 20 အ​ဖိုး​အို​က``သင်​သည်​ငါ​၏​အိမ်​တွင်​တည်း ခို​နိုင်​ပါ​သည်။ သင့်​အား​ငါ​ကြည့်​ရှု​ပြု​စု အံ့။ ဤ​ည​၌​ကွက်​လပ်​တွင်​သင်​တို့​အိပ် စက်​ရန်​မ​လို​ပါ'' ဟု​ဆို​၏။- \v 21 သို့​ဖြစ်​၍​သူ​သည်​ထို​သူ​တို့​ကို​မိ​မိ​၏​အိမ် သို့​ခေါ်​ဆောင်​ပြီး​လျှင် သူ​တို့​၏​မြည်း​များ ကို​အ​စာ​ကျွေး​၏။ သူ​၏​ဧည့်​သည်​တို့​သည် လည်း​ခြေ​ဆေး​ပြီး​လျှင်​အ​စား​အ​စာ​သုံး ဆောင်​ကြ​လေ​သည်။ \p \v 22 ယင်း​သို့​သူ​တို့​ပျော်​မွေ့​လျက်​နေ​ကြ​စဉ် ထို မြို့​က​အ​ဋ္ဌမ္မ​သား​အ​ချို့​တို့​သည်​အိမ်​ကို ဝိုင်း​ရံ​ထား​ပြီး​နောက်​တံ​ခါး​ကို​ထု​ရိုက် ကြ​၏။ အ​ဖိုး​အို​အား​လည်း``သင်​နှင့်​အ​တူ လိုက်​လာ​သူ​ကို​ခေါ်​ထုတ်​ပေး​ပါ။ ငါ​တို့ သူ​နှင့်​ကာ​မ​ရာ​ဂ​ဆက်​ဆံ​လို​ပါ​သည်'' ဟု​ဆို​ကြ​၏။ \p \v 23 သို့​ရာ​တွင်​အ​ဖိုး​အို​သည်​အိမ်​ပြင်​သို့​ထွက် ၍``မိတ်​ဆွေ​တို့၊ ကျေး​ဇူး​ပြု​၍​ဤ​သို့​ဆိုး​ညစ် ဟော့​ရမ်း​သည့်​အ​မှု​ကို​မ​ပြု​ကြ​ပါ​နှင့်။ ဤ သူ​သည်​ငါ​၏​ဧည့်​သည်​ဖြစ်​ပါ​သည်။- \v 24 ဤ​မှာ​သူ​၏​မယား​ငယ်​နှင့်​ငါ့​ကိုယ်​ပိုင်​သ​မီး အ​ပျို​စင်​ရှိ​ပါ​၏။ သူ​တို့​အား​ယ​ခု​ငါ​ထုတ် ပေး​ပါ​မည်။ သင်​တို့​အ​လို​ရှိ​သ​လို​ပြု​ကျင့် ကြ​ပါ။ သို့​ရာ​တွင်​ငါ​၏​ဧည့်​သည်​ကို​မူ​ဤ မျှ​ဆိုး​သွမ်း​သည့်​အ​မှု​ကို​မ​ပြု​ကြ​ပါ​နှင့်'' ဟု​တောင်း​ပန်​၏။-\x + \xo 19:24 \xt က၊ ၁၉:၅-၈။\x* \v 25 သို့​ရာ​တွင်​ထို​သူ​တို့​သည်​သူ​၏​စ​ကား​ကို နား​မ​ထောင်​သော​ကြောင့် လေ​ဝိ​အ​မျိုး​သား သည်​မိ​မိ​၏​မ​ယား​ငယ်​ကို​ထုတ်​၍ သူ​တို့ အား​အပ်​လိုက်​သ​ဖြင့်​သူ​တို့​သည်​ထို​အ​မျိုး သ​မီး​အား တစ်​ည​လုံး​ရက်​စက်​ကြမ်း​ကြုတ် စွာ​ပြု​ပြီး​နောက်​မိုး​သောက်​မှ​လွှတ်​လိုက် ကြ​၏။ \p \v 26 အ​ရုဏ်​တက်​ချိန်​၌​အ​မျိုး​သ​မီး​သည်​လာ​၍ မိ​မိ​၏​ခင်​ပွန်း​ရှိ​ရာ​အ​ဖိုး​အို​၏​အိမ်​တံ​ခါး​ဝ ၌​လဲ​ကျ​သွား​တော့​၏။ သူ​သည်​မိုး​လင်း​ချိန်​၌ လည်း​ထို​နေ​ရာ​တွင်​ပင်​ရှိ​နေ​သေး​၏။- \v 27 ထို​နေ့​နံ​နက်​၌​သူ​၏​ခင်​ပွန်း​သည်​ခ​ရီး​ပြု​ရန် ထ​၍​တံ​ခါး​ကို​ဖွင့်​လိုက်​သော​အ​ခါ မိ​မိ​၏ မ​ယား​ငယ်​သည်​တံ​ခါး​ခုံ​ကို​လက်​တင်​၍​အိမ် ရှေ့​တွင်​လဲ​လျက်​နေ​သည်​ကို​တွေ့​ရှိ​ရ​လေ​သည်။- \v 28 သူ​က``ထ​လော့၊ ငါ​တို့​သွား​ကြ​စို့'' ဟု​ဆို​သော် လည်း​မည်​သည့်​အ​ဖြေ​ကို​မျှ​မ​ရ​ချေ။ သို့ ဖြစ်​၍​သူ​သည်​သူ​ငယ်​မ​၏​ရုပ်​အ​လောင်း ကို​မြည်း​ပေါ်​တွင်​တင်​၍​အိမ်​သို့​ပြန်​လေ​၏။- \v 29 အိမ်​သို့​ရောက်​သော​အ​ခါ​အိမ်​ထဲ​သို့​ဝင်​ပြီး လျှင်​ဋ္ဌား​တစ်​လက်​ကို​ယူ​၍ မ​ယား​ငယ်​၏ ရုပ်​အ​လောင်း​ကို​တစ်​ဆယ့်​နှစ်​ပိုင်း​ဖြတ်​၏။ ထို နောက်​ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​မျိုး​တို့​ထံ သို့​တစ်​ပိုင်း​စီ​ပေး​ပို့​လိုက်​လေ​သည်။-\x + \xo 19:29 \xt ၁ရာ၊ ၁၁:၇။\x* \v 30 ထို​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​ရ​သူ​မှန်​သ​မျှ တို့​က``ဤ​အ​မှု​မျိုး​ကို​ငါ​တို့​အ​ဘယ်​အ​ခါ ၌​မျှ​မ​တွေ့​မ​မြင်​ခဲ့​ဘူး​ပါ။ အီ​ဂျစ်​ပြည်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထွက်​ခွာ​လာ​ချိန် မှ​စ​၍ ယ​နေ့​တိုင်​အောင်​ဤ​သို့​မ​ဖြစ်​မ​ပျက် ခဲ့​ဘူး​ပါ။ ထို့​ကြောင့်​ငါ​တို့​သည်​ဤ​အ​မှု​နှင့် ပတ်​သက်​၍​တစ်​ခု​ခု​ပြု​ကြ​ရ​မည်။ အ​ဘယ် သို့​ပြု​ကြ​ရ​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။ \c 20 \s1 စစ်​တိုက်​ရန်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ပြင်​ဆင်​ကြ​ခြင်း \p \v 1 မြောက်​ဘက်​ရှိ​ဒန်​မြို့​မှ​တောင်​ဘက်​ရှိ​ဗေ​ရ ရှေ​ဗ​မြို့​တိုင်​အောင် အ​ရပ်​ရပ်​မှ​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ရှိ​ဂိ​လဒ်​ပြည်​မှ​လည်း​ကောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စစ်​တိုက်​ရန်​ဖိတ်​ခေါ်​ချက်​အ​ရ တစ်​စု​တစ်​ရုံး တည်း​မိ​ဇ​ပါ​မြို့​တွင်​ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​လာ​ရောက်​စု​ဝေး​ကြ​လေ​သည်။- \v 2 စု​ရုံး​ရောက်​ရှိ​လာ​ကြ​သော​ဘု​ရား​သ​ခင် ၏​လူ​မျိုး​တော်​တွင် ဣ​သ​ရေ​လ​အ​နွယ် အ​ပေါင်း​တို့​၏​ခေါင်း​ဆောင်​များ​ပါ​ဝင် ကြ​၏။ မိ​ဇ​ပါ​မြို့​၌​ခြေ​လျင်​တပ်​သား ပေါင်း​လေး​သိန်း​မျှ​စု​ရုံး​လျက်​ရှိ​သ​တည်း။- \v 3 ဤ​အ​တော​အ​တွင်း​ဗင်္ယာ​မိန်​အ​မျိုး​သား တို့​သည်​မိ​ဇ​ပါ​မြို့​၌ အ​ခြား​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​စု​ဝေး​လျက်​ရှိ ကြောင်း​ကို​ကြား​သိ​ကြ​လေ​သည်။ \p ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``ဤ​ရာ​ဇ​ဝတ် မှု​ကို​အ​ဘယ်​သို့​ကူး​လွန်​ပါ​သ​နည်း။ ငါ တို့​အား​ပြော​ပြ​ပါ​လော့'' ဟု​မေး​ကြ​လျှင်၊- \v 4 အ​သတ်​ခံ​ရ​သူ​မိန်း​မ​၏​လင်​လေ​ဝိ​အ​မျိုး သား​က``ကျွန်ုပ်​သည်​မ​ယား​ငယ်​နှင့်​အ​တူ ဗင်္ယာ မိန်​နယ်​မြေ​ရှိ​ဂိ​ဗာ​မြို့​သို့​ည​အ​ခါ​တည်း ခို​ရန်​သွား​ရောက်​ခဲ့​ပါ​၏။- \v 5 ဂိ​ဗာ​မြို့​သား​တို့​သည်​ကျွန်ုပ်​အား​ရန်​ပြု​လို​၍ အိမ်​ကို​ဝိုင်း​ရံ​ထား​ကြ​ပါ​သည်။ သူ​တို့​သည် ကျွန်ုပ်​ကို​သတ်​ရန်​ကြံ​ရွယ်​သော်​လည်း​ကျွန်ုပ် ၏​မယား​ငယ်​အား​မု​ဒိန်း​ကျင့်​သ​ဖြင့်​သူ သည်​သေ​ဆုံး​သွား​ပါ​၏။- \v 6 ကျွန်ုပ်​သည်​သူ​၏​ရုပ်​အ​လောင်း​ကို​ယူ​၍​အ​ပိုင်း ပိုင်း​ဖြတ်​ပြီး​လျှင် ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ် မျိုး​ထံ​သို့​တစ်​ပိုင်း​စီ​ပေး​ပို့​ခဲ့​ပါ​၏။ ဤ​သူ တို့​သည်​ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ဆိုး​ညစ် သော​အ​မှု၊ အ​ဋ္ဌမ္မ​အ​မှု​ကို​ပြု​ကြ​ပါ​ပြီ။- \v 7 ဤ​အ​ရပ်​တွင်​ရောက်​ရှိ​နေ​သော​သင်​တို့ အ​ပေါင်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​များ ဖြစ်​ကြ​သည်။ ဤ​အ​မှု​နှင့်​ပတ်​သက်​၍​အ​ဘယ် သို့​အ​ရေး​ယူ​ဆောင်​ရွက်​ကြ​ပါ​မည်​နည်း'' ဟု မေး​၏။ \p \v 8 လူ​အ​ပေါင်း​တို့​သည်​တစ်​ပြိုင်​နက်​ထ​၍``ငါ တို့​သည်​တစ်​ယောက်​မျှ​မ​ကျန် မိ​မိ​၏​တဲ​ရှင် သို့​မ​ဟုတ်​အိမ်​သို့​မ​ပြန်​ကြ​တော့​ပြီ။- \v 9 ငါ​တို့​ပြု​မည့်​အ​မှု​ကား​စာ​ရေး​တံ​မဲ​ချ ၍​လူ​အ​ချို့​ကို​ရွေး​ချယ်​ပြီး​လျှင် ဂိ​ဗာ မြို့​ကို​တိုက်​ခိုက်​ကြ​ရန်​ပင်​တည်း။- \v 10 ဣ​သ​ရေ​လ​လူ​မျိုး​၏​ယောကျာ်း​ဆယ်​ပုံ​တစ် ပုံ​သည်​စစ်​တပ်​အ​တွက်​ရိက္ခာ​ပို့​ရ​မည်။ ကျန် သူ​တို့​သည်​ဂိဗာ​မြို့​သား​တို့​အား ဣ​သ​ရေ​လ လူ​မျိုး​တွင်​ကူး​လွန်​ခဲ့​သည့်​အ​ဋ္ဌမ္မ​အ​မှု အ​တွက်​ဒဏ်​ပေး​ရ​မည်'' ဟု​ပြန်​ပြော​ကြ​၏။- \v 11 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​ပြည်​ရှိ​လူ​အ​ပေါင်း တို့​သည် ဂိ​ဗာ​မြို့​ကို​တိုက်​ခိုက်​ရန်​တစ်​ခု​တည်း သော​ရည်​ရွယ်​ချက်​ဖြင့်​စု​ဝေး​ကြ​ကုန်​၏။ \p \v 12 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗင်္ယာ​မိန် အ​နွယ်​ဝင်​တို့​၏​နယ်​မြေ​တစ်​လျှောက်​သို့ လူ​များ​ကို​စေ​လွှတ်​၍``သင်​တို့​ကူး​လွန်​ခဲ့ သည့်​အ​ဋ္ဌမ္မ​အ​မှု​ကား​အ​ဘယ်​သို့​နည်း။- \v 13 ဂိ​ဗာ​မြို့​၌​ရှိ​သော​အ​ဋ္ဌမ္မ​လူ​တို့​ကို​ငါ​တို့ သတ်​၍​ဣ​သ​ရေ​လ​လူ​မျိုး​မှ ဤ​ဆိုး​ညစ်​မှု ကို​ဖယ်​ရှား​ပစ်​နိုင်​ရန်​ယ​ခု​ငါ​တို့​လက်​သို့ ပေး​အပ်​ကြ​လော့'' ဟု​ပြော​ကြား​စေ​၏။ သို့ ရာ​တွင်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​သည်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​စ​ကား​ကို ဂ​ရု​မ​စိုက်​ဘဲ၊- \v 14 သူ​တို့​အား​တိုက်​ခိုက်​ရန်​ဗင်္ယာ​မိန်​မြို့​အ​ပေါင်း မှ​ထွက်​လာ​၍​ဂိ​ဗာ​မြို့​၌​စု​ရုံး​ကြ​၏။- \v 15-16 သူ​တို့​သည်​ထို​နေ့​၌​မိ​မိ​တို့​မြို့​များ​မှ​စစ် သား​နှစ်​သောင်း​ခြောက်​ထောင်​ကို​ခေါ်​ထုတ်​ခဲ့ ကြ​၏။ ထို​မှ​တစ်​ပါး​ဂိ​ဗာ​မြို့​သား​တို့​သည် လက်​ရွေး​စင်​ဘယ်​သန်​လူ​ခု​နစ်​ရာ​ကို​လည်း စု​ရုံး​ပေး​ကြ​၏။ ထို​လက်​ရွေး​စင်​တို့​သည် ဆံ​ချည်​တစ်​ပင်​ကို​လောက်​လွှဲ​နှင့်​မ​လွဲ အောင်​ပစ်​နိုင်​သူ​များ​ဖြစ်​ကြ​၏။- \v 17 ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ​မ​ပါ​ဘဲ​လက်​နက် ကိုင်​ဣ​သ​ရေ​လ​အ​မျိုး​သား စစ်​သား​ဦး​ရေ မှာ​လေး​သိန်း​မျှ​ရှိ​သ​တည်း။ \s1 ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​နှင့်​စစ်​ဖြစ်​ခြင်း \p \v 18 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဗေ​သ​လ မြို့​ရှိ​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​တော်​သို့​သွား ၍``ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​အား​မည်​သည့် အ​နွယ်​ဝင်​များ​က​ဦး​စွာ​ပ​ထ​မ​တိုက်​ခိုက် ရ​ပါ​မည်​နည်း'' ဟု​ဘု​ရား​သ​ခင်​အား​လျှောက် ထား​မေး​မြန်း​ကြ​၏။ \p ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​အ​နွယ်​ဝင်​များ'' ဟူ​၍​ဖြေ​ကြား​တော်​မူ​၏။ \p \v 19 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နောက်​တစ်​နေ့​နံ​နက်​၌​ထွက်​ခွာ​ပြီး​လျှင် ဂိ​ဗာ​မြို့​အ​နီး​တွင်​တပ်​စ​ခန်း​ကြ​၏။- \v 20 သူ​တို့​သည်​ဗင်္ယာ​မိန်​တပ်​ကို​စစ်​ဆင်​ရန် သွား​ရောက်​ကာ မိ​မိ​တို့​၏​စစ်​သား​များ အား​မြို့​ကို​မျက်​နှာ​မူ​၍​နေ​ရာ​ယူ​စေ​၏။- \v 21 ဗင်္ယာ​မိန်​တပ်​သည်​မြို့​ထဲ​မှ​ထွက်​လာ​၍​နေ မ​ဝင်​မီ​ပင် ဣ​သ​ရေ​လ​တပ်​သား​နှစ်​သောင်း နှစ်​ထောင်​ကို​သုတ်​သင်​သတ်​ဖြတ်​လိုက်​ကြ​၏။- \v 22-23 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ကိုး ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တော်​သို့​သွား​၍ ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​၌​ည​နေ​ချမ်း​အ​ချိန်​တိုင် အောင်​ငို​ကြွေး​ကြ​၏။ သူ​တို့​က​ကိုယ်​တော် အား``အ​ကျွန်ုပ်​တို့​၏​ညီ​ဖြစ်​သော​ဗင်္ယာ​မိန် အ​မျိုး​သား​တို့​အား တစ်​ဖန်​စစ်​တိုက်​ရ​ပါ မည်​လော'' ဟု​မေး​လျှောက်​ကြ​ပြန်​၏။ \p ထာ​ဝ​ရ​ဘု​ရား​က``တိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။ \p သို့​ဖြစ်​၍​ဣ​သ​ရေ​လ​တပ်​မ​တော်​သည်​အား တက်​၍​လာ​ပြီး​လျှင် တပ်​သား​များ​အား​ယ​မန် နေ့​က​အ​တိုင်း​နေ​ရာ​ယူ​စေ​ပြန်​၏။- \v 24 သူ​တို့​သည်​ဒု​တိ​ယ​အ​ကြိမ်​ဗင်္ယာ​မိန်​တပ် ရှိ​ရာ​သို့​ချီ​တက်​ကြ​လေ​သည်။- \v 25 ဗင်္ယာ​မိန်​တပ်​သား​တို့​သည်​လည်း​ဂိ​ဗာ​မြို့​မှ ဒု​တိ​ယ​အ​ကြိမ်​ထွက်​လာ​ကြ​၏။ ဤ​အ​ကြိမ် တွင်​သူ​တို့​သည်​လက်​နက်​ကိုင် ဣ​သ​ရေ​လ တပ်​သား​တစ်​သောင်း​ရှစ်​ထောင်​ကို​သတ်​ဖြတ် လိုက်​ကြ​လေ​သည်။- \v 26 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ သည် ဗေ​သ​လ​မြို့​သို့​သွား​၍​ငို​ကြွေး​ကြ​၏။ သူ တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ထိုင် လျက် ည​နေ​ချမ်း​တိုင်​အောင်​အ​စာ​ရှောင်​ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ မိတ် သ​ဟာ​ယ​ယဇ်​နှင့်​မီး​ရှို့​ရာ​ယဇ်​တို့​ကို​ပူ​ဇော် ကြ​၏။- \v 27-28 ထို​ကာ​လ​၌​ဗေ​သ​လ​မြို့​တွင်​ဘု​ရား​သ​ခင် ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​တည်​ရှိ​သ​တည်း။ ထို သေတ္တာ​တော်​ကို​အာ​ရုန်​၏​မြေး၊ ဧ​လိ​ဇာ​၏​သား၊ ဖိ​န​ဟတ်​က​တာ​ဝန်​ယူ​၍​စောင့်​ထိန်း​ရ​၏။ လူ တို့​က​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​တို့​သည် မိ​မိ​တို့​၏​ညီ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​အား ယ​ခု​တစ်​ဖန်​သွား​ရောက်​တိုက်​ခိုက်​ရ​ပါ မည်​လော။ မ​တိုက်​ခိုက်​ဘဲ​နေ​ရ​ပါ​မည် လော'' ဟု​မေး​လျှောက်​ကြ​၏။ \p ထာ​ဝ​ရ​ဘု​ရား​က``တိုက်​ခိုက်​လော့။ နက်​ဖြန် နေ့​၌​ငါ​သည်​သင်​တို့​အား​ထို​သူ​တို့​၏​အ​ပေါ် ၌​အောင်​ပွဲ​ခံ​စေ​တော်​မူ​မည်'' ဟု​ပြန်​လည်​မိန့် ကြား​တော်​မူ​၏။ \p \v 29 ထို့​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဂိ​ဗာ​မြို့​ပတ်​လည်​၌​စစ်​သား​အ​ချို့​ကို​ပုန်း အောင်း​၍​နေ​စေ​ကြ​၏။- \v 30 ထို​နောက်​သူ​တို့​သည်​ဗင်္ယာ​မိန်​တပ်​ရှိ​ရာ​သို့ တ​တိ​ယ​အ​ကြိမ်​ချီ​တက်​ကာ မိ​မိ​တို့​၏​တပ် သား​များ​ကို​ရှေ့​က​နည်း​တူ​ဂိ​ဗာ​မြို့​ကို​မျက် နှာ​မူ​၍​တိုက်​ပွဲ​ဝင်​ရန်​နေ​ရာ​ယူ​စေ​ကြ​၏။- \v 31 ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​တိုက်​ခိုက်​ရန်​ထွက် လာ​သော​အ​ခါ မြို့​နှင့်​ဝေး​ကွာ​ရာ​သို့​မျှား​၍ ခေါ်​ဆောင်​ခြင်း​ခံ​ကြ​ရ​၏။ သူ​တို့​သည်​ကွင်း​ပြင် တွင်​လည်း​ကောင်း၊ ဗေ​သ​လ​မြို့​သို့​သွား​ရာ​လမ်း နှင့်​ဂိ​ဗာ​မြို့​သို့​သွား​ရာ​လမ်း​၌​လည်း​ကောင်း ယ​ခင်​က​ကဲ့​သို့​ပင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​စ​တင်​လုပ်​ကြံ​ကြ​ရာ​လူ​ပေါင်း​သုံး​ဆယ် ခန့်​သေ​လေ​သည်။- \v 32 ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​က``ငါ​တို့​သည်​ရှေး နည်း​တူ​ပင်​သူ​တို့​အား​နှိမ်​နင်း​လိုက်​လေ​ပြီ'' ဟု​ဆို​ကြ​၏။ \p သို့​သော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​တပ်​ကို​ဆုတ်​ခွာ​၍ မြို့​နှင့်​ဝေး​ရာ လမ်း​များ​ပေါ်​သို့​ရောက်​အောင်​ရန်​သူ့​အား သွေး​ဆောင်​ခေါ်​ယူ​သွား​ရန်​စီ​စဉ်​ထား​ကြ​၏။- \v 33 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ပင် မ​တပ်​ကြီး​သည် ဆုတ်​ခွာ​၍ ဗာ​လ​တာ​မာ​မြို့​၌ ပြန်​လည်​စု​ရုံး​မိ​သော​အ​ခါ ဂိ​ဗာ​မြို့​ကို​ဝိုင်း​ရံ ထား​သော​တပ်​ပုန်း​သည် မိ​မိ​တို့​ပုန်း​အောင်း​ရာ ကျောက်​ပေါ​များ​သည့်​မြို့​ပတ်​လည်​အ​ရပ်​မှ ရုတ်​တ​ရက်​ထွက်​လာ​ကြ​၏။- \v 34 ဣ​သ​ရေ​လ​တစ်​မျိုး​လုံး​မှ​လက်​ရွေး​စင်​လူ​တစ် သောင်း​တို့​သည် ဂိ​ဗာ​မြို့​ကို​တိုက်​ခိုက်​ကြ​လေ​သည်။ တိုက်​ပွဲ​မှာ​ပြင်း​ထန်​လှ​၏။ ဗင်္ယာ​မိန်​အ​မျိုး​သား တို့​သည်​မိ​မိ​တို့​အ​ရေး​ရှုံး​နိမ့်​ရ​တော့​မည့် အ​ဖြစ်​ကို​မ​ရိပ်​မိ​ကြ​ချေ။- \v 35 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ဗင်္ယာ​မိန်​တပ်​အ​ပေါ်​တွင်​အောင်​ပွဲ​ခံ​စေ တော်​မူ​၏။ ထို​နေ့​၌​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ရန်​သူ​နှစ်​သောင်း​ငါး​ထောင်​တစ်​ရာ ကို​လုပ်​ကြံ​သတ်​ဖြတ်​လိုက်​ကြ​၏။- \v 36 ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​အ​ရေး ရှုံး​နိမ့်​ကြ​သည်​ကို​သိ​မြင်​လာ​ကြ​၏။ \s1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အောင်​ပွဲ​ခံ​ရ​ပုံ \p ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ပင်​မ​တပ်​ကြီး သည် ဂိ​ဗာ​မြို့​ပတ်​လည်​တွင်​ချ​ထား​သည့်​တပ်​ပုန်း ကို​အား​ကိုး​ကာ​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​၏ ရှေ့​မှ​ဆုတ်​ခွာ​သွား​ကြ​၏။- \v 37 ထို​အ​ခါ​တပ်​ပုန်း​သည်​ဂိဗာ​မြို့​ထဲ​သို့​အ​လျင် အ​မြန်​ဝင်​ပြီး​လျှင် လူ​ဖြန့်​၍​ရှိ​သ​မျှ​သော​မြို့ သူ​မြို့​သား​တို့​အား​လုပ်​ကြံ​သတ်​ဖြတ်​ကြ​လေ သည်။- \v 38 ဣ​သ​ရေ​လ​တပ်​မ​ကြီး​သည်​တပ်​ပုန်း​နှင့် အ​ချက် ပြ​အ​မှတ်​အ​သား​တစ်​ခု​ကို​စီ​စဉ်​ထား​ခဲ့​ကြ ၏။ မြို့​ထဲ​မှ​မီး​ခိုး​လုံး​ကြီး​များ​တက်​လာ​သည် ကို​မြင်​သော​အ​ခါ၊- \v 39 စစ်​မြေ​ပြင်​တွင်​ရှိ​နေ​ကြ​သော​ဣ​သ​ရေ​လ​တပ် သား​တို့​သည်​ထွက်​ပြေး​ရာ​မှ​လှည့်​၍​ပြန်​လာ​ရန် ဖြစ်​၏။ ယင်း​သို့​ထွက်​ပြေး​ဆုတ်​ခွာ​ချိန်​၌​ဗင်္ယာ​မိန် အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​တပ်​သား​သုံး ဆယ်​ကို​သတ်​ဖြတ်​ပြီး​ဖြစ်​သည်။ သူ​တို့​က``ယ​ခု တစ်​ကြိမ်​လည်း​ရှေး​နည်း​တူ​ပင်​သူ​တို့​အ​ပေါ် ၌​ငါ​တို့​အ​နိုင်​ရ​လေ​ပြီ'' ဟု​အ​ချင်း​ချင်း ပြော​ဆို​ကြ​၏။- \v 40 ထို​အ​ချိန်​၌​မီး​ခိုး​လုံး​ကြီး​တစ်​ခု​သည်​မြို့​ထဲ မှ​တက်​စ​ပြု​ပြီ​ဖြစ်​၍ အ​ချက်​ပြ​အ​မှတ်​လက္ခ ဏာ​ပေါ်​လာ​လေ​သည်။ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့ သည်​နောက်​သို့​လှည့်​၍​ကြည့်​လိုက်​သော​အ​ခါ မြို့​တစ်​မြို့​လုံး​မီး​လျှံ​တောက်​နေ​သည်​ကို​မြင် သ​ဖြင့်​အံ့​အား​သင့်​၍​သွား​ကြ​၏။- \v 41 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပြန် ၍​လှည့်​လာ​ကြ​၏။ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ဆုံး​ပါး​ပျက်​စီး​ရ​တော့​မည့်​အ​ဖြစ် ကို​သိ​ရှိ​လာ​သ​ဖြင့်​ကြောက်​လန့်​တုန်​လှုပ်​လျက်၊- \v 42 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ​ဆုတ်​ခွာ​၍ တော​ကန္တာ​ရ​ထဲ​သို့​ထွက်​ပြေး​ကြ​၏။ သို့​ရာ​တွင် မလွတ်​မ​မြောက်​နိုင်​ကြ။ ဣ​သ​ရေ​လ​ပင်​မ​တပ် ကြီး​နှင့်​မြို့​ထဲ​မှ​ထွက်​လာ​သော​တပ်​ပုန်း​တို့ ၏​စပ်​ကြား​တွင် ပိတ်​၍​မိ​နေ​ကြ​သ​ဖြင့်​ချေ မှုန်း​ခြင်း​ကို​ခံ​ရ​ကြ​တော့​၏။- \v 43 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရန်​သူ​တို့​အား ဝိုင်း​ရံ​ပြီး​လျှင် ဂိ​ဗာ​မြို့​အ​ရှေ့​ဘက်​သို့​တိုင်​အောင် မ​ရပ်​မ​နား​လိုက်​လံ​တိုက်​ခိုက်​သတ်​ဖြတ်​ကြ သ​ဖြင့်၊- \v 44 ဗင်္ယာ​မိန်​အ​မျိုး​သား​လက်​ရွေး​စင်​တပ်​သား တစ်​သောင်း​ရှစ်​ထောင်​မျှ​ကျ​ဆုံး​လေ​သည်။- \v 45 အ​ခြား​သူ​တို့​သည်​လှည့်​၍​တော​ကန္တာ​ရ​ဘက်​သို့ ပြေး​ပြီး​လျှင်​ရိမ္မုန်​ကျောက်​သို့​ရောက်​ကြ​၏။ လမ်း များ​ပေါ်​၌​ထို​သူ​တို့​အ​နက်​လူ​ငါး​ထောင်​မျှ ကျ​ဆုံး​ရ​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ကျန်​ရှိ​သေး​သူ​တို့​အား ဂိ​ဒုံ​မြို့​တိုင် အောင်​ဆက်​လက်​လိုက်​လံ​တိုက်​ခိုက်​၍​လူ​နှစ် ထောင်​ကို​သတ်​ဖြတ်​လိုက်​လေ​သည်။- \v 46 ထို​နေ့​၌​ဗင်္ယာ​မိန်​အ​မျိုး​သား​စု​စု​ပေါင်း​နှစ် သောင်း​ငါး​ထောင်​မျှ​သေ​ရ​ကြ​၏။ ထို​သူ​အား လုံး​ပင်​သူ​ရဲ​ကောင်း​များ​ဖြစ်​ကြ​သ​တည်း။ \p \v 47 သို့​ရာ​တွင်​လူ​ခြောက်​ရာ​တို့​သည်​တော​ကန္တာ​ရ​ရှိ ရိမ္မုန်​ကျောက်​သို့​ထွက်​ပြေး​လွတ်​မြောက်​သွား​ကြ လေ​သည်။ သူ​တို့​သည်​ထို​အ​ရပ်​တွင်​လေး​လ မျှ​နေ​ကြ​၏။- \v 48 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လှည့်​၍ ယောကျာ်း၊ မိန်း​မ၊ က​လေး၊ တိရစ္ဆာန်​အ​ပါ​အ​ဝင် ကျန်​ရှိ​နေ​သေး​သည့်​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့ အား​သတ်​ပစ်​ကြ​လေ​သည်။ တွေ့​သ​မျှ​သော မြို့​တို့​ကို​လည်း​မီး​ရှို့​ကြ​၏။ \c 21 \s1 ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​အ​တွက်​ဇ​နီး​များ \p \v 1 မိ​ဇ​ပါ​မြို့​၌​စု​ရုံး​စဉ်​အ​ခါ​က​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား``ဗင်္ယာ မိန်​အ​မျိုး​သား​တစ်​စုံ​တစ်​ယောက်​ကို​မျှ​အ​ကျွန်ုပ် တို့​၏​သ​မီး​နှင့်​လက်​ထပ်​ထိမ်း​မြား​ခွင့်​ပြု​မည် မ​ဟုတ်​ပါ'' ဟု​ကျိန်​ဆို​က​တိ​ပြု​ခဲ့​ကြ​၏။- \v 2 သို့​ဖြစ်​၍​ယ​ခု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ဗေ​သ​လ​မြို့​သို့​သွား​၍ ဘု​ရား​သ​ခင် ၏​ရှေ့​တော်​၌​ည​နေ​ချမ်း​အ​ချိန်​တိုင်​အောင် ထိုင်​လျက်၊- \v 3 ``အို ဣ​သ​ရေ​လ​လူ​မျိုး​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကြောင့်​ဤ​သို့​ဖြစ် ရ​ပါ​သ​နည်း။ ဗင်္ယာ​မိန်​အ​နွယ်​သည်​ဣ​သ ရေ​လ​လူ​မျိုး​မှ​အ​ဘယ်​ကြောင့်​ပျောက်​ကွယ် ရ​ပါ​တော့​မည်​နည်း'' ဟု​ပြင်း​ပြ​စွာ​ဟစ် အော်​ငို​ကြွေး​လျှောက်​ထား​ကြ​၏။ \p \v 4 နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​လူ​တို့​သည် ထ​၍ ထို​အ​ရပ်​တွင်​ယဇ်​ပလ္လင်​တစ်​ခု​ကို​တည် ဆောက်​ကာ မိတ်​သ​ဟာ​ယ​ယဇ်​နှင့်​မီး​ရှို့​ရာ ယဇ်​တို့​ကို​ပူ​ဇော်​ကြ​၏။- \v 5 သူ​တို့​က``ဣ​သ​ရေ​လ​လူ​မျိုး​အ​နွယ်​အ​ပေါင်း တို့​အ​နက်​မိ​ဇ​ပါ​မြို့​ရှိ ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​သို့​မ​လာ​မ​ရောက်​ဘဲ​နေ​ခဲ့​သည့်​လူ စု​ရှိ​ပါ​သ​လော'' ဟု​မေး​မြန်း​ကြ​၏။ (အ​ဘယ် ကြောင့်​ဆို​သော်​မိ​ဇ​ပါ​မြို့​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​မ​လာ​မ​ရောက်​ဘဲ​နေ​သော​သူ သည်​သေ​ဒဏ်​ခံ​စေ​ဟု​ကျိန်​ဆို​က​တိ​ပြု ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။-) \v 6 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ၏​ညီ​များ​ဖြစ်​သော ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့ အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်``ယ​နေ့​ပင် လျှင်​ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​အ​ပေါင်း တို့​အ​နက်​တစ်​နွယ်​ကို​ဆုံး​ရှုံး​ရ​လေ​ပြီ။- \v 7 ကျန်​ရှိ​နေ​သေး​သော​ဗင်္ယာ​မိန်​အ​မျိုး​သား တို့​အ​တွက်​မ​ယား​များ​ရ​ရှိ​နိုင်​ရန် ငါ​တို့ အ​ဘယ်​သို့​ပြု​ကြ​ရ​ပါ​မည်​နည်း။ ငါ​တို့ သမီး​များ​ကို​သူ​တို့​နှင့်​ထိမ်း​မြား​ခြင်း​မ​ပြု ဟု​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​တို့ သစ္စာ​ဆို​ပြီး​လေ​ပြီ'' ဟု​ဆို​ကြ​၏။ \p \v 8 မိ​ဇ​ပါ​မြို့​၌​စု​ရုံး​ရာ​သို့​ဣ​သ​ရေ​လ အ​မျိုး​အ​နွယ်​များ​ထဲ​မှ မ​လာ​မ​ရောက် သော​လူ​စု​ရှိ​ပါ​သ​လော​ဟု​စုံ​စမ်း​ကြ သော​အ​ခါ ဂိ​လဒ်​ပြည်​ယာ​ဗက်​မြို့​မှ​မည် သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​လာ​မ​ရောက် ကြောင်း​ကို​သိ​ရှိ​ရ​ကြ​လေ​သည်။- \v 9 တပ်​မ​တော်​မှ​နာ​မည်​ခေါ်​စာ​ရင်း​ကောက်​ယူ သော​အ​ခါ ဂိ​လဒ်​ပြည်​ယာ​ဗက်​မြို့​မှ​လူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ပါ​ဝင်​ပေ။- \v 10-11 မိ​ဇ​ပါ​မြို့​၌​စု​ဝေး​သော​သူ​အ​ပေါင်း​တို့ က၊ မိ​မိ​တို့​တွင်​ရဲ​စွမ်း​သတ္တိ​အ​ရှိ​ဆုံး​လူ တစ်​သောင်း​နှစ်​ထောင်​အား``သင်​တို့​သွား​၍ အ​မျိုး​သ​မီး​များ​နှင့်​က​လေး​များ​အ​ပါ အ​ဝင်​ယာ​ဗတ်​မြို့​သား​အ​ပေါင်း​တို့​အား သုတ်​သင်​ပစ်​ကြ​လော့။ ယောကျာ်း​နှင့်​အ​ပျို စင်​မ​ဟုတ်​သော​အ​မျိုး​သ​မီး​မှန်​သ​မျှ ကို​သတ်​ဖြတ်​ပစ်​ကြ​ရ​မည်'' ဟု​အ​မိန့် ပေး​စေ​လွှတ်​လိုက်​လေ​သည်။- \v 12 ထို​သူ​တို့​သည်​ယာ​ဗက်​မြို့​သား​များ​အ​နက် အ​ပျို​စင်​လေး​ရာ​ကို​တွေ့​ရှိ​သ​ဖြင့် သူ​တို့ အား​ရှိ​လော​မြို့​တပ်​စ​ခန်း​သို့​ခေါ်​ဆောင် ခဲ့​ကြ​၏။ ရှိ​လော​မြို့​သည်​ခါ​နာန်​ပြည်​တွင် ရှိ​သ​တည်း။ \p \v 13 ထို​နောက်​စု​ဝေး​သော​သူ​အ​ပေါင်း​တို့​က ရိမ္မုန် ကျောက်​ရှိ​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ထံ​သို့ စစ်​ပြေ​ငြိမ်း​ရန် ကမ်း​လှမ်း​ချက်​သ​တင်း​ကို ပေး​ပို့​လိုက်​ကြ​၏။- \v 14 ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​ပြန်​လာ​ကြ သော​အ​ခါ အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​တို့ က​မိ​မိ​တို့​မ​သတ်​ဘဲ​ထား​သည့် ယာ​ဗက်​မြို့ သူ​အ​မျိုး​သ​မီး​တို့​ကို​ပေး​အပ်​လိုက်​လေ သည်။ သို့​ရာ​တွင်​ထို​အ​မျိုး​သ​မီး​အ​ရေ အ​တွက်​မှာ​ထို​သူ​တို့​အ​တွက်​လုံ​လောက် မှု​မ​ရှိ​ချေ။ \p \v 15 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး အ​နွယ်​တို့​၏​စည်း​လုံး​မှု​ကို​ပျက်​ပြား​စေ တော်​မူ​ပြီ​ဖြစ်​၍ လူ​တို့​သည်​ဗင်္ယာ​မိန်​အ​မျိုး သား​များ​အ​တွက်​ဝမ်း​နည်း​ကြ​လေ​သည်။- \v 16 သို့​ဖြစ်​၍​ခေါင်း​ဆောင်​တို့​က``ဗင်္ယာ​မိန်​အ​နွယ် ဝင်​အ​မျိုး​သ​မီး​များ​မ​ရှိ​ကြ​တော့​ပေ။ ကျန် ရှိ​နေ​သေး​သည့်​အ​မျိုး​သား​များ​အ​တွက် အ​ဘယ်​သို့​လျှင် မ​ယား​များ​ကို​ငါ​တို့​ရှာ ဖွေ​ပေး​ရ​ပါ​မည်​နည်း။- \v 17 ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​မျိုး​ရှိ​သည့် အ​နက်​တစ်​မျိုး​ပျောက်​ကွယ်​၍​မ​သွား စေ​အပ်။- \v 18 သို့​ရာ​တွင်​ငါ​တို့​သည်​မိ​မိ​တို့​၏​သ​မီး​များ နှင့်​သူ​တို့​အား​ထိမ်း​မြား​စုံ​ဖက်​ခွင့်​လည်း​မ ပြု​နိုင်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့​စုံ​ဖက် ရန်​ခွင့်​ပြု​သူ​သည် ငါ​တို့​၏​ကျိန်​စာ​သင့်​မည် ဖြစ်​သော​ကြောင့်​တည်း'' ဟု​ဆွေး​နွေး​တိုင်​ပင် ကြ​လေ​သည်။ \p \v 19 ထို​နောက်​သူ​တို့​သည်​ရှိ​လော​မြို့​၌​နှစ်​စဉ် ကျင်း​ပ​မြဲ​ဖြစ်​သော ထာ​ဝ​ရ​ဘု​ရား​၏​ပွဲ တော်​ကျ​ရောက်​တော့​မည်​ကို​သ​တိ​ရ​ကြ ၏။ (ရှိ​လော​မြို့​သည်​ဗေ​သ​လ​မြို့​၏​မြောက် ဘက်၊ လေ​ဗော​န​မြို့​၏​တောင်​ဘက်၊ ဗေ​သ​လ မြို့​မှ​ရှေ​ခင်​မြို့​သို့​သွား​သော​လမ်း​အ​ရှေ့ ဘက်​၌​တည်​ရှိ​သ​တည်း။-) \v 20 သူ​တို့​က​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​အား``သင် တို့​သည်​စ​ပျစ်​ဥ​ယျာဉ်​များ​သို့​သွား​၍ ပုန်း အောင်း​၍၊- \v 21 စောင့်​ဆိုင်း​နေ​ကြ​လော့။ ရှိ​လော​မြို့​သူ​တို့​သည် ပွဲ​ခံ​အံ့​သော​ငှာ​က​ခုန်​လျက်​လာ​ကြ​လိမ့် မည်။ ထို​အ​ခါ​စပျစ်​ဥ​ယျာဉ်​များ​မှ​ထွက်​၍ သင်​တို့​နှင့်​အိမ်​ထောင်​ဖက်​ပြု​ရန်​နှစ်​သက် ရာ​အ​မျိုး​သ​မီး​ကို​ဗင်္ယာ​မိန်​ပြည်​သို့​ဖမ်း ဆီး​ခေါ်​ဆောင်​သွား​ကြ​လော့။- \v 22 အ​ကယ်​၍​သူ​တို့​၏​ဖ​ခင်​များ​သို့​မ​ဟုတ် မောင်​များ​က​လာ​ရောက်​ကန့်​ကွက်​လျှင် သင် တို့​သည်​သူ​တို့​အား`ထို​အ​မျိုး​သ​မီး​တို့​ကို ငါ​တို့​အား​သိမ်း​ပိုက်​ခွင့်​ပြု​ပါ။ အ​ဘယ်​ကြောင့် ဆို​သော်​ငါ​တို့​သည်​သင်​တို့​အား​တိုက်​ခိုက်​၍ သူ​တို့​ကို​သိမ်း​ယူ​ခြင်း​မ​ဟုတ်​သော​ကြောင့် ဖြစ်​ပါ​သည်။ ထို​မှ​တစ်​ပါး​သူ​တို့​ကို​ငါ​တို့ အား​ပေး​စား​သူ​မှာ​သင်​တို့​မ​ဟုတ်​သ​ဖြင့် သင်​တို့​သည်​မိ​မိ​တို့​၏​ကတိ​သစ္စာ​ကို​ချိုး ဖောက်​ရာ​မ​ရောက်​ပါ' ဟု​ပြန်​ပြော​ကြ လော့'' ဟူ​၍​မှာ​ထား​ကြ​၏။ \p \v 23 ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​လည်း​ယင်း​သို့ မှာ​ထား​သည့်​အ​တိုင်း​ပြု​၍ က​ခုန်​လျက်​လာ ကြ​သော​အ​မျိုး​သ​မီး​တို့​အား ကိုယ်​စီ​ကိုယ် ငှ​ရွေး​ယူ​ဖမ်း​ဆီး​ခေါ်​ဆောင်​၍​မိ​မိ​တို့​နယ် မြေ​သို့​ပြန်​ပြီး​လျှင်​မိ​မိ​တို့​၏​မြို့​များ​ကို ပြန်​လည်​ထူ​ထောင်​ကာ​နေ​ထိုင်​ကြ​လေ​၏။- \v 24 တစ်​ချိန်​တည်း​မှာ​ပင်​အ​ခြား​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် မိ​မိ​တို့​၏​အ​မျိုး​အ​နွယ်၊ အိမ်​ထောင်​စု​နှင့်​အိုး​အိမ်​ရှိ​ရာ​အ​ရပ်​အ​သီး သီး​သို့​ပြန်​လည်​ထွက်​ခွာ​သွား​ကြ​ကုန်​၏။ \p \v 25 ထို​ခေတ်​အ​ခါ​က​ဣ​သ​ရေ​လ​လူ​မျိုး​တွင် ရှင်​ဘု​ရင်​မ​ရှိ​သေး​ချေ။ လူ​တိုင်း​ပင်​မိ​မိ အ​လို​ရှိ​သည်​အ​တိုင်း​ပြု​သ​တည်း။\x + \xo 21:25 \xt သူကြီး၊ ၁၇:၆။\x* တ​ရား​သူ​ကြီး​မှတ်​စာ​ပြီး​၏။