\id JAS Myanmar Common Language Bible \h ယာ​ကုပ် \toc1 ရှင်​ယာ​ကုပ်​သြ​ဝါ​ဒ​စာ \toc2 ယာ​ကုပ် \mt1 ရှင်​ယာ​ကုပ်​သြ​ဝါ​ဒ​စာ \is1 နိ​ဒါန်း \ip ရှင်​ယာ​ကုပ်​သြ​ဝါ​ဒ​စာ​သည်​ကမ္ဘာ​အ​ရပ်​ရပ် တွင်​ပျံ့​နှံ့​လျက်​ရှိ​သော ဘု​ရား​သ​ခင်​၏​လူ​စု တော်​ဝင်​အ​ပေါင်း​တို့​ထံ​သို့​ပေး​ပို့​သည့်​စာ ဖြစ်​သည်။ လက်​တွေ့​ကျင့်​သုံး​မှု​ဆိုင်​ရာ​ညွှန် ကြား​ချက်​များ​ကို​စု​စည်း​ပေါင်း​စပ်​ထား​သည့် စာ​လည်း​ဖြစ်​သည်။ စာ​ရေး​သူ​သည်​ခ​ရစ်​ယာန် တို့​ရှိ​အပ်​သော​ဖြတ်​ထိုး​ဉာဏ်၊ စိတ်​နေ​စိတ် ထား၊ ကိုယ်​ကျင့်​တ​ရား​တို့​နှင့်​ပတ်​သက်​သည့် သြ​ဝါ​ဒ​များ​ကို​ဥ​ပ​မာ​များ​ဖြင့်​ပေါ် လွင်​အောင်​ရေး​သား​တင်​ပြ​ထား​ပေ​သည်။ ရှင်​ယာ​ကုပ်​သြ​ဝါ​ဒ​စာ​တွင်​ဆင်း​ရဲ​မှု နှင့်​ချမ်း​သာ​မှု၊ စုံ​စမ်း​သွေး​ဆောင်​မှု၊ အ​ကျင့် ကောင်း​မှု၊ မျက်​နှာ​လိုက်​မှု၊ ယုံ​ကြည်​ခြင်း​နှင့် ကျင့်​သုံး​မှု၊ နှုတ်​ကို​စောင့်​ထိန်း​မှု၊ ဉာဏ်​ပ​ညာ၊ ငြင်း​ခုံ​မှု၊ မာန်​မာ​န​ကြီး​မှု​နှင့်​စိတ်​နှ​လုံး နှိမ့်​ချ​မှု၊ သူ​တစ်​ပါး​အား​စစ်​ကြော​စီ​ရင်​မှု၊ ဝါ​ကြွား​မှု၊ စိတ်​ရှည်​သည်း​ခံ​မှု၊ ဆု​တောင်း ပတ္ထ​နာ​ပြု​မှု​စ​သည်​တို့​ကို​ခ​ရစ်​ယာန် ရှု​ထောင့်​မှ​ဆွေး​နွေး​တင်​ပြ​ထား​၏။ \ip ဤ​သြ​ဝါ​ဒ​စာ​တွင်​ယုံ​ကြည်​ခြင်း​ကို​အ​ကျင့် အား​ဖြင့် ခ​ရစ်​ယာန်​ရှု​ထောင့်​မှ​သက်​သေ​ပြ​ရ မည်​ဖြစ်​ကြောင်း​အ​လေး​ထား​၍​သွန်​သင်​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 နိ​ဒါန်း \ior ၁:၁\ior* \io1 ယုံ​ကြည်​ခြင်း​နှင့်​ဉာဏ်​ပ​ညာ \ior ၁:၂-၈\ior* \io1 ဆင်း​ရဲ​ခြင်း​နှင့်​ချမ်း​သာ​ကြွယ်​ဝ​ခြင်း \ior ၁:၉-၁၁\ior* \io1 စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့်​သွေး​ဆောင်​ခြင်း \ior ၁:၁၂-၁၈\ior* \io1 ကြား​နာ​ခြင်း​နှင့်​ကျင့်​သုံး​ခြင်း \ior ၁:၁၉-၂၇\ior* \io1 မျက်​နှာ​မ​လိုက်​ရန်​သ​တိ​ပေး​ခြင်း \ior ၂:၁-၁၃\ior* \io1 ယုံ​ကြည်​ခြင်း​နှင့်​အ​ကျင့် \ior ၂:၁၄-၂၆\ior* \io1 ခ​ရစ်​ယာန်​နှင့်​သူ​၏​လျှာ \ior ၃:၁-၁၈\ior* \io1 ခ​ရစ်​ယာန်​နှင့်​ကမ္ဘာ​လော​က \ior ၄:၁-၅:၆\ior* \io1 အ​ထွေ​ထွေ​သြ​ဝါ​ဒ​များ \ior ၅:၇-၂၀\ior* \c 1 \p \v 1 ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​အ​စေ ခံ​ဖြစ်​သူ​ယာ​ကုပ်​သည် ကမ္ဘာ​အ​ရပ်​ရပ်​သို့​ပျံ့​နှံ့ လျက်​ရှိ​သည့်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင် အ​ပေါင်း​တို့​ထံ​သို့​မေတ္တာ​ပို့​သ​လိုက်​ပါ​သည်။\x + \xo 1:1 \xt မ၊ ၁၃:၅၅။ မာ၊ ၆:၃။ တ၊ ၁၅:၁၃။ ဂလ၊ ၁:၁၉။\x* \s1 ယုံ​ကြည်​ခြင်း​နှင့်​ဉာဏ်​ပ​ညာ \p \v 2 ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​စုံ​စမ်း​နှောင့်​ယှက် ခြင်း​အ​မျိုး​မျိုး​နှင့်​တွေ့​ကြုံ​ရ​သော​အ​ခါ ဝမ်း​မြောက်​စ​ရာ​ဖြစ်​သည်​ဟု​ခံ​ယူ​ကြ​လော့။- \v 3 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ယုံ​ကြည် ခြင်း​ကို​စစ်​ကြော​စုံ​စမ်း​မှု​သည်​ခံ​နိုင်​ရည် ကို​ဖြစ်​ပွား​စေ​ကြောင်း​သင်​တို့​သိ​ကြ​သော ကြောင့်​ဖြစ်​၏။- \v 4 သင်​တို့​သည်​မည်​သည့်​အ​ရာ​မျှ​ချို့​တဲ့​မှု​မ​ရှိ ဘဲ​ပြည့်​ဝ​စုံ​လင်​ကြ​စေ​ရန်​အ​ဆုံး​တိုင်​အောင် ခံ​နိုင်​ရည်​ရှိ​ရ​ကြ​မည်။- \v 5 သင်​တို့​အ​နက်​တစ်​စုံ​တစ်​ယောက်​သည်​ဉာဏ် ပ​ညာ​ချို့​တဲ့​ပါ​လျှင် ဘု​ရား​သ​ခင်​ထံ​တောင်း လျှောက်​စေ။ ဘု​ရား​သ​ခင်​သည်​သူ့​အား​ဉာဏ် ပ​ညာ​ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ကိုယ်​တော်​သည်​လူ​ခပ်​သိမ်း​တို့ အား​ရက်​ရော​စွာ​ကျေး​ဇူး​ပြု​တော်​မူ​တတ် သော​ကြောင့်​ဖြစ်​၏။- \v 6 သို့​ရာ​တွင်​သင်​တို့​သည်​ယုံ​မှား​သံ​သ​ယ​မ​ရှိ ဘဲ​ယုံ​ကြည်​သော​စိတ်​နှင့်​တောင်း​လျှောက်​ကြ​ရ မည်။ ယုံ​မှား​သံ​သ​ယ​ရှိ​သော​သူ​သည်​လေ တိုက်​၍​လှုပ်​ရှား​နေ​သော​ပင်​လယ်​လှိုင်း​နှင့်​တူ​၏။- \v 7-8 ဤ​ကဲ့​သို့​သော​သူ​သည်​စိတ်​နှစ်​ခွ​ရှိ​သူ၊ ပြု လေ​သ​မျှ​တို့​၌​တည်​ကြည်​မှု​မ​ရှိ​သူ​ဖြစ် သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ တစ်​စုံ​တစ်​ရာ​ကို​ရ​ရှိ​လိမ့်​မည်​ဟု​မ​မှတ် စေ​နှင့်။ \s1 ဆင်း​ရဲ​ခြင်း​နှင့်​ချမ်း​သာ​ခြင်း \p \v 9 ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​အား နိမ့် ကျ​သည့်​အ​ခြေ​အ​နေ​မှ ဘု​ရား​သ​ခင်​မြှင့် တင်​ပေး​လိုက်​သော​အ​ခါ​ဝမ်း​မြောက်​စေ။- \v 10 ချမ်း​သာ​ကြွယ်​ဝ​သော​ညီ​အစ်​ကို​သည်​မိ​မိ အား​ဘု​ရား​သ​ခင်​နိမ့်​ကျ​စေ​တော်​မူ​သော အ​ခါ​ဝမ်း​မြောက်​ရ​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​ချမ်း​သာ​ကြွယ်​ဝ​သူ​တို့​သည်​တော​ပန်း ကဲ့​သို့​ညှိုး​နွမ်း​ပျောက်​ပျက်​သွား​မည်​ဖြစ် သော​ကြောင့်​တည်း။-\x + \xo 1:10 \xt ဟေရှာ၊ ၄၀:၆-၇။\x* \v 11 နေ​ပူ​ရှိန်​သည်​အ​ပင်​ကို​ခြောက်​သွေ့​စေ​၍ အ​ပွင့်​ကို​ကြွေ​ကျ​စေ​၏။ သို့​ဖြစ်​၍​ယင်း​၏ တင့်​တယ်​လှ​ပ​မှု​သည်​ပျက်​စီး​ရ​သ​ကဲ့​သို့ ချမ်း​သာ​ကြွယ်​ဝ​သူ​သည် မိ​မိ​၏​အ​လုပ် အ​ကိုင်​ကို​ဆောင်​ရွက်​လျက်​နေ​စဉ်​ပျောက် ကွယ်​ရ​လိမ့်​မည်။ \s1 စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့်​သွေး​ဆောင်​ခြင်း \p \v 12 စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ကြံ့​ကြံ့​ခံ​နိုင်​သော သူ​သည်​မင်္ဂ​လာ​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ထို​သူ​သည်​ယင်း​သို့​ခံ​နိုင်​သည်​ရှိ​သော် ဘု​ရား သ​ခင်​ကို​ချစ်​သော​သူ​တို့​အား​ကိုယ်​တော်​က​တိ ထား​တော်​မူ​သည့်​အ​သက်​တည်း​ဟူ​သော​ဆု ကို​ရ​ရှိ​မည်​ဖြစ်​သော​ကြောင့်​တည်း။- \v 13 စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို​ခံ​ရ​သူ​သည်`ငါ့​အား ဘု​ရား​သ​ခင်​စုံ​စမ်း​သွေး​ဆောင်​လျက်​နေ​သည်' ဟု​မ​ဆို​စေ​နှင့်။ မ​ကောင်း​မှု​သည်​ဘု​ရား​သ​ခင် အား​မ​သွေး​ဆောင်​နိုင်​ရာ။ ထို့​ပြင်​ကိုယ်​တော် တိုင်​အ​ဘယ်​သူ့​ကို​မျှ​စုံ​စမ်း​သွေး​ဆောင်​တော် မ​မူ။- \v 14 လူ​သည်​စုံ​စမ်း​သွေး​ဆောင်​ခြင်း​ခံ​ရ​သည်​ဆို သည်​မှာ မိ​မိ​၏​ဆိုး​ညစ်​သော​လို​အင်​ဆန္ဒ​ဆွဲ ဆောင်​ရာ​သို့​လိုက်​ပါ​ခြင်း​ပင်​ဖြစ်​၏။- \v 15 ထို​လို​အင်​ဆန္ဒ​သည်​သန္ဓေ​ယူ​ကာ​အ​ပြစ် ဒု​စ​ရိုက်​ကို​ဖွား​မြင်​၏။ အ​ပြစ်​ဒု​စ​ရိုက် သည်​ကြီး​ပြင်း​လာ​သော​အ​ခါ​သေ​ခြင်း ကို​ဖွား​မြင်​လေ​၏။ \p \v 16 ချစ်​သော​ညီ​အစ်​ကို​တို့၊ အ​ယူ​မ​လွဲ​ကြ​နှင့်။- \v 17 ကောင်း​မြတ်​စုံ​လင်​သော​ဆု​ကျေး​ဇူး​မှန်​သ​မျှ သည်​ကောင်း​ကင်​မှ​လည်း​ကောင်း၊ ကောင်း​ကင် အ​လင်း​တန်​ဆာ​များ​ကို​ဖန်​ဆင်း​တော်​မူ သော​ဘု​ရား​သ​ခင်​၏​ထံ​တော်​မှ​လည်း​ကောင်း သက်​ဆင်း​၍​လာ​ပေ​သည်။ ကိုယ်​တော်​သည် ပြောင်း​လဲ​တော်​မ​မူ။ လှည့်​ခြင်း​အား​ဖြင့် အ​မှောင်​ကို​ကျ​စေ​တော်​မ​မူ။- \v 18 ကိုယ်​တော်​သည်​ဖန်​ဆင်း​တော်​မူ​သော​သတ္တ​ဝါ များ​တွင်​အ​ဦး​ဆုံး​နေ​ရာ​၌​ရှိ​ကြ​စေ​ရန် သမ္မာ တ​ရား​တော်​အား​ဖြင့်​မိ​မိ​၏​အ​လို​တော်​နှင့် အ​ညီ​ငါ​တို့​အား​ဖြစ်​ပွား​စေ​တော်​မူ​၏။ \s1 ကြား​နာ​ခြင်း​နှင့်​ကျင့်​သုံး​ခြင်း \p \v 19 ချစ်​သော​ညီ​အစ်​ကို​တို့၊ ဤ​အ​ချက်​ကို​မှတ် သား​ထား​ကြ​လော့။ သင်​တို့​အား​လုံး​သည် ကြား​နာ​မှု​တွင်​လျင်​မြန်​ကြ​စေ။ ပြော​ဆို မှု​နှင့်​အ​မျက်​ထွက်​မှု​တွင်​မူ​နှေး​ကြ​စေ။- \v 20 လူ​၏​အ​မျက်​ဒေါ​သ​သည်​ဘု​ရား​သ​ခင်​၏ ဖြောင့်​မတ်​သော​အ​ကြံ​အ​စည်​တော်​ကို​မ​ပြု စု​တတ်။- \v 21 သို့​ဖြစ်​၍​သင်​တို့​သည်​ညစ်​ညမ်း​သည့်​အ​လေ့ အ​ထ​နှင့်​ဆိုး​ယုတ်​သည့်​အ​ကျင့်​မှန်​သ​မျှ​တို့ ကို​ပယ်​ရှား​ကြ​လော့။ သင်​တို့​၏​စိတ်​အ​တွင်း ၌​ဘု​ရား​သ​ခင်​သွင်း​ပေး​တော်​မူ​သော​တ​ရား တော်​သည် သင်​တို့​ကို​ကယ်​တင်​နိုင်​၏။ တ​ရား တော်​ကို​သိမ်​မွေ့​စွာ​ခံ​ယူ​ကြ​လော့။ \p \v 22 တ​ရား​တော်​ကို​ကြား​နာ​ရုံ​မျှ​သာ​ကြား​နာ ခြင်း​အား​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​မ​လှည့်​စား ကြ​နှင့်။ တ​ရား​တော်​ကို​လက်​တွေ့​ကျင့်​သုံး ကြ​လော့။- \v 23 တ​ရား​တော်​ကို​လက်​တွေ့​မ​ကျင့်​သုံး​ဘဲ ကြား​နာ​ရုံ​မျှ​သာ​ကြား​နာ​သော​သူ​သည် မိ​မိ​ပ​က​တိ​မျက်​နှာ​ကို​မှန်​တွင်​ကြည့်​သူ နှင့်​တူ​၏။- \v 24 သူ​သည်​ယင်း​သို့​ကြည့်​၍​ထွက်​ခွာ​သွား​သည်​နှင့် တစ်​ပြိုင်​နက်​မိ​မိ​ပုံ​သ​ဏ္ဌာန်​ကို​မေ့​ပျောက်​၍ သွား​တတ်​လေ​သည်။- \v 25 သို့​ရာ​တွင်​လူ​တို့​အား​အ​ပြစ်​အ​နှောင်​အ​ဖွဲ့​မှ လွတ်​မြောက်​စေ​သော​စုံ​လင်​သည့်​တ​ရား​ကို သေ​ချာ​စွာ​လေ့​လာ​ကြည့်​ရှု​သော​သူ​ကား တ​ရား​နာ​ရုံ​သာ​နာ​၍​မေ့​လျော့​သော​သူ မ​ဟုတ်​ဘဲ​ဆက်​လက်​အာ​ရုံ​ပြု​ကာ​လက်​တွေ့ ကျင့်​သုံး​သော​သူ​ဖြစ်​သ​ဖြင့် အ​ဘယ်​အ​မှု မျိုး​ကို​ပြု​သည်​မ​ဆို​ဘု​ရား​သ​ခင်​၏ ကောင်း​ချီး​မင်္ဂလာ​ကို​ခံ​စား​ရ​လိမ့်​မည်။ \p \v 26 လူ​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​ကိုယ်​ကို ဘု​ရား​တ​ရား​ကြည်​ညို​သူ​ဟူ​၍​ယူ​ဆ သော်​လည်း မိ​မိ​၏​လျှာ​ကို​မ​ထိန်း​နိုင်​လျှင် ကိုယ့်​ကိုယ်​ကို​လှည့်​စား​သူ​ဖြစ်​၏။ သူ​၏​ဘု​ရား တ​ရား​ကြည်​ညို​မှု​သည်​လည်း​အ​ချည်း​နှီး ပင်​ဖြစ်​၏။- \v 27 ခ​မည်း​တော်​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​စစ်​မှန် သော​ဘု​ရား​တ​ရား​ကြည်​ညို​မှု​သည်​ကား ဒုက္ခ ရောက်​သော​မိ​ဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ တို့​ကို​ကြည့်​ရှု​စောင့်​ရှောက်​ခြင်း၊ လော​ကီ​အ​ညစ် အ​ကြေး​တို့​မှ​ကင်း​စင်​အောင် မိ​မိ​တို့​ကိုယ်​ကို စောင့်​ထိန်း​ခြင်း​တို့​ပင်​ဖြစ်​သ​တည်း။ \c 2 \s1 မျက်​နှာ​မ​လိုက်​ရန်​သ​တိ​ပေး​ခြင်း \p \v 1 ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ငါ​တို့​၏​ဘုန်း အ​သ​ရေ​တော်​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သက် ဝင်​ယုံ​ကြည်​သူ​များ​ဖြစ်​ကြ​သည့်​အ​လျောက် လူ​တို့​အား​မျက်​နှာ​ကြီး​ငယ်​လိုက်​၍​မ​ဆက် ဆံ​ကြ​နှင့်။- \v 2 အ​ကယ်​၍​သင်​တို့​စည်း​ဝေး​ရာ​သို့​ဝင်​လာ သော​လူ​နှစ်​ယောက်​အ​နက် လူ​တစ်​ယောက်​က ရွှေ​လက်​စွပ်​နှင့်​ဝတ်​ကောင်း​စား​လှ​များ​ကို ဝတ်​ဆင်​ထား​၍ အ​ခြား​တစ်​ယောက်​က​မူ ဆင်း​ရဲ​နွမ်း​ပါး​သူ​ဖြစ်​သ​ဖြင့် စုတ်​ပြတ် သော​အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သည်​ဆို​အံ့။- \v 3 သင်​တို့​သည်​ဝတ်​ကောင်း​စား​လှ​ဝတ်​ဆင်​ထား သူ​အား​အ​ရေး​ပေး​လျက်``ဤ​နေ​ရာ​တွင်​ထိုင် ပါ'' ဟူ​၍​လည်း​ကောင်း၊ ဆင်း​ရဲ​သူ​အား``ထို နေ​ရာ​တွင်​ရပ်​နေ​လော့'' ဟူ​၍​လည်း​ကောင်း ဆို​ပါ​မူ၊- \v 4 အ​ချင်း​ချင်း​လူ​တန်း​စား​ခွဲ​ခြား​၍ မ​ကောင်း သော​အ​ကြံ​အ​စည်​နှင့်​အ​ကဲ​ဖြတ်​ရာ​ရောက် သည်​မ​ဟုတ်​ပါ​လော။ \p \v 5 ချစ်​သော​ညီ​အစ်​ကို​တို့၊ နား​ထောင်​ကြ​လော့။ ယုံ​ကြည်​ခြင်း​၌​ကြွယ်​ဝ​သူ​များ​ဖြစ်​ကြ စေ​ရန်​ကိုယ်​တော်​ကို​ချစ်​သော​သူ​တို့​အ​တွက် က​တိ​ထား​တော်​မူ​သော​နိုင်​ငံ​တော်​ကို​ဆက်​ခံ သူ​များ​ဖြစ်​ကြ​စေ​ရန် ကိုယ်​တော်​သည်​လော​က တွင်​ဆင်း​ရဲ​သူ​တို့​အား​ရွေး​ချယ်​တော်​မူ​သည် မ​ဟုတ်​လော။- \v 6 သို့​ရာ​တွင်​သင်​တို့​က​ဆင်း​ရဲ​သူ​တို့​အား ရှုတ်​ချ​ကြ​သည်​တ​ကား။ ကြွယ်​ဝ​သူ​တို့​သည် သင်​တို့​အား​နှိပ်​စက်​၍​တ​ရား​သူ​ကြီး​များ ရှေ့​သို့​ဆွဲ​ငင်​ခေါ်​ဆောင်​သွား​ကြ​သည် မ​ဟုတ်​လော။- \v 7 သင်​တို့​ခံ​ယူ​ရ​ရှိ​သည့်​နာ​မ​တော်​မြတ်​ကို ကဲ့​ရဲ့​ကြ​သည်​မ​ဟုတ်​လော။ \p \v 8 သင်​တို့​သည်``သင်​၏​အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့် အ​မျှ​ချစ်​လော့'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော် ပြ​ပါ​ရှိ​သည့်​ရွှေ​ပ​ညတ်​တော်​ကို​စောင့်​ထိန်း လျှင်​သင့်​လျော်​ပေ​၏။-\x + \xo 2:8 \xt ဝတ်၊ ၁၉:၁၈။\x* \v 9 သို့​ရာ​တွင်​မျက်​နှာ​ကြီး​ငယ်​လိုက်​ကြ​ပါ​မူ အ​ပြစ်​ကူး​သူ​များ​ဖြစ်​၍​ထို​ပ​ညတ်​တော် အား​ဖြင့်​အ​ပြစ်​သင့်​လိမ့်​မည်။- \v 10 ပ​ညတ်​တော်​တစ်​ပါး​ကို​ချိုး​ဖောက်​သူ​သည် ပ​ညတ်​တော်​အ​လုံး​စုံ​ကို​ချိုး​ဖောက်​ရာ​ရောက် ပေ​သည်။- \v 11 အ​ဘယ်​ကြောင့်​ဆို​သော်``သူ့​အိမ်​ရာ​ကို​မ​ပြစ် မှား​နှင့်'' ဟု​မိန့်​တော်​မူ​သော​အ​ရှင်​သည် ``သူ့ အ​သက်​ကို​မ​သတ်​နှင့်'' ဟု​လည်း​မိန့်​တော်​မူ သော​ကြောင့်​ဖြစ်​၏။ သင်​သည်​သူ့​အိမ်​ရာ​ကို မ​ပြစ်​မှား​ဘဲ​နေ​ကောင်း​နေ​လိမ့်​မည်။ သို့​ရာ တွင်​လူ့​အ​သက်​ကို​သတ်​ပါ​မူ​ပ​ညတ်​တော် ကို​ချိုး​ဖောက်​ရာ​ရောက်​၏။-\x + \xo 2:11 \xt ထွ၊ ၂၀:၁၃၊၁၄။ တရား၊ ၅:၁၇၊၁၈။\x* \v 12 သို့​ဖြစ်​၍​သင်​တို့​သည်​လွတ်​မြောက်​ခြင်း​ဆိုင် ရာ​တ​ရား​တော်​အ​ရ​တ​ရား​စီ​ရင်​ခြင်း​ခံ ရ​ကြ​မည့်​သူ​တို့​ကဲ့​သို့​ပြော​ဆို​ကျင့်​ကြံ ကြ​လော့။- \v 13 ဘု​ရား​သ​ခင်​သည်​သ​နား​က​ရု​ဏာ​မ​ရှိ​သူ အား​သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ​တ​ရား​စီ​ရင် တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သ​နားခြင်း​က​ရု​ဏာ ရှိ​သူ​သည်​တ​ရား​စီ​ရင်​ခြင်း​ကို​ကြောက်​လန့် ရန်​မ​လို​ပေ။ \s1 ယုံ​ကြည်​ခြင်း​နှင့်​အ​ကျင့် \p \v 14 ငါ့​ညီ​အစ်​ကို​တို့၊ လူ​တစ်​စုံ​တစ်​ယောက်​သည် ယုံ​ကြည်​ပါ​သည်​ဟု​ဆို​သော်​လည်း အ​ကျင့် အား​ဖြင့်​သက်​သေ​မ​ပြ​နိုင်​ပါ​မူ​အ​ဘယ် အ​ကျိုး​ရှိ​မည်​နည်း။ ထို​ယုံ​ကြည်​ခြင်း​က သူ့​အား​ကယ်​တင်​နိုင်​မည်​လော။- \v 15 ညီ​အစ်​ကို​မောင်​နှ​မ​တို့​သည်​ဝတ်​ရေး​စား ရေး​ချို့​တဲ့​ဆင်း​ရဲ​သောအ​ခါ၊- \v 16 သင်​တို့​က``သင်​တို့​ကို​ဘု​ရား​သ​ခင်​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ။ နွေး​နွေး​နေ​ကြ​လော့။ ဝ​စွာ စား​ကြ​လော့'' ဟု​ဆို​လျက်​သူ​တို့​လို​အပ်​သည့် အ​သုံး​အ​ဆောင်​ကို​မ​ပေး​ဘဲ​နေ​ပါ​မူ အ​ဘယ်​အ​ကျိုး​ရှိ​ပါ​မည်​နည်း။- \v 17 ယုံ​ကြည်​ခြင်း​သည်​လည်း​ထို​နည်း​တူ​ပင်​ဖြစ် သည်။ အ​ကျင့်​အား​ဖြင့်​မ​ပြ​နိုင်​သော​ယုံ​ကြည် ခြင်း​သည်​အ​သေ​ဖြစ်​သည်။ \p \v 18 သို့​ရာ​တွင်​တစ်​စုံ​တစ်​ယောက်​က``လူ​တစ်​ဦး မှာ​ယုံ​ကြည်​ခြင်း​ရှိ​၍​အ​ခြား​တစ်​ဦး​မှာ အ​ကျင့်​ရှိ​သည်'' ဟု​စော​ဒ​က​တက်​လျှင်``အ​ကျင့် နှင့်​ကင်း​သည့်​ယုံ​ကြည်​ခြင်း​ကို​ငါ့​အား​ပြ​လော့။ ငါ​မူ​ကား​အ​ကျင့်​အား​ဖြင့်​ငါ​၏​ယုံ​ကြည် ခြင်း​ကို​ပြ​မည်'' ဟု​ငါ​ဆို​ပေ​အံ့။- \v 19 ဘု​ရား​တစ်​ဆူ​တည်း​သာ​ရှိ​သည်​ကို​ယုံ​ကြည် ၏။ ကောင်း​ပေ​၏။ နတ်​မိစ္ဆာ​များ​ပင်​လျှင်​ထို​သို့ ယုံ​ကြည်​၍​ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။- \v 20 အ​ချင်း​လူ​မိုက်၊ အ​ကျင့်​နှင့်​ကင်း​သည့်​ယုံ ကြည်​ခြင်း​သည် အ​ချည်း​နှီး​ဖြစ်​ကြောင်း​သိ လို​သ​လော။- \v 21 ငါ​တို့​၏​ဘိုး​ဘေး​အာ​ဗြ​ဟံ​သည် ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​မှု​ကို​အ​ဘယ် သို့​ရ​ရှိ​သ​နည်း။ သူ​သည်​မိ​မိ​သား​ဣ​ဇာက် ကို ပလ္လင်​ပေါ်​တွင်​တင်​လှူ​ပူ​ဇော်​ခြင်း​တည်း ဟူ​သော​အ​ကျင့်​အား​ဖြင့်​ရ​ရှိ​ပေ​သည်။-\x + \xo 2:21 \xt က၊ ၂၂:၁-၁၄။\x* \v 22 သူ​၏​ယုံ​ကြည်​ခြင်း​သည်​အ​ကျင့်​နှင့်​ဒွန်​တွဲ လျက်​နေ​သည်​ကို သင်​မ​သိ​မ​မြင်​သ​လော။ အ​ကျင့်​အား​ဖြင့်​သူ​၏​ယုံ​ကြည်​ခြင်း​ကို ပြည့်​ဝ​စုံ​လင်​၍​လာ​၏။- \v 23 သို့​ဖြစ်​၍``အာ​ဗြ​ဟံ​သည်​ဘု​ရား​သ​ခင်​အား ယုံ​ကြည်​၏။ သူ​၏​ယုံ​ကြည်​မှု​ကြောင့်​ဘု​ရား သ​ခင်​သည် သူ့​အား​ဖြောင့်​မတ်​သူ​အ​ဖြစ် လက်​ခံ​တော်​မူ​သည်'' ဟူ​သော​ကျမ်း​စ​ကား သည်​မှန်​ကန်​၍​လာ​၏။ ထို့​ကြောင့်​အာ​ဗြ​ဟံ သည် ဘု​ရား​သ​ခင်​၏​အ​ဆွေ​ဟု​ခေါ်​ဝေါ် ခြင်း​ကို​ခံ​ရ​၏။-\x + \xo 2:23 \xt က၊ ၁၅:၆။ ၆ရာ၊ ၂၀:၇။ ဟေရှာ၊ ၄၁:၈။\x* \v 24 သို့​ဖြစ်​၍​လူ​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့် သာ​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​မှု​ကို​ရ​ရှိ​နိုင်​ကြောင်း​သင်​တို့​သိ ကြ​၏။ \p \v 25 ပြည့်​တန်​ဆာ​မ​ရာ​ခပ်​၏​အ​ကြောင်း​မှာ​လည်း ထို​နည်း​အ​တိုင်း​ပင်​ဖြစ်​၏။ သူ​သည်​ဣ​သ​ရေ​လ သူ​လျှို​များ​ကို​ကြို​ဆို​လက်​ခံ​ပြီး​နောက် အ​ခြား လမ်း​ဖြင့်​ထွက်​ခွာ​သွား​နိုင်​ရန်​ကူ​ညီ​မ​စ​ခဲ့ ပေ​သည်။ ဤ​အ​မှု​ကြောင့်​သူ​သည်​ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​မှု​ကို​ရ​ရှိ​၏။\x + \xo 2:25 \xt ယောရှု၊ ၂:၁-၂၁။\x* \p \v 26 ထို့​ကြောင့်​ဝိ​ညာဉ်​နှင့်​ကင်း​သော​ကိုယ်​ခန္ဓာ​သည် အ​သေ​ဖြစ်​သ​ကဲ့​သို့ အ​ကျင့်​နှင့်​ကင်း​သည့် ယုံ​ကြည်​ခြင်း​သည်​အ​သေ​ဖြစ်​သ​တည်း။ \c 3 \s1 လျှာ​အ​ကြောင်း \p \v 1 ငါ့​ညီ​အစ်​ကို​တို့၊ ဆ​ရာ​ဖြစ်​သော​ငါ​တို့​သည် အ​ခြား​သူ​များ​ထက်​ပို​၍​ကျပ်​တည်း​စွာ​စစ် ဆေး​စီ​ရင်​ခြင်း​ခံ​ရ​ကြ​မည်​ကို​သိ​မှတ် ကြ​လျက်​သင်​တို့​တွင်​ဆ​ရာ​ဖြစ်​လို​သူ မ​များ​စေ​နှင့်။- \v 2 ငါ​တို့​အ​ပေါင်း​သည်​မ​ကြာ​ခ​ဏ​မှား​တတ် ကြ​၏။ အ​ဘယ်​အ​ခါ​၌​မျှ​အ​ပြော​အ​ဆို မ​မှား​သော​သူ​သည်​ပြည့်​ဝ​စုံ​လင်​သော​သူ ဖြစ်​၏။ ထို​သို့​သော​သူ​သည် မိ​မိ​ကိုယ်​တစ် ကိုယ်​လုံး​ကို​ထိန်း​ချုပ်​နိုင်​သူ​ဖြစ်​ပေ​သည်။- \v 3 ငါ​တို့​သည်​မြင်း​ကို​ဇက်​ခွံ့​၍​ငါ​တို့​အ​မိန့် ကို​လိုက်​နာ​စေ​နိုင်​၏။ ငါ​တို့​လို​ရာ​သို့​သွား စေ​နိုင်​၏။- \v 4 အ​လွန်​ကြီး​သော​သင်္ဘော​များ​ကို​လေ​ပြင်း တိုက်​ခတ်​နေ​ချိန်​၌​ပင်​လျှင် တက်​မ​ငယ်​အား ဖြင့်​ထိန်း​ချုပ်​ကာ​တက်​မ​ကိုင်​အ​လို​ရှိ​ရာ ဘက်​သို့​လှည့်​စေ​နိုင်​၏။- \v 5 လျှာ​သည်​လည်း​ထို​နည်း​အ​တိုင်း​ပင်​ဖြစ် ပေ​သည်။ ယင်း​သည်​ကိုယ်​ခန္ဓာ​၏​သေး​ငယ်​သော အင်္ဂါ​အ​စိတ်​အ​ပိုင်း​မျှ​သာ​ဖြစ်​သော်​လည်း ကြီး​ကျယ်​သော​အ​ရာ​များ​အ​ကြောင်း​ကို ကြွား​ဝါ​တတ်​သည်။ \p အ​လွန်​ကြီး​သော​သစ်​တော​ကို​သေး​ငယ်​သော မီး​ပွား​က​လေး​က လောင်​ကျွမ်း​စေ​နိုင်​သည် ကို​စဉ်း​စား​ကြည့်​ပါ​လေ။- \v 6 လျှာ​သည်​မီး​နှင့်​တူ​၍​အ​ပြစ်​ဒု​စ​ရိုက်​ဖြင့် ပြည့်​ဝ​သော​ကမ္ဘာ​ဖြစ်​၏။ ယင်း​သည်​ကိုယ်​အင်္ဂါ အ​စိတ်​အ​ပိုင်း​တစ်​ခု​အ​ဖြစ်​ဖြင့်​တည်​ရှိ​ကာ၊ ငါ​တို့​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သို့​အ​ပြစ်​ဒု​စ​ရိုက် ကူး​စက်​ပျံ့​နှံ့​စေ​လေ​သည်။ လျှာ​သည်​င​ရဲ​မှ ရ​ရှိ​သည့်​မီး​ဖြင့်​ငါ​တို့​၏​ဘ​ဝ​တစ်​ခု လုံး​ကို​ကျွမ်း​လောင်​စေ​တတ်​၏။- \v 7 လူ​သည်​အ​ခြား​သတ္တဝါ​များ​ဖြစ်​သော​သား​ရဲ တိ​ရစ္ဆာန်၊ ငှက်၊ တွား​တတ်​သည့်​သတ္တ​ဝါ၊ ငါး​တို့ ကို​ကျိုး​နွံ​ယဉ်​ပါး​အောင်​ပြု​နိုင်​၏။ ပြု​လည်း ပြု​ခဲ့​ပေ​ပြီ။- \v 8 သို့​ရာ​တွင်​လျှာ​ကို​မူ​ကား​အ​ဘယ်​သူ​မျှ ကျိုး​နွံ​အောင်​မ​ပြု​နိုင်။ ယင်း​သည်​သေ​စေ​တတ် သော​အ​ဆိပ်​နှင့်​ပြည့်​ဝ​လျက်​ထိန်း​ချုပ်​၍​မ​ရ အောင်​ဆိုး​ရွား​လေ​သည်။- \v 9 ငါ​တို့​သည်​ခ​မည်း​တော်​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ရာ​၌​လျှာ​ကို​အ​သုံး​ပြု ကြ​၏။ ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​အ​ညီ ဖန်​ဆင်း​ထား​တော်​မူ​သော​လူ​တို့​ကို​ကျိန်​ဆဲ​ရာ ၌​လည်း​ယင်း​ကို​ပင်​အ​သုံး​ပြု​ကြ​၏။-\x + \xo 3:9 \xt က၊ ၁:၂၆။\x* \v 10 နှုတ်​တစ်​ခု​ထဲ​မှ​ချီး​ကူး​ခြင်း​နှင့်​ကျိန်​ဆဲ​ခြင်း ထွက်​တတ်​ပါ​သည်​တ​ကား။ ငါ့​ညီ​အစ်​ကို​တို့၊ ဤ​သို့​မ​ဖြစ်​သင့်။- \v 11 စမ်း​ရေ​ပေါက်​တစ်​ခု​တည်း​မှ​ရေ​ချို​ရေ​ခါး ထွက်​လာ​တတ်​ပါ​သ​လော။- \v 12 ငါ့​ညီ​အစ်​ကို​တို့၊ သဖန်း​ပင်​သည်​သံ​လွင်​သီး ကို​သီး​နိုင်​ပါ​သ​လော။ စပျစ်​ပင်​သည်​သ​ဖန်း သီး​ကို​သီး​နိုင်​ပါ​သ​လော။ ထို့​အ​တူ​ရေ​ငံ သည်​လည်း​ရေ​ချို​ကို​မ​ဖြစ်​ပေါ်​စေ​နိုင်။ \s1 အ​ထက်​မှ​သက်​ရောက်​သည့်​ဉာဏ်​ပညာ \p \v 13 သင်​တို့​အ​ထဲ​တွင်​အ​တတ်​အ​လိမ္မာ​နှင့်​ဉာဏ် ပ​ညာ​ရှိ​သူ​တစ်​စုံ​တစ်​ယောက်​ရှိ​လျှင်​ထို​သူ သည် မိ​မိ​ပ​ညာ​ရှိ​မှု​ကို​ဉာဏ်​ပ​ညာ​နှင့်၊ နှိမ့်​ချ သော​စိတ်​ဖြင့်​ပြု​ကျင့်​သည့်​အ​ကျင့်​ကောင်း အား​ဖြင့်​သက်​သေ​ပြ​ပါ​စေ။- \v 14 သို့​သော်​အ​ကယ်​၍​သင်​တို့​စိတ်​နှ​လုံး​တွင် နာ​ကြည်း​စိတ်၊ မ​နာ​လို​စိတ်၊ တစ်​ကိုယ်​ကောင်း စိတ်​များ​ရှိ​လျှင်​မိ​မိ​ဉာဏ်​ပ​ညာ​အ​တွက် ကြွား​ဝါ​ပြော​ဆို​ခြင်း​အား​ဖြင့်​သမ္မာ​တ​ရား ကို​မ​ဆန့်​ကျင်​နှင့်။- \v 15 ထို​ကဲ့​သို့​သော​ပ​ညာ​သည်​အ​ထက်​မှ​သက် ရောက်​သည့်​ပ​ညာ​မ​ဟုတ်။ လော​ကီ​ဆန်​သော၊ အ​သွေး​အ​သား​နှင့်​ဆိုင်​သော၊ နတ်​မိစ္ဆာ​တို့​နှင့် ပတ်​သက်​သော​ပ​ညာ​သာ​လျှင်​ဖြစ်​ပေ​သည်။- \v 16 အ​ဘယ်​ကြောင့်​ဆို​သော်​မ​နာ​လို​စိတ်၊ တစ်​ကိုယ် ကောင်း​စိတ်​တို့​သည်​မ​ငြိမ်​မ​ဝပ်​ရုန်း​ရင်း​ဆန် ခတ်​မှု၊ ဆိုး​ညစ်​ယုတ်​မာ​မှု​အ​မျိုး​မျိုး​တို့​ကို ဖြစ်​ပေါ်​စေ​တတ်​သော​ကြောင့်​တည်း။- \v 17 သို့​သော်​အ​ထက်​မှ​သက်​ရောက်​သည့်​ပ​ညာ သည်​ကား​ပ​ထ​မ​အ​နေ​ဖြင့်​စင်​ကြယ်​၏။ ထို နောက်​ငြိမ်း​ချမ်း​သာ​ယာ​မှု၊ နူး​ညံ့​သိမ်​မွေ့​မှု၊ ခင်​မင်​မှု​တို့​ကို​ပြု​စု​တတ်​၏။ ယင်း​သည်​က​ရု ဏာ​နှင့်​ပြည့်​စုံ​ကြွယ်​ဝ​၍​ကောင်း​မြတ်​သည့် အ​ကျင့်​များ​တည်း​ဟူ​သော​အ​သီး​အ​ပွင့်​တို့ ကို​ဖြစ်​ပွား​စေ​တတ်​၏။ ထို့​အ​ပြင်​မျက်​နှာ မ​လိုက်​တတ်။ ဟန်​ဆောင်​မှု​နှင့်​ကင်း​၏။- \v 18 ငြိမ်း​ချမ်း​ရေး​ဆောင်​ရွက်​သူ​တို့​ငြိမ်း​ချမ်း​စွာ စိုက်​ပျိုး​သည့်​မျိုး​စေ့​များ​မှ​ဖြစ်​ပွား​သည့် အ​သီး​အ​ပွင့်​ကား​ကောင်း​မြတ်​ခြင်း​ပေ​တည်း။ \c 4 \s1 လော​က​နှင့်​မိတ်​ဆွေ​ဖွဲ့​ခြင်း \p \v 1 သင်​တို့​တွင်​အ​ဘယ်​ကြောင့်​ခိုက်​ရန်​ဒေါ​သ​ဖြစ် မှု၊ အ​ငြင်း​ပွား​မှု​တို့​ဖြစ်​ပေါ်​လာ​သ​နည်း။ သင် တို့​၏​ကာ​ယ​လို​အင်​ဆန္ဒ​များ​ထ​ကြွ​နေ​သော ကြောင့်​မ​ဟုတ်​လော။- \v 2 သင်​တို့​သည်​မိ​မိ​တို့​အ​လို​ရှိ​သော​အ​ရာ များ​ကို​မ​ရ​နိုင်​သ​ဖြင့်​လူ့​အ​သက်​ကို​သတ် ရန်​အ​သင့်​ရှိ​ကြ​၏။ မိ​မိ​တို့​လွန်​စွာ​လို​လား တောင့်​တ​သည့်​အ​ရာ​များ​ကို​မ​ရ​နိုင်​သ​ဖြင့် အ​ငြင်း​ပွား​ကြ​၏။ ရန်​ဖြစ်​ကြ​၏။ သင်​တို့​လို လား​သော​အ​ရာ​ကို​မ​ရ​ရှိ​ကြ​သည့်​အ​ကြောင်း မှာ​ဘု​ရား​သ​ခင်​ထံ​တော်​သို့​မ​တောင်း​မ​လျှောက် ကြ​သော​ကြောင့်​ဖြစ်​၏။- \v 3 သင်​တို့​တောင်း​လျှောက်​၍​မ​ရ​ခြင်း​မှာ​ရည်​ရွယ် ချက်​လွဲ​မှား​လျက်​မိ​မိ​တို့​စည်း​စိမ်​ခံ​စား​မှု အ​တွက်​သာ​လျှင်​တောင်း​လျှောက်​တတ်​ကြ​သော ကြောင့်​ဖြစ်​၏။- \v 4 သင်​တို့​သည်​သစ္စာ​မဲ့​သူ​များ​ပါ​တ​ကား။ လော​က နှင့်​မိတ်​ဖွဲ့​သော​သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ရန်​ဘက်​ပြု​သူ​များ​ဖြစ်​သည်​ကို သင်​တို့​မ​သိ နား​မ​လည်​ကြ​သ​လော။ လော​က​၏​မိတ်​ဆွေ ဖြစ်​လို​သူ​သည်​ဘု​ရား​သ​ခင်​၏​ရန်​သူ​ဖြစ်​၏။- \v 5 ကျမ်း​စာ​တော်​က``ငါ​တို့​အ​ထဲ​သို့​ဘု​ရား​သ​ခင် ပေး​သွင်း​တော်​မူ​သော​ဝိ​ညာဉ်​သည်​ကြောက်​မက် ဖွယ်​ကောင်း​သည့်​အ​လို​ဆန္ဒ​များ​နှင့်​ပြည့်​ဝ​၏'' ဟု​အ​ကြောင်း​မဲ့​ဖော်​ပြ​သည်​ဟု​မ​ထင်​ကြ​နှင့်။- \v 6 သို့​ရာ​တွင်​ငါ​တို့​အား​ဘု​ရား​သ​ခင်​ပေး​သ​နား တော်​မူ​သော​ကျေး​ဇူး​တော်​သည်​ပို​၍​စွမ်း​အား ကြီး​ပေ​သည်။ ``ဘု​ရား​သ​ခင်​သည်​မာ​န​ကြီး သူ​တို့​အား​ဆန့်​ကျင်​ဘက်​ပြု​တော်​မူ​၍​နှိမ့်​ချ သော​သူ​တို့​အား​ကျေး​ဇူး​တော်​ကို​ချ​ပေး​တော် မူ​၏'' ဟု​ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ​ဖြစ်​၏။\x + \xo 4:6 \xt သု၊ ၃:၃၄။\x* \p \v 7 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​အ​လို​တော်​သို့​လိုက် ကြ​လော့။ မာရ်​နတ်​ကို​ခု​ခံ​ကြ​လော့။ သို့​ပြု လျှင်​သူ​သည်​သင်​တို့​ထံ​မှ​ထွက်​ပြေး​လိမ့်​မည်။- \v 8 ဘု​ရား​သခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ်​တော်​သည်​သင်​တို့​ထံ​သို့ ကြွ​လာ​တော်​မူ​သည်။ အ​ပြစ်​ကူး​သူ​တို့၊ သင်​တို့​လက်​များ​ကို​ဆေး​ကြော​ကြ​လော့။ မာ​န​ထောင်​သူ​တို့၊ သင်​တို့​၏​စိတ်​နှ​လုံး​ကို သန့်​ရှင်း​စင်​ကြယ်​စေ​ကြ​လော့။- \v 9 ဝမ်း​နည်း​ကြေ​ကွဲ​ကြ​လော့။ ငို​ကြွေး​မြည်​တမ်း ကြ​လော့။ သင်​တို့​၏​ရယ်​မော​ခြင်း​ကို​ငို​ကြွေး ခြင်း​ဖြစ်​စေ​ကြ​လော့။ သင်​တို့​၏​ဝမ်း​မြောက် ခြင်း​ကို​စိတ်​ညှိုး​ငယ်​စေ​ခြင်း​ဖြစ်​စေ​ကြ​လော့။- \v 10 သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌​နှိမ့်​ချ​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ် တော်​သည်​သင်​တို့​အား​ချီး​မြှောက်​တော်​မူ​လိမ့် မည်။ \s1 စစ်​ကြော​စီ​ရင်​မှု​မ​ပြု​ရန်​သ​တိ​ပေး​ခြင်း \p \v 11 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​အ​ချင်း​ချင်း​ပုတ် ခတ်​ဝေ​ဖန်​လျှင်​သော်​လည်း​ကောင်း၊ စစ်​ကြော စီ​ရင်​လျှင်​သော်​လည်း​ကောင်း​ပ​ညတ်​တ​ရား တော်​ကို​ပုတ်​ခတ်​ပြော​ဆို​စစ်​ကြော​စီ​ရင်​ရာ ရောက်​၏။ ပ​ညတ်​တ​ရား​တော်​ကို​စစ်​ကြော​စီ​ရင် ကြ​လျှင် သင်​တို့​သည်​ထို​တ​ရား​တော်​ကို​စောင့် ထိန်း​သူ​များ​မ​ဟုတ်​ဘဲ​စစ်​ကြော​စီ​ရင်​သူ များ​သာ​ဖြစ်​ကြ​၏။- \v 12 ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ​လျှင်​ပ​ညတ် တ​ရား​တော်​ကို​ပေး​၍​စစ်​ကြော​စီ​ရင်​ပိုင်​သော အ​ရှင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​တစ်​ပါး​တည်း သာ​လျှင်​ကယ်​တင်​ရန်​သော်​လည်း​ကောင်း၊ ဖျက် ဆီး​ရန်​သော်​လည်း​ကောင်း​တတ်​နိုင်​တော်​မူ​၏။ သင်​သည်​အ​ဘယ်​သူ​ဖြစ်​၍​မိ​မိ​၏​အိမ်​နီး ချင်း​ကို​စစ်​ကြော​စီ​ရင်​ရ​သ​နည်း။ \s1 ကြွား​ဝါ​မှု​မ​ပြု​ရန်​သ​တိ​ပေး​ခြင်း \p \v 13 ``ယ​နေ့​သို့​မ​ဟုတ်​နက်​ဖြန်​နေ့​၌​ဤ​မည်​သော မြို့​သို့​ငါ​တို့​သွား​၍​တစ်​နှစ်​မျှ​နေ​ကြ​ကုန်​အံ့။ ထို​မြို့​တွင်​ကုန်​သွယ်​၍​ငွေ​အ​မြောက်​အ​မြား​ရှာ ကြ​ကုန်​အံ့'' ဟု​သင်​တို့​အ​ချို့​ပြော​ဆို​လေ့​ရှိ ကြ​၏။ သို့​ရာ​တွင်​ငါ​ပြော​သည်​ကို​နား​ထောင် ကြ​လော့။-\x + \xo 4:13 \xt သု၊ ၂၇:၁။\x* \v 14 သင်​တို့​သည်​နက်​ဖြန်​နေ့​၌​မည်​သို့​ဖြစ်​မည်​ကို ပင်​မ​သိ​နိုင်​ကြ။ လူ့​ဘ​ဝ​ဟူ​သည်​ခေတ္တ​ခ​ဏ မျှ​သာ​ပေါ်​လာ​ပြီး​နောက်​ပျောက်​ကွယ်​သွား တတ်​သည့်​မီး​ခိုး​နှင့်​တူ​၏။- \v 15 ``ထာ​ဝ​ရ​ဘု​ရား​အ​လို​တော်​ရှိ​လျှင်​ငါ​တို့ သည်​အ​သက်​ရှင်​၍​ဤ​အ​မှု​ထို​အ​မှု​ကို​ပြု ကြ​မည်'' ဟု​သင်​တို့​ဆို​သင့်​ကြ​၏။- \v 16 ယ​ခု​မူ​ကား​သင်​တို့​သည်​မာန်​မာ​န​ကြီး​ကာ ကြွား​ဝါ​တတ်​ကြ​၏။ ယင်း​သို့​ကြွား​ဝါ​မှု​ရှိ သ​မျှ​သည်​အ​ပြစ်​ဖြစ်​၏။ \p \v 17 သို့​ဖြစ်​၍​ကောင်း​သော​အ​ကျင့်​ကို​သိ​လျက်​နှင့် မ​ပြု​မ​ကျင့်​ဘဲ​နေ​သော​သူ​သည်​အ​ပြစ်​ရှိ​၏။ \c 5 \s1 ချမ်း​သာ​ကြွယ်​ဝ​သူ​တို့​အား​သ​တိ​ပေး​ခြင်း \p \v 1 ချမ်း​သာ​ကြွယ်​ဝ​သူ​တို့၊ ငါ့​စ​ကား​ကို​နား​ထောင် ကြ​လော့။ သင်​တို့​သည်​မိ​မိ​တို့​တွေ့​ကြုံ​ရ​မည့် ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​ငို​ကြွေး​မြည်​တမ်း ကြ​လော့။- \v 2 သင်​တို့​၏​စည်း​စိမ်​ဥစ္စာ​သည်​ဆွေး​မြေ့​လေ​ပြီ။ သင်​တို့​၏​အ​ဝတ်​များ​သည်​ပိုး​ကိုက်​စား​ကုန် ပြီ။-\x + \xo 5:2 \xt မ၊ ၆:၁၉။\x* \v 3 သင်​တို့​၏​ရွှေ​ငွေ​များ​သည်​လည်း​အ​ချေး​တက် လျက်​နေ​လေ​ပြီ။ ထို​အ​ချေး​သည်​သင်​တို့​တစ်​ဘက် ၌​သက်​သေ​အ​ထောက်​အ​ထား​ဖြစ်​၍ မီး​ကဲ့​သို့ သင်​တို့​အ​သား​ကို​လောင်​ကျွမ်း​ပျက်​စီး​စေ​လိမ့် မည်။ ဤ​နောက်​ဆုံး​သော​နေ့​ရက်​ကာ​လ​၌​သင်​တို့ သည်​ဥစ္စာ​ဘဏ္ဍာ​များ​ကို​စု​ဆောင်း​သို​မှီး​လျက် နေ​ကြ​သည်​တ​ကား။- \v 4 သင်​တို့​အ​သီး​အ​နှံ​များ​ကို​ရိတ်​သိမ်း​ပေး သူ​တို့​၏​လုပ်​အား​ခ​များ​ကို​မ​ပေး​ကြ။ သူ တို့​၏​တိုင်​တန်း​ခြင်း​ကို​နား​ထောင်​ကြ​လော့။ သူ တို့​ကျယ်​စွာ​ဟစ်​အော်​တောင်း​ခံ​သံ​ကို​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​ကြား​တော် မူ​လေ​ပြီ။-\x + \xo 5:4 \xt တရား၊ ၂၄:၁၄-၁၅။\x* \v 5 သင်​တို့​သည်​လော​က​တွင်​စည်း​စိမ်​ခံ​လျက် ပျော်​ပါး​ခဲ့​ကြ​၏။ အ​သတ်​ခံ​ရ​ကြ​မည့်​နေ့ အ​တွက်​မိ​မိ​တို့​ကိုယ်​ကို​ဆူ​ဖြိုး​အောင်​ကျွေး မွေး​ခဲ့​ကြ​၏။- \v 6 အ​ပြစ်​ကင်း​သူ​များ​ကို​သေ​ဒဏ်​ပေး​၍ သတ်​ခဲ့​ကြ​၏။ သို့​ရာ​တွင်​ထို​သူ​တို့​သည် သင်​တို့​အား​မ​ခု​ခံ​ကြ။ \s1 သည်း​ခံ​ခြင်း၊ဆု​တောင်း​ပတ္ထနာ​ပြု​ခြင်း \p \v 7 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​သ​ခင် ဘု​ရား​ကြွ​လာ​တော်​မူ​သည်​တိုင်​အောင် သည်း​ခံ ၍​စောင့်​မျှော်​နေ​ကြ​လော့။ လယ်​သ​မား​သည်​မိ​မိ လယ်​ယာ​မှ​အ​ဖိုး​တန်​အ​သီး​အ​နှံ​များ​ထွက် နိုင်​ရန် မိုး​ဦး​နှင့်​မိုး​နှောင်း​ရွာ​ပြီး​သည့်​တိုင် အောင်​စောင့်​မျှော်​တတ်​၏။- \v 8 သင်​တို့​သည်​လည်း​သည်း​ခံ​၍​စောင့်​မျှော်​နေ ကြ​လော့။ သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​မည့် နေ့​ရက်​ကာ​လ​သည်​နီး​ကပ်​လာ​ပြီ​ဖြစ်​၍ သင်​တို့​၏​မျှော်​လင့်​ချက်​ကို​ခိုင်​မာ​စေ​ကြ​လော့။ \p \v 9 ညီ​အစ်​ကို​တို့၊ သင်​တို့​ကိုယ်​တိုင်​ဘု​ရား​သ​ခင်​၏ စစ်​ကြော​စီ​ရင်​ခြင်း​နှင့်​ကင်း​လွတ်​မည်​အ​ကြောင်း အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​အ​ပြစ် မ​တင်​ကြ​နှင့်။ တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင် သည်​ဤ​အ​ရပ်​သို့​ရောက်​ရှိ​ကာ​တံ​ခါး​ဝ​၌ ရပ်​လျက်​နေ​တော်​မူ​လေ​ပြီ။- \v 10 ညီ​အစ်​ကို​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော် ကို​အ​မှီ​ပြု​၍​ဟော​ပြော​ခဲ့​ကြ​သော​ပ​ရော​ဖက် တို့​၏​အ​ကြောင်း​ကို​သ​တိ​ရ​လော့။ ဆင်း​ရဲ​ဒုက္ခ ရောက်​သော​အ​ခါ​သူ​တို့​တွင်​ခံ​နိုင်​ရည်​ရှိ​ပုံ​ကို စံ​န​မူ​နာ​ယူ​ကြ​လော့။- \v 11 သူ​တို့​သည်​ခံ​နိုင်​ရည်​ရှိ​သူ​များ​ဖြစ်​သ​ဖြင့် သူ​တို့​အား​မင်္ဂ​လာ​ရှိ​သူ​များ​ဟူ​၍​ငါ​တို့ ခေါ်​ကြ​၏။ ယော​ဘ​မည်​သို့​ခံ​နိုင်​ရည်​ရှိ​သည် ကို​သင်​တို့​ကြား​သိ​ခဲ့​ကြ​လေ​ပြီ။ နောက်​ဆုံး​၌ သူ့​အား​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​ကြည့်​ရှု တော်​မူ​ကြောင်း​ကို​လည်း​သင်​တို့​သိ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား သည် သ​နား​ကြင်​နာ​တော်​မူ​၍​က​ရု​ဏာ တော်​နှင့်​ပြည့်​စုံ​တော်​မူ​သော​အ​ရှင်​ဖြစ် တော်​မူ​သော​ကြောင့်​တည်း။\x + \xo 5:11 \xt ယောဘ၊ ၁:၂၁-၂၂၊ ၂:၁၀၊ ဆာ၊ ၁၀၃:၈။\x* \p \v 12 ငါ့​ညီ​အစ်​ကို​တို့၊ အ​ထူး​သ​ဖြင့်​ကျိန်​ဆို​မှု ကို​မ​ပြု​ကြ​နှင့်။ ကောင်း​ကင်​ဘုံ​သို့​မ​ဟုတ် ကမ္ဘာ​မြေ​ကြီး​ကို​တိုင်​တည်​၍​မ​ကျိန်​ဆို​နှင့်။ အ​ဘယ်​အ​ရာ​ကို​မျှ​တိုင်​တည်​၍​မ​ကျိန်​ဆို နှင့်။ သင်​တို့​စ​ကား​သည်​ဟုတ်​လျှင်​ဟုတ်​သည် ဟူ​၍​လည်း​ကောင်း၊ မ​ဟုတ်​လျှင်​မ​ဟုတ်​ဟူ​၍ လည်း​ကောင်း​ဖြစ်​စေ​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​တရား​စီ​ရင် တော်​မူ​ခြင်း​နှင့်​ကင်း​လွတ်​ကြ​လိမ့်​မည်။\x + \xo 5:12 \xt မ၊ ၅:၃၄-၃၇။\x* \p \v 13 သင်​တို့​တွင်​ဒုက္ခ​ရောက်​လျက်​နေ​သော​သူ​သည် ဆု​တောင်း​စေ။ စိတ်​ရွှင်​လန်း​သူ​သည်​သီ​ချင်း ဆို​စေ။- \v 14 ဖျား​နာ​သူ​သည်​အ​သင်း​တော်​ကို​အုပ်​ထိန်း​သူ လူ​ကြီး​များ​အား​ဖိတ်​ခေါ်​စေ။ သူ​တို့​သည်​သခင် ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လူ​နာ အား​ဆီ​ဖြင့်​လူး​၍​ဆု​တောင်း​ကြ​စေ။-\x + \xo 5:14 \xt မာ၊ ၆:၁၃။\x* \v 15 ယုံ​ကြည်​ခြင်း​ဖြင့်​ဆု​တောင်း​ခြင်း​သည် လူ​နာ အား​ကျန်း​မာ​စေ​လိမ့်​မည်။ သ​ခင်​ဘု​ရား​သည် သူ့​အား​ကျန်း​မာ​လာ​စေ​တော်​မူ​၍ သူ​ပြု​မိ သော​အ​ပြစ်​များ​ကို​လည်း​ဖြေ​လွှတ်​တော်​မူ လိမ့်​မည်။- \v 16 သို့​ဖြစ်​၍​သင်​တို့​အ​ချင်း​ချင်း​မိ​မိ​တို့​၏ အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​၍ အ​ချင်း​ချင်း အ​တွက်​ဆု​တောင်း​သ​ဖြင့်​သင်​တို့​၏​ရော​ဂါ များ​ပျောက်​ကင်း​လိမ့်​မည်။ သူ​တော်​ကောင်း​၏ ဆု​တောင်း​ပတ္ထ​နာ​သည်​အ​လွန်​တန်​ခိုး​ပါ​၏။- \v 17 ဧ​လိ​ယ​သည်​ငါ​တို့​နည်း​တူ​သာ​မန်​လူ​သား ဖြစ်​ပေ​သည်။ သူ​သည်​မိုး​မ​ရွာ​စေ​ရန်​စိတ်​အား ထက်​သန်​စွာ​ဆု​တောင်း​သော​အ​ခါ ကမ္ဘာ​မြေ ပေါ်​သို့​သုံး​နှစ်​နှင့်​ခြောက်​လ​တိုင်​တိုင်​မိုး​မ​ရွာ ဘဲ​နေ​၏။-\x + \xo 5:17 \xt ၃ရာ၊ ၁၇:၁၊ ၁၈:၁။\x* \v 18 နောက်​တစ်​ဖန်​ဧ​လိ​ယ​ဆု​တောင်း​သော​အ​ခါ ကောင်း​ကင်​မှ​မိုး​များ​ရွာ​ချ​လာ​သ​ဖြင့် မြေ ဆီ​လွှာ​သည်​အ​သီး​အ​နှံ​များ​ကို​ဖြစ်​ထွန်း စေ​၏။\x + \xo 5:18 \xt ၃ရာ၊ ၁၈:၄၂-၄၅။\x* \p \v 19 ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​အ​နက်​တစ်​စုံ​တစ် ယောက်​သော​သူ​သည်​သမ္မာ​တ​ရား​လမ်း​မှ​လွဲ မှား​၍​သွား​သ​ဖြင့် အ​ခြား​သူ​တစ်​ယောက်​က လမ်း​မှန်​သို့​ပြန်​လည်​ပို့​ဆောင်​ခဲ့​သည်​ဆို​အံ့။- \v 20 ယင်း​သို့​အ​ပြစ်​ကူး​သူ​တစ်​ဦး​အား​လမ်း​မှား မှ​ပြန်​လည်​ခေါ်​ဆောင်​ကာ​သူ​သည် ထို​သူ​၏ ဝိ​ညာဉ်​ကို​သေ​ခြင်း​မှ​ကယ်​တင်​၍​သူ့​အား များ​စွာ​သော​အ​ပြစ်​တို့​မှ​ပြေ​လွှတ်​ခွင့်​ရ စေ​ရန်​ဆောင်​ရွက်​ပေး​သူ​ဖြစ်​လိမ့်​မည်။\x + \xo 5:20 \xt သု၊ ၁၀:၁၂။ ၁ပေ၊ ၄:၈။\x* ရှင်​ယာ​ကုပ်​သြ​ဝါ​ဒ​စာ​ပြီး​၏။