\id HAG Myanmar Common Language Bible \h ဟ္ဂဲ \toc1 ဟ္ဂဲ​ကျမ်း \toc2 ဟ္ဂဲ \mt1 ဟ္ဂဲ​ကျမ်း \is1 နိ​ဒါန်း \ip ဟ္ဂဲ​ကျမ်း​သည်​ခ​ရစ်​တော်​မ​ပေါ်​ထွန်း​မီ ၅၂၀ ခု နှစ်​တွင်​ပ​ရော​ဖက်​ဟ္ဂဲ​မှ​တစ်​ဆင့် ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​သော သ​တင်း​စ​ကား အ​တို​များ​ကို​စု​ဆောင်း​ထား​ခြင်း​ဖြစ်​သည်။ လူ​တို့​သည်​ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လည် ရောက်​လာ​ကြ​ပြီး၊ ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ် ပေါင်း​အ​နည်း​ငယ်​ကြာ​အောင်​နေ​ထိုင်​နေ ကြ​ပြီး​ဖြစ်​သည်။ သို့​ရာ​တွင်​ဗိ​မာန်​တော် မှာ​မူ​ကား​ပျက်​စီး​နေ​ဆဲ​ဖြစ်​ပေ​သည်။ ဣ​သ​ရေ​လ​လူ​မျိုး​တို့​၏​ခေါင်း​ဆောင်​များ အား​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက် ရန်​နှင့် အ​သစ်​ပြောင်း​လဲ​၍​သန့်​စင်​ပြီး​သော လူ​မျိုး​အ​တွက် အ​နာ​ဂတ်​ကာ​လ​တွင် စီး​ပွား​တိုး​တက်​ရေး​နှင့်​ငြိမ်း​ချမ်း​မှု​ကို ထာ​ဝ​ရ​ဘု​ရား​က​တိ​ထား​တော်​မူ​ကြောင်း သ​တင်း​စ​ကား​များ​နှင့်​တိုက်​တွန်း​ထား ပေ​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 ဗိ​မာန်​တော်​အား​ပြန်​လည်​တည်​ဆောက်​ရန် အ​မိန့်​ပေး​ခြင်း ၁:၁-၁၅ \io1 နှစ်​သိမ့်​မှု​နှင့်​မျှော်​လင့်​ချက်​ပေး​သော သ​တင်း​စ​ကား​များ ၂:၁-၂၃ \c 1 \s1 ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​ရန် ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​ပေး​တော်​မူ​ခြင်း \p \v 1 ပေ​ရ​သိ​ပြည်​ဧ​က​ရာဇ်​ဒါ​ရိ​မင်း​နန်း​စံ ဒု​တိ​ယ​နှစ်​ဆ​ဋ္ဌ​မ​လ​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ ဘု​ရား​သည်​ပ​ရော​ဖက်​ဟ္ဂဲ​အား​ဗျာ​ဒိတ် ပေး​တော်​မူ​ပါ​၏။ ထို​ဗျာ​ဒိတ်​တော်​သည်​ယု​ဒ ဘု​ရင်​ခံ​ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ဇ​ဒတ်​၏​သား ယော​ရှု​တို့​အ​တွက်​ဖြစ်​၏။\x + \xo 1:1 \xt ဧဇ၊ ၄:၂၄-၅:၂၊ ၆:၁၄။\x* \p \v 2 အ​နန္တ​တန်​ခိုး​ရှင်​ထာဝရ​ဘုရား​က​ဟ္ဂဲ​အား``ဤ အ​ချိန်​အ​ခါ​သည် ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​သင့်​သည့်​အ​ချိန်​အ​ခါ​မ​ဟုတ် ဟု ဤ​သူ​တို့​ပြော​ဆို​ကြ​ပေ​သည်။-'' \v 3 ဟု​မိန့်​တော်​မူ​ပြီး​နောက်​ပ​ရော​ဖက်​ဟ္ဂဲ​မှ တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် က​ပြည်​သူ​တို့​အား၊- \v 4 ``ငါ​၏​လူ​မျိုး​တော်၊ သင်​တို့​သည်​အိမ်​ရာ ကောင်း​ကောင်း​များ​တွင်​နေ​ထိုင်​နေ​ကြ​သော် လည်း ငါ​၏​ဗိ​မာန်​တော်​သည်​ယို​ယွင်း​ပျက် စီး​လျက်​နေ​ပါ​သည်​တ​ကား။-'' \v 5 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``မိ​မိ တို့​ကြုံ​တွေ့​နေ​ရ​သည့်​အ​ဖြစ်​အ​ပျက်​ကို သင်​တို့​မ​သိ​မ​မြင်​ကြ​သ​လော။- \v 6 သင်​တို့​သည်​ဂျုံ​စ​ပါး​အ​မြောက်​အ​မြား​ကို စိုက်​ပျိုး​ပါ​သော်​လည်း အ​နည်း​ငယ်​မျှ​သာ ရိတ်​သိမ်း​ရ​ကြ​ပေ​သည်။ သင်​တို့​တွင်​အ​စာ ရေ​စာ​ရှိ​သော်​လည်း​ဝ​စွာ​စား​ရန်​မ​လုံ လောက်၊ စ​ပျစ်​ရည်​ရှိ​သော်​လည်း​မူး​ယစ်​အောင် သောက်​ရန်​မ​လုံ​လောက်၊ အ​ဝတ်​အ​စား​များ ရှိ​သော်​လည်း နွေး​ထွေး​အောင်​ဝတ်​ဆင်​ရန် မ​လုံ​လောက်၊ အ​လုပ်​သ​မား​သည်​လည်း​စား ဝတ်​နေ​ရေး​အ​တွက် လုံ​လောက်​အောင်​လုပ်​ခ ကို​မ​ရ​ရှိ။- \v 7 အ​ဘယ်​ကြောင့်​ဤ​သို့​ဖြစ်​ပျက်​ရ​သည်​ကို သင်​တို့​မ​သိ​မ​မြင်​နိုင်​ကြ​ပါ​သ​လော။-'' \v 8 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ယ​ခု ပင်​တောင်​ကုန်း​များ​ပေါ်​သို့​တက်​၍​သစ်​များ ကို​ယူ​ဆောင်​လာ​ကာ ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​ကြ​လော့၊ ထို​အ​ခါ​ငါ​သည်​နှစ် သက်​အား​ရ​လာ​လိမ့်​မည်။ ပြီး​လျှင်​ငါ့​အား ထိုက်​သင့်​သည့်​အ​တိုင်း​ဝတ်​ပြု​ကိုး​ကွယ် နိုင်​ကြ​လိမ့်​မည်​ဟု​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။'' \p \v 9 ``သင်​တို့​သည်​အ​သီး​အ​နှံ​အ​မြောက်​အ​မြား ကို ရိတ်​သိမ်း​ရ​လိမ့်​မည်​ဟု​မျှော်​လင့်​ခဲ့​သော် လည်း အ​နည်း​ငယ်​မျှ​သာ​ရ​ကြ​၏။ အိမ်​သို့ ယူ​ဆောင်​လာ​ကြ​သော​အ​ခါ​၌​လည်း ငါ သည်​ယင်း​တို့​ကို​လေ​တွင်​လွင့်​စင်​သွား စေ​ခဲ့​၏။ အ​ဘယ်​ကြောင့်​ဤ​သို့​ငါ​ပြု​ရ သ​နည်း​ဆို​သော်​သင်​တို့​အား​လုံး​ပင် မိ​မိ တို့​နေ​အိမ်​များ​ကို​တည်​ဆောက်​မှု​ဖြင့်​အ​လုပ် ရှုပ်​ကာ၊ ငါ​၏​ဗိမာန်​တော်​ကို​မူ​ယို​ယွင်း​ပျက် စီး​လျက်​သာ​ရှိ​နေ​စေ​ကြ​သော​ကြောင့်​ဖြစ် ၏​ဟု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။-'' \v 10 ဤ​အ​ကြောင်း​ကြောင့်​ပင်​လျှင်​မိုး​သည်​ခေါင် လျက် အ​ဘယ်​အ​သီး​အ​နှံ​ကို​မျှ​သင်​တို့ သည်​စိုက်​ပျိုး​၍​မ​ရ​ကြ။- \v 11 ငါ​သည်​ဤ​ပြည်​ကို​ခြောက်​သွေ့​၍​နေ​စေ​ခဲ့ ၏။ ဤ​ပြည်​ရှိ​တောင်​ကုန်း​များ၊ လယ်​ယာ​များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​သံ​လွင်​ခြံ​များ​ပေါ် ၌​လည်း​ကောင်း၊ မြေ​ကြီး​က​ထွက်​သည့်​သီး​နှံ မှန်​သ​မျှ​ပေါ်​၌​လည်း​ကောင်း၊ လူ​နှင့်​တိရစ္ဆာန် များ​ပေါ်​၌​လည်း​ကောင်း၊ သင်​တို့​ကြိုး​စား စိုက်​ပျိုး​သည့်​သီး​နှံ​မှန်​သ​မျှ​အ​ပေါ်​၌ လည်း​ကောင်း​မိုး​ကို​ခေါင်​စေ​ခဲ့​၏'' ဟု​မိန့် တော်​မူ​ပါ​၏။ \s1 ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​လူ​တို့ လိုက်​နာ​ကြ​ခြင်း \p \v 12 ထို​အ​ခါ​ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ ဗေ​လ၊ ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ဇ​ဒတ်​၏ သား​ယော​ရှု​နှင့်​ကျန်​ကြွင်း​သော​ပြည်​သူ အ​ပေါင်း​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​စေ​ခိုင်း​တော်​မူ​သည့် အ​မှု​တို့​ကို​ပြု​ကြ​၏။ သူ​တို့​သည်​ကြောက် လန့်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​စေ​လွှတ် တော်​မူ​သော​တ​မန်​တော်​ပ​ရော​ဖက်​ဟ္ဂဲ ပြော​ဆို​သည့်​စ​ကား​ကို​နား​ထောင်​ကြ​၏။- \v 13 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​တ​မန်​တော်​ဟ္ဂဲ သည်``ထာ​ဝ​ရ​ဘု​ရား​က​ငါ​သည်​သင်​တို့​နှင့် အ​တူ​ရှိ​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​ကြောင်း လူ​တို့​အား​ဆင့်​ဆို​ပြော​ကြား​၏။- \v 14 ထာ​ဝ​ရ​ဘု​ရား​သည်​ယု​ဒ​ဘု​ရင်​ခံ​ရှာ​လ လေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ၊ ယဇ်​ပု​ရော ဟိတ်​မင်း​ယော​ဇ​ဒတ်​၏​သား​ယော​ရှု​နှင့် ပြည် နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​အ​ပေါင်း တို့​အား ဗိ​မာန်​တော်​တည်​ဆောက်​မှု​တွင်​စိတ် အား​ထက်​သန်​၍​လာ​စေ​တော်​မူ​၏။ သူ​တို့ သည်​မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန် ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော် တည်​ဆောက်​မှု​ကို၊- \v 15 ဧ​က​ရာဇ်​မင်း​ဒါ​ရိ​နန်း​စံ​ဒု​တိ​ယ​နှစ်၊ ဆ​ဋ္ဌ​မ​လ၊ နှစ်​ဆယ့်​လေး​ရက်​နေ့​၌ စ​တင်​ဆောင်​ရွက်​ကြ​လေ​သည်။ \c 2 \s1 ဗိ​မာန်​တော်​သစ်​တင့်​တယ်​လှ​ပ​ပုံ \p \v 1 ထာ​ဝ​ရ​ဘု​ရား​သည်​ထို​နှစ်​သတ္တ​မ​လ​နှစ် ဆယ့်​တစ်​ရက်​နေ့​၌ ပ​ရော​ဖက်​ဟ္ဂဲ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​က၊- \v 2 ကိုယ်​တော်​က​ဟ္ဂဲ​အား​ဤ​သို့​ပြော​ကြား​စေ တော်​မူ​ပါ​၏။ ကိုယ်​တော်​က၊ သင်​သည်​ယု​ဒ ဘု​ရင်​ခံ​ဇေ​ရု​ဗ​ဗေ​လ၊ ယဇ်​ပု​ရော​ဟိတ် မင်း​ယော​ဇ​ဒတ်​၏​သား​ယော​ရှု​နှင့်​ကျန် ကြွင်း​သော​ပြည်​သူ​တို့​အား၊- \v 3 ``ယ​ခင်​အ​ခါ​က​ဗိ​မာန်​တော်​သည်​အ​ဘယ်​မျှ တင့်​တယ်​လှ​ပ​တော်​မူ​ခဲ့​ကြောင်း​ကို မှတ်​မိ​သူ တစ်​စုံ​တစ်​ယောက်​သင်​တို့​တွင်​ရှိ​ပါ​သ​လော။ ယ​ခု​အ​ခါ​ဤ​ဗိ​မာန်​တော်​ကို​သင်​တို့​အ​ဘယ် သို့​တွေ့​မြင်​ကြ​ရ​ပါ​သ​နည်း၊ ယင်း​သည် ဘာ​မျှ​မ​ဟုတ်​သ​ကဲ့​သို့​ဖြစ်​၍​နေ​ပေ​မည်။-''\x + \xo 2:3 \xt ဧဇ၊ ၃:၁၂။\x* \v 4 သို့​ရာ​တွင် အို ပြည်​သူ​အ​ပေါင်း​တို့၊ စိတ်​အား မ​ငယ်​ကြ​နှင့်။ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ သည်​ဖြစ်​၍​မိ​မိ​တို့​လုပ်​ဆောင်​ရန်​ရှိ​သည့် အ​မှု​ကို​သာ​သင်​တို့​လုပ်​ဆောင်​ကြ​လော့''ဟု အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။- \v 5 အီ​ဂျစ်​ပြည်​မှ​သင်​တို့​ပြန်​လာ​ကြ​စဉ် အ​ခါ​က ငါ​သည်​သင်​တို့​နှင့်​အ​စဉ်​အ​တူ ရှိ​မည်​ဟု​က​တိ​ပြု​ခဲ့​သည့်​အ​တိုင်း ယ​ခု တိုင်​အောင်​ပင်​သင်​တို့​နှင့်​ငါ​အ​တူ​ရှိ​၏။ သို့​ဖြစ်​၍​မ​ကြောက်​ကြ​နှင့်။''\x + \xo 2:5 \xt ထွ၊ ၂၉:၄၅-၄၆။\x* \p \v 6 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ သည်​မ​ကြာ​မီ​ပင်​မိုး​ကောင်း​ကင်​နှင့်​မြေ ကြီး​ကို​လည်း​ကောင်း၊ ကုန်း​နှင့်​ပင်​လယ် ကို​လည်း​ကောင်း​တုန်​လှုပ်​စေ​၍၊-\x + \xo 2:6 \xt ဟေဗြဲ၊ ၁၂:၂၆။\x* \v 7 လူ​မျိုး​တ​ကာ​တို့​အား​ဖြို​ခွင်း​ပစ်​မည်။ ထို သူ​တို့​၏​ရွှေ​ငွေ​ဘဏ္ဍာ​များ​ကို ဤ​အ​ရပ်​သို့ လူ​တို့​အား​ယူ​ဆောင်​လာ​စေ​မည်။ ဗိ​မာန် တော်​သည်​လည်း​ရွှေ​ငွေ​ဘဏ္ဍာ​များ​ဖြင့် ပြည့်​နှက်​လျက်​နေ​လိမ့်​မည်​ဟု အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။- \v 8 ကမ္ဘာ​ပေါ်​တွင်​ရှိ​သ​မျှ​သော​ရွှေ​ငွေ​တို့​ကို ငါ​ပိုင်​၏​ဟု အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။- \v 9 ဗိ​မာန်​တော်​သစ်​သည်​ဗိ​မာန်​တော်​ဟောင်း ထက်​ပို​၍​တင့်​တယ်​လှ​ပ​လိမ့်​မည်။ ထို​အ​ရပ် တွင်​ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကောင်း​စား​စေ​၍ ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို ပေး​မည်'' ဟု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​၏။ ဤ​ကား​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။ \s1 ယဇ်​ပု​ရော​ဟိတ်​များ​အား​ပ​ရော​ဖက် မေး​မြန်း​တိုင်​ပင်​ခြင်း \p \v 10-12 ဧ​က​ရာဇ်​မင်း​ဒါ​ရိ​နန်း​စံ​ဒု​တိ​ယ​နှစ်၊ န​ဝ​မ​လ၊ နှစ်​ဆယ့်​လေး​ရက်​နေ့​၌​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​သည်​ပ​ရော​ဖက်​ဟ္ဂဲ​ထံ​ရောက်​လာ​တော် မူ​ပြန်​၏။ ကိုယ်​တော်​က``အ​ကယ်​၍​လူ​တစ် ဦး​တစ်​ယောက်​သည် ဘု​ရား​သ​ခင်​အား ပူ​ဇော်​ထား​သည့်​အ​မဲ​သား​ကို မိ​မိ​၏ ဝတ်​လုံ​အ​မြိတ်​ဖြင့်​ထုပ်​၍​ယူ​ဆောင်​ခဲ့ ပြီး​နောက်၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​သို့​မ​ဟုတ် မည်​သည့်​အ​စား​အ​စာ​မျိုး​ကို​မ​ဆို​ဝတ် လုံ​နှင့်​ထိ​မိ​လျှင် ထို​အ​စား​အ​စာ​များ သည်​လည်း​ဆက်​ကပ်​ပူ​ဇော်​ရာ​အ​စား အ​စာ​များ​ဖြစ်​သွား​မည်​မ​သွား​မည် ကို ပ​ညတ်​တော်​အ​ရ​အ​ဆုံး​အ​ဖြတ် ပေး​ရန်​ယဇ်​ပု​ရော​ဟိတ်​တို့​အား​မေး​မြန်း လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။ \p ထို​ပြ​ဿ​နာ​ကို​တင်​ပြ​သော​အ​ခါ​ယဇ် ပု​ရော​ဟိတ်​တို့​က``ထို​အ​စား​အ​စာ​များ သည်​သန့်​စင်​၍​မ​သွား​ပါ'' ဟု​ဖြေ​ကြား ကြ​၏။ \p \v 13 ထို​အ​ခါ​ဟ္ဂဲ​က​လူ​တစ်​ဦး​တစ်​ယောက် သည် လူ​သေ​ကောင်​နှင့်​ထိ​မိ​သ​ဖြင့်​ညစ်​ညမ်း ၍​သွား​သည်​ဆို​ငြား​အံ့။ ထို့​နောက်​အ​ကယ် ၍​သူ​သည်​အ​ထက်​ဖော်​ပြ​ပါ​အ​စား​အ​စာ များ​ကို​ထိ​မိ​ခဲ့​သော် ထို​အ​ရာ​တို့​သည် လည်း​ညစ်​ညမ်း​၍​သွား​ပါ​မည်​လော​ဟု မေး​လျှင်၊ \p ယဇ်​ပု​ရော​ဟိတ်​တို့​က``ထို​အ​ရာ​တို့​သည် ညစ်​ညမ်း​၍​သွား​ပါ​မည်'' ဟု​ဆို​ကြ​၏။\x + \xo 2:13 \xt တော၊ ၁၉:၁၁-၂၂။\x* \p \v 14 ထို​အ​ခါ​ဟ္ဂဲ​က​ထို​နည်း​တူ​စွာ​ဤ​တိုင်း ပြည်​သား​များ​တို့​နှင့် သူ​တို့​လုပ်​ဆောင် သ​မျှ​သော​အ​မှု​အ​ရာ​တို့​သည်​ညစ်​ညမ်း သ​ဖြင့် ယဇ်​ပလ္လင်​ပေါ်​တွင်​သူ​တို့​တင်​လှူ​သည့် ပူ​ဇော်​သကာ​မှန်​သ​မျှ​သည်​လည်း ညစ်​ညမ်း ကြောင်း​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပါ ၏'' ဟု​ဆို​လေ​သည်။ \s1 ကောင်း​ချီး​ပေး​တော်​မူ​ရန်​ထာ​ဝ​ရ​ဘု​ရား က​တိ​ပြု​တော်​မူ​ခြင်း \p \v 15 ထာ​ဝ​ရ​ဘု​ရား​က​သင်​တို့​သည်​မိ​မိ​တို့ ကြုံ​တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​ကို​မ​သိ မ​မြင်​ကြ​ပါ​သ​လော။ ဗိ​မာန်​တော်​ကို​ပြန် လည်​မ​တည်​မ​ဆောက်​မီ​အ​ခါ​က၊- \v 16 သင်​တို့​သည်​ဂျုံ​စ​ပါး​တင်း​နှစ်​ဆယ်​ရှိ​မည် ဟု​ခန့်​မှန်း​ရ​သည့်​စ​ပါး​ပုံ​သို့​သွား​ရောက် သော​အ​ခါ ဆယ်​တင်း​သာ​တွေ့​ရ​ကြ​သည် မ​ဟုတ်​ပါ​လော၊ စပျစ်​ရည်​အ​ချိန်​ငါး​ဆယ် ရ​ရှိ​လိမ့်​မည်​ဟု​ဆို​ကာ၊ စ​ပျစ်​ရည်​စည် ကြီး​သို့​သွား​သော​အ​ခါ​အ​ချိန်​နှစ်​ဆယ် သာ​တွေ့​ရှိ​ရ​သည်​မ​ဟုတ်​ပါ​လော။- \v 17 ငါ​သည်​သင်​တို့​ကြိုး​စား​၍​စိုက်​ပျိုး​သ​မျှ သော သီး​နှံ​ပင်​များ​ကို​လေ​ပူ​အား​ဖြင့်​လည်း ကောင်း၊ ပိုး​ထိ​၍​နွမ်း​ရိ​စေ​ခြင်း​ဖြင့်​လည်း ကောင်း၊ မိုး​သီး​များ​အား​ဖြင့်​လည်း​ကောင်း ဖျက်​ဆီး​ပစ်​ခဲ့​၏။ သို့​နှင့်​လည်း​သင်​တို့ သည်​နောင်​တ​မ​ရ​ကြ။- \v 18 ယ​နေ့​သည်​ဗိ​မာန်​တော်​အုတ်​မြစ်​ချ​မှု​ပြီး ဆုံး​သည့်​နေ့၊ န​ဝ​မ​လ၊ နှစ်​ဆယ့်​လေး​ရက် နေ့​ဖြစ်​၏။ ထို​နေ့​မှ​စ​၍​ရှေ့​တွင်​မည်​သို့​ဖြစ် လာ​လိမ့်​မည်​ကို​သင်​တို့​ရှု​မှတ်​ကြ​လော့။ သေ​ချာ​ရှု​မှတ်​လော့။- \v 19 သင်​တို့​တွင်​ဂျုံ​စ​ပါး​မ​ကျန်​မ​ရှိ​တော့​ဘဲ စ​ပျစ်​ပင်​များ၊ သ​ဖန်း​ပင်​များ​နှင့်​သံ​လွင် ပင်​များ​လည်း​အ​သီး​မ​သီး​ကြ​သေး။ သို့ ရာ​တွင်​ငါ​သည်​ယ​ခု​မှ​စ​၍​သင်​တို့​အား ကောင်း​ချီး​ပေး​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။ \s1 ဇေ​ရု​ဗ​ဗေ​လ​အား​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​က​တိ​တော် \p \v 20 ထို​လ​နှစ်​ဆယ့်​လေး​ရက်​နေ့​၌​ပင်​လျှင် ဒု​တိ​ယ​အ​ကြိမ်၊ ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​က​ပတ်​တော်​သည်​ဟ္ဂဲ​အား၊- \v 21 ယု​ဒ​ဘု​ရင်​ခံ​ဇေ​ရု​ဗ​ဗေ​လ​အ​တွက် ကိုယ် တော်​က``ငါ​သည်​မိုး​ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ ကြီး​ကို​တုန်​လှုပ်​စေ​၍၊- \v 22 တိုင်း​နိုင်​ငံ​တို့​ကို​ဖြို​ခွင်း​ကာ​သူ​တို့​၏​တန် ခိုး​အာ​ဏာ​ကို​ပျက်​သုဉ်း​စေ​မည်။ စစ်​မြင်း ရ​ထား​များ​ကို​ရ​ထား​ထိန်း​များ​နှင့်​တ​ကွ မှောက်​လှန်​ပစ်​မည်။ မြင်း​တို့​သည်​သေ​ကြ လိမ့်​မည်။ မြင်း​စီး​သူ​ရဲ​တို့​သည်​လည်း အ​ချင်း​ချင်း​သတ်​ဖြတ်​ကြ​လိမ့်​မည်။- \v 23 ငါ​၏​ကျွန်​ရင်း​ဇေ​ရု​ဗ​ဗေ​လ၊ ထို​နေ့​၌ ငါ​သည်​သင့်​ကို​ခေါ်​ယူ​ကာ​ငါ့​ကိုယ်​စား အုပ်​ချုပ်​စေ​မည်။ သင်​ကား​ငါ​ရွေး​ချယ်​ထား သော​သူ​ပေ​တည်း'' ဟု​မိန့်​တော်​မူ​ပါ​၏။ ဤ ကား​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။ ပ​ရော​ဖက်​ဟ္ဂဲ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။