\id GAL Myanmar Common Language Bible \h ဂ​လာ​တိ \toc1 ဂ​လာ​တိ​သြ​ဝါ​ဒ​စာ \toc2 ဂ​လာ​တိ \mt1 ဂ​လာ​တိ​သြ​ဝါ​ဒ​စာ \is1 နိ​ဒါန်း \ip ယု​ဒ​အ​မျိုး​သား​မ​ဟုတ်​သူ​တို့​သည် သ​ခင် ယေ​ရှု​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ကြို​ဆို လက်​ခံ​ယုံ​ကြည်​လာ​ကြ​သော​အ​ခါ မော​ရှေ​၏ ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ဖို့​လို​မ​လို​ဟူ သော​ပြ​ဿ​နာ​ပေါ်​ပေါက်​လာ​၏။ ရှင်​ပေါ​လု​က ယင်း​သို့​စောင့်​ထိန်း​ရန်​မ​လို​ကြောင်း၊ ခ​ရစ်​ယာန် ဖြစ်​ရန်​တစ်​ခု​တည်း​သော​လို​အပ်​ချက်​မှာ ခ​ရစ် တော်​ကို​ယုံ​ကြည်​ခြင်း​ပင်​ဖြစ်​ကြောင်း၊ ဤ​နည်း အား​ဖြင့်​သာ​လျှင်​လူ​ကို​ဘု​ရား​သ​ခင်​နှင့်​မှန် ကန်​စွာ​ဆက်​ဆံ​စေ​နိုင်​ကြောင်း​တို့​ကို​တင်​ပြ သည်။ သို့​ရာ​တွင်​အာ​ရှ​မိုင်း​နား​ဒေ​သ၊ ရော​မ နိုင်​ငံ​၏​လက်​အောက်​ခံ​ပြည်​နယ်​တစ်​ခု​ဖြစ် သည့်​ဂ​လာ​တိ​ပြည်​ရှိ​အ​သင်း​တော်​များ တွင်​ရှင်​ပေါ​လု​အား​အ​တိုက်​အ​ခံ​ပြု​သူ များ​က ခ​ရစ်​ယာန်​ဟူ​သည်​ဘု​ရား​သ​ခင်​နှင့် မှန်​ကန်​စွာ​ဆက်​ဆံ​နိုင်​ရန် မော​ရှေ​၏​ပ​ညတ် တ​ရား​ကို​လည်း​စောင့်​ထိန်း​ဖို့​လို​ကြောင်း အ​လေး​အ​နက်​ပြော​ဆို​ကြ​၏။ \ip ယင်း​သို့​မှား​ယွင်း​သည့်​အ​ယူ​ဝါ​ဒ​ကို​ခံ​ယူ​မိ သူ​တို့​အား မှန်​ကန်​သည့်​လမ်း​ကြောင်း​ပေါ်​သို့​ရောက် ရှိ​နိုင်​စေ​ရန် ရှင်​ပေါ​လု​သည်​ဂ​လာ​တိ​သြ​ဝါ​ဒ​စာ ကို​ရေး​သား​လေ​သည်။ မိ​မိ​သည်​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​တ​မန်​တော်​ဖြစ်​ကြောင်း​ကို​အ​ကျိုး​အ​ကြောင်း နှင့်​တ​ကွ​ဦး​စွာ​တင်​ပြ​၏။ လူ​၏​အ​ခွင့်​အာ​ဏာ နှင့်​မိ​မိ​အား​တ​မန်​တော်​အ​ဖြစ်​ခန့်​ထား​သည် မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​၏​အ​ခွင့်​အာ​ဏာ​တော် နှင့်​သာ​ခန့်​ထား​ခြင်း​ဖြစ်​ကြောင်း၊ မိ​မိ​ပေး​အပ် ခြင်း​ခံ​ရ​သည့်​အ​ထူး​တာ​ဝန်​မှာ ယု​ဒ​အ​မျိုး သား​မ​ဟုတ်​သူ​တို့​ထံ​တွင်​အ​မှု​တော်​ဆောင်​ရန် ဖြစ်​ကြောင်း​ပြော​ပြီး​နောက်၊ မည်​သူ​မ​ဆို​သ​ခင် ယေ​ရှု​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့်​သာ​လျှင် ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​နိုင်​သည်​ဟူ​သော အ​ချက်​ကို​အ​ကျယ်​တ​ဝင့်​ရှင်း​လင်း​တင်​ပြ​၏။ နိ​ဂုံး​ချုပ်​အ​ခန်း​များ​တွင်​ခ​ရစ်​ယာန်​တို့​သည် မိ​မိ​တို့​၏​ပြု​မူ​ကျင့်​ကြံ​မှု​တို့​အား​ဖြင့် ခ​ရစ် တော်​ကို​ယုံ​ကြည်​မှု​အ​ပေါ်​အ​ခြေ​ခံ​သော မေတ္တာ​တ​ရား​ကို​အ​ကောင်​အ​ထည်​ဖော်​ရ​မည် ဖြစ်​ကြောင်း​သြ​ဝါ​ဒ​ပေး​လေ​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 နိ​ဒါန်း \ior ၁:၁-၁၀\ior* \io1 တ​မန်​တော်​အ​ဖြစ်​ရှင်​ပေါ​လု​ရ​ရှိ​ထား​သည့် အ​ခွင့်​အာ​ဏာ \ior ၁:၁၁-၂:၂၁\ior* \io1 ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​အ​ကြောင်း သ​တင်း​ကောင်း \ior ၃:၁-၄:၃၁\ior* \io1 ခ​ရစ်​ယာန်​လွတ်​လပ်​မှု​နှင့်​တာ​ဝန်​ဝတ္တရား \ior ၅:၁-၆:၁၀\ior* \io1 နိ​ဂုံး \ior ၆:၁၁-၁၈\ior* \c 1 \p \v 1-2 တ​မန်​တော်​ဖြစ်​သူ​ငါ​ပေါ​လု​နှင့် ဤ​အ​ရပ်​တွင် ရှိ​သည့်​ညီ​အစ်​ကို​အ​ပေါင်း​တို့​က ဂ​လာ​တိ​ပြည် ရှိ​အ​သင်း​တော်​များ​သို့​စာ​ရေး​လိုက်​ပါ​သည်။ ငါ သည်​လူ​အ​မိန့်​အာ​ဏာ​ဖြင့် တ​မန်​တော်​ရာ​ထူး​ကို အပ်​နှင်း​ခြင်း​ခံ​ရ​သူ​မ​ဟုတ်။ လူ​ခန့်​ထား​သည့် တ​မန်​တော်​လည်း​မ​ဟုတ်။ ယေ​ရှု​ခ​ရစ်​က​လည်း ကောင်း၊ ထို​အ​ရှင်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​သော​ခ​မည်း​တော်​ဘု​ရား​သ​ခင်​က လည်း​ကောင်း ခန့်​ထား​တော်​မူ​သော​သူ​ဖြစ်​၏။ \p \v 3 ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့် ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း ကို​သင်​တို့​ခံ​စား​ကြ​ပါ​စေ​သော။ \p \v 4 ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ ခ​ရစ်​တော်​သည်​ငါ​တို့​အား ဤ​ဆိုး​ယုတ်​သော ပစ္စုပ္ပန်​ခေတ်​မှ​ကယ်​တင်​နိုင်​ရန် ငါ​တို့​၏​အ​ပြစ် များ​အ​တွက်​မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​၏။- \v 5 ထို​အ​ရှင်​သည်​ကာ​လ​အ​စဉ်​အ​ဆက် ဘုန်း အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ​သ​တည်း။ \s1 တစ်​ခု​တည်း​သော​သ​တင်း​ကောင်း \p \v 6 ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​အား​ဖြင့် သင်​တို့​အား ခေါ်​ယူ​တော်​မူ​သော​အ​ရှင်​ကို သင်​တို့​သည်​ဤ မျှ​ဆော​လျင်​စွာ​စွန့်​ပစ်​ကြ​ပြီး​လျှင် အ​ခြား သ​တင်း​ကောင်း​တစ်​မျိုး​ကို​နာ​ယူ​လျက်​ရှိ​ကြ သ​ဖြင့်​ငါ​အံ့​သြ​မိ​၏။- \v 7 သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​ကောင်း​မှာ​အ​ခြား မူ​ကွဲ​မ​ရှိ။ သင်​တို့​၏​စိတ်​ကို​နှောင့်​ယှက်​၍ ခ​ရစ်​တော် ၏​အ​ကြောင်း​သ​တင်း​ကောင်း​ကို မှောက်​လှန်​လို​သူ​လူ အ​ချို့​ရှိ​၏။- \v 8 ငါ​တို့​ဖြစ်​စေ၊ ကောင်း​ကင်​ဘုံ​မှ​ကောင်း​ကင်​တ​မန် ပင်​ဖြစ်​စေ​သင်​တို့​အား ငါ​ဟော​ပြော​ကြေ​ညာ​ခဲ့ သည့်​သ​တင်း​ကောင်း​နှင့် ကွဲ​ပြား​ခြား​နား​သည့် သ​တင်း​ကောင်း​ကို​ဟော​ပြော​လျှင်​ကျိန်​တော်​မူ ခြင်း​ကို​ခံ​စေ။- \v 9 သင်​တို့​နာ​ယူ​ရ​ရှိ​သည့်​သ​တင်း​ကောင်း​နှင့်​မ​တူ ကွဲ​ပြား​ခြား​နား​သည့်​သ​တင်း​ကောင်း​ကို​ဟော​ပြော သူ​သည် ကျိန်​တော်​မူ​ခြင်း​ကို​ခံ​စေ​ဟူ​၍ ငါ​တို့ ဆို​ခဲ့​ပြီး​သည့်​အ​တိုင်း​ယ​ခု​ထပ်​မံ​၍​ငါ​ဆို​၏။ \p \v 10 ဤ​သို့​ပြော​ဆို​ရာ​၌​ငါ​သည် လူ​၏​ထောက်​ခံ​မှု​ကို ရ​ရန်​ကြိုး​စား​နေ​ပါ​သ​လော။ ငါ​သည်​ဘု​ရား​သ​ခင် ၏​ထောက်​ခံ​မှု​မှ​လွဲ​၍ မည်​သူ့​ထောက်​ခံ​မှု​ကို​လို​ပါ သ​နည်း။ ငါ​သည်​လူ​တို့​ထံ​မှ​မျက်​နှာ​ရ​အောင်​ကြိုး စား​ဆောင်​ရွက်​နေ​ပါ​သ​လော။ အ​ကယ်​၍​ငါ​သည် လူ​တို့​ထံ​မှ​မျက်​နှာ​ရ​အောင်​ကြိုး​စား​ဆောင်​ရွက် နေ​သေး​ပါ​မူ​ခ​ရစ်​တော်​၏​အ​စေ​ခံ​မ​ဖြစ်​နိုင်။ \s1 ပေါ​လု​တ​မန်​တော်​ဖြစ်​လာ​ပုံ \p \v 11 ညီ​အစ်​ကို​တို့၊ သင်​တို့​အား​ငါ​ဟော​ပြော​ကြေ​ညာ သော​သ​တင်း​ကောင်း​သည် လူ​တီ​ထွင်​သည့်​သ​တင်း ကောင်း​မ​ဟုတ်​ကြောင်း​ကို​သင်​တို့​အား​ဖော်​ပြ​မည်။- \v 12 ထို​သ​တင်း​ကောင်း​ကို​ငါ​သည်​မည်​သည့်​လူ တစ်​စုံ​တစ်​ယောက်​ထံ​က​မျှ​ရ​သည်​မ​ဟုတ်။ မည်​သူ​မျှ​လည်း​ငါ့​ကို​သင်​ကြား​၍​မ​ပေး။ ထို သ​တင်း​ကောင်း​ကို​ယေ​ရှု​ခ​ရစ်​ကိုယ်​တော်​တိုင် ငါ့​အား​ဗျာ​ဒိတ်​တော်​အား​ဖြင့်​ပေး​အပ်​တော် မူ​၏။ \p \v 13 ငါ​သည်​ယု​ဒ​ဘာ​သာ​တ​ရား​ကို​ကြည်​ညို​လေး စား​သူ​ဖြစ်​ခဲ့​စဉ်​အ​ခါ​က မည်​သို့​ကျင့်​ကြံ​ပြု​မူ ခဲ့​ကြောင်း​ကို​သင်​တို့​ကြား​သိ​ကြ​ပြီး​ဖြစ်​၏။ ငါ သည်​ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ဝင်​တို့​ကို ရက်​စက်​ကြမ်း​ကြုတ်​စွာ​ညှဉ်း​ဆဲ​၍ အ​သင်း​တော် ကို​ဖျက်​ဆီး​ရန်​အ​စွမ်း​ကုန်​ကြိုး​စား​ခဲ့​၏။-\x + \xo 1:13 \xt တ၊ ၈:၃၊ ၂၂:၄-၅၊ ၂၆:၉-၁၁။\x* \v 14 ဘာ​သာ​တ​ရား​ကို​လက်​တွေ့​ကျင့်​သုံး​ရာ​တွင် ငါ သည်​မိ​မိ​နှင့်​သက်​တူ​ရွယ်​တူ​ယု​ဒ​အ​မျိုး​သား အ​များ​တို့​ထက် ပို​၍​စိတ်​အား​ထက်​သန်​စွာ​ဘိုး ဘေး​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက် လျှောက်​ခဲ့​၏။\x + \xo 1:14 \xt တ၊ ၂၂:၃။\x* \p \v 15-16 သို့​ရာ​တွင်​မ​မွေး​မီ​က​ပင်​လျှင်​ဘု​ရား​သ​ခင်​သည် ကျေး​ဇူး​တော်​အား​ဖြင့် ငါ့​အား​ရွေး​ချယ်​၍​အ​မှု တော်​ဆောင်​ရန်​ခေါ်​ယူ​တော်​မူ​၏။ ထို​နောက်​လူ​မျိုး ခြား​တို့​အား​သား​တော်​၏​အ​ကြောင်း​သ​တင်း ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​နိုင်​စေ​ရန် မိ​မိ​၏ အ​လို​တော်​နှင့်​အ​ညီ​ငါ့​အား ထို​သား​တော်​ကို ဖူး​မြင်​ခွင့်​ပေး​တော်​မူ​၏။ ထို​အ​ခါ​ငါ​သည် အ​ဘယ်​သူ​၏​ထံ​၌​မျှ​အ​ကြံ​ဉာဏ်​မ​တောင်း ခံ​ခဲ့။-\x + \xo 1:15-16 \xt တ၊ ၉:၃-၆၊ ၂၂:၆-၁၀၊ ၂၆:၁၃-၁၈။\x* \v 17 ငါ​၏​အ​လျင်​တ​မန်​တော်​ရာ​ထူး​ကို​ရ​ရှိ​သူ တို့​နှင့်​တွေ့​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ငါ မ​သွား။ ဦး​စွာ​ပ​ထ​မ​အာ​ရေ​ဗျ​ပြည်​သို့ သွား​ပြီး​နောက် ဒ​မာ​သက်​မြို့​သို့​ပြန်​လာ​ခဲ့​၏။- \v 18 သုံး​နှစ်​မျှ​ကြာ​သော်​ပေ​တ​ရု​နှင့်​တွေ့​ဆုံ​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍​သူ​နှင့်​အ​တူ တစ်​ဆယ့်​ငါး​ရက်​မျှ​နေ​ထိုင်​ခဲ့​၏။-\x + \xo 1:18 \xt တ၊ ၉:၂၆-၃၀။\x* \v 19 သို့​ရာ​တွင်​ငါ​သည်​သ​ခင်​ဘု​ရား​၏​ညီ​တော် ယာ​ကုပ်​မှ​လွဲ​၍ အ​ခြား​အ​ဘယ်​တ​မန်​တော် နှင့်​မျှ​မ​တွေ့​မ​ဆုံ​ခဲ့။ \p \v 20 ဤ​အ​ကြောင်း​အ​ရာ​များ​ကို​မု​သား​သုံး​၍​ရေး သည်​မ​ဟုတ်​ကြောင်း ဘု​ရား​သ​ခင်​သိ​တော်​မူ​၏။ \p \v 21 ထို​နောက်​ငါ​သည်​ရှု​ရိ​နှင့်​ကိ​လိ​ကိ​နယ်​များ​သို့ သွား​ရောက်​၏။- \v 22 သို့​သော်​ထို​အ​ချိန်​က​ယု​ဒ​ပြည်​ရှိ​ခ​ရစ်​ယာန် အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့​သည် ငါ​နှင့်​တွေ့​ဆုံ သိ​ကျွမ်း​ခွင့်​ကို​မ​ရ​ကြ​သေး။- \v 23 ``ငါ​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​ခဲ့​သူ​သည်​ယ​ခင်​က မိ​မိ​ဖျက်​ဆီး​ရန်​ကြိုး​စား​ခဲ့​သည့်​ဘာ​သာ​တ​ရား တော်​ကို ယ​ခု​အ​ခါ​ဟော​ပြော​လျက်​ရှိ​ပါ​သည် တ​ကား'' ဟု​လူ​တို့​ပြော​ဆို​သံ​ကို​သာ​လျှင်​သူ တို့​ကြား​သိ​ရ​ကြ​၏။- \v 24 ထို့​ကြောင့်​သူ​တို့​သည်​ငါ့​ကို​အ​ကြောင်း​ပြု​၍ ဘု​ရား​သခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​ပေ သည်။ \c 2 \s1 ပေါ​လု​နှင့်​အ​ခြား​တ​မန်​တော်​များ \p \v 1 တစ်​ဆယ့်​လေး​နှစ်​မျှ​ကြာ​သော​အ​ခါ ငါ​နှင့် ဗာ​န​ဗ​တို့​သည် တိ​တု​ကို​ခေါ်​၍​ယေ​ရု ရှ​လင်​မြို့​သို့​ပြန်​သွား​၏။-\x + \xo 2:1 \xt တ၊ ၁၁:၃၀၊ ၁၅:၂။\x* \v 2 ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​အ​တိုင်း ဤ​သို့ သွား​ရောက်​ခြင်း​ဖြစ်​သည်။ ငါ​သည်​ခေါင်း​ဆောင် များ​နှင့်​သာ​တွေ့​ဆုံ​ကာ​လူ​မျိုး​ခြား​တို့​အား ငါ​ဟော​ပြော​ကြေ​ညာ​သည့်​သ​တင်း​ကောင်း ကို​တင်​ပြ​၏။ ဤ​သို့​တင်​ပြ​ရ​ခြင်း​မှာ ယ​ခင် အ​ခါ​က​သော်​လည်း​ကောင်း၊ ယ​ခု​အ​ခါ ၌​သော်​လည်း​ကောင်း ငါ​ကြိုး​စား​ဆောင်​ရွက် သည့်​အ​မှု​တော်​ကို​အ​ချည်း​နှီး​မ​ဖြစ်​စေ လို​သော​ကြောင့်​ဖြစ်​၏။- \v 3-4 ငါ​တို့​အ​သိုင်း​အ​ဝိုင်း​ထဲ​သို့​ဝင်​ရောက်​လာ သူ​ယုံ​ကြည်​သူ​အ​ယောင်​ဆောင်​အ​ချို့​တို့​က ငါ​၏​အ​ဖော်​တိ​တု​အား​အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ကို​ပေး​စေ​လို​ကြ​၏။ သူ​သည်​ဂ​ရိ အ​မျိုး​သား​ပင်​ဖြစ်​သော်​လည်း ငါ​သည် သူ့​အား​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​အ​တင်း မ​ခံ​စေ​ပါ။ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ရှိ​ခြင်း​အား​ဖြင့် ငါ​တို့​ရ​ရှိ​သော လွတ်​လပ်​မှု​ကို​လျှို့​ဝှက်​စွာ​စုံ​စမ်း​လို​သ​ဖြင့် ထို​သူ​တို့​သည်​ငါ​တို့​အ​သိုင်း​အ​ဝိုင်း​ထဲ သို့​ဝင်​ရောက်​လာ​ကြ​ခြင်း​ဖြစ်​သည်။ သူ​တို့ က​ငါ​တို့​အား​ကျွန်​ဖြစ်​စေ​လို​ကြ​၏။- \v 5 သို့​ရာ​တွင်​သ​တင်း​ကောင်း​ဆိုင်​ရာ​သစ္စာ​တ​ရား ကို သင်​တို့​အ​တွက်​ထိန်း​သိမ်း​ထား​နိုင်​ရန် ငါ တို့​သည်​သူ​တို့​အား​ခေတ္တ​ခ​ဏ​မျှ​ပင် အ​လျှော့​မ​ပေး​ခဲ့။ \p \v 6 ခေါင်း​ဆောင်​များ​ဟု​ထင်​မှတ်​ရ​သူ​တို့​သည် ငါ့​အား​အ​ကြံ​ဉာဏ်​သစ်​မ​ပေး​ကြ။ သူ​တို့ သည်​အ​ကယ်​ပင်​ခေါင်း​ဆောင်​များ​ဟုတ် သည်​မ​ဟုတ်​သည်​မှာ ငါ​၏​အ​တွက်​အ​ရေး မ​ကြီး​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား သ​ခင်​သည်​အ​ပြင်​ပုံ​သဏ္ဌာန်​အား​ဖြင့် လူ တို့​အား​အ​ကဲ​ဖြတ်​တော်​မ​မူ​သော​ကြောင့် ပင်​ဖြစ်​၏။-\x + \xo 2:6 \xt တရား၊ ၁၀:၁၇။\x* \v 7 ထို​သူ​တို့​သည်​ငါ့​အား​အ​ကြံ​ဉာဏ်​သစ် ပေး​မည့်​အ​စား​ဘု​ရား​သ​ခင်​သည် ပေ​တ​ရု အား​သ​တင်း​ကောင်း​ကို​အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ခံ​သူ​တို့​အား ဟော​ပြော​ကြေ​ညာ ရန်​တာ​ဝန်​ပေး​တော်​မူ​သ​ကဲ့​သို့ ငါ့​အား လူ​မျိုး​ခြား​တို့​အား​သ​တင်း​ကောင်း​ကို ဟော​ပြော​ကြေ​ညာ​ရန် တာ​ဝန်​ပေး​တော်​မူ ကြောင်း​သိ​မြင်​လာ​ကြ​လေ​သည်။- \v 8 အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည် တန်​ခိုး​တော်​ဖြင့် ပေ​တ​ရု​အား​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​ခံ​သူ​တို့​အ​တွက် တ​မန်​တော် အ​ဖြစ်​ခန့်​ထား​တော်​မူ​သ​ကဲ့​သို့ ငါ့​အား လည်း​လူ​မျိုး​ခြား​တို့​အ​တွက်​တ​မန်​တော် အ​ဖြစ်​ခန့်​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။- \v 9 အ​သင်း​တော်​၏​မဏ္ဍိုင်​များ​ဖြစ်​ကြ​သော ယာ​ကုပ်၊ ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​က​ငါ့ အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​အ​ခွင့် ထူး​ကို အ​သိ​အ​မှတ်​ပြု​ကြ​ပေ​သည်။ သို့ ဖြစ်​၍​ငါ​တို့​အား​လုံး​သည်​လုပ်​ဖော်​ကိုင် ဘက်​များ​ဖြစ်​ကြောင်း​ကို​ပြ​သည့်​အ​နေ ဖြင့် သူ​တို့​သည်​ဗာ​န​ဗ​နှင့်​ငါ့​အား​လက် ဆွဲ​၍​နှုတ်​ဆက်​ကြ​၏။ ငါ​တို့​က​လူ​မျိုး ခြား​တို့​ထံ​တွင်​အ​မှု​တော်​ဆောင်​ရန်​နှင့် သူ​တို့​က​ယု​ဒ​အ​မျိုး​သား​တို့​ထံ​တွင် အ​မှု​တော်​ဆောင်​ရန်​သ​ဘော​တူ​ကြ​သည်။- \v 10 ငါ​တို့​သည်​ဆင်း​ရဲ​သူ​တို့​ကို​သ​တိ​ရ ကူ​ညီ​မ​စ​ရန်​သူ​တို့​အ​လို​ရှိ​၏။ ထို​သို့ ဆောင်​ရွက်​ရန်​ငါ​လည်း​စိတ်​စေ​တ​နာ ထက်​သန်​၏။ \s1 အန္တိ​အုတ်​မြို့​တွင်​ပေ​တ​ရု​အား​ပေါ​လု ပြစ်​တင်​ပြော​ဆို​ခြင်း \p \v 11 အန္တိ​အုတ်​မြို့​သို့​ပေ​တ​ရု​ရောက်​ရှိ​လာ​သော အ​ခါ သူ​၏​အ​ပြု​အ​မူ​သည်​မှား​လျက်​နေ သည်​မှာ​သိ​သာ​ထင်​ရှား​သ​ဖြင့် ငါ​သည် သူ့​အား​လူ​တို့​ရှေ့​တွင်​ပြစ်​တင်​ပြော​ဆို​၏။- \v 12 ယာ​ကုပ်​စေ​လွှတ်​လိုက်​သော​သူ​များ​မ​ရောက်​မီ သူ​သည်​လူ​မျိုး​ခြား​တို့​နှင့်​အ​တူ​စား​သောက် လျက်​နေ​၏။ သို့​သော်​လည်း​ယာ​ကုပ်​စေ​လွှတ် လိုက်​သော​သူ​တို့​ရောက်​ရှိ​လာ​သော​အ​ခါ​၌ မူ​ကား လူ​မျိုး​ခြား​တို့​နှင့်​ပေါင်း​ဖော်​စား သောက်​မှု​ကို​မ​ပြု​တော့​ချေ။ အ​ဘယ်​ကြောင့် ဆို​သော်​သူ​သည်​လူ​မျိုး​ခြား​တို့​အား အ​ရေ ဖျား​လှီး​မင်္ဂလာ​ခံ​စေ​လို​သော​သူ​တို့​ကို ကြောက်​သော​ကြောင့်​ဖြစ်​သည်။- \v 13 အ​ခြား​ယု​ဒ​အ​မျိုး​သား​ယုံ​ကြည်​သူ​များ သည်​လည်း ပေ​တ​ရု​ကဲ့​သို့​ပင်​သူ​ရဲ​ဘော​ကြောင် သည့်​အ​ပြု​အ​မူ​ကို​ပြု​လုပ်​လာ​သ​ဖြင့် ဗာ​န​ဗ ပင်​လျှင်​သူ​တို့​၏​ဘက်​သို့​လိုက်​ပါ​သွား​လေ သည်။- \v 14 သို့​ရာ​တွင်​သူ​တို့​၏​အ​ပြု​အ​မူ​သည်​သ​တင်း ကောင်း​ဆိုင်​ရာ​သစ္စာ​တ​ရား​နှင့်​ကိုက်​ညီ​မှု​မ​ရှိ ကြောင်း​ကို ငါ​သိ​မြင်​သော​အ​ခါ ပေ​တ​ရု​အား လူ​အ​ပေါင်း​တို့​ရှေ့​တွင်``သင်​သည်​ယု​ဒ​အ​မျိုး သား​ဖြစ်​ပါ​လျက် ယု​ဒ​အ​မျိုး​သား​ကဲ့​သို့ မ​ဟုတ်​ဘဲ လူ​မျိုး​ခြား​ကဲ့​သို့​ပြု​မူ​နေ​ထိုင် လျက်​ရှိ​ရာ သင်​သည်​အ​ဘယ်​ကြောင့်​လူ​မျိုး ခြား​တို့​အား​ယု​ဒ​အ​မျိုး​သား​တို့​ကဲ့​သို့ ပြု​မူ​နေ​ထိုင်​စေ​ရန်​အ​နိုင်​အ​ထက်​ပြု​ပါ သ​နည်း'' ဟု​မေး​၏။ \s1 ယု​ဒ​အ​မျိုး​သား​များ​နှင့်​လူ​မျိုး​ခြား​များ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့်​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​ခြင်း \p \v 15 ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင်​ဇာ​တိ​အား​ဖြင့်​ယု​ဒ အ​မျိုး​သား​များ​ဖြစ်​ကြ​၏။ ``အ​ပြစ်​ကူး​သူ လူ​မျိုး​ခြား​များ'' မ​ဟုတ်​ကြ။- \v 16 သို့​ရာ​တွင်​လူ​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက် ဆံ​ခွင့်​ကို​မ​ရ​နိုင်​ကြောင်း၊ ခ​ရစ်​တော်​ကို​ယုံ​ကြည် ခြင်း​အား​ဖြင့်​သာ​လျှင်​ရ​နိုင်​ကြောင်း​ကို​ငါ​တို့ သိ​ကြ​၏။ ငါ​တို့​သည်​လည်း​ပ​ညတ်​တ​ရား​ကို စောင့်​ထိန်း​ခြင်း​အား​ဖြင့်​မ​ဟုတ်​ဘဲ ခ​ရစ်​တော် ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့် မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ရန် ခ​ရစ် တော်​ယေ​ရှု​ကို​ယုံ​ကြည်​ကြ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း အား​ဖြင့် မည်​သူ​မျှ​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန် စွာ​ဆက်​ဆံ​ခွင့်​ကို​မ​ရ​နိုင်​သော​ကြောင့်​ဖြစ်​၏။-\x + \xo 2:16 \xt ဆာ၊ ၁၄၃:၂။ ရော၊ ၃:၂၀၊ ၂၂။\x* \v 17 သို့​ဖြစ်​၍​ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင် နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ရန်​ကြိုး စား​ကြ​ရာ​တွင် မိ​မိ​တို့​သည်​လည်း​လူ​မျိုး​ခြား တို့​နည်း​တူ​အ​ပြစ်​ကူး​သူ​များ​ဖြစ်​ကြောင်း တွေ့​ရှိ​ကြ​ပါ​လျှင် ခ​ရစ်​တော်​သည်​ငါ​တို့ အ​ပြစ်​ကူး​မှု​ကို​အား​ပေး​သည်​ဟု​ဆို​နိုင် မည်​လော။ အ​ဘယ်​နည်း​နှင့်​မျှ​မ​ဆို​နိုင်။- \v 18 အ​ကယ်​၍​မိ​မိ​ဖြို​ဖျက်​ခဲ့​သော​အ​ရာ​ကို ပြန်​လည်​တည်​ဆောက်​မည်​ဆို​ပါ​က ငါ​သည် ပညတ်​တ​ရား​ကို​ချိုး​ဖောက်​သူ​ဖြစ်​ကြောင်း ဖော်​ပြ​ရာ​ရောက်​ပေ​သည်။- \v 19 ပ​ညတ်​တ​ရား​က​ငါ့​အား​သေ​စေ​သည်​ဖြစ်​ရာ ပ​ညတ်​တ​ရား​နှင့်​ပတ်​သက်​လျှင် ငါ​သည်​သူ​သေ ဖြစ်​၏။ သို့​မှ​သာ​ဘု​ရား​သ​ခင်​၏​အ​တွက်​အ​သက် ရှင်​နိုင်​မည်​ဖြစ်​သည်။ ငါ​သည်​ခ​ရစ်​တော်​နှင့် အ​တူ​လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​ကွပ်​မျက် ခြင်း​ခံ​ရ​လေ​ပြီ။- \v 20 သို့​ဖြစ်​၍​ငါ​သည်​အ​သက်​မ​ရှင်​တော့​ဘဲ​ခ​ရစ် တော်​သာ​လျှင်​ငါ​၌​ရှင်​တော်​မူ​၏။ ယ​ခု​ငါ​၌ ရှိ​သော​အ​သက်​သည်​ဘု​ရား​သ​ခင်​၏​သား တော်​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရှင်​သန်​လျက် နေ​သော​အ​သက်​ဖြစ်​၏။ သား​တော်​သည်​ငါ့​ကို ချစ်​တော်​မူ​သ​ဖြင့်​ငါ​၏​အ​တွက်​မိ​မိ အ​သက်​ကို​စွန့်​တော်​မူ​၏။- \v 21 ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ငါ​မ​ပစ် ပယ်။ အ​ကယ်​၍​လူ​တို့​သည်​ပ​ညတ်​တ​ရား​အား ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို ရ​ရှိ​နိုင်​ကြ​လျှင် ခ​ရစ်​တော်​သည်​အ​ချည်း​နှီး အ​သေ​ခံ​တော်​မူ​ပြီ။ \c 3 \s1 ပ​ညတ်​တ​ရား​လော​ယုံ​ကြည်​ခြင်း​လော \p \v 1 အ​ချင်း​မိုက်​မဲ​သော​ဂ​လာ​တိ​အ​သင်း​တော် သား​တို့၊ အ​ဘယ်​သူ​သည်​သင်​တို့​အား​ပြု စား​သ​နည်း။ လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​သ​ခင် ယေ​ရှု​အ​သေ​ခံ​တော်​မူ​ပုံ​ကို သင်​တို့​မျက် မှောက်​၌​ရှင်း​လင်း​စွာ​ပြ​ခဲ့​၏။- \v 2 ဝိ​ညာဉ်​တော်​ကို​သင်​တို့​ခံ​ယူ​ရ​ကြ​ခြင်း​မှာ ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း​ကြောင့်​လော။ သို့​တည်း​မ​ဟုတ်​သ​တင်း​ကောင်း​ကို​ကြား​၍ ယုံ​ကြည်​ကြ​သော​ကြောင့်​လော။ ဤ​မေး​ခွန်း ကို​သာ​လျှင် ငါ့​အား​ဖြေ​ကြား​ကြ​လော့။- \v 3 သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ​မိုက်​မဲ ကြ​သ​နည်း။ သင်​တို့​သည်​ဝိ​ညာဉ်​တော်​အား ဖြင့်​အ​စ​ပြု​ခဲ့​ကြ​ပြီး​နောက် ယ​ခု​အ​ခါ မိ​မိ​တို့​ကိုယ်​ပိုင်​စွမ်း​ရည်​ဖြင့်​အ​ဆုံး​သတ် လို​ကြ​သ​လော။- \v 4 သင်​တို့​ကိုယ်​တိုင်​တွေ့​ကြုံ​ခံ​စား​ချက်​သည် အ​ချည်း​နှီး​ဖြစ်​လေ​ပြီ​လော။ အ​မှန်​ပင် အ​ချည်း​နှီး​မ​ဖြစ်​နိုင်။- \v 5 ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ဝိ​ညာဉ်​တော် ကို​ချ​ပေး​တော်​မူ​၍ အံ့​သြ​ဖွယ်​သော​နိ​မိတ် လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​ခဲ့​သည်​မှာ ပ​ညတ် တ​ရား​ကို​သင်​တို့​စောင့်​ထိန်း​ကြ​သည့်​အ​တွက် ကြောင့်​လော။ သို့​တည်း​မ​ဟုတ်​သ​တင်း​ကောင်း ကို​ကြား​နာ​ယုံ​ကြည်​ကြ​သည့်​အ​တွက်​ကြောင့် လော။- \v 6 အာ​ဗြ​ဟံ​၏​တွေ့​ကြုံ​ခံ​စား​ချက်​ကို​ဆင်​ခြင် စဉ်း​စား​ကြ​စို့။ ကျမ်း​စာ​တော်​က ``အာ​ဗြ​ဟံ သည်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​၏။ သို့​ဖြစ်​၍ ဘု​ရား​သ​ခင်​သည်​အာ​ဗြ​ဟံ​အား သူ​တော် ကောင်း​အ​ဖြစ်​လက်​ခံ​တော်​မူ​သည်'' ဟု​ဆို​၏။-\x + \xo 3:6 \xt က၊ ၁၅:၆။ ရော၊ ၄:၃။\x* \v 7 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​တို့​သည် အာ​ဗြ​ဟံ​၏​သား​မြေး​အ​စစ်​အ​မှန်​များ​ဖြစ် ကြောင်း​ကို သင်​တို့​သိ​မှတ်​ကြ​လော့။-\x + \xo 3:7 \xt ရော၊ ၄:၁၆။\x* \v 8 ဘု​ရား​သ​ခင်​သည်​ယုံ​ကြည်​ခြင်း​ကို​ထောက်​၍ လူ​မျိုး​ခြား​တို့​ကို မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ စေ​တော်​မူ​မည်​ဖြစ်​ကြောင်း ကျမ်း​စာ​တော်​တွင် ကြို​တင်​ဟော​၏။ ကျမ်း​စာ​တော်​က ``လူ​မျိုး အ​ပေါင်း​တို့​သည် သင့်​အား​ဖြင့်​ကောင်း​ချီး မင်္ဂလာ​ခံ​စား​ရ​ကြ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ အား​သ​တင်း​ကောင်း​ကို​ကြေ​ညာ​သည်။-\x + \xo 3:8 \xt က၊ ၁၂:၃။\x* \v 9 အာ​ဗြ​ဟံ​သည်​ဘု​ရား​သ​ခင်​အား​ယုံ​ကြည် သည့်​အ​တွက် ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား​ရ​သည်။ သို့​ဖြစ်​၍​ယုံ​ကြည်​သူ​လူ​အ​ပေါင်း​တို့​သည် အာ​ဗြ​ဟံ​နည်း​တူ​ကောင်း​ချီး​မင်္ဂလာ​ကို​ခံ​စား ရ​ကြ​၏။ \p \v 10 ပ​ညတ်​တ​ရား​စောင့်​ထိန်း​မှု​ကို​အား​ကိုး​သော သူ​တို့​မူ​ကား ကျိန်​စာ​သင့်​လျက်​ရှိ​ကြ​၏။ ကျမ်း စာ​တော်​က ``ပ​ညတ်​တ​ရား​တွင်​ပါ​ရှိ​သည့် ပြ​ဋ္ဌာန်း​ချက်​မှန်​သ​မျှ​ကို​မ​စောင့်​ထိန်း​သူ သည် ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​စေ'' ဟု ဖော်​ပြ​ပေ​သည်။-\x + \xo 3:10 \xt တရား၊ ၂၇:၂၆။\x* \v 11 ယ​ခု​တွင်​ကျမ်း​စာ​တော်​က ``ဘု​ရား​သ​ခင် ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ကိုယ်​တော်​နှင့်​မှန် ကန်​စွာ​ဆက်​ဆံ​သူ​သည်​အ​သက်​ရှင်​လိမ့်​မည်'' ဟု​ဖော်​ပြ​ထား​သ​ဖြင့်​ပ​ညတ်​တ​ရား​ကို စောင့်​ထိန်း​ခြင်း​အား​ဖြင့် အ​ဘယ်​သူ​မျှ​ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို​မ​ရ​နိုင် ကြောင်း​ထင်​ရှား​၏။-\x + \xo 3:11 \xt ဟဗ၊ ၂:၄။\x* \v 12 သို့​ရာ​တွင်​ကျမ်း​စာ​တော်​က ``ပ​ညတ်​တ​ရား ၏​ပြ​ဋ္ဌာန်း​ချက်​မှန်​သ​မျှ​ကို​လိုက်​လျှောက်​သူ သည် အ​သက်​ရှင်​လိမ့်​မည်'' ဟု​ဆို​သ​ဖြင့် ပ​ညတ်​တ​ရား​သည်​ဘု​ရား​သ​ခင်​အား ယုံ​ကြည်​မှု​နှင့်​မည်​သို့​မျှ​မ​သက်​ဆိုင်။\x + \xo 3:12 \xt ဝတ်၊ ၁၈:၅။\x* \p \v 13 ``သစ်​တိုင်​ပေါ်​မှာ​ဆွဲ​၍​အ​သတ်​ခံ​ရ​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​သူ​ဖြစ်​၏'' ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကျိန်​စာ​သင့်​သူ​အ​ဖြစ်​ကို​ခံ ယူ​တော်​မူ​ပြီး​နောက် ငါ​တို့​အား​ပ​ညတ်​တ​ရား ကြောင့်​ကျိန်​စာ​သင့်​သည့်​ဘေး​မှ​ရွေး​နုတ် ကယ်​တင်​တော်​မူ​၏။-\x + \xo 3:13 \xt တရား၊ ၂၁:၂၃။\x* \v 14 ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​လူ​မျိုး​ခြား​တို့ သည်​ခ​ရစ်​တော်​ယေ​ရှု​ကို​အ​မှီ​ပြု​၍ အာ​ဗြ​ဟံ ခံ​စား​ရ​သည့်​ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား ရ​စေ​ရန်​လည်း​ကောင်း၊ ငါ​တို့​သည်​ဘု​ရား သ​ခင်​က​တိ​ထား​တော်​မူ​သော​ဝိ​ညာဉ်​တော် ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ခံ​ယူ​နိုင်​ကြ​စေ ရန်​လည်း​ကောင်း​ဖြစ်​၏။ \s1 ပ​ညတ်​တ​ရား​နှင့်​က​တိ​တော် \p \v 15 ညီ​အစ်​ကို​တို့၊ သင်​တို့​နေ့​စဉ်​တွေ့​ကြုံ​နေ ကြ​အ​ဖြစ်​အ​ပျက်​များ​မှ ဥ​ပ​မာ​တစ်​ခု ကို​ငါ​ပေး​အံ့။ လူ​တစ်​ယောက်​နှင့်​တစ်​ယောက် က​တိ​စာ​ချုပ်​ချုပ်​ဆို​သော​အ​ခါ​၌​အ​ချင်း ချင်း​ချုပ်​ဆို​သော​စာ​ချုပ်​မျှ​သာ​ဖြစ်​သော် လည်း ယင်း​ကို​သ​ဘော​တူ​ချုပ်​ဆို​ပြီး​သည် နှင့်​တစ်​ပြိုင်​နက်​စာ​ချုပ်​ပါ​က​တိ​ဝန်​ခံ ချက်​များ​ကို​မည်​သူ​မျှ​မ​ပယ်​ဖျက်၊ မ​ဖြည့် စွက်​နိုင်​တော့​ချေ။- \v 16 ကျမ်း​စာ​လာ​သည့်​အ​တိုင်း​ဘု​ရား​သ​ခင်​၏ က​တိ​တော်​များ​သည် အာ​ဗြ​ဟံ​နှင့်​သူ​၏ သား​မြေး​အ​တွက်​ဖြစ်​၏။ သား​မြေး​ဆို​သော စ​ကား​သည်​ဧက​ဝုစ်​ကိန်း​တည်း။ ဗ​ဟု​ဝုစ်​ကိန်း မ​ဟုတ်။ သင်​၏​အ​မျိုး​အ​နွယ်​ဟူ​၍​သာ​ဆို​၏။ လူ​အ​များ​ကို​ရည်​စူး​၍​ဆို​ခြင်း​မ​ဟုတ်။ လူ​တစ်​ဦး​တည်း​ကို​သာ​ရည်​စူး​၍​ဆို​ပေ သည်။ ထို​သို့​ရည်​စူး​ခြင်း​ခံ​ရ​သူ​ကား ခ​ရစ်​တော်​ပင်​ဖြစ်​၏။-\x + \xo 3:16 \xt က၊ ၁၂:၇။\x* \v 17 ငါ​ဆို​လို​သည်​ကား​ဤ​သို့​တည်း။ ဘု​ရား သ​ခင်​သည်​အာ​ဗြ​ဟံ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော် မူ​ပြီး​လျှင် ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရန်​က​တိ ထား​တော်​မူ​၏။ အ​နှစ်​လေး​ရာ့​သုံး​ဆယ်​ကြာ မှ​ပေါ်​ပေါက်​လာ​သည့်​ပ​ညတ်​တ​ရား​သည် ထို ပ​ဋိ​ညာဉ်​တော်​ကို​မ​ပယ်​မ​ဖျက်​နိုင်။ က​တိ တော်​ကို​လည်း​မ​ပယ်​မ​ဖျက်​နိုင်။-\x + \xo 3:17 \xt ထွ၊ ၁၂:၄၀။\x* \v 18 အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​ဆု​ကျေး​ဇူး​တော် သည် ပ​ညတ်​တ​ရား​အ​ပေါ်​၌​မူ​တည်​လျှင် ထို ဆု​ကျေး​ဇူး​တော်​သည်​က​တိ​တော်​အ​ပေါ်​၌ မူ​မ​တည်​တော့​ပေ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင် သည်​က​တိ​တော်​ကြောင့် အာ​ဗြ​ဟံ​အား​ထို​ဆု ကျေး​ဇူး​တော်​ကို​ပေး​သ​နား​တော်​မူ​သ​တည်း။\x + \xo 3:18 \xt ရော၊ ၄:၁၄။\x* \p \v 19 ထို​သို့​ဖြစ်​ပါ​မူ​ပ​ညတ်​တ​ရား​၏​ရည်​ရွယ် ချက်​ကား​အ​ဘယ်​နည်း။ ပ​ညတ်​တ​ရား​ကို ဘု​ရား​သခင်​ချ​ပေး​တော်​မူ​ခဲ့​ခြင်း​မှာ အ​ပြစ် ဒု​စ​ရိုက်​၏​သ​ဘော​ကို​ထုတ်​ဖော်​ပြ​သ​ရန် သာ​ဖြစ်​၏။ ထို​ပ​ညတ်​တ​ရား​သည်​က​တိ တော်​ကို​ခံ​ယူ​ရ​ရှိ​သူ အာ​ဗြ​ဟံ​၏​သား​မြေး မ​ပေါ်​သေး​မီ​ကာ​လ​အ​တွင်း​၌​သာ​လျှင် တည်​ရှိ​ရန်​ဖြစ်​သည်။ ဘု​ရား​သ​ခင်​သည်​ထို ပ​ညတ်​တ​ရား​ကို​ကောင်း​ကင်​တ​မန်​များ အား​ဖြင့် ကြား​ဝင်​စေ့​စပ်​သူ​လူ​တစ်​ဦး​မှ တစ်​ဆင့်​ပေး​အပ်​တော်​မူ​ခဲ့​၏။- \v 20 သို့​ရာ​တွင်​တစ်​ဦး​တည်း​သာ​ပါ​ဝင်​ဆောင်​ရွက် သော​အ​ခါ ကြား​ဝင်​စေ့​စပ်​သူ​ကို​မ​လို​တော့ ချေ။ ဘု​ရား​သ​ခင်​သည်​တစ်​ပါး​တည်း​ဖြစ် တော်​မူ​သ​တည်း။ \s1 ပ​ညတ်​တ​ရား​၏​ရည်​ရွယ်​ချက် \p \v 21 ဤ​သို့​ဆို​ရာ​၌​ပ​ညတ်​တ​ရား​နှင့်​ဘု​ရား သ​ခင်​၏​က​တိ​တော်​တို့​သည် ဆန့်​ကျင်​ဘက် ဖြစ်​၍​နေ​ပါ​သ​လော။ အ​ဘယ်​နည်း​နှင့်​မျှ မ​ဟုတ်။ အ​ကယ်​၍​အ​သက်​ရှင်​စေ​နိုင်​သည့် ပ​ညတ်​တ​ရား​ကို​လူ​သား​တို့​ရ​ရှိ​ခဲ့​ပါ လျှင် လူ​တိုင်း​ပင်​ထို​ပ​ညတ်​တ​ရား​ကို​စောင့် ထိန်း​ခြင်း​ဖြင့်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ကြ​မည်​သာ​ဖြစ်​၏။- \v 22 သို့​ရာ​တွင်​ကမ္ဘာ​လော​က​တစ်​ခု​လုံး​ပင်​အ​ပြစ် ဒု​စ​ရိုက်​၏​လက်​အောက်​တွင်​ရောက်​ရှိ​နေ​ကြောင်း ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ထား​ပေ​သည်။ သို့​ဖြစ် ၍​ယေ​ရှု​ခရစ်​ကို​ယုံ​ကြည်​မှု​၌​အ​ခြေ​ခံ​သည့် က​တိ​တော်​ဆိုင်​ရာ​ဆု​ကျေး​ဇူး​ကို​ယုံ​ကြည် သူ​တို့​ခံ​စား​ခွင့်​ရ​ရှိ​ကြ​၏။ \p \v 23 ယုံ​ကြည်​ခြင်း​တ​ရား​မ​ပေါ်​မီ​ငါ​တို့​သည်​ပေါ် လာ​မည့်​ယုံ​ကြည်​ခြင်း​တ​ရား​လက်​ထက်​တိုင် အောင် ပ​ညတ်​တ​ရား​၏​အ​ကျဉ်း​သား​အ​ဖြစ် ချုပ်​နှောင်​ခြင်း​ကို​ခံ​ရ​ကြ​၏။- \v 24 ငါ​တို့​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင် နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​နိုင်​ကြ​စေ​ရန် ပ​ညတ်​တ​ရား သည်​ခ​ရစ်​တော်​ကြွ​လာ​ချိန်​တိုင်​အောင်​ငါ​တို့​၏ အ​ထိန်း​ဖြစ်​၏။- \v 25 သို့​ရာ​တွင်​ယ​ခု​ယုံ​ကြည်​ခြင်း​တ​ရား​ရောက် လာ​ပြီ​ဖြစ်​၍ ငါ​တို့​သည်​အ​ထိန်း​၏​လက် အောက်​၌​မ​ရှိ​ကြ​တော့​ပြီ။ \p \v 26 သင်​တို့​အ​ပေါင်း​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့် ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​လျက် ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ် ကြ​၏။- \v 27 သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​စေ​ရန် ဗတ္တိဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ကြ သ​ဖြင့် ခ​ရစ်​တော်​ကို​အ​ဝတ်​တန်​ဆာ​သ​ဖွယ် ဝတ်​ဆင်​ကြ​ရ​လေ​ပြီ။- \v 28 သို့​ဖြစ်​၍​ယုဒ​လူ​မျိုး​နှင့်​လူ​မျိုး​ခြား​ဟူ​၍ လည်း​ကောင်း၊ ကျွန်​နှင့်​လွတ်​လပ်​သူ​ဟူ​၍​လည်း ကောင်း၊ ယောကျာ်း​နှင့်​မိန်း​မ​ဟူ​၍​လည်း​ကောင်း ခွဲ​ခြား​မှု​မ​ရှိ​တော့​ပြီ။ သင်​တို့​အ​ပေါင်း​သည် ခ​ရစ်​တော်​ယေ​ရှု​၌​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ​၏။- \v 29 သင်​တို့​သည်​ခ​ရစ်​တော်​၏​တ​ပည့်​များ​ဖြစ် ပါ​လျှင် အာ​ဗြ​ဟံ​၏​သား​မြေး​များ​လည်း ဖြစ်​သ​ဖြင့် က​တိ​တော်​ရှိ​သည်​အ​တိုင်း​ဘုရား သ​ခင်​၏​ဆု​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ကြ လိမ့်​မည်။\x + \xo 3:29 \xt ရော၊ ၄:၁၃။\x* \c 4 \p \v 1 ဆက်​လက်​၍​ဖော်​ပြ​ပါ​မည်။ လူ​တစ်​ဦး​တစ်​ယောက် ၏​သား​သည်​အ​ဖ​၏​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​အ​မွေ ခံ​ထိုက်​သ​ဖြင့် အ​မှန်​ပင်​ပိုင်​ဆိုင်​သူ​ဖြစ်​သော်​လည်း အ​ရွယ်​မ​ရောက်​မီ​ကာ​လ​အ​တွင်း​၌​ကျွန်​တစ် ယောက်​ကဲ့​သို့​နေ​ရ​၏။- \v 2 သူ​သည်​ဖ​ခင်​သတ်​မှတ်​ပေး​သည့်​အ​ချိန်​ကာ​လ​မ ရောက်​မီ အုပ်​ထိန်း​သူ​များ​နှင့်​မိ​မိ​၏​အ​မှု​ကိစ္စ အ​ဝ​ဝ​ကို​စီ​မံ​အုပ်​ချုပ်​သူ​များ​၏​လက်​အောက် တွင်​နေ​ရ​၏။- \v 3 ထို​နည်း​တူ​စွာ​ငါ​တို့​သည်​လည်း​ဝိ​ညာဉ်​ရေး​မ ရင့်​ကျက်​မီ​အ​ခါ​က လော​က​စ​ကြ​ဝ​ဠာ​ကို အုပ်​စိုး​သော​ဝိ​ညာဉ်​များ​၏​ကျွန်​ဖြစ်​ကြ​၏။- \v 4-5 သို့​ရာ​တွင်​နောက်​ဆုံး​၌​အ​ချိန်​တန်​သော​အ​ခါ ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​သား​တော်​ကို​စေ​လွှတ် တော်​မူ​၏။ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​များ ဖြစ်​လာ​စိမ့်​သော​ငှာ​ထို​သား​တော်​သည်​လူ​တို့ အား ပ​ညတ်​တ​ရား​၏​လက်​အောက်​မှ​ရွေး​နုတ် ကယ်​တင်​နိုင်​ရန် လူ​မိ​ခင်​မှ​ပ​ညတ်​တ​ရား အောက်​ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​၏။\x + \xo 4:4-5 \xt ရော၊ ၈:၁၅-၁၇။\x* \p \v 6 သင်​တို့​သည်​ကိုယ်​တော်​၏​သား​များ​ဖြစ်​ကြောင်း သက်​သေ​ပြ​ရန်``အဗ္ဗ၊ အ​ဘ'' ဟု​ကြွေး​ကြော်​သော သား​တော်​၏​ဝိ​ညာဉ်​တော်​ကို​ငါ​တို့​စိတ်​နှ​လုံး ထဲ​သို့​ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​၏။- \v 7 သို့​ဖြစ်​၍​သင်​သည်​ကျွန်​မ​ဟုတ်​တော့​ဘဲ​သား ဖြစ်​လေ​ပြီ။ သား​ဖြစ်​သ​ဖြင့်​သား​များ​ခံ​စား ထိုက်​သည်​များ​ကို​ဘု​ရား​သ​ခင်​သည်​သင့် အား​ပေး​တော်​မူ​လတ္တံ့။ \s1 ဂ​လာ​တိ​အ​သင်း​တော်​ဝင်​တို့​အ​တွက်​ပေါ​လု စိုး​ရိမ်​ကြောင့်​ကြ​ခြင်း \p \v 8 အ​ခါ​တစ်​ပါး​က​သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို မ​သိ​ကြ​သ​ဖြင့် မ​စစ်​မ​မှန်​သော​ဘု​ရား​တို့​၏ ကျွန်​ဖြစ်​ခဲ့​ကြ​၏။- \v 9 ယ​ခု​မှာ​မူ​သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​သိ​ရှိ လာ​ကြ​လေ​ပြီ။ သင်​တို့​အား​ဘု​ရား​သ​ခင်​သိ​ရှိ တော်​မူ​လေ​ပြီ​ဟု​ငါ​ဆို​သင့်​၏။ သို့​ဖြစ်​၍​သင်​တို့ သည်​အား​နည်း​၍​သ​နား​စ​ရာ​ကောင်း​သည့်​ဝိ​ညာဉ် များ​ထံ​သို့​အ​ဘယ်​ကြောင့်​ပြန်​လည်​သွား​လို​ကြ သ​နည်း။ အ​ဘယ်​ကြောင့်​သူ​တို့​၏​ကျွန်​ပြန်​၍ ဖြစ်​လို​ကြ​သ​နည်း။- \v 10 သင်​တို့​သည်​အ​ချို့​သော​နေ့၊ လ၊ ရာ​သီ​နှင့်​နှစ်​များ ကို​အ​ထူး​ဂ​ရု​စိုက်​အ​ရေး​ပေး​နေ​ကြ​သည်။- \v 11 ငါ​သည်​သင်​တို့​အ​တွက်​စိုး​ရိမ်​မိ​၏။ သင်​တို့ အ​တွက် ငါ​လုပ်​ဆောင်​ခဲ့​သ​မျှ​သော​အ​ရာ​တို့ သည်​အ​ချည်း​နှီး​ဖြစ်​ရ​လေ​တော့​မည်​လော။ \p \v 12 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ငါ​ကဲ့​သို့​ဖြစ်​ကြ​ရန် ငါ​တောင်း​ပန်​၏။ ငါ​သည်​သင်​တို့​ကဲ့​သို့​ပင်​ဖြစ်​၏။ သင်​တို့​သည်​ငါ့​အား​အ​ဘယ်​သို့​မျှ​မ​ပြစ်​မှား ခဲ့​ကြ။- \v 13 ပ​ထ​မ​ဆုံး​အ​ကြိမ်​သင်​တို့​အား​သ​တင်း ကောင်း​ကို​ငါ​ဟော​ပြော​ကြေ​ညာ​ရ​ခြင်း​မှာ ငါ​၏​ကျန်း​မာ​ရေး​ချို့​တဲ့​မှု​ကြောင့်​ဖြစ် ကြောင်း​သင်​တို့​သိ​ကြ​၏။- \v 14 ငါ​၏​ကျန်း​မာ​ရေး​အ​ခြေ​အ​နေ​ကြောင့်​သင်​တို့ အ​တွက်​အ​နှောင့်​အ​ယှက်​ဖြစ်​သော်​လည်း သင်​တို့ သည်​ငါ့​ကို​အ​ထင်​အ​မြင်​မ​သေး​ကြ။ မ​ပစ် ပယ်​ကြ။ ငါ​သည်​ဘု​ရား​သ​ခင်​၏​ကောင်း​ကင် တ​မန်​တစ်​ပါး​ဖြစ်​သ​ကဲ့​သို့​လည်း​ကောင်း၊ ခ​ရစ် တော်​ယေ​ရှု​အား​ကြို​ဆို​သ​ကဲ့​သို့​လည်း​ကောင်း သင်​တို့​က​ငါ့​အား​ကြို​ဆို​လက်​ခံ​ကြ​၏။- \v 15 ထို​အ​ခါ​က​သင်​တို့​အ​လွန်​ပျော်​ကြ​ပါ​သည် တ​ကား။ ယ​ခု​အ​ဘယ်​သို့​ဖြစ်​ကြ​လေ​ပြီ​နည်း။ ထို​စဉ်​အ​ခါ​က​သင်​တို့​သည်​ဖြစ်​နိုင်​ပါ​မူ မိ​မိ တို့​၏​မျက်​စိ​များ​ကို​ပင်​လျှင်​ထုတ်​၍​ငါ့​အား ပေး​လှူ​လို​သည်​ဟု​ငါ​သက်​သေ​ခံ​၏။- \v 16 ယ​ခု​ငါ​သည်​သင်​တို့​အား​မှန်​ရာ​ကို​ပြော​ဆို သည့်​အ​တွက်​သင်​တို့​၏​ရန်​သူ​ဖြစ်​လေ​ပြီ​လော။ \p \v 17 ငါ့​ကို​အ​တိုက်​အ​ခံ​ပြု​သူ​များ​သည်​သင်​တို့ အ​ပေါ်​တွင်​များ​စွာ​စိတ်​ဝင်​စား​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​ရိုး​သား​သော​ရည်​ရွယ်​ချက်​ဖြင့် မ​ဟုတ်။ သင်​တို့​၏​တုံ့​ပြန်​စိတ်​ဝင်​စား​မှု​ကို ခံ​ယူ​ရ​ရှိ​နိုင်​ရန်​သင်​တို့​အား​ငါ​နှင့်​အ​ဆက် ဖြတ်​စေ​လို​သော​ကြောင့်​ဖြစ်​သည်။- \v 18 ရိုး​သား​သည့်​ရည်​ရွယ်​ချက်​ဖြင့်​စိတ်​ဝင်​စား​လျှင် ကောင်း​၏။ ထို​သို့​သော​စိတ်​ဝင်​စား​မှု​သည်​သင်​တို့ နှင့်​အ​တူ​ငါ​ရှိ​နေ​ချိန်​အ​တွင်း​သာ​မ​က​အ​စဉ် ရှိ​အပ်​၏။- \v 19 ငါ​ချစ်​သော​သား​သ​မီး​တို့၊ ခ​ရစ်​တော်​၏​စိတ် နေ​သ​ဘော​ထား​မျိုး​ကို​သင်​တို့​မ​ရ​မ​ချင်း ငါ​သည်​သား​ဖွား​သည့်​မိ​ခင်​ကဲ့​သို့​တစ်​ဖန် ဝေ​ဒ​နာ​ခံ​လျက်​နေ​ရ​၏။- \v 20 သင်​တို့​အား​ငါ​ဆုံး​မ​သံ​ပြောင်း​စေ​ရန်​ငါ​သည် ယ​ခု​ပင်​လျှင် သင်​တို့​နှင့်​အ​တူ​ရှိ​ချင်​ပါ​ဘိ။ ငါ သည်​သင်​တို့​အ​တွက်​အ​လွန်​စိုး​ရိမ်​ပူ​ပန်​လျက် ရှိ​၏။ \s1 ဟာ​ဂ​ရ​နှင့်​စာ​ရာ​တို့​၏​ဥ​ပ​မာ \p \v 21 ပ​ညတ်​တ​ရား​၏​လက်​အောက်​တွင်​နေ​လို​သူ​တို့၊ သင်​တို့​သည်​ပ​ညတ်​ကျမ်း​၏​မိန့်​ဆို​ချက်​ကို​မ ကြား​ကြ​သ​လော။- \v 22 ထို​ကျမ်း​က​အာ​ဗြ​ဟံ​တွင်​သား​နှစ်​ယောက်​ရှိ ကြောင်း၊ တစ်​ယောက်​သည်​ကျွန်​မ​နှင့်​ရ​သော​သား ဖြစ်​၍​အ​ခြား​တစ်​ယောက်​မှာ​လွတ်​လပ်​သော မိန်း​မ​နှင့်​ရ​သော​သား​ဖြစ်​ကြောင်း​ဖော်​ပြ​ပေ​သည်။-\x + \xo 4:22 \xt က၊ ၁၆:၁၅၊ ၂၁:၂။\x* \v 23 ကျွန်​မ​နှင့်​ရ​သော​သား​သည်​သာ​မန်​သ​ဘာ​ဝ အ​တိုင်း​မွေး​ဖွား​လာ​သူ​ဖြစ်​၏။ လွတ်​လပ်​သော မိန်း​မ​နှင့်​ရ​သော​သား​မူ​ကား​ဘု​ရား​သ​ခင် ၏​က​တိ​တော်​အ​ရ​မွေး​ဖွား​လာ​သူ​တည်း။- \v 24 ဤ​အ​ဖြစ်​အ​ပျက်​သည်​ပုံ​ဆောင်​ချက်​ဖြစ်​၏။ အ​မျိုး​သ​မီး​နှစ်​ယောက်​သည်​ပ​ဋိ​ညာဉ်​တော် နှစ်​ပါး​ကို​ဆို​လို​၏။ အ​မျိုး​သ​မီး​တစ်​ယောက် သည်​ဟာ​ဂ​ရ​ဖြစ်​၍​မွေး​ဖွား​သော​သား​သ​မီး များ​သည်​ကျွန်​ဖြစ်​ကြ​၏။ ဟာ​ဂ​ရ​သည်​သိ​နာ တောင်​တွင်​ပြု​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​သ​ရုပ် ဆောင်​သ​တည်း။- \v 25 ဟာ​ဂ​ရ​သည်​အာ​ရေ​ဗျ​ပြည်​တွင်​ရှိ​သော​သိ​န တောင်​ကို​ကိုယ်​စား​ပြု​၏။ သူ​သည်​ယ​ခု​ကျွန်​ခံ နေ​ရ​သော​ယေ​ရု​ရှ​လင်​နှင့်​မြို့​သူ​မြို့​သား​များ ကို​သ​ရုပ်​ဆောင်​၏။- \v 26 သို့​ရာ​တွင်​ကောင်း​ကင်​ဘုံ​ဆိုင်​ရာ​ယေ​ရု​ရှ​လင် မြို့​ကား လွတ်​လပ်​သော​မြို့​ဖြစ်​၍​ငါ​တို့​၏​မိ​ခင် ဖြစ်​၏။- \v 27 အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​က၊ \q1 ``အ​ချင်း​မိန်း​မ​မြုံ၊ \q2 သင်​သည်​ကိုယ်​ဝန်​မ​ဆောင်​ဘူး​သော်​လည်း ရွှင်​လန်း​ဝမ်း​မြောက်​လော့။ \q1 သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို​မ​ခံ​ဘူး​သော်​လည်း ကြွေး​ကြော်​အော်​ဟစ်​လော့။ \q2 လင်​ယောကျာ်း​စွန့်​ပစ်​၍​ထား​သော​မိန်း​မ​သည် \q1 လင်​ရှိ​သော​မိန်း​မ​ထက်​ပင်​ပို​၍​သား​သ​မီး များ​ကို ရ​ရှိ​လိမ့်​မည်'' \m ဟု​ဖော်​ပြ​သော​ကြောင့်​ဖြစ်​၏။\x + \xo 4:27 \xt ဟေရှာ၊ ၅၄:၁။\x* \p \v 28 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ဣ​ဇာက်​ကဲ့​သို့ ဘု​ရား​သ​ခင်​၏​က​တိ​တော်​အ​ရ​ဖွား​မြင် သော​သား​သ​မီး​များ​ဖြစ်​ကြ​၏။- \v 29 ထို​စဉ်​အ​ခါ​က​သာ​မန်​သ​ဘာ​ဝ​အား​ဖြင့် မွေး​ဖွား​သော​သား​သည် ဝိ​ညာဉ်​အား​ဖြင့်​မွေး ဖွား​သော​သား​အား​ညှဉ်း​ဆဲ​နှိပ်​စက်​ခဲ့​၏။ ယခု အ​ခါ​၌​လည်း​ထို​နည်း​တူ​ပင်​ဖြစ်​၏။-\x + \xo 4:29 \xt က၊ ၂၁:၉။\x* \v 30 သို့​ရာ​တွင်​ကျမ်း​စာ​တော်​က​အ​ဘယ်​သို့​ဖော်​ပြ သ​နည်း။ ``ဤ​ကျွန်​မ​နှင့်​သူ​၏​သား​ကို​နှင်​ထုတ် လော့။ ကျွန်​မ​၏​သား​သည်​လွတ်​လပ်​သော​မိန်း​မ ၏​သား​နှင့်​အ​တူ​အ​မွေ​စား​အ​မွေ​ခံ​မ​ဖြစ် ရ'' ဟု​ဖော်​ပြ​သည်။-\x + \xo 4:30 \xt က၊ ၂၁:၁၀။\x* \v 31 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ ငါ​တို့​ကား​ကျွန်​မ ၏​သား​များ​မ​ဟုတ်။ လွတ်​လပ်​သော​မိန်း​မ​၏ သား​များ​ဖြစ်​သ​တည်း။ \c 5 \s1 သင်​တို့​၏​လွတ်​လပ်​ရေး​ကို​ထိန်း​သိမ်း​ကြ​လော့ \p \v 1 ခ​ရစ်​တော်​သည်​ငါ​တို့​အား ကျွန်​ဘ​ဝ​မှ​လွတ် မြောက်​စေ​တော်​မူ​ပြီ​ဖြစ်​၍ ငါ​တို့​သည်​ကျွန် မ​ဟုတ်​ကြ။ သို့​ဖြစ်​၍​လွတ်​လပ်​သူ​များ​အ​ဖြစ် နှင့်​ရပ်​တည်​ကြ​လော့။ နောက်​တစ်​ဖန်​ကျွန်​မ​ဖြစ် ကြ​နှင့်။ \p \v 2 နား​ထောင်​ကြ​လော့။ ငါ​ပေါ​လု​ဆို​သည်​ကား အ​ကယ်​၍ သင်​တို့​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ ကို​ခံ​ကြ​မည်​ဆို​ပါ​က ခ​ရစ်​တော်​အား​ဖြင့် သင်​တို့​အ​ဘယ်​အ​ကျိုး​ကို​မျှ​မ​ရ​နိုင်​ကြ။- \v 3 အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​သူ​တိုင်း​သည် ပ​ညတ် တ​ရား​အ​လုံး​စုံ​ကို​လိုက်​လျှောက်​ရ​လိမ့်​မည် ဖြစ်​ကြောင်း ယ​ခု​တစ်​ဖန်​ငါ​သတိ​ပေး​၏။- \v 4 ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​မှု​ကို ပ​ညတ်​တ​ရား​လိုက်​လျှောက်​ခြင်း​အား​ဖြင့်​ရှာ လျှင် သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​အ​ဆက်​ပြတ်​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​တ​ရား​လက် အောက်​တွင်​မ​ရှိ​တော့​ပြီ။- \v 5 ငါ​တို့​မူ​ကား​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် ၏​တန်​ခိုး​ကို​အ​မှီ​ပြု​လျက်​ယုံ​ကြည်​ခြင်း အား​ဖြင့် ကိုယ်​တော်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ ခွင့်​ကို​ရ​ရှိ​လိမ့်​မည်​ဟု​စောင့်​စား​မျှော်​လင့် ကြ​၏။- \v 6 ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ပါ​က အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​သည်​မ​ခံ သည်​မှာ​အ​ရေး​မ​ကြီး​ပေ။ အ​ရေး​ကြီး​သည့် အ​ရာ​မှာ​မေတ္တာ​တ​ရား​ကို​ပေါ်​လွင်​စေ​သည့် ယုံ​ကြည်​ခြင်း​ပင်​ဖြစ်​သ​တည်း။ \p \v 7 ယ​ခင်​က​သင်​တို့​ပြု​ကျင့်​ကြ​ပုံ​မှာ အ​လွန် လျောက်​ပတ်​ပေ​သည်။ သမ္မာ​တ​ရား​တော်​ကို မ​လိုက်​မ​နာ​စေ​ရန်​ယ​ခု​သင်​တို့​အား အ​ဘယ် သူ​ဆီး​တား​သ​နည်း။ ထို​သူ​သည်​သင်​တို့​အား အ​ဘယ်​သို့​သွေး​ဆောင်​သ​နည်း။- \v 8 ထို​သွေး​ဆောင်​မှု​သည်​သင်​တို့​အား ရွေး​ကောက် တော်​မူ​သော​ဘု​ရား​သ​ခင်​ထံ​တော်​မှ​လာ သည်​မ​ဟုတ်။- \v 9 ``မုန့်​ညက်​တစ်​ပုံ​လုံး​ကို​ဖောင်း​ကြွ​စေ​ရန် တ​ဆေး​အ​နည်း​ငယ်​သာ​လို​သည်'' ဟူ​သော ဆို​ရိုး​စ​ကား​ကို​သ​တိ​ပြု​ကြ​လော့။-\x + \xo 5:9 \xt ၁ကော၊ ၅:၆။\x* \v 10 သို့​ရာ​တွင်​ငါ​သည်​သင်​တို့​ကို ယ​နေ့​တိုင်​အောင် ယုံ​ကြည်​စိတ်​ချ​ခြင်း​ရှိ​၏။ ငါ​နှင့်​သင်​တို့​သည် သ​ခင်​ဘု​ရား​၌​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ သ​ဖြင့် သင်​တို့​သည်​ကွဲ​လွဲ​သော​အ​ယူ​ကို လက်​ခံ​ကြ​လိမ့်​မည်​မ​ဟုတ်​ဟု ငါ​ယုံ​ကြည် စိတ်​ချ​၏။ သို့​ရာ​တွင်​သင်​တို့​အား​နှောင့်​ယှက် သူ​မည်​သူ​မ​ဆို ဘု​ရား​သ​ခင်​၏​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​မည်။ \p \v 11 သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ အ​ကယ်​၍ ငါ​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ဆက်​လက်​ဟော​ပြော နေ​သည်​ဟု​ဆို​သည်​မှာ​မှန်​လျှင် အ​ဘယ်​ကြောင့် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​ခံ​လျက်​နေ​ရ​ပါ​သေး သ​နည်း။ အ​ကယ်​၍​ယင်း​သို့​ဟော​ပြော​သည်​ဟု ဆို​သည်​မှာ​မှန်​လျှင် ခ​ရစ်​တော်​၏​လက်​ဝါး​ကပ် တိုင်​တ​ရား​တော်​အ​ကြောင်း ငါ​ဟော​ပြော​မှု သည်​ဒုက္ခ​ပေး​လိမ့်​မည်​မ​ဟုတ်။- \v 12 သင်​တို့​ကို​နှောင့်​ယှက်​သော​သူ​တို့​သည်​အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ခံ​ယူ​ရုံ​သာ​မ​က မိ​မိ​တို့ ကိုယ်​ကို​သင်း​ကွပ်​လိုက်​ကြ​လျှင်​ကောင်း​လိမ့်​မည်။ \p \v 13 ညီ​အစ်​ကို​တို့၊ လွတ်​လပ်​မှု​ရ​စေ​ရန်​ဘု​ရား​သ​ခင် သည်​သင်​တို့​ကို​ရွေး​ကောက်​တော်​မူ​ပေ​သည်။ သို့ ရာ​တွင်​လွတ်​လပ်​မှု​ကို​အ​ကြောင်း​ပြ​၍ လူ့​ဇာ​တိ အ​လို​သို့​မ​လိုက်​ကြ​ဘဲ​မေတ္တာ​ဖြင့်​အ​ချင်း ချင်း​ကျေး​ဇူး​ပြု​ကြ​လော့။- \v 14 ``သင်​၏​အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ် လော့'' ဟူ​သော​ပ​ညတ်​သည်​ပ​ညတ်​တ​ရား​၏ အ​ချုပ်​အ​ခြာ​ဖြစ်​၏။-\x + \xo 5:14 \xt ဝတ်၊ ၁၉:၁၈။\x* \v 15 သို့​သော်​သား​ရဲ​တိရစ္ဆာန်​အ​ချင်း​ချင်း​ကိုက်​သတ် ကြ​သ​ကဲ့​သို့ သင်​တို့​ပြု​ကြ​ပါ​လျှင် အ​ချင်း ချင်း​ဖျက်​ဆီး​ရာ​ရောက်​မည်​ဖြစ်​ကြောင်း​သ​တိ ပြု​ကြ​လော့။ \s1 ဝိ​ညာဉ်​တော်​နှင့်​လူ့​ဇာ​တိ​သ​ဘော \p \v 16 ငါ​ဆို​သည်​ကား​ဝိ​ညာဉ်​တော်​ညွှန်​ကြား​သည့် အ​တိုင်း​ကျင့်​ကြ​လော့။ လူ့​ဇာ​တိ​အ​လို​သို့ မ​လိုက်​ကြ​နှင့်။- \v 17 အ​ဘယ်​ကြောင့်​ဆို​သော်​လူ့​ဇာ​တိ​အ​လို​သည် ဝိ​ညာဉ်​တော်​အ​လို​နှင့်​ဆန့်​ကျင်​လျက်​နေ​၍ ဝိ​ညာဉ်​တော်​အ​လို​သည်​လည်း လူ့​ဇာ​တိ​အ​လို နှင့်​ဆန့်​ကျင်​လျက်​နေ​သော​ကြောင့်​ဖြစ်​၏။ လူ့ ဇာ​တိ​သ​ဘော​နှင့်​ဝိ​ညာဉ်​တော်​သည်​ရန်​သူ များ​ဖြစ်​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ တို့​အ​လို​ဆန္ဒ​ရှိ​သည်​အ​တိုင်း​မ​ပြု​နိုင်​ကြ။-\x + \xo 5:17 \xt ရော၊ ၇:၁၅-၂၃။\x* \v 18 ဝိ​ညာဉ်​တော်​သည်​သင်​တို့​အား​ဦး​ဆောင်​လမ်း​ပြ တော်​မူ​လျှင် သင်​တို့​သည်​ပညတ်​တ​ရား​၏​လက် အောက်​ခံ​မ​ဟုတ်​တော့​ပေ။ \p \v 19 လူ့​ဇာ​တိ​နှင့်​ဆိုင်​သော​အ​ပြု​အ​မူ​များ​မှာ သိ​သာ​ထင်​ရှား​၏။ ထို​အ​ရာ​များ​ကား​ကာ​မ ဂုဏ်​လိုက်​စား​ခြင်း၊ ညစ်​ညမ်း​ခြင်း၊ အ​ကျင့် ပျက်​ခြင်း၊- \v 20 ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း၊ စုန်း​အ​တတ်​ဖြင့်​ပြု​စား ခြင်း၊ ရန်​ငြိုး​ဖွဲ့​ခြင်း၊ ခိုက်​ရန်​ဖြစ်​ခြင်း၊ မ​နာ​လို​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ကြီး​ပွား​ကျော်​ကြား​လို​စိတ် ရှိ​ခြင်း၊ စိတ်​ဝမ်း​ကွဲ​ခြင်း၊ ဂိုဏ်း​ခွဲ​ခြင်း၊- \v 21 ငြူ​စူ​ခြင်း၊ သေ​ရည်​သောက်​ကြူး​ခြင်း၊ သောက်​စား ပျော်​ပါး​ခြင်း​အ​စ​ရှိ​သည်​တို့​ဖြစ်​၏။ ဤ​နည်း အ​တိုင်း​ပြု​ကျင့်​ကြ​သူ​တို့​သည်​ဘု​ရား​သ​ခင် ၏​နိုင်​ငံ​တော်​ကို​အ​ပိုင်​ရ​ကြ​မည်​မ​ဟုတ်။ \p \v 22 ဝိ​ညာဉ်​တော်​က​ဖြစ်​ပေါ်​စေ​သည့်​အ​သီး​အ​ပွင့် မူ​ကား​ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​သည်း​ခံ​ခြင်း၊ သ​နား​ကြင်​နာ​ခြင်း၊ ကောင်း မြတ်​ခြင်း၊ သစ္စာ​စောင့်​ခြင်း၊- \v 23 နူး​ညံ့​သိမ်​မွေ့​ခြင်း၊ မိ​မိ​ကိုယ်​ကို​ချုပ်​တည်း​ခြင်း တို့​ပေ​တည်း။ ဤ​အ​ရာ​များ​နှင့်​ပတ်​သက်​၍​ပြ​ဋ္ဌာန်း ထား​သည့်​တ​ရား​ဥ​ပ​ဒေ​ဟူ​၍​မ​ရှိ။- \v 24 ခ​ရစ်​တော်​ယေ​ရှု​၏​တ​ပည့်​များ​သည်​လူ့​ဇာ​တိ​စိတ် နှင့်​၎င်း​၏​လို​အင်​ဆန္ဒ​များ​ကို လက်​ဝါး​ကပ်​တိုင်​ပေါ် တွင်​တင်​၍​ကွပ်​မျက်​လိုက်​ကြ​လေ​ပြီ။- \v 25 ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား​အ​သက်​ရှင်​စေ​ပြီ။ ဝိ​ညာဉ်​တော်​ဦး​ဆောင်​လမ်း​ပြ​တော်​မူ​သည် အ​တိုင်း​ကျင့်​ရ​ကြ​မည်။- \v 26 ငါ​တို့​သည်​မာန်​မာ​န​မ​ရှိ​ရ။ အ​ချင်း​ချင်း အ​မျက်​ထွက်​အောင်​မ​ဆွ​ရ။ မ​နာ​လို​ခြင်း မ​ရှိ​ရ။ \c 6 \s1 အ​ချင်း​ချင်း​ဝန်​များ​ကို​ကူ​ညီ​ထမ်း​ရွက်​ကြ​လော့ \p \v 1 ညီ​အစ်​ကို​တို့​လူ​တစ်​ဦး​တစ်​ယောက်​သည်​မ​ကောင်း မှု​တစ်​စုံ​တစ်​ရာ​ပြု​သည်​ကို သင်​တို့​တွေ့​ရှိ​လျှင် ဝိ​ညာဉ်​ပါ​ရ​မီ​ရှိ​သော​သင်​တို့​က နူး​ညံ့​သိမ်​မွေ့ စွာ​ထို​သူ​ကို​ပြု​ပြင်​ပေး​ရ​မည်။ သင်​တို့​သည် မိ​မိ​တို့​ကိုယ်​တိုင်​လည်း စုံ​စမ်း​သွေး​ဆောင်​ရာ သို့​မ​လိုက်​မ​ပါ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။- \v 2 အ​ချင်း​ချင်း​၏​ဝန်​များ​ကို​ကူ​ညီ​ထမ်း​ရွက် သော​အား​ဖြင့် ခ​ရစ်​တော်​၏​တ​ရား​တော်​ကို ကျင့်​ကြ​လော့။- \v 3 အ​ရေး​ပါ​အ​ရာ​ရောက်​သူ​မ​ဖြစ်​ဘဲ မိ​မိ​ကိုယ် ကို​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​ဟု​ထင်​မှတ်​သော သူ​သည် မိ​မိ​ကိုယ်​ကို​လှည့်​စား​၏။- \v 4 လူ​တိုင်း​ပင်​မိ​မိ​၏​အ​ပြု​အ​မူ​ကို​စစ်​ကြော အပ်​၏။ မိ​မိ​၏​အ​ပြု​အ​မူ​သည်​ကောင်း​မွန်​ပါ​က ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ပေ​သည်။- \v 5 အ​ဘယ်​ကြောင့်​ဆို​သော်​လူ​တိုင်း​ပင် မိ​မိ​၏​ဝန်​ကို ထမ်း​ရွက်​ရ​မည်​ဖြစ်​သော​ကြောင့်​တည်း။ \p \v 6 တ​ရား​တော်​ကို​သင်​ယူ​သူ​သည်​သင်​ပေး​သော သူ​အား ကောင်း​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဝေ​မျှ​စေ။ \p \v 7 သင်​တို့​သည်​အ​ယူ​အ​ဆ​မ​လွဲ​မှား​ကြ​နှင့်။ ဘု​ရား သ​ခင်​အား​အ​ဘယ်​သူ​မျှ​လိမ်​လည်​၍​မ​ရ။ လူ သည်​မိ​မိ​မျိုး​ကြဲ​သည့်​အ​တိုင်း အ​သီး​အ​နှံ​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။- \v 8 လူ့​ဇာ​တိ​မြေ​၌​မျိုး​ကြဲ​သော​သူ​သည်​သေ​ခြင်း​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။ ဝိ​ညာဉ်​တော်​မြေ​၌​မျိုး​ကြဲ​သူ သည်​ဝိ​ညာဉ်​တော်​မှ ထာ​ဝ​ရ​အ​သက်​ကို​ရိတ်​သိမ်း ရ​လိမ့်​မည်။- \v 9 သို့​ဖြစ်​၍​ငါ​တို့​သည်​အား​မ​လျော့​စိတ်​မ​ပျက်​ဘဲ ကောင်း​သော​အ​ကျင့်​ကို​ကျင့်​ကြ​ကုန်​အံ့။ ယင်း​သို့ အား​မ​လျော့​စိတ်​မ​ပျက်​ကြ​ပါ​မူ ငါ​တို့​သည် အ​ချိန်​တန်​သော​အ​ခါ​အ​သီး​အ​နှံ​ကို​ရိတ် သိမ်း​ရ​လိမ့်​မည်။- \v 10 သို့​ဖြစ်​၍​ငါ​တို့​သည်​အ​ခါ​အ​ခွင့်​ရ​တိုင်း လူ​ခပ်​သိမ်း တို့​၏​အ​ကျိုး​ကို​သယ်​ပိုး​ဆောင်​ရွက်​ကြ​ကုန်​အံ့။ အ​ထူး​သ​ဖြင့်​ယုံ​ကြည်​သူ​များ​ဖြစ်​ကြ​သော အိမ်​ထောင်​စု​သား​တို့​၏​အ​ကျိုး​ကို​သယ်​ပိုး ဆောင်​ရွက်​ကြ​ကုန်​အံ့။ \s1 နောက်​ဆုံး​သ​တိ​ပေး​ခြင်း​နှင့်​နှုတ်​ဆက်​ခြင်း \p \v 11 ယ​ခု​အ​ဘယ်​မျှ​ကြီး​သော​စာ​လုံး​များ​ဖြင့် သင်​တို့ ထံ​သို့​ငါ့​လက်​ဖြင့်​ရေး​သား​သည်​ကို​ကြည့်​ကြ လော့။- \v 12 သင်​တို့​အား​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ရန် အ​နိုင် အ​ထက်​တိုက်​တွန်း​ကြ​သူ​တို့​သည် ပြင်​ပ​အ​မှတ် လက္ခ​ဏာ​များ​အ​တွက် ဂုဏ်​ယူ​ပြ​စား​လို​သူ​များ ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ဤ​သို့​ပြု​ရ​ခြင်း​မှာ ခ​ရစ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​တ​ရား​တော် အ​တွက် သူ​တို့​ကိုယ်​တိုင်​ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း ခံ​ကြ​ရ​မည်​စိုး​သော​ကြောင့်​ဖြစ်​၏။- \v 13 အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ယူ​ကြ​သူ​တို့​ပင်​လျှင် ပ​ညတ်​တ​ရား​ကို​မ​စောင့်​ထိန်း​ကြ​ချေ။ အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ကို​သင်​တို့​ခံ​ယူ​သည့်​အ​တွက် ဂုဏ်​ယူ​ဝါ​ကြွား​လို​သ​ဖြင့်​သင်​တို့​အား​ခံ​ယူ စေ​လို​ခြင်း​ဖြစ်​၏။- \v 14 ငါ​မူ​ကား​ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​၏ လက်​ဝါး​ကပ်​တိုင်​တော်​မှ​တစ်​ပါး အ​ခြား အ​ဘယ်​အ​ရာ​အ​တွက်​မျှ​ဂုဏ်​ယူ​ဝါ​ကြွား လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော်​၏​လက်​ဝါး​ကပ် တိုင်​တော်​ကြောင့် ဤ​လော​က​နှင့်​သက်​ဆိုင်​သည့် အ​ရာ​ရှိ​သ​မျှ​သည် ငါ​နှင့်​လည်း​ကောင်း၊ ငါ သည်​လည်း​ဤ​လော​က​နှင့်​သက်​ဆိုင်​သည့် အ​ရာ​ရှိ​သ​မျှ​နှင့်​လည်း​ကောင်း အ​ဆက် ပြတ်​လျက်​ရှိ​၏။- \v 15 လူ​တစ်​စုံ​တစ်​ယောက်​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ လာ​ခံ​သည်​မ​ခံ​သည်​မှာ အ​ရေး​မ​ကြီး​ပေ။ သတ္တဝါ သစ်​ဖြစ်​ခြင်း​သာ​လျှင်​အ​ရေး​ကြီး​၏။- \v 16 ဤ​သ​ဘော​တ​ရား​ကို​လိုက်​နာ​သူ​အ​ပေါင်း​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​လူ​စု တော်​အ​ပေါင်း​တို့​အ​ပေါ်​သို့​လည်း​ကောင်း ငြိမ် သက်​ခြင်း​နှင့်​က​ရု​ဏာ​တော်​သက်​ရောက်​ပါ စေ​သော။ \p \v 17 နိ​ဂုံး​ချုပ်​ရ​မည်​ဆို​လျှင် ငါ့​အား​အ​ဘယ်​သူ​မျှ နောက်​ထပ်​မ​နှောင့်​ယှက်​ကြ​နှင့်။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​၏​ကိုယ်​ပေါ်​တွင်​ရှိ​သော​ဒဏ်​ရာ​ဒဏ်​ချက် များ​က ငါ​သည်​သ​ခင်​ယေ​ရှု​၏​ကျွန်​ဖြစ်​ကြောင်း သက်​သေ​ပြ​လျက်​ရှိ​သော​ကြောင့်​ဖြစ်​၏။ \p \v 18 ညီ​အစ်​ကို​တို့၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​၏ ကျေး​ဇူး​တော်​သည် သင်​တို့​နှင့်​အ​တူ​ရှိ​ပါ စေ​သော။ အာ​မင်။ ဂ​လာ​တိ​သြ​ဝါ​ဒ​စာ​ပြီး​၏။