\id EZR Myanmar Common Language Bible \h ဧ​ဇ​ရ \toc1 ဧ​ဇ​ရ​မှတ်​စာ \toc2 ဧ​ဇ​ရ \mt1 ဧ​ဇ​ရ​မှတ်​စာ \is1 နိ​ဒါန်း \ip ဧ​ဇ​ရ​မှတ်​စာ​သည် ရာ​ဇ​ဝင်​ချုပ်​ကျမ်း​များ​၏​အ​ဆက်​အ​ဖြစ်​ဖြင့် ပြည်​နှင်​ဒဏ်​သင့်​သူ​ယု​ဒ​အ​မျိုး​သား​အ​ချို့ ဗာ​ဗု​လုန်​နိုင်​ငံ​မှ​နေ​ရင်း​တိုင်း​ပြည်​သို့​ပြန်​လည်​ရောက်​ရှိ​လာ​ပုံ​နှင့် ယေ​ရု​ရှ​လင်​မြို့​သည်​လူ​တို့​နေ​ထိုင်​ရာ​အ​ရပ်​ဖြစ်​ပြန်​လျက် ၎င်း​မြို့​တွင်​ဘု​ရား​ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို​ပြန်​လည်​အ​စ​ပြု​ပုံ​ကို​ဖော်​ပြ​သည်။ ဤ​အ​ဖြစ်​အ​ပျက်​များ​ကို အောက်​ပါ​အ​တိုင်း​တင်​ပြ​ထား​သည်။ (၁) ပေ​ရ​သိ​ဧ​က​ရာဇ်​ကု​ရု​၏​အ​မိန့်​အ​ရ ပြည်​နှင်​ဒဏ်​သင့်​သူ​ယု​ဒ​အ​မျိုး​သား​များ​ထဲ​မှ ပ​ထ​မ​တစ်​စု​သည်​ဗာ​ဗု​လုန်​နိုင်​ငံ​မှ​ပြန်​လာ​ကြ​သည်။ (၂) ယေ​ရု​ရှ​လင်​မြို့​တွင် ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​၍​ဆက်​ကပ်​ပြီး​လျှင် ဘု​ရား​သ​ခင်​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို​ပြန်​လည်​အ​စ​ပြု​ကြ​သည်။ (၃) နှစ်​ပေါင်း​များ​စွာ​ကြာ​ပြီး​နောက် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား​တော်​၌​ကျွမ်း​ကျင်​သူ​ဧ​ဇ​ရ​ခေါင်း​ဆောင်​၍ ပြည်​နှင်​ဒဏ်​သင့်​သူ​ယု​ဒ​အ​မျိုး​သား​နောက်​တစ်​စု​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လာ​ကြ​သည်။ ဧ​ဇ​ရ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​ဝတ်​ပြု​ကိုး​ကွယ်​မှု​အ​မွေ​အ​နှစ်​ကို​ထိန်း​သိမ်း​ရန် ဘာ​သာ​ရေး​နှင့်​လူ​မှု​ရေး​ကျင့်​ဝတ်​များ​ကို​ပြန်​လည်​ဖော်​ထုတ်​ပေး​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 ပြည်​နှင်​ဒဏ်​သင့်​သူ​ယု​ဒ​အ​မျိုး​သား​များ \io1 ပ​ထ​မ​တစ်​စု​ပြန်​လာ​ကြ​ခြင်း ၁:၁-၂:၇၀ \io1 ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​၍​ဆက်​ကပ်​ခြင်း ၃:၁-၆:၂၂ \io1 ဧ​ဇ​ရ​သည်​အ​ခြား​သော​ပြည်​နှင်​ဒဏ်​သင့်​သူ​များ​နှင့်​ပြန်​လာ​ခြင်း ၇:၁-၁၀:၄၄ \c 1 \s1 ယု​ဒ​အ​မျိုး​သား​တို့​အား​မိ​မိ​တို့​ပြည်​သို့​ပြန်​ကြ​ရန်​ကု​ရု​မင်း​အ​မိန့်​ထုတ်​ခြင်း \p \v 1 ပေ​ရ​သိ​ဘု​ရင်​ကုရု​သည်​ဧ​က​ရာဇ်\f 1 \fr 1:1 \ft * \+fk ဧ​က​ရာဇ်။ \ft ပေ​ရ​သိ​နိုင်​ငံ​၏​ဘု​ရင်​ကု​ရု​သည်​ဗာ​ဗု​လုံ​မြို့​ကို ခ၊ ရှေ့၊ ၅၃၉ ခု​နှစ်​တွင်​သိမ်း​ယူ​ပြီး ဗာ​ဗု​လုန်​နိုင်​ငံ​၏​ဧ​က​ရာဇ်​မင်း​အ​ဖြစ်​စ​တင်​အုပ်​စိုး​သည်။\f* မင်း​အ​ဖြစ်​နန်း​စံ​ပ​ထ​မ​နှစ်​၌​ထာ​ဝ​ရ​ဘု​ရား​သည် သူ​၏​စိတ်​ကို​နှိုး​ဆော်​တော်​မူ​သ​ဖြင့် အင်​ပါ​ယာ​နိုင်​ငံ​တစ်​လျှောက်​လုံး​တွင်​ကြေ​ညာ​ရန်​အ​မိန့်​စာ​ထုတ်​ပြန်​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ​သည်​မှာ​ပ​ရော​ဖက်​ယေ​ရ​မိ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​ပေ​သည်။\x + \xo 1:1 \xt ယေ၊ ၂၅:၁၁၊ ၂၉:၁၀။\x* \p \v 2 ထို​အ​မိန့်​တော်​တွင် ဤ​ကား​ပေ​ရ​သိ​ပြည်​ကု​ရု​မင်း​၏​အ​မိန့်​တော်​ဖြစ်​သည်။ ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​အ​စိုး​ရ​စေ​တော်​မူ​၍ ယု​ဒ​ပြည်​ယေ​ရု​ရှ​လင်​မြို့​၌​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန် တာ​ဝန်​ကို​ငါ့​အား​ပေး​အပ်​တော်​မူ​လေ​ပြီ။-\x + \xo 1:2 \xt ဟေရှာ၊ ၄၄:၂၈။\x* \v 3 ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​တော်​ဝင်​ဖြစ်​သူ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​စေ​သ​တည်း။ သင်​တို့​သည်​ယု​ဒ​ပြည်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရောက်​၍ ထို​မြို့​တွင်​ကိုး​ကွယ်​ဝတ်​ပြု​သည့်​ဘု​ရား​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​ကြ​ရ​မည်။- \v 4 အ​ကယ်​၍​ပြည်​နှင်​ဒဏ်​သင့်​လျက်​ရှိ​သည့် ကိုယ်​တော်​၏​လူ​မျိုး​တော်​ဝင်​ပြန်​သွား​ရန်​အ​တွက် အ​ကူ​အ​ညီ​လို​ပါ​က​သူ​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ​လူ​တို့​က ကူ​ညီ​ရ​ကြ​မည်။ သူ​တို့​သည် ရွှေ၊ ငွေ၊ ရိက္ခာ၊ ဝန်​တင်​တိ​ရစ္ဆာန်​များ​အ​ပြင် ယေ​ရု​ရှ​လင်​မြို့​ရှိ​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​အ​တွက် အ​လှူ​ဒါ​န​များ​ကို​ပေး​ရ​ကြ​မည်'' ဟု​ပါ​ရှိ​သ​တည်း။ \p \v 5 ထို​အ​ခါ​ယု​ဒ​နှင့် ဗင်္ယာ​မိန်​အ​နွယ်​ဝင်​သား​ချင်း​စု​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့် မိ​မိ​တို့​စိတ်​နှ​လုံး​ကို​ဘု​ရား​သခင်​ပြင်​ဆင်​တော်​မူ​ခြင်း​ခံ​ကြ​ရ​သူ​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရောက်​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​ရန်​အ​သင့်​ပြင်​ဆင်​ကြ​ကုန်​၏။- \v 6 ထို​သူ​တို့​ပတ်​ဝန်း​ကျင်​ရှိ​လူ​တို့​သည် သူ​တို့​အား​ငွေ​ထည်၊ ရွှေ၊ ရိက္ခာ၊ ဝန်​တင်​တိ​ရစ္ဆာန်၊ အ​ခြား​အ​ဖိုး​ထိုက်​ပစ္စည်း​များ​နှင့်​ဗိ​မာန်​တော်​အ​တွက် အ​လှူ​ဒါ​န​များ​ကို​ပေး​အပ်​ကူ​ညီ​ကြ​လေ​သည်။ \p \v 7 သူ​တို့​အား​ကု​ရု​မင်း​သည် ယေ​ရု​ရှ​လင်​မြို့​မှ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သိမ်း​ယူ​၍ မိ​မိ​၏​ဘု​ရား​တို့​ဗိ​မာန်​တွင်​ထား​ရှိ​ခဲ့​သည့်​ဖ​လား​များ​ကို​ပေး​အပ်​တော်​မူ​၏။- \v 8 မင်း​ကြီး​သည်​ထို​ဖ​လား​တို့​ကို​ရွှေ​တိုက်​စိုး​မိ​သ​ရေ​ဒတ်​သို့​ပေး​အပ်​၍ မိ​သ​ရေ​ဒတ်​သည်​ယင်း​တို့​ကို​ယု​ဒ​ဘု​ရင်​ခံ​ရှေ​ရှ​ဗာ​ဇာ​သို့၊- \v 9-10 အောက်​ပါ​အ​တိုင်း​စာ​ရင်း​ပြု​လုပ်​ပေး​အပ်​လေ​သည်။ ပူ​ဇော်​သ​ကာ​များ​ထည့်​ရန်​ရွှေ​ဖ​လား ၃၀ \b \tr \tc1 ပူ​ဇော်​သ​ကာ​များ​ထည့်​ရန်​ငွေ​ဖ​လား \tc2 ၁၀၀၀ \tr \tc1 အ​ခြား​ဖ​လား \tc2 ၂၉ \tr \tc1 ရွှေ​ဖ​လား​အ​ငယ် \tc2 ၃၀ \tr \tc1 ငွေ​ဖ​လား​အ​ငယ် \tc2 ၄၁၀ \tr \tc1 အ​ခြား​အ​သုံး​အ​ဆောင်​များ \tc2 ၁၀၀၀ \b \p \v 11 ရှေ​ရှ​ဗာ​ဇာ​သည်​ပြည်​နှင်​ဒဏ်​သင့်​သူ​များ​နှင့်​အ​တူ ဗာ​ဗု​လုန်​ပြည်​မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​သော​အ​ခါ ရွှေ​ဖ​လား၊ ငွေ​ဖ​လား​နှင့်​အ​ခြား​ပစ္စည်း​အ​သုံး​အ​ဆောင်​အ​ရေ​အ​တွက် စု​စု​ပေါင်း​ငါး​ထောင့်​လေး​ရာ​တို့​ကို​ယူ​ဆောင်​ခဲ့​၏။ \c 2 \s1 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ​များ​စာ​ရင်း \r (နေ​ဟ​မိ၊ ၇:၄-၇၃) \p \v 1 ပြည်​နှင်​ဒဏ်​သင့်​သူ​များ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ကောင်း၊ ယု​ဒ​ပြည်​ဇာ​တိ​မြို့​ရွာ​များ​သို့​လည်း​ကောင်း ပြန်​ရန်​ဗာ​ဗု​လုန်​ပြည်​မှ​ထွက်​ခွာ​လာ​ကြ​၏။ သူ​တို့​အိမ်​ထောင်​စု​များ​သည်​မိ​မိ​တို့​အား​သုံ့​ပန်း​များ​အ​ဖြစ် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ဖမ်း​ဆီး​ခေါ်​ဆောင်​လာ​စဉ်​အ​ခါ​မှ​အ​စ​ပြု​၍ ဗာ​ဗု​လုန်​ပြည်​တွင်​နေ​ထိုင်​ခဲ့​ကြ​၏။- \v 2 သူ​တို့​၏​ခေါင်း​ဆောင်​များ​မှာ​ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု၊ နေ​ဟ​မိ၊ သ​ရာ​ယ၊ ရေ​လာ​ယ၊ မော်​ဒ​ကဲ၊ ဗိ​လ​ရှန်၊ မိ​ဇ​ပါ၊ ဗိ​ဂ​ဝဲ၊ ရေ​ဟုံ​နှင့်​ဗာ​နာ​တို့​ဖြစ်​ကြ​၏။ \p ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​သား​ချင်း​စု​အ​လိုက် လူ​ဦး​ရေ​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ \li1 \v 3-20 ပါ​ရုတ်​သား​ချင်း​မှ ၂၁၇၂ \tr \tc1 ရှေ​ဖ​တိ​သား​ချင်း​စု​မှ \tc2 ၃၇၂ \tr \tc1 အာ​ရာ​သား​ချင်း​စု​မှ \tc2 ၇၇၅ \li1 ပါ​ဟတ်​မော​ဘ​သား​ချင်း​စု \tr \tc1 (ယော​ရှု​နှင့်​ယွာ​ဘတို့​၏​မြေး​များ) \tc2 ၂၈၁၂ \tr \tc1 ဧ​လံ​သား​ချင်း​စု​မှ \tc2 ၁၂၅၄ \tr \tc1 ဇတ္တု​သား​ချင်း​စု​မှ \tc2 ၉၄၅ \tr \tc1 ဇက္ခဲ​သား​ချင်း​စု​မှ \tc2 ၇၆၀ \tr \tc1 ဗာ​နိ​သား​ချင်း​စု​မှ \tc2 ၆၄၂ \tr \tc1 ဗေ​ဗဲ​သား​ချင်း​စု​မှ \tc2 ၆၂၃ \tr \tc1 အာ​ဇ​ဂဒ်​သား​ချင်း​စု​မှ \tc2 ၁၂၂၂ \tr \tc1 အ​ဒေါ​နိ​ကံ​သား​ချင်း​စု​မှ \tc2 ၆၆၆ \tr \tc1 ဗိ​ဂ​ဝဲ​သား​ချင်း​စု​မှ \tc2 ၂၀၅၆ \tr \tc1 အာ​ဒိန်​သား​ချင်း​စု​မှ \tc2 ၄၅၄ \li1 အာ​တာ​ဟု​လည်း​ကောင်း​နာ​မည်​တွင်​သည့် \tr \tc1 ဟ​ဇ​ကိ​သား​ချင်း​စု​မှ \tc2 ၉၈ \tr \tc1 ဗေ​ဇဲ​သား​ချင်း​စု​မှ \tc2 ၃၂၃ \tr \tc1 ယော​ရ​သား​ချင်း​စု​မှ \tc2 ၁၁၂ \tr \tc1 ဟာ​ရှုံ​သား​ချင်း​စု​မှ \tc2 ၂၂၃ \tr \tc1 ဂိဗ္ဗာ​သား​ချင်း​စု​မှ \tc2 ၉၅ \b \p \v 21-35 အောက်​ပါ​ဖော်​ပြ​ပါ​မြို့​တွင်​နေ​ထိုင်​ခဲ့​သူ​ဘိုး​ဘေး​တို့​မှ ဆင်း​သက်​ပေါက်​ပွား​လာ​သူ​များ​သည်​လည်း ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လာ​ကြ​လေ​သည်။ ဗက်​လင်​မြို့​မှ ၁၂၃ \tr \tc1 နေ​တော​ဖ​မြို့​မှ \tc2 ၅၆ \tr \tc1 အာ​န​သုတ်​မြို့​မှ \tc2 ၁၂၈ \tr \tc1 အာ​ဇ​မာ​ဝက်​မြို့​မှ \tc2 ၄၂ \li1 ကိ​ရ​ယ​သာ​ရိမ်​မြို့​ခေ​ဖိ​ရ​မြို့​နှင့် \tr \tc1 ဗေ​ရုတ်​မြို့​တို့​မှ \tc2 ၇၄၃ \tr \tc1 ရာ​မ​မြို့​နှင့်​ဂါ​ဘ​မြို့​မှ \tc2 ၆၂၁ \tr \tc1 မိတ်​မတ်​မြို့​မှ \tc2 ၁၂၂ \tr \tc1 ဗေ​သ​လ​မြို့​နှင့်​အာဣ​မြို့​မှ \tc2 ၂၂၃ \tr \tc1 နေ​ဗော​မြို့​မှ \tc2 ၅၂ \tr \tc1 မာ​ဂ​ဗိတ်​မြို့​မှ \tc2 ၁၅၆ \tr \tc1 အ​ခြား​ဧ​လံ​မြို့​မှ \tc2 ၁၂၅၄ \tr \tc1 ဟာ​ရိမ်​မြို့​မှ \tc2 ၃၂၀ \li1 လော​ဒ​မြို့​ဟာ​ဒိဒ်​မြို့​နှင့် \tr \tc1 သြ​နော​မြို့​တို့​မှ \tc2 ၇၂၅ \tr \tc1 ယေ​ရိ​ခေါ​မြို့​မှ \tc2 ၃၄၅ \tr \tc1 သေ​နာ​မြို့​မှ \tc2 ၃၆၃၀ \b \p \v 36-39 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ယေ​ဒါ​ယ​သား​ချင်း​စု (ယော​ရှု​၏ \b \tr \tc1 သား​မြေး​များ) \tc2 ၉၇၃ \tr \tc1 ဣ​မေ​ရ​သား​ချင်း​စု​မှ \tc2 ၁၀၅၂ \tr \tc1 ပါ​ရှု​ရ​သား​ချင်း​စု​မှ \tc2 ၁၂၄၇ \tr \tc1 ဟာ​ရိမ်​သား​ချင်း​စု​မှ \tc2 ၁၀၁၇ \b \p \v 40 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော​လေ​ဝိ​အ​နွယ်​ဝင်​သား​ချင်း​စု​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ \p ယော​ရှု​နှင့်​ကာ​ဒ​မေ​လ​သား​ချင်း​စု​မှ (ဟော​ဒ​ဝိ​၏​သား​မြေး​များ) ၇၄ \p \v 41 ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည် (အာ​သပ်​၏​သား​မြေး​များ) ၁၂၈ \p \v 42 ဗိ​မာန်​တော်​အ​စောင့်​တပ်​သား (ရှလ္လုံ၊ အာ​တာ၊ တာ​လ​မုန်၊ အက္ကုပ်၊ ဟ​တိ​တ​နှင့်​ရှော​ဗဲ​တို့​၏​သား​မြေး​များ) ၁၃၉ \p \v 43-54 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သော​ဗိ​မာန်​တော်​အ​လုပ်​သ​မား​သား​ချင်း​စု​များ​မှာ၊ \q1 ဇိ​ဟ၊ဟ​သု​ဖ၊တ​ဗ္ဗောက်၊ \q1 ကေ​ရုတ်၊သ​ယာ​ဟ၊ပါ​ဒုန်၊ \q1 လေ​ဗန၊ဟာ​ဂ​ဘ၊အက္ကုပ်၊ \q1 ဟာ​ဂပ်၊ရှာ​လ​မဲ၊ဟာ​နန်၊ \q1 ဂိဒ္ဒေ​လ၊ဂါ​ဟာ၊ရာ​ယ၊ \q1 ရေ​ဇိန်၊နေ​ကော​ဒ၊ဂဇ္ဇမ်၊ \q1 သြ​ဇ၊ပါ​သာ၊ဗေ​သဲ၊ \q1 အာ​သ​နာ၊မ​ဟု​နိမ်၊န​ဖု​သိမ်၊ \q1 ဗာ​က​ဗုတ်၊ဟ​ကု​ဖ၊ယာ​ရ​ဟု​ရ၊ \q1 ဗာ​ဇ​လုတ်၊မ​ဟိ​ဒ၊ဟ​ရ​ရှ၊ \q1 ဗာ​ကုတ်၊သိ​သ​ရ၊သာ​မ \q1 နေ​ဇိ​နှင့်​ဟ​တိ​ဖ​တို့​ဖြစ်​ကြ​၏။ \p \v 55-57 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော ရှော​လ​မုန်​၏​အ​စေ​ခံ​သား​ချင်း​စု​များ​မှာ၊ \q1 သော​တဲ၊သော​ဖ​ရက်၊ပေ​ရု​ဒ၊ \q1 ယာ​လ၊ဒါ​ကုန်၊ဂိဒ္ဒေ​လ၊ \q1 ရှေ​ဖ​တိ၊ဟတ္တိ​လ၊ပေါ​ခ​ရက်၊ဇေ​ဗိမ်​နှင့်​အာ​မိ​တို့​ဖြစ်​သည်။ \p \v 58 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော​ရှော​လ​မုန်​၏​အ​စေ​ခံ​များ​နှင့် ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​၏​သား​မြေး​ဦး​ရေ​စု​စု​ပေါင်း​မှာ သုံး​ရာ​ကိုး​ဆယ့်​နှစ်​ယောက်​ဖြစ်​သ​တည်း။ \p \v 59 တေ​လ​မေ​လ​မြို့၊ တေ​လ​ဟာ​သ​မြို့၊ ခေ​ရုပ်​မြို့၊ အဒ္ဒန်​မြို့​နှင့်​ဣ​မေ​ရ​မြို့​တို့​မှ​ထွက်​ခွာ​လာ​သော၊- \v 60 ဒေ​လာ​ယ၊ တော​ဘိ​နှင့်​နေ​ကော​ဒ​သား​ချင်း​စု​အ​နွယ်​ဝင်​များ​မှာ ခြောက်​ရာ​ငါး​ဆယ့်​နှစ်​ယောက်​ဖြစ်​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​မှ မိ​မိ​တို့​ဆင်း​သက်​ပေါက်​ပွား​လာ​ကြောင်း​သက်​သေ​ခံ​အ​ထောက်​အ​ထား​မ​ပြ​နိုင်​ကြ။ \p \v 61-62 အောက်​ပါ​ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​များ​သည် မိ​မိ​တို့​ဘိုး​ဘေး​များ​ကား​မည်​သူ​မည်​ဝါ​ဖြစ်​သည်​ကို သက်​သေ​ခံ​အ​ထောက်​အ​ထား​ပြ​ရန်​မှတ်​တမ်း​တစ်​စုံ​တစ်​ရာ​ရှာ​၍​မ​တွေ့​နိုင်​ကြ။ ဟ​ဗာ​ယ​သား​ချင်း​စု၊ ဟ​က္ကုတ်​သား​ချင်း​စု​နှင့်​ဗာ​ဇိ​လဲ​သား​ချင်း​စု။ (ဗာ​ဇိ​လဲ​ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​၏ ဘိုး​ဘေး​ဖြစ်​သူ​သည်​ဂိ​လဒ်​ပြည်​သား​ဗာ​ဇိ​လဲ​သား​ချင်း​စု​မှ အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​စုံ​ဖက်​ပြီး​နောက် မိ​မိ​ယောက္ခ​မ​၏​နာ​မည်​ကို​ခံ​ယူ​ခဲ့​၏။) ထို​သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​မှာ​မည်​သူ​မည်​ဝါ​ဖြစ်​သည်​ကို သက်​သေ​ခံ​အ​ထောက်​အ​ထား​မ​ပြ​နိုင်​ကြ​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​အ​သိ​အ​မှတ်​ပြု​ခြင်း​ကို​မ​ခံ​ကြ​ရ။- \v 63 ယု​ဒ​ဘု​ရင်​ခံ​က​သူ​တို့​အား​သင်​တို့​သည် ဥ​ရိမ်​နှင့်​သု​မိမ်\f 2 \fr 2:63 \ft * \+fk ဥ​ရိမ်​နှင့်​သု​မိမ်။ \ft ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​သိ​ရှိ​နိုင်​ရန်​ယဇ်​ပု​ရော​ဟိတ်​အ​သုံး​ပြု​သော​အ​ရာ​နှစ်​ခု​ဖြစ်​သည်။\f* ကို​အ​သုံး​ပြု​နိုင်​သော​ယဇ်​ပု​ရော​ဟိတ်​မ​ပေါ်​ထွန်း​မီ၊ သန့်​ရှင်း​သော​အ​စာ​များ​ကို​မ​သုံး​ဆောင်​ရ​ဟု​ပြော​ကြား​လိုက်​သည်။\x + \xo 2:63 \xt တော၊ ၂၇:၂၁။\x* \p \v 64-67 ပြန်​လာ​ကြ​သော​ပြည်​နှင်​ဒဏ်​သင့်​သူ​စု​စု​ပေါင်း​ဦး​ရေ​မှာ ၄၂၃၆၀ \li1 သူ​တို့​၏​အ​စေ​ခံ​ယောကျာ်း \tr \tc1 မိန်း​မ \tc2 ၇၃၃၇ \li1 အ​မျိုး​သား​အ​မျိုး​သ​မီး \tr \tc1 ဂီ​တ​ပ​ညာ​သည်​များ \tc2 ၂၀၀ \tr \tc1 မြင်း \tc2 ၇၃၆ ကောင် \tr \tc1 မြည်း \tc2 ၂၄၅ ကောင် \tr \tc1 ကု​လား​အုတ် \tc2 ၄၃၅ ကောင် \tr \tc1 လား \tc2 ၆၇၂၀ ကောင် \b \p \v 68 ပြည်​နှင်​ဒဏ်​သင့်​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ရှိ​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ သား​ချင်း​စု​ခေါင်း​ဆောင်​အ​ချို့​တို့​သည် နေ​ရာ​ဟောင်း​တွင်​ဗိ​မာန်​တော်​ပြန်​လည်​တည်​ဆောက်​ရန်​အ​တွက် မိ​မိ​တို့​စေ​တ​နာ​အ​လျောက်​ပေး​လှူ​ကြ​လေ​သည်။- \v 69 ဤ​တည်​ဆောက်​မှု​ဖြစ်​မြောက်​ရေး​အ​တွက် သူ​တို့​သည်​တတ်​နိုင်​သ​မျှ​အ​တိုင်း ရွှေ​တစ်​ထောင့်​သုံး​ဆယ်​ပေါင်၊ ငွေ​ငါး​ထောင်​ခု​နစ်​ရာ​လေး​ဆယ်​ပေါင်​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက်​ဝတ်​စုံ​တစ်​ရာ​တို့​ကို​လှူ​ကြ​၏။ \p \v 70 ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​လူ​အ​ချို့​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​မ​ဟုတ်​ထို​မြို့​အ​နီး​တွင်​နေ​ထိုင်​ကြ​၏။ ဂီ​တ​ပ​ညာ​သည်​များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​နှင့်​ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​သည် အ​နီး​အ​နား​ရှိ​မြို့​တို့​တွင်​နေ​ထိုင်​ကြ​လေ​သည်။ ကျန်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ဘိုး​ဘေး​နေ​ထိုင်​ခဲ့​သော​မြို့​များ​သို့​သွား​ရောက်​နေ​ထိုင်​ကြ​သည်။\x + \xo 2:70 \xt ၅ရာ၊ ၉:၂။ နေ၊ ၁၁:၃။\x* \c 3 \s1 ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို​တစ်​ဖန်​ပြန်​လည် အ​စ​ပြု​ခြင်း \p \v 1 သတ္တ​မ​လ​သို့​ရောက်​သော​အ​ခါ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် မိ​မိ​တို့​၏​မြို့​ရွာ​များ တွင်​အ​တည်​တ​ကျ​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ ထို​နောက်​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင် စု​ဝေး​ကြ​လျက်၊-\x + \xo 3:1 \xt ထွ၊ ၂၇:၂။\x* \v 2 ယော​ဇ​ဒက်​၏​သား​ယော​ရှု​နှင့်​အ​ဖော်​ယဇ်​ပု​ရော ဟိတ်​များ၊ ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ နှင့်​တ​ကွ သူ​၏​ဆွေ​မျိုး​သား​ချင်း​များ​သည် ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​မော​ရှေ​စီ​ရင်​သည့် ပ​ညတ်​ကျမ်း​တွင်​ပါ​ရှိ​သော​ညွှန်​ကြား​ချက် များ​အ​တိုင်း ယဇ်​များ​ကို​မီး​ရှို့​ပူ​ဇော်​နိုင် ရန်​ယဇ်​ပလ္လင်​ကို​တည်​ဆောက်​ကြ​၏။- \v 3 သူ​တို့​သည်​ထို​ပြည်​တွင်​နေ​ထိုင်​သူ​အ​ခြား အ​မျိုး​သား​တို့​ကို​ကြောက်​သော်​လည်း ယဇ် ပ​လ္လင်​ကို​အ​ဟောင်း​၌​ပင်​ပြန်​လည်​တည်​ဆောက် ကြ​လေ​သည်။ ထို​နောက်​နံ​နက်​နှင့်​ညဥ့်​ဦး​တွင် ပူ​ဇော်​နေ​ကျ​ဖြစ်​သည့်​မီး​ရှို့​ရာ​ယဇ်​တို့​ကို စ​တင်​ပူ​ဇော်​ကြ​၏။-\x + \xo 3:3 \xt တော၊ ၂၈:၁-၈။\x* \v 4 သူ​တို့​သည်​စည်း​မျဉ်း​သတ်​မှတ်​ချက်​များ​ရှိ သည့်​အ​တိုင်း တဲ​နေ​ပွဲ​ကို​ကျင်း​ပ​ကြ​၏။ နေ့ စဉ်​ပူ​ဇော်​အပ်​သည့်​ယဇ်​များ​ကို​လည်း​ပူ​ဇော် ကြ​၏။-\x + \xo 3:4 \xt တော၊ ၂၉:၁၂-၃၈။\x* \v 5 ထို့​အ​ပြင်​သူ​တို့​သည်​အ​မြဲ​ပူ​ဇော်​ရ​သည့် တစ်​ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်​များ​ကို​လည်း​ကောင်း၊ လ​ဆန်း​နေ့​ပွဲ​တော်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ အ​ခြား​ပွဲ​နေ့ များ​၌​ပူ​ဇော်​အပ်​သည့်​ယဇ်​များ​ကို​လည်း ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အား​မိ​မိ​တို့​စေ​တ​နာ အ​လျောက်​ပေး​လှူ​သည့်​ပူ​ဇော်​သ​ကာ​များ ကို​လည်း​ကောင်း​တင်​လှူ​ပူ​ဇော်​ကြ​လေ သည်။-\x + \xo 3:5 \xt တော၊ ၂၈:၁၁-၂၉:၃၉။\x* \v 6 ပြည်​သူ​တို့​သည်​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည် ဆောက်​ရန်​အ​စ​မ​ပြု​ရ​သေး​သော်​လည်း သတ္တ​မ လ၊ ပ​ထ​မ​နေ့​၌​မီး​ရှို့​ပူ​ဇော်​ရာ​ယဇ်​များ​ကို ထာ​ဝ​ရ​ဘု​ရား​အား စ​တင်​ပူ​ဇော်​ကြ​ကုန်​၏။ \s1 ဗိ​မာန်​တော်​ပြန်​လည်​တည်​ဆောက်​မှု​ကို​အ​စ​ပြု​ခြင်း \p \v 7 ပြည်​သူ​တို့​သည်​ပန်း​ရန်​များ​နှင့်​လက်​သ​မား များ​ကို​ပေး​ချေ​ရန်​ငွေ​ပေး​လှူ​ကြ​၏။ ပေ​ရ​သိ ဘု​ရင်​ကု​ရု​မင်း​ခွင့်​ပြု​ချက်​အ​ရ​လေ​ဗ​နုန် တော​မှ သစ်​က​တိုး​များ​ကို ယုပ္ပေ​ဆိပ်​အ​ရောက် စုံ​မျော​စေ​ခြင်း​ငှာ တု​ရု​နှင့်​ဇိ​ဒုန်​မြို့​သား များ​ထံ​သို့​အ​စား​အ​စာ၊ စ​ပျစ်​ရည်​နှင့် သံ​လွင်​ဆီ​တို့​ကို​ပေး​ပို့​ကြ​၏။- \v 8 သို့​ဖြစ်​၍​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ရှိ​ဗိ​မာန် တော်​တည်​ခဲ့​ရာ​သို့​ပြန်​လည်​ရောက်​ရှိ​လာ​သည့် နှစ်၊ ဒု​တိ​ယ​လ​၌​ဗိ​မာန်​တော်​တည်​ဆောက်​မှု လုပ်​ငန်း​ကို စ​တင်​လုပ်​ကိုင်​ကြ​လေ​သည်။ ဇေ​ရု​ဗ ဗေ​လ၊ ယော​ရှု​နှင့်​ဆွေ​မျိုး​သား​ချင်း​များ၊ ယဇ် ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​မှ​စ ၍ ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လာ​ကြ​သည့်​ပြည် နှင်​ဒဏ်​သင့်​သူ​အ​ပေါင်း​တို့​သည် တည်​ဆောက် မှု​လုပ်​ငန်း​တွင်​ပါ​ဝင်​ကြ​လေ​သည်။ အ​သက် နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သူ​လေ​ဝိ​အ​နွယ် ဝင်​တို့​သည် ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို ကြီး​ကြပ်​ရန်​တာ​ဝန်​ယူ​ကြ​ရ​၏။- \v 9 လေ​ဝိ​အ​နွယ်​ဝင်​ယော​ရှု​နှင့်​သား​များ (ဟော​ဒ​ဝိ\f 3 \fr 3:9 \ft * \+fk ဟော​ဒ​ဝိ။ \ft ၂:၄ဝကြည့်​ပါ။ ဟေ​ဗြဲ​မူ​အ​ရ​ယု​ဒ​ဟု​ပါ ရှိ​သည်။\f* သား​ချင်း​စု​မှ) ကာ​ဒ​မေ​လ​နှင့်​သား​များ​သည် ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို​ကြီး​ကြပ်​ရန် တာ​ဝန်​ယူ​ရာ​တွင် ပါ​ဝင်​ဆောင်​ရွက်​ကြ​လေ သည်။ (သူ​တို့​အား​ဟေ​န​ဒဒ်​သား​ချင်း​စု​မှ လေ​ဝိ​အ​နွယ်​ဝင်​များ​က​အ​ကူ​အ​ညီ ပေး​ကြ​၏။) \p \v 10 တည်​ဆောက်​သူ​တို့​သည်​ဗိ​မာန်​တော်​ကို​အုတ် မြစ်​ချ​ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့ သည်​မိ​မိ​တို့​ဝတ်​လုံ​များ​ကို​ဝတ်​၍ တံ​ပိုး ခ​ရာ​များ​ကို​ကိုင်​ဆောင်​ကာ​နေ​ရာ​ယူ​ကြ​၏။ အာ​သပ်​သား​ချင်း​စု​မှ​လေ​ဝိ​အ​နွယ်​ဝင်​တို့ က​လင်း​ကွင်း​များ​ကို​ကိုင်​ကြ​၏။ သူ​တို့​သည် ဒါ​ဝိဒ်​မင်း​ပေး​ခဲ့​သည့်​ညွှန်​ကြား​ချက်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​၏။-\x + \xo 3:10 \xt ၅ရာ၊ ၂၅:၁။\x* \v 11 သူ​တို့​က၊ \q1 ``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍ \q2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက် \q1 ထား​ရှိ​တော်​မူ​သော​မေတ္တာ​တော်​သည် ထာ​ဝ​စဉ်​တည်​ပါ​၏'' \m ဟူ​သော​သီ​ချင်း​ကို​ထပ်​ကာ​ထပ်​ကာ​သီ​ဆို​၍ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​၏။ ဗိ​မာန်​တော်​အုတ်​မြစ်​ကို​ချပြီး​ဖြစ်​သ​ဖြင့် လူ အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ် တော်​ကို​ဟစ်​အော်​ချီး​မွမ်း​ကြ​ကုန်​၏။-\x + \xo 3:11 \xt ၅ရာ၊ ၁၆:၃၄။ ၆ရာ၊ ၅:၁၃၊၇:၃။ ဆာ၊ ၁၀၀:၅၊ ၁၀၆:၁၊ ၁၀၇:၁၊ ၁၁၈:၁၊ ၁၃၆:၁။ ယေ၊ ၃၃:၁၁။\x* \v 12 ဗိ​မာန်​တော်​ဟောင်း​ကို​မြင်​ဖူး​သော​အ​သက်​ကြီး သူ​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ နှင့်​သား​ချင်း​စု​ဦး​စီး​အ​မြောက်​အ​မြား​တို့​သည် ဤ​ဗိ​မာန်​တော်​အုတ်​မြစ်​ချ​သည်​ကို​မြင်​သော် အော် ဟစ်​ငို​ကြွေး​ကြ​ကုန်​၏။ သို့​ရာ​တွင်​အ​ခြား​သူ​တို့ က​မူ​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လေ​သည်။- \v 13 ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​သံ​နှင့်​ငို​ကြွေး​သံ​ကို အ​ဘယ်​သူ​မျှ​ခွဲ​ခြား​၍​မ​ရ​ကြ။ လူ​တို့​သည် ကျယ်​စွာ​အော်​ဟစ်​ကြ​သော​ကြောင့် အ​ဝေး​က​ပင် ကြား​ရ​လေ​သည်။ \c 4 \s1 ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို​အ​တိုက်​အ​ခံ​ပြု​ခြင်း \p \v 1 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သော​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​ကို ပြန်​လည်​တည်​ဆောက်​လျက်​ရှိ​ကြောင်း ယု​ဒ​အ​နွယ်​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​တို့​၏​ရန်​သူ​များ​ကြား​သိ​ကြ​သော​အ​ခါ၊- \v 2 သူ​တို့​သည်​ဇေ​ရု​ဗ​ဗေ​လ​နှင့်​သား​ချင်း​စု​ခေါင်း​ဆောင်​များ​ထံ​သို့​သွား​၍``ဗိ​မာန်​တော်​တည်​ဆောက်​မှု​တွင် ငါ​တို့​ကို​လည်း​သင်​တို့​နှင့်​အ​တူ​ပါ​ဝင်​ခွင့်​ပြု​ပါ။ ငါ​တို့​သည်​သင်​တို့​ကိုး​ကွယ်​သည့်​ဘု​ရား​ကို​ပင်​ကိုး​ကွယ်​ပါ​၏။ ငါ​တို့​အား​ဤ​အ​ရပ်​တွင်​နေ​ထိုင်​ရန်​အာ​ရှု​ရိ​ဘု​ရင်​ဧ​သ​ရ​ဟဒ္ဒုန်​စေ​လွှတ်​လိုက်​ချိန်​မှ​အ​စ​ပြု​၍ ထို​ဘု​ရား​ကို​ယဇ်​ပူ​ဇော်​ခဲ့​ကြ​ပါ​သည်'' ဟု​ပြော​ကြား​ကြ​၏။\x + \xo 4:2 \xt ၆ရာ၊ ၁၇:၂၄-၄၁။\x* \p \v 3 ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု​နှင့်​သား​ချင်း​စု​ဦး​စီး​များ​က သူ​တို့​အား``ငါ​တို့​သည်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ဗိ​မာန်​တော်​တည်​ဆောက်​ရာ​တွင် သင်​တို့​၏​အ​ကူ​အ​ညီ​ကို​မ​လို​ပါ။ ပေ​ရ​သိ​ဘု​ရင်​ကု​ရု​၏​အ​မိန့်​တော်​အ​ရ ထို​ဗိ​မာန်​တော်​ကို​ငါ​တို့​ကိုယ်​တိုင်​တည်​ဆောက်​ကြ​ပါ​မည်'' ဟု​ပြန်​ပြော​ကြ​၏။ \p \v 4 ထို​အ​ခါ​ထို​ပြည်​တွင်​နေ​ထိုင်​လာ​ခဲ့​ကြ​သူ​များ​သည် တည်​ဆောက်​သော​ယု​ဒ​အ​မျိုး​သား​တို့​ကို စိတ်​ပျက်​အား​လျော့​၍​အ​ထ​မ​မြောက်​စေ​ရန် အ​စိုး​ရ​အ​ရာ​ရှိ​တို့​အား​တံ​စိုး​လက်​ဆောင်​ပေး​ကြ​၏။- \v 5 ဧ​က​ရာဇ်​မင်း​ကု​ရု​လက်​ထက်​မှ​ဧ​က​ရာဇ်​မင်း​ဒါ​ရိ​လက်​ထက်​တိုင်​အောင် သူ​တို့​သည်​ဤ​အ​တိုင်း​နှောင့်​ယှက်​ကြ​လေ​သည်။ \s1 ယေ​ရု​ရှ​လင်​မြို့​ပြန်​လည်​တည်​ဆောက်​မှု​ကို​အ​တိုက်​အ​ခံ​ပြု​ခြင်း \p \v 6 ပေ​ရ​သိ​ဧ​က​ရာဇ်​ဘု​ရင်​ဇေ​ရဇ်​နန်း​တက်​စ​၌ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သူ​တို့​၏​ရန်​သူ​များ​သည် သူ​တို့​အ​ပေါ်​၌​စွပ်​စွဲ​ချက်​တင်​သွင်း​ကြ​၏။\x + \xo 4:6 \xt ဧသ၊ ၁:၁။\x* \p \v 7 တစ်​ဖန်​ပေ​ရ​သိ​ဧ​က​ရာဇ်​ဘု​ရင်​အာ​တ​ဇေ​ရဇ်​လက်​ထက်​၌​ဗိ​ရှ​လံ၊ မိ​သ​ရေ​ဒတ်၊ တ​ဗေ​လ​နှင့်​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​တို့​သည် မင်း​ကြီး​ထံ​သို့​လျှောက်​လွှာ​တင်​သွင်း​ကြ​၏။ ထို​လျှောက်​လွှာ​ကို​အာ​ရ​မိ​ဘာ​သာ​စ​ကား​ဖြင့်\f 4 \fr 4:7 \ft * \+fk အာ​ရ​မိ။ \ft ၄:၈ မှ ၆:၁၈ အ​ထိ​ပေ​ရ​သိ​အင်​ပါ​ယာ​၏​တ​ရား​ဝင်​ဘာ​သာ​စ​ကား​ဖြစ်​သည်။\f* ရေး​သား​ပြန်​ဆို​ကာ​ဖတ်​ပြ​ရန်​ပင်​ဖြစ်​သည်။ \p \v 8 ထို့​ပြင်​ယေ​ရု​ရှ​လင်​မြို့​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ဘု​ရင်​ခံ​ရေ​ဟုံ​နှင့်​အ​တွင်း​ဝန်​ရှိ​မ​ရှဲ​တို့​က အာ​တ​ဇေ​ရဇ်​မင်း​ထံ​သို့​အောက်​ဖော်​ပြ​ပါ​စာ​ကို​ရေး​သား​ပေး​ပို့​ကြ​လေ​သည်။ \p \v 9 ``ဘု​ရင်​ခံ​ရေ​ဟုံ၊ အ​တွင်း​ဝန်​ရှိ​မ​ရှဲ​နှင့်​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​များ၊ တ​ရား​သူ​ကြီး​များ၊ ဘေ​ရက်​မြို့၊ ဗာ​ဗု​လုန်​မြို့၊ ဧ​လံ​ပြည်​ရှိ​ရှု​ရှန်​မြို့​တို့​မှ လာ​ရောက်​အ​မှု​ထမ်း​ကြ​သော​အ​ရာ​ရှိ​များ၊- \v 10 ရှ​မာ​ရိ​မြို့​နှင့်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ရှိ​ပြည်​နယ်\f 5 \fr 4:10 \ft * \+fk ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်။ \ft ယု​ဒ​ပြည်​သည်​ပေ​ရ​သိ​နိုင်​ငံ​၏​လက်​အောက်​ခံ​ဖြစ်​စဉ် ဥ​ဖ​ရတ်​မြစ်​အ​နောက်​ဘက်​ပြည်​နယ်​၏​တစ်​စိတ်​တစ်​ဒေ​သ​ဖြစ်​သည်။\f* သို့​ပြောင်း​ရွှေ့​နေ​ထိုင်​စေ​ရန်​တန်​ခိုး​ကြီး​မား​သည့်​အာ​သ​နပ္ပါ​မင်း​စေ​လွှတ်​လိုက်​သည့်​အ​ခြား​ပြည်​သူ​များ​ထံ​မှ'' \mi \v 11 (စာ​တွင်​ပါ​ရှိ​သည့်​အ​ကြောင်း​အ​ရာ​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။) \pi1 ``အာ​တ​ဇေ​ရဇ်​မင်း​ထံ​သို့​ဘု​ရင်​အ​စေ​ခံ​များ​ဖြစ်​ကြ​သော ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​သား​တို့​က​အ​စီ​ရင်​ခံ​အပ်​ပါ​သည်။'' \pi1 \v 12 ``အ​ရှင်​၏​အ​ခြား​နယ်​မြေ​များ​မှ ဤ​အ​ရပ်​သို့​လာ​ရောက်​ကြ​သော​ယု​ဒ​အ​မျိုး​သား​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​အ​ခြေ​စိုက်​နေ​ထိုင်​ကာ ထို​ဆိုး​ညစ်​ပုန်​ကန်​တတ်​သော​မြို့​ကို​ပြန်​လည်​တည်​ဆောက်​လျက်​ရှိ​ကြောင်း အ​ရှင့်​အား​အ​ကျွန်ုပ်​တို့​လျှောက်​ထား​အပ်​ပါ​သည်။ သူ​တို့​သည်​မြို့​ရိုး​များ​ကို ပြန်​လည်​စ​တင်​ဆောက်​လုပ်​လျက်​နေ​ကြ​ပြီ​ဖြစ်​၍​မ​ကြာ​မီ​ပြီး​စီး​ပါ​မည်။- \v 13 အ​ရှင်​မင်း​ကြီး၊ ဤ​မြို့​ကို​ပြန်​လည်​တည်​ထောင်​ကာ​မြို့​ရိုး​များ​ကို​လည်း​ဆောက်​လုပ်​ပြီး​စီး​သွား​ပါ​က မြို့​သူ​မြို့​သား​တို့​သည်​အ​ကောက်​အ​ခွန်​များ​ကို​ပေး​ဆောင်​ကြ​တော့​မည်​မ​ဟုတ်​ပါ။ သို့​ဖြစ်​၍​အ​ရှင်​၏​အ​ခွန်​တော်​လျော့​နည်း​သွား​ပါ​လိမ့်​မည်။'' \pi1 \v 14 ``အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​၏​ကျေး​ဇူး​တော်​နှင့်​မ​ကင်း​သူ​များ​ဖြစ်​သည့်​အ​လျောက် ယင်း​သို့​အ​ခွန်​တော်​ယုတ်​လျော့​မှု​ကို​မ​တွေ့​မ​မြင်​လို​ကြ​ပါ။- \v 15 ထို့​ကြောင့်​အ​ရှင်​၏​ဘိုး​တော်​ဘေး​တော်​များ​ထား​ရှိ​ခဲ့​သည့် မှတ်​တမ်း​များ​ကို​အ​မိန့်​ထုတ်​ဆင့်​၍​ရှာ​ဖွေ​ကြည့်​ရှု​စေ​တော်​မူ​ပါ​က ဤ​မြို့​သည်​ပုန်​ကန်​လေ့​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ရှေး​ကာ​လ​မှ​အ​စ​ပြု​၍​ပြည်​နယ်​များ​ကို​အုပ်​စိုး​သော​ဘု​ရင်​များ၊ ဘု​ရင်​ခံ​များ​အား​ဒုက္ခ​ပေး​ခဲ့​ဖူး​ကြောင်း​ကို​လည်း​ကောင်း​တွေ့​ရှိ​ရ​ပါ​လိမ့်​မည်။ ဤ​မြို့​သား​တို့​သည်​အ​စဉ်​ပင်​အုပ်​ချုပ်​ရ​ခက်​သူ​များ​ဖြစ်​ကြ​ပါ​၏။ ဤ​အ​ကြောင်း​ကြောင့်​ဤ​မြို့​သည်​ဖျက်​ဆီး​ခြင်း​ခံ​ခဲ့​ရ​ပါ​သည်။- \v 16 သို့​ဖြစ်​၍​ဤ​မြို့​နှင့်​မြို့​ရိုး​ကို​ပြီး​စီး​အောင်​ပြန်​လည်​တည်​ဆောက်​ခဲ့​လျှင် အ​ရှင်​မင်း​ကြီး​သည်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​ကို​ထိန်း​သိမ်း​အုပ်​ချုပ်​နိုင်​တော့​မည်​မ​ဟုတ်​ကြောင်း​လျှောက်​ထား​အပ်​ပါ​သည်'' ဟူ​၍​တည်း။ \mi \v 17 မင်း​ကြီး​၏​ပြန်​ကြား​လွှာ​မှာ၊ \pi1 ``ဘု​ရင်​ခံ​ရေ​ဟုံ၊ အ​တွင်း​ဝန်​ရှိ​မ​ရှဲ​နှင့်​တ​ကွ အ​ပေါင်း​အ​ဖော်​များ​ဖြစ်​ကြ​သော​ရှ​မာ​ရိ​မြို့​သား​များ​နှင့် ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​သား​တို့​အား နှုတ်​ခွန်း​ဆက်​သ​လိုက်​ပါ​သည်။'' \pi1 \v 18 ``သင်​တို့​ပေး​ပို့​လိုက်​သော​စာ​ကို​ဘာ​သာ​ပြန်​၍ ငါ့​အား​ဖတ်​ပြ​ကြ​သည်။- \v 19 ငါ​သည်​အ​မိန့်​ထုတ်​ဆင့်​၍​ရှာ​ဖွေ​ကြည့်​ရှု​ရာ​ယေ​ရု​ရှ​လင်​မြို့​သည်​ရှေး​ကာ​လ​မှ​အ​စ​ပြု​၍ ဧ​က​ရာဇ်​မင်း​တို့​ကို​တော်​လှန်​ပုန်​ကန်​လေ့​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ပုန်​ကန်​သူ​များ၊ အ​နှောင့်​အ​ယှက်​ပေး​တတ်​သူ​များ​နှင့်​ပြည့်​နှက်​နေ​ကြောင်း​ကို​လည်း​ကောင်း​တွေ့​ရှိ​ရ​သည်။- \v 20 တန်​ခိုး​ကြီး​သော​ဘု​ရင်​များ​သည်​ထို​မြို့​တွင်​စိုး​စံ​ကာ ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​တစ်​ခု​လုံး​မှ​အ​ခွန်​ဘဏ္ဍာ​တော်​များ​ကို​ကောက်​ခံ​ခဲ့​ကြ​၏။- \v 21 သို့​ဖြစ်​၍​ငါ​၏​ထံ​မှ​နောက်​ထပ်​အ​မိန့်​တစ်​စုံ​တစ်​ရာ​မ​ရ​မ​ချင်း၊ ထို​မြို့​ပြန်​လည်​တည်​ဆောက်​မှု​ကို​ရပ်​ဆိုင်း​ထား​ကြ​ရန်​သင်​တို့​အ​မိန့်​ထုတ်​ဆင့်​ကြ​ရ​မည်။- \v 22 ငါ​၏​အ​ကျိုး​ကို​ထပ်​မံ​၍​မ​ထိ​မ​ခိုက်​စေ​ရန်​ယင်း​အ​မိန့်​ကို​ချက်​ချင်း​ထုတ်​ပြန်​ကြ​ရ​မည်'' ဟူ​၍​တည်း။ \p \v 23 ဧ​က​ရဇ်​ဘု​ရင်​အာ​တ​ဇေ​ရဇ်​ထံ​မှ​ဤ​စာ​ကို ရေ​ဟုံ၊ ရှိ​မ​ရှဲ​နှင့်​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​တို့​အား​ဖတ်​ပြ​သော​အ​ခါ သူ​တို့​သည်​ချက်​ချင်း​ပင်​ယေ​ရု​ရှ​လင်​မြို့​သို့​အ​လျင်​အ​မြန်​သွား​၍ ယု​ဒ​အ​မျိုး​သား​တို့​အား​ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို​အ​နိုင်​အ​ထက်​ရပ်​ဆိုင်း​စေ​ကြ​၏။ \s1 ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို​တစ်​ဖန်​ပြန်​လည်​အ​စ​ပြု​ခြင်း \p \v 24 ဗိ​မာန်​တော်​တည်​ဆောက်​မှု​သည်​ပေ​ရ​သိ​ဧ​က​ရာဇ်​ဒါ​ရိ\f 6 \fr 4:24 \ft * \+fk ဧ​က​ရဇ်​ဒါ​ရိ။ \ft ဤ​အ​ဖြစ်​အ​ပျက်​များ​သည်​အ​ခန်း​ငယ် ၂၄ တွင်​ဆက်​သည်။ အ​ခန်း​ငယ် ၆-၂၃ သည်​နောက်​အ​နှစ်​တစ်​ရာ​မျှ​အ​ချိန်​တွင်​ဖြစ်​ပျက်​သည်​ကို​ဖော်​ပြ​သည်။\f* နန်း​စံ​ဒု​တိ​ယ​နှစ်​တိုင်​အောင်​ရပ်​စဲ​ခဲ့​လေ​သည်။\x + \xo 4:24 \xt ဟ္ဂဲ၊ ၁:၁။ ဇာ၊ ၁:၁။\x* \c 5 \p \v 1 ပ​ရော​ဖက်​ဟ္ဂဲ​နှင့်​ဣ​ဒေါ​သား​ပ​ရော​ဖက်​ဇာ​ခ​ရိ​တို့​သည် ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​ယု​ဒ​အ​မျိုး​သား​တို့​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​ကြ​၏။-\x + \xo 5:1 \xt ဟ္ဂဲ၊ ၁:၁။ ဇာ၊ ၁:၁။\x* \v 2 ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ​နှင့်​ယော​ဇ​ဒက်​၏​သား​ယော​ရှု​တို့​သည် ထို​ဗျာ​ဒိတ်​စ​ကား​များ​ကို​ကြား​သော​အ​ခါ​ယေ​ရု​ရှ​လင်​မြို့၊ ဗိ​မာန်​တော်​ကို​ပြန်​လည်​စ​တင်​တည်​ဆောက်​ကြ​လေ​သည်။ ပ​ရော​ဖက်​နှစ်​ပါး​တို့​သည်​သူ​တို့​အား​ဝိုင်း​ဝန်း​ကူ​ညီ​ကြ​၏။\x + \xo 5:2 \xt ဟ္ဂဲ၊ ၁:၁၂။ ဇာ၊ ၄:၆-၉။\x* \p \v 3 ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​၏​ဘု​ရင်​ခံ​တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ​နှင့်​သူ​တို့​၏​လုပ်​ဖော်​ဆောင်​ဘက်​အ​ရာ​ရှိ​များ​သည် ချက်​ချင်း​ပင်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍``ဤ​ဗိ​မာန်​တော်​ကို​တည်​ဆောက်​မွမ်း​မံ​ရန် သင်​တို့​အား​အ​ဘယ်​သူ​အ​မိန့်​ပေး​ပါ​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။- \v 4 သူ​တို့​သည်​ဗိ​မာန်​တော်​တည်​ဆောက်​မှု​တွင် ပါ​ဝင်​ကူ​ညီ​ကြ​သူ​တို့​၏​အ​မည်​များ​ကို​တောင်း​ယူ​ကြ​၏။- \v 5 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ယု​ဒ​ခေါင်း​ဆောင်​များ​အား​စောင့်​ထိန်း​ကြည့်​ရှု​လျက်​နေ​တော်​မူ​သ​ဖြင့် ပေ​ရ​သိ​အ​ရာ​ရှိ​တို့​သည်​ဒါ​ရိ​မင်း​ထံ​သို့​စာ​ရေး​အ​ကြောင်း​ကြား​ရန်​နှင့် ထို​မင်း​ထံ​မှ​အ​မိန့်​တစ်​စုံ​တစ်​ရာ​ပြန်​လည်​မ​ရ​မ​ချင်း​မည်​သို့​မျှ​အ​ရေး​ယူ​ဆောင်​ရွက်​ခြင်း​မ​ပြု​ရန်​ဆုံး​ဖြတ်​ကြ​၏။- \v 6 သူ​တို့​သည်​မင်း​ကြီး​ထံ​သို့​အ​စီ​ရင်​ခံ​စာ​ပေး​ပို့​ကြ​၏။ \pi1 \v 7 ထို​အ​စီ​ရင်​ခံ​စာ​တွင်``ဧ​က​ရာဇ်​မင်း​ဒါ​ရိ​ထံ​သို့​အ​စီ​ရင်​ခံ​အပ်​ပါ​သည်။ အ​ရှင်​သည်​ငြိမ်း​ချမ်း​စွာ​စိုး​စံ​တော်​မူ​နိုင်​ပါ​စေ​သော။ \p \v 8 ``အ​ကျွန်ုပ်​တို့​သည်​ယု​ဒ​ပြည်​သို့​သွား​ရောက်​ကြ​ရာ ကြီး​မြတ်​သော​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို ကျောက်​တုံး​ကြီး​များ​ဖြင့်​တည်​ဆောက်​၍ ကျောက်​နံ​ရံ​များ​ပေါ်​တွင်​သစ်​သား​ယက်​မ​များ​ကပ်​လျက်​လုပ်​ဆောင်​နေ​ကြ​သည်​ကို​တွေ့​မြင်​ရ​ကြောင်း အ​ရှင်​မင်း​ကြီး​အား​လျှောက်​ထား​အ​စီ​ရင်​ခံ​အပ်​ပါ​သည်။ တည်​ဆောက်​မှု​ကို​လုံ့​လ​ဖြင့်​လုပ်​ဆောင်​ကြ​သော​ကြောင့် တိုး​တက်​အောင်​မြင်​လျက်​ရှိ​ပါ​သည်။ \pi1 \v 9 ``ထို​နောက်​အ​ကျွန်ုပ်​တို့​သည်​ပြည်​သူ့​ခေါင်း​ဆောင်​များ​အား ထို​ဗိ​မာန်​ကို​အ​ဘယ်​သူ​၏​အ​မိန့်​ခွင့်​ပြု​ချက်​အ​ရ​ပြန်​လည်​တည်​ဆောက်​ကြ​သည်​ကို​မေး​မြန်း​ပါ​သည်။- \v 10 ထို​တည်​ဆောက်​မှု​ကို​ခေါင်း​ဆောင်​သူ​များ​၏​အ​မည်​များ​ကို​လည်း အ​ရှင့်​ထံ​အ​ကြောင်း​ကြား​နိုင်​ရန်​အ​ကျွန်ုပ်​တို့​တောင်း​ယူ​ကြ​ပါ​သည်။- \v 11 သူ​တို့​က`ငါ​တို့​သည်​မိုး​မြေ​ရှင်​ဘု​ရား​သ​ခင်​အ​စေ​ခံ​များ​ဖြစ်​၍ ရှေး​နှစ်​ပေါင်း​များ​စွာ​က​ပင်​တန်​ခိုး​ကြီး​မား​သည့် ဣ​သ​ရေ​လ​ဘု​ရင်​တစ်​ပါး​တည်​ဆောက်​မွမ်း​မံ​ထား​ခဲ့​သည့်​ဗိ​မာန်​တော်​ကို ပြန်​လည်​တည်​ဆောက်​မွမ်း​မံ​ကြ​ခြင်း​ဖြစ်​ပါ​သည်။- \v 12 သို့​ရာ​တွင်​ငါ​တို့​သည်​မိုး​ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ခဲ့​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ငါ​တို့​အား​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​၏​လက်​သို့​အပ်​တော်​မူ​လေ​သည်။ ဗိ​မာန်​တော်​သည်​လည်း​ပြို​ပျက်​၍​ပြည်​သူ​တို့​သည် ဗာ​ဗု​လုန်​မြို့​သို့​ပြည်​နှင်​ဒဏ်​သင့်​ကြ​ရ​ပါ​၏'' ဟု​ပြော​ကြား​ကြ​ပါ​သည်။-\x + \xo 5:12 \xt ၄ရာ၊ ၂၅:၈-၁၂။ ၆ရာ၊ ၃၆:၁၇-၂၀။ ယေ၊ ၅၂:၁၂-၁၅။\x* \v 13 ထို့​နောက်​သူ​တို့​က`ဗာ​ဗု​လုန်​ဧ​က​ရာဇ်​ဘု​ရင်​ကု​ရု​သည် မိ​မိ​နန်း​စံ​ပ​ထ​မ​နှစ်​၌​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​ရန် အ​မိန့်​ထုတ်​ဆင့်​တော်​မူ​ပါ​၏။-\x + \xo 5:13 \xt ဧဇ၊ ၁:၂-၁၁။\x* \v 14 ထို​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​မှ​နေ​ဗု​ခဒ်​နေ​ဇာ​သိမ်း​ယူ​ကာ ဗာ​ဗု​လုန်​မြို့​ဘု​ရား​ဗိ​မာန်​တွင်​ထား​ရှိ​သည့်​ဗိ​မာန်​တော်​ဆိုင်​ရာ​ရွှေ၊ ငွေ​အ​သုံး​အ​ဆောင်​တော်​များ​ကို​ပြန်​လည်​ပေး​အပ်​တော်​မူ​ခဲ့​ပါ​၏။- \v 15 ကု​ရု​မင်း​သည်​ယု​ဒ​ဘု​ရင်​ခံ​အ​ဖြစ် မိ​မိ​ခန့်​ထား​သည့်​ရှေ​ရှ​ဗာ​ဇာ​အ​မည်​ရှိ​သူ​၏​လက်​သို့ ထို​အ​သုံး​အ​ဆောင်​တော်​များ​ကို​အပ်​နှံ​တော်​မူ​၍ ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​သို့​ပြန်​လည်​ယူ​ဆောင်​သွား​စေ​ပြီး​လျှင် ထို​ဗိ​မာန်​တော်​ကို​နေ​ရာ​ဟောင်း​တွင် ပြန်​လည်​တည်​ဆောက်​ရန်​မိန့်​မှာ​တော်​မူ​ပါ​၏။- \v 16 သို့​ဖြစ်​၍​ရှေ​ရှ​ဗာ​ဇာ​သည်​လာ​ရောက်​ပြီး​နောက် ဗိ​မာန်​တော်​အုတ်​မြစ်​ကို​ချ​ပါ​၏။ ထို​ဗိ​မာန်​တော်​တည်​ဆောက်​မှု​မှာ ယ​နေ့​တိုင်​ဆက်​လက်​လုပ်​ကိုင်​လာ​ခဲ့​သော်​လည်း​မ​ပြီး​ပြတ်​သေး​ပါ' ဟု​ပြန်​လည်​ပြော​ကြား​ကြ​ပါ​သည်။ \pi1 \v 17 ``ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​စေ​ရန် ကု​ရု​မင်း​အ​မိန့်​တော်​ရှိ​မ​ရှိ​သိ​နိုင်​ရန် အ​ရှင်​မင်း​ကြီး​အ​လို​ရှိ​တော်​မူ​ပါ​လျှင် နန်း​တွင်း​မှတ်​တမ်း​များ​တွင်​ယ​ခု​ရှာ​ဖွေ​၍​ကြည့်​စေ​တော်​မူ​ပါ။ ထို​နောက်​ဤ​အ​မှု​ကို​အ​ရှင်​အ​ဘယ်​သို့​ပြု​စေ​တော်​မူ​လို​သည်​ကို အ​ကျွန်ုပ်​တို့​အား​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​ဖော်​ပြ​ပါ​ရှိ​လေ​သည်။ \c 6 \s1 ကု​ရု​မင်း​၏​အ​မိန့်​တော်​ကို​ပြန်​လည်​တွေ့​ရှိ​ခြင်း \p \v 1 သို့​ဖြစ်​၍​ဧ​က​ရာဇ်​မင်း​ဒါ​ရိ​သည်​ဗာ​ဗု​လုန်​မြို့​တွင် ထား​ရှိ​သည့်​နန်း​တော်​မှတ်​တမ်း​များ​တွင်​ရှာ​ဖွေ​ကြည့်​ရှု​ရန်​အ​မိန့်​ပေး​တော်​မူ​၏။- \v 2 သို့​ရာ​တွင်​အောက်​ပါ​မှတ်​တမ်း​၌​ပါ​ရှိ​သည့်​စာ​လိပ်​ကို မေ​ဒိ​ပြည်​နယ်၊ အာ​ခ​မေ​သ​မြို့​၌​သာ​တွေ့​ရှိ​ကြ​ရ​၏။ \pi1 \v 3 ထို​စာ​လိပ်​တွင်``ကု​ရု​ဘု​ရင်​သည်​မိ​မိ​နန်း​စံ​ပ​ထ​မ​နှစ်​၌​ယဇ်​များ​ကို​ပူ​ဇော်​ရန်​နှင့် ပူ​ဇော်​သကာ​များ​ကို​မီး​ရှို့​ရန်​ဌာ​န​တော်​အ​ဖြစ်​ဖြင့် ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​ရ​မည်​ဟု​အ​မိန့်​တော်​ရှိ​၏။ ဗိ​မာန်​တော်​သည်​အ​မြင့်​ပေ​ကိုး​ဆယ်​နှင့်​အ​ချင်း​ပေ​ကိုး​ဆယ်​ရှိ​ရ​မည်။- \v 4 နံ​ရံ​များ​ကို​ကျောက်​တုံး​တန်း​သုံး​ဆင့်၊ သစ်​သား​တန်း​တစ်​ဆင့်​ကျ​အ​ထပ်​ထပ်​ဆောက်​လုပ်​ရ​မည်။ ကုန်​ကျ​သည့်​စ​ရိတ်​မှန်​သ​မျှ​ကို ဘု​ရင့်​ဘဏ္ဍာ​တော်​တိုက်​မှ​ထုတ်​၍​သုံး​စွဲ​ရ​မည်။- \v 5 ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​မှ​ဗာ​ဗု​လုန်​မြို့​သို့ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ယူ​ဆောင်​လာ​ခဲ့​သည့်​ရွှေ​ငွေ​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​ကို​လည်း သက်​ဆိုင်​ရာ​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​သို့​ပြန်​လည်​ပေး​ပို့​ရ​မည်'' ဟူ​၍​ဖော်​ပြ​ပါ​ရှိ​ပါ​၏။ \s1 ဗိ​မာန်​တော်​ကို​ဆက်​လက်​တည်​ဆောက်​ရန်​ဒါ​ရိ​မင်း​အ​မိန့်​ပေး​ခြင်း \p \v 6 ဧ​က​ရာဇ်​မင်း​ဒါ​ရိ​သည်​ပြန်​ကြား​စာ​ကို​ပေး​ပို့​တော်​မူ​သည်။ ထို​ပြန်​ကြား​စာ​တွင်၊ \pi1 ``ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​ဘု​ရင်​ခံ​တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ၊ ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​ရှိ သင်​တို့​၏​လုပ်​ဖော်​ဆောင်​ဘက်​အ​ရာ​ရှိ​များ​သို့၊ \pi1 ``သင်​တို့​သည်​ဗိ​မာန်​တော်​အ​နီး​သို့​မ​ချဉ်း​မ​ကပ်​ကြ​နှင့်။- \v 7 ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို​လည်း​မ​နှောင့်​ယှက်​ကြ​နှင့်။ ယု​ဒ​ဘု​ရင်​ခံ​နှင့်​ယု​ဒ​ခေါင်း​ဆောင်​တို့​အား ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို​နေ​ရာ​ဟောင်း​တွင် ပြန်​လည်​တည်​ဆောက်​ခွင့်​ပြု​ကြ​လော့။- \v 8 ပြန်​လည်​တည်​ဆောက်​မှု​တွင်​သူ​တို့​ကို​ကူ​ညီ​ကြ​ရန် ယ​ခု​သင်​တို့​အား​ငါ​အ​မိန့်​တော်​ရှိ​သည်။ တည်​ဆောက်​မှု​အ​ဆက်​မ​ပြတ်​စေ​ရန် ကုန်​ကျ​စ​ရိတ်​များ​ကို​ဥ​ဖ​ရတ်​မြစ်​အ​နောက်​ဘက်​ဒေ​သ​မှ ကောက်​ခံ​ရ​ရှိ​သော​အ​ခွန်​ငွေ​များ​ဖြစ်​သည့်​ဘု​ရင်​၏​ဘဏ္ဍာ​တော်​မှ​မ​ဆိုင်း​မ​တွ​ထုတ်​ပေး​ကြ​လော့။- \v 9-10 ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​နှစ်​သက်​လက်​ခံ​တော်​မူ​သည့်​ယဇ်​များ​ကို​ပူ​ဇော်​၍ ငါ​နှင့်​ငါ​၏​သား​များ​အ​တွက်​ကိုယ်​တော်​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို​တောင်း​ခံ​ပေး​ကြ​ရန် ယေ​ရု​ရှ​လင်​မြို့​ရှိ​ယဇ်​ပု​ရော​ဟိတ်​များ​က မီး​ရှို့​ရာ​ပူ​ဇော်​သကာ​များ​အ​ဖြစ်​ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​အား​ဆက်​သ​ရန် လို​အပ်​သ​မျှ​သော​နွား​သ​ငယ်၊ သိုး၊ သိုး​သ​ငယ်၊ ဂျုံ​စ​ပါး၊ ဆား၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​ကို​နေ့​စဉ်​နေ့​တိုင်း​မ​ပျက်​မ​ကွက်​ပေး​ကြ​လော့။- \v 11 ထပ်​မံ​၍​ငါ​မိန့်​ဆို​သည်​မှာ ဤ​အ​မိန့်​ကို​မ​နာ​ခံ​သော​သူ​အား သူ​၏​အိမ်​မှ​ယက်​မ​တစ်​ချောင်း​ကို​ယူ​၍​ထိပ်​ကို​ချွန်​အောင်​ပြု​လျက်၊ သပ်​လျှို​၍​သတ်​စေ၊ သူ​၏​အိမ်​သည်​လည်း​အ​မှိုက်​ပုံ​ကဲ့​သို့​ဖြစ်​ပါ​စေ။- \v 12 ယေ​ရု​ရှ​လင်​မြို့​ကို မိ​မိ​အား​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တော်​အ​ဖြစ်​ရွေး​ချယ်​သတ်​မှတ်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ဤ​အ​မိန့်​ကို​ဖီ​ဆန်​ကာ​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​ရန်​ကြိုး​စား​သူ အ​ဘယ်​ဘု​ရင်​သို့​မ​ဟုတ်​လူ​မျိုး​ကို​မ​ဆို​ဖျက်​ဆီး​တော်​မူ​ပါ​စေ​သ​တည်း။ ဤ​ကား​ငါ​ဒါ​ရိ​မင်း​၏​အ​မိန့်​တော်​ဖြစ်​၏။ အ​မိန့်​တော်​အ​တိုင်း​နာ​ခံ​ကြ​လော့'' ဟု​ဖော်​ပြ​ပါ​ရှိ​လေ​သည်။ \s1 ဗိ​မာန်​တော်​ကို​အ​နု​မော​ဒ​နာ​ပြု​ခြင်း \p \v 13 ထို​အ​ခါ​ဘု​ရင်​ခံ​တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ​နှင့်​သူ​တို့​၏​လုပ်​ဖော်​ဆောင်​ဘက်​အ​ရာ​ရှိ​များ​သည် မင်း​ကြီး​မိန့်​တော်​မူ​သည့်​အ​တိုင်း တစ်​သ​ဝေ​မ​တိမ်း​ဆောင်​ရွက်​ကြ​လေ​သည်။- \v 14 ယု​ဒ​ခေါင်း​ဆောင်​တို့​သည်​ဟ္ဂဲ​နှင့်​ဇာ​ခ​ရိ​တို့​၏​အား​ပေး​မှု​ကြောင့် ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို​တိုး​တက်​အောင်​မြင်​စွာ​ဆောင်​ရွက်​နိုင်​ကြ​လေ​သည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​မိန့်​တော်​နှင့် ပေ​ရ​သိ​ဘု​ရင်​များ​ဖြစ်​သည့်​ကု​ရု​မင်း၊ ဒါ​ရိ​မင်း​နှင့်​အာ​တ​ဇေ​ရဇ်​မင်း​တို့​၏​အ​မိန့်​တော်​များ​အ​ရ ဗိ​မာန်​တော်​ကို​အ​ပြီး​တိုင်​တည်​ဆောက်​ကြ​ရာ၊-\x + \xo 6:14 \xt ဟ္ဂဲ၊ ၁:၁။ ဇာ၊ ၁:၁။\x* \v 15 ဒါ​ရိ​မင်း​နန်း​စံ​ခြောက်​နှစ်​မြောက်၊ အာ​ဒါ​လ​သုံး​ရက်​နေ့​၌​လက်​စ​သတ်​ကြ​၏။- \v 16 ထို​နောက်​ဣ​သ​ရေ​လ​ပြည်​သူ​များ​ဖြစ်​ကြ​သည့်​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့် ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ​မှန်​သ​မျှ​တို့​သည် ဗိ​မာန်​တော်​ကို​ရွှင်​လန်း​ဝမ်း​မြောက်​စွာ အ​နု​မော​ဒ​နာ​ပြု​ကြ​ကုန်​၏။- \v 17 ထို​အ​နု​မော​ဒ​နာ​ပွဲ​၌​သူ​တို့​သည်​နွား​ကောင်​ရေ​တစ်​ရာ၊ သိုး​ကောင်​ရေ​နှစ်​ရာ​နှင့်​သိုး​သား​ငယ်​ကောင်​ရေ​လေး​ရာ​ကို​ယဇ်​ကောင်​များ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​တစ်​နွယ်​လျှင်​ဆိတ်​တစ်​ကောင်​ကျ​ဖြင့် ဆိတ်​တစ်​ဆယ့်​နှစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သကာ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ပူ​ဇော်​ကြ​၏။- \v 18 သူ​တို့​သည်​မော​ရှေ​၏​ကျမ်း​တွင်​ပါ​ရှိ​သည့်​ညွှန်​ကြား​ချက်​များ​အ​တိုင်း ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​တွင်​ကိုး​ကွယ်​ဝတ်​ပြု​မှု​အ​တွက် ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​အား​အ​လှည့်​ကျ​ခွဲ​ထား​သော​တာ​ဝန်​ကို​ပေး​အပ်​ကြ​လေ​သည်။ \s1 ပ​သ​ခါ​ပွဲ​တော် \p \v 19 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော​သူ​တို့​သည် ပ​သ​ခါ​ပွဲ​တော်​ကို​ပ​ထ​မ​လ၊ တစ်​ဆယ့်​လေး​ရက်​နေ့​၌​ကျင်း​ပ​ကြ​၏။-\x + \xo 6:19 \xt ထွ၊ ၁၂:၁-၂၀။\x* \v 20 ယဇ်​ပု​ရော​ဟိတ်​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​သန့်​ရှင်း​စေ​သ​ဖြင့် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​လျက်​ရှိ​ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​ပြည်​သို့​ပြန်​လာ​ကြ​သူ​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့် မိ​မိ​တို့​ကိုယ်​တိုင်​တို့​အ​တွက်​ပ​သ​ခါ​ယဇ်​ကောင်​များ​ကို​သတ်​ကြ​၏။- \v 21 ထို​ယဇ်​ကောင်​တို့​၏​အ​သား​ကို​ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​တ​ကွ​ထို​ဒေ​သ​တွင်​နေ​ထိုင်​လျက်​ရှိ​သော​သူ​တို့​၏​ရုပ်​တု​ကိုး​ကွယ်​မှု​ကို​စွန့်​လွှတ်​ကြ​သူ​များ​နှင့် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​ရန်​လာ​ကြ​သူ​အ​ပေါင်း​တို့​သည်​စား​ကြ​၏။- \v 22 သူ​တို့​သည်​ခု​နစ်​ရက်​တိုင်​တိုင် တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကို​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကျင်း​ပ​ကြ​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​တွက် ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း\f 7 \fr 6:22 \ft * \+fk အာ​ရှု​ရိ​မင်း​ဧ​က​ရာဇ်​မင်း။ \ft ပေ​ရ​သိ​ဧ​က​ရာဇ်​မင်း​ကို​ဆို​လို​ကြောင်း​ထင်​ရှား​သည်။ ထို​စဉ်​အ​ခါ​၌​ပေ​ရ​သိ​ဧ​က​ရာဇ်​မင်း​သည် ယ​ခင်​အာ​ရှု​ရိ​လက်​အောက်​ခံ​ယု​ဒ​ပြည်​ကို​အုပ်​စိုး​လျက်​ရှိ​သည်။\f* အား​ထောက်​ပံ့​ကူ​ညီ​လို​စိတ်​ကို​သွင်း​ပေး​တော်​မူ​၏။ သို့​ဖြစ်​၍​သူ​တို့​သည် အ​လွန်​ပင်​ဝမ်း​မြောက်​ကြ​လေ​သည်။ \c 7 \s1 ယေ​ရု​ရှ​လင်​မြို့​သို့​ဧ​ဇ​ရ​ရောက်​ရှိ​လာ​ခြင်း \p \v 1 နှစ်​ပေါင်း​များ​စွာ​ကြာ​သော​အ​ခါ ပေ​ရ​သိ ဧ​က​ရာဇ်​ဘု​ရင်​အာ​တ​ဇေ​ရဇ်​လက်​ထက်​၌ ဧ​ဇ​ရ​နာ​မည်​ရှိ​သူ​လူ​တစ်​ယောက်​ရှိ​၏။ သူ သည်​ယဇ်​ပု​ရော​ဟိတ်​မင်း​အာ​ရုန်​မှ​ဆင်း​သက် လာ​ကြောင်း အောက်​ပါ​အ​တိုင်း​သိ​နိုင်​ပေ​သည်။ ဧ​ဇ​ရ​၏​အ​ဖ​သည်​စ​ရာ​ယ၊ စ​ရာ​ယ​၏ အ​ဖ​မှာ​အာ​ဇ​ရိ၊ အာ​ဇ​ရိ​၏​အ​ဖ​ကား ဟိ​လ​ခိ​ဖြစ်​၏။- \v 2 ဟိ​လ​ခိ​၏​အ​ဖ​သည်​ရှလ္လုံ၊ ရှလ္လုံ​၏​အ​ဖ မှာ​ဇာ​ဒုတ်၊ ဇာ​ဒုတ်​၏​အ​ဖ​ကား​အ​ဟိ တုတ်​ဖြစ်​၏။- \v 3 အ​ဟိ​တုတ်​၏​အ​ဖ​သည်​အာ​မ​ရိ၊ အာ​မ​ရိ ၏​အ​ဖ​မှာ​အာ​ဇ​ရိ၊ အာ​ဇ​ရိ​၏​အ​ဖ​ကား မေ​ရာ​ယုတ်​ဖြစ်​၏။- \v 4 မေ​ရာ​ယုတ်​၏​အ​ဖ​သည်​ဇေ​ရ​ဟိ၊ ဇေ​ရ​ဟိ ၏​အ​ဖ​မှာ​သြ​ဇိ၊ သြ​ဇိ​၏​အ​ဖ​ကား​ဗုက္ကိ ဖြစ်​၏။- \v 5 ဗုက္ကိ​၏​အ​ဖ​သည်​အ​ဘိ​ရွှ၊ အ​ဘိ​ရွှ​၏​အ​ဖ သည် ဖိ​န​ဟတ်၊ ဖိ​န​ဟတ်​၏​အ​ဖ​မှာ​ဧ​လာ​ဇာ၊ ဧ​လ​ဇာ​၏​အ​ဖ​ကား​အာ​ရုန်​ဖြစ်​သ​တည်း။ \p \v 6 ဧ​ဇ​ရ​သည်​မော​ရှေ​အား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​အပ်​တော်​မူ​သည့်​ပ​ညတ်​ကျမ်း​ကို​ကြေ ညက်​စွာ​တတ်​မြောက်​သူ​ပ​ညာ​ရှိ​ကြီး​ဖြစ် ၏။ ဧ​ဇ​ရ​သည်​ဘု​ရား​သ​ခင်​၏​ကောင်း​ချီး မင်္ဂ​လာ​ကို​ခံ​စား​ရ​သူ​ဖြစ်​သ​ဖြင့် မင်း ကြီး​သည်​သူ​တောင်း​သ​မျှ​သော​အ​ရာ တို့​ကို​ပေး​သ​နား​တော်​မူ​လေ​သည်။- \v 7 ဧ​ဇ​ရ​သည်​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ အ​နွယ်​ဝင်​များ၊ ဗိ​မာန်​တော်​ဂီ​တ​ပညာ​သည် များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​နှင့် အ​လုပ်​သ​မား​များ​ပါ​ဝင်​သည့်​ဣ​သ​ရေ​လ အ​မျိုး​သား​များ​နှင့်​အ​တူ အာ​တ​ဇေ​ရဇ် မင်း​နန်း​စံ​ခု​နစ်​နှစ်​မြောက်​၌ ဗာ​ဗု​လုန်​မြို့ မှ​ယေ​ရု​ရှ​လင်​မြို့​သို့​လိုက်​လာ​ခဲ့​၏။- \v 8-9 ထို​သူ​တို့​သည်​ပ​ထ​မ​လ၊ တစ်​ရက်​နေ့​၌ ဗာ​ဗု​လုန်​မြို့​မှ​ထွက်​ခွာ​လာ​ကြ​ရာ ထာ​ဝ​ရ ဘု​ရား​ကူ​မ​တော်​မူ​ခြင်း​ကြောင့်​ပဉ္စမ​လ၊ တစ်​ရက်​နေ့​၌​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက် ရှိ​ကြ​လေ​သည်။- \v 10 ဧ​ဇ​ရ​သည်​တစ်​သက်​ပတ်​လုံး ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​ကျမ်း​ကို​လေ့​လာ​ဆည်း ပူး​လိုက်​နာ​ကျင့်​သုံး​ကာ ထို​ကျမ်း​တွင်​ပါ ရှိ​သည့်​ပ​ညတ်​များ​နှင့်​စည်း​မျဉ်း​များ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သင် ကြား​ပို့​ချ​ပေး​၏။ \s1 ဧ​ဇ​ရ​အား​အာ​တ​ဇေ​ရဇ်​မင်း​ပေး​အပ်​သည့် အ​မိန့်​တော်​စာ \p \v 11 အာ​တ​ဇေ​ရဇ်​မင်း​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​တော် မူ​သည့်​တ​ရား​တော်​များ​နှင့် ပ​ညတ်​တော်​တို့ ကို​ကြေ​ညက်​စွာ​တတ်​မြောက်​သော​ယဇ်​ပု​ရော ဟိတ်​ဧ​ဇ​ရ​အား အ​မိန့်​တော်​စာ​ကို​ပေး​တော် မူ​၏။ ထို​စာ​တွင်၊ \pi1 \v 12 ``ဧ​က​ရာဇ်​မင်း​အာ​တ​ဇေ​ရဇ်\f 8 \fr 7:12 \ft * \+fk အာ​တ​ဇေ​ရဇ်။ \ft ၇:၁၂-၂၆ ကို​အာ​ရ​မိ​ဘာ​သာ​ဖြင့်​ရေး​သား ထား​သည် (၄:၇ကို​ကြည့်​ပါ။)\f* ထံ​မှ​ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​၏ ပ​ညတ်​ကျမ်း​တတ်​မြောက်​သော​ယဇ်​ပု​ရော ဟိတ်​ဧ​ဇ​ရ​ထံ​သို့၊ \pi1 \v 13 ``ငါ​၏​အင်​ပါ​ယာ​နိုင်​ငံ​တော်​တစ်​လျှောက်​လုံး တွင်​ရှိ​သည့် ဣ​သ​ရေ​လ​အ​မျိုး​သား​များ၊ ယဇ် ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ သည်​ယေ​ရု​ရှ​လင်​မြို့​သို့ သင်​နှင့်​အ​တူ​သွား လို​ပါ​က​သွား​ခွင့်​ပြု​သည်။ ဤ​ကား​ငါ​၏ အ​မိန့်​တော်​ဖြစ်​သည်။- \v 14 ငါ​ဘု​ရင်​မင်း​မြတ်​နှင့်​ငါ​၏​အ​တိုင်​ပင်​ခံ​အ မတ်​ခု​နစ်​ဦး​တို့​သည် သင့်​အား​ယေ​ရု​ရှ​လင် မြို့​နှင့်​ယု​ဒ​ပြည်​အ​ခြေ​အ​နေ​ကို​စုံ​စမ်း​ရန် စေ​လွှတ်​သည်။ သင်​သည်​သင့်​အား​ပေး​အပ်​ထား တော်​မူ​သည့် သင့်​ဘု​ရား​သ​ခင်​၏​တ​ရား တော်​ကို​လူ​တို့​အ​ဘယ်​မျှ​လိုက်​နာ​ကျင့် သုံး​ကြ​သည်​ကို​စုံ​စမ်း​လော့။- \v 15 သင်​သည်​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​တွင်​စံ တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​အား ငါ​နှင့်​ငါ​၏​အ​တိုင်​ပင်​ခံ အ​မတ်​များ​လှူ​ဒါန်း​သည့်​ရွှေ​နှင့်​ငွေ​ကို​ယူ ဆောင်​သွား​လော့။- \v 16 ထို့​အ​ပြင်​သင်​သည်​ဗာ​ဗု​လုန်​ပြည်​နယ်​တစ် ခု​လုံး​မှ​ကောက်​ခံ​ရ​သ​မျှ​ရွှေ​ငွေ​ကို​လည်း ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့်​ယဇ် ပု​ရော​ဟိတ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​စံ တော်​မူ​သည့် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​အား ပေး​လှူ​သည့်​ပူ​ဇော်​သ​ကာ​များ​ကို​လည်း ကောင်း​ယူ​ဆောင်​သွား​လော့။ \pi1 \v 17 ``သင်​သည်​ဤ​ငွေ​ကို​သ​တိ​နှင့်​သုံး​စွဲ​၍ နွား၊ သိုး​ထီး၊ သိုး​သား​ငယ်၊ ဂျုံ​စ​ပါး​နှင့်​စ​ပျစ် ရည်​တို့​ကို​ဝယ်​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့ ဗိ​မာန်​တော်​ယဇ်​ပလ္လင်​တွင်​တင်​လှူ​ပူ​ဇော် လော့။- \v 18 ကြွင်း​ကျန်​သည့်​ရွှေ​ငွေ​ကို သင်​နှင့်​သင်​၏​အ​မျိုး သား​များ​ဆန္ဒ​ရှိ​သည့်​အ​တိုင်း သင်​တို့​ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ​သုံး​စွဲ​နိုင် သည်။- \v 19 ဗိ​မာန်​တော်​ဝတ်​ပြု​ကိုး​ကွယ်​မှု​တွင်​အ​သုံး ပြု​ရန် သင့်​အား​ပေး​အပ်​လိုက်​သည့်​အ​သုံး အ​ဆောင်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​တွင်​စံ​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​လော့။- \v 20 ထို့​ပြင်​ဗိ​မာန်​တော်​အ​တွက်​လို​သေး​သော အ​ရာ​များ​ကို ဘဏ္ဍာ​တော်​တိုက်​မှ​ငွေ​ကို ထုတ်​၍​ဝယ်​နိုင်​သည်။ \pi1 \v 21 ``ငါ​အာ​တ​ဇေ​ရဇ်​မင်း​သည်​ကောင်း​ကင်​ဘုံ ရှင် ဘု​ရား​သ​ခင်​၏​ပ​ညတ်​ကျမ်း​တတ်​မြောက် သော​ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ တောင်း​သ​မျှ သော​အ​ရာ​တို့​ကို​အ​လျင်​အ​မြန်​ထုတ် ပေး​ကြ​ရန် ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက် ဘက်​ပြည်​နယ်​ရှိ​ငွေ​တိုက်​စိုး​အ​ပေါင်း တို့​အား​အ​မိန့်​တော်​ရှိ​သည်။- \v 22 သင်​တို့​သည်​ငွေ​ပေါင်​ခု​နစ်​ထောင့်​ငါး​ရာ၊ ဂျုံ ဆန်​တင်း​ငါး​ရာ၊ စ​ပျစ်​ရည်​ဂါ​လံ​ငါး​ရာ့ ငါး​ဆယ်၊ သံ​လွင်​ဆီ​ဂါ​လံ​ငါး​ရာ့​ငါး ဆယ်​အ​ထိ​လို​သ​မျှ​ဆား​ကို​ထုတ်​ပေး ကြ​စေ။- \v 23 ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရင်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏​ဗိ​မာန်​တော်​အ​တွက်​လို​အပ်​သည့် အ​ရာ​ဟူ​သ​မျှ​ကို​ပေး​ရန် သင်​တို့​သ​တိ ပြု​ကြ​ရ​မည်။ သို့​မှ​သာ​လျှင်​ကိုယ်​တော် သည် ငါ​နှင့်​ငါ​၏​နောက်​တွင်​အုပ်​စိုး​မည့် ဘု​ရင်​များ​အား​အ​မျက်​ထွက်​တော်​မ​မူ ဘဲ​နေ​လိမ့်​မည်။- \v 24 သင်​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ အ​နွယ်​ဝင်​များ၊ ဂီ​တ​ပ​ညာ​သည်​များ၊ အ​စောင့် တပ်​သား​များ​နှင့်​အ​လုပ်​သ​မား​များ​ထံ​မှ သော်​လည်း​ကောင်း၊ ဗိ​မာန်​တော်​နှင့်​သက်​ဆိုင် သည့်​အ​ခြား​သူ​များ​ထံ​မှ​သော်​လည်း​ကောင်း အ​ဘယ်​အ​ခွန်​တော်​ကို​မျှ​မ​ကောက်​မ​ခံ ကြ​ရ။ \pi1 \v 25 ``သင်​ဧ​ဇ​ရ​သည်​သင့်​အား​ဘု​ရား​သ​ခင်​ပေး အပ်​တော်​မူ​သည့်​ပ​ညာ​ဉာဏ်​ကို​အ​သုံး​ပြု လျက် ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည် နယ်​တွင် သင့်​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို လိုက်​နာ​ကျင့်​သုံး​ကြ​သူ​လူ​အ​ပေါင်း​တို့​အား အုပ်​စိုး​ရန်​အ​တွက်​အုပ်​ချုပ်​ရေး​မှူး​များ​နှင့် တ​ရား​သူ​ကြီး​များ​ကို​ခန့်​ထား​လော့။ ထို တ​ရား​တော်​ကို​မ​သိ​သူ​ကို​သင်​သည်​သင် ကြား​ပို့​ချ​ပေး​လော့။- \v 26 အ​ကယ်​၍​သင့်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော် များ​ကို​ဖြစ်​စေ၊ အင်​ပါ​ယာ​နိုင်​ငံ​တော်​၏ တ​ရား​ဥ​ပ​ဒေ​များ​ကို​ဖြစ်​စေ​ချိုး​ဖောက် သူ​အား​သေ​ဒဏ်၊ ပြည်​နှင်​ဒဏ်၊ ထို​သူ​ပိုင်​ပစ္စည်း များ​ကို​သိမ်း​ယူ​ခြင်း​ဒဏ်၊ သို့​မ​ဟုတ်​ထောင် ဒဏ်​အ​လျင်​အ​မြန်​ခံ​စေ'' ဟူ​၍​ဖော်​ပြ ပါ​ရှိ​၏။ \s1 ဘု​ရား​သ​ခင်​အား​ဧ​ဇ​ရ​ထော​မ​နာ​ပြု​ခြင်း \p \v 27 ဧ​ဇ​ရ​က``ငါ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု ကြ​လော့။ ကိုယ်​တော်​သည်​မင်း​ကြီး​အား ယေ​ရု ရှ​လင်​မြို့​ရှိ​ထာ​ဝ​ရ​ဘု​ရား​ဗိ​မာန်​တော်​ကို ဤ​သို့​ဂုဏ်​ပြု​စိတ်​ကို​ပေး​တော်​မူ​ပါ​တ​ကား။- \v 28 ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့်​ငါ​သည် မင်း​ကြီး​နှင့်​တ​ကွ သူ​၏​အ​တိုင်​ပင်​ခံ​အ​မတ် များ၊ တန်​ခိုး​ကြီး​သည့်​အ​ရာ​ရှိ​များ​၏​ရှေ့ တွင်​မျက်​နှာ​သာ​ရ​စေ​တော်​မူ​သည်။ ဘု​ရား​သ​ခင်​သည်​ငါ့​အား​ရဲ​စွမ်း​သတ္တိ​ကို​ပေး​တော် မူ​၍ ငါ​သည်​ဣ​သ​ရေ​လ​သား​ချင်း​စု​ခေါင်း ဆောင်​အ​မြောက်​အ​မြား​ကို ငါ​နှင့်​အ​တူ လိုက်​ကြ​ရန်​စု​ရုံး​နိုင်​လေ​ပြီ'' ဟု​ဆို​၏။ \c 8 \p \v 1 အာ​တ​ဇေ​ရဇ်​ဧ​က​ရာဇ်​မင်း​လက်​ထက်​၌​ဗာ​ဗု လုန်​မြို့​တွင် ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​လာ​ကြ​သော သား​ချင်း​စု​ခေါင်း​ဆောင် များ​၏​အ​မည်​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။ \q1 \v 2-14 ဖိ​န​ဟတ်​သား​ချင်း​စု​မှ​ဂေ​ရ​ရှုံ​ဣ​သ​မာ သား​ချင်း​စု​မှ​ဒံ​ယေ​လ \q1 ဒါ​ဝိဒ်​သား​ချင်း​စု​မှ​ရှေ​ခ​နိတ်​သား​ဟတ္တုတ် \q1 ဖာ​ရုတ်​၏​သား​ချင်း​စု​မှ​ဇာ​ခ​ရိ​နှင့်​သူ​၏ အ​နွယ်​ဝင်​ယောကျာ်း ၁၅၀ (သူ​တို့​အိမ်​ထောင်​စု မှတ်​တမ်း​များ​ရှိ​သည်။) \q1 ပါ​ဟတ်​မော​ဘ​သား​ချင်း​စု​မှ​ဇေ​ရာ​ယ ၏​သား ဧ​လျော​နဲ​နှင့်​ယောကျာ်း ၂၀၀ \q1 ဇတ္တု​သား​ချင်း​စု​မှ​ယ​ဟာ​ဇေ​လ​၏​သား ရှေ​ခ​နိ​နှင့်​ယောကျာ်း ၃၀၀ \q1 အာ​ဒိန်​သား​ချင်း​စု​မှ​ယော​န​သန်​၏​သား ဧ​ဗက်​နှင့်​ယောကျာ်း ၅၀ \q1 ဧ​လံ​သား​ချင်း​စု​မှ​အာ​သ​လိ​၏​သား ယေ​ရှာ​ယ​နှင့်​ယောကျာ်း ၇၀ \q1 ရှေ​ဖ​တိ​သား​ချင်း​စု​မှ​မိက္ခေ​လ​၏​သား ဇေ​ဗ​ဒိ​နှင့်​ယောကျာ်း ၈၀ \q1 ယွာ​ဘ​သား​ချင်း​စု​မှ​ယေ​ဟေ​လ​၏​သား သြ​ဗ​ဒိ​နှင့်​ယောကျာ်း ၂၁၈ \q1 ဗာ​နိ​သား​ချင်း​စု​မှ​ယော​သိ​ဖိ​၏​သား ရှေ​လော​မိတ်​နှင့်​ယောကျာ်း ၁၆၀ \q1 ဗေ​ဗဲ​သား​ချင်း​စု​မှ​ဗေ​ဗဲ​၏​သား ဇာ​ခ​ရိ​နှင့်​ယောကျာ်း ၂၈ \q1 အာ​ဇ​ဂဒ်​သား​ချင်း​စု​မှ​ဟက္က​တန်​၏​သား ယော​ဟ​နန်​နှင့်​ယောကျာ်း ၁၁၀ \q1 အ​ဒေါ​နိ​ကံ​သား​ချင်း​စု​မှ​ဧ​လိ​ဖ​လက်၊ ယေ​ယေ​လ၊ ရှေ​မာ​ယ​နှင့်​ယောကျာ်း ၆၀ \q1 (သူ​တို့​သည်​နောက်​မှ​လိုက်​လာ​ကြ​သူ​များ ဖြစ်​၏။) \q1 ဗိ​ဂ​ဝဲ​သား​ချင်း​စု​မှ​ဥ​သဲ၊ဇဗ္ဗုဒ်​နှင့်​ယောကျာ်း ၇၀ \s1 ဗိ​မာန်​တော်​အ​တွက်​လေ​ဝိ​အ​နွယ်​ဝင်​များ​ကို ဧ​ဇ​ရ​ရှာ​တွေ့​ခြင်း \p \v 15 ငါ​သည်​ထို​သူ​အ​ပေါင်း​တို့​ကို​အ​ဟာ​ဝ​မြို့ သို့​စီး​သော​တူး​မြောင်း​အ​နီး​တွင်​စု​ဝေး​စေ​၍ ထို​အ​ရပ်​တွင်​ငါ​တို့​သုံး​ရက်​မျှ​စ​ခန်း​ချ ကြ​၏။ ထို​လူ​စု​တွင်​ယဇ်​ပု​ရော​ဟိတ်​များ ပါ​ရှိ​သော်​လည်း လေ​ဝိ​အ​နွယ်​ဝင်​များ​ကို မ​တွေ့​သ​ဖြင့်၊- \v 16 ငါ​သည်​ခေါင်း​ဆောင်​ကိုး​ဦး​ဖြစ်​ကြ​သော ဧ​လျေ​ဇာ၊ အ​ရေ​လ၊ ရှေ​မာ​ယ၊ နာ​သန်၊ ယာ​ရိမ်၊ ဧ​လ​နာ​သန်၊ ဇာ​ခ​ရိ​နှင့်​မေ​ရှု​လံ​တို့​ကို​လည်း ကောင်း၊ ပ​ညာ​ရှိ​နှစ်​ဦး​ဖြစ်​ကြ​သော​ယွာ​ရိပ် နှင့် ဧ​လ​နာ​သန်​တို့​ကို​လည်း​ကောင်း​ခေါ်​ပြီး လျှင်၊- \v 17 က​သိ​ဖိ​မြို့​သူ​ကြီး​ဣ​ဒေါ​ထံ​သို့​စေ​လွှတ်​၍ ဣ​ဒေါ​နှင့်​သူ​၏​အ​ပေါင်း​အ​ဖော်​ဗိ​မာန်​တော် အ​လုပ်​သ​မား​များ​အား``ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​တွင် အ​မှု​တော်​ဆောင်​ရန်​လူ​များ ကို​ငါ​တို့​ထံ​သို့​စေ​လွှတ်​ပေး​ပါ'' ဟု​ပြော ကြား​စေ​၏။- \v 18 ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကြောင့် မ​ဟာ​လိ​သား​ချင်း​စု​မှ​လေ​ဝိ​အ​နွယ် ဝင်၊ အ​ရည်​အ​ချင်း​ကောင်း​မွန်​သူ​ရှေ​ရ​ဘိ​ကို ငါ​တို့​ထံ​သို့​စေ​လွှတ်​လေ​သည်။ သူ​၏​သား​နှင့် ညီ​အစ်​ကို​တစ်​ဆယ့်​ရှစ်​ယောက်​တို့​သည်​လည်း အ​တူ​လိုက်​ပါ​လာ​ကြ​၏။- \v 19 ဣ​ဒေါ​နှင့်​သူ​၏​အ​ပေါင်း​အ​ဖော်​တို့​သည် မေ ရာ​ရိ​သား​ချင်း​စု​ဟာ​ရှ​ဘိ​နှင့်​ယေ​ရှာ​ယ တို့​ကို​လည်း​ကောင်း သူ​တို့​ဆွေ​မျိုး​သား​ချင်း နှစ်​ဆယ်​နှင့်​အ​တူ​စေ​လွှတ်​၏။- \v 20 ထို့​ပြင်​လေ​ဝိ​အ​နွယ်​ဝင်​များ​ကို​ကူ​ညီ​ရန် ဒါ​ဝိဒ်​မင်း​နှင့်​မှူး​မတ်​တော်​များ​စီ​မံ​ခဲ့​သည့် ဗိ​မာန်​တော်​အ​လုပ်​သ​မား​နှစ်​ရာ့​နှစ်​ဆယ် တို့​လည်း​ပါ​လာ​လေ​သည်။ သူ​တို့​အား​လုံး ၏​နာ​မည်​များ​ကို​စာ​ရင်း​သွင်း​ထား​သ​တည်း။ \s1 အ​စာ​ရှောင်​မှု​နှင့်​ဆု​တောင်း​ပတ္ထ​နာ​ပြု​မှု​တွင် ပြည်​သူ​တို့​အား​ဧ​ဇ​ရ​ခေါင်း​ဆောင်​ခြင်း \p \v 21 ဘု​ရား​သ​ခင်​သည်​ငါ​တို့​ခ​ရီး​ပြု​ရာ​တွင် ရှေ့​ဆောင်​လမ်း​ပြ​တော်​မူ​၍​ငါ​တို့​နှင့်​တ​ကွ သား​သ​မီး​များ​နှင့်​ပစ္စည်း​ဥစ္စာ​များ​ကို​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​စိမ့်​သော​ငှာ ငါ​တို့​ရှိ​သ​မျှ သည်​ကိုယ်​တော်​၏​ရှေ့​တော်​၌​စိတ်​နှ​လုံး​နှိမ့်​ချ လျက် အ​စာ​ရှောင်​ကြ​ရန်​ထို​အ​ဟာ​ဝ​တူး မြောင်း​အ​နီး​တွင် ငါ​အ​မိန့်​ထုတ်​ပြန်​ခဲ့​၏။- \v 22 ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​အား ယုံ​ကြည်​ကိုး​စား​ကြ​သူ​အ​ပေါင်း​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​၍ ကိုယ်​တော်​အား ကျော​ခိုင်း​ကြ​သူ​တို့​ကို​မူ​နှစ်​သက်​တော် မ​မူ​ဘဲ အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​တတ်​ကြောင်း မင်း​ကြီး​အား​လျှောက်​ထား​ခဲ့​၏။ သို့​ဖြစ်​၍ ငါ​သည်​ခ​ရီး​လမ်း​တွင် ရန်​သူ​များ​၏​ဘေး မှ​ကာ​ကွယ်​စောင့်​ရှောက်​ရန်​အ​တွက် သူ​၏ ထံ​မှ​မြင်း​တပ်​အ​ကူ​အ​ညီ​ကို​တောင်း​ခံ ရ​မည်​မှာ​ရှက်​စ​ရာ​ပင်​ဖြစ်​ပေ​သည်။- \v 23 ထို့​ကြောင့်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကာ​ကွယ် စောင့်​ရှောက်​မှု​ကို​ခံ​ယူ​ရ​ရှိ​ကြ​စေ​ရန် အ​စာ ရှောင်​လျက်​အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​ရ​၏။ ကိုယ်​တော်​သည်​ငါ​တို့​၏​ဆု တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၏။ \s1 ဗိ​မာန်​တော်​အ​တွက်​လှူ​ဖွယ်​ပစ္စည်း​များ \p \v 24 ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ အ​နက် ရှေ​ရ​ဘိ၊ ဟာ​ရှ​ဘိ​နှင့်​အ​ခြား​ဆယ် ဦး​တို့​ကို​ရွေး​ချယ်​ပြီး​လျှင်၊- \v 25 ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန်​မင်း​ကြီး​နှင့် သူ​၏​အ​တိုင်​ပင်​ခံ​အ​မတ်​များ၊ အ​ရာ​ရှိ များ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပေး လှူ​ကြ​သော​ရွှေ​ငွေ​နှင့်​အ​သုံး​အ​ဆောင် များ​ကို​ချိန်​တွယ်​၍ ထို​ယဇ်​ပု​ရော​ဟိတ်​တို့ အား​ပေး​အပ်​လိုက်​၏။- \v 26-27 ငါ​ပေး​အပ်​သည့်​ပစ္စည်း​များ​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​သည်။ \q1 ငွေ ၂၅ တန်၊ \q1 ငွေ​အ​သုံး​အ​ဆောင် ၁၀၀ \q1 ငွေ​သား​ပေါင် ၁၅၀ \q1 ရွှေ​ပေါင် ၇၅၀၀ \q1 ရွှေ​ဖ​လား၂၀ ခွက် \q1 ရွှေ​ချိန် ၂၇၀ အောင်​စ။ \q1 ရွှေ​ဖ​လား​နှင့်​တန်​ဖိုး​ညီ​မျှ​သည့်​ကြေး​ဝါ​စစ် ဖ​လား ၂ လုံး \p \v 28 ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​အား``သင်​တို့​သည် ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​ဖို့ သီး​သန့်​သူ​များ​ဖြစ်​ကြ​သ​ကဲ့​သို့ ကိုယ် တော်​အား​စေ​တ​နာ​အ​လျောက် ပေး​လှူ​သော ရွှေ​ငွေ​အ​သုံး​အ​ဆောင်​များ​သည်​လည်း သီး သန့်​သော​ဝတ္ထု​ပစ္စည်း​ဖြစ်​သည်။- \v 29 သင်​တို့​သည်​ဗိ​မာန်​တော်​သို့​မ​ရောက်​မ​ချင်း ထို​ပစ္စည်း​များ​ကို​စောင့်​ထိန်း​လျက် ဗိ​မာန်​တော် ရှိ​ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ခန်း​များ​တွင် ချိန်​တွယ်​၍ ယဇ်​ပု​ရော​ဟိတ်​ခေါင်း​ဆောင်​များ၊ လေ​ဝိ​အနွယ်​ဝင်​ခေါင်း​ဆောင်​များ၊ ယေ​ရု​ရှ​လင် မြို့​ရှိ​ဣ​သ​ရေ​လ​ပြည်​သူ​တို့​၏​ခေါင်း​ဆောင် များ​လက်​သို့​ပေး​အပ်​ကြ​လော့'' ဟု​မှာ ထား​၏။- \v 30 သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် လေ​ဝိ အ​နွယ်​ဝင်​များ​သည်​ရွှေ​ငွေ​နှင့်​အ​သုံး အ​ဆောင်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော် သို့​ပို့​ဆောင်​ရန်​တာ​ဝန်​ယူ​ကြ​လေ​သည်။ \s1 ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ​လာ​ခြင်း \p \v 31 ပ​ထ​မ​လ​တစ်​ဆယ့်​နှစ်​ရက်​နေ့​၌ ငါ​တို့​သည် အ​ဟာ​ဝ​တူး​မြောင်း​မှ ယေ​ရု​ရှ​လင်​မြို့​သို့ ထွက်​ခွာ​လာ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၍ ငါ​တို့​အား ရန်​သူ့​ဘေး​မှ​လည်း​ကောင်း၊ ခြုံ​ခို​တိုက်​ခိုက် မှု​မှ​လည်း​ကောင်း​ကာ​ကွယ်​စောင့်​ရှောက် တော်​မူ​၏။- \v 32 ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​သော​အ​ခါ​ငါ​တို့ သည် သုံး​ရက်​တိုင်​တိုင်​နား​နေ​ကြ​၏။- \v 33 ထို​နောက်​စ​တုတ္ထ​နေ့​၌​ဗိ​မာန်​တော်​သို့​သွား​၍ ရွှေ​ငွေ​နှင့်​အ​သုံး​အ​ဆောင်​များ​ကို​ချိန်​တွယ် ကာ ဥ​ရိ​ယ​၏​သား​ယဇ်​ပု​ရော​ဟိတ်​မေ​ရ​မုတ် လက်​သို့​ပေး​အပ်​ကြ​၏။ သူ​နှင့်​အ​တူ​ဖိ​န​ဟတ် ၏​သား ဧ​လာ​ဇာ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​နှစ်​ဦး ဖြစ်​ကြ​သော ယော​ရှု​၏​သား​ယော​ဇ​ဗဒ်​နှင့် ဗိ​နွိ​၏​သား​နော​ဒိ​တို့​လည်း​ရှိ​ကြ​၏။- \v 34 ငါ​တို့​သည်​ပစ္စည်း​ရှိ​သ​မျှ​ကို​ရေ​တွက်​ချိန် တွယ်​ကြ​၏။ တစ်​ချိန်​တည်း​မှာ​ပင်​စာ​ရင်း​မှတ် ယူ​ကြ​၏။ \p \v 35 ထို​နောက်​ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​အား​မီး​ရှို့​ဆက်​သ​ရန် ပူ​ဇော် သကာ​များ​ကို​ယူ​လာ​ကြ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​အ​တွက် နွား​တစ်​ဆယ့် နှစ်​ကောင်၊ သိုး​ထီး​ကိုး​ဆယ့်​ခြောက်​ကောင်၊ သိုး သား​ငယ်​ခု​နစ်​ဆယ့်​ခု​နစ်​ကောင်​ကို​ပူ​ဇော် ကြ​၏။ ဆိတ်​တစ်​ဆယ့်​နှစ်​ကောင်​ကို​လည်း အ​ပြစ် ဖြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ကြ​၏။ ဤ​တိ​ရစ္ဆာန် အား​လုံး​ကို​ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ သကာ​အ​ဖြစ်​ပူ​ဇော်​ကြ​လေ​သည်။- \v 36 လူ​တို့​သည်​မိ​မိ​တို့​အား​မင်း​ကြီး​ပေး​အပ် လိုက်​သည့်​အ​မိန့်​တော်​စာ​ကို ဥ​ဖ​ရတ်​မြစ်​ကြီး အ​နောက်​ဘက်​ပြည်​နယ် ဘု​ရင်​ခံ​များ​နှင့် အ​ရာ​ရှိ​များ​အား​ပေး​အပ်​ကြ​သော​အ​ခါ သူ​တို့​သည်​ပြည်​သူ​များ​နှင့်​ဗိ​မာန်​တော် ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို​အား​ပေး​ကူ​ညီ​ကြ ကုန်​၏။ \c 9 \s1 လူ​မျိုး​ခြား​နှင့်​ယု​ဒ​အ​မျိုး​သား​တို့ အိမ်​ထောင်​ပြု​ကြ​ကြောင်း​ဧ​ဇ​ရ​ကြား​သိ​ရ​ခြင်း \p \v 1 ဤ​အ​မှု​ကိစ္စ​အ​ပေါင်း​ကို​ဆောင်​ရွက်​၍​ပြီး​သော အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ချို့ တို့​သည် ငါ့​ထံ​သို့​လာ​၍``ပြည်​သူ​များ၊ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​သည် မိ​မိ တို့​ပတ်​ဝန်း​ကျင်​တွင် ရှိ​သည့်​အမ္မုန်​ပြည်၊ မော​ဘ ပြည်၊ အီ​ဂျစ်​ပြည်​တို့​မှ​လူ​များ​နှင့်​လည်း​ကောင်း၊ ခါ​နာ​နိ၊ ဟိတ္တိ​အ​မျိုး​သား​များ၊ ဖေ​ရ​ဇိ​အ​မျိုး သား၊ ယေ​ဗု​သိ​အ​မျိုး​သား​များ၊ အာ​မော​ရိ အ​မျိုး​သား​များ​နှင့်​လည်း​ကောင်း ကင်း​ရှင်း စွာ​မ​နေ​ကြ။ သူ​တို့​သည်​ထို​သူ​တို့​ပြု​ကျင့် သည့် စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း​သော​အ​မှု တို့​ကို​ပြု​ကျင့်​ကြ​ပါ​၏။- \v 2 ယု​ဒ​အ​မျိုး​သား​တို့​သည်​လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​နှင့်​အိမ်​ထောင်​ပြု​ကြ​သည်​ဖြစ်​၍ ဘု​ရား​သ​ခင်​၏​သီး​သန့်​လူ​မျိုး​တော်​သည် ညစ်​ညမ်း​လေ​ပြီ။ ဤ​အ​ပြစ်​ကို​ကူး​လွန်​ရာ တွင်​ခေါင်း​ဆောင်​များ​နှင့်​အ​ရာ​ရှိ​များ​သည် အ​ဆိုး​ဆုံး​ဖြစ်​ပါ​သည်'' ဟု​ပြော​ကြား​ကြ​၏။- \v 3 ထို​စ​ကား​ကို​ကြား​သော​အ​ခါ​ငါ​သည် အ​ဝတ်​များ​ကို​ဆုတ်​ပြီး​နောက် ဆံ​ပင်​နှင့် မုတ်​ဆိတ်​ကို​ဆွဲ​နုတ်​ကာ​ဝမ်း​နည်း​လျက် ထိုင်​နေ​၏။- \v 4 ညဥ့်​ဦး​ယဇ်​ပူ​ဇော်​ချိန်​ကျ​ရောက်​၍​လူ​တို့​သည် ငါ​၏​အ​နီး​တွင်​လာ​ရောက်​စု​ရုံး​ကြ​သည့်​တိုင် အောင် ငါ​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သော​စိတ်​နှင့် ထို​အ​ရပ်​တွင်​ထိုင်​လျက်​နေ​၏။ ထို​သူ​တို့​သည် ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ​တို့​၏ အ​ပြစ်​များ​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် မိန့်​တော်​မူ​သော​စ​ကား​ကြောင့် ကြောက်​လန့် နေ​ကြ​သူ​များ​ဖြစ်​သ​တည်း။ \p \v 5 ညဥ့်​ဦး​ယဇ်​ပူ​ဇော်​ချိန်​ရောက်​သော​အ​ခါ ငါ သည်​ညည်း​တွား​မြည်​တမ်း​လျက် ထိုင်​၍​နေ​ရာ မှ​ထ​ပြီး​လျှင် စုတ်​နေ​သော​အ​ဝတ်​များ​နှင့်​ပင် ဒူး​ထောက်​လျက် ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ထံ​တော်​သို့​လက်​အုပ်​ချီ​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​၏။- \v 6 ငါ​က``အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော် ၏​ရှေ့​တော်​၌ ခေါင်း​မ​မော်​ဝံ့​အောင်​ပင်​ရှက်​ပါ​၏။ အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ​သည် အ​ကျွန်ုပ်​တို့ ဦး​ခေါင်း​ကို​လွှမ်း​မိုး​သည့်​တိုင်​အောင်​များ​ပြား ပါ​၏။ ထို​အ​ပြစ်​များ​သည် မိုး​ကောင်း​ကင် အ​ထိ​မြင့်​မား​ကြီး​လေး​ပါ​၏။- \v 7 ဘိုး​ဘေး​များ​လက်​ထက်​မှ​အ​စ​ပြု​၍​ယ​နေ့ တိုင်​အောင်​ပင် ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ကျွန်ုပ် တို့​သည် လွန်​စွာ​အ​ပြစ်​ကူး​ခဲ့​ကြ​ပါ​၏။ ထို အ​ပြစ်​များ​ကြောင့်​အ​ကျွန်ုပ်​တို့​၏​ဘု​ရင်​များ နှင့်​ယဇ်​ပု​ရော​ဟိတ်​တို့​သည် လူ​မျိုး​ခြား​ဘု​ရင် များ​၏​လက်​သို့​အပ်​နှင်း​ခြင်း၊ ဋ္ဌား​ဘေး​သင့်​ခြင်း၊ လု​ယက်​ခြင်း၊ သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး​သွား​ခြင်း၊ ယ​ခု​အ​ခါ​၌​ကဲ့​သို့​လုံး​ဝ​အ​သ​ရေ​ပျက် ခြင်း​တို့​ကို​ခံ​ရ​ကြ​ပါ​၏။- \v 8 အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​က​ရု​ဏာ​ထား တော်​မူ​သ​ဖြင့် လူ​မျိုး​ခြား​တို့​၏​လက်​မှ​လွတ် မြောက်​စေ​၍ ယ​ခု​အ​ခါ​သန့်​ရှင်း​မြင့်​မြတ်​သည့် ဌာ​န​တော်​တွင် ကာ​လ​အ​နည်း​ငယ်​မျှ​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​ပါ ပြီ။ ကိုယ်​တော်​သည်​ကျွန်ုပ်​တို့​အား ကျွန်​ဘ​ဝ​မှ လွတ်​မြောက်​စေ​၍​ဘ​ဝ​သစ်​ကို​ပေး​တော်​မူ ပါ​ပြီ။- \v 9 အ​ကျွန်ုပ်​တို့​သည်​ကျွန်​ခံ​လျက်​နေ​ကြ​ရ သော်​လည်း ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​တို့ ကို​စွန့်​ပစ်​တော်​မ​မူ​ပါ။ ကိုယ်​တော်​သည်​ပေ​ရ​သိ ဘု​ရင်​တို့​ရှေ့​တွင် အ​ကျွန်ုပ်​တို့​ကို​မျက်​နှာ​သာ ရ​စေ​တော်​မူ​၍ အ​သက်​ရှင်​ခွင့်​နှင့်​ပျက်​စီး ယို​ယွင်း​နေ​သည့်​ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​ခွင့်​နှင့် ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​တို့​တွင် ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​ခွင့်​ကို ပေး​စေ​တော်​မူ​ပါ​၏။ \p \v 10-12 ``သို့​ရာ​တွင် အို ဘု​ရား​သ​ခင်၊ ထို​သို့​ကျေး​ဇူး တော်​ကို​ခံ​စား​ရ​ပြီး​မှ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​လျှောက်​ထား​နိုင်​ကြ​ပါ​မည်​နည်း။ ကိုယ်​တော်​က`သင်​တို့​သိမ်း​ပိုက်​လတ္တံ့​သော​ပြည် သည်​ညစ်​ညမ်း​သည်။ ပြည်​သူ​ပြည်​သား​တို့​သည် ပြည်​တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင် စက်​ဆုတ် ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​အ​ကျင့်​ဆိုး​များ​ဖြင့် ပြည့်​နှက်​စေ​လေ​ပြီ။ သင်​တို့​သည်​ထို​ပြည် ထွက်​အ​သီး​အ​နှံ​များ​ကို​ဝ​စွာ​စား​သုံး​ကာ ထို​ပြည်​ကို​လည်း​မိ​မိ​တို့​သား​မြေး​များ လက်​သို့​ထာ​ဝ​စဉ်​အပ်​နှံ​လို​ကြ​ပါ​က ထို ပြည်​သူ​ပြည်​သား​တို့​နှင့်​အ​ဘယ်​အ​ခါ​၌ မျှ​ထိမ်း​မြား​စုံ​ဖက်​မှု​မ​ပြု​ကြ​နှင့်။ သူ​တို့ ၏​ကြီး​ပွား​တိုး​တက်​ရေး​အ​တွက်​အ​ဘယ် အ​ခါ​၌​မျှ အ​ကူ​အ​ညီ​မ​ပေး​ကြ​နှင့်' ဟု​ကိုယ်​တော်​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ အား​ဖြင့် ပေး​တော်​မူ​သော​အ​မိန့်​တော်​တို့​ကို အ​ကျွန်ုပ်​တို့​မ​နာ​ခံ​ကြ​ပါ။-\x + \xo 9:10-12 \xt ထွ၊ ၃၄:၁၁-၁၆။ တရား၊ ၇:၁-၅။\x* \v 13 အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​အ​ပြစ်​ဒု​စ​ရိုက် များ​အ​တွက် ဤ​မျှ​အ​ပြစ်​ဒဏ်​ခံ​ကြ​ရ​ပြီး သော်​လည်း၊ အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​ခံ​ထိုက်​သည် ထက်​ပင်​လျှော့​၍​အ​ပြစ်​ပေး​တော်​မူ​ကာ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​စေ​တော်​မူ​ပြီ။- \v 14 အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော် တို့​ကို​တစ်​ဖန်​လျစ်​လူ​ရှု​လျက် ဤ​ယုတ်​မာ​သူ များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​ကြ​လျှင် ကိုယ်​တော် သည်​အ​ကျွန်ုပ်​တို့​အား​အ​မျက်​ပြင်း​စွာ​ထွက် တော်​မူ​သ​ဖြင့် တစ်​ယောက်​မျှ​မ​ကျန်​အောင် သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ​မည်​မ​ဟုတ် ပါ​လော။- \v 15 အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဖြောင့်​မတ်​တော် မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ သို့​ရာ​တွင် ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အား​အ​သက်​ကို ချမ်း​သာ​ပေး​တော်​မူ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​သည် မိ​မိ​တို့​၏​အ​ပြစ်​ကို​ဖော်​ပြ​ဝန်​ခံ​ကြ​ပါ​၏။ ဤ​အ​ပြစ်​ကြောင့်​ရှေ့​တော်​မှောက်​သို့ ဝင်​ရောက် နိုင်​သူ​တစ်​ယောက်​မျှ​မ​ရှိ​ပါ'' ဟု​တောင်း လျှောက်​လေ​၏။ \c 10 \s1 လူ​မျိုး​ခြား​တို့​နှင့်​ထိမ်း​မြား​စုံ​ဖက်​မှု​ကို ရပ်​စဲ​ရန်​စီ​မံ​ခြင်း \p \v 1 ဧ​ဇ​ရ​သည်​ဗိ​မာန်​တော်​ရှေ့​တွင်​ခေါင်း​ငုံ့​လျက် ငို​ကြွေး​ကာ ဤ​အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ လျက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​နေ​စဉ် ဣ​သ​ရေ​လ အ​မျိုး​သား၊ အ​မျိုး​သ​မီး​နှင့်​က​လေး​ပါ ဝင်​သော​လူ​အုပ်​ကြီး​သည်​ငို​ကြွေး​လျက် သူ့​ထံ​စု​ရုံး​ကြ​ကုန်​၏။- \v 2 ထို​အ​ခါ​ဧ​လံ​သား​ချင်း​စု​မှ​ယေ​ဟေ​လ​၏ သား ရှေ​က​နိ​က​ဧ​ဇ​ရ​အား``အ​ကျွန်ုပ်​တို့​သည် လူ​မျိုး​ခြား​အ​မျိုး​သ​မီး​များ​နှင့်​ထိမ်း​မြား စုံ​ဖက်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​ကို​သစ္စာ ဖောက်​ကြ​ပါ​ပြီ။ သို့​သော်​လည်း​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက် မျှော်​လင့်​စ​ရာ​ရှိ ပါ​သေး​၏။- \v 3 ယ​ခု​အ​ကျွန်ုပ်​တို့​သည်​ထို​မိန်း​မ​များ​နှင့် သား​သ​မီး​များ​ကို​စွန့်​ကြ​ပါ​မည်​ဟု အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​အား​ကျိန်​ဆို​က​တိ​ပြု ရ​ကြ​မည်။ ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​များ ကို​ရို​သေ​လေး​စား​ကြ​သော​အ​ရှင်​နှင့် အ​ခြား သူ​များ​အ​ကြံ​ပေး​သည့်​အ​တိုင်း အ​ကျွန်ုပ် တို့​ပြု​ကြ​ပါ​မည်။ ဘု​ရား​သ​ခင်​၏​တ​ရား တော်​ပြ​ဋ္ဌာန်း​သည့်​အ​တိုင်း​ပြု​ပါ​မည်။- \v 4 ဤ​အ​မှု​ကို​အ​ရှင်​တာ​ဝန်​ယူ​ဆောင်​ရွက် တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​အား ဝိုင်း​ဝန်း​ကူ​ညီ​ကြ​ပါ​မည်။ သို့​ဖြစ်​၍​ရဲ​ရင့် စွာ​ဆောင်​ရွက်​တော်​မူ​ပါ'' ဟု​ပြော​၏။ \p \v 5 ထို့​ကြောင့်​ဧ​ဇ​ရ​သည်​ယဇ်​ပု​ရော​ဟိတ်​တို့ ၏​ခေါင်း​ဆောင်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​တို့​၏ ခေါင်း​ဆောင်​များ၊ ပြည်​သူ​တို့​၏​ခေါင်း​ဆောင် များ​အား​ရှေ​က​နိ​ပေး​သည့်​အ​ကြံ​အ​တိုင်း ဆောင်​ရွက်​ပါ​မည်​ဟူ​သော​သစ္စာ​က​တိ​ကို ပြု​စေ​၏။- \v 6 ထို​နောက်​သူ​သည်​ဗိ​မာန်​တော်​ရှေ့​မှ​ထ​သွား​၍ ဧ​လျာ​ရှိပ်​၏​သား​ယော​ဟ​နန်​၏​အ​ခန်း​သို့ သွား​ပြီး​လျှင် ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ သူ​တို့​သစ္စာ​မဲ့​မှု​ကြောင့်​တစ်​ညဥ့်​လုံး​မ​စား မ​သောက်​ဘဲ​ညဉ်း​တွား​မြည်​တမ်း​လျက်​နေ​၏။ \p \v 7-8 ထို​နောက်​ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ အ​ပေါင်း​တို့​သည် အုပ်​ချုပ်​ရေး​မှူး​များ​နှင့် ပြည်​သူ​ခေါင်း​ဆောင်​များ​၏​အ​မိန့်​အ​ရ ယေ​ရု​ရှ​လင်​မြို့​သို့​သုံး​ရက်​အ​တွင်း​လာ ရောက်​စု​ရုံး​ကြ​ရ​မည်​ဖြစ်​ကြောင်း၊ ယင်း သို့​လာ​ရောက်​ရန်​ပျက်​ကွက်​သူ​များ​သည် မိ​မိ​တို့​တွင်​ရှိ​သ​မျှ​သော​ဥစ္စာ​ပစ္စည်း​များ ကို​အ​သိမ်း​ခံ​ရ​ကာ ဣ​သ​ရေ​လ​အ​မျိုး သား​အ​သိုင်း​အ​ဝိုင်း​မှ​ထုတ်​ပယ်​ခြင်း ကို​ခံ​ကြ​ရ​မည်​ဖြစ်​ကြောင်း​ကို ယေ​ရု ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​တစ်​လျှောက်​လုံး ၌​ကြေ​ညာ​ကြ​၏။- \v 9 ယု​ဒ​နှင့်​ဗင်္ယာ​မိန်​နယ်​မြေ​များ​တွင်​နေ​ထိုင် သူ​ယောကျာ်း​အ​ပေါင်း​တို့​သည် သုံး​ရက်​အ​တွင်း န​ဝ​မ​လ​နှစ်​ဆယ်​ရက်​နေ့​၌ ယေ​ရု​ရှ​လင် မြို့​ဗိ​မာန်​တော်​ရှေ့​တံ​တိုင်း​သို့​လာ​ရောက် စု​ဝေး​ကြ​၏။ ထို​အ​ခါ​၌​မိုး​သည်း​ထန် စွာ​ရွာ​လျက်​နေ​၏။ လူ​အ​ပေါင်း​တို့​သည် ရာ​သီ​ဥ​တု​အ​ခြေ​အ​နေ​ကြောင့်​လည်း ကောင်း၊ အ​စည်း​အ​ဝေး​အ​ရေး​ကြီး​မှု ကြောင့်​လည်း​ကောင်း​တုန်​လှုပ်​လျက်​နေ ကြ​၏။ \p \v 10 ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​သည်​ထ​၍ ထို​သူ​တို့ အား​မိန့်​ခွန်း​မြွက်​ကြား​၏။ ဧ​ဇ​ရ​က``သင်​တို့ သည်​သစ္စာ​မဲ့​ကြ​လေ​ပြီ။ လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​ကာ ဣ​သ ရေ​လ​အ​မျိုး​အား​အ​ပြစ်​သင့်​စေ​ကြ လေ​ပြီ။- \v 11 သို့​ဖြစ်​၍​သင်​တို့​အ​ပြစ်​ကို သင်​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဖော်​ပြ​ဝန်​ခံ​ပြီး​လျှင် ကိုယ်​တော်​နှစ်​သက်​တော် မူ​သည့်​အ​မှု​ကို​ပြု​ကြ​လော့။ ငါ​တို့​ပြည် တွင်​သင်​တို့​နှင့်​အ​တူ နေ​ထိုင်​ကြ​သူ​လူ​မျိုး ခြား​တို့​နှင့်​လည်း​ကောင်း၊ သင်​တို့​၏​လူ​မျိုး ခြား​ဇ​နီး​များ​နှင့်​လည်း​ကောင်း​ခွဲ​ခွာ ကြ​လော့'' ဟု​ဆို​၏။ \p \v 12 လူ​တို့​က​လည်း``အ​ရှင်​အ​မိန့်​ရှိ​သည့်​အ​တိုင်း အ​ကျွန်ုပ်​တို့​ပြု​ပါ​မည်'' ဟု​ပြန်​လည်​ဟစ် အော်​ပြော​ဆို​ကြ​၏။- \v 13 သို့​ရာ​တွင်​သူ​တို့​က​ဆက်​လက်​၍``ဤ​လူ​အုပ် သည်​အ​လွန်​ကြီး​မား​၍ မိုး​သည်​လည်း​သည်း ထန်​စွာ​ရွာ​လျက်​ရှိ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည် လ​ဟာ​ပြင်​တွင် ဤ​သို့​ရပ်​လျက်​မ​နေ​နိုင် ကြ​ပါ။ အ​ကျွန်ုပ်​တို့​အ​မြောက်​အ​မြား​ပင် ထို​အ​ပြစ်​ကို​ကူး​လွန်​ခဲ့​ကြ​သည်​ဖြစ်​၍ ဤ​အ​မှု​ကိစ္စ​ကို​တစ်​ရက်​နှစ်​ရက်​နှင့်​ဆောင် ရွက်​၍​ပြီး​မည်​မ​ဟုတ်​ပါ။- \v 14 ထို့​ကြောင့်​အ​ကျွန်ုပ်​တို့​၏​အုပ်​ချုပ်​ရေး​မှူး များ​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​၍ ဤ အ​မှု​ကိစ္စ​ကို​တာ​ဝန်​ယူ​ဆောင်​ရွက်​ကြ ပါ​စေ။ ထို​နောက်​အ​ကျွန်ုပ်​တို့​မြို့​ရွာ​များ တွင် လူ​မျိုး​ခြား​အ​မျိုး​သ​မီး​များ​နှင့် စုံ​ဖက်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​သည် မိ​မိ တို့​မြို့​ရွာ​ခေါင်း​ဆောင်​များ၊ တ​ရား​သူ ကြီး​များ​နှင့်​အ​တူ​ချိန်း​ချက်​သော အ​ချိန်​တွင်​လာ​ရောက်​လျက် ဤ​အ​မှု နှင့်​စပ်​လျဉ်း​၍​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​ကို​ပြေ​ငြိမ်း​အောင်​ပြု​ကြ​ပါ​စေ'' ဟု​ပြော​ကြား​ကြ​၏။- \v 15 မေ​ရှု​လံ​နှင့်​လေဝိ​အ​နွယ်​ဝင်​ရှဗ္ဗ​သဲ​တို့​၏ ထောက်​ခံ​မှု​ကို​ရ​သော အာ​သ​ဟေ​လ​၏​သား ယော​န​သန်​နှင့်​တိ​က​ဝ​၏​သား​ယ​ဟာ​ဇိ တို့​က​လွဲ​၍ အ​ခြား​အ​ဘယ်​သူ​မျှ​ထို အ​ကြံ​ကို​မ​ကန့်​ကွက်​ကြ။ \p \v 16-17 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​တို့ သည် ထို​အ​ကြံ​ကို​သ​ဘော​တူ​လက်​ခံ​ကြ သ​ဖြင့် ပု​ရော​ဟိတ်​ဧ​ဇ​ရ​သည် သား​ချင်း​စု ခေါင်း​ဆောင်​များ​အ​နက်​လူ​အ​ချို့​ကို​ရွေး ချယ်​ကာ​သူ​တို့​၏​အ​မည်​များ​ကို​မှတ်​တမ်း တင်​ထား​၏။ ထို​သူ​တို့​သည်​လူ​မျိုး​ခြား အ​မျိုး​သ​မီး​များ​နှင့် အိမ်​ထောင်​ပြု​သူ​တို့ ၏​အ​မှု​များ​ကို​ဒ​သ​မ​လ​တစ်​ရက်​နေ့ ၌​စ​တင်​၍ စုံ​စမ်း​စစ်​ဆေး​ကြ​ရာ​သုံး​လ အ​တွင်း​ပြီး​ဆုံး​လေ​သည်။ \s1 လူ​မျိုး​ခြား​အ​မျိုး​သ​မီး​များ​နှင့် အိမ်​ထောင်​ကျ​သူ​များ \p \v 18 လူ​မျိုး​ခြား​များ​နှင့်​အိမ်​ထောင်​ကျ​သူ​များ စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ \sp သား​ချင်း​စု​အ​လိုက်​ယဇ်​ပု​ရော​ဟိတ်​များ \p ယော​ရှု​သား​ချင်း​စု​နှင့်​သူ​၏​ညီ​များ။ ယော​ဇ ဒက်​၏​သား​များ​ဖြစ်​ကြ​သော​မာ​သေ​ယ၊ ဧ​လျေ​ဇာ၊ ယာ​ရိပ်​နှင့်​ဂေ​ဒ​လိ။- \v 19 သူ​တို့​သည်​မိ​မိ​တို့​ဇ​နီး​များ​နှင့်​ကွာ​ရှင်း ပါ​မည်​ဟု​က​တိ​ပြု​ကြ​ပြီး​လျှင် မိ​မိ​တို့ အ​ပြစ်​များ​အ​တွက်​သိုး​ထီး​တစ်​ကောင်​ကို ယဇ်​ပူ​ဇော်​ကြ​၏။ \p \v 20 ဣ​မေ​ရ​သား​ချင်း​စု​မှ​ဟာ​နန်​နှင့်​ဇေ​ဗ​ဒိ။ \p \v 21 ဟာ​ရိမ်​သား​ချင်း​စု​မှ မာ​သေ​ယ၊ ဧ​လိ​ယ၊ ရှေ​မာ​ယ၊ ယေ​ဟေ​လ​နှင့်​သြ​ဇိ။ \p \v 22 ပါ​ရှု​ရ​သား​ချင်း​စု မှ​ဧ​လိ​သြ​နဲ၊ မာ​သေ​ယ၊ ဣရှ​မေ​လ၊ နာ​သ​နေ​လ၊ ယော​ဇ​ဗဒ်​နှင့်​ဧ​လာ​သ။ \sp လေ​ဝိ​အ​နွယ်​ဝင်​များ \p \v 23 ယော​ဇ​ဗဒ်၊ ရှိ​မိ၊ ကေ​လာ​ယ (ခေါ်) ကေ​လိ​တ၊ ပေ​သာ​ဟိ၊ ယု​ဒ​နှင့်​ဧ​လျေ​ဇာ။ \sp ဂီ​တ​ပ​ညာ​သည် \p \v 24 ဧ​လျာ​ရှိပ်။ \sp ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ \p ရှလ္လုံ၊ တေ​လင်​နှင့်​ဥ​ရိ။ \sp အ​ခြား​သူ​များ \p \v 25 ပါ​ရုတ်​သား​ချင်း​စု​မှ ရာ​မိ၊ ယေ​ဇိ၊ မာ​လ​ခိ​ယ၊ မျာ​မိန်၊ ဧ​လာ​ဇာ၊ မာ​လ​ခိ​ယ​နှင့်​ဗေ​နာ​ယ။ \p \v 26 ဧ​လံ​သား​ချင်း​စု​မှ​မတ္တ​နိ၊ ဇာ​ခ​ရိ၊ ယေ​ဟေ​လ၊ အာ​ဗ​ဒိ၊ ယေ​ရ​မုတ်​နှင့်​ဧ​လိ​ယ၊ \p \v 27 ဇတ္တု​သား​ချင်း​စု​မှ​ဧ​လိ​သြ​နဲ၊ ဧ​လျာ​ရှိပ်၊ မတ္တ​နိ၊ ယေ​ရ​မုတ်၊ ဇာ​ဗဒ်​နှင့်​အာ​ဇိ​ဇ။ \p \v 28 ဗေ​ဗဲ​သား​ချင်း​စု​မှ​ယော​ဟ​နန်၊ ဟာ​န​နိ၊ ဇဗ္ဗဲ​နှင့် အာ​သ​လဲ။ \p \v 29 ဗာ​နိ​သား​ချင်း​စု​များ​မှ​မေ​ရှု​လ၊ မလ္လုတ်၊ အ​ဒါ​သ၊ ယာ​ရှုပ်၊ ရှာ​လ​နှင့်​ရာ​မုတ်။ \p \v 30 ပါ​ဟတ်​မော​ဘ​သား​ချင်း​စု​မှ အ​ဒ​န၊ ခေ​လာ​လ၊ ဗေ​နာ​ယ၊ မာ​သေ​ယ ၊မတ္တ​နိ၊ ဗေ​ဇ​လေ​လ၊ ဗိ​နွိ​နှင့် မ​နာ​ရှေ။ \p \v 31 ဟာ​ရိမ်​သား​ချင်း​စု​မှ ဧ​လျေဇာ၊ ဣရှိ​ယ၊ မာ​လ​ခိ၊ ရှေ​မာ​ယ၊ ရှိ​မောင်၊- \v 32 ဗင်္ယာ​မိန်၊ မလ္လုတ်​နှင့်​ရှေ​မ​ရိ။ \p \v 33 ဟာ​ရှုံ​သား​ချင်း​စု​မှ​မတ္တ​နဲ၊ မတ္တ​သ၊ ဇာ​ဗဒ်၊ ဧ​လိ​ဖ​လက်၊ ယေ​ရ​မဲ၊ မ​နာ​ရှေ​နှင့်​ရှိ​မိ။ \p \v 34-37 ဗာ​နိ​သား​ချင်း​စု​မှ​မာ​ဒဲ၊ အာ​မ​ရံ၊ ဝေ​လ၊ ဗေ​နာ​ယ၊ ပေ​ဒိ၊ ခေ​လု၊ ဝါ​နိ၊ မေ​ရ​မုတ်၊ ဧ​လျာ​ရှိပ်၊ မ​တ္တ​နိ၊ မတ္တနဲ​နှင့်​ယာ​သော။ \p \v 38-42 ဗိ​နွိ​သား​ချင်း​စု​မှ​ရှိ​မိ၊ ရှေ​လ​မိ၊ နာ​သန်၊ အ​ဒါ​ယ၊ မာ​ခ​န​ဒေ​ဗဲ၊ ရှာ​ရှဲ၊ ရှာ​ရဲ၊ အ​ဇ ရေ​လ၊ ရှေ​လ​မိ၊ ရှေ​မ​ရိ၊ ရှလ္လုံ၊ အာ​မ​ရိ နှင့်​ယော​သပ်။ \p \v 43 နေ​ဗော​သား​ချင်း​စု​မှ ယေ​လ၊ မတ္တိ​သိ၊ ဇာ​ဗဒ်၊ ဇေ​ဗိ​န၊ ယာ​ဒေါ၊ ယော​လ​နှင့်​ဗေ​နာ​ယ။ \p \v 44 ဤ​သူ​အ​ပေါင်း​တို့​သည် လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​နှင့်​အိမ်​ထောင်​ကျ​သူ​များ​ဖြစ် ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​ဇ​နီး​များ​ကို လည်း​ကောင်း၊ သူ​တို့​နှင့်​ရ​သော​သား​သ​မီး များ​ကို​လည်း​ကောင်း​စွန့်​လိုက်​ကြ​၏။\f 9 \fr 10:44 \ft * \ft အ​ခန်း​ငယ် ၄၄ သည်​ဟေ​ဗြဲ​မူ​တွင်​မ​ရှင်း မ​လင်း​ဖြစ်​သည်။\f* ဧ​ဇ​ရ​မှတ်​စာ​ပြီး​၏။