\id EZK Myanmar Common Language Bible \h ယေ​ဇ​ကျေ​လ \toc1 ယေ​ဇ​ကျေ​လ​အ​နာ​ဂတ္တိ​ကျမ်း \toc2 ယေ​ဇ​ကျေ​လ \mt1 ယေ​ဇ​ကျေ​လ​အ​နာ​ဂတ္တိ​ကျမ်း \is1 နိ​ဒါန်း \ip ခ​ရစ်​တော်​မ​ပေါ်​မီ ၅၈၆ ခု​နှစ်​တွင်​ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​ပြီး​ချိန်​ကာ​လ​၌​ပ​ရော​ဖက်​ယေ​ဇ​ကျေ​လ​သည် ဗာ​ဗု​လုန်​ပြည်​တွင် ပြည်​နှင်​ဒဏ်​သင့်​လျက်​နေ​ထိုင်​ရ​လေ​သည်။ သူ​ပြန်​ကြား​သည့်​ဗျာ​ဒိတ်​တော်​မှာ​ဗာ​ဗု​လုန်​ပြည်​တွင်​ရှိ​သည့်​ပြည်​နှင်​ဒဏ်​သင့်​သူ​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​များ​အ​တွက်​ဖြစ်​၏။ ယေ​ဇ​ကျေ​လ​အ​နာ​ဂတ္တိ​ကျမ်း​တွင်​ပါ​သော​အ​ဋ္ဌိ​က​အ​ကြောင်း​များ​မှာ၊ ၁။ ယေ​ဇ​ကျေ​လ​အား​ပ​ရော​ဖက်​အ​ဖြစ်​ရွေး​ချယ်​တော်​မူ​ခြင်း၊ ၂။ လူ​တို့​အား​ဘု​ရား​သ​ခင်​တ​ရား​စီ​ရင်​တော်​မူ​မည့်​အ​ကြောင်း​နှင့်​ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​ပြို​ပျက်​မည့်​အ​ကြောင်း​သ​တိ​ပေး​ခြင်း၊ ၃။ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ဖိ​စီး​နှိပ်​စက်​ကာ​မှောက်​မှား​လမ်း​လွဲ​စေ​သူ​လူ​မျိုး​တ​ကာ​တို့​အား ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​မည့်​အ​ပြစ်​ဒဏ်​နှင့်​ဆိုင်​သည့်​ဗျာ​ဒိတ်​တော်၊ ၄။ ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​ပြီး​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက် နှစ်​သိမ့်​စ​ကား​နှင့်​ပို​မို​သာ​ယာ​မည့်​အ​နာ​ဂတ်​ကာ​လ​နှင့်​ဆိုင်​သည့်​က​တိ​တော်၊ ၅။ ဂေါ​ဂ​မင်း​အား​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​မည့်​ဗျာ​ဒိတ်​တော်၊ ၆။ ပြန်​လည်​ထူ​ထောင်​ရ​မည့်​ဗိ​မာန်​တော်​နှင့် ဣသ​ရေ​လ​နိုင်​ငံ​ကို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ယေ​ဇ​ကျေ​လ​တွေ့​မြင်​ရ​ခြင်း​တို့​ဖြစ်​သည်။ \ip ယေ​ဇ​ကျေ​လ​သည်​ဘု​ရား​သ​ခင်​ကို​နက်​နက်​နဲ​နဲ​ယုံ​ကြည်​ကိုး​စား​သူ၊ စိတ်​ကူး​ဉာဏ်​အ​လွန်​ကောင်း​သူ​ဖြစ်​၏။ သူ​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​အား​ဖြင့် အ​မှု​အ​ရာ​အ​မြောက်​အ​မြား​ကို​သိ​မြင်​ရ​လျက် ထို​ဗျာ​ဒိတ်​တော်​တို့​ကို​ကွက်​ကွက်​ကွင်း​ကွင်း​သ​ရုပ်​သဏ္ဌာန်​ဆောင်​သည့်​အ​မှု​အ​ရာ​များ​ဖြင့်​ရှင်း​လင်း​တင်​ပြ​လေ​သည်။ ယေ​ဇ​ကျေ​လ​အ​လေး​ဂ​ရု​ပြု​၍​ဖော်​ပြ​သည့်​အ​ချက်​မှာ၊ စိတ်​သစ်​သ​ဘော​သစ်​ကို​လူ​တို့​ရ​ရှိ​ရန်​လို​အပ်​မှု​နှင့်​လူ​တိုင်း မိ​မိ​အ​ပြစ်​အ​တွက်​တာ​ဝန်​ရှိ​ကြောင်း​ဖြစ်​၏။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘ​ဝ​ပြန်​လည်​သစ်​လွင်​လန်း​ဆန်း​မှု​အ​တွက် မိ​မိ​၏​မျှော်​လင့်​ချက်​ကို​လည်း​ထုတ်​ဖော်​ကြေ​ညာ​ပေ​သည်။ သူ​သည်​ယဇ်​ပု​ရော​ဟိတ်​အ​နေ​ဖြင့်​သာ​မ​က ပ​ရော​ဖက်​အ​နေ​ဖြင့်​လည်း​ဗိ​မာန်​တော်​နှင့်​သန့်​ရှင်း​မြင့်​မြတ်​ရန် လို​အပ်​မှု​တို့​တွင်​အ​ထူး​ပင်​စိတ်​ဝင်​စား​၏။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 ယေ​ဇ​ကျေ​လ​အား​ထာ​ဝရ​ဘု​ရား​ရွေး​ချယ်​ခန့်​ထား​တော်​မူ​ခြင်း ၁:၁-၃:၂၇။ \io1 ယေ​ရု​ရှ​လင်​မြို့​ခံ​ရ​မည့်​ကံ​ကြမ္မာ​နှင့်​ဆိုင်​သော​ဗျာ​ဒိတ်​တော်​များ ၄:၁-၂၄:၂၇။ \io1 လူ​မျိုး​တ​ကာ​တို့​အား​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ခြင်း ၂၅:၁ - ၃၂:၃၂။ \io1 ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​တွက်​ဘု​ရား​သ​ခင်​၏​က​တိ​တော် ၃၃:၁-၃၇:၂၈။ \io1 ဂေါ​ဂ​မင်း​အ​တွက်​ကြို​တင်​ဟော​ကြား​ချက် ၃၈:၁-၃၉:၂၉။ \io1 အ​နာ​ဂတ်​ဗိ​မာန်​တော်​နှင့်​ဣသ​ရေ​လ​နိုင်​ငံ​ကို​ဖော်​ပြ​မည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ ၄၀:၁-၄၈:၃၅။ \c 1 \ms1 ဘု​ရား​သ​ခင်​ကို​မြင်​သော​ပ​ထ​မ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ \mr (၁:၁-၇:၂၇) \s1 ဘု​ရား​သ​ခင်​၏​ပလ္လင်​တော် \p \v 1 သုံး​ဆယ်​နှစ်​မြောက်\f 1 \fr 1:1 \ft * \+fk သုံး​ဆယ်​နှစ်​မြောက်။ \ft ဘယ်​နှစ်​ကို​ဆို​လို​ကြောင်း​မ​သိ​ရ​ပါ။\f* စ​တုတ္ထ​လ၊ လ​ဆန်း​ငါး​ရက်​နေ့​၌​ငါ​သည် ပြည်​နှင်​ဒဏ်​သင့်​သူ​ယု​ဒ​အ​မျိုး​သား​များ​နှင့်​အ​တူ​ဗာ​ဗု​လုန်​ပြည်၊ ခေ​ဗာ​မြစ်​အ​နီး​တွင်​နေ​ထိုင်​လျက်​ရှိ​စဉ် မိုး​ကောင်း​ကင်​ကွဲ​ဟ​၍​ဘုရား​သ​ခင်​ကို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၌​မြင်​ရ​၏။-\x + \xo 1:1 \xt ဗျာ၊ ၁၉:၁၁။\x* \v 2 (ထို​နှစ်​ကား​ယေ​ခေါ​နိ​မင်း​ပြည်​နှင်​ဒဏ်​သင့်​ချိန်​ငါး​နှစ်​မြောက်​ဖြစ်​သ​တည်း။-)\x + \xo 1:2 \xt ၄ရာ၊ ၂၄:၁၀-၁၆။ ၆ရာ၊ ၃၆:၉-၁၀။\x* \v 3 ဗာ​ဗု​လုန်​ပြည်​ခေ​ဗာ​မြစ်​အ​နီး​တွင် ဗု​ဇိ​၏​သား​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သူ​ယေ​ဇ​ကျေ​လ​သည် ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သံ​ကို​ကြား​ရ​၍​တန်​ခိုး​တော်​သည်​သူ့​အ​ပေါ်​သို့​သက်​ရောက်​၏။ \p \v 4 ငါ​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​မြောက်​အ​ရပ်​မှ လေ​မုန်​တိုင်း​တစ်​ခု​လာ​နေ​သည်​ကို​မြင်​ရ​၏။ မိုး​တိမ်​တိုက်​ကြီး​တစ်​ခု​မှ​လျှပ်​ပန်း​လျှပ်​နွယ်​များ​ထွက်​လျက် ထို​မိုး​တိမ်​၏​ပတ်​လည်​ရှိ​ကောင်း​ကင်​ပြင်​သည်​ဝင်း​ဝါ​တောက်​ပ​လျက်​နေ​၏။ လျှပ်​ပန်း​လျှပ်​နွယ်​ထွက်​ရာ​တွင်​ကြေး​ဝါ​နှင့်​တူ​သော​အ​ရာ​တစ်​ခု​သည်​အ​ရောင်​လက်​၍​နေ​၏။- \v 5 မီး​တောက်​၏​အ​လယ်​ဗ​ဟို​တွင် သတ္တ​ဝါ​လေး​ဦး​နှင့်​တူ​သော​ပုံ​သဏ္ဌာန်​များ​ကို​ငါ​မြင်​ရ​၏။ သူ​တို့​သည်​လူ​၏​အ​သွင်​ကို​ဆောင်​၏။-\x + \xo 1:5 \xt ဗျာ၊ ၄:၆။\x* \v 6 သို့​ရာ​တွင်​သူ​တို့​၌​မျက်​နှာ​လေး​ခု​နှင့်​တောင်​ပံ​လေး​ခု​စီ​ရှိ​၏။- \v 7 သူ​တို့​၏​ခြေ​တို့​သည်​ဖြောင့်​တန်း​လျက်​နေ​သော်​လည်း ယင်း​တို့​တွင်​နွား​ခွာ​နှင့်​တူ​သော​ခွာ​များ​ရှိ​၏။ ထို​သတ္တ​ဝါ​တို့​သည်​တိုက်​ချွတ်​ထား​သော​ကြေး​ဝါ​ကဲ့​သို့​တောက်​ပြောင်​လျက်​နေ​၏။- \v 8 သူ​တို့​တွင်​မျက်​နှာ​လေး​ခု​နှင့်​တောင်​ပံ​လေး​ခု​အ​ပြင် တောင်​ပံ​တစ်​ခု​စီ​၏​အောက်​၌​လူ​လက်​ရှိ​၏။- \v 9 ထို​သတ္တ​ဝါ​တို့​သည်​တစ်​ပါး​နှင့်​တစ်​ပါး​ထိ​အောင်​တောင်​ပံ​နှစ်​ခု​စီ​ကို​ဖြန့်​လျက် ရှေ့​တူ​ရူ​သို့​အ​သီး​သီး​မျက်​နှာ​မူ​လျက်​နေ​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​ကိုယ်​ကို​မ​လှည့်​ဘဲ​အ​စု​လိုက်​သွား​လာ​ကြ​၏။ \p \v 10 ထို​သတ္တ​ဝါ​တစ်​ပါး​စီ​၌​ရှိ​သော​မျက်​နှာ​လေး​ခု​တို့​သည် တစ်​ခု​နှင့်​တစ်​ခု​မ​တူ​ကြ။ ရှေ့​ဘက်​တွင်​လူ​မျက်​နှာ၊ လက်​ယာ​ဘက်​တွင်​ခြင်္သေ့​မျက်​နှာ၊ လက်​ဝဲ​ဘက်​တွင်​နွား​မျက်​နှာ၊ နောက်​ဘက်​တွင်​လင်း​ယုန်​မျက်​နှာ​ရှိ​၏။-\x + \xo 1:10 \xt ယေဇ၊ ၁၀:၁၄။ ဗျာ၊ ၄:၇။\x* \v 11 ထို​သတ္တ​ဝါ​တို့​သည်​တစ်​ပါး​နှင့်​တစ်​ပါး​အ​တောင်​ဖျား​ချင်း​ထိ​အောင် တောင်​ပံ​နှစ်​ခု​စီ​ဖြန့်​၍​ထား​ပြီး​လျှင် အ​ခြား​တောင်​ပံ​နှစ်​ခု​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​အုပ်​ထား​ကြ​၏။- \v 12 သူ​တို့​အား​လုံး​ပင်​အ​ရပ်​လေး​မျက်​နှာ​သို့​မျက်​နှာ​ပြု​လျက်​နေ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​အ​စု​လိုက်​မိ​မိ​တို့​လို​ရာ​အ​ရပ်​သို့​မ​လှည့်​ဘဲ​သွား​နိုင်​ကြ​၏။ \p \v 13 ထို​သတ္တ​ဝါ​တို့​၏​အ​လယ်​တွင်​မီး​လျှံ​ထ​နေ​သော​မီး​ရှူး​တိုင်​နှင့်​တူ​သည့်​အ​ရာ​တစ်​ခု​သည် အ​စဉ်​ပင်​ရွေ့​လျား​လျက်​နေ​၏။ ထို​အ​ရာ​မှ​မီး​လျှံ​တက်​ပြီး​လျှင်​လျှပ်​စစ်​နွယ်​များ​ထွက်​ပေါ်​လာ​၏။- \v 14 သတ္တ​ဝါ​များ​ကိုယ်​တိုင်​ပင်​လျှင်​လျှပ်​စစ်​သ​ဖွယ် လျင်​မြန်​စွာ​သွား​လာ​ကြ​၏။ \p \v 15 ငါ​သည်​မျက်​နှာ​လေး​မျိုး​ရှိ​သော​သတ္တ​ဝါ​လေး​ပါး​ကို​ကြည့်​၍​နေ​စဉ် သူ​တို့​အ​သီး​သီး​၏​အ​နီး​တွင်​မြေ​နှင့်​ထိ​၍​နေ​သော​ရ​ထား​ဘီး​တစ်​ခု​စီ​ရှိ​၍​နေ​သည်​ကို​မြင်​ရ​၏။-\x + \xo 1:15 \xt ယေဇ၊ ၁၀:၉-၁၃။\x* \v 16 ထို​ဘီး​အား​လုံး​သည်​ကျောက်​မျက်​ရ​တ​နာ​ကဲ့​သို့ တောက်​ပ​လျက်​တစ်​ခု​နှင့်​တစ်​ခု​တူ​ကြ​၏။ ဘီး​တိုင်း​တွင်​အ​လယ်​မှ​ထောင့်​မှန်​ကန့်​လန့်​ဖြတ်​၍​နေ​သော​ဘီး​တစ်​ခု​ရှိ​၏။- \v 17 သို့​ဖြစ်​၍​ထို​ဘီး​တို့​သည်​မ​လှည့်​ဘဲ​အ​ရပ်​လေး​မျက်​နှာ​သို့ သတ္တ​ဝါ​လေး​ပါး​သွား​လာ​သည့်​အ​တိုင်း​သွား​နိုင်​ကြ​၏။- \v 18 ဘီး​ခွေ​တို့​သည်​မျက်​စိ​များ​ဖြင့်​ပြည့်​နှက်​လျက်​ရှိ​၍ မြင့်​မား​လျက်​စိုး​ရိမ်​ထိတ်​လန့်​ဖွယ်​ကောင်း​၏။-\x + \xo 1:18 \xt ဗျာ၊ ၄:၈။\x* \v 19-20 သတ္တ​ဝါ​များ​လှုပ်​ရှား​သွား​လာ​သည့်​အ​ခါ​တိုင်း ထို​ဘီး​တို့​သည်​လိုက်​၍​ရွေ့​လျား​ကြ​၏။ သတ္တ​ဝါ​များ​မြေ​ကြီး​မှ​ခွာ​၍​အ​ထက်​သို့​တက်​ကြ​သော​အ​ခါ​၌​လည်း ဘီး​တို့​သည်​လိုက်​၍​တက်​ကြ​၏။- \v 21 ဝိ​ညာဉ်​သည်​မိ​မိ​တို့​လို​ရာ​အ​ရပ်​သို့​သွား​ကြ​သော​အ​ခါ ဘီး​တို့​သည်​လည်း​သတ္တ​ဝါ​များ​ပြု​သည့်​အ​တိုင်း​အ​ထက်​သို့​တက်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သတ္တ​ဝါ​များ​၏​ဝိ​ညာဉ်​သည်​ဘီး​တို့​အား​ထိန်း​ချုပ်​ထား​သော​ကြောင့်​ဖြစ်​သည်။ သို့​ဖြစ်​၍​သတ္တ​ဝါ​များ​လှုပ်​ရှား​သွား​လာ​သော​အ​ခါ ရပ်​ဆိုင်း​သည့်​အ​ခါ​လေ​ထဲ​သို့​တက်​ကြ​သည့်​အ​ခါ​၌ ဘီး​တို့​သည်​ထပ်​တူ​ထပ်​မျှ​လိုက်​၍​ပြု​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​တို့​အား​သတ္တ​ဝါ​တို့​၏​ဝိ​ညာဉ်​တို့​က ထိန်း​ချုပ်​ထား​သော​ကြောင့်​ဖြစ်​၏။ \p \v 22 သတ္တ​ဝါ​များ​၏​ဦး​ခေါင်း​အ​ထက်​တွင်​အ​ရောင်​လက်​၍​နေ​သော​ကျောက်​သ​လင်း​သ​ဖွယ်​ရှိ​၍ ထိတ်​လန့်​ဖွယ်​ကောင်း​သော​လိပ်​ခုံး​ပုံ​သဏ္ဌာန်​ကြီး​တစ်​ခု​ရှိ​၏။-\x + \xo 1:22 \xt ဗျာ၊ ၄:၆။\x* \v 23 ထို​အ​ရာ​၏​အောက်​တွင်​သတ္တ​ဝါ​တစ်​ပါး​စီ​တို့​သည် မိ​မိ​တို့​နှင့်​နီး​ရာ​သတ္တ​ဝါ​များ​ဘက်​သို့​တောင်​ပံ​နှစ်​ခု​ကို​ဖြန့်​ပြီး​လျှင် အ​ခြား​တောင်​ပံ​နှစ်​ခု​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​အုပ်​ထား​ကြ​၏။- \v 24 သူ​တို့​ပျံ​သန်း​ကြ​သော​အ​ခါ​အ​တောင်​ခတ်​သည့်​အ​သံ​ကို​ငါ​ကြား​ရ​၏။ ထို​အ​သံ​သည်​ပင်​လယ်​မြည်​ဟည်း​သ​ကဲ့​သို့​လည်း​ကောင်း၊ ကြီး​မား​သော​စစ်​သည်​ဗိုလ်​ခြေ​တို့​၏​အ​သံ​ကဲ့​သို့​ကဲ့​သို့​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကဲ့​သို့​ဖြစ်​၏။ သူ​တို့​ရပ်​နား​ကြ​သော​အ​ခါ​မိ​မိ​တို့​၏​အ​တောင်​များ​ကို​ချ​ထား​ကြ​၏။-\x + \xo 1:24 \xt ဗျာ၊ ၁:၁၅၊ ၁၉:၆။\x* \v 25 ထို​သို့​အ​တောင်​များ​ကို​ချ​လျက်​ရပ်​နေ​စဉ် သူ​တို့​၏​ဦး​ခေါင်း​အ​ထက်​ရှိ​လိပ်​ခုံး​မိုး​အ​ပေါ်​မှ အ​သံ​တစ်​ခု​ထွက်​ပေါ်​လာ​၏။ \p \v 26 ထို​လိပ်​ခုံး​မိုး​အ​ပေါ်​၌​နီ​လာ​ဖြင့်​ပြီး​သည့်​ရာ​ဇ​ပလ္လင်​နှင့်​တူ​သော​အ​ရာ​တစ်​ခု​ရှိ​၏။ ထို​ရာ​ဇ​ပလ္လင်​ပေါ်​တွင်​လူ​ပုံ​သဏ္ဌာန်​ရှိ​သူ​တစ်​ဦး​ထိုင်​နေ​၏။-\x + \xo 1:26 \xt ယေဇ၊ ၁၀:၁။ ဗျာ၊ ၄:၂-၃။\x* \v 27 ထို​သူ​၏​ခါး​အ​ထက်​ပိုင်း​သည်​မီး​လျှံ​ထဲ​မှ​ကြေး​ဝါ​ကဲ့​သို့​တောက်​ပြောင်​၍​နေ​၏။ ခါး​မှ​ခြေ​ဖျား​ထိ​သူ​၏​အောက်​ပိုင်း​သည် မီး​ရောင်​ဖြင့်​ပင်​လျှင်​တစ်​ကိုယ်​လုံး​ထွန်း​လင်း​တောက်​ပ​လျက်​ရှိ​ပေ​သည်။-\x + \xo 1:27 \xt ယေဇ၊ ၈:၂။\x* \v 28 ယင်း​သို့​ထွန်း​လင်း​တောက်​ပ​သော​အ​ရောင်​အ​ဝါ​သည် မိုး​တိမ်​များ​၌​ဖြစ်​ပေါ်​တတ်​သော​သက်​တံ​နှင့်​တူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ကို ဖော်​ပြ​သော​တောက်​ပ​သည့်​အ​လင်း​ရောင်​ဖြစ်​သ​တည်း။ \c 2 \s1 ယေ​ဇ​ကျေ​လ​အား​ပ​ရော​ဖက်​အ​ဖြစ် ဘု​ရား​သ​ခင်​ခေါ်​ယူ​ခန့်​ထား​တော်​မူ​ခြင်း \p ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​သော​အ​ခါ ငါ​သည် မြေ​သို့​ပျပ်​ဝပ်​လှဲ​ချ​လိုက်​၏။ ထို​နောက် အ​သံ​တစ်​ခု​က၊- \v 1 ``အ​ချင်း​လူ​သား​ထ​လော့။ သင့်​အား​ငါ​မြွက် ဆို​မည်'' ဟု​မိန့်​တော်​မူ​၏။- \v 2 ယင်း​အ​သံ​မြွက်​ဆို​နေ​ချိန်​၌​ပင်​လျှင် ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ငါ​၏​အ​တွင်း​သို့ ဝင်​၍ ငါ့​အား​ကူ​မ​တော်​မူ​ပြီး​လျှင်​မတ်​တပ် ရပ်​စေ​တော်​မူ​၏။ ထို​နောက်​အ​သံ​တော်​က ဆက်​လက်​၍၊- \v 3 ``အ​ချင်း​လူ​သား၊ ငါ့​အား​ပုန်​ကန်​တော်​လှန် ကြ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့ သင့်​ကို​ငါ​စေ​လွှတ်​မည်။ သူ​တို့​သည်​မိ​မိ​တို့ ဘိုး​ဘေး​များ​ကဲ့​သို့​ယ​ခု​တိုင်​အောင်​ပုန်​ကန် လျက်​နေ​ကြ​၏။- \v 4 သူ​တို့​သည်​ခေါင်း​မာ​၍​ငါ့​အား​မ​ရို​သေ ကြ။ ငါ​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​အ​မိန့် တော်​ရှိ​သည်​ကို သူ​တို့​အား​ပြန်​ကြား​ရန် သင့်​ကို​သူ​တို့​ထံ​သို့​ငါ​စေ​လွှတ်​မည်။- \v 5 သူ​တို့​သည်​ပုန်​ကန်​တတ်​သူ​များ​ဖြစ်​သ​ဖြင့် သင်​၏​စ​ကား​ကို​နား​ထောင်​သည်​ဖြစ်​စေ၊ နား မ​ထောင်​သည်​ဖြစ်​စေ၊ မိ​မိ​တို့​ထဲ​တွင်​ပ​ရော ဖက်​တစ်​ပါး​ရှိ​သည်​ကို​မူ​သိ​ကြ​လိမ့်​မည်။ \p \v 6 ``သို့​ရာ​တွင်​အ​ချင်း​လူ​သား၊ သင်​သည်​သူ တို့​ကို​သော်​လည်း​ကောင်း၊ သူ​တို့​ပြော​ဆို​သ​မျှ သော​စ​ကား​တို့​ကို​သော်​လည်း​ကောင်း​မ ကြောက်​ရ။ မ​လန့်​နှင့်​သင့်​အား​သူ​တို့​သည် ဆူး​ပင်​များ​ကဲ့​သို့​ဝိုင်း​ရံ​ကြ​လိမ့်​မည်။ သင် သည်​ကင်း​မီး​ကောက်​တော​တွင်​နေ​ရ​ဘိ​သ​ကဲ့ သို့​ဖြစ်​လိမ့်​မည်။ သူ​တို့​သည်​ထို​ပုန်​ကန်​တတ် သူ​များ​ဖြစ်​သော​ကြောင့်​တည်း။- \v 7 သူ​တို့​နား​ထောင်​သည်​ဖြစ်​စေ၊ နား​မ​ထောင် သည်​ဖြစ်​စေ၊ ငါ​မိန့်​တော်​မူ​သ​မျှ​တို့​ကို​သူ တို့​အား​ဆင့်​ဆို​ရ​မည်။ သူ​တို့​သည်​ပုန်​ကန် တတ်​ကြောင်း​ကို​သ​တိ​ရ​လော့။'' \p \v 8 ``အ​ချင်း​လူ​သား၊ ငါ​မိန့်​တော်​မူ​သည်​ကို​နား ထောင်​လော့။ သူ​တို့​ကဲ့​သို့​မ​ပုန်​ကန်​နှင့်။ သင်​၏ ခံ​တွင်း​ကို​ဖွင့်​၍​ငါ​ပေး​မည့်​အ​ရာ​ကို​စား လော့'' ဟု​မိန့်​တော်​မူ​၏။- \v 9 ထို​နောက်​စာ​လိပ်​တစ်​ခု​ကို​ကိုင်​ထား​သော လက်​တစ်​ဖက်​သည်​ငါ​ရှိ​ရာ​သို့​ကမ်း​လှမ်း လာ​သည်​ကို​ငါ​မြင်​ရ​၏။-\x + \xo 2:9 \xt ဗျာ၊ ၅:၁။\x* \v 10 ထို​လက်​သည်​စာ​လိပ်​ကို​ဖြန့်​လိုက်​သော​အ​ခါ နှစ်​ဖက်​စ​လုံး​၌​စာ​များ​ရေး​သား​ထား​သည် ကို​ငါ​မြင်​ရ​၏။ ထို​စာ​လိပ်​နှစ်​ဖက်​စ​လုံး​တွင် ဝမ်း​နည်း​ပူ​ဆွေး​ညည်း​တွား​မြည်​တမ်း​စ​ကား များ​ပါ​ရှိ​သ​တည်း။ \c 3 \p \v 1 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဤ​စာ​လိပ်​ကို စား​လော့။ ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ထံ​သို့​သွား​၍​ဟော​ပြော​လော့'' ဟု​မိန့် တော်​မူ​၏။\x + \xo 3:1 \xt ဗျာ၊ ၁၀:၉-၁၀။\x* \p \v 2 သို့​ဖြစ်​၍​ငါ​သည်​ခံ​တွင်း​ကို​ဟ​လိုက်​ရာ ကိုယ်​တော်​သည် ငါ​စား​ရန်​အ​တွက်​စာ​လိပ် ကို​ပေး​တော်​မူ​၏။- \v 3 ကိုယ်​တော်​က``အ​ချင်း​လူ​သား​သင့်​အား ငါ​ပေး​သည့်​စာ​လိပ်​ကို​ဝမ်း​ပြည့်​အောင်​စား လော့'' ဟု​မိန့်​တော်​မူ​သ​ဖြင့်​ငါ​သည်​စား လိုက်​သော​အ​ခါ​ထို​စာ​လိပ်​သည်​ပျား​ရည် ကဲ့​သို့​ချို​၏။ \p \v 4 ထို​နောက်​ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣသ ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​သွား​၍ ငါ​မိန့် တော်​မူ​သ​မျှ​တို့​ကို​ဆင့်​ဆို​လော့။- \v 5 ငါ​သည်​သင့်​အား​မ​ရေ​ရာ​သော​စ​ကား​နှင့် ခက်​ခဲ​သော​ဘာ​သာ​ခြား​စ​ကား​ကို​ပြော​ဆို သူ​တို့​ထံ​သို့​စေ​လွှတ်​သည်​မ​ဟုတ်။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ထံ​သို့​စေ​လွှတ်​၏။- \v 6 မ​ရေ​ရာ​သော​စ​ကား​နှင့်​သင်​နား​လည်​ရန် ခက်​ခဲ​သော​ဘာ​သာ​ခြား​စ​ကား​များ​ကို ပြော​ဆို​သူ​လူ​မျိုး​များ​ထံ​သို့​သင့်​အား​ငါ စေ​လွှတ်​ခြင်း​မ​ဟုတ်။ အ​ကယ်​၍​စေ​လွှတ်​ပါ​မူ ထို​သူ​တို့​သည်​သင်​၏​စ​ကား​ကို​နား​ထောင် ကြ​လိမ့်​မည်။- \v 7 သို့​သော်​အ​ဘယ်​ဣ​သ​ရေ​လ​အ​မျိုး​သား​မျှ သင့်​စ​ကား​ကို​နား​ထောင်​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​ငါ​၏​စ​ကား​ကို​ပင်​နား​ထောင် ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​အား​လုံး​ပင် ခေါင်း​မာ​၍​အာ​ခံ​တတ်​သူ​များ​ဖြစ်​ကြ​၏။- \v 8 ယ​ခု​ငါ​သည်​သင့်​အား​ထို​သူ​တို့​ကဲ့​သို့ ခေါင်း​မာ​၍ ခိုင်​ခံ့​မာ​ကြော​စေ​မည်။- \v 9 ငါ​သည်​သင်​၏​န​ဖူး​ကို​ကျောက်​ထက်​ပင် ခိုင်​ခံ့​စေ​၍ စိန်​ကဲ့​သို့​မာ​ကြော​စေ​မည်။ ထို ပုန်​ကန်​တတ်​သူ​တို့​ကို​မ​ကြောက်​နှင့်၊ မ​လန့် နှင့်'' ဟု​မိန့်​တော်​မူ​၏။ \p \v 10 ကိုယ်​တော်​က​ဆက်​လက်​၍``အ​ချင်း​လူ​သား၊ ငါ​ပြော​သ​မျှ​သော​စ​ကား​တို့​ကို​သေ​ချာ စွာ​နား​ထောင်​မှတ်​သား​လော့။- \v 11 ထို​နောက်​ပြည်​နှင်​ဒဏ်​သင့်​သူ​သင်​၏​အ​မျိုး သား​များ​ထံ​သို့​သွား​လော့။ သူ​တို့​သင်​၏ စ​ကား​ကို​ဂ​ရု​စိုက်​သည်​ဖြစ်​စေ၊ မ​စိုက် သည်​ဖြစ်​စေ၊ ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​ပြော ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 12 ထို​နောက်​ဝိ​ညာဉ်​တော်​သည်​ငါ့​ကို​ချီ​မ​တော် မူ​သော​အ​ခါ ငါ​၏​နောက်​မှ``ကောင်း​ကင်​ဘုံ ရှိ​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော် ကို​ထော​မ​နာ​ပြု​ကြ​လော့'' ဟု​မိုး​ချုန်း​သံ ကဲ့​သို့​ကျယ်​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။- \v 13 သတ္တ​ဝါ​လေး​ပါး​တို့​လေ​ထဲ​တွင်​တောင်​ပံ ခတ်​ကြ​သည့်​အ​သံ​ကို​လည်း​ကောင်း၊ ရ​ထား ဘီး​များ​၏​အ​သံ​ကို​လည်း​ကောင်း​ငါ​ကြား ရ​၏။ ထို​အ​သံ​များ​သည်​မြေ​င​လျင်​လှုပ်​သံ နှင့်​တူ​၏။- \v 14 ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မား​သော​တန်​ခိုး ဖြင့်​ငါ့​အ​ပေါ်​သက်​ရောက်​၍ ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ယူ​ဆောင်​သွား​တော်​မူ​သော​အ​ခါ ငါ သည်​စိတ်​နာ​စိတ်​ဆိုး​လျက်​လိုက်​ပါ​သွား​၏။- \v 15 သို့​ဖြစ်​၍​ငါ​သည်​ပြည်​နှင်​ဒဏ်​သင့်​သူ​တို့ နေ​ထိုင်​ရာ​ခေ​ဗာ​မြစ်​အ​နီး​တေ​လ​ဗိ​ဗ​ရွာ သို့​သွား​၍ ငါ​တွေ့​မြင်​ခဲ့​ရ​သော​အ​မှု​အ​ရာ များ​ကြောင့်​ခု​နစ်​ရက်​ပတ်​လုံး​အံ့​အား​သင့် လျက်​နေ​၏။ \s1 ယေ​ဇ​ကျေ​လ​အား​ကင်း​စောင့်​အ​ဖြစ် ထာ​ဝရ​ဘု​ရား​ခန့်​ထား​တော်​မူ​ခြင်း \r (ယေဇ၊ ၃၃:၁-၉) \p \v 16 ခု​နစ်​ရက်​ကုန်​လွန်​သော​အ​ခါ ထာ​ဝရ​ဘု​ရား သည်​ငါ့​အား၊- \v 17 ``အ​ချင်း​လူ​သား၊ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​တွက်​သင့်​အား​ကင်း​စောင့်​အ​ဖြစ်​ခန့် ထား​မည်။ ငါ​သ​တိ​ပေး​သည့်​စ​ကား​များ​ကို ကြား​နာ​၍ သင်​သည်​သူ​တို့​အား​ဆင့်​ဆို​ရ​မည်။- \v 18 ငါ​က​မ​ကောင်း​မှု​ပြု​သူ​တစ်​စုံ​တစ်​ယောက် သည်​သေ​ရ​လိမ့်​မည်​ဟု​ဆို​သော်​လည်း​ထို​သူ မ​သေ​ရ​လေ​အောင် သင်​သည်​သူ​၏​လမ်း​စဉ်​ကို ပြင်​ဆင်​ရန်​သ​တိ​မ​ပေး​ဘဲ​နေ​ပါ​မူ ထို​သူ သည်​မိ​မိ​ကူး​လွန်​သည့်​အ​ပြစ်​အ​တွက်​သေ ရ​လိမ့်​မည်။ ထို​အ​ခါ​ထို​သူ​သေ​ရ​သည့်​အ တွက်​သင့်​မှာ​တာ​ဝန်​ရှိ​သည်။- \v 19 သင်​သည်​အ​ပြစ်​ကူး​လွန်​သူ​တစ်​စုံ​တစ် ယောက်​အား​အ​မှန်​ပင်​သတိ​ပေး​သော်​လည်း သူ​သည်​မိ​မိ​၏​ဒု​စ​ရိုက်​ကို​မ​ရပ်​မ​စဲ​ဘဲ​နေ ခဲ့​သော် မိ​မိ​ကူး​လွန်​သည့်​အ​ပြစ်​အ​တွက် သေ​ရ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​သင့်​အား အ​သက်​ချမ်း​သာ​ပေး​မည်။'' \p \v 20 ``သူ​တော်​ကောင်း​တစ်​ယောက်​သည်​မ​ကောင်း​မှု ကို​ပြု​လာ​သ​ဖြင့် ငါ​သည်​သူ့​အား​အန္တ​ရာယ် ရှိ​သော​အ​ခြေ​အ​နေ​သို့​ရောက်​စေ​၍​သူ​သည် သေ​ရ​မည်။ ထို​အ​ခါ​သင်​သည်​သူ့​ကို​သ​တိ မ​ပေး​ဘဲ​နေ​ပါ​မူ သူ​သည်​မိ​မိ​ကူး​လွန် သည့်​အ​ပြစ်​အ​တွက်​သေ​ရ​လိမ့်​မည်။ ယ​ခင် က​သူ​ပြု​သည့်​ကောင်း​မှု​များ​ကို​ငါ​သ​တိ ရ​လိမ့်​မည်​မ​ဟုတ်။ ထို​အ​ခါ​ထို​သူ​သေ​ရ သည့်​အ​တွက်​သင့်​မှာ​တာ​ဝန်​ရှိ​၏။- \v 21 သင်​သည်​ဖြောင့်​မတ်​သော​သူ​တစ်​စုံ​တစ်​ယောက် အား အ​ပြစ်​မ​ကူး​လွန်​စေ​ရန်​သ​တိ​ပေး​၍ သူ​သည်​လည်း​သင့်​စ​ကား​ကို​နား​ထောင်​ကာ အ​ပြစ်​မ​ကူး​လွန်​ဘဲ​နေ​ပါ​မူ​သူ​သည်​သေ ရ​လိမ့်​မည်​မ​ဟုတ်။ သင်​သည်​လည်း​အ​သက် ချမ်း​သာ​ရာ​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 ယေ​ဇ​ကျေ​လ​စ​ကား​မပြော​နိုင်​ဘဲ​ဖြစ်​လိမ့်​မည် \p \v 22 ငါ​သည်​ထာ​ဝရ​ဘု​ရား​၏​တန်​ခိုး​တော်​အ​ရှိန် ကို​တွေ့​ထိ​ခံ​စား​ရ​၍​ကိုယ်​တော်​က​ငါ့ အား``ထ​၍​ချိုင့်​ဝှမ်း​ထဲ​သို့​သွား​လော့။ ထို အ​ရပ်​တွင်​သင့်​အား​ငါ​မိန့်​ကြား​မည်'' ဟု မိန့်​တော်​မူ​သော​အ​သံ​ကို​ကြား​ရ​၏။ \p \v 23 သို့​ဖြစ်​၍​ငါ​သည်​ချိုင့်​ဝှမ်း​ထဲ​သို့​သွား​ရာ ခေ​ဗာ​မြစ်​အ​နီး​တွင်​ငါ​ဖူး​မြင်​ရ​သ​ကဲ့ သို့ ထို​အ​ရပ်​တွင်​ဘုရား​သ​ခင်​၏​ဘုန်း​အ​သ ရေ​တော်​ကို​ဖူး​မြင်​ရ​၏။ ငါ​သည်​မြေ​ပေါ် သို့​လှဲ​ချ​ပျပ်​ဝပ်​လိုက်​၏။- \v 24 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် ငါ​၏​အ​တွင်း​သို့​ဝင်​၍​ငါ့​အား​မတ်​တပ်​ရပ် စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘုရား​က``သင်​သည် မိ​မိ​အိမ်​သို့​ပြန်​ပြီး​လျှင်​အိမ်​တွင်​ပိတ်​နေ​လော့။- \v 25 အ​ချင်း​လူ​သား​သင့်​အား​ကြိုး​ဖြင့်​ချည် နှောင်​ထား​မည်​ဖြစ်​၍ သင်​သည်​လူ​အ​များ​၏ ရှေ့​သို့​ထွက်​နိုင်​လိမ့်​မည်​မ​ဟုတ်။- \v 26 ဤ​ပုန်​ကန်​တတ်​သူ​တို့​အား​သ​တိ​မ​ပေး နိုင်​စေ​ရန် ငါ​သည်​သင်​၏​လျှာ​ကို​အာ​ခေါင် တွင်​ကပ်​၍​နေ​စေ​မည်။- \v 27 ထို​နောက်​သင့်​အား​ငါ​တစ်​ဖန်​ပြော​ကြား​စေ လို​သော​အ​ခါ​၌​သင်​၏​နှုတ်​ကို​ဖွင့်​မည်။ ထို အ​ခါ​သင်​သည်​သူ​တို့​အား​ငါ့​အ​ရှင်​ထာ​ဝရ ဘု​ရား ဤ​သို့​မိန့်​တော်​မူ​သည်​ဟု​ဆင့်​ဆို​ရ မည်။ အ​ချို့​သော​သူ​တို့​သည်​သင့်​စ​ကား​ကို နား​ထောင်​၍ အ​ချို့​တို့​သည်​နား​မ​ထောင်​ဘဲ နေ​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ တို့​သည်​ပုန်​ကန်​တတ်​သော​လူ​မျိုး​ဖြစ်​သော ကြောင့်​တည်း။'' \c 4 \s1 ယေ​ရု​ရှ​လင်​မြို့​အား​ရန်​သူ​ဝိုင်း​ရံ​ထား​ပုံ​ကို ယေ​ဇ​ကျေ​လ​သ​ရုပ်​ဆောင်​၍​ပြ​ခြင်း \p \v 1 ထို့​နောက်``အ​ချင်း​လူ​သား၊ အုတ်​တစ်​ချပ်​ကို ယူ​၍​သင်​၏​ရှေ့​တွင်​ထား​ပြီး​လျှင် ယေ​ရု​ရှ လင်​မြို့​ပုံ​ကို​အုတ်​ပေါ်​တွင်​ရေး​ဆွဲ​လော့။- \v 2 ထို​နောက်​ထို​မြို့​အား​ရန်​သူ​ဝိုင်း​ရံ​ထား​ပုံ​ကို သ​ရုပ်​ဆောင်​ရန် မြောင်း၊ မြေ​က​တုတ်​များ၊ စစ် စ​ခန်း​များ​နှင့်​ခံ​တပ်​ဖြို​သည့်​တုံး​မောင်း များ​ကို​မြို့​ပတ်​လည်​၌​နေ​ရာ​ချ​ထား​လော့။- \v 3 သံ​ပြား​တစ်​ချပ်​ကို​လည်း​ယူ​၍​မြို့​နှင့်​သင် ၏​စပ်​ကြား​တွင်​တံ​တိုင်း​သ​ဖွယ်​ထောင်​၍ ထား​လော့။ သင်​သည်​မြို့​ဘက်​သို့​မျက်​နှာ​မူ လော့။ မြို့​သည်​ဝိုင်း​ရံ​ခြင်း​ကို​ခံ​လျက်​ရှိ​၏။ သင်​သည်​မြို့​ကို​ဝိုင်း​ရံ​သူ​ဖြစ်​၏။ ဤ​သည် ကား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက် ပုဗ္ဗ​နိ​မိတ်​ဖြစ်​လိမ့်​မည်။ \p \v 4 ``သင်​သည်​လက်​ဝဲ​ဘက်​သို့​စောင်း​၍​အိပ်​လော့။ \m \v 5 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ပြစ်​ကို သင်​၏​အ​ပေါ်​သို့​ငါ​တင်​မည်။ သင်​သည်​ယင်း သို့​အိပ်​လျက်​သူ​တို့​၏​အ​ပြစ်​ကို​ခံ​ရ​သည့် အ​နေ​ဖြင့် ရက်​ပေါင်း​သုံး​ရာ​ကိုး​ဆယ်​တိုင်​တိုင် နေ​ရ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့ အ​ပြစ်​ဒဏ်​ခံ​ရ​မည့်​နှစ်​တစ်​နှစ်​လျှင်​တစ်​ရက် နှုန်း​ဖြင့်​သင့်​အား​ခံ​စေ​ရန် ငါ​စီ​ရင်​ချက်​ချ မှတ်​ထား​ပြီ​ဖြစ်​သော​ကြောင့်​တည်း။- \v 6 ထို​နေ့​ရက်​များ​ကုန်​လွန်​သော​အ​ခါ​ယာ ဘက်​စောင်း​အိပ်​၍ ယု​ဒ​အ​မျိုး​သား​တို့ အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​မည့်​နှစ်​တစ်​နှစ်​လျှင် တစ်​ရက်​နှုန်း​ဖြင့်​ရက်​ပေါင်း​လေး​ဆယ်​တိုင် တိုင်​သူ​တို့​၏​အ​ပြစ်​ကို​ခံ​ဦး​လော့။ \p \v 7 ``ယေ​ရု​ရှ​လင်​မြို့​အား​ဝိုင်း​ရံ​ထား​သည် ကို​စူး​စိုက်​၍​ကြည့်​လော့။ သင်​သည်​မိ​မိ​လက် သီး​ကို​ပြ​လျက်​ထို​မြို့​အား​ဆန့်​ကျင်​၍ ဟော​ပြော​လော့။- \v 8 ထို​မြို့​ကို​ဝိုင်း​ရံ​မှု​ပြီး​ဆုံး​ချိန်​တိုင်​အောင် သင်​သည်​တစ်​ဘက်​မှ​အ​ခြား​တစ်​ဘက်​သို့ မ​လှည့်​နိုင်​စေ​ရန် ငါ​သည်​သင့်​ကို​ချည်​နှောင် ထား​မည်။ \p \v 9 ``ယ​ခု​သင်​သည်​ဂျုံ​ဆန်​နှစ်​မျိုး၊ ပဲ​နှစ်​မျိုး နှင့်​ပြောင်း​ဆန်​ကို​ယူ​၍ အိုး​ထဲ​တွင်​ရော​နှော ပြီး​လျှင်​မုန့်​ကို​လုပ်​လော့။ ထို​မုန့်​ကား​ရက် ပေါင်း​သုံး​ရာ့​ကိုး​ဆယ်​ပတ်​လုံး​ဝဲ​ဘက်​သို့ စောင်း​၍​အိပ်​နေ​ချိန်​၌​သင်​စား​ရန်​ဖြစ်​၏။- \v 10 သင်​သည်​တစ်​ရက်​လျှင်​မုန့်​ရှစ်​အောင်​စ​မျှ စား​နိုင်​ခွင့်​ရှိ​၏။- \v 11 ရေ​ကို​လည်း​အ​တိုင်း​အ​တာ​နှင့်​တစ်​ရက်​လျှင် နှစ်​ခွက်​သာ​သောက်​ရ​မည်။- \v 12 သင်​သည်​လူ​၏​မ​စင်​ခြောက်​ဖြင့်​မီး​မွှေး​၍ ရ​သော​မီး​ကျီး​ခဲ​ပေါ်​တွင် မုန့်​ကို​ဖုတ်​ကာ လူ​မြင်​ကွင်း​၌​စား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 13 ထာ​ဝရ​ဘု​ရား​က``ငါ​သည်​ဣ​သ​ရေ​လ အမျိုး​သား​တို့​အား တစ်​ပါး​နိုင်​ငံ​များ​သို့ ပြန့်​လွင့်​စေ​သော​အ​ခါ သူ​တို့​သည်​ပ​ညတ် တ​ရား​က​တား​မြစ်​ထား​သည့် မ​သန့်​စင် သော​အ​စား​အ​စာ​များ​ကို​ဤ​သို့​စား​ရ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 14 သို့​ရာ​တွင်``အ​ရှင်​ထာ​ဝရ​ဘု​ရား၊ ကျွန်​တော် မျိုး​သည်​အ​ဘယ်​အ​ခါ​၌​မျှ မိ​မိ​ကိုယ်​ကို မ​ညစ်​ညမ်း​စေ​ခဲ့​ဘူး​ပါ။ က​လေး​အ​ရွယ်​မှ စ​၍​အ​ဘယ်​အ​ခါ​၌​မျှ အ​လို​အ​လျောက် သေ​သော​တိ​ရစ္ဆာန်​၏​အ​သား​ကို​သော်​လည်း ကောင်း၊ သား​ရဲ​များ​ကိုက်​၍​သေ​သည့်​တိ​ရစ္ဆာန် ၏​အ​သား​ကို​သော်​လည်း​ကောင်း မ​စား​ခဲ့ ဘူး​ပါ။ ကျွန်​တော်​မျိုး​သည်​မ​သန့်​စင်​ဟု ယူ​ဆ​သည့်​အ​စား​အ​စာ​ကို​အ​ဘယ်​အ​ခါ ၌​မျှ​မ​စား​ခဲ့​ဘူး​ပါ'' ဟု​လျှောက်​၏။ \p \v 15 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​က``လူ​၏​မ​စင် အ​စား​နွား​ချေး​ကို​သုံး​ရန်​သင့်​အား​ငါ ခွင့်​ပြု​မည်။ သင်​၏​မုန့်​ကို​နွား​ချေး​နှင့်​မွှေး သော​မီး​ဖြင့်​ဖုတ်​နိုင်​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 16 ထို​နောက်​ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ရိက္ခာ​ပြတ် စေ​မည်။ ထို​မြို့​မှ​လူ​တို့​သည်​စိုး​ရိမ်​ပူ​ပန် ကြ​လျက်​မိ​မိ​တို့​၏​အ​စာ​ရေ​စာ​တို့​ကို ချိန်​တွယ်​၍​စား​သောက်​ရ​ကြ​လိမ့်​မည်။- \v 17 သူ​တို့​သည်​အ​စာ​ရေ​စာ​ပြတ်​လျက်​နေ သ​ဖြင့်​အ​ချင်း​ချင်း​တွေ့​မြင်​သော​အ​ခါ စိတ်​ပျက်​အား​လျော့​ကာ​မိ​မိ​တို့​၏​အ​ပြစ် များ​ကြောင့်​ပိန်​ကြုံ​သွား​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ \c 5 \s1 ယေ​ဇ​ကျေ​လ​ဦး​ခေါင်း​ရိတ်​ခြင်း \p \v 1 ``အ​ချင်း​လူ​သား၊ ဋ္ဌား​ထက်​ထက်​တစ်​လက် ကို​ယူ​၍​သင်​၏​မုတ်​ဆိတ်​နှင့်​ဆံ​ပင်​ကို​ရိတ် လော့။ ထို​နောက်​ယင်း​တို့​ကို​ချိန်​ခွင်​တွင်​ထည့် ၍ အ​ညီ​အ​မျှ​သုံး​စု​ခွဲ​လော့။- \v 2 တစ်​စု​ကို​ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​ရံ​ထား သည့်​ကာ​လ​ကုန်​ဆုံး​ချိန်​၌​မြို့​ထဲ​မှာ​မီး​ရှို့ လော့။ အ​ခြား​တစ်​စု​ကို​ယူ​၍ မြို့​ထဲ​၌​လှည့် လည်​ကာ​ဋ္ဌား​ဖြင့်​အ​ပိုင်း​ပိုင်း​ဖြတ်​လော့။ ကျန်​တစ်​စု​ကို​လေ​ထဲ​သို့​လွှင့်​လော့။ ငါ သည်​ထို​အ​စု​ကို​လိုက်​၍​ဋ္ဌား​ဖြင့်​တိုက် ခိုက်​မည်။- \v 3 ဆံ​ပင်​အ​နည်း​ငယ်​ကို​သင်​၏​အ​ဝတ်​အ မြိတ်​နား​၌​ထုပ်​၍​သိမ်း​ဆည်း​ထား​လော့။- \v 4 ထို​နောက်​အ​နည်း​ငယ်​ကို​ယူ​၍​မီး​ရှို့​လော့။ ထို​ဆံ​ပင်​များ​မှ​မီး​သည်​ဣသ​ရေ​လ​အ​မျိုး သား​တစ်​ရပ်​လုံး​သို့​ပျံ့​နှံ့​သွား​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ \p \v 5 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရု​ရှ​လင် မြို့​ကို​ကြည့်​လော့။ ငါ​သည်​ထို​မြို့​ကို​နိုင်​ငံ အ​ပေါင်း​ခြံ​ရံ​စေ​ကာ​ကမ္ဘာ​၏​အ​လယ် ဗ​ဟို​တွင်​ထား​ရှိ​၏။- \v 6 သို့​ရာ​တွင်​ထို​မြို့​သူ​မြို့​သား​တို့​သည်​ငါ ၏​အ​မိန့်​များ​ကို​လွန်​ဆန်​လျက် အ​ခြား နိုင်​ငံ​သား​များ​ထက်​ပို​၍​ယုတ်​မာ​ကြ​ပြီ။ သူ​တို့​သည်​ပတ်​ဝန်း​ကျင်​ရှိ​တိုင်း​ပြည်​များ မှ​လူ​တို့​ထက်​ပင်​ပို​၍ ငါ​၏​ပ​ညတ်​တို့​ကို ပယ်​ကြ​လေ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား တို့​သည်​ငါ​၏​အ​မိန့်​များ​ကို​ပစ်​ပယ်​လျက် ငါ​၏​ပ​ညတ်​တော်​များ​ကို​လည်း​မ​စောင့် ထိန်း​ကြ။- \v 7 အ​ချင်း​ယေ​ရု​ရှ​လင်​မြို့၊ ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​ကို​နား​ထောင်​လော့။ သင်​သည်​ပတ်​ဝန်း​ကျင်​၌​ရှိ​သည့်​လူ​မျိုး တို့​ထက်​ပင်​ပို​၍​ဒုက္ခ​ပေး​၏။ ငါ​၏​ပ​ညတ် များ​နှင့်​အ​မိန့်​တော်​များ​ကို​မ​လိုက်​နာ ကြ။ သင်​သည်​ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့ ၏​အ​ဆင့်​ကို​ပင်​မ​မီ​ပေ။- \v 8 သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား ယေ​ရု​ရှ​လင်​မြို့၊ ငါ​သည် သင့်​ရန်​သူ​ဖြစ်​၍​လူ​မျိုး​တ​ကာ​တို့​ရှေ့ တွင်​သင့်​အား​အ​ပြစ်​ဒဏ်​စီ​ရင်​မည်။- \v 9 ငါ​ရွံ​မုန်း​သော​ရုပ်​တု​များ​ကြောင့်​သင့်​အား ငါ​သည်​အ​ဘယ်​အ​ခါ​က​မျှ​မ​ပေး​စ​ဖူး၊ နောင်​အ​ဘယ်​အ​ခါ​၌​မျှ​လည်း​ပေး​မည် မ​ဟုတ်​သည့်​အ​ပြစ်​ဒဏ်​ကို​ပေး​မည်။- \v 10 ထို့​ကြောင့်​ယေ​ရု​ရှ​လင်​မြို့​ရှိ​မိဘ​သည်​သား သ​မီး​တို့​ကို​စား​ကြ​လိမ့်​မည်။ သား​သ​မီး တို့​သည်​လည်း​မိ​ဘ​တို့​ကို​စား​ကြ​လိမ့်​မည်။ သင်​တို့​အ​နက်​အ​သက်​မ​သေ​ဘဲ​ကျန်​ရစ် သူ​တို့​ကို​လည်း ငါ​သည်​အ​ပြစ်​ဒဏ်​ခတ် လျက်​အ​ရပ်​တ​ကာ​သို့​ပျံ့​လွင့်​စေ​မည်။''\x + \xo 5:10 \xt မြည်၊ ၄:၁၀။\x* \p \v 11 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် မှာ``သင်​တို့​သည်​ဆိုး​ညစ်​စက်​ဆုပ်​ဖွယ်​သော အ​မှု​အ​ပေါင်း​ကို​ပြု​လျက် ဗိ​မာန်​တော်​ကို ညစ်​ညမ်း​စေ​သ​ဖြင့် ငါ​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​သည်​နှင့်​အ​ညီ သင်​တို့​အား​သ​နား​ညှာ​တာ​မှု​မ​ရှိ​ဘဲ သုတ်​သင်​ပစ်​မည်။- \v 12 သင်​တို့​အ​နက်​သုံး​ပုံ​တစ်​ပုံ​သော​လူ​တို့ မြို့​တွင်း​၌​အ​နာ​ရော​ဂါ​ဘေး၊ ငတ်​မွတ်​ခြင်း ဘေး​တို့​ဖြင့်​သေ​ကြ​လိမ့်​မည်။ အ​ခြား​သုံး ပုံ​တစ်​ပုံ​မှာ​မြို့​ပြင်​၌​ဋ္ဌား​ဘေး​သင့်​၍​သေ ကြ​လိမ့်​မည်။ ကျန်​သုံး​ပုံ​တစ်​ပုံ​ကို​မူ​လေ တွင်​လွင့်​စင်​သွား​စေ​လျက်​ငါ​သည်​ဋ္ဌား​ဖြင့် လိုက်​လံ​တိုက်​ခိုက်​မည်။ \p \v 13 ``သင်​သည်​ငါ​စိတ်​မ​ပြေ​မ​ချင်း​ငါ​၏ အ​မျက်​ဒေါ​သ​ဒဏ်​ကို​အ​ပြည့်​အ​ဝ​ခံ ရ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​၏ သစ္စာ​မဲ့​မှု​အ​တွက်​အ​မျက်​ထွက်​လျက် ဤ သို့​မိန့်​တော်​မူ​ကြောင်း​ကို သင်​သည်​ဤ​အ​မှု အ​ရာ​များ​ဖြစ်​ပျက်​ချိန်​၌​သိ​ရှိ​နား​လည် လိမ့်​မည်။- \v 14 ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​သည် သင်​၏​အ​နီး​တွင်​ဖြတ်​သန်း​သွား​လာ​ကြ သော​အ​ခါ သင်​၏​ပျက်​စီး​မှု​ကို​ကြည့်​၍ မဲ့​ရွဲ့​ပြ​ကာ​သင့်​အား​ရှောင်​၍​သွား​ကြ လိမ့်​မည်။ \p \v 15 ``ငါ​သည်​သင့်​အား​အ​မျက်​ဒေါ​သ​ပြင်း စွာ​ထွက်​၍ နာ​ကျင်​စွာ​အ​ပြစ်​ဒဏ်​ခတ်​သော အ​ခါ ပတ်​ဝန်း​ကျင်​မှ​လူ​မျိုး​တ​ကာ​တို့ သည်​ထိတ်​လန့်​ကြ​လျက် သင့်​အား​စက်​ဆုပ် သည့်​အ​မူ​အ​ရာ​ဖြင့်​ကြည့်​၍​သ​တိ​ပေး လျက်​ပြက်​ရယ်​ပြု​ကြ​လိမ့်​မည်။- \v 16 ငါ​သည်​သင့်​အား​ရိက္ခာ​ဖြတ်​၍​ငတ်​မွတ်​စေ မည်။ သင်​သည်​မြား​ချက်​ဒဏ်​ကဲ့​သို့​ပြင်း​ပြ စွာ​ဖျက်​ဆီး​မည့်​ငတ်​မွတ်​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​လိမ့်​မည်။ ငါ​သည်​သင့်​ကို​ဖျက်​ဆီး​မည်။- \v 17 သင်​၏​သား​သ​မီး​များ​ကို​သေ​စေ​ရန်​တော​ရဲ တိ​ရစ္ဆာန်​များ​နှင့်​အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး ကို​လည်း​ကောင်း၊ သင့်​အား​ဖျက်​ဆီး​ရန်​အ​နာ ရော​ဂါ​ဘေး၊ အ​ကြမ်း​ဖက်​မှု​နှင့်​စစ်​မက်​အန္တ ရာယ်​ကို​လည်း​ကောင်း​ငါ​စေ​လွှတ်​မည်။ ဤ ကား​ငါ​ထာ​ဝရ​ဘု​ရား​၏​အ​မိန့်​တော်​ပင် တည်း'' ဟူ​၍​ဖြစ်​၏။\x + \xo 5:17 \xt ဗျာ၊ ၆:၈။\x* \c 6 \s1 ရုပ်​တု​ကိုး​ကွယ်​မှု​ကို​ထာ​ဝ​ရ​ဘု​ရား​ရှုတ်​ချ​ခြင်း \p \v 1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။- \v 2 ကိုယ်​တော်​က​ငါ့​အား``အ​ချင်း​လူ​သား၊ သင်​သည် ဣ​သ​ရေ​လ​တောင်​များ​ကို​ကြည့်​၍ သူ​တို့​အား ငါ​၏​အ​မိန့်​တော်​ကို​ဆင့်​ဆို​လော့။- \v 3 ဣ​သ​ရေ​လ​တောင်​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​နား​ထောင်​ကြ​ရန်​ပြော​ကြား လော့။ တောင်​ကြီး​တောင်​ငယ်​များ၊ မြစ်​များ၊ ချိုင့် ဝှမ်း​များ​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​ပြန်​ကြား​လော့။ ငါ​သည်​လူ တို့​ရုပ်​တု​များ​ကိုး​ကွယ်​ရာ​မြင့်​သော​အ​ရပ် ဌာ​န​များ​ကို​ဖျက်​ဆီး​ရန်​ဋ္ဌား​ကို​စေ​လွှတ် မည်။- \v 4 ယဇ်​ပလ္လင်​တို့​ကို​ဆွဲ​ချ​ဖျက်​ဆီး​၍​နံ့​သာ​ပေါင်း မီး​ရှို့​ရာ​ခွက်​တို့​ကို​ချိုး​ဖဲ့​မည်။ လူ​အ​ပေါင်း တို့​သည်​လည်း မိ​မိ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု များ​ရှေ့​တွင်​အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။- \v 5 ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ အ​လောင်း​များ​ကို သူ​တို့​၏​ရုပ်​တု​များ​ရှေ့ တွင်​ကြဲ​ဖြန့်​မည်။ သူ​တို့​၏​အ​ရိုး​များ​ကို ယဇ်​ပလ္လင်​များ​ပတ်​လည်​တွင်​ကြဲ​ဖြန့်​မည်။- \v 6 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​မြို့​အ​ပေါင်း လူ​သူ​ကင်း​မဲ့​လျက် ဝတ်​ပြု​ကိုး​ကွယ်​ရာ​မြင့် သော​အ​ရပ်​များ​ကို​ဖြို​ဖျက်​သ​ဖြင့် ထို​သူ တို့​၏​ယဇ်​ပလ္လင်​များ​နှင့်​ရုပ်​တု​များ​သည် ပျက်​စီး​ယို​ယွင်း၊ အ​စိတ်​စိတ်​အ​မြွှာ​မြွှာ ကျိုး​ပဲ့​ကြ​ကုန်​လျက် နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ခွက်​တို့​သည်​လည်း​ကြေ​မွ​ကာ ထို​သူ​တို့​ပြု လုပ်​သ​မျှ​သော​အ​ရာ​တို့​သည်​ပျောက်​ပျက် ကုန်​လိမ့်​မည်။- \v 7 နေ​ရာ​တ​ကာ​တွင်​လူ​တို့​သည်​အ​သတ်​ခံ​ရ ကြ​လိမ့်​မည်။ ဤ​သည်​ကား​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​ကြောင်း​သိ​ရ​ကြ​လိမ့်​မည်။ \p \v 8 ``ငါ​သည်​လူ​အ​ချို့​တို့​ကို​ဋ္ဌား​ဘေး​မှ​လွတ် မြောက်​စေ​၍ အ​ပြည်​ပြည်​နိုင်​ငံ​အ​ရပ်​ရပ် သို့​ပျံ့​လွင့်​သွား​စေ​မည်။- \v 9 သူ​တို့​သည်​ထို​အ​ရပ်​များ​တွင်​ပြည်​နှင်​ဒဏ် ခံ​ရ​သူ​များ​ကဲ့​သို့​နေ​ရ​ကြ​လိမ့်​မည်။ ထို အ​ခါ​လွတ်​မြောက်​လာ​သူ​တို့​သည်​ငါ့​ကို သ​တိ​ရ​ကြ​လိမ့်​မည်။ မိ​မိ​တို့​၏​သစ္စာ​မဲ့ သော​စိတ်​နှ​လုံး​ဖြင့်​ငါ့​အား​စွန့်​ပယ်​ကာ ရုပ်​တု တို့​ကို​ငါ့​ထက်​ပို​၍​မြတ်​နိုး​ကြ​သည့်​အ​တွက် ငါ​သည်​အ​ဘယ်​မျှ​ဝမ်း​နည်း​ကြောင်း​သိ​ရှိ နား​လည်​လာ​ကြ​လိမ့်​မည်။ ထို​နောက်​သူ တို့​သည်​မိ​မိ​တို့​ပြု​ခဲ့​သည့်​ဆိုး​ညစ် ယုတ်​မာ​မှု​များ​အ​တွက် မိ​မိ​တို့​ကိုယ်​ကို စက်​ဆုပ်​ရွံ​ရှာ​လာ​ကြ​လိမ့်​မည်။- \v 10 ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ ငါ​ကြို​တင်​သ​တိ​ပေး​ချက်​များ​သည် အ​ချည်း​နှီး​ကြုံး​ဝါး​ချက်​များ​မ​ဟုတ် ကြောင်း​ကို​လည်း​ကောင်း သူ​တို့​သိ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 11 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``သင်​တို့​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ပြု​ခဲ့​သည့်​ဆိုး​ညစ် စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​တို့​ကြောင့် လက်​နှစ်​ဘက် ကို​ရိုက်​၍​ခြေ​ကို​ဆောင့်​ကာ​ဝမ်း​နည်း​ပူ​ဆွေး လျက်​ငို​ကြွေး​ကြ​လော့။ သူ​တို့​သည်​စစ်​ပွဲ​တွင် လည်း​ကောင်း၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​တို့​ဖြင့်​လည်း​ကောင်း သေ​ရ​ကြ​လိမ့်​မည်။- \v 12 ရပ်​ဝေး​သို့​ရောက်​နေ​သူ​များ​သည်​ဖျား​နာ​၍ သေ​ရ​ကြ​လျက် အ​နီး​၌​ရှိ​နေ​သူ​တို့​မူ​ကား စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ​ကြ​လိမ့်​မည်။ မ​သေ​ဘဲ ကျန်​ရစ်​သူ​တို့​သည်​အ​စာ​ငတ်​၍​သေ​ရ ကြ​လိမ့်​မည်။ သူ​တို့​သည်​ငါ​၏​အ​မျက်​တော် ဒဏ်​ကို​အ​ပြည့်​အ​ဝ​ခံ​ရ​ကြ​လိမ့်​မည်။- \v 13 လူ​သေ​ကောင်​တို့​သည်​ရုပ်​တု​များ​အ​ကြား နှင့်​ယဇ်​ပလ္လင်​များ​ပတ်​လည်​၌​လည်း​ကောင်း၊ မြင့်​သော​တောင်​ကုန်း​များ​နှင့်​တောင်​ထိပ်​များ ၌​လည်း​ကောင်း၊ စိမ်း​လန်း​သော​သစ်​ပင်​များ​နှင့် ဝက်​သစ်​ချပင်​ကြီး​ရှိ​သ​မျှ​အောက်​၌​လည်း ကောင်း၊ ရုပ်​တု​တို့​အား​နံ့​သာ​ပေါင်း​ကို​မီး​ရှို့ ပူ​ဇော်​ရာ​ဌာ​န​ရှိ​သ​မျှ​တို့​၌​လည်း​ကောင်း ပျံ့​နှံ့​၍​နေ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လူ အ​ပေါင်း​တို့​သိ​ရှိ​လာ​ကြ​လိမ့်​မည်။- \v 14 ငါ​သည်​လက်​ကို​ဆန့်​၍​သူ​တို့​၏​ပြည်​ကို ဖျက်​ဆီး​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ နေ​ထိုင်​ရာ​အ​ရပ်​မှန်​သ​မျှ​ကို​ချမ်း​သာ မ​ပေး​ဘဲ တောင်​ဘက်​တော​ကန္တာ​ရ​မှ​သည် မြောက်​ဘက်​ဒိ​ဗ​လတ်​မြို့​သို့​တိုင်​အောင်​လူ သူ​ဆိတ်​ညံ​ရာ​အ​ရပ်​ဖြစ်​စေ​မည်။ ထို​အ​ခါ ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​ကြောင်း​ကို လူ အ​ပေါင်း​တို့​သိ​ရှိ​လာ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ \c 7 \s1 နိုင်​ငံ​ပျက်​သုဉ်း​ချိန်​နီး​ပြီ \p \v 1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။- \v 2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ ပြည်​သူ​ပြည်​သား​တို့​အား ငါ​အ​ရှင်​ထာဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​ကား``နိုင်​ငံ​တစ်​ခု လုံး​ပျက်​သုဉ်း​ရာ​အ​ချိန်​ကျ​ပြီ။ \p \v 3 ``အို ဣ​သ​ရေ​လ​နိုင်​ငံ၊ သင်​ပျက်​သုဉ်း​ရာ​အ​ချိန် ကျ​ပြီ။ သင်​ပြု​ခဲ့​သော​အ​မှု​များ​အ​တွက် ငါ သည်​သင့်​အား​တ​ရား​စီ​ရင်​ပြီ​ဖြစ်​၍ သင်​သည် ငါ​၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​ရ​လိမ့်​မည်။ သင် ပြု​ခဲ့​သည့်​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​အ​ပေါင်း​၏ အ​ကျိုး​ဆက်​ကို​သင့်​အား​ငါ​ပေး​ဆပ်​မည်။- \v 4 ငါ​သည်​သင့်​အား​ချမ်း​သာ​ပေး​လိမ့်​မည်​မ​ဟုတ်၊ အ​ဘယ်​သို့​မျှ​လည်း​က​ရု​ဏာ​ပြ​လိမ့်​မည်​မ ဟုတ်။ သင်​ပြု​ခဲ့​သည့်​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ အ​တွက် ငါ​သည်​သင့်​ကို​ဒဏ်​ပေး​မည်။ သို့​မှ​သာ လျှင်​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​သင် သိ​ရှိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 5 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``ဘေး​ဒုက္ခ​တစ်​ခု​ပြီး​တစ်​ခု​သင့်​ထံ သို့​ရောက်​ရှိ​လာ​လိမ့်​မည်။- \v 6 သင်​ပျက်​သုဉ်း​ရာ​အ​ချိန်​ရောက်​ပြီ။ ဆုံး​ပါး ပျက်​စီး​ရာ​အ​ချိန်​ရောက်​ပြီ။ သင့်​ကို​ဆန့်​ကျင် လျက်​ရောက်​ရှိ​လာ​ပြီ။- \v 7 ပြည်​သူ​ပြည်​သား​တို့​ဆုံး​ပါး​ပျက်​စီး​ရာ အ​ချိန်​ရောက်​လာ​ပေ​တော့​အံ့။ တောင်​ပေါ်​တွင် ပွဲ​လမ်း​သ​ဘင်​များ​မ​ရှိ​တော့​ဘဲ ဗ​ရုတ်​သုတ် ခ​ဖြစ်​ရန်​အ​ချိန်​သည်​နီး​ကပ်​လာ​လေ​ပြီ။ ရောက်​လာ​တော့​မည်။ \p \v 8 ``မ​ကြာ​မီ​ပင်​သင်​သည် ငါ​၏​အ​မျက်​တော် ဒဏ်​ကို​အ​ပြည့်​အ​ဝ​သင့်​အ​ပေါ်​သို့​သွန်း လောင်း​လိမ့်​မည်။ ငါ​သည်​သင်​ပြု​ခဲ့​သော​အ​မှု များ​အ​တွက် သင့်​အား​တ​ရား​စီ​ရင်​မည်။ သင် ပြု​သည့်​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ​၏​အ​ကျိုး ဆက်​ကို​သင့်​အား​ငါ​ပေး​အပ်​မည်။- \v 9 ငါ​သည်​သင့်​အား​ချမ်း​သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​သို့​မျှ​လည်း​က​ရု​ဏာ​ပြ​လိမ့်​မည်​မ ဟုတ်။ သင်​ပြု​ခဲ့​သည့်​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ အ​တွက်​သင့်​ကို​ဒဏ်​ပေး​မည်။ သို့​မှ​သာ​လျှင် ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ သင့်​အား​ဒဏ်​ပေး​သူ​သည်​ငါ​ပင်​ဖြစ် ကြောင်း​ကို​လည်း​ကောင်း​သင်​သိ​လိမ့်​မည်'' ဟူ​၍​ဖြစ်​၏။ \p \v 10 ဘေး​ဒုက္ခ​ရောက်​ရာ​ကာ​လ​သည်​ချဉ်း​ကပ်​လာ လေ​ပြီ။ အ​ကြမ်း​ဖက်​မှု​သည်​ရှင်​သန်​ကြီး​ထွား လျက်​ရှိ​၏။ မာန်​မာ​န​ထောင်​လွှား​မှု​အ​ကြီး မား​ဆုံး​အ​ချိန်​ပင်​ဖြစ်​၏။- \v 11 အ​ကြမ်း​ဖက်​မှု​သည်​ယုတ်​မာ​မှု​ကို​တိုး​ပွား စေ​လိမ့်​မည်။ သူ​တို့​နှင့်​ဆိုင်​သ​မျှ​ကျန်​ရှိ​လိမ့် မည်​မ​ဟုတ်။ သူ​တို့​၏​စီး​ပွား​ချမ်း​သာ​ဂုဏ် အ​သ​ရေ​တို့​သည်​ကျန်​ရှိ​လိမ့်​မည်​မ​ဟုတ်။ \p \v 12 အ​ချိန်​ကျ​ပြီ။ ရောင်း​ဝယ်​ဖောက်​ကား​မှု​များ ပြု​လုပ်​၍​မ​ဖြစ်​သည့်​နေ့​ရက်​ကာ​လ​နီး​ကပ် လာ​လေ​ပြီ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​သည်​လူ​တိုင်း​အ​ပေါ် သို့​သက်​ရောက်​မည်​ဖြစ်​သော​ကြောင့်​တည်း။- \v 13 ကုန်​သွယ်​သူ​သည်​မိ​မိ​ရောင်း​လိုက်​သည့်​မြေ​ယာ ကို​ပြန်​လည်​ရ​ရှိ​ရန် အ​သက်​ရှည်​နိုင်​လိမ့်​မည် မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ​တိုင်း​နှင့် ဆိုင်​သော​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို ပြန်​လည်​ပြင်​ဆင်​မည်​မ​ဟုတ်​သော​ကြောင့်​တည်း။ သူ​တို့​အ​ပြစ်​ကြောင့်​ဆိုး​ညစ်​သူ​တို့​သည် မ​သေ​ဘဲ​ကျန်​ရစ်​နိုင်​ကြ​မည်​မ​ဟုတ်။- \v 14 တိုက်​ပွဲ​စ​ရန်​တံ​ပိုး​မှုတ်​ပြီ​ဖြစ်​၍​လူ​အ​ပေါင်း တို့​သည်​အ​သင့်​ပြင်​ကြ​၏။ သို့​ရာ​တွင်​တစ်​ဦး တစ်​ယောက်​မျှ​စစ်​ပွဲ​ထဲ​သို့​မ​ဝင်​ရောက်။ အ​ဘယ် ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​၏​အ​မျက်​တော် သည် လူ​တိုင်း​အ​ပေါ်​သို့​သက်​ရောက်​မည်​ဖြစ် သော​ကြောင့်​တည်း။ \s1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပြစ်​ကြောင့် ဒဏ်​ခံ​ရ​ခြင်း \p \v 15 လမ်း​များ​ပေါ်​မှာ​တိုက်​ခိုက်​မှု​များ​ရှိ​၏။ အိမ် များ​၌​အ​နာ​ရော​ဂါ​နှင့်​ငတ်​မွတ်​ခြင်း​ရှိ​၏။ ကျေး​တော​တွင်​ရှိ​နေ​သူ​တို့​သည်​ဋ္ဌား​ဘေး​ဖြင့် သေ​ဆုံး​ရ​လျက်​မြို့​တွင်း​ရှိ​နေ​သူ​တို့​မူ​ကား အ​နာ​ရော​ဂါ​ဘေး၊ ငတ်​မွတ်​ခြင်း​ဘေး​ဖြင့် သေ​ရ​ကြ​လိမ့်​မည်။- \v 16 ကျန်​ရစ်​သော​သူ​တို့​သည်​ချိုး​ငှက်​ကဲ့​သို့​ညည်း ညူ​လျက်​ချိုင့်​ဝှမ်း​များ​ထဲ​မှ​နေ​၍ တောင်​ပေါ် သို့​ထွက်​ပြေး​ကြ​လိမ့်​မည်။ လူ​အ​ပေါင်း​တို့ သည်​မိ​မိ​တို့​၏​အ​ပြစ်​များ​အ​တွက်​ငို ကြွေး​ရ​လိမ့်​မည်။- \v 17 လူ​အ​ပေါင်း​တို့​၏​လက်​များ​သည်​အား​လျော့ လျက် သူ​တို့​၏​ဒူး​များ​သည်​တုန်​၍​နေ​လိမ့်​မည်။- \v 18 သူ​တို့​သည်​လျှော်​တေ​အဝတ်​ကို​ဝတ်​၍ တစ် ကိုယ်​လုံး​တုန်​လှုပ်​လျက်​နေ​ကြ​လိမ့်​မည်။ ဦး ဆံ​ပယ်​၍​ရှက်​ကြောက်​နေ​သော​မျက်​နှာ​များ တွေ့​ရ​ကြ​လိမ့်​မည်။- \v 19 သူ​တို့​သည်​မိ​မိ​တို့​၏​ရွှေ၊ ငွေ​များ​ကို​အ​မှိုက် သ​ရိုက်​သ​ဖွယ် လမ်း​များ​ပေါ်​သို့​လွှင့်​ပစ်​လိုက် ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ ဘု​ရား​အ​မျက်​ထွက်​တော်​မူ​ရာ​ကာ​လ​၌ သူ​တို့​၏ ရွှေ၊ ငွေ၊ များ​သည်​သူ​တို့​အား​မ​ကယ် နိုင်​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​မိ​မိ​တို့ အ​ဆာ​ပြေ​စေ​ရန်​အ​တွက်​သော်​လည်း​ကောင်း၊ မိ​မိ​တို့​ဝမ်း​ကို​ဖြည့်​တင်း​မှု​အ​တွက်​သော် လည်း​ကောင်း ရွှေ၊ ငွေ၊ များ​ကို​အ​သုံး​မ​ပြု နိုင်​ကြ။ ရွှေ​ငွေ​တို့​သည်​သူ​တို့​အား​အ​ပြစ် ဒု​စ​ရိုက်​ကို​ပြု​စေ​၏။- \v 20 အ​ခါ​တစ်​ပါး​က​ထို​သူ​တို့​သည်​မိ​မိ​တို့ ၏​လှ​ပ​သော​ကျောက်​မျက်​ရ​တ​နာ​များ အ​တွက် ဝါ​ကြွား​ဂုဏ်​ယူ​ခဲ့​ကြ​သော်​လည်း ယင်း​တို့​ကို​စက်​ဆုပ်​ဖွယ်​ကောင်း​သည့်​ရုပ်​တု များ​ပြု​လုပ်​ရာ​တွင်​အ​သုံး​ပြု​ကြ​ကုန်​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား ထို​ရ​တ​နာ​များ​သည်​သူ​တို့​အ​တွက်​မ​သန့် ရှင်း​သော​အ​ရာ​များ​ဖြစ်​စေ​တော်​မူ​၏။ \p \v 21 ထာ​ဝ​ရ​ဘု​ရား​က``သူ​တို့​ကို​တိုက်​ခိုက်​လု ယူ​ကြ​စေ​ရန် လူ​မျိုး​ခြား​တို့​အား​ငါ​အ​ခွင့် ပေး​မည်။ တ​ရား​ဥ​ပ​ဒေ​ချိုး​ဖောက်​သူ​တို့ သည်​သူ​တို့​၏​စည်း​စိမ်​ဥစ္စာ​များ​ကို​ယူ​၍ ညစ်​ညမ်း​စေ​ကြ​လိမ့်​မည်။- \v 22 ဋ္ဌား​ပြ​များ​သည်​ငါ​၏​ဗိ​မာန်​တော်​သို့ အ​တင်း​ဝင်​ရောက်​ကာ​ညစ်​ညမ်း​စေ​သော အ​ခါ​ငါ​သည်​မျက်​ကွယ်​ပြု​မည်။'' \p \v 23 ``ပြည်​တွင်း​၌​လူ​သတ်​မှု​များ​ဖြင့်​လည်း ကောင်း၊ မြို့​များ​၌​အ​ကြမ်း​ဖက်​မှု​များ​ဖြင့် လည်း​ကောင်း​ပြည့်​နှက်​လျက်​ရှိ​သ​ဖြင့် နေ​ရာ တ​ကာ​တွင်​ဗ​ရုတ်​သုတ်​ခ​ဖြစ်​၍​နေ​၏။- \v 24 ငါ​သည်​အ​ဆိုး​ညစ်​ဆုံး​သော​လူ​မျိုး​တို့​အား ဤ​အ​ရပ်​သို့​ခေါ်​ဆောင်​၍ သင်​တို့​၏​နေ​အိမ် များ​ကို​သိမ်း​ယူ​စေ​မည်။ ထို​သူ​တို့​အား​သင် တို့​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ညစ် ညမ်း​စေ​ရန် ငါ​အ​ခွင့်​ပေး​သော​အ​ခါ​ခွန် အား​ကြီး​သူ​တို့​သည်​အား​လျော့​စိတ်​ပျက် ကြ​လိမ့်​မည်။- \v 25 သင်​တို့​ကြောက်​မက်​ဖွယ်​ရာ​အ​ချိန်​ကျ​ရောက် လာ​ပြီ။ သင်​တို့​သည်​ငြိမ်း​ချမ်း​သာ​ယာ​မှု ကို​ရှာ​သော်​လည်း​တွေ့​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။- \v 26 ဘေး​ဒုက္ခ​တို့​သည်​တစ်​ခု​ပြီး​တစ်​ခု​သက်​ရောက် လာ​လျက် သင်​တို့​သည်​သ​တင်း​ဆိုး​များ​ကို အ​ဆက်​မ​ပြတ်​ကြား​ရ​ကြ​လိမ့်​မည်။ သင်​တို့ သည်​ပ​ရော​ဖက်​တို့​အား​သူ​တို့​တွေ့​မြင်​ရ သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို​ဖော်​ပြ​ရန် တောင်း​ပန်​ကြ​လိမ့်​မည်။ ယဇ်​ပု​ရော​ဟိတ်​များ တို့​မှာ​လည်း လူ​တို့​အား​ဟော​ပြော​သွန်​သင် ရန်​အ​ဘယ်​အ​ရာ​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။ အ​သက်​ကြီး​သူ​တို့​သည်​လည်း​အ​ဘယ်​သို့ မျှ​အ​ကြံ​ဉာဏ်​ပေး​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။- \v 27 မင်း​ကြီး​သည်​ညည်း​တွား​မြည်​တမ်း​လျက်​နေ လိမ့်​မည်။ မင်း​သား​သည်​လည်း​မျှော်​လင့်​ရာ​မဲ့ ဖြစ်​၍​နေ​လိမ့်​မည်။ ပြည်​သူ​တို့​ကား​ကြောက် လန့်​တုန်​လှုပ်​လျက်​နေ​ကြ​လိမ့်​မည်။ ငါ​သည် သင်​တို့​အား​မိ​မိ​တို့​ပြု​ခဲ့​သ​မျှ​သော​အ​မှု များ​အ​တွက်​အ​ပြစ်​ဒဏ်​ပေး​မည်။ သင်​တို့​သူ တစ်​ပါး​အား​တ​ရား​စီ​ရင်​ခဲ့​ကြ​သည်​နည်း တူ သင်​တို့​အား​ငါ​တ​ရား​စီ​ရင်​မည်။ ဤ​နည်း အား​ဖြင့်​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​ကြောင်း သင်​တို့​သိ​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \c 8 \ms1 ဘု​ရား​သ​ခင်​ကို​မြင်​သော​ဒု​တိ​ယ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ \mr (၈:၁-၁၀:၂၂) \s1 ယေ​ရု​ရှ​လင်​မြို့​တွင်​ရုပ်​တု​ကိုး​ကွယ်​မှု \p \v 1 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​ရ​ချိန်​ခြောက်​နှစ်​မြောက်၊ ဆ​ဋ္ဌ​မ​လ၊ ပဉ္စ​မ​နေ့​၌​ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည်​ငါ​၏​အိမ်​တွင်​ထိုင်​၍​ငါ​နှင့်​စ​ကား​ပြော​လျက်​နေ​ကြ​စဉ် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​ရုတ်​တ​ရက်​ငါ​၏​အ​ပေါ်​သို့​ကျ​ရောက်​လာ​၏။- \v 2 ငါ​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​မီး​လျှံ​တောက်​နေ​သော​လူ​ပုံ​သဏ္ဌာန်​တစ်​ခု​ကို​မြင်​ရ​၏။ သူ​၏​ခါး​မှ​ခြေ​ဖျား​အ​ထိ​အောက်​ပိုင်း​တစ်​ခု​လုံး​သည်​မီး​နှင့်​တူ​၍ အ​ထက်​ပိုင်း​တစ်​ခု​လုံး​မှာ​တိုက်​ချွတ်​ထား​သည့်​ကြေး​ဝါ​သ​ဖွယ်​တောက်​ပ​လျက်​နေ​၏။-\x + \xo 8:2 \xt ယေဇ၊ ၁:၂၇။\x* \v 3 သူ​သည်​လက်​နှင့်​တူ​သော​အ​ရာ​ကို​ဆန့်​၍​ငါ​၏​ဦး​ဆံ​ကို​ဆွဲ​ကိုင်​လိုက်​၏။ ထို​နောက်​ဤ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ထဲ​၌​ဝိ​ညာဉ်​တော်​သည်​ငါ့​အား​လေ​ထဲ​သို့​ချီ​ပင့်​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​မြောက်​မျက်​နှာ​တံ​ခါး​ဝ​သို့​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ထို​နေ​ရာ​တွင်​ဘု​ရား​သ​ခင်​ရှု​စိမ့်​တော်​မ​မူ​လို​သည့်​ရုပ်​တု​တစ်​ခု​ရှိ​သ​တည်း။ \p \v 4 ငါ​သည်​ခေ​ဗာ​မြစ်​အ​နီး​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​မြင်​ရ​သည်​နည်း​တူ ဤ​အ​ရပ်​တွင်​လည်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​မြင်​ရ​၏။-\x + \xo 8:4 \xt ယေဇ၊ ၁:၂၈။\x* \v 5 ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ မြောက်​ဘက်​သို့​ကြည့်​လော့'' ဟု​မိန့်​တော်​မူ​သ​ဖြင့်​ကြည့်​လိုက်​သော​အ​ခါ တံ​ခါး​ဝ​အ​နီး​ယဇ်​ပလ္လင်​ဘေး​တွင်​ဘု​ရား​သ​ခင်​ရှု​စိမ့်​တော်​မ​မူ​လို​သည့်​ရုပ်​တု​ကို​ငါ​မြင်​ရ​၏။ \p \v 6 ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ ထို​သူ​တို့​ပြု​နေ​သည့်​အ​မှု​ကို​သင်​မြင်​သ​လော။ ဤ​အ​ရပ်​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပြု​နေ​ကြ​သည့်​စက်​ဆုပ်​ဖွယ်​ရာ​များ​ကို​ကြည့်​လော့။ သူ​တို့​သည်​ငါ့​အား​သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့်​ဝေး​သည်​ထက်​ဝေး​အောင်​နှင်​ထုတ်​လျက်​နေ​ကြ​၏။ သင်​သည်​ထို​အ​ရာ​တို့​ထက်​ပို​၍​ရှက်​ကြောက်​ဖွယ်​ကောင်း​သည့်​အ​ရာ​တို့​ကို​မြင်​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ \p \v 7 ကိုယ်​တော်​သည်​ငါ့​အား​အ​ပြင်​တံ​တိုင်း​အ​ဝင်​ဝ​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် တံ​တိုင်း​တွင်​ရှိ​သော​အ​ပေါက်​တစ်​ခု​ကို​ပြ​တော်​မူ​၏။- \v 8 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တံ​တိုင်း​ကို​ဤ​နေ​ရာ​မှ​တူး​ဖောက်​လိုက်​လော့'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း ငါ​သည်​တူး​ဖောက်​လိုက်​သော​အ​ခါ​တံ​ခါး​တစ်​ခု​ကို​မြင်​ရ​၏။- \v 9 ကိုယ်​တော်​သည်​ငါ့​အား``အ​ထဲ​သို့​ဝင်​၍​ထို​သူ​တို့​ပြု​နေ​ကြ​သည့်​ဆိုး​ညစ်​စက်​ဆုပ်​ဖွယ်​သော​အ​မှု​တို့​ကို​ကြည့်​လော့'' ဟု​မိန့်​တော်​မူ​လျှင်၊- \v 10 ငါ​သည်​အ​ထဲ​သို့​ဝင်​၍​ကြည့်​၏။ တံ​တိုင်း​နံ​ရံ​များ​တွင်​တွား​သွား​သော​သတ္တ​ဝါ​ရုပ်​များ၊ အ​ခြား​မ​သန့်​စင်​သည့်​တိ​ရစ္ဆာန်​ရုပ်​များ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကိုး​ကွယ်​သည့်​အ​ခြား​ရုပ်​တု​ပုံ​များ​ကို​ရေး​ဆွဲ​ထား​၏။- \v 11 ထို​အ​ရပ်​တွင်​ရှာ​ဖန်​၏​သား​ယာ​ဇ​ညာ​အ​ပါ​အ​ဝင် ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​ခု​နစ်​ဆယ်​ရှိ​၏။ သူ​တို့​သည်​ကိုယ်​စီ​ကိုယ်​ငှ​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရာ​လင်​ပန်း​တစ်​ချပ်​စီ​ကိုင်​ထား​ကြ​၏။ နံ့​သာ​ပေါင်း​မှ​မီး​ခိုး​တို့​သည်​လည်း​အ​ထက်​သို့​တက်​၍​နေ​၏။- \v 12 ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​လျှို့​ဝှက်​စွာ​ပြု​လျက်​နေ​ကြ​သော​အ​မှု​ကို​သင်​မြင်​သ​လော။ သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ပိုင်​ရုပ်​တု​များ​ရှိ​သော​အ​ခန်း​ထဲ​၌​ကိုး​ကွယ်​ဝတ်​ပြု​နေ​ကြ​၏။ သူ​တို့​က`ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​မ​မြင်။ ကိုယ်​တော်​သည်​ငါ​တို့​ပြည်​ကို​စွန့်​တော်​မူ​လေ​ပြီ' ဟု​ဆင်​ခြေ​ပေး​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 13 ထို​နောက်​ထာ​ဝရ​ဘု​ရား​က``သူ​တို့​သည်​ဤ​ထက်​ပို​မို​စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​များ​ပြု​ကြ​သည်​ကို​သင်​မြင်​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပြီး​လျှင်၊- \v 14 ငါ့​အား​ဗိ​မာန်​တော်​မြောက်​တံ​ခါး​သို့​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ထို​နောက်​တမ္မုဇ​နတ်​ဘု​ရား​ကွယ်​လွန်​သ​ဖြင့် ငို​ကြွေး​နေ​ကြ​သော​အ​မျိုး​သ​မီး​တို့​ကို​ပြ​တော်​မူ​၏။ \p \v 15 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ထို​အ​ခြင်း​အ​ရာ​ကို​မြင်​သ​လော။ ထို​ထက်​ပင်​ပို​၍​စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​တို့​ကို​သင်​မြင်​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။- \v 16 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ငါ့​အား ဗိ​မာန်​တော်​အ​တွင်း​တံ​တိုင်း​သို့​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ဗိ​မာန်​တော်​အ​ဝင်​ဝ​အ​နီး​ယဇ်​ပလ္လင်​နှင့်​ဆင်​ဝင်​စပ်​ကြား​၌ လူ​နှစ်​ဆယ့်​ငါး​ယောက်​ခန့်​ရှိ​၏။ သူ​တို့​သည်​ဗိ​မာန်​တော်​ကို​ကျော​ခိုင်း​လျက်​အ​ရှေ့​ဘက်​သို့​မျက်​နှာ​မူ​လျက် ထွက်​ပြူ​လာ​သော​နေ​မင်း​အား​ရှိ​ခိုး​နေ​ကြ​၏။ \p \v 17 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အ​ချင်း​လူ​သား၊ ထို​အ​ချင်း​အ​ရာ​ကို​သင်​မြင်​သ​လော။ ဤ​ယု​ဒ​အမျိုး​သား​တို့​သည်​သင်​မြင်​ခဲ့​ရ​သ​မျှ​သော​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ​ကို​ပြု​ရ​သည်​မှာ​အ​သေး​အ​ဖွဲ​သာ​ဖြစ်​၍ သူ​တို့​သည်​တိုင်း​ပြည်​တစ်​ခု​လုံး​ကို​အ​ကြမ်း​ဖက်​မှု​များ​ဖြင့်​ပြည့်​နှက်​စေ​လေ​ပြီ။ ထို​မျှ​မ​က​ဗိ​မာန်​တော်​သို့​လာ​ရောက်​၍​ဤ​အ​မှု​များ​ကို​ပြု​ရ​ခြင်း​အား​ဖြင့် သူ​တို့​သည်​ငါ့​အား​ပို​၍​ပင်​အ​မျက်​ထွက်​စေ​၏။- \v 18 သူ​တို့​သည်​သစ်​ခက်​ကို​နှာ​ခေါင်း​တွင်​ကပ်​လျက် ငါ့​အား​စော်​ကား​ကြ​ပုံ​ကို​ကြည့်​လော့။ ငါ​၏​အ​မျက်​ဒဏ်​ကို​သူ​တို့​သည်​အ​ပြည့်​အ​ဝ​ခံ​ရ​ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့​အား​ချမ်း​သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​သို့​မျှ​လည်း​က​ရု​ဏာ​ပြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​ငါ့​ထံ​သို့​အ​စွမ်း​ကုန်​အော်​ဟစ်​၍​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​မည်​ဖြစ်​သော်​လည်း ငါ​သည်​နား​ညောင်း​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ \c 9 \s1 ယေ​ရု​ရှ​လင်​မြို့​ဒဏ်​ခတ်​ခံ​ရ​ခြင်း \p \v 1 ထို​နောက်​ဘု​ရား​သ​ခင်​က``ယေ​ရု​ရှ​လင်​မြို့ ကို​စောင့်​နေ​သူ​တို့​လာ​ကြ​လော့။ သင်​တို့​နှင့် အ​တူ​လက်​နက်​များ​ကို​လည်း​ယူ​ခဲ့​ကြ လော့'' ဟု​ကျယ်​သော​အ​သံ​နှင့် မိန့်​တော်​မူ သည်​ကို​ငါ​ကြား​ရ​၏။- \v 2 ထို​အ​ခါ​ချက်​ချင်း​ပင်​လက်​နက်​တစ်​ခု စီ​ကိုင်​ဆောင်​ထား​သော​လူ​ခြောက်​ယောက်​တို့ သည် ဗိ​မာန်​တော်​မြောက်​ဘက်​အ​ပြင်​တံ​ခါး မှ​ထွက်​၍​လာ​ကြ​၏။ သူ​တို့​နှင့်​အ​တူ​ပိတ် ချော​ထည်​ကို​ဝတ်​ဆင်​ကာ စာ​ရေး​ကိ​ရိ​ယာ ကို​ယူ​ဆောင်​လာ​သူ​လူ​တစ်​ဦး​လည်း​ပါ​၏။ သူ​တို့​အား​လုံး​ပင်​ကြေး​ဝါ​ယဇ်​ပလ္လင် အ​နီး​သို့​လာ​၍​ရပ်​ကြ​၏။ \p \v 3 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကိုး ကွယ်​သော​ဘု​ရား​သ​ခင်​၏​တောက်​ပ​သော ဘုန်း​အ​သ​ရေ​တော်​သည် ကျိန်း​ဝပ်​တော်​မူ ရာ​ခေ​ရု​ဗိမ်​များ​မှ​လျှံ​တက်​လျက်​ဗိ​မာန် တော်​အဝင်​ဝ​သို့​ရွေ့​လျား​သွား​တော်​မူ​၏။ ထာ​ဝရ​ဘု​ရား​သည်​ပိတ်​ချော​ထည်​ကို​ဝတ် ဆင်​ထား​၍ စာ​ရေး​ကိ​ရိ​ယာ​ကို​ယူ​ဆောင် လာ​သူ​အား​ခေါ်​တော်​မူ​၍၊- \v 4 ``သင်​သည်​ယေ​ရု​ရှ​လင်​မြို့​တစ်​လျှောက်​လုံး တွင်​လှည့်​လည်​ကာ ယ​ခု​လူ​တို့​ပြု​ကျင့်​လျက် ရှိ​သော​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ​ကြောင့် ညည်း​တွား​မြည်​တမ်း​နေ​သူ​မှန်​သ​မျှ​၏ န​ဖူး​တွင် အ​မှတ်​သ​ညာ​ကို​ရေး​မှတ်​လော့'' ဟု​မိန့်​တော်​မူ​၏။\x + \xo 9:4 \xt ဗျာ၊ ၇:၃၊ ၉:၄၊ ၁၄:၁။\x* \p \v 5 ထို​နောက်​ဘု​ရား​သ​ခင်​က​အ​ခြား​သူ​တို့ အား``ထို​သူ​၏​နောက်​သို့​လိုက်​၍​မြို့​တွင်း တစ်​လျှောက်​တွင်​သတ်​ဖြတ်​ကြ​လော့။ မည်​သူ့ ကို​မျှ​ချမ်း​သာ​မ​ပေး​နှင့်။ မည်​သူ့​ကို​မျှ မ​သ​နား​မ​ညှာ​တာ​နှင့်။- \v 6 အ​သက်​ကြီး​သူ​များ၊ ပျို​ရွယ်​သူ​ယောကျာ်း မိန်း​မ​များ၊ က​လေး​အ​မေ​များ​နှင့်​က​လေး များ​ကို​သတ်​ကြ​လော့။ သို့​ရာ​တွင်​န​ဖူး တွင်​အ​မှတ်​သ​ညာ​ရှိ​သူ​တစ်​စုံ​တစ်​ယောက် ကို​မျှ​မ​ထိ​နှင့်။ ငါ​၏​ဗိ​မာန်​တော်​မှ​အ​စ ပြု​၍​ဆောင်​ရွက်​လော့'' ဟု​မိန့်​တော်​မူ​သည် ကို​ငါ​ကြား​ရ​၏။ သို့​ဖြစ်​၍​ထို​သူ​တို့​သည် ဗိ​မာန်​တော်​တွင်​ရပ်​လျက်​နေ​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​သက်​ကြီး​သူ​များ​ကို​ဦး စွာ​သတ်​ကြ​၏။ \p \v 7 ဘု​ရား​သ​ခင်​က``ဗိ​မာန်​တော်​ကို​ညစ်​ညမ်း စေ​ကြ​လော့။ တံ​တိုင်း​များ​ကို​လူ​သေ​ကောင် များ​ဖြင့်​ပြည့်​စေ​ကြ​လော့။ အ​လုပ်​စ​၍ လုပ်​ကြ​လော့။'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍ ထို​သူ​ခြောက်​ယောက်​တို့​သည်​မြို့​တွင်း​ရှိ လူ​တို့​ကို​စ​တင်​သတ်​ဖြတ်​ကြ​၏။ \p \v 8 ယင်း​သို့​ထို​သူ​တို့​သတ်​ဖြတ်​နေ​ကြ​ချိန် ၌​ငါ​သည်​တစ်​ယောက်​တည်း​ကျန်​ခဲ့​၏။ ငါ သည်​မြေ​ပေါ်​သို့​လှဲ​ချ​ပျပ်​ဝပ်​ကာ``အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ ပြည်​တွင်​ကျန်​ရှိ​သ​မျှ​သော​လူ​တို့​ကို​သတ် ဖြတ်​စေ​သည့်​တိုင်​အောင် ယေ​ရု​ရှ​လင်​မြို့​ကို အ​မျက်​ထွက်​တော်​မူ​ပါ​သ​လော'' ဟု​ဟစ် အော်​လျှောက်​ထား​၏။ \p \v 9 ဘု​ရား​သ​ခင်​က``ဣ​သ​ရေ​လ​နှင့်​ယု​ဒ​ပြည် သူ​ပြည်​သား​တို့​၏​အ​ပြစ်​များ​သည်​အ​ကယ် ပင်​ကြီး​လေး​၏။ သူ​တို့​သည်​ပြည်​တွင်း​နေ​ရာ တ​ကာ​တွင်​လူ​သတ်​မှု​များ၊ ပြစ်​မှု​များ​ဖြင့် ပြည့်​နှက်​စေ​ကြ​လျက်`ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ပြည်​ကို​စွန့်​တော်​မူ​လေ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​ကို​မြင်​တော်​မ​မူ' ဟု ဆို​ကြ​၏။- \v 10 သို့​ရာ​တွင်​ငါ​သည်​သူ​တို့​ကို​သ​နား​မည် မ​ဟုတ်။ ချမ်း​သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ ထို​သူ တို့​သူ​တစ်​ပါး​အား​ပြု​ကြ​သည်​အ​တိုင်း သူ​တို့​အား​ငါ​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 11 ထို​နောက်​ပိတ်​ချော​ထည်​ကို​ဝတ်​ဆင်​ထား​၍ စာ​ရေး​ကိ​ရိ​ယာ​ကို​ယူ​ဆောင်​လာ​သူ​က``အ ကျွန်ုပ်​သည်​ကိုယ်​တော်​ရှင်​၏​အ​မိန့်​တော်​အ တိုင်း​ဆောင်​ရွက်​ပြီး​ပါ​ပြီ'' ဟု ထာ​ဝ​ရ ဘု​ရား​အား​လာ​ရောက်​အ​စီ​ရင်​ခံ​လေ သည်။ \c 10 \s1 ဗိ​မာန်​တော်​မှ​ထာ​ဝရ​ဘု​ရား​၏ ဘုန်း​အ​သ​ရေ​တော်​ထွက်​ခွာ​ခြင်း \p \v 1 ငါ​သည်​အ​သက်​ရှင်​သော​သတ္တ​ဝါ\f 2 \fr 10:1 \ft * \+fk အ​သက်​ရှင်​သော​သတ္တဝါ။ \ft ၁:၅-၁၂။ ကို​ကြည့်​ပါ။\f* တို့​၏​ဦး​ခေါင်း​အ​ထက်​ရှိ​လိပ်​ခုံး​မိုး​ကို​ကြည့် လိုက်​ရာ နီ​လာ​ဖြင့်​ပြီး​သည့်​ရာ​ဇ​ပလ္လင်​နှင့် တူ​သော​အ​ရာ​ကို​မြင်​ရ​၏။-\x + \xo 10:1 \xt ယေဇ၊ ၁:၂၆။ ဗျာ၊ ၄:၂။\x* \v 2 ဘု​ရား​သ​ခင်​က​ပိတ်​ချော​ထည်​ဝတ်​ဆင် ထား​သူ​အား``ထို​သတ္တ​ဝါ​တို့​၏​အောက်​၌​ရှိ သော​ရ​ထား​ဘီး​များ​အ​ကြား​သို့​သွား​၍ ထို​သတ္တ​ဝါ​တို့​၏​ကြား​ရှိ​မီး​ကျီး​ခဲ​တို့ ကို​လက်​ခုပ်​ဖြင့်​ကျုံး​ကာ​မြို့​ပေါ်​သို့​ကြဲ ချ​လော့'' ဟု​မိန့်​တော်​မူ​၏။ \p ထို​သူ​သည်​လည်း​ငါ​၏​ရှေ့​မှောက်​၌​ပင် ထွက်​သွား​၏။-\x + \xo 10:2 \xt ဗျာ၊ ၈:၅။\x* \v 3 သူ​ဝင်​လာ​သော​အ​ခါ​သတ္တ​ဝါ​တို့​သည်​ဗိ​မာန် တော်​၏​တောင်​ဘက်​တွင်​ရပ်​နေ​ကြ​၏။ ဗိမာန် တော်​အ​တွင်း​တံ​တိုင်း​သည်​လည်း​မိုး​တိမ် ဖြင့်​ပြည့်​၏။- \v 4 ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော​အ​သ​ရေ တော်​သည် ထို​သတ္တ​ဝါ​များ​မှ​အ​ထက်​သို့​လျှံ တက်​ပြီး​လျှင် ဗိ​မာန်​တော်​အ​ဝင်​ဝ​သို့​ရွေ့ လျား​၏။ ထို​နောက်​ဗိ​မာန်​တော်​သည်​မိုး​တိမ် များ​ဖြင့်​ပြည့်​သ​ဖြင့် တံ​တိုင်း​သည်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​ဖြင့်​ထွန်း​တောက် လျက်​နေ​၏။- \v 5 သတ္တ​ဝါ​တို့​၏​တောင်​ပံ​ခတ်​သံ​ကို​အ​ပြင် တံ​တိုင်း​မှ​ပင်​ကြား​ရ​၏။ ထို​အ​သံ​သည် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​မိန့်​မြွက် တော်​မူ​သော​အ​သံ​နှင့်​တူ​၏။ \p \v 6 ပိတ်​ချော​ထည်​ကို​ဝတ်​ဆင်​ထား​သူ​အား ထာ ဝ​ရ​ဘု​ရား​က​သတ္တ​ဝါ​များ​၏​အောက်​၌ ရှိ​သော​ရ​ထား​ဘီး​များ​အ​ကြား​မှ မီး​ကျီး ခဲ​အ​ချို့​ကို​ယူ​ရန်​အ​မိန့်​ပေး​တော်​မူ​သော အ​ခါ​ထို​သူ​သည်​ဝင်​၍​ဘီး​တစ်​ခု​အ​နီး ၌​ရပ်​လေ​၏။- \v 7 သတ္တ​ဝါ​တစ်​ပါး​သည်​လက်​ကို​ဆန့်​၍​သတ္တ ဝါ​များ​အ​ကြား​၌​ရှိ​သည့်​မီး​ကျီး​ခဲ​ကို ကောက်​ယူ​ကာ ပိတ်​ချော​ထည်​ဝတ်​ဆင်​သူ ၏​လက်​ခုပ်​ထဲ​သို့​ထည့်​၍​ပေး​၏။ ထို​သူ သည်​လည်း​မီး​ကျီး​ခဲ​များ​ကို​ယူ​၍ ထွက်​သွား​၏။ \p \v 8 သတ္တ​ဝါ​တိုင်း​၏​တောင်​ပံ​များ​အောက်​၌ လူ လက်​နှင့်​တူ​သော​လက်​တစ်​ခု​စီ​ရှိ​သည်​ကို လည်း​ကောင်း၊- \v 9-10 ထို​သတ္တ​ဝါ​တို့​၏​နံ​ဘေး​၌​ရ​ထား​ဘီး​တစ် ခု​စီ​ရှိ​သည်​ကို​လည်း​ကောင်း​ငါ​မြင်​ရ​၏။ ထို ဘီး​တို့​သည်​ကျောက်​မျက်​ရ​တ​နာ​များ​ကဲ့ သို့​အ​ရောင်​အ​ဝါ​ထွက်​လျက်​နေ​၏။ ယင်း​တို့ သည်​ပုံ​သဏ္ဌာန်​အ​ရွယ်​အ​စား​ချင်း​တူ​ညီ ကြ​လျက် ဘီး​တိုင်း​တွင်​အ​ခြား​ဘီး​တစ်​ခု က​ကန့်​လန့်​ဖြတ်​ထောင့်​မှန်​ကျ​ကျ​တပ်​ဆင် ထား​၏။-\x + \xo 10:9-10 \xt ယေဇ၊ ၁:၁၅-၂၁။\x* \v 11 ထို​ဘီး​တို့​လှုပ်​ရှား​ရာ​၌​ဘီး​တို့​သည်​မ​လှည့် ဘဲ သတ္တ​ဝါ​များ​သွား​သည့်​အ​တိုင်း​သူ​တို့ မျက်​နှာ​မူ​ရာ​အ​ရပ်၊ မည်​သည့်​အ​ရပ်​သို့ မ​ဆို​သွား​လာ​နိုင်​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​ကိုယ်​ကို​လှည့်​နေ​ရန်​မ​လို​ဘဲ အား​လုံး တ​ညီ​တ​ညာ​တည်း​မိ​မိ​တို့​သွား​လို​ရာ ဘက်​သို့​သွား​နိုင်​ကြ​၏။- \v 12 သူ​တို့​ကိုယ်​ခန္ဓာ​များ၊ ကျော​ကုန်း​များ၊ လက် များ၊ တောင်​ပံ​များ​နှင့်​ဘီး​များ​သည်​မျက်​စိ များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​၏။-\x + \xo 10:12 \xt ဗျာ၊ ၄:၈။\x* \v 13 ထို​ဘီး​တို့​ကို``စ​ကြာ​ဘီး​များ'' ဟု​ခေါ်​ဆို သည်​ကို​ငါ​ကြား​ရ​၏။ \p \v 14 ထို​သတ္တ​ဝါ​တစ်​ပါး​လျှင်​မျက်​နှာ​လေး​ခု​ရှိ​၍ ပ​ထ​မ​မျက်​နှာ​သည်​ခေ​ရု​ဗိမ်​မျက်​နှာ၊ ဒု​တိ​ယ မှာ​လူ​မျက်​နှာ၊ တ​တိ​ယ​ကား​ခြင်္သေ့​မျက်​နှာ၊ စ​တုတ္ထ​မှာ​လင်း​ယုန်​မျက်​နှာ​ဖြစ်​၏။-\x + \xo 10:14 \xt ယေဇ၊ ၁:၁၀။ ဗျာ၊ ၄:၇။\x* \v 15 သူ​တို့​သည်​လေ​ထဲ​သို့​ပျံ​တတ်​ကြ​၏။ (ထို သတ္တဝါ​တို့​ကား​ခေ​ဗာ​မြစ်​အ​နီး​တွင်​ငါ တွေ့​မြင်​ခဲ့​ရ​သော​သတ္တဝါ​များ​ပင်​ဖြစ်​၏။-) \v 16 သတ္တ​ဝါ​တို့​လှုပ်​ရှား​သော​အ​ခါ​သူ​တို့​အ​နီး ရှိ​ဘီး​တို့​သည်​လည်း​လှုပ်​ရှား​ကြ​၏။ သူ​တို့ ပျံ​ရန်​အ​တောင်​ကို​ဖြန့်​ကြ​သော​အ​ခါ ဘီး တို့​သည်​လည်း​လိုက်​၍​သွား​ကြ​၏။- \v 17 ထို​သတ္တ​ဝါ​တို့​ရပ်​ကြ​သော​အ​ခါ​ဘီး​တို့ သည်​လည်း​ရပ်​၏။ သတ္တ​ဝါ​တို့​ပျံ​သန်း​ကြ သော​အ​ခါ​ဘီး​တို့​သည်​လည်း​လိုက်​၍​သွား ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သတ္တ​ဝါ များ​၏​ဝိ​ညာဉ်​က​ဘီး​တို့​ကို​ချုပ်​ကိုင်​၍ ထား​သော​ကြောင့်​ဖြစ်​၏။ \p \v 18 ထို​နောက်​ဘု​ရား​သ​ခင်​၏​တောက်​ပ​သော​ဘုန်း အ​သ​ရေ​တော်​သည် ဗိ​မာန်​တော်​အ​ဝင်​ဝ​မှ ထွက်​ခွာ​၍​သတ္တ​ဝါ​တို့​၏​အ​ထက်​သို့​ရွေ့ လျား​သွား​တော်​မူ​၏။- \v 19 သူ​တို့​သည်​မိ​မိ​တို့​တောင်​ပံ​များ​ကို​ဖြန့်​၍ ငါ​၏​မျက်​မှောက်​၌​ပင်​ကမ္ဘာ​မြေ​ကြီး​မှ​အ​ထက် သို့​ပျံ​တက်​ကြ​၏။ ထို​အ​ခါ​ဘီး​တို့​သည်​လည်း လိုက်​ပါ​သွား​ကြ​၏။ သတ္တ​ဝါ​တို့​သည်​ဗိ​မာန် တော်​အ​ရှေ့​တံ​ခါး​တွင်​ရပ်​နား​ကြ​၏။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​၏ တောက်​ပ​သော​ဘုန်း​အ​သ​ရေ​တော်​သည် လည်း​သူ​တို့​အ​ပေါ်​၌​တည်​လေ​၏။- \v 20 ဤ​သတ္တ​ဝါ​တို့​သည်​ခေ​ဗာ​မြစ်​အ​နီး​တွင် ယ​ခင်​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​အောက်​တွင် ငါ​မြင်​ခဲ့​ရ​သော သတ္တ​ဝါ​များ​ပင်​ဖြစ်​ကြောင်း​ငါ​သိ​၏။ \p \v 21 သူ​တို့​တစ်​ပါး​စီ​တွင်​မျက်​နှာ​လေး​ခု၊ တောင်​ပံ လေး​ဘက်​နှင့်​ထို​တောင်​ပံ​များ​၏​အောက်​တွင် လူ့​လက်​နှင့်​တူ​သော​လက်​တစ်​ဖက်​စီ​ရှိ​၏။- \v 22 သူ​တို့​၏​မျက်​နှာ​များ​သည်​ခေ​ဗာ​မြစ်​အ​နီး တွင် ငါ​တွေ့​မြင်​ခဲ့​ရ​သော​မျက်​နှာ​များ​နှင့် တ​ထေ​ရာ​တည်း​ဖြစ်​၍​နေ​၏။ ထို​သတ္တ​ဝါ အား​လုံး​ပင်​ရှေ့​သို့​တည့်​တည့်​ရွေ့​လျား သွား​တတ်​ကြ​၏။ \c 11 \s1 ယေ​ရု​ရှ​လင်​မြို့​ကို​အပြစ်​ဒဏ်​ပေး​တော်​မူ​ခြင်း \p \v 1 ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ငါ့​အား ချီ​ပင့်​၍ ဗိ​မာန်​တော်​အ​ရှေ့​တံ​ခါး​သို့​ခေါ် ဆောင်​သွား​တော်​မူ​၏။ တံ​ခါး​အ​နီး​၌​နိုင်​ငံ့ ခေါင်း​ဆောင်​များ​ဖြစ်​ကြ​သော အ​ဇု​ရ​၏​သား ယာ​ဇ​ညာ​နှင့်​ဗေ​နာ​ယ​၏​သား​ပေ​လ​တိ အ​ပါ​အ​ဝင်​လူ​ပေါင်း​နှစ်​ဆယ့်​ငါး​ယောက် ကို​ငါ​မြင်​ရ​၏။ \p \v 2 ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ ဤ​မြို့​၌​မ​ကောင်း​သော​အ​ကြံ​ကို​ပေး​ကြ သူ​လူ​ယုတ်​မာ​များ​ကား​ဤ​သူ​တို့​ပင် ဖြစ်​၏။- \v 3 သူ​တို့​က`ငါ​တို့​သည်​အိမ်​များ​ကို​မ​ကြာ​မီ တစ်​ဖန်​ဆောက်​လုပ်​ကြ​မည်။ ဤ​မြို့​သည်​အိုး ကင်း​နှင့်​တူ​၍ ငါ​တို့​ကား​အိုး​ကင်း​ထဲ​မှ အ​မဲ​သား​နှင့်​တူ​ကြ​၏' ဟု​ဆို​ကြ​၏။- \v 4 သို့​ဖြစ်​၍​အ​ချင်း​လူ​သား​သူ​တို့​အား​ရှုတ် ချ​၍​ပ​ရော​ဖက်​ပြု​ကြ​လော့'' ဟု​မိန့်​တော် မူ​၏။ \p \v 5 ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ငါ​၏ အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​၏။ ထာ​ဝရ ဘု​ရား​က``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​ပြော​ဆို​နေ​ကြ​သော​စ​ကား​များ နှင့်​သင်​တို့​၏​အ​ကြံ​အ​စည်​များ​ကို​ငါ သိ​၏။- \v 6 သင်​တို့​သတ်​ဖြတ်​သော​သူ​တို့​သည်​လွန်​စွာ များ​ပြား​လှ​သ​ဖြင့် လမ်း​များ​သည်​လူ​သေ ကောင်​တို့​ဖြင့်​ပြည့်​နှက်​နေ​လေ​ပြီ။ \p \v 7 သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော် မူ​သည်​ကား``ဤ​မြို့​သည်​အ​မှန်​ပင်​အိုး​ကင်း နှင့်​တူ​လိမ့်​မည်။ သို့​ရာ​တွင်​အ​မဲ​သား​က အ​ဘယ်​အ​ရာ​ဖြစ်​သ​နည်း။ သင်​တို့​လက် ဖြင့်​သေ​ရ​သည့်​အ​လောင်း​များ​ပင်​ဖြစ်​ပါ သည်​တ​ကား။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့ အား​မြို့​ပြင်​သို့​ပစ်​ထုတ်​လိုက်​မည်။- \v 8 သင်​တို့​သည်​ဋ္ဌား​ကို​ကြောက်​ကြ​သ​လော။ သင် တို့​အား​ဋ္ဌား​ဖြင့်​ခုတ်​ဖြတ်​မည့်​သူ​တို့​ကို​ငါ ခေါ်​ဆောင်​ခဲ့​မည်​ဟု​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​ဆို​၏။- \v 9 သင်​တို့​အား​မြို့​ပြင်​သို့​ထုတ်​၍​တစ်​ကျွန်း တစ်​နိုင်​ငံ​သား​တို့​၏​လက်​သို့​ပေး​အပ်​မည်။ ငါ​သည်​သင်​တို့​အား​ပြစ်​ဒဏ်​စီ​ရင်​ပြီ။- \v 10 သင်​တို့​သည်​မိ​မိ​တို့​ပြည်​နယ်​စပ်​၌​သင်​တို့ ကို​တ​ရား​စီ​ရင်​သ​ဖြင့် စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​ကြောင်း​ကို လူ​တိုင်း​သိ​ရှိ​ကြ လိမ့်​မည်။- \v 11 အိုး​ကင်း​သည်​အ​မဲ​သား​ကို​ကာ​ကွယ်​သ​ကဲ့ သို့ ဤ​မြို့​သည်​သင်​တို့​အား​အ​ကာ​အ​ကွယ် ပေး​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​ဣ​သ​ရေ​လ ပြည်​နယ်​စပ်​တွင် ငါ​သည်​သင်​တို့​ကို​အ​ပြစ် ဒဏ်​ခတ်​မည်။- \v 12 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ အိမ်​နီး​ချင်း​တိုင်း​ပြည်​များ​၏​တ​ရား ဥ​ပ​ဒေ​ကို​လိုက်​နာ​၍​ငါ​၏​ပညတ်​များ၊ အ​မိန့် များ​ကို​ချိုး​ဖောက်​ကြောင်း​ကို​လည်း​ကောင်း သင် တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟူ​၍​ငါ့​အား​မိန့်​တော် မူ​၏။ \p \v 13 ငါ​သည်​ထို​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​နေ​စဉ် ဗေ​နာ​ယ​၏​သား​ပေ​လ​တိ​သည်​လဲ​၍​သေ လေ​၏။ ထို​အ​ခါ​ငါ​သည်​မြေ​ပေါ်​သို့​လှဲ​ချ ပျပ်​ဝပ်​လိုက်​ပြီး​လျှင်``အို အ​ရှင်​ထာ​ဝ​ရ ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျန်​ရှိ​နေ​သေး သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား​မှန်​သ​မျှ တို့​အား​သုတ်​သင်​ပစ်​တော်​မူ​မည်​လော'' ဟု​ဟစ်​အော်​လျှောက်​ထား​၏။ \s1 ပြည်​နှင်​ဒဏ်​ခံ​သူ​တို့​အ​တွက်​ဘု​ရား​သ​ခင်​၏ က​တိ​တော် \p \v 14-15 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ သို့​ရောက်​လာ​၏။ ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သော​သူ​တို့ သည်​သင်​နှင့်​သင်​၏​ညီ​အစ်​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​အ​ကြောင်း​ကို​ပြော​ဆို​နေ ကြ​၏။ သူ​တို့​က`ပြည်​နှင်​ဒဏ်​ခံ​ရ​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​သွေး​တော်​စပ်​သူ​ညီ​အစ်​ကို နှင့်​ထံ​တော်​မှ ရပ်​ဝေး​သို့​ရောက်​ရှိ​နေ​ကြ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ဤ​ပြည်​ကို​ငါ​တို့ အား​ပေး​တော်​မူ​ပြီ' ဟု​ဆို​ကြ​၏။'' \p \v 16 ထို့​ကြောင့်​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သည်​ကား``သူ​တို့​အား​ရပ်​ဝေး​ရှိ​လူ​မျိုး​ခြား နှင့်​အ​တူ​နေ​ထိုင်​ရန်​စေ​လွှတ်​၍ တိုင်း​တစ်​ပါး တို့​တွင်​ပျံ့​လွင့်​စေ​ခဲ့​သော်​လည်း​အ​ခိုက်​အ​တန့် အား​ဖြင့် သူ​တို့​ရှိ​ရာ​အ​ရပ်​၌​သူ​တို့​နှင့် အ​တူ​ငါ​ရှိ​မည်။'' \p \v 17 ``သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ကို​သူ​တို့​အား​ဆင့်​ဆို​လော့။ ငါ​သည် လူ​မျိုး​ခြား​တို့​ထဲ​မှ​သူ​တို့​အား​ပြန်​လည်​သိမ်း ဆည်း​၍ သူ​တို့​ပျံ့​လွင့်​လျက်​ရှိ​သည့်​ပြည်​များ မှ​သူ​တို့​ကို​ပြန်​လည်​စု​သိမ်း​မည်။ ဣ​သ​ရေ​လ ပြည်​ကို​ပြန်​လည်​ပေး​အပ်​မည်။- \v 18 သူ​တို့​သည်​ပြန်​လည်​ရောက်​ရှိ​လာ​သော​အ​ခါ မိ​မိ​တို့​တွေ့​ရှိ​ရ​သ​မျှ​သော​စက်​ဆုပ်​ဖွယ်​ကောင်း သည့်​ရုပ်​တု​များ​ကို​ပယ်​ရှား​ရ​ကြ​မည်။- \v 19 သူ​တို့​အား​စိတ်​သ​ဘော​တ​ညီ​တ​ညွတ်​တည်း ဖြစ်​စေ​၍ စိတ်​သစ်​နှ​လုံး​သစ်​ကို​ငါ​ပေး​မည်။ ငါ​သည်​သူ​တို့​၏​ခိုင်​မာ​သော​ကျောက်​နှ​လုံး ကို​ယူ​ပစ်​၍ နာ​ခံ​တတ်​သော​နှ​လုံး​ကို​ပေး မည်။-\x + \xo 11:19 \xt ယေဇ၊ ၃၆:၂၆-၂၈။\x* \v 20 သို့​ဖြစ်​၍​သူ​တို့​သည်​ငါ​၏​ပ​ညတ်​များ​ကို စောင့်​ထိန်း​၍​ငါ​၏​အ​မိန့်​များ​ကို​တိ​ကျ စွာ​လိုက်​နာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ငါ​၏ လူ​မျိုး​တော်​ဖြစ်​၍​ငါ​သည်​လည်း​သူ​တို့​၏ ဘု​ရား​ဖြစ်​လိမ့်​မည်။- \v 21 သို့​ဖြစ်​၍​ငါ​သည်​ညစ်​ညမ်း​စက်​ဆုပ်​ဖွယ် ကောင်း​သော​ရုပ်​တု​များ​ကို​စိတ်​စွဲ​လမ်း​သူ တို့​ကို​ဒဏ်​ခတ်​တော်​မူ​မည်။ သူ​တို့​ပြု​ခဲ့ သည့်​အ​မှု​များ​အ​တွက်​ဒဏ်​ခတ်​တော်​မူ မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​မြွက်​တော်​မူ​ချက် ပင်​ဖြစ်​သ​တည်း။ \s1 ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်​ခွာ​သွား​ခြင်း \p \v 22 အ​သက်​ရှင်​သော​သတ္တ​ဝါ​တို့​သည်​စ​၍​ပျံ ကြ​သော​အ​ခါ​ဘီး​များ​သည်​လည်း​လိုက် သွား​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘု​ရား​သ​ခင်​၏​တောက်​ပ​သော​ဘုန်း​အ​သ ရေ​တော်​သည်​သူ​တို့​၏​အ​ပေါ်​၌​တည် လျက်​ရှိ​၏။-\x + \xo 11:22 \xt ယေဇ၊ ၄၃:၂-၅။\x* \v 23 ထို​နောက်​တောက်​ပ​သော​ဘုန်း​တော်​ရောင်​ခြည် သည်​မြို့​မှ​ထွက်​ခွာ​၍ အ​ရှေ့​ဘက်​တွင်​ရှိ သော​တောင်​ရိုး​သို့​ရွေ့​လျား​သွား​တော်​မူ​၏။- \v 24 ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ပေး​တော်​မူ သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ထဲ​၌ ဘု​ရား​သ​ခင် ၏​ဝိ​ညာဉ်​တော်​သည်​ငါ့​ကို​ချီ​ပင့်​တော်​မူ ပြီး​လျှင် ပြည်​နှင်​ဒဏ်​ခံ​ရ​သူ​များ​ရှိ​ရာ ဗာ​ဗု​လုန်​ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​တော် မူ​၏။ ထို​နောက်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည်​မှေး မှိန်​၍​သွား​လေ​သည်။- \v 25 ငါ​သည်​ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​ဖော်​ပြ တော်​မူ​သ​မျှ​သော​အ​မှု​အ​ခြင်း​အ​ရာ တို့​ကို ပြည်​နှင်​ဒဏ်​ခံ​ရ​သူ​တို့​အား​ပြန် ကြား​လေ​၏။ \c 12 \s1 ပ​ရော​ဖက်​အား​ဒုက္ခ​သည်​အ​သွင်​ကို ဆောင်​စေ​တော်​မူ​ခြင်း \p \v 1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။- \v 2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​သည်​ပုန်​ကန် တတ်​သည့်​လူ​မျိုး​အ​ထဲ​မှာ​နေ​ရ​၏။ သူ​တို့​သည် မျက်​စိ​ရှိ​လျက်​နှင့်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​မြင် ကြ။ နား​ရှိ​လျက်​နှင့်​အ​ဘယ်​အ​ရာ​ကို​မျှ​မ ကြား​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည် ပုန်​ကန်​တတ်​သူ​များ​ဖြစ်​သော​ကြောင့်​တည်း။''\x + \xo 12:2 \xt ဟေရှာ၊ ၆:၉-၁၀။ ယေ၊ ၅:၂၁။ မာ၊ ၈:၁၈။\x* \p \v 3 ``အ​ချင်း​လူ​သား၊ ယ​ခု​သင်​သည်​ဒုက္ခ​သည် တစ်​ဦး​ကဲ့​သို့ အ​ထုပ်​အ​ပိုး​ကို​ယူ​၍​နေ့ အ​ချိန်​၌​ထွက်​ခွာ​သွား​လော့။ ယင်း​သို့​သင် အ​ရပ်​တစ်​ပါး​သို့​ထွက်​ခွာ​သွား​သည်​ကို လူ​တိုင်း​မြင်​ပါ​စေ။ ပုန်​ကန်​တတ်​သူ​တို့​သည် လည်း​သင့်​အား​နား​လည်​ကောင်း​နား​လည် ကြ​လိမ့်​မည်။- \v 4 သူ​တို့​မြင်​နိုင်​စေ​ရန်​နေ့​အ​ချိန်​၌ သင်​သည် အ​ရပ်​တစ်​ပါး​သို့​ပြောင်း​ရွှေ့​မည့်​အ​မူ​အ​ရာ ဖြင့်​အ​ထုပ်​အ​ပိုး​ပြင်​ဆင်​၍ ည​နေ​ချိန်​၌ သူ​တို့​၏​မျက်​မှောက်​တွင်​ဒုက္ခ​သည်​ကဲ့​သို့ ထွက်​ခွာ​သွား​လော့။- \v 5 သူ​တို့​ရှေ့​မှောက်​၌​ပင်​သင်​သည်​မိ​မိ​၏​အိမ် နံ​ရံ​တွင်​အ​ပေါက်​ဖောက်​၍ ထို​အ​ပေါက်​မှ သင်​၏​အ​ထုပ်​အ​ပိုး​ကို​ထုတ်​ယူ​လော့။- \v 6 ထို​အ​ထုပ်​အ​ပိုး​ကို​ပ​ခုံး​ပေါ်​သို့​တင်​သည် ကို​လည်း​ကောင်း၊ မိ​မိ​သွား​မည့်​လမ်း​ကို​မ​မြင် နိုင်​စေ​ရန်​မျက်​နှာ​ကို​ဖုံး​၍​မှောင်​ထဲ​တွင် သင် ထွက်​ခွာ​သည်​ကို​လည်း​ကောင်း​ထို​သူ​တို့​မြင် ကြ​ပါ​စေ။ သင်​ပြု​သော​အ​မှု​သည်​ဣ​သ​ရေ လ​အ​မျိုး​သား​တို့​အ​တွက် သ​တိ​ပေး​သည့် နိ​မိတ်​လက္ခ​ဏာ​ဖြစ်​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။ \p \v 7 ငါ​သည်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​၏။ ထို​နေ့​၌​ဒုက္ခ​သည်​တစ်​ဦး​ကဲ့​သို့​ငါ​သည် အ​ထုပ်​အ​ပိုး​ကို​ယူ​ပြီး​နောက်​ည​နေ​ချိန်​မှောင် စ​ပြု​သော​အ​ခါ အိမ်​နံ​ရံ​ကို​လက်​ဖြင့်​တူး ဖောက်​ကာ​ထို​သူ​တို့​၏​ရှေ့​တွင်​အ​ထုပ်​ကို ပ​ခုံး​ပေါ်​သို့​တင်​၏။ \p \v 8 နောက်​တစ်​နေ့​နံ​နက်​၌ ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။- \v 9 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ပုန်​ကန်​တတ် သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယ​ခု သင်​အ​ဘယ်​အ​မှု​ကို​ပြု​လျက်​နေ​သည်​ကို မေး​မြန်း​နေ​ကြ​ပြီ​ဖြစ်​၍။- \v 10 သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​အ​ဘယ် သို့​မိန့်​ဆို​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။ ဤ မိန့်​ဆို​ချက်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အုပ် စိုး​လျက်​ရှိ​သော​မင်း​နှင့်​ထို​မြို့​ရှိ​လူ​တို့ အ​တွက်​ဖြစ်​၏။- \v 11 သင်​ပြု​သော​အ​မှု​များ​သည်​သူ​တို့​တွေ့​ကြုံ ရ​ကြ​မည့်​အ​မှု​အ​ရာ​များ​၏​ရှေ့​ပြေး နိ​မိတ်​ဖြစ်​၍​သူ​တို့​သည်​ဒုက္ခ​သည်​များ၊ သုံ့​ပန်း​များ​ဖြစ်​ရ​ကြ​မည်​ဖြစ်​ကြောင်း ဆင့်​ဆို​လော့။- \v 12 သူ​တို့​အား​အုပ်​စိုး​လျက်​ရှိ​သော​မင်း​သည်​မိ​မိ အ​ထုပ်​ကို​ထမ်း​၍​အုတ်​တံ​တိုင်း​တွင်​သူ​တို့​တူး ဖောက်​ပေး​သည့်​အ​ပေါက်​မှ​ထွက်​ပြေး​ရ​လိမ့်​မည်။ သူ​၏​မျက်​စိ​များ​ကို​ဖုံး​၍​ထား​သ​ဖြင့်​သူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။- \v 13 ငါ​သည်​ပိုက်​ကွန်​ကို​ဖြန့်​၍​သူ့​အား​အုပ်​မိ​ကာ ငါ​၏​ထောင်​ချောက်​တွင်​မိ​စေ​လျက်​ခါ​လ​ဒဲ ပြည်​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင်​သွား​မည်။ သူ​သည်​ထို​မြို့​ကို​မ​မြင်​ရ​ဘဲ​ထို​မြို့​၌ ပင်​သေ​ရ​လိမ့်​မည်။-\x + \xo 12:13 \xt ၄ရာ၊ ၂၅:၇။ ယေ၊ ၅၂:၁၁။\x* \v 14 ငါ​သည်​သူ​၏​မှူး​မတ်​များ၊ အ​ကြံ​ပေး​အ​ရာ ရှိ​များ​နှင့်​ကိုယ်​ရံ​တော်​တပ်​သား​များ​အား အ​ရပ်​တ​ကာ​သို့​ပျံ့​လွင့်​သွား​စေ​မည်။ လူ တို့​သည်​သူ​တို့​ကို​ဋ္ဌား​ဖြင့်​သတ်​ဖြတ်​ရန် လိုက်​လံ​ရှာ​ဖွေ​ကြ​လိမ့်​မည်။ \p \v 15 ``ငါ​သည်​သူ​တို့​အား​အ​တိုင်း​တိုင်း​အ​ပြည် ပြည်​နှင့်​လူ​မျိုး​တ​ကာ​တို့​ထံ​သို့​ပျံ့​လွင့် စေ​သော​အ​ခါ သူ​တို့​သည်​ငါ​ကား​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကို​သိ​ရှိ​ကြ လိမ့်​မည်။- \v 16 သူ​တို့​အ​နက်​အ​နည်း​ငယ်​အား​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့်​အနာ​ရော​ဂါ ဘေး​တို့​မှ​ငါ​ချမ်း​သာ​ပေး​မည်။ သို့​မှ​သာ လျှင်​လူ​မျိုး​တ​ကာ​တို့​တွင်​ရောက်​ရှိ​နေ​သော သူ​တို့​သည် မိ​မိ​တို့​ပြု​ခဲ့​သော​အ​မှု​များ​ကို စက်​ဆုပ်​ဖွယ်​ဖြစ်​ကြောင်း​နား​လည်​သ​ဘော ပေါက်​၍​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​ကို​သိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။ \s1 တုန်​လှုပ်​နေ​သော​ပ​ရော​ဖက်​၏​နိ​မိတ်​လက္ခ​ဏာ \p \v 17 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။- \v 18 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​သည် တုန်​လှုပ်​လျက်​အ​စား​အ​စာ​ကို​စား​လော့။ ကြောက်​လန့်​တုန်​လှုပ်​လျက်​ရေ​ကို​သောက် လော့။- \v 19 အ​ရှင်​ထာ​ဝရ​ဘု​ရား​ပေး​တော်​မူ​သော​ဤ ဗျာ​ဒိတ်​တော်​ကို​ဣ​သ​ရေ​လ​ပြည်​ယေ​ရု ရှ​လင်​မြို့​တွင် ယ​ခု​နေ​ထိုင်​လျက်​ရှိ​သော လူ​တို့​အ​တွက်​ဖြစ်​ကြောင်း​ပြော​ကြား​လော့။ ထို​သူ​တို့​သည်​တုန်​လှုပ်​လျက်​အ​စား​အ​စာ ကို​စား​ရ​ကြ​လိမ့်​မည်။ ကြောက်​လန့်​တုန်​လှုပ် လျက်​ရေ​ကို​သောက်​ရ​ကြ​လိမ့်​မည်။ လူ​တိုင်း ပင်​တ​ရား​လက်​လွတ်​ပြု​ကျင့်​ကြ​သည်​ဖြစ် ၍ သူ​တို့​၏​ပြည်​ကို​ငါ​သည်​ပြောင်​တ​လင်း ဖြစ်​စေ​မည်။- \v 20 လူ​နေ​စည်​ကား​သည့်​မြို့​ကြီး​တို့​ကို​ဖြို ဖျက်​ကာ တစ်​ပြည်​လုံး​ကို​လူ​သူ​ကင်း​မဲ့​စေ မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း သူ​တို့​သိ​ရှိ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 လူ​ကြိုက်​များ​သည့်​စ​ကား​ပုံ​နှင့် လူ​ကြိုက်​နည်း​သည့်​ဗျာ​ဒိတ်​တော် \p \v 21 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။- \v 22 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အ​ဘယ်​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်`အ​ချိန်​သာ ကုန်​လွန်​၍​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကား​အ ကောင်​အ​ထည်​မ​ပေါ်​လာ' ဟူ​သော​စ​ကား​ပုံ ကို​အ​ဖန်​တ​လဲ​လဲ​သုံး​စွဲ​နေ​ကြ​သ​နည်း။- \v 23 ထို​စ​ကား​ပုံ​နှင့်​ပတ်​သက်​၍​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​သူ​တို့ အား ယ​ခု​ပြော​ကြား​လော့။ ငါ​သည်​ထို​စ​ကား ပုံ​ကို​ပ​ပျောက်​စေ​မည်။ ဣ​သ​ရေ​လ​ပြည် တွင်​အ​ဘယ်​အ​ခါ​၌​မျှ​ထပ်​မံ​၍​သုံး​စွဲ​ရ ကြ​မည်​မ​ဟုတ်။ အ​ချိန်​ကာ​လ​ကျ​ရောက်​လာ ပြီ​ဖြစ်​၍​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​သည် အ​ကောင် အ​ထည်​ပေါ်​လာ​မည်​ဖြစ်​ကြောင်း​ထို​သူ​တို့ အား​ဆင့်​ဆို​လော့။'' \p \v 24 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​အ​တု​များ၊ မှား​ယွင်း​သော​ဗျာ​ဒိတ် များ၊ နောက်​ထပ်​မ​ပေါ်​ပေါက်​ရ။- \v 25 ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​ဗျာ​ဒိတ် ပေး​တော်​မူ​သည်​အ​တိုင်း​ပြု​ရ​မည်။ ကြန့်​ကြာ မှု​ရှိ​တော့​မည်​မ​ဟုတ်။ အ​ချင်း​ပုန်​ကန်​တတ်​သူ တို့၊ သင်​တို့​အား​ငါ​သ​တိ​ပေး​ခဲ့​သည့်​အ​တိုင်း သင်​တို့​လက်​ထက်​၌​ပင်​ငါ​ပြု​မည်။ ဤ​ကား​ငါ မိန့်​မြွက်​တော်​မူ​သည့်​စ​ကား​ဖြစ်​၏'' ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။ \p \v 26 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​ရောက်​လာ​၏။- \v 27 ``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ က​သင်​မြင်​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​နှင့် သင် ဟော​ကြား​သော​ဗျာ​ဒိတ်​စ​ကား​များ​သည် ဝေး ကွာ​သည့်​အ​နာ​ဂတ်​ကာ​လ​နှင့်​ဆိုင်​သည်​ဟု ထင်​မှတ်​ကြ​၏။- \v 28 သို့​ဖြစ်​၍​ကြန့်​ကြာ​မှု​ရှိ​တော့​မည်​မ​ဟုတ်။ ငါ ဖော်​ပြ​ခဲ့​သည့်​အ​တိုင်း​ဖြစ်​လိမ့်​မည်​ဟု ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ​ဖြစ် ကြောင်း ထို​သူ​တို့​အား​ဆင့်​ဆို​လော့။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မြွက်​တော်​မူ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ \c 13 \s1 ပ​ရော​ဖက်​အ​တု​တို့​အား​ရှုတ်​ချခြင်း \p \v 1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။- \v 2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ပ​ရော​ဖက်​များ​ကို​ရှုတ်​ချ လော့။ ဗျာ​ဒိတ်​စ​ကား​များ​ကို မိ​မိ​တို့​ကိုယ်​တိုင် လုပ်​ကြံ​ဟော​ပြော​ကြ​သူ​တို့​အား ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​နား​ထောင်​ကြ​ရန် ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 3 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ဤ​ပ​ရော​ဖက်​မိုက် တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သူ​တို့​သည်​ငါ ၏​ဝိ​ညာဉ်​တော်​နှိုး​ဆော်​ခြင်း​ကို​မ​ခံ​ရ​ဘဲ မိ​မိ​တို့​ကိုယ်​တိုင်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ ကို​လုပ်​ကြံ​ဟော​ပြော​ကြ​၏။- \v 4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​၏​ပ​ရော ဖက်​များ​သည် ယို​ယွင်း​ပျက်​စီး​နေ​သော​မြို့​ရှိ ခွေး​အ​များ​နှင့်​တူ​ကြ​၏။- \v 5 ထို​ပ​ရော​ဖက်​တို့​သည်​မြို့​ရိုး​များ​ပြို​ကျ လျက်​ရှိ​သည့်​နေ​ရာ​များ​ကို​မ​စောင့်​ကြပ်။ မြို့​ရိုး​တို့​ကို​လည်း​ပြန်​လည်​၍​မ​ပြု​ပြင်။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​၏​နေ့​ရက်​၌ စစ် ပွဲ​ဝင်​သော​အ​ခါ​ဣ​သ​ရေ​လ​နိုင်ငံ​ကို​ကာ ကွယ်​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။- \v 6 သူ​တို့​မြင်​ရ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​သည် အ​တု​ဖြစ်​၍ သူ​တို့​ကြို​တင်​ဟော​ကြား​ချက် များ​သည်​လည်း​မု​သား​စ​ကား​များ​ဖြစ်​၏။ ထာ​ဝရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ဖြစ်​သည်​ဟု ဆို​ကြ​သော်​လည်း ထို​ဗျာ​ဒိတ်​ကို​ငါ​မ​ပေး ခဲ့။ သို့​ပါ​လျက်​သူ​တို့​သည်​ဟော​ကြား​သည့် အ​တိုင်း​ဖြစ်​ပျက်​လိမ့်​မည်​ဟု​စောင့်​စား​ကြ ပါ​သည်​တ​ကား။- \v 7 သူ​တို့​အား​ဤ​သို့​ဆင့်​ဆို​လော့။ သင်​တို့​၏ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​သည်​အ​တု​ဖြစ်​၍ သင် တို့​ကြို​တင်​ဟော​ကြား​ချက်​များ​သည်​လည်း မု​သား​စ​ကား​များ​ဖြစ်​၏။ သင်​တို့​က​ထို စ​ကား​များ​သည် ငါ​၏​ဗျာ​ဒိတ်​တော်​ဖြစ် သည်​ဟု​ဆို​သော်​လည်း ငါ​သည်​ထို​ဗျာ​ဒိတ် ကို​သင်​တို့​အား​မ​ပေး​ခဲ့'' ဟု​မိန့်​တော် မူ​၏။ \p \v 8 ထို့​ကြောင့်​သူ​တို့​အား​ထာ​ဝရ​အ​ရှင်​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည်​ကား``သင်​တို့​မြင်​သော အ​ရာ​များ​သည်​မ​ဟုတ်​မ​မှန်။ သင်​တို့​၏​ဗျာ ဒိတ်​ရူ​ပါ​ရုံ​များ​သည်​လည်း​လီ​ဆယ်​မှု​များ သာ​ဖြစ်​သ​ဖြင့် ငါ​သည်​သင်​တို့​အား​ဆန့်​ကျင် ဘက်​ပြု​လျက်​ရှိ​၏​ဟု ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။- \v 9 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​တု​များ​ကို​မြင်​၍​မှား ယွင်း​သော​ကြို​တင်​ဟော​ပြော​မှု​ကို​ပြု​ကြ ၏။ အ​သင်​ပ​ရော​ဖက်​တို့​အား​ငါ​ဒဏ်​ခတ် တော်​မူ​အံ့။ သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော် တိုင်​ပင်​စည်း​ဝေး​ရာ​သို့​ဝင်​ရ​လိမ့်​မည်​မ ဟုတ်။ ဣ​သ​ရေ​လ​နိုင်​ငံ​သား​တို့​၏​စာ​ရင်း တွင်​လည်း​သင်​တို့​၏​နာ​မည်​များ​ကို​မ​သွင်း ရ။ သင်​တို့​သည်​မိ​မိ​တို့​ပြည်​သို့​အ​ဘယ် အ​ခါ​၌​မျှ​မ​ပြန်​ရ။ ထို​အ​ခါ​ငါ​သည် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။'' \p \v 10 ``ပ​ရော​ဖက်​တို့​သည်`အ​မှု​ခပ်​သိမ်း​အေး​ငြိမ်း ပါ​သည်' ဟု​ဆို​၍​ငါ့​လူ​မျိုး​တော်​အား​လှည့် စား​ခဲ့​ကြ​၏။ အ​မှု​ခပ်​သိမ်း​မှာ​မ​အေး​မ ငြိမ်း​သေး​ပါ​တ​ကား။ ငါ​၏​လူ​မျိုး​တော် သည်​သ​ရွတ်​မ​ကိုင်​သည့်​ကျောက်​မြို့​ရိုး​ကို တည်​ဆောက်​၍​ပ​ရော​ဖက်​တို့​က​လာ​၍​ထုံး သုတ်​ပေး​ကြ​၏။-\x + \xo 13:10 \xt ယေ၊ ၆:၁၄၊ ၈:၁၁။\x* \v 11 ထို​မြို့​ရိုး​သည်​ပြို​ကျ​ရ​လိမ့်​မည်​ဖြစ်​ကြောင်း ထို​မြို့​ရိုး​ကို​ထုံး​သုတ်​သူ​တို့​အား​ဆင့်​ဆို လော့။ ငါ​သည်​မိုး​သည်း​ထန်​စွာ​ရွာ​သွန်း​စေ မည်။ မိုး​သီး​များ​သည်​မြို့​ရိုး​ပေါ်​သို့​ကျ လျက်​လေ​ပြင်း​မုန်​တိုင်း​တိုက်​ခတ်​လာ သ​ဖြင့်၊- \v 12 ထို​မြို့​ရိုး​သည်​ပြို​ကျ​လိမ့်​မည်။ သို့​ဖြစ်​၍ သင်​တို့​ထုံး​သုတ်​ခဲ့​သည့်​အ​ကျိုး​ကား​အ ဘယ်​မှာ​နည်း​ဟု လူ​တိုင်း​ပင်​မေး​မြန်း​ကြ လိမ့်​မည်'' ဟူ​၍​ဖြစ်​၏။ \p \v 13 အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``ငါ​သည်​အ​မျက်​ထွက်​၍​ထို​မြို့​ရိုး ကို​ဖြို​ရန်​လေ​ပြင်း​မုန်​တိုင်း​ကို​တိုက်​စေ​မည်။ ဒေါ​သ​ထွက်​၍​မိုး​သည်း​ထန်​စွာ​ရွာ​သွန်း စေ​၍​မိုး​သီး​များ​ကို​ကျ​လျက်​ပျက်​စီး စေ​မည်။- \v 14 အုတ်​မြစ်​များ​အ​တိုင်း​သား​ပေါ်​လာ​စေ ရန်​ရည်​ရွယ်​လျက် ငါ​သည်​ပ​ရော​ဖက်​တို့ ထုံး​သုတ်​ထား​သည့်​မြို့​ရိုး​ကို​ဖြို​ချ​ချိုး ဖဲ့​မည်။ မြို့​ရိုး​ပြို​ကျ​သော​အ​ခါ သင်​တို့ သည်​ပိ​၍​သေ​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။'' \p \v 15-16 ``မြို့​ရိုး​နှင့်​တ​ကွ​ယင်း​ကို​ထုံး​သုတ်​ပေး ကြ​သူ​တို့​သည် ငါ​၏​အ​မျက်​တော်​ဒဏ်​ကို ခံ​ရ​ကြ​လိမ့်​မည်။ ထို​အ​ခါ​မြို့​ရိုး​ကား ပြို​ပျက်​လေ​ပြီ။ ယင်း​ကို​ထုံး​သုတ်​ပေး​ကြ သူ​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင်​အ​စ​စ အ​ရာ​ရာ​အေး​ငြိမ်း​မှု​မ​ရှိ​ဘဲ အေး​ငြိမ်း သော​ရူ​ပါ​ရုံ​ကို​မြင်​ပါ​သည်​ဟု​ဆို​ကြ သော​ပ​ရော​ဖက်​များ​သည် မြို့​ရိုး​များ​နည်း တူ​ပျက်​စီး​ဆုံး​ပါး​ကြ​ပြီ'' ဟု​သင်​တို့ အား​ငါ​ပြော​မည်​ဟူ​၍​ဖြစ်​၏။ ဤ​ကား ထာ​ဝ​ရ​ဘု​ရား​မိန့်​မြွက်​တော်​မူ​သော စ​ကား​ဖြစ်​သ​တည်း။ \s1 အ​မျိုး​သ​မီး​ပ​ရော​ဖက်​အ​တု​များ​အား ရှုတ်​ချ​ခြင်း \p \v 17 ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​လူ​သား၊ သင် ၏​အ​မျိုး​သား​တို့​အ​ထဲ​တွင် ဗျာ​ဒိတ်​စ​ကား များ​ကို​လုပ်​ကြံ​ဟော​ပြော​ကြ​သူ​အ​မျိုး သ​မီး​တို့​ကို​ကြည့်​လော့။ သူ​တို့​အား​ရှုတ် ချ​လော့။- \v 18 ထို​နောက်​သူ​တို့​အား​အ​ရှင်​ထာ​ဝရ​ဘု​ရား အောက်​ပါ​အ​တိုင်း​မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​ရ​မည်​မှာ \p ``အ​ချင်း​အ​မျိုး​သ​မီး​တို့​သင်​တို့​သည်​အ မင်္ဂ​လာ​ရှိ​ကြ​ပါ​သည်​တ​ကား။ အ​ခြား​လူ တို့​ကို​ထောင်​ချောက်​ကဲ့​သို့​ချုပ်​ကိုင်​နိုင်​သော တန်​ခိုး​ကို​ရ​ရှိ​ကြ​စေ​ရန် လူ​တိုင်း​အား​သင် တို့​သည်​မှော်​အ​တတ်​စီ​ရင်​ထား​သည့်​လက် ပတ်​များ​နှင့် ခေါင်း​စည်း​ပု​ဝါ​များ​ကို​ချုပ် လုပ်​တပ်​ဆင်​ပေး​ကြ​၏။ သင်​တို့​သည်​မိ​မိ တို့​ကိုယ်​ကျိုး​အ​တွက် ငါ​၏​လူ​စု​တော် အ​ပေါ်​သေ​မှု​ရှင်​မှု​တန်​ခိုး​ကို​ရ​လို ကြ​၏။- \v 19 မု​ယော​ဆန်​လက်​ဆုပ်​အ​နည်း​ငယ်​နှင့်​မုန့် အ​နည်း​ငယ်​ရ​ရန်​အ​တွက် ငါ​၏​လူ​မျိုး တော်​ရှေ့​တွင်​ငါ့​အား​ရှုတ်​ချ​ကြ​၏။ သင် တို့​သည်​မ​သေ​ထိုက်​သူ​တို့​ကို​သတ်​၍ သေ ထိုက်​သူ​တို့​ကို​မူ​အ​သက်​ချမ်း​သာ​ပေး​ကြ ၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ငါ​၏​လူ​မျိုး တော်​အား​လိမ်​လည်​ပြော​ကြ​၏။ သူ​တို့ က​လည်း​ယုံ​ကြ​၏'' ဟူ​၍​တည်း။ \p \v 20 အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``ငှက်​ကို​ဖမ်း​သ​ကဲ့​သို့၊ လူ​တို့​အား ထောင်​ချောက်​ကဲ့​သို့​ထိန်း​ချုပ်​ရန် သင်​အ​သုံး ပြု​သည့်​လက်​ပတ်​များ​ကို​ငါ​မုန်း​၏။ သင် ၏​လက်​မှ​လက်​ပတ်​များ​ကို​ဆွဲ​ဖြတ်​ကာ ငှက်​များ​ကဲ့​သို့​ထိန်း​ချုပ်​ခံ​ထား​ရ​သူ တို့​အား​သင်​၏​လက်​မှ​ငါ​လွတ်​မြောက် စေ​မည်။- \v 21 သင်​၏​ခေါင်း​စည်း​ပု​ဝါ​များ​ကို​ဆွဲ​ဖြတ် ၍ ငါ​၏​လူ​မျိုး​တော်​အား​သင့်​လက်​မှ အ​ပြီး​အ​ပိုင်​လွတ်​မြောက်​စေ​မည်။ ထို အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​သင်​သိ​ရှိ​လိမ့်​မည်။ \p \v 22 ``သင်​တို့​သည် ငါ​မ​ညှိုး​ငယ်​စေ​လို​သော သူ​တော်​ကောင်း​တို့​အား​မု​သား​ကို​သုံး​၍ စိတ်​ပျက်​အား​လျော့​စေ​၏။ သင်​တို့​သည် ဆိုး​ညစ်​သူ​တို့​အား​အ​ကျင့်​ဆိုး​များ​ကို မ​စွန့်​လွှတ်​ကြ​စေ​ရန် အား​ပေး​အား​မြှောက် ပြု​၍​သူ​တို့​၏​အ​သက်​များ​ကို​ဆုံး​ရှုံး စေ​လေ​သည်။- \v 23 သို့​ဖြစ်​၍ သင်​တို့​သည်​သင်​တို့​၏​ဗျာ​ဒိတ် ရူ​ပါ​ရုံ​အ​တု​များ​ကို​မြင်​ရ​တော့​မည် မ​ဟုတ်။ မှောက်​မှား​လမ်း​လွဲ​မှု​ကို​ဖြစ်​စေ သည့်​ဗျာ​ဒိတ်​စ​ကား​များ​ကို​ဟော​ရ​တော့ မည်​မ​ဟုတ်။ ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​စေ​ရန်​ငါ ၏​လူ​မျိုး​တော်​အား​သင်​တို့​လက်​မှ ငါ​ကယ်​ဆယ်​မည်'' ဟူ​၍​တည်း။ \c 14 \s1 ရုပ်​တု​ကိုး​ကွယ်​ခြင်း​ကို​ရှုတ်​ချခြင်း \p \v 1 ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ချို့ တို့​သည် ငါ့​ထံ​သို့​လာ​၍ ရှေ့​တော်​တွင်​ထိုင် ကြ​၏။- \v 2 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​သည် ငါ့​အား​မိန့်​ကြား​တော်​မူ​၏။- \v 3 ကိုယ်​တော်​က``အ​ချင်း​လူ​သား​ဤ​သူ​တို့ သည်​ရုပ်​တု​များ​ကို​စွဲ​လမ်း​သော​စိတ်​ရှိ ၍ မိ​မိ​ရှေ့​တွင်​ထိ​မိ​၍​လဲ​စ​ရာ​ဖြစ်​စေ ကြ​ကုန်​ပြီ။ သူ​တို့​သည်​အ​ဖြေ​ကို​ငါ့​ထံ မှ​ရ​လိမ့်​မည်​ဟု​ထင်​မှတ်​ကြ​သ​လော။ \p \v 4 ``သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား အ ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။ ကိုယ်​တော်​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တိုင်း သည်​ရုပ်​တု​များ​ကို​စိတ်​စွဲ​လမ်း​၍ မိ​မိ​တို့ ရှေ့​တွင်​ကောက်​ကျစ်​သော​ထိ​မိ​၍​လဲ​စ​ရာ ကို​ချ​ထား​ပြီး​မှ ပ​ရော​ဖက်​ထံ​သို့​ချဉ်း ကပ်​၍​မေး​မြန်း​စုံ​စမ်း​မှု​ကို​ပြု​၏။ ထို​သူ အား​ငါ​ထာ​ဝ​ရ​ဘု​ရား​ဖြေ​ကြား​မည်။ ထို​အ​ဖြေ​ကား ထို​သူ​ကိုး​ကွယ်​သည့်​ရုပ် တု​များ​ရ​ထိုက်​သော​အ​ဖြေ​ဖြစ်​သည်။- \v 5 ထို​ရုပ်​တု​များ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ငါ​နှင့်​ဝေး​ကွာ​စေ​ပြီ။ သို့​ရာ တွင်​သူ​တို့​သည်​ငါ​ပေး​သည့်​အ​ဖြေ​ကြောင့် ငါ့​အား​တစ်​ဖန်​ပြန်​၍​သစ္စာ​စောင့်​ကြ​လိမ့် မည်။'' \p \v 6 ``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​လော့။ ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား​နောင်​တ​ရ​ကြ​လော့။ စက် ဆုပ်​ဖွယ်​ကောင်း​သော​သင်​တို့​၏​လုပ်​ရပ်​များ ကို​စွန့်​ပစ်​၍ ရုပ်​တု​တို့​ကို​ထား​ခဲ့​ကြ​လော့။'' \p \v 7 ``ငါ​၏​ထံ​မှ​လွဲ​ဖယ်​၍​ရုပ်​တု​များ​ကို​ကိုး ကွယ်​ကာ မိ​မိ​တို့​ရှေ့​တွင်​ကောက်​ကျစ်​၍​လဲ စ​ရာ​ကို​ချ​ထား​လျက်​ပ​ရော​ဖက်​ထံ​လာ ရောက်​စုံ​စမ်း​မေး​မြန်း​သော ဣ​သ​ရေ​လ အ​မျိုး​သား​သို့​မ​ဟုတ်​ဣ​သ​ရေ​လ​နိုင်​ငံ ၌ နေ​ထိုင်​သူ​လူ​မျိုး​ခြား​အား​ငါ​ထာ​ဝရ ဘု​ရား​အ​ဖြေ​ပေး​မည်။- \v 8 ငါ​သည်​သူ​တို့​ကို​အ​တိုက်​အ​ခံ​ပြု​မည်။ သူ့ ကို​စံ​န​မူ​နာ​နှင့်​ကဲ့​ရဲ့​ပုံ​ဆောင်​ခံ​ရ​သူ​အ ဖြစ်​အ​သုံး​ပြု​မည်။ ငါ​၏​လူ​မျိုး​တော်​အ​သိုင်း အ​ဝိုင်း​မှ​ဖယ်​ရှား​မည်။ သို့​မှ​သာ​လျှင်​ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ \p \v 9 ``ပ​ရော​ဖက်​သည်​ဖြား​ယောင်း​ခြင်း​ခံ​ရ​၍ ပ​ရော​ဖက်​ပြု​သည်​ဆို​အံ့။ ထို​သူ​အား​ငါ ထာ​ဝ​ရ​ဘု​ရား​ဖြား​ယောင်း​ခြင်း​ပင်​ဖြစ်​၏။ ငါ​၏​လက်​ကို​ဆန့်​လျက် သူ့​အား​တိုက်​ခိုက် ၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထဲ​မှ​ဖယ် ရှား​မည်။- \v 10 ထို​ပ​ရော​ဖက်​နှင့်​သူ့​ထံ​သို့​စုံ​စမ်း​မေး​မြန်း သူ​အ​ပါ​အ​ဝင် တူ​ညီ​သော​အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ​လိမ့်​မည်။- \v 11 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ့​ကို ပစ်​ပယ်​၍ မိ​မိ​တို့​ကိုယ်​ကို​အ​ပြစ်​များ​ဖြင့် မ​ညစ်​ညမ်း​စေ​ရန် ဤ​သို့​ငါ​ပြု​မည်။ သူ​တို့ သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​မည်။ ငါ​သည် လည်း​သူ​တို့​၏​ဘု​ရား​ဖြစ်​မည်'' ဟု​မိန့် တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။ \s1 နော​ဧ၊ဒံ​ယေ​လ​နှင့်​ယော​ဘ \p \v 12 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။- \v 13 ``အ​ချင်း​လူ​သား၊ အ​ကယ်​၍​တိုင်း​နိုင်​ငံ​တစ် ခု​သည် အ​ပြစ်​ကူး​လွန်​၍​ငါ့​အား​သစ္စာ​ဖောက် ခဲ့​သော် ငါ​သည်​လက်​တော်​ကို​ဆန့်​တန်း​၍​ထို နိုင်​ငံ​သို့​ရိက္ခာ​ကို​ဖြတ်​တောက်​မည်။ အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​သက်​ရောက်​စေ​၍ လူ​နှင့်​တိ​ရစ္ဆာန်​ကို​ပါ​သုတ်​သင်​ပစ်​မည်။- \v 14 အ​ကယ်​၍​ထို​နိုင်​ငံ​တွင်​နော​ဧ၊ ဒံ​ယေ​လ​နှင့် ယော​ဘ​တို့​သုံး​ဦး​ပင်​ရှိ​နေ​စေ​ကာ​မူ သူ​တို့ ၏​ကောင်း​မြတ်​သော​အ​ကျင့်​သည်​သူ​တို့​၏ အ​သက်​ကို​သာ​လျှင်​ချမ်း​သာ​ရာ​ရ​စေ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။ \p \v 15 ``သို့​တည်း​မ​ဟုတ်​ငါ​သည်​လူ​တို့​အား​သုတ် သင်​ရန် သား​ရဲ​တိ​ရစ္ဆာန်​များ​ကို​စေ​လွှတ်​သ​ဖြင့် ထို​ပြည်​၌​လူ​သူ​ကင်း​မဲ့​လျက်​ဖြတ်​သန်း သွား​လာ​ရန်​မ​ဖြစ်​နိုင်​အောင် သား​ရဲ​တိရစ္ဆာန် များ​ကြောင့်​အန္တ​ရာယ်​ရှိ​လိမ့်​မည်။- \v 16 ထို​အ​ခါ​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​သည်​နှင့် အ​ညီ ထို​သူ​သုံး​ဦး​သည်​ထို​အ​ရပ်​တွင်​နေ ထိုင်​လျက်​ပင်​ရှိ​နေ​စေ​ကာ​မူ မိ​မိ​တို့​၏ သား​သ​မီး​များ​ကို​ကယ်​နိုင်​ကြ​လိမ့်​မည် မ​ဟုတ်။ မိ​မိ​တို့​အ​သက်​ကို​သာ​လျှင်​ကယ် နိုင်​ကြ​လိမ့်​မည်။ ထို​ပြည်​သည်​လည်း​လူ သူ​ကင်း​မဲ့​လိမ့်​မည်။'' \p \v 17 ``သို့​တည်း​မ​ဟုတ်​ငါ​သည် ထို​ပြည်​တွင်​စစ် မက်​ဖြစ်​ပွား​စေ​လျက်​လူ​ရော​တိ​ရစ္ဆာန်​ပါ ပယ်​ရှင်း​ပစ်​ရန်​ဖျက်​ဆီး​တတ်​သည့်​လက် နက်​များ​ကို​စေ​လွှတ်​သော​အ​ခါ၊- \v 18 ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​သည်​နှင့်​အ​ညီ ထို သူ​သုံး​ဦး​တို့​သည်​ထို​အ​ရပ်​တွင်​နေ​ထိုင် လျက်​ပင်​ရှိ​နေ​စေ​ကာ​မူ သူ​တို့​သည်​မိ​မိ တို့​၏​သား​သ​မီး​များ​ကို​ပင်​ကယ်​နိုင် ကြ​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​တို့​အ​သက်​သာ လျှင်​ချမ်း​သာ​ရာ​ရ​နိုင်​ကြ​လိမ့်​မည်။'' \p \v 19 ``ငါ​သည်​ထို​ပြည်​အား အ​နာ​ရော​ဂါ​ကပ် ဆိုက်​စေ​လျက်​အ​မျက်​တော်​အား​ဖြင့် မြောက် မြား​စွာ​ရှိ​သော​လူ​နှင့်​တိ​ရစ္ဆာန်​တို့​ကို​သေ ကြေ​ပျက်​စီး​စေ​လျှင်၊- \v 20 ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​သည်​နှင့်​အ​ညီ နော​ဧ၊ ဒံ​ယေ​လ​နှင့်​ယော​ဘ​တို့​သည်​ထို အ​ရပ်​တွင်​နေ​ထိုင်​လျက်​ပင်​ရှိ​ကြ​စေ​ကာ မူ သူ​တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ ကို​ကယ်​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​တို့ အ​သက်​ကို​သာ​လျှင်​ချမ်း​သာ​ရာ​ရ​စေ နိုင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 21 အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``ငါ​သည်​လူ​နှင့်​တိ​ရစ္ဆာန်​တို့​ကို​ဖျက် ဆီး​ပစ်​ရန်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး၊ သား​ရဲ​တိရစ္ဆာန်​တို့​၏​ဘေး​နှင့် အ​နာ​ရော​ဂါ​ဘေး​တည်း​ဟူ​သော​အ​ဆိုး ရွား​ဆုံး​သော​ဘေး​ကြီး​လေး​ပါး​ကို​ယေ​ရု ရှ​လင်​မြို့​ပေါ်​သို့​သက်​ရောက်​စေ​မည်။-\x + \xo 14:21 \xt ဗျာ၊ ၆:၈။\x* \v 22 အ​ကယ်​၍​ထို​ဘေး​များ​မှ​လွတ်​မြောက်​သူ သား​သ​မီး​များ​ရှိ​၍ သူ​တို့​သည်​သင်​တို့ ထံ​သို့​ရောက်​လာ​ကြ​သော​အ​ခါ​သူ​တို့ ၏​ပြု​မူ​လုပ်​ဆောင်​ချက်​များ​ကို​ကြည့်​၍ ယေ​ရု​ရှ​လင်​မြို့​အား​ငါ​အ​ပြစ်​ဒဏ်​ပေး ရာ​၌ ပေး​သ​မျှ​အ​ပြစ်​ဒဏ်​များ​သည် လည်း​တ​ရား​ကြောင်း​ကို​သင်​ကောင်း​စွာ သိ​ရှိ​ရ​လိမ့်​မည်။- \v 23 သင်​သည်​သူ​တို့​၏​ပြု​မူ​လုပ်​ဆောင်​ချက် များ​ကို​မြင်​သော​အ​ခါ ငါ​သည်​အ​ဘယ် အ​မှု​ကို​မျှ​အ​ကြောင်း​မဲ့​ပြု​တော်​မ​မူ တတ်​ကြောင်း​ကို ကောင်း​စွာ​သိ​ရှိ​နား​လည် လာ​လိမ့်​မည်'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။ \c 15 \s1 စ​ပျစ်​နွယ်​အ​ကြောင်း​ပုံ​ဥ​ပ​မာ \p \v 1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။- \v 2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ စ​ပျစ်​ပင်​သည် သာ​မန်​သစ်​ပင်​နှင့်​အ​ဘယ်​သို့​ခြား​နား​သ​နည်း။ စ​ပျစ်​နွယ်​သား​သည်​တော​မှ​သစ်​ပင်​များ​၏ သစ်​ကိုင်း​များ​နှင့်​အ​သုံး​ဝင်​ပုံ​မည်​သို့​ခြား နား​သ​နည်း။- \v 3 သင်​သည်​စ​ပျစ်​နွယ်​သား​ဖြင့်​အ​ဘယ်​အ​ရာ ကို​ပြု​လုပ်​နိုင်​သ​နည်း။ ပစ္စည်း​တစ်​စုံ​တစ်​ခု ကို​ဆွဲ​ချိတ်​ရန်​အ​တွက်​ယင်း​ကို​အ​စို့​အ​ဖြစ် ဖြင့်​အ​သုံး​ပြု​နိုင်​သ​လော။- \v 4 စ​ပျစ်​ပင်​သည်​မီး​မွှေး​ရန်​အ​တွက်​သာ​လျှင် ကောင်း​၏။ အဖျား​ပိုင်း​များ​လောင်​ကျွမ်း​၍​အ​လယ် ပိုင်း​သည်​ပြာ​ဖြစ်​သွား​သော​အ​ခါ သင်​သည် ထို​စ​ပျစ်​ပင်​ကို​အ​ဘယ်​သို့​အ​သုံး​ပြု​နိုင် မည်​နည်း။- \v 5 ယင်း​သည်​မီး​မ​ရှို့​မီ​အ​ခါ​က​လည်း​အ​သုံး မ​ဝင်။ မီး​ရှို့​၍​ပြာ​ဖြစ်​သွား​သော​အ​ခါ​၌ လည်း ပို​၍​ပင်​အ​သုံး​မ​ဝင်​ချေ'' ဟု​မိန့် တော်​မူ​၏။ \p \v 6 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``စ​ပျစ်​နွယ်​သား​ကို​တော​မှ​ယူ​၍​မီး မွှေး​ကြ​သ​ကဲ့​သို့ ငါ​သည်​ယေ​ရု​ရှ​လင် မြို့​မှ​လူ​တို့​ကို​ယူ​၍၊- \v 7 အ​ပြစ်​ဒဏ်​ခတ်​မည်။ သူ​တို့​သည်​မီး​ဘေး တစ်​ခု​မှ​လွတ်​မြောက်​ခဲ့​ကြ​သော်​လည်း ယ​ခု အ​ခါ​၌​အ​ခြား​မီး​ဘေး​တစ်​ခု​သင့်​ကြ လိမ့်​မည်။ ထို​သူ​တို့​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ သော​အ​ခါ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။- \v 8 သူ​တို့​သည်​ငါ့​အား​သစ္စာ​ဖောက်​ကြ​သ​ဖြင့် ငါ​သည်​သူ​တို့​၏​ပြည်​ကို​လူ​သူ​ကင်း​မဲ့ စေ​မည်'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။ \c 16 \s1 ယေ​ရု​ရှ​လင်​မြို့​ကို​သစ္စာ​မဲ့​သည့်​အ​မျိုး​သ​မီး​နှင့် နှိုင်း​ယှဉ်​ခြင်း \p \v 1 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည် ငါ​ထံ​သို့​ရောက်​လာ​၏။- \v 2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင် မြို့​အား​မိ​မိ​ပြု​ခဲ့​သည့်​စက်​ဆုပ်​ဖွယ်​ရာ အ​မှု​တို့​ကို​ညွှန်​ပြ​လော့။- \v 3 ထို​မြို့​အား​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ သည်​ကား \p ``သင်​၏​မျိုး​ရိုး​စဉ်​ဆက်​သည်​ခါ​နာန်​ပြည်​တွင် မွေး​ဖွား​၍ သင်​၏​အ​ဖ​သည်​အာ​မော​ရိ​အ​မျိုး သား၊ သင်​၏​အ​မိ​မှာ​ဟိတ္တိ​အ​မျိုး​သ​မီး ဖြစ်​၏။-\f 3 \fr 16:3 \ft * \+fk အာ​မော​ရိ --- ဟိတ္တိ။ \ft အ​ကျင့်​ပျက်​၍​ရုပ်​တု​ကိုး​ကွယ်​သော​လူ မျိုး​များ​ဟု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ယူ ဆ​၏။\f* \v 4 သင်​မွေး​ဖွား​သော​အ​ခါ​အ​ဘယ်​သူ​မျှ သင်​၏​ချက်​ကြိုး​ကို​မ​ဖြတ်၊ သင့်​အား​ရေ မ​ချိုး​ပေး။ ဆား​နှင့်​လည်း​မ​လူး။ အ​နှီး နှင့်​လည်း​မ​ပတ်​ကြ။- \v 5 ထို​သို့​သင့်​အား​သ​နား​၍​ပြု​စု​သူ​တစ် ယောက်​မျှ​မ​ရှိ။ သင်​၏​အ​ပေါ်​တွင်​မေတ္တာ ကင်း​မဲ့​သည်​ဖြစ်​၍ သင့်​အား​မွေး​ဖွား​ပြီး သော​အ​ခါ​ကွင်း​ပြင်​တွင်​ပစ်​ထား​ကြ​၏။ \p \v 6 ``ထို​နောက်​ငါ​သည်​သင်​၏​အ​နီး​မှ​ဖြတ် သွား​စဉ်​သွေး​ထဲ​၌ သင်​လူး​လျက်​နေ​သည် ကို​မြင်​ရ​၏။ သင်​သည်​သွေး​အ​လူး​လူး နှင့်​ဖြစ်​နေ​စေ​ကာ​မူ​ငါ​သည်​သင့်​အား အ​သက်​မ​သေ​စေ​ခဲ့။- \v 7 အ​နာ​အ​ဆာ​မ​ရှိ​သည့်​အ​ပင်​ငယ်​ကဲ့​သို့​ရှင် သန်​ကြီး​ပွား​စေ​၏။ သင်​သည်​သန်​မာ​ထွား​ကြိုင်း လာ​ကာ အ​လှ​ဆုံး​ရ​တ​နာ​က​လေး​ဖြစ်​လာ​၏။ သင်​၏​ရင်​သား​များ​သည်​ပြည့်​ဖြိုး​လျက်​ဆံ​ပင် မှာ​လည်း​ရှည်​လာ​၏။ သို့​ရာ​တွင်​သင်​သည် အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​လျက်​ပင်​ရှိ​၏။ \p \v 8 ``နောက်​တစ်​ဖန်​ငါ​သည်​သင်​၏​အ​နီး​ဖြတ်​သန်း လာ​ပြန်​၏။ ထို​အ​ခါ​သင်​သည်​ချစ်​စိတ်​ဝင်​ရန် အ​ရွယ်​ရောက်​ပြီ​ဖြစ်​ကြောင်း​ကို​ငါ​တွေ့​ရှိ​သ ဖြင့် ငါ​သည်​အ​ဝတ်​ချည်း​စည်း​ရှိ​သော​သင်​၏ ကိုယ်​ကို​ငါ​၏​အ​ဝတ်​ဖြင့်​ဖုံး​လွှမ်း​ပေး​ကာ​သင့် အား​ချစ်​ပါ​မည်​ဟု​က​တိ​ထား​ပြီး​လျှင် သင် နှင့်​ပ​ဋိ​ညာဉ်​ပြု​သ​ဖြင့်​သင်​သည်​ငါ​၏ ဇ​နီး​ဖြစ်​လာ​၏'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။ \p \v 9 ``ငါ​သည်​ရေ​ကို​ယူ​၍ သင့်​၌​ပေ​ကျံ​နေ သော​သွေး​ကို​ဆေး​ကြော​၏။ သင်​၏​ကိုယ် ကို​သံ​လွင်​ဆီ​နှင့်​လူး​ပေး​၏။- \v 10 သင့်​အား​ပန်း​ထိုး​ထည်​အ​ဝတ်​အ​စား​များ ကို​ဝတ်​ဆင်​စေ​၍ အ​ကောင်း​ဆုံး​သား​ရေ​ဖိ​နပ် ကို​စီး​စေ​၏။ ပိတ်​ချော​ထည်​ဖြင့်​လည်း​တန်​ဆာ ဆင်​စေ​၍ အ​ဖိုး​တန်​ဝတ်​လုံ​များ​ကို​ဝတ်​စေ​၏။- \v 11 သင်​ဝတ်​ဆင်​ရန်​ကျောက်​မျက်​ရ​တ​နာ​များ​နှင့် လက်​မောင်း​တွင်​ဝတ်​ဆင်​ရန်​လက်​ကောက်​များ၊ လည်​ဆွဲ​ရန်​ဘ​ယက်​များ​ကို​လည်း​ကောင်း၊- \v 12 နှာ​ခေါင်း​အ​တွက်​နှာ​ဆွဲ​များ၊ နား​အ​တွက် နား​တောင်း​များ​နှင့်​သင်​ဆောင်း​ရန် လှ​ပ သော​သ​ရ​ဖူ​ကို​လည်း​ကောင်း​ငါ​ပေး​၏။- \v 13 သင်​သည်​ရွှေ၊ ငွေ၊ တန်​ဆာ​များ​ကို​ဆင်​ယင် ကာ​ပိတ်​ချော​ထည်​ပန်း​ထိုး​ထည်​နှင့် အ​ဖိုး တန်​အ​ဝတ်​အ​စား​များ​ကို​အ​စဉ်​ပင်​ဝတ် ဆင်​ရ​၏။ သင်​သည်​အ​ကောင်း​ဆုံး​မုန့်​ညက် ဖြင့်​လုပ်​သော​မုန့်​ပျား​ရည်​နှင့် သံ​လွင်​ဆီ​ကို စား​သုံး​ရ​၏။ သင်​၏​အ​ဆင်း​သည်​ဖိတ်​ဖိတ် တောက်​လှ​ပ​သ​ဖြင့်​သင်​သည်​မိ​ဖု​ရား ဖြစ်​လာ​၏။- \v 14 ငါ​သည်​သင့်​အား​အ​လွန်​လှ​ပ​အောင်​ပြု လုပ်​ဆင်​မြန်း​ပေး​သ​ဖြင့် သင်​သည်​ခြောက် ပြစ်​ကင်း​သော​အ​ဆင်း​ကို​ဆောင်​၏။ ယင်း သို့​သင်​၏​အ​ဆင်း​လှ​မှု​သည်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​သို့​ကျော်​ကြား​လေ​၏'' ဟူ ၍​တည်း။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။ \p \v 15 ``သို့​ရာ​တွင်​သင်​သည်​မိ​မိ​၏​အ​ဆင်း​လှ မှု​နှင့်​ထင်​ပေါ်​ကျော်​ကြား​မှု​တို့​ကို​အ​ခွင့် ကောင်း​ယူ​ကာ ပြည့်​တန်​ဆာ​ဖြစ်​လာ​၏။ သင် ၏​ထံ​သို့​ရောက်​ရှိ​လာ​သူ​မှန်​သ​မျှ​နှင့် အိပ်​စက်​၏။ သင်​၏​အ​လှ​ကို​ပေး​အပ်​၏။- \v 16 သင်​၏​အ​ဝတ်​အ​စား​အ​ချို့​ဖြင့်​သင်​သည် မိ​မိ​ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​မွမ်း​မံ​ပစ် ကာ​ပြည့်​တန်​ဆာ​ပြု​၍ မိ​မိ​၏​ကိုယ်​ကို လူ​အ​ပေါင်း​တို့​အား​အပ်​နှံ​လေ​သည်။ ထို သို့​သော​အ​ဖြစ်​အ​ပျက်​မျိုး​မ​ဖြစ်​သင့် ပေ၊ သို့​တည်း​မ​ဟုတ်​မ​ပေါ်​ပေါက်​သင့်​ပေ။- \v 17 သင်​သည်​ငါ​ပေး​သည့် ရွှေ၊ ငွေ၊ ကျောက်​မျက် ရ​တ​နာ​အ​ချို့​ကို​လည်း​ယူ​၍ ယောကျာ်း ရုပ်​ပွား​များ​ပြု​လုပ်​ပြီး​လျှင်​ယင်း​တို့ နှင့်​မှား​ယွင်း​၏။- \v 18 သင်​သည်​ငါ​ပေး​သည့်​ပန်း​ထိုး​ထည်​များ ဖြင့်​ရုပ်​တု​များ​ကို​လွှမ်း​ခြုံ​ပေး​၏။ ယင်း တို့​ကို​ငါ​ပေး​သည့်​သံ​လွင်​ဆီ​နှင့်​နံ့​သာ ပေါင်း​တို့​ဖြင့်​ပူ​ဇော်​၏။- \v 19 ငါ​သည်​သင်​စား​ရန်​အ​ကောင်း​ဆုံး​မုန့်​ညက်၊ သံ​လွင်​ဆီ​နှင့်​ပျား​ရည်​တည်း​ဟူ​သော​အ​စား အ​စာ​များ​ကို​ပေး​၏။ သို့​ရာ​တွင်​သင်​သည် ရုပ်​တု​များ​ထံ​မှ​မျက်​နှာ​ရ​စေ​ရန် ထို​အ​စား အ​စာ​များ​ကို​သူ​တို့​အား​အ​မွှေး​ရ​နံ့​အ​ဖြစ် ဆက်​သ​ပူ​ဇော်​၏'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ပင် တည်း။ \p \v 20 ``ထို​နောက်​သင်​သည်​ငါ​နှင့်​ရ​သော​သား​သ​မီး များ​ကို​ယူ​၍ ယဇ်​ကောင်​အ​ဖြစ်​ဖြင့်​ရုပ်​တု​တို့ အား​ပူ​ဇော်​၏။ သင်​သည်​ငါ့​အား​သစ္စာ​ဖောက် ရုံ​မျှ​ဖြင့်​မ​ကျေ​နပ်​ဘဲ၊- \v 21 အ​ဘယ်​ကြောင့်​ငါ​၏​သား​သ​မီး​များ​ကို ယူ​၍​ရုပ်​တု​တို့​အား​ယဇ်​ပူ​ဇော်​ရ​သ​နည်း။- \v 22 သင်​ငယ်​စဉ်​က​အ​ဝတ်​အ​ချည်း​စည်း​နှင့် သွေး​ထဲ​တွင်​လူး​နေ​ခဲ့​သည့်​အ​ဖြစ်​သ​နစ် ကို သင်​သည်​စက်​ဆုပ်​ဖွယ်​ကောင်း​သည့်​လုပ် ရပ်​များ​နှင့် ပြည့်​တန်​ဆာ​ဘ​ဝ​တွင်​ကျင် လည်​စဉ်​တစ်​ကြိမ်​တစ်​ခါ​မျှ​သ​တိ​မ​ရ ခဲ့​သ​လော'' ဟူ​၍​တည်း။ \s1 ပြည့်​တန်​ဆာ​ဘ​ဝ​တွင်​ကျင်​လည်​သော ယေ​ရု​ရှ​လင်​မြို့ \p \v 23 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​အ​မင်္ဂ လာ​ရှိ​၏။ အ​မင်္ဂ​လာ​ရှိ​၏။ သင်​သည်​ထို​မ ကောင်း​မှု​များ​ကို​ပြု​ကျင့်​ပြီး​နောက်၊- \v 24 စျေး​ရပ်​ကွက်​တိုင်း​တွင်​သင့်​အ​တွက်​သင် ကိုး​ကွယ်​ရန် တောင်​ကုန်း​နှင့် ရုပ်​တု​ကိုး​ကွယ် ရာ​ဌာ​န​များ​ကို​ပြု​လုပ်​၏။- \v 25 လမ်း​ထိပ်​တိုင်း​တွင်​မြင့်​သော​ဝတ်​ပြု​ကိုး​ကွယ် ရာ​ဌာ​န​များ​ဆောက်​၍ မိ​မိ​၏​လှ​ပ​သော အ​ဆင်း​ကို​စက်​ဆုပ်​ဖွယ်​ကောင်း​အောင်​ပြု လေ​ပြီ။ လာ​ရောက်​သူ​တိုင်း​အား​မိ​မိ​၏ ကိုယ်​ကို​အပ်​ပေး​၍ တစ်​နေ့​တစ်​ခြား​ပြည့် တန်​ဆာ​ဖြစ်​သည်​ထက်​ဖြစ်​စေ​၏။- \v 26 တ​ဏှာ​ကြီး​သူ​အိမ်​နီး​ချင်း​အီ​ဂျစ်​အ​မျိုး သား​တို့​အား မိ​မိ​နှင့်​အ​တူ​အိပ်​စက်​ခွင့်​ပေး ၍​ပြည့်​တန်​ဆာ​လုပ်​ခြင်း​အား​ဖြင့်​ငါ​၏ အ​မျက်​တော်​ကို​နှိုး​ဆော်​တော်​မူ​၏။ \p \v 27 ``ယ​ခု​ငါ​သည်​သင့်​အား​ဒဏ်​ပေး​ရန်​နှင့် သင် ၏​နယ်​မြေ​ကို​ရုပ်​သိမ်း​ရန်​လက်​ရုံး​တော်​ကို ဆန့်​ပြီ။ ငါ​သည်​သင့်​ကို​လော​ဘ​ကြီး​၍ သင် ၏​အ​ကျင့်​ဆိုး​များ​ကို​စက်​ဆုပ်​သူ​ဖိ​လိတ္တိ သ​မီး​ပျို​တို့​၏​လက်​သို့​သင့်​အား​ပေး​အပ် လိုက်​လေ​ပြီ။ \p \v 28 ``အ​လို​မ​ပြည့်​နိုင်​သ​ဖြင့်​သင်​သည်​အာ​ရှု​ရိ အ​မျိုး​သား​တို့​နှင့်​မှား​ယွင်း​ပြန်​၏။ သို့​ရာ တွင်​သင်​၏​အ​လို​မ​ပြည့်​နိုင်​သေး။- \v 29 သို့​ဖြစ်​၍​သင်​သည်​ကုန်​သည်​နိုင်​ငံ​ဖြစ်​သည့် ဗာ​ဗု​လုန်​ပြည်​မှ​အ​မျိုး​သား​တို့​နှင့်​လည်း မှား​ယွင်း​ပြန်​၏။ သို့​ရာ​တွင်​သင်​၏​အ​လို မ​ပြည့်​နိုင်​သေး'' ဟု​မိန့်​တော်​မူ​၏။ \p \v 30 အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``သင် သည်​စိတ်​အ​လွန်​ပျော့​၍ အ​ရှက်​မ​ရှိ​သည့် ပြည့်​တန်​ဆာ​ကဲ့​သို့​ဤ​အ​မှု​အ​ရာ​တို့​ကို ပြု​၏။- \v 31 သင်​သည်​လမ်း​ထိပ်​တိုင်း​၌​သင်​ကိုး​ကွယ်​ရန် တောင်​ကုန်း​များ​ကို​ဆောက်​၍ စျေး​ရပ်​ကွက် တိုင်း​၌​မြင့်​သော​ကိုး​ကွယ်​ရာ​ဌာ​န​များ ကို​တည်​ဆောက်​သော​အ​ခါ ပြည့်​တန်​ဆာ အ​လုပ်​ကို​လုပ်​သော်​လည်း​သာ​မန်​ပြည့် တန်​ဆာ​များ​ကဲ့​သို့​အ​ခ​ကြေး​ငွေ​ကို မ​တောင်း။- \v 32 သင်​သည်​ကား​မိ​မိ​၏​ခင်​ပွန်း​ကို​ချစ်​မြတ် နိုး​မည့်​အ​စား သူ​စိမ်း​တစ်​ရံ​ဆံ​များ​နှင့် မေ​ထုန်​မှီ​ဝဲ​လို​သည့်​မိန်း​မ​နှင့်​တူ​၏။- \v 33 ပြည့်​တန်​ဆာ​အား​အ​ခ​ကြေး​ငွေ​ပေး​ရ​၏။ သင်​မူ​ကား​ချစ်​သူ​တို့​ကို​အ​ရပ်​တ​ကာ​မှ လာ​၍ သင်​နှင့်​အိပ်​စက်​ကြ​စေ​ရန်​လက်​ဆောင် များ​ကို​ပေး​လေ​သည်။- \v 34 သင်​သည်​ထူး​ခြား​သော​ပြည့်​တန်​ဆာ​ဖြစ်​၏။ အ​ဘယ်​သူ​မျှ​သင့်​အား​အ​ခ​ကြေး​ငွေ​ပေး​၍ ပြည့်​တန်​ဆာ​လုပ်​စေ​သည်​မ​ဟုတ်။ သင်​သည် အ​ခ​ကြေး​ငွေ​လည်း​မ​ရ။ သင်​က​သာ​လျှင် ပေး​၏။ သင်​သည်​အ​ကယ်​ပင်​ထူး​ပါ​ပေ သည်'' ဟူ​၍​တည်း။ \s1 ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​သို့​ချ​မှတ်​တော်​မူ​သည့် တ​ရား​စီ​ရင်​ချက် \p \v 35 သို့​ဖြစ်​၍​အ​ချင်း​ပြည့်​တန်​ဆာ၊ ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​သည်​ကို​နား​ထောင်​လော့။ \p \v 36 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``သင်​သည်​ကာ​မ​ရာ​ဂ​ကြီး​လျက်​အ​ဝတ် များ​ကို​ချွတ်​၍ ပြည့်​တန်​ဆာ​ကဲ့​သို့​မိ​မိ ကိုယ်​ကို​ချစ်​သူ​များ​သို့​လည်း​ကောင်း၊ စက် ဆုပ်​ဖွယ်​ကောင်း​သည့်​ရုပ်​တု​များ​သို့​လည်း ကောင်း​ပေး​အပ်​ကာ မိ​မိ​၏​သား​သ​မီး​များ အား​ရုပ်​တု​များ​ကို​ပူ​ဇော်​ရာ​ယဇ်​ကောင် များ​အ​ဖြစ်​ဖြင့်​သတ်​၏။- \v 37 ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​သင်​နှစ်​သက် သော​သင်​၏​ချစ်​သူ​များ​ကို​စု​ဝေး​စေ​ပြီး နောက် သင်​ချစ်​သူ​မုန်း​သူ​အား​လုံး​ကို​စု ဝေး​စေ​ပြီး​လျှင်​သင့်​အား​ဝန်း​ရံ​၍​နေ​စေ မည်။ ထို​နောက်​သင်​၏​အ​ဝတ်​များ​ကို​ချွတ် ၍ သင်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​နေ​ပုံ ကို​ပြ​မည်။- \v 38 ငါ​သည်​သင့်​အား​သူ​တစ်​ပါး​အိမ်​ရာ​ကို ပြစ်​မှား​မှု၊ လူ​သတ်​မှု​တို့​အ​တွက်​ပြစ်​ဒဏ် စီ​ရင်​မည်။ ငါ​သည်​ပြင်း​စွာ​ဒေါ​သ​အ​မျက် ထွက်​၍ မ​ရှု​စိမ့်​သ​ဖြင့်​သင့်​အား​က​လဲ့​စား ချေ​၍​သေ​ဒဏ်​ပေး​မည်။- \v 39 ငါ​သည်​သင့်​ကို​သူ​တို့​၏​လက်​သို့​အပ်​နှံ မည်။ သူ​တို့​သည်​သင်​၏​မြင့်​သော​တောင်​ကုန်း များ ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ဖြို​ဖျက်​ကြ လိမ့်​မည်။ သူ​တို့​သည်​သင်​၏​အ​ဝတ်​အ​စား များ​နှင့်​ကျောက်​မျက်​ရ​တ​နာ​များ​ကို​ယူ ၍ သင့်​အား​အ​ဝတ်​အ​ချည်း​စည်း​ထား ကြ​လိမ့်​မည်။ \p \v 40 ``သင့်​အား​ခဲ​နှင့်​ပေါက်​၍​ဋ္ဌား​နှင့်​အ​ပိုင်း​ပိုင်း ဖြတ်​ကြ​စေ​ရန် သူ​တို့​သည်​လူ​အုပ်​ကြီး​တစ် စု​ကို​လှုံ့​ဆော်​ပေး​ကြ​လိမ့်​မည်။- \v 41 သူ​တို့​သည်​သင်​၏​အိမ်​များ​ကို​မီး​ရှို့​ကြ ပြီး​လျှင် သင်​အ​ပြစ်​ဒဏ်​ခံ​ရ​ပုံ​ကို​မြောက် မြား​စွာ​သော​အ​မျိုး​သ​မီး​တို့​အား​ပြ​ကြ လိမ့်​မည်။ သင်​၏​ပြည့်​တန်​ဆာ​အ​လုပ်​နှင့် ချစ်​သူ​တို့​အား လက်​ဆောင်​ပေး​ကမ်း​မှု​ကို ငါ​ရပ်​စဲ​စေ​မည်။- \v 42 ထို​နောက်​ငါ​သည်​အ​မျက်​ပြေ​၍​တည်​ငြိမ် လိမ့်​မည်။ နောက်​တစ်​ဖန်​အ​မျက်​ထွက်​တော့​မည် မ​ဟုတ်။ မ​နာ​လို​စိတ်​လည်း​ရှိ​တော့​မည်​မ​ဟုတ်။- \v 43 ငယ်​စဉ်​အ​ခါ​က​သင့်​အ​ကြောင်း​ကို သင်​သည် မေ့​ပျောက်​ကာ​ဆိုး​ညစ်​မှု​အ​ပေါင်း​ကို​ပြု​၍ ငါ ၏​အ​မျက်​ကို​နှိုး​ဆော်​ခဲ့​၏။ သို့​ဖြစ်​၍​ထို​အ​မှု အ​ရာ​များ​အ​တွက် ငါ​သည်​သင့်​ကို​ဒဏ်​ပေး ရ​၏။ သင်​သည်​အ​ကျင့်​ပျက်​ပြား​မှု​အ​ပြင် အ​ခြား​စက်​ဆုပ်​ဖွယ်​ကောင်း​သည့်​အ​မှု​များ ကို အ​ဘယ်​ကြောင့်​ထပ်​လောင်း​၍​ပြု​သ​နည်း'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။ \s1 အ​မိ​စ​ရိုက်​သ​မီး​လိုက် \p \v 44 ထာ​ဝ​ရ​ဘု​ရား​က``အို ယေ​ရု​ရှ​လင်​မြို့၊ လူ တို့​သည်​သင်​၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍`အ​မိ စ​ရိုက်​သ​မီး​လိုက်' ဟူ​သော​စ​ကား​ပုံ​ကို သုံး​စွဲ​ကြ​လိမ့်​မည်။- \v 45 သင်​သည်​အ​မှန်​ပင်​အ​မေ့​သ​မီး​ပီ​သ​ပါ​ပေ သည်။ သင်​၏​မိ​ခင်​သည်​ခင်​ပွန်း​နှင့်​သား​သ​မီး တို့​ကို​ရွံ​မုန်း​သူ​ဖြစ်​၏။ သင်​နှင့်​သင့်​ညီ​အစ်​မ တို့​သည်​တူ​ညီ​၍၊ သူ​တို့​သည်​မိ​မိ​ခင်​ပွန်း​နှင့် သား​သ​မီး​တို့​ကို​ရွံ​မုန်း​ကြ​၏။ သင်​၏​မိ​ခင် သည်​ဟိတ္တိ​အ​မျိုး​သ​မီး​ဖြစ်​၍​ဖ​ခင်​မှာ အာ​မော​ရိ​အ​မျိုး​သား\f 4 \fr 16:45 \ft * \+fk ဟိတ္တိ --- အာ​မော​ရိ။ \ft ၁၆:၃။ ကို​ကြည့်​ပါ။\f* ဖြစ်​၏။ \p \v 46 ``သင်​၏​အစ်​မ​သည်​မိ​မိ​၏​သ​မီး​များ​နှင့် တ​ကွ နေ​ထိုင်​လျက်​ရှိ​သည့်​မြောက်​အ​ရပ်​တွင် ရှိ​သော​ရှ​မာ​ရိ​မြို့​ဖြစ်​၏။ သင့်​ညီ​မ​ကား မိ​မိ​၏​သ​မီး​များ​နှင့်​တ​ကွ​နေ​ထိုင်​လျက် ရှိ​သော​တောင်​အ​ရပ်​တွင်​ရှိ​သည့်​သော​ဒုံ​မြို့ ဖြစ်​၏။- \v 47 သင်​သည်​သူ​တို့​၏​ခြေ​ရာ​ကို​နင်း​လျက်​စက် ဆုပ်​ဖွယ်​ရာ​အ​ကျင့်​များ​ကို​ပြု​ကျင့်​ရုံ​ဖြင့် ကျေ​နပ်​ပါ​သ​လော။ မ​ကျေ​နပ်။ အ​ချိန်​အ​နည်း ငယ်​အ​တွင်း​သင်​သည်​သူ​တို့​ပြု​သ​မျှ​သော အ​မှု​အ​ပေါင်း​တို့​ထက်​ပို​မို​ဆိုး​ရွား​သော အ​မှု​ကို​ပြု​ကျင့်​ခဲ့​၏။- \v 48 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ သင်​၏​ညီ​မ​သော​ဒုံ​မြို့​နှင့်​သူ့​သ​မီး တို့​သည် သင်​နှင့်​သင့်​သ​မီး​များ​ပြု​ကျင့်​ခဲ့ သည့်​ဆိုး​ညစ်​မှု​မျိုး​ကို​အ​ဘယ်​အ​ခါ​က မျှ​မ​ပြု​မ​ကျင့်​ခဲ့​ကြ။- \v 49 ဤ​ကား​သင့်​ညီ​မ​သော​ဒုံ​ပြု​သော​အ​မှု​ဖြစ် သည်။ သူ​တို့​သည်​မာ​န​ကြီး​လျက်​အ​စာ​ရေ စာ​အ​ဝ​လွန်​၍ မည်​သူ့​ကို​မျှ​ဂ​ရု​မ​စိုက်​ဘဲ ဆင်း​ရဲ​သူ​များ​နှင့် အ​ခွင့်​အ​ရေး​နိမ့်​သူ​လူ တန်း​စား​တို့​အား ကူ​ညီ​စောင့်​ရှောက်​မှု​ကို မ​ပြု​ကြ။- \v 50 သူ​တို့​သည်​မာ​န​ကြီး​၍​ငါ​မုန်း​သည့်​အ​မှု တို့​ကို​ပြု​ကြ​၏။ သို့​ဖြစ်​၍​သင်​ကောင်း​စွာ သိ​သည်​အ​တိုင်း ငါ​သည်​သူ​တို့​အား​ပျက်​စီး စေ​၏။ \p \v 51 ``ရှ​မာ​ရိ​မြို့​သည်​သင်​ပြု​ခဲ့​သည့်​ဒု​စ​ရိုက်​၏ ထက်​ဝက်​ကို​ပင်​မ​ပြု။ သင်​သည်​သူ​ပြု​သ​မျှ သော​အ​မှု​အ​ပေါင်း​တို့​ထက် ပို​၍​စက်​ဆုပ်​ဖွယ် ကောင်း​သည့်​အ​မှု​ကို​ပြု​လေ​ပြီ။ သင်​သည်​စက် ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​လှ​သ​ဖြင့် သင့်​ညီ​အစ်​မ တို့​ကား​သင်​နှင့်​စာ​သော်​အပြစ်​မဲ့​သူ​များ​ဟု ပင်​ထင်​မှတ်​ရ​၏။- \v 52 ယ​ခု​သင်​သည်​မိ​မိ​အ​ရှက်​ကွဲ​မှု​ကို​ခံ​စား ရ​မည်။ သင့်​ညီ​အစ်​မ​များ​အ​တွက် တ​ရား​မျှ တ​မှု​အ​ချို့​ဆောင်​ရွက်​ခဲ့​ပြီ။ သင်​၏​အ​ပြစ် များ​သည်​သင့်​ညီ​အစ်​မ​တို့​၏​အ​ပြစ်​များ ထက် လွန်​စွာ​ပို​၍​ဆိုး​ရွား​သ​ဖြင့် သူ​တို့​သည် သင်​နှင့်​စာ​သော်​အ​ပြစ်​မဲ့​သူ​များ​ကဲ့​သို့ ဖြစ်​ကြ​၏။ ယင်း​သို့​မိ​မိ​၏​ညီ​အစ်​မ​တို့​အား အ​ပြစ်​မဲ့​သူ​များ​ကဲ့​သို့​ထင်​မှတ်​စေ​သော ကြောင့် သင်​သည်​မိ​မိ​အ​ရှက်​ကွဲ​မှု​ကို​ခံ​စား လော့'' ဟု​မိန့်​တော်​မူ​၏။ \s1 သော​ဒုံ​နှင့်​ရှ​မာ​ရိ​မြို့​တို့​ကို ပြန်​လည်​ထူ​ထောင်​စေ​မည် \p \v 53 ``သော​ဒုံ​မြို့​နှင့်​ထို​မြို့​၏​သ​မီး​များ​နှင့် ရှ​မာ ရိ​မြို့​နှင့်​ထို​မြို့​၏​သ​မီး​များ​ကို​ငါ​သည် တစ်​ဖန်​ပြန်​လည်​စည်​ကား​စေ​မည်။ သင့်​ကို လည်း​ပြန်​လည်​စည်​ကား​လာ​စေ​မည်။- \v 54 သင်​သည်​မိ​မိ​ကိုယ်​ကို​ရှက်​လိမ့်​မည်။ သင်​၏ အ​သ​ရေ​ပျက်​မှု​သည်​သင့်​ညီ​အစ်​မ​တို့​အား မိ​မိ​တို့​အ​ဘယ်​မျှ​ကောင်း​စား​လာ​ကြောင်း ထင်​ပေါ်​စေ​လိမ့်​မည်။- \v 55 သင်​၏​ညီ​အစ်​မ​များ​ဖြစ်​သော​သော​ဒုံ​နှင့် သူ​၏​သ​မီး​များ၊ ရှ​မာ​ရိ​နှင့်​သူ​၏​သ​မီး များ​တို့​သည် တစ်​ဖန်​ပြန်​လည်​စည်​ကား​လာ ကြ​လိမ့်​မည်။ သင်​နှင့်​သင့်​သ​မီး​များ​သည် လည်း​ပြန်​လည်​ထူ​ထောင်​လာ​လိမ့်​မည်။- \v 56-57 မိ​မိ​၏​ဆိုး​ညစ်​မှု​များ​ကို​လူ​မ​သိ​မီ​မာန် မာ​န​ထောင်​လွှား​နေ​စဉ်​အ​ခါ​က သင်​သည် သင်​၏​ညီ​မ​သော​ဒုံ​မြို့​၏​နာ​မည်​ကို​ဖော်​ပြ ခြင်း​မ​ပြု​ခဲ့ ယ​ခု​အ​ခါ​၌​သင်​ကိုယ်​တိုင် သည်​ဧ​ဒုံ​သ​မီး​ပျို​နှင့်​အိမ်​နီး​ချင်း​များ၊ ဖိ​လိတ္တိ​သ​မီး​ပျို​နှင့်​အိမ်​နီး​ချင်း​များ​နှင့် သင့်​ကို​မုန်း​သော​သူ​တို့​ပြက်​ရယ်​ပြု​စ​ရာ ဖြစ်​လေ​ပြီ။- \v 58 သင်​သည်​မိ​မိ​ပြု​ခဲ့​သည့်​ညစ်​ညမ်း​စက်​ဆုပ် ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​အ​မှု​များ​၏​အ​ကျိုး ဆက်​ကို​ခံ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။ \s1 ထာ​ဝ​စဉ်​တည်​မြဲ​သည့်​ပ​ဋိ​ညာဉ် \p \v 59 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``သင်​သည်​သင်​၏ ကတိ​သစ္စာ​တို့​ကို​ပ​မာ​ဏ​မ​ပြု၊ ပ​ဋိ​ညာဉ် ကို​လည်း​ချိုး​ဖောက်​သ​ဖြင့် သင်​ခံ​ထိုက်​သည့် အ​ပြစ်​ကို​ငါ​ပေး​မည်။- \v 60 သို့​ရာ​တွင်​သင်​ငယ်​စဉ်​အ​ခါ​က​ငါ​ပြု​ခဲ့​သည့် ပ​ဋိ​ညာဉ်​ကို​ပြန်​လည်​သ​တိ​ရ​၍ သင်​နှင့်​ထာ​ဝ စဉ်​တည်​မြဲ​သည့်​ပ​ဋိ​ညာဉ်​ကို​ငါ​ဖွဲ့​ဦး​မည်။- \v 61 သင်​၏​အစ်​မ​နှင့်​ညီ​မ​တို့​သည်​သင့်​ထံ​သို့ ပြန်​လည်​ရောက်​ရှိ​လာ​သော​အ​ခါ သင်​သည် မိ​မိ​ပြု​ကျင့်​ခဲ့​သည့်​အ​မှု​ကို​သ​တိ​ရ​၍ ရှက်​လိမ့်​မည်။ သင်​နှင့်​ငါ​ဖွဲ့​ခဲ့​သော​ပ​ဋိ​ညာဉ် တွင်​မ​ပါ​ရှိ​သော်​လည်း ငါ​သည်​သူ​တို့​အား သင်​၏​သ​မီး​များ​သ​ဖွယ်​ဖြစ်​စေ​မည်။- \v 62 ငါ​သည်​သင်​နှင့်​ပဋိညာဉ်​ကို​အ​သစ်​တစ်​ဖန်​ပြန် ၍​ဖွဲ့​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​သိ​ရှိ​ရ​လိမ့်​မည်။- \v 63 သင်​ပြု​ခဲ့​သ​မျှ​သော​အ​မှား​တို့​ကို​ငါ​ခွင့် လွှတ်​သော​အ​ခါ သင်​သည်​ယင်း​အ​မှား​တို့ ကို​သ​တိ​ရ​လျက်​ရှက်​သ​ဖြင့် နှုတ်​ကို​ပင် မ​ဖွင့်​နိုင်​သည်​တိုင်​အောင်​အ​ရှက်​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။ \c 17 \s1 စ​ပျစ်​ပင်​နှင့်​လင်း​ယုန်​ငှက်​များ​ပုံ​ပ​မာ \p \v 1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့ ထံ​သို့​ရောက်​လာ​၏။- \v 2-3 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣသ​ရေ​လ အ​မျိုး​သား​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘုရား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​သိ​ရှိ​ကြ​စေ ရန် စ​ကား​ထာ​ဝှက်​၍​ပုံ​ဥ​ပ​မာ​တစ်​ခု​ကို ပြော​ပြ​လော့။ အ​ခါ​တစ်​ပါး​က​သန်​စွမ်း သော​အ​တောင်​ကြီး​များ​နှင့် ရှည်​သော​အ​မွေး အ​တောင်​များ​ရှိ​သည့်​လင်း​ယုန်​ငှက်​ကြီး တစ်​ကောင်​ရှိ​၏။ သူ့​မှာ​အ​ရောင်​စုံ​၍​လှ​ပ သော​အ​မွေး​အ​တောင်​များ​ရှိ​၏။ သူ​သည် လေ​ဗ​နုန်​တောင်​ထိပ်​သို့​ပျံ​သန်း​ပြီး​လျှင် အာ​ရစ်​ပင်​ထိပ်​ဖျား​တွင်​နား​လျက်၊- \v 4 ထိပ်​ဆုံး​မှ​အ​ညွန့်​အ​ဖျား​ကို​ချိုး​ယူ​၍ ရောင်း ဝယ်​ဖောက်​ကား​သည့်​နိုင်​ငံ​သို့​ယူ​ဆောင်​ကာ ကုန်​သည်​တို့​မြို့​တွင်​စိုက်​ပျိုး​၏။- \v 5 ထို​နောက်​သူ​သည်​ဣသ​ရေ​လ​နိုင်​ငံ​တွင်​ရှိ​သည့် သစ်​စေ့​တစ်​စေ့​ကို​ယူ​၍ မိုး​မ​ခ​ပင်​ကဲ့​သို့ ပေါက်​နိုင်​ရန် ရေ​အ​စဉ်​ရ​၍​မြေ​ကောင်း​မြေ သန့်​ရှိ​ရာ​ကွင်း​တွင်​စိုက်​ပျိုး​၏။- \v 6 အ​ပင်​ငယ်​သည်​ရွက်​နု​များ​ထွက်​လာ​ကာ​နိမ့် နိမ့်​နှင့်​အ​ကိုင်း​အ​ခက်​များ​ဖြာ​၍​ထွက်​လာ သော​စ​ပျစ်​နွယ်​ပင်​ဖြစ်​လာ​လေ​သည်။ ထို အ​ပင်​၏​အ​ကိုင်း​အ​ခက်​တို့​သည်​လင်း​ယုန် ငှက်​ရှိ​ရာ​သို့​တက်​လျက်​အ​မြစ်​များ​သည် လည်း​အောက်​သို့​နက်​စွာ​ဆင်း​သွား​ကြ​၏။ စ​ပျစ်​ပင်​သည်​အ​ကိုင်း​အ​ခက်​တို့​ဖြင့် ဝေ​ဆာ​လျက်​နေ​၏။ \p \v 7 ``ထို​အ​ရပ်​တွင်​အ​ခြား​လင်း​ယုန်​ငှက်​ကြီး တစ်​ကောင်​ရှိ​၏။ သူ​၏​အ​တောင်​များ​သည် သန်​မာ​၍ အ​မွေး​တို့​သည်​လည်း​ထူ​ထပ်​၏။ စ​ပျစ်​ပင်​သည်​ယ​ခု​မိ​မိ​တည်​ရာ​ဥ​ယျာဉ် မှ​နေ​၍ ရေ​များ​ကို​ပို​ရ​နိုင်​လိမ့်​မည်​ဟု မျှော်​လင့်​ကာ သူ​၏​ဘက်​သို့​အ​မြစ်​များ​ကို ထိုး​စေ​၍​အ​ရွက်​များ​ကို​လည်း​မျက်​နှာ မူ​စေ​၏။- \v 8 သို့​သော်​အ​ရွက်​အ​သီး​များ​ဖြင့်​လှ​ပ​ဝေ ဆာ​သော​စ​ပျစ်​ပင်​ဖြစ်​လာ​စေ​ရန် ယင်း​ကို ရေ​အ​လုံ​အ​လောက်​ရှိ​သည့်​မြေ​ကောင်း မြေ​သန့်​၌​စိုက်​ပျိုး​ထား​ခဲ့​ပြီး​ဖြစ်​သည်။ \p \v 9 ``သို့​ဖြစ်​၍​ဤ​စ​ပျစ်​ပင်​သည်​ဆက်​လက်​၍ ရှင်​သန်​နိုင်​မည်​လော။ ထို​အ​ပင်​ကို​အ​မြစ်​မှ ဆွဲ​နုတ်​ပြီး​လျှင် စ​ပျစ်​သီး​များ​ကို​ချွေ​ကာ အ​ကိုင်း​သစ်​တို့​ကို​လည်း​ချိုး​၍ ညှိုး​နွမ်း ခြောက်​သွေ့​သွား​စေ​မည်​မ​ဟုတ်​လော။ ထို အ​ပင်​ကို​နုတ်​ပစ်​ရန်​ခွန်​အား​များ​စွာ​ရှိ​ရန် လူ​အ​လုံး​အ​ရင်း​ကို​လို​လိမ့်​မည်​မ​ဟုတ် ဟု​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။- \v 10 ထို​စ​ပျစ်​ပင်​ကို​ရွှေ့​ပြောင်း​၍​စိုက်​ပျိုး​ခဲ့​လျှင် ထို​အ​ပင်​သည်​ဆက်​လက်​ရှင်​သန်​နိုင်​မည်​လော။ ယင်း​သည်​အ​ရှေ့​လေ​တိုက်​ခတ်​သော​အ​ခါ​ညှိုး နွမ်း​ခြောက်​သွေ့​သွား​မည်​မ​ဟုတ်​လော။ ယ​ခု ပေါက်​လျက်​နေ​သည့်​အ​ရပ်​၌​ပင်​ညှိုး​နွမ်း ခြောက်​သွေ့​သွား​မည်​မ​ဟုတ်​လော'' ဟု​မိန့် တော်​မူ​၏။ \s1 ပုံ​ဥ​ပ​မာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် \p \v 11 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​သည်​ကား၊- \v 12 ``ဤ​ပုံ​ဥ​ပ​မာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​သိ​ကြ သ​လော​ဟု ထို​ပုန်​ကန်​တတ်​သည့်​သူ​တို့​အား​မေး မြန်း​လော့။ ဗာ​ဗု​လုန်​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့ သို့​လာ​၍ ဘု​ရင်​နှင့်​တ​ကွ​မှူး​မတ်​အ​ပေါင်း​တို့ ကို​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင်​သွား​သည့်​အ ကြောင်း​ကို​သူ​တို့​အား​ပြော​ပြ​လော့။-\x + \xo 17:12 \xt ၄ရာ၊ ၂၄:၁၅-၂၀။ ၆ရာ၊ ၃၆:၁၀-၁၃။\x* \v 13-14 ထို​နောက်​သူ​သည်​ထို​ဘု​ရင်​၏​ဆွေ​တော်​မျိုး တော်​တစ်​ဦး​ကို​ခေါ်​ယူ​၍ ငြိမ်း​ချမ်း​ရေး​စာ ချုပ်​ကို​ချုပ်​ဆို​ပြီး​လျှင်​သူ့​အား​ကျမ်း​သစ္စာ ကျိန်​ဆို​စေ​၏။ ဣ​သ​ရေ​လ​နိုင်​ငံ​နှိမ့်​ချ​ခံ​ရ လျက် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နောက်​တစ် ဖန်​မ​ပုန်​ကန်​နိုင်​ကြ​စေ​ရန်​နှင့်၊ ငြိမ်း​ချမ်း​ရေး စာ​ချုပ်​ကို​လိုက်​နာ​စောင့်​ထိန်း​ခြင်း​အား​ဖြင့် သာ​ရှင်​သန်​နိုင်​ကြ​စေ​ရန် အ​ရေး​ပါ​အ​ရာ ရောက်​သူ​များ​ကို​ဋ္ဌား​စာ​ခံ​အ​ဖြစ်​ဖြင့် ခေါ်​ဆောင်​သွား​၏။- \v 15 သို့​သော်​လည်း​ယုဒ​ဘု​ရင်​သည်​ပုန်​ကန်​ထ ကြွ​လျက် မြင်း​နှင့်​စစ်​သည်​အ​မြောက်​အ​မြား ကို​စစ်​ကူ​ရ​ရှိ​ရန် အီ​ဂျစ်​ပြည်​သို့​သံ​တ​မန် များ​ကို​စေ​လွှတ်​လေ​သည်။ သူ​၏​အ​ကြံ​ထ မြောက်​သ​လော။ ဘေး​လွတ်​မည်​လော။ ငြိမ်း ချမ်း​ရေး​စာ​ချုပ်​ကို​ချိုး​ဖောက်​ပြီး​နောက် အ​ပြစ်​ပေး​ခြင်း​ကို​မ​ခံ​ရ​ဘဲ​နေ​မည် လော။ \p \v 16 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​သည်​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည် နှင့်​အ​ညီ ဤ​မင်း​သည်​မိ​မိ​ကျိန်​ဆို​ထား သည့်​ကျမ်း​သစ္စာ​ကို​မ​လေး​စား​ဘဲ၊ မိ​မိ အား​နန်း​တင်​ခဲ့​သည့်​ဗာ​ဗု​လုန်​မင်း​နှင့် ချုပ်​ဆို​ထား​သည့်​ငြိမ်း​ချမ်း​ရေး​စာ​ချုပ် ကို​လည်း​ကောင်း ချိုး​ဖောက်​သည့်​အ​တွက် ဗာ​ဗု​လုန်​မြို့​တွင်​သေ​ရ​လိမ့်​မည်။- \v 17 ဗာ​ဗု​လုန်​စစ်​သည်​တို့​သည်​လူ​များ​ကို​သတ် ခြင်း​ငှာ မြေ​က​တုတ်​များ​လုပ်​၍​ကျုံး​မြောင်း များ​တူး​ကြ​သော​အ​ခါ အင်​အား​ကြီး​မား သော​ဖာ​ရော​ဘု​ရင်​၏​တပ်​မ​တော်​ပင်​လျှင် ယု​ဒ​မင်း​အား​အ​ကူ​အ​ညီ​ပေး​နိုင်​မည် မ​ဟုတ်။- \v 18 ထို​မင်း​သည်​မိ​မိ​ကျိန်​ဆို​ခဲ့​သည့်​ကျမ်း​သစ္စာ ကို​မ​လေး​စား​ဘဲ၊ မိ​မိ​ချုပ်​ဆို​ခဲ့​သည့်​ငြိမ်း ချမ်း​ရေး​စာ​ချုပ်​ကို​လည်း​ကောင်း​ချိုး​ဖောက်​၏။ သူ​သည်​က​တိ​သစ္စာ​ကျိန်​ဆို​ပြီး​သော်​လည်း ဤ​အ​မှု​တို့​ကို​ပြု​သ​ဖြင့်​သူ​သည်​ယ​ခု အ​သက်​ချမ်း​သာ​ရာ​ရ​မည်​မ​ဟုတ်'' ဟူ​၍ တည်း။ \p \v 19 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​၏။ သူ​သည်​ငါ​ကျိန် ဆို​သည့်​သစ္စာ​ကို​မ​လေး​စား​ဘဲ ပ​ဋိ​ညာဉ် စာ​ချုပ်​ကို​ချိုး​ဖောက်​သည့်​အ​တွက်​သူ့​ခေါင်း ပေါ်​သို့​ငါ​ဒဏ်​ခတ်​မည်။- \v 20 ပိုက်​ကွန်​နှင့်​သူ့​ကို​ငါ​အုပ်​မည်။ ကျော့​ကွင်း​ကို ထောင်​၍​သူ့​အား​ငါ​ဖမ်း​မည်။ ဗာ​ဗု​လုန်​မြို့​သို့ ခေါ်​ဆောင်​သွား​ပြီး​လျှင်​ထို​မြို့​တွင်​သူ့​အား ဒဏ်​ခတ်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ သည်​ငါ့​ကို​သစ္စာ​ဖောက်​သော​ကြောင့်​ဖြစ်​၏။- \v 21 ထွက်​ပြေး​သော​သူ​၏​စစ်​သည်​တော်​များ​သည် စစ်​ပွဲ​၌​ကျ​ဆုံး​ကြ​လိမ့်​မည်။ ကြွင်း​ကျန်​သော သူ​တို့​သည်​လည်း​အ​ရပ်​ရပ်​သို့​ကွဲ​လွင့်​ကုန် ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ခဲ့​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 မျှော်​လင့်​စ​ရာ​ဘု​ရား​သ​ခင်​၏​က​တိ​တော် \p \v 22 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ \q1 ``ငါ​သည်​အာ​ရစ်​ပင်​မြင့်​၏​ထိပ်​ဖျား​ကိုင်း​ကို ယူ​၍​စိုက်​မည်။ \q2 အ​ခက်​နု​ကို​ချိုး​ပြီး​နောက်​အ​လွန်​မြင့်​သော တောင်​မြင့်​ပေါ်​မှာ​စိုက်​မည်။ \q1 \v 23 အ​မြင့်​ဆုံး​သော​ဣ​သ​ရေ​လ​တောင်​ပေါ်​မှာ စိုက်​မည်။ \q2 ထို​အ​ပင်​သည်​အ​ကိုင်း​အ​ခက်​များ​ထွက်​၍ အ​သီး​သီး​ကာ \q1 လှ​ပ​တင့်​တယ်​သော​အာ​ရစ်​ပင်​ဖြစ်​လာ​လိမ့်​မည်။ \q2 ထို​အ​ပင်​၌​ငှက်​အ​မျိုး​မျိုး​တို့​အ​သိုက် လုပ်​ကြ​လိမ့်​မည်။ \q1 အ​ပင်​ရိပ်​တွင်​လည်း​ခို​လှုံ​ကြ​လိမ့်​မည်။ \q1 \v 24 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း \q2 ဤ​ပြည်​တွင်​ရှိ​သ​မျှ​သော​သစ်​ပင်​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ \q1 ငါ​သည်​သစ်​ပင်​မြင့်​များ​ကို​ခုတ်​လှဲ​၍ သစ်​ပင်​ငယ်​တို့​ကို​မြင့်​မား​လာ​စေ​၏။ \q2 စိမ်း​လန်း​သော​အ​ပင်​တို့​ကို​ညှိုး​နွမ်း​ခြောက်​သွေ့​စေ​၍ သွေ့​ခြောက်​သော​အ​ပင်​တို့​ကို​စိမ်း​လန်း​လာ စေ​၏။ \p ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။ ငါ​သည်​မိ​မိ​၏​စ​ကား​အ​တိုင်း ပြု​မည်'' ဟူ​၍​တည်း။ \c 18 \s1 တစ်​ဦး​ချင်း​၌​တာ​ဝန်​ရှိ​ခြင်း \p \v 1 ထာ​ဝ​ရ​ဘု​ရား​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။- \v 2 ကိုယ်​တော်​က \q1 ``မိ​ဘ​တို့​စ​ပျစ်​ချဉ်​သီး​ကို​သုံး​ဆောင်​ခြင်း ကြောင့်၊ သား​သ​မီး​များ​သွား​ကျိန်း​ရ​ကြ​၏'' \p ဟူ​သော​စ​ကား​ပုံ​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့ ထပ်​ကာ​ထပ်​ကာ​ပြော​ဆို​နေ​ကြ​ရာ ၌​အ​ဘယ်​သို့​ဆို​လို​သ​နည်း။'' \p \v 3 ``ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား ဖြစ်​သည်​နှင့်​အ​ညီ ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ဤ​စ​ကား​ပုံ​ကို​နောက်​တစ်​ဖန်​သုံး​စွဲ​ရ တော့​မည်​မ​ဟုတ်။- \v 4 အ​ဖ​၏​အ​သက်​ကို​ငါ​ပိုင်​၏။ သား​၏​အ​သက် ကို​လည်း​ငါ​ပိုင်​၏။ လူ​တိုင်း​၏​အ​သက်​ကို ငါ​ပိုင်​၏။ သေ​ရ​မည့်​သူ​ကား​အ​ပြစ်​ကူး​လွန် သူ​ပင်​ဖြစ်​၏။ \p \v 5 ``အ​ကယ်​၍​ကောင်း​မြတ်​ဖြောင့်​မတ်​၍​ရိုး​သား သူ​ရှိ​အံ့။- \v 6 သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကိုး​ကွယ် သော​ရုပ်​တု​တို့​ကို​မ​ကိုး​ကွယ်။ တောင်​ပေါ်​ရှိ ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင် ယဇ်​ပူ​ဇော်​သည့် အ​သား​ကို​မ​စား။ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို မ​ပြစ်​မှား။ ရာ​သီ​လာ​နေ​သော​မိန်း​မ​နှင့်​လည်း မ​ဆက်​ဆံ။- \v 7 သူ​သည်​လှည့်​စား​မှု​ကို​မ​ပြု။ သူ​တစ်​ပါး​၏ ဥစ္စာ​ကို​အ​နိုင်​အ​ထက်​မ​လု​မ​ယူ။ အ​ပေါင်​ခံ ပစ္စည်း​ကို​လည်း​ပြန်​၍​ပေး​၏။ ငတ်​မွတ်​နေ​သူ ကို​ကျွေး​မွေး​၍ အ​ဝတ်​မဲ့​သူ​အား​အ​ဝတ် အ​စား​များ​ကို​ပေး​၏။- \v 8 သူ​သည်​အ​တိုး​အမြတ်​ရ​ရန်​ငွေ​ကို​မ​ချေး။ ဆိုး​ညစ်​မှု​ကို​ရှောင်​ရှား​၍​အ​ချင်း​များ​မှု တို့​တွင်​ဖြောင့်​မှန်​သော​အ​ဆုံး​အ​ဖြတ်​ကို ပေး​၏။- \v 9 သူ​သည်​ငါ​၏​အ​မိန့်​များ​ကို​လိုက်​နာ​၍ ငါ​၏ ပ​ညတ်​တော်​တို့​ကို​သေ​ချာ​စွာ​စောင့်​ထိန်း​၏။ ထို​သူ​သည်​သူ​တော်​ကောင်း​ဖြစ်​သ​ဖြင့် အ​သက် ရှင်​လိမ့်​မည်​ဟု​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။\x + \xo 18:9 \xt ဝတ်၊ ၁၈:၅။\x* \p \v 10-11 ``ထို​သူ​၌​အ​နိုင်​အ​ထက်​လု​ယက်​သတ်​ဖြတ် တတ်​၍ ဖ​ခင်​မ​ပြု​ခဲ့​ဘူး​သည့်​အ​မှု​တို့​ကို ပြု​ကျင့်​သူ​သား​တစ်​ယောက်​ရှိ​သည်​ဆို​အံ့။ ထို​သား​သည်​တောင်​ပေါ်​ရှိ​ကိုး​ကွယ်​ရာ​ဌာ​န များ​တွင်​ယဇ်​ပူ​ဇော်​သည့်​အ​သား​ကို​စား​၏။ သူ​တစ်​ပါး​အိမ်​ရာ​ကို​ပြစ်​မှား​၏။- \v 12 သူ​သည်​ဆင်း​ရဲ​ချို့​တဲ့​သူ​တို့​အား​လိမ်​လည် လှည့်​စား​၏။ သူ​တစ်​ပါး​၏​ဥစ္စာ​ကို​အ​နိုင် အ​ထက်​လု​ယူ​၏။ အ​ပေါင်​ခံ​ပစ္စည်း​ကို​လည်း ပြန်​၍​မ​ပေး။ ရုပ်​တု​တို့​ကို​ကိုး​ကွယ်​၍ စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​ကို​ပြု​၏။- \v 13 သူ​သည်​အ​တိုး​အမြတ်​ရ​အောင်​ငွေ​ကို​ချေး ၏။ ထို​သူ​သည်​အ​သက်​ရှင်​နိုင်​မည်​လော။ အ​သက် ရှင်​နိုင်​မည်​မ​ဟုတ်။ သူ​သည်​ယင်း​သို့​စက်​ဆုပ် ဖွယ်​ကောင်း​သော​အ​မှု​တို့​ကို​ပြု​သ​ဖြင့်​သေ ရ​လိမ့်​မည်။ သူ​၏​သွေး​သည်​သူ့​ခေါင်း​ပေါ် တင်​လျက်​ရှိ​၏။ \p \v 14 ``ယ​ခု​ထို​သူ​၌​သား​တစ်​ယောက်​ရှိ​သည်​ဆို အံ့။ ထို​သား​သည်​မိ​မိ​ဖ​ခင်​ပြု​ကျင့်​ခဲ့​သည့် ဒု​စ​ရိုက်​တို့​ကို​မြင်​သော်​လည်း​ဖ​ခင်​ကို အ​တု​မ​ခိုး။- \v 15 သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ရုပ်​တု​တို့​ကို​မ​ကိုး​ကွယ်။ တောင်​ပေါ်​ရှိ​ကိုး ကွယ်​ရာ​ဌာ​န​များ​တွင် ယဇ်​ပူ​ဇော်​သည့် အ​သား​ကို​လည်း​မ​စား။ သူ​တစ်​ပါး​အိမ် ရာ​ပြစ်​မှား​ခြင်း၊- \v 16 သူ​တစ်​ပါး​တို့​အား​နှိပ်​စက်​ညှင်း​ဆဲ​မှု​နှင့် သူ တစ်​ပါး​၏​ဥစ္စာ​ကို​အ​နိုင်​အ​ထက်​လု​ယူ​မှု​တို့ ကို​လည်း​မ​ပြု။ သူ​သည်​အ​ပေါင်​ခံ​ပစ္စည်း​များ ကို​လက်​မ​ခံ။ ငတ်​မွတ်​နေ​သူ​ကို​ကျွေး​မွေး​၍ အ​ဝတ်​မဲ့​သူ​အား​အ​ဝတ်​အ​စား​များ​ကို ပေး​၏။- \v 17 သူ​သည်​ဆိုး​ညစ်​မှု​ကို​ရှောင်​ရှား​၍​အ​တိုး အ​မြတ်​ရ​ရန်​ငွေ​ကို​မ​ချေး။ ငါ​၏​ပ​ညတ် တော်​များ​ကို​စောင့်​ထိန်း​၍​ငါ​၏​အ​မိန့်​တော် တို့​ကို​လိုက်​နာ​၏။ ထို​သူ​သည်​ဖ​ခင်​၏​အ​ပြစ် ကြောင့်​သေ​ရ​မည်​မ​ဟုတ်။ သူ​သည်​မု​ချ အ​သက်​ရှင်​လိမ့်​မည်။- \v 18 သူ​၏​ဖ​ခင်​မူ​ကား​လိမ်​လည်​လှည့်​စား​၍​သူ တစ်​ပါး​တို့​၏​ဥစ္စာ​ကို​အ​နိုင်​အ​ထက်​လု​ယူ လျက် အ​စဉ်​ပင်​လူ​အ​ပေါင်း​အား​ဆိုး​ညစ်​စွာ ပြု​ကျင့်​သ​ဖြင့်​မိ​မိ​၏​အ​ပြစ်​များ​ကြောင့် သေ​ရ​၏။ \p \v 19 ``သို့​ရာ​တွင်​သင်​တို့​က`သား​ဖြစ်​သူ​သည် အ​ဘယ်​ကြောင့်​ဖ​ခင်​ပြု​ခဲ့​သည့်​အ​ပြစ်​များ ၏​အ​ကျိုး​ဆက်​ကို​မ​ခံ​ရ​ပါ​သ​နည်း' ဟု မေး​ကြ​၏။ အ​ဖြေ​ကား​သား​သည်​ကောင်း​ရာ မှန်​ရာ​ကို​ပြု​သူ​ဖြစ်​၏။ သူ​သည်​ငါ​၏​ပ​ညတ် တော်​တို့​ကို​စောင့်​ထိန်း​၍​အ​သေ​အ​ချာ​လိုက် နာ​၏။ သို့​ဖြစ်​၍​သူ​သည်​မု​ချ​အ​သက်​ရှင် လိမ့်​မည်။- \v 20 သေ​ရ​မည့်​သူ​ကား​အ​ပြစ်​ကူး​လွန်​သူ ဖြစ်​၏။ သား​ဖြစ်​သူ​သည်​ဖ​ခင်​ပြု​သည့် အ​ပြစ်​များ​၏​အ​ကျိုး​ဆက်​ကို​ခံ​ရ​မည် မ​ဟုတ်။ ဖ​ခင်​ဖြစ်​သူ​သည်​လည်း​သား​ပြု သည့်​အ​ပြစ်​များ​၏​အ​ကျိုး​ဆက်​ကို​ခံ ရ​မည်​မ​ဟုတ်။ လူ​ကောင်း​သည်​ကောင်း​မှု ကို​ပြု​သည့်​အ​တွက်​ကောင်း​ကျိုး၊ ဆိုး​ညစ် သော​သူ​သည်​ဆိုး​ညစ်​မှု​ကို​ပြု​သည့် အ​တွက်​ဆိုး​ကျိုး​ကို​လည်း​ကောင်း​ခံ​ရ လိမ့်​မည်။\x + \xo 18:20 \xt တရား၊ ၂၄:၁၆။\x* \p \v 21 ``ဆိုး​ညစ်​သူ​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ ၍ ငါ​၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​၏။ မှန် ရာ​ကောင်း​ရာ​ကို​လည်း​ပြု​ကျင့်​၏။ ထို​သူ သည်​သေ​ရ​မည်​မ​ဟုတ်။ မု​ချ​ပင်​အ​သက် ရှင်​ရ​လိမ့်​မည်။- \v 22 သူ​သည်​မှန်​ရာ​ကို​ပြု​ကျင့်​သည့်​အ​တွက် မိ​မိ​၏​အ​ပြစ်​အ​ပေါင်း​မှ​ပြေ​လွှတ်​၍ အ​သက်​ရှင်​ရ​လိမ့်​မည်။- \v 23 ငါ​သည်​ဆိုး​ညစ်​သူ​သေ​သည်​ကို​မြင်​သော အ​ခါ နှစ်​ခြိုက်​အား​ရ​ခြင်း​ဖြစ်​သည်​ဟု​သင် တို့​ထင်​မှတ်​ကြ​သ​လော​ဟု အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မေး​တော်​မူ​၏။ ကိုယ်​တော်​က​ထို​သူ နောင်​တ​ရ​၍​အ​သက်​ရှင်​ရ​သည်​ကို​သာ လျှင်​ငါ​မြင်​လို​၏။ \p \v 24 ``သို့​ရာ​တွင်​ဖြောင့်​မတ်​သော​သူ​သည်​ကောင်း မှု​ကို​ရပ်​စဲ​၍ သူ​ယုတ်​မာ​တို့​ပြု​ကျင့်​တတ် သည့်​စက်​ဆုတ်​ဖွယ်​ရာ​ဆိုး​ညစ်​မှု​တို့​ကို ပြု​လျှင် သူ​သည်​ဆက်​လက်​၍​အ​သက်​ရှင် မည်​လော။ အ​သက်​မ​ရှင်​ရ။ သူ​ပြု​ခဲ့​သည့် ကောင်း​မှု​ကို​ငါ​အ​မှတ်​ရ​တော့​မည်​မ​ဟုတ်။ သူ​သည်​သစ္စာ​မဲ့​မှု​ကြောင့်​အ​ပြစ်​ရှိ​၍ မိ​မိ​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ အ​တွက်​သေ​ရ​လိမ့်​မည်။ \p \v 25 ``သို့​သော်​လည်း​သင်​တို့​က`ဘု​ရား​ရှင်​စီ​ရင် တော်​မူ​သည်​မှာ​မ​ဖြောင့်​ဟု' ဆို​ကြ​၏။ အ​ချင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ငါ​ပြော​သည် ကို​နား​ထောင်​ကြ​လော့။ သင်​တို့​က​ငါ​စီ​ရင် ချက်​မ​ဖြောင့်​ဟု​ထင်​မှတ်​ကြ​၏။ မ​ဖြောင့် သည့်​အ​ရာ​ကား​သင်​တို့​၏​ပြု​မူ​ပုံ​ပင် ဖြစ်​၏။- \v 26 သူ​တော်​ကောင်း​သည်​ကောင်း​မှု​ကို​ရပ်​စဲ​၍ ဆိုး​ညစ်​မှု​ကို​ပြု​ပြီး​နောက်​သေ​သွား​လျှင် ထို​သူ​သည်​မိ​မိ​ပြု​ခဲ့​သည့်​ဆိုး​ညစ်​မှု ကြောင့်​သေ​ရ​ခြင်း​ဖြစ်​၏။- \v 27 ဆိုး​ညစ်​သူ​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ ၍​မှန်​ရာ​ကောင်း​ရာ​ကို​ပြု​ကျင့်​လျှင် သူ​သည် မိ​မိ​၏​အ​သက်​ကို​ချမ်း​သာ​ရာ​ရ​စေ​သူ ဖြစ်​၏။- \v 28 သူ​သည်​မိ​မိ​အ​မှား​ကို​မြင်​၍​အ​ပြစ်​ကို စွန့်​လွှတ်​လိုက်​သ​ဖြင့်​မု​ချ​ပင်​သေ​ရ​မည် မ​ဟုတ်။ ဆက်​လက်​၍​အ​သက်​ရှင်​ရ​လိမ့် မည်။- \v 29 သို့​သော်​လည်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​က`ဘု​ရား​ရှင်​စီ​ရင်​တော်​မူ​ချက်​သည် မ​ဖြောင့်' ဟု​ဆို​ကြ​၏။ ငါ​စီ​ရင်​တော်​မူ​ချက် ကို​မ​ဖြောင့်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​လော။ မ​ဖြောင့်​သည့်​အ​ရာ​ကား​သင်​တို့​၏​ပြု​မူ​ပုံ ပင်​ဖြစ်​၏။ \p \v 30 ``အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ယ​ခု​သင်​တို့ တစ်​ဦး​စီ​အား​သင်​တို့​အ​သီး​သီး​ပြု​ခဲ့ ကြ​သည့်​အ​မှု​ကို​လိုက်​၍ တ​ရား​စီ​ရင်​တော် မူ​မည်​ဖြစ်​ကြောင်း​ပြော​ကြား​၏။ သင်​တို့​သည် ပြု​ကျင့်​လျက်​နေ​သော​ဆိုး​ညစ်​မှု​အ​ပေါင်း မှ​ကြဉ်​ရှောင်​ကြ​လော့။ အ​ပြစ်​ဒု​စ​ရိုက်​က သင်​တို့​အား​မ​ပျက်​စီး​စေ​နှင့်။- \v 31 သင်​တို့​ပြု​ကျင့်​လျက်​ရှိ​သည့်​ဆိုး​ညစ်​မှု​ကို စွန့်​ပစ်​၍ စိတ်​နှ​လုံး​အ​သစ်၊ စိတ်​ဝိ​ညာဉ်​အ​သစ် ကို​ယူ​ကြ​လော့။ အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သင်​တို့​သည်​အ​ဘယ်​ကြောင့်​သေ ချင်​ကြ​သ​နည်း။- \v 32 ငါ​သည်​အ​ဘယ်​သူ့​ကို​မျှ​မ​သေ​စေ​လို။ အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ​၍​အ​သက်​ရှင် ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ \c 19 \s1 ငို​ချင်း \p \v 1 ဣ​သ​ရေ​လ​မင်း​သား​တို့​အ​တွက်​ငို​ချင်း ကို​အောက်​ပါ​အ​တိုင်း​ဖွဲ့​ဆို​ရန် ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား​အ​မိန့်​ပေး​တော်​မူ​၏။ \q1 \v 2 သင့်​အ​မိ​သည်​ခြင်္သေ့​မ​ပီ​သ​ပါ​ပေ​သည်။ \q2 သူ​သည်​ငယ်​ရွယ်​သော​ခြင်္သေ့​ဖို​တို့​ကြား​တွင် \q1 သား​ငယ်​များ​ကို​ကြီး​ပြင်း​အောင်​ကျွေး​မွေး စောင့်​ရှောက်​၏။ \q1 \v 3 သား​ကောင်​များ​ဖမ်း​သည့်​အ​တတ်​ကို သင်​ကြား​ပေး​သ​ဖြင့်၊ \q2 ခြင်္သေ့​ငယ်​တစ်​ကောင်​သည်​သန်​စွမ်း​လာ​၍ လူ​သား​စား​ခြင်္သေ့​ဖြစ်​လာ​လေ​သည်။ \q1 \v 4 လူ​မျိုး​တ​ကာ​တို့​သည်​သူ​၏​အ​ကြောင်း​ကို ကြား​သော​အ​ခါ \q2 တွင်း​ဖြင့်​ထောင်​၍​ဖမ်း​ပြီး​လျှင်​နှာ​ဖား​ကြိုး ထိုး​လျက် အီ​ဂျစ်​ပြည်​သို့​ဆွဲ​ငင်​သွား​ကြ​၏။ \q1 \v 5 ခြင်္သေ့​မ​သည်​မိ​မိ​၏​မျှော်​လင့်​ချက်​များ​မ​ရှိ တော့​ဘဲ \q2 မျှော်​မှန်း​ချက်​များ​ကုန်​ဆုံး​သည်​ကို သိ​မြင်​သော​အ​ခါ \q1 အ​ခြား​သား​ငယ်​တစ်​ကောင်​ကို​ကြီး​ပြင်း​အောင် ကျွေး​မွေး​စောင့်​ရှောက်​ပြန်​၏။ \q2 ထို​သား​ငယ်​သည်​လည်း \q1 ကြောက်​မက်​ဖွယ်​ကောင်း​သော​ခြင်္သေ့ ဖြစ်​လာ​လေ​သည်။ \q1 \v 6 သူ​သည်​အ​ရွယ်​ရောက်​၍​သန်​စွမ်း​သော​အ​ခါ၊ \q2 အ​ခြား​ခြင်္သေ့​များ​နှင့်​အ​တူ​အ​စာ​ရှာ​ရန် လှည့်​လည်​လျက်၊ \q1 သား​ကောင်​ဖမ်း​သည့်​အ​တတ်​ကို​သင်​ယူ ကာ လူ​သား​စား​ခြင်္သေ့​ဖြစ်​လာ​၏။ \q1 \v 7 သူ​သည်​ခံ​တပ်​များ​ကို​ဖြို​ချ​၍​မြို့​တို့​ကို ဖျက်​ဆီး​နေ​၏။ \q2 သူ​ဟောက်​လိုက်​သည့်​အ​ခါ​တိုင်း၊ \q1 ပြည်​သူ​ပြည်​သား​တို့​သည်​ကြောက်​လန့်​တုန်​လှုပ် ကြ​၏။ \q1 \v 8 ထို​အ​ခါ​အ​ရပ်​ရပ်​သူ​၏​ပတ်​ဝန်း​ကျင်​မှ လူ​မျိုး​တ​ကာ​တို့​သည်​စု​ရုံး​လာ​ကြ​လျက်၊ \q2 သူ့​အား​မု​ဆိုး​ပိုက်​ကွန်​များ​ဖြင့်​တွင်း​ထဲ​သို့ ထောင်​ဖမ်း​ကြ​၏။ \q1 \v 9 ထို​နောက်​သူ့​အား​သံ​ချိတ်​များ​နှင့်​ဆွဲ​ပြီး \q2 လှောင်​အိမ်​တစ်​ခု​တွင်​ထည့်​၍​ဗာ​ဗု​လုန်​မင်း​ထံ​သို့ ယူ​ဆောင်​သွား​ကြ​၏။ \q1 ဣ​သ​ရေ​လ​တောင်​များ​ပေါ်​တွင်​သူ​၏​အ​သံ ကို \q2 နောက်​အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြား​ရ​စေ​ရန် သူ့​အား အ​စောင့်​အ​ကြပ်​နှင့်​ထောင်​ချ​ထား​၏။ \b \q1 \v 10 သင့်​အ​မိ​သည်​စမ်း​ချောင်း​အ​နီး​တွင်​စိုက်​ထား သည့် စ​ပျစ်​ပင်​နှင့်​တူ​၏။ \q2 ရေ​အ​လုံ​အ​လောက်​ရှိ​သ​ဖြင့်​ထို​အ​ပင်​သည် အ​သီး​အ​ရွက်​များ​နှင့်​ဝေ​ဆာ​၍​နေ​၏။ \q1 \v 11 အ​ကိုင်း​များ​သည်​သန်​မာ​ခိုင်​ခံ့​သ​ဖြင့် ရာ​ဇ​လှံ​တံ အ​ဖြစ်​အ​သုံး​ဝင်​လာ​လေ​သည်။ \q2 စ​ပျစ်​ပင်​သည်​သစ်​ပင်​အ​ရွက်​အ​လက်​များ အ​ထက်​ထိ​အောင်​မြင့်​မား​လာ​၏။ \q1 ထို​အ​ပင်​အ​ဘယ်​မျှ​မြင့်​မား​၍​အ​ရွက် အ​လက်​များ ထူ​ထပ်​သည်​ကို​ထင်​ရှား​စွာ​မြင်​ရ​ကြ​၏။ \q1 \v 12 သို့​ရာ​တွင်​ထို​စ​ပျစ်​ပင်​သည်​အ​မျက်​ထွက်​သူ​တို့ \q2 လက်​ဖြင့်​အ​မြစ်​မှ​ဆွဲ​နုတ်​ခြင်း​ကို​ခံ​ရ​ကာ မြေ​ပေါ်​သို့​လဲ​ကျ​လေ​၏။ \q1 အ​ရှေ့​လေ​ကြောင့်​စ​ပျစ်​သီး​များ​ပိန်​ခြောက်​ကုန်​၏။ \q2 စ​ပျစ်​ကိုင်း​တို့​သည်​လည်း​ကျိုး​ပဲ့​ခြောက်​သွေ့​ကာ မီး​ရှို့​ခြင်း​ကို​ခံ​ရ​ကြ​၏။ \q1 \v 13 ယ​ခု​အ​ခါ​ထို​အ​ပင်​ကို​ခြောက်​သွေ့​၍ \q2 ရေ​မ​ရှိ​ရာ​အ​ရပ်​ဖြစ်​သော​တော​ကန္တာ​ရ​တွင် စိုက်​ထား​လေ​သည်။ \q1 \v 14 ယင်း​၏​ပင်​စည်​ကို​မီး​သင့်​လောင်​သ​ဖြင့် \q2 အ​ကိုင်း​အ​ခက်​နှင့်​အ​သီး​များ​သည်​လည်း လောင်​ကျွမ်း​သွား​လေ​သည်။ \q1 ထို​အ​ပင်​၏​အ​ကိုင်း​တို့​သည်​အ​ဘယ်​အ​ခါ ၌​မျှ ပြန်​လည်​ခိုင်​ခံ့​သန်​မာ​လာ​ကြ​တော့​မည်​မ​ဟုတ်။ \q2 အ​ဘယ်​အ​ခါ​၌​မျှ​ရာ​ဇ​လှံ​တံ​အ​ဖြစ် အ​သုံး​ဝင်​ကြ​တော့​မည်​မ​ဟုတ်။ \p ဤ​ကား​စပ်​ဆို​ထား​သည့်​ငို​ချင်း​ဖြစ်​၏။ ထို ငို​ချင်း​ကို​အ​ဖန်​တစ်​လဲ​လဲ​သီ​ဆို​ကြ ရ​မည်။ \c 20 \s1 ထာ​ဝရ​ဘု​ရား​၏​အ​လို​တော်​နှင့် လူ​တို့​၏​အာ​ခံ​မှု \p \v 1 ပြည်​နှင်​ဒဏ်​ခံ​ရ​သည့်​သတ္တမ​နှစ်​မြောက်၊ ပဉ္စ​မ​လ၊ လ​ဆန်း​ငါး​ရက်​နေ့​၌​ဣ​သ​ရေ​လ​ခေါင်း​ဆောင် အ​ချို့​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော် ကို​စုံ​စမ်း​မေး​မြန်း​ရန် ငါ့​ထံ​သို့​လာ​ရောက်​ကြ ၏။ ထို​သူ​တို့​ငါ​၏​ရှေ့​တွင်​ထိုင်​ကြ​သော​အ​ခါ၊- \v 2 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​ကို​ငါ ကြား​ရ​၏။- \v 3 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​သည်​သူ​တို့ အား`သင်​တို့​သည်​ငါ​၏​အ​လို​တော်​ကို​စုံ​စမ်း မေး​မြန်း​ရန်​လာ​ကြ​သ​လော။ ငါ​သည်​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ သင်​တို့​မေး​မြန်း​စုံ​စမ်း​မှု​မှန်​သ​မျှ ကို​လက်​ခံ​မည်​မ​ဟုတ်။ ဤ​ကား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ဖြစ်​၏' ဟု​မိန့် တော်​မူ​ကြောင်း​ဆင့်​ဆို​လော့။ \p \v 4 ``အ​ချင်း​လူ​သား၊ သင်​သည်​သူ​တို့​အား​စစ် ဆေး​စီ​ရင်​ရန်​အ​သင့်​ရှိ​ပြီ​လော။ အ​သင့်​ရှိ လျှင်​စစ်​ဆေး​စီ​ရင်​လော့။ သူ​တို့​အား​မိ​မိ တို့​ဘိုး​ဘေး​များ​ပြု​ကျင့်​ခဲ့​သော​စက်​ဆုပ် ဖွယ်​ကောင်း​သည့်​အ​မှု​တို့​ကို​သ​တိ​ပေး​ဖော် ပြ​လော့။- \v 5 ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​မိန့်​တော် မူ​ကြောင်း​ကို​လည်း ပြော​ပြ​လော့။ ဣ​သ​ရေ​လ လူ​မျိုး​တို့​ကို​ငါ​ရွေး​ကောက်​တော်​မူ​၍ ယာ​ကုပ် ၏​အ​မျိုး​အ​နွယ်​တို့​အား​ငါ​သည်​က​တိ​ပေး ကျိန်​ဆို​ခဲ့​၏။ အီ​ဂျစ်​ပြည်​တွင်​ငါ​သည်​သူ​တို့ အား​ထင်​ရှား​လျက် ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း ကို​ကျိန်​ဆို​ခဲ့​၏။-\x + \xo 20:5 \xt ထွ၊ ၆:၂-၈။\x* \v 6 သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ကာ သူ​တို့​အ​တွက်​ရွေး​ချယ်​ထား​သော​ပြည်​သို့ ခေါ်​ယူ​သွား​မည်​ဟု ငါ​က​တိ​ပေး​ကျိန်​ဆို ခဲ့​သည်​မှာ​ထို​အ​ခါ​က​ဖြစ်​၏။ ထို​ပြည်​ကား နို့​နှင့်​ပျား​ရည်​စီး​ဆင်း​နေ​၍​ပေါ​များ​သော ပြည်၊ အ​သာ​ယာ​ဆုံး​သော​ပြည်​ဖြစ်​၏။- \v 7 ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ဖြစ်​သ​ဖြင့် မိ​မိ​တို့​မြတ်​နိုး​သည့် စက်​ဆုပ်​ဖွယ်​ရာ​ရုပ်​တု​များ​ကို​စွန့်​ပစ်​လိုက် ကြ​ရန်​နှင့်​အီ​ဂျစ်​ဘုရား​အ​တု​များ​ကို ကိုး​ကွယ်​ခြင်း​ဖြင့် မိ​မိ​တို့​ကိုယ်​ကို​မ​ညစ် ညမ်း​ကြ​စေ​ရန်​သူ​တို့​အား​ပြော​သော်​လည်း၊- \v 8 သူ​တို့​သည်​ငါ့​အား​အာ​ခံ​ကာ​ငါ​၏​စ​ကား ကို​နား​မ​ထောင်​ဘဲ​နေ​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​မြတ်​နိုး​သည့်​စက်​ဆုပ်​ဖွယ်​ကောင်း​သော​ရုပ် တု​များ​နှင့် အီ​ဂျစ်​ဘု​ရား​များ​ကို​မ​စွန့်​ကြ။ ငါ​သည်​သူ​တို့​အား​အီ​ဂျစ်​ပြည်​တွင်​ငါ​၏ အ​မျက်​ဒေါ​သ​ကို​သူ​တို့​အ​ပေါ်​သို့​သွန်း လောင်း​၍ အ​မျက်​တော်​ဒဏ်​ကို​အ​ပြည့် အ​ဝ​ခံ​ကြ​စေ​ရန်​အ​ကြံ​ရှိ​ခဲ့​၏။- \v 9 သို့​ရာ​တွင်​ငါ​၏​နာ​မ​တော်​ကို သူ​တို့​အ​တူ တ​ကွ​နေ​ထိုင်​လျက်​ရှိ​သော​နိုင်​ငံ​များ​ရှေ့​တွင် အ​သ​ရေ​မ​ပျက်​စေ​ခြင်း​ငှာ​ယင်း​သို့​မ​ပြု ခဲ့။ အ​ဘယ်​ကြောင့်​ဆို​သော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​တော်​မူ​ခြင်း​ဖြင့် သူ​တို့​နှင့်​အ​တူ​နေ ထိုင်​ကြ​သော​လူ​မျိုး​ခြား​တို့​၏​ရှေ့​တွင် ငါ သည်​ထင်​ရှား​တော်​မူ​ခဲ့​ပြီ​ဖြစ်​သော​ကြောင့် တည်း။ \p \v 10 ``သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​အား​အီ​ဂျစ် ပြည်​မှ​တော​ကန္တာ​ရ​သို့​ထုတ်​ဆောင်​ကာ၊- \v 11 ငါ​၏​အ​မိန့်​တို့​ကို​နာ​ခံ​စေ​၍ ပ​ညတ်​တော် တို့​ကို​သင်​ကြား​ပေး​၏။ ယင်း​တို့​ကို​စောင့် ထိန်း​သူ​တို့​သည်​အ​သက်​ရှင်​ရ​လိမ့်​မည်။-\x + \xo 20:11 \xt ဝတ်၊ ၁၈:၅။\x* \v 12 သူ​တို့​အား​မြင့်​မြတ်​သန့်​ရှင်း​စေ​သူ​မှာ ငါ ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​ကြောင်း​သ​တိ​ပေး လို​သ​ဖြင့် ငါ​နှင့်​သူ​တို့​သ​ဘော​တူ​သည့် အ​မှတ်​လက္ခ​ဏာ​အ​နေ​ဖြင့် ဥ​ပုသ်​နေ့​ကို စောင့်​ထိန်း​ကြ​ရန်​ငါ​ပြ​ဋ္ဌာန်း​ထား​၏။-\x + \xo 20:12 \xt ထွ၊ ၃၁:၁၃-၁၇။\x* \v 13 သို့​ရာ​တွင်​သူ​တို့​သည်​တော​ကန္တာရ​၌​ပင် ငါ့​ကို​အာ​ခံ​ကြ​၏။ ငါ​၏​အ​မိန့်​တော်​တို့ ကို​လိုက်​နာ​သူ​မှန်​သ​မျှ​သည်​အ​သက်​ရှင် ခွင့်​ရ​မည်​ဖြစ်​သော်​လည်း​သူ​တို့​သည်​ငါ ၏​ပ​ညတ်​တော်​တို့​ကို​ချိုး​ဖောက်​၍​ငါ​၏ အ​မိန့်​တော်​တို့​ကို​ပစ်​ပယ်​ကြ​၏။ ဥ​ပုသ်​နေ့ ကို​လည်း​အ​လျှင်း​မ​ရို​သေ။ သို့​ဖြစ်​၍​ငါ သည်​သူ​တို့​အား​တော​ကန္တာ​ရ​တွင်​ငါ​၏ အ​မျက်​တော်​သွန်း​လောင်း​ခြင်း​ဒဏ်​ကို​ခံ စေ​၍ သုတ်​သင်​ဖျက်​ဆီး​ပစ်​ရန်​အ​ကြံ​ရှိ ခဲ့​၏။- \v 14 သို့​ရာ​တွင်​ယင်း​သို့​ဖျက်​ဆီး​ပစ်​ပါ​မူ​နိုင်​ငံ တ​ကာ​ရှေ့​တွင် ငါ​၏​နာ​မ​တော်​အ​သ​ရေ ပျက်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့ အား​အီ​ဂျစ်​ပြည်​မှ ငါ​ထုတ်​ဆောင်​ခဲ့​သည်​ကို လူ​မျိုး​တ​ကာ​တို့​မြင်​ခဲ့​ကြ​သော​ကြောင့် ဖြစ်​၏။- \v 15 သို့​ဖြစ်​၍​အ​သာ​ယာ​ဆုံး​သော​ပြည်၊ နို့​နှင့် ပျား​ရည်​စီး​နေ​သော​ပြည်​တည်း​ဟူ​သော ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​သို့ သူ​တို့​အား​ပို့ ဆောင်​တော့​မည်​မ​ဟုတ်​ဟု​ငါ​သည်​တော ကန္တာ​ရ​တွင်​ကျိန်​ဆို​ခဲ့​၏။-\x + \xo 20:15 \xt တော၊ ၁၄:၂၆-၃၅။\x* \v 16 ယင်း​သို့​ကျိန်​ဆို​ရ​ခြင်း​အ​ကြောင်း​မှာ​သူ​တို့ သည် မိ​မိ​တို့​၏​ရုပ်​တု​ကိုး​ကွယ်​မှု​ကို​ပို​မို နှစ်​သက်​ကြ​လျက် ငါ​၏​အ​မိန့်​တော်​တို့​ကို ပစ်​ပယ်​ကာ​ငါ​၏​ပ​ညတ်​တော်​တို့​ကို​ချိုး ဖောက်​၍ ဥ​ပုသ်​နေ့​ကို​မ​ရို​မ​သေ​ပြု​ကြ သော​ကြောင့်​ဖြစ်​၏။ \p \v 17 ``သို့​သော်​ငါ​သည်​သူ​တို့​ကို​သ​နား​သ​ဖြင့် တော​ကန္တာ​ရ​တွင်​ဆုံး​ပါး​ပျက်​စီး​စေ​ရန် မ​ပြု။- \v 18 သို့​ရာ​တွင်​တော​ကန္တာ​ရ​ထဲ​မှ​သူ​တို့​၏​သား သ​မီး​များ​အား`သင်​တို့​ဘိုး​ဘေး​များ​စီ​ရင် ခဲ့​သည့်​စည်း​မျဉ်း​များ​ကို​မ​ကျင့်​သုံး​ကြ နှင့်။ သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​မ​လိုက် လျှောက်​ကြ​နှင့်။ သူ​တို့​၏​ရုပ်​တု​များ​ကို ကိုး​ကွယ်​ခြင်း​အား​ဖြင့်​ကိုယ်​ကို​မ​ညစ် ညမ်း​စေ​ကြ​နှင့်။- \v 19 ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ဖြစ်​၏။ ငါ​၏​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​၍ ငါ​၏​အ​မိန့်​တော်​တို့​ကို​နာ​ခံ ကြ​လော့။- \v 20 ငါ​နှင့်​သင်​တို့​ဖွဲ့​ထား​သည့်​ပ​ဋိ​ညာဉ်​၏​အ​မှတ် လက္ခ​ဏာ​ဖြစ်​စေ​ရန်​နှင့် ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​ကို​လည်း သင်​တို့​အား​သ​တိ​ရ​စေ​ရန် ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​စေ​ကြ​လော့' ဟု​ငါ သ​တိ​ပေး​၏။ \p \v 21 ``သို့​ရာ​တွင်​ထို​လူ​မျိုး​ဆက်​သည်​လည်း​ငါ့​ကို အာ​ခံ​ကြ​၏။ ငါ​၏​အ​မိန့်​တော်​တို့​ကို​လိုက်​နာ သူ​မှန်​သ​မျှ​သည်​အ​သက်​ရှင်​ခွင့်​ရ​မည်​ဖြစ် သော်​လည်း သူ​တို့​သည်​ငါ​၏​ပ​ညတ်​တော်​တို့ ကို​ချိုး​ဖောက်​၍​ငါ​၏​အ​မိန့်​တော်​တို့​ကို​ပစ် ပယ်​ကြ​၏။ ဥ​ပုသ်​နေ့​ကို​လည်း​အ​လျှင်း​မ ရို​သေ။ သူ​တို့​အား​တော​ကန္တာ​ရ​တွင်​သေ​စေ ရန် ငါ​သည်​မိ​မိ​၏​အ​မျက်​တော်​ကို​သူ​တို့ အ​ပေါ်​သို့​သွန်း​လောင်း​၍ အ​မျက်​တော်​ဒဏ် ကို​ခံ​စေ​မည်​ဟု​အ​ကြံ​ရှိ​ခဲ့​သော်​လည်း၊- \v 22 မ​ခံ​စေ​ခဲ့။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့ ပြု​ပါ​မူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ငါ​ထုတ်​ဆောင်​ခဲ့​သည်​ကို မြင်​သော​လူ​မျိုး​တို့​၏​ရှေ့​တွင် ငါ​၏​နာ​မ တော်​အ​သ​ရေ​ပျက်​မည်​ဖြစ်​သော​ကြောင့် တည်း။- \v 23 ထို့​ကြောင့်​ငါ​သည်​သူ​တို့​အား​ကမ္ဘာ​အ​ရပ် ရပ်​သို့​ကွဲ​လွင့်​စေ​မည်​ဟု တော​ကန္တာ​ရ​တွင် ငါ​ကျိန်​ဆို​၏။-\x + \xo 20:23 \xt ဝတ်၊ ၂၆:၃၃။\x* \v 24 ယင်း​သို့​ပြု​ရ​သည့်​အ​ကြောင်း​မှာ​သူ​တို့​သည် ငါ​၏​အ​မိန့်​တော်​တို့​ကို​ပစ်​ပယ်​ကာ ငါ​၏​ပညတ် တော်​တို့​ကို​ချိုး​ဖောက်​လျက်​ဥ​ပုသ်​နေ့​ကို​မ​ရို မ​သေ​ပြု​ပြီး​လျှင် ဘိုး​ဘေး​တို့​ကိုး​ကွယ်​ခဲ့​သော ရုပ်​တု​တို့​ကို​ဝတ်​ပြု​ကြ​သော​ကြောင့်​ဖြစ်​၏။'' \p \v 25 ``ထို​နောက်​ငါ​သည်​သူ​တို့​အား​မ​လျောက်​ပတ် သည့်​ပ​ညတ်​များ​နှင့် အ​သက်​ရှင်​မှု​ကို​မ​ပြု စု​နိုင်​သည့်​အ​မိန့်​တော်​များ​ကို​ပေး​၏။- \v 26 သူ​တို့​သည်​မိ​မိ​တို့​၏​သား​ဦး​များ​ကို​ယဇ်​ပူ ဇော်​ခြင်း​အား​ဖြင့် မိ​မိ​တို့​ကိုယ်​ကို​ညစ်​ညမ်း ကြ​စေ​ရန်​သူ​တို့​အား​ငါ​အ​ခွင့်​ပေး​၏။ ယင်း သို့​အ​ခွင့်​ပေး​ရ​သည့်​အ​ကြောင်း​မှာ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ပြ​သ​ရန် နှင့်​သူ​တို့​အား​ဒဏ်​ခတ်​ရန်​ဖြစ်​၏။'' \p \v 27 ``သို့​ဖြစ်​၍​အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို ယ​ခု​ဆင့်​ဆို​လော့။ သူ​တို့​၏​ဘိုး​ဘေး​များ သည်​သစ္စာ​ဖောက်​ခြင်း​အား​ဖြင့် ငါ့​ကို​စော် ကား​ကြ​ပြန်​သည့်​နည်း​မှာ​ဤ​သို့​တည်း။- \v 28 ငါ​သည်​သူ​တို့​အား​ကျိန်​ဆို​က​တိ​ပြု​ထား သည့်​ပြည်​သို့​ခေါ်​ဆောင်​၍​သွား​၏။ သူ​တို့​သည် မြင့်​သော​တောင်​ကုန်း​များ​နှင့်​စိမ်း​လန်း​သော သစ်​ပင်​တို့​ကို​မြင်​သော​အ​ခါ ထို​အ​ရပ်​တို့ တွင်​ယဇ်​ပူ​ဇော်​ကြ​ကုန်​၏။ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရာ​ယဇ်​နှင့်​စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ ကို​ဆက်​ကပ်​ကြ​၏။ ဤ​နည်း​အား​ဖြင့်​သူ တို့​သည်​ငါ​၏​အ​မျက်​တော်​ကို​နှိုး​ဆော် ကြ​သည်။- \v 29 ငါ​သည်​သူ​တို့​ကို`သင်​တို့​သွား​ကြ​သည့် ကုန်း​မြင့်​များ​ကား​အ​ဘယ်​နည်း' ဟု​မေး​၏။ ထို​ကြောင့်​ထို​အ​ရပ်​တို့​သည်​ယ​နေ့​တိုင် အောင်​ဗာ​မာ​ဟု​ခေါ်​သော``ကုန်း​မြင့်'' များ ဟု​တွင်​သ​တည်း။- \v 30 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား ဤ​သို့​မိန့်​ဆို​ကြောင်း​ဆင့် ဆို​လော့။ `သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဘိုး ဘေး​တို့​အ​ပြစ်​ကူး​လွန်​၍​ညစ်​ညမ်း​စေ သ​ကဲ့​သို့ သင်​တို့​ကိုယ်​ကို​ညစ်​ညမ်း​စေ​ကြ သ​နည်း။ သူ​တို့​ကိုး​ကွယ်​သည့်​ညစ်​ညမ်း သော​ရုပ်​တု​တို့​ကို​ကိုး​ကွယ်​ကြ​သ​နည်း။- \v 31 သင်​တို့​သည်​ယ​နေ့​တိုင်​အောင်​ပင်​သူ​တို့ ဆက်​သ​သည့်​ပူ​ဇော်​သ​ကာ​များ​ကို​ဆက် သ​လျက် ရုပ်​တု​များ​အား​မိ​မိ​တို့​၏​သား သ​မီး​များ​ကို​မီး​ရှို့​ပူ​ဇော်​ကာ​ကိုယ့်​ကိုယ် ကို​ညစ်​ညမ်း​စေ​ကြ​၏။ အ​ချင်း​ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ သင်​တို့​သည်​ငါ့​ထံ​သို့ လာ​၍​ငါ​၏​အ​လို​တော်​ကို​စုံ​စမ်း​မေး မြန်း​ကြ​၏။ ငါ​သည်​အ​သက်​ရှင်​တော်​မူ သော​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ သည်​နှင့်​အ​ညီ အ​ဘယ်​သို့​မျှ​စုံ​စမ်း​မေး မြန်း​ခွင့်​ကို​သင်​တို့​အား​ပေး​မည်​မ​ဟုတ်။- \v 32 သင်​တို့​သည်​အ​ခြား​နိုင်​ငံ​များ​ကဲ့​သို့​လည်း ကောင်း၊ တိုင်း​တစ်​ပါး​တွင်​နေ​ထိုင်​သူ​များ​ကဲ့ သို့​လည်း​ကောင်း၊ သစ်​ပင်​များ၊ ကျောက်​တုံး များ​ကို​ဝတ်​ပြု​ရှိ​ခိုး​ကြ​မည်​ဟု​ကြံ​စည် ဆုံး​ဖြတ်​ထား​ကြ​၏။ သို့​ရာ​တွင်​ယင်း အ​ကြံ​မ​ထ​မြောက်​ရ။ \s1 ဘု​ရား​သ​ခင်​ဒဏ်​ခတ်​တော်​မူ​ခြင်း​နှင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း \p \v 33 ``ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​နှင့်​အ​ညီ ငါ​သည်​အ​မျက်​တော်​ထွက်​လျက် သင်​တို့​အား ငါ​၏​ခွန်​အား​ကြီး​မား​သော​လက်​ရုံး​တော် ဖြင့်​တန်​ခိုး​အာ​ဏာ​ရှိ​သ​မျှ​နှင့်​လက်​တော် ကို​ဆန့်​လျက်​အုပ်​စိုး​တော်​မူ​မည်။- \v 34 သင်​တို့​ကို​နိုင်​ငံ​အ​သီး​သီး၊ ကွဲ​လွင့်​လျက် နေ​ရာ​အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​မှ​ပြန် လည်​ခေါ်​ယူ​စု​သိမ်း​ချိန်​၌ သင်​တို့​အား​ငါ ၏​ခွန်​အား​ကြီး​သော​လက်​ရုံး​တော်​ဖြင့် တန် ခိုး​အာ​ဏာ​ရှိ​သ​မျှ​နှင့်​လက်​တော်​ကို ဆန့်​လျက်​အ​မျက်​တော်​ကို​ပြ​မည်။- \v 35 လူ​မျိုး​တ​ကာ​တို့​နှင့်​ဆိုင်​သော​တော​ကန္တာ​ရ သို့​ခေါ်​ဆောင်​၍ သင်​တို့​ကို​ငါ​ကိုယ်​တိုင် အ​ပြစ်​ဒဏ်​စီ​ရင်​မည်။- \v 36 အီ​ဂျစ်​ပြည်​တော​ကန္တာ​ရ​တွင်​သင်​တို့​၏ ဘိုး​ဘေး​များ​ကို​ငါ​အ​ပြစ်​ဒဏ်​စီ​ရင်​ခဲ့ သည့်​နည်း​တူ ယ​ခု​သင်​တို့​ကို​လည်း​အ​ပြစ် ဒဏ်​စီ​ရင်​မည်'' ဟု​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​၏။ \p \v 37 ``ငါ​သည်​သင်​တို့​ကို​ပိုင်​ပိုင်​နိုင်​နိုင်​အုပ် ထိန်း​၍ ပ​ဋိ​ညာဉ်​တော်​အ​တိုင်း​လိုက်​နာ စေ​မည်။- \v 38 သင်​တို့​အ​နက်​ပုန်​ကန်​သူ​များ​နှင့်​တော်​လှန် သူ​များ​ကို​ဖယ်​ရှား​ပစ်​မည်။ သူ​တို့​ကို​မိ​မိ တို့​ယ​ခု​နေ​ထိုင်​ရာ​ပြည်​များ​မှ​ထွက်​သွား စေ​မည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ​ပြည်​သို့​ပြန် လာ​ခွင့်​ပြု​မည်​မ​ဟုတ်။ ထို​အ​ခါ​ငါ​သည် ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့ သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 39 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့၊ ယ​ခု​သင်​တို့​သည်​တစ် ယောက်​မ​ကျန်​မိ​မိ​တို့​ရှိ​ရုပ်​တု​များ​ကို​သွား​၍ ရှိ​ခိုး​ဝတ်​ပြု​ကြ​လော့။ သို့​ရာ​တွင်​ယ​ခု​မှ​စ​၍ သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား​ထောင်​ရ​ကြ မည်။ ရုပ်​တု​တို့​အား​ပူ​ဇော်​သ​ကာ​များ​ဆက်​သ ခြင်း​အား​ဖြင့် ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် နာ​မ​တော်​ကို​နောက်​တစ်​ဖန်​မ​ရှုတ်​ချ​ရ။- \v 40 ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​တောင်​တော်​တည်း ဟူ​သော​ဣ​သ​ရေ​လ​တောင်​မြင့်​ပေါ်​တွင် သင်​တို့ အား​လုံး​ပင်​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လိမ့် မည်​ဟု​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​ဆို​၏။ ငါ သည်​သင်​တို့​အား​နှစ်​သက်​လက်​ခံ​မည်။ သင်​တို့ ပူ​ဇော်​သော​ယဇ်​များ၊ အ​ကောင်း​မြတ်​ဆုံး​သော ပူ​ဇော်​သကာ​များ​နှင့်​သီး​သန့်​ဆက်​ကပ်​ထား သည့်​အ​လှူ​ဝတ္ထု​များ​ကို​ငါ​တောင်း​ဆို​မည်။- \v 41 သင်​တို့​အား​နိုင်​ငံ​များ​ကွဲ​လွင့်​လျက်​ရှိ​သည့် တိုင်း​ပြည်​များ​မှ ငါ​သည်​သင်​တို့​ကို​ယူ​ဆောင် စု​ရုံး​ပြီး​နောက်​သင်​တို့​မီး​ရှို့​ပူ​ဇော်​သည့်​နံ့​သာ ပေါင်း​နှင့်​တ​ကွ​သင်​တို့​ကို​ငါ​လက်​ခံ​မည်။ ငါ သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​ကြောင်း​လူ​မျိုး တ​ကာ​တို့​တွေ့​မြင်​ကြ​လိမ့်​မည်။- \v 42 သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ငါ​ပေး​မည်​ဟု ကျိန်​ဆို​က​တိ​ပြု​ထား​သည့်​ဣ​သ​ရေ​လ ပြည်​သို့ သင်​တို့​ကို​ငါ​ယူ​ဆောင်​လာ​သော အ​ခါ ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။- \v 43 ထို​အ​ခါ​သင်​တို့​သည်​မိ​မိ​တို့​ပြု​ခဲ့​သော စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ​ကြောင့်​မိ​မိ​ကိုယ် ကို​ရွံ​ရှာ​၍ မိ​မိ​တို့​ကိုယ်​ကို​အ​ဘယ်​သို့ ညစ်​ညမ်း​စေ​ခဲ့​ကြ​ကြောင်း​တို့​ကို​ပြန်​လည် သ​တိ​ရ​ကြ​လိမ့်​မည်။ ထို​အ​ခါ​သင့်​ကိုယ် သင်​ရွံ​ရှာ​လိမ့်​မည်။- \v 44 အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ​သည်​ငါ ၏​နာ​မ​တော်​ကို​ထောက်​၍ မိ​မိ​၏​အ​သ​ရေ ကို​ကာ​ကွယ်​ရန်​သင်​တို့​၏​ယုတ်​မာ​ဆိုး​ညစ် ဖောက်​ပြန်​သော​အ​ကျင့်​များ​အ​လျောက် သင် တို့​ကို​မ​စီ​ရင်​သော​အ​ခါ​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စကား​ဖြစ်​၏။ \s1 တောင်​အ​ရပ်​တွင်​လောင်​မည့်​မီး \p \v 45 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။- \v 46 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တောင်​အ​ရပ် သို့​မျှော်​ကြည့်​၍ ထို​အ​ရပ်​နှင့်​ထို​အ​ရပ်​ရှိ သစ်​တော​အား​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​လော့။- \v 47 တောင်​အ​ရပ်​မှ​သစ်​တော​အား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​က​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​ကို​နား​ထောင်​လော့။ ငါ​သည်​မီး​မွှေး​လျက် ရှိ​၏။ ထို​မီး​သည်​သင်​၏​သစ်​ပင်​ခြောက်​ရှိ သ​မျှ​နှင့်​သစ်​ပင်​စို​ရှိ​သ​မျှ​တို့​ကို​ကျွမ်း လောင်​စေ​လိမ့်​မည်။ မီး​တောက်​များ​ကို​အ​ဘယ် အ​ရာ​မျှ​မ​ငြိမ်း​မ​သတ်​နိုင်​ရာ။ ထို​မီး​သည် တောင်​အ​ရပ်​မှ​မြောက်​အ​ရပ်​သို့​ပျံ့​နှံ့​သွား ကာ မြေ​တစ်​ပြင်​လုံး​ကို​ကျွမ်း​လောင်​စေ လိမ့်​မည်။- \v 48 ထို​မီး​ကို​ငါ​ထာ​ဝရ​ဘု​ရား​မွှေး​တော်​မူ​ကြောင်း ယင်း​ကို​အ​ဘယ်​သူ​မျှ​မ​ငြိမ်း​မ​သတ်​နိုင် ကြောင်း​လူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မြွက်​ဆို​တော်​မူ​ကြောင်း​ဆင့်​ဆို​လော့​ဟု မိန့်​တော်​မူ​၏။ \p \v 49 ငါ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကျွန်​တော်​မျိုး သည်​စ​ကား​ထာ​များ​သာ​ပြော​ဆို​နေ​ခြင်း ဖြစ်​သည်​ဟု လူ​အ​ပေါင်း​တို့​ပြော​ဆို​နေ ကြ​ပါ​သည်'' ဟု​လျှောက်​ထား​၏။ \c 21 \s1 ထာ​ဝ​ရ​ဘု​ရား​၏​ဋ္ဌား​တော် \p \v 1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။- \v 2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင် မြို့​ဘက်​သို့​လှည့်​၍​ထို​မြို့​ကို​ရှုတ်​ချ​လော့။ လူ တို့​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ရှုတ် ချ​လော့။ ဣ​သ​ရေ​လ​ပြည်​ကို​ပ​ရော​ဖက်​ပြု ၍​သ​တိ​ပေး​လော့။- \v 3 လူ​တို့​အား​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ ၏​ရန်​သူ​ဖြစ်​ကြောင်း ငါ​၏​ဋ္ဌား​လွယ်​အိမ်​မှ ဋ္ဌား​တော်​ကို​ထုတ်​ယူ​၍ သူ​တို့​အ​ပေါင်း​အား လူ​ဆိုး​လူ​ကောင်း​မ​ရွေး​သုတ်​သင်​ပစ်​မည် ဖြစ်​ကြောင်း၊- \v 4 ယင်း​သို့​လူ​ဆိုး​လူ​ကောင်း​မ​ရွေး​သုတ်​သင် ပစ်​ရန် ငါ​သည်​မြောက်​အ​ရပ်​မှ​နေ​၍​တောင် အ​ရပ်​သို့​တိုင်​အောင် ရှိ​သ​မျှ​သော​လူ​တို့ ကို​ဋ္ဌား​တော်​ဖြင့်​စီ​ရင်​မည်​ဖြစ်​ကြောင်း၊- \v 5 ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ဋ္ဌား​တော် ကို​ဋ္ဌား​လွယ်​အိမ်​မှ​ထုတ်​တော်​မူ​ပြီ​ဖြစ် ကြောင်း၊ ထို​ဋ္ဌား​ကို​ဋ္ဌား​လွယ်​အိမ်​သို့​ပြန် ၍​သွင်း​တော်​မူ​မည်​မ​ဟုတ်​ကြောင်း​ကို​လူ အ​ပေါင်း​တို့​သိ​ရ​ကြ​လိမ့်​မည်။ \p \v 6 ``အ​ချင်း​လူ​သား၊ သင်​သည်​စိတ်​ပျက်​ဝမ်း​နည်း ကြေ​ကွဲ​လျက်​ရှိ​ဘိ​သ​ကဲ့​သို့​ညည်း​တွား​လော့။ လူ​မြင်​ကွင်း​တွင်​ပြင်း​ပြ​စွာ​ညည်း​တွား​လော့။- \v 7 သင်​သည်​အ​ဘယ်​ကြောင့်​ညည်း​တွား​သည်​ကို လူ​တို့​မေး​မြန်း​ကြ​သော​အ​ခါ သင်​ကြား​သိ ရ​သော​သ​တင်း​ကြောင့်​ညည်း​တွား​ရ​ခြင်း ဖြစ်​ကြောင်း​ပြော​ပြ​လော့။ ထို​အ​မှု​အ​ရာ ဖြစ်​ပျက်​လာ​သော​အ​ခါ လူ​တို့​သည်​နှ​လုံး တုန်​လျက်​သတ္တိ​ကြောင်​ကြ​လိမ့်​မည်။ သူ​တို့ ၏​လက်​များ​သည်​ပျော့​အိ​လျက်​ဒူး​များ လည်း​ပျော့​ခွေ​လိမ့်​မည်။ ထို​အ​မှု​အ​ရာ​ကား ဖြစ်​ပျက်​မည့်​အ​ချိန်​ကျ​ရောက်​ပြီ။ ယ​ခု ပင်​ဖြစ်​ပျက်​လာ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏။ \p \v 8 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။- \v 9 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဗျာ​ဒိတ်​တော် ကို​ဆင့်​ဆို​လော့။ ငါ​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ် သို့​မိန့်​တော်​မူ​သည်​ကို​လူ​တို့​အား​ဆင့်​ဆို ရ​မည်​မှာ၊ \q1 ``ဋ္ဌား​တော်​ကို​ထက်​အောင်​သွေး​ထား​ပြီး။ \q2 ဋ္ဌား​တော်​ကို​ပြောင်​လက်​အောင်​တိုက်​ချွတ် ထား​ပြီ။ \q1 \v 10 သတ်​ဖြတ်​ရန်​အ​တွက်​ဋ္ဌား​ကို​ထက်​အောင် သွေး​ထား​ပြီး။ \q2 လျှပ်​ပြက်​သ​ကဲ့​သို့​ပြောင်​လက်​စေ​ရန် တိုက်​ချွတ်​ထား​၏။ \q1 ငါ​၏​သား​ယု​ဒ​အုပ်​စိုး​သော​ရာ​ဇ​လှံ​တံ​ကြောင့် ရွှင်​လန်း​ဝမ်း​မြောက်​နိုင်​မည်​မ​ဟုတ်။ \q2 ထို​ရာ​ဇ​လှံ​တံ​သည်​ဋ္ဌား​ဖြင့်​ဒဏ်​ခတ်​ခြင်း​ခံ​ရ​မည်။ \q1 \v 11 အ​ဆင်​သင့်​အ​သုံး​ပြု​နိုင်​စေ​ရန်​ထို​ဋ္ဌား​ကို ပြောင်​လက်​အောင်​တိုက်​ချွတ်​လျက်​ရှိ​၏။ \q2 လူ​သတ်​သ​မား​၏​လက်​သို့​အပ်​ရန် \q1 ယင်း​ကို​ထက်​အောင်​သွေး​ပြီး​လျှင် ပြောင်​လက်​အောင်​တိုက်​ချွတ်​ထား​၏။ \q1 \v 12 အ​ချင်း​လူ​သား၊ဝမ်း​နည်း​၍​အော်​ဟစ်​ငို ကြွေး​လော့။ \q2 ဤ​ဋ္ဌား​သည်​ငါ​၏​လူ​မျိုး​တော်​အ​တွက် \q1 ဣသ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ပေါင်း​တို့ အ​တွက်​ဖြစ်​၏။ \q2 သူ​တို့​သည်​ကျန်​ရှိ​နေ​သူ​ငါ​၏​လူ​မျိုး​တော်​ဝင် အ​ပေါင်း​နှင့်​အ​တူ​အ​သတ်​ခံ​ရ​ကြ​အံ့။ \q1 စိတ်​ပျက်​လက်​လျော့​လျက်​သင်​၏​ရင်​ကို​တီး ခတ်​လော့။ \q1 \v 13 ငါ​သည်​ဋ္ဌား​ဖြင့်​ဒဏ်​ခတ်​ခြင်း​ခံ​ရ​မည့် ယု​ဒ​၏ ရာ​ဇ​လှံ​တံ​တော်​ပျက်​စီး​မည့်​အ​ချိန်​ကို\f 5 \fr 21:13 \ft * \ft ဟေ​ဗြဲ​မူ​တွင်​မ​ရှင်း​လင်း​ပါ။\f* \q2 အ​ကဲ​ခတ်​နေ​ခြင်း​ဖြစ်​၏​ဟု​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။ \p \v 14 ``အ​ချင်း​လူ​သား၊ ယ​ခု​ဗျာ​ဒိတ်​တော်​ကို​ပြန် ကြား​လော့။ လက်​ခုပ်​တီး​လော့။ ထို​အ​ခါ​ဋ္ဌား တော်​ကို​နှစ်​ကြိမ်​သုံး​ကြိမ်​ဝှေ့​ယမ်း​လော့။ ထို ဋ္ဌား​သည်​သူ​သတ်​သော​ဋ္ဌား၊ ရက်​စက်​စွာ​သတ် ဖြတ်​သည့်​ဋ္ဌား​ဖြစ်​၏။ သူ​တို့​ကို​အ​ဘက်​ဘက် မှ​ဝိုင်း​ရံ​သတ်​ဖြတ်​လိမ့်​မည်။- \v 15 ယင်း​သည်​ငါ​၏​လူ​မျိုး​တော်​အား​နှ​လုံး​တုန် စေ​၍ ယိမ်း​ယိုင်​ပြို​လဲ​စေ​၏။ လျှပ်​ပြက်​သ​ကဲ့ သို့​ပြောင်​လက်​၍​ခုတ်​ဖြတ်​ရန်​အ​သင့်​ရှိ​သော ဋ္ဌား​ဖြင့် ငါ​သည်​သူ​တို့​၏​မြို့​တံ​ခါး​တို့​တွင် သတ်​ဖြတ်​ရန်​ထို​ဋ္ဌား​ကို​ထား​ရှိ​မည်။- \v 16 အ​ချင်း​ထက်​မြက်​သော​ဋ္ဌား၊ ဘယ်​ညာ​မ​ရွေး ခုတ်​ဖြတ်​လော့။ ဦး​တည်​ရာ​ခုတ်​ဖြတ်​လော့။-\f 6 \fr 21:16 \ft * \ft ဟေ​ဗြဲ​မူ​တွင်​မ​ရှင်း​လင်း​ပါ။\f* \v 17 ငါ​သည်​လည်း​လက်​ခုပ်​တီး​မည်။ ထို​နောက်​ငါ ၏​အ​မျက်​တော်​ပြေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ပင်​ဖြစ်​၏'' ဟူ ၍​တည်း။ \s1 ဗာ​ဗု​လုန်​ဘု​ရင်​၏​ဋ္ဌား \p \v 18 ထာ​ဝရ​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော် သည် ငါ့​ထံ​သို့​ရောက်​လာ​၏။- \v 19 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဗာ​ဗု​လုန်​မင်း တိုက်​ခိုက်​ရန်​ဋ္ဌား​ကို​ကိုင်​၍ လာ​နိုင်​သည့်​လမ်း နှစ်​လမ်း​ကို​မှတ်​သား​လော့။ ထို​လမ်း​နှစ်​လမ်း စ​လုံး​ပင်​တိုင်း​ပြည်​တစ်​ခု​တည်း​မှ​အ​စ ပြု​ရ​မည်။ ထို​မြို့​သို့​ခွဲ​သွား​သည့်​လမ်း​ခွ တွင်​မှတ်​တိုင်​များ​စိုက်​ထား​လော့။- \v 20 ဖျက်​ဆီး​မည့်​ဋ္ဌား​လာ​ရောက်​ရန်​မှတ်​တိုင်​တစ် တိုင်​သည် အမ္မုန်​ပြည်​ရဗ္ဗတ်​မြို့​သို့​လမ်း​ညွှန် လျက် အ​ခြား​တစ်​တိုင်​မှာ​ယု​ဒ​ပြည်​ခိုင်​ခံ့ သော​ယေ​ရု​ရှ​လင်​မြို့​သို့​လမ်း​ညွှန်​ရ​မည်။- \v 21 ဗာ​ဗု​လုန်​မင်း​သည်​လမ်း​ဆုံ၊ လမ်း​ဝ​သို့​ရောက် သော​အ​ခါ ရပ်​၍​အ​ဘယ်​လမ်း​ကို​လိုက်​ရ​မည် ကို​သိ​နိုင်​ရန်​မြား​တို့​ကို​လှုပ်​၍​မဲ​ချ​၏။ သူ ၏​ရုပ်တု​တို့​ကို​မေး​မြန်း​၏။ တိ​ရစ္ဆာန်​အ​သည်း ကို​လည်း​ကြည့်​၏။- \v 22 ထို​အ​ခါ`ယေ​ရု​ရှ​လင်' ဟု​ရေး​မှတ်​ထား​သော နိ​မိတ်​ပြ​မြား​သည် သူ​၏​ညာ​ဘက်​လက်​တွင်း သို့​ရောက်​ရှိ​၏။ ထို​မြား​က​သူ့​အား​မြို့​ရိုး​ဖြို ရန်​တုံး​မောင်း​များ​ကို​သွား​ရောက်​တပ်​ဆင်​ကာ သတ်​ရန်​အ​မိန့်​ပေး​လျက်​စစ်​တိုက်​သံ​များ ကို​ကြွေး​ကြော်​ရန်​လည်း​ကောင်း၊ တံ​ခါး​ထု ဖွင့်​ရန်​တုံး​မောင်း​ကို​လည်း​ကောင်း မြေ​က​တုတ် များ​ဖို့​၍​က​တုတ်​ကျင်း​များ​ကို​တူး​ရန် လည်း​ကောင်း​ညွှန်​ပြ​၏။- \v 23 ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည်​ဗာ​ဗု လုန်​မင်း​နှင့် မိ​မိ​တို့​ချုပ်​ဆို​ထား​သည့်​စစ်​ပြေ ငြိမ်း​ခြင်း​စာ​ချုပ်​များ​ရှိ​သ​ဖြင့် ဤ​သို့​ကြို တင်​ဟော​ကိန်း​ထွက်​သည်​ကို​ယုံ​ကြ​လိမ့်​မည် မ​ဟုတ်။ သို့​ရာ​တွင်​သူ​တို့​အား​မိ​မိ​တို့​၏ အ​ပြစ်​များ​ကို​ပြန်​လည်​သ​တိ​ရ​စေ​၍ သူ​တို့​အ​ဖမ်း​ခံ​ရ​ကြ​လိမ့်​မည်။- \v 24 သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာဝရ​ဘု​ရား​မိန့်​တော်​မူ သည်​ကား သင်​တို့​၏​ပုန်​ကန်​မှု​ကြောင့်​သင်​တို့ ၏​အ​ပြစ်​များ​ကို​အ​မှတ်​ရ​စေ​ပြီ။ သင်​တို့​၏ အ​ကျင့်​အ​ကြံ​ဟူ​သ​မျှ​က သင်​တို့​၏​အ​ပြစ် များ​ကို​ပေါ်​လွင်​လာ​စေ​၏။ သင်​တို့​ဤ​သို့ ပြု​သည်​ဖြစ်​၍ ငါ​သည်​သင်​တို့​ကို​ရန်​သူ များ​၏​လက်​သို့​ပေး​အပ်​မည်။ \p \v 25 ``အ​ချင်း​ယုတ်​မာ​ဆိုး​ညစ်​သည့်​ဣသ​ရေ​လ မင်း၊ သင်​၏​ကံ​ကြမ္မာ​ကို​ဖန်​တီး​မည့်​နေ့​ရက်၊ သင်​အ​ပြီး​သတ်​အ​ပြစ်​ဒဏ်​ခံ​ရ​မည့်​နေ့ ရက်​ကျ​ရောက်​လာ​လေ​ပြီ။- \v 26 ဤ​ကား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။ သင်​၏​ရာ​ဇ​သ​ရ​ဖူ​နှင့် ဦး​ရစ်​ကို​ချွတ်​လိုက်​လော့။ အ​ခြေ​အ​နေ​အား လုံး​ပြောင်း​လဲ​သွား​လေ​ပြီ။ ဆင်း​ရဲ​သူ​တို့ အား​တန်​ခိုး​အာ​ဏာ​ပေး​အပ်​၍ တန်​ခိုး အာ​ဏာ​ရှိ​သူ​တို့​ကို​နိမ့်​ကျ​စေ​အံ့။- \v 27 ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ယို​ယွင်း​ပျက်​စီး စေ​မည်။ ယို​ယွင်း​ပျက်​စီး​စေ​မည်။ ယို​ယွင်း​ပျက် စီး​စေ​မည်။ သို့​ရာ​တွင်​ထို​မြို့​ကို​တ​ရား​ဝင် ပိုင်​ဆိုင်​သူ​မ​ရောက်​မီ ယင်း​ကို​ပြန်​လည်​ပြု ပြင်​ကြ​လိမ့်​မည်​မ​ဟုတ်။ ထို​သူ​အား​ငါ အပ်​မည်။ \s1 ဋ္ဌား​နှင့်​အမ္မုန်​ပြည်​သား​များ \p \v 28 ``အ​ချင်း​လူ​သား၊ ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​စော် ကား​သည့်​အမ္မုန်​ပြည်​သား​တို့​အား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​မိန့်​တော်​မူ ကြောင်း​ကို​ကြေ​ညာ​လော့။'' \q1 ``ဖျက်​ဆီး​သုတ်​သင်​ရန်​ဋ္ဌား​တော်​ကို အ​သင့်​ထား​လေ​ပြီ။ \q2 ဋ္ဌား​ကို​အ​သင့်​ထား​လေ​ပြီ။ \q1 သတ်​ဖြတ်​ရန်​ထို​ဋ္ဌား​တော်​ကို​တိုက်​ချွတ်​ထား​၏။ \q2 လျှပ်​ပြက်​သ​ကဲ့​သို့​ပြောင်​လက်​အောင် \q1 တိုက်​ချွတ်​ထား​၏'' ဟု​သူ​တို့​အား​ဆင့်​ဆို​လော့။\x + \xo 21:28 \xt ယေ၊ ၄၉:၁-၆။ ယေဇ၊ ၂၅:၁-၇။ အာ၊ ၁:၃-၁၅။ ဇေ၊ ၂:၈-၁၁။\x* \p \v 29 သင်​တို့​မြင်​ရ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​သည် အ​တု​ဖြစ်​၍ သင်​တို့​အား​ကြို​တင်​ဟော​ပြော ချက်​များ​သည်​လည်း​လိမ်​လည်​ဟော​ပြော​မှု များ​သာ​ဖြစ်​၏။ သင်​တို့​အ​ပြီး​သတ်​အ​ပြစ် ဒဏ်​ခံ​ရ​မည့်​နေ့​ရက်​သည်​နီး​ကပ်​လာ​လေ ပြီ။ ဋ္ဌား​တော်​သည်​ယုတ်​မာ​ဆိုး​ညစ်​သူ​တို့ ၏​ဇက်​ပေါ်​သို့​သတ်​ဖြတ်​ရန်​ကျ​ရောက်​အံ့။ \p \v 30 `` `သင်​၏​ဋ္ဌား​ကို​ဋ္ဌား​လွယ်​အိမ်​သို့​ပြန်​သွင်း စေ။ သင့်​ကို​ဖန်​ဆင်း​ရာ​အ​ရပ်၊ သင်​မွေး​ဖွား ရာ​ပြည်​တွင်​ငါ​သည်​သင့်​အား​တ​ရား​စီ ရင်​မည်။- \v 31 ငါ​သည်​တောက်​လောင်​နေ​သော​မီး​သ​ဖွယ် ငါ​၏​အ​မျက်​တော်​ကို သင့်​၏​အ​ပေါ်​သို့ သွန်း​လောင်း​ရ​လိမ့်​မည်။ သင့်​အား​ရက်​စက် ကြမ်း​ကြုတ်​သူ​အ​ဖျက်​ဝိဇ္ဇာ​တို့​၏​လက် သို့​ငါ​ပေး​အပ်​မည်။- \v 32 သင်​သည်​လောင်​စာ​ဖြစ်​လိမ့်​မည်။ မိ​မိ​၏​ပြည် ၌​ပင်​သေ​ရ​လိမ့်​မည်။ နောက်​တစ်​ဖန်​အ​ဘယ် သူ​မျှ​သင့်​အား​သ​တိ​ရ​ကြ​တော့​မည်​မ ဟုတ်' '' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​သ​တည်း။ \c 22 \s1 ယေ​ရု​ရှ​လင်​မြို့​ကူး​လွန်​သည့်​ပြစ်​မှု​များ \p \v 1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။- \v 2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​သည်​လူ သတ်​သ​မား​များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​သည့် မြို့​ကို စစ်​ဆေး​စီ​ရင်​ရန်​အ​သင့်​ရှိ​ပြီ​လော။ ထို​မြို့​အား​မိ​မိ​ပြု​သည့်​စက်​ဆုပ်​ဖွယ်​ရာ အ​မှု​အ​ပေါင်း​တို့​ကို​ဖော်​ပြ​လော့။- \v 3 ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​အား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​ဤ​သို့​ဆင့် ဆို​လော့။ သင်​သည်​မိ​မိ​၏​လူ​တို့​ကို​အ​မြောက် အ​မြား​သတ်​ခဲ့​ပြီး​ရုပ်​တု​များ​ကို​ဝတ်​ပြု ရှိ​ခိုး​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း စေ​ခဲ့​သ​ဖြင့်​သင်​၏​နေ့​ရက်​ကာ​လ​သည် ကျ​ရောက်​လာ​လေ​ပြီ။- \v 4 သင်​သည်​ထို​လူ​သတ်​မှု​များ​အ​တွက်​အ​ပြစ် ရှိ​သည့်​ပြင် မိ​မိ​ပြု​လုပ်​သည့်​ရုပ်​တု​များ​အား ဖြင့် မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း​စေ​သည်​ဖြစ်​၍​သင် ၏​နေ့​ရက်​ကာ​လ​သည်​ကျ​ရောက်​လာ​လေ​ပြီ။ သင်​၏​နှစ်​များ​ကုန်​ဆုံး​ချိန်​စေ့​ပြီ။ သို့​ဖြစ်​၍ ငါ​သည်​သင့်​အား​လူ​မျိုး​တ​ကာ​တို့​ပြက် ရယ်​ပြု​စ​ရာ၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည် ၏​ပြောင်​လှောင်​စ​ရာ​ဖြစ်​စေ​တော်​မူ​ပြီ။- \v 5 ရပ်​နီး​ရပ်​ဝေး​ရှိ​တိုင်း​ပြည်​တို့​သည်​သင် တ​ရား​လက်​လွတ်​ပြု​ကျင့်​၍ နာ​မည်​ပျက် မှု​ကြောင့်​ပြောင်​လှောင်​ကြ​၏။- \v 6 သင့်​အ​ထဲ​ရှိ​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​အ​ပေါင်း​တို့​သည် မိ​မိ​တို့​၏​စွမ်း​ရည် ကို​အား​ကိုး​၍​လူ​သတ်​မှု​များ​ကို​ကူး​လွန် ကြ​၏။- \v 7 သင့်​အ​ထဲ​တွင်​အ​ဘယ်​သူ​မျှ​မိ​ဘ​ကို​ရို သေ​မြတ်​နိုး​မှု​မ​ပြု​ကြ။ သင့်​အ​ထဲ​တွင်​သင် သည်​လူ​မျိုး​ခြား​တို့​အား လိမ်​လည်​လှည့်​စား ၍​မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့​သူ​တို့​အား ညှဉ်း​ဆဲ​နှိပ်​စက်​၏။-\x + \xo 22:7 \xt ထွ၊ ၂၀:၁၂၊ ၂၂:၂၁-၂၂။ တရား၊ ၅:၁၆၊ ၂၄:၁၇။\x* \v 8 သန့်​ရှင်း​သော​ဌာန​များ​ကို​မ​ထီ​မဲ့​မြင်​ပြု​၍ ဥ​ပုသ်​နေ့​ကို​လည်း​မ​လေး​မ​စား​ပြု​၏။-\x + \xo 22:8 \xt ဝတ်၊ ၁၉:၃၀၊ ၂၆:၂။\x* \v 9 သင်​၏​အ​ထဲ​၌​အ​ချို့​တို့​သည်​ကုန်း​ချော​၍ သူ​တစ်​ပါး​တို့​အား​သေ​ကြောင်း​ကြံ​ကြ​၏။ သင့်​အ​ထဲ​၌​တောင်​ပေါ်​ရှိ​ဝတ်​ပြု​ရာ​ဌာ​န များ​တွင် ရုပ်​တု​များ​အား​ယဇ်​ပူ​ဇော်​သည့် အ​သား​ကို​စား​ကြ​၏။ အ​ချို့​မှာ​အ​စဉ် ကာ​မ​ဂုဏ်​လိုက်​စား​ကြ​၏။- \v 10 သင့်​အ​ထဲ​တွင်​အ​ချို့​သော​သူ​တို့​သည် မိ​မိ တို့​၏​မိ​ထွေး​များ​နှင့်​ပြစ်​မှား​ကြ​၏။ သင့် အ​ထဲ​၌​အ​ချို့​က​အ​မျိုး​သ​မီး​များ ရာ​သီ​လာ​ချိန်​တွင်​အ​ဋ္ဌမ္မ​ပြု​ကျင့်​ကြ​၏။-\x + \xo 22:10 \xt ဝတ်၊ ၁၈:၇-၂၀။\x* \v 11 သင့်​အ​ထဲ​၌​အ​ချို့​သော​သူ​တို့​သည်​သူ တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၍ မိ​မိ​တို့​၏ ချွေး​မ​များ​ကို​သော်​လည်း​ကောင်း၊ အ​ဖေ​တူ အ​မေ​ကွဲ​နှ​မ​များ​ကို​သော်​လည်း​ကောင်း ဖြား​ယောင်း​ပြစ်​မှား​ကြ​၏။- \v 12 သင့်​အ​ထဲ​၌​သင်​၏​လူ​အ​ချို့​တို့​သည်​ကြေး စား​လူ​သတ်​သ​မား​များ​ဖြစ်​ကြ​၏။ အ​ချို့ မှာ​မိ​မိ​တို့​ဣ​သ​ရေ​လ​အ​မျိုး​သား​များ အား​ငွေ​ချေး​၍ အ​တိုး​ကို​ယူ​ကာ​မိ​မိ​တို့ ကိုယ်​ကို​ကြွယ်​ဝ​ချမ်း​သာ​စေ​ကြ​၏။ သူ​တို့ သည်​ငါ့​အား​မေ့​လျော့​သွား​ကြ​လေ​ကုန် ပြီ'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။\x + \xo 22:12 \xt ထွ၊ ၂၂:၂၅၊ ၂၃:၈။ ဝတ်၊ ၂၅:၃၆-၃၇။ တရား၊ ၁၆:၁၉၊ ၂၃:၁၉။\x* \p \v 13 ``ငါ​သည်​သင်​၏​မ​တ​ရား​စီး​ပွား​ရှာ​မှု အ​တွက်​အ​မျက်​ထွက်​လျက်၊ လက်​ဝါး​ချင်း ရိုက်​၍၊ လု​ယက်​သတ်​ဖြတ်​မှု​တို့​ကို​ရပ်​စဲ စေ​မည်။- \v 14 သင့်​အား​ငါ​စီ​ရင်​ပြီး​ချိန်​၌​သင်​သည်​ရဲ စွမ်း​သတ္တိ​ရှိ​ဦး​မည်​လော။ မိ​မိ​လက်​ကို​ပင်​မြှောက် နိုင်​ရန်​ခွန်​အား​ရှိ​ပါ​ဦး​မည်​လော။ ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။ ငါ​သည်​မိ​မိ​၏​စ​ကား အ​တိုင်း​ပြု​မည်။- \v 15 သင်​၏​လူ​တို့​ကို​ငါ​သည်​အ​တိုင်း​တိုင်း​အ​ပြည် ပြည်​နှင့်​လူ​မျိုး​တ​ကာ​တို့​ထံ​သို့​ပျံ့​လွင့်​သွား စေ​လျက်​သင်​၏​ဆိုး​ညစ်​မှု​များ​ကို​ရပ်​စဲ​ပစ် မည်။- \v 16 သို့​ဖြစ်​၍​သင်​သည် အ​ခြား​လူ​မျိုး​တို့​ရှေ့​တွင် ရှုတ်​ချ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ သည်​ထာ​ဝရ​ဘုရား​ဖြစ်​တော်​မူ​ကြောင်း​သင် သိ​ရှိ​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 ဘု​ရား​သ​ခင်​၏​သတ္တု​အ​ရည်​ကျို​မီး​ဖို​ကြီး \p \v 17 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။- \v 18 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ငါ​၏​အ​ဖို့​အ​သုံး​မဝင် ကြ။ သူ​တို့​သည်​သတ္တု​အ​ရည်​ကျို​မီး​ဖို​တွင် ငွေ​ကို​ချွတ်​ပြီး​နောက်​ကျန်​ရစ်​သည့်​ကြေးဝါ၊ သံ​ဖြူ၊ သံ၊ ခဲ​နှင့်​တူ​၏။- \v 19-20 သို့​ဖြစ်​၍​သူ​တို့​သည်​ထို​သတ္တု​ရိုင်း​များ​ကဲ့​သို့ ပင်​အ​သုံး​မ​ဝင်​သူ​များ​ဖြစ်​ကြောင်း ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ယ​ခု​မိန့်​တော်​မူ​ခြင်း​ဖြစ်​၏။ ငွေ၊ ကြေး​ဝါ၊ သံ၊ ခဲ​နှင့် သံ​ဖြူ​ပါ​ဝင်​သော​သတ္တု ရိုင်း​ကို​ဖို​ထဲ​တွင်​စု​၍​ထည့်​သ​ကဲ့​သို့ ငါ​သည် သူ​တို့​အား​လုံး​ကို​ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ဝေး စေ​မည်။ မီး​သည်​သတ္တု​ရိုင်း​ကို​အ​ရည်​ပျော်​စေ သ​ကဲ့​သို့ ငါ​၏​ဒေါ​သ​အ​မျက်​သည်​သူ​တို့ အား​အ​ရည်​ပျော်​စေ​လိမ့်​မည်။- \v 21 ငါ​သည်​အ​မှန်​ပင်​သူ​တို့​အား​ယေ​ရု​ရှ​လင် မြို့​တွင်​စု​ဝေး​စေ​၍​သူ​တို့​အောက်​တွင်​မီး​ထိုး လျက် ငါ​၏​အ​မျက်​တော်​သည်​သူ​တို့​အား အ​ရည်​ပျော်​စေ​လိမ့်​မည်။- \v 22 ငွေ​သည်​ဖို​ထဲ​တွင်​အ​ရည်​ပျော်​ရ​သည့်​နည်း​တူ သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​အ​ရည်​ပျော် ကြ​လိမ့်​မည်။ ထို​အ​ခါ​မိ​မိ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​လျက်​ရှိ​နေ ရ​ကြ​ကြောင်း​ကို သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်းဆောင်​တို့​၏ ရာ​ဇ​ဝတ်​မှု​များ \p \v 23 တစ်​ဖန်​ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။- \v 24 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ ပြည်​သည်​အ​မျက်​တော်​ကျ​ရောက်​သော​နေ့ ၌၊ မိုး​ရေ​မ​ရ၊ မိုး​မ​ရွာ​ဘဲ​နေ​လိမ့်​မည်​ဖြစ် ကြောင်း ထို​ပြည်​ကို​ပြော​ကြား​လော့။- \v 25 သူ​တို့​၏​ခေါင်း​ဆောင်​များ​ထဲ​တွင်​ပူး​ပေါင်း ကြံ​စည်​မှု​ရှိ​၏။ သူ​တို့​သည်​သား​ကောင်​များ ကို​ကိုက်​သတ်​ဆွဲ​ဖြတ်​ပြီး​နောက် ဟောက်​နေ သော​ခြင်္သေ့​များ​နှင့်​တူ​ကြ​၏။ သူ​တို့​သည် လူ​များ​ကို​သတ်​၍​ရ​နိုင်​သ​မျှ​သော​ငွေ နှင့်​ဥစ္စာ​ပစ္စည်း​တို့​ကို​ယူ​ကြ​၏။ ယင်း​သို့​သတ် ဖြတ်​မှု​ဖြင့်​သူ​တို့​သည်​အ​မျိုး​သ​မီး​မြောက် မြား​စွာ​ကို​မု​ဆိုး​မ​ဘ​ဝ​သို့​ရောက်​စေ ကြ​၏။- \v 26 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း​ငါ​၏​တ​ရား တော်​ကို​ချိုး​ဖောက်​၍ မြင့်​မြတ်​သန့်​ရှင်း​သည့် အ​ရာ​ကို​မ​ရို​မ​သေ​ပြု​ကြ​၏။ သူ​တို့​သည် မြင့်​မြတ်​သန့်​ရှင်း​သည့်​အ​ရာ​နှင့် သာ​မန်​အ​ရာ ကို​ခွဲ​ခြား​မှု​မ​ပြု​ကြ။ သူ​တို့​သည်​သန့်​စင် သည့်​အ​ရာ​နှင့်​မ​သန့်​စင်​သည့်​အ​ရာ ခြား နား​ပုံ​ကို​လည်း​သင်​ကြား​၍​မ​ပေး​ကြ။ ဥ​ပုသ်​နေ့​ကို​လျစ်​လူ​ပြု​ကြ​၏။ သို့​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ့​အား မ​ရို​သေ​ကြ။-\x + \xo 22:26 \xt ဝတ်၊ ၁၀:၁၀။\x* \v 27 အ​စိုး​ရ​အ​ရာ​ရှိ​များ​သည်​သား​ကောင် များ​ကို ကိုက်​သတ်​ဆွဲ​ဖြတ်​လျက်​နေ​သည့် ဝံ​ပု​လွေ​များ​နှင့်​တူ​ကြ​၏။ သူ​တို့​သည် မိ​မိ​တို့​ကြွယ်​ဝ​ချမ်း​သာ​ရေး​အ​တွက် အ​သက်​ကို​သတ်​၍​လူ​သတ်​မှု​ကူး​လွန် ကြ​၏။- \v 28 ပ​ရော​ဖက်​တို့​သည်​အုတ်​တံ​တိုင်း​ကို​ထုံး​ဖြူ သုတ်​သူ​များ​ကဲ့​သို့ ထို​အ​ပြစ်​များ​ကို​ဖုံး အုပ်​ပေး​ကြ​၏။ သူ​တို့​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ အ​တု​များ​ကို​မြင်​လျက် မ​ဟုတ်​မ​မှန်​သော ဗျာ​ဒိတ်​ကို​ဆင့်​ဆို​ဟော​ပြော​ကြ​၏။ သူ​တို့ က​မိ​မိ​တို့​သည်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​ကြ​သည်​ဟု​ဆို သော်​လည်း ယင်း​ဗျာ​ဒိတ်​တို့​ကို​သူ​တို့​အား ငါ​မ​ပြော​ခဲ့။- \v 29 ထို​ဒေ​သ​တွင်​နေ​ထိုင်​သူ​တို့​သည် အ​နိုင်​အ​ထက် လု​ယူ​၍ လု​ယက်​မှု​တို့​ကို​ပြု​ကြ​၏။ သူ​တို့​သည် ဆင်း​ရဲ​ချို့​တဲ့​သူ​တို့​အား​နှိပ်​စက်​၍ လူ​မျိုး​ခြား တို့​အား​မ​တ​ရား​သ​ဖြင့်​နိုင်​ထက်​စီး​နင်း​ပြု ကြ​၏။- \v 30 ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​နေ​ထိုင်​ရာ​ပြည် ကို​အ​မျက်​တော်​ဖြင့် ဖျက်​ဆီး​ပစ်​မည်​ပြု​သော အ​ခါ​ထို​ပြည်​ကို​တံ​တိုင်း​ကာ​နိုင်​မည့်​သူ၊ မြို့ ရိုး​များ​ပြို​ရာ​တွင်​ရပ်​၍​ခု​ခံ​နိုင်​မည့်​သူ​ကို ငါ​ရှာ​ကြည့်​၏။ သို့​ရာ​တွင်​တစ်​စုံ​တစ်​ယောက် ကို​မျှ​မ​တွေ့​ရ။- \v 31 သို့​ဖြစ်​၍​ငါ​သည်​အ​မျက်​တော်​ကို​သွန်း​လောင်း ၍ သူ​တို့​အ​ပေါ်​သို့​အ​မျက်​တော်​ကို​မီး​သ ဖွယ်​သက်​ရောက်​စေ​မည်။ သူ​တို့​ပြု​ခဲ့​သည့်​အ​မှု များ​အ​တွက်​သူ​တို့​၏​ခေါင်း​ပေါ်​သို့​ကျ​ရောက် စေ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။ \c 23 \s1 အ​ပြစ်​ကူး​လွန်​သူ​ညီ​အစ်​မ​နှစ်​ယောက် \p \v 1-2 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့ ထံ​သို့​ရောက်​လာ​၏။ ကိုယ်​တော်​က``အ​ချင်း​လူ သား၊ အ​ခါ​တစ်​ပါး​က​ညီ​အစ်​မ​နှစ်​ယောက် ရှိ​၏။- \v 3 သူ​တို့​သည်​ငယ်​ရွယ်​စဉ်​အ​ခါ​က အီ​ဂျစ် ပြည်​၌​နေ​ထိုင်​စဉ် ရင်​သား​ကို​ပွတ်​နယ်​ခံ​ရ လျက်​အ​ပျို​ရည်​ပျက်​၍​ပြည့်​တန်​ဆာ​များ ဖြစ်​သွား​ကြ​၏။- \v 4 အစ်​မ​ဖြစ်​သူ​သည်​အ​ဟော​လ၊ ညီ​မ​ကား အ​ဟော​လိ​ဗ​ဟု​နာ​မည်​တွင်​၏။ (အ​ဟော​လ သည်​ရှ​မာ​ရိ​မြို့​ကို​သ​ရုပ်​ဆောင်​၍​အ​ဟော လိ​ဗ​က​ယေ​ရု​ရှ​လင်​မြို့​ကို​သ​ရုပ်​ဆောင်​၏။) ငါ​သည်​သူ​တို့​နှစ်​ဦး​စ​လုံး​နှင့်​ထိမ်း​မြား မင်္ဂ​လာ​ပြု​၍​သူ​တို့​နှင့်​သား​သ​မီး​များ​ကို ရ​၏။- \v 5 အ​ဟော​လ​သည်​ငါ​၏​ဇ​နီး​ပင်​ဖြစ်​သော်​လည်း ပြည့်​တန်​ဆာ​အ​လုပ်​ကို​ဆက်​၍​လုပ်​ကာ အာ​ရှု​ရိ ပြည်​မှ​သူ​၏​ချစ်​သူ​စစ်​သူ​ရဲ​များ​အ​တွက် ရာ​ဂ​စိတ်​မွှန်​၍​နေ​၏။- \v 6 ထို​သူ​တို့​သည်​မ​ရမ်း​စေ့​ရောင်​ဆင်​တူ​ဝတ်​စုံ များ​ကို​ဝတ်​ဆင်​သူ​စစ်​သူ​ရဲ​များ၊ မှူး​မတ် များ​နှင့်​အ​ထက်​တန်း​အ​ရာ​ရှိ​များ​ဖြစ် ကြ​၏။ သူ​တို့​အား​လုံး​ပင်​ရုပ်​ရည်​ချော​၍ ပျို​ရွယ်​သော​မြင်း​တပ်​ဗိုလ်​များ​ဖြစ်​သ​တည်း။- \v 7 အ​ဟော​လ​သည်​အာ​ရှု​ရိ​အ​မျိုး​သား​အ​ရာ ရှိ​အ​ပေါင်း​တို့​အ​တွက် ပြည့်​တန်​ဆာ​အ​လုပ် ကို​လုပ်​၏။ မိ​မိ​၏​တ​ဏှာ​ရ​မက်​၏​ဆွဲ​ဆောင်​မှု ကြောင့် အာ​ရှု​ရိ​ရုပ်​တု​တို့​ကို​ရှိ​ခိုး​ဝတ်​ပြု ကာ​မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း​စေ​၏။- \v 8 သူ​သည်​မိ​မိ​အ​ပျို​ရည်​ပျက်​ရ​သည့်​အီ​ဂျစ် ပြည်​တွင် စ​တင်​ခဲ့​သည့်​ပြည့်​တန်​ဆာ​အ​လုပ် ကို​ဆက်​၍​လုပ်​၏။ သူ​ငယ်​မ​အ​ရွယ်​က​ပင် လျှင်​ယောကျာ်း​တို့​သည် သူ​နှင့်​အ​တူ​အိပ်​စက် ကာ​သူ့​အား​ပြည့်​တန်​ဆာ​ကဲ့​သို့​ပြု​ကျင့် ခဲ့​ကြ​၏။- \v 9 သို့​ဖြစ်​၍​သူ​မြတ်​နိုး​လှ​သည့်​အာ​ရှု​ရိ အ​မျိုး​သား​ချစ်​သူ​တို့​လက်​သို့ သူ့​အား ငါ​အပ်​လိုက်​၏။- \v 10 သူ​တို့​သည်​သူ့​အား​အ​ဝတ်​အ​ချည်း​စည်း ဖြစ်​စေ​လျက် သူ​၏​သား​သ​မီး​များ​ကို​ဖမ်း ဆီး​ကြ​၏။ ထို​နောက်​သူ့​ကို​ဋ္ဌား​နှင့်​ခုတ်​သတ် ကြ​၏။ သူ​၏​ဖြစ်​ရပ်​ကို​နေ​ရာ​တ​ကာ​တွင် အ​မျိုး​သ​မီး​တို့​အ​တင်း​ပြော​ဆို​ကြ​၏။ \p \v 11 ``အ​ဟော​လိ​ဗ​သည်​ဤ​အ​ဖြစ်​အ​ပျက်​ကို တွေ့​မြင်​၏။ သို့​ရာ​တွင်​သူ​သည်​အ​ဟော​လ ထက်​ပင် ပို​မို​ဆိုး​ရွား​သော​ပြည့်​တန်​ဆာ ဖြစ်​လာ​၏။- \v 12 သူ​သည်​လည်း​တောက်​ပြောင်​သော​ဆင်​တူ​ဝတ် စုံ​များ​ကို ဝတ်​ဆင်​ထား​သည့်​အာ​ရှု​ရိ​မှူး​မတ် အ​ရာ​ရှိ​များ​နှင့်​မြင်း​တပ်​ဗိုလ်​များ​အ​တွက် ရာ​ဂ​စိတ်​မွှန်​၍​နေ​၏။ သူ​တို့​အား​လုံး​သည် ရုပ်​ရည်​ချော​၍​ပျို​ရွယ်​သူ​များ​ဖြစ်​သ​တည်း။- \v 13 သူ​သည်​ကမ်း​ကုန်​အောင်​အ​ကျင့်​ပျက်​သူ ဖြစ်​ကြောင်း အစ်​မ​ကဲ့​သို့​ဆိုး​ရွား​သူ​ဖြစ် ကြောင်း​ကို​ငါ​သိ​မြင်​၏။ \p \v 14-15 ``သူ​သည်​ပို​၍​ပို​၍​အ​ကျင့်​ပျက်​လာ​၏။ ခါး စည်း​များ​နှင့်​လှ​ပ​သော​ဦး​ရစ်​များ​ကို​ဝတ် ဆင်​ထား​သည့်​ခါ​လ​ဒဲ​အ​ရာ​ရှိ​တို့​သည် ခါ​လ​ဒဲ​ပြည်​သား​ဗာ​ဗု​လုန်​အ​ရာ​ရှိ​မြင်း ရ​ထား​တပ်​ဗိုလ်​များ​နှင့်​တူ​၍၊ သူ​တို့​၏​ရုပ် ပုံ​များ​ကို​နံ​ရံ​တွင်​နီ​မြန်း​တောက်​ပ​သော ဆေး​ရောင်​ဖြင့် ရေး​ဆွဲ​ထား​သည်​ကို​တွေ့ မြင်​လေ​၏။- \v 16 ထို​ရုပ်​ပုံ​များ​ကို​မြင်​လျှင်​မြင်​ချင်း​တပ် မက်​သော​စိတ်​ရှိ​သ​ဖြင့် ဗာ​ဗု​လုန်​ပြည်​ရှိ ထို​သူ​တို့​ထံ​သို့​စေ​တ​မန်​များ​ကို​လွှတ် လေ​သည်။- \v 17 ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​သူ​နှင့်​အိပ် စက်​ရန်​လာ​ရောက်​ကြ​၏။ သူ​တို့​သည်​သူ​နှင့် ကူး​လွန်​၍​သူ့​အား​ညစ်​ညမ်း​စေ​ကြ​၏။ သူ သည်​သူ​တို့​ကို​ရွံ​ရှာ​သည့်​တိုင်​အောင် သူ​တို့ သည်​သူ့​ကို​ညစ်​ညမ်း​စေ​ကြ​၏။- \v 18 သူ​သည်​အ​များ​ပြည်​သူ​တို့​ရှေ့​၌​အ​ဝတ် အ​ချည်း​စည်း​နှင့်​နေ​၍ လူ​တိုင်း​အား​မိ​မိ သည်​ပြည့်​တန်​ဆာ​ဖြစ်​ကြောင်း​ကို​သိ​စေ​၏။ ငါ​သည်​သူ​၏​အစ်​မ​ကို​စက်​ဆုပ်​သ​ကဲ့​သို့ သူ့​ကို​လည်း​စက်​ဆုပ်​၏။- \v 19 သူ​သည်​အီ​ဂျစ်​ပြည်​တွင်​သူ​ငယ်​မ​အ​ရွယ် မှ​စ​၍​ပြု​ကျင့်​ခဲ့​သည့်​အ​တိုင်း ယ​ခု​လည်း ပြု​ကျင့်​ကာ​ပို​မို​ဆိုး​ရွား​သော​ပြည့်​တန် ဆာ​ဖြစ်​လာ​၏။- \v 20 သူ​သည်​မြင်း​ထီး​နှင့်​မြည်း​ကဲ့​သို့ တ​ဏှာ ရာ​ဂ​ကြီး​သော​ယောကျာ်း​များ​ကို​အ​လွန် မက်​မော​၏။-'' \v 21 (အ​ချင်း​အ​ဟော​လိ​ဗ၊ သင်​သည်​သူ​ငယ်​မ အ​ရွယ်​က​ယောကျာ်း​တို့​သင်​၏​ရင်​သား​တို့ ကို​ပွတ်​နယ်​သ​ဖြင့် အ​ပျို​ရည်​ပျက်​ခဲ့​သည့် အီ​ဂျစ်​ပြည်​တွင်​ကူး​လွန်​ခဲ့​သော​ကာ​မ ဂုဏ်​လိုက်​စား​မှု​ကို​ထပ်​မံ​ကူး​လွန်​လို​ပါ သည်​တ​ကား။) \s1 ညီ​မ​အ​ပေါ်​ဘု​ရား​သ​ခင်​စီ​ရင်​ချက် \p \v 22 ``သို့​ဖြစ်​၍​အ​ချင်း​အ​ဟော​လိ​ဗ၊ သင့်​အား​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား သင် သည်​ဤ​ချစ်​သူ​တို့​ကို​ငြီး​ငွေ့​သွား​ပြီ​ဖြစ်​သော် လည်း ငါ​သည်​သူ​တို့​အား​ခေါ်​ဆောင်​ခဲ့​မည်။ သူ​တို့ သည်​သင့်​ကို​အ​မျက်​ထွက်​၍​ဝိုင်း​ရံ​ထား​ကြ လိမ့်​မည်။- \v 23 ဗာ​ဗု​လုန်​နှင့်​ခါ​လ​ဒဲ​ပြည်​သား​များ၊ ပေ​ကုတ်၊ ရှော့​နှင့်​ကော့​မှ​လူ​တို့​နှင့်​အာ​ရှု​ရိ​ပြည်​သား အ​ပေါင်း​ကို​ငါ​ခေါ်​ဆောင်​ခဲ့​မည်။ သူ​တို့​အား လုံး​သည်​ရုပ်​ရည်​ချော​၍ ပျို​ရွယ်​သူ​မှူး​မတ် အ​ရာ​ရှိ​များ၊ မြင်း​ရ​ထား​တပ်​အ​ရာ​ရှိ​များ နှင့်​အ​ဆင့်​အ​တန်း​မြင့်​သော​မြင်း​တပ်​ဗိုလ် များ​ဖြစ်​ကြ​၏။- \v 24 သူ​တို့​သည်​စစ်​လက်​နက်​စစ်​မြင်း​ရ​ထား​များ၊ ရိက္ခာ​လှည်း​များ​ကို​ယူ​ဆောင်​ကာ ကြီး​မား​သော စစ်​သည်​အ​လုံး​အ​ရင်း​နှင့်​သင့်​အား​တိုက်​ခိုက် ကြ​လိမ့်​မည်။ ဒိုင်း​လွှား​များ​ကို​ကိုင်​ဆောင်​လျက် သံ​ခ​မောက်​များ​ကို​ဆောင်း​၍​သင့်​ကို​ဝိုင်း​ရံ ကြ​လိမ့်​မည်။ ငါ​သည်​သင့်​အား​သူ​တို့​၏​လက် သို့​ပြစ်​ဒဏ်​ခံ​ရန်​အပ်​နှံ​မည်။ သူ​တို့​သည် လည်း​မိ​မိ​တို့​တ​ရား​ဥ​ပ​ဒေ​များ​အ​ရ သင့်​ကို​တ​ရား​စီ​ရင်​ကြ​လိမ့်​မည်။- \v 25 ငါ​သည်​မ​နာ​လို​၍​အ​မျက်​ထွက်​သ​ဖြင့်​သင့် ကို​အ​မျက်​ဒေါ​သ​နှင့်​စီ​ရင်​ရန်​သူ​တို့​အား ခွင့်​ပြု​မည်။ သူ​တို့​သည်​သင်​၏​နှာ​ခေါင်း​နှင့်​နား ရွက်​တို့​ကို​ဖြတ်​၍ ကျန်​ရှိ​နေ​သေး​သော​သူ​များ သည်​ဋ္ဌား​ဖြင့်​သေ​ရ​မည်။ သင်​၏​သား​သ​မီး​များ ကို​ယူ​ဆောင်​သွား​ကြ​လိမ့်​မည်။ သူ​တို့​သည် အ​မှန်​ပင်​ကျန်​ရှိ​နေ​သေး​သော​သူ​များ​ကို မီး​ရှို့​ကြ​လိမ့်​မည်။- \v 26 သင်​၏​အ​ဝတ်​များ​ကို​ဆွဲ​ဆုတ်​ပစ်​ကာ သင် ၏​ကျောက်​မျက်​ရ​တ​နာ​များ​ကို​သိမ်း​ယူ ကြ​လိမ့်​မည်။- \v 27 ငါ​သည်​သင်​၏​ရာ​ဂ​စိတ်​ကို​လည်း​ကောင်း၊ အီ​ဂျစ် ပြည်​တွင်​သင်​ငယ်​ရွယ်​စဉ်​အ​ခါ​မှ​စ​၍ ပြု​ကျင့် ခဲ့​သော​ဆိုး​ညစ်​ယုတ်​မာ​မှု​ကို​လည်း​ကောင်း ရပ်​စဲ​စေ​မည်။ သင်​သည်​နောင်​အ​ဘယ်​အ​ခါ​၌ မျှ​ရုပ်​တု​များ​ကို​မျှော်​ကြည့်​ရ​တော့​မည်​မ ဟုတ်။ အီ​ဂျစ်​ပြည်​အ​ကြောင်း​ကို​လည်း​စဉ်း စား​ရ​တော့​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ \p \v 28 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``ငါ သည်​သင်​ရွံ​မုန်း​စက်​ဆုပ်​သူ​အ​မျိုး​သား​တို့ ၏​လက်​သို့​သင့်​ကို​အပ်​နှံ​မည်။- \v 29 သူ​တို့​သည်​သင့်​ကို​မုန်း​၍​သင်​စု​ဆောင်း​ထား သ​မျှ​သော​ပစ္စည်း​ဥစ္စာ​တို့​ကို​ယူ​၍ သင့်​အား အ​ဝတ်​အ​ချည်း​စည်း​နှင့်​ထား​ခဲ့​ကြ​လိမ့်​မည်။ သင့်​အား​အ​ဝတ်​အ​ချည်း​စည်း​ရှိ​သူ​ပြည့် တန်​ဆာ​ကဲ့​သို့​ဖြစ်​စေ​ကြ​လိမ့်​မည်။ သင်​သည် တ​ဏှာ​ရာ​ဂ​စိတ်​ရှိ​မှု​ကြောင့်၊ ပြည့်​တန်​ဆာ အ​လုပ်​ကို​လုပ်​ကိုင်​မှု​ကြောင့်၊- \v 30 ဤ​အ​ဖြစ်​မျိုး​နှင့်​ကြုံ​တွေ့​ရ​ခြင်း​ဖြစ်​၏။ သင် သည်​လူ​မျိုး​တ​ကာ​တို့​အ​တွက်​ပြည့်​တန်​ဆာ ဖြစ်​၍ သူ​တို့​၏​ရုပ်​တု​များ​နှင့်​မိ​မိ​ကိုယ်​ကို ညစ်​ညမ်း​စေ​၏။- \v 31 သင်​သည်​အစ်​မ​ဖြစ်​သူ​၏​ခြေ​ရာ​ကို​နင်း​သ ဖြင့် ငါ​သည်​သူ့​အား​သောက်​စေ​သော​အ​ပြစ် ဒဏ်​ဖ​လား​ကို​သင့်​အား​လည်း​သောက်​စေ​မည်'' ဟူ​၍​တည်း။ \q1 \v 32 အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​မှာ \q2 ``သင်​သည်​အစ်​မ​ဖြစ်​သူ​၏​ဖ​လား​မှ သောက်​ရ​လိမ့်​မည်။ \q1 ထို​ဖ​လား​သည်​ကြီး​၍​စောက်​နက်​၏။ \q2 သင်​သည်​လူ​တိုင်း​တို့​၏​မ​ထီ​မဲ့​မြင်​ပြု​ခြင်း၊ ပြောင်​လှောင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ \q1 ဖ​လား​သည်​ပြည့်​၍​နေ​၏။ \q1 \v 33 ယင်း​သည်​သင့်​အား​စိတ်​ဆင်း​ရဲ​အောင်​ပြု​၍ မူး​ယစ်​စေ​လိမ့်​မည်။ \q2 ကြောက်​လန့်​မှု​နှင့်​ပျက်​စီး​ဆုံး​ရှုံး​မှု​ကို ဖြစ်​စေ​တတ်​သည့်​ဖ​လား၊ \q1 သင့်​အစ်​မ​ရှ​မာ​ရိ​၏​ဖ​လား​ဖြစ်​သည်။ \q1 \v 34 သင်​သည်​ယင်း​ကို​အ​ကုန်​အ​စင်​သောက်​ပြီး​မှ အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ခွဲ​၍ \q2 ဖ​လား​၏​အ​စ​အ​န​များ​ဖြင့်​မိ​မိ​၏​ရင်​သား​ကို လှီး​ဖြတ်​လိမ့်​မည်။ \m ဤ​ကား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟူ​၍​တည်း။ \p \v 35 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​က``သင်​ငါ့​ကို​မေ့ လျော့​ကာ​ကျော​ခိုင်း​လျက် တ​ဏှာ​ရာ​ဂ​စိတ်​နှင့် ပြည့်​တန်​ဆာ​လုပ်​သည့်​အ​တွက်​သင်​သည်​ဒုက္ခ ရောက်​ရ​ပေ​တော့​အံ့'' ဟု​မိန့်​တော်​မူ​၏။ \s1 ညီ​အစ်​မ​နှစ်​ယောက်​အ​ပေါ်​ဘု​ရား​သ​ခင် စီ​ရင်​ချက် \p \v 36 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အ​ချင်း​လူ​သား၊ သင်​သည်​အ​ဟော​လ​နှင့်​အ​ဟော​လိ​ဗ​တို့​ကို တရား​စီ​ရင်​ရန်​အ​သင့်​ရှိ​ပြီ​လော။ သူ​တို့​သည် စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​တို့​ကို​ပြု​သူ များ​ဖြစ်​ကြောင်း​စွဲ​ချက်​တင်​လော့။- \v 37 သူ​တို့​သည်​မျောက်​မ​ထား​မှု၊ လူ​သတ်​မှု​တို့​ကို ကူး​လွန်​ကြ​၏။ ရုပ်​တု​များ​နှင့်​မျောက်​မ​ထား​၍ ငါ​နှင့်​ရ​သော​သား​များ​ကို​သတ်​ကြ​၏။ သူ​တို့ သည်​ငါ​၏​သား​တို့​ကို​ရုပ်​တု​တို့​အား​ယဇ် ပူ​ဇော်​ကြ​၏။- \v 38 သူ​တို့​ပြု​သော​အ​မှု​များ​ကား​ဤ​မျှ​သာ မ​ဟုတ်။ ငါ​၏​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ​၍ ငါ​၏​ဥ​ပုသ်​နေ့​ကို​လည်း​မ​လေး​မ​စား​ပြု ကြ​၏။- \v 39 ငါ​၏​သား​သ​မီး​များ​ကို​ရုပ်​တု​တို့​အား​ယဇ် ပူ​ဇော်​သည့်​နေ့​၌​ပင် ငါ​၏​ဗိ​မာန်​တော်​သို့​လာ ၍​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ​လျက် ဤ​သို့​ငါ ၏​ဗိ​မာန်​ကို​ပြု​ကြ​သည်​တ​ကား။ \p \v 40 ``သူ​တို့​သည်​ဝေး​လံ​သော​အ​ရပ်​များ​သို့​လူ အ​ကြိမ်​ကြိမ်​စေ​လွှတ်​၍ ယောကျာ်း​များ​ကို​ခေါ် ဖိတ်​ကြ​၏။ ယောကျာ်း​တို့​သည်​လည်း​လာ​ရောက် ကြ​၏။ ညီ​အစ်​မ​နှစ်​ယောက်​တို့​သည်​ရေ​ချိုး​ပြီး လျှင် မျက်​ခွံ​များ​ကို​ဆေး​ဆိုး​အ​လှ​ပြင်​၍ ကျောက်​မျက်​ရ​တ​နာ​များ​ကို​ဝတ်​စား​ဆင် ယင်​ကြ​၏။- \v 41 သူ​တို့​သည်​မိ​မိ​တို့​ရှေ့​၌​စား​ပွဲ​ကို​ကျ​န​စွာ တည်​ခင်း​ပြီး​လျှင် လှ​ပ​သော​ညောင်း​စောင်း​ပေါ် တွင်​ထိုင်​ကြ​၏။ စား​ပွဲ​ပေါ်​တွင်​ငါ​ပေး​သည့်​နံ့ သာ​ပေါင်း​နှင့်​သံ​လွင်​ဆီ​ကို​တင်​ထား​ကြ​၏။- \v 42 ပျော်​ရွှင်​မြူး​တူး​နေ​သော​လူ​တစ်​စု​၏​အ​သံ ကို​ကြား​ရ​၏။ ဤ​လူ​စု​သည်​တော​ကန္တာ​ရ​မှ ခေါ်​ဆောင်​လာ​သူ​များ​ဖြစ်​၏။ သူ​တို့​သည် အ​မျိုး​သ​မီး​တို့​၏​လက်​မောင်း​တွင် လက်​ကောက် များ​ကို​ဝတ်​ပေး​၍​လှ​ပ​သော​သ​ရ​ဖူ​များ ကို​ဆောင်း​ပေး​ကြ​၏။- \v 43 ထို​သူ​တို့​သည်​မျောက်​မ​ထား​မှု​ဖြင့်​နွမ်း​နယ် နေ​ပြီ​ဖြစ်​သော အ​မျိုး​သ​မီး​ကို​ပြည့်​တန်​ဆာ အ​ဖြစ်​အ​သုံး​ပြု​ကြ​ပါ​စေ​ဟု​ငါ​တွေး တော​မိ​၏။- \v 44 သူ​တို့​သည်​ပြည့်​တန်​ဆာ​တို့​ထံ​ထပ်​ခါ​ထပ်​ခါ ပြန်​သွား​ကြ​၏။ သူ​တို့​သည်​အ​ကျင့်​ပျက်​သူ အ​ဟော​လ​နှင့်​အ​ဟော​လိ​ဗ​တို့​ထံ​သို့​ပြန် သွား​ကြ​၏။- \v 45 ထို​မိန်း​မ​နှစ်​ယောက်​တို့​သည်​မျောက်​မ​ထား​သူ၊ လူ​သတ်​သူ​များ​ဖြစ်​သ​ဖြင့်​သူ​တို့​အား​ဖြောင့် မတ်​သော​သူ​တို့​သည် မျောက်​မ​ထား​မှု​နှင့်​လူ သတ်​မှု​တို့​ကို​ကူး​လွန်​သူ​များ​အ​ဖြစ်​ဖြင့် စီ​ရင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 46 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``သူ​တို့​အား​ကြောက်​လန့် တုန်​လှုပ်​စေ​ရန်​နှင့်​လု​ယက်​စေ​ရန် ရုန်း​ရင်း​ဆန် ခတ်​ပြု​သည့်​လူ​အုပ်​ကို​ခေါ်​ခဲ့​လော့။- \v 47 သူ​တို့​အား​ခဲ​နှင့်​ပေါက်​၍​ဋ္ဌား​နှင့်​ခုတ်​လော့။ သူ တို့​၏​သား​သမီး​တို့​ကို​သတ်​၍​အိမ်​များ​ကို​မီး ရှို့​စေ​လော့။- \v 48 ထို​သူ​နှစ်​ယောက်​တို့​ကဲ့​သို့​မျောက်​မ မ​ထား​ကြ စေ​ရန် အ​မျိုး​သ​မီး​အ​ပေါင်း​တို့​အား​သ​တိ ပေး​သည့်​အ​နေ​ဖြင့် ငါ​သည်​တစ်​ပြည်​လုံး​၌ အ​ကျင့်​ပျက်​မှု​မှန်​သ​မျှ​ကို​ရပ်​စဲ​စေ​မည်။- \v 49 အ​ချင်း​ညီ​အစ်​မ​နှစ်​ယောက်​တို့၊ ငါ​သည်​သင်​တို့ အား​အ​ကျင့်​ပျက်​မှု၊ ရုပ်​တု​များ​အား​ရှိ​ခိုး​ဝတ် ပြု​မှု​အ​ပြစ်​များ​အ​တွက်​ဒဏ်​ခတ်​မည်။ ထို​အ​ခါ ငါ​သည်​အ​ရှင်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \c 24 \s1 ချေး​တက်​နေ​သော​ကြေး​အိုး \p \v 1 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​စဉ်​ကိုး​နှစ်​မြောက်​ဒ​သ​မ လ၊ လ​ဆန်း​ဆယ်​ရက်​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​က​ပတ်​တော်​သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။- \v 2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ယ​နေ့​နေ့​စွဲ​ကို ရေး​မှတ်​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​နေ့ သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ဗာ​ဗု​လုန်​မင်း​စ​တင် ဝိုင်း​ရံ​သည့်​နေ့​ဖြစ်​သော​ကြောင့်​တည်း။-\x + \xo 24:2 \xt ၄ရာ၊ ၂၅:၁။ ယေ၊ ၅၂:၄။\x* \v 3 ပုန်​ကန်​တတ်​သော​ငါ​၏​လူ​မျိုး​တော်​အား​သူ​တို့ အ​တွက် ငါ​အ​ရှင်​ထာ​ဝရ​ဘုရား​ဖော်​ပြ​သည့် ပုံ​ဥ​ပ​မာ​ကို​ပြော​ပြ​လော့။ ယင်း​ပုံ​ဥပမာ​မှာ \q1 ``ကြေး​အိုး​ကို​မီး​ဖို​ပေါ်​တွင်​တင်​၍​ရေ​ထည့် ပြီး​လျှင် \q1 \v 4 အ​သား​တုံး​များ​ကို​အိုး​ထဲ​သို့​ထည့်​လော့။ \q2 လက်​ရင်း​ပိုင်း​နှင့်​ပေါင်​များ​မှ​အ​ကောင်း​ဆုံး​သော အ​သား​တစ်​များ​ကို​လည်း​ကောင်း \q1 လက်​ရွေး​စင်​အ​ရိုး​တို့​ကို​လည်း​ကောင်း ကြေး​အိုး​ပြည့်​အောင်​ထည့်​လော့။ \q1 \v 5 အ​ဆူ​ဖြိုး​ဆုံး​သော​သိုး​ကို​သာ​လျှင်​အ​သုံး ပြု​လော့။ \q2 ကြေး​အိုး​အောက်​တွင်​မီး​ထင်း​ထည့်​ကာ \q1 ရေ​ကို​ပွက်​ပွက်​ဆူ​စေ​၍​အ​ရိုး​များ​ကို​ပြုတ်​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။ \p \v 6 အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``လူ သတ်​သ​မား​တို့​၏​မြို့​သည်​အ​မင်္ဂ​လာ​ရှိ​ပါ သည်​တ​ကား။ ယင်း​သည်​အ​ဘယ်​အ​ခါ​၌​မျှ မ​တိုက်​မ​ချွတ်​ဘဲ​ထား​သ​ဖြင့်​ချေး​တက်​နေ သည့်​ကြေး​အိုး​နှင့်​တူ​၏။ ကြေး​အိုး​ထဲ​မှ အ​သား​တစ်​များ​ကို​မဲ​ချ​နေ​စ​ရာ​မ​လို ဘဲ တစ်​တုံး​ပြီး​တစ်​တုံး​အ​ကုန်​အ​စင်​ထုတ် လော့။- \v 7 ထို​မြို့​ထဲ​၌​လူ​သတ်​မှု​ဖြစ်​ပွား​ခဲ့​၏။ သို့ ရာ​တွင်​သွေး​သည်​မြေ​ပေါ်​သို့​မ​ကျ။ ရှင်း လင်း​သော​ကျောက်​သား​ပေါ်​သို့​ကျ​သ​ဖြင့် မြေ​မှုန့်​နှင့်​ဖုံး​အုပ်​ထား​ရန်​မ​ဖြစ်​နိုင်။- \v 8 ထို​သွေး​က​အ​မျက်​နှင့်​လက်​စား​ချေ​စေ​ရန် ငါ သည်​ယင်း​ကို​ဖုံး​အုပ်​၍​မ​ထား​နိုင်​သည့်​နေ​ရာ တွင်​ကျ​စေ​ခြင်း​ဖြစ်​၏'' ဟူ​၍​တည်း။ \p \v 9 ထို​နောက်​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သည် ကား``လူ​သတ်​သ​မား​တို့​၏​မြို့​သည် အ​မင်္ဂ​လာ ရှိ​ပါ​သည်​တ​ကား။ ငါ​ကိုယ်​တိုင်​ပင်​ထင်း​များ ကို​ထည့်​မည်။- \v 10 ထင်း​များ​ကို​ထပ်​မံ​၍​ယူ​လာ​လော့။ မီး​တောက် ကို​ယပ်​ခပ်​ပေး​လော့။ အ​သား​များ​ကို​ချက်​၍ ဟင်း​ခပ်​အ​မွှေး​အ​ကြိုင်​တို့​ဖြင့် ဟင်း​ချို​ကို ဆူ​အောင်​ကျို​ချက်​လော့။ အ​ရိုး​တို့​ကို​ကျွမ်း လောင်​စေ​လော့။- \v 11 ထို​နောက်​အိုး​လွတ်​ကို​နီ​ရဲ​လာ​အောင် မီး​ကျီး ခဲ​များ​အ​ပေါ်​တွင်​တင်​ထား​လော့။ ထို​အ​ခါ ချေး​ကို​မီး​စား​သ​ဖြင့် အိုး​သည်​ဘာ​သာ​ရေး ထုံး​နည်း​နှင့်​အ​ညီ​သန့်​စင်​လာ​လိမ့်​မည်။- \v 12 သို့​ရာ​တွင်​ချေး​ညှိ​အား​လုံး​သည်​မီး​တောက် ထဲ​တွင်​ပင်​လောင်​ကျွမ်း​လိမ့်​မည်​မ​ဟုတ်။-\f 7 \fr 24:12 \ft * \ft ဟေ​ဗြဲ​မူ​တွင်​မ​ရှင်း​ပါ။\f* \v 13 အို ယေ​ရု​ရှင်​လင်​မြို့၊ သင်​သည်​အ​ကျင့်​ပျက်​မှု များ​ဖြင့် မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း​စေ​လေ​ပြီ။ ငါ သည်​သင့်​အား​သန့်​စင်​အောင်​ပြု​သော်​လည်း သင်​သည်​ညစ်​ညမ်း​၍​နေ​၏။ ငါ​၏​အ​မျက်​တော် ဒဏ်​ကို​မ​ခံ​ရ​မ​ချင်း​သင်​သည်​သန့်​စင်​လာ လိမ့်​မည်​မ​ဟုတ်။- \v 14 ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။ ငါ​အ​ရေး​ယူ​ဆောင်​ရွက်​ရ​မည့် အ​ချိန်​ကျ​ပြီ။ ငါ​သည်​သင်​၏​အ​ပြစ်​များ ကို​လျစ်​လူ​ရှု​လိမ့်​မည်​မ​ဟုတ်။ သ​နား​ကြင် နာ​မည်​မ​ဟုတ်။ က​ရု​ဏာ​ထား​မည်​မ​ဟုတ်။ သင်​ပြု​ခဲ့​သည့်​အ​မှု​အ​တွက်​အ​ပြစ်​ဒဏ် ခံ​ရ​မည်'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။ \s1 ပ​ရော​ဖက်​ဇ​နီး​ကွယ်​လွန်​ခြင်း \p \v 15 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့ ထံ​သို့​ရောက်​လာ​၏။- \v 16 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​အ​ချစ်​ဆုံး​သော သူ​ကို​ငါ​သည်​ရုတ်​တ​ရက်​ရုပ်​သိမ်း​မည်။ သင်​သည် မ​ညည်း​ညူ​ရ။ မ​ငို​ရ။ မျက်​ရည်​မ​ကျ​ရ။- \v 17 သင်​ရှိုက်​သည့်​အ​သံ​ကို​လူ​တို့​မ​ကြား​ပါ​စေ​နှင့်။ ဝမ်း​နည်း​ပူ​ဆွေး​သည့်​လက္ခ​ဏာ​ဖြင့်​ခေါင်း​ပေါင်း မ​ပေါင်း​ဘဲ၊ ဖိ​နပ်​မ​စီး​ဘဲ​မ​သွား​မ​လာ​နှင့်။ သင်​၏​မျက်​နှာ​ကို​မ​ဖုံး​မ​အုပ်​နှင့်။ ဝမ်း​နည်း ပူ​ဆွေး​သူ​တို့​စား​သည့်​အ​စား​အ​စာ​ကို လည်း​မ​စား​နှင့်'' ဟု​မိန့်​တော်​မူ​၏။ \p \v 18 ငါ​သည်​နံ​နက်​ပိုင်း​၌​လူ​တို့​နှင့်​စ​ကား​စ​မြည် ပြော​ဆို​နေ​ခဲ့​၏။ ထို​နေ့​ည​နေ​၌​ငါ​၏​ဇ​နီး သည်​ကွယ်​လွန်​သွား​သော်​လည်း နောက်​တစ်​နေ့​၌ ငါ​သည်​ကိုယ်​တော်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ပြု​၏။- \v 19 လူ​တို့​က``သင်​သည်​အ​ဘယ်​ကြောင့်​ဤ​သို့​ပြု သ​နည်း။ အ​ကျွန်ုပ်​တို့​နှင့်​ဆိုင်​သ​လော။ ပြော ပါ​လော့'' ဟု​ငါ့​အား​မေး​ကြ​၏။ \p \v 20 ထို့​ကြောင့်​ငါ​က``ငါ့​ထံ​သို့​ထာ​ဝရ​ဘု​ရား နှုတ်​က​ပတ်​တော်​ရောက်​လာ​၏။- \v 21 ကိုယ်​တော်​သည်​မိ​မိ​၏​အ​မိန့်​တော်​ကို အ​သင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ရန် ငါ့​ကို​စေ​ခိုင်း​တော်​မူ​၏။ သင်​တို့​သည်​ဗိ​မာန် တော်​ခိုင်​ခံ့​မှု​ကို​ဂုဏ်​ယူ​ဝါ​ကြွား​ကြ​၏။ ဗိ​မာန် တော်​ကို​ကြည့်​ရှု​လို​ကြ​၏။ ဗိ​မာန်​တော်​သို့ သွား​ရောက်​လို​ကြ​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ ဘု​ရား​သည်​ထို​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ တော်​မူ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​တွင်​ကျန် ရစ်​ခဲ့​သော​သင်​တို့​၏​အိမ်​ထောင်​စု​သား​လူ ငယ်​များ​သည်​လည်း​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ လိမ့်​မည်။- \v 22 ထို​အ​ခါ​သင်​တို့​သည်​ငါ​ပြု​ခဲ့​သည့်​အ​တိုင်း ပြု​ကြ​လိမ့်​မည်။ သင်​တို့​၏​မျက်​နှာ​များ​ကို​ဖုံး အုပ်​လိမ့်​မည်​မ​ဟုတ်။ ဝမ်း​နည်း​ပူ​ဆွေး​သူ​တို့ သည်​အ​စား​အ​စာ​ကို​စား​လိမ့်​မည်​မ​ဟုတ်။- \v 23 သင်​တို့​သည်​ခေါင်း​ပေါင်း​မ​ပေါင်း​ဘဲ​ဖိ​နပ်​မ​စီး ဘဲ​သွား​လာ​ကြ​လိမ့်​မည်​မ​ဟုတ်။ မြည်​တမ်း​ငို ကြွေး​မှု​ကို​ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​တို့​၏ အ​ပြစ်​များ​ကြောင့်​သင်​တို့​သည်​ကြုံ​လှီ​သွား​ကာ တစ်​ဦး​ရှေ့​တွင်​တစ်​ဦး​ညည်း​တွား​ကြ​လိမ့်​မည်။- \v 24 ထို​အ​ခါ​ငါ​သည်​သင်​တို့​၏​ပုဗ္ဗ​နိ​မိတ်​ဖြစ်​၍ သင်​တို့​သည်​ငါ​ပြု​ခဲ့​သ​မျှ​သော​အ​မှု​တို့​ကို ပြု​ကြ​လိမ့်​မည်။ ဤ​သို့​ဖြစ်​ပျက်​လာ​သော​အ​ခါ ကိုယ်​တော်​သည်​အ​ရှင်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်​ဟု​ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​ဆို​၏။ \p \v 25 ထာ​ဝရ​ဘု​ရား​က``အ​ချင်း​လူ​သား၊ ယ​ခု​ငါ သည်​သူ​တို့​ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ၊ စိတ်​ကြည်​နူး စ​ရာ​ဖြစ်​သော​ခိုင်​ခံ့​လှ​သည့်​ဗိ​မာန်​တော်​ကို ဖယ်​ရှား​မည်။ သူ​တို့​သည်​ထို​ဗိ​မာန်​တော်​ကို ကြည့်​ရှု​လို​ကြ​၏။ ထို​ဗိ​မာန်​တော်​သို့​သွား ရောက်​လို​ကြ​၏။ သူ​တို့​၏​သား​သ​မီး​များ ကို​လည်း​ငါ​သည်​ရုပ်​သိမ်း​မည်။- \v 26 ထို​သို့​ငါ​ပြု​သော​နေ့​၌​သေ​ဘေး​မှ​လွတ်​မြောက် လာ​သူ​တစ်​စုံ​တစ်​ယောက်​သည် ဖြစ်​ပျက်​ခဲ့​သည့် အ​ကြောင်း​အ​ရာ​တို့​ကို​သင့်​ထံ​သို့​လာ​၍ ပြော​ကြား​လိမ့်​မည်။- \v 27 ထို​နေ့​၌​ပင်​လျှင်​သင့်​နှုတ်​သည်​လည်း​ပွင့်​လျက် ထို​သူ​နှင့်​စ​ကား​ပြော​နိုင်​လိမ့်​မည်။ တိတ်​ဆိတ် နေ​တော့​မည်​မ​ဟုတ်။ ဤ​နည်း​အား​ဖြင့်​သင်​သည် လူ​တို့​အ​တွက် ပုဗ္ဗ​နိ​မိတ်​ဖြစ်​လိမ့်​မည်။ ငါ​သည် ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \c 25 \s1 အမ္မုန်​ပြည်​နှင့်​ဆိုင်​သည့်​ဗျာ​ဒိတ် \p \v 1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-\x + \xo 25:1 \xt ယေ၊ ၄၉:၁-၆။ ယေဇ၊ ၂၁:၂၈-၃၂။ အာ၊ ၁:၁၃-၁၅။ ဇေ၊ ၂:၈-၁၁။\x* \v 2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အမ္မုန်​ပြည် သို့​လှည့်​၍​ပ​ရော​ဖက်​ပြု​လျက်​ရှုတ်​ချ​လော့။- \v 3 ထို​ပြည်​သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကို​နား​ထောင်​ကြ​လော့၊ အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဤ​သို့​မိန့်​တော်​မူ​၏။ သင်​တို့ သည်​ငါ​၏​ဗိ​မာန်​တော်​ညစ်​ညမ်း​သွား​သည် ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​ပြည်​ပျက်​ပြုန်း သွား​ခြင်း၊ ယု​ဒ​အ​မျိုး​သား​တို့​ပြည်​နှင်​ဒဏ် သင့်​ကြ​ခြင်း​ကို​မြင်​သော​အ​ခါ​ဝမ်း​မြောက် ကြ​၏။- \v 4 ယင်း​သို့​သင်​တို့​ဝမ်း​မြောက်​မှု​အ​တွက် ငါ​သည် ရှေ့​အ​ရပ်​မှ​လူ​မျိုး​နွယ်​များ​လက်​သို့​သင်​တို့ ကို​ရောက်​စေ​မည်။ သူ​တို့​သည်​သင်​တို့​၏​ပြည် တွင်​စ​ခန်း​များ​ချ​၍​နေ​ထိုင်​ကြ​လိမ့်​မည်။ သင်​တို့​စား​ရ​မည့်​အ​သီး​အ​နှံ​ကို​စား​၍ သင်​တို့​သောက်​ရ​မည့်​နို့​ကို​သောက်​ကြ​လိမ့် မည်။- \v 5 ရဗ္ဗာ​မြို့​ကို​ကု​လား​အုတ်​တင်း​ကုတ်၊ အမ္မုန် ပြည်​တစ်​ခု​လုံး​ကို​သိုး​စား​ကျက်​ဖြစ်​စေ မည်။ ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​ကို​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။'' \p \v 6 ``အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား သင်​တို့​သည်​လက်​ခုပ်​တီး​၍​ဝမ်း​မြောက်​စွာ ခုန်​ပေါက်​ကြ​၏။ ဣ​သ​ရေ​လ​ပြည်​ကို​ရွံ​ရှာ စက်​ဆုပ်​ကြ​၏။- \v 7 ထို​ကြောင့်​ငါ့​လက်​ကို​ဆန့်​လျက်​သင်​တို့​အား လု​ယက်​တိုက်​ခိုက်​ကြ​စေ​ရန် အ​ခြား​လူ​မျိုး တို့​၏​လက်​သို့​ငါ​ပေး​အပ်​မည်။ ငါ​သည်​သင် တို့​အား​လုံး​ဝ​ပျက်​စီး​အောင်​စီ​ရင်​မည်​ဖြစ်​၍ သင်​တို့​သည်​ကိုယ်​ပိုင်​ပြည်​နှင့်​နေ​ရ​ကြ​တော့ မည်​မ​ဟုတ်။ လူ​မျိုး​တစ်​မျိုး​အ​နေ​ဖြင့်​လည်း ရပ်​တည်​နိုင်​ကြ​တော့​မည်​မ​ဟုတ်။ ထို အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​သင်​တို့​သိ​ရ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ \s1 မော​ဘ​ပြည်​နှင့်​ဆိုင်​သော​ဗျာ​ဒိတ် \p \v 8 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​အ​မျိုး သား​တို့​သည် လူ​မျိုး​ခြား​အ​ပေါင်း​တို့​နှင့် တူ​သည်​ဟု​မော​ဘ​ပြည်​နှင့်​စိ​ရ​မြို့​သား တို့​ဆို​သ​ဖြင့်၊-\x + \xo 25:8 \xt ဟေရှာ၊ ၁၅:၁-၁၆:၁၄၊ ၂၅:၁၀-၁၂။ ယေ၊ ၄၈:၁-၄၇။ အာ၊ ၂:၁-၃။ ဇေ၊ ၂:၈-၁၁။\x* \v 9 ငါ​သည်​ထို​ပြည်​၏​ကျက်​သ​ရေ​ဆောင်​ဗက် ယေ​ရှိ​မုတ်၊ ဗာ​လ​မောင်​နှင့်​ကိရ​ယ​သိမ်​မြို့ များ​အ​ပါ​အ​ဝင်​နယ်​ခြား​ခံ​တပ်​မြို့​တို့ ကို​ရန်​သူ​တို့​အား​တိုက်​ခိုက်​စေ​မည်။- \v 10 ငါ​သည်​မော​ဘ​ပြည်​ကို​အ​မ္မုန်​ပြည်​နှင့် အ​တူ အ​ရှေ့​အ​ရပ်​မှ​လူ​မျိုး​အ​နွယ်​တို့ လက်​သို့​အ​ပိုင်​ပေး​အပ်​မည်။ သို့​ဖြစ်​၍ မော​ဘ​ပြည်​သည်​တိုင်း​နိုင်​ငံ​တစ်​ခု အ​ဖြစ်​ဖြင့်​ရပ်​တည်​နိုင်​တော့​မည်​မ​ဟုတ်။- \v 11 မော​ဘ​ပြည်​သား​တို့​ကို​ငါ​အ​ပြစ်​ဒဏ်​ပေး မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ \s1 ဧ​ဒုံ​ပြည်​နှင့်​ဆိုင်​သော​ဗျာ​ဒိတ် \p \v 12 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဧ​ဒုံ​ပြည်​သည် ရက်​စက်​စွာ​ယု​ဒ​ပြည်​ကို​လက်​စား​ချေ ခြင်း​အား​ဖြင့်​ကြီး​လေး​သော​အ​ပြစ်​ကို ကူး​လွန်​၏။-\x + \xo 25:12 \xt ဟေရှာ၊ ၃၄:၅-၁၇၊ ၆၃:၁-၆။ ယေ၊ ၄၉:၇-၂၂။ ယေဇ၊ ၃၅:၁-၁၅။ အာ၊ ၁:၁၁-၁၂။ သြ၊ ၁-၁၄။ မာလ၊ ၁:၂-၅။\x* \v 13 သို့​ဖြစ်​၍​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ငါ​သည် ဧ​ဒုံ​ပြည်​ကို​ဒဏ်​ခတ်​၍​လူ​နှင့်​တိ​ရစ္ဆာန်​ရှိ သ​မျှ​တို့​ကို ပယ်​ရှင်း​မည်​ဖြစ်​ကြောင်း​ကြေ ညာ​၏။ ငါ​သည်​တေ​မာန်​မြို့​မှ​သည်​ဒေ​ဒန် မြို့​တိုင်​အောင် လူ​သူ​ဆိတ်​ညံ​ရာ​အ​ရပ်​ဖြစ် စေ​မည်။ လူ​တို့​သည်​လည်း​စစ်​ပွဲ​တွင်​ကျ ဆုံး​ကြ​လိမ့်​မည်။- \v 14 ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ငါ​၏​ကိုယ်​စား​ဧ​ဒုံ​ပြည်​သား တို့​ကို​လက်​စား​ချေ​လျက် ငါ​၏​ပြင်း​ထန်​သော အ​မျက်​ဒေါ​သ​ဒဏ်​ကို​ခံ​စေ​လိမ့်​မည်။ ငါ ၏​လက်​စား​ချေ​မှု​ကို​ဧ​ဒုံ​ပြည်​သား​တို့ သိ​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ ကား​အ​ရှင်​ထာ​ဝ​ရ​ဘုရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။ \s1 ဖိ​လိတ္တိ​ပြည်​သား​တို့​နှင့်​ဆိုင်​သော​ဗျာ​ဒိတ် \p \v 15 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ဖိ​လိတ္တိ​ပြည်​သား များ​သည် မိ​မိ​တို့​၏​ရာ​သက်​ပန်​ရန်​သူ​ယု​ဒ အား​ရက်​စက်​စွာ​လက်​စား​ချေ​ကာ မုန်း​တီး စိတ်​ဖြင့်​ဖျက်​ဆီး​သုတ်​သင်​ပစ်​ကြ​၏။-\x + \xo 25:15 \xt ဟေရှာ၊ ၁၄:၂၉-၃၁။ ယေ၊ ၄၇:၁-၇။ ယောလ၊ ၃:၄-၈။ အာ၊ ၁:၆-၈။ ဇေ၊ ၂:၄-၇။ ဇာ၊ ၉:၅-၇။\x* \v 16 သို့​ဖြစ်​၍​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ငါ​သည် လက်​တော်​ကို​ဆန့်​လျက်​ဖိ​လိတ္တိ​ပြည်​သား​တို့ အား တိုက်​ခိုက်​၍​ခေ​ရ​သိ​လူ​မျိုး​တို့​ကို​ဖယ် ရှား​ပစ်​မည်​ဖြစ်​ကြောင်း​ကြေ​ညာ​၏။ ပင်​လယ် ကမ်း​နား​တွင်​အ​သက်​ရှင်​လျက် ကျန်​ရှိ​သ​မျှ သော​သူ​တို့​အား​ငါ​သုတ်​သင်​ပစ်​မည်။- \v 17 သူ​တို့​အား​ပြင်း​ထန်​စွာ​အ​ပြစ်​ပေး​၍​အ ပြည့်​အ​ဝ​လက်​စား​ချေ​မည်။ သူ​တို့​သည် ငါ​၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​ရ​ကြ​လိမ့် မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \c 26 \s1 တု​ရု​မြို့​နှင့်​ဆိုင်​သော​ဗျာ​ဒိတ် \p \v 1 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​တစ်​နှစ် မြောက်၊ ပ​ထ​မ​လ၊ လ​ဆန်း​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-\x + \xo 26:1 \xt ဟေရှာ၊ ၂၃:၁-၁၈။ ယောလ၊ ၃:၄-၈။ အာ၊ ၁:၉-၁၀။ ဇာ၊ ၉:၁-၄။ မ၊ ၁၁:၂၁-၂၂။ လု၊ ၁၀:၁၃-၁၄။\x* \v 2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တု​ရု​မြို့​သား တို့​က`ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​သည်​ပျက်​ပြုန်း လေ​ပြီ။ ထို​မြို့​၌​တံ​ခါး​များ​ပွင့်​လျက်​ရှိ​၏။ ထို​မြို့​သည်​ငါ​တို့​နှင့်​ပြိုင်​ဘက်​မ​ဖြစ်​တော့ ပြီ' ဟု​ဝမ်း​မြောက်​စွာ​ဟစ်​အော်​ကြွေး​ကြော် လျက်​နေ​ကြ​၏။ \p \v 3 ``သို့​ဖြစ်​၍​ယ​ခု​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ချင်း​တု​ရု​မြို့၊ ငါ သည်​သင်​၏​ရန်​သူ​ဖြစ်​၏။ သင့်​အား​တိုက်​ခိုက် ကြ​စေ​ရန်​လူ​မျိုး​တ​ကာ​တို့​ကို​ငါ​ခေါ် ဆောင်​ခဲ့​မည်။ သူ​တို့​သည်​ပင်​လယ်​လှိုင်း​လုံး များ​သ​ဖွယ်​သင်​ရှိ​ရာ​သို့​ချီ​တက်​လာ ကြ​လိမ့်​မည်။- \v 4 သင်​၏​မြို့​ရိုး​တို့​ကို​ဖျက်​ဆီး​၍​ပြ​အိုး​တို့ ကို​ဖြို​ချ​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည် ထို​မြေ​မှုန့်​တို့​ကို​လွင့်​စေ​၍ ကျောက်​သား ပ​က​တိ​ကို​သာ​လျှင်​ကျန်​ရှိ​စေ​မည်။- \v 5 ပင်​လယ်​ရေ​ဝိုင်း​ရံ​လျက်​ရှိ​သော​ထို​ကျောက် ၏​အ​ပေါ်​တွင် ရေ​လုပ်​သား​တို့​ပိုက်​ကွန်​များ ကို​လှန်း​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာဝရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။ လူ မျိုး​တကာ​တို့​သည်​တု​ရု​မြို့​ကို​တိုက်​ခိုက် လု​ယက်​ကြ​လိမ့်​မည်။- \v 6 ပြည်​မ​ရှိ​မြို့​များ​မှ​လူ​တို့​ကို​လည်း​ဋ္ဌား ဘေး​သင့်​စေ​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည် ထာ​ဝရ​ဘုရား​ဖြစ်​တော်​မူ​ကြောင်း တု​ရု​မြို့ သား​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟူ​၍​တည်း။ \p \v 7 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ဘု​ရင်​တ​ကာ​တို့ တွင် အ​ကြီး​မြတ်​ဆုံး​ဖြစ်​သည့်​ဗာ​ဗု​လုန် ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​အား တု​ရု​မြို့​ကို တိုက်​ခိုက်​ရန်​ငါ​ခေါ်​ဆောင်​ခဲ့​မည်။ သူ​သည် ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင်​ဖြစ်​လျက်၊ မြင်း များ​စစ်​မြင်း​ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ များ​နှင့်​တ​ကွ​ကြီး​မား​သော​စစ်​သည် အ​လုံး​အ​ရင်း​နှင့်​မြောက်​အ​ရပ်​မှ​ချီ တက်​လာ​လိမ့်​မည်။- \v 8 ပြည်​ပ​ရှိ​မြို့​များ​တွင်​နေ​ထိုင်​ကြ​သူ​တို့ သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​လိမ့်​မည်။ ရန်​သူ များ​သည်​က​တုပ်​ကျင်း​များ​ကို​တူး​၍​မြေ က​တုပ်​များ​ကို​ဖို့​ကာ​ဒိုင်း​လွှား​များ​ကို ကာ​လျက်​သင့်​အား​တိုက်​ခိုက်​လိမ့်​မည်။- \v 9 သင်​၏​မြို့​ရိုး​တို့​ကို​လက်​နက်​များ​ဖြင့် ထု​ဖြို​ကြ​လိမ့်​မည်။ သင်​၏​ရဲ​တိုက်​များ ကို​လည်း​သံ​ချောင်း​များ​ဖြင့်​ဖြို​ချ ကြ​လိမ့်​မည်။- \v 10 သူ​တို့​၏​မြင်း​များ​ကြောင့်​လွင့်​တက်​လာ​သော မြေ​မှုန့်​တို့​သည်​သင့်​အား​ဖုံး​လွှမ်း​လိမ့်​မည်။ မြို့​တွင်း​သို့​လူ​များ​ဝင်​သ​ကဲ့​သို့​ပျက်​စီး နေ​သော​မြို့​၏​တံ​ခါး​များ​ကို​ဖြတ်​၍ မြင်း များ​လှည်း​ဆွဲ​သံ၊ စစ်​မြင်း​ရ​ထား​ဆွဲ​သံ တို့​သည်​သင်​၏​မြို့​ရိုး​များ​ကို​တုန်​လှုပ် စေ​လိမ့်​မည်။- \v 11 သူ​တို့​၏​မြင်း​စီး​သူ​ရဲ​များ​သည်​သင်​၏ လမ်း​များ​ကို​ဖြတ်​ကျော်​ကာ​လူ​တို့​အား ဋ္ဌား​ဖြင့်​သတ်​ကြ​လိမ့်​မည်။ သင်​၏​ခိုင်​ခံ့ သော​ကျောက်​တိုင်​များ​သည်​မြေ​ပေါ်​သို့ ပြို​လဲ​ကြ​လိမ့်​မည်။- \v 12 ရန်​သူ​များ​သည်​သင်​၏​ဥစ္စာ​ဘဏ္ဍာ​နှင့်​ကုန် ပစ္စည်း​များ​ကို​သိမ်း​ယူ​ကြ​လိမ့်​မည်။ အုတ် နံ​ရံ​များ​ကို​ဖြို​ချ​၍ သင်​၏​လှ​ပ​သော အိမ်​များ​ကို​ဖြို​ဖျက်​ကြ​လိမ့်​မည်။ သင်​တို့ ၏​ကျောက်​များ၊ သစ်​သား​များ​နှင့်​အိမ် အ​ပျက်​အ​စီး​များ​ကို​ပင်​လယ်​ထဲ​သို့ ပစ်​လိမ့်​မည်။- \v 13 သင်​၏​သီ​ချင်း​သံ​များ၊ စောင်း​သံ​များ​ကို ငါ​ရပ်​စဲ​စေ​မည်။-\x + \xo 26:13 \xt ဗျာ၊ ၁၈:၂၂။\x* \v 14 ရေ​လုပ်​သား​တို့​ပိုက်​ကွန်​လှန်း​ရန်​ကျောက် သား​ပ​က​တိ​ကို​သာ​လျှင်​ချန်​ထား​မည်။ မြို့​ကို​အ​ဘယ်​အ​ခါ​မျှ​ပြန်​လည်​တည် ဆောက်​ရ​မည်​မ​ဟုတ်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။'' \p \v 15 တု​ရု​မြို့​အား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား``သင့်​အား​ရန်​သူ​တို့​တိုက် ခိုက်​အောင်​မြင်​နေ​ချိန်​၌ အ​သတ်​ခံ​ရ​သူ​တို့ နှင့်​ဒဏ်​ရာ​ရ​သူ​တို့​အော်​ဟစ်​သံ​များ​ကြောင့် ပင်​လယ်​ကမ်း​ခြေ​တစ်​လျှောက်​တွင်​နေ​ထိုင် ကြ​သူ​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ လိမ့်​မည်။- \v 16 ပင်​လယ်​ရေ​ကြောင်း​ခ​ရီး​သွား​လာ​သော နိုင်​ငံ​တို့​၏​ဘုရင်​အ​ပေါင်း​သည်​ရာ​ဇ​ပလ္လင် များ​ပေါ်​မှ​ဆင်း​ကြ​ကာ မိ​မိ​တို့​၏​ဝတ်​လုံ များ​နှင့်​ပန်း​ထိုး​ထည်​များ​ကို​ချွတ်​၍ မြေ ပေါ်​တွင်​တုန်​လှုပ်​လျက်​ထိုင်​ကြ​လိမ့်​မည်။ သင် တွေ့​ကြုံ​ရ​သည့်​ကံ​ကြမ္မာ​ကို​မြင်​၍ သူ​တို့ သည်​အံ့​အား​သင့်​လျက်​အ​ဆက်​မ​ပြတ် တုန်​လှုပ်​နေ​ကြ​လိမ့်​မည်။\x + \xo 26:16 \xt ဗျာ၊ ၁၈:၉-၁၀။\x* \p \v 17 သို့​ဖြစ်​၍​သူ​တို့​သည်​သင့်​အား​ရည်​စူး ကာ​ငို​ခြင်း​သီ​ဆို​သည်​မှာ \q1 ထင်​ပေါ်​ကျော်​ဇော​သော​မြို့​သည်​ပျက်​စီး လေ​ပြီ​တ​ကား။ \q2 ပင်​လယ်​နား​၌​နေ​သော​မြို့​များ​သည်​ပယ်​ရှင်း ခြင်း​ကို ခံ​ရ​ပြီ​တ​ကား။ \q1 ဤ​မြို့​သား​တို့​သည်​ပင်​လယ်​များ​ကို​အ​စိုး​ရ ခဲ့​၏။ \q2 ပင်​လယ်​ကမ်း​ခြေ​တွင်​နေ​ထိုင်​သူ​တို့​အား​လည်း ကြောက်​လန့်​တုန်​လှုပ်​စေ​ခဲ့​ကြ​၏။ \q1 \v 18 ယင်း​မြို့​ပြို​လဲ​သော​နေ့​၌​ကမ်း​ခြေ​ဒေ​သ တို့​သည် တုန်​လှုပ်​ကြ​ကုန်​၏။ \q2 ပင်​လယ်​ထဲ​ရှိ​ကျွန်း​များ​တို့​သည်​လည်း​ဤ​မြို့ ပျက်​စီး​ရ​ပုံ​ကို​မြင်​၍​ကြောက်​လန့်​ကြ​၏။'' \p ဟူ​၍​တည်း။ \p \v 19 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင့်​အား လူ​သူ​မ​နေ​သည့်​မြို့​ပျက်​များ​ကဲ့​သို့​ဖြစ်​စေ မည်။ သမုဒ္ဒ​ရာ​ရေ​ကို​ယူ​ဆောင်​ခဲ့​၍ ပင်​လယ်​ရေ ဖြင့်​ဖုံး​လွှမ်း​စေ​မည်။- \v 20 ရှေး​ပ​ဝေ​သ​ဏီ​အ​ခါ​က​အ​သက်​ရှင်​ခဲ့ ကြ​သူ​တို့​နှင့်​အ​တူ​နေ​ထိုင်​ရန် သင့်​အား မြေ​အောက်​မ​ရ​ဏာ​နိုင်​ငံ​သို့​ပို့​ဆောင်​မည်။ ငါ​သည်​သင့်​အား​ထို​မြေ​အောက်​လော​က​ရှိ ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​လျက်​နေ​သည့် အ​ရပ်​၌​မြေ​တွင်း​ထဲ​တွင်​နေ​စေ​မည်။ သင် သည်​ထို​အ​ရပ်​မှ​အ​ဘယ်​အ​ခါ​၌​မျှ အ​သက်​ရှင်​သူ​တို့​ရှိ​ရာ​အ​ရပ်​သို့​ပြန် လာ​ရ​လိမ့်​မည်​မ​ဟုတ်။- \v 21 ငါ​သည်​သင့်​ကို​ကြောက်​လန့်​ဖွယ်​ရာ​ဇာတ် သိမ်း​ခန်း​ရောက်​ရ​ပေ​တော့​အံ့။ လူ​တို့​သည် ရှာ​သော်​လည်း​သင့်​ကို​တွေ့​ရ​တော့​မည်​မ ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စကား ဖြစ်​၏။\x + \xo 26:21 \xt ဗျာ၊ ၁၈:၂၁။\x* \c 27 \s1 တု​ရု​မြို့​အ​တွက်​ငို​ချင်း \p \v 1 ထာ​ဝ​ရ​ဘု​ရား​ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊- \v 2 ``အ​ချင်း​လူ​သား၊ တု​ရု​မြို့​အ​တွက်​ငို​ချင်း​ကို ဖွင့်​ဆို​လော့။- \v 3 ထို​မြို့​သည်​ပင်​လယ်​ကမ်း​စပ်​တွင်​ရှိ​၍ ပင်​လယ် ကမ်း​ခြေ​ပေါ်​တွင်​ရှိ​သ​မျှ​သော​မြို့​တို့​နှင့်​ကုန် သွယ်​ဘက်​ဖြစ်​၏။ သူ့​အား​အ​ရှင်​ထာ​ဝရ​ဘု​ရား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​ဤ​သို့​ဆင့်​ဆို လော့။ \p ``အ​ချင်း​တု​ရု​မြို့၊ သင်​သည်​အ​ပြစ်​ဆို​ဖွယ် မ​ရှိ​အောင်​လှ​ပ​တင့်​တယ်​သည့်​အ​တွက်​ဝါ ကြွား​တတ်​၏။ \q1 \v 4 ပင်​လယ်​သည်​သင်​နေ​ထိုင်​ရာ​အ​ရပ်​ဖြစ်​၏။ \q2 သင်​၏​ဗိ​သု​ကာ​တို့​သည်​သင့်​အား​လှ​ပ​စွာ တည်​ဆောက်​ထား​ကြ​၏။ \q1 \v 5 သူ​တို့​သည်​ဟေ​ရ​မုန်​တောင်​မှ ထင်း​ရှူး​ပင်​များ​ကို​ပျဉ်​အ​တွက်၊ \q2 လေ​ဗ​နုန်​တော​မှ​အာ​ရစ်​ပင်​ကို ရွက်​တိုင်​အ​တွက်​အ​သုံး​ပြု​ကြ​၏။ \q1 \v 6 လှော်​တက်​များ​ကို​ပြု​လုပ်​ရန်​ဗာ​ရှန်​တော​မှ ဝက်​သစ်​ချ​ပင်​များ​ကို​ယူ​ဆောင်​လာ​ကြ​၏။ \q2 သင်​၏​ကုန်း​ပတ်​ကို​ကု​ပ​ရု​ကျွန်း​မှ​ရ​သော \q1 ထင်း​ရှူး​ဖြင့်​ပြု​လုပ်​ကာ​ဆင်​စွယ်​များ​ဖြင့် ချယ်​လှယ်​ထား​ကြ​၏။ \q1 \v 7 သင်​၏​ရွက်​များ​ကို​အီ​ဂျစ်​ပြည်​မှ​ရ​သော ပန်း​ထိုး​ထည် \q2 ပိတ်​ချော​ဖြင့်​ပြု​လုပ်​ထား​ကြောင်း​အ​ဝေး​က​ပင် အ​လံ​သ​ဖွယ်​အ​လွယ်​တ​ကူ​သိ​နိုင်​၏။ \q1 သင်​၏​နေ​ရောင်​ကာ​များ​သည်​ဧ​လိ​ရှ​ကျွန်း မှ​ရ​ရှိ​သော \q2 မ​ရမ်း​စေ့​ရောင်​အ​ကောင်း​စား​ပိတ်​ချော​ဖြင့် ပြု​လုပ်​ထား​၏။ \q1 \v 8 သင်​၏​လှော်​တက်​ကိုင်​သ​မား​များ​မှာ​ဇိ​ဒုန် မြို့​သား​နှင့် အာ​ဝဒ်​မြို့​သား​များ​ဖြစ်​၏။ \q2 လေ့​ကျင့်​မှု​ရှိ​သူ​တု​ရု​မြို့​သား​များ​က သင်္ဘော​သား​များ​ဖြစ်​ကြ​၏။ \q1 \v 9 သင်္ဘော​ကို​ပြု​ပြင်​ဖာ​ထေး​ရန်​လိုက်​ပါ​သည့် \q2 ကျွမ်း​ကျင်​သူ​လက်​သ​မား​ဆ​ရာ​များ​သည် ဂေ​ဗ​လ​မြို့​မှ​ဖြစ်​ကြ​၏။ \q1 ပင်​လယ်​ကူး​သင်္ဘော​မှန်​သ​မျှ​မှ​သင်္ဘော​သား​တို့​သည် သင်​နှင့်​ရောင်း​ဝယ်​ဖောက်​ကား​မှု​ကို​ပြု​ကြ​၏။ \p \v 10 ``ပေ​ရ​သိ​ပြည်၊ လု​ဒ​ပြည်၊ ဖု​တ​ပြည်​တို့​မှ​စစ် သူ​ရဲ​များ​သည်​သင်​၏​တပ်​မ​တော်​တွင်​အ​မှု ထမ်း​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​ဒိုင်း​လွှား များ​နှင့်​သံ​ခ​မောက်​များ​ကို​သင်​၏​စစ်​တန်း လျား​များ​တွင်​ဆွဲ​ချိတ်​ထား​ကြ​၏။ သူ​တို့ သည်​ကား​သင်​၏​ဂုဏ်​အ​သ​ရေ​ကို​တိုး​စေ သူ​များ​ဖြစ်​ကြ​၏။- \v 11 အာ​ဝဒ်​မြို့​မှ​စစ်​သူ​ရဲ​များ​က​သင်​၏​မြို့​ရိုး များ​ကို​လည်း​ကောင်း၊ ဂမ္မ​ဒိမ်​မြို့​သား​တို့​က သင်​၏​ပြ​အိုး​တို့​ကို​လည်း​ကောင်း​စောင့်​ကြပ် ပေး​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​ဒိုင်း​လွှား များ​ကို​သင်​တို့​၏​မြို့​ရိုး​တွင်​ဆွဲ​ချိတ်​ထား ကြ​၏။ သင့်​အား​လှ​ပ​တင့်​တယ်​စေ​သူ​များ ကား​ထို​သူ​တို့​ပင်​ဖြစ်​သ​တည်း။ \p \v 12 ``သင်​သည်​မိ​မိ​၏​များ​မြောင်​သော​ကုန်​စည် တို့​ကို​တာ​ရှု​မြို့​တွင် ငွေ၊ သံ၊ သံ​ဖြူ၊ ခဲ​တို့ နှင့်​လဲ​လှယ်​ကာ​ကုန်​သွယ်​မှု​ကို​ပြု​၏။- \v 13 ယာ​ဝန်​မြို့၊ တု​ဗ​လ​မြို့​နှင့်​မေ​ရှက်​မြို့​တို့ တွင်​သင်​၏​ကုန်​စည်​များ​ကို​ကျွန်​များ၊ ကြေး နီ​အိုး​များ​နှင့်​လဲ​လှယ်​၏။- \v 14 တော​ဂါ​မ​မြို့​မှ​လာ​သော​ခိုင်း​မြင်း၊ စီး​မြင်း နှင့်​လား​များ​ကို​သင်​သည်​မိ​မိ​၏​ကုန်​စည် များ​နှင့်​လဲ​လှယ်​၏။- \v 15 ဒေ​ဒန်​မြို့​သား​တို့​သည်​လည်း​သင်​နှင့်​ကုန်​သွယ် မှု​ကို​ပြု​ကြ​၏။ ပင်​လယ်​ကမ်း​ခြေ​အ​မြောက် အ​မြား​မှ​လူ​တို့​သည် ဆင်​စွယ်​နှင့်​အ​နက်​ရောင် ရှိ​သော​သစ်​သား​များ​ကို​သင်​၏​ကုန်​ပစ္စည်း များ​နှင့်​လဲ​လှယ်​ကြ​၏။- \v 16 ရှု​ရိ​ပြည်​သား​တို့​သည်​သင်​ထုတ်​လုပ်​သည့် ကုန်​ပစ္စည်း​အ​မျိုး​မျိုး​ကို​ဝယ်​ယူ​ကာ ယင်း တို့​၏​တန်​ဖိုး​ကို​မြ၊ ကျောက်​နီ၊ မ​ရမ်း​စေ့ ရောင်​အ​ထည်​အ​လိပ်၊ ပန်း​ထိုး​ထည်၊ ပိတ်​ချော၊ သန္တာ​နှင့်​ပတ္တမြား​တို့​ဖြင့်​ပေး​ချေ​ကြ​၏။- \v 17 ယု​ဒ​ပြည်​နှင့်​ဣသ​ရေ​လ​ပြည်​တို့​က​သင်​၏ ကုန်​စည်​များ​ကို​မင်း​နစ်​မြို့​မှ​ဂျုံ​စ​ပါး၊ ပျား ရည်၊ သံ​လွင်​ဆီ၊ အ​မွှေး​အ​ကြိုင်​အ​မျိုး​မျိုး ပေး​၍​ဝယ်​ယူ​ကြ​၏။- \v 18-19 ဒ​မာ​သက်​မြို့​က​သင့်​ကုန်​စည်​များ​နှင့်​သင် ထုတ်​လုပ်​သည့်​ပစ္စည်း​အ​သုံး​အ​ဆောင်​များ ကို​ဝယ်​ယူ​ကာ ဥ​ဇ​လ​မြို့​အ​နီး​ရှိ​ဝေ​ဒန် မြို့​နှင့်​ယာ​ဝန်​မြို့​တို့​က​လည်း ပစ္စည်း​အ​သုံး အ​ဆောင်​များ​အ​တွက်​ဟေ​လ​ဗုန်​စ​ပျစ်​ရည်၊ စ​ဟာ​ရ​သိုး​မွေး​တို့​ဖြင့်​ပေး​ချေ​ကြ​၏။ သူ တို့​သည်​သံ​ကြွတ်၊ အ​မွှေး​အ​ကြိုင်​အ​မျိုး မျိုး​နှင့်​လည်း သင်​၏​ကုန်​စည်​များ​ကို​လဲ လှယ်​ကြ​၏။- \v 20 ဒေ​ဒန်​မြို့​သား​တို့​သည်​သင်​၏​ကုန်​စည် များ​ကို​မြင်း​ကုန်း​နှီး​အ​ခင်း​များ​နှင့် လဲ​လှယ်​ကြ​၏။- \v 21 အာ​ရပ်​သား​များ​နှင့်​ကေ​ဒါ​ဘု​ရင်​တို့ သည်​သင်​၏​ကုန်​စည်​များ​ကို​သိုး​ငယ်၊ သိုး ကြီး​နှင့်​ဆိတ်​များ​ကို​ပေး​၍​ဝယ်​ယူ​ကြ​၏။- \v 22 ရှေ​ဘ​နှင့်​ရာ​ဂ​မ​မြို့​များ​မှ​ကုန်​သည်​တို့ သည်​သင်​၏​ကုန်​စည်​များ​ကို​အ​ကောင်း​ဆုံး အ​မွှေး​အ​ကြိုင်​များ၊ ကျောက်​မျက်​ရ​တ​နာ များ​နှင့်​ရွှေ​တို့​ဖြင့်​ဝယ်​ယူ​ကြ​၏။- \v 23 ခါ​ရန်​မြို့၊ ကန္နေ​မြို့၊ ဧ​ဒင်​မြို့​တို့​သည်​လည်း ကောင်း၊ ရှေ​ဘ​မြို့၊ အာ​ရှု​ရိ​မြို့​နှင့်​ခိ​လမဒ် မြို့​များ​မှ​ကုန်​သည်​တို့​သည်​လည်း​ကောင်း သင်​နှင့်​ကုန်​သွယ်​မှု​ကို​ပြု​ကြ​၏။- \v 24 သူ​တို့​က​လှ​ပ​သော​အ​ဝတ်​တန်​ဆာ၊ မ​ရမ်း စေ့​ရောင်​အ​ထည်​အ​လိပ်၊ ပန်း​ထိုး​ထည်၊ အ​ရောင် တောက်​ပ​သော​ကော်​ဇော​နှင့်​ခိုင်​ခံ့​အောင်​ကျစ် ထား​သော​ကြိုး​အ​မျိုး​မျိုး​တို့​ကို​ရောင်း​ချ ကြ​၏။- \v 25 သင်​၏​ထံ​မှ​ကုန်​စည်​များ​ကို​အ​ကြီး​မား ဆုံး​ကုန်​သင်္ဘော​ကြီး​များ​ဖြင့်​သယ်​ဆောင် သွား​ကြ​၏။ \q1 ``သင်​သည်​လေး​လံ​သော​ကုန်​စည်​များ​ကို \q2 တင်​ဆောင်​ကာ​ပင်​လယ်​ထဲ​သို့​ရောက်​နေ​သော သင်္ဘော​နှင့်​တူ​၏။\x + \xo 27:25 \xt ဗျာ၊ ၁၈:၁၁-၁၉။\x* \q1 \v 26 သင့်​အား​လှော်​ခတ်​သူ​တို့​သည်​ပင်​လယ်​ထဲ​သို့ ထုတ်​ဆောင်​လာ​သော​အ​ခါ၊ \q2 အ​ရှေ့​လေ​သည်​ပင်​လယ်​ထဲ​၌​သင့်​ကို ပျက်​စီး​သွား​စေ​၏။ \q1 \v 27 သင်​ချမ်း​သာ​သ​မျှ​ကုန်​စည်​များ၊ \q2 သင်​၏​သင်္ဘော​သား​အား​လုံး၊သင်္ဘော​ပြု​ပြင်​သူ လက်​သ​မား​ဆ​ရာ​များ​နှင့်​ကုန်​သည်​များ၊ \q1 သင်္ဘော​ပေါ်​ရှိ​စစ်​သူ​ရဲ​များ​နှင့်​ရှိ​ရှိ​သ​မျှ သော လူ​တို့​သည် \q2 သင်​၏​သင်္ဘော​ပျက်​သော​အ​ခါ​ပင်​လယ်​ထဲ တွင် နစ်​မြုပ်​သေ​ဆုံး​ကြ​ကုန်​၏။ \q1 \v 28 ရေ​နစ်​သေ​ဆုံး​ကြ​သည့်​သင်္ဘော​သား​တို့ \q2 ဟစ်​အော်​သံ​သည်​ကမ်း​ခြေ​တွင်​ပဲ့​တင်​ထပ် ၍​သွား​၏။ \b \q1 \v 29 ``သင်္ဘော​သား​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏ \q2 သင်္ဘော​များ​ကို​စွန့်​ကာ​ကုန်း​ပေါ်​သို့​တက်​ကြ လေ​ပြီ။ \q1 \v 30 သူ​တို့​သည်​မိ​မိ​တို့​ဦး​ခေါင်း​ပေါ်​သို့​မြေ​မှုန့် များ​ကို မြှောက်​ကြဲ​၍​ပြာ​ထဲ​တွင်​လူး​လှိမ့်​လျက် \q2 သင်​၏​အ​တွက်​ပြင်း​ပြ​စွာ​ငို​ကြွေး​မြည် တမ်း​ကြ​၏။ \q1 \v 31 သူ​တို့​သည်​သင်​၏​အ​ဖြစ်​ကို​မြင်​၍ \q2 ဦး​ခေါင်း​များ​ကို​ရိတ်​ကာ​ဝမ်း​နည်း​ပူ​ဆွေး သည့် လက္ခ​ဏာ​ဖြင့်​လျှော်​တေ​ကို​ဝတ်​ကြ​၏။ \q1 သူ​တို့​သည်​ဝမ်း​နည်း​ပက်​လက်​ဟစ်​အော် ငို​ကြွေး​ကြ​၏။ \q2 သူ​တို့​သည်​ငို​ကြွေး​မြည်​တမ်း​လျက်​သင်​နှင့် ဆိုင်​သော ငို​ချင်း​ကို​သီ​ဆို​ကြ​လိမ့်​မည်။ \q1 \v 32 `ယ​ခု​အ​ခါ​ပင်​လယ်​ထဲ​၌​ဆိတ်​ငြိမ်​၍ နေ​သော တု​ရု​မြို့​နှင့်​အ​ဘယ်​မြို့​ကို​နှိုင်း​ယှဉ်​နိုင်​ပါ မည်​နည်း။ \q1 \v 33 သင်​သည်​မိ​မိ​၏​ကုန်​စည်​များ​ကို​နိုင်​ငံ​ခြား​သို့ တင်​ပို့​ရောင်း​ချ​ရာ​တွင် \q2 လူ​မျိုး​တ​ကာ​တို့​လို​နေ​သော​အ​ရာ​များ​ကို ဖြည့်​ဆည်း​ပေး​၏။ \q1 သင်​၏​များ​ပြား​သော​ကုန်​ပစ္စည်း​များ​က​ဘု​ရင် တို့​ကို ချမ်း​သာ​ကြွယ်​ဝ​စေ​လေ​သည်။ \q1 \v 34 ယ​ခု​မှာ​သင်​သည်​ပင်​လယ်​တွင်​ပျက်​ကာ သ​မုဒ္ဒ​ရာ​နက်​ထဲ​သို့​နစ်​မြုပ်​သွား​လေ​ပြီ။ \q2 သင်​၏​ကုန်​စည်​များ​နှင့်​သင်​၏​လုပ်​သား အ​ပေါင်း​တို့​သည်၊ \q1 သင်​နှင့်​အ​တူ​ပင်​လယ်​တွင်​ပျောက်​ကွယ်​သွား ကြ လေ​ကုန်​ပြီ' ဟု​ငို​ချင်း​ကို​ဆို​ကြ​၏။ \p \v 35 ``ပင်​လယ်​ကမ်း​ခြေ​တွင်​နေ​ထိုင်​သူ​အ​ပေါင်း တို့​သည်​သင်​၏​ကံ​ကြမ္မာ​ကို​မြင်​၍​တ​အံ့​တ သြ​ဖြစ်​ကြ​ကုန်​၏။ သူ​တို့​၏​ဘု​ရင်​များ​ပင် လျှင်​ထိတ်​လန့်​တုန်​လှုပ်​ကြ​လျက် မျက်​နှာ​တွင် သွေး​မ​ရှိ​ကြ​တော့​ပေ။- \v 36 သင်​သည်​ဆုံး​ပါး​သွား​လေ​ပြီ။ ထာ​ဝစဉ်​ဆုံး ပါး​သွား​လေ​ပြီ။ ကမ္ဘာ​တစ်​ဝှမ်း​လုံး​ရှိ​ကုန် သည်​တို့​သည် သင့်​ကို​ကဲ့​ရဲ့​ဟစ်​ကျွေး​ကြ လိမ့်​မည်'' ဟူ​၍​တည်း။ \c 28 \s1 တု​ရု​ဘု​ရင်​နှင့်​ဆိုင်​သော​ဗျာ​ဒိတ် \p \v 1 ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။- \v 2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တု​ရု​ဘု​ရင် အား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​ဆင့်​ဆို​ရ​မည်​မှာ သင်​သည်​မာန် မာ​န​ထောင်​လွှား​လျက်​မိ​မိ​ကိုယ်​ကို​ဘု​ရား ဟူ​၍​ပင်​လယ်​ဝိုင်း​ရံ​၍​နေ​သော​ရာ​ဇ​ပလ္လင် ပေါ်​တွင် ဘု​ရား​ကဲ့​သို့​ထိုင်​လျက်​နေ​ရ​သည် ဟု​ဆို​လေ​သည်။ သင်​သည်​ဘု​ရား​နည်း​တူ ပ​ညာ​ရှိ​သည်​ဟု​ထင်​သော်​လည်း သင်​သည် ဘု​ရား​မ​ဟုတ်။ အ​မှန်​ပင်​မ​ဟုတ်။ လူ​သား မျှ​သာ​ဖြစ်​၏။- \v 3 မိ​မိ​ကိုယ်​ကို​ဒံ​ယေ​လ​ထက်​ပင်​ပ​ညာ​ရှိ သည်​ဟူ​၍ မိ​မိ​ထံ​မှ​အ​ဘယ်​အ​ရာ​မျှ လျှို့​ဝှက်​မ​ထား​နိုင်​ဟူ​၍​ထင်​မှတ်​၏။- \v 4 သင်​သည်​အ​သိ​ပ​ညာ၊ အ​တတ်​ပညာ​ဖြင့် ရွှေ၊ ငွေ​ဘဏ္ဍာ​ပေါ​များ​ကြွယ်​ဝ​လာ​၏။- \v 5 ကုန်​သွယ်​မှု​တွင်​လည်း​ကျွမ်း​ကျင်​သည့် အ​တွက်​အ​မြတ်​အ​စွန်း​များ​ကို​ဆက်​ကာ ဆက်​ကာ​ရ​ရှိ​နေ​ခဲ့​၏။ သင်​သည်​မိ​မိ​၏ စည်း​စိမ်​ချမ်း​သာ​ကို​ဂုဏ်​ယူ​ဝါ​ကြွား​ပါ သည်​တ​ကား။'' \p \v 6 ``သို့​ဖြစ်​၍​ယ​ခု​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား သင်​သည်​မိ​မိ​ကိုယ်​ကို ဘု​ရား​ကဲ့​သို့​ပ​ညာ​ရှိ​သည်​ဟု​ထင်​မှတ် သ​ဖြင့်၊- \v 7 ငါ​သည်​သ​နား​ညှာ​တာ​မှု​ကင်း​ခဲ့​သည့် တိုင်း​တစ်​ပါး​သား​တို့​အား သင့်​ကို​တိုက်​ခိုက် ရန်​ခေါ်​ဆောင်​ခဲ့​မည်။ အ​သိ​ပ​ညာ​နှင့်​အ​လှ အ​ပ​အား​ဖြင့် သင်​စု​ဆောင်း​ထား​သ​မျှ​သော ပစ္စည်း​ဥစ္စာ​တို့​ကို​သူ​တို့​သည်​ဖျက်​ဆီး​ပစ် ကြ​လိမ့်​မည်။- \v 8 သင့်​ကို​လည်း​တွင်း​ထဲ​သို့​ဆွဲ​ချ​၍ ရေ​သင်္ချိုင်း တွင်​အ​သက်​ဆုံး​ရှုံး​လိမ့်​မည်။- \v 9 သင့်​ကို​သတ်​မည့်​သူ​တို့​ရှေ့​တွင် သင်​သည် ဘု​ရား​ဖြစ်​သည်​ဟု​ဆို​ဦး​မည်​လော။ သူ​တို့ သင့်​ကို​သတ်​ရန်​လာ​ကြ​သော​အ​ခါ သင်​သည် ဘု​ရား​မ​ဟုတ်​တော့​ဘဲ​လူ​သား​မျှ​သာ​ဖြစ် ရ​ပေ​တော့​အံ့။- \v 10 သင်​သည်​လူ​မျိုး​ခြား​တို့​၏​လက်​တွင်​အ​ရေ ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ရ​သေး​သူ​ကဲ့​သို့ သေ ရ​ပေ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ပင်​တည်း'' ဟု​မိန့်​တော် မူ​၏။ \s1 တု​ရု​ဘု​ရင်​ကျ​ဆုံး​ခြင်း \p \v 11 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။- \v 12 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တု​ရု​ဘု​ရင် တွေ့​ကြုံ​ရ​မည့်​ကံ​ကြမ္မာ​အ​တွက်​ဝမ်း​နည်း ပူ​ဆွေး​လော့။ ငါ​အ​ရှင်​ဘု​ရား​အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို​သူ့​အား​ဆင့်​ဆို​ရ​မည် မှာ​သင်​သည်​အ​ခါ​တစ်​ပါး​က​ခြောက်​ပြစ် ကင်း​စံ​တင်​ထိုက်​သူ​ဖြစ်​ခဲ့​ဖူး​၏။ သင်​သည် အ​လွန်​ပ​ညာ​ရှိ​၍​အ​ဆင်း​လှ​သူ​ဖြစ်​ခဲ့ ပါ​သည်​တ​ကား။- \v 13 ဘု​ရား​သခင်​၏​ဥ​ယျာဉ်​တော်​ဧ​ဒင်​၌​စံ​ပယ် လျက်၊ ပတ္တမြား၊ စိန်၊ ဥ​ဿ​ဖ​ရား၊ မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့၊ နီ​လာ၊ မြ၊ ဂေါ်​မုတ်​အ​စ​ရှိ​သော ကျောက်​မျက်​ရ​တ​နာ​အ​မျိုး​မျိုး​တို့​ကို ဝတ်​စား​ဆင်​ယင်​ရ​၏။ သင်​၏​ဝတ်​စား​တန် ဆာ​များ​သည်​ရွှေ​ဖြင့်​ပြီး​၏။ ထို​ဝတ်​စား တန်​ဆာ​တို့​ကို​သင်​မွေး​ဖွား​သည့်​နေ့​၌​ပင် လျှင်​သင်​၏​အ​တွက်​ပြု​လုပ်​ခဲ့​၏။- \v 14 ငါ​သည်​သင့်​ကို​အ​စောင့်​ကောင်း​ကင်​တ​မန် တစ်​ပါး​အ​ဖြစ်​ဘိ​သိက်​ပေး​၏။ သင်​သည် ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​တောင်​တော် ပေါ်​တွင်​နေ​၍ အ​ရောင်​လက်​သော​ကျောက် မျက်​ရ​တ​နာ​များ​အ​လယ်​တွင်​သွား​လာ ရ​၏။- \v 15 သင်​မွေး​ဖွား​ချိန်​မှ​အ​စ​ပြု​၍​ဒု​စ​ရိုက် ကို​စ​တင်​ပြု​ကျင့်​ချိန်​အ​ထိ သင်​၏​အ​ပြု အ​မူ​များ​သည်​အ​ဘယ်​သို့​မျှ​အ​ပြစ်​ဆို စ​ရာ​မ​ရှိ။- \v 16 သင်​သည်​ရောင်း​ဝယ်​ဖောက်​ကား​မှု​များ​ပြား သည့်​အ​တွက် အ​ကြမ်း​ဖက်​မှု​နှင့်​အ​ပြစ်​ကူး လွန်​မှု​များ​ကို​ပြု​ကျင့်​လာ​လေ​သည်။ သို့ ဖြစ်​၍​ငါ​သည်​ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော တောင်​ပေါ်​မှ​သင့်​ကို​ထွက်​စေ​ခဲ့​၏။ အို အ​စောင့် ကောင်း​ကင်​တ​မန်၊ အ​ရောင်​လက်​လျက်​နေ သည့်​ကျောက်​မျက်​ရ​တ​နာ​များ​ရှိ​ရာ​မှ သင့်​ကို​ငါ​နှင်​ထုတ်​ခဲ့​၏။- \v 17 သင်​သည်​မိ​မိ​၏​အ​ဆင်း​ကြောင့်​ဂုဏ်​ယူ​ဝါ ကြွား​ကာ မိ​မိ​၏​ဂုဏ်​သ​တင်း​ကြောင့်​လူ​မိုက် ကဲ့​သို့​ပြု​၏။ သို့​ဖြစ်​၍​ငါ​သည်​သင့်​ကို​မြေ တိုင်​အောင်​နှိမ့်​ချ​၍ အ​ခြား​ဘု​ရင်​များ​အား သ​တိ​ပေး​သည့်​စံ​န​မူ​နာ​ဖြစ်​စေ​မည်။- \v 18 သင်​သည်​ရောင်း​ဝယ်​ဖောက်​ကား​ရာ​တွင်​ဆိုး ညစ်​မှု​ကို​ပြု​သ​ဖြင့် သင်​၏​အ​ပြစ်​များ ကြောင့်​သင်​၏​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န များ​ကို​ညစ်​ညမ်း​စေ​၏။ ထို​ကြောင့်​သင့်​ကို ယ​ခု​ကြည့်​ကြ​သူ​အ​ပေါင်း​တို့​ရှေ့​တွင် ငါ သည်​သင်​၏​မြို့​ကို​ပြာ​ပုံ​ဖြစ်​အောင်​မြေ အ​ထိ​လောင်​ကျွမ်း​စေ​၏။ ငါ​တို့​သည်​ပြာ ကို​သာ​လျှင်​မြင်​ရ​ကြ​မည်။- \v 19 သင်​သည်​ဆုံး​ပါး​လေ​ပြီ။ ထာ​ဝ​စဉ်​ဆုံး​ပါး လေ​ပြီ။ သင့်​ကို​သိ​ရှိ​ခဲ့​ကြ​သော​လူ​မျိုး အ​ပေါင်း​တို့​သည် သင်​၏​ကံ​ကြမ္မာ​မျိုး​နှင့် ကြုံ​တွေ့​ရ​ကြ​မည်​ကို​စိုး​ရိမ်​ကြောက်​လန့် လျက်​နေ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ \s1 ဇိ​ဒုန်​မြို့​နှင့်​ဆိုင်​သော​ဗျာ​ဒိတ် \p \v 20 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-\x + \xo 28:20 \xt ယောလ၊ ၃:၄-၈။ ဇာ၊ ၉:၁-၂။ မ၊ ၁၁:၂၁-၂၂။ လု၊ ၁၀:၁၃-၁၄။\x* \v 21 ``အ​ချင်း​လူ​သား​ဇိ​ဒုန်​မြို့​ဘက်​သို့​လှည့်​၍ ထို​မြို့​ကို​ရှုတ်​ချ​လော့။- \v 22 ထို​မြို့​ရှိ​လူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။ ဇိ​ဒုန် မြို့၊ ငါ​သည်​သင်​၏​ရန်​သူ​ဖြစ်​၏။ သင့်​ကို​ငါ ပြု​သည့်​အ​မှု​အ​တွက်​လူ​တို့​သည် ငါ့​အား ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။ ငါ​သည်​သင်​၏ လူ​တို့​အား​အ​ပြစ်​ဒဏ်​ပေး​၍ ငါ​၏​သန့်​ရှင်း မြင့်​မြတ်​မှု​ကို​ပြ​သော​အ​ခါ​ငါ​သည်​ထာ ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ ရှိ​ကြ​လိမ့်​မည်။- \v 23 ငါ​သည်​သင်​၏​ထံ​သို့​ကပ်​ရော​ဂါ​များ​ကို စေ​လွှတ်​မည်။ သင်​၏​လမ်း​များ​တွင်​သွေး​ချောင်း စီး​စေ​မည်။ သင်​သည်​ဝိုင်း​ရံ​တိုက်​ခိုက်​ခြင်း ကို​ခံ​ရ​၍ သင်​၏​လူ​တို့​သည်​သေ​ကြေ ပျက်​စီး​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သင် သိ​ရှိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကောင်း​ချီး​မင်္ဂ​လာ ခံ​စား​ရ​ကြ​မည် \p \v 24 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​မ​ထီ​မဲ့​မြင်​ပြု​သော​ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး တို့​သည် နောက်​တစ်​ဖန်​နာ​ကျင်​စွာ​စူး​သော​ငြောင့် သ​ဖွယ်​မ​ဖြစ်​ရ။ ငါ​သည်​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကို​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 25 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ကွဲ​လွင့်​လျက် နေ​ရာ​နိုင်​ငံ​များ​မှ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​တစ်​ဖန်​ပြန်​၍​ငါ​စု​သိမ်း​မည်။ ငါ သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​ကြောင်း​လူ မျိုး​တ​ကာ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ကိုယ် ပိုင်​ပြည်၊ ငါ​၏​အ​စေ​ခံ​ယာ​ကုပ်​အား​ငါ ပေး​အပ်​သည့်​ပြည်​၌​နေ​ရ​ကြ​လိမ့်​မည်။- \v 26 သူ​တို့​သည်​ထို​အ​ရပ်​တွင်​ဘေး​မဲ့​လုံ​ခြုံ​စွာ နေ​ရ​ကြ​လိမ့်​မည်။ အိမ်​များ​ကို​ဆောက်​၍ စ​ပျစ်​ဥ​ယျာဉ်​များ​ကို​စိုက်​ပျိုး​ကြ​လိမ့်​မည်။ သူ​တို့​အား​မ​ထီ​မဲ့​မြင်​ပြု​ခဲ့​သူ​အိမ်​နီး ချင်း​အ​ပေါင်း​တို့​အား​ငါ​ဒဏ်​ပေး​သော အ​ခါ​ဘေး​မဲ့​လုံ​ခြုံ​လိမ့်​မည်။ ဣ​သ​ရေ​လ ပြည်​သည်​ဘေး​ကင်း​၍​နေ​လိမ့်​မည်။ ထို အ​ခါ​ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သူ တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \c 29 \s1 အီ​ဂျစ်​ပြည်​နှင့်​ဆိုင်​သော​ဗျာ​ဒိတ် \p \v 1 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​ဆယ်​နှစ်​မြောက်၊ ဒ​သ​မ​လ၊ လ​ဆန်း​တစ်​ဆယ့်​နှစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-\x + \xo 29:1 \xt ဟေရှာ၊ ၁၉:၁-၂၅။ ယေ၊ ၄၆:၂-၂၆။\x* \v 2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အီ​ဂျစ်​ဘုရင် ကို​ရှုတ်​ချ​လော့။ သူ​နှင့်​တ​ကွ​အီ​ဂျစ်​တစ် ပြည်​လုံး​အ​ပြစ်​ဒဏ်​ခံ​ရ​မည်​ဖြစ်​ကြောင်း ဆင့်​ဆို​လော့။- \v 3 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​မိန့်​တော် မူ​သည်​ကို အီ​ဂျစ်​ဘု​ရင်​ဖာ​ရော​မင်း​အား ဆင့်​ဆို​ရ​မည်​မှာ မြစ်​ထဲ​ရှိ​ခွန်​အား​ကြီး​မား သော​အ​ချင်း​မိ​ကျောင်း၊ ငါ​သည်​သင်​၏​ရန်​သူ ဖြစ်​၏။ နိုင်း​မြစ်​ကို​သင်​ပိုင်​သည်၊ ထို​မြစ်​ကား သင်​ဖန်​ဆင်း​ထား​သော​အ​ရာ​ဖြစ်​သည်​ဟု သင်​ဆို​၏။- \v 4 ငါ​သည်​သင်​၏​မေး​ရိုး​ကို​သံ​ချိတ်​ဖြင့်​ချိတ် ၍ သင်​၏​မြစ်​ထဲ​မှ​ငါး​တို့​ကို​သင့်​ကိုယ်​တွင် ကပ်​၍​နေ​စေ​မည်။- \v 5 ထို​နောက်​ယင်း​သို့​ကပ်​နေ​သည့်​ငါး​များ​နှင့် တ​ကွ သင့်​အား​နိုင်း​မြစ်​ထဲ​မှ​ဆွဲ​ထုတ်​ကာ၊ တော​ကန္တာ​ရ​၌​ပစ်​ထား​မည်။ သင်​၏​အ​လောင်း သည်​မြေ​ပေါ်​သို့​ကျ​လိမ့်​မည်။ သင်္ဂြိုဟ်​ခြင်း ကို​ခံ​ရ​မည်​မ​ဟုတ်။ ငှက်​များ၊ တိ​ရစ္ဆာန် များ​၏​အ​စာ​ဖြစ်​စေ​မည်။- \v 6 ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း အီ​ဂျစ်​ပြည်​သား​အ​ပေါင်း တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p ထာ​ဝ​ရ​ဘု​ရား​က``ဣသ​ရေ​လ​အ​မျိုး​သား တို့​အ​တွက် သင်​သည်​ကူ​ရိုး​မျှ​သာ​ဖြစ်​၏။-\x + \xo 29:6 \xt ဟေရှာ၊ ၃၆:၆။\x* \v 7 သူ​တို့​သည်​သင်​၏​အ​ပေါ်​သို့​အား​ပြု​လိုက် သော​အ​ခါ သင်​သည်​ကျိုး​ပြတ်​၍​သူ​တို့​၏ ပ​ခုံး​များ​ကို​ထိ​ရှ​ကာ​သူ​တို့​၏​ခါး​များ ကို​လိမ်​ဆွဲ​စေ​၏။- \v 8 သို့​ဖြစ်​၍​ယ​ခု​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား ငါ​သည်​ဋ္ဌား​လက်​နက်​စွဲ ကိုင်​သူ​တို့​အား​သင့်​ကို​တိုက်​ခိုက်​ရန်​စေ​လွှတ် မည်။ သူ​တို့​သည်​သင်​၏​လူ​များ၊ တိ​ရစ္ဆာန်​များ ကို​သတ်​ဖြတ်​ကြ​လိမ့်​မည်။- \v 9 အီ​ဂျစ်​ပြည်​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ကို​သင်​တို့​သိ​ရှိ​ရ​လိမ့် မည်။'' \p ``နိုင်း​မြစ်​သည်​သင်​၏​ကိုယ်​ပိုင်​ပစ္စည်း၊ သင်​ဖန် ဆင်း​သော​အ​ရာ​ဖြစ်​သည်​ဟု​ဆို​သ​ဖြင့်၊- \v 10 ငါ​သည်​သင်​၏​ရန်​သူ၊ နိုင်း​မြစ်​၏​ရန်​သူ ဖြစ်​၏။ မြောက်​ဘက်​ရှိ​မိ​ဂ​ဒေါ​လ​မြို့​မှ​သည် တောင်​ဘက်​သု​ဏေ​မြို့​တိုင်​အောင်၊ ဆူ​ဒန်​နယ် စပ်​အ​ထိ​အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​ကို လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ်​ဖြစ်​စေ​မည်။- \v 11 မည်​သည့်​လူ​နှင့်​တိ​ရစ္ဆာန်​မျှ​ထို​ပြည်​ကို ဖြတ်​သန်း​သွား​လာ​လိမ့်​မည်​မ​ဟုတ်။ အ​နှစ် လေး​ဆယ်​တိုင်​တိုင်​ထို​ပြည်​တွင်​နေ​သူ​ရှိ လိမ့်​မည်​မ​ဟုတ်။- \v 12 ငါ​သည်​အီ​ဂျစ်​ပြည်​ကို​ကမ္ဘာ​ပေါ်​တွင်​လူ​သူ အ​ဆိတ်​ငြိမ်​ဆုံး​အ​ရပ်​ဖြစ်​စေ​မည်။ အ​နှစ် လေး​ဆယ်​တိုင်​တိုင်​အီ​ဂျစ်​ပြည်​မှ​မြို့​များ သည်​အ​ခြား​အ​ဘယ်​မြို့​နှင့်​မျှ​မ​တူ​အောင် ပျက်​စီး​ယို​ယွင်း​၍​နေ​လိမ့်​မည်။ ငါ​သည် အီ​ဂျစ်​ပြည်​သား​တို့​အား​ဒုက္ခ​သည်​များ ဖြစ်​စေ​မည်။ သူ​တို့​သည်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​သို့​ထွက်​ပြေး​ကာ​လူ​မျိုး ခြား​တို့​ထံ​တွင်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 13 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``အ​နှစ်​လေး​ဆယ် ကြာ​သော​အ​ခါ အီ​ဂျစ်​ပြည်​သား​တို့​အား ငါ​ပျံ့​နှံ့​စေ​ရာ​အ​ရပ်​များ​မှ​ပြန်​လည် ခေါ်​ဆောင်​ကာ၊- \v 14 သူ​တို့​၏​မူ​ရင်း​ဌာ​နေ​ဖြစ်​သော​အီ​ဂျစ် ပြည်​တောင်​ပိုင်း​တွင်​နေ​ထိုင်​စေ​မည်။ သူ​တို့ ၏​နိုင်​ငံ​သည်​သိမ်​ငယ်​သော​နိုင်​ငံ​ဖြစ်​လိမ့် မည်။- \v 15 နိုင်​ငံ​တ​ကာ​တွင်​အ​သိမ်​ငယ်​ဆုံး​ဖြစ်​၍ အ​ခြား​နိုင်​ငံ​များ​ကို အ​ဘယ်​အ​ခါ​၌​မျှ အုပ်​စိုး​ရ​လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​သူ​တို့ အား​အ​လွန်​သိမ်​ဖျင်း​စေ​မည်​ဖြစ်​၍ သူ​တို့ သည်​အ​ဘယ်​လူ​မျိုး​အ​ပေါ်​တွင်​မျှ​သြ ဇာ​အာ​ဏာ​လွှမ်း​မိုး​နိုင်​ကြ​လိမ့်​မည်​မ ဟုတ်။- \v 16 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သူ​တို့ အား နောင်​အ​ဘယ်​အ​ခါ​၌​မျှ​မှီ​ခို​အား ကိုး​ကြ​တော့​မည်​မ​ဟုတ်။ ယင်း​သို့​အား ကိုး​မိ​ခဲ့​သည့်​အ​တွက်​မိ​မိ​တို့​အ​ဘယ် မျှ​မှား​ကြောင်း​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား အီ​ဂျစ်​ပြည်​ကြုံ​တွေ့​ရ​သည့် ကံ​ကြမ္မာ​က​ပြန်​လည်​သ​တိ​ရ​စေ​လိမ့် မည်။ ထို​အ​ခါ​ငါ​သည်​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 အီ​ဂျစ်​ပြည်​ကို​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​နှိမ်​နင်း​မည် \p \v 17 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​နှစ်​ဆယ့်​ခု​နစ် နှစ်​မြောက်​ပ​ထ​မ​လ၊ လ​ဆန်း​တစ်​ရက်​နေ့ ၌​ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။- \v 18 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဗာ​ဗု​လုန် ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​တု​ရု​မြို့​ကို တိုက်​ခိုက်​ခဲ့​၏။ သူ​သည်​မိ​မိ​၏​စစ်​သူ​ရဲ တို့​အား​အ​လွန်​လေး​လံ​သော​ဝန်​တို့​ကို ထမ်း​စေ​သည်​ဖြစ်​၍ သူ​တို့​၏​ခေါင်း​ပြောင် ၍​ပ​ခုံး​များ​သည်​လည်း​ပေါက်​ပြဲ​ကုန်​၏။ ယင်း​သို့​ဒုက္ခ​ခံ​သော်​လည်း​စစ်​သူ​ရဲ​နှင့် ဘု​ရင်​သည်​အ​ဘယ်​အ​ကျိုး​ကို​မျှ မ​ခံ​စား​ရ​ကြ။- \v 19 သို့​ဖြစ်​၍​ငါ​အရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော် မူ​သည်​မှာ အီ​ဂျစ်​ပြည်​ကို​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​၏​လက်​သို့​ငါ​အပ်​မည်။ သူ​သည်​လု​ယက်​တိုက်​ခိုက်​ကာ​အီ​ဂျစ်​ပြည် ၏​ဥစ္စာ​ဋ္ဌန​ရှိ​သ​မျှ​ကို မိ​မိ​၏​တပ်​မ​တော် အ​တွက်​သိမ်း​ယူ​သွား​လိမ့်​မည်။- \v 20 သူ​သည်​မိ​မိ​၏​တပ်​မ​တော်​ဖြင့်​ငါ​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​ခဲ့​သည်​ဖြစ်​၍ ငါ​သည် သူ့​အား​အီ​ဂျစ်​ပြည်​ကို​ပေး​မည်။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။ \p \v 21 ``ထို​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော အ​ခါ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​ဦး​ချို​တည်း​ဟူ​သော​ခွန်​အား​ကြီး​စေ မည်။ ထို​နောက်​အ​ချင်း​ယေ​ဇ​ကျေ​လ၊ ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း လူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​စေ​ရန်​သင့်​အား ဟော​ပြော​စေ​မည်''ဟု​မိန့်​တော်​မူ​၏။ \c 30 \s1 အီ​ဂျစ်​ပြည်​ကို​ထာ​ဝ​ရ​ဘု​ရား ဒဏ်​ခတ်​တော်​မူ​မည် \p \v 1 တစ်​ဖန်​ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည် ငါ့​ထံ​သို့​ရောက်​လာ​၏။- \v 2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​အ​သံ ကျယ်​စွာ​ဟော​ပြော​ရ​မည်​မှာ \q1 ကြောက်​ရွံ့​ထိတ်​လန့်​ဖွယ်​ကောင်း​သော​နေ့​သည် ကျ​ရောက်​လတ္တံ့။ \q1 \v 3 ထာ​ဝ​ရ​ဘု​ရား​အ​ရေး​ယူ​ဆောင်​ရွက်​မည့်​နေ့ သည် နီး​ကပ်​လာ​လေ​ပြီ။ \q1 မိုး​တိမ်​များ​ဖုံး​လွှမ်း​မည့်​နေ့၊လူ​မျိုး​တ​ကာ​တို့ ဒုက္ခ​ရောက်​မည့်​နေ့​နီး​ကပ်​လာ​ပြီ။ \q1 \v 4 အီ​ဂျစ်​ပြည်​တွင်​စစ်​ဖြစ်​လိမ့်​မည်။ \q1 ကု​ရှ​ပြည်​တွင်​ကြီး​စွာ​သော​ဘေး​အန္တ​ရာယ်​နှင့် ကြုံ​တွေ့​ကြ​လိမ့်​မည်။ \q1 လူ​အ​မြောက်​အ​မြား​ပင်​အီ​ဂျစ်​ပြည်​တွင် အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။ \q1 ထို​ပြည်​သည်​လု​ယက်​ဖျက်​ဆီး​ခြင်း​ခံ​ရ​၍ ယို​ယွင်း​ပျက်​စီး​၍​ကျန်​ရစ်​လိမ့်​မည်။ \p \v 5 ``စစ်​ပွဲ​တွင်​ကု​ရှ​ပြည်၊ ဖု​တ​ပြည်၊ လု​ဒ​ပြည်၊ အာ​ရေ​ဗျ​ပြည်​နှင့်​ခု​ဘ​ပြည်​တို့​မှ​အ​ငှား စစ်​သည်​များ​နှင့် ငါ​၏​လူ​မျိုး​တော်​အ​ထဲ မှ​ပင်​လျှင်​အ​ချို့​သော​သူ​တို့​ကျ​ဆုံး​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 6 ထာ​ဝ​ရ​ဘု​ရား​က``မြောက်​ဘက်​ရှိ​မိ​ဂ ဒေါ​လ​မြို့​မှ​သည်​တောင်​ဘက်​ရှိ​သု​ဏေ မြို့​တိုင်​အောင်​အီ​ဂျစ်​ပြည်​ဘက်​မှ​နေ​၍ ခု​ခံ​ကာ​ကွယ်​ကြ​သူ​အ​ပေါင်း​တို့​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​လိမ့်​မည်။ အီ​ဂျစ် ပြည်​ဂုဏ်​ယူ​ဝါ​ကြွား​ရ​သော​တပ်​မ​တော် သည်​ပြို​ပျက်​သွား​လိမ့်​မည်။ ဤ​ကား​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။- \v 7 အီ​ဂျစ်​ပြည်​သည်​ကမ္ဘာ​ပေါ်​တွင်​လူ​သူ အ​ဆိတ်​ငြိမ်​ဆုံး​သော​အ​ရပ်​ဖြစ်​လျက် ထို​ပြည်​ရှိ​မြို့​တို့​သည်​လုံး​ဝ​ယို​ယွင်း ပျက်​စီး​၍​ကျန်​ရစ်​ကြ​လိမ့်​မည်။- \v 8 ငါ​သည်​အီ​ဂျစ်​ပြည်​ကို​မီး​လောင်​ကျွမ်း​စေ ၍ ထို​ပြည်​၏​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​ကြ​သူ တို့​အ​သတ်​ခံ​ရ​သော​အ​ခါ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ လိမ့်​မည်။ \p \v 9 ``အ​ချိန်​ကျ​၍​အီ​ဂျစ်​ပြည်​ပျက်​စီး​သွား သော​အ​ခါ ငါ​သည်​အ​မှု​မဲ့​အ​မှတ်​မဲ့​နေ သူ​ကု​ရှ​ပြည်​သား​တို့​အား တပ်​လှန့်​နှိုး ဆော်​ရန်​စေ​တ​မန်​တို့​ကို​သင်္ဘော​များ​ဖြင့် စေ​လွှတ်​မည်။ သူ​တို့​သည်​ကြောက်​ရွံ့​ထိတ် လန့်​သွား​ကြ​လိမ့်​မည်။ ထို​နေ့​ကား​နီး ကပ်​လာ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ \p \v 10 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​အီ​ဂျစ် ပြည်​၏​ဋ္ဌ​န​အင်​အား​ကို​ပ​ပျောက်​စေ​ရန် ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း ကို​အ​သုံး​ပြု​မည်။- \v 11 သူ​သည်​ရက်​စက်​ကြမ်း​ကြုတ်​သော​စစ်​သူ​ရဲ များ​နှင့်​လာ​၍ ထို​ပြည်​ကို​ဖျက်​ဆီး​ပစ်​လိမ့် မည်။ သူ​တို့​သည်​အီ​ဂျစ်​ပြည်​ကို​ဋ္ဌား​လက် နက်​နှင့်​တိုက်​ခိုက်​၍ ထို​ပြည်​ကို​လူ​သေ အ​လောင်း​များ​နှင့်​ပြည့်​နှက်​စေ​ကြ​လိမ့် မည်။- \v 12 ငါ​သည်​နိုင်း​မြစ်​ကို​ခန်း​ခြောက်​စေ​၍ အီ​ဂျစ် ပြည်​ကို​ဆိုး​ညစ်​သူ​တို့​၏​လက်​အောက်​သို့ ကျ​ရောက်​စေ​မည်။ လူ​မျိုး​ခြား​တို့​သည်​ထို ပြည်​တစ်​ပြည်​လုံး​ကို​ပျက်​ပြုန်း​စေ​ကြ လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။ \p \v 13 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​နော​ဖ မြို့​ရှိ​ရုပ်​တု​များ​နှင့်​ဘု​ရား​အ​တု​များ​ကို ဖျက်​ဆီး​ပစ်​မည်။ အီ​ဂျစ်​ပြည်​ကို​အုပ်​စိုး မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​ရှိ​လိမ့်​မည် မ​ဟုတ်။ ငါ​သည်​လူ​အ​ပေါင်း​တို့​ကို​ကြောက် ရွံ့​ထိတ်​လန့်​စေ​မည်။- \v 14 အီ​ဂျစ်​ပြည်​တောင်​ပိုင်း​ကို​လူ​သူ​ဆိတ်​ငြိမ် ရာ​အ​ရပ်​ဖြစ်​စေ​၍ မြောက်​ပိုင်း​တွင်​ရှိ​သော ဇော​န​မြို့​ကို​မီး​ရှို့​မည်။ နော​မြို့​တော်​ကို လည်း​အ​ပြစ်​ဒဏ်​ခတ်​မည်။- \v 15 အီ​ဂျစ်​ပြည်​၏​ခံ​တပ်​မြို့​ကြီး​ဖြစ်​သော​သိန် မြို့​အား ငါ​၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​စေ မည်။ နော​မြို့​၏​ဋ္ဌ​န​အင်​အား​ကို​ဖျက်​ဆီး မည်။- \v 16 ငါ​သည်​အီ​ဂျစ်​ပြည်​ကို​မီး​လောင်​စေ​၍ သိန်​မြို့​ကို​လည်း​ပြင်း​ထန်​စွာ​နာ​ကျင်​စေ မည်။ ထို​မြို့​၏​မြို့​ရိုး​များ​သည်​ဖြို​ဖျက် ခြင်း​ခံ​ရ​သ​ဖြင့်​ထို​မြို့​ကို​ရေ​လွှမ်း​မိုး လိမ့်​မည်။- \v 17 အာ​ဝင်​မြို့​နှင့်​ဖိ​ဗေ​သက်​မြို့​တို့​မှ​လူ​ငယ် လူ​ရွယ်​များ​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​၍ အ​ခြား​သူ​တို့​သည်​ကား​သုံ့​ပန်း​အ​ဖြစ် အ​ဖမ်း​ခံ​ရ​ကြ​လိမ့်​မည်။- \v 18 အီ​ဂျစ်​ပြည်​၏​တန်​ခိုး​အာ​ဏာ​တည်း​ဟူ သော​ထမ်း​ပိုး​ကို ငါ​ချိုး​နှိမ်​သော​အ​ခါ​သူ တို့​ဂုဏ်​ယူ​ဝါ​ကြွား​သည့်​စွမ်း​ရည်​သတ္တိ ကို​ပ​ပျောက်​စေ​မည်။ တာ​ပ​နက်​မြို့​သည် မှောင်​မိုက်​၍​နေ​လိမ့်​မည်။ အီ​ဂျစ်​ပြည်​တွင် မိုး​တိမ်​များ​အုပ်​ဆိုင်း​လျက်​မြို့​အား​လုံး မှ​လူ​တို့​သည်​သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး သိမ်း​ယူ​သွား​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။- \v 19 ဤ​ကဲ့​သို့​အီ​ဂျစ်​ပြည်​အား​အ​ပြစ်​ဒဏ် ခတ်​သော​အ​ခါ ငါ​သည်​ထာ​ဝရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 အီ​ဂျစ်​ဘု​ရင်​၏​တန်​ခိုး​ကို​ချိုး​နှိမ်​ခြင်း \p \v 20 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​တစ်​နှစ် မြောက်၊ ပ​ထ​မ​လ၊ လ​ဆန်း​ခု​နစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။- \v 21 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ငါ​သည်​အီ​ဂျစ် ဘု​ရင်​၏​လက်​ရုံး​ကို​ကျိုး​စေ​ပြီ။ အ​ရိုး​ပြန် ဆက်​ပြီး​လျှင်​ဋ္ဌား​ကို​တစ်​ဖန်​ကိုင်​နိုင်​လာ​စေ ရန်​ထို​လက်​ကို​အ​ဘယ်​သူ​မျှ​ကြပ်​စည်း​၍ အ​ဝတ်​ဖြင့်​ဆွဲ​ဆိုင်း​၍​မ​ပေး​ကြ။- \v 22 သို့​ဖြစ်​၍​ယ​ခု​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား ငါ​သည်​အီ​ဂျစ်​ဘု​ရင် ၏​ရန်​သူ​ဖြစ်​၏။ သူ​၏​လက်​နှစ်​ဖက်​စ​လုံး ကို​ငါ​ချိုး​မည်။ ကျိုး​နေ​သော​လက်​နှင့်​မ ကျိုး​သေး​သော​လက်​ကို​ပါ​ချိုး​မည်။ ထို အ​ခါ​သူ​၏​လက်​မှ​ဋ္ဌား​သည်​ကျ​သွား လိမ့်​မည်။- \v 23 အီ​ဂျစ်​ပြည်​သား​တို့​အား​ငါ​သည်​လူ​မျိုး တ​ကာ​နှင့် ကမ္ဘာ​အ​ရပ်​ရပ်​သို့​ပျံ့​လွင့်​စေ မည်။- \v 24 ထို​နောက်​ဗာ​ဗု​လုန်​ဘု​ရင်​အား​ခွန်​အား ကြီး​မား​လာ​စေ​၍ သူ​၏​လက်​သို့​ငါ​၏​ဋ္ဌား ကို​ပေး​အပ်​မည်။ သို့​ရာ​တွင်​အီ​ဂျစ်​ဘု​ရင် ၏​လက်​ရုံး​တို့​ကို​မူ​ငါ​ချိုး​မည်။ သူ​သည် ညည်း​တွား​မြည်​တမ်း​လျက် မိ​မိ​ရန်​သူ​၏ ရှေ့​မှောက်​တွင်​သေ​ရ​လိမ့်​မည်။- \v 25 ငါ​သည်​သူ့​အား​အ​မှန်​ပင်​ချည့်​နဲ့​စေ​၍ ဗာ​ဗု​လုန်​မင်း​အား​သန်​မာ​စေ​မည်။ ငါ​၏ ဋ္ဌား​ကို​ဗာ​ဗု​လုန်​ဘု​ရင်​လက်​သို့​ပေး​အပ် ၍ သူ​သည်​အီ​ဂျစ်​ပြည်​သို့​ဋ္ဌား​ဦး​ကို​လှည့် လိုက်​သော​အ​ခါ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို​လူ​တိုင်း​သိ​ရှိ​ကြ လိမ့်​မည်။- \v 26 ငါ​သည်​အီ​ဂျစ်​ပြည်​သား​တို့​အား​လူ​မျိုး တ​ကာ​နှင့် ကမ္ဘာ​အ​ရပ်​ရပ်​သို့​ပျံ့​လွင့်​စေ မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \c 31 \s1 အီ​ဂျစ်​ပြည်​ကို​အာ​ရစ်​ပင်​နှင့်​နှိုင်း​ယှဉ်​ခြင်း \p \v 1 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော တစ်​ဆယ့်​တစ်​နှစ် မြောက်၊ တ​တိ​ယ​လ၊ လ​ဆန်း​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။- \v 2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အီ​ဂျစ်​ဘု​ရင် နှင့်​သူ​၏​ပြည်​သူ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ \q1 သင်​တို့​သည်​လွန်​စွာ​တန်​ခိုး​ကြီး​ကြ​ပါ ပေ​သည်။ \q1 သင်​တို့​အား​အ​ဘယ်​သို့​နှိုင်း​ယှဉ်​၍​ပြ​ရ မည်​နည်း။ \q1 \v 3 အာ​ရှု​ရိ​လူ​မျိုး​တို့​ကို​ကြည့်​လော့။ သူ​တို့ သည် လေ​ဗ​နုန်​တော​မှ​အာ​ရစ်​ပင်​နှင့်​တူ​ကြ​၏။ \q1 ထို​အ​ပင်​သည်​မိုး​တိမ်​ထိ​အောင်​မြင့်​မား​၍ \q1 ဝေ​ဆာ​သော​အ​ကိုင်း​အ​ခက်​များ​ဖြင့် လှ​ပ​တင့်​တယ်​၏။ \q1 \v 4 ရေ​ကို​ကောင်း​စွာ​ရ​ရှိ​သ​ဖြင့်​အ​ပင်​ကြီး ထွား​လာ​နိုင်​၏။ \q1 မြေ​အောက်​စမ်း​များ​မှ​လည်း​ရေ​ကို​ရ​ရှိ​၏။ \q1 ထို​မြစ်​တို့​သည်​အာ​ရစ်​ပင်​ပေါက်​ရာ​အ​ရပ်​သို့ စီး​ပြီး​လျှင် \q1 သစ်​တော​ထဲ​ရှိ​အ​ခြား​သော​အ​ပင်​များ​သို့ ချောင်း​များ​ဖြင့်​ရေ​ကို​ပို့​ဆောင်​ပေး​၏။ \q1 \v 5 အာ​ရစ်​ပင်​သည်​ရေ​အ​လုံ​အ​လောက်​ရ​ရှိ သ​ဖြင့် အ​ခြား​သစ်​ပင်​များ​ထက်​ပို​မို​မြင့်​မား​၏။ \q1 အ​ကိုင်း​အ​ခက်​များ​သည်​လည်း​ရှည်​လျား​၏။ \q1 \v 6 ထို​အ​ကိုင်း​အ​ခက်​များ​တွင်​ငှက်​အ​မျိုး​မျိုး တို့ အ​သိုက်​လုပ်​ကြ​၏။ \q1 တော​တိ​ရစ္ဆာန်​များ​က​သစ်​ပင်​အောက်​တွင် သား​ဖွား​ကြ​၏။ \q1 ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့​သည်​လည်း ထို​အ​ပင်​၏​အ​ရိပ်​တွင်​နား​နေ​ကြ​၏။ \q1 \v 7 ထို​အာ​ရစ်​ပင်​သည်​လွန်​စွာ​လှ​ပ​တင့်​တယ်​၏။ \q1 ရှည်​လျား​သော​အ​ကိုင်း​အ​ခက်​များ​ရှိ​၍ အ​လွန်​မြင့်​မား​၏။ \q1 ယင်း​၏​အ​မြစ်​တို့​သည်​လည်း​မြေ​အောက် \q1 စမ်း​ချောင်း​များ​တိုင်​အောင်​ထိုး​ဆင်း​သွား​ကြ​၏။ \q1 \v 8 ဘု​ရား​သ​ခင်​၏​ဥ​ယျာဉ်​တော်​မှ​အာ​ရစ်​ပင်​တို့ ပင်​လျှင် ထို​အ​ပင်​ကို​မ​ယှဉ်​ပြိုင်​နိုင်။ \q1 အ​ဘယ်​ထင်း​ရှူး​ပင်​၌​မျှ​ဤ​သို့​သော အ​ကိုင်း​အ​ခက်​များ​မ​ရှိ။ \q1 အ​ဘယ်​သ​ဖန်း​ပိုး​စာ​ပင်​၌​မျှ​ဤ​သို့​သော အ​ခက်​အ​လက်​ကြီး​များ​မ​ရှိ။ \q1 ဥ​ယျာဉ်​တော်​၌​ပင်​ဤ​သို့​လှ​ပ​တင့်​တယ်​သော သစ်​ပင်​မ​ရှိ။\x + \xo 31:8 \xt က၊ ၂:၉။\x* \q1 \v 9 ငါ​သည်​ထို​အ​ပင်​ကို​ဝေ​ဆာ​သော အ​ကိုင်း​အ​ခက်​များ​ဖြင့် \q1 လှ​ပ​တင့်​တယ်​အောင်​ပြု​လုပ်​ထား​သ​ဖြင့် \q1 ဧ​ဒင်​အ​ရပ်၊ဘု​ရား​သ​ခင်​၏​ဥ​ယျာဉ်​တော် မှ သစ်​ပင်​တ​ကာ​တို့​က​ပင်​မ​နာ​လို​ဖြစ် ကြ​၏။'' \p \v 10 ``သို့​ဖြစ်​၍​ထို​အ​ပင်​အ​ဘယ်​သို့​ဖြစ်​မည် ကို​သင့်​အား ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​ဖော်​ပြ အံ့။ အာ​ရစ်​ပင်​သည်​သစ်​ကိုင်း​သစ်​ခက်​များ အ​ထက် မိုး​တိမ်​တိုင်​အောင်​မြင့်​မား​လာ​၏။ ယင်း​သည်​ဤ​သို့​မြင့်​မား​လာ​လေ​လေ​ပို​၍ မာန်​မာန​ထောင်​လွှား​လေ​လေ​ဖြစ်​၏။- \v 11 ထို့​ကြောင့်​ငါ​သည်​ထို​အ​ပင်​ကို​ပစ်​ပယ်​ကာ လူ​မျိုး​ခြား​ဘု​ရင်​တစ်​ပါး​၏​လက်​သို့​ပေး အပ်​မည်။ သူ​သည်​ထို​အ​ပင်​အား​ယင်း​၏​ဆိုး ယုတ်​မှု​နှင့်​ထိုက်​လျောက်​ရာ​အ​ပြစ်​ကို​ပေး လိမ့်​မည်။- \v 12 ရက်​စက်​ကြမ်း​ကြုတ်​သော​လူ​မျိုး​ခြား​တို့ သည် ထို​အ​ပင်​ကို​ခုတ်​လှဲ​၍​ပစ်​ထား​ခဲ့​ကြ လိမ့်​မည်။ ယင်း​၏​အ​ကိုင်း​အ​ခက်​များ​နှင့် ကျိုး​ပဲ့​ကုန်​သော​အ​ခက်​အ​လက်​ကြီး​များ သည်​တစ်​ပြည်​လုံး​ရှိ​တောင်​များ၊ ချောင်း​များ၊ ချိုင့်​ဝှမ်း​များ​အ​ပေါ်​သို့​လဲ​ကျ​ကြ​လိမ့် မည်။ ထို​အ​ပင်​၏​အ​ရိပ်​တွင်​ခို​လှုံ​နေ ကြ​သော​လူ​မျိုး​အ​ပေါင်း​တို့​သည်​လည်း ထွက်​ခွာ​သွား​ကြ​လိမ့်​မည်။- \v 13 ငှက်​တို့​သည်​လာ​၍​လဲ​နေ​သော​အ​ပင်​တွင် နား​ကြ​လိမ့်​မည်။ တော​ရဲ​တိ​ရစ္ဆာန်​တို့​သည် ယင်း​၏​အ​ကိုင်း​အ​ခက်​များ​ကို​ကျော်​နင်း ကြ​လိမ့်​မည်။- \v 14 သို့​ဖြစ်​၍​မည်​မျှ​ပင်​ရေ​ရ​ရှိ​စေ​ကာ​မူ​ယ​ခု မှ​အ​စ​ပြု​၍ အ​ဘယ်​အ​ပင်​မျှ​ထို​အာ​ရစ် ပင်​ကဲ့​သို့​သစ်​ကိုင်း​သစ်​ခက်​များ​အ​ထက်​တွင် မြင့်​မား​ရ​တော့​မည်​မ​ဟုတ်။ ယင်း​တို့​၏​ထိပ်​ဖျား များ​သည်​မိုး​တိမ်​သို့​ရောက်​သည့်​တိုင်​အောင်​မြင့် တက်​ရ​ကြ​တော့​မည်​မ​ဟုတ်။ ထို​သစ်​ပင်​အား လုံး​ပင်​လူ​သား​များ​နှင့်​အ​တူ မြေ​ကြီး​ပေါ် တွင်​သေ​ကြေ​ပျက်​စီး​ကာ​မ​ရ​ဏာ​နိုင်​ငံ​သို့ ဆင်း​သက်​ရ​ကြ​ပေ​တော့​အံ့'' ဟု​မိန့်​တော် မူ​၏။ \p \v 15 အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``မ​ရ ဏာ​နိုင်​ငံ​သို့​အာ​ရစ်​ပင်​သက်​ဆင်း​သော​နေ့​၌ ငါ​သည်​မြေ​အောက်​ရှိ​မြစ်​များ​ကို​ငို​ကြွေး မြည်​တမ်း​သည့်​လက္ခ​ဏာ​ဖြင့်​ဖုံး​လွှမ်း​စေ​မည်။ ငါ​သည်​မြစ်​များ​ကို​ရပ်​တန့်​စေ​၍​ချောင်း များ​ကို​ရေ​မ​စီး​စေ​ဘဲ​ထား​မည်။ ထို​အာ​ရစ် ပင်​သေ​ပြီ​ဖြစ်​သော​ကြောင့် ငါ​သည်​လေ​ဗ​နုန် တောင်​တွင်​မှောင်​မိုက်​ကျ​စေ​၍ တော​အ​တွင်း ရှိ​သစ်​ပင်​အ​ပေါင်း​ကို​ညှိုး​နွမ်း​ခြောက်​သွေ့ သွား​စေ​မည်။- \v 16 ထို​အာ​ရစ်​ပင်​ကို​မရ​ဏာ​နိုင်​ငံ​သို့​ငါ​ဆင်း သက်​စေ​သော​အ​ခါ ယင်း​ပြို​လဲ​သည့်​အ​သံ ကြောင့်​လူ​မျိုး​တ​ကာ​တို့​သည်​တုန်​လှုပ်​သွား ကြ​လိမ့်​မည်။ ထို​အ​ခါ​မြေ​အောက်​ကမ္ဘာ​သို့ ရောက်​ရှိ​နေ​ကြ​သော​ဧ​ဒင်​ဥ​ယျာဉ်​မှ သစ်​ပင် ရှိ​သ​မျှ​နှင့်​လေ​ဗ​နုန်​တော​မှ​ရေ​အ​ဝ​သောက် ရ​သော​အ​ကောင်း​ဆုံး​လက်​ရွေး​စင်​သစ်​ပင် များ​သည်​နှစ်​ထောင်း​အား​ရ​ကြ​လိမ့်​မည်။- \v 17 ယင်း​တို့​သည်​ယ​ခင်​က​ပြို​လဲ​သွား​ကြ​သည့် အ​ပင်​များ​နှင့်​ပေါင်း​ဆုံ​မိ​ကြ​ရန် အာ​ရစ်​ပင် နှင့်​အ​တူ​မ​ရ​ဏာ​နိုင်​ငံ​သို့​သက်​ဆင်း​ကြ လိမ့်​မည်။ ထို​အာ​ရစ်​ပင်​၏​အ​ရိပ်​တွင်​ခို​လှုံ ခဲ့​ကြ​သူ​အ​ပေါင်း​တို့​နှင့် လူ​မျိုး​တ​ကာ မိတ်​ဆွေ​တို့​သည်​လည်း​အ​တူ​သက်​ဆင်း ကြ​လိမ့်​မည်'' ဟူ​၍​တည်း။ \p \v 18 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``အာ​ရစ်​ပင်​ကား အီ​ဂျစ်​ဘု​ရင်​နှင့်​သူ​၏​ပြည်​သူ​တို့​ဖြစ်​၏။ ဧ​ဒင်​ဥ​ယျာဉ်​ထဲ​မှ​သစ်​ပင်​များ​ပင်​လျှင် ထို အ​ပင်​လောက်​မ​မြင့်​မား​မ​ခန့်​ညား​ကြ။ သို့ ရာ​တွင်​ထို​အ​ပင်​သည်​ဧ​ဒင်​ဥ​ယျာဉ်​မှ သစ်​ပင်​များ​ကဲ့​သို့​ပင် မ​ရ​ဏာ​နိုင်​ငံ​သို့ ဆင်း​သက်​ကာ​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ မ​ခံ​ရ​သူ​များ၊ စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ များ​နှင့်​ပေါင်း​ဆုံ​ရ​ပေ​တော့​အံ့။ ဤ​ကား ငါ​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။ \c 32 \s1 အီ​ဂျစ်​ဘု​ရင်​ကို​မိ​ကျောင်း​နှင့်​နှိုင်း​ယှဉ်​ခြင်း \p \v 1 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​နှစ်​နှစ် မြောက်၊ ဒွါ​ဒ​သ​မ​လ၊ လ​ဆန်း​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။- \v 2 ကိုယ်​တော်​က``အီ​ဂျစ်​ဘု​ရင်​အား​ကြပ်​တည်း စွာ​သ​တိ​ပေး​ရ​မည်​မှာ​သင်​သည်​လူ​မျိုး တ​ကာ​တွင်​ခြင်္သေ့​ကဲ့​သို့​ပြု​ကျင့်​တတ်​သော် လည်း တ​ဗွမ်း​ဗွမ်း​ဖြင့်​မြစ်​ထဲ​၌​လှုပ်​ရှား သည့်​မိ​ချောင်း​နှင့်​ပို​၍​တူ​၏။ သင်​၏​ခြေ​ဖြင့် မြစ်​ရေ​ကို​နောက်​ကျိ​စေ​ရန်​မွှေ​နှောက်​၏။- \v 3 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​လူ​မျိုး​တ​ကာ တို့​တွေ့​ဆုံ​စု​ဝေး​ကြ​သော​အ​ခါ ငါ​သည် သင့်​အား​ပိုက်​ကွန်​ဖြင့်​အုပ်​၍​ဖမ်း​ကာ​သူ တို့​အား​ကမ်း​သို့​ဆွဲ​တင်​စေ​မည်။- \v 4 ထို​နောက်​ကုန်း​ပေါ်​တွင်​ချ​ထား​စေ​ပြီး ကွင်း ပြင်​ထဲ​သို့​ဆွဲ​သွား​မည်။ ကမ္ဘာ​ပေါ်​ရှိ​ငှက် များ​နှင့်​တိ​ရစ္ဆာန်​တို့​၏​အ​စာ​ဖြစ်​စေ​မည်။- \v 5 သင်​၏​ပုပ်​ပျက်​နေ​သော​အ​လောင်း​ဖြင့် တောင်​များ၊ ချိုင့်​ဝှမ်း​များ​ကို​ငါ​ဖုံး​လွှမ်း​မည်။- \v 6 မြေ​ကြီး​ကို​သင်​၏​သွေး​နှင့်​စို​စေ​မည်။ ထို သွေး​သည်​တောင်​ထိပ်​တိုင်​အောင်​စို​မည်။ မြစ် တို့​သည်​သင့်​သွေး​ဖြင့်​ပြည့်​လျှံ​လိမ့်​မည်။- \v 7 သင့်​အား​သုတ်​သင်​ဖျက်​ဆီး​ချိန်​၌​ငါ​သည် မိုး​ကောင်း​ကင်​ကို​ဖုံး​အုပ်​ကွယ်​ကာ​၍ ကြယ် တာ​ရာ​များ​ကို​ကွယ်​ပျောက်​စေ​မည်။ နေ​ကို မိုး​တိမ်​များ​ဖုံး​အုပ်​လိမ့်​မည်။ လ​သည် လည်း​အ​လင်း​ရောင်​ပေး​လိမ့်​မည်​မ​ဟုတ်။-\x + \xo 32:7 \xt ဟေရှာ၊ ၁၃:၁၀။ မ၊ ၂၄:၂၉။ မာ၊ ၁၃:၂၄-၂၅။ လု၊ ၂၁:၂၅။ ဗျာ၊ ၆:၁၂-၁၃၊ ၈:၁၂။\x* \v 8 ငါ​သည်​မိုး​ကောင်း​ကင်​မှ​အ​လင်း​အိမ်​ရှိ သ​မျှ​ကို​ကွယ်​ပျောက်​စေ​၍​သင့်​ပြည်​၌ အ​မှောင်​ကျ​စေ​မည်။ ဤ​ကား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။ \p \v 9 ``သင်​အ​ဘယ်​အ​ခါ​က​မျှ​မ​ကြား​ခဲ့​ဘူး သည့်​တိုင်း​ပြည်​များ​သို့ သင်​ပျက်​စီး​သည့် သ​တင်း​ကို​ငါ​လွှင့်​လိုက်​သော​အ​ခါ​လူ​မျိုး တ​ကာ​တို့​သည်​စိတ်​ဒုက္ခ​ရောက်​ကြ​လိမ့်​မည်။- \v 10 သင့်​အား​ငါ​ပြု​သော​အ​မှု​ကြောင့်​သူ​တို့ သည်​အံ့​အား​သင့်​ကြ​လိမ့်​မည်။ ငါ​သည်​ဋ္ဌား ကို​ဝှေ့​ယမ်း​လိုက်​သော​အ​ခါ​ရှင်​ဘု​ရင် များ​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်။ သင်​ပြို​လဲ​သော​နေ့​၌​သူ​တို့​အား​လုံး​ပင် မိ​မိ​တို့​၏​အ​သက်​အန္တ​ရာယ်​အ​တွက်​စိုး ရိမ်​ပူ​ပန်​ကာ ထိတ်​လန့်​တုန်​လှုပ်​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 11 အ​ရှင်​ထာ​ဝရ​ဘု​ရား​က​အီ​ဂျစ်​ဘု​ရင် အား``သင်​သည်​ဗာ​ဗု​လုန်​ဘု​ရင်​၏​ဋ္ဌား​ကို ရင်​ဆိုင်​ရ​လိမ့်​မည်။- \v 12 ငါ​သည်​ရက်​စက်​သော​လူ​မျိုး​တို့​၏​စစ်​သူ​ရဲ တို့​အား​ဋ္ဌား​လက်​နက်​ကိုင်​စွဲ​စေ​ပြီး​လျှင် သင် ၏​ပြည်​သား​အ​ပေါင်း​ကို​သတ်​ဖြတ်​စေ​မည်။ သင်​၏​လူ​အ​ပေါင်း​နှင့်​သင်​ဂုဏ်​ယူ​ဝါ​ကြွား သ​မျှ​သော​အ​ရာ​တို့​သည်​ဖျက်​ဆီး​ခြင်း ကို​ခံ​ရ​မည်။- \v 13 ငါ​သည်​သင်​၏​တိ​ရစ္ဆာန်​များ​ကို​သူ​တို့​ရေ သောက်​ရာ​အ​ရပ်​မှန်​သ​မျှ​တို့​တွင်​သတ်​ဖြတ် မည်။ ရေ​ကို​နောက်​စေ​မည့်​လူ​နှင့်​တိ​ရစ္ဆာန်​ရှိ တော့​မည်​မ​ဟုတ်။- \v 14 ငါ​သည်​သင်​၏​ရေ​တို့​ကို​အ​နယ်​ထိုင်​၍ ကြည်​လင်​လာ​စေ​မည်။ သင်​၏​မြစ်​များ​ကို လည်း​ဆီ​ကဲ့​သို့​ငြိမ်​သက်​စွာ​စီး​စေ​မည်။ ဤ ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။- \v 15 အီ​ဂျစ်​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ် ဖြစ်​စေ​၍ ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​၍ ထို​ပြည်​တွင်​နေ​ထိုင်​ကြ​သူ​လူ​အ​ပေါင်း အား သုတ်​သင်​ဖျက်​ဆီး​ပစ်​သော​အ​ခါ​ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။- \v 16 ဤ​သို့​ကြပ်​တည်း​စွာ​ငါ​သ​တိ​ပေး​သော စ​ကား​များ​သည်​ငို​ချင်း​ဖြစ်​လာ​လိမ့်​မည်။ အ​မျိုး​သ​မီး​တို့​သည်​အီ​ဂျစ်​ပြည်​နှင့်​ထို ပြည်​သား​အ​ပေါင်း​တို့​အ​တွက်​ငို​ကြွေး​မြည် တမ်း​ကာ ထို​ငို​ချင်း​ကို​သီ​ဆို​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။ \s1 မ​ရ​ဏာ​နိုင်​ငံ​သို့ \p \v 17 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​နှစ်​နှစ် မြောက်၊ ပ​ထ​မ​လ၊ လ​ဆန်း​တစ်​ဆယ့်​ငါး​ရက် နေ့​၌​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။- \v 18 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အီ​ဂျစ်​ပြည်​မှ မြောက်​မြား​စွာ​သော​လူ​အ​ပေါင်း​တို့​အ​တွက် ငို​ကြွေး​မြည်​တမ်း​လော့။ သူ​မ​ကို​အ​ခြား​တန် ခိုး​ကြီး​သူ​လူ​မျိုး​များ​၏​သ​မီး​ပျို​များ နှင့်​အ​တူ မ​ရ​ဏာ​နိုင်​ငံ​သို့​ပို့​ဆောင်​လော့။ \p \v 19 သူ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ \q1 သင်​တို့​သည်​သူ​တစ်​ပါး​ထက်​ပို​၍ တင့်​တယ်​ကြ​သ​လော။ \q1 လူ​သေ​တို့​၏​ကမ္ဘာ​သို့​ဆင်း​၍​အ​ရေ​ဖျား လှီး​မင်္ဂ​လာ မ​ခံ​သူ​တို့​နှင့်​အ​တူ​အိပ်​ကြ​လော့။ \p \v 20 ``အီ​ဂျစ်​ပြည်​သူ​တို့​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး သူ​များ​နှင့်​အ​တူ သေ​ကြ​လိမ့်​မည်။ အီ​ဂျစ် ပြည်​သူ​အ​ပေါင်း​တို့​အား​သုတ်​သင်​ပစ်​၍ ဆွဲ​ထုတ်​သွား​ရန် ဋ္ဌား​သည်​အ​ဆင်​သင့်​ရှိ​နေ​၏။- \v 21 အ​ပြောင်​မြောက်​ဆုံး​သူ​ရဲ​ကောင်း​များ​က အီ​ဂျစ်​ပြည်​သား​တို့​နှင့်​သူ​တို့​ဘက်​မှ​တိုက် ခိုက်​သူ​များ​ကို မ​ရ​ဏာ​နိုင်​ငံ​မှ​ကြို​ဆို ကြ​လိမ့်​မည်။ သူ​တို့​က`စစ်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့ ကြ​သော​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ တို့​သည် ဤ​အ​ရပ်​သို့​ဆင်း​သက်​ကာ​အိပ် ကြ​ပြီ' ဟု​အော်​ဟစ်​ကြ​၏။'' \p \v 22 ``အာ​ရှု​ရိ​သည်​မိ​မိ​စစ်​သူ​ရဲ​တို့​၏​သင်္ချိုင်း များ​ခြံ​ရံ​လျက်​ထို​အ​ရပ်​တွင်​ရှိ​၏။ သူ​တို့ အား​လုံး​ပင်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သူ​များ ဖြစ်​ကြ​၏။- \v 23 သူ​တို့​၏​သင်္ချိုင်း​များ​သည်​မ​ရ​ဏာ​နိုင်​ငံ ၏​အ​နက်​ရှိုင်း​ဆုံး​အ​ရပ်​၌​ရှိ​၏။ အာ​ရှု​ရိ စစ်​သူ​ရဲ​အား​လုံး​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး ၍​သူ​တို့​၏​သင်္ချိုင်း​များ​သည်​အာ​ရှု​ရိ​၏ ဂူ​ကို​ဝိုင်း​ရံ​လျက်​နေ​၏။ သို့​ရာ​တွင်​အ​ခါ တစ်​ပါး​က​သူ​တို့​သည်​အ​သက်​ရှင်​သူ​တို့ ကို​တုန်​လှုပ်​ချောက်​ချား​စေ​ခဲ့​သူ​များ​ဖြစ် သ​တည်း။ \p \v 24 ``ဧ​လံ​သည်​မိ​မိ​စစ်​သူ​ရဲ​တို့​၏​သင်္ချိုင်း​များ ခြံ​ရံ​လျက် ထို​အ​ရပ်​တွင်​ရှိ​၏။ သူ​တို့​အား လုံး​ပင်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သူ​များ​ဖြစ်​၍ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ဘဲ​မ​ရ​ဏာ နိုင်​ငံ​သို့​ဆင်း​သက်​သွား​သူ​များ​ဖြစ်​ကြ​၏။ အ​သက်​ရှင်​စဉ်​အ​ခါ​က​သူ​တို့​သည်​သူ တစ်​ပါး​တို့​အား ထိတ်​လန့်​တုန်​လှုပ်​အောင် ပြု​ခဲ့​ကြ​သော်​လည်း​ယ​ခု​အ​ခါ​၌​မူ မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​သက်​သူ​များ နှင့်​အ​တူ​အ​သ​ရေ​ပျက်​၍​သေ​ရ​ကြ လေ​ပြီ။- \v 25 ဧ​လံ​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​များ​နှင့် အ​တူ​လဲ​၍​နေ​ရ​၏။ သူ​၏​ပတ်​လည်​၌​စစ် သူ​ရဲ​တို့​၏​သင်္ချိုင်း​များ​ရှိ​၏။ ထို​သူ​တို့ အား​လုံး​ပင်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​မ​ခံ​သူ များ​နှင့်​စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​များ​ဖြစ် ကြ​၏။ သူ​တို့​သည်​အ​သက်​ရှင်​စဉ်​အ​ခါ က​သူ​တစ်​ပါး​တို့​အား​တုန်​လှုပ်​ချောက် ချား​အောင်​ပြု​ခဲ့​ကြ​သော်​လည်း ယ​ခု အ​ခါ​၌​မူ​စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​တို့​၏ ကံ​ကြမ္မာ​ကို​ခံ​ယူ​ကာ မ​ရ​ဏာ​နိုင်​ငံ​သို့ ဆင်း​သက်​သူ​များ​နှင့်​အ​တူ​အ​သ​ရေ ပျက်​၍​သေ​ရ​ကြ​လေ​ပြီ။ \p \v 26 ``မေ​ရှက်​နှင့်​တု​ဗ​လ​တို့​သည်​မိ​မိ​တို့​၏ စစ်​သူ​ရဲ​သင်္ချိုင်း​များ​ခြံ​ရံ​လျက်​ထို​အ​ရပ် တွင်​ရှိ​ကြ​၏။ သူ​တို့​အား​လုံး​သည်​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​မ​ခံ​ဘဲ​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​၍ မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​သက်​ရ​ကြ​၏။ သို့ ရာ​တွင်​သူ​တို့​သည်​အ​ခါ​တစ်​ပါး​က အ​သက်​ရှင်​သူ​တို့​ကို​ထိတ်​လန့်​တုန်​လှုပ် စေ​ခဲ့​သူ​များ​ဖြစ်​ကြ​၏။- \v 27 သူ​တို့​သည်​လက်​နက်​အ​ပြည့်​အ​စုံ​ကိုင်​စွဲ လျက်​မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​သက်​သူ​ရှေး သူ​ရဲ​ကောင်း​ကြီး​များ​ကဲ့​သို့ မိ​မိ​တို့​၏​ဋ္ဌား များ​ကို​ဦး​ခေါင်း​အောက်​တွင်​လည်း​ကောင်း၊ ဒိုင်း​လွှား​များ​ကို​ရင်​ပတ်​ပေါ်​တွင်​လည်း​ကောင်း ထား​ရှိ​ကာ​ဂုဏ်​ပြု​သင်္ဂြိုဟ်​ခြင်း​ကို​မ​ခံ​ရ ကြ။ သူ​တို့​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ သူ​အ​ခြား​ကျ​ဆုံး​လေ​ပြီး​သော စစ်​သူ​ရဲ ကောင်း​များ​နှင့်​အ​တူ​လဲ​လျောင်း​နေ​လေ​ပြီ။ ဤ​သူ​ရဲ​ကောင်း​များ​သည်​အ​ခါ​တစ်​ပါး က​အ​သက်​ရှင်​သူ​တို့​ကို​တုန်​လှုပ်​ချောက် ချား​ရန် ပြု​လုပ်​သည့်​တန်​ခိုး​ကြီး​မား​သူ များ​ဖြစ်​ခဲ့​ကြ​၏။ \p \v 28 ``အီ​ဂျစ်​ပြည်​သား​တို့​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး ခဲ့​သော​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ​တို့​နှင့် အ​တူ ချေ​မှုန်း​ခြင်း​ခံ​ရ​ကြ​မည်​မှာ​ဤ​နည်း အ​တိုင်း​ပင်​ဖြစ်​သ​တည်း။ \p \v 29 ``ဧ​ဒုံ​သည်​လည်း​မိ​မိ​၏​ဘု​ရင်​များ၊ မင်း​ညီ​မင်း သား​များ​နှင့်​ထို​အ​ရပ်​တွင်​ရှိ​၏။ သူ​တို့​သည်​စွမ်း အား​ကြီး​သည့်​စစ်​သူ​ရဲ​များ​ဖြစ်​သော်​လည်း စစ် ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သည့်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ မ​ခံ​သူ​တို့​နှင့်​အ​တူ​မ​ရ​ဏာ​နိုင်​ငံ​တွင်​လဲ လျက်​နေ​ရ​ကြ​လေ​ပြီ။ \p \v 30 ``မြောက်​အ​ရပ်​မှ​မင်း​ညီ​မင်း​သား​များ​နှင့် ဇိ​ဒုန်​မြို့​သား​တို့​သည်​ထို​အ​ရပ်​တွင်​ရှိ​ကြ ၏။ အ​ခါ​တစ်​ပါး​က​သူ​တို့​သည်​မိ​မိ​တို့ ၏​တန်​ခိုး​အာ​ဏာ​ဖြင့်​သူ​တစ်​ပါး​တို့​အား ထိတ်​လန့်​တုန်​လှုပ်​အောင်​ပြု​ခဲ့​ကြ​သော်​လည်း ယ​ခု​အ​ခါ​၌​စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​များ နှင့်​အ​တူ​အ​သ​ရေ​ပျက်​၍ သေ​ကြ​ပြီး လျှင်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ရ​သူ များ​နှင့်​အ​တူ​သေ​သူ​တို့​ကမ္ဘာ​သို့​ဆင်း သက်​ကြ​ရ​၏။ \p \v 31 ``အီ​ဂျစ်​ဘု​ရင်​နှင့် သူ​၏​တပ်​မ​တော်​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​သော ထို​သူ​အ​ပေါင်း​ကို တွေ့​မြင်​သော​အ​ခါ​မိ​မိ​တို့​ကိုယ်​ကို​နှစ် သိမ့်​နိုင်​ကြ​လိမ့်​မည်'' ဟု​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။ \p \v 32 ``အီ​ဂျစ်​ဘု​ရင်​သည်​အ​သက်​ရှင်​သူ​တို့​ကို တုန်​လှုပ်​ချောက်​ချား​အောင်​ပြု​ခဲ့​၏။ သို့​ရာ တွင်​သူ​နှင့်​သူ​၏​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် သုတ်​သင်​ခြင်း​ကို​ခံ​ရ​၏။ စစ်​ပွဲ​တွင်​ကျ​ဆုံး ခဲ့​သော​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ​တို့ နှင့်​အ​တူ​မြှုပ်​နှံ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။'' ဤ​ကား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ဖြစ်​၏။ \c 33 \s1 ကင်း​စောင့်​အ​ဖြစ်​ယေ​ဇ​ကျေ​လ​ကို ခန့်​တော်​မူ​ခြင်း \r (ယေဇ၊ ၃:၁၆-၂၁) \p \v 1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။- \v 2 ကိုယ်​တော်​က``တိုင်း​ပြည်​တစ်​ပြည်​ကို​ငါ​သည် စစ်​ဘေး​အန္တ​ရာယ်​ဆိုက်​ရောက်​စေ​သော​အ​ခါ ထို​ပြည်​၌​အ​ဘယ်​သို့​ဖြစ်​သည်​ကို​သင်​၏ အ​မျိုး​သား​တို့​အား​ပြော​ပြ​လော့။ ပြည်​သူ ပြည်​သား​တို့​သည်​မိ​မိ​တို့​အ​ထဲ​မှ​လူ တစ်​ယောက်​ကို​ကင်း​စောင့်​အ​ဖြစ်​ဖြင့်​ရွေး ချယ်​ရ​ကြ​၏။- \v 3 သူ​သည်​ရန်​သူ​ချဉ်း​ကပ်​လာ​သည်​ကို​မြင် လျှင် လူ​အ​ပေါင်း​တို့​အား​တံ​ပိုး​ခ​ရာ​မှုတ် ၍​အ​ချက်​ပေး​ရ​၏။- \v 4 အ​ကယ်​၍​တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ယင်း​သို့​အ​ချက်​ပေး​သံ​ကို​ကြား​လျက်​နှင့် ဂ​ရု​မ​စိုက်​ဘဲ​နေ​ပါ​မူ​ရန်​သူ​သည်​လာ ၍​သူ့​ကို​ဋ္ဌား​ဘေး​သင့်​စေ​လျှင် ထို​သူ​အ​သက် ဆုံး​ရှုံး​ရ​မှု​သည်​သူ​၏​အ​ပြစ်​ပင်​ဖြစ်​၍ သူ့ သွေး​သည်​သူ​၏​ခေါင်း​ပေါ်​ရောက်​လေ​ပြီ။- \v 5 သူ​သေ​ရ​သည်​မှာ​သူ​၏​ချို့​ယွင်း​မှု​ကြောင့် သူ့​သွေး​သည်​သူ​၏​ခေါင်း​ပေါ်​ရောက်​ရ​ပေ မည်​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည် သ​တိ​ပေး​ချက်​ကို​ဂ​ရု​မ​စိုက်​ခဲ့​သော ကြောင့်​ဖြစ်​၏။ အ​ကယ်​၍​ဂ​ရု​စိုက်​မည် ဆို​ပါ​က​သူ​သည်​သေ​ဘေး​မှ​လွတ် မြောက်​နိုင်​၏။- \v 6 သို့​ရာ​တွင်​အ​ကယ်​၍​ကင်း​စောင့်​သည်​ရန်​သူ လာ​သည်​ကို​မြင်​လျက်​နှင့် အ​ချက်​ပေး​တံ​ပိုး ခ​ရာ​ကို​မ​မှုတ်​ဘဲ​နေ​ခဲ့​သော် ရန်​သူ​လွန်​လာ ၍​တစ်​စုံ​တစ်​ယောက်​သတ်​ဖြတ်​ခံ​ရ​လျှင်​ထို သူ​သည်​မိ​မိ​အ​ပြစ်​ကြောင့်​သေ​ရ​သော်​လည်း ထို​သို့​သေ​ဆုံး​သူ​၏​သွေး​အ​တွက်​ကင်း​စောင့် မှာ​တာ​ဝန်​ရှိ​စေ​မည်။'' \p \v 7 ``အ​ချင်း​လူ​သား၊ ယ​ခု​ငါ​သည်​သင့်​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက် ကင်း စောင့်​အ​ဖြစ်​ဖြင့်​ခန့်​ထား​မည်။ သင်​သည်​ငါ ၏​သ​တိ​ပေး​ချက်​များ​ကို​သူ​တို့​အား ဆင့်​ဆို​ရ​မည်။- \v 8 အ​ကယ်​၍​ငါ​က​ဆိုး​ယုတ်​သူ​တစ်​စုံ​တစ် ယောက်​အား​သေ​ရ​လိမ့်​မည်​ဟု​ဆို​လျှင် သင် သည်​ထို​သူ​အ​သက်​မ​သေ​စေ​ရန်​သူ​၏ အ​ပြု​အ​မူ​ပြောင်း​လဲ​ဖို့​သ​တိ​ပေး​ရ​မည်။ မ​ပေး​ဘဲ​နေ​ပါ​မူ​သူ​သည်​အ​ပြစ်​ကူး လွန်​သူ​အ​ဖြစ်​ဖြင့်​ပင်​သေ​လိမ့်​မည်။ ထို အ​ခါ​ငါ​သည်​ထို​သေ​ဆုံး​သူ​၏​သွေး အ​တွက်​သင့်​မှာ​တာ​ဝန်​ရှိ​စေ​မည်။- \v 9 အ​ကယ်​၍​သင်​သည်​ဆိုး​ယုတ်​သူ​အား​သ​တိ ပေး​သော်​လည်း သူ​သည်​ဒု​စ​ရိုက်​ကို​ပြု​မြဲ ပြု​ကာ​အ​ပြစ်​ကူး​လွန်​သူ​အ​ဖြစ်​ဖြင့်​ပင် လျှင်​သေ​သည်​ဆို​ပါ​မူ သင်​၏​အ​သက်​ချမ်း သာ​ရာ​ရ​လိမ့်​မည်''ဟု​မိန့်​တော်​မူ​၏။ \s1 လူ​တစ်​ဦး​စီ​၌​ရှိ​သော​တာ​ဝန် \p \v 10 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။ ကိုယ်​တော်​က``အ​ချင်း လူ​သား'' ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ​သင်​တို့​က`ငါ​တို့​သည်​မိ​မိ တို့​အ​ပြစ်​များ၊ မိ​မိ​တို့​ပြု​သော​အ​မှား​များ ဖြင့်​ဝန်​လေး​ပင်​ပန်း​လျက်​ရှိ​ကြ​၏။ ငါ​တို့ သည်​အား​လျော့​နွမ်း​နယ်​လျက်​နေ​ကြ​၏။ အ​ဘယ်​သို့​လျှင်​ငါ​တို့​အ​သက်​ရှင်​နိုင် ကြ​ပါ​မည်​နည်း' ဟု​ဆို​ကြ​၏။- \v 11 ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ ငါ​မိန့်​တော်​မူ​သည်​ကား​အ​ပြစ်​ကူး လွန်​သူ​တစ်​စုံ​တစ်​ယောက်​သေ​သည်​ကို​မ မြင်​လို ထို​သူ​အ​ပြစ်​ကူး​လွန်​မှု​ကို​ရပ်​စဲ ၍​အ​သက်​ရှင်​သည်​ကို​သာ​လျှင်​တွေ့​မြင် လို​သည်။ အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး​သား တို့၊ သင်​တို့​ပြု​လျက်​ရှိ​သည့်​အ​ပြစ်​ဒု စ​ရိုက်​ကို​ရပ်​စဲ​ကြ​လော့။ ရပ်​စဲ​သော​သင် တို့​သည်​အ​ဘယ်​ကြောင့်​သေ​ချင်​ကြ သ​နည်း။ \p \v 12 ``အ​ချင်း​လူ​သား၊ သူ​တော်​ကောင်း​အ​ပြစ် ကူး​လွန်​သော​အ​ခါ​သူ​ပြု​ခဲ့​သော​ကောင်း မှု​များ​က​သူ့​ကို​ကယ်​လိမ့်​မည်​မ​ဟုတ် ကြောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ကြား​လော့။ အ​ကယ်​၍​ဆိုး​ညစ်​သူ သည်​မိ​မိ​၏​ဆိုး​ညစ်​မှု​ကို​ရပ်​စဲ​လိုက်​ပါ မူ​သူ​သည်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​တော့​မည် မ​ဟုတ်။ သူ​တော်​ကောင်း​သည်​အ​ပြစ်​ကူး လွန်​သော​အ​ခါ​သူ​သည်​အ​သက်​ချမ်း သာ​ရာ​ရ​မည်​မ​ဟုတ်။- \v 13 ငါ​သည်​သူ​တော်​ကောင်း​အား​အ​သက်​ရှင်​စေ မည်​ဟု​က​တိ​ပေး​ထား​သော်​လည်း သူ​သည် မိ​မိ​ပြု​ခဲ့​သော​ကောင်း​မှု​ကို​အား​ကိုး​ကာ အ​ပြစ်​စ​၍​ကူး​လွန်​သည်​ဆို​ပါ​မူ ငါ​သည် သူ​ပြု​ခဲ့​သော​အ​ဘယ်​ကောင်း​မှု​ကို​မျှ​သ​တိ ရ​လိမ့်​မည်​မ​ဟုတ်။ သူ​သည်​မိ​မိ​၏​အ​ပြစ် ကြောင့်​သေ​ရ​မည်​ဖြစ်​၏။- \v 14 အ​ကယ်​၍​ငါ​သည်​ဆိုး​ယုတ်​သူ​အား​သေ​ရ လိမ့်​မည်​ဟု​သ​တိ​ပေး​သ​ဖြင့် သူ​သည်​မိ​မိ ၏​အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ​ကာ​မှန်​ရာ ကောင်း​ရာ​ကို​ပြု​ကျင့်​လျှင်၊- \v 15 ဥ​ပ​မာ​အား​ဖြင့်​မိ​မိ​အ​ပေါင်​ခံ​ထား​သည့် ပစ္စည်း၊ ခိုး​ဝှက်​ထား​သည့်​ဥစ္စာ​တို့​ကို​ပြန်​၍ ပေး​အပ်​ပြီး​လျှင်​အ​ပြစ်​ကူး​လွန်​မှု​ကို ရပ်​စဲ​ကာ​အ​သက်​ရှင်​စေ​တတ်​သော​ပြ​ဋ္ဌာန်း ချက်​တို့​ကို​စောင့်​ထိန်း​သည်​ဆို​အံ့၊ ထို​သူ သည်​မ​သေ​ဘဲ​အ​သက်​ရှင်​လိမ့်​မည်။- \v 16 သူ​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​ကို​လည်း ငါ​သည်​ဖြေ​လွှတ်​မည်။ မှန်​ရာ​ကောင်း​ရာ​ကို ပြု​ကျင့်​သည့်​အ​တွက်​သူ​သည်​အ​သက်​ရှင် လိမ့်​မည်။ \p \v 17 ``သို့​ရာ​တွင်​သင်​၏​အ​မျိုး​သား​ချင်း​တို့​က ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​စွာ​မ​စီ​ရင် ဟု​ဆို​ကြ​၏။ သူ​တို့​သာ​လျှင်​ဖြောင့်​မတ် စွာ​မ​ပြု​ကြ။- \v 18 သူ​တော်​ကောင်း​သည်​ကောင်း​မှု​ကို​ရပ်​စဲ​၍ မ​ကောင်း​မှု​ကို​ပြု​သော​အ​ခါ ထို​မ​ကောင်း မှု​အ​တွက်​သူ​သည်​သေ​ရ​လိမ့်​မည်။- \v 19 ဆိုး​ယုတ်​သူ​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​စွန့် လွှတ်​၍​မှန်​ရာ​ကောင်း​ရာ​ကို​ပြု​ကျင့်​သော အ​ခါ အ​သက်​ရှင်​ခွင့်​ကို​ရ​ရှိ​လိမ့်​မည်။- \v 20 သို့​ရာ​တွင်​အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့၊ သင်​တို့​က​ထာ​ဝ​ရ​ဘု​ရား​ပြု သော​အ​မှု​သည်​မ​ဖြောင့်​မတ်​ဟု​ဆို​ကြ ၏။ ငါ​သည်​သင်​တို့​ပြု​သော​အ​မှု​ကို​ထောက် ၍ သင်​တို့​အား​တ​ရား​စီ​ရင်​မည်'' ဟု​မိန့် တော်​မူ​၏။ \s1 ယေ​ရု​ရှ​လင်​မြို့​ရန်​သူ​လက်​သို့ ကျ​ရောက်​သည့်​သ​တင်း \p \v 21 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​နှစ်​နှစ် မြောက်၊ ဒ​သ​မ​လ၊ လ​ဆန်း​ငါး​ရက်​နေ့​၌ ယေ​ရု​ရှ​လင်​မြို့​မှ​လွတ်​မြောက်​လာ​သူ​တစ် ယောက်​သည်​လာ​၍​ငါ့​အား​ယေ​ရု​ရှ​လင် မြို့​ရန်​သူ​လက်​သို့​ကျ​ရောက်​သွား​သည့် အ​ကြောင်း​ကို​ပြော​ပြ​၏။-\x + \xo 33:21 \xt ၄ရာ၊ ၂၅:၃-၁၀။ ယေ၊ ၃၉:၂-၈၊ ၅၂:၄-၁၄။\x* \v 22 ထို​သူ​မ​ရောက်​မီ​ည​နေ​ချမ်း​အ​ချိန်​၌ ထာ​ဝရ​ဘု​ရား​၏​တန်​ခိုး​တော်​သည် ငါ့​ကို လွှမ်း​မိုး​၍​နေ​၏။ နောက်​တစ်​နေ့​နံ​နက်​ထို သူ​ရောက်​ရှိ​လာ​ချိန်​၌ စ​ကား​ပြော​နိုင်​စွမ်း ရည်​ကို​ငါ့​အား​ပြန်​၍​ပေး​တော်​မူ​၏။ သို့ ဖြစ်​၍​ငါ​သည်​တိတ်​ဆိတ်​စွာ​မ​နေ​ရ တော့​ဘဲ​စ​ကား​ပြော​နိုင်​၏။ \s1 လူ​တို့​၏​အ​ပြစ်​များ \p \v 23 ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။- \v 24 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ ပြည်​ရှိ​ပျက်​စီး​ယို​ယွင်း​နေ​သော​မြို့​များ​တွင် နေ​ထိုင်​သူ​တို့​က`အာ​ဗြ​ဟံ​သည်​လူ​တစ်​ဦး မျှ​သာ​ဖြစ်​သော်​လည်း​ဤ​ပြည်​တစ်​ပြည်​လုံး ကို​အ​ပိုင်​ရ​ရှိ​ခဲ့​၏။ ယ​ခု​ငါ​တို့​သည်​ကား အ​ရေ​အ​တွက်​အား​ဖြင့်​များ​သည်​ဖြစ်​၍​ဤ ပြည်​ကို​ငါ​တို့​အ​ပိုင်​ရ​ကြ​ပြီ' ဟု​ပြော​ဆို နေ​ကြ​၏။ \p \v 25 ``သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား သင်​တို့​သည်​အ​မဲ​သား​နှင့် အ​တူ​သွေး​ကို​လည်း​စား​ကြ​၏။ ရုပ်​တု​များ ကို​ဝတ်​ပြု​ရှိ​ခိုး​ကြ​၏။ လူ​၏​အ​သက်​ကို သတ်​ကြ​၏။ သို့​ပါ​လျက်​ဤ​ပြည်​ကို​သင်​တို့ အ​ပိုင်​ရ​ပြီ​ဟု​အ​ဘယ်​ကြောင့်​ထင်​မှတ် ကြ​သ​နည်း။- \v 26 သင်​တို့​သည်​မိ​မိ​တို့​၏​ဋ္ဌား​ကို​အား​ကိုး ကြ​၏။ သင်​တို့​အ​ကျင့်​များ​သည်​လည်း​စက် ဆုပ်​ဖွယ်​ကောင်း​၏။ လူ​တိုင်း​ပင်​သူ​တစ်​ပါး ၏​အိမ်​ရာ​ကို​ပြစ်​မှား​ကြ​၏။ သို့​ပါ​လျက် ဤ​ပြည်​ကို​သင်​တို့​အ​ပိုင်​ရ​ပြီ​ဟု​အ​ဘယ် ကြောင့်​ထင်​မှတ်​ကြ​သ​နည်း။ \p \v 27 ``ပျက်​စီး​ယို​ယွင်း​လျက်​ရှိ​သော​မြို့​များ​တွင် နေ​ထိုင်​ကြ​သူ​တို့​သည်​သတ်​ဖြတ်​ခြင်း​ခံ​ရ ကြ​လိမ့်​မည်​ဖြစ်​ကြောင်း၊ ငါ​အ​ရှင်​ထာ​ဝရ ဘု​ရား​သည်​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား အ​မှန်​ပင်​ဖြစ်​သည့်​အ​တိုင်း​သူ​တို့​အား​သ​တိ ပေး​လိုက်​ကြောင်း​ပြော​ကြား​လော့။ ကျေး​လက် တို့​တွင်​နေ​ထိုင်​သူ​များ​သည်​တော​တိ​ရစ္ဆာန် တို့​၏​အ​စာ​ဖြစ်​ရ​ကြ​လိမ့်​မည်။ တောင်​များ၊ လိုဏ်​ဂူ​များ​တွင်​ပုန်း​အောင်း​နေ​ကြ​သူ​တို့ သည်​ရော​ဂါ​ကြောင့်​သေ​ရ​ကြ​လိမ့်​မည်။- \v 28 ငါ​သည်​ထို​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​မည်။ ပြည်​သူ​တို့​ဂုဏ်​ယူ​ဝါ ကြွား​ရာ​ဖြစ်​သည့်​တန်​ခိုး​အာ​ဏာ​သည် လည်း​ဆိတ်​သုဉ်း​သွား​လိမ့်​မည်။ မည်​သူ​မျှ ဖြတ်​သန်း​သွား​လာ​မှု​မ​ပြု​နိုင်​လောက်​အောင် ဣ​သ​ရေ​လ​တောင်​တို့​သည်​တော​ရိုင်း​ဖြစ် လိမ့်​မည်။- \v 29 ငါ​သည်​လူ​တို့​အား​အ​ပြစ်​များ​အ​တွက်​ဒဏ် ခတ်​၍ သူ​တို့​၏​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​သော​အ​ခါ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 ပ​ရော​ဖက်​ကြေ​ညာ​သည့်​ဗျာ​ဒိတ်​အ​ကျိုး သက်​ရောက်​မှု \p \v 30 ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​လူ​သား၊ သင် ၏​အ​မျိုး​သား​တို့​သည်​မြို့​တံ​တိုင်း​များ အ​နီး​၌​သော်​လည်း​ကောင်း၊ မိ​မိ​တို့​အိမ် တံ​ခါး​ဝ​များ​၌​သော်​လည်း​ကောင်း တွေ့​ဆုံ မိ​ကြ​သော​အ​ခါ​သင်​၏​အ​ကြောင်း​ကို ပြော​ဆို​နေ​ကြ​၏။ သူ​တို့​က​ထာ​ဝ​ရ ဘုရား​အ​ဘယ်​သို့​အ​မိန့်​တော်​ရှိ​သည်​ကို ယ​ခု​ငါ​တို့​သွား​၍​နား​ထောင်​ကြ​ကုန် အံ့'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။- \v 31 သို့​ဖြစ်​၍​ငါ​၏​လူ​မျိုး​တော်​သည်​သင်​ပြန် ကြား​ရန် ရှိ​သည့်​အ​မိန့်​တော်​ကို​နား​ထောင် ရန်​သင့်​ရှေ့​သို့​စု​ရုံး​လာ​ကြ​၏။ သို့​ရာ​တွင် သူ​တို့​သည်​သင်​ပြော​သည့်​အ​တိုင်း​မ​လုပ် ကြ။ ချစ်​ဖွယ်​သော​စ​ကား​များ​ပြော​ဆို​နေ ကြ​သော်​လည်း​လော​ဘ​စိတ်​အ​တိုင်း​ကျင့် ကြံ​ကြ​၏။- \v 32 သူ​တို့​အ​ဖို့​မှာ​သင်​သည်​အ​ချစ်​သီ​ချင်း များ​ကို​သီ​ဆို​တီး​မှုတ်​ဖြေ​ဖျော်​သူ​ကဲ့ သို့​ဖြစ်​ပေ​သည်။ သူ​တို့​သည်​သင်​ပြော​သ​မျှ သော​စ​ကား​တို့​ကို​နား​ထောင်​ကြ​သော်​လည်း တစ်​လုံး​တစ်​ပါ​ဒ​ကို​မျှ​မ​လိုက်​နာ​ကြ။- \v 33 သို့​ရာ​တွင်​သင်​၏​ဟော​ကြား​ချက်​မှန်​သ​မျှ သည်​မှန်​ကန်​လာ​ရ​မည်​ဖြစ်​သည့်​အ​တိုင်း အ​ကောင်​အ​ထည်​ပေါ်​လာ​သော​အ​ခါ မိ​မိ တို့​အ​လယ်​တွင်​ပ​ရော​ဖက်​တစ်​ပါး​ရောက် ရှိ​နေ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \c 34 \s1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​စောင့်​ရှောက်​သူ သိုး​ထိန်း​များ \p \v 1 ထာ​ဝ​ရ​ဘု​ရား​နှုတ်​က​ပတ်​တော်​သည်​ငါ့​ထံ သို့​ရောက်​လာ​၏။- \v 2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​သိုး​ထိန်း​တို့​အား​ရှုတ် ချ​လော့။ သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို ရ​မည်​မှာ အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး​သား များ​၏​သိုး​ထိန်း​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို ကျွေး​မွေး​ပြု​စု​ကြ​သော်​လည်း​သိုး​များ ကို​မူ​မ​စောင့်​ထိန်း​ကြ။- \v 3 သင်​တို့​သည်​သိုး​နို့​ကို​သောက်​လျက်​သိုး​မွေး ထည်​ကို​ဝတ်​ဆင်​ပြီး​လျှင် ဆူ​ဖြိုး​သော​သိုး များ​ကို​သတ်​၍​စား​ကြ​၏။ သို့​ရာ​တွင်​သိုး တို့​ကို​မူ​အ​ဘယ်​အ​ခါ​၌​မျှ​မ​စောင့်​ထိန်း ကြ။- \v 4 အား​နည်း​သော​သိုး​တို့​ကို​မ​ကြည့်​ရှု။ နာ ဖျား​သော​သိုး​တို့​ကို​လည်း​ဆေး​မ​ကု။ ဒဏ် ရာ​ရ​သော​သိုး​တို့​ကို​အ​ဝတ်​နှင့်​မ​စည်း။ လမ်း​မှား​သည့်​သိုး​တို့​ကို​ပြန်​၍​မ​စု​သိမ်း။ ပျောက်​သော​သိုး​တို့​ကို​လည်း​မ​ရှာ​ဘဲ​သင် တို့​သည်​ထို​သိုး​တို့​ကို​မ​ညှာ​မ​တာ​ပြု​မူ ကြ​၏။- \v 5 သိုး​တို့​သည်​သိုး​ထိန်း​မ​ရှိ​သ​ဖြင့်​က​စဥ့် က​ရဲ​ဖြစ်​ကာ​သား​ရဲ​တိ​ရစ္ဆာန်​များ​၏ အ​စာ​ဖြစ်​ရ​ကြ​၏။-\x + \xo 34:5 \xt တော၊ ၂၇:၁၇။ ၃ရာ၊ ၂၂:၁၇။ မ၊ ၉:၃၆။ မာ၊ ၆:၃၄။\x* \v 6 သို့​ဖြစ်​၍​ငါ​၏​သိုး​တို့​သည်​တောင်​များ၊ ကုန်း​မြင့်​များ​ပေါ်​တွင်​လှည့်​လည်​၍​နေ​ရ ကြ​၏။ သူ​တို့​သည်​ကမ္ဘာ​မြေ​တစ်​ပြင်​လုံး တွင်​ပျံ့​လွင့်​လျက်​ရှိ​ကြ​၏။ သူ​တို့​အား ရှာ​ဖွေ​သူ၊ ရှာ​ဖွေ​ရန်​အား​ထုတ်​သူ​တစ်​ယောက် မျှ​မ​ရှိ။ \p \v 7 ``အ​ချင်း​သိုး​ထိန်း​တို့၊ ယ​ခု​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သည်​ကို​နား​ထောင်​ကြ​လော့။- \v 8 ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​သည်​ငါ ၏​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သိုး​ထိန်း မ​ရှိ​သ​ဖြင့်​ငါ​၏​သိုး​တို့​အား​သား​ရဲ တိ​ရစ္ဆာန်​များ​သတ်​ဖြတ်​ကိုက်​စား​ကြ​လေ ပြီ။ ငါ့​သိုး​ထိန်း​တို့​သည်​သိုး​ကို​လိုက်​၍ မ​ရှာ​ကြ။ သူ​တို့​သည်​မိ​မိ​တို့​ကို​သာ လျှင်​ကြည့်​ရှု​စောင့်​ရှောက်​လျက်​သိုး​တို့ ကို​မူ​မ​စောင့်​ထိန်း​ကြ။- \v 9 သို့​ဖြစ်​၍​အ​ချင်း​သိုး​ထိန်း​တို့၊ ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​ကို​နား​ထောင်​ကြ​လော့။- \v 10 ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​သင်​တို့​၏ ရန်​သူ​ဖြစ်​၍ ငါ​၏​သိုး​တို့​သည်​သင့်​တာ​ဝန် ဖြစ်​ကြောင်း​အ​တိ​အ​လင်း​ကြေ​ညာ​၏။ ငါ သည်​မိ​မိ​၏​သိုး​များ​ကို​သင်​တို့​ထံ​မှ​သိမ်း ယူ​မည်။ အ​ဘယ်​အ​ခါ​၌​မျှ​သင်​တို့​သည် သူ​တို့​အား​ထိန်း​ကျောင်း​ခွင့်​နှင့် မိ​မိ​တို့​ကိုယ် ကို​သာ​လျှင်​ကြည့်​ရှု​ပြု​စု​ခွင့်​ကို​ငါ​ပေး တော့​မည်​မ​ဟုတ်။ သိုး​တို့​သည်​သင်​တို့​၏ အ​စာ​မ​ဖြစ်​အောင် ငါ​သည်​မိ​မိ​သိုး​တို့ ကို​သင်​တို့​လက်​မှ​ကယ်​ဆယ်​မည်။ \s1 ကောင်း​သော​သိုး​ထိန်း \p \v 11-12 ``သင်​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား က​စဥ့်​က​ရဲ​ဖြစ်​ပြီး​နောက် ပြန်​လည်​စု​သိမ်း​ရ​ရှိ​သည့်​သိုး​တို့​ကို​သိုး ထိန်း​သည်​စောင့်​ထိန်း​ကြည့်​ရှု​သ​ကဲ့​သို့ ငါ သည်​မိ​မိ​၏​သိုး​တို့​ကို​လိုက်​လံ​ရှာ​ဖွေ​ကာ စောင့်​ထိန်း​ကြည့်​ရှု​မည်။ မိုး​အ​မှောင်​ကျ​သည့် နေ့​ရက်​၌​သူ​တို့​က​စဥ့်​က​ရဲ​ဖြစ်​၍​သွား ရာ​အ​ရပ်​ရပ်​မှ​ငါ​သည်​သူ​တို့​အား​ပြန် လည်​ခေါ်​ခဲ့​မည်။- \v 13 နိုင်​ငံ​ရပ်​ခြား​များ​မှ စု​သိမ်း​ပြီး​လျှင်​သူ တို့​အား မိ​မိ​တို့​နေ​ရင်း​ပြည်​သို့​ပြန်​လည် ခေါ်​ခဲ့​မည်။ ငါ​သည်​သူ​တို့​အား​ဣ​သ​ရေ​လ တောင်​များ​နှင့်​မြစ်​ချောင်း​များ​သို့​ပို့​ဆောင် ၍​သာ​ယာ​သော​စား​ကျက်​များ​၌​ကျွေး မွေး​မည်။- \v 14 တောင်​ပေါ်​မြက်​ခင်း​များ၊ ဣ​သ​ရေ​လ​ပြည် စိမ်း​လန်း​သော​စား​ကျက်​များ​တွင်​ကျက်​စား စေ​မည်။ ကောင်း​သော​စား​ကျက်​များ​တွင်​လဲ လျောင်း​စေ​၍ စိမ်း​လန်း​သော​စား​ကျက်​များ တွင်​ကျက်​စား​စေ​မည်။- \v 15 ငါ​ကိုယ်​တိုင်​မိ​မိ​၏​သိုး​များ​ကို​ထိန်း​ကျောင်း ၍ သူ​တို့​အိပ်​နား​စ​ရာ​အ​ရပ်​များ​ကို​ရှာ​၍ ပေး​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။ \p \v 16 ``ငါ​သည်​ပျောက်​သော​သိုး​များ​ကို​ရှာ​၍ လမ်း​မှား​သော​သိုး​တို့​ကို​ပြန်​လည်​ခေါ်​ခဲ့ မည်။ ဒဏ်​ရာ​ရ​သော​သိုး​များ​ကို​အ​ဝတ် နှင့်​စည်း​ကာ​ဖျား​နာ​သော​သိုး​တို့​ကို​ဆေး ကု​ပေး​မည်။ သို့​ရာ​တွင်​ဝ​ဖြိုး​သန်​မာ​သော သိုး​တို့​ကို​ပယ်​ရှား​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​သည်​မှန်​ရာ​ကို​ပြု​လုပ်​တတ်​သည့် သိုး​ထိန်း​ဖြစ်​သော​ကြောင့်​တည်း။ \p \v 17 ``သို့​ဖြစ်​၍ ငါ​၏​သိုး​စု၊ ငါ​အ​ရှင်​ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​သည်​ကား​ငါ​သည်​သင် တို့​အ​သီး​သီး​အား​တ​ရား​စီ​ရင်​မည်။ ကောင်း သူ​ဆိုး​သူ​တည်း​ဟူ​သော​သိုး​နှင့်​ဆိတ်​ကို ခွဲ​ခြား​သတ်​မှတ်​မည်။- \v 18 သင်​တို့​အ​ချို့​သည်​မြက်​အ​ကောင်း​ဆုံး​ကို စား​ရ​ကြ​သော်​လည်း​ကျေ​နပ်​မှု​မ​ရှိ။ မိ​မိ တို့​မ​စား​သည့်​မြက်​များ​ကို​ခြေ​ဖြင့်​နင်း ကြ​ပါ​သည်​တ​ကား။ သင်​တို့​သည်​ရေ​ကြည် ကို​သောက်​၍​သင်​တို့​မ​သောက်​သည့်​ရေ​ကို နောက်​ကျိ​အောင်​ပြု​ကြ​ပါ​သည်​တ​ကား။- \v 19 ငါ​၏​အ​ခြား​သိုး​တို့​သည်​သင်​တို့​ခြေ​ဖြင့် နင်း​၍​ထား​သည့်​မြက်​ကို​စား​လျက် သင်​တို့ နောက်​ကျိ​စေ​သည့်​ရေ​ကို​သောက်​ကြ​၏။ \p \v 20 ``သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သင်​တို့ အား​မိန့်​တော်​မူ​သည်​ကား ငါ​သည်​သင်​တို့ သိုး​ဝ​များ​နှင့်​သိုး​ပိန်​များ​အ​မှု​ကို​တ​ရား စီ​ရင်​မည်။- \v 21 သင်​တို့​သည်​ဖျား​နာ​နေ​သော​သိုး​တို့​ကို ဘေး​သို့​တွန်း​ဖယ်​ကာ သိုး​အုပ်​ထဲ​မှ​ချို နှင့်​ဝှေ့​ထုတ်​ကြ​၏။- \v 22 သို့​ရာ​တွင်​ငါ​၏​သိုး​တို့​အား​နောက်​တစ်​ဖန် နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​စေ​တော့​မည်​မ ဟုတ်။ ငါ​သည်​ငါ​၏​သိုး​တစ်​ကောင်​စီ​ကို တ​ရား​စီ​ရင်​မည်။- \v 23 သူ​တို့​၏​တစ်​ဦး​တည်း​သော​သိုး​ထိန်း​အ​ဖြစ် ဖြင့် ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကဲ့​သို့​သော​ဘု​ရင် အား​ခန့်​ထား​မည်။ သူ​သည်​သူ​တို့​အား​စောင့် ထိန်း​ကြည့်​ရှု​လိမ့်​မည်။- \v 24 ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဘု​ရား ဖြစ်​လိမ့်​မည်။ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကဲ့​သို့ သော​ဘု​ရင်​သည်​လည်း သူ​တို့​၏​ဘု​ရင် ဖြစ်​လိမ့်​မည်။ ဤ​ကား​ငါ​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။- \v 25 သူ​တို့​၏​လုံ​ခြုံ​ရေး​ကို​စိတ်​ချ​ရ​စေ​ရန်​ငါ သည်​သူ​တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​မည်။ ကြောက်​မက်​ဖွယ်​ကောင်း​သည့်​သား​ရဲ​တိ​ရစ္ဆာန် အ​ပေါင်း​ကို​ပြည်​တွင်း​မှ​ဖယ်​ရှား​ပစ်​မည်။ သို့​မှ​သာ​လျှင်​ငါ​၏​သိုး​တို့​သည်​ဘေး​မဲ့ လုံ​ခြုံ​စွာ​တော​ကန္တာ​ရ​များ​၌​နေ​ရ​ကြ ၍ တော​များ​တွင်​အိပ်​ရ​ကြ​လိမ့်​မည်။ \p \v 26 ``ငါ​သည်​သူ​တို့​အား​ကောင်း​ချီး​ပေး​၍ ငါ​၏ သန့်​ရှင်း​မြင့်​မြတ်​သည့်​တောင်​တော်​ပတ်​လည် တွင်​နေ​စေ​မည်။ အ​ချိန်​တန်​သော​အ​ခါ ကောင်း​ချီး​မိုး​ရေ​ကို​ကျ​စေ​မည်။- \v 27 သစ်​ပင်​များ​သည်​အ​သီး​သီး​ကြ​လျက်​လယ် ပြင်​တို့​သည် အ​သီး​အ​နှံ​ထွက်​ကြ​လိမ့်​မည်။ လူ အ​ပေါင်း​တို့​သည်​မိ​မိ​တို့​ပြည်​တွင်​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ ငါ​သည်​မိ​မိ လူ​မျိုး​တော်​အား​ချည်​နှောင်​ထား​သော​ထမ်း ပိုး​များ​ကို​ဖြတ်​တောက်​၍ သူ​တို့​အား​ကျွန် ဘ​ဝ​မှ​လွတ်​မြောက်​စေ​သော​အ​ခါ ငါ​သည် ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့ သိ​ရှိ​ကြ​လိမ့်​မည်။- \v 28 လူ​မျိုး​တ​ကာ​တို့​သည်​သူ​တို့​အား​နောင် အ​ဘယ်​အ​ခါ​၌​မျှ လု​ယက်​တိုက်​ခိုက်​ကြ တော့​မည်​မ​ဟုတ်။ သား​ရဲ​တိ​ရစ္ဆာန်​များ​သည် လည်း​သူ​တို့​အား​သတ်​ဖြတ်​ကိုက်​စား​ကြ တော့​မည်​မ​ဟုတ်။ သူ​တို့​ဘေး​မဲ့​လုံ​ခြုံ​စွာ နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​အား​အ​ဘယ် သူ​မျှ​ထိတ်​လန့်​တုန်​လှုပ်​စေ​ကြ​လိမ့်​မည် မ​ဟုတ်။- \v 29 ငါ​သည်​သူ​တို့​အား​မြေ​သြ​ဇာ​ကောင်း သည့်​လယ်​ယာ​များ​ကို​ပေး​၍ ပြည်​တွင်း​၌ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့်​ကင်း​ဝေး စေ​မည်။ အ​ခြား​လူ​မျိုး​များ​သည်​လည်း သူ​တို့​အား​အ​ဘယ်​အ​ခါ​မျှ​ပြောင်​လှောင် ကြ​တော့​မည်​မ​ဟုတ်။- \v 30 သူ​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကာ ကွယ်​လျက်​ရှိ​ကြောင်း၊ သူ​တို့​သည်​ငါ​၏​လူ မျိုး​တော်​ဖြစ်​ကြ​ကြောင်း​လူ​တိုင်း​ပင်​သိ​ရှိ ကြ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။ \p \v 31 ``ငါ​၏​သိုး​များ၊ ငါ​ကျွေး​မွေး​ပြု​စု​သည့် သိုး​စု၊ သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ် ၍​ငါ​သည်​သင်​တို့​၏​ဘု​ရား​ဖြစ်​၏'' ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။ \c 35 \s1 ဧ​ဒုံ​ပြည်​ကို​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ခြင်း \p \v 1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။- \v 2 ကိုယ်​တော်​က``စိ​ရ​တောင်​သို့​လှည့်​၍​ထို​ပြည် ကို​ရှုတ်​ချ​လော့။- \v 3 လူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​အ​ဘယ် သို့​မိန့်​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။ \q1 ``စိ​ရ​တောင်​တို့၊ငါ​သည်​သင်​၏​ရန်​သူ​ဖြစ်​၏။ \q1 ငါ​၏​လက်​ကို​ဆန့်​၍​ငါ​သည်​သင့်​အား​လူ​သူ ဆိတ်​ငြိမ်​ရာ​မြေ​ရိုင်း​ဒေ​သ​ဖြစ်​စေ​မည်။ \q1 \v 4 သင်​၏​မြို့​တို့​ကို​ယို​ယွင်း​ပျက်​စီး​စေ​၍ သင့်​ကို လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ်​ဖြစ်​စေ​မည်။ \q1 ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း သင်​သိ​ရှိ​လိမ့်​မည်။'' \p \v 5 ``သင်​သည်​ဣသ​ရေ​လ​ပြည်​အား​အ​စဉ်​ရန် ငြိုး​ဖွဲ့​၏။ ထို​ပြည်​သည်​မိ​မိ​၏​ဒု​စ​ရိုက်​များ ကြောင့်​အ​ပြစ်​ဒဏ်​သင့်​၍ ဘေး​အန္တ​ရာယ်​ရောက် သော​အ​ခါ​သင်​သည်​ထို​ပြည်​သူ​တို့​အား သတ်​ဖြတ်​စေ​ခဲ့​၏။- \v 6 သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​သော ကြောင့်​သင်​သည်​သေ​ရ​လိမ့်​မည်။ အ​သက် ချမ်း​သာ​ရ​နိုင်​မည်​မ​ဟုတ်။ သင်​သည်​လူ သတ်​သ​မား​ဖြစ်​သ​ဖြင့်​သင်​ကိုယ်​တိုင် အ​သတ်​ခံ​ရ​လိမ့်​မည်။- \v 7 ငါ​သည်​စိ​ရ​တောင်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​လျက် ယင်း​ကို​ဖြတ်​သန်း သွား​လာ​သူ​မှန်​သ​မျှ​ကို​သုတ်​သင်​ပစ် မည်။- \v 8 တောင်​များ​ကို​လူ​သေ​အ​လောင်း​များ​နှင့်​ဖုံး လွှမ်း​စေ​မည်။ စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​တို့​၏ အ​လောင်း​များ​သည်​တောင်​ကုန်း​များ၊ ချောင်း များ၊ ချိုင့်​ဝှမ်း​များ​တွင်​ပြည့်​နှက်​၍​နေ​လိမ့် မည်။- \v 9 ငါ​သည်​သင့်​အား​အ​စဉ်​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​မည်။ သင်​၏​မြို့​တို့​တွင်​နောက် တစ်​ဖန်​အ​ဘယ်​သူ​မျှ​နေ​ထိုင်​လိမ့်​မည်​မ ဟုတ်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​သိ​လိမ့်​မည်။ \p \v 10 ``ငါ​ထာ​ဝရ​ဘု​ရား​သည်​ယု​ဒ​နှင့်​ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ လျက် သင်​သည်​ထို​လူ​မျိုး​တို့​နှင့်​သူ​တို့​၏ ပြည်​များ​ကို​ပိုင်​၍ မိ​မိ​လက်​ဝယ်​သို့​ရောက် ရှိ​စေ​မည်​ဟူ​၍​ဆို​ချေ​သည်။- \v 11 သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​သည် အ​တိုင်း ငါ​၏​လူ​မျိုး​တော်​အား​သင်​အ​မျက် ထွက်​ခြင်း၊ ငြူ​စူ​ခြင်း၊ မုန်း​ထား​ခြင်း​ကြောင့် သင့်​အား​ငါ​စီ​ရင်​မည်။ သင်​သည်​သူ​တို့ အား​ပြု​ခဲ့​သည့်​အ​မှု​များ​အ​တွက်​အ​ပြစ် ဒဏ်​ခံ​ရ​ကြောင်း​ကို​သူ​တို့​သိ​ရှိ​ကြ​လိမ့် မည်။- \v 12 ထို​အ​ခါ​ဣ​သ​ရေ​လ​တောင်​များ​သည်​လူ သူ​ဆိတ်​ငြိမ်​ရာ၊ သင်​တိုက်​ခိုက်​လု​ယူ​ရာ အ​ရပ်​များ​ဖြစ်​သည်​ဟု​သင်​ကဲ့​ရဲ့​ပြော ဆို​သည့်​စ​ကား​များ​ကို ငါ​ထာ​ဝ​ရ ဘု​ရား​ကြား​တော်​မူ​ကြောင်း​ကို​သင်​သိ​ရှိ ရ​လိမ့်​မည်။- \v 13 သင်​သည်​ငါ့​အား​ဆန့်​ကျင်​ဘက်​ပြု​၍ အ​ရမ်း​ကာ​ရော​ကြွား​ဝါ​ပြော​ဆို​သည် ကို​ငါ​ကြား​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ \p \v 14-15 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​ပိုင်​တော်​မူ​သော ဣ​သ​ရေ​လ​ပြည်​ပြို​လဲ​သွား​စဉ်​အ​ခါ​က သင့်​အား​ငါ​ရွှင်​လန်း​စေ​ခဲ့​သည့်​နည်း​တူ သင် ပြို​လဲ​ချိန်​၌​လည်း​ကမ္ဘာ​တစ်​ခု​လုံး​အား​ရ ရွှင်​လန်း​ကြ​စေ​ရန် ငါ​သည်​သင့်​ကို​လူ​သူ ဆိတ်​ငြိမ်​ရာ​အ​ရပ်​ဖြစ်​စေ​မည်။ စိ​ရ​တောင် ကုန်း​ဒေ​သ​တည်း​ဟူ​သော​ဧ​ဒုံ​ပြည်​တစ် ပြည်​လုံး​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​လူ​တိုင်း​သိ ရှိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \b \c 36 \s1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက် ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​မင်္ဂ​လာ \p \v 1-2 ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​လူ​သား၊ ဣ​သ ရေ​လ​တောင်​တို့​အား​သူ​တို့​အ​တွက်​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​တော် ကို​နား​ထောင်​ရန်​ပြော​လော့။ ဣ​သ​ရေ​လ​ပြည် ၏​ရန်​သူ​များ​က`ရှေး​ပ​ဝေ​သ​ဏီ​အ​ခါ​မှ စ​၍​တည်​ရှိ​ခဲ့​သော ဤ​တောင်​ကုန်း​များ​ကို ယ​ခု​ငါ​တို့​အ​ပိုင်​ရ​ပြီ' ဟု​ပီ​တိ​စိတ် ဖြင့်​ဆို​ကြ​၏။ \p \v 3 ``သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ကို​ဆင့်​ဆို​လော့။ အိမ်​နီး​ချင်း တိုင်း​ပြည်​တို့​သည်​ဣ​သ​ရေ​လ​တောင်​များ ကို​တိုက်​ခိုက်​လု​ယက်​သိမ်း​ပိုက်​ကြ​သော​အ​ခါ လူ​တိုင်း​ပင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြက်​ရယ်​ပြု​ကြ​၏။- \v 4 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​တောင်​တို့၊ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​ကို​နား​ထောင်​ကြ​လော့။ ပတ်​ဝန်း ကျင်​တိုင်း​ပြည်​များ​၏​တိုက်​ခိုက်​လု​ယက်​မှု၊ ပြက်​ရယ်​ပြု​မှု​တို့​ကို​ခံ​ရ​ကာ​လူ​သူ​ဆိတ် ငြိမ်​ရာ​မြို့​များ၊ ယို​ယွင်း​ပျက်​စီး​နေ​သည့် အ​ရပ်​များ၊ တောင်​များ၊ ချောင်း​များ၊ ချိုင့်​ဝှမ်း များ​အား​ဤ​သို့​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။ \p \v 5 ``ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​ပတ်​ဝန်း ကျင်​တိုင်း​ပြည်​တို့​နှင့် ဧ​ဒုံ​ပြည်​အ​ပေါ်​၌ ဒေါ​သ​အ​မျက်​ချောင်း​ချောင်း​ထွက်​၍​မိန့် တော်​မူ​လေ​ပြီ။ သူ​တို့​သည်​ငါ​၏​ပြည် ကို​မ​ထီ​မဲ့​မြင်​ပြု​သော​စိတ်၊ ပီ​တိ​စိတ် ဖြင့်​စား​ကျက်​များ​နှင့်​တ​ကွ ငါ​၏​ပြည် ကို​သိမ်း​ယူ​ခဲ့​ကြ​၏။ \p \v 6 ``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​ပြည်​အား​ရည်​မှတ် ၍​ဟော​ပြော​လော့။ တောင်​များ၊ ကုန်း​မြင့်​များ၊ ချောင်း​များ​နှင့်​ချိုင့်​ဝှမ်း​များ​အား​လူ​မျိုး တ​ကာ​တို့​စော်​ကား​အ​ရှက်​ခွဲ​သ​ဖြင့် ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မ​နာ​လို​ဒေါ​သ ထွက်​၍ အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို ပြော​ကြား​လော့။- \v 7 ပတ်​ဝန်း​ကျင်​တိုင်း​ပြည်​များ​သည်​အ​ရှက် ကွဲ​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း ငါ​အ​ရှင်​ထာ ဝရ​ဘု​ရား​အ​လေး​အ​နက်​ကျိန်​ဆို​၏။- \v 8 သို့​ရာ​တွင်​ဣ​သ​ရေ​လ​တောင်​များ​၌​မူ​ကား သစ်​ပင်​တို့​သည်​အ​ရွက်​များ​ပြန်​၍​ထွက်​လာ ပြီး​လျှင် ငါ​၏​လူ​မျိုး​တော်​ဖြစ်​သော​အ​သင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​အ​သီး များ​သီး​ကြ​လိမ့်​မည်။ သင်​တို့​သည်​မ​ကြာ​မီ မိ​မိ​တို့​ပြည်​သို့​ပြန်​ရ​ကြ​အံ့။- \v 9 ငါ​သည်​သင်​တို့​ကို​ဂ​ရု​စိုက်​၍​သင်​တို့​ဘက် ၌​ရှိ​၏။ သင်​တို့​၏​လယ်​ယာ​များ​ကို ဧ​ကန် မု​ချ​ထွန်​ယက်​စိုက်​ပျိုး​လုပ်​ကိုင်​စေ​မည်။- \v 10 သင်​တို့​ဣ​သ​ရေ​လ​လူ​မျိုး​တစ်​စု​လုံး ကို လူ​ဦး​ရေ​တိုး​ပွား​စေ​မည်။ သင်​တို့​သည် မြို့​များ​၌​နေ​ထိုင်​ရ​လိမ့်​မည်။ ယို​ယွင်း​ပျက် စီး​နေ​သ​မျှ​သော​အ​ရာ​တို့​ကို​ပြန်​လည် ပြု​ပြင်​ရ​လိမ့်​မည်။- \v 11 ငါ​သည်​လူ​တိ​ရစ္ဆာန်​တို့​ကို​တိုး​ပွား​များ ပြား​စေ​မည်။ ယ​ခင်​အ​ခါ​များ​ထက်​သင် တို့​ဦး​ရေ​ကို​များ​စေ​မည်။ သင်​တို့​သား​သ​မီး များ​စွာ​ထွန်း​ကား​လိမ့်​မည်။ ယ​ခင်​က​ကဲ့​သို့ နေ​ထိုင်​ခွင့်​ပေး​မည်။ ယ​ခင်​အ​ခါ​များ​ထက် ပို​၍​ကြီး​ပွား​ချမ်း​သာ​စေ​မည်။ ထို​အ​ခါ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။- \v 12 ငါ​၏​လူ​မျိုး​တော်​ဖြစ်​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့ ငါ​သည်​သင်​တို့​အား​ပြည် တော်​တွင်​တစ်​ဖန်​နေ​ထိုင်​နိုင်​ကြ​စေ​ရန်​ငါ ခေါ်​ဆောင်​ခဲ့​မည်။ ထို​ပြည်​သည်​သင်​တို့​ပိုင် သော​ပြည်​ဖြစ်​လိမ့်​မည်။ ယင်း​သည်​သင်​တို့ ၏​သား​သ​မီး​များ​အား နောင်​အ​ဘယ် အ​ခါ​၌​မျှ​မ​ဆုံး​ပါး​စေ​ရ။ \p \v 13 ``ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား​လူ​တို့​က ထို​ပြည်​သည်​လူ​တို့​ကို​ကိုက် စား​သည့်​ပြည်၊ ပြည်​သား​တို့​၏​သား​သ​မီး များ​ကို​ဆုံး​ပါး​စေ​သည့်​ပြည်​ဖြစ်​သည် ဆို​သည်​မှာ​မှန်​၏။- \v 14 သို့​ရာ​တွင်​ယင်း​ပြည်​သည်​ယ​ခု​မှ​စ​၍​လူ တို့​ကို​ကိုက်​စား​သည့်​ပြည်၊ သင်​တို့​၏​သား သ​မီး​များ​ကို​ဆုံး​ပါး​စေ​သည့်​ပြည်​ဖြစ် တော့​မည်​မ​ဟုတ်။ ဤ​ကား​ငါ​အ​ရှင်​ထာဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။- \v 15 ထို​ပြည်​သည်​လူ​မျိုး​တ​ကာ​တို့​ပြက်​ရယ် ပြု​သံ​ကို​ကြား​ရ​ကြ​တော့​မည်​မ​ဟုတ်။ မဲ့​ရွဲ့​ပြ​သည်​ကို​လည်း​တွေ့​မြင်​ရ​တော့​မည် မ​ဟုတ်။ ယင်း​ပြည်​ကို​လည်း​ကျ​ဆုံး​စေ​တော့ မည်​မ​ဟုတ်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ \b \s1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘ​ဝ​သစ် \p \v 16 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။- \v 17 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ပြည်​၌​နေ​ထိုင် ကြ​စဉ်​အ​ခါ​က သူ​တို့​သည်​အ​နေ​အ​ထိုင် အ​ကျင့်​အ​ကြံ​များ​အား​ဖြင့်​ထို​ပြည်​ကို ညစ်​ညမ်း​စေ​ခဲ့​ကြ​၏။ သူ​တို့​၏​အ​ကျင့် အ​ကြံ​သည်​အ​မျိုး​သ​မီး​တစ်​ယောက်​ဋ္ဌမ္မ တာ​ရာ​သီ​လာ​ချိန်​၌​ဘာ​သာ​ရေး​အ​ရ ညစ်​ညမ်း​သ​ကဲ့​သို့​ညစ်​ညမ်း​သည်​ဟု​ငါ မှတ်​တော်​မူ​သည်။- \v 18 သူ​တို့​သည်​လူ​သတ်​မှု​များ​ကူး​လွန်​၍​ရုပ်​တု များ​အား​ဖြင့် ထို​ပြည်​ကို​ညစ်​ညမ်း​စေ​သော ကြောင့်​ငါ​သည်​သူ​တို့​အား​ငါ​၏​အ​မျက် တော်​ဒဏ်​ကို​ခံ​စေ​ခဲ့​၏။- \v 19 သူ​တို့​နေ​ထိုင်​ကျင့်​ကြံ​သည့်​အ​တိုင်း​သူ​တို့ အား​ပြစ်​ဒဏ်​ချ​မှတ်​ကာ နိုင်​ငံ​တ​ကာ​သို့​ကွဲ လွင့်​စေ​၍​နိုင်​ငံ​ရပ်​ခြား​များ​သို့​ပျံ့​လွင့် စေ​ခဲ့​၏။- \v 20 သို့​ရာ​တွင်​သူ​တို့​ရောက်​လေ​ရာ​ရာ​အ​ရပ် တို့​တွင်​လူ​တို့​က`ဤ​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား ၏​လူ​မျိုး​တော်​ဖြစ်​သော်​လည်း ကိုယ်​တော်​၏ ပြည်​မှ​ထွက်​ခွာ​လာ​ရ​ကြ​၏' ဟု​ဆို​ကြ သ​ဖြင့်​ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ တော်​သည်​အ​သ​ရေ​ပျက်​ရ​၏။- \v 21 သူ​တို့​သည်​ရောက်​လေ​ရာ​ရာ​အ​ရပ်​တို့​တွင် ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော်​ကို အ​သ​ရေ​ဖျက်​ကြ​သ​ဖြင့် ငါ​သည်​မိ​မိ​၏ နာ​မ​တော်​အ​တွက်​စိတ်​မ​အေး​ရ။ \p \v 22 ``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား ယ​ခု​ငါ​ပြု​မည့်​အ​မှု​သည်​အ​သင်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ကြောင့်​မ​ဟုတ် ဘဲ ရောက်​လေ​ရာ​ရာ​အ​ရပ်​တွင်​သင်​တို့​အ​သ ရေ​ဖျက်​ခဲ့​သည့်​ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော နာ​မ​တော်​အ​တွက်​ကြောင့်​ဖြစ်​၏။- \v 23 လူ​တို့​ရှေ့​တွင်​သင်​တို့​အ​သ​ရေ​ဖျက်​ခဲ့​သော ငါ​၏​ကြီး​မြတ်​သည့်​နာ​မ​တော်​သည် အ​ဘယ် မျှ​သန့်​ရှင်း​မြင့်​မြတ်​သည်​ကို​လူ​မျိုး​တ​ကာ တို့​အား​ငါ​ပြ​သ​မည်။ ထို​နာ​မ​တော်​သည် သင်​တို့​အ​သ​ရေ​ဖျက်​သည့် ငါ​၏​နာ​မ​တော် ဖြစ်​သည်။ သူ​တို့​ရှေ့​တွင်​ငါ​သည်​သန့်​ရှင်း​မြင့် မြတ်​တော်​မူ​ကြောင်း​သင်​တို့​အား​ဖြင့်​သိ စေ​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ဖြစ်​၏။- \v 24 ငါ​သည်​သင်​တို့​အား​အ​တိုင်း​တိုင်း​အ​ပြည် ပြည်​မှ​စု​သိမ်း​ကာ သင်​တို့​နေ​ရင်း​ပြည်​သို့ ပြန်​ခေါ်​ခဲ့​မည်။- \v 25 ငါ​သည်​သင်​တို့​ကို​သန့်​စင်​သော​ရေ​ဖြင့်​ပက် ဖြန်း​၍ သင်​တို့​၏​ရုပ်​တု​များ​နှင့်​အ​ခြား ညစ်​ညမ်း​သည့်​အ​ရာ​ရှိ​သ​မျှ​မှ​သန့်​စင် သွား​စေ​မည်။- \v 26 ငါ​သည်​သင်​တို့​အား​စိတ်​သစ်​သ​ဘော​သစ် ကို​ပေး​မည်။ သင်​တို့​အ​ထဲ​မှ​ကျောက်​ခဲ​နှ​လုံး ကို​ထုတ်​ယူ​ကာ​နာ​ခံ​တတ်​သော​နှ​လုံး​ကို ပေး​မည်။-\x + \xo 36:26 \xt ယေဇ၊ ၁၁:၁၉-၂၀။\x* \v 27 ငါ​၏​ဝိ​ညာဉ်​တော်​ကို​လည်း​သွင်း​ပေး​ပြီး လျှင် သင်​တို့​အား​ငါ​၏​ပ​ညတ်​တော်​များ ကို​စောင့်​ထိန်း​စေ​မည်။ ငါ​၏​အ​မိန့်​တော် တို့​ကို​လည်း​လိုက်​နာ​စေ​မည်။- \v 28 ထို​အ​ခါ​သင်​တို့​သည်​မိ​မိ​တို့​၏​ဘိုး​ဘေး များ​အား ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​တွင်​နေ ထိုင်​ရ​ကြ​လိမ့်​မည်။ သင်​တို့​သည်​ငါ​၏​လူ မျိုး​တော်​ဖြစ်​၍​ငါ​သည်​လည်း​သင်​တို့​၏ ဘု​ရား​ဖြစ်​လိမ့်​မည်။- \v 29 သင်​တို့​အား​ညစ်​ညမ်း​မှု​ရှိ​သ​မျှ​နှင့်​ကင်း စင်​စေ​မည်။ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး ကို​နောက်​တစ်​ဖန်​မ​တွေ့​မ​ကြုံ​ရ​ကြ​စေ ရန်​ဆန်​ရေ​စ​ပါး​ပေါ​များ​စေ​မည်။- \v 30 ငါ​သည်​သစ်​သီး​ဝ​လံ​များ​နှင့်​ကောက်​ပဲ သီး​နှံ​များ​ကို​အ​ထွက်​တိုး​စေ​မည်။ ဤ နည်း​အား​ဖြင့်​လူ​မျိုး​တ​ကာ​တို့​တွင်​သင် တို့​ကို​အ​သ​ရေ​ပျက်​စေ​သည့်​အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ကပ်​သင့်​တော့​မည် မ​ဟုတ်။- \v 31 သင်​တို့​သည်​မိ​မိ​တို့​၏​ညစ်​ညမ်း​သော အ​ကျင့်​များ​နှင့်​ပြု​ခဲ့​သည့်​အ​မှား​များ ကို​ပြန်​လည်​သ​တိ​ရ​ကြ​လိမ့်​မည်။ မိ​မိ တို့​၏​အ​ပြစ်​များ​နှင့်​ဆိုး​ညစ်​မှု​များ အ​တွက်​သင်​တို့​သည်​မိ​မိ​ကိုယ်​ကို​စက် ဆုပ်​လာ​ကြ​လိမ့်​မည်။- \v 32 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ​သည်​သင် တို့​ကို​ထောက်​ထား​၍ ဤ​အ​မှု​တို့​ကို​ပြု ခြင်း​မ​ဟုတ်​ကြောင်း​သင်​တို့​အား​သိ​စေ လို​၏။ သင်​တို့​ယ​ခု​ပြု​နေ​သော​အ​မှု​များ အ​တွက်​အ​ရှက်​ရ​စေ​လို​၏။ ဤ​ကား​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 33 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​ကို အ​ပြစ်​အ​ပေါင်း​မှ​သန့်​စင်​စေ​သည့်​ကာ​လ ၌ ငါ​သည်​သင်​တို့​အား​မိ​မိ​တို့​မြို့​များ တွင်​ပြန်​လည်​နေ​ထိုင်​ခွင့်​ပေး​မည်။ ပျက်​စီး ယို​ယွင်း​သော​အ​ရာ​များ​ကို​လည်း​ပြန် လည်​တည်​ဆောက်​ခွင့်​ပေး​မည်။- \v 34 အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​တို့​မြင် ရ​သော​ပေါင်း​ပင်​များ​ထ​နေ​သည့်​လယ် ယာ​များ​ကို​တစ်​ဖန်​ထွန်​ယက်​စေ​မည်။- \v 35 ယ​ခင်​က​အ​သုံး​မ​ကျ​သော​မြေ​ရိုင်း​ဖြစ် နေ​ခဲ့​သော​မြေ​ယာ​တို့​သည် ဧ​ဒင်​ဥ​ယျာဉ် သ​ဖွယ်​ဖြစ်​လာ​ကြောင်း၊ ယ​ခင်​က​ဖြို​ဖျက် လု​ယက်​တိုက်​ခိုက်​ခြင်း​ခံ​ရ​၍​ယို​ယွင်း​ပျက် စီး​နေ​ခဲ့​သော​မြို့​တို့​တွင်​လည်း ယ​ခု​အ​ခါ အ​ခိုင်​အ​မာ​ခံ​တပ်​များ​တည်​ဆောက်​ထား လျက်​လူ​တို့​နေ​ထိုင်​လျက်​ရှိ​ကြောင်း​လူ တိုင်း​ပြော​ဆို​ကြ​လိမ့်​မည်။- \v 36 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ပျက်​စီး ယို​ယွင်း​နေ​သော​မြို့​တို့​ကို​ပြန်​လည်​တည် ဆောက်​၍ စွန့်​ပစ်​ထား​သော​လယ်​ယာ​များ​ကို ပြန်​လည်​စိုက်​ပျိုး​တော်​မူ​ကြောင်း​ကို​သေ ဘေး​မှ​လွတ်​မြောက်​သော​နီး​နား​ဝန်း​ကျင်​ရှိ လူ​မျိုး​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ ဘု​ရား​သည်​ဤ​အ​မှု​ကို​ပြု​မည်​ဟု က​တိ ထား​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ \p \v 37 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​သည်​ဤ​ထက် မ​က​ပင်​ပြု​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ငါ့​ထံ​တွင်​တစ်​ဖန်​အ​ကူ​အ​ညီ တောင်း​ခံ​ခွင့်​ကို​ပေး​မည်။ သူ​တို့​အား​သိုး​အုပ် ကဲ့​သို့​အ​ရေ​အ​တွက်​တိုး​ပွား​လာ​စေ​မည်။- \v 38 အ​ခါ​တစ်​ပါး​က​ယေ​ရု​ရှ​လင်​မြို့​သည်​ပွဲ နေ့​များ​၌​ယဇ်​ပူ​ဇော်​ရာ​သိုး​တို့​ဖြင့်​ပြည့် နှက်​နေ​သ​ကဲ့​သို့ ယ​ခု​ယို​ယွင်း​ပျက်​စီး​နေ သော​မြို့​တို့​သည်​လူ​များ​ဖြင့်​ပြည့်​နှက်​၍ နေ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \c 37 \s1 သွေ့​ခြောက်​သော​အ​ရိုး​များ​ဖြင့် ဖုံး​လွှမ်း​သည့်​ချိုင့်​ဝှမ်း \p \v 1 ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​ငါ့​ကို လွှမ်း​မိုး​၍​ကိုယ်​တော်​၏​ဝိ​ညာဉ်​တော်​သည် ငါ့ ကို​ဆောင်​သွား​ပြီး​လျှင်​အ​ရိုး​များ​ဖြင့်​ဖုံး လွှမ်း​နေ​သည့်​ချိုင့်​ဝှမ်း​တွင်​ချ​ထား​တော် မူ​၏။- \v 2 ကိုယ်​တော်​သည်​ငါ့​အား​ထို​ချိုင့်​ဝှမ်း​တစ်​လျှောက် သို့​ခေါ်​ဆောင်​သွား​တော်​မူ​သ​ဖြင့် ထို​အ​ရပ်​၌ အ​ရိုး​အ​မြောက်​အ​မြား​ရှိ​သည့်​အ​ပြင်၊ ထို အ​ရိုး​တို့​သည်​အ​လွန်​သွေ့​ခြောက်​လျက်​နေ သည်​ကို​လည်း​ငါ​မြင်​ရ​လေ​သည်။- \v 3 ကိုယ်​တော်​က``အ​ချင်း​လူ​သား​ဤ​အ​ရိုး​တို့ သည်​ပြန်​၍​အ​သက်​ရှင်​နိုင်​ကြ​မည်​လော'' ဟု​ငါ့​အား​မေး​တော်​မူ​လျှင်၊ \p ငါ​က``အို အ​ရှင်​ထာ​ဝရ​ဘု​ရား၊ ဤ​မေး​ခွန်း ကို​ကိုယ်​တော်​ရှင်​သာ​လျှင်​ဖြေ​ကြား​တော် မူ​နိုင်​ပါ​၏'' ဟု​လျှောက်​ထား​၏။ \p \v 4 ကိုယ်​တော်​က``အ​ရိုး​တို့​အား​ဟော​ပြော​လော့။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား တော်​ကို​နား​ထောင်​ကြ​ရန်​ထို​အ​ရိုး​တို့ အား​ပြော​ကြား​လော့။- \v 5 ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား​သူ​တို့​အား ငါ​သည်​သင်​တို့​အ​ထဲ​သို့ ထွက်​သက်​ဝင်​သက်​လေ​ကို​မှုတ်​သွင်း​ကာ သင် တို့​အား​အ​သက်​ပြန်​၍​ရှင်​စေ​တော်​မူ​မည်။- \v 6 သင်​တို့​တွင်​အ​ကြော​များ​အ​သား​များ​တက် စေ​၍ အ​ရေ​များ​ဖြင့်​ဖုံး​လွှမ်း​ပေး​မည်။ သင် တို့​အ​ထဲ​သို့​ထွက်​သက်​ဝင်​သက်​လေ​ကို​မှုတ် သွင်း​ကာ​သင်​တို့​ကို​အ​သက်​ပြန်​၍​ရှင်​စေ မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​သည်​ကို​သင်​တို့​သိ​ရှိ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 7 ထို့​ကြောင့်​ငါ​သည်​ကိုယ်​တော်​မိန့်​တော်​မူ​သည့် အ​တိုင်း​ဟော​ပြော​၏။ ယင်း​သို့​ဟော​ပြော​နေ စဉ်​တ​ချွတ်​ချွတ်​မြည်​သံ​ကို​ငါ​ကြား​ရ​၏။ ထို​နောက်​အ​ရိုး​တို့​သည်​တစ်​ခု​နှင့်​တစ်​ခု ဆက်​စပ်​သွား​ကြ​၏။- \v 8 ယင်း​တို့​ကို​ငါ​ကြည့်​လျက်​နေ​စဉ်​ပင်​အ​ရိုး တို့​အ​ပေါ်​မှာ အ​ကြော​များ​ပေါ်​လာ​၍ အ​သား​တက်​လျက်​အ​ရေ​ဖုံး​လေ​၏။ သို့ ရာ​တွင်​အ​သက်​မ​ရှိ​သေး။ \p \v 9 ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ လေ​အား​ဟော​ပြော​လော့။ အ​ရပ်​ရှစ်​မျက်​နှာ မှ​တိုက်​ခတ်​လာ​ကာ​ဤ​လူ​သေ​ကောင်​များ ပြန်​၍​အ​သက်​ရှင်​စေ​ရန် ထွက်​သက်​ဝင်​သက် လေ​ကို​မှုတ်​သွင်း​ရန်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ကြောင်း​လေ​အား​ဆင့်​ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 10 ထို့​ကြောင့်​ငါ​သည်​ကိုယ်​တော်​မိန့်​တော်​မူ သည်​အ​တိုင်း​ဟော​ပြော​၏။ ထို​အ​ခါ​လူ သေ​အ​လောင်း​တို့​သည်​ထွက်​သက်​ဝင်​သက် လေ​ကို​ရ​ရှိ​ကာ​အသက်​ရှင်​လာ​ပြီး​လျှင် မတ်​တတ်​ရပ်​ကြ​ကုန်​၏။ ထို​သူ​တို့​သည် တပ်​မ​တော်​ကြီး​ဖွဲ့​စည်း​လောက်​အောင် များ​ပြား​သ​တည်း။\x + \xo 37:10 \xt ဗျာ၊ ၁၁:၁၁။\x* \p \v 11 ဘု​ရား​သ​ခင်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ထို​အ​ရိုး​များ​နှင့်​တူ ကြ​၏။ သူ​တို့​က​ငါ​တို့​သည်​သွေ့​ခြောက်​လျက် သေ​၍​နေ​လေ​ပြီ။ အ​နာ​ဂတ်​အ​တွက်​မျှော် လင့်​စ​ရာ​မ​ရှိ​တော့​ဟု​ဆို​ကြ​၏။- \v 12 သို့​ဖြစ်​၍​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ဟော​ပြော​လော့။ ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​သင်္ချိုင်း များ​ကို​ဖွင့်​လှစ်​တော်​မူ​မည်​ဟု​ပြော​ကြား လော့။ ငါ​သည်​သူ​တို့​ကို​ထုတ်​ပြီး​နောက် ဣ​သ​ရေ​လ​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင် သွား​မည်။- \v 13 ငါ​၏​လူ​မျိုး​အား​မြှုပ်​နှံ​ထား​ရာ​သင်္ချိုင်း များ​ကို​ဖွင့်​လှစ်​၍​သူ​တို့​အား​ထုတ်​သော အ​ခါ ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။- \v 14 ငါ​သည်​ငါ​၏​ဝိ​ညာဉ်​တော်​ကို​သူ​တို့​အား ပေး​သွင်း​၍ သူ​တို့​အား​အ​သက်​ပြန်​၍​ရှင် လာ​စေ​ပြီး​လျှင် မိ​မိ​တို့​ကိုယ်​ပိုင်​ပြည်​တွင် နေ​ထိုင်​စေ​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်။ ငါ​သည်​ဤ​အ​မှု​ကို​ပြု မည်​ဟု​က​တိ​ထား​တော်​မူ​ပြီ။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ \s1 ယု​ဒ​နိုင်​ငံ​နှင့်​ဣ​သ​ရေ​လ​နိုင်​ငံ​ကို တစ်​နိုင်​ငံ​တည်း​ဖြစ်​စေ​တော်​မူ​မည် \p \v 15 တစ်​ဖန်​အ​ရှင်​ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။- \v 16 ကိုယ်​တော်​က``အချင်း​လူ​သား၊ တုတ်​တစ်​ချောင်း ကို​ယူ​၍`ယု​ဒ​နိုင်​ငံ​နှင့်​သူ​၏​မိတ်​ဆွေ​ဣ​သ ရေ​လ​နိုင်​ငံ​အ​တွက်' ဟု​ရေး​မှတ်​လော့။ ထို နောက်​အ​ခြား​တုတ်​တစ်​ချောင်း​ကို​ယူ​၍ `ဣ​သ​ရေ​လ​နိုင်​ငံ​နှင့်​သူ​၏​မိတ်​ဆွေ ယော​သပ်​နှင့်​သက်​ဆိုင်​သည့်​ဧ​ဖ​ရိမ်​၏ တုတ်' ဟု​ရေး​မှတ်​လော့။- \v 17 ထို​တုတ်​နှစ်​ချောင်း​ကို​တစ်​ချောင်း​တည်း​ဟု ထင်​ရ​အောင်​သင်​၏​လက်​တွင်​ကိုင်​ထား​လော့။- \v 18 ယင်း​သို့​ပြု​သည်​မှာ​အ​ဘယ်​သို့​အ​ဋ္ဌိပ္ပါယ် ရှိ​ပါ​သ​နည်း​ဟု သင်​၏​အ​မျိုး​သား​တို့ က​မေး​မြန်း​ကြ​လိမ့်​မည်။- \v 19 ထို​အ​ခါ​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည် ဧ​ဖ​ရိမ်​ကိုင်​ထား​သည့်​ယော​သပ်​၏​တုတ်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​နှင့်​သူ​၏​အ​ပေါင်း ပါ​တို့​ကို​ယူ​လျက် ယု​ဒ​နိုင်​ငံ​၏​တုတ်​တစ် ချောင်း​နှင့်​အ​တူ​ထား​၍ တစ်​ချောင်း​တည်း ဖြစ်​သော​တုတ်​ကို​ငါ​ကိုင်​ထား​တော်​မူ​မည် ဖြစ်​ကြောင်း​သူ​တို့​အား​ပြော​ကြား​လော့။ \p \v 20 ``သင်​ရေး​မှတ်​ထား​သော​တုတ်​နှစ်​ချောင်း​ကို လူ​များ​မြင်​သာ​အောင်​လက်​တွင်​ကိုင်​ထား လော့။- \v 21 ထို​နောက်​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သူ​တို့ ရောက်​ရှိ​နေ​ရာ​လူ​မျိုး​တ​ကာ​တို့​အ​ထဲ​မှ ထုတ်​ယူ​စု​သိမ်း​ပြီး​လျှင် သူ​တို့​ကိုယ်​ပိုင်​တိုင်း ပြည်​သို့​ခေါ်​ဆောင်​လာ​မည်​ဖြစ်​ကြောင်း​ထို သူ​တို့​အား​ပြော​ပြ​လော့။- \v 22 ငါ​သည်​သူ​တို့​အား​ထို​ပြည်​တွင်​ဣသ​ရေ​လ တောင်​များ​ပေါ်​မှာ​လူ​မျိုး​တစ်​မျိုး​တည်း ဖြစ်​စေ​တော်​မူ​မည်။ သူ​တို့​၌​အုပ်​စိုး​မည့် ဘု​ရင်​တစ်​ပါး​တည်း​ရှိ​လိမ့်​မည်။ လူ​မျိုး နှစ်​မျိုး​နိုင်​ငံ​နှစ်​နိုင်​ငံ​ကွဲ​ပြား​လျက် မ​ရှိ​ရ။- \v 23 သူ​တို့​သည်​နောက်​တစ်​ဖန်​စက်​ဆုပ်​ဖွယ်​ရာ ရုပ်​တု​များ​အား​ဖြင့်​မိ​မိ​တို့​ကို​မ​ညစ် ညမ်း​စေ​ရ။ အ​ပြစ်​ကူး​လွန်​မှု​အား​ဖြင့် စာ​ရိတ္တ​မ​ပျက်​စီး​ရ။ ငါ​သည်​သူ​တို့​အား အ​ပြစ်​ဒု​စ​ရိုက်​နှင့်​ဖောက်​ပြန်​မှု​အ​မျိုး မျိုး​မှ​ကယ်​တင်​၍​စင်​ကြယ်​စေ​မည်။ သူ​တို့ သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​၍​ငါ​သည် လည်း​သူ​တို့​၏​ဘု​ရား​ဖြစ်​လိမ့်​မည်။- \v 24 ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကဲ့​သို့​သော​ဘု​ရင် သည်​သူ​တို့​၏​ဘု​ရင်​ဖြစ်​လိမ့်​မည်။ သူ​တို့ အား​လုံး​သိုး​ထိန်း​တစ်​ပါး​တည်း​၏​လက် အောက်​၌​စု​စည်း​ကြ​လျက် ငါ​၏​ပ​ညတ် တော်​တို့​ကို​သစ္စာ​ရှိ​စွာ​စောင့်​ထိန်း​၍​ငါ ၏​အ​မိန့်​ကို​နာ​ခံ​ကြ​လိမ့်​မည်။-\x + \xo 37:24 \xt ယေဇ၊ ၃၄:၂၄။\x* \v 25 သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​နေ​ထိုင် ခဲ့​ကြ​သည့်​ပြည်​တည်း​ဟူ​သော​ငါ​၏​အ​စေ ခံ​ယာ​ကုပ်​အား ငါ​ပေး​အပ်​သည့်​ပြည်​တွင် နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​နည်း​တူ​သူ တို့​၏​သား​သ​မီး​များ​နှင့်​အ​ဆက်​အ​နွယ် အ​ပေါင်း​တို့​သည်​ထို​ပြည်​တွင်​အ​စဉ်​အ​မြဲ နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ ငါ​၏​အ​စေ​ခံ​ဒါဝိဒ် ကဲ့​သို့​သော​ဘု​ရင်​သည်​သူ​တို့​ကို​အ​စဉ် အုပ်​စိုး​လိမ့်​မည်။- \v 26 ထာ​ဝ​စဉ်​ငြိမ်း​ချမ်း​ရေး​အ​တွက်​သူ​တို့​နှင့် ပ​ဋိ​ညာဉ်​ပြု​မည်။ သူ​တို့​အား​တည်​ထောင်​ပေး လျက်​လူ​ဦး​ရေ​တိုး​ပွား​စေ​၍ ငါ​၏​ဗိ​မာန် တော်​ကို​သူ​တို့​ပြည်​တွင်​အ​စဉ်​အ​မြဲ​တည် စေ​မည်။- \v 27 ငါ​သည်​ထို​အ​ရပ်​တွင်​သူ​တို့​နှင့်​အ​တူ​ကိန်း ဝပ်​၍​သူ​တို့​၏​ဘု​ရား​ဖြစ်​လိမ့်​မည်။ သူ​တို့ သည်​လည်း​ငါ​၏​လူ​မျိုး​တော်​ဖြစ်​ကြ​လိမ့် မည်။-\x + \xo 37:27 \xt ၂ကော၊ ၆:၁၆။ ဗျာ၊ ၂၁:၃။\x* \v 28 ငါ​သည်​သူ​တို့​၏​အ​လယ်​၌​ငါ​၏​ဗိ​မာန် တော်​ကို​အ​စဉ်​အ​မြဲ​တည်​ရှိ​စေ​သော​အ​ခါ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​သည်​သန့်​ရှင်း​စေ​တော်​မူ​ကြောင်း​ကို​လူ မျိုး​တ​ကာ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ \c 38 \s1 ဂေါ​ဂ​မင်း​ကို​ဘု​ရား​ရှင်​၏​တန်​ဆာ​အ​ဖြစ် သုံး​တော်​မူ​ခြင်း \p \v 1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။- \v 2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ မာ​ဂေါ​ဂ​ပြည်၊ မေ​ရှက်​နှင့်​တု​ဗ​လ​လူ​မျိုး​တို့​၏​အ​ကြီး​ဆုံး ဖြစ်​သော​အုပ်​စိုး​သူ​ဂေါ​ဂ​မင်း​အား​ရှုတ်​ချ​၍၊-\x + \xo 38:2 \xt ဗျာ၊ ၂၀:၈။\x* \v 3 ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​မေ​ရှက်​နှင့် တု​ဗ​လ​လူ​မျိုး​တို့​၏​အ​ကြီး​ဆုံး​ဖြစ်​သူ ဂေါ​ဂ​မင်း​၏​ရန်​သူ​ဖြစ်​ကြောင်း​ဆင့်​ဆို လော့။- \v 4 ငါ​သည်​သူ့​အား​လှည့်​စေ​၍​သူ​၏​ပါး​ရိုး​ကို သံ​ချိတ်​များ​ဖြင့်​ချိတ်​ကာ သူ​၏​စစ်​သူ​ရဲ များ​နှင့်​အ​တူ​ဆွဲ​ခေါ်​သွား​မည်။ သူ​၏​တပ် မ​တော်​သည်​မြင်း​များ၊ ဝတ်​စုံ​တူ​မြင်း​စီး သူ​ရဲ​များ​ဖြင့်​ပြည့်​စုံ​၍​အ​လွန်​ပင်​ကြီး မား​၏။ စစ်​သူ​ရဲ​မှန်​သ​မျှ​သည်​လည်း​ဒိုင်း လွှား​ကြီး​ငယ်​နှင့်​ဋ္ဌား​ကို​ကိုင်​ဆောင်​ထား ကြ​၏။- \v 5 ပါ​ရှ​ပြည်​သား၊ ကု​ရှ​ပြည်​သား​နှင့်​ဖု​တ ပြည်​သား​တို့​သည်​သူ​နှင့်​အ​တူ​လိုက်​ပါ လာ​ကြ​၏။ သူ​တို့​အား​လုံး​ပင်​ဒိုင်း​လွှား များ​ကို​ကိုင်​ဆောင်​ကာ​သံ​ခ​မောက်​များ ကို​ဆောင်း​ထား​ကြ​၏။- \v 6 ဂေါ​မာ​ပြည်​မြောက်​ဘက်​တွင်​ရှိ​သော​တော ဂါ​မ​ပြည်​နှင့်​အ​ခြား​တိုင်း​ပြည်​များ​မှ၊ စစ်​သည်​တပ်​သား​အ​ပေါင်း​တို့​သည်​သူ နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။- \v 7 သူ့​အား​မိ​မိ​ကိုယ်​ကို​အ​သင့်​ရှိ​နေ​စေ​ရန် နှင့် မိ​မိ​၏​စစ်​သည်​တပ်​သား​အ​ပေါင်း​တို့ အား​အ​ဆင်​သင့်​ရှိ​နေ​စေ​ရန်​မှာ​ကြား လော့။- \v 8 နှစ်​ပေါင်း​အ​တော်​ကြာ​သော​အ​ခါ​ငါ​သည် သူ့​အား​လက်​နက်​များ​ပြင်​ဆင်​လျက် တိုင်း ပြည်​တစ်​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​စေ​မည်။ ထို​ပြည်​တွင်​လူ​တို့​သည်​မိ​မိ​တို့​အား​အ​တိုင်း တိုင်း​အ​ပြည်​ပြည်​မှ ငါ​ပြန်​လည်​စု​သိမ်း ခေါ်​ဆောင်​လာ​ချိန်​မှ​အ​စ​ပြု​၍ စစ်​မက် အန္တ​ရာယ်​အ​တွက်​စိုး​ရိမ်​ပူ​ပန်​မှု​မ​ရှိ​ဘဲ နေ​ထိုင်​လျက်​ရှိ​၏။ ဂေါ​ဂ​မင်း​သည်​ဣ​သ ရေ​လ​တောင်​တို့​အား​ချင်း​နင်း​ဝင်​ရောက် တိုက်​ခိုက်​လိမ့်​မည်။ ထို​တောင်​တို့​သည်​အ​ချိန် ကြာ​မြင့်​စွာ​လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ် ဖြစ်​၍​နေ​ခဲ့​သော်​လည်း ယ​ခု​အ​ခါ​လူ အ​ပေါင်း​တို့​ထံ​မှ​ထုတ်​ဆောင်​၍​ငြိမ်း ချမ်း​စွာ​နေ​ထိုင်​ရာ​ဖြစ်​၏။- \v 9 သူ​နှင့်​စစ်​သည်​ဗိုလ်​ခြေ​တို့​သည်​လည်း​ကောင်း၊ သူ​နှင့်​အ​တူ​လိုက်​ပါ​လာ​သည့်​လူ​မျိုး​တ​ကာ တို့​သည်​လည်း​ကောင်း၊ ထို​ပြည်​ကို​မုန်​တိုင်း သ​ဖွယ်​တိုက်​ခိုက်​ကာ​မိုး​တိမ်​သ​ဖွယ်​လွှမ်း​မိုး ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 10 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ဂေါ​ဂ​အား``ထို အ​ချိန်​ကျ​ရောက်​သော​အ​ခါ​သင်​သည် ဆိုး​ညစ်​သော​အ​ကြံ​အ​စည်​တစ်​ခု​ကို ပြု​လိမ့်​မည်။- \v 11 ခို​ကိုး​ရာ​မဲ့​ဖြစ်​၍​နေ​သော​တိုင်း​ပြည်​တစ် ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​ရန်​စိတ်​ပိုင်း​ဖြတ် လိမ့်​မည်။ ထို​ပြည်​မှ​လူ​တို့​သည်​တံ​တိုင်း အ​ကာ​အ​ရံ​မ​ရှိ​သည့်​မြို့​များ​တွင်​အေး ချမ်း​စွာ​နေ​ထိုင်​ကြ​သူ​များ​ဖြစ်​ကြ​၏။- \v 12 သင်​သည်​အ​ခါ​တစ်​ပါး​က​ယို​ယွင်း​ပျက်​စီး ခဲ့​သော​မြို့​များ​တွင်​နေ​ထိုင်​လျက်​ရှိ​သူ​တို့ အား တိုက်​ခိုက်​လု​ယူ​ရန်​ကြံ​စည်​လိမ့်​မည်။ သူ တို့​သည်​ကား​လူ​မျိုး​တ​ကာ​တို့​ထံ​မှ​ငါ​ပြန် လည်​စု​သိမ်း​ထား​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့ သည်​ယ​ခု​အ​ခါ​၌​တိ​ရစ္ဆာန်​များ​နှင့်​ဥစ္စာ ပစ္စည်း​များ​ပိုင်​လျက် ကမ္ဘာ့​လမ်း​ဆုံ​ဒေ​သ များ​တွင်​နေ​ထိုင်​ကြ​လေ​သည်။- \v 13 ရှေ​ဘ​ပြည်​နှင့်​ဒေ​ဒန်​ပြည်​မှ​ပြည်​သား များ၊ တာ​ရှု​ပြည်​မြို့​များ​မှ​ကုန်​သည်​တို့ က`သင်​သည် ရွှေ​ငွေ​နှင့်​သိုး၊ နွား၊ ပစ္စည်း​ဥစ္စာ များ​ကို​လု​ယူ​ကာ​တိုက်​ရာ​ပါ​ပစ္စည်း​ရှိ သ​မျှ​တို့​ကို​ယူ​ဆောင်​သွား​ရန်​စစ်​သည် ဗိုလ်​ခြေ​တို့​ကို​စု​ရုံး​လာ​ပါ​သ​လော' ဟု သင့်​အား​မေး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။ \p \v 14-15 သို့​ဖြစ်​၍​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့ အား​ဂေါ​ဂ​ထံ​သို့​စေ​လွှတ်​တော်​မူ​၍``ငါ​၏ လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အေး​ချမ်း​စွာ​နေ​ထိုင်​လျက်​ရှိ​စဉ် သင်​သည် မိ​မိ​နေ​ထိုင်​ရာ​မြောက်​မျက်​နှာ​စွန်း​မှ​ချီ လာ​လိမ့်​မည်။ လူ​မျိုး​တ​ကာ​ပါ​ဝင်​၍​အင် အား​ကြီး​မား​သော​မြင်း​စီး​သူ​ရဲ​တပ် အ​လုံး​အ​ရင်း​နှင့်​ချီ​တက်​ကာ၊- \v 16 ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​မုန်​တိုင်း​သ​ဖွယ်​စစ်​ဆင်​တိုက်​ခိုက် လိမ့်​မည်။ အ​သင်​ဂေါ​ဂ​အ​ချိန်​ကျ​သော အ​ခါ​ငါ​၏​ပြည်​ကို​တိုက်​ခိုက်​စေ​ရန် သင့် အား​စေ​လွှတ်​မည်။ ဤ​နည်း​အား​ဖြင့်​ငါ သည်​အ​ဘယ်​သူ​ဖြစ်​ကြောင်း​လူ​မျိုး​တ​ကာ တို့​အား​သိ​ရှိ​စေ​လိမ့်​မည်။ သင့်​ကို​ငါ​ပြု စေ​သော​အ​မှု​များ​အား​ဖြင့်​လည်း ငါ​၏ သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော်​ကို ပေါ်​လွင်​စေ​လိမ့်​မည်။- \v 17 နောင်​အ​ခါ​၌​ငါ​သည်​ဣ​သ​ရေ​လ​ပြည် ကို​တိုက်​ခိုက်​ရန်​အ​တွက်​လူ​တစ်​ဦး​ကို​စေ လွှတ်​မည်​ဟု​လွန်​လေ​ပြီး​သော​အ​ခါ​က ပ​ရော​ဖက်​များ​မှ​တစ်​ဆင့်​ငါ​မြွက်​ကြား​ရာ ၌​သင့်​ကို​ရည်​စူး​၍​မိန့်​တော်​မူ​ကြောင်း​ဂေါ​ဂ အား​ပြော​ကြား​လော့၊ ထို​အ​ချိန်​က​ပ​ရော ဖက်​များ​က ငါ​သည်​သင့်​ကို​သူ​တို့​အား တိုက်​ခိုက်​စေ​မည်​ဟု​နှစ်​ပေါင်း​ကြာ​ရှည်​စွာ ဟော​ပြော​ခဲ့​သည်'' ဟု​မိန့်​တော်​မူ​၏။ ဤ ကား​ထာ​ဝရ​ဘု​ရား​သ​ခင်​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။ \s1 ဂေါ​ဂ​အား​ဘု​ရား​သ​ခင်​ပြစ်​ဒဏ်​ပေး​တော်​မူ​ခြင်း \p \v 18 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည် ကို​ဂေါ​ဂ​ချင်း​နင်း​ဝင်​ရောက်​သော​နေ့​၌​ငါ သည်​အ​မျက်​ဒေါ​သ​ချောင်း​ချောင်း​ထွက် လိမ့်​မည်။- \v 19 ငါ​၏​အ​မျက်​တော်​မီး​အ​ရှိန်​ကြောင့်​ထို​နေ့​၌ ဣ​သ​ရေ​လ​ပြည်​တွင်​မြေ​င​လျင်​ပြင်း​စွာ လှုပ်​လိမ့်​မည်​ဖြစ်​ကြောင်း​ငါ​မိန့်​ဆို​၏။- \v 20 ကမ္ဘာ​မြေ​ပြင်​ပေါ်​တွင်​ရှိ​သ​မျှ​သော လူ၊ ငါး၊ ငှက်​နှင့်​တိ​ရစ္ဆာန်​များ၊ မြေ​ပေါ်​၌​သွား​လာ လျက်​ရှိ​သော​အ​ခြား​သတ္တ​ဝါ​ကြီး​ငယ် အ​ပေါင်း​တို့​သည် ငါ့​အား​ကြောက်​လန့်​တုန် လှုပ်​ကြ​လိမ့်​မည်။ တောင်​တို့​သည်​ပြို​၍ ကျောက်​ဆောင်​တို့​သည်​ကြေ​မွ​ကာ တံ​တိုင်း ရှိ​သ​မျှ​တို့​သည်​လဲ​ကျ​ပျက်​စီး​လိမ့်​မည်။- \v 21 ငါ​၏​တောင်​ပေါ်​တွင်​ငါ​သည်​ဂေါ​ဂ​အား​ဋ္ဌား အား​ဖြင့် ထိတ်​လန့်​တုန်​လှုပ်​စေ​မည်။ ဤ​ကား​ငါ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ် ၏။ သူ​၏​လူ​တို့​သည်​အ​ချင်း​ချင်း​သတ်​ဖြတ် ကြ​လိမ့်​မည်။- \v 22 ငါ​သည်​ဋ္ဌား​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​တို့ အား​ဖြင့်​သူ့​ကို​ဆုံး​မ​မည်။ သူ​နှင့်​တ​ကွ သူ​၏​စစ်​သည်​ဗိုလ်​ခြေ​များ၊ အ​ပေါင်း​ပါ လူ​အ​မျိုး​မျိုး​တို့​အ​ပေါ်​သို့​ကန့်​နှင့်​မီး အ​ပါ​အ​ဝင်​မိုး​သီး​မိုး​ပေါက်​ကြီး​များ ကို​ပြင်း​ထန်​စွာ​ရွာ​သွန်း​စေ​မည်။- \v 23 ဤ​နည်း​အား​ဖြင့်​ငါ​သည်​ကြီး​မြတ်​၍​သန့် ရှင်း​မြင့်​မြတ်​တော်​မူ​ကြောင်း​လူ​မျိုး​တ​ကာ တို့​အား​ငါ​ပြ​မည်။ ငါ​သည်​ထာ​ဝရ​ဘု​ရား ဖြစ်​တော်​မူ​သည်​ကို​သူ​တို့​သိ​ရှိ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။ \c 39 \s1 ဂေါ​ဂ​မင်း​ကျ​ဆုံး​ခြင်း \p \v 1 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``အ​ချင်း​လူ​သား၊ မေ​ရှက်​နှင့်​တု​ဗ​လ​လူ​မျိုး​တို့​၏​အ​ကြီး ဆုံး​မင်း​ဖြစ်​သူ​ဂေါ​ဂ​အား​ရှုတ်​ချ​လော့။ ငါ​သည်​သူ​၏​ရန်​သူ​ဖြစ်​ကြောင်း​ဆင့်​ဆို လော့။- \v 2 ငါ​သည်​သူ့​အား​လှည့်​စေ​၍​ဆွဲ​ခေါ်​လာ​မည်။ ဣ​သ​ရေ​လ​တောင်​များ​သို့​ရောက်​သည့်​တိုင် အောင်​မြောက်​မျက်​နှာ​စွန်း​မှ​ခေါ်​ဆောင်​လာ မည်။- \v 3 ထို့​နောက်​သူ​၏​လက်​ဝဲ​လက်​မှ​လေး​နှင့် လက်​ယာ​လက်​မှ​မြား​တို့​ကို​ပုတ်​ချမည်။- \v 4 ဂေါ​ဂ​နှင့်​စစ်​သည်​အ​လုံး​အ​ရင်း​တို့​သည် လည်း​ကောင်း၊ သူ​၏​မ​ဟာ​မိတ်​တို့​သည်​လည်း ကောင်း​ဣ​သ​ရေ​လ​တောင်​များ​ပေါ်​တွင်​ကျ ဆုံး​ကြ​လိမ့်​မည်။ ငါ​သည်​သင့်​အား​ငှက်​ရဲ များ​နှင့်​တော​တိ​ရစ္ဆာန်​တို့​၏​အ​စာ​ဖြစ်​စေ မည်။- \v 5 သင်​သည်​ကွင်း​ပြင်​ထဲ​တွင်​ကျ​ဆုံး​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ဖြစ်​၏။- \v 6 ငါ​သည်​မာ​ဂေါ​ဂ​ပြည်​နှင့်​လူ​တို့​ငြိမ်း​ချမ်း စွာ​နေ​ထိုင်​လျက်​ရှိ​သည့်​ပင်​လယ်​ကမ်း​ရိုး တန်း​တစ်​လျှောက်​ကို​မီး​သင့်​လောင်​စေ​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​လူ​တိုင်း​သိ​ရှိ​ကြ​လိမ့်​မည်။- \v 7 ငါ​သည်​ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ တော်​ကို ငါ့​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သိ​ရှိ​ကြ​စေ​ရန်​ငါ​ပြု​မည်။ သူ​တို့ သည်​ထို​သန့်​ရှင်း​သော​နာ​မ​တော်​ကို​နောက် တစ်​ဖန်​မ​ရှုတ်​ချ​ရ။ ထို​အ​ခါ​ငါ​ထာ​ဝ​ရ ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​လူ​မျိုး​တ​ကာ တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 8 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​ဖော်​ပြ​ခဲ့ သည့်​နေ့​ရက်​ကာ​လ​သည်​ဧ​ကန်​မု​ချ ကျ​ရောက်​အံ့။- \v 9 ဣ​သ​ရေ​လ​မြို့​များ​တွင်​နေ​ထိုင်​သူ​တို့​သည် မြို့​ပြင်​သို့​ထွက်​၍ ရန်​သူ​များ​စွန့်​ပစ်​ထား ခဲ့​သည့်​လက်​နက်​များ​ကို​ထင်း​အ​ဖြစ်​စု သိမ်း​ကြ​လိမ့်​မည်။ သူ​တို့​သည်​ခု​နစ်​နှစ်​တိုင် တိုင်​မီး​ဆိုက်​နိုင်​လောက်​အောင် ဒိုင်း​လွှား၊ လေး၊ မြား၊ တင်း​ပုတ်​နှင့်​လှံ​များ​ကို​ရ​ရှိ​ကြ​လိမ့် မည်။- \v 10 ရန်​သူ​တို့​စွန့်​ပစ်​ထား​ခဲ့​သည့်​လက်​နက်​များ ကို​ရ​ရှိ​ကြ​မည်​ဖြစ်​၍​သူ​တို့​သည်​လွင်​ပြင် ၌​ထင်း​ခွေ​ရန်၊ တော​၌​သစ်​ပင်​များ​ခုတ်​လှဲ ရန်​လို​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​မိ​မိ​တို့ အား​လု​ယက်​သတ်​ဖြတ်​ကြ​သူ​တို့​ကို​ပြန် ၍​တိုက်​ခိုက်​လု​ယက်​ကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။ \s1 ဂေါ​ဂ​ကို​သင်္ဂြိုဟ်​ခြင်း \p \v 11 ထာ​ဝ​ရ​ဘု​ရား​က``ဤ​အ​မှု​အ​ရာ​အ​ပေါင်း ဖြစ်​ပျက်​လာ​သော​အ​ခါ​ဂေါ​ဂ​အား ဣသ​ရေ​လ ပြည်​ပင်​လယ်​သေ​အ​ရှေ့​ဘက်​တွင်​ရှိ​သော ခ​ရီး​သည် ချိုင့်​ဝှမ်း​တွင်​သင်္ချိုင်း​မြေ​ယာ တစ်​ကွက်​ကို​ငါ​ပေး​မည်။ ထို​အ​ရပ်​တွင် ဂေါ​ဂ​နှင့်​သူ​၏​တပ်​မ​တော်​တစ်​ခု​လုံး​ကို မြှုပ်​နှံ​ရ​သ​ဖြင့် ခ​ရီး​သွား​ရန်​လမ်း​ပိတ် နေ​လိမ့်​မည်။ သို့​ဖြစ်​၍​ထို​ချိုင့်​ဝှမ်း​သည် ဂေါ​ဂ​တပ်​မ​တော်​ချိုင့်​ဝှမ်း​ဟု​နာ​မည် တွင်​လိမ့်​မည်။- \v 12 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပြည်​ရွာ သန့်​ရှင်း​မှု​အ​တွက် လူ​သေ​အ​လောင်း​များ ကို​ခု​နစ်​လ​ပတ်​လုံး​သင်္ဂြိုဟ်​ရ​ကြ​လိမ့်​မည်။- \v 13 ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည်​ကူ​ညီ ၍​သင်္ဂြိုဟ်​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သူ​တို့​သည် ငါ​၏​ဘုန်း​တော်​ထင်​ရှား​သည့်​နေ့​၌ ဂုဏ်​ပြု ချီး​မြှင့်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။- \v 14 ခု​နစ်​လ​ကာ​လ​ကုန်​ဆုံး​သွား​သော​အ​ခါ အ​ရပ်​ရပ်​သို့​လှည့်​လည်​၍ ကြွင်း​ကျန်​နေ​သေး သော​လူ​သေ​အ​လောင်း​များ​ကို​ရှာ​ဖွေ​သင်္ဂြိုဟ် စေ​ရန်​အ​တွက် လူ​တို့​ကို​ရွေး​ချယ်​ခန့်​ထား ကြ​လိမ့်​မည်။ ဤ​နည်း​အား​ဖြင့်​ပြည်​ရွာ​ကို စင်​ကြယ်​စေ​ကြ​လိမ့်​မည်။- \v 15 ထို​သူ​တို့​သည်​ပြည်​ရွာ​ကို​အ​စုန်​အ​ဆန် သွား​လာ​လျက်​လူ​ရိုး​များ​ကို​တွေ့​ရှိ​သည့် အ​ခါ​တိုင်း ဂေါ​ဂ​တပ်​မ​တော်​ချိုင့်​ဝှမ်း​တွင် မြှုပ်​နှံ​မည့်​သူ​များ​ရောက်​ရှိ​လာ​ချိန်​တိုင် အောင်​မှတ်​တိုင်​များ​ကို​စိုက်​ထား​ကြ​လိမ့် မည်။- \v 16 (ထို​ချိုင့်​ဝှမ်း​အ​နီး​တွင်​တပ်​မ​တော်​နာ​မည် ကို​ယူ​၍​မှည့်​ခေါ်​ထား​သည့်​မြို့​ရှိ​သ​တည်း။) သို့​ဖြစ်​၍​ပြည်​ရွာ​ပြန်​လည်​စင်​ကြယ်​လာ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 17 အ​ရှင်​ထာ​ဝရ​ဘု​ရား​က​ငါ့​အား``အ​ချင်း လူ​သား၊ ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​မှ​ငှက်​များ နှင့်​တိ​ရစ္ဆာန်​များ​အား သူ​တို့​အ​တွက်​ငါ​ပြင် ဆင်​ပေး​မည့်​ယဇ်​ပူ​ဇော်​ပွဲ​သို့​လာ​၍​စား သောက်​ကြ​ရန်​ခေါ်​ဖိတ်​လော့။ ဣ​သ​ရေ​လ တောင်​ပေါ်​မှ​ကြီး​မြတ်​သော​ယဇ်​ပူ​ဇော်​ပွဲ ကြီး​ဖြစ်​၏။-\x + \xo 39:17 \xt ဗျာ၊ ၁၉:၁၇-၁၈။\x* \v 18 ထို​ပွဲ​သည်​ကြီး​ကျယ်​သော​စား​သောက်​ပွဲ ဖြစ်​၍​သူ​တို့​သည် စစ်​သူ​ရဲ​တို့​၏​အ​သား ကို​စား​၍​ပြည်​ရှင်​မင်း​တို့​၏​သွေး​ကို​သောက် ရ​ကြ​လိမ့်​မည်။ ထို​စစ်​သူ​ရဲ​များ​နှင့်​ပြည် ရှင်​မင်း​တို့​သည်​ဘာ​ရှန်​ပြည်​မှ​ဆူ​ဖြိုး​သော တိ​ရစ္ဆာန်​များ​ဖြစ်​သည့် သိုး​ထီး၊ သိုး​ငယ်၊ ဆိတ် များ၊ နွား​များ​ကဲ့​သို့​အ​သတ်​ခံ​ရ​ကြ လိမ့်​မည်။- \v 19 ထို​သူ​တို့​သည်​ယင်း​သို့​ယဇ်​ကောင်​များ သ​ဖွယ်​အ​သတ်​ခံ​ရ​ကြ​သော​အ​ခါ ငှက် နှင့်​တိ​ရစ္ဆာန်​များ​သည်​အ​ဆီ​ကို​ဝ​စွာ​စား ၍​သွေး​ကို​မူး​ယစ်​သည့်​တိုင်​အောင်​သောက် ရ​ကြ​လိမ့်​မည်။- \v 20 ငါ​ပြင်​ဆင်​သော​စား​ပွဲ​တွင်​သူ​တို့​သည် မြင်း​များ​နှင့်​မြင်း​စီး​သူ​ရဲ​များ၊ တပ်​မ တော်​သား​များ​နှင့်​စစ်​ပွဲ​ဝင်​သူ​တို့​၏​အ သား​ကို​စား​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ \s1 ဣ​သ​ရေ​လ​ပြည်​ကို​ပြန်​လည်​ထူ​ထောင်​မည် \p \v 21 ထာ​ဝ​ရ​ဘု​ရား​က``လူ​မျိုး​တ​ကာ​တို့​သည် ငါ​၏​ဘုန်း​အ​သ​ရေ​တော်​ကို​မြင်​ရ​ကြ​လိမ့် မည်။ ငါ​၏​တ​ရား​မျှ​တ​သော​စီ​ရင်​ချက်​များ ကို​အ​ကောင်​အ​ထည်​ဖော်​ရာ​တွင် ငါ​သည် မိ​မိ​၏​တန်​ခိုး​တော်​ကို​အ​ဘယ်​သို့​အ​သုံး ပြု​တော်​မူ​ကြောင်း​သူ​တို့​အား​ပြ​မည်။- \v 22 ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကား​ငါ​ပင်​ဖြစ်​သည်​ကို​သိ​ရှိ​ကြ လိမ့်​မည်။- \v 23 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ့​အား ပြစ်​မှား​သည့်​အ​ပြစ်​များ​ကြောင့်​ပြည်​နှင် ဒဏ်​သင့်​ရ​ကြ​ကြောင်း​ကို​လည်း လူ​မျိုး တ​ကာ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​သူ တို့​အား​ကျော​ခိုင်း​တော်​မူ​၍​ရန်​သူ​တို့ ၏​လက်​သို့​ရောက်​စေ​လျက်​စစ်​ပွဲ​တွင်​ကျ ဆုံး​စေ​တော်​မူ​ခဲ့​၏။- \v 24 ငါ​သည်​သူ​တို့​အား​မိ​မိ​တို့​၏​ဆိုး​ညစ် ယုတ်​မာ​မှု​များ​နှင့်​ထိုက်​လျောက်​သည့် အ​တိုင်း​စီ​ရင်​တော်​မူ​ပြီး​လျှင်​ကျော ခိုင်း​နေ​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 25 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သို့​ဖြစ်​၍​ယ​ခု ငါ​သည် ယာ​ကုပ်​၏​သား​မြေး​ဖြစ်​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​က​ရု​ဏာ သက်​၍ တစ်​ဖန်​ပြန်​လည်​ကောင်း​စား​လာ စေ​မည်။ ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာမ တော်​ကို​ကာ​ကွယ်​မည်။- \v 26 သူ​တို့​သည်​မိ​မိ​တို့​၏​ပြည်​တွင်​ခြိမ်း​ခြောက် မည့်​သူ​မ​ရှိ​ဘဲ​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ ကြ​သော​အ​ခါ ငါ့​အား​သစ္စာ​ဖောက်​ခြင်း ကြောင့်​အ​သ​ရေ​ပျက်​ခဲ့​ရ​ကြောင်း​ကို​မေ့ ပျောက်​နိုင်​ကြ​လိမ့်​မည်။- \v 27 ငါ​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား ဖြစ်​သည်​ကို​လူ​မျိုး​တ​ကာ​တို့​သိ​ရှိ​ကြ​စေ ရန် ငါ​၏​လူ​မျိုး​တော်​အား​ရန်​သူ​တို့​နေ​ထိုင် ရာ​တိုင်း​ပြည်​နိုင်​ငံ​အ​သီး​သီး​မှ​ငါ​ပြန် လည်​ခေါ်​ဆောင်​ခဲ့​မည်။- \v 28 ထို​အ​ခါ​ငါ​၏​လူ​မျိုး​တော်​သည်​ငါ့​အား မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သိ​ရှိ​ကြ​လိမ့်​မည်။ အ ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ယ​ခင်​က​သူ တို့​အား​ဖမ်း​ဆီး​ခေါ်​ဆောင်​ခြင်း​ကို​ခံ​စေ တော်​မူ​ခဲ့​သော်​လည်း ယ​ခု​အ​ခါ​၌​တစ် ယောက်​မ​ကျန်​ပြန်​လည်​စု​သိမ်း​ကာ​မိ​မိ တို့​ပြည်​သို့​ပို့​ဆောင်​တော်​မူ​သော​ကြောင့် တည်း။- \v 29 ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အ​ပေါ်​သို့ ငါ​၏​ဝိ​ညာဉ်​တော်​ကို​သွန်း လောင်း​မည်။ သူ​တို့​အား​နောင်​အ​ဘယ်​အ​ခါ ၌​မျှ​ငါ​ကျော​ခိုင်း​မည်​မ​ဟုတ်။ ဤ​ကား​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ \c 40 \ms1 အ​နာ​ဂတ်​ဗိ​မာန်​တော်​ကို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​တွေ့​မြင်​ရ​ခြင်း \mr (၄၀:၁--၄၈:၃၅) \s1 ယေ​ဇ​ကျေ​လ​အား​ယေ​ရု​ရှ​လင်​မြို့​သို့​ခေါ်​ဆောင်​သွား​ခြင်း \p \v 1 နေ့​ရက်​ကား​ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​ရ​ပြီး​နောက်​နှစ်​ဆယ့်​ငါး​နှစ်​မြောက်၊ ပ​ထ​မ​လ၊ လ​ဆန်း​ဆယ်​ရက်​နေ့၊ ယေ​ရု​ရှ​လင်​မြို့​အ​သိမ်း​ခံ​ရ​ချိန်​တစ်​ဆယ့်​လေး​နှစ်​စေ့​သော​နေ့​ဖြစ်​၏။ ထို​နေ့​၌​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​လွှမ်း​မိုး​ခြင်း​ခံ​ရ​ပြီး​လျှင် ကိုယ်​တော်​သည်​ငါ့​အား​ဆောင်​ယူ​သွား​တော်​မူ​၏။- \v 2 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ငါ့​အား​ဘု​ရား​သ​ခင်​သည် ဣ​သ​ရေ​လ​ပြည်​သို့​ခေါ်​ဆောင်​တော်​မူ​၍ မြင့်​သော​တောင်​ပေါ်​တွင်​ချ​ထား​တော်​မူ​၏။ ထို​တောင်​၏​တောင်​ဘက်​၌​မြို့​တစ်​မြို့​နှင့်​တူ​သော​အ​ဆောက်​အ​အုံ​များ​ကို​ငါ​မြင်​ရ​၏။-\x + \xo 40:2 \xt ဗျာ၊ ၂၁:၁၀။\x* \v 3 ကိုယ်​တော်​သည်​ငါ့​အား​ထို​မြို့​အ​နီး​သို့​ခေါ်​ဆောင်​သွား​တော်​မူ​သော​အ​ခါ ငါ​သည်​ကြေး​ဝါ​ကဲ့​သို့​တောက်​ပြောင်​လျက်​နေ​သော​လူ​တစ်​ယောက်​ကို​မြင်​ရ​၏။ သူ​သည်​ပေ​ကြိုး​နှင့်​တိုင်း​တာ​ရန် ကူ​လုံး​တို့​ကို​ကိုင်​ကာ​မြို့​တံ​ခါး​ဝ​တွင်​ရပ်​လျက်​နေ​၏။\x + \xo 40:3 \xt ဗျာ၊ ၁၁:၁၊ ၂၁:၁၅။\x* \p \v 4 ကိုယ်​တော်​က​ငါ့​အား``အ​ချင်း​လူ​သား၊ စေ့​စေ့​ကြည့်​ရှု​လော့။ သင့်​အား​ငါ​ပြော​သည်​ကို​ဂ​ရု​ပြု​နား​ထောင်​၍​ငါ​ပြ​သည့်​အ​ရာ​မှန်​သ​မျှ​ကို​သေ​ချာ​စွာ​မှတ်​သား​ထား​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​သင့်​အား ထို​အ​ရာ​များ​ကို​ပြ​ရန်​အ​တွက် ဤ​အ​ရပ်​သို့​ဆောင်​ယူ​လာ​ခြင်း​ဖြစ်​သော​ကြောင့်​တည်း။ သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မိ​မိ​တွေ့​မြင်​ရ​သော​အ​မှု​အ​ရာ​ကို​ပြော​ပြ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 အ​ရှေ့​မုခ်​ပေါက် \p \v 5 ငါ​မြင်​ရ​သော​အ​ရာ​မှာ​ဗိ​မာန်​တော်​ဖြစ်​၏။ ထို​ဗိ​မာန်​တော်​ကို​တံ​တိုင်း​ကာ​ရံ​ထား​၏။ ကူ​လုံး​ကို​ကိုင်​ထား​သော​လူ​သည်​ထို​ဆယ်​ပေ​ရှည်​သော​ကူ​လုံး​ဖြင့်​တံ​တိုင်း​ကို​တိုင်း​ထွာ​ကြည့်​၏။ တံ​တိုင်း​သည်​အ​မြင့်​ဆယ်​ပေ၊ ထု​ဆယ်​ပေ​ရှိ​၏။-\x + \xo 40:5 \xt ၃ရာ၊ ၆:၁-၃၈။ ၆ရာ၊ ၃:၁-၉။\x* \v 6 ထို​နောက်​သူ​သည်​အ​ရှေ့​အ​ရပ်​သို့​မျက်​နှာ​မူ​နေ​သည့်​တံ​ခါး​သို့​သွား​၍​လှေ​ကား​ကို​တက်​ပြီး​လျှင် အ​ပေါ်​ဆုံး​အ​ထစ်​မှ​တံ​ခါး​ဝ​ကို​တိုင်း​ကြည့်​ရာ​အ​မြင့်​ဆယ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။- \v 7 တံ​ခါး​၏​အ​လွန်​တွင်​လမ်း​ကြား​တစ်​ခု​ရှိ​၏။ ထို​လမ်း​၏​ဝဲ​ယာ​တွင်​အ​စောင့်​တပ်​သား​များ​အ​တွက် အ​ခန်း​သုံး​ခန်း​စီ​ရှိ​၏။ ထို​အ​ခန်း​တိုင်း​ပင်​စ​တု​ရန်း​ပုံ​သဏ္ဌာန်​ရှိ​၍​နံ​ရံ​တစ်​ခု​လျှင်​ဆယ်​ပေ​ရှည်​၏။ အ​ခန်း​တစ်​ခု​နှင့်​တစ်​ခု​အ​ကြား​မှ​နံ​ရံ​သည်​ထု​ရှစ်​ပေ​ရှိ​၏။ ဤ​အ​ခန်း​များ​အ​လွန်​၌​ဆယ်​ပေ​ရှည်​သော​လမ်း​ကြား​တစ်​ခု​ရှိ​၏။ ထို​လမ်း​သည်​ဗိ​မာန်​တော်​ကို​မျက်​နှာ​မူ​လျက်​နေ​သည့်​အ​ခန်း​ကြီး​တစ်​ခု​သို့​သွား​ရာ​လမ်း​ဖြစ်​၏။- \v 8-9 ထို​လူ​သည်​ဤ​အ​ခန်း​ကြီး​ကို​တိုင်း​တာ​ကြည့်​ရာ​အ​နံ​တစ်​ဆယ့်​သုံး​ပေ ရှိ​သည်​ကို​တွေ့​ရ​၏။ ထို​အ​ခန်း​၏​အ​စွန်​ဆုံး​နံ​ရံ​များ​သည်​ထု​သုံး​ပေ​စီ​ရှိ​၏။- \v 10 (မုခ်​ပေါက်​လမ်း​ကြား​၏​ဝဲ​ယာ​တွင်​ရှိ​သော​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​သုံး​ခန်း​စီ​သည် အ​ရွယ်​ပ​မာ​ဏ​ချင်း​တူ​ညီ​ကြ​၏။ ယင်း​တို့​ကို​ပိုင်း​ခြား​ထား​သည့်​နံ​ရံ​များ​သည်​လည်း​ထု​ချင်း​တူ​ညီ​ကြ​၏။) \p \v 11 ထို​နောက်​သူ​သည်​ကြား​လမ်း​၏​အ​နံ​ကို​တိုင်း​ကြည့်​ရာ စု​စု​ပေါင်း​နှစ်​ဆယ့်​နှစ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။ မုခ်​ပေါက်​လမ်း​တစ်​လျှောက်​လုံး​ကား​တစ်​ဆယ့်​ခြောက်​ပေ​ရှိ​သ​တည်း။- \v 12 အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​တစ်​ခု​စီ​ရှေ့​တွင်​အ​မြင့်​လက်​မ​နှစ်​ဆယ်၊ အ​ကျယ်​လက်​မ​နှစ်​ဆယ်​ရှိ​သော​တံ​တိုင်း​ရှိ​၏။ (ထို​အ​ခန်း​တို့​သည်​အ​လျား​ဆယ်​ပေ၊ အ​နံ​ဆယ်​ပေ​ရှိ​သ​တည်း။-) \v 13 ထို​နောက်​ထို​လူ​သည်​အ​ခန်း​ငယ်​တစ်​ခု​၏​နောက်​ဘက်​နံ​ရံ​မှ​မုခ်​ပေါက်​လမ်း​ကို​ဖြတ်​၍ အ​စွန်း​အ​ခန်း​ငယ်​နောက်​ဘက်​နံ​ရံ​အ​ထိ​တိုင်း​တာ​ရာ​လေး​ဆယ့်​နှစ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။- \v 14 အ​စွန်း​ဆုံး​၌​ရှိ​သော​အ​ခန်း​မှ​ထွက်​လျှင် တံ​တိုင်း​အ​တွင်း​ရှိ​ဗိ​မာန်​တော်​အ​ပြင်​ဘက်​သို့​ရောက်​ရှိ​လေ​သည်။ ထို​အ​ခန်း​ကို​တိုင်း​ထွာ​၍​ကြည့်​ရာ​သုံး​ဆယ့်​လေး​ပေ​ကျယ်​သည်​ကို​တွေ့​ရ​၏။- \v 15 မုခ်​ပေါက်​ဝ​မှ​နေ​၍​အ​စွန်​ဆုံး​အ​ခန်း​အ​ထိ စု​စု​ပေါင်း​ရှစ်​ဆယ့်​ငါး​ပေ​ရှိ​သ​တည်း။- \v 16 အ​ခန်း​အား​လုံး​၏​အ​ပြင်​နံ​ရံ​တိုင်း၊ အ​တွင်း​နံ​ရံ​တိုင်း​တို့​၌​ပြူ​တင်း​ပေါက်​ငယ်​များ​ရှိ​၏။ လမ်း​ကြား​သို့​မျက်​နှာ​မူ​လျက်​နေ​သော​အ​တွင်း​နံ​ရံ​များ​တွင် စွန်​ပ​လွံ​ပင်​ပုံ​များ​ကို​ထွင်း​ထု​ထား​လေ​သည်။ \s1 ဗိ​မာန်​တော်​အ​ပြင်​တံ​တိုင်း \p \v 17-18 ထို​လူ​သည်​ငါ့​အား​မုခ်​ပေါက်​ကို​ဖြတ်​၍​ဗိ​မာန်​တော်​အ​ပြင်​တံ​တိုင်း​ထဲ​သို့​ခေါ်​ဆောင်​သွား​၏။ အ​ပြင်​တံ​တိုင်း​ကို​ကပ်​၍​ဆောက်​လုပ်​ထား​သော​အ​ခန်း​ပေါင်း​သုံး​ဆယ်​ရှိ​၏။ ထို​အ​ခန်း​များ​၏​ရှေ့​တွင်​ကျောက်​များ​ခင်း​ထား​သော​အ​ကွက်​ရှိ​လေ​သည်။ တံ​တိုင်း​အ​ပြင်​၏​မြေ​မျက်​နှာ​ပြင်​သည်​တံ​တိုင်း​အ​တွင်း​ရှိ​မြေ​မျက်​နှာ​ပြင်​ထက်​နိမ့်​၏။ \p \v 19 ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း​ရှိ​ဝင်း​သို့​ရောက်​နိုင်​သော မြေ​မျက်​နှာ​ပြင်​မြင့်​သည့်​နေ​ရာ​တွင်​မုခ်​ပေါက်​တစ်​ခု​ရှိ​၏။ ထို​လူ​သည်​အ​တွင်း​မုခ်​ဦး​ပေါက်​နှင့်​အ​ပြင်​မုခ်​ဦး​ပေါက်​အ​ကွာ​အ​ဝေး​ကို​တိုင်း​တာ​ကြည့်​ရာ တစ်​ရာ​ခြောက်​ဆယ့်​ရှစ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။ \s1 မြောက်​မုခ်​ပေါက် \p \v 20 ထို​နောက်​သူ​သည်​တံ​တိုင်း​အ​ပြင်​ရှိ​ဝင်း​သို့​သွား​ရာ မြောက်​မုခ်​ပေါက်​လမ်း​ကို​တိုင်း​တာ​ကြည့်​၏။- \v 21 လမ်း​၏​ဝဲ​ယာ​သုံး​ခန်း​စီ​ရှိ​သော​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​များ၊ ထို​အ​ခန်း​တို့​ကို​ပိုင်း​ခြား​ထား​သည့်​နံ​ရံ​များ​နှင့်​အ​ဝင်​ခန်း​တို့​သည် အ​ရှေ့​မုခ်​ပေါက်​မှာ​ကဲ့​သို့​ပင်​အ​တိုင်း​အ​တာ​တူ​ညီ​၏။ ထို​လမ်း​သည်​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။- \v 22 အ​ဝင်​ခန်း​ပြူ​တင်း​ပေါက်​များ​နှင့်​ထွင်း​ထု​ထား​သည့်​စွန်​ပ​လွံ​ပင်​ပုံ​များ​သည်​လည်း​အ​ရှေ့​မုခ်​ပေါက်​မှာ​ကဲ့​သို့​ပင်​ဖြစ်​၏။ ဤ​မုခ်​တံ​ခါး​သို့​လှေ​ကား​ခု​နစ်​ထစ်​ဖြင့်​တက်​ရ​၏။ အ​စွန်း​ဆုံး​ရှိ​အ​ဝင်​ခန်း​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​ကို​မျက်​နှာ​မူ​လျက်​နေ​၏။- \v 23 အ​ရှေ့​ဘက်​မှာ​ကဲ့​သို့​ပင်​တံ​တိုင်း​အ​ပြင်​ဝင်း​ကို​ဖြတ်​၍ ဤ​မြောက်​ဘက်​မုခ်​ပေါက်​နှင့်​တည့်​တည့်​၌​တံ​တိုင်း​အ​တွင်း​ရှိ​ဝင်း​သို့​ဝင်​ရန်​မုခ်​ပေါက်​တစ်​ခု​ရှိ​လေ​သည်။ ထို​သူ​သည်​မုခ်​ပေါက်​နှစ်​ခု​၏​အ​ကွာ​အ​ဝေး​ကို​တိုင်း​၍​ကြည့်​ရာ တစ်​ရာ​ခု​နစ်​ဆယ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။ \s1 တောင်​မုခ်​ပေါက် \p \v 24 ထို​နောက်​ထို​သူ​သည်​ငါ့​အား​တောင်​မျက်​နှာ​သို့​ခေါ်​ဆောင်​သွား​ရာ ငါ​တို့​သည်​ထို​အ​ရပ်​တွင်​အခြား​မုခ်​ပေါက်​တစ်​ခု​ကို​မြင်​ရ​ကြ​၏။ သူ​သည်​ထို​မုခ်​ပေါက်​၏​အ​တွင်း​နံ​ရံ​နှင့်​အ​ဝင်​ခန်း​ကို​တိုင်း​တာ​ကြည့်​၏။ ယင်း​တို့​သည်​အ​ခြား​မုခ်​ပေါက်​နှင့်​အဆောင်​များ​နည်း​တူ​ပင်​ဖြစ်​၏။- \v 25 ဤ​မုခ်​ပေါက်​မှ​အ​ခန်း​များ​တွင် အ​ခြား​မုခ်​ပေါက်​များ​မှ​အ​ဆောင်​များ​မှာ​ကဲ့​သို့​ပင်​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ မုခ်​ပေါက်-သည်​စု​စု​ပေါင်း​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။- \v 26 ယင်း​ကို​လှေ​ကား​ခု​နစ်​ထစ်​ဖြင့်​တက်​ရ​၏။ ထို​မုခ်​ပေါက်​၏​အ​ဝင်​ခန်း​သည်​လည်း​အ​ပြင်​ဝင်း​ကို​မျက်​နှာ​မူ​၍​နေ​၏။ လမ်း​ကြား​ကို​မျက်​နှာ​မူ​လျက်​ရှိ​သည့်​အ​တွင်း​နံ​ရံ​များ​တွင် စွန်​ပ​လွံ​ပင်​ပုံ​များ​ကို​ထွင်း​ထား​၏။- \v 27 ဤ​အ​ရပ်​၌​လည်း​တံ​တိုင်း​အ​တွင်း​ဝင်း​သို့​ဝင်​ရာ​မုခ်​ပေါက်​တစ်​ခု​ရှိ​၏။ ထို​သူ​သည်​ဤ​မုခ်​ပေါက်​နှင့်​ပ​ထ​မ​မုခ်​ပေါက်​အ​ကွာ​အ​ဝေး​ကို​တိုင်း​တာ​ကြည့်​ရာ ပေ​တစ်​ရာ​ခု​နစ်​ဆယ်​ရှိ​သည်​ကို​တွေ့​ရ​၏။ \s1 တံ​တိုင်း​အ​တွင်း​ဝင်း​တောင်​မုခ်​ပေါက် \p \v 28 ထို​သူ​သည်​တောင်​မုခ်​ပေါက်​ကို​ဖြတ်​၍ ငါ့​အား​တံ​တိုင်း​အ​တွင်း​ဝင်း​ထဲ​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​မုခ်​ပေါက်​ကို​တိုင်း​တာ​ကြည့်​ရာ​အ​ခြား​မုခ်​ပေါက်​များ​၏​ပ​မာ​ဏ​အ​တိုင်း​ပင်​တွေ့​ရ​၏။- \v 29-30 ထို​မုခ်​ပေါက်​ရှိ​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​များ၊ အ​ဝင်​ခန်း​နှင့်​အ​တွင်း​နံ​ရံ​များ​သည်​အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​ပင်​ဖြစ်​၏။ ဤ​မုခ်​ပေါက်​ရှိ​အ​ခန်း​များ​၌​လည်း​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။- \v 31 ယင်း​တွင်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​နေ​သော​အ​ဝင်​ခန်း​ရှိ​၏။ မုခ်​ပေါက်​လမ်း​ကြား​တစ်​လျှောက်​ရှိ​နံ​ရံ​များ​တွင်​စွန်​ပ​လွံ​ပင်​ပုံ​များ​ထွင်း​ထား​၏။ ဤ​မုခ်​ပေါက်​သို့​လှေ​ကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏။ \s1 တံ​တိုင်း​အ​တွင်း​ဝင်း​အ​ရှေ့​မုခ်​ပေါက် \p \v 32 ထို​လူ​သည်​အ​ရှေ့​မုခ်​ပေါက်​ကို​ဖြတ်​၍ ငါ့​အား​တံ​တိုင်း​အ​တွင်း​ဝင်း​ထဲ​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​မုခ်​ပေါက်​ကို​တိုင်း​တာ​၍ ကြည့်​ရာ​အ​ခြား​မုခ်​ပေါက်​များ​၏​ပ​မာ​ဏ​အ​တိုင်း​ပင်​တွေ့​ရ​၏။- \v 33 ယင်း​မုခ်​ပေါက်​ရှိ​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​များ၊ အ​ဝင်​ခန်း​နှင့်​အ​တွင်း​နံ​ရံ​များ​သည် အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​ပင်​အ​တိုင်း​အ​တာ​ရှိ​ကြ​၏။ မုခ်​ပေါက်​ပတ်​လည်​နှင့်​အ​ဝင်​ခန်း​၌​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။- \v 34 အ​ဝင်​ခန်း​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​၍​နေ​၏။ မုခ်​ပေါက်​လမ်း​ကြား​တစ်​လျှောက်​ရှိ​နံ​ရံ​များ​တွင် စွန်​ပ​လွံ​ပင်​ပုံ​များ​ကို​ထွင်း​ထား​၏။ မုခ်​ပေါက်​သို့​လှေ​ကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏။ \s1 တံ​တိုင်း​အ​တွင်း​ဝင်း၊မြောက်​မုခ်​ပေါက် \p \v 35 ထို​နောက်​ထို​လူ​သည်​ငါ့​အား​မြောက်​မုခ်​ပေါက်​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​ထို​မုခ်​ပေါက်​ကို​တိုင်း​တာ​ကြည့်​ရာ​အ​ခြား​မုခ်​ပေါက်​များ​နှင့်​အ​တူ​တူ​ပင်​ဖြစ်​ကြောင်း​တွေ့​ရ​၏။- \v 36 ယင်း​တွင်​အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​အ​စောင့်​တပ်​သား​များ​အ​တွက်​အ​ခန်း​များ၊ လှ​ပ​စွာ​တန်​ဆာ​ဆင်​ထား​သည့်​အ​တွင်း​နံ​ရံ​များ၊ အဝင်​ခန်း​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​လေး​ရာ​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။- \v 37 အ​ဝင်​ခန်း​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​၍​နေ​၏။ မုခ်​ဆောင်​လမ်း​ကြား​တစ်​လျှောက်​ရှိ​နံ​ရံ​များ​တွင်​စွန်​ပ​လွံ​ပင်​ပုံ​များ​ထွင်း​၍​ထား​၏။ မုခ်​ပေါက်​သို့​လှေ​ကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏။ \s1 မြောက်​မုခ်​ပေါက်​အ​နီး​ရှိ​အ​ဆောက်​အ​အုံ​များ \p \v 38 တံ​တိုင်း​အ​ပြင်​ဝင်း​အ​တွင်း​၌​မြောက်​ဘက်​အ​တွင်း​မုခ်​ပေါက်​နှင့်​ကပ်​၍​တည်​ဆောက်​ထား​သော​တိုး​ချဲ့​ဆောင်​ရှိ​၏။ ထို​အ​ဆောက်​အ​အုံ​မှ​နေ​၍​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​လျက်​ရှိ​သည့်​အ​ဝင်​ခန်း​ကို​ဝင်​နိုင်​၏။ ဤ​အ​ဆောက်​အ​အုံ​သည်​တစ်​တောင်​လုံး​မီး​ရှို့​ပူ​ဇော်​မည့်​ယဇ်​ကောင်​များ​ကို​ဆေး​ကြော​ရာ​ဖြစ်​၏။- \v 39 အ​ဝင်​ခန်း​၏​အ​တွင်း​၌​တစ်​ဖက်​တစ်​ချက်​တွင်​စား​ပွဲ​နှစ်​လုံး​စီ​ရှိ​၏။ တစ်​ကောင်​လုံး​မီး​ရှို့​ပူ​ဇော်​ရန်​နှင့်​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​များ​အ​တွက်၊ တိ​ရစ္ဆာန်​များ​ကို​ဤ​စား​ပွဲ​များ​ပေါ်​တွင်​တင်​၍​သတ်​ရ​ကြ​၏။- \v 40 အ​ခန်း​၏​အ​ပြင်​ဘက်​၌​လည်း​မြောက်​မုခ်​ပေါက်​တစ်​ဘက်​တစ်​ချက်​တွင်​စား​ပွဲ​နှစ်​လုံး​စီ​ရှိ​သဖြင့်​စု​စု​ပေါင်း​လေး​လုံး​ရှိ​၏။- \v 41 သို့​ဖြစ်​၍​တိ​ရစ္ဆာန်​များ​ကို​သတ်​ရန်​အ​ခန်း​ထဲ​၌​စား​ပွဲ​လေး​လုံး၊ အ​ပြင်​၌​လေး​လုံး၊ စု​စု​ပေါင်း​ရှစ်​လုံး​ရှိ​သ​တည်း။- \v 42 တိုး​ချဲ့​ဆောင်​တွင်​တစ်​ကောင်​လုံး​မီး​ရှို့​ပူ​ဇော်​ရာ​ယဇ်​ကောင်​များ​ကို​ပြင်​ဆင်​ရန်​စား​ပွဲ​လေး​လုံး​မှာ​ကျောက်​ကို​ဆစ်​၍​ပြု​လုပ်​ထား​လေ​သည်။ ထို​စား​ပွဲ​များ​သည်​အ​လျား​တူ​အ​နံ​တူ​လက်​မ​သုံး​ဆယ်​စီ​ရှိ​၍ လက်​မ​နှစ်​ဆယ်​မြင့်​၏။ ယင်း​တို့​အ​ပေါ်​တွင်​ယဇ်​ကောင်​များ​ကို​သတ်​ရန်​ကိ​ရိ​ယာ​တန်​ဆာ​များ​ကို​တင်​ထား​၏။- \v 43 ထို​စား​ပွဲ​များ​တွင်​အ​ထူ​သုံး​လက်​မ​ရှိ​သော​အ​နား​ပတ်​များ​တပ်​ထား​၏။ ယဇ်​ပူ​ဇော်​ရန်​အ​သား​များ​ကို​ထို​စား​ပွဲ​များ​ပေါ်​တွင်​တင်​ထား​ရ​၏။ \p \v 44 ထို​နောက်​ထို​သူ​သည်​အ​တွင်း​ဝင်း​သို့​ငါ့​ကို​ခေါ်​ဆောင်​သွား​၏။ မြောက်​မုခ်​ပေါက်​၏​နံ​ဘေး​တံ​တိုင်း​အ​တွင်း​ဝင်း​၌​အ​ခန်း​တစ်​ခု​ရှိ​၏။ ထို​အ​ခန်း​သည်​တောင်​ဘက်​သို့​မျက်​နှာ​မူ​လျက်​နေ​၏။ တောင်​မုခ်​ပေါက်​၏​နံ​ဘေး​၌​လည်း​အ​လား​တူ​အ​ခန်း​တစ်​ခု​ရှိ​၏။ ထို​အ​ခန်း​သည်​မြောက်​ဘက်​သို့​မျက်​နှာ​မူ​လျက်​နေ​၏။- \v 45 ထို​လူ​က​တောင်​ဘက်​သို့​မျက်​နှာ​မူ​လျက်​နေ​သည့်​အ​ခန်း​သည် ဗိ​မာန်​တော်​၏​အ​မှု​ကို​ဆောင်​ရွက်​ရ​သူ​ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက်​ဖြစ်​ကြောင်း၊- \v 46 မြောက်​ဘက်​သို့​မျက်​နှာ​မူ​လျက်​ရှိ​သည့်​အ​ခန်း​သည် ယဇ်​ပလ္လင်​ဆိုင်​ရာ​အ​မှု​ကို​ဆောင်​ရွက်​ရ​သူ​ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက်​ဖြစ်​ကြောင်း​ငါ့​အား​ပြော​ပြ​လေ​သည်။ ထို​ယဇ်​ပု​ရော​ဟိတ်​အား​လုံး​တို့​သည် ဇာ​ဒုတ်​မှ​ဆင်း​သက်​လာ​သူ​လေ​ဝိ​အနွယ်​ဝင်​များ​ဖြစ်​ကြ​သည်။ သူ​တို့​သည်​သာ​လျှင်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​သို့​ဝင်​၍ အ​မှု​တော်​ကို​ဆောင်​ရွက်​ခွင့်​ရ​ရှိ​ကြ​သ​တည်း။ \s1 တံ​တိုင်း​အ​တွင်း​ဝင်း​နှင့်​ဗိ​မာန်​တော်​အ​ဆောက်​အ​အုံ \p \v 47 ထို​လူ​သည်​တံ​တိုင်း​အ​တွင်း​ဝင်း​ကို​တိုင်း​တာ​ကြည့်​ရာ​အ​လျား​ပေ​တစ်​ရာ​ခု​နစ်​ဆယ်၊ အ​နံ​ပေ​တစ်​ရာ​ခု​နစ်​ဆယ်​ရှိ​သည်​ကို​တွေ့​ရ​၏။ ဗိ​မာန်​တော်​သည်​အ​နောက်​ဘက်​တွင်​ရှိ​၍ ဗိ​မာန်​တော်​ရှေ့​၌​ယဇ်​ပလ္လင်​ရှိ​၏။- \v 48 ထို​နောက်​သူ​သည်​ငါ့​အား​ဗိ​မာန်​တော်​မုခ်​ဦး​ပေါက်​ခန်း​ထဲ​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​အ​ဝင်​ဝ​ကို​တိုင်း​တာ​ကြည့်​ရာ​ထု​ရှစ်​လက်​မ၊ အ​နံ​နှစ်​ဆယ့်​လေး​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။ ဝဲ​ယာ​ရှိ​နံ​ရံ​များ​မှာ​ထု​ငါး​ပေ​စီ​ရှိ​ကြ​၏။- \v 49 မုခ်​ဦး​ခန်း​သည်​အ​နံ​သုံး​ဆယ့်​လေး​ပေ၊ ထု​ပေ​နှစ်​ဆယ်​ရှိ​၍​ယင်း​ကို​လှေ​ကား​ထစ်​များ​ဖြင့်​တက်​ရ​၏။ မုခ်​ဦး​ပေါက်​တစ်​ဖက်​တစ်​ချက်​တွင်​တိုင်​တစ်​လုံး​စီ​ရှိ​သ​တည်း။ \c 41 \p \v 1 ထို​နောက်​ထို​လူ​သည်​ငါ့​အား​သန့်​ရှင်း​ရာ ဌာ​န​တည်း​ဟူ​သော ဗိ​မာန်​တော်​အ​လယ်​ခန်း သို့​ခေါ်​ဆောင်​သွား​ကာ ဗိ​မာန်​တော်​မုခ်​ပေါက် လမ်း​ကို​တိုင်း​တာ​၍​ကြည့်​၏။ ထို​လမ်း​သည် ထု​ဆယ်​ပေ၊- \v 2 အ​နံ​တစ်​ဆယ့်​ခု​နစ်​ပေ​ရှိ​၏။ ယင်း​၏​ဝဲ​ယာ နံ​ရံ​များ​သည်​ထု​ရှစ်​ပေ​စီ​ရှိ​၏။ အ​လယ် ခန်း​ကို​တိုင်း​တာ​ကြည့်​သော​အ​ခါ​အ​လျား ခြောက်​ဆယ့်​ရှစ်​ပေ၊ အနံ​သုံး​ဆယ့်​လေး​ပေ ရှိ​သည်​ကို​တွေ့​ရ​၏။ \p \v 3 ထို​နောက်​သူ​သည်​အ​တွင်း​ဆုံး​အ​ခန်း​သို့ ဝင်​၏။ ထို​အ​ခန်း​အ​ဝင်​လမ်း​ကို​တိုင်း​တာ ကြည့်​ရာ​ထု​သုံး​ပေ၊ အ​နံ​ဆယ်​ပေ​ရှိ​လေ သည်။ ဝဲ​ယာ​ရှိ​နံ​ရံ​များ​မှာ​ထု​တစ်​ဆယ့် နှစ်​ပေ​ရှိ​သ​တည်း။- \v 4 ထို​သူ​သည်​ဤ​အ​ခန်း​ကို​တိုင်း​၍​ကြည့် ၏။ ယင်း​သည်​အ​လျား​အ​နံ​သုံး​ဆယ့်​လေး ပေ​စီ​ရှိ​၏။ ထို​နောက်​သူ​သည်​ငါ့​အား``ဤ အ​ခန်း​ကား​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ပင်​တည်း'' ဟု​ဆို​၏။ \s1 ဗိ​မာန်​တော်​နံ​ရံ​များ​ကို​ကပ်​၍ ဆောက်​လုပ်​ထား​သော​အ​ခန်း​များ \p \v 5 ထို​လူ​သည်​ဗိ​မာန်​တော်​အ​ဆောက်​အ​အုံ အ​တွင်း​နံ​ရံ​၏​ထု​ကို​တိုင်း​၍​ကြည့်​ရာ ဆယ်​ပေ​ရှိ​၏။ ထို​နံ​ရံ​ကို​ကပ်​၍​ဗိ​မာန် တော်​ပတ်​လည်​၌​အ​ကျယ်​ခု​နစ်​ပေ​ရှိ အ​ခန်း​ငယ်​များ​ရှိ​၏။- \v 6 ထို​အ​ခန်း​များ​သည်​အ​ထပ်​သုံး​ထပ်​ရှိ ၍​တစ်​ထပ်​လျှင် အ​ခန်း​ငယ်​ပေါင်း​သုံး​ဆယ် စီ​ရှိ​၏။ ဗိ​မာန်​တော်​ဘက်​မှ​နံ​ရံ​များ​သည် တစ်​ထပ်​နှင့်​တစ်​ထပ်​ထု​ချင်း​မ​တူ​ကြ။ အောက် ထပ်​နံ​ရံ​က​အ​ထက်​ထပ်​နံ​ရံ​ထက်​ပို​၍ ထူ​၏။ ဤ​နည်း​အား​ဖြင့်​အ​ခန်း​ငယ်​များ ကို​နံ​ရံ​နှင့်​ချိတ်​ဆက်​၍​ဆောက်​မည့်​အ​စား၊ ထု​ထည်​ကြီး​သော​နံ​ရံ​ချွန်း​ပေါ်​တွင် တင်​၍​ဆောက်​လုပ်​ထား​လေ​သည်။- \v 7 သို့​ဖြစ်​၍​အောက်​ထပ်​မှ​အ​လယ်​ထပ်​သို့ လည်း​ကောင်း၊ အ​လယ်​ထပ်​မှ​အ​ထက်​ထပ် သို့​လည်း​ကောင်း​သွား​လာ​နိုင်​ကြ​၏။ ဗိ​မာန် တော်​နံ​ရံ​ပတ်​လည်​မှ​အ​ခန်း​များ​၏​ရှေ့ တွင်​လှေ​ကား​ကျယ်​နှစ်​ခု​ရှိ​၏။ ထို​အ​ခန်း ရှိ​နေ​ခြင်း​ကြောင့်​ဗိ​မာန်​တော်​နံ​ရံ​များ ၏​ထု​ထည်​ကို​အောက်​ဆုံး​မှ​အ​ထက်​ဆုံး အ​ထိ​တစ်​ညီ​တည်း​ဟု​ထင်​မှတ်​ရ​၏။-\f 8 \fr 41:7 \ft * \ft ဟေ​ဗြဲ​မူ​တွင်​မ​ရှင်း​လင်း​ပါ။\f* \v 8-11 ငါ​သည်​ဗိ​မာန်​တော်​ပတ်​လည်​တွင်​လှေ​ကား ထစ်​မြေ​ပြန့်​ရှိ​သည်​ကို​တွေ့​မြင်​ရ​၏။ ယင်း သည်​ပတ်​ဝန်း​ကျင်​မြေ​ရာ​ထက်​ဆယ်​ပေ ပို​၍​မြင့်​ပြီး​လျှင် ဗိ​မာန်​တော်​နံ​ရံ​တွင် ဆောက်​လုပ်​ထား​သည့်​အ​ခန်း​များ​၏​အုတ် မြစ်​နှင့်​တ​ပြေး​တည်း​ဖြစ်​၍​နေ​လေ​သည်။ ထို​အ​ခန်း​များ​၏​အ​ပြင်​နံ​ရံ​သည်​ရှစ်​ပေ ထူ​၏။ လှေ​ကား​ထစ်​မြေ​ပြန့်​နှင့်​ယဇ်​ပု​ရော ဟိတ်​တို့​၏​အ​ခန်း​များ​စပ်​ကြား​ဗိ​မာန် တော်​ပတ်​လည်​တွင်​သုံး​ဆယ့်​လေး​ပေ ကျယ်​သော​မြေ​လွတ်​ရှိ​၏။ ဗိ​မာန်​တော်​၏ မြောက်​ဘက်​၌​ရှိ​အ​ခန်း​များ​သို့​ဝင်​ရန် တံ​ခါး​တစ်​ပေါက်၊ တောင်​ဘက်​၌​ရှိ​သော အ​ခန်း​များ​သို့​ဝင်​ရန်​တံ​ခါး​တစ်​ပေါက် ရှိ​၏။ ဗိ​မာန်​တော်​ပတ်​လည်​၌​ရှိ​သော လှေ​ကား​ထစ်​မြေ​ပြန့်​သည်​အ​နံ​ရှစ် ပေ​ရှိ​သ​တည်း။ \s1 အ​နောက်​မျက်​နှာ​ရှိ​အ​ဆောက်​အ​အုံ \p \v 12 ဗိ​မာန်​တော်​အ​နောက်​ဘက်​မြေ​လွတ်​အ​စွန်း တွင်​အ​ဆောက်​အ​အုံ​တစ်​ခု​ရှိ​၏။ ယင်း သည်​အလျား​တစ်​ရာ့​ငါး​ဆယ်​ပေ၊ အ​နံ တစ်​ရာ​တစ်​ဆယ့်​ခု​နစ်​ပေ​ရှိ​၏။ ထို​အ​ဆောက် အ​အုံ​၏​နံ​ရံ​တစ်​လျှောက်​လုံး​သည်​ထု ရှစ်​ပေ​ရှိ​၏။ \s1 ဗိ​မာန်​တော်​၏​အ​ကျယ်​အ​ဝန်း​စု​စု​ပေါင်း \p \v 13 ထို​လူ​သည်​ဗိ​မာန်​တော်​အ​ပြင်​ပိုင်း​ကို​တိုင်း တာ​၍​ကြည့်​၏။ ယင်း​သည်​အ​လျား​ပေ​တစ် ရာ​ခု​နစ်​ဆယ်​ရှိ​၏။ ဗိ​မာန်​တော်​ကျော​ဘက် မှ​နေ​၍​မြေ​လွတ်​ကို​ဖြတ်​ကာ​အ​နောက် ဘက်​ဗိ​မာန်​တော်​အ​စွန်း​ဆုံး​အ​ပိုင်း​အ​ထိ ပေ​တစ်​ရာ​ခု​နစ်​ဆယ်​ရှိ​၏။- \v 14 ဝဲ​ယာ​မှ​မြေ​လွတ်​အ​ပါ​အ​ဝင်​ဗိ​မာန်​တော် မျက်​နှာ​စာ​ကို​ဖြတ်​၍​တိုင်း​တာ​ကြည့်​ရာ ပေ​တစ်​ရာ​ခု​နစ်​ဆယ်​ရှိ​လေ​သည်။- \v 15 ထို​လူ​သည်​ဝဲ​ယာ​ရှိ​စင်္ကြံ​များ​အ​ပါ​အ​ဝင် ဗိ​မာန်​တော်​၏​အ​နောက်​ဘက်​ကို​တိုင်း​တာ ကြည့်​ရာ ပေ​တစ်​ရာ​ခု​နစ်​ဆယ်​ရှိ​သည်​ကို တွေ့​ရ​၏။ \s1 ဗိ​မာန်​တော်​အ​ဆောက်​အ​အုံ​အ​သေး​စိတ် \p ဗိ​မာန်​တော်​မုခ်​ဦး​ခန်း၊ ခန်း​မ​ဆောင်​ကြီး​နှင့် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​တို့​၏​နံ​ရံ များ​ကို၊- \v 16 ကြမ်း​ပြင်​မှ​ပြူ​တင်း​ပေါက်​များ​အ​ထိ သစ် သား​မှန်​ကွက်​ပုံ​များ​ဖြင့်​တပ်​ဆင်​ထား​၏။ ဤ​ပြူ​တင်း​ပေါက်​များ​ကို​လည်း ဖုံး​အုပ်​၍ ထား​နိုင်​၏။-\f 9 \fr 41:16 \ft * \ft ဟေ​ဗြဲ​မူ​တွင်​မ​ရှင်း​ပါ။\f* \v 17 ဗိ​မာန်​တော်​အ​တွင်း​နံ​ရံ​များ​ကား​တံ​ခါး ပေါက်​အ​ထက်​အ​ထိ\f 10 \fr 41:17 \ft * \ft ဟေ​ဗြဲ​မူ​တွင်​မ​ရှင်း​လင်း​ပါ။\f* \v 18 စွန်​ပ​လွံ​ပင်​ပုံ​များ၊ ခေ​ရု​ဗိမ်​ရုပ်​ပုံ​များ​ကို ထု​လုပ်​၍​တန်​ဆာ​ဆင်​ထား​လေ​သည်။ အ​ခန်း ပတ်​လည်​တစ်​လျှောက်​လုံး​ဦး​စွာ​စွန်​ပ​လွံ ပင်​ပုံ၊ ထို​နောက်​ခေ​ရု​ဗိမ်​ရုပ်​ပုံ၊ ထို​နောက် စွန်​ပ​လွံ​ပင်​ပုံ​စ​သည်​ဖြင့်​ထု​လုပ်​ထား သ​တည်း။ ခေ​ရု​ဗိမ်​တစ်​ပါး​စီ​တွင်​မျက်​နှာ နှစ်​မျိုး​ရှိ​၏။- \v 19 လူ​မျက်​နှာ​နှင့်​ခြင်္သေ့​မျက်​နှာ​ဖြစ်​၍ လူ​မျက် နှာ​သည်​စွန်​ပ​လွံ​ပင်​တစ်​ပင်​ဘက်​သို့​လှည့် ၍ ခြင်္သေ့​မျက်​နှာ​က​အ​ခြား​စွန်​ပ​လွံ​ပင် တစ်​ပင်​ဘက်​သို့​လှည့်​၍​နေ​၏။- \v 20 ဤ​နည်း​အ​တိုင်း​နံ​ရံ​တစ်​လျှောက်​လုံး​တွင် ကြမ်း​ပြင်​မှ​တံ​ခါး​ပေါက်​အ​ထက်​တိုင် အောင်​အ​ရုပ်​များ​ထွင်း​ထု​လုပ်​၍​ထား လေ​သည်။- \v 21 သန့်​ရှင်း​ရာ​ဌာ​န​၏​တံ​ခါး​တိုင်​များ သည်​လေး​ထောင့်​တိုင်​များ​ဖြစ်​ကြ​၏။ \s1 သစ်​သား​ယဇ်​ပလ္လင် \p အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​အ​ဝင်​ဝ​၏​ရှေ့ ၌​သစ်​သား​ယဇ်​ပလ္လင်​နှင့်​တူ​သော​အ​ရာ တစ်​ခု​ရှိ​၏။- \v 22 ထို​အ​ရာ​သည်​ငါး​ပေ​မြင့်​၍​လေး​ပေ​ကျယ် ၏။ ယင်း​၏​ထောင့်​တိုင်​များ၊ အောက်​အ​ခြေ​ခံ ဖိ​နပ်​နှင့်​နံ​ရံ​များ​သည်​သစ်​သား​ဖြင့်​ပြီး ကြ​၏။ ထို​လူ​က``ဤ​ကား​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​စား​ပွဲ​ဖြစ်​သည်'' ဟု​ငါ့​အား ဆို​၏။ \s1 တံ​ခါး​များ \p \v 23 သန့်​ရှင်း​ရာ​ဌာ​န​သို့​ဝင်​ရာ​လမ်း​အ​ဆုံး ၌​လည်း​ကောင်း၊ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​သို့​ဝင်​ရာ​လမ်း​အ​ဆုံး​၌​လည်း​ကောင်း တံ​ခါး​တစ်​ခု​စီ​ရှိ​၏။- \v 24 ယင်း​တို့​သည်​အ​လယ်​မှ​ဖွင့်​ရ​သော​နှစ် ရွက်​တံ​ခါး​များ​ဖြစ်​ကြ​၏။- \v 25 သန့်​ရှင်း​ရာ​ဌာ​န​သို့​ဝင်​ရာ​တံ​ခါး​များ​တွင် လည်း​နံ​ရံ​များ​ကဲ့​သို့​ပင်​စွန်​ပ​လွံ​ပင်​ပုံ များ​နှင့်​ခေရု​ဗိမ်​ရုပ်​များ​ထု​လုပ်​၍​ထား​၏။ ထို့​ပြင်​မုခ်​ဦး​ခန်း​အ​ဝင်​တံ​ခါး​အ​ပြင် ဘက်​၌​လည်း​သစ်​သား​ဖောင်း​ရစ်​တစ်​ခု​ရှိ​၏။- \v 26 ထို​အ​ခန်း​တွင်​ဘေး​ပြူ​တင်း​ပေါက်​များ​ရှိ​၍ နံ​ရံ​များ​၌​လည်း​စွန်​ပ​လွံ​ပင်​ပုံ​များ​ထု လုပ်​ထား​လေ​သည်။ ဗိ​မာန်​တော်​၏​ဘေး​ခန်း တွင်​လည်း သစ်​သား​ဖောင်း​ရစ်​များ​ရှိ​သည်။ \c 42 \s1 ဗိ​မာန်​တော်​အ​နီး​ရှိ​အ​ဆောက်​အ​အုံ​နှစ်​ခု \p \v 1-2 ထို​လူ​သည်​ငါ့​အား​တံ​တိုင်း​အ​ပြင်​ဝင်း အ​တွင်း​သို့​ခေါ်​ဆောင်​ကာ​ဗိ​မာန်​တော်​မြောက် ဘက်​၌​ရှိ​သော​အ​ဆောက်​အ​အုံ​သို့​ခေါ် ဆောင်​သွား​၏။ ထို​အ​ဆောက်​အ​အုံ​သည် အ​လျား​တစ်​ရာ​ခု​နစ်​ဆယ်​ပေ၊ အ​နံ​ရှစ် ဆယ့်​ငါး​ပေ​ရှိ​၍​ဗိ​မာန်​တော်​အ​နောက် ဘက်​၌​ရှိ​သည့်​အ​ဆောက်​အ​အုံ​နှင့် မ​ဝေး​ချေ။- \v 3 ယင်း​သည်​တစ်​ဖက်​ဗိ​မာန်​တော်​နှင့်​ယှဉ်​၍​သုံး ဆယ့်​လေး​ပေ​ကျယ်​သော​မြေ​ကွက်​လပ်​ကို လည်း​ကောင်း၊ တံ​တိုင်း​အ​ပြင်​ဝင်း​၏​နောက် ဘက်​မှ​ကျောက်​သ​မံ​တ​လင်း​ခင်း​လမ်း​ကို လည်း​ကောင်း​မျက်​နှာ​မူ​၍​နေ​၏။ ထို​အ​ဆောက် အ​အုံ​ကို​အ​ဆင့်​ဆင့်​မြင့်​တက်​လာ​သော မြေ​ပြင်​သုံး​ဆင့်​အ​ပေါ်​တွင်​တည်​ဆောက် ထား​လေ​သည်။- \v 4 မြောက်​ဘက်​၌​ယင်း​ကို​ယှဉ်​လျက်​နေ​သည့် လမ်း​တစ်​သွယ်​ရှိ​၏။ ထို​လမ်း​သည်​အ​လျား ပေ​တစ်​ရာ​ခု​နစ်​ဆယ်၊ အ​နံ​တစ်​ဆယ့်​ခု​နစ် ပေ​ရှိ​၏။ ထို​မြောက်​ဘက်​၌​ပင်​လျှင်​ထို အ​ဆောက်​အ​အုံ​သို့​ဝင်​ရန်​အ​ပေါက်​များ ရှိ​လေ​သည်။- \v 5 အ​မြင့်​ပိုင်း​တွင်​ရှိ​သည့်​အ​ခန်း​များ​သည် အ​လယ်​ပိုင်း​နှင့်​အ​နိမ့်​ပိုင်း​တွင်​ရှိ​သည့် အ​ခန်း​များ​ထက်​ပို​၍​ကျဉ်း​၏။ အ​ဘယ် ကြောင့်​ဆို​သော်​ထို​အ​ခန်း​တို့​ကို​နောက်​သို့ ဆုတ်​၍​ဆောက်​လုပ်​ထား​သော​ကြောင့်​ဖြစ်​၏။- \v 6 မြေ​ပြင်​သုံး​ဆင့်​စ​လုံး​၌​ရှိ​သော​အ​ခန်း တို့​သည်​မြေ​ပြန့်​ကုန်း​မြင့်​များ​ပေါ်​တွင်​တည် ဆောက်​ထား​သ​ဖြင့်​ယင်း​တို့​သည်​တံ​တိုင်း အ​ပြင်​ဝင်း​အ​တွင်း​မှ​အ​ခြား​အ​ဆောက် အ​အုံ​များ​မှာ​ကဲ့​သို့​ကျောက်​တိုင်​များ မ​ရှိ​ချေ။- \v 7-8 အ​နိမ့်​ပိုင်း​တွင်​ရှိ​သည့်​အ​ဆောက်​အ​အုံ ၏​နံ​ရံ​သည်​အ​လျား​တစ်​ဝက်​မှာ​ရှစ်​ဆယ့် ငါး​ပေ​ဖြစ်​၏။ ကျန်​သော​ရှစ်​ဆယ့်​လေး​ပေ တွင်​အ​ခန်း​များ​ရှိ​၏။ ဗိ​မာန်​တော်​နှင့်​ကပ် လျက်​ရှိ​သော​ဘက်​တွင် ပေ​တစ်​ရာ့​ခု​နစ်​ဆယ် ရှိ​သည်။ အ​ဆင့်​ထိပ်​ဆုံး​မြေ​ပြင်​တွင်​အ​ဆောက် အ​အုံ​တစ်​လျှောက်​လုံး​၌​အ​ခန်း​များ​ရှိ​၏။- \v 9-10 ဤ​အ​ခန်း​များ​အောက်​အ​ဆောက်​အ​အုံ​၏ အ​ရှေ့​စွန်း​ပိုင်း​တံ​တိုင်း​အ​ပြင်​ဝင်း​အ​စ ပြု​သည့်​နေ​ရာ​၌​တံ​တိုင်း​အ​ပြင်​ဝင်း​သို့ ထွက်​ပေါက်​ရှိ​၏။ \p ဗိ​မာန်​တော်​တောင်​ဘက်​အ​ပြင်​တံ​တိုင်း​တစ် လျှောက် ဗိ​မာန်​တော်​အ​ပြင်​ဝင်း​နှင့်​ဆက်​၍ တံ​တိုင်း​နံ​ရံ​၏​ဆန့်​ကျင်​ဘက်​တွင် အ​ဆောက် အ​အုံ​များ​ရှိ​လေ​သည်။- \v 11 အ​ခန်း​များ​၏​ရှေ့​တွင်​မြောက်​ဘက်​မှာ​ကဲ့ သို့​ပင်​လမ်း​တစ်​သွယ်​ရှိ​၏။ ထို​အ​ခန်း​တို့ ၏​အ​တိုင်း​အ​တာ၊ ပုံ​ပန်း​သဏ္ဌာန်​နှင့်​တံ​ခါး ပေါက်​များ​သည်​မြောက်​ဘက်​ရှိ​အ​ခန်း​များ အ​တိုင်း​ပင်​ဖြစ်​၏။- \v 12 ဤ​အ​ဆောက်​အ​အုံ​၏​တောင်​ဘက်​ပိုင်း ရှိ​အ​ခန်း​များ​အောက်​တွင်​တံ​တိုင်း​အ​စ ပြု​သည့်​အ​ရှေ့​စွန်း​၌​တံ​ခါး​တစ်​ခု​ရှိ​၏။ \p \v 13 ထို​သူ​က​ငါ့​အား``ဤ​အ​ဆောက်​အ​အုံ​နှစ် ခု​စ​လုံး​သည်​သန့်​ရှင်း​မြင့်​မြတ်​၏။ ထာ​ဝရ ဘု​ရား​၏​ရှေ့​တော်​သို့​ဝင်​ရ​သူ​ယဇ်​ပု​ရော ဟိတ်​တို့​သည်​ထို​အ​ဆောက်​အ​အုံ​များ​ထဲ ၌​အ​လွန်​သန့်​ရှင်း​မြင့်​မြတ်​သော​ပူ​ဇော် သ​ကာ​များ​ကို​စား​သောက်​ရ​ကြ​၏။ ထို အ​ခန်း​များ​သည်​သန့်​ရှင်း​မြင့်​မြတ်​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဘော​ဇဉ်​ပူ​ဇော် သ​ကာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​ဒု​စ​ရိုက် ဖြေ​ရာ​ယဇ်​တည်း​ဟူ​သော​အ​လွန်​သန့်​ရှင်း မြင့်​မြတ်​သည့်​ပူ​ဇော်​သ​ကာ​များ​ကို​ထား ကြ​သည်။- \v 14 ယဇ်​ပု​ရော​ဟိတ်​များ​သည်​ဗိ​မာန်​တော်​ထဲ သို့​ရောက်​ရှိ​ကြ​ပြီး​နောက်​တံ​တိုင်း​အ​ပြင် ဝင်း​သို့​ပြန်​၍​ထွက်​လို​ကြ​သော​အ​ခါ မိ​မိ တို့​ဘု​ရား​သခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက် နေ​စဉ်​ဝတ်​ဆင်​ထား​သော​သန့်​ရှင်း​မြင့်​မြတ် သည့်​အ​ဝတ်​တို့​ကို ဤ​အ​ခန်း​များ​တွင်​ချွတ် ထား​ခဲ့​ရ​ကြ​၏။ သူ​တို့​သည်​လူ​တို့​စု​ဝေး ရာ​အ​ရပ်​သို့​ထွက်​ခွာ​၍​မ​သွား​မီ​အ​ဝတ် များ​ကို​လဲ​ရ​ကြ​လေ​သည်။ \s1 ဗိ​မာန်​တော်​မြေ​ယာ​အ​ကျယ်​အ​ဝန်း \p \v 15 ထို​လူ​သည်​ဗိ​မာန်​တော်​အ​တွင်း​ပိုင်း​အ​ကျယ် အ​ဝန်း​ကို​တိုင်း​တာ​ပြီး​နောက် ငါ့​အား​အ​ရှေ့ တံ​ခါး​မှ​ခေါ်​ဆောင်​ကာ​အ​ပြင်​ပိုင်း​ကို​တိုင်း တာ​၍​ကြည့်​၏။- \v 16 သူ​သည်​ကူ​ရိုး​ကို​ယူ​၍​အ​ပြင်​ပိုင်း​ကို တိုင်း​ရာ​ရှစ်​ရာ​လေး​ဆယ်​ပေ​ရှိ​လေ​သည်။- \v 17-19 ထို​နောက်​မြောက်​ပိုင်း၊ တောင်​ပိုင်း​နှင့်​အ​နောက် ပိုင်း​တို့​ကို​တိုင်း​တာ​၏။ ယင်း​တို့​အား​လုံး အ​လျား​ပေ​ရှစ်​ရာ​လေး​ဆယ်​စီ​ရှိ​ကြ​၏။- \v 20 သို့​ဖြစ်​၍​တံ​တိုင်း​သည်​စ​တု​ရန်း​ပေ​ရှစ်​ရာ လေး​ဆယ်​ရှိ​သော​မြေ​ကို​ကာ​ရံ​၍​ထား​လေ သည်။ ဤ​တံ​တိုင်း​က​သန့်​ရှင်း​သော​အ​ရပ်​နှင့် မ​သန့်​ရှင်း​သော​အ​ရပ်​တို့​ကို​ပိုင်း​ခြား​၍ ထား​သ​တည်း။ \c 43 \s1 ဗိ​မာန်​တော်​သို့​ထာ​ဝရ​ဘု​ရား​ပြန်​လည် ကြွ​လာ​တော်​မူ​ခြင်း \p \v 1 ထို​လူ​သည်​ငါ့​အား​အ​ရှေ့​ဘက်​သို့​မျက် နှာ​မူ​နေ​သည့်​မုခ်​ပေါက်​သို့​ခေါ်​ဆောင်​သွား ၏။- \v 2 ထို​အ​ရပ်​တွင်​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​၏​တောက်​ပ​သော​ဘုန်း အ​သ​ရေ​တော်​သည်​အ​ရှေ့​အ​ရပ်​မှ​ပေါ် ထွက်​လာ​သည်​ကို​ငါ​မြင်​ရ​၏။ ဘု​ရား​သ​ခင်​၏​အ​သံ​တော်​သည်​ပင်​လယ်​မြည် ဟည်း​သံ​နှင့်​တူ​၏။ ကမ္ဘာ​မြေ​ကြီး​သည် လည်း​ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော် နှင့်​တောက်​ပ​လျက်​ရှိ​၏။-\x + \xo 43:2 \xt ယေဇ၊ ၁၀:၃-၄၊ ၁၈-၁၉၊ ၁၁:၂၂-၂၃။ ဗျာ၊ ၁:၁၅။\x* \v 3 ဤ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည်​ယေ​ရု​ရှ​လင်​မြို့ ကို​ဖျက်​ဆီး​တော်​မူ​ရန်​ထာ​ဝ​ရ​ဘု​ရား ကြွ​လာ​တော်​မူ​ချိန်​၌​ငါ​မြင်​ခဲ့​ရ​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့်​ခေ​ဗာ​မြစ်​အ​နီး​၌ ငါ​မြင်​ခဲ့​ရ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​နှင့် တူ​၏။ သို့​ဖြစ်​၍​ငါ​သည်​မြေ​ပေါ်​သို့​ဝမ်း လျား​မှောက်​လှဲ​ချ​ပျပ်​ဝပ်​၏။- \v 4 တောက်​ပ​သော​ဘုန်း​အ​သ​ရေ​တော်​သည် အ​ရှေ့​မုခ်​ပေါက်​ကို​ဖြတ်​၍​ဗိ​မာန်​တော် ထဲ​သို့​ဝင်​တော်​မူ​၏။ \p \v 5 ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ငါ့​အား ချီ​ဆောင်​တော်​မူ​ပြီး​လျှင်​တံ​တိုင်း​အ​တွင်း ဝင်း​ထဲ​သို့​ယူ​ဆောင်​သွား​တော်​မူ​၏။ ဗိ​မာန်​တော် သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော် ဖြင့်​ပြည့်​လျက်​နေ​သည်​ကို​ထို​အ​ရပ်​မှ​မြင် ရ​၏။- \v 6 ကူ​ရိုး​နှင့်​လူ​သည်​ငါ​၏​အ​နီး​တွင်​ရပ်​၍ နေ​စဉ်​ဗိ​မာန်​တော်​အ​ထဲ​မှ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သံ​ကို​ငါ​ကြား​ရ​၏။- \v 7 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဤ​အ​ရပ် တွင်​ငါ​၏​ရာ​ဇ​ပလ္လင်​ရှိ​၏။ ငါ​၏​ခြေ​နင်း ရာ​နေ​ရာ​ဖြစ်​၏။ ငါ​သည်​ဤ​အ​ရပ်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ ကျိန်း​ဝပ်​တော်​မူ​၍​သူ​တို့​အား​ထာ​ဝ​စဉ် အုပ်​စိုး​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး သား​များ​ဖြစ်​စေ၊ သူ​တို့​၏​ဘု​ရင်​များ ဖြစ်​စေ၊ ဝိ​ညာဉ်​ဆိုင်​ရာ​ပြည့်​တန်​ဆာ လုပ်​ငန်း​ဖြင့်​လည်း​ကောင်း၊ ဘု​ရင်​တို့​၏ အ​လောင်း​များ​ကို​မြင့်​သော​အ​ရပ်​များ တွင် ကိုး​ကွယ်​ခြင်း​အား​ဖြင့်​လည်း​ကောင်း ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော် ကို​နောက်​တစ်​ဖန်​မ​ရှုတ်​ချ​ရ။- \v 8 ရှင်​ဘု​ရင်​များ​သည်​မိ​မိ​တို့​၏​တံ​ခါး​တိုင် များ​နှင့်​တံ​ခါး​အောက်​ခံ​ဘောင်​များ​ကို​ငါ ၏​ဗိ​မာန်​တော်​တံ​ခါး​တိုင်​များ၊ တံ​ခါး အောက်​ခံ​ဘောင်​များ​နှင့်​ကပ်​လျက်​ပြု​လုပ် ထား​ကြ​၏။ ဤ​နည်း​အား​ဖြင့်​ငါ​နှင့်​သူ တို့​၏​ကြား​တွင်​နံ​ရံ​သာ​ခြား​၍​နေ​၏။ သူ​တို့​သည်​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သော အ​မှု​အ​ပေါင်း​ကို​ပြု​ကျင့်​ကာ​ငါ​၏ သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော်​ကို ရှုတ်​ချ​ကြ​၏။ သို့​ဖြစ်​၍​ငါ​သည်​အ​မျက် ထွက်​၍​သူ​တို့​အား​ဖျက်​ဆီး​တော်​မူ​၏။- \v 9 ယ​ခု​အ​ခါ​သူ​တို့​သည်​ပြည့်​တန်​ဆာ​လုပ် ငန်း​ဖြင့် အ​ခြား​ဘု​ရား​များ​အား​ကိုး​ကွယ် မှု​ကို​ရပ်​စဲ​၍​ဘု​ရင်​တို့​၏​အ​လောင်း​များ ကို​ဖယ်​ရှား​ရ​ကြ​မည်။ ယင်း​သို့​ပြု​ပါ​မူ ငါ​သည်​သူ​တို့​ထံ​တွင်​ထာ​ဝ​စဉ်​ကျိန်း​ဝပ် တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 10 ထို​နောက်​ထာ​ဝရ​ဘု​ရား​က​ဆက်​လက်​၍ ``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​မိ​မိ​တို့​ပြု​သော​မ​ကောင်း မှု​များ​အ​တွက်​ရှက်​ကြောက်​ခြင်း​ငှာ ဗိ​မာန်​တော်​ပုံ​စံ​ကို​သူ​တို့​အား​ဖော်​ပြ​၍ လေ့​လာ​စေ​လော့။- \v 11 အ​ကယ်​၍​သူ​တို့​သည်​မိ​မိ​တို့​အ​ကျင့်​ဆိုး များ​အ​တွက်​အ​ကယ်​ပင်​ရှက်​ကြောက်​လာ ကြ​ပါ​မူ​ဗိ​မာန်​တော်​ပုံ​သဏ္ဌာန်၊ အ​ဝင် အ​ထွက်​အ​ပေါက်​များ၊ အ​စီ​အ​စဉ်​အ​လုံး စုံ၊ ဗိ​မာန်​တော်​၏​ဥ​ပ​ဒေ​များ​နှင့်​စည်း​မျဉ်း သတ်​မှတ်​ချက်​အ​ပေါင်း​ကို​ရှင်း​ပြ​လော့။ သူ​တို့​ပြင်​နိုင်​ရန်​နှင့်​လိုက်​နာ​နိုင်​ရန်​ယင်း တို့​ကို​ရေး​သား​လော့။- \v 12 ဗိ​မာန်​တော်​ဆိုင်​ရာ​ဥ​ပ​ဒေ​သ​ကား​ဗိ​မာန် တော်​တည်​ဆောက်​ထား​ရာ​တောင်​ထိပ်​တစ်​ခု လုံး​သည်​သန့်​ရှင်း​မြင့်​မြတ်​၏​ဟူ​၍​ဖြစ် သ​တည်း'' ဟု​မိန့်​တော်​မူ​၏။ \s1 ယဇ်​ပလ္လင် \p \v 13 ဗိ​မာန်​တော်​ကို​တိုင်း​သည့်​စံ​ကို​ပင်​အ​သုံး​ပြု ၍​တိုင်း​ထွာ​ကြည့်​ရာ​ယဇ်​ပလ္လင်​၏​အ​တိုင်း​အ တာ​များ​မှာ​ဤ​သို့​တည်း။ ယဇ်​ပလ္လင်​၏​အောက် ခြေ​ဖိနပ်​ပတ်​လည်​၌​အ​နက်​လက်​မ​နှစ်​ဆယ်၊ အ​ကျယ်​လက်​မ​နှစ်​ဆယ်​ရှိ​သော​ရေ​စီး​မြောင်း ရှိ​၏။ ထို​မြောင်း​၏​အ​ပြင်​နှုတ်​ခမ်း​သည်​ဆယ် လက်​မ​ထူ​၏။-\x + \xo 43:13 \xt ထွ၊ ၂၇:၁-၂။ ၆ရာ၊ ၄:၁။\x* \v 14 ယဇ်​ပလ္လင်​၏​အ​နိမ့်​ဆုံး​အ​ဆင့်​သည်​လေး​ပေ မြင့်​၏။ နောက်​တစ်​ဆင့်​မှာ​ပ​ထ​မ​ဆင့်​၏​အ​နား လေး​ဘက်​စ​လုံး​မှ​လက်​မ​နှစ်​ဆယ်​ခွာ​၍​ထား ပြီး​လျှင်​အမြင့်​ခု​နစ်​ပေ​ရှိ​လေ​သည်။ နောက် တစ်​ဆင့်​သည်​လည်း​ထို​နည်း​တူ​ဒု​တိ​ယ အ​ဆင့်​အ​နား​လေး​ဘက်​စ​လုံး​မှ​လက်​မ နှစ်​ဆယ်​ခွာ​၍​ထား​လေ​၏။- \v 15 ယဇ်​ကောင်​များ​ကို​မီး​ရှို့​ရာ​ဖြစ်​သည့်​ဤ ထိပ်​ဆုံး​အ​ဆင့်​သည်​လည်း​ခု​နစ်​ပေ​မြင့် လေ​သည်။ ယင်း​၏​ထောင့်​လေး​ထောင့်​တို့​သည် ယဇ်​ပလ္လင်​ပေါ်​တွင်​အ​စွန်း​များ​ထွက်​နေ​၏။- \v 16 ယဇ်​ပလ္လင်​၏​ထိပ်​သည်​စ​တု​ရန်း​ပုံ​သဏ္ဌာန် ဖြစ်​၍​အ​လျား​အ​နံ​ပေ​နှစ်​ဆယ်​စီ​ရှိ​၏။- \v 17 အ​လယ်​ဆင့်​သည်​လည်း​စ​တု​ရန်း​ပုံ​သဏ္ဌာန် ပင်​ဖြစ်​၍​အ​လျား​အ​နံ​နှစ်​ဆယ့်​လေး​ပေ​စီ ရှိ​၏။ ယင်း​အ​ဆင့်​ပတ်​လည်​အ​နား​တွင်​အ​နက် ဆယ်​ပေ​ရှိ​သော​ဘောင်​ရှိ​၏။ (ရေ​စီး​မြောင်း​သည် လက်​မ​နှစ်​ဆယ်​ကျယ်​သ​တည်း။) ယဇ်​ပလ္လင်​သို့ တက်​ရန်​လှေ​ကား​မှာ​အ​ရှေ့​ဘက်​၌​ရှိ​၏။ \s1 ယဇ်​ပလ္လင်​ကို​သန့်​စင်​စေ​ခြင်း \p \v 18 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အ​ချင်း လူ​သား၊ ငါ​ပြော​သည်​ကို​နား​ထောင်​လော့။ ယဇ် ပလ္လင်​ကို​တည်​ဆောက်​ပြီး​သော​အ​ခါ​သင်​သည် ယဇ်​ကောင်​များ​ကို​မီး​ရှို့​ပူ​ဇော်​ခြင်း၊ ယဇ်​ကောင် များ​၏​သွေး​ဖြင့်​ယဇ်​ပလ္လင်​ကို​ပက်​ဖျန်း​ခြင်း ဖြင့်​ယဇ်​ပလ္လင်​ကို​သန့်​စင်​စေ​ရ​မည်။- \v 19 ငါ​၏​ရှေ့​တော်​သို့​ဝင်​၍​အ​မှု​တော်​ဆောင်​သူ များ​မှာ​ဇာ​ဒုတ်​၏​သား​မြေး၊ လေ​ဝိ​အ​နွယ် ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ရ​မည်။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စကား​ဖြစ်​၏။ သင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ် ပူ​ဇော်​ရန်​အ​တွက်​နွား​ထီး​ပျို​တစ်​ကောင် ကို​သူ​တို့​အား​ပေး​ရ​မည်။- \v 20 သင်​သည်​ထို​နွား​၏​သွေး​အ​နည်း​ငယ်​ကို​ယူ ၍​ယဇ်​ပလ္လင်​ထိပ်​ထောင့်​ချွန်​များ၊ အ​လယ်​ဆင့် ထောင့်​များ​နှင့်​ယဇ်​ပလ္လင်​ပတ်​လည်​အ​နား​တို့ အ​ပေါ်​မှာ​တင်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သင် သည်​ယဇ်​ပလ္လင်​ကို​သန့်​စင်​စေ​၍​ဆက်​ကပ် ရ​မည်။- \v 21 အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​ပူ​ဇော်​သည့် နွား​ကို​ယူ​၍​ဗိ​မာန်​တော်​အ​ပြင်​ဘက်​သတ် မှတ်​ထား​သည့်​အ​ရပ်​တွင်​မီး​ရှို့​ရ​မည်။- \v 22 နောက်​တစ်​နေ့​၌​အ​ပြစ်​အ​နာ​အ​ဆာ​ကင်း သည့်​ဆိတ်​ထီး​တစ်​ကောင်​ကို​ယူ​၍​အပြစ် ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​ပူ​ဇော်​ရ​မည်။- \v 23 ဤ​အ​မှု​ကို​ပြု​ပြီး​သော​အ​ခါ​အ​ပြစ် အ​နာ​အ​ဆာ​ကင်း​သော​နွား​ပျို​တစ်​ကောင် နှင့်​သိုး​ထီး​ပျို​တစ်​ကောင်​ကို​ယူ​၍၊- \v 24 ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​ဆောင်​ခဲ့​လော့။ ယဇ် ပု​ရော​ဟိတ်​တို့​သည်​ထို​ယဇ်​ကောင်​များ​ကို ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​ရာ​ယဇ်​ပူ​ဇော် ရန်​ဆား​ပက်​၍​မီး​ရှို့​ကြ​လိမ့်​မည်။- \v 25 သင်​သည်​ခု​နစ်​ရက်​တိုင်​တိုင်​နေ့​စဉ်​နေ့​တိုင်း ဆိတ်​ထီး​တစ်​ကောင်၊ နွား​ထီး​တစ်​ကောင်​နှင့်​သိုး ထီး​တစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ် ဖြင့်​ပူ​ဇော်​ရ​မည်။ ထို​သတ္တ​ဝါ​အား​လုံး​တွင် အ​ပြစ်​အ​နာ​အ​ဆာ​မ​ရှိ​စေ​ရ။- \v 26 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ခု​နစ်​ရက်​တိုင်​တိုင် ယဇ်​ပလ္လင်​ကို​သန့်​စင်​စေ​ပြီး​နောက်​အ​သုံး ပြု​နိုင်​ရန်​အ​သင့်​ထား​ရှိ​ရ​ကြ​မည်။- \v 27 သီ​တင်း​တစ်​ပတ်​ကုန်​ဆုံး​သွား​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့​သည် လူ​တို့​အ​တွက်​မီး​ရှို့ ပူ​ဇော်​ရာ​ယဇ်​များ၊ မိတ်​သ​ဟာ​ယ​ယဇ်​များ ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​စ​တင်​ပူ​ဇော်​ရ​ကြ မည်။ ထို​အ​ခါ​ငါ​သည်​သင်​တို့​အ​ပေါင်း​ကို နှစ်​သက်​တော်​မူ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။\x + \xo 43:27 \xt ထွ၊ ၂၉:၃၅-၃၇။\x* \c 44 \s1 အ​ရှေ့​မုခ်​ပေါက်​ကို​အ​သုံး​ပြု​မှု \p \v 1 ထို​လူ​သည်​ငါ့​အား​ဗိ​မာန်​တော်​မြေ​ယာ​၏ အ​ရှေ့​ဘက်​ပိုင်း​၌​ရှိ​သော အ​ပြင်​မုခ်​ပေါက် သို့​ခေါ်​ဆောင်​သွား​၏။ မုခ်​တံ​ခါး​သည်​ပိတ် လျက်​ရှိ​၏။- \v 2 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ဤ​တံ​ခါး​ကို ပိတ်​ထား​ရ​မည်။ အ​ဘယ်​အ​ခါ​၌​မျှ​ဖွင့်​ရ မည်​မ​ဟုတ်။ လူ​သား​မှန်​သ​မျှ​ဤ​တံ​ခါး​ကို အ​သုံး​ပြု​ခွင့်​မ​ရှိ။ အ​ဘယ်​ကြောင့်​ဆို​သော် ဣ​သ​ရေ​လ​အ​မျို​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ထို​တံ​ခါး​ဖြင့်​ဝင်​တော် မူ​ခဲ့​သော​ကြောင့်​တည်း။- \v 3 သို့​ရာ​တွင်​ယ​ခု​နန်း​စံ​လျက်​ရှိ​သည့်​မင်း​သား သည်​ကား ထို​အ​ရပ်​သို့​သွား​၍​ငါ​၏​ရှေ့​တော် တွင်​သန့်​ရှင်း​မြင့်​မြတ်​သည့်​စား​ဖွယ်​ခဲ​ဖွယ်​ကို စား​သောက်​နိုင်​ခွင့်​ရှိ​၏။ သူ​သည်​အ​စွန်​ဆုံး​ရှိ အ​ခန်း​ကြီး​ကို​ဖြတ်​၍​ဤ​တံ​ခါး​ဖြင့်​ဝင် ထွက်​သွား​လာ​ရန်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ \s1 ဗိ​မာန်​တော်​သို့​ဝင်​ရောက်​ခွင့်​နှင့်​ဆိုင်​သော စည်း​မျဉ်း​များ \p \v 4 ထို​နောက်​ထို​လူ​သည်​ငါ့​အား​မြောက်​မုခ်​ပေါက် ကို​ဖြတ်​၍ ဗိ​မာန်​တော်​ရှေ့​သို့​ခေါ်​ဆောင်​သွား ရာ​ငါ​ရှာ​ကြည့်​သော် ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန် တော်​တွင်​ကိုယ်​တော်​၏​တောက်​ပ​သော​ဘုန်း အ​သ​ရေ​တော်​နှင့်​ပြည့်​လျက်​နေ​သည်​ကို မြင်​ရ​၏။ ငါ​သည်​မြေ​ပေါ်​သို့​ပျပ်​ဝပ်​လိုက်​၏။- \v 5 ထာ​ဝ​ရ​ဘု​ရား​က​လည်း​ငါ့​အား``အ​ချင်း လူ​သား၊ သင်​မြင်​ရ​ကြား​ရ​သော​အ​ရာ​မှန် သ​မျှ​ကို​ဂ​ရု​ပြု​လော့။ ငါ​သည်​ဗိ​မာန်​တော် နှင့်​ဆိုင်​သော​စည်း​မျဉ်း​ဥ​ပ​ဒေ​များ​ကို​သင့် အား​ပြော​မည်။ အ​ဘယ်​သူ​တို့​သည်​ဗိ​မာန် တော်​သို့​ဝင်​ထွက်​ခွင့်​ရှိ​သည်​ကို​သေ​ချာ စွာ​မှတ်​သား​လော့။'' \p \v 6 ``ပုန်​ကန်​တတ်​သော​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား မိ​မိ​တို့​ပြု​ကျင့်​လျက်​ရှိ​သည့်​စက် ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​သည်​ဆက်​လက်​သည်း​ခံ​လျက်​နေ​တော့ မည်​မ​ဟုတ်​ကြောင်း​ဆင့်​ဆို​လော့။- \v 7 ဆီ​ဥ​နှင့်​သွေး​ကို​ငါ့​အား​ပူ​ဇော်​ချိန်​၌​သူ တို့​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ လူ​မျိုး​ခြား​များ၊ ငါ​၏​စ​ကား​ကို​နား​မ ထောင်​သူ​များ​အား​ဗိ​မာန်​တော်​ထဲ​သို့​ဝင် ခွင့်​ပြု​လျက်​ငါ​၏​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း စေ​ကြ​၏။ သို့​ဖြစ်​၍​ငါ​၏​လူ​မျိုး​တော် သည်​မိ​မိ​တို့​၏​စက်​ဆုပ်​ဖွယ်​ရာ​အ​ကျင့် များ​အား​ဖြင့်​ငါ​၏​ပ​ဋိ​ညာဉ်​တော်​ကို ချိုး​ဖောက်​ကြ​လေ​ပြီ။- \v 8 သူ​တို့​သည်​ငါ​၏​ဗိ​မာန်​တော်​တွင်​သန့်​ရှင်း မြင့်​မြတ်​သည့်​ဝတ်​တို့​ကို​တာ​ဝန်​ယူ​၍ ဆောင်​ရွက်​မည့်​အ​စား​လူ​မျိုး​ခြား​တို့ အား​ဆောင်​ရွက်​စေ​ကြ​၏။ \p \v 9 ``အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ​လူ​မျိုး ခြား​များ၊ ငါ​၏​စ​ကား​ကို​မ​နာ​ခံ​သူ​များ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ​နေ ထိုင်​သူ​လူ​မျိုး​ခြား​များ​ပင်​ဖြစ်​စေ​ကာ​မူ ငါ​၏​ဗိ​မာန်​တော်​သို့​ဝင်​ရ​ကြ​မည်​မ​ဟုတ် ကြောင်း​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​ဆို ၏'' ဟု​မိန့်​တော်​မူ​၏။ \s1 ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​မှ​အ​ပယ်​ခံ​ရ​သော လေ​ဝိ​အ​နွယ်​ဝင်​များ \p \v 10 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား​ရုပ်​တု​များ​ကို​ကိုး ကွယ်​သူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ ငါ့​အား​စွန့်​ပယ်​ကြ​သော​လေ​ဝိ​အ​နွယ်​ဝင် တို့​သည်​အ​ပြစ်​ပေး​ခြင်း​ကို​ခံ​ရ​ကြ​မည်။- \v 11 သူ​တို့​သည်​ဗိ​မာန်​တော်​တံ​ခါး​မှူး​များ​အ​ဖြစ် ဖြင့်​လည်း​ကောင်း၊ ဗိ​မာန်​တော်​၏​ဝေ​ယျာ​ဝစ္စ​ကို ဆောင်​ရွက်​သူ​များ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ငါ ၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင်​ခွင့်​ရှိ​ကြ​၏။ သူ တို့​သည်​မီး​ရှို့​ရာ​ပူ​ဇော်​သကာ​နှင့်​ယဇ်​ပူ​ဇော်​ရန် အ​တွက်​လူ​တို့​ပေး​အပ်​ကြ​သည့်​တိ​ရစ္ဆာန်​များ သတ်​နိုင်​ခွင့်​ရှိ​၏။ ထို​မှ​တစ်​ပါး​လည်း​သူ​တို့ သည်​အ​ကူ​အ​ညီ​ပေး​ရန်​အ​တွက်​ဗိ​မာန် တော်​တွင်​ရှိ​နေ​ရ​ကြ​မည်။- \v 12 သို့​ရာ​တွင်​သူ​တို့​သည်​ဣ​သ​ရေ​လ​အမျိုး​သား တို့​အား​ရုပ်​တု​ကိုး​ကွယ်​မှု​တွင်​ဦး​စီး​ခေါင်း ဆောင်​ပြု​ကာ​အ​ပြစ်​ကူး​လွန်​စေ​ခဲ့​ကြ​သ​ဖြင့် အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​မည်​ဖြစ်​ကြောင်း​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ကျိန်​ဆို​၏။- \v 13 သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့်​ငါ ၏​အ​မှု​တော်​ကို​မ​ဆောင်​ရွက်​ရ​ကြ။ သန့်​ရှင်း မြင့်​မြတ်​ရာ​တစ်​စုံ​တစ်​ခု​အ​နား​သို့​မျှ လည်း​မ​ချဉ်း​မ​ကပ်​ရ​ကြ။ အ​လွန်​သန့်​ရှင်း ရာ​ဌာ​န​တော်​သို့​လည်း​မ​ဝင်​ရ​ကြ။ ဤ အ​ပြစ်​ဒဏ်​ကား​သူ​တို့​ပြု​ခဲ့​သည့်​စက်​ဆုပ် ဖွယ်​ရာ​အ​မှု​များ​အ​တွက်​ဖြစ်​၏။- \v 14 ဗိ​မာန်​တော်​တွင်​အ​စေ​ခံ​များ​သာ​လုပ်​ဆောင် အပ်​သော​အ​မှု​ခပ်​သိမ်း​ကို​ဆောင်​ရွက်​ရန်​သူ တို့​အား​ငါ​ခန့်​ထား​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 ယဇ်​ပု​ရော​ဟိတ်​များ \p \v 15 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သို့​ရာ​တွင်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ငါ့​အား ကျော​ခိုင်း​သွား​ကြ​သော​အ​ခါ​ဇာ​ဒုတ်​၏​သား မြေး​လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​တို့ သည်​ဆက်​လက်​၍​ဗိ​မာန်​တော်​တွင်​ငါ​၏​အ​မှု တော်​ကို​သစ္စာ​ရှိ​စွာ​ဆောင်​ရွက်​ခဲ့​ကြ​၏။ သို့ ဖြစ်​၍​သူ​တို့​သည်​ယ​ခု​ငါ​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ရ​သူ​များ​ဖြစ်​ကြ​မည်။ ငါ ၏​အ​ထံ​တော်​သို့​ဝင်​၍​ယဇ်​ကောင်​များ​၏ ဆီ​ဥ​နှင့်​သွေး​ကို​ပူ​ဇော်​ရ​ကြ​မည်။- \v 16 သူ​တို့​သာ​လျှင်​ငါ​၏​ဗိ​မာန်​တော်​သို့​ဝင် ပြီး​လျှင်​ငါ​၏​ယဇ်​ပလ္လင်​တွင်​အ​မှု​တော် ဆောင်​၍ ဗိ​မာန်​တော်​တွင်​ဝတ်​ပြု​ကိုး​ကွယ် မှု​ကို​ဦး​ဆောင်​ရ​မည်။- \v 17 သူ​တို့​သည်​မုခ်​ပေါက်​မှ​ဗိ​မာန်​တော်​၏​တံ​တိုင်း အ​တွင်း​သို့ ဝင်​သော​အ​ခါ​ပိတ်​ချော​ထည်​ကို ဝတ်​ဆင်​ရ​ကြ​မည်။ တံ​တိုင်း​အ​တွင်း​ရှိ​ဝင်း ထဲ​၌​သော်​လည်း​ကောင်း၊ ဗိ​မာန်​တော်​ထဲ​၌ သော်​လည်း​ကောင်း တာ​ဝန်​ထမ်း​ဆောင်​နေ​စဉ် မည်​သည့်​သိုး​မွေး​ထည်​ကို​မျှ​မ​ဝတ်​မ​ဆင် ရ​ကြ။-\x + \xo 44:17 \xt ထွ၊ ၂၈:၃၉-၄၃။ ဝတ်၊ ၁၆:၄။\x* \v 18 ချွေး​မ​ထွက်​စေ​ရန်​ပိတ်​ချော​ခေါင်း​ပေါင်း​ကို ပေါင်း​၍​ပိတ်​ချော​ဘောင်း​ဘီ​ကို​ဝတ်​ဆင်​ရ ကြ​မည်။ ခါး​ပတ်​ကို​မ​ဝတ်​ရ​ကြ။- \v 19 လူ​များ​ရှိ​ရာ​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မ​ထွက် မီ​သူ​တို့​သည်​မိ​မိ​တို့​တာ​ဝန်​ထမ်း​ဆောင်​စဉ် က​ဝတ်​ဆင်​ထား​သည့်​အ​ဝတ်​များ​ကို​ချွတ်​၍ သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ခန်း​များ​တွင်​ထား ခဲ့​ရ​ကြ​မည်။ လူ​တို့​အား​ဘေး​အန္တ​ရာယ်​မ​ပေး ရန်​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ဝတ်​အ​ထည်​များ ကို​အခြား​အ​ဝတ်​များ​နှင့်​လဲ​၍​ဝတ်​ရ​ကြ မည်။\x + \xo 44:19 \xt ဝတ်၊ ၁၆:၂၃။\x* \p \v 20 ``သူ​တို့​သည်​မိ​မိ​တို့​၏​ဦး​ခေါင်း​ကို​မ​ရိတ်​ရ ကြ။ ဆံ​ပင်​ရှည်​အောင်​လည်း​မ​ထား​ရ​ကြ။ သင့် တော်​လျောက်​ပတ်​သ​လောက်​သာ​အ​ရှည်​ထား ရ​မည်။-\x + \xo 44:20 \xt ဝတ်၊ ၂၁:၅။\x* \v 21 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​တံ​တိုင်း​အ​တွင်း ရှိ​ဝင်း​သို့​မ​ဝင်​မီ​စ​ပျစ်​ရည်​ကို​မ​သောက် ရ​ကြ။-\x + \xo 44:21 \xt ဝတ်၊ ၁၀:၉။\x* \v 22 အ​ဘယ်​ယဇ်​ပု​ရော​ဟိတ်​မျှ​ကွာ​ရှင်း​ထား သည့်​အ​မျိုး​သ​မီး​နှင့်​မ​ထိမ်း​မြား​ရ။ ဣ သ​ရေ​လ​အ​ပျို​စင် သို့​မ​ဟုတ်​အ​ခြား​ယဇ် ပု​ရော​ဟိတ်​တစ်​ဦး​၏​မု​ဆိုး​မ​နှင့်​သာ​လျှင် ထိမ်း​မြား​ရ​မည်။ အ​ခြား​မု​ဆိုး​မ​နှင့်​မ ထိမ်း​မြား​ရ။\x + \xo 44:22 \xt ဝတ်၊ ၂၁:၇၊ ၁၃-၁၄။\x* \p \v 23 ``ယဇ်​ပု​ရော​ဟိတ်​တို့​သည်​သန့်​ရှင်း​မြင့်​မြတ် သော​အ​ရာ​နှင့်​မ​သန့်​ရှင်း​မ​မြင့်​မြတ်​သော အ​ရာ​တို့​ကွာ​ခြား​ပုံ၊ ဘာ​သာ​ရေး​အ​ရ​သန့် စင်​သော​အ​ရာ​နှင့်​မ​သန့်​စင်​သော​အ​ရာ​ကွာ ခြား​ပုံ​ကို​လူ​တို့​အား​သင်​ကြား​ပေး​ရ​မည်။-\x + \xo 44:23 \xt ဝတ်၊ ၁၀:၁၀။\x* \v 24 အ​မှု​အ​ခင်း​တစ်​စုံ​တစ်​ရာ​ပေါ်​ပေါက်​လာ သော​အ​ခါ သူ​တို့​သည်​ငါ​၏​ပ​ညတ်​များ အ​ရ​စီ​ရင်​ဆုံး​ဖြတ်​ရ​ကြ​မည်။ ဘာ​သာ​ရေး ပွဲ​လမ်း​သ​ဘင်​များ​ကို ငါ​၏​ဥ​ပ​ဒေ​စည်း မျဉ်း​နှင့်​အ​မိန့်​များ​အ​ရ​ကျင်း​ပ​ရ​ကြ မည်။ ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​မြင့်​မြတ်​သည့် နေ့​အ​ဖြစ်​ဖြင့်​စောင့်​ထိန်း​ရ​ကြ​မည်။ \p \v 25 ``ယဇ်​ပု​ရော​ဟိတ်​သည်​လူ​သေ​အ​လောင်း ကို​တို့​ထိ​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ်​ကို​ဘာ​သာ ရေး​အ​ရ​ညစ်​ညမ်း​အောင်​မ​ပြု​ရ။ သို့​ရာ​တွင် သူ​သည်​မိ​မိ​၏​မိဘ၊ သား​သ​မီး၊ ညီ​အစ်​ကို၊ လင်​မ​ရှိ​သော​နှ​မ၊ အစ်​မ​တို့​၏​အ​လောင်း ကို​မူ​တို့​ထိ​နိုင်​လေ​သည်။-\x + \xo 44:25 \xt ဝတ်၊ ၂၁:၁-၄။\x* \v 26 ယင်း​သို့​မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း​စေ​ပြီး​နောက် သူ​သည်​ခု​နစ်​ရက်​မျှ​ဆိုင်း​ငံ့​လျက်​နေ​ရ မည်။- \v 27 ထို​နောက်​ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း​ရှိ​ဝင်း သို့​ဝင်​၍​မိ​မိ​၏​သန့်​စင်​မှု​အ​တွက်​ယဇ်​ကို ပူ​ဇော်​ရ​မည်။ သို့​မှ​သာ​လျှင်​သူ​သည်​ဗိ​မာန် တော်​တွင်​ပြန်​၍​အ​မှု​တော်​ထမ်း​ဆောင်​နိုင် မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။ \p \v 28 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ငါ​ပေး အပ်​သည့်​အ​ရာ​များ​အ​နက်​ယဇ်​ပု​ရော​ဟိတ် တို့​ခံ​ယူ​ရ​မည့်​ဝေ​စု​မှာ​ယဇ်​ပု​ရော​ဟိတ်​ရာ ထူး​ပင်​ဖြစ်​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ​ပြည် တွင်​မြေ​ယာ​ပိုင်​ဆိုင်​ခွင့်​မ​ရှိ​စေ​ရ။ ငါ့​ကို သာ​လျှင်​သူ​တို့​လို​အပ်​သည်။-\x + \xo 44:28 \xt တော၊ ၁၈:၂၀။\x* \v 29 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဘော​ဇဉ်​ပူ​ဇော်​သကာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ် တို့​ကို​စား​သုံး​ကြ​ရ​မည်။ ထို​မှ​တစ်​ပါး​လည်း သူ​တို့​သည်​ဣ​သ​ရေ​လ​ပြည်​တွင် ငါ​၏​အ​တွက် သီး​သန့်​ထား​သ​မျှ​သော​အ​ရာ​မှန်​သ​မျှ​ကို ရ​ရှိ​ကြ​လိမ့်​မည်။-\x + \xo 44:29 \xt တော၊ ၁၈:၈-၁၉။\x* \v 30 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ကောက်​ဦး​စ​ပါး အ​ကောင်း​ဆုံး​နှင့်​ငါ့​အား​ဆက်​သ​သည့်​အ​ခြား ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​ကို​ခံ​ယူ​ရ​ရှိ​ကြ​လိမ့် မည်။ လူ​တို့​သည်​မုန့်​များ​ကို​ဖုတ်​သည့်​အ​ခါ တိုင်း​ယဇ်​ပု​ရော​ဟိတ်​တို့​အား​အ​ဦး​ဆုံး​ဖုတ် သည့်​မုန့်​ကို​ပူ​ဇော်​သကာ​အ​ဖြစ်​ပေး​လှူ​ရ​ကြ မည်။ ထို​အ​ခါ​ငါ​၏​ကောင်း​ချီး​မင်္ဂ​လာ​သည် သူ​တို့​၏​အိမ်​များ​အ​ပေါ်​သို့​သက်​ရောက် လိမ့်​မည်။- \v 31 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​အ​လို​အ​လျောက် ဖြစ်​စေ၊ သား​ရဲ​ကိုက်​၍​သေ​သော​ငှက်​သို့​မ ဟုတ်​တိ​ရစ္ဆာန်​၏​အသား​ကို​ဖြစ်​စေ​မ​စား ရ​ကြ'' ဟု​မိန့်​တော်​မူ​၏။\x + \xo 44:31 \xt ဝတ်၊ ၂၂:၈။\x* \c 45 \s1 ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​သီး​သန့်​ထား​ရန်​မြေ​ယာ \p \v 1 ဣ​သ​ရေ​လ​အ​နွယ်​အ​ပေါင်း​တို့​အား​မြေ​ယာ ကို​ခွဲ​ဝေ​ပေး​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မြေ​တစ်​ကွက်​ကို​မြင့်​မြတ်​သန့်​ရှင်း​သော​နယ် မြေ​အ​ဖြစ်​သီး​သန့်​ထား​ရ​မည်။ ယင်း​သည် အ​လျား​ရှစ်​မိုင်၊ အ​နံ​ခြောက်​မိုင်​ရှိ​ရ​မည်။ ထို​နယ်​မြေ​တစ်​ခု​လုံး​သည်​မြင့်​မြတ်​သန့် ရှင်း​လိမ့်​မည်။- \v 2 ဗိ​မာန်​တော်​အ​တွက်​စ​တု​ရန်း​ရှစ်​ရာ​လေး ဆယ်​ပေ​ရှိ​သော​မြေ​ကွက်​ပါ​ဝင်​ရ​မည်။ ထို မြေ​ကွက်​ပတ်​လည်​တွင်​အ​နံ​ရှစ်​ဆယ့်​လေး ပေ​ရှိ​သော​မြေ​လပ်​ရှိ​ရ​မည်။- \v 3 အ​လွန်​သန့်​ရှင်း​မြင့်​မြတ်​သည့်​ဌာ​န​တည်း ဟူ​သော​ဗိ​မာန်​တော်​တည်​ရှိ​မည်။- \v 4 ဗိ​မာန်​တော်​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော် သို့​ချဉ်း​ကပ်​၍ အ​မှု​တော်​ကို​ထမ်း​ဆောင်​သော ယဇ်​ပု​ရော​ဟိတ်​တို့​အ​တွက်​သီး​သန့်​ထား​ရာ သန့်​ရှင်း​မြင့်​မြတ်​သည့်​ဌာ​န​ပါ​ရှိ​၍ သူ​တို့ နေ​ထိုင်​ရန်​အိမ်​များ​ရှိ​ရာ​အ​ပိုင်း​နှင့်​ဗိ​မာန် တော်​တည်​ရှိ​ရာ​အ​ပိုင်း​ပါ​ရှိ​လိမ့်​မည်။- \v 5 ကျန်​မြေ​ကွက်​တစ်​ဝက်​တွင်​ဗိ​မာန်​တော် ဝေ​ယျာ​ဝစ္စ​ကို​ဆောင်​ရွက်​ရ​သူ​လေ​ဝိ​အ​နွယ် ဝင်​တို့​အ​တွက်​မြို့​များ​တည်​ဆောက်​ရန်​ဖြစ် ရ​မည်။ \p \v 6 မြို့​တစ်​မြို့​တည်​ရန်​အ​တွက်​အ​လျား​ရှစ်​မိုင်၊ အ​နံ​ရှစ်​မိုင်​ရှိ​သော​မြေ​ယာ​ကို​လည်း​ဖယ် ထား​ရ​မည်။ ထို​မြေ​ယာ​သည်​သန့်​ရှင်း​မြင့် မြတ်​သည့်​နယ်​မြေ​နှင့်​ကပ်​လျက်​နေ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နေ​ထိုင်​ရန် အ​တွက်​ဖြစ်​ရ​မည်။ \s1 မင်း​သား​အ​တွက်​မြေ​ယာ \p \v 7 နန်း​စံ​နေ​ဆဲ​မင်း​သား​အ​တွက်​မြေ​ယာ​တစ် ကွက်​ကို​လည်း​ဖယ်​ထား​ရ​မည်။ ယင်း​သည်​သန့် ရှင်း​မြင့်​မြတ်​သည့်​နယ်​မြေ​၏​အ​နောက်​ဘက် နယ်​နိ​မိတ်​မှ​အ​နောက်​ဘက်​သို့​လား​သော်​မြေ ထဲ​ပင်​လယ်​အ​ထိ၊ အ​ရှေ့​ဘက်​သို့​လား​သော် တိုင်း​ပြည်​၏​အ​ရှေ့​နယ်​နိ​မိတ်​အ​ထိ​ဖြစ်​ရ မည်။ ယင်း​၏​အ​လျား​သည်​ဣ​သ​ရေ​လ​အ​မျိုး နွယ်​တစ်​နွယ်​အ​တွက်​သတ်​မှတ်​ထား​သည့်​နယ် မြေ​၏​အ​လျား​အ​တိုင်း​ဖြစ်​ရ​မည်။- \v 8 ဤ​နယ်​မြေ​သည်​နန်း​စံ​နေ​ဆဲ​ဖြစ်​သော​မင်း သား​၏​ဝေ​စု​ဖြစ်​စေ​ရ​မည်။ သို့​မှ​သာ​လျှင် သူ​သည်​ပြည်​သူ​တို့​အား​နှိပ်​စက်​က​လူ​မ​ပြု တော့​ဘဲ​ဣ​သ​ရေ​လ​အ​နွယ်​အ​သီး​သီး​တို့ အား​ကြွင်း​ကျန်​သည့်​မြေ​ယာ​များ​ကို​ပိုင် ဆိုင်​ခွင့်​ပေး​လိမ့်​မည်။ \s1 မင်း​သား​အ​တွက်​စည်း​ကမ်း​ဥ​ပ​ဒေ​များ \p \v 9 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``အ​ချင်း​ဣသ​ရေ​လ မင်း​သား​တို့၊ သင်​တို့​အ​ပြစ်​ကူး​လွန်​လျက် နေ​သည်​မှာ​ကြာ​လေ​ပြီ။ သင်​တို့​၏​အ​ကြမ်း ဖက်​မှု​နှင့်​နှိပ်​စက်​က​လူ​ပြု​မှု​တို့​ကို​ရပ်​စဲ ကြ​လော့။ မှန်​ရာ​တ​ရား​မျှ​တ​ရာ​တို့​ကို​ပြု ကျင့်​ကြ​လော့။ သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော် အား​တိုင်း​ပြည်​မှ​နောက်​ထပ်​ဘယ်​အ​ခါ​၌​မျှ မ​နှင်​မ​ထုတ်​ရ​ကြ။ ဤ​ကား​သင်​တို့​အား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။ \p \v 10 ``လူ​တိုင်း​ပင်​အ​လေး​မှန်​တင်း​မှန်​ကို​အ​သုံး ပြု​ရ​ကြ​မည်။\x + \xo 45:10 \xt ဝတ်၊ ၁၉:၃၆။\x* \p \v 11 ``ကုန်​ခြောက်​ကို​ခြင်​တွယ်​သည့်​ဧ​ဖာ​သည် အရည်​ကို​ခြင်​တွယ်​သည့်​ဗတ်​နှင့်​တူ​ညီ​ရ​မည်။ ဟောမဲ​ကို​အ​မှီ​ပြု​၍​ခြင်​တွယ်​ရ​သည်။ \p တစ်​ဟော​မဲ​တွင်​တစ်​ဆယ်​ဧ​ဖာ​သို့​မ​ဟုတ် တစ်​ဆယ်​ဗက်​ရှိ​သ​တည်း။ \p \v 12 ``သင်​တို့​၏​အ​လေး​များ​သည်​အောက်​ပါ အ​တိုင်း​ဖြစ်​ရ​မည်။ \p နှစ်​ဆယ်​ဂေ​ရာ​သည်​တစ်​ကျပ်၊ခြောက်​ဆယ်​ကျပ် သည်​တစ်​မာ​နေ​ဖြစ်​၏။ \p \v 13-15 ``သင်​တို့​သည်​ပူ​ဇော်​သ​ကာ​များ​ဆက်​သ​ရာ တွင်​အောက်​ပါ​အ​ခြေ​ခံ​မူ​ကို​အ​သုံး​ပြု​ရ ကြ​မည်။ ဂျုံ​ဆန်​သို့​မ​ဟုတ်​မု​ယော​ဆန်​ကို ပေး​လှူ​သော​အ​ခါ​သင်​တို့​ရိတ်​သိမ်း​၍​ရ ရှိ​သည့် \p ဂျုံ​ဆန်​ပ​မာ​ဏ​၏​ခြောက်​ဆယ်​ပုံ​တစ်​ပုံ၊မု​ယော ဆန်​ပ​မာ​ဏ​၏​ခြောက်​ဆယ်​ပုံ​တစ်​ပုံ၊သံ​လွင် ဆီ​ကို​သင်​တို့​၏​သံ​လွင်​ပင်​များ​မှ​ထွက်​ရှိ သ​မျှ​၏​တစ်​ရာ​ပုံ​တစ်​ပုံ​ကို​ပေး​လှူ​ရ​မည်။ \m (ယင်း​ကို​ဗတ်​ဖြင့်​ချိန်​တွယ်​ရ​မည်။ ဆယ်​ဗတ် လျှင်​တစ်​ဟောမဲ၊ သို့​မ​ဟုတ်​တစ်​ကော​ရ​ရှိ​၏။) \p ဣ​သ​ရေ​လ​ပြည်၊ ရေ​များ​သော​စား​ကျက် များ​မှ သိုး​အ​ကောင်​နှစ်​ရာ​လျှင်​တစ်​ကောင် ကျ​ပူ​ဇော်​ရ​မည်။ \p ``သင်​တို့​၏​အ​ပြစ်​များ​မှ​ဖြေ​လွှတ်​ကြ​စေ ရန်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ​မီး​ရှို့​ရာ​ယဇ် နှင့်​မိတ်​သ​ဟာ​ယ​အ​တွက်​တိ​ရစ္ဆာန်​များ​ကို ယူ​ဆောင်​လာ​ရ​မည်။ ဤ​ကား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ဖြစ်​၏။ \p \v 16 ``ပြည်​သူ​အ​ပေါင်း​တို့​သည်​ဤ​ပူ​ဇော်​သကာ များ​ကို​နန်း​စံ​နေ​ဆဲ​မင်း​သား​ထံ​သို့​ယူ ဆောင်​သွား​ရ​ကြ​မည်။- \v 17 လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့​နှင့်​အ​ခြား​ပွဲ​နေ့​တို့​၌ ဣသ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​အ​တွက် မီး​ရှို့​ရာ​ယဇ်​အ​တွက်​တိ​ရစ္ဆာန်​များ၊ ဘော​ဇဉ် ပူ​ဇော်​သ​ကာ​များ​နှင့်​စ​ပျစ်​ရည်​ပူ​ဇော် သ​ကာ​များ​ကို​နန်း​စံ​နေ​ဆဲ​မင်း​သား​သည် ဆက်​သ​ရ​သော​တာ​ဝန်​ရှိ​သည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပြစ်​များ ပြေ​စေ​ခြင်း​ငှာ​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဘော​ဇဉ် ပူဇော်​သကာ၊ မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယဇ် တို့​အ​တွက်​စီ​မံ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 ပွဲ​လမ်း​သ​ဘင်​ပွဲ​နေ့​များ \r (ထွက်၊ ၁၂:၁-၂၀။ ဝတ်၊ ၂၃:၃၃-၄၃) \p \v 18 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``သင်​သည် ပ​ထ​မ​လ၊ လ​ဆန်း​တစ်​ရက်​နေ့​၌​ဗိ​မာန်​တော် ကို​သန့်​စင်​စေ​ရန်​အ​တွက် အ​ပြစ်​အ​နာ​အ​ဆာ ကင်း​သည့်​နွား​ထီး​တစ်​ကောင်​ကို​ယဇ်​ပူ​ဇော် ရ​မည်။- \v 19 ယဇ်​ပု​ရော​ဟိတ်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ် ကောင်​၏​သွေး​အ​နည်း​ငယ်​ကို​ယူ​၍ ဗိ​မာန် တော်​တံ​ခါး​တိုင်​များ၊ ယဇ်​ပလ္လင်​၏​ထောင့် လေး​ထောင့်​နှင့် တံ​တိုင်း​အ​တွင်း​ရှိ​ဝင်း​သို့ ဝင်​ရာ​တံ​ခါး​တိုင်​များ​ကို​သုတ်​ရ​မည်။- \v 20 မည်​သူ​မ​ဆို​အ​မှု​မဲ့​အ​မှတ်​မဲ့​သော်​လည်း ကောင်း၊ မ​သိ​နား​မ​လည်​သ​ဖြင့်​သော်​လည်း ကောင်း​အ​ပြစ်​ကူး​လွန်​မိ​ခဲ့​လျှင်​ထို​သူ အ​ပြစ်​ဖြေ​ရန်​အ​တွက်​ထို​လ​ဆန်း​ခု​နစ် ရက်​နေ့​၌​ဤ​နည်း​အ​တိုင်း​ပင်​ပြု​ရ​မည်။ ဤ နည်း​အား​ဖြင့်​သင်​သည်​ဗိ​မာန်​တော်​ကို​သန့် စင်​စွာ​ထား​ရှိ​ရ​မည်။ \p \v 21 ပ​ထ​မ​လ၊ လ​ဆန်း​တစ်​ဆယ့်​လေး​ရက်​နေ့ ၌​ပ​သ​ခါ​ပွဲ​တော်​ကို​စ​တင်​ကျင်း​ပ​ရ​မည်။ လူ​တိုင်း​ပင်​တ​ဆေး​မဲ့​မုန့်​ကို​ခု​နစ်​ရက်​တိုင် တိုင်​စား​ရ​ကြ​မည်။-\x + \xo 45:21 \xt ထွ၊ ၁၂:၁-၂၀။ တော၊ ၂၈:၁၆-၂၅။\x* \v 22 ပွဲ​တော်​ပ​ထ​မ​နေ့​၌​နန်း​စံ​နေ​ဆဲ​မင်း​သား သည်​မိ​မိ​၏​အ​တွက်​နှင့်​လူ​အ​ပေါင်း​တို့ အ​တွက်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​နွား​ထီး တစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။- \v 23 သူ​သည်​ခု​နစ်​ရက်​ပတ်​လုံး​နေ့​စဉ်​နေ့​တိုင်း ထာ​ဝ​ရ​ဘု​ရား​အား​အ​ပြစ်​အ​နာ​ဆာ​ကင်း သည့်​နွား​ထီး​ခု​နစ်​ကောင်​နှင့်​သိုး​ထီး​ခု​နစ် ကောင်​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဆိတ်​ထီး​တစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။- \v 24 ယဇ်​ပူ​ဇော်​သော​နွား​ထီး​တစ်​ကောင်​နှင့်​သိုး​ထီး တစ်​ကောင်​လျှင်​မုန့်​ညက်​တင်း​ဝက်၊ သံ​လွင်​ဆီ တစ်​ပိ​ဿာ​ငါး​ဆယ်​သား​ကို​လည်း​ပူ​ဇော်​ရ မည်။ \p \v 25 ``သတ္တ​မ​လ၊ လ​ဆန်း​ဆယ့်​ငါး​ရက်​နေ့​၌​အ​စ ပြု​သော​သ​ကေ​နေ​ပွဲ​တော်​အ​တွက်​မင်း​သား သည်​ပွဲ​တော်​ရက်​ခု​နစ်​ရက်​တိုင်​တိုင်​နေ့​စဉ် အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ​ယဇ်၊ မုန့်​ညက်​နှင့် သံ​လွင်​ဆီ​ပူ​ဇော်​သကာ​တို့​ကို​ယ​ခင်​က​နည်း အ​တိုင်း​ပူ​ဇော်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။\x + \xo 45:25 \xt ဝတ်၊ ၂၃:၃၃-၃၆။ တော၊ ၂၉:၁၂-၃၈။\x* \c 46 \s1 မင်း​သား​နှင့်​ပွဲ​လမ်း​သ​ဘင်​ပွဲ​နေ့​များ \p \v 1 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``တံ​တိုင်း​အ​တွင်း ဝင်း​သို့​ဝင်​ရာ​အ​ရှေ့​မုခ်​ပေါက်​ကို​အ​လုပ် လုပ်​သော​ရက်​ခြောက်​ရက်​ပတ်​လုံး​ပိတ်​ထား ရ​မည်။ သို့​ရာ​တွင်​ထို​မုခ်​ပေါက်​ကို​ဥ​ပုသ် နေ့​နှင့်​လ​ဆန်း​နေ့​၌​ဖွင့်​ထား​ရ​မည်။- \v 2 နန်း​စံ​နေ​ဆဲ​မင်း​သား​သည်​ထို​တံ​ခါး​ဖြင့် တံ​တိုင်း​အ​ပြင်​ဝင်း​က​နေ​၍ မုခ်​ပေါက်​အ​တွင်း ၌​ရှိ​သော​အ​ခန်း​ထဲ​သို့​ဝင်​ရ​မည်။ သူ​သည် မိ​မိ​၏​မီး​ရှို့​ရာ​ယဇ်​များ​နှင့်​မိတ်​သ​ဟာ ယဇ်​များ​ကို​ယဇ်​ပု​ရော​ဟိတ်​တို့​ပူ​ဇော်​နေ ကြ​စဉ် မုခ်​ပေါက်​တိုင်​များ​အ​နီး​တွင်​ရပ်​၍ နေ​ရ​မည်။ သူ​သည်​တံ​ခါး​ဝ​တွင်​ရှိ​ခိုး​ဝတ် ပြု​ပြီး​နောက်​အ​ပြင်​သို့​ပြန်​၍​ထွက်​ရ​မည်။ တံ​ခါး​ကို​မူ​ည​နေ​အ​ထိ​မ​ပိတ်​ဘဲ​ထား ရ​မည်။- \v 3 ဥ​ပုသ်​နေ့​နှင့်​လ​ဆန်း​နေ့​ကျ​ရောက်​တိုင်း လူ​အ​ပေါင်း​တို့​သည်​တံ​ခါး​ရှေ့​မှ​နေ​၍ ထာ​ဝရ​ဘု​ရား​အား​ဦး​ညွှတ်​ရှိ​ခိုး​ရ​ကြ မည်။- \v 4 ဥ​ပုသ်​နေ့​၌​မင်း​သား​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ထံ​တော်​သို့​မီး​ရှို့​ရန်​ယဇ်​များ​အ​ဖြစ် ဖြင့် အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သော​သိုး ငယ်​ခြောက်​ကောင်​နှင့်​သိုး​ထီး​တစ်​ကောင် ကို​ယူ​ဆောင်​ခဲ့​ရ​မည်။- \v 5 သူ​သည်​သိုး​ထီး​တစ်​ကောင်​စီ​နှင့်​အ​တူ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​အ​ဖြစ်​မုန့်​ညက် တင်း​ဝက်၊ သိုး​ငယ်​တစ်​ကောင်​စီ​နှင့်​အ​တူ မိ​မိ​ပေး​လှူ​လို​သ​မျှ​ကို​ယူ​ဆောင်​ခဲ့​ရ မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မုန့်​ညက်​တင်း တစ်​ဝက်​လျှင်​သံ​လွင်​ဆီ​တစ်​ပိ​ဿာ ငါး​ဆယ်​သား​ကျ​ယူ​ဆောင်​ခဲ့​ရ​မည်။- \v 6-7 လ​ဆန်း​နေ့​၌​သူ​သည်​အပြစ်​အ​နာ​အ​ဆာ ကင်း​သည့်​နွား​သိုး​ပျို​တစ်​ကောင်၊ သိုး​ငယ် ခြောက်​ကောင်​နှင့်​အ​တူ သိုး​ထီး​တစ်​ကောင် ကို​ပူ​ဇော်​ရ​မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ အ​ဖြစ်​မုန့်​ညက်​တင်း​ဝက်​နှင့်​နွား​သိုး​ပျို တစ်​ကောင်​ကို​လည်း​ကောင်း၊ မုန့်​ညက်​တင်း ဝက်​နှင့်​သိုး​ထီး​တစ်​ကောင်​ကို​လည်း​ကောင်း၊ သိုး​ငယ်​များ​နှင့်​အ​တူ​မိ​မိ​ပေး​လှူ​လို သ​မျှ​ကို​ပူ​ဇော်​ရ​မည်။ မုန့်​ညက်​တင်း တစ်​ဝက်​လျှင်​သံ​လွင်​ဆီ​တစ်​ပိ​ဿာ​ငါး ဆယ်​သား​ကို​ပေး​လှူ​ရ​မည်။- \v 8 မင်း​သား​သည်​မိ​မိ​ဝင်​လမ်း​အ​တိုင်း​မုခ် ပေါက်​မှ​ထွက်​ရ​မည်။ \p \v 9 ``မည်​သည့်​ပွဲ​နေ့​၌​မ​ဆို​ထာ​ဝ​ရ​ဘု​ရား အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​လူ​တို့​လာ​ရောက် ကြ​ရာ​တွင်​မြောက်​တံ​ခါး​မှ​ဝင်​သူ​တို့​သည် ကိုး​ကွယ်​ဝတ်​ပြု​ပြီး​လျှင်​တောင်​တံ​ခါး​မှ ထွက်​ရ​ကြ​မည်။ တောင်​တံ​ခါး​မှ​ဝင်​ကြ​လျှင် မြောက်​တံ​ခါး​မှ​ထွက်​ရ​ကြ​မည်။ အ​ဘယ် သူ​မျှ​မိ​မိ​လာ​လမ်း​အ​တိုင်း​မ​ပြန်​ရ​ကြ။ လူ​တိုင်း​ပင်​မိ​မိ​တို့​ဝင်​ရာ​တံ​ခါး​ဖြင့်​မ ပြန်​ဘဲ​တည့်​တည့်​သွား​၍​ထွက်​ရ​ကြ​မည်။- \v 10 မင်း​သား​သည်​လူ​များ​ဝင်​သည့်​အ​ခါ​ဝင် ၍​သူ​တို့​ထွက်​သည့်​အ​ခါ​ထွက်​ရ​မည်။- \v 11 ပွဲ​နေ့​များ​၌​ပြု​မြဲ​ပွဲ​တော်​များ​မှာ​ပူ​ဇော် သည့်​နွား​ထီး​တစ်​ကောင်​နှင့်​သိုး​ထီး​တစ်​ကောင် လျှင်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မုန့်​ညက်​တင်း​တစ် ဝက်၊ သိုး​ငယ်​တစ်​ကောင်​နှင့်​အ​တူ​ကိုး​ကွယ် ဝတ်​ပြု​သူ​ပေး​လှူ​လို​သ​မျှ​ကို​ပူ​ဇော်​ရ​မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မုန့်​ညက်​တင်း​တစ်​ဝက် လျှင် သံ​လွင်​ဆီ​တစ်​ပိ​ဿာ​ငါး​ဆယ်​သား​ကို လည်း​ပူ​ဇော်​ရ​မည်။ \p \v 12 ``မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​တည်း ဟူ​သော​ပူ​ဇော်​သ​ကာ​ကို​နန်း​စံ​နေ​ဆဲ​မင်း သား​သည် မိ​မိ​အ​လို​အ​လျောက်​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​လို​သော​အ​ခါ သူ့ အ​တွက်​အ​ရှေ့​မုခ်​ပေါက်​ကို​ဖွင့်​၍​ပေး​ရ​မည်။ သူ​သည်​လည်း​ဥ​ပုသ်​နေ့​မှာ​ကဲ့​သို့​ပင်​ပူ​ဇော် သကာ​ကို​ဆက်​သ​ရ​မည်။ သူ​ပြန်​လည်​ထွက် ခွာ​သွား​သော​အ​ခါ​တံ​ခါး​ကို​တစ်​ဖန် ပြန်​၍​ပိတ်​ထား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 နေ့​စဉ်​ပြု​ရန်​ပူ​ဇော်​သကာ \p \v 13 ထာ​ဝ​ရ​ဘု​ရား​က``နံ​နက်​တိုင်း​အ​ပြစ် အ​နာ​အ​ဆာ​ကင်း​သော​တစ်​နှစ်​သား​သိုး ငယ်​တစ်​ကောင်​ကို​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော်​သကာ​ကို​နေ့​စဉ် နေ့​တိုင်း​ပြု​လုပ်​ရ​မည်။- \v 14 မုန့်​ညက်​ငါး​ပေါင်​ကို​လည်း​နံ​နက်​တိုင်း ပူ​ဇော်​ဆက်​သ​ရ​မည်။ ယင်း​နှင့်​ရော​စပ်​ရန် သံ​လွင်​ဆီ​ငါး​ဆယ်​သား​ကို​လည်း​ပူ​ဇော် ရ​မည်။ ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ်​သည့် ဤ​ပူ​ဇော်​သ​ကာ​နှင့်​ဆိုင်​သော​ဥ​ပ​ဒေ များ​သည်​ထာ​ဝ​စဉ်​အာ​ဏာ​တည်​စေ​ရ မည်။- \v 15 နံ​နက်​၌​ထာ​ဝ​ရ​ဘု​ရား​အား​သိုး​ငယ်၊ မုန့်​ညက်​နှင့်​သံလွင်​ဆီ​တို့​ကို​အ​စဉ်​အ​မြဲ ဆက်​ကပ်​ကြ​စေ'' ဟု​မိန့်​တော်​မူ​၏။ \s1 မင်း​သား​နှင့်​တိုင်း​ပြည် \p \v 16 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​နန်း စံ​နေ​ဆဲ​မင်း​သား​သည်​မိ​မိ​၏​သား​တစ် ယောက်​အား​မိ​မိ​ပိုင်​မြေ​ယာ​တစ်​ကွက်​ကို ပေး​အပ်​လျှင်​ထို​မြေ​ယာ​ကို​ထို​သား အ​မြဲ​ပိုင်​စေ၊- \v 17 သို့​သော်​မင်း​သား​သည်​မိ​မိ​၏​မြေ​ကွက် တစ်​ကွက်​ကို​ကျေး​ကျွန်​တစ်​ယောက်​ယောက် အား​ပေး​ပါ​မူ ထို​ကျေး​ကျွန်​လွတ်​လပ်​ခွင့် ရ​ချိန်​ရောက်​သော​အ​ခါ ယင်း​မြေ​ကွက် သည်​မင်း​သား​၏​လက်​သို့​ပြန်​လည်​ရောက် ရှိ​စေ။ ထို​မြေ​သည်​မင်း​သား​၏​မြေ​ဖြစ် သ​ဖြင့်​သူ​နှင့်​သူ​၏​သား​များ​က သာ​လျှင်​အ​စဉ်​အ​မြဲ​ပိုင်​နိုင်​၏။-\x + \xo 46:17 \xt ဝတ်၊ ၂၅:၁၀။\x* \v 18 ငါ​၏​လူ​မျိုး​တော်​ဝင်​တို့​ပိုင်​မြေ​ယာ​များ ကို​သိမ်း​ယူ​ခြင်း​အား​ဖြင့် သူ​တို့​အား​မ နှင်​ထုတ်​နိုင်​စေ​ရန်​မင်း​သား​သည်​မိ​မိ​၏ သား​တို့​အား​မိ​မိ​ပိုင်​မြေ​ယာ​မှ​သာ​ပေး ရ​မည်။ ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​ပိုင် မြေ​မှ​မ​ခွဲ​ခွာ​စေ​ရ'' ဟု​မိန့်​တော်​မူ​၏။ \s1 ဗိ​မာန်​တော်​မီး​ဖို​များ \p \v 19 ထို​နောက်​ထို​လူ​သည်​တံ​တိုင်း​အ​တွင်း​ဝင်း ၏​တောင်​ဘက်​တံ​ခါး​အ​နီး​၌​ရှိ​သော​အ​ခန်း များ​၏​အ​ဝင်​ဝ​သို့​ငါ့​အား​ခေါ်​ဆောင်​သွား ၏။ ဤ​အ​ခန်း​များ​သည်​သန့်​ရှင်း​မြင့်​မြတ် သည့်​အ​ခန်း​များ​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ် တို့​အ​ဖို့​သီး​သန့်​ထား​လေ​သည်။ ထို​သူ က​ငါ့​အား​အ​ခန်း​များ​၏​အ​နောက်​သို့ ညွှန်​ပြ​လျက်၊- \v 20 ဤ​အ​ရပ်​ကား​ယဇ်​ပု​ရော​ဟိတ်​တို့​အ​ပြစ် ဖြေ​ရာ​ယဇ်၊ သို့​မ​ဟုတ်​ဒု​စ​ရိုက်​ဖြေ​ရာ ယဇ်​ကို​ပူ​ဇော်​ရန်​အ​သား​များ​ကို​ပြုတ် ရာ၊ မုန့်​ညက်​ပူ​ဇော်​သကာ​ကို​ဖုတ်​ရာ​အ​ရပ် ဖြစ်​၏။ လူ​တို့​ဘေး​အန္တ​ရာယ်​မ​ဖြစ်​ကြ စေ​ရန်​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ရာ​မှန် သ​မျှ​ကို​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မ​ထုတ် ကြ​ခြင်း​ဖြစ်​၏'' ဟု​ဆို​၏။ \p \v 21-22 ထို​နောက်​သူ​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့ ခေါ်​ဆောင်​သွား​ရာ​ထောင့်​လေး​ထောင့်​တစ်​ခု စီ​တွင်​ဝင်း​ခြံ​ငယ်​တစ်​ခု​စီ​ရှိ​သည်​ကို ငါ့​အား​ပြ​၏။ ဝင်း​ခြံ​ငယ်​တစ်​ခု​စီ​သည် အ​လျား​ခြောက်​ဆယ့်​ရှစ်​ပေ၊ အ​နံ​ငါး ဆယ်​ပေ​ရှိ​၍၊- \v 23 ကျောက်​နံ​ရံ​ဖြင့်​ကာ​ထား​လေ​သည်။ ထို နံ​ရံ​ကို​မှီ​၍​မီး​ဖို​များ​ကို​ဆောက်​လုပ် ထား​၏။- \v 24 ထို​လူ​က``ဤ​မီး​ဖို​တို့​ကား လူ​တို့​ပူဇော်​သည့် ယဇ်​ကောင်​များ​ကို​ဗိ​မာန်​တော်​အ​စေ​ခံ​တို့ ပြုတ်​သည့်​မီး​ဖို​များ​ဖြစ်​၏'' ဟု​ငါ့​အား ပြော​ပြ​၏။ \c 47 \s1 ဗိ​မာန်​တော်​မှ​စီး​ဆင်း​လာ​သော​စမ်း​ချောင်း \p \v 1 ထို​လူ​သည်​ငါ့​အား​ဗိ​မာန်​တော်​အ​ဝင်​တံ​ခါး ဝ​သို့​ခေါ်​ဆောင်​သွား​၏။ တံ​ခါး​ခုံ​အောက်​မှ ရေ​သည်​ယဇ်​ပလ္လင်​၏​တောင်​ဘက်​ကို​ဖြတ်​ကာ ဗိ​မာန်​တော်​မျက်​နှာ​မူ​ရာ​အ​ရှေ့​ဘက်​သို့ စီး​ဆင်း​လျက်​နေ​၏။-\x + \xo 47:1 \xt ဇာ၊ ၁၄:၈။ ယော၊ ၇:၃၈။ ဗျာ၊ ၂၂:၁။\x* \v 2 ထို​လူ​သည်​ငါ့​အား​မြောက်​တံ​ခါး​ဖြင့် ဗိ​မာန်​တော်​နယ်​မြေ​မှ​ထုတ်​ဆောင်​ကာ​အ​ရှေ့ တံ​ခါး​သို့​ခေါ်​ယူ​သွား​၏။ ထို​တံ​ခါး​၏ တောင်​ဘက်​တွင်​ချောင်း​ငယ်​တစ်​ခု​စီး​ဆင်း လျက်​ရှိ​၏။- \v 3 ထို​သူ​သည်​ချောင်း​အောက်​ဘက်​မှ​အ​ရှေ့​ဘက် သို့​မိ​မိ​ကူ​တံ​ဖြင့်​ကိုက်​ငါး​ရာ​ခြောက်​ဆယ် တိုင်း​ပြီး​နောက်​ငါ့​အား​ချောင်း​ကို​ဖြတ်​၍ လျှောက်​သွား​စေ​၏။ ရေ​ကား​ငါ​၏​ခြေ မျက်​စိ​အ​ထိ​သာ​ရောက်​လေ​သည်။- \v 4 ထို့​နောက်​သူ​သည်​နောက်​ထပ်​ကိုက်​ငါး​ရာ ခြောက်​ဆယ်​တိုင်း​ပြန်​၏။ ထို​နေ​ရာ​တွင်​ရေ သည်​ငါ​၏​ဒူး​ဆစ်​အ​ထိ​ရောက်​ရှိ​လာ​၏။ နောက်​ကိုက်​ငါး​ရာ​ခြောက်​ဆယ်​အ​ကွာ​တွင် ရေ​သည်​ငါ​၏​ခါး​အ​ထိ​ရောက်​ရှိ​၏။- \v 5 သူ​သည်​ထပ်​မံ​၍​ကိုက်​ငါး​ရာ​ခြောက်​ဆယ် တိုင်း​လိုက်​သော​အ​ခါ ငါ​ဖြတ်​ကူး​၍​မ​ရ သော​မြစ်​တစ်​စင်း​သို့​ရောက်​လာ​၏။ ရေ​အ​လွန် နက်​သ​ဖြင့်​ငါ​သည်​ခြေ​ထောက်​၍​မ​မီ​ဘဲ လက်​ပစ်​ကူး​ရ​လေ​သည်။- \v 6 ထို​သူ​က``အ​ချင်း​လူ​သား၊ ဤ​အ​ချင်း အ​ရာ​အ​လုံး​စုံ​ကို​သေ​ချာ​စွာ​မှတ်​သား လော့'' ဟု​ငါ့​အား​ပြော​၏။ \p ထို​နောက်​သူ​သည်​ငါ့​အား​မြစ်​ကမ်း​ပါး​သို့ ပြန်​လည်​ခေါ်​ဆောင်​သွား​၏။- \v 7 မြစ်​ကမ်း​ပါး​သို့​ရောက်​သော​အ​ခါ​ငါ သည်​မြစ်​ကမ်း​နှစ်​ဖက်​တွင်​သစ်​ပင်​များ စွာ​ပေါက်​လျက်​နေ​သည်​ကို​မြင်​ရ​၏။- \v 8 ထို​လူ​က ``ဤ​ရေ​သည်​မြေ​ပြင်​ကို​ဖြတ်​၍ အ​ရှေ့​ဘက်​သို့​စီး​ဆင်း​ရာ​ယော်​ဒန်​ချိုင့်​ဝှမ်း နှင့်​ပင်​လယ်​သေ​ထဲ​သို့​စီး​ဆင်း​သွား​ကာ ထို​ပင်​လယ်​ရေ​ငန်​ကို​ရေ​ချို​ဖြစ်​စေ​၏။- \v 9 ထို​ချောင်း​စီး​ဆင်း​ရာ​အ​ရပ်​တိုင်း​၌​တိ​ရစ္ဆာန် နှင့်​ငါး​အ​မျိုး​မျိုး​တို့​ကို​တွေ့​ရှိ​ရ​လိမ့်​မည်။ ယင်း​သည်​ပင်​လယ်​သေ​၏​ရေ​ကို​ရေ​ချို ဖြစ်​စေ​လိမ့်​မည်။ မိ​မိ​စီး​ဆင်း​ရာ​အ​ရပ် တိုင်း​၌​သက်​ရှိ​သတ္တဝါ​များ​အား​အ​သက် ရှင်​သန်​စေ​လိမ့်​မည်။- \v 10 အင်္ဂေ​ဒိ​စိမ့်​စမ်း​မှ​အ​စ​ပြု​၍​ဧ​နေ​ဂ​လိမ် စိမ့်​စမ်း​တိုင်​အောင်​ပင်​လယ်​နား​တစ်​လျှောက် လုံး​တွင်​ရေ​လုပ်​သား​တို့​နေ​ထိုင်​ကြ​လျက် မိ​မိ​တို့​ပိုက်​ကွန်​များ​ကို​လှန်း​ကြ​လိမ့်​မည်။ မြေ​ထဲ​ပင်​လယ်​တွင်​တွေ့​ရှိ​ရ​သည့်​ငါး အ​မျိုး​မျိုး​တို့​ကို​ဤ​အ​ရပ်​တွင်​လည်း တွေ့​ရှိ​ရ​လိမ့်​မည်။- \v 11 သို့​ရာ​တွင်​ပင်​လယ်​သေ​ကမ်း​ခြေ​ဒေ​သ​ရှိ ရွှံ့​ဗွက်​များ​နှင့်​ရေ​အိုင်​များ​၌​မူ​ကား​ရေ မ​ချို​ဘဲ​ဆား​ထွက်​လိမ့်​မည်။- \v 12 ထို​ချောင်း​ကမ်း​နှစ်​ဘက်​တို့​တွင်​စား​စ​ရာ အ​ပင်​အ​မျိုး​မျိုး​ပေါက်​လိမ့်​မည်။ ထို​သစ်​ပင် များ​သည်​အ​ဘယ်​အ​ခါ​မျှ​အ​ရွက်​ညှိုး နွမ်း​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​သီး​လည်း အ​ဘယ်​အ​ခါ​မျှ​ပြတ်​လပ်​ကြ​လိမ့်​မည် မ​ဟုတ်။ ထို​အ​ပင်​တို့​သည်​ဗိ​မာန်​တော်​မှ စီး​ဆင်း​လာ​သည့်​ချောင်း​မှ​ရေ​ကို​ရ​ရှိ ကြ​သ​ဖြင့်​လ​စဉ်​လတိုင်း​အ​သီး​သစ် များ​ကို​သီး​ကြ​လိမ့်​မည်။ ထို​အ​ပင်​များ ၏​အ​သီး​သည်​စား​ဖွယ်​ဖြစ်​၍​ယင်း တို့​၏​အ​ရွက်​များ​ကို​လူ​တို့​၏​အ​နာ ပျောက်​ကင်း​စေ​ရန်​အ​သုံး​ပြု​လိမ့်​မည်'' ဟု​ငါ့​အား​ပြော​၏။\x + \xo 47:12 \xt ဗျာ၊ ၂၂:၂။\x* \s1 မြေ​ယာ​နယ်​နိ​မိတ်​များ \p \v 13 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ လူ​မျိုး​ဆယ့်​နှစ်​ပါး​အ​တွက်​မြေ​ယာ​နယ် နိ​မိတ်​သတ်​မှတ်​ပေး​ရ​မည်။ မြေ​ယာ​နယ် နိ​မိတ်​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ ယော​သပ်​အ​နွယ်​ဝင်​တို့​သည်​အ​ခြား အ​နွယ်​အ​သီး​သီး​တို့​ထက်​နှစ်​ဆ​ပို​၍ ရ​ရှိ​စေ​ရ​မည်။- \v 14 ငါ​သည်​သင်​တို့​၏​ဘိုး​ဘေး​များ​အား​ဤ ပြည်​ကို​ပေး​အပ်​မည်​ဟု​ကျိန်​ဆို​က​တိ ထား​ခဲ့​သည့်​အ​တိုင်း ယ​ခု​သင်​တို့​သည် ယင်း​ကို​ညီ​မျှ​စွာ​ခွဲ​ဝေ​ယူ​ကြ​လော့။ \p \v 15 ``မြောက်​ဘက်​နယ်​နိ​မိတ်​မှာ​မြေ​ထဲ​ပင်​လယ် မှ​အ​စ​ပြု​၍​အ​ရှေ့​ဘက်​ဟေ​သ​လုန်​မြို့၊ ဟာ​မတ်​တောင်​ကြား​လမ်း၊ ဇေ​ဒဒ်​မြို့။- \v 16 ဗေ​ရော​သာ​မြို့၊ သိ​ဗ​ရိမ်​မြို့​တို့​ကို​ဖြတ်​၍ တိ​ကုန်​မြို့​တွင်​ဆုံး​လေ​သည်။ (ဗေ​ရော​သာ နှင့်​သိ​ဗ​ရိမ်​မြို့​တို့​သည်​ဒ​မာ​သက်​ပြည် နှင့်​ဟာ​မတ်​ပြည်​စပ်​ကြား​တွင်​ရှိ​၍ ဟာ​လာ ဟတ္တိ​ကုန်​မြို့​မှာ​ဟော​ရန်​နယ်​စပ်​တွင်​ရှိ​၏။-) \v 17 သို့​ဖြစ်​၍​မြောက်​ဘက်​နယ်​နိ​မိတ်​သည်​မြေ ထဲ​ပင်​လယ်​မှ​အ​ရှေ့​ဘက် ဟာ​ဇ​ရေ​နုန်​မြို့ အ​ထိ​ရှိ​၍​ဒ​မာ​သက်​နှင့်​ဟာ​မတ်​ပြည် နယ်​ခြား​ဒေသ​များ​၏​တောင်​ဘက်​တွင်​တည် ရှိ​သ​တည်း။ \p \v 18 ``အ​ရှေ့​ဘက်​နယ်​နိ​မိတ်​ကား​ဒ​မာ​သက် ပြည်​နှင့်​ဟော​ရန်​ပြည်​စပ်​ကြား​မှ​ပင်​လယ် သေ​ကမ်း​ပေါ်​ရှိ​တာ​မာ​မြို့​အ​ထိ​ဖြစ်​၍ ယော်​ဒန်​မြစ်​အ​နောက်​ဘက်​တွင်​ရှိ​သော ဣ​သ​ရေ​လ​ပြည်​နှင့်​အ​ရှေ့​ဘက်​တွင်​ရှိ သော​ဂိ​လဒ်​ပြည်​တို့​၏​နယ်​ခြား​အ​မှတ် အ​သား​ဖြစ်​၏။ \p \v 19 ``တောင်​ဘက်​နယ်​နိ​မိတ်​သည်​တာ​မာ​မြို့​မှ အ​နောက်​တောင်​ဘက်​ရှိ​ကာ​ဒေ​ရှ​မေ​ရိ​ဘ စိမ့်​စမ်း​သို့​လည်း​ကောင်း၊ ထို​နောက်​အ​နောက် မြောက်​ဘက်​ရှိ​အီ​ဂျစ်​ပြည်​နယ်​စပ်​ကို​လိုက် ၍​မြေ​ထဲ​ပင်​လယ်​သို့​လည်း​ကောင်း​ရောက် ရှိ​၏။ \p \v 20 ``အ​နောက်​ဘက်​နယ်​နိ​မိတ်​မှာ​မြေ​ထဲ​ပင် လယ်​ဖြစ်​၍ မြောက်​ဘက်​ရှိ​ဟာ​မတ်​တောင် ကြား​လမ်း​၏​အ​နောက်​ဘက်​သို့​တိုင်​အောင် ဖြစ်​၏။ \p \v 21 ``ထို​နယ်​မြေ​ကို​သင်​တို့​အ​နွယ်​စု​များ ခွဲ ဝေ​ယူ​ကြ​လော့။- \v 22 ယင်း​သည်​သင်​တို့​အ​စဉ်​အ​မြဲ​ပိုင်​ဆိုင်​ကြ ရ​မည့်​မြေ​ယာ​ဖြစ်​၏။ ထို​အ​ရပ်​တွင်​သင်​တို့ နှင့်​အ​တူ​နေ​ထိုင်​လျက်​သား​သ​မီး​များ ရ​ရှိ​နေ​ကြ​သူ​လူ​မျိုး​ခြား​များ​သည်​လည်း သင်​တို့​မြေ​ယာ​ခွဲ​ဝေ​ရာ​တွင်​ဝေ​စု​ခံ​ယူ ရ​ကြ​မည်။ သူ​တို့​အား​တင်း​ပြည့်​ဣ​သ​ရေ​လ ပြည်​သား​များ​အ​ဖြစ်​ဖြင့်​မှတ်​ယူ​ကာ ဣ​သ​ရေ​လ​အ​နွယ်​တို့​နှင့်​အ​တူ​မြေ​ယာ ဝေ​စု​များ​ကို​ခံ​ယူ​စေ​ရ​မည်။- \v 23 ယင်း​သို့​သော​လူ​မျိုး​ခြား​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ထိုင်​ရာ​အ​ရပ်​အ​သီး​သီး​မှ အ​နွယ်​ဝင်​တို့​နှင့်​အ​တူ​မြေ​ယာ​ဝေ​စု များ​ကို​ခံ​ယူ​ခွင့်​ရှိ​စေ​ရ​မည်။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော် မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ \c 48 \s1 အ​နွယ်​များ​အား​မြေ​ယာ​ခွဲ​ဝေခြင်း \p \v 1-7 မြေ​ယာ​၏​မြောက်​ဘက်​ရှိ​နယ်​နိ​မိတ်​မှာ​မြေ​ထဲ​ပင်​လယ်​မှ အ​ရှေ့​ဘက်​ရှိ​ဟေ​သ​လုန်​မြို့၊ ဟာ​မတ်​တောင်​ကြား​လမ်း​နှင့်​ဟာ​ဇ​ရေ​နန်​မြို့၊ ထို​မှ​တစ်​ဆင့်​ဒ​မာ​သက်​ပြည်​နှင့်​ဟာ​မတ်​ပြည်​နယ်​ခြား​အ​ထိ​ဖြစ်​၏။ လူ​မျိုး​အ​နွယ်​တစ်​နွယ်​လျှင်​အ​ရှေ့​နယ်​စပ်​မှ​အ​နောက်​မြေ​ထဲ​ပင်​လယ်​အ​ထိ​နယ်​မြေ​တစ်​ခု​ကျ​စီ၊ မြောက်​မှ​တောင်​သို့​အောက်​ပါ​အ​စီ​အ​စဉ်​အ​တိုင်း​ရ​ရှိ​စေ​ရ​မည်။ \q1 ဒန် \q1 အာ​ရှာ \q1 န​ဿ​လိ \q1 မ​နာ​ရှေ \q1 ဧ​ဖ​ရိမ် \q1 ရု​ဗင် \q1 ယု​ဒ \s1 တိုင်း​ပြည်​၏​ဗ​ဟို​အ​လယ်​တွင်​အ​ထူး​နယ်​မြေ \p \v 8 ယု​ဒ​ပြည်​အ​ရှေ့​နယ်​စပ်​မှ​အ​နောက်​နယ်​စပ်​အ​တွင်း အ​ထူး​နယ်​မြေ​တစ်​ခု​ရှိ​ရ​မည်။ ထို​နယ်​မြေ​သည်​အ​နံ​ရှစ်​မိုင်​ရှိ​၍​အ​လျား​မှာ​ဣ​သ​ရေ​လ​အ​နွယ်​တို့​အား​ခွဲ​ဝေ​ပေး​သည့်​နယ်​မြေ​တို့​၏​အ​လျား​အ​တိုင်း​ဖြစ်​ရ​မည်။ ဗိ​မာန်​တော်​သည်​ထို​နယ်​မြေ​တွင်​ရှိ​ရ​မည်။ \p \v 9 ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ဆက်​ကပ်​ထား​သည့်​နယ်​မြေ​သည်​အ​လျား​ရှစ်​မိုင်၊ အ​နံ​ခြောက်​မိုင်​ရှိ​ရ​မည်။- \v 10 ထို​သန့်​ရှင်း​မြင့်​မြတ်​သည့်​နယ်​မြေ​တွင်​ယဇ်​ပု​ရော​ဟိတ်​တို့​အ​တွက်​ဝေ​စု​ရှိ​စေ​ရ​မည်။ ထို​ဝေ​စု​မြေ​သည်​မြောက်​ဘက်​မှ​တောင်​ဘက်​သို့​သုံး​မိုင်​ကျယ်​၍ အ​ရှေ့​ဘက်​မှ​အ​နောက်​ဘက်​သို့​ရှစ်​မိုင်​ရှိ​ရ​မည်။ ဤ​နယ်​မြေ​၏​အ​လယ်​၌​ထာ​ဝရ​ဘု​ရား​၏​ဗိ​မာန်​တော်​တည်​ရှိ​ရ​မည်။- \v 11 ဤ​သန့်​ရှင်း​မြင့်​မြတ်​သည့်​နယ်​မြေ​သည်​ဇာ​ဒုတ်​၏​သား​မြေး​များ​ဖြစ်​ကြ​သော​ယဇ်​ပု​ရော​ဟိတ်​တို့​အ​တွက်​ဖြစ်​ရ​မည်။ သူ​တို့​သည်​ငါ​၏​အ​မှု​တော်​ကို​သစ္စာ​ရှိ​စွာ​ထမ်း​ဆောင်​ခဲ့​ကြ​၏။ အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မှောက်​မှား​လမ်း​လွဲ​ကြ​သော​အ​ခါ သူ​တို့​သည်​လေ​ဝိ​အနွယ်​ဝင်​တို့​ကဲ့​သို့​လမ်း​မ​လွဲ​ကြ။- \v 12 သို့​ဖြစ်​၍​သူ​တို့​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့်​ကပ်​လျက်​ရှိ​သော​သီး​သန့်​နယ်​မြေ​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ ထို​နယ်​မြေ​သည်​အ​သန့်​ရှင်း​အ​မြင့်​မြတ်​ဆုံး​ဖြစ်​လိမ့်​မည်။- \v 13 လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​လည်း​ယဇ်​ပု​ရော​ဟိတ်​တို့​၏​မြေ​တောင်​ဘက်​တွင်​အ​ထူး​မြေ​ယာ​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​၏​မြေ​သည်​လည်း​အ​လျား​ရှစ်​မိုင်၊ အ​နံ​သုံး​မိုင်​ရှိ​ရ​မည်။- \v 14 ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ်​ထား​သည့်​နယ်​မြေ​သည်​အ​ကောင်း​ဆုံး​ဖြစ်​၍​ထို​မြေ​၏​တစ်​စိတ်​တစ်​ဒေ​သ​ကို​မျှ​ရောင်း​ချ​ခြင်း၊ သို့​မ​ဟုတ်​လဲ​လှယ်​ခြင်း၊ အ​ခြား​သူ​တစ်​စုံ​တစ်​ယောက်​၏​နာ​မည်​သို့​ပြောင်း​ပေး​ခြင်း​တို့​ကို​မ​ပြု​ရ။ ထို​မြေ​သည်​သန့်​ရှင်း​မြင့်​မြတ်​၍​ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ​သော​မြေ​ဖြစ်​သ​တည်း။ \p \v 15 အ​လျား​ရှစ်​မိုင်၊ အ​နံ​နှစ်​မိုင်​ရှိ​သော​ကျန်​မြေ​ကွက်​သည်​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြေ​မ​ဟုတ်။ လူ​တို့​အ​ထွေ​ထွေ​အ​သုံး​ပြု​ရန်​အ​တွက်​ဖြစ်​၏။ သူ​တို့​သည်​ထို​အ​ရပ်​တွင်​နေ​ထိုင်​ကာ​ထို​မြေ​ကို​အ​သုံး​ချ​နိုင်​ကြ​၏။ ဤ​မြေ​၏​အ​လယ်​တွင်​မြို့​ကို​တည်​ဆောက်​ရ​မည်။- \v 16 ထို​မြို့​သည်​စ​တု​ရန်း​ပုံ​သဏ္ဌာန်​ဖြစ်​၍​တစ်​ဘက်​စီ​နှစ်​ထောင့်​ငါး​ရာ​နှစ်​ဆယ်​ကိုက်​ရှိ​ရ​မည်။- \v 17 မြို့​၏​အ​ရှေ့​အ​နောက်၊ တောင်​မြောက်​အ​ရပ်​လေး​မျက်​နှာ​တို့​တွင်​အ​နံ​ကိုက်​တစ်​ရာ့​လေး​ဆယ်​ရှိ​သော​မြေ​ကွက်​လပ်​တစ်​ခု​စီ​ရှိ​ရ​မည်။- \v 18 မြို့​ကို​တည်​ပြီး​နောက်​သန့်​ရှင်း​မြင့်​မြတ်​သည့်​နယ်​မြေ​၏​တောင်​ဘက်​တွင်​ကပ်​လျက်​နေ​သော​မြေ​ယာ​မှာ​အ​ရှေ့​ဘက်​တွင်​အ​လျား​သုံး​မိုင်၊ အ​နံ​နှစ်​မိုင်​ရှိ​သော​မြေ​နှင့်​အ​နောက်​ဘက်​တွင်​အ​လျား​သုံး​မိုင်၊ အ​နံ​နှစ်​မိုင်​ရှိ​သော​မြေ​တို့​သည်​မြို့​သူ​မြို့​သား​တို့​ထွန်​ယက်​စိုက်​ပျိုး​ရန်​အ​တွက်​ဖြစ်​ရ​မည်။- \v 19 ထို​မြို့​တွင်​နေ​ထိုင်​သော​အ​ဘယ်​အ​နွယ်​ဝင်​များ​ပင်​ဖြစ်​စေ​ကာ​မူ​ထို​မြေ​ယာ​တွင်​ထွန်​ယက်​စိုက်​ပျိုး​နိုင်​ကြ​၏။- \v 20 သို့​ဖြစ်​၍​သီး​သန့်​ထား​ရ​မည့်​အ​လယ်​နယ်​မြေ​တစ်​ခု​လုံး​သည်​စ​တု​ရန်း​ပုံ​သဏ္ဌာန်​ဖြစ်​၍ တစ်​ဘက်​စီ​တွင်​ရှစ်​မိုင်​ရှိ​လိမ့်​မည်။ ထို​နယ်​မြေ​အ​တွင်း​၌​မြို့​တည်​ရှိ​မည်။ \s1 မင်း​သား​အ​တွက်​မြေ​ယာ \p \v 21-22 ဗိ​မာန်​တော်၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​မြို့​အ​တွက်​သတ်​မှတ်​ထား​သော​မြေ​ယာ​၏​အ​ရှေ့​ဘက်​နှင့်​အ​နောက်​ဘက်​တို့​တွင် ကျန်​ရှိ​နေ​သော​မြေ​ယာ​ကို​နန်း​စံ​နေ​ဆဲ​မင်း​သား​က​ပိုင်​ဆိုင်​သည်။ ထို​မြေ​ယာ​သည်​အ​ရှေ့​ဘက်​တွင်​အ​ရှေ့​နယ်​နိ​မိတ်​သို့​လည်း​ကောင်း၊ အ​နောက်​ဘက်​တွင်​မြေ​ထဲ​ပင်​လယ်​သို့​လည်း​ကောင်း​ရောက်​၍၊ ဤ​မြေ​ယာ​မြောက်​ဘက်​၌​ရှိ​သော​ယု​ဒ​၏​နယ်​မြေ​နှင့်​တောင်​ဘက်​၌​ရှိ​သော​ဗင်္ယာ​မိန်​၏​နယ်​မြေ​စပ်​ကြား​တွင်​ရှိ​သ​တည်း။ \s1 အ​ခြား​အ​နွယ်​တို့​အ​တွက်​မြေ​ယာ \p \v 23-27 ဤ​အ​ထူး​နယ်​မြေ​၏​တောင်​ဘက်​၌​အ​ခြား​အ​နွယ်​တို့​သည်​အ​ရှေ့​နယ်​စပ်​မှ​အ​နောက်​မြေ​ထဲ​ပင်​လယ်​အ​ထိ မြေ​ယာ​တစ်​ခု​စီ​ကို​မြောက်​မှ​တောင်​သို့​အောက်​ပါ​အ​စီ​အ​စဉ်​အ​တိုင်း​ရ​ရှိ​ရ​ကြ​မည်။ \q1 ဗင်္ယာ​မိန် \q1 ရှိ​မောင် \q1 ဣသ​ခါ \q1 ဇာ​ဗု​လုန် \q1 ဂဒ် \p \v 28 ဂဒ်​အ​နွယ်​အား​ပေး​စေ​သည့်​မြေ​ယာ​၏​တောင်​ဘက်​နယ်​နိ​မိတ်​သည်​တာ​မာ​မြို့​မှ​ကာ​ဒေ​ရှ​စိမ့်​စမ်း​အ​ထိ​ဖြစ်​၍ ထို​မှ​အ​နောက်​မြောက်​ဘက်​ရှိ​အီ​ဂျစ်​ပြည်​နယ်​နိ​မိတ်​အ​တိုင်း​လိုက်​၍​မြေ​ထဲ​ပင်​လယ်​အထိ​ဖြစ်​၏။ \p \v 29 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဖော်​ပြ​သော​နည်း​အ​တိုင်း​ဣ​သ​ရေ​လ​အ​နွယ်​တို့​ပိုင်​ဆိုင်​ခွင့်​ရ​စေ​ရန်​မြေ​ယာ​ဝေ​စု​များ​ကို​ခွဲ​ဝေ​သော​နည်း​ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။ \s1 ယေ​ရု​ရှ​လင်​မြို့​၏​တံ​ခါး​များ \p \v 30-34 ယေ​ရု​ရှ​လင်​မြို့​သို့​ဝင်​ရန်​တံ​ခါး​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏ ။ မြို့​ရိုး​တစ်​ခု​လျှင်​ကိုက်​ပေါင်း​နှစ်​ထောင့်​ငါး​ရာ့​နှစ်​ဆယ်​ရှည်​၍​တံ​ခါး​သုံး​ခု​စီ​ရှိ​၏။ ထို​တံ​ခါး​တို့​ကို​ဣ​သ​ရေ​လ​အ​နွယ်​စု​တို့​၏​နာ​မည်​များ​ဖြင့်​မှည့်​ခေါ်​၍​ထား​လေ​သည်။ မြောက်​မြို့​ရိုး​တွင်​ရု​ဗင်​တံ​ခါး၊ ယု​ဒ​တံ​ခါး၊ လေ​ဝိ​တံ​ခါး​ဟူ​၍​လည်း​ကောင်း၊ အ​ရှေ့​မြို့​ရိုး​တွင် ယော​သပ်​တံ​ခါး၊ ဗင်္ယာ​မိန်​တံ​ခါး၊ ဒန်​တံ​ခါး​ဟူ​၍​လည်း​ကောင်း၊ တောင်​မြို့​ရိုး​တွင်​ရှိ​မောင်​တံ​ခါး၊ ဣ​သ​ခါ​တံ​ခါး၊ ဇာ​ဗု​လုန်​တံ​ခါး​ဟူ​၍​လည်း​ကောင်း၊ အ​နောက်​မြို့​ရိုး​တွင်​ဂဒ်​တံ​ခါး၊ အာ​ရှာ​တံ​ခါး၊ န​ဿ​လိ​တံ​ခါး​ဟူ​၍​လည်း​ကောင်း​နာ​မည်​ပေး​ထား​သ​တည်း။\x + \xo 48:30-34 \xt ဗျာ၊ ၂၁:၁၂-၁၃။\x* \p \v 35 မြို့​ကို​ကာ​ရံ​ထား​သည့်​မြို့​ရိုး​အ​လျား​စု​စု​ပေါင်း​မှာ​ကိုက်​တစ်​သောင်း​ရှစ်​ဆယ်​ဖြစ်​၏။ ထို​မြို့​ကို​ယ​ခု​မှ​အ​စ​ပြု​၍``ထာ​ဝ​ရ​ဘု​ရား​ဤ​တွင်​စံ​တော်​မူ​သည်'' ဟု​သ​မုတ်​လိမ့်​မည်။ ပ​ရော​ဖက်​ယေ​ဇ​ကျေ​လ​စီ​ရင်​ရေး​ထား​သော​အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။