\id EPH Myanmar Common Language Bible \h ဧ​ဖက် \toc1 ဧ​ဖက်​သြ​ဝါ​ဒ​စာ \toc2 ဧ​ဖက် \mt1 ဧ​ဖက်​သြ​ဝါ​ဒ​စာ \is1 နိ​ဒါန်း \ip မိုး​ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​အ​ဖန် ဆင်း​ခံ​ဟူ​သ​မျှ​အား ခ​ရစ်​တော်​၏​ဦး​စီး ခေါင်း​ဆောင်​မှု​အောက်​တွင်​ရောက်​ရှိ​စေ​ရန် ဘု​ရား သ​ခင်​၏​အ​ကြံ​အ​စည်​တော်​ရှိ​ကြောင်း​ဧ​ဖက် သြ​ဝါ​ဒ​စာ​တွင် ရှေး​ဦး​စွာ​ဖော်​ပြ​ပါ​ရှိ​ပေ သည်(၁:၁၀) မ​နု​ဿ​လူ​သား​တို့​သည်​သ​ခင် ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​ခြင်း​အား ဖြင့် စည်း​လုံး​ညီ​ညွတ်​ရေး​တည်း​ဟူ​သော​ကြီး မြတ်​လှ​သည့်​အ​ကြံ​အ​စည်​တော်​နှင့်​အ​ညီ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​က​ပြု​မူ​ကျင့် ကြံ​ကြ​ရန်​သြ​ဝါ​ဒ​ပါ​ရှိ​သည်။ \ip ကျမ်း​ပြု​သူ​သည်​ဧ​ဖက်​သြ​ဝါ​ဒ​စာ​ပ​ထ​မ ပိုင်း​တွင် အ​ဖ​ဘု​ရား​သ​ခင်​က​မိ​မိ​၏​လူ​စု တော်​အား​အ​ဘယ်​သို့​ရွေး​ကောက်​တော်​မူ​သည် ကို​လည်း​ကောင်း၊ သား​တော်​သ​ခင်​ယေ​ရှု​အား ဖြင့်​သူ​တို့​၏​အ​ပြစ်​များ​ကို​အ​ဘယ်​သို့ ဖြေ​လွှတ်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ဘု​ရား သ​ခင်​၏​က​တိ​တော်​အ​တိုင်း​အ​ကောင် အ​ထည်​ပေါ်​လာ​မည်​ဟု သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​က​အ​ဘယ်​သို့​အာ​မ​ခံ​တော်​မူ​သည် ကို​လည်း​ကောင်း​တင်​ပြ​ကာ စည်း​လုံး​ညီ ညွတ်​မှု​အ​ကြောင်း​ကို​အ​ကျယ်​တ​ဝင့် တင်​ပြ​လေ​သည်။ ဒု​တိ​ယ​ပိုင်း​တွင်​ကျမ်း ဖတ်​သူ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ရှိ​ခြင်း​အ​ဖြစ်​ကို အ​မှန် တ​ကယ်​လက်​တွေ့​အား​ဖြင့်​ပြ​သ​ကြ ရန်​သြ​ဝါ​ဒ​ပေး​သည်။ \ip ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​ခြင်း အား​ဖြင့် ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​တို့ အ​ချင်း​ချင်း​စည်း​လုံး​ညီ​ညွတ်​မှု​ရ​ရှိ​ကြ ပုံ​ကို ဥ​ပ​မာ​စ​ကား​များ​အား​ဖြင့်​ဖော်​ပြ ထား​လေ​သည်။ ယင်း​ဥ​ပ​မာ​စ​ကား​များ မှာ​အ​သင်း​တော်​သည်​ခန္ဓာ​ကိုယ်​နှင့်​တူ​၍ ခ​ရစ်​တော်​သည်​အ​ဆောက်​အ​အုံ​၏​ထောင့် ချုပ်​ကျောက်​ဖြစ်​ခြင်း၊ အ​သင်း​တော်​သည် ခင်​ပွန်း​ရှိ​သည့်​အ​မျိုး​သ​မီး​နှင့်​တူ​၍ ခ​ရစ်​တော်​သည်​ခင်​ပွန်း​ဖြစ်​ခြင်း​စ​သည် တို့​ဖြစ်​သည်။ ကျမ်း​ပြု​သူ​သည်​ခ​ရစ်​တော် အား​ဖြင့်​ရ​ရှိ​အပ်​သော ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တော်​နက်​ရှိုင်း​အံ့​သြ​ဖွယ်​ကောင်း​ပုံ ကို​စိတ်​အား​တက်​ကြွ​စွာ​ဖြင့်​ရေး​သား ရ​ကား သူ​၏​က​လောင်​မှာ​လွန်​စွာ​ထူး​ကဲ ထက်​မြက်​လှ​ပေ​သည်။ ခ​ရစ်​တော်​၏​မေတ္တာ တော်၊ အ​သက်​တော်​ကို​တင်​လှူ​ပူ​ဇော်​တော် မူ​ခြင်း၊ အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​ခြင်း၊ ကျေး​ဇူး​တော်၊ ဖြူ​စင်​သန့်​ရှင်း​တော်​မူ​ခြင်း စ​သည်​တို့​ကို​နောက်​ခံ​ထား​၍ ကျမ်း​ပြု​စု သူ​သည်​ရေး​သား​တင်​ပြ​ပေ​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 နိ​ဒါန်း \ior ၁:၁-၂\ior* \io1 ခ​ရစ်​တော်​နှင့်​အ​သင်း​တော် \ior ၁:၃-၃:၂၁\ior* \io1 ခ​ရစ်​တော်​အား​ဖြင့်​ရ​ရှိ​သည့်​ဘ​ဝ​သစ် \ior ၄:၁-၆:၂၀\ior* \io1 နိ​ဂုံး \ior ၆:၂၁-၂၄\ior* \c 1 \p \v 1 ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ ခ​ရစ်​တော် ယေ​ရှု​၏​တ​မန်​တော်​အ​ဖြစ်​ခန့်​ထား​ခြင်း​ခံ ရ​သော​ပေါ​လု​ထံ​မှ ဧ​ဖက်​မြို့​နေ​ဘု​ရား သ​ခင်​၏​လူ​စု​တော်​ဖြစ်​သူ၊ သစ္စာ​ရှိ​စွာ ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ​သူ​အ​ပေါင်း​တို့​ထံ​သို့​စာ​ရေး လိုက်​ပါ​သည်။\x + \xo 1:1 \xt တ၊ ၁၈:၁၉-၂၁၊ ၁၉:၁။\x* \p \v 2 ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက် ခြင်း​ကို သင်​တို့​ခံ​စား​ရ​ပါ​စေ​သ​တည်း။ \s1 ခ​ရစ်​တော်​အား​ဖြင့်​ရ​ရှိ​သည့် ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ကောင်း​ချီး​မင်္ဂလာ​များ \p \v 3 ငါ​တို့​သ​ခင်​ယေ​ရှု​၏​ခ​မည်း​တော်​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ကုန် စို့။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ကောင်း​ကင်​လော​က​ဆိုင်​ရာ​ဝိ​ညာဉ်​ကောင်း ချီး​မင်္ဂ​လာ​အ​ပေါင်း​ကို ခ​ရစ်​တော်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သူ​ငါ​တို့​အား ပေး​သ​နား​တော်​မူ​သော​ကြောင့်​တည်း။- \v 4 ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သော​အား​ဖြင့်​ရှေ့​တော်​တွင်​အ​ပြစ် ဆို​ဖွယ်​မ​ရှိ​ဘဲ သန့်​ရှင်း​မြင့်​မြတ်​သူ​များ ဖြစ်​နိုင်​ကြ​စေ​ရန်​ကမ္ဘာ​မ​တည်​မ​ရှိ​မီ က​ပင်​ငါ​တို့​ကို​ဘု​ရား​သ​ခင်​ရွေး​ချယ် ထား​တော်​မူ​ပေ​သည်။ ဘု​ရား​သ​ခင်​သည် မိ​မိ​မေတ္တာ​တော်​ကြောင့်၊- \v 5 ငါ​တို့​ကို​ကိုယ်​တော်​၏​သား​များ​ဖြစ်​စေ​ရန် ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ရွေး​ကောက်​တော်​မူ​ပြီး ဖြစ်​သည်။ ဤ​ကား​ကိုယ်​တော်​၏​အ​လို​တော် နှင့်​အ​ကြံ​အ​စည်​တော်​ပင်​ဖြစ်​ပေ​သည်။- \v 6 ကိုယ်​တော်​ချစ်​မြတ်​နိုး​တော်​မူ​သော​သား​တော် အား​ဖြင့် ငါ​တို့​အား​အ​ခ​မဲ့​ပေး​သ​နား​တော် မူ​သည့်​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​ကျေး​ဇူး တော်​အ​တွက် ငါ​တို့​သည်​ဘု​ရား​သ​ခင်​အား ထော​မ​နာ​ပြု​ကြ​ကုန်​အံ့။ \p \v 7-8 ငါ​တို့​သည်​ခ​ရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း ကြောင့်၊ မိ​မိ​တို့​အ​ပြစ်​၏​အ​နှောင်​အ​ဖွဲ့​မှ​လွတ် မြောက်​ကြ​ရ​၏။ တစ်​နည်း​အား​ဖြင့်​အ​ပြစ်​ဖြေ လွှတ်​ခွင့်​ကို​ရ​ရှိ​ကြ​၏။ ငါ​တို့​အား​ဘု​ရား သ​ခင်​ဤ​ကဲ့​သို့​ရက်​ရော​စွာ​ချ​ပေး​တော်​မူ သည့်​ကျေး​ဇူး​တော်​သည်​အ​လွန်​ကြီး​မြတ် လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ခပ်​သိမ်း သော​ဉာဏ်​ပ​ညာ​အ​သိ​ပ​ညာ​နှင့်​ကြွယ်​ဝ ပြည့်​စုံ​တော်​မူ​သည်​နှင့်​အ​ညီ၊-\x + \xo 1:7-8 \xt ကော၊ ၁:၁၄။\x* \v 9 မိ​မိ​ရည်​ရွယ်​ချက်​အ​တိုင်း​ပြု​တော်​မူ​၏။ ခ​ရစ်​တော်​အား​ဖြင့်​နက်​နဲ​သော​အ​ကြံ အ​စည်​တော်​ကို​ငါ​တို့​အား​သိ​စေ​တော်​မူ​ပြီ။- \v 10 ဤ​အ​ကြံ​အ​စည်​တော်​ကား​အ​ချိန်​တန်​သော အ​ခါ​ခ​ရစ်​တော်​အား​ဦး​စီး​ခေါင်း​ဆောင်​ပြု​စေ လျက် မိုး​မြေ​၌​ရှိ​သ​မျှ​သော​အ​ဖန်​ဆင်း​ခံ​တို့ ကို​စု​ပေါင်း​စေ​ရန်​ပင်​ဖြစ်​သ​တည်း။ \p \v 11 ခပ်​သိမ်း​သော​အ​ရာ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​ကြံ​အ​စည်​တော်​နှင့်​အ​ညီ​ကိုယ်​တော်​စီ​ရင် ဆုံး​ဖြတ်​တော်​မူ​သည်​အ​တိုင်း​ဖြစ်​ပျက်​ကြ ရ​၏။ ဘု​ရား​သ​ခင်​သည်​မိ​မိ​အ​လို​တော် အ​ရ​ရှေး​မ​ဆွ​က ပြု​တော်​မူ​သည့်​စီ​ရင် ဆုံး​ဖြတ်​ချက်​ကို​အ​ခြေ​ခံ​၍ ငါ​တို့​အား ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ လျက် မိ​မိ​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်​ရွေး ချယ်​တော်​မူ​ပေ​သည်။- \v 12 သို့​ဖြစ်​၍​ခ​ရစ်​တော်​ကို​ဦး​စွာ​ပ​ထ​မ​မျှော် လင့်​ခဲ့​ကြ​သူ​ငါ​တို့​သည် ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး​ကြ​ကုန်​စို့။ \p \v 13 သင်​တို့​လည်း​ကယ်​တင်​ခြင်း​ဆိုင်​ရာ​သ​တင်း ကောင်း​တည်း​ဟူ​သော​သမ္မာ​တ​ရား​ကို​ကြား ရ​သော​အ​ခါ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင် များ​ဖြစ်​လာ​ကြ​၏။ သင်​တို့​သည်​ခ​ရစ်​တော် ကို​ယုံ​ကြည်​၍​ဘု​ရား​သ​ခင်​သည် မိ​မိ က​တိ​ထား​တော်​မူ​သည့်​သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​ကို​ချ​ပေး​ခြင်း​အား​ဖြင့် သင်​တို့​အား မိ​မိ​ပိုင်​တော်​မူ​ကြောင်း​တံ​ဆိပ်​ခတ်​နှိပ်​တော် မူ​၏။- \v 14 ဝိ​ညာဉ်​တော်​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော် အား​က​တိ​ထား​တော်​မူ​သည့်​အ​တိုင်း ငါ​တို့ ခံ​စား​ရ​မည်​ဖြစ်​ကြောင်း​အာ​မ​ခံ​ချက်​ဖြစ် တော်​မူ​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​မိ​မိ ပိုင်​တော်​မူ​သော​သူ​တို့​အား လုံး​ဝ​လွတ်​မြောက် စေ​တော်​မူ​မည်​ဖြစ်​ကြောင်း​ငါ​တို့​ယုံ​ကြည် စိတ်​ချ​နိုင်​ပေ​သည်။ ငါ​တို့​သည်​ကိုယ်​တော် ၏​ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး ထော​မ​နာ​ပြု​ကြ​ကုန်​စို့။ \s1 ပေါ​လု​၏​ဆု​တောင်း​ပတ္ထနာ \p \v 15-16 ထို့​ကြောင့်​သင်​တို့​သည်​သ​ခင်​ယေ​ရှု​ကို​ယုံ ကြည်​ခြင်း၊ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ချစ်​ခြင်း​အ​ကြောင်း​ကို​ကြား​သိ​ရ​သည့် အ​ခါ​မှ​စ​၍ ငါ​သည်​သင်​တို့​ကို​အ​ကြောင်း ပြု​၍​အ​စဉ်​မ​ပြတ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​၏။ သင်​တို့​အ​တွက်​ဆု​တောင်း ပတ္ထနာ​ပြု​လျက်​နေ​၏။- \v 17 သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​သိ​ကျွမ်း​ခြင်း အ​လို့​ငှာ​သင်​တို့​အား​ဉာဏ်​ပ​ညာ​ကို​ပေး​၍ ဘု​ရား​သ​ခင်​ကို​ပေါ်​လွင်​ထင်​ရှား​စေ​မည့် ဝိ​ညာဉ်​တော်​ကို​သင်​တို့​ရ​ရှိ​ကြ​စေ​ရန် ငါ တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ဘု​ရား​သ​ခင်၊ ဘုန်း​ကြီး​သော​အ​ဖ​ခ​မည်း​တော်​ထံ​ငါ လျှောက်​ထား​၏။- \v 18-19 ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဘယ်​သို့​သော အ​ရာ​ကို​မျှော်​လင့်​ကြ​စေ​ရန်​ခေါ်​ယူ​တော် မူ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​စု တော်​အား​က​တိ​ထား​တော်​မူ​သော​အံ့​သြ ဖွယ်​ရာ​ကောင်း​ချီး​မင်္ဂ​လာ​များ​မှာ အ​ဘယ် မျှ​များ​ပြား​သည်​ကို​လည်း​ကောင်း၊ ယုံ​ကြည် သူ​ငါ​တို့​အ​တွင်း​၌​လုပ်​ဆောင်​လျက်​ရှိ သော​တန်​ခိုး​တော်​သည်​အ​ဘယ်​မျှ​ကြီး မား​သည်​ကို​လည်း​ကောင်း သင်​တို့​သိ​မြင် ကြ​စေ​ရန်​သင်​တို့​၏​ဉာဏ်​မျက်​စိ​ကို​ပွင့် လင်း​စေ​တော်​မူ​ပါ​မည့်​အ​ကြောင်း ငါ​သည် ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ငါ​တို့​အ​တွင်း ၌​လုပ်​ဆောင်​လျက်​ရှိ​သည့်​တန်​ခိုး​တော် ကား၊- \v 20 ခ​ရစ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​၍ ကောင်း​ကင်​လော​က​တွင်​မိ​မိ ၏​လက်​ယာ​တော်​ဘက်​၌​စံ​မြန်း​စေ​တော် မူ​သော​အ​ခါ​က ဘု​ရား​သ​ခင်​အ​သုံး​ပြု တော်​မူ​ခဲ့​သည့်​တန်​ခိုး​တော်​ပင်​ဖြစ်​သ​တည်း။-\x + \xo 1:20 \xt ဆာ၊ ၁၁၀:၁။\x* \v 21 ထို​ကောင်း​ကင်​လော​က​တွင်​ခ​ရစ်​တော်​သည် ကောင်း​ကင်​လော​က​ကို​အ​စိုး​ရ​သူ​များ၊ အာ ဏာ​ပိုင်​များ၊ တန်​ခိုး​ရှင်​များ​နှင့်​အ​ရှင်​သ​ခင် အ​ပေါင်း​တို့​၏​အ​ထွတ်​အ​ထိပ်​အ​ဖြစ်​ဖြင့် အုပ်​စိုး​တော်​မူ​၏။ ကိုယ်​တော်​၏​နာ​မ​တော် သည်​မျက်​မှောက်​လော​က​နှင့်​အ​နာ​ဂတ် လော​က​၌ ခေါ်​ဝေါ်​သ​မုတ်​နိုင်​သော​အ​ထွတ် အ​ထိပ်​ဘွဲ့​နာ​မ​အ​ပေါင်း​တို့​ထက်​ကြီး မြတ်​တော်​မူ​ပေ​သည်။- \v 22 ဘု​ရား​သ​ခင်​သည်​ခပ်သိမ်း​သော​အ​ရာ​တို့​ကို ခ​ရစ်​တော်​၏​ခြေ​ဖ​ဝါး​တော်​အောက်​တွင်​ချ ထား​၍ ကိုယ်​တော်​အား​အ​သင်း​တော်​အ​ဖို့ အ​ထွတ်​အ​ထိပ်​အ​ရှင်​သ​ခင်​အ​ဖြစ်​ဖြင့် ခန့်​ထား​တော်​မူ​၏။-\x + \xo 1:22 \xt ဆာ၊ ၈:၆။\x* \v 23 ထို​အ​သင်း​တော်​ကား​အ​လုံး​စုံ​တို့​ကို​ပြည့်​ဝ စုံ​လင်​စေ​တော်​မူ​သော​သူ​ပြည့်​ဝ​စုံ​လင်​ခြင်း တည်း​ဟူ​သော​ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ​ဖြစ် သတည်း။\x + \xo 1:23 \xt ကော၊ ၁:၁၈။\x* \c 2 \s1 သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း​သို့ \p \v 1 အ​ခါ​တစ်​ပါး​က​သင်​တို့​သည်​မ​နာ​ခံ​မှု​နှင့် အ​ပြစ်​ဒု​စ​ရိုက်​ကြောင့် ဝိ​ညာဉ်​ရေး​အ​ရ​သေ လျက်​ရှိ​နေ​ခဲ့​ကြ​၏။-\x + \xo 2:1 \xt ကော၊ ၂:၁၃။\x* \v 2 လော​က​၏​အ​ပြစ်​လမ်း​စဉ်​အ​တိုင်း​လိုက်​လျှောက် ခဲ့​ကြ​၏။ အာ​ကာ​သ​ရှိ​ဝိ​ညာဉ်​တန်​ခိုး​များ​ကို အုပ်​စိုး​သော​မင်း​ကို​နာ​ခံ​သူ​များ​ဖြစ်​ခဲ့​ကြ​၏။ ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​မ​နာ​ခံ​သူ တို့​သည် ယ​ခု​အ​ခါ​၌​ထို​သူ​၏​စိုး​မိုး​အုပ် ချုပ်​ခြင်း​ကို​ခံ​လျက်​နေ​ကြ​ရ​၏။- \v 3 အ​မှန်​စင်​စစ်​ငါ​တို့​သည်​ထို​သူ​တို့​ကဲ့​သို့ ဇာ​တိ​၏​ဆွဲ​ဆောင်​ရာ​သို့​လိုက်​လျက် ကာ​ယ​၏ အ​လို​နှင့်​စိတ်​၏​အ​လို​အ​ရ​ပြု​ကျင့်​ခဲ့​ကြ​၏။ ငါ​တို့​သည်​ဇာ​တိ​သ​ဘော​အ​ရ​အ​ခြား​သူ တို့​နည်း​တူ ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ကို ခံ​ထိုက်​သူ​များ​ဖြစ်​ခဲ့​ကြ​သည်။ \p \v 4 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​က​ရု​ဏာ​တော်​သည် အ​လွန်​ကြွယ်​ဝ​၍ မေတ္တာ​တော်​သည်​အ​လွန် ကြီး​မား​လှ​သ​ဖြင့်​ကိုယ်​တော်​သည်၊- \v 5 ငါ​တို့​အား​မ​နာ​ခံ​မှု​အား​ဖြင့်​ဝိ​ညာဉ်​ရေး အ​ရ​သေ​လျက်​ရှိ​နေ​ရာ​မှ ခ​ရစ်​တော်​နှင့်​အ​တူ ရှင်​ပြန်​စေ​တော်​မူ​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကြောင့်​သာ​လျှင် ကယ်​တင်​ခြင်း ကို​ခံ​ရ​ကြ​ပေ​သည်။- \v 6 ငါ​တို့​သည်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သ​ဖြင့်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အား ခ​ရစ်​တော်​နှင့်​အ​တူ​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​၍ ထို​အ​ရှင်​နှင့်​အ​တူ​ကောင်း​ကင် လော​က​တွင်​စိုး​စံ​ခွင့်​ကို​ပေး​တော်​မူ​၏။- \v 7 ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ခ​ရစ်​တော်​ယေရှု​အား​ဖြင့် ငါ​တို့​အား​မေတ္တာ​ပြ​တော်​မူ​ရာ​၌​ကိုယ်​တော်​၏ ကျေး​ဇူး​တော်​သည်​သာ​မန်​ထက်​လွန်​ကဲ​သည်​ကို နောင်​ကာ​လ​အ​စဉ်​အ​ဆက်​လူ​တို့​သိ​မြင်​နိုင် ကြ​စေ​ရန်​ပင်​ဖြစ်​သည်။- \v 8-9 သင်​တို့​သည်​ယုံ​ကြည်​သော​အား​ဖြင့်​ကျေး​ဇူး တော်​ကြောင့်​ကယ်​တင်​ခြင်း​ကို​ခံ​ကြ​ရ​၏။ သင်​တို့ ၏​ကြိုး​စား​အား​ထုတ်​မှု​ရ​လဒ်​ကြောင့်​ခံ​ကြ​ရ သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​ချ​ပေး​တော်​မူ​သော ဆု​ဖြစ်​၍​အ​ဘယ်​သူ​မျှ​ဝါ​ကြွား​စ​ရာ အ​ကြောင်း​မ​ရှိ။- \v 10 ငါ​တို့​သည်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​လျက်​ဘု​ရား​သ​ခင်​စီ​မံ​ထား​တော်​မူ သော​အ​ကျင့်​ကောင်း​များ​ကို​ပြု​ကျင့်​စေ​ရန် ဘု​ရား သ​ခင်​သည်​ငါ​တို့​အား​ဖန်​ဆင်း​တော်​မူ​ပေ​သည်။ \s1 ခ​ရစ်​တော်​၌​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ခြင်း \p \v 11 ဇာ​တိ​အ​လျောက်​လူ​မျိုး​ခြား​ဖြစ်​ကြ​သော​သင် တို့​အား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ​များ​ဟု ယု​ဒ​အ​မျိုး​သား​များ​က​ခေါ်​ကြ​၏။ ယု​ဒ အ​မျိုး​သား​များ​က မိ​မိ​တို့​ကိုယ်​ကို​အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ခံ​သူ​များ​ဟု​ခေါ်​ကြ​၏။ (အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ဟု​ဆို​ရာ​၌​ကိုယ် ကာ​ယ​နှင့်​ဆိုင်​သော​အ​မှု​ဖြစ်​သည်။) အ​ထက် က​သင်​တို့​၏​အ​ခြေ​အ​နေ​ကို​သ​တိ​ရ ကြ​လော့။- \v 12 ထို​စဉ်​အ​ခါ​က​သင်​တို့​သည်​ခ​ရစ်​တော်​နှင့် ကင်း​ကွာ​လျက်​နေ​ခဲ့​ကြ​၏။ သင်​တို့​သည်​လူ​မျိုး ခြား​များ​ဖြစ်​၍ ဘု​ရား​သ​ခင်​ရွေး​ချယ်​တော်​မူ သော​လူ​စု​တော်​တွင်​ပါ​ဝင်​ခွင့်​မ​ရ​ကြ။ မိ​မိ​၏ လူ​စု​တော်​အား ဘု​ရား​သ​ခင်​ထား​တော်​မူ​သော က​တိ​တော်​များ​ပေါ်​တွင်​အ​ခြေ​ပြု​သည့်​ပ​ဋိ ညာဉ်​တ​ရား​နှင့်​မ​သက်​ဆိုင်​ကြ။ ဤ​လော​က တွင်​မျှော်​လင့်​ရာ​မဲ့​ဘု​ရား​မဲ့​ခဲ့​ရ​၏။- \v 13 သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ခ​ရစ်​တော်​ယေ​ရှု​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ​ပြီ​ဖြစ်​သ​ဖြင့် ယ​ခင် က​ဝေး​လျက်​နေ​ခဲ့​ကြ​သော​သင်​တို့​သည်​ခ​ရစ် တော်​အ​သေ​ခံ​တော်​မူ​ခြင်း​ကြောင့် အ​ပါး​တော် သို့​ရောက်​ကြ​ရ​လေ​ပြီ။- \v 14 ခ​ရစ်​တော်​သည်​ယု​ဒ​အ​မျိုး​သား​များ​နှင့်​လူ မျိုး​ခြား​တို့​ကို လူ​မျိုး​တစ်​မျိုး​တည်း​ဖြစ်​စေ တော်​မူ​လျက် ငါ​တို့​အား​ရန်​ငြိမ်း​မှု​ကို​ပေး​တော် မူ​၏။ ကိုယ်​တော်​သည်​မိ​မိ​၏​ကိုယ်​ခန္ဓာ​တော်​အား ဖြင့် ငါ​တို့​အား​ရန်​သူ​များ​အ​ဖြစ်​ပိုင်း​ခြား ထား​သည့်​တံ​တိုင်း​ကို​ဖြို​ဖျက်​တော်​မူ​၏။- \v 15 ကိုယ်​တော်​သည်​ဥ​ပ​ဒေ​စည်း​မျဉ်း​များ​နှင့်​တ​ကွ ယု​ဒ​ပ​ညတ်​တ​ရား​ကို​ပယ်​ဖျက်​တော်​မူ​သ​ဖြင့် ယု​ဒ​အ​မျိုး​သား​များ​နှင့်​လူ​မျိုး​ခြား​တို့​အား မိ​မိ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​လျက်​လူ မျိုး​အ​သစ်​ကို​ဖြစ်​ပေါ်​စေ​တော်​မူ​သည်။ ဤ​နည်း အား​ဖြင့်​ရန်​ငြိမ်း​မှု​ကို​ပေး​တော်​မူ​၏။-\x + \xo 2:15 \xt ကော၊ ၂:၁၄။\x* \v 16 ခ​ရစ်​တော်​သည်​လက်​ဝါး​ကပ်​တိုင်​တွင်​အ​သေ​ခံ တော်​မူ​ခြင်း​ဖြင့် သူ​တို့​အ​ချင်း​ချင်း​၏​ရန်​ကို ဖယ်​ရှား​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​အား​ဖြင့်​လူ မျိုး​နှစ်​စု​ကို​တစ်​စု​တည်း​ဖြစ်​စေ​လျက် ဘု​ရား သ​ခင်​၏​ထံ​တော်​သို့​ပြန်​လည်​ပို့​ဆောင်​တော်​မူ​၏။-\x + \xo 2:16 \xt ကော၊ ၁:၂၀။\x* \v 17 သို့​ဖြစ်​၍​ယ​ခင်​ဘု​ရား​သ​ခင်​နှင့်​ဝေး​လျက်​နေ ခဲ့​သော​သင်​တို့​လူ​မျိုး​ခြား​များ​အား​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​နှင့်​နီး​ခဲ့​သူ​ယု​ဒ​အ​မျိုး​သား​များ အား​လည်း​ကောင်း ခ​ရစ်​တော်​သည်​ကြွ​လာ​တော်​မူ​၍ ရန်​ငြိမ်း​ခြင်း​ဆိုင်​ရာ​သ​တင်း​ကောင်း​ကို​ဟော​ပြော ကြေ​ညာ​တော်​မူ​၏။-\x + \xo 2:17 \xt ဟေရှာ၊ ၅၇:၁၉။\x* \v 18 လူ​မျိုး​ခြား​များ​နှင့်​ယု​ဒ​အ​မျိုး​သား​များ ဖြစ်​သည့်​ငါ​တို့​သည် ခ​ရစ်​တော်​အား​ဖြင့်​တစ် ပါး​တည်း​သော​ဝိ​ညာဉ်​တော်​ကို​အ​မှီ​ပြု​လျက် ခ​မည်း​တော်​၏​ရှေ့​တော်​သို့​ဝင်​ရောက်​ခွင့်​ရ​ရှိ ကြ​ပေ​သည်။ \p \v 19 သို့​ဖြစ်​၍​သင်​တို့​သည်​လူ​မျိုး​ခြား​မ​ဟုတ်၊ သူ စိမ်း​တစ်​ရံ​ဆံ​လည်း​မ​ဟုတ်​ကြ​တော့​ပေ။ သင်​တို့ သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​နှင့်​အ​တူ​ပြည် တော်​သား​များ၊ ကိုယ်​တော်​၏​အိမ်​ထောင်​စု​သား များ​ဖြစ်​ကြ​လေ​ပြီ။- \v 20 သင်​တို့​သည်​လည်း​တ​မန်​တော်​များ​နှင့်​ပ​ရော​ဖက် များ​ချ​မှတ်​ခဲ့​သည့်​တိုက်​မြစ်​အ​ပေါ်​တွင်​တည် ဆောက်​လျက်​ရှိ​သည့်​အ​ဆောက်​အ​အုံ​ဖြစ်​ကြ​၏။ ထို​အ​ဆောက်​အ​အုံ​၏​အ​ရေး​အ​ကြီး​ဆုံး​သော ထောင့်​ချုပ်​ကျောက်​ကား​ခ​ရစ်​တော်​ယေ​ရှု​ပင်​ဖြစ် သ​တည်း။- \v 21 ကိုယ်​တော်​သည်​ဤ​အ​ဆောက်​အ​အုံ​တစ်​ခု​ကို တည်​မြဲ​ခိုင်​ခံ့​ကြီး​ပွား​တိုး​တက်​စေ​သ​ဖြင့် ယင်း​သည်​သ​ခင်​ဘု​ရား​အား​ဆက်​ကပ်​ထား သော​ဗိ​မာန်​တော်​ဖြစ်​လာ​လေ​သည်။- \v 22 သင်​တို့​သည်​လည်း​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ် ဝ​တည်း​ဖြစ်​လျက် အ​ခြား​သူ​အ​ပေါင်း​တို့​နှင့် အ​တူ​တည်​ဆောက်​ခြင်း​ကို​ခံ​သ​ဖြင့်​ဝိ​ညာဉ် တော်​အား​ဖြင့် ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော် မူ​ရာ​ဌာ​န​တော်​ဖြစ်​လာ​ကြ​ပေ​သည်။ \c 3 \s1 လူ​မျိုး​ခြား​တို့​အ​တွက်​ပေါ​လု အ​မှု​တော်​ဆောင်​ခြင်း \p \v 1 ဤ​အ​ကြောင်း​ကြောင့်​ခ​ရစ်​တော်​ယေ​ရှု​၏ အ​ကျဉ်း​သား​ဖြစ်​သူ​ငါ​ပေါ​လု​သည်​သင်​တို့ လူ​မျိုး​ခြား​များ​၏​အ​တွက် ဘု​ရား​သ​ခင်​ထံ တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။- \v 2 ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ကျေး​ဇူး​တော် ကြောင့်​သင်​တို့​အ​ကျိုး​ငှာ​ဤ​အ​မှု​ကို​ဆောင် ရွက်​ရန် ငါ့​အား​ပေး​အပ်​တော်​မူ​ကြောင်း​သင် တို့​အ​မှန်​ပင်​ကြား​သိ​ကြ​ပြီး​ဖြစ်​သည်။- \v 3 ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​နက်​နဲ​သော​အ​ကြံ အ​စည်​တော်​ကို​ငါ့​အား​ဖွင့်​ပြ​တော်​မူ​၏။ (ဤ အ​ကြောင်း​အ​ရာ​နှင့်​ပတ်​သက်​၍​သင်​တို့​အား အ​ကျဉ်း​အား​ဖြင့်​ငါ​ဖော်​ပြ​ခဲ့​ပြီး​ပေ​ပြီ။- \v 4 သင်​တို့​သည်​ထို​ဖော်​ပြ​ချက်​ကို​ဖတ်​ရှု​ခြင်း အား​ဖြင့်​ခ​ရစ်​တော်​၏​နက်​နဲ​သည့်​အ​ရာ​ကို ငါ​သိ​ရှိ​နား​လည်​ကြောင်း​သိ​မြင်​နိုင်​ကြ​၏။-)\x + \xo 3:4 \xt ကော၊ ၁:၂၆-၂၇။\x* \v 5 ဘု​ရား​သ​ခင်​သည်​ထို​နက်​နဲ​သော​အ​ရာ​ကို ယ​ခင်​ခေတ်​အ​ခါ​များ​က​လူ​သား​တို့​အား ဖွင့်​ပြ​တော်​မ​မူ​ခဲ့​သော်​လည်း ယ​ခု​အ​ခါ ၌​ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သူ​တ​မန် တော်​များ​နှင့်​ပ​ရော​ဖက်​များ​အား​ဝိ​ညာဉ် တော်​အား​ဖြင့်​ဖွင့်​ပြ​တော်​မူ​လေ​ပြီ။- \v 6 ထို​နက်​နဲ​သော​အ​ရာ​ကား​သ​တင်း​ကောင်း အား​ဖြင့် လူ​မျိုး​ခြား​တို့​သည်​ယု​ဒ​အ​မျိုး သား​များ​နှင့်​အ​တူ ဘု​ရား​သ​ခင်​၏​ကောင်း ချီး​မင်္ဂ​လာ​ကို​ခံ​စား​ခွင့်​ရ​ရှိ​ကြ​၏။ သူ​တို့ သည်​ခန္ဓာ​တော်​၏​အင်္ဂါ​များ​ဖြစ်​၍​ခ​ရစ်​တော် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ သော​က​တိ​တော်​ကို​ပါ​ဝင်​ခံ​စား​ခွင့်​ရ​ရှိ ကြ​၏။ \p \v 7 တန်​ခိုး​တော်​ပြု​ပြင်​သော​အား​ဖြင့်​ငါ့​အား ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော​အ​ထူး ဆု​ကျေး​ဇူး​တော်​နှင့်​အ​ညီ​ငါ​သည်​သ​တင်း ကောင်း​ကို​ကြေ​ညာ​သူ​ဖြစ်​လာ​၏။- \v 8 ငါ​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​တွင်​အ​သိမ် ငယ်​ဆုံး​ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ကိုယ်​တော်​သည် ခ​ရစ်​တော်​၏​အ​တိုင်း​မ​သိ​ကြွယ်​ဝ​ချမ်း​သာ ခြင်း​ဆိုင်​ရာ​သ​တင်း​ကောင်း​ကို​လူ​မျိုး​ခြား တို့​အား​ဟော​ပြော​ကြေ​ညာ​ရန်​နှင့်၊- \v 9 ဘု​ရား​သ​ခင်​၏​နက်​နဲ​သော​အ​ကြံ​အ​စည် တော်​သည်​အ​ဘယ်​သို့​အ​ကောင်​အ​ထည်​ပေါ် လာ​မည်​ကို လူ​အ​ပေါင်း​တို့​အား​ရှင်း​လင်း ဖော်​ပြ​ရန်​အ​ခွင့်​ထူး​ကို​ငါ့​အား​ပေး​သ​နား တော်​မူ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ရှေး​ကာ​လ အ​ဆက်​ဆက်​က​ထို​အ​ကြံ​အ​စည်​တော် ကို​ကွယ်​ဝှက်​၍​ထား​တော်​မူ​ခဲ့​၏။- \v 10 ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ကောင်း​ကင်​လော​က ကို​အ​စိုး​ရ​သူ​များ​နှင့်​အာ​ဏာ​ပိုင်​များ​သည် ကိုယ်​တော်​၏​အ​ထူး​ထူး​အ​ပြား​ပြား​သော ဉာဏ်​ပ​ညာ​တော်​ကို ယ​ခု​အ​ခါ​၌​အ​သင်း တော်​အား​ဖြင့်​သိ​လာ​ကြ​စေ​ရန်​ပင်​ဖြစ် ပေ​သည်။- \v 11 ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ထာ​ဝ​ရ​အ​ကြံ အ​စည်​တော်​နှင့်​အ​ညီ ငါ​တို့​အ​ရှင်​ခ​ရစ် တော်​ယေ​ရှု​အား​ဖြင့်​ယင်း​သို့​စီ​မံ​တော်​မူ သ​တည်း။- \v 12 ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ ထို​သ​ခင်​ကို ယုံ​ကြည်​ခြင်း​ဖြင့်​လည်း​ကောင်း ဘု​ရား​သ​ခင် ထံ​တော်​သို့​ရဲ​ဝံ့​ယုံ​ကြည်​စိတ်​ချ​စွာ​ချဉ်း​ကပ် ခွင့်​ကို​ရ​ရှိ​ကြ​၏။- \v 13 သို့​ဖြစ်​၍​သင်​တို့​အ​တွက်​ငါ​ခံ​ရ​သော​ဒုက္ခ ဆင်း​ရဲ​ခြင်း​ကြောင့်​သင်​တို့​စိတ်​မ​ပျက်​ကြ နှင့်။ သင်​တို့​၏​အ​ကျိုး​အ​တွက်​ငါ​ခံ​ရ​ခြင်း ဖြစ်​ပေ​သည်။ \s1 ခ​ရစ်​တော်​၏​မေတ္တာ​တော် \p \v 14-15 ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​ကောင်း​ကင်​ဘုံ​နှင့် ကမ္ဘာ​မြေ​ပေါ်​ရှိ​အိမ်​ထောင်​စု​မှန်​သ​မျှ​တို့​၏ အ​မည်​နာ​မ​အ​ရင်း​အ​မြစ်​ဖြစ်​တော်​မူ​သော အ​ဖ​ခ​မည်း​တော်​၏​ရှေ့​တော်​တွင်​ဒူး​ထောက် လျက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။- \v 16 ကိုယ်​တော်​သည်​ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​စုံ ကြွယ်​ဝ​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​အား စိတ်​ဋ္ဌာတ်​ကြံ့​ခိုင်​လာ​စေ​စိမ့်​သော​ငှာ​ဝိ​ညာဉ် တော်​အား​ဖြင့်​တန်​ခိုး​စွမ်း​ရည်​ကို​ပေး​သ​နား တော်​မူ​ရန်​ငါ​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။- \v 17-18 သင်​တို့​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ခ​ရစ်​တော်​သည် သင်​တို့​စိတ်​နှ​လုံး​တွင်​ကျိန်း​ဝပ်​တော်​မူ​ရန်​ငါ ဆု​တောင်း​၏။ သင်​တို့​သည်​ခ​ရစ်​တော်​၏​မေတ္တာ တော်​အ​လျား၊ အ​နံ၊ အ​မြင့်၊ အ​နက်​တို့​ကို ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့ နှင့်​အ​တူ​သိ​ရှိ​နား​လည်​နိုင်​ကြ​မည့်​အ​ကြောင်း မေတ္တာ​တော်​တွင်​အ​ခြေ​ခံ​အ​မြစ်​စွဲ​လျက်​ရှိ ကြ​စေ​ရန်​ကို​လည်း​ငါ​သည်​ဆု​တောင်း​ပတ္ထ နာ​ပြု​၏။- \v 19 ကိုယ်​တော်​၏​မေတ္တာ​တော်​ကို​အ​ဘယ်​အ​ခါ​၌ မျှ​အ​ပြည့်​အ​ဝ​နား​လည်​နိုင်​မည်​မ​ဟုတ်​သော် လည်း သင်​တို့​သည်​ထို​မေတ္တာ​တော်​ကို​သိ​ရှိ​နား လည်​လာ​ကြ​သ​ဖြင့် ဘု​ရား​သ​ခင်​ပြည့်​စုံ​သည် နှင့်​အ​မျှ​ပြည့်​စုံ​စေ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထ နာ​ပြု​၏။ \p \v 20-21 ငါ​တို့​စိတ်​နှ​လုံး​ကို​ပြု​ပြင်​တော်​မူ​သော တန်​ခိုး​တော်​အား​ဖြင့် ငါ​တို့​တောင်း​လျှောက် ကြံ​စည်​သ​မျှ​သော​အ​ရာ​တို့​ထက်​သာ​လွန် ပို​မို​၍​ချ​ပေး​တော်​မူ​နိုင်​သော​ဘု​ရား​သ​ခင် သည် အ​သင်း​တော်​အား​ဖြင့်​လည်း​ကောင်း၊ ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့်​လည်း​ကောင်း ထာ​ဝ​စဉ်​ကမ္ဘာ​အ​ဆက်​ဆက်​ဘုန်း​အ​သ​ရေ ထွန်း​တောက်​တော်​မူ​ပါ​စေ​သ​တည်း။ အာ​မင်။ \c 4 \s1 ကိုယ်​ခန္ဓာ​တစ်​ပါး​တည်း \p \v 1 သို့​ဖြစ်​၍​သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို ဆောင်​ရွက်​သော​ကြောင့် အ​ကျဉ်း​ခံ​ရ​သူ​ငါ သည်​သင်​တို့​အား​နှိုး​ဆော်​ပါ​၏။ သင်​တို့ သည်​ဘု​ရား​သ​ခင်​ရွေး​ချယ်​ခေါ်​ယူ​တော် မူ​ခြင်း​ကို​ခံ​ရ​သည်​နှင့်​အ​ညီ​ကျင့်​ကြံ ပြု​မူ​ကြ​လော့။- \v 2 အ​စဉ်​စိတ်​နှ​လုံး​နှိမ့်​ချ​ကြ​လော့။ သိမ်​မွေ့ နူး​ညံ့​ကြ​လော့။ စိတ်​ရှည်​ကြ​လော့။ တစ်​ဦး ကို​တစ်​ဦး​သည်း​ခံ​ခြင်း​အား​ဖြင့်​မေတ္တာ​ပြ ကြ​လော့။-\x + \xo 4:2 \xt ကော၊ ၃:၁၂-၁၃။\x* \v 3 သင်​တို့​အား​စည်း​လုံး​စေ​သော​ငြိမ်​သက်​ခြင်း အား​ဖြင့် ဝိ​ညာဉ်​တော်​က​ပေး​သော​စည်​လုံး​ညီ ညွတ်​မှု​ကို​အ​စွမ်း​ကုန်​ထိန်း​သိမ်း​ကြ​လော့။- \v 4 သင်​တို့​အား​ဘု​ရား​သ​ခင်​ရွေး​ချယ်​ခေါ်​ယူ တော်​မူ​ခြင်း​ကြောင့်​မျှော်​လင့်​ခြင်း​တစ်​ပါး တည်း​ရှိ​သ​ကဲ့​သို့​ကိုယ်​ခန္ဓာ​တော်​တစ်​ပါး တည်း၊ ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​ရှိ​တော်​မူ​၏။- \v 5 သ​ခင်​တစ်​ပါး​တည်း၊ ယုံကြည်​ခြင်း​တစ်​ပါး​တည်း၊ ဗတ္တိ​ဇံ​တစ်​ပါး​တည်း၊- \v 6 လူ​သား​အ​ပေါင်း​တို့​၏​အ​ဖ​ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ရှိ​တော်​မူ​၏။ ထို​ဘု​ရား​သ​ခင်​သည် လူ​ခပ်​သိမ်း​တို့​ကို​အုပ်​စိုး​တော်​မူ​၍ လူ​ခပ်​သိမ်း တို့​အား​ဖြင့်​လုပ်​ဆောင်​တော်​မူ​လျက်​လူ​ခပ်​သိမ်း တို့​အ​ထဲ​တွင်​ရှိ​တော်​မူ​၏။ \p \v 7 ခ​ရစ်​တော်​ချ​ပေး​တော်​မူ​သည်​အ​တိုင်း​ငါ​တို့ တစ်​ဦး​စီ​သည်​ထူး​မြတ်​သည့်​ဆု​ကျေး​ဇူး​ကို ခံ​စား​ကြ​ရ​ပေ​သည်။- \v 8 ကျမ်း​စာ​လာ​သည်​အ​တိုင်း၊ \q1 ``ကိုယ်​တော်​သည်​အ​ထက်​ဘ​ဝဂ်​သို့ တက်​ကြွ​တော်​မူ​သော​အ​ခါ \q2 မိ​မိ​နှင့်​အ​တူ​သုံ့​ပန်း​အ​မြောက်​အ​မြား​ကို ခေါ်​ဆောင်​သွား​တော်​မူ​၏။ \q1 လူ​သား​တို့​အား​ဆု​ကျေး​ဇူး​များ​ကို​ချ​ပေး​တော် မူ​၏။''\x + \xo 4:8 \xt ဆာ၊ ၆၈:၁၈။\x* \p \v 9 ကိုယ်​တော်​တက်​ကြွ​တော်​မူ​သည်​ဆို​ရာ​၌ အ​ဘယ် ကို​ဆို​လို​ပါ​သ​နည်း။ ကိုယ်​တော်​သည်​အ​နိမ့်​ဆုံး အ​ရပ်​မြေ​ကြီး​သို့ ဦး​စွာ​ဆင်း​သက်​တော်​မူ​သည် ဟု​ဆို​လို​ပေ​သည်။- \v 10 သို့​ဖြစ်​၍​ဆင်း​သက်​တော်​မူ​သော​အ​ရှင်​ကား စ​ကြ​ဝ​ဠာ​တစ်​ခု​လုံး​တွင်​ရှိ​တော်​မူ​ရန် မိုး ကောင်း​ကင်​ဘ​ဝဂ်​သို့​တက်​ကြွ​တော်​မူ​သော အ​ရှင်​ပေ​တည်း။- \v 11 လူ​သား​တို့​အား​ဆု​ကျေး​ဇူး​များ​ကို​ချ​ပေး တော်​မူ​သော​အ​ရှင်​သည်​လည်း ကိုယ်​တော်​ပင်​ဖြစ် ပေ​သည်။ ကိုယ်​တော်​သည်​လူ​အ​ချို့​တို့​ကို​တ​မန် တော်​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​ပ​ရော ဖက်​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​ဧ​ဝံ ဂေ​လိ​တ​ရား​ဟော​ဆ​ရာ​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​သင်း​အုပ်​ဆ​ရာ​နှင့်​ဋ္ဌမ္မ​ပညာ​ဆ​ရာ အ​ရာ​၌​လည်း​ကောင်း​ခန့်​ထား​တော်​မူ​၏။- \v 12 ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ တော်​ကို​တည်​ဆောက်​ခြင်း​အ​လို့​ငှာ ဘု​ရား​သ​ခင် ၏​လူ​စု​တော်​ဝင်​အ​ပေါင်း​အား​အ​မှု​တော်​ဆောင် ရွက်​ခြင်း​အ​တွက်​အ​သင့်​ပြင်​ဆင်​ပေး​ရန်​ပင်​ဖြစ် ပေ​သည်။- \v 13 ထို့​ကြောင့်​ငါ​တို့​၏​ယုံ​ကြည်​ခြင်း​အား​ဖြင့် လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​သား​တော်​ကို​သိ ကျွမ်း​ခြင်း​အား​ဖြင့်​လည်း​ကောင်း ငါ​တို့​ရ​ရှိ သ​မျှ​သည်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ​လျက် ခ​ရစ်​တော်​၏​ပြည့်​စုံ​ခြင်း​ပ​မာ​ဏ​အ​တိုင်း ရင့်​ကျက်​သည့်​သူ​များ​အ​ဖြစ်​သို့​ရောက်​ကြ ပေ​အံ့။- \v 14 ထို​အ​ခါ​ငါ​တို့​သည်​ပ​ရိ​ယာယ်​ဖြင့်​လူ​တို့​ကို လမ်း​လွဲ​အောင်​လိမ်​လည်​ပြော​ဆို​တတ်​သူ​တို့​၏ သြ​ဝါ​ဒ​လှိုင်း​လုံး​များ​အ​ထဲ​၌ သြ​ဝါ​ဒ​လေ ကြောင်း​ပြောင်း​တိုင်း​လွင့်​ပါ​သွား​သော​က​လေး သူ​ငယ်​များ​ကဲ့​သို့​ဖြစ်​ကြ​တော့​မည်​မ​ဟုတ်။- \v 15 ငါ​တို့​သည်​မေတ္တာ​နှင့်​သမ္မာ​တ​ရား​ကို​ဟော​ပြော သော​အား​ဖြင့် အ​သင်း​တော်​၏​ဦး​ခေါင်း​ဖြစ်​တော် မူ​သော​ခ​ရစ်​တော်​၌​အ​စ​စ​အ​ရာ​ရာ​တွင်​ကြီး ပွား​တိုး​တက်​မှု​ရှိ​ရ​ကြ​ပေ​မည်။- \v 16 ကိုယ်​တော်​၏​စီ​မံ​အုပ်​ချုပ်​မှု​အောက်​တွင်​ကိုယ်​အင်္ဂါ ရှိ​သ​မျှ​တို့​သည်​တစ်​ခု​နှင့်​တစ်​ခု​အ​ဆစ်​အ​ပိုင်း များ​ဖြင့်​ဆက်​စပ်​လျက်​နေ​ကြ​၏။ သို့​ဖြစ်​၍​ကိုယ် အင်္ဂါ​အ​သီး​သီး​တို့​သည် မိ​မိ​တို့​သက်​ဆိုင်​ရာ အ​လုပ်​တာ​ဝန်​ကို​ဆောင်​ရွက်​ကြ​သော​အ​ခါ ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​ကို​မေတ္တာ​တ​ရား​အား ဖြင့်​တည်​ဆောက်​၍​ကြီး​ပွား​စေ​လေ​သည်။\x + \xo 4:16 \xt ကော၊ ၂:၁၉။\x* \s1 ခ​ရစ်​တော်​အား​ဖြင့်​ရ​ရှိ​သည့်​ဘ​ဝ​သစ် \p \v 17 သို့​ဖြစ်​၍​သင်​တို့​သည်​ဘု​ရား​မဲ့​သူ​များ​နည်း တူ​ဆက်​လက်​မ​ကျင့်​ကြံ​ကြ​ရန် သ​ခင်​ဘု​ရား ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​ငါ​သ​တိ​ပေး လို​၏။ သူ​တို့​၏​အ​ကြံ​အ​စည်​များ​ကား အ​ချည်း​နှီး​သာ​ဖြစ်​သည်။- \v 18 သူ​တို့​သည်​ဉာဏ်​အ​လင်း​ကွယ်​၍​အ​သိ​တ​ရား လုံး​ဝ​ကင်း​မဲ့​လျက်​ခေါင်း​မာ​ကြ​သ​ဖြင့် ဘု​ရား သ​ခင်​ချ​မှတ်​ပေး​တော်​မူ​သော​အ​သက်​နှင့် ကင်း​ကွာ​လျက်​ရှိ​ကြ​၏။- \v 19 ရှက်​ကြောက်​စိတ်​လုံး​ဝ​မ​ရှိ​တော့​သ​ဖြင့်​သူ​တို့ သည်​ကာ​မ​ဂုဏ်​လိုက်​စား​ကာ ညစ်​ညမ်း​သော​အ​ကျင့် အ​မျိုး​မျိုး​တို့​ကို​အ​ချုပ်​အ​ချယ်​မ​ရှိ​ပြု​ကျင့် ကြ​ပေ​သည်။ \p \v 20 ခ​ရစ်​တော်​၏​လမ်း​စဉ်​သည်​ထို​လမ်း​စဉ်​မ​ဟုတ် ကြောင်း​ကို​သင်​တို့​သင်​ကြား​ခဲ့​ကြ​ပြီ။- \v 21 ကိုယ်​တော်​၏​အ​ကြောင်း​ကို​အ​မှန်​ပင်​သင်​တို့​ကြား​နာ ကြ​ရ​ပြီ။ ကိုယ်​တော်​၏​တ​ပည့်​များ​အ​နေ​ဖြင့် သ​ခင် ယေ​ရှု​၏​သမ္မာ​တ​ရား​တော်​အ​ကြောင်း​ကို​သင်​ကြား ခဲ့​ကြ​ပြီ။- \v 22 သို့​ဖြစ်​၍​အ​ထက်​က​ကျင်​လည်​ခဲ့​သော​လူ​ဟောင်း ဘ​ဝ​ကို​စွန့်​ပစ်​လော့။ လှည့်​ဖြား​တတ်​သော​ဆန္ဒ​များ ကြောင့်​ယို​ယွင်း​ပျက်​စီး​သည့်​လူ​ဟောင်း​ကို​စွန့်​လွှတ် ကြ​လော့။-\x + \xo 4:22 \xt ကော၊ ၃:၉။\x* \v 23 သင်​တို့​သည်​စိတ်​သစ်​သ​ဘော​သစ်​ကို​ခံ​ယူ​ကြ ရ​မည်။- \v 24 ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​အ​ညီ​ဖန်​ဆင်း ခြင်း​ကို​ခံ​ရ​၍ သမ္မာ​တ​ရား​ဆိုင်​ရာ​ဖြောင့်​မတ် သန့်​ရှင်း​သူ​လူ​သစ်​ဖြစ်​ကြ​ရ​မည်။\x + \xo 4:24 \xt က၊ ၁:၂၆။ ကော၊ ၃:၁၀။\x* \p \v 25 ထို့​ကြောင့်​မု​သား​ကို​မ​ပြော​ကြ​နှင့်။ ငါ​တို့​အ​ပေါင်း သည် ခ​ရစ်​တော်​၏​ကိုယ်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ဖြစ် ကြ​သ​ဖြင့် ယုံ​ကြည်​သူ​အ​ချင်း​ချင်း​အား​သစ္စာ စ​ကား​ကို​ပြော​ကြ​လော့။-\x + \xo 4:25 \xt ဇာ၊ ၈:၁၆။\x* \v 26 သင်​တို့​သည်​အ​ပြစ်​ကူး​ရာ​ရောက်​သည့်​တိုင်​အောင် အ​မျက်​မ​ထွက်​ကြ​နှင့်။ နေ​မ​ဝင်​မီ​အ​မျက်​ကို ပြေ​ငြိမ်း​စေ​ကြ​လော့။-\x + \xo 4:26 \xt ဆာ၊ ၄:၄။\x* \v 27 မာရ်​နတ်​ကို​အ​ခွင့်​မ​ပေး​ကြ​နှင့်။- \m \v 28 ခိုး​ဝှက်​ဖူး​သူ​သည်​နောက်​တစ်​ဖန်​မ​ခိုး​ဝှက်​တော့​ဘဲ ချို့​တဲ့​သူ​များ​အား​ဝေ​မျှ​ပေး​ကမ်း​နိုင်​ရန် မိ​မိ လက်​ဖြင့်​အ​လုပ်​ကို​ရိုး​ဖြောင့်​စွာ​ကြိုး​စား​လုပ် ကိုင်​စေ။- \v 29 ညစ်​ညမ်း​သည့်​စ​ကား​တစ်​ခွန်း​ကို​မျှ​သင်​တို့​နှုတ်​မှ မ​ထွက်​စေ​နှင့်။ သူ​တစ်​ပါး​တို့​အား​အ​ကျိုး​ရှိ​စေ​မည့် စ​ကား၊ အ​ပြု​သ​ဘော​ပါ​သည့်​စ​ကား​ကို​သာ ပြော​ကြား​ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့​၏​စကား ကို​ကြား​ကြ​သူ​တို့​သည်​အ​ကျိုး​ကျေး​ဇူး​ခံ​စား ရ​လိမ့်​မည်။- \v 30 ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​စိတ် မ​နာ​စေ​နှင့်၊ အ​ဘယ်​ကြောင့်​ဆို​သော်​ဝိ​ညာဉ်​တော် သည် သင်​တို့​အား​ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​ကြောင်း သက်​သေ​ခံ​တံ​ဆိပ်​အ​မှတ်​အ​သား​ဖြစ်​၍ နောက်​ဆုံး သော​နေ့​ရက်​၌​သင်​တို့​သည်​ကိုယ်​တော်​၏​ကယ်​တင် ခြင်း​ကို​ခံ​ရ​လိမ့်​မည်​ဖြစ်​ကြောင်း​အာ​မ​ခံ​ချက် ဖြစ်​သော​ကြောင့်​တည်း။- \v 31 ထို့​ကြောင့်​နာ​ကြည်း​ခြင်း၊ စိတ်​ဆိုး​ခြင်း၊ အ​မျက် ထွက်​ခြင်း၊ အော်​ဟစ်​ငေါက်​ငမ်း​ခြင်း၊ သူ​တစ်​ပါး အ​သ​ရေ​ဖျက်​ခြင်း၊ ခပ်​သိမ်း​သော​မုန်း​တီး​ခြင်း တို့​ကို​ပယ်​ရှား​ကြ​လော့။- \v 32 သင်​တို့​သည်​တစ်​ဦး​ကို​တစ်ဦး​သ​နား​ချစ်​ခင်​ကြ လော့။ ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော်​ကြောင့်​သင်​တို့ အား​အ​ပြစ်​လွှတ်​တော်​မူ​သည့်​နည်း​တူ သင်​တို့​သည် လည်း​တစ်​ဦး​နှင့်​တစ်​ဦး​အ​ပြစ်​လွှတ်​ကြ​လော့။\x + \xo 4:32 \xt ကော၊ ၃:၁၃။\x* \c 5 \s1 အ​လင်း​တွင်​အ​သက်​ရှင်​ခြင်း \p \v 1 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ချစ်​သား​များ​ဖြစ် သ​ဖြင့် ကိုယ်​တော်​နှင့်​တူ​အောင်​ကြိုး​စား​ကြ​ရ​မည်။- \v 2 ခ​ရစ်​တော်​သည်​ငါ​တို့​ကို​ချစ်​တော်​မူ​၍​ငါ​တို့ အ​တွက် မိ​မိ​ကိုယ်​ကို​ဘု​ရား​သ​ခင်​နှစ်​သက် တော်​မူ​ရာ​မွှေး​ကြိုင်​သော​ယဇ်​သ​ကာ​အ​ဖြစ် ဖြင့်​ဆက်​သ​တော်​မူ​သ​ကဲ့​သို့ သင်​တို့​သည် လည်း​မေတ္တာ​တ​ရား​ကို​ကျင့်​သုံး​ကြ​လော့။\x + \xo 5:2 \xt ထွ၊ ၂၉:၁၈။ ဆာ၊ ၄၀:၆။\x* \p \v 3 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဖြစ် သြဖင့်​ကာ​မ​ဂုဏ်​လိုက်​စား​မှု၊ ညစ်​ညမ်း​မှု​နှင့် လော​ဘ​လွန်​ကူး​မှု​အ​ကြောင်း​တို့​ကို​သင် တို့​တွင်​ပြော​ဆို​ခြင်း​ပင်​မ​ရှိ​စေ​နှင့်။- \v 4 ညစ်​ညမ်း​သော​စ​ကား၊ ယုတ်​မာ​သော​စ​ကား၊ ရိုင်း​စိုင်း​သော​စ​ကား​များ​ကို​လည်း​မ​ပြော မ​ဆို​အပ်။ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သည့် စ​ကား​များ​ကို​သာ​လျှင်​ပြော​ဆို​အပ်​၏။- \v 5 ကာ​မ​ဂုဏ်​လိုက်​စား​သူ၊ ညစ်​ညမ်း​သူ၊ လော​ဘ လွန်​ကူး​သူ​ဟူ​သ​မျှ​သည်​ခ​ရစ်​တော်​နှင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တွင်​ပါ​ဝင်​ကြ ရ​လိမ့်​မည်​မ​ဟုတ်​ကြောင်း​သင်​တို့​သိ​ကြ​၏။ (လော​ဘ​လွန်​ကူး​ခြင်း​သည်​ရုပ်​တု​ကိုး​ကွယ် မှု​တစ်​မျိုး​ပင်​ဖြစ်​သည်။) \p \v 6 အ​ချည်း​နှီး​သော​စ​ကား​ဖြင့်​အ​ဘယ်​သူ​မျှ သင်​တို့​ကို​မ​လှည့်​ဖြား​စေ​နှင့်။ ထို​အ​မှု​များ ကြောင့်​ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​မ​နာ ခံ​သူ​တို့​သည်​အ​မျက်​တော်​သင့်​ကြ​လိမ့်​မည်။- \v 7 ထို့​ကြောင့်​သင်​တို့​သည်​ထို​သို့​သော​သူ​တို့​နှင့် လုံး​ဝ​မ​ဆက်​ဆံ​ကြ​နှင့်။- \v 8 အ​ခါ​တစ်​ပါး​က​သင်​တို့​သည်​မှောင်​မိုက်​တွင် နေ​ထိုင်​ခဲ့​ကြ​၏။ ယ​ခု​အ​ခါ​၌​မူ​သ​ခင် ဘု​ရား​၏​လူ​စု​တော်​ဝင်​များ​ဖြစ်​လာ​ကြ သ​ဖြင့်​အ​လင်း​သို့​ရောက်​ရှိ​ကြ​လေ​ပြီ။ သို့ ဖြစ်​၍​အ​လင်း​၌​ကျင်​လည်​သူ​များ​ကဲ့​သို့ ပြု​ကျင့်​ကြ​လော့။- \v 9 အ​ဘယ်​ကြောင့်​ဆို​သော်​အ​လင်း​သည်​ကောင်း မြတ်​ခြင်း​အ​မျိုး​မျိုး၊ ဖြောင့်​မတ်​ခြင်း​နှင့် အ​မှန်​တ​ရား​တို့​ကို​ဖြစ်​ပွား​စေ​သော​ကြောင့် ဖြစ်​၏။- \v 10 သ​ခင်​ဘု​ရား​နှစ်​သက်​တော်​မူ​သော​အ​ရာ သည်​အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို​ကြိုး​စား ၍​သင်​ယူ​ကြ​လော့။- \v 11 မှောင်​မိုက်​တွင်​ကျင်​လည်​သူ​တို့​ပြု​သည့်​အ​ကျိုး မဲ့​သော​အ​မှု​များ​ကို​မ​ပြု​ဘဲ ယင်း​အ​မှု​တို့ ကို​အ​လင်း​သို့​ဖော်​ထုတ်​ကြ​လော့။- \v 12 (ဤ​သူ​တို့​ဆိတ်​ကွယ်​ရာ​တွင်​ပြု​ကျင့်​သည့် အ​မှု​များ​ကို​ဖော်​ပြ​ရန်​ပင်​အ​လွန်​ရှက်​စ​ရာ ကောင်း​၏။-) \v 13 အ​လင်း​သို့​ဖော်​ထုတ်​ခြင်း​ခံ​ရ​သည့်​အ​ရာ​ဟူ သ​မျှ​သည် မိ​မိ​တို့​၏​ပင်​ကို​သ​ဘော​ပေါ်​၍ လာ​လေ​သည်။- \v 14 အ​ဘယ်​ကြောင့်​ဆို​သော်​အ​လင်း​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ပေါ်​လွင်​ထင်​ရှား​စေ​သော ကြောင့်​ဖြစ်​၏။ ဤ​အ​ကြောင်း​ကြောင့်​ကျမ်း​စာ တော်​တွင်၊ \q1 ``အိပ်​ပျော်​သူ၊ ထ​လော့။ သေ​ခြင်း​မှ​ထြေမာက်​လော့။ \q2 ခ​ရစ်​တော်​သည်​သင့်​အ​ပေါ်​သို့ ထွန်း​လင်း​တော်​မူ​လိမ့်​မည်'' \m ဟု​ပါ​ရှိ​သ​တည်း။ \p \v 15 သို့​ဖြစ်​၍​သင်​တို့​ပြု​ကျင့်​ပုံ​ကို​သ​တိ​ပြု​ကြ လော့။ ပ​ညာ​မဲ့​သူ​များ​ကဲ့​သို့​မ​ဟုတ်​ဘဲ​ပ​ညာ ရှိ​သူ​များ​ကဲ့​သို့​ပြု​ကျင့်​ကြ​လော့။- \v 16 ဤ​နေ့​ရက်​ကာ​လ​သည်​ဆိုး​ယုတ်​သော​ကာ​လ​ဖြစ် သော​ကြောင့် သင်​တို့​ရ​ရှိ​သည့်​အ​ခွင့်​အ​ရေး​ရှိ သ​မျှ​ကို​အ​ကျိုး​ရှိ​အောင်​အ​သုံး​ပြု​ကြ​လော့။-\x + \xo 5:16 \xt ကော၊ ၄:၅။\x* \v 17 ထို့​ကြောင့်​သင်​တို့​သည်​မိုက်​မဲ​၍​မ​နေ​ဘဲ သ​ခင် ဘု​ရား​၏​အ​လို​တော်​ကို​ကြိုး​စား​၍​ရှာ​ကြ​လော့။ \p \v 18 သင်​တို့​အား​ပျက်​စီး​စေ​မည့်​သေ​သောက်​ကြူး​ခြင်း ကို​ရှောင်​၍ ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက်​ရှိ​ကြ လော့။- \v 19 တစ်​ဦး​နှင့်​တစ်​ဦး​စ​ကား​ပြော​ကြ​သော​အ​ခါ ဆာ​လံ​သီ​ချင်း၊ ဋ္ဌမ္မ​သီ​ချင်း​နှင့်​ဘာ​သာ​ရေး​သီ ချင်း​များ​မှ​စ​ကား​များ​ဖြင့်​ပြော​ဆို​ကြ​လော့။ စိတ်​နှ​လုံး​အ​တွင်း​၌​သ​ခင်​ဘု​ရား​အား​ထော မ​နာ​ပြု​လျက် ဋ္ဌမ္မ​သီ​ချင်း​များ​နှင့်​ဆာ​လံ သီ​ချင်း​များ​ကို​သီ​ဆို​ကူး​အေး​ကြ​လော့။-\x + \xo 5:19 \xt ကော၊ ၃:၁၆-၁၇။\x* \v 20 ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​အ​တွက်​အ​ဖ​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​အ​စဉ်​မ​ပြတ်​ချီး မွမ်း​ကြ​လော့။ \s1 မ​ယား​နှင့်​လင် \p \v 21 ခ​ရစ်​တော်​ကို​ရို​သေ​လေး​စား​သော​အား​ဖြင့်​သင် တို့​သည်​တစ်​ဦး​၏​အ​လို​ကို​တစ်​ဦး​လိုက်​လျော ကြ​လော့။ \p \v 22 မ​ယား​ဖြစ်​သူ​တို့၊ သင်​တို့​သည်​သ​ခင်​ဘု​ရား​၏ အုပ်​စိုး​ခြင်း​ကို​ခံ​ယူ​သ​ကဲ့​သို့​ခင်​ပွန်း​တို့​၏​အုပ် စိုး​ခြင်း​ကို​ခံ​ယူ​ကြ​လော့။-\x + \xo 5:22 \xt ကော၊ ၃:၁၈။ ၁ပေ၊ ၃:၁။\x* \v 23 ခ​ရစ်​တော်​သည်​အ​သင်း​တော်​အ​ပေါ်​သြ​ဇာ​အာ​ဏာ ရှိ​သ​ကဲ့​သို့ လင်​သည်​မိ​မိ​ခင်​ပွန်း​အ​ပေါ်​သြ​ဇာ အာ​ဏာ​ရှိ​၏။ ခ​ရစ်​တော်​သည်​မိ​မိ​၏​ကိုယ်​ခန္ဓာ​ဖြစ် သော​အ​သင်း​တော်​၏​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​၏။- \v 24 သို့​ဖြစ်​၍​အ​သင်း​တော်​သည်​ခရစ်​တော်​၏​အုပ်​စိုး ခြင်း​ကို​ခံ​ယူ​သ​ကဲ့​သို့ မ​ယား​တို့​သည်​လည်း​လင် တို့​၏​အုပ်​စိုး​ခြင်း​ကို​အ​ကြွင်း​မဲ့​ခံ​ယူ​ရ​ကြ​မည်။ \p \v 25 လင်​ဖြစ်​သူ​တို့၊ ခ​ရစ်​တော်​သည်​အ​သင်း​တော်​ကို ချစ်​တော်​မူ​၍ အ​သင်း​တော်​အ​တွက်​မိ​မိ​အ​သက် ကို​စွန့်​တော်​မူ​သည့်​နည်း​တူ သင်​တို့​၏​မ​ယား​များ ကို​ချစ်​ကြ​လော့။-\x + \xo 5:25 \xt ကော၊ ၃:၁၉။ ၁ပေ၊ ၃:၇။\x* \v 26 ကိုယ်​တော်​သည်​မိ​မိ​အ​သက်​ကို​စွန့်​တော်​မူ​ခြင်း မှာ​အ​သင်း​တော်​ကို​ရေ​ဖြင့်​သန့်​ရှင်း​စေ​ပြီး​လျှင် နှုတ်​က​ပတ်​တော်​ဖြင့်​ဘု​ရား​သ​ခင်​အား​ဆက် ကပ်​တော်​မူ​သ​ဖြင့်၊- \v 27 အ​သင်း​တော်​ကို​မိ​မိ​အား​ဆက်​သ​တော်​မူ​ရာ ၌​အ​ညစ်​အ​ကြေး​အ​စွန်း​အ​ကွက်​မ​ရှိ၊ သန့်​ရှင်း ဖြူ​စင်​အ​ပြစ်​ကင်း​လျက်​လှ​ပ​တင့်​တယ်​သော အ​သ​ရေ​နှင့်​ပြည့်​စုံ​နိုင်​စေ​ရန်​ပင်​ဖြစ်​သည်။- \v 28 လင်​ဖြစ်​သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ခန္ဓာ​ကို​ချစ် သ​ကဲ့​သို့​မ​ယား​များ​အား​ချစ်​သင့်​ကြ​၏။ မ​ယား​ကို​ချစ်​သော​သူ​သည်​မိ​မိ​ကိုယ်​ခန္ဓာ ကို​ချစ်​သော​သူ​ဖြစ်​၏။- \v 29 (အ​ဘယ်​သူ​မျှ​မိ​မိ​ကိုယ်​ခန္ဓာ​ကို​မုန်း​သည်​ဟူ​၍ မ​ရှိ။ မုန်း​မည့်​အ​စား​သူ​သည်​မိ​မိ​ကိုယ်​ကို​ကျွေး မွေး​ပြု​စု​၏။ အ​သင်း​တော်​အား​ခ​ရစ်​တော် ကျွေး​မွေး​ပြု​စု​တော်​မူ​သ​ကဲ့​သို့​တည်း။- \v 30 ငါ​တို့​သည်​ကိုယ်​ခန္ဓာ​တော်​၏​အင်္ဂါ​များ​ဖြစ်​ကြ​၏။-) \m \v 31 ကျမ်း​စာ​တော်​တွင်၊ \q1 ``ဤ​အ​ကြောင်း​ကြောင့်​ယောကျာ်း​သည်​မိဘ​ထံ​မှ ထွက်​ခွာ​၍​မ​ယား​နှင့်​စုံ​ဖက်​သ​ဖြင့်၊ \q2 သူ​တို့​နှစ်​ဦး​သည်​တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ကြ​ရ​လိမ့်​မည်'' \m ဟု​ဖော်​ပြ​ပါ​ရှိ​၏။-\x + \xo 5:31 \xt က၊ ၂:၂၄။\x* \v 32 ဤ​ကား​အ​လွန်​နက်​နဲ​သော​သစ္စာ​စ​ကား​ဖြစ် ၍ ခ​ရစ်​တော်​နှင့်​အ​သင်း​တော်​ကို​ရည်​စူး​၍ ဆို​သော​စ​ကား​ဖြစ်​သည်​ဟု​ငါ​ဆို​၏။- \v 33 သို့​ရာ​တွင်​သင်​တို့​တစ်​ဦး​စီ​နှင့်​လည်း​သက်​ဆိုင် ပေ​သည်။ လင်​ဖြစ်​သူ​သည်​မ​ယား​ကို​ကိုယ်​နှင့် အ​မျှ​ချစ်​ရ​မည်။ မ​ယား​ဖြစ်​သူ​သည်​လည်း လင်​ယောကျာ်း​ကို​ရို​သေ​လေး​စား​ရ​မည်။ \c 6 \s1 သား​သ​မီး​များ​နှင့်​မိ​ဘ​များ \p \v 1 သား​သ​မီး​တို့၊ သင်​တို့​မိ​ဘ​များ​၏​စ​ကား ကို​နား​ထောင်​ကြ​လော့။ ထို​သို့​ပြု​ခြင်း​သည် ခ​ရစ်​ယာန်​များ​အ​နေ​ဖြင့်​ပြု​အပ်​သည့်​ဝတ် ဖြစ်​၏။-\x + \xo 6:1 \xt ကော၊ ၃:၂၀။\x* \v 2-3 ကျမ်း​စာ​တော်​က``သင်​၏​မိ​ဘ​ကို​ရို​သေ​သ​မှု​ပြု လော့။ သို့​ပြု​လျှင်​သင်​သည်​ကောင်း​စား​လျက်​မြေ​ကြီး ပေါ်​တွင်​အ​သက်​ရှည်​လိမ့်​မည်'' ဟု​ဖော်​ပြ​သည်။ ဤ ကား​က​တိ​တော်​ပါ​ရှိ​သည့်​ပ​ထ​မ​ပ​ညတ်​ဖြစ်​၏။\x + \xo 6:2-3 \xt ထွ၊ ၂၀:၁၂။ တရား၊ ၅:၁၆။\x* \p \v 4 မိ​ဘ​တို့၊ သား​သ​မီး​များ​ကို​စိတ်​ဆိုး​စေ​ရန်​မ​ပြု ကြ​နှင့်။ သို့​ရာ​တွင်​သူ​တို့​အား​သ​ခင်​ဘု​ရား​၏ အ​လို​တော်​နှင့်​အ​ညီ​သွန်​သင်​ဆုံး​မ​ကြ​လော့။\x + \xo 6:4 \xt ကော၊ ၃:၂၁။\x* \s1 ကျွန်​များ​နှင့်​သ​ခင်​များ \p \v 5 ကျွန်​ဖြစ်​သူ​တို့၊ သင်​တို့​သည်​ခ​ရစ်​တော်​၏​အ​စေ ကို​ခံ​သ​ကဲ့​သို့ ကြောက်​လန့်​တုန်​လှုပ်​လျက်​ရိုး သား​သော​စိတ်​နှင့်​သ​ခင်​တို့​၏​စ​ကား​ကို နား​ထောင်​ကြ​လော့။-\x + \xo 6:5 \xt ကော၊ ၃:၂၂-၂၅။\x* \v 6 သ​ခင်​များ​နှစ်​သက်​စေ​ရန်​သူ​တို့​၏​ရှေ့​မှောက် ၌​သာ​နား​ထောင်​ကြ​သည်​မ​ဟုတ်​ဘဲ ခ​ရစ်​တော် ၏​ကျွန်​များ​အ​နေ​ဖြင့် ဘု​ရား​သ​ခင်​၏​အ​လို တော်​ရှိ​သည့်​အ​တိုင်း​စိတ်​ရော​ကိုယ်​ပါ​အ​စေ​ခံ ကြ​လော့။- \v 7 လူ​၏​အ​စေ​ကို​ခံ​သ​ကဲ့​သို့​သာ​မ​က​ဘု​ရား သ​ခင်​၏​အ​စေ​ကို​ခံ​သ​ကဲ့​သို့ ဝမ်း​မြောက် ရွှင်​လန်း​စွာ​အ​လုပ်​ကို​လုပ်​ဆောင်​ကြ​လော့။- \v 8 ကျွန်​ဖြစ်​စေ၊ လွတ်​လပ်​သူ​ဖြစ်​စေ၊ မည်​သူ​မ​ဆို မိ​မိ​ပြု​သည့်​ကောင်း​မှု​အ​တွက် သ​ခင်​ဘု​ရား ထံ​မှ​ဆု​လာဘ်​ကို​ရ​ရှိ​လိမ့်​မည်​ဟု​သိ​မှတ် ကြ​လော့။ \p \v 9 သ​ခင်​တို့၊ ခြိမ်း​ခြောက်​မှု​ကို​မ​ပြု​ဘဲ​ထို​နည်း​တူ​ပင် ကျွန်​များ​နှင့်​ဆက်​ဆံ​ကြ​လော့။ သင်​တို့​နှင့်​သင်​တို့​၏ ကျွန်​များ​မှာ​ကောင်း​ကင်​ဘုံ​တွင်​သ​ခင်​တစ်​ပါး​တည်း ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​သ​ခင်​သည်​မျက်​နှာ ကြီး​ငယ်​လိုက်​တော်​မ​မူ​ကြောင်း​ကို​လည်း​ကောင်း သ​တိ​ရ​ကြ​လော့။\x + \xo 6:9 \xt တရား၊ ၁၀:၁၇။ ကော၊ ၃:၂၅၊ ၄:၁။\x* \s1 ဘု​ရား​သ​ခင်​၏​လက်​နက်​စုံ \p \v 10 သင်​တို့​သည်​သ​ခင်​ဘု​ရား​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​လျက် ကိုယ်​တော်​၏​တန်​ခိုး​တော်​အား​ဖြင့်​ကြံ့​ခိုင် ခြင်း​ရှိ​ကြ​ရန်​ငါ​နောက်​ဆုံး​မှာ​ကြား​လို​၏။- \v 11 မာရ်​နတ်​၏​ပ​ရိ​ယာယ်​များ​ကို​ခု​ခံ​ကာ​ကွယ်​နိုင်​ရန် ဘု​ရား​သ​ခင်​၏​လက်​နက်​စုံ​ကို​ဝတ်​ဆင်​ကြ​လော့။- \v 12 ငါ​တို့​သည်​လူ​သတ္တ​ဝါ​တို့​နှင့်​ဆိုင်​ပြိုင်​တိုက်​ခိုက် ကြ​ရ​သည်​မ​ဟုတ်။ ကောင်း​ကင်​လောက​မှ​ဆိုး ယုတ်​သော​ဝိ​ညာဉ်​တန်​ခိုး​ရှင်​နှင့်​လည်း​ကောင်း၊ ဤ​အ​မှောင်​လော​က​ကို​အ​စိုး​ရ​သူ​များ၊ တန်​ခိုး ရှင်​များ၊ အာ​ဏာ​ပိုင်​များ​နှင့်​လည်း​ကောင်း ဆိုင်​ပြိုင်​တိုက်​ခိုက်​ကြ​ရ​၏။- \v 13 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​လက်​နက်​စုံ​ကို​ကိုင် ဆောင်​ကြ​လော့။ သို့​မှ​သာ​လျှင်​ခဲ​ယဉ်း​ဆိုး ယုတ်​ရာ​ကာ​လ​ကျ​ရောက်​လာ​ချိန်​၌ သင်​တို့ သည်​ရန်​သူ​၏​တိုက်​စစ်​ကို​ခု​ခံ​ကာ​ကွယ် နိုင်​လိမ့်​မည်။ အ​ဆုံး​တိုင်​အောင်​တိုက်​ခိုက် ပြီး​သော​အ​ခါ​၌​သင်​တို့​သည်​ရပ်​တည် နိုင်​ကြ​လိမ့်​မည်။ \p \v 14 သို့​ဖြစ်​၍​အ​သင့်​ရှိ​နေ​ကြ​လော့။ သစ္စာ​တ​ရား တည်း​ဟူ​သော​ခါး​ပန်း​ကြိုး​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တည်း​ဟူ​သော​ရင်​အုပ်​တန် ဆာ​ကို​လည်း​ကောင်း၊-\x + \xo 6:14 \xt ဟေရှာ၊ ၁၁:၅၊ ၅၉:၁၇။\x* \v 15 ငြိမ်း​ချမ်း​ရေး​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန် အ​သင့်​ရှိ​ခြင်း​တည်း​ဟူ​သော​ဖိ​နပ်​ကို​လည်း ကောင်း​ဝတ်​ဆင်​ကြ​လော့။-\x + \xo 6:15 \xt ဟေရှာ၊ ၅၂:၇။\x* \v 16 ယုံ​ကြည်​ခြင်း​တည်း​ဟူ​သော​ဒိုင်း​လွှား​ကို အ​မြဲ​ဆွဲ​ကိုင်​ထား​ကြ​လော့။ သင်​တို့​သည် ထို​ဒိုင်း​လွှား​အား​ဖြင့်​မာရ်​နတ်​ပစ်​ခတ်​သော မီး​မြား​လက်​နက်​ဟူ​သ​မျှ​ကို​ငြိမ်း​သတ် နိုင်​လိမ့်​မည်။- \v 17 ကယ်​တင်​ခြင်း​တည်း​ဟူ​သော​သံ​ခ​မောက်​ကို လည်း​ကောင်း၊ ဝိ​ညာဉ်​တော်​က​ပေး​သော​ဘု​ရား သ​ခင်​၏​နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော ဋ္ဌား​ကို​လည်း​ကောင်း​ယူ​ဆောင်​ကြ​လော့။-\x + \xo 6:17 \xt ဟေရှာ၊ ၅၉:၁၇။\x* \v 18 သင်​တို့​အား​ကူ​ညီ​စောင်​မ​တော်​မူ​ရန်​ဘု​ရား သ​ခင်​အား​အ​စဉ်​အ​မြဲ​ဆု​တောင်း​ကြ​လော့။ ဝိ​ညာဉ်​တော်​ညွှန်​ကြား​တော်​မူ​သည့်​အ​တိုင်း အ​ခါ​ခပ်​သိမ်း​ဆု​တောင်း​ကြ​လော့။ ထို့​ကြောင့် နိုး​နိုး​ကြား​ကြား​နေ​ကြ​လော့။ ဇွဲ​သတ္တိ​ရှိ​ကြ လော့။ အ​ခါ​မ​လပ်​ဘု​ရား​သ​ခင်​၏​လူ​စု တော်​အ​တွက်​ဆု​တောင်း​ကြ​လော့။- \v 19 ငါ​ဟော​ပြော​ချိန်​၌​ဘုရား​သခင်​သည်​ငါ့​အား နှုတ်​သတ္တိ​ကို​ပေး​သ​နား​တော်​မူ​ရန်​လည်း​ကောင်း၊ သ​တင်း​ကောင်း​၏​နက်​နဲ​သော​အ​ရာ​ကို​ရဲ​ရင့် စွာ​ဖွင့်​ပြ​နိုင်​ရန်​လည်း​ကောင်း ငါ့​အ​တွက်​လည်း ဆု​တောင်း​ကြ​လော့။- \v 20 ငါ​သည်​အ​ကျဉ်း​ခံ​နေ​ရ​သူ​ဖြစ်​သော်​လည်း​ထို သ​တင်း​ကောင်း​အ​တွက်​သံ​တ​မန်​ဖြစ်​ပါ​၏။ ထို သ​တင်း​ကောင်း​ကို​ဟော​ပြော​အပ်​သည်​နှင့်​အ​ညီ ငါ​သည်​ရဲ​ရင့်​စွာ​ဟော​ပြော​နိုင်​ရန်​ဆု​တောင်း ကြ​လော့။ \s1 နောက်​ဆုံး​နှုတ်​ဆက်​စ​ကား​များ \p \v 21 ငါ​နှင့်​ပတ်​သက်​သော​အ​ကြောင်း​အ​ရာ​ကို​သင် တို့​သိ​စေ​ခြင်း​ငှာ သ​တင်း​အ​လုံး​စုံ​ကို​သင် တို့​အား​တု​ခိတ်​က​ပြော​ပြ​လိမ့်​မည်။ သ​ခင် ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရာ​တွင်​သူ သည်​ငါ​တို့​အား​သစ္စာ​ရှိ​စွာ​ကူ​ညီ​သူ၊ ငါ တို့​၏​ချစ်​လှ​စွာ​သော​ညီ​ဖြစ်​ပေ​သည်။-\x + \xo 6:21 \xt တ၊ ၂၀:၄။ ၂တိ၊ ၄:၁၂။\x*\x + \xo 6:21 \xt ကော၊ ၄:၇-၈။\x* \v 22 ထို့​ကြောင့်​ငါ​တို့​နှင့်​ဆိုင်​သော​သ​တင်း​အ​လုံး စုံ​ကို​ပြော​ပြ​ရန်​နှင့် သင်​တို့​ကို​အား​ပေး​ကူ ညီ​ရန်​သူ့​အား​သင်​တို့​ထံ​သို့​ငါ​စေ​လွှတ် လိုက်​ပါ​သည်။ \p \v 23 အ​ဖ​ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် ညီ​အစ်​ကို​အ​ပေါင်း​တို့​အား​ငြိမ်​သက်​ခြင်း၊ ချစ် ခြင်း၊ ယုံ​ကြည်​ခြင်း​ကို​ချ​ပေး​တော်​မူ​ပါ​စေ သော။- \v 24 အ​ဘယ်​အ​ခါ​၌​မျှ​မ​ပျက်​မ​ပြယ်​နိုင်​သည့် မေတ္တာ​ဖြင့် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ချစ် ကြ​ကုန်​သော​လူ​အ​ပေါင်း​တို့​အ​ပေါ်​သို့ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သက်​ရောက် ပါ​စေ​သော။ ဧ​ဖက်​သြ​ဝါ​ဒ​စာ​ပြီး​၏။