\id DAN Myanmar Common Language Bible \h ဒံ​ယေ​လ \toc1 ဒံ​ယေ​လ​အ​နာ​ဂတ္တိ​ကျမ်း \toc2 ဒံ​ယေ​လ \mt1 ဒံ​ယေ​လ​အ​နာ​ဂတ္တိ​ကျမ်း \is1 နိ​ဒါန်း \ip ဒံ​ယေ​လ​အ​နာ​ဂတ္တိ​ကျမ်း​သည်​နိုင်​ငံ​ခြား​ဘု​ရင်​တစ်​ပါး​၏​ဖိ​နှိပ်​ချုပ်​ချယ်​မှု၊ နှိပ်​စက်​ညှဉ်း​ပန်း​မှု​ကို ယု​ဒ​အ​မျိုး​သား​တို့​အ​ပြင်း​အ​ထန်​ခံ​ကြ​ရ​ချိန်​၌​ပြု​စု​ရေး​သား​သည့်​ကျမ်း​ဖြစ်​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မင်း​ဆိုး​မင်း​ညစ်​ကို​ဖယ်​ရှား​တော်​မူ​၍ မိ​မိ​၏​လူ​မျိုး​တော်​အား​ကိုယ့်​မင်း​ကိုယ့်​ချင်း​နှင့်​တစ်​ဖန်​ပြန်​လည်​နေ​ထိုင်​ခွင့်​ကို​ပေး​တော်​မူ​လိမ့်​မည်​ဖြစ်​ကြောင်း စာ​ရေး​သူ​က​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​တွင်​မိ​မိ​တွေ့​မြင်​ရ​သည့်​အ​ကြောင်း​အ​ရာ​များ​အား​ဖြင့်​ယု​ဒ​အ​မျိုး​သား​တို့​ကို​အား​ပေး​သည်။ \ip ဤ​ကျမ်း​စောင်​တွင်​အ​ပိုင်း​ကြီး​နှစ်​ပိုင်း​ပါ​ရှိ​၏။ (၁) ပ​ထ​မ​ပိုင်း​တွင်​ဘု​ရား​သ​ခင်​အား​ယုံ​ကြည်​ကိုး​စား​ကာ ကိုယ်​တော်​၏​ပ​ညတ်​တော်​ကို​နာ​ခံ​ခြင်း​အား​ဖြင့် ရန်​သူ​များ​အား​ခံ​ရပ်​အောင်​မြင်​သော​ဒံ​ယေ​လ​နှင့်​အ​ခြား​ပြည်​နှင်​ဒဏ်​သင့်​သူ​လူ​အ​ချို့​တို့​၏​အ​ကြောင်း​ကို​တွေ့​ရ​သည်။ ထို​အ​မှု​အ​ရာ​များ​သည်​ဗာ​ဗု​လုန်​နှင့်(ပါရှား) အင်​ပါ​ယာ​နိုင်​ငံ​များ​ပေါ်​ထွန်း​ချိန်​၌​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ​များ​ဖြစ်​သည်။ (၂) ဒု​တိ​ယ​ပိုင်း​တွင်​ဆက်​ကာ​ဆက်​ကာ​ဒံ​ယေ​လ​တွေ့​မြင်​ရ​သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​အ​ကြောင်း​ပါ​ရှိ​၏။ ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​တွင်​အင်​ပါ​ယာ​နိုင်ငံ​အ​ချို့​တို့​ပေါ်​ထွန်း​ပုံ​နှင့်​ပျက်​သုဉ်း​ပုံ​တို့​ကို​လည်း​ကောင်း၊ ဖိ​နှိပ်​ချုပ်​ချယ်​သော​ဘု​ရင်​ကျ​ဆုံး​မည့်​အ​ကြောင်း​နှင့် ဘု​ရား​သ​ခင်​၏​လူ​မျိုးတော်​တို့​အောင်​ပွဲ​ခံ​ရ​မည့်​အ​ကြောင်း​တို့​ကို​လည်း​ကောင်း​အ​မှတ်​လက္ခဏာ​များ​အား​ဖြင့်​ဖော်​ပြ​၏။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 ဒံ​ယေ​လ​နှင့်​အ​ဖော်​များ ၁:၁-၆:၂၈ \io1 ဒံ​ယေ​လ​တွေ့​မြင်​ရ​သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ ၇:၁-၁၁:၄၅ \io2 (က) သား​ရဲ​လေး​ကောင် ၇:၁-၂၈ \io2 (ခ) သိုး​ထီး​နှင့်​ဆိတ် ၈:၁-၉:၂၇ \io2 (၈) ကောင်း​ကင်​ဘုံ​မှ​စေ​တ​မန် ၁၀:၁-၁၁:၄၅ \io1 ကပ်​ကာ​လ​ကုန်​ဆုံး​ချိန် ၁၂:၁-၁၃ \c 1 \ms1 ဒံ​ယေ​လ​နှင့်​အ​ဖော်​များ \mr (၁:၁-၆:၂၈) \s1 နေ​ဗု​ခဒ်​နေ​ဇာ​မင်း​၏​နန်း​တော်​ရှိ​ဣ​သ​ရေ​လ​အ​မျိုး​သား​လူ​ငယ်​လူ​ရွယ်​များ \p \v 1 ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း​စံ​သုံး​နှစ်​မြောက်​၌ ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ချီ​တက်​ဝိုင်း​ရံ​ထား​၏။-\x + \xo 1:1 \xt ၄ရာ၊ ၂၄:၁။ ၆ရာ၊ ၃၆:၅-၇။\x* \v 2 ထာ​ဝ​ရ​ဘု​ရား​သည်​နေ​ဗု​ခဒ်​နေ​ဇာ​အား ယော​ယ​ကိမ်​မင်း​ကို​ဖမ်း​ဆီး​ခွင့်​နှင့်​ဗိ​မာန်​တော်​ဘဏ္ဍာ​အ​ချို့​ကို​သိမ်း​ယူ​ခွင့်​ပေး​တော်​မူ​၏။ နေ​ဗု​ခဒ်​နေ​ဇာ​သည်​သုံ့​ပန်း​များ​ကို​ဗာ​ဗု​လုန်​ပြည်​ရှိ မိ​မိ​၏​ဘု​ရား​ဝတ်​ကျောင်း​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် ဖမ်း​ဆီး​သိမ်း​ယူ​ခဲ့​သည့်​ဘဏ္ဍာ​များ​ကို​ဝတ်​ကျောင်း​ဘဏ္ဍာ​တိုက်​တွင်​ထား​တော်​မူ​၏။ \p \v 3-4 မင်း​ကြီး​သည်​ဣ​သ​ရေ​လ​သုံ့​ပန်း​များ​တွင် မင်း​မျိုး​မင်း​နွယ်​နှင့်​ဂုဏ်​အ​သ​ရေ​ရှိ​အိမ်​ထောင်​စု​များ​မှ၊ ရုပ်​ရည်​သန့်​ပြန့်​သူ၊ အ​သိ​ပ​ညာ​အ​တတ်​ပ​ညာ​ရှိ​မှု၊ ပ​ညာ​ဉာဏ်​ထက်​မျက်​မှု၊ ကိုယ်​အင်္ဂါ​ချို့​ယွင်း​ခြင်း​နှင့်​ကင်း​မှု အ​စ​ရှိ​သည့်​အ​ရည်​အ​ချင်း​များ​နှင့်​ပြည့်​စုံ​၍ နန်း​တွင်း​အ​မှု​ထမ်း​နိုင်​မည့်​လူ​ငယ်​လူ​ရွယ်​အ​ချို့​တို့​ကို​ရွေး​ချယ်​ရန် မိန်း​မ​စိုး​အုပ်​အာ​ရှ​ပေ​နတ်​အား​အ​မိန့်​ပေး​တော်​မူ​၏။ သူ​တို့​အား​ဗာ​ဗု​လုန်​ဘာ​သာ​ကို​ဖတ်​တတ်​ရေး​တတ်​အောင်​သင်​ကြား​ပေး​ရန်​နှင့်၊-\x + \xo 1:3-4 \xt ၄ရာ၊ ၂၀:၁၇-၁၈၊၂၄:၁၀-၁၆။ ၆ရာ၊ ၃၆:၁၀။ ဟေရှာ၊ ၃၉:၇-၈။\x* \v 5 ပွဲ​တော်​စာ​နှင့်​စ​ပျစ်​ရည်​ကို​နေ့​စဉ်​နေ့​တိုင်း​စား​သောက်​စေ​ရန်​လည်း မိန်း​မ​စိုး​အုပ်​အား​အ​မိန့်​ပေး​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​သုံး​နှစ်​တိုင်​တိုင်​လေ့​ကျင့်​ပေး​ပြီး​မှ​သူ​တို့​အား​ဘု​ရင်​၏​ရှေ့​တော်​သို့​သွင်း​ရ​ကြ​မည်။- \v 6 ယင်း​သို့​ရွေး​ချယ်​ခြင်း​ခံ​ကြ​ရ​သူ​တို့​ထဲ​တွင်​ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ​နှင့်​အာ​ဇ​ရိ​တို့​ပါ​ဝင်​ကြ​၏။ သူ​တို့​အား​လုံး​ပင်​ယု​ဒ​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​သည်။- \v 7 မိန်း​မ​စိုး​အုပ်​သည်​ဒံ​ယေ​လ​ကို​ဗေ​လ​တ​ရှာ​ဇာ၊ ဟာ​န​နိ​ကို​ရှာ​ဒ​ရက်၊ မိ​ရှေ​လ​ကို​မေ​ရှက်၊ အာ​ဇ​ရိ​ကို​အ​ဗေ​ဒ​နေ​ဂေါ​ဟူ​၍​နာ​မည်​သစ်​ကို​ပေး​၏။ \p \v 8 ဒံ​ယေ​လ​သည်​ပွဲ​တော်​စာ​နှင့်​စ​ပျစ်​ရည်​တို့​ကို​စား​သောက်​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ်​ကို​ဘာ​သာ​ရေး​ကျင့်​ထုံး​အ​ရ​မ​ညစ်​ညမ်း​စေ​ရန်​စိတ်​ပိုင်း​ဖြတ်​ပြီး​လျှင် မိန်း​မ​စိုး​အုပ်​အာ​ရှ​ပေ​နတ်​၏​အ​ကူ​အ​ညီ​ကို​တောင်း​ခံ​လေ​၏။- \v 9 ဘု​ရား​သ​ခင်​သည်​လည်း​ဒံ​ယေ​လ​အ​ပေါ်​တွင် ကိုယ်​ချင်း​စာ​၍​သ​နား​လာ​စေ​ရန်​အာ​ရှ​ပေ​နတ်​၏​စိတ်​ကို​ပြု​ပြင်​တော်​မူ​၏။- \v 10 သို့​ရာ​တွင်​အာရှ​ပေ​နတ်​သည်​မင်း​ကြီး​ကို​ကြောက်​သ​ဖြင့်​ဒံ​ယေ​လ​အား``မင်း​ကြီး​သည်​သင်​တို့​စား​သောက်​ကြ​ရ​မည့်​အ​စား​အ​စာ​များ​ကို​ပြ​ဋ္ဌာန်း​ပေး​တော်​မူ​ခဲ့​ပါ​သည်။ ထို​ကြောင့်​အ​ကယ်​၍​သင်​တို့​သည်​အ​ခြား​လူ​ငယ်​လူ​ရွယ်​များ​နည်း​တူ ကျန်း​မာ​သန်​စွမ်း​မှု​မ​ရှိ​ပါ​က​ငါ​အ​သတ်​ခံ​ရ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။ \p \v 11 သို့​ဖြစ်​၍​ဒံ​ယေ​လ​သည်​မိ​မိ​နှင့်​အ​ဖော်​သုံး​ဦး​တို့​အား​စောင့်​ကြပ်​ရန် အာ​ရှ​ပေ​နတ်​တာ​ဝန်​ပေး​ခြင်း​ခံ​ရ​သူ​ထံ​သို့​သွား​၍၊- \v 12 ``ငါ​တို့​စား​သောက်​ရန်​အ​တွက်​အ​သီး​အ​နှံ​နှင့် ရေ​ကို​သာ​ကျွေး​၍​ဆယ်​ရက်​မျှ​စမ်း​ကြည့်​ပါ။- \v 13 ထို​နောက်​ပွဲ​တော်​စာ​များ​စား​သောက်​ရ​သူ​လူ​ငယ်​လူ​ရွယ်​များ​နှင့်​ငါ​တို့​အား​နှိုင်း​ယှဉ်​ကြည့်​ပြီး​လျှင် သင်​တို့​တွေ့​မြင်​ရ​သည့်​ငါ​တို့​ရုပ်​ဆင်း​သဏ္ဌာန်​အ​ပေါ်​တွင်​မူ​တည်​၍ ငါ​တို့​အား​အ​ဘယ်​သို့​ကျွေး​မွေး​သင့်​သည်​ကို​ဆုံး​ဖြတ်​ပါ​လော့'' ဟု​ဆို​၏။ \p \v 14 စောင့်​ကြပ်​သူ​သည်​ဤ​သို့​ဆယ်​ရက်​မျှ​သူ​တို့​အား​စမ်း​ကြည့်​ရန်​သ​ဘော​တူ​လိုက်​၏။- \v 15 အ​ချိန်​စေ့​သော​အ​ခါ​သူ​တို့​သည်​ပွဲ​တော်​စာ​စား​သောက်​ကြ​သူ​များ​ထက် ပို​၍​ကျန်း​မာ​သန်​စွမ်း​လျက်​ရှိ​ကြောင်း​တွေ့​မြင်​ရ​လေ​သည်။- \v 16 ထို့​ကြောင့်​စောင့်​ကြပ်​သူ​သည်​ပွဲ​တော်​စာ​နှင့်​စ​ပျစ်​ရည်​အ​စား သူ​တို့​အား​အ​သီး​အ​နှံ​ကို​သာ​ကျွေး​လေ​သည်။ \p \v 17 ဘု​ရား​သ​ခင်​သည်​ထို​လူ​ငယ်​လူ​ရွယ်​လေး​ယောက်​တို့​အား စာ​ပေ​နှင့်​အ​ထူး​ထူး​အ​ပြား​ပြား​သော​ပ​ညာ​ရပ်​တို့​တွင်​တတ်​သိ​ကျွမ်း​ကျင်​မှု​ကို​ပေး​တော်​မူ​၏။ ထို့​အ​ပြင်​လည်း​ဒံ​ယေ​လ​အား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့်​အိပ်​မက်​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​ပြ​ဆို​နိုင်​သော​စွမ်း​ရည်​ကို​လည်း​ပေး​တော်​မူ​၏။ \p \v 18 မင်း​ကြီး​သတ်​မှတ်​ပေး​သည့်​သုံး​နှစ်​တာ​ကာ​လ​ကုန်​ဆုံး​သွား​သော​အ​ခါ​အာ​ရှ​ပေ​နတ်​သည် လူ​ငယ်​လူ​ရွယ်​အား​လုံး​တို့​အား​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​၏​ထံ​တော်​သို့​သွင်း​လေ​၏။- \v 19 မင်း​ကြီး​သည်​ထို​သူ​ရှိ​သ​မျှ​တို့​နှင့်​ဆွေး​နွေး​မေး​မြန်း​တော်​မူ​ရာ​ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ​နှင့်​အာ​ဇ​ရိ​တို့​သည်​အ​ခြား​သူ​တို့​ထက်​ပို​၍​ဉာဏ်​ပ​ညာ​ကောင်း​ကြောင်း​တွေ့​ရှိ​ရ​လေ​သည်။ သို့​ဖြစ်​၍​သူ​တို့​သည်​အ​ပါး​တော်​တွင်​ခ​စား​ခွင့်​ရ​ကြ​၏။- \v 20 မင်း​ကြီး​သည်​အ​ဘယ်​မေး​ခွန်း​ကို​ပင်​မေး​သည်​မ​ဆို၊ အ​ဘယ်​ပြ​ဿ​နာ​ကို​ပင်​တင်​ပြ​သည်​မ​ဆို​ထို​သူ​လေး​ဦး​တို့​သည်​နိုင်​ငံ​တစ်​ဝန်း​လုံး​ရှိ​ဗေ​ဒင်​ဆ​ရာ၊ မှော်​ဆ​ရာ​များ​ထက်​ဆယ်​ဆ​မျှ​ပို​၍​တတ်​သိ​နား​လည်​ကြ​သည်​ကို​တွေ့​ရှိ​တော်​မူ​၏။- \v 21 ဒံ​ယေ​လ​သည်​ဗာ​ဗု​လုန်​ပြည်​ကို​ပါ​ရှ​နိုင်​ငံ​၏​ဧ​က​ရာဇ်​မင်း​ဖြစ်​သူ ကု​ရု​မင်း​တိုက်​ခိုက်​အောင်​မြင်​၍​နန်း​တက်​လာ​ချိန်​တိုင်​အောင်​နန်း​တော်​တွင်​ရှိ​နေ​သ​တည်း။ \c 2 \s1 နေ​ဗု​ခဒ်​နေ​ဇာ​မင်း​၏​အိပ်​မက် \p \v 1 နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည်​နန်း​စံ​ဒု​တိ​ယ နှစ်​တွင် အိပ်​မက်​ကို​မြင်​မက်​၍​လွန်​စွာ​စိတ် ပူ​ပန်​သ​ဖြင့်​စက်​တော်​ခေါ်​၍​မ​ရ။- \v 2 သို့​ဖြစ်​၍​မိ​မိ​မည်​သည့်​အိပ်​မက် မက်​သည်​ကို ဖော်​ပြ​ရန်​နက္ခ​ဟော​ဆ​ရာ​များ၊ ပ​ယော​ဂ ဆ​ရာ​များ၊ စုံး​အ​တတ်​ကို​တတ်​သူ​များ​နှင့် မှော်​ဆ​ရာ​များ​ကို​ဆင့်​ခေါ်​တော်​မူ​စေ​၏။ သူ တို့​သည်​ရှေ့​တော်​သို့​ရောက်​ကြ​သော​အ​ခါ၊-\x + \xo 2:2 \xt က၊ ၄၁:၈။\x* \v 3 မင်း​ကြီး​က``ငါ့​အား​စိတ်​ပူ​ပန်​စေ​သည့်​အိပ် မက်​ကို​ငါ​မြင်​မက်​တော်​မူ​သည်။ ထို​အိပ်​မက် ၏​အ​နက်​ကို​ငါ​သိ​လို​သည်'' ဟု​ဆို​၏။ \p \v 4 ထို​သူ​တို့​က​အာ​ရ​မိ​ဘာ​သာ​စ​ကား​ဖြင့်\f 1 \fr 2:4 \ft * \ft ဤ​ကျမ်း​ပိုဒ်​မှ​အ​စ​ပြု​၍ အ​ခန်း ၇ အ​ဆုံး​တိုင်​အောင်​ဟေ​ဗြဲ​စ​ကား​ကို​မ​သုံး​ဘဲ အာ​ရ​မိ​ဘာ​သာ​စ​ကား​ကို​အ​သုံး​ပြု​သည်။\f* ``အ​ရှင်​မင်း​ကြီး​သက်​တော်​ရာ​ကျော်​ရှည် ပါ​စေ။ အ​ရှင်​၏​အိပ်​မက်​ကို​မိန့်​ကြား​တော် မူ​ပါ။ အ​ကျွန်ုပ်​တို့​အ​နက်​ဖွင့်​ပြ​ပါ​မည်'' ဟု​လျှောက်​ထား​ကြ​၏။ \p \v 5 မင်း​ကြီး​က``ငါ​သည်​ငါ​မြင်​မက်​သည့်​အိပ် မက်​ကို​လည်း​ကောင်း၊ ထို​အိပ်​မက်​အ​နက်​ကို လည်း​ကောင်း​သင်​တို့​ဖော်​ပြ​ကြ​စေ​ရန်​သန္နိ ဋ္ဌာန်​ချ​မှတ်​ထား​ပြီ။ အ​ကယ်​၍​သင်​တို့​မ ဖော်​ပြ​နိုင်​ပါ​က သင်​တို့​ကို​အ​ပိုင်း​ပိုင်း ဖြတ်​ကာ​သင်​တို့​၏​အိမ်​များ​ကို​ပြာ​ပုံ ဖြစ်​စေ​မည်။- \v 6 သို့​ရာ​တွင်​အ​ကယ်​၍​သင်​တို့​သည်​ငါ​၏ အိပ်​မက်​ကို​လည်း​ကောင်း၊ အ​နက်​ကို​လည်း ကောင်း​ဖော်​ပြ​နိုင်​ပါ​က ငါ​သည်​သင်​တို့ အား​ဆု​လာဘ်​များ​ပေး​၍​ဂုဏ်​ပြု​ချီး​မြှင့် မည်။ သို့​ဖြစ်​၍​အိပ်​မက်​ကို​လည်း​ကောင်း၊ အိပ်​မက်​၏​အ​နက်​ကို​လည်း​ကောင်း​ဖော် ပြ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 7 ထို​သူ​တို့​က``အ​ရှင်​မင်း​ကြီး​၏​အိပ်​မက်​ကို အ​ကျွန်ုပ်​တို့​အား​ဖော်​ပြ​တော်​မူ​ပါ​လျှင် အ​ကျွန်ုပ်​တို့​အ​နက်​ဖွင့်​ပြ​ပါ​မည်'' ဟု တစ်​ဖန်​ပြန်​လည်​လျှောက်​ထား​ကြ​၏။ \p \v 8 ထို​အ​ခါ​မင်း​ကြီး​က``သင်​တို့​သည်​ငါ​ထင် သည်​အ​တိုင်း​အ​ချိန်​ဆွဲ​၍​နေ​ကြ​ပါ​သည် တ​ကား။- \v 9 အ​ကယ်​၍​ငါ​၏​အိပ်​မက်​ကို​သင်​တို့​မ​ဖော် ပြ​နိုင်​ပါ​က သင်​တို့​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​ကာ သင်​တို့​အိမ်​များ​ကို​ပြာ​ပုံ​ဖြစ်​စေ​ရန်​ငါ စိတ်​ပိုင်း​ဖြတ်​ထား​ပြီ။ သင်​တို့​သည်​နောင်​အ​ခါ ၌​အ​ခြေ​အ​နေ​ပြောင်း​လဲ​လာ​လိမ့်​မည်​ဟု မျှော်​လင့်​ကာ ငါ့​အား​လိမ်​လည်​ပြော​ဆို​ရန် အ​ချင်း​ချင်း​တိုင်​ပင်​ထား​ကြ​ပြီ။ ငါ​၏ အိပ်​မက်​ကို​ငါ့​အား​ဖော်​ပြ​ကြ​လော့။ ထို သို့​ဖော်​ပြ​နိုင်​လျှင်​အိပ်​မက်​၏​အ​နက်​ကို လည်း​သင်​တို့​ဖွင့်​နိုင်​ကြောင်း​ငါ​သိ​ရှိ​ရ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 10 ဘု​ရင့်​အ​တိုင်​ပင်​ခံ​တို့​က``အ​ရှင်​မင်း​ကြီး သိ​လို​သော​အ​ရာ​ကို ပြော​ပြ​နိုင်​သူ​တစ်​ဦး တစ်​ယောက်​မျှ​ကမ္ဘာ​ပေါ်​တွင်​မ​ရှိ​ပါ။ အ​ဘယ် တန်​ခိုး​ကြီး​သည့်​ဘု​ရင်​မျှ မိ​မိ​၏​နက္ခ​ဟော ဆ​ရာ​များ၊ ပ​ယော​ဂ​ဆ​ရာ​များ​နှင့်​မှော် ဆ​ရာ​များ​အား​ဤ​သို့​ဆင့်​ဆို​စေ​ခိုင်း​ဖူး သည်​မ​ရှိ​ပါ။- \v 11 အ​ရှင်​မင်း​ကြီး​မေး​တော်​မူ​သော​အ​ရာ​သည် လွန်​စွာ​ခက်​ခဲ​သ​ဖြင့် ဘု​ရား​များ​မှ​လွဲ​၍ အ​ဘယ်​သူ​မျှ​ဖော်​ပြ​နိုင်​မည်​မ​ဟုတ်​ပါ။ ဘု​ရား​တို့​သည်​လည်း​လူ​သား​များ​နှင့် အ​တူ​နေ​ထိုင်​ကြ​သည်​မ​ဟုတ်​ပါ'' ဟု လျှောက်​ထား​ကြ​၏။ \p \v 12 ထို​အ​ခါ​မင်း​ကြီး​သည်​ပြင်း​စွာ​အ​မျက် ထွက်​တော်​မူ​လျက် ဗာ​ဗု​လုန်​မြို့​၌​ရှိ​သ​မျှ သော​ပ​ညာ​ရှိ​တို့​ကို​ကွပ်​မျက်​ရန်​အ​မိန့် ပေး​တော်​မူ​၏။- \v 13 သို့​ဖြစ်​၍​ဒံ​ယေ​လ​နှင့်​အ​ဖော်​များ​အ​ပါ အ​ဝင်​ပ​ညာ​ရှိ​အ​ပေါင်း​တို့​အား ကွပ်​မျက် ရန်​အ​မိန့်​ကို​ထုတ်​ပြန်​လေ​သည်။ \s1 အိပ်​မက်​၏​အ​နက်​ကို​ဒံ​ယေ​လ​အား ဘု​ရား​သ​ခင်​ဖွင့်​ပြ​တော်​မူ​ခြင်း \p \v 14-15 ထို​အ​ခါ​ဒံ​ယေ​လ​သည်​ကွပ်​မျက်​မှု​ကို တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​မည့်​သူ ဘု​ရင့်​ကိုယ်​ရံ တော်​တပ်​မှူး​အာ​ရုတ်​ထံ​သို့​သွား​ရောက်​၍၊ အာ​ရုတ်​အား``မင်း​ကြီး​သည်​အ​ဘယ်​ကြောင့် ဤ​သို့​ပြင်း​ထန်​သည့်​အ​မိန့်​ကို​ထုတ်​ဆင့် တော်​မူ​ပါ​သ​နည်း'' ဟု​ပါး​နပ်​လိမ္မာ​စွာ မေး​၏။ အာ​ရုတ်​သည်​လည်း ဖြစ်​ပျက်​သည့် အ​ကြောင်း​အ​ရာ​ကို​ဒံ​ယေ​လ​အား​ပြော ပြ​၏။ \p \v 16 ချက်​ချင်း​ပင်​ဒံ​ယေ​လ​သည် မင်း​ကြီး​၏​ရှေ့ တော်​သို့​ဝင်​၍``အိပ်​မက်​၏​အ​နက်​ဖွင့်​ပြ​ရန် အ​ချိန်​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​ထား လေ​၏။- \v 17 ထို​နောက်​ဒံ​ယေ​လ​သည်​အိမ်​သို့​ပြန်​၍​မိ​မိ ၏​အ​ဖော်​များ​ဖြစ်​သော​ဟာ​န​နိ၊ မိ​ရှေ​လ​နှင့် အာ​ဇ​ရိ​တို့​အား​ဖြစ်​ပျက်​သည့်​အ​ကြောင်း အ​ရာ​များ​ကို​ပြော​ပြ​ပြီး​နောက်၊- \v 18 ``ငါ​တို့​သည်​ဗာ​ဗု​လုန်​မြို့​၌​ရှိ​သော​အ​ခြား အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ​နှင့်​အ​တူ​ကွပ်​မျက် ခြင်း​မ​ခံ​ကြ​ရ​လေ​အောင် ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သခင်​သည်​က​ရု​ဏာ​ထား​တော်​မူ​၍ ခက်​ခဲ​နက်​နဲ​သော​အိပ်​မက်​ကို​ငါ​တို့​အား ရှင်း​လင်း​ဖော်​ပြ​တော်​မူ​ရန်​အ​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​ကုန်​အံ့'' ဟု​ဆို​၏။- \v 19 ဘု​ရား​သ​ခင်​သည်​ထို​ညဥ့်​၌​ပင်​လျှင်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​တွင် ခက်​ခဲ​နက်​နဲ​သော​အိပ်​မက်​ကို ဒံ​ယေ​လ​အား​ရှင်း​လင်း​ဖော်​ပြ​တော်​မူ​၏။ ထို​အ​ခါ​ဒံ​ယေ​လ​သည်​ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ဤ​သို့ ချီး​မွမ်း​လေ​၏။ \q1 \v 20 ``ဘု​ရား​သ​ခင်​သည်​ဉာဏ်​ပ​ညာ​တော် တန်​ခိုး​တော်​တို့​နှင့်​ပြည့်​စုံ​တော်​မူ​၏။ \q2 ကိုယ်​တော်​အား​ကာ​လ​အ​စဉ်​အ​ဆက် ထော​မ​နာ​ပြု​ကြ​လော့။ \q1 \v 21 ကိုယ်​တော်​သည်​အ​ချိန်​ကာ​လ​နှင့်​ရာ​သီ​ဥ​တု တို့​ကို အ​စိုး​ရ​တော်​မူ​၏။ \q2 ဘု​ရင်​တို့​အား​နန်း​တင်​နန်း​ချ​တော်​မူ​၏။ \q1 ကိုယ်​တော်​သည်​လူ​တို့​အား​ဉာဏ်​ပ​ညာ​နှင့် အ​သိ​တ​ရား​ကို​ပေး​တော်​မူ​၏။ \q1 \v 22 ကိုယ်​တော်​သည်​လျှို့​ဝှက်​နက်​နဲ​သည့် အ​ရာ​များ​ကို​ထုတ်​ဖော်​တော်​မူ​၏။ \q2 မှောင်​မိုက်​တွင်​ဖုံး​ကွယ်​နေ​သည့် အ​ရာ​များ​ကို​သိ​တော်​မူ​၏။ \q1 ကိုယ်​တော်​အား​အ​လင်း​ဝိုင်း​ရံ​လျက်​ရှိ​၏။ \q1 \v 23 အ​ကျွန်ုပ်​၏​ဘိုး​ဘေး​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၊ \q2 ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​အား​ဉာဏ်​ပ​ညာ နှင့် အ​စွမ်း​သတ္တိ​ကို​ပေး​သ​နား​၍ \q1 အ​ကျွန်ုပ်​တောင်း​လျှောက်​သည့်​အ​တိုင်း မင်း​ကြီး ၏​အိပ်​မက်​ကို \q2 ဖွင့်​ပြ​တော်​မူ​သော​ကျေး​ဇူး​တော်​ကို ချီး​မွမ်း ထော​မ​နာ​ပြု​ပါ​၏။'' \s1 မင်း​ကြီး​အိပ်​မက်​နှင့်​အိပ်​မက်​၏​အ​နက်​ကို ဒံ​ယေ​လ​ရှင်း​ပြ​ခြင်း \p \v 24 သို့​ဖြစ်​၍​ဒံ​ယေ​လ​သည် ဗာ​ဗု​လုန်​မြို့​က ပ​ညာ​ရှိ​တို့​အား ကွပ်​မျက်​ရန်​မင်း​ကြီး​တာ​ဝန် ပေး​အပ်​ထား​သူ​အာ​ရုတ်​၏​ထံ​သို့​သွား​၍``ထို သူ​တို့​အား​မ​ကွပ်​မျက်​ပါ​နှင့်။ အ​ကျွန်ုပ်​အား ဘု​ရင်​၏​ထံ​တော်​သို့​ခေါ်​ဆောင်​သွား​ပါ။ အ ကျွန်ုပ်​သည်​မင်း​ကြီး​၏​အိပ်​မက်​ကို​အ​နက် ဖွင့်​ပြ​ပါ​မည်'' ဟု​ဆို​၏။ \p \v 25 ထို​အ​ခါ​အာ​ရုတ်​သည်​ချက်​ချင်း​ပင်​ဒံ​ယေ​လ ကို မင်း​ကြီး​၏​ရှေ့​တော်​သို့​သွင်း​ပြီး​လျှင်​မင်း ကြီး​အား``အ​ကျွန်ုပ်​သည်​ယု​ဒ​အ​မျိုး​သား သုံ့​ပန်း​များ​ထဲ​မှ မင်း​ကြီး​၏​အိပ်​မက်​အ​နက် ကို​ဖော်​ပြ​နိုင်​သူ​ကို​တွေ့​ရှိ​ပါ​ပြီ'' ဟု​လျှောက် လေ​၏။ \p \v 26 မင်း​ကြီး​က(ဗေ​လ​တ​ရှာ​ဇာ​ဟု​လည်း​နာ​မည် တွင်​သော) ဒံ​ယေ​လ​အား``သင်​သည်​ငါ​၏​အိပ် မက်​ကို​လည်း​ကောင်း၊ ထို​အိပ်​မက်​၏​အ​နက် ကို​လည်း​ကောင်း​ဖော်​ပြ​နိုင်​ပါ​သ​လော'' ဟု​မေး​တော်​မူ​၏။ \p \v 27 ဒံ​ယေ​လ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​၏ မေး​ခွန်း​ကို​ဖြေ​ကြား​နိုင်​သော​မှော်​ဆ​ရာ၊ ပ​ယော​ဂ​ဆ​ရာ၊ ဗေ​ဒင်​ဆ​ရာ၊ နက္ခတ် ဆ​ရာ​မ​ရှိ​ပါ။- \v 28 သို့​ရာ​တွင်​လျှို့​ဝှက်​ခက်​ခဲ​သော​အ​ရာ​များ ကို ဖွင့်​ပြ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော်​မူ​ပါ​၏။ ထို​ဘု​ရား သည်​အ​နာ​ဂတ်​ကာ​လ​၌​အ​ဘယ်​သို့​ဖြစ် ပျက်​မည်​ကို အ​ရှင်​မင်း​ကြီး​အား​ဖွင့်​ပြ တော်​မူ​ပါ​ပြီ။ အ​ရှင်​မင်း​ကြီး​စက်​တော် ခေါ်​လျက်​နေ​စဉ် မြင်​မက်​သည့်​အိပ်​မက်​ကို ယ​ခု​အ​ကျွန်ုပ်​ဖော်​ပြ​ပါ​မည်။ \p \v 29 ``အ​ရှင်​မင်း​ကြီး​သည်​စက်​တော်​ခေါ်​လျက် နေ​စဉ် အ​နာ​ဂတ်​၌​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ အ​ကြောင်း​ကို​အိပ်​မက်​မြင်​မက်​တော်​မူ​ပါ​၏။ လျှို့​ဝှက်​ခက်​ခဲ​သော​အ​ရာ​တို့​ကို​ဖွင့်​ပြ​တော် မူ​သော ဘု​ရား​သ​ခင်​သည်​နောင်​ဖြစ်​လတ္တံ့ သော​အ​မှု​အ​ရာ​တို့​ကို​အ​ရှင့်​အား​ဖွင့်​ပြ တော်​မူ​ပါ​၏။- \v 30 ဘု​ရား​သ​ခင်​သည်​ယင်း​သို့​လျှို့​ဝှက်​ခက်​ခဲ သည့်​အ​ရာ​ကို အ​ကျွန်ုပ်​အား​သိ​စေ​တော် မူ​သည်​မှာ​အ​ကျွန်ုပ်​သည် အ​ခြား​သူ​အ​ပေါင်း တို့​ထက်​ပို​၍​အ​သိ​ပ​ညာ​ရှိ​သော​ကြောင့် မ​ဟုတ်​ပါ။ အ​ရှင်​မင်း​ကြီး​အား​အိပ်​မက်​၏ အ​နက်​ကို​သိ​ရှိ​စေ​ရန်​နှင့် နှ​လုံး​တော်​ဆင် ခြင်​ချက်​များ​ကို​နား​လည်​လာ​စေ​ရန်​ပင် ဖြစ်​ပါ​၏။ \p \v 31 ``အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည်​အိပ်​မက် တွင်​အ​လွန်​ကြီး​မား​တောက်​ပ​ပြောင်​လက် ၍​ကြောက်​မက်​ဖွယ်​ကောင်း​သော​လူ​ရုပ်​တု ကြီး​ကို​မြင်​တော်​မူ​ပါ​၏။- \v 32 ထို​ရုပ်​တု​ကြီး​၏​ဦး​ခေါင်း​သည်​ရွှေ​စင်​ဖြင့် ပြီး​ပါ​၏။ ရင်​ဘတ်​နှင့်​လက်​နှစ်​ဖက်​ကို​ငွေ ဖြင့်​လုပ်​ထား​ပြီး​လျှင် ဝမ်း​နှင့်​ပေါင်​တို့​ကို ကြေး​ဝါ​ဖြင့်​ပြု​လုပ်​ထား​လေ​သည်။- \v 33 ခြေ​သ​လုံး​ကို​သံ​ဖြင့်​ပြု​လုပ်​၍​ခြေ​ဖ​မိုး နှင့် ခြေ​ဖ​ဝါး​တို့​မှာ​သံ​တစ်​ပိုင်း​ရွှံ့​စေး သ​ရွတ်​တစ်​ပိုင်း​ဖြစ်​ပါ​၏။- \v 34 ထို​ရုပ်​တု​ကြီး​ကို​အ​ရှင်​မင်း​ကြီး​ကြည့် လျက်​နေ​စဉ် ကျောက်​ခဲ​ကြီး​တစ်​လုံး​သည် တောင်​ပေါ်​မှ​အ​လို​အ​လျောက်​ပြုတ်​ထွက် လာ​ပြီး​လျှင် သံ​နှင့်​ရွှံ့​စေး​သ​ရွတ်​ဖြင့်​ပြီး သည့်​ရုပ်​တု​ကြီး​ခြေ​များ​ကို​ထိ​မှန်​ကျိုး ပဲ့​သွား​စေ​ပါ​၏။- \v 35 ချက်​ချင်း​ပင်​သံ၊ ရွှံ့​စေး​သ​ရွတ်၊ ကြေး​ဝါ၊ ငွေ​နှင့်​ရွှေ​တို့​သည်​ကြေ​မွ​၍​သွား​ပါ​၏။ ယင်း​တို့​သည်​နွေ​ရာ​သီ​ကောက်​နယ်​တ​လင်း က မြေ​မှုန့်​များ​သ​ဖွယ်​လေ​တိုက်​ရာ​သို့ လွင့်​ပါ​သွား​လေ​သည်။ အ​စ​အ​န​တစ်​စုံ တစ်​ရာ​မျှ​ပင်​မ​ကျန်​ခဲ့​ပါ။ သို့​ရာ​တွင် ကျောက်​ခဲ​ကြီး​မူ​ကား​ကမ္ဘာ​မြေ​တစ်​ပြင် လုံး​ကို​လွှမ်း​မိုး​သည့်​တောင်​ကြီး​ဖြစ်​လာ ပါ​၏။ \p \v 36 ``ဤ​ကား​အ​ရှင်​မင်း​ကြီး​၏​အိပ်​မက်​ဖြစ် ပါ​၏။ ယ​ခု​ဤ​အိပ်​မက်​၏​အ​နက်​ကို အ​ကျွန်ုပ်​လျှောက်​ထား​ပါ​မည်။- \v 37 အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သည်​ဘု​ရင်​တ​ကာ တို့​တွင် အ​ကြီး​မြတ်​ဆုံး​ဖြစ်​တော်​မူ​ပါ​၏။ ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​သည်​အ​ရှင့် အား ထီး​နန်း​ကို​အပ်​နှင်း​တော်​မူ​၍​တန်​ခိုး စွမ်း​ရည်၊ ဘုန်း​အ​သ​ရေ​တို့​ဖြင့်​ပြည့်​စုံ စေ​တော်​မူ​ပါ​ပြီ။- \v 38 ကိုယ်​တော်​သည်​အ​ရှင့်​အား​လူ​တို့​နေ​ထိုင် ရာ​ကမ္ဘာ​မြေ​ပြင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တိ​ရစ္ဆာန်​နှင့်​ငှက်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း အ​စိုး​ရ​စေ​တော်​မူ​ပါ​၏။ အ​ရှင်​မင်း​ကြီး သည်​ရုပ်​တု​ကြီး​၏​ရွှေ​ဦး​ခေါင်း​ဖြစ်​တော် မူ​ပါ​၏။- \v 39 အ​ရှင်​မ​ရှိ​သည့်​နောက်​၌​အ​ရှင်​၏​အင်​ပါ​ယာ နိုင်​ငံ​တော်​မျှ​လောက် မ​ကြီး​မြတ်​သည့်​အင်​ပါ ယာ​နိုင်​ငံ​တစ်​ခု​တည်​ရှိ​ပါ​လိမ့်​မည်။ ထို​နောက် ကြေး​ဝါ​နိုင်​ငံ​တည်း​ဟူ​သော​တ​တိ​ယ​အင် ပါ​ယာ​နိုင်​ငံ​ပေါ်​ထွန်း​ပါ​လိမ့်​မည်။ ထို​အင် ပါ​ယာ​နိုင်​ငံ​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ကို အ​စိုး​ရ​ပါ​လိမ့်​မည်။- \v 40 ထို​နောက်​သံ​ကဲ့​သို့​တောင့်​တင်း​ခိုင်​မာ​သော စ​တုတ္ထ​အင်​ပါ​ယာ​နိုင်​ငံ​ပေါ်​ထွန်း​လာ​ပါ လိမ့်​မည်။ သံ​သည်​အ​ရာ​ခပ်​သိမ်း​ကို​ကျိုး​ပဲ့ ကြေမွ​စေ​တတ်​သ​ကဲ့​သို့ ထို​နိုင်​ငံ​သည် အခြား​နိုင်​ငံ​တို့​ကို​ချေ​မှုန်း​ပါ​လိမ့်​မည်။- \v 41 ရုပ်​တု​ကြီး​၏​ခြေ​ဖ​မိုး​နှင့်​ခြေ​ချောင်း​များ သည်​ရွှံ့​စေး​သ​ရွတ်​တစ်​ပိုင်း၊ သံ​တစ်​ပိုင်း​ဖြစ် ကြောင်း​ကို​အ​ရှင်​မင်း​ကြီး​တွေ့​မြင်​တော်​မူ ရ​သည်​နှင့်​အ​ညီ အင်​ပါ​ယာ​နိုင်​ငံ​သည်​စိတ် ဝမ်း​ကွဲ​ပြား​သော​နိုင်​ငံ​ဖြစ်​ပါ​လိမ့်​မည်။ သံ နှင့်​ရွှံ့​စေး​သ​ရွတ်​ရော​၍​နေ​သည်​ကို​ထောက် ၍ ထို​နိုင်​ငံ​တွင်​သံ​ကဲ့​သို့​ခိုင်​မာ​တောင့်​တင်း မှု​အ​ချို့​အ​ဝက်​ရှိ​ပါ​လိမ့်​မည်။- \v 42 ခြေ​ချောင်း​များ​သည်​သံ​တစ်​ပိုင်း​ရွှံ့​စေး သ​ရွတ်​တစ်​ပိုင်း​ဖြစ်​သည်​နှင့်​အ​ညီ ထို​နိုင်​ငံ သည်​ခွန်​အား​ကြီး​သော်​လည်း​အ​လွယ်​တ​ကူ ချေ​မှုန်း​ခြင်း​ကို​ခံ​ရ​ပါ​လိမ့်​မည်။- \v 43 သံ​ကို​ရွှံ့​စေး​သ​ရွတ်​နှင့်​ရော​စပ်​ထား​သည် ကို​လည်း အ​ရှင်​မြင်​တော်​မူ​သည်​အ​တိုင်း ထို​အင်​ပါ​ယာ​နိုင်​ငံ​ကို​အုပ်​ချုပ်​သော ဘု​ရင်​တို့​သည်​မိ​မိ​တို့​၏​အိမ်​ထောင်​စု​သား တို့​အား အ​ချင်း​ချင်း​ထိမ်း​မြား​လက်​ထပ် ခြင်း​အား​ဖြင့် စည်း​ရုံး​မှု​ရ​ရှိ​ရန်​ကြိုး​စား ကြ​ပါ​လိမ့်​မည်။ သို့​ရာ​တွင်​သံ​နှင့်​ရွှံ့​စေး သ​ရွတ်​ကို​ရော​စပ်​၍​မ​ရ​သ​ကဲ့​သို့ သူ​တို့ သည်​လည်း​ပေါင်း​ဖော်​၍​ရ​ကြ​မည်​မ​ဟုတ် ပါ။- \v 44 အ​ထက်​ဖော်​ပြ​ပါ​ဘု​ရင်​များ​နန်း​စံ​လျက် နေ​ချိန်​၌​ပင်​လျှင် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​အ​ခါ​မျှ​မ​ပျက်​စီး နိုင်​သည့် နိုင်​ငံ​တစ်​ခု​ကို​တည်​ထောင်​တော်​မူ ပါ​လိမ့်​မည်။ ထို​နိုင်​ငံ​ကို​အ​ဘယ်​အခါ​၌ မျှ​နှိမ်​နင်း​၍​ရ​မည်​မ​ဟုတ်​ပါ။ ယင်း​သည် အ​ခြား​နိုင်​ငံ​ရှိ​သ​မျှ​ကို​ဖြို​ခွင်း​ပြီး နောက် အ​စဉ်​အ​မြဲ​တည်​ပါ​လိမ့်​မည်။- \v 45 တောင်​ပေါ်​မှ​ကျောက်​တုံး​တစ်​လုံး​သည် အ​လို​အ​လျောက်​ပြုတ်​ထွက်​လာ​ကာ သံ၊ ကြေး​ဝါ၊ ရွှံ့​စေး​သ​ရွတ်၊ ငွေ၊ ရွှေ​တို့​ဖြင့် ပြု​လုပ်​ထား​သော​ရုပ်​တု​ကြီး​အား​ထိ မှန်​သွား​ပုံ​ကို​အ​ရှင်​မြင်​တော်​မူ​ခဲ့​ပါ​၏။ ကြီး​မြတ်​တော်​မူ​သော​ဘုရား​သခင်​သည် အ​ရှင့်​အား နောင်​ဖြစ်​လတ္တံ့​သော​အ​မှု အ​ရာ​တို့​ကို​ဖွင့်​ပြ​တော်​မူ​ခြင်း​ပင် ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ရှင်​မြင်​မက် သည့်​အ​တိုင်း အိပ်​မက်​တော်​ကို​တိ​ကျ စွာ​ဖော်​ပြ​၍ အိပ်​မက်​၏​အ​နက်​အ​မှန် ကို​လည်း​အ​ရှင့်​အား​ဖော်​ပြ​ပြီး​ပါ ပြီ'' ဟု​လျှောက်​၏။ \s1 ဒံ​ယေ​လ​အား​ဆု​တော်​လာဘ်​တော်​များ ပေး​သ​နား​တော်​မူ​ခြင်း \p \v 46 ထို​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည်​ဒံ​ယေ​လ ၏​ရှေ့​တွင်​မြေ​သို့​တိုင်​အောင်​ဦး​ညွှတ်​တော်​မူ ပြီး​လျှင် ဒံ​ယေ​လ​အား​ယဇ်​နှင့်​ပူ​ဇော်​သကာ များ​ဆက်​ကပ်​ကြ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။- \v 47 မင်း​ကြီး​က``သင်​သည်​ဤ​လျှို့​ဝှက်​ခက်​ခဲ သော​အ​မှု​တို့​ကို​ဖြေ​ရှင်း​နိုင်​သည်​ဖြစ်​၍ သင်​၏​ဘု​ရား​သ​ခင်​သည်​ဘု​ရား​တ​ကာ တို့​ထက်​ကြီး​မြတ်​တော်​မူ​ပါ​၏။ ဘု​ရင် တ​ကာ​တို့​ကို​အ​စိုး​ရ​သော​အ​ရှင်၊ လျှို့ ဝှက်​ခက်​ခဲ​သော​အ​ရာ​တို့​ကို​ဖွင့်​ပြ​တော် မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏'' ဟု​ဆို​၏။ \p \v 48 ထို​နောက်​မင်း​ကြီး​သည်​ဒံ​ယေ​လ​အား​ကြီး မြင့်​သော​ရာ​ထူး​ဖြင့်​ချီး​မြှင့်​တော်​မူ​ပြီး လျှင် အ​ဖိုး​တန်​ဆု​တော်​လာဘ်​တော်​အ​မြောက် အ​မြား​ကို​ပေး​အပ်​ကာ​ဗာ​ဗု​လုန်​နိုင်​ငံ​ရှိ အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​အ​ပေါင်း​တို့​၏​ခေါင်း ဆောင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဗာ​ဗု​လုန် ပြည်​နယ်​ကို​အုပ်​စိုး​ရ​သော​မင်း​အ​ဖြစ် ဖြင့်​လည်း​ကောင်း​ခန့်​ထား​တော်​မူ​၏။- \v 49 ဒံ​ယေ​လ​၏​ပန်​ကြား​ချက်​အ​ရ​မင်း​ကြီး သည်​ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ​နေ​ဂေါ တို့​အား​ဗာ​ဗု​လုန်​ပြည်​နယ်​အုပ်​ချုပ်​ရေး တာ​ဝန်​များ​ကို​အပ်​နှင်း​တော်​မူ​၏။ ဒံ​ယေ​လ ကို​မူ​ကား​နန်း​တော်​တွင်း​၌​အ​မှု​ထမ်း​စေ တော်​မူ​၏။ \c 3 \s1 ရွှေ​ရုပ်​တု​ကြီး​ကို​ဦး​ညွတ်​ရှိ​ခိုး​ရန် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​အ​မိန့်​ထုတ်​ပြန်​ခြင်း \p \v 1 နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည်​အ​မြင့်​ပေ​ကိုး ဆယ်၊ အ​နံ​ကိုး​ပေ​ရှိ​သော​ရွှေ​ရုပ်​ကြီး​ကို သွန်း​လုပ်​စေ​ပြီး​လျှင်​ဗာ​ဗု​လုန်​ဒု​ရ​လွင် ပြင်​တွင်​တည်​ထား​စေ​တော်​မူ​၏။- \v 2 မင်း​ကြီး​သည်​မင်း​ညီ​မင်း​သား​များ၊ ဘု​ရင်​ခံ များ၊ ဒု​တိ​ယ​ဘု​ရင်​ခံ​များ၊ တိုင်း​မင်း​ကြီး များ၊ ငွေ​တိုက်​စိုး​များ၊ တ​ရား​သူ​ကြီး​များ၊ ရဲ​မှူး​များ​အ​စ​ရှိ​သည့်​အ​ရာ​ရှိ​အ​ပေါင်း တို့​အား မိ​မိ​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး အ​နု​မော​ဒ​နာ​ပွဲ​ကို​တက်​ရောက်​ကြ​ရန် အ​မိန့်​ပေး​တော်​မူ​၏။- \v 3 အ​ရာ​ရှိ​အ​ပေါင်း​တို့​သည်​ရွှေ​ရုပ်​ကြီး ၏​ရှေ့​တွင်​ရပ်​နေ​ကြ​သော​အ​ခါ၊- \v 4 သံ​တော်​ဆင့်​တစ်​ဦး​က``ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​ဆို​ကြ​သော​လူ​မျိုး အ​သီး​သီး​နှင့်​နိုင်​ငံ​အ​သီး​သီး​က​လူ အ​ပေါင်း​တို့၊- \v 5 သင်​တို့​သည်​တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​ကြား ရ​ပြီး​နောက်​ပ​လွေ၊ ပတ်​သာ၊ စောင်း​ကြီး၊ စောင်း ငယ်​တို့​ကို​တီး​မှုတ်​သံ​ကို​လည်း​ကောင်း၊ ထို နောက်​အ​ခြား​တူ​ရိ​ယာ​များ​တီး​မှုတ်​သံ ကို​လည်း​ကောင်း​ကြား​ကြ​လိမ့်​မည်။ တူ​ရိ​ယာ တီး​မှုတ်​သံ​စ​သည်​နှင့်​တစ်​ပြိုင်​နက် နေ​ဗု​ခဒ် နေ​ဇာ​မင်း​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး​ကို သင်​တို့​ဦး​ညွှတ်​ရှိ​ခိုး​ကြ​စေ။- \v 6 ဦး​ညွှတ်​ရှိ​ခိုး​ခြင်း​မ​ပြု​သူ​မည်​သူ​မ​ဆို ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ​သော မီး​ဖို​ကြီး ထဲ​သို့​ချက်​ချင်း​ပစ်​ချ​ခြင်း​ကို​ခံ​စေ'' ဟု အ​သံ​ကျယ်​စွာ​ကြေ​ညာ​လေ​သည်။- \v 7 သို့​ဖြစ်​၍​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ပြော ဆို​သော​လူ​မျိုး​အ​သီး​သီး​နှင့် နိုင်​ငံ​အ​သီး သီး​က​လူ​တို့​သည်​တူ​ရိ​ယာ​တီး​မှုတ်​သံ ကို​ကြား​သည်​နှင့်​တစ်​ပြိုင်​နက် နေ​ဗု​ခဒ် နေ​ဇာ​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး​ကို​ဦး ညွှတ်​ရှိ​ခိုး​ကြ​ကုန်​၏။ \s1 ဒံ​ယေ​လ​၏​အ​ဖော်​သုံး​ဦး​အား ပြစ်​တင်​စွပ်​စွဲ​ခြင်း \p \v 8 ဗာ​ဗု​လုန်​ပြည်​သား​အ​ချို့​တို့​သည်​ယု​ဒ အ​မျိုး​သား​တို့​အား ပြစ်​တင်​ပြော​ဆို​ရန် အ​ခွင့်​ကောင်း​ကို​ယူ​၍၊- \v 9 နေ​ဗု​ခဒ်​နေ​ဇာ​မင်း​အား``အ​ရှင်​မင်း​ကြီး သက်​တော်​ရာ​ကျော်​ရှည်​ပါ​စေ။- \v 10 တူ​ရိ​ယာ​စ​တင်​တီး​မှုတ်​သည်​နှင့်​တစ်​ပြိုင် နက်​ရွှေ​ရုပ်​ကြီး​အား​လူ​တိုင်း​ဦး​ညွှတ်​ရှိ ခိုး​စေ။- \v 11 ထို​အ​ရုပ်​ကြီး​အား​ဦး​ညွှတ်​ခြင်း​မ​ပြု​သူ ဟူ​သ​မျှ​သည် ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ သော​မီး​ဖို​ကြီး​ထဲ​သို့​ပစ်​ချ​ခြင်း​ကို​ခံ​စေ ဟူ​၍​အ​ရှင်​အ​မိန့်​တော်​ထုတ်​ပြန်​ခဲ့​ပါ​၏။- \v 12 ဗာ​ဗု​လုန်​နယ်​ကို​အုပ်​ချုပ်​ရန်​အ​ရှင်​မင်း ကြီး​တာ​ဝန်​ပေး​ထား​သူ​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​ဟူ​သော​ယု​ဒ​အ​မျိုး သား​များ​သည် အ​ရှင်​၏​အ​မိန့်​တော်​ကို မ​နာ​ခံ​ဘဲ​နေ​ကြ​ပါ​၏။ သူ​တို့​သည် အ​ရှင်​၏​ဘု​ရား​ကို​ရှိ​မ​ခိုး​ကြ​ပါ။ အရှင် တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး​ကို​လည်း​ဦး မ​ညွှတ်​ကြ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။ \p \v 13 ထို​အ​ခါ​မင်း​ကြီး​သည်​ပြင်း​စွာ​အ​မျက် ထွက်​တော်​မူ​သ​ဖြင့် ထို​သူ​သုံး​ယောက်​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့​ရန်​အ​မိန့် ပေး​တော်​မူ​၏။- \v 14 မင်း​ကြီး​က``ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ နေ​ဂေါ​တို့ သင်​တို့​သည်​ငါ​၏​ဘု​ရား​ကို​ရှိ မ​ခိုး၊ ငါ​စိုက်​ထူ​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး ကို​ဦး​မ​ညွှတ်​ဘဲ​နေ​ကြ​သည်​ဟု​ဆို​သည် မှာ​မှန်​သ​လော။- \v 15 ယ​ခု​သင်​တို့​သည်​တံ​ပိုး​ခ​ရာ၊ ပ​လွေ၊ စောင်း ငယ်၊ ပတ်​သာ၊ စောင်း​ကြီး​နှင့်​အ​ခြား​တူ​ရိ ယာ​များ​တီး​မှုတ်​သံ​ကို​ကြား​သည်​နှင့်​တစ် ပြိုင်​နက်​ရွှေ​ရုပ်​ကြီး​ကို​ဦး​ညွှတ်​ရှိ​ခိုး​ကြ လော့။ အ​ကယ်​၍​ရှိ​မ​ခိုး​ကြ​ပါ​က​သင်​တို့ သည်​ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ​သော​မီး ဖို​ထဲ​သို့​ချက်​ချင်း​ပစ်​ချ​ခြင်း​ကို​ခံ​ရ ကြ​လတ္တံ့။ သင်​တို့​အား​ကယ်​နိုင်​မည့်​ဘု​ရား ရှိ​သည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​လော'' ဟု​မိန့်​တော်​မူ​၏။ \p \v 16 ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့ က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​တို့​သည်​မိ​မိ တို့​အ​တွက်​ထု​ချေ​လျှောက်​လဲ​ကြ​မည် မ​ဟုတ်​ပါ။- \v 17 အ​ကျွန်ုပ်​တို့​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် သည် အ​ကျွန်ုပ်​တို့​အား​ပြင်း​စွာ​အ​လျှံ​ထ လျက်​ရှိ​သော​မီး​ဖို​ကြီး​ထဲ​မှ​လည်း​ကောင်း၊ အ​ရှင်​၏​လက်​မှ​လည်း​ကောင်း​ကယ်​နိုင် လျှင်​လည်း​ကယ်​တော်​မူ​မည်။-\f 2 \fr 3:17 \ft * \ft အ​ကျွန်ုပ်​တို့ --- ကယ်​တော်​မူ​မည်။ သို့ မ​ဟုတ်​အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​၏​ဘုရား အား​ဦး​ညွှတ်​ရှိ​ခိုး​ခြင်း​မ​ပြု​သည်​မှန်​ပါ က​အ​ကျွန်ုပ်​တို့​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် သည်​အ​လျှံ​ထ​သော​မီး​ဖို​ကြီး​မှ​လည်း ကောင်း​အ​ရှင်​၏​လက်​မှ​လည်း​ကောင်း​ကယ် တော်​မူ​မည်။ အ​မှန်​ကယ်​တော်​မူ​မည်။\f* \v 18 ကယ်​တော်​မ​မူ​လျှင်​လည်း​အ​ကျွန်ုပ်​တို့ သည်​အ​ရှင်​၏​ဘု​ရား​ကို​ရှိ​မ​ခိုး၊ အ​ရှင် ၏​ရွှေ​ရုပ်​ကြီး​ကို​လည်း​ဦး​မ​ညွှတ်​ကြောင်း သိ​မှတ်​တော်​မူ​ပါ'' ဟု​ပြန်​လည်​လျှောက် ထား​ကြ​၏။ \s1 ဒံ​ယေ​လ​၏​အ​ဖော်​သုံး​ဦး​အား​မီး​ဖို​ကြီး​ထဲ​သို့ ပစ်​ချ​ခြင်း \p \v 19 ထို​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​သည်​မိ​မိ​စိတ်​ကို မ​ချုပ်​တည်း​နိုင်​တော့​ဘဲ ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့် အ​ဗေ​ဒ​နေ​ဂေါ​တို့​အ​ပေါ်​တွင်​အ​မျက်​ထွက် ကာ​မျက်​နှာ​နီ​မြန်း​၍​လာ​တော်​မူ​၏။ ထို ကြောင့်​မင်း​ကြီး​သည်​မီး​ဖို​ကြီး​ကို​ခု​နစ်​ဆ မျှ​ပို​၍​ပူ​အောင်​မီး​ထိုး​စေ​တော်​မူ​ပြီး​လျှင်၊- \v 20 မိ​မိ​၏​တပ်​မ​တော်​တွင်​ခွန်​အား​အ​ကြီး​မား ဆုံး​သော​သူ​တို့​အား ထို​သူ​သုံး​ယောက်​ကို ပြင်း​စွာ​အ​လျှံ​ထ​လျက်​ရှိ​သော​မီး​ဖို​ကြီး ထဲ​သို့​ပစ်​ချ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။- \v 21 သို့​ဖြစ်​၍​သူ​တို့​သည်​ထို​သူ​သုံး​ယောက်​တို့ အား​ဘောင်း​ဘီ၊ အင်္ကျီ၊ ဝတ်​လုံ​အင်္ကျီ​အ​စ​ရှိ သည့်​အ​ဝတ်​တန်​ဆာ​များ​နှင့်​တ​ကွ​တုပ် နှောင်​ပြီး​လျှင် ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ သော​မီး​ဖို​ကြီး​ထဲ​သို့​ပစ်​ချ​လိုက်​ကြ​၏။- \v 22 မင်း​ကြီး​ကြပ်​တည်း​စွာ​မိန့်​မှာ​တော်​မူ​ခဲ့​သည့် အ​တိုင်း မီး​ဖို​ကြီး​ကို​အ​လွန့်​အ​လွန်​ပူ​အောင် ပြု​လုပ်​ထား​သ​ဖြင့်​ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ ဒ​နေ​ဂေါ​တို့​အား​မီး​ဖို​ကြီး​သို့​သယ်​ဆောင် လာ​သော​သူ​တို့​သည် မီး​လျှံ​အ​ရှိန်​ကြောင့် သေ​ကြ​ကုန်​၏။- \v 23 သို့​ဖြစ်​၍​ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ တို့​သည် တုပ်​နှောင်​လျက်​ပင်​ပြင်း​စွာ​အ​လျှံ ထ​လျက်​နေ​သော​မီး​ဖို​ကြီး​ထဲ​သို့​ကျ ရောက်​သွား​ကြ​လေ​သည်။ \p \v 24 ထို​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​သည်​အံ့​အား​သင့် လျက် ရုတ်​တ​ရက်​ထ​တော်​မူ​ပြီး​လျှင် မိ​မိ ၏​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ​အား``ငါ​တို့ သည်​လူ​သုံး​ယောက်​တို့​ကို​တုပ်​နှောင်​၍​ပြင်း စွာ​အ​လျှံ​ထ​လျက်​ရှိ​သည့်​မီး​ဖို​ကြီး​ထဲ သို့​ပစ်​ချ​ခဲ့​ကြ​သည်​မ​ဟုတ်​ပါ​လော'' ဟု မေး​တော်​မူ​၏။ \p \v 25 ထို​သူ​တို့​က``မှန်​ပါ​သည်​အ​ရှင်​မင်း​ကြီး'' ဟု​လျှောက်​ထား​လျှင်၊ \p မင်း​ကြီး​က``ယင်း​သို့​ဖြစ်​ပါ​မူ​မီး​ထဲ​တွင် လူ​လေး​ယောက်​သွား​လာ​နေ​သည်​ကို​အ​ဘယ် ကြောင့်​ငါ​မြင်​ရ​ပါ​သ​နည်း။ သူ​တို့​အား တုပ်​နှောင်​ထား​ခြင်း​လည်း​မ​ရှိ၊ သူ​တို့​သည် မီး​လောင်​ခံ​ကြ​ရ​ပုံ​လည်း​မ​ပေါ်။ ထို့​ပြင် စ​တုတ္ထ​လူ​သည်​ကောင်း​ကင်​တမန်\f 3 \fr 3:25 \ft * \+fk ကောင်း​ကင်​တ​မန်။ \ft သို့​မ​ဟုတ်​ဘု​ရား​များ​၏​သား။ သို့​မ​ဟုတ် ဘု​ရား​သ​ခင်​၏​သား။\f* နှင့်​တူ​သည်'' ဟု​မိန့်​တော်​မူ​၏။ \s1 ထို​သူ​သုံး​ဦး​တို့​အား​အ​ပြစ်​ဒဏ်​မှ​လွတ်​ငြိမ်း​ခွင့် ပေး​၍​ရာ​ထူး​တိုး​တက်​ချီး​မြှင့်​တော်​မူ​ခြင်း \p \v 26 သို့​ဖြစ်​၍​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ပြင်း​စွာ အ​လျှံ​ထ​လျက်​နေ​သော​မီး​ဖို​ကြီး​အ​ဝ သို့​ချဉ်း​ကပ်​ပြီး​လျှင်``အ​မြင့်​မြတ်​ဆုံး​သော ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့၊ မီး​ဖို​ထဲ​မှ​ထွက်​လာ ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​သူ​တို့ သည်​ချက်​ချင်း​ပင်​ထွက်​လာ​ကြ​၏။- \v 27 မင်း​ညီ​မင်း​သား​များ၊ ဘု​ရင်​ခံ​များ၊ ဒု​တိ​ယ ဘု​ရင်​ခံ​များ​နှင့်​ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​ရာ ရှိ​အ​ပေါင်း​တို့​သည် မီး​လောင်​ခြင်း​မ​ခံ​ရ ကြ​သော​လူ​သုံး​ဦး​တို့​ကို​ဝိုင်း​၍​ကြည့်​ရှု​ကြ ကုန်​၏။ ထို​သူ​တို့​၏​ဆံ​ခြည်​ပင်​တစ်​ပင်​မျှ မီး​မ​မြိုက်။ အ​ဝတ်​အင်္ကျီ​များ​သည်​မီး​မ​လောင်၊ သူ​တို့​ကိုယ်​မှ​မီး​ခိုး​နံ့​လည်း​မ​ရ။ \p \v 28 မင်း​ကြီး​က``ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ နေ​ဂေါ​တို့​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ကောင်း ကင်​တ​မန်​ကို​စေ​လွှတ်​တော်​မူ​၍ မိ​မိ​ကို​ယုံ ကြည်​ကိုး​စား​ကြ​သော​ဤ​သူ​သုံး​ဦး​တို့ အား​ကယ်​တင်​တော်​မူ​၏။ သူ​တို့​သည်​မိ​မိ တို့​၏​ဘု​ရား​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​ကို ဦး​ညွှတ်​ရှိ​ခိုး​မည့်​အ​စား မိ​မိ​တို့​အ​သက် ဘေး​ကို​ပင်​ပ​မာ​ဏ​မ​ပြု​ဘဲ​ငါ​၏​အ​မိန့် ကို​ဖီ​ဆန်​ခဲ့​ကြ​၏။ \p \v 29 ``ထို​ကြောင့်​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ကို ပြော​ဆို​သော​လူ​မျိုး​အ​သီး​သီး​နှင့်​နိုင်​ငံ အ​သီး​သီး​က​မည်​သူ​မ​ဆို​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့​၏​ဘု​ရား​အား​မ​ရို မ​သေ​ပြော​ဆို​သည်​ဆို​အံ့၊ ထို​သူ​အား​အ​ပိုင်း ပိုင်း​ဖြတ်​၍​နေ​အိမ်​ကို​လည်း ပြာ​ပုံ​ဖြစ်​စေ ဟု​ယ​ခု​ငါ​အ​မိန့်​ပေး​၏။ ထို​သူ​သုံး​ဦး​တို့ ၏​ဘု​ရား​ကဲ့​သို့​အ​ဘယ်​ဘု​ရား​မျှ​မ​ကယ် တင်​နိုင်'' ဟု​မိန့်​တော်​မူ​၏။ \p \v 30 ထို​နောက်​မင်း​ကြီး​သည် ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့် အ​ဗေ​ဒ​နေ​ဂေါ​တို့​အား ဗာ​ဗု​လုန်​ပြည် နယ်​တွင်​ပို​မို​ကြီး​မြင့်​သည့်​ရာ​ထူး​များ ဖြင့်​ချီး​မြှင့်​တော်​မူ​လေ​သည်။ \c 4 \s1 နေ​ဗု​ခဒ်​နေ​ဇာ​မင်း​၏​ဒု​တိ​ယ​အိပ်​မက် \p \v 1 နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည်​ကမ္ဘာ​ပေါ်​ရှိ​ဘာ​သာ စ​ကား​အ​မျိုး​မျိုး​ကို ပြော​ဆို​သော​လူ​မျိုး အ​ပေါင်း​တို့​ထံ​သို့ သ​ဝဏ်​လွှာ​တစ်​စောင်​ကို အောက်​ပါ​အ​တိုင်း​ပေး​ပို့​တော်​မူ​၏။ \p ``သင်​တို့​သည်​ချမ်း​မြေ့​သာ​ယာ​ကြ​ပါ​စေ သော။- \v 2 ငါ့​အား​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင် ပြ​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​များ​နှင့်​နိ​မိတ် လက္ခ​ဏာ​များ​အ​ကြောင်း​ကို​နား​ထောင်​ကြ လော့။ \q1 \v 3 ``ငါ​တို့​အား​ဘု​ရား​သ​ခင်​ပြ​တော်​မူ​သော \q2 အံ​သြ​ဖွယ်​ရာ​တို့​သည်​လွန်​စွာ​ကြီး​မြတ် ပါ​သည်​တ​ကား။ \q1 ကိုယ်​တော်​ပြ​တော်​မူ​သော​နိ​မိတ်​လက္ခ​ဏာ များ​သည် \q2 လွန်​စွာ​တန်​ခိုး​တော်​နှင့်​ပြည့်​စုံ​ပါ​သည်​တ​ကား။ \q1 ဘု​ရား​သ​ခင်​သည်​ထာ​ဝ​စဉ်​ဘု​ရင်​ဖြစ်​တော် မူ​၏။ \q2 ကိုယ်​တော်​သည်​လော​က​ကို​ကာ​လ​အ​စဉ် အုပ်​စိုး​တော်​မူ​လိမ့်​မည်။ \p \v 4 ``ငါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည်​နန်း​တော်​တွင် ချမ်း​မြေ့​စွာ စံ​မြန်း​လျက်​နေ​တော်​မူ​စဉ်​အိပ် ပျော်​ချိန်​၌၊- \v 5 ကြောက်​မက်​ဖွယ်​ကောင်း​သော​အိပ်​မက်​ကို မြင်​မက်​၍ ထိတ်​လန့်​ဖွယ်​ရာ​ရူ​ပါ​ရုံ​များ ကို​မြင်​ရ​၏။- \v 6 ငါ​သည်​အိပ်​မက်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မိ​မိ အား​ဖွင့်​ပြ​ရန် အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​အ​ပေါင်း တို့​ကို​ဆင့်​ခေါ်​ခဲ့​၏။- \v 7 ထို​အ​ခါ​ရှိ​ရှိ​သ​မျှ​သော​ဗေ​ဒင်​ဆ​ရာ၊ မျက် လှည့်​ဆ​ရာ၊ မှော်​ဆ​ရာ​နှင့်​နက္ခတ်​ဆ​ရာ​များ သည်​ရှေ့​တော်​သို့​ရောက်​ရှိ​လာ​ကြ​၏။ ငါ​သည် သူ​တို့​အား​ငါ​၏​အိပ်​မက်​ကို​ပြော​ပြ​သော် လည်း သူ​တို့​သည်​ထို​အိပ်​မက်​၏​အ​နက်​ကို မ​ဖော်​ပြ​နိုင်​ကြ​ပါ။- \v 8 ထို​နောက်(ငါ​ကိုး​ကွယ်​သော​ဘု​ရား​၏​နာ​မည် ဖြစ်​သည့်​ဗေ​လ​တ​ရှာ​ဇာ​ဟု​လည်း​နာ​မည် တွင်​သော) ဒံ​ယေ​လ​သည်​ငါ​၏​ရှေ့​တော်​သို့ ရောက်​ရှိ​လာ​လေ​သည်။ သန့်​ရှင်း​မြင့်​မြတ်​သည့် ဘု​ရား​တို့​၏​ဝိ​ညာဉ်​သည်​သူ​၏​အ​တွင်း​၌ ကိန်း​အောင်း​သ​ဖြင့် ငါ​သည်​သူ့​အား​ငါ​အ ဘယ်​သို့​အိပ်​မက်​မြင်​မက်​သည်​ကို​ပြော ပြ​၏။- \v 9 ငါ​က​သူ့​အား``ဗေ​ဒင်​ဆ​ရာ​တို့​၏​အကြီး အ​မှူး​ဖြစ်​သော​ဗေ​လ​တ​ရှာ​ဇာ၊ သင့်​အ​တွင်း ၌​သန့်​ရှင်း​မြင့်​မြတ်​သည့်​ဘု​ရား​တို့​၏​ဝိ​ညာဉ် ကိန်း​အောင်း​ကြောင်း​ကို​လည်း​ကောင်း၊ လျှို့​ဝှက် ခက်​ခဲ​သည့်​အ​ရာ​ခပ်​သိမ်း​ကို​သင်​နား​လည် ကြောင်း​ကို​လည်း​ကောင်း​ငါ​သိ​၏။ အိပ်​မက် တွင်​ငါ​တွေ့​မြင်​ရ​သည့်​ရူ​ပါ​ရုံ​အ​ကြောင်း ကို​နား​ထောင်​၍​အ​နက်​ကို​ငါ့​အား​ပြော ကြား​ပါ​လော့။ \p \v 10 ``ငါ​သည်​အိပ်​ပျော်​လျက်​နေ​စဉ်​ကမ္ဘာ​မြေ ပြင်​၏​အ​ထက်​ဗ​ဟို​၌​ရှိ​သော​သစ်​ပင် မြင့်​ကြီး​တစ်​ပင်​ကို​အိပ်​မက်​မြင်​မက်​၏။- \v 11 ထို​သစ်​ပင်​သည်​ကမ္ဘာ​မြေ​ပေါ်​တွင်​ရှိ​သ​မျှ သော​လူ​အ​ပေါင်း​တို့​မြင်​ရ​ကြ​သည်​တိုင် အောင် မိုး​ကောင်း​ကင်​အ​ထိ​မြင့်​မား​လာ လေ​သည်။- \v 12 ထို​သစ်​ပင်​၏​အ​ကိုင်း​အ​ခက်​တို့​သည်​လှ​ပ ဝေ​ဆာ​လျက် အ​သီး​လည်း​ပေါ​များ​သ​ဖြင့် တစ်​ကမ္ဘာ​လုံး​စား​သုံး​နိုင်​၏။ တော​တိ​ရစ္ဆာန် တို့​သည်​ထို​အ​ပင်​၏​အ​ရိပ်​တွင်​နား​နေ​ကြ​၏။ ငှက်​တို့​သည်​အ​ကိုင်း​အ​ခက်​များ​တွင်​အ​သိုက် လုပ်​ကြ​၏။ သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည် ထို​အ​ပင်​၏​အ​သီး​ကို​စား​ကြ​၏။ \p \v 13 ``ငါ​သည်​ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​တွေ့​မြင် ရ​ပုံ​ကို​စဉ်း​စား​ဆင်​ခြင်​လျက်​နေ​စဉ် နိုး ကြား​စောင့်​ကြည့်​သူ​ကောင်း​ကင်​တ​မန်​တစ် ပါး​ဆင်း​သက်​လာ​သည်​ကို​မြင်​ရ​၏။- \v 14 ကောင်း​ကင်​တ​မန်​က`ဤ​သစ်​ပင်​ကို​ခုတ်​ချ ၍​အ​ကိုင်း​တို့​ကို​ဖြတ်​တောက်​ပစ်​လော့။ အရွက် တို့​ကို​ချွေ​၍​အ​သီး​တို့​ကို​ကြဲ​ဖြန့်​ပစ်​လော့။ တိရစ္ဆာန်​တို့​ကို​ထို​သစ်​ပင်​ရိပ်​မှ​လည်း​ကောင်း၊ ငှက်​တို့​ကို​အ​ကိုင်း​အ​ခက်​များ​မှ​လည်း ကောင်း​မောင်း​ထုတ်​လော့။- \v 15 သို့​ရာ​တွင်​မြေ​တွင်​ရှိ​သည့်​သစ်​ငုပ်​ကို​မူ သံ​ကြိုး၊ ကြေး​ဝါ​ကြိုး​တို့​ဖြင့်​ချည်​နှောင် ၍​ကွင်း​ထဲ​၌​မြက်​တော​တွင်​ထား​ခဲ့​လော့။ \p ` ``ထို​သူ​အား​ဆီး​နှင်း​ထဲ​တွင်​တိ​ရစ္ဆာန်​များ၊ အ​ပင်​ငယ်​များ​နှင့်​အ​တူ​နေ​စေ​လော့။- \v 16 သူ​သည်​လူ​စိတ်​ပျောက်​လျက်​ခု​နစ်​နှစ်​တိုင် တိုင် တိ​ရစ္ဆာန်​စိတ်​ပေါက်​၍​နေ​လိမ့်​မည်။- \v 17 ဤ​ကား​နိုး​ကြား​စောင့်​ကြည့်​သူ​ကောင်း​ကင် တ​မန်​များ​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​တည်း။ သို့ ဖြစ်​၍​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင် သည် လော​ကီ​နိုင်​ငံ​များ​အ​ပေါ်​သို့​တန်​ခိုး အာ​ဏာ​လွှမ်း​မိုး​တော်​မူ​နိုင်​ကြောင်း​ကို​လည်း ကောင်း၊ ကိုယ်​တော်​သည်​အ​သိမ်​ငယ်​ဆုံး​သော သူ​ကို​ပင်​လျှင်​ရွေး​ချယ်​၍​မင်း​မြှောက်​တော် မူ​နိုင်​ကြောင်း​ကို​လည်း​ကောင်း အ​ရပ်​တ​ကာ ရှိ​လူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​စေ' ဟု​အ​သံ ကျယ်​စွာ​ကြွေး​ကြော်​၏။ \p \v 18 နေ​ဗု​ခဒ်​နေ​ဇာ​မင်း​က``ဤ​ကား​ငါ​မြင်​မက် သည့်​အိပ်​မက်ဖြစ်​၏။ အ​ချင်း​ဗေ​လ​တ​ရှာ​ဇာ၊ ယ​ခု​ငါ့​အား​ထို​အိပ်​မက်​၏​အ​နက်​ကို​ဖော် ပြ​ပါ​လော့။ ယင်း​ကို​ငါ​၏​အ​တိုင်​ပင်​ခံ အ​ရာ​ရှိ​တစ်​ယောက်​မျှ​မ​ဖော်​ပြ​နိုင်​ပါ။ သို့​ရာ​တွင်​သန့်​ရှင်း​မြင့်​မြတ်​သည့်​ဘုရား​တို့\f 4 \fr 4:18 \ft * \ft ဘု​ရား​တို့။ သို့​မ​ဟုတ်​ဘု​ရား​သ​ခင်။\f* ၏​ဝိ​ညာဉ်​သည်​သင့်​၏​အ​ထဲ​၌​ကိန်း​အောင်း သည်​ဖြစ်​၍​သင်​သည်​ထို​အိပ်​မက်​၏​အ​နက် ကို​ဖော်​ပြ​နိုင်​ပါ​၏'' ဟု​မိန့်​တော်​မူ​၏။ \s1 အိပ်​မက်​၏​အ​နက်​ကို​ဒံ​ယေ​လ​ဖော်​ပြ​ခြင်း \p \v 19 ထို​အ​ခါ​ဗေ​လ​တ​ရှာ​ဇာ​ဟု​လည်း​နာ​မည် တွင်​သော​ဒံ​ယေ​လ​သည် အ​လွန်​ထိတ်​လန့် သွား​သ​ဖြင့်​စ​ကား​ပင်​မ​ပြော​နိုင်​ဘဲ​နေ ၏။ မင်း​ကြီး​က``အ​ချင်း​ဗေ​လ​တ​ရှာ​ဇာ၊ အိပ်​မက်​နှင့်​အိပ်​မက်​၏​အ​နက်​ကြောင့်​ထိတ် လန့်​ခြင်း​မ​ရှိ​နှင့်'' ဟု​မိန့်​တော်​မူ​လျှင်၊ \p ဗေ​လ​တ​ရှာ​ဇာ​က``အ​ရှင်​မင်း​ကြီး၊ ထို​အိပ် မက်​နှင့်​အ​နက်​သည်​အ​ရှင်​၏​အ​တွက်​မ​ဟုတ် ဘဲ​အ​ရှင်​၏​ရန်​သူ​များ​အ​တွက်​ဖြစ်​ပါ​စေ သော။- \v 20 မြင့်​မား​ထွား​ကြိုင်း​သည့်​သစ်​ပင်​သည်​မိုး ကောင်း​ကင်​အ​ထိ​ရောက်​ရှိ​၍ ကမ္ဘာ​ပေါ်​ရှိ​လူ အ​ပေါင်း​တို့​သည်​ထို​အ​ပင်​ကို​မြင်​ကြ​၏။- \v 21 ထို​အ​ပင်​၏​အ​ကိုင်း​အ​ခက်​များ​သည်​လှ​ပ ဝေ​ဆာ​လျက် အ​သီး​လည်း​ပေါ​များ​သ​ဖြင့် ကမ္ဘာ​တစ်​ဝန်း​လုံး​စား​သုံး​နိုင်​၏။ ထို​အ​ပင် အောက်​တွင်​တော​တိ​ရစ္ဆာန်​များ​နား​နေ​ကြ​၏။ အကိုင်း​အ​ခက်​များ​တွင်​ငှက်​တို့​အ​သိုက်​လုပ် ကြ​၏။ \p \v 22 ``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​ကား​ထို​သစ်​ပင်​ကြီး ပင်​ဖြစ်​ပါ​၏။ အ​ရှင်​သည်​မိုး​ကောင်း​ကင်​တိုင် အောင်​မြင့်​မား​ကြီး​မြတ်​တော်​မူ​လျက်​တန် ခိုး​တော်​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ကို​လွှမ်း​မိုး ပါ​၏။- \v 23 အ​ရှင်​မင်း​ကြီး​ကြည့်​လျက်​နေ​တော်​မူ​စဉ် ကောင်း​ကင်​ဘုံ​မှ ကောင်း​ကင်​တ​မန်​တစ်​ပါး သည်​သက်​ဆင်း​လာ​ကာ`ထို​သစ်​ပင်​ကို​ခုတ်​လှဲ ဖျက်​ဆီး​ပစ်​လော့။ သို့​ရာ​တွင်​သစ်​ငုတ်​ကို​မူ ကား​မြေ​တွင်​ချန်​ထား​လော့။ ထို​ငုတ်​ကို​သံ ကြိုး၊ ကြေး​ဝါ​ကြိုး​နှင့်​ချည်​နှောင်​၍​ကွင်း​ထဲ ၌​မြက်​တော​တွင်​ထား​ခဲ့​လော့။ ထို​သူ​အား ဆီး​နှင်း​များ​ဖြင့်​စို​စွတ်​စေ​လျက်​ခု​နစ်​နှစ် တိုင်​တိုင်​တိရစ္ဆာန်​များ​နှင့်​အ​တူ​နေ​စေ​လော့' ဟု​မြွက်​ဆို​ခဲ့​ပါ​၏။ \p \v 24 ``အ​ရှင်​မင်း​ကြီး၊ အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​က အ​ရှင်​မင်း​ကြီး​မည်​သို့​မည်​ပုံ​ဖြစ် ပျက်​ရ​မည်​ကို​မိန့်​မြွက်​ဖော်​ပြ​တော်​မူ​လေ ပြီ။ အိပ်​မက်​၏​အ​နက်​ကား​ဤ​သို့​တည်း။- \v 25 အ​ရှင်​သည်​လူ့​အ​သိုင်း​အ​ဝိုင်း​ထဲ​မှ​နှင် ထုတ်​ခြင်း​ကို​ခံ​ရ​၍ တော​တိ​ရစ္ဆာန်​များ​နှင့် အ​တူ​နေ​ရ​လိမ့်​မည်။ နွား​ကဲ့​သို့​မြက်​ကို စား​လျက်​ခု​နစ်​နှစ်​တိုင်​တိုင်​ဆီး​နှင်း​များ ဖြင့်​စို​စွတ်​ကာ အ​မိုး​အ​ကာ​မ​ရှိ​သည့် အ​ရပ်​တွင်​အိပ်​စက်​ရ​လိမ့်​မည်။ ထို​နောက် အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​သည် လော​ကီ​နိုင်​ငံ​များ​ကို​အ​စိုး​ရ​တော်​မူ​၍ မိ​မိ​အ​လို​ရှိ​သူ​မည်​သူ​ကို​မ​ဆို​မင်း မြှောက်​တော်​မူ​နိုင်​ကြောင်း​ကို​အ​ရှင် ဝန်​ခံ​ပါ​လိမ့်​မည်။- \v 26 ကောင်း​ကင်​တ​မန်​များ​သည်​သစ်​ငုတ်​ကို မြေ​တွင် ချန်​ထား​ခဲ့​ရန်​အ​မိန့်​ပေး​သည်​နှင့် အ​ညီ​အ​ရှင်​သည် ကမ္ဘာ​ကို​ဘုရား​သ​ခင် အ​စိုး​ရ​ကြောင်း​သိ​မှတ်​ဝန်​ခံ​သော​အ​ခါ အ​ရှင်​၏​ထီး​နန်း​ကို​ပြန်​လည်​ရ​ရှိ​ပါ လိမ့်​မည်။- \v 27 ထို​ကြောင့်​အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​ပေး သည့်​အ​ကြံ​ကို​နာ​ယူ​တော်​မူ​ပါ။ အ​ပြစ် ကူး​မှု​ကို​ရပ်​စဲ​၍​တ​ရား​သော​အ​မှု​ကို ပြု​တော်​မူ​ပါ။ ဆင်း​ရဲ​သူ​တို့​အား​က​ရု ဏာ​ထား​တော်​မူ​ပါ။ ယင်း​သို့​ပြု​ပါ​လျှင် အ​ရှင်​သည်​စည်း​စိမ်​ချမ်း​သာ​တိုး​ပွား တော်​မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။ \p \v 28 ဤ​သို့​လျှောက်​ထား​သည်​အ​တိုင်း​ဖြစ်​ပျက် လာ​လေ​သည်။- \v 29 တစ်​ဆယ့်​နှစ်​လ​မျှ​ကြာ​သော်​မင်း​ကြီး​သည် ဗာ​ဗု​လုန်​နန်း​တော်​ပေါ်​တွင်​စင်္ကြံ​ကြွ​နေ​စဉ်၊- \v 30 ``ငါ​၏​ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ထင်​ရှား​စေ ရန်​နေ​ပြည်​တော်​အ​ဖြစ်​ဖြင့် ငါ​တည်​ထောင်​ခဲ့ သော​ဗာ​ဗု​လုန်​မြို့​သည်​လွန်​စွာ​ကြီး​ကျယ် ခမ်း​နား​လှ​ပါ​သည်​တ​ကား'' ဟု​မြွက်​ဆို​၏။ \p \v 31 ဤ​သို့​မြွက်​ဆို​၍​စ​ကား​မ​ဆုံး​မီ​ပင်​လျှင်``အို နေ​ဗု​ခဒ်​နေ​ဇာ​မင်း၊ ငါ​ပြော​သည်​ကို​နား ထောင်​လော့။ သင့်​နိုင်​ငံ​ကို​သင်​၏​လက်​မှ ယ​ခု​ရုပ်​သိမ်း​လိုက်​လေ​ပြီ။- \v 32 သင်​သည်​လူ​အ​သိုင်း​အ​ဝိုင်း​မှ​အ​နှင်​ခံ​ရ ၍​တော​တိ​ရစ္ဆာန်​များ​နှင့်​အ​တူ​နေ​ရ​လတ္တံ့။ ခု​နစ်​နှစ်​တိုင်​တိုင်​နွား​ကဲ့​သို့​မြက်​ကို​စား ရ​လတ္တံ့။ ထို​အ​ခါ​ဘု​ရား​သ​ခင်​သည်​လော ကီ​နိုင်​ငံ​များ​ကို​အ​စိုး​ရ​တော်​မူ​၍ ယင်း တို့​ကို​မိ​မိ​အ​လို​ရှိ​သူ​အား​ပေး​ပိုင် ကြောင်း​ကို​သင်​ဝန်​ခံ​လိမ့်​မည်'' ဟု​ကောင်း ကင်​မှ​အ​သံ​ထွက်​ပေါ်​လာ​လေ​သည်။ \p \v 33 ထို​ဗျာ​ဒိတ်​စ​ကား​အ​တိုင်း​ချက်​ချင်း​ပင် ဖြစ်​ပျက်​လာ​၏။ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် လူ​အ​သိုင်း​အ​ဝိုင်း​မှ အ​နှင်​ခံ​ရ​၍​နွား​ကဲ့ သို့​မြက်​ကို​စား​ရ​၏။ သူ​၏​ကိုယ်​ခန္ဓာ​အ​ပေါ် သို့​လည်း​ဆီး​နှင်း​များ​ကျ​လာ​လေ​သည်။ သူ ၏​ဆံ​ပင်​သည်​လင်း​ယုန်​၏​အ​မွေး​အ​တောင် ကဲ့​သို့​လည်း​ကောင်း၊ သူ​၏​လက်​သည်း​ခြေ သည်း​တို့​သည်​လည်း​ငှက်​ခြေ​သည်း​များ ကဲ့​သို့​လည်း​ကောင်း​ရှည်​လာ​လေ​သည်။ \s1 ဘု​ရား​သ​ခင်​အား​နေ​ဗု​ခဒ်​နေ​ဇာ​မင်း ထော​မ​နာ​ပြု​ခြင်း \p \v 34 မင်း​ကြီး​က``ငါ​သည်​ခု​နစ်​နှစ်​ကာ​လ​ကုန် ဆုံး​သွား​သော​အ​ခါ မိုး​ကောင်း​ကင်​သို့​မြော် ကြည့်​လိုက်​ရာ​လူ့​စိတ်​ပြန်​ရ​သ​ဖြင့် အ​မြင့် မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​အား​ထော​မ​နာ ပြု​၍ ထာ​ဝ​ရ​ကာ​လ​ပတ်​လုံး​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​၏​ဂုဏ်​တော်၊ ဘုန်း အ​သ​ရေ​တော်​ကို​ချီး​မွမ်း​ပါ​၏။ \q1 ``ကိုယ်​တော်​သည်​လော​က​ကို​ထာ​ဝ​စဉ် အုပ်​စိုး​တော်​မူ​လိမ့်​မည်။ \q2 ကိုယ်​တော်​၏​နိုင်​ငံ​တော်​သည်​ကာ​လ အ​စဉ်​အ​ဆက်​တည်​လိမ့်​မည်။ \q1 \v 35 ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​သည်​ရှေ့ တော်​၌ အ​မှု​မ​ထား​လောက်​သ​ကဲ့​သို့​ဖြစ်​ပါ​၏။ \q2 ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​ရှိ ကောင်း​ကင်​တ​မန်​များ​ကို​လည်း​ကောင်း၊ \q1 ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​တို့​ကို​လည်း​ကောင်း စိုး​မိုး​အုပ်​ချုပ်​တော်​မူ​ပါ​၏။ \q2 အ​ဘယ်​သူ​မျှ​ကိုယ်​တော်​၏​အ​လို​တော်​ကို မ​ဆန့်​ကျင်​နိုင်​ပါ။ \q1 ကိုယ်​တော်​အ​ဘယ်​သို့​ပြု​တော်​မူ​သည်​ကို လည်း မ​စစ်​ဆေး​မ​မေး​မြန်း​နိုင်​ပါ။ \p \v 36 ``ငါ​သည်​လူ့​စိတ်​ကို​ပြန်​၍​ရ​ရှိ​လာ​သော အ​ခါ ငါ့​နိုင်​ငံ​၏​ဘုန်း​အ​သ​ရေ​ကို​လည်း ကောင်း၊ ငါ့​ဂုဏ်​အ​သ​ရေ​နှင့်​ဘုန်း​အာ​နု ဘော်​တော်​ကို​လည်း​ကောင်း ပြန်​၍​ရ​ရှိ​လာ လေ​သည်။ ငါ​၏​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ နှင့်​မှူး​မတ်​တို့​သည်​လည်း ငါ့​အား​ပြန်​၍ လက်​ခံ​ကြ​ပါ​၏။ ယ​ခင်​အ​ခါ​က​ထက် ပင်​ကြီး​မြတ်​သည့်​ဂုဏ်​အ​သ​ရေ​နှင့်​တ​ကွ ငါ့​အား​ရာ​ဇ​အာ​ဏာ​ကို​ပြန်​လည်​ပေး အပ်​ကြ​ပေ​သည်။ \p \v 37 ``သို့​ဖြစ်​၍​ငါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရင်​မင်း​အား​ထော​မ​နာ ပြု​ပါ​၏။ ဂုဏ်​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော် ကို​လည်း​ချီး​မွမ်း​ပါ​၏။ ကိုယ်​တော်​ပြု​လေ သ​မျှ​သော​အ​မှု​တို့​သည်​မှန်​ကန်​ပါ​ပေ သည်။ ကိုယ်​တော်​သည်​အ​စဉ်​ပင်​တ​ရား​မျှ တ​တော်​မူ​၍​မာန်​မာ​န​ထောင်​လွှား​သူ​တို့ အား​နိမ့်​ကျ​စေ​တော်​မူ​ပါ​၏'' ဟု​ရေး သား​ဖော်​ပြ​တော်​မူ​လေ​သည်။ \c 5 \s1 ဗေ​လ​ရှာ​ဇာ​၏​ည​စာ​စား​ပွဲ​ကြီး \p \v 1 တစ်​ည​သ​၌​ဗေ​လ​ရှာ​ဇာ​မင်း​သည်​ည​စာ စား​ပွဲ​ကြီး​သို့​မှူး​မတ်​တစ်​ထောင်​ကို​ဖိတ် ကြား​ပြီး​လျှင် သူ​တို့​နှင့်​အ​တူ​စ​ပျစ်​ရည် သောက်​တော်​မူ​သည်။- \v 2 ယင်း​သို့​သောက်​လျက်​နေ​စဉ်​ယေ​ရု​ရှ​လင် မြို့​ဗိ​မာန်​တော်​မှ​ခ​မည်း​တော်​နေ​ဗု​ခဒ် နေ​ဇာ​မင်း​သိမ်း​ယူ​ခဲ့​သည့် ရွှေ​ဖ​လား၊ ငွေ ဖ​လား​များ​ကို​ရှေ့​တော်​သို့​ဆောင်​ယူ​ခဲ့​ရန် မိန့်​တော်​မူ​၏။ မိ​မိ​နှင့်​တ​ကွ​မှူး​မတ်​များ၊ မိ​ဖု​ရား​များ​နှင့်​မောင်း​မ​မိ​ဿံ​များ​စ​ပျစ် ရည်​သောက်​ရန်​ထို​ဖ​လား​များ​ကို​ယူ​ခဲ့​ရန် အ​မိန့်​ပေး​၏။- \v 3 ချက်​ချင်း​ပင်​ရွှေ​ဖ​လား​များ​ရောက်​ရှိ​လာ သော​အ​ခါ သူ​တို့​သည်​ထို​ဖ​လား​တို့​ဖြင့် သောက်​လျက်၊- \v 4 ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ သစ်​သား၊ ကျောက်​နှင့် ပြု​လုပ်​သော​ဘု​ရား​တို့​ကို​ထော​မ​နာ​ပြု ကြ​၏။ \p \v 5 ထို​အ​ခါ​လူ​၏​လက်​တစ်​ဖက်​သည်​ရုတ် တ​ရက်​ပေါ်​လာ​ပြီး​လျှင် မီး​အ​လင်း​ရောင် အ​များ​ဆုံး​ရ​ရှိ​သည့်​နန်း​တော်​နံ​ရံ​တွင် စာ​တန်း​တစ်​ခု​ကို​ရေး​သား​လေ​၏။ ယင်း သို့​ရေး​သား​နေ​သည်​ကို​မင်း​ကြီး​မြင် တော်​မူ​လျှင်၊- \v 6 မျက်​နှာ​ညှိုး​ငယ်​၍​သွား​တော်​မူ​၏။ သူ​သည် အ​လွန်​ကြောက်​လန့်​ကာ​မျက်​နှာ​ဖြူ​ဖတ်​ဖြူ ရော်​ဖြစ်​လျက်​ဒူး​များ​ပင်​ခိုက်​ခိုက်​တုန်​၍ လာ​၏။- \v 7 သို့​ဖြစ်​၍​ပ​ယော​ဂ​ဆ​ရာ​များ၊ မှော်​ဆ​ရာ များ​နှင့်​နက္ခတ်​ဆ​ရာ​များ​ကို​ခေါ်​သွင်း​ရန် ဟစ်​အော်​၍ မင်း​ချင်း​တစ်​ယောက်​အား​စေ​ခိုင်း တော်​မူ​၏။ ထို​သူ​တို့​ရောက်​ရှိ​လာ​ကြ​သော အ​ခါ​မင်း​ကြီး​က``ထို​စာ​တန်း​ကို​ဖတ်​၍ အ​နက်​ကို​ငါ့အား​ပြော​ကြား​နိုင်​သူ​အား တော်​ဝင်​ခ​ရမ်း​ရောင်​ဝတ်​လုံ​ကို​ဝတ်​စေ​မည်။ ဂုဏ်​ထူး​ဆောင်​ရွှေ​စ​လွယ်​တော်​ကို​လည်း​ဆွဲ စေ​လျက်​နိုင်​ငံ​တော်​တွင်​တ​တိ​ယ​တန်​ခိုး အ​ကြီး​ဆုံး​သော​သူ​အ​ဖြစ်​ငါ​ခန့်​ထား မည်'' ဟု​မိန့်​တော်​မူ​၏။- \v 8 ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​အ​ပေါင်း​တို့ သည်​ရှေ့​တော်​သို့​ရောက်​ရှိ​လာ​ကြ​သော်​လည်း အ​ဘယ်​သူ​မျှ​ထို​စာ​တန်း​ကို​မ​ဖတ်​နိုင်။ ထို စာ​တန်း​၏​အ​နက်​ကို​လည်း​မင်း​ကြီး​အား မ​ဖော်​ပြ​နိုင်​ကြ။- \v 9 ထို​အ​ခါ​ဗေ​လ​ရှာ​ဇာ​မင်း​သည်​လွန်​စွာ​ပူ​ပင် သော​က​ရောက်​တော်​မူ​သ​ဖြင့် ပို​၍​ပင်​မျက်​နှာ ညှိုး​ငယ်​လာ​လေ​သည်။ မှူး​မတ်​တို့​သည်​လည်း မှိုင်​တွေ​လျက်​နေ​ကြ​၏။ \p \v 10 မယ်​တော်​မိ​ဖု​ရား​ကြီး​သည်​မင်း​ကြီး​နှင့်​မှူး မတ်​တို့​ပြော​ဆို​ကြ​သည့်​စ​ကား​ကို​ကြား သ​ဖြင့် စား​သောက်​ပွဲ​ကျင်း​ပ​ရာ​အ​ခန်း​ထဲ သို့​ဝင်​လာ​ပြီး​လျှင်``အ​ရှင်​မင်း​ကြီး၊ သက် တော်​ရာ​ကျော်​ရှည်​ပါ​စေ။ ဤ​မျှ​စိတ်​အ​နှောင့် အ​ယှက်​ဖြစ်​၍​မ​နေ​ပါ​နှင့်။ ဤ​မျှ​မျက်​နှာ ညှိုး​ငယ်​၍​လည်း​မ​နေ​ပါ​နှင့်။- \v 11 သင်​၏​နိုင်​ငံ​တော်​တွင်​သန့်​ရှင်း​မြင့်​မြတ်​သော ဘု​ရား​တို့​၏​ဝိ​ညာဉ်​ဖြင့်​ပြည့်​ဝ​သူ​လူ​တစ် ယောက်​ရှိ​ပါ​၏။ သင်​၏​ခ​မည်း​တော်​နန်း​စံ​စဉ် အ​ခါ​က ထို​သူ​၌​အ​သိ​ပ​ညာ​နှင့်​အ​မြော် အ​မြင်၊ ဘု​ရား​ကဲ့​သို့​ပ​ညာ​ဉာဏ်​ရှိ​ကြောင်း ထင်​ရှား​ခဲ့​ပါ​၏။ သင်​၏​ခ​မည်း​တော်​နေ​ဗု​ခဒ် နေ​ဇာ​မင်း​သည်​သူ့​အား​ဗေ​ဒင်​ဆ​ရာ၊ မှော် ဆ​ရာ၊ ပ​ယော​ဂ​ဆ​ရာ​နှင့်​နက္ခတ်​ဆ​ရာ​တို့ ၏​အ​ကြီး​အ​မှူး​အ​ဖြစ်​ဖြင့်​ခန့်​ထား​တော် မူ​ခဲ့​ပါ​၏။- \v 12 သူ​သည်​အိပ်​မက်​များ​၏​အ​နက်​ကို​ပြန်​ဆို​မှု၊ ခက်​ခဲ​သော​အ​မေး​ပုစ္ဆာ​များ​ကို​ဖြေ​ရှင်း​မှု၊ လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​များ​ကို​ထုတ်​ဖော် မှု​တို့​တွင်​အ​ထူး​တတ်​ကျွမ်း​သူ​ဖြစ်​ပါ​၏။ သို့ ဖြစ်​၍​ဗေ​လ​တ​ရှာ​ဇာ​ဟူ​သော​ဘွဲ့​နာ​မ​ကို ခ​မည်း​တော်​ပေး​အပ်​တော်​မူ​ခဲ့​သူ​ဒံ​ယေ​လ အား​ဆင့်​ခေါ်​ပါ။ သူ​သည်​စာ​တန်း​၏​အ​နက် ကို​ဖော်​ပြ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။ \s1 စာ​တန်း​၏​အ​နက်​ကို​ဒံ​ယေ​လ​ဖော်​ပြ​ခြင်း \p \v 13 သူ​တို့​သည်​ဒံ​ယေ​လ​အား​ချက်​ချင်း​ပင်​ဘု​ရင့် ရှေ့​တော်​သို့​သွင်း​ကြ​သော​အ​ခါ မင်း​ကြီး​က ဒံ​ယေ​လ​အား``သင်​သည်​ယု​ဒ​ပြည်​မှ​ငါ​၏ ခ​မည်း​တော်​ဘု​ရင်​မင်း​ခေါ်​ဆောင်​ခဲ့​သည့် ယု​ဒ​အ​မျိုး​သား​သုံ့​ပန်း​တစ်​ယောက်​ဖြစ် သူ​ဒံ​ယေ​လ​ဆို​သူ​ပေ​လော။- \v 14 ဘု​ရား​များ\f 5 \fr 5:14 \ft * \+fk ဘု​ရား​များ။ \ft သို့​မ​ဟုတ်​ဘု​ရား​သ​ခင်။\f* ၏​ဝိ​ညာဉ်​သည်​သင်​၏​အ​တွင်း​၌​ကိန်း​အောင်း​သည် ဖြစ်​၍ သင်​သည်​ကျွမ်း​ကျင်​လိမ်​မာ​လျက်၊ အ​သိ အ​မြင်​ဉာဏ်​ပ​ညာ​တို့​ဖြင့်​ပြည့်​စုံ​သူ​ဖြစ်​ကြောင်း ငါ​ကြား​သိ​ရ​သည်။- \v 15 ငါ​သည်​မိ​မိ​၏​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ နှင့်​ဗေ​ဒင်​ဆ​ရာ​များ​ကို​ဆင့်​ခေါ်​ကာ​စေ​ခိုင်း သော်​လည်း သူ​တို့​သည်​မ​ဖော်​ပြ​နိုင်​ကြ​ပါ။- \v 16 သင်​သည်​တိမ်​မြုပ်​နေ​သော​အ​နက်​တို့​ကို​ဖော် ထုတ်​နိုင်​၍ လျှို့​ဝှက်​ခက်​ခဲ​သော​အ​ရာ​တို့​ကို ရှင်း​လင်း​ဖော်​ပြ​နိုင်​ကြောင်း​ငါ​ကြား​သိ​တော် မူ​ရ​သည်။ သင်​သည်​ဤ​စာ​တန်း​ကို​ဖတ်​၍ အ​နက်​ကို​ငါ့​အား​ဖော်​ပြ​နိုင်​ပါ​လျှင် ငါ​သည် သင့်​အား​တော်​ဝင်​ခ​ရမ်း​ရောင်​ဝတ်​လုံ​ကို​ဝတ် စေ​၍​ဂုဏ်​ထူး​ဆောင်​ရွှေ​စ​လွယ်​တော်​ကို​ဆွဲ စေ​လျက် ငါ​၏​နိုင်​ငံ​တော်​တွင်​တ​တိ​ယ​တန် ခိုး​အ​ကြီး​ဆုံး​သော​သူ​အ​ဖြစ်​ခန့်​ထား မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 17 ဒံ​ယေ​လ​က``အ​ရှင်​၏​ဆု​တော်​လာဘ်​တော် တို့​ကို ကိုယ်​တော်​ထံ​တော်​၌​သာ​ထား​ရှိ​တော် မူ​ပါ။ သို့​မ​ဟုတ်​အ​ခြား​သူ​တစ်​စုံ​တစ် ယောက်​အား​ချီး​မြှင့်​တော်​မူ​ပါ။ သို့​ရာ​တွင် အ​ကျွန်ုပ်​သည်​ထို​စာ​တန်း​ကို​ဖတ်​၍ အ​နက် ကို​အ​ရှင့်​အား​လျှောက်​ထား​ပါ​မည်။ \p \v 18 ``အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​သည် အ​ရှင့်​ခ​မည်း​တော်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​အား အုပ်​စိုး​ခွင့်​အာ​ဏာ​နှင့်​ကြီး​မြတ်​သည့်​ဘု​ရင် တစ်​ပါး​ဖြစ်​စေ​တော်​မူ​လျက် ဂုဏ်​အ​သ​ရေ နှင့်​လည်း​ကောင်း၊ အာ​နု​ဘော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​စေ​တော်​မူ​ပါ​၏။- \v 19 သူ​သည်​လွန်​စွာ​ကြီး​မြတ်​တော်​မူ​သ​ဖြင့် ဘာ သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​သူ​လူ​မျိုး အ​သီး​သီး​နှင့် နိုင်​ငံ​အ​သီး​သီး​တို့​ရှိ​လူ အ​ပေါင်း​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ ပါ​၏။ သူ​သည်​မိ​မိ​ကွပ်​မျက်​လို​သူ​ကို​ကွပ် မျက်​၍​အ​သက်​ရှင်​စေ​လို​သူ​ကို​ရှင်​စေ တော်​မူ​ခဲ့​ပါ​၏။ ချီး​မြှောက်​လို​သူ​ကို​ချီး မြှောက်​၍​နှိမ့်​ချ​လို​သူ​ကို​နှိမ့်​ချ​တော်​မူ ခဲ့​ပါ​၏။- \v 20 သို့​ရာ​တွင်​သူ​သည်​မာန်​မာ​န​ထောင်​လွှား ကာ​ခေါင်း​မာ​လျက် ရက်​စက်​စွာ​ပြု​ကျင့်​၍ လာ​သော​အ​ခါ​ဘုန်း​တန်​ခိုး​ကွယ်​ပျောက် ၍​နန်း​မှ​ကျ​ရ​လေ​ပြီ။- \v 21 သူ​သည်​လူ့​အ​သိုင်း​အ​ဝိုင်း​မှ​နှင်​ထုတ်​ခြင်း ကို​ခံ​ရ​ကာ​တိ​ရစ္ဆာန်​စိတ်​ပေါက်​၍​လာ​လေ သည်။ မြည်း​ရိုင်း​တို့​နှင့်​အ​တူ​နေ​ထိုင်​၍​နွား ကဲ့​သို့​မြက်​ကို​စား​ခဲ့​ရ​ပါ​၏။ အ​ကွယ် အ​ကာ​မ​ရှိ​ဘဲ​ဆီး​နှင်း​တော​တွင်​စက်​တော် ခေါ်​ခဲ့​ရ​လေ​သည်။ နောက်​ဆုံး​၌​အ​မြင့်​မြတ် ဆုံး​သော​ဘု​ရား​သ​ခင်​သည်​လော​ကီ​နိုင်​ငံ တို့​ကို​အ​စိုး​ရ​တော်​မူ​၍ မိ​မိ​အ​လို​ရှိ​သူ မည်​သူ​အား​မ​ဆို​ဤ​နိုင်​ငံ​များ​ကို​ပေး တော်​မူ​နိုင်​ကြောင်း​ကို​မင်း​ကြီး​ဝန်​ခံ​တော် မူ​ခဲ့​ပါ​၏။- \v 22 သူ​၏​သား​တော်​ဖြစ်​သူ​အ​ရှင်​သည်​လည်း ထို​အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို​သိ​ရှိ​ပါ သော်​လည်း​မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​တော်​မ မူ​ဘဲ၊- \v 23 ကောင်း​ကင်​ဘုံ​ရှင်​ကို​ဆန့်​ကျင်​ဘက်​ပြု​၍ ဗိ​မာန်​တော်​မှ​ရွှေ​ဖ​လား​များ​ကို​ရှေ့​တော် သို့​ယူ​စေ​တော်​မူ​ခဲ့​ပါ​၏။ အ​ရှင်​နှင့်​တ​ကွ အ​ရှင့်​မှူး​မတ်​များ၊ မိ​ဖု​ရား​များ၊ မောင်း မ​မိ​ဿံ​များ​သည်​ထို​ရွှေ​ဖ​လား​များ​တွင် စ​ပျစ်​ရည်​ကို​ထည့်​၍​သောက်​ပြီး​လျှင် မျက်​စိ မ​မြင်၊ နား​မ​ကြား၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​သိ​သော​ရွှေ၊ ငွေ၊​ကြေး​ဝါ၊ သံ၊ သစ်​သား၊ ကျောက်​တို့​နှင့်​လုပ်​သော​ဘု​ရား​များ​ကို ထော​မ​နာ​ပြု​ကြ​ပေ​သည်။ သို့​ရာ​တွင် အ​ရှင်​သည်​မိ​မိ​၏​အ​သက်​ကို​လည်း​ကောင်း၊ မိ​မိ​ပြု​သော​အ​မှု​ကိစ္စ​မှန်​သ​မျှ​ကို လည်း​ကောင်း​စိုး​ပိုင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ကား​ချီး​မွမ်း​တော် မ​မူ​ပါ။- \v 24 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​လက်​ကို စေ​လွှတ်​၍ ဤ​စာ​တန်း​ကို​ရေး​စေ​တော်​မူ ပါ​၏။ \p \v 25 ``ရေး​ထား​သော​စာ​ကား`ရေ​တွက်၊ ရေ​တွက်၊ အ​လေး​ချိန်၊ ခွဲ​ဝေ' ဟူ​၍​ဖြစ်​သ​တည်း။- \v 26 ရေ​တွက်​ဟူ​သော​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် မှာ အ​ရှင့်​နိုင်​ငံ​သက်​တမ်း​ကို​ဘု​ရား​သ​ခင် ရေ​တွက်​၍ ဆုံး​ခန်း​တိုင်​ရောက်​စေ​တော်​မူ ပြီ​ဟူ​၍​ဖြစ်​ပါ​၏။- \v 27 အ​လေး​ချိန်​ဟူ​သော​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် မှာ အ​ရှင့်​အား​ချိန်​ခွင်​တွင်​ချိန်​တွယ်​၍ အ​လေး ချိန်​လျော့​နည်း​နေ​ကြောင်း​တွေ့​ရှိ​တော်​မူ​ပြီ ဟူ​၍​ဖြစ်​ပါ​၏။- \v 28 ခွဲ​ဝေ​ဟူ​သော​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​မှာ အ​ရှင်​၏​နိုင်​ငံ​တော်​ကို​မေ​ဒိ​အ​မျိုး​သား များ​နှင့်​ပါ​ရှ​အ​မျိုး​သား​တို့​အား​ခွဲ​ဝေ ပေး​တော်​မူ​ပြီ​ဟူ​၍​ဖြစ်​ပါ​၏'' ဟု​လျှောက် ထား​၏။ \p \v 29 ထို​အ​ခါ​ချက်​ချင်း​ပင်​ဗေ​လ​ရှာ​ဇာ​မင်း သည် ဒံ​ယေ​လ​အား​တော်​ဝင်​ခ​ရမ်း​ရောင် ဝတ်​လုံ​ကို​ဝတ်​ဆင်​စေ​၍ လည်​ပင်း​၌​ဂုဏ် ထူး​ဆောင်​ရွှေ​စ​လွယ်​ကို​ဆွဲ​စေ​ပြီး​နောက် ဒံ​ယေ​လ​အား​နိုင်​ငံ​တော်​တွင်​တ​တိ​ယ တန်​ခိုး​အ​ကြီး​ဆုံး​ရာ​ထူး​တွင်​ခန့်​ထား တော်​မူ​၏။-\x + \xo 5:29 \xt က၊ ၄၁:၄၂။\x* \v 30 ထို​ည​၌​ပင်​လျှင်​ဗာ​ဗု​လုန်​ပြည်​ဘု​ရင်၊ ဗေ​လ​ရှာ​ဇာ​သည်​လုပ်​ကြံ​ခြင်း​ကို​ခံ ရ​၍၊- \v 31 အ​သက်​ခြောက်​ဆယ့်​နှစ်​နှစ်​ရှိ​သော​မေ​ဒိ လူ​မျိုး​ဒါ​ရိ​မင်း​သည်​နိုင်​ငံ​ကို​သိမ်း​ယူ လေ​သည်။ \c 6 \s1 ခြင်္သေ့​တွင်း​ထဲ​သို့​ဒံ​ယေ​လ​အ​ချ​ခံ​ရ​ခြင်း \p \v 1 ဒါ​ရိ​မင်း​သည်​မိ​မိ​၏​အင်​ပါ​ယာ​နိုင်​ငံ တစ်​ဝန်း​လုံး​အုပ်​ချုပ်​မှု​အ​တွက် ဘု​ရင်​ခံ တစ်​ရာ့​နှစ်​ဆယ်​ကို​ခန့်​ထား​ရန်​ဆုံး​ဖြတ် တော်​မူ​ပြီး​လျှင်၊- \v 2 ဒံ​ယေ​လ​နှင့်​အ​ခြား​သူ​နှစ်​ယောက်​တို့ အား​ဘု​ရင်​ခံ​များ​ကို​ကွပ်​ကဲ​ကြီး​ကြပ် ရန်​နှင့် ဘု​ရင့်​အ​ကျိုး​တော်​ကို​စောင့်​ရှောက် ရန်​အ​တွက်​ရွေး​ချယ်​ခန့်​ထား​တော်​မူ​၏။- \v 3 ထို့​နောက်​မ​ကြာ​မီ​ဒံ​ယေ​လ​သည်​အ​ခြား ကြီး​ကြပ်​ရေး​အ​ဖွဲ့​ဝင်​များ​ဘု​ရင်​ခံ​များ ထက်​ပို​၍ အ​ရည်​အ​ချင်း​ကောင်း​မွန်​သူ ဖြစ်​ကြောင်း​သိ​သာ​ထင်​ရှား​လာ​၏။ သူ​သည် အ​လွန်​ပင်​ထူး​ချွန်​သ​ဖြင့် မင်း​ကြီး​သည် သူ့​အား​အင်​ပါ​ယာ​နိုင်​ငံ​တစ်​ခု​လုံး​ကို ကွပ်​ကဲ​အုပ်​ချုပ်​စေ​ရန်​အ​ကြံ​ရှိ​တော် မူ​၏။- \v 4 ထို​အ​ခါ​အ​ခြား​ကြီး​ကြပ်​ရေး​အ​ဖွဲ့​ဝင် များ​နှင့်​ဘု​ရင်​ခံ​တို့​သည် ဒံ​ယေ​လ​၏​စီ​မံ အုပ်​ချုပ်​မှု​၌​အ​မှား​ကို​ရှာ​ကြ​လေ​သည်။ သို့​ရာ​တွင်​မည်​သည့်​အ​မှား​ကို​မျှ​မ​တွေ့ မ​ရှိ​နိုင်​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဒံ​ယေ​လ သည်​သစ္စာ​ရှိ​သူ​ဖြစ်​သ​ဖြင့်​မည်​သည့်​အ​မှား၊ မည်​သည့်​မ​ရိုး​မ​ဖြောင့်​မှု​ကို​မျှ​မ​ပြု သော​ကြောင့်​ဖြစ်​၏။- \v 5 သူ​တို့​က``ငါ​တို့​သည်​ဒံ​ယေ​လ​အား သူ ကိုး​ကွယ်​သည့်​ဘာ​သာ​နှင့်​ပတ်​သက်​သော ကိစ္စ​မှ​တစ်​ပါး အ​ခြား​အ​ဘယ်​အ​မှု​တွင် မျှ​ပြစ်​တင်​စွပ်​စွဲ​စ​ရာ​တွေ့​နိုင်​မည်​မ​ဟုတ်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ \p \v 6 ထို​နောက်​သူ​တို့​သည်​မင်း​ကြီး​ရှေ့​တော်​သို့ သွား​ရောက်​၍``ဒါ​ရိ​မင်း​မြတ်​သက်​တော်​ရာ ကျော်​ရှည်​တော်​မူ​ပါ​စေ။- \v 7 အ​ရှင်​မင်း​ကြီး​သည်​အ​မိန့်​တော်​တစ်​ရပ် ကို​ထုတ်​ဆင့်​ကာ ထို​အ​မိန့်​တော်​ကို​လူ​တို့ တိ​ကျ​စွာ​လိုက်​နာ​ကြ​စေ​သင့်​ကြောင်း​ကြီး ကြပ်​ရေး​အ​ဖွဲ့​ဝင်​များ၊ ဘု​ရင်​ခံ​များ၊ လက် ထောက်​ဘုရင်​ခံ​များ​နှင့်​အ​ကြံ​ပေး​အ​ရာ ရှိ​များ​ဖြစ်​သည့်​နိုင်ငံ​တော်​ကို​စီ​မံ​အုပ်​ချုပ် ကြ​သူ အ​ကျွန်ုပ်​တို့​အား​လုံး​သ​ဘော​တူ​ညီ ကြ​ပါ​၏။ ရက်​ပေါင်း​သုံး​ဆယ်​တိုင်​တိုင် အ​ဘယ်​သူ​မျှ​အ​ရှင်​မင်း​ကြီး​မှ​လွဲ​၍ အ​ခြား​လူ​ထံ​သော်​လည်း​ကောင်း၊ ဘု​ရား ထံ​သော်​လည်း​ကောင်း​ဆု​တောင်း​သူ​မည်​သူ မ​ဆို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့​ပစ်​ချ ခြင်း​ကို​ခံ​စေ​ဟူ​သော​အ​မိန့်​ထုတ်​တော် မူ​ပါ။- \v 8 ထို​အ​မိန့်​တော်​ကို​အ​ရှင်​မင်း​ကြီး​ထုတ် ၍​တံ​ဆိပ်​ခတ်​နှိပ်​၍​လက်​မှတ်​ရေး​ထိုး တော်​မူ​ပါ​လျှင် ယင်း​အ​မိန့်​တော်​သည်​ပြင် ဆင်​ပြောင်း​လဲ​၍​မ​ရ​နိုင်​သော​မေ​ဒိ​နှင့် ပါ​ရှ​လူ​မျိုး​များ​၏​ဋ္ဌမ္မ​သတ်​ဖြစ်​လာ ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။- \v 9 သို့​ဖြစ်​၍​ဒါ​ရိ​မင်း​သည်​ထို​အ​မိန့်​တော် ကို တံ​ဆိပ်​ခတ်​လက်​မှတ်​ရေး​ထိုး​တော်​မူ​၏။- \v 10 မင်း​ကြီး​ဤ​သို့​လက်​မှတ်​ရေး​ထိုး​ပြီး ကြောင်း​ကို​ကြား​သိ​သော​အ​ခါ ဒံ​ယေ​လ သည်​အိမ်​သို့​ပြန်​လေ​၏။ သူ​၏​အိမ်​အ​ထက် ခန်း​တွင်​ယေ​ရု​ရှ​လင်​မြို့​သို့​မျက်​နှာ​မူ သည့်​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ သူ​သည်​ထို အ​ခန်း​တွင်​မိ​မိ​ပြု​လေ့​ရှိ​သည်​အ​တိုင်း ပြူ​တင်း​ပေါက်​များ​အ​နီး​တွင် ဒူး​ထောက် လျက်​တစ်​နေ့​လျှင်​သုံး​ကြိမ်​ဘု​ရား​သ​ခင်​အား​ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​၏။ \p \v 11 သူ​၏​ရန်​သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ဒံ​ယေ​လ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ သည်​ကို​မြင်​သော​အ​ခါ၊- \v 12 တစ်​စု​တစ်​ရုံး​တည်း​ဘု​ရင့်​ရှေ့​တော်​သို့​ဝင်​၍ ဒံ​ယေ​လ​အား​ပြစ်​တင်​စွပ်​စွဲ​ကြ​ကုန်​၏။ သူ တို့​က``အ​ရှင်​မင်း​ကြီး​ကိုယ်​တော်​သည်​နောက် ရက်​ပေါင်း​သုံး​ဆယ်​တိုင်​တိုင်​အ​ရှင်​မင်း​ကြီး မှ​လွဲ​၍ အ​ခြား​လူ​ထံ​သော်​လည်း​ကောင်း၊ ဘု​ရား​ထံ​သော်​လည်း​ကောင်း​ဆု​တောင်း​သူ မည်​သူ​မ​ဆို​ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ပစ်​ချ​ခြင်း​ကို​ခံ​စေ​ဟူ​သော​အ​မိန့်​တော် ကို​လက်​မှတ်​ရေး​ထိုး​တော်​မူ​ခဲ့​သည် မဟုတ်​ပါ​လော'' ဟု​မေး​လျှောက်​ကြ​၏။ \p မင်း​ကြီး​က``ထို​အ​မိန့်​သည်​ပြောင်း​လဲ​၍ မ​ရ​သော​မေ​ဒိ​နှင့်​ပါ​ရှ​လူ​မျိုး​တို့​၏ ဋ္ဌမ္မ​သတ်​အ​တိုင်း​မှန်​ပေ​၏'' ဟု​မိန့်​တော် မူ​၏။ \p \v 13 ထို​အ​ခါ​သူ​တို့​သည်​မင်း​ကြီး​အား``ယု​ဒ ပြည်​မှ​ဖမ်း​ဆီး​ခဲ့​သူ​များ​အ​နက်​တစ်​ဦး ဖြစ်​သူ​ဒံ​ယေ​လ​သည်​အ​ရှင်​မင်း​ကြီး အား​ရို​သေ​လေး​စား​မှု​မ​ရှိ။ အ​ရှင်​ထုတ် ပြန်​သည့်​အ​မိန့်​တော်​ကို​လည်း​မ​လိုက်​နာ။ သူ​သည်​တစ်​နေ့​လျှင်​သုံး​ကြိမ်​တိုင်​တိုင် အ​ချိန်​မှန်​မှန်​ဆု​တောင်း​၍​နေ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။ \p \v 14 ဤ​လျှောက်​ထား​ချက်​ကို​မင်း​ကြီး​ကြား တော်​မူ​လျှင် အ​လွန်​စိတ်​မ​ချမ်း​မ​သာ​ဖြစ် တော်​မူ​လျက်​ဒံ​ယေ​လ​အား​ကယ်​ဆယ်​ရန် နည်း​လမ်း​ကို​နေ​ဝင်​သည်​တိုင်​အောင်​အ​စွမ်း ကုန်​ကြိုး​စား​၍​ရှာ​ကြံ​တော်​မူ​၏။- \v 15 ထို​နောက်​မှူး​မတ်​အ​ရာ​ရှိ​တို့​သည်​အထံ​တော် သို့​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​ကာ``မေ​ဒိ နှင့်​ပါ​ရှ​လူ​မျိုး​တို့​၏​ဥ​ပ​ဒေ​များ​အ​ရ ဘု​ရင့်​အ​မိန့်​တော်​မည်​သည်​မှာ​ပြန်​လည် ပြင်​ဆင်​ပြောင်း​လဲ​၍​မ​ရ​နိုင်​ကြောင်း​အ​ရှင် မင်း​ကြီး​သိ​တော်​မူ​ပါ​၏'' ဟု​လျှောက် ထား​ကြ​၏။ \p \v 16 ထို့​ကြောင့်​မင်း​ကြီး​၏​အ​မိန့်​အ​ရ​ဒံ​ယေ​လ အား​ခြင်္သေ့​လှောင်​ရာ​တွင်း​ထဲ​သို့​ပစ်​ချ​လိုက် ကြ​၏။ မင်း​ကြီး​က​ဒံ​ယေ​လ​အား``သင်​သစ္စာ ရှိ​စွာ​ကိုး​ကွယ်​သော​ဘု​ရား​သည်​သင့်​ကို ကယ်​ဆယ်​တော်​မူ​ပါ​စေ​သော'' ဟု​မိန့်​တော် မူ​၏။- \v 17 ကျောက်​ပြား​ဖြင့်​တွင်း​ဝ​ကို​ပိတ်​စေ​ပြီး နောက်​မင်း​ကြီး​သည် အ​ဘယ်​သူ​မျှ​ဒံ​ယေ​လ အား​မ​ကယ်​နိုင်​စေ​ရန် မိ​မိ​၏​တံ​ဆိပ်​တော် နှင့်​မှူး​မတ်​တို့​၏​တံ​ဆိပ်​များ​ကို ကျောက် ပြား​ပေါ်​တွင်​ခတ်​နှိပ်​၍​ထား​စေ​တော်​မူ​၏။- \v 18 မင်း​ကြီး​သည်​နန်း​တော်​သို့​ပြန်​တော်​မူ​၍ တစ်​ညဥ့်​လုံး​စား​တော်​မ​ခေါ်။ အ​ဘယ်​သို့ သော​ဖြေ​ဖျော်​မှု​ကို​မျှ​ခံ​ယူ​တော်​မ​မူ။ စက်​တော်​ခေါ်​၍​မ​ပျော်​နိုင်။ \p \v 19 မိုး​သောက်​ချိန်​၌​မင်း​ကြီး​သည်​ထ​၍ ခြင်္သေ့​တွင်း​သို့​အ​လျင်​အ​မြန်​ကြွ တော်​မူ​၏။- \v 20 ခြင်္သေ့​တွင်း​သို့​ရောက်​သော​အ​ခါ​စိုး​ရိမ်​ပူ ပန်​သော​အ​သံ​နှင့်``အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​၏​အ​စေ​ခံ၊ ဒံ​ယေ​လ၊ သင်​သစ္စာ​ရှိ စွာ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​သည်​သင့် အား​ခြင်္သေ့​များ​၏​ဘေး​မှ​ကယ်​တော်​မူ နိုင်​ပါ​၏​လော'' ဟု​မေး​တော်​မူ​၏။ \p \v 21 ဒံ​ယေ​လ​က``အ​ရှင်​မင်း​ကြီး​သက်​တော်​ရာ ကျော်​ရှည်​တော်​မူ​ပါ​စေ​သော။- \v 22 ခြင်္သေ့​တို့​သည်​အ​ကျွန်ုပ်​အား​ဘေး​အန္တ​ရာယ် မ​ပြု​နိုင်​စေ​ရန်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏ ကောင်း​ကင်​တ​မန်​ကို​စေ​လွှတ်​၍​ခြင်္သေ့​တို့ ၏​နှုတ်​ကို​ပိတ်​ထား​တော်​မူ​ပါ​၏။ ဤ​ကဲ့​သို့ ပြု​တော်​မူ​ခြင်း​မှာ​အ​ကျွန်ုပ်​၌​အ​ပြစ်​မ ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည် အ​ရှင်​မင်း​ကြီး​အား​မ​ပြစ်​မှား​ခဲ့​ကြောင်း ကို​လည်း​ကောင်း​သိ​တော်​မူ​သော​ကြောင့် ဖြစ်​ပါ​၏'' ဟု​လျှောက်​လေ​၏။ \p \v 23 မင်း​ကြီး​သည်​လွန်​စွာ​ဝမ်း​မြောက်​အား​ရ တော်​မူ​သ​ဖြင့် ဒံ​ယေ​လ​အား​ခြင်္သေ့​တွင်း မှ​ဆွဲ​တင်​ကြ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။ သို့ ဖြစ်​၍​လူ​တို့​သည်​ဆွဲ​တင်​ကြ​ရာ​ဒံ​ယေ​လ သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကိုး​စား​သူ ဖြစ်​သ​ဖြင့် မည်​သို့​မျှ​ဘေး​အန္တ​ရာယ်​မ​ဖြစ် ဘဲ​ရှိ​သည်​ကို​တွေ့​မြင်​ကြ​၏။- \v 24 ထို​နောက်​မင်း​ကြီး​သည်​ဒံ​ယေ​လ​အား​ပြစ် တင်​စွပ်​စွဲ​ကြ​သူ​အ​ပေါင်း​တို့​ကို​ဖမ်း​ဆီး စေ​ပြီး​လျှင် သူ​တို့​၏​သား​မ​ယား​များ​နှင့် တ​ကွ​ခြင်္သေ့​တွင်း​ထဲ​သို့​ပစ်​ချ​ရန်​အ​မိန့် ပေး​တော်​မူ​၏။ မြေ​သို့​မ​ရောက်​ရှိ​မီ​ပင်​သူ တို့​အား​ခြင်္သေ့​တို့​သည်​ခုန်​အုပ်​ပြီး​လျှင် အ​ရိုး​ပါ​မ​ကျန်​ကိုက်​စား​လိုက်​ကြ​လေ သည်။ \p \v 25 ထို​နောက်​ဒါ​ရိ​မင်း​သည်​ကမ္ဘာ​ပေါ်​ရှိ​ဘာ​သာ စကား​အ​မျိုး​မျိုး​ပြော​ဆို​သူ​လူ​မျိုး​အ​သီး သီး​နှင့် နိုင်​ငံ​အ​သီး​သီး​ရှိ​လူ​အ​ပေါင်း​တို့ ထံ​သို့​သ​ဝဏ်​လွှာ​တစ်​စောင်​ရေး​သား​ပေး ပို့​တော်​မူ​၏။ \p ထို​သ​ဝဏ်​လွှာ​တွင်``သင်​တို့​သည်​ချမ်း​မြေ့ သာ​ယာ​ကြ​ပါ​စေ​သော။- \v 26 ငါ​၏​အင်​ပါ​ယာ​နိုင်​ငံ​တစ်​လျှောက်​လုံး ရှိ​လူ​အ​ပေါင်း​တို့၊ သင်​တို့​သည်​ဒံ​ယေ​လ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​အား​ကြောက် ရွံ့​ရို​သေ​ကြ​ရ​မည်​ဖြစ်​ကြောင်း​ငါ အ​မိန့်​တော်​ရှိ​သည်။ \q1 ကိုယ်​တော်​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​၍၊ \q2 ကာ​လ​အ​စဉ်​အ​ဆက်​စိုး​စံ​တော်​မူ​လိမ့်​မည်။ \q1 ကိုယ်​တော်​၏​နိုင်​ငံ​တော်​သည်​အ​ဘယ်​အ​ခါ ၌​မျှ ပျက်​စီး​ရ​လိမ့်​မည်​မ​ဟုတ်။ \q2 ကိုယ်​တော်​၏​တန်​ခိုး​တော်​သည်​လည်း အ​ဘယ်​အ​ခါ​၌​မျှ​ကုန်​ဆုံး​လိမ့်​မည် မ​ဟုတ်။ \q1 \v 27 ကိုယ်​တော်​သည်​ကူ​မ​ကယ်​တင်​တော်​မူ​၍ မိုး​ကောင်း​ကင်​၌​လည်း​ကောင်း၊ \q2 ကမ္ဘာ​ပေါ်​၌​လည်း​ကောင်း​အံ့​သြ​ဖွယ်​ရာ များ​နှင့် \q1 ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို ပြ​တော်​မူ​၏။ \q2 ကိုယ်​တော်​သည်​ဒံ​ယေ​လ​အား​ခြင်္သေ့ များ​၏​ဘေး​မှ ကယ်​တင်​တော်​မူ​ပါ​၏'' \m ဟု​ပါ​ရှိ​လေ​သည်။ \p \v 28 ဒံ​ယေ​လ​သည်​ဒါ​ရိ​မင်း​နန်း​စံ​ချိန်​နှင့်၊ ပါရှ အ​မျိုး​သား​ကု​ရု​မင်း​နန်း​စံ​ချိန်​၌​ကောင်း စား​လျက်​နေ​သ​တည်း။ \c 7 \ms1 မိ​မိ​တွေ့​မြင်​ရ​သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို​ဒံ​ယေ​လ​ဖော်​ပြ​ခြင်း \mr (၇:၁-၁၂:၁၃) \s1 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​သား​ရဲ​ကြီး​လေး​ကောင်​ကို​ဒံ​ယေ​လ​မြင်​ရ​ခြင်း \p \v 1 ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၊ ဗေ​လ​ရှာ​ဇာ​မင်း​နန်း​စံ​ပ​ထ​မ​နှစ်​၌ ငါ​သည်​ညဥ့်​အ​ခါ​အိပ်​မက်​တွင်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု​ကို​မြင်​ရ​၏။ ထို​အိပ်​မက်​၏​အ​ကြောင်း​ကို​ငါ​သည်​ဤ​သို့​မှတ်​တမ်း​ရေး​ထား​သ​တည်း။ \p \v 2 လေ​တို့​သည်​အ​ရပ်​လေး​မျက်​နှာ​မှ​တိုက်​ခတ်​သ​ဖြင့် သ​မုဒ္ဒ​ရာ​ရေ​ပြင်​တွင်​ပြင်း​စွာ​လှိုင်း​တံ​ပိုး​ထ​လေ​၏။- \v 3 ထို​အ​ခါ​ပုံ​သဏ္ဌာန်​ချင်း​မ​တူ​သော​သား​ရဲ​ကြီး​လေး​ကောင်​တို့​သည်​သ​မုဒ္ဒ​ရာ​ထဲ​မှ​ထွက်​ပေါ်​လာ​၏။-\x + \xo 7:3 \xt ဗျာ၊ ၁၃:၁။ ၁၇:၈။\x* \v 4 ပ​ထ​မ​သား​ရဲ​သည်​ခြင်္သေ့​နှင့်​တူ​၍​လင်း​ယုန်​ကဲ့​သို့​အ​တောင်​များ​ရှိ​၏။ ငါ​သည်​ကြည့်​ရှု​နေ​စဉ်​ထို​သား​ရဲ​သည်​အ​တောင်​များ​ပြုတ်​၍​သွား​ပြီး​လျှင် မြေ​ပေါ်​သို့​မြောက်​တက်​ကာ​လူ​ကဲ့​သို့​မတ်​တတ်​ရပ်​လျက်​နေ​၏။ ထို​နောက်​သူ​သည်​လူ့​စိတ်​ကို​ရ​လေ​သည်။ \p \v 5 ငါ​သည်​ဒု​တိ​ယ​သား​ရဲ​ကို​မြင်​ရ​၏။ ထို​သား​ရဲ​သည်​နောက်​ခြေ​နှစ်​ချောင်း​ဖြင့်​ရပ်​လျက်​နေ​သော​ဝက်​ဝံ​နှင့်​တူ​၏။ သူ​၏​ပါး​စပ်​တွင်​နံ​ရိုး​သုံး​ချောင်း​ကို​ကိုက်​၍​ထား​၏။ အ​သံ​တစ်​ခု​က​သူ့​အား``အ​သား​ကို​ဝ​အောင်​စား​လော့'' ဟု​ဆို​၏။ \p \v 6 ငါ​သည်​ဆက်​လက်​၍​ကြည့်​ရှု​နေ​စဉ်​အ​ခြား​သား​ရဲ​တစ်​ကောင်​ကို​မြင်​ရ​၏။ ထို​သား​ရဲ​သည်​ကျား​သစ်​နှင့်​တူ​၏။ သူ​၏​ကျော​ပေါ်​တွင်​ငှက်​တောင်​ပံ​များ​နှင့်​တူ​သော​အ​တောင်​လေး​ခု​ရှိ​၏။ သူ့​မှာ​ဦး​ခေါင်း​လေး​လုံး​ရှိ​၏။ သူ​သည်​တန်​ခိုး​အာ​ဏာ​ရှိ​ပုံ​ရ​၏။\x + \xo 7:6 \xt ဗျာ၊ ၁၃:၂။\x* \p \v 7 ငါ​သည်​ကြည့်​ရှု​နေ​စဉ်​စ​တုတ္ထ​သား​ရဲ​ကို​မြင်​ရ​၏။ ထို​သား​ရဲ​သည်​ခွန်​အား​ကြီး​၍​ထိတ်​လန့်​ကြောက်​မက်​ဖွယ်​ကောင်း​၏။ သူ​၏​သွား​ကြီး​များ​ဖြင့်​ရန်​သူ​တို့​ကို​ကိုက်​ဝါး​ကာ​ခြေ​ဖြင့်​နင်း​ချေ​၏။ ဤ​သား​ရဲ​သည်​အ​ခြား​သား​ရဲ​များ​နှင့်​မ​တူ​ချေ။ သူ့​မှာ​ဦး​ချို​ဆယ်​ချောင်း​ရှိ​၏။-\x + \xo 7:7 \xt ဗျာ၊ ၁၂:၃၊ ၁၃:၁။\x* \v 8 ထို​ဦး​ချို​တို့​ကို​ကြည့်​နေ​စဉ်​ယင်း​တို့​အ​ကြား​မှ​ဦး​ချို​ငယ်​တစ်​ချောင်း​ပေါ်​လာ​သည်​ကို​ငါ​မြင်​ရ​၏။ ထို​ဦး​ချို​ငယ်​က​ရှိ​ပြီး​ဦး​ချို​သုံး​ချောင်း​ကို​ဖယ်​ရှား​လိုက်​လေ​သည်။ ထို​ဦး​ချို​ငယ်​တွင်​လူ​ကဲ့​သို့​မျက်​စိ​များ​နှင့်​ကြွား​ဝါ​တတ်​သော​နှုတ်​ရှိ​၏။\x + \xo 7:8 \xt ဗျာ၊ ၁၃:၅-၆။\x* \s1 ထာ​ဝ​စဉ်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင်​ကို​ဖူး​မြင်​ရ​ခြင်း \p \v 9 ငါ​သည်​ကြည့်​ရှု​နေ​စဉ်​ရာ​ဇ​ပလ္လင်​များ​ကို​တည်​ထား​သည်​ကို​လည်း​ကောင်း၊ တစ်​ခု​သော​ပလ္လင်​ပေါ်​တွင်​ထာ​ဝ​စဉ်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင် ထိုင်​လျက်​နေ​တော်​မူ​သည်​ကို​လည်း​ကောင်း​မြင်​ရ​၏။ ထို​အ​ရှင်​၏​အ​ဝတ်​တို့​သည်​မိုး​ပွင့်​ကဲ့​သို့​ဖြူ​၍​ဆံ​တော်​သည်​လည်း​သိုး​မွေး​စစ်​နှင့်​တူ​၏။ ရဲ​ရဲ​တောက်​နေ​သော​ဘီး​များ​တပ်​ဆင်​ထား​သည့်​ကိုယ်​တော်​၏​ပလ္လင်​တော်​သည်​မီး​လျှံ​ထ​လျက်​နေ​၏။-\x + \xo 7:9 \xt ဗျာ၊ ၂၀:၄၊ ၁:၁၄။\x* \v 10 ထို​ပလ္လင်​တော်​မှ​မြစ်​သ​ဖွယ်​မီး​ရောင်​ခြည်​ထွက်​လျက်​နေ​၏။ ထို​အ​ရပ်​တွင်​ကိုယ်​တော်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​သူ​ထောင်​ပေါင်း​များ​စွာ​ရှိ​၏။ ရှေ့​တော်​တွင်​ရပ်​လျက်​ခ​စား​နေ​သူ​လည်း​သန်း​ပေါင်း​များ​စွာ​ရှိ​ပေ​သည်။ တ​ရား​စီ​ရင်​တော်​မူ​ချိန်​စ​တော့​မည်​ဖြစ်​သ​ဖြင့်​စာ​စောင်​များ​ဖွင့်​ထား​လျက်​ရှိ​၏။\x + \xo 7:10 \xt ဗျာ၊ ၁၅:၁၁၊ ၂၀:၁၂။\x* \p \v 11 ငါ​သည်​ကြည့်​ရှု​လျက်​နေ​စဉ်​ဦး​ချို​ငယ်​သည်​ကြွား​ဝါ​လျက်​ပင်​ရှိ​နေ​သေး​၏။ ထို​အ​ချိန်​၌​စ​တုတ္ထ​သား​ရဲ​သည်​အ​သတ်​ခံ​ရ​၍​သူ​၏​ကိုယ်​ခန္ဓာ​သည်​မီး​ရှို့​၍​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​လေ​သည်။- \v 12 အ​ခြား​သား​ရဲ​တို့​သည်​မိ​မိ​တို့​၏​တန်​ခိုး​အာ​ဏာ​များ​ရုပ်​သိမ်း​ခြင်း​ခံ​ကြ​ရ​သော်​လည်း အ​ချိန်​အ​ကန့်​အ​သတ်​နှင့်​ဆက်​လက်​၍​အ​သက်​ရှင်​ခွင့်​ရ​ရှိ​ကြ​လေ​သည်။ \p \v 13 ညဥ့်​အ​ခါ​ထို​ရူ​ပါ​ရုံ​တွင်​ငါ​သည်​လူ​သား​နှင့်​တူ​သူ​တစ်​ဦး​ကို​မြင်​ရ​၏။ သူ​သည်​မိုး​တိမ်​ခြံ​ရံ​ကာ​ငါ့​ထံ​သို့​ချဉ်း​ကပ်​လာ​၏။ ထို​နောက်​ထာ​ဝ​စဉ်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင်​၏​ထံ​တော်​သို့​ရောက်​ရှိ​သွား​သ​ဖြင့်​သူ​သည်​ကိုယ်​တော်​၏​ရှေ့​တော်​သို့​ဝင်​ခွင့်​ရ​လေ​သည်။-\x + \xo 7:13 \xt မ၊ ၂၄:၃၀၊ ၂၆:၆၄။ မာ၊ ၁၃:၂၆၊ ၄:၆၂။ လု၊ ၂၁:၂၇။ ဗျာ၊ ၁:၇၊ ၁၃၊ ၁၄:၁၄။\x* \v 14 ထို​အ​ခါ​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​သော​လူ​မျိုး​ဟူ​သ​မျှ​သည်​သူ​၏​အ​မှု​ကို​ထမ်း​ရွက်​စေ​ခြင်း​ငှာ​ကိုယ်​တော်​သည်​သူ့​အား​စိုး​ပိုင်​ခွင့်​နှင့်​ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ရာ​ဇ​တန်​ခိုး​အာ​ဏာ​ကို​လည်း​ကောင်း​ပေး​အပ်​တော်​မူ​၏။ သူ​၏​အာ​ဏာ​စက်​သည်​ကာ​လ​အ​စဉ်​အ​ဆက်​တည်​မြဲ​၍ သူ​၏​နိုင်​ငံ​တော်​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​ပျက်​သုဉ်း​ရ​လိမ့်​မည်​မ​ဟုတ်။\x + \xo 7:14 \xt ဗျာ၊ ၁၁:၁၅။\x* \s1 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​ရှင်း​လင်း​ဖော်​ပြ​ခြင်း \p \v 15 ငါ​မြင်​ရ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကြောင့် ငါ​သည်​ထိတ်​လန့်​၍​လာ​သ​ဖြင့်​စိတ်​ချောက်​ချား​ကာ၊- \v 16 ထို​နေ​ရာ​တွင်​ရပ်​နေ​သူ​တစ်​ဦး​ထံ​သို့​သွား​၍ ထို​အ​ရာ​တို့​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မေး​မြန်း​ရာ​ထို​သူ​က​ငါ့​အား​ရှင်း​ပြ​လေ​သည်။- \v 17 ထို​သူ​က``ထို​သား​ရဲ​ကြီး​လေး​ကောင်​သည်​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​ပေါ်​ပေါက်​လာ​မည့်​အင်​ပါ​ယာ​နိုင်​ငံ​လေး​ခု​ဖြစ်​၏။- \v 18 သို့​သော်​လည်း​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​သည် ရာ​ဇ​တန်​ခိုး​အာ​ဏာ​ကို​ခံ​ယူ​ရ​ရှိ​ကာ​ကမ္ဘာ​အ​ဆက်​ဆက်​ထိန်း​သိမ်း​ကြ​လိမ့်​မည်'' ဟု​ရှင်း​ပြ​လေ​သည်။\x + \xo 7:18 \xt ဗျာ၊ ၂၂:၅။\x* \p \v 19 ထို​နောက်​ငါ​သည်​အ​ခြား​သား​ရဲ​များ​နှင့်​မ​တူ​တ​မူ​ထူး​ခြား​လျက်​ကြေး​ဝါ​လက်​သည်း​များ​နှင့်​သံ​သွား​များ​ဖြင့် ရန်​သူ​ကို​ကိုက်​စား​နင်း​ချေ​တတ်​သော​စ​တုတ္ထ​သား​ရဲ​၏​အ​ကြောင်း​ကို​သိ​လို​၏။- \v 20 ထို​နောက်​ငါ​သည်​သူ​၏​ခေါင်း​ပေါ်​ရှိ​ဦး​ချို​ဆယ်​ချောင်း​အ​ကြောင်း​ကို​လည်း​ကောင်း၊ နောက်​မှ​ပေါ်​ပေါက်​လာ​ကာ​အ​ခြား​ဦး​ချို​သုံး​ချောင်း​ကို​ဖယ်​ရှား​ပစ်​၍ မျက်​စိ​များ​နှင့်​ကြွား​ဝါ​တတ်​သော​နှုတ်​ရှိ​ပြီး​လျှင်​အ​ခြား​ဦး​ချို​များ​ထက်​ကြောက်​မက်​ဖွယ်​ကောင်း​သော​ဦး​ချို​ငယ်​အ​ကြောင်း​ကို​လည်း​ကောင်း​သိ​လို​၏။ \p \v 21 ငါ​သည်​ကြည့်​ရှု​နေ​စဉ်​ဦး​ချို​ငယ်​သည်​ဘု​ရား​သခင်​၏​လူ​မျိုး​တော်​တို့​အား စ​တင်​တိုက်​ခိုက်​၍​နိုင်​လေ​၏။-\x + \xo 7:21 \xt ဗျာ၊ ၁၃:၇။\x* \v 22 ထို​အ​ခါ​ထာ​ဝ​စဉ်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင်​သည်​ရောက်​ရှိ​လာ​လျက် အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​သူ​များ​ဘက်​မှ တ​ရား​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​၏။ ရာ​ဇ​ဝတ်​တန်​ခိုး​အာ​ဏာ​ကို​ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော် ခံ​ယူ​ရ​ရှိ​မည့်​အ​ချိန်​ကား​ကျ​ရောက်​လာ​လေ​ပြီ။\x + \xo 7:22 \xt ဗျာ၊ ၂၀:၄။\x* \p \v 23 ထို​သူ​က``စ​တုတ္ထ​သား​ရဲ​သည်​ကမ္ဘာ​မြေ​ပေါ်​တွင်​ပေါ်​ပေါက်​လာ​မည့်​စ​တုတ္ထ​မြောက်​အင်​ပါ​ယာ​နိုင်​ငံ​ဖြစ်​၍​အ​ခြား​နိုင်​ငံ​အ​ပေါင်း​နှင့်​ကွာ​ခြား​လိမ့်​မည်။ ယင်း​သည်​ကမ္ဘာ​မြေ​တစ်​ဝန်း​လုံး​ကို​ဝါး​မြို​ကာ​ခြေ​ဖြင့်​နင်း​၍​ချေ​မှုန်း​လိမ့်​မည်။- \v 24 ဦး​ချို​ဆယ်​ချောင်း​မှာ​ထို​နိုင်​ငံ​တွင်​ပေါ်​ပေါက်​လာ​မည့်​ဘု​ရင်​ဆယ်​ပါး​ဖြစ်​၏။ ထို​နောက်​အ​ခြား​ဘု​ရင်​တစ်​ပါး​ပေါ်​လာ​လိမ့်​မည်။ သူ​သည်​ယ​ခင်​ဘု​ရင်​များ​နှင့်​ကွာ​ခြား​သူ​ဖြစ်​လိမ့်​မည်။ ဘု​ရင်​သုံး​ပါး​ကို​လည်း​နှိမ်​နင်း​လိမ့်​မည်။-\x + \xo 7:24 \xt ဗျာ၊ ၁၇:၁၂။\x* \v 25 သူ​သည်​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​ကို​ဆန့်​ကျင်​ပြော​ဆို​လျက် ကိုယ်​တော်​၏​လူ​မျိုး​တော်​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​လိမ့်​မည်။ သူ​သည်​လူ​မျိုး​တော်​တို့​၏​ဘာ​သာ​ရေး​ဆိုင်​ရာ​တ​ရား​ဋ္ဌမ္မ​များ​နှင့်​ပွဲ​လမ်း​သ​ဘင်​များ​ကို​ပြောင်း​လဲ​စေ​ရန် ကြိုး​စား​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​သည်​လည်း သူ​၏​အာ​ဏာ​စက်​အောက်​တွင်​သုံး​နှစ်​ခွဲ​မျှ​နေ​ကြ​ရ​လိမ့်​မည်။-\x + \xo 7:25 \xt ဗျာ၊ ၁၂:၁၄။ ၁၃:၅-၆။\x* \v 26 ထို​နောက်​ကောင်း​ကင်​ရုံး​တော်​မှ​တ​ရား​စီ​ရင်​ချက်​ချ​မှတ်​ကာ သူ​၏​တန်​ခိုး​အာ​ဏာ​ကို​ရုတ်​သိမ်း​၍​သူ့​အား​လုံး​ဝ​သုတ်​သင်​ပယ်​ရှား​လိမ့်​မည်။- \v 27 အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​တို့​သည် ကမ္ဘာ​မြေ​ပေါ်​ရှိ​နိုင်​ငံ​အ​ပေါင်း​တို့​၏​တန်​ခိုး​အာ​ဏာ​နှင့်​ဘုန်း​အ​သ​ရေ​ကို​ခံ​ယူ​ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​၏​အာ​ဏာ​စက်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ပ​ပျောက်​ရ​လိမ့်​မည်​မ​ဟုတ်။ ကမ္ဘာ​ပေါ်​ရှိ​ဘု​ရင်​အ​ပေါင်း​တို့​သည်​လည်း​သူ​တို့​၏​အ​စေ​ကို​ခံ​၍​သူ​တို့​၏​အ​မိန့်​ကို​နာ​ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ရှင်း​ပြ​၏။\x + \xo 7:27 \xt ဗျာ၊ ၂၀:၄၊ ၂၂:၅။\x* \p \v 28 ငါ​၏​အိပ်​မက်​နှင့်​သက်​ဆိုင်​သော​အ​ကြောင်း​အ​ရာ​များ​ကား​ဤ​တွင်​ပြီး​သ​တည်း။ ငါ​သည်​လွန်​စွာ​ထိတ်​လန့်​သ​ဖြင့်​မျက်​နှာ​ညှိုး​ငယ်​၍​သွား​၏။ ဤ​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​ကို​စိတ်​တွင်​မှတ်​ကျုံး​ထား​၏။ \c 8 \s1 သိုး​ထီး​နှင့်​ဆိတ်​ကို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင် ဒံ​ယေ​လ​မြင်​ခြင်း \p \v 1 ဗေ​လ​ရှာ​ဇာ​မင်း​နန်း​စံ​တ​တိ​ယ​နှစ်​၌​ငါ ဒံ​ယေ​လ​သည် ဒု​တိ​ယ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ ကို​မြင်​ရ​၏။-\f 6 \fr 8:1 \ft * \ft ၈:၁ မှ​စ​၍​ကျမ်း​အ​ဆုံး​အ​ထိ​ဟေ​ဗြဲ စာ​ဖြင့်​ပြု​စု​ထား​သည်(၂:၄ ကို​ကြည့်​ပါ)\f* \v 2 ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ထဲ​တွင်​ငါ​သည်​ဧ​လံ ပြည်​နယ်​မြို့​ရိုး​များ​ကာ​ရံ​ထား​သော ရှု​ရှန် မြို့​တွင်း​သို့​ရုတ်​တ​ရက်​ရောက်​ရှိ​နေ​သည် ကို​တွေ့​ရ​၏။ ငါ​သည်​ဥ​လဲ​မြစ်​အ​နီး​တွင် ရပ်​၍၊- \v 3 မျှော်​ကြည့်​လိုက်​ရာ​မြစ်​အ​နီး​တွင်​ရပ်​နေ သော​သိုး​ထီး​တစ်​ကောင်​ကို​မြင်​ရ​၏။ ထို​သိုး မှာ​ဦး​ချို​ရှည်​ကြီး​နှစ်​ချောင်း​ရှိ​၍​တစ်​ချောင်း မှာ​အ​ခြား​တစ်​ချောင်း​ထက်​ပို​ရှည်​၍​နောက် မှ​ပေါက်​သော​ချို​ဖြစ်​သည်။- \v 4 ထို​သိုး​သည်​ဦး​ချို​ဖြင့်​အ​နောက်၊ တောင်၊ မြောက် အ​ရပ်​သုံး​မျက်​နှာ​သို့​ခတ်​ဝှေ့​၍​နေ​သည် ကို​ငါ​ကြည့်​လျက်​နေ​မိ​၏။ သူ့​အား​အ​ဘယ် တိ​ရစ္ဆာန်​မျှ​မ​ဆီး​တား​နိုင်။ သူ​၏​လက်​တွင်း မှ​လွတ်​မြောက်​အောင်​လည်း​မ​တတ်​နိုင်။ သူ သည်​မိ​မိ​အ​လို​ရှိ​သည်​အ​တိုင်း​ပြု​ကာ မာန်​မာ​န​ထောင်​လွှား​လာ​လေ​သည်။ \p \v 5 ငါ​သည်​ဤ​အ​ခြင်း​အ​ရာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​စဉ်း​စား​တွေး​တော​လျက်​နေ​စဉ် အ​နောက် အ​ရပ်​မှ​ဆိတ်​တစ်​ကောင်​သည်​ပြေး​၍​ထွက် လာ​၏။ သူ​သည်​အ​ရှိန်​ပြင်း​လှ​သ​ဖြင့်​မြေ ကို​ပင်​မ​နင်း​မိ​ချေ။ သူ​၏​မျက်​လုံး​များ အ​ကြား​တွင်​ငေါ​၍​ထွက်​နေ​သော​ဦး​ချို တစ်​ချောင်း​ရှိ​၏။- \v 6 သူ​သည်​ယ​ခင်​က​မြစ်​အ​နီး​တွင် ငါ​မြင် ခဲ့​သော​သိုး​၏​အ​နီး​သို့​ရောက်​လာ​သော အ​ခါ တစ်​ဟုန်​တည်း​ပြေး​၍​ဝှေ့​လေ​၏။- \v 7 ငါ​သည်​ဆိတ်​က​သိုး​အား​ဝှေ့​သည်​ကို​ကြည့် ၍​နေ​၏။ ဆိတ်​သည်​ပြင်း​စွာ​အ​မျက်​ထွက်​၍ သိုး​ကို​တ​အား​ကုန်​ဝှေ့​လိုက်​ရာ​သိုး​၏​ဦး ချို​နှစ်​ချောင်း​ကျိုး​လေ​၏။ သိုး​သည်​ပြန်​လည် ခု​ခံ​နိုင်​စွမ်း​မ​ရှိ​သ​ဖြင့်​မြေ​ပေါ်​သို့​လဲ ကျ​ကာ​ခြေ​နှင့်​အ​နင်း​ခံ​ရ​လေ​သည်။ အ​ဘယ်​သူ​မျှ​သူ့​အား​မ​ကယ်​နိုင်​တော့​ပေ။ \p \v 8 ဆိတ်​သည်​ပို​၍​ပို​၍​မာန်​မာ​န​ထောင်​လွှား လာ​၏။ သို့​ရာ​တွင်​သူ​တန်​ခိုး​အ​ကြီး​ဆုံး အ​ချိန်​သို့​ရောက်​သော​အ​ခါ​သူ​၏​ဦး​ချို သည်​ကျိုး​သွား​ပြီး​လျှင် ထို​ဦး​ချို​၏​နေ​ရာ တွင်​အ​ရပ်​လေး​မျက်​နှာ​သို့​ငေါ​ထွက်​နေ သော​ဦး​ချို​လေး​ချောင်း​ပေါက်​၍​လာ​လေ သည်။- \v 9 ထို​ဦး​ချို​လေး​ချောင်း​အ​နက်​တစ်​ချောင်း တွင်​ချို​အ​တက်​တစ်​ချောင်း​ပေါက်​၍​လာ​၏။ ထို​ချို​တက်​သည်​တောင်​ဘက်​အ​ရပ်၊ အ​ရှေ့ အ​ရပ်​နှင့်​ကတိ​ထား​တော်​မူ​သော​ပြည်​တော် သို့​တိုင်​အောင်​အာ​ဏာ​တန်​ခိုး​ရှိ​လေ​သည်။- \v 10 ချို​အ​တက်​သည်​ကောင်း​ကင်​ဗိုလ်​ခြေ​တည်း ဟူ​သော​ကြယ်​တာ​ရာ​များ​ကို​တိုက်​ခိုက်​နိုင် သည်​တိုင်​အောင် အင်​အား​ကြီး​မား​လာ​ကာ ထို​ကြယ်​တာ​ရာ​အ​ချို့​တို့​ကို​မြေ​သို့ ချ​၍​နင်း​ချေ​လေ​သည်။-\x + \xo 8:10 \xt ဗျာ၊ ၁၂:၄။\x* \v 11 ကောင်း​ကင်​ဗိုလ်​ခြေ​တို့​၏​အ​ရှင်​ကို​ပင်​အာ ခံ​လျက် ကိုယ်​တော်​အား​ပူ​ဇော်​နေ​ကျ​ဖြစ် သည့်​ယဇ်​များ​ကို​ရပ်​စဲ​စေ​၍​ဗိ​မာန်​တော် ကို​ပျက်​စီး​စေ​၏။- \v 12 လူ​တို့​သည်​နေ့​စဉ်​ပူ​ဇော်​နေ​ကျ​ယဇ်​များ ကို​ပူ​ဇော်​မည့်​အ​စား​စစ်​မှန်​သော​ဘာ​သာ တ​ရား​ကို​မြေ​သို့​တိုင်​အောင်​ရှုတ်​ချ​ကြ​၏။ ထို​ဦး​ချို​သည်​ပြု​လေ​သ​မျှ​သော​အ​မှု တို့​တွင်​အောင်​မြင်​လေ​သည်။ \p \v 13 ထို​နောက်​ကောင်း​ကင်​တ​မန်​တစ်​ပါး​က အ​ခြား တစ်​ပါး​အား``ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​တွေ့​ရှိ​ရ သည့်​အ​ရာ​များ​သည်​အ​ဘယ်​မျှ​ကြာ​အောင် ဖြစ်​ပျက်​နေ​ပါ​မည်​နည်း။ နေ့​စဉ်​ယဇ်​ပူ​ဇော် ခြင်း​ကို​ကြောက်​မက်​ဖွယ်​ရာ​အ​ပြစ်​ဒု​စ​ရိုက် ဖြင့်​အ​စား​ထိုး​မှု​သည်​လည်း​ကောင်း၊ ကောင်း ကင်​ဗိုလ်​ခြေ​နှင့်​ဗိ​မာန်​တော်​ကို​နင်း​ချေ​မှု သည်​လည်း​ကောင်း​အ​ဘယ်​မျှ​ကြာ​ဖြစ် ပျက်​လိမ့်​မည်​နည်း'' ဟု​မေး​သည်​ကို​ငါ ကြား​ရ​၏။ \p \v 14 ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​က``ရက်​ပေါင်း တစ်​ထောင့်​တစ်​ရာ့​ငါး​ဆယ်\f 7 \fr 8:14 \ft * \ft ရက်​ပေါင်း​တစ်​ထောင့်​တစ်​ရာ့​ငါး​ဆယ်။ သို့ မ​ဟုတ် ရက်​ပေါင်း​နှစ်​ထောင့်​သုံး​ရာ။\f* ကြာ​လိမ့်​မည်။ ထို​ကာ​လ​အ​တော​အ​တွင်း​၌ နံ​နက်​နှင့်​ညဥ့်​ဦး​ယံ​ယဇ်​ပူ​ဇော်​မှု​များ​ကို ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။ ထို​နောက်​ဗိ​မာန်​တော် သည်​ပြန်​လည်​သန့်​စင်​၍​လာ​လိမ့်​မည်'' ဟု ပြန်​ပြော​၏။ \s1 ရူ​ပါ​ရုံ​၏​အ​နက်​ကို​ကောင်း​ကင်​တ​မန်​ဂါ​ဗြေ​လ ဖော်​ပြ​ခြင်း \p \v 15 ငါ​ဒံ​ယေ​လ​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၏​အ​နက် ကို​သိ​ရှိ​နိုင်​ရန်​ကြိုး​စား​လျက်​နေ​စဉ် လူ့ သဏ္ဌာန်​ကို​ဆောင်​သူ​တစ်​ဦး​သည်​ငါ​၏​ရှေ့ တွင်​ရပ်​၍​နေ​သည်​ကို​မြင်​ရ​၏။- \v 16 ထို​အ​ချိန်​၌``အ​ချင်း​ဂါ​ဗြေ​လ၊ ထို​သူ​အား ရူ​ပါ​ရုံ​၏​အနက်​ကို​ဖော်​ပြ​လော့'' ဟူ​၍​ဥ​လဲ မြစ်​ဘက်​မှ​လူ့​အ​သံ​နှင့်​ဟစ်​၍​ပြော​ဆို​သည် ကို​ငါ​ကြား​ရ​၏။-\x + \xo 8:16 \xt လု၊ ၁:၁၉၊ ၂၆။\x* \v 17 ဂါ​ဗြေ​လ​သည်​ငါ​၏​အ​နီး​သို့​လာ​၍​ရပ် လိုက်​သော​အ​ခါ​ငါ​သည်​လွန်​စွာ​ထိတ်​လန့် သွား​သ​ဖြင့်​မြေ​သို့​လဲ​ကျ​လေ​သည်။ \p ဂါ​ဗြေ​လ​က``အ​ချင်း​လူ​သား၊ ရူ​ပါ​ရုံ​၏ အ​နက်​ကို​နား​လည်​လော့။ ထို​ရူ​ပါ​ရုံ​သည် ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​နှင့်​သက်​ဆိုင်​၏'' ဟု ငါ့​အား​ဆို​၏။- \v 18 သူ​ဤ​သို့​ပြော​နေ​စဉ်​ငါ​သည်​မေ့​မြော​၍ မြေ​ပေါ်​သို့​လဲ​ကျ​သွား​လေ​သည်။ သို့​ရာ တွင်​သူ​သည်​ငါ့​အား​ဆွဲ​ကိုင်​ထူ​မ​ပြီး လျှင်၊- \v 19 ``ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​၏​အ​ကျိုး ဆက်​ကား အ​ဘယ်​သို့​ဖြစ်​မည်​ကို​သင့်​အား ငါ​ဖော်​ပြ​နေ​ခြင်း​ဖြစ်​၏။ ရူ​ပါ​ရုံ​သည် အ​ဆုံး​စွန်​သော​ကာ​လ​နှင့်​သက်​ဆိုင်​၏။ \p \v 20 ``သင်​မြင်​ရ​သော​ဦး​ချို​နှစ်​ချောင်း​ရှိ​သည့် သိုး​သည် မေ​ဒိ​နှင့်​ပါ​ရှ​နိုင်​ငံ​များ​ကို​ဆို လို​၏။- \v 21 ဆိတ်​သည်​ဂ​ရိတ်​နိုင်​ငံ​ဖြစ်​၏။ သူ​၏​မျက်​စိ များ​အ​ကြား​မှ​ငေါ​၍​ထွက်​နေ​သော​ဦး​ချို ကား ထို​နိုင်​ငံ​၏​ပ​ထ​မ​မြောက်​ဘု​ရင်​ဖြစ်​၏။- \v 22 ထို​ဦး​ချို​ကျိုး​၍​သွား​သော​အ​ခါ​ပေါက်​လာ သည့်​ဦး​ချို​လေး​ချောင်း​တို့​မှာ ထို​နိုင်​ငံ​မှ​ကွဲ ပြား​ပေါ်​ပေါက်​လာ​မည့်​နိုင်​ငံ​လေး​ခု​ဖြစ်​၏။ သို့​ရာ​တွင်​ထို​နိုင်​ငံ​တို့​သည် ပ​ထ​မ​နိုင်​ငံ လောက်​အင်​အား​ကြီး​မား​ကြ​လိမ့်​မည် မ​ဟုတ်။ \p \v 23 ``ထို​နိုင်​ငံ​များ​သည်​ပျက်​သုဉ်း​ချိန်​နီး​၍ အ​ပြစ်​ဒဏ်​သင့်​လောက်​အောင်​ယုတ်​မာ​လာ သော​အ​ခါ​ခေါင်း​မာ​ဆိုး​ညစ်၊ ကောက်​ကျစ် လိမ်​လည်​တတ်​သော​ဘု​ရင်​တစ်​ပါး​ပေါ် ပေါက်​လာ​လိမ့်​မည်။- \v 24 သူ​သည်​ကိုယ်​ပိုင်​စွမ်း​ရည်​မ​ရှိ​ဘဲ​တန်​ခိုး ကြီး​မား​၍​လာ​လိမ့်​မည်။ သူ​သည်​ကြောက်​မက် ဖွယ်​ကောင်း​သည့်​သတ်​ဖြတ်​ဖျက်​ဆီး​မှု​များ ကို​ပြု​၍ အ​ဘယ်​အမှု​ကိစ္စ​တွင်​မ​ဆို​အောင် မြင်​လိမ့်​မည်။ တန်​ခိုး​ကြီး​မား​သူ​များ​နှင့် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​တို့​ကို ဖျက်​ဆီး​လိမ့်​မည်။- \v 25 သူ​သည်​ပါး​နပ်​လိမ္မာ​သူ​ဖြစ်​သ​ဖြင့် လိမ် လည်​လှည့်​စား​မှု​တို့​တွင်​အောင်​မြင်​လိမ့်​မည်။ သူ​သည်​မာန်​မာ​န​ထောင်​လွှား​ကာ​လူ​အ မြောက်​အ​မြား​ကို​အ​မှတ်​မ​ထင်​သုတ်​သင် သတ်​ဖြတ်​လိမ့်​မည်။ သူ​သည်​ဘု​ရင်​တ​ကာ တို့​၏​ဘု​ရင်​ကို​ပင်​လျှင်​အံ​တု​လိမ့်​မည်။ သို့ ရာ​တွင်​သူ​သည်​လူ့​လက်​ဖြင့်​မ​ဟုတ်​ဘဲ သုတ်​သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။- \v 26 ညဥ့်​ဦး​ယံ၊ နံ​နက်​ယံ​ပူ​ဇော်​ရာ​ယဇ်​များ နှင့်​သက်​ဆိုင်​၍ သင့်​အား​ငါ​ရှင်း​လင်း​ပြ​သည့် ဤ​ရူ​ပါ​ရုံ​သည်​အ​ကောင်​အ​ထည်​ပေါ်​လာ လိမ့်​မည်။ သို့​ရာ​တွင်​ယင်း​သို့​အ​ကောင်​အ​ထည် ပေါ်​ရန်​အ​ချိန်​များ​စွာ​လို​သေး​သ​ဖြင့်​ထို ရူ​ပါ​ရုံ​ကို​လျှို့​ဝှက်​၍​ထား​လော့'' ဟု​ဆို​၏။ \p \v 27 ငါ​ဒံ​ယေ​လ​သည်​ရက်​ပေါင်း​များ​စွာ​စိတ် ညှိုး​ငယ်​လျက် မ​ကျန်း​မ​မာ​ဖြစ်​၍​နေ​၏။ ထို နောက်​ငါ​သည်​ထ​၍​ဘု​ရင်​ပေး​အပ်​ထား​သည့် အ​လုပ်​တာ​ဝန်​ကို​ဆောင်​ရွက်​၏။ သို့​ရာ​တွင် ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကြောင့်​စိတ်​ရှုပ်​ထွေး​လျက် နေ​သ​ဖြင့် ငါ​သည်​ယင်း​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​နား​မ​လည်​နိုင်​ပါ။ \b \c 9 \s1 မိ​မိ​၏​လူ​မျိုး​အ​တွက်​ဒံ​ယေ​လ​ဆု​တောင်း​ခြင်း \p \v 1 မေ​ဒိ​လူ​မျိုး​ဖြစ်​သူ​အာ​ရွှေ​ရု​၏​သား​တော် ဒါ​ရိ​သည် ဗာ​ဗု​လုန်​နိုင်​ငံ​တွင်​မင်း​ပြု​တော် မူ​၏။- \v 2 သူ​၏​နန်း​စံ​ပ​ထ​မ​နှစ်​၌​ငါ​ဒံ​ယေ​လ​သည် ကျမ်း​စာ​တော်​များ​ကို​လေ့​လာ​ကာ​ပ​ရော ဖက်​ယေ​ရ​မိ​အား ဘု​ရား​သခင်​မိန့်​တော်​မူ သည်​အ​တိုင်း​အ​နှစ်​ခု​နစ်​ဆယ်​တိုင်​တိုင် ယေ​ရု​ရှ​လင်​မြို့​ပျက်​စီး​ရ​မည်​အ​ကြောင်း ကို​စဉ်း​စား​ဆင်​ခြင်​လျက်​နေ​၏။-\x + \xo 9:2 \xt ယေ၊ ၂၅:၁၁၊ ၂၉:၁၀။\x* \v 3 ထို​နောက်​ငါ​သည်​အ​စာ​ရှောင်​ပြီး​လျှင်​လျှော် တေ​ကို​ဝတ်​၍ ပြာ​ထဲ​တွင်​ထိုင်​ကာ ထာ​ဝ​ရ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​အ​သ နား​ခံ​၏။- \v 4 ငါ​သည်​ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား ဆု​တောင်း​ပတ္ထနာ​ပြု​၍​ငါ့​လူ​မျိုး​၏ အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​၏။ \p ငါ​က``အို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကြီး​မြတ်​တော်​မူ​သည်​ဖြစ်​၍ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​ကို​ချီး​ကူး​ကြ ပါ​၏။ ကိုယ်​တော်​သည်​မိ​မိ​၏​ပ​ဋိ​ညာဉ်​တော် ကို​တည်​မြဲ​စေ​တော်​မူ​လျက် မိ​မိ​အား​ချစ် ၍​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​သူ​တို့​အား ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ပြ​တော်​မူ​ပါ​၏။ \p \v 5 ``အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​ကူး​မိ​ကြ​ပါ ပြီ။ အ​မှား​ကို​ပြု​မိ​ကြ​ပါ​ပြီ။ ညစ်​ညူး​သူ များ​ဖြစ်​၍​ပုန်​ကန်​မိ​ကြ​ပါ​ပြီ။ အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​၏​အ​မိန့်​တော်​တို့​ကို ပစ်​ပယ်​၍ ကိုယ်​တော်​ပြ​တော်​မူ​သော​ပ​ညတ် များ​မှ​သွေ​ဖည်​မိ​ကြ​ပါ​ပြီ။- \v 6 အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​၏​ဘု​ရင်​များ၊ မင်း ညီ​မင်း​သား​များ၊ ဘိုး​ဘေး​များ​မှ​စ​၍​ပြည် သူ​ပြည်​သား​အ​ပေါင်း​တို့​အား​နာ​မ​တော် ကို​အ​မှီ​ပြု​၍ ကိုယ်​တော်​၏​အ​စေ​ခံ​ပ​ရော ဖက်​တို့​ဟော​ကြား​သည်​ကို​အ​ကျွန်ုပ်​တို့​မ လိုက်​နာ​ခဲ့​ကြ​ပါ။- \v 7 အို အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ခါ​ခပ် သိမ်း​ဖြောင့်​မှန်​ရာ​ကို​ပြု​တော်​မူ​ပါ​၏။ သို့ ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို အ​သ​ရေ​ပျက်​စေ​ကြ​ပါ​၏။ ယု​ဒ​ပြည် ၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​၌​လည်း ကောင်း နေ​ထိုင်​သူ​များ​နှင့်​ကိုယ်​တော်​အား သစ္စာ​ဖောက်​သ​ဖြင့် ရပ်​နီး​ရပ်​ဝေး​တိုင်း​ပြည် များ​သို့​နှင်​ထုတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​သော ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လည်း​ကောင်း ဤ​နည်း​အ​တိုင်း​ပင်​မိ​မိ​တို့ ကိုယ်​ကို​အ​သ​ရေ​ပျက်​စေ​ကြ​ပါ​၏။- \v 8 အို အ​ရှင်​ဘု​ရား​အ​ကျွန်ုပ်​တို့​၏​ဘု​ရင်​များ၊ မင်း​ညီ​မင်း​သား​များ​နှင့်​ဘိုး​ဘေး​များ​သည် ရှက်​ကြောက်​ဖွယ်​ရာ​အ​မှု​တို့​ကို​ပြု​ကျင့် လျက်​ကိုယ်​တော်​အား​ပြစ်​မှား​ကြ​ပါ​ပြီ။- \v 9 အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​အား​ပုန်​ကန်​ကြ သော်​လည်း ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် က​ရု​ဏာ​ထား​တော်​မူ​၍​အ​ကျွန်ုပ် တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ​၏။- \v 10 အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် ပေး​အပ်​တော်​မူ​သော​ပ​ညတ်​တော်​များ အ​တိုင်း​လိုက်​နာ​ရန်​မိန့်​ကြား​သော်​လည်း အ​ကျွန်ုပ်​တို့​သည်​နား​မ​ထောင်​ခဲ့​ကြ​ပါ။- \v 11 ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​ပင် လျှင် ကိုယ်​တော်​ရှင်​ပ​ညတ်​တော်​တို့​ကို​ချိုး ဖောက်​၍​အ​မိန့်​တော်​ကို​မ​လိုက်​နာ​ကြ​ပါ။ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​ကို​ပြစ်​မှား ကြ​သည်​ဖြစ်​၍ ကိုယ်​တော့်​အ​စေ​ခံ​မော​ရှေ ၏​ပ​ညတ်​ကျမ်း​တွင်​ရေး​သား​ဖော်​ပြ​ထား သည့်​ကျိန်​စာ​များ​သင့်​စေ​တော်​မူ​ပါ​၏။- \v 12 ကိုယ်​တော်​သည်​မိ​မိ​မိန့်​တော်​မူ​ခဲ့​သည် အ​တိုင်း အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​သူ​တို့​အား အ​ပြစ်​ဒဏ်​ပေး​တော် မူ​ပါ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​အား​ကမ္ဘာ​ပေါ် ရှိ​အ​ခြား​မြို့​များ​ထက်​ပို​၍ ပြင်း​ထန်​စွာ အ​ပြစ်​ပေး​တော်​မူ​ပါ​၏။- \v 13 အ​ကျွန်ုပ်​တို့​သည်​မော​ရှေ​၏​ပ​ညတ်​တ​ရား တွင် ဖော်​ပြ​ပါ​ရှိ​သ​မျှ​သော​အ​ပြစ်​ဒဏ် များ​ကို​ခံ​ရ​ကြ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု အ​ခါ​၌​ပင်​လျှင်​အ​ကျွန်ုပ်​တို့​သည်​ကိုယ် တော်​နှစ်​သက်​တော်​မူ​စေ​ရန်​ကြိုး​စား​၍ အ​ပြစ်​ဒု​စ​ရိုက်​ကို​ရှောင်​ခြင်း၊ သမ္မာ​တ​ရား တော်​ကို​လိုက်​လျှောက်​ကျင့်​သုံး​ခြင်း​အ​မှု တို့​ကို​မ​ပြု​မ​လုပ်​ကြ​သေး​ပါ။- \v 14 အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​ဒဏ်​ပေး​ရန် အ​သင့်​ရှိ​သည်​အ​တိုင်း​ဒဏ်​ပေး​တော်​မူ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​ဖြောင့်​မှန် ရာ​ကို​ပြု​တော်​မူ​တတ်​သော်​လည်း အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​နား​မ ထောင်​ခဲ့​ကြ​သော​ကြောင့်​ဖြစ်​ပါ​၏။ \p \v 15 အို အ​ကျွန်ုပ်​တို့​၏​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ် တော်​သည်​မိ​မိ​၏​လူ​မျိုးတော်​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​ခြင်း​အား​ဖြင့် တန်​ခိုး​တော်​ကို​ပြ​တော်​မူ​ပါ​၏။ အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​၏​တန်​ခိုး​တော်​ကို ယ​ခု ထက်​တိုင်​အောက်​မေ့​သ​တိ​ရ​လျက်​နေ​ကြ ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​ကူး​မိ ကြ​ပါ​ပြီ။ အ​မှား​ကို​ပြု​မိ​ကြ​ပါ​ပြီ။- \v 16 အို အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည်​အ​တိတ် ကာ​လ​က အ​ကျွန်ုပ်​တို့​အား​ကာ​ကွယ်​စောင့် ရှောက်​တော်​မူ​ခဲ့​ပါ​၏။ သို့​ဖြစ်​၍​ယေ​ရု​ရှ​လင် မြို့​ကို​ဆက်​လက်​၍ အ​မျက်​ဒေါ​သ​ထွက်​တော် မ​မူ​ပါ​နှင့်။ ထို​မြို့​သည်​ကိုယ်​တော်​၏​မြို့​တော်၊ ကိုယ်​တော်​၏​သန့်​ရှင်း​သော​တောင်​တော်​ဖြစ် ပါ​၏။ အ​ကျွန်ု​တို့​၏​အ​ပြစ်​ဒု​စ​ရိုက်​များ နှင့်​ဘိုး​ဘေး​တို့​ပြု​ခဲ့​သည့်​မ​ကောင်း​မှု​များ ကြောင့် အိမ်​နီး​ချင်း​တိုင်း​ပြည်​များ​ရှိ​လူ အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​နှင့်​ကိုယ် တော်​၏​လူ​မျိုး​တော်​အား​အ​ထင်​အ​မြင် သေး​ကြ​ပါ​၏။- \v 17 အို ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​၏ ကျွန်​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​နှင့်​အ​သ​နား ခံ​ချက်​ကို​နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော် သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း လူ တိုင်း​သိ​ကြ​စေ​ရန် ဖြို​ဖျက်​ခြင်း​ခံ​ရ​သည့် ကိုယ်​တော်​၏​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည် ဆောက်​တော်​မူ​ပါ။- \v 18 အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​၏​လျှောက် ထား​ချက်​ကို​နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​အား​ကြည့်​တော်​မူ​၍​ကိုယ်​တော်​ရှင့်​နာ​မ တော်​ကို​ခံ​ယူ​ထား​သည့်​မြို့​၏​ဝေ​ဒ​နာ​ကို ရှု​မှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့ ကောင်း​မွန်၊ မှန်​ကန်​မှု​ကို​အ​မှီ​မ​ပြု၊ ကိုယ် တော်​၏​ကြီး​မြတ်​သော​က​ရု​ဏာ​ကို အ​မှီ​ပြု​၍​ဆု​တောင်း​ပါ​၏။- \v 19 အို အ​ရှင်​ဘု​ရား၊ နား​ထောင်​တော်​မူ​ပါ။ အို အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ အို အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​လျှောက်​ထား​ချက်​ကို​နား ထောင်​တော်​မူ​၍​အ​ရေး​ယူ​တော်​မူ​ပါ။ အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ဖင့်​နွဲ တော်​မ​မူ​ပါ​နှင့်။ သို့​မှ​သာ​လျှင်​ကိုယ်​တော် သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း ကို​လူ​တိုင်း​သိ​ရှိ​ပါ​လိမ့်​မည်။ ဤ​မြို့ နှင့်​ဤ​လူ​မျိုး​တော်​ကို​ကိုယ်​တော်​ပိုင် တော်​မူ​ပါ​၏'' ဟု​ဆု​တောင်း​ပတ္ထနာ​ပြု​၏။ \s1 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​ဂါ​ဗြေ​လ ရှင်း​လင်း​ဖော်​ပြ​ခြင်း \p \v 20 ငါ​သည်​ဆက်​လက်​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု ကာ မိ​မိ​၏​အ​ပြစ်​များ​ကို​လည်း​ကောင်း၊ မိ​မိ ၏​လူ​မျိုး​ဖြစ်​သော​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​အ​ပြစ်​များ​ကို​လည်း​ကောင်း​ဖော်​ပြ ဝန်​ခံ​လျက် ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ် သော​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက် ပေး​တော်​မူ​ရန် ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​အ​သ​နား​ခံ​လျက်​နေ​၏။- \v 21 ယင်း​သို့​ငါ​ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​နေ စဉ် ယ​ခင်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ငါ​တွေ့​မြင် ခဲ့​သူ၊ ဂါ​ဗြေ​လ​သည်​ငါ​ရှိ​ရာ​သို့​ပျံ​ဝဲ ဆင်း​သက်​လာ​၏။ ထို​အ​ချိန်​ကား​ညဥ့်​ဦး ယံ​ယဇ်​ပူ​ဇော်​ရာ​အ​ချိန်​ဖြစ်​၏။-\x + \xo 9:21 \xt လု၊ ၁:၁၉၊ ၂၆။\x* \v 22 ဂါ​ဗြေ​လ​က``ဒံ​ယေ​လ၊ ငါ​သည်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​ကို​သင်​သိ​ရှိ​နား​လည်​နိုင်​ရေး အ​တွက်​အ​ကူ​အ​ညီ​ပေး​ရန် ဤ​အ​ရပ် သို့​ရောက်​ရှိ​လာ​ခြင်း​ဖြစ်​၏။- \v 23 သင်​သည်​ဘု​ရား​သ​ခင်​အား​စ​တင်​အ​သ နား​ခံ​သော​အ​ခါ ကိုယ်​တော်​သည်​သင့်​ပတ္ထ​နာ ကို​နား​ထောင်​တော်​မူ​၏။ ကိုယ်​တော်​သည်​သင့် အား​ချစ်​မြတ်​နိုး​တော်​မူ​သည်​ဖြစ်​၍ ကိုယ် တော်​၏​ဖြေ​ကြား​ချက်​ကို​သင့်​အား​ဖော် ပြ​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​သည်။ ဗျာ​ဒိတ် ရူ​ပါ​ရုံ​အ​ကြောင်း​ကို​ငါ​ရှင်း​လင်း​ဖော်​ပြ နေ​စဉ်​ဂ​ရု​ပြု​၍​နား​ထောင်​လော့။ \p \v 24 ``ခု​နစ်​ဆယ်​ခု​နစ်​လီ​နှစ်​ကာ​လ​သည်​ကား သင်​၏​အ​မျိုး​သား​များ​နှင့် သင်​၏​သန့်​ရှင်း မြင့်​မြတ်​သော​မြို့​တော်​အား အ​ပြစ်​ဒု​စ​ရိုက် နှင့်​မ​ကောင်း​မှု​များ​မှ​လွတ်​မြောက်​စေ​ရန် ဘု​ရား​သ​ခင်​သတ်​မှတ်​ပေး​တော်​မူ​သည့် အ​ချိန်​ကာ​လ​ဖြစ်​၏။ ရူ​ပါ​ရုံ​နှင့်​ဗျာ​ဒိတ် တော်​အ​ကောင်​အ​ထည်​ပေါ်​လာ​စေ​ရန်​နှင့် အ​သန့်​ရှင်း​ဆုံး​ဗိ​မာန်​တော်​ကို​ပြန်​လည် ဆက်​ကပ်​နိုင်​ရေး​အ​တွက် ဘု​ရား​သ​ခင် သည်​ထို​သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ လွှတ်​တော်​မူ​၍ ထာ​ဝ​စဉ်​တ​ရား​မျှ​တ မှု​စိုး​မိုး​ရာ​ခေတ်​ကို​တည်​ထောင်​တော် မူ​လိမ့်​မည်။- \v 25 ယ​ခု​ဖော်​ပြ​မည့်​အ​ချက်​ကို​သ​တိ​ပြု ၍​နား​လည်​လော့။ ယေ​ရု​ရှ​လင်​မြို့​ကို​ပြန် လည်​တည်​ထောင်​ရန်​အ​မိန့်​ပေး​ချိန်​မှ​စ​၍ ဘု​ရား​သ​ခင်​ရွေး​ချယ်​သည့်​ခေါင်း​ဆောင် ပေါ်​လာ​ချိန်​အ​ထိ နှစ်​ပေါင်း​ခု​နစ်​နှစ်​နှင့် ခု​နစ်​လီ​ရှိ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည် လမ်း​များ၊ ခိုင်​ခံ့​သော​မြို့​ရိုး​များ​နှင့်​ပြန် လည်​တည်​ထောင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ခု​နစ်​လီ​ကြာ​အောင်​တည်​လိမ့်​မည်။ သို့ ရာ​တွင်​ထို​ကာ​လ​သည်​ဒု​က္ခ​များ​ရာ ကာ​လ​ဖြစ်​လိမ့်​မည်။- \v 26 ထို​ကာ​လ​သီ​တင်း​နှစ်​ခြောက်​ဆယ့်​နှစ်​နှစ် ကုန်​ဆုံး​ချိန်​၌ ဘု​ရား​သ​ခင်​ရွေး​ချယ်​တော် မူ​သော​ခေါင်း​ဆောင်​သည် မ​တ​ရား​လုပ်​ကြံ သတ်​ဖြတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ခြား အ​ရပ်​မှ​ချင်း​နင်း​ဝင်​ရောက်​လာ​သူ တန်​ခိုး ကြီး​မင်း​တစ်​ပါး​၏​စစ်​သည်​ဗိုလ်​ခြေ​တို့ သည် ယေ​ရု​ရှ​လင်​မြို့​နှင့်​ဗိ​မာန်​တော်​ကို ဖြို​ဖျက်​ကြ​လိမ့်​မည်။ နောက်​ဆုံး​၌​ဘု​ရား​သ​ခင်​ပြင်​ဆင်​စီ​ရင်​တော်​မူ​သည်​အ​တိုင်း စစ်​မှု​နှင့်​ပျက်​စီး​မှု​တို့​သည်​ရေ​လွှမ်း​မိုး သ​ကဲ့​သို့​ဖြစ်​ပွား​ရ​လိမ့်​မည်။- \v 27 ထို​မင်း​သည်​ခု​နစ်​နှစ်​တိုင်​တိုင်​များ​စွာ သော​လူ​တို့​နှင့် အ​ခိုင်​အ​မာ​သ​ဘော​တူ စာ​ချုပ်​ချုပ်​ဆို​လိမ့်​မည်။ သုံး​နှစ်​ခွဲ​မျှ ကြာ​သော​အ​ခါ​သူ​သည် ယဇ်​နှင့်​ပူ​ဇော် သ​ကာ​များ​ဆက်​ကပ်​မှု​ကို​ရပ်​စဲ​စေ လိမ့်​မည်။ ထို​နောက်​ထိတ်​လန့်​စက်​ဆုပ်​ဖွယ် ကောင်း​သည့်​အ​ရာ\f 8 \fr 9:27 \ft * \+fk ထိတ်​လန့်​စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​ရာ။ \ft ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​တွင်​စစ် နိုင်​လူ​မျိုး​ခြား​တို့​ထား​ရှိ​ကြ​သည့် ရုပ်​တု​ကို​ဆို​လို​သည်။\f* ကို ဗိ​မာန်​တော်​လူ​မြင်​ကွင်း​တွင်​မြှောက်​တင် ထား​လိမ့်​မည်။ ထို​အ​ရာ​သည်​မြှောက်​တင်​သူ အ​တွက် ဘု​ရား​သ​ခင်​ပြင်​ဆင်​စီ​ရင်​ထား တော်​မူ​သော​ဆုံး​ပါး​ပျက်​စီး​ချိန်​တိုင် အောင် ဗိ​မာန်​တော်​တွင်​တည်​ရှိ​နေ​လိမ့်​မည်'' ဟု​ဆို​၏။\x + \xo 9:27 \xt ဒံ၊ ၁၁:၃၁၊ ၁၂:၁၁။ မ၊ ၂၄:၁၅။ မာ၊ ၁၃:၁၄။\x* \b \c 10 \s1 တိ​ဂ​ရစ်​မြစ်​အ​နီး​၌​ဒံ​ယေ​လ​မြင်​ရ​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ \p \v 1 ပါ​ရှ​ဧ​က​ရာဇ်​ဘု​ရင်​ကု​ရု​နန်း​စံ​တ​တိ​ယ နှစ်​၌ ဗေ​လ​တ​ရှာ​ဇာ​ဟု​လည်း​နာ​မည်​တွင် သော​ဒံ​ယေ​လ​သည် ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ ရ​ရှိ​၏။ ထို​ဗျာ​ဒိတ်​တော်​တွင်​ပါ​ရှိ​သည့်​ဖော် ပြ​ချက်​စ​ကား​သည်​မှန်​ကန်​သော်​လည်း​နား လည်​ရန်​အ​လွန်​ခက်​၏။ ဒံ​ယေ​လ​သည်​ထို ဖော်​ပြ​ချက်​စ​ကား​၏​အ​နက်​ကို​ဗျာ​ဒိတ် ရူ​ပါ​ရုံ​အား​ဖြင့်​သိ​ရှိ​နား​လည်​၍​လာ​၏။ \p \v 2 ထို​အ​ခါ​၌​ငါ​ဒံ​ယေ​လ​သည်​သီ​တင်း သုံး​ပတ်​တိုင်​တိုင် ဝမ်း​နည်း​ပူ​ဆွေး​လျက် နေ​၏။- \v 3 မွန်​မြတ်​သော​အ​စာ​သို့​မ​ဟုတ်​အ​သား​ကို မ​စား၊ စ​ပျစ်​ရည်​ကို​မ​သောက်၊ ခေါင်း​မ​ဖြီး ဘဲ​သီ​တင်း​သုံး​ပတ်​ကုန်​ဆုံး​ချိန်​တိုင်​အောင် နေ​၏။ \p \v 4 ထို​နှစ်​ပ​ထ​မ​လ၊ နှစ်​ဆယ့်​လေး​ရက်​မြောက် သော​နေ့​၌ ငါ​သည်​တိ​ဂ​ရစ်​မြစ်​ကြီး​၏ ကမ်း​ပါး​ပေါ်​တွင်​ရပ်​လျက်​နေ​၏။- \v 5 မော်​၍​ကြည့်​လိုက်​သော​အ​ခါ​ပိတ်​ချော အင်္ကျီ​ကို​ဝတ်​၍ ရွှေ​ခါး​ပတ်​ကို​ပတ်​ထား သူ​လူ​တစ်​ယောက်​ကို​ငါ​မြင်​ရ​၏။- \v 6 သူ​၏​ခန္ဓာ​ကိုယ်​သည်​ကျောက်​မျက်​ရ​တ​နာ ကဲ့​သို့​တောက်​ပ​၏။ သူ​၏​မျက်​နှာ​သည်​လျှပ် စစ်​နွယ်​ကဲ့​သို့​ပြောင်​လက်​လျက် သူ​၏​မျက်​စိ များ​သည်​မီး​ကဲ့​သို့​အ​လျှံ​ထ​လျက်​နေ​၏။ သူ​၏​လက်​ခြေ​တို့​သည် တိုက်​ချွတ်​ထား​သော ကြေး​ဝါ​ကဲ့​သို့​တောက်​ပ​၍ သူ​၏​အ​သံ သည်​လူ​ပ​ရိတ်​သတ်​ကြီး​၏​အော်​ဟစ်​သံ နှင့်​တူ​၏။\x + \xo 10:6 \xt ဗျာ၊ ၁:၁၃-၁၅၊ ၂:၁၈၊ ၁၉:၁၂။\x* \p \v 7 ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​ငါ​ဒံ​ယေ​လ​တစ် ယောက်​တည်း​သာ​မြင်​ရ​၏။ ငါ​နှင့်​အ​တူ ရှိ​သော​သူ​တို့​သည်​အ​ဘယ်​အ​ရာ​ကို​မျှ မ​မြင်​ကြ​ရ။ သို့​ရာ​တွင်​သူ​တို့​သည် ထိတ် လန့်​တုန်​လှုပ်​လျက်​ထွက်​ပြေး​ပုန်း​အောင်း နေ​ကြ​၏။- \v 8 ငါ​တစ်​ဦး​တည်း​သာ​လျှင်​ထို​အံ့​သြ​ဖွယ် ကောင်း​သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​ကြည့် လျက်​ကျန်​ရစ်​၏။ ငါ​သည်​အား​ပြတ်​၍ အ​ဘယ်​သူ​မျှ​မ​မှတ်​မိ​နိုင်​လောက်​အောင် ငါ​၏​မျက်​နှာ​သည်​အ​သွင်​ပြောင်း​သွား​၏။ အ​ကူ​အ​ညီ​မဲ့​လျက်​ရှိ​၏။- \v 9 ထို​သူ​၏​စ​ကား​သံ​ကို​ကြား​သော​အ​ခါ ငါ​သည်​မြေ​ပေါ်​သို့​ဝမ်း​လျား​မှောက်​လဲ ကျ​ကာ​သ​တိ​မေ့​လျက်​နေ​၏။- \v 10 ထို​အ​ခါ​လက်​တစ်​ဖက်​သည်​ငါ့​ကို​ကိုင်​ဆွဲ ချီ​ကြွ​သ​ဖြင့် ငါ​သည်​လေး​ဘက်​ထောက် လျက်​နေ​၏။ ငါ​သည်​တုန်​လှုပ်​လျက်​ပင်​ရှိ နေ​သေး​၏။ \p \v 11 ကောင်း​ကင်​တ​မန်​က``ဒံ​ယေ​လ၊ ဘု​ရား​သခင် သည် သင့်​ကို​ချစ်​တော်​မူ​၏။ ထ​၍​ငါ​ပြော​မည့် စကား​ကို​သေ​ချာ​စွာ​နား​ထောင်​လော့။ ကိုယ် တော်​သည်​ငါ့​အား​သင့်​ထံ​သို့​စေ​လွှတ်​တော် မူ​ပြီ'' ဟု​ဆို​၏။ ဤ​စ​ကား​ကို​ကြား​သော အ​ခါ​ငါ​သည်​တုန်​လှုပ်​လျက်​ပင်​မတ်​တတ် ရပ်​လိုက်​၏။ \p \v 12 ထို​သူ​က``အ​ချင်း​ဒံ​ယေ​လ၊ မ​ကြောက်​နှင့်။ သင်​သည်​အ​သိ​ပ​ညာ​ကို​ရ​ရှိ​နိုင်​မည် အ​ကြောင်း မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​ရန် ဦး​စွာ ပ​ထ​မ​စိတ်​ပိုင်း​ဖြတ်​လိုက်​သည့်​နေ့​မှ​စ ၍​ဘု​ရား​သ​ခင်​သည် သင်​၏​ဆု​တောင်း​ပတ္ထ နာ​ကို​ကြား​တော်​မူ​ပြီ။ သင်​၏​လျှောက် ထား​ချက်​ကို​ဖြေ​ကြား​ရန်​ငါ့​ကို​စေ လွှတ်​တော်​မူ​လိုက်​၏။- \v 13 ပါ​ရှ​နိုင်​ငံ​စောင့်​ကောင်း​ကင်​တ​မန်​သည် ငါ့ အား​နှစ်​ဆယ့်​တစ်​ရက်​တိုင်​တိုင်​ဆီး​တား လျက်​နေ​ခဲ့​၏။ ထို​နောက်​ကောင်း​ကင်​တ​မန် မှူး​တစ်​ဦး​ဖြစ်​သူ​မိက္ခေ​လ​သည် ပါ​ရှ​နိုင်​ငံ တွင်​ငါ​တစ်​ဦး​တည်း​ကျန်​ရှိ​လျက်​နေ သ​ဖြင့်​ငါ့​အား​လာ​ရောက်​ကူ​ညီ​ပေ သည်။-\x + \xo 10:13 \xt ဗျာ၊ ၁၂:၇။\x* \v 14 ယ​ခု​ငါ​ရောက်​ရှိ​လာ​ရ​ခြင်း​အ​ကြောင်း မှာ​အ​နာ​ဂတ်​ကာ​လ​၌ သင်​၏​အ​မျိုး​သား တို့​ကြုံ​တွေ့​ကြ​ရ​မည့်​အ​ဖြစ်​အ​ပျက်​များ ကို သင့်​အား​သိ​ရှိ​နား​လည်​စေ​လို​သော ကြောင့်​ဖြစ်​သည်။ ဤ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် အ​နာ​ဂတ်​ကာ​လ​နှင့်​သက်​ဆိုင်​သည်'' ဟု ဆို​၏။ \p \v 15 ထို​သူ​ဤ​သို့​ဆို​သော​အ​ခါ​ငါ​သည်​စ​ကား မ​ပြော​နိုင်​ဘဲ​မြေ​ကြီး​ကို​စိုက်​၍​ကြည့်​လျက် နေ​၏။- \v 16 ထို​အ​ခါ​လူ​သဏ္ဌာန်​ရှိ​သူ​တစ်​ဦး​သည်​လက် ကို​ဆန့်​၍ ငါ​၏​နှုတ်​ကို​တို့​လျှင်​ငါ​သည်​မိ​မိ ၏​ရှေ့​တွင်​ရပ်​နေ​သော​သူ​အား``အ​ရှင်၊ ဤ​ဗျာ ဒိတ်​ရူ​ပါ​ရုံ​သည်​အ​ကျွန်ုပ်​အား​လွန်​စွာ​အား လျော့​စေ​သည်​ဖြစ်​၍​အ​ကျွန်ုပ်​သည်​တုန်​လှုပ် လျက်​သာ​နေ​ပါ​၏။- \v 17 အ​ကျွန်ုပ်​သည်​သ​ခင်​၏​ရှေ့​တွင်​ရပ်​နေ​သော ကျွန်​နှင့်​တူ​ပါ​၏။ အ​ဘယ်​သို့​လျှင်​အ​ရှင်​နှင့် စ​ကား​ပြော​နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​မှာ အား​အင်​မ​ရှိ၊ ထွက်​သက်​ဝင်​သက်​လည်း မ​ရှိ​တော့​ပါ'' ဟု​လျှောက်​ထား​၏။ \p \v 18 နောက်​တစ်​ဖန်​လူ​သဏ္ဌာန်​ရှိ​သော​သူ​သည်​ငါ့ ကို​ဆွဲ​ကိုင်​လိုက်​သော​အ​ခါ ငါ​သည်​အား ရှိ​လာ​၏။- \v 19 ထို​သူ​က``ဘု​ရား​သ​ခင်​သည်​သင့်​ကို​ချစ် မြတ်​နိုး​တော်​မူ​၏။ ထို့​ကြောင့်​မ​စိုး​ရိမ်​နှင့်၊ မ​ကြောက်​လန့်​နှင့်'' ဟု​ဆို​၏။ ဤ​စ​ကား​ကို ကြား​သော​အ​ခါ​ငါ​သည်​ပို​၍​အား​ရှိ​လာ ပြီး​လျှင်``အ​ရှင်၊ အ​ရှင်​မိန့်​ကြား​ရန်​ရှိ​သည် ကို​မိန့်​တော်​မူ​ပါ။ အ​ရှင်​သည်​အ​ကျွန်ုပ် အား​သက်​သာ​စေ​တော်​မူ​ပါ​ပြီ'' ဟု လျှောက်​ထား​၏။ \p \v 20-21 ထို​သူ​က``သင့်​ထံ​သို့​ငါ​လာ​သည့်​အ​ကြောင်း ကို​သင်​သိ​သ​လော။ ငါ​လာ​ရ​သည့်​အ​ကြောင်း မှာ​သမ္မာ​တ​ရား​စာ​စောင်​တော်​တွင်​ရေး​သား ဖော်​ပြ​ချက်​ကို သင့်​အား​ပြော​ကြား​ရန်​ဖြစ် ပါ​သည်။ ငါ​သည်​ယ​ခု​ပြန်​၍​ပါ​ရှ​နိုင်​ငံ ကို​စောင့်​ထိန်း​သည့်​ကောင်း​ကင်​တ​မန်​နှင့်​စစ် တိုက်​ရ​မည်။ ထို​နောက်​ဂရိတ်​နိုင်​ငံ​ကို​စောင့်​ထိန်း သည့်​ကောင်း​ကင်​တ​မန်​နှင့်​တိုက်​ခိုက်​ရ​မည်။ ဣသ​ရေ​လ​နိုင်​ငံ​ကို​စောင့်​ထိန်း​သည့်​ကောင်း ကင်​တ​မန်​မိက္ခေ​လ​မှ​တစ်​ပါး ငါ့​အား​ကူ ညီ​မည့်​သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။ \b \c 11 \p \v 1 သူ​သည်​ငါ့​ကို​ကူ​ညီ​ကာ​ကွယ်​သူ​ဖြစ်​သည်။ \m \v 2 သင့်​အား​ယ​ခု​ငါ​ပြော​ပြ​မည့်​အ​ရာ များ​သည်​အ​မှန်​ဖြစ်​ပျက်​မည်'' ဟု​ဆို​၏။ \s1 အီ​ဂျစ်​နှင့်​ဆီး​ရီး​ယား​နိုင်​ငံ​များ \p ကောင်း​ကင်​တ​မန်​က``ပါ​ရှ​နိုင်​ငံ​တွင်​နောက် ထပ်​ဘု​ရင်​သုံး​ပါး​ပေါ်​ထွန်း​လာ​လိမ့်​မည်။ ထို​နောက်​စ​တုတ္ထ​ဘု​ရင်​ပေါ်​ထွန်း​ကာ အ​ခြား ဘု​ရင်​များ​ထက်​ပို​၍​ချမ်း​သာ​ကြွယ်​ဝ​လိမ့် မည်။ သူ​သည်​မိ​မိ​တန်​ခိုး​အာ​ဏာ​အ​ကြီး မား​ဆုံး၊ အ​ချမ်း​သာ​ဆုံး​အ​ချိန်​သို့​ရောက် သော​အ​ခါ ဂ​ရိတ်​နိုင်​ငံ​အား​စစ်​မက်​ပြိုင် ဆိုင်​ရန်​ဖိတ်​ခေါ်​လိမ့်​မည်။ \p \v 3 ``ထို​အ​ခါ​သူ​ရဲ​ကောင်း​အာ​ဇာ​နည်​မင်း တစ်​ပါး​ပေါ်​ထွန်း​လာ​လိမ့်​မည်။ သူ​သည် အင်​ပါ​ယာ​နိုင်​ငံ​ကြီး​ကို​အုပ်​စိုး​လျက် မိ​မိ​အ​လို​ဆန္ဒ​ရှိ​သည်​အ​တိုင်း​ပြု​လိမ့်​မည်။- \v 4 သို့​ရာ​တွင်​သူ​၏​တန်​ခိုး​အာ​ဏာ​အ​ကြီး မား​ဆုံး​အ​ချိန်​သို့​ရောက်​သော​အ​ခါ အင် ပါ​ယာ​နိုင်​ငံ​သည်​လေး​စိတ်​ကွဲ​၍​သွား​လိမ့် မည်။ သူ​၏​အ​ဆက်​အ​နွယ်​မ​ဟုတ်​သူ​တို့​သည် ထို​နိုင်​ငံ​ကို​အုပ်​စိုး​ကြ​လိမ့်​မည်။ သို့​ရာ​တွင် သူ​တို့​သည်​ထို​ဘု​ရင်​လောက်​တန်​ခိုး​ကြီး ကြ​လိမ့်​မည်​မ​ဟုတ်။ \p \v 5 ``အီ​ဂျစ်​ဘု​ရင်​သည်​တန်​ခိုး​ကြီး​မား​မည်​ဖြစ် သော်​လည်း သူ​၏​စစ်​သူ​ကြီး​တစ်​ဦး​က​သူ့​ထက် ပို​၍ တန်​ခိုး​ကြီး​၍​သူ​၏​နိုင်​ငံ​ထက်​ကြီး ကျယ်​သော​နိုင်​ငံ​ကို​အုပ်​စိုး​လိမ့်​မည်။- \v 6 နှစ်​ပေါင်း​အ​တန်​ကြာ​သော​အ​ခါ​အီ​ဂျစ် ဘု​ရင်​၏​သ​မီး​တော်​ကို ဆီး​ရီး​ယား​ဘု​ရင် နှင့်​ထိမ်း​မြား​ဆောင်​နှင်း​ကာ မ​ဟာ​မိတ်​ဖွဲ့​လိမ့် မည်။ သို့​ရာ​တွင်​ထို​မ​ဟာ​မိတ်​ဖွဲ့​မှု​တည်​တံ့ ခိုင်​မြဲ​လိမ့်​မည်​မ​ဟုတ်။ မင်း​သ​မီး​နှင့်​နောက် လိုက်​နောက်​ပါ​အ​ခြွေ​အ​ရံ​များ​သည်​လည်း ကောင်း၊ သူ​၏​သား​ငယ်​နှင့်​သူ​၏​ကြင်​ရာ​တော် တို့​သည်​လည်း​ကောင်း​အ​သတ်​ခံ​ရ​ကြ​လိမ့် မည်။- \v 7 ထို​နောက်​များ​မ​ကြာ​မီ​မင်း​သ​မီး​နှင့်​ဆွေ မျိုး​တော်​စပ်​သူ​တစ်​ဦး​သည် အီ​ဂျစ်​ထီး​နန်း ကို​ရ​ရှိ​လိမ့်​မည်။ သူ​သည်​ဆီး​ရီး​ယား​ဘု​ရင် ၏​စစ်​သည်​ဗိုလ်​ခြေ​တို့​ကို​တိုက်​ခိုက်​လိမ့်​မည်။ သူ​တို့​၏​ခံ​တပ်​ကို​လည်း​ထိုး​ဖောက်​ဝင် ရောက်​ကာ​သူ​တို့​အား​နှိမ်​နင်း​လိမ့်​မည်။- \v 8 သူ​တို့​၏​ဘု​ရား​ရုပ်​တု​များ​နှင့်​ယင်း​တို့​အား ဆက်​ကပ်​ထား​သည့်​ရွှေ​ခွက်​ငွေ​ခွက်​ရှိ​သ​မျှ တို့​ကို​လည်း အီ​ဂျစ်​ပြည်​သို့​ယူ​ဆောင်​သွား လိမ့်​မည်။ ထို​နောက်​နှစ်​ပေါင်း​များ​စွာ​ငြိမ်း ချမ်း​ပြီး​မှ၊- \v 9 ဆီး​ရီး​ယား​ဘု​ရင်​သည်​အီ​ဂျစ်​ပြည်​သို့ ချင်း​နင်း​ဝင်​ရောက်​လာ​လိမ့်​မည်။ သို့​ရာ​တွင် သူ​သည်​ပြန်​လည်​ဆုတ်​ခွာ​ရ​လိမ့်​မည်။ \p \v 10 ``ဆီး​ရီး​ယား​ဘု​ရင်​၏​သား​တော်​တို့​သည် စစ်​တိုက်​ရန် ပြင်​ဆင်​ကြ​လျက်​တပ်​ကြီး​တစ် တပ်​ကို​စု​ရုံး​ကြ​လိမ့်​မည်။ သူ​တို့​အ​နက်​မှ မင်း​သား​တစ်​ပါး​သည်​မြစ်​လျှံ​ရေ​ကဲ့​သို့ ချီ​တက်​လာ​ကာ ရန်​သူ့​ခံ​တပ်​တစ်​ခု​ကို တိုက်​ခိုက်​လိမ့်​မည်။- \v 11 အီ​ဂျစ်​ဘု​ရင်​သည်​ဒေါ​သ​အ​မျက်​ထွက် သ​ဖြင့် ဆီး​ရီး​ယား​ဘု​ရင်​အား​စစ်​ဆင်​တိုက် ခိုက်​ပြီး​လျှင် သူ​၏​အင်​အား​ကြီး​မား​သော တပ်​မ​တော်​ကို​ဖမ်း​ဆီး​ရ​မိ​လိမ့်​မည်။- \v 12 သူ​သည်​အောင်​ပွဲ​ကို​ရ​ရှိ​သ​ဖြင့်​လည်း​ကောင်း၊ စစ်​သည်​အ​မြောက်​အ​မြား​ကို​သတ်​ဖြတ်​နိုင် ခဲ့​သ​ဖြင့်​လည်း​ကောင်း ဂုဏ်​ယူ​ဝါ​ကြွား​လိမ့် မည်။ သို့​ရာ​တွင်​သူ​သည်​ဆက်​လက်​၍​အောင် ပွဲ​ခံ​ရ​လိမ့်​မည်​မ​ဟုတ်။ \p \v 13 ``ဆီး​ရီး​ယား​ဘု​ရင်​သည်​ဆုတ်​ခွာ​သွား​ပြီး လျှင် ယ​ခင်​က​ထက်​ပို​မို​အင်​အား​ကြီး​မား သော​တပ်​ကြီး​တစ်​တပ်​ကို​စု​ရုံး​လိမ့်​မည်။ သူ သည်​အ​ချိန်​သင့်​သော​အ​ခါ​လက်​နက်​အ​ပြည့် အ​စုံ​တပ်​ဆင်​ထား​သည့်​တပ်​ကြီး​တစ်​တပ် နှင့်​ချီ​တက်​လာ​လိမ့်​မည်။- \v 14 ထို​အ​ခါ​အီ​ဂျစ်​ဘု​ရင်​ကို​ပုန်​ကန်​သူ​များ ကြ​လိမ့်​မည်။ အ​ချင်း​ဒံ​ယေ​လ၊ သင်​၏​အ​မျိုး သား​များ​အ​ထဲ​မှ​အ​ကြမ်း​ဖက်​သ​မား​အ​ချို့ တို့​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ပြည့်​စုံ​စေ​အံ့​ငှာ​ပုန် ကန်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သူ​တို့​သည်​အ​ရေး ရှုံး​နိမ့်​ကြ​လိမ့်​မည်။- \v 15 သို့​ဖြစ်​၍​ဆီး​ရီး​ယား​ဘု​ရင်​သည် အီ​ဂျစ် ပြည်​ခံ​တပ်​မြို့​တစ်​မြို့​ကို​တိုက်​ခိုက်​သိမ်း​ယူ လိမ့်​မည်။ အီ​ဂျစ်​စစ်​သည်​တပ်​သား​တို့​သည် ဆက်​လက်​တိုက်​ခိုက်​ကြ​တော့​မည်​မ​ဟုတ်။ သူ တို့​အ​ထဲ​မှ​လက်​ရွေး​စင်​တပ်​သား​များ​၌ ပင်​ခံ​ရပ်​နိုင်​သော​ခွန်​အား​မ​ရှိ​ပေ။- \v 16 ချင်း​နင်း​ဝင်​ရောက်​လာ​သည့်​ဆီး​ရီး​ယား​ဘု​ရင် သည်​ခု​ခံ​မှု​ကို​မ​ခံ​ရ​ဘဲ ထို​သူ​တို့​အား​မိ​မိ အ​လို​ရှိ​သည်​အ​တိုင်း​ပြု​နိုင်​လိမ့်​မည်။ သူ​သည် က​တိ​ထား​တော်​မူ​သော​ပြည်​တော်​သို့​ဝင်​၍ မိ​မိ​၏​လက်​တွင်း​သို့​အ​ပြီး​တိုင်​ကျ​ရောက် စေ​လိမ့်​မည်။ \p \v 17 ``ဆီး​ရီး​ယား​ဘု​ရင်​သည်​မိ​မိ​၏​ကြီး​မား သော​စစ်​တပ်​တစ်​တပ်​လုံး​ဖြင့် စစ်​ချီ​ရန်​ကြံ စည်​လိမ့်​မည်။ ထို​နောက်​ရန်​သူ့​နိုင်ငံ​ပြို​ပျက် ရေး​အ​တွက် ရန်​သူ​နိုင်​ငံ​၏​မင်း​နှင့်​မ​ဟာ​မိတ် ဖွဲ့​ကာ​သူ့​အား​သ​မီး​တော်​ကို​ထိမ်း​မြား​ဆောင် နှင်း​ပေး​လိမ့်​မည်။ သို့​ရာ​တွင်​ဤ​အ​ကြံ​အ​စည် သည်​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။- \v 18 ထို​နောက်​သူ​သည်​ပင်​လယ်​အ​နီး​ရှိ​တိုင်း​နိုင်​ငံ တို့​ကို​တိုက်​ခိုက်​၍ များ​စွာ​သော​နိုင်​ငံ​တို့​ကို နှိမ်​နင်း​အောင်​မြင်​လိမ့်​မည်။ သို့​သော်​လည်း​တိုင်း တစ်​ပါး​မှ​စစ်​သူ​ကြီး​တစ်​ဦး​သည် သူ့​အား နှိမ်​နင်း​အောင်​မြင်​လိမ့်​မည်။ သူ​၏​မာန်​မာ​န ကို​လည်း​ချိုး​နှိမ်​လိုက်​လိမ့်​မည်။ ဆီး​ရီး​ယား ဘု​ရင်​အား​သူ​၏​မာန်​မာ​န​အ​တွက်​အ​ရှက် ကွဲ​စေ​လိမ့်​မည်။- \v 19 မင်း​ကြီး​သည်​မိ​မိ​၏​နိုင်​ငံ​ရှိ​ခံ​တပ်​သို့​ပြန် သွား​လိမ့်​မည်။ သို့​ရာ​တွင်​သူ​သည်​အ​ရေး ရှုံး​နိမ့်​ကာ​ကွယ်​ပျောက်​သွား​လိမ့်​မည်။ \p \v 20 ``သူ​၏​နောက်​၌​ဘု​ရင်​တစ်​ပါး​ပေါ်​ထွန်း​လာ လိမ့်​မည်။ ထို​ဘု​ရင်​သည်​နိုင်​ငံ​တော်​ဘဏ္ဍာ​ကို တိုး​တက်​ရေး​အ​တွက် လူ​တို့​ထံ​မှ​အ​ခွန်​ကောက် ခံ​စေ​ရန်​အ​ရာ​ရှိ​တစ်​ဦး​ကို​စေ​လွှတ်​လိမ့်​မည်။ ထို​ဘုရင်​သည်​အ​လွန်​တို​တောင်း​သည့်​အ​ချိန် ကာ​လ​အ​တွင်း​၌​လုပ်​ကြံ​သတ်​ဖြတ်​ခြင်း ကို​ခံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​သူ​သည်​လူ မြင်​ကွင်း​၌​သော်​လည်း​ကောင်း၊ စစ်​ပွဲ​၌​သော် လည်း​ကောင်း​အ​သတ်​ခံ​ရ​ခြင်း​မ​ဟုတ်'' ဟု​ဆို​၏။ \s1 ဆီး​ရီး​ယား​ပြည်​၏​မင်း​ဆိုး​မင်း​ညစ် \p \v 21 ဆက်​လက်​၍​ကောင်း​ကင်​တ​မန်​က``ထို​နောက် နန်း​တက်​သည့်​ဆီး​ရီး​ယား​ဘု​ရင်​သည်​မင်း ဖြစ်​ထိုက်​သူ​မ​ဟုတ်၊ ဆိုး​ညစ်​သူ​ဖြစ်​လိမ့် မည်။ သို့​ရာ​တွင်​သူ​သည်​အ​မှတ်​မ​ထင်​ပေါ် ထွန်း​လာ​လျက်​ပရိ​ယာယ်​အား​ဖြင့်​အာ​ဏာ သိမ်း​လိမ့်​မည်။- \v 22 သူ့​အား​ဆန့်​ကျင်​ဘက်​ပြု​သူ​သည်​ဘု​ရား​သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​မင်း​ပင်​ဖြစ်​စေ​ကာ မူ ဖျက်​ဆီး​ချေ​မှုန်း​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။- \v 23 ထို​မင်း​သည်​က​တိ​စာ​ချုပ်​များ​ချုပ်​ဆို​၍ အ​ခြား​နိုင်​ငံ​တို့​ကို​လိမ်​လည်​လှည့်​စား​လိမ့် မည်။ သူ​သည်​သေး​ငယ်​သော​နိုင်​ငံ​ကို​အုပ်​စိုး ရ​သော်​လည်း တန်​ခိုး​ကြီး​မား​သည်​ထက် ကြီး​မား​၍​လာ​လိမ့်​မည်။- \v 24 သူ​သည်​ပေါ​ကြွယ်​ဝ​သော​ပြည်​နယ်​တစ်​ခု​ကို အ​မှတ်​မ​ထင်​ချင်း​နင်း​ဝင်​ရောက်​၍ မိ​မိ​၏​ဘိုး ဘေး​တို့​မ​ပြု​ခဲ့​ဘူး​သည့်​အ​မှု​တို့​ကို​ပြု​လိမ့် မည်။ ထို​နောက်​စစ်​ပွဲ​တွင်​သိမ်း​ဆည်း​ရ​ရှိ​သည့် ဥစ္စာ​ပစ္စည်း​များ​ကို မိ​မိ​၏​နောက်​လိုက်​များ​နှင့် ခွဲ​ဝေ​ယူ​လိမ့်​မည်။ သူ​သည်​ခံ​တပ်​မြို့​များ​ကို တိုက်​ခိုက်​ရန်​အကြံ​အစည်​များ​ပြု​လိမ့်​မည်။ သို့ ရာ​တွင်​သူ​၏​ခေတ်​သည်​မကြာ​မီ​ကုန်​ဆုံး​သွား လိမ့်​မည်။ \p \v 25 ``သူ​သည်​အီ​ဂျစ်​ဘု​ရင်​ကို​တိုက်​ခိုက်​ရန် စစ် တပ်​ကြီး​တစ်​တပ်​ကို​ရဲ​တင်း​စွာ​ဖွဲ့​စည်း​လိမ့် မည်။ အီ​ဂျစ်​ဘု​ရင်​သည်​လည်း​အ​လွန်​အင် အား​ကြီး​မား​သော​စစ်​သည်​ဗိုလ်​ခြေ​တို့​ဖြင့် သူ့​အား​ခု​ခံ​ရန်​ပြင်​ဆင်​လိမ့်​မည်။ သို့​ရာ တွင်​သူ​သည်​လိမ်​လည်​လှည့်​စား​မှု​ကို​ခံ​ရ ၍​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။- \v 26 သူ​၏​အ​ရင်း​နှီး​ဆုံး​အ​ကြံ​ပေး​အ​ရာ​ရှိ များ​သည် သူ​၏​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ဖြစ် လိမ့်​မည်။ သူ​၏​စစ်​သည်​တပ်​သား​အ​မြောက် အ​မြား​တို့​သည် အ​သတ်​ခံ​ရ​လျက်​တပ်​မ တော်​တစ်​ခု​လုံး​ပင်​ချေ​မှုန်း​ခြင်း​ခံ​ရ​လိမ့် မည်။- \v 27 ထို​နောက်​ဘု​ရင်​နှစ်​ပါး​သည်​စား​ပွဲ​တစ်​ခု တည်း​တွင်​ထိုင်​၍ ပွဲ​တော်​ခေါ်​ကြ​လိမ့်​မည်။ သို့ ရာ​တွင်​သူ​တို့​၏​ရည်​ရွယ်​ချက်​များ​သည်​ဆိုး ညစ်​သ​ဖြင့် တစ်​ဦး​ကို​တစ်​ဦး​လိမ်​လည်​ပြော ဆို​ကြ​လိမ့်​မည်။ သို့​သော်​အ​ချိန်​မ​တန်​သေး သ​ဖြင့် သူ​တို့​၏​လို​လား​ချက်​များ​ကို​ရ​ရှိ ကြ​လိမ့်​မည်​မ​ဟုတ်။- \v 28 ဆီး​ရီး​ယား​ဘု​ရင်​သည်​ဘု​ရား​သ​ခင်​၏ လူ​မျိုး​တော်​ကိုး​ကွယ်​သည့်​ဘာ​သာ​ကို ဖျက်​ဆီး​ရန်​သန္နိ​ဋ္ဌာန်​ပြု​ကာ စစ်​ပွဲ​တွင်​သိမ်း ဆည်း​ရ​ရှိ​ထား​သည့်​ဥစ္စာ​ပစ္စည်း​များ​ကို​ယူ ၍​ပြန်​လိမ့်​မည်။ သူ​သည်​မိ​မိ​၏​အ​လို​ဆန္ဒ ရှိ​သည်​အ​တိုင်း​ပြု​ပြီး​နောက်​မိ​မိ​၏​ပြည် သို့​ပြန်​လိမ့်​မည်။ \p \v 29 ``ထို​နောက်​ကာ​လ​အ​တန်​ကြာ​သော​အ​ခါ သူ​သည်​အီ​ဂျစ်​ပြည်​သို့​ပြန်​လည်​ချဉ်း​နင်း ဝင်​ရောက်​လာ​လိမ့်​မည်။ သို့​ရာ​တွင်​ယ​ခု​တစ် ကြိမ်​၌​အ​ခြေ​အ​နေ​ပြောင်း​လဲ​သွား​လိမ့် မည်။- \v 30 ရော​မ​အ​မျိုး​သား​တို့​သည်​သ​င်္ဘော​များ​ဖြင့် လာ​ရောက်​၍ သူ့​အား​ဆီး​တား​တိုက်​ခိုက်​ကြ မည်​ဖြစ်​သ​ဖြင့်​သူ​သည်​ကြောက်​လန့်​လိမ့်​မည်။ \p ``ထို​အ​ခါ​သူ​သည်​အ​မျက်​ပြင်း​စွာ​ထွက် လျက်​နောက်​သို့​ပြန်​၍​ဆုတ်​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​ကိုး​ကွယ်​သော​ဘာ​သာ ကို​ဖျက်​ဆီး​ရန်​ကြိုး​စား​လိမ့်​မည်။ ထို​ဘာ​သာ တော်​ကို​စွန့်​လွှတ်​ခဲ့​သူ​တို့​၏​အ​ကြံ​ပေး စ​ကား​များ​ကို​လည်း​နား​ထောင်​လိမ့်​မည်။- \v 31 သူ​၏​တပ်​သား​အ​ချို့​တို့​သည်​ဗိ​မာန်​တော်​ကို ညစ်​ညမ်း​စေ​ကြ​လိမ့်​မည်။ သူ​တို့​သည်​နေ့​စဉ် ပူ​ဇော်​ရာ​ယဇ်​တို့​ကို​ရပ်​စဲ​စေ​လျက်​ထိတ်​လန့် စက်​ဆုတ်​ဖွယ်​သော​အ​ရာ\f 9 \fr 11:31 \ft * \ft ထိတ်​လန့်​စက်​ဆုတ်​ဖွယ်​ကောင်း​သော​အ​ရာ။ ၉:၂၇ ကြည့်​ပါ။\f* ကို​ဗိ​မာန်​တော်​လူ​မြင်​ကွင်း​တွင်​မြှောက်​တင် ထား​ကြ​လိမ့်​မည်။-\x + \xo 11:31 \xt ဒံ၊ ၉:၂၇၊ ၁၂:၁၁။ မ၊ ၂၄:၁၅။ မာ၊ ၁၃:၁၄။\x* \v 32 မိ​မိ​တို့​ကိုး​ကွယ်​သည့်​ဘာ​သာ​ကို​စွန့်​လွှတ် လိုက်​ကြ​သူ​တို့​အား ဆီး​ရီး​ယား​ဘု​ရင်​သည် ကောက်​ကျစ်​စဉ်း​လဲ​မှု​ဖြင့် မိ​မိ​၏​ဘက်​သို့​ပါ အောင်​ဆွဲ​ဆောင်​လိမ့်​မည်။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​အား​သစ္စာ​စောင့်​သော​သူ​တို့​က သူ့​အား ပြန်​လည်​တိုက်​ခိုက်​ကြ​လိမ့်​မည်။- \v 33 ပြည်​သူ​တို့​၏​ခေါင်း​ဆောင်​ပညာ​ရှိ​တို့​သည် ပြည်​သူ​တို့​အား ရှေ့​ဆောင်​လမ်း​ပြ​ပေး​ကြ လိမ့်​မည်။ သို့​သော်​ကာ​လ​အ​တန်​ကြာ​မျှ​ထို သူ​တို့​အ​နက်​အ​ချို့​သော​သူ​တို့​သည် စစ်​ပွဲ တွင်​ကျ​ဆုံး​၍​အ​ချို့​မှာ​မီး​လောင်​တိုက် အ​သွင်း​ခံ​ကြ​ရ​လိမ့်​မည်။ အ​ချို့​သော​သူ တို့​သည်​လု​ယက်​ခြင်း​နှင့်​ဖမ်း​ဆီး​ချုပ်​နှောင် ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။- \v 34 ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​ဘက်​သို့​ဝင်​ရောက် လာ​သူ​တို့​မှာ​အ​များ​အား​ဖြင့် ကိုယ်​ကျိုး​ရှာ လို​သူ​များ​ပင်​ဖြစ်​သော်​လည်း​ကိုယ်​တော်​၏ လူ​မျိုး​တော်​သည် ထို​သူ​တို့​ထံ​မှ​အ​ထောက် အ​ကူ​အ​နည်း​ငယ်​ကို​ရ​ရှိ​ကြ​မည်။- \v 35 ခေါင်း​ဆောင်​ပ​ညာ​ရှိ​များ​အ​နက်​အ​ချို့​သူ တို့​သည်​အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။ သို့​ရာ​တွင် ယင်း​သို့​အ​သတ်​ခံ​ရ​ကြ​မှု​ကြောင့် လူ​တို့​၏ စိတ်​နှ​လုံး​သည်​ဖြူ​စင်​သန့်​ရှင်း​၍​လာ​လိမ့်​မည်။ ဤ​အ​မှု​အ​ရာ​များ​သည်​ဘု​ရား​သ​ခင်​ချိန်း ချက်​သတ်​မှတ်​တော်​မူ​သည့်​ကာ​လ​တိုင် အောင်​ဆက်​လက်​၍​ဖြစ်​လိမ့်​မည်။ \p \v 36 ``ဆီး​ရီး​ယား​ဘု​ရင်​သည်​မိ​မိ​၏​စိတ်​ဆန္ဒ​ရှိ သည်​အ​တိုင်း​ပြု​လိမ့်​မည်။ မိ​မိ​သည်​ဘု​ရား အ​ပေါင်း​တို့​ထက်​ကြီး​မြတ်​သည်​ဟူ​၍​လည်း ကောင်း၊ အမြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​ထက် ပင်​ကြီး​မြတ်​သည်​ဟူ​၍​လည်း​ကောင်း ကြွား​ဝါ ပြော​ဆို​လိမ့်​မည်။ သူ​သည်​မိ​မိ​အား​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ချိန်​တိုင်​အောင် ဤ​သို့​ကြွား​ဝါ​နိုင်​လိမ့်​မည်။ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​သည်​မိ​မိ​အ​ကြံ အ​စည်​တော်​ရှိ​သည်​အ​တိုင်း​ပြု​တော်​မူ မည်​ဖြစ်​သော​ကြောင့်​တည်း။-\x + \xo 11:36 \xt ၂သက်၊ ၂:၃-၄။ ဗျာ၊ ၁၃:၅-၆။\x* \v 37 ထို​မင်း​သည်​မိ​မိ​၏​ဘိုး​ဘေး​တို့​ကိုး​ကွယ် သည့်​ဘု​ရား​ကို​လည်း​ကောင်း၊ အ​မျိုး​သ​မီး တို့​မြတ်​နိုး​သည့်​ဘု​ရား​ကို​လည်း​ကောင်း ပ​မာ​ဏ​ပြု​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​ကိုယ်​ကို ဘု​ရား​အ​ပေါင်း​တို့​ထက်​ကြီး​မြတ်​သည်​ဟု ထင်​မှတ်​သ​ဖြင့် ထို​ဘု​ရား​တို့​ကို​ပစ်​ပယ် လိမ့်​မည်။- \v 38 ထို​ဘု​ရား​များ​အ​စား​ခံ​တပ်​များ​ကို ကွယ် ကာ​စောင့်​ရှောက်​သည့်​ဘု​ရား​ကို​မြှောက်​စား လိမ့်​မည်။ မိ​မိ​၏​ဘိုး​ဘေး​တို့​အ​ဘယ်​အ​ခါ က​မျှ မ​ကိုး​ကွယ်​ခဲ့​သော​ဘု​ရား​အား​ရွှေ၊ ငွေ၊ ကျောက်​မျက်​ရ​တ​နာ​များ​နှင့်​အ​ခြား​အ​ဖိုး ထိုက်​သည့်​လက်​ဆောင်​ပဏ္ဏာ​ပူ​ဇော်​သကာ​များ ကို​ဆက်​သ​လိမ့်​မည်။- \v 39 မိ​မိ​၏​ခံ​တပ်​များ​အ​တွက်​အ​စောင့်​တပ်​သား များ​အ​ဖြစ်၊ နိုင်​ငံ​ခြား​ဘု​ရား​ကို​ကိုး​ကွယ် သူ​တို့​အား​အ​သုံး​ပြု​လိမ့်​မည်။ မိ​မိ​၏​စိုး​မိုး အုပ်​ချုပ်​မှု​ကို​လက်​ခံ​သော​သူ​တို့​အား ကြီး မြတ်​သော​ရာ​ထူး​များ​ဖြင့်​ချီး​မြှင့်​၍​မြေ ယာ​များ​ကို​ဆု​တော်​လာဘ်​တော်​အ​ဖြစ် ဖြင့်​ပေး​အပ်​လိမ့်​မည်။'' \p \v 40 ``ဆီး​ရီး​ယား​ဘု​ရင်​၏​နန်း​သက်​ကုန်​ဆုံး ချိန်​နီး​သော​အ​ခါ အီ​ဂျစ်​ဘု​ရင်​သည်​ထို မင်း​ကို​စစ်​ချီ​တိုက်​ခိုက်​လိမ့်​မည်။ ဆီး​ရီး ယား​ဘု​ရင်​က​လည်း​မြင်း​စီး​သူ​ရဲ​များ နှင့် သင်္ဘော​အ​မြောက်​အ​မြား​ကို​အ​သုံး ပြု​ကာ​အ​စွမ်း​ကုန်​ပြန်​လည်​တိုက်​ခိုက် လိမ့်​မည်။ သူ​သည်​မြစ်​လျှံ​ရေ​သ​ဖွယ်​နိုင်​ငံ များ​စွာ​ကို​ချဉ်း​နင်း​ဝင်​ရောက်​လိမ့်​မည်။- \v 41 က​တိ​ထား​တော်​မူ​သော​ပြည်​ကို​ပင်​ချဉ်း နင်း​ဝင်​ရောက်​ကာ ထောင်​ပေါင်း​များ​စွာ​သော လူ​တို့​ကို​သတ်​ဖြတ်​လိမ့်​မည်။ သို့​ရာ​တွင် ဧ​ဒုံ​ပြည်၊ မော​ဘ​ပြည်၊ အမ္မုန်​ပြည်​တို့ သည်​ဘေး​မှ​လွတ်​မြောက်​ကြ​လိမ့်​မည်။- \v 42 ထို​မင်း​သည်​အ​ပြည်​ပြည်​သို့​ဝင်​ရောက် တိုက်​ခိုက်​သော​အ​ခါ အီ​ဂျစ်​ပြည်​ပင်​လျှင် ချမ်း​သာ​ရာ​ရ​လိမ့်​မည်​မ​ဟုတ်။- \v 43 သူ​သည်​အီ​ဂျစ်​ပြည်​တွင်​လျှို့​ဝှက်​ထား သည့်​ရွှေ​ငွေ​ဘဏ္ဍာ​များ​နှင့် အ​ခြား​အ​ဖိုး ထိုက်​သည့်​ပစ္စည်း​ဥစ္စာ​များ​ကို​သိမ်း​ယူ​သွား လိမ့်​မည်။ လစ်​ဗျား​နှင့်​ဆူ​ဒန်​နိုင်​ငံ​တို့​ကို လည်း​နှိမ်​နင်း​အောင်​မြင်​လိမ့်​မည်။- \v 44 ထို​နောက်​သူ​သည်​အ​ရှေ့​မျက်​နှာ​အ​ရပ် နှင့်​မြောက်​မျက်​နှာ​အ​ရပ်​တို့​မှ​ရောက်​ရှိ လာ​သော​သတင်း​များ​ကြောင့် ထိတ်​လန့်​၍ ပြင်း​ထန်​စွာ​တိုက်​ခိုက်​သ​ဖြင့်​လူ​အ​မြောက် အ​မြား​ကို​ဆုံး​ပါး​စေ​လိမ့်​မည်။- \v 45 သူ​သည်​ဗိ​မာန်​တော်​တည်​ရာ​တောင်​တော်​နှင့် ပင်​လယ်​စပ်​ကြား​တွင် မိ​မိ​အ​တွက်​တဲ​တော် ကြီး​များ​ကို​ပင်​တည်​ဆောက်​လိမ့်​မည်။ သို့ ရာ​တွင်​မိ​မိ​အား​မ​စ​ကူ​ညီ​မည့်​သူ​မ​ရှိ ဘဲ​ထို​အ​ရပ်​တွင်​သေ​ဆုံး​လိမ့်​မည်။'' \c 12 \s1 ကပ်​ကာ​လ​ကုန်​ဆုံး​ချိန် \p \v 1 ပိတ်​ချော​အ​င်္ကျီ​ကို​ဝတ်​ဆင်​ထား​သော ကောင်း​ကင်​တ​မန်​က``ထို​ကာ​လ​၌​ကြီး မြတ်​သော​ကောင်း​ကင်​တ​မန်​မိက္ခေ​လ​သည် ပေါ်​လာ​လိမ့်​မည်။ သူ​သည်​သင်​၏​အ​မျိုး​သား များ​ကို​စောင့်​ထိန်း​သော​သူ​ဖြစ်​၏။ ထို​နောက် လူ​မျိုး​အ​ပေါင်း​တို့​ဖြစ်​ပေါ်​လာ​ချိန်​မှ​အ​စ ပြု​၍ အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြုံ​ဘူး​သော ဆင်း​ရဲ​ဒုက္ခ​များ​ဆိုက်​ရောက်​ရာ​ကာ​လ​ကျ ရောက်​လာ​လိမ့်​မည်။ ထို​အ​ခါ​၌​ဘု​ရား​သ​ခင်​၏​စာ​စောင်​တော်​တွင်​စာ​ရင်း​ဝင် သူ သင်​၏​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လွတ်​မြောက်​ကြ​လိမ့်​မည်။-\x + \xo 12:1 \xt မ၊ ၂၄:၂၁။ မာ၊ ၁၃:၁၉။ ဗျာ၊ ၇:၁၄၊ ၁၂:၇။\x* \v 2 သေ​လွန်​သူ​အ​မြောက်​အ​မြား​တို့​သည်​ပြန် ၍ အ​သက်​ရှင်​လာ​ကြ​လိမ့်​မည်။ ထို​သူ​တို့ အ​နက်​အ​ချို့​သော​သူ​တို့​သည်​ထာ​ဝ​ရ အ​သက်​ကို​ခံ​စား​ရ​ကြ​လိမ့်​မည်။ အ​ချို့ တို့​မှာ​မူ​ထာ​ဝ​ရ​အ​သ​ရေ​ပျက်​ခြင်း ကို​ခံ​စား​ရ​ကြ​လိမ့်​မည်။-\x + \xo 12:2 \xt ဟေရှာ၊ ၂၆:၁၉။ မ၊ ၂၅:၄၆။ ယော၊ ၅:၂၉။\x* \v 3 ခေါင်း​ဆောင်​ပ​ညာ​ရှိ​တို့​သည် မိုး​ကောင်း​ကင် ၏​အ​လင်း​ရောင်​ကဲ့​သို့​ကြည်​လင်​တောက်​ပ ကြ​လိမ့်​မည်။ လူ​အ​မြောက်​အ​မြား​အား အ​မှန်​တ​ရား​ကို​ကျင့်​သုံး​ရန် သွန်​သင်​ပေး ကြ​သူ​တို့​သည်​လည်း​ကြယ်​တာ​ရာ​များ​ကဲ့ သို့ ထာ​ဝ​စဉ်​ထွန်း​လင်း​တောက်​ပ​ကြ​လိမ့် မည်။'' ဟု​ဆို​၏။ \p \v 4 ထို​သူ​က``အ​ချင်း​ဒံ​ယေ​လ၊ သင်​သည်​ဤ​စာ စောင်​ကို​ပိတ်​၍ ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင်​အောင် တံ​ဆိပ်​ခတ်​နှိပ်​ထား​လော့။ ဤ​အ​တော​အ​တွင်း ၌​လူ​အ​များ​ပင်​ဖြစ်​ပျက်​နေ​ဆဲ​အ​မှု အ​ရာ​တို့​ကို​သိ​ရှိ​နား​လည်​နိုင်​ရန် အ​ချည်း နှီး​ကြိုး​စား​အား​ထုတ်​ကြ​လိမ့်​မည်'' ဟု ဆို​၏။\x + \xo 12:4 \xt ဗျာ၊ ၂၂:၁၀။\x* \p \v 5 ထို​နောက်​ငါ​ဒံ​ယေ​လ​သည်​မြစ်​ကမ်း​တစ် ဖက်​တစ်​ချက်​၌ လူ​တစ်​ယောက်​စီ​ရပ်​လျက် နေ​သည်​ကို​မြင်​ရ​၏။- \v 6 တစ်​ယောက်​က​မြစ်​အ​ထက်​ပိုင်း​တွင်​ရပ် နေ​သူ​အား``ဤ​အံ့​သြ​ဖွယ်​ကောင်း​သည့် အ​မှု​အ​ရာ​များ​သည် အ​ဘယ်​ကာ​လ​မှ ပြီး​ဆုံး​ပါ​မည်​နည်း'' ဟု​မေး​၏။ \p \v 7 ထို​ကောင်း​ကင်​တ​မန်​သည် မိုး​ကောင်း​ကင် သို့​လက်​နှစ်​ဖက်​ကို​မြှောက်​ချီ​ကာ ကာ​လ အ​စဉ်​အသက်​ရှင်​တော်​မူ​သော​ဘု​ရား​အား တိုင်​တည်​၍​ကျိန်​ဆို​သည်​မှာ``သုံး​နှစ်​ခွဲ​မျှ ကြာ​လိမ့်​ဦး​မည်။ ဘု​ရား​သ​ခင်​၏​လူ​မျိုး တော်​ခံ​ရ​သော​ညှင်း​ဆဲ​နှိပ်​စက်​မှု​များ ပြီး​ဆုံး​ချိန်​၌ ဤ​အ​မှု​အ​ရာ​အ​ပေါင်း တို့​သည်​လည်း​ပြီး​ဆုံး​သွား​လိမ့်​မည်'' ဟု မြွက်​ဆို​သည်​ကို​ငါ​ကြား​ရ​၏။\x + \xo 12:7 \xt ဗျာ၊ ၁၀:၅။ ၁၂:၁၄။\x* \p \v 8 ထို​သူ​ပြော​သော​စ​ကား​ကို​ကြား​သော်​လည်း ငါ​သည်​နား​မ​လည်​သ​ဖြင့်``သို့​ရာ​တွင်​အ​ရှင်၊ ထို​အ​မှု​အ​ရာ​များ​သည်​အ​ဘယ်​သို့​အ​ဆုံး သတ်​ပါ​မည်​နည်း'' ဟု​မေး​၏။ \p \v 9 ထို​သူ​က``ဒံ​ယေ​လ၊ ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင် အောင်​ဤ​စ​ကား​များ​ကို​လျှို့​ဝှက်​၍​ထား ရ​မည်။ သို့​ဖြစ်​၍​ယ​ခု​သင်​သွား​လော့။- \v 10 လူ​အ​မြောက်​အ​မြား​တို့​သည်​စိတ်​နှ​လုံး​သန့် ရှင်း​ဖြူ​စင်​လာ​ကြ​လိမ့်​မည်။ သူ​ယုတ်​မာ​တို့ သည်​ကား​အ​သိ​တ​ရား​မ​ရှိ​ဘဲ​ဆက်​လက် ယုတ်​မာ​လျက်​နေ​ကြ​လိမ့်​မည်။ ပ​ညာ​ရှိ​သူ များ​သာ​လျှင်​အ​သိ​တ​ရား​ကို​ရ​ရှိ​ကြ လိမ့်​မည်။\x + \xo 12:10 \xt ဗျာ၊ ၂၂:၁၁။\x* \p \v 11 ``နေ့​စဉ်​ပူ​ဇော်​ရာ​ယဇ်​များ​ကို​ရပ်​စဲ​စေ​သည့် အ​ချိန်၊ ထိတ်​လန့်​စက်​ဆုပ်​ဖွယ်​ကောင်း​သော အ​ရာ\f 10 \fr 12:11 \ft * \ft ထိတ်​လန့်​စက်​ဆုပ်​ဖွယ်​ကောင်း​သော အ​ရာ။ ၉:၂၇ ကြည့်​ပါ။\f* ပေါ်​ပေါက်​လာ​သည့်​အ​ချိန်​မှ​အ​စ​ပြု​၍ ရက်​ပေါင်း​တစ်​ထောင့်​နှစ်​ရာ​ကိုး​ဆယ်​ကုန် လွန်​သွား​လိမ့်​မည်။-\x + \xo 12:11 \xt ဒံ၊ ၉:၂၇၊ ၁၁:၃၁။ မ၊ ၂၄:၁၅။ မာ၊ ၁၃:၁၄။\x* \v 12 ရက်​ပေါင်း​တစ်​ထောင့်​သုံး​ရာ​သုံး​ဆယ့်​ငါး​ရက် ကုန်​ဆုံး​ချိန်​တိုင်​အောင် သစ္စာ​ရှိ​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ \p \v 13 ``ဒံ​ယေ​လ၊ သင်​သည်​လည်း​အ​ဆုံး​တိုင်​အောင် သစ္စာ​ရှိ​လော့။ ထို​နောက်​သင်​သည်​သေ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​သည်​ကပ်​ကာ​လ​ကုန်​ဆုံး​ချိန် ၌ ဆု​တော်​လာဘ်​တော်​ကို​ခံ​ယူ​ရန်​ရှင်​ပြန် ထ​မြောက်​လိမ့်​မည်'' ဟု​ဆို​၏။ ပ​ရော​ဖက်​ဒံ​ယေ​လ​စီ​ရင်​ရေး​သား သော​အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။