\id COL Myanmar Common Language Bible \h ကော​လော​သဲ \toc1 ကော​လော​သဲ​သြ​ဝါ​ဒ​စာ \toc2 ကော​လော​သဲ \mt1 ကော​လော​သဲ​သြ​ဝါ​ဒ​စာ \is1 နိ​ဒါန်း \ip ရှင်​ပေါ​လု​ရေး​သား​သော​ကော​လော​သဲ​သြ​ဝါ​ဒ စာ​သည် ရော​မ​ပိုင်​အာ​ရှ​ဟု​ခေါ်​သော​နယ်​ပယ်​ရှိ ဧ​ဖက်​မြို့​၏​အ​ရှေ့​ဘက်​၌​တည်​ရှိ​သည့် ကော​လော သဲ​မြို့​အ​သင်း​တော်​သို့​ရေး​သား​သော​စာ​ဖြစ်​၏။ ထို​အ​သင်း​တော်​သည်​ရှင်​ပေါ​လု​တည်​ထောင်​သည့် အ​သင်း​တော်​မ​ဟုတ်​ပေ။ သို့​ရာ​တွင်​ကော​လော​သဲ မြို့​တည်​ရှိ​ရာ​နယ်​မြေ​တွင် အ​မှု​တော်​ဆောင်​ရန် ရှင်​ပေါ​လု​တာ​ဝန်​ယူ​ထား​သည့်​အ​တိုင်း ဧ​ဖက် မြို့​အ​မှု​တော်​ဆောင်​များ​ကို​ကော​လော​သဲ​မြို့ သို့​စေ​လွှတ်​ခဲ့​၏။ ထို​အ​သင်း​တော်​တွင်​အ​ယူ လွဲ​မှား​သော​ဆ​ရာ​တို့​က​ဘု​ရား​သ​ခင်​ကို သိ​ရှိ​နိုင်​ရန်​နှင့် ကယ်​တင်​ခြင်း​အ​ပြည့်​အ​ဝ ခံ​စား​နိုင်​ရန်​ကောင်း​ကင်​လော​က​ကို အ​စိုး​ရ သည့်​တန်​ခိုး​ရှင်​များ​နှင့်​အာ​ဏာ​ပိုင်​တို့​ကို ကိုး​ကွယ်​ရ​မည်​ဟု​သွန်​သင်​နေ​ကြ​၏။ ထို့ အ​ပြင်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ခြင်း၊ အ​စား​အ​သောက်​နှင့်​အ​ခြား​အမှု​ကိစ္စ​များ နှင့်​ပတ်​သက်​သည့်​ဥ​ပ​ဒေ​စည်း​ကမ်း​ချက် များ​ကို​တိ​ကျ​စွာ​လိုက်​နာ​ကျင့်​သုံး​ရ မည်​ဟု​လည်း​သွန်​သင်​ကြ​သည်။ \ip ရှင်​ပေါ​လု​သည်​ခ​ရစ်​ယာန်​တ​ရား​အ​စစ် အ​မှန်​ကို​တင်​ပြ​ခြင်း​အား​ဖြင့် ထို​သွန်​သင် ချက်​များ​မှား​ယွင်း​ကြောင်း​ကို​ထောက်​ပြ​၏။ သူ​၏​အ​ဋ္ဌိ​က​တင်​ပြ​ချက်​မှာ​သ​ခင်​ယေ​ရှု သည်​ကယ်​တင်​ခြင်း​ကို​အ​ပြည့်​အ​ဝ​ပေး နိုင်​သော​အ​ရှင်​ဖြစ်​တော်​မူ​ကြောင်း၊ ဤ​သို့ ခံ​ယူ​ယုံ​ကြည်​ချက်​မှ​တစ်​ပါး အ​ခြား​ခံ​ယူ ယုံ​ကြည်​ချက်​များ​နှင့်​ကျင့်​သုံး​မှု​များ သည်​ကိုယ်​တော်​နှင့်​ဝေး​ကွာ​စေ​မည့်​အ​ရာ များ​ဖြစ်​ကြောင်း၊ ဘု​ရား​သ​ခင်​သည်​ခ​ရစ် တော်​အား​ဖြင့်​ကမ္ဘာ​လော​က​ကို​ဖန်​ဆင်း တော်​မူ​၍​ကိုယ်​တော်​အား​ဖြင့်​ပင် ထို​လော​က ကို​မိ​မိ​ထံ​သို့​ပြန်​လည်​ပို့​ဆောင်​တော်​မူ မည်​ဖြစ်​ကြောင်း၊ ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ ကယ်​တင်​ခြင်း​ခံ​ရ​ရန်​တစ်​ခု​တည်း​သော နည်း​လမ်း​မှာ သ​ခင်​ယေ​ရှု​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ရန်​ပင်​ဖြစ်​ကြောင်း​သွန် သင်​သည်။ ထို့​နောက်​မိ​မိ​သွန်​သင်​သော တ​ရား​တော်​အ​ရ​မည်​သို့​ကျင့်​ရ​မည်​ကို သြ​ဝါ​ဒ​ပေး​လေ​သည်။ \ip ဤ​စာ​ကို​ကော​လော​သဲ​အ​သင်း​တော်​သို့​ယူ ဆောင်​ပေး​သူ တု​ခိတ်​နှင့်​အ​တူ​သြ​နေ​သိမ် လည်း​လိုက်​ပါ​သွား​သည့်​အ​ချက်​မှာ​စိတ်​ဝင် စား​ဖွယ်​ကောင်း​၏။ သြ​နေ​သိမ်​သည်​ဖိ​လေ​မုန် ၏​ကျွန်​ဖြစ်​ပြီး​သူ့​အ​တွက်​ဖိ​လေ​မုန် သြ​ဝါ​ဒ​စာ​ကို​ရှင်​ပေါ​လု​ရေး​ခဲ့​ပေ​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 နိ​ဒါန်း \ior ၁:၁-၈\ior* \io1 ခ​ရစ်​တော်​၏​ဇာ​တိ​တော်​နှင့် အ​မှု​တော်​ဆောင် လုပ်​ငန်း \ior ၁:၉-၂:၁၉\ior* \io1 ခ​ရစ်​တော်​အား​ဖြင့်​ရ​ရှိ​သည့်​ဘ​ဝ​သစ် \ior ၂:၂၀-၄:၆\ior* \io1 နိ​ဂုံး \ior ၄:၇-၁၈\ior* \c 1 \p \v 1 ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ​ခ​ရစ် တော်​ယေ​ရှု​၏​တ​မန်​တော်​ဖြစ်​သူ ငါ​ပေါ​လု နှင့်​ငါ​တို့​၏​ညီ​တိ​မော​သေ​ထံ​မှ၊- \v 2 ကော​လော​သဲ​မြို့​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော် ဝင်​များ​ဖြစ်​သူ၊ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​လျက်​ခ​ရစ်​တော်​ကို​သစ္စာ​ရှိ​သူ​ညီ အစ်​ကို​များ​ထံ​သို့​စာ​ရေး​လိုက်​ပါ​သည်။ သင် တို့​သည်​ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​ထံ​တော် မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို​ခံ​စား ကြ​ရ​ပါ​စေ​သော။ \s1 ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သည့်​ဆု​တောင်း​ပတ္ထနာ \p \v 3 ငါ​တို့​သည်​သင်​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ ပြု​သည့်​အ​ခါ​တိုင်း​ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​၏။- \v 4 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​ခ​ရစ်​တော် ယေ​ရှု​ကို​ယုံ​ကြည်​၍ ဘု​ရား​သ​ခင်​၏​လူ​စု​တော် ဝင်​အ​ပေါင်း​တို့​အား​ချစ်​ကြ​သည်​ကို​ငါ​တို့ ကြား​သိ​ရ​သော​ကြောင့်​ဖြစ်​ပေ​သည်။- \v 5 သမ္မာ​တ​ရား​တည်း​ဟူ​သော​သ​တင်း​ကောင်း​ကို သင်​တို့​ပ​ထ​မ​ဆုံး​အကြိမ်​ကြား​နာ​ရ​သော အ​ခါ မျှော်​လင့်​ရာ​အ​ကြောင်း​ကို​သင်​တို့​ကြား သိ​ရ​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​၏​ယုံကြည်​ခြင်း နှင့်​ချစ်​ခြင်း​သည်​ကောင်း​ကင်​ဘုံ​၌ သင်​တို့​အ​ဖို့ လုံ​ခြုံ​စွာ​လျာ​ထား​သည့်​မျှော်​လင့်​ရာ​အ​ပေါ် တွင်​မူ​တည်​လျက်​နေ​၏။- \v 6 သင်​တို့​သည်​ဘု​ရား​သခင်​၏​ကျေး​ဇူး​တော် အ​ကြောင်း​ကို​ကြား​ရ​ပြီး​သည့်​နေ့​မှ​စ​၍ ထို ကျေး​ဇူး​တော်​ကို​အ​မှန်​သိ​မြင်​ခံ​စား​ရ​ကြ သည်​နှင့်​အ​မျှ​သ​တင်း​ကောင်း​သည် သင်​တို့ ထံ​သို့​ပျံ့​နှံ့​၍​လာ​ပေ​သည်။ ထို​နည်း​တူ​စွာ သ​တင်း​ကောင်း​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​သို့ ပျံ့​နှံ့​၍ ကောင်း​ချီး​မင်္ဂလာ​များ​ခံ​စား​စေ လျက်​ရှိ​ပေ​သည်။- \v 7 ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​အ​ကြောင်း ကို​သင်​တို့​အား​သင်​ကြား​ပေး​သူ​မှာ ငါ​တို့ နှင့်​အ​တူ​ခ​ရစ်​တော်​၏​အမှု​တော်​ကို​ထမ်း ဆောင်​သူ၊ ငါ​တို့​ချစ်​မြတ်​နိုး​သူ​ဧပဖြ​ဖြစ်​၏။ သူ​သည်​ငါ​တို့​၏​ကိုယ်​စား​သစ္စာ​ရှိ​စွာ​ခ​ရစ် တော်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​သူ​ဖြစ် ပေ​သည်။-\x + \xo 1:7 \xt ကော၊ ၄:၁၂။ ဖိလေ၊ ၂၃။\x* \v 8 ဝိ​ညာဉ်​တော်​မှ​ရ​ရှိ​သော​သင်​တို့​၏​မေတ္တာ အ​ကြောင်း​ကို​ငါ​တို့​အား​သူ​ပြော​ပြ​၏။ \p \v 9 သို့​ဖြစ်​ခြင်း​ကြောင့်​သင်​တို့​၏​သ​တင်း​ကို​ကြား ရ​သည့်​နေ့​မှ​စ​၍ ငါ​တို့​သည်​သင်​တို့​အ​တွက် အ​စဉ်​မ​ပြတ်​ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​နေ​၏။ သင်​တို့​သည်​ဝိ​ညာဉ်​တော်​ချ​ပေး​တော်​မူ​သော ဉာဏ်​ပ​ညာ​နှင့်​ပြည့်​စုံ​သ​ဖြင့် ဘု​ရား​သ​ခင် ၏​အ​လို​တော်​ကို​ကောင်း​စွာ​သိ​ရှိ​ကြ​စေ​ရန် ဘု​ရား​သ​ခင်​အား​ငါ​တို့​ဆု​တောင်း​ကြ ပါ​၏။- \v 10 သို့​မှ​သာ​အ​စဉ်​အ​မြဲ​သ​ခင်​ဘု​ရား​နှစ်​သက် တော်​မူ​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​ထွန်း​တောက်​စေ​ရန်​လည်း​ကောင်း သင်​တို့​ပြု​မူ​ကျင့်​ကြံ​နိုင်​ကြ​လိမ့်​မည်။ ယင်း သို့​ပြု​မူ​ကျင့်​ကြံ​သ​ဖြင့် ကောင်း​မြတ်​သည့် အ​ကျင့်​အ​မျိုး​မျိုး​တည်း​ဟူ​သော​အ​သီး အ​ပွင့်​များ​ကို​ဖြစ်​ထွန်း​စေ​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ကို​လည်း​တိုး​၍​သိ​ကျွမ်း လာ​ကြ​လိမ့်​မည်။- \v 11-12 သင်​တို့​သည်​အ​ရာ​ခပ်​သိမ်း​ကို​စိတ်​ရှည်​စွာ ခံ​နိုင်​ရည်​ရှိ​စေ​ရန် ဘု​ရား​သ​ခင်​၏​ဘုန်း ကြီး​သော​တန်​ခိုး​တော်​မှ​ရ​ရှိ​သည့်​စွမ်း​ရည် အ​မျိုး​မျိုး​ဖြင့်​ရပ်​တည်​နိုင်​ကြ​ပါ​စေ​သော။ ထို​မှ​တစ်​ပါး​လည်း​အ​လင်း​နိုင်​ငံ​တော်​တွင် ကိုယ်​တော်​၏​လူ​စု​တော်​အ​တွက်​လျာ​ထား သည့်​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို သင်​တို့ အား​ခံ​စား​ထိုက်​သူ​များ​ဖြစ်​စေ​တော်​မူ သော အ​ဖ​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ဝမ်း​မြောက်​စွာ​ချီး​မွမ်း​နိုင်​ကြ​ပါ​စေ သော။- \v 13 ကိုယ်​တော်​သည်​ငါ​တို့​အား​မှောင်​မိုက်​၏ တန်​ခိုး​မှ​ကယ်​နုတ်​တော်​မူ​၍ မိ​မိ​ချစ်​မြတ် နိုး​တော်​မူ​သော​သား​တော်​၏​နိုင်​ငံ​တော်​ထဲ သို့​ခေါ်​သွင်း​တော်​မူ​၏။- \v 14 ဘု​ရား​သ​ခင်​သည်​ထို​သား​တော်​အား​ဖြင့်​ငါ တို့​ကို​လွတ်​မြောက်​စေ​တော်​မူ​ပြီ။ တစ်​နည်း အား​ဖြင့်​ငါ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ပြီ။\x + \xo 1:14 \xt ဧ၊ ၁:၇။\x* \s1 ခ​ရစ်​တော်​၏​ဇာ​တိ​တော်​နှင့်​လုပ်​ငန်း​တော် \p \v 15 ခ​ရစ်​တော်​သည်​မျက်​စိ​ဖြင့်​မ​မြင်​နိုင်​သော ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​သား​ဦး​ဖြစ်​သ​ဖြင့်​အ​ဖန် ဆင်း​ခံ​အ​ရာ​အ​ပေါင်း​တို့​ထက်​ကြီး​မြတ် တော်​မူ​ပေ​သည်။- \v 16 အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သား​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​သည်​ကောင်း​ကင်​လော​က​ရှိ​တန် ခိုး​ရှင်​များ​နှင့် အာ​ဏာ​ပိုင်​များ​အ​ပါ​အ​ဝင် ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ပေါ်​ရှိ​မျက်​စိ​ဖြင့် မြင်​နိုင်​သော​အ​ရာ၊ မ​မြင်​နိုင်​သော​အ​ရာ ဟူ​သ​မျှ​ကို​ဖန်​ဆင်း​တော်​မူ​သော​ကြောင့် တည်း။ ဘု​ရား​သ​ခင်​သည်​ထို​သ​ခင်​၏ အ​ဖို့​အ​လို့​ငှါ​ထို​သ​ခင်​အား​ဖြင့်​စ​ကြ ဝ​ဠာ​တစ်​ခု​လုံး​ကို​ဖန်​ဆင်း​တော်​မူ​၏။- \v 17 ခ​ရစ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​မ​ပေါ် ပေါက်​မီ​က​ပင်​ရှိ​နေ​တော်​မူ​၏။ ခပ်​သိမ်း​သော အ​ရာ​တို့​သည်​ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သော​အား​ဖြင့်​စ​နစ်​တ​ကျ​တည် လျက်​ရှိ​၏။- \v 18 ကိုယ်​တော်​သည်​အ​သင်း​တော်​တည်း​ဟူ​သော ကိုယ်​ခန္ဓာ​တော်​၏​ဦး​ခေါင်း​ဖြစ်​တော်​မူ​၏။ ကိုယ် တော်​ထံ​မှ​ကိုယ်​ခန္ဓာ​တော်​အ​သက်​ကို​ရ​ရှိ​၏။ ထို​အ​ရှင်​သည်​သား​ဦး​ဖြစ်​၍​သေ​ခြင်း​မှ ဦး​စွာ​ပ​ထ​မ​ရှင်​ပြန်​ထ​မြောက်​တော်​မူ သ​ဖြင့် အ​ရာ​ခပ်​သိမ်း​တို့​၏​အ​ထွတ်​အ​ထိပ် အ​ဖြစ်​ကို​ခံ​ယူ​တော်​မူ​ပေ​သည်။-\x + \xo 1:18 \xt ဧ၊ ၁:၂၂-၂၃။\x* \v 19 ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ၊ သား​တော် သည်​ဘု​ရား​ဇာ​တိ​ကို​အ​ပြည့်​အ​ဝ​ခံ​ယူ တော်​မူ​၏။- \v 20 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သား​တော်​အား ဖြင့်​စ​ကြ​ဝ​ဠာ​တစ်​ခု​လုံး​ကို မိ​မိ​ထံ​ပြန် လာ​စေ​ရန်​ဆုံး​ဖြတ်​တော်​မူ​၏။ သား​တော်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​အ​သေ​ခံ​စေ​တော် မူ​ခြင်း​အား​ဖြင့်​ရန်​ကို​ငြိမ်း​စေ​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ကမ္ဘာ​မြေ​ကြီး​နှင့်​ကောင်း ကင်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​အား​မိ​မိ ထံ​ပြန်​လာ​စေ​တော်​မူ​၏။\x + \xo 1:20 \xt ဧ၊ ၂:၁၆။\x* \p \v 21 အ​ခါ​တစ်​ပါး​က​သင်​တို့​သည်​ဘု​ရား​သ​ခင် နှင့်​ဝေး​ကွာ​လျက်​နေ​ခဲ့​ကြ​၏။ သင်​တို့​သည် မိ​မိ​တို့​၏​ဆိုး​ညစ်​သည့်​အ​ကျင့်​အ​ကြံ​များ ကြောင့်​ကိုယ်​တော်​နှင့်​ရန်​ဘက်​ဖြစ်​ခဲ့​ကြ​ပေ​သည်။- \v 22 သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ဘု​ရား​သ​ခင်​သည် လူ့​ဇာ​တိ​ကို​ခံ​ယူ​သော​သား​တော်​အား​အ​သေ ခံ​စေ​တော်​မူ​သော​အား​ဖြင့် သင်​တို့​အား​မိ​မိ​နှင့် မိတ်​ဆွေ​ဖြစ်​ခွင့်​ကို​ပေး​တော်​မူ​လေ​ပြီ။ ယင်း​သို့ ပြု​တော်​မူ​ခြင်း​မှာ​သင်​တို့​သည်​ဖြူ​စင်​သန့်​ရှင်း မြင့်​မြတ်​လျက် အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ဘဲ​ရှေ့​တော် မှောက်​သို့​ဝင်​ရောက်​နိုင်​ကြ​ရန်​ပင်​ဖြစ်​သည်။- \v 23 သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့​၏​ယုံ​ကြည် ခြင်း​ကို အုတ်​မြစ်​ကဲ့​သို့​ခိုင်​မာ​စေ​ရန်​ဆက် လက်​ထိန်း​သိမ်း​ရ​ကြ​မည်။ သင်​တို့​သည်​သ​တင်း ကောင်း​ကို​ကြား​သိ​ရ​စဉ်​အ​ခါ​က​ရ​ရှိ​ခဲ့ သော​မျှော်​လင့်​ခြင်း​မှ​မ​ယိမ်း​မ​ယိုင်​စေ​နှင့်။ ကမ္ဘာ​အ​နှံ့​အ​ပြား​သို့​ရောက်​ရှိ​ပြီး​ဖြစ်​သော ထို​သ​တင်း​ကောင်း​အ​တွက်​အ​စေ​ခံ​ကား ငါ​ပေါ​လု​ပင်​ဖြစ်​သည်။ \s1 အ​သင်း​တော်​အ​တွက်​အ​စေ​ခံ​ဖြစ်​သူ​ပေါ​လု​၏ အ​မှု​တော်​ဆောင်​ခြင်း \p \v 24 ငါ​သည်​သင်​တို့​အ​တွက်​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​၍​ဝမ်း မြောက်​ပါ​၏။ ခ​ရစ်​တော်​သည်​မိ​မိ​၏​ကိုယ်​ခန္ဓာ တည်း​ဟူ​သော​အ​သင်း​တော်​အ​တွက်​ခံ​ရန်​ကျန် ရှိ​နေ​သည့်​ဆင်း​ရဲ​ဒုက္ခ​များ​ကို​ငါ​ကူ​ညီ​၍ ဖြည့်​စွက်​ပေး​၏။- \v 25 သင်​တို့​၏​အ​ကျိုး​ငှာ​ဘု​ရား​သ​ခင်​သည်​ငါ့ အား​အ​သင်း​တော်​၏​အ​မှု​တော်​ဆောင်​အ​ဖြစ် ခန့်​ထား​တော်​မူ​ပေ​သည်။ ငါ့​အား​ပေး​အပ်​တော် မူ​သော​အလုပ်​တာ​ဝန်​မှာ​နှုတ်​က​ပတ်​တ​ရား တော်​ကို​အ​ကုန်​အ​စင်​ကြေ​ညာ​ရန်​ပင်​ဖြစ်​၏။- \v 26 ကိုယ်​တော်​သည်​ထို​နက်​နဲ​ရာ​ကို​ကမ္ဘာ​မြေ​ပေါ် ရှိ​လူ​သား​အ​ပေါင်း​တို့​အား လွန်​ခဲ့​သော​ခေတ် ကာ​လ​များ​တွင်​သိ​ခွင့်​ပေး​တော်​မ​မူ​ခဲ့​သော် လည်း ယ​ခု​အ​ခါ​မိ​မိ​၏​လူ​စု​တော်​အား ဖော်​ပြ​တော်​မူ​လေ​ပြီ။- \v 27 ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည်​တော်​မှာ​လူ​မျိုး တ​ကာ​တို့​အ​တွက်​ကြွယ်​ဝ​၍ ဘုန်း​အ​သ​ရေ​နှင့် ပြည့်​စုံ​သော​နက်​နဲ​သည့်​အ​ရာ​အ​ကြောင်း​ကို မိ​မိ လူ​စု​တော်​အား​သိ​စေ​ရန်​ပင်​ဖြစ်​၏။ ဤ​နက်​နဲ သော​အ​ရာ​ကား​ခ​ရစ်​တော်​သည်​သင်​တို့​စိတ် အ​တွင်း​၌​ကျိန်း​ဝပ်​တော်​မူ​ကြောင်း​ပင်​ဖြစ်​၏။ တစ်​နည်း​အား​ဖြင့်​ဆို​သော်​သင်​တို့​သည်​ဘုရား သ​ခင်​နှင့်​အ​တူ​ဘုန်း​အ​သ​ရေ​တော်​ကို ခံ​စား​ရ​မည်​ဖြစ်​ကြောင်း​တည်း။- \v 28 သို့​ဖြစ်​၍​ငါ​တို့​သည်​လူ​အ​ပေါင်း​တို့​အား ခ​ရစ်​တော်​၏​အ​ကြောင်း​တော်​ကို​ဟော​ပြော ကြ​၏။ လူ​တိုင်း​အား​ရင့်​ကျက်​သူ​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​သို့​ရောက်​ရှိ ရန်​ပို့​ဆောင်​နိုင်​အံ့​သော​ငှာ ငါ​တို့​သည်​ဉာဏ် ပ​ညာ​ရှိ​သ​မျှ​ဖြင့်​လူ​တိုင်း​ကို​သ​တိ​ပေး သွန်​သင်​ကြ​၏။- \v 29 ဤ​တာ​ဝန်​လုပ်​ငန်း​ကို​ငါ​ကြိုး​ပမ်း​လုပ်​ဆောင် လျက်​ရှိ​စဉ်​ခ​ရစ်​တော်​သည် ငါ့​အား​ကြီး​မား သော​တန်​ခိုး​စွမ်း​ရည်​ကို​ပေး​တော်​မူ​သည်။ ထို တန်​ခိုး​စွမ်း​ရည်​သည်​ငါ​၏​အ​ထဲ​၌​လုပ် ဆောင်​လျက်​ရှိ​၏။ \c 2 \p \v 1 ငါ​သည်​သင်​တို့​အ​တွက်​လည်း​ကောင်း၊ လော​ဒိ​ကိ မြို့​သူ​မြို့​သား​များ​နှင့်​ငါ့​အား​မ​မြင်​ဘူး​သေး သော​အ​ခြား​သူ​တို့​အ​တွက်​လည်း​ကောင်း အ​ဘယ် မျှ​ကြိုး​ပမ်း​လုပ်​ဆောင်​ခဲ့​သည်​ကို​သင်​တို့​အား သိ​စေ​လို​၏။- \v 2 ယင်း​သို့​ကြိုး​ပမ်း​လုပ်​ဆောင်​ရ​ခြင်း​မှာ​သင် တို့​အ​ပေါင်း​သည်​အား​တက်​လျက် အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက်​ချစ်​ခင်​လာ​စေ​ရန် ဖြစ်​သည်။ ဤ​သို့​ဖြစ်​ခြင်း​ကြောင့်​သင်​တို့​သည် စစ်​မှန်​စွာ​သိ​ရှိ​နား​လည်​ခြင်း​အား​ဖြင့် စိတ် ချ​မှု​ကို​ကြွယ်​ဝ​ပြည့်​စုံ​စွာ​ရ​ရှိ​ကြ​လိမ့် မည်။ ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​ခ​ရစ် တော်​တည်း​ဟူ​သော​ဘု​ရား​သ​ခင်​၏​နက်​နဲ ရာ​ကို​သိ​ရှိ​ကြ​လိမ့်​မည်။- \v 3 ထို​အ​ရှင်​သည်​ကွယ်​ဝှက်​ထား​သော​ဘု​ရား သ​ခင်​၏​ဉာဏ်​ပ​ညာ​ဘဏ္ဍာ၊ အ​သိ​ပ​ညာ ဘဏ္ဍာ​ကို​ဖွင့်​ပြ​သည့်​သော့​ချက်​ဖြစ်​တော် မူ​သ​တည်း။ \p \v 4 သို့​ဖြစ်​၍​မည်​မျှ​ပင်​ယုတ္တိ​ရှိ​ဟန်​တူ​သော မှား​ယွင်း​သည့်​အ​ကြောင်း​ပြ​ချက်​များ​ဖြင့် အ​ဘယ်​သူ​မျှ​သင်​တို့​အား​မ​လှည့်​စား​စေ နှင့်။- \v 5 ငါ​သည်​ခန္ဓာ​အား​ဖြင့်​သင်​တို့​နှင့်​ဝေး​ကွာ သော်​လည်း​စိတ်​အား​ဖြင့်​သင်​တို့​နှင့်​အ​တူ​ရှိ​၏။ သင်​တို့​သည်​တစ်​လုံး​တစ်​စည်း​တည်း​ရှိ​၍ ခ​ရစ် တော်​ကို​မြဲ​မြံ​ခိုင်​မာ​စွာ​ယုံ​ကြည်​လျက်​နေ ကြ​သည်​ကို​တွေ့​ရ​သ​ဖြင့်​ငါ​ဝမ်း​မြောက်​၏။ \s1 ခ​ရစ်​တော်​အား​ဖြင့်​ရ​သော​ကြွယ်​ဝ​သည့်​ဘ​ဝ \p \v 6 သင်​တို့​သည်​ခ​ရစ်​တော်​ယေ​ရှု​အား​အ​ရှင် သ​ခင်​အ​ဖြစ်​လက်​ခံ​ခဲ့​ကြ​သ​ဖြင့် ကိုယ်​တော် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​အ​သက် ရှင်​ကြ​လော့။- \v 7 သွန်​သင်​ခြင်း​ကို​ခံ​ရ​သည်​အ​တိုင်း​ကိုယ်​တော် ၌​နက်​နဲ​စွာ​အ​မြစ်​စွဲ​လျက်​ကိုယ်​တော်​အ​ပေါ်​၌ မိ​မိ​တို့​ဘ​ဝ​ကို​တည်​ဆောက်​ကာ​သင်​တို့​၏ ယုံ​ကြည်​ခြင်း​ကို​ပို​၍​ခိုင်​မြဲ​စေ​ကြ​လော့။ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက်​နေ​ကြ​လော့။ \p \v 8 ခ​ရစ်​တော်​ထံ​မှ​မ​ဟုတ်​ဘဲ​လူ​တို့​၏​ထုံး​တမ်း စဉ်​လာ​မှ​လည်း​ကောင်း၊ စ​ကြ​ဝ​ဠာ​ကို အ​စိုး​ရ သည့်​ဝိ​ညာဉ်​များ​မှ​လည်း​ကောင်း၊ လက်​ဆင့်​ကမ်း သည့်​အ​ချည်း​နှီး​သော​လူ​ပ​ညာ​ပ​ရိ​ယာယ်​ဖြင့် အ​ဘယ်​သူ​မျှ​သင်​တို့​အား​ကျွန်​ဘ​ဝ​သို့ မ​သက်​ဆင်း​စေ​ရန်​သ​တိ​ပြု​ကြ​လော့။- \v 9 လူ့​ဇာ​တိ​အ​ဖြစ်​နှင့်​လော​က​တွင်​သက်​တော် ထင်​ရှား​ရှိ​တော်​မူ​စဉ်​အ​ခါ​က ခ​ရစ်​တော်​၌ ဘု​ရား​ဇာ​တိ​တော်​အ​ပြည့်​အ​ဝ​ကိန်း​အောင်း တော်​မူ​ပေ​သည်။- \v 10 သင်​တို့​သည်​ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ခြင်း​အား​ဖြင့် ကြွယ်​ဝ​သော​အ​သက်​ကို​ရ​ရှိ ကြ​၏။ ထို​အ​ရှင်​ကား​ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​တန်​ခိုး ရှင်​များ​နှင့်​အာ​ဏာ​ပိုင်​အ​ပေါင်း​တို့​ကို​အ​စိုး​ရ တော်​မူ​သ​တည်း။ \p \v 11 ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လာ​ကြ သော​အ​ခါ သင်​တို့​ဇာ​တိ​သ​ဘော​တ​ရား​မှ လွတ်​မြောက်​ခြင်း​တည်း​ဟူ​သော​ခ​ရစ်​တော်​၏ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ယူ​ကြ​ပေ​သည်။ ဤ​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကား​ကာ​ယ​နှင့် ဆိုင်​သော​အ​ရေ​ဖျား​လှီး​ခြင်း​မ​ဟုတ်။- \v 12 သင်​တို့​သည်​ဗတ္တိ​ဇံ​ခံ​သော​အ​ခါ​ကိုယ်​တော်​နှင့် အ​တူ​မြှုပ်​နှံ​ခြင်း​ကို​ခံ​ကြ​၏။ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​၌ ရှင်​ပြန်​ထ​မြောက်​စေ​နိုင်​သော တန်​ခိုး​တော်​ကို​သင်​တို့​ယုံ​ကြည်​ကြ​သော​ကြောင့် ကိုယ်​တော်​နှင့်​အ​တူ​ရှင်​ပြန်​ထ​မြောက်​ကြ​၏။\x + \xo 2:12 \xt ရော၊ ၆:၄။\x* \p \v 13 သင်​တို့​သည်​အ​ခါ​တစ်​ပါး​က​အ​ပြစ်​ကူး သူ​များ​ဖြစ်​ကြ​သော​ကြောင့်​လည်း​ကောင်း၊ ပ​ညတ် တ​ရား​မ​ခံ​ယူ​သော​လူ​မျိုး​ခြား​ဖြစ်​သော ကြောင့်​လည်း​ကောင်း ဝိ​ညာဉ်​ရေး​အ​ရ​သေ​သူ များ​ဖြစ်​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် သင်​တို့​အား ခ​ရစ်​တော်​နှင့်​အ​တူ​အ​သက်​ရှင် စေ​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​၏ အ​ပြစ်​ဟူ​သ​မျှ​ကို​ဖြေ​လွှတ်​တော်​မူ​၍၊-\x + \xo 2:13 \xt ဧ၊ ၂:၁-၅။\x* \v 14 ငါ​တို့​၏​အ​ပြစ်​ကြွေး​စာ​ရင်း​ကို​လည်း​ကောင်း၊ ၎င်း​နှင့်​ဆိုင်​သော​ဥ​ပ​ဒေ​စည်း​ကမ်း​များ​ကို လည်း​ကောင်း၊ လက်​ဝါး​ကပ်​တိုင်​တွင်​ရိုက်​ခြင်း အား​ဖြင့်​ပယ်​ဖျက်​တော်​မူ​သည်။-\x + \xo 2:14 \xt ဧ၊ ၂:၁၅။\x* \v 15 ထို​လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​ခ​ရစ်​တော်​သည် ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​တန်​ခိုး​ရှင်​များ​နှင့်​အာ​ဏာ ပိုင်​အ​ပေါင်း​တို့​၏​တန်​ခိုး​အာ​ဏာ​ကို​ပယ်​ရှား တော်​မူ​ပြီး​နောက် ၎င်း​တို့​ကို​သုံ့​ပန်း​များ​အ​ဖြစ် အောင်​ပွဲ​လှည့်​ရာ​တွင်​နောက်​မှ​လိုက်​ပါ​စေ​ကာ လူ​အ​ပေါင်း​တို့​အား​ပြ​တော်​မူ​၏။ \p \v 16 သို့​ဖြစ်​၍​အ​စား​အ​သောက်​နှင့်​ပတ်​သက်​၍​ဖြစ် စေ၊ ဘာ​သာ​ရေး​ပွဲ​နေ့၊ လ​ဆန်း​ပွဲ​နေ့၊ ဥ​ပုသ်​နေ့ နှင့်​ပတ်​သက်​၍​ဖြစ်​စေ​သင်​တို့​အ​တွက်​အ​ဘယ် သူ​မျှ​ဥ​ပ​ဒေ​စည်း​ကမ်း​မ​ပြု​လုပ်​စေ​နှင့်။-\x + \xo 2:16 \xt ရော၊ ၁၄:၁-၆။\x* \v 17 ထို​အ​ရာ​တို့​သည်​နောင်​အ​ခါ​ဖြစ်​ပေါ်​လာ​မည့် အ​ရာ​တို့​၏​အ​ရိပ်​အ​ရောင်​မျှ​သာ​ဖြစ်​ကြ​၏။ အ​တု​မ​ဟုတ်​အ​စစ်​မှာ​ခ​ရစ်​တော်​ဖြစ်​သည်။- \v 18 မ​မှန်​ကန်​သော​နှိမ့်​ချ​ခြင်း၊ ကောင်း​ကင်​တ​မန် တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​တို့​ကို​အ​လေး အ​နက်​ပြော​ဆို​၍​မိ​မိ​တို့​တွေ့​မြင်​သည့်​ဗျာ ဒိတ်​ရူ​ပါ​ရုံ​များ​ကို​အ​ကြောင်း​ပြု​ကာ မိ​မိ တို့​က​အ​ခြား​သူ​တို့​ထက်​သာ​သည်​ဟု​ပြော ဆို​တတ်​သူ​များ​က​သင်​တို့​အား​ရှုတ်​ချ​ခွင့် ကို​မ​ပေး​နှင့်။ သူ​တို့​သည်​လူ့​သ​ဘော​ဖြင့် စဉ်း​စား​ဆင်​ခြင်​လျက်​အ​ကြောင်း​မဲ့​စိတ် နေ​မြင့်​လျက်​ရှိ​ကြ​၏။- \v 19 သူ​တို့​သည်​ခန္ဓာ​ကိုယ်​၏​ဦး​ခေါင်း​တည်း​ဟူ သော​ခ​ရစ်​တော်​ကို​မှီ​ခို​အား​ကိုး​မှု​မ​ရှိ​ကြ တော့​ချေ။ ခ​ရစ်​တော်​၏​ထိန်း​သိမ်း​မှု​အောက် တွင်​အ​ဆစ်​များ​နှင့်​အ​ရိုး​ချင်း​ဆက်​ပေး​သည့် အ​ရွတ်​များ​အား​ဖြင့် ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် အာ​ဟာ​ရ​ကို​ခံ​ယူ​ကာ​ဘု​ရား​သ​ခင်​၏ အ​လို​တော်​ရှိ​သည်​အ​တိုင်း​ကြီး​ပွား​တတ်​၏။\x + \xo 2:19 \xt ဧ၊ ၄:၁၆။\x* \s1 ခ​ရစ်​တော်​နှင့်​အ​တူ​သြေခင်း​နှင့်​အ​သက်​ရှင်​ခြင်း \p \v 20 သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​အ​တူ သေ​ပြီ​ဖြစ် သ​ဖြင့်​ဤ​လော​က​ဋ္ဌာတ်​ကို အ​စိုး​ရ​သော တန်​ခိုး​ရှင်​များ​၏​လက်​အောက်​တွင်​မ​ရှိ​တော့ ပေ။- \v 21 ထို​သို့​ဖြစ်​ပါ​လျက်​သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​လော​က​နှင့်​သက်​ဆိုင်​သူ​များ​ကဲ့​သို့​ပြု​ကျင့် နေ​ကြ​သ​နည်း။ အ​ဘယ်​ကြောင့်``ဤ​အ​ရာ​ကို မ​ကိုင်​နှင့်။ ထို​အ​ရာ​ကို​မ​မြည်း​မ​စမ်း​နှင့်။ မ​တို့ မ​ထိ​နှင့်'' အ​စ​ရှိ​သည့်​ဥ​ပ​ဒေ​များ​ကို​လိုက် လျှောက်​နေ​ကြ​သ​နည်း။- \v 22 ထို​ဥ​ပ​ဒေ​များ​သည်​အ​သုံး​ပြု​ပြီး​နောက်​အ​သုံး မ​ဝင်​တော့​သည့်​အ​ရာ​များ​နှင့်​စပ်​ဆိုင်​၏။ ယင်း​တို့ အား​လုံး​ပင်​လျှင်​လူ​လုပ်​သည့်​ဥ​ပ​ဒေ​များ၊ သွန် သင်​ချက်​များ​သာ​ဖြစ်​သည်။- \v 23 ကောင်း​ကင်​တ​မန်​များ​အား​မ​ဖြစ်​မ​နေ​ကိုး ကွယ်​ရ​ခြင်း၊ မ​မှန်​ကန်​သော​စိတ်​နှိမ့်​ချ​ခြင်း၊ အ​လွန်​အ​မင်း​ကိုယ်​ခန္ဓာ​ကို​နှိပ်​စက်​ခြင်း​တည်း ဟူ​သော​ဥ​ပ​ဒေ​တို့​သည် ဉာဏ်​ပ​ညာ​နှင့်​ယှဉ် သော​ဥ​ပ​ဒေ​ပ​ညတ်​များ​ဖြစ်​ဟန်​တူ​သော် လည်း​ကာ​ယ​တပ်​မက်​မှု​များ​ကို​ထိန်း​ချုပ် ရာ​တွင်​မည်​သို့​မျှ​အ​ထောက်​အ​ကူ​မ​ပေး ချေ။ \c 3 \p \v 1 သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​အ​တူ​သေ​ခြင်း​မှ ရှင်​ပြန်​ထ​မြောက်​ကြ​ပြီ​ဖြစ်​၍ ဘု​ရား​သ​ခင် ၏​လက်​ယာ​တော်​ဘက်​တွင်​ခ​ရစ်​တော်​ထိုင် လျက်​နေ​တော်​မူ​ရာ ကောင်း​ကင်​ဘုံ​၌​ရှိ​သော အ​ရာ​တို့​ကို​လို​ချင်​တောင့်​တ​ကြ​လော့။- \v 2 လော​က​တွင်​ရှိ​သော​အ​ရာ​တို့​ကို​စိတ်​မ​စွဲ လမ်း​ဘဲ အ​ထက်​ဘုံ​၌​ရှိ​သော​အ​ရာ​တို့​ကို စိတ်​စွဲ​လမ်း​ကြ​လော့။- \v 3 အ​ဘယ်​ကြောင့်​ဆို​သော်​သေ​ပြီး​သော​သင်​တို့ အ​သက်​သည် ခ​ရစ်​တော်​နှင့်​အ​တူ​ဘု​ရား သ​ခင်​၌​ဝှက်​ထား​လျက်​ရှိ​သော​ကြောင့်​တည်း။- \v 4 သင်​တို့​အ​သက်​အ​စစ်​အ​မှန်​သည်​ခ​ရစ်​တော် ဖြစ်​သည်။ ကိုယ်​တော်​ထင်​ရှား​တော်​မူ​သော​အ​ခါ သင်​တို့​သည်​လည်း​ကိုယ်​တော်​နှင့်​အ​တူ​ဘုန်း အ​သ​ရေ​တော်​ကို​ခံ​စား​ရ​ကြ​လတ္တံ့။\x + \xo 3:4 \xt ဆာ၊ ၁၁၀:၁။\x* \s1 ဘ​ဝ​ဟောင်း​နှင့်​ဘ​ဝ​သစ် \p \v 5 သို့​ဖြစ်​၍​ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊ ညစ်​ညမ်း​စွာ ကျင့်​ခြင်း၊ ပြင်း​ပြ​သော​တ​ဏှာ​ရမ္မက်၊ မ​ကောင်း​မှု ပြု​လုပ်​လို​သော​စိတ်​ရှိ​ခြင်း၊ လော​ဘ​လွန်​ကူး ခြင်း​အ​စ​ရှိ​သော​လော​ကီ​အာ​သာ​ရမ္မက်​များ ကို​သေ​စေ​ကြ​လော့။ (လော​ဘ​ကူး​ခြင်း​သည် ရုပ်​တု​ကိုး​ကွယ်​ခြင်း​တစ်​မျိုး​ပင်​ဖြစ်​၏။-) \v 6 ထို​ကဲ့​သို့​သော​အာ​သာ​ရမ္မက်​များ​ကြောင့်​ဘု​ရား သ​ခင်​၏​စ​ကား​ကို​မ​နာ​ခံ​သော​သူ​များ​သည် အ​မျက်​တော်​သင့်​ကြ​ပေ​အံ့။- \v 7 အ​ခါ​တစ်​ပါး​က​သင်​တို့​ကိုယ်​တိုင်​လည်း​ထို အ​ပြစ်​ဒု​စ​ရိုက်​များ​ကို​ကူး​လွန်​လျက် အ​သက်​ရှင်​နေ​ထိုင်​ခဲ့​ကြ​၏။ \p \v 8 သို့​သော်​ယ​ခု​အ​ခါ​၌​သင်​တို့​သည်​အ​မျက် ထွက်​ခြင်း၊ စိတ်​ဆိုး​ခြင်း၊ မုန်း​တီး​ခြင်း၊ သူ​တစ် ပါး​အ​သ​ရေ​ကို​ဖျက်​ခြင်း၊ ညစ်​ညမ်း​သော စ​ကား​ကို​ပြော​ဆို​ခြင်း​စ​သည်​တို့​ကို​ပယ် ရှား​ကြ​လော့။- \v 9 တစ်ဦး​နှင့်​တစ်​ဦး​လိမ်​လည်​၍​မ​ပြော​ဆို​ကြ​နှင့်။ သင်​တို့​သည်​အ​ကျင့်​ဆိုး​များ​နှင့်​တ​ကွ​လူ ဟောင်း​ကို​ချွတ်​ပယ်​ကာ၊-\x + \xo 3:9 \xt ဧ၊ ၄:၂၂။\x* \v 10 လူ​သစ်​ကို​ဝတ်​ဆင်​ကြ​လေ​ပြီ။ ဖန်​ဆင်း​တော်​မူ ရှင်​ဘု​ရား​သ​ခင်​သည် ထို​လူ​သစ်​အား​မိ​မိ​၏ ပုံ​သဏ္ဌာန်​တော်​နှင့်​အ​ညီ​အ​မြဲ​အ​သစ်​ပြု​ပြင် လျက်​နေ​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ သင်​တို့​သည်​ကိုယ်​တော်​ကို​ပြည့်​ဝ​စုံ​လင်​စွာ သိ​ကျွမ်း​လာ​ကြ​စေ​ရန်​ပင်​ဖြစ်​ပေ​သည်။-\x + \xo 3:10 \xt က၊ ၁:၂၆။ ဧ၊ ၄:၂၄။\x* \v 11 သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား၊ လူ​မျိုး​ခြား​ဟူ​၍ လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​ခံ​သူ​မ​ခံ​သူ​ဟူ ၍​လည်း​ကောင်း၊ မ​ယဉ်​ကျေး​သူ၊ လူ​ရိုင်း၊ ကျွန်၊ လွတ်​လပ်​သူ​ဟူ​၍​လည်း​ကောင်း​ကွဲ​ပြား​ခြား နား​မှု​မ​ရှိ​တော့​ချေ။ ခ​ရစ်​တော်​သည်​အ​လုံး စုံ​တို့​၌​ရှိ​၍​အ​လုံး​စုံ​ဖြစ်​တော်​မူ​သ​တည်း။ \p \v 12 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​များ ဖြစ်​ကြ​၏။ ကိုယ်​တော်​သည်​သင်​တို့​ကို​ချစ်​၍ မိ​မိ ပိုင်​ဆိုင်​သူ​များ​ဖြစ်​ရန်​ရွေး​ချယ်​တော်​မူ​သ​ဖြင့် က​ရု​ဏာ​ပြ​ခြင်း၊ သ​နား​ကြင်​နာ​ခြင်း၊ စိတ် နှိမ့်​ချ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း၊ စိတ်​ရှည်​ခြင်း တို့​ကို​ဝတ်​ဆင်​ကြ​လော့။-\x + \xo 3:12 \xt ဧ၊ ၄:၂။\x* \v 13 သင်​တို့​သည်​အ​ချင်း​ချင်း​အ​ပေါ်​တွင်​အ​ပြစ် တင်​စ​ရာ​ရှိ​ပါ​လျှင် သည်း​ခံ​လျက်​အ​ပြစ်​ဖြေ လွှတ်​ကြ​လော့။ သ​ခင်​ဘု​ရား​သည်​သင်​တို့ အား​အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​သ​ကဲ့​သို့ သင် တို့​သည်​လည်း​အ​ချင်း​ချင်း​အား​အ​ပြစ်​ဖြေ လွှတ်​ရ​ကြ​မည်။-\x + \xo 3:13 \xt ဧ၊ ၄:၃၂။\x* \v 14 ဤ​အ​ရည်​အ​သွေး​များ​ကို​မေတ္တာ​ဖြင့်​ဖြည့်​စွက် လော့။ မေတ္တာ​သည်​အ​ရာ​ခပ်​သိမ်း​ကို​စု​စည်း​၍ လုံး​ဝ​စည်း​လုံး​ညီ​ညွတ်​စေ​သ​တည်း။- \v 15 သင်​တို့​ကို​လမ်း​ပြ​ရန်​ခ​ရစ်​တော်​ထံ​မှ​ရ​ရှိ သည့်​ငြိမ်​သက်​ခြင်း​နှင့်​အ​ညီ သင်​တို့​ဆုံး​ဖြတ် ချက်​များ​ချ​မှတ်​ကြ​လော့။ ထို​ငြိမ်​သက်​ခြင်း ကို​သင်​တို့​ခံ​စား​နိုင်​ကြ​စေ​ရန်​ဘု​ရား​သ​ခင် သည်​သင်​တို့​ကို​တစ်​ခု​တည်း​သော​ကိုယ်​ခန္ဓာ အ​ဖြစ်​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​ခဲ့​၏။ သို့ ဖြစ်​၍​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။- \v 16 ခ​ရစ်​တော်​၏​ပြည့်​စုံ​ကြွယ်​ဝ​သည့်​တ​ရား တော်​အား သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​တွင်​ကိန်း အောင်း​စေ​ကြ​လော့။ ဉာဏ်​ပ​ညာ​ရှိ​သ​မျှ​ဖြင့် အ​ချင်း​ချင်း​အား​သွန်​သင်​ဆုံး​မ​ခြင်း​ကို ပြု​ကြ​လော့။ ဆာ​လံ​သီ​ချင်း၊ အ​မျိုး​မျိုး သော​ဋ္ဌမ္မ​သီ​ချင်း​များ​ကို​ဘု​ရား​သ​ခင် အား​စိတ်​နှ​လုံး​ထဲ​တွင်​ကျေး​ဇူး​တင်​လျက် သီ​ဆို​ကြ​လော့။-\x + \xo 3:16 \xt ဧ၊ ၅:၁၉-၂၀။\x* \v 17 သို့​ဖြစ်​၍​သင်​တို့​သည်​ပြော​ဆို​ပြု​မူ​ရာ​တွင် သ​ခင် ယေ​ရှု​၏​နာ​မ​တော်​ကို​ထောက်​၍​ပြော​ဆို​ပြု​မူ​ကြ လော့။ ထို​အ​ရှင်​ကို​အ​မှီ​ပြု​၍​အ​ဖ​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ \s1 ဘ​ဝ​သစ်​၌​တစ်​ဦး​နှင့်​တစ်​ဦး​ဆက်​ဆံ​မှု \p \v 18 ဇ​နီး​ဖြစ်​သူ​တို့၊ ခင်​ပွန်း​များ​၏​အုပ်​စိုး​ခြင်း​ကို ခံ​ယူ​ကြ​လော့။ သင်​တို့​သည်​ခ​ရစ်​ယာန်​များ အ​နေ​ဖြင့်​ဤ​သို့​ခံ​ယူ​သင့်​ကြ​၏။-\x + \xo 3:18 \xt ဧ၊ ၅:၂၂။ ၁ပေ၊ ၃:၁။\x* \v 19 ခင်​ပွန်း​ဖြစ်​သူ​တို့၊ ဇ​နီး​များ​ကို​ချစ်​ကြ​လော့။ သူ​တို့​အား​ကြမ်း​တမ်း​စွာ​မ​ပြု​ကြ​နှင့်။\x + \xo 3:19 \xt ဧ၊ ၅:၂၅။ ၁ပေ၊ ၃:၇။\x* \p \v 20 သား​သ​မီး​ဖြစ်​သူ​တို့၊ မိ​ဘ​စ​ကား​ကို​အ​စဉ် နား​ထောင်​ကြ​လော့။ ဤ​အ​မှု​သည်​ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​သော​အ​မှု၊ ပြု​ကျင့်​အပ်​သော အ​မှု​ဖြစ်​၏။-\x + \xo 3:20 \xt ဧ၊ ၆:၁။\x* \v 21 ဖ​ခင်​ဖြစ်​သူ​တို့၊ သား​သ​မီး​များ​ကို​စိတ်​ဆိုး အောင်​မ​ဆွ​နှင့်။ သို့​ပြု​ပါ​လျှင်​သူ​တို့​သည်​စိတ် အား​လျော့​ကြ​လိမ့်​မည်။\x + \xo 3:21 \xt ဧ၊ ၆:၄။\x* \p \v 22 ကျွန်​ဖြစ်​သူ​တို့၊ သင်​တို့​ကို​ပိုင်​သော​သ​ခင်​များ ၏​စ​ကား​ကို​အ​ရာ​ရာ​တွင်​နား​ထောင်​ကြ​လော့။ သင်​တို့​သည်​မျက်​နှာ​ရ​ရန်​သူ​တို့​၏​ရှေ့​မှောက် ၌​သာ​လျှင်​သူ​တို့​၏​စ​ကား​ကို​နား​ထောင်​သည် မ​ဟုတ်၊ သ​ခင်​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ သော​အား​ဖြင့် သူ​တို့​၏​စ​ကား​ကို​ရိုး​ဖြောင့် သော​စိတ်​နှင့်​နား​ထောင်​ကြ​လော့။-\x + \xo 3:22 \xt ဧ၊ ၆:၅-၈။\x* \v 23 အ​ဘယ်​အ​မှု​ကို​ပြု​သည်​မ​ဆို​သင်​တို့​သည် လူ​၏​အ​လို​ကို​မ​ဟုတ်​ဘဲ သ​ခင်​ဘု​ရား​၏ အ​လို​ကို​ဆောင်​ရွက်​သ​ကဲ့​သို့​အ​စွမ်း​ရှိ သ​မျှ​ဖြင့်​လုပ်​ဆောင်​ကြ​လော့။- \v 24 မိ​မိ​၏​လူ​စု​တော်​အား​သ​ခင်​ဘု​ရား​က​တိ ထား​တော်​မူ​သော ဆု​လာဘ်​ကို​သင်​တို့​သည်​ရ မည်​ဖြစ်​ကြောင်း​နှ​လုံး​သွင်း​ကြ​လော့။ ခ​ရစ် တော်​သည်​သာ​လျှင်​သင်​တို့​၏​သ​ခင်​အ​စစ် အ​မှန်​ဖြစ်​တော်​မူ​၏။- \v 25 ဒု​စ​ရိုက်​သ​မား​သည်​ထိုက်​သင့်​သော​အ​ပြစ်​ဒဏ် ကို​ခံ​ရ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား သ​ခင်​သည်​တ​ရား​စီ​ရင်​ရာ​တွင်​မျက်​နှာ​ကြီး ငယ်​လိုက်​တော်​မ​မူ​သော​ကြောင့်​ဖြစ်​သည်။\x + \xo 3:25 \xt တရား၊ ၁၀:၁၇။ ဧ၊ ၆:၉။\x* \c 4 \p \v 1 သ​ခင်​ဖြစ်​သူ​တို့၊ သင်​တို့​သည်​လည်း​ကောင်း​ကင် ဘုံ​တွင်​ရှိ​တော်​မူ​သော​သ​ခင်​၏​ကျွန်​များ​ဖြစ် ကြောင်း​ကို​သိ​မှတ်​လျက် မိ​မိ​တို့​၏​ကျွန်​များ ကို​တရား​မျှ​တ​စွာ​ဆက်​ဆံ​ကြ​လော့။\x + \xo 4:1 \xt ဧ၊ ၆:၉။\x* \s1 ညွှန်​ကြား​ချက်​များ \p \v 2 စွဲ​မြဲ​စွာ​ဆုတောင်း​ပတ္ထနာ​ပြု​ကြ​လော့။ ဆု​တောင်း ပတ္ထ​နာ​ပြု​ရာ​တွင်​နိုး​နိုး​ကြား​ကြား​ရှိ​လျက် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။- \v 3 ဆု​တောင်း​သည့်​အ​ခါ​ငါ​တို့​၏​အ​တွက်​လည်း ဆု​တောင်း​ကြ​လော့။ ခ​ရစ်​တော်​၏​နက်​နဲ​သည့် အ​ရာ​နှင့်​စပ်​ဆိုင်​သော​တ​ရား​တော်​ကို ဟော ပြော​နိုင်​သည့်​အ​ခွင့်​အ​လမ်း​ငါ​တို့​အား​ပေး တော်​မူ​ရန်​ဆု​တောင်း​ကြ​လော့။ ထို​တ​ရား တော်​ကြောင့်​ငါ​သည်​ယ​ခု​ထောင်​ကျ​လျက်​ရှိ​၏။- \v 4 သို့​ဖြစ်​၍​တ​ရား​တော်​ကို​ဟော​ပြော​အပ်​သည် နှင့်​အ​ညီ ငါ​သည်​ရှင်း​လင်း​ပြတ်​သား​စွာ​ဟော ပြော​နိုင်​ရန်​ဆု​တောင်း​ကြ​လော့။ \p \v 5 သင်​တို့​ရ​ရှိ​သည့်​အ​ခွင့်​ကောင်း​မှန်​သ​မျှ​ကို အ​သုံး​ပြု​ကာ အ​ခြား​ဘာ​သာ​ဝင်​တို့​အား ပ​ညာ​သ​တိ​နှင့်​ဆက်​ဆံ​ကြ​လော့။-\x + \xo 4:5 \xt ဧ၊ ၅:၁၆။\x* \v 6 သင်​တို့​ပြော​သော​စ​ကား​သည်​နား​ဝင်​ချို​၍ စိတ်​ဝင်​စား​ဖွယ်​ဖြစ်​စေ​ကြ​လော့။ စုံ​စမ်း​မေး မြန်း​သူ​တိုင်း​အား​အ​ဘယ်​သို့​လျောက်​ပတ် စွာ​ပြန်​လည်​ဖြေ​ကြား​ရ​မည်​ကို​သင်​တို့​လေ့ လာ​ထား​ကြ​လော့။ \s1 နောက်​ဆုံး​နှုတ်​ဆက်​စ​ကား​များ \p \v 7 ငါ​တို့​ချစ်​သော​ညီ၊ သစ္စာ​ရှိ​သော​အ​မှု​တော် ဆောင်၊ သ​ခင်​ဘု​ရား​၏​အ​မှု​တော်​၌​ငါ​တို့​နှင့် လုပ်​ဖော်​ကိုင်​ဘက်​ဖြစ်​သူ​တု​ခိတ်​သည်​ငါ​နှင့်​ပတ် သက်​သည့်​သ​တင်း​အ​လုံး​စုံ​ကို​သင်​တို့​အား ပြော​ပြ​လိမ့်​မည်။-\x + \xo 4:7 \xt တ၊ ၂၀:၄။ ၂တိ၊ ၄:၁၂။\x* \v 8 ငါ​တို့​၏​အ​ခြေ​အ​နေ​ကို​သင်​တို့​အား​ပြော ပြ​ခြင်း​အား​ဖြင့်​သင်​တို့​ကို​အား​တက်​စေ​ရန် ငါ​သည်​သူ့​အား​သင်​တို့​ထံ​သို့​စေ​လွှတ်​လိုက် ခြင်း​ဖြစ်​ပေ​သည်။-\x + \xo 4:8 \xt ဧ၊ ၆:၂၁-၂၂။\x* \v 9 သူ​နှင့်​အ​တူ​သြ​နေ​သိမ်​လည်း​လိုက်​ပါ​လာ​ပါ လိမ့်​မည်။ သြ​နေ​သိမ်​သည်​ငါ​တို့​ချစ်​သော​ညီ၊ သစ္စာ​ရှိ​သော​သူ​ဖြစ်​၏။ သူ​သည်​သင်​တို့​အ​သိုင်း အ​ဝိုင်း​ထဲ​က​ဖြစ်​၏။ သူ​တို့​သည်​ဤ​အ​ရပ်​တွင် ဖြစ်​ပျက်​သ​မျှ​ကို​သင်​တို့​အား​ပြော​ပြ​လိမ့်​မည်။\x + \xo 4:9 \xt ဖိလေ၊ ၁၀-၁၂။\x* \p \v 10-11 ငါ​တို့​နှင့်​အ​တူ​အ​ကျဉ်း​ခံ​နေ​ရ​သူ​အာ​ရိတ္တာ​ခု၊ ဗာ​န​ဗ​၏​ညီ​ဝမ်း​ကွဲ​တော်​သူ​မာ​ကု​နှင့်​ယုတ္တု ခေါ်​ယော​ရှု​တို့​က​သင်​တို့​ကို​နှုတ်​ဆက်​လိုက် ကြ​၏။ (သင်​တို့​ထံ​မာ​ကု​ရောက်​ရှိ​လာ​သော အ​ခါ ကြို​ဆို​ကြ​ရန်​ညွှန်​ကြား​ချက်​များ​ကို သင်​တို့​ရ​ရှိ​ကြ​ပြီး​ဖြစ်​၏။) ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​အ​တွက်​ငါ​နှင့်​အ​တူ​လုပ်​ဆောင် လျက်​ရှိ​သော​ယု​ဒ​ယုံ​ကြည်​သူ​များ​မှာ ထို​သူ​သုံး​ဦး​သာ​လျှင်​ဖြစ်​ပေ​သည်။ ဤ​သူ တို့​သည်​ကား​ငါ့​အား​များ​စွာ​ကူ​ညီ​ကြ သူ​များ​ဖြစ်​သည်။\x + \xo 4:10-11 \xt တ၊ ၁၉:၂၉၊ ၂၇:၂၊ ဖိလေ၊ ၂၄။ တ၊ ၁၂:၁၂-၂၅၊ ၁၃:၁၃၊ ၁၅:၃၇-၃၉။\x* \p \v 12 ဧ​ပ​ဖြ​က​လည်း​နှုတ်​ဆက်​လိုက်​၏။ သူ​သည်​လည်း သင်​တို့​၏​အ​သိုင်း​အ​ဝိုင်း​က​ဖြစ်​၏။ ခ​ရစ်​တော် ယေ​ရှု​၏​အ​မှု​တော်​ဆောင်​လည်း​ဖြစ်​၏။ သူ​သည် သင်​တို့​အ​တွက်​စိတ်​အား​ထက်​သန်​စွာ​အ​စဉ် ဆု​တောင်း​ပတ္ထနာ​ပြု​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင် ၏​အ​လို​တော်​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ကာ လုံး​ဝ​နား​လည်​သ​ဘော​ပေါက်​သော​ခ​ရစ်​ယာန် များ​အ​ဖြစ်​ဖြင့်​ကြံ့​ခိုင်​စွာ​ရပ်​တည်​နိုင်​ကြ​စေ ရန်​သူ​သည်​ဘု​ရား​သ​ခင်​အား​လျှောက်​ထား လျက်​ရှိ​၏။-\x + \xo 4:12 \xt ကော၊ ၁:၇။ ဖိလေ၊ ၂၃။\x* \v 13 သူ​သည်​သင်​တို့​အ​တွက်​လည်း​ကောင်း၊ လော​ဒိ​ကိ မြို့​နှင့်​ဟေ​ရ​ပေါ​လိ​မြို့​၌​ရှိ​သူ​များ​အ​တွက် လည်း​ကောင်း​အ​လွန်​ကြိုး​စား​လုပ်​ဆောင်​သူ​ဖြစ် ကြောင်း​ငါ​ကိုယ်​တိုင်​သက်​သေ​ခံ​ပါ​၏။- \v 14 ငါ​တို့​ချစ်​သော​ဆ​ရာ​ဝန်​လု​ကာ​နှင့်​ဒေ​မ​တို့ က​သင်​တို့​အား​နှုတ်​ဆက်​လိုက်​ကြ​၏။\x + \xo 4:14 \xt ၂တိ၊ ၄:၁၀၊၁၁။ ဖိလေ၊ ၂၄။\x* \p \v 15 လော​ဒိ​ကိ​မြို့​ရှိ​ညီ​အစ်​ကို​များ​ကို​လည်း​ကောင်း၊ နုံ​ဖ​နှင့်​သူ​၏​အိမ်​တွင်​စု​ဝေး​ဝတ်​ပြု​ကြ​သည့် အ​သင်း​တော်​ဝင်​တို့​ကို​လည်း​ကောင်း​နှုတ်​ဆက် လိုက်​ကြောင်း​ပြော​ပြ​ကြ​လော့။- \v 16 ဤ​စာ​ကို​သင်​တို့​အ​သင်း​တော်​ဝင်​တို့​အား​ဖတ် ပြ​ပြီး​သော​အ​ခါ လော​ဒိ​ကိ​အ​သင်း​တော်​ဝင် တို့​အား​လည်း​ဖတ်​စေ​ကြ​လော့။ လော​ဒိ​ကိ အ​သင်း​တော်​မှ​တစ်​ဆင့်​ပေး​ပို့​မည့်​စာ​ကို​လည်း သင်​တို့​ဖတ်​ရှု​ကြ​လော့။- \v 17 သ​ခင်​ဘု​ရား​ပေး​အပ်​ခြင်း​ခံ​ရ​သည့်​အ​မှု​တော် ကို​အ​ပြီး​တိုင်​ဆောင်​ရွက်​ရန်​အာ​ခိပ္ပု​အား​ပြော ကြား​ကြ​လော့။\x + \xo 4:17 \xt ဖိလေ၊ ၂။\x* \p \v 18 ငါ​ပေါ​လု​က​သင်​တို့​အား​နှုတ်​ဆက်​စ​ကား​ကို ငါ​ကိုယ်​တိုင်​ရေး​၏။ ငါ​သည်​အ​ကျဉ်း​ထောင်​ထဲ တွင်​ရှိ​နေ​သည်​ကို​သင်​တို့​မ​မေ့​ကြ​နှင့်။ \p ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​သင်​တို့​ခံ​စား ရ​ကြ​ပါ​စေ​သ​တည်း။ ကော​လော​သဲ​သြ​ဝါ​ဒ​စာ​ပြီး​၏။