\id 2TI Myanmar Common Language Bible \h ၂ တိ \toc1 တိ​မော​သေ​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် \toc2 ၂ တိ \mt1 တိ​မော​သေ​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် \is1 နိ​ဒါန်း \ip တိ​မော​သေ​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စာ​စောင်​တွင် ပါ​ရှိ​သည့်​အ​ကြောင်း​အ​ရာ​များ​မှာ​များ​သော အား​ဖြင့် ရှင်​ပေါ​လု​သည်​မိ​မိ​ထက်​ငယ်​ရွယ်​သူ လုပ်​ဖော်​ကိုင်​ဘက်​နှင့်​လက်​ထောက်​တိ​မော​သေ အား​အ​ကြံ​ဉာဏ်​ပေး​ချက်​များ​ဖြစ်​သည်။ ဤ စာ​စောင်​၏​အ​ဋ္ဌိ​က​အ​ကြောင်း​အ​ရာ​မှာ ခံ​နိုင်​ရည်​ရှိ​ရ​မည့်​အ​ကြောင်း​ဖြစ်​၏။ အ​တိုက် အ​ခံ​ပြု​သူ​များ​၏​ထိုး​နှက်​မှု​နှင့်​ဆင်း​ရဲ ဒုက္ခ​တို့​ကို​ခံ​နေ​ရ​စဉ်​ပင်​လျှင် သ​ခင်​ယေ​ရှု ၏​အ​မှု​တော်​ကို​သစ္စာ​ရှိ​စွာ​ထမ်း​ဆောင်​ရ မည်​ဖြစ်​ကြောင်း၊ သ​တင်း​ကောင်း​နှင့်​ဋ္ဌမ္မ​ဟောင်း ကျမ်း​စာ​တွင်​ပါ​ရှိ​သည့်​သစ္စာ​တ​ရား​ကို မြဲ​စွာ​ခံ​ယူ​ထား​ရ​မည်​ဖြစ်​ကြောင်း၊ သွန် သင်​သူ​နှင့်​သ​တင်း​ကောင်း​ကို​ဟော​ပြော​သူ ၏​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ကျေ​ပွန်​စွာ ဆောင်​ရွက်​ရ​မည်​ဖြစ်​ကြောင်း တိ​မော​သေ အား​အ​ကြံ​ပေး​တိုက်​တွန်း​ထား​သည်။ \ip လူ​တို့​အား​ကောင်း​ကျိုး​မ​ပေး​ဘဲ​ဆိုး​ကျိုး သာ​ပေး​တတ်​သော​ဉာဏ်​တိမ်​မိုက်​မဲ​သည့်​ငြင်း ခုံ​မှု​မျိုး​ကို​ရှောင်​ရှား​ရန်​ကို​လည်း​အ​ထူး သ​တိ​ပေး​ထား​သည်။ \ip စာ​ရေး​သူ​သည်​မိ​မိ​၏​ဘ​ဝ​နှင့်​မျှော်​မှန်း ချက်​ကို​ဖော်​ပြ​လျက်​မိ​မိ​၏​ယုံ​ကြည်​ခြင်း၊ စိတ်​ရှည်​သည်း​ခံ​ခြင်း၊ ချစ်ြခင်း​မေတ္တာ၊ ခံ​နိုင်​ရည်၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခံ​ရ​ခြင်း​စ​သည်​တို့​ကို တိ​မော​သေ​က​အ​တု​ယူ​ရန်​လည်း​တိုက် တွန်း​လေ​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 နိ​ဒါန်း \ior ၁:၁-၂\ior* \io1 ထော​မ​နာ​ပြု​ခြင်း၊ အား​ပေး​တိုက်​တွန်း​ခြင်း \ior ၁:၃-၂:၁၃\ior* \io1 အ​ကြံ​ပေး​ခြင်း​နှင့်​သ​တိ​ပေး​ခြင်း \ior ၂:၁၄-၄:၅\ior* \io1 ရှင်​ပေါ​လု​ကိုယ်​တိုင်​ကြုံ​တွေ့​ရ​သည့်​အ​ခြေ​အ​နေ \ior ၄:၆-၁၈\ior* \io1 နိ​ဂုံး \ior ၄:၁၉-၂၂\ior* \c 1 \p \v 1 ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ​ခ​ရစ်​တော် ယေ​ရှု​၏​တ​မန်​တော်​ဖြစ်​သူ၊ ခ​ရစ်​တော်​ယေ​ရှု နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ခြင်း​အား​ဖြင့် ငါ​တို့​ရ​ရှိ​မည်​ဟု​က​တိ​ထား​တော်​မူ​သော အ​သက်​အ​ကြောင်း​ကို​ကြေ​ညာ​သူ​ငါ​ပေါ​လု ထံ​မှ၊- \p \v 2 ငါ​၏​ချစ်​သော​တိ​မော​သေ​ထံ​သို့​စာ​ရေး လိုက်​ပါ​သည်။ \p သင်​သည်​ခ​မည်း​တော်​ဘု​ရား​နှင့်​ငါ​တို့​အ​ရှင် ခ​ရစ်​တော်​ယေ​ရှု​ထံ​တော်​မှ​ကျေး​ဇူး​တော်၊ က​ရု​ဏာ​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို​ခံ​စား ရ​ပါ​စေ​သ​တည်း။\x + \xo 1:2 \xt တ၊ ၁၆:၁။\x* \s1 ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​နှင့်​အား​ပေး​စ​ကား \p \v 3 ငါ​သည်​နေ့​ညဥ့်​မ​ပြတ်​ဆု​တောင်း​ပတ္ထ​နာ​ပြု ရာ​တွင် သင့်​အား​အ​စဉ်​ပင်​အောက်​မေ့​သ​တိ​ရ လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​၏။ ငါ​သည်​ဘိုး​ဘေး​များ​နည်း​တူ​ကိုယ် တော်​၏​အ​မှု​တော်​ကို​ကြည်​လင်​သော​သြတ္တ​ပ္ပ စိတ်​နှင့်​ဆောင်​ရွက်​သူ​ဖြစ်​၏။- \v 4 သင်​အ​ဘယ်​သို့​မျက်​ရည်​ကျ​သည်​ကို​သ​တိ ရ​လျက် ငါ​သည်​သင့်​အား​အ​လွန်​တွေ့​မြင်​လို ၏။ သင့်​ကို​တွေ့​မြင်​ရ​ခြင်း​သည်​ငါ့​အား​ဝမ်း မြောက်​စေ​လိမ့်​မည်။- \v 5 သင်​သည်​သင်​၏​အ​ဖွား​လော​ဣ​နှင့်​အ​မိ​ဥ​နိတ် တို့​ကဲ့​သို့​ဟန်​ဆောင်​မှု​မ​ရှိ​ဘဲ ယုံ​ကြည်​ကြောင်း ကို​ငါ​သ​တိ​ရ​၏။ သူ​တို့​၏​ယုံ​ကြည်​ခြင်း မျိုး​သည်​သင်​၌​လည်း​ရှိ​သည်​ဟု​ငါ​စိတ်​ချ​၏။-\x + \xo 1:5 \xt တ၊ ၁၆:၁။\x* \v 6 သို့​ဖြစ်​၍​သင့်​အ​ပေါ်​ငါ​သိက္ခာ​တင်​မင်္ဂလာ​ပေး စဉ်​အ​ခါ​က သ​ခင်​ဘု​ရား​ထံ​တော်​မှ​သင်​ရ ရှိ​သည့်​ဆု​ကျေး​ဇူး​ကို​ရှင်​သန်​လျက်​ရှိ​နေ စေ​ရန်​သင့်​အား​ငါ​သ​တိ​ပေး​နှိုး​ဆော်​၏။- \v 7 ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား ကြောက်​စိတ်​ကို​ပေး​တော်​မ​မူ​ဘဲ​တန်​ခိုး​ကို လည်း​ကောင်း၊ ချစ်​ခြင်း​မေတ္တာ​ကို​လည်း​ကောင်း၊ ကိုယ်​ကို​ချုပ်​တည်း​နိုင်​မှု​ကို​လည်း​ကောင်း​ပေး တော်​မူ​၏။ \p \v 8 သို့​ဖြစ်​၍​ငါ​တို့​သ​ခင်​ဘု​ရား​၏​အ​ကြောင်း တော်​ကို​သက်​သေ​ခံ​ရန်​မ​ရှက်​နှင့်။ ခ​ရစ်​တော် အ​တွက်​အ​ကျဉ်း​သား​ဖြစ်​သူ​ငါ​၏​အ​တွက် လည်း​မ​ရှက်​နှင့်။ ဘု​ရား​သ​ခင်​ထံ​မှ​ခွန်​အား ကို​ရ​ရှိ​သည်​အ​တိုင်း​သ​တင်း​ကောင်း​အ​တွက် ငါ​နှင့်​အ​တူ​ဒုက္ခ​ခံ​လော့။- \v 9 ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ကယ်​တင်​တော်​မူ ၍ မိ​မိ​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်​ရွေး​ကောက်​တော် မူ​သည်​မှာ ငါ​တို့​ပြု​လုပ်​ခဲ့​သည့်​ကောင်း​မှု​တစ်​စုံ တစ်​ရာ​ကြောင့်​မ​ဟုတ်​ဘဲ ကိုယ်​တော်​တိုင်​၏​အ​ကြံ အ​စည်​တော်​နှင့်​ကျေး​ဇူး​တော်​ကြောင့်​ဖြစ်​ပေ သည်။ ကိုယ်​တော်​သည်​ကမ္ဘာ​မ​တည်​ရှိ​မီ​ကာ​လ က​ပင်​ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့်​ငါ​တို့​အား ထို​ကျေး​ဇူး​တော်​ကို​ချ​ပေး​တော်​မူ​၏။- \v 10 သို့​ရာ​တွင်​ယ​ခု​အ​ခါ​ငါ​တို့​၏​ကယ်​တင် ရှင်​ခ​ရစ်​တော်​ယေ​ရှု​ကြွ​လာ​တော်​မူ​ခြင်း အား​ဖြင့် ထို​ကျေး​ဇူး​တော်​သည်​ပေါ်​လွင် ထင်​ရှား​လာ​လေ​ပြီ။ ကိုယ်​တော်​သည်​သေ ခြင်း​တ​ရား​ကို​ပယ်​ရှား​တော်​မူ​ပြီး​လျှင် သ​တင်း​ကောင်း​အား​ဖြင့် သင်္ခါ​ရ​ကင်း​ခြင်း တ​ရား​ကို​ပေါ်​လွင်​ထင်​ရှား​စေ​တော် မူ​သ​တည်း။ \p \v 11 ဘု​ရား​သ​ခင်​သည်​ထို​သ​တင်း​ကောင်း​ကို ကြေ​ညာ​ရန် ငါ့​ကို​တ​မန်​တော်​နှင့်​ဆ​ရာ အ​ဖြစ်​ခန့်​ထား​တော်​မူ​၏။-\x + \xo 1:11 \xt ၁တိ၊ ၂:၇။\x* \v 12 ထို​အ​ကြောင်း​ကြောင့်​ငါ​သည်​ဤ​ဆင်းရဲ​ဒုက္ခ​များ ကို​ခံ​ရ​ခြင်း​ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ငါ​၌​ယုံ ကြည်​စိတ်​ချ​မှု​ရှိ​သေး​၏။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​သည်​အ​ဘယ်​သူ​ကို​ကိုး​စား​သည်​ကို လည်း​ကောင်း၊ ထို​အ​ရှင်​၏​လက်​ဝယ်​ငါ​ပေး​အပ် ထား​သော​အ​ရာ​ကို​ကိုယ်​တော်​ရှင်​သည် တ​ရား စီ​ရင်​တော်​မူ​ရာ​နေ့​ရောက်​သည်​တိုင်​အောင် စောင့်​ထိန်း​နိုင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ငါ​အ​သေ​အ​ချာ​သိ​သော​ကြောင့်​ဖြစ်​၏။- \v 13 ငါ​သွန်​သင်​သည့်​မှန်​ကန်​သော​သြ​ဝါ​ဒ​ကို သင်​လိုက်​နာ​ရန်​စံ​န​မူ​နာ​အ​ဖြစ်​စွဲ​မြဲ​စွာ ခံ​ယူ​၍ ခ​ရစ်​တော်​ယေ​ရှု​နှင့်​ငါ​တို့​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ခြင်း​အား​ဖြင့်​ရ​ရှိ​သည့် ယုံ​ကြည်​ခြင်း​တ​ရား​နှင့်​မေတ္တာ​တ​ရား​ကို စွဲ​လမ်း​လော့။- \v 14 သင့်​အား​ပေး​အပ်​ထား​သော​ကောင်း​မြတ်​သည့် အ​ရာ​များ​ကို​ငါ​တို့​တွင်​ကိန်း​အောင်း​တော်​မူ သော​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​တန်​ခိုး တော်​အား​ဖြင့်​ထိန်း​သိမ်း​စောင့်​ရှောက်​လော့။ \p \v 15 သင်​သိ​ရှိ​သည်​အ​တိုင်း​ဖု​ဂေ​လု​နှင့်​ဟေ​ရ မော​ဂင်​တို့​အ​ပါ​အ​ဝင်​အာ​ရှ​နယ်​ပယ်​၌ နေ​သူ​အ​ပေါင်း​တို့​သည်​ငါ​တို့​ကို​စွန့်​သွား ကြ​လေ​ပြီ။- \v 16 သ​ခင်​ဘု​ရား​သည်​သြ​နေ​သိ​ဖော်​၏​အိမ် ထောင်​အား​က​ရု​ဏာ​ထား​တော်​မူ​ပါ​စေ သော။ ထို​သူ​သည်​အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန် ငါ့​အား​စိတ်​သက်​သာ​စေ​၏။ ငါ​သည်​အ​ကျဉ်း သား​ဖြစ်​လျက်​နေ​သော်​လည်း​သူ​သည်​ငါ့ အ​တွက်​မ​ရှက်​ဘဲ၊- \v 17 ရော​မ​မြို့​သို့​ရောက်​လျှင်​ရောက်​ခြင်း​ငါ့​ကို မ​တွေ့​တွေ့​အောင်​ရှာ​၏။- \v 18 ဧ​ဖက်​မြို့​တွင်​သူ​သည်​ငါ့​အား​အ​ဘယ်​မျှ ပြု​စု​သည်​ကို​သင်​ကောင်း​စွာ​သိ​၏။ တ​ရား စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ​၌​သ​ခင် ဘု​ရား​သည်​သူ့​အား​က​ရု​ဏာ​တော်​ကို ခံ​စား​ခွင့်​ပေး​သ​နား​တော်​မူ​ပါ​စေ​သော။ \c 2 \s1 ခ​ရစ်​တော်​ယေ​ရှု​၏​သစ္စာ​ရှိ​စစ်​သည်​တော် \p \v 1 ငါ့​သား၊ ခ​ရစ်​တော်​ယေ​ရှု​နှင့်​ငါ​တို့​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ခြင်း​ကြောင့် ရ​ရှိ​သည့်​ဆု ကျေး​ဇူး​တော်​အား​ဖြင့်​သင်​သည်​ကြံ့​ခိုင် ခြင်း​ရှိ​လော့။- \v 2 အ​သိ​သက်​သေ​များ​ရှေ့​တွင်​ငါ​သွန်​သင်​ခဲ့ သည့်​အ​ရာ​များ​ကို​သင်​သည်​ကြား​သိ​ရ​လေ ပြီ။ သူ​တစ်​ပါး​တို့​အား​တစ်​ဆင့်​သွန်​သင်​နိုင် မည်​ဟု​စိတ်​ချ​ယုံ​ကြည်​ရ​သူ​တို့​အား​ထို သွန်​သင်​ချက်​များ​ကို​လက်​ဆင့်​ကမ်း​လော့။ \p \v 3 သင်​သည်​ခ​ရစ်​တော်​ယေ​ရှု​၏​စစ်​သည်​တော် ကောင်း​အ​နေ​ဖြင့်​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​လော့။- \v 4 အ​လုပ်​ဝတ္တ​ရား​ထမ်း​ဆောင်​နေ​ဆဲ​ဖြစ်​သော စစ်​သား​သည်​မိ​မိ​နှင့်​မ​ဆိုင်​သည့်​အ​ရေး အ​ခင်း​များ​တွင်​ပါ​ဝင်​မှု​ကို​ရှောင်​ရှား​တတ်​၏။ သူ​၏​တစ်​ခု​တည်း​သော​ရည်​ရွယ်​ချက်​မှာ မိ​မိ​တပ်​မှူး​၏​ကျေ​နပ်​မှု​ကို​ရ​ရှိ​ရန်​ပင် ဖြစ်​ပေ​သည်။- \v 5 အား​က​စား​မှု​ဆိုင်​ရာ​စည်း​ကမ်း​ဥ​ပ​ဒေ​များ ကို​မ​လိုက်​နာ​လျှင် အ​ဘယ်​အား​က​စား​သ​မား မျှ​အောင်​ပန်း​ကို​ဆွတ်​ခူး​နိုင်​လိမ့်​မည်​မ​ဟုတ်။- \v 6 ပင်​ပန်း​စွာ​အ​လုပ်​လုပ်​ခဲ့​သော​လယ်​သ​မား သည်​သီး​နှံ​ကို​ဦး​စွာ​စား​သုံး​သင့်​သည်။- \v 7 ငါ့​စ​ကား​ကို​ဆင်​ခြင်​လော့။ ယင်း​ကို​နား​လည် စေ​ရန်​သ​ခင်​ဘု​ရား​သည်​သင့်​အား​ကူ​ညီ တော်​မူ​လိမ့်​မည်။ \p \v 8 ငါ​ဟော​ပြော​သော​သ​တင်း​ကောင်း​အ​ရ​ဒါ​ဝိဒ် မင်း​မှ​ဆင်း​သက်​တော်​မူ​၍​သေ​ခြင်း​မှ​ရှင် ပြန်​ထ​မြောက်​တော်​မူ​သော​ယေ​ရှု​ခ​ရစ်​ကို သ​တိ​ရ​လော့။- \v 9 ငါ​သည်​ထို​သ​တင်း​ကောင်း​အ​တွက်​ကြောင့် ရာ​ဇ​ဝတ်​ကောင်​ကဲ့​သို့​ဒုက္ခ​ရောက်​လျက်​ရှိ​၏။ သံ​ကြိုး​များ​နှင့်​ပင်​အ​ချည်​အ​နှောင်​ခံ​ရ​၏။ သို့​သော်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော် မူ​ကား​ချုပ်​နှောင်​မှု​နှင့်​ကင်း​လွတ်​၏။- \v 10 ထို့​ကြောင့်​ငါ​သည်​ဘု​ရား​သ​ခင်​ရွေး​ကောက် တော်​မူ​သော​လူ​စု​တော်​၏​အ​တွက်​မည့်​သည့် ဒုက္ခ​ဆင်း​ရဲ​ကို​မ​ဆို​ခံ​၏။ ဤ​သို့​ခံ​ခြင်း​မှာ သူ​တို့​သည်​လည်း​ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ နှင့်​တ​ကွ​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ကယ်​တင် ခြင်း​ကို​ခံ​ရ​စေ​ရန်​ဖြစ်​၏။- \v 11 အောက်​ပါ​စ​ကား​သည်​သစ္စာ​စ​ကား​ဖြစ်​ပေ​သည်။ \q1 ``ငါ​တို့​သည်​ကိုယ်​တော်​နှင့်​အ​တူ​သေ​လျှင် ကိုယ်​တော်​နှင့်​အ​တူ​ရှင်​လိမ့်​မည်။ \q1 \v 12 ခံ​နိုင်​ရည်​ရှိ​လျှင်​ကိုယ်​တော်​နှင့်​အ​တူ​စိုး​စံ​ရ လိမ့်​မည်။ \q2 ကိုယ်​တော်​အား​စွန့်​ပယ်​လျှင်​ကိုယ်​တော်​သည် ငါ​တို့​အား​စွန့်​ပယ်​တော်​မူ​လိမ့်​မည်။\x + \xo 2:12 \xt မ၊ ၁၀:၃၃။ လု၊ ၁၂:၉။\x* \q1 \v 13 ငါ​တို့​သစ္စာ​ဖောက်​လျှင်​ကိုယ်​တော်​သည် သစ္စာ​ဖောက်​တော်​မ​မူ။ \q2 အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် \q1 မိ​မိ​သစ္စာ​တော်​ကို​ပယ်​ဖျက်​တော်​မ​မူ​နိုင် သော​ကြောင့်​ဖြစ်​၏'' \s1 ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သည့် လုပ်​သား​ကောင်း \p \v 14 ဤ​အ​ကြောင်း​အ​ရာ​များ​ကို​သင်​၏​လူ​စု အား​သ​တိ​ပေး​လော့။ စ​ကား​အ​သုံး​အ​နှုန်း နှင့်​ပတ်​သက်​၍​ငြင်း​ခုံ​မှု​သည်​မည်​သည့် အ​ကျိုး​ကို​မျှ​မ​ပြု​စု​တတ်။ ကြား​ရ​သူ​တို့ ၏​အ​ကျိုး​ကို​သာ​ယုတ်​စေ​တတ်​၏။- \v 15 သင်​သည်​ရှက်​ကြောက်​စ​ရာ​အ​ကြောင်း​မ​ရှိ သော​အ​မှု​တော်​ဆောင်​အ​နေ​ဖြင့်​လည်း​ကောင်း၊ သမ္မာ​တ​ရား​တော်​ကို​မှန်​ကန်​စွာ​ဟော​ပြော သွန်​သင်​သူ​အ​နေ​ဖြင့်​လည်း​ကောင်း၊ ဘု​ရား သ​ခင်​နှစ်​သက်​လက်​ခံ​တော်​မူ​စေ​ရန်​အ​စွမ်း ကုန်​ကြိုး​စား​အား​ထုတ်​လော့။- \v 16 ဘု​ရား​ကို​မ​ကြည်​ညို​သော​အ​ချည်း​နှီး စ​ကား​ကို​ရှောင်​လော့။ ထို​ကဲ့​သို့​သော​စ​ကား သည် လူ​တို့​အား​ဘု​ရား​နှင့်​ပို​၍​ပင်​ဝေး ကွာ​စေ​၏။- \v 17 ယင်း​သွန်​သင်​ချက်​သည်​အ​သား​ကို​ပုပ်​ရိ စေ​တတ်​သည့်​ခူ​နာ​နှင့်​တူ​၏။ ထို​သို့​သွန်​သင် သူ​တို့​တွင် ဟု​မေ​နဲ​နှင့်​ဖိ​လက်​တို့​လည်း ပါ​ကြ​၏။- \v 18 သူ​တို့​သည်​သမ္မာ​တ​ရား​လမ်း​မှ​လွဲ​သွား လျက်​သေ​လွန်​သော​သူ​တို့​သည် ရှင်​ပြန်​ထ မြောက်​ပြီ​ဟူ​၍​ဆို​ကာ လူ​အ​ချို့​တို့​၏ ယုံ​ကြည်​ခြင်း​ကို​မှောက်​လှန်​နေ​ကြ​၏။- \v 19 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​ချ​ထား​တော်​မူ သည့်​အုတ်​မြစ်​သည်​ခိုင်​ခံ့​လျက်​ရှိ​ပေ​သည်။ ထို​အုတ်​မြစ်​ပေါ်​တွင်``ထာ​ဝ​ရဘု​ရား​သည် မိ​မိ​၏​လူ​စု​တော်​အား​သိ​တော်​မူ​၏'' ဟူ​၍ လည်း​ကောင်း၊``သ​ခင်​ဘု​ရား​၏​နာမ​တော်​ကို ခံ​ရ​သူ​အ​ပေါင်း​တို့​သည်​မ​ကောင်း​မှု​ကို ရှောင်​ကြဉ်​ရ​ကြ​မည်'' ဟူ​၍​လည်း​ကောင်း ကမ္ပည်း​ရေး​ထိုး​၍​ထား​သ​တည်း။\x + \xo 2:19 \xt တော၊ ၁၆:၅။\x* \p \v 20 မည်​သည့်​အိမ်​ကြီး​၌​မ​ဆို​ရွှေ၊ ငွေ​အ​သုံး အ​ဆောင်​များ​သာ​လျှင်​ရှိ​သည်​မ​ဟုတ်။ သစ် သား​နှင့်​ရွှံ့​မြေ​ဖြင့်​လုပ်​သော​အ​သုံး​အ​ဆောင် များ​လည်း​ရှိ​ပေ​သည်။ အ​ချို့​ကို​အ​ခါ​ကြီး ရက်​ကြီး​များ​၌​အ​သုံး​ပြု​၍​အ​ချို့​ကို နေ့​တိုင်း​အ​သုံး​ပြု​သည်။- \v 21 ဖော်​ပြ​ခဲ့​သည့်​မ​ကောင်း​မှု​များ​ကို​ရှောင်​ကြဉ် သူ​သည် မိ​မိ​သ​ခင်​အ​တွက်​ဆက်​ကပ်​ထား​၍ အ​သုံး​ဝင်​သူ၊ ကောင်း​မြတ်​သည့်​အ​မှု​အ​ရာ မှန်​သ​မျှ​ကို​လုပ်​ဆောင်​ရန်​အ​သင့်​ရှိ​သူ​ဖြစ် သ​ဖြင့်​အ​ထူး​အ​သုံး​ပြု​ခြင်း​ကို​ခံ​ရ​လိမ့် မည်။- \v 22 သက်​ရွယ်​ပျို​သူ​တို့​၏​ရမ္မက်​ဆန္ဒ​များ​ကို​ရှောင် ကြဉ်​လော့။ သ​ခင်​ဘု​ရား​အား​သန့်​ရှင်း​စင်​ကြယ် သော​စိတ်​နှင့်​ပတ္ထ​နာ​ပြု​သူ​အ​ပေါင်း​တို့​နှင့် အ​တူ​ဖြောင့်​မတ်​ခြင်း၊ ယုံ​ကြည်​ခြင်း​တ​ရား၊ မေတ္တာ​တ​ရား​နှင့်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ရှာ လော့။- \v 23 သို့​ရာ​တွင်​မိုက်​မဲ​၍​အ​သိ​ပ​ညာ​ကင်း​မဲ့​သော ငြင်း​ခုံ​မှု​များ​ကို​ရှောင်​လော့။ ယင်း​တို့​သည်​ခိုက် ရန်​ဖြစ်​ပွား​မှု​ကို​ပြု​စု​ပေး​တတ်​ကြောင်း​သင် သိ​၏။- \v 24 သ​ခင်​ဘု​ရား​၏​အ​စေ​ခံ​သည်​ခိုက်​ရန်​မ​ပြု​ဘဲ လူ​တိုင်း​ကို​သ​နား​တတ်​၍​သည်း​ခံ​တတ်​သော​ဋ္ဌမ္မ ဆ​ရာ​ကောင်း​ဖြစ်​ရ​မည်။- \v 25 မိ​မိ​အား​ဆန့်​ကျင်​ဘက်​ပြု​သူ​များ​ကို​နူး​ညံ့ သိမ်​မွေ့​စွာ​ဆုံး​မ​တတ်​သူ​ဖြစ်​ရ​မည်။ သူ​တို့​သည် နောင်​တ​ရ​၍​သမ္မာ​တ​ရား​ကို​သိ​ရှိ​လာ​နိုင်​ခွင့် ကို​ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ပေး​ကောင်း ပေး​တော်​မူ​လိမ့်​မည်။- \v 26 ထို​အ​ခါ​သူ​တို့​သည်​အ​မြင်​မှန်​ရ​ရှိ​လာ​ပြီး​လျှင် မာရ်​နတ်​၏​ကျော့​ကွင်း​မှ​လွတ်​မြောက်​ကြ​လိမ့်​မည်။ မာရ်​နတ်​သည်​မိ​မိ​အ​လို​အ​တိုင်း​လိုက်​နာ​စေ​ရန် သူ​တို့​အား​ဖမ်း​ဆီး​ထား​ခဲ့​ပေ​သည်။ \c 3 \s1 အ​ဆုံး​စွန်​သော​နေ့​ရက်​ကာ​လ \p \v 1 အ​ဆုံး​စွန်​သော​နေ့​ရက်​တို့​သည်​ကြပ်​တည်း ခဲ​ယဉ်း​သော​ကာ​လ​ဖြစ်​မည်​ကို​သိ​မှတ်​လော့။- \v 2 လူ​တို့​သည်​တစ်​ကိုယ်​ကောင်း​စိတ်​ရှိ​သူ၊ လော​ဘ ကြီး​သူ၊ ကြွား​ဝါ​သူ၊ မိ​မိ​ကိုယ်​ကို​အ​ထင်​ကြီး သူ၊ စော်​ကား​သူ၊ မိ​ဘ​တို့​ကို​တော်​လှန်​သူ၊ ကျေး​ဇူး တ​ရား​မ​သိ​သူ၊ ဘု​ရား​တ​ရား​မ​ကြည်​ညို​သူ၊- \v 3 အ​ကြင်​နာ​ကင်း​မဲ့​သူ၊ ရက်​စက်​ကြမ်း​ကြုတ်​သူ၊ သူ​တစ်​ပါး​အ​သ​ရေ​ကို​ဖျက်​သူ၊ အ​ကြမ်း​ဖက် သူ၊ ကြမ်း​တမ်း​သူ၊ ကောင်း​မြတ်​သည့်​အ​ရာ​ကို မုန်း​သူ၊- \v 4 သစ္စာ​ဖောက်​သူ၊ အ​ရမ်း​မဲ့​ပြု​မူ​သူ၊ မာ​န​ကြီး​သူ၊ ဘု​ရား​သ​ခင်​ကို​နှစ်​သက်​သည်​ထက်​ကာ​မ​ဂုဏ် ခံ​စား​မှု​ကို​ပို​၍​နှစ်​သက်​သူ၊- \v 5 ဘာ​သာ​တ​ရား​ဆိုင်​ရာ​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို လိုက်​နာ​ကြ​သော်​လည်း ဘာ​သာ​တ​ရား​၏​ပြု ပြင်​သော​တန်​ခိုး​ကို​မူ​ကား​ငြင်း​ပယ်​သော​သူ များ​ဖြစ်​ကြ​လိမ့်​မည်။ သင်​သည်​ထို​သူ​တို့​ကို ရှောင်​ရှား​လော့။- \v 6 သူ​တို့​အ​နက်​အ​ချို့​တို့​သည်​အိမ်​များ​သို့​ဝင်​၍ အ​သိ​အ​လိမ္မာ​နည်း​သည့်​အ​မျိုး​သ​မီး​တို့​ကို မိ​မိ​တို့​လက်​တွင်း​သို့​ရောက်​အောင်​ပြု​လုပ်​တတ် ကြ​၏။ ထို​အ​မျိုး​သ​မီး​များ​သည်​မိ​မိ​တို့​ပြု မိ​ခဲ့​သည့်​အ​ပြစ်​များ​ဖြင့်​ဝန်​လေး​၍ အ​မျိုး မျိုး​သော​အာ​သာ​ရမ္မက်​များ​၏​ဆွဲ​ဆောင်​မှု ကို​ခံ​လျက်၊- \v 7 သင်​ကြား​မှု​ကို​ခံ​ယူ​ရန်​အ​စဉ်​ပင်​လို​လား​ကြ သော်​လည်း အ​ဘယ်​အ​ခါ​၌​မျှ​သမ္မာ​တ​ရား​ကို နား​လည်​နိုင်​စွမ်း​မ​ရှိ​သူ​များ​ဖြစ်​ကြ​၏။- \v 8 ယ​န္နေ​နှင့်​ယံ​ဗြေ​တို့​သည်​မော​ရှေ​ကို​ဆန့်​ကျင် ဖက်​ပြု​သ​ကဲ့​သို့ ထို​လူ​စု​တို့​သည်​လည်း​သမ္မာ တ​ရား​တော်​ကို​ဆန့်​ကျင်​ဘက်​ပြု​ကြ​၏။ သူ တို့​သည်​စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း​မ​ရှိ​ဘဲ ယုံ​ကြည်​ခြင်း​ပျက်​ပြယ်​သူ​များ​ဖြစ်​ပေ​သည်။-\x + \xo 3:8 \xt ထွ၊ ၇:၁၁။\x* \v 9 သို့​ရာ​တွင်​သူ​တို့​၏​အောင်​မြင်​မှု​သည်​တာ​ရှည်​ခံ လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယန္နေ​နှင့် ယံ​ဗြေ​တို့​၏​မိုက်​မဲ​မှု​ကဲ့​သို့​သူ​တို့​၏​မိုက်​မဲ​မှု ကို​လူ​အ​ပေါင်း​တို့​တွေ့​ရှိ​လာ​မည်​ဖြစ်​သော ကြောင့်​တည်း။ \s1 နောက်​ဆုံး​ညွှန်​ကြား​ချက်​များ \p \v 10 သို့​ရာ​တွင်​သင်​သည်​ငါ​၏​သြ​ဝါ​ဒ၊ ငါ​၏ အ​ကျင့်​အ​ကြံ​နှင့်​ငါ​၏​ဘ​ဝ​ရည်​မှန်း​ချက်​ကို သိ​မြင်​ခဲ့​ပြီ။ ငါ​၏​ယုံ​ကြည်​ခြင်း၊ ငါ​၏​သည်း ညည်း​ခံ​ခြင်း၊ ငါ​၏​မေတ္တာ၊ ငါ​၏​ခံ​နိုင်​ရည်၊- \v 11 ငါ​ခံ​ရ​သည့်​ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​နှင့်​ဒုက္ခ​ဆင်း​ရဲ များ​ကို​သင်​သည်​တွေ့​မြင်​ခဲ့​ပေ​သည်။ အန္တိ​အုတ် မြို့၊ ဣ​ကော​နိ​မြို့​နှင့်​လုတ္တိ​ရ​မြို့​တို့​တွင်​ညှဉ်း​ဆဲ နှိပ်​စက်​ခြင်း​အ​မျိုး​မျိုး​တို့​ကို​ငါ​ခံ​ခဲ့​ရ​ကြောင်း သင်​သိ​၏။ သို့​ရာ​တွင်​သ​ခင်​ဘု​ရား​သည်​ငါ့ အား​ထို​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​ခဲ့​၏။-\x + \xo 3:11 \xt တ၊ ၁၃:၁၄-၅၂၊ ၁၄:၁-၇၊ ၈-၂၀။\x* \v 12 ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက် ဘု​ရား​ဝတ်​၌​မွေ့​လျော်​လို​သူ​တိုင်း​နှိပ်​စက် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။- \v 13 ဆိုး​ညစ်​သူ​များ၊ အ​ယောင်​ဆောင်​လှည့်​စား​သူ များ​သည်​ဆိုး​ယုတ်​သည်​ထက်​ပို​မို​ယုတ်​စွာ​ပြု ကျင့်​လာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​သူ​တစ်​ပါး တို့​အား​လှည့်​စား​၍​မိ​မိ​တို့​ကိုယ်​တိုင်​လည်း အ​လှည့်​စား​ခံ​ရ​လိမ့်​မည်။- \v 14 သို့​သော်​သင်​သည်​မိ​မိ​သင်​ယူ​၍​စွဲ​မြဲ​စွာ ယုံ​ကြည်​သည့်​သစ္စာ​တ​ရား​များ​ကို​စောင့်​ထိန်း လော့။ သင်​အ​ဘယ်​သူ​တို့​ထံ​မှ​နည်း​နာ​ခံ​ခဲ့ သည်​ကို​သင်​သိ​၏။- \v 15 သင်​ငယ်​ရွယ်​စဉ်​အ​ခါ​မှ​စ​၍​အ​သိ​ပ​ညာ ကို​ပေး​၍​ခ​ရစ်​တော်​ယေ​ရှု​ကို​ယုံ​ကြည်​ခြင်း အား​ဖြင့် ကယ်​တင်​ခြင်း​ရ​ရှိ​စေ​ရန်​လမ်း​ညွှန်​သော ကျမ်း​စာ​တော်​မြတ်​ကို​ကောင်း​စွာ​သိ​ရှိ​ခဲ့​သူ ဖြစ်​ကြောင်း​ကို​သင်​သိ​၏။- \v 16 ကျမ်း​စာ​တော်​မှန်​သ​မျှ​ကို​ဘု​ရား​သ​ခင်​၏ လမ်း​ညွှန်​မှု​ဖြင့်​ရေး​သား​ပြု​စု​ထား​သ​ဖြင့် ထို ကျမ်း​စာ​တော်​သည်​သမ္မာ​တ​ရား​တော်​ကို​သွန် သင်​ခြင်း၊ ဆုံး​မ​သြ​ဝါ​ဒ​ပေး​ခြင်း၊ အ​မှား များ​ကို​ပြု​ပြင်​ခြင်း၊ လျောက်​ပတ်​စွာ​သက်​ရှင် နေ​ထိုင်​တတ်​ရန်​လမ်း​ညွှန်​ခြင်း​တို့​ကို​ပြု သော​အား​ဖြင့်၊- \v 17 ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ဆောင်​သည်​ကောင်း မြတ်​သည့်​အ​မှု​အ​မျိုး​မျိုး​တို့​ကို​ဆောင်​ရွက် ရန်​လို​အပ်​သည့်​ပြင်​ဆင်​မှု​ရှိ​ပြီး​လျှင် အ​ရည် အ​ချင်း​များ​နှင့်​ပြည့်​ဝ​စုံ​လင်​၍​လာ​ပေ​အံ့။ \c 4 \p \v 1 ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​၌​လည်း​ကောင်း သေ​သူ​ရှင်​သူ​တို့​ကို​တ​ရား​စီ​ရင်​တော်​မူ​မည့် ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော်​မှောက်​၌​လည်း ကောင်း ကိုယ်​တော်​သည်​အုပ်​စိုး​ရန်​ဘု​ရင်​အ​ဖြစ် ကြွ​လာ​မည်​ဖြစ်​၍​သင့်​အား​ငါ​သစ္စာ​ပေး​၏။- \v 2 (အ​ချိန်​အ​ခါ​သင့်​သည်​ဖြစ်​စေ၊ မ​သင့်​သည် ဖြစ်​စေ) တ​ရား​တော်​ကို​ဟော​ပြော​ကြေ​ညာ လော့။ ကြား​နာ​သူ​တို့​အား​နား​လည်​သ​ဘော ပေါက်​စေ​လော့။ ဆုံး​မ​လော့။ အား​ပေး​တိုက်​တွန်း လော့။ စိတ်​ရှည်​စွာ​သွန်​သင်​လော့။- \v 3 လူ​တို့​သည်​မှန်​ကန်​သည့်​သြ​ဝါ​ဒ​ကို​နား​မ ထောင်​ဘဲ​ကိုယ့်​အ​လို​ဆန္ဒ​များ​ကို​လိုက်​၍ မိ​မိ တို့​ကြား​နာ​လို​သည့်​စ​ကား​များ​ပြော​ဆို​မည့် ဆ​ရာ​သ​မား​များ​ကို​ရှာ​ဖွေ​ကြ​မည့်​အ​ချိန် ကာ​လ​ရောက်​လိမ့်​မည်။- \v 4 သူ​တို့​သည်​သမ္မာ​တ​ရား​ကို​နား​မ​ထောင်​ဘဲ​ဒဏ္ဍာ ရီ​စ​ကား​များ​ကို​သာ​နား​ထောင်​ကြ​လိမ့်​မည်။- \v 5 သင်​မူ​ကား​အ​ဘယ်​အ​မှု​မျိုး​နှင့်​ကြုံ​တွေ့​ရ သည်​မ​ဆို​သမ္မာ​သ​တိ​ရှိ​စေ​လော့။ ဆင်း​ရဲ​ဒုက္ခ​ခံ လော့။ သ​တင်း​ကောင်း​ကို​ကြေ​ညာ​သည့်​အ​လုပ် ကို​ဆောင်​ရွက်​လော့။ ဘု​ရား​သ​ခင်​၏​အစေ​ခံ အ​နေ​ဖြင့်​သင်​၏​တာ​ဝန်​ရှိ​သ​မျှ​ကို​ထမ်း ဆောင်​လော့။ \p \v 6 ငါ​သည်​မိ​မိ​အ​သက်​ကို​ပူ​ဇော်​ရ​မည့်​အ​ချိန် ကျ​ရောက်​လာ​ပြီ။ ဤ​လော​က​မှ​ထွက်​ခွာ​ရ​မည့် အ​ချိန်​နီး​ကပ်​လာ​ပြီ။- \v 7 ငါ​သည်​ပြေး​ပွဲ​တွင်​အ​စွမ်း​ကုန်​ကြိုး​စား​ခဲ့​ပြီ။ တာ​အ​ဆုံး​တိုင်​အောင်​ပြေး​ခဲ့​ပြီ။ ယုံ​ကြည်​ခြင်း တ​ရား​ကို​စောင့်​ထိန်း​ခဲ့​ပြီ။- \v 8 ယ​ခု​အ​ခါ​၌​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​သူ​အား​ပေး​အပ်​သည့်​အောင်​ဆု​သည် ငါ့​အ​တွက်​အ​သင့်​ရှိ​နေ​ပြီ။ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​တော်​မူ​သော​တ​ရား​သူ​ကြီး တည်း​ဟူ​သော​သ​ခင်​ဘု​ရား​သည် ထို​ဆု​ကို တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ငါ့​အား​ပေး အပ်​တော်​မူ​လိမ့်​မည်။ ငါ့​ကို​သာ​မ​က​ဤ လော​က​သို့​နောက်​တစ်​ဖန်​ကိုယ်​တော်​ပေါ် ထွန်း​တော်​မူ​မည်​ကို​တောင့်​တ​စောင့်​မျှော်​သူ အ​ပေါင်း​တို့​အား​လည်း​ပေး​တော်​မူ​လိမ့်​မည်။ \s1 ကိုယ်​ရေး​ကိုယ်​တာ​ဆိုင်​ရာ​အ​မှာ​စ​ကား​များ \p \v 9 ငါ့​ထံ​သို့​အ​မြန်​လာ​ရန်​အ​စွမ်း​ကုန်​ကြိုး​စား​လော့။- \v 10 ဒေ​မ​သည်​ဤ​လော​က​ကို​စွဲ​လမ်း​သ​ဖြင့်​ငါ့​ကို စွန့်​ခွာ​၍​သက်​သာ​လော​နိတ်​မြို့​သို့​ထွက်​ခွာ​သွား လေ​သည်။ က​ရက္ကေ​သည်​ဂ​လာ​တိ​ပြည်​သို့​လည်း ကောင်း၊ တိ​တု​သည်​ဒါ​လ​မာ​တိ​ပြည်​သို့​လည်း ကောင်း​သွား​ပြီ။-\x + \xo 4:10 \xt ကော၊ ၄:၁၄။ ဖိလေ၊ ၂၄။ ၂ကော၊ ၈:၂၃။ ဂလ၊ ၂:၃။ တိ၊ ၁:၄။\x* \v 11 လု​ကာ​တစ်​ဦး​တည်း​သာ​လျှင်​ငါ​နှင့်​အ​တူ​ရှိ တော့​၏။ မာ​ကု​ကို​ရှာ​၍​သင်​နှင့်​အ​တူ​ခေါ်​ခဲ့ လော့။ သူ​သည်​ငါ​၏​လုပ်​ငန်း​တွင်​ကူ​ညီ​နိုင်​သူ ဖြစ်​ပေ​သည်။-\x + \xo 4:11 \xt ကော၊ ၄:၁၄။ ဖိလေ၊ ၂၄။ တ။ ၁၂:၁၂၊၂၅၊ ၁၃:၁၃၊ ၁၅:၃၇-၃၉။ ကော၊ ၄:၁၀။\x* \v 12 ငါ​သည်​တု​ခိတ်​ကို​ဧ​ဖက်​မြို့​သို့​စေ​လွှတ်​လိုက်​၏။-\x + \xo 4:12 \xt တ၊ ၂၀:၄။ ဧ၊ ၆:၂၁-၂၂။ ကော၊ ၄:၇-၈။\x* \v 13 သင်​လာ​သော​အ​ခါ​တ​ရော​မြို့​တွင်​ကာ​ပု​လက်​၌ ငါ​အပ်​ထား​ခဲ့​သည့်​ဝတ်​လုံ​နှင့်​စာ​စောင်​များ၊ အ​ထူး​သ​ဖြင့်​သား​ရေ​စာ​စောင်​များ​ကို​ယူ​ခဲ့ လော့။\x + \xo 4:13 \xt တ၊ ၂၀:၆။\x* \p \v 14 ကြေး​ပန်း​ထိမ်​ဆ​ရာ​အာ​လေ​ဇန္ဒြု​သည်​ငါ့​အား များ​စွာ​မ​ကောင်း​ကျိုး​ပေး​ခဲ့​၏။ သူ​ပြု​သည့်​အ​မှု အ​တွက်​သ​ခင်​ဘု​ရား​သည်​သူ့​အား​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​လိမ့်​မည်။-\x + \xo 4:14 \xt ၁တိ၊ ၁:၂၀။ ဆာ၊ ၆၂:၁၂။ ရော၊ ၂:၆။\x* \v 15 သင်​ကိုယ်​တိုင်​သူ့​ကို​သ​တိ​ပြု​လော့။ သူ​သည်​ငါ​တို့ ဟော​ပြော​သော​တ​ရား​တော်​ကို​ပြင်း​ပြင်း​ထန်​ထန် ဆန့်​ကျင်​ပြော​ဆို​သူ​ဖြစ်​သည်။ \p \v 16 ငါ​၏​အ​မှု​ကို​ပ​ထ​မ​အ​ကြိမ်​စစ်​ဆေး​ရာ​တွင် ငါ့ ကို​ထောက်​ခံ​ရန်​အ​ဘယ်​သူ​မျှ​မ​လာ​ကြ။ လူ​တိုင်း ပင်​ငါ့​ကို​စွန့်​ပစ်​သွား​ကြ​၏။ ထို​သူ​တို့​ဤ​သို့​ပြု ကြ​သည်​ကို​သ​ခင်​ဘု​ရား​သည်​သူ​တို့​၏​အ​ပြစ် ကို​မှတ်​တော်​မ​မူ​ပါ​စေ​နှင့်။- \v 17 သ​ခင်​ဘု​ရား​သည်​ငါ​နှင့်​အ​တူ​ရှိ​တော်​မူ​၍​ငါ့​ကို ခွန်​အား​ပေး​တော်​မူ​သ​ဖြင့် ငါ​သည်​လူ​မျိုး​ခြား အ​ပေါင်း​တို့​အား​တ​ရား​တော်​ကို​အ​ကုန်​အ​စင် ဟော​ပြော​နိုင်​၏။ ကိုယ်​တော်​ကယ်​တော်​မူ​သ​ဖြင့် ငါ​သည်​သေ​ဒဏ်​ခံ​ရ​ခြင်း​မှ​ကင်း​လွတ်​ခွင့်​ကို လည်း​ရ​ရှိ​၏။- \v 18 သ​ခင်​ဘု​ရား​သည်​ငါ့​အား​ဘေး​အန္တ​ရာယ် အ​ပေါင်း​တို့​မှ​ကယ်​နုတ်​တော်​မူ​၍​မိ​မိ​၏ ကောင်း​ကင်​နိုင်​ငံ​တော်​သို့​လုံ​ခြုံ​စွာ​ပို့​ဆောင် တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ကမ္ဘာ​အ​ဆက် ဆက်​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ စေ​သ​တည်း။ အာ​မင်။ \s1 နောက်​ဆုံး​နှုတ်​ဆက်​စ​ကား​များ \p \v 19 ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​မှ​စ​၍​သြ​နေ​သိ​ဖော် ၏​အိမ်​ထောင်​စု​အား​နှုတ်​ဆက်​လိုက်​၏။-\x + \xo 4:19 \xt တ၊ ၁၈:၂။ ၂တိ၊ ၁:၁၆-၁၇။\x* \v 20 ဧ​ရတ္တု​သည်​ကော​ရိန္သု​မြို့​တွင်​နေ​ရစ်​၏။ တ​ရော​ဖိမ် သည်​ဖျား​နာ​နေ​သ​ဖြင့်​သူ့​အား​မိ​လက်​မြို့​တွင် ငါ​ထား​ခဲ့​၏။-\x + \xo 4:20 \xt တ၊ ၁၉:၂၂။ ရော၊ ၁၆:၂၃။ တ၊ ၂၀:၄၊ ၂၁:၂၉။\x* \v 21 ဆောင်း​ဥ​တု​မ​ကျ​မီ​သင်​လာ​နိုင်​ရန်​အ​စွမ်း​ကုန် ကြိုး​စား​လော့။ \p ဥ​ဗု​လု၊ ပု​ဒေ၊ လိ​နု၊ က​လော​ဒိ​မှ​စ​၍​ခ​ရစ်​ယာန် ညီ​အစ်​ကို​အ​ပေါင်း​တို့​က​နှုတ်​ဆက်​လိုက်​ကြ​၏။ \p \v 22 သ​ခင်​ဘု​ရား​သည်​သင်​နှင့်​အ​တူ​ရှိ​တော်​မူ ပါ​စေ​သော။ သင်​တို့​အ​ပေါင်း​သည်​ဘု​ရား​သ​ခင် ၏​ကျေးဇူး​တော်​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော။ တိ​မော​သေ​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး​၏။