\id 2TH Myanmar Common Language Bible \h ၂ သက် \toc1 သက်​သာ​လော​နိတ်​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် \toc2 ၂ သက် \mt1 သက်​သာ​လော​နိတ်​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် \is1 နိ​ဒါန်း \ip ခ​ရစ်​တော်​တစ်​ဖန်​ကြွ​လာ​တော်​မူ​ခြင်း​နှင့်​ပတ် သက်​၍ သက်​သာ​လော​နိတ်​အ​သင်း​တော်​တွင်​မ တည်​မ​ငြိမ်​မှု​ရှိ​နေ​သေး​၏။ သ​ခင်​ဘု​ရား​ကြွ လာ​တော်​မူ​ရာ​နေ့​ရက်​ကျ​ရောက်​ပြီး​ပြီ​ဟူ သော​ယုံ​ကြည်​ယူ​ဆ​ချက်​မှား​ယွင်း​ကြောင်း ကို​တင်​ပြ​ရန် သက်​သာ​လော​နိတ်​သြ​ဝါ​ဒ​စာ ဒု​တိ​ယ​စောင်​ကို​ရှင်​ပေါ​လု​ရေး​သား​ပေ​သည်။ ခ​ရစ်​တော်​တစ်​ဖန်​ကြွ​လာ​တော်​မ​မူ​မီ​ကိုယ် တော်​ကို​အ​တိုက်​အ​ခံ​ပြု​မည့်``သူ​ယုတ်​မာ ကြီး'' ဟု​အ​မည်​တွင်​သူ​၏​ဦး​ဆောင်​မှု​ဖြင့် ဆိုး​ညစ်​ယုတ်​မာ​မှု​များ​သည် အ​ဆိုး​ရွား ဆုံး​အ​ခြေ​အ​နေ​သို့​ရောက်​ရှိ​လာ​ရ​ဦး မည်​ဖြစ်​ကြောင်း​သွန်​သင်​၏။ \ip သက်​သာ​လော​နိတ်​အ​သင်း​တော်​ဝင်​တို့​သည် ဆင်း​ရဲ​ဒုက္ခ​အ​မျိုး​မျိုး​တို့​ကို​ခံ​နေ​ရ​သော် လည်း ခ​ရစ်​တော်​ကို​ယုံ​ကြည်​မှု​ခိုင်​မာ​စေ​ရန် လည်း​ကောင်း၊ မိ​မိ​နှင့်​မိ​မိ​၏​လုပ်​ဖော်​ကိုင် ဘက်​များ​ကဲ့​သို့ အ​သက်​မွေး​ဝမ်း​ကျောင်း ရှာ​ဖွေ​လုပ်​ကိုင်​နေ​ကြ​ရန်​လည်း​ကောင်း၊ ကောင်း မြတ်​သော​အ​မှု​တို့​ကို​ဆောင်​ရွက်​ရာ​တွင်​ဇွဲ လုံ့​လ​ရှိ​ကြ​ရန်​လည်း​ကောင်း တ​မန်​တော် ကြီး​က​အ​လေး​အ​နက်​တိုက်​တွန်း​ပေ​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 နိ​ဒါန်း \ior ၁:၁-၂\ior* \io1 ချီး​ကူး​စ​ကား​ပြော​ကြား​ခြင်း \ior ၁:၃-၁၂\ior* \io1 ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​ခြင်း​အ​ကြောင်း​နှင့် ပတ်​သက်​သော​သွန်​သင်​ချက် \ior ၂:၁-၁၇\ior* \io1 ခ​ရစ်​ယာန်​ပြု​မူ​ကျင့်​ကြံ​မှု​နှင့်​ပတ်​သက်​၍ တိုက်​တွန်း​နှိုး​ဆော်​ခြင်း \ior ၃:၁-၁၆\ior* \io1 နိ​ဂုံး \ior ၃:၁၇-၁၈\ior* \c 1 \p \v 1 ပေါ​လု၊ သိ​လွာ​နု၊ တိ​မော​သေ​တို့​ထံ​မှ​ငါ​တို့ အ​ဖ​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​သ​ခင်​ယေ​ရှု ခ​ရစ်​၏​လူ​စု​တော်​ဖြစ်​သော သက်​သာ​လော နိတ်​အ​သင်း​တော်​ဝင်​တို့​ထံ​သို့​စာ​ရေး​လိုက် ပါ​သည်။-\x + \xo 1:1 \xt တ၊ ၁၇:၁။\x* \v 2 ငါ​တို့​၏​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​သ​ခင် ယေ​ရှု​ခ​ရစ်​ထံ​တော်​မှ ကျေး​ဇူး​တော်​နှင့်​ငြိမ် သက်​ခြင်း​ကို​သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ သ​တည်း။ \s1 ခ​ရစ်​တော်​ကြွ​လာ​ချိန်​၌​တ​ရား​စီ​ရင်​တော်​မူ​မည့် အ​ကြောင်း \p \v 3 ငါ​တို့​၏​ညီ​အစ်​ကို​တို့၊ သင်​တို့​ကို​အ​ကြောင်း ပြု​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ငါ​တို့ အ​စဉ်​မ​ပြတ်​ချီး​မွမ်း​နေ​ရ​ကြ​သည်။ ယင်း​သို့ ချီး​မွမ်း​သင့်​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​ယုံ​ကြည်​ခြင်း​အ​လွန်​တိုး​ပွား​လျက် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ပို​မို​ချစ်​ခင်​လျက်​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။- \v 4 ထို့​ကြောင့်​ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင်​သင်​တို့ အ​ကြောင်း​ကို​ဘု​ရား​သ​ခင်​၏​အ​သင်း​တော် များ​တွင်​ဂုဏ်​ယူ​ပြော​ဆို​ကြ​၏။ သင်​တို့​သည် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ​များ​ကို ခံ​ရ​သော်​လည်း​ကြံ့​ခိုင်​လျက်၊ ယုံ​ကြည်​ခြင်း ခိုင်​မြဲ​လျက်​ရှိ​သည်​ကို​ထောက်​၍​ငါ​တို့ ဂုဏ်​ယူ​ပြော​ဆို​ကြ​၏။ \p \v 5 ဤ​တွင်​ဘု​ရား​သ​ခင်​၏​စီ​ရင်​တော်​မူ​ချက် သည်​တ​ရား​မျှ​တ​ကြောင်း​ထင်​ရှား​၏။ သို့ ဖြစ်​၍​သင်​တို့​သည်​ကိုယ်​တော်​၏​နိုင်​ငံ​တော် နှင့်​ထိုက်​တန်​သူ​များ​ဖြစ်​လာ​ကြ​လိမ့်​မည်။ သင်​တို့​သည်​နိုင်​ငံ​တော်​အ​တွက်​ကြောင့် ယ​ခု​ဆင်း​ရဲ​ဒုက္ခ​ခံ​နေ​ရ​ကြ​သည်။- \v 6 ဘု​ရား​သ​ခင်​သည်​တ​ရား​သ​ဖြင့်​စီ​ရင်​တော် မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​သည်​အ​တိုင်း သင်​တို့ ကို​ဆင်း​ရဲ​ဒုက္ခ​ရောက်​စေ​သူ​တို့​အား​ဆင်း​ရဲ ဒုက္ခ​ရောက်​စေ​တော်​မူ​လိမ့်​မည်။- \v 7-8 ယ​ခု​ဆင်း​ရဲ​ဒုက္ခ​ရောက်​လျက်​ရှိ​သော​သင်​တို့ နှင့်​အ​တူ​ငါ​တို့​ကို​လည်း​စိတ်​သက်​သာ​ရာ ရ​စေ​တော်​မူ​လိမ့်​မည်။ သ​ခင်​ယေ​ရှု​သည် တန်​ခိုး​ကြီး​သော​ကောင်း​ကင်​တ​မန်​များ ခြံ​ရံ​လျက်​မီး​လျှံ​နှင့်​တ​ကွ ကောင်း​ကင်​ဘုံ မှ​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌​ဘု​ရား သ​ခင်​သည် မိ​မိ​ကို​ပစ်​ပယ်​သူ​တို့​နှင့်​ငါ တို့​သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​ကောင်း ကို​မ​လိုက်​နာ​သူ​တို့​အား​အ​ပြစ်​စီ​ရင် တော်​မူ​လိမ့်​မည်။- \v 9-10 ကိုယ်​တော်​သည်​မိ​မိ​လူ​စု​တော်​အား​ဖြင့် ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ယုံ​ကြည်​သူ အ​ပေါင်း​တို့​၏​ကြည်​ညို​လေး​စား​ခြင်း​ကို လည်း​ကောင်း​ခံ​ယူ​ရန်​တ​ရား​စီ​ရင်​တော်​မူ ရာ​နေ့​၌​ကြွ​လာ​တော်​မူ​သော​အ​ခါ ထို​သူ တို့​ခံ​ရ​မည့်​အ​ပြစ်​ဒဏ်​မှာ​ထာ​ဝ​ရ​ဆုံး​ရှုံး ပျက်​စီး​ခြင်း​ဖြစ်​သည်။ တစ်​နည်း​အား​ဖြင့် သ​ခင်​ဘု​ရား​ရှေ့​တော်​မှ​လည်း​ကောင်း၊ ကိုယ် တော်​၏​ကြီး​မြတ်​သည့်​ဘုန်း​အ​သ​ရေ​တော် မှ​လည်း​ကောင်း​ပယ်​ခြင်း​ပင်​ဖြစ်​သည်။ သင် တို့​သည်​ငါ​တို့​ဟော​ပြော​သက်​သေ​ခံ​သည် ကို​ယုံ​ကြည်​သည်​ဖြစ်​၍​ကိုယ်​တော်​ကို​ဂုဏ် ပြု​ချီး​ကူး​သည့်​လူ​စု​တွင်​ပါ​ဝင်​ကြ​လိမ့် မည်။\x + \xo 1:9-10 \xt ဟေရှာ၊ ၂:၁၀။\x* \p \v 11 ဤ​အ​ကြောင်း​ကြောင့်​ငါ​တို့​သည်​သင်​တို့ အ​တွက်​အ​စဉ်​အ​မြဲ​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​၏။ သင်​တို့​သည်​ရွေး​ကောက်​တော်​မူ ခြင်း​ကျေး​ဇူး​တော်​နှင့်​အ​ညီ​ပြု​မူ​ကျင့် ကြံ​နိုင်​ကြ​စေ​ရန် ငါ​တို့​၏​ဘု​ရား​သ​ခင် အား​ငါ​တို့​တောင်း​လျှောက်​ကြ​၏။ ကိုယ်​တော် သည်​တန်​ခိုး​တော်​အား​ဖြင့်​သင်​တို့​၏​ကောင်း မြတ်​သည့်​လို​အင်​ဆန္ဒ​ရှိ​သ​မျှ​ကို​ပြည့်​ဝ စေ​တော်​မူ​၍ သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​ရ ပြု​သ​မျှ​သော​အ​မှု​တို့​ကို​ပြီး​မြောက် ခွင့်​ပေး​တော်​မူ​ပါ​စေ​သော။- \v 12 ဤ​နည်း​အား​ဖြင့်​ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု ၏​နာ​မ​တော်​သည်​သင်​တို့​ကို​အ​ကြောင်း​ပြု​၍ ဘုန်း​အ​သ​ရေ​တော်​ထွန်း​တောက်​လိမ့်​မည်။ သင် တို့​သည်​လည်း​ကိုယ်​တော်​ကို​အ​ကြောင်း​ပြု​၍ ဘုန်း​အ​သ​ရေ​ထွန်း​တောက်​ကြ​လိမ့်​မည်။ ငါ တို့​၏​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​သ​ခင်​ယေ​ရှု ခ​ရစ်​၏​ကျေး​ဇူး​တော်​အား​ဖြင့်​ဤ​သို့ ဖြစ်​ပါ​စေ​သော။ \c 2 \s1 သူ​ယုတ်​မာ​ကြီး \p \v 1 ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​တစ် ဖန်​ကြွ​လာ​တော်​မူ​ခြင်း​အ​ကြောင်း၊ ကိုယ်​တော် နှင့်​အ​တူ​ရှိ​ရန်​ငါ​တို့​စု​ရုံး​ရ​ကြ​ခြင်း အ​ကြောင်း​တို့​နှင့်​ပတ်​သက်​၍​သင်​တို့​အား ငါ​ပြော​လို​၏။-\x + \xo 2:1 \xt ၁သက်၊ ၄:၁၅-၁၇။\x* \v 2 သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​ရာ​နေ့​ကျ ရောက်​ပြီ​ဖြစ်​ကြောင်း​လူ​တို့​ပြော​ဆို​သည် ကို​ကြား​ရ​သော​အ​ခါ သင်​တို့​သည်​ရုတ်​တရက် စိတ်​ရှုပ်​ထွေး​ကာ​မ​တည်​မ​ငြိမ်​မ​ဖြစ်​ကြ​နှင့်။ ဤ​သို့​ပြော​ဆို​ခြင်း​သည်​ငါ​တို့​ပ​ရော​ဖက် ပြု​ခြင်း​အား​ဖြင့်​ပြော​သော​စ​ကား​ဟူ​၍ ဖြစ်​စေ၊ ငါ​တို့​တရား​ဟော​ရာ​တွင်​ပြော​သော စ​ကား​ဟူ​၍​ဖြစ်​စေ၊ ငါ​တို့​စာ​တွင်​ပါ​ရှိ သည့်​စ​ကား​ဟူ​၍​ဖြစ်​စေ​လူ​တို့​ထင် ကောင်း​ထင်​ကြ​ပေ​လိမ့်​မည်။- \v 3 ဤ​အ​ကြောင်း​နှင့်​ပတ်​သက်​၍​လူ​တို့​မှား​ယွင်း စွာ​ပြော​ဆို​နေ​သည်​ကို​လုံး​ဝ​မ​ယုံ​ကြ​နှင့်။ နောက်​ဆုံး​ပုန်​ကန်​မှု​ကြီး​မ​ဖြစ်​ပေါ်​မီ​နှင့် င​ရဲ​သို့​လား​ရ​မည်​ဖြစ်​သော​သူ​ယုတ်​မာ ကြီး​မ​ပေါ်​ထွန်း​မီ​ထို​နေ့​ရက်​သည်​ကျ ရောက်​လိမ့်​မည်​မ​ဟုတ်။- \v 4 သူ​သည်​လူ​တို့​ကိုး​ကွယ်​သော​အ​မည်​ခံ ဘု​ရား​မှန်​သ​မျှ​ကို​အ​တိုက်​အ​ခံ​ပြု​၍ မိ​မိ​သည်​ဘု​ရား​တ​ကာ​တို့​ထက်​တန်​ခိုး ကြီး​သည်​ဟု​ဆို​လိမ့်​မည်။ သူ​သည်​ဘု​ရား သ​ခင်​၏​ဗိ​မာန်​တော်​ထဲ​သို့​ပင်​လျှင်​ဝင်​၍ ထိုင်​ကာ​မိ​မိ​ကိုယ်​ကို​ဘု​ရား​ဟု​ကြေ ညာ​လိမ့်​မည်။\x + \xo 2:4 \xt ဒံ၊ ၁၁:၃၆။ ယေဇ၊ ၂၈:၂။\x* \p \v 5 ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​ခဲ့​စဉ်​အ​ခါ​က ဤ​အ​ကြောင်း​အ​ရာ​များ​ကို​သင်​တို့​အား ပြော​ပြ​ခဲ့​၏။ သင်​တို့​မ​မှတ်​မိ​ကြ​သ​လော။- \v 6 ယ​ခု​အ​ခါ​ထို​အ​ကြောင်း​အ​ရာ​များ​မ​ဖြစ် ပျက်​သေး​သည်​မှာ​ဟန့်​တား​သည့်​အ​ရာ​ရှိ သော​ကြောင့်​ဖြစ်​ပေ​သည်။ ထို​အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​ကြောင်း​ကို​သင်​တို့​သိ ကြ​၏။ သို့​ဖြစ်​၍​သူ​ယုတ်​မာ​ကြီး​သည် အ​ချိန်​ကျ​သော​အ​ခါ​ပေါ်​ထွန်း​လာ​လိမ့် မည်။- \v 7 လျှို့​ဝှက်​လျက်​ရှိ​သည့်​ယုတ်​မာ​မှု​ကြီး​သည် ယ​ခု​အ​ခါ​၌​ပင်​လျှင်​လှုပ်​ရှား​လျက်​ရှိ​ပေ​ပြီ။ သို့​ရာ​တွင်​ဟန့်​တား​သူ​ကို​ဖယ်​ရှား​လိုက်​သော အ​ခါ​ဖြစ်​ပျက်​မည့်​အ​ကြောင်း​အ​ရာ​တို့​သည် ဖြစ်​ပျက်​လာ​လိမ့်​မည်။- \v 8 ထို​အ​ခါ​သူ​ယုတ်​မာ​ကြီး​သည်​ပေါ်​လွင်​ထင် ရှား​လာ​ပေ​အံ့။ သို့​ရာ​တွင်​အ​ရှင်​ယေ​ရှု​ကြွ လာ​တော်​မူ​သော​အ​ခါ​သူ​ယုတ်​မာ​ကြီး​အား မိ​မိ​၏​ထွက်​သက်​လေ​ဖြင့်​ကွပ်​မျက်​၍​ဘုန်း ရောင်​ခြည်​တော်​ဖြင့်​ပယ်​ရှား​တော်​မူ​လိမ့်​မည်။-\x + \xo 2:8 \xt ဟေရှာ၊ ၁၁:၄။\x* \v 9 သူ​ယုတ်​မာ​ကြီး​သည်​စာ​တန်​၏​တန်​ခိုး​ကို​ခံ​ယူ ၍​ရောက်​ရှိ​လာ​သော​အ​ခါ အံ့​သြ​ဖွယ်​ရာ​ထူး​ဆန်း သော​နိ​မိတ်​လက္ခ​ဏာ​အ​တု​အ​ယောင်​အ​မျိုး​မျိုး ကို​ပြ​လိမ့်​မည်။-\x + \xo 2:9 \xt မ၊ ၂၄:၂၄။\x* \v 10 ထို​နောက်​မု​ချ​သေ​ကြေ​ပျက်​စီး​ကြ​မည့်​သူ​တို့ အား​ယုတ်​မာ​သည့်​နည်း​အ​မျိုး​မျိုး​ဖြင့်​လှည့်​စား လိမ့်​မည်။ ထို​သူ​တို့​သည်​ကယ်​တင်​ခြင်း​ရ​နိုင်​ရန် သမ္မာ​တ​ရား​တော်​ကို​နှစ်​သက်​လက်​ခံ​မှု​မ​ရှိ ကြ​သော​ကြောင့်​ယင်း​သို့​သေ​ကြေ​ပျက်​စီး​ရ ပေ​တော့​အံ့။- \v 11 ဤ​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင်​သည်​သူ​တို့ အား​အ​လှည့်​စား​ခံ​စေ​လျက်​အ​မှား​ကို​အ​မှန် ဟု​ယုံ​စေ​တော်​မူ​၏။- \v 12 သို့​ဖြစ်​၍​သမ္မာ​တ​ရား​ကို​မ​ယုံ​ကြည်​ဘဲ အ​ပြစ်​ပြု​ရန်​နှစ်​သက်​ကြ​သူ​တို့​သည်​အ​ပြစ် ဒဏ်​စီ​ရင်​တော်​မူ​ခြင်း​ကို​ခံ​ရ​ကြ​လတ္တံ့။ \s1 ကယ်​တင်​ခြင်း​ခံ​ရ​စေ​ရန်​သင်​တို့​အား ရွေး​ကောက်​တော်​မူ​ခြင်း \p \v 13 ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​ချစ်​တော်​မူ​သော သင်​တို့​ကို​အ​ကြောင်း​ပြု​၍ ငါ​တို့​သည်​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​အ​စဉ်​အ​မြဲ​ချီး မွမ်း​ရ​ကြ​မည်။ သင်​တို့​သည်​သမ္မာ​တ​ရား​တော် ကို​ယုံ​ကြည်​ကြ​သည့်​အ​တွက်​ကြောင့်​လည်း ကောင်း၊ ဝိ​ညာဉ်​တော်​တန်​ခိုး​အား​ဖြင့်​ကိုယ်​တော် ၏​သန့်​ရှင်း​မြင့်​မြတ်​သော​လူ​စု​တော်​ဝင်​များ ဖြစ်​လာ​သည့်​အ​တွက်​ကြောင့်​လည်း​ကောင်း ဘု​ရား​သ​ခင်​ဦး​စွာ​ပ​ထ​မ​ရွေး​ကောက် ကယ်​တင်​တော်​မူ​သော​လူ​စု​တွင်​သင်​တို့ ပါ​ဝင်​ကြ​သည်​ဖြစ်​ရာ​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရ​ပေ​သည်။- \v 14 သင်​တို့​သည်​ယင်း​သို့​ကယ်​တင်​ခြင်း​ကို​ခံ​ရ​၍ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့်​အ​တူ ဘုန်း​အ​သ​ရေ​တော်​ကို​ခံ​ယူ​နိုင်​ကြ​စေ​ရန် ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဟော​ပြော​ကြေ​ညာ သည့်​သ​တင်း​ကောင်း​အား​ဖြင့် သင်​တို့​ကို​ရွေး ချယ်​တော်​မူ​သ​တည်း။- \v 15 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ကြံ့​ကြံ့ ခိုင်​ခိုင်​ရပ်​တည်​နေ​ကြ​လော့။ ဟော​ပြော​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ စာ​အား​ဖြင့်​လည်း​ကောင်း သင်​တို့​အား​ငါ​တို့​သွန်​သင်​ခဲ့​သည့်​သစ္စာ တ​ရား​များ​ကို​လက်​မ​လွတ်​စေ​ကြ​နှင့်။ \p \v 16 ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​ကိုယ်​တော်​တိုင် သည်​လည်း​ကောင်း၊ ငါ​တို့​ကို​ချစ်​တော်​မူ​၍ ကျေး​ဇူး​တော်​အား​ဖြင့်​ခိုင်​မြဲ​သည့်​မျှော်​လင့် ခြင်း​နှင့်​မြဲ​မြံ​သော​ရဲ​ရင့်​ခြင်း​ကို​ပေး​သ​နား တော်​မူ​သော​ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​သည် လည်း​ကောင်း၊- \v 17 သင်​တို့​အား​ကောင်း​မြတ်​သည့်​စ​ကား​နှင့်​ကောင်း မြတ်​သည့်​အ​မှု​အ​မျိုး​မျိုး​ကို​အ​စဉ်​အ​မြဲ ပြော​ဆို​ပြု​မူ​နိုင်​စေ​ရန် အား​ပေး​၍​စွမ်း​ရည် သတ္တိ​ကို​ပေး​တော်​မူ​ပါ​စေ​သော။ \c 3 \s1 ငါ​တို့​အ​တွက်​ဆု​တောင်း​ကြ​လော့ \p \v 1 ညီ​အစ်​ကို​တို့၊ နောက်​ဆုံး​အ​နေ​ဖြင့်​မှာ​ကြား လို​၏။ သ​ခင်​ဘု​ရား​၏​တ​ရား​တော်​သည်​သင် တို့​ထံ​မှာ​ကဲ့​သို့​အ​ရပ်​တ​ကာ​တွင်​လျင်​မြန် စွာ​ပျံ့​နှံ့​၍ ဘုန်း​အ​သ​ရေ​တော်​ထွန်း​တောက် နိုင်​စေ​ရန်​ငါ​တို့​အ​တွက်​ဆု​တောင်း​ကြ​လော့။- \v 2 ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​သူ​ယုတ်​မာ များ​နှင့်​ဆိုး​ညစ်​သူ​တို့​၏​ဘေး​အန္တ​ရာယ်​မှ ကယ်​ဆယ်​တော်​မူ​ရန်​ကို​လည်း​ဆု​တောင်း​ကြ လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​တ​ရား​တော် ကို​လူ​တိုင်း​ပင်​မ​ယုံ​ကြည်​သော​ကြောင့်​ဖြစ် သည်။ \p \v 3 သို့​ရာ​တွင်​သ​ခင်​ဘု​ရား​သည်​သစ္စာ​တော်​အ​ရှင် ဖြစ်​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​အား​ကြံ့​ခိုင် စေ​၍​မာရ်​နတ်​၏​ဘေး​မှ​ကာ​ကွယ်​တော်​မူ​လိမ့်​မည်။- \v 4 သ​ခင်​ဘု​ရား​သည်​ငါ​တို့​အား​သင်​တို့​အ​ပေါ် တွင်​ယုံ​ကြည်​စိတ်​ချ​စေ​တော်​မူ​၏။ သင်​တို့​သည် ငါ​တို့​မှာ​ကြား​ခဲ့​သည့်​အ​တိုင်း​ယ​ခု​အ​ခါ ၌​ပြု​ကျင့်​လျက်​ရှိ​ကြ​သည်​နည်း​တူ နောင် အ​ခါ​၌​လည်း​ဆက်​လက်​ပြု​ကျင့်​ကြ​မည် ကို​ငါ​တို့​စိတ်​ချ​ယုံ​ကြည်​၏။ \p \v 5 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​မေတ္တာ​တော်​ကို ပို​မို​၍​သိ​မြင်​နား​လည်​နိုင်​ကြ​စေ​ရန်​လည်း ကောင်း၊ ခ​ရစ်​တော်​နည်း​တူ​သည်း​ခံ​နိုင်​ကြ စေ​ရန်​လည်း​ကောင်း သ​ခင်​ဘု​ရား​သည်​သင် တို့​ကို​လမ်း​ညွှန်​တော်​မူ​ပါ​စေ​သော။ \s1 လူ​တိုင်း​အ​လုပ်​လုပ်​ရ​ကြ​မည် \p \v 6 ညီ​အစ်​ကို​တို့၊ အ​ပျင်း​ကြီး​သူ​ညီ​အစ်​ကို အ​ပေါင်း​တို့​နှင့်​လည်း​ကောင်း၊ ငါ​တို့​ပေး​အပ် သည့်​ညွှန်​ကြား​ချက်​များ​ကို​မ​လိုက်​နာ​သူ တို့​နှင့်​လည်း​ကောင်း မ​ပေါင်း​ဖော်​ကြ​ရန်​အ​ရှင် ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​လျက် သင်​တို့​ကို​ငါ​တို့​ပညတ်​၏။- \v 7 သင်​တို့​သည်​ငါ​တို့​အ​လုပ်​လုပ်​ခဲ့​သည့်​စံ န​မူ​နာ​ကို​လိုက်​၍​ပြု​ကျင့်​သင့်​သည်​ကို သင် တို့​ကိုယ်​တိုင်​ကောင်း​စွာ​သိ​ရှိ​ကြ​ပေ​သည်။ သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က​ငါ​တို့​သည် အ​လုပ်​မ​လုပ်​ဘဲ​မ​နေ​ခဲ့​ကြ။- \v 8 ငါ​တို့​စား​စ​ရိတ်​မှန်​သ​မျှ​ကို​ငါ​တို့​ကျ​ခံ ခဲ့​ကြ​၏။ သင်​တို့​တစ်​ဦး​တစ်​ယောက်​အား​မျှ ငါ​တို့​အ​တွက်​တာ​ဝန်​မ​ရှိ​ရ​စေ​ရန် ငါ​တို့ သည်​အ​လုပ်​ကို​ပင်​ပန်း​စွာ​နေ့​ရော​ညဥ့်​ပါ လုပ်​ကိုင်​ခဲ့​ကြ​၏။- \v 9 ယင်း​သို့​ပြု​ကြ​ခြင်း​မှာ​ငါ​တို့​တွင်​သင်​တို့ ၏​အ​ထောက်​အ​ပံ့​ကို​တောင်း​ပိုင်​ခွင့်​မ​ရှိ​ကြ ၍​မ​ဟုတ်။ သင်​တို့​လိုက်​လျှောက်​ရန်​စံ​န​မူ​နာ ရ​ရှိ​ကြ​စေ​ရန်​သာ​ဖြစ်​၏။- \v 10 သင်​တို့​နှင့်​အ​တူ​ရှိ​ခဲ့​စဉ်​အ​ခါ​က​ငါ​တို့ သည်​သင်​တို့​အား``အ​လုပ်​မ​လုပ်​လို​သူ​သည် အ​စား​အ​စာ​လည်း​မ​စား​ရ'' ဟူ​၍​သွန်​သင် လေ့​ရှိ​၏။ \p \v 11 သင်​တို့​အ​ထဲ​တွင်​အ​ပျင်း​ကြီး​လျက်​အ​လုပ် မ​လုပ်​ဘဲ သူ​တစ်​ပါး​တို့​၏​ကိစ္စ​များ​တွင်​ဝင် ရောက်​စွက်​ဖက်​နေ​တတ်​သူ​များ​ရှိ​ကြောင်း သိ​ရ​ပေ​သည်။- \v 12 ဤ​ကဲ့​သို့​သော​သူ​တို့​အား​ငြိမ်​ဝပ်​စွာ​နေ​ထိုင် ကာ​အ​လုပ်​ကို​လုပ်​၍​အ​သက်​မွေး​ဝမ်း​ကျောင်း ကြ​ရန် ငါ​တို့​သည်​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​လျက်​အ​မိန့်​ပေး ၍​တိုက်​တွန်း​၏။ \p \v 13 သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​အ​ဘယ် အ​ခါ​၌​မျှ​စိတ်​မ​ပျက်​အား​မ​လျော့​ဘဲ ကောင်း​သော​အ​ကျင့်​ကို​ပြု​ကျင့်​ကြ​လော့။- \v 14 အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်​သည်​ဤ​စာ တွင်​ပါ​ရှိ​သည့်​ညွှန်​ကြား​ချက်​များ​ကို​မ​လိုက် နာ​သော် ထို​သူ​ကို​သ​တိ​ပြု​၍​အ​ရှက်​ရ​စေ ရန်​သူ​နှင့်​မ​ပေါင်း​ဖော်​ကြ​နှင့်။- \v 15 သို့​ရာ​တွင်​သူ့​အား​ရန်​သူ​ကဲ့​သို့​သ​ဘော​မ​ထား ဘဲ ညီ​အစ်​ကို​ကဲ့​သို့​သ​ဘော​ထား​ကာ​သ​တိ​ပေး ကြ​လော့။ \s1 နိ​ဂုံး​ချုပ်​စ​ကား \p \v 16 ငြိမ်​သက်​ခြင်း​၏​အ​ရှင်​သ​ခင်​ဘု​ရား​ကိုယ်​တော် တိုင်​သင်​တို့​အား အ​ခါ​ခပ်​သိမ်း​နည်း​အ​မျိုး​မျိုး ဖြင့်​ငြိမ်​သက်​ခြင်း​ကို​ပေး​သ​နား​တော်​မူ​ပါ စေ​သော။ သ​ခင်​ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။ \p \v 17 ငါ​၏​လက်​ဖြင့်​ဤ​စာ​လုံး​များ​ကို​ရေး​၏။ ငါ ပေါ​လု​သည်​သင်​တို့​အား​နှုတ်​ဆက်​၏။ ငါ​ပေး ပို့​သော​စာ​တိုင်း​တွင်​ဤ​အ​တိုင်း​လက်​မှတ်​ရေး ထိုး​၏။ ဤ​ကဲ့​သို့​ငါ​ရေး​၏။ \p \v 18 ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ကျေး​ဇူး တော်​ကို​သင်​တို့​အား​လုံး​ခံ​စား​ရ​ကြ​ပါ စေ​သ​တည်း။ သက်​သာ​လော​နိတ်​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး​၏။