\id 2SA Myanmar Common Language Bible \h ၂ ရာ \toc1 ဋ္ဌမ္မ​ရာ​ဇ​ဝင်​ဒု​တိ​ယ​စောင် \toc2 ၂ ရာ \mt1 ဋ္ဌမ္မ​ရာ​ဇ​ဝင်​ဒု​တိ​ယ​စောင် \is1 နိ​ဒါန်း \ip ဋ္ဌမ္မ​ရာ​ဇ​ဝင်​ဒု​တိ​ယ​စောင်​သည် ဋ္ဌမ္မ​ရာ​ဇ​ဝင် ပ​ထ​မ​စောင်​၏​အ​ကြောင်း​ဆက်​ဖြစ်​၍ ရှင်​ဘု​ရင် ဒါ​ဝိဒ်​၏​နန်း​စံ​သ​မိုင်း​ဖြစ်​သည်။ ဒါ​ဝိဒ်​သည် ဦး​စွာ​တောင်​ပိုင်း​၌​တည်​ရှိ​သော​ယု​ဒ​ပြည် ကို​အုပ်​ချုပ်​သည် (အ​ခန်း၁-၄)။ ထို​နောက်​မြောက်​ပိုင်း ၌​တည်​ရှိ​သော​ဣ​သ​ရေ​လ​ပြည်​အ​ပါ​အ​ဝင် တစ်​နိုင်​ငံ​လုံး​ကို​အုပ်​ချုပ်​သည် (အ​ခန်း ၅-၂၄)။ ဒါ​ဝိဒ်​ဘု​ရင်​သည်​မိ​မိ​၏​နိုင်​ငံ​ကို​တိုး​ချဲ့ ရန်​နှင့်​မိ​မိ​၏​အာ​ဏာ​တည်​မြဲ​စေ​ရန် ပြည် တွင်း​ပြည်​ပ​ရန်​သူ​များ​ကို​မည်​ကဲ့​သို့​ဆိုင် ပြိုင်​တွန်း​လှန်​ရ​ကြောင်း​ရှင်း​လင်း​ပြတ်​သား စွာ​ဖော်​ပြ​ထား​သည်။ ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​အား​ယုံ​ကြည်၊ ကြည်​ညို​မှု​အား​ကြီး သူ​ပ္ဂိုလ်​အ​ဖြစ်​နှင့်​လည်း​ကောင်း၊ မိ​မိ​ပြည် သူ​တို့​၏​သစ္စာ​စောင့်​မှု​ကို​ရ​ယူ​နိုင်​သူ​ပ္ဂိုလ် အ​ဖြစ်​နှင့်​လည်း​ကောင်း​ဖော်​ပြ​ထား​သည်။ ထို့​အ​ပြင်​သူ​သည်​မိ​မိ​အ​လို​ဆန္ဒ​နှင့် မျှော်​မှန်း​ချက်​ပေါက်​မြောက်​စေ​ရန် တစ်​ခါ တစ်​ရံ​ရက်​စက်​ကြမ်း​ကြုတ်​မှု​များ​ကို ပြု​လုပ်​၍ ကြီး​လေး​သော​အ​ပြစ်​များ​ကို ကူး​လွန်​ကြောင်း​ကို​လည်း​ဖော်​ပြ​ထား သည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ရော ဖက်​နာ​သန်​က​သူ​၏​အ​ပြစ်​များ​ကို​ထုတ် ဖော်​သော​အ​ခါ သူ​သည်​ဝန်​ချ​တောင်း​ပန် ၍​ဘု​ရား​သ​ခင်​စီ​ရင်​သော​အ​ပြစ်​ဒဏ် ကို​ခံ​ယူ​လေ​သည်။ \ip ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဒါ​ဝိဒ် ဘု​ရင်​၏​ဘ​ဝ​အ​သက်​တာ​နှင့် ဆောင်​ရွက် ချက်​များ​ကို​အ​လွန်​စွဲ​လန်း​နှစ်​သက်​ကြ ရ​ကား နောင်​အ​ခါ​တစ်​မျိုး​သား​လုံး​အ​တိ ဒုက္ခ​ရောက်​သည့်​အ​ခါ သူ​တို့​လို​လား​တောင့် တ​သော​ဘုရင်​မှာ``ဒါ​ဝိဒ်​၏​သား​တော်'' တစ် နည်း​ကား​ဒါ​ဝိဒ်​နှင့်​တူ​သူ၊ ဒါ​ဝိဒ်​၏ အ​ဆက်​အ​နွယ်​မှ​ဆင်း​သက်​သူ​ဖြစ် သ​တည်း။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 ယု​ဒ​ပြည်​ကို​ဒါ​ဝိဒ်​အုပ်​စိုး​ခြင်း \ior ၁:၁-၄:၁၂\ior* \io1 ဣ​သ​ရေ​လ​နိုင်​ငံ​တစ်​ခု​လုံး​ကို ဒါ​ဝိဒ်​အုပ်​စိုး​ခြင်း \ior ၅:၁-၂၄:၂၅\ior* \io2 (က) နန်း​စံ​နှစ်​ဦး​ပိုင်း \ior ၅:၁-၁၀:၁၉\ior* \io2 (ခ) ဒါ​ဝိဒ်​နှင့်​ဗာ​သ​ရှေ​ဘ \ior ၁၁:၁-၁၂:၂၅\ior* \io2 (ဂ) ဘေး​ဒုက္ခ​နှင့်​အ​ခက်​အ​ခဲ​များ \ior ၁၂:၂၆-၂၀:၂၆\ior* \io2 (ဃ) နှစ်​နှောင်း​ပိုင်း \ior ၂၁:၁-၂၄:၂၅\ior* \c 1 \s1 ရှော​လု​ကွယ်​လွန်​ကြောင်း​ကို ဒါ​ဝိဒ်​ကြား​သိ​ရ​ခြင်း \p \v 1 ရှော​လု​ကွယ်​လွန်​ပြီး​နောက်​ဒါ​ဝိဒ်​သည်​အာ မ​လက်​မြို့​သား​တို့​ကို​နှိမ်​နင်း​ရာ​မှ​ပြန် လာ​၍ ဇိ​က​လတ်​မြို့​တွင်​နှစ်​ရက်​မျှ​နေ​၏။- \v 2 နောက်​တစ်​နေ့​၌ ရှော​လု​၏​တပ်​စ​ခန်း​မှ​လူ​ငယ် တစ်​ယောက်​သည် ဝမ်း​နည်း​ကြေ​ကွဲ​သည့်​လက္ခ​ဏာ ဖြင့် မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​ကာ ဦး​ခေါင်း ကို​မြေ​မှုန့်​ကြဲ​ဖြန့်​လျက်​ရောက်​လာ​၏။ သူ​သည် ဒါ​ဝိဒ်​ထံ​သို့​ချဉ်း​ကပ်​ပြီး​လျှင်​မြေ​ပေါ်​မှာ ပျပ်​ဝပ်​ရှိ​ခိုး​လေ​၏။- \v 3 ဒါ​ဝိဒ်​က​သူ့​အား``သင်​သည်​အ​ဘယ်​အ​ရပ် က​လာ​သ​နည်း'' ဟု​မေး​၏။ \p ထို​သူ​က``ကျွန်​တော်​သည်​ဣသ​ရေ​လ​တပ်​စခန်း မှ​ထွက်​ပြေး​ခဲ့​ပါ​သည်'' ဟု​ဖြေ​ကြား​၏။ \p \v 4 ဒါ​ဝိဒ်​က``အ​မှု​ကား​အ​ဘယ်​သို့​နည်း'' ဟု မေး​လျှင်၊ \p လူ​ငယ်​က``ကျွန်​တော်​တို့​၏​တပ်​မ​တော်​သည် တပ်​လန်​၍​သွား​သ​ဖြင့် လူ​အ​များ​ကျ​ဆုံး ကြ​ပါ​သည်။ ရှော​လု​မင်း​နှင့်​သား​တော်​ယော န​သန်​တို့​သည်​လည်း​အ​သတ်​ခံ​ရ​ကြ​ပါ ၏'' ဟု​ဆို​၏။ \p \v 5 ဒါ​ဝိဒ်​က``ရှော​လု​နှင့်​ယော​န​သန်​ကွယ်​လွန် ကြောင်း​ကို​သင်​အ​ဘယ်​သို့​သိ​သ​နည်း'' ဟု မေး​လျှင်၊ \p \v 6 ထို​သူ​ငယ်​က``ကျွန်​တော်​သည်​ဂိ​လ​ဗော​တောင် ပေါ်​တွင်​ရှိ​နေ​ခိုက်​နှင့်​ကြုံ​သ​ဖြင့် ရှော​လု​မင်း သည်​မိ​မိ​၏​လှံ​ကို​မှီ​လျက်​နေ​သည်​ကို​လည်း ကောင်း၊ ရန်​သူ​၏​စစ်​ရ​ထား​များ​နှင့်​မြင်း​စီး သူ​ရဲ​တို့​သည်​သူ​၏​အ​နီး​သို့​ချဉ်း​ကပ် လာ​ကြ​သည်​ကို​လည်း​ကောင်း​မြင်​ပါ​၏။- \v 7 ထို​အ​ခါ​သူ​သည်​နောက်​သို့​လှည့်​ကြည့်​လိုက် ရာ​ကျွန်​တော့်​ကို​မြင်​၍​ခေါ်​ပါ​၏။ ကျွန်​တော် က``ရောက်​ပါ​ပြီ​အ​ရှင်'' ဟု​ထူး​သော​အ​ခါ၊- \v 8 မင်း​ကြီး​သည်​ကျွန်​တော်​အား​မည်​သူ​ဖြစ် သည်​ကို​မေး​တော်​မူ​သ​ဖြင့် ကျွန်​တော်​က အာ​မ​လက်​ပြည်​သား​ဖြစ်​ကြောင်း​ဖြေ ကြား​လျှောက်​ထား​ပါ​၏။- \v 9 ထို​အ​ခါ​မင်း​ကြီး​က``ငါ​သည်​ပြင်း​စွာ​ဒဏ် ရာ​ရ​သ​ဖြင့်​သေ​ခါ​နီး​ပြီ။ ထို့​ကြောင့်​လာ ၍​ငါ့​အား​သတ်​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။- \v 10 မင်း​ကြီး​လဲ​လျှင်​လဲ​ချင်း​သက်​တော်​ဆုံး တော့​မည်​ကို​သိ​သ​ဖြင့်​ကျွန်​တော်​သည်​သူ့ အား​သတ်​ပြီး​လျှင် သူ​၏​ဦး​ခေါင်း​မှ​သ​ရ​ဖူ နှင့်​လက်​မောင်း​မှ​လက်​ကောက်​တော်​ကို​ဖြုတ် ၍​အ​ရှင့်​ထံ​သို့​ယူ​ဆောင်​ခဲ့​ပါ​သည်'' ဟု လျှောက်​၏။\x + \xo 1:10 \xt ၁ရာ၊ ၃၁:၁-၆။ ၅ရာ၊ ၁၀:၁-၆၊ ၁:၁၈။\x* \p \v 11 ဒါ​ဝိဒ်​နှင့်​သူ​၏​လူ​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ သည့်​အ​နေ​ဖြင့် မိ​မိ​တို့​၏​အ​ဝတ်​များ​ကို ဆုတ်​ဖြဲ​ကြ​၏။- \v 12 သူ​တို့​သည်​စစ်​ပွဲ​တွင်​ရှော​လု​နှင့်​ယော​န​သန် မှ​စ​၍ ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ဖြစ် သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မြောက်​မြား စွာ​ကျ​ဆုံး​သော​ကြောင့် ညဥ့်​ဦး​တိုင်​အောင် အ​စာ​မ​စား​ဘဲ​ငို​ကြွေး​မြည်​တမ်း​ကြ​၏။ \p \v 13 သ​တင်း​ယူ​ဆောင်​လာ​သူ​လူ​ငယ်​အား​ဒါ​ဝိဒ် က``သင်​သည်​အ​ဘယ်​ပြည်​သား​နည်း'' ဟု​မေး လျှင်၊ \p ``ကျွန်​တော်​သည်​အာ​မ​လက်​ပြည်​သား​ဖြစ် ပါ​၏။ သို့​ရာ​တွင်​အ​ရှင်​၏​ပြည်​တွင်​နေ​ထိုင် ပါ​သည်'' ဟု​ပြန်​၍​လျှောက်​၏။ \p \v 14 ဒါ​ဝိဒ်​က``သင်​သည်​အ​ဘယ်​ကြောင့်​ထာ​ဝ​ရ ဘု​ရား​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​ကို သတ်​ဝံ့​ပါ​သ​နည်း'' ဟု​ဆို​ပြီး​လျှင်​ငယ်​သား တစ်​ယောက်​ကို​ခေါ်​၍``ဤ​သူ​ကို​ကွပ်​မျက်​ပစ် လော့'' ဟု​အ​မိန့်​ပေး​ရာ၊- \v 15 ငယ်​သား​သည်​အာ​မ​လက်​အ​မျိုး​သား​ကို ခုတ်​သတ်​လေ​၏။- \v 16 ဒါ​ဝိဒ်​က``ဤ​အ​မှု​သည်​သင်​ပြု​သော​အ​မှု ပင်​ဖြစ်​၏။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက် ပေး​တော်​မူ​သော​ဘု​ရင်​ကို​သတ်​ခဲ့​ပါ​သည် ဟု​ဖြောင့်​ချက်​ပေး​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ် ကို​သေ​ဒဏ်​သင့်​စေ​ပြီ​တ​ကား'' ဟု​ဆို​၏။ \s1 ရှော​လု​နှင့်​ယော​န​သန်​တို့​အ​တွက်​ဒါ​ဝိဒ်​၏​ငို​ချင်း \p \v 17 ဒါ​ဝိဒ်​သည်​ရှော​လု​နှင့်​ယော​န​သန်​တို့​အ​တွက် အောက်​ပါ​သီ​ချင်း​ကို​ဖွဲ့​ဆို​၏။ \p \v 18 ယင်း​ကို​ယု​ဒ​ပြည်​သူ​တို့​အား​လည်း​သင်​ကြား ပေး​ရန်​အ​မိန့်​ပေး​၏။ (ဤ​အ​ကြောင်း​အ​ရာ ကို​ယာရှာ​စာ​စောင်​တွင်​မှတ်​တမ်း​တင်​ထား သ​တည်း။)\x + \xo 1:18 \xt ယောရှု၊ ၁၀:၁၃။\x* \q1 \v 19 ``ငါ​တို့​ခေါင်း​ဆောင်​များ​ကား​ဣ​သ​ရေ​လ တောင်​ကုန်း​များ​တွင်​သေ​ဆုံး​ကြ​လေ​ပြီ။ \q2 သူ​ရဲ​ကောင်း​ကြီး​များ​ကျ​ဆုံး​ကြ​လေ​ပြီ။ \q1 \v 20 ထို​သ​တင်း​ကို​ဂါ​သ​မြို့​၌​သော်​လည်း​ကောင်း \q2 အာ​ရှ​ကေ​လုန်​မြို့​လမ်း​များ​ပေါ်​၌​သော်​လည်း ကောင်း မ​ပြော​ကြား​ကြ​နှင့်။ \q1 ဖိ​လိတ္တိ​အ​မျိုး​သ​မီး​တို့​ဝမ်း​မြောက်​ခွင့်​မ​ရ ကြ​စေ​နှင့်။ \q2 ဘု​ရား​မဲ့​သူ​တို့​၏​သ​မီး​များ​ရွှင်​မြူး​ခွင့်​မရ ကြ​စေ​နှင့်။ \q1 \v 21 ``ဂိ​လ​ဗော​တောင်​ကုန်း​များ​ပေါ်​၌ မိုး​မ​ရွာ​နှင်း​မ​ကျ​ပါ​စေ​နှင့်။ \q2 ထို​တောင်​ကုန်း​များ​မှ​လယ်​ယာ​များ​သည် ထာ​ဝ​စဉ်​အ​သီး​အ​နှံ​ကင်း​မဲ့​ပါ​စေ​သော။ \q2 အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အ​ရပ်​သည် \q1 သူ​ရဲ​ကောင်း​တို့​၏​ဒိုင်း​လွှား​များ​အ​သ​ရေ ပျက်​၍ ကျန်​ရစ်​ရာ၊ \q2 ရှော​လု​၏​ဒိုင်းလွှား​သံ​ချေး​တက်​လျက်​နေ​ရာ ဖြစ်​သော​ကြောင့်​တည်း။ \q1 \v 22 ခွန်​အား​ကြီး​သူ​တို့​ကို​ပစ်​ခတ်​ရာ​တွင်​လည်း ကောင်း၊ ရန်​သူ​ကို​သတ်​ဖြတ်​ရာ​တွင်​လည်း​ကောင်း၊ \q2 ယော​န​သန်​၏​လေး​သည်​အာ​နိ​သင်​ထက်​လှ​၍ ရှော​လု​၏​ဋ္ဌား​သည်​သ​နား​ညှာ​တာ​မှု​မ​ရှိ။ \b \q1 \v 23 ``အံ့​သြ​နှစ်​သက်​ဖွယ်​ကောင်း​သော​ရှော​လု​နှင့် ယော​န​သန်​တို့​သည်​ရှင်​အ​တူ​သေ​မ​ကွဲ \q2 လင်း​ယုန်​ငှက်​ထက်​လျင်​မြန်​၍​ခြင်္သေ့​ထက် ခွန်​အား​ကြီး​ကြ​ပါ​သည်​တ​ကား။ \b \q1 \v 24 ``ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့၊ရှော​လု​အ​တွက် ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ \q2 သူ​သည်​သင်​တို့​အား​ကမ္ဗ​လာ​နီ​ထည်​ကို ဝတ်​ဆင်​စေ​၍ \q1 ကျောက်​မျက်​ရ​တ​နာ၊ရွှေ​တန်​ဆာ​ဖြင့် ဆင်​ယင်​ပေး​တော်​မူ​၏။ \b \q1 \v 25 သူ​ရဲ​ကောင်း​စစ်​သည်​တော်​တို့​ကျ​ဆုံး ကြ​လေ​ပြီ။ သူ​တို့​သည်​တိုက်​ပွဲ​တွင်​အ​သတ်​ခံ​ရ​ကြ​၏။ \q2 ယော​န​သန်​သည်​တောင်​ကုန်း​များ​ပေါ်​တွင် လဲ​၍​သေ​နေ​လေ​ပြီ။ \b \q1 \v 26 ``ငါ့​ညီ​ယော​န​သန်၊ငါ​သည်​သင့်​အ​တွက် ဝမ်း​နည်း​ကြေ​ကွဲ​ပါ​၏။ \q2 ငါ​သည်​သင့်​ကို​လွန်​စွာ​ချစ်​မြတ်​နိုး​ပါ​၏။ \q1 ငါ့​အ​ပေါ်​၌​သင်​ထား​ရှိ​သော​မေတ္တာ​သည် အံ့​သြ​ဖွယ်​ကောင်း​၍ \q2 အ​မျိုး​သ​မီး​တို့​၏​မေတ္တာ​ထက်​ပင်​လွန်​ကဲ ပါ​ပေ​သည်။ \b \q1 \v 27 ``သူ​ရဲ​ကောင်း​စစ်​သည်​တော်​တို့​သည် ကျ​ဆုံး​ကြ​လေ​ပြီ။ \q2 သူ​တို့​၏​လက်​နက်​များ​သည်​စွန့်​ပစ်​ခြင်း​ကို​ခံ​ရ​၍ အ​သုံး​မ​ဝင်​ကြ​တော့​သည်​တ​ကား။'' \c 2 \s1 ဒါ​ဝိဒ်​အား​ယု​ဒ​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​သွန်း ခြင်း \p \v 1 ထို​နောက်​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား``ကိုယ် တော့်​ကျွန်​သည်​ယု​ဒ​မြို့​တစ်​မြို့​မြို့​သို့​သွား​ရောက် အုပ်​ချုပ်​ရ​ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။ \q1 ထာ​ဝ​ရ​ဘု​ရား​က``သွား​လော့'' ဟု​မိန့်​တော် မူ​လျှင်၊ \q2 ``အ​ဘယ်​မြို့​သို့​သွား​ရ​ပါ​မည်​နည်း'' ဟု မေး​လျှောက်​ပြန်​၏။ \p ထာ​ဝ​ရ​ဘု​ရား​က``ဟေ​ဗြုန်​မြို့'' ဟု​ဆို​သ​ဖြင့်၊- \v 2 ဒါ​ဝိဒ်​သည်​မိ​မိ​ဇ​နီး​နှစ်​ယောက်​ဖြစ်​ကြ​သော ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင်​နှင့်​က​ရ​မေ​လ မြို့​မှ​နာ​ဗ​လ​၏​မု​ဆိုး​မ​အ​ဘိ​ဂဲ​လ​ကို ခေါ်​၍​ဟေ​ဗြုန်​မြို့​သို့​သွား​လေ​သည်။-\x + \xo 2:2 \xt ၁ရာ၊ ၂၅:၄၂-၄၃။\x* \v 3 သူ​သည်​မိ​မိ​၏​အ​ပေါင်း​ပါ​တို့​နှင့်​အိမ်​ထောင် စု​များ​ကို​ခေါ်​ဆောင်​ကာ ဟေ​ဗြုန်​မြို့​ပတ်​ဝန်း ကျင်​ရှိ​မြို့​ရွာ​တို့​တွင်​နေ​ထိုင်​စေ​၏။- \v 4 ထို​အ​ခါ​ယု​ဒ​ပြည်​သား​တို့​သည်​ဟေ​ဗြုန် မြို့​သို့​လာ​၍ ဒါ​ဝိဒ်​အား​ယု​ဒ​ဘု​ရင်​အ​ဖြစ် ဘိ​သိက်​ပေး​ကြ​၏။ \p ရှော​လု​၏​အ​လောင်း​ကို​ဂိ​လဒ်​ပြည်၊ ယာ​ဗက် မြို့​သား​တို့​က​သင်္ဂြိုဟ်​ကြ​ကြောင်း​ဒါ​ဝိဒ်​ကြား သိ​သော​အ​ခါ၊-\x + \xo 2:4 \xt ၁ရာ၊ ၃၁:၁၁-၁၃။\x* \v 5 ထို​သူ​တို့​ထံ​သို့​လူ​အ​ချို့​ကို​စေ​လွှတ်​၍``သင် တို့​သည်​ရှော​လု​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ ခြင်း​အား​ဖြင့် မိ​မိ​တို့​၏​ဘု​ရင်​အား​သစ္စာ စောင့်​ပုံ​ကို​ဖော်​ပြ​ကြ​ပေ​သည်။ သို့​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​ပါ​စေ​သော။- \v 6 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​သစ္စာ က​ရု​ဏာ​ထား​တော်​မူ​ပါ​စေ​သော။ သင်​တို့ ပြု​ခဲ့​သည့်​အ​မှု​အ​တွက်​ငါ​သည်​လည်း​သင် တို့​အား​ကျေး​ဇူး​ပြု​မည်။- \v 7 သင်​တို့​သည်​အား​မာန်​တင်း​၍​ရဲ​စွမ်း​သတ္တိ​ရှိ​ကြ လော့။ သင်​တို့​ဘု​ရင်​ရှော​လု​သည်​ကွယ်​လွန်​သွား ပြီ​ဖြစ်​၍ ယု​ဒ​ပြည်​သား​တို့​က​ငါ့​အား​သူ တို့​၏​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​ကြ​လေ​ပြီ'' ဟု​အ​မှာ​စာ​ရေး​သား​ပေး​ပို့​လိုက်​၏။ \s1 ဣ​ရှ​ဗော​ရှက်​အား​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ် တင်​မြှောက်​ကြ​ခြင်း \p \v 8 ရှော​လု​၏​တပ်​မ​တော်​ဗိုလ်​ချုပ်၊ နေ​ရ​၏​သား အာ​ဗ​နာ​သည်​ရှော​လု​၏​သား​တော်​ဣ​ရှ​ဗော ရှက်​နှင့်​အ​တူ ယော်​ဒန်​မြစ်​ကို​ဖြတ်​၍​မ​ဟာ နိမ်​မြို့​သို့​ထွက်​ပြေး​သွား​လေ​သည်။- \v 9 သူ​သည်​ထို​မြို့​တွင်​ဂိ​လဒ်​နယ်၊ အာ​ရှာ​နယ်၊ ယေ​ဇ​ရေ​လ​နယ်၊ ဧ​ဖ​ရိမ်​နယ်၊ ဗင်္ယာ​မိန်​နယ် အ​စ​ရှိ​သော​ဣသ​ရေ​လ​ပြည်​တစ်​ခု​လုံး​အ​တွက် ဣ​ရှ​ဗော​ရှက်​အား​မင်း​မြှောက်​လေ​သည်။- \v 10 ဣ​ရှ​ဗော​ရှက်​သည်​ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လာ သော​အ​ခါ အ​သက်​လေး​ဆယ်​ရှိ​၍​နှစ်​နှစ်​မျှ နန်း​စံ​ရ​၏။ \p သို့​ရာ​တွင်​ယု​ဒ​အ​နွယ်​ဝင်​တို့​မူ​ကား​ဒါ​ဝိဒ် အား​ကျေး​ဇူး​သစ္စာ​စောင့်​ကြ​၏။- \v 11 ဒါ​ဝိဒ်​သည်​သူ​တို့​အား​ဟေ​ဗြုန်​မြို့​တွင်​ခု​နစ် နှစ်​ခွဲ​တိုင်​အုပ်​စိုး​တော်​မူ​၏။ \s1 ဣသ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​စစ်​ဖြစ်​ခြင်း \p \v 12 အာ​ဗ​နာ​သည်​ဣ​ရှ​ဗော​ရှက်​၏​စစ်​သူ​ရဲ​များ နှင့်​အ​တူ​မ​ဟာ​နိမ်​မြို့​မှ​ဂိ​ဗောင်​မြို့​သို့​သွား ၏။- \v 13 ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​နှင့်​ဒါ​ဝိဒ်​၏​စစ်​သူ​ရဲ တို့​သည်​လည်း ဂိ​ဗောင်​ကန်​အ​နီး​သို့​လာ​ရောက်​၍ သူ​တို့​နှင့်​တွေ့​ဆုံ​ကြ​၏။ သူ​တို့​လူ​နှစ်​စု​သည် ကန်​တစ်​ဘက်​တစ်​ချက်​စီ​၌​နေ​ရာ​ယူ​ကြ​၏။- \v 14 အာ​ဗ​နာ​က​ယွာ​ဘ​အား``ငါ​တို့​တစ်​ဘက်​စီ မှ​လူ​ငယ်​အ​ချို့​တို့​ကို​စစ်​က​စား​စေ​ကြ​အံ့'' ဟု​ဆို​လျှင်၊ \q1 ယွာ​ဘ​က``ကောင်း​ပြီ'' ဟု​ဆို​လေ​၏။ \p \v 15 သို့​ဖြစ်​၍​ဣ​ရှ​ဗော​ရှက်​နှင့်​ဗင်္ယာ​မိန်​လူ​မျိုး​စု​ကို ကိုယ်​စား​ပြု​သူ​လူ​တစ်​ဆယ့်​နှစ်​ယောက်​တို့​သည် ဒါ​ဝိဒ်​၏​လူ​တစ်​ဆယ့်​နှစ်​ယောက်​နှင့်​စစ်​က​စား ကြ​၏။- \v 16 လူ​တိုင်း​ပင်​မိ​မိ​တိုက်​ခိုက်​ရ​သူ​နှင့်​အ​ပြန်​အ​လှန် ဦး​ခေါင်း​ကို​ကိုင်​၍ နံ​ဘေး​ကို​ဋ္ဌား​နှင့်​ထိုး​လျက် သူ​တို့​အား​လုံး​ပင်​လဲ​၍​သေ​ကြ​ကုန်​၏။ ဤ အ​ကြောင်း​ကြောင့်​ဂိ​ဗောင်​နယ်​ရှိ​ဤ​အ​ရပ် ကို``ဋ္ဌား​ကွင်း'' ဟူ​၍​ခေါ်​ဆို​သ​မုတ်​ကြ​လေ သည်။ \p \v 17 ထို​နောက်​ပြင်း​ထန်​သော​စစ်​ပွဲ​ဖြစ်​ပွား​၍​အာ​ဗ​နာ နှင့်​ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည် ဒါ​ဝိဒ်​၏​လူ​တို့ လက်​တွင်​အ​ရေး​ရှုံး​နိမ့်​ကြ​လေ​သည်။- \v 18-19 ဇေ​ရု​ယာ​၏​သား​သုံး​ယောက်​ဖြစ်​ကြ​သော​ယွာ​ဘ၊ အ​ဘိ​ရှဲ​နှင့်​အာ​သ​ဟေ​လ​တို့​သည်​တိုက်​ပွဲ​တွင် ပါ​ဝင်​ကြ​၏။ အာ​သ​ဟေ​လ​သည်​ဒ​ရယ်​ကဲ့​သို့ လျင်​မြန်​စွာ​ပြေး​နိုင်​၏။ သူ​သည်​အာ​ဗ​နာ​အား တ​သ​မတ်​တည်း​လိုက်​လျက်​နေ​၏။- \v 20 အာ​ဗ​နာ​သည်​နောက်​သို့​လည့်​၍​ကြည့်​ပြီး လျှင်``သင်​သည်​အာ​သ​ဟေ​လ​လော'' ဟု​မေး​၏။ \p အာ​သ​ဟေ​လ​က``ငါ​ဟုတ်​သည်'' ဟု​ပြန်​ပြော သော​အ​ခါ၊ \p \v 21 အာ​ဗ​နာ​က``ငါ့​ကို​လိုက်​မ​နေ​နှင့်​တော့။ အ​ခြား စစ်​သည်​တစ်​ယောက်​ယောက်​ကို​လိုက်​၍​ဖမ်း​ပြီး​မှ သူ့​ထံ​မှ​ရ​သည့်​ပစ္စည်း​ကို​ယူ​လော့'' ဟု​ဆို​၏။ သို့ ရာ​တွင်​အာ​သ​ဟေ​လ​သည်​လိုက်​မြဲ​လိုက်​၍ နေ​၏။- \v 22 အာ​ဗ​နာ​က``ငါ့​ကို​လိုက်​မ​နေ​နှင့်။ သင့်​ကို​ငါ မ​သတ်​လို​ပါ။ သင့်​ကို​သတ်​ပြီး​လျှင်​သင်​၏​အစ်​ကို ယွာ​ဘ​အား​ငါ​အ​ဘယ်​သို့​မျက်​နှာ​ပြ​နိုင်​ပါ မည်​နည်း'' ဟု​ဆို​၏။- \v 23 သို့​ရာ​တွင်​အာ​သ​ဟေ​လ​သည်​လိုက်​မြဲ​လိုက် သ​ဖြင့် အာ​ဗ​နာ​သည်​မိ​မိ​လှံ​နှင့်​နောက်​ပြန်​ထိုး လိုက်​ရာ လှံ​သည်​အာ​သ​ဟေ​လ​၏​ဝမ်း​ကို​ထုတ် ချင်း​ဖောက်​လေ​၏။ အာ​သ​ဟေ​လ​သည်​ထို​နေ​ရာ ၌​လဲ​ကျ​သေ​ဆုံး​သွား​၏။ သူ​လဲ​ကျ​ရာ​သို့ ရောက်​ရှိ​လာ​သူ​အ​ပေါင်း​တို့​သည် ရှေ့​သို့​ဆက် ၍​မ​သွား​တော့​ဘဲ​ထို​နေ​ရာ​၌​ပင်​ရပ်​၍​နေ ကြ​၏။ \p \v 24 သို့​ရာ​တွင်​ယွာ​ဘ​နှင့်​အ​ဘိ​ရှဲ​တို့​မူ​ကား အာ​ဗ​နာ ကို​လိုက်​လံ​တိုက်​ခိုက်​ရန်​ထွက်​ခွာ​သွား​ကြ​၏။ သူ တို့​သည်​နေ​ဝင်​ချိန်​၌​ဂိ​ဗောင်​တော​ကန္တာ​ရ​သို့ သွား​ရာ​လမ်း​အ​နီး၊ ဂိ​အာ​မြို့​၏​အ​ရှေ့​ဘက် တွင်​ရှိ​သော​အမ္မ​တောင်​ကုန်း​သို့​ရောက်​ကြ​၏။- \v 25 ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​သည်​အာ​ဗ​နာ​၏​ထံ​တွင် ပြန်​လည်​စု​ရုံး​ကြ​ပြီး​လျှင် တောင်​ကုန်း​ထိပ်​တွင် တပ်​စွဲ​နေ​ကြ​၏။- \v 26 အာ​ဗ​နာ​က​ယွာ​ဘ​အား``ငါ​တို့​သည်​အ​စဉ်​အ​မြဲ ဆက်​လက်​တိုက်​ခိုက်​နေ​ရ​ကြ​ပါ​မည်​လော။ နောက်​ဆုံး ၌​စိတ်​နာ​မှု​မှ​တစ်​ပါး​အ​ဘယ်​အ​ကျိုး​မျှ​ရှိ​မည် မ​ဟုတ်​ကြောင်း သင်​မ​သိ​မ​မြင်​ပါ​သ​လော။ ငါ​တို့ သည်​သင်​တို့​နှင့်​တစ်​မြေ​တည်း​နေ၊ တစ်​ရေ​တည်း သောက်​သူ​များ​ဖြစ်​ပါ​၏။ ငါ​တို့​အား​လိုက်​လံ တိုက်​ခိုက်​မှု​ကို​ရပ်​စဲ​ကြ​စေ​ရန် သင်​၏​လူ​တို့ အား​အ​မိန့်​မ​ပေး​ဘဲ​အ​ဘယ်​မျှ​ကြာ​အောင် ဆိုင်း​ငံ့​နေ​ပါ​ဦး​မည်​နည်း'' ဟု​ဟစ်​အော်​၍ ပြော​၏။ \p \v 27 ယွာ​ဘ​က``အ​ကယ်​၍​သင်​ဤ​ကဲ့​သို့​မ​ပြော​ခဲ့ လျှင် ငါ​၏​လူ​တို့​သည်​သင်​တို့​အား​နက်​ဖြန်​နံ နက်​တိုင်​အောင် လိုက်​လံ​ကြ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို တိုင်​တည်​၍​ငါ​ကျိန်​ဆို​ပါ​၏'' ဟု​ပြန်​ပြော လေ​၏။- \v 28 ထို​နောက်​ယွာ​ဘ​သည်​တံ​ပိုး​ခ​ရာ​ကို​မှုတ် လိုက်​ရာ​သူ​၏​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​လိုက်​လံ​မှု​ကို​မ​ပြု​ကြ​တော့ ချေ။ သို့​ဖြစ်​၍​တိုက်​ခိုက်​မှု​လည်း​ရပ်​စဲ​သွား လေ​သည်။ \p \v 29 အာ​ဗ​နာ​နှင့်​သူ​၏​လူ​တို့​သည်​တစ်​ည​လုံး ယော်​ဒန်​ချိုင့်​ဝှမ်း​ကို​ဖြတ်​၍​သွား​ကြ​၏။ သူ​တို့ သည်​ယော်​ဒန်​မြစ်​ကို​ကူး​၍ နောက်​တစ်​နေ့​တစ် မ​နက်​လုံး​ခ​ရီး​ပြု​ကြ​ပြီး​နောက်​မ​ဟာ​နိမ် မြို့​သို့​ရောက်​ကြ​၏။ \p \v 30 ယွာ​ဘ​သည်​အာ​ဗ​နာ​ကို​လိုက်​လံ​မှု​ရပ်​စဲ​စေ ပြီး​နောက် မိ​မိ​၏​လူ​အ​ပေါင်း​ကို​စု​ရုံး​စေ​၏။ ထို အ​ခါ​အာသ​ဟေ​လ​အ​ပြင်​လူ​တစ်​ဆယ့်​ကိုး ယောက်​ပျောက်​ဆုံး​နေ​သည်​ကို​တွေ့​ရှိ​ရ​လေ သည်။- \v 31 ဒါ​ဝိဒ်​၏​လူ​တို့​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင် အာ​ဗ​နာ​၏​လူ​ပေါင်း​သုံး​ရာ​ခြောက်​ဆယ် ကို​သတ်​ဖြတ်​ခဲ့​ကြ​သ​တည်း။- \v 32 ယွာ​ဘ​တို့​လူ​စု​သည်​အာ​သ​ဟေ​လ​၏​အ​လောင်း ကို​ယူ​၍ ဗက်​လင်​မြို့​ရှိ​မိ​သား​စု​ဂူ​တွင်​သင်္ဂြိုဟ် ကြ​၏။ ထို​နောက်​သူ​တို့​သည်​တစ်​ညဥ့်​လုံး​ခ​ရီး ပြု​ကြ​ရာ​အရုဏ်​တက်​ချိန်​၌​ဟေ​ဗြုန်​မြို့​သို့ ရောက်​ရှိ​ကြ​၏။ \c 3 \p \v 1 ရှော​လု​မင်း​ဆက်​ကို​ထောက်​ခံ​သူ​များ​နှင့် ဒါ​ဝိဒ် ကို​ထောက်​ခံ​သူ​များ​သည် ကာ​လ​ကြာ​မြင့်​စွာ ဆက်​လက်​၍​စစ်​ဖြစ်​ပွား​လျက်​နေ​၏။ ဒါ​ဝိဒ်​သည် တ​ဖြည်း​ဖြည်း​အင်​အား​တိုး​တက်​လာ​၍​သူ​၏ ရန်​သူ​တို့​မူ​ကား​အင်​အား​ဆုတ်​ယုတ်​လာ​လေ သည်။ \s1 ဒါ​ဝိဒ်​၏​သား​တော်​များ \p \v 2 ဟေ​ဗြုန်​မြို့​တွင်​ဒါ​ဝိဒ်​ရ​ရှိ​သော​သား​ခြောက် ယောက်​တို့​၏​အ​မည်​များ​ကို​ဖော်​ပြ​အံ့။ သား​ဦး မှာ​အာ​မ​နုန်​ဖြစ်​၍​သူ​၏​မိ​ခင်​မှာ​ယေ​ဇ​ရေ​လ မြို့​သူ​အ​ဟိ​နောင်​ဖြစ်​၏။- \v 3 ဒု​တိ​ယ​သား​မှာ​ခိ​လပ်​ဖြစ်​၍​သူ​၏​မိ​ခင်​ကား က​ရ​မေ​လ​မြို့​မှ​နာ​ဗ​လ​၏​မု​ဆိုး​မ​အ​ဘိ ဂဲ​လ​ဖြစ်​၏။ တ​တိ​ယ​သား​ကား​အ​ဗ​ရှ​လုံ ဖြစ်​၏။ သူ​၏​မိ​ခင်​မှာ​ဂေ​ရှု​ရ​ဘု​ရင်​တာ​လ​မဲ ၏​သ​မီး​တော်​မာ​ခါ​ဖြစ်​၏။- \v 4 စ​တုတ္ထ​သား​သည်​အ​ဒေါ​နိ​ယ​ဖြစ်​၍​သူ​၏ မိ​ခင်​မှာ​ဟ္ဂိတ်​ဖြစ်​၏။ ပဉ္စ​မ​သား​မှာ​ရှေ​ဖ​တိ ဖြစ်​၍​သူ​၏​မိ​ခင်​သည်​အ​ဘိ​တ​လ​ဖြစ်​၏။- \v 5 ဆ​ဋ္ဌ​မ​သား​ကား​ဣသ​ရံ​ဖြစ်​၍​သူ​၏​မိ​ခင်​မှာ ဧ​ဂ​လာ​ဖြစ်​၏။ ဤ​သား​တော်​များ​သည်​ဟေ​ဗြုန် မြို့​၌​ဖွား​မြင်​သူ​များ​ဖြစ်​သ​တည်း။ \s1 ဒါ​ဝိဒ်​ဘက်​သို့​အာ​ဗ​နာ​ဝင်​ရောက်​လာ​ခြင်း \p \v 6 ရှော​လု​မင်း​ဆက်​ကို​ထောက်​ခံ​သူ​များ​နှင့်​ဒါ​ဝိဒ် ကို​ထောက်​ခံ​သူ​များ​ဆက်​လက်​၍ စစ်​ဖြစ်​နေ​သည့် ကာ​လ​ကြာ​လာ​သည်​နှင့်​အ​မျှ​အာ​ဗ​နာ​သည် ရှော​လု​၏​ဆွေ​တော်​မျိုး​တော်​တို့​အ​ပေါ်​တွင် ပို​၍​ပို​၍​တန်​ခိုး​အာ​ဏာ​လွှမ်း​မိုး​လာ​လေ သည်။ \p \v 7 တစ်​နေ့​သ​၌​ရှော​လု​၏​သား​တော်​ဣရှ​ဗော​ရှက် သည်​အာ​ဗ​နာ​အား​အဲ​အာ​၏​သ​မီး၊ ရှော​လု ၏​မောင်း​မ​ငယ်​ရိ​ဇ​ပ​နှင့်​သ​မုတ်​ကာ​ပြစ်​တင် စွပ်​စွဲ​၏။- \v 8 ယင်း​သို့​ပြစ်​တင်​စွပ်​စွဲ​သည်​ကို​အာ​ဗ​နာ​သည် လွန်​စွာ​စိတ်​ဆိုး​သ​ဖြင့်``ငါ​သည်​ရှော​လု​အား သစ္စာ​ဖောက်​မည်​ဟု​ထင်​မှတ်​ပါ​သ​လော။ ငါ​သည် ယု​ဒ​ပြည်​၏​အ​ကျိုး​အ​တွက်​ဆောင်​ရွက်​နေ​သူ ဟု​မှတ်​ယူ​ပါ​သ​လော။ အ​စ​မူ​လ​က​ပင်​ငါ သည်​သင်​၏​ခမည်း​တော်​ရှော​လု​၏​အ​ပေါ်​၌ လည်း​ကောင်း၊ သူ​၏​ညီ​အစ်​ကို​များ၊ မိတ်​ဆွေ များ​အ​ပေါ်​၌​လည်း​ကောင်း​သစ္စာ​စောင့်​ခဲ့​၏။ သင့်​အား​လည်း​ဒါ​ဝိဒ်​လက်​တွင်း​သို့​မ​ကျ ရောက်​စေ​ရန်​ဆီး​တား​ခဲ့​၏။ သို့​ပါ​လျက် ယ​နေ့​သင်​သည်​ငါ့​အား​မိန်း​မ​မှု​နှင့်​ပြစ် တင်​စွပ်​စွဲ​ပါ​သည်​တ​ကား။- \v 9-10 ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လု​နှင့်​သူ​၏​သား မြေး​များ​ထံ​မှ​နိုင်​ငံ​တော်​ကို​ရုပ်​သိမ်း​၍ ဒါ​ဝိဒ်​အား​နိုင်​ငံ​တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင် ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​တို့​၏​ဘု​ရင် အ​ဖြစ်​ခန့်​ထား​တော်​မူ​မည်​ဟု​က​တိ​ပြု​တော် မူ​ခဲ့​၏။ ယ​ခု​ငါ​သည်​ထို​က​တိ​တော်​အ​ကောင် အ​ထည်​ပေါ်​စေ​ရန်​မ​ဆောင်​ရွက်​ပါ​မူ ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ ပါ​စေ​သော'' ဟု​ဆို​၏။-\x + \xo 3:9-10 \xt ၁ရာ၊ ၁၅:၂၈။\x* \v 11 ဣ​ရှ​ဗော​ရှက်​သည်​အာ​ဗ​နာ​ကို​လွန်​စွာ ကြောက်​သ​ဖြင့်​စ​ကား​တစ်​ခွန်း​မျှ​ပြန်​၍ မ​တုံ့​မ​ပြန်​ဝံ့​ချေ။ \p \v 12 ထို​အ​ချိန်​၌​ဒါ​ဝိဒ်​သည်​ဟေ​ဗြုန်​မြို့​တွင်​ရှိ နေ​သ​ဖြင့် အာ​ဗ​နာ​သည်​သူ​၏​ထံ​သို့​စေ​တ​မန် များ​ကို​လွှတ်​၍``ဤ​ပြည်​ကို​အ​ဘယ်​သူ​အုပ်​စိုး ပါ​မည်​နည်း။ အ​ကျွန်ုပ်​နှင့်​သစ္စာ​ဖွဲ့​တော်​မူ​လျှင် အ​ရှင့်​ဘက်​သို့​ဣသ​ရေ​လ​တစ်​ပြည်​လုံး​ပါ လာ​စေ​ရန်​အ​ကျွန်ုပ်​ကူ​ညီ​ဆောင်​ရွက်​ပေး​ပါ မည်'' ဟု​လျှောက်​စေ​၏။ \p \v 13 ဒါ​ဝိဒ်​က``ကောင်း​ပြီ။ သို့​သော်​ငါ့​ထံ​သို့​သင် လာ​ရောက်​ချိန်​၌ ရှော​လု​၏​သ​မီး​မိ​ခါ​လ ကို​ဆောင်​ခဲ့​ရ​မည်။ သို့​မှ​သာ​ငါ​သည်​သင် နှင့်​သစ္စာ​ဖွဲ့​နိုင်​မည်'' ဟု​ပြန်​ကြား​လိုက်​၏။- \v 14 ထို​နောက်​ဒါ​ဝိဒ်​သည်​ဣရှ​ဗော​ရှက်​ထံ​စေ​တ​မန် များ​လွှတ်​၍``ငါ​၏​ဇ​နီး​မိ​ခါ​လ​ကို​ပြန်​၍ ပေး​လော့။ ငါ​သည်​သူ့​ကို​ထိမ်း​မြား​နိုင်​ရန် ဖိ​လိတ္တိ​အ​မျိုး​သား​အ​ရေ​ဖျား​တစ်​ရာ​ဖြင့် ဝယ်​ယူ​ခဲ့​ရ​၏'' ဟု​မှာ​ကြား​လိုက်​၏။-\x + \xo 3:14 \xt ၁ရာ၊ ၁၈:၂၇။\x* \v 15 သို့​ဖြစ်​၍​ဣရှ​ဗော​ရှက်​သည်​မိ​ခါ​လ​ကို​လဲ​ရှ ၏​သား၊ ခင်​ပွန်း​ဖာ​လ​တိ​ထံ​မှ​ပြန်​သိမ်း​စေ​၏။- \v 16 ဖာ​လ​တိ​သည်​ငို​ကြွေး​လျက်​ဗာဟု​ရိမ်​မြို့​တိုင် အောင်​မိ​ခါ​လ​နောက်​သို့​လိုက်​လေ​၏။ ထို့​နောက် အာ​ဗ​နာ​က``အိမ်​သို့​ပြန်​လော့'' ဟု​ဆို​သ​ဖြင့် ပြန်​သွား​ရ​၏။ \p \v 17 အာ​ဗ​နာ​သည်​ဣ​သ​ရေ​လ​ခေါင်း​ဆောင်​များ ထံ​သို့​သွား​၍``ဒါ​ဝိဒ်​အား​သင်​တို့​မင်း​မြှောက် လို​ကြ​သည်​မှာ​ကြာ​ပေ​ပြီ။- \v 18 ယ​ခု​အ​ခါ​ကား​သင်​တို့​အ​ဖို့​အ​ခွင့်​ကောင်း​ပင် ဖြစ်​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​က`ငါ​၏​လူ​မျိုး​တော် အား​ဖိ​လိတ္တိ​အ​မျိုး​သား​များ​နှင့်​အ​ခြား​ရန်​သူ တို့​လက်​တွင်း​မှ​ငါ့​ကျွန်​ဒါ​ဝိဒ်​၏​လက်​ဖြင့် ကယ်​မည်' ဟု​မိန့်​တော်​မူ​ခဲ့​သည်​ကို​အောက်​မေ့ သ​တိ​ရ​ကြ​လော့'' ဟု​ဆို​၏။- \v 19 အာ​ဗ​နာ​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​အား​လည်း တိုက်​တွန်း​ပြော​ဆို​၏။ ထို​နောက်​သူ​သည်​ဣ​သ​ရေ​လ နှင့်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​အ​ဘယ်​သို့​သ​ဘော တူ​ညီ​ကြ​ကြောင်း​ကို ဒါ​ဝိဒ်​အား​ပြန်​ကြား လျှောက်​ထား​ရန်​ဟေ​ဗြုန်​မြို့​သို့​သွား​၏။ \p \v 20 အာ​ဗ​နာ​သည်​လူ​နှစ်​ကျိပ်​နှင့်​ဒါ​ဝိဒ်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့​ရောက်​ရှိ​လာ​သော​အ​ခါ ဒါ​ဝိဒ် သည်​သူ​တို့​အား​စား​ပွဲ​တည်​ခင်း​ကျွေး​မွေး​၏။- \v 21 အာ​ဗ​နာ​က​ဒါဝိဒ်​အား``အ​ကျွန်ုပ်​သည်​ယ​ခု သွား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး ကို​အ​ရှင်​မင်း​ကြီး​၏​ဘက်​သို့​ပါ​အောင်​ဆောင် ရွက်​ပေး​ပါ​မည်။ သူ​တို့​သည်​အ​ရှင့်​အား​မိ​မိ တို့​၏​ဘု​ရင်​အ​ဖြစ်​အ​သိ​အ​မှတ်​ပြု​ကြ ပါ​လိမ့်​မည်။ ထို​အ​ခါ​အ​ရှင်​သည်​မိ​မိ​ဆန္ဒ ရှိ​နှင့်​ထား​သည့်​အ​တိုင်း​ဣသ​ရေ​လ​ပြည် တစ်​ခု​လုံး​ကို​အုပ်​စိုး​ရ​ပါ​လိမ့်​မည်'' ဟု လျှောက်​၏။ ဒါ​ဝိဒ်​သည်​အာ​ဗ​နာ​အား ဘေး​မဲ့​ထွက်​ခွာ​သွား​စေ​တော်​မူ​၏။ \s1 အာ​ဗ​နာ​အ​သတ်​ခံ​ရ​ခြင်း \p \v 22 ထို​နောက်​ယွာ​ဘ​နှင့်​ဒါ​ဝိဒ်​၏​အ​ခြား​စစ်​သူ​ရဲ တို့​သည် ရန်​သူ​တို့​အား​လု​ယက်​တိုက်​ခိုက်​ရာ​မှ လက်​ရ​ပစ္စည်း​အ​မြောက်​အ​မြား​နှင့်​ပြန်​လာ ကြ​၏။ အာ​ဗ​နာ​သည်​ကား​ဒါ​ဝိဒ်​နှင့်​အ​တူ ဟေ​ဗြုန်​မြို့​တွင်​မ​ရှိ​တော့​ပေ။ အ​ဘယ်​ကြောင့် ဆို​သော်​ဒါ​ဝိဒ်​သည်​သူ့​အား​ဘေး​မဲ့​ထွက်​ခွာ စေ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။- \v 23 ယွာ​ဘ​တို့​လူ​စု​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ ဒါ​ဝိဒ်​မင်း​ထံ​သို့​အာ​ဗ​နာ​လာ​ကြောင်း၊ သူ့ အား​ဒါ​ဝိဒ်​သည်​ဘေး​မဲ့​ပြန်​လွှတ်​လိုက်​ကြောင်း သ​တင်း​ကို​ယွာ​ဘ​ကြား​သိ​ရ​လေ​သည်။- \v 24 ထို​အ​ခါ​သူ​သည်​ဘု​ရင့်​ထံ​သို့​သွား​၍``အ​ရှင် အ​ဘယ်​သို့​ပြု​တော်​မူ​ပါ​သ​နည်း။ အာ​ဗ​နာ​သည် အ​ရှင့်​ထံ​သို့​ရောက်​ရှိ​လာ​သော်​လည်း အ​ရှင်​သည် အ​ဘယ်​ကြောင့်​သူ့​အား​ဤ​သို့​ပြန်​၍​လွှတ်​တော် မူ​ပါ​သ​နည်း။- \v 25 သူ​သည်​အ​ရှင့်​အား​လိမ်​လည်​လှည့်​စား​၍ အ​ရှင် သွား​လာ​လှုပ်​ရှား​မှု​အ​လုံး​စုံ​ကို​စုံ​စမ်း​ရန် လာ​ရောက်​ခြင်း​ဖြစ်​သည်​ကို​အ​ရှင်​သိ​တော်​မူ သည်​မ​ဟုတ်​ပါ​လော'' ဟု​လျှောက်​၏။ \p \v 26 ယွာ​ဘ​သည်​ဒါ​ဝိဒ်​ထံ​မှ​ထွက်​လာ​ပြီး​နောက် အာ​ဗ​နာ​ကို​ပြန်​ခေါ်​ရန်​စေ​တ​မန်​များ​ကို လွှတ်​လိုက်​၏။ သူ​တို့​သည်​အာ​ဗ​နာ​အား​သိ ရ​ရေ​တွင်း​မှ​ပြန်​၍​ခေါ်​ဆောင်​ခဲ့​ကြ​၏။- \v 27 ဟေ​ဗြုန်​မြို့​သို့​အာ​ဗ​နာ​ရောက်​ရှိ​လာ​သော အ​ခါ ယွာ​ဘ​သည်​မြို့​တံ​ခါး​နံ​ဘေး​သို့​ခေါ် ယူ​ကာ​တီး​တိုး​ပြော​ဆို​ဆွေး​နွေး​ဟန်​ပြု​၍ ဝမ်း​ကို​ဋ္ဌား​နှင့်​ထိုး​လိုက်​၏။ ဤ​သို့​လျှင်​အာ​ဗ​နာ သည်​ယွာ​ဘ​၏​ညီ​အာ​သ​ဟေ​လ​ကို​သတ်​ခဲ့ သည့်​အ​တွက်​လုပ်​ကြံ​ခြင်း​ကို​ခံ​ရ​လေ​၏။- \v 28 ဤ​သ​တင်း​ကို​ဒါ​ဝိဒ်​ကြား​သိ​တော်​မူ​သော အ​ခါ``အာ​ဗ​နာ​အား​လုပ်​ကြံ​မှု​တွင်​ငါ​နှင့် ငါ​၏​ပြည်​သူ​ပြည်​သား​တို့​သည် လုံး​ဝ​အ​ပြစ် ကင်း​ကြ​ကြောင်း​ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ ပါ​၏။- \v 29 ထို​အ​မှု​အ​တွက်​ယွာ​ဘ​နှင့် သူ​၏​အိမ်​ထောင် စု​ဝင်​အ​ပေါင်း​တို့​အ​ပြစ်​ဒဏ်​သင့်​ကြ​ပါ​စေ သော။ သူ​၏​ဆွေ​စဉ်​မျိုး​ဆက်​တိုင်း​၌​ရိ​နာ စွဲ​သူ၊ နူ​နာ​စွဲ​သူ၊ ခါး​ကုန်း​ချည့်​နဲ့​သူ၊ ဋ္ဌား ဘေး​သင့်​သူ၊ ငတ်​မွတ်​သူ​ရှိ​ပါ​စေ​သော'' ဟု မြွက်​ဆို​တော်​မူ​၏။- \v 30 သို့​ဖြစ်​၍​ယွာ​ဘ​နှင့်​ညီ​အ​ဘိ​ရှဲ​တို့​သည် ဂိ​ဗောင်​စစ်​ပွဲ​တွင် မိ​မိ​တို့​၏​ညီ​အာ​သ​ဟေ​လ အား​အာ​ဗ​နာ​သတ်​ခဲ့​သည့်​အ​တွက်​အာ ဗ​နာ​ကို​လက်​စား​ချေ​လိုက်​ကြ​သ​တည်း။ \s1 အာ​ဗ​နာ​ကို​သင်္ဂြိုဟ်​ခြင်း \p \v 31 ထို​နောက်​ဒါ​ဝိဒ်​သည်​ယွာ​ဘ​နှင့်​အ​ပေါင်း​ပါ တို့​အား အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​၍​လျှော်​တေ ကို​ဝတ်​ပြီး​လျှင် အာ​ဗ​နာ​အ​တွက်​ငို​ကြွေး မြည်​တမ်း​မှု​ပြု​ကြ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။ ထို​နောက်​အ​လောင်း​ကို​သင်္ချိုင်း​သို့​ပို့​ဆောင်​သွား သော​အ​ခါ​၌​လည်း မင်း​ကြီး​ကိုယ်​တိုင်​တ​လား ၏​နောက်​မှ​လမ်း​လျှောက်​၍​လိုက်​ပါ​ပို့​ဆောင် တော်​မူ​၏။- \v 32 အာ​ဗ​နာ​ကို​ဟေ​ဗြုန်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။ သင်္ချိုင်း​မှာ​မင်း​ကြီး​သည်​အော်​ဟစ်​၍​ငို​ကြွေး တော်​မူ​သ​ဖြင့် အ​ခြား​သူ​အ​ပေါင်း​တို့​သည် လည်း​ထို​နည်း​တူ​ပြု​ကြ​ကုန်​၏။- \v 33 ဒါ​ဝိဒ်​သည်​အာ​ဗ​နာ​အ​တွက်​ငို​ချင်း​ကို​ဖွဲ့ ဆို​တော်​မူ​၏။ အ​ဆို​ပါ​ငို​ချင်း​မှာ \q1 ``အို အာ​ဗ​နာ​သင်​သည်​အ​ဘယ်​ကြောင့် \q1 လူ​မိုက်​တစ်​ယောက်​ကဲ့​သို့​သေ​ရ​ပါ​သ​နည်း။ \q1 \v 34 ရာ​ဇ​ဝတ်​ကောင်​၏​လက်​ချက်​ဖြင့်​သေ​ရ​သူ နည်း​တူ \q1 လက်​ထိတ်​မ​ခတ်​ခြေ​ချင်း​မ​စွဲ​ဘဲ \q1 ကျ​ဆုံး​လေ​ပြီ​တ​ကား'' ဟူ​၍​ဖြစ်​သည်။ \m ထို​အ​ခါ​လူ​တို့​သည်​အာ​ဗ​နာ​အ​တွက်​ငို ကြွေး​မြည်​တမ်း​ကြ​ပြန်​၏။ \p \v 35 စား​တော်​ခေါ်​ရန်​ဒါ​ဝိဒ်​အား​လူ​တို့​တစ်​နေ့​လုံး တိုက်​တွန်း​ကြ​သော်​လည်း​မင်း​ကြီး​က``ငါ​သည် နေ​မ​ဝင်​မီ​စား​တော်​ခေါ်​ခဲ့​သော် ငါ့​အား​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ​စေ​သော'' ဟု ကျိန်​ဆို​အဋ္ဌိ​ဋ္ဌာန်​ပြု​တော်​မူ​၏။- \v 36 ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​သော​အ​ခါ​လူ​တို့ သည်​နှစ်​သက်​သ​ဘော​ကျ​ကြ​၏။ အ​မှန်​စင် စစ်​သူ​တို့​သည်​မင်း​ကြီး​ပြု​သ​မျှ​သော အ​မှု​တို့​ကို​နှစ်​သက်​ကြ​သည်​သာ​တည်း။- \v 37 ဒါ​ဝိဒ်​၏​လူ​တို့​နှင့်​ဣ​သ​ရေ​လ​ပြည်​သား အ​ပေါင်း​တို့​သည် အာ​ဗ​နာ​ကို​သတ်​ဖြတ်​မှု တွင်​မင်း​ကြီး​မ​ပါ​ကြောင်း​ကို​သိ​ရှိ​နား လည်​ကြ​၏။- \v 38 မင်း​ကြီး​က​မိ​မိ​၏​အ​ရာ​ရှိ​တို့​အား``ယ​နေ့ သည်​ဣ​သ​ရေ​လ​ခေါင်း​ဆောင်​ကြီး​တစ်​ဦး ကွယ်​လွန်​သည့်​နေ့​ဖြစ်​ကြောင်း​သင်​တို့​မ​သိ ကြ​ပါ​သ​လော။- \v 39 ငါ​သည်​ဘု​ရား​သ​ခင်​ဘိ​သိက်​ပေး​တော်​မူ သော​ဘု​ရင်​ပင်​ဖြစ်​သော်​လည်း ယ​နေ့​အား လျော့​ပါ​၏။ ဇေ​ရု​ယာ​၏​သား​တို့​သည်​ငါ့ အ​တွက်​ရက်​စက်​ကြမ်း​ကြုတ်​လွန်း​လှ​ပါ​သည် တ​ကား။ ဤ​ရာ​ဇ​ဝတ်​ကောင်​တို့​အား​အ​ပြစ် နှင့်​အ​လျောက် ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ခတ်​တော် မူ​ပါ​စေ​သော'' ဟု​မိန့်​တော်​မူ​၏။ \c 4 \s1 ဣ​ရှ​ဗော​ရှက်​အ​သတ်​ခံ​ရ​ခြင်း \p \v 1 ရှော​လု​၏​သား​ဣရှ​ဗော​ရှက်​သည်​ဟေ​ဗြုန်​မြို့ တွင် အာ​ဗ​နာ​အ​သတ်​ခံ​ရ​ကြောင်း​ကြား​သော အ​ခါ​ကြောက်​လန့်​လေ​၏။ ဣ​သ​ရေ​လ​ပြည် သား​အ​ပေါင်း​တို့​သည်​လည်း​ကြောက်​လန့် ကြ​ကုန်​၏။- \v 2 ဣ​ရှ​ဗော​ရှက်​တွင်​လု​ယက်​တိုက်​ခိုက်​သည့်​အ​ဖွဲ့ များ​၏​ခေါင်း​ဆောင်​နှစ်​ယောက်​ရှိ​၏။ သူ​တို့​၏ နာ​မည်​မှာ​ဗာ​နာ​နှင့်​ရေ​ခပ်​ဖြစ်​၍​ဗေ​ရုတ်​မြို့ မှ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ရိမ္မုန်​၏​သား​များ​ဖြစ် ကြ​၏။ (ဗေ​ရုတ်​မြို့​သည်​ဗင်္ယာ​မိန်​နယ်​တွင် အ​ပါ​အ​ဝင်​ဖြစ်​၏။- \v 3 ထို​မြို့​တွင်​လက်​ဦး​နေ​ထိုင်​ခဲ့​ကြ​သော​လူ တို့​သည်​ဂိတ္တိမ်​မြို့​သို့​ထွက်​ပြေး​ကာ ယ​နေ့​တိုင် အောင်​နေ​ထိုင်​လျက်​ရှိ​သ​တည်း။) \p \v 4 ရှော​လု​၏​သား​ယော​န​သန်​တွင်​မေ​ဖိ​ဗော​ရှက် ဟု​နာ​မည်​တွင်​သော​သား​တစ်​ယောက်​ကျန်​ရစ်​၏။ အ​သက်​ငါး​နှစ်​ရှိ​သော​သား​ငယ်​ကို​အ​ထိန်း တော်​သည်​ယေ​ဇ​ရေ​လ​မြို့​မှ ရှော​လု​နှင့်​ယော န​သန်​တို့​အ​သတ်​ခံ​ရ​ကြောင်း​သ​တင်း​ကို ကြား​လျှင်​သူ့​အား​ချီ​ပွေ့​၍​ထွက်​ပြေး​လေ သည်။ သို့​ရာ​တွင်​အ​လျင်​အ​မြန်​ပြေး​ရ​သည့် အ​တွက်​က​လေး​သည်​အ​ထိန်း​တော်​၏​လက် မှ​လွတ်​ကျ​သ​ဖြင့်​ခြေ​ဆွံ့​လေ​၏။\x + \xo 4:4 \xt ၂ရာ၊ ၉:၃။\x* \p \v 5 ရေ​ခပ်​နှင့်​ဗာ​နာ​တို့​သည်​ဣရှ​ဗော​ရှက်​၏​အိမ် တော်​သို့​သွား​ရာ ဣ​ရှ​ဗော​ရှက်​နေ့​လယ်​အိပ် စက်​အ​နား​ယူ​နေ​ချိန်​မွန်း​တည့်​ခန့်​၌​ရောက် ရှိ​လာ​ကြ​၏။- \v 6 တံ​ခါး​ဝ​တွင်​ရှိ​သော​အ​မျိုး​သ​မီး​သည်​လည်း ဂျုံ​ဆန်​ကို​ဆန်​ကာ​ချ​ရင်း ငိုက်​မြည်း​အိပ်​ပျော် လျက်​နေ​၏။ ထို့​ကြောင့်​ရေ​ခပ်​နှင့်​ဗာ​နာ​တို့ သည်​အိမ်​ထဲ​သို့​တိတ်​တ​ဆိတ်​ဝင်​ကြ​၏။- \v 7 အိမ်​တွင်း​သို့​ရောက်​သည်​နှင့်​တစ်​ပြိုင်​နက်​ကောင်း စွာ​အိပ်​ပျော်​နေ​သော ဣ​ရှ​ဗော​ရှက်​၏​အိမ်​ခန်း သို့​ဝင်​၍​သူ့​အား​လုပ်​ကြံ​ကြ​၏။ ထို​နောက်​သူ ၏​ဦး​ခေါင်း​ကို​ဖြတ်​၍​ယူ​ဆောင်​ကာ တစ်​ညဥ့် လုံး​ယော်​ဒန်​ချိုင့်​ဝှမ်း​ကို​ဖြတ်​၍​လာ​ကြ​၏။- \v 8 ဟေ​ဗြုန်​မြို့​သို့​ရောက်​သော​အ​ခါ​သူ​တို့ သည်​ဒါ​ဝိဒ်​အား``အ​ရှင်​၏​အ​သက်​ကို​ရန် ရှာ​သော​အ​ရှင့်​ရန်​သူ​ရှော​လု​၏​သား​တော် ဣ​ရှ​ဗော​ရှက်​၏​ဦး​ခေါင်း​ကို​ရှု​တော်​မူ​ပါ။ ယ​နေ့​ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​မင်း​ကြီး အား ရှော​လု​နှင့်​သား​မြေး​တို့​အ​ပေါ်​တွင် လက်​စား​ချေ​ခွင့်​ကို​ပေး​တော်​မူ​ပါ​ပြီ'' ဟု​လျှောက်​၍​ဣ​ရှ​ဗော​ရှက်​၏​ဦး​ခေါင်း ကို​ဆက်​သ​ကြ​၏။ \p \v 9 ဒါ​ဝိဒ်​က``ငါ့​အား​ဘေး​အန္တ​ရာယ်​အ​ပေါင်း​မှ ကယ်​တော်​မူ​သော​အ​သက်​ရှင်​တော်​မူ​သော ထာဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို ပါ​၏။- \v 10 ရှော​လု​ကွယ်​လွန်​တော်​မူ​ကြောင်း​ဇိ​က​လတ် မြို့​တွင်​ငါ့​ထံ​သို့​လာ​ရောက်​ပြော​ကြား​သူ သည် မိ​မိ​ယူ​ဆောင်​လာ​သော​သ​တင်း​ကို သ​တင်း​ကောင်း​ဟု​ထင်​မှတ်​ခဲ့​သည်။ သို့​ရာ တွင်​ငါ​သည်​သူ့​ကို​ဖမ်း​ဆီး​၍​ကွပ်​မျက် လိုက်​၏။ ဤ​ကား​မိ​မိ​ပေး​သည့်​သ​တင်း အ​တွက်​ထို​သူ​ရ​ရှိ​သည့်​ဆု​လာဘ်​ပင် ဖြစ်​သည်။-\x + \xo 4:10 \xt ၂ရာ၊ ၁:၁-၁၆။\x* \v 11 မိ​မိ​၏​အိမ်​ခန်း​တွင်​အိပ်​စက်​နေ​သော​အ​ပြစ်​မဲ့ သူ​အား​သတ်​ဖြတ်​ကြ​သည့်​လူ​ဆိုး​တို့​ကို ပို​၍ ပြင်း​ထန်​သော​အ​ပြစ်​ဒဏ်​စီ​ရင်​သင့်​သည်​မ ဟုတ်​လော။ ထို​အပြစ်​မဲ့​သူ​ကို​သတ်​သည့်​အ​တွက် ယ​ခု​ငါ​သည်​သင်​တို့​အ​ပေါ်​တွင်​လက်​စား​ချေ မည်။ သင်​တို့​အား​မြေ​မျက်​နှာ​ပြင်​ပေါ်​မှ​သုတ် သင်​ပယ်​ရှင်း​မည်'' ဟု​မိန့်​တော်​မူ​၏။- \v 12 ဒါ​ဝိဒ်​အ​မိန့်​ပေး​သ​ဖြင့်​စစ်​သည်​တော်​တို့ သည်​ရေ​ခပ်​နှင့်​ဗာ​နာ​တို့​အား​သတ်​ပြီး​လျှင် သူ​တို့​၏​ခြေ​လက်​တို့​ကို​ဖြတ်​၍​ဟေ​ဗြုန် ရေ​ကန်​အ​နီး​တွင်​ဆွဲ​ထား​ကြ​၏။ ဣ​ရှ ဗော​ရှက်​၏​ဦး​ခေါင်း​ကို​မူ​ဟေ​ဗြုန်​မြို့​ရှိ အာ​ဗ​နာ​၏​ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။ \c 5 \s1 ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​၏ ဘု​ရင်​ဖြစ်​လာ​ခြင်း \r (၅ရာ၊ ၁၁:၁-၉၊ ၁၄:၁-၇) \p \v 1 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​နွယ်​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ​ဟေ​ဗြုန်​မြို့​သို့​လာ​ရောက်​၍​ဒါ​ဝိဒ် အား``အ​ရှင်​နှင့်​အ​ကျွန်ုပ်​တို့​သည်​သွေး​သား ချင်း​ဖြစ်​ကြ​ပါ​၏။- \v 2 အ​တိတ်​ကာ​လ​၌​ရှော​လု​ဘု​ရင်​ဖြစ်​စဉ်​အ​ခါ က​အ​ရှင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​အား​ဦး​စီး​ခေါင်း​ဆောင်​ပြု​၍​စစ်​ပွဲ​ဝင်​ခဲ့ ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း`သင်​သည်​ငါ ၏​လူ​မျိုး​တော်​ကို​ခေါင်း​ဆောင်​ရ​မည်။ သူ​တို့​၏ ဘု​ရင်​ဖြစ်​ရ​မည်' ဟု​အ​ရှင့်​အား​မိန့်​တော်​မူ ခဲ့​ပါ​၏'' ဟု​လျှောက်​ကြ​၏။- \v 3 ထို့​ကြောင့်​ဣ​သ​ရေ​လ​ခေါင်း​ဆောင်​အ​ပေါင်း​တို့ သည် ဒါ​ဝိဒ်​ရှိ​ရာ​ဟေ​ဗြုန်​မြို့​သို့​ရောက်​လာ​ကြ ၏။ ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင် သူ​တို့​နှင့်​သစ္စာ​က​တိ​ပြု​တော်​မူ​သ​ဖြင့် သူ တို့​က​ဒါ​ဝိဒ်​အား​ဣသ​ရေ​လ​ဘု​ရင်​အ​ဖြစ် ဘိ​သိက်​ပေး​ကြ​၏။- \v 4 ဒါ​ဝိဒ်​ဘုရင်​ဖြစ်​သော​အ​ခါ​အ​သက်​သုံး ဆယ်​ရှိ​၏။ သူ​သည်​နှစ်​ပေါင်း​လေး​ဆယ်​တိုင် တိုင်​နန်း​စံ​တော်​မူ​ရ​လေ​သည်။- \v 5 ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​ဖြင့်​ဟေ​ဗြုန်​မြို့​တွင် ခု​နစ်​နှစ်​ခွဲ၊ ဣ​သ​ရေ​လ​ပြည်​တစ်​ခု​လုံး​နှင့် ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​ဖြင့် ယေ​ရု​ရှ​လင် မြို့​တွင်​သုံး​ဆယ့်​သုံး​နှစ်​နန်း​စံ​တော်​မူ သ​တည်း။\x + \xo 5:5 \xt ၃ရာ၊ ၂:၁၁။ ၅ရာ၊ ၃:၄၊ ၂၉:၂၇။\x* \p \v 6 ဒါ​ဝိဒ်​မင်း​နှင့်​သူ​၏​စစ်​သည်​တော်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​ရန်​ချီ​တက် သွား​ကြ​၏။ ထို​မြို့​တွင်​နေ​ထိုင်​သူ​ယေ​ဗု​သိ အ​မျိုး​သား​တို့​က ထို​မြို့​ကို​ဒါ​ဝိဒ်​သိမ်း​ယူ နိုင်​လိမ့်​မည်​မ​ဟုတ်။ သင်​မ​ဝင်​နိုင်​အောင်​မျက် မ​မြင်​များ​နှင့်​ခြေ​ဆွံ့​သူ​များ​ပင်​ဆီး​တား နိုင်​ပါ​၏'' ဟု​ဆို​ကြ​၏။-\x + \xo 5:6 \xt ယောရှု၊ ၁၅:၆၃။ သူကြီး၊ ၁:၂၁။\x* \v 7 (သို့​ရာ​တွင်​ဒါ​ဝိဒ်​သည်​ဇိ​အုန်​ခံ​တပ်​ကို သိမ်း​ယူ​နိုင်​ခဲ့​သ​ဖြင့် ယင်း​သည်​ဒါ​ဝိဒ်​မြို့ ဟု​နာ​မည်​တွင်​လာ​လေ​သည်။) \p \v 8 ထို​နေ့​၌​ဒါ​ဝိဒ်​က​မိ​မိ​၏​လူ​တို့​အား``ယေ ဗု​သိ​အ​မျိုး​သား​တို့​ကို​ငါ​မုန်း​သ​ကဲ့​သို့ မုန်း​သူ​တို့​အား​သတ်​ဖြတ်​မည့်​သူ​ရှိ​လျှင် ရေ​ပြွန်​ခေါင်း​အ​တွင်း​မှ​နေ​၍​မြို့​ထဲ​သို့​ဝင် ပြီး​လျှင်​မျက်​မ​မြင်​ခြေ​ဆွံ့​သူ​တို့​အား​တိုက် ခိုက်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ (ထို​အ​ကြောင်း ကို​အ​စွဲ​ပြု​၍``မျက်​မ​မြင်​နှင့်​ခြေ​ဆွံ့​သူ​တို့ သည်​ထာဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့​မ​ဝင် ရ​ကြ'' ဟု​ဆို​လေ့​ရှိ​လေ​သည်။)\f 1 \fr 5:8 \ft အ​ခန်း​ငယ် ၈။ ဟေ​ဗြဲ​မူ​မှာ​မ​ရှင်း​မ​လင်း ဖြစ်​သည်။\f* \p \v 9 ဒါ​ဝိဒ်​သည်​ခံ​တပ်​ကို​သိမ်း​ယူ​တော်​မူ​ပြီး နောက်​ထို​ခံ​တပ်​အ​တွင်း​၌​နေ​ထိုင်​တော်​မူ ၍​ယင်း​ကို​ဒါ​ဝိဒ်​မြို့​ဟု​သ​မုတ်​တော်​မူ​၏။ မင်း ကြီး​သည်​ထို​ခံ​တပ်​ပတ်​လည်​တွင်​တောင်​ကုန်း အ​ရှေ့၊ မြေ​ဖို့​ထား​ရာ​အ​ရပ်​မှ​အ​စ​ပြု​၍ မြို့​ကို​တည်​တော်​မူ​၏။- \v 10 အ​နန္တ​တန်ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​ဒါ​ဝိဒ်​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဖြစ်​၍ သူ​၏​တန်​ခိုး​အာ​ဏာ​သည်​ပို​၍​ပို​၍​လွှမ်း​မိုး လာ​လေ​သည်။ \p \v 11 တု​ရု​ဘု​ရင်​ဟိ​ရံ​မင်း​သည်​ဒါ​ဝိဒ်​ထံ​သို့​သံ တ​မန်​များ​ကို​စေ​လွှတ်​လေ​၏။ နန်း​တော်​တည် ဆောက်​ရန်​အ​တွက်​သစ်​က​တိုး​သစ်၊ လက်​သ​မား နှင့်​ပန်း​ရန်​ဆ​ရာ​များ​ကို​လည်း​ပေး​ပို့​လိုက်​၏။- \v 12 ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​မိ​မိ​အား​ဣသ​ရေ​လ ဘု​ရင်​အ​ဖြစ်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အ​တည် ပြု​တော်​မူ​ကြောင်း​နှင့်​ကိုယ်​တော်​သည် မိ​မိ လူ​မျိုး​တော်​၏​အ​ကျိုး​ကို​ထောက်​၍ သူ​၏ နိုင်​ငံ​ကို​သာ​ယာ​ဝ​ပြော​စေ​တော်​မူ လျက်​ရှိ​ကြောင်း​ကို​သိ​မြင်​လာ​လေ​သည်။ \p \v 13 ဒါ​ဝိဒ်​သည်​ဟေ​ဗြုန်​မြို့​မှ​ပြောင်း​ရွှေ့​သွား​ပြီး နောက်​ယေ​ရု​ရှ​လင်​မြို့​တွင်​မောင်း​မ​များ​နှင့် မိ​ဖု​ရား​များ​ကို ထပ်​မံ​သိမ်း​ပိုက်​တော်​မူ သ​ဖြင့်​သား​သ​မီး​များ​ကို​ထပ်​မံ​ရ​ရှိ တော်​မူ​ပြန်​၏။- \v 14 ယေ​ရု​ရှ​လင်​မြို့​တွင်​ရ​ရှိ​သော​သား​သ​မီး များ​မှာ​ရှ​မွာ၊ ရှော​ဗပ်၊ နာ​သန်၊ ရှော​လ​မုန်၊- \v 15 ဣ​ဗ​ဟာ၊ ဧ​လိ​ရွှ၊ နေ​ဖက်၊ ယာ​ဖျာ၊ \m \v 16 ဧ​လိ​ရှ​မာ၊ ဧ​လျာ​ဒ​နှင့်​ဧ​လိ​ဖ​လက်​တို့ ဖြစ်​ကြ​၏။ \s1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အ​ပေါ်​အောင်​ပွဲ​ခံ​ခြင်း \r ( ၅ရာ၊ ၁၄:၈-၁၇) \p \v 17 ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ချီး မြှောက်​ခြင်း​ကို​ခံ​ရ​ကြောင်း​ဖိ​လိတ္တိ​အ​မျိုး သား​တို့​ကြား​သိ​ကြ​သ​ဖြင့်​သူ့​ကို​ဖမ်း​ဆီး ရန်​ချီ​တက်​လာ​ကြ​၏။ ထို​သ​တင်း​ကို​ဒါ​ဝိဒ် ကြား​သော​အ​ခါ​ခံ​တပ်​ရှိ​ရာ​သို့​ကြွ​တော် မူ​၏။- \v 18 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရေ​ဖိမ်​ချိုင့်​ဝှမ်း ကို​သိမ်း​ပိုက်​လိုက်​ကြ​၏။- \v 19 ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား``ကိုယ်​တော် ကျွန်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​သွား ရောက်​တိုက်​ခိုက်​ရ​ပါ​မည်​လော။ ကိုယ်​တော်​ရှင် သည်​ကိုယ်​တော့်​ကျွန်​အား​အောင်​ပွဲ​ခံ​စေ တော်​မူ​ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။ \p \v 20 ထာ​ဝ​ရ​ဘု​ရား​က``သွား​လော့။ ငါ​သည်​သင့် အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​မည်'' ဟု​မိန့်​တော် မူ​သ​ဖြင့်​ဒါ​ဝိဒ်​သည်​ဗာ​လ​ပေ​ရ​ဇိမ်​မြို့​သို့ သွား​၍​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​ဖြို​ခွင်း ပြီး​လျှင်``ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဟုန်​ပြင်း သည့်​ရေ​လျှံ​မြစ်​ကဲ့​သို့​ငါ​၏​ရန်​သူ​များ​ကို ဖြို​ခွင်း​တော်​မူ​လေ​ပြီ'' ဟု​မြွက်​ဆို​၏။ သို့ ဖြစ်​၍​ထို​အ​ရပ်​ကို​ဗာ​လ​ပေ​ရ​ဇိန်​ဟု ခေါ်​ဝေါ်​ကြ​ခြင်း​ဖြစ်​၏။- \v 21 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ကိုး ကွယ်​သော​ရုပ်​တု​များ​ကို​ထို​အ​ရပ်​တွင်​စွန့် ပစ်​ခဲ့​ကြ​သ​ဖြင့် ယင်း​တို့​ကို​ဒါ​ဝိဒ်​၏​လူ တို့​က​သိမ်း​ယူ​ကြ​လေ​သည်။ \p \v 22 ထို​နောက်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရေ​ဖိမ် ချိုင့်​ဝှမ်း​သို့​ပြန်​လာ​ပြီး​လျှင်​ထို​အ​ရပ်​ကို သိမ်း​ပိုက်​ကြ​ပြန်​၏။- \v 23 ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တစ်​ဖန်​စုံ​စမ်း မေး​လျှောက်​ပြန်​၏။ ကိုယ်​တော်​က``သူ​တို့​အား ဤ​အ​ရပ်​မှ​နေ​၍​မ​တိုက်​မ​ခိုက်​နှင့်။ သူ​တို့ ၏​တပ်​နောက်​ဘက်​ပိုင်း​ကို​ကွေ့​၍​သွား​ပြီး လျှင်​ပိုး​စာ​တော​အ​နီး​မှ​တိုက်​ခိုက်​လော့။- \v 24 သင်​သည်​သစ်​ပင်​များ​ထိပ်​၌​စစ်​ချီ​သံ​ကို ကြား​သော​အ​ခါ​စ​တင်​တိုက်​ခိုက်​လော့။ ထို အ​ခါ​၌​ငါ​သည်​ဖိ​လိတ္တိ​တပ်​ကို​ချေ​မှုန်း ရန်​သင်​၏​ရှေ့​မှ​ကြွ​နှင့်​မည်''ဟု​မိန့်​တော်​မူ​၏။- \v 25 ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော် မူ​သည့်​အ​တိုင်း​လိုက်​နာ​၍​ဖိ​လိတ္တိ​တပ်​ကို ဂေ​ဗ​မြို့​မှ​ဂါ​ဇ​ရ​မြို့​တိုင်​အောင်​နှင်​ထုတ် နိုင်​လေ​သည်။ \c 6 \s1 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ယေ​ရု​ရှ​လင်​မြို့​သို့ ပင့်​ဆောင်​ခြင်း \r (၅ ရာ၊ ၁၃:၁-၁၄၊ ၁၅:၂၅-၁၆:၆၊၄၃) \p \v 1 ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​ပြည်​မှ​လက်​ရွေး စင်​စစ်​သည်​ပေါင်း​သုံး​သောင်း​ကို​စု​ရုံး​ကာ၊- \v 2 ခေ​ရု​ဗိမ်\f 2 \fr 6:2 \ft ခေ​ရု​ဗိမ်။ ရှင်း​လင်း​ချက်​ကြည့်​ပါ။\f* တို့​အ​ထက်​စံ​တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ဖြင့်​ခေါ်​ဝေါ် သ​မုတ်​သည့်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့် ဆောင်​ရန်​ယု​ဒ​ပြည်​ဗာ​လာ​မြို့​သို့​ချီ သွား​တော်​မူ​၏။-\x + \xo 6:2 \xt ထွ၊ ၂၅:၂၂။\x* \v 3 သူ​တို့​သည်​သေတ္တာ​တော်​ကို​လှည်း​သစ်​တစ်​စီး တွင်​တင်​၍ တောင်​ကုန်း​ပေါ်​တွင်​ရှိ​သော​အ​ဘိ န​ဒပ်​၏​အိမ်​မှ​ပင့်​ဆောင်​သွား​ကြ​၏။ အ​ဘိ န​ဒပ်​၏​သား​များ​ဖြစ်​ကြ​သော​သြ​ဇ​နှင့် အဟိ​သြ​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် လှည်း​ကို​မောင်း​နှင်​ရ​ကြ​၏။-\x + \xo 6:3 \xt ၁ရာ၊ ၇:၁-၂။\x* \v 4 အ​ဟိ​သြ​သည်​သေတ္တာ​တော်​၏​ရှေ့​မှ​သွား လေ​သည်။- \v 5 ဒါ​ဝိဒ်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး ကူး​ရန်​အ​စွမ်း​ကုန်​က​ခုန်​ကြ​၏။ သူ​တို့​သည် စောင်း​ကြီး​စောင်း​ငယ်၊ ပတ်​သာ၊ နှဲ၊ ခ​ရာ၊ လင်း ကွင်း​အ​စ​ရှိ​သည့်​တူ​ရိ​ယာ​များ​ကို​တီး မှုတ်​ကြ​၏။ \p \v 6 သူ​တို့​သည်​နာ​ခုန်​ကောက်​နယ်​တ​လင်း​သို့​ရောက် သော​အ​ခါ နွား​တို့​သည်​ခြေ​ချော်​သ​ဖြင့်​သြဇ သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​လှမ်း​၍​ကိုင် ထား​လိုက်​ရာ၊- \v 7 ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​အမျက် ထွက်​တော်​မူ​သ​ဖြင့် သြ​ဇ​အား​ရို​သေ​မှု ကင်း​မဲ့​သည့်​အ​တွက်​သေ​ဒဏ်​စီ​ရင်​တော်​မူ​၏။ သို့​ဖြစ်​၍​သြ​ဇ​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ၏​အ​နီး​တွင်​သေ​လေ​၏။- \v 8 ထို့​ကြောင့်​ထို​အ​ရပ်​ကို​ပေ​ရ​ဇာ​သြ​ဇ\f 3 \fr 6:8 \ft * \+fk ပေ​ရ​ဇာ​သြ​ဇ။ \ft သြ​ဇ​အား​ဒဏ်​ခတ်​ခြင်း​ဟု​အ​နက်​ရ​သည်။\f* ဟု​ယ​နေ့​တိုင်​အောင်​ခေါ်​ဝေါ်​သ​မုတ်​ကြ​လေ သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သြ​ဇ​အား​အ​မျက် တော်​ထွက်​၍​ဒဏ်​ခတ်​တော်​မူ​သော​ကြောင့်​ဒါ​ဝိဒ် သည်​လွန်​စွာ​စိတ်​ဆိုး​တော်​မူ​၏။ \p \v 9 ထို​နောက်​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက် သ​ဖြင့်``ငါ​သည်​အ​ဘယ်​သို့​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​ရ​ပါ​မည်​နည်း'' ဟု​ဆို​ပြီး လျှင်၊- \v 10 မိ​မိ​နေ​ပြည်​တော်​ယေ​ရု​ရှ​လင်​မြို့​သို့​ပင့် ဆောင်​ခြင်း​မ​ပြု​ဘဲ​ဂါ​သ​မြို့​သား​သြ​ဗ ဒေ​ဒုံ​၏​အိမ်​သို့​ပင့်​ဆောင်​သွား​တော်​မူ​၏။- \v 11 သေတ္တာ​တော်​သည်​ထို​အိမ်​တွင်​သုံး​လ​မျှ​ကျိန်း ဝပ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း သြ​ဗ​ဒေ​ဒုံ​နှင့်​မိ​သား​စု​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​၏။\x + \xo 6:11 \xt ၆ရာ၊ ၂၆:၄-၅။\x* \p \v 12 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွက်​ကြောင့်​သြ​ဗ ဒေ​ဒုံ​မိ​သား​စု​နှင့် သူ​ပိုင်​သ​မျှ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​ကြောင်း ဒါ​ဝိဒ် ကြား​သိ​တော်​မူ​သော​အ​ခါ​ထို​သေတ္တာ​တော် ကို​အ​ခမ်း​အ​နား​နှင့်​တ​ကွ​သြ​ဗ​ဒေ​ဒုံ​အိမ် မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ပင့်​ဆောင်​တော်​မူ​၏။- \v 13 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​လာ​သူ​တို့ သည်​ခြေ​ခြောက်​လှမ်း​မျှ​လှမ်း​မိ​သော​အ​ခါ ဒါ​ဝိဒ်​သည်​သူ​တို့​အား​ရပ်​စေ​ပြီး​လျှင် ထာ​ဝ​ရ ဘုရား​အား​နွား​ထီး​တစ်​ကောင်​နှင့်​ဆူ​ဖြိုး​သော သိုး​တစ်​ကောင်​ကို​ယဇ်​ပူ​ဇော်​လေ​သည်။- \v 14 သူ​သည်​ပိတ်​စ​တစ်​ခု​ကို​သာ​ဝတ်​ဆင်​လျက် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ရန် အ​စွမ်း​ကုန်​က​ခုန်​လေ​၏။- \v 15 သို့​ဖြစ်​၍​မင်း​ကြီး​နှင့်​ဣသ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​ဝမ်း​မြောက်​စွာ​ကြွေး​ကြော် လျက် တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​လျက်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ယေ​ရု​ရှ​လင်​မြို့​သို့​ပင့်​ဆောင် လာ​ကြ​၏။ \p \v 16 သေတ္တာ​တော်​ကို​မြို့​တွင်း​သို့​ပင့်​ဆောင်​လာ​သော အ​ခါ​ရှော​လု​၏​သ​မီး​တော်​မိ​ခါ​လ​သည် လေ သာ​ပြူ​တင်း​မှ​ကြည့်​လိုက်​ရာ​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌ ဒါ​ဝိဒ်​မင်း​က​ခုန်​လျက်​နေ​သည် ကို​မြင်​လေ​သော်​မင်း​ကြီး​အား​ရွံ​ရှာ​မိ​၏။- \v 17 လူ​တို့​သည်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကာ ဒါ​ဝိဒ်​တည်​ဆောက်​ထား​သည့်​တဲ​တော်​အ​တွင်း လျာ​ထား​သည့်​နေ​ရာ​၌​ထား​ကြ​၏။ ထို​နောက် ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​ရာ ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို​ပူ​ဇော် လေ​သည်။- \v 18 ယင်း​သို့​ပူ​ဇော်​ပြီး​သော​အ​ခါ​သူ​သည် အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို အ​မှီ​ပြု​၍​လူ​တို့​အား​ကောင်း​ချီး​ပေး​တော် မူ​၏။- \v 19 ဣ​သ​ရေ​လ​ပြည်​တွင်​ရှိ​သ​မျှ​သော​အ​မျိုး သား​အ​မျိုး​သ​မီး​တို့​အား​မုန့်​တစ်​လုံး၊ အ​မဲ ကင်​တစ်​တုံး​နှင့်​စ​ပျစ်​ပျဉ်​တစ်​ပြား​စီ​ကို ဝေ​ငှ​တော်​မူ​၏။ ထို​နောက်​လူ​အ​ပေါင်း​တို့ သည်​မိ​မိ​တို့​၏​အိမ်​သို့​ပြန်​သွား​ကြ​၏။ \p \v 20 ဒါ​ဝိဒ်​သည်​မိ​မိ​၏​အိမ်​ထောင်​စု​သား​တို့​အား နှုတ်​ဆက်​ရန်​နန်း​တော်​သို့​ပြန်​သော​အ​ခါ ရှော​လု ၏​သ​မီး​တော်​မိ​ခါ​လ​သည်​သူ့​အား​ကြို​ဆို ရန်​ထွက်​လာ​၏။ မိ​ခါ​လ​က``ပေါ့​ပျက်​သူ​အ ရှက်​မဲ့​အ​ဝတ်​လှစ်​သည့်​နည်း​တူ​အ​ရာ​ရှိ​တို့ ၏​ကျွန်​မိန်း​မ​တို့​ရှေ့​တွင်​မိ​မိ​ကိုယ်​ကို​အ​ဝတ် လှစ်​သော​ဣ​သ​ရေ​လ​ဘု​ရင်​သည်​ယ​နေ့ အ​လွန်​ဘုန်း​ကြီး​ပါ​သည်​တ​ကား'' ဟု ဆို​၏။\x + \xo 6:20 \xt ၅ရာ၊ ၁၆:၄၃။\x* \p \v 21 ဒါ​ဝိဒ်​က``ငါ့​အား​သင့်​ခ​မည်း​တော်​နှင့်​သား မြေး​တို့​ကို​ကျော်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ခေါင်း​ဆောင်​အ​ဖြစ်​ခန့်​အပ်​ရွေး​ချယ် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​ကူး​ရန်​ငါ​သည်​က​ခုန်​နေ​ခဲ့​ခြင်း​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​ကူး ရန်​နောင်​ကို​လည်း​ဆက်​လက်​က​ခုန်​လျက်၊- \v 22 ငါ​၏​ကိုယ်​ကို​ပို​၍​ပင်​အ​သ​ရေ​ပျက်​စေ​ပါ ဦး​မည်။ သင်​သည်​ငါ့​အား​အ​ထင်​သေး​သော် လည်း​ထို​ကျွန်​မိန်း​မ​တို့​က​မူ​အ​ထင်​ကြီး ကြ​မည်'' ဟု​ပြန်​၍​မိန့်​တော်​မူ​၏။ \p \v 23 ရှော​လု​၏​သ​မီး​တော်​မိ​ခါ​လ​သည်​လည်း တစ်​သက်​လုံး​သား​သ​မီး​မ​ရ​တော့​ချေ။ \c 7 \s1 ဒါ​ဝိဒ်​အား​နာ​သန်​ဆင့်​ဆို​သည့်​အ​မိန့် တော် \r (၅ရာ၊ ၁၇:၁-၁၅) \p \v 1 ယ​ခု​အ​ခါ​ဒါ​ဝိဒ်​မင်း​သည်​နန်း​တော်​တွင် ငြိမ်း​ချမ်း​စွာ​နေ​ရ​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​သည်​ဒါ​ဝိဒ်​မင်း​အား​ရန်​သူ​အ​ပေါင်း တို့​ဘေး​မှ​ကင်း​ဝေး​စေ​တော်​မူ​သ​ဖြင့်၊- \v 2 ပ​ရော​ဖက်​နာ​သန်​အား`ကြည့်​လော့။ ငါ​သည် သစ်​က​တိုး​သား​နန်း​တော်​နှင့်​နေ​ထိုင်​ရ​သော် လည်း ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​မူ​ကား​တဲ​တော်​၌​သာ​ကျိန်း​ဝပ်​တော် မူ​ရ​ပါ​သည်​တ​ကား'' ဟု​ဆို​၏။ \p \v 3 နာ​သန်​က`ဘု​ရား​သ​ခင်​သည်​အ​ရှင်​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဖြစ်​၍ အ​ရှင်​အ​လို​ရှိ​သည့် အ​တိုင်း​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​၏။- \v 4 သို့​ရာ​တွင်​ထို​ညဥ့်​၌​ထာ​ဝ​ရ​ဘု​ရား​သည် နာ​သန်​အား၊- \v 5 ``ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ထံ​သို့​သွား​၍​သူ့ အား`သင်​သည်​ငါ​ကျိန်း​ဝပ်​ရန်​ဗိ​မာန်​တော်​ကို တည်​ဆောက်​ရ​မည်​မ​ဟုတ်။- \v 6 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​ချိန်​မှ ယ​နေ့​တိုင်​အောင်​ငါ​သည် ဗိ​မာန်​တော်​တွင်​ကျိန်း​ဝပ်​တော်​မ​မူ​ခဲ့။ တဲ​တော် ၌​သာ​ကျိန်း​ဝပ်​လျက်​ဒေ​သ​စာ​ရီ​လှည့်​လည် တော်​မူ​ခဲ့​၏။- \v 7 ယင်း​သို့​မိ​မိ​၏​လူ​မျိုး​တော်​နှင့်​လှည့်​လည်​တော် မူ​ခဲ့​စဉ်​အ​ဘယ်​အ​ခါ​၌​မျှ ငါ​သည်​မိ​မိ​ခန့် ထား​သော​ခေါင်း​ဆောင်​တို့​အား`သင်​တို့​အ​ဘယ် ကြောင့်​ငါ​၏​အ​တွက်​သစ်​က​တိုး​သား​ဗိ​မာန် တော်​ကို​ဆောက်​လုပ်​၍​မ​ပေး​ကြ​သ​နည်း' ဟု မေး​တော်​မ​မူ​ခဲ့။- \v 8 သို့​ဖြစ်​၍​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား သည်​မိ​မိ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား`ငါ​သည်​သင့် ကို​ငါ​၏​လူ​မျိုး​တော်​ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရင်​ဖြစ်​စိမ့်​သော​ငှာ​သိုး​ကျောင်း​ရာ ကွင်း​ထဲ​မှ​ခေါ်​ယူ​ခဲ့​၏။- \v 9 သင်​သွား​လေ​ရာ​ရာ​၌​သင်​နှင့်​အ​တူ​ငါ​ပါ​ရှိ လျက် သင်​၏​ရန်​သူ​ရှိ​သ​မျှ​တို့​ကို​နှိမ်​နင်း​ပေး ခဲ့​၏။ ငါ​သည်​သင့်​အား​ကမ္ဘာ​ပေါ်​တွင်​အ​ကျော် စော​ဆုံး​သော​ခေါင်း​ဆောင်​တစ်​ဦး​ဖြစ်​စေ​မည်။- \v 10-11 ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​နေ​ရာ​အ​ရပ်​ကို​ရွေး​ချယ်​၍ နောက် တစ်​ဖန်​ညှင်း​ဆဲ​ခြင်း​ကို​မ​ခံ​ရ​တော့​ဘဲ အ​တည်​တ​ကျ​နေ​ထိုင်​စေ​ပြီ။ ဤ​ပြည် သို့​ဝင်​ရောက်​လာ​ချိန်​မှ​အ​စ​ပြု​၍ သူ​တို့ သည်​အ​ကြမ်း​ဖက်​သူ​လူ​စု​တို့​၏​တိုက်​ခိုက် မှု​ကို​ခံ​ခဲ့​ရ​ကြ​သော်​လည်း​နောက်​တစ်​ဖန် ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။ သင့်​အား​ရန်​သူ အ​ပေါင်း​တို့​၏​ဘေး​မှ​လုံ​ခြုံ​စေ​၍ သား မြေး​များ​ဖြစ်​ထွန်း​စေ​မည်​ဖြစ်​ကြောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​၏။- \v 12 သင်​ကွယ်​လွန်​၍​ဘိုး​ဘေး​တို့​နှင့်​အ​တူ​သင်္ဂြိုဟ် ခြင်း​ကို​ခံ​ရ​သော​အ​ခါ ငါ​သည်​သင်​၏​သား တစ်​ယောက်​ကို​မင်း​မြှောက်​ကာ​သူ​၏​နိုင်​ငံ ကို​တည်​တံ့​ခိုင်​မြဲ​စေ​မည်။-\x + \xo 7:12 \xt ဆာ၊ ၈၉:၃-၄။ ၁၃၂:၁၁။ ယော၊ ၇:၄၂။ တ၊ ၂:၃၀။\x* \v 13 သူ​သည်​ငါ​၏​အ​တွက်​ဗိမာန်​တော်​ကို​တည် ဆောက်​ရ​မည်။ ငါ​သည်​သူ​၏​ရာ​ဇ​ပလ္လင်​ကို ထာ​ဝ​စဉ်​တည်​မြဲ​စေ​မည်။- \v 14 ငါ​သည်​သူ​၏​အ​ဖ​ဖြစ်​၍​သူ​သည်​လည်း​ငါ ၏​သား​ဖြစ်​ရ​လိမ့်​မည်။ သူ​သည်​အ​မှား​ကို ပြု​သော​အ​ခါ​အ​ဖ​က​သား​ကို​ဆုံး​မ သ​ကဲ့​သို့​သူ့​ကို​ဆုံး​မ​မည်။-\x + \xo 7:14 \xt ဆာ၊ ၈၉:၂၆-၂၇။ ၂ကော၊ ၆:၁၈။ ဟေဗြဲ၊ ၁:၅။\x* \v 15 သင့်​အား​ထီး​နန်း​အပ်​နှင်း​နိုင်​ရန်​ငါ​ဖယ်​ရှား လိုက်​သည့်​ရှော​လု​၏​ထံ​မှ ငါ​၏​ထောက်​ခံ​မှု ကို​ရုပ်​သိမ်း​သ​ကဲ့​သို့​သင်​၏​ထံ​မှ​ရုပ်​သိမ်း မည်​မ​ဟုတ်။- \v 16 သင်​၏​အ​မျိုး​အ​နွယ်​သည်​အ​ဘယ်​အ​ခါ ၌​မျှ​မ​တိမ်​ကော​ဘဲ သင်​၏​နိုင်​ငံ​သည်​ထာ​ဝ စဉ်​တည်​လိမ့်​မည်။ သင်​၏​ရာ​ဇ​အာ​ဏာ​စက် သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​ပျက်​သုဉ်း သွား​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ကြောင်း ဆင့်​ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။\x + \xo 7:16 \xt ဆာ၊ ၈၉:၃၆-၃၇။\x* \p \v 17 နာ​သန်​သည်​မိ​မိ​အား​ဘု​ရား​သ​ခင်​မိန့် ကြား​တော်​မူ​သ​မျှ​တို့​ကို ဒါ​ဝိဒ်​အား​ဆင့် ဆို​လေ​၏။ \s1 ဒါ​ဝိဒ်​ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​ဆု​တောင်း ပတ္ထနာ \r (၅ရာ၊ ၁၇:၁၆-၂၇) \p \v 18 ဒါ​ဝိဒ်​မင်း​သည်​တဲ​တော်​သို့​ဝင်​ပြီး​လျှင်​ထိုင် ၍``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်​၏​မိ​သား​စု​သည်​အ​ကျွန်ုပ်​အ​တွက် ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​ကျေး​ဇူး တော်​နှင့်​မ​ထိုက်​မ​တန်​ပါ။- \v 19 အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည် အ​ကျွန်ုပ်​အား ယ​ခင်​က​ထက်​ပင်​ပို​၍​ကျေး​ဇူး ပြု​တော်​မူ​ပါ​သည်​တ​ကား။ လာ​လတ္တံ့​သော ကာ​လ​၌​အ​ကျွန်ုပ်​၏​သား​မြေး​တို့​အ​တွက် က​တိ​တော်​ပေး​တော်​မူ​ပါ​ပြီ။ အို အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဤ အ​ကြောင်း​ကို​လူ​တစ်​ယောက်​အား​အ​သိ ပေး​တော်​မူ​ပါ​သည်​တ​ကား။- \v 20 အ​ကျွန်ုပ်​သည်​အ​ဘယ်​သို့​ကိုယ်​တော်​ရှင်​အား ထပ်​မံ​လျှောက်​ထား​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော် ရှင်​၏​အ​စေ​ခံ​အ​ကျွန်ုပ်​အ​ကြောင်း​ကို​ကိုယ် တော်​ရှင်​သိ​တော်​မူ​ပါ​၏။- \v 21 ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​အ​လို​တော်​နှင့် အ​ကြံ​အ​စည်​တော်​အ​ရ ဤ​သို့​ပြု​တော်​မူ ခြင်း​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​အား​သွန်​သင်​စေ​ရန် ဤ​ကြီး​မြတ်​သည့်​အ​မှု​အ​ရာ​များ​ကို​ပြု တော်​မူ​ပါ​ပြီ။- \v 22 အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည် အ​လွန်​ကြီး​မြတ်​တော်​မူ​ပါ​သည်​တ​ကား။ အ​ကျွန်ုပ်​တို့​ကြား​သိ​သ​မျှ​အ​တိုင်း​ကိုယ် တော်​ရှင်​နှင့်​တူ​သော​ဘု​ရား၊ ကိုယ်​တော်​ရှင် မှ​တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ​ပါ။- \v 23 အ​ဘယ်​လူ​မျိုး​မျှ​ကိုယ်​တော်​ရှင်​၏​လူ​မျိုး တော်​ဣသ​ရေ​လ​လူ​မျိုး​နှင့်​နှိုင်း​ယှဉ်​၍​မ​ရ ပါ။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​မျိုး​တော် စစ်​ချီ​လာ​ချိန်​၌​အ​ခြား​လူ​မျိုး​တို့​နှင့် သူ တို့​၏​ဘု​ရား​များ​အား​နှင်​ထုတ်​တော်​မူ​ခဲ့ ပါ​၏။ အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ရာ​မှ​ကယ် ဆယ်​တော်​မူ​ခဲ့​သော​လူ​တို့​ကို​မိ​မိ​၏​လူ မျိုး​တော်​ဖြစ်​စေ​တော်​မူ​ပါ​၏။-\x + \xo 7:23 \xt တရား၊ ၄:၃၄။\x* \v 24 ကိုယ်​တော်​ရှင်​သည်​ဣသ​ရေ​လ​လူ​မျိုး​အား မိမိ​ထာ​ဝ​စဉ်​ပိုင်​ရာ​လူ​မျိုး​တော်​ဖြစ်​စေ တော်​မူ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရှင်​သည်​လည်း​သူ​တို့​၏​ဘု​ရား​ဖြစ်​တော် မူ​ပြီ။'' \p \v 25 ``အို ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော့် ကျွန်​နှင့်​အိမ်​ထောင်​အ​တွက်​ပေး​တော်​မူ​သော က​တိ​တော်​ကို​ထာ​ဝ​စဉ်​တည်​မြဲ​စေ​တော် မူ​၍ ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​သည့်​အ​တိုင်း ပြု​တော်​မူ​ပါ။- \v 26 ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​သည်​အ​စဉ် အ​မြဲ​ထင်​ပေါ်​ကျော်​ကြား​ပါ​လိမ့်​မည်။ လူ တို့​က`အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား ဖြစ်​တော်​မူ​၏' ဟု​အ​စဉ်​အ​မြဲ​ပြော​ဆို ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ ဒါ​ဝိဒ်​၏​မင်း​ဆက်​ကို​လည်း​တည်​မြဲ​စေ တော်​မူ​ပါ။- \v 27 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော့် ကျွန်​အား​ဤ​အ​မှု​အ​ရာ​များ​ကို​ဖော်​ပြ​၍ ကိုယ်​တော့်​ကျွန်​၏​သား​မြေး​များ​ကို​မင်း မြှောက်​တော်​မူ​မည်​ဖြစ်​ကြောင်း​မိန့်​တော်​မူ သော​ကြောင့် ကိုယ်​တော့်​ကျွန်​သည်​ဤ​ဆု​တောင်း ပတ္ထနာ​ကို​အ​ထံ​တော်​သို့​တင်​လျှောက်​ဝံ့ ပါ​၏။'' \p \v 28 ``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင် သည်​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ က​တိ​တော် တို့​ကို​လည်း​အ​စဉ်​တည်​မြဲ​စေ​တော်​မူ​ပါ​၏။ ကိုယ်​တော့်​ကျွန်​အား​ဤ​အံ့​သြ​ဖွယ်​သော က​တိ​တော်​ကို​ပေး​တော်​မူ​ပါ​ပြီ။- \v 29 ကိုယ်​တော့်​ကျွန်​၏​သား​မြေး​တို့​သည်​ရှေ့ တော်​၌ ဆက်​လက်​၍​မျက်​နှာ​ရ​စေ​ရန်​သူ တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ။ အို အ​ရှင် ထာ​ဝ​ရ​ဘုရား၊ ကိုယ်​တော်​ရှင်​သည်​က​တိ ထား​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​၏​ကောင်း ချီး​မင်္ဂ​လာ​ကို​ကိုယ်​တော့်​ကျွန်​၏​သား​မြေး တို့​ထာ​ဝ​စဉ်​ခံ​စား​စေ​တော်​မူ​ပါ'' ဟူ​၍ တောင်း​လျှောက်​သ​တည်း။ \c 8 \s1 ဒါ​ဝိဒ်​ဆင်​နွှဲ​အောင်​မြင်​သည့်​စစ်​ပွဲ​များ \r (၅ရာ၊ ၁၈:၁-၁၇) \p \v 1 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ဒါ​ဝိဒ် သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​နှိမ်​နင်း ကာ သူ​တို့​၏​စိုး​မိုး​မှု​ကို​နိ​ဂုံး​ချုပ်​စေ တော်​မူ​၏။ \p \v 2 ထို​နောက်​မင်း​ကြီး​သည်​မော​ဘ​ပြည်​သား တို့​ကို​နှိမ်​နင်း​တော်​မူ​၍ ဖမ်း​ဆီး​ရ​မိ​သူ​တို့ အား မြေ​ပေါ်​တွင်​လှဲ​ချ​စေ​ပြီး​လျှင် သုံး​ပုံ နှစ်​ပုံ​မျှ​သော​သူ​တို့​ကို​သတ်​စေ​၏။ သို့​ဖြစ် ၍​မော​ဘ​ပြည်​သား​တို့​သည်​ဒါ​ဝိဒ်​၏​လက် အောက်​ခံ​ဖြစ်​လာ​၍​အ​ခွန်​ဆက်​သ​ရ ကြ​၏။ \p \v 3 ထို​နောက်​ရ​ဟော​ဘ​၏​သား​ဇော​ဘ​ဘု​ရင် ဟာ​ဒ​ဒေ​ဇာ​သည် အ​ထက်​ဥ​ဖ​ရတ်​မြစ် အ​နီး​ရှိ​နယ်​မြေ​ကို​ပြန်​လည်​သိမ်း​ပိုက် ရန်​သွား​တိုက်​စဉ်​ဒါ​ဝိဒ်​သည်​သူ့​အား နှိမ်​နင်း​တော်​မူ​၍၊- \v 4 မြင်း​တပ်​သား​တစ်​ထောင်​ခုနစ်​ရာ​နှင့်​ခြေ​လျင် တပ်​သား​နှစ်​သောင်း​ကို​ဖမ်း​ဆီး​ရ​မိ​တော် မူ​၏။ မင်း​ကြီး​သည်​ရ​ထား​အ​စီး​တစ်​ရာ အ​တွက်​မြင်း​တစ်​ရာ​ကို​သိမ်း​၍ ကျန်​သော မြင်း​ရှိ​သ​မျှ​တို့​၏​ခြေ​ကြော​ကို​ဖြတ် လေ​၏။- \v 5 ဒ​မာ​သက်​မြို့​မှ​ရှုရိ​ပြည်​သား​တို့​သည် ဟာ​ဒ​ဒေ​ဇာ​ကို​စစ်​ကူ​ရန်​လာ​ရောက်​ကြ သော​အ​ခါ ဒါ​ဝိဒ်​သည်​သူ​တို့​ကို​တိုက် ခိုက်​၍​လူ​နှစ်​သောင်း​နှစ်​ထောင်​ကို​သုတ် သင်​ပစ်​လေ​၏။- \v 6 ထို​နောက်​မင်း​ကြီး​သည်​ထို​သူ​တို့​၏​နယ် မြေ​တွင်​စစ်​စ​ခန်း​များ​ကို​တည်​ဆောက် ထား​သ​ဖြင့် သူ​တို့​သည်​မင်း​ကြီး​၏​လက် အောက်​ခံ​ဖြစ်​လာ​၍​အ​ခွန်​ဆက်​ရ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​သွား​ရောက် လေ​ရာ​အ​ရပ်​ရပ်​၌​အောင်​ပွဲ​ကို​ခံ​စေ တော်​မူ​၏။- \v 7 ဒါ​ဝိဒ်​သည်​ဟာ​ဒ​ဒေ​ဇာ​၏​စစ်​ဗိုလ်​များ ကိုင်​ဆောင်​သည့်​ရွှေ​ဒိုင်း​လွှား​များ​ကို​သိမ်း ၍​ယေ​ရု​ရှလင်​မြို့​သို့​ယူ​ဆောင်​သွား​၏။- \v 8 မင်း​ကြီး​သည်​ဟာ​ဒ​ဒေ​ဇာ​အ​စိုး​ရ​သည့်​မြို့ များ​ဖြစ်​သော ဘေ​တ​မြို့​များ​နှင့်​ဗေ​ရော​သဲ မြို့​တို့​မှ​ကြေး​ဝါ​အ​မြောက်​အ​မြား​ကို လည်း​သိမ်း​ယူ​လေ​၏။ \p \v 9 ဟာ​ဒ​ဒေ​ဇာ​၏​တပ်​မ​တော်​တစ်​ခု​လုံး​ကို ဒါ​ဝိဒ်​ချေ​မှုန်း​လိုက်​ကြောင်း ဟာ​မတ်​ဘု​ရင် တော​ဣ​မင်း​ကြား​လျှင်၊- \v 10 သား​တော်​ယော​ရံ​ကို​ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ် ပြီး​လျှင် ဟာ​ဒ​ဒေ​ဇာ​၏​အ​ပေါ်​တွင်​အောင်​ပွဲ ရ​သည့်​အ​တွက် နှစ်​ထောင်း​အား​ရ​မှု​ရှိ​ကြောင်း နှုတ်​ခွန်း​ဆက်​စ​ကား​ပြော​ကြား​စေ​၏။ တော​ဣ ကား​ဟာ​ဒ​ဒေ​ဇာ​ကို​အ​ကြိမ်​ပေါင်း​များ စွာ​တိုက်​ခိုက်​ခဲ့​သူ​ဖြစ်​သ​တည်း။ ယော​ရံ သည်​မိ​မိ​နှင့်​အ​တူ​ရွှေ၊ ငွေ​နှင့်​ကြေး​ဝါ ဖြင့်​ပြီး​သော​ပစ္စည်း​အ​သုံး​အ​ဆောင်​များ ကို​ဒါ​ဝိဒ်​ထံ​သို့​ယူ​ဆောင်​လာ​လေ​သည်။- \v 11-12 ဒါ​ဝိဒ်​မင်း​သည်​ထို​ပစ္စည်း​များ​ကို​ဝတ်​ပြု ကိုး​ကွယ်​ရာ​တွင်​အ​သုံး​ပြု​ရန်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​၏။ ထို​နည်း တူ​မိ​မိ​နှိမ်​နင်း​ခဲ့​သော​ဧ​ဒုံ၊ မော​ဘ၊ အမ္မုန်၊ ဖိ​လိတ္တိ​နှင့် အာ​မ​လက်​ပြည်​များ​မှ​သိမ်း ယူ​ခဲ့​သည့်​ရွှေ၊ ငွေ​များ​နှင့်​ဟာ​ဒ​ဒေ​ဇာ ထံ​မှ​ရ​ရှိ​သည့်​ပစ္စည်း​အချို့​တို့​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​၏။ \p \v 13 ဒါ​ဝိဒ်​သည်​ဆား​ချိုင့်​ဝှမ်း​မှ​ဧ​ဒုံ​ပြည်​သား တစ်​သောင်း​ရှစ်​ထောင်​ကို သုတ်​သင်​ရာ​မှ​ပြန် လာ​သော​အ​ခါ​ပို​၍​ပင်​ထင်​ပေါ်​ကျော် ကြား​၍​လာ​လေ​သည်။-\x + \xo 8:13 \xt ဆာ၊ ၆၀ ခေါင်း​စဉ်။\x* \v 14 သူ​သည်​ဧ​ဒုံ​ပြည်​တစ်​လျှောက်​လုံး​တွင်​စစ် စ​ခန်း​များ​တည်​ဆောက်​ထား​သ​ဖြင့် ထို​ပြည် သား​တို့​သည်​သူ​၏​လက်​အောက်​ခံ​ဖြစ်​လာ ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​အား စစ်​ချီ​သွား​လေ​ရာ​၌​အောင်​ပွဲ​ကို​ခံ​စေ တော်​မူ​၏။ \p \v 15 ဒါ​ဝိဒ်​သည်​ဣသ​ရေ​လ​နိုင်​ငံ​တစ်​ခု​လုံး​ကို အုပ်​စိုး​၍ မိ​မိ​၏​ပြည်​သူ​တို့​အား​တ​ရား မျှ​တ​မှု​ရ​ရှိ​စေ​ရန်​စီ​ရင်​တော်​မူ​၏။- \v 16 ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​သည်​တပ်​မ​တော် ဗိုလ်​ချုပ်​ဖြစ်​၍ အ​ဟိ​လုပ်​၏​သား​ယော ရှ​ဖတ်​မှာ​စာ​ရင်း​ထိန်း​ဖြစ်​၏။- \v 17 အ​ဟိ​တုတ်​၏​သား​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ ၏​သား​အ​ဟိ​မ​လက်​တို့​ကား​ယဇ်​ပု​ရော ဟိတ်​များ​ဖြစ်​ကြ​၏။ စ​ရာ​ယ​သည်​စာ​ရေး တော်​ကြီး​ဖြစ်​၍၊- \v 18 ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ​မှာ​ခေ​ရ​သိ​နှင့် ပေ​လ​သိ​အ​မျိုး​သား​များ​ဖြစ်​ကြ​သော ကိုယ်​ရံ​တော်​အ​စောင့်​တပ်​သား​တို့​ကို​အုပ် ချုပ်​ရ​သူ​ဖြစ်​၏။ ဒါ​ဝိဒ်​၏​သား​တော်​များ ကား​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သ​တည်း။ \c 9 \s1 ဒါ​ဝိဒ်​နှင့်​မေ​ဖိ​ဗော​ရှက် \p \v 1 ဒါ​ဝိဒ်​က``ရှော​လု​၏​မိ​သား​စု​ထဲ​မှ​ကျန်​ကြွင်း သူ​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သေး​သ​လော။ ရှိ​ခဲ့ လျှင်​ငါ​သည်​ယော​န​သန်​၏​မျက်​နှာ​ကို​ထောက် သော​အား​ဖြင့်​သူ့​အား​ကျေး​ဇူး​ပြု​လို​သည်'' ဟု​မိန့်​တော်​မူ​၏။\x + \xo 9:1 \xt ၁ရာ၊ ၂၀:၁၅-၁၇။\x* \p \v 2 ထို​အ​ခါ​လူ​တို့​သည်​ဇိ​ဘ​နာ​မည်​ရှိ​သော လူ​တစ်​ယောက်​ကို​အ​ထံ​တော်​သို့​သွင်း​ကြ​၏။ ထို​သူ​ကား​ရှော​လု​မိ​သား​စု​၏​အ​စေ​ခံ တစ်​ဦး​ဖြစ်​၏။ မင်း​ကြီး​က​သူ့​အား``သင် သည်​ဇိ​ဘ​လော'' ဟု​မေး​တော်​မူ​လျှင်၊ \p ``မှန်​လှ​ပါ​အ​ရှင်'' ဟု​ဇိ​ဘ​က​လျှောက် ထား​၏။ \p \v 3 မင်း​ကြီး​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အ​လို တော်​အ​တိုင်း ကျေး​ဇူး​သစ္စာ​စောင့်​သူ​ဖြစ်​ကြောင်း ပြ​သ​နိုင်​ရန် ရှော​လု​မိ​သား​စု​မှ​ကျန်​ကြွင်း​နေ သူ​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သေး​သ​လော'' ဟု မေး​တော်​မူ​လျှင်၊ \p ဇိ​ဘ​က``ယော​န​သန်​၏​သား​တစ်​ယောက်​ကျန် ရှိ​နေ​ပါ​သေး​သည်။ သူ​သည်​ခြေ​ဆွံ့​၍​နေ​ပါ သည်'' ဟု​လျှောက်​၏။\x + \xo 9:3 \xt ၂ရာ၊ ၄:၄။\x* \p \v 4 မင်း​ကြီး​က``သူ​သည်​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု​မေး​လျှင်၊ \p ဇိ​ဘ​က``လော​ဒေ​ဗာ​ရွာ၊ အ​မျေ​လ​၏​သား မာ​ခိ​ရ​၏​အိမ်​တွင်​ရှိ​ပါ​သည်'' ဟု​လျှောက် ၏။- \v 5 သို့​ဖြစ်​၍​ဒါ​ဝိဒ်​မင်း​သည်​ယော​န​သန်​၏ သား​ကို​အ​ခေါ်​ခိုင်း​တော်​မူ​၏။ \p \v 6 ရှော​လု​၏​မြေး​ယော​န​သန်​၏​သား​မေ​ဖိ​ဗော ရှက်​သည်​ရောက်​ရှိ​လာ​သော​အ​ခါ ဒါ​ဝိဒ်​၏ ရှေ့​တွင်​ရို​သေ​စွာ​ပျပ်​ဝပ်​လျက်​နေ​၏။ ဒါ​ဝိဒ် က``မေ​ဖိ​ဗော​ရှက်'' ဟု​ခေါ်​လျှင်​မေ​ဖိ​ဗော ရှက်​က``ကိုယ်​တော့်​ကျွန်​ရှိ​ပါ​သည်'' ဟု​ထူး လေ​၏။ \p \v 7 ဒါ​ဝိဒ်​က​လည်း``မ​ကြောက်​နှင့်​ငါ​သည်​သင်​၏ ဖ​ခင်​ယော​န​သန်​၏​မျက်​နှာ​ကို​ထောက်​၍​သင့် အား​ကျေး​ဇူး​ပြု​မည်။ သင်​၏​အ​ဖိုး​ရှော​လု ပိုင်​ဆိုင်​ခဲ့​သည့်​မြေ​ယာ​မှန်​သ​မျှ​ကို​သင့် အား​ပြန်​၍​ပေး​မည်။ သင့်​အား​ငါ့​စား​ပွဲ တွင်​နေ့​စဉ်​စား​သောက်​ခွင့်​ကို​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 8 မေ​ဖိ​ဗော​ရှက်​သည်​တစ်​ဖန်​ဦး​ချ​ပြီး လျှင်``အ​ရှင်​ခွေး​သေ​ကောင်​သ​ဖွယ်​ဖြစ်​သူ ကျွန်​တော်​မျိုး​အား​အ​ရှင်​သည် အ​ဘယ် ကြောင့်​ဤ​သို့​ကျေး​ဇူး​ပြု​တော်​မူ​ပါ သ​နည်း'' ဟု​လျှောက်​၏။ \p \v 9 ထို​အ​ခါ​မင်း​ကြီး​သည်​ရှော​လု​၏​အ​စေ​ခံ ဇိ​ဘ​ကို​ခေါ်​ယူ​၍``ငါ​သည်​သင့်​သ​ခင်​၏ မြေး​မေ​ဖိ​ဗော​ရှက်​အား ရှော​လု​မိ​သား​စု ပိုင်​ဆိုင်​သ​မျှ​သော​မြေ​ယာ​တို့​ကို​ပေး​မည်။- \v 10 သင်​နှင့်​တ​ကွ​သင်​၏​သား​သင်​၏​အစေ​ခံ​တို့ သည် သင့်​သ​ခင်​ရှော​လု​၏​အိမ်​ထောင်​စု​အ​တွက် ထို​မြေ​ယာ​များ​ကို​ထွန်​ယက်​စိုက်​ပျိုး​၍ အ​သီး အ​နှံ​များ​ကို​ယူ​ဆောင်​ကာ​သူ​တို့​အ​ဖို့​ရိက္ခာ အ​ဖြစ်​ဖြင့်​ပေး​သွင်း​ရ​မည်။ သို့​ရာ​တွင်​မေ​ဖိ ဗော​ရှက်​မူ​ကား​ငါ​၏​စား​ပွဲ​တွင်​ငါ​နှင့်​အ​တူ စား​သောက်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ (ဇိ​ဘ တွင်​သား​တစ်​ဆယ့်​ငါး​ယောက်​နှင့်​အ​စေ​ခံ နှစ်​ဆယ်​ရှိ​သ​တည်း။) \p \v 11 ဇိ​ဘ​က``အ​ရှင်​မင်း​ကြီး​မိန့်​တော်​မူ​သ​မျှ အ​တိုင်း ကျွန်​တော်​မျိုး​နာ​ခံ​ပါ​မည်'' ဟု လျှောက်​၏။ \p သို့​ဖြစ်​၍​မေ​ဖိ​ဗော​ရှက်​သည်​ဘု​ရင်​၏​သား တော်​တစ်​ပါး​ကဲ့​သို့ စား​ပွဲ​တော်​၌​စား​သောက် ရ​လေ​၏။- \v 12 မေ​ဖိ​ဗော​ရှက်​မှာ​မိက္ခာ​နာ​မည်​တွင်​သော​သား ငယ်​တစ်​ယောက်​ရှိ​၏။ ဇိ​ဘ​၏​အိမ်​သူ​အိမ်​သား အ​ပေါင်း​တို့​သည်​လည်း မေ​ဖိ​ဗော​ရှက်​၏ အ​စေ​ခံ​များ​ဖြစ်​လာ​ကြ​၏။- \v 13 ထို့​ကြောင့်​ခြေ​နှစ်​ဘက်​စ​လုံး​ဆွံ့​သော​မေ​ဖိ ဗော​ရှက်​သည် ယေ​ရု​ရှ​လင်​မြို့​၌​နေ​ထိုင်​လျက် ဘု​ရင့်​စား​ပွဲ​တော်​တွင်​စား​သောက်​ခွင့်​ကို​ရ လေ​သည်။ \c 10 \s1 အမ္မုန်​ပြည်​သား​များ​နှင့်​ရှု​ရိ​ပြည်​သား​များ​အား ဒါ​ဝိဒ်​နှိမ်​နင်း​ခြင်း \r (၅ရာ၊ ၁၉:၁-၁၉) \p \v 1 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ အမ္မုန် ဘု​ရင်​နာ​ဟတ်​မင်း​ကွယ်​လွန်​၍​သူ​၏​သား တော်​ဟာ​နုန်​နန်း​တက်​၏။ \p \v 2 ဒါ​ဝိဒ်​က``သူ​၏​ဖ​ခင်​နာ​ဟတ်​သည် ငါ့​အား ကျေး​ဇူး​သစ္စာ​စောင့်​ခဲ့​သည့်​နည်း​တူ ငါ​သည် လည်း​ဟာ​နုန်​အား​ကျေး​ဇူး​သစ္စာ​စောင့်​ရ​ပေ မည်'' ဟု​မိန့်​တော်​မူ​ပြီး​လျှင်​ဟာ​နုန်​ထံ​သို့ နှစ်​သိမ့်​စ​ကား​ပြော​ကြား​ရန်​စေ​တ​မန်​များ ကို​လွှတ်​လိုက်​၏။ သို့​ရာ​တွင်​ထို​သူ​တို့ ရောက်​ရှိ​ကြ​သော​အ​ခါ၊- \v 3 အမ္မုန်​ပြည်​သား​ခေါင်း​ဆောင်​များ​က​မိ​မိ​တို့ ဘု​ရင်​အား``ဒါ​ဝိဒ်​သည်​အ​ရှင့်​ခ​မည်း​တော်​ကို ဂုဏ်​ပြု​ရန်​အ​တွက် ဤ​လူ​များ​ကို​စေ​လွှတ် လိုက်​သည်​ဟု​အ​ရှင်​ထင်​မှတ်​တော်​မူ​ပါ သ​လော။ အ​ဘယ်​နည်း​နှင့်​မျှ​မ​ဟုတ်​ပါ။ သူ သည်​အ​ကျွန်ုပ်​တို့​ကို​နှိမ်​နင်း​နိုင်​ရန်​ဤ​မြို့ အ​ခြေ​အ​နေ​ကို​စုံ​စမ်း​လို​၍​ဤ​သူ​တို့ အား​သူ​လျှို​အ​ဖြစ်​စေ​လွှတ်​လိုက်​ခြင်း ဖြစ်​ပါ​၏'' ဟု​လျှောက်​ထား​ကြ​၏။ \p \v 4 ဟာ​နုန်​သည်​ဒါ​ဝိဒ်​၏​စေ​တ​မန်​များ​ကို ဖမ်း​ဆီး​ကာ​မုတ်​ဆိတ်​တစ်​ခြမ်း​ကို​ရိတ်​၍ အင်္ကျီ​အ​ဝတ်​များ​ကို​ခါး​မှ​ဖြတ်​ပြီး လျှင်​ပြန်​၍​လွှတ်​လိုက်​လေ​သည်။- \v 5 သူ​တို့​သည်​ပြန်​လာ​ရန်​အ​လွန်​ရှက်​ကြ​၏။ ထို​အ​ကြောင်း​ကို​ဒါ​ဝိဒ်​ကြား​သော​အ​ခါ လူ​စေ​လွှတ်​ပြီး​လျှင်​သူ​တို့​အား မိ​မိ​တို့ မုတ်​ဆိတ်​များ​ပြန်​၍​ရှည်​လာ​သည့်​တိုင်​အောင် ယေ​ရိ​ခေါ​မြို့​တွင်​နေ​ပြီး​မှ​မြို့​တော်​သို့ ပြန်​လာ​ကြ​ရန်​မှာ​ကြား​တော်​မူ​လိုက်​၏။ \p \v 6 အမ္မုန်​ပြည်​သား​တို့​သည်​ဒါ​ဝိဒ်​အား​မိ​မိ​တို့ ရန်​ဘက်​ပြု​မိ​ကြ​ပြီ​ဖြစ်​ကြောင်း​သိ​ရှိ​လာ သ​ဖြင့် ဗက်​ရ​ဟော​ဘ​မြို့​နှင့်​ဇော​ဘ​မြို့​တို့ မှ​ရှု​ရိ​စစ်​သည်​နှစ်​သောင်း​ကို​လည်း​ကောင်း၊ တော​ဘ​မြို့​မှ​လူ​တစ်​သောင်း​နှစ်​ထောင်​အ​ပြင် မာ​ခါ​မင်း​နှင့်​လူ​တစ်​ထောင်​ကို​လည်း​ကောင်း ငှား​ရမ်း​ကြ​၏။- \v 7 ထို​သတင်း​ကို​ကြား​သိ​သော​အ​ခါ​ဒါ​ဝိဒ်​သည် ယွာ​ဘ​နှင့်​တပ်​မ​တော်​တစ်​ခု​လုံး​ကို​ချီ​တက် စေ​၏။- \v 8 အမ္မုန်​ပြည်​သား​တို့​သည်​ရဗ္ဗာ​မြို့​မှ​ထွက်​ပြီး လျှင် မြို့​တံ​ခါး​အ​နီး​တွင်​နေ​ရာ​ယူ​ကြ​၏။ ရှု​ရိ​ပြည်​သား​များ၊ တော​ဘ​မြို့​သား​များ နှင့်​မာ​ခါ​၏​လူ​များ​အ​စ​ရှိ​သော​အ​ခြား သူ​တို့​မူ​ကား​လွင်​ပြင်​၌​နေ​ရာ​ယူ​ကြ လေ​သည်။ \p \v 9 ရန်​သူ​တပ်​များ​သည်​မိ​မိ​တို့​အား​ရှေ့​နှင့်​နောက် မှ​တိုက်​ခိုက်​ကြ​မည်​ကို​သိ​သ​ဖြင့် ယွာ​ဘ​သည် လက်​ရွေး​စင်​ဣ​သ​ရေ​လ​စစ်​သည်​များ​ကို​ရှု​ရိ အ​မျိုး​သား​တို့​ဘက်​သို့​မျက်​နှာ​မူ​၍​နေ​စေ​၏။- \v 10 အ​ခြား​တပ်​သား​များ​ကို​မူ​မိ​မိ​၏​ညီ​အ​ဘိ​ရှဲ အား​ကွပ်​ကဲ​စေ​၏။ အဘိ​ရှဲ​သည်​လည်း​သူ​တို့​အား အမ္မုန်​ပြည်​သား​တို့​ဘက်​သို့​မျက်​နှာ​မူ​၍​နေ​ရာ ယူ​စေ​၏။- \v 11 အ​ဘိ​ရှဲ​အား​ယွာ​ဘ​က``အ​ကယ်​၍​ရှု​ရိ​ပြည် သား​တို့​သည်​ငါ့​ကို​အ​နိုင်​ရ​လျက်​နေ​သည် ကို​တွေ့​ရှိ​ရ​လျှင် သင်​သည်​ငါ့​ထံ​စစ်​ကူ​လာ လော့။ အ​ကယ်​၍​သင့်​ကို​အမ္မုန်​ပြည်​သား​တို့ အ​နိုင်​ရ​နေ​ခဲ့​သော်​ငါ​သည်​သင့်​ထံ​သို့​စစ် ကူ​လာ​မည်။- \v 12 ငါ​တို့​သည်​ရဲ​ရင့်​စွာ​ငါ​တို့​အ​မျိုး​သား​များ နှင့်​ငါ​တို့​ဘု​ရား​သ​ခင်​၏​မြို့​များ​အ​တွက် အား​ကြိုး​မာန်​တက်​တိုက်​ခိုက်​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အ​လို​တော်​ရှိ​သည့် အ​တိုင်း​စီ​ရင်​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။ \p \v 13 ယွာ​ဘ​နှင့်​သူ​၏​လူ​တို့​သည်​တိုက်​ခိုက်​ရန် ရှေ့​သို့​ချီ​တက်​ကြ​လျှင် ရှု​ရိ​ပြည်​သား တို့​သည်​ထွက်​ပြေး​ကြ​၏။- \v 14 ဤ​သို့​ရှု​ရိ​ပြည်​သား​တို့​ဆုတ်​ပြေး​ကြ​သည် ကို​အမ္မုန်​ပြည်​သား​တို့​မြင်​သော​အ​ခါ အ​ဘိ ရှဲ​ထံ​မှ​ထွက်​ပြေး​ကာ​မြို့​ထဲ​သို့​ပြန်​၍​ဝင် သွား​ကြ​၏။ ထို​အ​ခါ​ယွာ​ဘ​သည်​အမ္မုန်​ပြည် သား​နှင့်​တိုက်​ပွဲ​မှ​တပ်​ခေါက်​၍​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​လေ​၏။ \p \v 15 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​လက်​တွင် အ ရေး​ရှုံး​နိမ့်​ခဲ့​ကြောင်း​ရှု​ရိ​ပြည်​သား​တို့​သိ ရှိ​ကြ​သော​အ​ခါ မိ​မိ​တို့​၏​တပ်​အ​ပေါင်း တို့​အား​တစ်​ဖန်​စု​ရုံး​စေ​ကြ​၏။- \v 16 ဟာ​ဒ​ဒေ​ဇာ​မင်း​သည်​ဥ​ဖ​ရတ်​မြစ်​အ​ရှေ့ ဘက်​ရှိ​ရှု​ရိ​ပြည်​သား​တို့​ကို​ဆင့်​ခေါ်​သ​ဖြင့် သူ​တို့​သည်​ဟာ​ဒ​ဒေ​ဇာ​မင်း​၏​ဗိုလ်​ချုပ် ရှော​ဗက်​ကွပ်​ကဲ​လျက်​ဟေ​လံ​မြို့​သို့​ရောက် ရှိ​လာ​လေ​သည်။- \v 17 ဤ​အ​ကြောင်း​ကို​ကြား​သော​အ​ခါ ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​တပ်​များ​ကို​စု​ရုံး​စေ​၍ ယော်​ဒန် မြစ်​ကို​ကူး​ပြီး​လျှင်​ဟေ​လံ​မြို့​သို့​ချီ​တက် လေ​၏။ ထို​မြို့​တွင်​ရှု​ရိ​ပြည်​သား​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ​သို့​မျက်​နှာ​မူ​လျက်​နေ​ရာ​ယူ ကြ​၏။ စစ်​ပွဲ​စ​တင်​သည်​နှင့်၊- \v 18 ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​ရှု​ရိ​ပြည် သား​တို့​အား​တိုက်​ထုတ်​လိုက်​ကြ​၏။ ဒါ​ဝိဒ် ၏​လူ​တို့​က​ရှု​ရိ​စစ်​ရ​ထား​မှူး​ခု​နစ်​ရာ နှင့်​မြင်း​စီး​သူ​ရဲ​လေး​သောင်း​တို့​ကို​သုတ် သင်​ပြီး​လျှင် ရန်​သူ​ဗိုလ်​ချုပ်​ရှော​ဗက်​ကို လည်း​ဒဏ်​ရာ​ရ​စေ​၏။ ထို့​ကြောင့်​သူ​သည် စစ်​မြေ​ပြင်​၌​ပင်​သေ​ဆုံး​လေ​သည်။- \v 19 ဟာ​ဒ​ဒေ​ဇာ​၏​လက်​အောက်​ခံ​ဘု​ရင်​များ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​လက်​တွင် မိ​မိ တို့​အ​ရေး​ရှုံး​နိမ့်​ကြ​ပြီ​ဖြစ်​ကြောင်း​သိ​ရှိ ကြ​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ နှင့်​စစ်​ပြေ​ငြိမ်း​ရန်​စေ့​စပ်​၍​သူ​တို့​၏​လက် အောက်​ခံ​ဖြစ်​လာ​ကြ​၏။ ရှု​ရိ​ပြည်​သား​တို့ သည်​လည်း​အမ္မုန်​ပြည်​သား​တို့​အား​နောက် တစ်​ဖန်​စစ်​မ​ကူ​ဝံ့​ကြ​တော့​ချေ။ \c 11 \s1 ဒါ​ဝိဒ်​နှင့်​ဗာ​သ​ရှေ​ဘ \p \v 1 ထို​နှစ်​နွေ​ဦး​ပေါက်​၍ ဘု​ရင်​တို့​စစ်​တိုက် ထွက်​လေ့​ရှိ​သည့်​အ​ချိန်​ရောက်​သော​အ​ခါ ဒါ​ဝိဒ်​သည်​ယွာ​ဘ​အား​သူ​၏​တပ်​မှူး​များ နှင့်​ဣ​သ​ရေ​လ​တပ်​မ​တော်​ကို​စေ​လွှတ်​ရာ သူ​တို့​သည်​အမ္မုန်​ပြည်​သား​တို့​ကို​နှိမ်​နင်း​၍ ရဗ္ဗာ​မြို့​ကို​ဝိုင်း​ထား​ကြ​၏။ ဒါ​ဝိဒ်​မူ​ကား ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ရစ်​သ​တည်း။\x + \xo 11:1 \xt ၅ရာ၊ ၂၀:၁။\x* \p \v 2 တစ်​နေ့​သ​၌​ည​နေ​ခင်း​အ​ချိန်​တွင်​ဒါ​ဝိဒ် သည်​အိပ်​စက်​နား​နေ​ရာ​မှ​နိုး​ထ​၍ နန်း​တော် အ​မိုး​ပေါ်​သို့​တက်​ပြီး​လျှင်​စင်္ကြံ​လျှောက်​နေ စဉ် ရှု​ချင်​ဖွယ်​အ​ဆင်း​လှ​သော​အ​မျိုး​သ​မီး တစ်​ယောက်​ရေ​ချိုး​နေ​သည်​ကို​မြင်​တော်​မူ​၏။- \v 3 သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​လူ​လွှတ်​၍​မည်​သူ​ဖြစ် ကြောင်း​စုံ​စမ်း​စေ​ရာ​ဧ​လျံ​၏​သ​မီး၊ ဟိတ္တိ အ​မျိုး​သား​ဥ​ရိ​ယ​၏​ဇ​နီး​ဗာ​သ​ရှေ​ဘ ဖြစ်​ကြောင်း​ကို​သိ​ရှိ​တော်​မူ​ရ​၏။- \v 4 မင်း​ကြီး​သည်​လူ​လွှတ်​၍​ထို​အ​မျိုး​သ​မီး အား​ခေါ်​စေ​ပြီး​လျှင်​သူ​နှင့်​ချစ်​တင်း​နှီး​နှော တော်​မူ​၏။ (ဗာ​သ​ရှေ​ဘ​သည်​မိန်း​မ​တို့​ဋ္ဌမ္မ တာ​ရာ​သီ​ပန်း​ပွင့်​မှု​ကို​သန့်​စင်​ပြီး​စ​အ​ချိန် ဖြစ်​သ​တည်း) ထို​နောက်​ဗာ​သ​ရှေ​ဘ​သည် အိမ်​သို့​ပြန်​၏။- \v 5 မိ​မိ​၌​ပ​ဋိ​သန္ဓေ​ရှိ​နေ​ကြောင်း​သိ​ရ​သော အ​ခါ ဒါ​ဝိဒ်​ထံ​သို့​သ​တင်း​ပေး​ပို့​လျှောက် ထား​လေ​သည်။ \p \v 6 ထို​အ​ခါ​ဒါ​ဝိဒ်​သည်``ဟိတ္တိ​အ​မျိုး​သား​ဥ​ရိ​ယ အား​ငါ့​ထံ​သို့​စေ​လွှတ်​လော့'' ဟု​ယွာ​ဘ​ထံ​သို့ လူ​လွှတ်​မှာ​ကြား​တော်​မူ​၏။ သို့​ဖြစ်​၍​ယွာ​ဘ သည်​ဥ​ရိ​ယ​အား​ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ်​လိုက် လေ​သည်။- \v 7 ဥရိယ​ရောက်​ရှိ​လာ​သော​အ​ခါ​ဒါ​ဝိဒ်​သည် ယွာ​ဘ နှင့်​စစ်​သည်​တော်​များ​၏​ကျန်း​မာ​ရေး​နှင့်​စစ်​ပွဲ အ​ခြေ​အ​နေ​ကို​စုံ​စမ်း​မေး​မြန်း​တော်​မူ​၏။- \v 8 ထို​နောက်​မင်း​ကြီး​သည်​ဥ​ရိ​ယ​အား``အိမ်​သို့ ပြန်​၍​ခေတ္တ​နား​နေ​လော့'' ဟု​ဆို​၏။ ဥ​ရိ​ယ ထွက်​ခွာ​သွား​သော​အ​ခါ ဒါ​ဝိဒ်​သည်​သူ​၏ အိမ်​သို့​လက်​ဆောင်​တစ်​ခု​ပေး​ပို့​လိုက်​၏။- \v 9 သို့​ရာ​တွင်​ဥ​ရိ​ယ​သည်​အိမ်​သို့​မ​ပြန်​ဘဲ အ​စောင့်​တပ်​သား​များ​နှင့်​အ​တူ​နန်း​တော် တံ​ခါး​ဝ​၌​အိပ်​လေ​သည်။- \v 10 ဤ​သို့​ဥ​ရိ​ယ​အိမ်​မ​ပြန်​ဘဲ​နေ​ခဲ့​ကြောင်း ကို​ဒါ​ဝိဒ်​ကြား​သိ​သော​အ​ခါ​သူ့​အား``သင် သည်​ခ​ရီး​ဝေး​မှ​ယ​ခု​ပင်​ပြန်​လည်​ရောက် ရှိ​လာ​သည်​ဖြစ်​ပါ​လျက် အ​ဘယ်​ကြောင့် အိမ်​သို့​မ​ပြန်​ဘဲ​နေ​ပါ​သ​နည်း'' ဟု​မေး တော်​မူ​၏။ \p \v 11 ဥ​ရိ​ယ​က``ဣ​သ​ရေ​လ​ပြည်​သား​နှင့်​ယု​ဒ ပြည်​သား​တို့​သည် ရပ်​ဝေး​တွင်​စစ်​တိုက်​လျက် ရှိ​နေ​ကြ​ပါ​သည်။ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် လည်း​သူ​တို့​နှင့်​အ​တူ​ရှိ​ပါ​၏။ အ​ကျွန်ုပ်​၏ ဗိုလ်​ချုပ်​ယွာ​ဘ​နှင့်​တပ်​မှူး​များ​သည်​လည်း ကွင်း​ပြင်​ထဲ​တွင်​တပ်​စ​ခန်း​ချ​လျက်​နေ​ရ ကြ​ပါ​၏။ အ​ဘယ်​သို့​လျှင်​အ​ကျွန်ုပ်​သည် အိမ်​သို့​ပြန်​၍​စား​သောက်​ကာ​မ​ယား​နှင့် ပျော်​မွေ့​နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည် ထို​သို့​မ​ပြု​နိုင်​ကြောင်း​ကျိန်​ဆို​ပါ​၏'' ဟု​လျှောက်​၏။ \p \v 12 ထို့​ကြောင့်​ဒါ​ဝိဒ်​က``သို့​ဖြစ်​လျှင်​ဤ​အ​ရပ်​တွင် ပင်​ယ​နေ့​နား​နေ​လော့။ နက်​ဖြန်​သင့်​အား​ပြန်​၍ လွှတ်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို့​ကြောင့်​ဥ​ရိ​ယ သည်​ထို​နေ့​နှင့်​နောက်​တစ်​နေ့​ယေ​ရု​ရှ​လင် မြို့​တွင်​နေ​လေ​သည်။- \v 13 ဒါ​ဝိဒ်​သည်​သူ့​အား​ည​စာ​စား​ရန်​ဖိတ်​ခေါ်​ပြီး လျှင်​ယစ်​မူး​အောင်​သောက်​စား​စေ​၏။ သို့​သော် လည်း​ဥ​ရိ​ယ​သည်​ထို​ည​၌​လည်း​အိမ်​သို့​မ ပြန်​ဘဲ​နန်း​တော်​အ​စောင့်​တပ်​သား​များ​၏ အ​ခန်း​တွင်​စောင်​ခင်း​၍​အိပ်​လေ​သည်။ \p \v 14 နောက်​တစ်​နေ့​၌​ဒါ​ဝိဒ်​သည်​ယွာ​ဘ​ထံ​သို့ စာ​တစ်​စောင်​ရေး​၍​ဥ​ရိ​ယ​နှင့်​ပေး​လိုက်​၏။- \v 15 စာ​တွင်``တိုက်​ပွဲ​အ​ပြင်း​ထန်​ဆုံး​ရှေ့​တန်း​စစ် မျက်​နှာ​သို့​ဥ​ရိ​ယ​အား​စေ​လွှတ်​လော့။ ထို နောက်​သူ​အ​သတ်​ခံ​ရ​စေ​ရန်​သင်​သည်​နောက် သို့​ဆုတ်​ခွာ​လာ​ခဲ့​လော့'' ဟု​ပါ​ရှိ​၏။- \v 16 ထို့​ကြောင့်​ယွာ​ဘ​သည်​မြို့​ကို​မိ​မိ​ဝိုင်း​ရံ လျက်​နေ​စဉ် ဥ​ရိ​ယ​အား​ရန်​သူ​အင်​အား ကြီး​မား​သည့်​စစ်​မျက်​နှာ​သို့​စေ​လွှတ်​၏။- \v 17 ရန်​သူ​တပ်​သား​တို့​သည်​မြို့​ထဲ​မှ​ထွက်​လာ ပြီး​နောက် ယွာ​ဘ​၏​တပ်​သား​များ​နှင့်​တိုက် ခိုက်​ကြ​ရာ ဒါ​ဝိဒ်​၏​တပ်​မှူး​အ​ချို့​ကျ​ဆုံး သွား​ကြ​လေ​သည်။ ယင်း​သို့​ကျ​ဆုံး​သူ​တို့ အ​ထဲ​တွင်​ဥ​ရိ​ယ​လည်း​ပါ​၏။ \p \v 18 ထို​နောက်​ယွာ​ဘ​သည်​ဒါ​ဝိဒ်​ထံ​သို့​တိုက်​ပွဲ အ​ကြောင်း​အ​စီ​ရင်​ခံ​စာ​ပေး​ပို့​ကာ၊- \v 19 စေ​တ​မန်​အား``တိုက်​ပွဲ​အ​ကြောင်း​ကို​သင် အ​စီ​ရင်​ခံ​ပြီး​သော​အ​ခါ၊- \v 20 မင်း​ကြီး​သည်​အ​မျက်​ထွက်​လျက်`သင်​တို့​သည် ရန်​သူ​ကို​တိုက်​ခိုက်​ရန်​အ​ဘယ်​ကြောင့်​မြို့​အ​နီး သို့​ချဉ်း​ကပ်​ကြ​သ​နည်း။ မြို့​ရိုး​များ​မှ​နေ​၍ ရန်​သူ​တို့​သည်​မြား​များ​ဖြင့်​ပစ်​ခတ်​ကြ​မည် ကို​မ​သိ​ကြ​ပါ​သ​လော။- \v 21 ဂိ​ဒေါင်​၏​သား​အ​ဘိ​မ​လက်​သည်​အ​ဘယ်​သို့ သေ​ရ​သည်​ကို​သင်​တို့​မ​မှတ်​မိ​ကြ​သ​လော။ သေ​ဗက်​မြို့​တွင်​အ​မျိုး​သ​မီး​တစ်​ယောက်​သည် မြို့​ရိုး​ပေါ်​မှ​ကျိတ်​ဆုံ​ကျောက်​ကို​ပစ်​ချ​လိုက် သ​ဖြင့်​သူ​သေ​ခဲ့​ရ​၏။ သို့​ဖြစ်​၍​သင်​တို့​သည် အ​ဘယ်​ကြောင့်​မြို့​ရိုး​အ​နီး​သို့​ချဉ်း​ကပ်​ကြ သ​နည်း' ဟု​မေး​တော်​မူ​လိမ့်​မည်။ ထို​သို့​မင်း ကြီး​မေး​ခဲ့​သော်`အ​ရှင့်​တပ်​မှူး​ဥ​ရိ​ယ​သည် လည်း​ကျ​ဆုံး​သွား​ပါ​၏' ဟု​ပြန်​လည်​လျှောက် ထား​လော့'' ဟု​မှာ​ကြား​လိုက်​လေ​သည်။\x + \xo 11:21 \xt သူကြီး၊ ၉:၅၃။\x* \p \v 22 သို့​ဖြစ်​၍​စေ​တ​မန်​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​၍ ယွာ​ဘ​အ​မိန့်​ပေး​လိုက်​သည့်​အ​တိုင်း​လျှောက် ထား​၏။- \v 23 သူ​သည်​မင်း​ကြီး​အား``ရန်​သူ​တို့​သည်​အ​ကျွန်ုပ် တို့​ထက်​အင်​အား​ကြီး​မား​၍ အ​ကျွန်ုပ်​တို့​အား တိုက်​ခိုက်​ရန်​မြို့​ထဲ​မှ​မြို့​ပြင်​သို့​ထွက်​လာ​ကြ ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​သူ​တို့​အား မြို့​တံ​ခါး​ဝ​သို့​ပြန်​၍​တိုက်​ထုတ်​လိုက်​ကြ ပါ​၏။- \v 24 ထို​အ​ခါ​သူ​တို့​သည်​မြို့​ရိုး​မှ​မြား​များ​ဖြင့် ပစ်​ခတ်​ကြ​ရာ​အ​ရှင်​မင်း​ကြီး​၏​တပ်​မှူး​အ​ချို့ ကျ​ဆုံး​သွား​ပါ​၏။ အ​ရှင့်​တပ်​မှူး​ဥ​ရိ​ယ​လည်း ကျ​ဆုံး​ပါ​၏'' ဟု​လျှောက်​လေ​၏။ \p \v 25 မင်း​ကြီး​က​စေ​တ​မန်​အား``စစ်​ပွဲ​တွင်​မည်​သူ မည်​ဝါ​ကျ​ဆုံး​မည်​ကို​အ​ဘယ်​အ​ခါ​၌​မျှ မ​ပြော​နိုင်။ သို့​ဖြစ်​၍​ယွာ​ဘ​အား​စိတ်​မ​ပျက် ရန်​အား​ပေး​စ​ကား​ပြော​ကြား​လော့။ မြို့​ကို ပို​မို​ပြင်း​ထန်​စွာ​တိုက်​စစ်​ဆင်​၍​သိမ်း​ယူ​ရန် ကို​လည်း​ပြော​လော့''ဟု​မှာ​တော်​မူ​လိုက်​၏။ \p \v 26 ဗာ​သ​ရှေ​ဘ​သည်​မိ​မိ​၏​ခင်​ပွန်း​ကျ​ဆုံး ကြောင်း​ကို​ကြား​သိ​သော​အ​ခါ ငို​ကြွေး မြည်​တမ်း​ခြင်း​ကို​ပြု​၏။- \v 27 ငို​ကြွေး​မြည်​တမ်း​ချိန်​ကုန်​လွန်​သော​အ​ခါ​ဒါ​ဝိဒ် သည် သူ့​အား​နန်း​တော်​သို့​ခေါ်​စေ​၍​မိ​ဖု​ရား​မြှောက် ရာ​သား​တော်​ကို​ဖွား​မြင်​လေ​သည်။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​ပြု​ခဲ့​သည့်​အ​မှု ကို​နှစ်​သက်​တော်​မ​မူ။ \c 12 \s1 နာ​သန်​ဆင့်​ဆို​သည့်​အ​မိန့်​တော်​နှင့် ဒါ​ဝိဒ်​၏​နောင်​တ \p \v 1 ထာ​ဝ​ရ​ဘု​ရား​သည်​ပ​ရော​ဖက်​နာ​သန်​အား ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ်​တော်​မူ​သ​ဖြင့် နာ​သန်​သည် သွား​၍​မင်း​ကြီး​အား``အ​ခါ​တစ်​ပါး​က​တစ်​မြို့ တည်း​နေ​လူ​နှစ်​ယောက်​ရှိ​၏။ တစ်​ယောက်​သည်​ချမ်း သာ​ကြွယ်​ဝ​၍​တစ်​ယောက်​က​ဆင်း​ရဲ​၏။-\x + \xo 12:1 \xt ဆာ၊ ၅၁ ခေါင်းစဉ်။\x* \v 2 သူ​ဌေး​တွင်​နွား​နှင့်​သိုး​အ​မြောက်​အ​မြား​ရှိ​၏။- \v 3 သူ​ဆင်း​ရဲ​၌​ကား​မိ​မိ​ဝယ်​ထား​သော​သိုး​က​လေး တစ်​ကောင်​သာ​ရှိ​၏။ သူ​သည်​ထို​သိုး​ငယ်​ကို​ကြည့်​ရှု စောင့်​ရှောက်​၏။ သိုး​ငယ်​သည်​သမီး​သ​ဖွယ်​အိမ်​တွင် သား​သ​မီး​များ​နှင့်​အ​တူ​ကြီး​ပြင်း​လာ​သည်။ သူ​သည်​သိုး​ငယ်​အား​မိ​မိ​စား​သည့်​အ​စား အ​စာ​ကို​ကျွေး​တတ်​၏။ မိ​မိ​၏​သောက်​ရေ​ခွက် မှ​ရေ​ကို​တိုက်​၍​ပေါင်​ပေါ်​တွင်​ချီ​ပွေ့​ထား တတ်​၏။- \v 4 တစ်​နေ့​သ​၌​သူ​ဌေး​၏​အိမ်​သို့​ဧည့်​သည်​တစ် ယောက်​ရောက်​ရှိ​လာ​၏။ သူ​ဌေး​သည်​ဧည့်​ဝတ် ပြု​ရန်​အ​တွက်​မိ​မိ​၏​သိုး​နွား​ကို​မ​သတ် လို​သ​ဖြင့် သူ​ဆင်း​ရဲ​၏​သိုး​ငယ်​ကို​ယူ​၍ သတ်​ပြီး​လျှင်​ဧည့်​သည်​အား​ကျွေး​မွေး​ရန် ချက်​ပါ​၏'' ဟု​လျှောက်​၏။ \p \v 5 ထို​အ​ခါ​ဒါ​ဝိဒ်​သည်​ထို​သူ​ဌေး​အား​လွန်​စွာ အ​မျက်​ထွက်​သ​ဖြင့်``ဤ​သို့​သော​အ​မှု​ကို​ပြု​သူ သည်​သေ​ဒဏ်​ခံ​သင့်​ကြောင်း​အ​သက်​ရှင်​တော်​မူ သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကျိန် ဆို​ပါ​၏။- \v 6 သူ​သည်​ဤ​သို့​ရက်​စက်​သည့်​အ​မှု​ကို​ပြု​သည့် အ​တွက် မိ​မိ​ယူ​ထား​သည့်​သိုး​ငယ်​တစ်​ကောင် အ​စား​လေး​ဆ​ပြန်​၍​ပေး​လျော်​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 7 နာ​သန်​က``ထို​သူ​ကား​အ​ရှင်​မင်း​ကြီး​ပင်​ဖြစ် ပါ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သင့်​ကို ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ခန့်​ထား​၍​ရှော​လု လက်​မှ​ကယ်​ဆယ်​ခဲ့​၏။- \v 8 သင့်​အား​ရှော​လု​၏​နိုင်​ငံ​နှင့်​မိ​ဖု​ရား​တို့ ကို​ပေး​အပ်​ခဲ့​၏။ ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ ပြည်​တို့​ကို​အ​စိုး​ရ​သော​ဘု​ရင်​ဖြစ်​စေ​ခဲ့​၏။ အ​ကယ်​၍​ဤ​မျှ​နှင့်​မ​လုံ​လောက်​သေး​ပါ မူ​ငါ​သည်​သင့်​အား​နှစ်​ဆ​တိုး​၍​ပေး​ဦး မည်​ဖြစ်​သည်။- \v 9 သင်​သည်​အ​ဘယ်​ကြောင့်​ငါ​၏​အ​မိန့်​တော် ကို​မ​နာ​ခံ​သ​နည်း။ အ​ဘယ်​ကြောင့်​ဤ​ဆိုး ညစ်​မှု​ကို​ပြု​ဘိ​သ​နည်း။ သင်​သည်​ဥ​ရိ​ယ အား​စစ်​ပွဲ​တွင်​ကျ​ဆုံး​စေ​ခဲ့​၏။ အမ္မုန်​ပြည် သား​တို့​အား​သူ့​ကို​သတ်​ခွင့်​ပေး​ပြီး​လျှင် သူ ၏​ဇ​နီး​ကို​သိမ်း​ပိုက်​ခဲ့​ပါ​သည်​တ​ကား။- \v 10 သင်​သည်​ငါ့​အ​မိန့်​တော်​ကို​မ​နာ​ခံ​ဘဲ ဥ​ရိ​ယ​၏​ဇ​နီး​ကို​သိမ်း​ယူ​သော​ကြောင့် သင်​၏​ဆွေ​စဉ်​မျိုး​ဆက်​တိုင်း​၌​သေ​ခြင်း ဆိုး​ဖြင့်​သေ​ရ​သူ​များ​ရှိ​လိမ့်​မည်။- \v 11 ငါ​သည်​သင်​၏​မိ​သား​စု​ထဲ​မှ​ပင်​သင့်​အား ဒုက္ခ​ပေး​မည့်​သူ​တစ်​ဦး​ကို​ပေါ်​ပေါက်​လာ စေ​မည်။ သင်​၏​မ​ယား​များ​ကို​အ​ခြား​သူ အား​ငါ​ပေး​အပ်​သည်​ကို​သင်​မြင်​ရ​လိမ့်​မည်။ ထို​သူ​သည်​သင်​၏​မ​ယား​တို့​နှင့်​နေ့​ခင်း ကြောင်​တောင်​၌​ကိုယ်​လက်​နှီး​နှော​မှု​ကို​ပြု လိမ့်​မည်။- \v 12 သင်​သည်​ထို​အ​ပြစ်​ကို​ဆိတ်​ကွယ်​ရာ​၌​ပြု ခဲ့​၏။ ငါ​မူ​ကား​ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​ရပ်​လုံး​တွေ့​မြင်​နိုင်​ရန် ထို​အ​မှု​ကို​နေ့ ခင်း​ကြောင်​တောင်​၌​ဖြစ်​ပွား​စေ​မည်' ဟု​မိန့် တော်​မူ​သည်'' ဟု​ဆင့်​ဆို​၏။\x + \xo 12:12 \xt ၂ရာ၊ ၁၆:၂၂။\x* \p \v 13 ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​မိ​ပါ​ပြီ'' ဟု​ဝန်​ချ​လျှင်​နာ​သန် က``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​၏​အ​ပြစ်​ကို ဖြေ​လွှတ်​၍​သေ​ဒဏ်​မှ​ချမ်း​သာ​စေ​တော် မူ​ပြီ။- \v 14 သို့​ရာ​တွင်​သင်​သည်​ထို​အ​ပြစ်​ကို​ကူး​လွန် ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​အား​လွန်​စွာ​မ​ထီ မဲ့​မြင်​ပြု​ရာ​ရောက်​သ​ဖြင့်​သင့်​က​လေး သည်​သေ​ရ​လိမ့်​မည်'' ဟု​ဆင့်​ဆို​ပြီး​လျှင်၊- \v 15 အိမ်​သို့​ပြန်​လေ​၏။ \s1 ဒါ​ဝိဒ်​၏​သား​ငယ်​သေ​ဆုံး​ခြင်း \p ဥ​ရိ​ယ​၏​ဇ​နီး​နှင့်​ဒါ​ဝိဒ်​ရ​သော​က​လေး ငယ်​ကို ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း​စွာ​ဖျား နာ​စေ​တော်​မူ​၏။- \v 16 ဒါ​ဝိဒ်​သည်​ထို​က​လေး​ကျန်း​မာ​လာ​စေ​ရန် ဘု​ရား​သ​ခင်​အား​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ မင်း​ကြီး​သည်​အ​ဘယ်​အ​စား​အ​စာ​ကို​မျှ မ​စား။ ည​စဉ်​ည​တိုင်း​မိ​မိ​၏​အ​ခန်း​သို့​ဝင် ပြီး​လျှင် ကြမ်း​ပြင်​ပေါ်​တွင်​တစ်​ညဥ့်​လုံး​လှဲ လျောင်း​လျက်​နေ​၏။- \v 17 နန်း​တွင်း​အ​ရာ​ရှိ​များ​သည်​လာ​၍​သူ့​အား ကြိုး​စား​ပြီး​အ​ထ​ခိုင်း​ကြ​သော်​လည်း မင်း ကြီး​သည်​ငြင်း​ဆန်​လျက်​သူ​တို့​နှင့်​အ​တူ အ​စား​အ​စာ​သုံး​ဆောင်​တော်​မ​မူ။- \v 18 သီတင်း​တစ်​ပတ်​မျှ​ကြာ​သော​အ​ခါ​က​လေး ငယ်​သည်​သေ​ဆုံး​သွား​သ​ဖြင့် ဒါ​ဝိဒ်​၏​မှူး မတ်​တို့​သည်​ထို​သ​တင်း​ကို​သူ့​အား​မ​ပြော ဝံ့​ကြ။ သူ​တို့​က``က​လေး​ငယ်​အ​သက်​ရှင် လျက်​ရှိ​စဉ်​အ​ခါ​၌​မင်း​ကြီး​သည် ငါ​တို့ လျှောက်​ထား​ချက်​များ​ကို​ပြန်​၍​ပင်​ဖြေ ကြား​တော်​မ​မူ​ပါ။ သို့​ဖြစ်​၍​က​လေး​ငယ် သေ​ကြောင်း​ကို​သူ့​အား​ငါ​တို့​အ​ဘယ်​သို့ လျှောက်​ထား​နိုင်​ပါ​မည်​နည်း။ သူ​သည်​မိ​မိ ကိုယ်​ကို​အန္တ​ရာယ်​ပြု​ကောင်း​ပြု​လိမ့်​မည်''ဟု ဆို​ကြ​၏။ \p \v 19 ဒါ​ဝိဒ်​သည်​ထို​သူ​တို့​အ​ချင်း​ချင်း​တီး​တိုး ပြော​ဆို​နေ​ကြ​သည်​ကို​မြင်​လျှင် က​လေး သေ​ကြောင်း​ကို​ရိပ်​မိ​သ​ဖြင့်​သူ​တို့​အား``က​လေး သေ​ပြီ​လော'' ဟု​မေး​၏။ \p သူ​တို့​က​လည်း``မှန်​လှ​ပါ၊ က​လေး​သေ​ပါ​ပြီ'' ဟု​လျှောက်​ကြ​၏။ \p \v 20 ဒါ​ဝိဒ်​သည်​ကြမ်း​ပြင်​ပေါ်​မှ​ထ​၍ ရေ​ချိုး ခေါင်း​ဖီး​ပြီး​လျှင်​အ​ဝတ်​အ​စား​များ​ကို လဲ​၏။ ထို​နောက်​ထာဝ​ရ​ဘု​ရား​၏​အိမ်​တော် သို့​သွား​၍​ဝတ်​ပြု​ကိုး​ကွယ်​၏။ နန်း​တော် သို့​ပြန်​လည်​ရောက်​ရှိ​လာ​သော​အ​ခါ​မင်း ကြီး​သည် စား​သောက်​ဖွယ်​တို့​ကို​တောင်း​၍ ချက်​ချင်း​ပင်​စား​တော်​ခေါ်​လေ​သည်။- \v 21 မှူး​မတ်​များ​က``အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​ပြု တော်​မူ​ပုံ​ကို​နား​မ​လည်​နိုင်​ကြ​ပါ။ အ​ရှင် သည်​က​လေး​အ​သက်​ရှင်​နေ​စဉ်​အ​ခါ​က ငို​ယို​လျက်​အ​စား​အ​စာ​ကို​မ​စား​ဘဲ​နေ ပါ​၏။ သို့​ရာ​တွင်​ယ​ခု​က​လေး​သေ​ဆုံး​သည် နှင့်​တစ်​ပြိုင်​နက်​ထ​၍​စား​တော်​ခေါ်​ပါ​သည် တ​ကား'' ဟု​လျှောက်​ထား​ကြ​၏။ \p \v 22 ဒါ​ဝိဒ်​က​လည်း``က​လေး​အ​သက်​ရှင်​နေ​စဉ် အ​ခါ​၌​ငါ​သည်​အ​စာ​ရှောင်​လျက်​ငို​ယို လျက်​နေ​သည်​မှာ​မှန်​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ငါ့​ကို​သ​နား​သ​ဖြင့် က​လေး​၏​အ​သက် ကို​ချမ်း​သာ​ပေး​လိမ့်​မည်​ဟု​ငါ​ထင်​မှတ်​ခဲ့​၏။- \v 23 သို့​သော်​ယ​ခု​မှာ​က​လေး​သေ​ဆုံး​ပြီ​ဖြစ် ၍​ငါ​သည် အ​ဘယ်​ကြောင့်​အ​စာ​ရှောင်​ရ​မည် နည်း။ ငါ​သည်​က​လေး​အား​အ​သက်​ပြန်​၍ ရှင်​စေ​နိုင်​မည်​လော။ တစ်​နေ့​သော​အ​ခါ​၌ ငါ​သည်​သူ​ရှိ​ရာ​အ​ရပ်​သို့​သွား​ရ​လိမ့်​မည်။ သူ​မူ​ကား​ငါ့​ထံ​သို့​အ​ဘယ်​အ​ခါ​မျှ ပြန်​လာ​နိုင်​တော့​မည်​မ​ဟုတ်'' ဟု​ပြန်​၍ မိန့်​တော်​မူ​၏။ \s1 ရှော​လ​မုန်​မွေး​ဖွား​ခြင်း \p \v 24 ထို​နောက်​ဒါ​ဝိဒ်​သည်​သူ​၏​မိ​ဖု​ရား​ဗာ​သ ရှေ​ဘ​အား နှစ်​သိမ့်​စေ​ပြီး​နောက်​သူ​နှင့်​ကိုယ် လက်​နှီး​နှော​မှု​ကို​ပြု​၏။ ဗာ​သ​ရှေ​ဘ​သည် လည်း​သား​ယောကျာ်း​လေး​ကို​ဖွား​မြင်​လေ သည်။ ထို​သား​ကို​ဒါ​ဝိဒ်​သည်​ရှော​လ​မုန်​ဟု နာ​မည်​မှည့်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို သူ​ငယ်​ကို​ချစ်​မြတ်​နိုး​တော်​မူ​သ​ဖြင့်၊- \v 25 မိ​မိ​ချစ်​မြတ်​နိုး​မှု​ကို​ထောက်​၍​ထို​သူ​ငယ် ကို​ယေ​ဒိ​ဒိ\f 4 \fr 12:25 \ft * \+fk ယေ​ဒိ​ဒိ။ \ft ထာ​ဝ​ရ​ဘု​ရား​ချစ်​မြတ်​နိုး​သူ​ဟု အ​နက်​ရ​သည်။\f* ဟု​နာ​မည်​မှည့်​ရန်​ပ​ရော​ဖက်​နာ​သန်​အား အ​မိန့်​ပေး​တော်​မူ​၏။ \s1 ရဗ္ဗာ​မြို့​ကို​ဒါ​ဝိဒ်​သိမ်း​တော်​မူ​ခြင်း \r (၅ရာ၊ ၂၀:၁-၃) \p \v 26 ဤ​အ​တော​အ​တွင်း​၌​ယွာ​ဘ​သည် အမ္မုန်​ပြည် ၏​မြို့​တော်​ရဗ္ဗာ​မြို့​ကို​တိုက်​ခိုက်​သ​ဖြင့်​မြို့ တော်​ကျ​ခါ​နီး​သော​အ​ခါ၊- \v 27 ဒါ​ဝိဒ်​ထံ​သို့``အ​ကျွန်ုပ်​သည်​ရဗ္ဗာ​မြို့​ကို တိုက်​ခိုက်​၍​ရေ​ကန်​ကို​သိမ်း​ယူ​ပြီး​ပါ​ပြီ။- \v 28 အ​ရှင်​သည်​ကျန်​ရှိ​နေ​သေး​သော​စစ်​သည် အ​လုံး​အ​ရင်း​နှင့်​ကြွ​တော်​မူ​၍ ထို​မြို့​ကို သိမ်း​ယူ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​ထို​မြို့​ကို သိမ်း​ယူ​သူ​အ​ဖြစ်​ဖြင့်​နာ​မည်​ကောင်း​မ​ယူ လို​ပါ'' ဟု​စေ​တ​မန်​များ​ကို​လွှတ်​၍ အ​စီ​ရင်​ခံ​လေ​သည်။- \v 29 ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​မိ​မိ​၏​စစ်​သည်​တော် များ​ကို​စု​ရုံး​၍ ရဗ္ဗာ​မြို့​သို့​သွား​ရောက်​တိုက် ခိုက်​နှိမ်​နင်း​တော်​မူ​၏။- \v 30 မင်း​ကြီး​သည်​မိ​လ​ကုံ​နတ်​ဘု​ရား​ရုပ်​တု​၏ ဦး​ခေါင်း​မှ​ရွှေ​သ​ရ​ဖူ​ကို​ယူ​၍​ဆောင်း​တော် မူ​၏။ ထို​သ​ရ​ဖူ​ကား​အ​လေး​ချိန်​ခွက်​တစ် ဆယ်​ရှိ​၍​အ​ဖိုး​ထိုက်​သည့်​ကျောက်​မျက်​တစ် လုံး​တပ်​ဆင်​ထား​၏။ မင်း​ကြီး​သည်​ကျောက် မျက်​ကို​ချွတ်​၍​မိ​မိ​သ​ရ​ဖူ​တွင်​တပ်​ဆင်​၏။ မင်း​ကြီး​သည်​ထို​မြို့​မှ​တိုက်​ရာ​ပါ​ပစ္စည်း အ​မြောက်​အ​မြား​ကို​လည်း​သိမ်း​ယူ​တော် မူ​၏။- \v 31 ထို​မြို့​မှ​လူ​တို့​အား​ခေါ်​ဆောင်​ကာ လွှ၊ ပေါက် တူး၊ ပု​ဆိန်​တို့​ဖြင့်​လုပ်​ကိုင်​ရ​သော​အ​လုပ် ကြမ်း​ကို​လည်း​ကောင်း၊ အုတ်​ဖုတ်​သော​အ​လုပ် ကို​လည်း​ကောင်း​လုပ်​စေ​တော်​မူ​၏။ မင်း​ကြီး သည်​အမ္မုန်​ပြည်​၏​အ​ခြား​မြို့​များ​မှ​လူ​တို့ ကို​လည်း​ဤ​နည်း​အ​တိုင်း​ပင်​လုပ်​ကိုင်​စေ တော်​မူ​၏။ ထို​နောက်​သူ​နှင့်​သူ​၏​လူ​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​သွား​ကြ​၏။ \c 13 \s1 အာ​မ​နုန်​နှင့်​တာ​မာ \p \v 1 ဒါ​ဝိဒ်​၏​သား​တော်​အ​ဗ​ရှ​လုံ​တွင် တာ​မာ နာ​မည်​ရှိ​သော​အ​ဆင်း​လှ​သူ​နှ​မ​တော်​ရှိ ၏။ ဒါ​ဝိဒ်​၏​သား​တော်​တစ်​ပါး​ဖြစ်​သူ​အာ မ​နုန်​သည်​ထို​နှ​မ​တော်​ကို​အ​လွန်​စုံ​မက်​၏။- \v 2 သူ​သည်​တာ​မာ​ကို​အ​လွန်​ချစ်​လှ​သ​ဖြင့် စိတ္တ​ဇ​ရော​ဂါ​စွဲ​ကပ်​လာ​လေ​သည်။ နှ​မ​တော် သည်​အ​ပျို​စင်​ဖြစ်​သ​ဖြင့် အာ​မ​နုန်​သည် မိ​မိ​အ​လို​ပြည့်​စေ​ရန်​မ​ကြံ​တတ်​အောင် ဖြစ်​လေ​၏။- \v 3 သို့​ရာ​တွင်​သူ့​မှာ​ယော​န​ဒပ်​အ​မည်​တွင်​သော မိတ်​ဆွေ​ရှိ​၏။ ယော​န​ဒပ်​သည်​ဒါ​ဝိဒ်​၏​အစ်​ကို ရှိ​မာ​၏​သား​ဖြစ်​၏။ သူ​သည်​အ​လွန်​ပါး​နပ် လိမ္မာ​သူ​တည်း။- \v 4 ယော​န​ဒပ်​က``သင်​သည်​ဘု​ရင့်​သား​တော်​ဖြစ် ပါ​လျက် နေ့​စဉ်​ရက်​ဆက်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​လျက်​နေ​သည်​ကို​ငါ​တွေ့​မြင်​ရ​ပါ​၏။ အ​ကြောင်း​အ​ဘယ်​သို့​ရှိ​သည်​ကို​ငါ့​အား ပြော​လော့'' ဟု​အာ​မ​နုန်​အား​ဆို​၏။ \p အာ​မ​နုန်​က``ငါ​နှင့်​အ​ဖေ​တူ​အ​မေ​ကွဲ​ညီ အစ်​ကို​တော်​သူ​အ​ဗ​ရှ​လုံ​၏​နှ​မ​တာ​မာ ကို​ငါ​ချစ်​လျက်​နေ​ပါ​၏'' ဟု​ပြန်​ပြော​၏။ \p \v 5 ယော​န​ဒပ်​က``သင်​သည်​ဖျား​နာ​ဟန်​ပြု​၍ အိပ်​ရာ​ပေါ်​တွင်​နေ​လော့။ သင့်​ခ​မည်း​တော် လာ​၍​ကြည့်​သော​အ​ခါ`နှ​မ​တော်​တာ​မာ အား​အ​ကျွန်ုပ်​ထံ​သို့​စေ​လွှတ်​၍ အ​ကျွန်ုပ် အား​အ​စား​အ​စာ​ကျွေး​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ရှေ့​တွင်​သူ​ချက်​၍ သူ့​လက်​ဖြင့် ကျွေး​သော​အ​စား​အ​စာ​ကို​စား​လို​ပါ သည်' ဟု​လျှောက်​ထား​လော့'' ဟု​အ​ကြံ ပေး​၏။- \v 6 သို့​ဖြစ်​၍​အာ​မ​နုန်​သည်​ဖျား​နာ​ဟန်​ပြု ၍​အိပ်​ရာ​ပေါ်​တွင်​အိပ်​နေ​လေ​၏။ \p ဒါ​ဝိဒ်​မင်း​သည်​သူ့​ကို​လာ​၍​ကြည့်​သော​အ​ခါ အာ​မ​နုန်​က``တာ​မာ​ကို​စေ​လွှတ်​၍​အ​ကျွန်ုပ် ရှေ့​တွင်​မုန့်​အ​နည်း​ငယ်​လုပ်​စေ​ပြီး​လျှင်​သူ့ လက်​ဖြင့်​အ​ကျွန်ုပ်​အား​ကျွေး​မွေး​စေ​တော် မူ​ပါ'' ဟု​လျှောက်​၏။ \p \v 7 သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​နန်း​တော်​တွင်း​ရှိ​တာ​မာ ၏​အိမ်​သို့​လူ​ကို​စေ​လွှတ်​၍ အာ​မ​နုန်​၏​အိမ် သို့​သွား​၍​သူ့​အ​တွက်​အ​စား​အ​စာ​အ​နည်း ငယ်​ကို​ပြင်​ဆင်​ပေး​လော့'' ဟု​မှာ​လိုက်​၏။- \v 8 တာ​မာ​ရောက်​ရှိ​သော​အ​ခါ​အာ​မ​နုန်​ကို အိပ်​ရာ​ထဲ​တွင်​တွေ့​ရှိ​ရ​၏။ တာ​မာ​သည် မုန့်​ညက်​အ​နည်း​ငယ်​ကို​ယူ​၍​နယ်​ပြီး​လျှင် အာ​မ​နုန်​၏​ရှေ့​တွင်​မုန့်​အ​နည်း​ငယ်​ကို​လုပ် ၏။ ထို​နောက်​မုန့်​ကို​ဖုတ်​၍၊- \v 9 အာ​မ​နုန်​စား​ရန်​မုန့်​ကို​အိုး​ကင်း​မှ​ယူ​၍ ထည့်​ထား​ပေး​၏။ သို့​ရာ​တွင်​အာ​မ​နုန်​သည် မ​စား​ဘဲ``လူ​အ​ပေါင်း​တို့​အား​ငါ့​ထံ​မှ ထွက်​ခွာ​သွား​စေ​လော့'' ဟု​ဆို​၏။ သူ​တို့ သည်​လည်း​ထွက်​သွား​ကြ​၏။- \v 10 ထို​အ​ခါ​သူ​သည်​တာ​မာ​အား``မုန့်​ကို​ငါ​၏ အိပ်​ရာ​သို့​ယူ​ခဲ့​၍​သင်​ကိုယ်​တိုင်​ငါ့​အား​ကျွေး ပါ​လော့'' ဟု​ဆို​၏။ တာ​မာ​သည်​မိ​မိ​လုပ်​ထား သည့်​မုန့်​ကို​ယူ​၍​အာ​မ​နုန်​ရှိ​ရာ​သို့​သွား​၏။- \v 11 မုန့်​ကို​ကမ်း​၍​ပေး​လိုက်​သော​အ​ခါ​အာ​မ​နုန် သည်​တာ​မာ​၏​လက်​ကို​ဆွဲ​ကိုင်​ကာ``ငါ​နှင့် အ​တူ​အိပ်​စက်​ပါ​လော့'' ဟု​ဆို​၏။ \p \v 12 တာ​မာ​က``ဤ​ယုတ်​မာ​မှု​ကို​မ​ပြု​ပါ​နှင့်။ ဤ အ​မှု​သည်​ရွံ​ရှာ​စက်​ဆုတ်​ဖွယ်​ကောင်း​ပါ​၏။- \v 13 ကျွန်​မ​သည်​လူ​ပုံ​လယ်​တွင်​နောင်​အ​ဘယ်​အ​ခါ ၌​မျှ​ခေါင်း​ထောင်​ရဲ​တော့​မည်​မ​ဟုတ်​ပါ။ သင်​သည် လည်း​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​တွင်​လုံး​ဝ အ​သ​ရေ​ပျက်​သွား​ပါ​လိမ့်​မည်။ ကျေး​ဇူး​ပြု​၍ မင်း​ကြီး​အား​လျှောက်​ထား​ပါ​လော့။ ထို​သို့ လျှောက်​ထား​ပါ​လျှင်​မင်း​ကြီး​သည်​ကျွန်​မ အား သင်​နှင့်​မ​ပေး​စား​ဘဲ​နေ​တော်​မူ​မည်​မ ဟုတ်​ကြောင်း​ကို​ကျွန်​မ​သိ​ပါ​၏'' ဟု​ဆို​၏။- \v 14 သို့​ရာ​တွင်​အာ​မ​နုန်​သည်​တာ​မာ​၏​စ​ကား ကို​နား​မ​ထောင်။ သူ​သည်​တာ​မာ​ထက်​ပို​၍ ခွန်​အား​ကြီး​သ​ဖြင့် တာ​မာ​အား​မ​တော် မ​တ​ရား​ပြု​ကျင့်​လေ​၏။ \p \v 15 ထို​နောက်​အာ​မ​နုန်​သည်​တာ​မာ​ကို​လွန်​စွာ​မုန်း လေ​၏။ သူ​သည်​ယ​ခင်​အ​ခါ​က​ချစ်​အား​ကြီး သည်​ထက် ယ​ခု​အ​ခါ​၌​မုန်း​အား​ပို​၍​ကြီး သ​ဖြင့်​တာ​မာ​အား``ထွက်​သွား​လော့'' ဟု​နှင် ထုတ်​လေ​သည်။ \p \v 16 တာ​မာ​က``နှ​မ​တော်​ကို​ဤ​သို့​နှင်​ထုတ်​ခြင်း​မှာ ခု​တင်​က​သင်​ကူး​လွန်​သည့်​ပြစ်​မှု​ထက်​ပင် ပို​မို​ဆိုး​ရွား​ပါ​သည်'' ဟု​ဆို​၏။ \p သို့​ရာ​တွင်​အာ​မ​နုန်​သည်​တာ​မာ​၏​စ​ကား ကို​နား​မ​ထောင်​ဘဲ၊- \v 17 သူ​သည်​မိ​မိ​၏​အ​စေ​ခံ​ကို​ခေါ်​၍``ဤ​မိန်း​မ ကို​ငါ့​မျက်​မှောက်​မှ​ထုတ်​၍​တံ​ခါး​ကျင်​ကို ထိုး​ထား​လော့'' ဟု​ဆို​၏။- \v 18 အ​စေ​ခံ​သည်​လည်း​တာ​မာ​ကို​အ​ပြင်​သို့ ထုတ်​၍​တံ​ခါး​ကျင်​ကို​ထိုး​လိုက်​၏။ \p တာ​မာ​သည်​ထို​ခေတ်​အ​ခါ​က​အိမ်​ထောင်​မ​ပြု ရ​သေး​သည့် မင်း​သ​မီး​များ​ဝတ်​ဆင်​တတ်​သည့် လက်​ရှည်​ဝတ်​လုံ​အ​င်္ကျီ​ကို​ဝတ်​ဆင်​ထား​၏။- \v 19 သူ​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​ပြာ​လူး​၍​ဝတ် လုံ​ကို​လည်း​ဆုတ်​ဖြဲ​ကာ မျက်​နှာ​ကို​လက်​ဖြင့် အုပ်​၍​ငို​ယို​လျက်​ထွက်​ခွာ​သွား​လေ​သည်။- \v 20 သူ​၏​အစ်​ကို​အ​ဗ​ရှ​လုံ​က``သင့်​အား​အာ​မ​နုန် စော်​ကား​လိုက်​ပြီ​လော။ ငါ့​နှ​မ၊ အ​ခြား​မည်​သူ့ ကို​မျှ​မ​ပြော​နှင့်။ သူ​သည်​သင်​နှင့်​အ​ဖေ​တူ အ​မေ​ကွဲ​မောင်​နှ​မ​တော်​၏။ ဤ​အမှု​ကြောင့် များ​စွာ​စိတ်​ဒုက္ခ​မ​ဖြစ်​ပါ​စေ​နှင့်'' ဟု​ဆို​၏။ \p \v 21 ထို​သို့​ဖြစ်​ပျက်​သည်​ကို​ကြား​သိ​သော အ​ခါ​ဒါ​ဝိဒ်​သည်​လွန်​စွာ​အ​မျက်​ထွက်​၏။- \v 22 အ​ဗ​ရှ​လုံ​မူ​ကား​မိ​မိ​၏​နှ​မ​တာ​မာ​ကို​မ တော်​မ​တ​ရား​ပြု​ကျင့်​သည့်​အ​တွက် အာ​မ​နုန် အား​လွန်​စွာ​မုန်း​သ​ဖြင့်​စ​ကား​မ​ပြော​ဘဲ နေ​၏။ \s1 အ​ဗ​ရှ​လုံ​လက်​စား​ချေခြင်း \p \v 23 နှစ်​နှစ်​မျှ​ကြာ​သော်​အ​ဗ​ရှ​လုံ​သည်​ဧ​ဖ​ရိမ် မြို့​အ​နီး​ဗာ​လ​ဟာ​ဇော်​ရွာ​တွင် မိ​မိ​သိုး​များ အ​မွေး​ညှပ်​ပွဲ​ကို​ကျင်း​ပ​၏။ ထို​အ​ခါ​သူ သည်​ဘု​ရင့်​သား​တော်​အ​ပေါင်း​တို့​ကို​ဖိတ် ခေါ်​လေ​သည်။- \v 24 သူ​သည်​ဒါ​ဝိဒ်​မင်း​ကြီး​ထံ​သို့​သွား​ပြီး လျှင်``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည်​သိုး​မွေး ညှပ်​ပွဲ​ကျင်း​ပ​မည်​ဖြစ်​၍​အ​ရှင်​နှင့်​မှူး​မတ် များ​ကြွ​ရောက်​တော်​မူ​ပါ'' ဟု​လျှောက်​၏။ \p \v 25 မင်း​ကြီး​က``ငါ့​သား​ငါ​တို့​မ​လာ​လို။ လာ​ခဲ့ သော်​သင့်​အ​တွက်​တာ​ဝန်​ကြီး​ပါ​လိမ့်​မည်'' ဟု ဆို​၏။ အ​ဗ​ရှ​လုံ​သည်​မင်း​ကြီး​အား​မ​ရ​မ က​ဖိတ်​ခေါ်​ပါ​သော်​လည်း မင်း​ကြီး​သည်​မ လိုက်​ဘဲ​အ​ဗ​ရှ​လုံ​အား​ကောင်း​ချီး​ပေး​၍ ထွက်​ခွာ​သွား​စေ​တော်​မူ​၏။ \p \v 26 သို့​ရာ​တွင်​အ​ဗ​ရှ​လုံ​က``ထို​သို့​ဖြစ်​ပါ​မူ ယုတ်​စွ​အ​ဆုံး​အ​ကျွန်ုပ်​၏​အစ်​ကို​အာ​မ​နုန် ကို​သွား​ခွင့်​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​၏။ \p မင်း​ကြီး​က``အ​ဘယ်​ကြောင့်​သူ့​အား သွား​စေ​ရ​ပါ​မည်​နည်း'' ဟု​ဆို​၏။- \v 27 သို့​သော်​လည်း​အဗ​ရှ​လုံ​သည်​မ​ရ​မ​က​ဆက် လက်​ပူ​ဆာ​နေ​သ​ဖြင့် နောက်​ဆုံး​၌​ဒါ​ဝိဒ်​သည် အာ​မ​နုန်​နှင့်​အ​ခြား​သား​တော်​အား​လုံး​ကို သွား​ခွင့်​ပြု​တော်​မူ​၏။ \p \v 28 အ​ဗ​ရှ​လုံ​သည်​ဘု​ရင်​တို့​နှင့်​ထိုက်​တန်​သည့် စား​ပွဲ​ကြီး​ကို​ပြင်​ဆင်​ပြီး​နောက် မိ​မိ​၏​အ​စေ ခံ​တို့​အား``အာ​မ​နုန်​သည်​စ​ပျစ်​ရည်​အ​လွန် အ​ကြူး​သောက်​မိ​သော​အ​ခါ ငါ​အ​မိန့်​ပေး လိုက်​မည်။ ထို​အ​ခါ​သင်​တို့​သူ့​အား​လုပ်​ကြံ ကြ​လော့။ မ​ကြောက်​ကြ​နှင့်။ ငါ​ကိုယ်​တိုင်​တာ ဝန်​ယူ​မည်။ ရဲ​ရင့်​စွာ​ပြု​ကြ​လော့။ လက်​မ​ရွံ့ စေ​ကြ​နှင့်'' ဟု​မှာ​ကြား​၍​ထား​၏။- \v 29 အ​စေ​ခံ​တို့​သည်​အ​ဗ​ရှ​လုံ​အ​မိန့်​ပေး​ထား သည့်​အ​တိုင်း​အာ​မ​နုန်​ကို​လုပ်​ကြံ​ကြ​၏။ ထို အ​ခါ​ဒါ​ဝိဒ်​၏​အ​ခြား​သား​တော်​အ​ပေါင်း တို့​သည်​လား​များ​ကို​စီး​၍​ထွက်​ပြေး​ကြ လေ​သည်။ \p \v 30 သူ​တို့​သည်​အိမ်​အ​ပြန်​လမ်း​၌​ရှိ​နေ​သေး စဉ်``အ​ဗ​ရှ​လုံ​သည်​အ​ရှင်​၏​သား​တော် အ​ပေါင်း​တို့​ကို​သတ်​လေ​ပြီ။ တစ်​ဦး​တစ် ယောက်​မျှ​မ​ကျန်​မ​ရှိ​တော့​ပါ'' ဟူ​သော သ​တင်း​သည်​ဒါ​ဝိဒ်​ထံ​သို့​ရောက်​ရှိ​လာ​၏။- \v 31 မင်း​ကြီး​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​မိ​မိ ၏​အ​ဝတ်​ကို​ဆုတ်​ဖြဲ​ပြီး​လျှင် ကိုယ်​ကို​မြေ ပေါ်​သို့​လှဲ​ချ​လိုက်​၏။ ထို​အ​ရပ်​တွင်​မင်း ကြီး​နှင့်​အ​တူ​ရှိ​သော​အ​စေ​ခံ​တို့​သည် လည်း မိ​မိ​တို့​၏​အင်္ကျီ​များ​ကို​ဆုတ်​ဖြဲ ကြ​၏။- \v 32 သို့​ရာ​တွင်​ဒါ​ဝိဒ်​၏​အစ်​ကို​ရှိ​မာ​၏​သား ယော​န​ဒပ်​က``အ​ရှင်​မင်း​ကြီး၊ အရှင်​၏​သား တော်​အား​လုံး​ကို​သတ်​လိုက်​ကြ​သည်​မ​ဟုတ် ပါ။ အာ​မ​နုန်​တစ်​ယောက်​တည်း​ကို​သာ​သတ် ခြင်း​ဖြစ်​ပါ​သည်။ အ​ဗ​ရှ​လုံ​သည်​မိ​မိ​၏ နှ​မ​တော်​တာ​မာ​ကို​အာ​မ​နုန်​မ​တ​ရား ပြု​ကျင့်​သည့်​နေ့​မှ​စ​၍ ဤ​အ​မှု​ကို​ပြု​ရန် စိတ်​ပိုင်း​ဖြတ်​ထား​ကြောင်း​သူ​၏​မျက်​နှာ တွင်​ပေါ်​ပါ​၏။- \v 33 သို့​ဖြစ်​၍​အ​ရှင်​၏​သား​တော်​အား​လုံး​သေ လေ​ပြီ​ဟူ​သော​သ​တင်း​ကို​ယုံ​ကြည်​တော် မ​မူ​ပါ​နှင့်။ အာ​မ​နုန်​တစ်​ဦး​တည်း​သာ သေ​ပါ​၏'' ဟု​လျှောက်​၏။ \p \v 34 ဤ​အ​တော​အ​တွင်း​၌​အ​ဗ​ရှ​လုံ​သည်​ထွက် ပြေး​လေ​၏။ ထို​နောက်​မ​ကြာ​မီ​ကင်း​စောင့်​တာ ဝန်​ကျ​သော​တပ်​သား​သည်​ဟော​ရော​နိမ်​မြို့ လမ်း​တောင်​ကုန်း​ပေါ်​မှ​လူ​အ​ချို့​ဆင်း​လာ သည်​ကို​တွေ့​သ​ဖြင့်​ဘု​ရင့်​ထံ​သို့​သွား ၍``ဟော​ရော​နိမ်​လမ်း​တောင်​ကုန်း​ပေါ်​မှ​လူ အ​ချို့​တို့​ဆင်း​လာ​နေ​ကြ​ပါ​သည်'' ဟု လျှောက်​၏။- \v 35 ယော​န​ဒပ်​က​ဒါ​ဝိဒ်​အား`အ​ကျွန်ုပ်​လျှောက် ထား​ခဲ့​သည့်​အ​တိုင်း ထို​သူ​တို့​သည်​အ​ရှင် ၏​သား​တော်​များ​ဖြစ်​ပါ​၏' ဟု​လျှောက်​၏။- \v 36 သူ​၏​စ​ကား​ဆုံး​သည်​နှင့်​တစ်​ပြိုင်​နက်​ဒါ​ဝိဒ် ၏​သား​တော်​တို့​သည်​ရောက်​ရှိ​လာ​ကြ​၏။ သူ တို့​သည်​စ​တင်​ငို​ကြွေး​ကြ​သ​ဖြင့်​ဒါ​ဝိဒ် နှင့်​မှူး​မတ်​တို့​သည်​လည်း​ပြင်း​စွာ​ငို​ကြွေး ကြ​၏။ \p \v 37-38 အ​ဗ​ရှ​လုံ​သည်​ထွက်​ပြေး​ပြီး​လျှင်​ဂေ​ရှု​ရ ပြည်​အ​မိ​ဟုဒ်​၏​သား​ဘု​ရင်​တာ​လ​မဲ​ထံ သို့​သွား​၏။ ဒါ​ဝိဒ်​သည်​လည်း​သား​တော် အာ​မ​နုန်​အ​တွက် ကာ​လ​ကြာ​မြင့်​စွာ​ဝမ်း နည်း​ကြေ​ကွဲ​လျက်​နေ​၏။ အ​ဗ​ရှ​လုံ​သည် ဂေ​ရှု​ရ​ပြည်​တွင်​သုံး​နှစ်​မျှ​နေ​လေ​သည်။-\x + \xo 13:37-38 \xt ၂ရာ၊ ၃:၃။\x* \v 39 မင်း​ကြီး​သည်​သေ​ဆုံး​သော​အာ​မ​နုန်​ကို အ​လွမ်း​ပြေ​သော​အ​ခါ အ​ဗ​ရှ​လုံ​အား လွမ်း​ဆွတ်​တ​သ​လေ​၏။ \b \c 14 \s1 အ​ဗ​ရှ​လုံ​အား​ပြန်​လာ​ခွင့်​ပြု​ရန်​ယွာ​ဘ စီ​စဉ်​ပေး​ခြင်း \p \v 1 ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​သည် အ​ဗ​ရှ​လုံ​ကို ဒါ​ဝိဒ်​မင်း​လွန်​စွာ​လွမ်း​ဆွတ်​တ​သ​လျက်​နေ ကြောင်း​သိ​၏။- \v 2 ထို့​ကြောင့်​သူ​သည်​တေ​ကော​မြို့​နေ​အ​သိ အ​လိမ္မာ​ရှိ​သူ​အ​မျိုး​သ​မီး​တစ်​ယောက်​ကို အ​ခေါ်​ခိုင်း​ပြီး​လျှင် ထို​အ​မျိုး​သ​မီး​အား``သင် သည်​ငို​ကြွေး​မြည်​တမ်း​ဟန်​ပြု​လော့။ ဝမ်း​နည်း ပူ​ဆွေး​သည့်​အ​နေ​ဖြင့်​ဝတ်​စား​၍​ခေါင်း​မ​ဖီး ဘဲ ကာ​လ​ကြာ​မြင့်​စွာ​ငို​ကြွေး​မြည်​တမ်း​နေ သူ​အ​မျိုး​သ​မီး​တစ်​ဦး​ကဲ့​သို့​ပြု​မူ​လော့။- \v 3 ထို​နောက်​ဘု​ရင်​၏​ထံ​တော်​သို့​သွား​၍​ငါ​ပြော သည့်​အ​တိုင်း​လျှောက်​ထား​လော့'' ဟု​ဆို​ပြီး နောက်​မင်း​ကြီး​အား​မည်​သို့​လျှောက်​ထား​ရ မည်​ကို​သင်​ကြား​ပေး​၏။ \p \v 4 ထို​အ​မျိုး​သ​မီး​သည်​ဘု​ရင့်​ထံ​သို့​သွား​၍ ပျပ်​ဝပ်​ရှိ​ခိုး​လျက်``အ​ရှင်​မင်း​ကြီး​ကျွန်​တော် မ​အား​ကယ်​တော်​မူ​ပါ'' ဟု​လျှောက်​၏။ \p \v 5 မင်း​ကြီး​က``သင်​သည်​အ​ဘယ်​အ​ရာ​ကို အ​လို​ရှိ​သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ \p အ​မျိုး​သ​မီး​က``ကျွန်​တော်​မ​သည်​ဆင်း​ရဲ သူ​မု​ဆိုး​မ​ဖြစ်​ပါ​၏။ ကျွန်​တော်​မ​၏​ခင်​ပွန်း သည်​သေ​ပါ​ပြီ။- \v 6 ကျွန်​တော်​မ​တွင်​သား​နှစ်​ယောက် ရှိ​ပါ​၏။ တစ်​နေ့ သော​အ​ခါ​သူ​တို့​သည်​ဖျန်​ဖြေ​ပေး​မည့်​သူ​တစ် ဦး​တစ်​ယောက်​မျှ​မ​ရှိ​သည့်​လယ်​ကွင်း​ထဲ​၌​ရန် ဖြစ်​ကြ​သ​ဖြင့် တစ်​ယောက်​က​အ​ခြား​တစ် ယောက်​ကို​သတ်​ဖြတ်​လိုက်​ပါ​၏။- \v 7 သို့​ဖြစ်​၍​အ​ရှင်၊ ယ​ခု​အ​ခါ​ကျွန်​တော်​မ​၏ ဆွေ​မျိုး​တို့​သည်​ကျွန်​တော်​မ​အား​ရန်​ဘက်​ပြု ကာ ကျွန်​တော်​မ​၏​သား​ငယ်​ကို​သူ​၏​အစ်​ကို အား​သတ်​သည့်​အ​တွက်​သေ​စား​သေ​စေ​ရန် အပ်​ရ​မည်​ဟု​တောင်း​ဆို​နေ​ကြ​ပါ​၏။ ဤ အ​တိုင်း​သာ​ထို​သူ​တို့​ပြု​ကြ​ပါ​မူ​ကျွန် တော်​မ​၏​နောက်​ဆုံး​မျှော်​လင့်​အား​ထား​ရာ သား​တစ်​ယောက်​မျှ​ကျန်​ရှိ​တော့​မည်​မ​ဟုတ် ပါ။ ကျွန်​တော်​မ​ခင်​ပွန်း​၏​မျိုး​ဆက်​သည် လည်း​ပြတ်​သွား​ပါ​လိမ့်​မည်'' ဟု​လျှောက် လေ​၏။ \p \v 8 မင်း​ကြီး​က``ဤ​အ​မှု​ကို​ငါ​ဆောင်​ရွက်​ပေး မည်။ သင်​အိမ်​သို့​ပြန်​လော့'' ဟု​ဆို​လျှင်၊ \p \v 9 အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင် အ​ဘယ်​သို့​ပင်​ပြု​သည်​မ​ဆို​ကျွန်​တော်​မ နှင့်​မိ​သား​စု​တို့​အ​ပေါ်​အ​ပြစ်​ရောက်​ပါ စေ​သော။ အ​ရှင်​နှင့်​အရှင့်​ဆွေ​တော်​မျိုး​တော် တို့​သည်​အ​ပြစ်​ကင်း​ကြ​ပါ​စေ​သော'' ဟု လျှောက်​၏။ \p \v 10 မင်း​ကြီး​က``အ​ကယ်​၍​သင့်​အား​ခြိမ်း​ခြောက် သူ​ရှိ​လျှင်​သူ့​အား​ငါ့​ထံ​သို့​ခေါ်​ခဲ့​လော့။ သူ သည်​သင့်​ကို​နောက်​တစ်​ဖန်​မ​နှောင့်​ယှက်​ရ'' ဟု ဆို​၏။ \p \v 11 အ​မျိုး​သ​မီး​က​လည်း``အ​ရှင်​မင်း​ကြီး၊ ကျွန် တော်​မ​၏​သား​ကြီး​အ​တွက်​လက်​စား​ချေ​ရန် ကြံ​စည်​နေ​ကြ​သော​ဆွေ​မျိုး​တို့​သည် ကျွန်​တော် မ​၏​သား​ငယ်​ကို​သတ်​ခြင်း​အား​ဖြင့် ပို​မို​ကြီး လေး​သည့်​ရာ​ဇ​ဝတ်​မှု​ကို​မ​ပြု​ကြ​စေ​ရန် အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​၏။ \p ထို​အ​ခါ​ဒါ​ဝိဒ်​က``သင်​၏​သား​ငယ်​သည်​စိုး စဉ်း​မျှ​ဘေး​ဥ​ပဒ်​မ​ဖြစ်​စေ​ရန် အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍ ငါ​က​တိ​ပြု​၏'' ဟု​ဆို​၏။ \p \v 12 အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး​ကျွန်​တော် မ​အား​စ​ကား​တစ်​ခွန်း​ထပ်​မံ​လျှောက်​ထား ခွင့်​ပြု​တော်​မူ​ပါ'' ဟု​တောင်း​ပန်​သော​အ​ခါ၊ \p မင်း​ကြီး​က``လျှောက်​လော့'' ဟု​ဆို​၏။ \p \v 13 အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သည် ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​အား အ​ဘယ် ကြောင့်​မ​တ​ရား​ပြု​တော်​မူ​ပါ​သ​နည်း။ ပြည် နှင်​ဒဏ်​သင့်​သူ​သား​တော်​ကို​ပြန်​လာ​ခွင့်​ပေး တော်​မ​မူ​သ​ဖြင့် အ​ရှင်​သည်​ယ​ခု​ပင်​မိန့်​ကြား တော်​မူ​ခဲ့​သည့်​စ​ကား​အ​ရ မိ​မိ​ကိုယ်​ကို ပြန်​၍​အ​ပြစ်​ဒဏ်​သင့်​စေ​တော်​မူ​ပါ​ပြီ။- \v 14 ကျွန်​တော်​မ​တို့​အား​လုံး​ပင်​သေ​ရ​ကြ​မည့် သူ​များ​ဖြစ်​ပါ​၏။ ကျွန်​တော်​မ​တို့​သည်​မြေ ပေါ်​သို့​ဖိတ်​ကျ​သွား​သော​ရေ​နှင့်​တူ​ပါ​၏။ ယင်း​ရေ​ကို​နောက်​တစ်​ဖန်​ကျုံး​၍​မ​ယူ​နိုင် တော့​ပါ။ ဘု​ရား​သ​ခင်​ပင်​လျှင်​သေ​သူ​ကို ပြန်​၍​ရှင်​စေ​တော်​မ​မူ​ပါ။ သို့​ရာ​တွင်​ဘု​ရင် သည်​ပြည်​နှင်​ဒဏ်​သင့်​သူ​တစ်​ဦး​ကို​ပြန် လည်​ခေါ်​ယူ​နိုင်​ပါ​၏။- \v 15 အ​ရှင်​မင်း​ကြီး၊ အ​ရှင့်​ထံ​သို့​ကျွန်​တော် မ​လာ​ရောက်​လျှောက်​ထား​ရ​သည့်​အ​ကြောင်း မှာ လူ​တို့​သည်​ကျွန်​တော်​မ​အား​ခြိမ်း​ခြောက် ကြ​သော​ကြောင့်​ဖြစ်​ပါ​၏။ သို့​ဖြစ်​၍​ကျွန် တော်​မ​၏​ပြန်​ကြား​ချက်​အ​တိုင်း​ပြု​တော် မူ​လိမ့်​မည်​ဟု​မျှော်​လင့်​လျက်​ကျွန်​တော်​မ သည်​အ​ရှင့်​အား​လျှောက်​ထား​ရ​သော်​ကောင်း အံ့​ဟု​တစ်​ကိုယ်​တည်း​ပြော​ဆို​နေ​မိ​ပါ​၏။- \v 16 မင်း​ကြီး​သည်​ကျွန်​တော်​မ​၏​သား​ကို​သတ် ၍​မိ​မိ​လူ​မျိုး​တော်​အား ဘု​ရား​သခင်​ပေး တော်​မူ​သည့်​ပြည်​မှ​ပယ်​ရှား​ရန်​ကြိုး​စား သူ​တို့​၏​လက်​မှ​ကျွန်​တော်​မ​ကို​ကယ်​တော် မူ​မည်​ဖြစ်​ကြောင်း​ကျွန်​တော်​မ​သည်​တွေး တော​မိ​ပါ​၏။- \v 17 အ​ရှင်​မင်း​ကြီး​သည်​ဘု​ရား​သ​ခင်​၏​ကောင်း ကင်​တ​မန်​ကဲ့​သို့ ကောင်း​မ​ကောင်း​ကို​ပိုင်း​ခြား သိ​မြင်​တော်​မူ​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မ သည်​အ​ရှင်​၏​က​တိ​တော်​အ​တိုင်း အ​သက် ချမ်း​သာ​ရာ​ရ​လိမ့်​မည်​ဟု​တစ်​ကိုယ်​တည်း ပြော​ဆို​နေ​မိ​ပါ​၏။ အ​ရှင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​နှင့်​အ​တူ​ရှိ တော်​မူ​ပါ​စေ​သော'' ဟု​လျှောက်​၏။\x + \xo 14:17 \xt ၂ရာ၊ ၁၉:၂၇။\x* \p \v 18 မင်း​ကြီး​က``သင့်​အား​မေး​ခွန်း​တစ်​ခု​ကို​ငါ မေး​မည်။ သင်​သည်​မှန်​သည့်​အ​တိုင်း​ပွင့်​လင်း စွာ​ဖြေ​ကြား​ရ​မည်'' ဟု​ဆို​သော်၊ \p အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး​မေး​လို​ရာ မေး​တော်​မူ​ပါ'' ဟု​လျှောက်​၏။ \p \v 19 မင်း​ကြီး​က``ဤ​သို့​ငါ့​အား​လျှောက်​ထား​ရန် သင့်​အား​စေ​ခိုင်း​သူ​မှာ​ယွာ​ဘ​ပေ​လော'' ဟု မေး​တော်​မူ​၏။ \p အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​၏​မေး ခွန်း​ကို​ဖြေ​ကြား​ရန်​လွှဲ​ဖယ်​၍​မ​ဖြစ်​နိုင်​ကြောင်း ကျွန်​တော်​မ​ကျိန်​ဆို​လျှောက်​ထား​ပါ​၏။ မည်​သို့ ပြု​ရ​မည်​ကို​လည်း​ကောင်း၊ မည်​သို့​လျှောက်​ထား ရ​မည်​ကို​လည်း​ကောင်း သင်​ကြား​ပေး​သူ​မှာ ကိုယ်​တော့်​ကျွန်​ယွာ​ဘ​ပင်​ဖြစ်​ပါ​၏။- \v 20 သူ​သည်​ယင်း​သို့​ပြု​ရ​ခြင်း​မှာ​ဤ​အ​မှု​၏ အ​ခြေ​အ​နေ​ကို​ပြောင်း​လဲ​စေ​ရန်​ပင်​ဖြစ် ပါ​၏။ အ​ရှင်​မင်း​ကြီး​သည်​ဘု​ရား​သ​ခင်​၏ ကောင်း​ကင်​တ​မန်​ကဲ့​သို့ ဉာဏ်​ပ​ညာ​ရှိ​၍​ဖြစ် ပျက်​သည့်​အ​မှု​အ​ရာ​မှန်​သ​မျှ​ကို​သိ​တော် မူ​ပါ​၏'' ဟု​လျှောက်​ထား​၏။ \p \v 21 ထို​နောက်​မင်း​ကြီး​သည်​ယွာ​ဘ​အား``သင်​အ​လို ရှိ​သည့်​အ​တိုင်း​ပြု​ရန်​ငါ​ဆုံး​ဖြတ်​ပြီး​ပြီ။ ထို သူ​ငယ်​အ​ဗ​ရှ​လုံ​ကို​သွား​၍​ခေါ်​လော့'' ဟု မိန့်​တော်​မူ​၏။ \p \v 22 ယွာ​ဘ​သည်​ဒါ​ဝိဒ်​၏​ရှေ့​တော်​၌​ပျပ်​ဝပ်​ပြီး လျှင်``အ​ရှင်​မင်း​ကြီး၊ အ​ရှင့်​အား​ဘု​ရား​သ​ခင် ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ အ​ရှင်​သည် အ​ကျွန်ုပ်​အား​နှစ်​သက်​တော်​မူ​ကြောင်း​ယ​ခု အ​ကျွန်ုပ်​သိ​ရှိ​ရ​ပါ​ပြီ။ အ​ဘယ်​ကြောင့်​ဆို သော်​အ​ရှင်​သည်​အ​ကျွန်ုပ်​ပန်​ကြား​သည့် အ​တိုင်း​ပြု​တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏'' ဟု​လျှောက်​လေ​၏။- \v 23 ထို​နောက်​သူ​သည်​ထ​၍​ဂေ​ရှု​ရ​မြို့​သို့​သွား​၍ အ​ဗ​ရှ​လုံ​အား​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လည် ခေါ်​ခဲ့​၏။- \v 24 သို့​ရာ​တွင်​မင်း​ကြီး​သည်​အ​ဗ​ရှ​လုံ​အား နန်း​တော်​တွင်း​၌​နေ​ထိုင်​ခွင့်​မ​ပြု​ရန်​အ​မိန့် ထုတ်​ဆင့်​တော်​မူ​၏။ မင်း​ကြီး​က``ငါ​သည်​သူ့ ကို​မ​တွေ့​မ​မြင်​လို'' ဟု​ဆို​၏။ ထို့​ကြောင့် အ​ဗ​ရှ​လုံ​သည်​ကိုယ်​ပိုင်​အိမ်​တော်​တွင်​နေ ထိုင်​ရ​သော်​လည်း​မင်း​ကြီး​၏​ရှေ့​တော်​သို့ ဝင်​ရောက်​ခွင့်​မ​ရ​ချေ။ \s1 ဒါ​ဝိဒ်​နှင့်​အ​ဗ​ရှ​လုံ​ပြန်​လည် သင့်​မြတ်​လာ​ခြင်း \p \v 25 ဣ​သ​ရေ​လ​ပြည်​တွင်​ရုပ်​ရည်​ချော​မော​မှု ကြောင့်​အ​ဗ​ရှ​လုံ​ကဲ့​သို့ ထင်​ပေါ်​ကျော်​ကြား သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။ သူ​သည်​ဦး ခေါင်း​မှ​ခြေ​ဖျား​တိုင်​ခြောက်​ပြစ်​ကင်း​သူ ဖြစ်​၏။- \v 26 သူ​၏​ဆံ​ပင်​သည်​အ​လွန်​ကောင်း​၍​ရှည်​လွန်း လေး​လွန်း​သ​ဖြင့် ယင်း​ကို​တစ်​နှစ်​လျှင်​တစ် ကြိမ်​ဖြတ်​ပစ်​ရ​လေ​သည်။ ဖြတ်​လိုက်​သည့် ဆံ​ပင်​သည်​တော်​ဝင်​စံ​မီ​အ​လေး​ချိန်​အား ဖြင့်​ငါး​ပေါင်​ခန့်​ရှိ​၏။- \v 27 အ​ဗ​ရှ​လုံ​တွင်​သား​သုံး​ယောက်​နှင့်​တာ​မာ​မည် သော​သ​မီး​တစ်​ယောက်​ရှိ​၏။ ထို​အ​မျိုး​သ​မီး သည်​အ​လွန်​အ​ဆင်း​လှ​၏။ \p \v 28 အ​ဗ​ရှ​လုံ​သည်​မင်း​ကြီး​၏​ရှေ့​တော်​သို့​မ​ဝင် ရ​ဘဲ ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​နှစ်​ပတ်​လုံး​နေ ထိုင်​လေ​သည်။- \v 29 သူ​သည်​ယွာ​ဘ​အား​မိ​မိ​၏​အ​တွက်​မင်း​ကြီး ထံ​စေ​လွှတ်​လို​သ​ဖြင့်​ခေါ်​စေ​ရာ ယွာ​ဘ​သည် မ​လာ​ဘဲ​နေ​၏။ နောက်​တစ်​ကြိမ်​ခေါ်​စေ​သော် လည်း​ယွာ​ဘ​မ​လာ​ဘဲ​နေ​ပြန်​၏။- \v 30 ထို့​ကြောင့်​အ​ဗ​ရှ​လုံ​သည်​မိ​မိ​၏​အ​စေ​ခံ တို့​အား``ကြည့်​လော့၊ ယွာ​ဘ​၏​လယ်​သည်​ငါ့ လယ်​နှင့်​ကပ်​လျက်​နေ​၏။ ထို​လယ်​တွင်​မု​ယော စ​ပါး​ခင်း​များ​ရှိ​၏။ ယင်း​တို့​ကို​မီး​ရှို့​ပစ် လော့'' ဟု​ဆို​လျှင်​အ​စေ​ခံ​တို့​သည်​ထို လယ်​ကို​သွား​၍​မီး​ရှို့​ကြ​၏။ \p \v 31 ယွာ​ဘ​သည်​အ​ဗ​ရှ​လုံ​၏​အိမ်​သို့​သွား​၍``အ​ရှင် ၏​အ​စေ​ခံ​တို့​သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​၏ လယ်​ကို​မီး​ရှို့​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ \p \v 32 အ​ဗ​ရှ​လုံ​က``ငါ့​အ​တွက်​လျှောက်​ထား​ပေး​ရန် သင့်​အား​ဘု​ရင့်​ထံ​သို့​စေ​လွှတ်​လို​သ​ဖြင့် အ​ခေါ် ခိုင်း​ခဲ့​ပါ​၏။ ငါ​သည်​အ​ဘယ်​ကြောင့်​ဂေ​ရှု​ရ​မြို့ မှ​ထွက်​ခွာ​၍​ဤ​အ​ရပ်​သို့​လာ​ရောက်​မိ​ပါ​သ နည်း။ ထို​မြို့​တွင်​နေ​ရ​သည်​က​ငါ့​အ​တွက်​ပို ၍​ပင်​ကောင်း​မည်။ ဘု​ရင်​နှင့်​တွေ့​ဆုံ​ခွင့်​ရ​ရန် ငါ့​အ​တွက်​စီ​စဉ်​ပေး​စေ​လို​ပါ​သည်။ အ​ကယ် ၍​ငါ့​မှာ​အ​ပြစ်​ရှိ​ခဲ့​လျှင်​မင်း​ကြီး​သည်​ငါ့ ကို​အ​ဆုံး​စီ​ရင်​တော်​မူ​ပါ​စေ'' ဟု​ယွာ​ဘ အား​ပြော​၏။ \p \v 33 သို့​ဖြစ်​၍​ယွာ​ဘ​သည်​မင်း​ကြီး​ထံ​သို့​သွား​၍ ထို​အ​ကြောင်း​ကို​လျှောက်​ထား​၏။ မင်း​ကြီး​သည် အဗ​ရှ​လုံ​အား​အ​ခေါ်​ခိုင်း​သ​ဖြင့် အ​ဗ​ရှ​လုံ သည်​လာ​ရောက်​၍​ရှေ့​တော်​၌​ဦး​ညွှတ်​ပျပ်​ဝပ် လေ​၏။ မင်း​ကြီး​သည်​သူ့​အား​နမ်း​ရှုပ်​လေ​၏။ \b \c 15 \s1 အ​ဗ​ရှ​လုံ​ပုန်​ကန်​ခြင်း \p \v 1 ထို​နောက်​အ​ဗ​ရှ​လုံ​သည်​မြင်း​ရ​ထား​တစ်​စီး၊ မြင်း​များ​နှင့်​ရှေ့​တော်​ပြေး​စစ်​သည်​ငါး​ဆယ် ကို​မိ​မိ​အ​တွက်​ထား​ရှိ​လေ​သည်။- \v 2 သူ​သည်​နံ​နက်​စော​စော​ထ​ပြီး​လျှင်​မြို့​တံ​ခါး ဝ​လမ်း​နံ​ဘေး​တွင်​ရပ်​လျက်​နေ​တတ်​၏။ ဘု​ရင် ၏​အ​ဆုံး​အ​ဖြတ်​ကို​ခံ​ရန်​အ​မှု​သည်​တစ်​စုံ တစ်​ယောက်​ရောက်​ရှိ​လာ​သော​အ​ခါ​သူ့​ကို​ခေါ် ၍``သင်​သည်​အ​ဘယ်​အ​ရပ်​က​လာ​သနည်း'' ဟု မေး​လေ့​ရှိ​၏။ အ​မှု​သည်​က``အ​ရှင်​အ​ကျွန်ုပ် သည်​ဤ​မည်​သော​ဣ​သ​ရေ​လ​အ​နွယ်​မှ​ဖြစ် ပါ​သည်'' ဟု​ဆို​လျှင်၊- \v 3 အ​ဗ​ရှ​လုံ​က``ကြည့်​လော့၊ သင်​၏​အ​မှု​သည် တ​ရား​ဥ​ပ​ဒေ​အ​ရ​မှန်​ကန်​၏။ သို့​ရာ​တွင် ဘု​ရင်​၏​ကိုယ်​စား​သင့်​အ​မှု​ကို​စီ​ရင်​ပေး မည့်​သူ​တစ်​ယောက်​မျှ​မ​ရှိ။- \v 4 ငါ​သာ​လျှင်​တ​ရား​သူ​ကြီး​ဖြစ်​ခဲ့​ပါ​မူ​ငြင်း ခုံ​မှု၊ တ​ရား​မှု​ရှိ​သူ​သည်​ငါ့​ထံ​သို့​လာ​၍ ငါ​သည်​တ​ရား​သ​ဖြင့်​စီ​ရင်​မည်'' ဟု​ပြော ဆို​လေ့​ရှိ​၏။- \v 5 အ​ကယ်​၍​ထို​သူ​သည်​အ​ဗ​ရှ​လုံ​၏​အ​နီး​သို့ ချဉ်း​ကပ်​၍​ဦး​ညွှတ်​အ​ရို​အ​သေ​ပြု​ခဲ့​သော် အ​ဗ​ရှ​လုံ​သည်​လက်​ကို​ဆန့်​၍​ထို​သူ​အား ကိုင်​ပြီး​လျှင်​နမ်း​ရှုပ်​တတ်​၏။- \v 6 အ​ဗ​ရှ​လုံ​သည်​ဘု​ရင်​၏​အဆုံး​အ​ဖြတ် ကို​ခံ​ရန်​လာ​ရောက်​သူ ဣ​သ​ရေ​လ​အ​မျိုး သား​မှန်​သ​မျှ​ကို ဤ​နည်း​အ​တိုင်း​ပြု​သ​ဖြင့် ထို​သူ​တို့​၏​ကျေး​ဇူး​သစ္စာ​ကို​ခံ​ယူ​ရ​ရှိ လေ​သည်။ \p \v 7 လေး​နှစ်​မျှ​ကြာ​သော​အ​ခါ​အ​ဗ​ရှ​လုံ သည်​ဒါ​ဝိဒ်​မင်း​အား``အ​ရှင်၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပြု​ခဲ့​သည့်​သစ္စာ​ဝတ် ကို​ဖြေ​ရန်​ဟေ​ဗြုန်​မြို့​သို့​သွား​ခွင့်​ပြု​တော် မူ​ပါ။- \v 8 ရှု​ရိ​ပြည်​ဂေ​ရှု​ရ​မြို့​တွင်​နေ​ထိုင်​စဉ်​အ​ခါ​က အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​အား ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လည်​ပို့​ဆောင်​ပေး တော်​မူ​ပါ​လျှင် ကိုယ်​တော်​အား​ဟေ​ဗြုန်​မြို့ တွင်​ဝတ်​ပြု​ကိုး​ကွယ်​ပါ​မည်​ဟု​အ​ကျွန်ုပ် က​တိ​ထား​ခဲ့​ပါ​၏'' ဟု​လျှောက်​၏။- \v 9 မင်း​ကြီး​က``ငြိမ်း​ချမ်း​စွာ​သွား​လော့'' ဟု ဆို​သ​ဖြင့်​အ​ဗ​ရှ​လုံ​သည်​ဟေ​ဗြုန်​မြို့ သို့​သွား​လေ​၏။- \v 10 သို့​ရာ​တွင်​သူ​သည်​ဣသ​ရေ​လ​အ​နွယ်​ရှိ သ​မျှ​တို့​ထံ​သို့​စေ​တ​မန်​များ​လွှတ်​ပြီး လျှင်``သင်​တို့​သည်​တံ​ပိုး​ခ​ရာ​များ​မှုတ် သံ​ကို​ကြား​သော​အ​ခါ``အ​ဗ​ရှ​လုံ​သည် ဟေ​ဗြုန်​မြို့​တွင်​နန်း​တက်​တော်​မူ​ပြီ' ဟု ကြွေး​ကြော်​ကြ​လော့'' ဟု​မှာ​ကြား​ထား လေ​သည်။- \v 11 အ​ဗ​ရှ​လုံ​၏​ခေါ်​ဖိတ်​ချက်​အ​ရ​သူ​နှင့် အ​တူ ယေ​ရု​ရှ​လင်​မြို့​မှ​လိုက်​လာ​သူ အ​ပေါင်း​မှာ​နှစ်​ရာ​ရှိ​၏။ သူ​တို့​သည်​အ​ဗ ရှ​လုံ​၏​လျှို့​ဝှက်​ကြံ​စည်​ချက်​ကို​လုံး​ဝ မ​သိ​ကြ။ စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့်​လိုက် ပါ​လာ​သူ​များ​ဖြစ်​သ​တည်း။- \v 12 ယဇ်​များ​ကို​ပူ​ဇော်​နေ​ချိန်​၌​အ​ဗ​ရှ​လုံ​သည် ဂိ​လော​မြို့​သို့​လူ​လွှတ်​၍ ဒါ​ဝိဒ်​၏​အ​တိုင်​ပင်​ခံ အ​မတ်​တစ်​ဦး​ဖြစ်​သူ​ဂိ​လော​မြို့​သား​အဟိ​သော ဖေ​လ​ကို​အ​ခေါ်​ခိုင်း​၏။ အ​ဗ​ရှ​လုံ​၏​နောက်​လိုက် များ​သည်​အ​ရေ​အ​တွက်​တိုး​ပွား​များ​ပြား​လာ သည်​နှင့်​အ​မျှ မင်း​ကြီး​အား​ပုန်​ကန်​ရန်​လျှို့​ဝှက် ကြံ​စည်​မှု​သည်​အင်​အား​ကြီး​ထွား​လာ​လေ​သည်။ \b \s1 ယေ​ရု​ရှ​လင်​မြို့​မှ​ဒါ​ဝိဒ်​ထွက်​ပြေး​ခြင်း \p \v 13 အ​ဗ​ရှ​လုံ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ကျေး​ဇူး​သစ္စာ​ကို​ခံ​ယူ​ရ​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း ဒါ​ဝိဒ်​အား​လူ​တစ်​ယောက်​သည်​လာ​ရောက် သ​တင်း​ပေး​ပို့​၏။ \p \v 14 ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် ရှိ​သည့်​မှူး​မတ်​အ​ပေါင်း​တို့​အား``အ​ဗ​ရှ​လုံ ၏​လက်​မှ​လွတ်​မြောက်​လို​လျှင်​ငါ​တို့​သည် ချက်​ချင်း​ထွက်​ခွာ​သွား​ရ​ကြ​မည်။ ငါ​တို့ သည်​အ​လျင်​အ​မြန်​မ​ထွက်​ခွာ​လျှင်​သူ​သည် မ​ကြာ​မီ ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​လျက် ငါ​တို့​ကို​နှိမ်​နင်း​ကာ​မြို့​သူ​မြို့​သား​အ​ပေါင်း တို့​ကို​သတ်​ဖြတ်​ပစ်​လိမ့်​မည်'' ဟု​ဆို​၏။ \p \v 15 ထို​သူ​တို့​က``မှန်​လှ​ပါ​အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​တို့​သည်​အ​ရှင့်​အ​မိန့်​တော်​အ​တိုင်း ဆောင်​ရွက်​ရန်​အ​သင့်​ရှိ​ပါ​၏'' ဟု​လျှောက် ထား​ကြ​၏။- \v 16 သို့​ကြောင့်​မင်း​ကြီး​သည် မိ​မိ​၏​အိမ်​ထောင်​စု သား​ချင်း​များ​နှင့်​မှူး​မတ်​များ​ကို​ခေါ်​၍ ထွက်​ခွာ​သွား​တော်​မူ​၏။ နန်း​တော်​စောင့်​အ​ဖြစ် ဖြင့်​မောင်း​မ​တော်​ဆယ်​ယောက်​သာ​လျှင်​ကျန် ရစ်​သ​တည်း။ \p \v 17 မင်း​ကြီး​တို့​လူ​စု​သည် ယင်း​သို့​ထွက်​ခွာ​သွား ကြ​ပြီး​နောက် မြို့​အ​စွန်​၌​ရှိ​သော​အိမ်​တစ် အိမ်​တွင်​ရပ်​တန့်​ကြ​၏။- \v 18 မင်း​ကြီး​၏​မှူး​မတ်​အ​ပေါင်း​တို့​သည်​သူ​၏ အ​နီး​တွင်​ရပ်​၍​နေ​စဉ် အ​စောင့်​တပ်​သား​များ သည်​မင်း​ကြီး​၏​ရှေ့​မှ​ဖြတ်​သွား​ကြ​၏။ ဂါ​သ မြို့​မှ​လိုက်​ပါ​လာ​ကြ​သော​တပ်​သား​ခြောက် ရာ​တို့​သည်​လည်း​ယင်း​သို့​ဖြတ်​သွား​ကြ သော​အ​ခါ၊- \v 19 မင်း​ကြီး​က​သူ​တို့​၏ တပ်​မှူး​အိတ္တဲ​အား``သင် သည်​အ​ဘယ်​ကြောင့်​ငါ​တို့​နှင့်​အ​တူ​လိုက် လာ​ပါ​သ​နည်း။ ဘု​ရင်​သစ်​ထံ​သို့​ပြန်​၍​နေ ပါ​လော့။ သင်​သည်​လူ​မျိုး​ခြား​ဖြစ်​ပါ​၏။ မိ​မိ တိုင်း​ပြည်​နှင့်​လည်း​ဝေး​ကွာ​လျက်​တိုင်း တစ်​ပါး​တွင်​ခို​လှုံ​နေ​သူ​ဖြစ်​သည်။- \v 20 ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​သည်​မှာ​လည်း​ကာ​လ အ​နည်း​ငယ်​သာ​ရှိ​သေး​သ​ဖြင့် ငါ​သည်​အ​ဘယ် ကြောင့်​သင့်​အား​ငါ​နှင့်​အ​တူ​အ​ရပ်​ရပ်​သို့​လှည့် လည်​စေ​ရ​ပါ​မည်​နည်း။ ငါ​အ​ဘယ်​အ​ရပ်​သို့ သွား​ရ​မည်​ကို​ပင်​မ​သိ။ သင်​သည်​မိ​မိ​၏​အ​မျိုး သား​တို့​ကို​ခေါ်​၍​ပြန်​သွား​ပါ​လော့။ ထာ​ဝ​ရ ဘု​ရား​သည်​သင့်​အား​သစ္စာ​က​ရု​ဏာ​ထား တော်​မူ​ပါ​စေ​သော'' ဟု​မိန့်​တော်​မူ​၏။ \p \v 21 သို့​ရာ​တွင်​အိတ္တဲ​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ် သည်​သေ​ရ​မည်​ဆို​သော်​လည်း အ​ရှင်​မင်း​ကြီး သွား​လေ​ရာ​ရာ​သို့​အ​စဉ်​လိုက်​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​တိုင်​တည် ကျိန်​ဆို​ပါ​၏'' ဟု​ပြန်​လည်​လျှောက်​ထား​၏။ \p \v 22 ဒါ​ဝိဒ်​က``ကောင်း​ပြီ။ ဆက်​လက်​ချီ​သွား​လော့'' ဟု မိန့်​တော်​မူ​သ​ဖြင့် အိတ္တဲ​သည်​မိ​မိ​၏​လူ​စု​နှင့် တ​ကွ​သူ​တို့​အား​မှီ​ခို​သူ​များ​ကို​ခေါ် သွား​၏။- \v 23 ဒါ​ဝိဒ်​၏​နောက်​သို့​လိုက်​သူ​များ​ထွက်​ခွာ​သွား ကြ​သော​အ​ခါ ပြည်​သူ​ပြည်​သား​တို့​သည်​အော် ဟစ်​ငို​ကြွေး​ကြ​ကုန်​၏။ မင်း​ကြီး​နှင့်​နောက်​လိုက် အ​ပေါင်း​တို့​သည်​ကေ​ဒြုန်​ချောင်း​ကို​ကူး​၍ တော​ကန္တာ​ရ​သို့​ရှေ့​ရှု​သွား​ကြ​လေ​သည်။ \p \v 24 ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​သော​လေ​ဝိ​အ​နွယ်​ဝင်​တို့ သည်​ပါ​လာ​ကြ​၏။ သူ​တို့​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ချ​ထား​၍ လူ​အ​ပေါင်း​တို့ မြို့​မှ​ထွက်​ခွာ​ပြီး​ချိန်​တိုင်​အောင်​စောင့်​နေ ကြ​၏။ သူ​တို့​အ​ထဲ​တွင်​အ​ဗျာ​သာ​လည်း ပါ​၏။- \v 25 ထို​နောက်​မင်း​ကြီး​သည်​ဇာ​ဒုတ်​အား``ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​မြို့​တွင်း​သို့​ပြန်​၍​ပင့် ဆောင်​သွား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့ အား​နှစ်​သက်​တော်​မူ​လျှင် တစ်​နေ့​နေ့​၌​ထို သေတ္တာ​တော်​ကို​လည်း​ကောင်း၊ သေတ္တာ​တော် ကျိန်း​ဝပ်​ရာ​အ​ရပ်​ကို​လည်း​ကောင်း ကြည့်​ရှု​ခွင့်​ပေး​တော်​မူ​လိမ့်​မည်။- \v 26 သို့​ရာ​တွင်​ငါ့​အား​နှစ်​သက်​တော်​မ​မူ​ပါ လျှင် ကိုယ်​တော်​အ​လို​တော်​ရှိ​သည့်​အ​တိုင်း ပြု​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။- \v 27 ထို့​အ​ပြင်​မင်း​ကြီး​က​ဇာဒုတ်​အား``ကြည့်​လော့၊ သင်​၏​သား​အ​ဟိ​မတ်​နှင့်​အ​ဗျာ​သာ​၏​သား ယော​န​သန်​တို့​ကို​ခေါ်​၍​ငြိမ်း​ချမ်း​စွာ​မြို့ တော်​သို့​ပြန်​လော့။- \v 28 ဤ​အ​တော​အ​တွင်း​၌​ငါ​သည်​သင်​၏​ထံ မှ​သ​တင်း​စ​ကား​မ​ရ​မ​ချင်း​တော​ကန္တာ​ရ ရှိ​ကူး​တို့​ဆိပ်​တွင်​စောင့်​ဆိုင်း​နေ​မည်'' ဟု မိန့်​တော်​မူ​၏။- \v 29 ထို့​ကြောင့်​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ​တို့​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​မြို့​တော်​သို့​ပြန် လည်​ပင့်​ဆောင်​၍​မြို့​တော်​တွင်​နေ​ကြ​၏။ \p \v 30 ဒါ​ဝိဒ်​သည်​ခြေ​နင်း​ကို​ချွတ်​ပြီး​လျှင်​ဝမ်း နည်း​သည့်​လက္ခ​ဏာ​ဖြင့် ခေါင်း​မြီး​ခြုံ​၍​ငို ယို​ကာ​သံ​လွင်​တောင်​သို့​တက်​တော်​မူ​၏။ သူ ၏​နောက်​မှ​လိုက်​ပါ​လာ​ကြ​သူ​အ​ပေါင်း တို့​သည်​လည်း​ခေါင်း​မြီး​ခြုံ​၍​ငို​ယို​ကြ​၏။- \v 31 အ​ဟိ​သော​ဖေ​လ​သည်​အ​ဗ​ရှ​လုံ​၏ သူ​ပုန်​အ​ဖွဲ့​သို့​ဝင်​ရောက်​သွား​ကြောင်း ဒါ​ဝိဒ် ကြား​သိ​သော​အ​ခါ``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဟိ​သော​ဖေ​လ​ပေး​သော​အ​ကြံ​အ​စည် များ​ကို​အ​ချည်း​နှီး​ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ \p \v 32 ဒါ​ဝိဒ်​သည်​ကိုး​ကွယ်​ရာ​ဌာ​န​တော်​ရှိ​သည့် တောင်​ထိပ်​သို့​ရောက်​သော​အ​ခါ မိ​မိ​၏​လူ​ယုံ တော်​အာ​ခိ​မြို့​သား​ဟု​ရှဲ​သည် မိ​မိ​အ​ဝတ် များ​ကို​ဆုတ်​ဖြဲ​လျက်​ဦး​ခေါင်း​ကို​လည်း မြေ​မှုန့်​ဖြင့်​လူး​လျက်​မင်း​ကြီး​အား​ခ​ရီး ဦး​ကြို​ပြု​၏။ \p \v 33 ဒါ​ဝိဒ်​က​ဟု​ရှဲ​အား``သင်​သည်​ငါ​နှင့်​အ​တူ လိုက်​လာ​လျှင် ငါ့​အား​မည်​သို့​မျှ​အ​ကူ အ​ညီ​ပေး​နိုင်​မည်​မ​ဟုတ်။- \v 34 သို့​ရာ​တွင်​သင်​သည်​မြို့​သို့​ပြန်​၍​အ​ဗ​ရှ​လုံ အား``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည်​အ​ရှင့် ခ​မည်း​တော်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင် ခဲ့​သည့်​နည်း​တူ ယ​ခု​အ​ရှင်​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ပါ​မည်' ဟု​လျှောက်​ထား​ပြီး နောက်​အ​ဟိ​သော​ဖေလ​ပေး​သည့်​အ​ကြံ ကို​ဆန့်​ကျင်​ဘက်​ပြု​ခြင်း​အား​ဖြင့်​ငါ့ အား​အ​ကူ​အ​ညီ​ပေး​နိုင်​၏။- \v 35 ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ​တို့ သည်​မြို့​တော်​တွင်​ရှိ​နေ​ကြ​ပါ​မည်။ နန်း တော်​တွင်​သင်​ကြား​သိ​ရ​သ​မျှ​သ​တင်း ကို​သူ​တို့​အား​ပြော​ကြား​လော့။- \v 36 သူ​တို့​နှင့်​အ​တူ​သူ​တို့​၏​သား​များ​ဖြစ်​ကြ သော အ​ဟိ​မတ်​နှင့်​ယောန​သန်​တို့​လည်း​ရှိ​ကြ သည်​ဖြစ်​၍ သင်​ရ​ရှိ​သည့်​သ​တင်း​မှန်​သ​မျှ ကို​ထို​သူ​နှစ်​ယောက်​တို့​အား​ဖြင့်​ငါ့​ထံ​သို့ ပေး​ပို့​လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 37 သို့​ဖြစ်​၍​ဒါ​ဝိဒ်​၏​အ​ဆွေ​တော်​ဟု​ရှဲ​သည် မြို့​တော်​သို့​ပြန်​လေ​၏။ ထို​အ​ချိန်​၌​ပင် လျှင်​အ​ဗ​ရှ​လုံ​သည်​မြို့​တော်​သို့​ရောက် ရှိ​လာ​လေ​သည်။ \c 16 \s1 ဒါ​ဝိဒ်​နှင့်​ဇိ​ဘ \p \v 1 ဒါ​ဝိဒ်​သည်​တောင်​ထိပ်​ကို​အ​နည်း​ငယ်​ကျော် မိ​သော​အ​ခါ မေ​ဖိ​ဗော​ရှက်​၏​အ​စေ​ခံ​ဇိ​ဘ နှင့်​တွေ့​ဆုံ​လေ​၏။ ဇိ​ဘ​သည်​မုန့်​အ​လုံး​နှစ် ရာ၊ စ​ပျစ်​သီး​ခြောက်​အ​ခိုင်​တစ်​ရာ၊ စ​ပျစ်​သီး မှည့်​အ​ခိုင်​တစ်​ရာ​နှင့်​စ​ပျစ်​ရည်​ဘူး​တစ်​ဘူး ကို​မြည်း​နှစ်​ကောင်​ဖြင့်​တင်​ဆောင်​လာ​၏။-\x + \xo 16:1 \xt ၂ရာ၊ ၉:၉-၁၀။\x* \v 2 ဒါ​ဝိဒ်​မင်း​က``သင်​သည်​ဤ​ပစ္စည်း​များ​ကို အ​ဘယ်​ကြောင့် ယူ​ဆောင်​လာ​ပါ​သ​နည်း'' ဟု မေး​တော်​မူ​၏။ \p ဇိ​ဘ​က``မြည်း​များ​သည်​အ​ရှင်​မင်း​ကြီး​၏ မိ​သား​စု​စီး​ရန်​ဖြစ်​ပါ​သည်။ မုန့်​နှင့်​သစ်​သီး များ​မှာ​ငယ်​သား​တို့​စား​ရန်​ဖြစ်​၍​စ​ပျစ် ရည်​မှာ​တော​ကန္တာရ​တွင်​သူ​တို့​မော​ပန်း​ကြ သော​အ​ခါ​သောက်​ရန်​ဖြစ်​ပါ​သည်'' ဟု လျှောက်​၏။ \p \v 3 မင်း​ကြီး​က``သင်​၏​သ​ခင်​မေ​ဖိ​ဗော​ရှက် ကား​အ​ဘယ်​မှာ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ \p ဇိ​ဘ​က``ယ​ခု​အ​ခါ​ဣသ​ရေ​လ​အ​မျိုး​သား တို့​သည် သူ့​အား​ဘိုး​တော်​ရှော​လု​၏​နိုင်​ငံ​ကို အပ်​နှင်း​ကြ​တော့​မည်​ဟု​ယုံ​ကြည်​သ​ဖြင့် သူ သည်​ယေ​ရု​ရှလင်​မြို့​တွင်​နေ​ရစ်​ပါ​၏'' ဟု လျှောက်​လေ​သည်။\x + \xo 16:3 \xt ၂ရာ၊ ၁၉:၂၅-၂၇။\x* \p \v 4 မင်း​ကြီး​က​လည်း``မေ​ဖိ​ဗော​ရှက်​ပိုင်​သ​မျှ သော​ပစ္စည်း​ဥစ္စာ​တို့​ကို​သင့်​အား​ငါ​ပေး​၏'' ဟု​မိန့်​တော်​မူ​၏။ \p ဇိ​ဘ​က``အ​ကျွန်ုပ်​သည်​အ​ရှင်​၏​အ​စေ​ခံ ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ရှင်​၏​ရှေ့​တော် ၌​အ​စဉ်​မျက်​နှာ​ရ​ပါ​စေ​သော'' ဟု လျှောက်​၏။ \s1 ဒါ​ဝိဒ်​နှင့်​ရှိ​မိ \p \v 5 ဒါ​ဝိဒ်​သည်​ဗာ​ဟု​ရိမ်​မြို့​သို့​ရောက်​သော​အ​ခါ ရှော​လု​၏​ဆွေ​တော်​မျိုး​တော်​ဂေ​ရ​၏​သား၊ ရှိ​မိ ဆို​သူ​သည်​ဒါ​ဝိဒ်​အား​ကျိန်​ဆဲ​လျက်​မြို့​မှ ထွက်​လာ​၏။- \v 6 ဒါ​ဝိဒ်​အား​ကိုယ်​ရံ​တော်​တပ်​သား​များ​နှင့်​လူ တို့​ခြံ​ရံ​လျက်​ရှိ​နေ​သော်​လည်း ရှိ​မိ​သည် ဒါ​ဝိဒ်​နှင့်​မှူး​မတ်​တို့​အား​ခဲ​နှင့်​ပေါက်​လေ သည်။- \v 7 ရှိ​မိ​က``အ​သက်​ကို​သတ်​သော​အ​ချင်း ရာ​ဇ​ဝတ်​ကောင်၊ ထွက်​သွား​လော့။ ထွက်​သွား လော့။- \v 8 သင်​သည်​ရှော​လု​၏​နိုင်​ငံ​ကို​သိမ်း​ယူ​ခဲ့​၍ သူ​၏​မိ​သား​စု​တို့​ကို​သတ်​သည့်​အ​တွက် ယ​ခု​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​ဒဏ် ခတ်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​နိုင်​ငံ တော်​ကို​သင်​၏​သား​အ​ဗ​ရှ​လုံ​၏​လက်​သို့ ပေး​အပ်​တော်​မူ​ပြီ။ အ​ချင်း​လူ​သတ်​သ​မား၊ သင်​သည်​အကျိုး​နည်း​ရ​လေ​ပြီ'' ဟု​ကျိန် ဆဲ​လေ​၏။ \p \v 9 ဇေ​ရု​ယာ​၏​သား​အ​ဘိ​ရှဲ​က​မင်း​ကြီး အား``အ​ရှင်​မင်း​ကြီး၊ အ​ဘယ်​ကြောင့်​ဤ​ခွေး သေ​ကောင်​ကို​အ​ရှင့်​အား​ကျိန်​ဆဲ​ခွင့်​ပြု တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ်​သည်​သွား​၍ သူ​၏​ဦး​ခေါင်း​ကို​ဖြတ်​ပစ်​ပါ​ရ​စေ'' ဟု လျှောက်​၏။ \p \v 10 မင်း​ကြီး​က​အ​ဘိ​ရှဲ​နှင့်​သူ​၏​အစ်​ကို​ယွာ​ဘ အား``ဤ​အ​မှု​သည်​သင်​တို့​နှင့်​မ​သက်​ဆိုင်။ ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း​တော်​မူ​သ​ဖြင့် သူ သည်​ကျိန်​ဆဲ​ခဲ့​သော်​သူ့​အား`သင်​သည် အ​ဘယ်​ကြောင့်​ဤ​သို့​ပြု​ဘိ​သ​နည်း' ဟု အ​ဘယ်​သူ​မေး​မြန်း​မည်​နည်း'' ဟု​ဆို​၏။- \v 11 ထို​နောက်​ဒါ​ဝိဒ်​သည်​အ​ဘိ​ရှဲ​နှင့်​မှူး​မတ် အ​ပေါင်း​တို့​အား``ငါ​၏​သား​ရင်း​က​ပင်​လျှင် ငါ့​ကို​သေ​ကြောင်း​ကြံ​လျက်​နေ​သည်​ဖြစ်​ရာ ဤ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ပြု​သည့်​အ​မှု​မှာ အံ့​သြ​လောက်​ပါ​သ​လော။ သူ​ပြု​လို​ရာ ပြု​ပါ​စေ။ ကျိန်​ဆဲ​ပါ​လေ​စေ။ ထာ​ဝ​ရ ဘု​ရား​စေ​ခိုင်း​တော်​မူ​သ​ဖြင့်​သူ​သည် ဤ​သို့​ပြု​လုပ်​ရ​ခြင်း​ဖြစ်​၏။- \v 12 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ဒုက္ခ​ကို​မြင် တော်​မူ​၍ ထို​သူ​၏​ကျိန်​စာ​အ​စား​ကောင်း ချီး​မင်္ဂ​လာ​ကို​ချ​ပေး​ကောင်း​ချ​ပေး​တော် မူ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။- \v 13 ထို​နောက်​ဒါ​ဝိဒ်​နှင့်​နောက်​တော်​လိုက်​သူ​တို့ သည်​ဆက်​လက်​၍​ခ​ရီး​ပြု​ကြ​၏။ ရှိ​မိ​သည် တောင်​ခါး​ပန်း​တစ်​လျှောက်​လိုက်​၍​ကျိန်​ဆဲ ကာ​ကျောက်​ခဲ​များ​ဖြင့်​ပေါက်​၏။ မြေ​မှုန့် များ​နှင့်​လည်း​ပက်​၏။- \v 14 မင်း​ကြီး​နှင့်​အ​တူ​သူ​၏​လူ​အ​ပေါင်း​တို့​သည် ယော်​ဒန်​မြစ်​သို့​ရောက်​သော​အ​ခါ နွမ်း​နယ်​ကြ သ​ဖြင့်​ထို​အ​ရပ်​တွင်​အ​ပန်း​ဖြေ​ကြ​၏။ \s1 အ​ဗ​ရှ​လုံ​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​ခြင်း \p \v 15 အ​ဗ​ရှ​လုံ​သည်​လိုက်​ပါ​လာ​သော​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​အ​တူ ယေ​ရု ရှ​လင်​မြို့​သို့​ဝင်​ကြ​၏။ ထို​သူ​တို့​နှင့်​အ​တူ အ​ဟိ​သော​ဖေ​လ​လည်း​ပါ​၏။- \v 16 ဒါ​ဝိဒ်​၏​လူ​ယုံ​တော်​ဟု​ရှဲ​သည်​အ​ဗ​ရှ​လုံ ကို​တွေ့​သော​အ​ခါ``မင်း​ကြီး​သက်​တော်​ရှည် ပါ​စေ​သော။ မင်း​ကြီး​သက်​တော်​ရှည်​ပါ​စေ သော'' ဟု​ကြို​ဆို​လေ​၏။ \p \v 17 အ​ဗ​ရှ​လုံ​က``သင်​၏​အ​ဆွေ​တော်​အ​ပေါ်​၌ ထား​ရှိ​သည့်​ကျေး​ဇူး​သစ္စာ​စ​ကား​အ​ဘယ်​သို့ ဖြစ်​လေ​ပြီ​နည်း။ သင်​သည်​အ​ဘယ်​ကြောင့်​သူ နှင့်​အ​တူ​လိုက်​မ​သွား​ပါ​သ​နည်း'' ဟု​မေး​၏။ \p \v 18 ဟု​ရှဲ​က``အ​ကျွန်ုပ်​သည်​အ​ဘယ်​သို့​လိုက်​သွား နိုင်​ပါ​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​ခန့် ထား​သူ​ဤ​လူ​စု​နှင့်​ဣသ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​ရွေး​ချယ်​ခန့်​ထား​သူ​၏​အ​စေ ကို​အ​ကျွန်ုပ်​ခံ​ပါ​မည်။ အ​ကျွန်ုပ်​သည်​အ​ရှင် နှင့်​အ​တူ​နေ​ပါ​မည်။- \v 19 အ​မှန်​မှာ​အ​ကျွန်ုပ်​သည်​မိ​မိ​သ​ခင်​၏ သား​တော်​ထံ​တွင်​အ​မှု​တော်​မ​ထမ်း​ဆောင် ပါ​လျှင် အ​ဘယ်​သူ​၏​ထံ​တွင်​ထမ်း​ဆောင် ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည်​အ​ရှင့်​ခ​မည်း တော်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ခဲ့​သည့် နည်း​တူ ယ​ခု​အ​ရှင်​၏​အ​မှု​တော်​ကို ထမ်း​ဆောင်​ပါ​မည်'' ဟု​လျှောက်​၏။ \p \v 20 ထို​နောက်​အ​ဗ​ရှ​လုံ​သည်​အ​ဟိ​သော​ဖေ​လ ၏​ဘက်​သို့​လှည့်​၍``ငါ​တို့​သည်​အ​ဘယ်​အ​မှု ကို​ပြု​ရ​ကြ​ပါ​မည်​နည်း။ ငါ​တို့​အား​အ​ကြံ ပေး​လော့'' ဟု​ဆို​၏။ \p \v 21 အ​ဟိ​သော​ဖေ​လ​က``နန်း​တော်​ကို​စောင့်​စေ ရန်​အ​ရှင့်​ခ​မည်း​တော်​ထား​ခဲ့​သော​မောင်း​မ များ​ရှိ​ရာ​သို့​ဝင်​၍ ကိုယ်​လက်​နှီး​နှော​မှု​ကို ပြု​တော်​မူ​ပါ။ သို့​ပြု​လျှင်​ခ​မည်း​တော်​သည် အ​ရှင့်​အား​ရန်​သူ​အ​ဖြစ်​သတ်​မှတ်​ကြောင်း လူ​အ​ပေါင်း​တို့​သိ​သော​အ​ခါ​အ​ရှင်​၏ နောက်​လိုက်​နောက်​ပါ​တို့​သည်​အ​လွန်​အား ရ​ကြ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။- \v 22 သို့​ဖြစ်​၍​အ​ဗ​ရှ​လုံ​သည်​နန်း​တော်​အ​မိုး ထက်​တွင်​အ​မိုး​မိုး​စေ​ပြီး​နောက် လူ​အ​ပေါင်း တို့​၏​မျက်​မှောက်​၌​ခ​မည်း​တော်​၏​မောင်း​မ များ​နှင့်​ကိုယ်​လက်​နှီး​နှော​မှု​ကို​ပြု​၏။\x + \xo 16:22 \xt ၂ရာ၊ ၁၂:၁၁-၁၂။\x* \p \v 23 ထို​စဉ်​အ​ခါ​က​လူ​တို့​သည်​အ​ဟိ​သော ဖေ​လ​ပေး​သည့်​အ​ကြံ​ကို ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​တော်​သ​ဖွယ်​မှတ်​ယူ​တတ်​ကြ​၏။ ဒါ​ဝိဒ်​နှင့်​အ​ဗ​ရှ​လုံ​တို့​လည်း​မှတ်​ယူ ကြ​သ​တည်း။ \c 17 \s1 အ​ဗ​ရှ​လုံ​အား​မှား​ယွင်း​စေ​ရန်​ဟု​ရှဲ အ​ကြံ​ပေး​ခြင်း \p \v 1 အ​ဟိ​သော​ဖေ​လ​က``အ​ကျွန်ုပ်​သည်​လူ တစ်​သောင်း​နှစ်​ထောင်​ရွေး​ချယ်​၍ ဒါ​ဝိဒ် နောက်​သို့​ယ​နေ့​ညဥ့်​ပင်​လိုက်​ပါ​ရ​စေ။- \v 2 မော​ပန်း​စိတ်​ပျက်​နေ​ချိန်​၌​သူ့​အား​အ​ကျွန်ုပ် ဝင်​ရောက်​တိုက်​ခိုက်​ပါ​မည်။ ထို​အ​ခါ​သူ​သည် ကြောက်​လန့်​သွား​မည်​ဖြစ်​၍ သူ​၏​လူ​တို့​သည် လည်း​ထွက်​ပြေး​ကြ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည် ဘု​ရင်​တစ်​ပါး​တည်း​ကို​သာ​သတ်​ပြီး​လျှင်၊- \v 3 မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​သည်​မိ​မိ​၏ ခင်​ပွန်း​ထံ​သို့​ပြန်​လာ​သ​ကဲ့​သို့ သူ​၏​လူ အ​ပေါင်း​ကို​အ​ရှင့်​ထံ​သို့​ပြန်​လာ​စေ​ပါ မည်။ အ​ရှင်​သေ​စေ​လို​သူ​မှာ​တစ်​ယောက် တည်း​ဖြစ်​ပါ​၏။ အ​ခြား​လူ​အ​ပေါင်း​တို့ သည်​ဘေး​ဥ​ပဒ်​ရောက်​ရ​ကြ​လိမ့်​မည် မ​ဟုတ်​ပါ'' ဟု​အ​ဗ​ရှ​လုံ​အား​လျှောက် ထား​၏။- \v 4 ဤ​အ​ကြံ​ကို​အ​ဗ​ရှ​လုံ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​ခေါင်း​ဆောင်​များ​က​နှစ်​သက် ကြ​၏။ \p \v 5 အ​ဗ​ရှ​လုံ​က``ယ​ခု​ဟု​ရှဲ​ကို​ခေါ်​ခဲ့​ကြ။ သူ ၏​အ​ကြံ​ကို​လည်း​နား​ထောင်​ကြ​စို့'' ဟု ဆို​၏။- \v 6 ဟု​ရှဲ​ရောက်​လာ​သော​အ​ခါ​အ​ဗ​ရှ​လုံ က``အ​ဟိ​သော​ဖေ​လ​ပေး​သော​အ​ကြံ​မှာ ဤ​သို့​ဖြစ်​၏။ ထို​အ​ကြံ​အ​တိုင်း​ငါ​တို့ လိုက်​သင့်​ပါ​သ​လော။ မ​လိုက်​သင့်​ပါ​မူ​ငါ တို့​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​ပြော​ပါ လော့'' ဟု​ဆို​၏။ \p \v 7 ဟု​ရှဲ​က``ယ​ခု​တစ်​ကြိမ်​အ​ရှင့်​အား အ​ဟိ သော​ဖေ​လ​ပေး​သည့်​အ​ကြံ​မှာ​မ​သင့် လျော်​ပါ။- \v 8 အ​ရှင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​နှင့်​သူ​၏​လူ​တို့ သည်​စစ်​ရည်​ဝ​သူ​များ​ဖြစ်​သည်​ကို​လည်း ကောင်း၊ သူ​တို့​သည်​သား​ငယ်​ပျောက်​သည့်​ဝက် ဝံ​မ​ကဲ့​သို့ ကြောက်​မက်​ဖွယ်​ကောင်း​သည်​ကို လည်း​ကောင်း​အ​ရှင်​သိ​တော်​မူ​ပါ​၏။ အ​ရှင့် ခ​မည်း​တော်​သည်​အ​တွေ့​အ​ကြုံ​များ​သည့် စစ်​သည်​တော်​တစ်​ဦး​ဖြစ်​သ​ဖြင့် ညဥ့်​အ​ခါ မိ​မိ​၏​လူ​တို့​နှင့်​အ​တူ​အိပ်​စက်​တော်​မ​မူ တတ်​ပါ။- \v 9 ယ​ခု​ပင်​လျှင်​သူ​သည်​ဂူ​တစ်​ခု​ခု​၌​ဖြစ် စေ၊ အ​ခြား​တစ်​နေ​ရာ​ရာ​၌​ဖြစ်​စေ​ပုန်း အောင်း​လျက်​နေ​ပါ​လိမ့်​မည်။ ဒါ​ဝိဒ်​က စ​တင်​တိုက်​ခိုက်​သည်​နှင့်​တစ်​ပြိုင်​နက် အ​ရှင်​၏​လူ​အ​ချို့​တို့​ကျ​ဆုံး​ကြ​ပါ လိမ့်​မည်။ ထို​သ​တင်း​ကို​ကြား​သော​သူ တို့​က အ​ရှင်​၏​လူ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ ပြီ​ဟု​ပြော​ဆို​ကြ​ပါ​လိမ့်​မည်။- \v 10 ထို​အ​ခါ​ခြင်္သေ့​ကဲ့​သို့​ကြောက်​စိတ်​ကင်း​၍ ရဲ​စွမ်း​သတ္တိ​အ​ရှိ​ဆုံး​သော​သူ​များ​ပင်​လျှင် ထိတ်​လန့်​သွား​ကြ​ပါ​လိမ့်​မည်။ အ​ဘယ်​ကြောင့် ဆို​သော်​အ​ရှင့်​ခ​မည်း​တော်​သည်​သူ​ရဲ​ကောင်း ကြီး​တစ်​ယောက်​ဖြစ်​၍ သူ​၏​စစ်​သည်​တော် တို့​သည်​လည်း​စစ်​ရည်​ဝ​သူ​များ​ဖြစ်​သည် ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​သိ ကြ​သော​ကြောင့်​ဖြစ်​ပါ​၏။- \v 11 အ​ရှင့်​အား​အ​ကျွန်ုပ်​အ​ကြံ​ပေး​လို​သည်​မှာ သ​မုဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ​များ​ပြား​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​ကို​နိုင်​ငံ တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​ခေါ်​ယူ​စေ​ရန်​ဖြစ် ပါ​၏။ ထို​နောက်​သူ​တို့​အား​အ​ရှင်​ကိုယ်​တိုင် ခေါင်း​ဆောင်​၍​စစ်​ပွဲ​သို့​ဝင်​တော်​မူ​ပါ။- \v 12 ဒါ​ဝိဒ်​ရှိ​ရာ​အ​ရပ်​ကို​မ​တွေ့​တွေ့​အောင် ရှာ​၍ အ​ကျွန်ုပ်​တို့​သည်​သူ့​အား​ရုတ်​တ​ရက် အ​မှတ်​မ​ထင်​ဝင်​ရောက်​တိုက်​ခိုက်​ကြ​ပါ မည်။ သူ​မှ​စ​၍​သူ​၏​လူ​တစ်​စုံ​တစ်​ယောက် မျှ​မ​သေ​ဘဲ​ကျန်​ရစ်​လိမ့်​မည်​မ​ဟုတ်​ပါ။- \v 13 အ​ကယ်​၍​သူ​သည်​မြို့​တစ်​မြို့​အ​တွင်း သို့​ဆုတ်​ခွာ​သွား​လျှင် အ​ကျွန်ုပ်​တို့​၏​လူ များ​သည်​ကြိုး​များ​ကို​ယူ​ဆောင်​ကာ​တောင် ကုန်း​ပေါ်​တွင်​ကျောက်​တစ်​လုံး​မျှ​မ​ကျန်​ဘဲ ထို​မြို့​ကို​ချိုင့်​ဝှမ်း​အောက်​သို့​ဆွဲ​ချ​ကြ ပါ​မည်'' ဟု​လျှောက်​၏။ \p \v 14 အ​ဗ​ရှ​လုံ​နှင့်​ဣသ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​က``ဟု​ရှဲ​၏​အ​ကြံ​သည်​အ​ဟိ သော​ဖေ​လ​၏​အ​ကြံ​ထက်​ကောင်း​၏'' ဟု ဆို​ကြ​၏။ အ​ဗ​ရှ​လုံ​၌​ဘေး​ရောက်​စေ​ခြင်း ငှာ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဟိ​သော​ဖေ​လ ပေး​သော​အ​ကြံ​ကောင်း​ကို​ပျက်​စေ​ရန် စီ​ရင်​တော်​မူ​သ​တည်း။ \s1 ကြို​တင်​သ​တိ​ပေး​ခြင်း​ခံ​ရ​၍​ဒါ​ဝိဒ် လွတ်​မြောက်​သွား​ခြင်း \p \v 15 ထို​နောက်​ဟု​ရှဲ​သည်​ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ် နှင့်​အ​ဗျာ​သာ​တို့​အား မိ​မိ​သည်​အ​ဗ​ရှ​လုံ နှင့်​ဣ​သ​ရေ​လ​ခေါင်း​ဆောင်​များ​ကို​အ​ဘယ် သို့​အ​ကြံ​ပေး​၍​အ​ဟိ​သော​ဖေ​လ​က မည်​သို့​အ​ကြံ​ပေး​သည်​ကို​ပြော​ပြ​၏။- \v 16 ထို​နောက်​ဟု​ရှဲ​က``လူ​တစ်​ယောက်​ကို​စေ လွှတ်​၍​ဒါ​ဝိဒ်​မင်း​အား`တော​ကန္တာ​ရ​ကူး​တို့ ဆိပ်​တွင်​ညဥ့်​အိပ်​တော်​မ​မူ​ပါ​နှင့်။ ယော်​ဒန် မြစ်​တစ်​ဘက်​ကမ်း​သို့​ချက်​ချင်း​ကူး​တော် မူ​ပါ။ သို့​မှ​သာ​လျှင်​အ​ရှင်​နှင့်​အ​ရှင့်​လူ တို့​သည်​သေ​ဘေး​မှ​လွတ်​မြောက်​ကြ​ပါ လိမ့်​မည်' ဟု​လျှောက်​ထား​စေ​လော့'' ဟု​မှာ ကြား​လေ​သည်။ \p \v 17 ဇာ​ဒုတ်​၏​သား​ယော​န​သန်​နှင့်​အ​ဗျာ​သာ ၏​သား​အ​ဟိ​မတ်​တို့​သည်​လူ​မြင်​မည်​စိုး ၍ မြို့​ထဲ​မ​ဝင်​ဝံ့​ဘဲ​အင်္ရော​ဂေ​လ​ရွာ​တွင် စောင့်​နေ​ကြ​၏။ ဒါ​ဝိဒ်​ထံ​သို့​သူ​တို့​ယူ ဆောင်​ရန်​သ​တင်း​ကို​အ​စေ​ခံ​မ​က​လေး တစ်​ယောက်​က​လာ​ရောက်​ပေး​ပို့​သည့်​အ​တိုင်း သူ​တို့​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​၍​လျှောက် ကြ​၏။- \v 18 သို့​ရာ​တွင်​ယ​ခု​တစ်​ကြိမ်​၌​လူ​က​လေး တစ်​ယောက်​သည် သူ​တို့​ကို​မြင်​သ​ဖြင့်​အ​ဗ ရှ​လုံ​အား​လျှောက်​ထား​လေ​၏။ ထို့​ကြောင့် ယော​န​သန်​နှင့်​အ​ဟိ​မတ်​တို့​သည်​ဗာ​ဟု ရိမ်​မြို့​ရှိ​အိမ်​တစ်​အိမ်​သို့​အ​ဆော​တ​လျင် သွား​ပြီး​လျှင် ထို​အိမ်​အ​နီး​ရှိ​ရေ​တွင်း​ထဲ သို့​ဆင်း​၍​ပုန်း​ကြ​၏။- \v 19 အိမ်​ရှင်​မ​သည်​ရေ​တွင်း​ကို​ဖုံး​အုပ်​ပြီး​လျှင် မည်​သူ​မျှ​မ​ရိပ်​မိ​စေ​ရန်​အ​ဖုံး​ပေါ်​တွင် ဆန်​လှန်း​၍​ထား​လေ​သည်။- \v 20 အ​ဗ​ရှ​လုံ​၏​အ​မှု​ထမ်း​တို့​သည်​ထို​အိမ် သို့​လာ​ရောက်​၍​ထို​အ​မျိုး​သမီး​အား``အ​ဟိ မတ်​နှင့်​ယော​န​သန်​အ​ဘယ်​မှာ​နည်း'' ဟု မေး​၏။ \p အ​မျိုး​သ​မီး​က``မြစ်​တစ်​ဘက်​သို့​ကူး​သွား ကြ​ပါ​သည်'' ဟု​ဖြေ​၏။ \p အ​မှု​ထမ်း​တို့​သည်​ထို​သူ​တို့​ကို​ရှာ​သော် လည်း​မ​တွေ့​သ​ဖြင့် ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​ကြ​၏။- \v 21 သူ​တို့​ပြန်​သွား​ကြ​သော​အ​ခါ​အ​ဟိ​မတ် နှင့်​ယော​န​သန်​တို့​သည်​ရေ​တွင်း​ထဲ​မှ​တက် လာ​ပြီး​လျှင် ဒါ​ဝိဒ်​မင်း​ထံ​သွား​ရောက်​သ​တင်း ပို့​ကြ​၏။ သူ​တို့​သည်​မင်း​ကြီး​အား​အ​ဟိ​သော ဖေ​လ​အ​ဘယ်​သို့​မ​ကောင်း​ကြံ​သည်​ကို​သံ တော်​ဦး​တင်​ပြီး​နောက်``မြစ်​တစ်​ဘက်​ကမ်း​သို့ ဆော​လျင်​စွာ​ကူး​တော်​မူ​ပါ'' ဟု​လျှောက်​ထား ကြ​၏။- \v 22 သို့​ဖြစ်​၍​ဒါ​ဝိဒ်​နှင့်​နောက်​ပါ​အ​ပေါင်း​တို့ သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ကြ​ရာ မိုး သောက်​ချိန်​၌​တစ်​ယောက်​မ​ကျန်​တစ်​ဘက် ကမ်း​သို့​ရောက်​ရှိ​ကြ​၏။ \p \v 23 အ​ဟိ​သော​ဖေ​လ​သည်​မိ​မိ​ပေး​သည့် အ​ကြံ​ကို​မ​လိုက်​ကြ​ကြောင်း​သိ​ရှိ​သော အ​ခါ မြည်း​ကို​ကုန်း​နှီး​တင်​၍​မိ​မိ​နေ​ရင်း မြို့​သို့​ပြန်​လေ​၏။ သူ​သည်​မိ​မိ​၏​အ​မှု ကိစ္စ​အ​ဝ​ဝ​ကို​စီ​စဉ်​ဆောင်​ရွက်​ပြီး​နောက် ကြိုး​ဆွဲ​ချ​၍​သေ​လေ​၏။ သူ့​အ​လောင်း​ကို သက်​ဆိုင်​ရာ​ဆွေ​မျိုး​စု​သင်္ချိုင်း​တွင်​သင်္ဂြိုဟ် ကြ​၏။ \p \v 24 အ​ဗ​ရှ​လုံ​နှင့် ဣသ​ရေ​လ​အ​မျိုး​သား​တို့ သည်​ယော်​ဒန်​မြစ်​တစ်​ဘက်​ကမ်း​သို့​ကူး​မိ ကြ​သော​အ​ခါ ဒါ​ဝိဒ်​သည်​မ​ဟာ​နိမ်​မြို့ သို့​ရောက်​ရှိ​နေ​လေ​ပြီ။- \v 25 (အ​ဗ​ရှ​လုံ​သည်​အာ​မ​သ​အား​ယွာ​ဘ​၏ နေ​ရာ​တွင်​တပ်​မ​တော်​ဗိုလ်​ချုပ်​အ​ဖြစ်​ခန့် ထား​၏။ အာ​မ​သ​ကား​ဣ​ရှ​မေ​လ​အ​မျိုး သား​ယေ​သာ​၏​သား​ဖြစ်​၏။ သူ​၏​မိ​ခင်​မှာ နာ​ဟတ်​၏​သ​မီး၊ ယွာ​ဘ​၏​မိ​ခင်​ဇေ​ရု​ယာ ၏​ညီ​မ​အ​ဘိ​ဂဲ​လ​ဖြစ်​သ​တည်း။-) \v 26 အ​ဗ​ရှ​လုံ​နှင့်​နောက်​ပါ​အ​ပေါင်း​တို့​သည် ဂိ​လဒ်​ပြည်​တွင်​တပ်​စ​ခန်း​ချ​ကြ​၏။ \p \v 27 မ​ဟာ​နိမ်​မြို့​သို့​ဒါ​ဝိဒ်​ရောက်​ရှိ​လာ​သော အ​ခါ​အမ္မုန်​ပြည်၊ ရဗ္ဗာ​မြို့​သား​နာ​ဟတ်​၏ သား​ရှောဘိ၊ လော​ဒေ​ဗာ​မြို့​သား​အ​မျေ​လ ၏​သား​မာ​ခိ​ရ​နှင့်​ဂိ​လဒ်​ပြည်​ရော​ဂေ​လိမ် မြို့​သား​ဗာ​ဇိ​လဲ​တို့​သည်​သူ​၏​ထံ​လာ ရောက်​တွေ့​ဆုံ​ကြ​၏။- \v 28-29 တော​ကန္တာ​ရ​၌​ဒါ​ဝိဒ်​နှင့်​နောက်​ပါ​တို့​သည် အ​စာ​ရေ​စာ​ငတ်​မွတ်​လျက်၊ နွမ်း​နယ်​လျက် နေ​ကြ​မည်​ကို​သူ​တို့​သိ​သော​ကြောင့် ခွက် ဖ​လား​များ၊ မြေ​အိုး​များ၊ အိပ်​ရာ​များ၊ ဂျုံ ဆန်၊ မု​ယော​ဆန်၊ မုန့်​ညက်၊ ပေါက်​ပေါက်၊ ပဲ​တောင့်၊ ပဲ​ကြား၊ ပျား​ရည်၊ ဒိန်​ခဲ၊ မ​လိုင်​နှင့်​သိုး​များ ကို​ယူ​ဆောင်​လာ​ကြ​၏။ \c 18 \s1 အ​ဗ​ရှ​လုံ​အ​ရေး​ရှုံး​နိမ့်​ခြင်း​နှင့်​ကျ​ဆုံး​ခြင်း \p \v 1 ဒါ​ဝိဒ်​မင်း​သည်​မိ​မိ​၏​လူ​တို့​ကို​စု​ရုံး​စေ ပြီး​လျှင် တစ်​ထောင်​တပ်၊ တစ်​ရာ​တပ်​များ​ကို ဖွဲ့​၍​ယင်း​တို့​ကို​အုပ်​ချုပ်​ရန်​တပ်​မှူး​များ ခန့်​ထား​တော်​မူ​၏။- \v 2 ထို​နောက်​သူ​သည်​ထို​တပ်​တို့​ကို​သုံး​စု​ခွဲ ၍​စေ​လွှတ်​တော်​မူ​၏။ တစ်​စု​ကို​ယွာ​ဘ​အား လည်း​ကောင်း၊ တစ်​စု​ကို​ယွာ​ဘ​၏​ညီ​အ​ဘိ​ရှဲ အား​လည်း​ကောင်း၊ အ​ခြား​တစ်​စု​ကို​ဂါ​သ မြို့​သား​အိတ္တဲ​အား​လည်း​ကောင်း​ဦး​စီး​စေ တော်​မူ​၏။ ထို​နောက်​မင်း​ကြီး​သည်​မိ​မိ​၏ လူ​တို့​အား``ငါ​ကိုယ်​တိုင်​သင်​တို့​နှင့်​အ​တူ ချီ​တက်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 3 လူ​တို့​က``အ​ရှင်၊ အ​ကျွန်ုပ်​တို့​နှင့်​အ​တူ ကြွ​တော်​မ​မူ​ပါ​နှင့်။ အ​ကယ်​၍​အ​ကျွန်ုပ် တို့​အား​လုံး​ပင်​တပ်​လန့်​ထွက်​ပြေး​ကြ သော်​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​အ​နက် ထက်​ဝက်​မျှ​ပင်​ကျ​ဆုံး​သွား​သော်​လည်း ကောင်း၊ ရန်​သူ​အ​တွက်​အ​ဘယ်​သို့​မျှ ထူး​ခြား​မှု​ရှိ​မည်​မ​ဟုတ်​ပါ။ အ​ရှင် သည်​ကား​အ​ကျွန်ုပ်​တို့​လူ​တစ်​သောင်း လောက်​တန်​ဖိုး​ရှိ​ပါ​၏။ အ​ရှင်​သည်​မြို့ ထဲ​တွင်​နေ​ရစ်​၍​အ​ကျွန်ုပ်​တို့​အား​စစ် ကူ​ပို့​ပေး​ပါ​က​ပို​၍​ကောင်း​ပါ​လိမ့် မည်'' ဟု​လျှောက်​ထား​ကြ​၏။ \p \v 4 မင်း​ကြီး​က​လည်း``အ​ကောင်း​ဆုံး​ဟု​သင်​တို့ ထင်​သည့်​အ​တိုင်း​ငါ​ပြု​မည်'' ဟု​မိန့်​တော်​မူ ၏။ ထို​နောက်​သူ​သည်​တစ်​ထောင်​တပ်၊ တစ်​ရာ တပ်​တို့​ချီ​တက်​ထွက်​ခွာ​သွား​ကြ​စဉ်​မြို့ တံ​ခါး​အ​နီး​တွင်​ရပ်​၍​နေ​တော်​မူ​၏။- \v 5 ``ငါ့​မျက်​နှာ​ကို​ထောက်​၍​သူ​ငယ်​အ​ဗ ရှ​လုံ​အား​ဘေး​အန္တ​ရာယ်​မ​ပြု​ကြ​ပါ နှင့်'' ဟု​ယွာ​ဘ၊ အ​ဘိ​ရှဲ​နှင့်​အိတ္တဲ​တို့​အား မှာ​ကြား​တော်​မူ​လိုက်​၏။ ဤ​သို့​တပ်​မှူး ကြီး​တို့​အား​မှာ​ကြား​သည်​ကို​တပ်​သား အ​ပေါင်း​တို့​ကြား​ကြ​၏။ \p \v 6 ဒါ​ဝိဒ်​၏​တပ်​မ​တော်​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အား စစ်​ဆင်​ရန်​မြို့​ပြင်​သို့​ထွက်​ခွာ ပြီး​လျှင်​ဧ​ဖ​ရိမ်​တော​၌​တိုက်​ပွဲ​ဝင်​ကြ​၏။- \v 7 ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဒါ​ဝိဒ်​၏ လူ​တို့​လက်​တွင် အ​ကြီး​အ​ကျယ်​အ​ရေး ရှုံး​နိမ့်​ကြ​လေ​သည်။ ထို​နေ့​တွင်​သူ​တို့​ဘက် မှ​လူ​ပေါင်း​နှစ်​သောင်း​မျှ​ကျ​ဆုံး​သွား သ​တည်း။- \v 8 တိုက်​ခိုက်​မှု​သည်​တော​တောင်​များ​သို့​ပျံ့​နှံ့ ၍​သွား​သ​ဖြင့် တော​တွင်​သေ​ဆုံး​သည့်​လူ​ဦး ရေ​မှာ​တိုက်​ပွဲ​တွင်​ကျ​ဆုံး​သည့်​ဦး​ရေ​ထက် ပင်​များ​လေ​သည်။ \p \v 9 အ​ဗ​ရှ​လုံ​သည်​ရုတ်​တ​ရက်​ဒါ​ဝိဒ်​၏​လူ အ​ချို့​နှင့်​တွေ့​၏။ သူ​သည်​လား​ကို​စီး​၍ ဝက်​သစ်​ချ​ပင်​ကြီး​တစ်​ပင်​အောက်​သို့​ဝင် လိုက်​ရာ​သူ​၏​လည်​သည်​သစ်​ကိုင်း​များ ကြား​တွင်​ညပ်​၍​နေ​လေ​၏။ လား​သည်​ဆက် လက်​၍​ပြေး​သွား​သ​ဖြင့်​အ​ဗ​ရှ​လုံ​မှာ လေ​ထဲ​တွင်​တွဲ​လွဲ​ကျန်​ရစ်​လေ​တော့​သည်။- \v 10 ဒါ​ဝိဒ်​၏​လူ​တစ်​ယောက်​သည်​သူ့​ကို​မြင် သ​ဖြင့်​ယွာ​ဘ​အား``အ​ရှင်၊ ဝက်​သစ်​ချ​ပင် မှာ​အ​ဗ​ရှ​လုံ​တွဲ​လွဲ​နေ​သည်​ကို​အ​ကျွန်ုပ် မြင်​ခဲ့​ပါ​သည်'' ဟု​ပြော​၏။ \p \v 11 ယွာ​ဘ​က``သင်​မြင်​ခဲ့​သည်​မှန်​က အ​ဘယ် ကြောင့်​ထို​နေ​ရာ​၌​ပင်​မ​ထိုး​သတ်​ခဲ့​ပါ သ​နည်း။ အ​ကယ်​၍​သာ​သတ်​ခဲ့​လျှင်​သင့် အား​ငွေ​ဒင်္ဂါး​တစ်​ဆယ်​နှင့်​ခါး​စည်း​ကို ငါ​ဆု​ပေး​လေ​ပြီ'' ဟု​ဆို​၏။ \p \v 12 သို့​ရာ​တွင် ထို​သူ​က``အ​ကယ်​၍​အ​ရှင်​သည် အ​ကျွန်ုပ်​အား​ငွေ​ဒင်္ဂါး​တစ်​ရာ​ပင်​ပေး​သော် လည်း အ​ကျွန်ုပ်​သည်​ဘု​ရင့်​သား​တော်​ကို လက်​ဖျား​နှင့်​မျှ​တို့​မည်​မ​ဟုတ်​ပါ။ မင်း ကြီး​က​အ​ရှင့်​အား​လည်း​ကောင်း၊ အ​ဘိ​ရှဲ နှင့်​အိတ္တဲ​အား​လည်း​ကောင်း`ငါ့​မျက်​နှာ​ကို ထောက်​၍​လူ​ငယ်​အ​ဗ​ရှ​လုံ​ကို​ဘေး အန္တ​ရာယ်​မ​ပြု​ပါ​နှင့်'' ဟု​မှာ​ကြား​တော် မူ​သည်​ကို​အ​ကျွန်ုပ်​တို့​အား​လုံး​ကြား ကြ​ပါ​၏။- \v 13 သို့​ပါ​လျက်​အကျွန်ုပ်​သည်​မင်း​ကြီး​၏ အ​မိန့်​တော်​ကို​နား​မ​ထောင်​ဘဲ အ​ဗ​ရှ​လုံ အား​သတ်​မည်​ဆို​ပါ​က​မင်း​ကြီး​မ​ကြား မ​သိ​သည့်​အ​မှု​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​သ​ဖြင့် ထို​အ​ကြောင်း​ကို​ကြား​သိ တော်​မူ​မည်​သာ​ဖြစ်​ပါ​၏။ ထို​အ​ခါ​အ​ရှင် သည်​အ​ကျွန်ုပ်​ဘက်​၌​နေ​၍​ကာ​ကွယ်​ပြော ဆို​မည်​မ​ဟုတ်​ပါ'' ဟု​ပြန်​ပြော​လေ​၏။ \p \v 14 ယွာ​ဘ​က``ငါ​သည်​သင်​နှင့်​ထပ်​မံ​၍​အ​ချိန် မ​ဖြုန်း​လို​တော့​ပြီ'' ဟု​ဆို​ပြီး​လျှင်​လှံ​သုံး စင်း​ကို​ယူ​၍​ဝက်​သစ်​ချ​ပင်​မှ​တွဲ​လွဲ​ကျ လျက် အ​သက်​ရှင်​နေ​သော​အ​ဗ​ရှ​လုံ​၏ ရင်​ကို​ထုတ်​ချင်း​ပေါက်​ထိုး​လေ​သည်။- \v 15 ထို​နောက်​ယွာ​ဘ​၏​တပ်​သား​ဆယ်​ယောက် တို့​သည် အ​ဗ​ရှ​လုံ​ကို​ဝိုင်း​၍​အ​ဆုံး စီ​ရင်​လိုက်​ကြ​၏။ \p \v 16 ယွာ​ဘ​သည်​အ​တိုက်​အ​ခိုက်​ရပ်​စဲ​စေ​ရန် တံ​ပိုး​ခ​ရာ​ကို​မှုတ်​စေ​၏။ ထို​အ​ခါ​သူ ၏​တပ်​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​လိုက်​လံ​တိုက်​ခိုက်​ရာ​မှ​ပြန် လာ​ကြ​၏။- \v 17 သူ​တို့​သည်​အ​ဗ​ရှ​လုံ​၏​အ​လောင်း​ကို ယူ​၍ တော​ထဲ​တွင်​တွင်း​နက်​တစ်​ခု​ထဲ​သို့ ပစ်​ချ​ကာ ကျောက်​ခဲ​ပုံ​ကြီး​ဖြင့်​ဖုံး​အုပ် ထား​ကြ​၏။ ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည်​လည်း မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး သို့​ထွက်​ပြေး​ကြ​ကုန်​၏။ \p \v 18 အ​ဗ​ရှ​လုံ​သည်​မိ​မိ​တွင်​သား​မ​ရှိ​သ​ဖြင့် မိ​မိ​နာ​မည်​မ​တိမ်​ကော​စေ​ရန်​အ​သက်​ရှင် စဉ်​အ​ခါ​က ဘု​ရင့်​ချိုင့်​ဝှမ်း​တွင်​ကျောက်​တိုင် ကို​တည်​ဆောက်​၍ မိ​မိ​၏​နာ​မည်​ဖြင့်​ခေါ်​တွင် စေ​ရာ​အ​ဗ​ရှ​လုံ​ကျောက်​တိုင်​ဟု​ယ​နေ့ တိုင်​အောင်​တွင်​သ​တည်း။ \s1 အ​ဗ​ရှ​လုံ​ကွယ်​လွန်​ကြောင်း​ဒါ​ဝိဒ် ကြား​သိ​တော်​မူ​ခြင်း \p \v 19 ထို​နောက်​ဇာ​ဒုတ်​၏​သား​အ​ဟိ​မတ်​သည်​ယွာ​ဘ အား``ထာ​ဝ​ရ​ဘု​ရား​သည်​မင်း​ကြီး​အား​ရန်​သူ များ​လက်​မှ​ကယ်​တော်​မူ​ပြီ​ဖြစ်​ကြောင်း​သ​တင်း ကောင်း​ကို​မင်း​ကြီး​ထံ​သွား​ရောက်​ကြား​လျှောက် ပါ​ရ​စေ'' ဟု​တောင်း​ပန်​၏။ \p \v 20 ယွာ​ဘ​က``ယ​နေ့​သင်​သည်​အ​ဘယ်​သ​တင်း ကောင်း​ကို​မျှ​ယူ​ဆောင်​၍​မ​သွား​ရ။ အ​ခြား တစ်​နေ့​နေ့​၌​သွား​ခွင့်​ပြု​မည်။ ဘု​ရင်​၏​သား တော်​သေ​ဆုံး​ပြီ​ဖြစ်​၍​ယ​နေ့​သင်​သွား​၍ မ​ဖြစ်'' ဟု​ဆို​၏။- \v 21 ထို​နောက်​ယွာ​ဘ​သည်​မိ​မိ​၏​ကျွန်​ကု​ရှိ အ​မျိုး​သား​အား``သင်​တွေ့​မြင်​ရ​သည့်​အ​မှု ကို​မင်း​ကြီး​ထံ​သွား​၍​သံ​တော်​ဦး​တင် လော့'' ဟု​ဆို​သ​ဖြင့်​သူ​သည်​ယွာ​ဘ​အား ဦး​ညွှတ်​ပြီး​လျှင်​ပြေး​၍​သွား​လေ​သည်။ \p \v 22 အ​ဟိ​မတ်​က``အ​ကျွန်ုပ်​အား​လည်း​ထို​သတင်း ကို​ယူ​ဆောင်​သွား​ခွင့်​ပြု​ပါ။ ဘေး​တွေ့​မည် ဖြစ်​သော်​လည်း​အ​ကျွန်ုပ်​အ​မှု​မ​ထား​ပါ'' ဟု​ထပ်​မံ​၍​တောင်း​ပန်​၏။ \p ယွာ​ဘ​က``ငါ့​သား၊ သင်​သည်​အ​ဘယ်​ကြောင့် ဤ​အ​မှု​ကို​ပြု​လို​ပါ​သ​နည်း။ ယင်း​သို့​ပြု သည့်​အ​တွက်​ဆု​လာဘ်​ရ​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၏။ \p \v 23 အ​ဟိ​မတ်​က​လည်း``ဘေး​တွေ့​မည်​ဖြစ်​သော် လည်း​အ​ကျွန်ုပ်​သွား​လို​ပါ​သည်'' ဟု​တစ်​ဖန် တောင်း​ပန်​၏။ \p ယွာ​ဘ​က``ဤ​သို့​ဖြစ်​ပါ​မူ​သင်​သွား​လော့'' ဟု​ဆို​သ​ဖြင့်​အ​ဟိ​မတ်​သည်​ယော်​ဒန်​မြစ် ချိုင့်​ဝှမ်း​လမ်း​ဖြင့်​ပြေး​သွား​ရာ ကု​ရှိ​အ​မျိုး သား​ကို​ကျော်​လွန်​၍​သွား​လေ​၏။ \p \v 24 ဒါ​ဝိဒ်​သည်​မြို့​အ​ပြင်​တံ​ခါး​နှင့်​အ​တွင်း တံ​ခါး​စပ်​ကြား​တွင်​ရှိ​သော​မြေ​ကွက်​လပ် တွင်​ထိုင်​လျက်​နေ​၏။ ကင်း​စောင့်​သည်​မြို့​ရိုး ပေါ်​သို့​တက်​ပြီး​လျှင် မြို့​တံ​ခါး​အ​မိုး​ပေါ် မှ​ရပ်​၍​ကြည့်​လိုက်​ရာ​လူ​တစ်​ယောက် အ​ဖော်​မ​ပါ​ဘဲ​ပြေး​လာ​သည်​ကို​မြင် သ​ဖြင့်၊- \v 25 မင်း​ကြီး​အား​ဟစ်​အော်​လျှောက်​ထား​၏။ မင်း ကြီး​က``ထို​သူ​သည်​တစ်​ကိုယ်​တည်း​ဖြစ်​လျှင် သ​တင်း​ကောင်း​ကို​ယူ​ဆောင်​လာ​သူ​ဖြစ်​မည်'' ဟု​မိန့်​တော်​မူ​၏။ ပြေး​လာ​သူ​သည်​လည်း အ​နီး​သို့​ရောက်​ရှိ​လာ​၏။ \p \v 26 ထို​အ​ခါ​ကင်း​စောင့်​သည် အ​ခြား​လူ​တစ် ယောက်​တစ်​ကိုယ်​တည်း​ပြေး​လာ​သည်​ကို မြင်​ပြန်​သ​ဖြင့် တံ​ခါး​မှူး​အား``ကြည့်​လော့၊ အ​ခြား​သူ​တစ်​ယောက်​တစ်​ကိုယ်​တည်း ပြေး​လာ​နေ​ပါ​သည်'' ဟု​အော်​၍​ပြော​၏။ \p မင်း​ကြီး​က``ဤ​သူ​သည်​လည်း သ​တင်း​ကောင်း ကို​ယူ​ဆောင်​လာ​သူ​ဖြစ်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ \p \v 27 ကင်း​စောင့်​က``ပ​ထ​မ​လူ​ပြေး​ပုံ​မှာ​အ​ဟိ မတ်​ပြေး​ပုံ​နှင့်​တူ​ပါ​သည်'' ဟု​လျှောက်​လျှင်၊ \p မင်း​ကြီး​က``သူ​သည်​လူ​ကောင်း​ဖြစ်​၍ သ​တင်း​ကောင်း​ကို​ယူ​ဆောင်​လာ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 28 အ​ဟိ​မတ်​သည်​မင်း​ကြီး​အား​နှုတ်​ခွန်း​ဆက် သ​ပြီး​လျှင် ရှေ့​တော်​၌​မြေ​ပေါ်​သို့​လှဲ​ချ ပျပ်​ဝပ်​ကာ``သူ​ပုန်​တို့​အ​ပေါ်​တွင်​အ​ရှင်​မင်း ကြီး​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​သော​အ​ရှင် ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​မင်္ဂ လာ​ရှိ​တော်​မူ​စေ​သ​တည်း'' ဟု​လျှောက်​၏။ \p \v 29 မင်း​ကြီး​က``လူ​ငယ်​အ​ဗ​ရှ​လုံ​ဘေး​ကင်း ပါ​၏​လော'' ဟု​မေး​လျှင်၊ \p အ​ဟိ​မတ်​က``အ​ရှင်၊ အ​ကျွန်ုပ်​အား​အ​ရှင် ၏​တပ်​မှူး​စေ​လွှတ်​စဉ်​အ​ခါ​က​ရုန်း​ရင်း​ဆန် ခတ်​ဖြစ်​၍​နေ​သ​ဖြင့် အ​ကျွန်ုပ်​သည်​အ​ဘယ် သို့​မျှ​မ​လျှောက်​ထား​တတ်​ပါ'' ဟု​ပြန်​လည် ဖြေ​ကြား​၏။ \p \v 30 မင်း​ကြီး​က``ထို​နေ​ရာ​သို့​ရွှေ့​၍​ရပ်​လော့'' ဟု ဆို​လျှင်​အ​ဟိ​မတ်​သည်​ရွှေ့​၍​ရပ်​နေ​၏။ \p \v 31 ထို​နောက်​ကု​ရှိ​အ​မျိုး​သား​ရောက်​ရှိ​လာ​၍ မင်းကြီး​အား``အ​ကျွန်ုပ်​သည်​အ​ရှင်​မင်း​ကြီး အ​တွက်​သ​တင်း​ကောင်း​ကို​ယူ​ဆောင်​လာ​ပါ သည်။ ယ​နေ့​အ​ရှင်​အား​ထာ​ဝ​ရ​ဘု​ရား သည်​ပုန်​ကန်​သူ​အ​ပေါင်း​တို့​အ​ပေါ်​တွင် အောင်​ပွဲ​ခံ​စေ​တော်​မူ​ပါ​ပြီ'' ဟု​လျှောက်​၏။ \p \v 32 မင်း​ကြီး​က``လူ​ငယ်​အ​ဗ​ရှ​လုံ​ဘေး​ကင်း ပါ​၏​လော'' ဟု​မေး​တော်​မူ​သော်​ကု​ရှိ​အ​မျိုး သား​က``အ​ရှင်၊ အ​ရှင်​၏​ရန်​သူ​များ​နှင့်​အ​ရှင့် အား​ပုန်​ကန်​ကြ​သူ​များ​သည်​ထို​သူ​ငယ် ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော'' ဟု​လျှောက်​၏။ \p \v 33 မင်း​ကြီး​သည်​လွန်​စွာ​ဝမ်း​နည်း​ကြေ​ကွဲ​လျက် မြို့​တံ​ခါး​အ​မိုး​ထက်​၌​ရှိ​သော​အ​ခန်း​သို့ တက်​သွား​၍​ငို​ကြွေး​တော်​မူ​၏။ ယင်း​သို့ တက်​သွား​စဉ်``အို ငါ့​သား၊ ငါ့​သား​အ​ဗ​ရှ​လုံ၊ အ​ဗ​ရှ​လုံ​ငါ့​သား၊ သင့်​ကိုယ်​စား​ငါ​သေ ချင်​ပါ​ဘိ။ ငါ့​သား​အ​ဗ​ရှ​လုံ၊ ငါ့​သား'' ဟု ငို​ကြွေး​မြည်​တမ်း​လေ​၏။ \c 19 \s1 ဒါ​ဝိဒ်​အား​ယွာ​ဘ​ပြစ်​တင်​လျှောက်​ထား​ခြင်း \p \v 1 ဒါ​ဝိဒ်​မင်း​သည်​အ​ဗ​ရှ​လုံ​အ​တွက်​ငို​ကြွေး မြည်​တမ်း​လျက်​နေ​ကြောင်း ယွာ​ဘ​ထံ​သို့ သ​တင်း​ရောက်​ရှိ​လာ​၏။- \v 2 မင်း​ကြီး​သည်​သား​တော်​အ​တွက်​ငို​ကြွေး မြည်​တမ်း​လျက်​နေ​ကြောင်း​ကြား​သိ​ရ​သော အ​ခါ ဒါ​ဝိဒ်​၏​တပ်​သား​အ​ပေါင်း​တို့​အ​ဖို့ ထို​နေ့​၌​အောင်​ပွဲ​သည်​ဝမ်း​နည်း​ပူ​ဆွေး​ပွဲ ဖြစ်​ရ​လေ​၏။- \v 3 တိုက်​ပွဲ​မှ​ထွက်​ပြေး​ခဲ့​သ​ဖြင့်​ရှက်​ကြောက် နေ​သည့်​စစ်​သား​များ​ကဲ့​သို့ သူ​တို့​သည်​မြို့ ထဲ​သို့​တိတ်​တ​ဆိတ်​ပြန်​လည်​ဝင်​ရောက် လာ​ကြ​၏။- \v 4 မင်း​ကြီး​သည်​မျက်​နှာ​ကို​အုပ်​၍``အို ငါ့​သား၊ ငါ့​သား​အ​ဗ​ရှ​လုံ၊ အ​ဗ​ရှ​လုံ​ငါ့​သား'' ဟု​ကျယ်​လောင်​စွာ​ငို​ကြွေး​တော်​မူ​၏။ \p \v 5 ယွာ​ဘ​သည်​ဘု​ရင့်​အိမ်​တော်​သို့​သွား​၍``ယ​နေ့ အ​ရှင်​သည်​အ​ရှင်​၏​အ​သက်​ကို​လည်း​ကောင်း၊ အ​ရှင့်​သား​သ​မီး၊ မိ​ဖု​ရား​မောင်း​မ​တို့​၏ အ​သက်​ကို​လည်း​ကောင်း​ကယ်​ဆယ်​သော အ​ရှင့်​လူ​တို့​အား​ချီး​မြှင့်​မည့်​အ​စား ရှုတ်​ချ​တော်​မူ​လေ​ပြီ။- \v 6 အ​ရှင်​သည်​မိ​မိ​အား​ချစ်​မြတ်​နိုး​သူ​တို့​ကို ဆန့်​ကျင်​ဘက်​ပြု​၍ အ​ရှင့်​အား​မုန်း​သူ​တို့​ကို ထောက်​ခံ​အား​ပေး​တော်​မူ​ပြီ။ မိ​မိ​၏​တပ်​မှူး များ​နှင့်​တပ်​သား​များ​အား​မည်​သို့​မျှ​ပ​မာ​ဏ မ​ပြု​ကြောင်း​ထင်​ရှား​စေ​တော်​မူ​ပြီ။ ယ​ခု အ​ခါ​၌​အ​ကျွန်ုပ်​တို့​အား​လုံး​သေ​၍​အ​ဗ ရှ​လုံ​အ​သက်​ရှင်​လျက်​နေ​မည်​ဆို​ပါ​မူ အ​ရှင်​အား​ရ​ဝမ်း​မြောက်​တော်​မူ​မည် ဖြစ်​ကြောင်း​အ​ကျွန်ုပ်​သိ​မြင်​နိုင်​ပါ​၏။- \v 7 ယ​ခု​အ​ရှင်​ကြွ​တော်​မူ​၍​အ​ရှင်​၏​လူ​တို့ အား​မေတ္တာ​စ​ကား​ကို​မိန့်​တော်​မူ​ပါ။ ထို​သို့ အရှင်​ပြု​တော်​မ​မူ​ပါ​လျှင်​နက်​ဖြန်​နံ​နက် ၌​ထို​သူ​တို့​အ​နက်​တစ်​ဦး​တစ်​ယောက်​မျှ အ​ရှင်​နှင့်​အ​တူ​ရှိ​နေ​တော့​မည်​မ​ဟုတ် သ​ဖြင့် အ​ရှင့်​တစ်​သက်​တွင်​အ​ဆိုး​ရွား ဆုံး​သော​ဘေး​အန္တ​ရာယ်​နှင့်​တွေ့​ကြုံ​ရ​မည် ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ ဘု​ရား​၏​နာမ​တော်​ကို​တိုင်​တည်​၍​ကျိန် ဆို​ပါ​၏'' ဟု​လျှောက်​လေ​၏။- \v 8 ထို​အ​ခါ​မင်း​ကြီး​သည်​ထ​ပြီး​လျှင်​မြို့ တံ​ခါး​အ​နီး​သို့​သွား​၍​ထိုင်​တော်​မူ​၏။ လူ တို့​သည်​ထို​အရပ်​တွင်​မင်း​ကြီး​ရှိ​တော်​မူ ကြောင်း​ကြား​သော​အ​ခါ​အ​ထံ​တော်​သို့ ချဉ်း​ကပ်​လာ​ကြ​၏။ \s1 ယေ​ရု​ရှ​လင်​မြို့​သို့​ဒါ​ဝိဒ်​ပြန်​ကြွ​တော်​မူ​ခြင်း \p ဤ​အ​တော​အ​တွင်း​၌​ဣသ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ရပ် အ​သီး​သီး​သို့​ထွက်​ပြေး​ကြ​၏။- \v 9 တစ်​ပြည်​လုံး​တွင်​လူ​တို့​က``ဒါ​ဝိဒ်​မင်း​သည် ငါ​တို့​ကို​ရန်​သူ​များ​လက်​မှ​ကယ်​တော်​မူ​၏။ သူ​သည်​ငါ​တို့​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့ လက်​မှ​ကယ်​ဆယ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု အ​ခါ​အ​ဗ​ရှ​လုံ​အ​တွက်​ကြောင့်​တိုင်း ပြည်​ကို​စွန့်​ခွာ​သွား​လေ​ပြီ။- \v 10 ငါ​တို့​သည်​အ​ဗ​ရှ​လုံ​အား​ငါ​တို့​၏​ဘု​ရင် အ​ဖြစ်​ဘိ​သိက်​ပေး​ခဲ့​ကြ​သော်​လည်း သူ​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​သွား​လေ​ပြီ။ ထို့​ကြောင့် ဒါ​ဝိဒ်​မင်း​အား​ပြန်​လည်​ခေါ်​ဆောင်​ရန် အ​ဘယ်​ကြောင့် ငါ​တို့​မ​ကြံ​စည်​ဘဲ​နေ​ကြ ပါ​သ​နည်း'' ဟူ​၍​အ​ချင်း​ချင်း​ငြင်း​ခုံ ပြော​ဆို​ကြ​၏။ \p \v 11 ဤ​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ပြော​ဆို နေ​ကြ​သည့်​သ​တင်း​သည် ဒါ​ဝိဒ်​ထံ​သို့ ရောက်​ရှိ​လာ​၏။ ``အ​ဘယ်​ကြောင့်​သင်​တို့ သည်​မိ​မိ​တို့​ဘု​ရင်​အား​နန်း​တော်​သို့​ပြန် လည်​ခေါ်​ဆောင်​ရန် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထက်​နောက်​ကျ​လျက်​နေ​ကြ​ပါ သ​နည်း။- \v 12 သင်​တို့​သည်​ငါ​၏​ဆွေ​မျိုး၊ ငါ​၏​သွေး​သား များ​ဖြစ်​ကြ​၏။ ငါ့​အား​ပြန်​လည်​ခေါ်​ဆောင် ရန်​အ​ဘယ်​ကြောင့်​နောက်​ကျ​နေ​ရ​ပါ​သ​နည်း'' ဟု​မေး​မြန်း​စေ​ရန်​ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ် နှင့်​အ​ဗျာ​သာ​တို့​ကို​ယု​ဒ​ခေါင်း​ဆောင် များ​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။- \v 13 ထို့​ပြင်​အာ​မ​သ​အား``သင်​သည်​ငါ​၏​ဆွေ​မျိုး ဖြစ်​၏။ ယ​ခု​အ​ချိန်​မှ​စ​၍​သင့်​အား​ယွာ​ဘ ၏​နေ​ရာ​တွင်​တပ်​မ​တော်​ဗိုလ်​ချုပ်​အ​ဖြစ်​ငါ ခန့်​ထား​ပြီ။ ယင်း​သို့​ငါ​မ​ပြု​ပါ​မူ​ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ဆုံး​စီ​ရင်​တော်​မူ​ပါ စေ​သော'' ဟု​ပြော​ကြား​ရန်​လည်း​မှာ​တော်​မူ လိုက်​၏။- \v 14 ဒါ​ဝိဒ်​၏​စ​ကား​ကြောင့်​ယု​ဒ​ပြည်​သူ​ပြည် သား​အ​ပေါင်း​တို့​၏​စိတ်​ကို​ညွှတ်​စေ​သ​ဖြင့် သူ​တို့​က``မင်း​ကြီး​နှင့်​မှူး​မတ်​အ​ပေါင်း​တို့ ပြန်​ကြွ​တော်​မူ​ပါ'' ဟု​လျှောက်​စေ​ကြ​၏။ \p \v 15 အ​ပြန်​ခ​ရီး​တွင်​မင်း​ကြီး​အား​မြစ်​တစ်​ဘက် ကမ်း​သို့​ပို့​ဆောင်​ပေး​ရန် ဂိ​လ​ဂါ​လ​မြို့​သို့ လာ​ရောက်​ကြ​သည့်​ယု​ဒ​ပြည်​သား​တို့ သည်​ယော်​ဒန်​မြစ်​မှ​နေ​၍​ခရီး​ဦး​ကြို ပြု​ကြ​လေ​သည်။- \v 16 ထို​အ​ချိန်​၌​ပင်​လျှင်​ဂေ​ရ​၏​သား၊ ဗာ​ဟု ရိမ်​မြို့​သား​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ရှိ​မိ​သည် လည်း ဒါ​ဝိဒ်​မင်း​ကို​ကြို​ဆို​ရန်​ယော်​ဒန်​မြစ် သို့​အ​လျင်​အ​မြန်​လာ​ရောက်​၏။-\x + \xo 19:16 \xt ၂ရာ၊ ၁၆:၅-၁၃။\x* \v 17 သူ​နှင့်​အ​တူ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​လူ​ပေါင်း တစ်​ထောင်​ပါ​၏။ ထို့​ပြင်​ရှော​လု​မိ​သား​စု ၏​အ​စေ​ခံ​ဇိ​ဘ​သည်​လည်း​မိ​မိ​၏​သား တစ်​ဆယ့်​ငါး​ယောက်၊ အ​စေ​ခံ​နှစ်​ဆယ်​နှင့် အ​တူ​လာ​ရောက်​လေ​သည်။ သူ​တို့​သည်​မင်း ကြီး​၏​အ​လျင်​ယော်​ဒန်​မြစ်​သို့​ရောက်​ရှိ ကြ​၏။- \v 18 သူ​တို့​သည်​ဘု​ရင့်​အိမ်​တော်​သား​တို့​ကို မြစ်​တစ်​ဘက်​သို့​ပို့​ဆောင်​ပေး​ရန်​နှင့် မင်း ကြီး​အ​လို​ရှိ​ရာ​ကို​ဆောင်​ရွက်​ပေး​ရန် မြစ်​ကို​ကူး​ကြ​၏။ \s1 ရှိ​မိ​အား​ဒါ​ဝိဒ်​က​ရု​ဏာ​ပြ​ခြင်း \p မင်း​ကြီး​သည်​မြစ်​ကို​ကူး​ရန်​အ​သင့်​ပြင် ဆင်​နေ​စဉ်​ရှိ​မိ​သည်​ရှေ့​တော်​၌​ပျပ်​ဝပ် ပြီး​လျှင်၊- \v 19 အ​ရှင်​မင်း​ကြီး၊ အ​ရှင်​ယေ​ရု​ရှ​လင်​မြို့ မှ​ထွက်​ကြွ​တော်​မူ​စဉ်​အ​ခါ​က အ​ရှင့် အား​အ​ကျွန်ုပ်​ပြစ်​မှား​ခဲ့​သည်​ကို​ခွင့်​လွှတ် တော်​မူ​ပါ။ ထို​အ​မှု​အ​တွက်​အ​ကျွန်ုပ် အား​ရန်​ငြိုး​ထား​တော်​မ​မူ​ပါ​နှင့်။ ထို အ​မှု​ကို​မေ့​ပျောက်​တော်​မူ​ပါ။- \v 20 အ​ရှင်၊ အ​ကျွန်ုပ်​သည်​ပြစ်​မှား​မိ​ပါ​ပြီ။ သို့ ဖြစ်​၍​မြောက်​ဘက်​အ​နွယ်​ဝင်​များ​ထဲ​မှ အ​ကျွန်ုပ်​သည်​ဦး​စွာ​ပ​ထ​မ​အ​ရှင်​မင်း ကြီး​အား ယ​နေ့​လာ​ရောက်​ကြို​ဆို​ခြင်း ဖြစ်​ပါ​၏'' ဟု​လျှောက်​၏။ \p \v 21 ဇေ​ရု​ယာ​၏​သား​အ​ဘိ​ရှဲ​က``ရှိ​မိ​အား​သေ ဒဏ်​ပေး​သင့်​ပါ​သည်။ သူ​သည်​ထာ​ဝ​ရ​ဘု​ရား ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​ကို​ကျိန်​ဆဲ သူ​ဖြစ်​ပါ​၏'' ဟု​လျှောက်​၏။ \p \v 22 သို့​ရာ​တွင်​ဒါ​ဝိဒ်​သည် အ​ဘိ​ရှဲ​နှင့်​သူ​၏ အစ်​ကို​ယွာ​ဘ​အား``သင်​တို့​ထင်​မြင်​ချက် ကို​အ​ဘယ်​သူ​တောင်း​ခံ​ပါ​သ​နည်း။ သင် တို့​သည်​ငါ့​ကို​ဒုက္ခ​ပေး​လို​ကြ​ပါ​သ​လော။ ငါ​သည်​ကား​ယ​ခု​အ​ခါ​ဣသ​ရေ​လ​ဘု​ရင် ဖြစ်​လေ​ပြီ။ ထို့​ကြောင့်​အ​ဘယ်​ဣသ​ရေ​လ အ​မျိုး​သား​ကို​မျှ​မ​သတ်​ရ​ကြ'' ဟု ဆို​ပြီး​လျှင်၊- \v 23 ရှိ​မိ​အား``သင်​သည်​သေ​ဒဏ်​ခံ​ရ​မည်​မ​ဟုတ် ကြောင်း​ငါ​က​တိ​ပြု​၏'' ဟု​မိန့်​တော်​မူ​၏။ \s1 မေ​ဖိ​ဗော​ရှက်​အား​ဒါ​ဝိဒ်​က​ရု​ဏာ​ပြ​ခြင်း \p \v 24 ထို​နောက်​ရှော​လု​၏​မြေး​မေ​ဖိ​ဗော​ရှက်​သည် မင်း​ကြီး​အား​ခ​ရီး​ဦး​ကြို​ပြု​ရန်​လာ​ရောက် ၏။ သူ​သည်​မင်း​ကြီး​ယေ​ရု​ရှ​လင်​မြို့​က​ထွက် ခွာ​သွား​ချိန်​မှ​အ​စ​ပြု​၍ အောင်​မြင်​စွာ​ပြန် လည်​ရောက်​ရှိ​လာ​ချိန်​အ​ထိ မိ​မိ​၏​ခြေ​တို့ ကို​မ​ဆေး၊ မုတ်​ဆိတ်​ကို​မ​ညှပ်၊ အ​ဝတ်​အ​စား ကို​လည်း​မ​လျှော်​မ​ဖွတ်​ဘဲ​နေ​၏။-\x + \xo 19:24 \xt ၂ရာ၊ ၉:၁-၁၃၊ ၁၆:၁-၄။\x* \v 25 မင်း​ကြီး​သည်​မေ​ဖိ​ဗော​ရှက်​ယေ​ရု​ရှ​လင် မြို့​မှ​ရောက်​ရှိ​လာ​သော​အ​ခါ``မေ​ဖိ​ဗော​ရှက်၊ သင်​သည်​အ​ဘယ်​ကြောင့်​ငါ​နှင့်​အ​တူ​မ လိုက်​ခဲ့​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p \v 26 မေ​ဖိ​ဗော​ရှက်​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သိ တော်​မူ​သည့်​အ​တိုင်း​အ​ကျွန်ုပ်​သည်​ခြေ​ဆွံ့ သူ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့်​အ​တူ မြည်း​စီး​၍​လိုက်​နိုင်​ရန်​မြည်း​ကို​ကုန်း​နှီး အ​တင်​ခိုင်း​သော်​လည်း​အ​ကျွန်ုပ်​၏​အ​စေ​ခံ သည်​အ​ကျွန်ုပ်​အား​လှည့်​စား​ပါ​၏။- \v 27 သူ​သည်​အ​ကျွန်ုပ်​အ​ကြောင်း​ကို​လည်း​မင်း ကြီး​အား​လိမ်​လည်​လျှောက်​ထား​ပါ​၏။ သို့ ရာ​တွင်​အ​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း ကင်​တ​မန်​ကဲ့​သို့​ဖြစ်​သ​ဖြင့် မိ​မိ​မှန်​ကန် သည်​ဟု​အရှင်​ထင်​မြင်​တော်​မူ​သည့်​အ​တိုင်း ပြု​တော်​မူ​ပါ​၏။- \v 28 အ​ကျွန်ုပ်​ခ​မည်း​တော်​၏​အိမ်​ထောင်​စု​သား အ​ပေါင်း​တို့​သည် အ​ရှင်​၏​လက်​တွင်​ကွပ်​မျက် ခြင်း​ကို​ခံ​ထိုက်​သူ​များ​ဖြစ်​ပါ​၏။ သို့​သော် လည်း​အ​ရှင်​သည်​အ​ကျွန်ုပ်​အား​အ​ရှင့်​စား တော်​ပွဲ​တွင်​စား​သောက်​ခွင့်​ကို​ပေး​တော်​မူ ပါ​၏။ အ​ရှင်​မင်း​ကြီး​ထံ​မှ​အ​ဘယ်​အ​ရာ ကို​မျှ​ထပ်​မံ​အ​သ​နား​ခံ​ရန်​မ​ရှိ​တော့ ပါ'' ဟု​လျှောက်​လေ​၏။ \p \v 29 မင်း​ကြီး​က``သင်​နောက်​ထပ်​ပြော​ဆို​ရန်​မ​လို တော့​ပြီ။ ရှော​လု​၏​ဥစ္စာ​ပစ္စည်း​များ​ကို​သင်​နှင့် ဇိ​ဘ​တစ်​ဝက်​စီ​ယူ​ကြ​ရန်​ငါ​ဆုံး​ဖြတ်​ပြီး ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 30 မေ​ဖိ​ဗော​ရှက်​က​လည်း``အား​လုံး​သူ့​ကို​ပင် ပေး​တော်​မူ​ပါ။ အ​ရှင်​မင်း​ကြီး​ကောင်း​မွန် ချော​မော​စွာ​ပြန်​လည်​ရောက်​ရှိ​ခြင်း​နှင့်​ပင် လျှင်​အ​ကျွန်ုပ်​ကျေ​နပ်​လျက်​နေ​ပါ​၏'' ဟု လျှောက်​၏။ \s1 ဗာ​ဇိ​လဲ​အား​ဒါ​ဝိဒ်​က​ရု​ဏာ​ပြ​ခြင်း \p \v 31 ဂိ​လဒ်​ပြည်​သား​ဗာ​ဇိ​လဲ​သည်​လည်း​မင်း ကြီး​အား ယော်​ဒန်​မြစ်​တစ်​ဘက်​သို့​ပို့​ဆောင် ရန်​ရော​ဂေ​လိမ်​မြို့​မှ​လာ​၏။-\x + \xo 19:31 \xt ၂ရာ၊ ၁၇:၂၇-၂၉။\x* \v 32 ဗာ​ဇိ​လဲ​သည်​အ​သက်​ရှစ်​ဆယ်​ရှိ​၍​အ​လွန် အို​မင်း​နေ​လေ​ပြီ။ သူ​သည်​အ​လွန်​ကြွယ်​ဝ ချမ်း​သာ​သူ​ဖြစ်​သ​ဖြင့် မ​ဟာ​နိမ်​မြို့​တွင် မင်း​ကြီး​စ​ခန်း​ချ​နေ​စဉ်​အ​ခါ​က​စား​နပ် ရိက္ခာ​ထောက်​ပံ့​ခဲ့​သူ​ဖြစ်​၏။- \v 33 မင်း​ကြီး​က​သူ့​အား``ငါ​နှင့်​အ​တူ​ယေ​ရု ရှ​လင်​မြို့​သို့​လိုက်​ခဲ့​လော့။ သင့်​အား​ငါ ကြည့်​ရှု​စောင့်​ရှောက်​မည်'' ဟု​ဆို​၏။ \p \v 34 သို့​ရာ​တွင်​ဗာ​ဇိ​လဲ​က``အ​ကျွန်ုပ်​သည်​ကြာ ကြာ​အ​သက်​ရှင်​ရ​တော့​မည်​မ​ဟုတ်​ပါ။ အ ဘယ်​ကြောင့်​အ​ရှင်​မင်း​ကြီး​နှင့်​ယေ​ရု​ရှ​လင် မြို့​သို့​လိုက်​ရ​ပါ​မည်​နည်း။- \v 35 အ​ကျွန်ုပ်​သည်​အ​သက်​ရှစ်​ဆယ်​ရှိ​ပါ​ပြီ။ အ​ဘယ်​အ​မှု​တွင်​မျှ​ပျော်​မွေ့​နှစ်​သက် ခြင်း​မ​ရှိ​တော့​ပါ။ စား​သောက်​သည့်​အ​စား အ​စာ​၏​အ​ရ​သာ​ကို​လည်း​မ​သိ​နိုင်​တော့ ပါ။ သီ​ချင်း​သံ​ကို​လည်း​မ​ကြား​နိုင်​ပါ။ အ ကျွန်ုပ်​သည်​အ​ရှင်​မင်းကြီး​အ​တွက်​ဝန်​လေး မည်​သာ​ဖြစ်​ပါ​၏။- \v 36 ဤ​သို့​ကြီး​မြတ်​သည့်​ဆု​လာဘ်​တော်​နှင့်​လည်း မ​ထိုက်​မ​တန်​ပါ။ သို့​သော်​အ​ကျွန်ုပ်​သည် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး​လျှင် အ​ရှင် နှင့်​အ​တူ​အ​နည်း​ငယ်​လိုက်​ပါ​မည်။- \v 37 မိ​ဘ​တို့​၏​သင်္ချိုင်း​အ​နီး​တွင်​သေ​နိုင်​ရန် အကျွန်ုပ်​အား​အိမ်​သို့​ပြန်​ခွင့်​ပြု​တော်​မူ​ပါ။ ဤ​သူ​သည်​အ​ကျွန်ုပ်​၏​သား​ခိ​မ​ဟံ​ဖြစ် ပါ​၏။ အ​ရှင်​မင်း​ကြီး၊ သူ့​အား​ခေါ်​ဆောင် သွား​ပြီး​နောက်​သူ့​အ​တွက်​အရှင်​အ​လို​တော် ရှိ​သည့်​အ​တိုင်း​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​၏။ \p \v 38 မင်း​ကြီး​က​လည်း``ငါ​သည်​သူ့​ကို​ခေါ်​သွား ပြီး​လျှင်​သင်​အ​လို​ရှိ​သည့်​အ​တိုင်း​သူ့​အ​တွက် ဆောင်​ရွက်​ပေး​မည်။ သင်​၏​အ​တွက်​သင်​တောင်း လျှောက်​သည့်​အ​တိုင်း​ငါ​ပြု​မည်'' ဟု​ပြန်​လည် မိန့်​ကြား​တော်​မူ​၏။- \v 39 ထို​နောက်​ဒါ​ဝိဒ်​နှင့်​သူ​၏​လူ​အ​ပေါင်း​တို့​သည် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ကြ​၏။ မင်း​ကြီး​သည် ဗာ​ဇိ​လဲ​အား​နမ်း​ရှုပ်​ပြီး​လျှင်​ကောင်း​ချီး​ပေး တော်​မူ​၏။ ထို​နောက်​ဗာ​ဇိ​လဲ​သည်​မိ​မိ​နေ​ရပ် သို့​ပြန်​လေ​၏။ \s1 ယု​ဒ​ပြည်​သား​များ​နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့ ဘု​ရင်​အ​တွက်​အ​ချင်း​များ​ကြ​ခြင်း \p \v 40 မင်း​ကြီး​သည်​ယော်​ဒန်​မြစ်​ကို​ကူး​သော​အ​ခါ ယု​ဒ​ပြည်​တစ်​ပြည်​လုံး​မှ​လူ​တို့​နှင့် ဣ​သ​ရေ​လ ပြည်​တစ်​ဝက်​မှ​လူ​တို့​သည်​မင်း​ကြီး​အား​လိုက် ပါ​ပို့​ဆောင်​ကြ​၏။ ထို​နောက်​မင်း​ကြီး​သည် ဂိ​လ​ဂါ​လ​မြို့​သို့​ဆက်​လက်​၍​ကြွ​တော်​မူ ၏။ ခိ​မ​ဟံ​သည်​လည်း​လိုက်​ပါ​သွား​လေ​သည်။- \v 41 ထို​အ​ခါ​ဣသ​ရေ​လ​အမျိုး​သား​အ​ပေါင်း​တို့ သည် မင်း​ကြီး​ထံ​လာ​၍``အ​ကျွန်ုပ်​တို့​၏​ညီ အစ်​ကို​များ​ဖြစ်​ကြ​သော​ယု​ဒ​ပြည်​သား တို့​သည်​အ​ရှင်​နှင့်​တ​ကွ​အ​ရှင့်​မိ​သား​စု၊ အ​ရှင့်​လူ​တို့​ကို​ယော်​ဒန်​မြစ်​တစ်​ဘက်​သို့ ပို့​ဆောင်​ခွင့်​ရှိ​သည်​ဟု​အ​ဘယ်​ကြောင့်​ထင် မှတ်​ကြ​ပါ​သ​နည်း'' ဟု​လျှောက်​ထား​ကြ​၏။ \p \v 42 ယု​ဒ​ပြည်​သား​တို့​က``မင်း​ကြီး​သည်​ငါ​တို့ အ​နွယ်​ဝင်​ဖြစ်​သ​ဖြင့် ငါ​တို့​ထို​သို့​ပြု​ကြ ခြင်း​ဖြစ်​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ် ကြောင့်​အ​မျက်​ထွက်​ရ​ကြ​ပါ​သ​နည်း။ ငါ တို့​သည်​မင်း​ကြီး​၏​ရိက္ခာ​တော်​ကို​စား​၍ ဆု​လာဘ်​တော်​ကို​ခံ​ယူ​ပါ​သ​လော'' ဟု ပြန်​ပြော​ကြ​၏။ \p \v 43 ဣသ​ရေ​လ​ပြည်​သား​အ​ပေါင်း​တို့​က``ဒါ​ဝိဒ် မင်း​သည်​သင်​တို့​ပြော​သည့်​အ​တိုင်း​သင်​တို့ အ​နွယ်​ဝင်​ပင်​ဖြစ်​စေ​ကာ​မူ ငါ​တို့​သည်​သင် တို့​ထက်​ဆယ်​ဆ​ပို​၍​သူ့​အား​ပိုင်​ဆိုင်​ခွင့်​ရှိ ပါ​၏။ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ငါ​တို့ အား​အ​ထင်​သေး​ကြ​ပါ​သ​နည်း။ အ​မှန် စင်​စစ်​မင်း​ကြီး​အား​ပြန်​လည်​ဖိတ်​ခေါ်​ရန် ဦး​စွာ​ပ​ထ​မ​ပြော​ဆို​ကြ​သူ​များ​ကား ငါ​တို့​ပင်​ဖြစ်​ပါ​၏'' ဟု​ဆို​၏။ \p သို့​ရာ​တွင်​ဤ​သို့​အ​ရေး​ဆို​ရာ​တွင်​ယု​ဒ ပြည်​သား​တို့​က​ဣ​သ​ရေ​လ​ပြည်​သား​တို့ ထက်​ပို​၍​ပြင်း​ထန်​ကြ​၏။ \c 20 \s1 ရှေ​ဘ​ပုန်​ကန်​ခြင်း \p \v 1 ဂိ​လ​ဂါ​လ​မြို့​တွင်​ဗိ​ခ​ရိ​၏​သား၊ ဗင်္ယာ​မိန် အ​နွယ်​ဝင်၊ ရှေ​ဘ​ဆို​သူ​လူ​ဆိုး​လူ​သွမ်း တစ်​ယောက်​ရှိ​၏။ သူ​သည်​တံ​ပိုး​ခ​ရာ​မှုတ်​ပြီး လျှင်``ဒါ​ဝိဒ်​ကို​အ​လို​မ​ရှိ။ ငါ​တို့​သူ့​နောက် သို့​မ​လိုက်​လို။ ဣ​သ​ရေ​လ​ပြည်​သူ​တို့​ငါ​တို့ သည်​အိမ်​သို့​ပြန်​ကြ​ကုန်​အံ့'' ဟု​ဟစ်​အော် ကြွေး​ကြော်​၏။-\x + \xo 20:1 \xt ၃ရာ၊ ၁၂:၁၆။ ၆ရာ၊ ၁၀:၁၆။\x* \v 2 ထို့​ကြောင့်​ဣ​သ​ရေ​လ​ပြည်​မှ​လူ​တို့​သည် ဒါ​ဝိဒ်​ကို​စွန့်​၍ ရှေ​ဘ​နှင့်​လိုက်​သွား​ကြ​၏။ ယု​ဒ​ပြည်​မှ​လူ​တို့​မူ​ကား​သစ္စာ​မ​ဖောက်​ဘဲ ယော်​ဒန်​မြစ်​မှ​ယေ​ရု​ရှ​လင်​မြို့​တိုင်​အောင် ဒါ​ဝိဒ်​နှင့်​လိုက်​သွား​ကြ​လေ​သည်။ \p \v 3 ဒါ​ဝိဒ်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှိ​သော​မိ​မိ ၏​နန်း​တော်​သို့​ရောက်​သော​အ​ခါ နန်း​တော်​စောင့် အ​ဖြစ်​ထား​ခဲ့​သည့်​မောင်း​မ​ဆယ်​ယောက်​ကို ထိန်း​သိမ်း​လိုက်​ပြီး​လျှင်​အ​စောင့်​နှင့်​ထား​၏။ သူ​တို့​အ​တွက်​လို​အပ်​သော​ပစ္စည်း​အ​သုံး အ​ဆောင်​များ​ကို​ပေး​တော်​မူ​သော်​လည်း​မင်း ကြီး​သည်​သူ​တို့​နှင့်​ကိုယ်​လက်​နှီး​နှော​မှု​ကို ပြု​တော်​မ​မူ။ သူ​တို့​သည်​တစ်​သက်​လုံး အ​ချုပ်​ခံ​ရ​ကာ​မု​ဆိုး​မ​များ​ကဲ့​သို့ နေ​ထိုင်​ရ​ကြ​၏။\x + \xo 20:3 \xt ၂ရာ၊ ၁၆:၂၂။\x* \p \v 4 မင်း​ကြီး​သည်​အာ​မ​သ​အား``သင်​သည်​ယု​ဒ ပြည်​သူ​တို့​အား​ခေါ်​ယူ​စု​ရုံး​စေ​ပြီး​လျှင် သန် ဘက်​ခါ​ထို​သူ​တို့​နှင့်​အ​တူ​ဤ​အ​ရပ်​သို့​ပြန် လာ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။- \v 5 အာ​မ​သ​သည်​ယု​ဒ​ပြည်​သူ​တို့​ကို​ခေါ်​ယူ ရန်​ထွက်​ခွာ​သွား​သော်​လည်း မင်း​ကြီး​ချိန်း​ဆို သည့်​အ​ချိန်​၌​ပြန်​လည်​၍​ရောက်​မ​လာ​ချေ။- \v 6 ထို့​ကြောင့်​မင်း​ကြီး​သည်​အ​ဘိ​ရှဲ​အား``ရှေ​ဘ သည်​အ​ဗ​ရှ​လုံ​ထက်​ပင်​ပို​၍​ငါ​တို့​အား ဒုက္ခ​ပေး​လိမ့်​မည်။ ငါ​၏​လူ​တို့​ကို​ခေါ်​၍​သူ့ နောက်​သို့​လိုက်​လော့။ သို့​မ​ဟုတ်​လျှင်​သူ​သည် မြို့​ရိုး​အ​ခိုင်​အ​မာ​ရှိ​သည့်​မြို့​များ​ကို​သိမ်း ယူ​ကာ​ငါ​တို့​လက်​မှ​လွတ်​မြောက်​သွား​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။- \v 7 သို့​ဖြစ်​၍​ယွာဘ​၏​လူ​များ၊ ကိုယ်​ရံ​တော်​တပ် သား​များ​နှင့်​အ​ခြား​တပ်​သား​အ​ပေါင်း​တို့ သည် အ​ဘိ​ရှဲ​နှင့်​အ​တူ​ရှေ​ဘ​ကို​လိုက်​လံ ရှာ​ဖွေ​ရန်​ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်​ခွာ​ကြ လေ​သည်။- \v 8 ဂိ​ဗောင်​မြို့​ရှိ​ကျောက်​တုံး​ကြီး​သို့​ရောက် သော​အ​ခါ သူ​တို့​သည်​အာ​မ​သ​နှင့်​တွေ့ ဆုံ​မိ​ကြ​၏။ ယွာ​ဘ​သည်​စစ်​ပွဲ​ဝင်​ရန် အ​ဝတ်​တန်​ဆာ​များ​ကို​ဝတ်​ဆင်​ကာ ဋ္ဌား ကို​ဋ္ဌား​အိမ်​တွင်​ထည့်​၍​ခါး​ပတ်​တွင်​ချိတ် ထား​၏။ သူ​သည်​ရှေ့​သို့​တိုး​လိုက်​ရာ​ဋ္ဌား အိမ်​မှ​လျှော​ကျ​လာ​၏။- \v 9 ယွာ​ဘ​သည်​အာ​မ​သ​အား``မိတ်​ဆွေ၊ ကျန်း မာ​ပါ​၏​လော'' ဟု​ဆို​ပြီး​လျှင်​နမ်း​ရှုပ်​ဟန် ပြု​၍​ညာ​လက်​ဖြင့်​အာ​မ​သ​၏​မုတ်​ဆိတ် ကို​ဆွဲ​ကိုင်​ကာ၊- \v 10 အာ​မ​သ​သ​တိ​လစ်​နေ​စဉ်​သူ​၏​ဝမ်း​ကို လက်​ဝဲ​လက်​တွင်​ကိုင်​ထား​သော​ဋ္ဌား​နှင့်​ထိုး လိုက်​ရာ အူ​များ​မြေ​ပေါ်​သို့​ကျ​၍​ချက်​ချင်း ပင်​အာ​မ​သ​သေ​ဆုံး​လေ​၏။ ထို့​ကြောင့် ယွာ​ဘ​သည်​သူ့​အား​နောက်​တစ်​ချက်​ထပ် ၍​ထိုး​ရန်​မ​လို​တော့​ချေ။ \p ထို​နောက်​ယွာ​ဘ​နှင့် သူ​၏​ညီ​အ​ဘိ​ရှဲ တို့​သည် ရှေ​ဘ​၏​နောက်​သို့​လိုက်​ကြ​၏။- \v 11 ယွာ​ဘ​၏​ငယ်​သား​တစ်​ယောက်​သည်​အာ​မ​သ ၏​အ​လောင်း​အ​နီး​တွင်​ရပ်​လျက်``ယွာ​ဘ​နှင့် ဒါ​ဝိဒ်​၏​ဘက်​သား​မှန်​သ​မျှ​သည်​ယွာ​ဘ နောက်​သို့​လိုက်​ကြ​လော့'' ဟု​အော်​ဟစ်​၏။- \v 12 အာ​မ​သ​၏​အ​လောင်း​သည်​လမ်း​လယ်​တွင် သွေး​၌​လူး​လျက်​နေ​၏။ လူ​တိုင်း​ပင်​ထို နေ​ရာ​သို့​ရောက်​သော​အ​ခါ​ရပ်​တန့်​လိုက် ကြ​သည်​ကို​ယွာ​ဘ​၏​ငယ်​သား​မြင်​သော အ​ခါ အ​လောင်း​ကို​ကွင်း​ပြင်​သို့​ဆွဲ​ယူ ပြီး​လျှင်​အ​ဝတ်​နှင့်​အုပ်​ထား​လိုက်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​နီး​မှ​ဖြတ် သွား​သူ​အ​ပေါင်း​တို့​သည်​ထို​အ​လောင်း ကို​မြင်​ရ​ကြ​သော​ကြောင့်​ဖြစ်​၏။- \v 13 လမ်း​ပေါ်​မှ​အ​လောင်း​ကို​ဖယ်​ရှား​လိုက်​သော အ​ခါ လူ​အ​ပေါင်း​တို့​သည်​ရှေ​ဘ​အား​လိုက် လံ​ဖမ်း​ဆီး​ရန်​ယွာ​ဘ​၏​နောက်​သို့​လိုက်​သွား ကြ​၏။ \p \v 14 ရှေ​ဘ​သည်​ဣသ​ရေ​လ​အ​နွယ်​ရှိ​သ​မျှ​ထံ သို့ လှည့်​လည်​ပြီး​လျှင်​အာ​ဗေ​လ​ဗက်​မာ​ခ မြို့​သို့​ရောက်​ရှိ​လာ​၏။ ထို​အ​ခါ​ဗိ​ခ​ရိ\f 4 \fr 20:14 \ft * \+fk ဗိ​ခ​ရိ။ \ft ဟေ​ဗြဲ​မူ​မှာ​ဗေ​ရိ။\f* သား​ချင်း​စု​ရှိ​သ​မျှ​တို့​သည် သူ့​နောက်​သို့ လိုက်​၍​မြို့​ထဲ​သို့​ဝင်​ကြ​၏။- \v 15 ယွာ​ဘ​၏​လူ​တို့​သည်​လည်း​ရောက်​ရှိ​လာ​ကြ လျက်​မြို့​ထဲ​တွင် ရှေ​ဘ​ခို​နေ​ကြောင်း​ကြား​၍ မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​လေ​သည်။ သူ​တို့​သည် မြို့​အ​ပြင်​တံ​တိုင်း​ကို​ကပ်​၍ မြေ​က​တုတ် များ​ဖို့​ကာ​မြို့​ရိုး​ပြို​ကျ​စေ​ရန်​တံ​တိုင်း အောက်​မြေ​ကို​တူး​ကြ​၏။- \v 16 ထို​မြို့​ထဲ​တွင်​အသိ​အ​လိမ္မာ​ရှိ​သူ​အ​မျိုး သ​မီး​တစ်​ယောက်​ရှိ​၏။ သူ​က``သင်​တို့​နား ထောင်​ကြ​လော့။ နား​ထောင်​ကြ​လော့။ ငါ​သည် ယွာ​ဘ​နှင့်​စ​ကား​ပြော​လို​သည်။ သူ့​အား ဤ​နေ​ရာ​သို့​ခေါ်​ခဲ့​ကြ​လော့'' ဟု​မြို့​ရိုး ပေါ်​မှ​ဟစ်​အော်​၏။- \v 17 ယွာ​ဘ​ရောက်​ရှိ​လာ​သော​အ​ခါ​အ​မျိုး သ​မီး​က``သင်​သည်​ယွာ​ဘ​ပေ​လော'' ဟု မေး​၏။ \p ``ဟုတ်​ပါ​သည်'' ဟု​ယွာ​ဘ​ဆို​လျှင်၊ \p ``အ​ရှင်​ကျွန်​မ​၏​စ​ကား​ကို​နား​ထောင် တော်​မူ​ပါ'' ဟု​အ​မျိုး​သ​မီး​က​ပြော​၏။ \p ``ယွာ​ဘ​က`အ​ကျွန်ုပ်​နား​ထောင်​နေ​ပါ​သည်' ဟု​ဆို​သော​အ​ခါ၊ \p \v 18 အ​မျိုး​သ​မီး​က``အ​ကြောင်း​ပြီး​စေ​လို​သော် အာ​ဗေ​လ​မြို့​သို့​သွား​လော့' ဟု​ရှေး​ဆို​ရိုး စ​ကား​ရှိ​ပါ​၏။ လူ​တို့​သည်​ဤ​အ​တိုင်း လည်း​ပြု​ခဲ့​ကြ​၏။- \v 19 ကျွန်​မ​တို့​၏​မြို့​သည်​ကြီး​မြတ်​သည့်​မြို့၊ ဣ​သ​ရေ​လ​ပြည်​တွင်​ငြိမ်း​ချမ်း​မှု​ကို​အ​လို လား​ဆုံး၊ သစ္စာ​အ​ရှိ​ဆုံး​မြို့​တစ်​မြို့​ဖြစ်​ပါ​၏။ အ​ရှင်​သည်​ဤ​မြို့​ကို​ဖျက်​ဆီး​ရန်​အ​ဘယ် ကြောင့်​ကြိုး​စား​နေ​ပါ​သ​နည်း။ ဘု​ရား​သ​ခင် ပိုင်​တော်​မူ​သော​အ​ရာ​ကို​အ​ရှင်​ပျက်​စီး​စေ လို​တော်​မူ​ပါ​သ​လော'' ဟု​မေး​၏။ \p \v 20 ယွာ​ဘ​က``ထို​သို့​မ​ဟုတ်​ပါ။ ငါ​သည်​အ​ဘယ် အ​ခါ​၌​မျှ သင်​တို့​၏​မြို့​ကို​ဖျက်​ဆီး​မည် မ​ဟုတ်​ပါ။- \v 21 ဖျက်​ဆီး​ရန်​ငါ​တို့​မှာ​အ​ကြံ​အ​စည်​လည်း မ​ရှိ​ပါ။ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​မှ​ဗိ​ခ​ရိ ၏​သား​ရှေ​ဘ​ဆို​သူ​သည် ဒါ​ဝိဒ်​မင်း​အား ပုန်​ကန်​မှု​ကို​စ​တင်​ပြု​လုပ်​ခဲ့​ပါ​၏။ ထို​သူ တစ်​ဦး​တည်း​ကို​ငါ့​အား​ပေး​အပ်​ပါ​မူ​ငါ သည်​ဤ​မြို့​မှ​ထွက်​ခွာ​သွား​ပါ​အံ့'' ဟု ပြန်​ပြော​လေ​၏။ \p အ​မျိုး​သ​မီး​က``ထို​သူ​၏​ဦး​ခေါင်း​ကို​မြို့​ရိုး ပေါ်​သို့​ကျော်​၍​ပစ်​ချ​လိုက်​ပါ​မည်'' ဟု​ဆို ပြီး​လျှင်၊- \v 22 မြို့​သူ​မြို့​သား​များ​ထံ​သွား​၍​အ​ကြံ​ပေး​၏။ သူ​တို့​သည်​ရှေ​ဘ​၏​ဦး​ခေါင်း​ကို​ဖြတ်​ပြီး လျှင် တံ​တိုင်း​ကို​ကျော်​၍​ယွာ​ဘ​ထံ​သို့​ပစ် ပေး​ကြ​၏။ ယွာ​ဘ​သည်​တံ​ပိုး​ခ​ရာ​မှုတ် လိုက်​သော​အ​ခါ​သူ​၏​လူ​အ​ပေါင်း​တို့​သည် ထို​မြို့​မှ​ထွက်​ခွာ​ကာ​မိ​မိ​တို့​နေ​ရပ်​သို့ ပြန်​ကြ​ကုန်​၏။ ယွာ​ဘ​သည်​လည်း​ယေ​ရု ရှ​လင်​မြို့​ဘု​ရင့်​ထံ​တော်​သို့​ပြန်​လေ​၏။ \s1 ဒါ​ဝိဒ်​၏​အ​ရာ​ရှိ​များ \p \v 23 ယွာ​ဘ​သည်​တပ်​မ​တော်​ဗိုလ်​ချုပ်​ဖြစ်​၍ ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ​သည် ဒါ​ဝိဒ်​၏ ကိုယ်​ရံ​တော်​တပ်​သား​များ​ကို​အုပ်​ချုပ် ရ​၏။- \v 24 အ​ဒေါ​နိ​ရံ​သည်​ချွေး​တပ်​ကို​အုပ်​ချုပ်​ရ ၍​အ​ဟိ​လုပ်​၏​သား​ယော​ရှ​ဖတ်​သည်​မော် ကွန်း​ထိန်း​ဖြစ်​၏။- \v 25 ရှေ​ဝ​သည်​တ​ရား​ရုံး​တော်​အ​တွင်း​ဝန်​ဖြစ် ၍​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ​တို့​သည်​ယဇ်​ပု​ရော ဟိတ်​များ​ဖြစ်​ကြ​၏။- \v 26 ယာ​ဣ​ရ​မြို့​သား​ဣ​ရ​သည်​လည်း​ဒါ​ဝိဒ်​၏ ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ဖြစ်​သ​တည်း။ \c 21 \s1 ရှော​လု​၏​သား​မြေး​များ​အ​သတ်​ခံ​ရ​ခြင်း \p \v 1 ဒါ​ဝိဒ်​နန်း​စံ​ချိန်​အ​တွင်း​၌​သုံး​နှစ်​ပတ်​လုံး အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ကြီး​ဆိုက် ရောက်​လာ​၏။ သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​စုံ​စမ်း​လျှောက်​ထား​ရာ​ထာ​ဝ​ရ ဘု​ရား​က``ရှော​လု​သည်​ဂိ​ဗောင်​မြို့​မှ​လူ​တို့ အား​ကွပ်​မျက်​ခဲ့​သည့်​အ​တွက် သူ​နှင့်​သူ​၏ မိ​သား​စု​တွင်​လူ​သတ်​မှု​အ​ပြစ်​ရှိ​သ​ဖြင့် ဤ​ဘေး​ဆိုး​ကျ​ရောက်​လာ​ခြင်း​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။- \v 2 (ဂိ​ဗောင်​မြို့​မှ​လူ​တို့​သည်​ကား​ဣ​သ​ရေ​လ အ​မျိုး​သား​များ​မ​ဟုတ်။ သူ​တို့​သည်​အာ မော​ရိ​အ​မျိုး​သား​လူ​နည်း​စု​ဖြစ်​၍ သူ​တို့ အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ကာ ကွယ်​စောင့်​ရှောက်​မည်​ဟု​က​တိ​ထား​ခဲ့​၏။ သို့ ရာ​တွင်​ရှော​လု​သည်​ဣ​သ​ရေ​လ​နှင့်​ယု​ဒ ပြည်​သူ​တို့​အ​တွက် စိတ်​ထက်​သန်​မှု​ကြောင့် ဂိ​ဗောင်​မြို့​မှ​လူ​တို့​အား​သုတ်​သင်​ရန် ကြိုး​စား​ခဲ့​သ​တည်း။-)\x + \xo 21:2 \xt ယောရှု၊ ၉:၃-၁၅။\x* \v 3 ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ဂိ​ဗောင်​မြို့​မှ​လူ​တို့ ကို​ခေါ်​၍``ငါ​သည်​သင်​တို့​အ​ဖို့​အ​ဘယ် အ​မှု​ကို​ပြု​ရ​ပါ​မည်​နည်း။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​အား​ကောင်း ချီး​ပေး​ကြ​စေ​ရန် ငါ​သည်​သင်​တို့​ခံ​ခဲ့​ရ သည့်​မ​တ​ရား​မှု​အ​တွက်​တစ်​ခု​ခု​ပြု လုပ်​ပေး​လို​ပါ​သည်'' ဟု​မိန့်​တော်​မူ​လျှင်၊ \p \v 4 ထို​သူ​တို့​က``ရှော​လု​တို့​မိ​သား​စု​နှင့်​အ​ကျွန်ုပ် တို့​အ​ချင်း​ပွား​မှု​ကို​ရွှေ​ငွေ​နှင့်​ပေး​လျော်​၍ မ​ရ​နိုင်​ပါ။ အ​ကျွန်ုပ်​တို့​သည်​အ​ဘယ်​ဣ​သ ရေ​လ​အ​မျိုး​သား​ကို​မျှ​လည်း​မ​သတ်​လို ပါ'' ဟု​လျှောက်​ထား​ကြ​၏။ \p ``ထို​သို့​ဖြစ်​ပါ​မူ​သင်​တို့​အ​တွက်​အ​ဘယ်​သို့ ပြု​စေ​လို​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ \p \v 5 ထို​သူ​တို့​က``ရှော​လု​သည်​ဣသ​ရေ​လ​နိုင်​ငံ အ​တွင်း​၌ အ​ကျွန်ုပ်​တို့​အ​မျိုး​သား​များ အ​လျှင်း​မ​ကျန်​ရစ်​ရ​အောင်​သုတ်​သင်​ပစ် ရန်​ကြံ​ရွယ်​ခဲ့​ပါ​၏။- \v 6 သို့​ဖြစ်​၍​သူ​၏​သား​မြေး​ခု​နစ်​ယောက်​ကို အ​ကျွန်ုပ်​တို့​အား​ပေး​အပ်​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​ခန့်​ထား တော်​မူ​သည့်​ဘု​ရင်​ရှော​လု​၏​ဌာ​နေ၊ ဂိ​ဗာ မြို့​တွင်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​၌​စက်​တိုင်​တင်​ပါ​မည်'' ဟု​လျှောက် ကြ​၏။ \p မင်း​ကြီး​က``ထို​သူ​တို့​ကို​ငါ​ပေး​အပ်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 7 ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင် ယော န​သန်​နှင့်​မိ​မိ​ပြု​ခဲ့​သည့်​သစ္စာ​က​တိ​ကို ထောက်​၍ ယော​န​သန်​၏​သား၊ ရှော​လု​၏​မြေး မေ​ဖိ​ဗော​ရှက်​၏​အ​သက်​ကို​ချမ်း​သာ ပေး​၍၊-\x + \xo 21:7 \xt ၁ရာ၊ ၂၀:၁၅-၁၇။ ၂ရာ၊ ၉:၁-၇။\x* \v 8 အဲ​အာ​၏​သ​မီး​ရိ​ဇ​ပ​နှင့်​ရှော​လု​ရ​ရှိ​သည့် သား​တော်​အာ​မော​နိ​နှင့်​မေ​ဖိ​ဗော​ရှက်​နှစ် ယောက်၊ မေ​ဟော​လ​မြို့​နေ​ဗာ​ဇိ​လဲ​၏​သား အ​ဒြေ​လ​နှင့်​ရှော​လု​၏​သ​မီး​မိ​ရပ်​ရ​ရှိ သည့်​သား​ငါး​ယောက်​တို့​ကို ဂိ​ဗောင်​မြို့​မှ လူ​တို့​အား​ပေး​အပ်​တော်​မူ​၏။-\x + \xo 21:8 \xt ၁ရာ၊ ၁၈:၁၉။\x* \v 9 ဂိ​ဗောင်​မြို့​မှ​လူ​တို့​သည်​ထို​သူ​တို့​အား တောင်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော် ၌​စက်​တိုင်​တင်​လိုက်​ကြ​၏။ ထို​သူ​ခု​နစ် ယောက်​စ​လုံး​တို့​သည်​နွေ​ဦး​ပေါက်​မု​ယော စ​ပါး​ရိတ်​သိမ်း​စ​ကာ​လ​၌​တစ်​ပြိုင်​နက် သေ​ကြ​လေ​သည်။ \p \v 10 ထို​အ​ခါ​အဲ​အာ​၏​သ​မီး၊ ရှော​လု​၏​မောင်း​မ တော်​ရိ​ဇ​ပ​သည် လျှော်​တေ​ဝတ်​ကို​အ​လောင်း များ​ထား​ရာ​ကျောက်​ပေါ်​မှာ​မိုး​ပြီး​လျှင် စ​ပါး​ရိတ်​သိမ်း​စ​ကာ​လ​မှ​စ​၍ မိုး​ဦး​ကျ ချိန်​တိုင်​အောင်​အ​လောင်း​များ​ကို​နေ့​အ​ချိန် ၌​လေ​သတ္တ​ဝါ၊ ညဥ့်​အ​ချိန်​၌​မြေ​သတ္တ​ဝါ တို့​မ​ချဉ်း​ကပ်​စေ​ရန်​စောင့်​ရှောက်​လျက်​နေ လေ​၏။ \p \v 11 ရိ​ဇ​ပ​၏​အ​ပြု​အ​မူ​ကို​သိ​ရှိ​တော်​မူ​သော အ​ခါ၊- \v 12 ဒါ​ဝိဒ်​သည်​ဂိ​လဒ်​ပြည်​သို့​သွား​၍​ယာ​ဗက်​မြို့ သား​တို့​ထံ​မှ ရှော​လု​နှင့်​ယော​န​သန်​၏​အ​ရိုး တို့​ကို​ဆောင်​ယူ​တော်​မူ​၏။ (ယာ​ဗက်​မြို့​သား တို့​သည်​ထို​အ​ရိုး​တို့​ကို​ဗက်​ရှန်​မြို့​ရင်​ပြင်​မှ လျှို့​ဝှက်​စွာ​ဆောင်​ယူ​ခဲ့​ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး သား​တို့​သည်​ဂိ​လ​ဗော​တောင်​ပေါ်​တွင် ရှော​လု ကို​သတ်​ပြီး​နောက်​သူ​၏​အ​လောင်း​နှင့်​ယော န​သန်​၏​အ​လောင်း​ကို​ဗက်​ရှန်​မြို့​ရင်​ပြင် တွင်​ဆွဲ​ထား​ကြ​သည်။-)\x + \xo 21:12 \xt ၁ရာ၊ ၃၁:၈-၁၃။\x* \v 13 ဒါ​ဝိဒ်​သည်​ရှော​လု​နှင့်​ယော​န​သန်​တို့​၏ အ​ရိုး​ကို​ယူ​ပြီး​နောက် စက်​တိုင်​အ​တင်​ခံ ရ​သော​ခု​နစ်​ယောက်​တို့​၏​အ​ရိုး​တို့​ကို လည်း​စု​သိမ်း​တော်​မူ​၏။- \v 14 ထို​နောက်​သူ​တို့​သည်​ထို​အ​ရိုး​များ​ကို​ရှော​လု နှင့်​ယော​န​သန်​၏​အ​ရိုး​တို့​နှင့်​အ​တူ​ဗင်္ယာ​မိန် နယ်၊ ဇေ​လ​မြို့​ရှိ​ရှော​လု​၏​ခ​မည်း​တော်​ကိ​ရှ ၏​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​၏။ သူ​တို့​သည်​မင်း ကြီး​မိန့်​မှာ​တော်​မူ​လိုက်​သ​မျှ​တို့​ကို​ဆောင် ရွက်​ကြ​၏။ ထို​နောက်​ဘု​ရား​သ​ခင်​သည်​ပြည် တော်​အ​တွက် ထို​သူ​တို့​တောင်း​လျှောက်​သည့် ဆု​တောင်း​ပတ္ထနာ​များ​ကို​နား​ညောင်း​တော် မူ​၏။ \s1 အ​လွန်​ထွား​ကြိုင်း​သည့်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့် ဖြစ်​သော​တိုက်​ပွဲ​များ \r ( ၅ရာ၊ ၂၀:၄-၈) \p \v 15 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​တစ်​ဖန်​စစ်​ဖြစ်​ကြ​ပြန်​၏။ ဒါ​ဝိဒ် နှင့်​လူ​တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ထံ​သို့ သွား​ရောက်​တိုက်​ခိုက်​ကြ​၏။ တိုက်​ပွဲ​တစ်​ခု​တွင် ဒါ​ဝိဒ်​သည်​မော​ပန်း​လျက်​နေ​၏။- \v 16 ဣ​ရှ​ဗိ​ဗေ​နုပ်​ဟု​နာ​မည်​တွင်​သော​အ​လွန် ထွား​ကြိုင်း​သူ​လူ​တစ်​ယောက်​သည် ဒါ​ဝိဒ် အား​လုပ်​ကြံ​မည်​ပြု​၏။ သူ​သည်​ဋ္ဌား​တစ် လက်​ကို​ကိုင်​ဆောင်​ထား​၏။ သူ​၏​ကြေး​ဝါ လှံ​သည်​ခု​နစ်​ပေါင်​လေး​၏။ ဇေ​ရု​ယာ​သား အ​ဗိ​ရှဲ​သည်​ဒါ​ဝိဒ်​ကို​ကူ​ညီ​၍​ဖိ​လိတ္တိ လူ​ကို​တိုက်​သတ်​လေ​၏။- \v 17 ဒါ​ဝိဒ်​၏​လူ​တို့​သည်​မင်း​ကြီး​အား နောက် တစ်​ဖန်​မိ​မိ​တို့​နှင့်​အ​တူ​စစ်​ပွဲ​သို့​လိုက် တော်​မ​မူ​ရန်​က​တိ​ပြု​စေ​ကြ​၏။ သူ​တို့ က``အ​ရှင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​မျှော်​လင့်​ရာ​ဖြစ်​တော်​မူ​ပါ​၏။ အ​ကျွန်ုပ် တို့​သည်​အ​ရှင့်​အား​ဘေး​မ​ရောက်​စေ​လို​ပါ'' ဟု​လျှောက်​ထား​ကြ​၏။\x + \xo 21:17 \xt ၃ရာ၊ ၁၁:၃၆။ ဆာ၊ ၁၃၂:၁၇။\x* \p \v 18 ထို​နောက်​ဂေါ​ဘ​မြို့​တွင်​ဖိ​လိတ္တိ​အ​မျိုး သား​တို့​နှင့်​တစ်​ဖန်​တိုက်​ပွဲ​ဖြစ်​ပြန်​ရာ ဟု​ရှ မြို့​သား​သိ​ဗေ​ခဲ​သည်​သာ​ဖ​နာ​မည်​ရှိ အ​လွန်​ထွား​ကျိုင်း​သူ​ကို​သတ်​ဖြတ်​လိုက် လေ​သည်။ \p \v 19 ဂေါ​ဘ​မြို့​၌​ပင်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့ နှင့်​အ​ခြား​တိုက်​ပွဲ​တစ်​ခု​ဖြစ်​ပြန်​၏။ ထို တိုက်​ပွဲ​တွင်​ယာ​ဣရ​၏​သား၊ ဗက်​လင်​မြို့ သား​ဧ​လ​ဟာ​နန်​သည်​ဂါ​သ​မြို့​သား ဂေါ​လျတ်​ကို​သတ်​ဖြတ်​လိုက်​၏။ ဂေါ​လျတ် ၏​လှံ​ရိုး​သည်​ယက်​ကန်း​လက်​လိပ်​တန် တ​မျှ​ကြီး​သ​တည်း။ \p \v 20 ထို​နောက်​တစ်​ဖန်​ဂါ​သ​မြို့​၌​ပင်​တိုက်​ပွဲ တစ်​ခု​ဖြစ်​ပြန်​၏။ ထို​တိုက်​ပွဲ​တွင်​စစ်​တိုက် ဝါ​သ​နာ​ပါ​၍​အ​လွန်​ထွား​ကျိုင်း​သူ​လူ တစ်​ယောက်​ပါ​ရှိ​၏။ သူ​၏​လက်​များ​တွင် လက်​ချောင်း​ခြောက်​ချောင်း​စီ​နှင့်​ခြေ​များ တွင်​ခြေ​ချောင်း​ခြောက်​ချောင်း​စီ​ရှိ​၏။- \v 21 သူ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား ကြိုး​စား​ပြော​ဆို​သ​ဖြင့် ဒါ​ဝိဒ်​၏​အစ်​ကို ရှိ​မာ​၏​သား​ယော​န​သန်​က​သူ့​ကို​သတ် လိုက်​လေ​သည်။ \p \v 22 ဤ​လူ​လေး​ယောက်​တို့​သည်​ဂါ​သ​မြို့​ရှိ​ထွား ကျိုင်း​သူ​များ​အ​မျိုး​အ​နွယ်​မှ​ဆင်း​သက် ပေါက်​ဖွား​လာ​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့ သည်​ဒါ​ဝိဒ်​နှင့်​နောက်​ပါ​တို့​၏​လက်​ရုံး​ရည် ဖြင့်​ကျ​ဆုံး​ရ​ကြ​လေ​သ​တည်း။ \c 22 \s1 ဒါ​ဝိဒ်​၏​အောင်​ပွဲ​သီ​ချင်း \r (ဆာ၊ ၁၈) \p \v 1 ရှော​လု​နှင့်​အ​ခြား​ရန်​သူ​တို့​၏​လက်​မှ​ထာ​ဝ​ရ ဘု​ရား​ကယ်​တော်​မူ​ခြင်း​ကို​ခံ​ရ​ပြီး​သည့် အ​ခါ​၌ ဒါ​ဝိဒ်​သည်​အောက်​ပါ​သီ​ချင်း​ကို ဖွဲ့​ဆို​၏။ \q1 \v 2 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ကယ်​တင်​ရှင် ငါ​၏​ခိုင်​ခံ့​သော​ရဲ​တိုက်​ဖြစ်​တော်​မူ​၏။ \q1 \v 3 ငါ​၏​ဘု​ရား​သ​ခင်​သည်​ငါ့​ကို \q2 ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​သ​ဖြင့် ငါ​သည်​ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​ပါ​၏။ \q1 ကိုယ်​တော်​သည်​ဒိုင်း​လွှား​သ​ဖွယ်​ငါ့​ကို ကွယ်​ကာ​တော်​မူ​၏။ \q2 ငါ​၏​ဘက်​မှ​ခု​ခံ​တိုက်​ခိုက်​တော်​မူ​၍ ငါ့​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​၏။ \q1 ကိုယ်​တော်​သည်​ငါ​၏​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​၏။ \q2 ငါ့​ကို​ကွယ်​ကာ​၍​အ​ကြမ်း​ဖက်​မှု​မှ​ကယ်​တော် မူ​၏။ \q1 \v 4 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​တောင်း​လျှောက်​သည့် အ​ခါ​တိုင်း​ကိုယ်​တော်​သည် \q2 ငါ့​အား​ရန်​သူ​များ​လက်​မှ​ကယ်​တော်​မူ​၏။ \q1 ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ \q1 \v 5 သေ​မင်း​၏​လှိုင်း​တံ​ပိုး​များ​သည်​ငါ့​ကို​ဝိုင်း​ရံ လျက်​ရှိ​၏။ \q2 ဆုံး​ပါး​ပျက်​စီး​ခြင်း​လှိုင်း​လုံး​များ​သည်​ငါ​၏ အ​ပေါ်​သို့ လွှမ်း​မိုး​၍​လာ​ကြ​၏။ \q1 \v 6 မ​ရ​ဏာ​နိုင်​ငံ​၏​ကြိုး​တို့​သည်​ငါ့​ကို​ရစ်​ပတ် ကြ​၏။ သေ​မင်း​သည်​ငါ့​ကို​ဖမ်း​ရန်​ကျော့​ကွင်း​ထောင်​၏။ \q1 \v 7 ငါ​သည်​ဒုက္ခ​ရောက်​၍​ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ခေါ်​ပါ​၏။ \q2 ကူ​မ​တော်​မူ​ရန်​ငါ​၏​ဘု​ရား​သ​ခင်​အား ဟစ်​ခေါ်​ပါ​၏။ \q1 ကိုယ်​တော်​သည်​ဗိ​မာန်​တော်​ထဲ​မှာ​ငါ​၏​အ​သံ ကို ကြား​တော်​မူ​၏။ \q2 ကူ​မ​တော်​မူ​ရန်​ငါ​ဟစ်​ခေါ်​သံ​ကို​ကြား​တော် မူ​၏။ \q1 \v 8 ထို​အ​ခါ​ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ကြောင့် မြေ​ကြီး​သည်​တုန်​လှုပ်​လေ​၏။ \q2 မိုး​ကောင်း​ကင်​၏​အ​ခြေ​အ​မြစ်​တို့​သည် ရွေ့​လျား​တုန်​လှုပ်​ကြ​၏။ \q1 \v 9 နှာ​ခေါင်း​တော်​ထဲ​မှ​မီး​ခိုး​များ​သည်​လည်း​ကောင်း၊ ခံ​တွင်း​တော်​ထဲ​မှ​ကျွမ်း​လောင်​စေ​တတ်​သည့် \q2 မီး​လျှံ​နှင့်​မီး​ကျီး​ခဲ​များ​သည်​လည်း​ကောင်း ထွက်​လေ​၏။ \q1 \v 10 ကိုယ်​တော်​သည်​မိုး​ကောင်း​ကင်​ကို \q2 ကွေး​ညွှတ်​စေ​ပြီး​လျှင်​ဆင်း​သက်​ကြွ​လာ တော်​မူ​၏။ \q1 ခြေ​ဖ​ဝါး​တော်​အောက်​တွင်​မဲ​မှောင်​သော မိုး​တိမ်​များ​ရှိ​၏။ \q1 \v 11 ကိုယ်​တော်​သည်​ခေ​ရု​ဗိမ်\f 5 \fr 22:11 \ft * \+fk ခေ​ရု​ဗိမ်။ \ft ရှင်း​လင်း​ချက်​ကြည့်​ပါ။\f* ကို​စီး​လျက်​လေ​ပြင်း အ​ဟုန်​ဖြင့်​လျင်​မြန်​စွာ​ကြွ​လာ​တော်​မူ​၏။ \q1 \v 12 ကိုယ်​တော်​သည်​မှောင်​မိုက်​တည်း​ဟူ​သော ရေ​ခိုး​ရေ​ငွေ့​အ​ပြည့်​ပါ​ရှိ​သည့် \q2 ထူ​ထပ်​သော​မိုး​တိမ်​တိုက်​ကို​ပတ်​လည်​တော်​၌ ကာ​ရံ​စေ​တော်​မူ​၏။ \q1 \v 13 ရှေ့​တော်​၌​လျှပ်​စီး​ပြက်​သ​ဖြင့်​မီး​ကျီး ခဲ​များ​သည် အ​လျှံ​ထ​လေ​၏။ \q1 \v 14 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​မှ မိုး​ချုန်း​စေ​တော်​မူ​၏။ \q2 အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​အ​သံ တော်​သည် ထွက်​ပေါ်​လာ​၏။ \q1 \v 15 ကိုယ်​တော်​သည်​မြား​တော်​တို့​ကို ပစ်​လွှတ်​တော်​မူ​လျက် \q2 ရန်​သူ​များ​ကို​ကွဲ​လွင့်​စေ​တော်​မူ​၏။ \q1 လျှပ်​စီး​ပြက်​စေ​လျက်​သူ​တို့​အား ထွက်​ပြေး​စေ​တော်​မူ​၏။ \q1 \v 16 ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား အ​မျက်​ထွက်​တော်​မူ​၍ \q2 ဆုံး​မ​ကြိမ်း​ဝါး​တော်​မူ​သော​အ​ခါ၊သ​မုဒ္ဒ​ရာ အောက်​ခံ​နှင့်​ကမ္ဘာ​မြေ​ကြီး​၏ \q1 အ​ခြေ​အ​မြစ်​တို့​သည်​ဟင်း​လင်း​ထင်​ပေါ်​လာ ကုန်​၏။ \q1 \v 17 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​မှ​လက်​တော်​ကို ဆန့်​တော်​မူ​၍​ငါ့​ကို​ကိုင်​တော်​မူ​၏။ \q2 ရေ​နက်​ကြီး​ထဲ​မှ​ငါ့​ကို​ဆယ်​တင်​တော်​မူ​၏။ \q1 \v 18 ကိုယ်​တော်​သည်​တန်​ခိုး​ကြီး​သော​ရန်​သူ \q2 ငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​၏​လက်​မှ ငါ့​ကို​ကယ်​တော်​မူ​၏။ \q1 သူ​တို့​သည်​ငါ​ပြိုင်​၍​မ​ရ​နိုင်​အောင်​ခွန်​အား ကြီး​ပါ​၏။ \q1 \v 19 ငါ​သည်​ဒုက္ခ​ရောက်​သော​အ​ခါ​သူ​တို့​သည် ငါ့​ကို​တိုက်​ခိုက်​ကြ​၏။ \q2 သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ \q1 \v 20 ကိုယ်​တော်​သည်​ငါ့​ကို​ဘေး​မှ​လွတ်​မြောက်​ရန် ကူ​မ​တော်​မူ​၏။ \q2 ငါ့​ကို​နှစ်​သက်​တော်​မူ​သ​ဖြင့်​ကယ်​တော်​မူ​၏။ \q1 \v 21 ငါ​သည်​ဖြောင့်​မတ်​စွာ​ပြု​ကျင့်​သ​ဖြင့် \q2 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဆု​လာဘ်​များ ချ​ပေး​တော်​မူ​၏။ \q1 ငါ​သည်​အ​ပြစ်​ကင်း​သ​ဖြင့်​ကိုယ်​တော်​သည် ငါ့​ကို​ကောင်း​ချီး​ပေး​တော်​မူ​၏။ \q1 \v 22 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​ခဲ့​ပါ​၏။ \q2 ငါ​၏​ဘု​ရား​သ​ခင်​ကို​ကျော​မ​ခိုင်း​ခဲ့​ပါ။ \q1 \v 23 ငါ​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို စောင့်​ထိန်း​ခဲ့​၏။ \q2 ကိုယ်​တော်​၏​အ​မိန့်​တော်​တို့​ကို​မ​ဖီ​ဆန်​ခဲ့​ပါ။ \q1 \v 24 ငါ​သည်​အ​ပြစ်​မဲ့​သူ​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ \q2 ဒု​စ​ရိုက်​ကို​ရှောင်​ကြဉ်​ကြောင်း​ကို​လည်း​ကောင်း ကိုယ်​တော်​သိ​တော်​မူ​ပါ​၏။ \q1 \v 25 ထို့​ကြောင့်​ငါ​သည်​အ​ပြစ်​ကင်း​သူ​ဖြစ်​ကြောင်း​ကို သိ​တော်​မူ​သ​ဖြင့်​လည်း​ကောင်း၊ \q2 ငါ​သည်​ဖြောင့်​မတ်​စွာ​ပြု​ကျင့်​သ​ဖြင့်​လည်း​ကောင်း၊ \q1 ကိုယ်​တော်​သည်​ငါ့​အား​ဆု​လာဘ်​များ​ကို ပေး​သ​နား​တော်​မူ​၏။ \q1 \v 26 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​သစ္စာ​ရှိ သူ​တို့​အား​သစ္စာ​စောင့်​တော်​မူ​၏။ \q2 အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ကောင်း​မြတ်​သူ​တို့​အား အ​ကန့်​အ​သတ်​မ​ရှိ​ဘဲ​ကျေး​ဇူး​ပြု​တော်​မူ တတ်​၏။ \q1 \v 27 စိတ်​နှ​လုံး​ဖြူ​စင်​သူ​တို့​အား​ဖြူ​စင်​သော စိတ်​သ​ဘော​ထား​ကို​လည်း​ကောင်း၊ \q2 သူ​ယုတ်​မာ​တို့​အား​ဆန့်​ကျင်​သော စိတ်​သ​ဘော​ထား​ကို​လည်း​ကောင်း​ပြ​တော် မူ​၏။ \q1 \v 28 ကိုယ်​တော်​သည်​စိတ်​နှိမ့်​ချ​သူ​တို့​အား​ကယ်​တော် မူ​၏။ \q2 သို့​ရာ​တွင်​မာ​န​ထောင်​လွှား​သူ​တို့​ကို​မူ နိမ့်​ကျ​စေ​တော်​မူ​၏။ \q1 \v 29 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် \q2 အ​ကျွန်ုပ်​၏​အ​လင်း​ဖြစ်​လျက်​အ​ကျွန်ုပ်​၏ အ​မှောင်​ကို​လင်း​စေ​တော်​မူ​၏။ \q1 \v 30 ကိုယ်​တော်​ရှင်​သည်​ရန်​သူ​များ​ကို​တိုက်​ခိုက်​ရန် ခွန်​အား​ကို​လည်း​ကောင်း၊ \q2 သူ​တို့​၏​ခံ​တပ်​များ​ကို​ဖြို​ခွင်း​ရန်​တန်​ခိုး​ကို လည်း​ကောင်း​အ​ကျွန်ုပ်​အား​ပေး​တော်​မူ​၏။ \q1 \v 31 ဤ​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် ပြီး​ပြည့်​စုံ​ပါ​၏။ \q2 ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည်​လည်း ယုံ​ကြည်​ကိုး​စား​ထိုက်​ပါ​ပေ​သည်​တ​ကား။ \q1 ကိုယ်​တော်​သည်​မိ​မိ​အား​ကိုး​စား​သူ​အ​ပေါင်း တို့ အ​တွက်​ဒိုင်း​လွှား​သ​ဖွယ်​ဖြစ်​တော်​မူ​၏။ \q1 \v 32 ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ​လျှင် ဘု​ရား​ဖြစ်​တော်​မူ​၏။ \q2 ဘု​ရား​သ​ခင်​သည်​သာ​လျှင်​ငါ​တို့ ကွယ်​ကာ​ရာ​ဖြစ်​တော်​မူ​၏။ \q1 \v 33 ဤ​ဘု​ရား​ကား​ငါ​ခို​လှုံ​ရာ​ခိုင်​ခံ့​သည့် ရဲ​တိုက်​ဖြစ်​တော်​မူ​၏။ \q2 ကိုယ်​တော်​သည်​ငါ​လိုက်​လျှောက်​ရာ ခ​ရီး​လမ်း​ကို​ဘေး​မဲ့​လုံ​ခြုံ​စေ​တော်​မူ​၏။ \q1 \v 34 ကိုယ်​တော်​သည်​ငါ့​အား​သ​မင်​ကဲ့​သို့​ခြေ​မြဲ​စေ​၍ တောင်​များ​ပေါ်​တွင်၊ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော် မူ​၏။\x + \xo 22:34 \xt ဟဗ၊ ၃:၁၉။\x* \q1 \v 35 အ​သန်​ဆုံး​သော​လေး​ကို​တင်​နိုင်​ရန်​ငါ့​အား စစ်​ပွဲ​အ​တွက်​လေ့​ကျင့်​ပေး​တော်​မူ​၏။ \q1 \v 36 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ် အား ကွယ်​ကာ​စောင့်​ရှောက်​၍​ကယ်​တော်​မူ​ပါ​၏။ \q2 ကိုယ်​တော်​ရှင်​ကူ​မ​တော်​မူ​သ​ဖြင့်​အ​ကျွန်ုပ်​သည် ကြီး​မြင့်​လာ​ရ​ပါ​၏။ \q1 \v 37 ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​အား​ရန်​သူ​ဖမ်း​ဆီး​ခြင်း မ​ခံ​ရ​အောင်​စီ​ရင်​တော်​မူ​ပါ​၏။ \q2 အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ခဲ့​သည်​မ​ရှိ​ပါ။ \q1 \v 38 အ​ကျွန်ုပ်​သည်​ရန်​သူ​တို့​အား​လိုက်​လံ​ဖမ်း​ဆီး​လျက် \q2 သူ​တို့​အား​နှိမ်​နင်း​ပယ်​ရှား​ပြီး​သည့်​တိုင်​အောင် မ​ပြန်​ပါ။ \q1 \v 39 အ​ကျွန်ုပ်​သည်​ရန်​သူ​တို့​အား​နာ​လန်​မ​ထူ နိုင်​အောင် ချေ​မှုန်း​ပါ​၏။ \q2 သူ​တို့​သည်​အ​ကျွန်ုပ်​၏​ခြေ​ရင်း​တွင်​လဲ​၍ အ​ညံ့​ခံ​ကြ​ပါ​၏။ \q1 \v 40 ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​အား​စစ်​ပွဲ​ဝင်​နိုင်​ရန် ခွန်​အား​ကို​ပေး​တော်​မူ​ပါ​၏။ \q2 ရန်​သူ​များ​အ​ပေါ်​တွင်​အောင်​မြင်​ခွင့်​ကို​လည်း ပေး​တော်​မူ​ပါ​၏။ \q1 \v 41 ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​၏​ရှေ့​မှ​ရန်​သူ​များ​ကို ထွက်​ပြေး​စေ​တော်​မူ​ပါ​၏။ \q2 အ​ကျွန်ုပ်​သည်​မိ​မိ​ကို​မုန်း​သော​သူ​တို့​အား သုတ်​သင်​ဖျက်​ဆီး​ခွင့်​ကို​ရ​ပါ​၏။ \q1 \v 42 သူ​တို့​သည်​ကယ်​မည့်​သူ​ကို​ရှာ​သော်​လည်း ကယ်​မည့်​သူ​မ​ရှိ​ပါ။ \q2 ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်​ကြ​သော်​လည်း ထူး​တော်​မ​မူ​ပါ။ \q1 \v 43 အ​ကျွန်ုပ်​သည်​သူ​တို့​အား​ချေ​မှုန်း​သ​ဖြင့် သူ​တို့​သည် မြေ​မှုန့်​ကဲ့​သို့​ညက်​ညက်​ကြေ​ကြ​ပါ​၏။ \q2 လမ်း​ပေါ်​မှ​ရွှံ့​ကို​နင်း​သ​ကဲ့​သို့​သူ​တို့​အား အ​ကျွန်ုပ်​နင်း​ပါ​၏။ \q1 \v 44 ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​အား​ပုန်​ကန်​သော ပြည်​သူ​တို့​၏​လက်​မှ​ကယ်​တော်​မူ​၍ \q2 လူ​မျိုး​တ​ကာ​တို့​ကို​အုပ်​စိုး​ခွင့်​ပေး​တော်​မူ​ပါ​၏။ \q1 အ​ကျွန်ုပ်​မ​သိ​ဘူး​သော​လူ​မျိုး​တို့​သည်​ယခု​အ​ခါ​၌ အ​ကျွန်ုပ်​ထံ​အ​ခွန်​ဆက်​ရ​ကြ​ပါ​၏။ \q1 \v 45 လူ​မျိုး​ခြား​တို့​သည်​အ​ကျွန်ုပ်​ရှေ့​တွင် ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​ပါ​၏။ \q2 သူ​တို့​သည်​အ​ကျွန်ုပ်​၏​အ​မိန့်​ကို​ကြား​သော အ​ခါ နာ​ခံ​ကြ​ပါ​၏။ \q1 \v 46 သူ​တို့​သည်​ရဲ​စွမ်း​သတ္တိ​မ​ရှိ​ကြ​တော့​ဘဲ မိ​မိ​တို့​၏ ရဲ​တိုက်​များ​မှ​တုန်​လှုပ်​လျက်​ထွက်​လာ​ကြ​ပါ​၏။ \q1 \v 47 ထာ​ဝ​ရ​ဘု​ရား​သည်​အ​သက်​ရှင်​တော်​မူ​၏။ \q2 ငါ့​အား​ကွယ်​ကာ​တော်​မူ​သော​အ​ရှင်​ကို ထော​မ​နာ​ပြု​ကြ​လော့။ \q1 တန်​ခိုး​ကြီး​၍​ငါ့​ကို​ကယ်​တင်​တော်​မူ​သော \q2 ဘု​ရား​သ​ခင်​သည်​ကြီး​မြတ်​တော်​မူ​ကြောင်း ကြွေး​ကြော်​ကြ​လော့။ \q1 \v 48 ကိုယ်​တော်​သည်​ငါ့​အား​ရန်​သူ​များ​ကို​အောင် မြင်​ခွင့် ပေး​တော်​မူ​၏။ \q2 လူ​မျိုး​တ​ကာ​တို့​ကို​ငါ​၏​လက်​အောက်​သို့ ရောက်​စေ​တော်​မူ​လျက်၊ \q1 \v 49 ရန်​သူ​များ​၏​လက်​မှ​ငါ့​ကို​ကယ်​တော်​မူ​၏။ \q2 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် \q1 အ​ကျွန်ုပ်​အား​ရန်​သူ​များ​ကို​အောင်​မြင်​ခွင့် ပေး​တော်​မူ​၍ \q2 အ​ကြမ်း​ဖက်​သူ​တို့​၏​ဘေး​မှ​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​၏။ \q1 \v 50 သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည်​လူ​မျိုး​တ​ကာ​တို့​ရှေ့​တွင် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍ \q2 ကိုယ်​တော်​ရှင်​၏​ဂုဏ်​တော်​ကို​သီ​ချင်း​ဆို ပါ​မည်။\x + \xo 22:50 \xt ရော၊ ၁၅:၉။\x* \q1 \v 51 ဘု​ရား​သ​ခင်​သည်​မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော ဘု​ရင်​အား​အောင်​ပွဲ​ကြီး​ကို​ခံ​စေ​တော်​မူ​၏။ \q2 ကိုယ်​တော်​ဘိ​သိက်​ပေး​တော်​မူ​သော ဒါ​ဝိဒ်​မင်း​မှ​စ​၍​အ​ဆက်​အ​နွယ်​တို့​အား၊ \q1 ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ကာ​လ​အ​စဉ်​အ​ဆက် ပြ​တော်​မူ​၏။ \c 23 \s1 ဒါ​ဝိဒ်​၏​နောက်​ဆုံး​မိန့်​မြွက်​သည့်​စ​ကား \p \v 1 ဘု​ရား​သ​ခင်​ချီး​မြှင့်​တော်​မူ​ခြင်း​ကို​ခံ​ရ​သော ဘု​ရင်​အ​ဖြစ်​ဖြင့် ယာ​ကုပ်​၏​ဘု​ရား​ဘိ​သိက်​ပေး တော်​မူ​သော​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် သာ​ယာ​စွာ သီ​ချင်း​ဖွဲ့​ဆို​သော​ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​၏​နောက် ဆုံး​မိန့်​မြွက်​သည့်​စ​ကား​ကား​အောက်​ပါ​အ​တိုင်း ဖြစ်​သည်။ \q1 \v 2 ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ငါ့​အား​ဖြင့် မိန့်​ကြား​တော်​မူ​၏။ \q2 နှုတ်​က​ပတ်​တော်​သည်​ငါ​၏​နှုတ်​ဖျား​တွင် တည်​လျက်​ရှိ​၏။ \q1 \v 3 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ကွယ်​ကာ​ရာ အ​ရှင် \q2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​သည် ငါ့​အား​ဤ​သို့​မိန့်​တော်​မူ​၏။ \q1 ``ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​လျက် တ​ရား​မျှ​တ​စွာ​အုပ်​စိုး​သော​မင်း​သည်၊ \q1 \v 4 မိုး​ရွာ​ပြီး​နောက်​မိုး​သား​များ​ကင်း​စင်​လျက် \q2 အ​ရုဏ်​တက်​ချိန်​အ​ခါ​မြက်​များ​ကို​အ​ရောင် လက်​စေ​သည့်​နေ​မင်း​နှင့်​တူ​၏'' \q1 \v 5 ထို​နည်း​တူ​စွာ​ဘု​ရား​သ​ခင်​သည်​ငါ​၏​သား မြေး​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။ \q2 အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် \q1 မ​ပျက်​နိုင်​မ​ပြောင်း​လဲ​နိုင်​သော၊ထာ​ဝ​ရ ပ​ဋိ​ညာဉ်​ကို ငါ​နှင့်​ပြု​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ \q2 သို့​ဖြစ်​၍​ငါ​၏​လို​အင်​ဆန္ဒ​ပြည့်​စုံ​ပြီ။ ဤ​ကား​ငါ​၏​အောင်​ပွဲ​ပေ​တည်း။ \q1 ယင်း​သို့​ဖြစ်​စေ​ရန်​ဘု​ရား​သ​ခင်​သည် ဧ​ကန်​မု​ချ​စီ​မံ​တော်​မူ​လိမ့်​မည်။ \q1 \v 6 သို့​ရာ​တွင်​ဘု​ရား​မဲ့​သူ​တို့​မူ​ကား​ဖယ် ရှား​ခြင်း​ကို ခံ​ရ​သည့်​ဆူး​ပင်​များ​နှင့်​တူ​ကြ​၏။ \q2 ထို​ဆူး​ပင်​တို့​ကို​အ​ဘယ်​သူ​မျှ​လက်​နှင့် မ​ကိုင်​မ​တွယ်​နိုင်။ \q1 \v 7 ယင်း​တို့​ကို​ကိုင်​တွယ်​ရန်​သံ​တန်​ဆာ​သို့​မ​ဟုတ် လှံ​တံ​ကို​အ​သုံး​ပြု​ရ​၏။ \q2 ထို​ဆူး​ပင်​တို့​သည်​မီး​ရှို့​၍​လုံး​ဝ​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ \s1 ဒါ​ဝိဒ်​၏​နာ​မည်​ကျော်​သူ​ရဲ​ကောင်း​များ \r (၅ရာ၊ ၁၁:၁၀-၄၁) \p \v 8 ဒါ​ဝိဒ်​၏​သူ​ရဲ​ကောင်း​တို့​၏​နာ​မည်​များ​ကို ဖော်​ပြ​အံ့။ ပ​ထ​မ​သူ​ရဲ​ကောင်း​မှာ​ဟ​ပေါ​နိ မြို့​သား၊ သူ​ရဲ​ကောင်း​သုံး​ဦး​တို့​၏​ခေါင်း​ဆောင် ယာ​ရှော​ဘံ​ဘက်​ရှိ​ဗက်​ဖြစ်​သည်။ သူ​သည်​တိုက် ပွဲ​တစ်​ခု​တည်း​၌​လူ​ရှစ်​ရာ​ကို​မိ​မိ​၏​လှံ​ဖြင့် ထိုး​သတ်​ခဲ့​သူ​ဖြစ်​၏။ \p \v 9 သူ​ရဲ​ကောင်း​သုံး​ဦး​တို့​အ​နက်​ဒု​တိ​ယ​သူ​ရဲ ကောင်း​မှာ​အာ​ဟော​၏​သား​ချင်း​စု​ဝင်​ဒေါ​ဒေါ ၏​သား၊ ဧ​လာ​ဇာ​ဖြစ်​၏။ အ​ခါ​တစ်​ပါး​က ဧ​လာ​ဇာ​သည်​စစ်​ဆင်​ရန်​စု​ရုံး​လျက်​ရှိ​သော ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​ဒါ​ဝိဒ်​နှင့်​တ​ကွ စိန်​ခေါ်​ခဲ့​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့ ဆုတ်​ခွာ​ကြ​သော်​လည်း၊- \v 10 သူ​သည်​မ​ဆုတ်​ခွာ​ဘဲ​လက်​အံ​သေ​၍​ဋ္ဌား ကို​လက်​နှင့်​ခွာ​မ​ရ​သည့်​တိုင်​အောင် ဖိ​လိတ္တိ အ​မျိုး​သား​တို့​ကို​တိုက်​ခိုက်​လေ​သည်။ ထို နေ့​၌​ထာ​ဝ​ရ​ဘု​ရား​သည်​အောင်​ပွဲ​ကြီး ကို​ခံ​စေ​တော်​မူ​သ​ဖြင့်​တိုက်​ပွဲ​ပြီး​ဆုံး သွား​သော​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ကျ​ဆုံး​သည့်​သူ​များ​ထံ​မှ​လက် နက်​တန်​ဆာ​များ​ကို​သိမ်း​ယူ​ရန်​ဧ​လာ ဇာ​ရှိ​ရာ​သို့​လာ​ရောက်​ကြ​၏။ \p \v 11 တ​တိ​ယ​သူ​ရဲ​ကောင်း​မှာ​အာ​ဂိ​၏​သား၊ ဟ​ရ​ရိ​မြို့​သား​ရှမ္မ​ဖြစ်​၏။ ဖိ​လိတ္တိ​အ​မျိုး သား​တို့​သည်​ပဲ​ခင်း​ရှိ​သော​လေ​ဟိ​အ​ရပ် တွင်​စု​ရုံး​လျက်​နေ​ကြ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဖိ​လိတ္တိ​အ​မျိုး​သား တို့​ထံ​မှ​ထွက်​ပြေး​ကြ​သော်​လည်း၊- \v 12 ရှမ္မ​သည်​ပဲ​ခင်း​မှ​မ​ဆုတ်​ခွာ​ဘဲ​ခု​ခံ​ကာ ကွယ်​ကာ​ဖိ​လိတ္တိ​အမျိုး​သား​တို့​ကို​သတ် ဖြတ်​သ​ဖြင့် ထို​နေ့​၌​ထာ​ဝ​ရ​ဘုရား​သည် အောင်​ပွဲ​ကြီး​ကို​ခံ​စေ​တော်​မူ​၏။ \p \v 13 ကောက်​ရိတ်​ချိန်​နီး​သော​အ​ခါ​ရဲ​ဘော်​သုံး ကျိပ်​ဝင်​သူ​ရဲ​ကောင်း​သုံး​ယောက်​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ​အ​ဒု​လံ​ဥ​မင်​သို့​ဆင်း​သွား ကြ​၏။ ထို​အ​ချိန်​၌​ဖိ​လိတ္တိ​အ​မျိုး​သား တစ်​စု​သည်​ရေ​ဖိမ်​ချိုင့်​ဝှမ်း​၌​တပ်​စ​ခန်း ချ​လျက်​ရှိ​နေ​ကြ​၏။- \v 14 ထို​အ​ခါ​က​ဒါ​ဝိဒ်​သည်​တောင်​ပေါ်​ခံ​တပ် ထဲ​တွင်​ရှိ​၍ ဖိ​လိတ္တိ​အ​မျိုး​သား​တစ်​စု က​ဗက်​လင်​မြို့​ကို​သိမ်း​ယူ​ထား​ကြ​၏။- \v 15 ဒါ​ဝိဒ်​က``ဗက်​လင်​မြို့​တံ​ခါး​အ​နီး​ရှိ ရေ​တွင်း​မှ​ရေ​ကို​ငါ​သောက်​ချင်​ပါ​ဘိ'' ဟု​တောင့်​တ​ပြော​ဆို​မိ​ရာ၊- \v 16 နာ​မည်​ကျော်​ရဲ​ဘော်​သုံး​ယောက်​တို့​သည် ဖိ​လိတ္တိ​တပ်​စ​ခန်း​ကို​ထိုး​ဖောက်​ပြီး​နောက် ရေ​တွင်း​မှ​ရေ​ကို​ခပ်​ယူ​၍​ဒါ​ဝိဒ်​ထံ​သို့ ယူ​ဆောင်​ခဲ့​ကြ​၏။ သို့​ရာ​တွင်​မင်း​ကြီး​သည် ထို​ရေ​ကို​သောက်​တော်​မ​မူ​ဘဲ​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​သည့်​အ​နေ​ဖြင့်​သွန်း လောင်း​လျက်၊- \v 17 ``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​အ​ဘယ် နည်း​နှင့်​မျှ​ဤ​ရေ​ကို​မ​သောက်​နိုင်​ပါ။ အ​သက် စွန့်​၍​ရေ​ခပ်​ကြ​သူ​တို့​၏​သွေး​ကို​သောက် သည်​နှင့်​တူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။ \p ဤ​ကား​နာ​မည်​ကျော်​သူ​ရဲ​ကောင်း​သုံး​ဦး တို့​၏​စွန့်​စား​ခန်း​များ​ပင်​တည်း။ \p \v 18 ယွာ​ဘ​၏​ညီ​အ​ဘိ​ရှဲ​သည်​နာ​မည်​ကျော် ရဲ​ဘော်​သုံး​ကျိပ်​၏​ခေါင်း​ဆောင်​ဖြစ်​၏။ သူ သည်​လူ​သုံး​ရာ​ကို​လှံ​နှင့်​ထိုး​သတ်​ခဲ့​သ ဖြင့်​ရဲ​ဘော်​သုံး​ကျိပ်​တွင်​နာ​မည်​ကြီး​လာ ၏။- \v 19 သူ​သည်​ရဲ​ဘော်​သုံး​ကျိပ်​တို့​တွင်​ထူး​ချွန် သူ​ဖြစ်​သော်​လည်း​သူ​ရဲ​ကောင်း​သုံး​ယောက် လောက်​နာ​မည်​မ​ကြီး​ချေ။ ဒါ​ဝိဒ်​မင်း​သည် သူ့​အား​ကိုယ်​ရံ​တော်​တပ်​မှူး​အ​ဖြစ်​ဖြင့် ခန့်​ထား​တော်​မူ​၏။ \p \v 20 ကပ်​ဇေ​လ​မြို့​မှ​ယော​ယ​ဒ​၏​သား​ဗေ နာ​ယ​သည်​နာ​မည်​ကျော်​သူ​ရဲ​ကောင်း​တစ်​ဦး ဖြစ်​၏။ သူ​သည်​ရဲ​ဝံ့​စွန့်​စား​ရ​သော​အ​မှု များ​ကို​ပြု​ခဲ့​၏။ သူ​သည်​အ​လွန်​ကြီး​မား သော​မော​ဘ​စစ်​သူ​ရဲ​နှစ်​ယောက်​ကို​သတ် ခဲ့​၏။ အ​လွန်​ချမ်း​ဧ​သော​ဆောင်း​နေ့​တစ်​နေ့ ၌​သား​ရဲ​တွင်း​တစ်​ခု​သို့​ဝင်​၍​ခြင်္သေ့​တစ် ကောင်​ကို​သတ်​ခဲ့​၏။- \v 21 သူ​သည်​လှံ​ကို​ကိုင်​ဆောင်​ထား​သူ​အလွန် ကြီး​မား​သော​အီ​ဂျစ်​အ​မျိုး​သား​တစ် ယောက်​ကို​လည်း​သတ်​ခဲ့​၏။ ဗေ​နာ​ယ​သည် ထို​သူ​ကို​တင်း​ပုတ်​ဖြင့်​တိုက်​ခိုက်​ကာ​သူ ၏​လက်​မှ​လှံ​ကို​လု​ယူ​လိုက်​၏။ ထို​နောက် ထို​လှံ​ဖြင့်​ပင်​သူ့​အား​သတ်​လိုက်​၏။- \v 22 ဤ​သည်​တို့​ကား​ရဲ​ဘော်​သုံး​ကျိပ်​ဝင်​ဗေ နာ​ယ​၏​စွန့်​စား​ခန်း​များ​ပင်​ဖြစ်​၏။- \v 23 သူ​သည်​ရဲ​ဘော်​သုံး​ကျိပ်​တို့​တွင်​ထူး​ချွန် သူ​ဖြစ်​သော်​လည်း​သူ​ရဲ​ကောင်း​သုံး​ယောက် လောက်​နာ​မည်​မ​ကြီး​ချေ။ ဒါ​ဝိဒ်​သည်​သူ့ အား​ကိုယ်​ရံ​တော်​တပ်​မှူး​အ​ဖြစ်​ဖြင့်​ခန့် ထား​တော်​မူ​၏။ \p \v 24-39 ရဲ​ဘော်​သုံး​ကျိပ်​ဝင်​အ​ခြား​သူ​ရဲ​ကောင်း များ​ကို​ဖော်​ပြ​အံ့။ \p ယွာ​ဘ​၏​ညီ​အာ​သ​ဟေ​လ၊ \p ဗက်​လင်​မြို့​နေ​ဒေါ​ဒေါ​၏​သား​ဧ​လ​ဟာ​နန်၊ \p ဟ​ရော​ဒိ​မြို့​သား၊ ရှမ္မ​နှင့်​ဧ​လိ​က၊ \p ဖာ​လာ​တိ​မြို့​သား​ဟေ​လက် \p တေ​ကော​မြို့​နေ​ဣ​ကေ​ရှ​၏​သား​ဣ​ရ \p အ​နေ​သော​သိ​မြို့​သား​အ​ဗျေ​ဇာ၊ \p ဟု​ရှ​သိ​မြို့​သား​မေ​ဗုန္နဲ၊ \p အ​ဟော​ဟိ​မြို့​သား​ဇာ​လ​မုန်၊ \p နေ​တော​ဖာ​သိ​မြို့​သား​မ​ဟာ​ရဲ​နှင့် \p ဗာ​နာ​၏​သား​ဟေ​လက်၊ \p ဗင်္ယာ​မိန်​နယ်​ဂိ​ဗာ​မြို့​နေ​ရိ​ဘဲ​၏​သား​အိတ္တဲ၊ \p ပိ​ရ​သော​နိ​မြို့​သား​ဗေ​နာ​ယ၊ \p ဂါ​ရှ​အ​နီး​ရှိ​ချိုင့်​ဝှမ်း​နေ​ဟိဒ္ဒဲ၊ \p အ​ရ​ဗ​မြို့​သား​အ​ဗျာ​လ​ဗုန်၊ \p ဗာ​ဟု​မိ​မြို့​သား​အာ​ဇ​မာ​ဝက်၊ \p ရှာ​လ​ဗော​နိ​မြို့​သား​ဧ​လျာ​ဘ၊ \p ယာ​ရှင်​၏​သား​များ၊ \p ယော​န​သန်၊ \p ဟာ​ရာ​ရိ​မြို့​သား​ရှမ္မ၊ \p အာ​ရာ​မြို့​နေ​ရှာ​ရ​၏​သား​အ​ဟိ​အံ၊ \p မာ​ခါ​သိ​မြို့​နေ​အ​ဟ​သ​ဘဲ​၏​သား​ဧ​လိ​ဖ၊ \p ဂိ​လော​မြို့​နေ​အ​ဟိ​သော​ဖေ​လ​၏​သား ဧ​လျံ၊ \p က​ရ​မေ​လ​မြို့​သား​ဟေ​ဇ​ရဲ၊ \p အာ​ရပ်​မြို့​သား​ဖာ​ရဲ၊ \p ဇော​ဘ​မြို့​နေ​နာ​သန်​၏​သား​ဣဂါ​လ၊ \p ဂဒ်​နယ်​၏​သား​ဗာ​နိ၊ \p အမ္မုန်​အ​မျိုး​သား​ဇေ​လက်၊ \p ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​၏​လက်​နက်​ကိုင် \p ဗေ​ရော​သိ​မြို့​သား​န​ဟာ​ရဲ၊ \p ဣ​သ​ရိ​မြို့​သား​ဣ​ရ​နှင့်​ဂါ​ရက်၊ \p ဟိတ္တိ​အ​မျိုး​သား​ဥ​ရိ​ယ၊ \p စ​သည်​ဖြင့်​နာ​မည်​ကျော်​သူ​ရဲ​ကောင်း​စု​စု ပေါင်း​သုံး​ကျိပ်​ခု​နစ်​ယောက်​ရှိ​သ​တည်း။ \c 24 \s1 ဒါ​ဝိဒ်​မင်း​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​ခြင်း \r (၅ရာ၊ ၂၁:၁-၂၇) \p \v 1 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အ​ပေါ်​တွင်​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် သူ​တို့​ကို​ဒဏ်​ခတ်​ရန်​ဒါ​ဝိဒ်​အား​အ​ပြစ်​ကူး မိ​စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​က``သင်​သည် သွား​၍​ဣ​သ​ရေ​လ​နှင့်​ယု​ဒ​ပြည်​တွင်​သန်း ခေါင်​စာ​ရင်း​ကောက်​ယူ​လော့'' ဟု​ဒါ​ဝိဒ်​အား မိန့်​တော်​မူ​၏။- \v 2 သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​မိ​မိ​၏​တပ်​မ​တော် ဗိုလ်​ချုပ်​ယွာ​ဘ​အား``သင်​၏​တပ်​မှူး​များ​နှင့် အ​တူ​တိုင်း​ပြည်​တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင် ဣ​သ​ရေ​လ​အ​နွယ်​ရှိ​သ​မျှ​တို့​ထံ​သို့​သွား ၍​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​လော့။ လူ​ဦး ရေ​မည်​မျှ​ရှိ​သည်​ကို​ငါ​သိ​လို​သည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 3 သို့​ရာ​တွင်​ယွာ​ဘ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင် ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား ယ​ခု​ထက်​အ​ဆ တစ်​ရာ​ပို​၍​တိုး​ပွား​အောင်​ပြု​တော်​မူ​ပါ စေ​သော။ အ​ရှင်​သည်​လည်း​ယင်း​သို့​တိုး​ပွား သည်​ကို​တွေ့​မြင်​ရ​သည်​တိုင်​အောင်​အ​သက် ရှည်​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင်​အ​ရှင် မင်း​ကြီး​သည်​အ​ဘယ်​ကြောင့်​ဤ​အ​မှု ကို​ပြု​တော်​မူ​လို​ပါ​သ​နည်း'' ဟု​ဒါ​ဝိဒ် အား​လျှောက်​လေ​၏။- \v 4 သို့​သော်​လည်း​အ​ရှင်​မင်း​ကြီး​သည်​ယွာ​ဘ နှင့်​တပ်​မှူး​တို့​အား မိ​မိ​၏​အ​မိန့်​အ​တိုင်း လိုက်​နာ​စေ​တော်​မူ​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​သန်း​ခေါင်​စာ​ရင်း​ကောက် ယူ​ရန်​အ​ထံ​တော်​မှ​ထွက်​သွား​ကြ​၏။ \p \v 5 သူ​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး လျှင် ဂဒ်​နယ်​ချိုင့်​ဝှမ်း​အ​လယ်​ရှိ​အာ​ရော်​မြို့ ၏​တောင်​ဘက်​တွင်​စ​ခန်း​ချ​ကြ​၏။ ထို​နောက် ထို​အ​ရပ်​မှ​မြောက်​ဘက်​တွင်​ရှိ​သော​ယာ​ဇာ မြို့​သို့​လည်း​ကောင်း၊- \v 6 ထို​မှ​တစ်​ဖန်​ဂိ​လဒ်​ပြည်​နှင့်​ဟိတ္တိ​နယ်​ကာ ဒေ​ရှ​မြို့​သို့​လည်း​ကောင်း​ဆက်​လက်​၍​ခ​ရီး ပြု​ကြ​၏။ ထို​နောက်​ဒန်​မြို့​နှင့်​ဇိ​ဒုန်​မြို့​တစ် ဝိုက်​သို့​သွား​ကြ​၏။- \v 7 ထို​နောက်​ရဲ​တိုက်​ရှိ​ရာ​တု​ရု​မြို့​သို့​သွား ပြီး​လျှင် ဟိ​ဝိ​အ​မျိုး​သား​များ​နှင့်​ကာ​န​နိ အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​မြို့​အ​ပေါင်း​သို့ လည်း​ကောင်း၊ နောက်​ဆုံး​၌​ယု​ဒ​ပြည်​တောင် ပိုင်း​ရှိ​ဗေ​ရ​ရှေ​ဗ​မြို့​သို့​လည်း​ကောင်း​သွား ရောက်​ကြ​လေ​သည်။- \v 8 သူ​တို့​သည်​တိုင်း​နိုင်​ငံ​တစ်​ဝန်း​လုံး​ကို​လှည့် လည်​၍ ကိုး​လ​နှင့်​အ​ရက်​နှစ်​ဆယ်​ကြာ​သော အ​ခါ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​ရောက်​ကြ​၏။- \v 9 သူ​တို့​သည်​ဣ​သ​ရေ​လ​ပြည်​တွင်​စစ်​မှု​ထမ်း နိုင်​သူ​လူ​ပေါင်း​ရှစ်​သိန်း​နှင့် ယု​ဒ​ပြည်​တွင် ငါး​သိန်း​ရှိ​ကြောင်း​မင်း​ကြီး​အား​အ​စီ​ရင် ခံ​ကြ​၏။ \p \v 10 သို့​ရာ​တွင်​ဒါ​ဝိဒ်​သည်​သန်း​ခေါင်​စာ​ရင်း ကောက်​ပြီး​သော​အ​ခါ​နောင်​တ​ရ​လျက် ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​သည်​ဤ ကြောက်​မက်​ဖွယ်​ကောင်း​သော​အ​ပြစ်​ကို​ကူး လွန်​မိ​ပါ​ပြီ။ အ​ကျွန်ုပ်​အား​အပြစ်​ဖြေ​လွှတ် တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​မိုက်​မဲ​စွာ​ပြု မိ​ပါ​ပြီ'' ဟု​လျှောက်​ထား​၏။ \p \v 11-12 ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​၏​ပု​ရော​ဟိတ် ဖြစ်​သူ​ပ​ရော​ဖက်​ဂဒ်​အား``သင်​သည်​ဒါ​ဝိဒ် ထံ​သို့​သွား​လော့။ ငါ​ပြု​ရန်​ရှိ​သည့်​အ​မှု သုံး​ခု​အ​နက်​သူ​ကြိုက်​နှစ်​သက်​ရာ​တစ်​ခု ကို​ရွေး​ချယ်​နိုင်​ကြောင်း​ပြော​ကြား​လော့။ သူ ရွေး​ချယ်​ရာ​ကို​ငါ​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။ နောက်​တစ်​နေ့​နံ​နက်​အ​ချိန်​ဒါ​ဝိဒ်​အိပ်​ရာ မှ​ထ​တော်​မူ​သော​အ​ခါ၊- \v 13 ဂဒ်​သည်​လာ​ရောက်​၍ မိ​မိ​အား​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​မင်း​ကြီး အား​တင်​ပြ​လျှောက်​ထား​ပြီး​လျှင်``အ​ရှင် မင်း​ကြီး​သုံး​နှစ်​ပတ်​လုံး​အ​စာ​ငတ်​မွတ် ခေါင်း​ပါး​မှု၊ သုံး​လ​ပတ်​လုံး​ရန်​သူ​တပ် များ​ကို​တိမ်း​ရှောင်​ထွက်​ပြေး​နေ​မှု၊ သုံး​ရက် ပတ်​လုံး​ကပ်​ရော​ဂါ​ကျ​ရောက်​မှု​တည်း​ဟူ သော​ဘေး​တို့​အ​နက်​အ​ဘယ်​ဘေး​ကို​ရွေး ချယ်​တော်​မူ​ပါ​မည်​နည်း။ အ​ဘယ်​သို့ ထာ​ဝ​ရ​ဘု​ရား​အား​အ​ကျွန်ုပ်​ပြန် ကြား​လျှောက်​ထား​ရ​မည်​ကို​စဉ်း​စား တော်​မူ​ပါ'' ဟု​မေး​လျှောက်​၏။ \p \v 14 ဒါ​ဝိဒ်​က``ငါ​သည်​အ​လွန်​ဆိုး​ရွား​သည့် အ​ခြေ​အ​နေ​နှင့်​ကြုံ​တွေ့​ရ​ပါ​သည်​တ ကား။ လူ့​လက်​ဖြင့်​ဒဏ်​မ​ခံ​ရ​ပါ​စေ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ပင်​ဒဏ်​ပေး​တော်​မူ​ပါ စေ။ ကိုယ်​တော်​သည်​က​ရု​ဏာ​ထား​တော် မူ​တတ်​သော​အ​ရှင်​ဖြစ်​ပါ​၏'' ဟု​ဂဒ် အား​ဆို​၏။- \v 15 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​နံ​နက်​ချိန် မှ​စ​၍​ပြ​ဋ္ဌာန်း​တော်​မူ​သည့်​အ​ချိန်​အ​ထိ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​သို့ ကပ်​ရော​ဂါ​ဆိုက်​ရောက်​စေ​တော်​မူ​၏။ တိုင်း ပြည်​တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင်​ဣ​သ ရေ​လ​အ​မျိုး​သား​ပေါင်း​ခု​နစ်​သောင်း မျှ​သေ​ဆုံး​ကြ​၏။- \v 16 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တမန်​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ဖျက်​ဆီး​မည်​ပြု​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​မှု​နှင့်​ပတ်​သက်​၍​စိတ်​ပြောင်း လဲ​တော်​မူ​သ​ဖြင့်``ရပ်​တန့်​လော့။ တော်​လောက် ပြီ'' ဟု​ကောင်း​ကင်​တ​မန်​အား​မိန့်​တော်​မူ​၏။ ထို​အ​ခါ​၌​ကောင်း​ကင်​တမန်​သည်​ယေ​ဗု​သိ အ​မျိုး​သား​အ​ရော​န​၏​ကောက်​နယ်​တ​လင်း အ​နီး​တွင်​ရပ်​လျက်​နေ​သ​တည်း။ \p \v 17 လူ​တို့​အား​ဒဏ်​ခတ်​သော​ကောင်း​ကင်​တ​မန် ကို​ဒါ​ဝိဒ်​မြင်​သော​အ​ခါ``အ​ပြစ်​ရှိ​သူ​မှာ အ​ကျွန်ုပ်​ဖြစ်​ပါ​၏။ ဒု​စ​ရိုက်​ပြု​မိ​သူ​မှာ အ​ကျွန်ုပ်​ဖြစ်​ပါ​၏။ ဤ​သူ​တို့​သည်​အ​ဘယ် ပြစ်​မှု​ကို​ပြု​မိ​ကြ​ပါ​သ​နည်း။ ကိုယ်​တော် ရှင်​သည်​အ​ကျွန်ုပ်​နှင့်​အိမ်​ထောင်​စု​ကို​သာ အ​ပြစ်​ပေး​တော်​မူ​သင့်​ပါ​၏'' ဟု​ထာ​ဝ​ရ ဘု​ရား​အား​လျှောက်​၏။ \p \v 18 ထို​နေ့​၌​ပင်​လျှင်​ဂဒ်​သည်​ဒါ​ဝိဒ်​ထံ​သွား ၍``အ​ရှင်​သည်​ယေ​ဗု​သိ​အ​မျိုး​သား​အ​ရော​န ၏​ကောက်​နယ်​တ​လင်း​၌​ထာ​ဝ​ရ​ဘု​ရား အ​တွက်​ယဇ်​ပလ္လင်​ကို​တည်​ဆောက်​လော့'' ဟု ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ဆင့်​ဆို လေ​၏။- \v 19 ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် အ​တိုင်း အ​ရော​န​၏​ကောက်​နယ်​တ​လင်း​သို့ သွား​တော်​မူ​၏။- \v 20 အ​ရော​န​သည်​ကြည့်​လိုက်​သော​အ​ခါ​မိ​မိ​ထံ သို့​မင်း​ကြီး​နှင့်​မှူး​မတ်​များ​လာ​နေ​ကြ​သည် ကို​မြင်​လျှင်​ဒါ​ဝိဒ်​၏​ရှေ့​တော်​၌​မြေ​ပေါ်​သို့ လှဲ​ချ​ပျပ်​ဝပ်​လျက်၊- \v 21 ``အ​ရှင်​မင်း​ကြီး​အ​ဘယ်​ကြောင့်​ဤ​အ​ရပ်​သို့ ကြွ​လာ​တော်​မူ​ပါ​သ​နည်း'' ဟု​လျှောက်​၏။ \p ဒါ​ဝိဒ်​က``ကပ်​ရော​ဂါ​ဘေး​ငြိမ်း​အေး​သွား​စေ ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ယဇ်​ပလ္လင်​ကို တည်​ဆောက်​လို​သ​ဖြင့် သင်​၏​ကောက်​နယ်​တ​လင်း ကို​ဝယ်​ယူ​ရန်​ငါ​လာ​သည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 22 အ​ရော​န​က``အ​ရှင်​မင်း​ကြီး​ဤ​ကောက်​နယ် တလင်း​ကို​ယူ​တော်​မူ​ပါ။ အ​လို​တော်​ရှိ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​တော်​မူ​ပါ။ ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရန်​နွား​များ​ဤ​မှာ ရှိ​ပါ​၏။ ထင်း​အ​ဖြစ်​အ​သုံး​ပြု​ရန်​ထမ်း​ပိုး များ​နှင့်​ကောက်​နယ်​တန်​ဆာ​များ​လည်း​ဤ မှာ​ရှိ​ပါ​၏။- \v 23 ထို​အ​ရာ​အ​ပေါင်း​ကို​မင်း​ကြီး​အား​ဆက်​ပါ ၏။ အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​အ​ရှင်​၏​ပူ​ဇော်​သကာ​ကို​လက်​ခံ​တော် မူ​ပါ​စေ​သော'' ဟု​လျှောက်​လေ​၏။ \p \v 24 သို့​ရာ​တွင်​မင်း​ကြီး​က``ဤ​သို့​မ​ယူ​လို။ တန် ဖိုး​ကို​ငါ​ပေး​မည်။ ငါ​သည်​မိ​မိ​အ​ဖိုး​မ​ပေး ဘဲ​ရ​ရှိ​သည့်​ပူ​ဇော်​သကာ​များ​ကို ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​အား​ဆက်​သ​လိမ့်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​မင်း​ကြီး သည်​ကောက်​နယ်​တ​လင်း​နှင့်​နွား​များ​ကို​ငွေ သား​ကျပ်​ငါး​ဆယ်​ပေး​၍​ဝယ်​ယူ​တော်​မူ​၏။- \v 25 သူ​သည်​ထို​အ​ရပ်​တွင်​ထာ​ဝ​ရ​ဘုရား​၏ အ​တွက် ယဇ်​ပလ္လင်​ကို​တည်​ဆောက်​တော်​မူ​ပြီး လျှင် မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​တို့ ကို​ပူ​ဇော်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် လည်း​မင်း​ကြီး​၏​ဆု​တောင်း​ပတ္ထနာ​ကို​နား ညောင်း​တော်​မူ​၍ ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ကပ်​ရော​ဂါ​ဘေး​ကို​ငြိမ်း​အေး​စေ​တော် မူ​၏။ ဋ္ဌမ္မ​ရာ​ဇ​ဝင်​ဒု​တိ​ယ​စောင်​ပြီး​၏။