\id 2PE Myanmar Common Language Bible \h ၂ ပေ \toc1 ရှင်​ပေ​တ​ရု​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် \toc2 ၂ ပေ \mt1 ရှင်​ပေ​တ​ရု​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် \is1 နိ​ဒါန်း \ip ရှင်​ပေ​တ​ရု​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​သည် ရှေး​ဦး​ခ​ရစ်​ယာန်​များ​ထံ​သို့​ပေး​ပို့​သော​စာ ဖြစ်​သည်။ ဤ​စာ​ကို​ရေး​ရ​သည့်​အ​ဋ္ဌိ​က​အ​ကြောင်း မှာ ဆ​ရာ​အ​တု​အ​ယောင်​များ​၏​သွန်​သင်​ခြင်း နှင့် ယင်း​သွန်​သင်​ခြင်း​၏​ဆိုး​ကျိုး​ဖြစ်​သော စာ​ရိတ္တ​ပျက်​ပြား​မှု​ကို​တား​ဆီး​ရန်​ဖြစ်​၏။ ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု​၏​အ​ကြောင်း သွန်​သင်​ချက်​အ​စစ်​အ​မှန်​ကို​စွဲ​မြဲ​စွာ​ခံ​ယူ ထား​ရန်​လို​အပ်​ကြောင်း၊ ယင်း​စစ်​မှန်​သည့်​သွန် သင်​ချက်​ကို​သ​ခင်​ယေ​ရှု​အား​ကိုယ်​တိုင်​ဖူး မြင်​၍ ကိုယ်​တော်​၏​သြ​ဝါ​ဒ​များ​ကို​ကြား နာ​ခဲ့​ရ​သူ​များ​ထံ​မှ​သာ​ရ​ရှိ​နိုင်​မည်​ဖြစ် ကြောင်း၊ နောက်​တစ်​ဖန်​သ​ခင်​ယေ​ရှု​ကြွ​လာ တော်​မူ​တော့​မည်​မ​ဟုတ်​ဟူ​သော​သွန်​သင်​ချက် သည်​လွဲ​မှား​နေ​ကြောင်း၊ ခ​ရစ်​တော်​ပြန်​လည် ကြွ​လာ​ရန်​နှောင့်​နှေး​လျက်​နေ​ခြင်း​မှာ ဘု​ရား သ​ခင်​သည်​လူ​အ​ပေါင်း​တို့​အား​ဆုံး​ပါး ပျက်​စီး​စေ​ရန်​အ​လို​တော်​မ​ရှိ​သော​ကြောင့် ဖြစ်​ကြောင်း၊ သူ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ် များ​ကို​နောင်​တ​ရ​စေ​ရန် အ​လို​တော်​ရှိ​ကြောင်း စ​သည်​ဖြင့်​စာ​ရေး​သူ​က​ရေး​သား​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ ် \io1 နိ​ဒါန်း ၁:၁-၂ \io1 ခ​ရစ်​ယာန်​တို့​၏​လုပ်​ငန်း​တာ​ဝန် ၁:၃-၂၁ \io1 ဆ​ရာ​အ​တု​အ​ယောင်​များ ၂:၁-၂၂ \io1 နောက်​ဆုံး​အ​ကြိမ်​ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​ခြင်း ၃:၁-၁၈ \c 1 \p \v 1 ယေ​ရှု​ခရစ်​၏​အ​စေ​ခံ​နှင့်​တ​မန်​တော်​ဖြစ်​သူ ရှိ​မုန်​ပေ​တ​ရု​ထံ​မှ ငါ​တို့​ဘု​ရား​သ​ခင်​နှင့် ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော​ယေ​ရှု​ခ​ရစ်​၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကြောင့် ငါ​တို့​ခံ​ယူ​ရ​သည့် ယုံ​ကြည်​ခြင်း​ကဲ့​သို့​အ​ဖိုး​ထိုက်​သည့်​ယုံ​ကြည် ခြင်း​ကို​ရ​ရှိ​ကြ​ကုန်​သော​သူ​တို့​ထံ​သို့ စာ​ရေး​လိုက်​သည်။ \p \v 2 ဘု​ရား​သ​ခင်​နှင့်​ငါ​တို့​အ​ရှင်​ဖြစ်​တော်​မူ​သော သ​ခင်​ယေ​ရှု​ခ​ရစ်​ကို​သိ​ကျွမ်း​ရ​ခြင်း​အား​ဖြင့် သင်​တို့​သည်​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း ကို​အ​ပြည့်​အ​ဝ​ခံ​စား​ရ​ကြ​ပါ​စေ​သ​တည်း။ \s1 ဘု​ရား​သ​ခင်​ခေါ်​ယူ​ရွေး​ချယ်​တော်​မူ​ခြင်း \p \v 3 ငါ​တို့​သည်​ခ​ရစ်​တော်​ကို​သိ​ကျွမ်း​ခြင်း​အား ဖြင့် ဘု​ရား​ဝတ်​၌​အ​မှန်​ပင်​မွေ့​လျော်​နိုင်​စေ​ရန် ဘု​ရား​သ​ခင်​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် ငါ တို့​လို​အပ်​သော​အ​ရာ​ရှိ​သ​မျှ​ကို​ချ​ပေး တော်​မူ​၏။ ခ​ရစ်​တော်​သည်​မိ​မိ​၏​ဘုန်း​အ​သ ရေ​တော်​နှင့်​ကောင်း​မြတ်​ခြင်း​ကို ငါ​တို့​ခံ​ယူ နိုင်​ကြ​စေ​ရန်​ငါ​တို့​အား​ခေါ်​ယူ​ရွေး​ကောက် တော်​မူ​ပေ​သည်။- \v 4 ဤ​နည်း​အား​ဖြင့်​က​တိ​ထား​တော်​မူ​သော​အ​လွန် ကြီး​၍ အ​ဖိုး​ထိုက်​သည့်​ဆု​ကျေး​ဇူး​များ​ကို ကိုယ်​တော်​သည်​ငါ​တို့​အား​ပေး​တော်​မူ​၏။ ထို ဆု​ကျေး​ဇူး​အား​ဖြင့်​သင်​တို့​သည် ဤ​လော​က တွင်​ဖောက်​ပြန်​ပျက်​စီး​တတ်​သော​ကိ​လေ​သာ ဆိုး​ညစ်​မှု​များ​မှ​လွတ်​မြောက်​နိုင်​ကြ​လျက် ဘု​ရား​ဇာ​တိ​တွင်​ပါ​ဝင်​စေ​ရန်​ဖြစ်​၏။- \v 5 ဤ​အ​ကြောင်း​ကြောင့်​သင်​တို့​သည်​မိ​မိ​တို့​၏ ယုံ​ကြည်​ခြင်း​ကို​အ​ကျင့်​သီ​လ​ဖြင့်​လည်း ကောင်း၊ အ​ကျင့်​သီ​လ​ကို​အသိ​ပ​ညာ​ဖြင့် လည်း​ကောင်း၊- \v 6 အ​သိ​ပ​ညာ​ကို​ကာမ​ဂုဏ်​ချုပ်​တည်း​ခြင်း ဖြင့်​လည်း​ကောင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း ကို​ခံ​နိုင်​ရည်​ရှိ​ခြင်း​ဖြင့်​လည်း​ကောင်း၊ ခံ​နိုင် ရည်​ရှိ​ခြင်း​ကို​ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း ဖြင့်​လည်း​ကောင်း၊- \v 7 ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​ကို​ညီ​အစ်​ကို စုံ​မက်​ခြင်း​ဖြင့်​လည်း​ကောင်း၊ ညီ​အစ်​ကို​စုံ​မက် ခြင်း​ကို​ချစ်​ခြင်း​မေတ္တာ​ဖြင့်​လည်း​ကောင်း​ထပ် လောင်း​ဖြည့်​စွက်​ပေး​ရန်​အ​စွမ်း​ကုန်​ကြိုး​စား ကြ​လော့။- \v 8 ဤ​အ​ရည်​အ​ချင်း​များ​သည်​သင်​တို့​တွင်​များ စွာ​ရှိ​လျှင် ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သိ​ကျွမ်း​ခြင်း​၌​သင်​တို့​ထိ​ရောက်​လျက် အ​ကျိုး​ဖြစ်​ထွန်း​လိမ့်​မည်။- \v 9 ဤ​အ​ရည်​အ​ချင်း​များ​နှင့်​ကင်း​သူ​သည် အ​မြင်​တို​၍​မျက်​စိ​ကန်း​သူ​ဖြစ်​၏။ သူ​သည် ယ​ခင်​က​မိ​မိ​၏​အ​ပြစ်​များ​မှ​ပြေ​လွတ်​ခွင့် ရ​ရှိ​သည်​ကို​မေ့​လျော့​လေ​ပြီ။ \p \v 10 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ သင်​တို့​ကို​ဘု​ရား​သ​ခင် ခေါ်​ယူ​ရွေး​ချယ်​တော်​မူ​ခြင်း​ကို​တည်​မြဲ​စေ​ရန် ပို​၍​ပင်​ကြိုး​စား​ကြ​ပါ​မူ​သင်​တို့​သည်​အ​ဘယ် အ​ခါ​မျှ မိ​မိ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​စွန့်​လွှတ် ကြ​လိမ့်​မည်​မ​ဟုတ်။- \v 11 ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​ငါ​တို့​ကို​အ​ရှင် သ​ခင်​နှင့်​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော ယေ​ရှု ခ​ရစ်​၏​ထာ​ဝ​ရ​နိုင်​ငံ​တော်​သို့​ဝင်​နိုင်​ရန် အ​ခွင့် အ​ရေး​အ​ပြည့်​အ​ဝ​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ \p \v 12 ထို့​ကြောင့်​သင်​တို့​သည်​ဤ​အ​ကြောင်း​အ​ရာ များ​ကို​သိ​ရှိ​နား​လည်​လျက် မိ​မိ​တို့​ခံ​ယူ​ရ ရှိ​ထား​သည့်​သမ္မာ​တ​ရား​တော်​တွင်​အ​ခြေ​ခိုင် ၍​နေ​ပြီ​ဖြစ်​သော်​လည်း ငါ​သည်​သင်​တို့​အား ထို​အ​ရာ​များ​အ​ကြောင်း​ကို​အ​စဉ်​သ​တိ ပေး​လို​၏။- \v 13 ငါ​အ​သက်​ရှင်​လျက်​ရှိ​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ထို​အ​ရာ​များ​အ​ကြောင်း​ကို​သင်​တို့​အား​သ​တိ ပေး​နှိုး​ဆော်​လျက်​နေ​သင့်​သည်​ဟု​လည်း​ယူ​ဆ ၏။- \v 14 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​မ​ကြာ​မီ​ပင် ဤ​ပျက်​စီး​တတ်​သည့်​ကိုယ်​ခန္ဓာ​ကို​စွန့်​ပစ်​ရ​လိမ့် မည်​ဖြစ်​ကြောင်း​သိ​သော​ကြောင့်​ဖြစ်​ပေ​သည်။ ငါ တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​က​လည်း​ယင်း​သို့ ဖြစ်​မည်​ဟု​ငါ့​အား​အတိ​အ​လင်း​မိန့်​ကြား ထား​၏။- \v 15 သို့​ဖြစ်​၍​ငါ​မ​ရှိ​သည့်​နောက်​သင်​တို့​သည် ဤ အ​ကြောင်း​အ​ရာ​များ​ကို​အ​စဉ်​မှတ်​မိ​စေ​ခြင်း ငှာ ငါ​သည်​အ​စွမ်း​ကုန်​ကြိုး​စား​အား​ထုတ်​မည်။ \s1 ခ​ရစ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို ဖူး​မြင်​ရ​သူ​အ​သိ​သက်​သေ​များ \p \v 16 ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​တန်​ခိုး​တော် နှင့်​ကြွ​လာ​တော်​မူ​ခြင်း​အ​ကြောင်း​ကို​သင်​တို့ အား​ဖော်​ပြ​ရာ​၌ ငါ​တို့​သည်​ပ​ရိ​ယာယ်​နှင့် တီ​ထွင်​သော​ဒဏ္ဍာ​ရီ​ပုံ​ပြင်​များ​ကို​ပြော​ကြား နေ​ခြင်း​မ​ဟုတ်။ ငါ​တို့​ကား​မိ​မိ​တို့​ကိုယ်​တိုင် ကိုယ်​တော်​၏​ဘုန်း​အာ​နု​ဘော်​တော်​ကို​ဖူး​မြင် ရ​ကြ​သူ​များ​ဖြစ်​ပေ​သည်။- \v 17 အကြီး​မြတ်​ဆုံး​သော​ဘုန်း​အ​သ​ရေ​ရောင်​ခြည် တော်​ရှင်​က``ဤ​သူ​ကား​ငါ​နှစ်​သက်​မြတ်​နိုး သော​ငါ​၏​ချစ်​သား​ဖြစ်​၏'' ဟူ​သော​အ​သံ တော်​မိန့်​တော်​မူ​သော​အ​ချိန်​၌ ခ​မည်း​တော် ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကိုယ်​တော်​သည်​ဂုဏ် အ​သ​ရေ​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော်​ကို ခံ​ယူ​တော်​မူ​၏။-\x + \xo 1:17 \xt မ၊ ၁၇:၁-၅။ မာ၊ ၉:၂-၇။ လု၊ ၉:၂၈-၃၅။\x* \v 18 ထို​စဉ်​အ​ခါ​က​ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင် ကိုယ်​တော်​နှင့်​အ​တူ သန့်​ရှင်း​မြင့်​မြတ်​သော တောင်​တော်​ပေါ်​တွင်​ရှိ​၍​မိုး​ကောင်း​ကင်​မှ ထွက်​ပေါ်​လာ​သော​အ​သံ​တော်​ကို​ကြား​ရ ပေ​သည်။ \p \v 19 သို့​ဖြစ်​၍​ငါ​တို့​သည်​ပ​ရော​ဖက်​များ​ကြေ​ညာ သည့်​ဗျာ​ဒိတ်​တော်​ကို​ပို​၍​စိတ်​ချ​ယုံ​ကြည် ကြ​၏။ ထို​ဗျာ​ဒိတ်​တော်​ကို​ဂ​ရု​ပြု​လော့။ အ​ဘယ် ကြောင့်​ဆို​သော်​ယင်း​သည်​အ​ရုဏ်​ကျင်း​လျက် နေ​အ​လင်း​ပေါ်​၍ သင်​တို့​စိတ်​နှ​လုံး​ထဲ​တွင် အ​ရုဏ်​ကြယ်​ပေါ်​ထွက်​ချိန်​မ​တိုင်​မီ​အ​မှောင် ထဲ​တွင်​ထွန်း​လင်း​လျက်​နေ​သည့်​မီး​ခွက်​နှင့်​တူ​၏။- \v 20 သို့​ရာ​တွင်​အ​ဘယ်​သူ​မျှ​မိ​မိ​အ​လို​အ​လျောက် ပ​ရော​ဖက်​တို့​ဟော​ချက်​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို ပြန်​ဆို​၍​မ​ရ​နိုင်​ကြောင်း​သင်​တို့​အ​ထူး​မှတ် ယူ​ကြ​လော့။- \v 21 အ​ဘယ်​ကြောင့်​ဆို​သော်​မည်​သည့်​ပ​ရော​ဖက် ဟော​ပြော​ချက်​မျှ မိ​မိ​၏​အ​လို​ဆန္ဒ​အ​ရ​ပေါ် ပေါက်​လာ​ခြင်း​မ​ဟုတ်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် နှိုး​ဆော်​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​သည် ဘု​ရား သ​ခင်​၏​ထံ​တော်​မှ​လာ​သော​ဗျာ​ဒိတ်​တော်​ကို ဟော​ပြော​ခြင်း​ဖြစ်​သည်။ \c 2 \s1 မိစ္ဆာ​ဆ​ရာ​များ \p \v 1 ဣ​သ​ရေ​လ​လူ​မျိုး​တွင်​မိစ္ဆာ​ပ​ရော​ဖက်​များ ပေါ်​ပေါက်​ခဲ့​သည်​နည်း​တူ သင်​တို့​တွင်​လည်း မိစ္ဆာ​ဆရာ​များ​ပေါ်​ပေါက်​လာ​ကြ​လိမ့်​မည်။ သူ တို့​သည်​အ​ကျိုး​ယုတ်​စေ​သော​မှား​ယွင်း​သည့် အ​ယူ​ဝါ​ဒ​များ​ကို​သင်​တို့​ထံ​သို့​ယူ​ဆောင် လာ​ပြီး​လျှင် မိ​မိ​တို့​အား​ရွေး​နှုတ်​ကယ်​တင် တော်​မူ​သော​အ​ရှင်​ကို​ပင်​လျှင်​ပစ်​ပယ်​ကြ လိမ့်​မည်။ ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​မိ​မိ တို့​အ​ပေါ်​တွင် ပျက်​စီး​ခြင်း​ဘေး​လျင်​မြန် စွာ​ရောက်​စေ​ကြ​လိမ့်​မည်။- \v 2 ဤ​သို့​ဖြစ်​လင့်​က​စား​လူ​အ​များ​ပင်​ထို​သူ တို့​၏​ညစ်​ညမ်း​သော​လမ်း​စဉ်​ကို​လိုက်​ကြ​လိမ့် မည်။ သူ​တို့​၏​အ​ပြု​အ​မူ​ကြောင့်​အ​ခြား​လူ တို့​သည်​သမ္မာ​တ​ရား​လမ်း​စဉ်​ကို​ရှုတ်​ချ​ပြော ဆို​ကြ​လိမ့်​မည်။- \v 3 ဤ​မိစ္ဆာ​ဆ​ရာ​တို့​သည်​လော​ဘ​ကူး​လျက် မ​ဟုတ်​မ​မှန်​လုပ်​ကြံ​ပြော​ဆို​ကာ​အ​မြတ် ထုတ်​ကြ​လိမ့်​မည်။ ရှေး​ကာ​လ​က​ပင်​လျှင်​သူ​တို့ အား​တ​ရား​စီ​ရင်​မည့်​အ​ရှင်​သည်​အ​သင့်​ရှိ​နေ တော်​မူ​လေ​ပြီ။ သူ​တို့​အား​သုတ်​သင်​ဖျက်​ဆီး တော်​မူ​မည့်​အ​ရှင်​သည်​အိပ်​ပျော်​လျက်​နေ တော်​မ​မူ။ \p \v 4 ဘု​ရား​သ​ခင်​သည်​အ​ပြစ်​ကူး​သူ​ကောင်း​ကင် တ​မန်​များ​ကို​ချမ်း​သာ​ပေး​တော်​မ​မူ​ဘဲ မှောင် မိုက်​သော​င​ရဲ​ထဲ​သို့​ချ​ထား​တော်​မူ​၏။ ထို နေ​ရာ​တွင်​သူ​တို့​ကို​သံ​ကြိုး​များ​ဖြင့်​ချည် နှောင်​ကာ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ကို စောင့်​မျှော်​စေ​တော်​မူ​၏။- \v 5 ကိုယ်​တော်​သည်​ရှေး​ခေတ်​ကမ္ဘာ​သူ​ကမ္ဘာ​သား တို့​ကို​လည်း​ချမ်း​သာ​ပေး​တော်​မ​မူ​ခဲ့​ပေ။ ထို​စဉ်​အ​ခါ​က​ကိုယ်​တော်​သည်​ဘု​ရား​မဲ့​နေ သူ​တို့​၏​ကမ္ဘာ​မြေ​ကြီး​ကို​ရေ​လွှမ်း​မိုး​စေ​တော် မူ​၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​ဟော​ပြော​သူ နော​ဧ​ကို​မူ​ကား​အ​ခြား​သူ​ခုနစ်​ယောက်​နှင့် အ​တူ​ကယ်​တင်​တော်​မူ​၏။-\x + \xo 2:5 \xt က၊ ၆:၁-၇:၂၄။\x* \v 6 ဘု​ရား​သ​ခင်​သည်​သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့ တို့​ကို​မီး​လောင်​ကျွမ်း​စေ​သော​အား​ဖြင့်​အ​ပြစ် ဒဏ်​စီ​ရင်​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ကိုယ်​တော် သည်​နောင်​အ​ခါ​တွင် ဆိုး​သွမ်း​ယုတ်​မာ​သူ​တို့ မည်​ကဲ့​သို့​အ​ပြစ်​ဒဏ်​ခံ​ရ​မည်​ကို​န​မူ​နာ အ​ဖြစ်​ပြ​တော်​မူ​၏။-\x + \xo 2:6 \xt က၊ ၁၉:၂၄။\x* \v 7 သို့​ရာ​တွင်​ဆိုး​ယုတ်​သူ​တို့​၏​မ​သ​မာ​သော အ​ကျင့်​အ​ကြံ​များ​ကြောင့်​အ​လွန်​စိတ်​ပျက် လျက်​နေ​သူ သူ​တော်​ကောင်း​လော​တ​ကို​မူ ကား​ကိုယ်​တော်​သည်​မီး​ဘေး​မှ​ကယ်​ဆယ် တော်​မူ​၏။-\x + \xo 2:7 \xt က၊ ၁၉:၁-၆။\x* \v 8 ထို​သူ​တော်​ကောင်း​သည်​ဆိုး​ယုတ်​သူ​တို့​နှင့် အ​တူ​နေ​ထိုင်​ကာ နေ့​စဉ်​နှင့်​အ​မျှ​သူ​တို့​ပြု ကျင့်​သည့်​ဆိုး​ညစ်​မှု​များ​ကို​တွေ့​မြင်​ကြား သိ​သ​ဖြင့် လွန်​စွာ​စိတ်​ဒုက္ခ​ရောက်​ခဲ့​ရ​ပေ​သည်။- \v 9-10 သို့​ဖြစ်​၍​ဘု​ရား​ကြည်​ညို​သူ​တို့​အား​မိ​မိ တို့​ခံ​ရ​သော​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​မှ ကယ်​တင်​တော်​မူ​ရန်​လည်း​ကောင်း၊ သူ​ယုတ်​မာ များ​အ​ထူး​သ​ဖြင့်​မိ​မိ​တို့​၏​ကိ​လေ​သာ စိတ်​ဆွဲ​ဆောင်​ရာ​သို့​လိုက်​၍ ဘု​ရား​သ​ခင် အာ​ဏာ​တော်​ကို​မ​ထီ​မဲ့​မြင်​ပြု​သူ​များ အား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​တိုင်​အောင် ပြစ်​ဒဏ်​ပေး​ထား​ရန်​လည်း​ကောင်း​ထာ​ဝ​ရ ဘု​ရား​ပြု​တော်​မူ​တတ်​၏။ \p ထို​မိစ္ဆာ​ဆ​ရာ​တို့​သည်​အ​တင့်​ရဲ​၍​မာ​န ထောင်​လွှား​လျက် တန်​ခိုး​ကြီး​သော​ကောင်း ကင်​သား​တို့​အား​မ​ရို​သေ​ဘဲ​စော်​ကား ပြော​ဆို​ကြ​၏။- \v 11 ဤ​မိစ္ဆာ​ဆ​ရာ​တို့​ထက်​များ​စွာ​တန်​ခိုး​စွမ်း ရည်​ကြီး​သော​ကောင်း​ကင်​တ​မန်​များ​ပင် လျှင် သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​မှောက်​တွင်​စော်​ကား​ပြော​ဆို​ခြင်း​ကို မ​ပြု​ကြ။- \v 12 သို့​ရာ​တွင်​ထို​သူ​တို့​သည်​ထောင်​ဖမ်း​၍​သတ် ဖြတ်​ပစ်​ရန်​အ​တွက် ပေါက်​ဖွား​လာ​ကြ​သည့် အ​သိ​ဉာဏ်​ကင်း​မဲ့​သော​သား​ရဲ​တိ​ရစ္ဆာန် များ​နှင့်​တူ​ကြ​သည်။ သူ​တို့​သည်​မိ​မိ​တို့ မ​သိ​နား​မ​လည်​သည့်​အ​ရာ​ဟူ​သ​မျှ​ကို ကဲ့​ရဲ့​ပြော​ဆို​တတ်​ကြ​၏။ အ​သိ​ဉာဏ်​ကင်း မဲ့​သည့်​သား​ရဲ​တိ​ရစ္ဆာန်​များ​နည်း​တူ ပျက်​စီး​ရ​ကြ​လိမ့်​မည်။- \v 13 သူ​တို့​သည်​သူ​တစ်​ပါး​တို့​အား​ထိ​ခိုက်​နာ ကျင်​စေ​သ​ကဲ့​သို့​မိ​မိ​တို့​လည်း​ထိ​ခိုက် နာ​ကျင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​နေ့​ခင်း ကြောင်​တောင်​သေ​သောက်​ကြူး​၍​ပျော်​ပါး ကြ​၏။ သူ​တို့​သည်​သင်​တို့​နှင့်​အ​တူ​စား​ပွဲ တွင်​ထိုင်​၍​စား​သောက်​လျက် သင်​တို့​၏​ဂုဏ် သိက္ခာ​ကို​ညစ်​စွန်း​စေ​ကြ​၏။ သူ​တို့​သည် လှည့်​စား​မှု​ကို​နှစ်​သက်​ကြ​၏။- \v 14 သူ​တို့​၏​မျက်​စိ​သည်​အ​ကျင့်​ပျက်​သည့် အ​မျိုး​သမီး​များ​ကို​သာ​ကြည့်​လျက်​အ​ပြစ် ကူး​၍​အား​မ​ရ​နိုင်​ကြ။ သူ​တို့​သည်​ယုံ ကြည်​ခြင်း​မ​ရင့်​ကျက်​သူ​တို့​ကို​ထောင် ချောက်​ထဲ​သို့​ကျ​စေ​ကြ​၏။ လော​ဘ​လွန် ကူး​မှု​တွင်​ကျင်​လည်​ကြ​၏။ သူ​တို့​သည် ဘုရား​သ​ခင်​၏​ကျိန်​စာ​သင့်​သူ​များ ဖြစ်​ကြ​၏။- \v 15 သူ​တို့​သည်​လမ်း​ဖြောင့်​မှ​သွေ​ဖီ​ကာ​မှောက် မှား​လမ်း​လွဲ​ကြ​လေ​ပြီ။ ဗော​သော်​၏​သား၊ ဗာ​လမ်​၏​လမ်း​စဉ်​ကို​လိုက်​ကြ​ပြီ။ ဗာ​လမ် ကား​အ​ပြစ်​ပြု​ခြင်း​ဖြင့်​ရ​ရှိ​မည့်​အ​ခ​ကို တပ်​မက်​သည်​ဖြစ်​၍၊-\x + \xo 2:15 \xt တော၊ ၂၂:၄-၃၅။\x* \v 16 မိ​မိ​၏​အ​ပြစ်​ဒုစရိုက်​အ​တွက်​ဆုံး​မ​ခြင်း​ကို ခံ​ရ​သူ​တည်း။ မြည်း​က​လူ​ဘာ​သာ​စ​ကား ကို​ပြော​၍​ထို​ပ​ရော​ဖက်​၏​မိုက်​မဲ​မှု​ကို ဟန့်​တား​လိုက်​လေ​သည်။ \p \v 17 ထို​သူ​တို့​သည်​ရေ​ခန်း​ခြောက်​သွား​သည့်​စမ်း ချောင်း​များ​ကဲ့​သို့​လည်း​ကောင်း လေ​မုန်​တိုင်း တွင်​လွင့်​ပါ​သွား​သည့်​မိုး​တိမ်​ကဲ့​သို့​လည်း ကောင်း​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​သည်​သူ​တို့ အ​တွက်​အ​လွန့်​အ​လွန်​မှောင်​မိုက်​သော​နေ ရာ​ကို​သီး​သန့်​၍​ထား​တော်​မူ​၏။- \v 18 သူ​တို့​သည်​မှား​ယွင်း​လမ်း​လွဲ​သော​လူ​စု အ​ထဲ​မှ​လွတ်​မြောက်​ခါ​စ​ဖြစ်​သော​သူ​တို့ အား ကြွား​ဝါ​သော​အ​ချည်း​နှီး​စ​ကား​များ ကို​သုံး​ကာ ကာ​မ​ဂုဏ်​လိုက်​စား​မှု​ဖြင့်​သွေး ဆောင်​လမ်း​လွဲ​စေ​ကြ​၏။- \v 19 သူ​တို့​သည်​ထို​သူ​တို့​အား​လွတ်​လပ်​မှု​ကို က​တိ​ပေး​ခဲ့​သော်​လည်း မိ​မိ​တို့​ကိုယ်​တိုင် ပင်​လျှင်​ပျက်​စီး​စေ​မည့်​အ​ကျင့်​များ​၏ ကျွန်​ဖြစ်​နေ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် လူ​သည် မိ​မိ​အား​စိုး​မိုး​သည့်​အ​ရာ​ဟူ သ​မျှ​၏​ကျွန်​ဖြစ်​သော​ကြောင့်​တည်း။- \v 20 အ​ကယ်​၍​လူ​တို့​သည်​ငါ​တို့​အ​ရှင်​သ​ခင် နှင့်​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော​ယေ​ရှု​ခ​ရစ် ကို​သိ​ကျွမ်း​ရ​ခြင်း​အား​ဖြင့် လော​ကီ​ညစ်​ညမ်း မှု​များ​မှ​လွတ်​မြောက်​ကြ​ပြီး​နောက်​တစ်​ဖန် ပြန်​၍ ထို​ညစ်​ညမ်း​မှု​များ​၏​ကျွန်​ဖြစ်​ပါ​မူ ထို​သူ​တို့​၏​နောက်​ဆုံး​အ​ခြေ​အ​နေ​သည် လက်​ဦး​အ​ခြေ​အ​နေ​ထက်​ဆိုး​ရွား​လေ တော့​သည်။- \v 21 ဖြောင့်​မတ်​ခြင်း​လမ်း​စဉ်​ကို​သိ​ရှိ​လာ​ပြီး နောက် မိ​မိ​တို့​ခံ​ယူ​ရ​ရှိ​ထား​သည့်​သန့်​ရှင်း မြင့်​မြတ်​သော​အ​မိန့်​ပ​ညတ်​ကို​စွန့်​လွှတ် လိုက်​ကြ​သည်​ထက် ထို​တ​ရား​လမ်း​ကို မ​သိ​ဘဲ​နေ​ခြင်း​က​သူ​တို့​အ​တွက်​ပို​၍ ကောင်း​၏။- \v 22 ``ခွေး​သည်​မိ​မိ​အန်​ဖတ်​ကို​ပြန်​၍​စား​တတ် ၏'' ဟူ​သော​ဆို​ရိုး​စ​ကား​သည်​လည်း​ကောင်း``ဝက် ကို​ရေ​ချိုး​ပေး​ပါ​မူ​သူ​သည်​ရွှံ့​နွံ​တွင်​ပြန်​၍ လူး​တတ်​၏'' ဟူ​သော​ဆို​ရိုး​စ​ကား​သည်​လည်း ကောင်း​ထို​သူ​တို့​အ​တွက်​မှန်​လျက်​နေ​တော့​၏။\x + \xo 2:22 \xt သု၊ ၂၆:၁၁။\x* \c 3 \s1 သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​မည့်​က​တိ​တော် \p \v 1-2 ငါ​၏​ချစ်​ဆွေ​တို့၊ ဤ​စာ​သည်​သင်​တို့​ထံ​သို့ ဒု​တိ​ယ​အ​ကြိမ်​ငါ​ရေး​လိုက်​သော​စာ​ဖြစ်​၏။ ငါ​သည်​ဤ​စာ​နှစ်​စောင်​လုံး​၌​မြင့်​မြတ် သန့်​ရှင်း​သူ​ပ​ရော​ဖက်​များ အ​ခါ​တစ်​ပါး​က ဟော​ကြား​ခဲ့​သည့်​စ​ကား​များ​ကို​လည်း​ကောင်း၊ သင်​တို့​၏​တ​မန်​တော်​များ​မှ​တစ်​ဆင့်​ပေး​အပ် ခဲ့​သည့်​ကယ်​တင်​ရှင်​သ​ခင်​ဘု​ရား​၏​ပ​ညတ် တော်​ကို​လည်း​ကောင်း သင်​တို့​ကြည်​လင်​သော ဉာဏ်​ဖြင့်​နား​လည်​စေ​ရန်​ယင်း​တို့​ကို​ပြန် လည်​သ​တိ​ရ​စေ​၏။- \v 3 အ​ဆုံး​စွန်​သော​ကာ​လ​၌​မိ​မိ​တို့​၏​ကိ​လေ သာ​စိတ်​အ​လို​သို့​လိုက်​၍ အ​သက်​ရှင်​သော​သူ များ​ပေါ်​ပေါက်​လိမ့်​မည်​ဖြစ်​ကြောင်း​သင်​တို့ ဦး​စွာ​နား​လည်​ရ​ကြ​မည်။ ထို​သူ​တို့​သည် သင်​တို့​အား​ပြက်​ရယ်​ပြု​လျက်၊-\x + \xo 3:3 \xt ယုဒ၊ ၁၈။\x* \v 4 `သ​ခင်​ဘု​ရား​သည်​မိ​မိ​တစ်​ဖန်​ကြွ​လာ တော်​မူ​မည်​ဟု​က​တိ​ထား​တော်​မူ​ခဲ့​သည် မ​ဟုတ်​ပါ​လော။ ထို​က​တိ​တော်​သည်​အ​ဘယ် သို့​ဖြစ်​လေ​ပြီ​နည်း။ ငါ​တို့​မိ​ဘ​များ​ကား သေ​လွန်​ကြ​လေ​ပြီ။ သို့​ရာ​တွင်​ခပ်​သိမ်း သော​အ​မှု​အ​ရာ​တို့​သည်​ကမ္ဘာ​လော​က​ကို ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​ချိန်​က​ရှိ ခဲ့​သည့်​အ​တိုင်း​ပင်​ရှိ​နေ​သေး​ပါ​သည် တ​ကား' ဟု​ဆို​ကြ​လိမ့်​မည်။- \v 5 ဘု​ရား​သ​ခင်​သည်​ရှေး​ကာ​လ​၌​မိုး​ကောင်း ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​အ​မိန့်​တော်​ဖြင့် ဖန်​ဆင်း​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ် တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ရေ​ထဲ​မှ​ရေ အား​ဖြင့်​ပေါ်​ပေါက်​စေ​တော်​မူ​ကြောင်း​ကို လည်း​ကောင်း၊-\x + \xo 3:5 \xt က၊ ၁:၆-၉။\x* \v 6 ရှေး​ကမ္ဘာ​မြေ​ကြီး​ကို​ရေ​ဖြင့်​ပင်​လျှင်​လွှမ်း မိုး​ဖျက်​ဆီး​တော်​မူ​ခဲ့​ကြောင်း​ကို​လည်း ကောင်း​သူ​တို့​သည်​တ​မင်​သက်​သက်​မေ့ လျော့​ကြ​၏။-\x + \xo 3:6 \xt က၊ ၇:၁၁။\x* \v 7 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ယ​ခု​လက်​ရှိ မိုး​ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​မီး​ဖြင့် ဖျက်​ဆီး​ရာ​နေ့​တိုင်​အောင် ထို​အ​မိန့်​တော် အား​ဖြင့်​ပင်​လျှင်​ဆက်​လက်​တည်​ရှိ​စေ တော်​မူ​ပေ​သည်။ ထို​နေ့​၌​ဘု​ရား​တ​ရား မဲ့​သော​သူ​တို့​သည်​တ​ရား​စီ​ရင်​ဖျက်​ဆီး ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ \p \v 8 သို့​ရာ​တွင်​ငါ​၏​ချစ်​ဆွေ​တို့၊ ထာ​ဝ​ရ​ဘု​ရား ၏​အ​ဖို့​တစ်​ရက်​သည်​နှစ်​တစ်​ထောင်​ကဲ့​သို့​လည်း ကောင်း၊ နှစ်​တစ်​ထောင်​သည်​တစ်​ရက်​ကဲ့​သို့​လည်း ကောင်း​ဖြစ်​သည်​ကို​မ​မေ့​လျော့​ကြ​နှင့်။-\x + \xo 3:8 \xt ဆာ၊ ၉၀:၄။\x* \v 9 လူ​အ​ချို့​တို့​ထင်​မှတ်​သ​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​က​တိ​တော်​ကို​အ​ကောင် အ​ထည်​ဖော်​ရန်​နှောင့်​နှေး​လျက်​နေ​တော်​မူ သည်​မ​ဟုတ်။ မည်​သူ​မျှ​မပျက်​စီး​ဘဲ​လူ​တိုင်း နောင်​တ​ရ​စေ​ရန်​အ​လို​တော်​ရှိ​၍​သင်​တို့ ကို​သည်း​ခံ​တော်​မူ​ပေ​သည်။ \p \v 10 သူ​ခိုး​လာ​သ​ကဲ့​သို့​ထာ​ဝ​ရ​ဘု​ရား​၏ နေ့​ရက်​သည်​ကျ​ရောက်​လာ​လိမ့်​မည်။ ယင်း နေ့​ရက်​၌​မိုး​ကောင်း​ကင်​သည်​အ​သံ​မြည် ဟီး​လျက်​ကွယ်​ပျောက်​သွား​လိမ့်​မည်။ ကြယ် တာ​ရာ​များ​သည်​လည်း​ကျွမ်း​လောင်​ကြ လိမ့်​မည်။ ထို​အ​ခါ​ကမ္ဘာ​မြေ​ကြီး​နှင့်​တ​ကွ မြေ​ပေါ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​သည် ပျောက်​ကွယ်​သွား​လိမ့်​မည်။-\x + \xo 3:10 \xt မ၊ ၂၄:၄၃။ လု၊ ၁၂:၃၉။ ၁သက်၊ ၅:၂။ ဗျာ၊ ၁၆:၁၅။\x* \v 11-12 ဤ​အ​ရာ​အား​လုံး​တို့​သည်​ဤ​သို့​ပျက်​စီး သွား​ရ​မည်​ဆို​ပါ​မူ သင်​တို့​သည်​အ​ဘယ် သို့​သော​သူ​များ​ဖြစ်​သင့်​ကြ​သ​နည်း။ သင် တို့​သည်​ဘု​ရား​သ​ခင်​၏​နေ့​ရက်​ကို​စောင့် မျှော်​၍ ထို​နေ့​ရက်​အ​မြန်​ကျ​ရောက်​လာ စေ​ရန်​ကြိုး​စား​အား​ထုတ်​လျက်​နေ​ကြ​စဉ် မိ​မိ​တို့​ကိုယ်​ကို​ဖြူ​စင်​သန့်​ရှင်း​စေ​ပြီး လျှင်​ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​သင့်​ကြ ၏။ ထို​နေ့​ရက်​၌​မိုး​ကောင်း​ကင်​သည်​မီး​သင့် လောင်​ကျွမ်း​၍​ပျက်​စီး​လိမ့်​မည်။ ကြယ်​တာ ရာ​များ​သည်​လည်း​အ​ပူ​ကြောင့်​အ​ရည် ပျော်​ကြ​လိမ့်​မည်။- \v 13 သို့​ရာ​တွင်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​ကတိ ထား​တော်​မူ​သည့်​ဖြောင့်​မတ်​ခြင်း​တ​ရား တည်​ရာ​မိုး​ကောင်း​ကင်​သစ်​နှင့်​မြေ​ကြီး သစ်​ကို​စောင့်​မျှော်​လျက်​နေ​ကြ​၏။\x + \xo 3:13 \xt ဟေရှာ၊ ၆၅:၁၇၊ ၆၆:၂၂။ ဗျာ၊ ၂၁:၁။\x* \p \v 14 သို့​ဖြစ်​၍​ချစ်​ဆွေ​တို့၊ သင်​တို့​သည်​ထို​နေ့​ရက် ကို​စောင့်​မျှော်​လျက်​နေ​ကြ​စဉ် ဘု​ရား​သ​ခင် ၏​ရှေ့​တော်​၌​စိတ်​နှ​လုံး​ဖြူ​စင်​သန့်​ရှင်း အ​ပြစ်​ကင်း​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော် နှင့်​ငြိမ်း​ချမ်း​မှု​ရ​ရှိ​၍​နှစ်​သက်​လက်​ခံ​ဖွယ် ဖြစ်​စေ​ရန်​လည်း​ကောင်း အ​စွမ်း​ကုန်​ကြိုး​စား အား​ထုတ်​ကြ​လော့။- \v 15 ငါ​တို့​ချစ်​သော​ညီ​အစ်​ကို​ပေါ​လု​သည်​ဘု​ရား သ​ခင်​ပေး​သ​နား​တော်​မူ​သည့်​ဉာဏ်​ပ​ညာ​ဖြင့် သင်​တို့​အား​ရေး​သား​ဖော်​ပြ​ခဲ့​သည့်​အ​တိုင်း ငါ​တို့​ထာ​ဝ​ရ​ဘု​ရား​သည်​စောင့်​ဆိုင်း​သည်း​ခံ တော်​မူ​သည်​မှာ သင်​တို့​ကယ်​တင်​ခြင်း​ခံ​ရ​ရန် အ​တွက်​အ​ခါ​အ​ခွင့်​ပေး​ခြင်း​ပင်​ဖြစ်​ကြောင်း မှတ်​ယူ​ကြ​လော့။- \v 16 ပေါ​လု​သည်​ဤ​အ​ကြောင်း​အ​ရာ​နှင့်​ပတ်​သက် ၍​မိ​မိ​ရေး​သ​မျှ​သော​စာ​တို့​တွင်​ဤ​အ​တိုင်း ပင်​ဖော်​ပြ​ထား​၏။ သူ​၏​စာ​များ​တွင်​ပါ​ရှိ​သည့် အ​ကြောင်း​အ​ရာ​အ​ချို့​တို့​မှာ​နား​လည်​ရန် ခက်​သ​ဖြင့် အ​သိ​ပ​ညာ​မဲ့​၍​စိတ်​မ​တည် မ​ငြိမ်​သူ​တို့​သည် အ​နက်​အ​ဋ္ဌိပ္ပါယ်​အ​လွဲ​လွဲ အ​မှား​မှား​ကောက်​ယူ​တတ်​ကြ​၏။ သူ​တို့​သည် အ​ခြား​ကျမ်း​ပုဒ်​များ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို လည်း​ဤ​နည်း​တူ​ကောက်​ယူ​သ​ဖြင့်​မိ​မိ​တို့ ကိုယ်​တိုင်​ပျက်​စီး​ခြင်း​ငှာ​ပြု​ကြ​၏။ \p \v 17 သို့​ရာ​တွင်​မိတ်​ဆွေ​တို့၊ သင်​တို့​သည်​ဤ​အ​ကြောင်း အ​ရာ​များ​ကို​သိ​ပြီး​သည်​ဖြစ်​သည်။ ထို့​ကြောင့် သင်​တို့​သည်​တ​ရား​မဲ့​သူ​တို့​၏​မှား​ယွင်း​သော လမ်း​သို့​မ​လိုက်​မ​ပါ​မိ​ကြ​စေ​ရန်​နှင့် မိ​မိ တို့​ခိုင်​ခံ့​တည်​ကြည်​စွာ​ရပ်​တည်​ရာ​မှ​မ​ရွေ့ မ​လျော့​ကြ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။- \v 18 သင်​တို့​သည်​ငါ​တို့​၏​အရှင်​သ​ခင်​နှင့်​ကယ်​တင် ရှင်​ဖြစ်​တော်​မူ​သော​ယေ​ရှု​ခ​ရစ်​၌​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​သိ​ကျွမ်း​ခြင်း ၌​လည်း​ကောင်း​ကြီး​ပွား​ကြ​လော့။ ထို​အ​ရှင် သည်​ယ​ခု​မှ​စ​၍​ထာ​ဝ​ရ​ကာ​လ​ပတ်​လုံး ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။ ရှင်​ပေ​တ​ရု​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး​၏။