\id 2CO Myanmar Common Language Bible \h ၂ ကော \toc1 ကော​ရိန္သု​သြ​ဝါ​ဒ​စာ \toc2 ၂ ကော \mt1 ကော​ရိန္သု​သြ​ဝါ​ဒ​စာ \mt2 ဒု​တိ​ယ​စောင် \is1 နိ​ဒါန်း \ip ရှင်​ပေါ​လု​သည်​ကော​ရိန္သု​အ​သင်း​တော်​နှင့် ဆက်​ဆံ​ရာ​တွင်​ခက်​ခဲ​သော​ပြ​ဿ​နာ​ကို ရင်​ဆိုင်​ရ​ချိန်​၌ ကော​ရိန္သု​သြ​ဝါ​ဒ​စာ ဒု​တိ​ယ​စောင်​ကို​ရေး​သား​ခြင်း​ဖြစ်​၏။ ထို အ​သင်း​တော်​ဝင်​အ​ချို့​တို့​က​ရှင်​ပေါ​လု အား ပြင်း​ထန်​စွာ​ပြစ်​တင်​ဝေ​ဖန်​ခဲ့​ကြ​သည် မှာ​သိ​သာ​နိုင်​ပေ​သည်။ သို့​ရာ​တွင်​သူ​သည် ထို​သူ​တို့​နှင့်​ပြန်​လည်​သင့်​မြတ်​နိုင်​ရန် လွန်​စွာ​လို​လား​ကြောင်း၊ ပြန်​လည်​သင့်​မြတ် မှု​ရ​ရှိ​သော​အ​ခါ​၌​လွန်​စွာ​ဝမ်း​မြောက် ကြောင်း​ကို​ရေး​သား​သည်။ \ip ဤ​စာ​စောင်​ပ​ထ​မ​ပိုင်း​တွင်​ရှင်​ပေါ​လု​သည် မိ​မိ​အား အ​တိုက်​အ​ခံ​ပြု​သူ​များ​နှင့်​စော် ကား​ပြော​ဆို​သူ​များ​အား အ​ဘယ်​ကြောင့် ပြင်း​ပြင်း​ထန်​ထန်​တုံ့​ပြန်​ချေ​ပ​ရ​သည်​ကို ဖော်​ပြ​ပြီး​နောက် ယင်း​သို့​တုံ့​ပြန်​ချေ​ပ​မှု ကြောင့်​ထို​သူ​တို့​သည်​နောင်​တ​ရ​လာ​သ​ဖြင့် မိ​မိ​နှင့်​ပြန်​လည်​သင့်​မြတ်​လာ​သည့်​အ​တွက် များ​စွာ​နှစ်​ထောင်း​အား​ရ​ကြောင်း​ကို​ရေး သား​သည်။ ထို​နောက်​သူ​သည်​ယု​ဒ​ပြည်​ရှိ ချို့​တဲ့​နွမ်း​ပါး​သည့်​ခ​ရစ်​ယာန်​များ​အ​တွက် ရက်​ရော​စွာ​ပေး​လှူ​ကြ​ရန်​ကော​ရိန္သု​အ​သင်း တော်​ဝင်​တို့​အား​မေတ္တာ​ရပ်​ခံ​လေ​သည်။ နောက် ဆုံး​အ​ခန်း​များ​တွင်​မိ​မိ​အား​တ​မန်​တော် အ​တု​အ​ယောင်​ဖြစ်​သည်​ဟု ကော​ရိန္သု​မြို့ ရှိ​လူ​အ​နည်း​ငယ်​က​စွပ်​စွဲ​ကာ မိ​မိ​တို့ ကိုယ်​ကို​မူ​တ​မန်​တော်​အ​စစ်​အ​မှန်​များ ဖြစ်​သည်​ဟု​ပြော​ဆို​နေ​ကြ​သည်​ကို ချေ​ပ​ရေး​သား​ထား​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 နိ​ဒါန်း \ior ၁:၁-၁၁\ior* \io1 ရှင်​ပေါ​လု​နှင့်​ကော​ရိန္သု​မြို့​ရှိ​အ​သင်း​တော် \ior ၁:၁၂-၇:၁၆\ior* \io1 ယု​ဒ​ပြည်​ရှိ​ခ​ရစ်​ယာန်​များ​အ​တွက်​အ​လှူ​ငွေ \ior ၈:၁-၉:၁၅ \ior* \io1 တ​မန်​တော်​တစ်​ပါး​အ​နေ​ဖြင့်​မိ​မိ​တွင်​အ​ခွင့် အာ​ဏာ​ရှိ​ကြောင်း \io1 ပေါ​လု​ချေ​ပ​ပြော​ဆို​ချက် \ior ၁၀:၁-၁၃:၁၀\ior* \io1 နိ​ဂုံး \ior ၁၃:၁၁-၁၄\ior* \c 1 \p \v 1 ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ​ခ​ရစ်​တော် ယေ​ရှု​၏​တ​မန်​တော်​အ​ဖြစ် ခန့်​ထား​ခြင်း​ခံ​ရ သူ​ပေါ​လု​နှင့်​ညီ​တိ​မော​သေ​တို့​ထံ​မှ ကော​ရိန္သု ရှိ​ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ဝင်​များ​မှ​စ​၍ အ​ခါ​ယ​ပြည်​နယ်​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု တော်​ဝင်​တို့​ထံ​သို့​စာ​ရေး​လိုက်​ပါ​သည်။\x + \xo 1:1 \xt တ၊ ၁၈:၁။\x* \p \v 2 ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက် ခြင်း​သည် သင်​တို့​အ​ပေါ်​သို့​သက်​ရောက်​ပါ​စေ သော။ \s1 ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ခြင်း \p \v 3 နှစ်​သိမ့်​မှု​၏​အ​ရှင်၊ က​ရု​ဏာ​တော်​နှင့်​ပြည့်​စုံ ကြွယ်​ဝ​တော်​မူ​သော​အ​ဖ၊ ငါ​တို့​၏​အ​ရှင် ယေ​ရှု​ခ​ရစ်​၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ငါ​တို့​ချီး​မွမ်း​ကြ ကုန်​စို့။- \v 4 ငါ​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​အ​မျိုး​မျိုး​ခံ​ရ​ကြ သော​အ​ခါ ကိုယ်​တော်​သည်​ငါ​တို့​အား​နှစ်​သိမ့် မှု​ကို​ပေး​တော်​မူ​၏။ သို့​ဖြစ်​၍​ငါ​တို့​သည်​လည်း ဘု​ရား​သ​ခင်​ထံ​တော်​မှ​ယင်း​သို့​ရ​ရှိ​သည့် နှစ်​သိမ့်​မှု​ဖြင့်​ပင်​လျှင် ဒုက္ခ​ဆင်း​ရဲ​အ​မျိုး​မျိုး ခံ​ရ​ကြ​သူ​တို့​အား​နှစ်​သိမ့်​စေ​နိုင်​ကြ​ပေ သည်။- \v 5 ငါ​တို့​သည်​ခ​ရစ်​တော်​ခံ​စား​ရ​သော​များ​ပြား သည့်​ဒုက္ခ​ဆင်း​ရဲ​တို့​ကို​ပါ​ဝင်​ခံ​စား​ရ​ကြ သည့်​နည်း​တူ ခ​ရစ်​တော်​အား​ဖြင့်​ဘု​ရား​သ​ခင် ပေး​တော်​မူ​သော​နှစ်​သိမ့်​မှု​ကို​လည်း​ခံ​ယူ​ရ ရှိ​ကြ​၏။- \v 6 ငါ​တို့​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​ကြ​လျှင်​သင်​တို့​နှစ် သိမ့်​မှု​နှင့် ကယ်​တင်​ခြင်း​ကို​ခံ​ယူ​ရ​ရှိ​ကြ​စေ ရန်​အ​တွက်​ဖြစ်​၏။ နှစ်​သိမ့်​မှု​ကို​ငါ​တို့​ရ​ရှိ ကြ​ပါ​လျှင် သင်​တို့​သည်​လည်း​ငါ​တို့​နည်း တူ​နှစ်​သိမ့်​မှု​ကို​ရ​ရှိ​လျက် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ဒုက္ခ​မျိုး​ကို​သည်း​ခံ​သော​စိတ်​နှင့် ခံ​နိုင်​သော​ခွန်​အား​ရ​ရှိ​ကြ​၏။- \v 7 သို့​ဖြစ်​၍​သင်​တို့​အ​တွက်​မ​ယိမ်း​မ​ယိုင်​သော မျှော်​လင့်​ခြင်း​ငါ​တို့​၌​ရှိ​၏။ သင်​တို့​သည်​ငါ တို့​ခံ​ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​မျိုး​ကို​ခံ​ရ​ကြ သည့်​နည်း​တူ​ငါ​တို့​ရ​ရှိ​သည့်​နှစ်​သိမ့်​မှု​မျိုး ကို​လည်း​ရ​ရှိ​ကြ​ကြောင်း​ငါ​တို့​သိ​ကြ​၏။ \p \v 8 ညီ​အစ်​ကို​တို့၊ အာ​ရှ​ပြည်​တွင်​ငါ​တို့​ခံ​ခဲ့ ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​အ​ကြောင်း​ကို​သင်​တို့ အား​ပြန်​လည်​သ​တိ​ရ​စေ​လို​၏။ ငါ​တို့ မ​ခံ​မ​ရပ်​နိုင်​အောင်​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​ရ သ​ဖြင့် ငါ​တို့​သည်​အ​သက်​ရှင်​နိုင်​ရန်​မျှော် လင့်​ချက်​မ​ရှိ​ခဲ့​ပေ။-\x + \xo 1:8 \xt ၁ကော၊ ၁၅:၃၂။\x* \v 9 ငါ​တို့​သည်​သေ​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​သူ​များ ဟု​မိ​မိ​တို့​ကိုယ်​တိုင်​ကို​ထင်​မှတ်​ကြ​၏။ သို့ ရာ​တွင်​ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​ငါ​တို့ သည် မိ​မိ​တို့​ကိုယ်​ကို​အား​မ​ကိုး​ဘဲ သူ​သေ တို့​အား​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကို​အား​ကိုး​ကြ​စေ​ရန်​ဖြစ် ၏။- \v 10-11 သင်​တို့​သည်​ငါ​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ နာ​ပြု​ခြင်း​အား​ဖြင့်​ကူ​ညီ​ကြ​သည်​နှင့် အ​ညီ ကိုယ်​တော်​သည်​ဤ​သို့​ကြောက်​မက် ဖွယ်​ကောင်း​သော​သေ​ဘေး​မှ​ငါ​တို့​အား ကယ်​တင်​တော်​မူ​၏။ နောင်​အ​ခါ​၌​လည်း ကယ်​တင်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည် ငါ​တို့​အား​တစ်​ဖန်​ကယ်​တင်​တော်​မူ​ဦး မည်​ဟု​ငါ​တို့​ယုံ​ကြည်​မျှော်​လင့်​ကြ​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သင်​တို့ တောင်း​လျှောက်​သည့်​ဆု​တောင်း​ပတ္ထနာ​များ ကို​နား​ညောင်း​တော်​မူ​၍ ငါ​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​လိမ့်​မည်။ လူ​အ​မြောက် အ​မြား​ပင်​လျှင်​ငါ​တို့​အ​တွက်​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​ကြ​လိမ့်​မည်။ \s1 ပေါ​လု​အ​စီ​အ​စဉ်​ပြောင်း​ခြင်း \p \v 12 ငါ​တို့​သြတ္တ​ပ္ပ​စိတ်​ထောက်​ခံ​၍​ဂုဏ်​ယူ​ဝါ ကြွား​စ​ရာ​တစ်​ခု​ကား ဤ​လော​က​၌​အ​သက် ရှင်​စဉ်​ကာ​လ​အ​ထူး​သ​ဖြင့် သင်​တို့​နှင့် ဆက်​ဆံ​ရာ​တွင်​လူ​၏​အ​သိ​ဉာဏ်​ကို​အ​မှီ မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် တန်​ခိုး​ကို​သာ​လျှင်​အ​မှီ​ပြု​၍ ငါ​တို့​သည် ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့် ပွင့်​လင်း​စွာ​ပြု​မူ ကျင့်​ကြံ​ခြင်း​ပင်​ဖြစ်​၏။- \v 13 ယ​ခု​ငါ​ရေး​သား​ပေး​ပို့​လိုက်​သော​စာ​များ တွင် သင်​တို့​ဖတ်​ရှု​နား​လည်​နိုင်​သည့်​အ​ကြောင်း အ​ရာ​များ​သာ​လျှင်​ပါ​ရှိ​၏။- \v 14 ငါ​တို့​၏​အ​ရှင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ရာ​နေ့ ၌​ငါ​တို့​သည်​သင်​တို့​အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား နိုင်​သည့်​နည်း​တူ သင်​တို့​သည်​လည်း​ငါ​တို့ အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ကြ​စေ​ရန် သင် တို့​သည်​ယ​ခု​တစ်​စိတ်​တစ်​ဒေ​သ​အား​ဖြင့် သာ သိ​ရှိ​နား​လည်​ကြ​သည့်​အ​ကြောင်း​အ​ရာ များ​ကို​ပြည့်​ဝ​စုံ​လင်​စွာ​သိ​ရှိ​နား​လည် လာ​ကြ​လိမ့်​မည်​ဟု​ငါ​မျှော်​လင့်​၏။ \p \v 15 ထို​သို့​စိတ်​ချ​ခြင်း​ရှိ​သ​ဖြင့် ငါ​သည်​သင် တို့​နှစ်​ထပ်​ကွမ်း​ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား ရ​ကြ​စေ​ရန်၊- \v 16 မာ​ကေ​ဒေါ​နိ​ပြည်​သို့​အ​သွား​တွင်​တစ်​ကြိမ်၊ ထို​ပြည်​မှ​အ​ပြန်​တွင်​တစ်​ကြိမ်​သင်​တို့​ထံ​သို့ ဝင်​ရောက်​ပြီး​နောက်​ယု​ဒ​ပြည်​သို့​သွား​နိုင်​ရန် သင်​တို့​ထံ​မှ​အ​ကူ​အ​ညီ​ကို​တောင်း​ခံ​မည် ဟု​အ​ကြံ​ရှိ​၏။-\x + \xo 1:16 \xt တ၊ ၁၉:၂၁။\x* \v 17 ယင်း​သို့​ကြံ​စည်​ခဲ့​ခြင်း​မှာ​ငါ​၌​စိတ်​နှစ်​ခွ​ရှိ လေ​သ​လော။ ငါ​ကြံ​စည်​ဆုံး​ဖြတ်​သည့်​အ​ခါ များ​၌​တစ်​ကိုယ်​ကောင်း​သ​ဘော​အ​ရ​ကြံ​စည် ဆုံး​ဖြတ်​လေ​သ​လော။ တစ်​ချိန်​တည်း​မှာ​ပင် ဟုတ်​မှန်​သည်​ဟူ​၍​လည်း​ကောင်း၊ မ​ဟုတ်​မ​မှန် ဟူ​၍​လည်း​ကောင်း​စ​ကား​နှစ်​ခွ​ဆို​လေ သ​လော။- \v 18 ဘု​ရား​သ​ခင်​သည်​ယုံ​ကြည်​ထိုက်​သော​အ​ရှင် ဖြစ်​တော်​မူ​သ​ကဲ့​သို့ ငါ​ပြော​သော​စ​ကား​သည် လည်း​စ​ကား​နှစ်​ခွ​မ​ဟုတ်။- \v 19 သင်​တို့​အား​ငါ​မှ​စ​၍​သိ​လွာ​နု​နှင့်​တိ​မော​သေ တို့​ဟော​ပြော​ကြေ​ညာ​ခဲ့​သော​ဘု​ရား​သ​ခင်​၏ သား​တော်​ယေ​ရှု​ခ​ရစ်​သည်​တစ်​ချိန်​တည်း​မှာ​ပင် ``ဟုတ်​မှန်​သည်'' ဟူ​၍​လည်း​ကောင်း၊ ``မ​ဟုတ် မ​မှန်'' ဟူ​၍​လည်း​ကောင်း​ဖော်​ပြ​တော်​မူ​သော အ​ရှင်​မ​ဟုတ်။ စင်​စစ်​အား​ဖြင့်​ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​၏ ``ဟုတ်​မှန်​သည်'' ဖြစ်​တော်​မူ​ပေ သည်။-\x + \xo 1:19 \xt တ၊ ၁၈:၅။\x* \v 20 ဘု​ရား​သ​ခင်​၏​က​တိ​တော်​အ​ပေါင်း​တို့​သည် ``ဟုတ်​မှန်​သည်'' ဟု​ဖော်​ပြ​သော​အ​ရှင်​ဖြစ် တော်​မူ​၏။ ထို​ကြောင့်​ငါ​တို့​သည်​ဘု​ရား​သ​ခင် ၏​ဘုန်း​အ​သ​ရေ​တော်​ထွန်း​တောက်​စေ​ရန်​ယေ​ရှု ခ​ရစ်​ကို​အ​မှီ​ပြု​၍``အာ​မင်'' ဟု​ဆို​ခြင်း​ဖြစ်​၏။- \v 21 သင်​တို့​နှင့်​ငါ​တို့​အား​ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​အ​သက်​ရှင်​စေ​တော်​မူ​သော​အ​ရှင် မှာ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ဖြစ်​ပေ​သည်။ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ငါ​တို့​အား​သီး သန့်​ရွေး​ချယ်​တော်​မူ​၍၊- \v 22 မိ​မိ​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်​တံ​ဆိပ်​ခတ်​နှိပ် တော်​မူ​၏။ အ​နာ​ဂတ်​ကာ​လ​၌​ငါ​တို့​အ​ဖို့ လျာ​ထား​သည်​များ​အ​တွက်​အာ​မ​ခံ​ချက် အ​ဖြစ် ကိုယ်​တော်​သည်​ငါ​တို့​စိတ်​နှ​လုံး​ထဲ သို့​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​သွန်း​လောင်း တော်​မူ​၏။ \p \v 23 ကော​ရိန္သု​မြို့​သို့​မ​လာ​ဘဲ​နေ​ရန်​ငါ​ဆုံး​ဖြတ် ခဲ့​ခြင်း​မှာ သင်​တို့​ကို​သက်​ညှာ​သော​ကြောင့်​ဖြစ် ကြောင်း​ဘု​ရား​သ​ခင်​သည်​ငါ​၏​သက်​သေ ဖြစ်​တော်​မူ​၏။- \v 24 သင်​တို့​သည်​မည်​သည့်​အ​ရာ​ကို​ယုံ​ကြည်​ရ မည်​ကို​သင်​တို့​အား​အ​မိန့်​ပေး​ရန်​ငါ​တို့ ကြိုး​စား​နေ​ခြင်း​မ​ဟုတ်။ သင်​တို့​၏​ယုံ​ကြည် ခြင်း​သည်​ခိုင်​မာ​လျက်​ရှိ​ကြောင်း​ငါ​တို့​သိ ကြ​၏။ ငါ​တို့​သည်​သင်​တို့​၏​ရွှင်​လန်း​ဝမ်း မြောက်​မှု​အ​တွက်​သင်​တို့​နှင့်​အ​တူ​လုပ် ဆောင်​နေ​ခြင်း​သာ​ဖြစ်​၏။ \c 2 \p \v 1 ထို့​ကြောင့်​သင်​တို့​ထံ​နောက်​တစ်​ဖန်​ငါ​လာ​လျှင် သင်​တို့​အား​ဝမ်း​နည်း​စေ​မည်​ဖြစ်​၍​ငါ​မ​လာ ရန်​စိတ်​ပိုင်း​ဖြတ်​ထား​၏။- \v 2 ငါ​သည်​သင်​တို့​အား​ဝမ်း​နည်း​အောင်​ပြု​ပါ​မူ ငါ့​အား​ရွှင်​လန်း​စေ​မည့်​သူ​အ​ဘယ်​မှာ​ရှိ တော့​မည်​နည်း။ ငါ့​ကြောင့်​ဝမ်း​နည်း​ရ​သူ​များ က​လွဲ​၍ အ​ဘယ်​သူ​သည်​ငါ့​အား​စိတ်​ရွှင် လန်း​စေ​တော့​အံ့​နည်း။- \v 3 အ​ကယ်​၍​ငါ​လာ​လျှင်​ငါ့​အား​စိတ်​ရွှင်​လန်း စေ​မည့်​သူ​များ​က ငါ့​အား​ဝမ်း​နည်း​စေ​မည် စိုး​၍​ယ​ခင်​စာ​ကို​ငါ​ရေး​သား​ပေး​ပို့​လိုက် ခြင်း​ဖြစ်​၏။ ငါ​ဝမ်း​မြောက်​လျှင်​သင်​တို့ အ​ပေါင်း​သည်​လည်း​ဝမ်း​မြောက်​ကြ​မည် ကို​ငါ​အ​မှန်​ယုံ​ကြည်​၏။- \v 4 ငါ​သည်​အ​လွန်​ပူ​ပန်​သော​က​ရောက်​၍​မျက် ရည်​များ​စွာ​ကျ​လျက်​ထို​စာ​ကို​ရေး​လိုက်​ခြင်း ဖြစ်​၏။ သို့​သော်​သင်​တို့​အား​ဝမ်း​နည်း​စေ​လို​၍ မ​ဟုတ်​ဘဲ သင်​တို့​အား​ငါ​မည်​မျှ​ချစ်​ကြောင်း ကို​သိ​စေ​လို​၍​ရေး​လိုက်​ခြင်း​ဖြစ်​သည်။ \s1 ပြစ်​မှား​သူ​အား​အ​ပြစ်​ဖြေ​လွှတ်​ခြင်း \p \v 5 တစ်​စုံ​တစ်​ယောက်​သည်​လူ​တစ်​ဦး​အား​ဝမ်း​နည်း စေ​သော​အ​ခါ​ငါ့​အား​သာ​မ​က သင်​တို့​အား​လုံး ကို​မ​ဟုတ်​လျှင်​သင်​တို့​အချို့​အ​ဝက်​ကို​လည်း ဝမ်း​နည်း​စေ​သည်။ (ထို​သူ​ကို​ကျပ်​တည်း​စွာ မ​စီ​ရင်​လို​၍​ဤ​သို့​ဆို​ခြင်း​ဖြစ်​သည်။-) \v 6 သင်​တို့​လူ​များ​စု​၏​ဒဏ်​ပေး​မှု​ကို​ခံ​ရ​ခြင်း သည်​ပင်​လျှင် ထို​သူ့​အ​တွက်​လုံ​လောက်​သော အ​ပြစ်​ဒဏ်​ဖြစ်​၏။- \v 7 ထို​သူ​သည်​မ​ခံ​မ​ရပ်​နိုင်​လောက်​အောင်​ဝမ်း နည်း​မှု​မ​ဖြစ်​စေ​ရန် ယ​ခု​သူ့​အား​သင်​တို့ အ​ပြစ်​လွှတ်​၍​နှစ်​သိမ့်​အား​ပေး​ကြ​လော့။- \v 8 သို့​ဖြစ်​၍​သင်​တို့​သည်​သူ့​ကို​အ​မှန်​တ​ကယ် မေတ္တာ​ထား​ကြောင်း​ကို သူ​သိ​ရှိ​နား​လည်​အောင် ပြု​ကြ​ရန်​သင်​တို့​အား​ငါ​တောင်း​ပန်​၏။- \v 9 ယ​ခင်​က​ငါ​စာ​ရေး​ခဲ့​ရ​သည့်​အ​ကြောင်း​မှာ သင်​တို့​သည်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​အ​ဘယ် မျှ​ခံ​နိုင်​ရည်​ရှိ​သည်​ကို​လည်း​ကောင်း၊ ငါ​ညွှန် ကြား​ချက်​များ​ကို​လိုက်​နာ​ရန်​အ​စဉ်​အ​သင့် ရှိ​မ​ရှိ​ကို​လည်း​ကောင်း​သိ​ရှိ​ရန်​ဖြစ်​၏။- \v 10 သင်​တို့​သည်​တစ်​စုံ​တစ်​ယောက်​ကို​အ​ပြစ်​ဖြေ လွှတ်​သော​အ​ခါ ငါ​သည်​လည်း​တစ်​ခု​ခု​ကို​ဖြေ လွှတ်​ရန်​လို​ပါ​လျှင် သင်​တို့​၏​မျက်​နှာ​ကို ထောက်​၍​ခ​ရစ်​တော်​၏​ရှေ့​မှောက်​တော်​၌​ထို သူ​၏​အြုပစ်​ကို​ဖြေ​လွှတ်​၏။- \v 11 သို့​မှ​သာ​စာ​တန်​အား​ငါ​တို့​အ​ပေါ်​အ​နိုင်​မ​ရ စေ​ရန်​တား​ဆီး​နိုင်​ပေ​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​တို့​သည်​စာ​တန်​၏​အ​ကြံ​အ​စည်​များ ကို​သိ​ကြ​သော​ကြောင့်​တည်း။ \s1 တ​ရော​မြို့​တွင်​ပေါ​လု​စိတ်​ပူ​ပန်​ရ​ခြင်း \p \v 12 ခ​ရစ်​တော်​၏​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ကြေ ညာ​ရန်​တ​ရော​မြို့​သို့​ငါ​ရောက်​ရှိ​လာ​သော​အ​ခါ အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင်​ရန်​တံ​ခါး​ကို သ​ခင်​ဘု​ရား​ဖွင့်​ပေး​တော်​မူ​၏။-\x + \xo 2:12 \xt တ၊ ၂၀:၁။\x* \v 13 သို့​ရာ​တွင်​ငါ​၏​ညီ​အစ်​ကို​တိ​တု​အား​မ​တွေ့​ရ သ​ဖြင့် ငါ​သည်​လွန်​စွာ​ပူ​ပင်​သော​က​ဖြစ်​၏။ ထို့ ကြောင့်​ထို​မြို့​ရှိ​လူ​တို့​ကို​နှုတ်​ဆက်​ပြီး​လျှင် မာ​ကေ​ဒေါ​နိ​ပြည်​သို့​သွား​၏။ \s1 ခ​ရစ်​တော်​အား​ဖြင့်​အောင်​မြင်​ခြင်း \p \v 14 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြီး လှ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ငါ​တို့​အား​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​စေ​လျက် သုံ့​ပန်း​များ​အ​ဖြစ်​ဖြင့်​ခ​ရစ်​တော် ၏​အောင်​ပွဲ​ခံ​အ​ခမ်း​အ​နား​လှည့်​လည်​ရာ​တွင် အ​စဉ်​အ​မြဲ​လိုက်​ပါ​စေ​တော်​မူ​သော​ကြောင့် ဖြစ်​၏။- \v 15 ငါ​တို့​သည်​ဘု​ရား​သ​ခင်​အား​ခ​ရစ်​တော်​ပူ​ဇော် သည့်​မွှေး​ကြိုင်​သော​နံ့​သာ​ရ​နံ့​နှင့်​တူ​ကြ​၏။ ထို ရ​နံ့​သည်​ကယ်​တင်​ခြင်း​ခံ​ရ​ဆဲ​ဖြစ်​သူ​တို့​ထံ သို့​လည်း​ကောင်း၊ ပျက်​စီး​ဆုံး​ပါး​ဆဲ​ဖြစ်​သူ​တို့ ထံ​သို့​လည်း​ကောင်း​ပျံ့​နှံ့​၍​သွား​လေ​သည်။- \v 16 ပျက်​စီး​ဆုံး​ပါး​ဆဲ​ဖြစ်​သူ​တို့​အ​တွက်​ထို ရ​နံ့​သည်​သေ​စေ​တတ်​သော​အ​ပုပ်​နံ့​ဖြစ်​၍ ကယ်​တင်​ခြင်း​ခံ​ရ​ဆဲ​ဖြစ်​သူ​တို့​အ​တွက် အ​သက်​ရှင်​စေ​တတ်​သည့်​အ​မွှေး​အ​ကြိုင် ဖြစ်​ပေ​သည်။ သို့​ဖြစ်​၍​ဤ​ကဲ့​သို့​သော​အ​မှု ကို​အ​ဘယ်​သူ​ဆောင်​ရွက်​နိုင်​မည်​နည်း။- \v 17 ငါ​တို့​သည်​အ​ခြား​သူ​အ​မြောက်​အ​မြား ကဲ့​သို့​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​ကို အ​ပေါ​စား​ကုန်​ပစ္စည်း​သ​ဖွယ်​ရောင်း ဝယ်​ဖောက်​ကား​မှု​ကို​မ​ပြု​ကြ။ ငါ​တို့​သည် ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သော​သူ​များ ဖြစ်​၍ ခ​ရစ်​တော်​၏​အ​စေ​ခံ​များ​အ​နေ ဖြင့်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​၌ နှုတ်​က​ပတ်​တ​ရား​တော်​ကို​စိတ်​ကြည် လင်​စွာ​ဟော​ပြော​ကြ​၏။ \c 3 \s1 ပ​ဋိ​ညာဉ်​တ​ရား​သစ်​၏​အ​စေ​ခံ​များ \p \v 1 ဤ​သို့​ဆို​ရာ​၌​ငါ​တို့​သည်​ဝါ​ကြွား​ရာ ရောက်​သ​လော။ အ​ချို့​သော​သူ​တို့​ကဲ့​သို့ ငါ​တို့​သည်​ထောက်​ခံ​စာ​များ​ကို​သင်​တို့ အား​ပေး​ရန်​လို​သ​လော။ သို့​တည်း​မ​ဟုတ် သင်​တို့​ထံ​မှ​ငါ​တို့​ထောက်​ခံ​စာ​များ​ကို တောင်း​ရန်​လို​သ​လော။- \v 2 သင်​တို့​ကိုယ်​တိုင်​ပင်​လျှင်​ငါ​တို့​၏​ထောက်​ခံ စာ​ဖြစ်​ကြ​၏။ ထို​စာ​ကို​လူ​တိုင်း​ဖတ်​ရှု​သိ ရှိ​နိုင်​ရန်​ငါ​တို့​၏​နှ​လုံး​သား​တွင်​ရေး​သား ထား​ပေ​သည်။- \v 3 ထို​စာ​ကို​ခ​ရစ်​တော်​ကိုယ်​တိုင်​ရေး​၍​ငါ​တို့ နှင့်​ပေး​ပို့​တော်​မူ​သည်​မှာ​ထင်​ရှား​၏။ ထို​စာ ကား​မင်​ဖြင့်​ရေး​သော​စာ​မ​ဟုတ်။ အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် ဖြင့်​ရေး​သော​စာ​ဖြစ်​၏။ ထို​စာ​ကို​ကျောက် ပြား​ပေါ်​တွင်​မ​ရေး​ဘဲ​နှ​လုံး​သား​ပေါ်​တွင် ရေး​သ​တည်း။\x + \xo 3:3 \xt ထွ၊ ၂၄:၁၂။ ယေ၊ ၃၁:၃၃။ ယေဇ၊ ၁၁:၁၉၊ ၃၆:၂၆။\x* \p \v 4 ငါ​တို့​သည်​ခ​ရစ်​တော်​ကို​အ​မှီ​ပြု​၍​ဘု​ရား သ​ခင်​၏​ရှေ့​တော်​၌ ထို​သို့​ယုံ​ကြည်​စိတ်​ချ မှု​ကို​ရ​ရှိ​ကြ​သည်။- \v 5 မိ​မိ​တို့​သည်​ဤ​အ​မှု​ကို​ထမ်း​ဆောင်​နိုင်​သည် ဟု​ပြော​ဆို​နိုင်​ရန် ငါ​တို့​တွင်​အ​ဘယ်​စွမ်း ရည်​သတ္တိ​မျှ​မ​ရှိ။ ငါ​၌​ရှိ​သည့်​စွမ်း​ရည် မှာ​ဘု​ရား​သ​ခင်​ထံ​တော်​မှ​ရ​ရှိ​၏။- \v 6 ငါ​တို့​သည်​ပ​ဋိ​ညာဉ်​တ​ရား​သစ်​အ​တွက် အ​မှု​တော်​ထမ်း​ဆောင်​နိုင်​ရန် ကိုယ်​တော်​သည် ငါ​တို့​အား​စွမ်း​ရည်​သတ္တိ​များ​ကို​ပေး​တော် မူ​၏။ ထို​ပ​ဋိ​ညာဉ်​တ​ရား​သစ်​ကား​အက္ခ​ရာ တင်​ထား​သည့်​ပ​ညတ်​တ​ရား​မ​ဟုတ်။ ဝိ​ညာဉ် တော်​တ​ရား​ဖြစ်​၏။ အက္ခ​ရာ​တင်​ထား​သည့် ပ​ညတ်​သည်​အ​သက်​သေ​စေ​တတ်​၏။ ဝိ​ညာဉ် တော်​မူ​ကား​အ​သက်​ရှင်​စေ​တတ်​သ​တည်း။\x + \xo 3:6 \xt ယေ၊ ၃၁:၃၁။\x* \p \v 7 ကျောက်​ပြား​ပေါ်​၌​အက္ခ​ရာ​တင်​ထား​သည့် ပ​ညတ်​ကို​ပေး​အပ်​စဉ်​က ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ထွန်း​လင်း​တောက်​ပ​တော် မူ​၏။ ထို​ဘုန်း​အ​သ​ရေ​တော်​၏​ရောင်​ပြန်​ဟပ် မှု​သည် မော​ရှေ​၏​မျက်​နှာ​မှ​တ​ဖြည်း​ဖြည်း မှေး​မှိန်​စ​ပြု​သော်​လည်း လွန်​စွာ​တောက်​ပ လျက်​ပင်​ရှိ​နေ​သေး​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​သူ့​ကို​စေ့​စေ့​မ​ကြည့် နိုင်​ကြ။ သေ​ခြင်း​တ​ရား​ကို​ဖြစ်​ပေါ်​စေ သည့်​ပ​ညတ်​တ​ရား​ကို ဤ​သို့​သော​ဘုန်း အ​သ​ရေ​နှင့်​ပေး​အပ်​တော်​မူ​ပါ​လျှင်၊-\x + \xo 3:7 \xt ထွ၊ ၃၄:၂၉။\x* \v 8 ဝိ​ညာဉ်​တော်​၏​လုပ်​ဆောင်​ချက်​နှင့်​ဆိုင်​သော ဘုန်း​အ​သ​ရေ​သည်​အ​ဘယ်​မျှ​သာ​လွန် တောက်​ပ​လိမ့်​မည်​နည်း။- \v 9 အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ဆိုင်​ရာ​တ​ရား​သည် ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​ပါ​လျှင် ကယ်​တင် ခြင်း​ဆိုင်​ရာ​လုပ်​ဆောင်​ချက်​သည်​အ​ဘယ် မျှ​သာ​လွန်​၍ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ လိမ့်​မည်​နည်း။- \v 10 ယ​ခု​အ​ခါ​၌​သာ​လွန်​တောက်​ပ​သော​ဘုန်း အ​သ​ရေ​ကြောင့် ယ​ခင်​အ​ခါ​၌​အ​လွန် တောက်​ပ​သော​ဘုန်း​အ​သ​ရေ​သည်​ကွယ် ပျောက်​သွား​ပြီ။- \v 11 ခေတ္တ​မျှ​သာ​တည်​သည့်​အ​ရာ​၌​ဘုန်း​အ​သ ရေ​ရှိ​ခဲ့​ပါ​လျှင် ထာ​ဝ​စဉ်​တည်​သည့်​အ​ရာ ၌​အ​ဘယ်​မျှ​ပို​၍​ဘုန်း​အ​သ​ရေ​ရှိ​လိမ့် မည်​နည်း။ \p \v 12 ငါ​တို့​သည်​ဤ​မျှော်​လင့်​ခြင်း​ရှိ​သ​ဖြင့်​အ​လွန် ရဲ​ရင့်​ကြ​၏။- \v 13 ငါ​တို့​ကား​မော​ရှေ​ကဲ့​သို့​မ​ဟုတ်။ သူ​သည် မိ​မိ​၏​မျက်​နှာ​မှ​တောက်​ပ​သော​အ​ရောင် မှေး​မှိန်​ကွယ်​ပျောက်​သွား​သည်​ကို ဣသ​ရေ​လ အ​မျိုး​သား​တို့​မ​တွေ့​မ​မြင်​နိုင်​စေ​ရန် မျက်​နှာ​ကို​ပ​ဝါ​ဖြင့်​ဖုံး​အုပ်​ထား​ရ​လေ​သည်။-\x + \xo 3:13 \xt ထွ၊ ၃၄:၃၃။\x* \v 14 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​စိတ်​နှ​လုံး​သည် ထိုင်း​မှိုင်း​လျက်​ရှိ​ခဲ့​၏။ ယ​နေ့​တိုင်​အောင်​ပင်​လျှင် ပ​ဋိ​ညာဉ်​တ​ရား​ဟောင်း​ကို​ဖတ်​သည့်​အ​ခါ​တိုင်း သူ​တို့​စိတ်​နှ​လုံး​သည်​ယင်း​ပ​ဝါ​ဖြင့်​ဖုံး​အုပ် လျက်​ရှိ​၏။ ခ​ရစ်​တော်​အား​ဖြင့်​သာ​လျှင်​ယင်း ပ​ဝါ​ကို​ပယ်​ရှား​ရ​၏။- \v 15 ယ​နေ့​တိုင်​အောင်​ပင်​လျှင်​မော​ရှေ​၏​ပ​ညတ်​ကျမ်း ကို​ဖတ်​ကြ​သည့်​အ​ခါ​များ​၌ သူ​တို့​၏​စိတ်​နှ​လုံး သည်​ပ​ဝါ​ဖုံး​လျက်​ပင်​ရှိ​သေး​၏။- \v 16 သို့​ရာ​တွင်​ယင်း​ကို​ဖယ်​ရှား​နိုင်​၏။ မော​ရှေ​နှင့်​ပတ် သက်​၍​ကျမ်း​စာ​တော်​က ``သူ​သည်​သ​ခင်​ဘု​ရား ထံ​သို့​ပြောင်း​လဲ​သော​အ​ခါ သူ​၏​ပ​ဝါ​သည်​ပယ် ရှား​၍​သွား​၏'' ဟု​ဆို​၏။-\x + \xo 3:16 \xt ထွ၊ ၃၄:၃၄။\x* \v 17 သ​ခင်​ဘု​ရား​ဟု​ဆို​ရာ​၌​ဝိ​ညာဉ်​တော်​ကို​ဆို​လို သည်။ သ​ခင်​ဘု​ရား​၏​ဝိ​ညာဉ်​တော်​ရှိ​ရာ​အ​ရပ်​၌ လွတ်​လပ်​မှု​ရှိ​၏။- \v 18 သို့​ဖြစ်​၍​ငါ​တို့​အား​လုံး​သည်​မျက်​နှာ​ဖုံး​မ​ရှိ တော့​ဘဲ​သ​ခင်​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ကို ရောင်​ပြန်​ဟပ်​လျက်​ရှိ​ကြ​၏။ ဝိ​ညာဉ်​တော်​တည်း ဟူ​သော​သ​ခင်​ဘု​ရား​မှ​လွှတ်​သော​ထို​ဘုန်း အ​သ​ရေ​တော်​သည် ငါ​တို့​အား​အ​စဉ်​တ​စိုက် ဘုန်း​အ​သ​ရေ​တိုး​ပွား​စေ​၍​ကိုယ်​တော်​၏​ပုံ သဏ္ဌာန်​တော်​သို့​ပြောင်း​လဲ​စေ​လျက်​ရှိ​၏။ \c 4 \s1 မြေ​အိုး​များ​ထဲ​ရှိ​ဝိ​ညာဉ်​ဘဏ္ဍာ \p \v 1 ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​က​ရု​ဏာ​တော် နှင့်​အ​ညီ ငါ​တို့​အား​ဤ​အ​မှု​တော်​ဆောင် လုပ်​ငန်း​ကို​ပေး​အပ်​တော်​မူ​သည်​ဖြစ်​ရာ ငါ တို့​တွင်​စိတ်​ပျက်​အား​လျော့​ခြင်း​မ​ရှိ။- \v 2 ငါ​တို့​သည်​ရှက်​ဖွယ်​ရာ​လျှို့​ဝှက်​မှု​အ​ပေါင်း တို့​ကို​စွန့်​ပယ်​ကြ​၏။ ငါ​တို့​သည်​ကောက်​ကျစ် စဉ်း​လဲ​မှု​ကို​မ​ပြု။ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​မှောက်​လှန်​၍​မ​ဟော​မ​ပြော။ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​မျက်​မှောက်​တော် ၌​သမ္မာ​တ​ရား​တော်​၏​အ​လင်း​တွင် သက်​ရှင် လှုပ်​ရှား​၍​လူ​အ​ပေါင်း​တို့​သြတ္တ​ပ္ပ​စိတ် ကြည်​လင်​အောင်​ပြု​မူ​ဆောင်​ရွက်​ကြ​၏။- \v 3 အ​ကယ်​၍​ငါ​တို့​ဟော​ပြော​ကြေ​ညာ​သည့် သ​တင်း​ကောင်း​သည်​ဖုံး​အုပ်​လျက်​ရှိ​လျှင် အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​လျက်​နေ​သူ​များ အ​တွက်​သာ​လျှင်​ဖုံး​အုပ်​လျက်​ရှိ​သည်။- \v 4 ဤ​လော​က​ကို​အ​စိုး​ရ​သော​ဘု​ရား​သည် ထို​သူ​တို့​၏​စိတ်​ကို​အ​မှောင်​ဖြင့်​ဖုံး​အုပ်​စေ သ​ဖြင့် သူ​တို့​သည်​သ​တင်း​ကောင်း​ကို​မ​ယုံ ကြ။ ထို​ဘု​ရား​ကြောင့်​ဘု​ရား​သ​ခင်​၏​ပုံ သဏ္ဌာန်​တည်း​ဟူ​သော​ခ​ရစ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​အ​ကြောင်း သ​တင်း​ကောင်း မှ​ထွက်​ပေါ်​လာ​၍​သူ​တို့​အ​ပေါ်​သို့​ကျ ရောက်​သည့်​အ​လင်း​ရောင်​ကို​သူ​တို့​မ​မြင် ကြ။- \v 5 ငါ​တို့​သည်​မိ​မိ​တို့​၏​အ​ကြောင်း​ကို​ဟော ပြော​ကြ​သည်​မ​ဟုတ်။ ယေ​ရှု​ခ​ရစ်​သည်​အ​ရှင် သ​ခင်​ဖြစ်​တော်​မူ​ကြောင်း၊ ငါ​တို့​သည်​သ​ခင် ယေ​ရှု​၏​အ​တွက်​သင်​တို့​၏​အ​စေ​ခံ​များ ဖြစ်​ကြ​ကြောင်း​ကို​ဟော​ပြော​ကြ​၏။- \v 6 ခ​ရစ်​တော်​၏​မျက်​နှာ​တော်​တွင်​ထွန်း​တောက် လျက်​ရှိ​သော ဘုန်း​အ​သ​ရေ​တော်​အ​ကြောင်း ကို​သိ​နား​လည်​နိုင်​စေ​ရန် ငါ​တို့​၏​စိတ်​နှ​လုံး ထဲ​၌​အ​လင်း​ကို​ထွန်း​လင်း​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကား `အ​မှောင်​ထဲ​မှ​အ​လင်း ပေါ်​ထွန်း​လိမ့်​မည်' ဟု​မိန့်​ကြား​တော်​မူ​ခဲ့ သော​ဘု​ရား​သ​ခင်​ပင်​ဖြစ်​သ​တည်း။\x + \xo 4:6 \xt က၊ ၁:၃။\x* \p \v 7 သို့​ရာ​တွင်​ငါ​တို့​တွင်​အ​ချုပ်​အ​ခြာ​အာ​ဏာ တန်​ခိုး​မ​ရှိ၊ ဘု​ရား​သ​ခင်​၌​သာ​လျှင်​ရှိ​တော် မူ​ကြောင်း​ကို​ထင်​ရှား​စေ​ရန် ဆို​ခဲ့​သည့်​ဝိ​ညာဉ် ဘဏ္ဍာ​ကို​ထိန်း​သိမ်း​ရ​သူ​ငါ​တို့​သည်​မြေ​အိုး များ​သ​ဖွယ်​ဖြစ်​ကြ​သည်။- \v 8 ငါ​တို့​သည်​မ​ကြာ​ခ​ဏ​ဆင်း​ရဲ​ဒုက္ခ​ရောက် ကြ​သော်​လည်း​နာ​လန်​မ​ထူ​နိုင်​အောင်​မ​ဖြစ်။ တစ်​ခါ​တစ်​ရံ​စိတ်​ရှုပ်​ထွေး​ကြ​သော်​လည်း အ​ဘယ်​အ​ခါ​၌​မျှ​စိတ်​မ​ပျက်။- \v 9 ငါ​တို့​မှာ​ရန်​သူ​အ​မြောက်​အ​မြား​ပင်​ရှိ သော်​လည်း​မိတ်​ဆွေ​ကင်း​မဲ့​သည်​ဟူ​၍​မ​ရှိ။ လဲ​အောင်​အ​ထိုး​ခံ​ရ​သော်​လည်း​မ​သေ​ကြ။- \v 10 သ​ခင်​ယေ​ရှု​သည်​ငါ​တို့​ခန္ဓာ​တွင်​အ​သက် ရှင်​တော်​မူ​ကြောင်း​ပေါ်​လွင်​စေ​ရန် ငါ​တို့​၏ သေ​ကြေ​ပျက်​စီး​တတ်​သော​ကိုယ်​ခန္ဓာ​၌ သ​ခင်​ယေ​ရှု​၏​အ​သေ​ခံ​တော်​မူ​သည်​ကို အ​စဉ်​မ​ပြတ်​ဆောင်​ရ​၏။- \v 11 ငါ​တို့​၏​သေ​ကြေ​ပျက်​စီး​တတ်​သော​ကိုယ် ခန္ဓာ​တွင် သ​ခင်​ယေ​ရှု​အ​သက်​ရှင်​တော်​မူ ကြောင်း​ပေါ်​လွင်​စေ​ရန် ငါ​တို့​သည်​အ​သက် ရှင်​လျက်​ရှိ​သ​မျှ​ကာ​လ​ပတ်​လုံး​သ​ခင် ယေ​ရှု​အ​တွက်​အ​ခါ​ခပ်​သိမ်း​သေ​ဘေး နှင့်​ရင်​ဆိုင်​လျက်​နေ​ရ​ကြ​၏။- \v 12 သို့​ဖြစ်​၍​ငါ​တို့​တွင်​သေ​ခြင်း​တ​ရား​သည် ရှင်​သန်​လျက်​ရှိ​သော်​လည်း သင်​တို့​တွင်​မူ ကား​အ​သက်​ရှင်​ခြင်း​တ​ရား​သည်​ရှင်​သန် လျက်​ရှိ​ပေ​သည်။ \p \v 13 ကျမ်း​စာ​တော်​တွင် ``ငါ​သည်​ယုံ​ကြည်​သော ကြောင့်​ဟော​ပြော​သည်'' ဟု​ပါ​ရှိ​သည်​အ​တိုင်း ငါ​တို့​လည်း​ထို​သို့​ယုံ​ကြည်​မှု​ရှိ​သ​ဖြင့် ဟော​ပြော​ကြ​၏။-\x + \xo 4:13 \xt ဆာ၊ ၁၁၆:၁၀။\x* \v 14 သ​ခင်​ယေ​ရှု​အား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ မြောက်​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ငါ တို့​အား​လည်း​သ​ခင်​ယေ​ရှု​နှင့်​အ​တူ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ပြီး​လျှင် သင်​တို့​နှင့် အ​တူ​ရှေ့​တော်​မှောက်​သို့​ခေါ်​ဆောင်​တော် မူ​မည်​ဖြစ်​ကြောင်း​ငါ​တို့​သိ​ကြ​၏။- \v 15 ဤ​အ​မှု​အ​ရာ​ခပ်​သိမ်း​တို့​သည်​သင်​တို့​၏ အ​ကျိုး​အ​လို့​ငှာ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​သူ​အ​ရေ အ​တွက်​တိုး​တက်​များ​ပြား​လာ​သည်​နှင့် အ​မျှ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ထင် ရှား​အံ့​သော​ငှာ​ချီး​မွမ်း​သည့်​ဆု​တောင်း ပတ္ထ​နာ​များ​သည်​လည်း​ပို​မို​များ​ပြား လာ​လိမ့်​မည်။ \s1 ယုံ​ကြည်​ခြင်း​အား​ဖြင့်​အ​သက်​ရှင်​ခြင်း \p \v 16 ဤ​အ​ကြောင်း​ကြောင့်​ငါ​တို့​သည်​အ​ဘယ် အ​ခါ​၌​မျှ​စိတ်​မ​ပျက်​အား​မ​လျော့​ကြ။ ငါ​တို့​၏​ကိုယ်​ခန္ဓာ​သည်​တ​ဖြည်း​ဖြည်း​ယို ယွင်း​ပျက်​စီး​လျက်​ရှိ​သော်​လည်း ငါ​တို့​၏ ဝိ​ညာဉ်​မူ​ကား​နေ့​စဉ်​နှင့်​အ​မျှ​အ​သစ် ပြု​ပြင်​ခြင်း​ကို​ခံ​ရ​၏။- \v 17 ငါ​တို့​ခ​ဏ​ခံ​ရ​သော​ပေါ့​ပါး​သည့်​ဆင်း​ရဲ ဒုက္ခ​သည်​အ​တိုင်း​ထက်​အ​လွန်​ကြီး​မြတ်​သည့် ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​ကို​ငါ​တို့​အား ခံ​စား​စေ​လိမ့်​မည်။- \v 18 ငါ​တို့​သည်​မျက်​စိ​ဖြင့်​မြင်​နိုင်​သော​အ​ရာ များ​ကို​အာ​ရုံ​မ​စိုက်​ဘဲ​မျက်​စိ​ဖြင့်​မ​မြင် နိုင်​သော​အ​ရာ​များ​ကို​သာ​အာ​ရုံ​စိုက်​ကြ​၏။ မျက်​စိ​ဖြင့်​မြင်​နိုင်​သော​အ​ရာ​များ​သည် ခေတ္တ​ခ​ဏ​မျှ​သာ​တည်​၍​မျက်​စိ​ဖြင့်​မ​မြင် နိုင်​သော​အ​ရာ​များ​မူ​ကား​ထာ​ဝ​ရ​စဉ် တည်​သ​တည်း။ \c 5 \p \v 1 ငါ​တို့​၏​နေ​အိမ်​ဖြစ်​သည့်​ကိုယ်​ခန္ဓာ​တည်း ဟူ​သော​ယာ​ယီ​တဲ​သည်​ပျက်​လျှင် ကောင်း​ကင် ဘုံ​တွင်​ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ဖန်​ဆင်း တော်​မူ​သော​နိစ္စ​ထာ​ဝ​ရ​နေ​အိမ်​ကို ငါ​တို့ အား​ပေး​သ​နား​တော်​မူ​မည်​ဖြစ်​ကြောင်း​ငါ တို့​သိ​ကြ​၏။- \v 2 ဤ​ယာ​ယီ​တဲ​တွင်​နေ​ထိုင်​စဉ်​ကောင်း​ကင်​ဘုံ အိမ်​ကို​အ​လွန်​တောင့်​တ​သ​ဖြင့် ငါ​တို့​သည် ညည်း​တွား​လျက်​နေ​ကြ​၏။- \v 3 ယင်း​သို့​ကောင်း​ကင်​ဘုံ​အိမ်​ကို​ရ​ရှိ​သော​အ​ခါ ငါ​တို့​သည်​ကိုယ်​ခန္ဓာ​မဲ့​ဖြစ်​မည်​မ​ဟုတ်။- \v 4 ရုပ်​ကိုယ်​ခန္ဓာ​တွင်​နေ​ရ​သ​ဖြင့်​ငါ​တို့​ညည်း​တွား ကြ​၏။ ယင်း​သို့​ညည်း​တွား​ကြ​ခြင်း​မှာ​မိ​မိ​တို့ ၏​ရုပ်​ကိုယ်​ခန္ဓာ​ကို​ပယ်​ရှား​ပစ်​လို​၍​မ​ဟုတ်။ သေ ကြေ​ပျက်​စီး​တတ်​သော​အ​ရာ​ကို​ထာ​ဝ​စဉ် အ​သက်​ရှင်​သည့်​အ​ရာ​သို့​ပြောင်း​လဲ​စေ​ရန် ကောင်း​ကင်​ဘုံ​ကိုယ်​ခန္ဓာ​ကို​ရ​ရှိ​လို​၍​ဖြစ် ပေ​သည်။- \v 5 ဤ​သို့​ပြောင်း​လဲ​စေ​ရန်​ငါ​တို့​ကို​ပြင်​ဆင် ပေး​သော​အ​ရှင်​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။ ငါ​တို့​ခံ​စား​စေ​ရန်​ကိုယ်​တော်​၏​ဆု​ကျေး​ဇူး အ​ပေါင်း​အ​တွက် အာ​မ​ခံ​ချက်​အ​ဖြစ်​ဖြင့် ဝိ​ညာဉ်​တော်​ကို​ငါ​တို့​အား​ပေး​တော်​မူ​ပြီ။ \p \v 6 သို့​ဖြစ်​၍​ငါ​တို့​သည်​အ​စဉ်​ရဲ​ရင့်​သော​စိတ်​ရှိ ကြ​ပေ​သည်။ ဤ​ကိုယ်​ခန္ဓာ​နေ​အိမ်​၌​ရှိ​နေ​သ​မျှ ကာ​လ​ပတ်​လုံး​ငါ​တို့​သည်​သ​ခင်​ဘု​ရား​၏ အိမ်​တော်​နှင့်​ဝေး​ကွာ​လျက်​ရှိ​ကြ​၏။- \v 7 ငါ​တို့​၏​ဘ​ဝ​အ​တွက်​ယုံ​ကြည်​ခြင်း​သည် အ​ဋ္ဌိ​က​ဖြစ်​၏။ မျက်​စိ​ဖြင့်​မြင်​ခြင်း​သည် အ​ဋ္ဌိ​က​မ​ဟုတ်။- \v 8 ငါ​တို့​သည်​ရဲ​ရင့်​သော​စိတ်​ရှိ​၍​ဤ​ကိုယ်​ခန္ဓာ နေ​အိမ်​ကို​စွန့်​ခွာ​ပြီး​လျှင် သ​ခင်​ဘု​ရား​နှင့် အ​တူ​နေ​ထိုင်​ရန်​ပို​၍​လို​လား​ကြ​၏။- \v 9 ငါ​တို့​သည်​ဤ​အ​ရပ်​၌​ရှိ​သည်​ဖြစ်​စေ၊ ထို အ​ရပ်​၌​ရှိ​သည်​ဖြစ်​စေ​ငါ​တို့​ကို​စိတ်​တော် နှင့်​တွေ့​ရန်​အ​ထူး​သ​ဖြင့်​လို​လား​ကြ​၏။- \v 10 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​အား​လုံး​သည် တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​ရန် ခ​ရစ်​တော်​၏​တ​ရား ပလ္လင်​တော်​ရှေ့​သို့​ရောက်​ရှိ​ရ​ကြ​မည်​ဖြစ်​သော ကြောင့်​တည်း။ ကိုယ်​ခန္ဓာ​နေ​အိမ်​၌​ရှိ​နေ​စဉ်​ပြု ကျင့်​ခဲ့​သည့်​ကောင်း​မှု​မ​ကောင်း​မှု​များ​အ​တွက် ထိုက်​သင့်​ရာ​အ​ကျိုး​အ​ပြစ်​ကို​ငါ​တို့​အ​သီး သီး​ခံ​ရ​ကြ​လတ္တံ့။\x + \xo 5:10 \xt ရော၊ ၁၄:၁၀။\x* \s1 ခ​ရစ်​တော်​အား​ဖြင့်​ဘု​ရား​သ​ခင်​နှင့်​မိတ်​ဖွဲ့​ခြင်း \p \v 11 ငါ​တို့​သည်​အ​ဘယ်​ကြောင့်​သ​ခင်​ဘု​ရား​အား ကြောက်​ရွံ့​ရ​ကြောင်း​ကို​သိ​သ​ဖြင့် လူ​တို့​အား တိုက်​တွန်း​နှိုး​ဆော်​၏။ ငါ​တို့​၏​အ​ကြောင်း​ကို ဘု​ရား​သ​ခင်​အ​ကြွင်း​မဲ့​သိ​တော်​မူ​၏။ သင် တို့​သည်​လည်း​စိတ်​နှ​လုံး​ထဲ​က​ငါ့​အ​ကြောင်း ကို​လည်း ကောင်း​စွာ​သိ​ကြ​လိမ့်​မည်​ဟု​ငါ မျှော်​လင့်​၏။- \v 12 ဤ​သို့​ဆို​ရာ​၌​ငါ​တို့​သည်​တစ်​ဖန်​မိ​မိ​တို့ ကိုယ်​ကို​ဂုဏ်​ဖော်​လို​၍​မ​ဟုတ်။ ငါ​တို့​အ​ပေါ် တွင်​သင်​တို့​ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ခွင့်​ရ​ရှိ​ကြ စေ​ရန်​သာ​ဖြစ်​၏။ သို့​မှ​သာ​လျှင်​လူ​၏​အ​ကျင့် စာ​ရိတ္တ​ကို​မ​ထောက်​ဘဲ ပြင်​ပ​အ​ဆင်း​သဏ္ဌာန် ကို​သာ​ထောက်​၍ ဂုဏ်​ယူ​ဝါ​ကြွား​တတ်​သူ​တို့ ၏​စ​ကား​ကို​သင်​တို့​ပြန်​လည်​ချေ​ပ​နိုင် ကြ​ပေ​မည်။- \v 13 ငါ​တို့​သည်​ရူး​သွပ်​လေ​ပြီ​လော။ ရူး​သွပ်​လျှင် ဘု​ရား​သ​ခင်​အ​ဖို့​ဖြစ်​၏။ အ​ကယ်​၍​မ​ရူး မ​သွပ်​လျှင်​လည်း​သင်​တို့​အ​ဖို့​ဖြစ်​၏။- \v 14 တစ်​ယောက်​သော​သူ​သည်​လူ​အ​ပေါင်း​တို့ အ​တွက်​အ​သေ​ခံ​သ​ဖြင့် လူ​အ​ပေါင်း​တို့ သည်​ထို​သူ​နှင့်​အ​တူ​အ​သေ​ခံ​ကြ​ကြောင်း ကို​ငါ​တို့​ယ​ခု​သိ​ကြ​ပြီ​ဖြစ်​၍ ငါ​တို့​ကို ခ​ရစ်​တော်​၏​မေတ္တာ​တော်​သည်​အုပ်​စိုး​လေ ပြီ။- \v 15 ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အ​တွက် အ​သေ​ခံ​ခြင်း​မှာ​လူ​တို့​သည်​အ​သက်​ရှင်​စဉ် ကိုယ်​ကျိုး​အ​တွက်​ဆက်​လက်​၍​အ​သက်​မ​ရှင် ကြ​တော့​ဘဲ မိ​မိ​တို့​အ​တွက်​အ​သက်​ကို​စွန့် တော်​မူ​ပြီး​နောက်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​သော​အ​ရှင်​၏​အ​ဖို့​အ​သက်​ရှင်​ကြ စေ​ရန်​ဖြစ်​ပေ​သည်။ \p \v 16 သို့​ဖြစ်​၍​ငါ​တို့​သည်​ယ​ခု​မှ​စ​၍​အ​ဘယ်​သူ ကို​မျှ​လူ​တို့​စံ​နှုန်း​အ​ရ​အ​ကဲ​မ​ဖြတ်​ကြ တော့​ပေ။ ယ​ခင်​အ​ခါ​က​ခ​ရစ်​တော်​အား​လူ တို့​စံ​နှုန်း​အ​ရ ငါ​တို့​အ​ကဲ​ဖြတ်​ခဲ့​ကြ​သော် လည်း​ယ​ခု​အ​ခါ​၌​ထို​သို့​မ​ပြု​တော့​ပြီ။- \v 17 ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​သူ​သည် သတ္တ​ဝါ​သစ်​ဖြစ်​၏။ သူ​သည်​ဘ​ဝ​ဟောင်း​ကို​စွန့် ၍​ဘ​ဝ​သစ်​သို့​ဝင်​စား​ပြီ။- \v 18 ဤ​အ​မှု​ခပ်​သိမ်း​ကို​ဘု​ရား​သ​ခင်​ပြု​တော် မူ​၏။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား မိ​မိ​၏ ရန်​သူ​များ​အ​ဖြစ်​မှ​မိတ်​ဆွေ​များ​အ​ဖြစ် သို့​ခ​ရစ်​တော်​အား​ဖြင့်​ပြောင်း​လဲ​စေ​တော်​မူ ပြီး​လျှင် အ​ခြား​သူ​တို့​သည်​လည်း​မိ​မိ​၏ မိတ်​ဆွေ​များ​ဖြစ်​လာ​စေ​ရန်​ဆောင်​ရွက်​သည့် တာ​ဝန်​ကို​ငါ​တို့​အား​ပေး​အပ်​တော်​မူ​၏။- \v 19 ငါ​တို့​ဟော​ပြော​သော​တ​ရား​မှာ​ဘု​ရား​သ​ခင် သည်​ခ​ရစ်​တော်​အား​ဖြင့်​လူ​သား​အ​ပေါင်း​တို့ အား မိ​မိ​၏​မိတ်​ဆွေ​များ​ဖြစ်​စေ​တော်​မူ​ခြင်း ဆိုင်​ရာ​တ​ရား​ဖြစ်​၏။ ကိုယ်​တော်​သည်​လူ​သား တို့​၏​အ​ပြစ်​ဒု​စ​ရိုက်​များ​ကို​မှတ်​ထား​တော် မ​မူ။ လူ​သား​တို့​အား​မိ​မိ​၏​မိတ်​ဆွေ​များ ဖြစ်​စေ​တော်​မူ​ခြင်း​တည်း​ဟူ​သော​တ​ရား ကို​ငါ​တို့​အား​ပေး​အပ်​တော်​မူ​ပေ​သည်။ \p \v 20 သို့​ဖြစ်​၍​ငါ​တို့​သည်​ခ​ရစ်​တော်​၏​သံ​တ​မန် အ​ဖြစ်​နှင့်​သင်​တို့​အား​မေတ္တာ​ရပ်​ခံ​၏။ ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​ပင်​လျှင်​ငါ​တို့​မှ​တစ်​ဆင့် သင်​တို့​ကို​မေတ္တာ​ရပ်​သ​ကဲ့​သို့​သင်​တို့​အား မေတ္တာ​ရပ်​ခံ​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင်​၏ ရန်​သူ​များ​အ​ဖြစ်​မှ​မိတ်​ဆွေ​များ​အ​ဖြစ် သို့​ပြောင်း​လဲ​ကြ​ပါ​ဟူ​၍​ခ​ရစ်​တော်​၏ ကိုယ်​စား​ငါ​တို့​တောင်း​ပန်​၏။- \v 21 ခ​ရစ်​တော်​သည်​အ​ပြစ်​ကင်း​တော်​မူ​သော အ​ရှင်​ဖြစ်​သည်။ သို့​ရာ​တွင်​ငါ​တို့​သည်​ခ​ရစ် တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​ဘု​ရား သ​ခင်​ကဲ့​သို့​ကောင်း​မြတ်​နိုင်​ကြ​စေ​ရန် ဘု​ရား သ​ခင်​သည်​ခ​ရစ်​တော်​အား​ငါ​တို့​အ​တွက် ကြောင့်​ငါ​တို့​ကဲ့​သို့​အ​ပြစ်​ရှိ​သူ​ဖြစ်​စေ တော်​မူ​၏။ \c 6 \p \v 1 သို့​ဖြစ်​၍​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​လုပ် ဖော်​ဆောင်​ဘက်​များ​အ​နေ​ဖြင့်​သင်​တို့​အား တောင်း​ပန်​လို​သည်​ကား သင်​တို့​သည်​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​များ ဖြစ်​သည့်​အား​လျော်​စွာ ထို​ကျေး​ဇူး​တော်​ကို အ​ကျိုး​မဲ့​မ​ဖြစ်​စေ​ကြ​နှင့်။- \v 2 ဘု​ရား​သ​ခင်​က၊ \q1 ``ငါ​သည်​သင်​တို့​ကို​ကျေး​ဇူး​ပြု​ရန် အ​ချိန်​ကျ​ရောက်​သော​အ​ခါ၊ \q2 သင်​တို့​လျှောက်​ထား​ချက်​ကို​နား​ညောင်း​ခဲ့ လေ​ပြီ။ \q1 ကယ်​တင်​ရာ​နေ့​ရက်​ကျ​ရောက်​သော​အ​ခါ သင်​တို့​အား​ကူ​မ​ခဲ့​လေ​ပြီ'' \m ဟု​မိန့်​တော်​မူ​သည်​ကို​နား​ထောင်​ကြ​လော့။ ကိုယ် တော်​၏​ကျေး​ဇူး​ပြု​ခြင်း​ကို​ခံ​ယူ​ရန်​အ​ချိန် ကား​ယ​ခု​ပင်​ဖြစ်​၏။ ကယ်​တင်​ရာ​နေ့​ရက်​ကာ​လ သည်​ယ​နေ့​ပင်​ဖြစ်​သ​တည်း။\x + \xo 6:2 \xt ဟေရှာ၊ ၄၉:၈။\x* \p \v 3 ငါ​တို့​၏​အ​လုပ်​နှင့်​ပတ်​သက်​၍​အ​ဘယ်​သူ​မျှ အ​ပြစ်​မ​ရှာ​နိုင်​စေ​ရန်​ငါ​တို့​သည်​သူ​တစ်​ပါး တို့​ရှေ့​၌​အ​နှောင့်​အ​ယှက်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု။- \v 4 ယင်း​သို့​ပြု​မည့်​အ​စား​ဆင်း​ရဲ​ဒုက္ခ​များ၊ ခဲ​ယဉ်း ကျပ်​တည်း​မှု​များ၊ အ​ခက်​အ​ခဲ​များ​ကို​စိတ်​ရှည် စွာ​သည်း​ခံ​လျက်​ကိစ္စ​အ​ဝ​ဝ​တွင်​ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​များ​ဖြစ်​ကြောင်း​ကို ပေါ်​လွင်​စေ​ကြ​၏။- \v 5 ငါ​တို့​သည်​အ​ရိုက်​ခံ​ခဲ့​ရ​၏။ ထောင်​ကျ​ခဲ့ ကြ​၏။ လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​ပြု​လုပ်​ခြင်း တို့​ကို​ခံ​ကြ​ရ​၏။ ငါ​တို့​မှာ​အ​လုပ်​မှ​နား ခွင့်​မ​ရှိ။ အိပ်​ရ​သည်​စား​ရ​သည်​ဟူ​၍​ပင်​မ​ရှိ။-\x + \xo 6:5 \xt တ၊ ၁၆:၂၃။\x* \v 6 စိတ်​နှ​လုံး​သန့်​ရှင်း​စင်​ကြယ်​ခြင်း၊ ပ​ညာ​သ​တိ ရှိ​ခြင်း၊ သည်း​ခံ​ခြင်း၊ ကြင်​နာ​သ​နား​ခြင်း​တို့ ဖြင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် အား​ဖြင့်​လည်း​ကောင်း၊ စစ်​မှန်​သော​မေတ္တာ​အား ဖြင့်​လည်း​ကောင်း၊- \v 7 သမ္မာ​တ​ရား​တော်​ကို​ဟော​ပြော​ကြေ​ညာ​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​ကို​ဟော​ပြော​ကြေ​ညာ​ခြင်း​အား​ဖြင့် လည်း​ကောင်း ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​စေ​ခံ​များ​ဖြစ်​ကြောင်း​ကို​ပေါ်​လွင်​စေ ကြ​၏။ ထိုး​စစ်​ဆင်​သော​အ​ခါ​နှင့်​ခု​ခံ ကာ​ကွယ်​သော​အ​ခါ​၌ ငါ​တို့​သည်​ဖြောင့် မတ်​ခြင်း​တ​ရား​တည်း​ဟူ​သော​လက်​နက် ကို​အ​သုံး​ပြု​ကြ​၏။- \v 8 ငါ​တို့​သည်​ချီး​မြှောက်​ခြင်း​နှင့်​ရှုတ်​ချ​ခြင်း ကို​ခံ​ရ​ကြ​၏။ ကဲ့​ရဲ့​ခြင်း​နှင့်​ချီး​မွမ်း​ခြင်း​ကို ခံ​ရ​ကြ​၏။ လူ​လိမ်​များ​ဟု​လူ​တို့​သတ်​မှတ် ကြ​သော်​လည်း​ငါ​တို့​သည်​သစ္စာ​စ​ကား​ကို ပြော​ဆို​ကြ​၏။- \v 9 လူ​သိ​နည်း​သူ​များ​ပင်​ဖြစ်​သော်​လည်း​ကျော် စော​ထင်​ရှား​ကြ​၏။ သူ​သေ​များ​ကဲ့​သို့​ဖြစ် သော်​လည်း​အ​သက်​ရှင်​လျက်​ရှိ​ကြ​၏။ အ​ပြစ် ဒဏ်​ပေး​ခြင်း​ခံ​ရ​သော်​လည်း​အ​သတ်​မ​ခံ ရ​ကြ။- \v 10 ဝမ်း​နည်း​ရ​သော်​လည်း​အ​စဉ်​ဝမ်း​မြောက်​ကြ ၏။ သူ​ဆင်း​ရဲ​များ​ကဲ့​သို့​ဖြစ်​သော်​လည်း​လူ အ​မြောက်​အ​မြား​ကို​ချမ်း​သာ​ကြွယ်​ဝ​စေ ကြ​၏။ ပစ္စည်း​ဥစ္စာ​တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ပိုင် သူ​များ​ကဲ့​သို့​ဖြစ်​သော်​လည်း​အ​လုံး​စုံ​တို့ ကို​ပိုင်​ကြ​၏။ \p \v 11 ကော​ရိန္သု​မြို့​ရှိ​ချစ်​ဆွေ​တို့၊ ငါ​တို့​သည်​သင်​တို့ အား​ပွင့်​လင်း​စွာ​ပြော​ဆို​ခဲ့​ပြီ။ ငါ​တို့​၏​စိတ် နှ​လုံး​တံ​ခါး​ကို​သင်​တို့​အ​ဖို့​ကျယ်​စွာ​ဖွင့် ထား​ပြီ။- \v 12 စိတ်​နှ​လုံး​တံ​ခါး​ကို​ပိတ်​၍​ထား​သူ​များ ကား​ငါ​တို့​မ​ဟုတ်။ သင်​တို့​က​သာ​မိ​မိ​တို့ စိတ်​နှ​လုံး​တံ​ခါး​ကို​ငါ​တို့​အ​ဖို့​ပိတ်​ထား ကြ​၏။ ယ​ခု​ငါ​သည်​သင်​တို့​အား​ငါ​၏​သား သ​မီး​များ​သ​ဖွယ်​ပြော​ဆို​နေ​၏။- \v 13 သို့​ဖြစ်​၍​ငါ​တို့​အား​တုံ့​ပြန်​သော​အ​နေ​ဖြင့် သင်​တို့​၏​စိတ်​နှ​လုံး​တံ​ခါး​ကို​ကျယ်​စွာ​ဖွင့် ကြ​လော့။ \s1 မ​ယုံ​ကြည်​သူ​များ​နှင့်​ပတ်​သက်​၍​သ​တိ​ပေး​ခြင်း \p \v 14 မ​ယုံ​ကြည်​သော​သူ​တို့​နှင့်​တွဲ​ဖက်​၍​မ​လုပ် ဆောင်​ကြ​နှင့်။ တွဲ​ဖက်​၍​လုပ်​ဆောင်​ရန်​မ​ဖြစ် နိုင်။ အ​မှား​သည်​အ​မှန်​နှင့်​မည်​သို့​ဖက်​စပ် နိုင်​အံ့​နည်း။ အ​လင်း​သည်​အ​မှောင်​နှင့်​မည်​သို့ ယှဉ်​တွဲ​နေ​နိုင်​အံ့​နည်း။- \v 15 ခ​ရစ်​တော်​သည်​စာ​တန်​နှင့်​အ​ဘယ်​သို့​သ​ဘော တူ​နိုင်​ပါ​အံ့​နည်း။ ယုံ​ကြည်​သူ​သည်​မ​ယုံ ကြည်​သူ​နှင့်​အ​ဘယ်​သို့​တူ​ညီ​မှု​ရှိ​နိုင်​ပါ မည်​နည်း။- \v 16 ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​သည်​ရုပ်​တု​များ နှင့်​မည်​သို့​သ​ဘော​တူ​ညီ​ချက်​ရှိ​နိုင်​ပါ​အံ့ နည်း။ ငါ​တို့​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​က၊ \q1 ``ငါ​သည်​ငါ​၏​လူ​စု​တော်​တွင်​ကျိန်း​ဝပ်​မည်။ သူ​တို့​ထံ​တွင်​စံ​တော်​မူ​မည်။ \q2 ငါ​သည်​သူ​တို့​၏​ဘု​ရား​ဖြစ်​၍​သူ​တို့​သည် လည်း ငါ​၏​လူ​စု​တော်​ဖြစ်​လိမ့်​မည်''\x + \xo 6:16 \xt ဝတ်၊ ၂၆:၁၂။ ယေဇ၊ ၃၇:၂၇။ ၁ကော၊ ၃:၁၆၊ ၆:၁၉။\x* \p \v 17 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​က၊ \q1 ``ထို​သူ​တို့​အ​ထဲ​မှ​ထွက်​ခဲ့​ကြ​လော့။ သူ​တို့​နှင့်​မ​ပေါင်း​မ​ဖော်​ကြ​နှင့်။ \q2 မ​သန့်​စင်​သည့်​အ​ရာ​ကို​လက်​နှင့်​မျှ မ​ပတ်​သက်​နှင့်။ \q1 သို့​ပြု​လျှင်​ငါ​သည်​သင်​တို့​ကို​လက်​ခံ​မည်။\x + \xo 6:17 \xt ဟေရှာ၊ ၅၂:၁၁။\x* \q1 \v 18 ငါ​သည်​သင်​တို့​၏​အ​ဖ​ဖြစ်​မည်။ သင်​တို့​သည် လည်း​ငါ​၏​သား​သ​မီး​များ​ဖြစ်​ကြ​လိမ့်​မည်​ဟု \p အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​မြွက်​ဆို​တော်​မူ​၏။\x + \xo 6:18 \xt ၂ရာ၊ ၇:၁၄။ ၅ရာ၊ ၁၇:၁၃။ ဟေရှာ၊ ၄၃:၆။ ယေ၊ ၃၁:၉။\x* \c 7 \p \v 1 ချစ်​မိတ်​ဆွေ​တို့၊ ဤ​က​တိ​တော်​များ​ကား​ငါ တို့​၏​အ​တွက်​ဖြစ်​၏။ သို့​ဖြစ်​၍​ငါ​တို့​သည်​မိ​မိ တို့​ကိုယ်​ကို​ကာ​ယ​အ​ညစ်​အ​ကြေး​နှင့်​ဝိ​ညာဉ် အ​ညစ်​အ​ကြေး​ရှိ​သ​မျှ​နှင့်​ကင်း​စင်​စေ​၍ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​ခြင်း​အား ဖြင့် မိ​မိ​တို့​ကိုယ်​ကို​လုံး​ဝ​ဖြူ​စင်​သန့်​ရှင်း​စေ ကြ​ကုန်​အံ့။ \s1 ပေါ​လု​ဝမ်း​မြောက်​ခြင်း \p \v 2 ငါ​တို့​အား​သင်​တို့​စိတ်​နှ​လုံး​ကို​ဖွင့်​ထား​ကြ လော့။ ငါ​တို့​သည်​အ​ဘယ်​သူ့​ကို​မျှ​မ​ပြစ်​မှား​ခဲ့။ မည်​သူ့​ကို​မျှ​အ​ကျိုး​နည်း​အောင်​မ​ပြု​ခဲ့။ မည်​သူ့​အ​ပေါ်​တွင်​မျှ​အ​ခွင့်​ကောင်း​ကို​မ​ယူ​ခဲ့။- \v 3 ဤ​သို့​ဆို​ရာ​၌​သင်​တို့​အား​ပြစ်​တင်​ရှုတ်​ချ လို​၍​မ​ဟုတ်။ ယ​ခင်​က​ဖော်​ပြ​ခဲ့​သည်​အ​တိုင်း ငါ​တို့​သည်​သင်​တို့​နှင့်​သေ​အ​တူ​ရှင်​မ​ကွဲ ဖြစ်​လို​သည်​တိုင်​အောင် သင်​တို့​အား​ချစ်​သော ကြောင့်​ဖြစ်​၏။- \v 4 ငါ​သည်​သင်​တို့​အား​ယုံ​ကြည်​စိတ်​ချ​၏။ သင် တို့​အ​တွက်​များ​စွာ​ဂုဏ်​ယူ​ဝါ​ကြွား​၏။ အ​မျိုး မျိုး​သော​ဆင်း​ရဲ​ဒုက္ခ​များ​ကို​ငါ​တို့​ခံ​ရ​သော် လည်း ငါ​သည်​အား​တက်​လျက်​အ​တိုင်း​ထက် အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​၏။ \p \v 5 မာ​ကေ​ဒေါ​နိ​ပြည်​သို့​ရောက်​ရှိ​သော​အ​ခါ​၌ ပင်​လျှင် ငါ​တို့​သည်​စိတ်​သက်​သာ​မှု​ကို​မ​ရ​ကြ။ အ​ရပ်​ရပ်​တွင်​အ​ခက်​အ​ခဲ​များ​ရှိ​၏။ အ​ငြင်း ပွား​မှု​များ​ရှိ​၏။ ငါ​တို့​၌​လည်း​ကြောက်​စိတ်​ရှိ​၏။-\x + \xo 7:5 \xt ၂ကော၊ ၂:၁၃။\x* \v 6 သို့​ရာ​တွင်​စိတ်​ညှိုး​ငယ်​သူ​ကို​အား​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​သည်​ငါ​တို့​ထံ​ရောက်​ရှိ​လာ​သော​တိ​တု အား​ဖြင့် ငါ​တို့​ကို​အား​ပေး​တော်​မူ​၏။ တိ​တု​ရောက်​ရှိ လာ​သည့်​အ​တွက်​ကြောင့်​သာ​မ​က၊ တိ​တု​အား​သင် တို့​က​အား​ပေး​ကြ​သည့်​သ​တင်း​ကို​ကြား​သိ​ရ သည့်​အ​တွက်​ကြောင့်​လည်း ငါ​တို့​သည်​အား​တက်​ရ ကြ​ပေ​သည်။- \v 7 တိ​တု​က​သင်​တို့​သည်​ငါ့​ကို​အ​လွန်​တွေ့​လို​ကြ ကြောင်း၊ အ​လွန်​ဝမ်း​နည်း​လျက်​ရှိ​ကြ​ကြောင်း​တို့ ကို​ပြော​ပြ​သ​ဖြင့်​ငါ​သည်​ပို​၍​ပင်​ဝမ်း​မြောက်​၏။ \p \v 8 အ​ကယ်​၍​ငါ​၏​စာ​သည်​သင်​တို့​အား​စိတ်​မ​ချမ်း မ​သာ​ဖြစ်​စေ​ခဲ့​လျှင် ထို​စာ​ကို​ရေး​မိ​သည့်​အ​တွက် ယ​ခု​ငါ​ဝမ်း​မ​နည်း။ ထို​စာ​ကြောင့်​ခေတ္တ​မျှ​သင် တို့​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​ကြ​သည်​ကို​တွေ့​စဉ် အ​ခါ​က​ငါ​ဝမ်း​နည်း​မိ​ခဲ့​လျှင်​လည်း၊- \v 9 ယ​ခု​ဝမ်း​မြောက်​၏။ သင်​တို့​အား​စိတ်​မ​ချမ်း မ​သာ​အောင်​ပြု​ခဲ့​သည့်​အ​တွက်​ကြောင့်​မ​ဟုတ်။ စိတ်​မ​ချမ်း​မ​သာ​မှု​က​သင်​တို့​အား​နောင်​တ တ​ရား​ရ​စေ​သည့်​အ​တွက်​ကြောင့်​ဝမ်း​မြောက် ရ​ခြင်း​ဖြစ်​ပေ​သည်။ ဘု​ရား​သ​ခင်​သည်​ထို စိတ်​မ​ချမ်း​မ​သာ​မှု​ကို​အ​သုံး​ပြု​တော်​မူ သည်​ဖြစ်​ရာ​ငါ​တို့​သည်​သင်​တို့​ကို​အ​ဘယ် သို့​မျှ​မ​နစ်​နာ​စေ​ခဲ့။- \v 10 ဘု​ရား​သ​ခင်​အ​သုံး​ပြု​တော်​မူ​သည့်​ဝမ်း​နည်း ခြင်း​သည်​ကယ်​တင်​ခြင်း​ကို​ရ​စေ​သည့်​နောင်​တ စိတ်​ကို​ဖြစ်​ပေါ်​စေ​တတ်​၏။ ထို့​ကြောင့်​ဝမ်း​နည်း မိ​သည့်​အ​တွက်​စိတ်​မ​ကောင်း​မ​ဖြစ်​သင့်။ သို့ ရာ​တွင်​လူ့​ဝမ်း​နည်း​ခြင်း​၏​အ​ကျိုး​ကား​သေ ခြင်း​ပေ​တည်း။- \v 11 ဘု​ရား​သ​ခင်​သည်​သင်​တို့​၏​ဝမ်း​နည်း​မှု​ကို​မည် သို့​အ​သုံး​ပြု​တော်​မူ​သည်​ကို​ကြည့်​ရှု​ကြ​လော့။ သင်​တို့​သည်​စိတ်​ထက်​သန်​၍​လာ​ကြ​လေ​ပြီ။ မိ​မိ​တို့​၌​အ​ပြစ်​ကင်း​ကြောင်း​ဖော်​ပြ​ရန်​အ​လွန် လို​လား​ကြ​လေ​ပြီ။ လွန်​စွာ​ဒေါ​သ​ထွက်​ကြ လေ​ပြီ။ လွန်​စွာ​စိုး​ရိမ်​ကြ​လေ​ပြီ။ လွန်​စွာ​တမ်း တ​ကြ​လေ​ပြီ။ လွန်​စွာ​စေ​တ​နာ​ထက်​သန် ကြ​လေ​ပြီ။ အ​ပြစ်​ရှိ​သူ​ကို​ဒဏ်​ပေး​ရန် လို​လား​ကြ​လေ​ပြီ။ သင်​တို့​သည်​ဤ​အ​မှု တွင်​မိ​မိ​တို့​အ​ပြစ်​ကင်း​ကြောင်း​ကို​ထင်​ရှား စေ​ကြ​လေ​ပြီ။ \p \v 12 သို့​ဖြစ်​၍​ယ​ခင်​က​သင်​တို့​ထံ​သို့​ငါ​စာ​ရေး​ခဲ့​ရ ခြင်း​မှာ​ပြစ်​မှား​သော​သူ​၏​ကိစ္စ​ကြောင့်​မ​ဟုတ်။ ပြစ် မှား​ခြင်း​ကို​ခံ​ရ​သူ​၏​ကိစ္စ​ကြောင့်​လည်း​မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​ငါ​တို့​အား​သင်​တို့ အ​ဘယ်​မျှ​ချစ်​ခင်​စွဲ​လန်း​ကြ​သည်​ကို​ကောင်း စွာ​သိ​သာ​ထင်​ရှား​စေ​လို​၍​ရေး​ခဲ့​ခြင်း​ဖြစ်​၏။- \v 13 ဤ​အ​ကြောင်း​ကြောင့်​ငါ​တို့​အား​တက်​ကြ​၏။ \p ငါ​တို့​သည်​အား​တက်​ရုံ​သာ​မ​က၊ အ​လွန်​လည်း ဝမ်း​မြောက်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သင် တို့​သည်​တိ​တု​အား​ရွှင်​လန်း​စေ​သ​ဖြင့်​သူ​သည် အ​လွန်​ဝမ်း​မြောက်​လျက်​ရှိ​သည်​ကို​ငါ​တို့​တွေ့​ရ သော​ကြောင့်​ဖြစ်​ပေ​သည်။- \v 14 ငါ​သည်​တိ​တု​အား​သင်​တို့​အ​ကြောင်း​ကို​ကြွား ဝါ​ခဲ့​၏။ ယင်း​သို့​ကြွား​ဝါ​သည့်​အ​တိုင်း​ဟုတ်​မှန် ကြောင်း​ကို​သင်​တို့​ပြ​သ​လိုက်​ပေ​ပြီ။ ငါ​တို့ သည်​သင်​တို့​အား​ဟုတ်​မှန်​ရာ​ကို​သာ​လျှင် အ​စဉ်​ပြော​ကြား​ခဲ့​၏။ တိ​တု​အား​ငါ​တို့ ကြွား​ဝါ​ပြော​ဆို​ခဲ့​သော​အ​ရာ​များ​သည် လည်း​ဟုတ်​မှန်​လျက်​နေ​ပေ​ပြီ။- \v 15 သူ​၏​စ​ကား​ကို​သင်​တို့​လိုက်​နာ​ရန်​အ​သင့် ရှိ​ကြ​သည်​ကို​လည်း​ကောင်း၊ ကြောက်​ရွံ့​တုန် လှုပ်​လျက်​သူ့​အား​ကြို​ဆို​လက်​ခံ​ကြ​သည် ကို​လည်း​ကောင်း​သူ​သည်​သ​တိ​ရ​သ​ဖြင့် သင်​တို့​အား​ပို​၍​ပင်​ချစ်​ခင်​မြတ်​နိုး​လာ ပေ​သည်။- \v 16 ငါ​သည်​သင်​တို့​အ​ပေါ်​တွင်​လုံး​ဝ​စိတ်​ချ နိုင်​သ​ဖြင့်​အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​၏။ \c 8 \s1 ခ​ရစ်​ယာန်​အ​လှူ \p \v 1 ညီ​အစ်​ကို​တို့၊ မာ​ကေ​ဒေါ​နိ​ပြည်​ရှိ​အ​သင်း တော်​တို့​အား ဘု​ရား​သ​ခင်​ပေး​သ​နား​တော် မူ​သော​ကျေး​ဇူး​တော်​အ​ကြောင်း​ကို​သင်​တို့ အား​ငါ​ပြော​ပြ​လို​၏။-\x + \xo 8:1 \xt ရော၊ ၁၅:၂၆။\x* \v 2 ထို​အ​သင်း​တော်​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​များ​ကို အ​လူး​အ​လဲ​ခံ​ခဲ့​ရ​ကြ​၏။ သို့​သော်​လည်း လွန်​စွာ​ရွှင်​လန်း​ဝမ်း​မြောက်​လျက်​ပင်​ရှိ​ရ​ကား သူ​တို့​သည်​အ​လွန်​ဆင်း​ရဲ​ကြ​သော်​လည်း ပေး​ကမ်း​စွန့်​ကြဲ​မှု​တွင်​အ​တိုင်း​ထက်​အ​လွန် ရက်​ရော​ကြ​၏။- \v 3-4 ထို​အ​သင်း​တော်​တို့​သည်​တတ်​နိုင်​သ​မျှ မိ​မိ တို့​တွင်​စွမ်း​အား​ရှိ​သ​မျှ​ထက်​ပို​၍ အ​လို အ​လျောက်​ပေး​လှူ​ကြ​ကြောင်း​ကို​သင်​တို့ အား​ငါ​သက်​သေ​ခံ​နိုင်​၏။ သူ​တို့​သည်​ယု​ဒ ပြည်​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ကူ​ညီ​မ​စ​မှု​တွင်​ပါ​ဝင်​လို​ကြ​၏။ သို့ ဖြစ်​၍​ထို​သို့​ပါ​ဝင်​ခွင့်​ပြု​ရန် မိ​မိ​တို့ အ​လို​အ​လျောက်​ငါ​တို့​အား​တောင်း​ပန် ကြ​၏။- \v 5 ဤ​သို့​ပြု​ခြင်း​သည်​ငါ​တို့​မျှော်​လင့်​သည် ထက်​ပို​ပေ​သည်။ သူ​တို့​သည်​ဦး​စွာ​ပ​ထ​မ မိ​မိ​တို့​ကိုယ်​ကို​သ​ခင်​ဘု​ရား​အား​ဆက် ကပ်​လှူ​ဒါန်း​ကြ​ပေ​သည်။ ထို​နောက်​ဘု​ရား သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ​ငါ​တို့​အား လည်း​မိ​မိ​တို့​ကိုယ်​ကို​လှူ​ဒါန်း​ကြ​၏။- \v 6 သို့​ဖြစ်​၍​စ​တင်​တာ​ဝန်​ယူ​ခဲ့​သူ​တိ​တု​အား ဤ​အ​လှူ​ကိစ္စ​ပြီး​ဆုံး​အောင်​သင်​တို့​ကို​ကူ​ညီ ဆောင်​ရွက်​ပေး​ရန်​ငါ​သူ့​ကို​တိုက်​တွန်း​ခဲ့​၏။- \v 7 သင်​တို့​သည်​ယုံ​ကြည်​ခြင်း၊ နှုတ်​သတ္တိ၊ ပ​ညာ ဉာဏ်၊ ကူ​ညီ​ရန်​စေ​တ​နာ၊ ငါ​တို့​အား​ချစ်​ခြင်း အ​စ​ရှိ​သည့်​ပါ​ရ​မီ​တို့​နှင့်​ပြည့်​စုံ​ကြွယ်​ဝ ကြ​၏။ သို့​ဖြစ်​၍​ဒါ​န​ပါ​ရ​မီ​နှင့်​လည်း ပြည့်​စုံ​ကြွယ်​ဝ​ကြောင်း​ကို​ပြ​သ​ကြ​လော့။ \p \v 8 ဤ​ကား​အ​မိန့်​ပေး​ခြင်း​မ​ဟုတ်။ သူ​တစ်​ပါး တို့​၏​စေ​တ​နာ​ထက်​သန်​ကြ​ပုံ​ကို​သင်​တို့ အား​ပြော​ရ​ခြင်း​မှာ​သင်​တို့​၏​မေတ္တာ​အ​ဘယ် မျှ​စစ်​မှန်​သည်​ကို​သိ​ရှိ​နိုင်​ရန်​အ​တွက်​ဖြစ် ၏။- \v 9 သင်​တို့​သည်​ငါ​တို့​၏​အ​ရှင်​ယေ​ရှု​ခ​ရစ် ၏​ကျေး​ဇူး​တော်​ကို​သိ​ရှိ​ကြ​၏။ ကိုယ်​တော် သည်​ကြွယ်​ဝ​တော်​မူ​သော်​လည်း​သင်​တို့​၏ အ​ကျိုး​ငှာ​ဆင်း​ရဲ​ခံ​တော်​မူ​၏။ ဆင်း​ရဲ ခံ​တော်​မူ​ရ​ခြင်း​မှာ​သင်​တို့​ကြွယ်​ဝ​လာ စေ​ရန်​အ​တွက်​ဖြစ်​သ​တည်း။ \p \v 10 ယ​မန်​နှစ်​က​သင်​တို့​အ​စ​ပြု​သည့်​အ​မှု​ကို ယ​ခု​အ​ဆုံး​သတ်​သင့်​ကြ​သည်​ဟု​ငါ​ထင် မြင်​၏။ သင်​တို့​သည်​စေ​တ​နာ​နှင့်​ပေး​လှူ​မှု ကို​အ​စ​ပြု​ခဲ့​ပေ​သည်။- \v 11 သို့​ဖြစ်​၍​ထို​အ​မှု​ကို​ဆက်​လက်​ဆောင်​ရွက် ကာ​အ​ဆုံး​သတ်​ကြ​လော့။ သင်​တို့​သည်​ထို အ​မှု​ကို​ကြံ​စည်​ရာ​တွင်​စိတ်​အား​ထက်​သန် သ​ကဲ့​သို့ ဆောင်​ရွက်​ရာ​တွင်​လည်း​စိတ်​အား ထက်​သန်​ကြ​လော့။ သင်​တို့​တတ်​နိုင်​သ​မျှ ပေး​လှူ​ကြ​လော့။- \v 12 သင်​တို့​ပေး​လှူ​လို​သော​စေ​တ​နာ​စိတ်​ရှိ​လျှင် ဘု​ရား​သ​ခင်​သည်​သင်​တို့​မ​တတ်​နိုင်​မှု​ကို မ​ထောက်​ဘဲ​တတ်​နိုင်​မှု​ကို​ထောက်​၍​သင်​တို့ ၏​အ​မှု​ကို​လက်​ခံ​တော်​မူ​လိမ့်​မည်။ \p \v 13-14 သင်​တို့​အား​တာ​ဝန်​လေး​စေ​၍​သူ​တစ်​ပါး တို့​အား​သက်​သာ​စေ​ရန်​ငါ​အ​ကြံ​ပြု​နေ သည်​မ​ဟုတ်။ ညီ​တူ​ညီ​မျှ​ဖြစ်​စေ​ရန်​အ​ကြံ ပြု​ခြင်း​ဖြစ်​သည်။ ယ​ခု​အ​ခါ​သင်​တို့​၏ ချမ်း​သာ​မှု​သည်​ထို​သူ​တို့​၏​ချို့​တဲ့​မှု​ကို ဖြည့်​ဆည်း​ပေး​သ​ကဲ့​သို့ နောင်​တစ်​နေ့​၌ ထို​သူ​တို့​၏​ချမ်း​သာ​မှု​သည်​သင်​တို့​၏ ချို့​တဲ့​မှု​ကို​ဖြည့်​ဆည်း​ပေး​နိုင်​လိမ့်​မည်။- \v 15 ကျမ်း​စာ​တော်​က ``များ​များ​ရ​သော​သူ မ​ပို၊ နည်း​နည်း​ရ​သော​သူ​မ​လို'' ဟု​ဖော်​ပြ သ​ကဲ့​သို့​ပင်​ဖြစ်​ပေ​သည်။\x + \xo 8:15 \xt ထွ၊ ၁၆:၁၈။\x* \s1 တိ​တု​နှင့်​အ​ပေါင်း​အ​ဖော်​များ \p \v 16 သင်​တို့​အား​ကူ​ညီ​မ​စ​ရန်​ငါ​တို့​၌​စိတ် အား​ထက်​သန်​မှု​ရှိ​သ​ကဲ့​သို့ တိ​တု​၌​လည်း ရှိ​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​၏။- \v 17 တိ​တု​သည်​ငါ​တို့​၏​မေတ္တာ​ရပ်​ခံ​ချက်​ကို လက်​ခံ​သည်​သာ​မ​က၊ ကူ​ညီ​ရန်​စေ​တ​နာ စိတ်​ရှိ​သ​ဖြင့်​သင်​တို့​ထံ​သို့​သွား​ရန် မိ​မိ အ​လို​အ​လျောက်​စိတ်​ပိုင်း​ဖြတ်​ခဲ့​ပေ​သည်။- \v 18 ငါ​တို့​သည်​သူ​နှင့်​အ​တူ​ညီ​အစ်​ကို​တစ် ယောက်​ကို​စေ​လွှတ်​လိုက်​၏။ ထို​သူ​သည် သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​သော အ​မှု​တော်​ဆောင်​တစ်​ယောက်​အ​နေ​ဖြင့် အ​သင်း​တော်​အ​ပေါင်း​တို့​၏​လေး​စား​ကြည် ညို​မှု​ကို ခံ​ရ​သူ​ဖြစ်​၏။- \v 19 ထို​မျှ​သာ​မ​က​ဤ​အ​လှူ​ငွေ​ကောက်​ခံ​မှု အ​တွက်​ငါ​တို့​နှင့်​အ​တူ​ခ​ရီး​ပြု​ရန် အ​သင်း တော်​များ​က​ရွေး​ချယ်​ခန့်​ထား​ခြင်း​ခံ​ရ သူ​လည်း​ဖြစ်​၏။ သ​ခင်​ဘု​ရား​၏​ဘုန်း​အ​သ ရေ​တော်​ထွန်း​တောက်​စေ​ရန်​နှင့် ငါ​တို့​၏​စိတ် စေ​တ​နာ​ကို​သိ​သာ​စေ​ရန် ငါ​တို့​သည်​ဤ အ​လှူ​ခံ​လုပ်​ငန်း​ကို​ဆောင်​ရွက်​နေ​ကြ ခြင်း​ဖြစ်​၏။ \p \v 20 ဤ​သို့​ရက်​ရော​စွာ​ပေး​လှူ​ကြ​သော​အ​လှူ ငွေ​ကို​ကိုင်​တွယ်​ရာ​တွင် ငါ​တို့​သည်​သူ​တစ် ပါး​တို့​၏​အ​ပြစ်​တင်​ခြင်း​နှင့်​ကင်း​လွတ် စေ​ရန်​သ​တိ​နှင့်​ဆောင်​ရွက်​လျက်​ရှိ​ကြ​၏။- \v 21 သ​ခင်​ဘု​ရား​၏​ရှေ့​တော်​၌​သာ​မ​က​လူ တို့​၏​ရှေ့​၌​လည်း​လျောက်​ပတ်​မှန်​ကန်​သည့် အ​မှု​ကို​သာ​ပြု​ရန်​ရည်​ရွယ်​ချက်​ရှိ​ကြ​၏။\x + \xo 8:21 \xt သု၊ ၃:၄။\x* \p \v 22 သို့​ဖြစ်​၍​ငါ​တို့​သည်​ထို​သူ​နှစ်​ယောက်​တို့​နှင့် အ​တူ အ​ခြား​ညီ​အစ်​ကို​တစ်​ယောက်​ကို​လည်း စေ​လွှတ်​လိုက်​ကြ​သည်။ ထို​သူ​အား​ငါ​တို့​အ​ကြိမ် ကြိမ်​အ​ကဲ​ခတ်​ကြည့်​ရာ သူ​သည်​အ​စဉ်​ကူ​ညီ မ​စ​တတ်​သူ​ဖြစ်​ကြောင်း​တွေ့​ရှိ​ရ​ပေ​သည်။ သူ သည်​သင်​တို့​အ​ပေါ်​တွင်​များ​စွာ​အ​ယုံ​အ​ကြည် ရှိ​သ​ဖြင့် သူ​၏​စိတ်​စေ​တ​နာ​သည်​ပို​၍​ပင် ထက်​သန်​နေ​ပေ​သည်။- \v 23 တိ​တု​နှင့်​ပတ်​သက်​၍​ဖော်​ပြ​ရ​မည်​ဆို​သော် သူ​သည်​သင်​တို့​၏​အ​မှု​ကိစ္စ​များ​တွင် ငါ​နှင့် အ​တူ​ဝိုင်း​ဝန်း​ကူ​ညီ​သူ​ငါ​၏​လုပ်​ဖော်​ကိုင် ဘက်​ဖြစ်​၏။ သူ​နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ သော​အ​ခြား​ညီ​အစ်​ကို​များ​မှာ​အ​သင်း တော်​တို့​၏​ကိုယ်​စား​လှယ်​များ​ဖြစ်​ကြ​၏။- \v 24 ထို​ကြောင့်​သင်​တို့​အ​ကြောင်း​ငါ​တို့​ဂုဏ်​ယူ ဝါ​ကြွား​သည့်​အ​တိုင်း​မှန်​ကန်​ကြောင်း​ထို သူ​တို့​သည်​လည်း​ကောင်း၊ အ​သင်း​တော်​များ သည်​လည်း​ကောင်း​သိ​ရှိ​နိုင်​ကြ​စေ​ရန်​သူ တို့​အား​မေတ္တာ​ပြ​ကြ​လော့။ \c 9 \s1 ခ​ရစ်​ယာန်​အ​ချင်း​ချင်း​ကူ​ညီ​ထောက်​ပံ့​မှု \p \v 1 ယု​ဒ​ပြည်​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော် အား ကူ​ညီ​ထောက်​ပံ့​ရေး​အ​ကြောင်း​ကို​သင် တို့​ထံ​ရေး​သား​ဖော်​ပြ​ရန်​မ​လို​ပါ။- \v 2 သင်​တို့​ကူ​ညီ​ထောက်​ပံ့​ရန်​စိတ်​စေ​တ​နာ ထက်​သန်​ကြ​သည်​ကို​ငါ​သိ​၏။ သို့​ဖြစ်​၍​သင် တို့​အ​ကြောင်း​ကို​မာ​ကေ​ဒေါ​နိ​ပြည်​သား တို့​အား​ငါ​ကြွား​ဝါ​ခဲ့​၏။ ``အ​ခါ​ယ​ပြည် ရှိ​ညီ​အစ်​ကို​တို့​သည်​ယ​မန်​နှစ်​က​ပင်​လျှင် ပေး​လှူ​ရန်​အ​သင့်​ရှိ​ကြ​၏'' ဟု​သူ​တို့​အား ငါ​ပြော​ကြား​ခဲ့​၏။ သင်​တို့​၏​စိတ်​စေ​တ​နာ ထက်​သန်​မှု​ကြောင့်​ထို​သူ​တို့​အား​လုံး​လို လို​ပင်​စိတ်​အား​တက်​ကြွ​လာ​ပေ​ပြီ။- \v 3 သို့​ရာ​တွင်​သင်​တို့​အ​ကြောင်း​ငါ​တို့​ကြွား​ဝါ ပြော​ဆို​ခဲ့​သ​မျှ​တို့​သည်​မှန်​ကန်​ကြောင်း​သိ သာ​စေ​ရန် ဤ​ညီ​အစ်​ကို​များ​ကို​သင်​တို့​ထံ သို့​စေ​လွှတ်​လိုက်​၏။ ငါ​ဖော်​ပြ​ခဲ့​သည်​အ​တိုင်း သင်​တို့​၏​အ​လှူ​ကို​အ​သင့်​ပြင်​ဆင်​ထား ကြ​လော့။- \v 4 အ​ကယ်​၍​ငါ​နှင့်​အ​တူ​မာ​ကေ​ဒေါ​နိ​ပြည် သား​အ​ချို့​တို့​လိုက်​ပါ​လာ​၍ သင်​တို့​မှာ အ​သင့်​ပြင်​ဆင်​ထား​မှု​မ​ရှိ​သည်​ကို​တွေ့​ရှိ ရ​ပါ​က သင်​တို့​သာ​လျှင်​အ​ရှက်​ရ​ကြ​လိမ့် မည်​မ​ဟုတ်။ ငါ​တို့​သည်​လည်း​သင်​တို့​အား များ​စွာ​ယုံ​ကြည်​စိတ်​ချ​မိ​သည်​အ​တွက် အ​ရှက်​ရ​ကြ​လိမ့်​မည်။- \v 5 သို့​ဖြစ်​၍​သင်​တို့​က​တိ​ပြု​ခဲ့​သည့်​အ​တိုင်း​ဤ အ​လှူ​ကို​ပြင်​ဆင်​နိုင်​ရေး​အ​တွက် ဤ​ညီ​အစ်​ကို တို့​အား​သင်​တို့​ထံ​သို့​ကြို​တင်​စေ​လွှတ်​ရန် လို​အပ်​သည်​ဟု​ငါ​ထင်​မှတ်​၏။ ငါ​ရောက်​ရှိ လာ​သော​အ​ခါ​အ​လှူ​အ​သင့်​ပြင်​ဆင်​ထား ပြီး​ဖြစ်​၍ သင်​တို့​က​ဝတ္တရား​အ​ရ​ပေး​လှူ သည်​မ​ဟုတ်​ဘဲ​စေ​တ​နာ​အ​ရ​ပေး​လှူ ကြောင်း​ပေါ်​လွင်​လိမ့်​မည်။ \p \v 6 မျိုး​စေ့​အ​နည်း​ငယ်​ကို​ကြဲ​သော​သူ​သည် စ​ပါး​အ​နည်း​ငယ်​ကို​သာ​ရိတ်​သိမ်း​ရ​လိမ့် မည်။ များ​စွာ​သော​မျိုး​စေ့​တို့​ကို​ကြဲ​သော သူ​မူ​ကား များ​စွာ​သော​စ​ပါး​တို့​ကို​ရိတ် သိမ်း​ရ​လိမ့်​မည်​ဖြစ်​ကြောင်း​သ​တိ​ပြု​လော့။- \v 7 လူ​တိုင်း​ပင်​မိ​မိ​၏​စေ​တ​နာ​စိတ်​ပြ​ဋ္ဌာန်း သည်​အ​တိုင်း​ပေး​လှူ​ရ​၏။ နှ​မြော​သော​စိတ် နှင့်​သော်​လည်း​ကောင်း၊ ပေး​လှူ​ရန်​တာ​ဝန် ဝတ္တ​ရား​ရှိ​သည်​ဟူ​သော​စိတ်​ဖြင့်​သော်​လည်း ကောင်း​မ​ပေး​မ​လှူ​အပ်။ ဘု​ရား​သ​ခင်​သည် စေ​တ​နာ​နှင့်​ပေး​လှူ​တတ်​သော​သူ​ကို နှစ်​သက်​တော်​မူ​၏။- \v 8 သင်​တို့​သည်​လို​သ​မျှ​သော​အ​ရာ​များ​ကို အ​စဉ်​ပင်​ရ​ရှိ​ပြီး​လျှင်​ကောင်း​မှု​အ​မျိုး​မျိုး တို့​တွင်​ကူ​ညီ​မ​စ​နိုင်​ကြ​စေ​ရန် ဘု​ရား သ​ခင်​သည်​သင်​တို့​အား​လို​သ​မျှ​သော အ​ရာ​တို့​ထက်​ပို​၍​ပေး​ရန်​တတ်​နိုင်​တော် မူ​၏။- \v 9 ကျမ်း​စာ​တော်​တွင်၊ \q1 ``သူ​သည်​ဆင်း​ရဲ​သူ​တို့​အား​ရက်​ရော​စွာ ပေး​ကမ်း​စွန့်​ကြဲ​၏။ \q2 သူ​၏​သ​နား​ကြင်​နာ​မှု​သည်​ထာ​ဝ​စဉ်​တည်​၏'' \m ဟူ​၍​ဖော်​ပြ​ပါ​ရှိ​ပေ​သည်။-\x + \xo 9:9 \xt ဆာ၊ ၁၁၂:၉။\x* \v 10 မျိုး​ကြဲ​သူ​အား​မျိုး​စေ့​နှင့်​အ​စာ​ရေ​စာ​ကို ပေး​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ငါ​တို့​လို သ​မျှ​သော​မျိုး​စေ့​ကို​လည်း​ပေး​၍​အ​ပင် ပေါက်​ရှင်​သန်​စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​၏ ရက်​ရော​သော​စိတ်​စေ​တ​နာ​မှ​အ​သီး​အ​ပွင့် များ​ကို​လည်း​ဖြစ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်။-\x + \xo 9:10 \xt ဟေရှာ၊ ၅၅:၁၀။\x* \v 11 သင်​တို့​သည်​အ​ခါ​ခပ်​သိမ်း​ရက်​ရော​စွာ​ပေး လှူ​နိုင်​ကြ​စေ​ရန်​ကိုယ်​တော်​သည်​သင်​တို့​အား အ​စဉ်​ချမ်း​သာ​ကြွယ်​ဝ​စေ​တော်​မူ​လိမ့်​မည်။ ငါ​တို့​မှ​တစ်​ဆင့်​သင်​တို့​ပေး​လှူ​သော​အ​လှူ ငွေ​များ​ကို​ခံ​ယူ​ရ​ရှိ​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​ကြ​လိမ့်​မည်။- \v 12 သင်​တို့​သည်​ဤ​ကောင်း​မှု​အား​ဖြင့်​ဘု​ရား သ​ခင်​၏​လူ​စု​တော်​အား​ချို့​တဲ့​နေ​စဉ်​ကူ​ညီ မ​စ​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​သံ​ကို​လည်း​တ​ခဲ​နက်​ထွက် ပေါ်​လာ​စေ​၏။- \v 13 ဤ​ကောင်း​မှု​၏​သာ​ဋ္ဌ​က​ကို​ထောက်​၍​လူ အ​မြောက်​အ​မြား​တို့​သည်​ခ​ရစ်​တော်​အ​ကြောင်း သ​တင်း​ကောင်း​ကို​သစ္စာ​ရှိ​စွာ​သင်​တို့​ခံ​ယူ ယုံ​ကြည်​ကြ​သည့်​အ​တွက်​လည်း​ကောင်း၊ သင် တို့​၏​စည်း​စိမ်​ချမ်း​သာ​များ​ကို​မိ​မိ​တို့​နှင့် အ​ခြား​သူ​အ​ပေါင်း​တို့​အား ရက်​ရော​စွာ ဝေ​မျှ​ပေး​ကမ်း​ကြ​သည့်​အ​တွက်​လည်း ကောင်း ဘု​ရား​သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော် ကို​ချီး​ကူး​ကြ​ပေ​အံ့။- \v 14 သင်​တို့​သည်​ထူး​ကဲ​သော​ကျေး​ဇူး​တော်​ကို ခံ​စား​ရ​ကြ​သ​ဖြင့် သူ​တို့​သည်​သင်​တို့​ကို အ​လွန်​ချစ်​ခင်​မြတ်​နိုး​လျက်​သင်​တို့​အ​တွက် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လိမ့်​မည်။- \v 15 ငါ​တို့​သည်​တန်​ဖိုး​မ​ဖြတ်​နိုင်​သော​ဆု ကျေး​ဇူး​တော်​အ​တွက်​ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ထော​မ​နာ​ပြု ကြ​ကုန်​စို့။ \c 10 \s1 မိ​မိ​အ​မှု​တော်​ဆောင်​ရွက်​ခြင်း​နှင့်​ပတ်​သက်​၍ ပေါ​လု​ချေ​ပ​ပြော​ဆို​ခြင်း \p \v 1 ခ​ရစ်​တော်​၏​စိတ်​နှိမ့်​ချ​မှု၊ နူး​ညံ့​သိမ်​မွေ့​မှု​တို့ ကို​အ​ကြောင်း​ပြု​၍​ငါ​သည်​သင်​တို့​အား​မေတ္တာ ရပ်​ခံ​ပါ​၏။ ငါ​ကား​သင်​တို့​ရှေ့​မှောက်​တွင်​ပျော့ ညံ့​၍​သင်​တို့​မျက်​ကွယ်​တွင်​မူ​ရဲ​စွမ်း​သတ္တိ​ရှိ သူ​ပေါ​လု​ပင်​ဖြစ်​ပေ​သည်။- \v 2 ငါ​တို့​သည်​လော​ကီ​အ​ကျိုး​ကို​မြော်​ကိုး​၍ ဆောင်​ရွက်​သူ​များ​ဖြစ်​သည်​ဟု​စွပ်​စွဲ​ဝေ​ဖန် ကြ​သော​သူ​တို့​အား ငါ​သည်​မိ​မိ​၏​ရဲ​စွမ်း သတ္တိ​ကို​ငါ​ပြ​နိုင်​ကြောင်း​ကို​သိ​စေ​လို​၏။ သို့ ဖြစ်​၍​သင်​တို့​ထံ​သို့​ငါ​ရောက်​ရှိ​လာ​သော အ​ခါ ထို​ရဲ​စွမ်း​သတ္တိ​ကို​ပြ​ရ​သည့်​အ​ဖြစ် နှင့်​မ​ကြုံ​မ​တွေ့​ရ​ပါ​စေ​နှင့်။- \v 3 ငါ​တို့​သည်​ဤ​လော​က​၌​အ​သက်​ရှင်​နေ ထိုင်​လျက်​ရှိ​ကြ​သည်​မှန်​သော်​လည်း လော​ကီ အ​ကျိုး​ကို​မျှော်​ကိုး​၍​တိုက်​ပွဲ​ဝင်​နေ​ကြ သည်​မ​ဟုတ်။- \v 4 ငါ​တို့​စွဲ​ကိုင်​သည့်​လက်​နက်​များ​သည်​လူ​သား တို့​စွဲ​ကိုင်​သည့်​လက်​နက်​များ​မ​ဟုတ်။ ခံ​တပ်​များ ကို​ဖြို​ဖျက်​နိုင်​သည့်​ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​နှင့်​ပြည့်​စုံ​သော​လက်​နက်​များ​ဖြစ်​၏။ ငါ တို့​သည်​မ​မှန်​ကန်​သည့်​ဆွေး​နွေး​ငြင်း​ခုံ​ချက် များ​ကို​လည်း​ကောင်း၊- \v 5 ဘု​ရား​သ​ခင်​အား​သိ​ကျွမ်း​မှု​ပ​ညာ​ကို ပိတ်​ပင်​ဆီး​တား​သည့်​မာန်​မာ​န​မှန်​သ​မျှ ကို​လည်း​ကောင်း ဖြို​ဖျက်​ချေ​မှုန်း​ကြ​၏။ ငါ တို့​သည်​လူ​တို့​၏​အ​ကြံ​အ​စည်​ရှိ​သ​မျှ​တို့ ကို​ဖမ်း​ချုပ်​ပြီး​လျှင် ခ​ရစ်​တော်​အား​နာ​ခံ စေ​ကြ​၏။- \v 6 သင်​တို့​သည်​ငါ​တို့​စ​ကား​ကို​အ​ကြွင်း​မဲ့​လိုက် နာ​ကြောင်း​ကို​သိ​သည့်​အ​ခါ​၌ ငါ​တို့​သည်​မ လိုက်​နာ​သူ​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​ရန် အ​သင့်​ရှိ​မည်။ \p \v 7 သင်​တို့​သည်​အ​ပြင်​အ​ပ​လက္ခ​ဏာ​များ​ကို​သာ ကြည့်​ရှု​တတ်​ကြ​၏။ သင်​တို့​အ​နက်​မိ​မိ​ကိုယ် ကို​ခ​ရစ်​တော်​၏​တပည့်​ဖြစ်​သည်​ဟု​စိတ်​ချ​သူ ရှိ​လျှင် ထို​သူ​သည်​ခ​ရစ်​တော်​၏​တ​ပည့်​ဖြစ် သ​ကဲ့​သို့ ငါ​တို့​သည်​လည်း​ခရစ်​တော်​၏​တ​ပည့် များ​ဖြစ်​ကြောင်း​ကို​ပြန်​လည်​စဉ်း​စား​ကြည့် စေ။- \v 8 အ​ကယ်​၍​ငါ​သည်​သ​ခင်​ဘု​ရား​ပေး​တော်​မူ သော​အာ​ဏာ​နှင့်​ပတ်​သက်​၍ အ​လွန်​အ​ကျွံ ဝါ​ကြွား​မိ​ခဲ့​လျှင်​လည်း​မ​ရှက်​ပါ။ ထို​အာ ဏာ​သည်​သင်​တို့​အား​ဖြို​ဖျက်​ရန်​အ​တွက် မ​ဟုတ်။ ပြု​စု​ပျိုး​ထောင်​ပေး​ရန်​အ​တွက် ဖြစ်​ပေ​သည်။- \v 9 သို့​ဖြစ်​၍​ငါ​သည်​စာ​များ​ရေး​၍​သင်​တို့ အား​ခြောက်​လှန့်​နေ​သည်​ဟု​မ​ထင်​စေ​လို။- \v 10 ``ပေါ​လု​၏​စာ​များ​သည်​ပြင်း​ထန်​၍​အာ​ဏာ ပါ​သည့်​စာ​များ​ဖြစ်​၏။ သို့​သော်​ငါ​တို့​ရှေ့​မှောက် ၌​မူ​သူ​သည်​သတ္တိ​ကြောင်​သူ၊ အ​ဟော​အ​ပြော ညံ့​သူ​ဖြစ်​သည်'' ဟု​ပြော​ဆို​သူ​ရှိ​လိမ့်​မည်။- \v 11 ငါ​တို့​သည်​အ​ဝေး​၌​ရှိ​စဉ်​အ​ခါ​က​စာ​ရေး ပြော​ကြား​လိုက်​သည်​အ​တိုင်း​ပင် လူ​ကိုယ်​တိုင် ရောက်​ရှိ​လာ​ချိန်​၌​ပြု​မူ​ဆောင်​ရွက်​မည်​ဖြစ် ကြောင်း​ထို​သူ​အား​အ​သိ​ပေး​လိုက်​သည်။ \p \v 12 မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​ပြော​ဆို​သူ​တို့​၏​လူ တန်း​စား​တွင်​ငါ​တို့​သည်​မ​ပါ​ဝင်​ဝံ့​ပါ။ သင်​တို့ နှင့်​နှိုင်း​ယှဉ်​ရန်​လည်း​မ​ဝံ့​ပါ။ မိ​မိ​တို့​ကိုယ်​ကို စံ​ထား​၍ မိ​မိ​တို့​ကိုယ်​ကို​အ​ကဲ​ဖြတ်​သူ​များ သည်​လွန်​စွာ​မိုက်​မဲ​လှ​ပါ​သည်​တ​ကား။- \v 13 ငါ​တို့​မူ​ကား​ဝါ​ကြွား​သင့်​သည့်​အ​တိုင်း အ​တာ​ကို​ကျော်​လွန်​၍​ဝါ​ကြွား​ကြ​မည်​မ ဟုတ်။ သင်​တို့​တွင်​ငါ​တို့​လုပ်​ဆောင်​သော​လုပ် ငန်း​အ​ပါ​အ​ဝင်​ငါ​တို့​လုပ်​ဆောင်​ရန် ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​သတ်​မှတ်​ပေး​တော်​မူ သည့်​လုပ်​ငန်း​နယ်​ပယ်​အ​တွင်း​၌​သာ​ငါ​တို့ ဝါ​ကြွား​ကြ​၏။- \v 14 သင်​တို့​သည်​ငါ​တို့​အ​တွက်​ဘု​ရား​သ​ခင်​သတ် မှတ်​ထား​သော​လုပ်​ငန်း​နယ်​ပယ်​အ​တွင်း​ပါ​ဝင် သ​ဖြင့် ငါ​တို့​သည်​ခ​ရစ်​တော်​အ​ကြောင်း​သ​တင်း ကောင်း​ကို​သင်​တို့​ထံ​သို့​ယူ​ဆောင်​လာ​ရာ​၌​နယ် ကျော်​ရာ​မ​ကျ။- \v 15 သို့​ဖြစ်​၍​ငါ​တို့​သည်​ဘု​ရား​သ​ခင်​သတ်​မှတ် ပေး​သည့်​လုပ်​ငန်း​အ​တွက်​မှ​လွဲ​၍ သူ​တစ်​ပါး တို့​၏​လုပ်​ဆောင်​ချက်​များ​အ​တွက်​ဂုဏ်​ယူ ဝါ​ကြွား​မှု​မ​ပြု။ သင်​တို့​၏​ယုံ​ကြည်​ခြင်း ပါ​ရ​မီ​ရင့်​လာ​သည်​နှင့်​အ​မျှ ငါ​တို့​အ​တွက် ဘု​ရား​သ​ခင်​သတ်​မှတ်​ပေး​တော်​မူ​သည့်​နယ် ပယ်​အ​တွင်း သင်​တို့​ထံ​တွင်​အ​မှု​တော်​တို့ ကို​တိုး​ချဲ့​ဆောင်​ရွက်​နိုင်​ရန်​မျှော်​လင့်​၏။- \v 16 ထို​နောက်​ငါ​တို့​သည်​သင်​တို့​၏​ဒေ​သ​ကို​ကျော် လွန်​၍ အ​ခြား​ဒေ​သ​သစ်​များ​တွင်​သ​ခင်​ယေ​ရှု အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ နိုင်​သ​ဖြင့် သူ​တစ်​ပါး​တို့​၏​နယ်​ပယ်​အ​တွင်း​၌ ပြီး​စီး​ခဲ့​သည့်​ဆောင်​ရွက်​ချက်​များ​အ​တွက် ငါ တို့​ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ​မ​လို​တော့​ပေ။ \p \v 17 ကျမ်း​စာ​တော်​က ``ဂုဏ်​ယူ​ဝါ​ကြွား​လို​သူ​သည် သ​ခင်​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​အ​တွက် သာ​ဂုဏ်​ယူ​ဝါ​ကြွား​ရ​မည်'' ဟု​ဆို​၏။-\x + \xo 10:17 \xt ယေ၊ ၉:၂၄။\x* \v 18 အ​ဘယ်​ကြောင့်​ဆို​သော်​သ​ခင်​ဘု​ရား​နှစ်​သက် တော်​မူ​သော​သူ​ဟူ​သည်​မှာ မိ​မိ​ကိုယ်​ကို​ချီး မြှောက်​သော​သူ​မ​ဟုတ်။ ကိုယ်​တော်​က​ချီး​မြှောက် တော်​မူ​သော​သူ​ဖြစ်​သော​ကြောင့်​တည်း။ \b \c 11 \s1 ပေါ​လု​နှင့်​တ​မန်​တော်​အ​တု​များ \p \v 1 ငါ​၏​အ​နည်း​ငယ်​မိုက်​မဲ​မှု​ကို​သင်​တို့​သည်း​ခံ ကြ​လိမ့်​မည်​ဟု​မျှော်​လင့်​ပါ​၏။ ကျေး​ဇူး​ပြု​၍ သည်း​ခံ​ကြ​လော့။- \v 2 ဘု​ရား​သ​ခင်​သည်​သင်​တို့​ကို​မ​နာ​လို​စိတ်​ရှိ တော်​မူ​သ​ကဲ့​သို့ ငါ​သည်​သင်​တို့​ကို​မ​နာ​လို စိတ်​ရှိ​၏။ သင်​တို့​သည်​ခ​ရစ်​တော်​တစ်​ဦး​တည်း နှင့်​စုံ​ဖက်​ထိမ်း​မြား​ရန် ငါ​က​တိ​ပြု​ထား​သည့် အ​ပျို​စင်​နှင့်​တူ​ကြ​၏။- \v 3 ဧ​ဝ​သည်​မြွေ​၏​ကောက်​ကျစ်​စဉ်း​လဲ​မှု​ဖြင့် အ​လှည့်​စား​ခံ​ရ​သ​ကဲ့​သို့​သင်​တို့​သည်​လည်း စိတ်​ဖောက်​ပြန်​ကာ ခ​ရစ်​တော်​အား​အ​ကြွင်း​မဲ့ ချစ်​ခင်​စွဲ​လမ်း​မှု​ကို​စွန့်​လွှတ်​လိုက်​ကြ​မည် လော​ဟု​ငါ​စိုး​ရိမ်​မိ​၏။-\x + \xo 11:3 \xt က၊ ၃:၁-၅၊ ၁၃။\x* \v 4 လူ​တစ်​စုံ​တစ်​ယောက်​သည်​သင်​တို့​ထံ​ရောက်​လာ​၍ ငါ​တို့​မ​ကြေ​ညာ​ဘူး​သည့်​အ​ခြား​တစ်​ပါး​သော ယေ​ရှု​၏​အ​ကြောင်း​ကို​ဟော​ပြော​ကြေ​ညာ​သော အ​ခါ သင်​တို့​သည်​ဝမ်း​မြောက်​စွာ​လက်​ခံ​ခွင့်​ပြု ကြ​၏။ သင်​တို့​သည်​ငါ​တို့​ထံ​မှ​ကြား​သိ​ရ​သည့် သ​တင်း​ကောင်း​နှင့်​လုံး​ဝ​မ​တူ​သည့်​သ​တင်း ကောင်း​ကို​လည်း​ကောင်း၊ ယ​ခင်​က​ခံ​ယူ​ရ​ရှိ သည့်​ဝိ​ညာဉ်​တော်​နှင့်​လုံး​ဝ​ကွဲ​ပြား​ခြား​နား သည့်​ဝိ​ညာဉ်​ကို​လည်း​ကောင်း​လက်​ခံ​ကြ​၏။ \p \v 5 ငါ​သည်​သင်​တို့​၏​ထူး​မြတ်​လှ​သည့်​တ​မန် တော်​များ​ထက်​အ​နည်း​ငယ်​မျှ​မ​နိမ့်​ဟု​ငါ ယူ​ဆ​၏။- \v 6 ငါ​သည်​အ​ဟော​အ​ပြော​ညံ့​သော်​လည်း​အ​သိ ပ​ညာ​မ​ညံ့။ ငါ​တို့​သည်​အ​ခါ​ခပ်​သိမ်း​အ​ခြေ အ​နေ​အ​မျိုး​မျိုး​တွင်​ဤ​အ​ချက်​ကို​သင်​တို့ အား​ကောင်း​စွာ​သိ​စေ​ခဲ့​၏။ \p \v 7 ငါ​သည်​သင်​တို့​၏​ဂုဏ်​ကို​မြှင့်​တင်​ရန် မိ​မိ​ကိုယ် ကို​နှိမ့်​ချ​လျက် ဘု​ရား​သ​ခင်​၏​သ​တင်း​ကောင်း ကို​သင်​တို့​အား​အ​ခ​မဲ့​ကြေ​ညာ​ခြင်း​သည် မှား​ယွင်း​ပါ​သ​လော။- \v 8 ငါ​သည်​သင်​တို့​ထံ​တွင်​အ​မှု​တော်​ဆောင်​စဉ်​ကုန် ကျ​သည့်​စ​ရိတ်​များ​ကို​အ​ခြား​အ​သင်း​တော် များ​အား​ကျ​ခံ​စေ​ခဲ့​၏။ ငါ​တို့​သည်​သင်​တို့​ကို ကူ​ညီ​မ​စ​နိုင်​ရန်​ထို​အ​သင်း​တော်​များ​ကို ဋ္ဌား​ပြ​တိုက်​ရ​သ​ကဲ့​သို့​ဖြစ်​၏။- \v 9 ထို့​အ​ပြင်​ငါ​သည်​သင်​တို့​ထံ​၌​ရှိ​နေ​စဉ်​ကြေး ငွေ​လို​အပ်​ချိန်​၌​သင်​တို့​အား​ဒုက္ခ​မ​ပေး​ခဲ့။ မာ ကေ​ဒေါ​နိ​ပြည်​မှ​လာ​ကြ​သည့်​ညီ​အစ်​ကို​များ က​ငါ​လို​သ​မျှ​ကို​ယူ​ဆောင်​လာ​ကြ​၏။ ငါ သည်​မိ​မိ​၏​အ​တွက်​မည်​သို့​မျှ​သင်​တို့​အား ဝန်​မ​လေး​စေ​ခဲ့။ နောင်​ကို​လည်း​ဝန်​လေး​စေ​မည် မ​ဟုတ်။-\x + \xo 11:9 \xt ဖိ၊ ၄:၁၅-၁၈။\x* \v 10 ဤ​သို့​ငါ​ဝါ​ကြွား​သည်​ကို​အ​ခါ​ယ​ပြည်​တစ် လျှောက်​လုံး​တွင်​မည်​သူ​မျှ​ပိတ်​ပင်​၍​ရ​လိမ့်​မည် မ​ဟုတ်​ကြောင်း ငါ​၌​ရှိ​သော​ခ​ရစ်​တော်​၏​သစ္စာ တ​ရား​တော်​ကို​အ​မှီ​ပြု​၍​ငါ​ဆို​၏။- \v 11 အ​ဘယ်​ကြောင့်​ဤ​သို့​ငါ​ဆို​ရ​သ​နည်း။ သင်​တို့ အား​မ​ချစ်​၍​လော။ ငါ​ချစ်​ကြောင်း​ကို​ဘု​ရား သ​ခင်​သိ​တော်​မူ​၏။ \p \v 12 သို့​ရာ​တွင်​ငါ​တို့​ကဲ့​သို့​လုပ်​ဆောင်​သည်​ဟူ​၍ ကြွား​ဝါ​ပြော​ဆို​ခွင့်​ကို​ထို​တ​မန်​တော်​တို့​မ​ရ နိုင်​ကြ​စေ​ရန် ငါ​သည်​ယ​ခု​အ​တိုင်း​ဆက်​လက် လုပ်​ဆောင်​သွား​မည်။- \v 13 ထို​သူ​တို့​ကား​တ​မန်​တော်​အ​တု​များ​သာ​ဖြစ် ကြ​၏။ မိ​မိ​တို့​ကိုယ်​ကို​ခ​ရစ်​တော်​၏​တ​မန်​တော် များ​အ​ဖြစ်​ယောင်​ဆောင်​လျက်​လှည့်​စား​လုပ် ဆောင်​သူ​များ​တည်း။- \v 14 သူ​တို့​ဤ​သို့​ပြု​ကြ​သည်​မှာ​အံ့​သြ​စ​ရာ​မ​ဟုတ်။ စာ​တန်​ပင်​လျှင်​အ​လင်း​၏​ကောင်း​ကင်​တ​မန် အ​သွင်​ကို​ယူ​ဆောင်​နိုင်​ပေ​သည်။- \v 15 သို့​ဖြစ်​၍​သူ​၏​တ​ပည့်​များ​သည်​ဖြောင့်​မတ်​ခြင်း တ​ရား​ကို​ဟော​ပြော​ကြေ​ညာ​သူ​များ​အ​ဖြစ် ယောင်​ဆောင်​ကြ​သည်​မှာ​အံ့​သြ​စ​ရာ​မ​ဟုတ် ပေ။ နောက်​ဆုံး​၌​သူ​တို့​သည်​မိ​မိ​တို့​ကျင့်​ကြံ ပြု​မူ​သည်​အ​တိုင်း​ထိုက်​သင့်​ရာ​အ​ကျိုး အ​ပြစ်​ကို​ခံ​စား​ကြ​ရ​လိမ့်​မည်။ \b \s1 တ​မန်​တော်​အ​နေ​ဖြင့်​ပေါ​လု​ခံ​ရ​သော ဆင်း​ရဲ​ဒုက္ခ​များ \p \v 16 တစ်​ဖန်​ငါ​ဆို​သည်​ကား​ငါ့​အား​လူ​မိုက်​ဟု အ​ဘယ်​သူ​မျှ​မ​ထင်​မ​မှတ်​စေ​နှင့်။ သို့​ရာ​တွင် သင်​တို့​ထင်​မှတ်​ကြ​လျှင်​လည်း​လူ​မိုက်​အ​ဖြစ် ဖြင့်​ပင်​ငါ့​အား​လက်​ခံ​ကြ​လော့။ သို့​မှ​သာ လျှင်​ငါ့​မှာ​ကြွား​ဝါ​စ​ရာ​အ​ခွင့်​အ​နည်း ငယ်​ရ​ရှိ​နိုင်​ပေ​မည်။- \v 17 ယ​ခု​ကြွား​ဝါ​ပြော​ဆို​နေ​ခြင်း​သည်​သ​ခင် ဘု​ရား​၏​အ​လို​တော်​အ​ရ​မ​ဟုတ်။ လူ​မိုက် ကဲ့​သို့​ငါ​ကြွား​ဝါ​ပြော​ဆို​နေ​ခြင်း​ဖြစ်​၏။- \v 18 သို့​သော်​လူ​အ​များ​က​လော​ကီ​အ​ရာ​များ အ​တွက်​ကြွား​ဝါ​တတ်​ကြ​သည်​ဖြစ်​ရာ ငါ သည်​လည်း​ကြွား​ဝါ​မည်။- \v 19 သင်​တို့​သည်​ပ​ညာ​ရှိ​ကြီး​များ​ဖြစ်​သ​ဖြင့် လူ မိုက်​များ​ကို​ဝမ်း​မြောက်​စွာ​သည်း​ခံ​ကြ​ပေ​သည်။- \v 20 သင်​တို့​သည်​မိ​မိ​တို့​အား​စေ​စား​သူ၊ အ​ခွင့် ကောင်း​ယူ​သူ၊ အ​မြတ်​ထုတ်​သူ၊ အ​ထင်​အ​မြင် သေး​သူ၊ ပါး​ရိုက်​သူ​တို့​ကို​သည်း​ခံ​ကြ​၏။- \v 21 ငါ​တို့​သည်​ဤ​သို့​သော​အ​မှု​တို့​ကို​သင်​တို့​အား ပြု​ရန်​သတ္တိ​မ​ရှိ​ကြောင်း​ကို​ရှက်​ရှက်​နှင့်​ပင်​ငါ ဝန်​ခံ​၏။ \p သို့​ရာ​တွင်​လူ​မိုက်​အ​နေ​နှင့်​ပြော​ရ​မည်​ဆို​လျှင် အ​ကယ်​၍​တစ်​စုံ​တစ်​ယောက်​က​အ​ရာ​တစ်​ခု အ​တွက်​ကြွား​ဝါ​ပါ​က​ငါ​လည်း​ကြွား​ဝါ နိုင်​၏။- \v 22 သူ​တို့​သည်​ဟေ​ဗြဲ​အ​မျိုး​သား​ဖြစ်​သည်​ဟု ဆို​လျှင် ငါ​လည်း​ဖြစ်​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​များ​ဖြစ်​သည်​ဟု​ဆို​လျှင် ငါ​လည်း ဖြစ်​၏။ သူ​တို့​သည်​အာ​ဗြ​ဟံ​၏​အ​မျိုး​အ​နွယ် များ​ဖြစ်​သည်​ဟု​ဆို​လျှင် ငါ​လည်း​ဖြစ်​၏။- \v 23 သူ​တို့​သည်​ခ​ရစ်​တော်​၏​အ​မှု​တော်​ဆောင်​များ ဖြစ်​သည်​ဟု​ဆို​လျှင် ငါ​သည်​အ​ထူး​သ​ဖြင့် ဖြစ်​၏​ဟု​သူ​ရူး​ကဲ့​သို့​ငါ​ဆို​၏။ ငါ​သည်​ထို သူ​တို့​ထက်​ပို​၍​အ​ပင်​ပန်း​ခံ​ကာ​အ​မှု​တော် ကို​ဆောင်​ခဲ့​၏။ သူ​တို့​ထက်​ပို​၍​အ​ကြိမ်​ပေါင်း များ​စွာ​ထောင်​ကျ​ခဲ့​၏။ ပို​၍​ကြိမ်​ဒဏ်​ခံ​ခဲ့ ရ​၏။ သေ​ဘေး​နှင့်​ရင်​ဆိုင်​ခဲ့​သည်​မှာ​အ​ကြိမ် ပေါင်း​ပို​၍​များ​၏။-\x + \xo 11:23 \xt တ၊ ၁၆:၂၃။\x* \v 24 ယု​ဒ​အ​မျိုး​သား​တို့​သည်​ငါ့​အား​သုံး​ဆယ့် ကိုး​ချက်​ရိုက်​ဒဏ်​ကို​ငါး​ကြိမ်​တိုင်​တိုင်​ပေး ခဲ့​ကြ​၏။-\x + \xo 11:24 \xt တရား၊ ၂၅:၃။\x* \v 25 ရော​မ​အ​မျိုး​သား​တို့​ထံ​၌​ငါ​သည်​သုံး​ကြိမ် တိုင်​တိုင်​ကြိမ်​ဒဏ်​ခံ​ခဲ့​ရ​သည်။ ခဲ​နှင့်​အ​ပေါက် ခံ​ရ​သည်​မှာ​တစ်​ကြိမ်၊ သင်္ဘော​ပျက်​သည်​မှာ သုံး​ကြိမ်​ဖြစ်​၏။ ပင်​လယ်​ပြင်​တွင်​နှစ်​ဆယ့် လေး​နာ​ရီ​မျော​ခဲ့​ရ​၏။-\x + \xo 11:25 \xt တ၊ ၁၆:၂၂၊ ၁၄:၁၉။\x* \v 26 ငါ​သည်​ခ​ရီး​အ​ကြိမ်​ကြိမ်​ပြု​ရာ​တွင်​မြစ် ရေ​လျှံ​သည့်​ဘေး၊ ဋ္ဌား​ပြ​များ​၏​ဘေး၊ ငါ့ လူ​မျိုး​များ​ဖြစ်​သော​ယု​ဒ​ပြည်​သူ​တို့​၏ ဘေး၊ လူ​မျိုး​ခြား​တို့​၏​ဘေး၊ မြို့​ကြီး​များ တွင်​တွေ့​ရ​တတ်​သည့်​ဘေး၊ တော​ကျေး​လက် ၌​ဆိုက်​ရောက်​တတ်​သည့်​ဘေး၊ ပင်​လယ်​ဘေး၊ မိတ်​ဆွေ​အ​တု​အ​ယောင်​တို့​၏​ဘေး​များ နှင့်​ကြုံ​တွေ့​ခဲ့​ရ​၏။-\x + \xo 11:26 \xt တ၊ ၉:၂၃၊ ၁၄:၁၅။\x* \v 27 အ​လုပ်​ကို​ပင်​ပန်း​ခက်​ခဲ​စွာ​လုပ်​ကိုင်​ရ​ခြင်း မ​ကြာ​ခ​ဏ​အ​အိပ်​ပျက်​ခြင်း၊ ဆာ​လောင် မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ မ​ကြာ​ခ​ဏ ဝ​အောင်​မ​စား​ရ​ခြင်း၊ အ​အေး​ဒဏ်​ခံ​ရ ခြင်း၊ ဝတ်​စ​ရာ​လည်း​လုံ​လောက်​စွာ​မ​ရှိ ခြင်း​များ​ကို​ငါ​ခံ​ရ​၏။- \v 28 ဤ​ဆင်း​ရဲ​ဒုက္ခ​များ​နှင့်​အ​ခြား​ဆင်း​ရဲ​ဒုက္ခ များ​အ​ပြင်​အ​သင်း​တော်​တို့​အ​တွက်​နေ့ စဉ်​စိုး​ရိမ်​ပူ​ပန်​လျက်​ရှိ​ရ​၏။- \v 29 အား​နည်း​သူ​ရှိ​လျှင်​ငါ​သည်​လည်း​အား​နည်း ရ​၏။ အ​ပြစ်​ကူး​သူ​ရှိ​လျှင်​ငါ​သည်​ပူ​ပန် ရ​၏။ \p \v 30 ငါ​သည်​ဝါ​ကြွား​ရ​မည်​ဆို​လျှင် မိ​မိ​၏​အား နည်း​မှု​ကို​သာ​အ​ကြောင်း​ပြု​၍​ဝါ​ကြွား​မည်။- \v 31 ငါ​သည်​လိမ်​လည်​၍​မ​ပြော​ကြောင်း​ကို သ​ခင် ယေ​ရှု​၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​သိ​တော် မူ​၏။ ထို​အ​ရှင်​၏​နာ​မ​တော်​သည်​ထာ​ဝ​စဉ် မင်္ဂ​လာ​ရှိ​တော်​မူ​ပါ​စေ​သ​တည်း။- \v 32 ငါ​သည်​ဒ​မာ​သက်​မြို့​၌​ရှိ​စဉ်​အ​ရေ​တ ဘု​ရင်​၏​လက်​အောက်​ခံ​ဘု​ရင်​ခံ​သည် ငါ့ အား​ဖမ်း​ဆီး​ရန်​မြို့​တံ​ခါး​များ​တွင်​တပ် သား​များ​ကို​အ​စောင့်​ချ​ထား​၏။- \v 33 သို့​ရာ​တွင်​တ​ပည့်​တော်​တို့​သည်​ငါ့​ကို​တောင်း တွင်​ထည့်​၍ ပြူ​တင်း​ပေါက်​မှ​မြို့​ရိုး​က​လျှော​ချ ကြ​သ​ဖြင့် ငါ​သည်​ထို​ဘု​ရင်​ခံ​၏​လက်​မှ လွတ်​မြောက်​ရ​ပေ​သည်။\x + \xo 11:33 \xt တ၊ ၉:၂၃-၂၅။\x* \b \c 12 \s1 ရှင်​ပေါ​လု​ခံ​ယူ​ရ​ရှိ​သည့်​ရူ​ပါ​ရုံ​များ​နှင့် ဗျာ​ဒိတ်​တော်​များ \p \v 1 ဝါ​ကြွား​ခြင်း​သည်​အ​ကျိုး​မ​ရှိ​သော်​လည်း​ငါ ဝါ​ကြွား​ရ​ဦး​မည်။ သို့​ဖြစ်​၍​သ​ခင်​ဘု​ရား ငါ့​အား​ပြ​တော်​မူ​သော​ရူ​ပါ​ရုံ​များ​နှင့် ဗျာ​ဒိတ်​တော်​များ​အ​ကြောင်း​ကို​ဖော်​ပြ​မည်။- \v 2 ခရစ်​တော်​၏​တ​ပည့်​တော်​တစ်​ဦး​သည်​လွန်​ခဲ့ သော​တစ်​ဆယ့်​လေး​နှစ်​က​ကောင်း​ကင်​ဘုံ တ​တိ​ယ​အ​ဆင့်​သို့​တိုင်​အောင်​ချီ​ဆောင် ခြင်း​ကို​ခံ​ရ​သည်​ကို​ငါ​သိ​၏။ (ဤ​သို့ ချီ​ဆောင်​ခြင်း​ခံ​ရ​သည်​မှာ​တ​ကယ့်​ဖြစ် ပျက်​သ​လား၊ သို့​မ​ဟုတ်​ရူ​ပါ​ရုံ​လား​ငါ မ​သိ။ ဘု​ရား​သ​ခင်​သာ​လျှင်​သိ​တော်​မူ​၏။-) \v 3-4 တစ်​ဖန်​ငါ​ဆို​သည်​ကား​ထို​သူ​သည်​ပ​ရ​ဒိ​သု ဘုံ​သို့​ချီ​ဆောင်​ခြင်း​ကို​ခံ​ရ​၍​လူ​တို့​နှုတ်​ဖြင့် မ​မြွက်​မ​ဆို​အပ်၊ မြွက်​ဆို​၍​လည်း​မ​ဖြစ်​နိုင် သည့်​စ​ကား​များ​ကြား​ရ​သည်​ကို​ငါ​သိ​၏။ (ထို​သို့​ချီ​ဆောင်​ခြင်း​ကို​ခံ​ရ​သည်​မှာ တ​ကယ်​ဖြစ်​ပျက်​သ​လား​သို့​မ​ဟုတ်​ရူ​ပါ​ရုံ လား​ငါ​မ​သိ။ ဘု​ရား​သ​ခင်​သာ​လျှင်​သိ တော်​မူ​၏။-) \v 5 သို့​ဖြစ်​၍​ထို​သူ​၏​အ​ကြောင်း​ကို​ငါ​ကြွား ဝါ​မည်။ သို့​သော်​မိ​မိ​၏​အား​နည်း​ချက်​များ မှ​တစ်​ပါး​အ​ခြား​အ​ရာ​များ​အ​ကြောင်း ကို​ကြွား​ဝါ​လိမ့်​မည်​မ​ဟုတ်။- \v 6 ငါ​ကြွား​ဝါ​လို​ပါ​မူ​သူ​ရူး​ဖြစ်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ဟုတ်​မှန်​သည့် စ​ကား​ကို​သာ​ပြော​ဆို​ခြင်း​ဖြစ်​မည်။ သို့​သော် အ​ဘယ်​သူ​မျှ​မိ​မိ​ကိုယ်​တိုင်​မြင်​ရ​ကြား ရ​သည်​ထက်​ပို​၍ ငါ့​အား​အ​ထင်​မ​ကြီး စေ​လို​သ​ဖြင့်​ငါ​သည်​ကြွား​ဝါ​လိမ့်​မည် မ​ဟုတ်။ \p \v 7 ငါ​မြင်​ရ​သည့်​အံ့​သြ​ဖွယ်​ရူ​ပါ​ရုံ​များ ကြောင့်​ငါ့​ကိုယ်​ကို​အ​ထင်​မ​ကြီး​စေ​ရန်​ငါ သည်​မိ​မိ​ကိုယ်​ခန္ဓာ​တွင်​နာ​ကျင်​သော ဝေ​ဒ​နာ​ကို​ခံ​စား​နေ​ရ​၏။ ထို​ဝေ​ဒ​နာ သည်​စာ​တန်​၏​စေ​တ​မန်​သ​ဖွယ်​ငါ့​ကို ဒဏ်​ခတ်​၍​ငါ​၏​မာန်​မာ​န​ကို​ချိုး​နှိမ်​၏။- \v 8 ထို​ဝေ​ဒ​နာ​ကို​ဖယ်​ရှား​ပေး​တော်​မူ​ရန်​ငါ သည်​သ​ခင်​ဘု​ရား​ထံ​တော်​သို့​သုံး​ကြိမ် တိုင်​တိုင်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ခဲ့​၏။ သို့​ရာ တွင်​ကိုယ်​တော်​က ``ငါ​၏​ကျေး​ဇူး​တော်​ကို သာ​လျှင်​သင်​လို​အပ်​ပေ​သည်။ သင်​အား နည်း​သော​အ​ခါ​ငါ့​တန်​ခိုး​သည်​အ​ထင် ရှား​ဆုံး​ဖြစ်​၏'' ဟု​ဖြေ​ကြား​တော်​မူ​၏။- \v 9 သို့​ဖြစ်​၍​ငါ​သည်​ခ​ရစ်​တော်​၏​တန်​ခိုး တော်​တွင်​ခို​လှုံ​နိုင်​ရန် ငါ​၏​အား​နည်း​ချက် များ​ကြောင့်​အ​ထူး​ဝမ်း​မြောက်​လျက်​ဂုဏ် ယူ​ဝါ​ကြွား​၏။- \v 10 ငါ​သည်​အား​နည်း​သော​အ​ခါ​၌​တန်​ခိုး​နှင့် ပြည့်​စုံ​လျက်​ရှိ​သ​ဖြင့် ခ​ရစ်​တော်​၏​အ​တွက် ကြောင့်​အား​နည်း​ခြင်း၊ စော်​ကား​ခြင်း၊ ဆင်း​ရဲ ခြင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​နှင့်​အ​နှောင့် အ​ယှက်​တို့​ကို​ခံ​နေ​ရ​စဉ်​ရောင့်​ရဲ​တင်း​တိမ် မှု​ရှိ​၏။ \b \s1 ကော​ရိန္သု​အ​သင်း​သား​များ​အ​တွက်​ပေါ​လု​၏ စိုး​ရိမ်​ကြောင့်​ကြ​မှု \p \v 11 ငါ​သည်​လူ​မိုက်​ကဲ့​သို့​ပြု​လေ​ပြီ။ သို့​ရာ​တွင် သင်​တို့​က​ငါ့​ကို​လူ​မိုက်​ဖြစ်​အောင်​ပြု​ကြ​၏။ သင်​တို့​သည်​ငါ့​ကို​ထောက်​ခံ​သင့်​သူ​များ ဖြစ်​ပေ​သည်။ ငါ​သည်​မ​ရေ​ရာ​သော​သူ​ဖြစ် စေ​ကာ​မူ​သင်​တို့​၏​ထူး​မြတ်​သည့်​တ​မန် တော်​များ​ထက်​အ​ဘယ်​နည်း​နှင့်​မျှ​မ​ညံ့။- \v 12 ငါ​သည်​တ​မန်​တော်​တစ်​ပါး​ဖြစ်​ကြောင်း​ကို နိ​မိတ်​လက္ခ​ဏာ​များ၊ အံ့​ဖွယ်​ရာ​များ​အား ဖြင့်​သင်​တို့​အား​စိတ်​ရှည်​လက်​ရှည်​ငါ သက်​သေ​ပြ​ခဲ့​၏။- \v 13 သင်​တို့​အား​ငွေ​ရေး​ကြေး​ရေး​တာ​ဝန်​ကို မ​ပေး​ခဲ့​သည်​မှ​အ​ပ ငါ​သည်​သင်​တို့​အား အ​ခြား​အ​သင်း​တော်​များ​နှင့်​တန်း​တူ​ထား ၍​ဆက်​ဆံ​ခဲ့​၏။ ဤ​သို့​မ​မျှ​မ​တ​ပြု​မိ သည့်​အ​တွက်​ငါ့​အား​ခွင့်​လွှတ်​ကြ​ရန် တောင်း​ပန်​ပါ​၏။ \p \v 14 ငါ​သည်​ယ​ခု​သင်​တို့​ထံ​သို့​တ​တိ​ယ​အ​ကြိမ် လာ​ရန်​အ​သင့်​ရှိ​ပြီ။ သို့​ရာ​တွင်​ငါ​၏​အ​တွက် သင်​တို့​အား​တာ​ဝန်​ကြီး​လေး​စေ​မည်​မ​ဟုတ်။ သင်​တို့​၏​ငွေ​ကြေး​ဥစ္စာ​များ​ကို​ငါ​အ​လို မ​ရှိ။ သင်​တို့​ကို​သာ​လျှင်​ငါ​အ​လို​ရှိ​၏။ သား သ​မီး​များ​က​မိ​ဘ​များ​အ​ဖို့​စု​ဆောင်း ရ​ကြ​သည်​မ​ဟုတ်။ မိ​ဘ​များ​က​သာ​လျှင် သား​သ​မီး​များ​အ​ဖို့​စု​ဆောင်း​ရ​ကြ​သည်။- \v 15 ငါ​သည်​သင်​တို့​ကို​ကူ​ညီ​ရန်​ဝမ်း​မြောက်​စွာ မိ​မိ​၏​ဥစ္စာ​နှင့်​အား​အင်​ကို​ကုန်​ခန်း​စေ​မည်။ ငါ​သည်​သင်​တို့​ကို​ဤ​မျှ​ချစ်​လျှင်​သင်​တို့ က​ငါ့​ကို​လျော့​၍​ချစ်​ကြ​မည်​လော။ \p \v 16 ငါ​သည်​သင်​တို့​အား​ဝန်​မ​လေး​စေ​ခဲ့​ကြောင်း ကို​သင်​တို့​ဝန်​ခံ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​သည် ပ​ရိ​ယာယ်​ဖြင့်​သင်​တို့​အား​လိမ်​လည်​လှည့်​စား ခဲ့​သည်​ဟု​တစ်​စုံ​တစ်​ယောက်​က​စွပ်​စွဲ​လိမ့်​မည်။- \v 17 မည်​ကဲ့​သို့​ငါ​လှည့်​စား​ခဲ့​သ​နည်း။ သင်​တို့​ထံ သို့​ငါ​စေ​လွှတ်​သူ​တစ်​ဦး​ဦး​အား​ဖြင့် ငါ သည်​သင်​တို့​ထံ​မှ​အ​ခွင့်​ကောင်း​ယူ​ခဲ့​ဖူး သ​လော။- \v 18 ငါ​သည်​တိ​တု​အား​သင်​တို့​ထံ​သို့​သွား​ရန် တောင်း​ပန်​စေ​လွှတ်​ခဲ့​၏။ အ​ခြား​ခ​ရစ်​ယာန် ညီ​အစ်​ကို​တစ်​ဦး​ကို​လည်း​သူ​နှင့်​အ​တူ ထည့်​လိုက်​၏။ တိ​တု​သည်​သင်​တို့​ထံ​မှ အ​ခွင့်​ကောင်း​ယူ​ခဲ့​သည်​ဟု​ဆို​မည်​လော။ သူ​နှင့်​ငါ​သည်​သ​ဘော​ချင်း​တူ​၍​တစ် လမ်း​တည်း​လိုက်​လျှောက်​ကျင့်​သုံး​ကြ သူ​များ​မ​ဟုတ်​လော။ \p \v 19 ငါ​တို့​သည်​ယ​ခု​တစ်​ချိန်​လုံး​မိ​မိ​တို့​ကိုယ် ကို​ကွယ်​ကာ​ပြော​ဆို​လျက်​နေ​ကြ​သည်​ဟု သင်​တို့​ထင်​ကောင်း​ထင်​ကြ​လိမ့်​မည်။ ငါ​တို့ သည်​ထို​သို့​ပြော​ဆို​နေ​ခြင်း​မ​ဟုတ်။ ခ​ရစ် တော်​သွန်​သင်​ပေး​သည့်​အ​တိုင်း​ဘု​ရား သ​ခင်​ရှေ့​တော်​မှောက်​တွင်​ပြော​ဆို​နေ​ခြင်း သာ​ဖြစ်​၏။ ချစ်​သူ​တို့၊ ငါ​တို့​ပြု​သ​မျှ သော​အ​မှု​အ​ရာ​တို့​သည်​သင်​တို့​၏ အ​ကျိုး​အ​တွက်​ဖြစ်​ပေ​သည်။- \v 20 သင်​တို့​ထံ​ရောက်​သော​အ​ခါ​ငါ​တွေ့​မြင် လို​သည့်​အ​ခြေ​အ​နေ​မျိုး​တွင်​သင်​တို့ အား​မ​တွေ့​ရ​မည်​ကို​လည်း​ကောင်း၊ သင် တို့​သည်​လည်း​မိ​မိ​တို့​မြင်​လို​သည့်​အ​ခြေ အ​နေ​တွင်​ငါ​တို့​အား​မ​တွေ့​ရ​ကြ​မည် ကို​လည်း​ကောင်း​စိုး​ရိမ်​မိ​၏။ ခိုက်​ရန်​ဖြစ် ခြင်း၊ မ​နာ​လို​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ဂုဏ် ပြိုင်​ခြင်း၊ စော်​ကား​ပြော​ဆို​ခြင်း၊ တီး​တိုး ဂုံး​ချော​ခြင်း၊ မောက်​မာ​ထောင်​လွှား​ခြင်း၊ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​တို့​ကို​ငါ တွေ့​ရ​မည်​ကို​စိုး​ရိမ်​မိ​၏။- \v 21 နောက်​တစ်​ဖန်​သင်​တို့​ထံ​သို့​လာ​သော​အ​ခါ ငါ​၏​ဘု​ရား​သ​ခင်​သည် ငါ့​အား​သင်​တို့​ရှေ့ တွင်​အ​ရှက်​ရ​စေ​တော်​မူ​လိမ့်​မည်​လော​ဟူ​၍ လည်း​ကောင်း၊ ယ​ခင်​က​အ​ပြစ်​ကူး​ခဲ့​ကြ ပြီး​နောက်​ယ​ခု​တိုင်​အောင်​ပင်​နောင်​တ​မ​ရ​ဘဲ အ​ကျင့်​ပျက်​ပြား​လျက်​သူ​တစ်​ပါး​အိမ်​ရာ ကို​ပြစ်​မှား​၍​ကာ​မ​ဂုဏ်​လိုက်​စား​လျက်​ရှိ နေ​ကြ​သူ​များ​အ​တွက် ငါ​သည်​မျက်​ရည် ကျ​ရ​လိမ့်​မည်​လော​ဟူ​၍​လည်း​ကောင်း စိုး​ရိမ်​မိ​၏။ \c 13 \s1 နောက်​ဆုံး​သ​တိ​ပေး​ခြင်း​နှင့်​နှုတ်​ဆက်​ခြင်း \p \v 1 ယ​ခု​ငါ​သည်​တ​တိ​ယ​အ​ကြိမ်​သင်​တို့​ထံ​သို့ လာ​ခဲ့​မည်။ ကျမ်း​စာ​တော်​က​ဖော်​ပြ​သ​ကဲ့​သို့ ``အ​မှု ကိစ္စ​မှန်​သ​မျှ​ကို​သက်​သေ​နှစ်​ဦး​သုံး​ဦး​၏​ထွက် ဆို​ချက်​အ​ရ​စီ​ရင်​ဆုံး​ဖြတ်​ရ​မည်။-''\x + \xo 13:1 \xt တရား၊ ၁၇:၆၊ ၁၉:၁၅။\x* \v 2 ဒု​တိ​ယ​အ​ကြိမ်​ငါ​လာ​ရောက်​ခဲ့​စဉ်​အ​ခါ​က ``နောက် တစ်​ကြိမ်​ငါ​လာ​လျှင်​သင်​တို့​အား​ငါ​ညှာ​တာ​လိမ့် မည်​မ​ဟုတ်'' ဟု​ယ​ခင်​အ​ပြစ်​ကူး​ခဲ့​သူ​များ​နှင့် အ​ခြား​သူ​အ​ပေါင်း​တို့​အား​ငါ​ကိုယ်​တိုင်​ကြို တင်​သ​တိ​ပေး​ခဲ့​၏။ ယ​ခု​လည်း​ဤ​အ​တိုင်း ပင်​အ​ဝေး​မှ​ငါ​ထပ်​မံ​၍​သ​တိ​ပေး​လိုက်​၏။- \v 3 ခ​ရစ်​တော်​သည်​ငါ့​အား​ဖြင့်​မိန့်​တော်​မူ​ကြောင်း သက်​သေ​ကို​သင်​တို့​တောင်း​ဆို​ကြ​သည့်​အ​တိုင်း ငါ​လာ​သော​အ​ခါ​ရ​စေ​မည်။ ခ​ရစ်​တော်​သည်​သင် တို့​နှင့်​ဆက်​ဆံ​သော​အ​ခါ​စွမ်း​အား​နည်း​တော် မ​မူ​ဘဲ မိ​မိ​၏​တန်​ခိုး​တော်​ကို​သင်​တို့​အား ထင်​ရှား​စွာ​ပြ​တော်​မူ​၏။- \v 4 ကိုယ်​တော်​သည်​လက်​ဝါး​ကပ်​တိုင်​တွင်​အ​သတ်​ခံ​ရ စဉ်​အ​ခါ​၌​စွမ်း​အား​နည်း​သည့်​အ​ခြေ​အ​နေ​၌ ရှိ​တော်​မူ​ခဲ့​သော်​လည်း၊ ယ​ခု​အ​ခါ​ဘု​ရား​သ​ခင် ၏​တန်​ခိုး​တော်​အား​ဖြင့်​အ​သက်​ရှင်​လျက်​နေ​တော် မူ​လေ​ပြီ။ ငါ​တို့​သည်​လည်း​ကိုယ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ရှိ​သ​ဖြင့်​စွမ်း​အား​နည်း​ရ​ကြ​၏။ သို့ ရာ​တွင်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော် အား​ဖြင့် ခ​ရစ်​တော်​နှင့်​အ​တူ​အ​သက်​ရှင်​လျက် သင်​တို့​နှင့်​ဆက်​ဆံ​မည်။ \p \v 5 သင်​တို့​သည်​ယုံ​ကြည်​ခြင်း​၌​တည်​ကြည်​သူ​များ ဟုတ်​မ​ဟုတ် မိ​မိ​တို့​ကိုယ်​ကို​ဆန်း​စစ်​ကြ​လော့။ ဤ သို့​အ​စစ်​အ​ဆေး​ခံ​ရာ​တွင်​အောင်​မြင်​ပါ​မူ သင် တို့​သည်​မိ​မိ​တို့​စိတ်​နှ​လုံး​အ​တွင်း​၌ ခ​ရစ်​တော် ကိန်း​အောင်း​တော်​မူ​ကြောင်း​အ​သေ​အ​ချာ​သိ​ရှိ ကြ​မည်။- \v 6 ငါ​တို့​သည်​အ​စစ်​အ​ဆေး​ခံ​ရာ​တွင်​အောင်​မြင် သူ​များ​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​လိမ့်​မည်​ဟု ငါ​မျှော်​လင့်​၏။- \v 7 သင်​တို့​သည်​ဒု​စ​ရိုက်​ကို​ရှောင်​ကြဉ်​ကြ​စေ​ရန် ဘု​ရား​သ​ခင်​အား​ငါ​တို့​ဆု​တောင်း​ပတ္ထ​နာ ပြု​၏။ ဤ​သို့​ပြု​ရ​ခြင်း​မှာ​ငါ​တို့​သည်​မိ​မိ တို့​ကိုယ်​ကို​အောင်​မြင်​သူ​များ​ဖြစ်​ကြောင်း ပေါ်​လွင်​စေ​လို​၍​မ​ဟုတ်။ ငါ​တို့​သည်​မ​အောင် မြင်​သူ​များ​ဖြစ်​ဟန်​တူ​လျက်​ပင်​သင်​တို့​အား ကောင်း​မြတ်​သည့်​အ​မှု​ကို​ပြု​ကျင့်​စေ​ရန် ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။- \v 8 ငါ​တို့​သည်​သမ္မာ​တ​ရား​တော်​ကို​ဆန့်​ကျင်​၍ မည်​သည့်​အ​မှု​ကို​မျှ​မ​ပြု​နိုင်​ကြ။ သမ္မာ​တ​ရား တော်​ဘက်​မှ​နေ​၍​သာ​လျှင်​ပြု​နိုင်​ကြ​၏။- \v 9 ငါ​တို့​အား​နည်း​၍​သင်​တို့​အား​ကြီး​သော​အ​ခါ ငါ​တို့​ဝမ်း​သာ​သည်။ သို့​ဖြစ်​၍​သင်​တို့​သည်​အ​ပြစ် ဆို​ဖွယ်​မ​ရှိ​သူ​များ​ဖြစ်​လာ​ကြ​စေ​ရန်​ကို​လည်း ငါ​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။- \v 10 သင်​တို့​နှင့်​ဝေး​ကွာ​သည်​ကာ​လ​ဤ​စာ​ကို​ရေး​ရ ခြင်း​မှာ​ငါ​လာ​သော​အ​ခါ သ​ခင်​ဘု​ရား​ငါ့​အား ပေး​တော်​မူ​သည့်​အ​ခွင့်​အာ​ဏာ​ကို​ပြင်း​ပြင်း​ထန် ထန်​အ​သုံး​မ​ပြု​ရ​စေ​ရန်​ပင်​ဖြစ်​ပေ​သည်။ ထို​အ​ခွင့် အာ​ဏာ​သည်​သင်​တို့​အား​ပြု​စု​ပျိုး​ထောင်​ပေး​ရန် အ​တွက်​ဖြစ်​၏။ ဖြို​ဖျက်​ပစ်​ရန်​အ​တွက်​မ​ဟုတ်။ \p \v 11 ညီ​အစ်​ကို​တို့၊ ကျန်း​မာ​ရွှင်​လန်း​ကြ​ပါ​စေ။ အ​ပြစ် ဆို​ဖွယ်​မ​ရှိ​သူ​များ​ဖြစ်​စေ​ရန်​ဆက်​လက်​ကြိုး​စား ကြ​လော့။ ငါ​၏​မေတ္တာ​ရပ်​ခံ​ချက်​များ​ကို​နာ​ယူ​ကာ အ​ချင်း​ချင်း​စိတ်​သ​ဘော​တ​ညီ​တ​ညွတ်​တည်း​ရှိ လျက်​ငြိမ်း​ချမ်း​စွာ​နေ​ကြ​လော့။ သို့​ပြု​လျှင်​မေတ္တာ တော်​နှင့်​ငြိမ်​သက်​ခြင်း​အ​ရှင်​ဘု​ရား​သ​ခင် သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​လိမ့်​မည်။ \p \v 12 သင်​တို့​သည်​အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ် ယောက်​သန့်​ရှင်း​သော​နမ်း​ခြင်း​နှင့်​နှုတ်​ဆက်​ကြ လော့။ \v 13 ဘု​ရား​သ​ခင်​၏​လူ​စု​တော်​က​သင်​တို့ အား​နှုတ်​ဆက်​ပါ​၏။ \p \v 14 သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်၊ ဘု​ရား​သ​ခင်​၏ မေတ္တာ​တော်​နှင့်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​မိတ် သ​ဟာ​ယ​တော်​သည်​သင်​တို့​အ​ပေါင်း​နှင့်​အ​တူ ရှိ​ပါ​စေ​သော။ ကော​ရိန္သု​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး​၏။