\id 2CH Myanmar Common Language Bible \h ၂ ရာ​ချုပ် \toc1 ရာ​ဇ​ဝင်​ချုပ်​ဒု​တိ​ယ​စောင် \toc2 ၂ ရာ​ချုပ် \mt1 ရာ​ဇ​ဝင်​ချုပ်​ဒု​တိ​ယ​စောင် \is1 နိ​ဒါန်း \ip ရာ​ဇ​ဝင်​ချုပ်​ဒု​တိ​ယ​စောင်​သည်​ပ​ထ​မ စောင်​၏​အ​ဆက်​ဖြစ်​၏။ ရှော​လ​မုန်​မင်း​၏​နန်း သက်​အ​ကြောင်း​ကို​ဖော်​ပြ​ပြီး​နောက်​ရှော​လ​မုန် မင်း​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​သူ​သား​တော် ရော​ဗောင်​မင်း​အား​ယေ​ရော​ဗောင်​ခေါင်း​ဆောင် သော​မြောက်​ပိုင်း​အ​နွယ်​တို့​ပုန်​ကန်​ကြ​သည့် အ​ကြောင်း​ကို​မှတ်​တမ်း​တင်​၍ ခ၊ ရှေ့၊ ငါး​ရာ ရှစ်​ဆယ့်​ခြောက်​ခု​နှစ်​၌​ယေ​ရု​ရှ​လင်​မြို့ ကျ​ဆုံး​ချိန်​တိုင်​အောင်​တောင်​ပိုင်း​ယု​ဒ နိုင်​ငံ​၏​သ​မိုင်း​ကို​ဖော်​ပြ​ထား​သ​တည်း။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 ရှော​လ​မုန်​မင်း​၏​နန်း​သက် ၁:၁-၉:၃၁ \io2 (က) အ​ဦး​ပိုင်း​နှစ်​များ ၁:၁-၁၇ \io2 (ခ) ဗိ​မာန်​တော်​ကို​တည်​ဆောက်​ခြင်း ၂:၁-၇:၁၀ \io2 (ဂ) နောက်​ပိုင်း​နှစ်​များ ၇:၁၁-၉:၃၁ \io1 မြောက်​ပိုင်း​အ​နွယ်​တို့​ပုန်​ကန်​ကြ​ခြင်း ၁၀:၁-၁၉ \io1 ယု​ဒ​နိုင်​ငံ​ဘု​ရင်​များ ၁၁:၁-၃၆:၁၂ \io1 ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​ခြင်း ၃၆:၁၃-၂၃ \c 1 \s1 ဉာဏ်​ပ​ညာ​ကို​ရှော​လ​မုန်​မင်း​တောင်း​ခံ​ခြင်း \r (၃ရာ၊ ၃:၁-၁၅) \p \v 1 ဒါ​ဝိဒ်​မင်း​၏​သား​တော်​ရှော​လ​မုန်​မင်း​သည် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​အာ​ဏာ​တည်​မြဲ​လာ​၏။ သူ​၏​ဘု​ရား​သည်​သူ့​ကို​ကောင်း​ချီး​ပေး​တော် မူ​သ​ဖြင့်​သူ​သည်​အ​လွန်​တန်​ခိုး​ကြီး​လာ​၏။ \p \v 2 ရှော​လ​မုန်​သည်​တစ်​ထောင်​တပ်၊ တစ်​ရာ​တပ်​တို့ ကို​အုပ်​ချုပ်​သော​တပ်​မှူး​များ၊ အ​စိုး​ရ​အ​ရာ ရှိ​များ၊ အိမ်​ထောင်​ဦး​စီး​များ​နှင့်​ပြည်​သူ အ​ပေါင်း​တို့​အား- \v 3 မိ​မိ​နှင့်​အ​တူ​ဂိ​ဗောင်​မြို့​ရှိ​ကိုး​ကွယ်​ဝတ်​ပြု ရာ​ဌာ​န​တော်​သို့ သွား​ရောက်​ကြ​ရန်​အ​မိန့်​ထုတ် ပြန်​တော်​မူ​၏။ ထို​အ​ရပ်​သို့​သွား​ရ​ခြင်း​မှာ တော​ကန္တာ​ရ​၌ ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ မော​ရှေ​ပြု​လုပ်​ခဲ့​သည့်​ထာ​ဝ​ရ​ဘု​ရား​စံ တော်​မူ​ရာ​တဲ​တော်​တည်​ရာ​ဖြစ်​ခြင်း​ကြောင့် ဖြစ်​၏။- \v 4 (သို့​ရာ​တွင်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​မှာ​မူ​ယေ​ရု ရှ​လင်​မြို့​တွင်​ရှိ​နေ​သည်။ ထို​သေတ္တာ​တော်​ကို ဒါ​ဝိဒ်​သည်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​မှ​ပင့်​ဆောင် လာ​စဉ်​အ​ခါ​က​မိ​မိ​တည်​ဆောက်​သည့်​တဲ တော်​တွင်​ထား​ရှိ​ခဲ့​သ​တည်း။-)\x + \xo 1:4 \xt ၂ရာ၊ ၆:၁-၁၇။ ၅ရာ၊ ၁၃:၅-၁၄၊ ၁၅:၂၅-၁၆:၁၊\x* \v 5 ဂိ​ဗောင်​မြို့​ရှိ​ထာ​ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​တော်​မူ ရာ​တဲ​တော်​ရှေ့​၌ ဟု​ရ​သား​ချင်း​စု​မှ​ဥ​ရိ ၏​သား​ဗေ​ဇ​လေ​လ​ဆောက်​လုပ်​ခဲ့​သည့်​ကြေး ဝါ​ယဇ်​ပလ္လင်​လည်း​ရှိ​၏။ ထို​အ​ရပ်​တွင်​ရှော​လ​မုန် နှင့်​ပြည်​သူ​အ​ပေါင်း​တို့​သည်​ဘု​ရား​သ​ခင် အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လေ​သည်။-\x + \xo 1:5 \xt ထွ၊ ၃၈:၁-၇။\x* \v 6 မင်း​ကြီး​သည်​ယဇ်​ကောင်​တစ်​ထောင်​ကို​သတ်​၍ တစ်​ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ် ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​ရှေ့​၌ ကြေး​ဝါ​ယဇ်​ပလ္လင်​ပေါ်​တွင်​ပူ​ဇော်​တော်​မူ သည်။ \p \v 7 ထို​ည​၌​ဘု​ရား​သ​ခင်​သည်​ရှော​လ​မုန်​ထံ သို့​ကြွ​လာ​တော်​မူ​၍``သင့်​အား​အ​ဘယ်​ဆု ကို​ပေး​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p \v 8 ရှော​လ​မုန်​က``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏ ခ​မည်း​တော်​ဒါ​ဝိဒ်​အား​ကြီး​မြတ်​သည့်​မေတ္တာ တော်​ကို​အ​စဉ်​ပြ​တော်​မူ​ပြီး​လျှင် ယ​ခု အ​ကျွန်ုပ်​အား​လည်း​သူ​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​စေ​တော်​မူ​ပါ​ပြီ။- \v 9 အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် သည်​ခ​မည်း​တော်​အား​ပေး​တော်​မူ​သော​ကတိ တော်​ကို​တည်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​အား မ​ရေ​မ​တွက်​နိုင်​အောင်​များ​ပြား​သည့်​ဤ လူ​မျိုး​၏​ဘု​ရင်​ဖြစ်​စေ​တော်​မူ​ပါ​ပြီ။-\x + \xo 1:9 \xt က၊ ၁၃:၁၆၊ ၂၈:၁၄\x* \v 10 ထို့​ကြောင့်​ထို​သူ​တို့​ကို​အုပ်​စိုး​ရန်​လို​အပ် သည့်​ဉာဏ်​ပ​ညာ​နှင့်​အ​သိ​ပ​ညာ​ကို​အ​ကျွန်ုပ် အား​ပေး​တော်​မူ​ပါ။ ယင်း​သို့​ပေး​တော်​မ​မူ ပါ​လျှင်​အ​ကျွန်ုပ်​သည်​ဤ​မျှ​များ​ပြား​သော ကိုယ်​တော်​၏​လူ​မျိုး​တော်​ကြီး​ကို​အ​ဘယ် သို့​လျှင်​အုပ်​စိုး​နိုင်​ပါ​မည်​နည်း'' ဟု​တောင်း လျှောက်​လေ​၏။ \p \v 11 ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​လျောက်​ပတ် သော​အ​ရာ​ကို​ရွေး​ချယ်​လေ​ပြီ။ စည်း​စိမ်​ဥစ္စာ နှင့်​ဂုဏ်​သ​တင်း​ကျော်​စော​မှု​တို့​ကို​သော် လည်း​ကောင်း၊ ရန်​သူ​များ​သေ​ကြေ​ပျက်​စီး​ရန် ကို​သော်​လည်း​ကောင်း​မ​တောင်း​ခံ​ဘဲ သင့်​အား ငါ​ပေး​အပ်​ထား​သည့်​ပြည်​သူ​တို့​ကို​အုပ်​စိုး နိုင်​ရန်​ဉာဏ်​ပ​ညာ​နှင့်​အ​သိ​ပ​ညာ​ကို​တောင်း ခံ​ပေ​သည်။ သို့​ဖြစ်​၍​သင့်​အား​အ​သိ​ပ​ညာ နှင့်​ဉာဏ်​ပ​ညာ​ကို​ငါ​ပေး​မည်။- \v 12 ထို့​အ​ပြင်​ရှေး​အ​ခါ​၌​သော်​လည်း​ကောင်း၊ နောင်​အ​ခါ​၌​သော်​လည်း​ကောင်း ဘု​ရင်​တစ် ပါး​မျှ​မ​ရ​ရှိ​သော​စည်း​စိမ်​ချမ်း​သာ​နှင့် ဂုဏ်​သ​တင်း​ကျော်​စော​မှု​ကို​လည်း​ငါ​ပေး ဦး​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 ရှော​လ​မုန်​၏​တန်​ခိုး​နှင့်​စည်း​စိမ်​ချမ်း​သာ \r (၃ရာ၊ ၁၀:၂၆-၂၉) \p \v 13 သို့​ဖြစ်​၍​ရှော​လ​မုန်​သည်​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော် တည်​ရှိ​သည့်​ဂိ​ဗောင်​မြို့ ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​မှ​ထွက်​ခွာ​တော် မူ​၍​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​တော်​မူ​၏။- \v 14 ထို​နောက်​သူ​သည်​စစ်​ရ​ထား​တစ်​ထောင့်​လေး ရာ​နှင့် တိုက်​မြင်း​တစ်​သောင်း​နှစ်​ထောင်​ရှိ​သော တပ်​မ​တော်​ကို​ဖွဲ့​စည်း​တော်​မူ​ပြီး​လျှင် အ​ချို့ ကို​ယေ​ရု​ရှ​လင်​မြို့​၌​လည်း​ကောင်း၊ အ​ချို့ ကို​အ​ခြား​မြို့​များ​၌​လည်း​ကောင်း​ထား​ရှိ တော်​မူ​၏။-\x + \xo 1:14 \xt ၃ရာ၊ ၄:၂၆။\x* \v 15 သူ​၏​နန်း​သက်​တစ်​လျှောက်​၌​ယေ​ရု​ရှ​လင် မြို့​တွင်​ငွေ​နှင့်​ရွှေ​သည်​ကျောက်​ခဲ​ကဲ့​သို့၊ သစ် က​တိုး​သား​သည်​ယု​ဒ​တောင်​ခြေ​၌​ပေါက် သော​သ​ဖန်း​ပင်​ကဲ့​သို့​ပေါ​များ​လေ​သည်။- \v 16 မင်း​ကြီး​၏​အ​ဝယ်​တော်​တို့​သည်​မု​သ​ရိ ပြည်\f 1 \fr 1:16 \ft * \+fk မု​သ​ရိ​ပြည်။ \ft ဟေ​ဗြဲ​မူ​အ​ရ​အီ​ဂျစ်​ပြည်။\f* နှင့်​ကိ​လ​ကိ​ပြည်\f 2 \fr 1:16 \ft * \+fk ကိ​လ​ကိ​ပြည်။ \ft ယ​ခု​ခေတ်​တူ​ရ​ကီ​နိုင်​ငံ​၏​အ​ရှေ့​တောင် တွင်​ရှိ​သည်။\f* တို့​မှ​မြင်း​များ၊-\x + \xo 1:16 \xt တရား၊ ၁၇:၁၆။\x* \v 17 အီ​ဂျစ်​ပြည်​မှ​စစ်​ရ​ထား​များ​တင်​သွင်း​မှု ကို​ချုပ်​ကိုင်​ထား​ကြ​၏။ ဟိတ္တိ​ဘု​ရင်​နှင့်​ရှု​ရိ ဘု​ရင်​တို့​သည်​စစ်​ရ​ထား​တစ်​စီး​လျှင်​ငွေ သား​ခြောက်​ရာ၊ မြင်း​တစ်​ကောင်​လျှင်​ငွေ​သား တစ်​ရာ့​ငါး​ဆယ်​နှုန်း​ဖြင့် အ​ဝယ်​တော်​တို့​မှ ဝယ်​ရ​ကြ​လေ​သည်။ \c 2 \s1 ဗိ​မာန်​တော်​တည်​ဆောက်​ရန်​ပြင်​ဆင်​ခြင်း \r (၃ရာ၊ ၅:၁-၁၈) \p \v 1 ရှော​လ​မုန်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ် ပြု​ကိုး​ကွယ်​ရန်​အ​တွက်​ဗိ​မာန်​တော်​ကို လည်း​ကောင်း၊ မိ​မိ​၏​အ​တွက်​နန်း​တော်​ကို လည်း​ကောင်း​တည်​ဆောက်​ရန်​အ​ကြံ​ရှိ​တော် မူ​၏။- \v 2 မင်း​ကြီး​သည်​ပစ္စည်း​သယ်​ယူ​ပို့​ဆောင်​ရေး အ​လုပ်​သ​မား​ခု​နစ်​သောင်း၊ ကျောက်​ဆစ် အ​လုပ်​သ​မား​ရှစ်​သောင်း၊ အ​လုပ်​သ​မား များ​ကို​ကြီး​ကြပ်​အုပ်​ချုပ်​သူ​သုံး​ထောင့် ခြောက်​ရာ​တို့​ကို​ခန့်​ထား​တော်​မူ​၏။ \p \v 3 ရှော​လ​မုန်​သည်​တု​ရု​ဘု​ရင်​ဟိ​ရံ​ထံ​သို့ သံ​တ​မန်​စေ​လွှတ်​၍``အ​ဆွေ​တော်​သည်​အ​ကျွန်ုပ် ၏​ခမည်း​တော်​ဒါ​ဝိဒ်​အား​နန်း​တော်​ဆောက်​လုပ် ရန်​အ​တွက်​သစ်​က​တိုး​သား​များ​ကို​ရောင်း ချ​ပေး​ခဲ့​သည့်​နည်း​တူ​ကျွန်ုပ်​နှင့်​လည်း​ကုန် သွယ်​မှု​ကို​ပြု​ပါ​လော့။- \v 4 ကျွန်ုပ်​သည်​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာဝ​ရ ဘု​ရား​အား​ဂုဏ်​ပြု​ဆက်​ကပ်​ရန်​ဗိ​မာန်​တော် ကို​တည်​ဆောက်​လှူ​ဒါန်း​ပါ​မည်။ ထို​ဗိ​မာန် တော်​သည်​ကျွန်ုပ်​နှင့်​ပြည်​သူ​တို့​ဝတ်​ပြု​ကိုး ကွယ်​ရာ​ဌာ​န​တော်​ဖြစ်​လိမ့်​မည်။ ထို​ဗိ​မာန် တော်​တွင်​မွှေး​ကြိုင်​သော​နံ့​သာ​ပေါင်း​မီး​ရှို့ ပူ​ဇော်​၍​ရှေ့​တော်​မုန့်​ကို​အ​ဆက်​မ​ပြတ် ဆက်​သ​လျက်​နံ​နက်​တိုင်း​ည​တိုင်း၊ ဥပုသ် နေ့၊ လ​ဆန်း​ပွဲ​နေ့​နှင့်​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ဂုဏ်​ပြု​သော အ​ခြား​နေ့​ထူး​နေ့​မြတ်​များ​၌ မီး​ရှို့​ပူ​ဇော် ရန်​သ​ကာ​များ​ကို​ဆက်​သ​မည်​ဖြစ်​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​ပြည်​သူ တို့​အား ဤ​သို့​ထာ​ဝ​စဉ်​ပြု​လုပ်​ဆောင်​ရွက် ရန်​ပ​ညတ်​တော်​မူ​ပါ​သည်။- \v 5 ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​သည်​ဘု​ရား​တ​ကာ တို့​ထက်​ကြီး​မြတ်​သည်​ဖြစ်​၍ ကျွန်ုပ်​သည်​ကြီး ကျယ်​ခမ်း​နား​သည့်​ဗိ​မာန်​တော်​ကို​တည် ဆောက်​ရန်​ရည်​ရွယ်​ပါ​၏။- \v 6 သို့​ရာ​တွင်​အ​ပြော​ကျယ်​စွာ​သော​ကောင်း​ကင် ပင်​လျှင်​ကိုယ်​တော်​၏​အ​တွက်​ကျဉ်း​မြောင်း သည်​ဖြစ်​၍ အ​မှန်​စင်​စစ်​အ​ဘယ်​သူ​မျှ ကိုယ်​တော်​စံ​တော်​မူ​ရန်​ဗိ​မာန်​တော်​ကို​တည် ဆောက်​နိုင်​လိမ့်​မည်​မ​ဟုတ်​ပါ။ သို့​ဖြစ်​၍ ကျွန်ုပ်​သည်​ဘု​ရား​သ​ခင်​အား​နံ့​သာ​ပေါင်း ကို​မီး​ရှို့​ပူ​ဇော်​ရန်​အ​တွက်​သာ​ဗိ​မာန် တော်​ကို​တည်​ဆောက်​ပါ​မည်။-\x + \xo 2:6 \xt ၄ရာ၊ ၈:၂၇။ ၆ရာ၊ ၆:၁၈။\x* \v 7 ယ​ခု​အ​ဆွေ​တော်​သည်​ကျွန်ုပ်​၏​ထံ​သို့​ပန်း​ပု အ​တတ်၊ ရွှေ​ငွေ​နှင့်​ကြေး​ဝါ​ပန်း​ထိမ်​အ​တတ်၊ ပန်း​ထည်​အ​တတ်၊ နီ​ပြာ​ညို​မောင်း​သော​အ​ထည် ယက်​လုပ်​သည့်​အ​တတ်​တို့​ကို​ကျွမ်း​ကျင်​သူ တစ်​ယောက်​စေ​လွှတ်​စေ​လို​ပါ​သည်။ ထို​သူ​သည် ကျွန်ုပ်​၏​ခ​မည်း​တော်​ရွေး​ချယ်​ထား​သည့်​ယု​ဒ ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​မှ​လက်​မှု​ပ​ညာ​သည် များ​နှင့်​အ​တူ​လုပ်​ကိုင်​ရန်​ဖြစ်​ပါ​သည်။- \v 8-9 အ​ဆွေ​တော်​၏​သစ်​ခုတ်​သ​မား​များ​သည် အ​ဘယ်​မျှ​ကျွမ်း​ကျင်​သည်​ကို​ကျွန်ုပ်​သိ​ပါ​၏။ သို့​ဖြစ်​၍​လေ​ဗ​နုန်​တော​မှ​သစ်​က​တိုး၊ ထင်း ရှူး​နှင့်​အာ​လ​ဂုံ​သစ်​များ​ကို​ပေး​ပို့​စေ​လို ပါ​သည်။ ကျွန်ုပ်​တည်​ဆောက်​ရန်​ကြံ​ရွယ်​သည့် ဗိ​မာန်​တော်​သည်​ကြီး​ကျယ်​ခမ်း​နား​မည်​ဖြစ် ၍​သစ်​သား​အ​မြောက်​အ​မြား​ကို​ရွေး​ရာ​တွင် အ​ဆွေ​တော်​၏​လူ​တို့​အား​ဝိုင်း​ဝန်း​ကူ​ညီ ရန်​ကျွန်ုပ်​၏​လူ​တို့​ကို​စေ​လွှတ်​ပေး​ပါ​မည်။- \v 10 ကျွန်ုပ်​သည်​အ​ဆွေ​တော်​၏​အလုပ်​သ​မား များ​အ​တွက်​ရိက္ခာ​အ​ဖြစ်​ဖြင့်​ဂျုံ​တင်း​တစ် သိန်း၊ မု​ယော​ဆန်​တင်း​တစ်​သိန်း၊ စ​ပျစ်​ရည် ဂါ​လံ​တစ်​သိန်း​တစ်​သောင်း​နှင့်​သံ​လွင်​ဆီ ဂါ​လံ​တစ်​သိန်း​တစ်​သောင်း​ကို​ပေး​ပို့​ပါ မည်'' ဟု​မှာ​ကြား​တော်​မူ​လိုက်​၏။ \p \v 11 တု​ရု​ဘု​ရင်​ဟိ​ရံ​သည်​ရှော​လ​မုန်​ထံ​သို့ အ​မှာ​တော်​စာ​ပြန်​ကြား​ပေး​ပို့​တော်​မူ​၏။ ထို​အ​မှာ​စာ​တော်​တွင်``ထာ​ဝ​ရ​ဘု​ရား သည်​မိ​မိ​၏​လူ​စု​တော်​အား​ချစ်​တော်​မူ သ​ဖြင့် အ​ဆွေ​တော်​အား​ထို​သူ​တို့​၏ ဘု​ရင်​အ​ဖြစ်​ခန့်​ထား​တော်​မူ​ပါ​ပြီ။- \v 12 မိုး​မြေ​ကို​ဖန်​ဆင်း​တော်​မူ​သော​ဣသ​ရေ​လ လူ​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား​ထော​မ​နာ​ပြု​ကြ​စေ​သ​တည်း။ ကိုယ် တော်​သည်​ဒါ​ဝိဒ်​အား​အ​သိ​အ​လိမ္မာ​ဉာဏ် ပ​ညာ​ရှိ​သော​သား​တော်​တစ်​ပါး​ကို​ပေး တော်​မူ​၏။ ထို​သား​တော်​သည်​ယ​ခု​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ဗိ​မာန်​တော်​နှင့် မိ​မိ​အ​တွက် နန်း​တော်​ကို​တည်​ဆောက်​ရန်​အ​ကြံ​အ​စည် ရှိ​၏။- \v 13 သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည်​ဟိ​ရံ​ဆို​သူ​လက်​မှု ပ​ညာ​ဆ​ရာ​ကို​အ​ဆွေ​တော်​ထံ​သို့​စေ​လွှတ် လိုက်​ပါ​မည်။ သူ​သည်​ဉာဏ်​ပ​ညာ​ထက်​မြက် ၍​အ​လုပ်​ကျွမ်း​ကျင်​သူ​ဖြစ်​ပေ​သည်။- \v 14 သူ​၏​အ​မိ​သည်​ဒန်​အ​နွယ်​ဝင်၊ သူ​၏​အဖ​မှာ တု​ရု​မြို့​သား​ဖြစ်​ပါ​၏။ သူ​သည် ရွှေ၊ ငွေ၊ ကြေး ဝါ၊ သံ၊ ကျောက်​နှင့်​သစ်​သား​ပစ္စည်း​အ​သုံး အ​ဆောင်​များ​ကို​ပြု​လုပ်​တတ်​၍​နီ၊ ပြာ၊ ညို မောင်း​သော​အ​ထည်​များ၊ ပိတ်​ချော​ထည်​များ ကို​လည်း​ယက်​လုပ်​တတ်​ပါ​သည်။ တီ​ထွင်​မှု လုပ်​ငန်း​အ​မျိုး​မျိုး​တွင်​ကျွမ်း​ကျင်​၍​သူ့ အား​အ​ကြံ​ပေး​ဖော်​ပြ​သည့်​ပုံ​စံ​အ​တိုင်း လုပ်​ကိုင်​နိုင်​သူ​ဖြစ်​ပေ​သည်။ သူ့​အား အ​ဆွေ​တော်​၏​ခ​မည်း​တော်​အ​သုံး​ပြု ခဲ့​သည့်​လက်​မှု​ပ​ညာ​သည်​များ​နှင့်​အ​တူ လုပ်​ကိုင်​စေ​ပါ​လော့။- \v 15 အ​ဆွေ​တော်​က​တိ​ပြု​သည်​အ​တိုင်း​ယ​ခု ကျွန်ုပ်​ထံ​သို့​ဂျုံ၊ မု​ယော​ဆန်၊ စ​ပျစ်​ရည် နှင့်​သံလွင်​ဆီ​တို့​ကို​ပေး​ပို့​လိုက်​ပါ​လော့။- \v 16 ကျွန်ုပ်​သည်​လေ​ဗ​နုန်​တောင်​ပေါ်​ရှိ​သစ်​က​တိုး ပင်​များ​ကို​အ​ဆွေ​တော်​လို​သ​မျှ​ခုတ်​လှဲ​၍ ဖောင်​ဖွဲ့​ကာ​ပင်​လယ်​လမ်း​ဖြင့်​ယုပ္ပေ​မြို့​အ​ရောက် စုန်​မျော​စေ​ပါ​မည်။ ထို​မြို့​မှ​ယေ​ရု​ရှ​လင်​မြို့ သို့​အ​ဆွေ​တော်​၏​လူ​တို့​သယ်​ယူ​နိုင်​ကြ ပါ​သည်'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။ \s1 ဗိ​မာန်​တော်​တည်​ဆောက်​မှု​အ​စ​ပြု​ခြင်း \r (၃ရာ၊ ၆:၁-၃၈) \p \v 17 ရှော​လ​မုန်​မင်း​သည်​ခ​မည်း​တော်​ဒါ​ဝိဒ်​မင်း သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​သည့်​နည်း​တူ ဣသ​ရေ​လ​နိုင်​ငံ​တွင်​နေ​ထိုင်​သူ​လူ​မျိုး​ခြား များ​ကို​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​တော် မူ​ရာ လူ​ပေါင်း​တစ်​သိန်း​ငါး​သောင်း​သုံး​ထောင့် ခြောက်​ရာ​ရ​လေ​သည်။- \v 18 မင်း​ကြီး​သည်​ထို​သူ​တို့​အ​နက်​ပစ္စည်း​သယ် ယူ​ရန်​လူ​ခုနစ်​သောင်း၊ တောင်​ပေါ်​တွင်​ကျောက် ဆစ်​ရန်​လူ​ရှစ်​သောင်း၊ အ​လုပ်​ကြီး​ကြပ် အုပ်​ချုပ်​ရန်​လူ​သုံး​ထောင့်​ခြောက်​ရာ​ကို ခန့်​ထား​တော်​မူ​၏။ \c 3 \p \v 1-2 ရှော​လ​မုန်​မင်း​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​မင်း သည် ဗိ​မာန်​တော်​တည်​ဆောက်​ရာ​အ​ရပ်​ကို ပြင်​ဆင်​ထား​ခဲ့​ပြီး​ဖြစ်​သည်။ ထို​အ​ရပ်​မှာ ယေ​ရု​ရှ​လင်​မြို့၊ မော​ရိ​တောင်​ပေါ်၊ ယေ​ဗု​သိ အ​မျိုး​သား​အ​ရော​န​၏​ကောက်​နယ်​တ​လင်း ဖြစ်​သည်။ ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​တည် ဆောက်​မှု​ကို​နန်း​စံ​စတုတ္ထ​နှစ်​ဒု​တိ​ယ​လ ၌​အ​စ​ပြု​သ​တည်း။-\x + \xo 3:1-2 \xt က၊ ၂၂:၂၂။\x* \v 3 ရှော​လ​မုန်​မင်း​တည်​ဆောက်​တော်​မူ​သည့်​ဗိ​မာန် တော်​သည်​အ​လျား​ပေ​ကိုး​ဆယ်၊ အ​နံ​ပေ သုံး​ဆယ်​ရှိ​၏။- \v 4 ဗိ​မာန်​တော်​မုခ်​ဦး​ဆောင်​အ​နံ​သည်​ဗိ​မာန် တော်​၏​အ​နံ​အ​တိုင်း​ပေ​သုံး​ဆယ်​ရှိ​၍ အ​မြင့် ပေ​တစ်​ရာ့​ရှစ်​ဆယ်​ရှိ​လေ​သည်။ ထို​မုခ်​ဦး ဆောင်​အ​တွင်း​ပိုင်း​ကို​ရွှေ​စင်​ဖြင့်​မွမ်း​မံ ထား​၏။- \v 5 အ​ခန်း​မ​ကြီး​မှာ​စွန်​ပ​လွံ​ပင်​နှင့် ကွန်​ရွက် ပုံ​သဏ္ဌာန်​များ​ထု​လုပ်​ထား​သော​သစ်​က​တိုး သား​ပျဉ်​များ​တပ်​ဆင်​ကာ​ရွှေ​ဖြင့်​မွမ်း​မံ ထား​၏။- \v 6 မင်း​ကြီး​သည်​ဗိ​မာန်​တော်​ကို​လှ​ပ​သော ကျောက်​မျက်​ရ​တ​နာ​များ​ဖြင့်​ချယ်​လှယ်​၍ ပါ​ရ​ဝိမ်​ပြည်​မှ​တင်​သွင်း​သော​ရွှေ​ဖြင့်​မွမ်း မံ​တော်​မူ​၏။- \v 7 သူ​သည်​ဗိ​မာန်​တော်​နံ​ရံ​များ၊ ထုပ်​များ၊ အ​ဝင် လမ်း​နှင့်​တံ​ခါး​များ​ကို​မွမ်း​မံ​ရန်​အ​တွက်​ရွှေ ကို​အ​သုံး​ပြု​တော်​မူ​သည်။ နံ​ရံ​များ​အ​ပေါ် တွင်​လက်​မှု​ပ​ညာ​သည်​တို့​သည်​ခေ​ရု​ဗိမ်\f 3 \fr 3:7 \ft * \+fk ခေ​ရု​ဗိမ်။ \ft အ​တောင်​ပံ​နှင့်​သတ္တဝါ​များ၊ ဘု​ရား​သ​ခင် ကြီး​မြတ်​ခြင်း​နှင့်​စံ​ပယ်​တော်​မူ​ခြင်း​၏ သင်္ကေ​တ​ဖြစ်​သည်။\f* ရုပ်​များ​ကို​ထွင်း​ထား​ကြ​၏။- \v 8 အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဟု​နာ​မည်​တွင် သော​အ​တွင်း​ခန်း​သည်​အ​လျား​မှာ​ပေ​သုံး​ဆယ်၊ အ​နံ​မှာ​ဗိ​မာန်​တော်​အ​နံ​အ​တိုင်း​ပေ​သုံး​ဆယ် ရှိ​၏။ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို​မွမ်း​မံ ရန်​ရွှေ​နှစ်​ဆယ့်​ငါး​တန်​ကို​အ​သုံး​ပြု​တော် မူ​၏။-\x + \xo 3:8 \xt ထွ၊ ၂၆:၃၃-၃၄။\x* \v 9 ရွှေ​သံ​မှို​များ​ပြု​လုပ်​ရာ​တွင်​ရွှေ​အောင်​စ​နှစ် ဆယ်​ကုန်​လေ​သည်။ အ​ထက်​ခန်း​များ​၏​နံ​ရံ တို့​ကို​လည်း​ရွှေ​ဖြင့်​မွမ်း​မံ​ထား​သ​တည်း။ \p \v 10 မင်း​ကြီး​သည်​မိ​မိ​၏​လက်​မှု​ပ​ညာ​သည်​တို့ အား​ခေ​ရု​ဗိမ်​နှစ်​ပါး​ရုပ်​များ​ကို​ထု​လုပ်​စေ ၍ ရွှေ​နှင့်​မွမ်း​မံ​ကာ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​တွင်​ထား​ရှိ​စေ​တော်​မူ​၏။- \v 11-13 ခေ​ရု​ဗိမ်​နှစ်​ပါး​ရုပ်​များ​သည်​တံ​ခါး​ဝ​ကို မျက်​နှာ​မူ​လျက်​တစ်​ပါး​နှင့်​တစ်​ပါး​ယှဉ်​၍ ရပ်​စေ​ကြ​၏။ သူ​တို့​တွင်​ခု​နစ်​ပေ​ခွဲ​ရှည်​သော အ​တောင်​နှစ်​ခု​စီ​ရှိ​၏။ သူ​တို့​သည်​အ​တောင် များ​ကို​အ​နံ​ပေ​သုံး​ဆယ်​ရှိ​သော​အ​ခန်း​ကို ဖြတ်​၍​ဖြန့်​ထား​ကြ​သ​ဖြင့် အ​တောင်​နှစ်​ခု သည်​အ​ခန်း​အ​လယ်​တွင်​အ​ဖျား​ချင်း​ထိ လျက်​အ​ခြား​အ​တောင်​နှစ်​ခု​သည်​နံ​ရံ များ​နှင့်​ထိ​လျက်​နေ​၏။-\x + \xo 3:11-13 \xt ထွ၊ ၂၅:၁၈-၂၀။\x* \v 14 အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​တွက်​ပိတ်​ချော ချည်​မှ​စ​၍​အ​ပြာ၊ အ​မောင်း၊ အနီ​ချည်​တို့​ဖြင့် ပြီး​၍​ခေ​ရု​ဗိမ်​ရုပ်​များ​ဖြင့်​ခြယ်​လှယ်​ထား သော​ကန့်​လန့်​ကာ​ကို​လည်း​ယက်​လုပ်​ထား လေ​သည်။\x + \xo 3:14 \xt ထွ၊ ၂၆:၃၁။\x* \s1 ကြေး​နီ​တိုင်​နှစ်​ခု \r (၃ရာ၊ ၇:၁၅-၂၂) \p \v 15 မင်း​ကြီး​သည်​ငါး​ဆယ့်​နှစ်​ပေ​မြင့်​သော​တိုင် ကြီး​နှစ်​လုံး​ကို​သွန်း​လုပ်​ပြီး​လျှင်​ဗိ​မာန်​တော် ၏​ရှေ့​တွင်​ထား​တော်​မူ​၏။ တိုင်​ထိပ်​တစ်​ခု​စီ ပေါ်​တွင်​ခု​နစ်​ပေ​ခွဲ​မြင့်​သော​တိုင်​အုပ်​ရှိ​၏။- \v 16 တိုင်​ထိပ်​များ​မှာ​ထု​လုပ်​သော​ပန်း​ကုန်း​နှင့် ကြေး​ဝါ​သ​လဲ​သီး​တစ်​ရာ​စီ​ဖြင့်​တန်​ဆာ ဆင်​ထား​လေ​သည်။- \v 17 ထို​တိုင်​ကြီး​တို့​ကို​ဗိ​မာန်​တော်​အ​ဝ​တစ်​ဖက် တစ်​ချက်​တွင်​ထား​ရှိ​၍​တောင်​ဘက်​ရှိ​တိုင်​ကြီး ကို​ယာ​ခိန်၊ မြောက်​ဘက်​ရှိ​တိုင်​ကြီး​ကို​ဗော​ဇ ဟု​သ​မုတ်​သ​တည်း။ \c 4 \s1 ဗိ​မာန်​တော်​အ​တွက်​တန်​ဆာ​များ \r (၃ရာ၊ ၇:၂၃-၅၁) \p \v 1 ရှော​လ​မုန်​မင်း​သည်​အ​လျား​ပေ​သုံး​ဆယ်၊ အ​မြင့်​တစ်​ဆယ့်​ငါး​ပေ​ရှိ​သော​ကြေး​ဝါ ယဇ်​ပလ္လင်​ကို​ပြု​လုပ်​စေ​တော်​မူ​၏။-\x + \xo 4:1 \xt ထွ၊ ၂၇:၁-၂။\x* \v 2 အ​နက်​ခု​နစ်​ပေ​ခွဲ၊ အ​ချင်း​တစ်​ဆယ့်​ငါး​ပေ၊ လုံး​ပတ်​လေး​ဆယ့်​ငါး​ပေ​ရှိ​သော​ကြေး​ဝါ ရေ​ကန်​ကို​လည်း​ပြု​လုပ်​စေ​တော်​မူ​၏။- \v 3 ရေ​ကန်​၏​အ​ပြင်​အ​နား​ပတ်​လည်​ကို​နွား​ရုပ် များ​ဖြင့်​တန်​ဆာ​ဆင်​ထား​၏။ ထို​နွား​ရုပ်​များ အထက်​အောက်​အ​တန်း​နှစ်​တန်း​ကို​ရေ​ကန်​နှင့် တစ်​စပ်​တည်း​သွန်း​လုပ်​ထား​သ​တည်း။- \v 4 ရေ​ကန်​သည်​အ​ရပ်​တစ်​မျက်​နှာ​လျှင်​သုံး​ကောင် ကျ၊ အ​ရပ်​လေး​မျက်​နှာ​မူ​နေ​သော​ကြေး​ဝါ နွား​တစ်​ဆယ့်​နှစ်​ကောင်​၏​ကျော​ကုန်း​ထက်​တွင် တည်​လျက်​ရှိ​၏။- \v 5 ရေ​ကန်​ဘောင်​သည်​ထု​သုံး​လက်​မ​ရှိ​၍ ယင်း ၏​အ​ပေါ်​အ​နား​သည်​ဖ​လား​နှုတ်​ခမ်း​ကဲ့​သို့ ပန်း​ပွင့်​ချပ်​သဏ္ဌာန်​အ​ပြင်​သို့​ခုံး​တက်​နေ​လေ သည်။ ထို​ရေ​ကန်​သည်​ရေ​ဂါ​လံ​တစ်​သောင်း ငါး​ထောင်​မျှ​ဝင်​သ​တည်း။- \v 6 သူ​တို့​သည်​ဗိ​မာန်​တော်​တောင်​ဘက်​တွင်​ငါး​လုံး နှင့်​မြောက်​ဘက်​တွင် ငါး​လုံး​ထား​ရှိ​ရန်​အင်​တုံ ဆယ်​လုံး​ကို​လည်း​ပြု​လုပ်​လေ​သည်။ ထို​အင်​တုံ တို့​သည်​မီး​ရှို့​ပူ​ဇော်​ရာ​ယဇ်​ကောင်​များ​၏ အ​စိတ်​အ​ပိုင်း​တို့​ကို​ဆေး​ကြော​ရန်​အ​တွက် ဖြစ်​၏။ ရေ​ကန်​မူ​ကား​ယဇ်​ပု​ရော​ဟိတ်​တို့ ဆေး​ကြော​ရန်​အ​တွက်​ဖြစ်​လေ​သည်။\x + \xo 4:6 \xt ထွ၊ ၃၀:၁၇-၂၁။\x* \p \v 7-8 သူ​တို့​သည်​ပြ​ဋ္ဌာန်း​သတ်​မှတ်​ထား​သည့်​ပုံ​စံ နှင့်​အ​ညီ​ရွှေ​မီး​တင်​ခုံ​ဆယ်​ခု​နှင့်​စား​ပွဲ​ဆယ် လုံး​ကို​ပြု​လုပ်​၍ ဗိ​မာန်​တော်​ခန်း​မ​ဆောင်​တွင် လက်​ယာ​ဘက်​၌​ငါး​လုံး၊ လက်​ဝဲ​ဘက်​၌​ငါး လုံး​ထား​ကြ​၏။ ရွှေ​ဖ​လား​တစ်​ရာ​ကို​လည်း ပြု​လုပ်​ကြ​၏။\x + \xo 4:7-8 \xt ထွ၊ ၂၅:၃၁-၄၀။\x*\x + \xo 4:7-8 \xt ထွ၊ ၂၅:၂၃-၃၀။\x* \p \v 9 သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက် အ​တွင်း​တံ​တိုင်း​ကို​ဆောက်​လုပ်​ပြီး​နောက် အ​ပြင် တံတိုင်း​ကို​လည်း​ဆောက်​လုပ်​ကြ​၏။ ဤ​တံ​တိုင်း နှစ်​ခု​၏​စပ်​ကြား​၌​ရှိ​သော​တံ​ခါး​များ​ကို ကြေး​ဝါ​ဖြင့်​ဖုံး​အုပ်​ကြ​၏။- \v 10 ရေ​ကန်​ကို​ဗိ​မာန်​တော်​၏​အ​ရှေ့​တောင်​ဘက်​တွင် ထား​ကြ​၏။ \p \v 11-16 ဟိ​ရံ​သည်​အိုး​များ၊ ဂေါ်​ပြား​များ​နှင့်​ခွက် ဖ​လား​များ​ကို​လည်း​ပြု​လုပ်​လေ​သည်။ သူ​သည် ရှော​လ​မုန်​မင်း​အား​က​တိ​ထား​သည့်​အ​တိုင်း ဗိ​မာန်​တော်​အ​တွက်​အောက်​ပါ​ပစ္စည်း​တန်​ဆာ များ​ကို​ပြု​လုပ်​ပြီး​စီး​လေ​သည်။ \q1 တိုင်​နှစ်​လုံး၊ \q1 အိုး​သဏ္ဌာန်​ရှိ​တိုင်​ထိပ်​အုပ်​နှစ်​ခု၊ တိုင်​ထိပ်​အုပ်​တို့​အ​တွက်​ပန်း​ကုန်း​ပုံ​များ \q1 ပန်း​ကုန်း​များ​ပတ်​လည်​ရှိ​အ​လုံး​တစ်​ရာ​စီ ရှိ​သော \q1 သ​လဲ​သီး​နှစ်​တန်း​အ​တွက်​သ​လဲ​သီး​လေး​ရာ၊ \q1 လှည်း​ဆယ်​စီး၊ \q1 အင်​တုံ​ဆယ်​လုံး၊ \q1 ရေ​ကန်၊ \q1 ရေ​ကန်​အောက်​ခံ​နွား​တစ်​ဆယ့်​နှစ်​ကောင်၊ \q1 အိုး​များ၊ဂေါ်​ပြား​များ​နှင့်​ခက်​ရင်း​ခွ​များ \p လက်​မှု​ပ​ညာ​ဆ​ရာ​ဟိ​ရံ​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန် ဤ ပစ္စည်း​တန်​ဆာ​အ​ပေါင်း​ကို​ရှော​လ​မုန်​မင်း ၏​အ​မိန့်​တော်​နှင့်​အညီ​တောက်​ပြောင်​နေ​သည့် ကြေး​ဝါ​ဖြင့်​ပြု​လုပ်​လေ​သည်။ \p \v 17 ထို​အ​ရာ​များ​ကို​မင်း​ကြီး​သည်​ယော်​ဒန်​မြစ် ဝှမ်း၊ သု​ကုတ်​မြို့​နှင့်​ဇာ​သန်​မြို့​များ​ကြား​၌ ရှိ​သော​ကြေး​ရည်​ကြို​စက်​တွင်​သွန်း​လုပ်​စေ တော်​မူ​သည်။- \v 18 ပြု​လုပ်​ရ​သော​ပစ္စည်း​အ​ရေ​အ​တွက်​မှာ​များ ပြား​လှ​သ​ဖြင့် ကုန်​ကျ​သည့်​ကြေး​ဝါ​အ​လေး ချိန်​ကို​အ​ဘယ်​သူ​မျှ​မ​သိ​ချေ။ \p \v 19 ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်​အ​တွက် ရွှေ ဖြင့်​ပြီး​သော​အ​သုံး​အ​ဆောင်​များ​ကို​ပြု လုပ်​စေ​တော်​မူ​၏။ ထို​အ​ရာ​များ​မှာ​ရွှေ​ယဇ် ပလ္လင်၊ ရှေ့​တော်​မုန့်​တင်​ရန်​စား​ပွဲ​များ၊- \v 20 စီ​မံ​ချက်​အ​ရ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ရှေ့​တွင်​ထွန်း​ညှိ​ထား​ရန် ရွှေ​စင်​မီး​ခွက် များ​နှင့်​မီး​တင်​ခုံ​များ၊- \v 21 တန်​ဆာ​ဆင်​ရန်​ပန်း​ပွင့်​များ၊ မီး​ခွက်​များ နှင့်​မီး​ကိုင်​တန်​ဆာ​များ၊- \v 22 မီး​ညှပ်​များ၊ လင်​ပန်း​များ၊ ခွက်​များ​နှင့်​မီး ကျီး​ခံ​များ​ဖြစ်​၏။ ထို​ပစ္စည်း​ရှိ​သ​မျှ​သည် ရွှေ​စင်​ဖြင့်​ပြီး​သ​တည်း။ ဗိ​မာန်​တော်​အ​ပြင် တံ​ခါး​များ​နှင့် အ​လွန်​သန့်​ရှင်း​ရာ​ဌာန​တော် အ​ဝင်​တံ​ခါး​များ​ကို​ရွှေ​ဖြင့်​မွမ်း​မံ​ထား သ​တည်း။ \c 5 \p \v 1 ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်​တည်​ဆောက် မှု​လုပ်​ငန်း​ရှိ​သ​မျှ​ကို​ဆောင်​ရွက်​ပြီး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​အား​ခ​မည်း​တော်​ဒါ​ဝိဒ်​မင်း ဆက်​ကပ်​လှူ​ဒါန်း​ခဲ့​သော​ရွှေ၊ ငွေ​နှင့်​အ​ခြား ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို​ဗိ​မာန်​တော် သို​လှောင်​ခန်း​များ​တွင်​ထား​တော်​မူ​၏။\x + \xo 5:1 \xt ၂ရာ၊ ၈:၁၁။ ၅ရာ၊ ၁၈:၁၁။\x* \s1 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ဗိ​မာန်​တော်​သို့ ပင့်​ဆောင်​ခြင်း \r (၃ရာ၊ ၈:၁-၉) \p \v 2 ထို​နောက်​ရှော​လ​မုန်​မင်း​သည်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို ဇိ​အုန်​မည်​သော​ဒါ​ဝိဒ်​မြို့​မှ​ပင့်​ဆောင် ရန်​အ​တွက် ဣသ​ရေ​လ​အ​နွယ်​များ​နှင့်​သား ချင်း​စု​ခေါင်း​ဆောင်​အ​ပေါင်း​တို့​ကို ယေ​ရု ရှ​လင်​မြို့​တွင်​စု​ရုံး​ရန်​ဆင့်​ခေါ်​တော်​မူ​၏။-\x + \xo 5:2 \xt ၂ရာ၊ ၆:၁၂-၁၅။ ၅ရာ၊ ၁၅:၂၅-၂၈။\x* \v 3 သူ​တို့​အား​လုံး​သည်​သစ်​ခက်​တဲ​နေ​ပွဲ​တော် အ​ခါ​၌​လာ​ရောက်​စု​ရုံး​ကြ​လေ​သည်။- \v 4 ခေါင်း​ဆောင်​အ​ပေါင်း​တို့​စု​ရုံး​မိ​ကြ​သော အ​ခါ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ပဋိညာဉ် သေတ္တာ​တော်​ကို​ချီ​ပင့်​၍- \v 5 ဗိ​မာန်​တော်​သို့​ပင့်​ဆောင်​ကြ​၏။ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အနွယ်​ဝင်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​ကို​လည်း သက်​ဆိုင်​ရာ​ပစ္စည်း​တန်​ဆာ​ရှိ​သ​မျှ​တို့​နှင့် တ​ကွ​ဗိ​မာန်​တော်​သို့​ပြောင်း​ရွှေ့​ကြ​၏။- \v 6 ရှော​လ​မုန်​မင်း​နှင့်​ဣသ​ရေ​လ​ပြည်​သူ​အ​ပေါင်း တို့​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​စု​ဝေး ၍​မ​ရေ​မ​တွက်​နိုင်​အောင်​များ​သော​သိုး​နွား တို့​ကို​ယဇ်​ပူ​ဇော်​ကြ​၏။- \v 7 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ဗိ​မာန်​တော်​ထဲ​သို့​ပင့်​ဆောင် လာ​ပြီး​လျှင် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ၌​ခေ​ရု​ဗိမ်​များ​၏​အ​ကြား​တွင်​ထား​ကြ​၏။- \v 8 ခေ​ရု​ဗိမ်​တို့​၏​အ​တောင်​များ​သည်​သေတ္တာ​တော် နှင့်​ထမ်း​ပိုး​များ​ကို​လွှမ်း​မိုး​ထား​လေ​သည်။- \v 9 ထမ်း​ပိုး​အ​ဖျား​များ​ကို​သန့်​ရှင်း​ရာ​ဌာ​န​တော် အ​ဝင်​ဝ​တစ်​နေ​ရာ​မှ​တွေ့​မြင်​နိုင်​သော်​လည်း အ​ခြား​မည်​သည့်​နေ​ရာ​က​မျှ​မ​တွေ့​မ​မြင် နိုင်။ ထို​ထမ်း​ပိုး​များ​သည်​ယ​နေ့​တိုင်​အောင်​ထို နေ​ရာ​တွင်​ရှိ​ပေ​သေး​၏။- \v 10 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွင်း​၌​ပညတ်​တော် ကျောက်​ပြား​နှစ်​ချပ်​မှ​တစ်​ပါး​အ​ခြား​အ​ဘယ် အ​ရာ​မျှ​မ​ရှိ။ အီ​ဂျစ်​ပြည်​မှ​ဣသ​ရေ​လ​အ​မျိုး သား​တို့​ထွက်​ခွာ​လာ​ချိန်​၌ သူ​တို့​နှင့်​ထာ​ဝ​ရ ဘု​ရား​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​စဉ်​အ​ခါ​က မော​ရှေ သည်​ထို​ကျောက်​ပြား​များ​ကို​ပ​ဋိ​ညာဉ်​သေတ္တာ တော်​တွင်​ထား​ခဲ့​သ​တည်း။\x + \xo 5:10 \xt တရား၊ ၁၀:၅။\x* \s1 ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော် \p \v 11-14 ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​သည်​မည်​သည့် အ​ဖွဲ့​တွင်​ပါ​ဝင်​သည်​မ​ဆို မိ​မိ​တို့​ကိုယ် ကို​ဆက်​ကပ်​ပြီး​ဖြစ်​ကြ​၏။ လေ​ဝိ​အ​နွယ် ဝင်​ဂီ​တ​ဆ​ရာ​များ​ဖြစ်​ကြ​သော​အာ​သပ်၊ ဟေ​မန်၊ ယေ​ဒု​သုန်​နှင့်​သူ​တို့​၏​တပည့်​အ​ပေါင်း တို့​သည်​ပိတ်​ချော​ထည်​ကို​ဝတ်​ဆင်​၍​လင်း ကွင်း​များ၊ စောင်း​များ​ကို​ကိုင်​လျက်​တံ​ပိုး ခရာ​မှုတ်​သူ​ယဇ်​ပု​ရော​ဟိတ်​ပေါင်း​တစ်​ရာ့ နှစ်​ဆယ်​တို့​သည်​သူ​တို့​နှင့်​အ​တူ​ယဇ်​ပလ္လင် ၏​အ​ရှေ့​ဘက်​တွင်​ရပ်​နေ​ကြ​လေ​သည်။ သီ ဆို​သူ​တို့​သည်​တံ​ပိုး​ခ​ရာ​သံ၊ လင်း​ကွင်း သံ​နှင့်​အ​ခြား​တူ​ရိ​ယာ​သံ​များ​နှင့်​စည်း လိုက်​ဝါး​လိုက်​ညီ​ညာ​စွာ​ထာ​ဝ​ရ​ဘု​ရား အား​သီ​ဆို​ထော​မ​နာ​ပြု​ကြ​ကုန်​၏။ သူ​တို့​က \q1 ``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ သည်​ဖြစ်​၍​ကိုယ်​တော်​အား​ထော​မ​နာ​ပြု ကြ​လော့။ \q1 ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည် သ​တည်း'' ဟု​သီ​ဆို​ကြ​လေ​သည်။\x + \xo 5:11-14 \xt ၅ရာ၊ ၁၆:၃၄။ ၆ရာ၊ ၇:၃။ ဧဇ၊ ၃:၁၁။ ဆာလံ၊ ၁၀၀:၅၊ ၁၀၆:၁၊ ၁၀၇:၁၊ ၁၁၈:၁၊ ၁၃၆:၁။ ယေ၊ ၃၃:၁၁။\x* \p ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဗိ​မာန်​တော်​မှ​ထွက်​လာ စဉ်​ဗိ​မာန်​တော်​သည်​ရုတ်​တ​ရက်​မိုး​တိမ်​ဖြင့် ပြည့်​လာ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ ရေ​တော်​ထွန်း​တောက်​သည်​ဖြစ်​၍​သူ​တို့​သည်​ဝတ် ပြု​ကိုး​ကွယ်​ခြင်း​ကို​ဆက်​လက်​၍​မ​ပြု​နိုင်​ကြ ချေ။\x + \xo 5:11-14 \xt ထွ၊ ၄၀:၃၄-၃၅။\x* \c 6 \s1 ပြည်​သူ​တို့​အား​ရှော​လ​မုန်​မိန့်​ခွန်း ပြော​ကြား​တော်​မူ​ခြင်း \r (၃ရာ၊ ၈:၁၂-၂၁) \p \v 1 ရှော​လ​မုန်​က \q1 ``အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည် \q2 စံ​တော်​မူ​ရန်​အ​တွက်​မိုး​တိမ်​နှင့်​မှောင်​မိုက်​ကို ရွေး​ချယ်​တော်​မူ​ပါ​ပြီ။ \q1 \v 2 ယ​ခု​အ​ခါ​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​စံ​တော်​မူ​ရာ ဗိ​မာန်​တော်၊ \q2 ကိုယ်​တော်​ထာ​ဝ​စဉ်​ကိန်း​ဝပ်​တော်​မူ​ရာ ဌာ​န​တော်​ကို​တည်​ဆောက်​ပြီး​ပါ​ပြီ'' ဟု \m ပတ္ထနာ​ပြု​တော်​မူ​၏။ \p \v 3 ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း​တို့​သည်​ထို​နေ​ရာ တွင်​ရပ်​လျက်​နေ​ကြ​၏။ မင်း​ကြီး​သည်​သူ​တို့ ဘက်​သို့​မျက်​နှာ​မူ​ပြီး​လျှင် သူ​တို့​အား​ဘု​ရား​သ​ခင်​ကောင်း​ချီး​ပေး​ရန်​တောင်း​လျှောက်​တော် မူ​၏။- \v 4 ထို​နောက်​မင်း​ကြီး​က``ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​၏​ခ​မည်း​တော် ဒါ​ဝိဒ်​အား​ငါ​သည် ငါ​၏​လူ​မျိုး​တော်​အား​ပေး အပ်​ခဲ့​သည့်​က​တိ​တော်​ကို​တည်​မြဲ​စေ​လေ​ပြီ။- \v 5 `သူ​တို့​ကို​အီ​ဂျစ်​ပြည်​က​ထုတ်​ဆောင်​ခဲ့​ချိန် မှ​အ​စ​ပြု​၍​ယ​နေ့​တိုင်​အောင် ငါ​သည်​အ​ဘယ် ဣ​သ​ရေ​လ​မြို့​ကို​မျှ​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ် ရာ​ဌာ​န​အ​ဖြစ်​ဖြင့်​ရွေး​ချယ်​သတ်​မှတ်​ခဲ့​ဖူး သည်​မ​ရှိ။ အ​ဘယ်​သူ​ကို​မျှ​လည်း​ငါ​၏​လူ မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ခေါင်း​ဆောင်​ရန်​မ​ရွေး​မ​ချယ်​ခဲ့။- \v 6 သို့​ရာ​တွင်​ယ​ခု​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့ ကို​ငါ့​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ဌာ​န​အ​ဖြစ် ဖြင့်​လည်း​ကောင်း၊ အ​ချင်း​ဒါ​ဝိဒ်၊ သင့်​အား​ငါ ၏​လူ​မျိုး​တော်​ကို​အုပ်​စိုး​မည့်​သူ​အ​ဖြစ် ဖြင့်​လည်း​ကောင်း​ရွေး​ချယ်​ထား​လေ​ပြီ' ဟူ ၍​မိန့်​တော်​မူ​၏'' ဟု​ဆို​၏။ \p \v 7 ထို​နောက်​ရှော​လ​မုန်​သည်​ဆက်​လက်​၍``ငါ​၏ ခ​မည်း​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ကိုး ကွယ်​ဝတ်​ပြု​ရာ​ဗိ​မာန်​တော်​ကို​တည်​ဆောက် ရန်​ကြံ​စည်​ခဲ့​သော်​လည်း၊- \v 8 ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား`ငါ့​အ​ဖို့​ဗိ​မာန် တော်​တည်​ဆောက်​ရန်​သင်​ဆန္ဒ​ပြု​သည်​မှာ လျောက်​ပတ်​ပေ​သည်။- \v 9 သို့​ရာ​တွင်​သင်​သည်​ဗိ​မာန်​ကို​တည်​ဆောက်​ရ​မည် မ​ဟုတ်။ တည်​ဆောက်​မည့်​သူ​မှာ​သင်​၏​ရင်​သွေး ဖြစ်​သော​သင်​၏​သား​တော်​ပင်​ဖြစ်​၏' ဟု​မိန့် တော်​မူ​၏။\x + \xo 6:9 \xt ၂ရာ၊ ၇:၁-၁၃။ ၅ရာ၊ ၁၇:၁-၁၂။\x* \p \v 10 ``ယ​ခု​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​က​တိ​တော် ကို​တည်​စေ​တော်​မူ​ပြီ။ ငါ​သည်​ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဗိ​မာန်​တော်​တည်​ဆောက်​ပြီး​လေ​ပြီ။- \v 11 ငါ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ထာ​ဝ​ရ ဘု​ရား​ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​တော်​ဆိုင်​ရာ ကျောက်​ပြား​များ​ပါ​ရှိ​သည့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​လည်း​ဗိ​မာန်​တော်​တွင်​ထား​ရှိ​ပြီး လေ​ပြီ'' ဟု​ပြည်​သူ​တို့​အား​မိန့်​တော်​မူ​၏။ \s1 ရှော​လ​မုန်​၏​ဆု​တောင်း​ပတ္ထနာ \r (၃ရာ၊ ၈:၂၂-၅၃) \p \v 12 ထို​နောက်​လူ​တို့​၏​မျက်​မှောက်​တွင်​ရှော​လ​မုန် သည်​ယဇ်​ပလ္လင်​ရှေ့​သို့​သွား​၍​ရပ်​တော်​မူ​ပြီး လျှင် လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထနာ​ပြု​တော် မူ​၏။- \v 13 (ရှော​လ​မုန်​သည်​အ​လျား​ရှစ်​ပေ၊ အ​နံ​ရှစ်​ပေ၊ အမြင့်​ငါး​ပေ​ရှိ​သော​ကြေး​နီ​ပ​လ္လင်​စင်​မြင့် ကို​တည်​ဆောက်​ပြီး​တံ​တိုင်း​အ​လယ်​တွင်​ထား တော်​မူ​ခဲ့​၏။ မင်း​ကြီး​သည်​ထို​ပလ္လင်​စင်​မြင့်​ပေါ် သို့​တက်​၍​လူ​အ​ပေါင်း​မြင်​သာ​သည့်​နေ​ရာ တွင်​ဒူး​ထောက်​ကာ​လက်​အုပ်​ချီ​လျက်၊-) \v 14 ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​နှင့်​တူ​သော ဘု​ရား​မိုး​မြေ​၌​မ​ရှိ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး တော်​သည်​စ​ကား​တော်​ကို​တစ်​သ​ဝေ​မ​တိမ်း နာ​ယူ​ကျင့်​သုံး​ကြ​သော​အ​ခါ​ကိုယ်​တော် သည်​သူ​တို့​နှင့်​ထား​ရှိ​သည့်​ပ​ဋိ​ညာဉ်​တော် ကို​စောင့်​ထိန်း​တော်​မူ​လျက်​သူ​တို့​အား မေတ္တာ​တော်​ကို​ပြ​တော်​မူ​ပါ​၏။- \v 15 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​ခ​မည်း​တော်​ဒါ​ဝိဒ် အား ပေး​ခဲ့​သည့်​က​တိ​တော်​ကို​တည်​စေ​တော် မူ​ပါ​ပြီ။ ကိုယ်​တော်​မိန့်​တော်​မူ​ခဲ့​သ​မျှ အ​တိုင်း​ယ​နေ့​အ​ကောင်​အ​ထည်​ပေါ်​ပါ​ပြီ။- \v 16 အို ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏ ခ​မည်း​တော်​ဒါ​ဝိဒ်​အား`သင်​၏​သား​မြေး​တို့ သည်​သင်​နည်း​တူ​ပ​ညတ်​တော်​ကို​ဂရု​ပြု​၍ လိုက်​လျှောက်​ကြ​လျှင် ဣ​သ​ရေ​လ​ပြည်​တွင် အ​ဘယ်​အ​ခါ​၌​မျှ​သင်​၏​အ​မျိုး​မင်း​ရိုး ပြတ်​မည်​မ​ဟုတ်' ဟု​ပေး​တော်​မူ​ခဲ့​သည့် က​တိ​တော်​ကို​လည်း​တည်​စေ​တော်​မူ ပါ။-\x + \xo 6:16 \xt ၃ရာ၊ ၂:၄။\x* \v 17 အို ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​အ​စေ​ခံ၊ အ​ကျွန်ုပ် ၏​ခ​မည်း​တော်​ဒါ​ဝိဒ်​အား​က​တိ​ထား​တော်​မူ သ​မျှ​တို့​ကို​ယ​ခု​ဖြစ်​ပွား​စေ​တော်​မူ​ပါ။'' \p \v 18 ``သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​လူ​တို့​နှင့် အ​တူ​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် အ​ကယ်​ပင်​စံ နေ​တော်​မူ​နိုင်​ပါ​သ​လော။ ကောင်း​ကင်​ဘ​ဝဂ် ပင်​လျှင်​ကိုယ်​တော်​စံ​နေ​တော်​မူ​နိုင်​အောင် မ​ကျယ်​ဝန်း​ပါ​လျှင်​အ​ကျွန်ုပ်​တည်​ဆောက် သည့်​ဗိ​မာန်​တော်​ကား​စံ​နေ​တော်​မူ​နိုင်​ရန် ကျယ်​ဝန်း​မည်​မ​ဟုတ်​ပါ။-\x + \xo 6:18 \xt ၆ရာ၊ ၂:၆။\x* \v 19 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်ုပ်​သည်​ကိုယ်​တော် ၏​ကျွန်​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​ဆု​တောင်း​သံ​ကို နား​ညောင်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​သော ဆု​ကို​ပေး​သ​နား​တော်​မူ​ပါ။- \v 20 ဤ​ဗိ​မာန်​တော်​ကို​နေ့​ည​မ​ပြတ်​စောင့်​ထိန်း ကြည့်​ရှု​တော်​မူ​ပါ။ ဤ​ဌာ​န​တော်​တွင်​ကိုယ် တော်​အား​ကိုး​ကွယ်​ဝတ်​ပြု​ရ​ကြ​မည်​ဖြစ် ကြောင်း​ကိုယ်​တော်​မိန့်​မှာ​တော်​မူ​ခဲ့​သည်​ဖြစ် ၍ ဤ​ဗိ​မာန်​တော်​ကို​မျက်​နှာ​မူ​လျက်​အ​ကျွန်ုပ် ဆု​တောင်း​သော​အ​ခါ​နား​ညောင်း​တော်​မူ ပါ။-\x + \xo 6:20 \xt တရား၊ ၁၂:၁၁။\x* \v 21 အ​ကျွန်ုပ်​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​လည်း ကောင်း၊ ဤ​အ​ရပ်​သို့​မျက်​နှာ​မူ​လျက်​ကိုယ် တော်​၏​လူ​မျိုး​တော်​ပြု​သော ဆု​တောင်း​ပတ္ထ​နာ များ​ကို​လည်း​ကောင်း​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ အ​ကျွန်ုပ်​တို့​လျှောက်​ထား​ချက်​များ​ကို နား ညောင်း​တော်​မူ​ပြီး​လျှင်​အ​ကျွန်ုပ်​တို့​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။'' \p \v 22 ``လူ​တစ်​ယောက်​သည်​အ​ခြား​လူ​တစ်​ယောက် အား​မ​တ​ရား​ပြု​မှု​နှင့်​စွပ်​စွဲ​ခြင်း​ခံ​ရ​သ​ဖြင့် မိ​မိ​တွင်​အပြစ်​မ​ရှိ​ကြောင်း​ဤ​ဗိ​မာန်​တော်​ရှိ ကိုယ်​တော်​၏​ယဇ်​ပလ္လင်​တော်​ရှေ့​တွင်​ကျမ်း ကျိန်​သော​အ​ခါ၊- \v 23 အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​ဘုံ​မှ​နား​ထောင် တော်​မူ​ပြီး​လျှင်​ကိုယ်​တော်​၏​အ​စေ​ခံ​များ အား​တ​ရား​စီ​ရင်​တော်​မူ​ပါ။'' \p \v 24 ``ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ကိုယ်​တော်​ကို​ပြစ်​မှား​သည့်​အ​တွက် ရန်​သူ​တို့​လက်​တွင်​အ​ရေး​ရှုံး​နိမ့်​ရ​ကြ​သ​ဖြင့် သူ​တို့​သည်​မိ​မိ​တို့​အ​ပြစ်​များ​မှ​ဖြေ​လွှတ် ရန်​အ​ထံ​တော်​သို့​ပြန်​လာ​၍​ဤ​ဗိ​မာန်​တော် သို့​လာ​ရောက်​ကာ​စိတ်​နှိမ့်​ချ​လျက်​ဆု​တောင်း ပတ္ထနာ​ပြု​ကြ​သော​အ​ခါ၊- \v 25 ကောင်း​ကင်​ဘုံ​မှ​သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​တော်​မူ​ပါ။ လူ​မျိုး​တော်​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​၍ သူ​တို့​နှင့်​သူ​တို့ ၏​ဘိုး​ဘေး​များ​အား​အ​ပိုင်​ပေး​သ​နား တော်​မူ​သည့်​ပြည်​တော်​သို့​ပြန်​လည်​ပို့​ဆောင် တော်​မူ​ပါ။'' \p \v 26 ``ကိုယ်​တော်​အား​လူ​မျိုး​တော်​ပြစ်​မှား​သည့် အ​တွက် မိုး​ခေါင်​စေ​တော်​မူ​သော​အ​ခါ​သူ​တို့ သည်​နောင်​တ​ရ​၍ ဤ​ဗိ​မာန်​တော်​သို့​မျက်​နှာ မူ​ကာ​စိတ်​နှ​လုံး​နှိမ့်​ချ​လျက်​ဆု​တောင်း ပတ္ထနာ​ပြု​ပါ​လျှင်၊- \v 27 အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​ဘုံ​မှ​နား​ညောင်း တော်​မူ​ပါ။ ကိုယ်​တော်​၏​အ​စေ​ခံ​ဣသ​ရေ​လ ပြည်​သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော် မူ​ပါ။ သူ​တို့​အား​လမ်း​မှန်​ကို​ပြ​ညွှန်​တော်​မူ ပါ။ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​အ​ပိုင်​ပေး သ​နား​တော်​မူ​သည့်​ပြည်​တော်​တွင်​မိုး​ရွာ စေ​တော်​မူ​ပါ။'' \p \v 28 ``ပြည်​တော်​တွင်​အ​စာ​ငတ်​မွတ်​ခေါင်း​ပါး သော​အ​ခါ၊ အ​နာ​ရော​ဂါ​ဘေး​ဆိုက်​သော အ​ခါ၊ ကောက်​ပဲ​သီး​နှံ​တို့​သည်​လေ​ပူ​မိ​ခြင်း၊ ပိုး​ထိ​ခြင်း​သို့​မ​ဟုတ်​ကျိုင်း​ကောင်​အုပ်​ကျ ခြင်း​တို့​ကြောင့်​ပျက်​စီး​သွား​သော​အ​ခါ၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ရန်​သူ​တို့ တိုက်​ခိုက်​ကြ​သော​အ​ခါ၊ သူ​တို့​တွင်​ဘေး ဥ​ပဒ်၊ အ​နာ​ရော​ဂါ​တစ်​စုံ​တစ်​ရာ​ကပ် ရောက်​သော​အ​ခါ၊- \v 29 သူ​တို့​ပြု​သော​ဆု​တောင်း​ပတ္ထနာ​ကို​နား​ညောင်း တော်​မူ​ပါ။ အ​ကယ်​၍​ကိုယ်​တော်​၏​လူ​မျိုး တော်​ဣသ​ရေ​လ​အ​မျိုး​သား​အ​ချို့​တို့​သည် လှိုက်​လှဲ​စွာ​ဝမ်း​နည်း​လျက် ဤ​ဗိ​မာန်​တော် ဘက်​သို့​လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု ကြ​လျှင်- \v 30 သူ​တို့​၏​ဆု​တောင်း​ပတ္ထနာ​ကို​နား​ညောင်း​တော် မူ​ပါ။ ကိုယ်​တော်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ မှ​နား​ညောင်း​တော်​မူ​၍ သူ​တို့​အား​အ​ပြစ် ဖြေ​လွှတ်​တော်​မူ​ပါ။ ကိုယ်​တော်​သာ​လျှင်​လူ ၏​အ​ကြံ​အ​စည်​ကို​သိ​တော်​မူ​ပါ​၏။ လူ တစ်​ဦး​စီ​အား​ထိုက်​သင့်​သည့်​အ​တိုင်း စီ​ရင်​တော်​မူ​ပါ။- \v 31 သို့​မှ​သာ​လျှင်​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် ဘိုး​ဘေး​တို့​အား​ပေး​သ​နား​တော်​မူ​သည့် ပြည်​တော်​တွင် နေ​ထိုင်​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​လိမ့် မည်။'' \p \v 32 ``ကိုယ်​တော်​သည်​အ​ဘယ်​မျှ​ကြီး​မြတ်​တော်​မူ ကြောင်း၊ အ​ဘယ်​မျှ​တန်​ခိုး​ကြီး​တော်​မူ​ကြောင်း၊ လက်​ရုံး​တော်​ဖြင့်​အ​ဘယ်​သို့​ပြု​တော်​မူ​ကြောင်း တို့​ကို​ရပ်​ဝေး​လူ​မျိုး​ခြား​သား​တစ်​ယောက်​သည် ကြား​သိ​ရ​သ​ဖြင့် ဤ​ဗိ​မာန်​တော်​သို့​လာ​၍ ဆု​တောင်း​ပတ္ထနာ​ပြု​သော​အ​ခါ- \v 33 ကိုယ်​တော်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ​နား ညောင်း​တော်​မူ​ပြီး​လျှင် ထို​သူ​တောင်း​လျှောက် သည်​အ​တိုင်း​ပြု​တော်​မူ​ပါ။ သို့​မှ​သာ​လျှင် ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် ၏​လူ​မျိုး​တော်​နည်း​တူ ကိုယ်​တော်​အား​ကြောက် ရွံ့​ရို​သေ​ကြ​ပါ​လိမ့်​မည်။ ထို့​အ​ပြင်​ကိုယ်​တော် အ​ဖို့​အ​ကျွန်ုပ်​တည်​ဆောက်​သည့်​ဗိ​မာန်​တော် သည်​ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​တော်​ဖြစ်​ကြောင်း​ကို​သူ​တို့​သိ​ကြ ပါ​လိမ့်​မည်။'' \p \v 34 ``ကိုယ်​တော်​သည်​လူ​မျိုး​တော်​အား​ရန်​သူ​တို့ ကို​တိုက်​ခိုက်​ရန်​အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ သူ​တို့​သည်​မည်​သည့်​အ​ရပ်​၌​ရှိ​သည်​မ​ဆို ကိုယ်​တော်​ရွေး​ချယ်​ထား​တော်​မူ​သည့် ဤ​မြို့ တော်​နှင့်​ကိုယ်​တော်​အ​ဖို့​အ​ကျွန်ုပ်​တည်​ဆောက် သည့်​ဤ​ဗိ​မာန်​တော်​သို့​မျက်​နှာ​မူ​၍​ဆု တောင်း​ပတ္ထနာ​ပြု​ကြ​လျှင်- \v 35 ကောင်း​ကင်​ဘုံ​မှ​နား​ညောင်း​တော်​မူ​၍​သူ​တို့ အား​အောင်​ပွဲ​ကို​ပေး​တော်​မူ​ပါ။'' \p \v 36 ``အ​ပြစ်​မ​ကူး​လွန်​သူ​တစ်​ယောက်​မျှ​မ​ရှိ​ပါ။ သို့​ဖြစ်​၍​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​ကိုယ် တော်​ကို​ပြစ်​မှား​ကြ​ပါ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​သည်​အ​မျက်​ထွက်​တော်​မူ​၍​သူ​တို့ အား​ရန်​သူ​များ​လက်​တွင် အ​ရေး​ရှုံး​နိမ့်​စေ လျက်​တိုင်း​တစ်​ပါး​သို့​ဖမ်း​ဆီး​ခေါ်​ဆောင် သွား​စေ​တော်​မူ​ပါ​လိမ့်​မည်။ ထို​တိုင်း​ပြည် သည်​အ​လွန်​ဝေး​ကွာ​စေ​ကာ​မူ- \v 37 ကိုယ်​တော်​သည်​လူ​မျိုး​တော်​၏​ဆု​တောင်း​ပတ္ထ နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ အ​ကယ်​၍​သူ​တို့ သည်​ထို​ပြည်​တွင်​နောင်​တ​ရ​လျက် မိ​မိ​တို့ အ​ဘယ်​မျှ​အ​ပြစ်​ကူး​လွန်​ခဲ့​၍​အ​ဘယ်​မျှ ဆိုး​ညစ်​ခဲ့​ကြောင်း​ဖော်​ပြ​ဝန်​ခံ​လျက် အ​ထံ တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​ပါ​လျှင် အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​၏​ဆု​တောင်း ပတ္ထ​နာ​များ​ကို​နား​ညောင်း​တော်​မူ​ပါ။- \v 38 အ​ကယ်​၍​သူ​တို့​သည်​ထို​ပြည်​တွင်​အ​မှန်​ပင် နောင်​တ​ရ​လျက် မိ​မိ​တို့​ဘိုး​ဘေး​များ​အား ကိုယ်​တော်​ပေး​တော်​မူ​သည့်​ပြည်​တော်၊ ကိုယ်​တော် ရွေး​ချယ်​ထား​တော်​မူ​သည့်​ဤ​မြို့​တော်၊ အ​ကျွန်ုပ် တည်​ဆောက်​ထား​သည့်​ဤ​ဗိ​မာန်​တော်​သို့​မျက် နှာ​မူ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လျှင်၊- \v 39 စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ​နား​ညောင်း​တော် မူ​ပြီး​လျှင် သူ​တို့​အား​က​ရု​ဏာ​ထား​တော်​မူ ၍​ကိုယ်​တော်​၏​လူ​မျိုး​တော်​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​ပါ။'' \p \v 40 ``အို အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်၊ ယ​ခု​အ​ကျွန်ုပ် တို့​ကို​ကြည့်​ရှု​တော်​မူ​၍​ဤ​ဌာ​န​တော်​တွင်​ပြု သည့်​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​နား​ညောင်း​တော် မူ​ပါ။- \v 41 အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ထ​တော် မူ​၍​ကိုယ်​တော်​၏​တန်​ခိုး​တော်​ကို​သ​ရုပ်​ဆောင် သည့်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့်​အ​တူ ဗိ​မာန်​တော် ထဲ​သို့​ကြွ​တော်​မူ​ပြီး​လျှင်​ကာ​လ​အ​စဉ်​အမြဲ စံ​နေ​တော်​မူ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် မိ​မိ​တို့​ခံ​စား​ရ​သည့်​ကျေး​ဇူး​တော်​ကြောင့် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​စေ​သော။-\x + \xo 6:41 \xt ဆာ၊ ၁၃၂:၈-၁၀။\x* \v 42 အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရွေး​ချယ်​ခန့်​ထား​တော်​မူ​သော​ဘု​ရင်​ကို​ပစ်​ပယ် တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​၏​အ​စေ​ခံ​ဒါဝိဒ် အ​ပေါ်​တွင်​ထား​ရှိ​တော်​မူ​ခဲ့​သည့်​မေတ္တာ တော်​ကို​အောက်​မေ့​တော်​မူ​ပါ'' ဟု​ပတ္ထ​နာ ပြု​တော်​မူ​၏။ \c 7 \s1 ဗိ​မာန်​တော်​ကို​အ​နု​မော​ဒ​နာ​ပြု​ခြင်း \r (၃ရာ၊ ၈:၆၂-၆၆) \p \v 1 ထို​သို့​ရှော​လ​မုန်​မင်း​ပတ္ထ​နာ​ပြု​ပြီး​သော​အ​ခါ မိုး​ကောင်း​ကင်​မှ​မီး​လျှံ​ကျ​၍ ပူ​ဇော်​သ​ကာ တို့​ကို​ကျွမ်း​လောင်​သွား​စေ​၏။ ထို​နောက်​ဗိ​မာန် တော်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော ဘုန်း​အသ​ရေ​တော်​ဖြင့်​ပြည့်​လေ​၏။-\x + \xo 7:1 \xt ဝတ်၊ ၉:၂၃-၂၄။\x* \v 2 သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဗိ​မာန်​တော်​ထဲ​သို့​မ​ဝင်​နိုင်​ကြ။- \v 3 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိုး​ကောင်း​ကင် မှ​မီး​လျှံ​ကျ​လာ​၍ ဗိ​မာန်​တော်​သည်​တောက်​ပ သော​ဘုန်း​အ​သ​ရေ​တော်​ဖြင့်​ပြည့်​လာ​သည် ကို​မြင်​သော​အ​ခါ​ကြမ်း​ပြင်​ပေါ်​တွင်​ပျပ်​ဝပ် ရှိ​ခိုး​လျက်``ကိုယ်​တော်​သည်​ကောင်း​မြတ်​တော် မူ​၍​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည်​၏'' ဟု ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​၏။-\x + \xo 7:3 \xt ၅ရာ၊ ၁၆:၃၄။ ၆ရာ၊ ၅:၁၃။ ဧဇ၊ ၃:၁၁။ ဆာ၊ ၁၀၀:၅၊ ၁၀၆:၁၊ ၁၀၇:၁၊ ၁၁၈:၁၊ ၁၃၆:၁။ ယေ၊ ၃၃:၁၁။\x* \v 4 ထို​နောက်​ရှော​လ​မုန်​မင်း​နှင့်​ပြည်​သူ​အ​ပေါင်း တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို ပူ​ဇော်​ကြ​၏။- \v 5 မင်း​ကြီး​သည်​နွား​ကောင်​ရေ​နှစ်​သောင်း​နှစ်​ထောင် နှင့် သိုး​ကောင်​ရေ​တစ်​သိန်း​နှစ်​သောင်း​ကို​မိတ် သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ​ဇော်​တော်​မူ​၏။ ဤ နည်း​အား​ဖြင့်​ဘု​ရင်​နှင့်​ပြည်​သူ​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး ကွယ်​ရာ​ဗိ​မာန်​တော်​ကို​အ​နု​မော​ဒ​နာ ပြု​ကြ​လေ​သည်။- \v 6 ယဇ်​ပု​ရော​ဟိတ်​များ​သည်​မိ​မိ​တို့​အ​တွက် သတ်​မှတ်​ထား​သည့်​နေ​ရာ​တွင်​ရပ်​လျက်​နေ ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ယဇ်​ပု​ရော ဟိတ်​တို့​နှင့်​မျက်​နှာ​ချင်း​ဆိုင်​ရပ်​လျက် ဒါ​ဝိဒ် မင်း​ပြု​လုပ်​ခဲ့​သော​တူ​ရိ​ယာ​များ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​၍ ဒါ​ဝိဒ်​မင်း​စီ​မံ​ခဲ့​သည့်​အ​တိုင်း``ကိုယ်​တော် ၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည်​၏'' ဟူ သော​ဋ္ဌမ္မ​သီ​ချင်း​ကို​သီ​ဆို​ကြ​လေ​သည်။ လူ​အ​ပေါင်း​တို့​ရပ်​လျက်​နေ​စဉ်​ယဇ်​ပု​ရော ဟိတ်​တို့​သည်​တံ​ပိုး​ခရာ​များ​ကို​မှုတ်​ကြ​၏။ \p \v 7 ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​ရှေ့​၌​ရှိ​သော​အလယ် တံ​တိုင်း​ကို​ဆက်​ကပ်​ပြီး​နောက် ထို​နေ​ရာ​၌​တစ် ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ယဇ်​မှ​ဆီ​ဥ​တို့​ကို​ပူ​ဇော်​တော် မူ​၏။ ဤ​သို့​ပြု​တော်​မူ​ရ​ခြင်း​မှာ​မင်း​ကြီး တည်​ဆောက်​ထား​သည့်​ကြေး​ဝါ​ယဇ်​ပလ္လင်​သည် ထို​ပူဇော်​သ​ကာ​အား​လုံး​တို့​အ​တွက်​အ​လွန် သေး​ငယ်​သော​ကြောင့်​ဖြစ်​လေ​သည်။ \p \v 8 ရှော​လ​မုန်​မင်း​နှင့်​မြောက်​ဘက်​ဟာ​မတ်​တောင် ကြား​မှ​တောင်​ဘက်​အီ​ဂျစ်​ပြည်​နယ်​စပ်​တိုင် အောင် အ​ရပ်​ရပ်​မှ​လာ​ရောက်​ကြ​သော​ဣသ​ရေ​လ ပြည်​သူ​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​နေ​ပွဲ တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင်​ကျင်း​ပ​ပြီး​နောက်၊- \v 9 အ​ဋ္ဌ​မ​နေ့​၌​ဋ္ဌမ္မ​အ​စည်း​အ​ဝေး​ကို​ကျင်း​ပ ကြ​၏။ ယဇ်​ပလ္လင်​ကို​အ​နု​မော​ဒ​နာ​ပြု​သည် မှာ​ခု​နစ်​ရက်၊ ပွဲ​တော်​ကျင်း​ပ​သည်​မှာ​လည်း ခု​နစ်​ရက်​ဖြစ်​၏။- \v 10 သတ္တ​မ​လ​နှစ်​ဆယ့်​သုံး​ရက်​နေ့​၌​ရှော​လ​မုန် သည်​ပြည်​သူ​တို့​အား မိ​မိ​တို့​နေ​ရပ်​သို့​ပြန် စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏ လူ​မျိုး​တော်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ဒါ​ဝိဒ်​မင်း​နှင့်​ရှော​လ​မုန်​မင်း​အား​ပြု​တော် မူ​သော​ကျေး​ဇူး​တော်​ကြောင့်​လူ​တို့​သည် အား​ရ​ဝမ်း​မြောက်​စွာ​ပြန်​ကြ​ကုန်​၏။ \s1 ရှော​လ​မုန်​ထံ​သို့​ဘု​ရား​သ​ခင်​တစ်​ဖန် ကြွ​လာ​တော်​မူ​ခြင်း \r (၃ရာ၊ ၉:၁-၉) \p \v 11 ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​နှင့် နန်း​တော်​တည် ဆောက်​မှု​ကို​မိ​မိ​၏​စီ​မံ​ချက်​နှင့်​အ​ညီ​ထ မြောက်​၍​အ​ပြီး​သတ်​သော​အ​ခါ၊- \v 12 ထာ​ဝ​ရ​ဘု​ရား​သည်​ညဥ့်​အ​ခါ​ရှော​လ​မုန်​ထံ သို့​ကြွ​လာ​တော်​မူ​၍``သင်​၏​ဆု​တောင်း​ပတ္ထ​နာ ကို​ငါ​ကြား​ပြီ။ သို့​ဖြစ်​၍​ဤ​ဗိ​မာန်​တော်​ကို ငါ့​အား​ယဇ်​ပူ​ဇော်​ရာ​ဌာ​န​အ​ဖြစ်​ဖြင့်​ငါ လက်​ခံ​၏။- \v 13 ငါ​သည်​မိုး​ကို​ခေါင်​စေ​သည့်​အ​ခါ​၌​ဖြစ်​စေ၊ ကောက်​ပဲ​သီး​နှံ​များ​ကို​ကိုက်​ဖျက်​ရန်​ကျိုင်း ကောင်​များ​ကို​စေ​လွှတ်​သည့်​အ​ခါ​၌​ဖြစ်​စေ၊ ငါ​ပိုင်​ဆိုင်​သူ​များ​ဟု​ခေါ်​ဆို​သ​မုတ်​အပ် သည့်​ငါ​၏​လူ​မျိုး​တော်​အား​ကာ​လ​နာ သင့်​စေ​သော​အ​ခါ​၌​ဖြစ်​စေ၊- \v 14 သူ​တို့​သည်​ငါ့​ထံ​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု ကာ​နောင်​တ​ရ​၍​မိ​မိ​တို့​၏​ဒု​စ​ရိုက်​လမ်း ကို​ရှောင်​ကြဉ်​ကြ​လျှင် ငါ​သည်​ကောင်း​ကင်​ဘုံ မှ​သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း မည်။ သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​၍ သူ​တို့​၏​ပြည်​ကို​တစ်​ဖန်​ပြန်​လည်​ဝ​ပြော သာ​ယာ​လာ​စေ​မည်။- \v 15 ငါ​သည်​ဤ​ဗိ​မာန်​တော်​ကို​ကြည့်​ရှု​စောင့်​ရှောက် မည်။ ဤ​ဗိ​မာန်​တော်​တွင်​ပြု​သ​မျှ​သော​ဆု တောင်း​ပတ္ထနာ​များ​ကို​နား​ညောင်း​မည်။- \v 16 ငါ​သည်​ဤ​ဗိ​မာန်​တော်​ကို​ရွေး​ချယ်​၍​ငါ့​အား ထာ​ဝ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​အ​ဖြစ် ဖြင့်​သီး​သန့်​စေ​ပြီ။ ငါ​သည်​ဤ​ဌာ​န​တော် ကို​စောင့်​ကြပ်​ကြည့်​ရှု​မည်။ ကာ​လ​အ​စဉ် အ​ဆက်​ကာ​ကွယ်​စောင့်​ရှောက်​မည်။- \v 17 သင်​သည်​သင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့​ငါ ၏​တ​ရား​တော်​ကို​စောင့်​ထိန်း​၍​ငါ​ပညတ်​သ​မျှ အ​တိုင်း​ပြု​ကျင့်​ကာ​ငါ့​အား​ကိုး​ကွယ်​လျှင်၊- \v 18 သင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​အား`ဣသ​ရေ​လ​ပြည် တွင်​အ​ဘယ်​အ​ခါ​၌​မျှ​သင်​၏​အ​မျိုး​မင်း​ရိုး ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်' ဟု ငါ​ပေး​ခဲ့​သည့် က​တိ​ကို​တည်​စေ​မည်။-\x + \xo 7:18 \xt ၃ရာ၊ ၂:၄။\x* \v 19 သို့​ရာ​တွင်​အ​ကယ်​၍​သင်​နှင့်​သင်​၏​ပြည်​သူ တို့​သည်​ငါ​၏​ပ​ညတ်​တော်​များ​နှင့်​အ​မိန့် တော်​တို့​ကို​ချိုး​ဖောက်​၍​အ​ခြား​ဘု​ရား များ​ကို​ကိုး​ကွယ်​ကြ​လျှင်​မူ​ကား၊- \v 20 ငါ​ပေး​သ​နား​သည့်​ပြည်​မှ​သင်​တို့​ကို​ဖယ်​ရှား မည်။ ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​အ​ဖြစ် ဖြင့် ငါ​သီး​သန့်​ထား​သည့်​ဤ​ဗိ​မာန်​တော်​ကို လည်း​စွန့်​ခွာ​မည်​ဖြစ်​၍ အ​ရပ်​တ​ကာ​ရှိ​လူ တို့​တွင်​အ​ထင်​အ​မြင်​သေး​ခြင်း​နှင့်​ပြောင် လှောင်​ခြင်း​ဖြစ်​စေ​မည်။ \p \v 21 ``ယ​ခု​အ​ခါ​ဗိ​မာန်​တော်​သည်​များ​စွာ​ဂုဏ် အ​သ​ရေ​ရှိ​သော်​လည်း ထို​အ​ခါ​၌​မူ​အ​နီး မှ​ဖြတ်​သန်း​သွား​လာ​သူ​အ​ပေါင်း​တို့​သည် အံ့​အား​သင့်​လျက်`ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​ကြောင့်​ဤ​ပြည်​နှင့်​ဤ​ဗိ​မာန်​တော်​ကို ဤ​သို့​စီ​ရင်​တော်​မူ​ပါ​သ​နည်း' ဟု​မေး​မြန်း ကြ​လိမ့်​မည်။- \v 22 လူ​တို့​က`ဣသ​ရေ​လ​အမျိုး​သား​တို့​သည်​မိ​မိ​တို့ ဘိုး​ဘေး​များ​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် လာ​တော်​မူ​သော​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား ကို​စွန့်​ပစ်​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည် အ​ခြား​ဘု​ရား​များ​ထံ​တွင်​ကျေး​ဇူး​သစ္စာ ခံ​လျက်​ထို​ဘု​ရား​တို့​ကို​ကိုး​ကွယ်​ကြ​လေ ပြီ။ ထို​ကြောင့်​ထာ​ဝရ​ဘု​ရား​သည်​သူ​တို့​အား ဤ​ဘေး​ဒဏ်​ကို​သင့်​စေ​တော်​မူ​ပြီ' ဟု​ဖြေ ဆို​ကြ​လိမ့်​မည်။'' \c 8 \s1 ရှော​လ​မုန်​၏​ဆောင်​ရွက်​ချက်​များ \r (၃ရာ၊ ၉:၁၀-၂၈) \p \v 1 ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​နှင့် မိ​မိ​၏​နန်း တော်​ကို​အ​နှစ်​နှစ်​ဆယ်​တိုင်​တိုင်​တည်​ဆောက် ရ​လေ​သည်။- \v 2 သူ​သည်​မိ​မိ​အား​ဟိ​ရံ​မင်း​ပြန်​၍​ပေး​အပ် သည့်​မြို့​များ​ကို​လည်း​ပြန်​လည်​တည်​ထောင် ကာ ထို​မြို့​တို့​တွင်​အ​ခြေ​စိုက်​နေ​ထိုင်​ရန် ဣသ​ရေ​လ​အမျိုး​သား​တို့​ကို​ပို့​တော်​မူ​၏။- \v 3 ဟာ​မတ်​နှင့်​ဇော​ဘ​နယ်​များ​ကို​လည်း​တိုက် ခိုက်​သိမ်း​ယူ​ပြီး​လျှင်၊- \v 4 သဲ​ကန္တာ​ရ​တွင်​ရှိ​သော​တာ​ဒ​မော်​မြို့​ကို​တံ တိုင်း​ကာ​တော်​မူ​၏။ ဟာ​မတ်​နယ်​ရှိ​ရိက္ခာ​သို လှောင်​ရာ​မြို့​အ​ပေါင်း​ကို​လည်း​ပြန်​လည် တည်​ထောင်​တော်​မူ​၏။- \v 5 ရှော​လ​မုန်​သည်​အောက်​ပါ​မြို့​များ​ကို​ပြန်​လည် တည်​ဆောက်​တော်​မူ​၏။ (တံ​ခါး​ကန့်​လန့်​ကျင် များ​နှင့်​တ​ကွ​တံ​တိုင်း​ကာ​ရံ​ထား​သော) အ​ထက်​ဗေသော​ရုန်​မြို့၊ အောက်​ဗေ​သော​ရုန်​မြို့၊- \v 6 ဗာ​လတ်​မြို့၊ ရိက္ခာ​သို​လှောင်​ရာ​မြို့​များ၊ မြင်း​နှင့် စစ်​ရ​ထား​စ​ခန်း​မြို့​များ​ဖြစ်​လေ​သည်။ ယေ​ရု ရှ​လင်​မြို့၊ လေ​ဗ​နုန်​တောင်၊ နိုင်​ငံ​တော်​အ​ရပ် ရပ်​တွင် မိ​မိ​တည်​ဆောက်​လို​သ​မျှ​ကို​တည် ဆောက်​၏။- \v 7-8 ရှော​လ​မုန်​သည်​ခါ​နာန်​ပြည်​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သိမ်း​ယူ​စဉ်​အ​ခါ​က မ​သတ် ဘဲ​ကျန်​ကြွင်း​ခဲ့​သည့်​ခါ​နာန်​ပြည်​သား​များ မှ​ဆင်း​သက်​လာ​သူ​တို့​ကို မိ​မိ​၏​ချွေး​တပ် အ​တွက်​အသုံး​ပြု​တော်​မူ​၏။ ထို​သူ​တို့​အ​ထဲ တွင်​အာ​မော​ရိ​အမျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား​နှင့် ယေ​ဗု​သိ​အ​မျိုး​သား​တို့​ပါ​ဝင်​ကြ​၏။ ထို သူ​တို့​၏​သား​မြေး​များ​သည်​ယ​နေ့​တိုင် အောင်​ဆက်​လက်​၍​ကျွန်​ခံ​နေ​ရ​ကြ​သ​တည်း။- \v 9 မင်း​ကြီး​သည်​အ​ဘယ်​ဣသ​ရေ​လ​အ​မျိုး​သား ကို​မျှ​ချွေး​တပ်​တွင်​အ​သုံး​ပြု​တော်​မ​မူ။ သူ တို့​သည်​စစ်​သူ​ရဲ​များ၊ တပ်​မှူး​များ၊ စစ်​ရ​ထား မှူး​များ​နှင့် မြင်း​စီး​သူ​ရဲ​များ​အ​ဖြစ်​ဖြင့် အ​မှု​ထမ်း​ရ​ကြ​လေ​သည်။- \v 10 ရှော​လ​မုန်​မင်း​၏​ဆောက်​လုပ်​ရေး​စီ​မံ​ကိန်း​များ တွင်​လုပ်​ကိုင်​လျက်​ရှိ​သော​ချွေး​တပ်​များ​ကို ကြီး​ကြပ်​အုပ်​ချုပ်​သူ​နှစ်​ရာ့​ငါး​ဆယ်​ရှိ​သ​တည်း။ \p \v 11 ရှော​လ​မုန်​သည်​မိ​မိ​၏​မိ​ဖု​ရား​ဖြစ်​သူ​အီ​ဂျစ် ဘု​ရင်​၏​သ​မီး​တော်​ကို​ဒါ​ဝိဒ်​မြို့​တော်​မှ​သူ ၏​အ​တွက်​ဆောက်​လုပ်​ထား​သော​စံ​နန်း​သို့​ခေါ် ဆောင်​လာ​တော်​မူ​၏။ မင်း​ကြီး​က``ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကိန်း​ဝပ်​ဖူး​ရာ​အ​ရပ်​သည်​သန့်​ရှင်း​မြင့် မြတ်​သည်​ဖြစ်​၍ ထို​အ​မျိုး​သ​မီး​သည်​ဣ​သ ရေ​လ​ဘု​ရင်​ဒါ​ဝိဒ်​၏​နန်း​တော်​တွင်​နေ​ထိုင် ရန်​မ​သင့်'' ဟု​မိန့်​တော်​မူ​၏။ \p \v 12 ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​ရှေ့​တွင် မိ​မိ​တည် ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​တွင်​ယဇ်​များ​ကို ပူဇော်​တော်​မူ​၏။- \v 13 သူ​သည်​မော​ရှေ​၏​ပ​ညတ်​ကျမ်း​အ​ရ​ဥ​ပုသ်​နေ့ များ၊ လ​ဆန်း​ပွဲ​တော်​နေ့​များ​နှင့်​တစ်​နှစ်​တစ် ကြိမ်​ကျင်း​ပ​ရ​သည့်​ပွဲ​တော်​သုံး​ခု​ဖြစ်​သော တ​ဆေး​မဲ့​မုန့်​ပွဲ​တော်၊ ကောက်​သိမ်း​ပွဲ​တော်​နှင့် သစ်​ခက်​တဲ​နေ​ပွဲ​တော်​နေ့​တို့​တွင်​မီး​ရှို့​ရာ ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ​တော်​မူ​၏။-\x + \xo 8:13 \xt တော၊ ၂၈:၉-၁၀၊ ၁၁-၁၅။ ထွ၊ ၂၃:၁၄-၁၇၊ ၃၄:၂၂-၂၃။ တော၊ ၂၈:၁၆-၂၉:၃၉။ တရား၊ ၁၆:၁၆။\x* \v 14 ခ​မည်း​တော်​ဒါဝိဒ်​ချ​မှတ်​ထား​ခဲ့​သည့်​စည်း မျဉ်း​များ​အ​တိုင်း​မင်း​ကြီး​သည် ယဇ်​ပု​ရော ဟိတ်​တို့​နေ့​စဉ်​လုပ်​ဆောင်​ရန်​တာ​ဝန်​များ​ကို လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​အ​မှု​တော် ဆောင်​ရာ​တွင်​ပါ​ဝင်​ကူ​ညီ​ကာ ဋ္ဌမ္မ​သီ​ချင်း များ​အေး​ကူး​ကြ​ရ​သူ​လေ​ဝိ​အ​နွယ်​ဝင် တို့​၏​အ​လုပ်​တာ​ဝန်​များ​ကို​လည်း​ကောင်း စီ​စဉ်​ပေး​တော်​မူ​၏။ ဘု​ရား​သ​ခင်​၏​အ​စေ​ခံ ဒါ​ဝိဒ်​အ​မိန့်​ရှိ​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ဗိ​မာန် တော်​အ​စောင့်​တပ်​သား​များ​ကို​လည်း​နေ့​စဉ် တာ​ဝန်​ဝတ္တ​ရား​များ​ထမ်း​ဆောင်​ရန်​အ​ဖွဲ့ များ​ဖွဲ့​စည်း​ပေး​တော်​မူ​၏။- \v 15 ပစ္စည်း​သို​လှောင်​ရုံ​များ၊ အ​ခြား​အ​မှု​ကိစ္စ များ​နှင့်​ပတ်​သက်​၍​ဒါ​ဝိဒ်​ပေး​ခဲ့​သည့်​ညွှန် ကြား​ချက်​များ​ကို​လည်း​အ​သေး​စိတ် လိုက်​နာ​ဆောင်​ရွက်​တော်​မူ​၏။ \p \v 16 ယ​ခု​အ​ခါ​၌​ရှော​လ​မုန်​၏​စီ​မံ​ကိန်း​ရှိ​သ​မျှ ကို​လက်​စ​သတ်​လိုက်​လေ​ပြီ။ ထာ​ဝရ​ဘု​ရား​၏ ဗိ​မာန်​တော်​ကို​အုတ်​မြစ်​ချ​ချိန်​မှ​တည်​ဆောက် မှု​လက်​စ​သတ်​ချိန်​အ​ထိ ဆောင်​ရွက်​စ​ရာ​ရှိ သ​မျှ​သော​အ​လုပ်​တို့​သည်​အောင်​မြင်​စွာ ပြီး​စီး​သွား​လေ​ပြီ။ \p \v 17 ထို​နောက်​ရှော​လ​မုန်​သည်​ဧ​ဒုံ​ပြည်၊ အာ​ကွ​ဗာ ပင်​လယ်​ကွေ့​ပေါ်​ရှိ​သင်္ဘော​ဆိပ်​မြို့​များ​ဖြစ် သော​ဧဇယုန်​ဂါ​ဗာ​မြို့​နှင့်​ဧ​လုတ်​မြို့​သို့​ကြွ တော်​မူ​၏။- \v 18 သူ​၏​ထံ​သို့​ဟိ​ရံ​မင်း​သည်​မိ​မိ​၏​ပင်​လယ် သွား​ကျွမ်း​ကျင်​သူ​များ​နှင့်​အ​လုပ်​ရည်​ဝ သူ​သင်္ဘော​သား​များ​လိုက်​ပါ​သည့်​သင်္ဘော များ​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​တို့​သည် ရှော​လ​မုန်​၏​ပင်​လယ်​သွား​ကျွမ်း​ကျင်​သူ များ​နှင့်​အ​တူ​သြ​ဖိ​ရ​မြို့​သို့​သင်္ဘော​လွှင့် ကြ​ပြီး​လျှင်​ရွှေ​တစ်​ဆယ့်​ခြောက်​တန်​နီး ပါး​ကို​ရှော​လ​မုန်​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ ၏။ \c 9 \s1 ရှေ​ဘ​ဘု​ရင်​မ​အ​လည်​အ​ပတ်​ကြွ​လာ​ခြင်း \r (၃ရာ၊ ၁၀:၁-၁၃) \p \v 1 ရှေ​ဘ​ပြည်​ဘု​ရင်​မ​သည်​ရှော​လ​မုန်​၏​ဂုဏ် သတင်း​ကို​ကြား​သိ​ရ​သ​ဖြင့် ခက်​ခဲ​သော​ပုစ္ဆာ များ​ဖြင့်​မင်း​ကြီး​အား​ပ​ညာ​စမ်း​ရန်​ယေ​ရု ရှ​လင်​မြို့​သို့​ကြွ​လာ​တော်​မူ​၏။ ဘု​ရင်​မ သည်​များ​စွာ​သော​အ​ခြွေ​အ​ရံ​လိုက်​ပါ လျက်​နံ့​သာ​မျိုး​များ၊ ကျောက်​မျက်​ရ​တ​နာ များ၊ ရွှေ​အ​မြောက်​အ​မြား​တင်​ဆောင်​သည့် ကု​လား​အုတ်​များ​နှင့်​ရောက်​ရှိ​လာ​လေ​သည်။ သူ​သည်​မင်း​ကြီး​၏​ရှေ့​တော်​သို့​ရောက်​ရှိ လာ​သော​အ​ခါ​မိ​မိ​စဉ်း​စား​ရ​သ​မျှ​သော ပုစ္ဆာ​တို့​ကို​မေး​တော်​မူ​၏။- \v 2 မင်း​ကြီး​သည်​တစ်​ခု​မ​ကျန်​ဖြေ​ကြား​တော်​မူ သည်။ မင်း​ကြီး​မ​ဖြေ​ရှင်း​နိုင်​သော​ပုစ္ဆာ​ဟူ​၍ မ​ရှိ။- \v 3 ရှေ​ဘ​ပြည်​ဘု​ရင်​မ​သည်​ရှော​လ​မုန်​ထံ​မှ ဉာဏ်​ပညာ​နှင့်​ယှဉ်​သော​စ​ကား​များ​ကို​ကြား ၍ သူ​ဆောက်​လုပ်​ထား​သည့်​နန်း​တော်​ကို​မြင် တော်​မူ​၏။- \v 4 ဘု​ရင်​မ​သည်​မင်း​ကြီး​ပွဲ​တော်​တည်​သော အ​စား​အ​စာ​များ၊ မှူး​မတ်​တို့​၏​နေ​အိမ် များ၊ နန်း​တော်​အ​မှု​ထမ်း​အ​ရာ​ထမ်း​များ အား​ဖွဲ့​စည်း​ပုံ​နှင့်​သူ​တို့​ဝတ်​ဆင်​ကြ​သည့် ဆင်​တူ​ဝတ်​စုံ​များ၊ ပွဲ​လမ်း​သ​ဘင်​အ​ခါ​တွင် မင်း​ကြီး​အား​ခ​စား​ရ​သူ​အ​စေ​ခံ​များ​နှင့် သူ​တို့​၏​ဝတ်စုံ​များ၊ ဗိ​မာန်​တော်​တွင်​မင်း ကြီး​ပူ​ဇော်​သည့်​ယဇ်​များ​ကို​တွေ့​မြင်​သော အ​ခါ​လွန်​စွာ​အံ့​သြ​လေ​သည်။ \p \v 5 ဘု​ရင်​မ​က​မင်း​ကြီး​အား``အ​ကျွန်ုပ်​သည် ကျွန်ုပ်​၏​တိုင်း​ပြည်​တွင်​ရှိ​စဉ်​အ​ခါ​က​အ​ဆွေ တော်​နှင့်​အ​ဆွေ​တော်​၏​ဉာဏ်​ပ​ညာ​အ​ကြောင်း ကို​ကြား​သိ​ခဲ့​ရ​သည့်​သ​တင်း​သည်​မှန်​ပါ သည်​တ​ကား။- \v 6 ကိုယ်​တိုင်​မျက်​မြင်​ဒိ​ဌ​မ​တွေ့​မ​မြင်​ရ​မီ အ​ခါ​က​ထို​သ​တင်း​ကို​ကျွန်ုပ်​မ​ယုံ​ပါ။ အ​ဆွေ တော်​သည်​လူ​တို့​ပြော​ဆို​နေ​ကြ​သည်​ထက်​ပင် ပို​၍​ဉာဏ်​ပ​ညာ​ရှိ​တော်​မူ​ပါ​၏။- \v 7 အ​ဆွေ​တော်​၏​အ​ပါး​တော်​တွင်​အ​စဉ်​ခ​စား လျက် အ​ဆွေ​တော်​ထံ​မှ​ဉာဏ်​ပ​ညာ​နှင့်​ယှဉ် သော​စ​ကား​များ​ကို​ကြား​ရ​သူ​တို့​သည် အ​လွန်​မင်္ဂ​လာ​ရှိ​ကြ​ပါ​သည်​တ​ကား။- \v 8 အ​ဆွေ​တော်​၏​ဘုရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား​ထော​မ​နာ​ပြု​ကြ​ပါ​စေ​သ​တည်း။ ကိုယ် တော်​သည်​အ​ဆွေ​တော်​ကို​လွန်​စွာ​နှစ်​သက် မြတ်​နိုး​တော်​မူ​သည်​ဖြစ်​၍ မိ​မိ​၏​ကိုယ်​စား အုပ်​စိုး​နိုင်​ရန်​ဣသ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ချီး မြှောက်​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​မိ​မိ​လူ​မျိုး တော်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား​ချစ် တော်​မူ​၍​ထာ​ဝစဉ်​စောင့်​ရှောက်​တော်​မူ​လို သ​ဖြင့်​တ​ရား​ဥ​ပ​ဒေ​စိုး​မိုး​မှု​နှင့်​တ​ရား မျှ​တ​မှု​ရှိ​နိုင်​စေ​ရန်​အ​ဆွေ​တော်​အား သူ​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့်​ချီး​မြှောက် တော်​မူ​ပြီ'' ဟု​ပြော​၏။ \p \v 9 ဘု​ရင်​မ​သည်​ရှော​လ​မုန်​မင်း​အား​ရွှေ​ချိန် ငါး​တန်၊ နံ့​သာ​မျိုး​နှင့်​ကျောက်​မျက်​ရ​တ​နာ အ​မြောက်​အ​မြား​ကို​လက်​ဆောင်​အ​ဖြစ်​ပေး ဆက်​တော်​မူ​၏။ ရှော​လ​မုန်​မင်း​အား​ရှေ​ဘ ပြည်​ဘု​ရင်​မ​ပေး​ဆက်​သည့်​နံ့​သာ​မျိုး ကဲ့​သို့​ကောင်း​သည့်​နံ့​သာ​မျိုး​ကို​နောင် အ​ဘယ်​အ​ခါ​၌​မျှ​မ​တွေ့​ရ​တော့​ချေ။\x + \xo 9:9 \xt မ၊ ၁၂:၄၂။ လု၊ ၁၁:၃၁။\x* \p \v 10 (သြ​ဖိ​ရ​မြို့​မှ​ရွှေ​ကို​ယူ​ဆောင်​လာ​သော ဟိ​ရံ​မင်း​နှင့်​ရှော​လ​မုန်​မင်း​၏​လူ​တို့​သည် ထင်း​ရှူး​သား​နှင့်​ကျောက်​မျက်​ရ​တ​နာ​များ ကို​လည်း​ယူ​ဆောင်​လာ​ကြ​၏။- \v 11 ရှော​လ​မုန်​သည်​ထင်း​ရှူး​သား​ကို​ဗိ​မာန်​တော်​နှင့် မိ​မိ​၏​နန်း​တော်​လှေ​ကား​များ​ပြု​လုပ်​ရာ​တွင် လည်း​ကောင်း၊ ဂီ​တ​ဆ​ရာ​များ​အ​တွက်​စောင်း ကြီး​စောင်း​ငယ်​များ​ပြု​လုပ်​ရာ​တွင်​လည်း ကောင်း​အ​သုံး​ပြု​တော်​မူ​၏။ ထို​မျှ​ကောင်း သော​ထင်း​ရှူး​သား​မျိုး​ကို ယ​ခင်​အ​ဘယ်​အ​ခါ က​မျှ​ယု​ဒ​ပြည်​တွင်​မ​တွေ့​မ​မြင်​ဘူး​ကြ။) \p \v 12 ရှော​လ​မုန်​မင်း​သည်​ဘု​ရင်​မ​ထံ​မှ​ရ​ရှိ​သည့် လက်​ဆောင်​များ​အ​တွက် မိ​မိ​ပြန်​လည်​ပေး​သည့် လက်​ဆောင်​များ​အ​ပြင်​ဘု​ရင်​မ​အ​လို​ရှိ သ​မျှ​သော​အ​ရာ​များ​ကို​ပေး​တော်​မူ​၏။ ထို နောက်​ဘု​ရင်​မ​နှင့်​အ​ခြွေ​အ​ရံ​တို့​သည် ရှေ​ဘ​ပြည်​သို့​ပြန်​သွား​ကြ​၏။ \s1 ရှော​လ​မုန်​မင်း​၏​ဋ္ဌ​န​အင်​အား \r (၃ရာ၊ ၁၀:၁၄-၂၅) \p \v 13-14 ကုန်​သည်​တို့​ပေး​သွင်း​သည့်​အ​ခွန်​တော်​များ အပြင်​နှစ်​စဉ်​နှစ်​တိုင်း​ရှော​လ​မုန်​မင်း​ထံ​ဆက် သွင်း​ရ​သော​ရွှေ​ချိန်​မှာ​နှစ်​ဆယ့်​ငါး​တန်​ကျော် ကျော်​ဖြစ်​၏။ အာ​ရပ်​ဘု​ရင်​များ​နှင့်​ဣသ​ရေ​လ နယ်​မြေ​ဘု​ရင်​ခံ​များ​က​လည်း​မင်း​ကြီး​ထံ ရွှေ၊ နှင့်​ငွေ​များ​ကို​ဆက်​သွင်း​ရ​ကြ​သည်။- \v 15 ရှော​လ​မုန်​သည်​တစ်​ဆယ့်​ငါး​ပေါင်​နီး​ပါး စီ​ရှိ​သည့်​ရွှေ​ပြား​များ​ဖြင့်​မွမ်း​မံ​ထား​သည့် ဒိုင်း​ကြီး​နှစ်​ရာ၊- \v 16 ရှစ်​ပေါင်​နီး​ပါး​စီ​ရှိ​သည့်​ရွှေ​ပြား​များ​ဖြင့် မွမ်း​မံ​ထား​သော​ဒိုင်း​ငယ်​သုံး​ရာ​ကို​ပြု​လုပ် တော်​မူ​သည်။ သူ​သည်​ထို​ဒိုင်း​အား​လုံး​ကို လေ​ဗ​နုန်​တော​ခန်း​မ​ဆောင်​တွင်​ထား​ရှိ စေ​၏။ \p \v 17 မင်း​ကြီး​သည်​တစ်​ပိုင်း​ကို​ဆင်​စွယ်​ဖြင့်​လည်း ကောင်း၊ ကျန်​တစ်​ပိုင်း​ကို​ရွှေ​စင်​ဖြင့်​လည်း ကောင်း​မွမ်း​မံ​ထား​သော​ရာ​ဇ​ပလ္လင်​ကြီး ကို​ပြု​လုပ်​စေ​တော်​မူ​၏။- \v 18 ထို​ရာ​ဇ​ပလ္လင်​သို့​တတ်​ရန်​လှေ​ကား​ခြောက် ထစ်​ရှိ​လေ​သည်။ ရာ​ဇ​ပလ္လင်​နှင့်​တစ်​စပ်​တည်း ရွှေ​ဖြင့်​မွမ်း​မံ​ထား​သော​ခြေ​တော်​တင်​ခုံ​ရှိ​၏။ ရာ​ဇ​ပလ္လင်​၏​တစ်​ဖက်​တစ်​ချက်​တွင်​လက်​ရုံး တန်း​တစ်​ခု​စီ​ရှိ​၍​ယင်း​တို့​၏​နံ​ဘေး​တွင် ရပ်​လျက်​နေ​သော​ခြင်္သေ့​ရုပ်​တစ်​ကောင်​စီ ရှိ​၏။- \v 19 လှေ​ကား​ထစ်​များ​၏​အ​စွန်း​တစ်​ဖက်​တစ်​ချက် စီ​တွင်​ခြင်္သေ့​ရုပ်​တစ်​ကောင်​စီ​ဖြင့်​ခြင်္သေ့​ရုပ်​တစ် ဆယ့်​နှစ်​ကောင်​ရှိ​လေ​သည်။ အ​ခြား​အ​ဘယ် တိုင်း​ပြည်​တွင်​မျှ​ဤ​ကဲ့​သို့​သော​ရာ​ဇ​ပလ္လင် မျိုး​မ​ရှိ​ခဲ့​ဘူး​ချေ။ \p \v 20 ရှော​လ​မုန်​မင်း​၏​သောက်​တော်​ရေ​ဖ​လား​မှန် သ​မျှ​သည်​ရွှေ​ဖြင့်​ပြီး​၍ လေ​ဗ​နုန်​တော​ခန်း မ​ဆောင်​တွင်​ရှိ​သ​မျှ​သော​ခွက်​ယောက်​အ​သုံး အ​ဆောင်​များ​သည်​လည်း​ရွှေ​စင်​ဖြင့်​ပြီး သ​တည်း။ ရှော​လ​မုန်​၏​ခေတ်​၌​ငွေ​ကို​တန် ဖိုး​မ​ထား​ကြ။- \v 21 မင်း​ကြီး​၌​ဟိရံ​မင်း​၏​သင်္ဘော​စု​နှင့်​အ​တူ​ပင် လယ်​သွား​သင်္ဘော​များ​ရှိ​၏။ သူ​၏​သင်္ဘော​တို့ သည် ရွှေ၊ ငွေ၊ ဆင်​စွယ်၊ လူ​ဝံ​နှင့်​မျောက်​များ​ကို တင်​ဆောင်​၍​သုံး​နှစ်​တစ်​ကြိမ်​ပြန်​လည်​ရောက် ရှိ​လေ​သည်။- \v 22 ရှော​လ​မုန်​မင်း​သည်​ကမ္ဘာ​ပေါ်​ရှိ​ဘု​ရင်​တ​ကာ တို့​ထက်​ချမ်း​သာ​ကြွယ်​ဝ​၍​ဉာဏ်​ပ​ညာ​ရှိ တော်​မူ​၏။- \v 23 သူ​တို့​သည်​ရှော​လ​မုန်​အား​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ဉာဏ်​ပ​ညာ​တော်​နှင့် ယှဉ် သည့်​စ​ကား​များ​ကြား​နာ​ရန်​သူ့​ထံ​သို့ လာ​ရောက်​ကြ​၏။- \v 24 ထို​သူ​အ​သီး​သီး​တို့​သည်​ရွှေ​ထည်၊ ငွေ​ထည်၊ အ​ဝတ်​ထည်၊ လက်​နက်၊ နံ့​သာ​မျိုး၊ မြင်း​နှင့် လား​တို့​ကို​လက်​ဆောင်​အ​ဖြစ်​ဖြင့်​ရှော​လ​မုန် ထံ​နှစ်​စဉ်​ဆက်​သ​ကြ​လေ​သည်။ \p \v 25 ရှော​လ​မုန်​မင်း​တွင်​စစ်​ရ​ထား​များ​နှင့်​မြင်း​များ အ​တွက်​မြင်း​စောင်း​လေး​ထောင်​ရှိ​၍​တိုက်​မြင်း တစ်​သောင်း​နှစ်​ထောင်​လည်း​ရှိ​လေ​သည်။ ထို​မြင်း အ​ချို့​တို့​ကို​ယေ​ရု​ရှ​လင်​မြို့​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​အ​ခြား​မြို့​များ​၌​လည်း​ကောင်း ထား​ရှိ​တော်​မူ​၏။-\x + \xo 9:25 \xt ၃ရာ၊ ၄:၂၆။\x* \v 26 ရှော​လ​မုန်​သည်​ဥ​ဖ​ရတ်​မြစ်​မှ​သည်​ဖိ​လိတ္တိ ပြည်​နှင့်​အီ​ဂျစ်​ပြည်​နယ်​စပ်​တိုင်​အောင် အ​ရပ် ရပ်​ရှိ​ဘု​ရင်​တို့​ကို​အုပ်​စိုး​ရ​၏။-\x + \xo 9:26 \xt က၊ ၁၅:၁၈။ ၃ရာ၊ ၄:၂၁။\x* \v 27 သူ​၏​လက်​တော်​၌​ယေရု​ရှ​လင်​မြို့​တွင်​ငွေ​သည် ကျောက်​ခဲ​ကဲ့​သို့​လည်း​ကောင်း၊ သစ်​က​တိုး​သား သည်​ယု​ဒ​တောင်​ခြေ​တွင်​အ​လေ့​ကျ​ပေါက် သော​သ​ဖန်း​ပင်​ကဲ့​သို့​လည်း​ကောင်း​ပေါ​များ လေ​သည်။- \v 28 ရှော​လ​မုန်​သည်​မြင်း​များ​ကို​မု​သ​ရိ\f 4 \fr 9:28 \ft * \ft (၁:၁၆ ကို​ကြည့်​ပါ) ဟေ​ဗြဲ​မူ​တွင်​အီ​ဂျစ် နှင့်​အ​ခြား​တိုင်း​ပြည်​များ​မှ​တင်​သွင်း​တော် မူ​၏။\f* ခေါ်​အီ​ဂျစ်​နှင့်​အ​ခြား​တိုင်း​ပြည်​များ​မှ တင်​သွင်း​ခဲ့​သည်။\x + \xo 9:28 \xt တရား၊ ၁၇:၁၆\x* \s1 ရှော​လ​မုန်​၏​နန်း​သက်​အ​ကြောင်း​အ​ကျဉ်း​ချုပ် \r (၃ရာ၊ ၁၁:၄၁-၄၃) \p \v 29 ကြွင်း​ကျန်​သော​ရှော​လ​မုန်​၏​အ​ကြောင်း​ကို အ​စ​မှ​အ​ဆုံး​တိုင်​အောင်​ပ​ရော​ဖက်​နာ​သန် ၏​ကျမ်း၊ ရှိလော​မြို့​သား​အ​ဟိ​ယ​၏​ပ​ရော​ဖက် ကျမ်း၊ ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​၏​နန်း ဆက်​အ​ကြောင်း​ကို​လည်း​ဖော်​ပြ​ပါ​ရှိ​သည့် ပ​ရော​ဖက်​ဣဒ္ဒေါ​၏​ဗျာ​ဒိတ်​ရူပါ​ရုံ​ကျမ်း​များ တွင်​မှတ်​တမ်း​တင်​ထား​သ​တည်း။- \v 30 ရှော​လ​မုန်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​နန်း​စံ တော်​မူ​၍​ဣသ​ရေ​လ​တစ်​နိုင်​ငံ​လုံး​ကို အ​နှစ်​လေး​ဆယ်​အုပ်​စိုး​တော်​မူ​၏။- \v 31 သူ​ကွယ်​လွန်​သော​အ​ခါ​သား​တော်​ရော​ဗောင် သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။ \c 10 \s1 ဣ​သ​ရေ​လ​မြောက်​ပိုင်း​မှ​အ​နွယ်​တို့ ပုန်​ကန်​ကြ​ခြင်း \r (၃ရာ၊ ၁၂:၁-၂၀) \p \v 1 ရော​ဗောင်​သည်​မိ​မိ​အား​မင်း​မြှောက်​ရန် ဣသ ရေ​လ​အ​မျိုး​သား​တို့​စု​ရုံး​လျက်​ရှိ​ရာ ရှေ​ခင်​မြို့​သို့​သွား​၏။- \v 2 ရှော​လ​မုန်​၏​ဘေး​မှ​လွတ်​မြောက်​ရန်​အီ​ဂျစ် ပြည်​သို့​ထွက်​ပြေး​သွား​သူ၊ နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​သည်​ထို​သ​တင်း​ကို​ကြား သော​အ​ခါ​မိ​မိ​၏​ပြည်​သို့​ပြန်​လာ​၏။- \v 3 ဣသ​ရေ​လ​ပြည်​မြောက်​ပိုင်း​မှ​အ​နွယ်​တို့​သည် သူ့​ကို​ခေါ်​ပြီး​လျှင်​ရော​ဗောင်​ထံ​ကို​သွား​၍၊- \v 4 ``အ​ရှင်​၏​ခ​မည်း​တော်​သည်​အ​ကျွန်ုပ်​တို့​အား ဖိ​နှိပ်​ချုပ်​ချယ်​ခဲ့​ပါ​၏။ အ​ကယ်​၍​အ​ရှင်​သည် ယင်း​သို့​ဖိ​နှိပ်​ချုပ်​ချယ်​မှု​ကို​ပေါ့​ပါး​စေ​လျက် အ​ကျွန်ုပ်​တို့​နေ​သာ​ထိုင်​သာ​အောင်​ပြု​တော် မူ​လျှင် အ​ကျွန်ုပ်​တို့​သည်​သစ္စာ​ရှိ​စွာ​အ​ရှင်​၏ အ​မှု​တော်​ကို​ထမ်း​ဆောင်​ပါ​မည်'' ဟု​လျှောက် ထား​ကြ​၏။ \p \v 5 ရော​ဗောင်​က``သုံး​ရက်​လွန်​ပြီး​မှ​ပြန်​လာ​ကြ လော့'' ဟု​ဆို​၏။ ထို့​ကြောင့်​ထို​လူ​တို့​သည်​ထွက် ခွာ​သွား​ကြ​၏။ \p \v 6 ရော​ဗောင်​မင်း​သည်​ခ​မည်း​တော်​ရှော​လ​မုန်​၏ အ​တိုင်​ပင်​ခံ​အ​သက်​ကြီး​သူ​အ​မတ်​များ အား``ထို​သူ​တို့​ကို​ငါ​အ​ဘယ်​သို့​ဖြေ​ကြား ရ​ပါ​မည်​နည်း။ သင်​တို့​အ​ဘယ်​သို့​အ​ကြံ ပေး​လို​ကြ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p \v 7 အ​မတ်​တို့​က``အ​ကယ်​၍​အ​ရှင်​သည်​သူ​တို့ အား​က​ရု​ဏာ​ပြ​လျက်​နှစ်​သက်​စေ​သော စ​ကား​ဖြင့်​ဖြေ​ကြား​ပါ​လျှင်​သူ​တို့​သည် အ​ရှင်​၏​အ​မှု​တော်​ကို​အ​စဉ်​အ​မြဲ​သစ္စာ ရှိ​စွာ​ထမ်း​ဆောင်​ကြ​ပါ​လိမ့်​မည်'' ဟု လျှောက်​ထား​ကြ​၏။ \p \v 8 သို့​ရာ​တွင်​ရော​ဗောင်​သည်​အ​သက်​ကြီး​သူ​တို့ ၏​အ​ကြံ​ကို​လျစ်​လူ​ရှု​ကာ​မိ​မိ​နှင့်​အ​တူ ကြီး​ပြင်း​လာ​၍ ယ​ခု​အ​ခါ​မိ​မိ​၏​တိုင်​ပင် ဖော်​တိုင်​ပင်​ဘက်​များ​ဖြစ်​လာ​ကြ​သူ​လူ ငယ်​လူ​ရွယ်​များ​နှင့်​တိုင်​ပင်​၏။- \v 9 သူ​တို့​အား​မင်း​ကြီး​က``သင်​တို့​သည်​ငါ့​အား အ​ဘယ်​သို့​အ​ကြံ​ပေး​ကြ​ပါ​မည်​နည်း။ ဖိ​နှိပ် ချုပ်​ချယ်​မှု​ကို​လျော့​ပါး​အောင်​ပြု​လုပ်​ပေး ရန်​ငါ့​ထံ​ပန်​ကြား​လျှောက်​ထား​သူ​တို့​အား အ​ဘယ်​သို့​ဖြေ​ကြား​ရ​ပါ​မည်​နည်း'' ဟု မေး​တော်​မူ​၏။ \p \v 10 ထို​သူ​ငယ်​တို့​က``အ​ရှင်​သည်​သူ​တို့​အား`ငါ ၏​လက်​သန်း​သည်​ခ​မည်း​တော်​၏​ခါး​ပိုင်း ထက်​ပို​၍​တုပ်​၏။- \v 11 ငါ့​ခ​မည်း​တော်​သည်​သင်​တို့​အ​ပေါ်​လေး​လံ သော​ထမ်း​ပိုး​ကို​တင်​၏။ ငါ​မူ​ကား​ထို​ထက်​ပင် ပို​၍​လေး​လံ​သော​ထမ်း​ပိုး​ကို​တင်​အံ့။ သူ​သည် သင်​တို့​အား​ကြိမ်​လုံး​နှင့်​ရိုက်​၏။ ငါ​မူ​ကား ကြာ​ပွတ်​နှင့်​ရိုက်​အံ့' ဟု​ပြန်​ပြော​သင့်​ပါ​သည်'' ဟု​လျှောက်​ကြ​၏။ \p \v 12 မိ​မိ​တို့​အား​ရော​ဗောင်​မှာ​ကြား​လိုက်​သည် အ​တိုင်း​သုံး​ရက်​ကြာ​သော်​ယေ​ရော​ဗောင်​နှင့် ပြည်​သူ​အ​ပေါင်း​တို့​သည်​သူ​၏​ထံ​သို့​ပြန် လာ​ကြ​၏။- \v 13 မင်း​ကြီး​သည်​အ​သက်​ကြီး​သူ​တို့​၏​အ​ကြံ ကို​လျစ်​လူ​ရှု​၍၊- \v 14 လူ​ငယ်​တို့​အ​ကြံ​ပေး​သည့်​အ​တိုင်း​ပြည်​သူ တို့​အား``ငါ့​ခ​မည်း​တော်​သည်​သင်​တို့​အ​ပေါ် လေး​လံ​သော​ထမ်း​ပိုး​ကို​တင်​၏။ ငါ​မူ​ကား ထို​ထက်​ပင်​ပို​လေး​လံ​သော​ထမ်း​ပိုး​ကို​တင် အံ့။ သူ​သည်​သင်​တို့​အား​ကြိမ်​လုံး​နှင့်​ရိုက်​၏။ ငါ​မူ​ကား​ကြာ​ပွတ်​နှင့်​ရိုက်​အံ့'' ဟု​ခက်​ထန် စွာ​မိန့်​တော်​မူ​၏။- \v 15 မင်း​ကြီး​သည်​ဤ​သို့​ပြည်​သူ​တို့​၏​စ​ကား ကို​နား​မ​ထောင်​ဘဲ​နေ​ခြင်း​မှာ ပ​ရော​ဖက် အ​ဟိ​ယ​အား​ဖြင့်​နေ​ဗတ်​၏​သား​ယေ​ရော ဗောင်​အား​ပေး​တော်​မူ​သည့်​ဗျာ​ဒိတ်​တော် အ​ကောင်​အ​ထည်​ပေါ်​လာ​စေ​ရန် ထာ​ဝ​ရ အရှင်​ဘု​ရား​သ​ခင်​အ​လို​ရှိ​တော်​မူ​သော ကြောင့်​ဖြစ်​၏။ \p \v 16 မိ​မိ​တို့​၏​စ​ကား​ကို နား​ထောင်​တော့​မည်​မ ဟုတ်​ကြောင်း​သိ​ရှိ​ကြ​သော​အ​ခါ လူ​တို့ သည်``ဒါ​ဝိဒ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​ထံ မှ​ငါ​တို့​ဝေ​ပုံ​မ​ရ။ ယေ​ရှဲ​၏​သား​၌​ငါ​တို့ အ​မွေ​မ​ခံ​ရ။ အို ဣ​သ​ရေ​လ​ပြည်​သူ​တို့၊ ငါ​တို့​နေ​ရပ်​သို့​ပြန်​ကြ​ကုန်​အံ့။ ရော​ဗောင် သည်​မိ​မိ​အိမ်​ထောင်​ကို​ကြည့်​ရှု​ပါ​စေ'' ဟု​ဟစ်​အော်​ကြ​ကုန်​၏။\x + \xo 10:16 \xt ၂ရာ၊ ၂၀:၁။\x* \p သို့​ဖြစ်​၍​ဣသ​ရေ​လ​ပြည်​သူ​တို့​ပုန်​ကန်​ကြ သ​ဖြင့်၊- \v 17 ရော​ဗောင်​သည်​ယု​ဒ​နယ်​မြေ​တွင်​နေ​ထိုင်​သူ​တို့ ကို​သာ​အုပ်​စိုး​ရ​လေ​၏။ \p \v 18 ထို​အ​ခါ​ရော​ဗောင်​မင်း​သည်​ချွေး​တပ်​တာ​ဝန် ခံ​အ​ဒေါ​နိ​ရံ​အား ဣ​သ​ရေ​လ​ပြည်​သူ​တို့ ထံ​စေ​လွှတ်​တော်​မူ​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ ပြည်​သူ​တို့​က​ထို​သူ​အား​ခဲ​နှင့်​ပေါက်​သတ် ကြ​သ​ဖြင့် ရော​ဗောင်​သည်​မိ​မိ​ရ​ထား​ပေါ် သို့​အ​ဆော​တ​လျင်​တက်​၍​ယေ​ရု​ရှ​လင် မြို့​သို့​ထွက်​ပြေး​လေ​၏။- \v 19 ထို​ကြောင့်​ထို​ကာ​လ​မှ​အ​စ​ပြု​၍​ဣသ​ရေ​လ ပြည်​မြောက်​ပိုင်း​မှ​ပြည်​သူ​တို့​သည် ဒါ​ဝိဒ်​မင်း ဆက်​ကို​ယ​နေ့​တိုင်​အောင်​ပုန်​ကန်​ကြ​သ​တည်း။ \c 11 \s1 ပ​ရော​ဖက်​ရှေ​မာ​ယ​ဆင့်​ဆို​သည့်​ဗျာ​ဒိတ်​တော် \r (၃ရာ၊ ၁၂:၂၁-၂၄) \p \v 1 ရော​ဗောင်​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန် ရောက်​လာ​သော​အ​ခါ ဗင်္ယာ​မိန်​နှင့်​ယု​ဒ​အ​နွယ် ဝင်​လက်​ရွေး​စင်​တပ်​သား​တစ်​သိန်း​ရှစ်​သောင်း ကို​စု​ရုံး​စေ​တော်​မူ​၏။ မင်း​ကြီး​သည်​ဣသ​ရေ​လ ပြည်​မြောက်​ပိုင်း​နယ်​မြေ​များ​ကို ပြန်​လည်​သိမ်း ပိုက်​နိုင်​ရန်​စစ်​ဆင်​မည်​အ​ကြံ​ရှိ​တော်​မူ​၏။- \v 2-4 သို့​ရာ​တွင်​ထာဝ​ရ​ဘု​ရား​က``သင်​တို့​အား​လုံး မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​ကြ​လော့။ ဣသ​ရေ​လ အ​မျိုး​သား​အ​ချင်း​ချင်း​မ​တိုက်​ခိုက်​ကြ နှင့်။ ယ​ခု​ဖြစ်​ပွား​ခဲ့​သော​အ​မှု​သည်​ငါ​၏ အ​လို​တော်​အ​ရ​ဖြစ်​ကြောင်း​ကို ရော​ဗောင် မင်း​နှင့်​တ​ကွ​ယု​ဒ​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​ဝင် အ​ပေါင်း​တို့​အား​ဆင့်​ဆို​လော့'' ဟု​ပ​ရော ဖက်​ရှေ​မာ​ယ​အား​မိန့်​တော်​မူ​၏။ ထို​သူ အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​နာ​ခံ​လျက်​ယေ​ရော​ဗောင်​ကို​စစ် မ​တိုက်​ဘဲ​ပြန်​ကြ​ကုန်​၏။ \s1 မြို့​များ​ကို​ရော​ဗောင်​တံ​တိုင်း​ကာ​တော်​မူ​ခြင်း \p \v 5 ရော​ဗောင်​သည်​ယေ​ရု​ရှ​လင်​မြို့​၌​နန်း​စံ​၍ ယု​ဒ​နှင့်​ဗင်္ယာ​မိန်​နယ်​မြေ​များ​ရှိ၊- \v 6-7 ဗက်​လင်​မြို့၊ ဧ​တံ​မြို့၊ တေ​ကော​မြို့၊- ဗက်​ဇု​ရ မြို့၊ ရှော​ကော​မြို့၊ အ​ဒု​လံ​မြို့၊- \m \v 8-9 ဂါ​သ​မြို့၊ မ​ရေ​ရှ​မြို့၊ ဇိ​ဖ​မြို့၊- အ​ဒေါ​ရိမ် မြို့၊ လာ​ခိ​ရှ​မြို့၊ အ​ဇေ​ကာ​မြို့၊- \m \v 10 ဇော​ရာ​မြို့၊ အာ​ဇ​လုန်​မြို့၊ ဟေ​ဗြုန်​မြို့​များ ကို​တံ​တိုင်း​ကာ​စေ​တော်​မူ​၏။- \v 11 ထို​မြို့​တို့​ကို​ခိုင်​ခံ့​စွာ​တံ​တိုင်း​ကာ​ပြီး​လျှင် မြို့​တိုင်း​တွင် တပ်​မှူး​တစ်​ဦး​စီ​ခန့်​ထား​၍ ဆီ၊ စ​ပျစ်​ရည်၊ စား​နပ်​ရိက္ခာ၊- \v 12 ဒိုင်း​လွှား​နှင့်​လှံ​တံ​များ​ကို​သို​လှောင်​ထား​တော် မူ​၏။ ဤ​နည်း​အား​ဖြင့်​သူ​သည်​ယု​ဒ​နှင့်​ဗင်္ယာ မိန်​နယ်​မြေ​များ​ကို​ထိန်း​သိမ်း​အုပ်​ချုပ်​ထား တော်​မူ​၏။ \s1 ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့ ယု​ဒ​ပြည်​သို့​လာ​ရောက်​ကြ​ခြင်း \p \v 13 ဣသ​ရေ​လ​နိုင်​ငံ​တစ်​ဝှမ်း​လုံး​မှ​ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် တောင် ဘက်​ရှိ​ယု​ဒ​ပြည်​သို့​လာ​ရောက်​ကြ​၏။- \v 14 ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နှင့်​သူ​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​သူ​တို့​သည် လေ​ဝိ​အ​နွယ်​ဝင် တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​များ အ​ဖြစ်​ဖြင့်​အ​မှု​တော်​ထမ်း​ဆောင်​ရန်​ခွင့်​မ​ပြု ကြ​ချေ။ သို့​ဖြစ်​၍​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် မိ​မိ​တို့​၏​စား​ကျက်​များ​နှင့်​အ​ခြား​မြေ​ယာ များ​ကို​စွန့်​၍ ယု​ဒ​ပြည်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​ရှိ​လာ​ကြ​၏။- \v 15 ယေ​ရော​ဗောင်​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န များ​၌​လည်း​ကောင်း၊ နတ်​မိစ္ဆာ​များ​နှင့်​မိ​မိ သွန်း​လုပ်​ထား​သည့်​နွား​သ​ငယ်​ရုပ်​များ​ကို ရှိ​ခိုး​ဝတ်​ပြု​ရာ​၌​လည်း​ကောင်း​အ​မှု​တော် ဆောင်​ရန်​မိ​မိ​အ​လို​ရှိ​သူ​တို့​အား​ယဇ် ပု​ရော​ဟိတ်​များ​အ​ဖြစ်​ခန့်​ထား​တော်​မူ သည်။-\x + \xo 11:15 \xt ၃ရာ၊ ၁၂:၃၁။\x* \v 16 ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​အ​မှန်​အ​ကန်​ဝတ်​ပြု ကိုး​ကွယ်​လို​သူ ဣသ​ရေ​လ​အ​နွယ်​ဝင်​အ​ပေါင်း တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို​ပူ​ဇော်​နိုင် ရန် လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့်​အ​တူ​ယေ​ရု​ရှ လင်​မြို့​သို့​လိုက်​သွား​ကြ​၏။- \v 17 သူ​တို့​သည်​ယု​ဒ​ပြည်​ကို​အင်​အား​တောင့် တင်း​လာ​စေ​လျက် သုံး​နှစ်​တိုင်​တိုင်​ရှော​လ​မုန် ၏​သား​ရော​ဗောင်​ကို​အား​ပေး​ထောက်​ခံ​ကာ ဒါ​ဝိဒ်​မင်း​နှင့်​ရှော​လ​မုန်​မင်း​တို့​အုပ်​စိုး ချိန်​ကဲ့​သို့​နေ​ထိုင်​ကြ​လေ​သည်။ \s1 ရော​ဗောင်​၏​အိမ်​ထောင်​စု \p \v 18 ရော​ဗောင်​သည်​မ​ဟာ​လတ်​နှင့်​စုံ​ဖက်​တော်​မူ ၏။ မ​ဟာ​လတ်​၏​ခ​မည်း​တော်​သည်​ဒါ​ဝိဒ်​၏ သား​ယေ​ရိ​မုတ်​ဖြစ်​၍​မယ်​တော်​မှာ​ယေ​ရှဲ ၏​မြေး၊ ဧ​လျာ​ဘ​၏​သ​မီး​အ​ဘိ​ဟဲ​လ ဖြစ်​၏။- \v 19 သူ​တို့​သည်​ယု​ရှ၊ ရှ​မာ​ရိ​နှင့်​ဇာ​ဟံ​ဟူ​သော သား​သုံး​ယောက်​ကို​ရ​ကြ​၏။- \v 20 ထို​နောက်​ရော​ဗောင်​သည်​အ​ဗ​ရှ​လုံ​၏​သ​မီး မာ​ခါ​နှင့်​စုံ​ဖက်​၍ အ​ဘိ​ယ၊ အတ္တဲ၊ ဇိ​ဇ၊ ရှေ​လော မိတ်​ဟူ​သော​သား​လေး​ယောက်​ကို​ရ​လေ​သည်။- \v 21 ရော​ဗောင်​တွင်​စု​စု​ပေါင်း​မိ​ဖု​ရား​တစ်​ဆယ့် ရှစ်​ပါး​နှင့် မောင်း​မ​မိ​ဿံ​ခြောက်​ဆယ်​ရှိ​၏။ သူ​သည်​သား​နှစ်​ဆယ့်​ရှစ်​ယောက်​နှင့်​သ​မီး ခြောက်​ဆယ်​တို့​၏​ဖခင်​ဖြစ်​သော်​လည်း မိ​မိ​၏ မိ​ဖု​ရား​များ​နှင့်​မောင်း​မ​အ​ပေါင်း​တို့ အ​နက်​မာ​ခါ​ကို​အ​များ​ဆုံး​ချစ်​တော်​မူ​၏။- \v 22 သို့​ဖြစ်​၍​မင်း​ကြီး​သည်​မာ​ခါ​နှင့်​ရ​သော​သား တော်​အ​ဘိ​ယ​ကို အ​ခြား​သား​သ​မီး​အ​ပေါင်း တို့​ထက်​ပို​၍​မျက်​နှာ​သာ​ပေး​ကာ မိ​မိ​၏​အ ရိုက်​အ​ရာ​ကို​ဆက်​ခံ​မင်း​လုပ်​ရ​မည့်​သူ အ​ဖြစ်​ဖြင့်​ရွေး​ချယ်​ထား​တော်​မူ​လေ​သည်။- \v 23 ရော​ဗောင်​သည်​ပ​ညာ​သ​တိ​ရှိ​စွာ​မိ​မိ​၏​သား တော်​များ​အား​တာ​ဝန်​ဝတ္တ​ရား​များ​ခွဲ​ဝေ​သတ် မှတ်​ပေး​ပြီး​လျှင် ယု​ဒ​နှင့်​ဗင်္ယာ​မိန်​နယ်​မြေ​တစ် လျှောက်​ရှိ​ခံ​တပ်​မြို့​များ​တွင်​နေ​ရာ​ချ​ထား တော်​မူ​၏။ မင်း​ကြီး​သည်​သူ​တို့​အား​ရက်​ရော စွာ​စား​နပ်​ရိက္ခာ​များ​ထောက်​ပံ့​၍​ကြင်​ဖော် အ​မြောက်​အ​မြား​ကို​လည်း​ရှာ​ပေး​တော် မူ​၏။ \c 12 \s1 ယု​ဒ​ပြည်​သို့​အီ​ဂျစ်​အ​မျိုး​သား​တို့ ချင်း​နင်း​ဝင်​ရောက်​ခြင်း \r (၃ရာ၊ ၁၄:၂၅-၂၈) \p \v 1 ရော​ဗောင်​သည်​မိ​မိ​၏​ရာ​ဇ​အာ​ဏာ​တည်​မြဲ အောင်​ဆောင်​ရွက်​ပြီး​သော​အ​ခါ သူ​နှင့်​သူ ၏​ပြည်​သူ​အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​တ​ရား​တော်​ကို​စွန့်​ပယ်​၍၊- \v 2 သစ္စာ​တော်​ကို​ဖောက်​သော​ကြောင့်​ရော​ဗောင်​နန်း​စံ ပ​ထ​မ​နှစ်​၌ အီ​ဂျစ်​ဘု​ရင်​ရှိ​ရှက်​သည် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​လေ​သည်။- \v 3 သူ​သည်​စစ်​ရ​ထား​တစ်​ထောင့်​နှစ်​ရာ၊ မြင်း​စီး သူ​ရဲ​ခြောက်​သောင်း​နှင့်​လိ​ဗု​ပြည်​သား၊ သု​ကိ ပြည်​သား၊ ဆူ​ဒန်​ပြည်​သား​တို့​အ​ပါ​အ​ဝင် မ​ရေ​မ​တွက်​နိုင်​သော​စစ်​သည်​တော်​များ​ပါ ရှိ​သည့်​တပ်​မ​တော်​ကြီး​ကို​ခေါင်း​ဆောင်​၍ လာ​၏။- \v 4 သူ​သည်​ယု​ဒ​ပြည်​ရှိ​ခံ​တပ်​မြို့​တို့​ကို​တိုက်​ခိုက် သိမ်း​ယူ​ကာ ယေ​ရု​ရှ​လင်​မြို့​အ​ရောက်​ချီ​တက် လာ​လေ​သည်။ \p \v 5 ရှိ​ရှက်​၏​ဘေး​မှ​လွတ်​မြောက်​ရန်​ယေ​ရု​ရှ​လင်​မြို့ တွင်​စု​ရုံး​လျက်​ရှိ​သော ရော​ဗောင်​မင်း​နှင့်​ယု​ဒ ခေါင်း​ဆောင်​များ​ထံ​ပ​ရော​ဖက်​ရှေ​မာ​ယ​သွား ၍``ထာ​ဝ​ရ​ဘု​ရား​က`သင်​တို့​သည်​ငါ့​ကို​စွန့် ပယ်​ကြ​သ​ဖြင့် ငါ​သည်​သင်​တို့​ကို​ရှိ​ရှက်​လက် သို့​ပေး​အပ်​လိုက်​ပြီ' ဟု​မိန့်​တော်​မူ​၏'' ဟု ဆင့်​ဆို​၏။ \p \v 6 မင်း​ကြီး​နှင့်​ခေါင်း​ဆောင်​များ​သည်​မိ​မိ တို့​အ​ပြစ်​ကူး​ခဲ့​သည်​ကို​ဝန်​ခံ​ကြ​ပြီး လျှင်``ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရား​မျှ​တ တော်​မူ​ပါ​၏'' ဟု​ဆို​ကြ​၏။ \p \v 7 ဤ​အ​ချင်း​အ​ရာ​ကို​ထာ​ဝ​ရ​ဘု​ရား​မြင် တော်​မူ​သော​အ​ခါ``သူ​တို့​သည်​မိ​မိ​တို့​အ​ပြစ် ကို​ဝန်​ခံ​ကြ​သည်​ဖြစ်​၍​ငါ​သည်​သူ​တို့​အား ဖျက်​ဆီး​မည်​မ​ဟုတ်။ ရှိ​ရှက်​တိုက်​ခိုက်​မှု​ကြောင့် သူ​တို့​သည်​ပျက်​စီး​ခြင်း​ဘေး​မှ​လွတ်​ရုံ​မျှ သာ​ရှိ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း ငါ​၏​အ​မျက်​တော်​အ​ရှိန်​ကို​အ​ပြည့်​အ​ဝ ခံ​ရ​မည်​မ​ဟုတ်။- \v 8 သို့​ရာ​တွင်​ရှိ​ရှက်​သည်​သူ​တို့​ကို​အ​နိုင်​ရ​လိမ့် မည်။ သူ​တို့​သည်​ငါ​၏​အ​မှု​တော်​ကို​ဆောင်​ရွက် ခြင်း​နှင့်​လော​ကီ​ဘု​ရင်​တို့​၏​အ​မှု​ကို​ဆောင် ရွက်​ခြင်း​ကွာ​ခြား​ပုံ​ကို​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​ရှေ​မာ​ယ​ထံ​ဗျာ​ဒိတ်​တော်​ရောက်​လာ​၏။ \p \v 9 ရှိ​ရှက်​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ချီ​တက် ၍ ရှော​လ​မုန်​မင်း​ပြု​လုပ်​ထား​ခဲ့​သော​ရွှေ​ဒိုင်း လွှား​များ​အ​ပါ​အ​ဝင် ဗိ​မာန်​တော်​နှင့်​နန်း တော်​ဘဏ္ဍာ​ရှိ​သ​မျှ​ကို​သိမ်း​ယူ​သွား​လေ သည်။-\x + \xo 12:9 \xt ၃ရာ၊ ၁၀:၁၆-၁၇။ ၆ရာ၊ ၉:၁၅-၁၆။\x* \v 10 ရော​ဗောင်​မင်း​သည်​ထို​ဒိုင်း​လွှား​များ​ကို​အ​စား ထိုး​ရန်​ကြေး​ဝါ​ဒိုင်း​လွှား​များ​ပြု​လုပ်​၍ နန်း​တော် အ​ဝင်​တံ​ခါး​များ​တွင်​တာ​ဝန်​ကျ​သည့်​တပ်​မှူး တို့​ကို​ပေး​အပ်​တော်​မူ​၏။- \v 11 ဗိ​မာန်​တော်​သို့​မင်း​ကြီး​သွား​ရောက်​သည့်​အ​ခါ တိုင်း​ကိုယ်​ရံ​တော်​တပ်​သား​တို့​သည် ထို​ဒိုင်း​လွှား များ​ကို​ကိုင်​ဆောင်​ရ​ကြ​ပြီး​နောက်​ကင်း​စောင့် ခန်း​တွင်​ပြန်​၍​ထား​ရ​ကြ​၏။- \v 12 မင်း​ကြီး​သည်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင် မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​တော်​မူ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​သည်​သူ့​အား​လုံး​လုံး လျား​လျား​ဖျက်​ဆီး​တော်​မ​မူ။ ယု​ဒ​ပြည်​၌ လည်း​ပြည်​မှု​ပြည်​ရေး​သာ​ယာ​လေ​သည်။ \s1 ရော​ဗောင်​၏​နန်း​သက်​အ​ကြောင်း​အ​ကျဉ်း​ချုပ် \p \v 13 ရော​ဗောင်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် နန်း​စံ​ကာ ရာ​ဇ​တန်​ခိုး​တိုး​တက်​လာ​လေ​သည်။ နန်း​တက် စဉ်​အ​ခါ​က​သူ​သည်​သက်​တော်​လေး​ဆယ့်​တစ် နှစ်​ရှိ​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​ခု​နစ်​နှစ် နန်း​စံ​တော်​မူ​၏။ ဣ​သ​ရေ​လ​နွယ်​အ​ပေါင်း​တို့ နေ​ထိုင်​ရာ​မြို့​ရွာ​များ​အ​နက် ထို​မြို့​ကို​ထာ​ဝ​ရ ဘု​ရား​သည်​မိ​မိ​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န တော်​အ​ဖြစ်​ရွေး​ချယ်​ထား​တော်​မူ​သ​တည်း။ ရော​ဗောင်​၏​မယ်​တော်​မှာ​အမ္မုန်​ပြည်​သူ၊ နေ​မ ဖြစ်​၏။- \v 14 မင်း​ကြီး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော် ကို​ရှာ​လို​စိတ်​မ​ရှိ​သ​ဖြင့်​ဒု​စ​ရိုက်​ကို​ပြု တော်​မူ​၏။ \p \v 15 ရော​ဗောင်​ဆောင်​ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ အ​ကြောင်း​အ​စ​မှ​အ​ဆုံး​နှင့်​သူ​၏​အိမ်​ထောင် စု​မှတ်​တမ်း​များ​ကို​ပ​ရော​ဖက်​ရှေ​မာ​ယ​၏ အတ္ထု​ပ္ပတ္တိ​နှင့်​ပ​ရော​ဖက်​ဣ​ဒေါ​၏​အတ္ထု​ပ္ပတ္တိ တွင်​တွေ့​ရှိ​ရ​လေ​သည်။ ရော​ဗောင်​နှင့်​ယေ​ရော ဗောင်​တို့​သည်​အ​စဉ်​မ​ပြတ်​စစ်​ဖြစ်​ကြ​၏။- \v 16 ရော​ဗောင်​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​ဒါ​ဝိဒ် မြို့​တော်​ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင် သင်္ဂြိုဟ်​ကြ​၏။ သူ​၏​သား​တော်​အ​ဘိ​ယ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။ \c 13 \s1 ယေ​ရော​ဗောင်​နှင့်​အ​ဘိ​ယ​စစ်​ဖြစ်​ခြင်း \r (၃ရာ၊ ၁၅:၁-၈) \p \v 1 ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နန်း​စံ​တစ် ဆယ့်​ရှစ်​နှစ်​မြောက်​၌ အ​ဘိ​ယ​သည်​ယု​ဒ ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍၊- \v 2 ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​နှစ်​နန်း​စံ​တော်​မူ​၏။ သူ​၏​မယ်​တော်​မှာ​ဂိ​ဗာ​မြို့​သား​ဥ​ရိ​ယ​၏ သ​မီး​မာ​ခါ​ဖြစ်​၏။ \p \v 3 အ​ဘိ​ယ​နှင့်​ယေ​ရော​ဗောင်​တို့​သည်​စစ်​ဖြစ်​ကြ သ​ဖြင့် အ​ဘိ​ယ​သည်​စစ်​သည်​လေး​သိန်း​ရှိ​သော တပ်​မ​တော်​ဖြင့်​တိုက်​ခိုက်​ရာ ယေ​ရော​ဗောင်​က စစ်​သည်​ရှစ်​သိန်း​ရှိ​သော​တပ်​မ​တော်​ဖြင့်​ပြန် လည်​ခု​ခံ​လေ​သည်။ \p \v 4 တပ်​မ​တော်​နှစ်​စု​သည်​တောင်​ပေါ​များ​သော​ဧ​ဖ​ရိမ် ပြည်​တွင်​တွေ့​ဆုံ​မိ​ကြ​၏။ အ​ဘိ​ယ​မင်း​သည်​ဇေ မ​ရိမ်​တောင်​ပေါ်​သို့​တက်​ပြီး​လျှင် ယေ​ရော​ဗောင်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``နား​ထောင်​ကြ လော့။- \v 5 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဖျက်​မ​ချေ​နိုင်​သော ပ​ဋိ​ညာဉ်​တော်​ကို​ပြု​တော်​မူ​၍ ဒါ​ဝိဒ်​နှင့်​သား မြေး​တို့​အား​ဣ​သ​ရေ​လ​နိုင်​ငံ​တော်​ကို​ကာ​လ အ​စဉ်​အ​ဆက်​အုပ်​စိုး​ပိုင်​ခွင့်​ပေး​တော်​မူ ကြောင်း​သင်​တို့​မ​သိ​ကြ​သ​လော။- \v 6 နေ​ဗတ်​သား​ယေ​ရော​ဗောင်​သည်​မိ​မိ​၏​ဘု​ရင် ရှော​လ​မုန်​အား​ပုန်​ကန်​ပြီး​လျှင်၊- \v 7 ယုတ်​မာ​သူ​လူ​တစ်​စု​ကို​စု​ရုံး​လေ​သည်။ သူ​တို့ သည်​ရှော​လ​မုန်​၏​သား​တော်​ရော​ဗောင်​အား မိ​မိ တို့​ဆန္ဒ​ရှိ​သည်​အ​တိုင်း​ပြု​လုပ်​စေ​ကြ​၏။ ရော ဗောင်​သည်​နု​နယ်​၍​အ​တွေ့​အ​ကြုံ​မ​ရှိ​သူ​ဖြစ် သ​ဖြင့်​သူ​တို့​အား​ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ပေ။- \v 8 ယ​ခု​သင်​တို့​သည်​ဒါ​ဝိဒ်​၏​သား​မြေး​တို့​အား ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​ထား​တော်​မူ​သော​ရာဇ အာ​ဏာ​ကို​ဆိုင်​ပြိုင်​ရန်​ကြံ​စည်​ကြ​သည်။ သင်​တို့ တွင်​အင်​အား​ကြီး​မား​သော​တပ်​မ​တော်​နှင့်​သင် တို့​ကိုး​ကွယ်​ရန်​အ​တွက် ယေ​ရော​ဗောင်​သွန်း​လုပ် ထား​သော​နွား​သ​ငယ်​ရုပ်​များ​ရှိ​၏။- \v 9 သင်​တို့​သည်​အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ယဇ် ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​ကို နှင်​ထုတ်​ကာ သူ​တို့​၏​နေ​ရာ​တွင်​လူ​မျိုး​ခြား တို့​၏​ဋ္ဌ​လေ့​ကို​လိုက်​၍​အ​ခြား​သူ​တို့​အား ယဇ်​ပု​ရော​ဟိတ်​ခန့်​ထား​ကြ​၏။ မည်​သူ​မ​ဆို နွား​တစ်​ကောင်​သို့​မ​ဟုတ်​သိုး​ခု​နစ်​ကောင်​ကို ယူ​ဆောင်​လာ​လျှင်​သင်​တို့​ကိုး​ကွယ်​သော နာ​မည်​ခံ​ဘု​ရား​များ​၏​ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​ရ​ရှိ​နိုင်​ပါ​သည်​တ​ကား။ \p \v 10 ``ငါ​တို့​မူ​ကား​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​မ​စွန့်​ဘဲ​ဆက်​လက်​ကိုး​ကွယ်​လျက် ရှိ​ကြ​သည်။ အာ​ရုန်​မှ​ဆင်း​သက်​လာ​သော​ယဇ်​ပု ရော​ဟိတ်​များ​သည်​မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား​များ ကို​ထမ်း​ဆောင်​လျက်​ရှိ​ကြ​၏။ သူ​တို့​အား​လေ​ဝိ အ​နွယ်​ဝင်​များ​က​ကူ​ညီ​လျက်​ရှိ​ကြ​၏။- \v 11 သူ​တို့​သည်​နံ​နက်​တိုင်း၊ ည​နေ​တိုင်း၊ နံ့​သာ​ပေါင်း နှင့်​တစ်​ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်​များ​ကို​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ကြ​သည်။ ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​စင်​သည့်​စား​ပွဲ​ပေါ်​တွင်​ရှေ့​တော်​မုန့်​ကို ပူ​ဇော်​ကြ​၏။ ည​နေ​တိုင်း​ရွှေ​မီး​တင်​ခုံ​များ​ပေါ် ရှိ​မီး​ခွက်​များ​ကို​ထွန်း​ညှိ​ကြ​၏။ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​လိုက်​နာ ကြ​၏။ သင်​တို့​မူ​ကား​ကိုယ်​တော်​ကို​စွန့်​ပယ် ကြ​လေ​ပြီ။- \v 12 ငါ​တို့​၏​ခေါင်း​ဆောင်​ကား​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​ဖြစ်​၏။ ကိုယ်​တော်​၏​ယဇ်ပု​ရော ဟိတ်​တို့​သည်​လည်း​ငါ​တို့​စစ်​ပွဲ​ဝင်​ရန် တံ​ပိုး ခ​ရာ​မှုတ်​၍​အ​ချက်​ပေး​ဖို့​အ​သင့်​ရှိ​နေ​ကြ သည်။ ဣသ​ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့် ဆိုင်​ပြိုင်​၍​စစ်​မ​တိုက်​ကြ​နှင့်။ သင်​တို့​မ​နိုင် နိုင်​ကြ'' ဟု​မိန့်​တော်​မူ​၏။ \p \v 13 ဤ​အ​တော​အ​တွင်း​၌​ဣသ​ရေ​လ​တပ်​မ​တော် သည် ယု​ဒ​တပ်​မ​တော်​ကို​မျက်​နှာ​မူ​လျက်​တပ် စွဲ​နေ​စဉ် ယေ​ရော​ဗောင်​သည်​အ​ချို့​တပ်​သား များ​ကို ယု​ဒ​တပ်​မ​တော်​အ​နောက်​မှ​နေ​၍ ပုန်း​ကွယ်​တိုက်​ခိုက်​ရန်​စေ​လွှတ်​တော်​မူ​၏။- \v 14 ယု​ဒ​အ​မျိုး​သား​တို့​သည်​နောက်​သို့​လှည့်​၍ ကြည့်​လိုက်​သော​အ​ခါ မိ​မိ​တို့​အ​ဝိုင်း​ခံ​ရ သည်​ကို​မြင်​သ​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​အား``ကူ မ​တော်​မူ​ပါ'' ဟု​ဟစ်​အော်​တောင်း​လျှောက် ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​တံ​ပိုး​ခရာ များ​ကို​မှုတ်​ကြ​၏။- \v 15 ယု​ဒ​အ​မျိုး​သား​တို့​သည်​အဘိယ​၏​ခေါင်း ဆောင်​မှု​ဖြင့် အ​သံ​ကျယ်​စွာ​ကြွေး​ကြော် လျက်​တိုက်​ခိုက်​ကြ​ကုန်​၏။- \v 16 ထို​အ​ခါ​ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယု​ဒ အ​မျိုး​သား​များ​ထံ​မှ​ထွက်​ပြေး​ကြ​လေ​သည်။ ဘု​ရား​သ​ခင်​သည်​ယု​ဒ​အ​မျိုး​သား​တို့​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​နှိမ်​နင်း​ခွင့် ပေး​တော်​မူ​သ​တည်း။- \v 17 အ​ဘိ​ယ​နှင့်​သူ​၏​တပ်​မ​တော်​သည်​ဣသ​ရေ​လ အ​မျိုး​သား​တို့​ကို​ချေ​မှုန်း​လိုက်​ကြ​သ​ဖြင့် ဣသ​ရေ​လ​လက်​ရွေး​စင်​တပ်​သား​ငါး​သိန်း ကျ​ဆုံး​လေ​၏။- \v 18 ယု​ဒ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​အား​ကိုး​ကြ​သည် ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ် တွင်​အောင်​ပွဲ​ခံ​ရ​ကြ​ခြင်း​ဖြစ်​ပေ​သည်။ \p \v 19 အ​ဘိ​ယ​သည်​ယေ​ရော​ဗောင်​၏​တပ်​မ​တော်​ကို လိုက်​လံ​တိုက်​ခိုက်​ပြီး​လျှင်​ဗေ​သ​လ​မြို့၊ ယေ ရှ​န​မြို့၊ ဧ​ဖ​ရိမ်​မြို့​များ​နှင့်​ထို​မြို့​များ​အ​နီး ရှိ​ကျေး​ရွာ​များ​ကို​သိမ်း​ယူ​တော်​မူ​သည်။- \v 20 အ​ဘိ​ယ​လက်​ထက်​၌​ယေ​ရော​ဗောင်​သည် တန်​ခိုး​အာ​ဏာ​ဆုတ်​ယုတ်​လျက်​နေ​၏။ နောက် ဆုံး​၌​ထာ​ဝရ​ဘု​ရား​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့် ကွယ်​လွန်​လေ​သည်။ \p \v 21 အ​ဘိ​ယ​မူ​ကား​တိုး​၍​တန်​ခိုး​ကြီး​လာ​၏။ သူ​၌​မိ​ဖု​ရား​တစ်​ဆယ့်​လေး​ယောက်၊ သား​နှစ် ဆယ့်​နှစ်​ယောက်​နှင့်​သ​မီး​တစ်​ဆယ့်​ခြောက် ယောက်​ရှိ​၏။- \v 22 အ​ဘိ​ယ​ပြော​ဆို​ခဲ့​သော​စ​ကား​များ၊ သူ ဆောင်​ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ​နှင့်​ကျန် ရှိ​နေ​သေး​သော​သူ​၏​အတ္ထု​ပ္ပတ္တိ​အ​ကြောင်း အ​ရာ​များ​ကို ပ​ရော​ဖက်​ဣ​ဒေါ​စီ​ရင်​သော စာ​တွင်​မှတ်​တမ်း​တင်​ထား​သ​တည်း။ \c 14 \s1 ဆူ​ဒန်​အ​မျိုး​သား​တို့​အား​အာ​သ​မင်း​နှိမ်​နင်း​ခြင်း \p \v 1 အ​ဘိ​ယ​ကွယ်​လွန်​သော​အ​ခါ ဒါ​ဝိဒ်​မြို့​တော် ရှိ​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​အာ​သ​သည်​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။ ထို​မင်း​၏​လက်​ထက်​၌​ပြည်​တော် သည် ဆယ်​နှစ်​တိုင်​တိုင်​ငြိမ်း​ချမ်း​သာ​ယာ​လျက် နေ​၏။- \v 2 အာ​သ​သည်​ကောင်း​သော​အ​မှု၊ ဖြောင့်​မတ်​သော အ​မှု​တို့​ကို​ပြု​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​တွင်​မျက်​နှာ​ရ​တော်​မူ​၏။- \v 3 သူ​သည်​လူ​မျိုး​ခြား​တို့​၏​ယဇ်​ပလ္လင်​များ​နှင့် ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​ဖြို​ဖျက် ပြီး​လျှင် ကျောက်​တိုင်​များ​နှင့်​တံ​ခွန်​တိုင် များ​ကို​ခုတ်​လှဲ​ဖျက်​ဆီး​လေ​သည်။- \v 4 ယု​ဒ​ပြည်​သူ​တို့​အား​မိ​မိ​တို့​ဘိုး​ဘေး​များ ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အလို​တော် ကို​လိုက်​လျှောက်​ကြ​ရန်​နှင့်​ကိုယ်​တော်​၏ တ​ရား​တော်၊ ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း ကြ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။- \v 5 ယု​ဒ​ပြည်​အ​မြို့​မြို့​မှ​ရုပ်​တု​ကိုး​ကွယ်​ရာ ဌာ​န​များ​နှင့် နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ပလ္လင် များ​ကို​ဖျက်​ဆီး​တော်​မူ​သ​ဖြင့် ထို​မင်း​၏ လက်​ထက်​၌​နိုင်​ငံ​တော်​သည်​ငြိမ်း​ချမ်း သာ​ယာ​လျက်​နေ​၏။- \v 6 သူ​သည်​မိ​မိ​နန်း​စံ​နေ​ချိန်​၌​ယု​ဒ​မြို့​များ ကို တံ​တိုင်း​ကာ​ရံ​စေ​တော်​မူ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​သူ့​အား​ငြိမ်း​ချမ်း​သာ​ယာ​ရေး ကို​ပေး​တော်​မူ​သ​ဖြင့် နှစ်​ပေါင်း​များ​စွာ​စစ် ဖြစ်​ပွား​မှု​မ​ရှိ​ချေ။- \v 7 မင်း​ကြီး​က​ယု​ဒ​ပြည်​သူ​တို့​အား``မြို့​ရိုး များ၊ ပြ​အိုး​များ၊ ကန့်​လန့်​ကျင်​များ​တပ်​ဆင် ထား​သည့်​မြို့​တံ​ခါး​များ​နှင့်​ပြည့်​စုံ​သော မြို့​များ​ကို​တည်​ဆောက်​ကြ​ကုန်​အံ့။ ငါ​တို့ သည်​ဘု​ရား​သ​ခင်​အ​လို​တော်​ကို​လိုက် လျှောက်​သည်​ဖြစ်​၍ ပြည်​တော်​ကို​ထိန်း​သိမ်း အုပ်​ချုပ်​နိုင်​ကြ​ပေ​သည်။ ထာ​ဝ​ရ​ဘု​ရား က​လည်း​ငါ​တို့​အား​ကာ​ကွယ်​စောင့်​ရှောက် ၍ ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​တွင်​လုံ​ခြုံ​မှု​ကို ပေး​တော်​မူ​ပြီ'' ဟု​မိန့်​ဆို​သည့်​အ​တိုင်း​ခံ တပ်​မြို့​များ​ကို​တည်​ဆောက်​၍​ထ​မြောက် အောင်​မြင်​ကြ​၏။- \v 8 အာ​သ​မင်း​တွင်​ဒိုင်း​လွှား​လှံ​တံ​ကိုင်​ဆောင်​သူ ယု​ဒ​စစ်​သည်​သုံး​သိန်း​နှင့် ဗင်္ယာ​မိန်​စစ်​သည်​နှစ် သိန်း​ရှစ်​သောင်း​ပါ​ဝင်​သည့်​တပ်​မ​တော်​ရှိ​လေ သည်။ ထို​သူ​အ​ပေါင်း​တို့​သည်​ရဲ​စွမ်း​သတ္တိ​ရှိ​၍ ကောင်း​စွာ​လေ့​ကျင့်​ထား​သူ​များ​ဖြစ်​ကြ​၏။ \p \v 9 ဆူ​ဒန်​အ​မျိုး​သား​ဇေ​ရ​ဆို​သူ​သည်​စစ်​သည် တစ်​သန်း၊ စစ်​ရ​ထား​သုံး​ရာ​ဖြင့်​ယု​ဒ​ပြည် သို့​ချင်း​နင်း​ဝင်​ရောက်​ကာ​မ​ရေ​ရှ​မြို့​တိုင် အောင်​ချီ​တက်​လာ​လေ​သည်။- \v 10 ထို​အ​ခါ​အာ​သ​သည်​ထို​သူ​အား​တိုက်​ခိုက် ရန်​ထွက်​လာ​ပြီး​လျှင် ဇေ​ဖ​သ​ချိုင့်​ဝှမ်း​တွင် နေ​ရာ​ယူ​၍၊- \v 11 မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အင်​အား​ကြီး မား​သော​တပ်​ကို​ကူ​မ​တော်​မူ​နိုင်​သည့်​နည်း တူ အင်​အား​နည်း​သော​တပ်​ကို​လည်း​ကူ​မ​တော် မူ​နိုင်​ပါ​၏။ အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​ကို အား​ကိုး​လျက်​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ဤ ကြီး​မား​လှ​သော​တပ်​မ​တော်​ကို​တိုက်​ခိုက် ရန်​ထွက်​ခဲ့​ကြ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​အား​အ​ဘယ် သူ​မျှ​မ​နှိမ်​နင်း​နိုင်​ပါ'' ဟု​ပတ္ထနာ​ပြု​တော် မူ​၏။ \p \v 12 အာ​သ​နှင့်​ယု​ဒ​တပ်​မ​တော်​သည်​ဆူ​ဒန် အ​မျိုး​သား​တို့​အား​တိုက်​ခိုက်​ကြ​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ဆူ​ဒန်​အ​မျိုး သား​တို့​ကို​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​၏။- \v 13 ထို​သူ​တို့​ကို​အာ​သ​နှင့်​သူ​၏​တပ်​သား​တို့ သည်​ဂေ​ရာ​မြို့​တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက် ကြ​လေ​သည်။ ဆူ​ဒန်​အ​မျိုး​သား​အ​မြောက် အ​မြား​ကျ​ဆုံး​သ​ဖြင့်​သူ​တို့​သည်​ပြန်​လည် တိုက်​ခိုက်​ရန်​စု​ရုံး​နိုင်​စွမ်း​မ​ရှိ​ကြ​တော့​ချေ။ ထာ​ဝရ​ဘု​ရား​နှင့်​ယု​ဒ​တပ်​မ​တော်​၏​လက် တွင်​အ​ရေး​ရှုံး​နိမ့်​ကြ​လေ​၏။ ယု​ဒ​တပ်​မ တော်​သား​တို့​သည်​လည်း​လက်​ရ​ပစ္စည်း​အ​မြောက် အ​မြား​ကို​သိမ်း​ယူ​ရ​ရှိ​ကြ​လေ​သည်။- \v 14 ထို​နောက်​ဂေ​ရာ​မြို့​အ​နီး​တစ်​ဝိုက်​ရှိ​မြို့​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​လန့်​လျက် နေ​ကြ​သ​ဖြင့် ယု​ဒ​တပ်​မ​တော်​သား​တို့​သည် ထို​မြို့​များ​ကို​ဖြို​ဖျက်​နိုင်​ကြ​လေ​သည်။ သူ တို့​သည်​ထို​မြို့​အ​ပေါင်း​ကို​တိုက်​ခိုက်​ကြ​ရာ လက်​ရ​ပစ္စည်း​အ​မြောက်​အ​မြား​ကို​သိမ်း​ယူ ရ​ရှိ​ကြ​၏။- \v 15 သူ​တို့​သည်​သိုး​ထိန်း​စ​ခန်း​အ​ချို့​ကို​လည်း တိုက်​ခိုက်​၍ သိုး​နှင့်​ကု​လား​အုတ်​အ​မြောက် အ​မြား​ကို​သိမ်း​ယူ​ကြ​ပြီး​နောက်​ယေ​ရု ရှ​လင်​မြို့​သို့​ပြန်​သွား​ကြ​၏။ \c 15 \s1 အာ​သ​ဆောင်​ရွက်​သည့်​ပြု​ပြင်​ပြောင်း​လဲ​မှု​များ \p \v 1 ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် သြ​ဒက် ၏​သား​အာ​ဇ​ရိ​အ​ပေါ်​သို့​သက်​ရောက်​၍၊- \v 2 အာ​ဇ​ရိ​သည်​အာ​သ​မင်း​ထံ​သို့​သွား​ပြီး​လျှင်``အို အာ​သ​မင်း​နှင့်​တ​ကွ​ယု​ဒ​နှင့်​ဗင်္ယာ​မိန်​အ​နွယ် ဝင်​တို့၊ ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဘက်​၌​ရှိ​နေ​သ​မျှ ကာ​လ​ပတ်​လုံး ကိုယ်​တော်​သည်​သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​မည်။ သင်​တို့​သည်​ကိုယ်​တော်​အား​ရှာ ကြ​လျှင် ကိုယ်​တော်​သည်​သင်​တို့​အား​အ​တွေ့ ခံ​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည် ကိုယ်​တော်​အား​ကျော​ခိုင်း​ကြ​ပါ​က​ကိုယ် တော်​သည်​လည်း​သင်​တို့​အား​စွန့်​ပယ်​တော် မူ​လိမ့်​မည်။- \v 3 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​ကာ​လ ကြာ​မြင့်​စွာ​မှန်​သော​ဘု​ရား​မ​ရှိ၊ သွန်​သင် ပေး​မည့်​ယဇ်​ပု​ရော​ဟိတ်​များ​မ​ရှိ၊ တ​ရား လည်း​မ​ရှိ။- \v 4 သို့​ရာ​တွင်​ဒုက္ခ​ရောက်​သော​အ​ခါ​သူ​တို့​သည် ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​၍​ကိုယ် တော်​ကို​ရှာ​သော​အ​ခါ​တွေ့​ရှိ​ကြ​၏။- \v 5 ထို​စဉ်​အ​ခါ​က​အ​တိုင်း​တိုင်း​အ​ပြည်​ပြည် တွင်​အေး​ချမ်း​သာ​ယာ​ခြင်း​မ​ရှိ​သ​ဖြင့် အ​ဘယ် သူ​မျှ​ဘေး​မဲ့​လုံ​ခြုံ​စွာ​ခ​ရီး​မ​သွား​မ​လာ နိုင်​ကြ။- \v 6 ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ဒုက္ခ​အ​မျိုး မျိုး​ရောက်​စေ​တော်​မူ​သ​ဖြင့် တစ်​နိုင်​ငံ​က တစ်​နိုင်​ငံ​ကို​လည်း​ကောင်း၊ တစ်​မြို့​က​တစ် မြို့​ကို​လည်း​ကောင်း​ဖိ​နှိပ်​ကြ​လေ​သည်။- \v 7 သို့​ရာ​တွင်​သင်​တို့​သည်​အား​မာန်​တင်း​ကြ လော့။ စိတ်​အား​မ​လျော့​ကြ​နှင့်။ သင်​တို့​ပြု သည့်​အ​မှု​အ​တွက်​ကောင်း​ကျိုး​ကို​ခံ​စား ရ​ကြ​လိမ့်​မည်'' ဟု​ဆင့်​ဆို​၏။ \p \v 8 ဤ​သို့​သြ​ဒက်​၏​သား​အာ​ဇ​ရိ​ဆင့်​ဆို​သည့် ဗျာ​ဒိတ်​တော်​ကို​ကြား​သော​အ​ခါ အာ​သ​သည် အား​တက်​လာ​ပြီး​လျှင် ယု​ဒ​နှင့်​ဗင်္ယာ​မိန်​နယ် မြေ​များ​နှင့်​တောင်​ပေါ​များ​သော​ဧ​ဖ​ရိမ်​ပြည် ရှိ​မြို့​များ​မှ​ရုပ်​တု​ရှိ​သ​မျှ​ကို​ဖယ်​ရှား​တော် မူ​၏။ မင်း​ကြီး​သည်​ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း ရှိ​ယဇ်​ပလ္လင်​ကို​လည်း​ပြန်​လည်​ပြု​ပြင်​တော်​မူ​၏။ \p \v 9 ထာ​ဝရ​ဘု​ရား​သည် အာ​သ​နှင့်​အ​တူ​ရှိ​တော် မူ​ကြောင်း​ကို​တွေ့​မြင်​ကြ​သ​ဖြင့် ဧ​ဖ​ရိမ်၊ မ​နာ ရှေ​နှင့်​ရှိ​မောင်​နယ်​မြေ​များ​မှ​လူ​အ​မြောက် အ​မြား​အာ​သ​ဘက်​သို့​ကူး​ပြောင်း​၍​သူ​၏ နိုင်​ငံ​တော်​တွင်​လာ​ရောက်​နေ​ထိုင်​ကြ​၏။ အာ​သ သည်​ဤ​သူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဗင်္ယာ မိန်​နှင့်​ယု​ဒ​ပြည်​သူ​တို့​ကို​လည်း​ကောင်း စု​ဝေး​ရန်​အ​မိန့်​ထုတ်​ပြန်​တော်​မူ​၏။- \v 10 သူ​တို့​သည်​အာ​သ​နန်း​စံ​တစ်​ဆယ့်​ရှစ်​နှစ် မြောက်​တ​တိ​ယ​လ​၌ ယေ​ရု​ရှ​လင်​မြို့​တွင် စု​ဝေး​ကြ​လေ​သည်။- \v 11 ထို​နေ့​၌​သူ​တို့​သည်​မိ​မိ​တို့​ဆောင်​ခဲ့​သော လက်​ရ​ပစ္စည်း​များ​အ​နက် နွား​ခု​နစ်​ရာ​နှင့် သိုး​ခု​နစ်​ထောင်​ကို​ထာ​ဝရ​ဘု​ရား​အား​ယဇ် ပူ​ဇော်​ကြ​၏။- \v 12 သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား စိတ်​စွမ်း​ကိုယ်​စွမ်း ရှိ​သ​မျှ​နှင့်​ကိုး​ကွယ်​မည်​ဟူ​၍​ပ​ဋိ​ညာဉ် ပြု​ကြ​၏။- \v 13 ကြီး​သည်​ဖြစ်​စေ၊ ငယ်​သည်​ဖြစ်​စေ၊ အ​မျိုး​သား ဖြစ်​စေ၊ အ​မျိုး​သ​မီး​ဖြစ်​စေ၊ မည်​သူ​မ​ဆို ကိုယ်​တော်​အား​ကိုး​ကွယ်​ခြင်း​မ​ပြု​ပါ​က ထို​သူ​သည်​အ​သတ်​ခံ​ရ​မည်​ဖြစ်​၏။- \v 14 ထို​သူ​တို့​သည်​ဤ​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း ပါ​မည်​ဟု ထာ​ဝရ​ဘု​ရား​၏​နာ​မ​တော်​ကို တိုင်​တည်​၍​အ​သံ​ကျယ်​စွာ​သစ္စာ​ဆို​ကြ​၏။ ထို​နောက်​သူ​တို့​သည်​ကြွေး​ကြော်​လျက် တံ​ပိုး ခ​ရာ​များ​ကို​မှုတ်​ကြ​ကုန်​၏။- \v 15 ယု​ဒ​ပြည်​သူ​အ​ပေါင်း​တို့​သည်​စိတ်​စွမ်း​ကိုယ် စွမ်း​ရှိ​သ​မျှ​ဖြင့် ပ​ဋိ​ညာဉ်​ပြု​ရ​ကြ​သ​ဖြင့် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​၏။ သူ​တို့​သည်​ထာ​ဝရ ဘု​ရား​အား​ဆန္ဒ​အ​ပြည့်​အ​ဝ​ဖြင့်​ဆည်း​ကပ် ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏ ဆည်း​ကပ်​မှု​ကို​လက်​ခံ​၍​အ​ရပ်​ရပ်​၌​ငြိမ်း ချမ်း​သာ​ယာ​စေ​တော်​မူ​၏။ \p \v 16 အာ​သ​မင်း​သည်​မိ​မိ​၏​အ​ဘွား​တော်​မာ​ခါ ၏​ထံ​တော်​မှ မယ်​တော်​ဘု​ရင်​မ​ရာ​ထူး​ကို​နှုတ် သိမ်း​တော်​မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​မာ​ခါ သည်​မြေ​သြ​ဇာ​ဖွံ့​ဖြိုး​မှု​ဆိုင်​ရာ​အာ​ရှ​ရ ဘု​ရား​မ​အား​ကိုး​ကွယ်​ရန် အ​တွက်​ရှု​မ​ကောင်း မြင်​မ​ကောင်း​သော​ရုပ်​တု​ကို​ပြု​လုပ်​ထား​သော ကြောင့်​ဖြစ်​၏။ အာ​သ​သည်​ထို​ရုပ်​တု​ကို အ​ပိုင်း​ပိုင်း​ခုတ်​ဖြတ်​ကာ ကေ​ဒြုန်​ချိုင့်​ဝှမ်း တွင်​မီး​ရှို့​စေ​တော်​မူ​၏။- \v 17 ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​ရှိ​သ​မျှ​ကို​မ​ဖျက် ဆီး​သော်​လည်း အာ​သ​သည်​တစ်​သက်​လုံး ထာ​ဝရ​ဘု​ရား​ကို​သစ္စာ​စောင့်​တော်​မူ​လေ သည်။- \v 18 သူ​သည်​ထာ​ဝရ​ဘု​ရား​အား​ခ​မည်း​တော်​ဆက် ကပ်​လှူ​ဒါန်း​ထား​သ​မျှ​သော​တန်​ဆာ​တို့​ကို မိ​မိ​ကိုယ်​တိုင်​ဆက်​ကပ်​လှူ​ဒါန်း​သည့် ရွှေ၊ ငွေ၊ တန် ဆာ​များ​နှင့်​အ​တူ​ဗိ​မာန်​တော်​တွင်​ထား​ရှိ တော်​မူ​၏။- \v 19 သူ​၏​နန်း​စံ​သုံး​ဆယ့်​ငါး​နှစ်​အ​ထိ​နောက် တစ်​ဖန်​စစ်​မက်​မ​ဖြစ်​ပွား​တော့​ချေ။ \c 16 \s1 ဣသ​ရေ​လ​ဘု​ရင်​ဗာ​ရှာ​ချင်း​နင်း​ဝင်​ရောက်​ခြင်း \r (၃ရာ၊ ၁၅:၁၇-၂၂) \p \v 1 ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​သုံး​ဆယ့်​ခြောက် နှစ်​မြောက်​၌ ဣ​သ​ရေ​လ​ဘု​ရင်​ဗာ​ရှာ​သည် ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​ပြီး​လျှင် ယု​ဒ​ပြည်​သို့​ဝင်​ထွက်​သွား​လာ​မှု​မ​ပြု နိုင်​စေ​ရန်​ရာ​မ​မြို့​ကို​တံ​တိုင်း​ကာ​လေ​သည်။- \v 2 ထို​ကြောင့်​အာ​သ​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော် ဘဏ္ဍာ​တိုက်​များ​မှ​ရွှေ၊ ငွေ၊ ရှိ​သ​မျှ​ကို​ယူ​၍ ဒ​မာ​သက်​မြို့​ရှိ​ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်​ထံ​သို့ ပို့​၍၊- \v 3 ``အ​ကျွန်ုပ်​တို့​သည်​အ​ကျွန်ုပ်​တို့​၏​ခ​မည်း တော်​များ​ကဲ့​သို့​မ​ဟာ​မိတ်​ဖွဲ့​ကြ​ကုန်​အံ့။ ဤ​ရွှေ၊ ငွေ​မှာ​အ​ဆွေ​တော်​အ​တွက်​လက် ဆောင်​ဖြစ်​ပါ​၏။ ဗာရှာ​မင်း​သည်​မိ​မိ​စစ်​တပ် များ​ကို အ​ကျွန်ုပ်​၏​နယ်​မြေ​မှ​ရုပ်​သိမ်း​သွား စေ​ရန်​အ​ဆွေ​တော်​သည် သူ​နှင့်​ဖွဲ့​သော​မ​ဟာ မိတ်​ကို​ဖျက်​သိမ်း​၍​ကူ​ညီ​ပါ​လော့'' ဟု မှာ​လိုက်​၏။ \p \v 4 ဗင်္ဟာ​ဒဒ်​သည်​အာ​သ​အ​ကြံ​ပေး​သည့်​အ​တိုင်း ဆောင်​ရွက်​ရန်​သ​ဘော​တူ​သ​ဖြင့် မိ​မိ​တပ်​မှူး များ​နှင့်​စစ်​သည်​တော်​တို့​ကို​စေ​လွှတ်​၍​ဣ​သ ရေ​လ​မြို့​များ​ကို​တိုက်​ခိုက်​စေ​တော်​မူ​၏။ သူ တို့​သည်​ဣ​ယုန်​မြို့၊ ဒန်​မြို့၊ အာ​ဗေ​လ​မိမ်​မြို့ နှင့်​န​ဿ​လိ​နယ်​မြေ​ရှိ​ပစ္စည်း​သို​လှောင်​ရာ မြို့​အ​ပေါင်း​ကို​သိမ်း​ယူ​လိုက်​ကြ​၏။- \v 5 ဤ​သ​တင်း​ကို​ကြား​သော​အ​ခါ​ဗာ​ရှာ​မင်း သည် ရာ​မ​မြို့​တံ​တိုင်း​ကာ​ရံ​မှု​ကို​ရပ်​စဲ လိုက်​လေ​သည်။- \v 6 ထို​အ​ခါ​အာ​သ​မင်း​သည်​ယု​ဒ​ပြည်​တစ် လျှောက်​လုံး​မှ လူ​တို့​ကို​ဆင့်​ခေါ်​ပြီး​လျှင် ရာ​မ​မြို့​တံ​တိုင်း​ကာ​ရံ​မှု​တွင် အ​သုံး​ပြု လျက်​ရှိ​သော​ကျောက်​တုံး​များ​နှင့်​သစ်​သား များ​ကို​သယ်​ဆောင်​လာ​စေ​တော်​မူ​၏။ သူ​တို့ သည်​ထို​ပစ္စည်း​များ​ဖြင့် ဂေ​ဘ​မြို့​နှင့်​မိ​ဇ​ပါ မြို့​တို့​ကို​တံ​တိုင်း​ကာ​ကြ​၏။ \s1 ပ​ရော​ဖက်​ဟာ​နန် \p \v 7 ထို​အ​ချိန်​၌​ပ​ရော​ဖက်​ဟာ​နန်​သည်​အာ​သ မင်း​ထံ​သို့​သွား​၍``ဘု​ရင်​မင်း​သည်​မိ​မိ​၏ ဘု​ရား​သ​ခင်​ကို​အား​ကိုး​မည့်​အ​စား​ရှု​ရိ မင်း​ကို​အား​ကိုး​သည်​ဖြစ်​၍​ဣ​သ​ရေ​လ\f 5 \fr 16:7 \ft * \ft ဘာ​သာ​ပြန်​မူ​ဟောင်း​တစ်​ခု​အ​ရ၊ ဟေ​ဗြဲ မူ​တွင်​ရှု​ရိ။\f* ၏​တပ်​မ​တော်​သည်​ဘု​ရင်​မင်း​၏​လက်​မှ​လွတ် မြောက်​သွား​လေ​ပြီ။- \v 8 ဆူ​ဒန်​နှင့်​လိ​ဗု​အ​မျိုး​သား​တို့​တွင်​စစ်​ရ​ထား နှင့် မြင်း​စီး​သူ​ရဲ​အ​မြောက်​အ​မြား​ပါ​ဝင် သည့်​တပ်​မ​တော်​များ​ရှိ​ခဲ့​ကြ​သည်​မ​ဟုတ် ပါ​လော။ ဘု​ရင်​မင်း​သည်​ထာ​ဝရ​ဘုရား​ကို အား​ကိုး​ခဲ့​သ​ဖြင့် ကိုယ်​တော်​သည်​ဘု​ရင်​မင်း အား​ထို​တပ်​မ​တော်​တို့​ကို​နှိမ်​နင်း​ခွင့်​ပေး တော်​မူ​ခဲ့​၏။- \v 9 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​သစ္စာ​စောင့် သူ​တို့​အား​တန်​ခိုး​စွမ်း​ရည်​ကို​ပေး​တော်​မူ​ရန် ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​သေ​ချာ​စွာ​ကြည့်​လျက် နေ​တော်​မူ​၏။ ဘု​ရင်​မင်း​သည်​မိုက်​မဲ​စွာ​ပြု ခဲ့​သည်​ဖြစ်​၍ ယ​ခု​မှ​စ​၍​အ​စဉ်​စစ်​ဖြစ် လျက်​နေ​ရ​လိမ့်​မည်'' ဟု​ဆင့်​ဆို​၏။- \v 10 ထို​စ​ကား​ကြောင့်​အာ​သ​သည်​ပ​ရော​ဖက် အား​အ​မျက်​ထွက်​၍ သံ​ကြိုး​များ​နှင့်​ချည် နှောင်​ထား​စေ​၏။ ဤ​အ​ချိန်​၌​အာ​သ​သည် ပြည်​သူ​အ​ချို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​စ​ပြု လေ​သည်။ \s1 အာ​သ​၏​နန်း​သက်​ကုန်​ဆုံး​ခြင်း \r (၃ရာ၊ ၁၅:၃-၂၄) \p \v 11 အာ​သ​၏​လက်​ထက်​၌​ဖြစ်​ပျက်​သ​မျှ​သော အမှု​အ​ရာ​များ​ကို ယု​ဒ​ရာ​ဇ​ဝင်​နှင့် ဣ​သ​ရေ​လ ရာ​ဇ​ဝင်​တွင်​မှတ်​တမ်း​တင်​ထား​သ​တည်း။- \v 12 နန်း​စံ​သုံး​ဆယ့်​ကိုး​နှစ်​မြောက်​၌​အာ​သ​သည် နူ​နာ​စွဲ​သ​ဖြင့် ခြေ​မ​စွမ်း​မ​သန်​ဖြစ်​သော​အ​ခါ ထာ​ဝရ​ဘု​ရား​အား​ဆည်း​ကပ်​မည့်​အ​စား ဆေး သ​မား​များ​ကို​သာ​လျှင်​ဆည်း​ကပ်​လေ​၏။- \v 13 နောက်​နှစ်​နှစ်​မျှ​ကြာ​သော်​သူ​သည်​ကွယ်​လွန် သော​အ​ခါ၊- \v 14 ဒါ​ဝိဒ်​မြို့​တွင်​သူ​၏​အ​တွက်​ပြု​လုပ်​ထား သည့်​ကျောက်​ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။ ပြည်​သူ​တို့ သည်​သင်္ဂြိုဟ်​ရန်​အ​တွက်​မင်း​ကြီး​၏​အ​လောင်း ကို နံ့​သာ​မျိုး​များ၊ ဆီ​မွှေး​များ​နှင့်​မွမ်း​မံ ပြင်​ဆင်​ကြ​ပြီ​လျှင်​ဝမ်း​နည်း​ကြေ​ကွဲ​သည့် အ​ထိမ်း​အ​မှတ်​ဖြင့်​မီး​ပုံ​ပွဲ​ကြီး​ကို ကျင်း​ပ​ကြ​လေ​သည်။ \c 17 \s1 ယော​ရှ​ဖတ်​နန်း​တက်​ခြင်း \p \v 1 ယော​ရှ​ဖတ်​သည်​ခ​မည်း​တော်​အာ​သ​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ပြီး နောက် ဣ​သ​ရေ​လ​နိုင်​ငံ​အား​ခု​ခံ​တိုက်​ခိုက် ရန်​မိ​မိ​၏​နိုင်​ငံ​ကို​ခိုင်​ခံ့​အောင်​ပြု​တော် မူ​၏။- \v 2 သူ​သည်​ယု​ဒ​ပြည်​ခံ​တပ်​မြို့​များ၊ ယု​ဒ ကျေး​လက်​များ​နှင့်​ဧ​ဖ​ရိမ်​နယ်​မြေ​မှ အာ​သ​သိမ်း​ယူ​ထား​သည့်​မြို့​များ​တွင် မိ​မိ​၏​စစ်​တပ်​များ​ကို​ချ​ထား​လေ​သည်။- \v 3 ယော​ရှ​ဖတ်​သည်​ခ​မည်း​တော်​အာ​သ​နန်း တက်​စ​အ​ခါ​က​ပြု​မူ​ခဲ့​သည့်​စံ​န​မူ​နာ ကို​လိုက်​၍ ဗာ​လ​ဘု​ရား​အား​ဝတ်​မ​ပြု ရှိ​မ​ခိုး​ဘဲ​နေ​သ​ဖြင့်​ထာ​ဝရ​ဘု​ရား​သည် သူ့​အား​ကောင်း​ချီး​ပေး​တော်​မူ​၏။- \v 4 သူ​သည်​ခ​မည်း​တော်​၏​ဘု​ရား​ကို​ကိုး​ကွယ် ၍​ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​နာ​ခံ တော်​မူ​၏။ ဣသ​ရေ​လ​ဘု​ရင်​တို့​၏​လမ်း​စဉ် ကို​လိုက်​တော်​မ​မူ။- \v 5 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှ​ဖတ်​၏​အာ​ဏာ ကို​တည်​စေ​တော်​မူ​၏။ ပြည်​သူ​အ​ပေါင်း​တို့ သည်​သူ့​ထံ​သို့​လက်​ဆောင်​ပဏ္ဏာ​များ​ကို​ယူ ဆောင်​လာ​ကြ​၏။ ထို​ကြောင့်​မင်း​ကြီး​သည် ချမ်း​သာ​ကြွယ်​ဝ​ကာ​ဂုဏ်​အ​သ​ရေ​ကြီး မြင့်​လာ​တော်​မူ​၏။- \v 6 သူ​သည်​ထာ​ဝရ​ဘု​ရား​အား​ကိုး​ကွယ်​မှု တွင်​စိတ်​အား​ထက်​သန်​လျက်​ယု​ဒ​ပြည်​ရှိ ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​နှင့်​အာ​ရှ​ရ ဘု​ရား​မ​၏​တံ​ခွန်​တိုင်​ရှိ​သ​မျှ​ကို​ဖျက် ဆီး​တော်​မူ​၏။ \p \v 7 နန်း​စံ​တ​တိ​ယ​နှစ်​၌​ယော​ရှ​ဖတ်​သည် မှူး​မတ်​များ​ဖြစ်​ကြ​သော​ဗင်​ဟဲ​လ၊ သြ​ဗ​ဒိ၊ ဇာ​ခ​ရိ၊ နာ​သ​နေ​လ​နှင့်​မိက္ခာ​ယ​တို့​အား ယု​ဒ​ပြည်​အ​မြို့​မြို့​သို့​သြ​ဝါ​ဒ​ပေး​ရန် စေ​လွှတ်​တော်​မူ​၏။- \v 8 သူ​တို့​နှင့်​အ​တူ​လေ​ဝိ​အ​နွယ်​ဝင်​ကိုး​ဦး နှင့်​ယဇ်​ပု​ရော​ဟိတ်​နှစ်​ပါး​လိုက်​ပါ​သွား ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​တို့​မှာ​ရှေ​မာ​ယ၊ နေ​သ​နိ၊ ဇေ​ဗ​ဒိ၊ အာ​သ​ဟေ​လ၊ ရှေ​မိ​ရ​မုတ်၊ ယော​န​သန်၊ အ​ဒေါ​နိ​ယ၊ တော​ဘိ​ယ၊ တော​ဘ၊ ဒေါ​နိ​ယ​တို့​ဖြစ်​ကြ​၏။ ယဇ်​ပု​ရော​ဟိတ် တို့​မှာ​ဧ​လိ​ရှ​မာ​နှင့်​ယော​ရံ​တို့​ဖြစ်​ကြ ၏။- \v 9 သူ​တို့​သည်​မိ​မိ​တို့​နှင့်​အ​တူ​ယူ​ဆောင် သွား​သော​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တ​ရား ကျမ်း​အ​ရ ယု​ဒ​မြို့​အ​သီး​သီး​သို့​လှည့် လည်​ကာ​ပြည်​သူ​တို့​အား​သွန်​သင်​ကြ​၏။ \s1 ယော​ရှ​ဖတ်​တန်​ခိုး​ကြီး​ပုံ \p \v 10 ထာ​ဝရ​ဘု​ရား​သည်​ပတ်​ဝန်း​ကျင်​နိုင်​ငံ အ​ပေါင်း​တို့​အား ယော​ရှ​ဖတ်​နှင့်​စစ်​ဖြစ် ရန်​ကြောက်​လန့်​စေ​တော်​မူ​၏။- \v 11 ဖိ​လိတ္တိ​အ​မျိုး​သား​အ​ချို့​တို့​သည်​ယော ရှ​ဖတ်​ထံ​သို့ ငွေ​အ​မြောက်​အ​မြား​နှင့် အ​ခြား​လက်​ဆောင်​ပဏ္ဏာ​များ​ကို​ယူ​ဆောင် လာ​ကြ​၏။ အာ​ရပ်​အ​မျိုး​သား​အ​ချို့​တို့ က​လည်း​သိုး​အ​ကောင်​ရေ​ခု​နစ်​ထောင့်​ခု​နစ် ရာ​နှင့် ဆိတ်​အ​ကောင်​ရေ​ခု​နစ်​ထောင့်​ခု​နစ်​ရာ ကို​ယူ​ဆောင်​လာ​လေ​သည်။- \v 12 သို့​ဖြစ်​၍​ယော​ရှ​ဖတ်​သည်​တန်​ခိုး​ကြီး​သည် ထက်​ကြီး​လာ​တော်​မူ​၏။ သူ​သည်​ယု​ဒ​ပြည် တစ်​လျှောက်​လုံး​တွင်​ခံ​တပ်​များ​ကို​လည်း ကောင်း၊- \v 13 ရိက္ခာ​အ​မြောက်​အ​မြား​သို​လှောင်​ရာ​မြို့ များ​ကို​လည်း​ကောင်း​တည်​ဆောက်​တော်​မူ​၏။ \p မင်း​ကြီး​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ထူး​ချွန် သည့်​တပ်​မှူး​များ​ကို၊- \v 14 သား​ချင်း​စု​များ​အ​လိုက်​နေ​ရာ​ချ​ထား တော်​မူ​၏။ ယု​ဒ​အ​နွယ်​ဝင်​တို့​၏​တပ်​မှူး သည်​အာ​ဒ​န​ဖြစ်​၍ သူ​၏​လက်​အောက် တွင်​စစ်​သည်​သုံး​သိန်း​ရှိ​လေ​သည်။- \v 15 ဒု​တိ​ယ​တပ်​မှူး​မှာ​ယော​ဟ​နန်​ဖြစ်​၍​စစ် သည်​နှစ်​သိန်း​ရှစ်​သောင်း​ကို​အုပ်​ချုပ်​ရ​၏။- \v 16 တ​တိ​ယ​တပ်​မှူး​ကား​ဇိ​ခ​ရိ​၏​သား​အာ​မ​သိ ဖြစ်​၍​စစ်​သည်​နှစ်​သိန်း​ကို​အုပ်​ချုပ်​ရ​လေ​သည်။ (အာ​မ​သိ​သည်​မိ​မိ​စေ​တ​နာ​အ​လျောက် ထာ​ဝရ​ဘု​ရား​၏​အ​မှု​တော်​ကို​ထမ်း​ဆောင် သူ​ဖြစ်​သည်။-) \v 17 ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​၏​တပ်​မှူး​သည်​ဧ​လျာ​ဒ ဖြစ်​၏။ သူ​သည်​လေး​နှင့်​ဒိုင်း​လွှား​ကိုင်​စစ်​သည် တော်​နှစ်​သိန်း​ကို​အုပ်​ချုပ်​ရ​သူ၊ ထူး​ချွန်​သည့် စစ်​သူ​ရဲ​တစ်​ဦး​ဖြစ်​လေ​သည်။- \v 18 သူ​၏​လက်​ထောက်​တပ်​မှူး​မှာ​လက်​နက်​အ​ပြည့် အ​စုံ​နှင့် လူ​တစ်​သိန်း​ရှစ်​သောင်း​ကို​အုပ်​ချုပ် ရ​သူ​ယော​ဇ​ဗဒ်​ဖြစ်​၏။- \v 19 ယု​ဒ​ပြည်​ခံ​တပ်​မြို့​များ​တွင်​နေ​ရာ​ချ​ထား သည့်​စစ်​သည်​တော်​များ​အ​ပြင် ယေ​ရု​ရှ​လင် မြို့​တွင်​နေ​ရာ​ချ​ထား​သည့်​ဤ​သူ​တို့​သည် လည်း မင်း​ကြီး​၏​အ​မှု​တော်​ကို​ထမ်း​ဆောင် ရ​ကြ​လေ​သည်။ \c 18 \s1 အာ​ဟပ်​အား​ပ​ရော​ဖက်​မိက္ခာ​သ​တိ​ပေး​ခြင်း \r (၃ရာ၊ ၂၂:၁-၂၈) \p \v 1 ယော​ရှ​ဖတ်​မင်း​သည်​ချမ်း​သာ​ကြွယ်​ဝ​၍​ဂုဏ် သ​တင်း​ကျော်​စော​လာ​သော​အ​ခါ ဣ​သ​ရေ​လ ဘုရင်​အာ​ဟပ်​မင်း​နှင့်​အ​မျိုး​ဆက်​တော်​မူ​၏။- \v 2 နှစ်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ယော​ရှ​ဖတ် သည် အာ​ဟပ်​ထံ​လည်​ပတ်​ရန်​ရှ​မာ​ရိ​မြို့​သို့ ရောက်​ရှိ​လာ​လေ​သည်။ အာ​ဟပ်​သည်​ယော​ရှ ဖတ်​နှင့်​တ​ကွ​သူ​နှင့်​လိုက်​ပါ​လာ​သူ​တို့​ကို ဂုဏ်​ပြု​ရန် သိုး​နွား​အ​မြောက်​အ​မြား​ကို​သတ် ၍​ဧည့်​ခံ​ပွဲ​ကျင်း​ပ​တော်​မူ​၏။ သူ​သည်​ယော ရှ​ဖတ်​အား​မိ​မိ​နှင့်​အ​တူ​ဂိ​လဒ်​ပြည်​ရာ မုတ်​မြို့​ကို​တိုက်​ခိုက်​ရန်​သွေး​ဆောင်​လေ​၏။- \v 3 သူ​က``အ​ဆွေ​တော်​သည်​ရာ​မုတ်​မြို့​ကို​တိုက် ခိုက်​ရန်​ကျွန်ုပ်​နှင့်​အ​တူ​လိုက်​မည်​လော'' ဟု မေး​၏။ \p ယော​ရှ​ဖတ်​က``အ​ဆွေ​တော်​အ​ဆင်​သင့်​ရှိ ချိန်​၌​ကျွန်ုပ်​လည်း​အ​ဆင်​သင့်​ရှိ​ပါ​၏။ ကျွန်ုပ်​၏​တပ်​မ​တော်​သည်​လည်း​ထို​နည်း​တူ ပင်​ဖြစ်​ပါ​၏။ ကျွန်ုပ်​တို့​သည်​သင်​နှင့်​အ​တူ လိုက်​ပါ​မည်'' ဟု​ပြန်​ပြော​တော်​မူ​၏။- \v 4 ထို​နောက်​သူ​သည်​ဆက်​၍``သို့​ရာ​တွင်​ဤ ကိစ္စ​ကို​ထာ​ဝရ​ဘု​ရား​အား​ဦး​စွာ​မေး မြန်း​လျှောက်​ထား​ပါ​လော့'' ဟု​ဆို​၏။ \p \v 5 သို့​ဖြစ်​၍​အာ​ဟပ်​သည်​လေး​ရာ​ခန့်​ရှိ​သော ပ​ရော​ဖက်​တို့​ကို​ခေါ်​တော်​မူ​၍``ငါ​သည် ရာ​မုတ်​မြို့​ကို​သွား​ရောက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ပြော​ကြား​ကြ​လော့'' ဟု​မိန့်​တော်​မူ၏။ \p ပ​ရော​ဖက်​တို့​က``တိုက်​ခိုက်​တော်​မူ​ပါ။ ဘု​ရား​သ​ခင်​သည်​အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော် မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။ \p \v 6 သို့​ရာ​တွင် ယော​ရှ​ဖတ်​က``ကျွန်ုပ်​တို့​အ​တွက် ထာ​ဝရ​ဘု​ရား​အား​လျှောက်​ထား​မေး​မြန်း ပေး​မည့်​အ​ခြား​ပ​ရော​ဖတ်​တစ်​ပါး​ရှိ ပါ​သေး​သ​လော'' ဟု​မေး​၏။ \p \v 7 အာ​ဟပ်​က``အ​ခြား​ပ​ရော​ဖတ်​တစ်​ပါး​ရှိ​ပါ သေး​သည်။ ထို​သူ​သည်​ဣမ​လ​၏​သား​မိက္ခာ ဖြစ်​ပါ​၏။ သို့​ရာ​တွင်​သူ​သည်​ကျွန်ုပ်​အ​တွက် အ​ဘယ်​အခါ​မျှ​အ​ကောင်း​ကို​မ​ဟော။ အ​ဆိုး ကို​သာ​လျှင်​အ​စဉ်​ဟော​တတ်​သ​ဖြင့်​သူ့ ကို​ကျွန်ုပ်​မုန်း​ပါ​၏'' ဟု​ပြန်​ပြော​လေ​သည်။ \p ထို​အ​ခါ​ယော​ရှ​ဖတ်​က``အ​ဆွေ​တော်​ဤ​သို့ မပြော​သင့်​ပါ'' ဟု​ဆို​၏။ \p \v 8 သို့​ဖြစ်​၍​အာ​ဟပ်​မင်း​သည်​နန်း​တွင်း​အ​ရာ​ရှိ တစ်​ဦး​ကို​ခေါ်​ပြီး​လျှင် မိက္ခာ​အား​ချက်​ချင်း ခေါ်​ဆောင်​ခဲ့​ရန်​အ​မိန့်​ပေး​တော်​မူ​၏။ \p \v 9 ဘု​ရင်​နှစ်​ပါး​တို့​သည်​မင်း​မြောက်​တန်​ဆာ​များ ကို​ဝတ်​ဆင်​ကာ​ရှ​မာ​ရိ​မြို့၊ မြို့​တံ​ခါး​ပြင် ကောက်​နယ်​တ​လင်း​၌​ရာ​ဇ​ပလ္လင်​များ​ပေါ် တွင်​ထိုင်​လျက်​နေ​ကြ​၏။ သူ​တို့​၏​ရှေ့​၌ ပ​ရော​ဖက်​အ​ပေါင်း​သည်​ဟော​လျက်​နေ ကြ​၏။- \v 10 ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သူ၊ ခေ​နာ​နာ​၏​သား ဇေ​ဒ​ကိ​သည်​သံ​ဦး​ချို​များ​ကို​ပြု​လုပ်​ပြီး လျှင်​အာ​ဟပ်​အား``ထာ​ဝရ​ဘု​ရား​က`သင်​သည် ဤ​ဦး​ချို​များ​ဖြင့်​ရှု​ရိ​တပ်​အား​ချေ​မှုန်း လိမ့်​မည်' ဟု​မိန့်​တော်​မူ​ပါ​သည်'' ဟု​လျှောက်​၏။- \v 11 အ​ခြား​ပ​ရော​ဖက်​အ​ပေါင်း​တို့​သည်​လည်း ဤ​အ​တိုင်း​ပင်​မင်း​ကြီး​အား​လျှောက်​ထား ကြ​၏။ သူ​တို့​က``ရာ​မုတ်​မြို့​ကို​ချီ​တက် တော်​မူ​ပါ။ ထာ​ဝရ​ဘုရား​သည်​အ​ရှင့်​အား အောင်​ပွဲ​ခံ​စေ​တော်​မူ​ပါ​လိမ့်​မည်'' ဟု ဟော​ကြ​၏။ \p \v 12 ဤ​အ​တော​အ​တွင်း​၌​မိ​က္ခာ​ထံ​သို့​သွား​သော နန်း​တွင်း​အ​ရာ​ရှိ​က​မိက္ခာ​အား``ပ​ရော​ဖက်​အား လုံး​က​ပင်​မင်း​ကြီး​သည်​အောင်​မြင်​လိမ့်​မည် ဖြစ်​ကြောင်း​ဟော​ကြ​ပါ​ပြီ။ ကိုယ်​တော်​သည် လည်း​ဤ​အ​တိုင်း​ဟော​သင့်​ပါ​သည်'' ဟု​ဆို​၏။ \p \v 13 သို့​ရာ​တွင်​မိက္ခာ​က``ငါ​သည်​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သည့်​အ​တိုင်း​ဖော်​ပြ​ရ​လိမ့်​မည်​ဖြစ် ကြောင်း အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝရ​ဘု​ရား ကို​တိုင်​တည်​၍​ငါ​ဆို​၏'' ဟု​ပြော​၏။ \p \v 14 သူ​သည်​မင်း​ကြီး​၏​ရှေ့​တော်​သို့​ရောက်​သော အ​ခါ​မင်း​ကြီး​က``အ​ချင်း​မိက္ခာ၊ ယော​ရှ​ဖတ် မင်း​နှင့်​ငါ​သည်​ရာ​မုတ်​မြို့​သို့​ချီ​တက်​တိုက် ခိုက်​သင့်​သ​လော၊ မ​သင့်​သ​လော'' ဟု​မေး တော်​မူ​၏။ \p မိက္ခာ​က​လည်း``တိုက်​ခိုက်​တော်​မူ​ပါ၊ အောင်​မြင် တော်​မူ​ပါ​လိမ့်​မည်။ ထာ​ဝရ​ဘု​ရား​သည် အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပါ​လိမ့် မည်'' ဟု ပြန်​လည်​လျှောက်​ထား​၏။ \p \v 15 သို့​ရာ​တွင်​အာ​ဟပ်​က``ထာ​ဝရ​ဘု​ရား​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​ဟော​ရာ​တွင်​ဟုတ်​မှန်​သည် ကို​သာ​ဟော​ရန်​သင့်​အား​ငါ​ဘယ်​နှစ်​ကြိမ် သ​တိ​ပေး​ရ​ပါ​မည်​နည်း'' ဟု​ဆို​၏။ \p \v 16 ထို​အ​ခါ​မိက္ခာ​က``ဣသ​ရေ​လ​ပြည်​သူ​တို့​သည် သိုး​ထိန်း​မဲ့​သည့်​သိုး​များ​ကဲ့​သို့​တောင်​ကုန်း များ​ပေါ်​တွင်​ကွဲ​လွင့်​လျက်​နေ​သည်​ကို​ငါ မြင်​၏။ ထာ​ဝရ​ဘု​ရား​က​လည်း`ဤ​သူ​တို့​မှာ ခေါင်း​ဆောင်​မ​ရှိ။ သူ​တို့​အား​မိ​မိ​တို့​ရပ်​ရွာ သို့​အေး​ချမ်း​စွာ​ပြန်​ခွင့်​ပြု​လော့' ဟု​မိန့် တော်​မူ​ပါ​သည်''ဟု​ဆို​၏။\x + \xo 18:16 \xt တော၊ ၂၇:၁၇။ ထွ၊ ၃၄:၅။ မ၊ ၉:၃၆။ မာ၊ ၆:၃၄။\x* \p \v 17 အာ​ဟပ်​သည်​ယော​ရှ​ဖတ်​အား``ဤ​သူ​သည် အ​ဘယ်​အ​ခါ​၌​မျှ​ကျွန်ုပ်​အ​တွက်​အ​ကောင်း ကို​မ​ဟော။ အ​ဆိုး​ကို​သာ​အ​စဉ်​ဟော​တတ် ကြောင်း​အ​ဆွေ​တော်​အား​ကျွန်ုပ်​ဖော်​ပြ​ပြီး လေ​ပြီ'' ဟု​ဆို​၏။ \p \v 18 မိက္ခာ​က​ဆက်​လက်​၍​အာ​ဟပ်​အား``ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို ယ​ခု​နား ထောင်​ပါ​လော့။ ထာ​ဝရ​ဘု​ရား​သည်​ကောင်း​ကင် ဘုံ​ရှိ​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော် မူ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​အ​ပါး တော်​တွင် ကောင်း​ကင်​တ​မန်​များ​ရပ်​လျက်​နေ ကြ​သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏။- \v 19 ထာ​ဝ​ရ​ဘု​ရား​က`အာ​ဟပ်​သည်​ရာ​မုတ်​မြို့​ကို သွား​၍​အ​သတ်​ခံ​ရ​စေ​ရန်​သူ့​အား​အ​ဘယ်​သူ လိမ်​လည်​လှည့်​စား​ပါ​မည်​နည်း' ဟု​မေး​တော်​မူ လျှင်​ကောင်း​ကင်​တ​မန်​တို့​သည်​အ​မျိုး​မျိုး အ​ဖုံ​ဖုံ​လျှောက်​ထား​ကြ​၏။- \v 20 နောက်​ဆုံး​၌​ဝိ​ညာဉ်​တစ်​ပါး​သည်​ထာ​ဝရ​ဘု​ရား ၏​ရှေ့​တော်​သို့​လာ​၍`ဤ​သူ​အား​အ​ကျွန်ုပ်​လိမ် လည်​လှည့်​စား​ပါ​မည်' ဟု​လျှောက်​၏။ ထာ​ဝရ ဘုရား​က`အ​ဘယ်​သို့​နည်း' ဟု​မေး​တော်​မူ​သော်၊- \v 21 ထို​ဝိ​ညာဉ်​က`အ​ကျွန်ုပ်​သည်​အာ​ဟပ်​၏​ပ​ရော​ဖက် များ​ထံ​သို့​သွား​၍​သူ​တို့​အား​လိမ်​လည်​ဟော​ပြော စေ​ပါ​မည်' ဟု​လျှောက်​၏။ ထာ​ဝရ​ဘု​ရား​က​လည်း`သင် သွား​၍​အာ​ဟပ်​အား​လိမ်​လည်​လှည့်​စား​လော့။ အောင်​မြင်​ခွင့်​ရ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​ပါ​၏'' ဟု​ဆင့်​ဆို​လေ​၏။ \p \v 22 ထို​နောက်​မိက္ခာ​က``ထာ​ဝရ​ဘု​ရား​သည်​ဤ​ပ​ရော ဖက်​တို့​ကို​အ​ရှင့်​အား​လိမ်​လည်​ဟော​ပြော​စေ တော်​မူ​၏။ သို့​ရာ​တွင်​အ​ရှင်​တွေ့​ကြုံ​ရ​မည့်​ဘေး အန္တ​ရာယ်​ကို​မူ​ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​တိုင် စီ​ရင်​ခွဲ​ခန့်​ထား​တော်​မူ​၏'' ဟု​ဆို​လေ​သည်။ \p \v 23 ထို​အ​ခါ​ပ​ရော​ဖက်​ဇေ​ဒ​ကိ​သည်​မိက္ခာ​အ​နီး သို့​ချဉ်း​ကပ်​၍​ပါး​ကို​ရိုက်​လျက်``ထာ​ဝရ​ဘု​ရား ၏​ဝိ​ညာဉ်​တော်​သည်​သင့်​အား​မိန့်​မြွက်​တော်​မူ​ရန် ဘယ်​အ​ချိန်​တွင်​ငါ့​ထံ​မှ​ထွက်​ခွာ​သွား​တော် မူ​ပါ​သ​နည်း'' ဟု​မေး​၏။ \p \v 24 မိက္ခာ​က``သင်​ပုန်း​အောင်း​ရန်​အ​တွင်း​ခန်း​သို့ ဝင်​သော​အ​ခါ​သိ​ရ​လိမ့်​မည်'' ဟု​ပြန်​ပြော လေ​သည်။ \p \v 25 ထို​နောက်​အာ​ဟပ်​သည်​မိ​မိ​၏​နန်း​တွင်း​အ​ရာ ရှိ​တစ်​ယောက်​အား``မိက္ခာ​ကို​ဖမ်း​ဆီး​၍​မြို့​ဝန် အာ​မုန်​နှင့်​ယော​ရှ​မင်း​သား​ထံ​သို့​ခေါ်​ဆောင် သွား​လော့။- \v 26 သူ့​အား​အ​ကျဉ်း​ချ​ကာ​ငါ​ကောင်း​မွန်​ချော မော​စွာ​ပြန်​လည်​ရောက်​ရှိ​လာ​ချိန်​တိုင်​အောင် မုန့်​နှင့်​ရေ​ကို​သာ​ကျွေး​မွေး​ထား​ရန်​သူ​တို့ အား​ပြော​ကြား​လော့'' ဟု​အ​မိန့်​ပေး​တော် မူ​၏။ \p \v 27 မိက္ခာ​က``အ​ကယ်​၍​ဘု​ရင်​မင်း​ကောင်း​မွန်​ချော မော​စွာ​ပြန်​လာ​ရ​လျှင်​ငါ​ဆင့်​ဆို​သော​စ​ကား သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား မ​ဟုတ်'' ဟု​ပြော​ပြီး​နောက်​ဆက်​လက်​၍``အို လူ အ​ပေါင်း​တို့၊ ငါ​ပြော​သည်​ကို​နား​ထောင်​ကြ လော့'' ဟု​ဆို​၏။ \s1 အာ​ဟပ်​ကွယ်​လွန်​ခြင်း \r (၃ရာ၊ ၂၂:၂၉-၃၅) \p \v 28 ထို​နောက်​ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​နှင့်​ယု​ဒ ဘု​ရင်​ယော​ရှ​ဖတ်​တို့​သည်​ဂိ​လဒ်​ပြည်၊ ရာ​မုတ် မြို့​သို့​ချီ​တက်​ကြ​၏။- \v 29 အာ​ဟပ်​က​ယော​ရှ​ဖတ်​အား``စစ်​ပွဲ​သို့​ဝင်​ရောက် သော​အ​ခါ​ကျွန်ုပ်​သည်​ကိုယ်​ကို​ရုပ်​ဖျက်​၍​သွား ပါ​မည်။ အ​ဆွေ​တော်​မူ​ကား​မင်း​မြောက်​တန်​ဆာ ကို​ဝတ်​ဆင်​လျက်​သွား​ပါ​လော့'' ဟု​ဆို​လေ​သည်။ ဤ​သို့​ဆို​ပြီး​နောက်​ဣ​သ​ရေ​လ​ဘု​ရင်​သည် ရုပ်​ဖျက်​၍​တိုက်​ပွဲ​ဝင်​လေ​၏။ \p \v 30 ရှု​ရိ​ဘု​ရင်​သည်​မိ​မိ​၏​ရ​ထား​တပ်​မှူး​တို့ အား​ဣသ​ရေ​လ​ဘု​ရင်​မှ​တစ်​ပါး​အ​ခြား အ​ဘယ်​သူ​ကို​မျှ​မ​တိုက်​ခိုက်​ရန်​အ​မိန့်​ပေး ထား​လေ​သည်။- \v 31 ထို​ကြောင့်​သူ​တို့​သည်​ယော​ရှ​ဖတ်​မင်း​ကို​မြင် သော​အ​ခါ ဣ​သ​ရေ​လ​ဘု​ရင်​ဟု​ထင်​မှတ်​ကာ ပြန်​လှည့်​၍​တိုက်​ခိုက်​ကြ​၏။ သို့​ရာ​တွင်​ယော​ရှ ဖတ်​ဟစ်​အော်​လိုက်​သော​အ​ခါ​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​သည်​သူ့​ကို​ကယ်​ဆယ်​၍ ရန်​သူ တို့​သည်​အ​ခြား​တစ်​ဖက်​သို့​လှည့်​၍​တိုက်​ခိုက် ကြ​၏။- \v 32 ရ​ထား​တပ်​မှူး​တို့​သည်​ဣ​သ​ရေ​လ​ဘု​ရင် မ​ဟုတ်​ကြောင်း​သိ​သော်​လွှဲ​ရှောင်​သွား​ကြ​၏။- \v 33 သို့​ရာ​တွင်​ရှု​ရိ​တပ်​သား​တစ်​ယောက်​သည်​မြား တစ်​စင်း​ကို​ပစ်​လွှတ်​လိုက်​ရာ အ​မှတ်​မ​ထင် အာ​ဟပ်​၏​သံ​ချပ်​အင်္ကျီ​အ​ဆက်​ကြား​ကို ထိ​မှန်​သွား​လေ​သည်။ မင်း​ကြီး​သည်​မိ​မိ​ကို မြား​ချက်​ထိ​ပြီ​ဖြစ်​ကြောင်း​ပြော​ပြီး​နောက် ရ​ထား​မှူး​အား​တိုက်​ပွဲ​မှ​ထွက်​ခွာ​သွား​ရန် အ​မိန့်​ပေး​တော်​မူ​၏။- \v 34 တိုက်​ပွဲ​ဖြစ်​လျက်​နေ​ချိန်​၌​အာ​ဟပ်​မင်း​သည် ရှု​ရိ​တပ်​ကို​မျက်​နှာ​မူ​လျက် မိ​မိ​ရ​ထား​ပေါ် တွင်​မှီ​၍​ထိုင်​နေ​၏။ နေ​ဝင်​ချိန်​၌​ကွယ်​လွန် လေ​၏။ \c 19 \s1 ယော​ရှ​ဖတ်​အား​ပ​ရော​ဖက်​ယေ​ဟု အ​ပြစ်​တင်​ပြော​ဆို​ခြင်း \p \v 1 ယော​ရှ​ဖတ်​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့​နန်း တော်​သို့ ကောင်း​မွန်​ချော​မော​စွာ​ပြန်​လည်​ရောက်​ရှိ တော်​မူ​၏။- \v 2 ဟာ​နန်​၏​သား​ပ​ရော​ဖက်​ယေ​ဟု​သည်​မင်း​ကြီး ထံ​သို့​သွား​၍``ဘု​ရင်​မင်း​သည်​သူ​ယုတ်​မာ​တို့​ကို ကူ​ညီ​မ​စ​အပ်​ပါ​သ​လော။ ထာ​ဝရ​ဘု​ရား​ကို မုန်း​သူ​တို့​နှင့်​မိတ်​ဆွေ​ဖွဲ့​အပ်​ပါ​သ​လော။ ယင်း အ​မှု​တို့​ကြောင့်​ထာ​ဝရ​ဘု​ရား​၏​အ​မျက်​တော် သည် ဘု​ရင်​မင်း​၏​အ​ပေါ်​သို့​သက်​ရောက်​လေ ပြီ။- \v 3 သို့​ရာ​တွင်​ဘု​ရင်​မင်း​သည်​လူ​တို့​ကိုး​ကွယ်​သော အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​ရှိ​သ​မျှ​ကို ဖယ်​ရှား​ပြီး​လျှင် ထာ​ဝရ​ဘု​ရား​၏​အ​လို​တော် ကို​လိုက်​လျှောက်​ရန်​ကြိုး​စား​သ​ဖြင့် ဘု​ရင်​မင်း မှာ​အ​ကျင့်​ကောင်း​အ​နည်း​ငယ်​ရှိ​သေး​၏'' ဟု ဆို​လေ​သည်။ \s1 ယော​ရှ​ဖတ်​ဆောင်​ရွက်​သည့်​ပြု​ပြင်​ပြောင်း​လဲ​မှု​များ \p \v 4 ယော​ရှ​ဖတ်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​နန်း​စံ တော်​မူ​သော်​လည်း တောင်​ဘက်​ရှိ​ဗေ​ရ​ရှေ​ဘ မြို့​မှ​သည်​မြောက်​ဘက်​တောင်​ပေါ​များ​သည့် ဧ​ဖ​ရိမ်​နယ်​စပ်​တိုင်​အောင် အ​မြဲ​တ​စေ​လှည့် လည်​၍​ပြည်​သူ​တို့​အား​မိ​မိ​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ပြန်​စေ​တော်​မူ​၏။- \v 5 သူ​သည်​ယု​ဒ​ပြည်​ခံ​တပ်​မြို့​တိုင်း​တွင်​တ​ရား သူ​ကြီး​များ​ကို​ခန့်​ထား​ပြီး​လျှင်၊- \v 6 သူ​တို့​အား``သ​တိ​ထား​၍​တ​ရား​စီ​ရင်​ကြ လော့။ သင်​တို့​သည်​လူ​ပေး​အပ်​သည့်​အခွင့်​အာ ဏာ​အ​ရ​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော် မူ​သည့်​အ​ခွင့်​အာ​ဏာ​အ​ရ​ဆောင်​ရွက်​ရ​ကြ ခြင်း​ဖြစ်​သည်။ သင်​တို့​စီ​ရင်​ချက်​ချ​မှတ်​ချိန် ၌​ကိုယ်​တော်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော် မူ​၏။- \v 7 ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍​သ​တိ နှင့်​ဆောင်​ရွက်​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လိမ်​လည်​ကောက်​ကျစ်​မှု၊ လူ​မျက်​နှာ​ကို​ထောက် မှု၊ တံ​စိုး​လက်​ဆောင်​စား​မှု​တို့​ကို​ခွင့်​ပြု​တော် မ​မူ​သော​ကြောင့်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 8 ယော​ရှ​ဖတ်​သည်​မြို့​သူ​မြို့​သား​အ​ချင်း​ချင်း တ​ရား​တွေ့​မှု​များ​နှင့်​ထာ​ဝရ​ဘု​ရား​၏​ပ​ညတ် တော်​ကို​ချိုး​ဖောက်​မှု​များ​ကို​စီ​ရင်​ရန်​အ​တွက် လေ​ဝိ​အနွယ်​ဝင်​များ​နှင့်​မြို့​မိ​မြို့​ဖ​များ​အား တ​ရား​သူ​ကြီး​များ​အ​ဖြစ်​ခန့်​ထား​တော်​မူ​၏။- \v 9 မင်း​ကြီး​က​ထို​သူ​တို့​အား``သင်​တို့​သည်​ထာ​ဝရ ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ​သော​စိတ်​နှင့် မိ​မိ​တို့ ၏​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ဆောင်​ရွက်​ကြ​ရ​မည်။ ရိုး​သား​ဖြောင့်​မတ်​ရ​ကြ​မည်။ ဘက်​မ​လိုက်​ကြ​ရ။- \v 10 အ​ခြား​မြို့​များ​တွင်​နေ​ထိုင်​သော​အ​မျိုး​သား ချင်း​တို့​သည်​လူ​သတ်​မှု​ကို​ဖြစ်​စေ၊ တ​ရား ဥ​ပ​ဒေ​သို့​မ​ဟုတ်​ပ​ညတ်​တော်​ကို​လွန်​ကူး မှု​ကို​ဖြစ်​စေ​သင်​တို့​ထံ​သို့​ယူ​ဆောင်​လာ​သည့် အ​ခါ​တိုင်း သူ​တို့​သည်​တ​ရား​စီ​ရင်​ရာ​တွင် ထာ​ဝရ​ဘု​ရား​အား​မ​ပြစ်​မှား​မိ​စေ​ရန်​သင် တို့​က​သေ​ချာ​စွာ​ညွှန်​ကြား​ရ​ကြ​မည်။ ယင်း သို့​မ​ပြု​ပါ​မူ​သင်​တို့​နှင့်​သူ​တို့​၏​အ​ပေါ်​သို့ ထာ​ဝရ​ဘု​ရား​၏​အ​မျက်​တော်​သက်​ရောက် လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့ တာ​ဝန်​ရှိ​သည်​အ​တိုင်း​ဆောင်​ရွက်​ကြ​လျှင် မူ​ကား​အ​ပြစ်​လွှတ်​ကြ​လိမ့်​မည်။- \v 11 ဘာ​သာ​ရေး​အမှု​အ​ခင်း​ရှိ​သ​မျှ​တွင်​ယဇ်​ပု​ရော ဟိတ်​မင်း​အာ​မ​ရိ​သည်​လည်း​ကောင်း၊ တ​ရား​အ​မှု မှန်​သ​မျှ​တွင် ဣရှ​မေ​လ​၏​သား၊ ယု​ဒ​ဘု​ရင်​ခံ ဇေ​ဗ​ဒိ​သည်​လည်း​ကောင်း​နောက်​ဆုံး​အာ​ဏာ​ပိုင် ဖြစ်​စေ​ရ​မည်။ တ​ရား​ရုံး​များ​မှ​ချ​မှတ်​သည့် စီ​ရင်​ချက်​များ​ကို​အ​ရေး​ယူ​ဆောင်​ရွက်​ရန်​မှာ လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​တာ​ဝန်​ဖြစ်​၏။ သင်​တို့ သည်​ဤ​ညွှန်​ကြား​ချက်​များ​ကို​ရဲ​ရင့်​စွာ ဆောင်​ရွက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မှန်​သူ​တို့​ဘက်​၌​ရှိ​တော်​မူ​ပါ​စေ​သော'' ဟု​မိန့်​တော်​မူ​၏။ \c 20 \s1 ဧ​ဒုံ​ပြည်​ကို​စစ်​တိုက်​ခြင်း \p \v 1 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​မော​ဘ ပြည်​နှင့်​အမ္မုန်​ပြည်​မှ​စစ်​တပ်​များ​သည် မိ​မိ တို့​၏​မ​ဟာ​မိတ်​မ​ဟု​နိမ်\f 6 \fr 20:1 \ft * \+fk မ​ဟု​နိမ်။ \ft ရှေး​ဘာ​သာ​ပြန်​မူ​တစ်​ခု​အ​ရ။ ဟေ​ဗြဲ မူ​အ​ရ​အမ္မုန်​အ​မျိုး​သား​များ။\f* နှင့်​အ​တူ​ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​လာ ကြ​၏။- \v 2 သ​တင်း​ပို့​သူ​တို့​သည်​ယော​ရှ​ဖတ်​မင်း​ထံ​လာ ရောက်​၍``အင်​အား​ကြီး​မား​သည့်​တပ်​ကြီး​တစ် တပ်​သည်​အ​ရှင့်​အား တိုက်​ခိုက်​ရန်​ပင်​လယ်​သေ တစ်​ဖက်​ကမ်း​ဧ​ဒုံ​ပြည်​မှ​ချီ​တက်​လာ​ပါ​ပြီ။ သူ​တို့​သည်​အင်္ဂေ​ဒိ​ခေါ်​ဟာ​ဇ​ဇုန္တာ​မာ​မြို့​ကို သိမ်း​ယူ​လိုက်​ကြ​ပါ​ပြီ'' ဟု​လျှောက်​ထား ကြ​၏။- \v 3 ယော​ရှ​ဖတ်​သည်​ကြောက်​လန့်​သ​ဖြင့်​လမ်း ပြ​တော်​မူ​ရန် ထာ​ဝ​ရ​ဘု​ရား​ထံ​ပတ္ထ​နာ​ပြု တော်​မူ​၏။ ယု​ဒ​ပြည်​တစ်​လျှောက်​လုံး​၌ အ​စာ​ရှောင်​ရန်​နေ့​ကို​သတ်​မှတ်​တော်​မူ​၏။- \v 4 ယု​ဒ​ပြည်​အ​မြို့​မြို့​မှ​လူ​တို့​သည်​ထာ​ဝရ ဘု​ရား​လမ်း​ပြ​ပို့​ဆောင်​မှု​ကို​တောင်း​ခံ​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​လာ​ရောက်​ကြ​လေ​သည်။- \v 5 ထို​နောက်​သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့ သား​များ​နှင့်​အ​တူ ဗိ​မာန်​တော်​တံ​တိုင်း​သစ် တွင်​စု​ဝေး​ကြ​၏။ ယော​ရှ​ဖတ်​မင်း​သည်​သူ တို့​၏​ရှေ့​သို့​လာ​၍​ရပ်​ပြီး​လျှင်၊- \v 6 ``အို အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ တွင်​စံ​တော်​မူ​၍ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့ ကို​အုပ်​စိုး​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​တန်​ခိုး အာ​နု​ဘော်​ပြည့်​စုံ​တော်​မူ​သ​ဖြင့်​အ​ဘယ် သူ​မျှ​ကိုယ်​တော်​အား​အ​တိုက်​အ​ခံ​မ​ပြု နိုင်​ပါ။- \v 7 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​ဖြစ် တော်​မူ​ပါ​၏။ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည် ဤ​ပြည်​တော်​သို့ ဝင်​ရောက်​လာ​ချိန်​၌​ကိုယ်​တော်​သည်​မူ​လ​နေ ထိုင်​သော​ပြည်​သား​တို့​ကို​နှင်​ထုတ်​၍ ပြည် တော်​ကို​ကိုယ်​တော်​၏​အ​ဆွေ​တော်​အာ​ဗြ​ဟံ ၏​သား​မြေး​တို့​အား​ထာ​ဝ​စဉ်​အ​ပိုင်​ပေး သ​နား​တော်​မူ​ပါ​၏။-\x + \xo 20:7 \xt ဟေရှာ၊ ၄၁:၈။ ယာ၊ ၂:၂၃\x* \v 8 သူ​တို့​သည်​ဤ​ပြည်​တွင်​နေ​ထိုင်​လျက်​ကိုယ်​တော် ၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​ဗိ​မာန်​တော်​ကို​တည် ဆောက်​ကြ​ပါ​၏။- \v 9 စစ်​မက်​ဘေး၊ ကူး​စက်​တတ်​သော​ရော​ဂါ​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​အ​စ​ရှိ​သော ကြီး​မား​သည့် အ​ဘယ်​ဘေး​အန္တ​ရာယ်​မ​ဆို ကျ​ရောက်​လာ​ချိန်​၌ သူ​တို့​သည်​ကိုယ်​တော်​အား ကိုး​ကွယ်​ဝတ်​ပြု​ရာ ဤ​ဗိ​မာန်​တော်​ရှေ့​သို့​လာ ၍​ရပ်​လျက်​ပတ္ထနာ​ပြု​သော​အ​ခါ ကိုယ်​တော် သည်​နား​ညောင်း​၍​သူ​တို့​အား​ကယ်​ဆယ် တော်​မူ​မည်​ဟု​ယုံ​ကြည်​ကြ​ပါ​၏။'' \p \v 10 ``ယ​ခု​အ​ခါ​အမ္မုန်​ပြည်​သား၊ မော​ဘ​ပြည်​သား နှင့်​ဧ​ဒုံ​ပြည်​သား​တို့​သည်​အ​ကျွန်ုပ်​အား​တိုက် ခိုက်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​စဉ်​အ​ခါ​က ဘိုး​ဘေး​တို့​သည်​ထို​ပြည်​များ​သို့​ဝင်​ရောက် ခွင့်​ကို​ကိုယ်​တော်​ပေး​တော်​မ​မူ​ပါ။ သို့​ဖြစ် ၍​သူ​တို့​သည်​ထို​ပြည်​များ​ကို​ရှောင်​ကွင်း ပြီး​လျှင်​မ​ဖျက်​မ​ဆီး​ဘဲ​ထား​ခဲ့​ကြ ပါ​၏။-\x + \xo 20:10 \xt တရား၊ ၂:၄-၁၉။\x* \v 11 ဤ​သို့​ပြု​သည့်​အ​တွက်​ကျေး​ဇူး​ဆပ်​သည့် အ​နေ​ဖြင့်​သူ​တို့​သည် အ​ကျွန်ုပ်​တို့​အား ကိုယ်​တော်​ပေး​သနား​တော်​မူ​သည့်​ပြည်​တော် မှ​နှင်​ထုတ်​ရန်​ရောက်​ရှိ​လာ​ကြ​ပါ​၏။- \v 12 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘုရား​ဖြစ်​တော်​မူ ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​ယ​ခု​တိုက်​ခိုက်​ရန်​ရောက် ရှိ​လာ​သော​တပ်​မ​တော်​ကြီး​၏​ရှေ့​တွင်​ခို​ကိုး​ရာ မဲ့​ဖြစ်​လျက်​နေ​ကြ​ပါ​၏။ အ​ဘယ်​သို့​ပြု​ရ​မည် ကို​အ​ကျွန်ုပ်​တို့​မ​သိ​ကြ​ပါ။ သို့​ရာ​တွင်​ကူ​မ တော်​မူ​ရန်​အ​ထံ​တော်​သို့​မျှော်​ကြည့်​ကြ​ပါ​၏'' ဟု​အ​သံ​ကျယ်​စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​တော် မူ​၏။ \p \v 13 ယု​ဒ​ပြည်​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​သား မယား​များ​နှင့်​အ​တူ​ဗိ​မာန်​တော်​ရှေ့​တွင် ရပ်​လျက်​နေ​ကြ​၏။- \v 14 ထာ​ဝရ​ဘု​ရား​၏​ဝိ​ညာဉ်​သည်​လူ​အုပ်​ထဲ​တွင် ရှိ​သော​လေ​ဝိ​အ​နွယ်​ဝင်​တစ်​ဦး​၏​အ​ပေါ် သို့​သက်​ရောက်​တော်​မူ​၏။ ထို​သူ​သည်​ဇာ​ခ​ရိ သား​ယ​ဟာ​ဇေ​လ​ဖြစ်​၏။ မတ္တ​နိ၊ ယေ​ယေ​လ၊ ဗေ​နာ​ယ​နှင့်​အာ​သပ်​မှ​ဆင်း​သက်​လာ​သူ အာ​သပ်​အ​နွယ်​ဝင်​တည်း။- \v 15 ယ​ဟာ​ဇေ​လ​က``အ​ရှင်​မင်း​ကြီး​နှင့်​တ​ကွ ယု​ဒ​ပြည်​သူ​များ၊ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့၊ သင်​တို့​သည်​စိတ်​မ​ပျက်​အား မ​လျော့​ကြ​နှင့်။ ဤ​ကြီး​မား​သည့်​တပ်​မ​တော် ကို​ရင်​ဆိုင်​ရန်​မ​ကြောက်​ကြ​နှင့်​ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​ပါ​၏။ တိုက်​ပွဲ​သည်​သင် တို့​၏​အ​ပေါ်​တွင်​မ​တည်။ ဘု​ရား​သ​ခင် ၏​အ​ပေါ်​တွင်​တည်​ပေ​သည်။- \v 16 နက်​ဖြန်​ထို​သူ​တို့​ဇိ​ဇ​မြို့​တောင်​ကြား​လမ်း သို့​ချီ​တက်​လာ​သော​အ​ခါ သူ​တို့​အား​တိုက် ခိုက်​ကြ​လော့။ သင်​တို့​သည်​ယေ​ရွေ​လ​အ​နီး တော​ကန္တာ​ရ​သို့​သွား​ရာ​ချိုင့်​ဝှမ်း​အ​ဆုံး​၌ သူ​တို့​နှင့်​တွေ့​ဆုံ​မိ​ကြ​လိမ့်​မည်။- \v 17 သင်​တို့​သည်​ဤ​တိုက်​ပွဲ​ကို​ဆင်​နွဲ​ရ​ကြ​မည် မ​ဟုတ်။ နေ​ရာ​သာ​ယူ​၍​စောင့်​နေ​ကြ​လော့။ ထာ​ဝရ​ဘု​ရား​သည်​သင်​တို့​အား​အောင်​ပွဲ ခံ​စေ​တော်​မူ​သည်​ကို​တွေ့​ရ​ကြ​လိမ့်​မည်။ ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သား​တို့၊ မ​တွန့်​မ​ဆုတ်​ကြ​နှင့်။ မ​ကြောက် မ​လန့်​ဘဲ​တိုက်​ပွဲ​သို့​ဝင်​ကြ​လော့။ ထာ​ဝရ ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ လိမ့်​မည်'' ဟု​ဗျာ​ဒိတ်​တော်​ဆင့်​ဆို​၏။\x + \xo 20:17 \xt တရား၊ ၂၀:၁-၄။\x*\x + \xo 20:17 \xt ထွ၊ ၁၄:၁၃-၁၄။\x* \p \v 18 ထို​အ​ခါ​ယော​ရှ​ဖတ်​မင်း​သည်​မြေ​သို့​တိုင် အောင်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်​နေ​၏။ ပြည်​သူ အ​ပေါင်း​တို့​သည်​လည်း​မင်း​ကြီး​နှင့်​အ​တူ ပျပ်​ဝပ်​ကာ​ထာ​ဝ​ရ​ဘု​ရား​အား​ရှိ​ခိုး​ကြ​၏။- \v 19 ကော​ဟတ်​နှင့်​ကော​ရ​သား​ချင်း​စု​များ​မှ​လေဝိ အ​နွယ်​ဝင်​တို့​သည်​မတ်​တပ်​ရပ်​လျက် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘုရား​သ​ခင်​ထာ​ဝရ​ဘု​ရား အား​အ​သံ​ကျယ်​စွာ​ထော​မ​နာ​ပြု​ကြ​ကုန်​၏။ \p \v 20 နောက်​တစ်​နေ့​နံ​နက်​စော​စော​၌ ပြည်​သူ​တို့​သည် တေ​ကော​အ​နီး​တော​ကန္တာ​ရ​သို့​ထွက်​ခွာ​သွား ကြ​၏။ ထွက်​ခွာ​စ​ပြု​သော​အ​ခါ ယော​ရှ​ဖတ် သည်​ပြည်​သူ​တို့​အား``ယု​ဒ​ပြည်​သူ​များ နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည် မိ​မိ​တို့​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​ကြ​လျှင်​ရပ်​တည်​နိုင်​ကြ​လိမ့်​မည်။ ကိုယ်​တော်​၏​ပ​ရော​ဖက်​များ​ဟော​ကြား သည်​ကို​ယုံ​ကြည်​ကြ​လျှင်​အောင်​မြင် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။- \v 21 မင်း​ကြီး​သည်​ပြည်​သူ​တို့​နှင့်​တိုင်​ပင်​၍​ဂီ​တ ပ​ညာ​သည် အ​ချို့​ကို​နေ့​ထူး​နေ့​မြတ်​များ​တွင် ဝတ်​ဆင်​လေ့​ရှိ​သည့်​ဝတ်​လုံ​များ​ကို​ဝတ်​စေ​၍ တပ်​မ​တော်​ရှေ့​က​ချီ​တက်​စေ​ပြီး​လျှင်``ထာ​ဝရ ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော် ၏​မေတ္တာ​တော်​သည် ထာ​ဝ​စဉ်​တည်​၏'' ဟု​သီ​ဆို ကြ​စေ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။ \p \v 22 သူ​တို့​စ​၍​သီ​ချင်း​ဆို​ကြ​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​သည်​ချင်း​နင်း​ဝင်​ရောက်​လာ​သော​တပ် တို့​ကို​က​စဥ့်​က​လျား​ဖြစ်​စေ​တော်​မူ​၏။- \v 23 အမ္မုန်​တပ်​မ​တော်​နှင့်​မော​ဘ​တပ်​မ​တော်​တို့ သည် ဧ​ဒုံ​တပ်​မ​တော်​ကို​တိုက်​ခိုက်​ချေ​မှုန်း ဖျက်​ဆီး​ပြီး​လျှင် အ​ချင်း​ချင်း​ပြန်​၍​ကြမ်း ကြုတ်​စွာ​တိုက်​ခိုက်​ကြ​လေ​သည်။- \v 24 ယု​ဒ​တပ်​မ​တော်​သည်​သဲ​ကန္တာ​ရ​ရှိ​ကင်း​မျှော် စင်​သို့​ရောက်​သော​အ​ခါ ရန်​သူ​တို့​ဘက်​သို့​ကြည့် လိုက်​ရာ​တစ်​ယောက်​မ​ကျန်​မြေ​ပေါ်​တွင်​လဲ​သေ နေ​ကြ​သည်​ကို​မြင်​ရ​ကြ​၏။ \p \v 25 ယော​ရှ​ဖတ်​နှင့်​သူ​၏​စစ်​သည်​တော်​တို့​သည် ရန်​သူ တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​သိမ်း​ယူ​ရန်​လာ​ရောက် ကြ​သော​အ​ခါ​သိုး​နွား​အ​မြောက်​အ​မြား၊ ရိက္ခာ၊ အ​ဝတ်​အ​စား​နှင့်​အ​ခြား​အ​ဖိုး​တန်​ပစ္စည်း​များ ကို​တွေ့​ရှိ​ကြ​လေ​သည်။ သူ​တို့​သိမ်း​ယူ​သည့်​ဥစ္စာ ပစ္စည်း​မှာ​အ​လွန်​ပင်​များ​သ​ဖြင့် သုံး​ရက်​တိုင်​တိုင် သိမ်း​ယူ​သော်​လည်း​မ​ကုန်​ချေ။- \v 26 လေး​ရက်​မြောက်​သော​နေ့​၌​သူ​တို့​သည်​ဗ​ရာ​ခ ချိုင့်​ဝှမ်း​တွင်​စု​ရုံး​ကြ​လျက် ဘု​ရား​သ​ခင်​ပြု တော်​မူ​သော​ကျေး​ဇူး​တော်​အ​ပေါင်း​အ​တွက် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​ကုန်​၏။ ဤ သည်​ကို​အ​ကြောင်း​ပြု​၍​ထို​ချိုင့်​ဝှမ်း​ကို ဗ​ရာ​ခ\f 7 \fr 20:26 \ft * \+fk ဗ​ရာ​ခ။ \ft ဟေ​ဗြဲ​စ​ကား​၏​အ​နက်​မှာ​ထော​မ​နာ ပြု​ခြင်း​ဖြစ်​သည်။\f* ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လေ​သည်။- \v 27 ယော​ရှ​ဖတ်​သည်​အောင်​ပွဲ​ခံ​၍​မိ​မိ​၏​စစ် သည်​တော်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ပြန် လည်​ခေါ်​ဆောင်​လာ​တော်​မူ​၏။- \v 28 သူ​တို့​သည်​မြို့​တော်​သို့​ရောက်​ကြ​သော​အ​ခါ စောင်း​များ၊ တံ​ပိုး​ခ​ရာ​များ​တီး​မှုတ်​လျက် ဗိ​မာန်​တော်​သို့​ချီ​တက်​ကြ​လေ​သည်။- \v 29 ဣ​သ​ရေ​လ​အ​မျိုး​သား​များ​၏​ရန်​သူ​တို့ ကို ထာ​ဝရ​ဘု​ရား​အ​ဘယ်​သို့​နှိမ်​နင်း​တော်​မူ ကြောင်း​ကို​ကြား​သိ​ရ​သည့်​လူ​မျိုး​အ​ပေါင်း တို့​သည်​ကြောက်​လန့်​ကြ​ကုန်​၏။- \v 30 သို့​ဖြစ်​၍​ယော​ရှ​ဖတ်​သည်​ငြိမ်း​ချမ်း​စွာ​နန်း​စံ တော်​မူ​ရ​၏။ ဘု​ရား​သ​ခင်​သည်​သူ​၏​နိုင်​ငံ အ​ရပ်​ရပ်​တွင်​လုံ​ခြုံ​မှု​ရှိ​စေ​တော်​မူ​၏။ \s1 ယော​ရှ​ဖတ်​၏​နန်း​သက်​ကုန်​ဆုံး​ခြင်း \r (၃ရာ၊ ၂၂:၄၁-၅၀) \p \v 31 ယော​ရှ​ဖတ်​သည်​သက်​တော်​သုံး​ဆယ့်​ငါး​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက် ၍​ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​ဆယ့်​ငါး​နှစ်​နန်း​စံ လေ​သည်။ သူ​၏​မယ်​တော်​မှာ​ရှိ​လ​ဟိ​၏​သ​မီး အ​ဇု​ဘ​ဖြစ်​၏။- \v 32 သူ​သည်​မိ​မိ​ခ​မည်း​တော်​အာ​သ​ကဲ့​သို့​ပင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​တွင်​ဖြောင့် မှန်​သည့်​အ​မှု​ကို​သာ​ပြု​ကျင့်​၏။- \v 33 သို့​ရာ​တွင်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို မ​ဖြို​ဖျက်။ ပြည်​သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား စိတ် ပါ​လက်​ပါ​ကိုး​ကွယ်​ဝတ်​ပြု​မှု​ကို​မ​ပြု​ကြ သေး​ပေ။ \p \v 34 ယော​ရှ​ဖတ်​၏​နန်း​သက်​အ​စ​မှ​အ​ဆုံး​တိုင် အောင်​သူ​ဆောင်​ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ အ​လုံး​စုံ​ကို ဣသ​ရေ​လ​ရာ​ဇ​ဝင်​၏​တစ်​စိတ် တစ်​ဒေ​သ​ဖြစ်​သော​ဟာ​နန်​၏​သား​ယေ​ဟု အတ္ထု​ပ္ပတ္တိ​တွင်​ရေး​ထား​သ​တည်း။ \p \v 35 အ​ခါ​တစ်​ပါး​က​ယု​ဒ​ဘု​ရင်​ယော​ရှ​ဖတ် သည် ဆိုး​ညစ်​ယုတ်​မာ​သော​အ​မှု​များ​စွာ​တို့ ကို​ပြု​ကျင့်​သူ​ဣ​သ​ရေ​လ​ဘု​ရင်​အာ​ခ​ဇိ နှင့်​မ​ဟာ​မိတ်​ဖွဲ့​ခဲ့​၏။- \v 36 သူ​တို့​နှစ်​ဦး​သည်​ဧ​ဇ​ယုန်​ဂါ​ဗာ​သင်္ဘော​ဆိပ်​တွင် တာ​ရှု​မြို့​သို့​ရွက်​လွှင့်​ရန်​သင်္ဘော​များ​ကို​ဆောက် လုပ်​ကြ​၏။- \v 37 သို့​ရာ​တွင်​မ​ရေ​ရှ​မြို့​နေ​ဒေါ​ဒ​ဝ​၏​သား ဧ​လျေ​ဇ​က​ယော​ရှ​ဖတ်​အား``အ​ရှင်​သည် အာ​ခ​ဇိ​နှင့်​မ​ဟာ​မိတ်​ဖွဲ့​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​သည်​အ​ရင်​ဆောက်​လုပ်​ထား​သည့် သင်္ဘော​များ​ကို​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်'' ဟု​ဆို​သည့်​အ​တိုင်း​ထို​သင်္ဘော​တို့​သည် ပျက်​၍​တာ​ရှု​မြို့​သို့​မ​သွား​ရ​ချေ။ \c 21 \p \v 1 ယော​ရှ​ဖတ်​ကွယ်​လွန်​သော​အ​ခါ​ဒါ​ဝိဒ်​မြို့​ရှိ ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ သား တော်​ယ​ဟော​ရံ​သည်​ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။ \s1 ယု​ဒ​ဘု​ရင်​ယ​ဟော​ရံ \r (၄ရာ၊ ၈:၁၇-၂၄) \p \v 2 ယု​ဒ​ဘု​ရင်​ယော​ရှ​ဖတ်​၏​သား​တော်​ယ​ဟော​ရံ တွင်​အာ​ဇ​ရိ၊ ယေ​ယ​လေ၊ ဇာ​ခ​ရိ၊ အာ​ဇ​ရိ​ဟု၊ မိက္ခေ​လ၊ ရှေ​ဖတိ​ဟူ​သော​ညီ​ခြောက်​ယောက် ရှိ​၏။- \v 3 ခ​မည်း​တော်​သည်​သူ​တို့​အား ရွှေ၊ ငွေ၊ အ​မြောက် အ​များ​နှင့်​အ​ခြား​အ​ဖိုး​တန်​ပစ္စည်း​ဥစ္စာ​များ ကို​ပေး​၍ ယု​ဒ​ပြည်​ခံ​တပ်​မြို့​တစ်​မြို့​စီ​ကို အုပ်​ချုပ်​ရန်​တာ​ဝန်​ပေး​တော်​မူ​၏။ သို့​သော် ယ​ဟော​ရံ​သည်​အ​ကြီး​ဆုံး​သား​တော် ဖြစ်​သ​ဖြင့် သူ့​အား​ယော​ရှ​ဖတ်​က​မိ​မိ​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​စေ​တော်​မူ​၏။- \v 4 နိုင်​ငံ​တော်​ကို​ပိုင်​နိုင်​စွာ​အုပ်​စိုး​နိုင်​သော​အ​ခါ ယ​ဟော​ရံ​သည်​ညီ​တော်​အ​ပေါင်း​နှင့်​ဣ​သ ရေ​လ​မှူး​မတ်​အ​ချို့​တို့​ကို​ကွပ်​မျက်​လေ​သည်။ \p \v 5 ယ​ဟော​ရံ​သည်​သက်​တော်​သုံး​ဆယ့်​နှစ်​နှစ် ၌​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​ရှစ်​နှစ်​နန်း စံ​လေ​သည်။- \v 6 သူ​သည်​အာ​ဟပ်​၏​သ​မီး​တော်​တစ်​ပါး​နှင့် စုံ​ဖက်​မိ​သ​ဖြင့် အာ​ဟပ်​မင်း​နှင့်​အ​ခြား ဣ​သ​ရေ​လ​ဘု​ရင်​တို့​၏​ဆိုး​ညစ်​ယုတ်​မာ သော​လမ်း​စဉ်​ကို​လိုက်​၍​ထာ​ဝရ​ဘု​ရား​ကို ပြစ်​မှား​လေ​သည်။- \v 7 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​နှင့် ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၍ သူ​၏​အ​မျိုး​မင်း​ရိုး မ​ပြတ်​စေ​ရန်​က​တိ​ထား​တော်​မူ​ခဲ့​သ​ဖြင့် ဒါ​ဝိဒ်​မင်း​ဆက်​ပျက်​သုဉ်း​သွား​စေ​ရန် အ​လို​တော်​မ​ရှိ​ချေ။\x + \xo 21:7 \xt ၃ရာ၊ ၁၁:၃၆။\x* \p \v 8 ယ​ဟော​ရံ​၏​လက်​ထက်​၌​ဧ​ဒုံ​ပြည်​သည် ပုန်​ကန်​၍ လွတ်​လပ်​သော​နိုင်​ငံ​ဖြစ်​လာ​လေ သည်။ ယ​ဟော​ရံ​နှင့်​သူ​၏​တပ်​မှူး​တို့​သည် စစ်​ရ​ထား​များ​နှင့်​ထွက်​ခွာ​၍ ဧ​ဒုံ​ပြည်​သို့ ချင်း​နင်း​ဝင်​ရောက်​ကြ​၏။ သူ​တို့​သည်​ထို အ​ရပ်​တွင်​ဧ​ဒုံ​တပ်​မ​တော်​၏​အ​ဝိုင်း​ခံ ရ​ကြ​သော်​လည်း​ညဥ့်​အ​ခါ​ချိုး​ဖောက် ထွက်​ပြေး​ကြ​လေ​သည်။-\x + \xo 21:8 \xt က၊ ၂၇:၄၀။\x* \v 9 ထို​ကာ​လ​မှ​အ​စ​ပြု​၍​ဧ​ဒုံ​ပြည်​သည် သြ​ဇာ​ခံ​မ​ဟုတ်​တော့​ဘဲ လွတ်​လပ်​သော နိုင်​ငံ​အ​ဖြစ်​ရပ်​တည်​လျက်​ရှိ​သ​တည်း။- \v 10 ယ​ဟော​ရံ​သည်​မိ​မိ​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​စွန့်​ပယ်​တော်​မူ သ​ဖြင့် ဤ​အ​ချိန်​ကာ​လ​အ​တွင်း​၌​ပင် လိ​ဗ​န​မြို့​သည်​လည်း​ပုန်​ကန်​လေ​သည်။- \v 11 သူ​သည်​ယု​ဒ​ကုန်း​မြင့်​ဒေ​သ​များ​၌​ရုပ်​တု ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ပင်​တည် ဆောက်​၍ ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သား​များ​အား​ထာ​ဝရ​ဘု​ရား​ကို​ပြစ် မှား​စေ​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ပေး​၏။ \p \v 12 ပ​ရော​ဖက်​ဧ​လိ​ယ​သည်​ယ​ဟော​ရံ​ထံ​သို့​စာ တစ်​စောင်​ပေး​ပို့​လိုက်​၏။ ထို​စာ​တွင်``သင်​သည် ခ​မည်း​တော်​ယော​ရှ​ဖတ်​နှင့်​ဘိုး​တော်​အာ​သ ၏​လမ်း​စဉ်​ကို​မ​လိုက်​ဘဲ​ဣ​သ​ရေ​လ​ဘု​ရင် တို့​၏​လမ်း​စဉ်​ကို​လိုက်​သ​ဖြင့် သင့်​ဘိုး​ဘေး ဒါ​ဝိဒ်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ခဲ့​ပြီ။- \v 13 အာ​ဟပ်​နှင့်​သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​ကြ သူ​များ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဘု​ရား​သ​ခင်​ကို​သစ္စာ​ဖောက်​ရန် ရှေ့​ဆောင်​လမ်း ပြ​ခဲ့​ကြ​သည့်​နည်း​တူ​သင်​သည်​ယု​ဒ​ပြည်​သူ များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​များ​ကို​သစ္စာ ဖောက်​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​ပေ​သည်။ သင် သည်​မိ​မိ​ထက်​ကောင်း​မြတ်​သော​ညီ​များ အား​လည်း​သတ်​ခဲ့​၏။- \v 14 သို့​ဖြစ်​၍​ထာ​ဝရ​ဘု​ရား​သည်​သင်​၏​ပြည်​သူ များ၊ သား​သ​မီး​များ​နှင့်​မိ​ဖု​ရား​များ​ကို ပြင်း​ထန်​စွာ​ဒဏ်​စီ​ရင်​၍ သင်​ပိုင်​ဆိုင်​သ​မျှ ကို​လည်း​ပျက်​စီး​စေ​တော်​မူ​လိမ့်​မည်။- \v 15 သင်​ကိုယ်​တိုင်​အူ​၌​တစ်​နေ့​တစ်​ခြား​ဆိုး ရွား​လာ​သည့်​ရော​ဂါ​စွဲ​ကပ်​လာ​လိမ့်​မည်''ဟု ပါ​ရှိ​၏။ \p \v 16 ပင်​လယ်​ကမ်း​ခြေ​တွင်​အ​ခြေ​စိုက်​နေ​ထိုင် ကြ​သော​ဆူ​ဒန်​အ​မျိုး​သား​တို့​အ​နီး​တွင် ဖိ​လိတ္တိ​အ​မျိုး​သား​နှင့်​အာ​ရပ်​အ​မျိုး​သား အ​ချို့​တို့​သည်​နေ​ထိုင်​ကြ​၏။ ထာ​ဝရ​ဘု​ရား သည်​ဤ​သူ​တို့​ကို​ယ​ဟော​ရံ​အား​တိုက် ခိုက်​စေ​တော်​မူ​၏။- \v 17 သူ​တို့​သည်​ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင် ရောက်​ကာ​နန်း​တော်​ကို​လု​ယက်​ကြ​၏။ ထို နောက်​သား​တော်​အ​ငယ်​ဆုံး​ဖြစ်​သူ​အာ​ခ​ဇိ မှ​တစ်​ပါး​အ​ခြား​သား​တော်​များ​နှင့်​မိ ဖု​ရား​များ​ကို​သုံ့​ပန်း​အ​ဖြစ်​ဖြင့်​ဖမ်း ဆီး​သွား​လေ​သည်။ \p \v 18 ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​သည်​မင်း​ကြီး​အား​အူ နာ​စွဲ​ကပ်​စေ​တော်​မူ​၏။- \v 19 ထို​ရော​ဂါ​သည်​နှစ်​နှစ်​နီး​ပါး​မျှ​တစ်​နေ့ တစ်​ခြား​ပို​မို​ဆိုး​ရွား​လာ​ပြီး​လျှင် နောက်​ဆုံး ၌​မင်း​ကြီး​သည်​ပြင်း​ပြ​သော​ဝေ​ဒ​နာ​နှင့် ကွယ်​လွန်​လေ​၏။ ပြည်​သူ​တို့​သည်​သူ​၏​ဘိုး ဘေး​တို့​အ​တွက်​မီး​ပုံ​ပွဲ​များ​ပြု​သ​ကဲ့​သို့ သူ့​အ​တွက်​မ​ပြု​ကြ။ \p \v 20 သူ​သည်​သက်​တော်​သုံး​ဆယ့်​နှစ်​နှစ်​၌​နန်း တက်​၍​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှစ်​နှစ်​နန်း​စံ တော်​မူ​၏။ ကွယ်​လွန်​သော​အ​ခါ​သူ​၏​အ​တွက် အ​ဘယ်​သူ​မျှ​ဝမ်း​မ​နည်း​ကြ။ သူ့​အ​လောင်း ကို​ဒါ​ဝိဒ်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​သော်​လည်း ဘု​ရင်​တို့​၏​သင်္ချိုင်း​တွင်​မ​သင်္ဂြိုဟ်​ကြ။ \c 22 \s1 ယု​ဒ​ဘု​ရင်​အာ​ခ​ဇိ \r (၄ရာ၊ ၈:၂၅-၂၉၊ ၉:၂၁-၂၈) \p \v 1 အာ​ရပ်​အ​မျိုး​သား​အ​ချို့​တို့​သည်​ဝင်​ရောက် တိုက်​ခိုက်​ကာ ယ​ဟော​ရံ​၏​သား​တော်​အ​ငယ် ဆုံး​အာ​ခ​ဇိ​မှ​တစ်​ပါး အ​ခြား​သား​တော် အ​ပေါင်း​ကို​သတ်​လိုက်​ကြ​၏။ သို့​ဖြစ်​၍​ယေ​ရု ရှ​လင်​မြို့​သား​တို့​သည်​အာ​ခ​ဇိ​အား​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် စေ​ကြ​၏။- \v 2 အာ​ခ​ဇိ​သည်​သက်​တော်​နှစ်​ဆယ့်​နှစ်​နှစ်\f 8 \fr 22:2 \ft * \ft ဘာ​သာ​ပြန်​မူ​ဟောင်း​အ​ချို့​အ​ရ။ ဟေ​ဗြဲ မူ​တွင်​လေး​ဆယ့်​နှစ်​နှစ်။ (၄ရာ၊​၈:၂၆ ကို​ကြည့်​ပါ)\f* ၌​နန်း​တက်​၍​ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​နှစ် မျှ​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ ဣ​သ​ရေ​လ​ဘု​ရင်​သြ​မ​ရိ​၏​မြေး​အာ​သ​လိ ဖြစ်​၏။- \v 3 မယ်​တော်​က​မ​ကောင်း​သော​အ​ကြံ​ဉာဏ်​များ ကို​ပေး​သ​ဖြင့် အာ​ခ​ဇိ​သည်​အာ​ဟပ်​မင်း​အိမ် ထောင်​စု​သား​တို့​၏​လမ်း​စဉ်​ကို​လိုက်​လေ​သည်။- \v 4 ခမည်း​တော်​ကွယ်​လွန်​ပြီး​နောက် မိ​မိ​၏​အ​တိုင် ပင်​ခံ​အ​မတ်​များ​မှာ အာ​ဟပ်​၏​အိမ်​ထောင်​စု သား​များ​ဖြစ်​သည့်​အ​လျောက် အာ​ခ​ဇိ​သည် ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​ကာ​ဆုံး​ရှုံး​ပျက် စီး​ရ​လေ​၏။- \v 5 သူ​သည်​ထို​သူ​တို့​၏​အ​ကြံ​ပေး​ချက်​ကို လိုက်​လျှောက်​ကာ ဣ​သ​ရေ​လ​ဘု​ရင်​ယော​ရံ နှင့်​ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​တို့​စစ်​ဖြစ်​ချိန်​၌ ယော​ရံ​၏​ဘက်​မှ​ဝင်​၍​တိုက်​၏။ ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​တိုက်​ပွဲ​တွင်​ယော​ရံ​သည်​ဒဏ်​ရာ များ​ရ​ရှိ​သ​ဖြင့်၊- \v 6 ကု​သ​ရန်​ယေ​ဇ​ရေ​လ​မြို့​သို့​ပြန်​လေ​၏။ ထို​အ​ခါ​အာ​ခ​ဇိ​သည်​လည်း​သူ့​ကို​ကြည့်​ရှု ရန်​ထို​မြို့​သို့​သွား​၏။ \p \v 7 ထာ​ဝရ​ဘု​ရား​ပြ​ဋ္ဌာန်း​တော်​မူ​သည်​နှင့်​အ​ညီ ယင်း​သို့​သွား​ရောက်​ခြင်း​အား​ဖြင့် အာ​ခ​ဇိ အ​သက်​ဆုံး​ရှုံး​ရ​လေ​သည်။ အာ​ခ​ဇိ​သည် ထို​မြို့​၌​ယော​ရံ​နှင့်​အ​တူ​ရှိ​နေ​စဉ်​အာ​ဟပ် ၏​မင်း​ရိုး​ပျက်​သုဉ်း​မှု​အ​တွက်​ဆောင်​ရွက်​ရန် ထာ​ဝရ​ဘု​ရား​ရွေး​ချယ်​ထား​သူ၊ နိမ်​ရှိ​၏ သား​ယေ​ဟု​နှင့်​တွေ့​ဆုံ​ရ​လေ​သည်။- \v 8 ယေ​ဟု​သည်​အာ​ဟပ်​မင်း​ရိုး​အ​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​ချ​မှတ်​တော်​မူ​သော​စီ​ရင် ချက်​ကို​လိုက်​နာ​ဆောင်​ရွက်​လျက်​နေ​စဉ် အာ​ခ​ဇိ​နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​သည့် ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​နှင့် အာ​ခ​ဇိ​၏​တူ​တော်​တို့​ကို​တွေ့​မြင်​လေ ၏။- \v 9 ယေ​ဟု​သည်​ထို​သူ​အား​လုံး​ကို​သတ်​ပြီး နောက် လူ​အ​ချို့​အား​အာ​ခ​ဇိ​ကို​လိုက်​လံ ရှာ​ဖွေ​စေ​၏။ ထို​သူ​တို့​သည်​ရှ​မာ​ရိ​မြို့​တွင် ပုန်း​အောင်း​နေ​သော​အာ​ခ​ဇိ​ကို​တွေ့​၍ ယေ​ဟု ထံ​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။ ထို​နောက်​သူ့​အား ကွပ်​မျက်​ကြ​လေ​သည်။ သို့​ရာ​တွင်​သူ​တို့ သည်​ထာ​ဝရ​ဘု​ရား​၏​အ​မှု​တော်​ကို​အ​စွမ်း ကုန်​ဆောင်​ရွက်​ခဲ့​သူ ယော​ရှ​ဖတ်​မင်း​ကို​ရို​သေ လေး​စား​သော​အား​ဖြင့် သူ​၏​မြေး​အာ​ခ​ဇိ ၏​အ​လောင်း​ကို​သင်္ဂြိုဟ်​လိုက်​ကြ​၏။ အာ​ခ​ဇိ အိမ်​ထောင်​စု​မှ​တိုင်း​ပြည်​ကို​အုပ်​စိုး​နိုင်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ကျန်​မ​ရှိ​တော့ ချေ။ \s1 ယု​ဒ​ဘု​ရင်​မ​အာ​သ​လိ \r (၃ရာ၊ ၁၁:၁-၃) \p \v 10 အာ​ခ​ဇိ​၏​မယ်​တော်​အာ​သ​လိ​သည်​သား တော်​လုပ်​ကြံ​ခံ​ရ​ကြောင်း​ကို​ကြား​သည်​နှင့် တစ်​ပြိုင်​နက် ယု​ဒ​ပြည်​ရှိ​မင်း​မျိုး​မင်း​နွယ် ရှိ​သ​မျှ​ကို​သုတ်​သင်​လေ​၏။- \v 11 အာ​ခ​ဇိ​တွင်​ယော​ရှေ​ဘ​ဆို​သူ​အ​ဖေ​တူ အ​မေ​ကွဲ​ညီ​မ​တစ်​ယောက်​ရှိ​၏။ သူ​သည် ယော​ယ​ဒ​နာ​မည်​ရှိ​ယဇ်​ပု​ရော​ဟိတ်​နှင့် အိမ်​ထောင်​ကျ​၏။ ယော​ရှ​ဘ​သည်​အ​သတ် ခံ​ရ​မည့်​မင်း​ညီ​မင်း​သား​များ​အ​နက် အာ​ခ​ဇိ​၏​သား​ယော​ရှ​အား​လျှို့​ဝှက်​စွာ ကယ်​ဆယ်​ပြီး​လျှင် နို့​ထိန်း​တစ်​ယောက်​နှင့် အ​တူ​ဗိ​မာန်​တော်​ရှိ​အိပ်​ခန်း​၌​ဝှက်​ထား လေ​သည်။ သူ​သည်​ယင်း​သို့​ဝှက်​ထား​ခြင်း အား​ဖြင့် သူ​ငယ်​အား​အာ​သ​လိ​၏​ဋ္ဌား ဘေး​မှ​လွတ်​မြောက်​စေ​၏။- \v 12 အာ​သ​လိ​နန်း​စံ​နေ​စဉ်​ယော​ရှ​သည် ခြောက်​နှစ်​တိုင်​တိုင် ဗိ​မာန်​တော်​တွင်​ပုန်း အောင်း​လျက်​နေ​၏။ \c 23 \s1 အာ​သ​လိ​ကို​ပုန်​ကန်​ခြင်း \r (၃ရာ၊ ၁၁:၁-၃) \p \v 1 ယော​ယ​ဒ​သည်​ခြောက်​နှစ်​မျှ​စောင့်​ဆိုင်း​နေ ပြီး​နောက် အ​ရေး​ယူ​ဆောင်​ရွက်​ရန်​အ​ချိန်​ကျ ပြီ​ဖြစ်​ကြောင်း​ဆုံး​ဖြတ်​လျက် တပ်​မ​တော် အ​ရာ​ရှိ​ငါး​ဦး​ဖြစ်​ကြ​သော​ယေ​ရော​ဟံ ၏​သား​အာ​ဇ​ရိ၊ ယော​ဟ​နန်​၏​သား​ဣရှ​မေ​လ၊ သြ​ဗက်​၏​သား​အာ​ဇ​ရိ၊ အဒါ​ယ​၏​သား မာ​သေ​ယ၊ ဇိ​ခ​ရိ​သား​ဧ​လိ​ရှ​ဖတ်​တို့ နှင့်​သ​ဘော​တူ​ညီ​ချက်​ရ​ပြီး​နောက်၊- \v 2 သူ​တို့​သည်​ယု​ဒ​မြို့​ရှိ​သ​မျှ​သို့​သွား​၍ လေ​ဝိ​အ​နွယ်​ဝင်​များ၊ သား​ချင်း​စု​ခေါင်း ဆောင်​အ​ပေါင်း​ကို​ယေ​ရု​ရှ​လင်​မြို့​သို့ ခေါ်​ဆောင်​ခဲ့​ကြ​၏။ \p \v 3 ထို​သူ​တို့​သည်​ဗိ​မာန်​တော်​တွင်​စု​ဝေး​၍ ဘု​ရင့် သား​တော်​ယော​ရှ​နှင့်​ပ​ဋိ​ညာဉ်​ပြု​ကြ​၏။ ယော ယ​ဒ​က​သူ​တို့​အား``ကွယ်​လွန်​သော​ဘု​ရင် ၏​သား​တော်​သည်​ဤ​တွင်​ရှိ​ပါ​၏။ ဒါ​ဝိဒ်​မင်း ၏​သား​မြေး​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား က​တိ​ထား​တော်​မူ​ခဲ့​သည့်​အ​တိုင်း​သူ​သည် ယ​ခု​နန်း​တက်​ရ​မည်​ဖြစ်​သည်။-\x + \xo 23:3 \xt ၂ရာ၊ ၇:၁၂။\x* \v 4 ငါ​တို့​အ​ဘယ်​သို့​ဆောင်​ရွက်​ရ​ကြ​မည်​ကို ဖော်​ပြ​ပါ​အံ့။ ဥ​ပုသ်​နေ့​၌​တာ​ဝန်​ကျ​၍ ရောက်​ရှိ​လာ​သော​လေ​ဝိ​အ​နွယ်​ဝင်​တို့ အ​နက်​သုံး​ပုံ​တစ်​ပုံ​မှာ​ဗိမာန်​တော်​အ​ဝင် တံ​ခါး​ကို​စောင့်​ကြပ်​ရ​ကြ​မည်။- \v 5 အ​ခြား​သုံး​ပုံ​တစ်​ပုံ​သည်​နန်း​တော်​ကို လည်း​ကောင်း၊ ကျန်​သုံး​ပုံ​တစ်​ပုံ​သည်​မြင်း တံ​ခါး​ကို​လည်း​ကောင်း​စောင့်​ကြပ်​ရ​မည်။ လူ​အ​ပေါင်း​တို့​က​ဗိ​မာန်​တော်​ဝင်း​အ​တွင်း ၌​စု​ရုံး​ရ​ကြ​မည်။- \v 6 တာ​ဝန်​ကျ​သူ​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် လေဝိ​အ​နွယ်​ဝင်​များ​မှ​တစ်​ပါး အ​ဘယ်​သူ မျှ​ဗိ​မာန်​တော်​အ​ဆောက်​အ​အုံ​များ​ထဲ သို့​မ​ဝင်​ရ။ ထို​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား အား​ဆက်​ကပ်​ပူ​ဇော်​ထား​သူ​များ​ဖြစ် သ​ဖြင့် ဝင်​နိုင်​ခွင့်​ရှိ​သော်​လည်း​အ​ခြား သူ​အ​ပေါင်း​တို့​မူ​ကား​အ​ပြင်​တွင် နေ​ရ​ကြ​မည်။- \v 7 လေဝိ​အ​နွယ်​ဝင်​တို့​သည်​မင်း​လောင်း​၏​ပတ် လည်​တွင် ဋ္ဌား​လွတ်​များ​ကို​ကိုင်​၍​စောင့်​ကြပ် ရ​ကြ​မည်။ မင်း​လောင်း​သွား​လေ​ရာ​သို့​လိုက် ရ​ကြ​မည်။ ဗိ​မာန်​တော်​သို့​ဝင်​ရန်​ကြိုး​စား​သူ ဟူ​သ​မျှ​ကို​သတ်​ရ​မည်'' ဟု​မှာ​ကြား​ထား လေ​သည်။ \p \v 8 လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​ယု​ဒ​ပြည်​သူ အ​ပေါင်း​တို့​သည် ယော​ယ​ဒ​၏​အ​မိန့်​ကို နာ​ခံ​ကြ​လေ​သည်။ ဥ​ပုသ်​နေ့​၌​သူ​တို့​သည် မိ​မိ​တို့​တာ​ဝန်​ချိန်​ကုန်​ဆုံး​သွား​သော်​လည်း အိမ်​သို့​မ​ပြန်​ရ​ကြ။ သို့​ဖြစ်​၍​တာ​ဝန်​မှူး တို့​သည်​တာ​ဝန်​ကျ​သူ​များ​နှင့် တာ​ဝန် ပြီး​ဆုံး​သူ​များ​ကို​ပါ​ခေါ်​ယူ​စေ​ခိုင်း နိုင်​ကြ​၏။- \v 9 ယော​ယ​ဒ​သည်​ဗိ​မာန်​တော်​တွင်​ဒါ​ဝိဒ်​ထား ရှိ​သည့်​လှံ​များ​နှင့် ဒိုင်း​လွှား​များ​ကို​အ​စောင့် တပ်​မှူး​တို့​အား​ပေး​အပ်​လေ​သည်။- \v 10 သူ​သည်​မင်း​လောင်း​အား​စောင့်​ရှောက်​ကြည့်​ရှု​ရန် ဋ္ဌား​လွတ်​ကိုင်​တပ်​သား​များ​ကို​ဗိ​မာန်​တော် အ​ရှေ့​ဘက်​တစ်​ဝိုက်​တွင်​နေ​ရာ​ယူ​စေ​၏။- \v 11 ထို​နောက်​ယော​ယ​ဒ​သည်​ယော​ရှ​အား​ထုတ် ဆောင်​လာ​ကာ သ​ရ​ဖူ​ကို​ဆောင်း​ပေး​ပြီး​လျှင် မင်း​ကျင့်​တ​ရား​ကျမ်း​ကို​ပေး​အပ်​လေ​သည်။ ဤ​သို့​ဖြင့်​ယော​ရှ​ကို​မင်း​မြှောက်​ကြ​၏။ ယဇ် ပု​ရော​ဟိတ်​ယော​ယ​ဒ​နှင့်​သူ​၏​သား​တို့​သည် ယော​ရှ​အား ဘိ​သိက်​ပေး​ပြီး​ကြ​သော​အ​ခါ လူ​အ​ပေါင်း​တို့​က``မင်း​ကြီး​သက်​တော်​ရှည် ပါ​စေ​သော'' ဟု​ကြွေး​ကြော်​ကြ​ကုန်​၏။ \p \v 12 အာ​သ​လိ​သည်​မင်း​ကြီး​အား လူ​တို့​သြ​ဘာ ပေး​သံ​ကို​ကြား​သ​ဖြင့်​လူ​တို့​စု​ဝေး​လျက် ရှိ​ရာ ဗိ​မာန်​တော်​သို့​အ​ဆော​တ​လျင်​ရောက် လာ​သော်၊- \v 13 တပ်​မှူး​များ​နှင့်​တံ​ပိုး​ခ​ရာ​မှုတ်​သူ​များ ခြံ​ရံ​လျက် ဗိ​မာန်​တော်​အ​ဝင်​ဝ​ရှိ​ကျောက် တိုင်​အ​နီး​တွင်​ဘု​ရင်​တို့​အ​တွက် သီး​သန့် ထား​သည့်​နေ​ရာ​တွင်​ရပ်​နေ​သော​ဘုရင်​သစ် ကို​တွေ့​မြင်​လေ​၏။ လူ​အ​ပေါင်း​တို့​သည်​ဝမ်း မြောက်​စွာ​ကြွေး​ကြော်​လျက် တံ​ပိုး​ခ​ရာ​များ ကို​မှုတ်​လျက်​ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည် များ​က​လည်း မိ​မိ​တို့​တူ​ရိ​ယာ​များ​ကို တီး​မှုတ်​လျက်​ဘိ​သိက်​ပွဲ​ကို​ကျင်း​ပ​နေ ကြ​၏။ အာ​သ​လိ​သည်​မိ​မိ​အ​ဝတ်​ကို ဆုတ်​လျက်``ပုန်​ကန်​မှု​ပါ​တ​ကား၊ ပုန်​ကန် မှု​ပါ​တ​ကား'' ဟု​အော်​ဟစ်​၏။ \p \v 14 ယော​ယ​ဒ​သည်​အာ​သ​လိ​အား ဗိ​မာန်​တော် ဝင်း​အ​တွင်း​၌​သတ်​ဖြတ်​သည်​ကို​မ​လို​လား သ​ဖြင့်``သူ့​ကို​အ​စောင့်​တပ်​သား​များ​အ​ကြား မှ​ထုတ်​သွား​ကြ​လော့။ သူ့​ကို​ကယ်​မည့်​သူ​ကို သတ်​လော့'' ဟု​တပ်​မှူး​တို့​အား​အ​မိန့်​ပေး လေ​သည်။- \v 15 သူ​တို့​သည်​အာ​သ​လိ​ကို​ဖမ်း​ဆီး​၍​နန်း တော်​သို့​ထုတ်​ပြီး​လျှင် မြင်း​တံ​ခါး​ဝ​၌ ကွပ်​မျက်​ကြ​၏။ \s1 ယော​ယ​ဒ​ဆောင်​ရွက်​သည့်​ပြု​ပြင်​ပြောင်း​လဲ​မှု​များ \r (၄ရာ၊ ၁၁:၁၇-၂၀) \p \v 16 ယော​ယ​ဒ​သည်​မင်း​ကြီး​နှင့်​တ​ကွ​ပြည်​သူ အ​ပေါင်း​တို့​အား ဘု​ရား​သ​ခင်​၏​လူ​မျိုး တော်​ဖြစ်​ကြ​စေ​ရန် မိ​မိ​နှင့်​အ​တူ​ပါ​ဝင် ၍​ကိုယ်​တော်​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​စေ​၏။- \v 17 သူ​တို့​သည်​ဗာ​လ​ဘု​ရား​ဗိ​မာန်​ကို​သွား ရောက်​ဖြို​ဖျက်​ကြ​၏။ ယဇ်​ပလ္လင်​များ​နှင့်​ရုပ်​တု များ​ကို​ချိုး​ဖဲ့​ကာ ယဇ်​ပလ္လင်​များ​ရှေ့​၌​ဗာ​လ ယဇ်​ပု​ရော​ဟိတ်​မ​ဿန်​ကို​သတ်​ကြ​၏။- \v 18 ယော​ယ​ဒ​သည်​ယဇ်ပု​ရော​ဟိတ်​များ​နှင့် လေဝိ အ​နွယ်​ဝင်​တို့​အား ဗိ​မာန်​တော်​ဆိုင်​ရာ​အ​မှု များ​ကို​ဆောင်​ရွက်​ရန်​တာ​ဝန်​ပေး​အပ်​လေ​သည်။ သူ​တို့​သည်​ဒါ​ဝိဒ်​မင်း​ခွဲ​ဝေ​သတ်​မှတ်​ပေး​ခဲ့ သည့် တာ​ဝန်​ဝတ္တ​ရား​များ​ကို​ဆောင်​ရွက်​၍ မော​ရှေ​၏​ပ​ညတ်​ကျမ်း​အ​ရ​မီး​ရှို့​ရာ​ယဇ် များ​ကို​ထာ​ဝရ​ဘု​ရား​အား​ပူ​ဇော်​ကြ​၏။ သူ​တို့​သည်​ဂီ​တ​သီ​ဆို​တီး​မှုတ်​မှု​များ​နှင့် ပွဲ​ကျင်း​ပ​မှု​များ​အ​တွက်​လည်း​တာ​ဝန် ယူ​ရ​ကြ​မည်။- \v 19 ယော​ယ​ဒ​သည်​ဗိ​မာန်​တော်​ထဲ​သို့​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ မ​သန့်​စင်​သူ​တစ်​စုံ​တစ်​ယောက် မျှ​မ​ဝင်​နိုင်​စေ​ရန်​တံ​ခါး​ဝ​တွင်​အ​စောင့် များ​ကို​ချ​ထား​လေ​သည်။- \p \v 20 တပ်​မ​တော်​အ​ရာ​ရှိ​များ၊ မြို့​မိ​မြို့​ဖ​များ၊ မှူး​မတ်​များ​နှင့် အ​ခြား​ပြည်​သူ​အ​ပေါင်း​တို့ သည်​ယော​ယ​ဒ​နှင့်​အ​တူ​လိုက်​ပါ​၍ မင်း​ကြီး အား​ဗိ​မာန်​တော်​မှ​နန်း​တော်​သို့​တံ​ခါး မ​ကြီး​လမ်း​ဖြင့်​ပို့​ဆောင်​၍​မင်း​ကြီး​ကို ရာ​ဇ​ပလ္လင်​ထက်​တင်​ကြ​၏။- \v 21 အာ​သ​လိ​ကို​ကွပ်​မျက်​နှင့်​ပြီး​ဖြစ်​၍​ပြည်​သူ အ​ပေါင်း​တို့​သည် ဝမ်း​မြောက်​လျက်​မြို့​တော် သည်​ငြိမ်း​ချမ်း​လေ​၏။ \c 24 \s1 ယု​ဒ​ဘု​ရင်​ယော​ရှ \r (၄ရာ၊ ၁၂:၁-၁၆) \p \v 1 ယော​ရှ​သည်​သက်​တော်​ခု​နစ်​နှစ်​ရှိ​သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​၌​အ​နှစ်​လေး​ဆယ်​တိုင်​တိုင်​နန်း​စံ လေ​သည်။ သူ​၏​မယ်​တော်​မှာ​ဗေ​ရ​ရှေ​ဘ​မြို့ သူ​ဇိ​ဗိ​ဖြစ်​၏။- \v 2 သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​အ​သက် ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​သော​အ​မှု​ကို​ပြု​၏။- \v 3 ယော​ယ​ဒ​သည်​ယော​ရှ​အ​တွက်​မိ​ဖု​ရား နှစ်​ပါး​ကို​ရွေး​ချယ်​ပေး​၏။ ယော​ရှ​သည် လည်း​ထို​မိ​ဖု​ရား​များ​ဖြင့်​သား​သ​မီး များ​ကို​ရ​ရှိ​လေ​သည်။ \p \v 4 ယော​ရှ​သည်​နန်း​တက်​ပြီး​နောက်​ကာ​လ​အ​တန် ကြာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန် တော်​ကို​မွမ်း​မံ​ပြင်​ဆင်​ရန်​အ​ကြံ​ရှိ​တော် မူ​၏။- \v 5 သူ​သည်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေဝိ​အ​နွယ် ဝင်​များ​အား​ယု​ဒ​ပြည်​အ​မြို့​မြို့​သို့​စေ​လွှတ် ၍ ဗိ​မာန်​တော်​ကို​နှစ်​စဉ်​မွမ်း​မံ​ပြင်​ဆင်​ရန် အ​တွက်​ပြည်​သူ​အ​ပေါင်း​တို့​ထံ​မှ ငွေ​အ​လုံ အ​လောက်​ကောက်​ခံ​စေ​တော်​မူ​၏။ မင်း​ကြီး သည်​ဤ​အ​မှု​ကို​ဆော​လျင်​စွာ​ဆောင်​ရွက် ရန်​အ​မိန့်​ပေး​ခဲ့​သော်​လည်း လေ​ဝိ​အ​နွယ် ဝင်​တို့​သည်​ဖင့်​နွဲ​လျက်​နေ​ကြ​၏။- \v 6 သို့​ဖြစ်​၍​သူ​သည်​ထို​သူ​အ​ပေါင်း​တို့​၏ ခေါင်း​ဆောင်​ယော​ယ​ဒ​ကို​ခေါ်​ပြီး​လျှင်``ထာ ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော် အ​တွက် ပြည်​သူ​တို့​ပေး​ဆောင်​ရန်​ထာ​ဝ​ရ ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​ပြ​ဋ္ဌာန်း​သည့် အ​လှူ​ငွေ​ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​အား အ​ဘယ်​ကြောင့်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​မှ​မ​ကောက်​ခံ​စေ​ပါ​သ​နည်း'' ဟု​မေး တော်​မူ​၏။\x + \xo 24:6 \xt ထွ၊ ၃၀:၁၁-၁၆၊\x* \p \v 7 (ဖောက်​ပြန်​ဆိုး​ညစ်​သည့်​အ​မျိုး​သ​မီး အာ​သ​လိ​၏​နောက်​လိုက်​တို့​သည် ဗိ​မာန်​တော် ကို​ဖျက်​ဆီး​ပြီး​လျှင်​အ​မြတ်​တ​နိုး​ထား​အပ် သည့်​ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို ဗာ​လ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင် အ​သုံး​ပြု​ခဲ့​ကြ​သ​တည်း။) \p \v 8 မင်း​ကြီး​သည်​လေဝိ​အ​နွယ်​ဝင်​တို့​အား​အ​လှူ ခံ​သေတ္တာ​ကို​ပြု​လုပ်​စေ​၍ ဗိ​မာန်​တော်​တံ​ခါး ဝ​တွင်​ထား​ရှိ​စေ​တော်​မူ​၏။- \v 9 သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည် တစ်​လျှောက်​လုံး​ရှိ​လူ​အ​ပေါင်း​တို့​အား တော က​န္တာရ​တွင်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​မော​ရှေ ကောက်​ခံ​ခဲ့​သည်​အ​တိုင်း ထာ​ဝရ​ဘု​ရား​ထံ တော်​သို့​အ​လှူ​ငွေ​များ​ကို​ယူ​ဆောင်​လာ ကြ​ရန်​ထုတ်​ဆင့်​ကြေ​ညာ​လေ​သည်။- \v 10 ပြည်​သူ​များ​နှင့်​သူ​တို့​၏​ခေါင်း​ဆောင်​များ သည်​ဝမ်း​မြောက်​စွာ​ဖြင့် မိ​မိ​တို့​အ​လှူ​ငွေ များ​ကို​ယူ​ဆောင်​ကာ​အ​လှူ​ခံ​သေတ္တာ ပြည့်​အောင်​ထည့်​ဝင်​ကြ​ကုန်​၏။- \v 11 နေ့​စဉ်​နေ့​တိုင်း​လေဝိ​အ​နွယ်​ဝင်​တို့​သည် ထို သေတ္တာ​ကို​တာ​ဝန်​ခံ​အ​ရာ​ရှိ​ထံ​သို့​ယူ ဆောင်​သွား​ရ​ကြ​လေ​သည်။ သေတ္တာ​ပြည့် သည့်​အ​ခါ​တိုင်း​ဘု​ရင့်​အ​တွင်း​ဝန်​နှင့်​ယဇ် ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​စား​လှယ်​တစ်​ဦး သည်​လာ​၍ ငွေ​များ​ကို​ထုတ်​ယူ​ပြီး​လျှင် သေတ္တာ​ကို​နေ​ရာ​တ​ကျ​ပြန်​၍​ထား​ရ ကြ​၏။ ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​ငွေ အ​မြောက်​အ​မြား​ကို​ရ​ရှိ​ကြ​လေ​သည်။ \p \v 12 မင်း​ကြီး​နှင့်​ယော​ယ​ဒ​သည် ထို​ငွေ​ကို​ဗိ​မာန် တော်​မွမ်း​မံ​ပြင်​ဆင်​မှု​လုပ်​ငန်း​ကြီး​ကြပ်​သူ များ​၏​လက်​သို့​ပေး​အပ်​ကြ​၏။ ကြီး​ကြပ်​သူ တို့​သည်​မွမ်း​မံ​ပြင်​ဆင်​မှု​အ​တွက် ပန်း​ရန် သ​မား၊ လက်​သ​မား၊ ပန်း​ပဲ၊ ပန်း​တဉ်း သ​မား​တို့​ကို​ငှား​ရမ်း​ကြ​၏။- \v 13 ထို​အ​လုပ်​သ​မား​အား​လုံး​ပင်​အ​လုပ်​ကို ကြိုး​စား​လုပ်​ကိုင်​လျက် ဗိ​မာန်​တော်​ကို​န​ဂို အ​တိုင်း​ခိုင်​ခိုင်​ခံ့​ခံ့​ပြန်​လည်​ရောက်​ရှိ​စေ ကြ​၏။- \v 14 သူ​တို့​သည်​မွမ်း​မံ​ပြင်​ဆင်​မှု​ပြီး​စီး​သွား​သော အ​ခါ မင်း​ကြီး​နှင့်​ယော​ယ​ဒ​တို့​သည်​ပို​လျှံ သော​ရွှေ၊ ငွေ​ကို​ဗိ​မာန်​တော်​အ​တွက်​ခွက်​ဖ​လား များ​နှင့်​အ​ခြား​အ​သုံး​အ​ဆောင်​များ​ကို​ပြု လုပ်​ရာ​တွင်​အ​သုံး​ပြု​ကြ​၏။ \s1 ယော​ယ​ဒ​၏​မူ​ဝါ​ဒ​ပျက်​ပြား​သွား​ခြင်း \p ယော​ယ​ဒ​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ဗိ​မာန်​တော်​တွင်​ယဇ်​များ​ကို​အ​စဉ်​ပူ​ဇော်​လေ့ ရှိ​၏။- \v 15 သူ​သည်​အ​လွန်​အို​၍​အ​သက်​တစ်​ရာ့​သုံး ဆယ်​ရှိ​သော​အ​ခါ​ကွယ်​လွန်​လေ​သည်။- \v 16 ဣသ​ရေ​လ​ပြည်​သူ​တို့​အ​တွက်၊ ဘု​ရား​သ​ခင် အ​တွက်​နှင့် ဗိ​မာန်​တော်​အ​တွက်​ဆောင်​ရွက်​ခဲ့ သည်​ကို​အ​သိ​အ​မှတ်​ပြု​သည့်​အ​နေ​ဖြင့် ပြည်​သူ​တို့​သည်​သူ​၏​အ​လောင်း​ကို ဒါ​ဝိဒ် မြို့​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ \p \v 17 သို့​ရာ​တွင်​ယော​ယ​ဒ​ကွယ်​လွန်​ပြီး​သည်​နောက် ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည် ယော​ရှ မင်း​အား​မိ​မိ​တို့​၏​စ​ကား​ကို​နား​ထောင်​ရန် သွေး​ဆောင်​ကြ​၏။- \v 18 ပြည်​သူ​တို့​သည်​ဗိ​မာန်​တော်​တွင်​ဘိုး​ဘေး များ​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဝတ် ပြု​ကိုး​ကွယ်​မှု​ကို​စွန့်​လျက် ရုပ်​တု​များ​နှင့် အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​များ​ကို ဝတ်​ပြု​ရှိ​ခိုး​ကြ​လေ​သည်။ ဤ​သို့​သူ​တို့ ကူး​လွန်​သည့်​အ​ပြစ်​အ​တွက် ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​သည်​ယု​ဒ​ပြည် နှင့်​ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​သို့​သက် ရောက်​တော်​မူ​၏။- \v 19 ထာ​ဝ​ရ​ဘု​ရား​သည်​ပ​ရော​ဖက်​များ​ကို စေ​လွှတ်​၍ ထို​သူ​တို့​အား​အ​ထံ​တော်​သို့ ပြန်​လာ​ကြ​ရန်​သ​တိ​ပေး​စေ​တော်​မူ သော်​လည်း​သူ​တို့​သည်​မ​လိုက်​နာ​ကြ။- \v 20 ထို​အ​ခါ​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် သည် ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​၏​သား ဇာ​ခ​ရိ​အ​ပေါ်​သို့​သက်​ရောက်​တော်​မူ သ​ဖြင့် ဇာ​ခ​ရိ​သည်​ပြည်​သူ​တို့​မြင်​သာ သည့်​နေ​ရာ​တွင်​ရပ်​လျက်``သင်​တို့​သည်​မိ​မိ တို့​အ​ပေါ်​သို့​ဘေး​အန္တ​ရာယ်​ဆိုက်​ရောက် စေ​ရန် အ​ဘယ်​ကြောင့်​ငါ​ထာ​ဝရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​ဖီ​ဆန်​ကြ​ပါ​သ​နည်း။ ငါ့​အား​သင်​တို့​စွန့်​ပယ်​ကြ​သ​ဖြင့်​ငါ သည်​လည်း​သင်​တို့​အား​စွန့်​ပယ်​တော်​မူ ပြီ'' ဟု​ဗျာ​ဒိတ်​တော်​ဆင့်​ဆို​၏။- \v 21 ယော​ရှ​မင်း​သည်​ဇာ​ခ​ရိ​အား​မ​ကောင်း​ကြံ မှု​တွင်​ပါ​ဝင်​လျက် သူ​၏​အ​မိန့်​အ​ရ​ပြည်​သူ တို့​သည်​ဇာ​ခ​ရိ​အား​ဗိ​မာန်​တော်​တံ​တိုင်း အ​တွင်း​၌​ခဲ​နှင့်​ပစ်​သတ်​ကြ​၏။\x + \xo 24:21 \xt မ၊ ၂၃:၃၅။ လု၊ ၁၁:၅၁။\x* \p \v 22 မင်း​ကြီး​သည်​မိ​မိ​အား​ဇာ​ခ​ရိ​၏​ဖ​ခင်​ယော ဒ​ယ​သစ္စာ​ရှိ​စွာ​အ​မှု​ထမ်း​ခဲ့​သည်​ကို​သ​တိ မ​ရ​ဘဲ​သား​ကို​သတ်​လေ​၏။ ဇာ​ခ​ရိ​သည် သေ​အံ့​ဆဲ​ဆဲ​၌``ထာ​ဝ​ရ​ဘု​ရား​သည်​သင် ပြု​သည့်​အ​မှု​ကို​မြင်​၍ သင့်​အား​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။ \s1 ယော​ရှ​မင်း​နန်း​သက်​ကုန်​ဆုံး​ခြင်း \p \v 23 ထို​နှစ်​ဆောင်း​ဦး​ပေါက်​၌​ရှု​ရိ​တပ်​မ​တော် သည်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​သို့​ချီ တက်​တိုက်​ခိုက်​၍ ခေါင်း​ဆောင်​အ​ပေါင်း​ကို သတ်​ပြီး​လျှင်​လက်​ရ​ပစ္စည်း​အ​မြောက်​အ​မြား ကို​ဒ​မာ​သက်​မြို့​သို့​ယူ​ဆောင်​သွား​၏။- \v 24 ရှု​ရိ​တပ်​မ​တော်​သည်​သေး​ငယ်​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည်​ပို​မို​ကြီး​မား​သည့် ယု​ဒ​တပ်​မ​တော်​ကို​နှိမ်​နင်း​ခွင့်​ပေး​တော် မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ယု​ဒ​ပြည်​သူ တို့​သည် မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​စွန့်​ပယ်​ကြ သော​ကြောင့်​ဖြစ်​၏။ ဤ​နည်း​အား​ဖြင့် ယော​ရှ​မင်း​သည်​အ​ပြစ်​ဒဏ်​စီ​ရင် တော်​မူ​ခြင်း​ကို​ခံ​ရ​သ​တည်း။- \v 25 သူ​သည်​ပြင်း​စွာ​ဒဏ်​ရာ​ရ​လျက်​ကျန်​ရစ်​ခဲ့​၏။ ရန်​သူ​များ​ဆုတ်​ခွာ​သွား​သော​အ​ခါ​အ​မတ် နှစ်​ယောက်​သည်​ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​၏ သား​ကို​သတ်​သည့်​အ​တွက် လက်​စား​ချေ​သည့် အ​နေ​ဖြင့်​လျှို့​ဝှက်​ကြံ​စည်​ကာ​သူ့​အား သ​လွန်​ပေါ်​တွင်​လုပ်​ကြံ​ကြ​၏။ သူ​၏ အ​လောင်း​ကို​ဒါ​ဝိဒ်​မြို့​တွင်​သင်္ဂြိုဟ်​ကြ သော်​လည်း​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​၌ မ​သင်္ဂြိုဟ်​ကြ​ချေ။- \v 26 (သူ့​အား​လျှို့​ဝှက်​လုပ်​ကြံ​ကြ​သူ​များ​မှာ အမ္မုန်​အ​မျိုး​သ​မီး​ရှိ​မတ်​၏​သား​ယော​ဇ​ဗဒ် နှင့်​မော​ဘ​အ​မျိုး​သ​မီး​ရှိ​မ​ရိတ်​၏​သား ယ​ဟော​ဇ​ဗဒ်​တို့​ဖြစ်​သ​တည်း။-) \v 27 ဋ္ဌမ္မ​ရာ​ဇ​ဝင်​ကျမ်း​တွင်​ယောရှ​၏​သား​များ အ​ကြောင်း၊ သူ့​အား​ဆင့်​ဆို​သည့်​ဗျာ​ဒိတ် တော်​များ​အ​ကြောင်း၊ ဗိ​မာန်​တော်​ကို​သူ ပြန်​လည်​တည်​ဆောက်​ခြင်း​အ​ကြောင်း​များ ပါ​ရှိ​၏။ သား​တော်​အာ​မ​ဇိ​သည်​သူ​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။ \c 25 \s1 ယု​ဒ​ဘု​ရင်​အာ​မ​ဇိ \r (၄ရာ၊ ၁၄:၂-၆) \p \v 1 အာ​မ​ဇိ​သည်​သက်​တော်​နှစ်​ဆယ့်​ငါး​နှစ်​တွင် နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌​နှစ်​ဆယ့်​ငါး နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ ယေ​ရု​ရှ​လင်​မြို့​သူ​ယုဒ္ဒန်​ဖြစ်​၏။- \v 2 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​မျက်​မှောက်​တော် ၌​ဖြောင့်​မှန်​သော​အ​မှု​ကို​ပြု​သော်​လည်း စိတ်​ရော​ကိုယ်​ပါ​ပြု​သည်​မ​ဟုတ်။- \v 3 သူ​သည်​အာ​ဏာ​တည်​မြဲ​မှု​ရ​ရှိ​လာ​သည်​နှင့် တစ်​ပြိုင်​နက် မိ​မိ​၏​ခ​မည်း​တော်​ကို​သတ်​ကြ သည့်​မှူး​မတ်​တို့​ကို​ကွပ်​မျက်​လေ​၏။- \v 4 သို့​ရာ​တွင်​သူ​တို့​၏​သား​သ​မီး​တို့​ကို​ကား``မိ ဘ​တို့​သည်​သား​သ​မီး​တို့​ကူး​လွန်​သည့်​ပြစ်​မှု ကြောင့်​အ​သတ်​မ​ခံ​စေ​ရ။ သား​သ​မီး​တို့​သည် လည်း​မိ​ဘ​တို့​ကူး​လွန်​သည့်​ပြစ်​မှု​ကြောင့် အ​သတ်​မ​ခံ​စေ​ရ။ မည်​သူ​မ​ဆို​မိ​မိ​ကူး လွန်​သည့်​ပြစ်​မှု​ကြောင့်​သာ​အ​သတ်​ခံ​စေ​ရ မည်'' ဟူ​၍​မော​ရှေ​၏​ပ​ညတ်​ကျမ်း​တွင်​ပါ ရှိ​သည့်​ထာ​ဝ​ရ​ဘု​ရား​၏​ပညတ်​တော်​နှင့် အ​ညီ​မ​ကွပ်​မျက်​ချေ။\x + \xo 25:4 \xt တရား၊ ၂၄:၁၆။\x* \s1 ဧ​ဒုံ​ပြည်​ကို​စစ်​တိုက်​ခြင်း \r (၄ရာ၊ ၁၄:၇) \p \v 5 အာ​မ​ဇိ​သည်​ယု​ဒ​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​ဝင် အ​ပေါင်း​တို့​အား မိ​မိ​တို့​သား​ချင်း​စု​များ အ​လိုက်​တပ်​စု​များ​ဖွဲ့​၍ လူ​တစ်​ထောင်​တပ်​မှူး နှင့်​လူ​တစ်​ရာ​တပ်​မှူး​များ​ကို​ခန့်​ထား​တော် မူ​၏။ ထို​တပ်​သား​များ​သည်​အ​သက်​နှစ်​ဆယ် နှင့်​အ​ထက်​ရှိ​သူ​များ​ဖြစ်​၍ စု​စု​ပေါင်း​သုံး သိန်း​ရှိ​လေ​သည်။ သူ​တို့​သည်​လှံ​နှင့်​ဒိုင်း​လွှား ကိုင်​ဆောင်​မှု​တွင်​ကျွမ်း​ကျင်​၍​စစ်​ပွဲ​ဝင်​ရန် အ​သင့်​ရှိ​သူ​လက်​ရွေး​စင်​တပ်​သား​များ ဖြစ်​ကြ​သ​တည်း။- \v 6 အာ​မ​ဇိ​သည်​ထို​သူ​များ​အ​ပြင်​ဣသ​ရေ​လ ပြည်​မှ စစ်​သည်​တစ်​သိန်း​ကို​လည်း​ငွေ​လေး တန်​ပေး​၍​ငှား​ရမ်း​လေ​သည်။- \v 7 သို့​ရာ​တွင်​ပ​ရော​ဖက်​သည်​မင်း​ကြီး​ထံ​လာ ရောက်​၍``ဤ​ဣသ​ရေ​လ​စစ်​သည်​များ​ကို​မင်း ကြီး​နှင့်​အ​တူ​ခေါ်​ဆောင်​မ​သွား​ပါ​နှင့်။ ထာ​ဝရ ဘု​ရား​သည်​ဤ​မြောက်​ပိုင်း​နယ်​မြေ​သား တို့​နှင့်​အ​တူ​ရှိ​တော်​မ​မူ။- \v 8 စစ်​ပွဲ​တွင်​သူ​တို့​ပါ​ရှိ​ခြင်း​အား​ဖြင့်​ပို​မို အင်​အား​တောင့်​တင်း​လိမ့်​မည်​ဟု မင်း​ကြီး ထင်​မှတ်​ကောင်း​ထင်​မှတ်​ပါ​လိမ့်​မည်။ သို့ သော်​လည်း​ဘု​ရား​သ​ခင်​သည်​စစ်​ပွဲ​အ​နိုင် အ​ရှုံး​ကို​ပေး​ပိုင်​သော​တန်​ခိုး​ရှင်​ဖြစ်​တော် မူ​သ​ဖြင့် ထို​သူ​တို့​နှင့်​အ​ရှင်​မင်း​ကြီး မ​ဟာ​မိတ်​ဖွဲ့​ပါ​မူ​မင်းကြီး​အား​ရန်​သူ တို့​လက်​တွင်​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ လိမ့်​မည်''ဟု​လျှောက်​ထား​၏။ \p \v 9 ထို​အ​ခါ​အာ​မ​ဇိ​က​ပ​ရော​ဖက်​အား``ထို သူ​တို့​အား​ပေး​ထား​သည့်​ငွေ​အ​ချည်း​နှီး ဖြစ်​ရ​မည်​လော'' ဟု​မေး​တော်​မူ​၏။ \p ပ​ရော​ဖက်​က``ဘု​ရား​သ​ခင်​သည်​ထို​ငွေ ထက်​များ​စွာ​ပေး​တော်​မူ​နိုင်​၏'' ဟု​ဆို လေ​၏။- \v 10 သို့​ဖြစ်​၍​အာ​မ​ဇိ​သည်​ငှား​ရမ်း​ထား​သည့် တပ်​သား​တို့​ကို မိ​မိ​နေ​ရပ်​သို့​ပြန်​စေ​တော် မူ​၏။ ထို​အ​ခါ​သူ​တို့​သည်​ယု​ဒ​ပြည်​သူ တို့​အား​အ​လွန်​အ​မျက်​ထွက်​လျက် မိ​မိ​တို့ နေ​ရပ်​သို့​ပြန်​သွား​ကြ​၏။ \p \v 11 အာ​မ​ဇိ​သည်​အား​ခဲ​၍​မိ​မိ​၏​တပ်​မ​တော် ကို​ဦး​ဆောင်​ကာ ပင်​လယ်​သေ​တောင်​ဘက်​ရှိ ဆား​ချိုင့်​ဝှမ်း​သို့​ချီ​တက်​တော်​မူ​၏။ ထို အ​ရပ်​တွင်​တိုက်​ပွဲ​ဖြစ်​၍​ဧ​ဒုံ​တပ်​သား တစ်​သောင်း​ကျ​ဆုံး​လေ​သည်။- \v 12 ယု​ဒ​တပ်​မ​တော်​သည်​သုံ့​ပန်း​တစ်​သောင်း​ကို ဖမ်း​ဆီး​ရ​မိ​သ​ဖြင့် သူ​တို့​အား​သေ​လ​မြို့ ကျောက်​တောင်​ထိပ်​သို့​ခေါ်​ဆောင်​ကာ​ကျောက် ပေါ်​ကျ​၍​သေ​စေ​ရန်​အောက်​သို့​တွန်း​ချ ကြ​၏။ \p \v 13 ဤ​အ​တော​အ​တွင်း​၌​မိ​မိ​နှင့်​အ​တူ​စစ်​ပွဲ ဝင်​ရန် အာ​မ​ဇိ​အ​ခွင့်​မ​ပြု​ခဲ့​သည့်​ဣသ​ရေ​လ တပ်​သား​တို့​သည် ရှ​မာ​ရိ​မြို့​နှင့်​ဗေ​သော​ရုန် မြို့​စပ်​ကြား​တွင်​ရှိ​သော​ယု​ဒ​မြို့​များ​ကို တိုက်​ခိုက်​ကာ လူ​သုံး​ထောင်​ကို​သတ်​၍​ပစ္စည်း အ​မြောက်​အ​မြား​ကို​သိမ်း​သွား​ကြ​လေ သည်။ \p \v 14 အာ​မ​ဇိ​သည်​ဧ​ဒုံ​အ​မျိုး​သား​တို့​ကို​နှိမ် နင်း​ရာ​မှ​ပြန်​လာ​သော​အ​ခါ ထို​သူ​တို့ ကိုး​ကွယ်​သည့်​ရုပ်​တု​များ​ကို​မိ​မိ​နှင့် အ​တူ​ယူ​ဆောင်​လာ​လေ​သည်။ မင်း​ကြီး သည်​ယင်း​တို့​ကို​တည်​ထား​ကိုး​ကွယ်​ကာ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​တော်​မူ​၏။- \v 15 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ထွက် တော်​မူ​၍ ပ​ရော​ဖက်​ကို​အာ​မ​ဇိ​ထံ​စေ​လွှတ် တော်​မူ​၏။ ပ​ရော​ဖက်​က``မင်း​ကြီး​၏​လက်​မှ မိ​မိ​လူ​တို့​ကို​မ​ကယ်​နိုင်​သော​လူ​မျိုး​ခြား ဘု​ရား​တို့​ကို မင်း​ကြီး​သည်​အ​ဘယ်​ကြောင့် ဝတ်​ပြု​ရှိ​ခိုး​ပါ​သ​နည်း'' ဟု​မေး​၏။ \p \v 16 ထို​အ​ခါ​အာ​မ​ဇိ​က``ဘယ်​အ​ခါ​က​သင့်​အား ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​မတ်​အ​ဖြစ်​ခန့်​ထား​ခဲ့ ပါ​သ​နည်း။ သင်​သည်​ဆိတ်​ဆိတ်​မ​နေ​ပါ​မူ အ​သတ်​ခံ​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p ပ​ရော​ဖက်​က​လည်း``မင်း​ကြီး​သည်​ဤ​အ​မှု တို့​ကို​ပြု​၍​ငါ​ပေး​သည့်​အ​ကြံ​ကို​လျစ်​လူ ရှု​သ​ဖြင့် ဘု​ရား​သ​ခင်​သည်​မင်း​ကြီး​ကို သုတ်​သင်​ဖျက်​ဆီး​ရန်​ကြံ​ရွယ်​တော်​မူ ကြောင်း​ယ​ခု​ငါ​သိ​ရ​ပြီ'' ဟု​ဆို​ပြီး​လျှင် ဆိတ်​ဆိတ်​နေ​လေ​၏။ \s1 ဣသ​ရေ​လ​ပြည်​ကို​စစ်​တိုက်​ခြင်း \r (၄ရာ၊ ၁၄:၈-၂၀) \p \v 17 ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​သည်​ဣသ​ရေ​လ​ပြည် ကို​တိုက်​ခိုက်​ရန် လျှို့​ဝှက်​ကြံ​စည်​ပြီး​နောက် ယေ​ဟု​၏​မြေး၊ ယော​ခတ်​၏​သား​ယ​ဟော​ရှ ထံ​သို့​သံ​တ​မန်​စေ​လွှတ်​၍ မိ​မိ​နှင့်​စစ်​ပြိုင် ရန်​စိန်​ခေါ်​လိုက်​လေ​သည်။- \v 18 ယ​ဟော​ရှ​က``အ​ခါ​တစ်​ပါး​၌​လေ​ဗ​နုန် တောင်​ထိပ်​တွင် ဆူး​ပင်​သည်​သစ်​က​တိုး​ပင် ထံ​စေ​တ​မန်​လွှတ်​၍`သင်​၏​သ​မီး​ကို​ငါ့ သား​နှင့်​ပေး​စား​ပါ​လော့' ဟု​ပြော​ကြား စဉ်​အ​နီး​မှ​ဖြတ်​၍​လာ​သော​တော​တိ​ရစ္ဆာန် သည်​ထို​ဆူး​ခြုံ​ကို​နင်း​ချေ​လိုက်​လေ​သည်။- \v 19 အ​ချင်း​အာ​မ​ဇိ၊ ယ​ခု​အ​ဆွေ​တော်​သည် ဧ​ဒုံ​အ​မျိုး​သား​တို့​ကို​နှိမ်​နင်း​လိုက်​ပြီ​ဟု ဝါ​ကြွား​ပြော​ဆို​၏။ သို့​ရာ​တွင်​အ​ဆွေ​တော် နန်း​တော်​၌​ပင်​စံ​မြဲ​စံ​နေ​ရန်​ကျွန်ုပ်​အ​ကြံ ပေး​ပါ​၏။ အ​ဘယ်​ကြောင့်​အဆွေ​တော်​နှင့်​ပြည် သူ​တို့​အား ဆုံး​ပါး​ပျက်​စီး​စေ​မည့်​ဘေး ဒုက္ခ​ကို​ရှာ​လို​ပါ​သ​နည်း'' ဟု​ပြန်​ကြား လိုက်​၏။ \p \v 20 သို့​ရာ​တွင်​သူ​၏​စ​ကား​ကို အာ​မ​ဇိ​သည် နား​မ​ထောင်။ သူ​သည်​ဧ​ဒုံ​အ​မျိုး​သား​တို့ ကိုး​ကွယ်​သည့်​ရုပ်​တု​များ​ကို​ဝတ်​ပြု​ရှိ​ခိုး သ​ဖြင့် သူ့​အား​အ​ရေး​ရှုံး​နိမ့်​စေ​ရန်​ထာ​ဝရ ဘု​ရား​အ​လို​ရှိ​တော်​မူ​၏။- \v 21 ထို​ကြောင့်​ဣ​သ​ရေ​လ​ဘု​ရင်​ယ​ဟော​ရှ သည် ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​နှင့်​စစ်​ပြိုင်​တိုက် ခိုက်​လေ​သည်။ ယု​ဒ​ပြည်​ဗက်​ရှေ​မက်​မြို့ တွင်​တိုက်​ပွဲ​ဖြစ်​ရာ၊- \v 22 ယု​ဒ​တပ်​မ​တော်​သည်​အ​ရေး​ရှုံး​နိမ့်​သ​ဖြင့် စစ်​သည်​တော်​တို့​သည် မိ​မိ​တို့​နေ​ရပ်​သို့ ထွက်​ပြေး​ကြ​ကုန်​၏။- \v 23 ယ​ဟော​ရှ​သည်​အာ​မ​ဇိ​ကို​ဖမ်း​ဆီး​ကာ ယေ​ရု​ရှ​လင်​မြို့​သို့​ပို့​ပြီး​လျှင် မြို့​ရိုး​ကို ဧ​ဖ​ရိမ်​တံ​ခါး​မှ​ထောင့်​တံ​ခါး​တိုင်​အောင် ကိုက်​နှစ်​ရာ​မျှ​ကို​ဖြို​ချ​လိုက်​၏။- \v 24 သူ​သည်​သြ​ဗ​ဒေ​ဒုံ​၏​သား​မြေး​များ​စောင့် ကြပ်​သော​ဗိ​မာန်​တော်​ထဲ​ရှိ ရွှေ၊ ငွေ၊ ဗိ​မာန် တော်​အ​သုံး​အ​ဆောင်​ဟူ​သ​မျှ​နှင့်​နန်း​တော် ရှိ​ဘဏ္ဍာ​များ​ကို​ယူ​၍ ရှ​မာ​ရိ​မြို့​သို့​ပြန် သွား​တော်​မူ​၏။ မင်း​ကြီး​သည်​ဋ္ဌား​စား​ခံ များ​ကို​လည်း​ခေါ်​ဆောင်​ခဲ့​၏။ \p \v 25 ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​သည် ဣ​သ​ရေ​လ​ဘု​ရင် ယ​ဟော​ရှ​ကွယ်​လွန်​သည့်​နောက် တစ်​ဆယ့်​ငါး နှစ်​တိုင်​တိုင်​အ​သက်​ရှင်​၏။- \v 26 နန်း​သက်​အ​စ​မှ​အ​ဆုံး​တိုင်​အောင်​အာ​မ​ဇိ ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို​ယု​ဒ​ရာ​ဇ​ဝင်​နှင့်​ဣ​သ​ရေ​လ ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။- \v 27 ထာ​ဝရ​ဘု​ရား​အား​အာ​မ​ဇိ​ပုန်​ကန်​ချိန်​မှ အ​စ​ပြု​၍ သူ့​အား​လုပ်​ကြံ​ရန်​ယေ​ရု​ရှ​လင် မြို့​တွင်​လျှို့​ဝှက်​ကြံ​စည်​မှု​ရှိ​ခဲ့​၏။ နောက်​ဆုံး ၌​သူ​သည်​လာ​ခိ​ရှ​မြို့​သို့​ထွက်​ပြေး​လေ​သည်။ သို့​ရာ​တွင်​သူ​၏​ရန်​သူ​များ​သည်​ထို​မြို့​သို့ လိုက်​၍​သူ့​ကို​လုပ်​ကြံ​ကြ​၏။- \v 28 ထို​နောက်​သူ​၏​အ​လောင်း​ကို​မြင်း​ပေါ်​တွင်​တင် ၍​ယူ​ဆောင်​လာ​ပြီး​လျှင် ဒါ​ဝိဒ်​မြို့​ရှိ​ဘု​ရင် တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​လေ​သည်။ \c 26 \s1 ယု​ဒ​ဘု​ရင်​သြ​ဇိ \r (၄ရာ၊ ၁၄:၂၁-၂၂၊ ၁၅:၁-၇) \p \v 1 ယု​ဒ​ပြည်​သူ​အ​ပေါင်း​တို့​သည်​အာ​မ​ဇိ​၏ သား​တော်​အ​သက်​တစ်​ဆယ့်​ခြောက်​နှစ်​ရှိ သြ​ဇိ​ကို ဘု​ရင်​အ​ဖြစ်​ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​စေ​ရန်​ရွေး​ချယ် ကြ​လေ​သည်။- \v 2 (ဧ​လုတ်​မြို့​ကို​သြ​ဇိ​ပြန်​လည်​သိမ်း​ယူ​၍ ပြန်​လည်​တည်​ဆောက်​သည်​မှာ​အာ​မ​ဇိ ကွယ်​လွန်​ပြီး​မှ​ဖြစ်​၏။) \p \v 3 သြ​ဇိ​သည်​အ​သက်​တစ်​ဆယ့်​ခြောက်​နှစ်​၌ နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​ငါး​ဆယ့် နှစ်​နှစ်​တိုင်​တိုင်​နန်း​စံ​လေ​သည်။ သူ​၏​မယ် တော်​မှာ​ယေ​ရု​ရှ​လင်​မြို့​သူ​ယေ​ခေါ​လိ ဖြစ်​၏။- \v 4 သူ​သည်​ခ​မည်း​တော်​၏​စံ​န​မူ​နာ​ကို​ယူ​၍ ထာ​ဝရ​ဘု​ရား​၏​မျက်​မှောက်​တော်​၌​ဖြောင့်​မှန် သော​အ​မှု​တို့​ကို​ပြု​၏။- \v 5 သူ​သည်​မိ​မိ​၏​ဘာ​သာ​ရေး​အ​တိုင်​ပင်​ခံ ဇာ​ခ​ရိ​အ​သက်​ရှင်​လျက်​နေ​သ​မျှ​ကာ​လ ပတ်​လုံး ထာ​ဝရ​ဘု​ရား​အား​သစ္စာ​နှင့်​ကိုး ကွယ်​သ​ဖြင့်​ဘု​ရား​သ​ခင်​သည်​သူ့​အား ကောင်း​ချီး​ပေး​တော်​မူ​၏။ \p \v 6 သြ​ဇိ​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား စစ် ဆင်​တိုက်​ခိုက်​ကာ ဂါ​သ​မြို့၊ ယာ​ဗ​နေ​မြို့​နှင့် အာ​ဇုတ်​မြို့​တို့​၏​မြို့​ရိုး​များ​ကို​ဖြို​ချ​ပြီး လျှင်​အာ​ဇုတ်​မြို့​အ​နီး​နှင့်​ဖိလိတ္တိ​ပြည်​အ​ခြား ဒေ​သ​များ​၌​တံ​တိုင်း​ကာ​ရံ​ထား​သော​မြို့ များ​ကို​တည်​ထောင်​တော်​မူ​၏။- \v 7 သူ့​အား​ဘု​ရား​သ​ခင်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား များ၊ ဂု​ရ​ဗာ​လ​မြို့​တွင်​နေ​ထိုင်​သော​အာ​ရပ် အ​မျိုး​သား​များ၊ မ​ဟု​နိမ်​အ​မျိုး​သား​များ ကို​နှိမ်​နင်း​ရန်​ကူ​မ​တော်​မူ​သည်။- \v 8 အမ္မုန်​အ​မျိုး​သား​တို့​သည်​သြ​ဇိ​အား​လက် ဆောင်​ပဏ္ဏာ​များ​ဆက်​သ​ရ​ကြ​၏။ သူ​သည် အ​လွန်​တန်​ခိုး​ကြီး​မား​လာ​သ​ဖြင့်​သူ​၏ ဂုဏ်​သ​တင်း​သည်​အီ​ဂျစ်​ပြည်​သို့​ပင်​ပျံ့​နှံ့ သွား​လေ​၏။ \p \v 9 သြ​ဇိ​သည်​မြို့​ရိုး​ထောင့်​တံ​ခါး၊ ချိုင့်​တံ​ခါး​နှင့် မြို့​ရိုး​ထောင့်​ထိပ်​တို့​တွင်​မျှော်​စင်​များ​ကို​တည် ဆောက်​ခြင်း​အား​ဖြင့် ယေ​ရု​ရှ​လင်​ကို​ခိုင်​ခံ့ အောင်​ပြု​တော်​မူ​၏။- \v 10 မင်း​ကြီး​သည်​အ​နောက်​ဘက်​တောင်​ခြေ​ရင်း​ရှိ တောင်​ပူ​စာ​များ​နှင့် လွင်​ပြင်​များ​တွင်​နွား​အုပ် ကြီး​များ​မွေး​မြူ​ထား​သ​ဖြင့် တော​ကန္တာ​ရ​ရှိ မြို့​များ​ကို​မျှော်​စင်​များ​နှင့်​တ​ကွ​တံ​တိုင်း ကာ​၍​ရေ​လှောင်​ကန်​အ​မြောက်​အ​မြား​ကို​တူး တော်​မူ​၏။ မင်း​ကြီး​သည်​လယ်​ယာ​စိုက်​ပျိုး​မှု ကို​ဝါ​သ​နာ​ပါ​သ​ဖြင့် တောင်​ကုန်း​ဒေ​သ​များ တွင်​စ​ပျစ်​ဥ​ယျာဉ်​များ​စိုက်​ပျိုး​မှု၊ မြေ ကောင်း​မြေ​သန့်​များ​တွင်​လယ်​ယာ​များ စိုက်​ပျိုး​မှု​ကို​အား​ပေး​တော်​မူ​လေ​သည်။ \p \v 11 သူ​၌​စစ်​ပွဲ​ဝင်​ရန်​အ​သင့်​ရှိ​သော​တပ်​မ​တော် ကြီး​ရှိ​၏။ တပ်​မ​တော်​မှတ်​တမ်း​များ​ကို​စာ​ရေး တော်​များ​ဖြစ်​သူ ယေ​ယေ​လ​နှင့်​မာ​သေ​ယ​တို့ က​ထိန်း​သိမ်း​ထား​ရ​ကြ​၏။ သူ​တို့​အား​အ​မတ် ဟာ​န​နိ​က​ကြီး​ကြပ်​ကွပ်​ကဲ​ရ​လေ​သည်။- \v 12 တပ်​မ​တော်​တွင်​တပ်​မှူး​နှစ်​ထောင့်​ခြောက်​ရာ ရှိ​၍၊- \v 13 သူ​တို့​၏​လက်​အောက်​တွင်​မင်း​ကြီး​၏​ရန်​သူ များ​ကို ရဲ​စွမ်း​သတ္တိ​နှင့်​တိုက်​ခိုက်​နိုင်​သော တပ်​သား​သုံး​သိန်း​ခု​နစ်​ထောင့်​ငါး​ရာ​ရှိ​၏။- \v 14 သြ​ဇိ​သည်​တပ်​မ​တော်​အား ဒိုင်း​လွှား၊ လှံ၊ သံ ခ​မောက်၊ သံ​ချပ်​အင်္ကျီ၊ လေး၊ မြား​နှင့်​လောက်​လွှဲ ပစ်​ရန်​ကျောက်​ခဲ​များ​ကို​ပေး​အပ်​တော်​မူ​၏။- \v 15 မြို့​ရိုး​ထောင့်​ထိပ်​နှင့်​မျှော်​စင်​များ​မှ​နေ​၍ မြား​နှင့်​ကျောက်​တုံး​ကြီး​များ​ပစ်​ခတ်​ရန် ယန္တ​ယား​စက်​များ​ကို​လည်း ယေ​ရု​ရှ​လင် မြို့​ရှိ​တီ​ထွင်​တတ်​သူ​အ​တတ်​ပ​ညာ​ရှင် များ​က​ပြု​လုပ်​ပေး​ကြ​လေ​သည်။ ဘု​ရား​သ​ခင်​ထံ​မှ​အံ့​သြ​ဖွယ်​မ​စ​တော်​မူ​ခြင်း ကို​ခံ​ရ​သ​ဖြင့် မင်း​ကြီး​သည်​အ​လွန် တန်​ခိုး​ကြီး​လာ​ပြီး​လျှင်​သူ​၏​ဂုဏ် သ​တင်း​သည်​အ​ရပ်​တ​ကာ​သို့​ပျံ့​နှံ့ သွား​လေ​၏။ \s1 မာန်​မာ​န​ထောင်​လွှား​မှု​အ​တွက်​သြ​ဇိ​အား ဘု​ရား​သ​ခင်​ဆုံး​မ​တော်​မူ​ခြင်း \p \v 16 သို့​သော်​သြ​ဇိ​မင်း​သည်​တန်​ခိုး​ကြီး​လာ​သော အ​ခါ မာန်​မာ​န​လည်း​ထောင်​လွှား​လာ​သ​ဖြင့် အ​ကျိုး​နည်း​ရ​လေ​သည်။ သူ​သည်​ဗိ​မာန်​တော် သို့​ဝင်​၍​နံ့​သာ​ပေါင်း​ကို သက်​ဆိုင်​ရာ​ယဇ်​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ခြင်း​အား​ဖြင့် မိ​မိ​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​အား​ပြစ်​မှား​၏။- \v 17 ယဇ်​ပု​ရော​ဟိတ်​အာ​ဇ​ရိ​နှင့်​ရဲ​ရင့်​သော ယဇ်​ပု​ရော​ဟိတ်​ရှစ်​ကျိပ်​တို့​သည်​မင်း​ကြီး အား- \v 18 တား​ဆီး​ရန်​လိုက်​သွား​ပြီး​လျှင်``အို သြ​ဇိ​မင်း၊ ဘု​ရင်​မင်း​သည်​ထာ​ဝရ​ဘု​ရား​အား​နံ့​သာ​ပေါင်း ကို​မီး​ရှို့​ပူ​ဇော်​ခွင့်​ရှိ​သူ​မ​ဟုတ်​ပါ။ ဤ​အ​မှု ကို​ပြု​ရန်​ဆက်​ကပ်​ပူ​ဇော်​ထား​သူ​များ​မှာ အာ​ရုန် မှ​ဆင်း​သက်​လာ​သူ​ယဇ်​ပု​ရော​ဟိတ်​များ​သာ လျှင်​ဖြစ်​ပါ​၏။ ဤ​သန့်​ရှင်း​ရာ​ဌာ​န​တော်​မှ ထွက်​ခွာ​သွား​ပါ​လော့။ ဘု​ရင်​မင်း​သည်​ထာ​ဝ​ရ အ​ရှင်​ဘု​ရား​သ​ခင်​အား​ပြစ်​မှား​လေ​ပြီ။ ထို ကြောင့်​ကိုယ်​တော်​သည်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​ကို​မ​ခံ​ရ​တော့​ပါ'' ဟု ဆို​၏။\x + \xo 26:18 \xt ထွ၊ ၃၀:၇-၈။ တော၊ ၃:၁၀။\x* \p \v 19 သြ​ဇိ​သည်​နံ့​သာ​ပေါင်း​ကို​ရှို့​ရန်​မီး​ကျီး​ခဲ ကို​ကိုင်​၍ ဗိ​မာန်​တော်​တွင်​နံ့​သာ​ပေါင်း​မီး​ရှို့ ရာ​ပလ္လင်​အ​နီး​၌​ရပ်​လျက်​နေ​၏။ သူ​သည် ယဇ်​ပု​ရော​ဟိတ်​တို့​အား​အ​မျက်​ထွက်​လာ သည်​နှင့်​တစ်​ပြိုင်​နက် သူ​၏​န​ဖူး​သည်​ကြောက် မက်​ဖွယ်​ကောင်း​သော​အ​ရေ​ပြား​ရော​ဂါ စွဲ​ကပ်​လေ​သည်။- \v 20 အာ​ဇ​ရိ​နှင့်​အ​ခြား​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ကြောက်​ရွံ့​သည့်​အ​မူ​အ​ရာ​ဖြင့် မင်း​ကြီး​န​ဖူး ကို​စိုက်​၍​ကြည့်​ပြီး​လျှင်​သူ့​အား​ဗိ​မာန်​တော် မှ​နှင်​ထုတ်​ကြ​၏။ မင်း​ကြီး​သည်​လည်း​မိ​မိ အား​ဘု​ရား​သ​ခင်​ဒဏ်​ခတ်​တော်​မူ​ပြီ​ဖြစ် ကြောင်း​ကို​သိ​၍ အ​ဆော​တ​လျင်​ထွက်​ခွာ သွား​တော်​မူ​၏။ \p \v 21 သြ​ဇိ​မင်း​သည်​ထို​အ​ချိန်​မှ​စ​၍​သေ​သည် တိုင်​အောင် ဤ​ရော​ဂါ​ကြောင့်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​မ​သန့်​စင်​သူ​ဖြစ်​လာ​လေ​သည်။ သူ​သည်​ဗိ​မာန်​တော်​သို့​နောက်​တစ်​ဖန်​ပြန် လည်​ဝင်​ရောက်​ခွင့်​မ​ရ​တော့​သ​ဖြင့် သား​တော် ယော​သံ​အား​မိ​မိ​၏​တာ​ဝန်​ဝတ္တ​ရား​များ ကို​လွှဲ​ပြောင်း​ပေး​အပ်​လိုက်​ရ​၏။ တိုင်း​ပြည် ကို​သား​တော်​အုပ်​စိုး​လျက်​နေ​စဉ် သူ​သည် မိ​မိ​၏​အိမ်​တော်​၌​သာ​နေ​ထိုင်​ရ​လေ​သည်။ \p \v 22 နန်း​သက်​တစ်​လျှောက်​သြ​ဇိ​မင်း​ဆောင်​ရွက်​ခဲ့ သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို အာ​မုတ် ၏​သား​ပ​ရော​ဖက်​ဟေ​ရှာ​ယ​က​မှတ်​တမ်း တင်​ထား​သ​တည်း။- \v 23 သြ​ဇိ​မင်း​ကွယ်​လွန်​သော​အ​ခါ​သူ့​အား ဒါ​ဝိဒ်​မြို့​တော်​တွင်​သင်္ဂြိုဟ်​ကြ​သော်​လည်း သူ​၏​ရော​ဂါ​ကြောင့်​ရာ​ဇ​ဂူ​၌​မ​သင်္ဂြိုဟ် ကြ။ သူ​၏​သား​တော်​ယောသံ​သည်​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း တက်​လေ​သည်။\x + \xo 26:23 \xt ဟေရှာ၊ ၆:၁။\x* \c 27 \s1 ယု​ဒ​ဘု​ရင်​ယော​သံ \r (၄ရာ၊ ၁၅:၃၂-၃၈။) \p \v 1 ယော​သံ​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​၌​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​ခြောက် နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ ဇာ​ဒုတ်​၏​သ​မီး​ယေ​ရု​ရှာ​ဖြစ်​၏။- \v 2 သူ​သည်​ခ​မည်း​တော်​နည်း​တူ​ထာ​ဝရ​ဘု​ရား ၏​မျက်​မှောက်​တော်​၌ ဖြောင့်​မှန်​သော​အ​မှု​တို့ ကို​ပြု​၏။ သို့​ရာ​တွင်​သူ​သည်​ခ​မည်း​တော် ကဲ့​သို့ ဗိ​မာန်​တော်​ထဲ​သို့​ဝင်​၍​အ​ပြစ်​မ​ကူး လွန်​ချေ။ ပြည်​သူ​တို့​မူ​ကား​အ​ပြစ်​ကူး​မြဲ ကူး​လွန်​လျက်​နေ​ကြ​လေ​သည်။ \p \v 3 ဗိ​မာန်​တော်​မြောက်​တံ​ခါး​ကို​ပြု​လုပ်​၍ ယေ​ရု​ရှ​လင်​မြို့၊ သြ​ဖေ​လ​အ​ရပ်​ရှိ​မြို့ ရိုး​ကို​အ​လွန်​ခိုင်​ခံ့​စေ​သူ​မှာ​ယော​သံ​ပင် ဖြစ်​၏။- \v 4 သူ​သည်​ယု​ဒ​တောင်​ရိုး​များ​ပေါ်​တွင်​မြို့ များ​ကို​တည်​၍ တောင်​ကုန်း​မြင့်​များ​တွင် ခံ​တပ်​များ​နှင့်​မျှော်​စင်​များ​ကို​တည် ဆောက်​ခဲ့​၏။ \p \v 5 အမ္မုန်​ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​ကို​တိုက် ခိုက်​နှိမ်​နင်း​ပြီး​လျှင် အမ္မုန်​အ​မျိုး​သား​တို့ အား​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ဖြင့်​တစ်​နှစ် လျှင်​ငွေ​ချိန်​လေး​တန်၊ ဂျုံ​ဆန်​တင်း​ငါး​သောင်း နှင့် မု​ယော​ဆန်​တင်း​ငါး​သောင်း​ကို​သုံး​နှစ် တိုင်​တိုင်​ပေး​ဆက်​စေ​လေ​သည်။- \v 6 ယော​သံ​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​၏​အ​မိန့်​တော်​ကို တစ်​သ​မတ်​တည်း လိုက်​နာ​သ​ဖြင့်​တန်​ခိုး​ကြီး​လာ​၏။- \v 7 ယော​သံ​၏​နန်း​သက်​အ​တွင်း​ဖြစ်​ပျက်​သည့် အ​ခြား​အ​မှု​အ​ရာ​များ၊ သူ​ဆင်​နွှဲ​သည့် စစ်​ပွဲ​များ​နှင့်​သူ​ချ​မှတ်​သည့်​မူ​ဝါ​ဒ​များ ကို​ဣသ​ရေ​လ​ရာ​ဇ​ဝင်​နှင့်​ယု​ဒ​ရာ​ဇ​ဝင် တို့​တွင်​ရေး​ထား​သ​တည်း။- \v 8 ယော​သံ​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​၌​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​ခြောက် နှစ်​နန်း​စံ​ရ​လေ​သည်။- \v 9 သူ​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​ဒါ​ဝိဒ်​မြို့ တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ သား​တော်​အာ​ခတ် သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။ \c 28 \s1 ယု​ဒ​ဘု​ရင်​အာ​ခတ် \r (၄ရာ၊ ၁၆:၁-၄) \p \v 1 အာ​ခတ်​သည်​အ​သက်​နှစ်​ဆယ်​၌​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​ခြောက်​နှစ်​နန်း စံ​ရ​လေ​သည်။ သူ​သည်​ဘေး​တော်​ဒါ​ဝိဒ်​မင်း ၏​ကောင်း​သော​စံ​န​မူ​နာ​ကို​မ​လိုက်​ဘဲ ထာ​ဝ​ရ​ဘု​ရား​မ​နှစ်​သက်​သော​အ​မှု​တို့ ကို​ပြု​၍၊- \v 2 ဣ​သ​ရေ​လ​ဘု​ရင်​တို့​၏​လမ်း​စဉ်​ကို​လိုက်​၏။ သူ​သည်​ဗာ​လ​ဘု​ရား​၏​ရုပ်​တု​များ​ကို သွန်း​လုပ်​စေ​၍၊- \v 3 ဟိန္နုံ​ချိုင့်​ဝှမ်း​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့ ပူ​ဇော်​၏။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ချီ​တက်​လာ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင် ထုတ်​တော်​မူ​သော​လူ​မျိုး​တို့​၏​စက်​ဆုတ် ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​ဋ္ဌ​လေ့​ထုံး​စံ​တို့​ကို အ​တု​ခိုး​၍ မိ​မိ​၏​သား​တော်​များ​ကို​ပင် မီး​ရှို့​၍​ပူ​ဇော်​သကာ​အ​ဖြစ်​ဖြင့်​ရုပ်​တု တို့​အား​ပူ​ဇော်​လေ​သည်။- \v 4 ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​၌​လည်း​ကောင်း၊ တောင်​ကုန်း​များ​ပေါ်​၌​လည်း​ကောင်း၊ အ​ရိပ် ကောင်း​သည့်​သစ်​ပင်​ရှိ​သ​မျှ​တို့​အောက်​၌ လည်း​ကောင်း​အာ​ခတ်​သည်​ယဇ်​များ​ကို ပူ​ဇော်​၍​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၏။ \s1 ရှု​ရိ​ပြည်၊ဣ​သ​ရေ​လ​ပြည်​တို့​နှင့်​စစ်​ဖြစ်​ခြင်း \r (၄ရာ၊ ၁၆:၅) \p \v 5-6 အာ​ခတ်​သည်​အ​ပြစ်​ပြု​သ​ဖြင့်​ထာ​ဝ​ရ​ဘု​ရား သည် ရှု​ရိ​ဘု​ရင်​အား​သူ့​ကို​နှိမ်​နင်း​၍ ယု​ဒ​ပြည် သူ​အ​မြောက်​အ​မြား​ကို​သုံ့​ပန်း​များ​အ​ဖြစ် ဖြင့် ဒ​မာ​သက်​မြို့​သို့​သိမ်း​သွား​ခွင့်​ပေး​တော် မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ရေ​မ​လိ​၏​သား၊ ဣ​သ​ရေ​လ​ဘု​ရင်​ပေ​ကာ​အား​အာ​ခတ်​ကို နှိမ်​နင်း​၍​တစ်​နေ့​ချင်း​တွင် ယု​ဒ​တပ်​သား တစ်​သိန်း​နှစ်​သောင်း​ကို​လည်း​သတ်​ဖြတ်​ခွင့် ပေး​တော်​မူ​၏။ သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား​စွန့်​ပစ်​ကြ​သ​ဖြင့် ကိုယ်​တော်​သည် ဤ​သို့​ဖြစ်​ပျက်​စေ​တော်​မူ​ခြင်း​ဖြစ် သ​တည်း။-\x + \xo 28:5-6 \xt ၄ရာ၊ ၁၆:၅။ ဟေရှာ၊ ၇:၁။\x* \v 7 ဇိ​ခ​ရိ​ဆို​သူ​ဣ​သ​ရေ​လ​တပ်သား​တစ်​ယောက် သည် အာ​ခတ်​၏​သား​တော်​မာ​သေ​ယ၊ နန်း​တော် အုပ်​ချုပ်​ရေး​မှူး​အာ​ဇ​ရိ​ကံ​နှင့်​ဘု​ရင့်​အ​မတ် ချုပ်​ဧ​လ​ကာ​န​တို့​ကို​လုပ်​ကြံ​သတ်​ဖြတ် လိုက်​လေ​သည်။- \v 8 ဣ​သ​ရေ​လ​တပ်​မ​တော်​သည်​မိ​မိ​တို့​၏​ဆွေ မျိုး​သား​ချင်း​ဖြစ်​ကြ​သော​အ​မျိုး​သား​တို့ အ​နက် ယု​ဒ​အ​မျိုး​သ​မီး​နှင့်​က​လေး​နှစ်​သိန်း ကို​ဖမ်း​ဆီး​၍​လက်​ရ​ပစ္စည်း​အ​မြောက်​အ​မြား နှင့်​တ​ကွ​ရှ​မာ​ရိ​မြို့​သို့​သိမ်း​သွား​ကြ​၏။ \s1 ပ​ရော​ဖက်​သြ​ဒက် \p \v 9 သြ​ဒက်​အ​မည်​ရှိ​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ရော ဖက်​သည် ရှ​မာ​ရိ​မြို့​တွင်​နေ​ထိုင်​၏။ သူ​သည် တိုက်​ပွဲ​မှ​ပြန်​လာ​သော​ဣသ​ရေ​လ​တပ်​မ တော်​ကို​မြို့​အ​ဝင်​ဝ​မှ​ဆီး​ကြို​ပြီး​လျှင်``သင် တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​ယု​ဒ​ပြည်​သူ​တို့​ကို​အ​မျက် ထွက်​တော်​မူ​သ​ဖြင့် သင်​တို့​အား​သူ​တို့​ကို နှိမ်​နင်း​ခွင့်​ပေး​တော်​မူ​၏။ သို့​ရာ​တွင်​သင် တို့​သည်​မိ​မိ​တို့​အ​မျက်​ဒေါ​သ​ကို​မ​ချုပ် တည်း​ဘဲ​သုတ်​သင်​သတ်​ဖြတ်​မှု​ကို​ပြု​ခဲ့ ကြ​၏။- \v 10 ယ​ခု​အ​ခါ​၌​လည်း​ယေရု​ရှ​လင်​မြို့​သူ​မြို့ သား​များ​နှင့်​ယု​ဒ​ပြည်​သူ​တို့​အား​ကျွန်​ခံ စေ​ရန် သင်​တို့​အ​ကြံ​ရှိ​ကြ​ပါ​သည်​တ​ကား။ သင်​တို့​သည်​လည်း​သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​သူ​များ​ဖြစ် သည်​ကို​မ​သိ​ကြ​ပါ​သ​လော။- \v 11 ငါ့​စ​ကား​ကို​နား​ထောင်​ကြ​လော့။ ဤ​သုံ့​ပန်း များ​သည် ငါ​တို့​၏​ညီ​အစ်​ကို​များ​ဖြစ်​ပေ သည်။ သူ​တို့​ကို​ပြန်​၍​လွှတ်​လိုက်​ကြ​လော့။ သို့​မ​ဟုတ်​ပါ​မူ​ဘု​ရား​သ​ခင်​သည်​အ​မျက် တော်​ထွက်​၍ သင်​တို့​အား​ဒဏ်​ခတ်​တော်​မူ လိမ့်​မည်'' ဟု​ပြော​၏။ \p \v 12 ထို​အ​ခါ​မြောက်​ပိုင်း​နိုင်​ငံ​အ​ကြီး​အ​ကဲ လေး​ဦး​ဖြစ်​ကြ​သော ယော​ဟ​နန်​၏​သား အာ​ဇ​ရိ၊ မေ​ရှိ​လေ​မုတ်​၏​သား​ဗေ​ရ​ခိ၊ ရှလ္လုံ ၏​သား​ဟေ​ဇ​ကိ​နှင့် ဟာ​ဒ​လဲ​၏​သား အာ​မ​သာ​တို့​သည်​လည်း တပ်​မ​တော်​၏ အ​ပြု​အ​မူ​ကို​ကန့်​ကွက်​ကြ​လေ​သည်။- \v 13 သူ​တို့​က``သင်​တို့​၏​သုံ့​ပန်း​များ​ကို​ဤ​မြို့ ထဲ​သို့​မ​ခေါ်​ခဲ့​ကြ​နှင့်။ ငါ​တို့​အား​အ​မျက် တော်​ထွက်​၍​ဒဏ်​ခတ်​စေ​လောက်​အောင်​ပင် ထာ​ဝရ​ဘု​ရား​ကို​ငါ​တို့​ပြစ်​မှား​ခဲ့​လေ​ပြီ။ ယ​ခု​သင်​တို့​သည်​ငါ​တို့​အ​ပြစ်​ကို​ပို​မို ကြီး​လာ​အောင်​ပြု​လို​ကြ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။- \v 14 သို့​ဖြစ်​၍​တပ်​မ​တော်​သား​တို့​သည်​ပြည် သူ​များ​နှင့် ခေါင်း​ဆောင်​များ​လက်​သို့​သုံ့​ပန်း များ​နှင့်​လက်​ရ​ပစ္စည်း​များ​ကို​ပေး​အပ် လိုက်​ကြ​၏။- \v 15 ပြည်​သူ​တို့​သည်​သုံ့​ပန်း​များ​အား​လက်​ရ ပစ္စည်း​များ​ထဲ​က အ​ဝတ်​အ​စား​ဝေငှ​ပေး​ရေး အ​တွက်​အ​ကြီး​အ​ကဲ​လေး​ဦး​ကို​ခန့်​ကြ ၏။ အ​ကြီး​အ​ကဲ​တို့​သည်​သုံ့​ပန်း​များ​ဝတ် ဆင်​ရန်​အ​ဝတ်​အ​စား​များ၊ ဖိ​နပ်​များ​နှင့် စား​ရန်​အ​စား​အ​စာ​အ​လုံ​အ​လောက်​ကို ပေး​၍ သူ​တို့​၏​ဒဏ်​ရာ​များ​ကို​သံ​လွင်​ဆီ နှင့်​လိမ်း​ပေး​ကြ​၏။ အား​နည်း​သူ​တို့​ကို မြည်း​စီး​စေ​လျက် ယု​ဒ​နယ်​မြေ​ရှိ​စွန် ပ​လွံ​မြို့​ခေါ်​ယေ​ရိ​ခေါ​မြို့​သို့​အ​ရောက် ပို့​ကြ​၏။ ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ရှ​မာ​ရိ​မြို့​သို့​ပြန်​ကြ​၏။ \s1 အာ​ရှု​ရိ​ပြည်​ကို​အာ​ခတ်​အ​ကူ​အ​ညီ​တောင်း​ခံ​ခြင်း \r (၄ရာ၊ ၁၆:၇-၉) \p \v 16-17 ဧ​ဒုံ​အ​မျိုး​သား​တို့​သည်​ယု​ဒ​ပြည်​ကို​တစ်​ဖန် လာ​ရောက်​တိုက်​ခိုက်​ကာ သုံ့​ပန်း​အ​မြောက်​အမြား ကို​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​သ​ဖြင့် အာ​ခတ်​မင်း သည်​အာ​ရှု​ရိ​ဘု​ရင်​ထံ​အ​ကူ​အ​ညီ​တောင်း ခံ​လေ​သည်။- \v 18 ထို​အ​ချိန်​ကာ​လ​၌​ပင်​ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည် ယု​ဒ​ပြည်​တောင်​ပိုင်း​နှင့်​အ​နောက် ဘက်​ရှိ​တောင်​ခြေ​ရင်း​မြို့​များ​ကို​တိုက်​ခိုက် ကြ​၏။ သူ​တို့​သည်​ဗက်​ရှေ​မက်​မြို့၊ အာ​ဇ​လုန် မြို့၊ ဂေ​ဒ​ရုတ်​မြို့၊ ရှော​ခေါ​မြို့၊ တိ​မ​နာ​မြို့၊ ဂိ​မ​ဇော​မြို့​များ​နှင့်​ကျေး​ရွာ​များ​ကို​သိမ်း ယူ​ပြီး​လျှင် ထို​မြို့​ရွာ​တို့​တွင်​အတည်​တ​ကျ နေ​ထိုင်​ကြ​လေ​သည်။- \v 19 ယု​ဒ​ဘု​ရင်​အာခတ်​သည်​ပြည်​သူ​တို့​အား အ​ခွင့်​အ​ရေး​များ​ဆုံး​ရှုံး​စေ​လျက် ထာ​ဝရ ဘု​ရား​ကို​သစ္စာ​ဖောက်​သ​ဖြင့်​ထာ​ဝရ​ဘု​ရား သည် ယု​ဒ​ပြည်​ကို​ဒုက္ခ​ရောက်​စေ​တော်​မူ​၏။- \v 20 သို့​ဖြစ်​၍​အာ​ရှု​ရိ​ဧ​က​ရဇ်​မင်း​တိ​ဂ​လတ် ပိ​လေ​သာ​သည် အာ​ခတ်​အား​အ​ကူ​အ​ညီ ပေး​မည့်​အ​စား​ဆန့်​ကျင်​ဘက်​ပြု​၍​ဒုက္ခ ရောက်​စေ​၏။- \v 21 အာ​ခတ်​သည်​ဗိ​မာန်​တော်၊ နန်း​တော်​နှင့်​ပြည် သူ​ခေါင်း​ဆောင်​များ​၏​အိမ်​တို့​မှ​ရွှေ၊ ငွေ၊ ဘဏ္ဍာ​ရှိ​သ​မျှ​ကို​ယူ​၍​အာ​ရှု​ရိ​ဘု​ရင် အား​ပေး​သော်​လည်း​အ​ကျိုး​မ​ရှိ​ချေ။ \s1 အာ​ခတ်​ကူး​လွန်​သည့်​အ​ပြစ်​များ \p \v 22 ဤ​သို့​အာ​ခတ်​မင်း​သည်​အ​ခြေ​အ​နေ အ​ဆိုး​ရွား​ဆုံး​အ​ချိန်​၌ ထာ​ဝရ​ဘု​ရား အား​ယ​ခင်​က​ထက်​ပို​၍​ပြစ်​မှား​လေ​သည်။- \v 23 သူ​သည်​မိ​မိ​အား​နှိမ်​နင်း​ခဲ့​သည့်​အာ​ရှု​ရိ အ​မျိုး​သား​တို့​၏​ဘု​ရား​များ​ကို​ယဇ်​ပူ​ဇော် လေ​၏။ သူ​က``အာ​ရှု​ရိ​ဘု​ရား​တို့​သည် အာ​ရှု​ရိ​ဘု​ရင်​များ​ကို​ကူ​မ​ကြ​၏။ သို့ ဖြစ်​၍​သူ​တို့​အား​ငါ​ယဇ်​ပူ​ဇော်​ပါ​က သူ​တို့​သည် ငါ့​ကို​လည်း​ကူ​မ​ကောင်း​ကူ​မ ကြ​လိမ့်​မည်'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​အ​မှု တို့​သည် သူ​နှင့်​သူ​၏​ပြည်​သူ​တို့​အ​ပေါ် သို့​ဘေး​အန္တရာယ်​ဆိုက်​ရောက်​စေ​လေ​သည်။- \v 24 ထို့​အ​ပြင်​အာ​ခတ်​သည်​ဗိ​မာန်​တော်​အ​သုံး အ​ဆောင်​ရှိ​သ​မျှ​ကို​ယူ​၍ အ​ပိုင်း​ပိုင်း​ချိုး​ဖဲ့ ၏။ ဗိ​မာန်​တော်​တံ​ခါး​တို့​ကို​လည်း​ပိတ်​ထား လိုက်​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့​၌​အ​နှံ့ အ​ပြား​ယဇ်​ပလ္လင်​များ​ကို​တည်​လေ​သည်။- \v 25 သူ​သည်​ယု​ဒ​ပြည်​မြို့​ကြီး​မြို့​ငယ်​ဟူ​သ​မျှ တွင် လူ​မျိုး​ခြား​သား​များ​၏​ဘု​ရား​များ​အား နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ရန် ရုပ်​တု​ကိုး​ကွယ် ရာ​ဌာ​န​များ​ကို​လည်း​တည်​ဆောက်​၏။ ဤ​နည်း အား​ဖြင့်​မိ​မိ​အ​ပေါ်​သို့ ဘိုး​ဘေး​များ​၏ ဘု​ရား​သ​ခင်​ထာ​ဝရ​ဘုရား​၏​အ​မျက်​တော် ကို​သက်​ရောက်​စေ​လေ​သည်။ \p \v 26 နန်း​သက်​အ​စ​မှ​အ​ဆုံး​အာ​ခတ်​ပြု​သော အ​ခြား​အ​မှု​အ​ရာ​တို့​ကို ယု​ဒ​ရာ​ဇ​ဝင် နှင့်​ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။- \v 27 အာ​ခတ်​ကွယ်​လွန်​သော​အ​ခါ​သူ​၏​အ​လောင်း ကို ယေ​ရု​ရှ​လင်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​သော်​လည်း ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​မ​သင်္ဂြိုဟ်​ကြ။ သူ​၏​သား​တော်​ဟေ​ဇ​ကိ​သည်​ခ​မည်း​တော် ၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။\x + \xo 28:27 \xt ဟေရှာ၊ ၁၄:၂၈။\x* \c 29 \s1 ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ \r (၄ရာ၊ ၁၈:၁-၃) \p \v 1 ဟေ​ဇ​ကိ​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​ဆယ့်​ကိုး​နှစ်​နန်း​စံ​ရ လေ​သည်။ သူ​၏​မယ်​တော်​မှာ​ဇာ​ခ​ရိ​၏​သ​မီး အာ​ဘိ​ဖြစ်​၏။- \v 2 သူ​သည်​ဘေး​တော်​ဒါ​ဝိဒ်​မင်း​၏​စံ​န​မူ​နာ ကို​လိုက်​၍ ထာ​ဝရ​ဘု​ရား​နှစ်​သက်​တော်​မူ သော​အ​မှု​တို့​ကို​ပြု​၏။ \s1 ဗိ​မာန်​တော်​ကို​သန့်​စင်​အောင်​ပြု​ခြင်း \p \v 3 ဟေ​ဇ​ကိ​သည်​မိ​မိ​နန်း​တက်​သည့်​နှစ် ပ​ထ​မ​လ​၌ ဗိ​မာန်​တော်​တံ​ခါး​များ​ကို ပြန်​လည်​ဖွင့်​လှစ်​၍​ပြု​ပြင်​စေ​တော်​မူ​၏။- \v 4 သူ​သည်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေဝိ​အ​နွယ် ဝင်​တို့​အား ဗိ​မာန်​တော်​အ​ရှေ့​တံ​တိုင်း​အ​တွင်း တွင်​စု​ဝေး​စေ​ပြီး​လျှင်၊- \v 5 မိန့်​ခွန်း​မြွက်​ကြား​တော်​မူ​သည်။ မင်း​ကြီး က``အ​ချင်း​လေ​ဝိ​အ​နွယ်​ဝင်​တို့၊ သင်​တို့ သည်​မိ​မိ​တို့​ကိုယ်​ကို​ဆက်​ကပ်​ပူ​ဇော်​လျက် သင်​တို့​ဘိုး​ဘေး​များ​၏ ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​၏​ဗိ​မာန်​တော်​သန့်​စင်​မှု ကို​ဆောင်​ရွက်​ကြ​လော့။ ဗိ​မာန်​တော်​ကို​ညစ် ညမ်း​စေ​သည့်​အ​ရာ​ဟူ​သ​မျှ​ကို​ဖယ်​ရှား ကြ​လော့။- \v 6 ငါ​တို့​ဘိုး​ဘေး​များ​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​သစ္စာ​ဖောက်​၍ ကိုယ်​တော်​မ​နှစ်​သက်​သည့်​အ​မှု​တို့​ကို​ပြု ကြ​၏။ သူ​တို့​သည်​ကိုယ်​တော်​ကို​စွန့်​၍ စံ​တော်​မူ​ရာ​ဌာ​န​ကို​ကျော​ခိုင်း​ကြ​၏။- \v 7 သူ​တို့​သည်​ဗိ​မာန်​တော်​တံ​ခါး​များ​ကို ပိတ်​ထား​ပြီး​လျှင် မီး​ခွက်​များ​တွင်​မီး​ငြိမ်း စေ​ကာ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​၌​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ပူ​ဇော်​မှု​မ​ပြု​ကြ။ မီး​ရှို့​ရာ​ပူ​ဇော် သကာ​များ​ကို​လည်း​မ​ဆက်​သ​ကြ။- \v 8 သို့​ဖြစ်​၍​ထာ​ဝရ​ဘု​ရား​သည်​ယု​ဒ​ပြည် နှင့် ယေ​ရု​ရှ​လင်​မြို့​တို့​ကို​အ​မျက်​ထွက်​၍ ပြု​တော်​မူ​သော​အ​မှု​တို့​ကို မြင်​ရ​ကြ​သူ အ​ပေါင်း​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ ကုန်​၏။ ဤ​အ​ဖြစ်​အ​ပျက်​ကို​သင်​တို့​ကောင်း စွာ​သိ​ကြ​၏။- \v 9 ငါ​တို့​၏​ဖ​ခင်​များ​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး ခဲ့​ကြ​၍ ငါ​တို့​သား​မ​ယား​များ​သည်​ဖမ်း ဆီး​ခေါ်​ဆောင်​သွား​ခြင်း​ကို​ခံ​ရ​ကြ​လေ သည်။ \p \v 10 ``အ​မျက်​တော်​ပြေ​စေ​ရန်​ယ​ခု​ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နှင့်​ပ​ဋိ​ညာဉ်​ပြု​ရန်​အ​ကြံ ရှိ​၏။- \v 11 ငါ့​သား​တို့၊ မ​ဖင့်​နွှဲ​ကြ​နှင့်၊ ထာ​ဝရ​ဘု​ရား အား​နံ့​သာ​ပေါင်း​မီး​ရှို့​ပူ​ဇော်​ရန်​နှင့် ကိုယ် တော်​အား​ကိုး​ကွယ်​ဝတ်​ပြု​ရာ​တွင်​ဦး​ဆောင် ရန် ကိုယ်​တော်​ရွေး​ချယ်​ခန့်​ထား​သူ​များ​မှာ သင်​တို့​ပင်​ဖြစ်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 12-14 ထို​အ​ရပ်​၌​ရှိ​သော​လေဝိ​အ​နွယ်​ဝင်​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ကော​ဟပ်​သား​ချင်း စု​မှ​အာ​မ​သဲ​၏​သား​မာ​ဟတ်​နှင့်​အာ​ဇ​ရိ ၏​သား​ယော​လ။ မေ​ရာ​ရိ​သား​ချင်း​စု​မှ​အာ ဗ​ဒိ​၏​သား​ကိ​ရှ​နှင့်​ယေ​ဟ​လေ​လ​၏​သား အာ​ဇ​ရိ။ ဂေ​ရ​ရှုံ​သား​ချင်း​စု​မှ​ဇိမ္မ​၏​သား ယော​အာ​နှင့်​ယော​အာ​၏​သား​ဧ​ဒင်။ ဧ​လိ ဇ​ဖန်​သား​ချင်း​စု​မှ​ရှိ​မ​ရိ​နှင့်​ယေ​ယေ​လ။ အာ​သပ်​သား​ချင်း​စု​မှ​ဇာ​ခ​ရိ​နှင့်​မတ္တ​နိ။ ဟေ​မန်​သား​ချင်း​စု​မှ​ယေ​ဟေ​လ​နှင့်​ရှိ​မိ။ ယေ​ဒု​သုန်​သား​ချင်း​စု​မှ​ရှေ​မာ​ယ​နှင့် သြ​ဇေ​လ။ \p \v 15 ထို​သူ​တို့​သည်​လေ​ဝိ​အ​နွယ်​ဝင်​အ​ချင်း ချင်း​တို့​အား​စု​ဝေး​စေ​ပြီး​လျှင် ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ကို​ပြု​စေ ကြ​၏။ ထို​နောက်​သူ​တို့​သည်​မင်း​ကြီး​မိန့် မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း ထာ​ဝရ​ဘု​ရား ၏​တ​ရား​နှင့်​အ​ညီ​ဗိ​မာန်​တော်​ကို သန့်​စင်​စေ​ကြ​၏။- \v 16 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​သန့်​စင်​မှု​ကို ဆောင်​ရွက်​ရန် ဗိ​မာန်​တော်​သို့​ဝင်​၍​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ မ​သန့်​စင်​သည့်​အ​ရာ ဟူ​သ​မျှ​ကို​တံ​တိုင်း​တော်​သို့​ထုတ်​လာ သော​အ​ခါ ထို​အ​ရာ​များ​ကို​လေဝိ​အ​နွယ် ဝင်​တို့​က​မြို့​ပြင်​ကေ​ဒြုန်​ချိုင့်​ဝှမ်း​သို့ သယ်​ပို့​ကြ​လေ​သည်။ \p \v 17 သူ​တို့​သည်​ပ​ထ​မ​လ​တစ်​ရက်​နေ့​မှ​အ​စ ပြု​၍ မုခ်​ဦး​ခန်း​အ​ပါ​အ​ဝင်​ဗိ​မာန်​တော် သန့်​စင်​မှု​ကို​ဆောင်​ရွက်​ကြ​ရာ​ရှစ်​ရက်​နေ့ ၌​ပြီး​စီး​သွား​၏။ ထို​နောက်​သူ​တို့​သည် ထပ်​မံ​၍​ရှစ်​ရက်​တိုင်​တိုင် လ​ဆန်း​တစ်​ဆယ့် ခြောက်​ရက်​နေ့​အ​ထိ​ဗိ​မာန်​တော်​ကို​ဝတ် ပြု​ကိုး​ကွယ်​မှု​အ​တွက်​ပြင်​ဆင်​ကြ​လေ သည်။ \s1 ဗိ​မာန်​တော်​ကို​ပြန်​လည်​အ​နု​မော​ဒ​နာ​ပြု​ခြင်း \p \v 18 လေဝိ​အ​နွယ်​ဝင်​တို့​သည် ဟေ​ဇ​ကိ​မင်း အား``အ​ကျွန်ုပ်​တို့​သည်​မီး​ရှို့​ရာ​ပူ​ဇော် သ​ကာ​များ​အ​တွက်​ယဇ်​ပလ္လင်၊ ရှေ့​တော်​မုန့် တင်​ရာ​စား​ပွဲ​နှင့်​အ​သုံး​အ​ဆောင်​များ အ​ပါ​အ​ဝင်​ဗိ​မာန်​တော်​တစ်​ခု​လုံး​ကို ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု ဆောင်​ရွက်​ပြီး​ကြ​ပါ​ပြီ။- \v 19 အ​ကျွန်ုပ်​တို့​သည်​ဘု​ရား​သ​ခင်​အား​အာ ခတ်​မင်း​သစ္စာ​ဖောက်​စဉ်​အ​ခါ​က ယူ​သွား သည့်​အ​သုံး​အ​ဆောင်​များ​ကို​လည်း​ပြန် ၍​ယူ​ဆောင်​ကာ​ပြန်​လည်​ဆက်​ကပ်​ပြီး ကြ​ပါ​ပြီ။ ထို​အ​ရာ​အား​လုံး​သည် ထာ​ဝရ​ဘု​ရား​၏​ယဇ်​ပလ္လင်​တော်​ရှေ့​တွင် ရှိ​ပါ​၏'' ဟု​သံ​တော်​ဦး​တင်​ကြ​၏။ \p \v 20 ဟေ​ဇ​ကိ​မင်း​သည်​မ​ဆိုင်း​မ​တွ​ဘဲ ယေ​ရု ရှ​လင်​မြို့​မှ​လူ​ကြီး​လူ​ကောင်း​များ​ကို စု​ဝေး​စေ​ပြီး​လျှင် သူ​တို့​နှင့်​အ​တူ​ဗိ​မာန် တော်​သို့​ကြွ​တော်​မူ​၏။- \v 21 မင်း​ဆွေ​မင်း​မျိုး​များ​အ​ပြစ်၊ ယု​ဒ​ပြည်​သူ များ​အ​ပြစ်​ပြေ​စေ​ရန်​နှင့် ဗိ​မာန်​တော်​သန့် စင်​စေ​ရန်​သူ​တို့​သည်​နွား​ခု​နစ်​ကောင်၊ သိုး ခု​နစ်​ကောင်၊ သိုး​ငယ်​ခုနစ်​ကောင်​နှင့်​ဆိတ် ခု​နစ်​ကောင်​ကို​ယူ​ဆောင်​သွား​ကြ​၏။ မင်း ကြီး​သည်​အာ​ရုန်​မှ​ဆင်း​သက်​သော​ယဇ် ပု​ရော​ဟိတ်​တို့​အား``တိ​ရစ္ဆာန်​များ​ကို​ယဇ် ပလ္လင်​ပေါ်​တွင်​တင်​၍​ပူ​ဇော်​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။- \v 22 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဦး​စွာ​နွား​များ ကို​သတ်​၍ သွေး​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​ပက် ဖြန်း​ကြ​၏။ ထို​နောက်​သိုး​များ​ကို​သတ်​၍ သွေး​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​ပက်​ဖြန်း​ကြ​၏။ ထို​နောက်​သိုး​ငယ်​များ​ကို​သတ်​၍​သွေး ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​ပက်​ဖြန်း​ကြ​၏။- \v 23 နောက်​ဆုံး​၌​သူ​တို့​သည်​ဆိတ်​များ​ကို​မင်း​ကြီး နှင့်​လူ​ပ​ရိ​သတ်​တို့​ထံ​သို့​ယူ​ဆောင်​ကာ ဆိတ် တို့​အ​ပေါ်​သို့​လက်​များ​ကို​တင်​စေ​ကြ​၏။- \v 24 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဣသ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​အ​တွက် အ​ပြစ်​ဖြေ ရာ​ယဇ်​ကို​ပူ​ဇော်​ရန်​မင်း​ကြီး​အ​မိန့်​ပေး ထား​သည့်​အ​တိုင်း ဆိတ်​များ​ကို​သတ်​၍ ယဇ်​ပလ္လင်​ပေါ်​သို့​သွေး​ကို​သွန်း​လောင်း​ကြ လေ​သည်။ \p \v 25 မင်း​ကြီး​သည်​ဒါ​ဝိဒ်​မင်း​အား ဘု​ရင့်​ပ​ရော ဖက်​ဂဒ်​နှင့်​ပ​ရော​ဖက်​နာ​သန်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ညွှန်​ကြား ချက်​များ​ကို​လိုက်​နာ​ကာ​စောင်း​များ၊ လင်း ကွင်း​များ​ကိုင်​သူ​လေဝိ​အ​နွယ်​ဝင်​တို့​ကို နေ​ရာ​ချ​ထား​တော်​မူ​၏။- \v 26 သူ​တို့​သည်​ဒါ​ဝိဒ်​မင်း​အ​သုံး​ပြု​ခဲ့​သော တူ​ရိ​ယာ​မျိုး​များ​ကို​ကိုင်​၍​ရပ်​နေ​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​များ​က​တံ​ပိုး​ခ​ရာ​များ ကိုင်​၍​ရပ်​နေ​ကြ​၏။- \v 27 မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ​ရန် မင်း​ကြီး​အ​မိန့်​ပေး​တော်​မူ​သ​ဖြင့် ပူ​ဇော် ဆက်​သ​မှု​ကို​အ​စ​ပြု​သော​အ​ခါ​လူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ထော​မ​နာ​ပြု​၍​သီ​ချင်း​ဆို​ကြ​လေ​သည်။ ဂီ​တ​ပ​ညာ​သည်​တို့​လည်း တံ​ပိုး​ခ​ရာ များ​နှင့်​အ​ခြား​တူ​ရိ​ယာ​များ​ကို​တီး မှုတ်​ကြ​လေ​သည်။- \v 28 ထို​အ​ရပ်​တွင်​ရှိ​နေ​သော​သူ​အ​ပေါင်း​တို့ သည် ယဇ်​များ​ကို​မီး​ရှို့​ပူ​ဇော်​ပြီး​သည် အ​ထိ​ပါ​ဝင်​၍​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ သီ​ချင်း​သီ​ဆို​သူ​များ​က​သီ​ချင်း​သီ​ဆို​၍ တံ​ပိုး​ခ​ရာ​မှုတ်​သူ​များ​က​တံ​ပိုး​ခ​ရာ မှုတ်​ကြ​ကုန်​၏။- \v 29 ထို​နောက်​မင်း​ကြီး​နှင့်​ပြည်​သူ​အ​ပေါင်း​တို့ သည်​ဒူး​ထောက်​လျက် ဘု​ရား​သ​ခင်​အား ရှိ​ခိုး​ကြ​လေ​သည်။- \v 30 ဟေ​ဇ​ကိ​မင်း​နှင့်​ပြည်​သူ​ခေါင်း​ဆောင်​များ သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ဒါ​ဝိဒ်​နှင့် ပ​ရော​ဖက်​အာ​သပ်​စပ်​ဆို​ခဲ့​သော ထော​မ​နာ သီ​ချင်း​များ​ကို​သီ​ဆို​စေ​ကြ​၏။ သို့​ဖြစ် ၍​သူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​သီ ချင်း​ဆို​၍ ဒူး​ထောက်​လျက်​ဘု​ရား​သ​ခင် ကို​ရှိ​ခိုး​ကြ​၏။ \p \v 31 ဟေ​ဇ​ကိ​က​ပြည်​သူ​တို့​အား``ယ​ခု​သင် တို့​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင် မှု​ကို​ပြု​ပြီး​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ပူ​ဇော် သကာ​အ​ဖြစ်​ဖြင့် ယဇ်​များ​ကို​ယူ​ဆောင်​လာ ကြ​လော့'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​လူ တို့​လိုက်​နာ​ဆောင်​ရွက်​ကြ​၏။ အ​ချို့​သော သူ​တို့​သည်​မိ​မိ​တို့​စေ​တ​နာ​အ​လျောက် မီး​ရှို့​ပူ​ဇော်​ရန်​တိ​ရစ္ဆာန်​များ​ကို​ယူ​ဆောင် လာ​ကြ​လေ​သည်။- \v 32 သူ​တို့​သည်​နွား​ကောင်​ရေ​ခု​နစ်​ဆယ်၊ သိုး ကောင်​ရေ​တစ်​ရာ​နှင့်​သိုး​ငယ်​ကောင်​ရေ​နှစ် ရာ​တို့​ကို​ထာ​ဝရ​ဘု​ရား​အား မီး​ရှို့​ရာ ပူ​ဇော်​သကာ​အ​ဖြစ်​ယူ​ဆောင်​လာ​ပြီး​လျှင်၊- \v 33 လူ​တို့​စား​ရန်​အ​တွက်​နွား​ကောင်​ရေ​ခြောက် ရာ​နှင့် သိုး​ကောင်​ရေ​သုံး​ထောင်​ကို​လည်း ယဇ် ပူ​ဇော်​ဖို့​ယူ​ဆောင်​လာ​ကြ​၏။- \v 34 ဤ​တိ​ရစ္ဆာန်​များ​ကို​သတ်​ရန်​ယဇ်​ပု​ရော​ဟိတ် မ​လုံ​လောက်​သ​ဖြင့် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင် မှု​ပြု​ပြီး​သူ၊ ယဇ်​ပု​ရော​ဟိတ်​များ​ကို​မ​ရ ရှိ​မီ​အ​တွင်း​ဆောင်​ရွက်​စ​ရာ​များ​ပြီး​ဆုံး ချိန်​အ​ထိ လေ​ဝိ​အ​နွယ်​ဝင်​တို့​က​ကူ​ညီ ရ​ကြ​၏။ (ယဇ်​ပု​ရော​ဟိတ်​များ​ထက် လေ​ဝိ​အ​နွယ်​ဝင်​များ​က​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ သန့်​စင်​မှု​ကို​ပို​၍​တိ​ကျ စွာ​ပြု​တတ်​ကြ​သည်။-) \v 35 တစ်​ကောင်​လုံး​မီး​ရှို့​ပူ​ဇော်​ရ​သည့်​ယဇ် များ​အ​ပြင် လူ​တို့​စား​သုံး​သည့်​ယဇ်​များ မှ​ဆီ​ဥ​ကို​မီး​ရှို့​ပူ​ဇော်​မှု၊ မီး​ရှို့​ရာ​ပူ​ဇော် သ​ကာ​များ​နှင့်​အ​တူ​ဆက်​ကပ်​ရ​သည့် စ​ပျစ်​ရည်​ကို သွန်း​လောင်း​ပူ​ဇော်​မှု​တို့​ကို လည်း​ယဇ်​ပု​ရော​ဟိတ်​များ​က​တာ​ဝန် ယူ​ရ​ကြ​လေ​သည်။ \p သို့​ဖြစ်​၍​ဗိ​မာန်​တော်​၌​ဝတ်​ပြု​ကိုး​ကွယ် မှု​သည်​ပြန်​လည်​တည်​မြဲ​လေ​၏။- \v 36 ထာ​ဝရ​ဘု​ရား​သည်​ဤ​အ​မှု​တို့​ကို​လျင် မြန်​စွာ​ဆောင်​ရွက်​နိုင်​ခွင့်​ပေး​တော်​မူ​သ​ဖြင့် ဟေ​ဇ​ကိ​မင်း​နှင့်​ပြည်​သူ​တို့​သည် ရွှင်​လန်း​ဝမ်း​မြောက်​ကြ​ကုန်​၏။ \c 30 \s1 ပ​သ​ခါ​ပွဲ​တော်​ကျင်း​ပ​ရန်​ပြင်​ဆင်​ခြင်း \p \v 1-3 ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ပြု​ပြီး သူ ယဇ်​ပု​ရော​ဟိတ်​အ​ရေ​အ​တွက်​လုံ​လောက် အောင်​မ​ရှိ​သော​ကြောင့်​လည်း​ကောင်း၊ ယေ​ရု ရှ​လင်​မြို့​သို့​လာ​ရောက်​စု​ဝေး​သူ​တို့​သည် မ​များ​သော​ကြောင့်​လည်း​ကောင်း၊ ပြည်​သူ တို့​သည်​ပ​သ​ခါ​ပွဲ​တော်​ကို ကျင်း​ပ​မြဲ ဖြစ်​သည့်​ပ​ထ​မ​လ​တွင်​မ​ကျင်း​ပ​နိုင် ကြ​ချေ။ ထို​ကြောင့်​ဟေ​ဇ​ကိ​မင်း​နှင့် တ​ကွ မှူး​မတ်​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သူ​မြို့​သား​အ​ပေါင်း​တို့​သည် ထို​ပွဲ​တော် ကို​ဒု​တိ​ယ​လ​၌​ကျင်း​ပ​ရန်​သ​ဘော တူ​ကြ​လေ​သည်။ ထို​နောက်​မင်း​ကြီး​သည် ဣသ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​ရှိ လူ အ​ပေါင်း​တို့​ထံ​သို့​အ​ကြောင်း​ကြား​တော် မူ​၏။ သူ​သည်​ဧ​ဖ​ရိမ်​အ​နွယ်​နှင့်​မ​နာ​ရှေ အ​နွယ်​တို့​အား​ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​သည့်​အ​နေ​ဖြင့် ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ​ရန်​အ​တွက် ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​သို့​လာ ရောက်​ကြ​ရန်​အ​ထူး​ဂ​ရု​ပြု​၍ ဖိတ် ကြား​စာ​များ​ပေး​ပို့​တော်​မူ​လေ​သည်။-\x + \xo 30:1-3 \xt တော၊ ၉:၉-၁၁။\x* \v 4 မင်း​ကြီး​နှင့်​ပြည်​သူ​တို့​သည်​မိ​မိ​တို့ အ​ကြံ​အ​စည်​ကို​နှစ်​သက်​ကြ​သ​ဖြင့်၊- \v 5 ပ​ညတ်​တ​ရား​တော်​နှင့်​အ​ညီ​ပ​သ​ခါ​ပွဲ တော်​ကို ယ​ခင်​အ​ခါ​များ​ထက်​ပို​မို​စည် ကား​စွာ​ကျင်း​ပ​နိုင်​ရန်​မြောက်​ဘက်​ရှိ​ဒန် မြို့​မှ တောင်​ဘက်​ရှိ​ဗေ​ရ​ရှေ​ဗ​မြို့​တိုင် အောင်​ရှိ​သ​မျှ​သော ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​အား​ယေ​ရု​ရှ​လင် မြို့​သို့​ဖိတ်​ခေါ်​၏။- \v 6 မင်း​ကြီး​နှင့်​မှူး​မတ်​များ​၏​အ​မိန့်​အ​ရ စေ​တ​မန်​တို့​သည် ဖိတ်​စာ​များ​ယူ​ဆောင် လျက်​ယု​ဒ​ပြည်​နှင့်​ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​သို့​သွား​ရောက်​ကြ​၏။ \p ဖိတ်​စာ​တွင်``အို ဣသ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည်​အာ​ရှု​ရိ​မင်း​၏​လက်​မှ​လွတ် မြောက်​၍​မ​သေ​ဘဲ​ကျန်​ခဲ့​ကြ​လေ​ပြီ။ အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့်​ယာ​ကုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ ကြ​လော့။ ကိုယ်​တော်​သည်​လည်း​သင်​တို့​ထံ သို့​ပြန်​လည်​ကြွ​လာ​တော်​မူ​လိမ့်​မည်။ \p \v 7 သင်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို သစ္စာ​ဖောက်​သူ​ဘိုး​ဘေး​များ​နှင့်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကဲ့​သို့​မ​ပြု ကြ​နှင့်။ သင်​တို့​သိ​ရှိ​ကြ​သည့်​အ​တိုင်း ကိုယ် တော်​သည် ထို​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ် တော်​မူ​ခဲ့​၏။- \v 8 သင်​တို့​သည်​သူ​တို့​ကဲ့​သို့​ခေါင်း​မ​မာ​ကြ နှင့်။ ထာ​ဝရ​ဘု​ရား​၏​စ​ကား​တော်​ကို​နား ထောင်​ကြ​လော့။ သင်​တို့​သည်​သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထာ​ဝ​စဉ်​သီး​သန့် ထား​တော်​မူ​သော​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန် တော်​သို့​လာ​၍ ကိုယ်​တော်​အား​ကိုး​ကွယ် ဝတ်​ပြု​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ်​တော် သည်​သင်​တို့​အား​အ​မျက်​ထွက်​တော်​မူ တော့​မည်​မ​ဟုတ်။- \v 9 သင်​တို့​သည်​ထာ​ဝရ​ဘု​ရား​၏​ထံ​တော်​သို့ ပြန်​လာ​ကြ​လျှင် သင်​တို့​၏​ဆွေ​မျိုး​သား ချင်း​များ​ကို​သုံ့​ပန်း​အ​ဖြစ်​ဖြင့် ဖမ်း​ဆီး ခေါ်​ဆောင်​သွား​သူ​တို့​သည်​သူ​တို့​အား သ​နား​၍​နေ​ရင်း​ပြည်​သို့​ပြန်​ခွင့်​ပြု​ကြ လိမ့်​မည်။ သင်​တို့​ဘု​ရား​သခင်​ထာ​ဝရ​ဘု​ရား သည်​သ​နား​ကြင်​နာ​၍ က​ရု​ဏာ​ထား တော်​မူ​တတ်​၏။ သင်​တို့​သည်​အ​ထံ​တော် သို့​ပြန်​လာ​ကြ​လျှင်​ကိုယ်​တော်​သည်​သင် တို့​အား​လက်​ခံ​တော်​မူ​ပေ​အံ့'' ဟု​ရေး သား​ဖော်​ပြ​ထား​သ​တည်း။ \p \v 10 စေ​တ​မန်​တို့​သည်​ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ​အ​နွယ် များ​၏​နယ်​မြေ​များ​မြို့​ရှိ​သ​မျှ​နှင့် မြောက်​ဘက် ဇာ​ဗု​လုန်​နယ်​မြေ​သို့​သွား​ရောက်​ကြ​သော်​လည်း လူ​တို့​သည်​သူ​တို့​အား​ပြက်​ရယ်​ပြု​ကာ​ပြောင် လှောင်​ကြ​လေ​သည်။- \v 11 သို့​သော်​အာ​ရှာ၊ မ​နာ​ရှေ​နှင့်​ဇာ​ဗု​လုန်​အနွယ် ဝင်​တို့​အ​နက် အ​ချို့​သော​သူ​တို့​မူ​ကား ယေ​ရု​ရှ​လင်​မြို့​သို့​လာ​ရောက်​ကြ​၏။- \v 12 ထို​အ​ပြင်​မင်း​ကြီး​နှင့်​မှူး​မတ်​တို့​ထုတ်​ပြန် ကြေ​ညာ​သည့်​အ​မိန့်​များ​ကို​လိုက်​နာ​သော အား​ဖြင့် လူ​တို့​သည်​တ​ညီ​တ​ညွတ်​တည်း အ​လို​တော်​ကို​လိုက်​လျှောက်​စေ​ရန် ဘု​ရား​သ​ခင်​သည်​ယု​ဒ​ပြည်​သူ​တို့​၏​စိတ်​ကို​ပြု ပြင်​ပေး​တော်​မူ​၏။ \s1 ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ​ကြ​ခြင်း \p \v 13 ဒု​တိ​ယ​လ​၌​များ​စွာ​သော​လူ​တို့​သည် တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကျင်း​ပ​ရန်​အ​တွက် ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ဝေး​ကြ​၏။- \v 14 သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​ရှိ​ယဇ်​များ​ပူ ဇော်​ရာ​နှင့် နံ့​သာ​ပေါင်း​မီး​ရှို့​ရာ​ယဇ်​ပလ္လင်​ရှိ သ​မျှ​ကို​ယူ​၍​ကေ​ဒြုန်​ချိုင့်​ဝှမ်း​ထဲ​သို့​ပစ် ချ​လိုက်​ကြ​၏။ လ​ဆန်း​တစ်​ဆယ့်​လေး​ရက် နေ့​၌​သူ​တို့​သည် ပ​သ​ခါ​ယဇ်​ပူ​ဇော်​ရန် အ​တွက်​သိုး​များ​ကို​သတ်​ကြ​လေ​သည်။- \v 15 ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ကို​မ​ပြု ခဲ့​သူ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင် တို့​သည် လွန်​စွာ​အ​ရှက်​ရ​၍ မိ​မိ​တို့​ကိုယ်​ကို ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ်​ကြ​သ​ဖြင့် ယ​ခု အ​ခါ​ဗိ​မာန်​တော်​တွင်​မီး​ရှို့​ရာ​ယဇ်​များ​ကို ပူ​ဇော်​နိုင်​ကြ​၏။- \v 16 သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​မော​ရှေ စီ​ရင်​သည့်​ပ​ညတ်​ကျမ်း​တွင် ဖော်​ပြ​ပါ​ရှိ​သည့် ပြ​ဋ္ဌာန်း​ချက်​များ​နှင့်​အ​ညီ​ဗိ​မာန်​တော်​တွင် နေ​ရာ​ယူ​ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​တို့​က ယဇ်​ကောင်​များ​၏​သွေး​ကို​ယဇ်​ပု​ရော​ဟိတ် တို့​အား​ပေး​အပ်​၍ ယဇ်​ပု​ရော​ဟိတ်​တို့​က ထို​သွေး​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​ပက်​ဖြန်း ကြ​လေ​သည်။- \v 17 လူ​အ​မြောက်​အ​မြား​ပင်​လျှင်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​မ​သန့်​စင်​သူ​များ​ဖြစ်​သ​ဖြင့် ပ​သ​ခါ သိုး​တို့​ကို​မ​သတ်​နိုင်​ကြ။ သို့​ဖြစ်​၍​သူ​တို့​ကိုယ် စား​လေဝိ​အ​နွယ်​ဝင်​များ​က​သိုး​တို့​ကို​သတ် ပြီး​လျှင် ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ်​ပူ​ဇော် ပေး​ကြ​၏။- \v 18 ဧ​ဖ​ရိမ်၊ မ​နာ​ရှေ၊ ဣ​သ​ခါ​နှင့်​ဇာ​ဗု​လုန်​နွယ် ဝင်​အ​မြောက်​အ​မြား​မှာ​လည်း​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ သန့်​စင်​မှု​ကို​မ​ပြု​ဘဲ​ပ​သ​ခါ ပွဲ​တော်​သို့​ဝင်​ရောက်​ဆင်​နွှဲ​ကြ​သူ​များ​ဖြစ် ပေ​သည်။ ထို​သူ​တို့​အ​တွက်​ဟေ​ဇ​ကိ​မင်း​က၊- \v 19 ``အို အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား၊ ထို​သူ​တို့​မှာ​သန့်​စင်​မှု မ​ရှိ​သော်​လည်း​ကိုယ်​တော်​အား စိတ်​စွမ်း​ရှိ သ​မျှ​နှင့်​ဝတ်​ပြု​ကိုး​ကွယ်​သူ​များ​ဖြစ်​သ​ဖြင့် ကောင်း​မြတ်​သော​အ​ရှင်​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ​သူ​တို့​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​တော် မူ​ပါ'' ဟု​ပတ္ထ​နာ​ပြု​တော်​မူ​၏။- \v 20 ထာ​ဝရ​ဘု​ရား​သည်​မင်း​ကြီး​၏​လျှောက်​ထား ချက်​ကို​နား​ညောင်း​တော်​မူ​လေ​သည်။ ကိုယ်​တော် သည်​လူ​တို့​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​တော်​မူ​၍ သူ​တို့​အား​ဘေး​ဥ​ပဒ်​ရောက်​စေ​တော်​မ​မူ။- \v 21 ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ဝေး​လျက်​နေ​သော လူ​တို့​သည် အ​လွန်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ခု​နစ်​ရက်​တိုင်​တိုင်​တ​ဆေး​မဲ့​မုန့်​ပွဲ​တော် ကို​ကျင်း​ပ​ကြ​ကုန်​၏။ လေ​ဝိ​အ​နွယ်​ဝင် များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​တစ်​နေ့​ပြီး တစ်​နေ့ ထာ​ဝရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​အ​စွမ်း ကုန်​ချီး​မွမ်း​ကြ​လေ​သည်။- \v 22 ထာ​ဝရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို ကျွမ်း​ကျင်​စွာ​စီ​စဉ်​ဆောင်​ရွက်​ပေး​သည့် အ​တွက် ဟေ​ဇ​ကိ​မင်း​သည်​လေဝိ​အ​နွယ် ဝင်​တို့​ကို​ချီး​ကူး​တော်​မူ​၏။ \s1 ဒု​တိ​ယ​အ​ကြိမ်​ပွဲ​တော်​ကျင်း​ပ​ခြင်း \p သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား ထော​မ​နာ​ပြု​၍ ခု​နစ်​ရက်​တိုင်​တိုင်​ယဇ်​ပူ​ဇော်​ကြ​ပြီး​သော အ​ခါ၊- \v 23 နောက်​ထပ်​ခု​နစ်​ရက်​ကျင်း​ပ​ရန်​ဆုံး​ဖြတ်​ကြ လျက် ထို​ပွဲ​တော်​ကို​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ဆက်​လက်​ကျင်း​ပ​ကြ​ကုန်​၏။- \v 24 ဟေ​ဇ​ကိ​မင်း​သည်​လူ​တို့​စား​ရန်​အ​တွက် နွား ကောင်​ရေ​တစ်​ထောင်​နှင့်​သိုး​ကောင်​ရေ​ခု​နစ်​ထောင် ကို​ပေး​လှူ​တော်​မူ​၏။ မှူး​မတ်​များ​က​လည်း နွား​ကောင်​ရေ​တစ်​ထောင်​နှင့်​သိုး​ကောင်​ရေ​တစ် သောင်း​ကို​ပေး​လှူ​ကြ​လေ​သည်။ ယဇ်​ပု​ရော ဟိတ်​အ​မြောက်​အ​မြား​ပင်​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ကို​ပြု​ကြ​ကုန်​၏။- \v 25 သို့​ဖြစ်​၍​ယု​ဒ​ပြည်​သူ​များ၊ ယဇ်​ပု​ရော​ဟိတ် များ၊ လေဝိ​အ​နွယ်​ဝင်​များ၊ မြောက်​အ​ရပ်​မှ​လာ ရောက်​ကြ​သူ​များ၊ ဣသ​ရေ​လ​ပြည်​နှင့်​ယု​ဒ ပြည်​တွင်​အ​တည်​တ​ကျ​နေ​ထိုင်​ကြ​သူ လူ​မျိုး ခြား​များ​သည်​အား​ရ​ဝမ်း​မြောက်​ကြ​လေ​သည်။- \v 26 ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည်​ဒါ​ဝိဒ် ၏​သား​တော်​ရှော​လ​မုန်​မင်း​လက်​ထက်​မှ​စ​၍ ယ​နေ့​တိုင်​အောင်​ဤ​သို့​သော​ပွဲ​မျိုး​ကို​မ​ကျင်း ပ​ဘူး​ကြ​သ​ဖြင့်​အ​တိုင်း​ထက်​အ​လွန် ဝမ်း​မြောက်​ကြ​ကုန်​၏။- \v 27 ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေဝိ​အ​နွယ်​ဝင်​တို့ သည်​ပြည်​သူ​တို့​အ​တွက် ထာ​ဝရ​ဘု​ရား​ထံ တော်​မှ​ကောင်း​ချီး​မင်္ဂ​လာ​ကို​တောင်း​လျှောက် ကြ​သ​ဖြင့် ထာ​ဝရ​ဘု​ရား​သည်​စံ​တော်​မူ​ရာ ကောင်း​ကင်​ဘုံ​မှ​သူ​တို့​၏​ပတ္ထ​နာ​ကို​နား ညောင်း​တော်​မူ​၏။ \c 31 \s1 ဘာ​သာ​ရေး​ဆိုင်​ရာ​ပြောင်း​လဲ​မှု​များ​ကို ဟေ​ဇ​ကိ​ပြု​လုပ်​ခြင်း \p \v 1 ပွဲ​တော်​ပြီး​ဆုံး​သွား​သော​အ​ခါ၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည်​ယု​ဒ​မြို့​ရှိ​သ​မျှ သို့​သွား​လျက် ကျောက်​တိုင်​များ​ကို​ဖြို​ဖျက်​၍ အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​များ​ကို​ခုတ် လှဲ​ကြ​၏။ ယဇ်​ပလ္လင်​များ​နှင့်​ရုပ်​တု​ကိုး​ကွယ် ရာ​ဌာ​န​များ​ကို​လည်း​ဖြို​ဖျက်​ကြ​၏။ သူ​တို့ သည်​ယု​ဒ​နယ်​မြေ၊ ဗင်္ယာ​မိန်​နယ်​မြေ​နှင့်​မ​နာ​ရှေ နယ်​မြေ​တို့​တွင်​လည်း​ဤ​နည်း​အ​တိုင်း​ပြု​လုပ် ကြ​ပြီး​လျှင်​မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး​သို့ ပြန်​သွား​ကြ​၏။ \p \v 2 ဟေ​ဇ​ကိ​မင်း​သည်​ယဇ်​ပု​ရော​ဟိတ်​နှင့်​လေ​ဝိ အနွယ်​ဝင်​အ​ဖွဲ့​ကို​ပြန်​လည်​ဖွဲ့​စည်း​တော်​မူ​၍ သူ​တို့​အ​သီး​သီး​အ​တွက်​တိ​ကျ​သော​တာ​ဝန် ဝတ္တ​ရား​များ​ကို​သတ်​မှတ်​ပေး​တော်​မူ​၏။ ထို တာ​ဝန်​ဝတ္တ​ရား​များ​တွင်​မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​များ​ကို​ပူ​ဇော်​ခြင်း၊ ဗိ​မာန်​တော်​၌​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင် ပါ​ဝင်​ဆောင်​ရွက်​ခြင်း၊ ဗိ​မာန်​တော်​ဌာ​န အ​သီး​သီး​တွင်​ဂုဏ်​တော်​နှင့်​ကျေး​ဇူး တော်​ချီး​မွမ်း​ခြင်း​တို့​ပါ​ဝင်​လေ​သည်။- \v 3 မင်း​ကြီး​သည်​ထာ​ဝရ​ဘု​ရား​၏​ပ​ညတ်​ကျမ်း အ​ရ နေ့​စဉ်​နံ​နက်​တိုင်း၊ ည​နေ​တိုင်း၊ ဥ​ပုသ်​နေ့ လ​ဆန်း​ပွဲ​တော်​နေ့​နှင့်​အ​ခြား​ပွဲ​တော်​များ​၌ မီး​ရှို့​ပူ​ဇော်​ရန် လို​အပ်​သော​သိုး​နွား​များ​ကို မိ​မိ​ပိုင်​သိုး​အုပ်​နွား​အုပ်​များ​မှ​ပေး​လှူ​တော် မူ​၏။\x + \xo 31:3 \xt တော၊ ၂၈:၁-၂၉:၃၉။\x* \p \v 4 ထို​အ​ပြင်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​သည် ထာ​ဝရ​ဘု​ရား​၏​ပ​ညတ် ကျမ်း​ပြ​ဋ္ဌာန်း​ချက်​များ​ကို​အ​ချိန်​ပြည့် တာ​ဝန်​ယူ​ဆောင်​ရွက်​နိုင်​ကြ​စေ​ခြင်း​ငှာ သူ တို့​ခံ​ယူ​ထိုက်​သော​လှူ​ဖွယ်​ပစ္စည်း​များ​ကို ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​ယူ​ဆောင် လာ​ကြ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-\x + \xo 31:4 \xt တော၊ ၁၈:၁၂-၁၃၊ ၂၁။\x* \v 5 အ​မိန့်​တော်​ကို​ကြား​လျှင်​ကြား​ချင်း​ဣသ​ရေ​လ ပြည်​သူ​တို့​သည်​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ ပျား​ရည်​နှင့်​အ​ခြား​လယ်​ယာ​ထွက်​သီး​နှံ လက်​ဦး​လက်​ဖျား​များ\f 9 \fr 31:5 \ft * \+fk လက်​ဦး​လက်​ဖျား​များ။ \ft လက်​ဦး​လက်​ဖျား​များ​သည်​ယဇ်​ပု​ရော​ဟိတ် များ​အ​တွက်။ ဆယ်​ပုံ​တစ်​ပုံ​သည်​လေ​ဝိ​အ​နွယ် ဝင်​များ​အ​တွက်​ဖြစ်​သည်။\f* ကို​လည်း​ကောင်း၊ ရှိ​သ​မျှ​သော​ဥစ္စာ​များ​၏ ဆယ်​ပုံ​တစ်​ပုံ​ကို​လည်း​ကောင်း​ယူ​ဆောင်​လာ ကြ​လေ​သည်။- \v 6 ယုဒ​မြို့​များ​တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​သည် လည်း မိ​မိ​တို့​၏​သိုး​နွား​ဆယ်​ပုံ​တစ်​ပုံ​နှင့် လှူ​ဖွယ်​ပစ္စည်း​အ​မြောက်​အ​မြား​ကို​ယူ​ဆောင် လာ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် လှူ​ဒါန်း​ကြ​၏။- \v 7 ထို​လှူ​ဖွယ်​ပစ္စည်း​များ​သည်​တ​တိ​ယ​လ​မှ အ​စ​ပြု​၍ နောက်​လေး​လ​တိုင်​တိုင်​ဆက်​လက် ရောက်​ရှိ​လာ​ကာ​စု​ပုံ​လျက်​နေ​လေ​၏။- \v 8 မင်း​ကြီး​နှင့်​မှူး​မတ်​တို့​သည်​စု​ပုံ​လျက်​နေ သော​ပစ္စည်း​များ​ကို​တွေ့​မြင်​ကြ​သော​အ​ခါ ထာ​ဝရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​၍ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ချီး​ကူး​ကြ​ကုန်​၏။- \v 9 မင်း​ကြီး​သည်​ထို​လှူ​ဖွယ်​ပစ္စည်း​များ​နှင့် ပတ်​သက်​၍ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​အား​မိန့်​ကြား​တော်​မူ​သော အခါ၊- \v 10 ဇာ​ဒုတ်​၏​သား​မြေး​ယဇ်​ပု​ရော​ဟိတ်​မင်း အာ​ဇ​ရိ​က``ပြည်​သူ​တို့​သည်​ဤ​လှူ​ဖွယ် ပစ္စည်း​များ​ကို​ဗိ​မာန်​တော်​သို့​ယူ​ဆောင်​လာ ချိန်​မှ​အ​စ​ပြု​၍ အ​ကျွန်ုပ်​တို့​စား​သုံး​ရန် အ​လုံ​အ​လောက်​ရ​ရှိ​ကြ​သည့်​အ​ပြင် များ​စွာ​ပင်​ပို​လျှံ​လျက်​နေ​ပါ​၏။ ဤ​မျှ အ​ကျွန်ုပ်​တို့​ရ​ရှိ​ကြ​ခြင်း​မှာ​ထာ​ဝရ ဘု​ရား​သည် မိ​မိ​၏​လူ​မျိုး​တော်​အား ကောင်း​ချီး​ပေး​တော်​မူ​သော​ကြောင့်​ဖြစ် ပါ​၏'' ဟု​လျှောက်​လေ​သည်။ \p \v 11 မင်း​ကြီး​၏​အ​မိန့်​တော်​အ​ရ​ဗိ​မာန်​တော် အ​နီး​တွင် ပစ္စည်း​သို​လှောင်​ခန်း​များ​ကို​ပြင် ဆင်​ပြီး​လျှင်၊- \v 12 ထို​လှူ​ဖွယ်​ပစ္စည်း​များ​နှင့်​ဆယ်​ပုံ​တစ်​ပုံ အ​လှူ​များ​ကို​သိမ်း​ဆည်း​ထား​ကြ​၏။ သူ တို့​သည်​ပစ္စည်း​သို​လှောင်​ခန်း​များ​အ​တွက် လေ​ဝိ​အ​နွယ်​ဝင်​ကော​န​နိ​အား​တာ​ဝန်​ခံ အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ သူ​၏​ညီ​ရှိ​မိ​အား လက်​ထောက်​တာ​ဝန်​ခံ​အ​ဖြစ်​ဖြင့်​လည်း ကောင်း​ခန့်​အပ်​ကြ​လေ​သည်။- \v 13 သူ​တို့​၏​လက်​အောက်​တွင်​အ​မှု​ထမ်း​ရန် လေ​ဝိ အ​နွယ်​ဝင်​ဆယ်​ဦး​ဖြစ်​ကြ​သော​ယေ​ဟေ​လ၊ အာ​ဇ​ဇိ၊ နာ​ဟတ်၊ အာ​သ​ဟေ​လ၊ ယေ​ရိ​မုတ်၊ ယော​ဇ​ဗတ်၊ ဧ​လျေ​လ၊ ဣ​သ​မ​ခိ၊ မာ​ဟတ် နှင့်​ဗေ​နာ​ယ​တို့​ကို​လည်း​ခန့်​ထား​ကြ​၏။ ဤ​ရာ​ထူး​များ​ကို​ဟေ​ဇ​ကိ​မင်း​နှင့်​ယဇ် ပု​ရော​ဟိတ်​မင်း​အာ​ဇ​ရိ​တို့​၏​အ​မိန့်​အ​ရ ခန့်​ထား​ခြင်း​ဖြစ်​သ​တည်း။- \v 14 လေ​ဝိ​အ​နွယ်​ဝင်​ဣမ​န​၏​သား၊ ဗိ​မာန်​တော် အ​ရှေ့​တံ​ခါး​မှူး​ကော​ရ​သည်​ထာ​ဝ​ရ​ဘု​ရား အား ပေး​လှူ​သည့်​ပူ​ဇော်​သ​ကာ​များ​ကို​လက် ခံ​ရန်​နှင့်​ဝေ​မျှ​ရန်​တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​၏။- \v 15-16 ယဇ်​ပု​ရော​ဟိတ်​များ​နေ​ထိုင်​ရာ​အ​ခြား​မြို့ များ​၌ အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​များ​ဖြစ် ကြ​သော​ဧ​ဒင်၊ ဗင်္ယာ​မိန်၊ ယော​ရှု၊ ရှေ​မာ​ယ၊ အာ​မ​ရိ​နှင့်​ရှေ​က​နိ​တို့​က​ကော​ရ​အား သစ္စာ​ရှိ​စွာ​ကူ​ညီ​ဆောင်​ရွက်​ပေး​ကြ​လေ​သည်။ သူ​တို့​သည်​မိ​မိ​တို့​၏​ညီ​အစ်​ကို​လေ​ဝိ အ​နွယ်​ဝင်​တို့​အား သား​ချင်း​စု​အ​လိုက် မ​ဟုတ်​ဘဲ​သူ​တို့​ထမ်း​ဆောင်​ရ​သည့်​တာ​ဝန် ဝတ္တ​ရား​များ​အ​လိုက် ထို​လှူ​ဖွယ်​ပစ္စည်း​များ ကို​ခွဲ​ဝေ​ပေး​ကြ​ရ​၏။ မိ​မိ​တို့​ရာ​ထူး အ​လိုက်​ဗိ​မာန်​တော်​တွင်​နေ့​စဉ် တာ​ဝန် ထမ်း​ဆောင်​ရ​သူ​အ​သက်​သုံး​ဆယ်​နှင့် အ​ထက်​ရှိ​သူ​အ​ပေါင်း​တို့​သည်​ဝေ​စု တစ်​စု​စီ​ရ​ရှိ​ကြ​လေ​သည်။- \v 17 ယဇ်​ပု​ရော​ဟိတ်​များ​သည်​မိ​မိ​တို့​သား ချင်း​စု​အ​လိုက် တာ​ဝန်​ဝတ္တ​ရား​များ​ကို ထမ်း​ဆောင်​ရ​ကြ​၍​အ​သက်​နှစ်​ဆယ်​နှင့် အ​ထက်​ရှိ​လေဝိ​အနွယ်​ဝင်​များ​မှာ​မူ လုပ်​ငန်း အ​ဖွဲ့​များ​အ​လိုက်​တာ​ဝန်​ထမ်း​ဆောင်​ကြ ရ​၏။- \v 18 ထို​သူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​အ​တွက် သီး​သန့်​ထား​သော​တာ​ဝန်​ဝတ္တ​ရား​များ​ကို အ​ချိန်​မ​ရွေး​ထမ်း​ဆောင်​ရန်​အ​သင့်​ရှိ​အပ် သည်​ဖြစ်​၍ သား​မ​ယား​များ​နှင့်​တ​ကွ အ​ခြား​မှီ​ခို​သူ​များ​နှင့်​အ​တူ​မှတ်​ပုံ တင်​ထား​ရ​ကြ​လေ​သည်။- \v 19 အာ​ရုန်​မှ​ဆင်း​သက်​လာ​သူ​တို့​အား​နေ​ရာ ချ​ထား​သည့်​မြို့​များ​၌​ဖြစ်​စေ၊ ထို​မြို့​တို့ နှင့်​သက်​ဆိုင်​သည့်​စား​ကျက်​များ​၌​ဖြစ်​စေ နေ​ထိုင်​သူ​ယဇ်​ပု​ရော​ဟိတ်​များ​တွင်​ရိက္ခာ ခွဲ​ဝေ​မှု​တာ​ဝန်​ခံ​များ​ရှိ​၏။ သူ​တို့​သည်​ယဇ် ပု​ရော​ဟိတ်​များ​၏​အိမ်​ထောင်​စု​ဝင်​ယောကျာ်း မှန်​သ​မျှ​နှင့် လေ​ဝိ​သား​ချင်း​စု​စာ​ရင်း ဝင်​သူ​မှန်​သ​မျှ​တို့​အား​စား​နပ်​ရိက္ခာ များ​ကို​ခွဲ​ဝေ​ပေး​ကြ​၏။ \p \v 20 ဟေ​ဇ​ကိ​မင်း​သည်​ယု​ဒ​ပြည်​တစ်​လျှောက် လုံး​တွင်​ဖြောင့်​မှန်​သော၊ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​နှစ်​သက်​တော်​မူ သော​အ​မှု​တို့​ကို​ပြု​တော်​မူ​၏။- \v 21 သူ​သည်​ဗိ​မာန်​တော်​အ​တွက်​ပြု​လေ​သ​မျှ သော​အ​မှု​တို့​တွင်​လည်း​ကောင်း၊ ပ​ညတ်​တော် ကို​စောင့်​ထိန်း​ရာ​၌​လည်း​ကောင်း၊ မိ​မိ​၏ ဘု​ရား​သ​ခင်​အား​စိတ်​ရော​ကိုယ်​ပါ ဆည်း ကပ်​လျက်​ပြု​တော်​မူ​သည့်​အ​တွက်​အောင် မြင်​ထ​မြောက်​တော်​မူ​၏။ \c 32 \s1 ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​ရန်​အာ​ရှု​ရိ အ​မျိုး​သား​တို့​ခြိမ်း​ခြောက်​ခြင်း \r (၄ရာ၊ ၁၈:၁၃-၃၇၊ ၁၉:၁၄-၁၉၊ ၃၅-၃၇။ ဟေရှာ၊ ၃၆:၁-၂၂၊ ၃၇:၈-၃၈) \p \v 1 ဤ​သို့​ဟေ​ဇ​ကိ​သည်​ထာ​ဝရ​ဘု​ရား​အား သစ္စာ​နှင့်​ဆည်း​ကပ်​ကိုး​ကွယ်​လျက်​နေ​သည့် နောက်​ပိုင်း​၌ အာ​ရှု​ရိ​ဧ​က​ရာဇ်​သ​နာ​ခ​ရိပ် သည် ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​လာ လေ​သည်။ သူ​သည်​တံ​တိုင်း​ကာ​ရံ​ထား​သည့် မြို့​များ​ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ကာ မြို့​ရိုး​များ ကို​ချိုး​ဖောက်​ဝင်​ရောက်​ရန်​မိမိ​၏​တပ်​မ တော်​အား​အ​မိန့်​ပေး​တော်​မူ​၏။- \v 2 သ​နာ​ခ​ရိပ်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​လည်း တိုက်​ခိုက်​ရန်​ကြံ​စည်​လျက်​ရှိ​ကြောင်း ဟေ​ဇ​ကိ သိ​မြင်​သော​အ​ခါ၊- \v 3-4 မိ​မိ​၏​မှူး​မတ်​များ​နှင့်​တိုင်​ပင်​၍​အာ​ရှု​ရိ အ​မျိုး​သား​တို့​ရောက်​လာ​ချိန်​၌ ရေ​မ​ရ​အောင် မြို့​ပြင်​သို့​ရေ​လွှတ်​မြောင်း​များ​ကို​ဖြတ်​တောက် စေ​တော်​မူ​၏။ မှူး​မတ်​တို့​သည်​လူ​အ​မြောက် အ​မြား​ကို​စု​ရုံး​လျက်​စမ်း​ရေ​တွင်း​ရှိ​သ​မျှ တို့​ကို​ပိတ်​ဆို့​လိုက်​ကြ​၏။- \v 5 မင်း​ကြီး​သည်​မြို့​တော်​ကာ​ကွယ်​ရေး​အ​တွက် ခိုင်​ခံ့​စေ​ရန် မြို့​ရိုး​များ​ကို​ပြန်​လည်​ပြု​ပြင် ခြင်း၊ ပြ​အိုး​များ​ကို​ဆောက်​လုပ်​ခြင်း၊ အ​ပြင် မြို့​ရိုး​တစ်​ထပ်​ကို​တည်​ဆောက်​ခြင်း​တို့​ကို ပြု​တော်​မူ​၏။ ထို့​ပြင်​ယေ​ရု​ရှ​လင်​မြို့​ဟောင်း အ​ရှေ့​ပိုင်း​၌​ရှိ​သော​မြေ​က​တုတ်​များ​ကို ပြု​ပြင်​၍ လှံ​နှင့်​ဒိုင်း​လွှား​အ​မြောက်​အ​မြား ကို​ပြု​လုပ်​စေ​တော်​မူ​၏။- \v 6 မင်း​ကြီး​သည်​မြို့​သား​အ​ပေါင်း​တို့​အား တပ်​မ​တော်​အ​ရာ​ရှိ​များ​၏​အောက်​တွင် ထား​ရှိ​ကာ​မြို့​တံ​ခါး​ဝ​ရှိ​ကွက်​လပ်​တွင် စု​ဝေး​စေ​ပြီး​လျှင်၊- \v 7 ``အား​မာန်​တင်း​၍​ရဲ​စွမ်း​သတ္တိ​ရှိ​ကြ​လော့။ အာ​ရှု​ရိ​ဧ​က​ရာဇ်​ကို​သော်​လည်း​ကောင်း၊ သူ ဦး​စီး​ခေါင်း​ဆောင်​ပြု​သည့်​တပ်​မ​တော်​ကို သော်​လည်း​ကောင်း​မ​ကြောက်​ကြ​နှင့်။ သူ​၏ တန်​ခိုး​စွမ်း​ရည်​ထက်​ပို​မို​ကြီး​မား​သော တန်​ခိုး​စွမ်း​ရည်​ငါ​တို့​တွင်​ရှိ​၏။- \v 8 သူ​၏​ဘက်​၌​လူ​သား​တို့​၏​တန်​ခိုး​စွမ်း​ရည် သာ​လျှင်​ရှိ​ပေ​သည်။ ငါ​တို့​ဘက်​၌​မူ​ကား ကူ​မ​တော်​မူ​၍​စစ်​ပွဲ​များ​တွင်​ပါ​ဝင်​တိုက် ခိုက်​တော်​မူ​သော​ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​ရှိ​တော်​မူ​၏'' ဟု​မိန့်​တော် မူ​လေ​သည်။ ဤ​သို့​မင်း​ကြီး​မိန့်​တော်​မူ သော​စ​ကား​ကြောင့်​လူ​တို့​သည်​အား တက်​လာ​ကြ​ကုန်​၏။ \p \v 9 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​သ​နာ ခ​ရိပ်​သည် မိ​မိ​တပ်​မ​တော်​နှင့်​အ​တူ​လာ​ခိ​ရှ မြို့​၌​ပင်​ရှိ​နေ​စဉ် ဟေ​ဇ​ကိ​နှင့်​ယေ​ရု​ရှ​လင် မြို့​တွင်​ရှိ​နေ​ကြ​သော​ယု​ဒ​ပြည်​သူ​တို့​ထံ သို့​စေ​တ​မန်​လွှတ်​၍၊- \v 10 ``သင်​တို့​ယေရု​ရှ​လင်​မြို့​သား​များ​သည်​အ​ဝိုင်း ခံ​လျက်​နေ​ရ​ချိန်​၌​ပင်​အ​ဘယ်​သို့​လျှင် စိတ် ချ​လက်​ချ​နေ​နိုင်​ကြ​ပါ​သ​နည်း​ဟု​ငါ အာ​ရှု​ရိ​ဧ​က​ရာဇ်​မေး​မြန်း​လိုက်​၏။- \v 11 ဟေ​ဇ​ကိ​က​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​သည် သင်​တို့​အား​ငါ​၏​လက်​မှ​ကယ်​တော် မူ​မည်​ဟု​ဆို​ချေ​သည်။ သို့​ရာ​တွင်​ဟေ​ဇ​ကိ သည်​သင်​တို့​အ​စာ​ရေ​စာ​ငတ်​မွတ်​၍​သေ​ကြ စေ​ရန်​လှည့်​စား​ပြော​ဆို​နေ​ခြင်း​ဖြစ်​၏။- \v 12 ထာ​ဝရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န များ​နှင့်​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကာ ယု​ဒ ပြည်​သူ​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား တို့​အား​ယဇ်​ပလ္လင်​တစ်​ခု​တည်း​တွင်​နံ့​သာ ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​၍​ဝတ်​ပြု​ကိုး​ကွယ် ရန်​ပြော​ကြား​သူ​ကား​ဟေဇ​ကိ​ပင်​ဖြစ်​သည်။- \v 13 ငါ​နှင့်​ငါ​၏​ဘိုး​ဘေး​များ​သည်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​မှ​လူ​တို့​အား​အ​ဘယ်​သို့​ပြု ခဲ့​သည့်​ကို​သင်​တို့​မ​သိ​ကြ​ပါ​သ​လော။ အ​ခြား​အ​ဘယ်​တိုင်း​နိုင်​ငံ​၏​ဘု​ရား​များ သည်​မိ​မိ​တို့​လူ​များ​အား​အာ​ရှု​ရိ​ဧ​က​ရာဇ် ၏​လက်​မှ​ကယ်​ခဲ့​ကြ​ပါ​သ​နည်း။- \v 14 ထို​နိုင်​ငံ​များ​ရှိ​အ​ဘယ်​မည်​သော​ဘု​ရား​သည် မိ​မိ​၏​လူ​တို့​အား​ငါ​၏​လက်​မှ​ကယ်​ခဲ့​ဖူး ပါ​သ​နည်း။ သို့​ဖြစ်​ပါ​လျက်​သင်​တို့​၏​ဘု​ရား သည်​သင်​တို့​ကို​ကယ်​တော်​မူ​နိုင်​သည်​ဟု အ​ဘယ်​ကြောင့်​သင်​တို့​ထင်​မှတ်​ကြ​ပါ သ​နည်း။- \v 15 ယ​ခု​သင်​တို့​အား​ဟေ​ဇ​ကိ​မ​လှည့်​စား​မ​ဖြား ယောင်း​စေ​နှင့်။ သူ​၏​စ​ကား​ကို​သင်​တို့​မ​ယုံ ကြ​စေ​နှင့်။ အ​ဘယ်​တိုင်း​နိုင်​ငံ​၏​ဘု​ရား​မျှ မိ​မိ​၏​လူ​တို့​အား​အာ​ရှု​ရိ​ဧ​က​ရာဇ်​၏​လက် မှ​ကယ်​နိုင်​ခဲ့​ဘူး​သည်​မ​ရှိ။ သို့​ဖြစ်​၍​သင်​တို့ ၏​ဘု​ရား​သည်​လည်း​အ​မှန်​ပင်​သင်​တို့​အား မ​ကယ်​နိုင်'' ဟု​ပြော​ကြား​စေ​လေ​သည်။ \p \v 16 အာ​ရှု​ရိ​တပ်​မှူး​သည်​လည်း​ထာ​ဝရ​အ​ရှင် ဘု​ရား​သ​ခင်​အား​လည်း​ကောင်း၊ ထာ​ဝရ​ဘု​ရား ၏​အ​စေ​ခံ​ဟေ​ဇ​ကိ​အား​လည်း​ကောင်း​ထို ထက်​ပင်​ပို​မို​ရှုတ်​ချ​ပြော​ဆို​ကြ​သေး​၏။- \v 17 ဧ​က​ရာဇ်​မင်း​သည်​ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ကို​အာ​ခံ​လျက် ပေး​ပို့ သော​အ​မှာ​တော်​စာ​တွင်``အ​တိုင်း​တိုင်း​အ​ပြည် ပြည်​မှ​ဘု​ရား​များ​သည်​မိ​မိ​တို့​၏​လူ​များ အား​ငါ​၏​လက်​မှ​မ​ကယ်​နိုင်​ခဲ့​ကြ။ ဟေ​ဇ​ကိ ၏​ဘု​ရား​သည်​လည်း​မိ​မိ​၏​လူ​တို့​ကို​ငါ ၏​လက်​မှ​ကယ်​နိုင်​လိမ့်​မည်​မ​ဟုတ်'' ဟု ဖော်​ပြ​ထား​သ​တည်း။- \v 18 တပ်​မှူး​တို့​သည်​မြို့​ရိုး​ပေါ်​ရှိ​ယေ​ရု​ရှ​လင်​မြို့ သား​တို့​အား​ခြိမ်း​ခြောက်​ကာ​စိတ်​ပျက်​အား လျော့​အောင်​ပြု​၍ မြို့​ကို​အ​လွယ်​တ​ကူ​သိမ်း ပိုက်​နိုင်​စေ​ရန်​ဟေ​ဗြဲ​ဘာ​သာ​စ​ကား​ဖြင့် အော်​ဟစ်​ပြော​ဆို​ကြ​လေ​သည်။- \v 19 သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သား​တို့​၏​ဘု​ရား​သ​ခင်​ကို​လူ​တို့​လက်​ဖြင့်​ပြု​လုပ်​သော​ရုပ်​တု များ​ဖြစ်​သည့်​အ​ခြား​လူ​မျိုး​တို့​၏​ဘု​ရား များ​နှင့်​တန်း​တူ​ထား​၍​ပြော​ဆို​ကြ​၏။ \p \v 20 ထို​အ​ခါ​ဟေ​ဇ​ကိ​မင်း​နှင့်​အာ​မုတ်​၏​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် ဘု​ရား​သ​ခင်​ထံ တော်​သို့​ကယ်​မ​တော်​မူ​ရန်​ဟစ်​လျက်​ပတ္ထ​နာ ပြု​ကြ​လေ​သည်။- \v 21 ထာ​ဝရ​ဘု​ရား​သည်​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်​၍ အာ​ရှု​ရိ​တပ်​သား​များ​နှင့်​တပ်​မ တော်​အ​ရာ​ရှိ​များ​အား​သုတ်​သင်​ပယ်​ရှင်း စေ​တော်​မူ​၏။ ဧ​က​ရာဇ်​မင်း​သည်​အ​ရှက်​ကွဲ လျက်​အာ​ရှု​ရိ​ပြည်​သို့​ပြန်​တော်​မူ​၏။ တစ် နေ့​သ​၌​သူ​သည်​မိ​မိ​ဘု​ရား​၏​ဗိ​မာန် တော်​၌​ရှိ​နေ​စဉ် သား​တော်​အ​ချို့​တို့​သည် သူ့​အား​ဋ္ဌား​ဖြင့်​လုပ်​ကြံ​ကြ​လေ​သည်။ \p \v 22 ဤ​နည်း​အား​ဖြင့်​ထာ​ဝရ​ဘု​ရား​သည်​ဟေ ဇ​ကိ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့ အား အာ​ရှု​ရိ​ဧ​က​ရာဇ်​သ​နာ​ခ​ရိပ်​၏​လက် မှ​လည်း​ကောင်း၊ အ​ခြား​ရန်​သူ​များ​၏​လက် မှ​လည်း​ကောင်း​ကယ်​တော်​မူ​၍​ပတ်​ဝန်း​ကျင် နိုင်​ငံ​များ​နှင့်​ငြိမ်း​ချမ်း​မှု​ကို​ပေး​တော်​မူ​၏။- \v 23 လူ​အ​မြောက်​အ​မြား​ပင်​ထာ​ဝ​ရ​ဘု​ရား အ​တွက်​ပူ​ဇော်​သ​ကာ​များ​နှင့် ဟေ​ဇ​ကိ မင်း​အ​တွက်​လက်​ဆောင်​များ​ကို​ယေ​ရု​ရှ​လင် မြို့​သို့​ယူ​ဆောင်​လာ​ကြ​၏။ ထို​ကာ​လ​မှ အ​စ​ပြု​၍​ဟေ​ဇ​ကိ​သည်​နိုင်​ငံ​တ​ကာ တို့​၏​ရှေ့​တွင်​ဂုဏ်​အ​သ​ရေ​ကြီး​မြင့်​လေ​၏။ \s1 ဟေ​ဇ​ကိ​ဖျား​နာ​မှု​နှင့်​မာန်​မာ​န​ထောင်​လွှား​မှု \r (၄ရာ၊ ၂၀:၁-၃၊ ၁၂-၁၉။ ဟေ၊ ၃၈:၁-၃၊ ၃၉:၁-၈) \p \v 24 ထို​အ​ချိန်​ကာ​လ​လောက်​၌​ပင်​ဟေ​ဇ​ကိ​သည် သေ​လု​နီး​ပါး​ဖျား​နာ​သ​ဖြင့် ဆု​တောင်း​ပတ္ထ နာ​ပြု​တော်​မူ​၏။ ထာ​ဝရ​ဘု​ရား​သည်​သူ​ပြန် လည်​ကျန်း​မာ​လာ​မည့်​နိ​မိတ်​ကို​ပြ​တော်​မူ​၏။- \v 25 သို့​ရာ​တွင်​ဟေ​ဇ​ကိ​မင်း​သည်​မာန်​မာ​န​ရှိ သ​ဖြင့် ခံ​စား​ရ​သော​ကျေး​ဇူး​တော်​အ​တွက် ကျေး​ဇူး​တော်​ကို​မ​ချီး​မွမ်း။ ထို​ကြောင့်​ယု​ဒ ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​တို့ သည်​အ​မျက်​တော်​ဒဏ်​ကို​ခံ​ရ​ကြ​လေ​သည်။- \v 26 နောက်​ဆုံး​တွင်​ဟေ​ဇ​ကိ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သူ​မြို့​သား​တို့​သည်​နှိမ့်​ချ​သော​စိတ်​ရှိ​လာ ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​ဟေ​ဇ​ကိ ၏​လက်​ထက်​ကာ​လ​တွင်​ပြည်​သူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မ​မူ။ \s1 ဟေ​ဇ​ကိ​၏​ချမ်း​သာ​ကြွယ်​ဝ​ခြင်း​နှင့် ဂုဏ်​အ​သ​ရေ​ကြီး​မြင့်​ခြင်း \p \v 27 ဟေ​ဇ​ကိ​သည်​လွန်​စွာ​ချမ်း​သာ​ကြွယ်​ဝ​လာ ပြီး​လျှင် လူ​အ​ပေါင်း​တို့​၏​ရှေ့​တွင်​ဂုဏ်​အ​သ ရေ​ကြီး​မြင့်​လေ​၏။ သူ​သည် ရွှေ၊ ငွေ၊ ကျောက်​မျက် ရ​တ​နာ​များ၊ နံ့​သာ​မျိုး​များ၊ ဒိုင်း​လွှား​များ နှင့်​အ​ခြား​အ​ဖိုး​တန်​ပစ္စည်း​များ​သို​လှောင် ရန်​တိုက်​များ​ကို​တည်​ဆောက်​တော်​မူ​၏။- \v 28 စ​ပါး၊ စ​ပျစ်​ရည်​နှင့်​သံလွင်​ဆီ​အ​တွက်​ကုန် လှောင်​ရုံ​များ၊ မိ​မိ​၏​ကျွဲ​နွား​များ​အ​တွက် တင်း​ကုပ်​များ၊ သိုး​များ​အ​တွက်​ခြံ​များ ကို​လည်း​တည်​ဆောက်​တော်​မူ​၏။- \v 29 ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​ဤ​အ​ရာ များ​အ​ပြင်​သိုး​နွား​များ​နှင့်​အ​ခြား​ပစ္စည်း ဥစ္စာ​အ​မြောက်​အ​မြား​ကို​လည်း​ပေး​သ​နား တော်​မူ​သ​ဖြင့် သူ​သည်​မြောက်​မြား​စွာ​သော မြို့​တို့​ကို​တည်​ထောင်​တော်​မူ​၏။- \v 30 ဂိ​ဟုန်​စမ်း​မှ​ရေ​စီး​ကြောင်း​ကို​ပိတ်​ဆို့​လိုက် ပြီး​လျှင်​ဥ​မင်​လိုဏ်​ခေါင်း​တူး​၍ ယေ​ရု​ရှ​လင် မြို့​တံ​တိုင်း​အ​တွင်း​သို့​ရေ​ကို​သွယ်​သူ​မှာ ဟေ​ဇ​ကိ​ပင်​ဖြစ်​၏။ ဟေ​ဇ​ကိ​သည်​ပြု​လေ သ​မျှ​သော​အ​မှု​တို့​တွင်​အောင်​မြင်​တော်​မူ သည်။- \v 31 တိုင်း​ပြည်​တွင်​ဖြစ်​ပွား​ခဲ့​သော​အံ့​ဖွယ်​အ​မှု ကို​စုံ​စမ်း​ရန်​ဗာ​ဗု​လုန်​သံ​တ​မန်​များ​လာ ရောက်​ချိန်​၌​ပင်​လျှင် ဘု​ရား​သ​ခင်​သည်​ဟေ ဇ​ကိ​၏​သ​ဘော​ကို​စမ်း​သပ်​သိ​ရှိ​နိုင်​ရန်​သူ ပြု​လို​သည့်​အ​တိုင်း​ပြု​နိုင်​ခွင့်​ကို​ပေး​တော် မူ​၏။ \s1 ဟေ​ဇ​ကိ​၏​နန်း​သက်​ကုန်​ဆုံး​ခြင်း \r ( ၄ရာ၊ ၂၀:၂၀-၂၁) \p \v 32 ဟေ​ဇ​ကိ​မင်း​လုပ်​ဆောင်​ခဲ့​သော​အ​ခြား အ​မှု​အ​ရာ​ရှိ​သ​မျှ​နှင့်​ထာ​ဝရ​ဘု​ရား အား​ဆည်း​ကပ်​ပုံ​တို့​ကို အာ​မုတ်​၏​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​၏​ဗျာ​ဒိတ်​ရူ​ပါ​ရုံ ကျမ်း၊ ယု​ဒ​ရာ​ဇ​ဝင်​နှင့်​ဣသ​ရေ​လ​ရာ​ဇ​ဝင် တွင်​ရေး​ထား​သ​တည်း။- \v 33 ဟေ​ဇ​ကိ​ကွယ်​လွန်​သော​အ​ခါ​သူ​၏​အ​လောင်း ကို​ဘု​ရင်​များ​၏​သင်္ချိုင်း​အ​ထက်​ပိုင်း​တွင်​သင်္ဂြိုဟ် ကြ​၏။ သူ​ကွယ်​လွန်​ချိန်​၌​ယု​ဒ​ပြည်​သူ​များ နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်​သူ့​အား အ​ထူး​ဂုဏ်​ပြု​ကြ​၏။ သား​တော်​မ​နာ​ရှေ သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။ \c 33 \s1 ယု​ဒ​ဘု​ရင်​မ​နာ​ရှေ \r (၄ရာ၊ ၂၁: ၁-၉) \p \v 1 မ​နာ​ရှေ​သည်​ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက် ချိန်​၌​အ​သက်​တစ်​ဆယ့်​နှစ်​နှစ်​ရှိ​၏။ သူ​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​ငါး​ဆယ့်​ငါး​နှစ်​နန်း​စံ ရ​လေ​သည်။- \v 2 မ​နာ​ရှေ​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​ချီ​တက် စဉ်​က ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​သော​လူ မျိုး​တို့​၏​အ​ကျင့်​ဋ္ဌ​လေ့​များ​ကို​ယူ​၍​ကိုယ် တော်​အား​ပြစ်​မှား​၏။-\x + \xo 33:2 \xt ယေ၊ ၁၅:၄။\x* \v 3 မိ​မိ​၏​ခ​မည်း​တော်​ဟေ​ဇ​ကိ​ဖျက်​သိမ်း​ခဲ့​သည့် ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​ပြန်​လည်​တည် ဆောက်​လေ​သည်။ ဗာ​လ​ဘု​ရား​အား​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​များ​ကို​တည်​ဆောက်​၍ ဣ​သ​ရေ​လ ဘု​ရင်​အာ​ဟပ်​နည်း​တူ​အာ​ရှ​ရ​ဘု​ရား​မ​၏ တံ​ခွန်​တိုင်​များ​စိုက်​ထူ​၍​ကြယ်​နက္ခတ်​များ ကို​ဝတ်​ပြု​ရှိ​ခိုး​၏။- \v 4 ကိုယ်​တော်​အား​ထာ​ဝ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​တော်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ရာ ဗိ​မာန်​တော်​တွင်​ရုပ်​တု​များ​ကို​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​များ​ကို​တည်​ဆောက်​၏။-\x + \xo 33:4 \xt ၆ရာ၊ ၆:၆။\x* \v 5 ဗိ​မာန်​တော်​တံ​တိုင်း​နှစ်​ထပ်​တွင်​ကြယ်​နက္ခတ် များ​ကို​ပူ​ဇော်​ရန်​ယဇ်​ပလ္လင်​များ​ကို​ဆောက် လုပ်​၏။- \v 6 မိ​မိ​၏​သား​တော်​များ​ကို​ဟိန္နုံ​ချိုင့်​တွင်​မီး​ဖြင့် ပူ​ဇော်​၏။ မင်း​ကြီး​သည်​နတ်​ဝိဇ္ဇာ​အ​တတ်​နှင့်​မှော် အ​တတ်​များ​ကို​ကျင့်​သုံး​၍​ဗေ​ဒင်​ဆရာ​နှင့်​နတ် ဝင်​သည့်​သူ​တို့​ထံ​မှ​အ​ကြံ​ဉာဏ်​များ​ကို​တောင်း ယူ​တတ်​လေ​သည်။ သူ​သည်​ထာ​ဝရ​ဘုရား​အား လွန်​စွာ​ပြစ်​မှား​၍​အ​မျက်​တော်​ကို​လှုံ့​ဆော် ပေး​၏။- \v 7 သူ​သည်​ရုပ်​တု​တစ်​ခု​ကို​ဗိ​မာန်​တော်​တွင်​ထား ၏။ ထို​ဗိ​မာန်​တော်​နှင့်​ပတ်​သက်​၍​ထာ​ဝရ​ဘုရား က​ဒါ​ဝိဒ်​နှင့်​သား​တော်​ရှော​လ​မုန်​အား``ဣ​သ ရေ​လ​အ​နွယ်​တစ်​ဆယ့်​နှစ်​နွယ်​တို့​၏​နယ်​မြေ ရှိ​သ​မျှ​အ​နက် ငါ​ရွေး​ချယ်​တော်​မူ​သော ယေ​ရု​ရှ​လင်​မြို့​ရှိ​ဤ​ဗိ​မာန်​တော်​၌ ငါ့​ကို အ​စဉ်​အ​မြဲ​ဝတ်​ပြု​ကိုး​ကွယ်​ရ​ကြ​မည်။- \v 8 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ​၏ အမိန့်​တော်​ရှိ​သ​မျှ​ကို​လိုက်​နာ​၍ မော​ရှေ ပေး​အပ်​သည့်​ပ​ညတ်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း ကြ​လျှင် ငါ​သည်​သူ​တို့​ကို​ဘိုး​ဘေး​တို့ အား​ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​တော်​မှ​နှင် ထုတ်​တော်​မူ​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​ခဲ့​၏။-\x + \xo 33:8 \xt ၃ရာ၊ ၉:၃-၅။ ၆ရာ၊ ၇:၁၂-၁၈။\x* \v 9 မ​နာ​ရှေ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ချီ​တက်​စဉ်​က ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော် မူ​လိုက်​သည့်​လူ​မျိုး​တို့​ထက်​ပို​၍​ပြစ်​မှား စေ​ရန် ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ရှေ့ ဆောင်​လမ်း​ပြ​၏။ \s1 မ​နာ​ရှေ​နောင်​တ​ရ​ခြင်း \p \v 10 ထာ​ဝရ​ဘု​ရား​သည်​မ​နာ​ရှေ​နှင့်​ပြည်​သူ​တို့ အား သ​တိ​ပေး​တော်​မူ​သော်​လည်း​သူ​တို့ သည်​နား​မ​ထောင်​ကြ။- \v 11 သို့​ဖြစ်​၍​ထာ​ဝရ​ဘု​ရား​သည်​အာ​ရှု​ရိ​တပ် မ​တော်​နှင့်​တပ်​မှူး​တို့​အား​ယု​ဒ​ပြည်​သို့​ချင်း နင်း​ဝင်​ရောက်​ခွင့်​ပြု​တော်​မူ​၏။ သူ​တို့​သည်​မ​နာ ရှေ​ကို​သံ​ချိပ်​များ​ဖြင့်​ဆွဲ​ချိပ်​ဖမ်း​ဆီး​ကာ သံ​ကြိုး​များ​နှင့်​ချည်​နှောင်​ပြီး​လျှင်​ဗာ​ဗု​လုန် မြို့​သို့​ခေါ်​ဆောင်​သွား​ကြ​၏။- \v 12 မင်း​ကြီး​သည်​ဆင်း​ရဲ​ဒုက္ခ​ရောက်​သော​အ​ခါ မာန်​မာ​န​ကျိုး​၍ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​ပြီး​လျှင်​ကူ​မ တော်​မူ​ရန်​အ​သ​နား​ခံ​တော်​မူ​၏။- \v 13 ဘု​ရား​သ​ခင်​သည်​မ​နာ​ရှေ​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၍ သူ့​အား​ယေ​ရု ရှ​လင်​မြို့​သို့​ပြန်​လည်​သွား​ရောက်​အုပ်​စိုး​ခွင့် ကို​ပေး​တော်​မူ​၏။ ထို​အ​ခါ​မှ​ထာ​ဝရ​ဘု​ရား သည်​ဘု​ရား​မှန်​ကြောင်း​မ​နာ​ရှေ​သေ​ချာ စွာ​သိ​လေ​၏။ \p \v 14 ထို​နောက်​မ​နာ​ရှေ​သည်​ဒါ​ဝိဒ်​မြို့​တော်​အ​ရှေ့ ဘက်​ဂိ​ဟုန်​စမ်း​ချောင်း​အ​နီး​ချိုင့်​ဝှမ်း​တစ်​နေ ရာ​မှ မြောက်​ဘက်​ငါး​တံ​ခါး​နှင့်​သြ​ဖေ​လ​ဟု ခေါ်​တွင်​သည့်​အ​ရပ်​တိုင်​အောင်​အ​ပြင်​မြို့​ရိုး ကို​မြှင့်​တင်​လိုက်​လေ​သည်။ မင်း​ကြီး​သည်​ယု​ဒ ပြည်​တံ​တိုင်း​ကာ​ရံ​ထား​သည့်​မြို့​ရှိ​သ​မျှ​တွင် လည်း​တပ်​မှူး​တစ်​ယောက်​ကို​တပ်​စု​တစ်​စု​နှင့် တ​ကွ​ခန့်​ထား​တော်​မူ​၏။- \v 15 သူ​သည်​လူ​မျိုး​ခြား​တို့​၏​ဘု​ရား​များ​နှင့်​မိ​မိ ထား​ရှိ​ခဲ့​သည့်​ရုပ်​တု​ကို​ဗိ​မာန်​တော်​ထဲ​မှ လည်း​ကောင်း၊ ရုပ်​တု​ပူ​ဇော်​ရာ​ယဇ်​ပလ္လင်​များ ကို​ဗိ​မာန်​တော်​တည်​ရာ​တောင်​ကုန်း​နှင့်​ယေ​ရု ရှ​လင်​မြို့​ရှိ​အ​ခြား​အ​ရပ်​များ​မှ​လည်း ကောင်း​ဖယ်​ရှား​တော်​မူ​၏။ မင်း​ကြီး​သည် ထို​အ​ရာ​အ​ပေါင်း​ကို​မြို့​ပြင်​သို့​ထုတ်​ပစ် ပြီး​လျှင်၊- \v 16 ထာ​ဝရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ယဇ် ပလ္လင်​ကို​ပြန်​လည်​ပြင်​ဆင်​ပြီး​နောက်​မိတ်​သ​ဟာ ယ​ယဇ်​နှင့်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ယဇ်​များ ကို​ပူ​ဇော်​တော်​မူ​၏။ ယု​ဒ​ပြည်​သူ​အ​ပေါင်း သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​ရန် အ​မိန့်​ပေး​တော်​မူ​၏။- \v 17 ပြည်​သူ​တို့​သည်​အ​ခြား​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​များ​၌​လည်း​ဆက်​လက်​၍ ယဇ်​များ​ကို ပူ​ဇော်​ကြ​သော်​လည်း​ထာ​ဝရ​ဘု​ရား​ကို​သာ ပူ​ဇော်​ကြ​ခြင်း​ဖြစ်​၏။ \s1 မ​နာ​ရှေ​နန်း​သက်​ကုန်​ဆုံး​ခြင်း \r (၄ရာ၊ ၂၁:၁၇-၁၈) \p \v 18 မ​နာ​ရှေ​ဆောင်​ရွက်​ခဲ့​သော​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင် ထံ​တော်​သို့​တင်​လျှောက်​သည့်​ဆု​တောင်း​ပတ္ထ နာ​နှင့် ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​၏​နာ​မ​တော်​အား​ဖြင့် ပ​ရော​ဖက်​တို့​သူ့​အား​ပြန်​ကြား​သော​ဗျာ ဒိတ်​စ​ကား​များ​ကို​လည်း​ကောင်း​ဣသ​ရေ​လ ရာ​ဇ​ဝင်​တွင်​ရေး​ထား​၏။- \v 19 မင်း​ကြီး​၏​ဆု​တောင်း​ပတ္ထနာ​နှင့်​ထာ​ဝရ​ဘု​ရား နား​ညောင်း​တော်​မူ​ပုံ၊ သူ​ကူး​လွန်​သည့်​အ​ပြစ် ဒု​စ​ရိုက်​များ​နှင့်​မ​ကောင်း​မှု​များ၊ သူ​တည် ဆောက်​ခဲ့​သည့်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ နှင့်​တည်​လုပ်​ခဲ့​သည့် အာ​ရှ​ရ​ဘု​ရား​မ​၏ တံ​ခွန်​တိုင်​များ​နှင့်​သူ​ဝတ်​ပြု​ကိုး​ကွယ်​သည့် ရုပ်​တု​များ​အ​ကြောင်း​ကို ပ​ရော​ဖက်​များ ၏​အတ္ထု​ပ္ပတ္တိ​တွင်​အ​ကုန်​အ​စင်​မှတ်​တမ်း တင်​ထား​သ​တည်း။- \v 20 မ​နာ​ရှေ​ကွယ်​လွန်​သော​အ​ခါ​သူ့​အား​နန်း တော်​ထဲ​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သား​တော် အာ​မုန်​သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။ \s1 ယု​ဒ​ဘု​ရင်​အာ​မုန် \r (၄ရာ၊ ၂၁: ၁၉-၂၆) \p \v 21 အာ​မုန်​သည်​အ​သက်​နှစ်​ဆယ့်​နှစ်​နှစ်​ရှိ​သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင် မြို့​တွင်​နှစ်​နှစ်​မျှ​နန်း​စံ​ရ​လေ​သည်။- \v 22 သူ​သည်​မိ​မိ​၏​ခ​မည်း​တော်​မ​နာ​ရှေ​ကဲ့​သို့​ပင် ထာ​ဝရ​ဘု​ရား​အား​ပြစ်​မှား​၍​ခ​မည်း​တော်​ကိုး ကွယ်​ခဲ့​သည့်​ရုပ်​တု​များ​ကို​ပင်​ကိုး​ကွယ်​၏။- \v 23 သို့​ရာ​တွင်​သူ​သည်​ခ​မည်း​တော်​ကဲ့​သို့​စိတ်​နှ​လုံး နှိမ့်​ချ​၍​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​မ​ချဉ်း ကပ်။ ခ​မည်း​တော်​ထက်​ပင်​ပို​၍​အ​ပြစ်​ကူး လွန်​တော်​မူ​၏။ \p \v 24 အာ​မုန်​၏​မှူး​မတ်​တို့​သည်​လျှို့​ဝှက်​ကြံ​စည် ကာ​သူ့​အား​နန်း​တော်​တွင်​လုပ်​ကြံ​ကြ​၏။- \v 25 သို့​ရာ​တွင်​ယု​ဒ​ပြည်​သူ​တို့​က​အာ​မုန်​အား လုပ်​ကြံ​သူ​တို့​ကို​ကွပ်​မျက်​ပြီး​လျှင် သူ​၏ သား​တော်​ယော​ရှိ​အား​နန်း​တင်​ကြ​လေ သည်။ \c 34 \s1 ယု​ဒ​ဘု​ရင်​ယော​ရှိ \r (၄ရာ၊ ၂၂: ၁-၂) \p \v 1 ယော​ရှိ​သည်​အ​သက်​ရှစ်​နှစ်​ရှိ​သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​တွင်​သုံး​ဆယ့်​တစ်​နှစ်​နန်း​စံ​ရ လေ​သည်။-\x + \xo 34:1 \xt ယေ၊ ၃:၆။\x* \v 2 သူ​သည်​ထာ​ဝရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော အ​မှု​တို့​ကို​ပြု​၏။ မိ​မိ​၏​ဘေး​တော်​ဒါ​ဝိဒ် မင်း​၏​စံ​န​မူ​နာ​ကို​ယူ​၍​ဘု​ရား​သ​ခင်​၏ တ​ရား​တော်​ရှိ​သ​မျှ​ကို​တိ​ကျ​စွာ​လိုက် နာ​ကျင့်​သုံး​၏။ \s1 ရုပ်​တု​ကိုး​ကွယ်​မှု​ကို​ယော​ရှိ​တိုက်​ဖျက်​ခြင်း \p \v 3 ယော​ရှိ​သည်​နန်း​စံ​ရှစ်​နှစ်​မြောက်​၌​အ​သက် အ​ရွယ်​အ​လွန်​နု​နယ်​လျက်​ပင်​ရှိ​နေ​သေး​စဉ် အ​ခါ မိ​မိ​၏​ဘေး​တော်​ဒါ​ဝိဒ်​မင်း​၏​ဘု​ရား​သ​ခင်​ကို​စ​တင်​ဆည်း​ကပ်​လေ​သည်။ နောက် လေး​နှစ်​မျှ​ကြာ​သော​အ​ခါ​သူ​သည်​ရုပ်​တု ကိုး​ကွယ်​ရာ​ဌာ​န​များ၊ အာ​ရှ​ရ​ဘု​ရား​မ ၏​တံ​ခွန်​တိုင်​များ​နှင့်​အ​ခြား​ရုပ်​တု​ရှိ သ​မျှ​တို့​ကို​ဖျက်​ဆီး​လေ​သည်။- \v 4 သူ​၏​ညွှန်​ကြား​ချက်​အ​ရ​မင်း​ချင်း​တို့​သည် ဗာ​လ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ယဇ် ပလ္လင်​များ​ကို​ချိုး​ဖဲ့​ချေ​မှုန်း​ပြီး​လျှင် ထို ယဇ်​ပလ္လင်​များ​တွင်​ယဇ်​ပူ​ဇော်​ခဲ့​ကြ​သူ တို့​၏​သင်္ချိုင်း​များ​အ​ပေါ်​တွင်​ကြဲ​ဖြန့် ကြ​၏။-\x + \xo 34:4 \xt ၄ရာ၊ ၂၁:၃။ ၆ရာ၊ ၃၃:၃။\x* \v 5 မင်း​ကြီး​သည်​ရုပ်​တု​ကိုး​ကွယ်​သူ​ယဇ် ပု​ရော​ဟိတ်​တို့​၏​အ​ရိုး​များ​ကို​သူ​တို့​၏ ယဇ်​ပလ္လင်​များ​ပေါ်​တင်​၍​မီး​ရှို့​စေ​၏။ ဤ သို့​ပြု​ခြင်း​အား​ဖြင့်​ယု​ဒ​ပြည်​နှင့်​ယေ​ရု ရှ​လင်​မြို့​တို့​ကို​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​စင်​မှု​ကို​ပြန်​လည်​ရ​ရှိ​စေ တော်​မူ​၏။-\x + \xo 34:5 \xt ၃ရာ၊ ၁၃:၂။\x* \v 6 သူ​သည်​မ​နာ​ရှေ​နယ်​မြေ၊ ဧ​ဖ​ရိမ်​နယ်​မြေ၊ ရှိ​မောင်​နယ်​မြေ​နှင့်​မြောက်​ဘက်​ရှိ​န​ဿ​လိ နယ်​မြေ​တိုင်​အောင်​အ​ရပ်​ရပ်​ရှိ​မြို့​များ​နှင့် ပျက်​စီး​သော​အ​ရပ်​များ​၌​လည်း​ဤ​နည်း အ​တိုင်း​ပြု​တော်​မူ​၏။- \v 7 မြောက်​ဘက်​နိုင်​ငံ​တစ်​လျှောက်​လုံး​၌​ယဇ်​ပလ္လင် များ​နှင့်​တံ​ခွန်​တိုင်​များ​ကို​ဖြို​ဖျက်​တော် မူ​၏။ ရုပ်​တု​များ​ကို​ညက်​ညက်​ချေ​၍​နံ့​သာ ပေါင်း​မီး​ရှို့​ရာ​ယဇ်​များ​ကို​လည်း​အ​ပိုင်း ပိုင်း​ချိုး​ဖဲ့​ပြီး​မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန် တော်​မူ​၏။ \s1 ပ​ညတ်​ကျမ်း​ကို​တွေ့​ရှိ​ခြင်း \r (၄ရာ၊ ၂၂: ၃-၂၀) \p \v 8 ယော​ရှိ​သည်​မိ​မိ​နန်း​စံ​တစ်​ဆယ့်​ရှစ်​နှစ် မြောက်​၌​တိုင်း​ပြည်​နှင့် ဗိ​မာန်​တော်​ကို​ရုပ်​တု ကိုး​ကွယ်​ဝတ်​ပြု​မှု​နှင့်​ကင်း​ရှင်း​သန့်​စင် အောင်​ပြု​ပြီး​နောက်​အာ​ဇ​လိ​၏​သား​ရှာ​ဖန်၊ ယေ​ရု​ရှ​လင်​ဘု​ရင်​ခံ​မာ​သေ​ယ​နှင့်​ယော ခတ်​၏​သား​အ​တွင်း​ဝန်​ယော​အာ​တို့​အား ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​၏​ဗိ​မာန် တော်​ကို​မွမ်း​မံ​ပြင်​ဆင်​ရန်​အ​တွက်​စေ လွှတ်​တော်​မူ​၏။- \v 9 (ဧ​ဖ​ရိမ်၊ မ​နာ​ရှေ​နှင့်​အ​ခြား​မြောက်​ဘက် နိုင်​ငံ​သား​များ​ထံ​မှ​လည်း​ကောင်း၊ ယု​ဒ နိုင်​ငံ​သား​များ၊ ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​များ​ထံ​မှ လည်း​ကောင်း) ဗိ​မာန်​တော်​တွင်​လေ​ဝိ​အ​နွယ် ဝင်​တံ​ခါး​စောင့်​များ​ကောက်​ခံ​ရ​ရှိ​သော ငွေ​ကို​ယဇ်​ပု​ရော​ဟိတ်​မင်း​ဟိ​လ​ခိ​အား ပေး​အပ်​ကြ​၏။- \v 10 ထို​နောက်​ထို​ငွေ​ကို​ဗိ​မာန်​တော်​မွမ်း​မံ​ပြင် ဆင်​မှု​ကြီး​ကြပ်​သူ​သုံး​ဦး​တို့​လက်​သို့ ပေး​အပ်​ကြ​၏။- \v 11 သူ​တို့​သည်​ထို​ငွေ​ဖြင့်​လက်​သ​မား​နှင့် ဗိ​သု​ကာ​တို့​လက်​သို့​ပေး​အပ်​ရာ​သူ​တို့ က​တစ်​ဖန်​ယု​ဒ​ဘု​ရင်​များ​လျစ်​လူ​ရှု သ​ဖြင့် ယို​ယွင်း​ပျက်​စီး​လျက်​နေ​သော အ​ဆောက်​အ​အုံ​များ​ကို​ပြင်​ဆင်​ရန် ကျောက်​များ​နှင့်​သစ်​သား​များ​ဝယ်​ယူ ကြ​လေ​သည်။- \v 12 ဤ​အ​လုပ်​ကို​လုပ်​ဆောင်​သူ​တို့​သည်​လုံး​ဝ စိတ်​ချ​ယုံ​ကြည်​ရ​သူ​များ​ဖြစ်​၏။ ထို​သူ​တို့ အား​လေ​ဝိ​အ​နွယ်​ဝင်​မေ​ရာ​ရိ​သား​ချင်း​စု မှ​ယာ​ဟပ်​နှင့်​သြ​ဗ​ဒိ၊ လေ​ဝိ​အ​နွယ်​ဝင် ကော​ဟပ်​သား​ချင်း​စု​မှ​ဇာ​ခ​ရိ​နှင့်​မေ​ရှု​လံ တို့​ကြီး​ကြပ်​အုပ်​ချုပ်​ရ​ကြ​၏။ (လေ​ဝိ အ​နွယ်​ဝင်​အ​ပေါင်း​တို့​သည်​ဂီ​တ​ပ​ညာ တွင်​ကျွမ်း​ကျင်​သူ​များ​ဖြစ်​သတည်း။-) \v 13 လေဝိ​အ​နွယ်​ဝင်​အ​ချို့​တို့​သည်​ဆောက်​လုပ် ရေး​ပစ္စည်း​များ​သယ်​ယူ​ပို့​ဆောင်​မှု​ကို​လည်း ကောင်း၊ အ​ချို့​တို့​က​လုပ်​ငန်း​ခွင်​အ​သီး​သီး ရှိ​အ​လုပ်​သ​မား​တို့​အား​ကြီး​ကြပ်​အုပ် ချုပ်​မှု​ကို​လည်း​ကောင်း၊ အ​ချို့​မှာ​စာ​ရင်း ထိန်း​များ​သို့​မ​ဟုတ်​တံခါး​စောင့်​များ​အ​ဖြစ် ဖြင့်​လည်း​ကောင်း​အ​မှု​ထမ်း​ရ​ကြ​လေ​သည်။ \p \v 14 ပစ္စည်း​သို​လှောင်​ခန်း​မှ​ငွေ​ကို​ထုတ်​ယူ​နေ​စဉ် ဟိ​လ​ခိ​သည်​မော​ရှေ​အား ဘု​ရား​သ​ခင်​ပေး အပ်​တော်​မူ​ခဲ့​သည့်​ပ​ညတ်​တ​ရား​တည်း​ဟူ သော ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​ကျမ်း​ကို တွေ့​ရှိ​ရ​၏။- \v 15 သို့​ဖြစ်​၍​ယင်း​သို့​တွေ့​ရှိ​သည့်​အ​ကြောင်း​ကို ရှာ​ဖန်​အား ပြော​ပြ​ပြီး​လျှင်​ထို​ကျမ်း​ကို​ပေး အပ်​လိုက်​၏။- \v 16 ရှာ​ဖန်​သည်​လည်း​မင်း​ကြီး​ထံ​သို့​ယူ​သွား ကာ``အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​စေ​ခိုင်း​သ​မျှ သော​အ​မှု​တို့​ကို​ဆောင်​ရွက်​ပြီး​ပါ​ပြီ။- \v 17 ဗိ​မာန်​တော်​တွင်​ထား​ရှိ​သည့်​ငွေ​ကို​လည်း​ယူ​၍ အ​လုပ်​သ​မား​များ​နှင့်​သူ​တို့​အား​ကြီး​ကြပ် အုပ်​ချုပ်​သူ​တို့​၏​လက်​သို့ ပေး​အပ်​လိုက်​ပါ ပြီ'' ဟု​အ​စီ​ရင်​ခံ​ပြီး​နောက်၊- \v 18 ``ဤ​ကျမ်း​ကို​အ​ကျွှန်ုပ်​အား​ပ​ရော​ဟိတ်​မင်း ဟိ​လ​ခိ​က​ပေး​အပ်​လိုက်​ပါ​သည်'' ဟု​လျှောက် ပြီး​လျှင်​ကျမ်း​ကို​ကျယ်​စွာ​ဖတ်​ပြ​လေ​၏။ \p \v 19 ယင်း​သို့​ဖတ်​ပြ​သည်​ကို​မင်း​ကြီး​ကြား​သော အ​ခါ မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​လေ​သည်။- \v 20 သူ​သည်​ဟိ​လ​ခိ၊ ရှာ​ဖန်​၏​သား​အ​ဟိ​ကံ၊ မိက္ခာ ၏​သား​အာ​ဗ​ဒုန်၊\f 10 \fr 34:20 \ft * \ft ဧ​ဇ၊ ၁:၁၊ တွင်​အာ​ခ​ဗော်​ဟု​ပါ​ရှိ​သည်။\f* စာ​ရေး​တော်​ရှာ​ဖန်​နှင့်​သက်​တော်​စောင့် အာ​သာ​ယ​တို့​ကို​ခေါ်​၍၊- \v 21 ``သင်​တို့​သည်​ထာ​ဝရ​ဘုရား​ထံ​တော်​သို့​သွား ၍​ဤ​ကျမ်း​တွင်​ပါ​ရှိ​သည့်​သွန်​သင်​ချက် အ​ကြောင်း​ကို ငါ့​အ​တွက်​နှင့်​ယု​ဒ​ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​တွင်​ကျန်​ရှိ​နေ​သေး​သော သူ​တို့​အ​တွက်​မေး​မြန်း​ကြ​လော့။ ငါ​တို့ ၏​ဘိုး​ဘေး​များ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ စ​ကား​တော်​ကို​နား​မ​ထောင်​ခဲ့​ကြ။ ကျမ်း စောင်​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​များ ကို​မ​လိုက်​နာ​ခဲ့​ကြ​သ​ဖြင့် ထာ​ဝရ​ဘု​ရား​သည်​ငါ​တို့​အား​အ​မျက်​ထွက် တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ \p \v 22 မင်း​ကြီး​၏​အ​မိန့်​အ​ရ​ဟိ​လ​ခိ​နှင့်​အ​ချို့ သော​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သစ်​ပိုင်း​တွင် နေ​ထိုင်​သူ၊ ဟု​လ​ဒ​အ​မည်​ရှိ​အ​မျိုး​သ​မီး ပ​ရော​ဖက်​ထံ​သို့​သွား​၍​စုံ​စမ်း​မေး​မြန်း ကြ​၏။ (ထို​အ​မျိုး​သ​မီး​၏​ခင်​ပွန်း၊ ဟ​ရ​ဟတ် ၏​မြေး၊ တိ​က​ဝ​၏​သား၊ ရှလ္လုံ​သည်​ဗိ​မာန် တော်​ဆိုင်​ရာ​ဝတ်​လုံ​များ​ကို​ထိန်း​သိမ်း​ရ သူ​ဖြစ်​သ​တည်း။) သူ​တို့​သည်​ထို​အ​မျိုး သ​မီး​အား​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ​များ ကို​ပြော​ပြ​ကြ​၏။- \v 23 ထို​အ​ခါ​အ​မျိုး​သ​မီး​သည်​သူ​တို့​အား​မင်း ကြီး​ထံ​သို့၊- \v 24 ထာ​ဝရ​ဘု​ရား​ထံ​မှ​ဗျာ​ဒိတ်​တော်​ကို​ပြန် ကြား​စေ​၏။ ဗျာ​ဒိတ်​တော်​မှာ``မင်း​ကြီး​အား ဖတ်​ပြ​သည့်​ကျမ်း​တွင်​ရေး​သား​ပါ​ရှိ​သည့် ကျိန်​စာ​များ​အ​တိုင်း ယေ​ရု​ရှ​လင်​မြို့​နှင့် တ​ကွ​မြို့​သူ​မြို့​သား​အ​ပေါင်း​ကို​ငါ သုတ်​သင်​ဖျက်​ဆီး​တော်​မူ​မည်။- \v 25 သူ​တို့​သည်​ငါ့​ကို​ပစ်​ပယ်​၍​အ​ခြား​ဘု​ရား များ​အား​ယဇ်​ပူ​ဇော်​ကြ​လေ​ပြီ။ သို့​ဖြစ်​၍ သူ​တို့​သည်​မိ​မိ​တို့​ပြု​သ​မျှ​သော​အ​မှု များ​အား​ဖြင့် ငါ​၏​အ​မျက်​တော်​ကို​လှုံ့​ဆော် ပေး​ကြ​၏။ ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို အ​မျက်​ထွက်​လျက်​နေ​ပြီ​ဖြစ်​၍ ထို​အ​မျက် ကို​ငြိမ်း​သတ်​ရ​မည်​မ​ဟုတ်။- \v 26 မင်း​ကြီး​အား​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​က `သင်​သည် ပ​ညတ်​ကျမ်း​တွင်​ဖော်​ပြ​ပါ​ရှိ​သည့်​အ​တိုင်း လိုက်​နာ​ပေ​သည်။- \v 27 ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​အား​အ​ပြစ် ဒဏ်​ခတ်​ရန် ငါ​ကြုံး​ဝါး​သည်​ကို​ကြား​သိ​ရ သော​အ​ခါ သင်​သည်​ငို​ယို​ကာ​မိ​မိ​၏​အ​ဝတ် များ​ကို​ဆုတ်​ပြီး​လျှင်​နောင်​တ​ရ​လျက်​ငါ​၏ ရှေ့​တော်​တွင်​စိတ်​နှ​လုံး​နှိမ့်​ချ​လျက်​နေ​၏။ သို့​ရာ​တွင်​ငါ​သည်​သင်​၏​ဆု​တောင်း​ပတ္ထ​နာ ကို​ကြား​တော်​မူ​ပြီ​ဖြစ်​၍၊- \v 28 ယေ​ရု​ရှ​လင်​မြို့​အား​ပေး​မည့်​အ​ပြစ်​ဒဏ် ကို​သင်​၏​လက်​ထက်​တွင်​တွေ့​မြင်​ရ​မည် မ​ဟုတ်။ ငါ​သည်​သင့်​အား​ငြိမ်း​ချမ်း​စွာ စု​တေ​ခွင့်​ကို​ပေး​တော်​မူ​မည်' ဟု​မိန့်​တော် မူ​သည်'' ဟူ​၍​ဖြစ်​၏။ သူ​တို့​သည်​ဗျာ​ဒိတ် တော်​ကို​ပြန်​ကြား​ရန်​မင်း​ကြီး​ထံ​သို့ ပြန်​သွား​ကြ​၏။ \s1 ရုပ်​တု​ကိုး​ကွယ်​မှု​ကို​ယော​ရှိ​ဖျက်​သိမ်း​ခြင်း \r (၄ရာ၊ ၂၃:၁-၂၀) \p \v 29 ယော​ရှိ​မင်း​သည်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​ရှိ​ခေါင်း​ဆောင်​များ​ကို​ဆင့်​ခေါ်​ပြီး​လျှင်၊- \v 30 ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ မှ​စ​၍​ဆင်း​ရဲ​သူ​ချမ်း​သာ​သူ​အ​ပါ​အ​ဝင် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​နှင့် အ​တူ​ဗိ​မာန်​တော်​သို့​ကြွ​တော်​မူ​၏။ မင်း​ကြီး သည်​ထို​သူ​အ​ပေါင်း​တို့​အား​ဗိ​မာန်​တော်​ထဲ ၌​တွေ့​ရှိ​ရ​သော​ပ​ဋိ​ညာဉ်​ကျမ်း​စောင်​ကို အ​စ​အ​ဆုံး​ဖတ်​ပြ​တော်​မူ​၏။- \v 31 သူ​သည်​ဘု​ရင့်​ကျောက်​တိုင်\f 11 \fr 34:31 \ft * \ft (၄ရာ၊ ၂၃:၃၀ ကို​ကြည့်​ပါ။) ဟေ​ဗြဲ​မူ​တွင် မိ​မိ​နေ​ရာ​ဟု​ပါ​ရှိ​သည်။\f* အ​နီး​တွင်​ရပ်​လျက်``အ​ကျွန်ုပ်​သည်​ကိုယ်​တော် ၏​စ​ကား​တော်​ကို​နား​ထောင်​ပါ​မည်။ ကိုယ် တော်​၏​တ​ရား​တော်​နှင့်​ပ​ညတ်​တော်​တို့​ကို စိတ်​ရော​ကိုယ်​ပါ​စောင့်​ထိန်း​ပါ​မည်။ ကျမ်း စောင်​တော်​တွင်​ရေး​ထား​သည့်​အ​တိုင်း​ပ​ဋိ ညာဉ်​တော်​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ​ကို လိုက်​နာ​ကျင့်​သုံး​ပါ​မည်'' ဟု​ထာ​ဝရ ဘု​ရား​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။- \v 32 မင်း​ကြီး​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​တွင်​ရှိ​သ​မျှ​သော​သူ​တို့ အား​လည်း ပ​ဋိ​ညာဉ်​တော်​ကို​စောင့်​ထိန်း​ရန် က​တိ​ပြု​စေ​တော်​မူ​၏။ သို့​ဖြစ်​၍​ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည်​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​နှင့်​မိ​မိ​တို့​ပြု​သည့် ပ​ဋိ​ညာဉ်​တော်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို လိုက်​နာ​ကျင့်​သုံး​ကြ​လေ​သည်။- \v 33 ယော​ရှိ​မင်း​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ပိုင်​သည့်​နယ်​မြေ​မှ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ကောင်း​သည့်​ရုပ်​တု​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​၍ မိ​မိ​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ပြည်​သူ​တို့​အား​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​ကိုး​ကွယ်​စေ တော်​မူ​၏။ \b \c 35 \s1 ပ​သ​ခါ​ပွဲ​တော်​ကို​ယော​ရှိ​ကျင်း​ပ​ခြင်း \r (၄ရာ၊ ၂၃:၂၁-၂၃) \p \v 1 ယော​ရှိ​မင်း​သည်​ထာ​ဝရ​ဘု​ရား​၏​ဂုဏ်​တော် ကို​ချီး​မွမ်း​သည့်​အ​နေ​ဖြင့်​ယေ​ရု​ရှ​လင်​မြို့ တွင် ပ​သ​ခါ​ပွဲ​တော်​ကျင်း​ပ​၍​ပ​ထ​မ​လ တစ်​ဆယ့်​လေး​ရက်​နေ့​၌​ထို​ပွဲ​တော်​အ​တွက် သိုး​နွား​များ​ကို​သတ်​စေ​၏။- \v 2 မင်း​ကြီး​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​အား​ဗိ​မာန် တော်​တွင်​ထမ်း​ဆောင်​ရ​မည့်​တာ​ဝန်​ဝတ္တ​ရား များ​ကို​သတ်​မှတ်​ပေး​ပြီး​လျှင် ယင်း​တို့​ကို ကျေ​ပွန်​စွာ​ထမ်း​ဆောင်​ကြ​ရန်​အား​ပေး တိုက်​တွန်း​တော်​မူ​၏။- \v 3 ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​သြ​ဝါ​ဒ​ပေး ရ​သော၊ မိ​မိ​တို့​ကိုယ်​ကို ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ပူ​ဇော်​ထား​သူ​များ​ဖြစ်​သော​လေ​ဝိ အ​နွယ်​ဝင်​တို့​အား​မင်း​ကြီး​က``ဒါ​ဝိဒ်​၏​သား တော်​ရှော​လ​မုန်​မင်း​တည်​ဆောက်​တော်​မူ​ခဲ့ သည့်​ဗိ​မာန်​တော်​တွင် ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ထား​ရှိ​ကြ​လော့။ သင်​တို့​သည်​ထို​သေတ္တာ တော်​ကို​တစ်​နေ​ရာ​မှ​တစ်​နေ​ရာ​သို့​ပြောင်း ရွှေ့​မှု​မ​ပြု​ကြ​တော့​ဘဲ သင်​တို့​ဘု​ရား​သခင် ထာ​ဝရ​ဘု​ရား​နှင့်​ကိုယ်​တော်​၏​လူ​မျိုး​တော် အ​တွက်​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရ​ကြ မည်။- \v 4 ဒါ​ဝိဒ်​မင်း​နှင့်​သား​တော်​ရှော​လ​မုန်​မင်း​ပေး အပ်​တော်​မူ​ခဲ့​သည့်​တာ​ဝန်​ဝတ္တ​ရား​များ​အ​ရ သား​ချင်း​စု​အ​လိုက်​ဗိ​မာန်​တော်​တွင်​နေ​ရာ ယူ​ရ​ကြ​မည်။-\x + \xo 35:4 \xt ၆ရာ၊ ၈:၁၄။\x* \v 5 ယင်း​သို့​ပြု​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား အိမ်​ထောင်​စု​တိုင်း​ကို သင်​တို့​အ​နက်​အ​ချို့​တို့ သည်​ကူ​ညီ​မ​စ​နိုင်​စေ​ရန်​စီ​စဉ်​ဆောင်​ရွက် ကြ​လော့။- \v 6 သင်​တို့​သည်​ပ​သ​ခါ​သိုး​များ၊ ဆိတ်​များ ကို​သတ်​ရ​မည်။ ယ​ခု​မိ​မိ​တို့​ကိုယ်​ကို ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ရှိ အောင်​ပြု​၍ မော​ရှေ​အား​ဖြင့်​ထာ​ဝရ​ဘု​ရား ပေး​တော်​မူ​သော​ညွှန်​ကြား​ချက်​များ​ကို အ​မျိုး​သား​ချင်း​တို့​လိုက်​နာ​ကျင့်​သုံး​နိုင် ကြ​စေ​ရန် ယဇ်​ပူ​ဇော်​မှု​ကို​ပြင်​ဆင်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 7 ယော​ရှိ​မင်း​သည်​ပ​သ​ခါ​ပွဲ​တော်​တွင်​ပြည် သူ​တို့​အ​သုံး​ပြု​ရန်​အ​တွက် မိ​မိ​ပိုင်​သိုး ကြီး​သိုး​ငယ်​နှင့် ဆိတ်​ငယ်​ကောင်​ရေ​သုံး သောင်း၊ နွား​ကောင်​ရေ​သုံး​ထောင်​ပေး​လှူ တော်​မူ​၏။- \v 8 သူ​၏​မှူး​မတ်​များ​က​လည်း​ပြည်​သူ​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင် တို့​အ​သုံး​ပြု​ရန်​အ​တွက်​ပေး​လှူ​ကြ​လေ သည်။ ဗိ​မာန်​တော်​မှူး​များ​ဖြစ်​ကြ​သော​ယဇ် ပု​ရော​ဟိတ်​မင်း​ဟိ​လ​ခိ၊ ဇာ​ခ​ရိ​နှင့်​ယေ ဟေ​လ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​အား သိုး​ငယ်​ဆိတ်​ငယ်​ကောင်​ရေ​နှစ်​သောင်း​ခြောက် ထောင်​နှင့်​နွား​ကောင်​ရေ​သုံး​ရာ​ကို​ပွဲ​တော် အ​တွင်း​ယဇ်​ပူ​ဇော်​ရန်​ပေး​လှူ​ကြ​၏။- \v 9 လေ​ဝိ​အ​နွယ်​ဝင်​ခေါင်း​ဆောင်​များ​ဖြစ်​ကြ သော​ကော​န​နိ၊ ရှေ​မာ​ယ၊ ရှေ​မာ​ယ​၏​ညီ နာ​သ​နေ​လ၊ ဟာ​ရှ​ဘိ၊ ယေ​ယေ​လ​နှင့်​ယော ဇ​ဗဒ်​တို့​က​လည်း​လေ​ဝိ​အ​နွယ်​ဝင်​တို့​ယဇ် ပူ​ဇော်​ရန်​အ​တွက် သိုး​ငယ်​ဆိတ်​ငယ်​ကောင် ရေ​ငါး​ရာ​ကို​ပေး​လှူ​ကြ​၏။ \p \v 10 ပ​သ​ခါ​ပွဲ​တော်​ကျင်း​ပ​ရန်​လို​အပ်​သည့်​ပြင် ဆင်​မှု​များ​ပြု​လုပ်​ပြီး​သော​အ​ခါ​ယဇ်​ပု​ရော ဟိတ်​များ​နှင့် လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် မင်း​ကြီး ၏​အ​မိန့်​တော်​အ​တိုင်း​မိ​မိ​တို့​၏​နေ​ရာ​များ ကို​ယူ​ကြ​၏။- \v 11 လေဝိ​အနွယ်​ဝင်​တို့​သည်​သိုး​များ​ဆိတ်​များ​ကို သတ်​ပြီး​နောက်​အ​ရေ​ကို​ခွာ​ကြ​၏။ ယဇ်​ပု​ရော ဟိတ်​တို့​က​ယဇ်​ပလ္လင်​ပေါ်​တွင်​သွေး​ကို​ပက်​ဖြန်း ကြ​၏။- \v 12 ထို​နောက်​သူ​တို့​သည်​မော​ရှေ​၏​ပ​ညတ်​ကျမ်း တွင်​ညွှန်​ကြား​ထား​သည့်​အ​တိုင်း မီး​ရှို့​ရန် ယဇ်​ကောင်​များ​ကို​ပြည်​သူ​တို့​အား​အိမ် ထောင်​စု​အ​လိုက်​ခွဲ​ဝေ​ပေး​ကြ​၏။- \v 13 လေဝိ​အ​နွယ်​ဝင်​တို့​သည်​သတ်​မှတ်​ထား​သည့်​စည်း မျဉ်း​များ​အ​ရ​ပ​သ​ခါ​ယဇ်​ကို​မီး​တင်​၍​မြေ အိုး၊ သံ​က​ရား၊ သံ​ဒယ်​များ​နှင့်​ပြုတ်​ကြ​ပြီး လျှင်​ပြည်​သူ​တို့​အား​အ​လျင်​အ​မြန်​ဝေ​ပေး ကြ​၏။-\x + \xo 35:13 \xt ထွ၊ ၁၂:၈-၉။\x* \v 14 ထို​နောက်​လေဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့ အ​တွက်​နှင့်​အာ​ရုန်​မှ​ဆင်း​သက်​သူ ယဇ်​ပု​ရော ဟိတ်​များ​အ​တွက်​အ​သား​များ​ကို​ပေး​ဝေ ကြ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယဇ် ပု​ရော​ဟိတ်​တို့​သည်​တစ်​ကောင်​လုံး​မီး​ရှို့ ပူ​ဇော်​ရ​သော​ယဇ်​များ​နှင့် ယဇ်​ကောင်​ဆီ​ဥ များ​ကို​မီး​ရှို့​ပူ​ဇော်​ခြင်း​ဖြင့်​ညဥ့်​ဦး​တိုင် အောင်​အ​လုပ်​များ​လျက်​နေ​ကြ​သော ကြောင့်​ဖြစ်​၏။- \v 15 အာ​သပ်​သား​ချင်း​စု​မှ​ဂီ​တ​ပ​ညာ​သည် များ​ဖြစ်​ကြ​သည့်​အာ​သပ်၊ ဟေ​မန်​နှင့်​ဘု​ရင် ပ​ရော​ဖက်​ယေ​ဒု​သုန်​တို့​သည်​ဒါ​ဝိဒ်​မင်း ညွှန်​ကြား​ချက်​အ​ရ မိ​မိ​တို့​နှင့်​ဆိုင်​ရာ​နေ​ရာ များ​တွင်​ရှိ​နေ​ကြ​၏။ ဗိ​မာန်​တော်​အ​စောင့် တပ်​သား​များ​သည်​မိ​မိ​တို့​အား​သတ်​မှတ် ချ​ထား​သည့်​နေ​ရာ​များ​မှ​ထွက်​ခွာ​ကြ​ရန် မ​လို။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​အ​တွက် အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​များ​က ပ​သ​ခါ ည​စာ​ကို​ပြင်​ဆင်​ပေး​ကြ​သော​ကြောင့် ဖြစ်​၏။-\x + \xo 35:15 \xt ၅ရာ၊ ၂၅:၁။\x* \v 16 ထို့​ကြောင့်​ထာ​ဝရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး ကွယ်​မှု၊ ပ​သ​ခါ​ပွဲ​တော်​ကျင်း​ပ​မှု​နှင့်​ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ ကို​ဆက်​ကပ်​မှု​တို့​အ​တွက် ယော​ရှိ​မင်း​၏ အ​မိန့်​တော်​အ​တိုင်း​နေ့​ချင်း​ပြင်​ဆင်​ကြ​၏။- \v 17 ထို​အ​ရပ်​၌​ရှိ​ကြ​ကုန်​သော​ဣ​သ​ရေ​လ​ပြည် သူ​အ​ပေါင်း​တို့​သည် ပ​သ​ခါ​ပွဲ​တော်​နှင့်​တ​ဆေး မဲ့​မုန့်​ပွဲ​တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင်​ကျင်း​ပ ကြ​လေ​သည်။-\x + \xo 35:17 \xt ထွ၊ ၁၂:၁-၂၀။\x* \v 18-19 ပ​ရော​ဖက်​ရှ​မွေ​လ​လက်​ထက်​မှ​အ​စ​ပြု​၍ အ​ဘယ်​အ​ခါ​၌​မျှ​ပ​သ​ခါ​ပွဲ​တော်​ကို ဤ​ကဲ့ သို့​ကျင်း​ပ​ခဲ့​ဘူး​သည်​မ​ရှိ။ ယော​ရှိ​မင်း​နန်း​စံ တစ်​ဆယ့်​ရှစ်​နှစ်​မြောက်​၌​ယော​ရှိ​မင်း​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ၊ ယု​ဒ​ပြည်​သူ​များ၊ ဣ​သ​ရေ​လ​ပြည်​သူ​များ နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​များ ကျင်း​ပ ကြ​သည့်​ပ​သ​ခါ​ပွဲ​တော်​မျိုး​ကို​အ​ခြား အ​ဘယ်​ဘု​ရင်​မျှ​မ​ကျင်း​ပ​ခဲ့​ဘူး​ချေ။ \s1 ယော​ရှိ​မင်း​၏​နန်း​သက်​ကုန်​ဆုံး​ခြင်း \r (၄ရာ၊ ၂၃:၂၈-၃၀) \p \v 20 ယော​ရှိ​မင်း​သည်​ဗိ​မာန်​တော်​အ​တွက်​ဤ​သို့ သော​အ​မှု​အ​ရာ​များ​ကို​ဆောင်​ရွက်​ပြီး​ချိန် ၌ အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည်​ဥ​ဖ​ရတ်​မြစ်​ပေါ် ရှိ​ခါ​ခေ​မိတ်​မြို့​ကို​တိုက်​ခိုက်​ရန်​ချီ​တက်​လာ လေ​သည်။ ယော​ရှိ​သည်​သူ့​အား​ဆီး​တား​ရန် ချီ​တက်​ရာ၊- \v 21 နေ​ခေါ​က``အို ယု​ဒ​မင်း၊ ယ​ခု​ကျွန်ုပ်​တိုက်​သည့် စစ်​ပွဲ​သည်​အ​ဆွေ​တော်​နှင့်​မည်​သို့​မျှ​မ​သက် ဆိုင်။ ကျွန်ုပ်​သည်​အ​ဆွေ​တော်​အား​တိုက်​ခိုက်​ရန် လာ​သည်​မ​ဟုတ်။ ကျွန်ုပ်​၏​ရန်​သူ​များ​ကို​တိုက် ခိုက်​ရန်​သာ​လာ​ရောက်​ခြင်း​ဖြစ်​၏။ ဘု​ရား​သ​ခင်​က​ဆော​လျင်​စွာ​တိုက်​ခိုက်​ရန်​ကျွန်ုပ် အား​မိန့်​တော်​မူ​ပါ​၏။ ကျွန်ုပ်​၏​ဘက်​၌​ရှိ တော်​မူ​သော​ဘု​ရား​သ​ခင်​အား​ဆန့်​ကျင် ဘက်​မ​ပြု​ပါ​နှင့်။ သို့​မ​ဟုတ်​လျှင်​ဘု​ရား​သ​ခင်​သည်​အ​ဆွေ​တော်​ကို​သုတ်​သင် ဖျက်​ဆီး​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ယော​ရှိ ထံ​သို့​စေ​တ​မန်​လွှတ်​၍​မှာ​လိုက်​၏။- \v 22 သို့​ရာ​တွင်​ယော​ရှိ​သည်​စစ်​တိုက်​ရန်​သန္နိ​ဋ္ဌာန် ချ​ထား​ပြီ​ဖြစ်​သ​ဖြင့် မိ​မိ​ကိုယ်​ကို​ရုပ်​ဖျက် ၍​တိုက်​ပွဲ​ဝင်​လေ​သည်။ သူ​သည်​နေ​ခေါ​မင်း အား​ဖြင့်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ကို​နား​မ​ထောင်​ဘဲ​မေ​ဂိဒ္ဒေါ​လွင်​ပြင် ၌​တိုက်​ပွဲဝင်​လေ​၏။ \p \v 23 တိုက်​ပွဲဝင်​နေ​စဉ်​ယော​ရှိ​သည်​အီ​ဂျစ်​လေး​သည် တော်​တို့​၏​မြား​ချက်​ထိ​မှန်​သ​ဖြင့်``ငါ​သည် ပြင်း​စွာ​ဒဏ်​ရာ​ရ​ပြီ။ ငါ့​အား​ထုတ်​ဆောင် သွား​လော့'' ဟု​မိန့်​တော်​မူ​၏။- \v 24 သူ​၏​တပ်​သား​တို့​သည်​လည်း​မင်း​ကြီး​ကို​ချီ ကြွ​၍ အ​သင့်​ရှိ​နေ​သော​အ​ခြား​ရ​ထား​တစ် စီး​အ​ပေါ်​သို့​တင်​ပြီး​လျှင်​ယေ​ရု​ရှ​လင်​မြို့ သို့​ယူ​ဆောင်​သွား​ကြ​၏။ မင်း​ကြီး​သည်​ရ​ထား ပေါ်​၌​ပင်​ကွယ်​လွန်​တော်​မူ​သ​ဖြင့် သူ​၏ အ​လောင်း​ကို​ဘု​ရင်​များ​၏​သင်္ချိုင်း​တွင်​သင်္ဂြိုဟ် ကြ​၏။ ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​သည် မင်း​ကြီး ကွယ်​လွန်​သည့်​အ​တွက်​ဝမ်း​နည်း​ပူ​ဆွေး သည့်​အ​ထိမ်း​အ​မှတ်​ကို​ပြု​ကြ​ကုန်​၏။ \p \v 25 ပ​ရော​ဖက်​ယေ​ရ​မိ​သည်​ယော​ရှိ​မင်း​အ​ကြောင်း ငို​ချင်း​တစ်​ပုဒ်​ကို​ရေး​စပ်​သီ​ကုံး​၍ အ​မျိုး သား​အ​မျိုး​သ​မီး​အ​ဆို​တော်​များ​က​ယော​ရှိ ကွယ်​လွန်​သည့်​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​သည့် အ​ထိမ်း​အ​မှတ်​ပြု​ရာ​တွင်​ဤ​သီ​ချင်း​ကို သီ​ဆို​ကြ​လေ​သည်။ ယင်း​သို့​သီ​ဆို​မှု​မှာ ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ ဖြစ်​လာ​ရာ၊ ထို​ငို​ချင်း​သည်​ငို​ချင်း​ပေါင်း ချုပ်​တွင်​ပါ​ဝင်​လေ​သည်။ \p \v 26 ထာ​ဝရ​ဘု​ရား​အား​ယော​ရှိ​ဆည်း​ကပ်​ပုံ​နှင့် ပ​ညတ်​တော်​များ​ကို​စောင့်​ထိန်း​ပုံ​တို့​ကို လည်း​ကောင်း၊- \v 27 သူ​၏​အတ္ထု​ပ္ပတ္တိ​အ​စ​အ​ဆုံး​နှင့်​သူ​ဆောင် ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို လည်း​ကောင်း​ဣသ​ရေ​လ​ရာ​ဇဝင်​တွင်​ရေး ထား​သ​တည်း။ \b \c 36 \s1 ယု​ဒ​ဘု​ရင်​ယော​ခတ် \r (၄ရာ၊ ၂၃: ၃၀-၃၅) \p \v 1 ယု​ဒ​ပြည်​သူ​တို့​သည်​ယော​ရှိ​၏​သား​တော် ယော​ခတ်​ကို​ရွေး​ချယ်​၍ ယေ​ရု​ရှ​လင်​မြို့ တွင်​မင်း​အ​ဖြစ်​ဘိ​သိက်​ပေး​ကြ​၏။- \v 2 ယော​ခတ်​သည်​အ​သက်​နှစ်​ဆယ့်​သုံး​နှစ်​ရှိ သော​အ​ခါ​ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​လ​မျှ နန်း​စံ​ရ​လေ​သည်။- \v 3 အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည်​သူ့​ကို​ဖမ်း​ဆီး​ထား ပြီး​နောက်​ယု​ဒ​ပြည်​သူ​တို့​ထံ​မှ လက်​ဆောင် ပဏ္ဏာ​အ​ဖြစ်​ဖြင့်​ငွေ​အ​လေး​ချိန်​ပေါင်​ခု​နစ် ထောင့်​ငါး​ရာ​နှင့်​ရွှေ​ပေါင်​ချိန်​ခု​နစ်​ဆယ့် ငါး​ပေါင်​ကို​တောင်း​ခံ​တော်​မူ​၏။- \v 4 နေ​ခေါ​သည်​ယော​ခတ်​၏​ညီ​ဧ​လျာ​ကိမ်​ကို ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တင်​ပြီး​လျှင် ယော​ယ​ကိမ်​ဟူ​သော​နာ​မည်​သစ်​ကို​ပေး လေ​သည်။ ယော​ခတ်​ကို​မူ​အီ​ဂျစ်​ပြည်​သို့ ခေါ်​ဆောင်​သွား​တော်​မူ​၏။\x + \xo 36:4 \xt ယေ၊ ၂၂:၁၁-၁၂။\x* \b \s1 ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ် \r (၄ရာ၊ ၂၃: ၃၆-၂၄:၇) \p \v 5 ယော​ယ​ကိမ်​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ် ရှိ​သော​အ​ခါ​ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌​တစ်​ဆယ့်​တစ်​နှစ် နန်း​စံ​ရ​လေ​သည်။ သူ​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​၏။-\x + \xo 36:5 \xt ယေ၊ ၂၂:၁၈-၁၉၊ ၂၆:၁-၆၊ ၃၅:၁-၁၉။\x* \v 6 ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယု​ဒ ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​ပြီး​လျှင် ယော​ယ ကိမ်​ကို​ဖမ်း​ဆီး​၍​သံ​ကြိုး​နှင့်​ချည်​နှောင်​ကာ ဗာ​ဗု​လုန်​ပြည်​သို့​ခေါ်​ဆောင်​သွား​လေ သည်။-\x + \xo 36:6 \xt ယေ၊ ၂၅:၁-၃၈၊ ၃၆:၁-၃၂၊ ၄၅:၁-၅။ ဒံ၊ ၁:၁-၂။\x* \v 7 ဗိ​မာန်​တော်​ဘဏ္ဍာ​အ​ချို့​ကို​လည်း​ယူ​၍ မိ​မိ​၏​ဗာ​ဗု​လုန်​နန်း​တော်​တွင်​ထား​တော် မူ​၏။- \v 8 ယော​ယ​ကိမ်​၏​စက်​ဆုပ်​ဖွယ်​ကောင်း​သည့် အ​ပြု​အ​မူ​များ​နှင့်​ကူး​လွန်​သည့်​ဒု​စ​ရိုက် များ​အ​ပါ​အ​ဝင်​သူ​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား အ​မှု​အ​ရာ​အ​လုံး​စုံ​ကို​ယု​ဒ​ရာ​ဇ​ဝင်​တွင် မှတ်​တမ်း​တင်​ထား​သ​တည်း။ သူ​၏​သား​တော် ယေ​ခေါ​နိ​သည် ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။ \b \s1 ယု​ဒ​ဘု​ရင်​ယေ​ခေါ​နိ \r (၄ရာ၊ ၂၄: ၈-၁၇) \p \v 9 ယေ​ခေါ​နိ​သည်​အ​သက်​တစ်​ဆယ့်​ရှစ်​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက် ၍​ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​လ​မျှ​နန်း​စံ ရ​လေ​သည်။ သူ​သည်​လည်း​ထာ​ဝရ​ဘု​ရား ကို​ပြစ်​မှား​၏။- \v 10 နွေ​ဦး​ပေါက်​သော​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း သည်​ယေ​ခေါ​နိ​ကို​ဖမ်း​ဆီး​ပြီး​လျှင်​ဗာ​ဗု လုန်​ပြည်​သို့​ခေါ်​ဆောင်​သွား​၏။ နန်း​တော်​ဘဏ္ဍာ များ​ကို​လည်း​သိမ်း​ယူ​သွား​လေ​သည်။ ထို နောက်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ခေါ​နိ​၏ ဘ​ထွေး​တော်\f 12 \fr 36:10 \ft * \ft (၄ရာ၊၂၄:၁၇ ကို​ကြည့်​ပါ။) ဟေ​ဗြဲ​မူ​အ​ရ ညီ​တော်။\f* ဇေ​ဒ​ကိ​ကို​ယု​ဒ​ဘု​ရင်​အ​ဖြစ်​ဖြင့်​ယေ​ရု ရှ​လင်​မြို့​တွင်​နန်း​တင်​တော်​မူ​၏။\x + \xo 36:10 \xt ယေ၊ ၂၂:၂၄-၃၀၊ ၂၄:၁-၁၀၊ ၂၉:၁-၂။ ထွ၊ ၁၇:၁၂။ ယေ၊ ၃၇:၁။ ထွ၊ ၁၇:၁၃။\x* \b \s1 ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ \r (၄ရာ၊ ၂၄: ၁၈-၂၀။ ယေရမိ၊ ၅၂:၁-၃) \p \v 11 ဇေ​ဒ​ကိ​သည်​အ​သက်​နှစ်​ဆယ့်​တစ်​နှစ်​ရှိ​သော အ​ခါ​ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​တစ်​နှစ်​နန်း​စံ​ရ​လေ သည်။-\x + \xo 36:11 \xt ယေ၊ ၂၇:၁-၂၂၊ ၂၈:၁-၁၇။\x* \v 12 သူ​သည်​ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​၍​ထာ​ဝရ ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​သူ ပ​ရော ဖက်​ယေ​ရ​မိ​၏​စကား​ကို​နှိမ့်​ချ​သော​စိတ် ဖြင့်​နား​မ​ထောင်​ဘဲ​နေ​၏။ \b \s1 ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​ခြင်း \r (၄ရာ၊ ၂၅:၁-၂၁။ ယေ​ရ​မိ၊ ၅၂:၃-၁၁) \p \v 13 ဇေ​ဒ​ကိ​သည်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကို​ပုန်​ကန် လေ​၏။ နေ​ဗု​ခဒ်​နေ​ဇာ​သည်​မိ​မိ​၏​ကျေး​ဇူး သစ္စာ​တော်​ကို​စောင့်​ထိန်း​ရန် သူ့​အား​အ​တင်း အ​ကြပ်​ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ကို​တိုင် တည်​ကျိန်​ဆို​စေ​တော်​မူ​ခဲ့​၏။ ဇေ​ဒ​ကိ​သည် ခေါင်း​မာ​၍​နောင်​တ​မ​ရ။ ဣသ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ပြန်​မ​လာ​ဘဲ​နေ​လေ​သည်။-\x + \xo 36:13 \xt ယေဇ၊ ၁၇:၁၅။\x* \v 14 ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ၊ ယဇ် ပု​ရော​ဟိတ်​များ​နှင့်​ပြည်​သူ​တို့​သည်​လည်း မိ​မိ​တို့​ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့​၏​အ​ကျင့် ကို​လိုက်​၍ ရုပ်​တု​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် ကာ​ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​တိုင်​သီး​သန့် ထား​တော်​မူ​သော​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း စေ​ကြ​၏။- \v 15 သူ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​လူ​မျိုး​တော်​နှင့်​ဗိ​မာန်​တော် ကို​ချမ်း​သာ​ပေး​တော်​မူ​လို​သ​ဖြင့် သူ​တို့​အား သ​တိ​ပေး​ရန်​စေ​တ​မန်​များ​ကို​ဆက်​လက် စေ​လွှတ်​တော်​မူ​ခဲ့​၏။- \v 16 သို့​ရာ​တွင်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​စေ​တ​မန် တို့​အား​ပြက်​ရယ်​ပြု​၍ အ​မိန့်​တော်​ကို​နား​မ​ထောင် ကြ။ ပ​ရော​ဖက်​တို့​အား​ပြောင်​လှောင်​ကြ​၏။ သို့ ဖြစ်​၍​နောက်​ဆုံး​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း စွာ​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် သူ​တို့​အား ချမ်း​သာ​မ​ပေး​တော့​ချေ။ \p \v 17 ထာ​ဝရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​ဘု​ရင်​ကို​ခေါ် ဆောင်​တော်​မူ​ခဲ့​၏။ ထို​ဘု​ရင်​သည်​လည်း​ယု​ဒ လူ​ငယ်​လူ​ရွယ်​များ​ကို​ဗိ​မာန်​တော်​ထဲ​၌​ပင် သတ်​ဖြတ်​လေ​သည်။ ဘု​ရား​သ​ခင်​သည်​အ​သက် ကြီး​သူ၊ ငယ်​သူ၊ ယောကျာ်း​မိန်း​မ၊ ဖျား​နာ​သူ၊ ကျန်း​မာ​သူ​တို့​ကို​မ​သ​နား​ဘဲ​ရှိ​ရှိ​သ​မျှ သော​သူ​တို့​ကို​ဗာ​ဗု​လုန်​ဘု​ရင်​၏​လက်​သို့ အပ်​တော်​မူ​၏။-\x + \xo 36:17 \xt ယေ၊ ၂၁:၁-၁၀၊ ၃၄:၁-၅။\x* \v 18 ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဗိ​မာန်​တော်​ရှိ​အ​သုံး အ​ဆောင်၊ ဗိ​မာန်​တော်​ဘဏ္ဍာ၊ မင်း​ကြီး​နှင့်​မှူး မတ်​တို့​၏​ဘဏ္ဍာ​ရှိ​သ​မျှ​ကို​သိမ်း​သွား​လေ သည်။- \v 19 သူ​သည်​ဗိ​မာန်​တော်​နှင့်​မြို့​တော်​ကို​မီး​ရှို့ လျက်​ယေ​ရု​ရှ​လင်​မြို့​ရိုး​တို့​ကို​ဖြို​ဖျက်​၍ နန်း​တော်​အ​ဆောက်​အ​အုံ​များ​ကို​အ​ဖိုး တန်​ပစ္စည်း​များ​နှင့်​အ​တူ​မီး​ရှို့​ဖျက်​ဆီး တော်​မူ​၏။- \v 20 အ​သတ်​မ​ခံ​ရ​ဘဲ​ကျန်​ရှိ​နေ​သူ​တို့​ကို​ဗာ​ဗု လုန်​ပြည်​သို့​ခေါ်​ယူ​သွား​ပြီး​လျှင် ပေ​ရ​သိ အင်​ပါ​ယာ​နိုင်​ငံ​ပေါ်​ထွန်း​ချိန်​တိုင်​အောင် မိ​မိ နှင့်​မိ​မိ​၏​သား​မြေး​များ​ထံ​ကျွန်​ခံ​စေ​လေ သည်။-\x + \xo 36:20 \xt ၃ရာ၊ ၉:၈။\x* \v 21 သို့​ဖြစ်​၍​ပ​ရော​ဖက်​ယေ​ရ​မိ​အား​ဖြင့်``ဥ​ပုသ် နေ့​အ​လုပ်​ရပ်​နား​မှု\f 13 \fr 36:21 \ft * \ft သတ္တမ​နှစ်​တွင်​မြေ​ကို​ထွန်​ယက်​မှု​မ​ပြု​ရ ဟူ​သော​ပ​ညတ်​ကို​ရည်​ညွှန်း​သည်။ (ဝတ်၊ ၂၅:၁-၇ ကို​ကြည့်ပါ။)\f* မ​ပြု​ခဲ့​ကြ​သည်​ကို​ပြန်​လည်​အ​စား​ထိုး သည့်​အ​နေ​ဖြင့် ပြည်​တော်​တွင်​အ​နှစ်​ခု​နစ် ဆယ်​တိုင်​တိုင်​လူ​သူ​ဆိတ်​ညံ​လျက်​နေ​လိမ့် မည်'' ဟု​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော ဗျာဒိတ်​တော်​သည်​အ​ကောင်​အ​ထည်​ပေါ် လာ​တော့​၏။\x + \xo 36:21 \xt ယေ၊ ၂၅:၁၁၊ ၂၉:၁၀။\x* \b \s1 ကု​ရု​သည်​ယု​ဒ​အ​မျိုး​သား​တို့​ပြန်​စေ​ရန် အ​မိန့်​ထုတ်​ဆင့်​ခြင်း \r (ဧဇ၊ ၁:၁-၄) \p \v 22 ပေ​ရ​သိ​ဘု​ရင်​ကု​ရု\f 14 \fr 36:22 \ft * \ft ပေ​ရ​သိ​ဘု​ရင်​ကု​ရု​သည် ဗာ​ဗု​လုန်​မြို့​ကို ခ၊ ရှေ့၊ ငါးရာ​သုံး​ဆယ့်​ခြောက်​ခု​နှစ်​၌​သိမ်း​ယူ​ပြီး​ဗာ​ဗု​လုန် နိုင်​ငံ​ဧ​က​ရာဇ်​မင်း​အ​ဖြစ်​စ​တင်​အုပ်​စိုး​သည်။\f* နန်း​စံ​ပ​ထ​မ​နှစ်​၌​ထာ​ဝရ​ဘုရား​သည် သူ့​အား အ​မိန့်​တော်​တစ်​ရပ်​ထုတ်​ဆင့်​စေ​တော်​မူ​၍​သူ ၏​အင်​ပါ​ယာ​နိုင်​ငံ​တစ်​ဝန်း​လုံး​တွင်​ဖတ်​ကြား ကြေ​ညာ​စေ​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ​ခြင်း မှာ​ပ​ရော​ဖက်​ယေ​ရ​မိ​အား​ဖြင့်​ထာ​ဝရ ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော်​အ​တိုင်း ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​သ​တည်း။ \p \v 23 ထို​အ​မိန့်​တော်​တွင်``ဤ​အ​မိန့်​ကား​ပေ​ရ​သိ ဧ​က​ရာဇ်​ကု​ရု​၏​အ​မိန့်​တော်​ဖြစ်​၏။ ကောင်း ကင်​ဗိုလ်​ခြေ​ဘု​ရင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား​ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို အုပ်​စိုး​စေ​တော်​မူ​၍ ယု​ဒ​ပြည်​ယေ​ရု​ရှ​လင် မြို့​၌​ကိုယ်​တော်​၏​အ​တွက် ဗိ​မာန်​တော်​ကို တည်​ဆောက်​ရန်​တာ​ဝန်​ကို​ငါ့​အား​ပေး​အပ် တော်​မူ​လေ​ပြီ။ ဘု​ရား​သ​ခင်​၏​လူ​မျိုး တော်​ဖြစ်​ကြ​ကုန်​သော​သူ​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ကြ​လော့။ ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ ပါ​စေ​သော'' ဟု​ဖော်​ပြ​ပါ​ရှိ​လေ​သည်။\x + \xo 36:23 \xt ဟေ၊ ၄၄:၈။\x* ရာ​ဇ​ဝင်​ချုပ်​ဒု​တိ​ယ​စောင်​ပြီး​၏။