\id 1TI Myanmar Common Language Bible \h ၁ တိ \toc1 တိ​မော​သေ​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် \toc2 ၁ တိ \mt1 တိ​မော​သေ​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် \is1 နိ​ဒါန်း \ip တိ​မော​သေ​သည်​အာ​ရှ​မိုင်း​နား​ဒေ​သ​တွင် ကြီး ပြင်း​လာ​သော​ခ​ရစ်​ယာန်​လူ​ငယ်​တစ်​ဦး​ဖြစ် သည်။ အ​မိ​မှာ​ယု​ဒ​လူ​မျိုး၊ အ​ဖ​မှာ​ဂ​ရိ​လူ မျိုး​ဖြစ်​၏။ သူ​သည်​ရှင်​ပေါ​လု​၏​သာ​သ​နာ ပြု​လုပ်​ငန်း​တွင် ရှင်​ပေါ​လု​၏​လုပ်​ဖော်​ကိုင်​ဘက် နှင့်​လက်​ထောက်​ဖြစ်​လာ​၏။ ရှင်​ပေါ​လု​ရေး သား​သော​တိ​မော​သေ​သြ​ဝါ​ဒ​စာ​ပ​ထ​မ စောင်​တွင် အ​ဋ္ဌိ​က​အ​ကြောင်း​အ​ရာ​သုံး​ခု တွေ့​ရှိ​ရ​၏။ \ip ပ​ထ​မ​အ​နေ​ဖြင့်​အ​သင်း​တော်​တွင်​မှား​ယွင်း သည့်​အ​ယူ​ဝါ​ဒ​ရှိ​နေ​၍​သ​တိ​ပေး​သည်။ ယင်း​မှား​ယွင်း​သော​အ​ယူ​ဝါ​ဒ​မှာ​ယု​ဒ အ​မျိုး​သား​တို့​၏​အ​တွေး​အ​ခေါ်​နှင့် ယု​ဒ အ​မျိုး​သား​မ​ဟုတ်​သူ​တို့​၏​အ​တွေး​အ​ခေါ် တို့​ကို​ရော​နှော​ရာ​မှ​ပေါ်​လာ​သော​အ​ယူ​ဝါ​ဒ ဖြစ်​သည်။ ယင်း​အ​ယူ​ဝါ​ဒ​အ​ရ​ရုပ်​လော​က သည်​ဆိုး​ညစ်​သည်​ဖြစ်​၍ လူ​သည်​ကယ်​တင် ခြင်း​ရ​နိုင်​ရန် အ​ထူး​နက်​နဲ​သည့်​အ​သိ​ပ​ညာ ရ​ရှိ​ရန်​လို​အပ်​ကြောင်း၊ ထို့​အ​ပြင်​အ​စာ​ရှောင် ခြင်း၊ အိမ်​ထောင်​မ​ပြု​ဘဲ​နေ​ခြင်း​အ​စ​ရှိ​သည့် ကျင့်​စဉ်​များ​ကို​လည်း​လိုက်​နာ​ရန်​လို​အပ် ကြောင်း၊ ဒု​တိ​ယ​အ​နေ​ဖြင့်​အ​သင်း​တော် အုပ်​ချုပ်​ရေး၊ ကိုး​ကွယ်​ဝတ်​ပြု​ရေး​နှင့်​ပတ် သက်​၍​လည်း​ကောင်း အ​သင်း​တော်​ခေါင်း​ဆောင် များ​နှင့်​လက်​ထောက်​များ​တွင် ရှိ​အပ်​သည့် အ​ရည်​အ​သွေး​စ​သည်​တို့​နှင့်​ပတ်​သက်​၍ လည်း​ကောင်း​ညွှန်​ကြား​ချက်​များ​ဖော်​ပြ ပါ​ရှိ​၏။ တ​တိ​ယ​အ​နေ​ဖြင့်​တိ​မော​သေ သည်​ယေ​ရှု​ခ​ရစ်​၏​အ​စေ​ခံ​ကောင်း​တစ် ယောက်​ဖြစ်​လာ​နိုင်​ရန်​နှင့် ခ​ရစ်​ယာန်​လူ တန်း​စား​အ​သီး​သီး​တို့​ကို​ပြု​စု​နိုင်​ရန် အ​ကြံ​ဉာဏ်​ပေး​ချက်​များ​ဖော်​ပြ​ပါ ရှိ​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 နိ​ဒါန်း​\ior ၁:၁-၂\ior* \io1 အ​သင်း​တော်​နှင့်​အ​သင်း​တော်​အ​ရာ​ရှိ​များ​အ​တွက် ညွှန်​ကြား​ချက်​များ​\ior ၁:၃-၃:၁၆\ior* \io1 တိ​မော​သေ​၏​အ​လုပ်​နှင့်​ပတ်​သက်​သည့် ညွှန်​ကြား​ချက်​များ​\ior ၄:၁-၆:၂၁\ior* \c 1 \p \v 1 ငါ​တို့​၏​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​နှင့်​ငါ တို့​မျှော်​လင့်​ရာ​ဖြစ်​သော​ခ​ရစ်​တော်​ယေ​ရှု​၏ အ​မိန့်​တော်​အ​ရ ခ​ရစ်​တော်​ယေ​ရှု​၏​တ​မန် တော်​အ​ဖြစ်​ခန့်​ထား​ခြင်း​ခံ​ရ​သော​ငါ ပေါ​လု​ထံ​မှ၊ \p \v 2 ယုံ​ကြည်​ခြင်း​အား​ဖြင့်​ငါ​၏​သား​စစ်​ဖြစ် သော​တိ​မော​သေ​ထံ​သို့​စာ​ရေး​လိုက်​ပါ​သည်။ \p သင်​သည်​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​ငါ​တို့​အ​ရှင် ခ​ရစ်​တော်​ယေ​ရှု​ထံ​တော်​မှ ကျေး​ဇူး​တော်၊ က​ရု​ဏာ​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို​ခံ​စား ရ​ပါ​စေ​သ​တည်း။\x + \xo 1:2 \xt တ၊ ၁၆:၁။\x* \s1 မိစ္ဆာ​အ​ယူ​ဝါ​ဒ​များ​အ​တွက်​သ​တိ​ပေး​ခြင်း \p \v 3-4 မာ​ကေ​ဒေါ​နိ​ပြည်​သို့​ငါ​ထွက်​ခွာ​စဉ်​အ​ခါ က သင့်​အား​ငါ​မှာ​ကြား​ခဲ့​သည်​အ​တိုင်း ဧ​ဖက် မြို့​တွင်​ဆက်​လက်​နေ​ထိုင်​စေ​လို​၏။ လူ​အ​ချို့ တို့​သည်​မိစ္ဆာ​အ​ယူ​ဝါ​ဒ​များ​ကို​ဟော​ပြော သွန်​သင်​လျက်​ရှိ​ကြ​ပေ​သည်။ မ​ကုန်​မ​ဆုံး​နိုင် သော​ဒဏ္ဍာ​ရီ​များ​နှင့်​ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း များ​ကို အ​ပတ်​တ​ကုတ်​အား​ထုတ်​လေ့​လာ တတ်​သူ​တို့​အား ထို​အ​မှု​တို့​ကို​ရပ်​စဲ​ကြ စေ​ရန်​ပြော​ကြား​လော့။ ထို​အ​မှု​အ​ရာ​များ သည်​အ​ငြင်း​ပွား​မှု​များ​ကို​သာ​လျှင်​ပြု​စု ပေး​တတ်​၏။ ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည် တော်​ကို​အ​ကျိုး​မ​ပြု​တတ်။ ယုံ​ကြည်​ခြင်း အား​ဖြင့်​သာ​လျှင် ထို​အ​ကြံ​အ​စည်​တော် ကို​သိ​နိုင်​လေ​သည်။- \v 5 ဤ​သို့​ပ​ညတ်​ရ​ခြင်း​အ​ကြောင်း​မှာ​သန့်​စင် သော​မေတ္တာ၊ ကြည်​လင်​သော​သြတ္တပ္ပ​စိတ်​နှင့် စစ်​မှန်​သော​ယုံ​ကြည်​ခြင်း​ကို​နှိုး​ဆွ​ပေး လို​၍​ဖြစ်​၏။- \v 6 လူ​အ​ချို့​တို့​သည်​ဆို​ခဲ့​သော​သ​ဘော​မျိုး​ကို မ​ကျင့်​ဘဲ အ​ကျိုး​မဲ့​ပြော​ဆို​ငြင်း​ခုံ​မှု​များ ပြု​၍​လမ်း​လွဲ​သွား​ကြ​ပြီ။- \v 7 ထို​သူ​တို့​သည်​မိ​မိ​တို့​ပြော​ဆို​သော​စ​ကား များ​ကို​သော်​လည်း​ကောင်း၊ မိ​မိ​တို့​ပိုင်​နိုင်​စွာ ပြော​ဆို​သည့်​အ​ကြောင်း​အ​ရာ​များ​ကို​သော် လည်း​ကောင်း​နား​မ​လည်​ကြ။ သို့​နှင့်​လည်း​သူ တို့​သည်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​ဆိုင်​ရာ နည်း​ပြ​ဆ​ရာ​များ​လုပ်​လို​သေး​၏။ \p \v 8 ပ​ညတ်​တ​ရား​ကို​အ​သုံး​ပြု​သင့်​သည်​အ​တိုင်း အ​သုံး​ပြု​လျှင် ပ​ညတ်​တ​ရား​သည်​ကောင်း​မြတ် ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။- \v 9 သို့​ရာ​တွင်​တ​ရား​ဥ​ပ​ဒေ​များ​ကို​လူ​ကောင်း တို့​အ​တွက်​မ​ဟုတ်။ တ​ရား​လက်​လွတ်​စည်း​မဲ့ ကမ်း​မဲ့​ကျင့်​ကြံ​သူ​များ၊ ပြစ်​မှု​ကူး​လွန်​သူ များ၊ ဘု​ရား​ကို​မ​ကြည်​ညို​သူ​များ၊ အ​ပြစ် ကူး​သူ​များ၊ ဘာ​သာ​တ​ရား​ကိုင်း​ရှိုင်း​မှု မ​ရှိ​သူ​များ၊ အ​ဖ​ကို​သတ်​သူ​များ​နှင့် အ​မိ​ကို​သတ်​သူ​များ၊ သူ​သတ်​သ​မား​များ၊- \v 10 အ​ကျင့်​စာ​ရိတ္တ​ပျက်​ပြား​သူ​များ၊ လိင်​တူ ချင်း​ကာ​မ​ဆက်​ဆံ​တတ်​သူ​များ၊ ပြန်​ပေး ဆွဲ​သူ​များ၊ လိမ်​လည်​ပြော​ဆို​တတ်​သူ​များ၊ မ​မှန်​သော​သက်​သေ​ကို​ခံ​တတ်​သူ​များ​နှင့် မှန်​ကန်​သော​အ​ယူ​ဝါ​ဒ​နှင့် ဆန့်​ကျင်​၍​ပြု လုပ်​တတ်​သူ​များ​အ​တွက်​သာ​လျှင် ပြ​ဋ္ဌာန်း ထား​ခြင်း​ဖြစ်​ကြောင်း​ငါ​တို့​သိ​မှတ်​ရ​ကြ ပေ​မည်။- \v 11 ဤ​သွန်​သင်​ချက်​သည်​ဘုန်း​အ​သ​ရေ​နှင့်​ပြည့် ဝ​၍ မင်္ဂ​လာ​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​ထံ တော်​မှ​လာ​သည့်​သ​တင်း​ကောင်း​အ​တိုင်း​ဖြစ် ပေ​သည်။ ထို​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန် ငါ့​အား​ပေး​အပ်​တော်​မူ​၏။ \s1 ရှင်​ပေါ​လု​၏​ကျေး​ဇူး​တော်​နှင့်​က​ရု​ဏာ​တော်​ကို ချီး​မွမ်း​ခြင်း \p \v 12-13 ငါ​သည်​ဤ​အ​မှု​တော်​ကို​ဆောင်​ရွက်​နိုင်​ရန် ငါ့​အား​ခွန်​အား​ကို​ပေး​တော်​မူ​သော ငါ​တို့ အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​၏။ ငါ​သည်​ယ​ခင်​က​ကိုယ်​တော်​အား ပုတ်​ခတ်​ပြော​ဆို​ခဲ့​သူ၊ ညှဉ်း​ပန်း​နှိပ်​စက်​ခဲ့​သူ၊ စော်​ကား​ခဲ့​သူ​ဖြစ်​သော်​လည်း​ကိုယ်​တော်​သည် ငါ့​အား​ထိုက်​တန်​သူ​ဟု​မှတ်​ယူ​တော်​မူ​လျက် ဤ​အ​လုပ်​တာ​ဝန်​ကို​အပ်​နှင်း​တော်​မူ​သော ကြောင့်​ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၏။ ထို​စဉ်​အ​ခါ​က​ငါ​သည်​ကိုယ်​တော်​ကို ယုံ​ကြည်​သူ​မ​ဟုတ်​သ​ဖြင့် မ​သိ​နား​မ​လည် သည့်​အ​တွက် ယင်း​သို့​ပြု​ကျင့်​မိ​ခဲ့​ခြင်း​ဖြစ်​၏။ ထို့​ကြောင့်​ကိုယ်​တော်​သည်​ငါ့​အား​က​ရု​ဏာ ထား​တော်​မူ​ပေ​သည်။-\x + \xo 1:12-13 \xt တ၊ ၈:၃၊ ၉:၄-၅။\x* \v 14 ငါ​တို့​သ​ခင်​ဘု​ရား​သည်​မိ​မိ​၏​ကြွယ်​ဝ​သော ကျေး​ဇူး​တော်​ကို​ငါ့​အ​ပေါ်​သို့​သွန်း​လောင်း တော်​မူ​၍ ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​ခြင်း​အား​ဖြင့်​ငါ​တို့​ရ​ရှိ​သည့် ယုံ​ကြည်​ခြင်း​နှင့်​ချစ်​ခြင်း​ကို​ငါ့​အား ပေး​တော်​မူ​၏။- \v 15 ဤ​လော​က​သို့​ခ​ရစ်​တော်​ယေ​ရှု​ကြွ​လာ​တော် မူ​သည်​မှာ​အ​ပြစ်​ကူး​သူ​တို့​အား ကယ်​တင်​ရန် ဖြစ်​၏​ဟူ​သော​စကား​သည်​သစ္စာ​စ​ကား​ဖြစ်​၍ ခြွင်း​ချက်​မ​ရှိ​လက်​ခံ​ယုံ​ကြည်​ရ​ပေ​မည်။ ငါ သည်​အ​ပြစ်​ကူး​သူ​တို့​တွင်​အ​ဆိုး​ဆုံး​ဖြစ်​၏။- \v 16 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ့​ကို​က​ရု​ဏာ ထား​တော်​မူ​၏။ ယင်း​သို့​ထား​တော်​မူ​ခြင်း​မှာ နောင်​အ​ခါ​၌​ခ​ရစ်​တော်​ကို​ယုံ​ကြည်​ကာ ထာ​ဝ​ရ​အ​သက်​ရ​ရှိ​ကြ​မည့်​သူ​တို့ အ​တွက်​ပုံ​စံ​ဖြစ်​စေ​ရန် ခ​ရစ်​တော်​ယေ​ရှု သည်​ခပ်​သိမ်း​သော​ခန္တီ​တော်​ကို​အ​ပြစ်​ကူး သူ​တို့​တွင် အ​ဆိုး​ဆုံး​ဖြစ်​သူ​ငါ့​အား ပြ​တော်​မူ​သော​ကြောင့်​ပင်​ဖြစ်​သ​တည်း။- \v 17 ထာ​ဝ​ရ​ဘု​ရင်​ဖြစ်​တော်​မူ​သော၊ သင်္ခါ​ရ သ​ဘော​တ​ရား​နှင့်​ကင်း​တော်​မူ​သော၊ လူ တို့​မျက်​စိ​ဖြင့်​မ​မြင်​နိုင်​သော၊ တစ်​ဆူ​တည်း ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်​ကမ္ဘာ အ​ဆက်​ဆက်​ဂုဏ်​အ​သ​ရေ​နှင့်​ဘုန်း​အာ​နု ဘော်​တော်​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။ \p \v 18 ငါ့​သား​တိ​မော​သေ၊ အ​ခါ​တစ်​ပါး​က​သင့်​ကို ရည်​စူး​၍​ပ​ရော​ဖက်​တို့​ဟော​ကြား​ကြ​သည့် အ​တိုင်း ငါ​သည်​ဤ​အ​လုပ်​တာ​ဝန်​ကို​သင့်​အား ပေး​အပ်​၏။ ကောင်း​စွာ​တိုက်​ခိုက်​ရန်​ထို​ပ​ရော​ဖက် တို့​ဟော​ကြား​ခဲ့​သည့်​စ​ကား​များ​ကို​လက်​နက် သ​ဖွယ်​အ​သုံး​ပြု​လော့။- \v 19 သင်​၌​ယုံ​ကြည်​ခြင်း​နှင့်​ကြည်​လင်​သော​သြတ္တပ္ပ စိတ်​ရှိ​စေ​လော့။ အ​ချို့​သော​သူ​တို့​သည်​သြတ္တပ္ပ စိတ်​၏​နှိုး​ဆော်​မှု​ကို​နား​မ​ထောင်​သ​ဖြင့် မိ​မိ တို့​၏​ယုံ​ကြည်​ခြင်း​ကို​ပျက်​ပြယ်​စေ​ကြ​၏။- \v 20 ထို​သူ​တို့​အ​ထဲ​တွင်​ဟု​မေ​နဲ​နှင့်​အာ​လေ ဇန္ဒြု​တို့​လည်း​ပါ​ကြ​၏။ သူ​တို့​သည်​ဘု​ရား သ​ခင်​အား​ပြစ်​မှား​ပြော​ဆို​မှု​ကို​မ​ပြု​ရန် သင်​ခန်း​စာ​ရ​စေ​အံ့​ငှာ ငါ​သည်​သူ​တို့​ကို စာ​တန်​၏​လက်​သို့​ပေး​အပ်​လိုက်​လေ​ပြီ။ \c 2 \s1 အ​သင်း​တော်​တွင်​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း \p \v 1 သို့​ဖြစ်​၍​ပ​ထ​မ​ဦး​စွာ​လူ​အ​ပေါင်း​တို့ အ​တွက် ဘု​ရား​သ​ခင်​အား​လျှောက်​ထား အ​သ​နား​ခံ​ခြင်း၊ ဆု​တောင်း​ပတ္ထ​နာ​ပြု​ခြင်း၊ တောင်း​ခံ​ခြင်း၊ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ခြင်း​တို့​ကို​ပြု​ကြ​ရန်​ငါ​တိုက်​တွန်း​၏။- \v 2 ငါ​တို့​သည်​ဘု​ရား​ဝတ်​၌​မွေ့​လျော်​ကာ ငြိမ်း​ချမ်း​သာ​ယာ​စွာ​နေ​နိုင်​ကြ​မည် အ​ကြောင်း ရှင်​ဘု​ရင်​များ​နှင့်​အာ​ဏာ​ပိုင် အ​ပေါင်း​တို့​အ​တွက် ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​လော့။- \v 3 ဤ​အ​မှု​သည်​ကောင်း​မြတ်​သော​အ​မှု၊ ငါ​တို့ ၏​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​နှစ်​သက်​တော် မူ​သော​အ​မှု​ဖြစ်​၏။- \v 4 လူ​အ​ပေါင်း​တို့​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​စေ ရန်​နှင့်​သမ္မာ​တ​ရား​တော်​ကို​သိ​ရှိ​နား​လည် လာ​ကြ​စေ​ရန်​ကိုယ်​တော်​အ​လို​ရှိ​တော်​မူ​၏။- \v 5 ဘု​ရား​သည်​တစ်​ဆူ​တည်း​ရှိ​တော်​မူ​၍​ဘု​ရား နှင့်​လူ​အ​ကြား​တွင် စေ့​စပ်​ပေး​သူ​လူ​ခ​ရစ် တော်​ယေ​ရှု​တစ်​ပါး​တည်း​သာ​ရှိ​ပေ​သည်။- \v 6 ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​ကို​ကယ်​တင် တော်​မူ​ရန်​မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​၏။ ဤ​ကား အ​ချိန်​သင့်​သော​အ​ခါ​လူ​အ​ပေါင်း​တို့​အား ကယ်​တင်​ရန်​ဘု​ရား​သ​ခင်​အ​လို​ရှိ​တော်​မူ ကြောင်း​သက်​သေ​ပြ​ခြင်း​ပင်​ဖြစ်​သ​တည်း။- \v 7 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ငါ့​အား​တ​မန်​တော် အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​၏ ဆ​ရာ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း တ​ရား​နှင့်​သမ္မာ​တ​ရား​တော်​ကို​ဟော​ပြော သွန်​သင်​ရန်​ခန့်​ထား​တော်​မူ​၏။ ငါ​သည်​မု​သား စ​ကား​ကို​ပြော​နေ​သည်​မ​ဟုတ်။ မှန်​သော စ​ကား​ကို​ပြော​နေ​ခြင်း​ဖြစ်​သည်။\x + \xo 2:7 \xt ၂တိ၊ ၁:၁၁။\x* \p \v 8 ကိုး​ကွယ်​ဝတ်​ပြု​ရန်​စု​ဝေး​သည့်​အ​ခါ​တိုင်း ၌​အ​မျိုး​သား​တို့​အား​ဆု​တောင်း​ပတ္ထ​နာ​ပြု စေ​လို​၏။ သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ဆက်​ကပ်​ထား​သူ​များ​ဖြစ်​ပြီး​လျှင်​အ​မျက် ထွက်​ခြင်း၊ ငြင်း​ခုံ​ခြင်း​သ​ဘော​မ​ရှိ​ဘဲ လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရ ကြ​မည်။- \v 9 အ​မျိုး​သ​မီး​တို့​အား​လည်း​လျောက်​ပတ် တင့်​တယ်​စွာ​ဝတ်​စား​ဆင်​ယင်​ကြ​စေ​လို​၏။ ဆံ​ပင်​ကို​အ​လှ​ထုံး​ခြင်း၊ ရွှေ၊ ပု​လဲ​သို့ မ​ဟုတ်​အ​ဖိုး​ထိုက်​သည့်​အ​ဝတ်​တန်​ဆာ များ​ကို​ဝတ်​ဆင်​ခြင်း​တို့​ကို​မ​ပြု​သင့်​ကြ။-\x + \xo 2:9 \xt ၁ပေ၊ ၃:၃။\x* \v 10 သူ​တို့​သည်​ဘု​ရား​ဝတ်​၌​မွေ့​လျော်​သူ​များ ပြု​သင့်​သည့်​အ​တိုင်း ကောင်း​မြတ်​သော​အ​ကျင့် များ​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​တန်​ဆာ​ဆင်​ကြ ရ​၏။- \v 11 အ​မျိုး​သ​မီး​တို့​သည်​ကျိုး​နွံ​စွာ​ဆိတ်​ဆိတ် သင်​ယူ​ကြ​စေ။- \v 12 သွန်​သင်​မှု​ကို​သော်​လည်း​ကောင်း၊ အ​မျိုး​သား တို့​အ​ပေါ်​တွင်​အာ​ဏာ​ပြ​မှု​ကို​သော်​လည်း ကောင်း အ​မျိုး​သ​မီး​တို့​အား​ငါ​ခွင့်​မ​ပြု။ သူ​တို့​သည်​တိတ်​ဆိတ်​စွာ​နေ​ရ​မည်။- \v 13 အာ​ဒံ​ကို​ဦး​စွာ​ဖန်​ဆင်း​တော်​မူ​ပြီး​မှ​ဧ​ဝ ကို​ဖန်​ဆင်း​တော်​မူ​ပေ​သည်။-\x + \xo 2:13 \xt က၊ ၂:၇၊ ၂၁-၂၂။\x* \v 14 လှည့်​စား​ခြင်း​ကို​ခံ​ရ​သူ​မှာ​လည်း​အာ​ဒံ မ​ဟုတ်။ အ​မျိုး​သ​မီး​သာ​လျှင်​လှည့်​စား​ခြင်း ကို​ခံ​ရ​၍​ဘု​ရား​သခင်​၏​ပ​ညတ်​တော်​ကို ချိုး​ဖောက်​ပေ​သည်။-\x + \xo 2:14 \xt က၊ ၃:၁-၆။\x* \v 15 သို့​ရာ​တွင်​အ​မျိုး​သ​မီး​တို့​သည်​ဣန္ဒြေ​စောင့် လျက်​ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သန့်​ရှင်း​မြင့် မြတ်​ခြင်း​ပါ​ရ​မီ​တို့​၌​ဆက်​လက်​ကြီး​ပွား ကြ​ပါ​မူ​မိ​မိ​တို့​သား​ဖွား​ပေး​ရ​ကြ​သည့် အ​တွက်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ \b \c 3 \s1 အ​သင်း​တော်​ခေါင်း​ဆောင်​များ \p \v 1 အ​သင်း​တော်​၏​ခေါင်း​ဆောင်​ဖြစ်​ရန်​မျှော်​မှန်း သူ​သည်​မွန်​မြတ်​သည့်​အ​မှု​အ​ရာ​ကို​လို လား​တောင့်​တ​သူ​ဖြစ်​၏​ဟူ​သော​စ​ကား သည်​မှန်​ပေ​၏။- \v 2 အ​သင်း​တော်​ကို​ခေါင်း​ဆောင်​သူ​သည်​အ​ပြစ် ဆို​ဖွယ်​မ​ရှိ​သူ​ဖြစ်​ရ​မည်။ ထို​သူ​၌​ဇ​နီး တစ်​ယောက်​သာ​ရှိ​ရ​မည်။ သူ​သည်​သမ္မာ​သ​တိ ရှိ​သူ၊ ဣန္ဒြေ​စောင့်​စည်း​သူ၊ လျောက်​ပတ်​စွာ​နေ​ထိုင် ကျင့်​ကြံ​သူ​ဖြစ်​ရ​မည်။ ဧည့်​ဝတ်​ကျေ​ပွန်​သူ ဖြစ်​ရ​မည်။ သင်​ကြား​တတ်​သူ​ဖြစ်​ရ​မည်။-\x + \xo 3:2 \xt တိ၊ ၁:၆-၉။\x* \v 3 သေ​သောက်​ကြူး​သူ​မ​ဖြစ်​စေ​ရ။ သူ​သည် ကြမ်း​တမ်း​သူ​မ​ဟုတ်​ဘဲ​နူး​ညံ့​သိမ်​မွေ့​သူ၊ ငြိမ်း​ချမ်း​မှု​ကို​လို​လား​သူ​ဖြစ်​ရ​မည်။ ငွေ ကို​ခုံ​မင်​တပ်​မက်​သူ​မ​ဖြစ်​ရ။- \v 4 သူ​သည်​မိ​မိ​၏​အိမ်​ထောင်​ကို​ကောင်း​စွာ​အုပ် ထိန်း​နိုင်​လျက် သား​သ​မီး​များ​၏​နာ​ခံ​လေး စား​မှု​ကို​ရ​ရှိ​သူ​ဖြစ်​ရ​မည်။- \v 5 မိ​မိ​၏​အိမ်​ထောင်​ကို​မ​အုပ်​မ​ထိန်း​နိုင်​သူ​သည် ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ကို​အ​ဘယ်​သို့ လျှင်​အုပ်​ထိန်း​နိုင်​ပါ​မည်​နည်း။- \v 6 သူ​သည်​မ​ကြာ​မီ​က​မှ​ခ​ရစ်​ယာန်​ဘာ​သာ သို့​ကူး​ပြောင်း​လာ​သူ​မ​ဖြစ်​စေ​ရ။ သို့​မှ​သာ သူ​သည်​မိ​မိ​ကိုယ်​ကို​အ​ထင်​ကြီး​လာ​သ​ဖြင့် မာရ်​နတ်​နည်း​တူ​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ မည်​မ​ဟုတ်။- \v 7 ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​မ​ခံ​ရ​စေ​ရန်​နှင့်​မာရ်​နတ် ၏​ကျော့​ကွင်း​ထဲ​သို့​မ​ကျ​ရောက်​စေ​ရန်​သူ သည်​အ​သင်း​တော်​အ​ပ​ရှိ​လူ​တို့​၏​ရို​သေ လေး​စား​မှု​ကို​ခံ​ရ​သူ​ဖြစ်​ရ​မည်။ \b \s1 သင်း​ထောက်​လူ​ကြီး​များ \p \v 8 သင်း​ထောက်​လူ​ကြီး​များ​သည်​လည်း​စာ​ရိတ္တ ကောင်း​မွန်​၍​ဟန်​ဆောင်​မှု​မ​ရှိ​သူ​များ​ဖြစ် ရ​မည်။ သူ​တို့​သည်​သေ​သောက်​ကြူး​သူ​များ၊ ငွေ​ကို​တပ်​မက်​သူ​များ​မ​ဖြစ်​စေ​ရ။- \v 9 ငါ​တို့​ဘာ​သာ​တ​ရား​နှင့်​ဆိုင်​သော​နက်​နဲ သော​သစ္စာ​တ​ရား​များ​ကို​သြတ္တပ္ပ​စိတ်​ကြည် လင်​စွာ​ဖြင့်​လက်​ခံ​သူ​များ​ဖြစ်​ရ​ကြ​မည်။- \v 10 သူ​တို့​အား​ဦး​စွာ​စစ်​ဆေး​၍​အ​ပြစ်​ကင်း​မှ အ​မှု​တော်​ဆောင်​ခွင့်​ပြု​ကြ​လော့။- \v 11 သူ​တို့​၏​ဇ​နီး​များ​သည်​လည်း​စာ​ရိတ္တ​ကောင်း မွန်​သူ​များ​ဖြစ်​ရ​မည်။ အ​တင်း​ပြော​ဆို​တတ် သူ​များ​မ​ဖြစ်​စေ​ရ။ ဣန္ဒြေ​ရှိ​သူ၊ အ​ရာ​ရာ​၌ ရိုး​သား​ဖြောင့်​မတ်​သူ​များ​ဖြစ်​ရ​ကြ​မည်။- \v 12 သင်း​ထောက်​လူ​ကြီး​၌​ဇ​နီး​တစ်​ယောက်​သာ ရှိ​ရ​မည်။ သူ​သည်​မိ​မိ​၏​သား​သ​မီး​များ​နှင့် အိမ်​ထောင်​ကို​ကောင်း​စွာ​အုပ်​ထိန်း​နိုင်​သူ​ဖြစ် ရ​မည်။- \v 13 မိ​မိ​တို့​၏​အ​လုပ်​တာ​ဝန်​ကို​အောင်​မြင်​စွာ ဆောင်​ရွက်​ကြ​သော​သင်း​ထောက်​လူ​ကြီး​များ သည်​ဂုဏ်​ရည်​မြင့်​လျက် မိ​မိ​တို့​၏​ခ​ရစ်​တော် ကို​ယုံ​ကြည်​ခြင်း​အ​ကြောင်း​တ​ရား​ကို ရဲ​ရင့်​စွာ​ဟော​ပြော​နိုင်​ကြ​၏။ \b \s1 အ​လွန်​နက်​နဲ​သည့်​အ​ရာ \p \v 14 ငါ​သည်​ဤ​စာ​ကို​ရေး​နေ​ချိန်​၌​သင့်​ထံ​သို့ မ​ကြာ​မီ​လာ​ရောက်​ရန်​မျှော်​လင့်​လျက်​ရှိ​၏။- \v 15 သို့​ရာ​တွင်​အ​ကယ်​၍​ငါ​လာ​ရောက်​ရန်​နှောင့်​နှေး ကြန့်​ကြာ​နေ​ခဲ့​သော် ဘု​ရား​သ​ခင်​၏​အိမ်​ထောင် စု​သား​တို့​အ​ဘယ်​သို့​ပြု​မူ​ကျင့်​ကြံ​သင့်​သည် ကို​သင်​သိ​ရှိ​နိုင်​စေ​ရန် ဤ​စာ​ကို​ရေး​လိုက်​ရ ခြင်း​ဖြစ်​ပေ​သည်။ ထို​အိမ်​ထောင်​စု​ကား​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​သခင်​၏​အ​သင်း​တော် ပင်​တည်း။ ထို​အ​သင်း​တော်​သည်​သမ္မာ​တ​ရား​၏ မဏ္ဍိုင်​ဖြစ်​၏။- \v 16 ငါ​တို့​၏​ဘာ​သာ​တ​ရား​တော်​နက်​နဲ​ပုံ​ကို အ​ဘယ်​သူ​မျှ​ငြင်း​ဆို​၍​မ​ရ​ပေ။ ထို​နက်​နဲ ပုံ​ကား​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ \q1 ကိုယ်​တော်​သည်​ကိုယ်​ခန္ဓာ​၌​ပေါ်​ထွန်း​တော်​မူ ပြီ။ \q2 ဟုတ်​မှန်​တော်​မူ​ကြောင်း​ကို​ဝိ​ညာဉ်​တော်​အား​ဖြင့် ဖော်​ပြ​တော်​မူ​ပြီ။ \q1 ကောင်း​ကင်​တ​မန်​များ​သည်​ကိုယ်​တော်​ကို ရှု​မြင်​ရ​ကြ​ပြီ။ \q2 ကိုယ်​တော်​၏​အ​ကြောင်း​တော်​ကို လူ​မျိုး​တ​ကာ​တို့​အား​ကြေ​ညာ​ပြီ။ \q1 ကမ္ဘာ​ပေါ်​ရှိ​လူ​တို့​သည်​ယုံ​ကြည်​ကြ​ပြီ။ \q2 ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ​ခြင်း​ကို​ခံ​တော် မူ​ပြီ။ \c 4 \s1 ဆ​ရာ​အ​တု​အ​ယောင်​များ \p \v 1 နောင်​ကာ​လ​၌​လူ​အ​ချို့​တို့​သည်​မု​သား​ပြော ဆို​သည့်​ဝိ​ညာဉ်​များ​၏​စ​ကား​ကို​နာ​ခံ​လျက် နတ်​မိစ္ဆာ​တို့​၏​သြ​ဝါ​ဒ​ကို​လိုက်​နာ​ကာ မိ​မိ တို့​၏​ယုံ​ကြည်​ခြင်း​ကို​စွန့်​လွှတ်​ကြ​လိမ့်​မည် ဟု​ဝိ​ညာဉ်​တော်​က အ​တိ​အ​လင်း​ဖော်​ပြ တော်​မူ​၏။- \v 2 မိ​မိ​တို့​၏​သြတ္တပ္ပ​စိတ်​တွင်​သံ​ပူ​ခတ်​ခြင်း​ခံ​ရ သ​ကဲ့​သို့ သြတ္တပ္ပ​စိတ်​ကင်း​မဲ့​သော​လိမ်​လည် လှည့်​ဖြား​တတ်​သူ​တို့​သည်​ထို​သြ​ဝါ​ဒ များ​ကို​ပေး​ကြ​၏။- \v 3 ထို​သူ​တို့​က​လူ​တို့​အား​ထိမ်း​မြား​မင်္ဂ​လာ​မ ပြု​ရန်​နှင့်​အ​ချို့​သော​အ​စား​အ​စာ​များ​ကို ရှောင်​ကြဉ်​ကြ​စေ​ရန်​သွန်​သင်​ကြ​၏။ သို့​ရာ​တွင် ယုံ​ကြည်​၍​သမ္မာ​တ​ရား​တော်​ကို​သိ​ကျွမ်း​သူ တို့​သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက် စား သောက်​နိုင်​ကြ​စေ​ရန်​ဤ​အ​စား​အ​စာ​များ ကို​ဘု​ရား​သ​ခင်​ဖန်​ဆင်း​ထား​တော်​မူ​၏။- \v 4 ဘု​ရား​သ​ခင်​ဖန်​ဆင်း​ထား​တော်​မူ​သော​အ​ရာ မှန်​သ​မျှ​သည်​သုံး​ဆောင်​ထိုက်​သည်​ဖြစ်​၍ အ​ဘယ်​အ​စား​အ​စာ​ကို​မျှ​ရှောင်​ကြဉ်​ရန် မ​လို​ပေ။ အ​စား​အ​စာ​မှန်​သ​မျှ​ကို​ကျေး​ဇူး တော်​ချီး​မွမ်း​လျက်​ခံ​ယူ​ရ​ကြ​မည်။- \v 5 အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အ​ရာ​တို့​ကို ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​အား​ဖြင့် လည်း​ကောင်း၊ ဆု​တောင်း​ခြင်း​အား​ဖြင့်​လည်း ကောင်း၊ သန့်​စင်​စေ​ပြီး​ဖြစ်​သော​ကြောင့်​တည်း။ \s1 ခ​ရစ်​တော်​ယေ​ရှု​၏​အ​စေ​ခံ​ကောင်း \p \v 6 ဤ​ညွှန်​ကြား​ချက်​များ​ကို​ညီ​အစ်​ကို​တို့​အား ပေး​အပ်​မည်​ဆို​ပါ​မူ သင်​သည်​မိ​မိ​လိုက်​နာ သည့်​ယုံ​ကြည်​ချက်​နှင့်​မှန်​ကန်​သည့်​အ​ယူ ဝါ​ဒ​ကို​မှီ​ဝဲ​ကျင့်​သုံး​လျက် ခ​ရစ်​တော် ယေ​ရှု​၏​အ​စေ​ခံ​ကောင်း​ဖြစ်​လိမ့်​မည်။- \v 7 တ​ရား​မဲ့​ဖြစ်​၍​ပြော​ကြား​ရန်​ပင်​မ​သင့်​လျော် သည့်​ဒဏ္ဍာ​ရီ​များ​ကို​ရှောင်​လော့။ ဘု​ရား​ဝတ်​၌ မွေ့​လျော်​တတ်​ရန်​မိ​မိ​ကိုယ်​ကို​လေ့​ကျင့်​ပေး လော့။- \v 8 ကာ​ယ​ဆိုင်​ရာ​လေ့​ကျင့်​မှု​သည်​အ​ကျိုး​ပေး​သင့် သ​လောက်​ပေး​၏။ ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​လေ့​ကျင့်​မှု သည်​ကား​ယ​ခု​ဘ​ဝ​နောင်​ဘ​ဝ​အ​တွက်​အ​ရာ ရာ​၌​အ​ကျိုး​ကို​ပေး​၏။- \v 9 ဤ​စ​ကား​သည်​သစ္စာ​စ​ကား​ဖြစ်​သ​ဖြင့် အ​ကြွင်း​မဲ့​လက်​ခံ​ယုံ​ကြည်​ရ​ပေ​မည်။- \v 10 ငါ​တို့​သည်​ကြိုး​စား​အား​ထုတ်​လုပ်​ဆောင်​လျက် နေ​ကြ​ခြင်း​မှာ လူ​အ​ပေါင်း​တို့​၏​ကယ်​တင်​ရှင် အ​ထူး​သ​ဖြင့်​ယုံ​ကြည်​သူ​တို့​၏​ကယ်​တင်​ရှင် ဖြစ်​တော်​မူ​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား သ​ခင်​ကို​ကိုး​စား​ကြ​သော​ကြောင့်​ဖြစ်​၏။ \p \v 11 ယ​ခု​ဆို​ခဲ့​သည်​အ​တိုင်း​ညွှန်​ကြား​၍​သြ​ဝါ​ဒ ပေး​လော့။ \m \v 12 အ​သက်​ငယ်​ရွယ်​သူ​ဖြစ်​သည့်​အ​တွက်​သင့် အား​အ​ဘယ်​သူ​မျှ​အ​ထင်​မ​သေး​စေ​နှင့်။ သင် ၏​အ​ပြော​အ​ဆို၊ အ​ပြု​အ​မူ၊ ချစ်​ခြင်း၊ သစ္စာ ရှိ​ခြင်း၊ စိတ်​နှ​လုံး​စင်​ကြယ်​ခြင်း​တို့​သည် ယုံ​ကြည်​သူ​တို့​အ​တွက်​စံ​န​မူ​နာ​ဖြစ်​စေ လော့။- \v 13 ငါ​လာ​သည်​တိုင်​အောင်​လူ​ပ​ရိ​သတ်​ရှေ့ ကျမ်း​စာ​တော်​ကို​ဖတ်​ခြင်း၊ တ​ရား​ဟော​ခြင်း၊ သွန်​သင်​ဆုံး​မ​ခြင်း​တို့​ကို​ဂ​ရု​ပြု​လော့။- \v 14 ပ​ရော​ဖက်​များ​မိန့်​ကြား​၍​သင်း​အုပ်​များ​က သင့်​အား​သိက္ခာ​တင်​မင်္ဂ​လာ​ပေး​ချိန်​တွင် သင်​ခံ ယူ​ရ​ရှိ​သည့်​ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို​လျစ်​လူ မ​ရှု​နှင့်။- \v 15 လူ​အ​ပေါင်း​တို့​သည်​သင်​၏​တိုး​တက်​ခြင်း​ကို တွေ့​ရှိ​နိုင်​ကြ​စေ​ရန် အ​ထက်​တွင်​ဖော်​ပြ​ခဲ့​သည့် တာ​ဝန်​ဝတ္တ​ရား​တို့​ကို​စိတ်​ဝင်​စား​၍​ဆောင် ရွက်​လော့။- \v 16 သို့​ပြု​လျှင်​သင်​နှင့်​တ​ကွ​သင်​၏​တ​ရား​ကို ကြား​နာ​ရ​သူ​အ​ပေါင်း​တို့​သည်​ကယ်​တင်​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။ \c 5 \s1 ယုံ​ကြည်​သူ​တို့​အား​စောင့်​ရှောက်​ရန်​တာ​ဝန်​များ \p \v 1 သင့်​ထက်​အ​သက်​ကြီး​သော​သူ​အား​ပြစ်​တင် ဆုံး​မ​ခြင်း​ကို​မ​ပြု​ဘဲ​သင်​၏​ဖ​ခင်​သ​ဖွယ် တောင်း​ပန်​ပြော​ဆို​လော့။ သင့်​ထက်​အ​သက်​ငယ် သော​သူ​တို့​အား​သင်​၏​ညီ​များ​ကဲ့​သို့​လည်း ကောင်း၊- \v 2 သင့်​ထက်​အ​သက်​ကြီး​သော​အ​မျိုး​သ​မီး​တို့ အား​သင်​၏​မိ​ခင်​ကဲ့​သို့​လည်း​ကောင်း၊ သင့်​ထက် အ​သက်​ငယ်​သော​အ​မျိုး​သ​မီး​တို့​အား​သင်​၏ နှ​မ​များ​ကဲ့​သို့​လည်း​ကောင်း​လုံး​ဝ​ဖြူ​စင် သော​စိတ်​နှင့်​ဆက်​ဆံ​လော့။ \p \v 3 သင်​သည်​တစ်​ကိုယ်​ရေ​တစ်​ကာ​ယ​အ​မှန်​ဖြစ် သော​မု​ဆိုး​မ​တို့​အား ရို​သေ​သ​မှု​ကို​ပြု​လော့။- \v 4 သို့​ရာ​တွင်​မု​ဆိုး​မ​တစ်​စုံ​တစ်​ယောက်​တွင်​သား မြေး​ရှိ​လျှင် သူ​တို့​သည်​မိ​မိ​တို့​၏​အိမ်​ထောင်​စု ဆိုင်​ရာ​ဘာ​သာ​ရေး​တာ​ဝန်​ဝတ္တ​ရား​များ​ကို လည်း​ကောင်း၊ မိ​မိ​တို့​အား​ကျွေး​မွေး​ပြု​စု​ခဲ့​သူ မိ​ဘ​ဘိုး​ဘွား​တို့​၏​ကျေး​ဇူး​ကို​ပြန်​လည်​ဆပ် ပေး​မှု​ကို​လည်း​ကောင်း​ဦး​စွာ​သင်​ရ​ကြ​ပေ​မည်။ ဤ​သို့​သော​အ​မှု​ကို​ဘု​ရား​သခင်​နှစ်​သက် တော်​မူ​၏။- \v 5 တစ်​ကိုယ်​ရေ​တစ်​ကာ​ယ​ဖြစ်​သော​မု​ဆိုး​မ​သည် မိ​မိ​အား​ပြု​စု​မည့်​သူ​မ​ရှိ​သ​ဖြင့်​ဘု​ရား သ​ခင်​ကို​အား​ကိုး​မျှော်​လင့်​လျက် နေ့​ည မ​ပြတ်​ဆု​တောင်း​ပတ္ထနာ​ပြု​၍​ကိုယ်​တော်​၏ အ​ကူ​အ​ညီ​ကို​တောင်း​ခံ​တတ်​၏။- \v 6 သို့​ရာ​တွင်​အ​ပျော်​အ​ပါး​မက်​သော​မု​ဆိုး မ​မူ​ကား အ​သက်​ရှင်​လျက်​ပင်​ရှိ​သော်​လည်း အ​သေ​ကဲ့​သို့​ဖြစ်​၏။- \v 7 မု​ဆိုး​မ​များ​သည်​သူ​တစ်​ပါး​တို့​အ​ပြစ်​တင် ခြင်း​နှင့်​ကင်း​လွတ်​ကြ​စေ​ရန် ဤ​ညွှန်​ကြား​ချက် များ​ကို​သူ​တို့​အား​ပေး​လော့။- \v 8 မိ​မိ​၏​ဆွေ​မျိုး​သား​ချင်း၊ အ​ထူး​သ​ဖြင့် မိ​မိ အိမ်​ထောင်​စု​သား​တို့​အား​မ​ပြု​စု​ဘဲ​နေ​သော သူ​သည် ယုံ​ကြည်​ခြင်း​တ​ရား​တော်​ကို​ပစ်​ပယ် သူ​ဖြစ်​၍ မ​ယုံ​ကြည်​သူ​ထက်​ပို​၍​ပင်​ဆိုး​ရွား ပေ​သည်။ \p \v 9 မု​ဆိုး​မ​တစ်​ယောက်​သည်​အ​သက်​ခြောက်​ဆယ် ကျော်​မှ​သာ​လျှင် မု​ဆိုး​မ​စာ​ရင်း​တွင်​နာ​မည် သွင်း​ပါ။ သူ​သည်​တစ်​ကြိမ်​သာ​လျှင်​ထိမ်း​မြား လက်​ထပ်​ခဲ့​သူ​ဖြစ်​ရ​မည်။- \v 10 ထို့​အ​ပြင်​ကောင်း​မှု​ကြောင့်​အ​သ​ရေ​ရှိ​သူ​ဖြစ် ရ​မည်။ မိ​မိ​၏​သား​သ​မီး​များ​ကို​ကောင်း​စွာ ပြု​စု​စောင့်​ရှောက်​ခဲ့​သူ၊ ဧည့်​ဝတ်​ကျေ​ပွန်​သူ၊ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​တို့​ခြေ​ကို​ဆေး သူ၊ ဒုက္ခ​ရောက်​သူ​တို့​အား​ကူ​ညီ​မ​စ​သူ၊ ကောင်း မှု​အ​မျိုး​မျိုး​ကို​ကြိုး​စား​လုပ်​ဆောင်​ခဲ့​သူ ဖြစ်​ရ​မည်။ \p \v 11 အ​သက်​အ​ရွယ်​ငယ်​သော​မု​ဆိုး​မ​တို့​အား မု​ဆိုး​မ​စာ​ရင်း​တွင်​မ​သွင်း​နှင့်။ အ​ဘယ်​ကြောင့် ဆို​သော်​သူ​တို့​သည်​မိ​မိ​တို့​အ​လို​ဆန္ဒ​ကို မ​ထိန်း​မ​သိမ်း​နိုင်​ကြ​သော​အ​ခါ အိမ်​ထောင် ပြု​လို​သ​ဖြင့်​ခ​ရစ်​တော်​ကို​ပစ်​ပယ်​တတ် ကြ​သော​ကြောင့်​ဖြစ်​၏။- \v 12 သို့​ဖြစ်​၍​သူ​တို့​သည်​မိ​မိ​တို့​အ​စ​က ကိုယ်​တော်​အား​ပေး​ခဲ့​သည့်​က​တိ​သစ္စာ​ကို ဖောက်​ဖျက်​ကြ​လေ​သည်။- \v 13 ထို​မှ​တစ်​ပါး​လည်း​သူ​တို့​သည် တစ်​အိမ်​တက် တစ်​အိမ်​ဆင်း​သွား​ရောက်​လည်​ပတ်​ကာ အ​ချိန် ဖြုန်း​တတ်​လေ​သည်။ ယင်း​သို့​အ​ချိန်​ဖြုန်း​ရုံ​မျှ မ​က​မ​ပြော​သင့်​သည့်​စ​ကား​များ​ကို​ပြော​ဆို လျက် အ​တင်း​ပြော​ကာ​မိ​မိ​တို့​နှင့်​မ​ဆိုင်​သည့် အ​မှု​ကိစ္စ​များ​တွင်​ဝင်​ရောက်​စွက်​ဖက်​၍​လာ တတ်​လေ​သည်။- \v 14 သို့​ဖြစ်​၍​ရန်​သူ​တို့​သည်​ငါ​တို့​အ​ကြောင်း မ​ကောင်း​မ​ပြော​နိုင်​စေ​ရန် အ​သက်​အ​ရွယ်​ငယ် သေး​သည့်​မု​ဆိုး​မ​တို့​သည် အိမ်​ထောင်​သား​မွေး မှု​ကို​ပြု​လျက် မိ​မိ​တို့​၏​အိမ်​မှု​ကိစ္စ​များ​ကို ကြည့်​ရှု​စောင့်​ထိန်း​ကြ​သည်​ကို​ငါ​လို​လား​၏။- \v 15 ယ​ခု​ပင်​လျှင်​အ​ချို့​သော​မု​ဆိုး​မ​များ​သည် လမ်း​လွဲ​၍​စာ​တန်​၏​နောက်​သို့​လိုက်​ကြ​လေ ကုန်​ပြီ။- \v 16 ယုံ​ကြည်​သူ​အ​မျိုး​သ​မီး​တစ်​စုံ​တစ်​ယောက် သည် မိ​မိ​၏​ဆွေ​မျိုး​သား​ချင်း​စု​တွင်​မု​ဆိုး​မ များ​ရှိ​ပါ​မူ​သူ​တို့​အား​ကျွေး​မွေး​ပြု​စု​ရ မည်။ သူ​တို့​အ​တွက်​အ​သင်း​တော်​ကို​ဝန်​မ​လေး စေ​သင့်။ သို့​မှ​သာ​လျှင်​အ​သင်း​တော်​သည်​ခို ကိုး​ရာ​မဲ့​သည့်​မု​ဆိုး​မ​များ​အား​ကျွေး​မွေး ပြု​စု​နိုင်​လိမ့်​မည်။ \p \v 17 သင်း​အုပ်​ဆ​ရာ​အ​လုပ်​ကို​ကောင်း​စွာ​လုပ်​ဆောင် သူ​တို့​သည် လ​စာ​ငွေ​နှစ်​ဆ​ခံ​စား​ထိုက်​သူ​များ ဖြစ်​သည်​ဟု​မှတ်​ယူ​အပ်​၏။ အ​ထူး​သ​ဖြင့် တ​ရား​ဟော​ခြင်း၊ ဆုံး​မ​သွန်​သင်​ခြင်း​တို့​ကို ကြိုး​စား​၍​လုပ်​ဆောင်​သူ​များ​သည်​ယင်း​သို့ ခံ​စား​ထိုက်​ပေ​သည်။- \v 18 အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​က``စ​ပါး နယ်​နေ​သော​နွား​ကို​ပါး​ချုပ်​မ​တပ်​ရ'' ဟူ​၍ လည်း​ကောင်း၊ ``အ​လုပ်​သ​မား​သည်​လုပ်​အား​ခ ကို​ခံ​ထိုက်​ပေ​၏'' ဟူ​၍​လည်း​ကောင်း​ဖော်​ပြ သော​ကြောင့်​ဖြစ်​၏။-\x + \xo 5:18 \xt တရား၊ ၂၅:၄။ မ၊ ၁၀:၁၀။ လု၊ ၁၀:၇။\x* \v 19 သက်​သေ​ခံ​သူ​အ​နည်း​ဆုံး​နှစ်​ဦး​သုံး​ဦး​မ​ရှိ လျှင် သင်း​အုပ်​ဆ​ရာ​အား​ပြစ်​တင်​စွပ်​စွဲ​ချက် ကို​နား​မ​ထောင်​နှင့်။-\x + \xo 5:19 \xt တရား၊ ၁၇:၆၊ ၁၉:၁၅။\x* \v 20 အ​ခြား​သူ​တို့​ကြောက်​စေ​ရန်​အ​ပြစ်​ကူး သူ​တို့​အား လူ​အ​များ​ရှေ့​တွင်​ဆုံး​မ​လော့။ \p \v 21 ဤ​ညွှန်​ကြား​ချက်​များ​ကို​လိုက်​နာ​ဆောင်​ရွက်​ရန် ဘု​ရား​သ​ခင်​နှင့်​ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော် ၌​လည်း​ကောင်း၊ သန့်​ရှင်း​မြင့်​မြတ်​သော​ကောင်း​ကင် တ​မန်​များ​ရှေ့​၌​လည်း​ကောင်း​သင့်​အား​ငါ​သစ္စာ ပေး​၏။ သင်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ကြို​တင် စီ​ရင်​ဆုံး​ဖြတ်​မှု​နှင့်​ဘက်​လိုက်​မှု​ကို​မ​ပြု​နှင့်။- \v 22 မည်​သူ့​ကို​မျှ​သိက္ခာ​တင်​မင်္ဂလာ​ပေး​ရန်​အ​လျင် စ​လို​မ​ရှိ​နှင့်။ အ​ခြား​သူ​တို့​အ​ပြစ်​ကူး​ရာ တွင်​သင်​မ​ပါ​စေ​နှင့်။ သင်​ကိုယ်​တိုင်​အ​ပြစ် ကင်း​အောင်​နေ​လော့။ \p \v 23 သင်​သည်​မ​ကြာ​ခ​ဏ​ဖျား​နာ​တတ်​သည်​ဖြစ်​၍ ရေ​ကို​သာ​လျှင်​မ​သောက်​ဘဲ​အ​စာ​ကြေ​စေ​ရန် စ​ပျစ်​ရည်​အ​နည်း​ငယ်​ကို​သုံး​ဆောင်​လော့။ \p \v 24 အ​ချို့​သော​သူ​တို့​၏​အ​ပြစ်​ဒု​စ​ရိုက်​များ​သည် သိ​သာ​ထင်​ရှား​၏။ သူ​တို့​၏​အြုပစ်​များ​သည် တ​ရား​ခွင်​သို့​အ​လျင်​သွား​တတ်​၏။ အ​ချို့​သော သူ​တို့​၏​အ​ပြစ်​ဒု​စ​ရိုက်​များ​မူ​ကား​နောင် အ​ခါ​မှ​သိ​သာ​ထင်​ရှား​၍​လာ​တတ်​၏။- \v 25 ထို​နည်း​တူ​စွာ​အ​ချို့​သော​သု​စ​ရိုက်​များ​သည် ထင်​ရှား​လျက်​နေ​ပေ​သည်။ မ​ထင်​ရှား​သေး​သည့် သု​စ​ရိုက်​များ​ကို​လည်း​ဖုံး​ကွယ်​၍​မ​ထား နိုင်။ \c 6 \p \v 1 ကျွန်​ဖြစ်​သူ​တို့​သည်​မိ​မိ​တို့​၏​သ​ခင်​များ အား​ရို​သေ​လေး​စား​ထိုက်​သူ​များ​ဟု​ခံ​ယူ ရ​ကြ​မည်။ သို့​မှ​သာ​လျှင်​မည်​သူ​မျှ​ဘု​ရား သ​ခင်​၏​နာ​မ​တော်​နှင့် ငါ​တို့​တ​ရား​တော် ကို​ကဲ့​ရဲ့​ပြော​ဆို​လိမ့်​မည်​မ​ဟုတ်။- \v 2 သ​ခင်​များ​သည်​ယုံ​ကြည်​သူ​များ​ဖြစ်​လျှင် သူ​တို့​သည်​ညီ​အစ်​ကို​များ​ပင်​ဖြစ်​ကြ​သည် ဟု​ဆို​ကာ​မ​လေး​မ​ခန့်​မ​ပြု​ရ။ မိ​မိ​တို့ ၏​အ​စေ​ခံ​မှု​ကြောင့်​အ​ကျိုး​ခံ​စား​ရ​သူ တို့​မှာ မိ​မိ​တို့​ချစ်​မြတ်​နိုး​သော​ယုံ​ကြည် သူ​များ​ဖြစ်​သော​ကြောင့် သူ​တို့​၏​အ​စေ ကို​ပို​၍​ခံ​ရ​ကြ​ပေ​မည်။ \s1 မိစ္ဆာ​အ​ယူ​ဝါ​ဒ​နှင့်​စစ်​မှန်​သည့်​စည်း​စိမ်​ချမ်း​သာ \p သင်​ဆုံး​မ​သြ​ဝါ​ဒ​ပေး​ရာ​တွင်​ဤ​အ​ရာ များ​ကို​ဖော်​ပြ​ရ​မည်။- \v 3 ကွဲ​လွဲ​သည့်​အ​ယူ​ဝါ​ဒ​ကို​ဟော​ပြော​သွန်​သင် ၍ ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​၏​ဟုတ်​မှန်​သည့် စ​ကား​ကို​လည်း​ကောင်း၊ ငါ​တို့​ဘာ​သာ​တ​ရား တော်​ကို​လည်း​ကောင်း​ဝန်​မ​ခံ​သူ​သည်​ကား၊- \v 4 မာ​န​ကြီး​လျက်​အ​ဘယ်​အ​မှု​အ​ရာ​ကို မျှ​မ​သိ​သူ​တည်း။ သူ​သည်​စ​ကား​အ​သုံး အ​နှုန်း​နှင့်​စပ်​လျဉ်း​၍ ငြင်း​ခုံ​ခြင်း​ဝါ​သ​နာ ထုံ​သော​သူ​ဖြစ်​သည်။ ထို​အ​ပြု​အ​မူ​သည် မ​နာ​လို​မှု၊ အ​ငြင်း​ပွား​မှု၊ စော်​ကား​မှု၊ ဆိုး​ရွား​သော​မ​ယုံ​သင်္ကာ​ရှိ​မှု၊- \v 5 အ​စဉ်​မ​ပြတ်​အ​ငြင်း​ပွား​မှု​တို့​ကို​ပေါ် ပေါက်​စေ​၏။ ဤ​အ​မှု​များ​ကို​ပြု​ကျင့်​တတ် သူ​တို့​သည်​ကား စိတ်​မ​မှန်​၍​သမ္မာ​တ​ရား ကို​မ​သိ​သူ​များ​ဖြစ်​ပေ​သည်။ ဘာ​သာ​ရေး မှ​စီး​ပွား​ရေး​အ​မြတ်​အ​စွန်း​ရ​ရှိ​သည် ဟု​သူ​တို့​ထင်​မှတ်​ကြ​၏။ \p \v 6 ငါ​တို့​သည်​ရှိ​သ​မျှ​ဖြင့်​တင်း​တိမ်​ရောင့်​ရဲ တတ်​ကြ​ပါ​မူ ဘာ​သာ​ရေး​မှ​ကြီး​မား​သော အ​မြတ်​အ​စွန်း​ကို​အ​မှန်​ပင်​ရ​ရှိ​နိုင်​ကြ ပေ​သည်။- \v 7 လော​က​ထဲ​သို့​လာ​စဉ်​အ​ခါ​က​ငါ​တို့​သည် အ​ဘယ်​အ​ရာ​ကို​မျှ​ယူ​ဆောင်​၍​မ​လာ​ခဲ့ ကြ။ လော​က​မှ​ထွက်​ခွာ​သွား​ကြ​သော​အ​ခါ ၌​လည်း​အ​ဘယ်​အ​ရာ​ကို​မျှ​ယူ​၍​မ​သွား နိုင်။- \v 8 သို့​ဖြစ်​၍​ငါ​တို့​တွင်​စား​စ​ရာ​ဝတ်​စ​ရာ​ရှိ လျှင်​ရောင့်​ရဲ​ကြ​ကုန်​အံ့။- \v 9 ချမ်း​သာ​ကြွယ်​ဝ​လို​သူ​တို့​သည်​အ​ပြစ်​သွေး ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​၏။ သူ​တို့​သည်​မိုက်​မဲ ၍​အ​ကျိုး​ယုတ်​စေ​တတ်​သည့်​စွဲ​လမ်း​တပ်​မက် မှု​တို့​ဖြင့်​ကျော့​မိ​ကြ​၏။ ထို​စွဲ​လမ်း​တပ်​မက်​မှု များ​သည်​သူ​တို့​အား​ပျက်​စီး​ဆုံး​ရှုံး​စေ တတ်​၏။- \v 10 အ​ဘယ်​ကြောင့်​ဆို​သော်​ငွေ​ကို​စွဲ​လမ်း​တပ် မက်​ခြင်း​သည်​မ​ကောင်း​မှု​အ​မျိုး​မျိုး​တို့​၏ မူ​လ​အ​ခြေ​အ​မြစ်​ဖြစ်​သော​ကြောင့်​တည်း။ အ​ချို့​သော​သူ​တို့​သည်​ငွေ​ကို​ခုံ​မင်​လှ သ​ဖြင့် ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ​လွဲ သွား​၍ ပူ​ဆွေး​လျက်​ဝမ်း​နည်း​ပက်​လက် ဖြစ်​ရ​ကြ​၏။ \s1 ကိုယ်​ရေး​ကိုယ်​တာ​ညွှန်​ကြား​ချက်​များ \p \v 11 အို ဘု​ရား​သ​ခင်​၏​အ​စေ​ခံ၊ သင်​မူ​ကား ထို​မ​ကောင်း​မှု​အ​ပေါင်း​ကို​ရှောင်​ကြဉ်​လော့။ ဖြောင့်​မတ်​ခြင်း၊ ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း၊ နူး​ညံ့ သိမ်​မွေ့​ခြင်း​စ​သည့်​ပါ​ရ​မီ​များ​နှင့် ပြည့်​ဝ​စေ​ရန်​ကြိုး​စား​အား​ထုတ်​လော့။- \v 12 ယုံ​ကြည်​ခြင်း​ဆိုင်​ရာ​ပြေး​ပွဲ​တွင်​အ​စွမ်း ကုန်​ပြေး​၍​ထာ​ဝ​ရ​အ​သက်​တည်း​ဟူ​သော အောင်​ဆု​ကို​သင်​ရ​ရှိ​စေ​ရန် သင့်​အား​ဘု​ရား သ​ခင်​ခေါ်​ယူ​တော်​မူ​သော​အ​ခါ​၌ သင် သည်​များ​စွာ​သော​အ​သိ​သက်​သေ​တို့​ရှေ့ တွင်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ခိုင်​မာ​စွာ ဝန်​ခံ​ခဲ့​ပေ​သည်။- \v 13 အ​ရာ​ခပ်​သိမ်း​တို့​ကို​အ​သက်​ရှင်​စေ​တော် မူ​သော​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​၌ လည်း​ကောင်း၊ ပုန္တိ​ပိ​လတ်​မင်း​၏​ရှေ့​တွင်​မိ​မိ ၏​ယုံ​ကြည်​ချက်​ကို​ခိုင်​မာ​စွာ​ဖော်​ပြ​တော် မူ​သော ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော်​မှောက် ၌​လည်း​ကောင်း သင့်​အား​ဤ​အ​လုပ်​တာ​ဝန် ကို​ဆောင်​ရွက်​ရန်​ငါ​ပညတ်​၏။-\x + \xo 6:13 \xt ယော၊ ၁၈:၃၇။\x* \v 14 သင့်​အား​အပ်​နှင်း​ထား​သည့်​တာ​ဝန်​ကို ဆောင်​ရွက်​လော့။ ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ် ကြွ​လာ​တော်​မူ​သည်​အ​ထိ​ဤ​အ​လုပ် တာဝန်​ကို​သစ္စာ​နှင့်​ထမ်း​ဆောင်​လော့။- \v 15 မင်္ဂ​လာ​ရှိ​တော်​မူ​သော​တစ်​ဆူ​တည်း​သော အ​ရှင်၊ ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင်၊ အ​ရှင် တ​ကာ​တို့​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် ကာ​လ​အ​ချိန်​ရောက်​သော​အ​ခါ​ကိုယ်​တော် အား​ထင်​ရှား​ပေါ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်။- \v 16 ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ​လျှင်​နိစ္စ ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​အ​ဘယ်​သူ​မျှ မ​ချဉ်း​ကပ်​နိုင်​သည့်​အ​လင်း​ရောင်​တွင်​ကျိန်း ဝပ်​တော်​မူ​၏။ ကိုယ်​တော်​အား​အ​ဘယ်​သူ​မျှ မ​ဖူး​မ​မြင်​စ​ဖူး။ အ​ဘယ်​သူ​မျှ​လည်း မ​ဖူး​မ​မြင်​နိုင်။ ကိုယ်​တော်​၌​ဂုဏ်​အ​သ​ရေ တော်​နှင့်​ထာ​ဝ​ရ​ဘုန်း​အာ​နု​ဘော်​တော် ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။ \p \v 17 လော​ကီ​စည်း​စိမ်​ဥစ္စာ​ကြွယ်​ဝ​သူ​တို့​အား မာန်​မာ​န​မ​ထား​ကြ​ရန်​သ​တိ​ပေး​လော့။ သူ​တို့​သည်​မ​တည်​မြဲ​သည့်​စည်း​စိမ်​ချမ်း သာ​ကို​မ​မျှော်​ကိုး​ဘဲ၊ ငါ​တို့​ခံ​စား​နိုင်​စေ ရန်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ရက်​ရော​စွာ ပေး​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​မျှော် ကိုး​ရ​ကြ​မည်။- \v 18 သူ​တစ်​ပါး​တို့​အား​ကျေး​ဇူး​ပြု​တတ်​ကြ စေ​ရန်​လည်း​ကောင်း၊ အ​ကျင့်​ကောင်း​များ​နှင့် ကြွယ်​ဝ​ပြည့်​စုံ​၍​ရက်​ရော​စွာ​ဝေ​ငှ​ပေး ကမ်း​တတ်​ကြ​စေ​ရန်​လည်း​ကောင်း​သူ​တို့ အား​ဆုံး​မ​သွန်​သင်​လော့။- \v 19 ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​အ​နာ​ဂတ် အ​တွက်​ခိုင်​ခံ့​သည့်​အုတ်​မြစ်​တည်း​ဟူ​သော ဘဏ္ဍာ​ကို​စု​ဆောင်း​ရာ​ရောက်​၍ စစ်​မှန်​သော အ​သက်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ \p \v 20 တိ​မော​သေ၊ သင့်​အား​ပေး​အပ်​ထား​သည့်​အ​ရာ ကို​စောင့်​ထိန်း​လော့။ သိမ်​ဖျင်း​သော​စ​ကား​နှင့် အ​ကျိုး​မဲ့​သော​စ​ကား​ကို​လည်း​ကောင်း၊ လူ အ​ချို့​တို့​မှား​ယွင်း​စွာ ခေါ်​ဆို​သည့်``အသိ​ပညာ'' အ​ကြောင်း​နှင့်​ပတ်​သက်​၍​အ​ငြင်း​ပွား​မှု တို့​ကို​လည်း​ကောင်း​ရှောင်​ရှား​လော့။- \v 21 လူ​အ​ချို့​တို့​သည်​အ​သိ​ပ​ညာ​ကို​ရ​ရှိ​ပြီ ဟု​ဆို​ကာ​ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ​လွဲ သွား​ကြ​ပြီ။ \p သင်​တို့​အ​ပေါင်း​သည်​ဘု​ရား​သ​ခင်​ထံ​တော် မှ​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော။ တိ​မော​သေ​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး​၏။