\id 1TH Myanmar Common Language Bible \h ၁ သက် \toc1 သက်​သာ​လော​နိတ်​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် \toc2 ၁ သက် \mt1 သက်​သာ​လော​နိတ်​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် \is1 နိဒါန်း \ip သက်​သာ​လော​နိတ်​မြို့​သည်​ရော​မ​နိုင်​ငံ​လက် အောက်​ခံ​မာ​ကေ​ဒေါ​နိ​နယ်​ပယ်​၏​မြို့​တော် ဖြစ်​သည်။ ရှင်​ပေါ​လု​သည်​ဖိ​လိပ္ပိ​မြို့​မှ​ထွက် ခွာ​လာ​ပြီး​နောက်​သက်​သာ​လော​နိတ်​မြို့​တွင် အ​သင်း​တော်​တစ်​ပါး​ကို​တည်​ထောင်​သည်။ သက်​သာ​လော​နိတ်​မြို့​တွင်​ယု​ဒ​ဘာ​သာ​ကို စိတ်​ဝင်​စား​လာ​သော​ယု​ဒ​အ​မျိုး​သား​မ​ဟုတ် သူ​တို့​အား ခ​ရစ်​ယာန်​တ​ရား​ကို​ရှင်​ပေါ​လု ဟော​ပြော​ရာ​တွင်​အောင်​မြင်​သည့်​အ​တွက် မ​ကြာ​မီ​ပင်​ယု​ဒ​အ​မျိုး​သား​တို့​က သူ့​အား​မ​နာ​လို​သ​ဖြင့်​အ​တိုက်​အ​ခံ ပြု​လေ​သည်။ သို့​ဖြစ်​၍​ရှင်​ပေါ​လု​သည် သက်​သာ​လော​နိတ်​မြို့​မှ​ဗေ​ရိ​မြို့​သို့ ထွက်​ခွာ​သွား​ရ​သည်။ ထို​မှ​တစ်​ဖန်​ကော​ရိန္သု မြို့​သို့​ရောက်​ရှိ​သွား​သော​အ​ခါ​၌​သူ​၏ အ​မှု​တော်​ဆောင်​ဘက်​ဖြစ်​သူ​တိ​မော​သေ ရောက်​လာ​၍ သက်​သာ​လော​နိတ်​အ​သင်း တော်​၏​အ​ခြေ​အ​နေ​အ​ကြောင်း​ကို ရှင်​ပေါ​လု​အား​တင်​ပြ​သည်။ \ip ထို​အ​ခါ​တွင်​ရှင်​ပေါ​လု​သည်​သက်​သာ​လော နိတ်​မြို့​ရှိ​ခ​ရစ်​ယာန်​တို့​အား​စိတ်​မ​ပျက်​စေ ရန်​နှင့်​အား​မာန်​တက်​စေ​ရန် သက်​သာ​လော​နိတ် သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ကို​ရေး​သည်။ ထို သူ​တို့​၏​ယုံ​ကြည်​ခြင်း​နှင့်​မေတ္တာ​တရား​အ​တွက် သူ​သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သည်။ သူ တို့​နှင့်​အ​တူ​ရှိ​ခဲ့​စဉ်​အ​ခါ​က မိ​မိ​အ​ဘယ် သို့​ပြု​မူ​နေ​ထိုင်​ခဲ့​ပုံ​ကို​ပြန်​လည်​သ​တိ​ရ စေ​သည်။ ထို​နောက်​ယုံ​ကြည်​သူ​သည်​ခ​ရစ် တော်​တစ်​ဖန်​ကြွ​လာ​တော်​မ​မူ​မီ သေ​ဆုံး သွား​ခဲ့​သော်​ကိုယ်​တော်​ကြွ​လာ​ချိန်​၌​ပေး တော်​မူ​မည့်​ထာ​ဝ​ရ​အ​သက်​ကို​ခံ​စား​နိုင် ပါ​မည်​လော။ အ​ဘယ်​အ​ခါ​၌​ခ​ရစ်​တော် တစ်​ဖန်​ကြွ​လာ​တော်​မူ​မည်​နည်း​ဟု အ​သင်း တော်​အ​သိုင်း​အ​ဝိုင်း​တွင်​မေး​မြန်း​ကြ​သည့် မေး​ခွန်း​များ​ကို​ဖြေ​ဆို​လေ​သည်။ အ​သင်း တော်​ဝင်​တို့​သည်​ခ​ရစ်​တော်​တစ်​ဖန်​ကြွ လာ​ချိန်​ကို​မျှော်​လင့်​စောင့်​စား​လျက်​ရှိ​နေ စဉ် မိ​မိ​တို့​လုပ်​ဆောင်​ရန်​ရှိ​သည့်​တာ​ဝန် လုပ်​ငန်း​များ​ကို​ငြိမ်​ဝပ်​စွာ​ဆက်​လက်​လုပ် ဆောင်​ကြ​ရ​မည်​ဖြစ်​ကြောင်း​သြ​ဝါ​ဒ ပေး​လေ​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 နိ​ဒါန်း \ior ၁:၁\ior* \io1 ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​နှင့်​ထော​မ​နာ​ပြု​ခြင်း \ior ၁:၂-၃:၁၃\ior* \io1 ခ​ရစ်​ယာန်​ပြု​မူ​ကျင့်​ကြံ​မှု​နှင့်​ပတ်​သက်​၍ တိုက်​တွန်း​နှိုး​ဆော်​ခြင်း \ior ၄:၁-၁၂\ior* \io1 ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​ခြင်း​အ​ကြောင်း​နှင့် ပတ်​သက်​၍​သွန်​သင်​ခြင်း \ior ၄:၁၃-၅:၁၁\ior* \io1 နောက်​ဆုံး​တိုက်​တွန်း​နှိုး​ဆော်​ချက်​များ \ior ၅:၁၂-၂၂\ior* \io1 နိ​ဂုံး \ior ၅:၂၃-၂၈\ior* \c 1 \p \v 1 ပေါ​လု၊ သိ​လွာ​နု​နှင့်​တိ​မော​သေ​တို့​ထံ​မှ ခ​မည်း​တော် ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု ခ​ရစ်​၏​လူ​စု​တော်​ဖြစ်​သည့် သက်​သာ​လော နိတ်​အ​သင်း​တော်​ဝင်​တို့​ထံ​သို့​စာ​ရေး​လိုက် ပါ​သည်။ \p ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို သင်​တို့ ခံ​စား​ရ​ကြ​ပါ​စေ​သ​တည်း။\x + \xo 1:1 \xt တ၊ ၁၇:၁။\x* \s1 သက်​သာ​လော​နိတ်​အ​သင်း​တော်​ဝင်​တို့​၏ ဘ​ဝ​နှင့်​ယုံ​ကြည်​ခြင်း \p \v 2-3 ငါ​တို့​သည်​အ​ဖ​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု တောင်း​ပတ္ထ​နာ​ပြု​သည့်​အ​ခါ​တိုင်း သင်​တို့​သည် မိ​မိ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​လက်​တွေ့​အ​ဘယ် သို့​ကျင့်​သုံး​ကြ​သည်​ကို​လည်း​ကောင်း၊ သင်​တို့ ၏​ချစ်​ခြင်း​ကြောင့်​သင်​တို့​အ​ဘယ်​သို့​ကြိုး​စား လုပ်​ဆောင်​ကြ​သည်​ကို​လည်း​ကောင်း၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​အ​ဘယ်​သို့​မျှော်​လင့် ၍​တည်​ကြည်​ကြ​သည်​ကို​လည်း​ကောင်း သ​တိ​ရ ၍​အ​စဉ်​ပင်​ကျေးဇူး​တော်​ကို​ချီး​မွမ်း​ကြ​၏။- \v 4 ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​သည်​သင်​တို့ ကို​ချစ်​တော်​မူ​၍​ရွေး​ကောက်​တော်​မူ​ကြောင်း ကို​ငါ​တို့​သိ​၏။- \v 5 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​သ​တင်း ကောင်း​ကို စ​ကား​သက်​သက်​ဖြင့်​သာ​မ​ဟုတ် ဘဲ​တန်​ခိုး​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ထို​သ​တင်း ကောင်း​မှန်​ကန်​ကြောင်း​ကို​လုံး​ဝ​စိတ်​ချ ယုံ​ကြည်​သော​စိတ်​နှင့်​လည်း​ကောင်း သင်​တို့ အား​ဟော​ပြော​သော​ကြောင့်​ဖြစ်​၏။ ငါ​တို့ သည်​သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က သင်​တို့​၏​အ​ကျိုး​ငှာ ငါ​တို့​အ​ဘယ်​သို့​ပြု မူ​နေ​ထိုင်​ခဲ့​ကြ​သည်​ကို​သင်​တို့​အ​သိ ပင်​ဖြစ်​၏။- \v 6 သင်​တို့​သည်​ငါ​တို့​၏​ပုံ​စံ​နှင့်​သခင်​ဘု​ရား ၏​ပုံ​စံ​တော်​အ​တိုင်း​လိုက်​လျှောက်​ခဲ့​ကြ​၏။ သင်​တို့​သည်​များ​စွာ​ဆင်း​ရဲ​ဒုက္ခ​ရောက်​ရ ကြ​သော်​လည်း သန့်​ရှင်း​သော​ဝိညာဉ်​တော်​မှ ရ​သော​ဝမ်း​မြောက်​ခြင်း​ဖြင့်​တ​ရား​တော် ကို​ခံ​ယူ​ကြ​၏။-\x + \xo 1:6 \xt တ၊ ၁၇:၅-၉။\x* \v 7 သို့​ဖြစ်​၍​သင်​တို့​သည်​မာ​ကေ​ဒေါ​နိ​ပြည်​နှင့် အ​ခါ​ယ​ပြည်​ရှိ ယုံ​ကြည်​သူ​အ​ပေါင်း​တို့ အ​တွက်​စံ​န​မူ​နာ​ဖြစ်​လေ​သည်။- \v 8 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ပြု​မူ​ကျင့် ကြံ​မှု​ကြောင့်​သ​ခင်​ဘု​ရား​၏​တ​ရား​တော်​သည် မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​တို့​တွင် ပျံ့​နှံ့​သွား​သည်​သာ​မ​က ဘု​ရား​သ​ခင်​အား သင်​တို့​ယုံ​ကြည်​ခြင်း​သ​တင်း​သည်​အ​ရပ် တ​ကာ​သို့​ရောက်​ရှိ​သွား​ပေ​သည်။ သို့​ဖြစ်​၍ ငါ​တို့​ပြော​ဆို​ရန်​မ​လို​တော့​ချေ။- \v 9-10 သင်​တို့​ထံ​ငါ​တို့​လာ​ရောက်​စဉ်​အ​ခါ​က သင်​တို့​အ​ဘယ်​သို့​ဧည့်​ခံ​ကြို​ဆို​ကြ​ကြောင်း ကို​လည်း​ကောင်း၊ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား စစ်​ဘု​ရား​မှန်​ကို​ကိုး​ကွယ်​နိုင်​ရန်​နှင့် ကောင်း​ကင် ဘုံ​မှ​ကိုယ်​တော်​၏​သား​တော်​ကြွ​လာ​တော်​မူ မည်​ကို​စောင့်​မျှော်​နိုင်​ရန် ရုပ်​တု​များ​ကို​စွန့်​၍ ဘု​ရား​သခင်​ထံ​တော်​သို့​သင်​တို့​အ​ဘယ်​သို့ ချဉ်း​ကပ်​လာ​ကြ​ကြောင်း​ကို​လည်း​ကောင်း ထို သူ​အ​ပေါင်း​တို့​ပြော​ဆို​၏။ ထို​သား​တော် ယေ​ရှု​ကား​သေ​ခြင်း​မှ​ဘု​ရား​သ​ခင် ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​သော၊ သက် ရောက်​မည့်​အ​မျက်​တော်​မှ​ငါ​တို့​အား ကယ်​ဆယ်​တော်​မူ​သော​အ​ရှင်​ဖြစ်​သ​တည်း။ \c 2 \s1 သက်​သာ​လော​နိတ်​မြို့​တွင်​ရှင်​ပေါ​လု အ​မှု​တော်​ဆောင်​ခြင်း \p \v 1 ညီ​အစ်​ကို​တို့၊ သင်​တို့​ထံ​သို့​ငါ​လာ​ခဲ့​ခြင်း သည်​အ​ချည်း​နှီး​မ​ဖြစ်​ကြောင်း သင်​တို့​ကိုယ် တိုင်​သိ​ကြ​၏။- \v 2 ငါ​တို့​သည်​သင်​တို့​ရှိ​ရာ​သက်​သာ​လော​နိတ် မြို့​သို့​မ​လာ​မီ ဖိ​လိပ္ပိ​မြို့​တွင်​ညှဉ်း​ပန်း​စော် ကား​မှု​တို့​ကို​ခံ​ခဲ့​ရ​ကြောင်း​သင်​တို့​သိ​ကြ​၏။ ယင်း​သို့​အ​တိုက်​အ​ခံ​ပြု​ခြင်း​ခံ​ရ​သော်​လည်း သင်​တို့​အား​ဘု​ရား​သ​ခင်​၏​သ​တင်း​ကောင်း ကို​ကြေ​ညာ​ဟော​ပြော​နိုင်​ရန်​စွမ်း​ရည်​သတ္တိ ကို ငါ​တို့​အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​၏။-\x + \xo 2:2 \xt တ၊ ၁၆:၁၉-၂၄၊ ၁၇:၁-၉။\x* \v 3 သင်​တို့​အား​ငါ​တို့​၏​ဟော​ပြော​တိုက်​တွန်း ချက်​သည်​အ​မှား​အ​ယွင်း​အ​ပေါ်​၌​သော် လည်း​ကောင်း၊ မ​သ​မာ​သော​ရည်​ရွယ်​ချက် အ​ပေါ်​၌​သော်​လည်း​ကောင်း၊ မူ​တည်​သည် မ​ဟုတ်။ ငါ​တို့​သည်​မည်​သူ့​ကို​မျှ​လည်း လိမ်​လည်​လှည့်​စား​ရန်​မ​ကြိုး​စား။- \v 4 ယင်း​သို့​ပြု​မည့်​အ​စား​သ​ခင်​ဘု​ရား​သည် ငါ​တို့​အား​ထိုက်​တန်​သူ​များ​အ​ဖြစ်​လက်​ခံ တော်​မူ​သ​ဖြင့် သ​တင်း​ကောင်း​ကြေ​ညာ​ရန် လွှဲ​အပ်​တော်​မူ​သည်​နှင့်​အ​ညီ​ငါ​တို့​သည် ကိုယ်​တော်​ဟော​ပြော​စေ​သည့်​အ​တိုင်း​အ​စဉ် ပင်​ဟော​ပြော​ကြ​၏။ ငါ​တို့​သည်​လူ​တို့​နှစ် သက်​မှု​ကို​ရ​ရန်​မ​ကြိုး​စား။ ငါ​တို့​စိတ် နှ​လုံး​ကို​စစ်​ဆေး​ကြည့်​ရှု​တော်​မူ​တတ် သော၊ ဘု​ရား​သ​ခင်​နှစ်​သက်​မှု​ကို​သာ လျှင်​ရ​ရန်​ကြိုး​စား​ကြ​၏။- \v 5 သင်​တို့​သိ​သည်​အ​တိုင်း​ငါ​တို့​သည်​အ​ဘယ် အ​ခါ​၌​မျှ​မြှောက်​ပင့်​၍​မ​ပြော။ ငါ​တို့ လော​ဘ​ရှိ​၍​ဟန်​ဆောင်​သော​စိတ်​နှင့်​မ​ကြေ ညာ​မ​ဟော​ပြော​ကြောင်း​ကို ဘု​ရား​သ​ခင် သည်​ငါ​တို့​သက်​သေ​ဖြစ်​တော်​မူ​၏။- \v 6-7 ငါ​တို့​သည်​ခ​ရစ်​တော်​၏​တ​မန်​တော်​များ အ​နေ​ဖြင့်​သင်​တို့​ထံ​တွင်​အ​ခွင့်​အ​ရေး​များ ကို​တောင်း​ဆို​နိုင်​၏။ သို့​သော်​သင်​တို့​၏​အ​ချီး အ​မွမ်း​ကို​သော်​လည်း​ကောင်း၊ အ​ခြား​သူ​တို့ ၏​အ​ချီး​အ​မွမ်း​ကို​သော်​လည်း​ကောင်း​ခံ ရ​စေ​ရန်​ငါ​တို့​မ​ကြိုး​စား။ ငါ​တို့​သည် သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က သား သ​မီး​များ​အား​ယု​ယ​စွာ​ပြု​စု​သည့် မိ​ခင်​ကဲ့​သို့​သင်​တို့​အား​ပြု​စု​ခဲ့​ကြ​၏။- \v 8 ငါ​တို့​သည်​သင်​တို့​အား​လွန်​စွာ​ချစ်​မြတ်​နိုး ကြ​သည်​ဖြစ်​၍​ငါ​တို့​သည်​ဘု​ရား​သ​ခင် ၏​သ​တင်း​ကောင်း​ကို​သာ​မ​က ငါ​တို့​၏ အ​သက်​ကို​ပင်​သင်​တို့​အား​ပေး​လို​သော ဆန္ဒ​ရှိ​ကြ​၏။- \v 9 ညီ​အစ်​ကို​တို့၊ ငါ​တို့​သည်​အ​ဘယ်​မျှ​ပင်​ပန်း စွာ​လုပ်​ဆောင်​ခဲ့​ကြ​သည်​ကို​သင်​တို့​သ​တိ ရ​လိမ့်​မည်။ သင်​တို့​ဝန်​မ​လေး​စေ​ရန်​ငါ​တို့ သည်​မိ​မိ​တို့​အ​သက်​မွေး​ဝမ်း​ကျောင်း​အ​လုပ် ကို နေ့​ရော​ည​ပါ​အား​ထုတ်​လုပ်​ကိုင်​လျက် ဘု​ရား​သ​ခင်​ထံ​တော်​မှ​သ​တင်း​ကောင်း​ကို ကြေ​ညာ​ဟော​ပြော​ခဲ့​ကြ​၏။ \p \v 10 ငါ​တို့​သည်​ယုံ​ကြည်​သူ​သင်​တို့​နှင့်​ဆက်​ဆံ ရာ​တွင်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ဖြူ​စင် ဖြောင့်​မှန်​စွာ​ပြု​မူ​ကျင့်​ကြံ​ခဲ့​သည်​ကို သင် တို့​သက်​သေ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​သည် လည်း​သက်​သေ​ဖြစ်​တော်​မူ​၏။- \v 11 ဖ​ခင်​သည်​မိ​မိ​၏​သား​သ​မီး​တို့​နှင့်​ဆက်​ဆံ သ​ကဲ့​သို့ ငါ​တို့​သည်​သင်​တို့​ရှိ​သ​မျှ​နှင့်​ဆက် ဆံ​ကြောင်း​သင်​တို့​သိ​ကြ​၏။- \v 12 ငါ​တို့​သည်​သင်​တို့​ကို​အား​ပေး​စ​ကား​ပြော ကြား​ခဲ့​ကြ​၏။ စိတ်​သက်​သာ​မှု​ကို​ရ​ရှိ​စေ​ခဲ့ ကြ​၏။ ကိုယ်​တော်​၏​နိုင်​ငံ​တော်​သို့​ဝင်​ခွင့်​နှင့် ဘုန်း​အ​သ​ရေ​ကို​ခံ​ယူ​ခွင့်​ရ​နိုင်​စိမ့်​သော​ငှာ သင်​တို့​အား​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​သော ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သည့်​အ​ကျင့် မျိုး​ကို​ကျင့်​ကြ​စေ​ရန်​တိုက်​တွန်း​နှိုး​ဆော်​ခဲ့ ကြ​၏။ \p \v 13 ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို အ​ခါ​မ​လပ် ငါ​တို့​ချီး​မွမ်း​ကြ​သည့်​အ​ခြား​အ​ကြောင်း တစ်​ရပ်​မှာ ငါ​တို့​သည်​သင်​တို့​အား​ဟော​ပြော သော​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို​လူ့ တ​ရား​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​၏​တ​ရား တော်​အ​မှန်​ဖြစ်​သည်​နှင့်​အ​ညီ​သင်​တို့ ကြား​နာ​ခံ​ယူ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို သော်​ဘု​ရား​သ​ခင်​သည် ယုံ​ကြည်​သူ​သင် တို့​၏​စိတ်​နှ​လုံး​ကို​ပြု​ပြင်​လျက်​ရှိ​တော် မူ​သော​ကြောင့်​တည်း။- \v 14 ညီ​အစ်​ကို​တို့၊ သင်​တို့​၏​အ​တွေ့​အ​ကြုံ​မှာ ယု​ဒ​ပြည်​ခ​ရစ်​ယာန်​များ​ဖြစ်​သည့်​ဘု​ရား သ​ခင်​၏​အ​သင်း​တော်​ဝင်​တို့​အ​တွေ့​အ​ကြုံ နှင့်​တူ​ပေ​သည်။ သင်​တို့​သည်​မိ​မိ​တို့​အ​မျိုး သား​များ​၏​လက်​တွင်​ဆင်း​ရဲ​ဒုက္ခ​ရောက် ကြ​သ​ကဲ့​သို့ ထို​သူ​တို့​သည်​လည်း​ယု​ဒ အ​မျိုး​သား​များ​၏​လက်​တွင်​ဆင်း​ရဲ ဒုက္ခ​ရောက်​ရ​ကြ​၏။-\x + \xo 2:14 \xt တ၊ ၁၇:၅။\x* \v 15 ယု​ဒ​အ​မျိုး​သား​တို့​သည်​သ​ခင်​ယေ​ရှု​နှင့် ပ​ရော​ဖက်​တို့​ကို​သတ်​ဖြတ်​၍​ငါ​တို့​ကို​ညှဉ်း ဆဲ​သူ​များ၊ ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မ​မူ သော​သူ​များ၊ လူ​အ​ပေါင်း​တို့​၏​ရန်​သူ​များ ဖြစ်​ကြ​၏။-\x + \xo 2:15 \xt တ၊ ၉:၂၃၊ ၂၉၊ ၁၃:၄၅၊၅၀၊ ၁၄:၂၊၅၊၁၉၊ ၁၇:၅၊၁၃၊ ၁၈:၁၂။\x* \v 16 သူ​တို့​သည်​ကယ်​တင်​ခြင်း​တ​ရား​ကို​လူ​မျိုး ခြား​တို့​အား ငါ​တို့​ဟော​ပြော​မှု​ကို​ပင်​လျှင် တား​ဆီး​ရန်​ကြိုး​စား​ကြ​သည်။ ဤ​အ​ပြစ် သည်​သူ​တို့​ကူး​လွန်​နေ​ကျ​ဖြစ်​သော အ​ပြစ်​များ​ကို ပြည့်​စုံ​အောင်​နောက်​ဆုံး ကူး​လွန်​သော​အ​ပြစ်​ဖြစ်​၏။ သို့​ဖြစ်​၍ နောက်​ဆုံး​၌​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​သည်​သူ​တို့​အ​ပေါ်​သို့​သက်​ရောက် လေ​ပြီ။ \s1 သက်​သာ​လော​နိတ်​အ​သင်း​တော်​သို့ တစ်​ဖန်​ပြန်​လာ​လို​သည့်​ဆန္ဒ \p \v 17 ညီ​အစ်​ကို​တို့၊ ငါ​တို့​သည်​သင်​တို့​ထံ​မှ​ခေတ္တ ခ​ဏ​မျှ​သာ​ခွဲ​ခွာ​၍​နေ​ခဲ့​ရ​ကြ​၏။ ယင်း​သို့ ငါ​တို့​သည်​ကိုယ်​ခန္ဓာ​အား​ဖြင့်​သင်​တို့​နှင့်​ခွဲ​ခွာ ၍​နေ​ရ​သော်​လည်း သင်​တို့​ကို​အ​ဘယ်​အ​ခါ​၌ မျှ​မ​မေ့။ ငါ​တို့​သည်​သင်​တို့​ကို​အ​လွန်​အောက် မေ့​သ​တိ​ရ​ကြ​သ​ဖြင့် သင်​တို့​ကို​တစ်​ဖန် ပြန်​၍​တွေ့​နိုင်​ရန်​အ​ထူး​ကြိုး​စား​ခဲ့​ကြ​၏။- \v 18 ငါ​တို့​သည်​သင်​တို့​ထံ​သို့​တစ်​ဖန်​လာ​ရောက် လို​ကြ​၏။ ငါ​ကိုယ်​တိုင်​သင်​တို့​ထံ​သို့​လာ​ရန် တစ်​ကြိမ်​နှစ်​ကြိမ်​ကြိုး​စား​ခဲ့​၏။ သို့​ရာ​တွင် စာ​တန်​က​ငါ​တို့​အား​ဆီး​တား​လေ​သည်။- \v 19 ငါ​တို့​သ​ခင်​ယေ​ရှု​နောက်​တစ်​ကြိမ်​ကြွ​လာ တော်​မူ​သော​အ​ခါ ကိုယ်​တော်​၏​ရှေ့​တော်​၌ ငါ​တို့​သည်​သင်​တို့​ကို​သာ​လျှင်​အ​ကြောင်း ပြု​၍ မိ​မိ​တို့​၏​အောင်​မြင်​မှု​အ​တွက်​ဂုဏ်​ယူ ဝါ​ကြွား​နိုင်​လိမ့်​မည်။ သင်​တို့​သာ​လျှင်​ငါ တို့​၏​မျှော်​လင့်​စ​ရာ၊ ဝမ်း​မြောက်​စ​ရာ အ​ကြောင်း​ဖြစ်​လိမ့်​မည်။ ငါ​တို့​အား​ဂုဏ်​ယူ ဝါ​ကြွား၊ မျှော်​လင့်​ဝမ်း​မြောက်​စေ​သော​သူ အ​ပေါင်း​တို့​တွင်​သင်​တို့​ပါ​ဝင်​ကြ​သည်။- \v 20 အ​ကယ်​စင်​စစ်​သင်​တို့​သည်​ငါ​တို့​ဂုဏ်​ယူ ဝါ​ကြွား​စ​ရာ၊ ငါ​တို့​ဝမ်း​မြောက်​စ​ရာ အ​ကြောင်း​ဖြစ်​ပေ​သည်။ \c 3 \p \v 1 နောက်​ဆုံး​၌​ငါ​တို့​သည်​ဆက်​လက်​စောင့်​ဆိုင်း​၍ မ​နေ​နိုင်​ကြ​တော့​သ​ဖြင့် အာ​သင်​မြို့​တွင် ငါ​တို့​နေ​ရစ်​ရန်​ဆုံး​ဖြတ်​ကြ​ပြီး​နောက်၊-\x + \xo 3:1 \xt တ၊ ၁၇:၁၅။\x* \v 2-3 ခ​ရစ်​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို ကြေ​ညာ​ရာ​တွင် ငါ​တို့​နှင့်​အ​တူ​ဘု​ရား သ​ခင်​၏​အ​မှု​ကို​ဆောင်​ရွက်​သူ၊ ငါ​တို့​ညီ တိ​မော​သေ​အား​သင်​တို့​ထံ​သို့​စေ​လွှတ် လိုက်​ကြ​၏။ သင်​တို့​တွင်​အ​ဘယ်​သူ​မျှ မိ​မိ​တို့​ခံ​ရ​သည့်​ညှဉ်း​ပန်း​နှိပ်​စက်​မှု​ကြောင့် ယုံ​ကြည်​ခြင်း​မ​ယိမ်း​မ​ယိုင်​ဘဲ​ခိုင်​မြဲ​စေ အံ့​သော​ငှာ သင်​တို့​ကို​အား​ပေး​တိုက်​တွန်း နိုင်​ရန်​သူ့​အား​ငါ​တို့​ကို​စေ​လွှတ်​လိုက်​၏။ ညှဉ်း​ပန်း​နှိပ်​စက်​မှု​ကို​ငါ​တို့​ခံ​ရ​သည်​မှာ ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ​ဖြစ် ကြောင်း​သင်​တို့​ကိုယ်​တိုင်​သိ​ကြ​၏။- \v 4 သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က​ညှဉ်း​ပန်း ခြင်း​ခံ​ရ​မည်​ကို ငါ​တို့​သ​တိ​ပေး​ခဲ့​ပြီး ဖြစ်​သည်။ ငါ​တို့​သ​တိ​ပေး​ခဲ့​သည့်​အ​တိုင်း ပင်​ယ​ခု​ဖြစ်​ပျက်​လာ​သည်​ကို​သင်​တို့​သိ ကြ​၏။- \v 5 ထို့​ကြောင့်​ငါ​သည်​တိ​မော​သေ​ကို​စေ​လွှတ်​လိုက် ၏။ ငါ​သည်​မ​စောင့်​ဆိုင်း​နိုင်​တော့​သ​ဖြင့် သင်​တို့ ၏​ယုံ​ကြည်​ခြင်း​ခိုင်​မြဲ​သည်​မ​ခိုင်​မြဲ​သည်​ကို သိ​လို​၍ သူ့​ကို​စေ​လွှတ်​လိုက်​၏။ သင်​တို့​သည် မာရ်​နတ်​၏​စုံ​စမ်း​သွေး​ဆောင်​ရာ​သို့​လိုက်​ပါ သ​ဖြင့် ငါ​တို့​လုပ်​ဆောင်​ခဲ့​သ​မျှ​သည် အ​ချည်း​နှီး​ဖြစ်​မည်​ကို​ငါ​စိုး​ရိမ်​မိ​၏။ \p \v 6 ယ​ခု​အ​ခါ​တိ​မော​သေ​သည်​ငါ​တို့​ထံ​သို့ ပြန်​လည်​ရောက်​ရှိ​လာ​ပေ​ပြီ။ သူ​သည်​သင်​တို့ ၏​မေတ္တာ​နှင့်​ယုံ​ကြည်​ခြင်း​အ​ကြောင်း​သ​တင်း ကောင်း​ကို​ယူ​ဆောင်​လာ​ခဲ့​၏။ သင်​တို့​သည် ငါ​တို့​အား​အ​စဉ်​သ​တိ​ရ​လျက်​နေ​ကြ ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​အား​ငါ​တို့ တွေ့​မြင်​လို​သ​ကဲ့​သို့​သင်​တို့​သည် ငါ​တို့​အား တွေ့​မြင်​လို​ကြ​ကြောင်း​ကို​လည်း​ကောင်း တိ​မော​သေ​က​ပြော​ပြ​၏။-\x + \xo 3:6 \xt တ၊ ၁၈:၅။\x* \v 7 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ ငါ​တို့​သည်​ဆင်း​ရဲ ဒုက္ခ​ခံ​လျက်​ပင်​သင်​တို့​ယုံ​ကြည်​ခြင်း​ကြောင့် အား​တက်​ကြ​၏။- \v 8 သင်​တို့​သည်​သ​ခင်​ဘု​ရား​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​ခြင်း​၌​ကြံ့​ခိုင်​စွာ​ရပ်​တည်​ကြ သ​ဖြင့် ငါ​တို့​အ​သက်​ရှင်​ရ​ကျိုး​နပ်​ပေ​ပြီ။- \v 9 သင်​တို့​အ​တွက်​ကြောင့်​လည်း​ကောင်း၊ သင်​တို့ ကို​အ​ကြောင်း​ပြု​၍​ရှေ့​တော်​တွင်​ဝမ်း​မြောက် ရွှင်​လန်း​ခွင့်​ကို​ရ​ရှိ​သည့်​အ​တွက်​ကြောင့် လည်း​ကောင်း ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ငါ​တို့​ချီး​မွမ်း​ကြ​၏။- \v 10 သင်​တို့​ထံ​သို့​ရောက်​ရှိ​ပြီး​လျှင်​သင်​တို့ ယုံ​ကြည်​ခြင်း​ပါ​ရ​မီ​ကို​ဖြည့်​တင်း​ပေး​ခွင့် ကို​ရ​နိုင်​ရန် ငါ​တို့​သည်​နေ့​ရော​ည​ပါ​စိတ် အား​ထက်​သန်​စွာ​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​၏။ \p \v 11 ငါ​တို့​၏​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​ငါ​တို့​၏ အ​ရှင်​သ​ခင်​ယေ​ရှု​သည် သင်​တို့​ထံ​သို့​ငါ တို့​လာ​ရောက်​နိုင်​ကြ​စေ​ရန်​လမ်း​ဖွင့်​ပေး တော်​မူ​ပါ​စေ​သော။- \v 12 မိ​မိ​တို့​အ​ချင်း​ချင်း​နှင့်​လူ​ခပ်​သိမ်း​တို့ အ​ပေါ် သင်​တို့​ထား​ရှိ​သော​မေတ္တာ​သည် သင် တို့​အ​ပေါ် ငါ​တို့​ထား​ရှိ​သည့်​မေတ္တာ​တ​မျှ ကြီး​မား​လာ​စေ​ရန် သင်​တို့​အား​သ​ခင် ဘု​ရား​ကူ​မ​တော်​မူ​ပါ​စေ​သော။- \v 13 ဤ​နည်း​အား​ဖြင့်​ကိုယ်​တော်​သည်​သင်​တို့​ကို ကြံ့​ခိုင်​စေ​တော်​မူ​လိမ့်​မည်။ ငါ​တို့​အ​ရှင်​သ​ခင် ယေ​ရှု​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန်​အ​ပေါင်း တို့​နှင့်​အ​တူ​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌ သင် တို့​သည်​ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သော​သန့်​ရှင်း မြင့်​မြတ်​သူ​များ​ဖြစ်​ကြ​ပေ​အံ့။ \c 4 \s1 ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သော ပြု​မူ​ကျင့်​ကြံ​မှု \p \v 1 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​စေ​ရန်​အ​ဘယ်​သို့​ပြု​မူ ကျင့်​ကြံ​ရ​မည်​ကို သင်​တို့​အား​ငါ​တို့​သွန် သင်​ပြီး​ဖြစ်​ပေ​သည်။ သင်​တို့​သည်​ငါ​တို့ သွန်​သင်​သည့်​အ​တိုင်း​ပြု​ကျင့်​လျက်​ရှိ​ကြ သည်​မှန်​သော်​လည်း၊ ထို​ထက်​ပို​၍​ကြိုး​စား အား​ထုတ်​ကြ​ရန်​သ​ခင်​ယေ​ရှု​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​ငါ​တို့​အ​ထူး​တိုက် တွန်း​လို​၏။- \v 2 သင်​တို့​အ​ဘယ်​သို့​ပြု​ကျင့်​ရ​မည်​နှင့်​ပတ် သက်​၍ သ​ခင်​ယေ​ရှု​ပေး​အပ်​ထား​သည့် အ​ခွင့်​အာ​ဏာ​အ​ရ၊ သင်​တို့​အား​ငါ​တို့ ညွှန်​ကြား​ထား​သည့်​အ​ချက်​များ​ကို​သင် တို့​သိ​ကြ​၏။- \v 3 ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​သန့်​ရှင်း မြင့်​မြတ်​ကြ​စေ​ရန်​နှင့် ကာ​မ​ဂုဏ်​လွန်​ကူး မှု​နှင့်​လုံး​ဝ​ကင်း​ကြ​စေ​ရန်​အ​လို​ရှိ​တော် မူ​၏။- \v 4 အ​မျိုး​သား​တိုင်း​ပင်​သန့်​ရှင်း​ဖြူ​စင်​တင့်​တယ် လျောက်​ပတ်​စွာ​မိ​မိ​၏​ဇ​နီး​နှင့်​ပေါင်း​သင်း နေ​ထိုင်​တတ်​ရ​မည်။- \v 5 ဘု​ရား​သ​ခင်​ကို​မ​ကိုး​ကွယ်​သူ​တို့​ကဲ့​သို့ ကိ​လေ​သာ​စိတ်​၏​အ​လို​သို့​မ​လိုက်​ရ။- \v 6 ဤ​အ​မှု​မျိုး​တွင်​သင်​တို့​သည်​ညီ​အစ်​ကို အ​ချင်း​ချင်း​မ​ပြစ်​မှား​ရ။ အ​ခွင့်​ကောင်း ကို​မ​ယူ​ရ။ သ​ခင်​ဘု​ရား​သည်​ဤ​အ​ပြစ် မျိုး​ကူး​လွန်​သော​သူ​တို့​အား အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​မည်​ဖြစ်​ကြောင်း​သင်​တို့​အား ငါ​တို့​ကြပ်​တည်း​စွာ​သ​တိ​ပေး​ပြီး​ဖြစ်​သည်။- \v 7 ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ကာ​မ​ဂုဏ်​လိုက် စား​မှု​၌ မွေ့​လျော်​စေ​ရန်​ခေါ်​ယူ​ရွေး​ကောက်​တော် မူ​သည်​မ​ဟုတ်။ သန့်​ရှင်း​ဖြူ​စင်​စွာ​ပြု​မူ​ကျင့် ကြံ​နေ​ထိုင်​ကြ​စေ​ရန်​ခေါ်​ယူ​ရွေး​ကောက်​တော် မူ​ပေ​သည်။- \v 8 သို့​ဖြစ်​၍​ဤ​သွန်​သင်​ချက်​ကို​မ​လိုက်​လျှောက်​သူ မည်​သည်​ကား​လူ​ကို​ပစ်​ပယ်​သူ​မ​ဟုတ်။ မိ​မိ​၏ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို သင်​တို့​အား​ပေး တော်​မူ​သော​ဘု​ရား​သ​ခင်​ကို​ပစ်​ပယ်​သူ​ဖြစ် သ​တည်း။ \p \v 9 ယုံ​ကြည်​သူ​အ​ချင်း​ချင်း​ချစ်​ကြ​စေ​ရန်​သင် တို့​ကို​ဘု​ရား​သ​ခင်​သွန်​သင်​တော်​မူ​ခဲ့​သ​ဖြင့် သင်​တို့​အ​ချင်း​ချင်း​ချစ်​ရ​မည်​အ​ကြောင်း​နှင့် ပတ်​သက်​၍​ရေး​သား​ရန်​မ​လို။- \v 10 အ​မှန်​စင်​စစ်​သင်​တို့​သည်​မာ​ကေ​ဒေါ​နိ​ပြည် တစ်​ပြည်​လုံး​ရှိ​ခ​ရစ်​ယာန်​ညီ​အစ်​ကို​တို့​အား ချစ်​ခဲ့​ကြ​လေ​ပြီ။ သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ထို​ထက်​မ​က​ပို​မို​ချစ်​ကြ​ရန် ငါ​တို့​တိုက်​တွန်း​၏။- \v 11 သင်​တို့​သည်​ယ​ခင်​က​ငါ​တို့​ညွှန်​ကြား​ခဲ့​သည့် အ​တိုင်း​ငြိမ်​ဝပ်​စွာ​နေ​ထိုင်​ရန်​လည်း​ကောင်း၊ ကိုယ့် အ​ရေး​ကိစ္စ​ကို​ဂ​ရု​စိုက်​ရန်​လည်း​ကောင်း၊ ကိုယ့် လက်​ဖြင့်​လုပ်​ကိုင်​ရန်​လည်း​ကောင်း​ကြိုး​စား အား​ထုတ်​ကြ​လော့။- \v 12 ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​အ​သင်း​တော်​ဝင် မ​ဟုတ် သူ​တို့​၏​ကြည်​ညို​လေး​စား​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ အ​ဘယ်​သူ​ကို​မျှ​မှီ​ခို​ရန်​လည်း လို​လိမ့်​မည်​မ​ဟုတ်။ \s1 သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​ခြင်း \p \v 13 ညီ​အစ်​ကို​တို့၊ သေ​လွန်​ပြီး​နောက်​မျှော်​လင့်​စ​ရာ မ​ရှိ​သူ​တို့​ကဲ့​သို့ သင်​တို့​ဝမ်း​နည်း​ကြေ​ကွဲ​မှု မ​ဖြစ်​ကြ​စေ​ရန် ငါ​တို့​သည်​သေ​လွန်​သူ​များ နှင့်​ပတ်​သက်​၍​သင်​တို့​အား​အ​မှန်​တ​ရား​ကို သိ​စေ​လို​၏။- \v 14 သ​ခင်​ယေ​ရှု​သည်​အ​သေ​ခံ​တော်​မူ​ပြီး​နောက် ရှင်​ပြန်​ထ​မြောက်​တော်​မူ​သည်​ဟု​ငါ​တို့​ယုံ​ကြည် သော​ကြောင့် ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​ကို​ယုံ ကြည်​လျက်​သေ​လွန်​သွား​ကုန်​သော​သူ​တို့​အား ထို​အ​ရှင်​နှင့်​အ​တူ​မိ​မိ​ထံ​တော်​သို့​ပြန်​၍ ခေါ်​ဆောင်​သွား​တော်​မူ​လိမ့်​မည်​ဟု​ငါ​တို့ ယုံ​ကြည်​ကြ​ပေ​သည်။ \p \v 15 သ​ခင်​ဘု​ရား​သွန်​သင်​တော်​မူ​ချက်​ကို​ယ​ခု ငါ​တို့​ဖော်​ပြ​ပေ​အံ့။ သ​ခင်​ဘု​ရား​ကြွ​လာ​တော် မူ​သော​နေ့​၌​အ​သက်​ရှင်​လျက်​ရှိ​ကြ​သူ​ငါ​တို့ သည်​သေ​လွန်​သူ​တို့​ထက်​အ​လျင်​ရောက်​ကြ​လိမ့် မည်​မ​ဟုတ်။-\x + \xo 4:15 \xt ၁ကော၊ ၁၅:၅၁-၅၂။\x* \v 16 ကြွေး​ကြော်​အ​မိန့်​ပေး​သံ၊ ကောင်း​ကင်​တ​မန်​မင်း ၏​ဟစ်​သံ၊ ဘု​ရား​သ​ခင်​၏​တံ​ပိုး​တော်​မှုတ်​သံ​ကို ကြား​ရ​သော​အ​ခါ သ​ခင်​ဘု​ရား​ကိုယ်​တော်​တိုင် ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​ကြွ​လာ​တော်​မူ​လိမ့် မည်။ ခ​ရစ်​တော်​ကို​ယုံ​ကြည်​၍​သေ​လွန်​သူ​များ သည်​ဦး​စွာ​ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်။- \v 17 ထို​နောက်​အ​သက်​ရှင်​လျက်​ကျန်​ရစ်​သော​ငါ​တို့ သည်​အာ​ကာ​သ​တွင်​သေ​လွန်​သူ​တို့​နှင့်​အ​တူ သ​ခင်​ဘု​ရား​နှင့်​တွေ့​ဆုံ​ရန်​မိုး​ကောင်း​ကင်​သို့ ယူ​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ဤ​နည်း အား​ဖြင့်​ငါ​တို့​သည်​သ​ခင်​ဘု​ရား​နှင့်​အ​တူ အ​စဉ်​အ​မြဲ​နေ​ရ​ကြ​ပေ​အံ့။- \v 18 သို့​ဖြစ်​၍​ဤ​စကား​များ​အား​ဖြင့်​အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက်​အား​ပေး​ကြ​လော့။ \c 5 \s1 သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​ချိန်​အ​တွက် အ​သင့်​ရှိ​ကြ​လော့ \p \v 1 ညီ​အစ်​ကို​တို့၊ ဤ​အ​မှု​များ​ဖြစ်​ပျက်​မည့် အ​ချိန်​ကာ​လ​အ​ကြောင်း​ကို​သင်​တို့​အား ရေး​သား​ရန်​မ​လို။- \v 2 သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​ရာ​နေ့​ရက်​သည် ညဥ့်​အ​ခါ​သူ​ခိုး​လာ​သ​ကဲ့​သို့​မ​မျှော်​မ​လင့် ဘဲ​ရောက်​ရှိ​လာ​လိမ့်​မည်​ဖြစ်​ကြောင်း​သင်​တို့ ကောင်း​စွာ​သိ​ကြ​၏။-\x + \xo 5:2 \xt မ၊ ၂၄:၄၃။ လု၊ ၁၂:၃၉။ ၂ပေ၊ ၃:၁၀။\x* \v 3 ``အန္တ​ရာယ်​ကင်း​လျက်​သာ​ယာ​သည်'' ဟု​လူ​တို့ ပြော​ဆို​ကြ​သော​အ​ခါ​၌​ကိုယ်​ဝန်​ဆောင်​အ​မျိုး သ​မီး​အ​ပေါ်​သို့​သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရုတ် တ​ရက်​ကျ​ရောက်​လာ​သ​ကဲ့​သို့ လူ​တို့​အ​ပေါ် သို့​ဘေး​အန္တ​ရာယ်​ကျ​ရောက်​လာ​လိမ့်​မည်။- \v 4 သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ သင်​တို့​မူ​ကား​မှောင်​မိုက် တွင်​နေ​သူ​များ​မ​ဟုတ်​သ​ဖြင့် သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​ရာ​နေ့​ရက်​သည် သူ​ခိုး​ကဲ့​သို့ သင်​တို့​ထံ​သို့​တိတ်​တ​ဆိတ်​ရောက်​ရှိ​၍​မ​လာ နိုင်။- \v 5 သင်​တို့​အား​လုံး​ပင်​အ​လင်း​တွင်​လည်း​ကောင်း၊ နေ့ တွင်​လည်း​ကောင်း​ကျင်​လည်​သူ​များ​ဖြစ်​ကြ​၏။ ငါ တို့​သည်​ညဥ့်​တွင်​လည်း​ကောင်း​မှောင်​မိုက်​တွင်​လည်း ကောင်း​ကျင်​လည်​သူ​များ​မ​ဟုတ်။- \v 6 သို့​ဖြစ်​၍​ငါ​တို့​သည်​အ​ခြား​သူ​များ​ကဲ့​သို့ အိပ်​ပျော်​၍​မ​နေ​ရ​ကြ။ နိုး​နိုး​ကြား​ကြား​ရှိ ရ​ကြ​မည်။ သမ္မာ​သ​တိ​ရှိ​ရ​ကြ​မည်။- \v 7 လူ​တို့​သည်​ညဥ့်​အ​ခါ​၌​အိပ်​တတ်​ကြ​၏။ ညဥ့် အ​ခါ​၌​သေ​ရည်​သေ​ရက်​မူး​ယစ်​တတ်​ကြ​၏။- \v 8 သို့​ရာ​တွင်​ငါ​တို့​သည်​နေ့​အ​ချိန်​၌​ကျင်​လည် သူ​များ​ဖြစ်​ကြ​သ​ဖြင့် သမ္မာ​သ​တိ​ရှိ​ကြ​ကုန် အံ့။ ယုံ​ကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တည်း​ဟူ သော​ရင်​အုပ်​တန်​ဆာ​ကို​တပ်​ဆင်​လျက် ကယ်​တင် ခြင်း​ခံ​ရ​ရန်​မျှော်​လင့်​ခြင်း​တည်း​ဟူ​သော​သံ ခ​မောက်​ကို​ဆောင်း​ကြ​ကုန်​အံ့။-\x + \xo 5:8 \xt ဟေရှာ၊ ၅၉:၁၇။ ဧ၊ ၆:၁၃-၁၇။\x* \v 9 ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​အ​မျက်​တော် သင့်​စေ​ရန်​ရွေး​ကောက်​တော်​မူ​သည်​မ​ဟုတ်။ အ​ရှင် သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ကယ်​တင်​ခြင်း ခံ​ရ​ကြ​စေ​ရန်​ရွေး​ကောက်​တော်​မူ​၏။- \v 10 ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​ချိန်​၌​ငါ​တို့​သည် သေ​လွန်​ပြီး​သည်​ဖြစ်​စေ၊ ရှင်​လျက်​နေ​သည် ဖြစ်​စေ ကိုယ်​တော်​နှင့်​အ​တူ​အ​သက်​ရှင်​ခွင့်​ကို ရ​ရှိ​နိုင်​ကြ​စေ​ရန် ကိုယ်​တော်​သည်​ငါ​တို့​အ​တွက် အ​သက်​တော်​ကို​စွန့်​တော်​မူ​ပေ​သည်။- \v 11 သို့​ဖြစ်​၍​သင်​တို့​သည်​အ​ချင်း​ချင်း​တစ်​ယောက် ကို​တစ်​ယောက်​အား​ပေး​ကူ​ညီ​မှု​ကို ယ​ခု​ကျင့် သုံး​နေ​သ​ကဲ့​သို့​ဆက်​လက်​၍​ကျင့်​သုံး​ကြ​လော့။ \s1 နောက်​ဆုံး​ညွှန်​ကြား​ချက်​များ​နှင့် နှုတ်​ဆက်​စ​ကား​များ \p \v 12 ညီ​အစ်​ကို​တို့၊ သင်​တို့​ထံ​တွင်​အ​မှု​တော်​ကို ဆောင်​ရွက်​နေ​သော၊ သင်​တို့​အား​လမ်း​ပြ​သွန် သင်​ရန် သ​ခင်​ဘု​ရား​ခန့်​ထား​တော်​မူ​သော သူ​များ​ကို​ကြည်​ညို​လေး​စား​ကြ​ရန်​ငါ​တို့ တိုက်​တွန်း​၏။- \v 13 သူ​တို့​ဆောင်​ရွက်​ကြ​သည့်​အ​မှု​တော်​ကို​ထောက် ၍ သူ​တို့​အား​အ​ထူး​ရို​သေ​ချစ်​ခင်​ကြ​လော့။ သင်​တို့​အ​ချင်း​ချင်း​သင့်​မြတ်​စွာ​နေ​ကြ​လော့။ \p \v 14 ညီ​အစ်​ကို​တို့၊ အ​ပျင်း​ကြီး​သူ​တို့​ကို​သ​တိ​ပေး ကြ​လော့။ ကြောက်​တတ်​သူ​တို့​ကို​အား​ပေး​ကြ လော့။ အား​နည်း​သူ​တို့​ကို​ကူ​ညီ​ကြ​လော့။ လူ ခပ်​သိမ်း​တို့​အ​ပေါ်​တွင်​စိတ်​ရှည်​ကြ​လော့။- \v 15 အ​ဘယ်​သူ​မျှ​ရန်​တုံ့​မ​မူ​စေ​နှင့်။ အ​ချင်း​ချင်း တို့​၏​ကောင်း​ကျိုး​နှင့်​လူ​ခပ်​သိမ်း​တို့​၏​ကောင်း ကျိုး​ကို အ​စဉ်​အ​မြဲ​ရှာ​ရန်​ကြိုး​စား​အား ထုတ်​လော့။ \p \v 16 အ​စဉ်​မ​ပြတ်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။- \v 17 အ​ခါ​မ​လပ်​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့။- \v 18 အ​ဘယ်​အ​ခြေ​အ​နေ​နှင့်​ရင်​ဆိုင်​ရ​သည်​မ​ဆို ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ သင်​တို့​သည် ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ် လျက် ဤ​သို့​ပြု​ကျင့်​ကြ​စေ​ရန်​ဘု​ရား​သ​ခင် အ​လို​ရှိ​တော်​မူ​၏။ \p \v 19 သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​မ​ဆီး​တား​ကြ​နှင့်။- \v 20 ဝိ​ညာဉ်​တော်​နှိုး​ဆော်​ခြင်း​အား​ဖြင့်​ဟော​ပြော သည့်​တ​ရား​ဒေ​သ​နာ​များ​ကို အ​ဘယ်​အ​ခါ ၌​မျှ​မ​ထီ​မဲ့​မြင်​မ​ပြု​ကြ​နှင့်။- \v 21 အ​ရာ​ခပ်​သိမ်း​တို့​ကို​စစ်​ဆေး​ပြီး​လျှင် ကောင်း သည့်​အ​ရာ​တို့​ကို​ခံ​ယူ​၍၊- \v 22 မ​ကောင်း​သည့်​အ​ရာ​မှန်​သ​မျှ​ကို​ရှောင်​ကြ​လော့။ \p \v 23 ငြိမ်​သက်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​တို့​အား​အ​ကုန်​အ​စင်​သန့်​ရှင်း​ဖြူ​စင်​စေ တော်​မူ​ပါ​စေ​သော။ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု ခ​ရစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌ သင်​တို့ သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ကြ​စေ​ရန်​ဘု​ရား သ​ခင်​သည် သင်​တို့​၏​ကိုယ်​စိတ်​ဝိ​ညာဉ်​ကို ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​ပါ​စေ​သော။- \v 24 သင်​တို့​အား​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​သော အ​ရှင်​သည်​သစ္စာ​ရှိ​တော်​မူ​သည်​ဖြစ်​၍​ဤ​သို့ ပြု​တော်​မူ​လိမ့်​မည်။ \p \v 25 ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ဖို့​လည်း​ဆု​တောင်း​ကြ လော့။ \p \v 26 ယုံ​ကြည်​သူ​အ​ပေါင်း​တို့​အား​သန့်​ရှင်း​သော နမ်း​ခြင်း​ဖြင့်​နှုတ်​ဆက်​ကြ​လော့။ \p \v 27 ငါ​သည်​သ​ခင်​ဘု​ရား​အပ်​နှင်း​တော်​မူ​သော အ​ခွင့်​အာ​ဏာ​အ​ရ ဤ​စာ​ကို​ယုံ​ကြည်​သူ အ​ပေါင်း​တို့​အား​ဖတ်​ပြ​ကြ​ရန်​သင်​တို့​ကို တိုက်​တွန်း​၏။ \p \v 28 ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ကျေး​ဇူး တော်​ကို​သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ​သော။ သက်​သာ​လော​နိတ်​သြ​ဝါ​ဒ​စာ​ပ​ထ​မ စောင်​ပြီး​၏။