\id 1SA Myanmar Common Language Bible \h ၁ ရာ \toc1 ဋ္ဌမ္မ​ရာ​ဇ​ဝင်​ပ​ထ​မ​စောင် \toc2 ၁ ရာ \mt1 ဋ္ဌမ္မ​ရာ​ဇ​ဝင်​ပ​ထ​မ​စောင် \is1 နိ​ဒါန်း \ip ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​တ​ရား​သူ​ကြီး​များ ခေတ်​မှ ဘု​ရင်​အုပ်​စိုး​သည့်​စ​နစ်​သို့​ကူး​ပြောင်း သော​သ​မိုင်း​ကာ​လ​ကို ဋ္ဌမ္မ​ရာ​ဇ​ဝင်​ပ​ထ​မ စောင်​တွင်​မှတ်​တမ်း​တင်​ထား​သည်။ ယင်း​သ​မိုင်း ကာ​လ​ဇာတ်​စင်​ပေါ်​တွင်​ဇာတ်​ကောင်​များ​အ​ဖြစ် ပါ​ဝင်​သ​ရုပ်​ဆောင်​ကြ​သော​အ​ဋ္ဌိ​က​ပ္ဂိုလ် သုံး​ဦး​မှာ တ​ရား​သူ​ကြီး​များ​ထဲ​မှ နောက်​ဆုံး တ​ရား​သူ​ကြီး​ဖြစ်​သူ​ရှ​မွေ​လ၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ပ​ထ​မ​ဦး​ဆုံး​ဘု​ရင် ဖြစ်​သူ​ရှော​လု​နှင့်​ဒါ​ဝိဒ်​တို့​ဖြစ်​ကြ​သည်။ ထီး​နန်း​မ​ရ​မီ​ဒါ​ဝိဒ်​၏​စွန့်​စား​ခန်း​များ သည် ရှ​မွေ​လ​၏​လုပ်​ဆောင်​ချက်​များ​နှင့် ရှော​လု ၏​လုပ်​ဆောင်​ချက်​များ​တွင်​ပါ​ဝင်​ရော​ယှက် လျက်​ရှိ​သည်။ \ip ဤ​ကျမ်း​စောင်​၏​အ​ဋ္ဌိ​က​တင်​ပြ​ချက်​မှာ ဋ္ဌမ္မ​ဟောင်း​ကျမ်း​ရှိ အ​ခြား​သ​မိုင်း​ကျမ်း​စောင် များ​၏​အ​ဋ္ဌိ​က​တင်​ပြ​ချက်​နှင့်​တူ​ညီ​သည်။ ၎င်း​မှာ​ဘု​ရား​သ​ခင်​အား​သစ္စာ​စောင့်​လျှင် အောင်​မြင်​မှု​အ​ကျိုး​ကို​ရ​ရှိ​၍ စ​ကား​တော် ကို​နား​မ​ထောင်​လျှင်​မူ​ကား​ပျက်​စီး​ဆုံး​ရှုံး ရ​မည်​ဖြစ်​ကြောင်း​ဟူ​၍​ဖြစ်​သည်။ ထို​တင်​ပြ ချက်​သည်``ငါ့​အား​ဂုဏ်​ပြု​ချီး​မြှင့်​သူ​တို့ ကို​ငါ​ဂုဏ်​ပြု​ချီး​မြှင့်​မည်။ ငါ့​အား​မ​ထီ​မဲ့ မြင်​ပြု​သူ​တို့​ကို​စက်​ဆုပ်​ရွံ​ရှာ​မည်'' (၂:၃၀)၊ ဟူ​သော​ကျမ်း​ချက်​တွင်​ပေါ်​လွင်​ထင်​ရှား သည်။ \ip ဤ​ကျမ်း​စောင်​တွင်​ဘု​ရင်​အုပ်​စိုး​သည့်​စ​နစ် ထူ​ထောင်​ခြင်း​နှင့်​စပ်​လျဉ်း​၍ သ​ဘော​ထား ချင်း​မ​တူ​သော​ခံ​ယူ​ချက်​များ​ကို​ဖော်​ပြ ထား​သည်။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရင်​အ​စစ် အ​မှန်​ဖြစ်​သည်​ဟု​ခံ​ယူ​ထား​ကြ​၏။ သို့​ရာ တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​တောင်း​ဆို သော​ကြောင့်​ဘု​ရင်​ကို​ရွေး​ချယ်​ပေး​တော် မူ​၏။ အ​ရေး​ကြီး​သော​အ​ချက်​သည်​ကား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​တ​ကွ အုပ် စိုး​သည့်​ဘုရင်​သည်​ဘု​ရား​သ​ခင်​၏​အုပ်​စိုး မှု​နှင့်​တ​ရား​စီ​ရင်​မှု​ကို​ခံ​ယူ​ရ​ကြ​မည် ဆို​သည့်​အ​ချက်​ပင်​ဖြစ်​သည် (၂:၇-၁၀)။ ဆင်း​ရဲ ချမ်း​သား​မ​ရွေး​လူ​အ​ပေါင်း​တို့​၏​အ​ခွင့် အ​ရေး​ကို​ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော် များ​က​ထိန်း​ထား​စေ​ရ​မည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 ရှ​မွေ​လ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ \io1 တ​ရား​သူကြီး​အ​ဖြစ်​ဆောင်​ရွက်​ခြင်း ၁:၁-၇:၁၇ \io1 ရှော​လု​ရှင်​ဘု​ရင်​ဖြစ်​လာ​ခြင်း ၈:၁-၁၀:၂၇ \io1 ရှော​လု​၏​အ​ဦး​ပိုင်း​နန်း​စံ​နှစ်​များ ၁၁:၁-၁၅:၃၅ \io1 ဒါ​ဝိဒ်​နှင့်​ရှော​လု ၁၆:၁-၃၀:၃၁ \io1 ရှော​လု​နှင့်​သား​များ​ကွယ်​လွန်​ခြင်း ၃၁:၁-၁၃ \c 1 \s1 ရှိ​လော​မြို့​သို့​ရောက်​ရှိ​သော​ဧ​လ​ကာ​န​နှင့် အိမ်​ထောင်​စု \p \v 1 ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​ရှိ​ရာ​မ​မြို့​တွင် ဧ​လ​ကာ​န​ဟု​နာ​မည်​တွင်​သော​လူ​တစ် ယောက်​ရှိ​၏။ သူ​သည်​ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​ဖြစ် ၍​အ​ဖ​မှာ​ယေ​ရော​ဟံ၊ အ​ဖိုး​ကား​ဧ​လိ ဖြစ်​၏။ သူ​သည်​ဇု​ဖ​သား​ချင်း​စု၊ တော​ဟူ အိမ်​ထောင်​စု​ဝင်​ဖြစ်​သ​တည်း။- \v 2 ဧ​လ​ကာ​န​တွင်​ဟန္န​နှင့်​ပေ​နိန္န​ဟူ​သော​မ​ယား နှစ်​ယောက်​ရှိ​၏။ ပေ​နိန္န​တွင်​သား​သ​မီး​များ​ရှိ ၍​ဟန္န​မှာ​မ​ရှိ​ချေ။- \v 3 ဧ​လ​ကာ​န​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန် ရာ​မ​မြို့​မှ ရှိ​လော​မြို့​သို့​နှစ်​စဉ်​နှစ်​တိုင်း​သွား​ရောက်​၏။ ထို​မြို့​တွင်​ဧ​လိ​၏​သား​များ​ဖြစ်​ကြ​သော ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ်​တို့​သည် ထာ​ဝ​ရ ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​ဖြင့် ဆောင်​ရွက်​လျက်​ရှိ​ကြ​၏။- \v 4 ဧ​လ​ကာ​န​သည်​ယဇ်​ပူ​ဇော်​သည့်​အ​ခါ ပေ​နိန္န နှင့်​သား​သ​မီး​တို့​အား​ဝေ​စု​တစ်​စု​စီ​ခွဲ​ဝေ ပေး​၏။- \v 5 ဟန္န​ကို​မူ​အ​ထူး​ဝေ​စု​ပေး​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ဟန္န​အား​သား​သ​မီး​မွေး​ဖွား​ခွင့်​ကို​ပေး တော်​မ​မူ​သော်​လည်း ဧ​လ​ကာ​န​သည်​ဟန္န အား​လွန်​စွာ​ချစ်​မြတ်​နိုး​လေ​သည်။- \v 6 ဟန္န​တွင်​သား​သ​မီး​မ​ရ​သ​ဖြင့်​သူ​၏​ပြိုင် ဘက်​ဖြစ်​သူ ပေ​နိန္န​သည်​ဟန္န​အား​ရှုတ်​ချ​ကာ စိတ်​ဒုက္ခ​ပေး​လေ့​ရှိ​၏။- \v 7 ဤ​အ​တိုင်း​တစ်​နှစ်​ပြီး​တစ်​နှစ်​လွန်​ခဲ့​၏။ သူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့​သွား​ရောက် သည့်​အ​ခါ​တိုင်း ပေ​နိန္န​သည်​ဟန္န​အား​စိတ်​ဒုက္ခ ရောက်​စေ​သ​ဖြင့် ဟန္န​သည်​အ​ဘယ်​အ​စား​အ​စာ ကို​မျှ​မ​စား​ဘဲ​ငို​၍​သာ​နေ​တတ်​၏။- \v 8 သူ​၏​ခင်​ပွန်း​ဧ​လ​ကာ​န​က``ဟန္န၊ သင်​သည် အ​ဘယ်​ကြောင့်​ငို​ကြွေး​နေ​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​အ​စား​အ​စာ​မ​စား​သောက်​ဘဲ​နေ​ပါ သ​နည်း။ အ​ဘယ်​ကြောင့်​အ​စဉ်​ပင်​စိတ်​မ​ချမ်း​မ သာ​ဖြစ်​၍​နေ​ပါ​သ​နည်း။ ငါ​သည်​သင်​၏​အ​ဖို့ သား​တစ်​ကျိပ်​ထက်​အ​ဖိုး​ထိုက်​သည်​မ​ဟုတ်​ပါ လော'' ဟု​မေး​လေ့​ရှိ​၏။ \s1 ဟန္န​နှင့်​ဧ​လိ \p \v 9-10 အ​ခါ​တစ်​ပါး​၌​သူ​တို့​သည်​ရှိ​လော​မြို့​ရှိ​ထာ​ဝ​ရ ဘု​ရား​၏​အိမ်​တော်​တွင် အ​စား​အ​စာ​စား​သောက် ကြ​ပြီး​သော​အ​ခါ ဟန္န​သည်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​လျက်​ထ​၍​ပြင်း​ပြ​စွာ​ငို​ယို​ကာ ထာ​ဝ​ရ ဘု​ရား​၏​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု လေ​၏။ (ထို​အ​ခါ​ဧ​လိ​သည်​တံ​ခါး​အ​နီး မိ​မိ​ထိုင်​နေ​ကျ​နေ​ရာ​တွင်​ထိုင်​လျက်​နေ သ​တည်း။-) \v 11 ဟန္န​က``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ကျွန်​မ​ကို​ရှု​မြင်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ကျွန်​မ​၏​ဒုက္ခ​ကို​ရှု​မှတ်​တော် မူ​လျက်​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ မေ့ လျော့​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​သည် ကိုယ်​တော်​၏​ကျွန်​မ​အား​သား​ဆု​ကို​ပေး တော်​မူ​လျှင် သူ့​ကို​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး​ကိုယ်​တော်​ရှင်​အား​ဆက်​ကပ်​ပူ​ဇော် ပါ​မည်။ သူ​၏​ဆံ​ပင်​ကို​လည်း​အ​ဘယ် အ​ခါ​၌​မျှ​မ​ဖြတ်​မ​ရိတ်​စေ​ပါ''\f 1 \fr 1:11 \ft * \+fk ဆံ​ပင်​ကို​မ​ဖြတ်​မ​ရိတ်​စေ​ပါ။ \ft ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ထား​သည့် လက္ခ​ဏာ​ဖြစ်​သည် (တော၊ ၆:၅)\f* ဟု​ကျိန်​ဆို​က​တိ​ပြု​လေ​၏။\x + \xo 1:11 \xt တော၊ ၆:၅။\x* \p \v 12 ဟန္န​သည်​အ​ချိန်​ကြာ​မြင့်​စွာ​ဆိတ်​ဆိတ်​ဆု တောင်း​ပတ္ထ​နာ​ပြု​၏။ ဧ​လိ​သည်​သူ​၏​နှုတ် ကို​ကြည့်​ရှု​လျက်​နေ​၏။- \v 13 ဟန္န​သည်​ဆိတ်​ဆိတ်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၍​နေ သ​ဖြင့် သူ​၏​နှုတ်​ခမ်း​တို့​သည်​လှုပ်​ရှား​လျက်​ရှိ သော်​လည်း​အ​သံ​ကား​မ​ထွက်။ သို့​ဖြစ်​၍​သူ့ အား​အ​ရက်​မူး​သည်​ဟု​ထင်​မှတ်​သ​ဖြင့်၊- \v 14 ဧ​လိ​က``သင်​သည်​အ​ဘယ်​မျှ​ကြာ​အ​ရက်​မူး လျက်​နေ​ပါ​သ​နည်း။ အ​ရက်​ကို​ကြဉ်​ရှောင် လော့'' ဟု​ဆို​၏။ \p \v 15 ဟန္န​က``အ​ရှင်၊ ကျွန်​မ​သည်​အ​ရက်​မ​မူး​ပါ။ အ​ရက်​မ​သောက်​ပါ။ ကျွန်​မ​သည်​အ​လွန်​ပင် စိတ်​ပျက်​၍ မိ​မိ​၏​ဆင်း​ရဲ​ဒုက္ခ​ကို​ရင်​ဖွင့်​ကာ ထာ​ဝ​ရ​ဘု​ရား​ထံ​တွင်​ဆု​တောင်း​ပတ္ထ​နာ ပြု​လျက်​နေ​ခဲ့​ပါ​၏။- \v 16 ကျွန်​မ​အား​တန်​ဖိုး​မ​ရှိ​သည့်​မိန်း​မ​ဟု​မ​ထင် မှတ်​ပါ​နှင့်။ ကျွန်​မ​သည်​အ​လွန်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​သ​ဖြင့် ဤ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ ခြင်း​ဖြစ်​ပါ​၏'' ဟု​ပြန်​၍​လျှောက်​၏။ \p \v 17 ဧ​လိ​က``စိတ်​ချမ်း​သာ​စွာ​သွား​ပါ​လော့။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကိုး​ကွယ်​သော​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တောင်း​လျှောက်​သည်​အ​တိုင်း​ပေး​သနား​တော် မူ​ပါ​စေ​သော'' ဟု​ဆို​၏။ \p \v 18 ဟန္န​က​လည်း``ကျွန်​မ​သည်​အ​ရှင်​ပေး​သည့်​ကောင်း ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ပါ​စေ​သော'' ဟု​လျှောက်​လေ​၏။ ထို​နောက်​သူ​သည်​စိတ်​သက်​သာ​မှု​ရ​လျက်​ထွက် ခွာ​သွား​ပြီး​လျှင် အ​စား​အ​စာ​အ​နည်း​ငယ်​ကို စား​လေ​၏။ \s1 ရှ​မွေ​လ​ကို​ဖွား​မြင်​ခြင်း​နှင့်​ဆက်​ကပ်​ပူ​ဇော်​ခြင်း \p \v 19 နောက်​တစ်​နေ့​၌​ဧ​လ​ကာ​န​နှင့်​အိမ်​ထောင်​စု​သား တို့​သည် နံ​နက်​စော​စော​ထ​၍​ဘု​ရား​သ​ခင်​အား ကိုး​ကွယ်​ဝတ်​ပြု​ကြ​၏။ ထို​နောက်​ရာ​မ​မြို့​နေ​အိမ် သို့​ပြန်​ကြ​၏။ ဧ​လ​ကာ​န​သည်​သူ​၏​ဇ​နီး​ဟန္န နှင့်​ဆက်​ဆံ​လေ​၏။ ဘု​ရား​သ​ခင်​သည်​ဟန္န​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​သ​ဖြင့်၊- \v 20 ဟန္န​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​ယောကျာ်း​ကို​ဖွား မြင်​လေ​သည်။ သူ​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား အား​တောင်း​ခံ​သ​ဖြင့်​ဤ​သား​ကို​ရ​၏'' ဟု​ဆို ပြီး​လျှင်​ရှ​မွေ​လ​ဟု​နာ​မည်​မှည့်​လေ​သည်။ \p \v 21 ဧ​လ​ကာ​န​သည်​မိ​မိ​၏​အိမ်​ထောင်​စု​နှင့်​အ​တူ နှစ်​စဉ်​ပူ​ဇော်​နေ​ကျ​ယဇ်​ကို​လည်း​ကောင်း၊ မိ​မိ သစ္စာ​ဝတ်​ကို​ဖြေ​ရာ​အ​ထူး​ယဇ်​ကို​လည်း​ကောင်း ဘု​ရား​သ​ခင်​အား​ပူ​ဇော်​ရန်​ရှိ​လော​မြို့​သို့ သွား​ရောက်​ဖို့​အ​ချိန်​ကျ​ရောက်​လာ​ပြန်​၏။- \v 22 သို့​ရာ​တွင်​ယ​ခု​အ​ကြိမ်​၌​ဟန္န​သည်​မ​လိုက် ဘဲ​နေ​၏။ သူ​သည်​မိ​မိ​ခင်​ပွန်း​အား``က​လေး ကို​နို့​ဖြတ်​ပြီး​လျှင်​ပြီး​ချင်း သူ့​အား​ထာ​ဝ​ရ ဘု​ရား​၏​အိမ်​တော်​တွင်​အ​မြဲ​နေ​စေ​ရန် ကျွန်​မ​ခေါ်​ဆောင်​သွား​ပါ​မည်'' ဟု​ပြော​၏။ \p \v 23 ဧ​လ​ကာ​န​က``ကောင်း​ပြီ။ သင်​ပြု​လို​သည် အ​တိုင်း​ပြု​ပါ​လေ။ က​လေး​နို့​ဖြတ်​သည်​တိုင် အောင်​အိမ်​တွင်​နေ​လော့။ သင်​ပြု​သော​သစ္စာ​က​တိ ကို​အ​ကောင်​အ​ထည်​ဖော်​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား ကူ​မ​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။ သို့​ဖြစ်​၍ ဟန္န​သည်​သူ​ငယ်​ကို​နို့​တိုက်​လျက်၊ နို့​မ​ဖြတ် မီ​တိုင်​အောင်​အိမ်​မှာ​နေ​လေ​၏။ \p \v 24 သူ​သည်​သား​ငယ်​ကို​နို့​ဖြတ်​ပြီး​သော​အ​ခါ သုံး​နှစ်​သား​နွား​ထီး\f 2 \fr 1:24 \ft * \+fk သုံး​နှစ်​သား​နွား​ထီး။ \ft ရှေး​ဘာ​သာ​ပြန်​မူ​အ​ချို့​အ​ရ။ ဟေ​ဗြဲ​မူ အ​ရ​ဆို​လျှင်​နွား​ထီး​သုံး​ကောင်။\f* က​လေး​တစ်​ကောင်၊ မုန့်​ညက်​တစ်​တင်း၊ စ​ပျစ်​ရည် တစ်​ဘူး​ကို​ယူ​ဆောင်​လျက်​သား​ငယ်​နှင့်​အ​တူ ရှိ​လော​မြို့​သို့​သွား​၏။ သား​ငယ်​ရှ​မွေ​လ​သည် လွန်​စွာ​ငယ်​ရွယ်​နု​နယ်​သေး​သ​တည်း။- \v 25 နွား​ကို​သတ်​ပြီး​နောက်​သူ​ငယ်​ကို​ဧ​လိ​ထံ​သို့ ယူ​ဆောင်​သွား​ကြ​၏။- \v 26 ဟန္န​က​ဧ​လိ​အား``အ​ရှင်၊ ကျွန်​မ​သည်​အ​ထက် က​အ​ရှင်​၏​အ​နီး​၌​ရပ်​လျက် ထာ​ဝ​ရ​ဘု​ရား ထံ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​မိန်း​မ​ဖြစ် ပါ​၏။- \v 27 ကျွန်​မ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​တွင် ဤ သား​ဆု​ကို​ပန်​ပါ​၏။ ဆု​ပန်​သည့်​အ​တိုင်း ကိုယ်​တော်​သည်​ပေး​သ​နား​တော်​မူ​ပါ​ပြီ။- \v 28 သို့​ဖြစ်​၍​ကျွန်​မ​သည်​သူ့​ကို​ထာ​ဝ​ရ​ဘု​ရား အား ဆက်​ကပ်​အပ်​နှင်း​ပါ​၏။ သူ​အ​သက်​ရှင် သ​မျှ​ကာ​လ​ပတ်​လုံး​ထာ​ဝ​ရ​ဘု​ရား အား​အပ်​နှင်း​ပါ​၏'' ဟု​လျှောက်​ထား​၏။ \p ထို​နောက်​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ \c 2 \s1 ဟန္န​၏​ဆု​တောင်း​ပတ္ထ​နာ \p \v 1 ဟန္န​သည်​ဤ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သည်။ \q1 ``ထာ​ဝ​ရ​ဘု​ရား​သည်​ကျွန်​မ​အား​စိတ်​ရွှင်​လန်း စေ​တော်​မူ​ပြီ။ \q2 ကျွန်​မ​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​ကို​ထောက်​၍​ဝမ်း​မြောက်​ပါ​၏။ \q1 ကျွန်​မ​သည်​ရန်​သူ​တို့​အား​ပြက်​ရယ်​ပြု​ခွင့် ရ​ပါ​၏။ \q2 ဘု​ရား​သ​ခင်​သည်​ကျွန်​မ​ကို​ကူ​မ​တော်​မူ​ပြီ ဖြစ်​၍ ကျွန်​မ​သည်​စိတ်​ရွှင်​လန်း​ပါ​၏။ \q1 \v 2 ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ သ​ကဲ့​သို့ အ​ဘယ်​သူ​မျှ​မ​သန့်​ရှင်း​မ​မြင့်​မြတ်​ပါ။ \q2 ကိုယ်​တော်​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ​ပါ။ \q1 ကျွန်​မ​တို့​ကိုး​ကွယ်​သော​ဘု​ရား​ကဲ့​သို့ ကာ​ကွယ်​စောင့်​ရှောက်​နိုင်​သူ​မ​ရှိ။\x + \xo 2:2 \xt လု၊ ၁:၄၆-၅၅။\x* \q1 \v 3 ထာ​ဝ​ရ​ဘု​ရား​သည်​သဗ္ဗ​ညု​တ​ဉာဏ်​နှင့် ပြည့်​စုံ​တော်​မူ​၍၊ \q2 လူ​တို့​ပြု​သော​အ​မှု​ရှိ​သ​မျှ​ကို​စစ်​ဆေး စီ​ရင်​တော်​မူ​သည်​ဖြစ်​ရာ၊ \q1 သင်​တို့​သည်​ကျယ်​လောင်​စွာ​ကြွား​ဝါ​မှု​ကို မ​ပြု​ကြ​နှင့်။ \q2 မောက်​မာ​သော​စ​ကား​ကို​နှုတ်​မှ​မ​ထွက်​စေ​နှင့်။ \q1 \v 4 ခွန်​အား​ကြီး​သော​စစ်​သူ​ရဲ​များ​၏​လေး​တို့​သည် \q2 ကျိုး​ပဲ့​ကုန်​လျက်၊အား​အင်​ချည့်​နဲ့​သူ​တို့​သည် ခွန်​အား​ကြီး​မား​လာ​ကြ​၏။ \q1 \v 5 အ​ခါ​တစ်​ပါး​က​ဝ​စွာ​စား​ရ​သူ​တို့​သည် ယ​ခု​အ​ခါ စား​ရ​ဖို့​အ​တွက်​သူ​ရင်း​ငှား​လုပ်​ရ​ကြ လေ​ပြီ။ \q2 သို့​ရာ​တွင်​အ​စာ​ငတ်​မွတ်​သူ​တို့​မူ​ကား​ဝ​စွာ စား​ရ​ကြ​ပြီ။ \q1 မြုံ​သော​မိန်း​မ​သည်​သား​သ​မီး​ခု​နစ်​ယောက် မျှ​ပင်​ရ​ရှိ​၍ \q2 သား​များ​သော​မိ​ခင်​၌​မူ​ကား​တစ်​ယောက်​မျှ မ​ကျန်​မ​ရှိ​တော့​ပါ။ \q1 \v 6 ထာ​ဝ​ရ​ဘု​ရား​သည်​သေ​စေ​ခြင်း၊ရှင်​စေ​ခြင်း ကို​လည်း​ကောင်း၊ \q2 မ​ရ​ဏာ​နိုင်​ငံ​သို့​ပို့​ဆောင်​ခြင်း၊ပြန်​လည် ခေါ်​ဆောင်​ခြင်း​ကို​လည်း​ကောင်း​ပြု​တော်​မူ​၏။ \q1 \v 7 ကိုယ်​တော်​သည်​လူ​အ​ချို့​တို့​ကို​ဆင်း​ရဲ​စေ​၍ အ​ချို့​တို့​ကို​ချမ်း​သာ​စေ​တော်​မူ​၏။ \q2 အ​ချို့​တို့​ကို​နှိမ့်​ချ​၍​အ​ချို့​တို့​ကို​ချီး မြှင့်​တော်​မူ​၏။ \q1 \v 8 ကိုယ်​တော်​သည်​ဆင်း​ရဲ​သူ​တို့​ကို မြေ​မှုန့်​မှ​လည်း​ကောင်း၊ \q2 ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို​အ​မှိုက်​ပုံ​မှ​လည်း ကောင်း ချီ​ပင့်​တော်​မူ​၏။ \q1 သူ​တို့​အား​မင်း​ညီ​မင်း​သား​များ​နှင့်​ပေါင်း​ဖော် ခွင့်​ကို ပေး​တော်​မူ​၍ \q2 ဂုဏ်​အ​သ​ရေ​ရှိ​သည့်​နေ​ရာ​များ​တွင် ထိုင်​စေ​တော်​မူ​၏။ \q1 ထာ​ဝ​ရ​ဘု​ရား​သည်​မြေ​ကြီး​၏​အ​ခြေ​ခံ အုတ်​မြစ်​များ​ကို​ပိုင်​တော်​မူ​၏။ \q2 ထို​အုတ်​မြစ်​တို့​အ​ပေါ်​တွင်​ကမ္ဘာ​ကို တည်​ဆောက်​တော်​မူ​ပြီ။ \q1 \v 9 ``ကိုယ်​တော်​သည်​မိ​မိ​အား​သစ္စာ​ရှိ​သူ​တို့ ၏​အ​သက် စည်း​စိမ်​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ \q2 သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​မူ​ကား​မှောင်​မိုက်​တွင် ကွယ်​ပျောက်​ရ​ကြ​လိမ့်​မည်။ \q1 လူ​သည်​မိ​မိ​ကိုယ်​ပိုင်​စွမ်း​ရည်​အား​ဖြင့်​အောင်​မြင် မှု​ကို မ​ရ​နိုင်​ရာ။ \q1 \v 10 ထာ​ဝ​ရ​ဘု​ရား​၏​ရန်​သူ​များ​သည်​ချေ​မှုန်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ \q2 သူ​တို့​အ​ပေါ်​ကောင်း​ကင်​မှ​မိုး​ချုန်း စေ​တော်​မူ​လိမ့်​မည်။ \q1 ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​တစ်​ခု​လုံး​ကို တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်။ \q2 ကိုယ်​တော်​သည်​မိ​မိ​ရွေး​ချယ်​ခန့်​ထား​တော် မူ​သော ဘု​ရင်​အား၊တန်​ခိုး​နှင့်​ပြည့်​စုံ​စေ​၍ \q1 မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော​သူ​အား အောင်​မြင်​ခွင့်​ကို ပေး​တော်​မူ​လိမ့်​မည်။'' \p \v 11 ထို​နောက်​ဧ​လ​ကာ​န​သည် ရာ​မ​မြို့​ရှိ​မိ​မိ​၏​နေ အိမ်​သို့​ပြန်​လေ​၏။ သို့​ရာ​တွင်​သူ​ငယ်​ရှ​မွေ​လ မူ​ကား​ရှိ​လော​မြို့​တွင်​နေ​ရစ်​၍ ယဇ်​ပု​ရော​ဟိတ် ဧ​လိ​၏​လက်​အောက်​၌​ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု တော်​ကို​ဆောင်​ရွက်​လေ​၏။ \s1 ဧ​လိ​၏​သား​များ \p \v 12 ဧ​လိ​၏​သား​တို့​သည်​သူ​ယုတ်​မာ​များ​ဖြစ် ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​လည်း ကောင်း၊- \v 13 လူ​တို့​ထံ​မှ​ယဇ်​ပု​ရော​ဟိတ်​တို့​တောင်း​ဆို​ပိုင်​ခွင့် နှင့်​ဆိုင်​သော​ပြ​ဋ္ဌာန်း​ချက်​များ​ကို​လည်း​ကောင်း ပ​မာ​ဏ​မ​ပြု​ဘဲ​ယဇ်​ပူ​ဇော်​နေ​သူ​ထံ​သို့ မိ​မိ တို့​၏​အ​စေ​ခံ​ကို​သုံး​ခွ​ခက်​ရင်း​နှင့်​စေ​လွှတ် တတ်​ကြ​၏။ ထို​အ​စေ​ခံ​သည်​အိုး​ကင်း​တွင် ချက်​ပြုတ်​နေ​ဆဲ​အ​သား​ကို၊- \v 14 ခက်​ရင်း​ဖြင့်​ထိုး​ကာ​ပါ​လာ​သ​မျှ​ကို မိ​မိ​၏ ယဇ်​ပု​ရော​ဟိတ်​အ​တွက်​ယူ​သွား​တတ်​လေ​သည်။ ယဇ်​ပူ​ဇော်​ရန်​ရှိ​လော​မြို့​သို့​ရောက်​ရှိ​လာ​ကြ သော​ဣ​သ​ရေ​လ​အ​မျိုး​သား​အား​လုံး​ပင် လျှင်​ဤ​နည်း​အ​တိုင်း​ပြု​ကျင့်​ခြင်း​ကို​ခံ​ရ ကြ​၏။- \v 15 ထို့​အ​ပြင်​ဆီ​ဥ​ကို​မီး​မ​ရှို့​ရ​မီ​ယဇ်​ပု​ရော ဟိတ်​၏​အ​စေ​ခံ​သည် လာ​၍​ယဇ်​ပူ​ဇော်​နေ​သူ အား``ယဇ်​ပု​ရော​ဟိတ်​အ​တွက်​ကင်​ပေး​နိုင်​ရန် အ​သား​အ​နည်း​ငယ်​ကို​ပေး​ပါ​လော့။ ယဇ် ပု​ရော​ဟိတ်​သည်​ပြုတ်​ပြီး​အ​သား​ကို​အ​လို မ​ရှိ။ အ​သား​စိမ်း​ကို​သာ​အ​လို​ရှိ​၏'' ဟု ပြော​ဆို​တောင်း​ခံ​တတ်​လေ​သည်။ \p \v 16 အ​ကယ်​၍​ယဇ်​ပူ​ဇော်​နေ​သူ​က``ငါ​တို့​သည် ထုံး​စံ​ရှိ​သည်​အ​တိုင်း​ဆီ​ဥ​ကို​ဦး​စွာ​မီး​ရှို့ ပူ​ဇော်​ပြီး​မှ သင်​နှစ်​သက်​ရာ​အ​သား​ကို​ယူ ပါ​လေ'' ဟု​ဆို​ခဲ့​သော်​ယဇ်​ပု​ရော​ဟိတ်​အ​စေ​ခံ သည်``အ​သား​ကို​ယ​ခု​ငါ့​အား​ပေး​လော့။ မ​ပေး လျှင်​အ​တင်း​အ​ဋ္ဌမ္မ​ယူ​ရ​လိမ့်​မည်'' ဟု​ဆို တတ်​၏။ \p \v 17 ဧ​လိ​၏​သား​တို့​ဤ​သို့​ပြု​သော​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​လွန်​စွာ​အ​ပြစ် ကြီး​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပေး​လှူ​သော​ပူ​ဇော် သ​ကာ​များ​ကို​မ​ခန့်​မ​ညား​ပြု​ကြ သော​ကြောင့်​ဖြစ်​၏။ \s1 ရှိ​လော​မြို့​တွင်​ရောက်​ရှိ​သော​ရှ​မွေ​လ \p \v 18 ဤ​အ​တော​အ​တွင်း​၌​သူ​ငယ်​ရှ​မွေ​လ​သည် ပိတ်​ချော​သင်​တိုင်း​ကို​ဝတ်​၍​ထာ​ဝ​ရ​ဘု​ရား ၏​အ​မှု​တော်​ကို​ဆောင်​လျက်​နေ​၏။- \v 19 သူ​၏​အ​မိ​သည်​နှစ်​စဉ်​ပူ​ဇော်​နေ​ကျ​ယဇ်​ကို တင်​လှူ​ရန် ခင်​ပွန်း​သည်​နှင့်​အ​တူ​လိုက်​ပါ လာ​သော​အ​ခါ ဝတ်​လုံ​ငယ်​တစ်​ခု​ကို​ချုပ်​၍ ယူ​ဆောင်​လာ​တတ်​၏။- \v 20 ထို​အ​ခါ​ဧ​လိ​သည်​ဧ​လ​ကာ​န​နှင့်​ဇ​နီး အား ကောင်း​ချီး​ပေး​ပြီး​လျှင်``ထာ​ဝ​ရ​ဘု​ရား အား​သင်​ဆက်​ကပ်​သည့်​သား​အ​စား ကိုယ်​တော် သည်​သင့်​အား​ဤ​အ​မျိုး​သ​မီး​အား​ဖြင့် အ​ခြား​သား​သ​မီး​များ​ကို​ပေး​သ​နား တော်​မူ​ပါ​စေ​သော'' ဟု​ဧ​လ​ကာ​န​အား ပြော​လေ့​ရှိ​၏။ \p ထို​နောက်​သူ​တို့​သည်​မိ​မိ​တို့​နေ​အိမ်​သို့​ပြန် သွား​ကြ​၏။ \p \v 21 ထာ​ဝ​ရ​ဘု​ရား​သည်​ဟန္န​ကို​ကောင်း​ချီး​ပေး တော်​မူ​သ​ဖြင့် သူ​သည်​သား​သုံး​ယောက်​နှင့် သ​မီး​နှစ်​ယောက်​ကို​ရ​လေ​သည်။ သူ​ငယ် ရှ​မွေ​လ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု တော်​ကို​ဆောင်​ရွက်​လျက်​ကြီး​ပြင်း​လာ​၏။ \s1 ဧ​လိ​နှင့်​သူ​၏​သား​များ \p \v 22 ယ​ခု​အ​ခါ​၌​ဧ​လိ​သည်​လွန်​စွာ​အို​မင်း​လျက် ရှိ​၏။ မိ​မိ​၏​သား​များ​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ပြု​သ​မျှ​တို့​ကို​လည်း​ကောင်း၊ သူ တို့​သည်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် အ​ဝင်​ဝ​၌ အ​လုပ်​တာ​ဝန်​ကျ​သူ​အ​မျိုး​သ​မီး များ​နှင့်​ပင်​မှား​ယွင်း​ကြ​ကြောင်း​ကို​လည်း ကောင်း​ဧ​လိ​ကြား​သိ​ရ​သည်။- \v 23 ထို့​ကြောင့်​ဧ​လိ​က``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​အ​မှု​တို့​ကို​ပြု​ကြ​သ​နည်း။ သင်​တို့​ပြု သည့်​ဒု​စ​ရိုက်​ကို​လူ​တိုင်း​ပင်​ပြော​ကြား လျက်​ရှိ​၏။- \v 24 ငါ့​သား​တို့​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော် တို့​ပြော​ဆို​နေ​ကြ​သော​အ​ကြောင်း​မှာ ဆိုး ရွား​လှ​ပါ​သည်​တ​ကား။- \v 25 လူ​အ​ချင်း​ချင်း​ပြစ်​မှား​သူ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​သည်​ကာ​ကွယ်​စောင့်​ရှောက်​နိုင်​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​သော​သူ​ကို​မူ ကား​အ​ဘယ်​သူ​ကာ​ကွယ်​စောင့်​ရှောက်​နိုင်​ပါ မည်​နည်း'' ဟု​သား​တို့​အား​ပြော​၏။ \p သို့​ရာ​တွင်​သူ​တို့​သည်​ဖ​ခင်​၏​စ​ကား​ကို နား​မ​ထောင်​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​ကွပ်​မျက် ရန်​ဆုံး​ဖြတ်​ထား​ပြီး​ဖြစ်​သော​ကြောင့်​တည်း။ \p \v 26 သူ​ငယ်​ရှ​မွေ​လ​သည်​ဆက်​လက်​ကြီး​ပြင်း​၍ ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​လူ​တို့​ရှေ့​၌​မျက်​နှာ ရ​လေ​၏။\x + \xo 2:26 \xt လု၊ ၂:၅၂။\x* \s1 ဧ​လိ​၏​အိမ်​ထောင်​နှင့်​ပတ်​သက်​သည့်​ဗျာ​ဒိတ်​တော် \p \v 27 ပ​ရော​ဖက်​တစ်​ပါး​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ မှ​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​ရန် ဧ​လိ​ထံ​သို့ ရောက်​ရှိ​လာ​၏။ ထို​ဗျာ​ဒိတ်​တော်​ကား​ဤ​သို့ တည်း။ ``သင်​၏​ဘိုး​ဘေး​အာ​ရုန်​နှင့်​အိမ်​ထောင် စု​သား​တို့​သည် အီ​ဂျစ်​ဘု​ရင်​ထံ​တွင်​ကျွန်​ခံ နေ​ရ​စဉ်​အ​ခါ​က​ငါ​သည်​အာ​ရုန်​အား ထင်​ရှား​ခဲ့​၏။- \v 28 ငါ​သည်​ဣ​သ​ရေ​လ​သား​ချင်း​စု​ရှိ​သ​မျှ တို့​အ​နက် သူ​၏​အိမ်​ထောင်​စု​ကို​ငါ​၏​ယဇ် ပလ္လင်​ပေါ်​မှာ​ပူ​ဇော်​ခြင်း၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း၊ ငါ​၏​အ​လို​တော်​ကို​သိ​ရှိ​ရန် သင်​တိုင်း​ကို​ဝတ်​ဆင်​ခြင်း​အ​မှု​တို့​ကို​ဆောင် ရွက်​ရန်​အ​တွက် ငါ​၏​ယဇ်​ပု​ရော​ဟိတ်​များ အ​ဖြစ်​ဖြင့်​ရွေး​ချယ်​ခန့်​ထား​ခဲ့​၏။ ထို့​ပြင် ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​သည့်​ယဇ် ကောင်​များ​မှ​ဝေ​စု​ကို​ရ​ယူ​နိုင်​ခွင့်​ကို လည်း သူ​တို့​အား​ငါ​ပေး​ထား​၏။-\x + \xo 2:28 \xt ထွ၊ ၂၈:၁-၄။ ဝတ်၊ ၇:၃၅-၃၆။\x* \v 29 သို့​ဖြစ်​၍​သင်​သည်​ငါ​၏​အ​မိန့်​အ​ရ​ဆက်​သ သည့်​ယဇ်​နှင့်​ပူ​ဇော်​သ​ကာ​များ​ကို အ​ဘယ် ကြောင့်​လော​ဘ​စိတ်​နှင့်​ကြည့်​ဘိ​သ​နည်း။ ဧ​လိ၊ သင်​သည်​ငါ​၏​လူ​မျိုး​တော်​တင်​လှူ​သည့်​ယဇ် ကောင်​ရှိ​သ​မျှ​မှ​အ​ကောင်း​ဆုံး​အ​ပိုင်း​တို့ ကို အ​ဘယ်​ကြောင့်​သင်​၏​သား​တို့​အား​ဝ​စွာ စား​ခွင့်​ပြု​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​သူ တို့​အား​ငါ့​ထက်​ပင်​ပို​၍​ဂုဏ်​ပြု​ချီး​မြှင့် ပါ​သ​နည်း။- \v 30 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ရှင်​ဖြစ် တော်​မူ​သော​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့် အိမ်​ထောင်​စု​နှင့်​သား​ချင်း​စု​တို့​အား​ကာ​လ အ​စဉ်​အ​ဆက်​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​စေ​မည် ဟု အ​တိတ်​ကာ​လ​က​က​တိ​ပြု​ခဲ့​၏။ သို့ ရာ​တွင်​ယ​ခု​ထို​က​တိ​ကို​တည်​စေ​တော့ မည်​မ​ဟုတ်​ဟု​ငါ​ဆို​၏။ ငါ့​အား​ဂုဏ်​ပြု ချီး​မြှင့်​သူ​တို့​ကို​ငါ​ဂုဏ်​ပြု​ချီး​မြှင့်​မည်။ ငါ့​အား​မ​ထီ​မဲ့​မြင်​ပြု​သူ​တို့​အား​ရွံ​ရှာ စက်​ဆုပ်​မည်။- \v 31 နား​ထောင်​လော့။ သင့်​အိမ်​ထောင်​စု၊ သင့်​သား ချင်း​စု​ထဲ​မှ​လူ​ငယ်​လူ​ရွယ်​ရှိ​သ​မျှ​ကို ငါ​သုတ်​သင်​ပယ်​ရှင်း​ပစ်​မည့်​အ​ချိန်​ရောက် ရှိ​လာ​လိမ့်​မည်။ ဤ​နည်း​အား​ဖြင့်​သင်​၏ အိမ်​ထောင်​စု​တွင် အ​ဘယ်​သူ​မျှ​အ​သက် အ​ရွယ်​အို​မင်း​သည်​တိုင်​အောင်​နေ​ရ​ကြ လိမ့်​မည်​မ​ဟုတ်။- \v 32 သင်​သည်​အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ငါ​ပေး​သည့်​ကောင်း​ချီး​မင်္ဂ​လာ​များ ကို​မြင်​၍ စိတ်​ပျက်​လျက်​မ​နာ​လို​စိတ်​ဖြစ် လိမ့်​မည်။ သို့​ရာ​တွင်​သင်​၏​အိမ်​ထောင်​စု​မှ အ​ဘယ်​သူ​မျှ အို​မင်း​သည်​တိုင်​အောင်​နေ​ရ တော့​မည်​မ​ဟုတ်။-\f 3 \fr 2:32 \ft * \+fk မ​နာ​လို​စိတ်။ \ft ဟေ​ဗြဲ​မူ​အ​ရ​ဆို​လျှင်​မ​ရှင်း​လင်း​ပါ။\f* \v 33 သို့​သော်​ငါ​သည်​သင်​၏​အိမ်​ထောင်​စု​သား တစ်​ဦး​ကို​မူ​အ​သက်​ရှင်​စေ​မည်။ သူ\f 4 \fr 2:33 \ft * \+fk သူ။ \ft ဘာ​သာ​ပြန်​မူ​ဟောင်း​တစ်​ခု​အ​ရ၊ ဟေ​ဗြဲ​မူ​အ​ရ​ဆို​လျှင်​သင်။\f* သည်​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့်​ငါ​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​ရ​မည်​ဖြစ်​သော်​လည်း မျက် စိ​ကွယ်​ပြီး​မျှော်​လင့်​ရာ​မဲ့​ဖြစ်​လျက်​နေ​လိမ့် မည်။ သင်​၏​အ​ခြား​သား​မြေး​မှန်​သ​မျှ​တို့ သည်​သေ​ခြင်း​ဆိုး​နှင့်​သေ​ရ​ကြ​လိမ့်​မည်။- \v 34 သင်​၏​သား​များ​ဖြစ်​ကြ​သော​ဟော​ဖ​နိ​နှင့် ဖိ​န​ဟတ်​တို့​သည်​တစ်​နေ့​တည်း​၌​သေ​ရ​ကြ သော​အ​ခါ ငါ​ပြော​သ​မျှ​သော​အ​မှု​အ​ရာ တို့​သည်​ဖြစ်​ပျက်​လာ​လိမ့်​မည်​ဖြစ်​ကြောင်း သင်​သိ​ရှိ​ရ​လိမ့်​မည်။-\x + \xo 2:34 \xt ၁ရာ၊ ၄:၁၁။\x* \v 35 ငါ့​အား​သစ္စာ​စောင့်​၍​ငါ​ပြု​စေ​လို​သည့်​အ​တိုင်း ပြု​မည့်​ယဇ်​ပု​ရော​ဟိတ်​တစ်​ဦး​ကို​ငါ​ရွေး​ချယ် မည်။ သူ့​အား​သား​မြေး​များ​ထွန်း​ကား​စေ​မည်။ ထို​သူ​တို့​သည်​ငါ​ဘိ​သိက်​ပေး​သည့်​ဘု​ရင် ရှေ့​မှောက်​တွင်​အ​စဉ်​အ​မြဲ​အ​မှု​ထမ်း​ရ​ကြ လိမ့်​မည်။- \v 36 အ​သက်​မ​သေ​ဘဲ​ကျန်​ရစ်​သည့်​သင်​၏​သား​မြေး မှန်​သ​မျှ​သည် ထို​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား ရောက်​၍ ကြေး​ငွေ​နှင့်​အ​စား​အ​စာ​တို့​ကို​အ​သ နား​ခံ​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​စား​အ​စာ ရ​ရှိ​ရေး​အ​တွက် ယဇ်​ပု​ရော​ဟိတ်​များ​အ​မှု ဆောင်​ရာ​၌​ပါ​ဝင်​ကူ​ညီ​ခွင့်​ရ​ရှိ​ရန်​တောင်း ပန်​အ​သ​နား​ခံ​ရ​ကြ​လိမ့်​မည်။ \c 3 \s1 ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​အား ထင်​ရှား​တော်​မူ​ခြင်း \p \v 1 သူ​ငယ်​ရှ​မွေ​လ​သည်​ဧ​လိ​ညွှန်​ကြား​မှု​ကို ခံ​ယူ​ကာ ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ကို ထမ်း​ဆောင်​လျက်​နေ​၏။ ထို​ကာ​လ​၌​ထာ​ဝ​ရ ဘု​ရား​ထံ​မှ​ဗျာ​ဒိတ်​တော်​များ​ကို​များ​စွာ မ​ကြား​ရ​ကြ။ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို လည်း​မြင်​တွေ့​ရ​မှု​နည်း​ပါး​လေ​သည်။- \v 2 တစ်​ည​သ​၌​မျက်​စိ​အ​လင်း​ကွယ်​လု​နီး​ပါး ရှိ​သော​ဧ​လိ​သည် မိ​မိ​၏​အ​ခန်း​တွင်​အိပ်​စက် လျက်​နေ​၏။- \v 3 ရှ​မွေ​လ​မူ​ကား​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှိ​ရာ တဲ​တော်​တွင်​အိပ်​လျက်​နေ​သ​တည်း။ အ​ရုဏ် မ​တက်​သေး​သ​ဖြင့် မီး​ခွက်​ကို​မ​ငြိမ်း​မ​သတ် ရ​သေး​မီ​အ​ချိန်​၌၊- \v 4 ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​အား​ခေါ် တော်​မူ​၏။ ရှ​မွေ​လ​က​လည်း``ရှိ​ပါ​သည် အ​ရှင်'' ဟု​ထူး​ပြီး​လျှင်၊- \v 5 ဧ​လိ​ထံ​သို့​ပြေး​၍​သွား​ကာ``အ​ရှင်​ခေါ် သ​ဖြင့် ကျွန်​တော်​လာ​ပါ​ပြီ'' ဟု​လျှောက်​၏။ \p သို့​ရာ​တွင်​ဧ​လိ​က``သင့်​ကို​ငါ​မ​ခေါ်။ ပြန်​၍ အိပ်​လော့'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ရှ​မွေ​လ​သည် ပြန်​၍​အိပ်​လေ​၏။ \p \v 6-7 ဘု​ရား​သ​ခင်​သည်​ရှ​မွေ​လ​ကို​တစ်​ဖန်​ခေါ်​တော် မူ​ပြန်​၏။ သူ​ငယ်​သည်​ထာ​ဝ​ရ​ဘု​ရား​ခေါ်​တော် မူ​မှန်း​ကို​မ​သိ။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ ဘု​ရား​သည် သူ့​အား​အ​ဘယ်​အ​ခါ​က​မျှ​ဗျာ ဒိတ်​ပေး​တော်​မ​မူ​ခဲ့​ဘူး​သော​ကြောင့်​ဖြစ်​၏။ ထို့ ကြောင့်​သူ​သည်​ဧ​လိ​ထံ​သို့​သွား​ပြီး​လျှင်``အ​ရှင် ခေါ်​သော​ကြောင့် လာ​ပါ​ပြီ'' ဟု​လျှောက်​၏။ \p သို့​ရာ​တွင်​ဧ​လိ​က``ငါ့​သား​သင့်​ကို​ငါ မ​ခေါ်။ သင်​ပြန်​၍​အိပ်​လော့'' ဟု​ဆို​၏။ \p \v 8 ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​ကို​တ​တိ​ယ အ​ကြိမ်​ခေါ်​တော်​မူ​ပြန်​၏။ သူ​သည်​ထ​၍ ဧ​လိ​ထံ​သို့​သွား​ပြီး​လျှင်``အ​ရှင်​ခေါ်​သော ကြောင့်​ကျွန်​တော်​လာ​ပါ​ပြီ'' ဟု​လျှောက်​၏။ \p ထို​အ​ခါ​ဧ​လိ​သည်​သူ​ငယ်​ကို​ခေါ်​သော​သူ ကား ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​တော်​မူ​ကြောင်း ရိပ်​မိ​သ​ဖြင့်၊- \v 9 ``သင်​သည်​ပြန်​၍​အိပ်​လော့။ အ​ကယ်​၍​သင့်​အား နောက်​တစ်​ကြိမ်​ခေါ်​လျှင်`ထာ​ဝ​ရ​ဘု​ရား၊ အ​မိန့် ရှိ​တော်​မူ​ပါ။ ကိုယ်​တော်​၏​ကျွန်​နာ​ခံ​လျက်​ရှိ ပါ​၏' ဟု​လျှောက်​ထား​လော့'' ဟု​မှာ​ကြား​လိုက်​၏။ သို့​ဖြစ်​၍​ရှ​မွေ​လ​သည်​ပြန်​၍​အိပ်​လေ​၏။ \p \v 10 ထာ​ဝ​ရ​ဘု​ရား​သည်​ကြွ​လာ​တော်​မူ​၍ ရှ​မွေ​လ​အ​နီး​တွင်​ရပ်​တော်​မူ​လျက်``ရှ​မွေ​လ၊ ရှ​မွေ​လ'' ဟု​ရှေး​နည်း​တူ​ခေါ်​တော်​မူ​၏။ \p ရှ​မွေ​လ​က``အ​မိန့်​ရှိ​တော်​မူ​ပါ။ ကိုယ်​တော်​၏ ကျွန်​နာ​ခံ​လျက်​ရှိ​ပါ​၏'' ဟု​လျှောက်​၏။ \p \v 11 ထာ​ဝ​ရ​ဘု​ရား​က``တစ်​နေ့​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ငါ​ပြု​မည့် အ​မှု​သည်​လွန်​စွာ​ကြောက်​မက်​ဖွယ်​ကောင်း​သ​ဖြင့် ယင်း​အ​ကြောင်း​ကို​ကြား​သိ​ရ​သူ​လူ​အ​ပေါင်း တို့​သည်​ထိတ်​လန့်​၍​သွား​ကြ​လိမ့်​မည်။- \v 12 ထို​နေ့​ကျ​ရောက်​သော​အ​ခါ ငါ​သည်​ဧ​လိ​၏ အိမ်​ထောင်​စု​သား​တို့​အား​ဒဏ်​စီ​ရင်​မည်​ဟု မိန့်​တော်​မူ​ခဲ့​သည်​အ​တိုင်း အ​စ​မှ​အ​ဆုံး တိုင်​အောင်​ငါ​စီ​ရင်​မည်။- \v 13 သူ​၏​သား​တို့​သည်​ငါ့​အား​ပြစ်​မှား​ပြော​ဆို​ခဲ့ ကြ​သ​ဖြင့် ငါ​သည်​သူ​၏​အိမ်​ထောင်​စု​ကို​အ​ပြစ် ဒဏ်​စီ​ရင်​မည်​ဖြစ်​ကြောင်း​ဧ​လိ​အား​ပြော​ကြား ခဲ့​ပြီး​ဖြစ်​၏။ သူ​တို့​သည်​ဤ​သို့​သော​ဒု​စ​ရိုက် များ​ကို​ပြု​ကျင့်​လျက်​နေ​ကြောင်း​ကို​ဧ​လိ​သိ သော်​လည်း​သူ​တို့​အား​မ​တား​မြစ်။- \v 14 သို့​ဖြစ်​၍​အ​ဘယ်​ယဇ်​အ​ဘယ်​ပူ​ဇော်​သကာ​မျှ ဤ​ဆိုး​ရွား​သော​အ​ပြစ်​ကို​ဖြေ​လွတ်​အောင်​စွမ်း ဆောင်​နိုင်​လိမ့်​မည်​မ​ဟုတ်​ကြောင်း ငါ​သည်​ဧ​လိ အိမ်​ထောင်​စု​အား​အ​လေး​အ​နက်​မြွက်​ဆို​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 15 ရှ​မွေ​လ​သည်​မိုး​လင်း​သည်​တိုင်​အောင်​အိပ် ရာ​တွင်​နေ​ပြီး​မှ ဘု​ရား​သ​ခင်​၏​အိမ်​တော် တံ​ခါး​များ​ကို​ဖွင့်​၏။ သူ​သည်​မိ​မိ​မြင်​ရ သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​ကြောင်း​ကို​ဧ​လိ အား​မ​ပြော​ဝံ့။- \v 16 ဧ​လိ​က``ငါ့​သား​ရှ​မွေ​လ'' ဟု​ခေါ်​လျှင်၊ \q1 ``ရှိ​ပါ​သည်​အ​ရှင်'' ဟု​လျှောက်​၏။ \p \v 17 ဧ​လိ​က``သင့်​အား​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့ မိန့်​တော်​မူ​သ​နည်း။ ငါ့​ထံ​မှ​အ​ဘယ်​အ​ရာ​ကို မျှ​ထိမ်​ဝှက်​၍​မ​ထား​နှင့်။ ဘု​ရား​သ​ခင်​မိန့် တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို​ငါ့​အား မ​ဖော်​ပြ​ပါ​မူ ကိုယ်​တော်​သည်​သင့်​အား​ပြင်း ထန်​စွာ​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။- \v 18 ထို့​ကြောင့်​ရှ​မွေ​လ​သည်​အ​ဘယ်​အ​ရာ​ကို​မျှ ချန်​လှပ်​၍​မ​ထား​ဘဲ မိန့်​တော်​မူ​သ​မျှ​ကို​ပြန် ကြား​လျှောက်​ထား​လေ​၏။ ဧ​လိ​က``ကိုယ်​တော် သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ အ​လို တော်​ရှိ​သည်​အ​တိုင်း​ပြု​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။ \p \v 19 ရှ​မွေ​လ​သည်​ကြီး​ပြင်း​၍​လာ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​တော်​မူ​၍ ရှ​မွေ​လ ဖော်​ပြ​သ​မျှ​သော​အ​မှု​အ​ရာ​တို့​ကို​ဖြစ် ပျက်​စေ​တော်​မူ​၏။- \v 20 သို့​ဖြစ်​၍​ရှ​မွေ​လ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ရော​ဖက်​အ​မှန်​ပင်​ဖြစ်​ကြောင်း​ကို တိုင်း​ပြည် တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သိ​ကြ​၏။- \v 21 ရှိ​လော​မြို့​သည်​ရှ​မွေ​လ​အား​ထာ​ဝ​ရ​ဘု​ရား ဗျာ​ဒိတ်​ပေး​တော်​မူ​ရာ​အ​ရပ်​ဖြစ်​၏။ ကိုယ်​တော် သည်​ထို​မြို့​တွင်​အ​ကြိမ်​ကြိမ်​ထင်​ရှား​တော် မူ​၏။ ရှ​မွေ​လ​မိန့်​ကြား​သည့်​အ​ခါ​များ​၌ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နာ​ခံ ကြ​လေ​သည်။ \c 4 \s1 ရန်​သူ​တို့​လက်​သို့​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ရောက်​ရှိ​သွား​ခြင်း \p \v 1 ထို​အ​ခါ​ကာ​လ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​စစ်​တိုက်​ရန် ချီ​တက်​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ က​ဧ​ဗ​နေ​ဇာ​မြို့​တွင်​လည်း​ကောင်း၊ ဖိ​လိတ္တိ အ​မျိုး​သား​တို့​က​အာ​ဖက်​မြို့​တွင်​လည်း ကောင်း​တပ်​စ​ခန်း​ချ​ထား​ကြ​၏။- \v 2 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က​ချီ​တက်​တိုက်​ခိုက် ရာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ရေး​ရှုံး​နိမ့် ၍ လူ​ပေါင်း​လေး​ထောင်​မျှ​စစ်​မြေ​ပြင်​တွင် ကျ​ဆုံး​ကြ​၏။- \v 3 မ​သေ​ဘဲ​ကျန်​ရှိ​နေ​သော​တပ်​သား​တို့​သည် တပ်​စ​ခန်း​သို့​ပြန်​လည်​ရောက်​ရှိ​လာ​သော​အ​ခါ ဣ​သ​ရေ​လ​ခေါင်း​ဆောင်​များ​က``ထာ​ဝ​ရ ဘု​ရား​သည်​အ​ဘယ်​ကြောင့်​ငါ​တို့​အား​ဖိ​လိတ္တိ အ​မျိုး​သား​တို့​လက်​တွင် ယ​နေ့​အ​ရေး​ရှုံး​နိမ့် စေ​တော်​မူ​ပါ​သ​နည်း။ ငါ​တို့​သည်​သွား​၍ ရှိ​လော​မြို့​မှ​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ယူ​ဆောင်​လာ​ကြ​ကုန်​အံ့။ သို့ မှ​သာ​လျှင်​ကိုယ်​တော်​သည်​ငါ​တို့​နှင့်​အ​တူ ချီ​တက်​တော်​မူ​၍ ငါ​တို့​အား​ရန်​သူ​တို့​လက် မှ​ကယ်​တင်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။- \v 4 ထို့​ကြောင့်​သူ​တို့​သည်​ရှိ​လော​မြို့​သို့​စေ​တ​မန် များ​ကို​လွှတ်​၍ ခေ​ရု​ဗိမ်​အ​ထက်​စံ​တော်​မူ သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ယူ​ဆောင်​လာ​စေ ၏။ ဧ​လိ​၏​သား​များ​ဖြစ်​ကြ​သော​ဟော​ဖ​နိ နှင့်​ဖိ​န​ဟတ်​တို့​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော် နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။\x + \xo 4:4 \xt ထွ၊ ၂၅:၂၂။\x* \p \v 5 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရောက်​ရှိ​သော​အ​ခါ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဝမ်း​မြောက် သ​ဖြင့် မြေ​ကြီး​ပဲ့​တင်​ထပ်​မျှ​ကျယ်​စွာ ကြွေး​ကြော်​ကြ​ကုန်​၏။- \v 6 ထို​ကြွေး​ကြော်​သံ​ကို​ဖိ​လိတ္တိ​အ​မျိုး​သား တို့​ကြား​လျှင်``ဟေ​ဗြဲ​တပ်​စ​ခန်း​မှ​ဟစ်​အော် သံ​ကို​နား​ထောင်​ကြ​လော့။ ထို​အော်​သံ​ကား အ​ဘယ်​သို့​နည်း'' ဟု​ဆို​ကြ​၏။ သူ​တို့​သည် ဟေ​ဗြဲ​တပ်​စ​ခန်း​သို့ ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရောက်​ရှိ​လာ​သည့် အ​ကြောင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ၊- \v 7 ကြောက်​လန့်​ကြ​လျက်``ထို​သူ​တို့​တပ်​စ​ခန်း သို့ ထာ​ဝ​ရ​ဘု​ရား​ကြွ​လာ​တော်​မူ​လေ​ပြီ။ ငါ​တို့​အ​ကျိုး​နည်း​ကြ​ပေ​တော့​အံ့။ ယ​ခင် က​ဤ​သို့​တစ်​ခါ​မျှ​မ​ဖြစ်​စ​ဖူး။- \v 8 ထို​တန်​ခိုး​ကြီး​သော​ဘု​ရား​များ​၏​လက်​မှ ငါ​တို့​အား​အ​ဘယ်​သူ​ကယ်​နိုင်​ပါ​မည်​နည်း။ ထို​ဘု​ရား​များ​ကား​အီ​ဂျစ်​အ​မျိုး​သား​တို့ အား တော​ကန္တာ​ရ​တွင်​သုတ်​သင်​သတ်​ဖြတ် သော​ဘု​ရား​များ​ဖြစ်​၏။- \v 9 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​ခဲ​ကြ​လော့။ ယောကျာ်း ပီ​သ​စွာ​တိုက်​ခိုက်​ကြ​လော့။ သို့​မ​ဟုတ်​ပါ​မူ​ဟေ ဗြဲ​အ​မျိုး​သား​တို့​သည် ငါ​တို့​ထံ​တွင်​ကျွန်​ခံ​ခဲ့ ရ​ဖူး​သည့်​နည်း​တူ​ငါ​တို့​သည် သူ​တို့​ထံ​တွင် ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​ယောကျာ်း ပီ​သ​စွာ​တိုက်​ခိုက်​ကြ​လော့'' ဟု​ဆို​ကြ​၏။ \p \v 10 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည် အ​ပြင်း​အ​ထန် တိုက်​ခိုက်​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် အ​ရေး​ရှုံး​နိမ့်​၍​မိ​မိ​တို့​နေ​ရပ်​သို့​ထွက် ပြေး​ကြ​ကုန်​၏။ ထို​တိုက်​ပွဲ​သည်​လူ​သတ်​ပွဲ ဖြစ်​လျက် ဣ​သ​ရေ​လ​တပ်​သား​ပေါင်း​သုံး သောင်း​မျှ​ကျ​ဆုံး​သ​တည်း။- \v 11 ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် ရန်​သူ​တို့​လက်​သို့​ကျ​ရောက်​သွား​၏။ ဧ​လိ ၏​သား​ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ်​တို့​နှစ်​ယောက် စ​လုံး​လည်း​အ​သတ်​ခံ​ရ​ကြ​၏။ \s1 ဧ​လိ​ကွယ်​လွန်​ခြင်း \p \v 12 ဗင်္ယာ​မိန်​အ​နွယ်​ဝင်​လူ​တစ်​ယောက်​သည် စစ်​မြေ မှ​လမ်း​တစ်​လျှောက်​လုံး​ပြေး​လာ​၏။ သူ​သည် ဝမ်း​နည်း​သော​အ​ထိမ်း​အ​မှတ်​ဖြင့်​အ​ဝတ် များ​ကို​ဆုတ်​ဖြဲ​ကာ ဦး​ခေါင်း​ပေါ်​တွင်​မြေ မှုန့်​တင်​လျက်​ရှိ​လော​မြို့​သို့​တစ်​နေ့​ချင်း ပင်​ရောက်​ရှိ​လာ​၏။- \v 13 ဧ​လိ​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွက် လွန်​စွာ​စိုး​ရိမ်​ပူ​ပန်​သ​ဖြင့် လမ်း​နံ​ဘေး​ရှိ မိ​မိ​၏​ထိုင်​ခုံ​ပေါ်​တွင်​ထိုင်​ကာ​အ​ကြောင် သား​ငေး​၍​နေ​၏။ ပြေး​လာ​သော​သူ​သည်​စစ် ရှုံး​သည့်​သ​တင်း​ကို မြို့​ထဲ​တွင်​ပြော​ကြား လိုက်​ရာ​လူ​အ​ပေါင်း​တို့​သည်​ထိတ်​လန့် လျက်​ဟစ်​အော်​ကြ​ကုန်​၏။- \v 14 ဧ​လိ​သည်​ထို​အော်​ဟစ်​သံ​ကို​ကြား​သော်``ဤ အ​သံ​ကား​အ​သို့​နည်း'' ဟု​မေး​၏။ ထို​သူ​သည် လည်း​ဧ​လိ​ထံ​သို့​အ​မြန်​လာ​ရောက်​ပြီး​လျှင် အ​ကျိုး​အ​ကြောင်း​ကို​လျှောက်​ထား​၏။- \v 15 (ဧ​လိ​ကား​ယ​ခု​အ​ခါ​အ​သက်​ကိုး​ဆယ် ရှစ်​နှစ်​ရှိ​၍ မျက်​စိ​ကွယ်​ခါ​နီး​ပြီ။-) \v 16 ထို​လူ​က``အ​ကျွန်ုပ်​သည်​ယ​နေ့​ပင်​စစ်​မြေ ပြင်​မှ​လွတ်​မြောက်​ကာ လမ်း​တစ်​လျှောက်​လုံး အ​ပြေး​လာ​ခဲ့​ပါ​၏'' ဟု​လျှောက်​၏။ \p ဧ​လိ​က``ငါ့​သား၊ အ​ရေး​အ​ခင်း​ကား​မည် သို့​နည်း'' ဟု​မေး​၏။- \p \v 17 သ​တင်း​ယူ​ဆောင်​လာ​သူ​က``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ရှေ့​တွင်​တပ်​လန်​၍​ထွက်​ပြေး​ကြ​ပါ​၏။ ဤ စစ်​ပွဲ​တွင်​အ​ကျွန်ုပ်​တို့​သည် အ​ကြီး​အ​ကျယ် အ​ရေး​ရှုံး​နိမ့်​ကြ​ပါ​သည်​တ​ကား။ ထို့​အ​ပြင် အ​ရှင်​၏​သား​ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ်​တို့​သည် အ​သတ်​ခံ​ရ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​သည်​လည်း ရန်​သူ​များ​၏ လက်​သို့​ကျ​ရောက်​သွား​ပါ​၏'' ဟု​လျှောက်​၏။ \p \v 18 ဧ​လိ​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​ကြောင်း​ကို ကြား​သော​အ​ခါ တံ​ခါး​အ​နီး​ရှိ​ထိုင်​ခုံ​ပေါ်​မှ နောက်​ပြန်​လဲ​ကျ​သွား​တော့​၏။ သူ​သည်​လွန်​စွာ အို​မင်း​၍​ဝ​လွန်း​သော​ကြောင့် ယင်း​သို့​လဲ​ကျ​ရာ ၌​လည်​ကုတ်​ကျိုး​၍​သေ​လေ​၏။ သူ​သည်​အ​နှစ် လေး​ဆယ်​တိုင်​တိုင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ဦး​စီး​ခေါင်း​ဆောင်​လုပ်​ခဲ့​သူ​ဖြစ် သ​တည်း။ \s1 ဖိ​န​ဟတ်​၏​မု​ဆိုး​မ​ကွယ်​လွန်​ခြင်း \p \v 19 ဧ​လိ​၏​ချွေး​မ၊ ဖိ​န​ဟတ်​၏​ဇ​နီး​သည် ကိုယ် ဝန်​အ​ရင့်​အ​မာ​ရှိ​၍​မွေး​ဖွား​ချိန်​ပင်​နီး ကပ်​၍​နေ​လေ​ပြီ။ သူ​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ရန်​သူ​တို့​လက်​သို့ ကျ​ရောက်​သွား​သည့်​အ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​၏​ယောက္ခ​မ​နှင့်​ခင်​ပွန်း​တို့​ကွယ်​လွန်​သွား ကြ​သည့်​အ​ကြောင်း​ကို​လည်း​ကောင်း ကြား​ရ သော​အ​ခါ​ရုတ်​တ​ရက်​သား​ဖွား​ခြင်း​ဝေ​ဒ​နာ ခံ​ရ​၍​က​လေး​မျက်​နှာ​မြင်​လေ​၏။- \v 20 သူ​သည်​သေ​အံ့​ဆဲ​ဆဲ​အ​ချိန်​၌​အ​နီး​ရှိ အ​မျိုး​သ​မီး​များ​က``အား​ခဲ​၍​ထား​ပါ။ သင်​သည်​သား​ယောကျာ်း​က​လေး​ကို​ဖွား​မြင် လေ​ပြီ'' ဟု​ဆို​ကြ​၏။ သို့​ရာ​တွင်​သူ​သည် ဂ​ရု​မ​စိုက်၊ စ​ကား​ပြန်​မ​ပြော​ဘဲ​နေ​၏။- \v 21 ထို​နောက်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရန်​သူ​တို့ လက်​သို့​ကျ​ရောက်​သွား​သည်​ကို​လည်း​ကောင်း၊ ယောက္ခ​မ​နှင့်​ခင်​ပွန်း​ကွယ်​လွန်​ကြ​သည်​ကို လည်း​ကောင်း​အ​ကြောင်း​ပြု​၍``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ဘုန်း​အ​သ​ရေ​ကွယ်​ပျောက် လေ​ပြီ'' ဟု​ဆို​လျက် ထို​သား​ကို​ဣ​ခ​ဗုဒ် ဟူ​၍​နာ​မည်​မှည့်​လေ​၏။- \v 22 ထို​နောက်​သူ​က``ရန်​သူ​တို့​လက်​သို့​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ရောက်​ရှိ​သွား​သော​ကြောင့် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘုန်း​အ​သ​ရေ ကွယ်​ပျောက်​လေ​ပြီ'' ဟု​ဆို​ပြန်​၏။ \c 5 \s1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လက်​သို့​ရောက်​ရှိ​နေ​သော ပ​ဋိ​ညာဉ်​သေတ္တာ​တော် \p \v 1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​သိမ်း​ယူ​ကြ​ပြီး​လျှင် ဧ​ဗ​နေ​ဇာ​မြို့ မှ​မိ​မိ​တို့​နေ​ထိုင်​ရာ​အာ​ဇုတ်​မြို့​သို့​ပင့်​ဆောင် ကာ၊- \v 2 ဒါ​ဂုန်​ဘု​ရား​ကျောင်း​အ​တွင်း​ရှိ​ဒါ​ဂုန်​ရုပ်​တု အ​နီး​တွင်​ထား​ကြ​၏။- \v 3 နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​ဒါ​ဂုန်​ရုပ်​တု သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ရှေ့​တွင် မှောက်​လျက်​လဲ​ကျ​နေ​သည်​ကို​အာ​ဇုတ် မြို့​သား​တို့​မြင်​ရ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည် ထို​ရုပ်​တု​ကို​ထူ​ပြီး​လျှင်​တစ်​ဖန်​မူ​ရင်း​နေ ရာ​တွင်​ပြန်​ထား​ကြ​၏။- \v 4 နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​ထို​ရုပ်​တု​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​၏​ရှေ့​တွင်​တစ်​ဖန်​မှောက် လျက်​လဲ​ကျ​နေ​သည်​ကို​မြင်​ရ​ကြ​ပြန်​၏။ ယ​ခု​အ​ကြိမ်​၌​မူ​ရုပ်​တု​၏​ဦး​ခေါင်း​နှင့် လက်​နှစ်​ဖက်​စ​လုံး​ပင်​ပြတ်​၍ တံ​ခါး​ဝ အ​နီး​သို့​ရောက်​ရှိ​နေ​လေ​သည်။ ရုပ်​တု​၏ ကိုယ်​လုံး​သာ​လျှင်​ကျန်​ရစ်​ခဲ့​၏။- \v 5 (ထို့​ကြောင့်​ဒါ​ဂုန်​ဘု​ရား​ယဇ်​ပု​ရော​ဟိတ် များ၊ ဒါ​ဂုန်​ဘု​ရား​ကျောင်း​ကို​ဝင်​ထွက်​ကြ သော​အာ​ဇုတ်​မြို့​သား​များ​သည် ကျောင်း​တံ​ခါး ခုံ​ကို​ယ​နေ့​တိုင်​အောင်​မ​နင်း​ဘဲ​ကျော်​၍ သွား​ကြ​၏။) \p \v 6 ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဇုတ်​မြို့​သား​တို့ အား ပြင်း​စွာ​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်​ကြောက် လန့်​တုန်​လှုပ်​စေ​တော်​မူ​၏။ ကိုယ်​တော်​သည် ထို​မြို့​သား​တို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​လူ​တို့ အား​အ​နာ​စိမ်း​များ​ပေါက်​စေ​ခြင်း​အား ဖြင့်​ဒဏ်​ခတ်​တော်​မူ​၏။- \v 7 သူ​တို့​သည်​ထို​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင် ကြ​သော​အ​ခါ``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကိုး​ကွယ်​သော​ဘု​ရား​သည်​ငါ​တို့​နှင့် ငါ​တို့​၏​ဒါ​ဂုန်​ဘု​ရား​အား​ဒဏ်​ခတ်​တော်​မူ လေ​ပြီ။ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ဤ​အ​ရပ် တွင်​ငါ​တို့​ဆက်​လက်​ထား​ရှိ​၍​ဖြစ်​တော့ မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။- \v 8 ထို့​ကြောင့်​သူ​တို့​သည်​ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး တို့​ထံ​စေ​တ​မန်​များ​လွှတ်​၍​ဖိတ်​ခေါ်​ပြီး လျှင်``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကိုး​ကွယ် သော​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ငါ တို့​အ​ဘယ်​သို့​ပြု​ရ​ကြ​မည်​နည်း'' ဟု​မေး ကြ​၏။ \p ဘု​ရင်​တို့​က``ဂါ​သ​မြို့​သို့​ပင့်​ဆောင်​သွား ကြ​လော့'' ဟု​ဆို​သ​ဖြင့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​အ​ခြား​ဖိ​လိတ္တိ​မြို့​တစ်​မြို့​ဖြစ် သော​ဂါ​သ​မြို့​သို့​ပင့်​ဆောင်​သွား​ကြ​၏။- \v 9 သို့​ရာ​တွင်​ထို​အ​ရပ်​သို့​သေတ္တာ​တော်​ရောက်​ရှိ ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​ကို​လည်း ဒဏ်​ခတ်​တော်​မူ​ပြန်​သ​ဖြင့် လူ​တို့​သည်​ထိတ်​လန့် ကြ​ကုန်​၏။ ကိုယ်​တော်​သည်​ကြီး​ငယ်​မ​ရွေး​မြို့ သူ​မြို့​သား​အ​ပေါင်း​တို့​အား​အ​နာ​စိမ်း​များ ပေါက်​စေ​ခြင်း​အား​ဖြင့်​ဒဏ်​ခတ်​တော်​မူ​၏။- \v 10 သို့​ဖြစ်​၍​သူ​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို အ​ခြား​ဖိ​လိတ္တိ​မြို့​တစ်​မြို့​ဖြစ်​သော​ဧ​ကြုန်​မြို့ သို့​ပို့​လိုက်​ကြ​၏။ ထို​မြို့​သို့​သေတ္တာ​တော်​ရောက် ရှိ​သော​အ​ခါ​လူ​တို့​က``သူ​တို့​သည်​ငါ​တို့ ရှိ​သ​မျှ​ကို​သတ်​ရန်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကိုး​ကွယ်​သည့်​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ငါ​တို့​ထံ​သို့​ပင့်​ဆောင်​လာ​ကြ​လေ ပြီ'' ဟု​ဟစ်​အော်​ကြ​ကုန်​၏။- \v 11 ထို့​ကြောင့်​သူ​တို့​သည်​ဖိ​လိတ္တိ​ဘု​ရင်​အ​ပေါင်း တို့​အား တစ်​ဖန်​ဖိတ်​ခေါ်​ပြီး​လျှင်``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ယင်း​၏​မူ​ရင်း​အ​ရပ်​သို့​ပြန်​ပို့​လိုက်​ကြ​ပါ။ သို့​မှ​သာ​လျှင်​ငါ​တို့​နှင့်​တ​ကွ​ငါ​တို့​၏​အိမ် ထောင်​စု​သား​များ​သည်​သေ​ဘေး​မှ​ကင်း​လွတ် ကြ​ပါ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။ ဘု​ရား​သ​ခင် သည်​သူ​တို့​အား​ပြင်း​ထန်​စွာ​ဒဏ်​ခတ်​တော် မူ​သည်​ဖြစ်​၍​တစ်​မြို့​လုံး​ပင်​ကြောက်​လန့် တုန်​လှုပ်​လျက်​နေ​ကြ​၏။- \v 12 သေ​ဘေး​နှင့်​လွတ်​သော​သူ​များ​ပင်​လျှင် အ​နာ​စိမ်း​များ​ပေါက်​ကြ​သ​ဖြင့် လူ​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​များ​အား​ကူ​မ​ရန်​ဟစ် အော်​လျှောက်​ထား​ကြ​၏။ \c 6 \s1 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပြန်​လည်​ပို့​ဆောင်​ခြင်း \p \v 1 ဖိ​လိတ္တိ​ပြည်​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​သည် ခု​နစ်​လ​မျှ​ရောက်​ရှိ​နေ​ပြီး နောက်၊- \v 2 ဖိ​လိတ္တိ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည် ယဇ်​ပု​ရော​ဟိတ်​များ​နှင့် မှော်​ဆ​ရာ​များ​ကို ဖိတ်​ခေါ်​ကာ``ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ငါ​တို့​အ​ဘယ်​သို့​ပြု​ရ ကြ​ပါ​မည်​နည်း။ ထို​သေတ္တာ​တော်​ကို​မူ​ရင်း အ​ရပ်​သို့​ပြန်​လည်​ပို့​ဆောင်​မည်​ဆို​ပါ​က ယင်း​နှင့်​အ​တူ​အ​ဘယ်​ပူ​ဇော်​သကာ​ကို ပေး​သင့်​ပါ​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။ \p \v 3 ထို​သူ​တို့​က``သင်​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​ပြန်​ပို့​မည်​ဆို​လျှင်​ပူ ဇော်​သ​ကာ​မ​ပါ​၍​မ​ဖြစ်။ သင်​တို့​၏​အ​ပြစ် ဖြေ​ရာ​ပူ​ဇော်​သ​ကာ​ကို​ပါ​ပေး​လှူ​ရ​ကြ မည်။ ယင်း​သို့​ပြု​လျှင်​သင်​တို့​သည်​အ​နာ ရော​ဂါ​ပျောက်​ကင်း​ကြ​လိမ့်​မည်။ ကိုယ်​တော် သည်​သင်​တို့​အား အ​ဘယ်​ကြောင့်​ဒဏ်​ခတ် လျက်​နေ​တော်​မူ​ကြောင်း​ကို​လည်း​သိ​ရှိ ရ​ကြ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။ \p \v 4 ဖိ​လိတ္တိ​ခေါင်း​ဆောင်​များ​က``ငါ​တို့​သည် အ​ဘယ်​ပူ​ဇော်​သကာ​ကို​ပေး​လှူ​ရ​ပါ​မည် နည်း'' ဟု​မေး​ကြ​လျှင် \p သူ​တို့​က``သင်​တို့​သည်​ဘု​ရင်​ငါး​ပါး​ကို​တစ် ပါး​လျှင် ရွှေ​အ​နာ​စိမ်း​ရုပ်​ငါး​ခု​နှင့်​ရွှေ​ကြွက် ရုပ်​ငါး​ခု​ပြု​လုပ်​၍​ပေး​လှူ​ရ​ကြ​မည်။ ဘု​ရင် ငါး​ပါး​နှင့်​သင်​တို့​အ​ပေါင်း​သည် ကပ်​ရော​ဂါ တစ်​မျိုး​တည်း​သင့်​ရ​ကြ​သည်​ဖြစ်​ရာ၊- \v 5 အ​နာ​စိမ်း​၏​ပုံ​စံ၊ သင်​တို့​ပြည်​ကို​ဖျက်​ဆီး လျက်​နေ​သည့်​ကြွက်​၏​ပုံ​စံ​တို့​ကို​ပြု​လုပ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​ကို​ဂုဏ် ပြု​ချီး​မြှင့်​ရ​မည်။ ကိုယ်​တော်​သည်​သင်​တို့ နှင့်​သင်​တို့​၏​ဘု​ရား​များ​ကို​လည်း​ကောင်း၊ သင်​တို့​၏​ပြည်​ကို​လည်း​ကောင်း​ဒဏ်​မ ခတ်​တော့​ဘဲ​နေ​ကောင်း​နေ​တော်​မူ​လိမ့်​မည်။- \v 6 သင်​တို့​သည်​အ​ဘယ်​ကြောင့်​အီ​ဂျစ်​ဘု​ရင် နှင့် အီ​ဂျစ်​အ​မျိုး​သား​တို့​ကဲ့​သို့​ခေါင်း​မာ နေ​ကြ​ပါ​မည်​နည်း။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ ခွင့်​မ​ပြု​မ​ချင်း​ဘု​ရား​သ​ခင်​သည် သူ​တို့ အား​အ​ဘယ်​သို့​ဒဏ်​ခတ်​တော်​မူ​ခဲ့​သည်​ကို သင်​တို့​မ​မေ့​ကြ​နှင့်။- \v 7 သို့​ဖြစ်​၍​လှည်း​သစ်​ကို​ပြု​လုပ်​ပြီး​နောက် တစ် ခါ​မျှ​ထမ်း​ပိုး​မ​တင်​ဘူး​သေး​သော​သား​ငယ် ရှိ​သည့်​နွား​မ​နှစ်​ကောင်​ကို​လှည်း​၌​တပ်​၍ သား​ငယ်​တို့​ကို​မူ​ခြံ​သို့​ပြန်​ပို့​လော့။- \v 8 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​လှည်း​ပေါ်​သို့​တင်​ပြီး​လျှင် သင်​တို့​၏ အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော​ရွှေ ရုပ်​တု​များ​ကို​အ​ခြား​သော​သေတ္တာ​တစ်​လုံး တွင်​ထည့်​၍​သေတ္တာ​တော်​အ​နီး​၌​ထား​လော့။ ထို နောက်​လှည်း​ကို​အ​လို​ရှိ​ရာ​သို့​ထွက်​ခွာ​သွား စေ​လော့။- \v 9 လှည်း​အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို​စောင့်​၍ ကြည့်​လော့။ အ​ကယ်​၍​ဗက်​ရှေ​မက်​မြို့​ရှိ​ရာ​သို့ သွား​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား သည် ငါ​တို့​အ​ပေါ်​သို့​ကြောက်​မက်​ဖွယ်​ရာ​ကပ် ရော​ဂါ​ကို​ကျ​ရောက်​စေ​ကြောင်း​သိ​မှတ်​ရ​မည်။ သို့​ရာ​တွင်​လှည်း​သည်​ထို​မြို့​ရှိ​ရာ​သို့​မ​သွား ခဲ့​သော် ကိုယ်​တော်​သည်​ငါ​တို့​ထံ​ကပ်​ရော​ဂါ ကို​စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ ကပ်​ရော​ဂါ သည်​အ​လို​အ​လျောက်​ဆိုက်​ရောက်​လာ​ခြင်း သာ​ဖြစ်​ကြောင်း​ငါ​တို့​သိ​မှတ်​ရ​မည်။'' \p \v 10 သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​စေ​ခိုင်း​သည့် အ​တိုင်း နွား​မ​နှစ်​ကောင်​ကို​လှည်း​တွင်​တပ်​၍ နွား​ငယ်​က​လေး​များ​ကို​ခြံ​တွင်​လှောင်​ထား ကြ​၏။- \v 11 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ရွှေ​ကြွက်​ရုပ်​နှင့် ရွှေ​အ​နာ​စိမ်း​ရုပ်​တု​ပုံ​များ ပါ​ရှိ​သည့်​သေတ္တာ နှင့်​အ​တူ​လှည်း​ပေါ်​သို့​တင်​ကြ​၏။- \v 12 နွား​မ​တို့​သည်​ဗက်​ရှေ​မက်​လမ်း​အ​တိုင်း စ​တင်​ထွက်​ခွာ​ပြီး ဝဲ​ယာ​မ​ကွေ့​ဘဲ​တည့် မတ်​စွာ​တစ်​လမ်း​လုံး​အော်​မြည်​လျက် ဗက် ရှေ​မက်​မြို့​ရှိ​ရာ​သို့​သွား​ကြ​လေ​သည်။ ဖိ လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​ဗက်​ရှေ​မက် မြို့​နယ်​စပ်​အ​နီး​အ​ထိ​လိုက်​ပါ​သွား​ကြ ၏။ \p \v 13 ဗက်​ရှေ​မက်​မြို့​သား​တို့​သည်​ချိုင့်​ဝှမ်း​ထဲ​တွင် ဂျုံ​စ​ပါး​များ​ကို​ရိတ်​သိမ်း​လျက်​နေ​စဉ်​ရုတ် တ​ရက်​မျှော်​ကြည့်​လိုက်​သော​အ​ခါ ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​တွေ့​မြင်​ကြ​သ​ဖြင့်​အ​တိုင်း ထက်​အ​လွန်​ဝမ်း​မြောက်​ကြ​၏။- \v 14 လှည်း​သည်​ဗက်​ရှေ​မက်​မြို့​သား​ယော​ရှု​၏ လယ်​သို့​ရောက်​သော​အ​ခါ ကျောက်​တုံး​ကြီး အ​နီး​တွင်​ရပ်​တန့်​လေ​သည်။ လူ​တို့​သည်​လှည်း ကို​ခုတ်​ဖြတ်​၍​နွား​မ​တို့​ကို​သတ်​ပြီး​လျှင် မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​ကြ​၏။- \v 15 လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့် ရွှေ​ရုပ်​များ​ပါ ရှိ​သည့်​သေတ္တာ​ကို​ချီ​ပင့်​ပြီး​လျှင်​ကျောက်​တုံး ကြီး​ပေါ်​တွင်​တင်​ထား​ကြ​၏။ ထို​နောက်​ဗက် ရှေ​မက်​မြို့​သား​တို့​သည်​ထာ​ဝ​ရ​ဘု​ရား အား​မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား​ပူ​ဇော် သကာ​များ​ကို​တင်​လှူ​ကြ​၏။- \v 16 ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​ဤ​အ​ခြင်း အ​ရာ​ကို​ကြည့်​ရှု​ကြ​ပြီး​နောက် ထို​နေ့​၌​ပင် ဧ​ကြုန်​မြို့​သို့​ပြန်​သွား​ကြ​၏။ \p \v 17 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရွှေ​အ​နာ​စိမ်း ရုပ်​ငါး​ခု​ကို​မြို့​တစ်​မြို့​လျှင် တစ်​ခု​နှုန်း​ဖြင့် အာ​ဇုတ်​မြို့၊ ဂါ​ဇ​မြို့၊ အာ​ရှ​ကေ​လုန်​မြို့၊ ဂါ​သ မြို့​နှင့်​ဧ​ကြုန်​မြို့​တို့​ကို​ရည်​စူး​၍​မိ​မိ​တို့ အ​တွက် အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ် ဖြင့်​ထာ​ဝ​ရ​ဘု​ရား​ထံ​ပေး​ပို့​ကြ​၏။- \v 18 သူ​တို့​သည်​ကြွက်​ရုပ်​များ​ကို​လည်း​ဖိ​လိတ္တိ ဘု​ရင်​များ အ​စိုး​ရ​သည့်​ခံ​တပ်​မြို့​များ​နှင့် ကျေး​ရွာ​များ​အ​တွက် တစ်​မြို့​လျှင်​တစ်​ခု ကျ​စီ​ဆက်​သ​ပေး​ပို့​ကြ​၏။ ဗက်​ရှေ​မက် မြို့​သား​ယော​ရှု​၏​လယ်​၌​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​တင်​ရာ​ကျောက်​တုံး ကြီး​သည် ထို​စဉ်​အ​ခါ​က​ဖြစ်​ပျက်​ခဲ့​သည့် အ​မှု​၌​အ​သိ​သက်​သေ​အ​ဖြစ်​ဖြင့်​ယ​နေ့ တိုင်​အောင်​တည်​ရှိ​နေ​လေ​သည်။ \p \v 19 ဗက်​ရှေ​မက်​မြို့​သား​ခု​နစ်​ဆယ်​တို့​သည် ပ​ဋိ ညာဉ်​သေတ္တာ​တော်​ထဲ​သို့​ကြည့်​မိ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​သေ​ဒဏ် ခတ်​တော်​မူ​၏။ မြို့​သား​တို့​သည်​မိ​မိ​တို့ အ​ထဲ​မှ​လူ​မြောက်​မြား​စွာ​ကို ထာ​ဝ​ရ ဘု​ရား​သေ​ဒဏ်​ခတ်​တော်​မူ​သော​ကြောင့် ငို​ကြွေး​မြည်​တမ်း​ကြ​၏။ \s1 ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သို့ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရောက်​ရှိ​ခြင်း \p \v 20 သို့​ဖြစ်​၍​ဗက်​ရှေ​မက်​မြို့​သား​တို့​က``သန့်​ရှင်း မြင့်​မြတ်​တော်​မူ​သည့်​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ အ​ဘယ်​သူ​သည် ရပ်​တည်​နိုင်​ပါ​မည်​နည်း။ ငါ​တို့​နှင့်​ဝေး​အောင် ကိုယ်​တော်​အား​အ​ဘယ်​အ​ရပ်​သို့​ပင့်​ဆောင် သွား​ရ​ပါ​မည်​နည်း'' ဟု​ဆို​၍၊- \v 21 ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​တို့​ထံ​သို့​တ​မန် များ​စေ​လွှတ်​ပြီး​လျှင်``ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပြန်​လည်​ပို့​ဆောင်​ကြ​လေ​ပြီ။ သင် တို့​လာ​၍​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကြ​ပါ လော့'' ဟု​မှာ​ကြား​လိုက်​ကြ​၏။ \c 7 \p \v 1 သို့​ဖြစ်​၍​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​တို့​သည် လာ​၍​သေတ္တာ​တော်​ကို​တောင်​ကုန်း​ပေါ်​တွင်​တည် ရှိ​သော အ​ဗိ​န​ဒပ်​၏​အိမ်​သို့​ပင့်​ဆောင်​သွား ကြ​၏။ သူ​တို့​သည်​သေတ္တာ​တော်​ကို​စောင့်​ထိန်း ရန်​အ​တွက် အ​ဗိ​န​ဒပ်​၏​သား​ဧ​လာ​ဇာ​ကို ရွေး​ချယ်​ဆက်​ကပ်​ကြ​၏။\x + \xo 7:1 \xt ၂ရာ၊ ၆:၂-၄။ ၅ရာ၊ ၁၃:၅-၇။\x* \s1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ရှ​မွေ​လ အုပ်​ချုပ်​ခြင်း \p \v 2 ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​တွင်​နှစ်​ပေါင်း​နှစ်​ဆယ် တိုင်​အောင်​ကြာ​မြင့်​စွာ​ရှိ​နေ​လေ​သည်။ ထို အ​ချိန်​ကာ​လ​အ​တွင်း​၌​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​ကို​ကူ​မ​တော်​မူ​ရန် ထာ​ဝ​ရ​ဘု​ရား​သ​ခင်​ထံ​ဟစ်​အော်​လျှောက် ထား​ကြ​၏။ \p \v 3 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ရှ​မွေ​လ က``သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ပြန်​လည်​လာ​ရောက် လို​ပါ​က လူ​မျိုး​ခြား​တို့​၏​ဘု​ရား​များ​ကို လည်း​ကောင်း၊ အာ​ရှ​တ​ရက်​ဘု​ရား​မ​၏​ရုပ်​တု များ​ကို​လည်း​ကောင်း​စွန့်​ပစ်​ရ​ကြ​မည်။ သင်​တို့ ၏​ကိုယ်​ကို​လုံး​ဝ​ဆက်​ကပ်​၍​ထာ​ဝ​ရ​ဘု​ရား ကို​သာ​ရှိ​ခိုး​ဝတ်​ပြု​ကြ​လျှင် ကိုယ်​တော်​သည် သင်​တို့​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လက်​မှ ကယ်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။- \v 4 ထို့​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗာ​လ​ဘု​ရား​နှင့် အာ​ရှ​တ​ရက်​ဘု​ရား​မ တို့​၏​ရုပ်​တု​များ​ကို​စွန့်​ပစ်​ကာ ထာ​ဝ​ရ ဘု​ရား​ကို​သာ​ရှိ​ခိုး​ဝတ်​ပြု​ကြ​ကုန်​၏။ \p \v 5 ထို​နောက်​ရှ​မွေ​လ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​အား``ငါ​သည်​မိ​ဇ​ပါ​မြို့ တွင်​သင်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ထံ​တော် သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​မည်​ဖြစ်​၍​သင်​တို့ သည်​ထို​မြို့​၌​စု​ကြ​လော့'' ဟု​ဆင့်​ဆို​မှာ ကြား​၏။- \v 6 သို့​ဖြစ်​၍​သူ​တို့​သည်​မိ​ဇ​ပါ​မြို့​တွင်​စု​ဝေး ကြ​ပြီး​နောက် ရေ​အ​နည်း​ငယ်​ခပ်​၍​ထာ​ဝ​ရ ဘု​ရား​အား ပူ​ဇော်​သည့်​အ​နေ​ဖြင့်​သွန်း​လောင်း ကာ​ထို​နေ့​တစ်​နေ့​လုံး​အ​စာ​ရှောင်​ကြ​၏။ သူ တို့​က``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ'' ဟု​ဆို​ကြ​၏။ မိ​ဇ​ပါ​မြို့​မှ နေ​၍​ရှ​မွေ​လ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​စီ​ရင်​အုပ်​ချုပ်​သ​တည်း။ \p \v 7 မိ​ဇ​ပါ​မြို့​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ စု​ရုံး​လျက်​ရှိ​ကြောင်း​ကို ဖိ​လိတ္တိ​အ​မျိုး​သား တို့​ကြား​သိ​ကြ​သော​အ​ခါ ဖိ​လိတ္တိ​ဘု​ရင်​ငါး ပါး​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှိ ရာ​သို့​စစ်​ချီ​လာ​ကြ​၏။ ဤ​အ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြား​သိ​ကြ သော​အ​ခါ​ကြောက်​လန့်​ကြ​သ​ဖြင့်၊- \v 8 ရှ​မွေ​လ​အား``အ​ကျွန်ုပ်​တို့​ကို​ဖိ​လိတ္တိ​အ​မျိုး သား​တို့​၏​လက်​မှ​ကယ်​တော်​မူ​ရန် အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော် သို့​ဆု​တောင်း​ပေး​လျက်​နေ​ပါ'' ဟု​တောင်း​ပန် ကြ​၏။- \v 9 ရှ​မွေ​လ​သည်​သိုး​ငယ်​တစ်​ကောင်​ကို​သတ်​၍ တစ်​ကောင်​လုံး​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ကာ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ကယ်​မ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထနာ ပြု​ရာ​ကိုယ်​တော်​သည်​နား​ညောင်း​တော်​မူ​၏။- \v 10 ရှ​မွေ​လ​သည်​ယဇ်​ပူ​ဇော်​လျက်​နေ​စဉ်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​တိုက်​ခိုက်​ရန်​ချီ​တက်​လာ​ကြ​၏။ သို့ ရာ​တွင်​ထို​အ​ချိန်​၌​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား သည် သူ​တို့​အ​ပေါ်​မှာ​ပြင်း​စွာ​မိုး​ချုန်း​စေ တော်​မူ​သ​ဖြင့် သူ​တို့​သည်​က​စဥ့်​က​ရဲ​ဖြစ် လျက်​ထွက်​ပြေး​ကြ​ကုန်​၏။- \v 11 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​ဇ​ပါ​မြို့ မှ​ထွက်​၍ သူ​တို့​အား​ဗက်​ကာ​မြို့​အ​နီး​သို့ တိုင်​အောင်​လိုက်​လံ​သတ်​ဖြတ်​ကြ​၏။ \p \v 12 ထို​နောက်​ရှ​မွေ​လ​သည်​ကျောက်​တုံး​တစ်​ခု​ကို ယူ​၍ မိ​ဇ​ပါ​မြို့​နှင့်​ရှင်​မြို့​စပ်​ကြား​တွင်​စိုက်​ထူ ကာ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​အား​ယ​နေ့ တိုင်​အောင်​ကူ​မ​တော်​မူ​လေ​ပြီ'' ဟု​ဆို​ပြီး​လျှင် ထို​ကျောက်​တုံး​ကို``ကူ​မ​တော်​မူ​ရာ​ကျောက်'' (ဧ​ဗ​နေ​ဇာ) ဟု​နာ​မည်​မှည့်​လေ​သည်။- \v 13 ဤ​သို့​လျှင်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​အ​ရေး ရှုံး​နိမ့်​ရ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ အား​ရှ​မွေ​လ​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​ခွင့် ပေး​တော်​မ​မူ။- \v 14 ဧ​ကြုန်​မြို့​နှင့်​ဂါ​သ​မြို့​စပ်​ကြား​တွင်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် မိ​မိ​တို့​သိမ်း​ပိုက်​ထား ကြ​သည့်​မြို့​မှန်​သ​မျှ​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​လက်​သို့​ပြန်​လည်​ပေး​အပ်​ရ​ကြ သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ တို့​၏​နယ်​မြေ​အား​လုံး​ကို​ပြန်​လည်​ရ​ရှိ​ကြ​၏။ ထို့​အ​ပြင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ခါ​နာန်​အ​မျိုး​သား​တို့​သည်​သင့်​မြတ်​ငြိမ်း ချမ်း​စွာ​နေ​ထိုင်​ကြ​လေ​သည်။ \p \v 15 ရှ​မွေ​လ​သည်​အ​သက်​ထက်​ဆုံး​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အုပ်​ချုပ်​၏။- \v 16 သူ​သည်​နှစ်​စဉ်​နှစ်​တိုင်း​ဗေ​သ​လ​မြို့၊ ဂိ​လ ဂါ​လ​မြို့၊ မိ​ဇ​ပါ​မြို့​တို့​သို့​လှည့်​လည်​သွား ရောက်​ကာ​ထို​မြို့​တို့​တွင်​အ​မှု​အ​ခင်း​များ ကို​စစ်​ဆေး​စီ​ရင်​လေ့​ရှိ​၏။- \v 17 ထို​နောက်​သူ​သည်​ရာ​မ​မြို့​နေ​အိမ်​သို့​ပြန်​၍ တ​ရား​သူ​ကြီး​အ​ဖြစ်​ဖြင့်​ဆောင်​ရွက်​၏။ သူ သည်​ရာ​မ​မြို့​တွင်​ထာ​ဝ​ရ​ဘုရား​အ​ဖို့ ယဇ်​ပလ္လင်​ကို​တည်​ဆောက်​လေ​၏။ \c 8 \s1 ဘု​ရင်​ခန့်​ထား​ပေး​ရန်​ရှ​မွေ​လ​အား လူ​တို့​တောင်း​ဆို​ခြင်း \p \v 1 ရှ​မွေ​လ​သည်​အို​မင်း​၍​လာ​သော​အ​ခါ​မိ​မိ ၏​သား​များ​အား ဣ​သ​ရေ​လ​ပြည်​တွင်​တ​ရား သူ​ကြီး​များ​အ​ဖြစ်​ခန့်​ထား​၏။- \v 2 သား​ကြီး​ကား​ယော​လ၊ သား​ငယ်​ကား​အ​ဘိ ရ​ဟု​နာ​မည်​တွင်​၏။ သူ​တို့​သည်​ဗေ​ရ​ရှေ​ဗ မြို့​တွင်​တ​ရား​သူ​ကြီး​များ​အ​ဖြစ်​ဆောင် ရွက်​ကြ​၏။- \v 3 သို့​ရာ​တွင်​အ​ဖ​၏​လမ်း​စဉ်​ကို​မ​လိုက်​ကြ။ ငွေ​ကြေး​ရ​ရှိ​မှု​ကို​သာ​လျှင်​စိတ်​ဝင်​စား သ​ဖြင့် တံ​စိုး​လက်​ဆောင်​ယူ​ကာ​အ​မှု​များ ကို​မ​တ​ရား​စီ​ရင်​ဆုံး​ဖြတ်​ကြ​၏။ \p \v 4 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​အ​ပေါင်း​တို့​သည် စု​ဝေး​၍​ရာ​မ​မြို့ ရှိ​ရှ​မွေ​လ​ထံ​သို့​သွား​ပြီး​လျှင်၊- \v 5 ``အ​ရှင်​သည်​အ​သက်​အ​ရွယ်​အို​၍​လာ​ပါ​ပြီ။ အ​ရှင့်​သား​တို့​သည်​လည်း​အ​ရှင်​၏​လမ်း​စဉ် ကို​မ​လိုက်​ကြ​ပါ။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့ အား​အုပ်​စိုး​ရန်​ဘု​ရင်​ကို​ခန့်​ပေး​ပါ။ သို့​မှ သာ​လျှင်​အ​ကျွန်ုပ်​တို့​တွင်​အ​ခြား​တိုင်း​ပြည် များ​မှာ​ကဲ့​သို့​ဘု​ရင်​ရှိ​ပါ​လိမ့်​မည်'' ဟု လျှောက်​ထား​ကြ​၏။-\x + \xo 8:5 \xt တရား၊ ၁၇:၁၄။\x* \v 6 ယင်း​သို့​ဘု​ရင်​ခန့်​ထား​ပေး​ရန်​လူ​တို့​တောင်း ဆို​ကြ​သည်​ကို ရှ​မွေ​လ​မ​နှစ်​သက်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ နာ​ပြု​လေ​၏။- \v 7 ထာ​ဝ​ရ​ဘု​ရား​က``လူ​တို့​သင့်​အား​ပြော သ​မျှ​စ​ကား​ကို​နား​ထောင်​လော့။ သူ​တို့​သင့် ကို​ပစ်​ပယ်​ကြ​သည်​မ​ဟုတ်၊ ငါ့​ကို​ပစ်​ပယ် ကြ​၏။ သူ​တို့​သည်​ငါ့​အား​မိ​မိ​တို့​၏ ဘု​ရင်​အ​ဖြစ်​မှ​ပစ်​ပယ်​ကြ​လေ​ပြီ။- \v 8 သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ ချိန်​မှ ယ​နေ့​တိုင်​သူ​တို့​သည်​ငါ့​ကို​ကျော ခိုင်း​ကာ​အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု ကိုး​ကွယ်​ကြ​၏။ သူ​တို့​သည်​ငါ့​အား အ​စဉ် ပြု​ခဲ့​သည့်​အ​တိုင်း​ယ​ခု​အ​ခါ​သင့်​ကို ပြု​ကြ​ခြင်း​သာ​ဖြစ်​၏။- \v 9 သို့​ဖြစ်​၍​သူ​တို့​ပြော​သော​စ​ကား​ကို​နား ထောင်​လော့။ သို့​သော်​ဘု​ရင်​အုပ်​စိုး​သော​အ​ခါ ဘု​ရင်​တို့​၏​ကျင့်​ထုံး​ကျင့်​နည်း​တို့​ကို​ပြော ပြ​၍​ကြပ်​တည်း​စွာ​သ​တိ​ပေး​လော့'' ဟု မိန့်​တော်​မူ​၏။ \p \v 10 ရှ​မွေ​လ​သည်​ဘု​ရင်​ခန့်​ပေး​ရန် မိ​မိ​ထံ တောင်း​ဆို​သူ​တို့​အား ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သ​မျှ​တို့​ကို​ပြန်​ကြား​လေ​၏။- \v 11 သူ​က``သင်​တို့​ကို​အုပ်​စိုး​သော​ဘု​ရင်​သည် သင်​တို့​သား​များ​ကို​စစ်​မှု​ထမ်း​စေ​လိမ့်​မည်။ အ​ချို့​သော​သူ​တို့​ကို​ရ​ထား​တပ်​၌​လည်း ကောင်း၊ အ​ချို့​ကို​မြင်း​တပ်​၌​လည်း​ကောင်း၊ အ​ချို့​ကို​အ​ထူး​ထိုး​စစ်​ဆင်​ရာ​တပ်​များ ၌​လည်း​ကောင်း​အ​မှု​ထမ်း​စေ​လိမ့်​မည်။- \v 12 သူ​သည်​အ​ချို့​ကို​လူ​တစ်​ထောင်​တပ်​မှူး​များ၊ အ​ချို့​ကို​လူ​ငါး​ဆယ်​တပ်​မှူး​များ​အ​ဖြစ် ခန့်​ထား​လိမ့်​မည်။ သင်​တို့​၏​သား​များ​သည် ဘု​ရင်​၏​လယ်​များ​ကို​ထွန်​၍ သူ​၏​စပါး​များ ကို​ရိတ်​သိမ်း​ရ​လိမ့်​မည်။ သူ​၏​လက်​နက်​များ၊ စစ်​ရ​ထား​တန်​ဆာ​များ​ကို​ပြု​လုပ်​ရ​ကြ လိမ့်​မည်။- \v 13 သင်​တို့​၏​သ​မီး​များ​သည်​လည်း​ဘု​ရင်​အ​တွက် နံ့​သာ​အ​မွှေး​အ​ကြိုင်​အ​မျိုး​မျိုး​ဖော်​စပ်​သူ များ၊ စား​တော်​ကဲ​များ၊ မုန့်​ဖုတ်​လုပ်​သူ​များ ဖြစ်​ရ​ကြ​လိမ့်​မည်။- \v 14 သူ​သည်​သင်​တို့​၏​အ​ကောင်း​ဆုံး​လယ်​ယာ များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​သံ​လွင်​ခြံ​များ ကို​သိမ်း​ယူ​ကာ မိ​မိ​၏​အ​မှု​ထမ်း​တို့​အား ပေး​အပ်​လိမ့်​မည်။- \v 15 သူ​သည်​ဂျုံ​ဆန်​နှင့်​စ​ပျစ်​သီး​ဆယ်​ပုံ​တစ်​ပုံ ကို မိ​မိ​၏​နန်း​တွင်း​အ​ရာ​ရှိ​များ​နှင့်​အ​ခြား အ​မှု​ထမ်း​အ​ရာ​ထမ်း​တို့​အ​တွက်​သိမ်း​ယူ လိမ့်​မည်။- \v 16 သင်​တို့​၏​အ​စေ​ခံ​များ၊ အ​ကောင်း​ဆုံး​သော နွား​များ\f 5 \fr 8:16 \ft * \+fk နွား​များ။ \ft ရှေး​ဘာ​သာ​ပြန်​မူ​အ​ရ​ဟေ​ဗြဲ​မူ​၌ လူ​ငယ်​များ​ဟု​ပါ​ရှိ​သည်။\f* နှင့်​မြည်း​များ​ကို​သိမ်း​ယူ​ကာ​မိ​မိ​အ​ဖို့ ခိုင်း​စေ​အ​သုံး​ပြု​လိမ့်​မည်။- \v 17 သူ​သည်​သင်​တို့​သိုး​အုပ်​များ​၏​ဆယ်​ပုံ​တစ် ပုံ​ကို​သိမ်း​ယူ​လိမ့်​မည်။ သင်​တို့​ကိုယ်​တိုင်​ပင် လျှင်​သူ​၏​ထံ​၌​ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။- \v 18 ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​သင်​တို့ သည် မိ​မိ​တို့​ကိုယ်​တိုင်​ရွေး​ချယ်​တင်​မြှောက် သည့်​ဘု​ရင်​ကြောင့်​ညည်း​ညူ​ကြ​လိမ့်​မည်။ သို့ သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏ ညည်း​ညူ​သံ​ကို​နား​ညောင်း​တော်​မူ​လိမ့်​မည် မ​ဟုတ်'' ဟု​သ​တိ​ပေး​လေ​၏။ \p \v 19-20 လူ​တို့​သည်​ရှ​မွေ​လ​ပြော​ကြား​သည်​ကို​ပ​မာ ဏ​မ​ပြု​ဘဲ``ထို​သို့​မ​ဟုတ်​ပါ။ အ​ကျွန်ုပ်​တို့ သည်​အ​ခြား​တိုင်း​ပြည်​များ​မှာ​ကဲ့​သို့​မိ​မိ တို့​အား​အုပ်​စိုး​၍ မိ​မိ​တို့​၏​စစ်​ပွဲ​များ​တွင် ရှေ့​ဆောင်​တိုက်​ခိုက်​ရန်​ဘု​ရင်​ကို​လို​ချင်​ပါ သည်'' ဟု​လျှောက်​ကြ​၏။- \v 21 ရှ​မွေ​လ​သည်​သူ​တို့​ပြော​သ​မျှ​ကို​နား​ထောင် ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဝင်​၍ လျှောက်​ထား​၏။- \v 22 ထာ​ဝ​ရ​ဘုရား​က``သူ​တို့​အ​လို​ရှိ​သည် အ​တိုင်း​ဘု​ရင်​ကို​ခန့်​ပေး​လော့'' ဟု​မိန့်​တော် မူ​လျှင်​ရှ​မွေ​လ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​အား မိ​မိ​တို့​နေ​ရပ် အ​သီး​သီး​သို့​ပြန်​သွား​စေ​၏။ \c 9 \s1 ရှ​မွေ​လ​နှင့်​ရှော​လု​တွေ့​ဆုံ​ခြင်း \p \v 1 ဗင်္ယာ​မိန်​အ​နွယ်​ဝင်​လူ​တစ်​ယောက်​ရှိ​၏။ သူ​၏ နာ​မည်​မှာ​ကိ​ရှ​ဖြစ်​၏။ သူ့​အ​ဖ​သည်​အ​ဗျေ​လ၊ အ​ဖိုး​ကား​ဇေ​ရော်​ဖြစ်​၏။ သူ​သည်​အာ​ဖိ​သား ချင်း​စု​ဝင်​ဖြစ်​သော​ဗေ​ခေါ​ရတ်​အိမ်​ထောင်​စု မှ​ဆင်း​သက်​လာ​သူ​တည်း။ ကိ​ရှ​သည်​ချမ်း​သာ ကြွယ်​ဝ​၍​သြ​ဇာ​တိ​က္က​မ​ရှိ​သူ​တစ်​ယောက် ဖြစ်​ပေ​သည်။- \v 2 သူ့​မှာ​ရှော​လု​နာ​မည်​တွင်​သော​သား​တစ် ယောက်​ရှိ​၏။ ထို​သား​သည်​ပျို​ရွယ်​၍​အ​ဆင်း လှ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​ရှိ​သ​မျှ တို့​ထက်​အ​ရပ်​တစ်​ပေ​မျှ​ပို​၍​မြင့်​၏။ အ​ဆင်း​လည်း​ပို​၍​လှ​၏။ \p \v 3 ကိ​ရှ​သည်​မိ​မိ​၏​မြည်း​အ​ချို့​ပျောက်​သွား သ​ဖြင့် ရှော​လု​အား``အ​စေ​ခံ​တစ်​ယောက်​ကို ခေါ်​ပြီး​လျှင်​မြည်း​တို့​ကို​လိုက်​ရှာ​ပါ​လော့'' ဟု​ဆို​၏။- \v 4 သူ​တို့​နှစ်​ယောက်​သည်​ဧ​ဖ​ရိမ်​တောင်​ပိုင်း အ​ရပ်​နှင့် ရှ​လိ​ရှ​ဒေ​သ​တစ်​လျှောက်​တွင် ရှာ​ဖွေ​ကြ​သော်​လည်း​မြည်း​များ​ကို​မ​တွေ့ ကြ။ သို့​ဖြစ်​၍​သူ​တို့​သည်​ရှာ​လိမ်​ဒေ​သ တစ်​လျှောက်​တွင်​ရှာ​ကြ​၏။ သို့​ရာ​တွင်​မြည်း တို့​သည်​ထို​အ​ရပ်​တွင်​မ​ရှိ။ ထို​နောက်​သူ တို့​သည်​ဗင်္ယာ​မိန်​နယ်​တွင်​လိုက်​၍​ရှာ​ကြ​၏။ ဤ​အ​ရပ်​တွင်​လည်း​မြည်း​တို့​ကို​မ​တွေ့ ကြ။- \v 5 သူ​တို့​သည်​ဇု​ဖ​ဒေ​သ​သို့​ရောက်​ရှိ​ကြ သော​အ​ခါ ရှော​လု​က​သူ​၏​အ​စေ​ခံ အား``ငါ​တို့​အိမ်​သို့​ပြန်​ကြ​စို့။ သို့​မ​ဟုတ် ပါ​မူ​ငါ​၏​အ​ဖ​သည်​မြည်း​တို့​အ​တွက် စိုး​ရိမ်​ပူ​ပန်​မည့်​အ​စား​ငါ​တို့​အ​တွက် စိုး​ရိမ်​ပူ​ပန်​လိမ့်​မည်'' ဟု​ဆို​၏။ \p \v 6 အ​စေ​ခံ​က``ဆိုင်း​ငံ့​ပါ​ဦး။ ဤ​မြို့​တွင်​သူ​တော် စင်​တစ်​ဦး​ရှိ​ပါ​၏။ သူ​ပြော​သ​မျှ​စ​ကား​တို့ သည်​အ​မှန်​ပင်​ဖြစ်​ပျက်​လာ​သ​ဖြင့် သူ့​အား လူ​တို့​ရို​သေ​လေး​စား​ကြ​ပါ​၏။ အ​ကျွန်ုပ်​တို့ သူ့​ထံ​ကို​သွား​ကြ​ပါ​စို့။ မြည်း​များ​အား အ​ဘယ်​အ​ရပ်​တွင်​ရှာ​ရ​မည်​ကို​သူ​သည် အ​ကျွန်ုပ်​တို့​အား​ဖော်​ပြ​ကောင်း​ဖော်​ပြ​နိုင် ပါ​လိမ့်​မည်'' ဟု​ဆို​၏။ \p \v 7 ရှော​လု​က``ထို​သူ​ထံ​ကို​သွား​လျှင်​ငါ​တို့ အ​ဘယ်​အ​ရာ​ကို​ပေး​လှူ​ရ​ပါ​မည်​နည်း။ ငါ တို့​တွင်​ပါ​သ​မျှ​သော​အ​စား​အ​စာ​လည်း ကုန်​ချေ​ပြီ။ ငါ​တို့​မှာ​သူ့​အား​ပေး​စ​ရာ ဘာ​မျှ​မ​ရှိ'' ဟု​ဆို​၏။ \p \v 8 အ​စေ​ခံ​က``အ​ကျွန်ုပ်​မှာ​ငွေ​တစ်​မတ်​သာ​ရှိ ပါ​သည်။ ထို​ငွေ​ကို​သူ့​အား​ပေး​နိုင်​ပါ​သည်။ ထို အ​ခါ​သူ​သည်​မြည်း​များ​အ​ဘယ်​အ​ရပ်​တွင် ရှိ​သည်​ကို အ​ကျွန်ုပ်​တို့​အား​ပြော​ပြ​ပါ​လိမ့် မည်'' ဟု​ပြန်​ပြော​၏။ \p \v 9-11 ရှော​လု​က​လည်း``ကောင်း​ပြီ။ ငါ​တို့​သွား​ကြ​စို့'' ဟု​ဆို​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​သူ​တော်​စင်​နေ ထိုင်​ရာ​မြို့​သို့​သွား​ကြ​၏။ မြို့​တည်​ရာ​တောင်​ကုန်း ကို​တက်​၍​သွား​ကြ​စဉ် သူ​တို့​သည်​လမ်း​တွင်​ရေ ခပ်​ရန်​လာ​သော​အ​မျိုး​သ​မီး​က​လေး​အ​ချို့​နှင့် တွေ့​သ​ဖြင့်``ထို​မြို့​ထဲ​၌​ရှေ့​ဖြစ်​ကို​ဟော​နိုင်​သူ ရှိ​ပါ​၏​လော'' ဟု​မေး​မြန်း​စုံ​စမ်း​ကြ​၏။ \p (ထို​ခေတ်​အ​ခါ​က​ပ​ရော​ဖက်​အား​ရှေး​ဖြစ်​ကို ဟော​နိုင်​သူ​ဟု​ခေါ်​ဝေါ်​ကြ​၏။ သို့​ဖြစ်​၍​လူ တစ်​ဦး​တစ်​ယောက်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ လျှောက်​ထား​မေး​မြန်း​လို​သော​အ​ခါ``ရှေ့​ဖြစ် ကို​ဟော​နိုင်​သူ​ထံ​သို့​ငါ​တို့​သွား​ကြ​ကုန် အံ့'' ဟု​ဆို​လေ့​ရှိ​သ​တည်း။) \p \v 12-13 အ​မျိုး​သ​မီး​က​လေး​များ​က​လည်း``ရှိ​ပါ သည်။ အ​မှန်​မှာ​သူ​သည်​သင်​တို့​မ​လာ​မီ က​လေး​က​မှ​ရောက်​ရှိ​လာ​ပါ​သည်။ သင်​တို့ မြန်​မြန်​သွား​လျှင်​သူ့​ကို​မီ​ပါ​လိမ့်​မည်။ သင် တို့​မြို့​ထဲ​ကို​ဝင်​လျှင်​ဝင်​ချင်း​သူ့​အား​တွေ့ ရှိ​ပါ​လိမ့်​မည်။ လူ​တို့​သည်​တောင်​ကုန်း​ပေါ် ရှိ​ယဇ်​ပလ္လင်​တွင်​ပူ​ဇော်​သကာ​ဆက်​သ​ကြ မည်​ဖြစ်​၍ ထို​သူ​သည်​မြို့​သို့​ယ​နေ့​ရောက် ရှိ​လာ​ခြင်း​ဖြစ်​ပါ​သည်။ သူ​မ​ရောက်​မ​ချင်း ဖိတ်​ခေါ်​ထား​သော​သူ​တို့​သည်​စား​သောက်​ကြ လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​သည်​ယဇ်​ကောင်​ကို​ဦး​စွာ​ကောင်း​ချီး​ပေး ရ​မည်​ဖြစ်​သော​ကြောင့်​ဖြစ်​ပါ​၏။ ထို​ကြောင့် သင်​တို့​သည်​မြို့​ထဲ​သို့​ဝင်​လျှင်​ဝင်​ချင်း ထို​သူ​တောင်​ထိပ်​သို့​စား​သောက်​ရန်​မ​တက် မီ​သူ့​အား​တွေ့​ရ​ကြ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။- \v 14 သို့​ဖြစ်​၍​ရှော​လု​နှင့်​အ​စေ​ခံ​တို့​သည်​မြို့ သို့​သွား​ကြ​၏။ သူ​တို့​သည်​မြို့​ထဲ​သို့​ဝင်​မည် အ​ပြု​တွင် ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​သို့​ထွက် ခွာ​၍​လာ​နေ​သော​ရှ​မွေ​လ​ကို​တွေ့​ကြ​၏။ \p \v 15 ရှော​လု​ရောက်​မ​လာ​မီ​တစ်​နေ့​၌​ရှ​မွေ​လ အား ထာ​ဝ​ရ​ဘု​ရား​က၊- \v 16 ``နက်​ဖြန်​ဤ​အ​ချိန်​လောက်​၌​ဗင်္ယာ​မိန်​အ​နွယ် ဝင်​လူ​တစ်​ယောက်​ကို သင့်​ထံ​သို့​ငါ​စေ​လွှတ် လိုက်​မည်။ သူ့​အား​ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​လော့။ သူ​သည် ငါ​၏​လူ​မျိုး​တော်​ကို​ဖိ​လိတ္တိ​အ​မျိုး​သား တို့​၏​ဘေး​မှ​ကာ​ကွယ်​စောင့်​ရှောက်​လိမ့်​မည်။ ငါ​သည်​မိ​မိ​လူ​မျိုး​တော်​၏​ဆင်း​ရဲ​ဒုက္ခ​ကို မြင်​ရ​ပြီ။ သူ​တို့​ဟစ်​အော်​၍​အ​ကူ​အ​ညီ တောင်း​ခံ​သံ​များ​ကို​လည်း​ကြား​ရ​ပြီ'' ဟု မိန့်​တော်​မူ​၏။ \p \v 17 ရှော​လု​ကို​ရှ​မွေ​လ​တွေ့​မြင်​ချိန်​၌​ထာ​ဝ​ရ ဘု​ရား​က``သင့်​အား​ငါ​ဖော်​ပြ​ခဲ့​သော​သူ ကား​ဤ​သူ​ပင်​ဖြစ်​၏။ သူ​သည်​ငါ​၏​လူ​မျိုး တော်​ကို​အုပ်​စိုး​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။- \v 18 ထို​နောက်​ရှော​လု​သည်​မြို့​တံ​ခါး​အ​နီး​ရှိ ရှ​မွေ​လ​ထံ​သို့​ချဉ်း​ကပ်​၍``ရှေ့​ဖြစ်​ကို​ဟော နိုင်​သူ​သည်​အ​ဘယ်​အ​ရပ်​မှာ​နေ​ပါ​သ​နည်း။ အ​ကျွန်ုပ်​အား​ပြော​ပြ​ပါ​လော့'' ဟု​တောင်း ပန်​၏။ \p \v 19 ရှ​မွေ​လ​က``ရှေ့​ဖြစ်​ကို​ဟော​နိုင်​သူ​သည် ငါ ပင်​ဖြစ်​၏။ ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​တော် သို့​ငါ​၏​ရှေ့​မှ​သွား​လော့။ သင်​တို့​နှစ်​ယောက် စ​လုံး ယ​နေ့​ငါ​နှင့်​အ​တူ​စား​သောက်​ရ​ကြ မည်။ နက်​ဖြန်​နံ​နက်​၌​ငါ​သည်​သင်​တို့​၏​မေး ခွန်း​ရှိ​သ​မျှ​ကို​ဖြေ​ကြား​ပြီး​နောက် သင် တို့​အား​အိမ်​သို့​ပြန်​စေ​မည်။- \v 20 လွန်​ခဲ့​သော​သုံး​ရက်​က​ပျောက်​ဆုံး​ခဲ့​သည့် မြည်း​များ​အ​တွက် ကို​မူ​မ​စိုး​ရိမ်​နှင့်။ ယင်း တို့​ကို​ပြန်​၍​တွေ့​ရှိ​ပြီး​ဖြစ်​၏။ သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ လွန်​စွာ​လို​လား တောင့်​တ​နေ​သူ​ကား​အ​ဘယ်​သူ​နည်း။ သင် နှင့်​သင့်​အ​ဖ​၏​အိမ်​ထောင်​စု​ပင်​မ​ဟုတ် လော'' ဟု​ပြန်​ပြော​၏။ \p \v 21 ရှော​လု​က``အ​ကျွန်ုပ်​သည် ဗင်္ယာ​မိန်​အ​နွယ်​ဝင် ဖြစ်​ပါ​၏။ ထို​သား​ချင်း​စု​သည်​ဣ​သ​ရေ​လ အ​မျိုး​တွင်​အ​သေး​ငယ်​ဆုံး​ဖြစ်​ပါ​၏။ အ ကျွန်ုပ်​၏​အိမ်​ထောင်​စု​သည်​လည်း ထို​သား​ချင်း စု​တွင်​အ​သိမ်​ငယ်​ဆုံး​ဖြစ်​ပါ​၏။ သို့​ဖြစ်​၍ အ​ရှင်​သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​အား ဤ​သို့​မိန့်​တော်​မူ​ပါ​သ​နည်း'' ဟု​လျှောက်​၏။ \p \v 22 ထို​နောက်​ရှ​မွေ​လ​သည် ရှော​လု​နှင့်​သူ​၏ အ​စေ​ခံ​ကို​ဧည့်​ခန်း​သို့​ခေါ်​သွား​ပြီး​လျှင် ဧည့်​သည်​စု​စု​ပေါင်း​သုံး​ဆယ်​ထိုင်​လျက်​နေ သော​စား​ပွဲ​ထိပ်​တွင်​နေ​ရာ​ချ​ထား​ပေး​၏။- \v 23 ရှ​မွေ​လ​က​စား​တော်​ကဲ​အား``သင့်​အား​သီး သန့်​ထား​ရှိ​ရန် ငါ​မှာ​ကြား​ထား​သည့်​အ​မဲ သား​တုံး​ကို​ယူ​ခဲ့​လော့'' ဟု​ဆို​၏။- \v 24 သို့​ဖြစ်​၍​စား​တော်​ကဲ​သည်​လက်​ရွေး​စင်​ပေါင် တစ်​ပေါင်​ကို​ယူ​လာ​ပြီး​လျှင် ရှော​လု​၏​ရှေ့​တွင် ချ​ထား​လေ​၏။ ရှ​မွေ​လ​က``ဤ​အ​ရာ​ကား သင်​၏​အ​တွက်​သီး​သန့်​ဖယ်​ထား​သော​အ​သား ဖြစ်​၏။ ယူ​၍​စား​လော့။ ငါ​ဖိတ်​ခေါ်​ထား​သူ​တို့ နှင့်​အ​တူ​ယ​ခု​အ​ချိန်​၌​သင်​စား​ရန်​ဤ အ​သား​ကို​ငါ​ဖယ်​ထား​ခဲ့​၏'' ဟု​ဆို​၏။ \p ထို့​ကြောင့်​ရှော​လု​သည် ထို​နေ့​၌​ရှ​မွေ​လ​နှင့် အ​တူ​စား​သောက်​လေ​၏။- \v 25 သူ​တို့​သည်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​မှ​မြို့ သို့​ပြန်​၍​ဆင်း​သွား​ကြ​သော​အ​ခါ ရှော​လု အ​တွက်​အိမ်​ခေါင်​မိုး​ပေါ်​တွင်\f 6 \fr 9:25 \ft * \+fk အိမ်​ခေါင်​မိုး​ပေါ်။ \ft ထို​အ​ချိန်​ကာ​လ​က​လူ​တို့​သည်​အိမ်​ခေါင် မိုး​ပြန့်​ပေါ်​တွင်​အိပ်​စက်​လေ့​ရှိ​၏။\f* အိပ်​ရာ​တစ်​ခု​ကို​ခင်း​ပေး​ကြ​၏။- \v 26 ရှော​လု​သည်​လည်း​အိပ်​ရာ​တွင်​အိပ်​လေ​၏။ \s1 ရှော​လု​အား​ရှ​မွေ​လ​ရာ​ဇ​ဘိ​သိက်​သွန်း​လောင်း​ခြင်း \p အ​ရုဏ်​တက်​ချိန်​၌​ရှ​မွေ​လ​သည်​အိမ်​ခေါင်​မိုး​ထက် တွင်​ရှိ​သော​ရှော​လု​အား``ထ​လော့။ သင်​အိမ်​ပြန်​ရန် ခ​ရီး​လမ်း​သို့​ငါ​ပို့​ဆောင်​ပေး​အံ့'' ဟု​အော်​၍​ပြော သော​အ​ခါ​ရှော​လု​သည်​အိပ်​ရာ​မှ​ထ​လေ​၏။ ထို နောက်​သူ​နှင့်​ရှ​မွေ​လ​တို့​သည်​အ​တူ​တ​ကွ​ထွက် သွား​ကြ​၏။- \v 27 သူ​တို့​သည်​မြို့​စွန်​မြို့​ဖျား​သို့​ရောက်​သော​အ​ခါ ရှ​မွေ​လ​သည်​ရှော​လု​အား``သင်​၏​အ​စေ​ခံ​ကို​ငါ တို့​ရှေ့​က​သွား​နှင့်​ရန်​ပြော​ကြား​လော့'' ဟု​ဆို​၏။ အ​စေ​ခံ​သည်​လည်း​သွား​နှင့်​၏။ ထို​အ​ခါ​ရှ​မွေ​လ က``ဤ​တွင်​ခေတ္တ​ရပ်​နား​လော့။ ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​သင့်​အား​ငါ​ဖော်​ပြ​ပေ​အံ့'' ဟု ဆို​၏။ \c 10 \p \v 1 ထို​နောက်​ရှ​မွေ​လ​သည်​သံ​လွင်​ဆီ​ဘူး​ကို​ယူ ၍ ရှော​လု​၏​ဦး​ခေါင်း​ပေါ်​သို့​သွန်း​လောင်း​ပြီး လျှင် သူ့​အား​နမ်း​ရှုပ်​လျက်``ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရင်​အ​ဖြစ်​ဘိ​သိက် ပေး​တော်​မူ​၏။ သင်​သည်​ကိုယ်​တော်​၏​လူ​မျိုး တော်​ကို​အုပ်​စိုး​လျက် ရန်​သူ​တို့​၏​ဘေး​မှ ကာ​ကွယ်​စောင့်​ရှောက်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား​ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို အုပ်​စိုး​ရ​သူ​အ​ဖြစ်​ဖြင့် ဘိ​သိက်​ပေး​တော် မူ​ကြောင်း​သက်​သေ​ကား​ဤ​သို့​တည်း။- \v 2 ယ​နေ့​ငါ့​ထံ​မှ​ထွက်​ခွာ​သွား​သော​အ​ခါ သင်​သည်​ဗင်္ယာ​မိန်​နယ်၊ ဇေ​လ​ဇ​မြို့​ရှိ​ရာ ခေ​လ​၏​သင်္ချိုင်း​အ​နီး​တွင်​လူ​နှစ်​ယောက် ကို​တွေ့​လိမ့်​မည်။ သူ​တို့​က​သင်​လိုက်​လံ​ရှာ ဖွေ​နေ​သော​မြည်း​တို့​ကို​ပြန်​လည်​တွေ့​ရှိ​ပြီ ဖြစ်​၍ သင့်​အ​ဖ​သည်​မြည်း​များ​အ​တွက် စိုး​ရိမ်​ပူ​ပန်​မှု​မ​ရှိ​တော့​ဘဲ​သင်​၏​အ​တွက် သာ​လျှင် စိုး​ရိမ်​ပူ​ပန်​လျက်​နေ​ကြောင်း​ကို လည်း​ကောင်း`ငါ့​သား​အ​တွက်​အ​ဘယ်​သို့ ငါ​ပြု​ရ​ပါ​မည်​နည်း' ဟု​မြည်​တမ်း​လျက် နေ​ကြောင်း​ကို​လည်း​ကောင်း​သင့်​အား​ပြော ကြား​ကြ​လိမ့်​မည်။- \v 3 သင်​သည်​ထို​အ​ရပ်​မှ​နေ​၍​တာ​ဗော်​လွင်​ပြင် ရှိ မြတ်​သည့်​ဝက်​သစ်​ချ​ပင်​သို့​ရောက်​သည်​တိုင် အောင်​သွား​ရ​မည်။ ထို​နေ​ရာ​တွင်​လူ​သုံး​ယောက် ကို​တွေ့​လိမ့်​မည်။ သူ​တို့​သည်​ဗေ​သ​လ​မြို့​တွင် ဘု​ရား​သ​ခင်​အား​ယဇ်​ပူ​ဇော်​ရန်​သွား​ကြ သူ​များ​ဖြစ်​၏။ သူ​တို့​အ​နက်​တစ်​ယောက် သည်​ဆိတ်​သုံး​ကောင်​ကို​ဆွဲ​လျက်​တစ်​ယောက် က​မုန့်​သုံး​လုံး​ကို​ကိုင်​လျက်၊ အ​ခြား​တစ် ယောက်​က​စ​ပျစ်​ရည်​အ​ပြည့်​ပါ​သော​သား ရေ​ဘူး​ကို​ဆောင်​လျက်​လာ​လိမ့်​မည်။- \v 4 သူ​တို့​သည်​သင့်​အား​နှုတ်​ခွန်း​ဆက်​ပြီး​လျှင် မုန့်​နှစ်​လုံး​ကို​ပေး​လိမ့်​မည်။ ထို​မုန့်​တို့​ကို သင်​သည်​လက်​ခံ​ရ​မည်။- \v 5 ထို​နောက်​သင်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏ တပ်​စ​ခန်း​ချ​ရာ ဂိ​ဗာ​မြို့​ရှိ​ဘု​ရား​သ​ခင် ၏​တောင်​တော်​သို့​သွား​ရောက်​ရ​မည်။ ဂိ​ဗာ​မြို့ အ​ဝင်​ဝ​၌​သင်​သည်​စောင်း​ကြီး၊ စောင်း​ငယ်၊ ပတ်​သာ၊ ပြွေ​တို့​ကို​တီး​မှုတ်​လျက်​တောင်​ပေါ် ရှိ​ယဇ်​ပလ္လင်​မှ​လာ​ကြ​သော​ပ​ရော​ဖက်​တစ်​စု ကို​တွေ့​လိမ့်​မည်။ သူ​တို့​သည်​က​ခုန်​ဟစ်​အော် ၍​နေ​ကြ​လိမ့်​မည်။- \v 6 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် သင်​၏​အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သင်​သည် ထို​သူ​တို့​နှင့်​အ​တူ​ပါ​ဝင်​က​ခုန်​အော်​ဟစ် ကာ​ခြား​နား​သော​သူ​ဖြစ်​၍​သွား​လိမ့်​မည်။- \v 7 ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော​အ​ခါ သင့်​အား​ဘု​ရား​သ​ခင်​လမ်း​ပြ​တော်​မူ​သည့် အ​တိုင်း​ပြု​လော့။- \v 8 သင်​သည်​ငါ​၏​အ​လျင်​ဂိ​လ​ဂါ​လ​မြို့​သို့ သွား​ရ​မည်။ ငါ​သည်​ထို​မြို့​တွင်​သင်​နှင့်​တွေ့ ဆုံ​၍​မီး​ရှို့​ရာ​ယဇ်​များ​နှင့်​မိတ်​သ​ဟာ​ယ ယဇ်​များ​ကို​ပူဇော်​မည်။ သင်​အ​ဘယ်​သို့​ပြု ရ​မည်​ကို ငါ​လာ​၍​မ​ဖော်​ပြ​မ​ချင်း​ထို မြို့​တွင်​ခု​နစ်​ရက်​တိုင်​တိုင်​စောင့်​နေ​လော့'' ဟု​ဆို​၏။ \p \v 9 ရှော​လု​သည်​ရှ​မွေ​လ​ထံ​မှ​ထွက်​ခွာ​လာ ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လု​အား စိတ်​သ​ဘော​သစ်​ကို​ပေး​တော်​မူ​၏။ ရှ​မွေ​လ ဖော်​ပြ​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ​တို့​သည် လည်း​ထို​နေ့​၌​ဖြစ်​ပျက်​လာ​လေ​သည်။- \v 10 ရှော​လု​နှင့်​သူ​၏​အ​စေ​ခံ​သည်​ဂိ​ဗာ​မြို့ သို့​ရောက်​ရှိ​ကြ​သော​အ​ခါ ပ​ရော​ဖက်​တစ် စု​သည်​သူ​တို့​အား​ဆီး​ကြို​ကြ​၏။ ထာ​ဝ​ရ ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ရှော​လု​အ​ပေါ် သို့​သက်​ရောက်​သ​ဖြင့်​သူ​သည်​ပ​ရော​ဖက် များ​နှင့်​အ​တူ​ပါ​ဝင်​က​ခုန်​ဟစ်​အော် လေ​သည်။- \v 11 သူ့​အား​ယ​ခင်​က​သိ​ရှိ​ခဲ့​ကြ​သော​လူ တို့​သည် ရှော​လု​ဤ​သို့​က​ခုန်​ဟစ်​အော်​နေ သည်​ကို​မြင်​လျှင်``ကိ​ရှ​၏​သား​ကား​အ​ဘယ် သို့​ဖြစ်​လေ​ပြီ​နည်း။ ရှော​လု​သည်​လည်း ပ​ရော​ဖက်​ဖြစ်​လာ​လေ​ပြီ​လော'' ဟု အ​ချင်း​ချင်း​ပြော​ဆို​မေး​မြန်း​ကြ​၏။- \v 12 ထို​အ​ရပ်​သား​တစ်​ဦး​က``အ​ခြား​ပ​ရော ဖက်​တို့​၏​ဖ​ခင်​များ​ကား​မည်​သူ​တို့​နည်း'' ဟု​ဆို​၏။ ဤ​သို့​လျှင်``ရှော​လု​သည်​လည်း ပ​ရော​ဖက်​ဖြစ်​လာ​လေ​ပြီ​လော'' ဟူ​သော ဆို​ရိုး​စ​ကား​စ​တင်​ပေါ်​ပေါက်​လာ သ​တည်း။-\x + \xo 10:12 \xt ၁ရာ၊ ၁၉:၂၃-၂၄။\x* \v 13 က​ခုန်​ဟစ်​အော်​ပြီး​သော​အ​ခါ​ရှော​လု သည်​တောင်​ကုန်း​ပေါ်​ရှိ​ယဇ်​ပလ္လင်​သို့​ထွက် ခွာ​သွား​၏။ \p \v 14 ရှော​လု​၏​ဦး​လေး​သည်​ရှော​လု​နှင့်​အ​စေ​ခံ ကို​မြင်​လျှင် ``သင်​တို့​အ​ဘယ်​အ​ရပ်​မှ​ပြန် လာ​ကြ​သ​နည်း'' ဟု​မေး​၏။ \p ရှော​လု​က``မြည်း​များ​ကို​ရှာ​ဖွေ​ရာ​မှ​ဖြစ် ပါ​သည်။ အ​ကျွန်ုပ်​တို့​သည်​မြည်း​များ​ကို​ရှာ မ​တွေ့​သ​ဖြင့် ရှ​မွေ​လ​ထံ​ကို​သွား​ရောက်​ခဲ့ ကြ​ပါ​သည်'' ဟု​ပြန်​လည်​ဖြေ​ကြား​၏။ \p \v 15 ``သူ​သည်​သင်​တို့​အား အ​ဘယ်​သို့​ပြော လိုက်​ပါ​သ​နည်း'' ဟု​ဦး​လေး​က​မေး ပြန်​သော်၊ \p \v 16 ရှော​လု​က``မြည်း​များ​ကို​ပြန်​၍​တွေ့​ပြီ ဖြစ်​ကြောင်း အ​ကျွန်ုပ်​တို့​အား​ပြော​ကြား လိုက်​ပါ​သည်'' ဟု​ဆို​၏။ သို့​ရာ​တွင်​ရှ​မွေ​လ မိန့်​မြွက်​သည့်​နိုင်​ငံ​ရေး​အ​ကြောင်း​ကို​မူ ဦး​လေး​အား​မ​ပြော​ဘဲ​နေ​၏။ \s1 ရှော​လု​အား​ဘု​ရင်​အ​ဖြစ်​ဖြင့်​ကြွေး​ကြော် တင်​မြှောက်​ခြင်း \p \v 17 ရှ​မွေ​လ​သည်​လူ​တို့​အား​မိ​ဇ​ပါ​မြို့​တွင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ခေါ်​ယူ​စု​ရုံး စေ​ပြီး​လျှင်၊- \v 18 ဤ​သို့​ဆို​၏။ ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`သင်​တို့ ကို​အီ​ဂျစ်​ပြည်​မှ​ငါ​ထုတ်​ဆောင်​၍ သင်​တို့ အား​နှိပ်​စက်​က​လူ​ပြု​သော​အီ​ဂျစ်​အ​မျိုး သား​များ​နှင့်​အ​ခြား​အ​မျိုး​သား​အ​ပေါင်း တို့​၏​ဘေး​မှ​ကယ်​ဆယ်​တော်​မူ​ခဲ့​သည်။- \v 19 ငါ​သည်​သင်​တို့​၏​ဘု​ရား၊ ဆင်း​ရဲ​ဒုက္ခ​များ နှင့်​အ​ခက်​အ​ခဲ​များ​မှ​သင်​တို့​ကို​ကယ် တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ သို့​ရာ တွင်​သင်​တို့​သည်​ငါ့​ကို​ပစ်​ပယ်​ကာ​ငါ​၏ ထံ​မှ​ဘု​ရင်​ကို​တောင်း​ခံ​ခဲ့​ကြ​၏။ ကောင်း ပြီ။ သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​၌​အ​နွယ်​အ​လိုက်၊ သား​ချင်း​စု​အ​လိုက် စု​ရုံး​ကြ​လော့' ဟု​မိန့်​တော်​မူ​သည်။'' \p \v 20 ထို​နောက်​ရှ​မွေ​လ​သည်​အ​နွယ်​တို့​ကို​တစ် စု​ပြီး​တစ်​စု ရှေ့​သို့​လာ​ရောက်​စေ​ပြီး​လျှင် မဲ​ချ​၍ ဗင်္ယာ​မိန်​အ​နွယ်​ကို​ရွေး​ချယ်​၏။- \v 21 ထို​နောက်​ရှ​မွေ​လ​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင် အိမ်​ထောင်​စု​များ​ကို ရှေ့​သို့​လာ​ရောက်​စေ သော​အ​ခါ​မာ​တ​ရိ​အိမ်​ထောင်​စု​သည် အ​ရွေး​ခံ​ရ​၏။ ထို​နောက်​မာ​တ​ရိ​အိမ်​ထောင် စု​မှ​အ​မျိုး​သား​တို့​သည်​ရှေ့​သို့​ထွက်​၍ လာ​ကြ​လျှင် ကိ​ရှ​၏​သား​ရှော​လု​သည် အ​ရွေး​ခံ​ရ​၏။ သို့​ရာ​တွင်​သူ့​ကို​ရှာ​၍ မ​တွေ့​ကြ​သော​အ​ခါ၊- \v 22 လူ​တို့​သည်``ရှော​လု​အ​ပြင်​အ​ခြား​သူ​တစ်​စုံ တစ်​ယောက်​ရှိ​ပါ​သေး​သ​လော'' ဟု​ထာ​ဝ​ရ ဘု​ရား​အား​မေး​လျှောက်​ကြ​၏။ \p ထာ​ဝ​ရ​ဘု​ရား​က``ရှော​လု​သည်​ကုန်​ထုပ် များ​၏​နောက်​တွင်​ပုန်း​ကွယ်​လျက်​ရှိ​သည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 23 သို့​ဖြစ်​၍​သူ​တို့​သည်​ပြေး​၍​ရှော​လု​ကို လူ​တို့​ရှေ့​သို့​ခေါ်​ခဲ့​ကြ​သော​အ​ခါ သူ​သည် အ​ခြား​သူ​အ​ပေါင်း​တို့​ထက်​အ​ရပ်​တစ် ပေ​မျှ​ပို​၍​မြင့်​သည်​ကို​တွေ့​မြင်​ရ​ကြ​၏။- \v 24 ရှ​မွေ​လ​က​လူ​တို့​အား``ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​တော်​မူ​သော​သူ​ကား​ဤ​သူ​တည်း။ ငါ​တို့​တွင်​သူ​နှင့်​တူ​သူ​တစ်​ယောက်​မျှ မ​ရှိ'' ဟု​ဆို​၏။ \p လူ​အ​ပေါင်း​တို့​သည်​လည်း``အ​ရှင်​မင်း​ကြီး သက်​တော်​ရှည်​ပါ​စေ​သော'' ဟု​ကြွေး​ကြော် ကြ​၏။ \p \v 25 ရှ​မွေ​လ​သည်​မင်း​ကျင့်​တ​ရား​များ​နှင့် ဘု​ရင့် ရ​ပိုင်​ခွင့်​များ​ကို လူ​တို့​အား​ရှင်း​လင်း​ဖော် ပြ​၏။ ထို​နောက်​ထို​အ​ရာ​များ​ကို​စာ​အုပ် တွင်​ရေး​မှတ်​ကာ သန့်​ရှင်း​ရာ​ဌာ​န​တွင်​သိမ်း ဆည်း​ထား​၏။ ထို​နောက်​သူ​သည်​လူ​တို့​အား မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး​သို့​ပြန်​စေ​၏။- \v 26 ရှော​လု​သည်​လည်း​ဂိ​ဗာ​မြို့​နေ​အိမ်​သို့​ပြန် လေ​သည်။ သူ​ရဲ​ကောင်း​အ​ချို့​တို့​၏​စိတ်​ကို ဘု​ရား​သ​ခင်​ပြု​ပြင်​တော်​မူ​သ​ဖြင့် သူ​တို့ သည်​ရှော​လု​နှင့်​အ​တူ​လိုက်​သွား​ကြ​၏။- \v 27 သို့​ရာ​တွင်​လူ​ဆိုး​လူ​မိုက်​တို့​က``ဤ​သူ သည်​ငါ​တို့​အား အ​ဘယ်​သို့​အ​ကျိုး​ပြု​နိုင် ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။ သူ​တို့​သည် ရှော​လု​ကို​အ​ထင်​သေး​သ​ဖြင့် အ​ဘယ် လက်​ဆောင်​ကို​မျှ​မ​ပေး​မ​ဆက်​ကြ။ \c 11 \s1 အမ္မုန်​အ​မျိုး​သား​တို့​အား​ရှော​လု​နှိမ်​နင်း​ခြင်း \p \v 1 နောက်​တစ်​လ​ခန့်​ကြာ​သော​အ​ခါ အမ္မုန်​ဘု​ရင် နာ​ဟတ်​သည်​စစ်​သည်​အ​လုံး​အ​ရင်း​နှင့်​ဂိ​လဒ် ပြည်​ယာ​ဗက်​မြို့​သို့​ချီ​တက်​လာ​၏။ သူ​တို့​သည် မြို့​ကို​ဝိုင်း​ရံ​ထား​သ​ဖြင့် ယာ​ဗက်​မြို့​သား​တို့ က​နာ​ဟတ်​အား``အ​ကျွန်ုပ်​တို့​နှင့်​မ​ဟာ​မိတ် စာ​ချုပ်​ချုပ်​ဆို​ပါ​က အ​ကျွန်ုပ်​တို့​သည်​အ​ရှင် ၏​သစ္စာ​တော်​ကို​ခံ​ယူ​ပါ​မည်'' ဟု​လျှောက် ထား​ကြ​၏။ \p \v 2 နာ​ဟတ်​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တစ် ရပ်​လုံး​အ​သ​ရေ​ပျက်​စေ​ရန် သင်​တို့​၏​ညာ မျက်​စိ​ရှိ​သ​မျှ​ကို​ဖောက်​ပစ်​ခွင့်​ပေး​မှ​သာ ငါ​သည်​သင်​တို့​နှင့်​မ​ဟာ​မိတ်​စာ​ချုပ်​ချုပ် ဆို​နိုင်​မည်'' ဟု​ဆို​၏။ \p \v 3 ယာ​ဗက်​မြို့​သား​ခေါင်း​ဆောင်​များ​က``ဣ​သ​ရေ​လ ပြည်​တစ်​လျှောက်​လုံး​သို့​တ​မန်​များ​စေ​လွှတ်​၍ သ​တင်း​ပေး​ပို့​နိုင်​ရန်​အ​ကျွန်ုပ်​တို့​အား​ခု​နစ် ရက်​မျှ​အ​ခွင့်​ပေး​ပါ။ အ​ကယ်​၍​အ​ကျွန်ုပ်​တို့ အား​ကူ​မ​မည့်​သူ​မ​ရှိ​ပါ​က​အ​ရှင့်​ထံ​တွင် အ​ညံ့​ခံ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။ \p \v 4 စေ​တ​မန်​တို့​သည်​ရှော​လု​နေ​ထိုင်​ရာ​ဂိ​ဗာ မြို့​သို့​ရောက်​ရှိ​လာ​လျက် ထို​သ​တင်း​ကို​ပြော ကြား​ကြ​သော​အ​ခါ လူ​တို့​သည်​စိတ်​ပျက် အား​လျော့​လျက်​ငို​ကြွေး​ကြ​ကုန်​၏။- \v 5 ထို​အ​ချိန်​၌​ရှော​လု​သည်​မိ​မိ​၏​နွား​များ နှင့်​အ​တူ လယ်​တော​မှ​ပြန်​လည်​ရောက်​ရှိ​လာ ကာ``အ​ကြောင်း​ကား​အ​ဘယ်​သို့​နည်း။ လူ အ​ပေါင်း​တို့​သည်​အ​ဘယ်​ကြောင့်​ငို​ကြွေး နေ​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ လူ​တို့​သည် ယာ​ဗက်​မြို့​မှ​စေ​တ​မန်​တို့​ယူ​ဆောင်​လာ သော​သ​တင်း​ကို​သူ့​အား​ပြော​ကြား​ကြ​၏။- \v 6 ထို​သ​တင်း​ကို​ရှော​လု​ကြား​ရ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် သူ ၏​အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​သ​ဖြင့် သူ​သည်​ပြင်း​စွာ​အ​မျက်​ထွက်​ကာ၊- \v 7 နွား​နှစ်​ကောင်​ကို​ယူ​၍​အပိုင်း​ပိုင်း​ခုတ်​ဖြတ် လျက် စေ​တ​မန်​တို့​အား​ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​သို့​ယူ​ဆောင်​သွား​စေ​ပြီး လျှင်``စစ်​ပွဲ​ဝင်​ရန်​ရှော​လု​နှင့်​ရှ​မွေ​လ​တို့ နောက်​သို့​မ​လိုက်​သူ​မှန်​သ​မျှ​၏​နွား​များ သည် ဤ​နည်း​အ​တိုင်း​ခုတ်​ဖြတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်'' ဟု​သ​တိ​ပေး​စေ​၏။ \p ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ကို​ကြောက်​သ​ဖြင့် တ​ညီ​တ​ညွတ် တည်း​ထွက်​လာ​ကြ​၏။- \v 8 ရှော​လု​သည်​သူ​တို့​အား​ဗေ​ဇက်​မြို့​တွင် စု​ရုံး​စေ​ရာ ဣ​သ​ရေ​လ​ပြည်​မှ​လူ​သုံး သိန်း​နှင့်​ယု​ဒ​ပြည်​မှ​လူ​သုံး​သောင်း​ရ​ရှိ သ​တည်း။- \v 9 ထို​သူ​တို့​က​ယာ​ဗက်​မြို့​မှ​လာ​သော​စေ တ​မန်​တို့​အား``ငါ​တို့​သည်​နက်​ဖြန်​မွန်း မ​တည့်​မီ​သင်​တို့​မြို့​သား​များ​အား​ကယ် ဆယ်​မည်​ဖြစ်​ကြောင်း သူ​တို့​အား​ပြော​ကြား ကြ​လော့'' ဟု​မှာ​ကြား​လိုက်​၏။ ထို​သ​တင်း ကို​ရ​သော​အ​ခါ​ယာ​ဗက်​မြို့​သား​တို့​သည် အ​တိုင်း​ထက်​အ​လွန်​ဝမ်း​မြောက်​ကြ​ကုန်​၏။- \v 10 သူ​တို့​သည်​နာ​ဟတ်​အား``အ​ကျွန်ုပ်​တို့​သည် အ​ရှင့်​ထံ​တွင် နက်​ဖြန်​အ​ညံ့​ခံ​ကြ​ပါ​မည်။ အ​ကျွန်ုပ်​တို့​အား​အ​ရှင်​ပြု​လို​ရာ​ပြု​နိုင် ပါ​သည်'' ဟု​လျှောက်​ကြ​၏။ \p \v 11 နောက်​တစ်​နေ့​နံ​နက်​၌​ရှော​လု​သည်​မိ​မိ ၏​လူ​တို့​ကို​သုံး​တပ်​ခွဲ​ပြီး​လျှင် အ​ရုဏ် တက်​ချိန်​၌ ရန်​သူ​တပ်​စ​ခန်း​ကို​အ​တင်း ဝင်​၍​တိုက်​ခိုက်​ရာ​မွန်း​တည့်​ချိန်​ရောက်​သော် အမ္မုန်​အ​မျိုး​သား​တို့​ကျ​ဆုံး​ကြ​ကုန်​၏။ မ​သေ​ဘဲ​ကြွင်း​ကျန်​နေ​သူ​တို့​သည်​လည်း တ​ကွဲ​တ​ပြား​ကိုယ်​လွတ်​ရုန်း​၍​ထွက်​ပြေး ကြ​လေ​သည်။ \p \v 12 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ရှ​မွေ​လ​အား``ရှော​လု​သည်​အ​ကျွန်ုပ်​တို့​၏ ဘု​ရင်​မ​ဖြစ်​ထိုက်​ဟု​ဆို​သော​သူ​တို့​အ​ဘယ် မှာ​ရှိ​ပါ​သ​နည်း။ သူ​တို့​ကို​အ​ကျွန်ုပ်​တို့​လက် သို့​ပေး​အပ်​ပါ။ သူ​တို့​အား​အ​ကျွန်ုပ်​တို့ အ​ဆုံး​စီ​ရင်​ကြ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။ \p \v 13 သို့​ရာ​တွင်​ရှော​လု​က``ဤ​နေ့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ထာ​ဝ​ရ​ဘု​ရား​ကယ်​ဆယ် တော်​မူ​သော​နေ့​ဖြစ်​၏။ ယ​နေ့​အ​ဘယ်​သူ​ကို မျှ​မ​သတ်​ရ'' ဟု​ဆို​၏။- \v 14 ရှ​မွေ​လ​က​လည်း``ငါ​တို့​အ​ပေါင်း​သည်​ဂိ​လ ဂါ​လ​မြို့​သို့​သွား​၍​ရှော​လု​အား ငါ​တို့ ဘု​ရင်​အ​ဖြစ်​ဖြင့်​ထပ်​မံ​ကြွေး​ကြော်​တင် မြှောက်​ကြ​ကုန်​အံ့'' ဟု​ဆို​၏။- \v 15 သို့​ဖြစ်​၍​သူ​တို့​အား​လုံး​ပင်​ဂိ​လ​ဂါ​လ မြို့​သို့​သွား​ပြီး​လျှင် သန့်​ရှင်း​ရာ​ဌာ​န​တော် တွင်​ရှော​လု​အား​ဘု​ရင်​အ​ဖြစ်​ကြွေး​ကြော် တင်​မြှောက်​ကြ​လေ​သည်။ သူ​တို့​သည်​မိတ် သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော်​ကြ​၏။ ရှော​လု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​သည် လည်း​ပျော်​ပွဲ​ရွှင်​ပွဲ​ကို​ဆင်​နွှဲ​ကြ​၏။ \c 12 \s1 ရှ​မွေ​လ​၏​နှုတ်​ဆက်​စ​ကား \p \v 1 ထို​နောက်​ရှ​မွေ​လ​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား``ငါ​သည်​သင်​တို့​တောင်း​ဆို သည့်​အ​တိုင်း​သင်​တို့​အား​ဘု​ရင်​ကို​ခန့် အပ်​ပေး​သ​ဖြင့်၊- \v 2 ယ​ခု​သင်​တို့​သည်​ခေါင်း​ဆောင်​ကို​ရ​ရှိ​ကြ လေ​ပြီ။ ငါ​မူ​ကား​အ​သက်​အ​ရွယ်​အို​မင်း ၍​ဆံ​ပင်​ဖြူ​လျက်​ရှိ​၏။ ငါ​၏​သား​များ သည်​လည်း​သင်​တို့​နှင့်​အ​တူ​ရှိ​နေ​ကြ​၏။ ငါ​သည်​အ​သက်​ငယ်​စဉ်​မှ​အ​စ​ပြု​၍ သင်​တို့​အား​ဦး​စီး​ခေါင်း​ဆောင်​ပြု​ခဲ့​၏။- \v 3 ယ​ခု​ငါ​ရှိ​နေ​သေး​စဉ်​အ​ကယ်​၍​ငါ့​မှာ အ​ပြစ်​တစ်​စုံ​တစ်​ရာ​ရှိ​ပါ​က ဘု​ရား​သ​ခင် ၏​ရှေ့​တော်​တွင်​လည်း​ကောင်း၊ ကိုယ်​တော်​ဘိ သိက်​ပေး​တော်​မူ​သည့်​ဘု​ရင်​၏​ရှေ့​တွင်​လည်း ကောင်း သင်​တို့​သည်​ယ​ခု​ငါ့​အား​စွပ်​စွဲ​ဖော် ပြ​ကြ​လော့။ ငါ​သည်​အ​ဘယ်​သူ​၏​နွား​ကို ယူ​ဖူး​ပါ​သ​နည်း။ အ​ဘယ်​သူ​၏​မြည်း​ကို မ​တ​ရား​သိမ်း​ယူ​ဖူး​ပါ​သ​နည်း။ ငါ​သည် လူ​တစ်​စုံ​တစ်​ယောက်​အား​လိမ်​လည်​လှည့် စား​မှု​ကို​သော်​လည်း​ကောင်း၊ ညှင်း​ဆဲ​နှိပ် စက်​မှု​ကို​သော်​လည်း​ကောင်း​ပြု​ခဲ့​ဖူး​ပါ သ​လော။ တံ​စိုး​လက်​ဆောင်​ယူ​ဖူး​ပါ​သ လော။ ဤ​အ​မှု​တစ်​ခု​ခု​ကို​ပြု​မိ​ခဲ့​သော် ငါ​သည်​မိ​မိ​ယူ​မိ​သည့်​အ​ရာ​ကို​ပြန် ၍​ပေး​လျော်​ပါ​အံ့'' ဟု​ဆို​၏။ \p \v 4 လူ​တို့​က``အ​ရှင်​သည်​အ​ကျွန်ုပ်​တို့​အား​လိမ် လည်​လှည့်​စား​မှု​ကို​သော်​လည်း​ကောင်း၊ ညှဉ်း ဆဲ​နှိပ်​စက်​မှု​ကို​သော်​လည်း​ကောင်း​မ​ပြု​ခဲ့ ပါ။ မည်​သူ​၏​ပစ္စည်း​ဥစ္စာ​ကို​မျှ​လည်း​မ​ယူ ခဲ့​ဖူး​ပါ'' ဟု​လျှောက်​ကြ​၏။ \p \v 5 ရှ​မွေ​လ​က``ငါ​၌​လုံး​ဝ​အ​ပြစ်​မ​ရှိ​ကြောင်း သင်​တို့​တွေ့​ရှိ​ချက်​ကို​ထာ​ဝ​ရ​ဘု​ရား သက်​သေ​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​ဘိ​သိက် ပေး​တော်​မူ​သော​ဘု​ရင်​သည်​လည်း​သက်​သေ ဖြစ်​တော်​မူ​၏'' ဟု​ဆို​လျှင်၊ \p လူ​တို့​က``မှန်​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​၏​သက်​သေ​ဖြစ်​တော်​မူ​ပါ သည်'' ဟု​ဆို​ကြ​၏။ \p \v 6 ရှ​မွေ​လ​သည်​ဆက်​လက်​၍``မော​ရှေ​နှင့်​အာ​ရုန် တို့​ကို​ရွေး​ချယ်​တော်​မူ​သော​သင်​တို့​၏​ဘိုး ဘေး​များ​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် လာ​တော်​မူ​သော​အ​ရှင်​ကား​ထာ​ဝ​ရ ဘု​ရား​ပင်​ဖြစ်​၏။-\x + \xo 12:6 \xt ထွ၊ ၆:၂၆။\x* \v 7 သင်​တို့​သည်​ယ​ခု​ထ​၍​ရပ်​ကြ​လော့။ ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​တွင်​သင်​တို့​ကို​ငါ​ပြစ်​တင် စွပ်​စွဲ​မည်။ ကိုယ်​တော်​သည်​သင်​တို့​နှင့်​ဘိုး​ဘေး တို့​အား မ​ဟာ​အ​မှု​တော်​များ​အား​ဖြင့်​ကယ် ဆယ်​တော်​မူ​ခဲ့​ပုံ​ကို​သ​တိ​ရ​ကြ​လော့။- \v 8 ယာ​ကုပ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် အီ​ဂျစ်​ပြည်​သို့​သွား​ရောက်​ကြ​သော​အ​ခါ အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​သူ​တို့​အား နှိပ်​စက်​က​လူ​ပြု​ကြ​၏။ ထို​အ​ခါ​သင်​တို့ ၏​ဘိုး​ဘေး​များ​သည် ထာ​ဝ​ရ​ဘု​ရား​အား ကယ်​တော်​မူ​ရန်​ဟစ်​အော်​တောင်း​လျှောက် ကြ​သ​ဖြင့် ကိုယ်​တော်​သည်​မော​ရှေ​နှင့်​အာ​ရုန် တို့​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​နှစ်​ဦး​တို့ သည်​သင်​တို့​၏​ဘိုး​ဘေး​များ​အား အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ကာ​ဤ​ပြည်​တွင်​နေ​ရာ ချ​ထား​ပေး​ကြ​၏။-\x + \xo 12:8 \xt ထွ၊ ၂:၂၃။\x* \v 9 သို့​ရာ​တွင်​လူ​တို့​သည်​မိ​မိ​တို့​အ​ရှင်​ထာ ဝ​ရ​ဘု​ရား​အား​မေ့​လျော့​သွား​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​များ အား​လည်း​ကောင်း၊ မော​ဘ​ဘု​ရင်​နှင့်​ဟာ​ဇော် တပ်​မှူး​သိ​သ​ရ​အား​လည်း​ကောင်း​သူ​တို့ ကို​တိုက်​ခိုက်​နှိမ်​နင်း​ခွင့်​ပြု​တော်​မူ​၏။-\x + \xo 12:9 \xt သူ​ကြီး၊ ၄:၂၊ ၁၃:၁၊ ၃:၁၂။\x* \v 10 ထို​အ​ခါ​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ကူ​မ​တော်​မူ​ရန် ဟစ်​အော်​လျက်`အ​ကျွန်ုပ်​တို့ သည်​အ​ပြစ်​ကူး​လွန်​မိ​ကြ​ပါ​ပြီ။ ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​ပယ်​၍​ဗာ​လ​ဘု​ရား​နှင့် အာ​ရှ တ​ရက်​ဘု​ရား​မ​တို့​၏​ရုပ်​တု​များ​ကို​ဝတ် ပြု​ရှိ​ခိုး​ခဲ့​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​အား​ရန် သူ​များ​၏​လက်​မှ​ကယ်​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​ကို​ဝတ်​ပြု​ကိုး​ကွယ်​ပါ မည်' ဟု​လျှောက်​ထား​ကြ​၏။-\x + \xo 12:10 \xt သူကြီး၊ ၁၀:၁၀-၁၅။\x* \v 11 ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဒေါင်၊ ထို နောက်​ဗာ​ရက်၊ ထို​နောက်​ယေ​ဖ​သ၊ နောက်​ဆုံး ၌​ငါ့​အား​စေ​လွှတ်​တော်​မူ​၏။ ငါ​တို့​အ​သီး သီး​သည်​သင်​တို့​အား​ရန်​သူ​များ​လက်​မှ ကယ်​ခဲ့​ကြ​သ​ဖြင့် သင်​တို့​သည်​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ​၏။-\x + \xo 12:11 \xt သူကြီး၊ ၇:၁၊ ၄:၆၊ ၁၁:၂၉။ ၁ရာ၊ ၃:၂၀။\x* \v 12 သို့​ရာ​တွင်​သင်​တို့​အား​အမ္မုန်​ဘု​ရင်​နာ​ဟတ် က​တိုက်​ခိုက်​မည်​ပြု​သော​အ​ခါ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဘု​ရင်​အ​ဖြစ်​မှ​ပစ် ပယ်​ကာ​သင်​တို့​ကို​အုပ်​စိုး​မည့်​ဘု​ရင်​ကို ခန့်​ပေး​ရန်​ငါ့​ထံ​တွင်​တောင်း​ဆို​ကြ​၏။\x + \xo 12:12 \xt ၁ရာ၊ ၈:၁၉။\x* \p \v 13 ``သင်​တို့​ရွေး​ချယ်​သည့်​ဘု​ရင်​သည်​ယ​ခု​သင် တို့​ရှေ့​မှောက်​တွင်​ရှိ​၏။ သင်​တို့​တောင်း​ဆို​သည့် အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ကို​ဘု​ရင် အ​ဖြစ်​ချီး​မြှောက်​တော်​မူ​လေ​ပြီ။- \v 14 သင်​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​စွာ​ဝတ်​ပြု​ကိုး​ကွယ် လျက် အ​မိန့်​တော်​များ​ကို​မ​လွန်​ဆန်​ဘဲ​စ​ကား တော်​ကို​လိုက်​နာ​၍ သင်​တို့​၏​ဘု​ရင်​နှင့်​အ​တူ ကိုယ်​တော်​၏​ကျေး​ဇူး​သစ္စာ​တော်​ကို​စောင့်​ထိန်း ကြ​လျှင်​သင်​တို့​၏​ဘ​ဝ​သာ​ယာ​လိမ့်​မည်။- \v 15 ``သို့​ရာ​တွင်​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​စ​ကား​ကို​နား​မ​ထောင်​ဘဲ အ​မိန့်​တော်​ကို လွန်​ဆန်​ကြ​ပါ​လျှင် ကိုယ်​တော်​သည်​သင်​တို့ နှင့်​သင်​တို့​၏​ဘု​ရင်​အား​ဆန့်​ကျင်​ဘက် ပြု​တော်​မူ​လိမ့်​မည်။- \v 16 သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ​တို့​ရှိ​ရာ​အ​ရပ် တွင်​ရပ်​နေ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ပြ တော်​မူ​မည့်​တန်​ခိုး​တော်​ကို​မြင်​ရ​ကြ လိမ့်​မည်။- \v 17 ယ​ခု​အ​ခါ​သည်​ခြောက်​သွေ့​သော​ရာ​သီ​ဖြစ် ၏။ သို့​ရာ​တွင်​ငါ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကို​ထစ်​ချုန်း​စွာ ရွာ​သွန်း​စေ​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​ဘု​ရင် ကို​သင်​တို့​တောင်း​ဆို​မိ​သည့်​အ​ပြစ်​သည် အ​ဘယ်​မျှ​ကြီး​လေး​ကြောင်း​သင်​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​ဆို​၏။ \p \v 18 ရှ​မွေ​လ​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြုသ​ဖြင့်​ထို နေ့​၌​ပင်​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကို​ထစ် ချုန်း​စွာ​ရွာ​သွန်း​စေ​တော်​မူ​၏။ ထို​အ​ခါ​လူ အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့် ရှ​မွေ​လ အား​ကြောက်​လန့်​ကြ​သည်​ဖြစ်​၍၊- \v 19 ရှ​မွေ​လ​အား``အ​ရှင်၊ အ​ကျွန်ုပ်​တို့​မ​သေ​ရ​လေ အောင် အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာဝ​ရ​ဘု​ရား​ထံ ကျွန်ုပ်​တို့​အ​ဖို့​ဆု​တောင်း​တော်​မူ​ပါ။ ကျွန်ုပ်​တို့ သည်​ရှင်​ဘု​ရင်​ကို​တောင်း​သော​ကြောင့်​အ​ပြစ် များ​တို့​အ​ပေါ်​မှာ​ထပ်​ဆင့်​၍​အ​ပြစ်​ကို​ပြု မိ​ပါ​ပြီ'' ဟု​ဆို​၏။ \p \v 20 ရှ​မွေ​လ​က``မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် ဤ​သို့​ဆိုး​ယုတ်​သည့်​အ​မှု​ကို​ပြု​ခဲ့​မိ​သော် လည်း ထာ​ဝ​ရ​ဘု​ရား​ကို​မ​စွန့်​ပယ်​ကြ​နှင့်။ ကိုယ်​တော်​အား​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ဝတ်​ပြု ကိုး​ကွယ်​ကြ​လော့။- \v 21 ဘု​ရား​အ​တု​အ​ယောင်​တို့​နောက်​သို့​မ​လိုက်​ကြ နှင့်။ ထို​ဘု​ရား​များ​သည်​ဘု​ရား​အ​စစ်​မ​ဟုတ် သ​ဖြင့်​သင်​တို့​အား​ကူ​မ​ရန်​သော်​လည်း​ကောင်း၊ ကယ်​တင်​ရန်​သော်​လည်း​ကောင်း​မ​တတ်​နိုင်​ကြ။- \v 22 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား မိ​မိ​၏​လူ​မျိုး တော်​အ​ဖြစ်​ဖြင့်​ခန့်​ထား​တော်​မူ​ပြီး​ဖြစ်​၏။ ထို့ ကြောင့်​ကိုယ်​တော်​သည်​နာ​မ​တော်​ကို​ထောက်​၍ သင်​တို့​အား​စွန့်​ပစ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။- \v 23 ငါ​သည်​သင်​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ​မ​ပြု ဘဲ​နေ​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား ခြင်း​မှ​ကင်း​ဝေး​ပါ​စေ​သော။ ငါ​သည်​သင်​တို့ အား​ကောင်း​ရာ​မှန်​ရာ​ကို​သာ​လျှင်​သင်​ကြား ပေး​မည်။- \v 24 ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍​စိတ် နှ​လုံး​အ​ကြွင်း​မဲ့​သစ္စာ​နှင့်​ဝတ်​ပြု​ကြ​လော့။ သင်​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​ခဲ့​သည့်​ထူး မြတ်​သော​အ​မှု​တော်​တို့​ကို​အောက်​မေ့​သ​တိ​ရ ကြ​လော့။- \v 25 သို့​ရာ​တွင်​သင်​တို့​သည်​အ​ပြစ်​ကူး​မြဲ​ကူး နေ​ကြ​ပါ​မူ ဘု​ရင်​နှင့်​တ​ကွ​သင်​တို့​ဆုံး​ပါး ပျက်​စီး​ရ​ကြ​လိမ့်​မည်'' ဟု​လူ​တို့​အား​မိန့်​ဆို လေ​၏။ \c 13 \s1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​စစ်​ဖြစ်​ခြင်း \p \v 1-2 ရှော​လု​သည်​လူ​သုံး​ထောင်​ကို​ရွေး​ချယ်​ပြီး လျှင် နှစ်​ထောင်​ကို​မိ​မိ​နှင့်​အ​တူ​မိတ်​မတ်​မြို့​နှင့် ဗေ​သ​လ​တောင်​ကုန်း​ဒေ​သ​အ​တွက်​ခေါ်​ထား​၏။ တစ်​ထောင်​ကို​မိ​မိ​၏​သား​ယော​န​သန်​နှင့်​အ​တူ ဗင်္ယာ​မိန်​နယ်​ဂိ​ဗာ​မြို့​သို့​စေ​လွှတ်​လိုက်​၏။ အ​ခြား လူ​အ​ပေါင်း​တို့​ကို​မူ မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး သို့​ပြန်​စေ​လေ​သည်။ \p \v 3 ယော​န​သန်​သည် ဂေ​ဗာ​မြို့​ရှိ​ဖိ​လိတ္တိ​တပ်​မှူး ကို​သတ်​ဖြတ်​လိုက်​၏။ ထို​သ​တင်း​ကို​ဖိ​လိတ္တိ အ​မျိုး​သား​အ​ပေါင်း​တို့​ကြား​ကြ​၏။ ထို အ​ခါ​ရှော​လု​သည်​စေ​တ​မန်​များ​အား ဣ​သ ရေ​လ​ပြည်​တစ်​လျှောက်​လုံး​သို့​လွှတ်​ကာ​ဟေ​ဗြဲ အ​မျိုး​သား​တို့​အား​စစ်​ပွဲ​ဝင်​ကြ​ရန်​တံ​ပိုး ခ​ရာ​မှုတ်​၍​စု​ရုံး​စေ​၏။- \v 4 ဖိ​လိတ္တိ​တပ်​မှူး​အား​ရှော​လု​သတ်​ဖြတ်​လိုက် ကြောင်း​နှင့် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မုန်း​တီး ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြား သိ​ရ​သ​ဖြင့် ရှော​လု​၏​ဆင့်​ဆို​ချက်​အ​တိုင်း ဂိ​လ​ဂါ​လ​မြို့​သို့​လာ​ရောက်​စု​ရုံး​ကြ​၏။ \p \v 5 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​တိုက်​ခိုက်​ရန်​စု​ဝေး ကြ​၏။ သူ​တို့​မှာ​စစ်​ရ​ထား​သုံး​သောင်း၊ မြင်း စီး​သူ​ရဲ​ခြောက်​ထောင်​နှင့်​သ​မုဒ္ဒ​ရာ​သဲ​လုံး ကဲ့​သို့​မ​ရေ​မ​တွက်​နိုင်​အောင် များ​ပြား​သော စစ်​သည်​တပ်​သား​များ​ရှိ​သ​တည်း။ သူ​တို့ သည်​ချီ​တက်​၍​ဗေ​သ​ဝင်​မြို့​အ​ရှေ့​ဘက် ရှိ​မိတ်​မတ်​မြို့​တွင်​စ​ခန်း​ချ​ကြ​၏။- \v 6 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြင်း​ထန်​စွာ​တိုက်​ခိုက်​၍​ဖ​ရို​ဖ​ရဲ​ဖြစ်​စေ လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ချို့ တို့​သည်​ဥ​မင်၊ ကျောက်​ကြား၊ ရေ​တွင်း၊ မြေ တွင်း​စ​သည်​တို့​၌​ပုန်း​အောင်း​နေ​ကြ​၏။- \v 7 အ​ချို့​တို့​က​မူ​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး ကာ​ဂဒ်​နှင့်​ဂိ​လဒ်​နယ်​များ​သို့​ထွက်​ပြေး ကြ​၏။ \p ရှော​လု​သည်​ဂိ​လ​ဂါ​လ​မြို့​တွင်​ပင်​ရှိ​နေ သေး​၏။ သူ​နှင့်​အ​တူ​ရှိ​သည့်​တပ်​သား​တို့ သည်​ကြောက်​လန့်​တုန်​လှုပ်​လျက်​နေ​ကြ​၏။- \v 8 ရှ​မွေ​လ​ညွှန်​ကြား​ခဲ့​သည်​အ​တိုင်း​ရှော​လု သည် ခု​နစ်​ရက်​တိုင်​တိုင်​စောင့်​ဆိုင်း​၍​နေ​ခဲ့ သော်​လည်း ရှ​မွေ​လ​ကား​ဂိ​လ​ဂါ​လ​မြို့ သို့​မ​ရောက်​လာ။ သူ​တို့​သည်​ရှော​လု​ထံ​မှ ထွက်​ပြေး​စ​ပြု​ကြ​ပြီ​ဖြစ်​၍၊-\x + \xo 13:8 \xt ၁ရာ၊ ၁၀:၈။\x* \v 9 ရှော​လု​သည်​မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ ယဇ်​တို့​ကို မိ​မိ​ထံ​သို့​ယူ​ဆောင်​လာ​စေ​ရန် လူ​တို့​အား​စေ​ခိုင်း​ပြီး​လျှင်​မီး​ရှို့​ရာ​ယဇ် ကို​ပူ​ဇော်​လေ​သည်။- \v 10 ယင်း​သို့​ယဇ်​ပူ​ဇော်​၍​ပြီး​ခါ​နီး​၌​ရှ​မွေ​လ ရောက်​ရှိ​လာ​၏။ ရှော​လု​သည်​သူ့​ကို​သွား​ရောက် ကြို​ဆို​သော်​လည်း၊- \v 11 ရှ​မွေ​လ​က``သင်​သည်​အ​ဘယ်​သို့​ပြု​သ​နည်း'' ဟု​မေး​၏။ \p ရှော​လု​က``လူ​တို့​သည်​အ​ကျွန်ုပ်​ထံ​မှ​စွန့်​ခွာ ထွက်​ပြေး​လျက်​နေ​ကြ​ပါ​၏။ အ​ရှင်​သည်​ချိန်း သော​အ​ချိန်​၌​မ​ပေါ်​လာ​ပါ။ ထို့​အ​ပြင် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိတ်​မတ်​မြို့ တွင်​စု​ရုံး​လျက်​ရှိ​နေ​ကြ​ပါ​၏။- \v 12 သို့​ဖြစ်​၍​သူ​တို့​သည်​အ​ကျွန်ုပ်​ရှိ​ရာ​ဂိ​လ ဂါ​လ​မြို့​သို့ ချီ​တက်​တိုက်​ခိုက်​ကြ​လိမ့်​မည် ဟူ​၍​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည်​လည်း​ထာ ဝ​ရ​ဘု​ရား​၏​ထံ​တော်​၌ အ​သ​နား​မ​ခံ ရ​သေး​ဟူ​၍​လည်း​ကောင်း​အ​ကျွန်ုပ်​တွေး​တော မိ​ပါ​၏။ ထို့​ကြောင့်​ယဇ်​ကို​မ​ပူ​ဇော်​လျှင် မ​ဖြစ်​တော့​သ​ဖြင့်​ပူ​ဇော်​ရ​ခြင်း​ဖြစ်​ပါ သည်'' ဟု​လျှောက်​၏။ \p \v 13 ရှ​မွေ​လ​က``သင်​ပြု​သည့်​အ​မှု​သည်​မိုက်​မဲ သော​အ​မှု​ဖြစ်​၏။ သင်​သည်​မိ​မိ​၏​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​အ​မိန့် တော်​ကို​နား​မ​ထောင်။ အ​ကယ်​၍​နား​ထောင် ခဲ့​ပါ​လျှင်​ကိုယ်​တော်​သည်​သင်​နှင့်​တ​ကွ သင်​၏​သား​မြေး​တို့​အား​ဣ​သ​ရေ​လ​ပြည် ကို​ထာ​ဝ​စဉ်​အုပ်​စိုး​စေ​တော်​မူ​မည်။- \v 14 ယ​ခု​မှာ​မူ​သင်​သည်​နန်း​သက်​ရှည်​တော့ မည်​မ​ဟုတ်။ သင်​သည်​မိ​မိ​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​အ​မိန့် တော်​ကို​လွန်​ဆန်​သည်​ဖြစ်​၍ ကိုယ်​တော်​သည် မိ​မိ​လူ​မျိုးတော်​အား​အုပ်​စိုး​စေ​ရန်​စိတ် တော်​နှင့်​တွေ့​သူ​ကို​ခန့်​ထား​တော်​မူ​လိမ့် မည်'' ဟု​ဆို​၏။\x + \xo 13:14 \xt တ၊ ၁၃:၂၂။\x* \p \v 15 ရှ​မွေ​လ​သည်​ဂိ​လ​ဂါ​လ​မြို့​မှ​ထွက်​ခွာ​၍ ဆက်​လက်​ခ​ရီး​ပြု​လေ​သည်။ ကျန်​ရစ်​သူ​တို့ သည်​ရှောလု​နှင့်​အ​တူ​သူ​၏​စစ်​သည်​တော်​များ ရှိ​ရာ​သို့​လိုက်​သွား​ကြ​၏။ သူ​တို့​သည်​ဂိ​လ ဂါ​လ​မြို့​မှ​ဗင်္ယာ​မိန်​နယ်၊ ဂိ​ဗာ​မြို့​သို့​သွား ကြ​၏။ ရှော​လု​သည်​မိ​မိ​၏​တပ်​သား​အ​ရေ အ​တွက်​ကို​စစ်​ဆေး​ရာ​ခြောက်​ရာ​ခန့်​တွေ့ ရှိ​လေ​သည်။- \v 16 သူ​နှင့်​သား​တော်​ယော​န​သန်​တို့​သည်​မိ​မိ တို့​တွင်​ရှိ​သော​စစ်​သည်​တို့​လိုက်​ပါ​လျက် ဗင်္ယာ​မိန်​နယ်၊ ဂိ​ဗာ​မြို့​တွင်​တပ်​ချ​လျက် နေ​ကြ​၏။- \v 17 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​တပ်​စ​ခန်း​ကား မိတ်​မတ်​မြို့​တွင်​ရှိ​လေ​သည်။ ဖိ​လိတ္တိ​တပ်​သား တို့​သည်​တိုက်​ကင်း​သုံး​စု​ခွဲ​၍​တပ်​စ​ခန်း​မှ ထွက်​သွား​ကြ​၏။ တစ်​စု​သည်​ရွှာ​လ​နယ် သြ​ဖ​ရ​မြို့​ရှိ​ရာ​သို့​လည်း​ကောင်း၊- \v 18 နောက်​တစ်​စု​သည်​ဗေ​သော​ရုန်​မြို့​ရှိ​ရာ​သို့ လည်း​ကောင်း၊ ကျန်​တစ်​စု​ကား​ဇေဘိုင်​ချိုင့်​ဝှမ်း နှင့်​တော​ကန္တာ​ရ​ကို​မျက်​နှာ​မူ​လျက်​ရှိ​သော နယ်​စပ်​လမ်း​သို့​လည်း​ကောင်း​လိုက်​သွား​ကြ သည်။ \p \v 19 ဟေ​ဗြဲ​အ​မျိုး​သား​တို့​ဋ္ဌား​လှံ​လက်​နက်​များ ပြု​လုပ်​ခြင်း​ကို​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က ပိတ်​ပင်​တား​မြစ်​သ​ဖြင့် ဣ​သ​ရေ​လ​ပြည် တွင်​ယ​နေ့​တိုင်​အောင်​ပန်း​ပဲ​ဆ​ရာ​များ မ​ရှိ​ချေ။- \v 20 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထွန်​သွား၊ ပေါက်​တူး၊ ပု​ဆိန်၊ တံ​စဉ်​စ​သည်​တို့​ကို​သွေး ရန်​အ​တွက်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ထံ​သို့ သွား​ရ​ကြ​၏။- \v 21 ပု​ဆိန်​သွေး​ခ​နှင့်​လှံ​တံ​တပ်​ခ​မှာ​ငွေ သုံး​ပဲ​သား​ဖြစ်​၍ ထွန်​သွား​နှင့်​ပေါက်​တူး သွေး​ခ​မှာ​ငွေ​သုံး​မူး​သား​ဖြစ်​၏။- \v 22 ထို့​ကြောင့်​စစ်​ပွဲ​ဝင်​ရ​သော​နေ့​၌​ရှော​လု​နှင့် သား​တော်​ယော​န​သန်​မှ​လွဲ​၍ အ​ခြား​ဣ​သ ရေ​လ​စစ်​သည်​တော်​တို့​တွင်​ဋ္ဌား​လှံ​လက် နက်​များ​မ​ရှိ​ကြ။ \p \v 23 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က​စစ်​သည်​တပ်​သား တစ်​စု​ကို​စေ​လွှတ်​၍ မိတ်​မတ်​တောင်​ကြား​လမ်း ကို​ကာ​ကွယ်​စေ​ကြ​၏။ \c 14 \s1 ယော​န​သန်​၏​စွန့်​စား​ခန်း \p \v 1-2 တစ်​နေ့​သ​၌​ယော​န​သန်​သည် မိ​မိ​၏​လက် နက်​ကို​သယ်​ဆောင်​သူ​လူ​ငယ်​အား``ဖိ​လိတ္တိ တပ်​စခန်း​သို့​ငါ​တို့​ဝင်​ရောက်​ကြ​အံ့'' ဟု ဆို​၏။ ယင်း​သို့​ဆို​သော်​လည်း​ဂိ​ဗာ​မြို့​နှင့် မ​လှမ်း​မ​ကမ်း​ရှိ​မိ​ဂြုန်​ရွာ၊ သ​လဲ​ပင်​အောက် တွင်​စ​ခန်း​ချ​လျက်​နေ​သော​ခ​မည်း​တော် ထံ​မှ​ခွင့်​ပန်​ခြင်း​မ​ပြု​ခဲ့။ မင်း​ကြီး​၏​ထံ တွင်​လူ​ခြောက်​ရာ​ခန့်​ရှိ​သ​တည်း။- \v 3 (သင်​တိုင်း​ကို​ဝတ်​ဆင်​သော​ယဇ်​ပု​ရော​ဟိတ် မှာ​အ​ဟိ​ယ​ဖြစ်​သည်။ သူ​၏​အ​ဖ​ကား ဣ​ခ​ဗုဒ်​၏​အစ်​ကို​အ​ဟိ​တုပ်​ဖြစ်​သည်။ အ​ဟိ​တုပ်​သည်​ဖိ​န​ဟတ်​၏​သား​ဖြစ်​၏။ ရှိ​လော​မြို့၊ ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော ဟိတ်​ဧ​လိ​၏​မြေး​ဖြစ်​၏။) စစ်​သည်​တပ်​သား တို့​သည်​ယော​န​သန်​ထွက်​ခွာ​သွား​သည်​ကို မ​သိ​ကြ။ \p \v 4-5 မိတ်​မတ်​တောင်​ကြား​လမ်း တစ်​ဘက်​တစ်​ချက် တွင် ကျောက်​အ​ငူ​ကြီး​တစ်​ခု​စီ​ရှိ​၏။ ကျောက် အ​ငူ​ကြီး​တစ်​ခု​မှာ​ဗော​ဇက်​ဟု​နာ​မည် တွင်​၏။ ယင်း​သည်​တောင်​ကြား​လမ်း​၏​မြောက် ဘက်​တွင်​တည်​ရှိ​၍ မိတ်​မတ်​မြို့​ကို​မျက်​နှာ မူ​လျက်​နေ​၏။ အ​ခြား​ကျောက်​အ​ငူ​ကြီး မှာ​သေ​နေ​ဟု​နာ​မည်​တွင်​၏။ ယင်း​သည်​တောင် ကြား​လမ်း​၏​တောင်​ဘက်​တွင်​တည်​ရှိ​၍ ဂိ​ဗာ မြို့​ကို​မျက်​နှာ​မူ​လျက်​နေ​၏။ ယော​န​သန် သည်​ဖိ​လိတ္တိ​တပ်​စ​ခန်း​သို့​ဝင်​ရာ​၌ ဤ တောင်​ကြား​လမ်း​ကို​ဖြတ်​သွား​ရ​၏။ \p \v 6 ယော​န​သန်​က​လူ​ငယ်​အား``ဘု​ရား​မဲ့​သူ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​တပ်​စ​ခန်း​ကို ငါ​တို့​ဝင်​ရောက်​ကြ​စို့။ ထာ​ဝ​ရ​ဘု​ရား သည်​ငါ​တို့​အား​ကူ​မ​ကောင်း​ကူ​မ​လိမ့်​မည်။ အ​ကယ်​၍​ကိုယ်​တော်​ကူ​မ​တော်​မူ​ပါ​လျှင် ငါ​တို့​သည်​အ​ဘယ်​မျှ​ပင်​အ​ရည်​အ​တွက် အား​ဖြင့်​နည်း​သော်​လည်း​အောင်​ပွဲ​ကို​ရ​ရှိ ကြ​မည်'' ဟု​ဆို​၏။ \p \v 7 လူ​ငယ်​က``အ​ရှင်​အ​လို​ရှိ​ရာ​ပြု​တော်​မူ ပါ။ အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့်​အ​တူ​လိုက် ပါ​မည်'' ဟု​ဆို​လျှင်၊ \p \v 8 ယော​န​သန်​က``ကောင်း​ပြီ။ ငါ​တို့​သွား​၍ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​ကိုယ်​ရိပ်​ပြ ကြ​အံ့။- \v 9 အ​ကယ်​၍​သူ​တို့​က​ငါ​တို့​အား​သူ​တို့ အ​လာ​ကို​စောင့်​ဆိုင်း​စေ​ပါ​မူ ငါ​တို့​သည် ရောက်​ရာ​နေ​ရာ​တွင်​ရပ်​၍​နေ​မည်။- \v 10 သို့​ရာ​တွင်​သူ​တို့​က​မိ​မိ​တို့​ထံ​သို့​လာ ရန်​ခေါ်​ကြ​လျှင်​မူ​ကား ငါ​တို့​သည်​သူ​တို့ ရှိ​ရာ​သို့​သွား​မည်။ ဤ​သို့​ခေါ်​ခြင်း​သည် ငါ​တို့​အောင်​ပွဲ​ရ​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​သော​အ​မှတ်​လက္ခ​ဏာ ဖြစ်​မည်'' ဟု​ဆို​၏။ \p \v 11 ထို့​ကြောင့်​သူ​တို့​နှစ်​ဦး​သည်​ဖိ​လိတ္တိ​အ​မျိုး သား​တို့​အား​ကိုယ်​ရိပ်​ပြ​ကြ​၏။ ဖိ​လိတ္တိ အ​မျိုး​သား​တို့​က``ကြည့်​လော့။ ဟေ​ဗြဲ​အ​မျိုး သား​အ​ချို့​တို့​သည် မိ​မိ​တို့​ပုန်း​ကွယ်​ရာ​မြေ တွင်း​များ​မှ​ထွက်​လာ​လေ​ပြီ'' ဟု​ဆို​ပြီး လျှင်၊- \v 12 ယော​န​သန်​နှင့်​သူ​ငယ်​အား``ဤ​အ​ရပ်​သို့ လာ​ခဲ့​လော့။ သင်​တို့​အား​ငါ​တို့​ပြော​စ​ရာ ရှိ​သည်'' ဟု​ဟစ်​အော်​၍​ဖိတ်​ခေါ်​ကြ​၏။ \p ယော​န​သန်​သည်​သူ​ငယ်​အား``ငါ့​နောက်​ကို လိုက်​ခဲ့​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား အောင်​ပွဲ​ကို ပေး​တော်​မူ​ပြီ'' ဟု​ဆို​ပြီး​လျှင်၊- \v 13 တောင်​ကြား​လမ်း​ထဲ​မှ​လေး​ဖက်​တွား​၍​ထွက် လာ​ခဲ့​၏။ လူ​ငယ်​သည်​လည်း​သူ​၏​နောက်​မှ လိုက်​လာ​လေ​သည်။ ယော​န​သန်​သည်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​အား​ခုတ်​လှဲ​၍​လူ​ငယ်​က သူ​တို့​ကို​သတ်​ဖြတ်​လိုက်​လေ​သည်။- \v 14 ဤ​ပ​ထ​မ​လူ​သတ်​ပွဲ​တွင်​ယော​န​သန်​နှင့် သူ​ငယ်​တို့​၏​လက်​ချက်​ဖြင့် ဧ​က​ဝက်​ခန့် ရှိ​သော​နယ်​မြေ​တွင်​လူ​ပေါင်း​နှစ်​ဆယ်​ခန့် သေ​သ​တည်း။- \v 15 စစ်​မြေ​ပြင်​တွင်​ရှိ​သ​မျှ​သော​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည်​ကြောက်​လန့်​ကြ​ကုန်​၏။ တိုက်​ကင်း​ထွက်​လာ​ကြ​သူ​များ​နှင့်​တပ် စ​ခန်း​ရှိ​စစ်​သည်​တပ်​သား​တို့​သည် ထိတ် လန့်​တုန်​လှုပ်​ကြ​ကုန်​၏။ မြေ​ကြီး​ပင်​လျှင် တုန်​လှုပ်​ကာ​ရန်​သူ​တို့​သည်​က​စဥ့်​က​ရဲ ပြေး​ကြ​ကုန်​၏။ \s1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အ​ရေး​နိမ့်​ကြ​ခြင်း \p \v 16 ဗင်္ယာ​မိန်​နယ်၊ ဂိ​ဗာ​မြို့​ရှိ​ရှော​လု​၏​ကင်း​သ​မား တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က​စဥ့်​က​ရဲ ထွက်​ပြေး​ကြ​သည်​ကို​မြင်​ကြ​၏။- \v 17 ထို့​အ​ခါ​ရှော​လု​က​မိ​မိ​၏​လူ​တို့​အား``တပ် တွင်း​မှ​ပျောက်​နေ​သူ​ကို​သိ​ရှိ​နိုင်​ရန်​စစ် သည်​တို့​ကို​စစ်​ဆေး​ကြည့်​လော့'' ဟု​အမိန့် ပေး​သည်​အ​တိုင်း​စစ်​ဆေး​ကြည့်​ကြ​ရာ ယော​န​သန်​နှင့်​သူ​၏​လက်​နက်​သယ်​ဆောင် သူ​လူ​ငယ်​တို့​မ​ရှိ​ကြောင်း​တွေ့​ရ​ကြ​၏။- \v 18 ရှော​လု​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ဟိ​ယ အား``သင်​တိုင်း​တော်​ကို\f 8 \fr 14:18 \ft * \+fk သင်​တိုင်း။ \ft ဘာ​သာ​ပြန်​မူ​ဟောင်း​တစ်​ခု​အ​ရ (၂:၂၈ ကြည့်​ပါ။) ဟေ​ဗြဲ​မူ​တွင်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ဟု​ပါ​ရှိ​သည်။\f* ဤ​နေ​ရာ​သို့​ယူ​ခဲ့​လော့'' ဟု​ဆို​၏။ (ထို နေ့​၌​အ​ဟိ​ယ​သည်​သင်​တိုင်း​တော်​ကို\f 9 \fr 14:18 \ft * \+fk သင်​တိုင်း။ \ft ဘာ​သာ​ပြန်​မူ​ဟောင်း​တစ်​ခု​အ​ရ​ထို​နေ့ တွင်​ရှိ​သ​တည်း။ ဟေ​ဗြဲ​မူ​အ​ရ​အ​ဘယ်​ကြောင့် ဆို​သော်`ထို​နေ့​တွင်' ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့။\f* ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ရှေ့​မှ​သယ် ဆောင်​လျက်​ရှိ​သ​တည်း။-) \v 19 ဤ​သို့​ယဇ်​ပု​ရော​ဟိတ်​အား​ရှော​လု​ပြော​ဆို နေ​စဉ် ဖိ​လိတ္တိ​တပ်​စ​ခန်း​၌​က​စဥ့်​က​ရဲ​ဖြစ် မှု​သည်​ပို​မို​ဆိုး​ရွား​လာ​သ​ဖြင့်​ရှော​လု က``ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား​ချိန် မ​ရှိ​တော့​ပြီ'' ဟု​ဆို​၏။- \v 20 ထို​နောက်​သူ​နှင့်​သူ​၏​တပ်​သား​များ​သည် ရှုပ်​ထွေး​နေ​သည့်​အ​ခြေ​အ​နေ​တွင် အ​ချင်း ချင်း​ခုတ်​နေ​ကြ​သော​ဖိ​လိတ္တိ​အမျိုး​သား တို့​အား​ဝင်​ရောက်​တိုက်​ခိုက်​လေ​သည်။- \v 21 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ဘက်​သို့​ကူး​ပြောင်း ကာ သူ​တို့​၏​တပ်​စ​ခန်း​သို့​လိုက်​သွား​ခဲ့​ကြ သော​ဟေ​ဗြဲ​အ​မျိုး​သား​တို့​သည် ရှော​လု နှင့်​ယော​န​သန်​တို့​ဘက်​သို့​ဝင်​ရောက်​လာ ကြ​၏။- \v 22 ဧ​ဖ​ရိမ်​တောင်​ကုန်း​များ​တွင်​ပုန်း​အောင်း​နေ ကြ​သော​သူ​တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ထွက်​ပြေး​ကြ​ကြောင်း​ကို​ကြား​လျှင်​လိုက် လံ​တိုက်​ခိုက်​ကြ​၏။- \v 23 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​အား ဗေ​သ​ဝင်​မြို့​လွန်​အောင် လိုက်​လံ​တိုက်​ခိုက်​ကြ​၏။ ထို​နေ့​၌​ထာဝရ ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​ကယ်​တင်​တော်​မူ​သ​တည်း။ \s1 စစ်​ပွဲ​ပြီး​ခါ​စ​၌​ဖြစ်​ပျက်​သော​အ​ဖြစ်​အ​ပျက်​များ \p \v 24 ရှော​လု​က``ယ​နေ့​ရန်​သူ​တို့​အား​ငါ​လက်​စား မ​ချေ​ရ​မီ အ​စား​အ​စာ​စား​သောက်​သူ​သည် ကျိန်​စာ​သင့်​ပါ​စေ​သ​တည်း'' ဟု​ကျိန်​ဆို​ထား သ​ဖြင့်​ထို​နေ့​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ဆာ​လောင်​မွတ်​သိပ်​ကာ​နွမ်း​နယ်​လျက်​ရှိ ကြ​၏။ တစ်​နေ့​လုံး​အ​ဘယ်​သူ​မျှ​အ​စား အ​စာ​မ​စား​ရ​ကြ။- \v 25 သူ​တို့​သည်​သစ်​တော​ရှိ​ရာ​သို့​ရောက်​ကြ သော​အ​ခါ နေ​ရာ​အ​နှံ့​အ​ပြား​တွင်​ပျား ရည်​များ​ကို​တွေ့​ရှိ​ကြ​၏။- \v 26 တော​ထဲ​တွင်​ပျား​ရည်​ပေါ​များ​သော်​လည်း ရှော​လု​၏​ကျိန်​ဆဲ​ချက်​ကို​ကြောက်​သ​ဖြင့် အ​ဘယ်​သူ​မျှ​မ​စား​ဝံ့။- \v 27 ယော​န​သန်​မူ​ကား​ခ​မည်း​တော်​ကျိန်​ဆဲ​ခဲ့ သည်​ကို​မ​ကြား​ခဲ့​ပေ။ ထို့​ကြောင့်​သူ​သည် မိ​မိ​တွင်​ပါ​သော​တုတ်​ချောင်း​ဖြင့် ပျား​လ​ပို့ တွင်​နှစ်​၍​ပျား​ရည်​အ​နည်း​ငယ်​ကို​စား​လေ သည်။ ထို​အ​ခါ​သူ​သည်​ချက်​ချင်း​ပင်​လန်း ဆန်း​၍​လာ​၏။- \v 28 ထို့​ကြောင့်​တပ်​သား​တစ်​ယောက်​က``အ​ကျွန်ုပ် တို့​အား​လုံး​ပင်​နွမ်း​နယ်​လျက်​နေ​ကြ​ပါ​၏။ သို့​သော်​အ​ရှင့်​ခမည်း​တော်​က`ယ​နေ့​အ​စား အ​စာ​စား​သူ​သည်​ကျိန်​စာ​သင့်​ပါ​စေ' ဟု ကျိန်​ဆို​ထား​ပါ​၏'' ဟု​ဆို​၏။ \p \v 29 ယော​န​သန်​က``ငါ​တို့​အ​မျိုး​သား​များ​အား ခ​မည်း​တော်​ပြု​သော​အ​မှု​သည်​ဆိုး​ရွား​လှ ပါ​သည်​တ​ကား။ ပျား​ရည်​အ​နည်း​ငယ်​ကို စား​ရ​သ​ဖြင့်​ငါ​အ​ဘယ်​မျှ​လန်း​ဆန်း​လာ သည်​ကို​ကြည့်​လော့။- \v 30 အ​ကယ်​၍​ငါ​တို့​အ​မျိုး​သား​များ​သည် ရန်​သူ​ထံ​မှ​ရ​ရှိ​သည်​အ​စား​အ​စာ​ကို​စား ခဲ့​ရ​ကြ​လျှင် အ​ဘယ်​မျှ​လောက်​အ​ကျိုး​ရှိ လိမ့်​မည်​နည်း။ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို အ​ဘယ်​မျှ​ပို​မို​သတ်​ဖြတ်​နိုင်​ခဲ့​မည်​ကို သာ​စဉ်း​စား​၍​ကြည့်​ကြ​လော့'' ဟု​ပြန် ပြော​၏။ \p \v 31 ထို​နေ့​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​သည် ဖိလိတ္တိ​အ​မျိုး​သား​တို့​အား မိတ်​မတ်​မြို့​မှ အာ​ဇ​လုန်​မြို့​တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက် နှိမ်​နင်း​ခဲ့​ကြ​ပြီး​သည်​နောက် အ​စာ​မ​စား ရ​သ​ဖြင့်​ပင်​ပန်း​နွမ်း​နယ်​လျက်​ရှိ​ကြ​၏။- \v 32 ထို့​ကြောင့်​သူ​တို့​သည်​ရန်​သူ​များ​လက်​မှ သိမ်း​ဆည်း​ရ​မိ​သည့်​ပစ္စည်း​များ​ရှိ​ရာ​သို့ ပြေး​ပြီး​လျှင် သိုး၊ ဆိတ်၊ နွား​များ​ကို​ယူ ဆောင်​ကာ​ထို​နေ​ရာ​၌​ပင်​သတ်​၍​သွေး သံ​ရဲ​ရဲ​နှင့်​စား​ကြ​၏။- \v 33 ယင်း​သို့​လူ​တို့​သည်​သွေး​သံ​ရဲ​ရဲ​နှင့်​စား သောက်​ကာ ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား ကြ​ကြောင်း​ကို​ရှော​လု​အား​လျှောက်​ထား ကြ​သော​အ​ခါ၊ \p ရှော​လု​က``သင်​တို့​သည်​သစ္စာ​ဖောက်​ကြ​လေ ပြီ​တ​ကား။ ကျောက်​တုံး​ကြီး​ကို​ဤ​အ​ရပ် သို့​လှိမ့်​ယူ​ခဲ့​ကြ​လော့'' ဟု​ဆို​၏။-\x + \xo 14:33 \xt က၊ ၉:၄။ ဝတ်၊ ၇:၂၆-၂၇၊ ၁၇:၁၀-၁၄၊ ၁၉:၂၆။ တရား၊ ၁၂:၁၆၊ ၂၃၊ ၁၅:၂၃။\x* \v 34 ထို​နောက်​သူ​က``လူ​တို့​ထံ​သို့​သွား​၍​သူ တို့​၏​နွား​များ​တို့​ကို ဤ​နေ​ရာ​သို့​ယူ​ဆောင် လာ​စေ။ သူ​တို့​သည်​တိ​ရစ္ဆာန်​များ​ကို​ဤ​နေ ရာ​တွင်​သတ်​၍​စား​ကြ​စေ။ သွေး​ပါ​သည့် အသား​ကို​စား​ခြင်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား ကို​မ​ပြစ်​မှား​စေ​နှင့်'' ဟု​မိန့်​တော်​မူ​၏။ သို့ ဖြစ်​၍​ထို​ည​၌​လူ​တို့​သည်​မိ​မိ​တို့​၏​သိုး နွား​များ​ကို ထို​နေ​ရာ​သို့​ယူ​ဆောင်​လာ​ပြီး လျှင်​သတ်​ကြ​၏။- \v 35 ရှော​လု​သည်​ထာဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင် ကို​တည်​ဆောက်​တော်​မူ​၏။ ထို​ယဇ်​ပလ္လင်​ကား ပ​ထ​မ​ဆုံး​အ​ကြိမ်​ရှော​လု​တည်​ဆောက် သည့်​ယဇ်​ပလ္လင်​ဖြစ်​သ​တည်း။ \p \v 36 ရှော​လု​သည်​မိ​မိ​၏​လူ​တို့​အား``ငါ​တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​ညဥ့်​အ​ခါ သွား ရောက်​တိုက်​ခိုက်​ကြ​ကုန်​အံ့။ မိုး​လင်း​သည်​တိုင် အောင်​သူ​တို့​အား​လု​ယက်​၍​တစ်​ယောက်​မ​ကျန် သုတ်​သင်​ပစ်​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​လျှင် လူ​တို့​က``စိတ်​တော်​ရှိ​သည်​အ​တိုင်း​ပြု​တော် မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။ \p သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​က``ငါ​တို့​သည် ဦး​စွာ​ထာ​ဝ​ရ​ဘု​ရား​အား​မေး​မြန်း လျှောက်​ထား​ကြ​ကုန်​အံ့'' ဟု​ဆို​၏။ \p \v 37 ထို့​ကြောင့်​ရှော​လု​သည်​ဘု​ရား​သ​ခင်​အား``ကျွန် တော်​မျိုး​တို့​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို တိုက်​ခိုက်​ရ​ပါ​မည်​လော။ ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘုရား​သည်​ထို​နေ့​၌​ဖြေ​ကြား တော်​မ​မူ။- \v 38 ထို​အ​ခါ​ရှောလု​သည်​လူ​တို့​၏​ခေါင်း​ဆောင် များ​အား``ချဉ်း​ကပ်​လာ​ကြ​လော့။ ယ​နေ့​ငါ တို့​အ​ဘယ်​အ​ပြစ်​ကို​ကူး​လွန်​မိ​ကြ​သည် ကို​စစ်​ဆေး​ကြ​လော့။- \v 39 အပြစ်​ရှိ​သူ​သည်​ငါ​၏​သား​ယော​န​သန်​ပင် ဖြစ်​စေ​ကာ​မူ​သေ​ဒဏ်​ခံ​ရ​လိမ့်​မည်​ဖြစ် ကြောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ကယ် တင်​ရှင်​တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ သော​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကတိ​ပြု​ပါ ၏'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​အ​ဘယ်​သူ မျှ​ပြန်​လည်​လျှောက်​ထား​ခြင်း​မ​ပြု​ကြ သ​ဖြင့်၊- \v 40 ရှော​လု​က``သင်​တို့​သည်​ထို​နေ​ရာ​တွင်​ရပ် ၍​နေ​ကြ​လော့။ ယော​န​သန်​နှင့်​ငါ​မူ​ကား ဤ​နေ​ရာ​တွင်​ရပ်​၍​နေ​ကြ​အံ့'' ဟု​ဆို​၏။ \p လူ​တို့​က​လည်း``အ​ရှင်​စိတ်​တော်​ရှိ​သည် အ​တိုင်း​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။ \p \v 41 ရှော​လု​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​အား​ယ​နေ့​ဖြေ​ကြား တော်​မ​မူ​ပါ​သ​နည်း။ အို ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျောက်​တော် များ​အား​ဖြင့်​ကျွန်​တော်​မျိုး​အား​ဖြေ​ကြား​တော် မူ​ပါ။ ယော​န​သန်​၌​ဖြစ်​စေ၊ ကျွန်​တော်​မျိုး​၌ ဖြစ်​စေ​အ​ပြစ်​ရှိ​ပါ​လျှင်​ဥ​ရိမ်​ကျောက်\f 10 \fr 14:41 \ft * \+fk ဥ​ရိမ်​သု​မိမ်။ \ft ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​သိ​ရှိ​ရန် ယဇ်​ပု​ရော​ဟိတ်​အ​သုံး​ပြု​သော​ကျောက်​နှစ်​လုံး။ အ​ဘယ်​သို့​အ​သုံး​ပြု​သည်​ကို​တိ​ကျ​စွာ​မ​သိ ရ​ပါ။\f* မဲ​ကျ​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၌​အ​ပြစ်​ရှိ​ပါ​လျှင် သု​မိမ်​ကျောက်​ကို​မဲ​ကျ​စေ​တော်​မူ​ပါ'' ဟု​လျှောက် ထား​၏။ ထို​အ​ခါ​ရှော​လု​နှင့်​ယော​န​သန်​တို့​တွင် အ​ပြစ်​ရှိ​ကြောင်း​မဲ​ကျ​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​ပြစ်​လွတ်​ကြ​ကုန်​၏။-\x + \xo 14:41 \xt တော၊ ၂၇:၂၁။ ၁ရာ၊ ၂၈:၆။\x* \v 42 ထို​အ​ခါ​ရှော​လု​က``ငါ့​သား​ယော​န​သန်​နှင့် ငါ့​အား​မဲ​ချ​ဦး​လော့'' ဟု​ဆို​လျှင်​ယော​န သန်​မဲ​ကျ​လေ​၏။- \v 43 ထို​အ​ခါ​ရှော​လု​သည်​ယော​န​သန်​အား``သင် အ​ဘယ်​အ​မှု​ကို​ပြု​သ​နည်း'' ဟု​မေး​၏။ \p ယော​န​သန်​က``အ​ကျွန်ုပ်​သည်​ပျား​ရည်​အ​နည်း ငယ်​ကို​စား​မိ​ပါ​၏။ အ​မိန့်​တော်​အ​တိုင်း​သေ ဒဏ်​ခံ​ရန်​အ​ကျွန်ုပ်​အ​သင့်​ရှိ​ပါ​၏'' ဟု​လျှောက် လျှင်၊ \p \v 44 ရှော​လု​က``ငါ​သည်​သင့်​အား​သေ​ဒဏ်​မ​ပေး ခဲ့​သော် ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ဆုံး စီ​ရင်​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။ \p \v 45 သို့​ရာ​တွင်​လူ​တို့​က​ရှော​လု​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အောင်​ပွဲ​ကို​ခံ​စေ​သော ယော​န​သန်​အား​သေ​ဒဏ်​ပေး​ပါ​မည်​လော။ သူ​၏​ဦး​ခေါင်း​မှ​ဆံ​ခြည်​တစ်​ပင်​မျှ​မြေ​သို့ မ​ကျ​စေ​ရန် အ​ကျွန်ုပ်​တို့​သည်​အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ၍​က​တိ​ပြု​ပါ​၏။ ယ​နေ့​သူ​ပြု​သော​အ​မှု သည် ဘု​ရား​သ​ခင်​၏​အ​ကူ​အ​ညီ​ဖြင့်​ပြု သော​အ​မှု​ဖြစ်​ပါ​၏'' ဟု​လျှောက်​ထား​ကြ ၏။ ဤ​သို့​လျှင်​လူ​တို့​သည်​ယော​န​သန်​အား သေ​ဘေး​မှ​ကယ်​လိုက်​ကြ​သ​တည်း။ \p \v 46 ထို​နောက်​ရှော​လု​သည်​ဖိ​လိတ္တိ​အ​မျိုး​သား တို့​အား လိုက်​လံ​တိုက်​ခိုက်​မှု​ကို​ရပ်​စဲ​လိုက် ၏။ လူ​တို့​သည်​လည်း​မိ​မိ​တို့​နယ်​အ​သီး သီး​သို့​ပြန်​ကြ​ကုန်​၏။ \s1 ရှော​လု​၏​နန်း​သက်​နှင့်​အိမ်​ထောင်​စု \p \v 47 ရှော​လု​သည်​ဣ​သ​ရေ​လ​ပြည်​တွင်​နန်း​တက် ပြီး​နောက် နေ​ရာ​အ​နှံ့​အ​ပြား​တွင်​ရန်​သူ များ​ဖြစ်​ကြ​သော​မော​ဘ​ပြည်​သား​များ၊ အမ္မုန်​ပြည်​သား​များ​နှင့်​ဧ​ဒုံ​ပြည်​သား များ​ကို​လည်း​ကောင်း၊ ဇောဘ​မင်း​များ​နှင့် ဖိ​လိတ္တိ​အ​မျိုး​သား​များ​ကို​လည်း​ကောင်း စစ်​တိုက်​ရ​လေ​သည်။ သူ​သည်​မည်​သည့် အ​ရပ်​တွင်​တိုက်​ပွဲ​ဖြစ်​သည်​မ​ဆို​အောင် မြင်​သည်\f 11 \fr 14:47 \ft * \+fk အောင်​မြင်​သည်။ \ft ဘာ​သာ​ပြန်​မူ​ဟောင်း​တစ်​ခု​အ​ရ``အောင်​မြင် သည်။'' ဟေ​ဗြဲ​မူ​အ​ရ``ယုတ်​မာ​စွာ​ပြု​ကျင့်​သည်။''\f* သာ​ဖြစ်​၏။- \v 48 သူ​သည်​ရွပ်​ရွပ်​ချွံ​ချွံ​တိုက်​ပွဲ​များ​ဝင်​ခဲ့ သည်။ အာ​မ​လက်​အ​မျိုး​သား​တို့​ကို​ပင် တိုက်​ခိုက်​နှိမ်​နင်း​ခဲ့​လေ​သည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ရန်​သူ အ​ပေါင်း​တို့​၏​ဘေး​မှ​ကယ်​ဆယ်​ခဲ့​၏။ \p \v 49 ရှော​လု​၏​သား​တော်​များ​ကား​ယော​န​သန်၊ ဣ​ရွှိ၊ မေ​လ​ခိ​ရွှ​တည်း။ သူ​၏​သ​မီး​တော်​အ​ကြီး​သည် မေ​ရပ်​ဟု​နာ​မည်​တွင်​၍ သ​မီး​တော်​အ​ငယ်​မှာ မိ​ခါ​လ​ဟု​နာ​မည်​တွင်​လေ​သည်။- \v 50 သူ​၏​ကြင်​ယာ​တော်​ကား​အ​ဟိ​မတ်​၏​သ​မီး အ​ဟိ​နောင်​ဖြစ်​၏။ သူ​၏​စစ်​သေ​နာ​ပ​တိ​မှာ ဦး​ရီး​တော်​နေ​ရ​၏​သား​အာ​ဗ​နာ​ဖြစ်​သည်။- \v 51 ရှော​လု​၏​ခ​မည်း​တော်​ကိ​ရှ​နှင့်​အာ​ဗ​နာ ၏​ဖ​ခင်​နေ​ရ​တို့​သည် အ​ဗျေ​လ​၏​သား​များ ဖြစ်​သ​တည်း။ \p \v 52 ရှော​လု​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ဖိလိတ္တိ​အ​မျိုး​သား​တို့​နှင့်​အ​ပြင်း​အ​ထန်​တိုက် ပွဲ​ဝင်​ခဲ့​ရ​၏။ ထို့​ကြောင့်​သူ​သည်​ခွန်​အား​ကြီး သူ​သို့​မ​ဟုတ်​ရဲ​စွမ်း​သတ္တိ​ရှိ​သူ​ကို​တွေ့​ရှိ​ရ သည့်​အ​ခါ​တိုင်း မိ​မိ​၏​တပ်​မ​တော်​တွင်​ဝင် ရောက်​အ​မှု​ထမ်း​စေ​တော်​မူ​၏။ \c 15 \s1 အာ​မ​လက်​အ​မျိုး​သား​တို့​နှင့်​စစ်​ဖြစ်​ခြင်း \p \v 1 ရှ​မွေ​လ​သည်​ရှော​လု​အား``ထာ​ဝ​ရ​ဘု​ရား သည်​မိ​မိ​၏​လူ​စု​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရင်​အ​ဖြစ် သင့်​အား​ဘိ​သိက်​ပေး​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​၏။ သို့​ဖြစ်​၍​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ကို​နား​ထောင်​လော့။-\x + \xo 15:1 \xt ၁ရာ၊ ၁၀:၁။\x* \v 2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​မှ​ထွက်​လာ​သော​အ​ခါ အာ​မ​လက် အ​မျိုး​သား​တို့​က​ဆီး​တား​ကြ​၏။ ထို့​ကြောင့် ကိုယ်​တော်​သည်​သူ​တို့​အား​ဒဏ်​ခတ်​တော် မူ​မည်။-\x + \xo 15:2 \xt ထွ၊ ၁၇:၈-၁၄။ တရား၊ ၂၅:၁၇-၁၉။\x* \v 3 သင်​သည်​အာ​မ​လက်​အမျိုး​သား​တို့​အား​သွား ရောက်​တိုက်​ခိုက်​လော့။ သူ​တို့​၏​ပစ္စည်း​ဥစ္စာ​ရှိ သ​မျှ​ကို​ဖျက်​ဆီး​ပစ်​ရ​မည်။ တစ်​စုံ​တစ်​ခု မျှ​မ​ကျန်​စေ​နှင့်။ ရှိ​သ​မျှ​ယောကျာ်း၊ မိန်း​မ၊ က​လေး​သူ​ငယ်၊ နို့​စို့​များ​အ​ပြင်​ရှိ​သ​မျှ သိုး၊ နွား၊ ကု​လား​အုတ်၊ မြည်း​များ​ကို​သုတ် သင်​ဖျက်​ဆီး​ပစ်​လော့'' ဟု​ဆို​၏။- \v 4 ရှော​လု​သည်​တေ​လိမ်​မြို့​တွင်​မိ​မိ​၏​စစ် သည်​တပ်​သား​အ​ပေါင်း​ကို​စု​ရုံး​၍​ကြည့် ရှု​စစ်​ဆေး​ရာ ဣ​သ​ရေ​လ​နယ်​မှ​တပ်​သား နှစ်​သိန်း​နှင့်​ယု​ဒ​နယ်​မှ​တပ်​သား​တစ် သောင်း​ရှိ​သ​တည်း။- \v 5 ထို​နောက်​သူ​သည်​မိ​မိ​စစ်​သူ​ရဲ​များ​နှင့် အ​တူ အာ​မ​လက်​မြို့​သို့​ချီ​တက်​၍​ခြောက် သွေ့​နေ​သော​မြစ်​ဝှမ်း​တွင်​တပ်​စ​ခန်း​ချ လျက်​နေ​၏။- \v 6 သူ​သည်​ကေ​နိ​အမျိုး​သား​များ​အား``သင်​တို့ သည်​ဣ​သ​ရေ​လ​အမျိုး​သား​တို့​အီ​ဂျစ်​ပြည် မှ​ထွက်​လာ​ကြ​စဉ်​အ​ခါ​က သူ​တို့​အား ကျေး​ဇူး​ပြု​ခဲ့​ကြ​ပါ​၏။ သို့​ဖြစ်​၍​သင်​တို့ အား​ငါ​မ​သတ်​မိ​စေ​ရန် အာ​မ​လက်​အ​မျိုး သား​တို့​ထံ​မှ​တိမ်း​ရှောင်​သွား​ကြ​လော့'' ဟု ကြို​တင်​သ​တိ​ပေး​ထား​၏။ ထို့​ကြောင့်​ကေ​နိ အ​မျိုး​သား​တို့​သည်​တိမ်း​ရှောင်​သွား​ကြ လေ​သည်။ \p \v 7 ရှော​လု​သည်​ဟ​ဝိ​လ​မြို့​မှ​အီ​ဂျစ်​ပြည်​၏ အ​ရှေ့​ဘက်​၌​ရှိ​သော ရှု​ရ​မြို့​တိုင်​အောင်​အာ မ​လက်​အ​မျိုး​သား​တို့​အား​လိုက်​လံ​တိုက် ခိုက်​လေ​သည်။- \v 8 သူ​သည်​အာ​မ​လက်​ဘု​ရင်​အာ​ဂတ်​ကို​လက်​ရ ဖမ်း​ဆီး​မိ​၏။ လူ​အ​ပေါင်း​တို့​ကို​မူ​သုတ်​သင် ပစ်​၏။- \v 9 သို့​ရာ​တွင်​ရှော​လု​နှင့်​သူ​၏​တပ်​သား​တို့​သည် အာ​ဂတ်​ကို အ​သက်​ချမ်း​သာ​ပေး​၍​အ​ဆူ​ဖြိုး ဆုံး​သော​သိုး​နွား​များ၊ အ​လှ​ဆုံး​သော​နွား သူ​ငယ်​သိုး​သူ​ငယ်​များ​နှင့် ကောင်း​မွန်​သည့် အ​ရာ​ရှိ​သ​မျှ​တို့​ကို​မ​ဖျက်​မ​ဆီး​ကြ။ အ​သုံး​မ​ဝင်​သော​အ​ရာ၊ တန်​ဖိုး​မ​ရှိ​သော အရာ​များ​ကို​သာ​လျှင်​ဖျက်​ဆီး​ပစ်​ကြ လေ​သည်။ \s1 ဘု​ရင်​အ​ဖြစ်​မှ​ရှော​လု​အ​ပယ်​ခံ​ရ​ခြင်း \p \v 10-11 ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​အား``ရှော​လု​ကို ဘု​ရင်​ခန့်​မိ​သည်​မှာ​မှား​လေ​စွ။ သူ​သည်​ငါ့​အား ကျော​ခိုင်း​ကာ​ငါ​၏​အ​မိန့်​တော်​တို့​ကို​လွန်​ဆန် ခဲ့​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ရှ​မွေ​လ​သည် ဒေါ​သ​ထွက်​၏။ သူ​သည်​တစ်​ညဥ့်​လုံး​ထာ​ဝ​ရ ဘု​ရား​အား​လျှောက်​လဲ​အ​သ​နား​ခံ​ပြီး​နောက်၊- \v 12 နံ​နက်​စော​စော​၌​ရှော​လု​ကို​ရှာ​ရန်​ထွက်​ခွာ သွား​၏။ ရှော​လု​သည်​က​ရ​မေ​လ​မြို့​သို့​သွား ၍ မိ​မိ​အ​တွက်​အ​မှတ်​တ​ရ​ကျောက်​တိုင်​ကို တည်​ဆောက်​ကြောင်း၊ ထို​မှ​တစ်​ဆင့်​ဂိ​လ​ဂါ​လ မြို့​သို့​ထွက်​ခွာ​သွား​ကြောင်း​ရှ​မွေ​လ​ကြား သိ​ရ​၏။- \v 13 ရှ​မွေ​လ​သည်​ရှော​လု​ရှိ​သည့်​အ​ရပ်​သို့ ရောက်​သော်​ရှော​လု​က``ကိုယ်​တော်​အား​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​နာ​ခံ​ခဲ့​ပါ​ပြီ'' ဟု​ဆို​၍​ကြို​ဆို​၏။ \p \v 14 ရှ​မွေ​လ​က``ယင်း​သို့​ဖြစ်​ပါ​မူ​အ​ဘယ် ကြောင့်​သိုး​နွား​တို့​အော်​မြည်​သံ​ကို​ငါ​ကြား ရ​ပါ​သ​နည်း'' ဟု​မေး​၏။ \p \v 15 ရှော​လု​က``အ​ကျွန်ုပ်​၏​လူ​တို့​သည်​ထို​သိုး နွား​များ​ကို​အာ​မ​လက်​အ​မျိုး​သား​တို့​ထံ မှ​သိမ်း​ယူ​ခဲ့​ကြ​ပါ​၏။ သူ​တို့​သည်​အ​ဆူ ဖြိုး​ဆုံး​သော​သိုး​နွား​တို့​ကို အ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရန် ထား​ရှိ​ကြ​ပါ​၏။ အ​ခြား​ကျန်​ရှိ​သည့် အ​ရာ​များ​ကို​မူ​လုံး​ဝ​ဖျက်​ဆီး\f 12 \fr 15:15 \ft * \+fk လုံး​ဝ​ဖျက်​ဆီး။ \ft ဤ​တိ​ရစ္ဆာန်​များ​ကို​ထာ​ဝ​ရ​ဘု​ရား အား​ခြွင်း​ချက်​မ​ရှိ​ဆက်​ကပ်​ထား​သော ကြောင့်​လုံး​ဝ​ဖျက်​ဆီး​ရ​မည်။ (ဝတ်၊ ၂၇:၂၈ ကို​ကြည့်​ပါ။)\f* လိုက်​ကြ​ပါ​ပြီ'' ဟု​ဖြေ​ကြား​၏။ \p \v 16 ရှ​မွေ​လ​က``နား​ထောင်​လော့။ ထာ​ဝ​ရ​ဘု​ရား သည် ငါ့​အား​ယ​မန်​နေ့​ည​က​အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို​သင့်​အား​ငါ​ဖော်​ပြ​မည်'' ဟု​ဆို​လျှင်​ရှောလု​က``အ​မိန့်​ရှိ​ပါ'' ဟု​ဆို​၏။ \p \v 17 ရှ​မွေ​လ​က``သင်​သည်​မိ​မိ​ကိုယ်​ကို​သေး နုတ်​သူ​ဟု​ယူ​ဆ​သော်​လည်း သင်​သည်​ဣ​သ ရေ​လ​အနွယ်​တို့​၏​ခေါင်း​ဆောင်​ဖြစ်​ချေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​တော်​မူ​ခဲ့​၏။- \v 18 ယုတ်​မာ​သော​ထို​အာ​မ​လက်​အ​မျိုး​သား​တို့ အား သုတ်​သင်​ပစ်​ရန်​အ​မိန့်​ပေး​၍​သင့်​ကို​စေ လွှတ်​ခဲ့​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​တစ် ယောက်​မ​ကျန်​သတ်​ဖြတ်​ပြီး​သည်​တိုင်​အောင် စစ်​တိုက်​ရန်​မှာ​ကြား​တော်​မူ​ခဲ့​၏။- \v 19 သင်​သည်​အ​ဘယ်​ကြောင့်​ကိုယ်​တော်​၏​အ​မိန့် တော်​ကို​မ​နာ​ခံ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့် လက်​ရ​ပစ္စည်း​များ​ကို​မက်​မက်​မော​မော​သိမ်း ယူ​ကာ ထာ​ဝ​ရ​ဘု​ရား​မ​နှစ်​သက်​သော အ​မှု​ကို​ပြု​ဘိ​သ​နည်း'' ဟု​ဆို​၏။ \p \v 20 ရှော​လု​က``အ​ကျွန်ုပ်​သည်​အ​မှန်​ပင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​နာ​ခံ​ခဲ့​ပါ​၏။ ကိုယ် တော်​စေ​ခိုင်း​တော်​မူ​သည့်​အ​တိုင်း​သွား​ရောက် ၍​အာ​ဂတ်​မင်း​ကို​ခေါ်​ဆောင်​ခဲ့​ပါ​၏။ အာ​မ လက်​အ​မျိုး​သား​အ​ပေါင်း​ကို​လည်း​သုတ် သင်​ပစ်​ခဲ့​ပါ​၏။- \v 21 သို့​ရာ​တွင်​အ​ကျွန်ုပ်​၏​လူ​တို့​သည်​မိ​မိ​တို့ လက်​ရ​အ​ဆူ​ဖြိုး​ဆုံး​သိုး​နွား​များ​ကို​မ သတ်​ဘဲ အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရန် ဤ​ဂိ​လ​ဂါ​လ မြို့​သို့​ယူ​ဆောင်​ခဲ့​ကြ​ပါ​၏'' ဟု​ပြန်​လည် ဖြေ​ကြား​၏။ \p \v 22 ရှ​မွေ​လ​က``ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ရှို့ ရာ​ယဇ်​အ​စ​ရှိ​သည့်​ပူ​ဇော်​သကာ​များ ဆက်​သ​မှု​နှင့် မိ​မိ​၏​အ​မိန့်​တော်​နာ​ခံ မှု​တို့​အ​နက်​မည်​သည်​ကို​ပို​၍​နှစ်​သက်​တော် မူ​ပါ​သ​နည်း။ နာ​ခံ​ခြင်း​သည်​အ​ဆူ​ဖြိုး ဆုံး​သိုး​ကို​ယဇ်​ပူ​ဇော်​ခြင်း​ထက်​ပို​၍​မြတ်​၏။- \v 23 ကိုယ်​တော်​အား​ပုန်​ကန်​ခြင်း​သည်​စုံး​အ​တတ် ကဲ့​သို့​ဆိုး​ရွား​၍ မောက်​မာ​ထောင်​လွှား​ခြင်း သည်​လည်း​ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း​ကဲ့​သို့ ပင်​အ​ပြစ်​ကြီး​၏။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​ပယ်​သော​ကြောင့် ကိုယ်​တော် သည်​သင့်​ကို​ဘု​ရင်​အ​ဖြစ်​မှ​ပယ်​တော်​မူ ပြီ'' ဟု​ဆို​၏။ \p \v 24 ထို​အ​ခါ​ရှော​လု​က``မှန်​ပါ​၏။ အ​ကျွန်ုပ်​သည် အ​ပြစ်​ကူး​လွန်​မိ​ပါ​ပြီ။ အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​လည်း​ကောင်း၊ အ​ရှင်​၏ ညွှန်​ကြား​ချက်​များ​ကို​လည်း​ကောင်း​လွန်​ဆန်​မိ ပါ​ပြီ။ မိ​မိ​၏​လူ​တို့​ကို​ကြောက်​သ​ဖြင့် အ​ကျွန်ုပ် သည်​သူ​တို့​၏​ဆန္ဒ​အ​တိုင်း​ပြု​မိ​ပါ​၏။- \v 25 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​အား​အ​ကျွန်ုပ်​ဝတ် ပြု​ကိုး​ကွယ်​ခွင့်​ရ​စေ​ရန် အ​ရှင်​သည်​အ​ကျွန်ုပ် ၏​အ​ပြစ်​ကို​ဖြေ​လွှတ်​၍ အ​ကျွန်ုပ်​နှင့်​အ​တူ ဂိ​လ​ဂါ​လ​မြို့​သို့​လိုက်​ခဲ့​ပါ​ရန်​အ​ကျွန်ုပ် တောင်း​ပန်​ပါ​၏'' ဟု​ဆို​လေ​၏။ \p \v 26 ရှ​မွေ​လ​က​လည်း``သင်​နှင့်​ငါ​မ​ပြန်။ သင်​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ပယ်​သော ကြောင့် ကိုယ်​တော်​သည်​သင့်​ကို​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​မှ​ပယ်​တော်​မူ​ပြီ'' ဟု​ဆို​၏။ \p \v 27 ထို​နောက်​ရှ​မွေ​လ​သည်​လှည့်​၍​ထွက်​ခွာ​မည်​ပြု သော​အ​ခါ ရှော​လု​သည်​သူ​၏​ဝတ်​လုံ​ကို​ဆွဲ ကိုင်​လိုက်​သ​ဖြင့်​ဝတ်​လုံ​စုတ်​သွား​လေ​သည်။- \v 28 ရှ​မွေ​လ​က``ထာ​ဝ​ရ​ဘု​ရား​သည်​ယ​နေ့​ပင် ဣ​သ​ရေ​လ​နိုင်​ငံ​ကို​သင့်​ထံ​မှ​ဆွဲ​ယူ​ကာ သင့်​ထက်​ကောင်း​မြတ်​သူ​တစ်​ဦး​၏​လက်​သို့ ပေး​အပ်​တော်​မူ​လေ​ပြီ။-\x + \xo 15:28 \xt ၁ရာ၊ ၂၈:၁၇။ ၃ရာ၊ ၁၁:၃၀-၃၁။\x* \v 29 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​မြင့်​မြတ်​သော ဘု​ရား​သည်​မု​သား​ကို​သုံး​တော်​မ​မူ။ စိတ်​တော် ကို​လည်း​ပြောင်း​လဲ​တော်​မ​မူ။ ကိုယ်​တော်​သည် လူ​ကဲ့​သို့​မိ​မိ​၏​စိတ်​တော်​ကို​ပြောင်း​လဲ​တော် မူ​သည်​မ​ဟုတ်'' ဟု​ဆို​၏။ \p \v 30 ရှော​လု​က``အ​ကျွန်ုပ်​သည်​အ​ပြစ်​ကူး​လွန်​မိ​ပါ ပြီ။ သို့​ရာ​တွင်​ယုတ်​စွ​အ​ဆုံး​အ​ကျွန်ုပ်​၏​အ​မျိုး သား​ခေါင်း​ဆောင်​များ​ရှေ့​၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​၏​ရှေ့​၌​လည်း​ကောင်း အ​ကျွန်ုပ် ၏​ဂုဏ်​အ​သ​ရေ​မ​ပျက်​စေ​ဘဲ အ​ကျွန်ုပ်​သည်​အ​ရှင် ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်ပြု​ကိုး ကွယ်​နိုင်​ရန်​အ​ကျွန်ုပ်​နှင့်​အ​တူ​အ​ရှင်​ပြန်​၍ လိုက်​ခဲ့​ပါ'' ဟု​တောင်း​ပန်​၏။- \v 31 ထို​ကြောင့်​ရှ​မွေ​လ​သည်​သူ​နှင့်​အ​တူ​ဂိ​လ​ဂါ​လ မြို့​သို့​လိုက်​သွား​၏။ ရှော​လု​သည်​လည်း​ထာ​ဝ​ရ ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ​၏။ \p \v 32 ရှ​မွေ​လ​က``အာ​ဂတ်​မင်း​ကို​ငါ့​ထံ​သို့​ခေါ်​ခဲ့ လော့'' ဟု​ဆို​၏။ အာ​ဂတ်​က``သေ​ဘေး​သည်\f 13 \fr 15:32 \ft * \+fk သေ​ဘေး။ \ft သေ​ဘေး​သည်​တုန်​လှုပ်​လျက်​သို့​မ​ဟုတ် ဆိုး ရွား​သော​သေ​ဘေး​သည်​လန်​ပြီ​ဟု​ဆို​လျက် ရွှင်​လန်း​စွာ။\f* အ​လွန်​ဆိုး​ရွား​ပါ​သည်​တ​ကား'' ဟု​တစ်​ကိုယ် တည်း​စဉ်း​စား​ကာ​တုန်​လှုပ်​လျက်​ရှ​မွေ​လ​ထံ သို့​လာ​၏။- \v 33 ထို​အ​ခါ​ရှ​မွေ​လ​က``သင်​၏​ဋ္ဌား​ဖြင့်​မိ​ခင် အ​များ​ပင် မိ​မိ​တို့​၏​သား​များ​ကို​ဆုံး​ရှုံး​ခဲ့​ရ ကြ​၏။ သို့​ဖြစ်​၍​ယ​ခု​သင့်​မိ​ခင်​သည်​လည်း​သူ ၏​သား​ဆုံး​ရှုံး​ရ​ပေ​တော့​အံ့'' ဟု​ဆို​ကာ​အာ ဂတ်​အား​ဂိ​လ​ဂါ​လ​မြို့​ယဇ်​ပလ္လင်​ရှေ့​တွင်​အ ပိုင်း​ပိုင်း​ခုတ်​ဖြတ်​လိုက်​လေ​သည်။ \p \v 34 ထို​နောက်​ရှ​မွေ​လ​သည်​ရာ​မ​မြို့​သို့​သွား ၏။ ရှော​လု​မင်း​သည်​လည်း​ဂိ​လ​ဂါ​လ​နန်း တော်​သို့​ပြန်​လေ​၏။- \v 35 ရှ​မွေ​လ​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ် လုံး နောင်​အ​ဘယ်​အ​ခါ​မျှ​မင်း​ကြီး​နှင့်​မ​တွေ့ ရ​တော့​ချေ။ သို့​ရာ​တွင်​သူ​သည်​ရှော​လု​အ​တွက် များ​စွာ​ဝမ်း​နည်း​မိ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် လည်း​ရှော​လု​အား ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ် ခန့်​ထား​မိ​ခဲ့​သည့်​အ​တွက်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​တော်​မူ​၏။ \c 16 \s1 ဒါ​ဝိဒ်​အား​ရာ​ဇ​ဘိ​သိက်​ပေး​ခြင်း \p \v 1 ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​အား``သင်​သည် အ​ဘယ်​မျှ​ကြာ​အောင်​ရှော​လု​အ​တွက်​ဝမ်း​နည်း နေ​ပါ​မည်​နည်း။ ငါ​သည်​သူ့​အား​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​မှ​ပယ်​တော်​မူ​ပြီ။ သံ​လွင်​ဆီ​ယူ ၍​ဗက်​လင်​မြို့​ရှိ​ယေ​ရှဲ​နာ​မည်​တွင်​သူ​လူ​တစ် ယောက်​ထံ​သို့​သွား​လော့။ ငါ​သည်​သူ​၏​သား တစ်​ယောက်​အား​ဘု​ရင်​အ​ဖြစ်​ရွေး​ချယ်​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 2 ရှ​မွေ​လ​သည်``ဤ​အ​မှု​ကို​အ​ဘယ်​သို့​ပြု​နိုင် ပါ​မည်​နည်း။ ရှော​လု​ကြား​သိ​ပါ​က​အ​ကျွန်ုပ် အား​သတ်​ပစ်​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။ \p \v 3 ဘု​ရား​သ​ခင်​က``နွား​က​လေး​တစ်​ကောင်​ကို​ယူ ၍​သွား​ပြီး​လျှင် သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရန်​ရောက်​ရှိ​လာ​ကြောင်း​ပြော​ကြား လော့။ ယေ​ရှဲ​အား​ယဇ်​ပူ​ဇော်​ပွဲ​သို့​ဖိတ်​ခေါ် လော့။ သင်​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​ငါ​ပြော မည်။ ငါ​ဖော်​ပြ​သူ​အား​ရာ​ဇ​ဘိ​သိက်​ပေး လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 4 ရှ​မွေ​လ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် အ​တိုင်း ဆောင်​ရွက်​ပြီး​နောက်​ဗက်​လင်​မြို့​သို့ သွား​၏။ ထို​မြို့​မှ​ခေါင်း​ဆောင်​များ​သည်​တုန် လှုပ်​လျက်​ခ​ရီး​ဦး​ကြို​ပြု​ပြီး​လျှင်``ကိုယ် တော်​အေး​ချမ်း​စွာ​ကြွ​လာ​ပါ​သ​လော'' ဟု မေး​ကြ​၏။ \p \v 5 ရှ​မွေ​လ​က``အေး​ချမ်း​စွာ​လာ​ခြင်း​ဖြစ်​ပါ သည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ ဇော်​ရန်​ရောက်​လာ​ခြင်း​ဖြစ်​၏။ သင်​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​စေ​၍​ငါ​နှင့်​အ​တူ လိုက်​ခဲ့​ကြ​လော့'' ဟု​ဆို​၏။ ယေ​ရှဲ​၏​သား များ​ကို​လည်း​မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​စေ ပြီး​လျှင် ယဇ်​ပူ​ဇော်​ရာ​သို့​လိုက်​လာ​ရန် ခေါ်​ဖိတ်​လေ​၏။ \p \v 6 သူ​တို့​ရောက်​လာ​ကြ​သော​အ​ခါ​ရှ​မွေ​လ သည်​ယေ​ရှဲ​၏​သား​ဧ​လျာ​ဘ​ကို​မြင်​လျှင်``ဤ တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ရပ်​နေ သော​သူ​ကား​ကိုယ်​တော်​ရွေး​ချယ်​တော်​မူ သည့်​သူ​အ​မှန်​ပင်​ဖြစ်​ရာ​၏'' ဟု​တွေး တော​မိ​၏။- \v 7 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ထို​သူ​၏ အ​ရပ်​အ​မောင်း​ကောင်း​မှု​နှင့်​တင့်​တယ် လှ​ပ​မှု​တို့​ကို​မ​ကြည့်​နှင့်။ ငါ​သည်​လူ​တို့ ကဲ့​သို့​အ​ကဲ​ဖြတ်​သည်​မ​ဟုတ်။ သို့​ဖြစ်​၍ သူ့​ကို​ငါ​ပယ်​ပြီ။ လူ​သည်​ပြင်​ပ​သဏ္ဌာန်​ကို ကြည့်​တတ်​၏။ ငါ​မူ​ကား​စိတ်​နှ​လုံး​ကို ကြည့်​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 8 ထို​နောက်​ယေ​ရှဲ​သည်​မိ​မိ​သား​အ​ဘိ​န​ဒပ် ကို​ရှ​မွေ​လ​ထံ​သို့​ခေါ်​ခဲ့​၏။ သို့​ရာ​တွင် ရှ​မွေ​လ​က``သူ့​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​တော်​မ​မူ'' ဟု​ဆို​၏။- \v 9 ယေ​ရှဲ​သည်​ရှိ​မာ​ကို​ခေါ်​လိုက်​၏။ ထို​အ​ခါ``ဤ သူ့​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော် မ​မူ'' ဟု​ရှ​မွေ​လ​ဆို​ပြန်​၏။- \v 10 ဤ​နည်း​အား​ဖြင့်​ယေ​ရှဲ​သည်​မိ​မိ​၏​သား ခု​နစ်​ယောက်​အ​ထိ​ရှ​မွေ​လ​ထံ​သို့​ခေါ်​ပေး လေ​သည်။ ရှ​မွေ​လ​က​လည်း``ဤ​သူ​တို့​အ​ထဲ မှ​မည်​သူ့​ကို​မျှ​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ် တော်​မ​မူ'' ဟု​ဆို​ပြီး​လျှင်၊- \v 11 ``သင့်​မှာ​အ​ခြား​သား​များ​ရှိ​ပါ​သေး​သ​လော'' ဟု​ယေ​ရှဲ​အား​မေး​၏။ \p ယေ​ရှဲ​က``သား​အ​ငယ်​ဆုံး​ရှိ​ပါ​သေး​သည်။ သူ​သည်​သိုး​များ​ကို​ကျောင်း​လျက်​နေ​ပါ​၏'' ဟု​ဆို​၏။ \p ရှ​မွေ​လ​က``သူ့​အား​ခေါ်​ခဲ့​လော့။ သူ​မ​ရောက် မ​ချင်း​ငါ​တို့​သည်​ယဇ်​ပူ​ဇော်​ပွဲ​ကို​ဝင်​ကြ မည်​မ​ဟုတ်'' ဟု​ပြော​၏။- \v 12 သို့​ဖြစ်​၍​ယေ​ရှဲ​သည်​ထို​သား​ကို​ခေါ်​စေ​၏။ သူ​သည်​တင့်​တယ်​လှ​ပ၊ ကျန်း​မာ​သန်​စွမ်း​သော လူ​ငယ်​လူ​ရွယ်​တစ်​ဦး​ဖြစ်​၏။ သူ​၏​မျက်​စိ များ​သည်​တောက်​ပ​ကြည်​လင်​၏။ ထာ​ဝ​ရ ဘု​ရား​က​ရှ​မွေ​လ​အား``ငါ​ရွေး​ချယ်​သူ ကား​ဤ​သူ​ပေ​တည်း။ သူ့​အား​ဘိ​သိက်​ပေး လော့'' ဟု​မိန့်​တော်​မူ​၏။- \v 13 ရှ​မွေ​လ​သည်​သံ​လွင်​ဆီ​ကို​ယူ​၍​ဒါဝိဒ်​အား သူ​၏​အစ်​ကို​များ​ရှေ့​တွင်​ဘိ​သိက်​ပေး​လေ သည်။ ထို​နေ့​မှ​အ​စ​ပြု​၍​ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​သည် ဒါ​ဝိဒ်​အ​ပေါ်​သို့​သက်​ရောက် တည်​နေ​တော်​မူ​၏။ ထို​နောက်​ရှ​မွေ​လ​သည် ရာ​မ​မြို့​သို့​ပြန်​လေ​၏။ \s1 ရှော​လု​၏​နန်း​တော်​သို့​ဒါ​ဝိဒ်​ရောက်​ရှိ​လာ​ခြင်း \p \v 14 ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ရှော​လု​ထံ မှ​ထွက်​ခွာ​သွား​တော်​မူ​၏။ ထို​အ​ခါ​သူ​သည် ကိုယ်​တော်​စေ​လွှတ်​လိုက်​သည့် နတ်​မိစ္ဆာ​၏​နှောင့် ယှက်​ညှင်း​ဆဲ​ခြင်း​ကို​ခံ​ရ​လေ​တော့​သည်။- \v 15 အ​စေ​ခံ​တို့​က​လည်း​ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ် လိုက်​သည့်​နတ်​မိစ္ဆာ​သည် အ​ရှင်​မင်း​ကြီး​အား​နှောင့် ယှက်​ညှင်း​ဆဲ​လျက်​နေ​သည်​ကို​အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ​၏။- \v 16 သို့​ဖြစ်​၍​အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ် တို့​အား​အ​မိန့်​ပေး​တော်​မူ​ပါ​လျှင် စောင်း​တီး​တတ် သူ​ကို​အ​ကျွန်ုပ်​တို့​ရှာ​ပါ​မည်။ သူ​သည်​နတ်​မိစ္ဆာ ဝင်​လာ​ချိန်​၌​စောင်း​ကို​တီး​သ​ဖြင့် အ​ရှင်​မင်း ကြီး​သည်​ပြန်​လည်​၍​အ​ကောင်း​ပ​က​တိ​ဖြစ် လာ​ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။ \p \v 17 ရှော​လု​က``သာ​ယာ​စွာ​စောင်း​တီး​တတ်​သူ​ကို ရှာ​၍​ငါ့​ထံ​သို့​ခေါ်​ခဲ့​လော့'' ဟု​အ​မိန့်​ပေး တော်​မူ​လျှင်၊- \v 18 အ​ပါး​တော်​တွင်​ခ​စား​နေ​သူ​တစ်​ဦး​က``ဗက်​လင် မြို့​သား​ယေ​ရှဲ​တွင် တူ​ရိ​ယာ​ကောင်း​စွာ​တီး​တတ် သူ​သား​တစ်​ယောက်​ရှိ​ပါ​၏။ သူ​သည်​ရဲစွမ်း​သတ္တိ ရှိ​သူ၊ အ​ဆင်း​လှ​သူ၊ စစ်​ရေး​တတ်​သူ၊ နှုတ်​သတ္တိ ရှိ​သူ​ဖြစ်​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​နှင့် အ​တူ​ရှိ​တော်​မူ​ပါ​၏'' ဟု​လျှောက်​ထား​၏။ \p \v 19 ရှော​လု​သည်​ယေ​ရှဲ​ထံ​သို့​စေ​တ​မန်​များ လွှတ်​၍``သိုး​များ​ကို​ထိန်း​ကျောင်း​နေ​သူ​သင် ၏​သား​ဒါ​ဝိဒ်​အား​ငါ့​ထံ​သို့​စေ​လွှတ်​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။- \v 20 ယေ​ရှဲ​သည်​မုန့်​တင်​မြည်း​တစ်​စီး၊ စ​ပျစ်​ရည် အ​ပြည့်​ပါ​သော​သား​ရေ​ဘူး​တစ်​ဘူး​နှင့်​ဆိတ်​ငယ် တစ်​ကောင်​ကို ဒါ​ဝိဒ်​နှင့်​အ​တူ​ရှော​လု​မင်း​ထံ သို့​ပို့​ဆက်​လေ​၏။- \v 21 ဒါ​ဝိဒ်​သည်​ရှော​လု​ထံ​သို့​လာ​ရောက်​ပြီး​လျှင် အ​မှု​တော်​ကို​ထမ်း​ဆောင်​လေ​သည်။ ရှော​လု သည်​လည်း​သူ့​ကို​လွန်​စွာ​နှစ်​သက်​တော်​မူ သ​ဖြင့်​မိ​မိ​၏​လက်​နက်​သယ်​ဆောင်​သူ အ​ရာ​၌​ခန့်​ထား​တော်​မူ​၏။- \v 22 ထို​နောက်``ငါ​သည်​ဒါ​ဝိဒ်​ကို​နှစ်​သက်​တော်​မူ​သည်။ သူ့​အား​ငါ့​ထံ​၌​ခ​စား​ပါ​စေ'' ဟု​ယေရှဲ​ထံ​လူ လွှတ်​မိန့်​ကြား​တော်​မူ​လိုက်​၏။- \v 23 ထို​နေ့​မှ​အ​စ​ပြု​၍​ရှော​လု​ကို​ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​နတ်​မိစ္ဆာ​ဝင်​သည့်​အ​ခါ​တိုင်း ဒါ​ဝိဒ်​သည်​စောင်း​ကို​ယူ​၍​တီး​လေ့​ရှိ​၏။ ထို အ​ခါ​နတ်​မိစ္ဆာ​သည်​ထွက်​ခွာ​သွား​သ​ဖြင့် ရှော​လု​သည်​သက်​သာ​၍​တစ်​ဖန်​ကျန်း​မာ လာ​လေ​သည်။ \c 17 \s1 တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ဂေါ​လျတ်​က​စိန်​ခေါ်​ခြင်း \p \v 1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ယု​ဒ​ပြည်​ရှော​ခေါ မြို့​တွင်​စု​ရုံး​ကာ ထို​မြို့​နှင့်​အ​ဇေ​ကာ​မြို့​စပ် ကြား​ဧ​ဖက်​ဒ​မိမ်​အ​ရပ်​တွင်​တပ်​ချ​ထား ကြ​၏။- \v 2 ရှော​လု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​သည် လည်း​စု​ရုံး​၍ ဝက်​သစ်​ချ​ချိုင့်​ဝှမ်း​တွင်​တပ်​ချ ပြီး​လျှင်​ဖိ​လိတ္တိ​တပ်​သား​တို့​အား​တိုက်​ခိုက် ရန်​အ​သင့်​ပြင်​ဆင်​ကြ​၏။- \v 3 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က​တောင်​ကုန်း​တစ်​ခု ပေါ်​တွင်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က​အ​ခြား​တောင်​ကုန်း​တစ်​ခု​ပေါ်​တွင် လည်း​ကောင်း​နေ​ရာ​ယူ​ထား​ကြ​၏။ သူ​တို့​၏ စပ်​ကြား​တွင်​ကား​ချိုင့်​ဝှမ်း​ခံ​လျက်​နေ​သ​တည်း။ \p \v 4 ဂါ​သ​မြို့​သား​ဂေါ​လျတ်​ဆို​သူ​သည်​ဖိ​လိတ္တိ​တပ် စခန်း​မှ​ထွက်​လာ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​မိ​မိ​နှင့်​တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​စိန်​ခေါ် လေ​သည်။ သူ​သည်​အ​ရပ်​ကိုး​ပေ\f 14 \fr 17:4 \ft * \+fk အ​ရပ်​ကိုး​ပေ။ \ft အ​ရပ်​ကိုး​ပေ။ ဟေ​ဗြဲ​မူ​အ​ရ​ကိုး​ပေ။ ရှေး ဟေ​ဗြဲ​မူ​တစ်​ခု​နှင့်​ရှေး​ဘာ​သာ​ပြန်​မူ​တစ် ခု​အ​ရ​ခု​နစ်​ပေ။\f* ခန့်​မြင့်​၍၊- \v 5 တစ်​ရာ​နှစ်​ဆယ့်​ငါး​ပေါင်​ခန့်​လေး​သော​ကြေး​ဝါ သံ​ချပ်​အင်္ကျီ​ကို​ဝတ်​ဆင်​ကာ​ကြေး​ဝါ​ခ​မောက် ကို​ဆောင်း​ထား​၏။- \v 6 ကြေး​ဝါ​ခြေ​စွပ်​ကို​လည်း​ဝတ်​လျက်​ကြေး​ဝါ လက်​ပစ်​လှံ​ကို​ပု​ခုံး​တွင်​လွယ်​ထား​၏။- \v 7 သူ​၏​လက်​ထိုး​လှံ​အ​ရိုး​သည်​ယက်​ကန်း​လက် လိပ်​တန်​တ​မျှ​ကြီး​၏။ သံ​လှံ​သွား​မှာ​လည်း တစ်​ဆယ့်​ငါး​ပေါင်​ခန့်​လေး​သည်။ သူ​၏​ဒိုင်း လွှား​ကို​ကိုင်​ဆောင်​သူ​စစ်​သည်​က​သူ​၏​ရှေ့ မှ​သွား​ရ​၏။- \v 8 ဂေါ​လျတ်​သည်​ရပ်​လျက်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဤ​အ​ရပ်​သို့ လာ​ကြ​သနည်း။ စစ်​တိုက်​ရန်​လော။ အ​ချင်း​ရှော​လု ၏​ကျွန်​တို့၊ ငါ​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​ဖြစ်​၏။ ငါ​နှင့်​စစ်​ထိုး​ရန်​သင်​တို့​အ​ထဲ​မှ​လူ​တစ် ယောက်​ကို​ရွေး​ချယ်​ကြ​လော့။- \v 9 အ​ကယ်​၍​ထို​သူ​သည်​ငါ့​ကို​နှိမ်​နင်း​သတ် ဖြတ်​နိုင်​လျှင် ငါ​တို့​သည်​သင်​တို့​ထံ​တွင်​ကျွန် ခံ​မည်။ သို့​ရာ​တွင်​အ​ကယ်​၍​ငါ​သည်​သူ့​ကို နှိမ်​နင်း​သတ်​ဖြတ်​နိုင်​ပါ​မူ သင်​တို့​သည်​ငါ တို့​ထံ​၌​ကျွန်​ခံ​ရ​ကြ​မည်။- \v 10 ယ​ခု​ငါ​သည်​ဣ​သ​ရေ​လ​တပ်​မ​တော်​အား​ငါ နှင့်​တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​စိန်​ခေါ်​ပါ​၏။ ငါ​နှင့် တိုက်​ခိုက်​ရန်​လူ​တစ်​ဦး​ကို​ရွေး​ချယ်​ကြ​လော့'' ဟု​ဆို​၏။- \v 11 ထို​စ​ကား​ကို​ကြား​သော​အ​ခါ​ရှော​လု​နှင့် သူ​၏​စစ်​သည်​တပ်​သား​တို့​သည်​ထိတ်​လန့် ကြ​ကုန်​၏။ \s1 ရှော​လု​၏​တပ်​စ​ခန်း​သို့​ဒါ​ဝိဒ်​ရောက်​ရှိ​လာ​ခြင်း \p \v 12 ဒါ​ဝိဒ်​သည်​ယု​ဒ​ပြည်၊ ဗက်​လင်​မြို့​မှ​ဧ​ဖ​ရတ် အ​ရပ်​သား​ယေ​ရှဲ​၏​သား​ဖြစ်​၏။ ယေ​ရှဲ​တွင် သား​ရှစ်​ယောက်​ရှိ​၏။ ရှော​လု​မင်း​နန်း​စံ​ချိန်​၌ ယေ​ရှဲ​သည်​များ​စွာ​အို​မင်း​လျက်​နေ​လေ​ပြီ။- \v 13 သူ​၏​သား​ကြီး​သုံးယောက်​သည်​ရှော​လု​နှင့်​အ​တူ တိုက်​ပွဲ​ဝင်​ရန်​လိုက်​သွား​ကြ​၏။ အ​ကြီး​ဆုံး သည်​ဧ​လျာ​ဘ၊ ဒု​တိ​ယ​သား​မှာ​အ​ဘိ​န​ဒပ်၊ တ​တိ​ယ​သား​ကား​ရှိ​မာ​ဖြစ်​၏။- \v 14-15 ဒါ​ဝိဒ်​သည်​အ​ငယ်​ဆုံး​သား​ဖြစ်​၏။ သား​ကြီး သုံး​ယောက်​တို့​သည်​ရှော​လု​ထံ​တွင်​ခ​စား​လျက် နေ​ကြ​သော်​လည်း ဒါ​ဝိဒ်​မူ​ကား​ရံ​ဖန်​ရံ​ခါ ဗက်​လင်​မြို့​သို့​ပြန်​ပြီး​လျှင်​ဖ​ခင်​၏​သိုး​တို့ ကို​ထိန်း​ကျောင်း​လေ့​ရှိ​၏။ \p \v 16 ဂေါ​လျတ်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​နံ​နက်​တစ်​ခါ၊ ည​တစ်​ခါ​အရက်​လေး​ဆယ်​တိုင်​တိုင်​စိန် ခေါ်​လေ​သည်။ \p \v 17 တစ်​နေ့​သ​၌​ယေ​ရှဲ​သည်​ဒါ​ဝိဒ်​အား``ဤ​ပေါက် ပေါက်​တစ်​တင်း​နှင့်​မုန့်​ဆယ်​လုံး​ကို​ယူ​၍​သင် ၏​အစ်​ကို​များ​ရှိ​ရာ​တပ်​စ​ခန်း​သို့​အ​မြန် သွား​လော့။- \v 18 တပ်​မှူး​အ​တွက်​ဒိန်​ခဲ​ဆယ်​လုံး​ကို​လည်း​ယူ ၍​သွား​ပါ​လေ။ သင်​၏​အစ်​ကို​များ​ကျန်း​မာ သည်​မ​ကျန်း​မာ​သည်​ကို​စုံ​စမ်း​ပြီး​လျှင် သူ​တို့​ကျန်း​မာ​စွာ​ရှိ​ကြောင်း​သက်​သေ​တစ် ခု​ခု​ကို​ယူ​ခဲ့​လော့။- \v 19 ရှော​လု​မင်း​မှ​စ​၍​သင့်​အစ်​ကို​များ​နှင့်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဧ​လာ​ချိုင့်​ဝှမ်း တွင်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​တိုက်​ပွဲ​ဝင်​လျက် ရှိ​နေ​ကြ​၏'' ဟု​ဆို​၏။ \p \v 20 ဒါ​ဝိဒ်​သည်​နောက်​တစ်​နေ့​နံ​နက်​စော​စော​ထ ၍ သိုး​တို့​ကို​အ​ခြား​လူ​တစ်​ယောက်​လက်​တွင် အပ်​ပြီး​နောက် အ​စား​အ​စာ​များ​ကို​ယူ​ကာ ယေ​ရှဲ​မှာ​ကြား​သည့်​အ​တိုင်း​ထွက်​ခွာ​သွား လေ​သည်။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​နှင့် ဖိလိတ္တိ​အ​မျိုး​သား​တို့​စစ်​တိုက်​ရန် ကြွေး​ကြော်​ကာ စစ်​မြေ​ပြင်​သို့​ထွက်​ခွာ​လာ ချိန်​၌​ရောက်​ရှိ​လာ​၏။- \v 21 ဖိ​လိတ္တိ​အ​မျိုး​သား​များ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​တိုက်​ပွဲ​ဝင်​ရန် မျက်​နှာ ချင်း​ဆိုင်​နေ​ရာ​ယူ​ကြ​၏။- \v 22 ဒါ​ဝိဒ်​သည်​မိမိ​ယူ​ဆောင်​လာ​သည့်​အ​စား​အ​စာ များ​ကို ရိက္ခာ​တာ​ဝန်​ခံ​ထံ​တွင်​အပ်​ထား​၍​စစ် မြေ​ပြင်​သို့​ပြေး​သွား​၏။ ထို​နောက်​မိ​မိ​၏ အစ်​ကို​များ​ထံ​သွား​ရောက်​နှုတ်​ဆက်​၏။- \v 23 ယင်း​သို့​သူ​တို့​နှင့်​စ​ကား​ပြော​နေ​ချိန်​၌ ဂေါ​လျတ်​သည် ရှေ့​သို့​ထွက်​လာ​ပြီး​လျှင်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား မိ​မိ​နှင့်​တစ်​ဦး ချင်း​စစ်​ထိုး​ရန်​ယ​ခင်​က​နည်း​တူ​စိန်​ခေါ် လေ​သည်။ ထို​စိန်​ခေါ်​သံ​ကို​ဒါ​ဝိဒ်​ကြား​၏။- \v 24 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဂေါ​လျတ် ကို​မြင်​လျှင်​ကြောက်​၍​ထွက်​ပြေး​ကြ​၏။- \v 25 ``သူ့​အား​ကြည့်​ကြ​လော့။ သူ​ကြိမ်း​ဝါး​သည် ကို​လည်း​နား​ထောင်​ကြ​လော့။ ရှော​လု​မင်း သည်​ထို​သူ့​ကို​သတ်​ဖြတ်​နိုင်​သူ​အား​ဆု တော်​လာဘ်​တော်​ကို​ပေး​တော်​မူ​မည်​ဟု​က​တိ ပြု​ထား​၏။ မင်း​ကြီး​သည်​ထို​သူ​အား သ​မီး တော်​နှင့်​လည်း​ထိမ်း​မြား​စုံ​ဖက်​တော်​မူ​ပါ လိမ့်​မည်။ ထို့​ပြင်​သူ့​ဖ​ခင်​၏​အိမ်​ထောင်​စု​ကို အ​ခွန်​တော်​များ​လွတ်​ငြိမ်း​ခွင့်​ပြု​တော်​မူ လိမ့်​မည်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​နေ ကြ​၏။ \p \v 26 ဒါ​ဝိဒ်​သည်​အ​နီး​၌​ရှိ​သော​လူ​တို့​အား``ဤ ဖိလိတ္တိ​အ​မျိုး​သား​ကို​သတ်​၍​ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​အ​သ​ရေ​ကို​ဆယ်​နိုင်​သူ သည် အ​ဘယ်​အ​ကျိုး​ကို​ခံ​စား​ရ​ပါ​မည် နည်း။ အ​ကယ်​စင်​စစ်​ဤ​ဘုရား​မဲ့​ဖိ​လိတ္တိ အ​မျိုး​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင် ၏​တပ်​မ​တော်​ကို​အံ​တု​၍​နေ​ပါ​သ​နည်း'' ဟု​ဆို​၏။- \v 27 သူ​တို့​က​လည်း​ဂေါ​လျတ်​ကို​သတ်​နိုင်​သူ သည် မည်​သည့်​အ​ကျိုး​ခံ​စား​ရ​မည်​ကို ဒါ​ဝိဒ်​အား​ပြော​ကြ​၏။ \p \v 28 ထို​သူ​တို့​နှင့်​ဒါ​ဝိဒ်​ပြော​သော​စ​ကား​ကို အစ်​ကို​ကြီး​ဧ​လျာ​ဘ​ကြား​လျှင် အ​မျက် ထွက်​၍``သင်​သည်​အ​ဘယ်​ကြောင့်​ဤ​အ​ရပ် သို့​လာ​သ​နည်း။ တော​ကန္တာ​ရ​တွင်​သိုး​များ ကို​အ​ဘယ်​သူ​ထိန်း​ကျောင်း​လျက်​နေ​ပါ သ​နည်း။ သင်​၏​စိတ်​နေ​မြင့်​မှု၊ ဆိုး​ညစ်​ယုတ် မာ​မှု​ကို​ငါ​သိ​၏။ သင်​သည်​စစ်​ပွဲ​ကြည့် ရန်​လာ​ရောက်​ခြင်း​သာ​ဖြစ်​၏'' ဟု​ဆို​၏။ \p \v 29 ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​မှု​ကို ပြု​မိ​ပါ​သ​နည်း။ မေး​ခွန်း​တစ်​ခု​ကို​မျှ​မေး နိုင်​ခွင့်​မ​ရှိ​ပါ​သ​လော'' ဟု​ဆို​၍၊- \v 30 အ​ခြား​သူ​တို့​ဘက်​သို့​လှည့်​ပြီး​လျှင် ယ​ခင် ကဲ့​သို့​မေး​မြန်း​ပြီး​လျှင်​ရှေး​နည်း​တူ​ပြန် ပြော​ကြ​၏။ \p \v 31 လူ​အ​ချို့​တို့​သည်​ဒါ​ဝိဒ်​ပြော​ဆို​သော​စ​ကား ကို​ကြား​၍ ရှော​လု​အား​သံ​တော်​ဦး​တင်​ကြ သော​အ​ခါ​ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ခေါ်​တော် မူ​၏။- \v 32 ဒါ​ဝိဒ်​က``အ​ရှင်​မင်း​ကြီး၊ ဤ​ဖိ​လိတ္တိ​အ​မျိုး သား​အား အ​ဘယ်​သူ​မျှ​မ​ကြောက်​သင့်​ပါ။ အ​ကျွန်ုပ်​သည်​သွား​၍​သူ​နှင့်​စစ်​ထိုး​ပါ​မည်'' ဟု​ရှော​လု​အား​လျှောက်​၏။ \p \v 33 ရှော​လု​က``အ​ဘယ်​သို့​လျှင်​သင်​သည်​သူ​နှင့် စစ်​ထိုး​နိုင်​ပါ​မည်​နည်း။ သင်​သည်​သူ​ငယ်​မျှ သာ​ရှိ​သေး​၏။ ထို​သူ​မူ​ကား​တစ်​သက်​လုံး စစ်​သူ​ရဲ​လုပ်​ခဲ့​သူ​ဖြစ်​၏'' ဟု​ဆို​သော်၊ \p \v 34 ဒါ​ဝိဒ်​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည် ဖ​ခင်​၏​သိုး​များ​ကို​ထိန်း​ကျောင်း​ရ​သူ ဖြစ်​ပါ​၏။ သိုး​တစ်​ကောင်​ကို​ခြင်္သေ့​သော် လည်း​ကောင်း၊ ဝက်​ဝံ​သော်​လည်း​ကောင်း ကိုက်​ချီ​သွား​ပါ​လျှင်၊- \v 35 အ​ကျွန်ုပ်​သည်​ထို​သား​ရဲ​ကို​လိုက်​လံ​တိုက်​ခိုက် ကာ သိုး​ငယ်​ကို​ကယ်​ဆယ်​ပါ​၏။ အ​ကယ်​၍​ခြင်္သေ့ သို့​မ​ဟုတ်​ဝက်​ဝံ​သည် အ​ကျွန်ုပ်​ကို​လှည့်​၍​ကိုက် ခဲ့​သော်​အ​ကျွန်ုပ်​သည်​သူ​၏​လည်​မြို​ကို​ကိုင်​၍ ရိုက်​သတ်​ပါ​၏။- \v 36 အ​ကျွန်ုပ်​သည်​ခြင်္သေ့​နှင့်​ဝက်​ဝံ​တို့​ကို​သတ်​ခဲ့​သူ ဖြစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ တပ်​မ​တော်​ကို​အံ​တု​သူ၊ ဤ​ဘု​ရား​မဲ့​ဖိ​လိတ္တိ အ​မျိုး​သား​အား​လည်း​သတ်​ဖြတ်​နိုင်​ပါ​သည်။- \v 37 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​အား​ခြင်္သေ့ ဘေး၊ ဝက်​ဝံ​ဘေး​မှ​ကယ်​တော်​မူ​ခဲ့​ပါ​ပြီ။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား ဤ​ဖိ​လိတ္တိ အ​မျိုး​သား​၏​လက်​မှ​လည်း​ကယ်​တော် မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။ \p ရှော​လု​က``ကောင်း​ပြီ၊ သွား​လော့။ ထာ​ဝ​ရ ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ စေ​သော'' ဟု​ဆို​ကာ၊- \v 38 မိ​မိ​ကိုယ်​ပိုင်​လက်​နက်​စုံ​ကို​ဒါ​ဝိဒ်​အား တပ်​ဆင်​ပေး​၏။ ကြေး​ဝါ​ခ​မောက်​ကို​ဆောင်း ပေး​ပြီး​လျှင်​သံ​ချပ်​အင်္ကျီ​ကို​ဝတ်​ဆင်​စေ တော်​မူ​၏။- \v 39 ဒါ​ဝိဒ်​သည်​သံ​ချပ်​အင်္ကျီ​အ​ပေါ်​တွင် ရှော​လု ၏​ဋ္ဌား​ကို​ချိတ်​ဆွဲ​ကာ​လမ်း​လျှောက်​ကြည့်​၏။ သို့​ရာ​တွင်​သံ​ချပ်​အင်္ကျီ​ဝတ်​ကျင့်​မ​ရှိ​သ​ဖြင့် သူ​သည်​လမ်း​လျှောက်​၍​မ​ရ။ ထို့​ကြောင့်​ရှော​လု အား``အ​ကျွန်ုပ်​သည်​ဤ​တန်​ဆာ​မျိုး​ကို​ဝတ် ကျင့်​မ​ရှိ​ပါ'' ဟု​လျှောက်​ပြီး​လျှင်​ချွတ် လိုက်​၏။- \v 40 သူ​သည်​မိ​မိ​၏​သိုး​ထိန်း​တောင်​ဝှေး​ကို​ယူ​၍ စမ်း​ချောင်း​ထဲ​မှ​ကျောက်​ခဲ​ငါး​လုံး​ကို​ကောက် ယူ​ကာ​လွယ်​အိတ်​ထဲ​သို့​ထည့်​လိုက်​၏။ ထို​နောက် လောက်​လွှဲ​ကို​အ​သင့်​ကိုင်​၍ ဂေါ​လျတ်​နှင့် တွေ့​ဆုံ​ရန်​ထွက်​သွား​လေ​သည်။ \s1 ဂေါ​လျတ်​အား​ဒါ​ဝိဒ်​နှိမ်​နင်း​လိုက်​ခြင်း \p \v 41 ဂေါ​လျတ်​သည်​မိ​မိ​၏​ဒိုင်း​လွှား​ကိုင်​ဆောင် သူ​၏​နောက်​မှ​နေ​၍ ဒါ​ဝိဒ်​ရှိ​ရာ​သို့​ချဉ်း ကပ်​လာ​၏။- \v 42 သူ​သည်​ဒါ​ဝိဒ်​ကို​သေ​ချာ​စွာ​ကြည့်​သော အ​ခါ ဒါ​ဝိဒ်​ကား​ရှု​ချင်​ဖွယ်​ကောင်း​သည့် သူ​ငယ်​တစ်​ယောက်​မျှ​သာ​ဖြစ်​သည်​ကို​တွေ့ ရှိ​ရ​သော​ကြောင့် သူ့​အား​မ​ထီ​လေး​စား​ပြု လေ​သည်။- \v 43 သူ​က​ဒါ​ဝိဒ်​အား``တောင်​ဝှေး​နှင့်​အ​ဘယ်​ကြောင့် လာ​ပါ​သ​နည်း။ ငါ့​အား​ခွေး​ထင်​မှတ်​သ​လော'' ဟု​ဆို​ပြီး​လျှင်​မိ​မိ​၏​ဘု​ရား​ကို​တိုင်​တည်​၍ ဒါ​ဝိဒ်​အား​ကျိန်​ဆဲ​လေ​သည်။- \v 44 ထို​နောက်``လာ​ခဲ့​လော့။ ငါ​သည်​သင့်​အ​သား ကို​ငှက်​များ​နှင့်​သား​ရဲ​တိ​ရစ္ဆာန်​များ​၏ အ​စာ​ဖြစ်​စေ​အံ့'' ဟု​ဆို​၏။ \p \v 45 ဒါ​ဝိဒ်​က``သင်​သည်​ဋ္ဌား၊ ပစ်​လှံ၊ ထိုး​လှံ​တို့​နှင့် သာ​လာ​၏။ ငါ​မူ​ကား​သင်​အံ​တု​သည့်​ဣ​သ​ရေ လ​စစ်​သည်​တော်​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​သော အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော် နှင့်​လာ​၏။- \v 46 ယ​နေ့​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား ငါ​၏​လက်​တွင်​အပ်​နှင်း​တော်​မူ​လိမ့်​မည်။ ငါ သည်​သင့်​ကို​နှိမ်​နင်း​၍​သင်​၏​ဦး​ခေါင်း​ကို ဖြတ်​ပစ်​မည်။ ဖိ​လိတ္တိ​တပ်​သား​တို့​၏​အ​သေ ကောင်​များ​ကို​ငှက်​များ၊ သား​ရဲ​တိရစ္ဆာန်​များ ၏​အ​စာ​ဖြစ်​စေ​မည်။ ထို​အ​ခါ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​တွင် ဘု​ရား​ရှိ​တော်​မူ​ကြောင်း တစ်​ကမ္ဘာ​လုံး​သိ​ကြ​လိမ့်​မည်။- \v 47 ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​ကယ် တင်​ရန်​အ​တွက် ဋ္ဌား၊ လှံ​လက်​နက်​များ​ကို​အ​သုံး ပြု​တော်​မူ​ရန်​မ​လို​ကြောင်း​ကို​လည်း ဤ​အ​ရပ် တွင်​ရှိ​သ​မျှ​သော​လူ​တို့​တွေ့​မြင်​ရ​ကြ​လိမ့် မည်။ ကိုယ်​တော်​သည်​စစ်​မက်​ရေး​ရာ​ကို​ပိုင် တော်​မူ​သ​ဖြင့် သင်​တို့​အား​လုံး​ကို​ငါ​တို့ လက်​သို့​အပ်​နှင်း​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။ \p \v 48 ဂေါ​လျတ်​သည် ဒါ​ဝိဒ်​ရှိ​ရာ​သို့​တစ်​ဖန်​ချဉ်း​ကပ် လာ​၏။ ဒါ​ဝိဒ်​သည်​သူ​နှင့်​စစ်​ထိုး​ရန်​ဖိ​လိတ္တိ တပ်​ဦး​သို့​အ​လျင်​အ​မြန်​ပြေး​၍၊- \v 49 မိ​မိ​လွယ်​အိတ်​မှ​ကျောက်​ခဲ​တစ်​လုံး​ကို​နှိုက်​ယူ ပြီး​လျှင် လောက်​လွှဲ​နှင့်​ဂေါ​လျတ်​အား​ပစ်​လိုက်​၏။ ကျောက်​ခဲ​သည်​ဂေါ​လျတ်​၏​န​ဖူး​ကို​ထိ​မှန်​၍ န​ဖူး​ပေါက်​သ​ဖြင့်​ဂေါ​လျတ်​သည်​မြေ​ပေါ်​သို့ ငိုက်​စိုက်​လဲ​ကျ​သွား​တော့​၏။- \v 50 ဤ​ကဲ့​သို့​ဒါ​ဝိဒ်​သည်​ဋ္ဌား​မ​ပါ​ဘဲ လောက်​လွှဲ​နှင့် ကျောက်​ခဲ​တစ်​လုံး​ဖြင့်​ဂေါ​လျတ်​အား​သေ လောက်​သည့်​ဒဏ်​ရာ​ရ​စေ​လျက်​နှိမ်​နင်း​လိုက် သ​တည်း။-\x + \xo 17:50 \xt ၂ရာ၊ ၂၁:၁၉။\x* \v 51 သူ​သည်​ဂေါ​လျတ်​ရှိ​ရာ​သို့​ပြေး​ပြီး​နောက် သူ့​ကို ခြေ​နှင့်​နင်း​ကာ​သူ​၏​ဋ္ဌား​ကို​ဋ္ဌား​အိမ်​မှ​ဆွဲ​ထုတ် ပြီး​လျှင် ခေါင်း​ကို​ဖြတ်​၍​သတ်​လေ​တော့​သည်။ \p ဖိ​လိတ္တိ​အ​မျိုး​သား​များ​သည် မိ​မိ​တို့​သူ​ရဲ ကောင်း​ကြီး​ကျ​ဆုံး​သွား​သည်​ကို​မြင်​ကြ သော​အ​ခါ​ထွက်​ပြေး​ကြ​ကုန်​၏။-\x + \xo 17:51 \xt ၂ရာ၊ ၂၁:၂၉။\x* \v 52 ဣ​သ​ရေ​လ​နှင့်​ယု​ဒ​တပ်​သား​များ​သည်​လည်း အော်​သံ​ပေး​ကာ​ဂါ​သ​မြို့​နှင့်\f 15 \fr 17:52 \ft * \+fk ဂါ​သ​မြို့။ \ft ရှေး​ဘာ​သာ​ပြန်​မူ​တစ်​ခု​အ​ရ​ဂါ​သ​မြို့။ ဟေ​ဗြဲ​မူ​အ​ရ​ချိုင့်။\f* ဧ​ကြုန်​မြို့​တံ​ခါး​များ​တိုင်​အောင်​သူ​တို့​အား လိုက်​လံ​တိုက်​ခိုက်​ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည်​ဒဏ်​ရာ​ရ​၍ ဂါ​သ​မြို့​နှင့်​ဧ​ကြုန်​မြို့ တိုင်​အောင်​ရှာ​ရိမ်​လမ်း​တစ်​လျှောက်​လုံး​၌ ကျ​ဆုံး​ကြ​ကုန်​၏။- \v 53 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လိုက်​လံ တိုက်​ခိုက်​ရာ​မှ​ပြန်​လာ​ကြ​ပြီး​နောက် ဖိ​လိတ္တိ တပ်​စ​ခန်း​ကို​ဝင်​ရောက်​လု​ယက်​ကြ​လေ​သည်။- \v 54 ဒါ​ဝိဒ်​သည်​ဂေါ​လျတ်​၏​ဦး​ခေါင်း​ကို​ယူ​၍ ယေ​ရု​ရှ​လင်​မြို့​သို့​သယ်​ဆောင်​သွား​၏။ ဂေါ လျတ်​၏​လက်​နက်​များ​ကို​မူ​မိ​မိ​၏​တပ် စ​ခန်း​တွင်​သိမ်း​ဆည်း​ထား​၏။ \s1 ဒါ​ဝိဒ်​အား​ရှော​လု​၏​ရှေ့​တော်​သို့​သွင်း​ခြင်း \p \v 55 ဂေါ​လျတ်​နှင့်​စစ်​ထိုး​ရန် ဒါ​ဝိဒ်​ထွက်​သွား​သည် ကို​ရှော​လု​မြင်​သော​အ​ခါ ဗိုလ်​ချုပ်​အာ​ဗ​နာ အား``အာ​ဗ​နာ၊ ထို​သူ​ငယ်​ကား​အ​ဘယ်​သူ နည်း'' ဟု​မေး​တော်​မူ​၏။ \p အာ​ဗ​နာ​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​မ​သိ​ပါ'' ဟု​လျှောက်​၏။ \p \v 56 ရှော​လု​က``မ​သိ​လျှင်​သွား​၍​စုံ​စမ်း​လော့'' ဟု မိန့်​တော်​မူ​၏။ \p \v 57 ထို့​ကြောင့်​ဂေါ​လျတ်​ကို​ဒါ​ဝိဒ်​သတ်​ပြီး​နောက် တပ်​စ​ခန်း​သို့​ပြန်​လာ​သော​အ​ခါ​အာ​ဗ​နာ သည်​သူ့​ကို​ခေါ်​၍ ရှော​လု​၏​ရှေ့​တော်​သို့​သွင်း လေ​၏။ ထို​အ​ခါ​ဒါ​ဝိဒ်​သည်​ဂေါ​လျတ်​၏ ဦး​ခေါင်း​ကို​ကိုင်​ဆောင်​လျက်​ပင်​ရှိ​သေး​၏။- \v 58 ရှော​လု​က``အ​ချင်း​လူ​ငယ်၊ သင်​ကား​အ​ဘယ် သူ​၏​သား​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ \p ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​သည်​အ​ရှင်​၏​အ​စေ​ခံ၊ ဗက်​လင်​မြို့​သား​ယေ​ရှဲ​၏​သား​ဖြစ်​ပါ​၏'' ဟု​ပြန်​လည်​လျှောက်​ထား​၏။ \c 18 \p \v 1 ရှော​လု​နှင့်​ဒါ​ဝိဒ်​တို့​စ​ကား​ပြော​ပြီး​သည့် နောက်​ရှော​လု​၏​သား​ယော​န​သန်​သည် ဒါ​ဝိဒ် အ​ပေါ်​တွင်​လွန်​စွာ​ချစ်​ခင်​စွဲ​လန်း​လျက် သူ့​အား​မိ​မိ​ကိုယ်​နှင့်​အ​မျှ​ချစ်​လာ​၏။- \v 2 ရှော​လု​သည်​ဒါ​ဝိဒ်​အား​ထို​နေ့​မှ​စ​၍​အ​ပါး တော်​တွင်​နေ​စေ​တော်​မူ​၏။ အိမ်​ပြန်​ခွင့်​ကို​ပေး တော်​မ​မူ။- \v 3 ယော​န​သန်​သည်​ဒါ​ဝိဒ်​ကို​လွန်​စွာ​ချစ်​သ​ဖြင့် သူ​နှင့်​ရာ​သက်​ပန်​မိတ်​ဆွေ​ဖွဲ့​ရန်​ကျိန်​ဆို က​တိ​ပြု​လေ​သည်။- \v 4 သူ​သည်​မိ​မိ​ဝတ်​ဆင်​ထား​သည့်​ဝတ်​လုံ​နှင့် တ​ကွ​သံ​ချပ်​အင်္ကျီ၊ ဋ္ဌား၊ လေး၊ ခါး​စည်း​တို့ ကို​ဒါ​ဝိဒ်​အား​ပေး​၏။- \v 5 ဒါ​ဝိဒ်​သည်​ရှောလု​စေ​ခိုင်း​လေ​သ​မျှ​သော အ​မှု​ကိစ္စ​တို့​၌​အောင်​မြင်​သည်​သာ​ဖြစ်​၏။ ထို့​ကြောင့်​ရှော​လု​သည်​သူ့​အား​တပ်​မ​တော် အ​ရာ​ရှိ​တစ်​ဦး​အ​ဖြစ်​ခန့်​ထား​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ​သည်​ကို​ရှော​လု​၏​အ​ရာ ရှိ​များ​နှင့်​ပြည်​သူ​ပြည်​သား​များ​က နှစ်​သက်​သ​ဘော​ကျ​ကြ​၏။ \s1 ဒါ​ဝိဒ်​အား​ရှော​လု​မ​နာ​လို​မှု​ရှိ​လာ​ခြင်း \p \v 6 ဒါ​ဝိဒ်​သည်​ဂေါ​လျတ်​ကို​သတ်​ပြီး​နောက် စစ် သည်​တပ်​သား​များ​နှင့်​အ​တူ​အိမ်​ပြန်​လာ ရာ ရောက်​ရှိ​လေ​ရာ​မြို့​များ​မှ​အ​မျိုး​သ​မီး တို့​သည်​ရှော​လု​အား​ခ​ရီး​ဦး​ကြို​ပြု​ကြ​၏။ လူ​တို့​သည်​ဝမ်း​မြောက်​စွာ​သီ​ချင်း​များ​ဆို ၍​က​ခုန်​လျက်​ပတ်​သာ​များ​နှင့်​စောင်း​ငယ် များ​ကို​တီး​ကြ​၏။- \v 7 ယင်း​သို့​အောင်​ပွဲ​ကျင်း​ပ​ရာ​၌​အ​မျိုး​သ​မီး တို့​က``ရှော​လု​သတ်​သူ​အ​ထောင်​ထောင်၊ ဒါ​ဝိဒ် သတ်​သူ​အ​သောင်း​သောင်း'' ဟု​သီ​ဆို​ကြ လေ​သည်။-\x + \xo 18:7 \xt ၁ရာ၊ ၂၁:၁၁၊ ၂၉:၅။\x* \v 8 ရှော​လု​သည်​ဤ​သို့​သီ​ဆို​ကြ​သည်​ကို​မ​နှစ် သက်​သ​ဖြင့် အ​မျက်​ထွက်​၍``သူ​တို့​က​ဒါ​ဝိဒ် သည်​သောင်း​ပေါင်း​များ​စွာ​သတ်​၍ ငါ​မူ​ကား ထောင်​ပေါင်း​များ​စွာ​သာ​သတ်​ခဲ့​ကြောင်း​သီ ဆို​ချေ​သည်။ သူ့​အား​ထီး​နန်း​အပ်​နှင်း​ရန် သာ​ကျန်​ပါ​တော့​သည်​တ​ကား'' ဟု​ဆို ပြီး​လျှင်၊- \v 9 ထို​နေ့​မှ​စ​၍​ဒါ​ဝိဒ်​အား​မ​နာ​လို​စိတ်​ပွား များ​ကာ​မ​ယုံ​သင်္ကာ​ဖြစ်​၍​နေ​တော့​၏။ \p \v 10 နောက်​တစ်​နေ့​၌​ဘု​ရား​သ​ခင်​၏​ထံ​တော်​မှ နတ်​မိစ္ဆာ​သည်​ရှော​လု​ကို​ပူး​ဝင်​သ​ဖြင့် သူ​သည် သူ​ရူး​သ​ဖွယ်​နန်း​တော်​တွင်း​ဝယ်​ဟစ်​အော် လျက်​နေ​၏။ ရှော​လု​သည်​လှံ​တန်​ကို​ကိုင် ထား​ပြီး​လျှင်၊- \v 11 ``ငါ​သည်​သူ့​အား​နံ​ရံ​နှင့်​ကပ်​နေ​အောင်​ထိုး သတ်​အံ့'' ဟု​ကြံ​စည်​ကာ​နှစ်​ကြိမ်​တိုင်​တိုင် လှံ​နှင့်​ပစ်​သော်​လည်း နှစ်​ကြိမ်​စ​လုံး​ပင်​ဒါ​ဝိဒ် ရှောင်​တိမ်း​လိုက်​နိုင်​၏။ \p \v 12 ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ကြောက်​၏။ အ​ဘယ်​ကြောင့် ဆို​သော် ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​နှင့်​အ​တူ ရှိ​တော်​မူ​၍ မိ​မိ​ကို​မူ​စွန့်​ပယ်​တော်​မူ​ပြီး​ဖြစ် သော​ကြောင့်​တည်း။- \v 13 သို့​ဖြစ်​၍​ရှော​လု​သည်​ဒါ​ဝိဒ်​အား​လူ​တစ် ထောင်​တပ်​မှူး​အ​ဖြစ်​ဖြင့်​ခန့်​ထား​၍ အ​ပါး တော်​မှ​အ​ဝေး​သို့​စေ​လွှတ်​တော်​မူ​၏။ ဒါ​ဝိဒ် သည်​မိ​မိ​၏​တပ်​သား​တို့​နှင့်​အ​တူ​တိုက်​ပွဲ ဝင်​ရာ၊- \v 14 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​တော် မူ​သ​ဖြင့် သူ​ပြု​လေ​သ​မျှ​သော​အ​မှု​တို့ သည်​အောင်​မြင်​လေ​၏။- \v 15 ယင်း​သို့​အောင်​မြင်​သည်​ကို​မြင်​သော​အ​ခါ ရှော​လု​သည်​ဒါ​ဝိဒ်​အား​ပို​၍​ကြောက်​လန့် လာ​၏။- \v 16 သို့​ရာ​တွင်​ဣ​သ​ရေ​လ​နှင့်​ယု​ဒ​နယ်​များ​မှ လူ​အ​ပေါင်း​တို့​က​မူ​ဒါ​ဝိဒ်​အား​ချစ်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​လူ​တို့​အား အောင်​မြင်​စွာ​ခေါင်း​ဆောင်​၍​တိုက်​ပွဲ​ဝင်​နိုင်​သူ ဖြစ်​သော​ကြောင့်​တည်း။ \s1 ရှော​လု​၏​သ​မီး​တော်​နှင့်​ဒါ​ဝိဒ် ထိမ်း​မြား​မင်္ဂ​လာ​ပြု​ခြင်း \p \v 17 ထို​နောက်​ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ခေါ်​ပြီး​လျှင်``ငါ့ မှာ​ငါ့​သ​မီး​ကြီး​မေ​ရပ်​ရှိ​၏။ သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​စစ်​ပွဲ​များ​တွင်​ရဲ​ရင့်​စွာ​ပါ​ဝင်​ဆင်​နွှဲ လျက် ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​မည်​ဆို ပါ​က ငါ​သည်​သင့်​အား​ဤ​သ​မီး​တော်​နှင့်​ထိမ်း မြား​ပေး​စား​မည်'' ဟု​ဆို​၏။ (ဤ​နည်း​အား​ဖြင့် ဒါ​ဝိဒ်​အား​မိ​မိ​ကိုယ်​တိုင်​သတ်​ရန်​မ​လို​တော့ ဘဲ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​ချက်​ဖြင့် ကျ​ဆုံး​စေ​ရန်​ရှော​လု​အ​ကောက်​ကြံ​သ​တည်း။) \p \v 18 ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​၏​အ​မျိုး​အ​နွယ်​သည် အ​ဘယ်​သို့​သော​အ​မျိုး​အ​နွယ်၊ အ​ကျွန်ုပ် သည်​လည်း​အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​ဖြင့် ဘု​ရင်​၏​သ​မက်​တော်​ဖြစ်​ထိုက်​ပါ​သ​နည်း'' ဟု​လျှောက်​၏။- \v 19 သို့​သော်​အ​ချိန်​ရောက်​သော​အ​ခါ​ရှော​လု​သည် သ​မီး​တော်​မေ​ရပ်​အား​ဒါ​ဝိဒ်​နှင့်​ထိမ်း​မြား စုံ​ဖက်​ခြင်း​မ​ပြု​ဘဲ မေ​ဟော​လ​သိ​မြို့​သား အ​ဒြေ​လ​နှင့်​စုံ​ဖက်​လိုက်​လေ​သည်။ \p \v 20 သို့​ရာ​တွင်​ရှော​လု​၏​သ​မီး​တော်​မိ​ခါ​လ​သည် ဒါ​ဝိဒ်​အား​ချစ်​ကြိုက်​၏။ ဤ​အ​ကြောင်း​ကို​ရှော​လု သိ​သော​အ​ခါ​နှစ်​သက်​အား​ရ​တော်​မူ​သ​ဖြင့်၊- \v 21 ``ငါ​သည်​မိ​ခါ​လ​ကို​ဒါ​ဝိဒ်​နှင့်​စုံ​ဖက်​စေ​မည်။ သူ့​အား​ကျော့​ကွင်း​သ​ဖွယ်​ပြု​၍​ဒါ​ဝိဒ်​ကို ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​ဖြင့်​အ​သတ် ခံ​ရ​စေ​မည်'' ဟု​ဆို​၏။- \v 22 သူ​သည်​နန်း​တွင်း​အ​ရာ​ရှိ​အ​ချို့​တို့​ကို​လည်း ခေါ်​ပြီး​လျှင်``သင်​တို့​သည်​ဒါ​ဝိဒ်​အား မင်း​ကြီး သည်​သင့်​ကို​မြတ်​နိုး​တော်​မူ​သည်။ အ​ရာ​ရှိ အ​ပေါင်း​တို့​က​လည်း​ချစ်​ခင်​ကြ​သည်။ သို့​ဖြစ် ၍​ယ​ခု​အ​ချိန်​သည်​ဘု​ရင့်​သ​မီး​တော်​နှင့် သင် ထိမ်း​မြား​ရန်​အ​ချိန်​ကောင်း​ပင်​ဖြစ်​သည်​ဟု တိတ်​တ​ဆိတ်​တိုက်​တွန်း​ကြ​လော့'' ဟု​မှာ ထား​တော်​မူ​၏။ \p \v 23 ထို့​ကြောင့်​သူ​တို့​သည်​မင်း​ကြီး​မှာ​ကြား​သည့် အ​တိုင်း​ဒါ​ဝိဒ်​အား​တိုက်​တွန်း​ကြ​၏။ ဒါ​ဝိဒ် က``ဘု​ရင့်​သ​မက်​တော်​ဖြစ်​ရ​သည်​မှာ​အ​ထူး ဂုဏ်​ယူ​ဖွယ်​ရာ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​ကဲ့​သို့ မ​ရေ​ရာ​သူ​ဆင်း​ရဲ​သား​တစ်​ယောက်​အ​တွက် မ​ထိုက်​တန်​သော​အ​ခွင့်​အ​ရေး​ဖြစ်​ပါ​၏'' ဟု​ဆို​၏။ \p \v 24 အ​ရာ​ရှိ​တို့​သည်​လည်း​ဒါ​ဝိဒ်​၏​စ​ကား​ကို ရှော​လု​အား​ပြန်​၍​လျှောက်​ထား​ကြ​၏။- \v 25 ထို​အ​ခါ​ရှော​လု​က``သင်​တို့​သည်​ဒါ​ဝိဒ်​အား မင်း​ကြီး​သည်​သင့်​အား​သ​မီး​တော်​ကို​ပေး​ရ သည့်​အ​တွက်​လက်​ဆောင်​အ​ဖြစ် သင့်​ထံ​မှ ဖိ​လိတ္တိ​အ​မျိုး​သား​လူ​သေ​အလောင်း​တစ်​ရာ တို့​၏​အ​ရေ​ဖျား​များ​ကို​သာ​လျှင် ရန်​သူ တို့​အား​လက်​စား​ချေ​သည့်​အ​နေ​ဖြင့်​အ​လို ရှိ​တော်​မူ​သည်​ဟု​ပြော​ကြား​လော့'' ဟု အ​မိန့်​ပေး​တော်​မူ​၏။ (ရှော​လု​ဤ​သို့​ပြု ခြင်း​မှာ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက် ဖြင့်​ဒါ​ဝိဒ်​အ​သတ်​ခံ​ရ​ရန်​ဖြစ်​၏။-) \v 26 ရှော​လု​၏​နန်း​တွင်း​အ​ရာ​ရှိ​တို့​သည်​မင်း ကြီး​မိန့်​တော်​မူ​သည့်​အ​တိုင်း ဒါ​ဝိဒ်​အား ပြော​ကြား​ကြ​သော​အ​ခါ​ဒါ​ဝိဒ်​သည် ဘု​ရင့် သ​မက်​တော်​ဖြစ်​ရ​မည့်​အ​ရေး​ကို​တွေး​တော ကာ​ဝမ်း​မြောက်​လေ​သည်။ ထိမ်း​မြား​မင်္ဂ​လာ ပွဲ​နေ့​မ​တိုင်​မီ​တစ်​ရက်​၌၊- \v 27 ဒါ​ဝိဒ်​သည်​မိ​မိ​၏​တပ်​သား​များ​နှင့်​ထွက်​သွား ပြီး​လျှင်​ဖိ​လိတ္တိ​အ​မျိုး​သား​နှစ်​ရာ​ကို​သတ် ဖြတ်​၍ သ​မက်​တော်​ဖြစ်​ရန်​ထို​သူ​တို့​၏​အ​ရေ ဖျား​များ​ကို​မင်း​ကြီး​ထံ​သို့​ယူ​ခဲ့​ကာ​ရေ တွက်​၍​ဆက်​၏။ ထို့​ကြောင့်​ရှော​လု​သည်​သမီး တော်​မိ​ခါ​လ​အား​ဒါ​ဝိဒ်​နှင့်​ထိမ်း​မြား​စုံ​ဖက် ပေး​ရ​လေ​တော့​၏။ \p \v 28 ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​နှင့်​အ​တူ​ရှိ​တော် မူ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​ခါ​လ​သည်​ဒါ​ဝိဒ် အား​ချစ်​ကြောင်း​ကို​လည်း​ကောင်း ကောင်း​စွာ​သိ သ​ဖြင့်၊- \v 29 ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ပို​၍​ပင်​ကြောက်​ရွံ့​လာ လျက် အ​သက်​ထက်​ဆုံး​ရန်​ငြိုး​ဖွဲ့​တော်​မူ​၏။ \p \v 30 ဖိ​လိတ္တိ​စစ်​တပ်​များ​သည်​လာ​ရောက်​တိုက်​ခိုက် လေ့​ရှိ​ကြ​၏။ ဒါ​ဝိဒ်​သည်​တိုက်​ပွဲ​တိုင်း​၌​ပင် ရှော​လု​၏​အ​ခြား​တပ်​မ​တော်​အ​ရာ​ရှိ​များ ထက်​ပို​၍​အောင်​မြင်​သ​ဖြင့်​အ​လွန်​ထင်​ပေါ် ကျော်​စော​လာ​၏။ \c 19 \s1 ဒါ​ဝိဒ်​အား​ရှော​လု​ညှင်း​ဆဲ​ခြင်း \p \v 1 ဒါ​ဝိဒ်​အား​သတ်​ပစ်​ရန်\f 16 \fr 19:1 \ft * \+fk သတ်​ပစ်​ရန်။ \ft ပြော​ပြ​၏။ သို့​မ​ဟုတ်​သတ်​ပစ်​ရန်​မှာ​ထား​၏။\f* မိ​မိ​ကြံ​စည်​တော်​မူ​ကြောင်း ရှော​လု​သည်​သား တော်​ယော​န​သန်​နှင့်​နန်း​တွင်း​အ​ရာ​ရှိ​အ​ပေါင်း တို့​အား​ပြော​ပြ​၏။ သို့​ရာ​တွင်​ယော​န​သန်​သည် ဒါ​ဝိဒ်​ကို​အ​လွန်​ချစ်​ခင်​စွဲ​လန်း​သ​ဖြင့်၊- \v 2 ``အ​ကျွန်ုပ်​၏​ခ​မည်း​တော်​သည်​သင့်​အား သေ​ကြောင်း​ကြံ​လေ​ပြီ။ နက်​ဖြန်​နံ​နက်​၌ သတိ​နှင့်​ပုန်း​ရှောင်​၍​နေ​လော့။- \v 3 ငါ​သည်​သင်​ရှိ​ရာ​လယ်​ကွင်း​ထဲ​သို့​သွား​၍ ခ​မည်း တော်​အ​နီး​တွင်​ရပ်​လျက်​သင့်​အ​ကြောင်း​ကို​ပြော ပြ​မည်။ သူ့​ထံ​မှ​သ​တင်း​တစ်​စုံ​တစ်​ရာ​ရ​ရှိ ပါ​က သင့်​အား​ပြော​ကြား​ပါ​မည်'' ဟု​ဆို​၏။ \p \v 4 ယော​န​သန်​သည်​ခ​မည်း​တော်​ရှော​လု​ထံ ဒါ​ဝိဒ် ၏​ဂုဏ်​ကို​ချီး​ကူး​ပြော​ဆို​၏။ ထို​နောက်``အ​ရှင်၊ အ​ရှင့်​အ​စေ​ခံ​ဒါ​ဝိဒ်​ကို​ပြစ်​မှား​တော်​မ​မူ ပါ​နှင့်။ သူ​သည်​အ​ရှင်​ကို​အ​ဘယ်​အ​ခါ​က မျှ​မ​ပြစ်​မှား​ခဲ့​ပါ။ သူ​ပြု​လေ​သ​မျှ​အ​မှု များ​အား​ဖြင့် အ​ရှင့်​အ​တွက်​အ​ထောက်​အ​ကူ များ​စွာ​ဖြစ်​စေ​ခဲ့​ပါ​၏။- \v 5 သူ​သည်​မိ​မိ​အ​သက်​ကို​စွန့်​၍​ဂေါ​လျတ်​ကို သတ်​ခဲ့​ပါ​၏။ ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အောင်​ပွဲ ကြီး​တစ်​ရပ်​ကို​ခံ​စေ​တော်​မူ​ခဲ့​ပါ​၏။ ထို အ​ချင်း​အ​ရာ​ကို​အ​ရှင်​မြင်​တော်​မူ​သော အ​ခါ​ဝမ်း​မြောက်​တော်​မူ​ခဲ့​ပါ​၏။ သို့​သော် လည်း​အ​ရှင်​သည်​အ​ပြစ်​မ​ရှိ​သူ​တစ်​ယောက် အား အ​ဘယ်​ကြောင့်​ပြစ်​မှား​လို​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​ဒါ​ဝိဒ်​ကို​အ​ကြောင်း​မဲ့​သတ် တော်​မူ​လို​ပါ​သ​နည်း'' ဟု​လျှောက်​၏။ \p \v 6 ယော​န​သန်​၏​စ​ကား​များ​မှန်​ကန်​ကြောင်း​ကို ရှော​လု​ကောင်း​စွာ​သ​ဘော​ပေါက်​သ​ဖြင့် မိ​မိ သည်​ဒါ​ဝိဒ်​အား​သေ​ကြောင်း​ကြံ​စည်​တော့​မည် မ​ဟုတ်​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​တိုင်​တည်​၍​က​တိ​သစ္စာ​ပြု​တော်​မူ​၏။- \v 7 ထို့​ကြောင့်​ယော​န​သန်​သည်​ဒါ​ဝိဒ်​ကို​ခေါ်​၍ အ​လုံး​စုံ​ကို​ပြော​ကြား​ပြီး​လျှင် ရှော​လု​ထံ သို့​ခေါ်​ဆောင်​သွား​၏။ ဒါ​ဝိဒ်​သည်​လည်း​ယ​ခင် က​ကဲ့​သို့​ဘု​ရင်​၏​ထံ​တွင်​ခ​စား​လေ​၏။ \p \v 8 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​တစ်​ဖန်​စစ်​ဖြစ် ပြန်​၏။ ဒါ​ဝိဒ်​သည်​သူ​တို့​အား​ပြင်း​ထန်​စွာ တိုက်​ခိုက်​နှိမ်​နင်း​လိုက်​သ​ဖြင့် သူ​တို့​သည် ထွက်​ပြေး​ကြ​ကုန်​၏။ \p \v 9 တစ်​နေ့​သ​၌​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ နတ် မိစ္ဆာ​သည်​ရှော​လု​အား​ပူး​ဝင်​လာ​၏။ ရှော​လု သည်​လှံ​တံ​တော်​ကို​ကိုင်​၍​နန်း​တော်​တွင် ထိုင်​လျက်​နေ​တော်​မူ​၏။ ဒါ​ဝိဒ်​ကား​စောင်း တီး​လျက်​နေ​၏။- \v 10 ရှောလု​သည်​မိ​မိ​၏​လှံ​တံ​တော်​ဖြင့်​ဒါ​ဝိဒ် အား​နံ​ရံ​တွင်​ကပ်​၍​နေ​အောင်​ထိုး​လိုက် သော်​လည်း ဒါ​ဝိဒ်​ရှောင်​တိမ်း​လိုက်​သ​ဖြင့် လှံ​တံ​သည်​နံ​ရံ​တွင်​စိုက်​လျက်​နေ​၏။ ဒါ​ဝိဒ် ထွက်​ပြေး​လွတ်​မြောက်​သွား​လေ​သည်။ \p \v 11 ထို​ညဥ့်​၌​ပင်​လျှင်​ဒါ​ဝိဒ်​၏​အိမ်​ကို​စောင့်​ကြည့် ရန်​နှင့် နောက်​တစ်​နေ့​နံ​နက်​၌​ဒါ​ဝိဒ်​ကို​သတ် ရန်​ရှော​လု​သည် လူ​အ​ချို့​တို့​ကို​စေ​လွှတ်​လိုက်​၏။ ဒါ​ဝိဒ်​၏​ဇ​နီး​မိ​ခါ​လ​သည်​ဒါ​ဝိဒ်​အား``အ​ရှင်၊ သင်​သည်​ယ​နေ့​ညဥ့်​၌​ပင်​ထွက်​ပြေး​ပါ​လော့။ သို့​မ​ဟုတ်​ပါ​က​နက်​ဖြန်​ခါ​အ​သတ်​ခံ​ရ​ပါ လိမ့်​မည်'' ဟု​သ​တိ​ပေး​ပြီး​နောက်၊-\x + \xo 19:11 \xt ဆာ၊ ၅၉: ဟေ​ဗြဲ​ခေါင်း​စဉ်(သူ့​ကို​သတ်​ရန်​သူ့ အိမ်​သို့​ရှော​လု​လူ​လွှတ်​ပြီး​သည့်​နောက် ဒါ​ဝိဒ်​စပ်​ဆို​သော​ဆာ​လံ)\x* \v 12 ဒါ​ဝိဒ်​ကို​ပြူ​တင်း​ပေါက်​မှ​လျော​ချ​ပေး​လေ သည်။ ဒါ​ဝိဒ်​သည်​ထွက်​ပြေး​လွတ်​မြောက်​သွား ၏။- \v 13 ထို​နောက်​မိ​ခါ​လ​သည်​အိမ်​စောင့်​နတ်​ရုပ်​ကို ယူ​ပြီး​လျှင် အိပ်​ရာ​ပေါ်​မှာ​တင်​၍​ဆိတ်​မွေး ခေါင်း​အုံး​တစ်​လုံး​နှင့်​သိပ်​ထား​၏။ ထို​နောက် စောင်​ခြုံ​ပေး​ထား​၏။- \v 14 ရှော​လု​၏​လူ​တို့​သည်​ဒါ​ဝိဒ်​အား​ဖမ်း​ဆီး ရန်​လာ​ကြ​သော​အ​ခါ မိ​ခါ​လ​က``ဒါ​ဝိဒ် ဖျား​နေ​ပါ​သည်'' ဟု​ဆို​၏။- \v 15 သို့​ရာ​တွင်​ရှော​လု​သည်​မိ​မိ​လူ​တို့​ကို​တစ် ဖန်​စေ​လွှတ်​လျက်``သင်​တို့​ကိုယ်​တိုင်​ဒါ​ဝိဒ်​ကို ဝင်​ကြည့်​ကြ​လော့။ သူ့​ကို​အိပ်​ရာ​နှင့်​တ​ကွ ယ​ခု​ပင်​ငါ့​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​လော့။ သူ့​ကို​ငါ​ကိုယ်​တိုင်​သတ်​မည်'' ဟု​ဆို​၏။- \v 16 သူ​တို့​သည်​အိပ်​ခန်း​ထဲ​သို့​ဝင်​ကြည့်​ကြ​သော အ​ခါ ဆိတ်​မွေး​ခေါင်း​အုံး​နှင့်​သိပ်​ထား​သော အိမ်​စောင့်​နတ်​ရုပ်​ကို​အိပ်​ရာ​ပေါ်​တွင်​တွေ့​ရှိ ကြ​၏။- \v 17 ရှော​လု​က​မိ​ခါ​လ​အား``သင်​သည်​အ​ဘယ် ကြောင့်​ငါ့​အား​ဤ​သို့​လှည့်​စား​၍ ငါ့​ရန်​သူ ကို​ထွက်​ပြေး​စေ​ပါ​သ​နည်း''ဟု​မေး​တော် မူ​လျှင်၊ \p မိ​ခါ​လ​က``သူ့​အား​လွတ်​မြောက်​အောင်​မ​ကူ ညီ​လျှင် ကျွန်​မ​အား​သတ်​ပစ်​မည်​ဟု​ဆို​သော ကြောင့်​ဖြစ်​ပါ​သည်'' ဟု​လျှောက်​၏။ \p \v 18 ဒါ​ဝိဒ်​သည်​ယင်း​သို့​ထွက်​ပြေး​လွတ်​မြောက်​သွား ပြီး​လျှင် ရာ​မ​မြို့​ရှိ​ရှ​မွေ​လ​ထံ​သို့​သွား​၍ မိ​မိ အား​ရှော​လု​ပြု​သ​မျှ​သော​အ​မှု​တို့​ကို ပြော​ပြ​၏။ ထို​နောက်​သူ​နှင့်​ရှ​မွေ​လ​တို့​သည် နာ​ယုတ်​ရွာ​သို့​သွား​ရောက်​နေ​ထိုင်​ကြ​၏။- \v 19 ရှော​လု​သည်​ရာ​မ​မြို့​အ​ပိုင်​နာ​ယုတ်​ရွာ​တွင် ဒါ​ဝိဒ်​ရှိ​နေ​ကြောင်း​သ​တင်း​ရ​သ​ဖြင့်၊- \v 20 သူ့​ကို​ဖမ်း​ဆီး​ရန်​လူ​အ​ချို့​တို့​ကို​စေ​လွှတ် တော်​မူ​လိုက်​၏။ သူ​တို့​သည်​ရှ​မွေ​လ​ခေါင်း ဆောင်​ကာ က​ခုန်​အော်​ဟစ်​နေ​ကြ​သော ပ​ရော​ဖက်​တစ်​စု​ကို​မြင်​ကြ​၏။ ထို​အ​ခါ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် ရှော​လု ၏​လူ​တို့​အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သူ​တို့​သည်​လည်း​က​ခုန်​အော်​ဟစ်​ကြ​၏။- \v 21 ဤ​အ​ကြောင်း​ကို​ရှော​လု​ကြား​သော​အ​ခါ စေ​တ​မန်​များ​ကို​ထပ်​မံ​၍​လွှတ်​လိုက်​ပြန်​၏။ သူ​တို့​သည်​လည်း​က​ခုန်​အော်​ဟစ်​ကြ​၏။ ရှော​လု သည်​တ​တိ​ယ​အ​ကြိမ်​စေ​တ​မန်​များ​ကို လွှတ်​လိုက်​သော​အ​ခါ​၌​လည်း ဤ​နည်း အ​တိုင်း​ပင်​ဖြစ်​ပျက်​ပြန်​လေ​သည်။- \v 22 ထို​အ​ခါ​ရှော​လု​သည်​မိ​မိ​ကိုယ်​တိုင်​ရာ​မ မြို့​သို့​ထွက်​လာ​တော်​မူ​၏။ သူ​သည်​စေ​ခု​ရေ တွင်း​ကြီး​သို့​ရောက်​ရှိ​လာ​သော​အ​ခါ ရှ​မွေ​လ နှင့်​ဒါ​ဝိဒ်​တို့​ရှိ​ရာ​အ​ရပ်​ကို​မေး​မြန်း​စုံ​စမ်း ရာ​နာ​ယုတ်​ရွာ​တွင်​ရှိ​နေ​ကြ​ကြောင်း​သိ​ရှိ တော်​မူ​၏။- \v 23 ထို​ရွာ​သို့​ခ​ရီး​ပြု​နေ​ခိုက်​သူ​၏​အ​ပေါ်​သို့ လည်း ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သက်​ရောက် တော်​မူ​၍ သူ​သည်​တစ်​လမ်း​လုံး​နာ​ယုတ်​ရွာ ရောက်​သည်​တိုင်​အောင်​က​ခုန်​အော်​ဟစ်​လျက် သွား​လေ​သည်။- \v 24 သူ​သည်​မိ​မိ​၏​အ​ဝတ်​များ​ကို​ချွတ်​၍ ရှ​မွေ​လ​၏​ရှေ့​တွင်​လည်း​က​ခုန်​အော်​ဟစ် သည်။ ထို့​နောက်​ယင်း​နေ့​တစ်​နေ့​လုံး​နှင့်​တစ်ည လုံး​အ​ဝတ်​အ​ချည်း​စည်း​နှင့်​လဲ​လျက်​နေ သည်။ (ဤ​နည်း​အား​ဖြင့်​ရှော​လု​ပင်​လျှင် ပ​ရော​ဖက်​ဖြစ်​လေ​ပြီ​လော'' ဟူ​သော​ဆို ရိုး​စ​ကား​ဖြစ်​ပေါ်​၍​လာ​သ​တည်း။)\x + \xo 19:24 \xt ၁ရာ၊ ၁၀:၁၁-၁၂။\x* \c 20 \s1 ဒါ​ဝိဒ်​အား​ယော​န​သန်​အ​ကူ​အ​ညီ​ပေး​ခြင်း \p \v 1 ထို​နောက်​ဒါ​ဝိဒ်​သည်​ရာ​မ​မြို့​အ​ပိုင်​နာ​ယုတ် ရွာ​မှ​ထွက်​ပြေး​ပြီး​လျှင် ယော​န​သန်​ထံ​သို့ သွား​၍``အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​မှု​ကို​ပြု မိ​ပါ​သ​နည်း။ အ​ဘယ်​ရာ​ဇ​ဝတ်​မှု​ကူး​လွန် မိ​ပါ​သ​နည်း။ အ​ကျွန်ုပ်​ကို​သတ်​ချင်​ရ​အောင် သင့်​ခ​မည်း​တော်​အား​ကျွန်ုပ်​သည်​အ​ဘယ် သို့​ပြစ်​မှား​မိ​ပါ​သ​နည်း'' ဟု​မေး​၏။ \p \v 2 ယော​န​သန်​က``ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်။ သင် သည်​မ​သေ​ရ​ပါ။ ကျွန်ုပ်​၏​ခ​မည်း​တော်​သည် အ​မှု​ကြီး​ငယ်​မှန်​သ​မျှ​ကို​မ​ပြု​မီ​ကျွန်ုပ် အား​ပြော​ပြ​တတ်​ပါ​၏။ ကျွန်ုပ်​ထံ​မှ​အ​ဘယ် အ​ရာ​ကို​မျှ​ဖုံး​ကွယ်​ထား​လေ့​မ​ရှိ​ပါ။ သင့် ကို​သတ်​မည်​ဆို​သည်​မှာ​မ​ဖြစ်​နိုင်​ပါ'' ဟု ဆို​၏။ \p \v 3 သို့​ရာ​တွင်​ဒါ​ဝိဒ်​က``သင်​ကျွန်ုပ်​အား​အ​ဘယ် မျှ​ခင်​မင်​သည်​ကို သင်​၏​ခ​မည်း​တော်​ကောင်း စွာ​သိ​ပါ​၏။ သင်​သည်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​မည်​စိုး​သ​ဖြင့် သူ​သည်​မိ​မိ​၏​အ​ကြံ အ​စည်​ကို​သင့်​အား​မ​ပြော​ကြား​ဘဲ​နေ လေ​ပြီ။ ကျွန်ုပ်​သည်​သေ​ဘေး​နှင့်​ခြေ​တစ် လှမ်း​မျှ​သာ​ကွာ​တော့​ကြောင်း အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင် တည်​၍​သင့်​အား​ကျိန်​ဆို​ဖော်​ပြ​ပါ​၏'' ဟု​ပြန်​ပြော​၏။ \p \v 4 ယော​န​သန်​က``သင်​အ​လို​ရှိ​သည်​အ​တိုင်း ကျွန်ုပ်​ပြု​ပါ​မည်'' ဟု​ဆို​လျှင်၊ \p \v 5 ဒါ​ဝိဒ်​က``နက်​ဖြန်​နေ့​သည်​လ​ဆန်း​နေ့​ပွဲ တော်​ဖြစ်​၍​ကျွန်ုပ်​သည်​မင်း​ကြီး​နှင့်​အ​တူ စား​သောက်​သင့်​သည့်​အ​ချိန်​ဖြစ်​ပါ​၏။ သို့ ရာ​တွင်​သင်​ကန့်​ကွက်​ရန်​မ​ရှိ​ပါ​လျှင် ကျွန်ုပ် သည်​ကွင်း​ထဲ​သို့​သွား​၍​သန်​ဘက်​ခါ ည​နေ​အ​ထိ​ပုန်း​အောင်း​နေ​ပါ​မည်။-\x + \xo 20:5 \xt တော၊ ၂၈:၁၁။\x* \v 6 အ​ကယ်​၍​စား​ပွဲ​တွင်​ကျွန်ုပ်​မ​ရှိ​ကြောင်း သင့်​ခ​မည်း​တော်​မြင်​သွား​ခဲ့​သော် ယ​ခု အ​ချိန်​သည်​ကျွန်ုပ်​၏​အိမ်​ထောင်​စု​သား​တို့ နှစ်​ပတ်​လည်​ယဇ်​ပူ​ဇော်​ရာ​ကာ​လ​ဖြစ် သ​ဖြင့် သင့်​ထံ​တွင်​ကျွန်ုပ်​အ​ခွင့်​ပန်​သွား ကြောင်း​လျှောက်​ထား​ပေး​ပါ။- \v 7 အ​ကယ်​၍​မင်း​ကြီး​က`ကောင်း​ပြီ' ဟု​ဆို​ပါ က​ကျွန်ုပ်​အ​သက်​ချမ်း​သာ​ခွင့်​ရ​ပါ​လိမ့်​မည်။ သို့​ရာ​တွင်​အ​ကယ်​၍​အမျက်​တော်​ထွက်​လျှင် မူ​ကား​မင်း​ကြီး​သည် ကျွန်ုပ်​အား​ဘေး​အန္တ​ရာယ် ပြု​ရန်​အ​ကြံ​ရှိ​ကြောင်း​သင်​သိ​ရှိ​နိုင်​ပါ လိမ့်​မည်။- \v 8 ကျွန်ုပ်​အား​ကျေး​ဇူး​ပြု​ပါ။ သင်​နှင့်​ကျွန်ုပ်​ပြု ထား​ကြ​သည့်​သစ္စာ​က​တိ​ကို​လည်း​တည်​မြဲ စေ​ပါ။ သို့​ရာ​တွင်​အ​ကယ်​၍​ကျွန်ုပ်​မှာ​အပြစ် ရှိ​ခဲ့​သော် သင်​ကိုယ်​တိုင်​ပင်​ကျွန်ုပ်​အား​သတ် ပါ​လော့။ အ​ဘယ်​ကြောင့်​သင့်​ခ​မည်း​တော် လက်​သို့​အပ်​ပါ​တော့​မည်​နည်း'' ဟု​ဆို​၏။ \p \v 9 ယော​န​သန်​က``ထို​သို့​မ​စဉ်း​စား​ပါ​နှင့်။ အ​ကယ်​၍​ကျွန်ုပ်​၏​ခ​မည်း​တော်​သည်​သင့် အား​ဘေး​အန္တ​ရာယ်​ပြု​ရန် စိတ်​ပိုင်း​ဖြတ် ထား​သည်​ကို​ကျွန်ုပ်​သိ​ပါ​မူ​သင့်​ကို မ​ပြော​ဘဲ​နေ​မည်​လော'' ဟု​ဆို​၏။ \p \v 10 ထို​အ​ခါ​ဒါ​ဝိဒ်​က``အ​ကယ်​၍​သင်​၏ ခ​မည်း​တော်​သည်​သင့်​အား​အ​မျက်​ထွက်​၍ ပြန်​လည်​ဖြေ​ကြား​ပါ​က ကျွန်ုပ်​အား​အ​ဘယ် သူ​လာ​၍​အ​သိ​ပေး​ပါ​မည်​နည်း'' ဟု​မေး ၏။ \p \v 11 ယော​န​သန်​က``ကွင်း​ထဲ​သို့​ငါ​တို့​သွား​ကြ စို့'' ဟု​ဆို​ပြီး​လျှင်​သူ​တို့​နှစ်​ယောက်​သွား ကြ​၏။- \v 12 ထို​နောက်​ယော​န​သန်​သည်​ဒါ​ဝိဒ်​အား``ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​ကျွန်ုပ်​က​တိ​ပြု ပါ​၏။ ကျွန်ုပ်​သည်​နက်​ဖြန်​ခါ​နှင့်​သန်​ဘက်​ခါ ဤ​အ​ချိန်​တွင်​ခ​မည်း​တော်​အား​စုံ​စမ်း​မေး မြန်း​ပါ​မည်။ သင့်​အ​ပေါ်​တွင်​သူ​၏​စိတ်​နေ စိတ်​ထား​ကောင်း​မွန်​ပါ​က သင့်​ထံ​သို့ အ​ကြောင်း​ကြား​ပါ​မည်။- \v 13 သူ​သည်​သင့်​ကို​ဘေး​အန္တ​ရာယ်​ပြု​ရန်​ကြံ​စည် ပါ​မူ ကျွန်ုပ်​သည်​သင့်​အား​ဘေး​လွတ်​လုံ​ခြုံ​ရာ သို့​ထွက်​ခွာ​သွား​နိုင်​ရန်​အ​ကြောင်း​မ​ကြား​ဘဲ နေ​ခဲ့​သော် ထာ​ဝ​ရ​ဘု​ရား​သည်​ကျွန်ုပ်​အား အ​ဆုံး​စီ​ရင်​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ ဘု​ရား​သည်​ကျွန်ုပ်​၏​ခ​မည်း​တော်​နှင့်​အ​တူ ရှိ​တော်​မူ​ခဲ့​သည်​နည်း​တူ သင်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။- \v 14 သင်​သည်​ကျွန်ုပ်​အ​သက်​ရှင်​စဉ်​အ​ခါ​၌​မိ​မိ ကျိန်​ဆို​က​တိ​ပြု​ခဲ့​သည်​အ​တိုင်း ကျွန်ုပ်​အား သစ္စာ​စောင့်​ရ​မည်​သာ​မ​က၊ ကျွန်ုပ်​သေ​ဆုံး​ပြီး နောက်၊- \v 15 သင်​၏​ရန်​သူ​အ​ပေါင်း​ကို​ထာ​ဝ​ရ​ဘု​ရား သုတ်​သင်​ပယ်​ရှင်း​တော်​မူ​သော​အ​ခါ​၌ လည်း ကျွန်ုပ်​၏​အိမ်​ထောင်​စု​သား​တို့​အ​ပေါ် တွင်​အ​စဉ်​အ​မြဲ​သစ္စာ​စောင့်​ပါ​လော့။-\x + \xo 20:15 \xt ၂ရာ၊ ၉:၁။\x* \v 16 ကျွန်ုပ်​တို့​နှစ်​ဦး​ထား​ရှိ​ကြ​သည့်​က​တိ သစ္စာ​မ​ပျက်​မ​ပြယ်​တည်​မြဲ​ပါ​စေ​သ​တည်း။ အ​ကယ်​၍​ထို​ကတိ​သစ္စာ​ကို​ဖျက်​ခဲ့​သော် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​ပါ​စေ​သော''ဟု​ဆို​၏။\x + \xo 20:16 \xt ဟေ​ဗြဲ​မူ​တွင်​မ​ရှင်း​မ​လင်း​ဖြစ်​သည်။\x* \p \v 17 ယော​န​သန်​သည်​ဒါ​ဝိဒ်​အား​ကိုယ်​နှင့်​အ​မျှ ချစ်​သ​ဖြင့် မိ​မိ​ကို​လည်း​ချစ်​ရန်​က​တိ​ပြု စေ​၏။- \v 18 ထို​နောက်​ယော​န​သန်​က``နက်​ဖြန်​နေ့​သည် လ​ဆန်း​ပွဲ​တော်​အ​ခါ​ဖြစ်​သ​ဖြင့် ပွဲ​တော် သို့​သင်​မ​တက်​ရောက်​ပါ​မူ သင်​၏​နေ​ရာ လစ်​လပ်​လျက်​နေ​သည်​ကို​တွေ့​ရှိ​ကြ​လိမ့် မည်။- \v 19 သန်​ဘက်​ခါ​၌​လည်း​ယင်း​သို့​ပင်​သင်​မ​ရှိ ကြောင်း​တွေ့​ရှိ​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​ယခင်​က သင်​ပုန်း​အောင်း​နေ​ခဲ့​ဖူး​သည့်​အ​ရပ်​သို့​သွား ၍​ကျောက်​ပုံ\f 17 \fr 20:19 \ft * \+fk ကျောက်​ပုံ။ \ft ဟေ​ဗြဲ​မူ​တွင်​ဧ​ဇေ​လ​ကျောက်​ဟု​ပါ ရှိ​သည်။\f* နောက်​တွင်​ပုန်း​ကွယ်​လျက်​နေ​လော့။- \v 20 ထို​အ​ခါ​ကျွန်ုပ်​၏​သည်​ကျောက်​ပုံ​ကို​ပစ် မှတ်​သ​ဖွယ်​ပြု​၍ မြား​သုံး​စင်း​ပစ်​လွှတ် လိုက်​မည်။- \v 21 ထို​နောက်​ကျွန်ုပ်​၏​အ​စေ​ခံ​အား​မြား​တို့ ကို​သွား​၍​ရှာ​စေ​မည်။ ကျွန်ုပ်​သည်​သူ့​အား`မြား တို့​သည်​ဤ​ဘက်​မှာ​ရှိ​သည်၊ သွား​၍​ယူ​ချေ' ဟု ဆို​လျှင်​သင့်​မှာ​ဘေး​အန္တ​ရာယ်​မ​ရှိ​တော့​သ​ဖြင့် ထွက်​၍​လာ​နိုင်​ပြီ​ဟု​ဆို​လို​ကြောင်း​သိ​မှတ် ပါ​လော့။- \v 22 အကယ်​၍​ကျွန်ုပ်​က`မြား​တို့​သည်​ဟို​ဘက်​မှာ တွင်​ရှိ​သည်၊ သွား​၍​ယူ​ချေ' ဟု​ဆို​လျှင်​မူ​ကား ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ထွက်​ခွာ​သွား စေ​တော်​မူ​ပြီ​ဖြစ်​၍​သင်​သည်​ထွက်​ခွာ​သွား ပါ​လော့။- \v 23 ကျွန်ုပ်​တို့​နှစ်​ဦး​အ​ချင်း​ချင်း​ပြု​ခဲ့​ကြ​သည့် က​တိ​သစ္စာ​ကို ထာ​ဝ​စဉ်​မ​ပျက်​မ​ကွက်​စောင့် ထိန်း​နိုင်​ကြ​စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​သည် စီ​မံ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။ \p \v 24 ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ကွင်း​ထဲ​တွင်​ပုန်း​အောင်း လျက်​နေ​၏။ လ​ဆန်း​ပွဲ​တော်​နေ့​၌​ရှော​လု မင်း​သည်​စား​တော်​ခေါ်​ရန်​ကြွ​လာ​တော် မူ​၍၊- \v 25 နံ​ရံ​အ​နီး​မိ​မိ​ထိုင်​နေ​ကျ​နေ​ရာ​တွင်​ထိုင် တော်​မူ​၏။ အာ​ဗ​နာ​သည်​မင်း​ကြီး​၏​နံ​ဘေး တွင်​လည်း​ကောင်း၊ ယော​န​သန်​သည်​မင်း​ကြီး ၏​ရှေ့​တွင်​လည်း​ကောင်း​ထိုင်​၏။ ဒါ​ဝိဒ်​၏ နေ​ရာ​မူ​ကား​လပ်​၍​နေ​၏။- \v 26 သို့​သော်​ထို​နေ့​၌​မင်း​ကြီး​သည်​အ​ဘယ်​သို့ မျှ​မိန့်​မြွက်​တော်​မ​မူ။ အ​ကြောင်း​တစ်​ခု​ခု ကြောင့်​ဒါ​ဝိဒ်​သည်​ဘာ​သာ​ရေး​ကျင့်​ဝတ်​အ​ရ သန့်​စင်​မှု​မ​ရှိ​သ​ဖြင့် မ​လာ​မ​ရောက်​ခြင်း သာ​ဖြစ်​မည်​ဟု​မှတ်​ယူ​တော်​မူ​၏။- \v 27 လ​ဆန်း​ပွဲ​တော်​နေ့​အ​လွန်​နောက်​တစ်​နေ့​၌ လည်း​ဒါ​ဝိဒ်​၏​နေ​ရာ​သည်​လပ်​လျက်​ပင်​ရှိ သော​ကြောင့် ရှော​လု​က​ယော​န​သန်​အား``အ​ဘယ် ကြောင့်​ဒါ​ဝိဒ်​သည်​ဤ​စား​ပွဲ​တော်​သို့​ယ​မန် နေ့​က​မ​လာ၊ ယ​နေ့​လည်း​မ​လာ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p \v 28 ယော​န​သန်​က``ဒါ​ဝိဒ်​သည်​ကျွန်ုပ်​ထံ​တွင် ခွင့်​ပန်​၍ ဗက်​လင်​မြို့​သို့​သွား​ပါ​သည်။ သူ က`အ​ကျွန်ုပ်​တို့​အား​ကျေး​ဇူး​ပြု​၍​သွား ခွင့်​ပြု​ပါ။- \v 29 ထို​မြို့​တွင်​အ​ကျွန်ုပ်​၏​ဆွေ​မျိုး​သား​ချင်း တို့​သည်​ယဇ်​ပူ​ဇော်​ပွဲ​ကျင်း​ပ​လျက်​နေ​ကြ သ​ဖြင့် အစ်​ကို​က​လည်း​အ​ကျွန်ုပ်​အား​လာ ရ​မည်​ဟု​ဆို​ပါ​သည်။ သင်​သည်​အ​ကျွန်ုပ်​ကို ခင်​မင်​ပါ​က​အ​ကျွန်ုပ်​အား​ညီ​အစ်​ကို​တို့ ကို​တွေ့​ရန်​သွား​ခွင့်​ပြု​ပါ​ဟု​ပန်​ကြား​ပါ​၏။ ထို့​ကြောင့်​သူ​သည်​အ​ရှင်​၏​စား​ပွဲ​တော် တွင်​မ​ရှိ​ခြင်း​ဖြစ်​ပါ​သည်'' ဟု​ပြန်​ကြား လျှောက်​ထား​၏။ \p \v 30 ရှော​လု​သည်​ယော​န​သန်​အား​ပြင်း​စွာ​အ​မျက် ထွက်​သ​ဖြင့်``တ​ရား​မ​ဝင်​သော​သား၊ သင်​သည် ဒါ​ဝိဒ်​ဘက်​သား​ဖြစ်​ကြောင်း​ယ​ခု​ငါ​သိ​ပြီ။ သင်​သည်​ကိုယ့်​ကိုယ်​ကို​လည်း​ကောင်း၊ ကိုယ့် မိ​ခင်​ကို​လည်း​ကောင်း​အ​သ​ရေ​ယုတ်​စေ လေ​ပြီ​တ​ကား။- \v 31 ဒါ​ဝိဒ်​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး သင်​သည်​ဤ​တိုင်း​ပြည်​တွင်​အ​ဘယ်​အ​ခါ​၌ မျှ​ဘု​ရင်​မ​ဖြစ်​နိုင်​သည်​ကို​မ​သိ​ပါ​သ​လော။ ယ​ခု​ပင်​သွား​၍​သူ့​ကို​ခေါ်​ခဲ့​လော့။ သူ​သည် မု​ချ​သေ​ဒဏ်​ခံ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 32 ယော​န​သန်​က``အ​ဘယ်​ကြောင့်​သေ​ဒဏ်​ခံ ရ​ပါ​မည်​နည်း။ သူ​သည်​အ​ဘယ်​အ​မှု​ကို ပြု​မိ​ပါ​သ​နည်း'' ဟု​လျှောက်​လျှင်၊ \p \v 33 ရှော​လု​သည်​ယော​န​သန်​အား​ထိ​မှန်​စေ​ရန် လှံ​တံ​တော်​နှင့်​ပစ်​လိုက်​လေ​သည်။ ထို​အ​ခါ ယော​န​သန်​သည် မင်း​ကြီး​အ​ကယ်​ပင်​ဒါ​ဝိဒ် အား​သတ်​ရန်​စိတ်​ပိုင်း​ဖြတ်​ထား​တော်​မူ ကြောင်း​ကို​သိ​လေ​၏။- \v 34 သူ​သည်​ဒေါ​သ​ဖြစ်​လျက်​စား​ပွဲ​မှ​ထ​သွား ပြီး​လျှင် လ​ဆန်း​ပွဲ​တော်​ဒု​တိ​ယ​နေ့​တစ်​နေ့ လုံး​မည်​သည့်​အ​စား​အ​စာ​ကို​မျှ​မ​စား​ဘဲ နေ​၏။ သူ​သည်​ဒါ​ဝိဒ်​အား​ရှော​လု​အ​သ​ရေ ဖျက်​သည့်​အ​တွက်​များ​စွာ​စိတ်​မ​ချမ်း မ​သာ​ဖြစ်​၏။- \v 35 နောက်​တစ်​နေ့​နံ​နက်​၌​ယော​န​သန်​သည်​ယ​ခင် က​ချိန်း​ဆို​ထား​သည့်​အ​တိုင်း ဒါ​ဝိဒ်​နှင့်​တွေ့​ဆုံ ရန်​ကွင်း​ထဲ​သို့​သွား​၏။ မိ​မိ​နှင့်​အ​တူ​သူ​ငယ် တစ်​ယောက်​ကို​လည်း​ခေါ်​ဆောင်​သွား​ကာ၊- \v 36 ထို​သူ​ငယ်​အား``ယ​ခု​ပင်​ငါ​ပစ်​လွှတ်​လိုက်​မည့် မြား​ကို​ပြေး​၍​ရှာ​လော့'' ဟု​ဆို​၏။ ထို​သူ​ငယ် ပြေး​လေ​လျှင်​ယော​န​သန်​သည်​သူ့​ကို​လွန် အောင်​မြား​တစ်​စင်း​ကို​ပစ်​လွှတ်​၏။- \v 37 မြား​ကျ​ရာ​သို့​သူ​ငယ်​ရောက်​သော​အ​ခါ ယော​န​သန်​က``မြား​သည်​ဟို​ဘက်​မှာ​ရှိ​သည်။- \v 38 ရပ်​၍​မ​နေ​နှင့်။ မြန်​မြန်​ပြေး​၍​ကောက်​လော့'' ဟု​ဟစ်​အော်​လိုက်​၏။ သူ​ငယ်​သည်​မြား​ကို ကောက်​ပြီး​လျှင် မိ​မိ​သ​ခင်​ရှိ​ရာ​သို့​ပြန် လာ​လေ​သည်။- \v 39 သူ​သည်​ထို​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို မ​သိ။ ယော​န​သန်​နှင့်​ဒါ​ဝိဒ်​တို့​သာ​လျှင် သိ​ကြ​၏။- \v 40 ယော​န​သန်​သည်​မိ​မိ​၏​လေး​နှင့်​မြား​တို့​ကို သူ​ငယ်​အား​ပေး​၍​မြို့​သို့​ပြန်​ယူ​သွား​စေ​၏။ \p \v 41 သူ​ငယ်​ထွက်​သွား​သော​အ​ခါ ဒါ​ဝိဒ်​သည် ကျောက်​ပုံ\f 18 \fr 20:41 \ft * \+fk ကျောက်​ပုံ။ \ft ဟေ​ဗြဲ​မူ​တွင်​တောင်​ဘက်​ဟု​ပါ​ရှိ​သည်။\f* နောက်​မှ​ထွက်​လာ​ပြီး​လျှင်​ဒူး​ထောက်​၍ ယော န​သန်​အား​သုံး​ကြိမ်​တိုင်​တိုင်​ပျပ်​ဝပ်​ဦး ညွှတ်​၏။ ထို​နောက်​သူ​တို့​သည်​အ​ချင်း​ချင်း ဖက်​နမ်း​ငို​ကြွေး​ကြ​၏။ ဒါ​ဝိဒ်​၏​ကြေ​ကွဲ မှု​သည် ယော​န​သန်​၏​ကြေ​ကွဲ​မှု​ထက်​ပင် ပို​မို​ပြင်း​ထန်​လေ​သည်။- \v 42 ထို​အ​ခါ​ယော​န​သန်​က``ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​စေ​သော။ ငါ​တို့ နှစ်​ယောက်​သည်​လည်း​ကောင်း၊ ငါ​တို့​သား​မြေး များ​သည်​လည်း​ကောင်း​ငါ​တို့​တစ်​ယောက်​ကို တစ်​ယောက်​ပြု​ခဲ့​သည့်​က​တိ​သစ္စာ​ကို ထာ​ဝ​စဉ် မ​ပျက်​မ​ကွက်​စောင့်​ထိန်း​နိုင်​ကြ​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​မု​ချ​ကူ​မ​တော်​မူ​ပါ လိမ့်​မည်'' ဟု​ဆို​၏။ ထို​နောက်​ဒါ​ဝိဒ်​ထွက်​ခွာ သွား​၏။ ယော​န​သန်​သည်​လည်း​မြို့​ထဲ​သို့ ပြန်​လေ​၏။ \c 21 \s1 ရှော​လု​ထံ​မှ​ဒါ​ဝိဒ်​ထွက်​ပြေး​ခြင်း \p \v 1 ဒါ​ဝိဒ်​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ဟိ​မ​လက်​ရှိ ရာ နော​ဗ​မြို့​သို့​သွား​၏။ အ​ဟိ​မ​လက်​သည် ကြောက်​လန့်​တုန်​လှုပ်​လျက် ဒါ​ဝိဒ်​အား​လာ ရောက်​တွေ့​ဆုံ​ပြီး​လျှင်``သင်​သည်​အ​ဘယ် ကြောင့်​တစ်​ကိုယ်​တည်း​ဤ​အ​ရပ်​သို့​လာ ပါ​သ​နည်း'' ဟု​မေး​၏။\x + \xo 21:1 \xt မ၊ ၁၂:၃-၄။ မာ၊ ၂:၂၅-၂၆။ လု၊ ၆:၃။\x* \p \v 2 ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​သည်​ဘု​ရင့်​အ​မှု​တော်​ကို ထမ်း​ဆောင်​ရန်​ရောက်​ရှိ​လာ​ခြင်း​ဖြစ်​ပါ​သည်။ မင်း​ကြီး​က မိ​မိ​စေ​ခိုင်း​သည့်​အ​မှု​ကိစ္စ​ကို အ​ဘယ်​သူ့​အား​မျှ​မ​ပြော​ရန်​မှာ​ကြား လိုက်​ပါ​သည်။- \v 3 ယ​ခု​ကိုယ်​တော်​၏​ထံ​တွင်​ရိက္ခာ​မည်​မျှ​ရှိ ပါ​သ​နည်း။ အ​ကျွန်ုပ်​အား​မုန့်​ငါး​လုံး​သို့ မ​ဟုတ်​ကိုယ်​တော့်​ထံ​၌​ရှိ​သော​အ​စား အ​စာ​တစ်​စုံ​တစ်​ခု​ကို​ပေး​ပါ'' ဟု​တောင်း​၏။ \p \v 4 ယဇ်​ပု​ရော​ဟိတ်​က``ငါ​၏​ထံ​တွင်​မုန့်​ရိုး​ရိုး မ​ရှိ။ ရှေ့​တော်​မုန့်​သာ​လျှင်​ရှိ​၏။ သင့်​ငယ် သား​တို့​သည်​မ​ကြာ​သေး​မီ​အ​ခါ​က ကာ​မ​ရာ​ဂ​စပ်​ယှက်​မှု​မ​ပြု​ခဲ့​ကြ​ပါ​မူ သင်​သည်​ထို​မုန့်​ကို​ယူ​နိုင်​ခွင့်​ရှိ​ပါ​၏'' ဟု​ဆို​၏။ \p \v 5 ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​၏​ငယ်​သား​တို့​သည်​ကာ​မ ရာ​ဂ​စပ်​ယှက်​မှု​နှင့်​ကင်း​လွတ်​ကြ​ပါ​၏။ သူ​တို့ သည်​သာ​မန်​ကိစ္စ​နှင့်​ခ​ရီး​ထွက်​သည့်​အ​ခါ​၌ ပင်​လျှင် ဘာ​သာ​ရေး​ကျင့်​ဝတ်​အ​ရ​သန့်​စင်​မှု ရှိ​အောင်​နေ​ထိုင်​ကြ​သည်​ဖြစ်​၍ ယ​ခု​ကဲ့​သို့ အ​ထူး​ကိစ္စ​နှင့်​ခ​ရီး​ထွက်​ချိန်​၌​ပို​၍​သန့် စင်​အောင်​နေ​ကြ​ပါ​သည်'' ဟု​ပြော​၏။ \p \v 6 ထို့​ကြောင့်​ယဇ်​ပု​ရော​ဟိတ်​သည်​မိ​မိ​ထံ တွင်​အ​ခြား​မုန့်​လည်း​မ​ရှိ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ထား​သည့်​ရှေ့​တော်​မုန့် ကို​ဒါ​ဝိဒ်​အား​ပေး​လေ​သည်။ ထို​မုန့်​ဟောင်း ကို​မုန့်​သစ်​ဖြင့်​အ​စား​ထိုး​ပူ​ဇော်​ရန်​ဖြစ် သည်။\x + \xo 21:6 \xt ဝတ်၊ ၂၄:၅-၉။\x* \p \v 7 (ရှော​လု​၏​သိုး​ထိန်း​မှူး​ဖြစ်​သူ​ဧ​ဒုံ​ပြည် သား​ဒေါ​ဂ​သည် ထို​နေ့​၌​ဘာ​သာ​ရေး​ကျင့် ဝတ်​အ​ရ​သန့်​စင်​မှု​မင်္ဂ​လာ​ပြု​ရန်​အ​တွက် ထို​အ​ရပ်​သို့​ရောက်​ရှိ​နေ​ခိုက်​ဖြစ်​သ​တည်း။) \p \v 8 ဒါ​ဝိဒ်​က​အ​ဟိ​မ​လက်​အား``ကိုယ်​တော်​ထံ တွင်​လှံ​သော်​လည်း​ကောင်း၊ ဋ္ဌား​သော်​လည်း ကောင်း​ရှိ​ပါ​သ​လော။ ဘု​ရင်​အ​မိန့်​တော်​ကြောင့် အ​ကျွန်ုပ်​သည်​အ​လျင်​စ​လို​ထွက်​ခွာ​လာ​ခဲ့ ရ​သ​ဖြင့် ဋ္ဌား​လက်​နက်​တစ်​စုံ​တစ်​ရာ​ကို​မျှ ယူ​ဆောင်​ရန်​အချိန်​မ​ရ​ပါ'' ဟု​ဆို​လျှင်၊ \p \v 9 အ​ဟိ​မ​လက်​က``ငါ့​မှာ​ဧ​လာ​ချိုင့်​ဝှမ်း​တွင် သတ်​ဖြတ်​ခဲ့​သည့်​ဖိ​လိတ္တိ​အ​မျိုး​သား​ဂေါ လျတ်​၏​ဋ္ဌား​ရှိ​ပါ​၏။ ထို​ဋ္ဌား​ကို​ပ​ဋိ​ညာဉ် သေတ္တာ​တော်​၏​နောက်​တွင်​အ​ဝတ်​နှင့်​ပတ်​၍ ထား​ပါ​၏။ သင်​အ​လို​ရှိ​လျှင်​ယူ​ပါ​လေ။ ဤ​အ​ရပ်​တွင်​အ​ခြား​လက်​နက်​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​၏။ \p ထို​အ​ခါ​ဒါ​ဝိဒ်​က``ထို​ဋ္ဌား​ထက်​ကောင်း သည့်​ဋ္ဌား​အ​ဘယ်​မှာ​မျှ​မ​ရှိ​ပါ။ ယင်း​ကို အ​ကျွန်ုပ်​အား​ပေး​ပါ​လော့'' ဟု​ဆို​၏။\x + \xo 21:9 \xt ၁ရာ၊ ၁၇:၅၁။\x* \p \v 10 ထို​နေ့​၌​ဒါ​ဝိဒ်​သည်​ရှော​လု​ထံ​မှ​တိမ်း ရှောင်​ကာ ဂါ​သ​ဘု​ရင်​အာ​ခိတ်​မင်း​ထံ​သို့ သွား​၏။- \v 11 ဘု​ရင့်​မှူး​မတ်​တို့​က``ဤ​ဒါ​ဝိဒ်​ဆို​သူ​သည် ဣ​သ​ရေ​လ​ဘု​ရင်​ပင်​မ​ဟုတ်​ပါ​လော။ အ​မျိုး သ​မီး​တို့​သည်​က​ခုန်​ကာ`ရှော​လု​သတ်​သူ အ​ထောင်​ထောင်၊ ဒါ​ဝိဒ်​သတ်​သူ​အ​သောင်း သောင်း' ဟု​သူ​၏​အ​ကြောင်း​ကို​သီ​ချင်း​ဆို ခဲ့​ကြ​သည်​မ​ဟုတ်​ပါ​လော'' ဟု​လျှောက် ထား​ကြ​၏။\x + \xo 21:11 \xt ၁ရာ၊ ၁၈:၇။\x* \p \v 12 ထို​သူ​တို့​၏​စ​ကား​ကို​ဒါ​ဝိဒ်​နှ​လုံး​သွင်း​၍ အာ​ခိတ်​မင်း​အား​အ​လွန်​ကြောက်​ရွံ့​သော ကြောင့်၊-\x + \xo 21:12 \xt ဆာ၊ ၅၆​ခေါင်း​စဉ်။\x* \v 13 ရူး​သွပ်​ဟန်​ဆောင်​လျက်​သူ​တို့​၏​ရှေ့​တွင် အ​ရူး​ကဲ့​သို့​ပြု​ပြီး​လျှင် တံ​ခါး​ရွက်​ပေါ် တွင်​ရေး​ခြစ်​၍​နေ​၏။ မိ​မိ​၏​မုတ်​ဆိတ်​ပေါ် မှာ​သွား​ရည်​ယို​ကျ​စေ​၏။-\x + \xo 21:13 \xt ဆာ၊ ၃၄​ခေါင်း​စဉ်။\x* \v 14 သို့​ဖြစ်​၍​အာ​ခိတ်​မင်း​သည်​မှူး​မတ်​တို့ အား``ကြည့်​လော့၊ ဤ​သူ​သည်​သူ​ရူး​ဖြစ်​ပါ သည်​တ​ကား။ သူ့​အား​သင်​တို့​အ​ဘယ်​ကြောင့် ငါ့​ထံ​သို့​သွင်း​ကြ​သ​နည်း။- \v 15 ငါ့​ထံ​တွင်​ရူး​သွပ်​သူ​နည်း​ပါး​နေ​သော​ကြောင့် လော။ ငါ​၏​နန်း​တော်​ထဲ​မှာ​ငါ့​အား​အ​နှောင့် အ​ယှက်​ပေး​ရန် အ​ဘယ်​ကြောင့်​အ​ရူး​ကို​သွင်း ကြ​သ​နည်း'' ဟု​မိန့်​တော်​မူ​၏။ \c 22 \s1 ယဇ်​ပု​ရော​ဟိတ်​တို့​အား​သတ်​ဖြတ်​ခြင်း \p \v 1 ဒါ​ဝိဒ်​သည်​ဂါ​သ​မြို့​မှ​ထွက်​ပြေး​ပြီး​လျှင် အ​ဒု​လံ​မြို့​အ​နီး​ရှိ​ဂူ​သို့​သွား​၏။ ဤ​အ​ကြောင်း ကို​သူ​၏​အစ်​ကို​များ​နှင့်​အ​ခြား​ဆွေ​မျိုး​တို့ သိ​ကြ​သော​အ​ခါ​သူ​နှင့်​အ​တူ​လာ​၍​နေ ကြ​၏။-\x + \xo 22:1 \xt ဆာ၊ ၅၇ ခေါင်း​စဉ်။ ဆာ၊ ၁၄၂ ခေါင်း​စဉ်။\x* \v 2 ညှင်း​ပန်း​နှိပ်​စက်​ခြင်း​ခံ​ရ​ကြ​သူ၊ ကြွေး​မြီ တင်​သူ၊ စိတ်​မ​ကျေ​မ​နပ်​ဖြစ်​သူ​မှ​စ​၍​စု​စု ပေါင်း​လူ​လေး​ရာ​ခန့်​တို့​သည် သူ​၏​ထံ​သို့ ဝင်​ရောက်​လာ​ကြ​သ​ဖြင့် ဒါ​ဝိဒ်​သည်​သူ​တို့ ၏​ခေါင်း​ဆောင်​ဖြစ်​လာ​လေ​သည်။ \p \v 3 ဒါ​ဝိဒ်​သည်​ထို​အ​ရပ်​မှ​မော​ဘ​ပြည်​မိ​ဇ​ပါ မြို့​သို့​သွား​၍​မော​ဘ​ဘု​ရင်​အား``အ​ကျွန်ုပ် အ​ဖို့​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​စီ​မံ​တော် မူ​မည်​ကို​မ​သိ​ရ​မီ​အ​တော​အ​တွင်း အ​ကျွန်ုပ် ၏​မိ​ဘ​နှစ်​ပါး​ကို​အ​ရှင်​၏​ထံ​တွင်​နေ​ထိုင် ခွင့်​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​လေ​၏။- \v 4 သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​မိ​ဘ​နှစ်​ပါး​ကို​မော​ဘ ဘု​ရင်​၏​ထံ​တွင်​ထား​ခဲ့​၏။ မိ​ဘ​နှစ်​ပါး​သည် ဂူ​ထဲ​တွင် ဒါ​ဝိဒ်​ပုန်း​အောင်း​၍​နေ​ရ​သ​မျှ ကာ​လ​ပတ်​လုံး​မော​ဘ​ဘုရင်​၏​ထံ​တွင်​နေ ထိုင်​ကြ​၏။ \p \v 5 ထို​နောက်​ပ​ရော​ဖက်​ဂဒ်​သည်​ဒါ​ဝိဒ်​ထံ​သို့ လာ​၍``သင်​သည်​ဤ​အ​ရပ်​တွင်​မ​နေ​နှင့်။ ယု​ဒ​ပြည်​သို့​ချက်​ချင်း​ထွက်​၍​သွား​လော့'' ဟု​ဆို​၏။ ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ဟာ​ရက် တော​သို့​ထွက်​သွား​လေ​သည်။ \p \v 6 တစ်​နေ့​သ​၌​ရှော​လု​သည်​ဂိ​ဗာ​မြို့​သို့​ရောက် ရှိ​လာ​၏။ မင်း​ကြီး​သည်​လှံ​ကို​ကိုင်​လျက်​တောင် ကုန်း​ပေါ်​ရှိ​အင်​ကြင်း​ပင်​အောက်​တွင် အ​ရာ​ရှိ များ​ခြံ​ရံ​ကာ​ထိုင်​လျက်​နေ​တော်​မူ​၏။- \v 7 မင်း​ကြီး​သည်​ဒါ​ဝိဒ်​ရှိ​ရာ​အ​ရပ်​ကို​တွေ့​ရှိ ပြီ​ဖြစ်​ကြောင်း​ကြား​သိ​ရ​သော​အ​ခါ အ​ရာ​ရှိ တို့​အား``အ​ချင်း​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့၊ နား ထောင်​ကြ​လော့။ ဒါ​ဝိဒ်​သည်​သင်​တို့​အား​လယ် ယာ​များ​နှင့်​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ပေး​၍ တပ်​မ​တော်​အ​ရာ​ရှိ​များ​အ​ဖြစ်​ခန့်​အပ် လိမ့်​မည်​ဟု​ထင်​မှတ်​ကြ​ပါ​သ​လော။- \v 8 ယင်း​သို့​ထင်​မှတ်​သ​ဖြင့်​သင်​တို့​သည် ငါ့ အား​လုပ်​ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​လျက် နေ​ကြ​သ​လော။ ငါ​၏​သား​တော်​ကိုယ်​တိုင် ပင်​လျှင် ဒါ​ဝိဒ်​နှင့်​မ​ဟာ​မိတ်​ဖွဲ့​ထား​သည့် အ​ကြောင်း​ကို သင်​တို့​တစ်​စုံ​တစ်​ယောက်​မျှ ငါ့​အား​မ​ပြော​ကြ။ ငါ့​အား​ကြင်​နာ​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။ ငါ​၏​ငယ်​သား တစ်​ဦး​ဖြစ်​သူ​ဒါ​ဝိဒ်​သည်​ငါ့​အား​လုပ် ကြံ​ရန်​အ​ခွင့်​ကောင်း​ကို ယ​ခု​ပင်​ရှာ​လျက် နေ​ကြောင်း​ကို​သော်​လည်း​ကောင်း၊ သူ့​အား ငါ​၏​သား​တော်​က​အား​ပေး​အား​မြှောက် ပြု​ခဲ့​ကြောင်း​ကို​သော်​လည်း​ကောင်း အ​ဘယ် သူ​မျှ​ငါ့​အား​မ​ပြော​ကြ'' ဟု​မိန့်​တော် မူ​၏။ \p \v 9 ထို​အ​ခါ​၌​ဧ​ဒုံ​မြို့​သား​ဒေါ​ဂ​သည်​ရှော​လု ၏​အ​ရာ​ရှိ​များ​နှင့်​အ​တူ​ရပ်​လျက် မင်း​ကြီး အား``ဒါ​ဝိဒ်​သည်​အ​ဟိ​တုပ်​၏​သား​အ​ဟိ မ​လက်​ရှိ​ရာ​နော​ဗ​မြို့​သို့​သွား​ရောက်​သည် ကို​အ​ကျွန်ုပ်​တွေ့​မြင်​ခဲ့​ပါ​၏။- \v 10 အ​ဟိ​မ​လက်​သည်​ဒါ​ဝိဒ်​အ​တွက်​ထာ​ဝ​ရ ဘု​ရား​ထံ​တွင်​စုံ​စမ်း​လျှောက်​ထား​ပြီး​လျှင် အ​စား​အ​စာ​ကို​လည်း​ကောင်း၊ ဖိ​လိတ္တိ​အ​မျိုး သား​ဂေါ​လျတ်​၏​ဋ္ဌား​ကို​လည်း​ကောင်း​ပေး အပ်​လိုက်​ပါ​၏'' ဟု​လျှောက်​လေ​၏။\x + \xo 22:10 \xt ၁ရာ၊ ၂၁:၇-၉။ ဆာ၊ ၅၂ ခေါင်း​စဉ်။\x* \p \v 11 သို့​ဖြစ်​၍​ရှော​လု​မင်း​သည်​နော​ဗ​မြို့​နေ ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​သော အ​ဟိ​မ​လက် နှင့်​သူ​၏​ဆွေ​မျိုး​အ​ပေါင်း​တို့​အား​ဆင့် ခေါ်​သ​ဖြင့်​သူ​တို့​သည်​အ​ထံ​တော်​သို့ လာ​ကြ​၏။- \v 12 ရှော​လု​က​အ​ဟိ​မ​လက်​အား``အ​ချင်း အ​ဟိ​မ​လက်​နား​ထောင်​လော့'' ဟု​ဆို​လျှင်၊ \p အ​ဟိ​မ​လက်​က``အ​မိန့်​တော်​ကို​နာ​ခံ​လျက် ပါ'' ဟု​ဆို​၏။ \p \v 13 ရှော​လု​က``သင်​နှင့်​ဒါ​ဝိဒ်​သည်​အ​ဘယ်​ကြောင့် ငါ့​အား​လုပ်​ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​ကြ​သ​နည်း။ သင်​သည်​အ​ဘယ်​ကြောင့်​သူ့​အား​ရိက္ခာ​နှင့်​ဋ္ဌား ကို​ပေး​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​သူ​၏​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​လျှောက်​ထား​ပေး​ပါ သနည်း။ ယ​ခု​သူ​သည်​ငါ့​ကို​တော်​လှန်​လျက် နေ​လေ​ပြီ။ ငါ့​အား​သတ်​ရန်​အ​ခွင့်​ကောင်း ကို​စောင့်​ဆိုင်း​လျက်​နေ​ပါ​သည်​တ​ကား'' ဟု မိန့်​တော်​မူ​၏။ \p \v 14 အ​ဟိ​မ​လက်​က``ဒါ​ဝိဒ်​သည်​အ​ရှင်​၏​အ​ပေါ် တွင် သစ္စာ​အ​ရှိ​ဆုံး​အ​ရာ​ရှိ​တစ်​ဦး​ဖြစ်​ပါ​၏။ သူ​သည်​အ​ရှင့်​သ​မက်​တော်​ဖြစ်​သည့်​အ​ပြင် အ​ရှင့်​ကိုယ်​ရံ​တော်​တပ်​မှူး​လည်း​ဖြစ်​သ​ဖြင့် နန်း​တွင်း​သူ​နန်း​တွင်း​သား​အ​ပေါင်း​တို့​၏ ကြည်​ညို​လေး​စား​မှု​ကို​ခံ​ရ​သူ​ဖြစ်​ပါ​၏။- \v 15 သူ​၏​အ​တွက်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ အ​ကျွန်ုပ်​လျှောက်​ထား​ပေး​သည်​မှာ​မှန်​ပါ​၏။ သို့​ရာ​တွင်​ယ​ခင်​က​လည်း​ဤ​သို့​လျှောက်​ထား ပေး​ခဲ့​ဖူး​ပါ​သည်။ အ​ရှင်​အား​လုပ်​ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​မှု​နှင့်​ပတ်​သက်​၍​မူ​ကား အ​ရှင်​မင်း​ကြီး​သည်​အ​ကျွန်ုပ်​ကို​သော်​လည်း ကောင်း၊ အ​ကျွန်ုပ်​၏​အိမ်​ထောင်​စု​သား​တစ်​ဦး တစ်​ယောက်​ကို​သော်​လည်း​စွပ်​စွဲ​တော်​မ​မူ ပါ​နှင့်။ ဤ​ကိစ္စ​ကို​အ​ကျွန်ုပ်​အလျှင်း​မ​သိ​ပါ'' ဟု​ပြန်​၍​လျှောက်​ထား​၏။ \p \v 16 မင်း​ကြီး​သည်``အ​ဟိ​မ​လက်၊ သင်​နှင့်​သင်​၏ ဆွေ​မျိုး​အ​ပေါင်း​တို့​သည်​သေ​ရ​ကြ​မည်'' ဟု​ဆို​ပြီး​လျှင်၊- \v 17 မိ​မိ​အ​နီး​တွင်​ရပ်​လျက်​နေ​သော​အ​စောင့် တပ်​သား​များ​အား``ထာ​ဝ​ရ​ဘု​ရား​၏​ယဇ် ပု​ရော​ဟိတ်​တို့​သည်​ဒါ​ဝိဒ်​နှင့်​အ​တူ​ကြံ​ရာ ပါ​များ​ဖြစ်​သ​ဖြင့် ဒါ​ဝိဒ်​ထွက်​ပြေး​ကြောင်း ကို​သိ​သော်​လည်း ငါ့​အား​မ​ပြော​သော​ကြောင့် သတ်​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။ သို့ ရာ​တွင်​အ​စောင့်​တပ်​သား​တစ်​စုံ​တစ်​ယောက် က​မျှ ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ် တို့​ကို​သတ်​ရန်​လက်​ကို​မျှ​မ​ဆန့်​ဝံ့​ကြ ချေ။ \p \v 18 ထို့​ကြောင့်​ရှော​လု​သည်​ဒေါ​ဂ​အား``သင်​သည် သူ​တို့​ကို​သတ်​လော့'' ဟု​မိန့်​တော်​မူ​လျှင် ဒေါ​ဂ​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​ကို သတ်​လေ​၏။ ထို​နေ့​၌​ဒေါ​ဂ​သည်​သင်​တိုင်း ကို​ဝတ်​သော​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော ဟိတ်​ရှစ်​ဆယ့်​ငါး​ပါး​တို့​ကို​သတ်​လိုက် သ​တည်း။- \v 19 ရှော​လု​သည်​ယဇ်​ပု​ရော​ဟိတ်​မြို့​တည်း​ဟူ သော​နော​ဗ​မြို့​တွင်​နေ​ထိုင်​သည့် ယောကျာ်း၊ မိန်း​မ၊ က​လေး​သူ​ငယ်၊ နို့​စို့​အ​ရွယ်​မှ​စ​၍​လူ​အ​ပေါင်း တို့​ကို​လည်း​ကောင်း၊ နွား၊ မြည်း၊ သိုး​တို့​ကို​လည်း ကောင်း​သတ်​စေ​တော်​မူ​၏။ \p \v 20 သို့​ရာ​တွင်​အ​ဟိ​မ​လက်​၏​သား​တစ်​ဦး​ဖြစ် သူ​အ​ဗျာ​သာ​သည် ထွက်​ပြေး​လွတ်​မြောက် သွား​ကာ​ဒါ​ဝိဒ်​ထံ​သို့​ရောက်​ရှိ​လာ​၏။- \v 21 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ် တို့​အား ရှော​လု​သတ်​ဖြတ်​ပုံ​ကို​ဒါ​ဝိဒ်​အား ပြော​ပြ​လေ​သည်။- \v 22 ဒါ​ဝိဒ်​က``ဒေါ​ဂ​သည်​ရှော​လု​အား​ဤ​သို့​ပြန် ကြား​မည်​ကို သူ့​အား​ထို​အ​ရပ်​တွင်​တွေ့​ရ​သည့် နေ့​က​ပင်​လျှင်​ငါ​သိ​၏။ သို့​ဖြစ်​၍​သင်​၏​ဆွေ မျိုး​သား​ချင်း​အ​ပေါင်း​သေ​ရ​ကြ​သည်​မှာ ငါ့​ကြောင့်​ပါ​တ​ကား။ သင်​သည်​ငါ​နှင့်​အ​တူ နေ​လော့။ မ​ကြောက်​နှင့်။- \v 23 သင်​၏​အ​သက်​အန္တ​ရာယ်​ကို​ရှာ​ကြံ​သော​သူ သည် ငါ​၏​အ​သက်​အန္တ​ရာယ်​ကို​လည်း​ရှာ​ကြံ ၏။ သို့​ရာ​တွင်​သင်​သည်​ငါ​နှင့်​အ​တူ​နေ​လျှင် လုံ​ခြုံ​လိမ့်​မည်'' ဟု​ဆို​၏။ \c 23 \s1 ကိ​လ​မြို့​ကို​ဒါ​ဝိဒ်​ကယ်​တင်​ခြင်း \p \v 1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ကိ​လ​မြို့​ကို တိုက်​ခိုက်​၍ ရိတ်​သိမ်း​ပြီး​စ​ကောက်​သစ်​များ ကို​လု​ယူ​သော​သ​တင်း​ကို​ဒါ​ဝိဒ်​ကြား လျှင်၊- \v 2 ထာ​ဝ​ရ​ဘု​ရား​အား``ကျွန်​တော်​မျိုး​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို​သွား​ရောက်​တိုက် ခိုက်​ရ​ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။ \p ထာ​ဝ​ရ​ဘု​ရား​က``သွား​လော့။ သူ​တို့​ကို တိုက်​ခိုက်​၍ ကိ​လ​မြို့​ကို​ကယ်​တင်​လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 3 သို့​ရာ​တွင်​ဒါ​ဝိဒ်​၏​အ​ပေါင်း​ပါ​တို့​က``ဤ ယု​ဒ​ပြည်​တွင်​ပင်​လျှင်​အ​ကျွန်ုပ်​တို့​ကြောက် လန့်​လျက်​နေ​ရ​ကြ​ပါ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား တို့​ကို​သွား​ရောက်​တိုက်​ခိုက်​ပါ​မူ ပို​၍​ပင်​အ​ခြေ အ​နေ​ဆိုး​ရွား​ပါ​လိမ့်​မည်'' ဟု​ဆို​ကြ​သ​ဖြင့်၊- \v 4 ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​တစ်​ဖန် လျှောက်​ထား​မေး​မြန်း​ပြန်​၏။ ထာ​ဝ​ရ​ဘု​ရား က``ကိ​လ​မြို့​သို့​သွား​ရောက်​တိုက်​ခိုက်​လော့။ ငါ သည်​သင့်​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အ​ပေါ် တွင်​အောင်​ပွဲ​ခံ​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။- \v 5 ထို့​ကြောင့်​ဒါ​ဝိဒ်​နှင့်​သူ​၏​အ​ပေါင်း​ပါ​တို့​သည် ကိ​လ​မြို့​သို့​သွား​၍ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို တိုက်​ခိုက်​ကြ​၏။ သူ​တို့​သည်​လူ​အ​မြောက်​အ​မြား ကို​သတ်​ဖြတ်​၍​သိုး​နွား​များ​ကို​သိမ်း​ယူ​ကြ​၏။ ဤ​သို့​လျှင်​ဒါ​ဝိဒ်​သည်​ကိ​လ​မြို့​ကို​ကယ်​တင် လေ​သည်။ \p \v 6 အ​ဟိ​မ​လက်​၏​သား​အ​ဗျာ​သာ​သည်​ထွက် ပြေး​လွတ်​မြာက်​ပြီး​နောက် ကိ​လ​မြို့​ရှိ​ဒါ​ဝိဒ် ထံ​သို့​ဝင်​ရောက်​လာ​သော​အ​ခါ သူ​သည်​မိ​မိ နှင့်​အ​တူ​ယဇ်​ပု​ရော​ဟိတ်​သင်​တိုင်း​ကို​ယူ ဆောင်​လာ​ခဲ့​၏။ \p \v 7 ကိ​လ​မြို့​သို့​ဒါ​ဝိဒ်​ရောက်​ကြောင်း​ကို​ရှော​လု ကြား​လျှင်``ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​အား ငါ​၏​လက်​သို့​အပ်​တော်​မူ​ပြီ။ ဒါ​ဝိဒ်​သည်​မြို့ ရိုး​နှင့်​မြို့​တံ​ခါး​အ​ခိုင်​အ​မာ​ရှိ​သည့်​မြို့​ထဲ သို့​ရောက်​ခြင်း​အား​ဖြင့် ထောင်​ချောက်​တွင်း သို့​သက်​ဆင်း​လေ​ပြီ'' ဟု​ဆို​၏။- \v 8 ထို့​ကြောင့်​ရှော​လု​သည်​စစ်​သည်​တပ်​သား​များ အား​ဆင့်​ခေါ်​ပြီး​လျှင် ကိ​လ​မြို့​သို့​ချီ​တက် ၍​ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​အား​ဝိုင်း​ရံ​ရန် အ​မိန့်​ပေး​တော်​မူ​၏။ \p \v 9 ဒါ​ဝိဒ်​သည်​မိ​မိ​အား ရှော​လု​တိုက်​ခိုက်​ရန်​ကြံ စည်​လျက်​နေ​ကြောင်း​ကြား​လျှင် ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​အား``သင်​တိုင်း​တော်​ကို​ယူ ဆောင်​ခဲ့​လော့'' ဟု​ဆို​၏။- \v 10 ထို​နောက်​ဒါ​ဝိဒ်​က``အို ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ရှော​လု သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး ကြောင့်​ကိ​လ​မြို့​သို့​လာ​ရောက်​၍ မြို့​ကို​ဖျက် ဆီး​ပစ်​ရန်​ကြံ​စည်​လျက်​ရှိ​ကြောင်း​ကြား​ရ ပါ​၏။- \v 11 ကိ​လ​မြို့​သား​တို့​သည်​ကျွန်​တော်​မျိုး​အား ရှော​လု​လက်​သို့​ပေး​အပ်​ကြ​ပါ​မည်​လော။ ကျွန် တော်​မျိုး​ကြား​ရ​သည့်​အ​တိုင်း ရှော​လု​သည် အ​ကယ်​ပင်​လာ​ရောက်​ပါ​မည်​လော။ အို ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ဗျာ ဒိတ်​ပေး​သ​နား​တော်​မူ​ပါ'' ဟု​လျှောက်​၏။ \p ထာ​ဝ​ရ​ဘု​ရား​က``ရှော​လု​လာ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​လျှင်၊ \p \v 12 ဒါ​ဝိဒ်​က``ကိ​လ​မြို့​သား​တို့​သည်​ကျွန်​တော် မျိုး​နှင့်​အ​ပေါင်း​ပါ​တို့​အား​ရှော​လု​လက်​သို့ ပေး​အပ်​ကြ​မည်​လော'' ဟု​တစ်​ဖန်​မေး​လျှောက် ပြန်​၏။ \p ထာ​ဝ​ရ​ဘု​ရား​က``ပေး​အပ်​ကြ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​၏။ \p \v 13 ထို့​ကြောင့်​ဒါ​ဝိဒ်​နှင့်​ခြောက်​ရာ​ခန့်​ရှိ​သော​အ​ပေါင်း ပါ​တို့​သည် ချက်​ချင်း​ပင်​ကိ​လ​မြို့​မှ​ထွက်​၍​သင့် ရာ​သို့​ဆုတ်​ခွာ​သွား​ကြ​၏။ ကိ​လ​မြို့​မှ​ဒါ​ဝိဒ် ထွက်​ပြေး​သွား​ကြောင်း​ရှော​လု​ကြား​သိ​သော အ​ခါ မိ​မိ​၏​အ​ကြံ​အ​စည်​ကို​ဖျက်​သိမ်း​လိုက် လေ​သည်။ \s1 တောင်​ထူ​ထပ်​သော​အရပ်​သို့​ဒါ​ဝိဒ်​သွား​ရောက်​ခြင်း \p \v 14 ဒါ​ဝိဒ်​သည်​ဇိ​ဖ​တော​ကန္တာ​ရ​ရှိ​တောင်​ထူ ထပ်​သော​အ​ရပ်​တွင်​ပုန်း​အောင်း​လျက်​နေ​၏။ ရှော​လု​သည်​သူ့​အား​အ​ချိန်​ရှိ​သ​မျှ​ကြိုး စား​၍​ရှာ​ဖွေ​သော်​လည်း ဘု​ရား​သ​ခင်​သည် ဒါ​ဝိဒ်​အား​ရှော​လု​၏​လက်​သို့​ပေး​အပ်​တော် မ​မူ။- \v 15 ဒါ​ဝိဒ်​သည်​မိ​မိ​၏​အ​သက်​အန္တရာယ်​ကို ရှော​လု​ရှာ​ကြံ​ကြောင်း​သိ​မြင်​၏။ \p ဒါ​ဝိဒ်​သည်​ဇိ​ဖ​တော​ကန္တာ​ရ​ရှိ​ဟော​ရေ​ရှ အ​ရပ်​သို့​ရောက်​ရှိ​နေ​စဉ်၊- \v 16 ယော​န​သန်​သည်​ဒါ​ဝိဒ်​ထံ​သို့​လာ​၍ ဘု​ရား​သ​ခင်​၏​ကွယ်​ကာ​စောင့်​ထိန်း​မှု​ကို​စိတ်​ချ ယုံ​ကြည်​ရန်​အား​ပေး​လျက်၊- \v 17 ``မ​ကြောက်​ပါ​နှင့်။ ငါ​၏​ခ​မည်း​တော်​ရှော​လု သည်​သင့်​အား အ​ဘယ်​သို့​မျှ​ဘေး​အန္တ​ရာယ် ပြု​နိုင်​လိမ့်​မည်​မ​ဟုတ်​ပါ။ သင်​သည်​ဣ​သ ရေ​လ​ဘု​ရင်​ဖြစ်​မည်​ကို​လည်း​ကောင်း၊ ငါ သည်​သင်​၏​ညာ​လက်​ရုံး​ဖြစ်​မည်​ကို​လည်း ကောင်း​သူ​ကောင်း​စွာ​သိ​ပါ​၏'' ဟု​ပြော ကြား​၏။- \v 18 ထို​နောက်​သူ​တို့​သည်​အ​ပြန်​အ​လှန်​ကတိ​သစ္စာ ပြု​ကြ​ပြီး​လျှင် ဒါ​ဝိဒ်​သည်​ဟော​ရေ​ရှ​အ​ရပ် တွင်​နေ​ရစ်​၍​ယော​န​သန်​မူ​ကား​မိ​မိ​၏​အိမ် သို့​ပြန်​လေ​၏။\x + \xo 23:18 \xt ၁ရာ၊ ၁၈:၃။\x* \p \v 19 ဇိ​ဖ​အ​ရပ်​မှ​လူ​အ​ချို့​တို့​သည်​ရှော​လု​ရှိ ရာ​ဂိ​ဗာ​မြို့​သို့​သွား​၍``ဒါ​ဝိဒ်​သည်​အ​ကျွန်ုပ် တို့​၏​နယ်​အ​တွင်း​ယု​ဒ​တော​ကန္တာ​ရ​တောင် ပိုင်း၊ ဟ​ခိ​လ​တောင်​ထိပ်​ပေါ်​ရှိ​ဟော​ရေ​ရှ အ​ရပ်​တွင်​ပုန်း​အောင်း​နေ​ပါ​သည်။-\x + \xo 23:19 \xt ဆာ၊ ၅၄ ခေါင်း​စဉ်။\x* \v 20 အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည်​သူ့​အား​အ​လွန် ပင်​ဖမ်း​ဆီး​ရ​မိ​လို​ကြောင်း​ကို​အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ​၏။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့​၏​နယ် သို့​ကြွ​တော်​မူ​ပါ။ သူ့​အား​ဖမ်း​မိ​ရန်​အ​ကျွန်ုပ် တို့​တာ​ဝန်​ယူ​ပါ​မည်'' ဟု​လျှောက်​ထား​ကြ​၏။ \p \v 21 ရှော​လု​က``ဤ​သို့​ငါ့​အ​ပေါ်​တွင်​က​ရု​ဏာ ထား​ကြ​သည့်​အ​တွက် သင်​တို့​အား​ထာ​ဝ​ရ ဘုရား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။- \v 22 သင်​တို့​သည်​သွား​၍​တစ်​ဖန်​သေ​ချာ​အောင် ပြု​ကြ​လော့။ သူ​သည်​အ​ဘယ်​အ​ရပ်​တွင်​ရှိ သည်​ကို​လည်း​ကောင်း၊ ထို​အ​ရပ်​တွင်​သူ့​အား အ​ဘယ်​သူ​တွေ့​ရှိ​ခဲ့​သည်​ကို​လည်း​ကောင်း အ​သေ​အ​ချာ​စုံ​စမ်း​ကြ​လော့။ သူ​သည် အ​လွန်​ပါး​နပ်​လိမ္မာ​သည်​ဟု​ငါ​ကြား​သိ ရ​သည်။- \v 23 သူ​ပုန်း​အောင်း​နေ​သည့်​အ​ရပ်​များ​ကို​တိ​ကျ သေ​ချာ​စွာ​မှတ်​သား​ပြီး​မှ ငါ့​ထံ​သို့​ချက် ချင်း​သ​တင်း​ပေး​ပို့​လော့။ ထို​အ​ခါ​သင်​တို့ နှင့်​အ​တူ​ငါ​လိုက်​၍​ရှာ​ဖွေ​မည်။ ဒါ​ဝိဒ်​သည် ယု​ဒ​ပြည်​တွင်​ရှိ​နေ​သေး​လျှင် ငါ​သည်​ယု​ဒ ပြည်​တစ်​လျှောက်​လုံး​ကို​ပင်​လိုက်​လံ​ရှာ​ဖွေ ရ​စေ​ကာ​မူ​သူ့​ကို​မိ​အောင်​ဖမ်း​မည်'' ဟု မိန့်​တော်​မူ​၏။ \p \v 24 သို့​ဖြစ်​၍​ထို​သူ​တို့​သည်​ရှော​လု​၏​အ​လျင် ဇိ​ဖ​အ​ရပ်​သို့​ပြန်​လည်​ထွက်​ခွာ​လာ​ခဲ့​ကြ ၏။ ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​သည်​ယေ​ရှိ​မုန် မြို့​တောင်​ဘက်၊ အာ​ရ​ဗာ​ချိုင့်​ဝှမ်း​ရှိ​မော​န တော​ကန္တာ​ရ​တွင်​ရှိ​နေ​ကြ​၏။- \v 25 ရှော​လု​နှင့်​စစ်​သည်​တပ်​သား​တို့​သည်​ဒါ​ဝိဒ် ကို​ရှာ​ရန်​ထွက်​လာ​ကြ​၏။ သို့​ရာ​တွင်​ထို အ​ကြောင်း​ကို​ဒါ​ဝိဒ်​ကြား​သိ​ရ​လျှင် မော​န တော​ကန္တာ​ရ​ရှိ​ကျောက်​တောင်​သို့​သွား​ရောက် ပုန်း​အောင်း​လေ​သည်။ ဤ​အ​ကြောင်း​ကို ကြား​သော​အ​ခါ ရှော​လု​သည်​ဒါ​ဝိဒ်​ရှိ ရာ​သို့​လိုက်​၍​ရှာ​တော်​မူ​၏။- \v 26 ရှော​လု​နှင့်​တပ်​သား​များ​က​တောင်​တစ်​ဘက် တွင်​ရှိ​၍ ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​က​အ​ခြား တစ်​ဘက်​တွင်​ရှိ​ကြ​၏။ ရှော​လု​နှင့်​တပ်​သား တို့​သည်​ဒါ​ဝိဒ်​တို့​လူ​စု​အား​ဖမ်း​မိ​ခါ​နီး ပြီ​ဖြစ်​၍ ဒါ​ဝိဒ်​တို့​လူ​စု​သည်​လွတ်​မြောက် ရန်​ကြိုး​စား​နေ​စဉ်၊- \v 27 ခြေ​လျင်​တော်​သည်​ရှော​လု​ထံ​သို့​ရောက်​ရှိ လာ​၍``ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​အ​ကျွန်ုပ် တို့​၏​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​လျက်​နေ ပါ​ပြီ။ ချက်​ချင်း​ပြန်​၍​ကြွ​တော်​မူ​ပါ'' ဟု​မင်း​ကြီး​အား​လျှောက်​ထား​သ​ဖြင့်၊- \v 28 ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ဆက်​၍​လိုက်​လံ​ဖမ်း ဆီး​မှု​မ​ပြု​တော့​ဘဲ ဖိ​လိတ္တိ​အ​မျိုး​သား တို့​အား​တိုက်​ခိုက်​ရန်​ချီ​သွား​တော်​မူ​၏။ ထို အ​ရပ်​တွင်​သူ​တို့​နှစ်​စု​အား​ခွဲ​ခြား​ထား သည်​ကို​အ​ကြောင်း​ပြု​၍ ထို​အ​ရပ်​ကို``ခွဲ ခြား​ထား​သော​တောင်'' ဟု​ခေါ်​ဝေါ်​သ​မုတ် ကြ​သ​တည်း။- \v 29 ဒါ​ဝိဒ်​သည်​ထို​နေ​ရာ​မှ​ထွက်​ခွာ​၍ အင်္ဂေ​ဒိ ဒေ​သ​သို့​သွား​ရောက်​ပုန်း​အောင်း​လျက်​နေ လေ​သည်။ \c 24 \s1 ရှော​လု​အား​ဒါ​ဝိဒ်​အသက်​ချမ်း​သာ​ပေး​ခြင်း \p \v 1 ရှော​လု​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​စစ် တိုက်​ရာ​မှ​ပြန်​လည်​ရောက်​ရှိ​လာ​သော​အ​ခါ အင်္ဂေ​ဒိ​မြို့​အ​နီး​ရှိ​တော​ကန္တာ​ရ​တွင်​ဒါ​ဝိဒ် ရှိ​နေ​ကြောင်း​ကြား​လျှင်၊- \v 2 ဣ​သ​ရေ​လ​လက်​ရွေး​စင်​စစ်​သည်​တော်​သုံး ထောင်​ကို​ခေါ်​၍ ဆိတ်​ရိုင်း​များ​နေ​ရာ​ကျောက် ဆောင်​များ​တွင် ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့ အား​ရှာ​ဖွေ​ရန်​ထွက်​ခွာ​သွား​တော်​မူ​သည်။- \v 3 မင်း​ကြီး​သည်​လမ်း​အ​နီး​ရှိ​သိုး​ခြံ​များ အ​နား​မှာ​ဂူ​တစ်​ခု​ကို​တွေ့​သ​ဖြင့် ကိုယ်​လက် သုတ်​သင်​ရန်​ဝင်​တော်​မူ​၏။ ထို​ဂူ​ကား​အ​ခြား မ​ဟုတ်၊ အ​တွင်း​ပိုင်း​တွင်​ဒါ​ဝိဒ်​တို့​လူ​စု ပုန်း​အောင်း​နေ​သည့်​ဂူ​ပင်​ဖြစ်​သည်။\x + \xo 24:3 \xt ဆာ၊ ၅၇ ခေါင်း​စဉ်။ ဆာ၊ ၁၄၂ ခေါင်း​စဉ်။\x* \p \v 4 ဒါ​ဝိဒ်​၏​လူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​ရန် သူ​အား အ​ရှင်​၏​လက်​သို့​ပေး​အပ်​တော်​မူ​မည် ဟူ​၍​လည်း​ကောင်း၊ သူ့​အား​အ​ရှင်​အ​လို​ရှိ သ​လို​ပြု​နိုင်​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း မိန့် တော်​မူ​ခဲ့​သည့်​အ​တိုင်း​ယ​ခု​အ​ရှင်​အ​ခွင့် ကောင်း​ကြုံ​ပါ​ပြီ'' ဟု​ဆို​ကြ​၏။ ဒါ​ဝိဒ်​သည် ရှော​လု​ရှိ​ရာ​သို့​သွား​ကာ ရှော​လု​၏​ဝတ်​လုံ ကို​တိတ်​တ​ဆိတ်​လှီး​ဖြတ်​လိုက်​၏။- \v 5 သို့​ရာ​တွင်​ယင်း​သို့​ပြု​မိ​သည့်​အ​တွက် ဒါ​ဝိဒ် လိပ်​ပြာ​မ​သန့်​ဖြစ်​လာ​၏။- \v 6 ထို့​ကြောင့်​မိ​မိ​၏​လူ​တို့​အား``ထာ​ဝ​ရ​ဘု​ရား ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်၊ ငါ​၏​သခင် အား​ဘေး​အန္တ​ရာယ်​မ​ပြု​မိ​စေ​ရန်​ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​ကို​ဆီး​တား​တော်​မူ​ပါ​စေ သော။ မင်း​ကြီး​သည်​ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက် ပေး​တော်​မူ​သော​ဘုရင်​ဖြစ်​သ​ဖြင့် ငါ​သည်​သူ့ အား​စိုး​စဉ်း​မျှ​ဘေး​အန္တရာယ်​မ​ပြု​အပ်'' ဟု ဆို​၏။-\x + \xo 24:6 \xt ၁ရာ၊ ၂၆:၁၁။\x* \v 7 သို့​ဖြစ်​၍​ရှော​လု​အား​တိုက်​ခိုက်​ရန်​မ​သင့် ကြောင်း မိ​မိ​၏​လူ​တို့​ကို​ဒါ​ဝိဒ်​က​ကောင်း စွာ​နား​လည်​သ​ဘော​ပေါက်​စေ​လေ​သည်။ \p ရှော​လု​သည်​ထ​၍​ဂူ​မှ​ထွက်​သွား​လေ​၏။- \v 8 ထို​အ​ခါ​ဒါ​ဝိဒ်​သည်​လိုက်​၍​ထွက်​ပြီး​လျှင်``အ ရှင်​မင်း​ကြီး'' ဟု​ဟစ်​ခေါ်​လိုက်​၏။ ရှော​လု​လှည့် ၍​ကြည့်​သော​အ​ခါ​ဒါ​ဝိဒ်​သည်​ရို​သေ​စွာ မြေ​ပေါ်​တွင်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်၊- \v 9 ဤ​သို့​လျှောက်​တင်​၏။ ``အ​ကျွန်ုပ်​သည်​အ​ရှင့် အား​ဘေး​အန္တ​ရာယ်​ပြု​ရန်​ကြိုး​စား​နေ​သည် ဟု လူ​တို့​ပြော​ဆို​ကြ​သော​စ​ကား​ကို​အ​ရှင် အ​ဘယ်​ကြောင့်​ယုံ​တော်​မူ​ပါ​သ​နည်း။- \v 10 ယ​ခု​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင့် အား အ​ကျွန်ုပ်​၏​လက်​သို့​အပ်​တော်​မူ​ခဲ့​ကြောင်း အ​ရှင်​ကိုယ်​တိုင်​သိ​မြင်​နိုင်​ပါ​၏။ အ​ကျွန်ုပ်​၏ လူ​အ​ချို့​တို့​က​အ​ရှင့်​အား​အ​သတ်​ခိုင်း ကြ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​သည်​အ​ရှင် ၏​အ​တွက်​စိတ်​မ​ကောင်း​ဖြစ်​သ​ဖြင့် အ​ရှင့် ကို​စိုး​စဉ်း​မျှ​ဘေး​အန္တ​ရာယ်​မ​ပြု​လို​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော် အ​ရှင်​သည်​ထာ​ဝ​ရ ဘု​ရား​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင် ဖြစ်​သော​ကြောင့်​ဖြစ်​ပါ​၏။- \v 11 အ​ကျွန်ုပ်​၏​ခ​မည်း​တော်၊ ဤ​မှာ​ကြည့်​တော် မူ​ပါ။ အ​ကျွန်ုပ်​ကိုင်​ထား​သည့်​အ​ရှင့်​ဝတ်​လုံ​စ ကို​ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​အ​ရှင့် အား​သတ်​ဖြတ်​နိုင်​ခွင့်​ရ​ရှိ​ခဲ့​သော်​လည်း ဤ ဝတ်​လုံ​စ​ကို​သာ​လျှင်​လှီး​ဖြတ်​ခဲ့​ပါ​၏။ အ​ရှင့် အား​ပုန်​ကန်​ရန်​သော်​လည်း​ကောင်း၊ ဘေး​အန္တ​ရာယ် ပြု​ရန်​သော်​လည်း​ကောင်း အ​ကျွန်ုပ်​မ​ကြံ​ရွယ် ကြောင်း​ကို​ဤ​အ​ချက်​အား​ဖြင့် အ​ရှင်​မင်း ကြီး​ကောင်း​စွာ​နား​လည်​သ​ဘော​ပေါက်​သင့် ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ရှင့်​အား​အ​ဘယ်​သို့ မျှ​မ​ပြစ်​မှား​ခဲ့​သော်​လည်း အ​ရှင်​သည် အ​ကျွန်ုပ်​ကို​သတ်​ရန်​လိုက်​လံ​ဖမ်း​ဆီး လျက်​နေ​ပါ​၏။- \v 12 အ​ကျွန်ုပ်​တို့​နှစ်​ဦး​အ​နက်​အ​ဘယ်​သူ​မှား ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​ဆုံး​ဖြတ်​တော်​မူ ပါ​စေ​သော။ အ​ရှင်​အ​ကျွန်ုပ်​အား​ပြု​ခဲ့​သည့် အ​မှု​အ​ရာ​အ​တွက် ကိုယ်​တော်​သည်​အ​ရှင့် အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ​စေ​သော။ အ​ကျွန်ုပ်​သည်​အ​ရှင်​အား​စိုး​စဉ်း​မျှ ဘေး​အန္တ​ရာယ်​ပြု​လိမ့်​မည်​မ​ဟုတ်​ပါ။- \v 13 `ယုတ်​မာ​မှု​ကို​ယုတ်​မာ​သူ​တို့​သာ​လျှင်​ပြု ကျင့်​တတ်​၏' ဟူ​သော​ရှေး​စ​ကား​ပုံ​ကို​အ​ရှင် သိ​တော်​မူ​ပါ​၏။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည် အ​ရှင့်​အား​ဘေး​အန္တ​ရာယ်​ပြု​လိမ့်​မည် မ​ဟုတ်​ပါ။- \v 14 ဣ​သ​ရေ​လ​ဘုရင်​သည်​မည်​သူ့​ကို​သတ်​ဖြတ် ရန် လိုက်​လံ​ဖမ်း​ဆီး​နေ​ပါ​သ​နည်း။ ခွေး​သေ ကောင်​ခွေး​လှေး​တို့​ကို​လော။-\x + \xo 24:14 \xt ၁ရာ၊ ၂၆:၂၀။\x* \v 15 အ​ကျွန်ုပ်​တို့​နှစ်​ဦး​အ​နက်​အ​ဘယ်​သူ​မှား သည်​ကို ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​ဆုံး​ဖြတ်​တော် မူ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည်​ဤ​အ​မှု​ကို ကြည့်​ရှု​စစ်​ဆေး​တော်​မူ​ပါ​စေ​သော။ အ​ကျွန်ုပ် ၏​ဘက်​မှ​ချေ​ပ​တော်​မူ​၍​အ​ကျွန်ုပ်​အား အ​ရှင်​၏​လက်​မှ​ကယ်​တော်​မူ​ပါ​စေ​သော'' ဟု​လျှောက်​လေ​၏။ \p \v 16 ဤ​သို့​ဒါ​ဝိဒ်​လျှောက်​ထား​ပြီး​သော​အ​ခါ ရှော​လု​က``သင်​သည်​အ​ကယ်​ပင်​ငါ​၏​သား ဒါ​ဝိဒ်​ပေ​လော'' ဟု​ဆို​၍​ငို​ကြွေး​တော်​မူ​၏။- \v 17 ထို​နောက်​ဒါ​ဝိဒ်​အား``သင်​သည်​မှန်​ကန်​၍ ငါ​သည်​မှား​ပါ​၏။ ငါ​သည်​သင့်​အား​ဆိုး ယုတ်​စွာ​ပြု​ခဲ့​သော်​လည်း သင်​သည်​ငါ့ ကို​ကျေး​ဇူး​ပြု​ပါ​သည်​တ​ကား။- \v 18 ယ​နေ့​ငါ့​အား​သင်​ပြု​သော​ကျေး​ဇူး​သည် ကြီး​လှ​ပါ​ပေ​သည်။ ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား​သင့်​လက်​သို့​ပေး​အပ်​တော်​မူ​သော် လည်း​သင်​သည်​ငါ့​ကို​မ​သတ်​ခဲ့​ပါ။- \v 19 လူ​သည်​မိ​မိ​ရန်​သူ​ကို​ဖမ်း​ဆီး​ရ​မိ​ပြီး နောက် ဘယ်​အ​ခါ​၌​ချမ်း​သာ​ပေး​ဖူး​ပါ သ​နည်း။ ယ​နေ့​ငါ့​အား​သင်​ပြု​သော​အ​မှု အ​တွက် ဘု​ရား​သ​ခင်​သင့်​ကို​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သော။- \v 20 သင်​သည်​ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လာ​မည်​ကို လည်း​ကောင်း၊ ဣ​သ​ရေ​လ​ပြည်​သည်​သင်​၏ လက်​ဝယ်​ဆက်​လက်​တည်​မြဲ​နေ​မည်​ကို​လည်း ကောင်း​ယ​ခု​ငါ​အ​သေ​အ​ချာ​သိ​ပါ​၏။- \v 21 သို့​ရာ​တွင်​ငါ​၏​နာမည်​နှင့်​ငါ့​အိမ်​ထောင်​စု​နာ မည်​သည်​လုံး​ဝ​ပျောက်​ကွယ်​၍​မ​သွား​စေ​ရန် သင်​သည်​ငါ့​သား​မြေး​တို့​အား​အ​သက်​ချမ်း သာ​ပေး​ပါ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​တိုင်​တည်​၍​ငါ့​အား​က​တိ​ပြု​ပါ လော့'' ဟု​ဆို​လျှင်၊- \v 22 ဒါ​ဝိဒ်​သည်​က​တိ​ပြု​လေ​၏။ \p ထို​နောက်​ရှော​လု​သည်​မိ​မိ​၏​နန်း​တော်​သို့ ပြန်​၍ ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​သည်​မိ​မိ တို့​ပုန်း​အောင်း​ရာ​အ​ရပ်​သို့​ထွက်​သွား​ကြ​၏။ \c 25 \s1 ရှ​မွေ​လ​ကွယ်​လွန်​ခြင်း \p \v 1 ရှ​မွေ​လ​ကွယ်​လွန်​သွား​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည်​လာ​ရောက်​စု ဝေး​လျက်​ငို​ကြွေး​မြည်​တမ်း​ကြ​၏။ ထို​နောက် သူ့​အား​ရာ​မ​မြို့​နေ​အိမ်​တွင်​သင်္ဂြိုဟ်​လိုက် ကြ​၏။ \s1 ဒါ​ဝိဒ်​နှင့်​အ​ဘိ​ဂဲ​လ \p ယင်း​သို့​သင်္ဂြိုဟ်​ပြီး​သော​အ​ခါ​ဒါ​ဝိဒ်​သည် ပါ​ရန်​တော​ကန္တာ​ရ​သို့​ထွက်​ခွာ​သွား​လေ သည်။- \v 2-3 ကာ​လက်​သား​ချင်း​စု​တွင်​မော​န​မြို့​သား နာ​ဗ​လ​ဆို​သူ​လူ​တစ်​ယောက်​ရှိ​၏။ သူ​သည် က​ရ​မေ​လ​မြို့​အ​နီး​တွင်​နေ​ထိုင်​သော​မြေ ပိုင်​ရှင်​ဖြစ်​သည်။ သူ​သည်​သိုး​သုံး​ထောင်​နှင့် ဆိတ်​တစ်​ထောင်​ကို​ပိုင်​သ​ဖြင့် အ​လွန်​ကြွယ်​ဝ ချမ်း​သာ​သူ​ဖြစ်​၏။ သူ​၏​ဇ​နီး​အ​ဘိ​ဂဲ​လ သည်​အ​ဆင်း​လှ​၍ ပ​ညာ​အ​မြော်​အ​မြင်​ရှိ သူ​အ​မျိုး​သ​မီး​ဖြစ်​၏။ နာ​ဗ​လ​မူ​ကား သ​ဘော​ယုတ်​၍​ရိုင်း​ပြ​သူ​ဖြစ်​သ​တည်း။ \p နာ​ဗ​လ​သည်​က​ရ​မေ​လ​မြို့​တွင်​မိ​မိ​၏​သိုး များ​ကို​အ​မွေး​ညှပ်​လျက်​နေ​၏။- \v 4 ထို​အ​ကြောင်း​ကို​တော​ကန္တာ​ရ​ရှိ​ဒါ​ဝိဒ်​ကြား သိ​ရ​သ​ဖြင့်၊- \v 5 က​ရ​မေ​လ​မြို့​သို့​လူ​ငယ်​လူ​ရွယ်​ဆယ်​ယောက် ကို​စေ​လွှတ်​ကာ``သင်​တို့​သည်​နာ​ဗ​လ​ကို​ရှာ​၍ ငါ့​ကိုယ်​စား​နှုတ်​ဆက်​ကြ​လော့။- \v 6 သူ့​အား​ဤ​သို့​ပြော​ကြား​လော့။ `ချစ်​မိတ်​ဆွေ၊ ဒါ​ဝိဒ်​သည်​သင့်​ကို​နှုတ်​ဆက်​လိုက်​ပါ​၏။ သင် နှင့်​တ​ကွ​သင်​၏​အိမ်​ထောင်​စု​သား​များ​သည် လည်း​ကောင်း၊ သင်​နှင့်​သက်​ဆိုင်​သူ​အ​ပေါင်း​တို့ သည်​လည်း​ကောင်း ကျန်း​မာ​ချမ်း​သာ​ကြ​စေ ရန်​ဆု​တောင်း​မေတ္တာ​ပို့​သ​လိုက်​ပါ​သည်။- \v 7 သင်​သည်​သိုး​များ​ကို​အ​မွေး​ညှပ်​လျက်​နေ ကြောင်း​ကြား​သိ​ရ​သ​ဖြင့် ဒါ​ဝိဒ်​က​သင်​၏ သိုး​ထိန်း​တို့​သည်​ကျွန်​တော်​တို့​ရှိ​ရာ​အ​ရပ် တွင် သိုး​များ​ကို​ထိန်း​ကျောင်း​နေ​ကြ​သော် လည်း ကျွန်​တော်​တို့​သည်​သူ​တို့​အား​ဘေး အန္တ​ရာယ်​မ​ပြု​ခဲ့​ကြောင်း​ကို​လည်း​ကောင်း၊ သူ​တို့​သည်​က​ရ​မေ​လ​မြို့​တွင်​ရှိ​နေ​စဉ် အ​တော​အ​တွင်း​၌ မည်​သည့်​အ​ရာ​တစ် စုံ​တစ်​ခု​မျှ​ခိုး​ဝှက်​ခြင်း​မ​ခံ​ရ​ကြ ကြောင်း​ကို​လည်း​ကောင်း​သင့်​အား​သိ​စေ လို​ပါ​သည်။- \v 8 ဤ​အ​ကြောင်း​ကို​သိုး​ထိန်း​တို့​အား​မေး​မြန်း လျှင်​သင်​သိ​ရှိ​နိုင်​ပါ​လိမ့်​မည်။ ကျွန်​တော်​တို့ သည်​ဤ​ပွဲ​နေ့​၌​ဤ​အ​ရပ်​သို့​လာ​ပါ​ပြီ။ ဒါ​ဝိဒ်​က​ကျွန်​တော်​တို့​အား​ကြို​ဆို​ဧည့်​ခံ ပါ​ရန်​ပန်​ကြား​လိုက်​ပါ​၏။ သင်​၏​အ​စေ​ခံ ကျွန်​တော်​တို့​အား​လည်း​ကောင်း၊ သင်​၏​မိတ် ဆွေ​ဒါ​ဝိဒ်​အား​လည်း​ကောင်း​သင်​ပေး​နိုင် သည့်​အ​ရာ​ကို​ကျေး​ဇူး​ပြု​၍​ပေး​ပါ​လော့။' \p \v 9 ယင်း​သို့​ညွှန်​ကြား​လိုက်​သည့်​အ​တိုင်း​ဒါ​ဝိဒ် ၏​လူ​တို့​သည် နာ​ဗ​လ​အား​နှုတ်​ဆက်​ပြော ကြား​ပြီး​လျှင်​စောင့်​ဆိုင်း​၍​နေ​ကြ​၏။- \v 10 နာ​ဗ​လ​က​လည်း``ဒါ​ဝိဒ်​ဆို​သူ​မှာ​အ​ဘယ် သူ​နည်း။ သူ​၏​အကြောင်း​ကို​ငါ​တစ်​ခါ​မျှ မ​ကြား​ဘူး​ပါ​တ​ကား။ ယ​ခု​ခေတ်​အ​ခါ ၌​တိုင်း​ပြည်​သည်​ကျွန်​ပြေး​များ​နှင့်​ပြည့် နှက်​လျက်​ရှိ​နေ​လေ​ပြီ။- \v 11 သိုး​မွေး​ညှပ်​သူ​တို့​အ​တွက်​ပြင်​ဆင်​ထား​သည့် ငါ့​မုန့်၊ ငါ့​ရေ၊ ငါ့​အ​မဲ​သား​ကို​ယူ​၍​လေ​လွင့် နေ​သူ​တို့​အား​မ​ပေး​နိုင်'' ဟု​ပြန်​၍​ပြော​၏။ \p \v 12 ဒါ​ဝိဒ်​၏​လူ​တို့​သည်​ပြန်​လာ​ပြီး​လျှင် နာ​ဗ​လ ပြော​ဆို​လိုက်​သော​စ​ကား​ကို​ဒါ​ဝိဒ်​အား ပြော​ပြ​ကြ​၏။- \v 13 ထို​အ​ခါ​ဒါ​ဝိဒ်​သည်​သူ​တို့​အား``ဋ္ဌား​ကို​ခါး တွင်​ပတ်​စည်း​ကြ​လော့'' ဟု​အ​မိန့်​ပေး​သည့် အ​တိုင်း​သူ​တို့​သည်​ပတ်​စည်း​ကြ​၏။ ဒါ​ဝိဒ် သည်​လည်း​မိ​မိ​၏​ဋ္ဌား​ကို​ခါး​တွင်​ပတ်​စည်း ကာ လူ​လေး​ရာ​ခန့်​နှင့်​အ​တူ​ထွက်​ခွာ​သွား လေ​သည်။ လူ​နှစ်​ရာ​ကို​မူ​စ​ခန်း​စောင့်​ရန် ထား​ခဲ့​၏။ \p \v 14 နာ​ဗ​လ​၏​အ​စေ​ခံ​တစ်​ဦး​က နာ​ဗ​လ​၏ ဇ​နီး​အ​ဘိ​ဂဲ​လ​အား``ဤ​အ​ကြောင်း​ကို သ​ခင်​မ​ကြား​ပြီး​ပါ​ပြီ​လော။ ဒါ​ဝိဒ်​သည် တော​ကန္တာ​ရ​မှ​နေ​၍ ကျွန်​တော်​တို့​၏​သ​ခင် ထံ​သို့​စေ​တ​မန်​တို့​ကို​လွှတ်​ကာ​နှုတ်​ဆက် ပါ​၏။ သို့​ရာ​တွင်​သ​ခင်​က​ထို​သူ​တို့​အား စော်​ကား​မော်​ကား​ပြော​ဆို​လိုက်​ပါ​၏။- \v 15 သူ​တို့​သည်​ကား​ကျွန်​တော်​တို့​အား​များ​စွာ ကျေး​ဇူး​ပြု​သူ​များ​ဖြစ်​ပါ​၏။ အ​ဘယ်​အ​ခါ ၌​မျှ​ကျွန်​တော်​တို့​အား​အ​နှောင့်​အ​ယှက်​မ ပေး​ခဲ့​ကြ​ပါ။ ကျွန်​တော်​တို့​သည်​သူ​တို့​နှင့် အ​တူ​ကွင်း​ထဲ​တွင်​ရှိ​နေ​စဉ်​အ​ခါ​များ​၌ လည်း တစ်​စုံ​တစ်​ရာ​မျှ​ပျောက်​ဆုံး​ခဲ့​သည် ဟူ​၍​ပင်​မ​ရှိ​ပါ။- \v 16 သိုး​အုပ်​များ​ကို​ကျွန်​တော်​တို့​ထိန်း​ကျောင်း လျက်​နေ​စဉ် သူ​တို့​သည်​ကျွန်​တော်​တို့​အား ကွယ်​ကာ​စောင့်​ရှောက်​ခဲ့​ကြ​ပါ​၏။- \v 17 ဤ​အ​မှု​ကို​ဆင်​ခြင်​စဉ်း​စား​၍​အ​ဘယ်​သို့ ပြု​သင့်​သည်​ကို​ဆုံး​ဖြတ်​ပါ​လော့။ ဤ​ကိစ္စ သည်​ကျွန်​တော်​တို့​၏​သ​ခင်​နှင့်​အိမ်​ထောင်​စု တစ်​ခု​လုံး​ကို​ဘေး​ဥ​ပဒ်​ပေး​နိုင်​ပါ​သည်။ ကျွန်​တော်​တို့​၏​သ​ခင်​သည်​စိတ်​သ​ဘော ထား​သေး​သိမ်​သူ​ဖြစ်​၍ အ​ဘယ်​သူ​၏ စ​ကား​ကို​မျှ​နား​ထောင်​လိမ့်​မည်​မ​ဟုတ် ပါ'' ဟု​ဆို​၏။ \p \v 18 အ​ဘိ​ဂဲ​လ​သည်​မုန့်​အ​လုံး​နှစ်​ရာ၊ စ​ပျစ်​ရည် အ​ပြည့်​ရှိ​သော​သား​ရေ​ဘူး​နှစ်​ဘူး၊ သိုး​ကင် ငါး​ကောင်၊ ပေါက်​ပေါက်​နှစ်​တင်း၊ စ​ပျစ်​သီး​ခြောက် အ​ပြွတ်​တစ်​ရာ​နှင့်​သင်္ဘော​သ​ဖန်း​သီး​ပျဉ် အ​ပြား​နှစ်​ရာ​ကို အ​လျင်​အ​မြန်​စု​ဆောင်း ပြီး​လျှင်​မြည်း​များ​အ​ပေါ်​သို့​တင်​၏။- \v 19 ထို​နောက်​သူ​၏​အ​စေ​ခံ​တို့​အား``သင်​တို့​ရှေ့ မှ​သွား​နှင့်​ကြ။ ငါ​နောက်​က​လိုက်​ခဲ့​မည်'' ဟု ဆို​၏။ မိ​မိ​၏​ခင်​ပွန်း​နာ​ဗ​လ​ကို​မူ​အ​သိ မ​ပေး​ချေ။ \p \v 20 သူ​သည်​မြည်း​ကို​စီး​၍​လာ​ရာ​တောင်​ခြေ​လမ်း ကွေ့​သို့​ရောက်​သော​အ​ခါ မိ​မိ​၏​ထံ​သို့​ဦး​တည် လာ​နေ​သော​ဒါ​ဝိဒ်​တို့​လူ​စု​နှင့်​ရုတ်​တ​ရက် ဆုံ​မိ​လေ​၏။- \v 21 ထို​သို့​မ​ဆုံ​မိ​ခင်​ဒါ​ဝိဒ်​က ဤ​သို့​ဆို​၏။ ``အ​ဘယ် ကြောင့်​တော​ကန္တာ​ရ​တွင် ထို​လူ​၏​ပစ္စည်း​ဥစ္စာ​များ ကို​ငါ​စောင့်​ထိန်း​ပေး​ခဲ့​မိ​ပါ​သ​နည်း။ ယင်း​သို့ သူ့​အား​ကူ​ညီ​စောင့်​ရှောက်​ခဲ့​သ​ဖြင့် ဤ​သို့​ငါ့ အား​ကျေး​ဇူး​ကန်း​လေ​ပြီ​တ​ကား။- \v 22 မိုး​မ​လင်း​မီ​သူ​တို့​အား​တစ်​ယောက်​မ​ကျန် ငါ​မ​သတ်​ပါ​မူ ဘု​ရား​သ​ခင်​သည်​ငါ့​အား အ​ဆုံး​စီ​ရင်​တော်​မူ​ပါ​စေ​သော။'' \p \v 23-24 အ​ဘိ​ဂဲ​လ​သည်​ဒါ​ဝိဒ်​ကို​မြင်​လျှင်​ဆော​လျင် စွာ​မြည်း​ပေါ်​မှ​ဆင်း​၍ ဒါ​ဝိဒ်​၏​ခြေ​ရင်း​တွင် မြေ​ပေါ်​သို့​လှဲ​ချ​ကာ ဤ​သို့​လျှောက်​၏။ ``အ​ရှင်၊ ကျေး​ဇူး​ပြု​၍​ကျွန်​မ​၏​စ​ကား​ကို​နား​ထောင် တော်​မူ​ပါ။ ဖြစ်​ခဲ့​သ​မျှ​အ​မှု​အ​တွက်​ကျွန်​မ ကို​ပင်​အ​ပြစ်​တင်​တော်​မူ​ပါ။- \v 25 အ​သုံး​မ​ကျ​သူ၊ နာ​ဗ​လ​၏​စ​ကား​ကို​ဂ​ရု ပြု​တော်​မ​မူ​ပါ​နှင့်။ သူ​သည်​မိ​မိ​နာ​မည်​နှင့် လိုက်​အောင် မိုက်​မဲ​သူ​ဖြစ်​ပါ​၏။\f 19 \fr 25:25 \ft * \+fk မိုက်​မဲ​သူ။ \ft နာ​ဗ​လ​ဟူ​သော​ဟေ​ဗြဲ​နာ​မည်​၏​အ​နက် မှာ​မိုက်​မဲ​သူ​ဖြစ်​သည်။\f* အ​ရှင်၊ အ​ရှင့်​အ​စေ​ခံ​များ​လာ​ရောက်​ချိန်​က အိမ်​တွင်​ကျွန်​မ​မ​ရှိ​ပါ။- \v 26 ရန်​သူ​များ​ကို​အ​ရှင်​ကိုယ်​တိုင်​သတ်​ဖြတ်​၍ လက် စား​ချေ​မှု​ကို​မ​ပြု​ရန်​ဆီး​တား​တော်​မူ​သူ​မှာ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ အ​ရှင်​၏ ရန်​သူ​များ​သည်​လည်း​ကောင်း၊ အ​ရှင့်​အား​ဘေး အန္တ​ရာယ်​ပြု​လို​သူ​အ​ပေါင်း​တို့​သည်​လည်း ကောင်း နာ​ဗ​လ​ကဲ့​သို့​ပင်​အ​ပြစ်​ဒဏ်​စီ​ရင် ခြင်း​ကို​ခံ​ရ​ကြ​ပါ​စေ​သော​ဟု အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ၍​ကျွန်​မ​ကျိန်​ဆို​ပါ​၏။- \v 27 အ​ရှင်၊ အ​ရှင်​၏​ထံ​သို့​ကျွန်​မ​ယူ​ဆောင်​လာ သော​လက်​ဆောင်​များ​ကို​ကျေး​ဇူး​ပြု​၍ လက်​ခံ​ပြီး​လျှင် အ​ရှင်​၏​လူ​တို့​အား​ပေး တော်​မူ​ပါ။- \v 28 ကျွန်​မ​ပြု​မိ​ခဲ့​သော​အ​မှား​အ​တွက်​အ​ပြစ် လွှတ်​တော်​မူ​ပါ။ အ​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရား ၏​စစ်​ပွဲ​များ​ကို​ဆင်​နွှဲ​လျက်​ရှိ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​သည်​အ​ရှင်​နှင့်​အ​ရှင့်​သား​မြေး​တို့​အား မင်း​မြှောက်​တော်​မူ​ပါ​လိမ့်​မည်။ အ​ရှင်​၌​လည်း အ​သက်​ထက်​ဆုံး​ဘေး​ရောက်​မည်​မ​ဟုတ်​ပါ။- \v 29 အ​ကယ်​၍​တစ်​စုံ​တစ်​ယောက်​သော​သူ​သည် အ​ရှင့်​အား​တိုက်​ခိုက်​သတ်​ဖြတ်​ရန်​ကြိုး​စား ပါ​မူ လူ​သည်​အ​ဖိုး​ထိုက်​သည့်​ရ​တ​နာ​ကို လုံ​ခြုံ​စွာ​သိမ်း​ဆည်း​ထား​တတ်​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​၏​အ​သက်​ကို လည်း​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​ပါ​လိမ့် မည်။ အ​ရှင်​၏​ရန်​သူ​တို့​ကို​မူ​ကား လူ​သည် ကျောက်​ခဲ​ကို​လောက်​လွှဲ​ဖြင့်​ပစ်​ထုတ်​သ​ကဲ့ သို့​ကိုယ်​တော်​ပစ်​ထုတ်​တော်​မူ​ပါ​လိမ့်​မည်။- \v 30 ထာ​ဝ​ရ​ဘု​ရား​သည်​မိမိ​က​တိ​ထား​တော်​မူ သ​မျှ​သော​ကောင်း​ကျိုး​ချမ်း​သာ​များ​ကို အ​ရှင် အား​မု​ချ​ပေး​တော်​မူ​၍​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ဖြင့်​ဘိ​သိက်​သွန်း​တော်​မူ​သော​အ​ခါ၊- \v 31 အ​ရှင်​သည်​မိ​မိ​ပြု​ခဲ့​သည့်​လက်​စား​ချေ​မှု​နှင့် အ​ကြောင်း​မဲ့​သတ်​ဖြတ်​မှု​တို့​အ​တွက်​ဝမ်း​နည်း ရ​လိမ့်​မည်​မ​ဟုတ်​ပါ။ နောင်​တ​ရ​ရန်​အ​ကြောင်း လည်း​ရှိ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ရှင်​ပြု​သည့်​အ​မှု မှန်​သ​မျှ​ကို​ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး တော်​မူ​သော​အ​ခါ ကျွန်​တော်​မ​အား​သ​တိ​ရ တော်​မူ​ပါ။'' \p \v 32 ဒါ​ဝိဒ်​က​လည်း``ယ​နေ့​သင့်​အား​ငါ့​ထံ​သို့ စေ​လွှတ်​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘုရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။- \v 33 လူ​သတ်​မှု​နှင့်​လက်​စား​ချေ​မှု​တို့​ကို​မ​ပြု​မိ စေ​ရန် သင်​သည်​ယ​နေ့​အ​မြော်​အ​မြင်​ကြီး​စွာ ဖြင့် ငါ့​အား​ဆီး​တား​ခဲ့​သည့်​အ​တွက်​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ပါ​၏။- \v 34 ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ဘေး​အန္တ​ရာယ် မ​ပြု​မိ​စေ​ရန်​လည်း ငါ့​အား​ဆီး​တား​တော်​မူ လေ​ပြီ။ သို့​ရာ​တွင်​အ​ကယ်​၍​သင်​သည်​ငါ့​ထံ သို့​အ​လျင်​အ​မြန်​မ​ရောက်​လာ​ပါ​မူ နက်​ဖြန် နံ​နက်​မ​တိုင်​မီ​နာ​ဗ​လ​၏​လူ​အ​ပေါင်း​တို့​အား ငါ​သတ်​မိ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင်​တော်​မူ သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကျိန် ဆို​၏'' ဟု​ပြော​၏။- \v 35 ထို​နောက်​ဒါ​ဝိဒ်​သည်​အ​ဘိ​ဂဲ​လ​ယူ​ဆောင် လာ​သော​လက်​ဆောင်​များ​ကို​လက်​ခံ​ပြီး လျှင်​သူ့​အား``သင်​ပြု​စေ​လို​သည့်​အ​တိုင်း ငါ​ပြု​မည်။ စိုး​ရိမ်​မှု​မ​ရှိ​ဘဲ​အိမ်​သို့​ပြန် လော့'' ဟု​ဆို​၏။ \p \v 36 အ​ဘိ​ဂဲ​လ​သည်​လည်း​နာ​ဗ​လ​ထံ​သို့​ပြန် လေ​၏။ နာ​ဗ​လ​ကား​မိ​မိ​၏​အိမ်​တွင် ဘု​ရင့် ပွဲ​တော်​တ​မျှ​ခမ်း​နား​သည့်​စား​ပွဲ​ကြီး​ကို ကျင်း​ပ​လျက်​နေ​၏။ သူ​သည်​သေ​ရည်​ယစ်​မူး ကာ​ပျော်​ရွှင်​လျက်​ရှိ​သ​ဖြင့် အ​ဘိ​ဂဲ​လ သည်​သူ့​အား​နောက်​တစ်​နေ့​နံ​နက်​တိုင်​အောင် အ​ဘယ်​အ​ရာ​ကို​မျှ​မ​ပြော​ဘဲ​နေ​၏။- \v 37 ထို​နောက်​အ​ရက်​မူး​ပြေ​၍​လာ​သော​အ​ခါ​၌ မူ သူ့​အား​ဇ​နီး​သည်​က​ဖြစ်​သ​မျှ​သော​အ​မှု တို့​ကို​ပြော​ပြ​လေ​သည်။ ထို​အ​ခါ​သူ​သည် လေ​ဖြတ်​သ​ဖြင့်​တစ်​ကိုယ်​လုံး​မ​လှုပ်​မ​ရှား နိုင်​တော့​ချေ။- \v 38 ဆယ်​ရက်​ခန့်​ကြာ​သော်​ထာ​ဝ​ရ​ဘု​ရား​ဒဏ် ခတ်​တော်​မူ​သ​ဖြင့်​နာ​ဗ​လ​ကွယ်​လွန်​လေ​၏။ \p \v 39 ဒါ​ဝိဒ်​သည် နာ​ဗ​လ​ကွယ်​လွန်​ကြောင်း​ကြား သိ​ရ​သော​အ​ခါ``ထာ​ဝ​ရ​ဘု​ရား​သည်​မင်္ဂ လာ​ရှိ​တော်​မူ​ပါ​စေ​သ​တည်း။ ကိုယ်​တော် သည်​နာ​ဗ​လ​ငါ့​ကို​စော်​ကား​သည့်​အ​တွက် လက်​စား​ချေ​တော်​မူ​၍​ကိုယ်​တော်​၏​အ​စေ​ခံ ငါ့​ကို​လည်း​မိုက်​မှား​မှု​မ​ပြု​ရန်​ဆီး​တား တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​နာ​ဗ​လ ပြု​သည့်​ဒု​စ​ရိုက်​အ​တွက် သူ့​ကို​ဒဏ်​ခတ် တော်​မူ​လေ​ပြီ'' ဟု​မြွက်​ဆို​၏။ \p ထို​နောက်​ဒါ​ဝိဒ်​သည်​အ​ဘိ​ဂဲ​လ​အား မိ​မိ နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​ရန်​လူ​လွှတ်​၍​စ​ကား ကမ်း​လှမ်း​လိုက်​လေ​သည်။- \v 40 သူ​၏​အ​စေ​ခံ​တို့​သည်​က​ရ​မေ​လ​မြို့​သို့ သွား​ပြီး​လျှင် အ​ဘိ​ဂဲ​လ​အား``ဒါ​ဝိဒ်​သည် သ​ခင်​မ​နှင့်​ထိမ်း​မြား​လက်​ထပ်​လို​သ​ဖြင့် သ​ခင်​မ​အား​ခေါ်​ဆောင်​ခဲ့​ရန်​ကျွန်​တော်​တို့ အား​စေ​လွှတ်​လိုက်​ပါ​သည်'' ဟု​ပြော​ကြား ကြ​၏။ \p \v 41 အ​ဘိ​ဂဲ​လ​သည် မြေ​သို့​တိုင်​အောင်​ဦး​ညွှတ် ပြီး​လျှင်``ကျွန်​မ​သည်​ထို​သခင်​၏​အ​စေ​ခံ ဖြစ်​သ​ဖြင့် သူ့​အ​စေ​ခံ​များ​၏​ခြေ​ကို​ပင် ဆေး​ရန်​အ​သင့်​ရှိ​ပါ​၏'' ဟု​ဆို​ကာ၊- \v 42 လျင်​မြန်​စွာ​ထ​၍​မြည်း​ကို​စီး​လေ​၏။ ထို နောက်​အ​မျိုး​သ​မီး​အ​စေ​ခံ​ငါး​ယောက် ကို​ခေါ်​၍ ဒါ​ဝိဒ်​၏​စေ​တ​မန်​များ​နှင့်​အ​တူ လိုက်​သွား​ပြီး​လျှင် ဒါ​ဝိဒ်​၏​ဇ​နီး​အ​ဖြစ် ခံ​ယူ​လေ​သည်။ \p \v 43 ဒါ​ဝိဒ်​သည်​ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင် နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​ထား​ပြီး​ဖြစ်​သော် လည်း ယ​ခု​အဘိ​ဂဲ​လ​အား​လည်း​မိ​မိ​၏ ဇ​နီး​အ​ဖြစ်​ဖြင့်​သိမ်း​ပိုက်​လိုက်​၏။- \v 44 ဤ​အ​တော​အ​တွင်း​၌​ရှော​လု​သည် ဒါ​ဝိဒ်​၏ ဇ​နီး​ဟောင်း၊ မိ​မိ​၏​သ​မီး​တော်​မိ​ခါ​လ အား​ဂလ္လိမ်​မြို့​မှ​လဲ​ရှ​၏​သား​ဖာ​လ​တိ​နှင့် ထိမ်း​မြား​ပေး​စား​ပြီး​ဖြစ်​သ​တည်း။\x + \xo 25:44 \xt ၂ရာ၊ ၃:၁၄-၁၆။\x* \c 26 \s1 ရှော​လု​အား​တစ်​ဖန်​ဒါ​ဝိဒ် အ​သက်​ချမ်း​သာ​ပေး​ခြင်း \p \v 1 ဇိ​ဖ​မြို့​မှ​လူ​အ​ချို့​တို့​သည်​ရှော​လု​ရှိ​ရာ​ဂိ​ဗာ မြို့​သို့​လာ​ရောက်​၍ ဒါ​ဝိဒ်​သည်​ယု​ဒ​တော​ကန္တာ​ရ အ​စွန်​နား​ရှိ​ဟ​ခိ​လ​တောင်​ပေါ်​တွင်​ပုန်း​အောင်း နေ​ပါ​သည်​ဟု​လျှောက်​ထား​ကြ​၏။-\x + \xo 26:1 \xt ဆာ၊ ၅၄ ခေါင်း​စဉ်။\x* \v 2 ရှော​လု​သည်​ချက်​ချင်း​ပင်​မိ​မိ​၏​လက်​ရွေး စင်​စစ်​သည်​တော်​သုံး​ထောင်​နှင့်​အ​တူ ဒါ​ဝိဒ် ကို​ရှာ​ရန်​ဇိ​ဖ​တော​ကန္တာ​ရ​သို့​ချီ​တက်​ပြီး လျှင်၊- \v 3 ဟ​ခိ​လ​တောင်​ပေါ်​လမ်း​အနီး​တွင်​တပ်​စ​ခန်း ချ​၏။ ထို​အ​ချိန်​၌​ဒါ​ဝိဒ်​သည်​တော​ကန္တာ​ရ တွင်​ပင်​ရှိ​၍ မိ​မိ​အား​ရှာ​ဖွေ​ရန်​ရှော​လု​တော ကန္တာ​ရ​ထဲ​သို့​ရောက်​ရှိ​လာ​သည့်​သ​တင်း ကို​ကြား​သော​အ​ခါ၊- \v 4 သူ​လျှို​များ​ကို​စေ​လွှတ်​စုံ​စမ်း​စေ​ရာ​အ​ကယ် ပင်​ရှော​လု​ရောက်​ရှိ​နေ​ကြောင်း​သိ​ရှိ​ရ​လေ သည်။- \v 5 သူ​သည်​ရှော​လု​တပ်​ချ​ရာ​သို့​ချက်​ချင်း​သွား ၍​ရှော​လု​နှင့်​နေ​ရ​၏​သား၊ ရှော​လု​၏​ဗိုလ်​ချုပ် အာ​ဗ​နာ​တို့​အိပ်​စက်​သည့်​နေ​ရာ​ကို​ကြည့်​ရှု ၏။ ရှော​လု​သည်​တပ်​စ​ခန်း​အ​လယ်​တွင်​အိပ်​၍ သူ​၏​လူ​တို့​မူ​ကား​သူ့​ကို​ဝိုင်း​ရံ​လျက်​အိပ် ကြ​၏။ \p \v 6 ထို​နောက်​ဒါ​ဝိဒ်​သည်​ဟိတ္တိ​အ​မျိုး​သား​အ​ဟိ မ​လက်​နှင့်​ဇေ​ရု​ယာ​၏​သား၊ ယွာ​ဘ​၏​ညီ အ​ဘိ​ရှဲ​တို့​အား``သင်​တို့​နှစ်​ဦး​အ​နက် အ​ဘယ်​သူ​သည်​ရှော​လု​၏​တပ်​စ​ခန်း​သို့ ငါ​နှင့်​အ​တူ လိုက်​ပါ​မည်​နည်း'' ဟု​မေး​၏။ \p အ​ဘိ​ရှဲ​က``အ​ကျွန်ုပ်​လိုက်​ပါ​မည်'' ဟု​ဆို​၏။ \p \v 7 သို့​ဖြစ်​၍​ထို​ညဥ့်​၌​ဒါ​ဝိဒ်​နှင့်​အ​ဘိ​ရှဲ​တို့ သည်​ရှော​လု​၏​တပ်​စ​ခန်း​သို့​ဝင်​ရောက်​ကြ ရာ​တပ်​စ​ခန်း​အ​လယ်​တွင် ရှော​လု​သည်​မိ​မိ ၏​လှံ​ကို​ခေါင်း​ရင်း​တွင်​စိုက်​၍​အိပ်​ပျော်​နေ သည်​ကို​တွေ့​ရှိ​ကြ​၏။ အာ​ဗ​နာ​နှင့်​စစ်​သည် တပ်​သား​တို့​က​မူ​ရှော​လု​ပတ်​လည်​တွင် အိပ်​လျက်​နေ​ကြ​လေ​သည်။- \v 8 အ​ဘိ​ရှဲ​က​ဒါ​ဝိဒ်​အား``ဘု​ရား​သ​ခင်​သည် အ​ရှင်​၏​ရန်​သူ​ကို​ယ​နေ့​အ​ရှင့်​လက်​သို့​အပ် တော်​မူ​ပြီ။ သို့​ဖြစ်​၍​သူ့​အား​သူ့​လှံ​ဖြင့်​ပင် တစ်​ချက်​တည်း​မြေ​တွင်​စိုက်​နေ​အောင်​ထိုး သတ်​ခွင့်​ပေး​တော်​မူ​ပါ။ နှစ်​ချက်​ထိုး​ရန် လို​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက်​၏။ \p \v 9 သို့​ရာ​တွင်​ဒါ​ဝိဒ်​က``သင်​သည်​မင်း​ကြီး​အား ဘေး​အန္တ​ရာယ်​မ​ပြု​ရ။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​အား ဘေး အန္တ​ရာယ်​ပြု​သူ​မည်​သူ​ကို​မ​ဆို​ဧ​ကန်​မု​ချ အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။- \v 10 ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင်​လျှင်​ရှော​လု အား ဋ္ဌမ္မ​တာ​အ​လျောက်​သေ​ချိန်​ရောက်​သည့်​အ​ခါ ၌​ဖြစ်​စေ၊ စစ်​ပွဲ​တွင်​ကျ​ဆုံး​သော​အ​ခါ​၌​ဖြစ် စေ​ဒဏ်​စီ​ရင်​တော်​မူ​မည်​ဖြစ်​ကြောင်း အ​သက် ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် ငါ​သိ​၏။- \v 11 ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​သည့်​ဘု​ရင်​ကို ဘေး​အန္တ​ရာယ်​မ​ပြုမိ​စေ​ရန် ငါ့​အား​ကိုယ်​တော် ဆီး​တား​တော်​မူ​ပါ​စေ​သော။ ငါ​တို့​သည်​မင်း ကြီး​၏​လှံ​တော်​နှင့်​ရေ​ဘူး​တော်​တို့​ကို​ယူ​၍ သွား​ကြ​ကုန်​အံ့'' ဟု​ဆို​၏။-\x + \xo 26:11 \xt ၁ရာ၊ ၂၄:၂၆။\x* \v 12 ထို​နောက်​ဒါ​ဝိဒ်​သည်​ရှော​လု​၏​ခေါင်း​ရင်း​တွင် ရှိ​သော​လှံ​နှင့်​ရေ​ဘူး​ကို​ယူ​၍ အ​ဘိ​ရှဲ​နှင့် အ​တူ​ထွက်​သွား​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​တစ် တပ်​လုံး​ကို​အိပ်​မော​ကျ​စေ​တော်​မူ​သ​ဖြင့် အ​ဘယ်​သူ​မျှ​မ​သိ​မ​မြင်​မ​နိုး​မ​ကြား ကြ။ \p \v 13 ထို​နောက်​ဒါ​ဝိဒ်​သည်​ချိုင့်​ဝှမ်း​တစ်​ဘက်​သို့​ကူး ပြီး​နောက် ဘေး​ကင်း​လောက်​အောင်​ဝေး​ရာ​သို့ ရောက်​သော​အ​ခါ​တောင်​ကုန်း​ထိပ်​တွင်​ရပ် လျက်၊- \v 14 ရှော​လု​၏​တပ်​သား​များ​နှင့်​အာ​ဗ​နာ​အား``အို အာ​ဗ​နာ​သင်​သည်​ငါ​ပြော​သည်​ကို​ကြား ရ​ပါ​၏​လော'' ဟု​ဟစ်​အော်​လေ​၏။ \p အာ​ဗ​နာ​က``မင်း​ကြီး​အိပ်​ရာ​မှ​နိုး​အောင်​အော် ဟစ်​နေ​သူ​ကား​အ​ဘယ်​သူ​နည်း'' ဟု​မေး​၏။ \p \v 15 ဒါ​ဝိဒ်​က``အို အာ​ဗ​နာ၊ သင်​သည်​ဣ​သ​ရေ​လ ပြည်​တွင်​ခွန်​အား​အ​ကြီး​ဆုံး​သော​သူ​မ​ဟုတ် ပါ​လော။ သို့​ဖြစ်​၍​သင်​၏​အ​ရှင်​သ​ခင်​ဘု​ရင် မင်း​မြတ်​အား အ​ဘယ်​ကြောင့်​မ​ကာ​ကွယ်​မ​စောင့် ရှောက်​ဘဲ​နေ​ပါ​သ​နည်း။ ခု​တင်​က​ပင်​လျှင်​လူ တစ်​ယောက်​သည်​သင်​၏​အ​ရှင်​သ​ခင်​ကို​သတ် ရန်​တပ်​စ​ခန်း​ထဲ​သို့​ဝင်​ခဲ့​၏။- \v 16 အ​ချင်း​အာ​ဗ​နာ၊ သင်​သည်​ဝတ္တ​ရား​ပျက်​ကွက် ခဲ့​ပါ​သည်​တ​ကား။ ဘု​ရင်​အဖြစ်​ဘု​ရား​သ​ခင် ခန့်​ထား​တော်​မူ​သော​သင်​၏​အ​ရှင်​ကို သင်​သည် မ​စောင့်​ရှောက်​ခဲ့​သ​ဖြင့်​သင်​တို့​အား​လုံး​ပင် သေ​ဒဏ်​ခံ​သင့်​ကြောင်း အ​သက်​ရှင်​တော်​မူ သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ ကျိန်​ဆို​ပါ​၏။ ဘု​ရင်​၏​လှံ​တော်​သည် အ​ဘယ်​မှာ​ရှိ​သည်​ကို​ကြည့်​လော့။ ခေါင်း ရင်း​တော်​အ​နီး​တွင်​ထား​သည့်​ရေ​ဘူး​တော် ကား​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု​မေး​၏။ \p \v 17 ရှော​လု​သည်​ဒါ​ဝိဒ်​၏​အ​သံ​ကို​မှတ်​မိ​သ​ဖြင့်``သင် သည်​ငါ့​သား​ဒါ​ဝိဒ်​ပေ​လော'' ဟု​မေး​တော်​မူ​၏။ \p ဒါ​ဝိဒ်​က``မှန်​လှ​ပါ​အ​ရှင်​မင်း​ကြီး၊- \v 18 အ​ရှင်​သည်​အ​ဘယ်​ကြောင့်​မိ​မိ​၏​အ​စေ​ခံ​ဖြစ် သူ​အ​ကျွန်ုပ်​အား လိုက်​လံ​ဖမ်း​ဆီး​လျက်​ပင်​ရှိ နေ​ပါ​သေး​သ​နည်း။ အ​ကျွန်ုပ်​သည်​အ​ဘယ် ရာ​ဇ​ဝတ်​မှု​ကို​ကူး​လွန်​မိ​ပါ​သ​နည်း။- \v 19 အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​လျှောက်​ထား​သည်​ကို နား​ညောင်း​တော်​မူ​ပါ။ အ​ရှင့်​အား​အ​ကျွန်ုပ်​နှင့် ရန်​သူ​ဖြစ်​အောင်​ပြု​သူ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ခဲ့​သော်​အ​မျက်​တော်​ပြေ​စေ​ရန်​ပူ​ဇော် သ​ကာ​ကို​ဆက်​သ​နိုင်​ပါ​သည်။ အ​ကယ်​၍ ယင်း​သို့​ရန်​သူ​ဖြစ်​အောင်​ပြု​သော​သူ​တို့​မှာ လူ​သား​များ​ဖြစ်​ပါ​မူ သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​ကျိန်​စာ​သင့်​ကြ​ပါ​စေ​သ​တည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​သော​နယ်​မြေ​မှ လူ​မျိုး ခြား​တို့​၏​ဘု​ရား​များ​ကို​သာ​ကိုး​ကွယ် နိုင်​သော​နယ်​မြေ​သို့​အ​ကျွန်ုပ်​အား​သူ​တို့ နှင်​ထုတ်​ကြ​ပါ​၏။- \v 20 အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​ဝေး​ရာ တိုင်း​တစ်​ပါး​တွင်​မ​သေ​ပါ​ရ​စေ​နှင့်။ ဣ​သ ရေ​လ​ဘု​ရင်​သည်​အ​ဘယ်​ကြောင့်​ခွေး​လှေး မျှ​သာ​ဖြစ်​သော​အ​ကျွန်ုပ်​ကို သတ်​ဖြတ်​ရန် ကြွ​လာ​တော်​မူ​ရ​ပါ​သ​နည်း။ မင်း​ကြီး​သည် အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​အား​တော​ငှက်​သ​ဖွယ် လိုက်​လံ​ဖမ်း​ဆီး​တော်​မူ​ရ​ပါ​သ​နည်း။'' \p \v 21 ရှော​လု​က​လည်း``ငါ​မှား​လေ​ပြီ။ ငါ့​သား​ဒါ​ဝိဒ်၊ ငါ့​ထံ​သို့​ပြန်​ခဲ့​လော့။ သင်​သည်​ယ​နေ့​ည​ငါ​၏ အ​သက်​ကို​ချမ်း​သာ​ပေး​ခဲ့​သ​ဖြင့် ငါ​သည်​သင့် အား​နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ဘေး​အန္တ​ရာယ် ပြု​တော့​မည်​မ​ဟုတ်။ ငါ​သည်​မိုက်​မဲ​သူ​ဖြစ် ချေ​ပြီ။ အ​လွန်​ဆိုး​ရွား​သည့်​အ​မှု​ကို​ပြု​မိ လေ​ပြီ​တ​ကား'' ဟု​မိန့်​တော်​မူ​၏။ \p \v 22 ဒါ​ဝိဒ်​က​ပြန်​၍​လျှောက်​ထား​သည်​မှာ ``အ​ရှင် မင်း​ကြီး၊ အ​ရှင့်​လှံ​တော်​သည်​ဤ​မှာ​ရှိ​ပါ​၏။ လူ​တစ်​ယောက်​ကို​စေ​လွှတ်​၍​ယူ​စေ​တော်​မူ​ပါ။- \v 23 ထာ​ဝ​ရ​ဘု​ရား​သည်​သစ္စာ​စောင့်​သူ၊ ဖြောင့်​မှန် သူ​တို့​ကို​ဆု​တော်​လာဘ်​တော်​များ​ပေး​သ​နား တော်​မူ​ပါ​၏။ ယ​နေ့​ကိုယ်​တော်​သည်​အ​ရှင့်​အား အ​ကျွန်ုပ်​လက်​သို့​ပေး​အပ်​တော်​မူ​ခဲ့​သော်​လည်း အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက်​ပေး တော်​မူ​သော​ဘု​ရင်​အား​ဘေး​အန္တ​ရာယ်​မ​ပြု ခဲ့​ပါ။- \v 24 ယ​နေ့​အ​ရှင်​၏​အ​သက်​ကို​အ​ကျွန်ုပ်​ချမ်း​သာ ပေး​ခဲ့​သည့်​နည်း​တူ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​၏​အသက်​ကို​ချမ်း​သာ​ပေး​၍ ဆင်း​ရဲ ဒုက္ခ​အ​ပေါင်း​မှ​ကယ်​ဆယ်​တော်​မူ​ပါ​စေ သော'' ဟူ​၍​ဖြစ်​၏။ \p \v 25 ရှော​လု​က​လည်း``ငါ့​သား၊ သင့်​အား​ဘု​ရား​သ​ခင် ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ သင်​သည်​ပြု လေ​သ​မျှ​သော​အ​မှု​ကိစ္စ​တို့​တွင်​အောင်​မြင် ပါ​လိမ့်​မည်'' ဟု​ဒါ​ဝိဒ်​အား​မိန့်​တော်​မူ​၏။ \p ထို​နောက်​ဒါ​ဝိဒ်​သည်​ထွက်​ခွာ​၍​ရှော​လု​သည် နန်း​တော်​သို့​ပြန်​သွား​တော်​မူ​၏။ \c 27 \s1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ထံ​သို့​ဒါ​ဝိဒ် ရောက်​ရှိ​လာ​ခြင်း \p \v 1 ``ရှော​လု​သည်​တစ်​နေ့​နေ့​၌​ငါ့​ကို​သတ်​လိမ့်​မည်။ ငါ​ပြု​ရန်​အ​ကောင်း​ဆုံး​အ​မှု​မှာ​ဖိ​လိတ္တိ​ပြည် သို့​ထွက်​ပြေး​ရန်​ပင်​ဖြစ်​၏။ ထို​အ​ခါ​သူ​သည် ငါ့​အား​ဣ​သ​ရေ​လ​ပြည်​တွင် လိုက်​လံ​ရှာ​ဖွေ တော့​မည်​မ​ဟုတ်​သ​ဖြင့် ငါ​သည်​လည်း​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​လတ္တံ့'' ဟု​ဒါ​ဝိဒ်​သည်​တွေး တော​မိ​၏။- \v 2 ထို့​ကြောင့်​မိ​မိ​၏​တပ်​သား​ခြောက်​ရာ​နှင့် အ​တူ​မော​ခ​၏​သား၊ ဂါ​သ​ဘု​ရင်​အာ​ခိတ် ထံ​သို့​ချက်​ချင်း​ထွက်​ခွာ​သွား​လေ​သည်။- \v 3 ဒါ​ဝိဒ်​တို့​လူ​စု​သည်​မိ​မိ​တို့​သား​မ​ယား​များ နှင့်​တ​ကွ ဂါ​သ​မြို့​တွင်​အ​တည်​တ​ကျ​နေ​ထိုင် ကြ​၏။ ဒါ​ဝိဒ်​နှင့်​အ​တူ​သူ​၏​ဇ​နီး​များ​ဖြစ် သော​ယေ​ဇ​ရေ​လ​မြို့​သူ​အ​ဟိ​နောင်​နှင့် က​ရ မေ​လ​မြို့​မှ​နာ​ဗ​လ​၏​မု​ဆိုး​မ​အ​ဘိ​ဂဲလ တို့​ပါ​လာ​ကြ​၏။- \v 4 ရှော​လု​သည်​ဂါ​သ​မြို့​သို့​ဒါ​ဝိဒ်​ထွက်​ပြေး ကြောင်း​ကြား​သိ​ရ​သော​အ​ခါ ဒါ​ဝိဒ်​အား ရှာ​ဖွေ​မှု​ကို​လက်​လျော့​လိုက်​လေ​သည်။ \p \v 5 ဒါ​ဝိဒ်​သည်​အာ​ခိတ်​အား``အ​ရှင်​သည်​အ​ကျွန်ုပ် အ​ပေါ်​မိတ်​ဆွေ​ကဲ့​သို့​သ​ဘော​ထား​ပါ​လျှင် အ​ကျွန်ုပ်​အား​မြို့​က​လေး​တစ်​မြို့​တွင်​နေ​ထိုင် ခွင့်​ပြု​တော်​မူ​ပါ။ ဤ​မြို့​တော်​ကြီး​တွင်​အ​ရှင် နှင့်​အ​တူ​အ​ကျွန်ုပ်​နေ​ထိုင်​ရန်​မ​လို​ပါ'' ဟု လျှောက်​၏။- \v 6 သို့​ဖြစ်​၍​အာ​ခိတ်​သည်​ဒါ​ဝိဒ်​အား​ဇိ​က​လတ် မြို့​ကို​ပေး​တော်​မူ​၏။ ဤ​အ​ကြောင်း​ကြောင့် ဇိ​က​လတ်​မြို့​သည် ယ​နေ့​တိုင်​အောင်​ယု​ဒ ရှင်​ဘု​ရင်​တို့​၏​ပိုင်​နက်​ဖြစ်​လေ​သည်။- \v 7 ဖိ​လိတ္တိ​ပြည်​တွင်​ဒါ​ဝိဒ်​နေ​ထိုင်​ခဲ့​သည်​မှာ တစ်​ဆယ့်​ခြောက်​လ​တိုင်​တိုင်​ဖြစ်​သ​တည်း။ \p \v 8 ထို​ကာ​လ​အ​တော​အ​တွင်း​၌​ဒါ​ဝိဒ်​တို့​လူ​စု သည်​ဂေ​ရှု​ရိ​အ​မျိုး​သား၊ ဂေ​ရ​ဇိ​အ​မျိုး​သား နှင့်​အာ​မ​လက်​အ​မျိုး​သား​တို့​၏​နယ်​မြေ​များ ကို အီ​ဂျစ်​ပြည်​အ​နီး​ရှု​ရ​မြို့​တိုင်​အောင်​သွား ရောက်​တိုက်​ခိုက်​လေ့​ရှိ​၏။ ထို​အ​မျိုး​သား​တို့ သည်​ယင်း​၏​နယ်​မြေ​များ​တွင်​နှစ်​ပေါင်း​များ စွာ​နေ​ထိုင်​ခဲ့​ကြ​သူ​များ​ဖြစ်​၏။- \v 9 ဒါ​ဝိဒ်​သည်​သူ​တို့​အား​ယောကျာ်း​မိန်း​မ​တစ် ယောက်​မ​ကျန်​သတ်​ဖြတ်​လျက် သိုး၊ နွား၊ မြည်း၊ ကု​လား​အုတ်​နှင့်​အင်္ကျီ​အ​ဝတ်​အ​စား​များ ကို​သိမ်း​ယူ​၍​အာ​ခိတ်​ထံ​သို့​ပြန်​လာ​လေ့ ရှိ​၏။- \v 10 အာ​ခိတ်​က​လည်း​သူ့​အား``ယ​ခု​အ​ကြိမ်​သင် သည်​အ​ဘယ်​အ​ရပ်​သို့​သွား​ရောက်​တိုက်​ခိုက်​ခဲ့ ပါ​သ​နည်း'' ဟု​မေး​မြန်း​လေ့​ရှိ​၏။ ထို​အ​ခါ ဒါ​ဝိဒ်​က​ယု​ဒ​ပြည်​တောင်​ပိုင်း​ယေ​ရ​မေ​လ အ​နွယ်​ဝင်​တို့​နယ်​မြေ၊ ကေ​နိ​အ​မျိုး​သား​တို့ ၏​နယ်​မြေ​စ​သည်​တို့​ကို​သွား​ရောက်​ခဲ့​ကြောင်း လျှောက်​ထား​လေ့​ရှိ​၏။- \v 11 ဒါ​ဝိဒ်​သည်​မိ​မိ​ပြု​ခဲ့​သ​မျှ​တို့​ကို​အ​ဘယ် သူ​မျှ​ဂါ​သ​မြို့​သို့​သတင်း​မ​ပို့​နိုင်​စေ​ရန် ယောကျာ်း၊ မိန်း​မ​ရှိ​သ​မျှ​တို့​ကို​သတ်​ဖြတ် လေ​သည်။ သူ​သည်​ဖိ​လိတ္တိ​ပြည်​တွင်​နေ​ထိုင် ခဲ့​သည့်​ကာ​လ​ပတ်​လုံး​ဤ​နည်း​အ​တိုင်း ပြု​ခဲ့​သ​တည်း။- \v 12 သို့​ရာ​တွင်​အာ​ခိတ်​သည်​ဒါ​ဝိဒ်​၏​စကား​ကို ယုံ​ကြည်​သ​ဖြင့်``ဤ​လူ​သည်​မိ​မိ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​မုန်း​တီး​မှု​ကို​လွန်​စွာ​ခံ​ရ ပြီ​ဖြစ်​၍​တစ်​သက်​လုံး​ငါ​၏​အ​စေ​ကို​ခံ​ရ ပေ​အံ့'' ဟု​တွေး​တော​လျက်​နေ​၏။ \c 28 \p \v 1 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​ပြည်​ကို တိုက်​ခိုက်​ရန်​စစ်​သည်​များ​ကို​စု​ရုံး​ကြ​၏။ ထို​အ​ခါ​အာ​ခိတ်​သည်​ဒါ​ဝိဒ်​အား``သင်​တို့ လူ​စု​သည်​ငါ​၏​ဘက်​မှ​နေ​၍​တိုက်​ရ​ကြ မည်'' ဟု​ဆို​လျှင်၊ \p \v 2 ဒါ​ဝိဒ်​က``မှန်​လှ​ပါ။ အ​ကျွန်ုပ်​သည်​အ​ရှင်​၏ အ​စေ​ခံ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​အ​ဘယ်​သို့​စွမ်း ဆောင်​နိုင်​သည်​ကို​ကိုယ်​တော်​တွေ့​မြင်​ရ​ပါ လိမ့်​မည်'' ဟု​လျှောက်​၏။ \p အာ​ခိတ်​က​လည်း``ကောင်း​ပြီ။ သင့်​အား​ငါ ၏​အ​မြဲ​တမ်း​သက်​တော်​စောင့်​အ​ဖြစ်​ခန့် ထား​မည်'' ဟု​ဆို​၏။ \s1 နတ်​ဝင်​သည်​မ​ကို​ရှော​လု​မေး​မြန်း​ခြင်း \p \v 3 ရှ​မွေ​လ​ကွယ်​လွန်​ရာ​ဣ​သ​ရေ​လ​အ​မျိုး သား​တစ်​ရပ်​လုံး​သည်​ငို​ကြွေး​မြည်​တမ်း​လျက် သူ​၏​နေ​ရင်း​ဌာ​န​ရာ​မ​မြို့​တွင်​သူ​၏​အ​လောင်း ကို​သင်္ဂြိုဟ်​ကြ​၏။ ရှော​လု​သည်​ဗေ​ဒင်​ဆ​ရာ​နှင့် နတ်​ဝင်​သည်​အ​ပေါင်း​တို့​အား​ဣ​သ​ရေ​လ ပြည်​မှ​နှင်​ထုတ်\f 20 \fr 28:3 \ft * \+fk ဗေ​ဒင်​ဆ​ရာ​နှင့်​နတ်​ဝင်​သည်....နှင်​ထုတ်။ \ft နှင်​ထုတ်​ထား​တော်​မူ​၏။ သို့​မ​ဟုတ်​ရှော​လု သည်​ဣ​သ​ရေ​လ​ပြည်​ရှိ​ဗေ​ဒင်​ဆ​ရာ​နှင့် နတ်​ဝင်​သည်​အ​ပေါင်း​တို့​အား​သတ်​ဖြတ် တော်​မူ​ခဲ့​၏။\f* ထား​တော်​မူ​ခဲ့​၏။\x + \xo 28:3 \xt ၁ရာ၊ ၂၅:၁။ ဝတ်၊ ၁၀:၂၇။ တရား၊ ၁၈:၁၀-၁၁။\x* \p \v 4 ဖိ​လိတ္တိ​အ​မျိုး​သား​စစ်​သည်​များ​သည်​ရှု​နင် မြို့​အ​နီး​တွင်​စု​ရုံး​၍​တပ်​စ​ခန်း​ချ​လျက်​နေ ကြ​၏။ ရှော​လု​မူ​ကား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​စု​ရုံး​ပြီး​လျှင် ဂိ​လ​ဗော​တောင် ထိပ်​တွင်​တပ်​စ​ခန်း​ချ​လျက်​နေ​၏။- \v 5 ဖိ​လိတ္တိ​တပ်​မ​တော်​ကို​မြင်​သော​အ​ခါ​ရှော​လု သည်​ထိတ်​လန့်​လျက်၊- \v 6 မိ​မိ​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​ထာ​ဝ​ရ​ဘု​ရား အား​မေး​လျှောက်​လေ​သည်။ သို့​သော်​ထာ​ဝ​ရ ဘု​ရား​သည်​အိပ်​မက်​များ​အား​ဖြင့်​သော်​လည်း ကောင်း၊ ဥ​ရိမ်​နှင့်​သု​မိမ်​အား​ဖြင့်​သော်​လည်း ကောင်း၊ ပ​ရော​ဖက်​များ​အား​ဖြင့်​သော်​လည်း ကောင်း​လုံး​ဝ​ဖြေ​ကြား​တော်​မ​မူ။-\x + \xo 28:6 \xt တော၊ ၂၇:၂၁။\x* \v 7 ထို​အ​ခါ​ရှော​လု​သည်​မိ​မိ​၏​တပ်​မှူး​တို့ အား``နတ်​ဝင်​သည်​တစ်​ဦး​ကို​ရှာ​ကြ​လော့။ သူ​၏​ထံ​သို့​သွား​၍​ငါ​စုံ​စမ်း​မေး​မြန်း မည်'' ဟု​ဆို​၏။ \p ထို​သူ​တို့​က``အင်္ဒေါ​ရ​မြို့​တွင်​နတ်​ဝင်​သည်​မ တစ်​ယောက်​ရှိ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။ \p \v 8 ထို့​ကြောင့်​ရှော​လု​သည်​ရုပ်​ဖျက်​ပြီး​လျှင် အ​ဝတ်​အ​စား​များ​ကို​လည်း ပြောင်း​လဲ​ဝတ်​ဆင် ကာ​ညဥ့်​အ​ချိန်​ကျ​သော​အ​ခါ​ငယ်​သား​နှစ် ယောက်​နှင့်​အ​တူ​နတ်​ဝင်​သည်​မ​ထံ​သို့​သွား လေ​၏။ သူ​သည်​ထို​အ​မျိုး​သ​မီး​အား``ငါ​၏ ကံ​ကြမ္မာ​ကို​နတ်​တို့​အား​ငါ​၏​ကိုယ်​စား​စုံ စမ်း​မေး​မြန်း​ပေး​ပါ။ ငါ​နာ​မည်​ထုတ်​ဖော်​သူ ၏​ဝိ​ညာဉ်​ကို​ခေါ်​ပေး​ပါ'' ဟု​ဆို​၏။ \p \v 9 ထို​အ​မျိုး​သ​မီး​က``ရှော​လု​မင်း​သည်​ဗေ​ဒင် ဆ​ရာ​နှင့်​နတ်​ဝင်​သည်​တို့​အား ဣ​သ​ရေ​လ ပြည်​မှ​အ​ဘယ်​သို့​နှင်​ထုတ်​တော်​မူ​ခဲ့​သည် ကို​သင်​အ​မှန်​ပင်​သိ​ပါ​လျက် ကျွန်​မ​အ​သတ် ခံ​ရ​လေ​အောင်​အ​ဘယ်​ကြောင့်​ဤ​သို့​ကျွန်​မ အား​ကျော့​ကွင်း​ထောင်​၍​ဖမ်း​ပါ​သ​နည်း'' ဟု ဆို​၏။ \p \v 10 ထို​အ​ခါ​ရှော​လု​က``ဤ​အ​မှု​ကို​ပြု​သည့် အ​တွက်​သင်​အ​ပြစ်​ဒဏ်​မ​သင့်​စေ​ရ​ပါ​ဟု အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို​က​တိ​ပြု​ပါ​၏'' ဟု​ဆို​လျှင်၊ \p \v 11 နတ်​ဝင်​သည်​မ​က``သင့်​အ​တွက်​အ​ဘယ်​သူ ကို​ခေါ်​ပေး​ရ​ပါ​မည်​နည်း'' ဟု​မေး​၏။ ရှော​လု က``ရှ​မွေ​လ'' ဟု​ဆို​၏။ \p \v 12 နတ်​ဝင်​သည်​မ​သည်​ရှ​မွေ​လ​ကို​မြင်​လျှင် အ​သံ​ကုန်​အော်​၍​ရှော​လု​အား``အ​ဘယ်​ကြောင့် ကျွန်​မ​အား​လိမ်​လည်​လှည့်​စား​တော်​မူ​ပါ သ​နည်း။ အ​ရှင်​ကား​ရှော​လု​ဘု​ရင်​ပင်​ဖြစ် ပါ​သည်​တ​ကား'' ဟု​ဆို​၏။ \p \v 13 မင်း​ကြီး​က​လည်း``မ​ကြောက်​နှင့်။ သင်​မြင်​သည့် အ​ရာ​ကို​ငါ့​အား​ဖော်​ပြ​လော့'' ဟု​မိန့်​တော် မူ​၏။ \p ထို​အ​မျိုး​သ​မီး​က``မြေ​ထဲ​မှ​နတ်​တစ်​ပါး ပေါ်​ထွက်​လာ​သည်​ကို​ကျွန်​မ​မြင်​ပါ​၏'' ဟု ဆို​လျှင်၊ \p \v 14 ရှော​လု​က``ထို​သူ​သည်​အ​ဘယ်​သို့​အ​ဆင်း သဏ္ဌာန်​ရှိ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p အ​မျိုး​သ​မီး​က``ထို​သူ​သည်​အို​မင်း​သူ​တစ် ဦး​ဖြစ်​၍​ဝတ်​လုံ​ကို​ခြုံ​ထား​ပါ​၏'' ဟု​ဖြေ ကြား​၏။ ထို​အ​ခါ​ရှော​လု​သည်​ရှ​မွေ​လ ဖြစ်​ကြောင်း​ကို​သိ​သ​ဖြင့် ရို​သေ​စွာ​မြေ​သို့ ဦး​ညွှတ်​လျက်​နေ​၏။ \p \v 15 ရှ​မွေ​လ​သည်​ရှော​လု​အား``သင်​သည်​အ​ဘယ် ကြောင့်​ငါ့​ကို​နှောင့်​ယှက်​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​ငါ့​ကို​ပြန်​၍​ခေါ်​ယူ​ပါ​သ​နည်း'' ဟု​မေး​၏။ \p ရှော​လု​က``အ​ကျွန်ုပ်​သည်​ဒုက္ခ​အ​ကြီး​အ​ကျယ် ရောက်​လျက်​နေ​ပါ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​တို့ သည်​အ​ကျွန်ုပ်​နှင့်​စစ်​ဖြစ်​လျက်​ရှိ​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​က​လည်း​အ​ကျွန်ုပ်​ကို​စွန့် တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​သည်​ပ​ရော​ဖက် များ​အား​ဖြင့်​သော်​လည်း​ကောင်း၊ အိပ်​မက် များ​အား​ဖြင့်​သော်​လည်း​ကောင်း​အ​ကျွန်ုပ် အား​ဖြေ​ကြား​တော်​မ​မူ​ပါ။ သို့​ဖြစ်​၍ အ​ကျွန်ုပ်​သည်​အ​ရှင့်​ကို​ခေါ်​ယူ​ရ​ခြင်း ဖြစ်​ပါ​သည်။ အ​ကျွန်ုပ်​အ​ဘယ်​သို့​ပြု​ရ မည်​ကို​မိန့်​ကြား​တော်​မူ​ပါ'' ဟု​ဆို​၏။ \p \v 16 ရှ​မွေ​လ​က``ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို စွန့်​တော်​မူ​၍​ရန်​ဘက်​ဖြစ်​ပါ​လျက် သင် သည်​အ​ဘယ်​ကြောင့်​ငါ့​ကို​ခေါ်​ယူ​ပါ သ​နည်း။- \v 17 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဖြင့်​မိန့်​မြွက် တော်​မူ​ခဲ့​သည့်​အ​တိုင်း ယ​ခု​သင့်​ကို​ပြု တော်​မူ​လေ​ပြီ။ ကိုယ်​တော်​သည်​သင်​၏​နိုင်​ငံ ကို​သင့်​ထံ​မှ​ရုပ်​သိမ်း​၍​ဒါ​ဝိဒ်​အား​ပေး အပ်​တော်​မူ​လေ​ပြီ။-\x + \xo 28:17 \xt ၁ရာ၊ ၁၅:၂၈။\x* \v 18 သင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အမိန့်​တော်​ကို လွန်​ဆန်​၍ အာ​မ​လက်​အ​မျိုး​သား​များ​နှင့် သူ​တို့​၏​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​တို့​ကို​အ​ကုန် အ​စင်​မ​ဖျက်​ဆီး​သ​ဖြင့် ယ​ခု​ထာ​ဝ​ရ ဘု​ရား​သည်​သင့်​အား​ဤ​သို့​ဒဏ်​ခတ်​တော် မူ​ခြင်း​ဖြစ်​၏။-\x + \xo 28:18 \xt ၁ရာ၊ ၁၅:၃-၉။\x* \v 19 ကိုယ်​တော်​သည်​သင်​နှင့်​တ​ကွ​ဣ​သ​ရေ​လ နိုင်​ငံ​ကို ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​သို့ ပေး​အပ်​တော်​မူ​လိမ့်​မည်။ နက်​ဖြန်​ခါ​သင် နှင့်​သင်​၏​သား​တို့​သည်​ငါ​ရှိ​ရာ​အရပ်​သို့ ရောက်​ရှိ​လာ​ကြ​လိမ့်​မည်။ ထို​နောက်​ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​တပ်​မ​တော်​ကို လည်း ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​သို့ ပေး​အပ်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။ \p \v 20 ရှ​မွေ​လ​၏​စ​ကား​ကြောင့်​ရှော​လု​သည်​ထိတ် လန့်​ကာ​ရုတ်​တ​ရက်​မြေ​ပေါ်​သို့​လဲ​ကျ​ပြီး လျှင် အ​လျား​မှောက်​၍​နေ​လေ​သည်။ သူ​သည် တစ်​နေ့​လုံး​တစ်​ညဥ့်​လုံး​မည်​သည့်​အ​စား အ​စာ​ကို​မျှ​မ​စား​သ​ဖြင့်​အား​အင် ချည့်​နဲ့​၍​နေ​၏။- \v 21 နတ်​ဝင်​သည်​မ​သည်​သူ့​အား​သွား​၍​ကြည့် ရာ​ထိတ်​လန့်​လျက်​နေ​သည်​ကို​တွေ့​သ​ဖြင့် ``အ​ရှင်၊ ကျွန်​မ​သည်​မိ​မိ​အ​သက်​ကို​စွန့်​၍ အ​ရှင်​ခိုင်း​စေ​ရာ​ကို​ပြု​ခဲ့​ပါ​၏။- \v 22 ယ​ခု​ကျွန်​မ​လျှောက်​ထား​သည့်​အ​တိုင်း​အ​ရှင် ပြု​တော်​မူ​ပါ။ အ​ရှင့်​အား​ကျွန်​မ​အ​စား အ​စာ​အ​နည်း​ငယ်​ကို​ရှေ့​တော်​၌​တင်​ပါ​ရ စေ။ အ​ရှင်​သည်​ခ​ရီး​ပြု​နိုင်​အောင်​ခွန်​အား ရ​ရှိ​ရန်​စား​တော်​ခေါ်​ပါ'' ဟု​လျှောက်​၏။ \p \v 23 ရှော​လု​က​မိ​မိ​အ​ဘယ်​အ​ရာ​ကို​မျှ​မ​စား လို​ကြောင်း​ငြင်း​ဆန်​၍​နေ​၏။ သို့​ရာ​တွင်​သူ​၏ ငယ်​သား​တို့​က​ဝိုင်း​၍​တိုက်​တွန်း​ကြ​သ​ဖြင့် သူ​သည်​နောက်​ဆုံး​၌​အ​လျော့​ပေး​ပြီး​လျှင် မြေ​ပေါ်​မှ​ထ​၍​ကု​တင်​ပေါ်​တွင်​ထိုင်​တော် မူ​၏။- \v 24 နတ်​ဝင်​သည်​မ​လည်း​မိ​မိ​ဝ​အောင်​ကျွေး​ထား သည့်​နွား​ငယ်​ကို​အ​လျင်​အ​မြန်​စီ​ရင်​၍ မုန့် ညက်​အ​နည်း​ငယ်​ကို​နယ်​ကာ​တ​ဆေး​မ​ပါ သော​မုန့်​ကို​ဖုတ်​လေ​၏။- \v 25 ထို​နောက်​ထို​အ​စား​အ​စာ​ကို​ရှော​လု​နှင့် ငယ်​သား​တို့​အား​ကျွေး​၏။ သူ​တို့​သည်​စား သောက်​ကြ​ပြီး​လျှင်​ထို​ညဥ့်​၌​ပင်​ထွက် ခွာ​သွား​ကြ​၏။ \c 29 \s1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က​ဒါ​ဝိဒ်​အား ဝိုင်း​ပယ်​ခြင်း \p \v 1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​၏​စစ် သည်​အ​ပေါင်း​တို့​ကို အာ​ဖက်​မြို့​တွင်​စု​ဝေး စေ​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ယေ​ဇ​ရေ​လ​ချိုင့်​ဝှမ်း​ရှိ​စမ်း​ချောင်း​အ​နီး တွင်​စ​ခန်း​ချ​ကြ​၏။- \v 2 ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​မိ​မိ​တို့​၏​တစ် ရာ​တပ်၊ တစ်​ထောင်​တပ်​များ​နှင့်​ချီ​တက်​လာ​ကြ​၏။ ဒါ​ဝိဒ်​တို့​လူ​စု​သည်​နောက်​တပ်​မှ​အာ​ခိတ်​မင်း နှင့်​အ​တူ​လိုက်​ကြ​၏။- \v 3 ဖိ​လိတ္တိ​တပ်​မှူး​တို့​သည်​သူ​တို့​ကို​မြင်​လျှင်``ဤ ဟေ​ဗြဲ​အ​မျိုး​သား​တို့​သည်​အ​ဘယ်​ကြောင့်​ငါ တို့​နှင့်​အ​တူ​လိုက်​လာ​ကြ​သ​နည်း'' ဟု​မေး​၏။ \p အာ​ခိတ်​က``သူ​သည်​ဣ​သ​ရေ​လ​ဘု​ရင်​ရှော​လု ၏​အ​စေ​ခံ​ဒါ​ဝိဒ်​ဖြစ်​၏။ ငါ့​ထံ​တွင်​နေ​ထိုင် လျက်​ရှိ​သည်​မှာ​ကာ​လ​အ​တော်​ကြာ​ပါ​ပြီ။ ငါ့​ဘက်​သို့​ဝင်​ရောက်​လာ​သည့်​နေ့​မှ​စ​၍​သူ ၏​အ​ပေါ်​တွင်​အ​ပြစ်​ဆို​စ​ရာ​တစ်​စုံ​တစ်​ခု မျှ​မ​တွေ့​ရ​ပါ'' ဟု​ပြော​၏။ \p \v 4 သို့​ရာ​တွင်​ဖိ​လိတ္တိ​တပ်​မှူး​တို့​သည်​အာ​ခိတ် ကို​စိတ်​ဆိုး​၍``ထို​သူ့​အား​သင်​ပေး​အပ်​ထား သည့်​မြို့​သို့​ပြန်​လွှတ်​လိုက်​လော့။ ငါ​တို့​နှင့် အ​တူ​စစ်​တိုက်​ရာ​သို့​မ​လိုက်​စေ​နှင့်။ စစ် တိုက်​နေ​စဉ်​သူ​သည်​ငါ​တို့​အား​ရန်​မူ​ကောင်း ရန်​မူ​ပါ​လိမ့်​မည်။ သူ​သည်​မိ​မိ​အရှင့်​ထံ​တွင် ပြန်​၍​မျက်​နှာ​ရ​အောင်​ပြု​လုပ်​နိုင်​သည့် နည်း​မှာ​ငါ​တို့​လူ​များ​ကို​သတ်​သော​နည်း ထက်​ပို​၍​ကောင်း​သော​နည်း​ရှိ​ပါ​သ​လော။- \v 5 အ​မျိုး​သ​မီး​တို့​သည်​က​ခုန်​လျက်`ရှော​လု သတ်​သူ​အ​ထောင်​ထောင်၊ ဒါ​ဝိဒ်​သတ်​သူ​အ​သောင်း သောင်း' ဟု​သီ​ဆို​ခဲ့​ရာ​တွင်​ဤ​ဒါ​ဝိဒ်​၏​အ​ကြောင်း ကို​သီ​ဆို​ခြင်း​ပင်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​ကြ ၏။\x + \xo 29:5 \xt ၁ရာ၊ ၁၈:၇၊ ၂၁:၁၁။ ၁ရာ၊ ၂၅:၄၂-၄၃။\x* \p \v 6 အာ​ခိတ်​သည်​ဒါ​ဝိဒ်​ကို​ခေါ်​ပြီး​လျှင်``သင်​သည် ငါ့​အ​ပေါ်​၌​သစ္စာ​စောင့်​ကြောင်း​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကိုး​ကွယ်​သည့်​အ​သက်​ရှင်​တော် မူ​သော​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို ပါ​၏။ ငါ​သည်​သင့်​အား​ငါ​နှင့်​အ​တူ​စစ်​ပွဲ​တွင် ဝင်​ရောက်​တိုက်​ခိုက်​စေ​လို​ပါ​၏။ ငါ​၏​ထံ​သို့ သင်​ဝင်​ရောက်​လာ​သည့်​နေ့​မှ​စ​၍​သင့်​အ​ပေါ် တွင်​အ​ပြစ်​တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့ မ​မြင်​ပါ။ သို့​ရာ​တွင်​အ​ခြား​ဘုရင်​တို့​က သ​ဘော​မ​တူ​ကြ​ပါ။- \v 7 သို့​ဖြစ်​၍​သင်​သည်​အေး​ချမ်း​စွာ​အိမ်​သို့​ပြန်​၍ သူ​တို့​မ​နှစ်​သက်​မည့်​အ​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​ပါ​နှင့်'' ဟု​ဆို​၏။ \p \v 8 ဒါ​ဝိဒ်​က​လည်း``အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​မှား ကို​ပြု​မိ​ပါ​သ​နည်း။ အ​ရှင်​မိန့်​ကြား​သည့်​အ​တိုင်း အ​ရှင့်​အ​မှု​တော်​ကို​စ​တင်​ဆောင်​ရွက်​သည့်​နေ့ မှ​စ​၍ အ​ကျွန်ုပ်​အ​ပေါ်​တွင်​အ​ပြစ်​တစ်​စုံ​တစ် ရာ​မျှ​မ​တွေ့​ရ​ပါ​မူ အ​ကျွန်ုပ်​၏​သ​ခင်​နှင့်​ဘု​ရင် ဖြစ်​သော​ကိုယ်​တော်​အ​တွက်​အ​ကျွန်ုပ်​အ​ဘယ် ကြောင့်​လိုက်​၍ ရန်​သူ​တို့​ကို​တိုက်​ခိုက်​ခွင့်​မ​ရ ပါ​သ​နည်း'' ဟု​လျှောက်​၏။ \p \v 9 အာ​ခိတ်​က​လည်း``သင်​၏​စ​ကား​မှန်​ကန်​ပါ ပေ​သည်။ ငါ​သည်​သင့်​အား​ဘု​ရား​သ​ခင်​၏ ကောင်း​ကင်​တ​မန်​ကဲ့​သို့​သစ္စာ​ရှိ​သူ​ဟု​မှတ် ယူ​ပါ​၏။ သို့​ရာ​တွင်​အ​ခြား​ဘု​ရင်​တို့​က သင့်​အား​ငါ​တို့​နှင့်​အ​တူ​စစ်​ပွဲ​ဝင်​ခွင့်​မ​ပေး နိုင်​သ​ဖြင့်၊- \v 10 ဒါ​ဝိဒ်၊ သင်​နှင့်​တ​ကွ​ရှော​လု​ထံ​မှ​ငါ့​ထံ​သို့ ပြောင်း​ရွှေ့​လာ​ကြ​သူ​အ​ပေါင်း​တို့​သည် နက်​ဖြန် နံ​နက်​စော​စော​ထ​၍​မိုး​လင်း​လျှင်​လင်း​ချင်း ထွက်​ခွာ​သွား​ကြ​လော့'' ဟု​ပြန်​ပြော​၏။ \p \v 11 ထို့​ကြောင့်​ဒါ​ဝိဒ်​တို့​လူ​စု​သည်​နောက်​တစ်​နေ့ နံ​နက်​စော​စော​အ​ချိန်​၌ ဖိ​လိတ္တိ​ပြည်​သို့​ပြန် သွား​ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လည်း ယေ​ဇ​ရေ​လ​မြို့​သို့​ချီ​တက်​ကြ​၏။ \c 30 \s1 အာ​မ​လက်​အ​မျိုး​သား​တို့​နှင့်​စစ်​ဖြစ်​ခြင်း \p \v 1 နှစ်​ရက်​မျှ​ကြာ​သော​အ​ခါ​ဒါ​ဝိဒ်​တို့​လူ​စု သည် ဇိ​က​လတ်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ​လာ ကြ​၏။ အာ​မ​လက်​အ​မျိုး​သား​တို့​သည်​ယု​ဒ ပြည်​တောင်​ပိုင်း​သို့ ချင်း​နင်း​ဝင်​ရောက်​ကာ​ဇိ က​လတ်​မြို့​ကို​တိုက်​ခိုက်​မီး​ရှို့​၍၊- \v 2 အ​မျိုး​သ​မီး​အ​ပေါင်း​တို့​ကို​ဖမ်း​ဆီး​ပြီး လျှင်​ခေါ်​ဆောင်​သွား​ကြ​၏။ သို့​ရာ​တွင်​မည် သူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ​မ​သတ်​ခဲ့​ကြ။ \p \v 3 ဒါ​ဝိဒ်​တို့​လူ​စု​ရောက်​ရှိ​လာ​သော​အ​ခါ မြို့​မှာ မီး​ကျွမ်း​လျက် မိ​မိ​တို့​၏​မ​ယား​နှင့်​သား​သ​မီး များ​ကို ရန်​သူ​တို့​ဖမ်း​ဆီး​သွား​ကြောင်း​ကို တွေ့​ရှိ​သ​ဖြင့်၊- \v 4 အား​အင်​ကုန်​ခန်း​သည့်​တိုင်​အောင်​ငို​ကြွေး ကြ​၏။- \v 5 ဒါ​ဝိဒ်​၏​မ​ယား​များ​ဖြစ်​ကြ​သော အ​ဟိ​နောင် နှင့်​အ​ဘိ​ဂဲ​လ​တို့​ပင်​လျှင်​ပါ​သွား​ကြ​လေ သည်။\x + \xo 30:5 \xt ၁ရာ၊ ၂၅:၄၂-၄၃။\x* \p \v 6 ဒါ​ဝိဒ်​၏​လူ​တို့​သည်​မိ​မိ​တို့​သား​သ​မီး​များ ဆုံး​ရှုံး​ရ​ကြ​သည့်​အ​တွက် စိတ်​ညှိုး​ငယ်​လျက် ဒါ​ဝိဒ်​အား​ခဲ​နှင့်​ပေါက်​ရန်​ခြိမ်း​ခြောက်​နေ​သ​ဖြင့် ဒါ​ဝိဒ်​သည်​အ​တိ​ဒုက္ခ​ရောက်​လျက်​ရှိ​၏။ သို့​ရာ တွင်​သူ​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​ခွန်​အား​ကို​ရ​ရှိ​ပေ​သည်။- \v 7 ဒါ​ဝိဒ်​သည်​အ​ဟိ​မ​လက်​၏​သား၊ ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​အား``သင်​တိုင်း​တော်​ကို​ယူ ဆောင်​ခဲ့​လော့'' ဟု​ဆို​လျှင်​အ​ဗျာ​သာ​သည် သင်​တိုင်း​တော်​ကို​ယူ​ဆောင်​ခဲ့​၏။-\x + \xo 30:7 \xt ၁ရာ၊ ၂၂:၂၀-၂၃။\x* \v 8 ထို​အ​ခါ​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား အား``အ​ကျွန်ုပ်​သည်​ဤ​မြို့​ကို​တိုက်​ခိုက် လု​ယက်​သူ​တို့​၏​နောက်​သို့​လိုက်​ရ​ပါ​မည် လော။ သူ​တို့​အား​ဖမ်း​ဆီး​ရ​မိ​ပါ​မည် လော'' ဟု​မေး​လျှောက်​၏။ \p ကိုယ်​တော်​က``သူ​တို့​၏​နောက်​သို့​လိုက်​လော့။ သင် သည်​သူ​တို့​ကို​ဖမ်း​ဆီး​ရ​မိ​၍​သုံ့​ပန်း​များ ကို​ကယ်​ဆယ်​နိုင်​လိမ့်​မည်'' ဟု​ပြန်​လည်​မိန့် ကြား​တော်​မူ​၏။ \p \v 9 သို့​ဖြစ်​၍​ဒါ​ဝိဒ်​နှင့်​လူ​ခြောက်​ရာ​တို့​သည် ထွက်​ခွာ​သွား​ကြ​ရာ​ဗေ​သော်​ချောင်း​သို့​ရောက် ရှိ​သော​အ​ခါ အ​ချို့​သော​သူ​တို့​သည်​ထို အ​ရပ်​တွင်​နေ​ရစ်​ကြ​၏။- \v 10 ဒါ​ဝိဒ်​သည်​လူ​လေး​ရာ​နှင့်​ဆက်​၍​သွား​၏။ အ​ခြား​လူ​နှစ်​ရာ​မှာ​မော​ပန်း​လွန်း​သ​ဖြင့် ချောင်း​ကို​မ​ကူး​နိုင်​ဘဲ​နေ​ရစ်​ကြ​၏။ \p \v 11 ဒါ​ဝိဒ်​နှင့်​ပါ​လာ​သော​လူ​တို့​သည် အီ​ဂျစ် အ​မျိုး​သား​လူ​ငယ်​တစ်​ယောက်​ကို​ကျေး​တော တွင်​တွေ့​၍​ဒါ​ဝိဒ်​ထံ​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။ သူ​တို့​သည်​ထို​လူ​ငယ်​အား​အ​စား​အ​စာ နှင့်​ရေ​ကို​လည်း​ကောင်း၊- \v 12 သင်္ဘော​သ​ဖန်း​သီး​ခြောက်​အ​နည်း​ငယ်​နှင့် စ​ပျစ် သီး​ခြောက်​နှစ်​ပြွတ်​ကို​လည်း​ကောင်း​ပေး​ကြ​၏။ လူ​ငယ်​သည်​ထို​အ​စား​အ​စာ​များ​ကို​စား​ပြီး နောက်​ပြန်​၍​အား​ပြည့်​လာ​လေ​သည်။ သူ​သည် သုံး​ရက်​တိုင်​တိုင်​မည်​သည့်​အ​စာ​ရေ​စာ​မျှ မ​စား​မ​သောက်​ခဲ့​ရ။- \v 13 ဒါ​ဝိဒ်​သည်​သူ့​အား``သင်​၏​သ​ခင်​ကား​မည်​သူ နည်း။ သင်​အ​ဘယ်​အ​ရပ်​မှ​လာ​သ​နည်း'' ဟု မေး​၏။ \p လူ​ငယ်​က``ကျွန်​တော်​သည်​အာ​မ​လက်​အ​မျိုး သား​တစ်​ဦး​၏​ကျွန်၊ အီ​ဂျစ်​လူ​မျိုး​ဖြစ်​ပါ​၏။ ဖျား​နာ​နေ​သော​ကြောင့်​ကျွန်​တော်​အား​လွန်​ခဲ့ သည့်​သုံး​ရက်​က​ပင်​သ​ခင်​က​ထား​ခဲ့​ပါ​၏။- \v 14 ကျွန်​တော်​တို့​သည်​ယု​ဒ​ပြည်​တောင်​ပိုင်း​ခေ​ရ​သိ နယ်​မြေ​နှင့် ကာ​လက်​သား​ချင်း​စု​၏​နယ်​မြေ​ကို တိုက်​ခိုက်​၍​ဇိ​က​လတ်​မြို့​ကို​မီး​ရှို့​ခဲ့​ကြ​ပါ ၏'' ဟု​ပြန်​ပြော​၏။ \p \v 15 ဒါ​ဝိဒ်​က``သင်​သည်​ထို​လူ​စု​ရှိ​ရာ​သို့​ငါ့​ကို လမ်း​ပြ​ပါ​မည်​လော'' ဟု​မေး​လျှင်၊ \p လူ​ငယ်​က``အ​ရှင်​သည်​ကျွန်​တော်​ကို​မ​သတ်၊ ကျွန်​တော်​၏​သ​ခင်​လက်​သို့​မ​ပေး​အပ်​ပါ​ဟူ ၍​ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ကို​တိုင်​တည်​၍ က​တိ​ပြု​ပါ​လျှင်​အ​ရှင့်​အား​လမ်း​ပြ​ပါ မည်'' ဟု​ဆို​ပြီး​လျှင်၊- \v 16 ဒါဝိဒ်​ကို​ထို​သူ​တို့​ထံ​သို့​ခေါ်​ဆောင်​သွား​လေ​သည်။ \p ထို​သူ​တို့​သည်​ဖိ​လိတ္တိ​ပြည်​နှင့်​ယု​ဒ​ပြည်​တို့​မှ ပစ္စည်း​ဥစ္စာ​အ​မြောက်​အ​မြား​ကို သိမ်း​ယူ​ရ​ရှိ​ခဲ့ သ​ဖြင့် နေ​ရာ​အ​နှံ့​အ​ပြား​တွင်​စား​သောက်​ကာ အောင်​ပွဲ​ခံ​လျက်​နေ​ကြ​၏။- \v 17 ဒါ​ဝိဒ်​သည်​နောက်​တစ်​နေ့​အ​ရုဏ်​တက်​ချိန်​မှ​အ​စ ပြု​၍​ညဥ့်​ဦး​တိုင်​အောင် သူ​တို့​အား​တိုက်​ခိုက်​ရာ ကု​လား​အုတ်​စီး​သူ​လူ​ငယ်​လေး​ရာ​မှ​လွဲ​၍ အ​ခြား​အ​ဘယ်​သူ​မျှ​ထွက်​မ​ပြေး​နိုင်​ချေ။- \v 18 ဒါ​ဝိဒ်​သည်​မိ​မိ​မ​ယား​နှစ်​ယောက်​နှင့်​တ​ကွ အာ​မ​လက်​အ​မျိုး​သား​တို့​သိမ်း​ယူ​သွား သ​မျှ​တို့​ကို​ပြန်​လည်​ရ​ရှိ​လိုက်​လေ​သည်။- \v 19 အ​ဘယ်​အ​ရာ​မျှ​ပျောက်​ဆုံး​မှု​မ​ရှိ။ ဒါ​ဝိဒ် သည်​မိ​မိ​လူ​စု​၏​သား​သ​မီး​အ​ပေါင်း​ကို လည်း​ကောင်း၊ အာ​မ​လက်​အ​မျိုး​သား​တို့​တိုက် ယူ​သွား​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​လည်း​ကောင်း ပြန်​၍​ရ​လေ​သည်။- \v 20 သူ​တို့​လူ​စု​သည်\f 21 \fr 30:20 \ft * \+fk သူ​တို့​၏​လူ​စု​သည်။ မောင်း​နှင်​ကာ။ \ft ဟေ​ဗြဲ​မူ​တွင်​မ​ရှင်း​မ​လင်း​ဖြစ်​သည်။\f* သိုး​အုပ်​နွား​အုပ်​တို့​ကို​လည်း​ပြန်​လည်​ရ​ရှိ​သ ဖြင့် မိ​မိ​တို့​ရှေ့​တွင်​မောင်း​နှင်​ကာ``ဤ​သိုး​နွား​များ ကား​ဒါ​ဝိဒ်​ပိုင်​ပစ္စည်း​များ​ဖြစ်​သည်'' ဟု​ဆို​ကြ​၏။ \p \v 21 ထို​နောက်​မော​ပန်း​လွန်း​သ​ဖြင့် မိ​မိ​နှင့်​မ​လိုက်​နိုင် ဘဲ​ဗေ​သော်​ချောင်း​အ​နီး​တွင် နေ​ရစ်​သူ​လူ​နှစ်​ရာ ရှိ​ရာ​သို့​ဒါ​ဝိဒ်​ပြန်​လည်​ရောက်​ရှိ​လာ​၏။ ထို​သူ တို့​သည်​ခ​ရီး​ဦး​ကြို​ပြု​ရန်​ထွက်​လာ​၍ ဒါ​ဝိဒ် တို့​လူ​စု​အား​နှုတ်​ဆက်​ကြ​၏။- \v 22 သို့​ရာ​တွင်​ဒါ​ဝိဒ်​နှင့်​အ​တူ​လိုက်​ပါ​သွား​သူ​များ အ​နက် စိတ်​သ​ဘော​ထား​သေး​သိမ်​ယုတ်​မာ​သော​လူ အ​ချို့​တို့​က``ထို​သူ​တို့​သည်​ငါ​တို့​နှင့်​အ​တူ​မ​လိုက် ခဲ့​ကြ​သ​ဖြင့် သူ​တို့​အား​တိုက်​ရာ​ပါ​ပစ္စည်း​ကို​မျှ မ​ပေး​နိုင်​ပါ။ သူ​တို့​သည်​မိ​မိ​တို့​ဇ​နီး​သား​သ​မီး များ​ကို​ခေါ်​၍​ထွက်​ခွာ​သွား​နိုင်​ပါ​သည်'' ဟု​ဆို ကြ​၏။ \p \v 23 သို့​သော်​ဒါ​ဝိဒ်​က``ညီ​အစ်​ကို​တို့၊ ထာ​ဝ​ရ​ဘု​ရား ငါ​တို့​အား​ပေး​သ​နား​တော်​မူ​သော​ပစ္စည်း​ဥစ္စာ​များ ကို​သင်​တို့​ဤ​သို့​မ​ပြု​ရ။ ကိုယ်​တော်​သည်​ငါ​တို့ အား​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​၍ ငါ​တို့​မြို့ ကို​ချင်း​နင်း​ဝင်​ရောက်​တိုက်​ခိုက်​ခဲ့​သူ​တို့​အား နှိမ်​နင်း​နိုင်​ခွင့်​ပေး​တော်​မူ​၏။- \v 24 သင်​တို့​၏​အ​ကြံ​ပေး​ချက်​ကို​အ​ဘယ်​သူ​မျှ လက်​ခံ​နိုင်​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​အား​လုံး​ညီ တူ​ညီ​မျှ​ခွဲ​ဝေ​ယူ​ရ​ကြ​မည်။ စ​ခန်း​စောင့်​နေ ရစ်​ခဲ့​သူ​သည်​စစ်​ပွဲ​ဝင်​ရန်​သွား​ရောက်​သူ​ရ​ရှိ သည့်​အ​တိုင်း​ပင်​ရ​ရှိ​စေ​ရ​မည်'' ဟု​ဆို​၏။- \v 25 ဒါ​ဝိဒ်​သည်​ဤ​သို့​ဥ​ပ​ဒေ​ကို​ပြု​လုပ်​ခဲ့​သ​ဖြင့် ဣ​သ​ရေ​လ​ပြည်​တွင်​ယင်း​ဥ​ပ​ဒေ​သည်​ယ​နေ့ တိုင်​အောင်​တည်​မြဲ​လျက်​ရှိ​ပေ​သည်။ \p \v 26 ဒါ​ဝိဒ်​သည်​ဇိ​က​လတ်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ လာ​သော​အ​ခါ တိုက်​ရာ​ပါ​ပစ္စည်း​အ​ချို့​တို့​ကို မိ​မိ​၏​မိတ်​ဆွေ​များ​ဖြစ်​သော​ယု​ဒ​ခေါင်း​ဆောင် များ​ထံ​သို့​အ​မှာ​စာ​ရေး​၍​ပေး​ပို့​လိုက်​လေ သည်။ အ​မှာ​စာ​တွင်``ထာ​ဝ​ရ​ဘု​ရား​၏​ရန်​သူ များ​ထံ​မှ​အ​ကျွန်ုပ်​ရ​ရှိ​ခဲ့​သည့်​တိုက်​ရာ​ပါ ပစ္စည်း​အ​ချို့​ကို​သင်​တို့​အ​တွက်​လက်​ဆောင် ပေး​ပို့​လိုက်​ပါ​သည်'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။- \v 27 သူ​သည်​ပစ္စည်း​အချို့​ကို​လည်း​ဗေ​သ​လ​မြို့၊ ယု​ဒ​ပြည်​တောင်​ပိုင်း​ရှိ​ရာ​မ​မြို့၊ ယတ္တိ​ယ​မြို့၊- \v 28 အာ​ရော်​မြို့၊ ရှိ​ဖ​မုတ်​မြို့၊ ဧ​ရှ​တ​မော​မြို့၊- \v 29 ရာ​ခ​လ​မြို့၊ ယေ​ရ​မေ​လ​သား​ချင်း​စု​တို့​နေ ထိုင်​ရာ​မြို့၊ ကေ​နိ​သား​ချင်း​စု​တို့​နေ​ထိုင်​ရာ​မြို့၊- \v 30 ဟော​မာ​မြို့၊ ခေါ​ရာ​ရှန်​မြို့၊ အာ​သက်​မြို့၊- \v 31 ဟေ​ဗြုန်​မြို့​မှ​စ​၍​မိ​မိ​နှင့်​မိ​မိ​၏​လူ​စု​တည်း ခို​ခဲ့​ဖူး​သည့်​မြို့​ရွာ​ရှိ​သ​မျှ​သို့​ပေး​ပို့​လိုက် လေ​သည်။ \b \c 31 \b \s1 ရှော​လု​နှင့်​သား​တော်​များ​ကွယ်​လွန်​ခြင်း \r (၅ရာ၊ ၁၀:၁-၁၂) \p \v 1 ဂိ​လ​ဗော​တောင်​ပေါ်​တွင်​ဖိ​လိတ္တိ​အ​မျိုး​သား တို့​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တိုက်​ပွဲ ဖြစ်​ရာ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​များ အ​ပြား​ကျ​ဆုံး​ကြ​၏။ ကျန်​သော​သူ​တို့ သည်​ထွက်​ပြေး​ကြ​၏။- \v 2 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရှော​လု​၏​သား များ​ဖြစ်​ကြ​သော​ယော​န​သန်၊ အ​ဘိ​န​ဒပ် နှင့်​မေ​လ​ခိ​ရွှ​တို့​ကို လိုက်​၍​မီ​သ​ဖြင့် သတ်​ဖြတ်​လိုက်​ကြ​၏။- \v 3 ရှော​လု​၏​ပတ်​လည်​တွင်​တိုက်​ပွဲ​ပြင်း​ထန်​သည် ဖြစ်​၍ မင်း​ကြီး​ကိုယ်​တိုင်​ပင်​မြား​မှန်​သ​ဖြင့် ပြင်း​စွာ​ဒဏ်​ရာ​ရ​လေ​၏။- \v 4 မင်း​ကြီး​သည်​လက်​နက်​ဆောင်​လူ​ငယ်​အား``ဤ ဘု​ရား​မဲ့​သူ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​နှစ် ထောင်း​အား​ရ​ဖြစ်​လျက် ငါ့​ကို​ညှင်း​ဆဲ​သတ် ဖြတ်​မှု​မ​ပြု​နိုင်​စေ​ရန် သင်​သည်​မိ​မိ​၏​ဋ္ဌား ကို​ထုတ်​၍​ငါ့​အား​သတ်​ပါ​လော့'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​လူ​ငယ်​သည်​ကြောက်​အား​ကြီး သ​ဖြင့် မ​သတ်​ရဲ​သော​ကြောင့်​ရှော​လု​သည် မိ​မိ​၏​ဋ္ဌား​ကို​ယူ​၍​ထောင်​ပြီး​လျှင် ထို ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​လျက်​သေ​လေ​သည်။- \v 5 ရှော​လု​သေ​သွား​သည်​ကို​မြင်​လျှင် လူ​ငယ်​သည် မိ​မိ​ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​ကာ​ရှော​လု​နှင့်​အ​တူ သေ​လေ​၏။- \v 6 ဤ​ကား​ရှော​လု​သား​တော်​သုံး​ပါး​နှင့် လူ​ငယ် တို့​သေ​ရ​ကြ​ပုံ​ဖြစ်​ပေ​သည်။ ထို​နေ့​၌​ရှော​လု ၏​လူ​အ​ပေါင်း​တို့​သည်​သေ​ဆုံး​ကြ​ကုန်​၏။- \v 7 ယေ​ဇ​ရေ​လ​ချိုင့်​ဝှမ်း​တစ်​ဘက်၊ ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​ရှိ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ဣ​သ​ရေ​လ​တပ်​မ​တော်​ထွက်​ပြေး​ပြီ ဖြစ်​ကြောင်း​ကြား​သိ​ကြ​သော​အ​ခါ မိ​မိ တို့​မြို့​များ​ကို​စွန့်​၍​ထွက်​ပြေး​ကြ​ကုန်​၏။ ထို​အ​ခါ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​လာ ရောက်​၍​ထို​မြို့​များ​တွင်​နေ​ထိုင်​ကြ​၏။ \p \v 8 တိုက်​ပွဲ​ဖြစ်​ပြီး​နောက်​တစ်​နေ့​၌​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် လူ​သေ​အ​လောင်း​တို့ ထံ​မှ​ပစ္စည်း​တန်​ဆာ​များ​ကို​ချွတ်​ရန်​ရောက် ရှိ​လာ​ကြ​ရာ ဂိ​လ​ဗော​တောင်​ထိပ်​တွင်​လဲ ၍​သေ​နေ​သော​ရှော​လု​နှင့်​သား​တော်​သုံး​ပါး ကို​တွေ့​ရှိ​ကြ​၏။- \v 9 သူ​တို့​သည်​ရှော​လု​၏​ဦး​ခေါင်း​ကို​ဖြတ်​၍ သူ့ ထံ​မှ​ချွတ်​ယူ​သော​လက်​နက်​တန်​ဆာ​များ​နှင့် တ​ကွ ဖိ​လိတ္တိ​ပြည်​ရှိ​မိ​မိ​တို့​၏​နတ်​ဘု​ရား ရုပ်​တု​များ​နှင့် မိ​မိ​တို့​၏​အ​မျိုး​သား​များ ထံ​သ​တင်း​ကောင်း​ကို​ပြော​ကြား​ရန်​လူ လွှတ်​ပေး​ပို့​ကြ​လေ​သည်။- \v 10 ထို​နောက်​သူ​တို့​သည်​အ​ဆို​ပါ​လက်​နက် တန်​ဆာ​များ​ကို အ​ရှ​တ​ရက်​နတ်​သ​မီး ၏​ဝတ်​ကျောင်း​တွင်​ထား​ရှိ​၍​ရှော​လု​၏ အ​လောင်း​ကို​မူ​ဗက်​ရှန်​မြို့​ရိုး​တွင်​ဆွဲ ထား​ကြ​၏။ \p \v 11 ရှော​လု​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အ​ဘယ် သို့​ပြု​ကြ​သည်​ကို ဂိ​လဒ်​ပြည်​ယာ​ဗက်​မြို့ သား​တို့​ကြား​သိ​ကြ​သော​အ​ခါ၊- \v 12 သူ​ရဲ​ကောင်း​အ​ချို့​တို့​သည် ဗက်​ရှန်​မြို့​ကို တစ်​ည​လုံး​ချီ​တက်​သွား​ကြ​၏။ သူ​တို့​သည် ရှော​လု​နှင့်​သား​တော်​တို့​၏​အ​လောင်း​များ ကို​မြို့​ရိုး​မှ​ဖြုတ်​ယူ​ပြီး​လျှင် ယာ​ဗက်​မြို့ သို့​သယ်​ဆောင်​၍​မီး​သင်္ဂြိုဟ်​လိုက်​ကြ​၏။- \v 13 ထို​နောက်​အ​ရိုး​တို့​ကို​ကောက်​ယူ​၍​မြို့​ရှိ မန်​ကျည်း​ပင်​အောက်​တွင်​မြှုပ်​နှံ​ပြီး​နောက် ခု​နစ်​ရက်​တိုင်​တိုင်​အ​စာ​ရှောင်​ကြ​၏။ ဋ္ဌမ္မ​ရာ​ဇ​ဝင်​ပ​ထ​မ​စောင်​ပြီး​၏။