\id 1KI Myanmar Common Language Bible \h ၃ ရာ \toc1 ဋ္ဌမ္မ​ရာ​ဇဝင်​တ​တိ​ယ​စောင် \toc2 ၃ ရာ \mt1 ဋ္ဌမ္မ​ရာ​ဇဝင်​တ​တိ​ယ​စောင် \is1 နိ​ဒါန်း \ip ဋ္ဌမ္မ​ရာ​ဇ​ဝင်​တ​တိ​ယ​စောင်​သည်​ပ​ထ​မ​စောင် နှင့်​ဒု​တိ​ယ​စောင်​တို့​တွင် မှတ်​တမ်း​တင်​ခဲ့​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရင်​များ သ​မိုင်း​၏​အ​ဆက်​ဖြစ်​သည်။ ဤ​ကျမ်း​ကို​သုံး ပိုင်း​ခွဲ​ခြား​နိုင်​သည်။ ၁။ ရှော​လ​မုန်​သည် ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ ပြည်​တို့​၏​ထီး​နန်း​ကို ဆက်​ခံ​စိုး​စံ​ခြင်း​နှင့် ခ​မည်း​တော်​ဒါ​ဝိဒ်​ဘု​ရင်​အ​နိစ္စ​ရောက်​ခြင်း။ ၂။ ရှော​လ​မုန်​ဘု​ရင်​၏​နန်း​သက်​နှင့်​ဆောင်​ရွက် ချက်​များ။ ယေ​ရု​ရှ​လင်​မြို့​တွင်​ဗိ​မာန်​တော် တည်​ဆောက်​ခြင်း​မှာ​အ​ထူး​မှတ်​သား​ဖွယ် ကောင်း​၏။ ၃။ နိုင်​ငံ​ကို​မြောက်​ပိုင်း​နိုင်​ငံ​နှင့်​တောင်​ပိုင်း နိုင်​ငံ​ဟူ​၍​နှစ်​ပိုင်း​ကွဲ​ပြား​ပိုင်း​ခြား​ခြင်း​နှင့် ခ​ရစ်​တော်​မ​ပေါ်​မီ​ရာ​စု​အ​လယ်​ခေတ်​အ​ထိ ထို​နိုင်​ငံ​များ​ကို​အုပ်​ချုပ်​သော​ဘု​ရင်​များ အ​ကြောင်း။ \ip ဋ္ဌမ္မ​ရာ​ဇဝင်​တ​တိ​ယ​စောင်​နှင့်​စ​တုတ္ထ​စောင် တို့​တွင် အုပ်​စိုး​သော​ဘု​ရင်​တစ်​ပါး​စီ​အား ဝေ​ဖန်​သုံး​သပ်​ရာ​တွင် ဘု​ရား​သ​ခင်​အား သစ္စာ​စောင့်​သည်​မ​စောင့်​သည်​အ​ပေါ်​၌​အ​ခြေ ခံ​၍​အ​ကဲ​ဖြတ်​သည်။ သစ္စာ​စောင့်​သော​အား ဖြင့်​နိုင်​ငံ​သည်​သာ​ယာ​ဖွံ့​ဖြိုး​ရ​ကြောင်း၊ ရုပ်​တု ကိုး​ကွယ်​လျက်​ပ​ညတ်​တော်​များ​ကို​မ​လိုက် နာ​သော​အား​ဖြင့်​နိုင်​ငံ​သည်​ပျက်​စီး​ရ​ကြောင်း တင်​ပြ​သည်။ မြောက်​ပိုင်း​နိုင်​ငံ​တွင်​အုပ်​စိုး​ရ သော​ဘု​ရင်​အား​လုံး​ပင် ဘု​ရား​သ​ခင်​အား သစ္စာ​မ​စောင့်​ကြ​ကြောင်း​ကို​လည်း​ကောင်း၊ ယု​ဒ နိုင်​ငံ​တွင်​အုပ်​စိုး​သော​ဘု​ရင်​တို့​တွင် သစ္စာ စောင့်​သူ​နှင့်​သစ္စာ​ဖောက်​သူ​များ​ရော​ပြွမ်း လျက်​ရှိ​ကြောင်း​ကို​လည်း​ကောင်း​မှတ်​တမ်း တင်​ထား​သည်။ \ip ဋ္ဌမ္မ​ရာ​ဇဝင်​တ​တိ​ယ​စောင်​တွင်​ပေါ်​လွင်​သော တင်​ပြ​ချက်​မှာ ထာ​ဝ​ရ​ဘု​ရား​၏​ပ​ရော​ဖက် များ​အ​ကြောင်း​ဖြစ်​သည်။ ထို​သူ​တို့​ကား​ရုပ်​တု ကိုး​ကွယ်​မှု​ကို​စွန့်​ပယ်​ရန်​နှင့်​ဘု​ရား​သ​ခင်​၏ အ​မိန့်​တော်​ကို​နာ​ခံ​ရန်​လူ​တို့​အား သတ္တိ​ရှိ စွာ​ဆင့်​ဆို​သ​တိ​ပေး​သော​ပ္ဂိုလ်​များ​ဖြစ် ကြ​သည်။ အ​ထူး​သ​ဖြင့်​အ​ခန်း (၁၈) တွင်​ဖော် ပြ​သော​ဗာ​လ​ပ​ရော​ဖက်​များ​နှင့်​ယှဉ်​ပြိုင် သည့်​ဧ​လိ​ယ​အ​ကြောင်း​မှာ မှတ်​သား​ဖွယ် ဖြစ်​ပေ​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 ဒါ​ဝိဒ်​နန်း​သက်​အ​ဆုံး​ပိုင်း ၁:၁-၂:၁၂ \io1 ရှော​လ​မုန်​နန်း​တက်​စိုး​စံ​ခြင်း ၂:၁၃-၄၆ \io1 ရှော​လ​မုန်​ဘု​ရင်​အုပ်​ချုပ်​သည့်​ခေတ် ၃:၁-၁၁:၄၃ \io2 (က) နန်း​စံ​နှစ်​ဦး​ပိုင်း ၃:၁-၄:၃၄ \io2 (ခ) ဗိ​မာန်​တော်​တည်​ဆောက်​ခြင်း ၅:၁-၈:၆၆ \io2 (ဂ) နန်း​စံ​နှစ်​နှောင်း​ပိုင်း ၉:၁-၁၁:၄၃ \io1 ကွဲ​ပြား​သွား​သော​နိုင်​ငံ​များ ၁၂:၁-၂၂:၅၃ \io2 (က) မြောက်​ပိုင်း​အ​နွယ်​များ​ပုန်​ကန်​ခြင်း ၁၂:၁-၁၄:၂၀ \io2 (ခ) ယု​ဒ​နိုင်​ငံ​နှင့်​ဣ​သ​ရေ​လ​နိုင်​ငံ​များ​၌ စိုး​စံ​သော​ဘု​ရင်​များ ၁၄:၂၁-၁၆:၃၄ \io2 (ဂ) ပ​ရော​ဖက်​ဧ​လိ​ယ ၁၇:၁-၁၉:၂၁ \io2 (ဃ) ဣ​သ​ရေ​လ​နိုင်​ငံ​ဘု​ရင်​အာ​ဟပ်​မင်း ၂၀:၁-၂၂:၄၀ \io2 (င) ယု​ဒ​နိုင်​ငံ​ဘု​ရင်​ယော​ရှ​ဖတ်​နှင့် ဣ​သ​ရေ​လ​နိုင်​ငံ​ဘု​ရင်​အာ​ခ​ဇိ ၂၂:၄၁-၅၃ \c 1 \s1 ဒါ​ဝိဒ်​မင်း​အို​မင်း​မ​စွမ်း​ရှိ​ချိန် \p \v 1 ဒါ​ဝိဒ်​မင်း​သည်​အ​လွန်​အို​မင်း​သော​အ​ခါ အ​စေ​ခံ​တို့​က​စောင်​များ​ခြုံ​ပေး​သော်​လည်း မ​နွေး​နိုင်​အောင်​ရှိ​တတ်​၏။- \v 2 သို့​ဖြစ်​၍​မှူး​မတ်​များ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင့်​အား​ခ​စား​ပြု​စု​ရန်​အ​တွက်​အ​မျိုး သ​မီး​ပျို​တစ်​ဦး​ကို​အ​ကျွန်ုပ်​တို့​ရှာ​ပါ​ရ စေ။ ထို​အ​မျိုး​သ​မီး​သည်​အ​ရှင်​၏​အ​နီး တွင်​ကပ်​၍​အိပ်​ပြီး​လျှင် အ​ရှင့်​အား​နွေး​အောင် ပြု​ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။- \v 3 သူ​တို့​သည်​အ​ဆင်း​လှ​သည့်​အ​မျိုး​သ​မီး တစ်​ဦး​ကို ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက် လိုက်​လံ​ရှာ​ဖွေ​ကြ​ရာ​ရှု​နင်​မြို့​သူ​အ​ဘိ ရှက်​ကို​တွေ့​ရှိ​ကြ​သ​ဖြင့် မင်း​ကြီး​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ကြ​၏။- \v 4 လွန်​စွာ​အ​ဆင်း​လှ​သည့်​ထို​အ​မျိုး​သ​မီး​သည် မင်း​ကြီး​အ​ပါး​တော်​တွင်​လုပ်​ကျွေး​ပြု​စု​သော် လည်း မင်း​ကြီး​သည်​သူ​နှင့်​ကိုယ်​လက်​နှီး​နှော​မှု ကို​မ​ပြု​ချေ။ \s1 ထီး​နန်း​ကို​သိမ်း​ပိုက်​ရန်​အ​ဒေါ​နိ​ယ​ကြိုး​စား​ခြင်း \p \v 5-6 ဟ္ဂိတ်​နှင့်​ဒါ​ဝိဒ်​ရ​သော​သား​အ​ဒေါ​နိ​ယ​သည် အ​လွန်​အ​ဆင်း​လှ​၏။ အ​ဗ​ရှ​လုံ​သေ​ဆုံး​သ​ဖြင့် သူ​သည်​ဒါ​ဝိဒ်​၏​လက်​ရှိ​သား​တို့​တွင်​အ​ကြီး ဆုံး​ဖြစ်​၏။ ဒါ​ဝိဒ်​သည်​သူ့​အား​အ​ဘယ်​အ​မှု တွင်​မျှ​ပြော​ဆို​ဆုံး​မ​ဖူး​သည်​ဟူ​၍​မ​ရှိ။ သူ သည်​ထီး​နန်း​ကို​မျှော်​မှန်း​သူ​ဖြစ်​၍ မိ​မိ​ကိုယ် ပိုင်​ရ​ထား​များ၊ မြင်း​များ​နှင့်​ရှေ့​တော်​ပြေး လူ​ငါး​ဆယ်​ကို​ရ​ရှိ​လေ​သည်။-\x + \xo 1:5-6 \xt ၂ရာ၊ ၃:၄။\x* \v 7 သူ​သည်​ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​နှင့်​ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​တို့​နှင့်​တိုင်​ပင်​ရာ ထို​သူ​တို့​က သူ့​အား​ကူ​ညီ​ရန်​သ​ဘော​တူ​ကြ​၏။- \v 8 သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ယော​ယ​ဒ ၏​သား​ဗေ​နာ​ယ၊ ပ​ရော​ဖက်​နာ​သန်၊ ရှိ​မိ၊ ရေ​ဣ နှင့်​ဒါ​ဝိဒ်​၏​ကိုယ်​ရံ​တော်​တပ်​သား​များ​က​မူ အ​ဒေါ​နိ​ယ​ဘက်​သို့​မ​ဝင်​ကြ။ \p \v 9 တစ်​နေ့​သော​အ​ခါ​အ​ဒေါ​နိ​ယ​သည် အင်္ရော ဂေ​လ​စမ်း​ချောင်း​အ​နီး၊ မြွေ​ကျောက်​ဆောင် တွင်​သိုး​နွား​နှင့်​ဆူ​ဖြိုး​သော​ကျွဲ​ငယ်​များ ကို​ယဇ်​ပူ​ဇော်​ကာ ဒါ​ဝိဒ်​မင်း​၏​အ​ခြား သား​တော်​များ​နှင့်​ယု​ဒ​မှူး​မတ်​များ​အား ထို​ပူ​ဇော်​ပွဲ​သို့​ခေါ်​ဖိတ်​လေ​သည်။- \v 10 သို့​သော်​မိ​မိ​နှင့်​အ​ဖေ​တူ​အ​မေ​ကွဲ​ညီ တော်​သူ​ရှော​လ​မုန်​နှင့်​ပ​ရော​ဖက်​နာ​သန်၊ ဗေ​နာ​ယ​နှင့်​ဘု​ရင့်​ကိုယ်​ရံ​တော်​တပ်​သား များ​ကို​မ​ခေါ်​မ​ဖိတ်​ချေ။ \s1 ရှော​လ​မုန်​အား​မင်း​မြှောက်​ခြင်း \p \v 11 ထို​အ​ခါ​နာ​သန်​သည် ရှော​လ​မုန်​၏​မယ်​တော် ဗာ​သ​ရှေ​ဘ​ထံ​သို့​သွား​၍``ဟ္ဂိတ်​၏​သား အ​ဒေါ​နိယ​သည် မိ​မိ​ကိုယ်​ကို​မိ​မိ​မင်း​မြှောက် လိုက်​ကြောင်း​သင်​ကြား​ပြီ​လော။ ဒါ​ဝိဒ်​မင်း​ပင် ထို​သ​တင်း​ကို​ကြား​တော်​မ​မူ​သေး​ပါ။-\x + \xo 1:11 \xt ၂ရာ၊ ၁၂:၂၄။ \x* \v 12 သင်​သည်​သင့်​အ​သက်​နှင့်​သား​တော်​ရှော​လ​မုန် ၏​အ​သက်​ကို​ကယ်​လို​လျှင် သင့်​အား​အ​ကျွန်ုပ် အ​ကြံ​ပေး​ပါ​မည်။- \v 13 သင်​သည်​ယ​ခု​ချက်​ချင်း​ဒါ​ဝိဒ်​မင်း​ထံ​သွား ၍`အ​ရှင်​မင်း​ကြီး၊ ကျွန်​မ​၏​သား​ရှော​လ​မုန် အား​အ​ရှင့်​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း ထိုင်​ရ​မည်​ဟု​အ​ရှင်​ကျိန်​ဆို​က​တိ​ပြု​တော် မူ​ခဲ့​သည်​မ​ဟုတ်​ပါ​လော။ ယ​ခု​အ​ဘယ်​ကြောင့် အ​ဒေါ​နိ​ယ​သည်​ဘု​ရင်​ဖြစ်​သွား​ပါ​သ​နည်း' ဟု​မေး​လျှောက်​လော့။- \v 14 ယင်း​သို့​သင်​မေး​လျှောက်​နေ​စဉ်​အ​ကျွန်ုပ်​သည် ဝင်​လာ​၍ သင်​၏​စကား​ကို​အ​တည်​ပြု​မည်'' ဟု ဆို​၏။ \p \v 15 ထို့​ကြောင့်​ဗာ​သ​ရှေ​ဘ​သည် မင်း​ကြီး​အား ခ​စား​ရန်​အ​ဆောင်​ထဲ​သို့​ဝင်​လေ​၏။ မင်း​ကြီး သည်​လွန်​စွာ​အို​မင်း​ပြီ​ဖြစ်​၍ ရှု​နင်​မြို့​သူ အ​ဘိ​ရှက်​က​သူ့​အား​လုပ်​ကျွေး​ပြု​စု​လျက် နေ​၏။- \v 16 ဗာ​သ​ရှေ​ဘ​သည်​မင်း​ကြီး​၏​ရှေ့​တော်​တွင် ဦး​ညွှတ်​ပျပ်​ဝပ်​လိုက်​သော​အ​ခါ​မင်း​ကြီး က``သင်​အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​သနည်း'' ဟု​မေး​တော်​မူ​၏။ \p \v 17 ဗာ​သ​ရှေ​ဘ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သည် ကျွန်​မ​၏​သား​ရှော​လ​မုန်​အား​အ​ရှင့်​အ​ရိုက် ရာ​ကို​ဆက်​ခံ​၍ နန်း​တင်​ရ​မည်​ဟု​အ​ရှင်​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နာ​မ​တော်​ကို တိုင်​တည်​၍​ကျိန်​ဆို​က​တိ​ပြု​တော်​မူ​ခဲ့​ပါ​၏။- \v 18 သို့​ရာ​တွင်​ယ​ခု​အ​ဒေါ​နိ​ယ​သည်​ဘု​ရင် ဖြစ်​လျက်​နေ​လေ​ပြီ။ သို့​သော်​အ​ရှင်​ထို သ​တင်း​ကို​ကြား​သိ​တော်​မ​မူ​သေး​ပါ။- \v 19 သူ​သည်​နွား၊ သိုး​နှင့်​ဆူ​ဖြိုး​သော​နွား​ငယ် များ​ကို​ယဇ်​ပူ​ဇော်​ကာ​အ​ရှင်​၏​သား​တော် များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​အ​ရှင့်​တပ်​မ တော်​ဗိုလ်​ချုပ်​ယွာ​ဘ​တို့​အား​ယဇ်​ပူ​ဇော်​ပွဲ သို့​ခေါ်​ဖိတ်​ပါ​၏။ သို့​ရာ​တွင်​အ​ရှင်​၏ သား​တော်​ရှော​လ​မုန်​ကို​မူ​မ​ခေါ်​ဖိတ်​ပါ။- \v 20 အ​ရှင်​မင်း​ကြီး၊ အ​ရှင့်​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​မည့်​သူ​မှာ​အ​ဘယ်​သူ​ဖြစ်​ကြောင်း​မိန့် ကြား​တော်​မူ​ရန် ဣသ​ရေ​လ​အ​မျိုး​သား​တစ်​ရပ် လုံး​သည်​အ​ရှင့်​အား​စောင့်​မျှော်​လျက်​နေ​ကြ ပါ​၏။- \v 21 အ​ရှင်​ဤ​သို့​မိန့်​တော်​မ​မူ​ပါ​လျှင်​ကျွန်​မ​နှင့် ကျွန်​မ​၏​သား​ရှော​လ​မုန်​သည် အ​ရှင်​မ​ရှိ​သည့် နောက်​သစ္စာ​ဖောက်​များ​အ​ဖြစ်​ဖြင့်​ရာ​ဇ​ဝတ် သင့်​သူ​များ​ဖြစ်​ကြ​တော့​မည်'' ဟု​လျှောက်​၏။ \p \v 22 ယင်း​သို့​လျှောက်​ထား​နေ​ချိန်​၌ ပ​ရော​ဖက် နာ​သန်​ရောက်​ရှိ​လာ​သ​ဖြင့်၊- \v 23 ပ​ရော​ဖက်​ရောက်​ရှိ​ကြောင်း​မင်း​ကြီး​အား​သံ တော်​ဦး​တင်​ကြ​၏။ နာ​သန်​သည်​လည်း​အ​ခန်း ထဲ​သို့​ဝင်​လာ​ပြီး​လျှင်​ရှေ့​တော်​၌​ဦး​ညွှတ် ပျပ်​ဝပ်​လျက်၊- \v 24 ``အ​ရှင်​မင်း​ကြီး၊ အ​ဒေါ​နိ​ယ​အား​အ​ရှင် ၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​စေ​တော်​မူ​မည် ဟု​အ​ရှင်​ကြေ​ငြာ​ပြီ​လော။- \v 25 ယ​နေ့​ပင်​လျှင်​သူ​သည်​ယဇ်​ပလ္လင်​သို့​သွား​၍ နွား၊ သိုး​နှင့်​ဆူ​ဖြိုး​သော​နွား​ငယ်​များ​ကို​ယဇ် ပူ​ဇော်​ပါ​၏။ သူ​သည်​အ​ရှင့်​သား​တော်​အ​ပေါင်း နှင့်​တပ်​မ​တော်​ဗိုလ်​ချုပ်​ယွာ​ဘ​နှင့်​ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​တို့​ကို​ခေါ်​ဖိတ်​သ​ဖြင့် ယ​ခု အ​ချိန်​၌​သူ​တို့​သည်​အ​ဒေါ​နိ​ယ​နှင့်​အ​တူ စား​သောက်​ကာ`အ​ဒေါ​နိ​ယ​မင်း​သက်​တော် ရှည်​ပါ​စေ​သော်' ဟု​ကြွေး​ကြော်​လျက်​နေ ကြ​ပါ​၏။- \v 26 သို့​ရာ​တွင်​အ​ဒေါ​နိ​ယ​သည်​ကိုယ်​တော်​၏ အ​စေ​ခံ​အ​ကျွန်ုပ်၊ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ဗေ​နာ​ယ​နှင့်​ရှော​လ​မုန်​တို့​ကို​မ​ခေါ် မ​ဖိတ်​ပါ။- \v 27 ဤ​အ​မှု​အ​ရာ​တို့​ကို​အ​ရှင်​မင်း​ကြီး​နှစ်​သက် လက်​ခံ​တော်​မူ​ပါ​သ​လော။ အ​ရှင်​၏​အ​ရိုက် အ​ရာ​ကို​မည်​သူ​လက်​ခံ​၍​နန်း​တက်​ရ​မည် ကို​မှူး​မတ်​တို့​အား​မ​ဖော်​မ​ပြ​ဘဲ​ဤ​အ​မှု ကို​အ​ရှင်​မင်း​ကြီး​စီ​ရင်​တော်​မူ​ပါ​သ​လော'' ဟု​လျှောက်​လေ​၏။ \p \v 28 ဒါ​ဝိဒ်​မင်း​က``ဗာ​သ​ရှေ​ဘ​အား အ​ခန်း​ထဲ​သို့ ပြန်​၍​ဝင်​စေ​လော့'' ဟု​ဆို​လျှင် ဗာ​သ​ရှေ​ဘ သည်​ဝင်​လာ​၍​ရှေ့​တော်​တွင်​ရပ်​လျက်​နေ​၏။- \v 29 ထို​အ​ခါ​မင်း​ကြီး​က``ဒုက္ခ​ဆင်း​ရဲ​အ​ပေါင်း မှ​ငါ့​အား​ကယ်​ဆယ်​တော်​မူ​၍ အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ကာ​သင့်​အား​ငါ​ကျိန်​ဆို​ပါ​၏။- \v 30 ငါ​သည်​သင်​၏​သား​ရှော​လ​မုန်​အား​ငါ့ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ရ​မည် ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နာ​မ​တော်​ကို​တိုင် တည်​၍ ကျိန်​ဆို​ခဲ့​သည်​အ​တိုင်း​ငါ​ပြု​မည် ဖြစ်​ကြောင်း​ယ​နေ့​ငါ​က​တိ​ပေး​၏'' ဟု မိန့်​တော်​မူ​၏။ \p \v 31 ဗာ​သ​ရှေ​ဘ​သည်​ဦး​ညွတ်​ပျပ်​ဝပ်​လျက်``ကျွန်​မ ၏​သ​ခင် အ​ရှင်​မင်း​ကြီး​သည်​သက်​တော်​ရှည် ပါ​စေ​သော'' ဟု​မြွက်​ဆို​လေ​၏။ \p \v 32 ထို့​နောက်​ဒါ​ဝိဒ်​မင်း​သည်​ဇာ​ဒုတ်၊ နာ​သန်​နှင့် ဗေ​နာ​ယ​တို့​ကို​ခေါ်​စေ​တော်​မူ​၏။ သူ​တို့ ရောက်​ရှိ​လာ​သော​အ​ခါ၊- \v 33 မင်း​ကြီး​က``ငါ​၏​မှူး​မတ်​တို့​ကို​အ​တူ​ခေါ်​ကာ သား​တော်​ရှော​လ​မုန်​အား ငါ​၏​မြည်း​တော်​ကို စီး​စေ​၍​ဂိ​ဟုန်​စမ်း​သို့​ပို့​ဆောင်​ကြ​လော့။- \v 34 ထို​အ​ရပ်​တွင်​ဇာ​ဒုတ်​နှင့်​နာ​သန်​တို့​က​သူ့​အား ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ဖြင့်​ဘိ​သိက်​ပေး​ကြ စေ။ ထို့​နောက်​တံ​ပိုး​ခ​ရာ​မှုတ်​၍`ရှော​လ​မုန်​မင်း သက်​တော်​ရှည်​ပါ​စေ​သော' ဟု​ကြွေး​ကြော်​ကြ လော့။- \v 35 သူ​သည်​ငါ​၏​ရာ​ဇာ​ပလ္လင်​ပေါ်​တွင်​စံ​တော်​မူ​ရန် ဤ​အ​ရပ်​သို့​ပြန်​လာ​ချိန်​၌​သင်​တို့​သည်​လည်း သူ​၏​နောက်​မှ​လိုက်​ခဲ့​ရ​ကြ​မည်။ သူ့​အား​ဣ​သ ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​တို့​၏​ဘု​ရင်​အ​ဖြစ် ငါ​ရွေး​ချယ်​တော်​မူ​ပြီ။ ထို့​ကြောင့်​သူ​သည်​ငါ ၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ရ မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 36 ဗေ​နာ​ယ​က``အ​မိန့်​တော်​အ​တိုင်း​ဖြစ်​စေ ပါ​မည်။ အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က​လည်း ထို​အ​မိန့်​တော်​ကို​အ​တည် ပြု​တော်​မူ​ပါ​စေ​သော။- \v 37 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​မင်း​ကြီး​နှင့် အ​တူ​ရှိ​တော်​မူ​ခဲ့​သည်​နည်း​တူ ရှော​လ​မုန် နှင့်​လည်း​အ​တူ​ရှိ​တော်​မူ​၍ သူ​နန်း​စံ​ချိန်​၌ အ​ရှင်​နန်း​စံ​တော်​မူ​ချိန်​မှာ​ထက်​ပင်​ပို​၍ ပြည်​တော်​သာ​ယာ​ဝ​ပြော​ပါ​စေ​သော'' ဟု ပြန်​လည်​လျှောက်​ထား​၏။ \p \v 38 ထို့​ကြောင့်​ဇာ​ဒုတ်၊ နာ​သန်၊ ဗေ​နာ​ယ​နှင့်​ဘု​ရင့် ကိုယ်​ရံ​တော်​တပ်​သား​တို့​သည်​ရှော​လ​မုန်​အား ဒါ​ဝိဒ်​မင်း​၏​မြည်း​တော်​ကို​စီး​စေ​လျက် ဂိ​ဟုန်​စမ်း​သို့​ပို့​ကြ​၏။- \v 39 ဇာ​ဒုတ်​သည်​ထာ​ဝရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​မှ မိ​မိ​ဆောင်​ခဲ့​သော​သံ​လွင်​ဆီ​ဘူး​ကို​ယူ​၍ ရှော​လ​မုန်​အား​ဘိ​သိက်​ပေး​လေ​သည်။ ထို့​နောက် တံပိုး​ခ​ရာ​မှုတ်​လိုက်​သော​အ​ခါ လူ​အ​ပေါင်း တို့​သည်``ရှော​လ​မုန်​မင်း​သက်​တော်​ရှည်​ပါ​စေ သော'' ဟု​ကြွေး​ကြော်​ကြ​၏။- \v 40 ထို့​နောက်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​အော်​ဟစ်​လျက် ပ​လွေ​များ​ကို​မှုတ်​လျက် မြေ​ကြီး​ကွဲ​မ​တတ် အ​သံ​ဗ​လံ​များ​ကို​ပြု​ကာ​ရှော​လ​မုန်​၏ နောက်​မှ​လိုက်​ကြ​၏။ \p \v 41 အ​ဒေါ​နိ​ယ​နှင့်​သူ​၏​ဧည့်​သည်​တော်​တို့​သည် မိ​မိ တို့​စား​သောက်​ပွဲ​ပြီး​ခါ​နီး​၌​ထို​အ​သံ​ကို​ကြား ကြ​၏။ ယွာ​ဘ​သည်​တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​ကြား သော်``မြို့​ထဲ​၌​ဤ​အ​သံ​ကား​အ​ဘယ်​သို့​နည်း'' ဟု​မေး​၏။- \v 42 သူ​၏​စ​ကား​မ​ဆုံး​မီ​၌​ပင်​ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​၏​သား ယော​န​သန်​ရောက်​ရှိ​လာ​သ​ဖြင့် အ​ဒေါ​နိ​ယ​က``ဝင်​ခဲ့​လော့။ သင်​သည်​လူ​ကောင်း တစ်​ယောက်​ဖြစ်​၍​သ​တင်း​ကောင်း​ကို​ဆောင်​ယူ လာ​သူ​ဖြစ်​ရ​ပေ​မည်'' ဟု​ဆို​၏။ \p \v 43 ယော​န​သန်​က``သ​တင်း​ကောင်း​ဖြစ်​မည်​မ ထင်​ပါ။ အ​ကျွန်ုပ်​တို့​အ​ရှင်​ဒါ​ဝိဒ်​မင်း​သည် ရှော​လ​မုန်​အား​မင်း​မြှောက်​လိုက်​လေ​ပြီ။- \v 44 မင်း​ကြီး​သည်​ဇာ​ဒုတ်၊ နာ​သန်၊ ဗေ​နာ​ယ​နှင့် ဘု​ရင့်​ကိုယ်​ရံ​တော်​တပ်​သား​များ​အား ရှော​လ​မုန် ကို​ဘု​ရင်​၏​မြည်း​တော်​ပေါ်​တွင်​တင်​၍​ခေါ်​ဆောင် သွား​စေ​တော်​မူ​ပါ​၏။- \v 45 ထို့​နောက်​ဇာ​ဒုတ်​နှင့်​နာ​သန်​တို့​က​ရှော​လ​မုန် အား ဂိ​ဟုန်​စမ်း​တွင်​ဘိ​သိက်​ပေး​ကြ​ပါ​သည်။ သူ​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​အော်​ဟစ် လျက်​မြို့​ထဲ​သို့​ဝင်​ကြ​သ​ဖြင့် မြို့​သူ​မြို့​သား တို့​သည်​ယ​ခု​အ​ခါ​အုတ်​အုတ်​ကျက်​ကျက် ဖြစ်​၍​နေ​ကြ​ပါ​၏။ အ​ရှင်​ကြား​ရ​သည့် အ​သံ​သည်​ထို​သူ​တို့​၏​အ​သံ​ပင်​ဖြစ်​ပါ​၏။- \v 46 ရှော​လ​မုန်​သည်​ယ​ခု​ဘု​ရင်​ဖြစ်​လေ​ပြီ။ \m \v 47 မှူး​မတ်​များ​သည်​ဒါ​ဝိဒ်​မင်း​ထံ​အ​ရို​အ​သေ ပြု​ရန် သွား​ရောက်​၍`အ​ရှင်​၏​ဘု​ရား​သ​ခင်​သည် ရှော​လ​မုန်​အား​အ​ရှင့်​ထက်​ပင်​ပို​၍​ထင်​ပေါ် ကျော်​စော​အောင်​ပြု​တော်​မူ​ပါ​စေ​သော။ သူ​နန်း စံ​ချိန်​၌​လည်း​အ​ရှင်​နန်း​စံ​တော်​မူ​ချိန်​မှာ​ထက် ပို​၍​ပြည်​တော်​သာ​ယာ​ဝ​ပြော​ပါ​စေ​သော' ဟု လျှောက်​ထား​ကြ​ပါ​၏။ ထို​အ​ခါ​ဒါ​ဝိဒ်​မင်း သည်​မိ​မိ​၏​အိပ်​ရာ​ပေါ်​တွင်​ဦး​ညွှတ်​လျက်၊- \v 48 `ငါ​၏​အ​ဆက်​အ​နွယ်​ထဲ​မှ​တစ်​ဦး​အား​ငါ ၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​စေ​တော် မူ​သည်​သာ​မ​က​ငါ့​အား​လည်း ထို​အ​မှု​ကို မြင်​နိုင်​ခွင့်​ပေး​တော်​မူ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​စို့' ဟု​ဆု​တောင်း​ပတ္ထ​နာ ပြု​တော်​မူ​ပါ​၏'' ဟူ​၍​ပြန်​လည်​ဖြေ​ကြား လေ​သည်။ \p \v 49 ထို​အ​ခါ​အ​ဒေါ​နိ​ယ​၏ ဧည့်​သည်​တော်​တို့ သည်​ကြောက်​လန့်​ကြ​သ​ဖြင့် ထ​၍​တစ်​ယောက် တစ်​လမ်း​စီ​ပြန်​သွား​ကြ​၏။- \v 50 အ​ဒေါ​နိ​ယ​သည်​ရှော​လ​မုန်​ကို​လွန်​စွာ ကြောက်​သော​ကြောင့် ထာ​ဝရ​ဘု​ရား​စံ​တော် မူ​ရာ​တဲ​တော်​သို့​သွား​၍​ယဇ်​ပလ္လင်​ထောင့် စွယ်​များ\f 1 \fr 1:50 \ft * \+fk ထောင့်​စွယ်​များ။ \ft ဦး​ချို​နှင့်​တူ​သော​ပလ္လင်​၏​ထောင့်​လေး ထောင့်​၌​ရှိ​သော​အ​စွယ်​များ။ ထို​အ​စွယ် များ​ကို​ကိုင်​ထား​သူ​သည်​သေ​ဘေး​မှ ကင်း​လွတ်​သည်။\f* ကို​ဆုပ်​ကိုင်​ထား​ပြီး​လျှင်၊- \v 51 ``ရှော​လ​မုန်​မင်း​သည်​ကျွန်​တော်​အား​ကွပ်​မျက် တော်​မူ​မည်​မ​ဟုတ်​ဟု ဦး​စွာ​ကျိန်​ဆို​မိန့်​မြွက် တော်​မူ​ပါ​စေ'' ဟု​ဆို​၏။ ဤ​အ​ချင်း​အ​ရာ ကို​ရှော​လ​မုန်​မင်း​အား​လျှောက်​ထား​ကြ​၏။- \v 52 ရှော​လ​မုန်​က``သူ​သည်​သစ္စာ​ရှိ​သူ​ဖြစ်​ပါ လျှင် သူ​၏​ဦး​ခေါင်း​မှ​ဆံ​ခြည်​တစ်​ပင်​ကို မျှ​လက်​ဖျား​နှင့်​ထိ​လိမ့်​မည်​မ​ဟုတ်။ သစ္စာ မဲ့​သူ​ဖြစ်​လျှင်​မူ​ကား​သေ​ဒဏ်​ခံ​ရ​မည်'' ဟု​ဆို​၏။- \v 53 ထို့​နောက်​ရှော​လ​မုန်​မင်း​သည်​လူ​လွှတ်​၍ အ​ဒေါ​နိ​ယ​အား​ယဇ်​ပလ္လင်​မှ​ခေါ်​ခဲ့​စေ​၏။ အ​ဒေါ​နိ​ယ​သည်​မင်း​ကြီး​ထံ​လာ​ရောက် ၍​ရှေ့​တော်​၌​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်​နေ​၏။ ထို​အ​ခါ​မင်း​ကြီး​က​သူ့​အား``သင့်​အိမ် သို့​ပြန်​နိုင်​ပြီ'' ဟု​မိန့်​တော်​မူ​၏။ \c 2 \s1 ရှော​လ​မုန်​အား​ဒါ​ဝိဒ်​နောက်​ဆုံး​မှာ​ကြား​ခြင်း \p \v 1 ဒါ​ဝိဒ်​သည်​မိ​မိ​ကွယ်​လွန်​ချိန်​နီး​သော​အ​ခါ သား​တော်​ရှော​လ​မုန်​ကို​ခေါ်​၍​နောက်​ဆုံး​ညွှန် ကြား​ချက်​များ​ကို​ပေး​လေ​သည်။- \v 2 မင်း​ကြီး​က``ငါ​သေ​ရ​မည့်​အ​ချိန်​ရောက်​ပြီ။ သင်​သည်​မိ​မိ​အ​စွမ်း​ကို​ယုံ​၍​ဇွဲ​သတ္တိ​ရှိ​စွာ၊- \v 3 သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား စေ​ခိုင်း သည့်​အ​တိုင်း​ပြု​လော့။ မော​ရှေ​၏​ပ​ညတ်​ကျမ်း တွင်​ဖော်​ပြ​ပါ​ရှိ​သည့်​အ​တိုင်း ကိုယ်​တော်​၏ ပညတ်​တော်​များ​နှင့်​အ​မိန့်​တော်​မှန်​သ​မျှ​ကို လိုက်​နာ​လော့။ သို့​မှ​သာ​သင်​ပြု​လေ​ရာ​ရာ၊ သွား​လေ​ရာ​ရာ​၌​အောင်​မြင်​လိမ့်​မည်။- \v 4 သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​နာ​ခံ​လျှင် ကိုယ် တော်​သည်​ငါ့​အား​ပေး​တော်​မူ​သော​က​တိ တော်​ကို​တည်​စေ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော် က`သင်​၏​သား​မြေး​တို့​သည်​ငါ​၏​အ​မိန့် တော်​တို့​ကို​ကိုယ်​စွမ်း​စိတ်​စွမ်း​ရှိ​သ​မျှ​နှင့် တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ရန်​သ​တိ​ပြု သ​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သူ​တို့​အား ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​စေ​တော်​မူ မည်'' ဟု​မိန့်​တော်​မူ​ခဲ့​၏။ \p \v 5 ``ထို့​ပြင်​သင့်​အား​မှာ​ကြား​ရန်​ကိစ္စ​တစ်​ခု ရှိ​သေး​၏။ ယွာ​ဘ​သည်​ဣ​သ​ရေ​လ​တပ်​မ တော်​ဗိုလ်​ချုပ်​နှစ်​ဦး​ဖြစ်​သော​နေ​ရ​၏​သား အာ​ဗ​နာ​နှင့်​ယေ​သာ​၏​သား​အာ​မ​သ​တို့ ကို​သတ်​ခြင်း​အား​ဖြင့် ငါ့​အား​အ​ဘယ်​သို့ ပြု​ခဲ့​ကြောင်း​သင်​မှတ်​မိ​ပါ​လိမ့်​မည်။ စစ် ဖြစ်​ချိန်​က​သတ်​ဖြတ်​မှု​များ​အ​တွက် လက်​စား​ချေ​သည့်​အ​နေ​ဖြင့် သူ​သည်​ထို သူ​တို့​အား​ငြိမ်း​ချမ်း​နေ​ချိန်​၌​အ​ဘယ် သို့​သတ်​ဖြတ်​ခဲ့​သည်​ကို​လည်း​သင်​မှတ်​မိ ပါ​လိမ့်​မည်။ သူ​သည်​အ​ပြစ်​မဲ့​သူ​များ အား​သတ်​ခဲ့​သည်။ သူ​ပြု​ခဲ့​သည့်​အ​မှု အ​တွက်​ယ​ခု​ငါ့​မှာ​တာ​ဝန်​ရှိ​သ​ဖြင့် သူ​၏​ဆိုး​မွေ​ကို​ငါ​ခံ​ရ​၏။-\x + \xo 2:5 \xt ၂ရာ၊ ၃:၂၇၊ ၂၀:၁၀။\x* \v 6 သင်​သည်​မိ​မိ​ပြု​ရ​မည့်​အ​မှု​ကို​သိ​ပေ​သည်။ သူ့​အား​သ​ဘာ​ဝ​အ​လျောက်​မ​သေ​စေ​နှင့်။ \p \v 7 ``ဂိ​လဒ်​ပြည်​သား​ဗာ​ဇိ​လဲ​၏​သား​များ​ကို မူ က​ရု​ဏာ​ထား​၍​ကြည့်​ရှု​စောင့်​ရှောက်​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​၏​အစ်​ကို​အ​ဗ ရှ​လုံ​၏​ဘေး​မှ​ငါ​ထွက်​ပြေး​ရ​စဉ်​အ​ခါ​က သူ​တို့​သည်​ငါ့​အား​ကျေး​ဇူး​ပြု​ခဲ့​ကြ သော​ကြောင့်​ဖြစ်​၏။\x + \xo 2:7 \xt ၂ရာ၊ ၁၇:၂၇-၂၉။\x* \p \v 8 ``ဗင်္ယာ​မိန်​ပြည်၊ ဗာ​ဟု​ရိမ်​မြို့​သား​ဂေ​ရ​၏ သား​ရှိမိ​တစ်​ယောက်​လည်း​ရှိ​သေး​၏။ မ​ဟာ​နိမ် မြို့​သို့​ငါ​သွား​သည့်​နေ့​က​သူ​သည်​ငါ့​ကို ကြမ်း​တမ်း​စွာ​ကျိန်​ဆဲ​သော်​လည်း ယော်​ဒန် မြစ်​သို့​လာ​၍​ငါ့​အား​ခ​ရီး​ဦး​ကြို​ပြု​သော အ​ခါ​၌ ငါ​သည်​သူ့​အား​ကွပ်​မျက်​မည်​မ ဟုတ်​ကြောင်း​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​တိုင်​တည်​၍​ကျိန်​ဆို​က​တိ​ပြု ခဲ့​သည်။-\x + \xo 2:8 \xt ၂ရာ၊ ၁၆:၅-၁၃၊ ၁၉:၁၆-၂၃။\x* \v 9 သို့​ရာ​တွင်​သင်​သည်​သူ့​ကို​အ​ပြစ်​ဒဏ်​မ​စီ ရင်​ဘဲ​မ​နေ​နှင့်။ ပြု​ရ​မည့်​အ​မှု​ကို​သင်​သိ သည်​အ​တိုင်း​သူ့​အား​သေ​ဒဏ်​စီရင်​ရ​မည်'' ဟု​မှာ​ကြား​တော်​မူ​၏။ \s1 ဒါ​ဝိဒ်​ကွယ်​လွန်​ခြင်း \p \v 10 ဒါ​ဝိဒ်​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ယေ​ရု​ရှ​လင် မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။- \v 11 သူ​သည်​ဟေ​ဗြုန်​မြို့​၌​ခု​နစ်​နှစ်၊ ယေ​ရု​ရှ​လင် မြို့​၌​သုံး​ဆယ့်​သုံး​နှစ်၊ စု​စု​ပေါင်း​အ​နှစ်​လေး ဆယ်​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ဖြင့်​နန်း​စံ တော်​မူ​၏။-\x + \xo 2:11 \xt ၂ရာ၊ ၅:၄-၅။ ၅ရာ၊ ၃:၄။\x* \v 12 ရှော​လ​မုန်​သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။ သူ​၏​တန်​ခိုး အာ​ဏာ​သည်​လည်း​တည်​တံ့​ခိုင်​မြဲ​၍ လာ​၏။\x + \xo 2:12 \xt ၅ရာ၊ ၂၉:၂၃။\x* \s1 အ​ဒေါ​နိ​ယ​ကွယ်​လွန်​ခြင်း \p \v 13 ထို​နောက်​ဟ္ဂိတ်​၏​သား​အ​ဒေါ​နိ​ယ​သည် ရှော​လ​မုန်​၏​မယ်​တော်​ဗာ​သ​ရှေ​ဘ​ထံ​သို့ သွား​၏။ ဗာ​သ​ရှေ​ဘ​က``သင်​ယ​ခု​လာ​သည် မှာ​မိတ်​ဆွေ​အ​နေ​နှင့်​လော့'' ဟု​မေး​၏။ \p အ​ဒေါ​နိ​ယ​က``ဟုတ်​ပါ​သည်'' ဟု ပြန်​ပြော ပြီး​နောက်၊- \v 14 ``အ​ကျွန်ုပ်​မှာ​မယ်​တော်​အား​ပန်​ကြား​စ​ရာ တစ်​ခု​ရှိ​ပါ​သည်'' ဟု​ဆို​၏။ \p မယ်​တော်​က``အ​ဘယ်​အ​ရာ​နည်း'' ဟု​မေး​၏။ \p \v 15 အ​ဒေါ​နိ​ယ​က``အ​ကျွန်ုပ်​သည်​ဘု​ရင်​ဖြစ် သင့်​သည်။ ယင်း​သို့​ဖြစ်​လိမ့်​မည်​ဟု​လည်း ဣသ​ရေ​လ​အ​မျိုး​သား​တိုင်း​မျှော်​လင့်​ခဲ့ သည်​ကို​မယ်​တော်​သိ​ပါ​၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​အ​ရ အ​ကျွန်ုပ် သည်​ဘု​ရင်​မ​ဖြစ်​ဘဲ​အ​ကျွန်ုပ်​၏​ညီ​တော် က​ဘု​ရင်​ဖြစ်​လာ​ပါ​၏။- \v 16 ယ​ခု​ကျွန်ုပ်​တွင်​မယ်​တော်​အား​ပန်​ကြား စ​ရာ​ရှိ​ပါ​သည်။ ကျေး​ဇူး​ပြု​၍​မ​ငြင်း ပယ်​ပါ​နှင့်'' ဟု​ပြန်​ပြော​၏။ \p ဗာ​သ​ရှေ​ဘ​က``အ​ဘယ်​အ​ရာ​နည်း'' ဟု မေး​၏။ \p \v 17 အ​ဒေါ​နိ​ယ​က``ရှု​နင်​မြို့​သူ​အ​ဘိ​ရှက်​ကို အ​ကျွန်ုပ်​နှင့်​ပေး​စား​ထိမ်း​မြား​ရန်​ရှော​လ​မုန် မင်း​အား​ကျေး​ဇူး​ပြု​၍​လျှောက်​ထား​ပေး​ပါ။ သူ​သည်​မယ်​တော်​၏​စ​ကား​ကို​ငြင်း​ပယ်​လိမ့် မည်​မ​ဟုတ်​ကြောင်း အ​ကျွန်ုပ်​သိ​ပါ​သည်'' ဟု ပြန်​ပြော​၏။\x + \xo 2:17 \xt ၃ရာ၊ ၁:၃-၄။\x* \p \v 18 ဗာ​သ​ရှေ​ဘ​က​လည်း``ကောင်း​ပြီ။ သင်​၏ အ​တွက်​မင်း​ကြီး​အား​ငါ​လျှောက်​ထား မည်'' ဟု​ဆို​၏။ \p \v 19 ဗာ​သ​ရှေ​ဘ​သည်​အ​ဒေါ​နိ​ယ​အ​တွက် လျှောက်​ထား​ရန် မင်း​ကြီး​ထံ​သို့​သွား​လေ​၏။ မင်း​ကြီး​သည်​လည်း​မယ်​တော်​ကို​ခ​ရီး​ဦး ကြို​ပြု​အံ့​သော​ငှာ ထ​၍​ဦး​ညွှတ်​ပြီး​လျှင် ရာ​ဇ​ပလ္လင်​ပေါ်​တွင်​ထိုင်​တော်​မူ​၏။ ထို့​နောက် အ​ခြား​ပလ္လင်​တစ်​ခု​ခု​ကို​ယူ​ခဲ့​စေ​၍ မယ် တော်​အား​မိ​မိ​၏​လက်ယာ​ဘက်​တွင်​ထိုင်​စေ တော်​မူ​၏။- \v 20 မယ်​တော်​က``သေး​ငယ်​သော​ဆု​ကျေးဇူး​တစ် ခု​တောင်း​လို​ပါ​သည်။ မ​ငြင်း​ပါ​နှင့်'' ဟု လျှောက်​၏။ \p မင်း​ကြီး​က``မယ်​တော်၊ တောင်း​ပါ၊ အ​ကျွန်ုပ် မ​ငြင်း​ပါ'' ဟု​မိန့်​တော်​မူ​၏။ \p \v 21 ထို​အ​ခါ​မယ်​တော်​က``အ​ဘိ​ရှက်​ကို​နောင်​တော် အ​ဒေါ​နိ​ယ​အား​ပေး​စား​တော်​မူ​ပါ'' ဟု တောင်း​လေ​၏။ \p \v 22 မင်း​ကြီး​က``မယ်​တော်​သည်​အ​ဘယ်​ကြောင့် သူ​၏​အ​တွက် အ​ဘိ​ရှက်​ကို​သာ​လျှင်​တောင်း ပါ​သ​နည်း။ ထီး​နန်း​ကို​ပါ​တောင်း​ခံ​ပါ​လော့။ အ​မှန်​ကို​ဆို​ရ​လျှင်​သူ​သည်​အ​ကျွန်ုပ်​၏ နောင်​တော်​ဖြစ်​၍ အ​ဗျာ​သာ​နှင့်​ယွာ​ဘ​တို့ သည်​လည်း​သူ​၏​ဘက်​တော်​သား​များ​ဖြစ် ကြ​ပါ​သည်'' ဟု​မိန့်​တော်​မူ​၏။- \v 23 ထို့​နောက်​ရှော​လ​မုန်​က``ဤ​အ​မှု​ကို​ပြုသည့် အ​တွက် အ​ဒေါ​နိ​ယ​အား​ငါ​အ​သက်​မ​သေ စေ​လျှင် ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ဆုံး စီ​ရင်​တော်​မူ​ပါ​စေ​သော။- \v 24 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ခ​မည်း​တော် ဒါ​ဝိဒ်​၏​ရာ​ဇ​ပလ္လင်​ပေါ်​တွင် တည်​မြဲ​စွာ​တည် ၍​ထား​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​သည်​မိ​မိ ၏​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ငါ​နှင့်​ငါ​၏ သား​မြေး​တို့​အား​နိုင်​ငံ​တော်​ကို​ပေး​တော် မူ​လေ​ပြီ။ အ​ဒေါ​နိ​ယ​သည်​ယ​နေ့​ပင်​လျှင် သေ​ရ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင်​တော်​မူ သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ ကျိန်​ဆို​ပါ​၏'' ဟု​အ​လေး​အ​နက်​အ​ဋ္ဌိ ဋ္ဌာန်​ပြု​တော်​မူ​၏။ \p \v 25 ထို့​ကြောင့်​ရှော​လ​မုန်​မင်း​အ​မိန့်​ပေး​တော်​မူ သ​ဖြင့် ဗေ​နာ​ယ​သည်​သွား​၍​အ​ဒေါ​နိ​ယ အား​ကွပ်​မျက်​လေ​သည်။ \s1 အ​ဗျာ​သာ​အား​ပြည်​နှင်​ဒဏ်​ပေး​ခြင်း​နှင့် ယွာ​ဘ​ကွယ်​လွန်​ခြင်း \p \v 26 ထို့​နောက်​ရှော​လ​မုန်​မင်း​သည် ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​အား``အာ​န​သုတ်​မြို့​ရှိ​သင်​၏ ကျေး​လက်​နေ​အိမ်​သို့​သွား​လော့။ သင်​သည် သေ​ဒဏ်​ခံ​ထိုက်​သူ​ဖြစ်​ပေ​သည်။ သို့​ရာ​တွင် သင်​သည်​ငါ​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​လက်​ထက်​၌ ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သူ၊ မင်း​ကြီး​နှင့်​အ​တူ ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​ကို​ခံ​ခဲ့​သူ​ဖြစ်​သ​ဖြင့် ယ​ခု​သင့်​အား​ငါ​မ​သတ်​လို​ပြီ'' ဟု မိန့်​တော်​မူ​၏။-\x + \xo 2:26 \xt ၂ရာ၊ ၁၅:၂၄။ ၁ရာ၊ ၂၂:၂၀-၂၃။\x* \v 27 ထို့​နောက်​ရှော​လ​မုန်​သည်​အ​ဗျာ​သာ​အား ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ဆောင်​ယဇ် ပု​ရော​ဟိတ်​ရာ​ထူး​မှ​ထုတ်​ပယ်​တော်​မူ​၏။ ဤ​သို့​ဖြင့်​မင်း​ကြီး​သည်​ရှိ​လော​မြို့​၌ ယဇ်​ပု​ရော​ဟိတ်​ဧ​လိ​နှင့်​သား​မြေး​တို့​ကို အ​ကြောင်း​ပြု​၍ ထာ​ဝရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​တော်​တို့​ကို​အ​ကောင် အ​ထည်​ပေါ်​စေ​တော်​မူ​သ​တည်း။\x + \xo 2:27 \xt ၁ရာ၊ ၂:၂၇-၃၆။\x* \p \v 28 ဤ​အ​ဖြစ်​အ​ပျက်​ကို​ယွာ​ဘ​ကြား​သိ သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ တဲ​တော်​သို့​ထွက်​ပြေး​ပြီး​လျှင်​ယဇ်​ပလ္လင် ထောင့်​စွယ်​များ\f 2 \fr 2:28 \ft * \+fk ထောင့်​စွယ်​များ။ \ft ဦး​ချို​နှင့်​တူ​သော​ပလ္လင်​၏​ထောင့်​လေး ထောင့်​၌​ရှိ​သော​အ​စွယ်​များ။ ထို​အ​စွယ်​များ ကို​ကိုင်​ထား​သူ​သည်​သေ​ဘေး​မှ​ကင်း​လွတ်​သည်။\f* ကို​ဆုပ်​ကိုင်​၍​ထား​၏။ (သူ​သည်​အ​ဒေါ​နိ​ယ အား​ကူ​ညီ​ခဲ့​သော်​လည်း​အ​ဗ​ရှ​လုံ​ကို​မူ မ​ကူ​ညီ​ခဲ့၊-) \v 29 သူ​သည်​အ​ဒေါ​နိ​ယ​စံ​တော်​မူ​ရာ​တဲ​တော် သို့​ထွက်​ပြေး​ပြီး​လျှင် ယဇ်​ပလ္လင်​အ​နီး​တွင် ရပ်​လျက်​နေ​ကြောင်း​သ​တင်း​ရ​ရှိ​သော​အ​ခါ ရှော​လ​မုန်​မင်း​သည်​ယွာ​ဘ​အား​အ​ဘယ် ကြောင့်​ယဇ်​ပလ္လင်​သို့​ထွက်​ပြေး​ရ​သည်​ကို​လူ လွှတ်​၍​မေး​တော်​မူ​၏။ ထို​အ​ခါ​ယွာ​ဘ​က မိ​မိ​သည်​ရှော​လ​မုန်​ကို​ကြောက်​သ​ဖြင့် ထာ ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ထွက်​ပြေး​ရ​ခြင်း ဖြစ်​ကြောင်း​ပြန်​ကြား​လျှောက်​ထား​လေ​သည်။ ထို့​ကြောင့်​ရှော​လ​မုန်​မင်း​သည်​ဗေ​နာ​ယ ကို​စေ​လွှတ်​၍​ယွာ​ဘ​အား​ကွပ်​မျက်​စေ တော်​မူ​၏။- \v 30 ဗေ​နာ​ယ​သည်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ ရာ​တဲ​တော်​သို့​သွား​၍ ယွာ​ဘ​အား``အပြင် သို့​ထွက်​ခဲ့​လော့။ မင်း​ကြီး​အ​မိန့်​တော်​ရှိ သည်'' ဟု​ဆို​၏။ \p ယွာ​ဘ​က``ငါ​မ​လာ​လို။ ဤ​အ​ရပ်​တွင်​ပင် အ​သေ​ခံ​မည်'' ဟု​ပြန်​ပြော​၏။ \p ဗေ​နာ​ယ​သည်​လည်း​မင်း​ကြီး​ထံ​ပြန်​သွား ပြီး​လျှင် ယွာ​ဘ​ပြော​သည့်​စ​ကား​ကို​ပြန် ကြား​လျှောက်​ထား​လေ​သည်။ \p \v 31 ရှော​လ​မုန်​မင်း​က​လည်း``ယွာ​ဘ​ပြော​သည် အ​တိုင်း​ပြု​လော့။ သူ့​ကို​ကွပ်​မျက်​၍​သင်္ဂြိုဟ် လိုက်​လော့။ ထို​အ​ခါ​အ​ပြစ်​မဲ့​သူ​များ​အား ယွာ​ဘ​သတ်​ဖြတ်​ခဲ့​သည့်​အ​ပြစ်​အ​တွက် ငါ ၌​သော်​လည်း​ကောင်း၊ ဒါ​ဝိဒ်​၏​အ​ခြား​သား မြေး​များ​၌​သော်​လည်း​ကောင်း​တာ​ဝန်​ရှိ တော်​မူ​မည်​မ​ဟုတ်။- \v 32 ငါ​၏​ခ​မည်း​တော်​မ​သိ​ဘဲ​ကူး​လွန်​ခဲ့​သည့် လူ​သတ်​မှု​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​သည် ယွာ​ဘ​အား​အပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။ ယွာ​ဘ​သည်​မိ​မိ​ထက်​သာ​လွန်​ကောင်း​မြတ် သည့်​ဣ​သ​ရေ​လ​တပ်​မ​တော်​ဗိုလ်​ချုပ်​အာ​ဗ​နာ နှင့်​ယု​ဒ​တပ်​မ​တော်​ဗိုလ်​ချုပ်​အာ​မ​သ​တည်း ဟူ​သော​အ​ပြစ်​မဲ့​သူ​နှစ်​ဦး​အား​သတ်​ဖြတ် ခဲ့​ပေ​သည်။- \v 33 ထို​လူ​သတ်​မှု​များ​အ​တွက်​ယွာ​ဘ​နှင့်​သူ​၏ သား​မြေး​တို့​သည် ထာ​ဝ​စဉ်​အ​ပြစ်​ဒဏ်​ခံ​ရ ကြ​လတ္တံ့။ သို့​ရာ​တွင်​ဒါ​ဝိဒ်​၏​အ​ရိုက်​အ​ရာ ဆက်​ခံ​ကြ​သော​သား​မြေး​တို့​ကို​မူ​ကား ထာ​ဝ​ရ​ဘု​ရား​သည်​အ​စဉ်​အ​မြဲ​အောင်​ပွဲ ခံ​စေ​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 34 ထို့​ကြောင့်​ဗေ​နာ​ယ​သည်​ထာ​ဝရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​သို့​သွား​၍​ယွာ​ဘ အား​သတ်​ပြီး​လျှင် ကျေး​လက်​ရှိ​သူ​၏ နေ​အိမ်​တွင်​သင်္ဂြိုဟ်​လိုက်​လေ​သည်။- \v 35 မင်း​ကြီး​သည်​ဗေ​နာ​ယ​ကို​ယွာ​ဘ​၏​နေ​ရာ တွင်​တပ်​မ​တော်​ဗိုလ်​ချုပ်​အ​ဖြစ်​ခန့်​ထား တော်​မူ​၍ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​ကို​လည်း အ​ဗျာ​သာ​၏​နေ​ရာ​တွင်​ခန့်​ထား​တော်​မူ​၏။ \s1 ရှိ​မိ​ကွယ်​လွန်​ခြင်း \p \v 36 ထို့​နောက်​မင်း​ကြီး​သည် ရှိ​မိ​ကို​ဆင့်​ခေါ်​တော် မူ​ပြီး​လျှင်``သင်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် အိမ်​တစ်​လုံး​ဆောက်​၍​နေ​ထိုင်​လော့။ ဤ​မြို့ မှ​မ​ထွက်​မ​ခွာ​နှင့်။- \v 37 အ​ကယ်​၍​ကေ​ဒြုန်​ချောင်း​လွန်​အောင်​ထွက်​လာ လျှင်​သင်​သည်​မု​ချ​သေ​ဒဏ်​ခံ​ရ​မည်။ ထို​အ​ခါ မိ​မိ​ကိုယ်​ကို​သာ​လျှင်​အ​ပြစ်​တင်​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 38 ရှိ​မိ​က​လည်း``ကောင်း​ပါ​ပြီ။ အ​ရှင်​မင်း​ကြီး။ အ​ရှင်​မိန့်​တော်​မူ​သည့်​အ​တိုင်း​အ​ကျွန်ုပ် လိုက်​နာ​ပါ​မည်'' ဟု​ပြန်​၍​လျှောက်​ထား​ပြီး လျှင်​ယေ​ရု​ရှ​လင်​မြို့​တွင်​ကာ​လ​ကြာ မြင့်​စွာ​နေ​ထိုင်​လေ​၏။ \p \v 39 သို့​ရာ​တွင်​သုံး​နှစ်​ကြာ​သော​အ​ခါ​ရှိ​မိ​၏ ကျွန်​နှစ်​ယောက်​သည်​မာ​ခါ​၏​သား၊ ဂါ​သ ဘု​ရင်​အာ​ခိတ်​ထံ​သို့​ထွက်​ပြေး​ကြ​၏။ ရှိ​မိ သည်​ဂါ​သ​မြို့​တွင်​ထို​သူ​တို့​ရှိ​နေ​ကြောင်း သ​တင်း​ကြား​သော​အ​ခါ၊- \v 40 မြည်း​ကို​ကုန်း​နှီး​တင်​ပြီး​လျှင်​ကျွန်​များ​ကို ရှာ​ရန်​အာ​ခိတ်​မင်း​ထံ​သို့​သွား​လေ​သည်။ သူ သည်​မိ​မိ​၏​ကျွန်​တို့​ကို​တွေ့​ရှိ​သ​ဖြင့်​အိမ် သို့​ပြန်​၍​ခေါ်​ခဲ့​၏။- \v 41-42 ရှိ​မိ​ပြု​သော​အ​မှု​ကို​ရှော​လ​မုန်​မင်း​ကြား တော်​မူ​လျှင်​သူ့​အား​ဆင့်​ခေါ်​တော်​မူ​၍``ငါ သည်​သင့်​အား​ယေ​ရု​ရှ​လင်​မြို့​မှ​မ​ထွက်​ခွာ ရန် ထာ​ဝရ​ဘု​ရား​ကို​တိုင်​တည်​လျက်​က​တိ ပြု​စေ​ခဲ့​၏။ အ​ကယ်​၍​ထွက်​ခွာ​ခဲ့​သော်​သင် သည်​ဧ​ကန်​မု​ချ​သေ​ဒဏ်​ခံ​ရ​မည်​ဟု​လည်း ကြို​တင်​သ​တိ​ပေး​ခဲ့​၏။ သင်​က​လည်း​ဤ အ​တိုင်း​သ​ဘော​တူ​သ​ဖြင့် ငါ​၏​စ​ကား ကို​နား​ထောင်​ပါ​မည်​ဟု​ဝန်​ခံ​ခဲ့​သည် မ​ဟုတ်​လော။- \v 43 သို့​ပါ​လျက်​အ​ဘယ်​ကြောင့်​မိ​မိ​၏​က​တိ ကို​ဖျက်​၍ ငါ​၏​အ​မိန့်​တော်​ကို​လွန်​ဆန်​ပါ သ​နည်း။- \v 44 သင်​သည်​ခ​မည်း​တော်​အား​ပြစ်​မှား​ခဲ့​သည့် အ​မှု​အ​ပေါင်း​ကို​ကောင်း​စွာ​သိ​ပေ​သည်။ ထို အ​မှု​များ​အ​တွက်​သင့်​အား​ထာ​ဝ​ရ​ဘု​ရား သည်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။- \v 45 ငါ့​ကို​မူ​ကား​ကောင်း​ချီး​ပေး​၍​ဒါ​ဝိဒ်​၏ နိုင်​ငံ​တော်​ကို​ထာ​ဝ​စဉ်​တည်​တံ့​ခိုင်​မြဲ​စေ တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 46 ထို​နောက်​ဗေ​နာ​ယ​သည် မင်း​ကြီး​အ​မိန့်​ပေး တော်​မူ​သည်​အ​တိုင်း အ​ပြင်​သို့​ထွက်​ပြီး​လျှင် ရှိ​မိ​ကို​ကွပ်​မျက်​လေ​၏။ ရှော​လ​မုန်​မင်း​သည် ယ​ခု​အ​ခါ​၌​မိ​မိ​၏​နိုင်​ငံ​တော်​ကို​ပိုင်​နိုင် စွာ​အုပ်​စိုး​တော်​မူ​ရ​၏။ \c 3 \s1 ဉာဏ်​ပ​ညာ​ကို​ရှော​လ​မုန်​မင်း​တောင်း​လျှောက်​ခြင်း \r (၆ရာ၊၁:၃-၁၂) \p \v 1 ရှော​လ​မုန်​မင်း​သည်​အီ​ဂျစ်​ဘု​ရင်​၏​သ​မီး​ကို မိ​ဖု​ရား​မြှောက်​ခြင်း​အား​ဖြင့် ထို​မင်း​နှင့်​မ​ဟာ မိတ်​ဖွဲ့​တော်​မူ​၏။ ထို့​နောက်​မိ​မိ​တည်​ဆောက်​လျက် ရှိ​သည့်​နန်း​တော်၊ ဗိ​မာန်​တော်​နှင့်​မြို့​ရိုး​မ​ပြီး​မီ ဒါ​ဝိဒ်​မြို့​တွင်​နေ​ထိုင်​ရန်​မင်း​သ​မီး​အား​ခေါ် ဆောင်​ခဲ့​၏။- \v 2 ထာ​ဝရ​ဘု​ရား​အ​တွက်​ဗိ​မာန်​တော်​မ​ဆောက် ရ​သေး​သ​ဖြင့် လူ​တို့​သည်​ယဇ်​ပလ္လင်​အ​နှံ့ အ​ပြား​တို့​တွင်​ယဇ်​ပူ​ဇော်​လျက်​ရှိ​နေ​ကြ သေး​၏။- \v 3 ရှော​လ​မုန်​မင်း​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်​၍ မိ​မိ​ခ​မည်း​တော်​၏​ပြ​ညွှန်​သွန်​သင်​ချက်​တို့ ကို​လိုက်​နာ​သော်​လည်း တိ​ရစ္ဆာန်​များ​ကို​သတ် ၍​ယဇ်​ပလ္လင်​အ​မျိုး​မျိုး​တွင်​ယဇ်​ပူ​ဇော်​လေ သည်။ \p \v 4 ဂိ​ဗောင်​မြို့​တွင်​အ​လွန်​ထင်​ရှား​ကျော်​စော​သော ယဇ်​ပလ္လင်​ရှိ​သ​ဖြင့် အ​ခါ​တစ်​ပါး​၌​မင်း​ကြီး သည်​ယဇ်​ပူ​ဇော်​ရန်​ထို​အ​ရပ်​သို့​သွား​တော် မူ​၏။ သူ​သည်​ယ​ခင်​အ​ခါ​များ​က​ထောင် ပေါင်း​များ​စွာ​သော​မီး​ရှို့​ရာ​ပူ​ဇော်​သကာ များ​ကို​ထို​ယဇ်​ပလ္လင်​တွင်​ပူဇော်​ခဲ့​ဖူး​၏။- \v 5 ယ​ခု​ညဥ့်​၌​ထာ​ဝ​ရ​ဘု​ရား​သည်​အိပ်​မက် တွင်​ထင်​ရှား​တော်​မူ​၍``သင်​သည်​အ​ဘယ် ဆု​ကို​အ​လို​ရှိ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p \v 6 ရှော​လ​မုန်​က``ကိုယ်​တော်​ရှင်​သည်​ကိုယ်​တော်​၏ အ​စေ​ခံ အ​ကျွန်ုပ်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​အား မ​ဟာ​မေတ္တာ​တော်​ကို​အ​စဉ်​အ​မြဲ​ပြ​တော်​မူ ပါ​၏။ သူ​သည်​ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​တွင် ကောင်း မွန်​ရိုး​ဖြောင့်​စွာ​သစ္စာ​နှင့်​ကျင့်​ကြံ​ပြု​မူ​ခဲ့​ပါ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​သည်​သူ့​အား​သား​တော် တစ်​ပါး​ကို​ပေး​သ​နား​တော်​ခြင်း​အား​ဖြင့် က​ရု​ဏာ​တော်​ကို​ဆက်​လက်​၍​ပြ​တော်​မူ ပါ​၏။ ယ​နေ့​ထို​သား​တော်​သည် မိ​မိ​ခ​မည်း တော်​၏​ရာ​ဇ​ပလ္လင်​ပေါ်​တွင်​ထိုင်​လျက်​ရှိ ပါ​၏။- \v 7 အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​အ​သက်​အ​ရွယ်​ငယ်​၍​တိုင်း​ပြည်​ကို မ​အုပ်​စိုး​တတ်​သော်​လည်း ကိုယ်​တော်​ရှင်​သည် အ​ကျွန်ုပ်​အား​ခ​မည်း​တော်​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​စေ​၍​နန်း​တင်​တော်​မူ​ပါ​ပြီ။- \v 8 ယ​ခု​အ​ခါ​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ရွေး​ချယ် တော်​မူ​သော​လူ​မျိုး​ကြီး​အ​လယ်​တွင်​ရှိ​ပါ​၏။ ထို​သူ​တို့​သည်​ရေ​တွက်​၍​မ​ရ​နိုင်​အောင်​ပင် များ​ပြား​ပါ​၏။- \v 9 သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​နိုင်​စေ​ရန် အ​ကျွန်ုပ် အား​ဉာဏ်​ပ​ညာ​ကို​ပေး​တော်​မူ​ပါ။ ယင်း​သို့ ပေး​တော်​မ​မူ​ပါ​လျှင်​အ​ကျွန်ုပ်​သည် ဤ​မျှ များ​ပြား​သော​ကိုယ်​တော်​ရှင့်​လူ​မျိုး​တော်​ကို အ​ဘယ်​သို့​လျှင်​အုပ်​စိုး​နိုင်​ပါ​မည်​နည်း''ဟု တောင်း​လျှောက်​လေ​၏။ \p \v 10 ဤ​သို့​ရှော​လ​မုန်​တောင်း​လျှောက်​သည်​ကို ထာ​ဝ​ရ​ဘု​ရား​သည်​နှစ်​သက်​တော်​မူ​သ​ဖြင့်၊- \v 11 ``သင်​သည်​မိ​မိ​အ​သက်​ရှည်​မှု၊ ချမ်း​သာ​ကြွယ်​ဝ မှု​သို့​မ​ဟုတ်​ရန်​သူ​များ​သေ​ကြေ​ပျက်​စီး​မှု ကို​တောင်း​လျှောက်​မည့်​အ​စား​တ​ရား​မျှ​တ စွာ​အုပ်​စိုး​နိုင်​ရန် ဉာဏ်​ပ​ညာ​ကို​တောင်း​လျှောက် သည်​ဖြစ်​၍၊- \v 12 သင်​တောင်း​လျှောက်​သည့်​အ​တိုင်း​ငါ​ပြု​မည်။ သင် ၏​အ​လျင်​အ​ဘယ်​သူ​မျှ​မ​ရ​ရှိ​စ​ဖူး၊ သင်​၏ နောက်​၌​လည်း​ရ​ရှိ​လိမ့်​မည်​မ​ဟုတ်​သည့် ဉာဏ် ပ​ညာ​နှင့်​အ​သိ​တ​ရား​ကို​သင်​အား​ငါ​ပေး မည်။- \v 13 သင်​မ​တောင်း​လျှောက်​သည့်​ဆု​ကို​လည်း​ငါ​ပေး မည်။ သင်​သည်​တစ်​သက်​လုံး​အ​ခြား​အ​ဘယ် ဘု​ရင်​နှင့်​မျှ​မ​တူ​အောင် စည်း​စိမ်​ချမ်း​သာ နှင့်​ဂုဏ်​အ​သ​ရေ​ကို​ငါ​ပေး​မည်။- \v 14 သင်​သည်​သင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​နည်း​တူ ငါ​၏​ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​တို့ ကို​လိုက်​နာ​လျှင် ငါ​သည်​သင့်​အား​ကြာ​ရှည် သော​အ​သက်​ကို​လည်း​ငါ​ပေး​မည်''ဟု​မိန့် တော်​မူ​၏။ \p \v 15 ရှော​လ​မုန်​သည်​အိပ်​ရာ​မှ​နိုး​၍ မိ​မိ​သည်​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော​စ​ကား​များ​ကို​အိပ်​မက် တွင်​ကြား​သိ​ခဲ့​ရ​ကြောင်း​ကို​သိ​လေ​၏။ ထို့​နောက် သူ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍ ထာ​ဝရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​ရပ်​လျက် မီး​ရှို့​ရာ ပူ​ဇော်​သ​ကာ​များ​နှင့်​မိတ်​သ​ဟာ​ယဇ်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ပြီး​နောက် မှူး​မတ် အ​ပေါင်း​တို့​အ​တွက်​စား​သောက်​ပွဲ​ကို​ကျင်း​ပ လေ​သည်။ \b \s1 ခက်​ခဲ​သည့်​အ​မှု​တစ်​ခု​ကို​ရှော​လ​မုန်​မင်း စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခြင်း \p \v 16 အ​ခါ​တစ်​ပါး​၌​ပြည့်​တန်​ဆာ​နှစ်​ယောက်​တို့​သည် လာ​၍​ရှော​လ​မုန်​မင်း​၏​ရှေ့​တော်​၌​ရပ်​ကြ​၏။- \v 17 တစ်​ယောက်​က``အ​ရှင်​မင်း​ကြီး၊ ကျွန်​မ​သည်​ဤ မိန်း​မ​နှင့်​တစ်​အိမ်​တည်း​နေ​ထိုင်​ပါ​သည်။ ယင်း သို့​နေ​ထိုင်​စဉ်​သား​က​လေး​တစ်​ယောက်​ကို ဖွား​မြင်​ပါ​သည်။- \v 18 ကျွန်​မ​က​လေး​မွေး​ပြီး​၍​သုံး​ရက်​အ​ကြာ တွင် ဤ​မိန်း​မ​သည်​လည်း​သား​က​လေး​တစ် ယောက်​ကို​ဖွား​မြင်​ပါ​၏။- \v 19 အိမ်​တွင်​ကျွန်​မ​တို့​နှစ်​ဦး​သာ​လျှင်​ရှိ​ပါ​၏။ အ​ခြား​မည်​သူ​မျှ​မ​ရှိ​ပါ။ တစ်​ည​သ​၌​ဤ မိန်း​မ​သည်​မိ​မိ​၏​သား​ငယ်​ကို​မ​တော်​တ​ဆ ဖိ​၍​အိပ်​မိ​သ​ဖြင့်​သား​ငယ်​သေ​ဆုံး​သွား​ပါ​၏။- \v 20 သူ​သည်​ညဥ့်​ချင်း​တွင်​ပင်​ထ​၍​ကျွန်​မ​အိပ်​ပျော် နေ​စဉ် နံ​ဘေး​ရှိ​ကျွန်​မ​၏​သား​ငယ်​ကို​ပွေ့​၍​မိ​မိ အိပ်​ရာ​သို့​ယူ​သွား​ပါ​၏။ ထို့​နောက်​သေ​နေ​သော က​လေး​ကို​ကျွန်မ​၏​အိပ်​ရာ​တွင်​ထား​ပါ​၏။- \v 21 နောက်​တစ်​နေ့​နံ​နက်​၌​ကျွန်​မ​သည်​အိပ်​ရာ မှ​နိုး​၍ က​လေး​ကို​နို့​တိုက်​မည်​ပြု​သော​အ​ခါ က​လေး​သေ​နေ​သည်​ကို​တွေ့​ရ​ပါ​သည်။ က​လေး ကို​သေ​ချာ​စွာ​ကြည့်​ရာ​ထို​က​လေး​သည် ကျွန်​မ​၏​က​လေး​မ​ဟုတ်​ကြောင်း​သိ​ရှိ​ရ ပါ​၏'' ဟု​လျှောက်​ထား​လေ​သည်။ \p \v 22 သို့​ရာ​တွင်​အ​ခြား​မိန်း​မ​က``သင်​၏​စ​ကား မ​မှန်​ပါ။ အ​သက်​ရှင်​လျက်​နေ​သည့်​က​လေး သည်​ငါ​၏​က​လေး​ဖြစ်​၍ သေ​နေ​သော​က​လေး မှာ​သင့်​က​လေး​ဖြစ်​ပါ​သည်'' ဟု​ဆို​၏။ \p ပ​ထ​မ​မိန်း​မ​က​လည်း``သင့်​စ​ကား​မ​မှန်​ပါ။ သေ​နေ​သော​က​လေး​သည်​သင်​၏​က​လေး​ဖြစ် ၍​အ​သက်​ရှင်​လျက်​ရှိ​သည့်​က​လေး​မှာ​ငါ​၏ က​လေး​ဖြစ်​ပါ​သည်'' ဟု​ပြန်​ပြော​လေ​၏။ \p ဤ​သို့​လျှင်​သူ​တို့​နှစ်​ဦး​သည် မင်း​ကြီး​၏ ရှေ့​တော်​တွင်​ငြင်း​ခုံ​လျက်​နေ​ကြ​၏။ \p \v 23 ထို​အ​ခါ​မင်း​ကြီး​သည်``သင်​တို့​နှစ်​ဦး​စ​လုံး​က အ​သက်​ရှင်​လျက်​ရှိ​သည့်​က​လေး​သည်​ငါ​၏​သား၊ သေ​နေ​သော​က​လေး​သည် သင်​၏​သား​ဟု​ပြော ဆို​နေ​ကြ​၏'' ဟု​မိန့်​တော်​မူ​ပြီး​လျှင်၊ \p \v 24-25 ဋ္ဌား​တစ်​လက်​ကို​တောင်း​ယူ​တော်​မူ​၍ ရ​ရှိ​တော် မူ​သော​အ​ခါ``အ​သက်​ရှင်​လျက်​ရှိ​သော​က​လေး ကို​နှစ်​ပိုင်း​ဖြတ်​၍ ဤ​မိန်း​မ​တို့​အား​တစ်​ပိုင်း​စီ ဝေ​ပေး​လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 26 မိ​ခင်​စစ်​သည်​မိ​မိ​၏​သား​ကို​ချစ်​လှ​သ​ဖြင့် မင်း​ကြီး​အား``အ​ရှင်​မင်း​ကြီး၊ က​လေး​ကို သတ်​တော်​မ​မူ​ပါ​နှင့်။ ထို​မိန်း​မ​အား​ပေး တော်​မူ​ပါ''ဟု​လျှောက်​၏။ \p သို့​ရာ​တွင်​အ​ခြား​မိန်း​မ​က``က​လေး​ကို​မည် သူ​မျှ​မ​ယူ​ပါ​စေ​နှင့်။ နှစ်​ပိုင်း​ဖြတ်​တော်​မူ​ပါ'' ဟု​လျှောက်​လေ​သည်။- \v 27 ရှော​လ​မုန်​က``က​လေး​ကို​မ​သတ်​နှင့်​တော့။ သူ့​ကို ပ​ထ​မ​မိန်း​မ​အား​ပေး​လော့။ ထို​မိန်း​မ​သည် က​လေး​၏​မိ​ခင်​စစ်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ \p \v 28 ရှော​လ​မုန်​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​ကို ဣသ​ရေ​လ ပြည်​သူ​ပြည်​သား​တို့​ကြား​ကြ​သော​အ​ခါ ဘု​ရား သခင်​သည်​မင်း​ကြီး​အား​တ​ရား​မျှ​တ​စွာ​စီ​ရင် ဆုံး​ဖြတ်​နိုင်​သော​ဉာဏ်​ပ​ညာ​ကို​ပေး​တော်​မူ ကြောင်း​သိ​ရှိ​လျက် မင်း​ကြီး​အား​လွန်​စွာ​ရို​သေ ကြ​၏။ \b \c 4 \s1 ရှော​လ​မုန်​၏​မှူး​တော်​မတ်​တော်​များ \p \v 1 ရှော​လ​မုန်​မင်း​သည်​ဣသ​ရေ​လ​နိုင်​ငံ​တစ် ဝှမ်း​လုံး​ကို အုပ်​စိုး​လျက်​နေ​တော်​မူ​၏။- \v 2 သူ​၏​မှူး​တော်​မတ်​တော်​များ​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​သည်။ \p ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​၏​သား​အာ​ဇ​ရိ၊ \p \v 3 နန်း​တော်​အ​တွင်း​ဝန်​များ၊ ရှိ​ရှ​၏​သား​များ​ဖြစ် ကြ​သော​ဧ​လိ​ဟော​ရပ်​နှင့်​အ​ဟိ​ယ​မှတ်​တမ်း တာ​ဝန်​ခံ၊ အ​ဟိ​လုပ်​၏​သား​ယေ​ဟော​ရှ​ဖတ်၊ \p \v 4 တပ်​မ​တော်​ဗိုလ်​ချုပ်၊ ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ၊ \p \v 5 နယ်​ဘု​ရင်​ခံ​ချုပ်၊ နာ​သန်​၏​သား​အာ​ဇ​ရိ၊ ဘု​ရင့် အ​တိုင်​ပင်​ခံ​အ​မတ်၊ နာ​သန်​၏​သား​ယဇ်​ပု​ရော ဟိတ်​ဇာ​ဗုဒ်၊ \p \v 6 နန်း​တော်​အုပ်၊ အ​ဟိ​ရှာ၊ ချွေး​တပ်​ဝန်၊ အာ​ဗ​ဒ ၏​သား​အ​ဒေါ​နိ​ရံ၊ \p \v 7 ရှော​လ​မုန်​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် နယ်​ဘု​ရင် ခံ​တစ်​ဆယ့်​နှစ်​ယောက်​ခန့်​ထား​လေ​သည်။ ထို​သူ တို့​သည်​တစ်​ယောက်​လျှင်​တစ်​လ​စီ၊ မင်း​ကြီး နှင့်​နန်း​တော်​အ​တွက်​မိ​မိ​၏​နယ်​မှ​ရိက္ခာ​များ ကို​ပေး​ဆက်​ရ​ကြ​၏။- \v 8 ထို​ဘု​ရင်​ခံ​များ​နှင့်​သူ​တို့​ပိုင်​သည့်​နယ်​များ မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ \q1 ဗင်​ဟု​ရ၊ဧ​ဖ​ရိမ်​တောင်​ကုန်း \q1 \v 9 ဗင်​ဒေ​ကာ၊မာ​ကတ်​မြို့၊ရှာ​လ​ဗိမ်​မြို့၊ဗက်​ရှေ​မက်​မြို့၊ ဧ​လုဒ်​မြို့​နှင့်​ဗက်​ဟ​နန်​မြို့၊ \q1 \v 10 ဗင်​ဟေ​သက်၊အ​ရု​ဗုတ်​မြို့၊စော​ခေါ​မြို့​နှင့်​ဟေ​ဖာ နယ်​မြေ​တစ်​ခု​လုံး၊ \q1 \v 11 ရှော​လ​မုန်​၏​သ​မီး​တော်​တာ​ဖတ်​နှင့်​စုံ​ဖက်​သည့် ဗင်​အ​ဘိ​န​ဒပ်၊ဒေါ​ရ​နယ်​မြေ​တစ်​ခု​လုံး၊ \q1 \v 12 အ​ဟိ​လုပ်​၏​သား​ဗာ​န၊တာ​နက်​မြို့၊မေ​ဂိဒ္ဒေါ​မြို့​နှင့် တ​ကွ အာ​ဗေ​လ​မ​ဟော​လ​မြို့​များ​နှင့်​ယုတ်​နန် မြို့​တိုင်​အောင်​ရှိ​သည့်​နယ်​မြေ​တစ်​ခု​လုံး။ ထို​နယ် မြေ​သည်​ဗက်​ရှန်​မြို့​နှင့်​ဇာ​တ​န​မြို့​များ​အ​နီး၊ ယေ​ဇ​ရေ​လ​မြို့​၏​တောင်​ဘက်​တွင်​ရှိ​သ​တည်း။ \q1 \v 13 ဗင်​ဂေ​ဗာ မ​နာ​ရှေ​၏​သား၊ယာ​ဣ​ရ​၏​သား​ချင်း​စု ပိုင်​သည့်​မြို့​များ​ဖြစ်​သော​ဂိ​လဒ်​ပြည်​ရှိ​ရာ​မုတ်​မြို့ နှင့်​ရွာ​များ၊ဗာ​ရှန်​ပြည်၊အာ​ဂေါ​ဘ​ဒေ​သ၊မြို့​ရိုး​နှင့် ကြေး​ဝါ​တံ​ခါး​ကျင်​များ​ဆောက်​လုပ်​တပ်​ဆင် ထား​သည့်​မြို့​ကြီး​ပေါင်း​ခြောက်​ဆယ်၊ \q1 \v 14 ဣ​ဒေါ​၏​သား​အ​ဟိ​န​ဒပ်၊မ​ဟာ​နိမ်​မြို့​နယ်၊ \q1 \v 15 ရှော​လ​မုန်​၏​သ​မီး​တော်​ဗာ​သ​မတ်​နှင့်​စုံ​ဖက် သည့် အ​ဟိ​မတ်၊န​ဿ​လိ​နယ်​မြေ \q1 \v 16 ဟု​ရှဲ​၏​သား​ဗာ​နာ၊အာ​ရှာ​ဒေ​သ​နှင့်​အာ​လုပ်​မြို့ \q1 \v 17 ပါ​ရွာ​၏​သား​ယော​ရှ​ဖတ်၊ဣ​ဿ​ခါ​နယ်​မြေ \q1 \v 18 ဧ​လာ​၏​သား​ရှိ​မိ၊ဗင်္ယာ​မိန်​နယ်​မြေ \q1 \v 19 ဥ​ရိ​၏​သား​ဂေ​ဗ​အာ​မော​ရိ​ဘု​ရင်​ရှိ​ဟုန် နှင့်၊ဗာ​ရှန်​ဘု​ရင်​သြ​ဃ​အုပ်​စိုး​ခဲ့​သော​ဂိ​လဒ် နယ်​မြေ၊ ဤ​ဘု​ရင်​ခံ​တစ်​ဆယ်​နှစ်​ယောက် အ​ပြင် တစ်​ပြည်​လုံး​အုပ်​စိုး​ရ​သည့်​ဘု​ရင်​ခံ တစ်​ယောက်​ရှိ​သေး​သ​တည်း။ \s1 ရှော​လ​မုန်​၏​စည်​ပင်​သာ​ယာ​သည့်​နန်း​စံ​နှစ်​များ \p \v 20 ယု​ဒ​နှင့်​ဣသ​ရေ​လ​ပြည်​သူ​ပြည်​သား​တို့​သည် သ​မုဒ္ဒ​ရာ​ကမ်း​ခြေ​သဲ​လုံး​နှင့်​အ​မျှ​များ​ပြား ကြ​၏။ သူ​တို့​သည်​ရွှင်​လန်း​စွာ​စား​သောက် နေ​ထိုင်​ကြ​၏။- \v 21 ရှော​လ​မုန်​သည်​ဥ​ဖ​ရတ်​မြစ်​မှ​ဖိ​လိတ္တိ​ပြည် နှင့်​အီ​ဂျစ်​ပြည်​နယ်​စပ်​တိုင်​အောင် ရှိ​သ​မျှ သော​တိုင်း​နိုင်​ငံ​တို့​ကို​အ​စိုး​ရ​တော်​မူ​၏။ ထို​နိုင်​ငံ​တို့​သည်​မင်း​ကြီး​အား​အ​ခွန် ပဏ္ဏာ​ဆက်​သ​ကြ​၍ မင်း​ကြီး​အ​သက်​ရှင် သ​မျှ​ကာ​လ​ပတ်​လုံး​သူ​၏​လက်​အောက် ခံ​နိုင်​ငံ​များ​ဖြစ်​ကြ​၏။\x + \xo 4:21 \xt က၊ ၁၅:၁၈။ ၆ရာ၊ ၉:၂၆။\x* \p \v 22 တစ်​နေ့​အ​တွက် ရှော​လ​မုန်​လို​အပ်​သည့်​ရိက္ခာ မှာ ဂျုံ​မှုန့်​အ​နု​တင်း​တစ်​ရာ့​ငါး​ဆယ်​နှင့်​ဂျုံ မှုန့်​အ​ကြမ်း​တင်း​သုံး​ရာ။- \v 23 ဆတ်၊ သ​မင်၊ ဒ​ရယ်​နှင့်​ကြက်​များ​အ​ပြင်​ခြံ လှောင်​မွေး​သည့်​နွား​ဆယ်​ကောင်၊ စား​ကျက် နွား​အ​ကောင်​နှစ်​ဆယ်​နှင့်​သိုး​အ​ကောင် တစ်​ရာ​ဖြစ်​၏။ \p \v 24 ရှော​လ​မုန်​သည်​ဥ​ဖ​ရတ်​မြစ်​ပေါ်​ရှိ​တိ​ဖ​သ မြို့​မှ အ​နောက်​ဘက်​ဂါ​ဇ​မြို့​တိုင်​အောင်​ဥ​ဖ​ရတ် မြစ်​အ​နောက်​ဘက်​ခြမ်း​နယ်​မြေ​အ​ပေါင်း​ကို အ​စိုး​ရ​တော်​မူ​၏။ ဥ​ဖ​ရတ်​မြစ်​၏​အ​နောက် ဘက်​ရှိ​ဘု​ရင်​အ​ပေါင်း​တို့​သည်​သူ​၏​လက် အောက်​ခံ​များ​ဖြစ်​ကြ​၏။ သူ​သည်​လည်း​မိ​မိ အိမ်​နီး​ချင်း​တိုင်း​ပြည်​ရှိ​သ​မျှ​နှင့်​ငြိမ်း​ချမ်း စွာ​နေ​ထိုင်​တော်​မူ​၏။- \v 25 သူ​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး​ယု​ဒ ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​တစ်​ဝန်း​လုံး​ရှိ​လူ တို့​သည် မိ​မိ​တို့​အိမ်​ထောင်​စု​အ​သီး​သီး​ပိုင် စ​ပျစ်​ခြံ၊ သင်္ဘော​သ​ဖန်း​ခြံ​တွင်​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ထိုင်​ကြ​လေ​သည်။ \p \v 26 ရှော​လ​မုန်​မင်း​တွင်​ရ​ထား​မြင်း​များ​အ​တွက် မြင်း​ဇောင်း​လေး​သောင်း​နှင့်​တိုက်​မြင်း​များ အ​တွက်​မြင်း​ဇောင်း​တစ်​သောင်း​နှစ်​ထောင် ရှိ​လေ​သည်။-\x + \xo 4:26 \xt ၃ရာ၊ ၁၀:၂၆။ ၆ရာ၊ ၁:၁၄၊ ၉:၂၅။\x* \v 27 တစ်​လ​လျှင်​တစ်​ယောက်​ကျ​ရိက္ခာ​ပေး​ဆက် ရန် တာ​ဝန်​ပေး​ခြင်း​ခံ​ရ​သည့်​ဘု​ရင်​ခံ​တစ် ဆယ့်​နှစ်​ယောက်​တို့​သည် ရှော​လ​မုန်​မင်း​ကိုယ် တိုင်​စား​သုံး​ရန်​အ​တွက်​နှင့် နန်း​တွင်း​သား အ​ပေါင်း​တို့​အ​တွက်​လို​အပ်​သော​ရိက္ခာ​များ ကို​ပေး​ဆက်​ရ​ကြ​၏။ သူ​တို့​သည်​နန်း​တော် တွင်​လို​အပ်​သော​အ​ရာ​မှန်​သ​မျှ​ကို​အ​စဉ် အ​မြဲ​ပေး​ဆက်​ရ​ကြ​လေ​သည်။- \v 28 ဘု​ရင်​ခံ​တိုင်း​သည်​မိ​မိ​တို့​၏​ဝေ​ပုံ​ကျ မု​ယော​စ​ပါး​နှင့်​ကောက်​ရိုး​ကို​လည်း​စစ် ရ​ထား​မြင်း​များ၊ လား​များ​အ​တွက်​လို အပ်​သည့်​နေ​ရာ​အ​ရပ်​သို့​အ​ရောက်​ပေး ဆက်​ကြ​၏။ \p \v 29 ဘု​ရား​သ​ခင်​သည်​ရှော​လ​မုန်​အား ထူး​ကဲ သော​ဉာဏ်​ပ​ညာ​နှင့်​ထိုး​ထွင်း​ဉာဏ်​ကို​လည်း ကောင်း၊ အ​တိုင်း​မ​သိ​သော​အ​သိ​တ​ရား ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။- \v 30 ရှော​လ​မုန်​သည်​အ​ရှေ့​တိုင်း​သား​ပညာ​ရှင် များ​နှင့် အီ​ဂျစ်​ပြည်​သား​ပ​ညာ​ရှင်​များ ထက်​ပင်​ပို​၍​ပ​ညာ​ရှိ​လေ​သည်။- \v 31 သူ​သည်​ဧ​ဇ​ရ​ဟိတ်​အမျိုး​သား​ဧ​သန်​ထက် လည်း​ကောင်း၊ မ​ဟော​လ​၏​သား​များ​ဖြစ် သော​ဟေ​မန်၊ ခါ​လ​ကော​လ​နှင့်​ဒါ​ရ​ဒ​တို့ ထက်​လည်း​ကောင်း​ပ​ညာ​ရှိ​၏။ သူ​သည်​လူ အ​ပေါင်း​တို့​တွင်​ပ​ညာ​အ​ရှိ​ဆုံး​ဖြစ် သ​တည်း။ ပတ်​ဝန်း​ကျင်​တိုင်း​နိုင်​ငံ​အ​ပေါင်း သို့​သူ​၏​ပ​ညာ​သ​တင်း​ပျံ့​နှံ့​၍​သွား ၏။-\x + \xo 4:31 \xt ဆာ၊ ၈၉ ခေါင်း​စဉ်။\x* \v 32 သူ​စီ​ကုံး​ပြု​စု​သည့်​စ​ကား​ပုံ​သုံး​ထောင် နှင့်​သီ​ချင်း​တစ်​ထောင်​ကျော်​ရှိ​၏။-\x + \xo 4:32 \xt သု၊ ၁:၁။\x* \v 33 သူ​သည်​လေ​ဗ​နုန်​သစ်​က​တိုး​ပင်​မှ​သည် အုတ် ရိုး​ကပ်​ဟု​ဿုတ်​ပင်​အ​ထိ​သစ်​ပင်​ကြီး​ငယ် များ​အ​ကြောင်း​ကို​ဆွေး​နွေး​တင်​ပြ​ခဲ့​၏။ တိ​ရစ္ဆာန်​များ၊ ငှက်​များ၊ တွား​တတ်​သော​သတ္တ​ဝါ များ​နှင့်​ငါး​များ​၏​အ​ကြောင်း​ကို​လည်း ဖော်​ပြ​ခဲ့​ပေ​သည်။- \v 34 ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ​မင်း​တို့​သည်​ရှော​လ​မုန်​၏ ပ​ညာ​သ​တင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ စေ​တ​မန်​များ​ကို​လွှတ်​၍​သူ​၏​သြ​ဝါ​ဒ များ​ကို​ကြား​နာ​စေ​ကြ​၏။ \c 5 \s1 ဗိ​မာန်​တော်​ဆောက်​လုပ်​ရန်​ရှော​လ​မုန်​ပြင်​ဆင်​ခြင်း \r (၆ရာ၊ ၂:၁-၁၈) \p \v 1 တု​ရု​ဘု​ရင်​ဟိ​ရံ​သည် ဒါ​ဝိဒ်​မင်း​၏​အ​ဆွေ တော်​အ​ဖြစ်​နှင့်​အ​စဉ်​နေ​ထိုင်​ခဲ့​သူ​ဖြစ်​၏။ ထို့​ကြောင့်​ခ​မည်း​တော်​ဒါ​ဝိဒ်​၏​အ​ရိုက်​အ​ရာ ကို​ရှော​လ​မုန်​ဆက်​ခံ​၍ နန်း​တက်​သည့်​အ​ကြောင်း ကို​ကြား​သိ​သော​အ​ခါ​သံ​တ​မန်​များ​ကို ရှော​လ​မုန်​ထံ​သို့​စေ​လွှတ်​လေ​သည်။- \v 2-3 ရှော​လ​မုန်​သည်​ဟိ​ရံ​အား``ကျွန်ုပ်​ခ​မည်း တော်​ဒါ​ဝိဒ်​သည် မိ​မိ​ပတ်​လည်​ရှိ​ရန်​သူ နိုင်​ငံ​များ​ကို​အ​မြဲ​တ​စေ​တိုက်​ခိုက်​လျက် နေ​ရ​သ​ဖြင့် သူ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ကို​ဝတ်​ပြု​ရန်​အ​တွက် ဗိ​မာန်​တော် ကို​မ​တည်​မ​ဆောက်​နိုင်​ခဲ့​ကြောင်း​အ​ဆွေ တော်​သိ​ပါ​၏။ သူ​၏​ရန်​သူ​အ​ပေါင်း​တို့ အား ထာ​ဝ​ရ​ဘု​ရား​မ​နှိမ်​နင်း​မ​ချင်း သူ​သည်​ဗိ​မာန်​တော်​ကို​မ​တည်​မ​ဆောက် နိုင်​ပါ။- \v 4 သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ပတ်​ဝန်း​ကျင် အ​ရပ်​ရပ်​၌​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး တော်​မူ​ပါ​ပြီ။ ကျွန်ုပ်​မှာ​ရန်​သူ​မ​ရှိ​ပါ။ ရန် သူ​တိုက်​ခိုက်​မည့်​အန္တ​ရာယ်​လည်း​မ​ရှိ​ပါ။- \v 5 ထာ​ဝ​ရ​ဘု​ရား​က​ကျွန်ုပ်​၏​ခ​မည်း​တော် အား`သင့်​နောက်​၌​ငါ​မင်း​မြှောက်​မည့်​သူ​သင် ၏​သား​သည် ငါ့​အ​တွက်​ဗိ​မာန်​တော်​ကို တည်​ဆောက်​လိမ့်​မည်' ဟု​က​တိ​ထား​တော် မူ​ခဲ့​ပါ​၏။ ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန်​အ​တွက် ထို​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန်​ယ​ခု ကျွန်ုပ်​စိတ်​ပိုင်း​ဖြတ်​လိုက်​ပါ​ပြီ။-\x + \xo 5:5 \xt ၂ရာ၊ ၇:၁၂-၁၃။ ၅ရာ၊ ၁၇:၁၁-၁၂။\x* \v 6 သို့​ဖြစ်​၍​ကျွန်ုပ်​အ​တွက်​သစ်​က​တိုး​ပင် များ​ကို​ခုတ်​လှဲ​ပေး​ရန် လေ​ဗ​နုန်​တော​သို့ အ​ဆွေ​တော်​၏​လူ​တို့​ကို​စေ​လွှတ်​ပေး​စေ လို​ပါ​သည်။ ကျွန်ုပ်​အ​စေ​ခံ​များ​သည်​လည်း ကူ​ညီ​စေ​ပါ​မည်။ အ​ဆွေ​တော်​ဆုံး​ဖြတ် သည့်​အ​ခ​ကြေး​ငွေ​ကို​ကျွန်ုပ်​ပေး​ပါ​မည်။ အ​ဆွေ​တော်​သိ​သည့်​အ​တိုင်း ကျွန်ုပ်​၏​လူ တို့​သည်​အ​ဆွေ​တော်​၏​လူ​တို့​ကဲ့​သို့​သစ် ခုတ်​မှု​တွင်​မ​ကျွမ်း​ကျင်​ကြ​ပါ'' ဟု​မှာ ကြား​လိုက်​၏။ \p \v 7 ရှော​လ​မုန်​မင်း​မှာ​ကြား​သော​စ​ကား​ကို ကြား​ရ​သော​အ​ခါ ဟိ​ရံ​မင်း​သည်​လွန်​စွာ အား​ရ​နှစ်​သက်​သ​ဖြင့်``ဤ​သို့​ကြီး​မား​သည့် နိုင်​ငံ​တော်​ကို​အုပ်​စိုး​ရန်​အ​တွက် ဒါ​ဝိဒ် အား​ဤ​မျှ​ပ​ညာ​ရှိ​သော​သား​ကို​ပေး​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား ယ​နေ့​ထော မ​နာ​ပြု​ကြ​လော့'' ဟု​မြွက်​ဆို​တော်​မူ​၏။- \v 8 ထို​နောက်​ဟိ​ရံ​သည် ရှော​လ​မုန်​ထံ​သို့``အ​ဆွေ တော်​ပေး​ပို့​သော​အ​မှာ​တော်​စ​ကား​ကို​ကြား သိ​ပါ​ပြီ။ ကျွန်ုပ်​သည်​အ​ဆွေ​တော်​မှာ​ကြား လိုက်​သည့်​အ​တိုင်း​ဆောင်​ရွက်​ရန်​အ​သင့်​ရှိ ပါ​၏။ အ​ဆွေ​တော်​၏​ထံ​သို့​သစ်​က​တိုး နှင့်​ထင်း​ရှူး​သစ်​များ​ကို​ပေး​ပို့​လိုက်​ပါ မည်။- \v 9 ကျွန်ုပ်​၏​လူ​တို့​သည်​သစ်​လုံး​များ​ကို​လေ ဗ​နုန်​တောင်​မှ​ပင်​လယ်​ကမ်း​ခြေ​အ​ထိ​ယူ ဆောင်​ကာ​ဖောင်​ဖွဲ့​၍ အ​ဆွေ​တော်​အ​လို​ရှိ ရာ​ဆိပ်​ကမ်း​သို့​မျှော​ချ​ပေး​ပါ​မည်။ သူ တို့​သည်​ထို​ဆိပ်​ကမ်း​တွင်​ဖောင်​များ​ကို ဖျက်​၍ သစ်​လုံး​များ​ကို​အ​ဆွေ​တော်​၏​လူ တို့​အား​ပေး​အပ်​ကြ​ပါ​မည်။ အ​ဆွေ​တော် အ​နေ​ဖြင့်​ကျွန်ုပ်​၏​လူ​များ​အ​တွက်​စား နပ်​ရိက္ခာ​ကို​ထောက်​ပံ့​စေ​လို​ပါ​သည်'' ဟု ပြန်​ကြား​လိုက်​၏။ \p \v 10 ထို့​ကြောင့်​ဟိ​ရံ​က​ရှော​လ​မုန်​လို​သ​မျှ သော သစ်​က​တိုး​နှင့်​ထင်း​ရှူး​သစ်​ကို​ပေး​ပို့​၍၊- \v 11 ရှော​လ​မုန်​က​လည်း​ဟိ​ရံ​၏​လူ​များ​စား​သုံး ရန်​အ​တွက် တစ်​နှစ်​လျှင်​ဂျုံ​ဆန်​တင်း​တစ်​သိန်း နှင့်​သံ​လွင်​ဆီ​အ​စစ်​ဂါ​လံ​တစ်​သိန်း​တစ် သောင်း​ကို​ပေး​ပို့​လေ​သည်။ \p \v 12 ထာ​ဝရ​ဘု​ရား​သည်​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ရှော​လ​မုန်​အား​ဉာဏ်​ပ​ညာ​ကို​ပေး​တော်​မူ​၏။ ဟိ​ရံ​နှင့်​ရှော​လ​မုန်​တို့​သည်​ငြိမ်း​ချမ်း​စွာ နေ​ထိုင်​လျက် မ​ဟာ​မိတ်​စာ​ချုပ်​ချုပ်​ဆို​ကြ လေ​သည်။ \p \v 13 ရှော​လ​မုန်​သည်​ဣသ​ရေ​လ​ပြည်​တစ်​ပြည်​လုံး မှ လူ​သုံး​သောင်း​ကို​ချွေး​တပ်​သား​အ​ဖြစ်​ဖြင့် ဆင့်​ခေါ်​တော်​မူ​ပြီး​လျှင်၊- \v 14 အ​ဒေါ​နိ​ရံ​အား​သူ​တို့​ကို​အုပ်​ချုပ်​စေ​တော် မူ​၏။ မင်း​ကြီး​သည်​ထို​သူ​တို့​အား​လူ​တစ် သောင်း​စီ​အ​ဖွဲ့​သုံး​ဖွဲ့​ဖွဲ့​တော်​မူ​၍ တစ်​ဖွဲ့​ကို တစ်​လ​ကျ​လေ​ဗ​နုန်​တောင်​သို့​စေ​လွှတ်​ပြီး လျှင် နှစ်​လ​မျှ​အိမ်​သို့​ပြန်​၍​နေ​ထိုင်​ခွင့်​ပြု တော်​မူ​၏။-\x + \xo 5:14 \xt ၃ရာ၊ ၁၂:၁၈။\x* \v 15 ရှော​လ​မုန်​သည်​ကျောက်​ဆစ်​ရန်​လူ​ရှစ်​သောင်း ကို​လည်း​ကောင်း၊ ကျောက်​သယ်​မည့်​သူ​လူ​ခု​နစ် သောင်း​နှင့်​အ​တူ​တောင်​ပေါ်​ဒေ​သ​သို့​စေ လွှတ်​တော်​မူ​၏။- \v 16 ထို့​နောက်​မင်း​ကြီး​သည်​ထို​သူ​တို့​၏​အ​လုပ် ကို​ကြီး​ကြပ်​သူ လူ​သုံး​ထောင်​သုံး​ရာ​ကို​ခန့် ထား​တော်​မူ​၏။- \v 17 ရှော​လ​မုန်​မင်း​၏​အ​မိန့်​တော်​အ​ရ​ထို ချွေး​တပ်​သား​တို့​သည် ဗိ​မာန်​တော်​တိုက်​မြစ် အ​တွက်​ကျောက်​တုံး​ကြီး​များ​ကို​ဆစ်​ရ ကြ​၏။- \v 18 ရှော​လ​မုန်​၏​အ​လုပ်​သ​မား​များ​နှင့်​ဟိ​ရံ​၏ အ​လုပ်​သ​မား​များ​သည်​ဗိ​မာန်​တော်​ဆောက်​လုပ် ရန်​အ​တွက် ဂေ​ဗာ​လ​မြို့​သား​များ​နှင့်​အ​တူ ကျောက်​များ​နှင့်​သစ်​များ​ကို​ပြင်​ဆင်​ကြ လေ​သည်။ \c 6 \s1 ဗိ​မာန်​တော်​ကို​ရှော​လ​မုန်​တည်​ဆောက်​တော်​မူ​ခြင်း \p \v 1 အီ​ဂျစ်​ပြည်​မှ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ထွက်​ခွာ​သွား​ပြီး​နောက် အ​နှစ်​လေး​ရာ့​ရှစ်​ဆယ် ကြာ​သော​အ​ခါ​ဣ​သ​ရေ​လ​ဘု​ရင်​ရှော​လ​မုန် မင်း​သည် မိ​မိ​နန်း​စံ​လေး​နှစ်​မြောက်၊ ဇိ​ဖ​ဟု အ​မည်​တွင်​သော​ဒု​တိ​ယ​လ​၌​ဗိ​မာန်​တော် ကို​စ​တင်​တည်​ဆောက်​တော်​မူ​၏။- \v 2 ထို​ဗိ​မာန်​တော်​၏​အ​တွင်း​မှာ​အ​လျား​ပေ ကိုး​ဆယ်၊ အ​နံ​ပေ​သုံး​ဆယ်၊ အ​မြင့်​လေး ဆယ့်​ငါး​ပေ​ရှိ​၏။- \v 3 မျက်​နှာ​စာ​မုဒ်​ဦး​ဆောင်​သည်​ဗိ​မာန်​တော်​ကဲ့​သို့ ပင် အ​လျား​တစ်​ဆယ့်​ငါး​ပေ၊ အ​နံ​ပေ​သုံး​ဆယ် ရှိ​လေ​သည်။- \v 4 ဗိ​မာန်​တော်​နံ​ရံ​များ​တွင်​ပြူတင်း​ပေါက်​များ​ရှိ ၍ ယင်း​တို့​၏​အ​ပြင်​ပိုင်း​သည်​အ​တွင်း​ပိုင်း ထက်​ပို​၍​ကျဉ်း​၏။- \v 5 ဗိ​မာန်​တော်​၏​အ​ပြင်​နံ​ဘေး​နှစ်​ဘက်​နံ​ရံ​များ နှင့်​ကျော​ဘက်​နံ​ရံ​တွင်​ကပ်​၍ အ​ခန်း​ငယ်​များ ကို​ဆောက်​လုပ်​ထား​လေ​သည်။ ထို​အ​ခန်း​ငယ် များ​မှာ​အ​ထပ်​သုံး​ထပ်​ရှိ​၍​တစ်​ထပ်​လျှင် ခု​နစ်​ပေ​ခွဲ​စီ​မြင့်​၏။- \v 6 အောက်​ဆုံး​ထပ်​အ​ခန်း​များ​သည်​အ​ကျယ် ခု​နစ်​ပေ​ခွဲ၊ အ​လယ်​ထပ်​၌​ကိုး​ပေ​စီ၊ အ​ပေါ် ဆုံး​ထပ်​၌​ဆယ်​ပေ​ခွဲ​စီ​ရှိ​၏။ ထို​အ​ခန်း​များ ကို​ဆောက်​လုပ်​ရာ​တွင်​ယက်​မ​များ​ကို နံ​ရံ ကို​မ​ဖောက်​ဘဲ​နံ​ရံ​ပေါ်​တွင်​တင်​၍​ဆောက် လုပ်​နိုင်​စေ​ရန် ဗိ​မာန်​တော်​နံ​ရံ​တို့​ကို​အ​ထက် ထပ်​တွင်​အောက်​ထပ်​ထက်​ပို​၍​ပါး​အောင် ပြု​လုပ်​ထား​လေ​သည်။ \p \v 7 ဗိ​မာန်​တော်​ဆောက်​လုပ်​ရာ​တွင် အ​သုံး​ပြု​သည့် ကျောက်​များ​ကို​ကျောက်​တွင်း​တွင်​ဆစ်​ပြီး​မှ ယူ​ခဲ့​သ​ဖြင့် ဗိ​မာန်​တော်​တည်​ဆောက်​ချိန်​၌ တူ၊ ပု​ဆိန်​စ​သော​သံ​တန်​ဆာ​များ​နှင့်​ထု​လုပ် သံ​မ​ကြား​ရ​ချေ။ \p \v 8 အောက်​ဆုံး​ခန်း​ငယ်​အ​ဝင်​ဝ​မှာ​ဗိ​မာန်​တော် ၏​တောင်​ဘက်​တွင်​ရှိ​၏။ ဒု​တိ​ယ​နှင့်​တ​တိ​ယ ထပ်​များ​သို့​တက်​ရန်​လှေ​ကား​များ​တပ်​ဆင် ထား​၏။- \v 9 ဗိ​မာန်​တော်​ကို​တည်​ဆောက်​ပြီး​သော​အ​ခါ ရှော​လ​မုန်​သည် သစ်​က​တိုး​သား​ထုပ်​များ ပျဉ်​များ​ဖြင့်​မျက်​နှာ​ကျက်​ကို​တပ်​ဆင် တော်​မူ​၏။- \v 10 တစ်​ထပ်​လျှင်​ခု​နစ်​ပေ​ခွဲ​မြင့်​သည့်​သုံး​ထပ် အ​ခန်း​ငယ်​များ​ကို​ဗိ​မာန်​တော်​အ​ပြင်​နံ​ရံ များ​နှင့်​ကပ်​၍​ဆောက်​လုပ်​ပြီး​လျှင် သစ်​က​တိုး ယက်​မ​များ​ဖြင့်​နံ​ရံ​နှင့်​ဆက်​စပ်​၍​ထား လေ​သည်။ \p \v 11 ထာ​ဝ​ရ​ဘု​ရား​က​ရှော​လ​မုန်​အား၊- \v 12 ``သင်​သည်​ငါ​၏​ပ​ညတ်​တော်​များ​နှင့်​အ​မိန့် တော်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း​လျှင် သင့်​ခ​မည်း တော်​ဒါ​ဝိဒ်​အား​ငါ​ပေး​ခဲ့​သည့်​က​တိ အ​တိုင်း​သင့်​အ​တွက်​ငါ​ပြု​မည်။- \v 13 သင်​ဆောက်​လုပ်​လျက်​ရှိ​သည့်​ဗိ​မာန်​တော်​တွင် ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​အ​လယ်​တွင်​ငါ​ကျိန်း​ဝပ်​မည်'' ဟု မိန့်​တော်​မူ​၏။ \p \v 14 သို့​ဖြစ်​၍​ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​ကို​ပြီး အောင်​တည်​ဆောက်​တော်​မူ​၏။ \s1 ဗိ​မာန်​တော်​အ​တွင်း​အ​မွှန်း​တန်​ဆာ​ဆင်​ယင်​ခြင်း \r (၂ရာ၊ ၃: ၈-၁၄) \p \v 15 အ​တွင်း​နံ​ရံ​များ​ကို​ကြမ်း​မှ​မျက်​နှာ​ကျက် တိုင်​အောင် သစ်​က​တိုး​သား​ပျဉ်​ဖြင့်​ဖုံး​အုပ်​ပြီး လျှင် ကြမ်း​ကို​ထင်း​ရှူး​ပျဉ်​များ​ဖြင့်​ခင်း​ထား လေ​သည်။- \v 16 အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဟု​ခေါ်​တွင် သော​ဗိ​မာန်​တော်​အ​တွင်း​ခန်း​သည် အ​လျား ပေ​သုံး​ဆယ်​ရှိ​၍​ယင်း​ကို​သစ်​က​တိုး​သား ပျဉ်​များ​ဖြင့်​မျက်​နှာ​ကျက်​အ​ထိ​ကာ​ရံ ထား​၏။-\x + \xo 6:16 \xt ထွ၊ ၂၆: ၃၃-၃၄။\x* \v 17 အ​လွန်​သန့်​ရှင်း​ရာ​ဌာန​အ​ရှေ့​ရှိ​အ​ခန်း​သည် အ​လျား​ပေ​ခြောက်​ဆယ်​ရှိ​၏။- \v 18 သစ်​က​တိုး​သား​ပျဉ်​များ​တွင်​အ​သီး​အ​ပွင့်​ပုံ များ​ထု​လုပ်​ခြယ်​လှယ်​ထား​လေ​သည်။ ကျောက် နံ​ရံ​ကို​မ​မြင်​နိုင်​စေ​ရန် ဗိ​မာန်​တော်​အ​တွင်း ပိုင်း​တစ်​ခု​လုံး​ကို​သစ်​က​တိုး​သား​ဖြင့်​ဖုံး အုပ်​ထား​သ​တည်း။ \p \v 19 ဗိ​မာန်​တော်​၏​အ​နောက်​ဘက်​ပိုင်း​တွင် ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ထား​ရှိ​ရန် အ​တွက် ဗိ​မာန်​တော်​အ​တွင်း​ခန်း​ကို​ဆောက် လုပ်​ထား​၏။- \v 20 ထို​အ​ခန်း​သည်​အ​လျား​ပေ​သုံး​ဆယ်၊ အနံ​ပေ သုံး​ဆယ်၊ အ​မြင့်​ပေ​သုံး​ဆယ်​ရှိ​၍ ယင်း​ကို​ရွှေ စင်​ဖြင့်​မွမ်း​မံ​ထား​လေ​သည်။ ယဇ်​ပလ္လင်​ကို​မူ သစ်​က​တိုး​သား​ဖြင့်​ပြု​လုပ်​ထား​၏။- \v 21 ဗိ​မာန်​တော်​အ​တွင်း​ပိုင်း​ကို​ရွှေ​ဖြင့်​မွမ်း​မံ​ထား ပြီး​လျှင် ရွှေ​ဖြင့်​ပင်​မွမ်း​မံ​သည့်​ဗိ​မာန်​တော် အ​တွင်း​ခန်း​၏​အ​ဝင်​ဝ​ကို​ရွှေ​ကြိုး​များ​ဆွဲ ချိပ်​ထား​လေ​သည်။- \v 22 ဗိ​မာန်​တော်​အတွင်း​ပိုင်း​တစ်​ခု​လုံး​ကို​လည်း ကောင်း၊ ဗိ​မာန်​တော်​၏​အ​လွန်​သန့်​ရှင်း​ရာ ဌာ​န​ရှိ​ယဇ်​ပလ္လင်​ကို​လည်း​ကောင်း​ရွှေ​ဖြင့် မွမ်း​မံ​၍​ထား​သ​တည်း။\x + \xo 6:22 \xt ထွ၊ ၃၀:၁-၃။\x* \p \v 23 သံ​လွင်​သား​ဖြင့်​ပြု​လုပ်​၍ အ​မြင့်​ဆယ့်​ငါး​ပေ စီ​ရှိ​သော​ခေ​ရု​ဗိမ်​နှစ်​ပါး​ကို အ​လွန်​သန့်​ရှင်း ရာ​ဌာ​န​တော်​တွင်​ထား​ရှိ​၏။-\x + \xo 6:23 \xt ထွ၊ ၂၅: ၁၈-၂၀။\x* \v 24-26 ထို​ခေ​ရု​ဗိမ်​နှစ်​ပါး​တို့​သည်​အ​ရပ်​နှင့်​သဏ္ဌာန် တူ​ညီ​ကြ​၏။ ယင်း​တို့​တွင်​အ​လျား​ခု​နစ်​ပေ​ခွဲ ရှိ​သော​အ​တောင်​နှစ်​ခု​စီ​ရှိ​သ​ဖြင့် အ​တောင် ဖျား​တစ်​ခု​မှ​အ​ခြား​တစ်​ခု​အ​ထိ​တစ်​ဆယ့် ငါး​ပေ​ရှိ​လေ​သည်။- \v 27 ခေ​ရု​ဗိမ်​တို့​ဖြန့်​ထား​သည့်​အ​တောင်​နှစ်​ခု​တို့ သည် နံ​ရံ​များ​နှင့်​ထိ​၍​နေ​ကြ​စေ​ရန်​ခေ​ရု​ဗိမ် နှစ်​ပါး​ကို​ယှဉ်​၍ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​၌ ထား​ရှိ​၏။- \v 28 ခေ​ရု​ဗိမ်​တို့​ကို​ရွှေ​ဖြင့်​မွမ်း​မံ​၍​ထား​သ​တည်း။ \p \v 29 ဗိ​မာန်​တော်​ခန်း​မ​ကြီး​နံ​ရံ​နှင့် အ​တွင်း​ခန်း​နံ​ရံ တို့​ကို​ခေ​ရု​ဗိမ်​ရုပ်​များ၊ စွန်​ပ​လွံ​ပင်​နှင့်​ပန်း​ပွင့် ပုံ​များ​ဖြင့်​ထု​လုပ်​တန်​ဆာ​ဆင်​ထား​၏။- \v 30 ကြမ်း​ပြင်​ကို​ပင်​လျှင်​ရွှေ​ဖြင့်​မွမ်း​မံ​၍​ထား လေ​သည်။ \p \v 31 အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​အ​ဝင်​ဝ​၌​သံ​လွင် သား​တံ​ခါး​ရွက်​နှစ်​ရွက်​ကို​တပ်​ဆင်​ထား​၍ တံ​ခါး​ပေါက်​ထိပ်​ပိုင်း​မှာ​အ​ခုံး​ချွန်​ပုံ​သဏ္ဌာန် ရှိ​၏။- \v 32 တံ​ခါး​ရွက်​များ​၌​ခေ​ရု​ဗိမ်​ရုပ်​များ၊ စွန်​ပ​လွံ​ပင် နှင့်​ပန်း​ပွင့်​ပုံ​များ​ကို​ထု​လုပ်​ထား​၏။ တံ​ခါး​ရွက် များ၊ ခေ​ရု​ဗိမ်​ရုပ်​များ​နှင့်​စွန်​ပ​လွံ​ပင်​ပုံ​များ ကို​ရွှေ​ဖြင့်​မွမ်း​မံ​ထား​၏။- \v 33 ဗိ​မာန်​တော်​ခန်း​မ​ကြီး​၏​အ​ဝင်​ဝ​အ​တွက် ထောင့်​မှန်​စ​တု​ဂံ​ပုံ​သဏ္ဌာန်​ရှိ​သော​တံ​ခါး ဘောင်​ကို​သံ​လွင်​သား​ဖြင့်​ခွေ​လျက်၊- \v 34 ခေါက်​တံ​ခါး​ရွက်​တစ်​စုံ​ကို​ထင်း​ရှူး​သား​ဖြင့် ပြု​လုပ်​ပြီး​လျှင်၊- \v 35 ခေ​ရု​ဗိမ်​ရုပ်​များ၊ စွန်​ပ​လွံ​ပင်​နှင့်​ပန်း​ပွင့်​ပုံ​များ ထု​လုပ်​၍ ပုံ​လုံး​ပေါ်​ရွှေ​ဖြင့်​မွမ်း​မံ​လေ​၏။ \p \v 36 ဗိ​မာန်​တော်​ရှေ့​၌​အ​တွင်း​တန်​တိုင်း​ကို​ဆစ် ကျောက်​သုံး​ဆင့်​လျှင် သစ်​က​တိုး​သား​ယက်​မ တစ်​ဆင့်​စီ​ဖြင့်​အ​ထပ်​ထပ်​ဆောက်​လုပ်​ထား​၏။ \p \v 37 ရှော​လ​မုန်​မင်း​နန်း​စံ​လေး​နှစ်​မြောက်​ဇိ​ဖ​ခေါ် ဒု​တိ​ယ​လ​၌ ဗိ​မာန်​တော်​ကို​ကျောက်​မြစ်​ချ​၍၊- \v 38 ရှော​လ​မုန်​မင်း​နန်း​စံ​တစ်​ဆယ့်​တစ်​နှစ်​မြောက်၊ ဗု​လ ခေါ်​အ​ဋ္ဌ​မ​လ​၌ ဗိ​မာန်​တော်​ကို​ရေး​ဆွဲ​ထား​သည့် ပုံ​စံ​အ​တိုင်း​တစ်​သ​ဝေ​မ​တိမ်း​ဆောက်​လုပ်​ပြီး လေ​သည်။ ယင်း​သို့​ဆောက်​လုပ်​မှု​မှာ​ခု​နစ်​နှစ် တိုင်​တိုင်​ကြာ​သ​တည်း။ \c 7 \s1 ရှော​လ​မုန်​၏​နန်း​တော် \p \v 1 ရှော​လ​မုန်​မင်း​သည်​မိ​မိ​အ​တွက်​နန်း​တော်​ကို တစ်​ဆယ့်​သုံး​နှစ်​နှင့်​အ​ပြီး​သတ်​တည်​ဆောက် တော်​မူ​လေ​သည်။- \v 2-3 လေ​ဗ​နုန်​တော​ခေါ်​ခန်း​မ​ဆောင်\f 3 \fr 7:2-3 \ft * \+fk လေ​ဗ​နုန်​တော​ခေါ်​ခန်း​မ​ဆောင်။ \ft အ​ခမ်း​အ​နား​ကျင်း​ပ​ရာ​ခန်း​မ​ဆောင်​ဖြစ် ၍​သစ်​က​တိုး​သား​ဖြင့်​နံ​ရံ​ကပ်​ထား​သ​ဖြင့် လေ​ဗ​နုန်​တော​ဟု​ခေါ်​ပုံ​ရ​သည်။\f* အ​လျား​တစ်​ရာ့​ငါး​ဆယ်​ပေ၊ အ​နံ​ခု​နစ်​ဆယ့် ငါး​ပေ၊ အ​မြင့်​လေး​ဆယ့်​ငါး​ပေ​ရှိ​၏။ ထို ခန်း​မ​ဆောင်​တွင်​သစ်​က​တိုး​သား​တစ်​ဆယ့် ငါး​တိုင်​ရှိ​သော​တိုင်​တန်း​သုံး​တန်း​ရှိ​၏။ ထို တိုင်​များ​ပေါ်​တွင်​သစ်​က​တိုး​သား​ထုပ်​များ တင်​ထား​၏။ မျက်​နှာ​ကျက်​ကို​လည်း​သစ် က​တိုး​သား​ဖြင့်​ပြု​လုပ်​ထား​လေ​သည်။- \v 4 နံ​ရံ​နှစ်​ခု​၌​မျက်​နှာ​ချင်း​ဆိုင်​ပြူ​တင်း ပေါက်​သုံး​တန်း​စီ​ရှိ​၏။- \v 5 တံ​ခါး​ပေါက်​များ​နှင့်​ပြူ​တင်း​ပေါက်​များ​တွင် ထောင့်​မှန်​စ​တု​ဂံ​ပုံ​သဏ္ဌာန်​တံ​ခါး​ဘောင်​များ ရှိ​၏။ \p \v 6 ထောက်​တိုင်​များ​ပါ​သော​ခန်း​မ​ဆောင်​မှာ​အ​လျား ခု​နစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​ငါး​ပေ​ရှိ​၏။ ၎င်း​၏​မျက်​နှာ​စာ​မှာ​တိုင်​များ​နှင့်​တ​ကွ အ​မိုး​ရှိ​၏။ \p \v 7 အ​မှု​အ​ခင်း​များ​ကို​ရှော​လ​မုန်​စစ်​ဆေး​စီ​ရင် သည့် တ​ရား​စီ​ရင်​ရာ​ခန်း​မ​ဆောင်​ဟု​ခေါ်​သော ရာ​ဇ​ပလ္လင်​ခန်း​ကို​ကြမ်း​ပြင်​မှ​ဒိုင်း​များ​အ​ထိ သစ်​က​တိုး​သား​ပျဉ်​ဖြင့်​ခင်း​ကာ​ထား​လေ သည်။ \p \v 8 တ​ရား​စီ​ရင်​ရာ​ခန်း​မ​ဆောင်​၏​နောက်​၌ တံ တိုင်း​တစ်​ခု​အ​တွင်း​တွင်​ရှော​လ​မုန်​၏​စံ​နန်း ဆောင်​ကို အ​ခြား​အ​ဆောက်​အ​အုံ​များ​နည်း တူ​ဆောက်​လုပ်​ထား​၏။ မင်း​ကြီး​သည်​မိ​မိ​၏ မိ​ဖု​ရား​ဖြစ်​သူ​အီ​ဂျစ်​ဘု​ရင်​၏​သ​မီး တော်​အ​တွက် စံ​အိမ်​တော်​ကို​လည်း​မိ​မိ​၏ စံ​နန်း​ကဲ့​သို့​ပင်​ဆောက်​လုပ်​တော်​မူ​လေ သည်။\x + \xo 7:8 \xt ၃ရာ၊ ၃:၁။\x* \p \v 9 ဤ​အ​ဆောက်​အ​အုံ​ရှိ​သ​မျှ​ကို​အ​မြစ်​မှ တံ​စက်​မြိတ်​တိုင်​အောင် ကျောက်​တုံး​များ​ဖြင့် ဆောက်​လုပ်​ထား​၏။ ထို​ကျောက်​တို့​ကို​ကျောက် ခွဲ​စခန်း​တွင်​အ​တိုင်း​အ​တာ​အ​ရ ဆစ်​၍ အ​တွင်း​အပြင်​တို့​ကို​လွှ​ဖြင့်​ညှိ​ထား လေ​သည်။- \v 10 အ​မြစ်​တည်​ဆောက်​သည့်​ကျောက်​များ​မှာ​ကျောက် ခွဲ​စ​ခန်း​တွင်​ဆစ်​ထား​သည့်​ကျောက်​တုံး​ကြီး များ​ဖြစ်​၍ အ​ချို့​မှာ​အ​လျား​တစ်​ဆယ့်​နှစ်​ပေ၊ အ​ချို့​မှာ​တစ်​ဆယ့်​ငါး​ပေ​ရှိ​သ​တည်း။- \v 11 ကျောက်​တုံး​ကြီး​များ​အ​ပေါ်​တွင်​ထပ်​ဆင့်​၍ အ​တိုင်း​အ​တာ​အ​ရ​ဆစ်​ထား​သည့်​အ​ခြား ကျောက်​များ၊ သစ်​က​တိုး​ယက်​မ​တုံး​များ နှင့်​တည်​ဆောက်​ထား​၏။- \v 12 နန်း​တော်​တံ​တိုင်း၊ ဗိ​မာန်​တော်​တံ​တိုင်း​နှင့်​ဗိ​မာန် တော်​မုခ်​ဦး​ဆောင်​နံ​ရံ​တို့​ကို​ဆစ်​ပြီး​ကျောက် သုံး​ထပ်​လျှင် သစ်​က​တိုး၊ ယက်​မ​တုံး​တစ်​ထပ် ကျ​ဖြင့်​တည်​ဆောက်​ထား​သ​တည်း။ \s1 ဟိ​ရံ​၏​အ​လုပ်​တာ​ဝန် \p \v 13 ရှော​လ​မုန်​မင်း​သည်​တု​ရု​မြို့​သား၊ လက်​ရာ မြောက်​သူ​ကြေး​ဝါ​ပန်း​တဉ်း​ဆ​ရာ​ဟိ​ရံ​ကို ဖိတ်​ခေါ်​တော်​မူ​၏။- \v 14 ကွယ်​လွန်​သွား​ပြီ​ဖြစ်​သော​သူ​၏​ဖ​ခင်​သည်​လည်း တု​ရု​မြို့​တွင်​နေ​ထိုင်​ခဲ့​၍​လက်​ရာ​မြောက်​သည့် ကြေး​ဝါ​ပန်း​တဉ်း​ဆ​ရာ​ပင်​ဖြစ်​သည်။ သူ​၏ မိ​ခင်​မှာ​န​ဿ​လိ​အ​နွယ်​ဝင်​ဖြစ်​ပေ​သည်။ ဟိ​ရံ သည်​အ​သိ​ဉာဏ်​ရှိ​၍​အ​လုပ်​ရည်​ဝ​သူ​တစ်​ဦး ဖြစ်​၏။ သူ​သည်​ရှော​လ​မုန်​မင်း​ဖိတ်​ခေါ်​စေ​ခိုင်း သည့်​အ​တိုင်း ကြေး​ဝါ​လုပ်​ငန်း​မှန်​သ​မျှ​ကို တာ​ဝန်​ယူ​၍​ဆောင်​ရွက်​လေ​သည်။ \s1 ကြေး​ဝါ​တိုင်​ကြီး​နှစ်​လုံး \r (၆ရာ၊ ၃:၁၅-၁၇) \p \v 15 ဟိ​ရံ​သည်​အ​မြင့်​နှစ်​ဆယ့်​ခု​နစ်​ပေ၊ လုံး​ပတ် တစ်​ဆယ့်​ရှစ်​ပေ​ရှိ​သော​ကြေး​ဝါ​တိုင်​ကြီး နှစ်​လုံး​ကို​သွန်း​လုပ်​၍ ဗိ​မာန်​တော်​အ​ဝင်​ဝ မှာ​ထား​ရှိ​၏။- \v 16 ထို​တိုင်​ကြီး​များ​ထိပ်​တွင်​တပ်​ဆင်​ရန် အ​မြင့် ခု​နစ်​ပေ​ခွဲ​ရှိ​ကြေး​ဝါ​တိုင်​အုပ်​နှစ်​ခု​ကို လည်း​ပြု​လုပ်​လေ​သည်။- \v 17 တိုင်​ထိပ်​တိုင်း​ကို​လည်း​ကြေး​ဝါ​ကွန်​ရွက်​များ ဖြင့်​လည်း​ကောင်း၊- \v 18 ကြေး​ဝါ​သ​လဲ​သီး​ကုံး​နှစ်​ကုံး​ဖြင့်​လည်း ကောင်း​မွမ်း​မံ​ထား​၏။ \p \v 19 တိုင်​ထိပ်​အုပ်​များ​ကို အ​မြင့်​ခြောက်​ပေ​ရှိ​သည့် ကြာ​ပွင့်​ပုံ​သဏ္ဌာန်​ပြု​လုပ်​၍၊- \v 20 ကွန်​ရက်​ပုံ​၏​အ​ထက်​ရှိ​ထုပ်​ကာ​အ​ပေါ်​၌​တပ် ဆင်​ထား​လေ​သည်။ တိုင်​ထိပ်​အုပ်​တစ်​ခု​စီ​၏​ပတ် လည်​ရှိ​သ​လဲ​သီး​ကုံး​နှစ်​ကုံး​တွင် သ​လဲ​သီး လုံး​ရေ​နှစ်​ရာ​ရှိ​သ​တည်း။ \p \v 21 ဟိ​ရံ​သည်​ဤ​ကြေး​ဝါ​တိုင်​ကြီး​နှစ်​လုံး​ကို ဗိ​မာန်​တော်​အ​ဝင်​ဝ​ရှေ့​၌​စိုက်​ထူ​ထား​ပြီး လျှင် တောင်​ဘက်​တိုင်​ကို​ယာ​ခိန်၊ မြောက်​ဘက်​တိုင် ကို​ဗောဇ​ဟူ​၍​လည်း​ကောင်း​နာ​မည်​မှည့်​၏။- \v 22 ထို​တိုင်​ကြီး​တို့​တွင်​ကြာ​ပွင့်​ပုံ​သဏ္ဌာန်​တိုင် ထိပ်​အုပ်​များ​ရှိ​လေ​သည်။ သို့​ဖြစ်​၍​တိုင်​ကြီး များ​သွန်း​လုပ်​သည့်​လုပ်​ငန်း​မှာ​ပြီး​ဆုံး သ​တည်း။ \b \s1 ကြေး​ဝါ​ရေ​ကန် \r (၆ရာ၊ ၄:၂-၅) \p \v 23 ဟိ​ရံ​သည်​အ​နက်​ခု​နစ်​ပေ​ခွဲ၊ အ​ချင်း​တစ်​ဆယ့် ငါး​ပေ၊ အ​ဝန်း​လေး​ဆယ့်​ငါး​ပေ​ရှိ​သော​ကြေး ဝါ​ရေ​ကန်​ဝိုင်း​ကို​သွန်း​လုပ်​၏။- \v 24 ရေ​ကန်​၏​အ​ပြင်​အနား​ပတ်​လည်​၌​ဘူး​သီး တန်း​နှစ်​တန်း​ကို ရေ​ကန်​ကြီး​နှင့်​တစ်​စပ်​တည်း သွန်း​လုပ်​လေ​သည်။- \v 25 ရေ​ကန်​ကို​အ​ရပ်​တစ်​မျက်​နှာ​လျှင်​သုံး​ကောင်​ကျ အ​ပြင်​သို့​မျက်​နှာ​မူ​လျက်​နေ​သည့်​ကြေး​ဝါ နွား​တစ်​ဆယ့်​နှစ်​ကောင်​၏​ကျော​ကုန်း​ပေါ်​တွင် တင်​ထား​၏။- \v 26 ရေ​ကန်​ဘောင်​သည်​ထု​သုံး​လက်​မ​ရှိ​၍​အ​ပေါ် အ​နား​မှာ ဖ​လား​အ​နား​ကဲ့​သို့​ကြာ​ပွင့်​ချပ် သဏ္ဌာန်​ရှိ​လေ​သည်။ ထို​ရေ​ကန်​သည်​ဂါ​လံ​တစ် သောင်း​ဝင်​သ​တည်း။ \b \s1 ကြေး​ဝါ​လက်​တွန်း​လှည်း​များ \p \v 27 ဟိ​ရံ​သည် ကြေး​ဝါ​လက်​တွန်း​လှည်း​ဆယ်​စီး​ကို လည်း​ပြု​လုပ်​၏။ ထို​လှည်း​တို့​သည်​အ​လျား​ခြောက် ပေ၊ အ​နံ​ခြောက်​ပေ​နှင့်​အ​မြင့်​လေး​ပေ​ခွဲ​စီ​ရှိ ကြ​၏။- \v 28 ယင်း​တို့​ကို ဘောင်​သွင်း​ထား​သည့်​စ​တု​ရန်း မှန်​ကူ​ကွက်​ပုံ​များ​ဖြင့်​ပြု​လုပ်​ထား​လေ​သည်။- \v 29 ထို​မှန်​ပုံ​များ​တွင် ခြင်္သေ့​ရုပ်၊ နွား​ရုပ်​နှင့်​ခေ​ရု​ဗိမ် ရုပ်​များ​ကို​ထု​လုပ်​ထား​၏။ ခြင်္သေ့​ရုပ်​များ၊ နွား​ရုပ် များ​၏​အ​ထက်​နှင့်​အောက်​တွင်​ရှိ​သည့်​ဘောင် များ​၏​အ​ပေါ်​၌​ပန်း​ဆိုင်း​များ​ကို​ရုပ်​လုံး ဖော်​၍​ထု​လုပ်​ထား​၏။- \v 30 လှည်း​တစ်​စီး​လျှင်​ကြေး​ဝါ​ဘီး​လေး​ခု​နှင့်​ကြေး ဝင်​ရိုး​များ​ရှိ​၏။ လှည်း​၏​ထောင့်​လေး​ခု​၌​အင်​တုံ တင်​ရန်​အ​တွက် ကြေး​ဝါ​ထောက်​တိုင်​လေး​ခု​ရှိ​၏။ ထို​ထောက်​တိုင်​တို့​ကို​ပန်း​ဆိုင်း​များ​ဖြင့်​ရုပ်​လုံး ဖော်​၍​တန်​ဆာ​ဆင်​ပြီး​နောက်၊- \v 31 အင်​တုံ​တင်​ရန်​အ​တွက်​တိုင်​ထိပ်​များ​ကို​စက်​ဝိုင်း ပုံ​သဏ္ဌာန်​ဘောင်​ခတ်​၍​ထား​လေ​သည်။ ထို​ဘောင် သည်​လှည်း​ထက်​တစ်​ဆယ့်​ရှစ်​လက်​မ​မြင့်​၍ လှည်း အ​တွင်း​သို့​ခု​နစ်​လက်​မ​ဝင်​လျက်​နေ​၏။ ယင်း ၏​ပတ်​လည်​၌​လည်း​အ​ရုပ်​များ​ထု​လုပ်​၍ ထား​သ​တည်း။- \v 32 ဘီး​များ​မှာ​နှစ်​ဆယ့်​ငါး​လက်​မ​စီ​မြင့်​၍ မှန် ကူ​ကွက်​ပုံ​များ​အောက်​၌​တည်​ရှိ​၏။ ဝင်​ရိုး များ​ကို​မူ​လှည်း​နှင့်​တစ်​ဆက်​တည်း​သွန်း လုပ်​ထား​လေ​သည်။- \v 33 ဘီး​တို့​သည်​ရ​ထား​ဘီး​နှင့်​တူ​၍​ဝင်​ရိုး​များ၊ ခွေ​များ၊ ထောက်​များ၊ ပုံ​တောင်း​များ​ကို​ကြေး ဝါ​ဖြင့်​ပြု​လုပ်​ထား​၏။- \v 34 လှည်း​အိမ်​အောက်​ပိုင်း​ထောင့်​လေး​ထောင့်​၌ လှည်း နှင့်​တစ်​ဆက်​တည်း​သွန်း​လုပ်​ထား​သော​ထောက် တိုင်​လေး​ခု​ရှိ​၏။- \v 35 လှည်း​၏​ထိပ်​တို့​ကို​ထု​ကိုး​လက်​မ​ရှိ​ကြေး​ဝါ​ခွေ ဖြင့်​ပတ်​၍​ထား​လေ​သည်။ ထောက်​တိုင်​များ​နှင့်​မှန် ကူ​ကွက်​ပုံ​များ​ကို​လှည်း​နှင့်​တစ်​ဆက်​တည်း​သွန်း လုပ်​သည်။- \v 36 ထောက်​တိုင်​များ​နှင့်​မှန်​ကူ​ကွက်​ပုံ​များ​တွင်​နေ​ရာ လပ်​ရှိ​သ​မျှ​တို့​၌​ခေ​ရု​ဗိမ်၊ ခြင်္သေ့၊ စွန်​ပ​လွံ​ပင် ပုံ​များ​နှင့် ပတ်​လည်​တွင်​ပန်း​ဆိုင်း​များ​ကို​ထု လုပ်​ထား​၏။- \v 37 ဤ​ကား​လက်​တွန်း​လှည်း​များ​ကို​ပြု​လုပ်​ပုံ​ဖြစ် လေ​သည်။ ထို​လှည်း​တို့​သည်​တစ်​မျိုး​တစ်​စား တည်း​ဖြစ်​၍​ပုံ​သဏ္ဌာန်​လုံး​ရပ်​တူ​ညီ​ကြ​၏။ \p \v 38 ဟိ​ရံ​သည်​လှည်း​တစ်​စီး​လျှင်​အင်​တုံ​တစ်​လုံး ကျ​ဖြင့် အင်​တုံ​ဆယ်​လုံး​ကို​လည်း​သွန်း​လုပ်​၏။ အင်​တုံ​တစ်​လုံး​လျှင်​အ​ချင်း​ခြောက်​ပေ​ရှိ​၍ ဂါ​လံ​နှစ်​ရာ​ဝင်​လေ​သည်။-\x + \xo 7:38 \xt ထွ၊ ၃၀:၁၇-၂၁။\x* \v 39 ဟိ​ရံ​သည်​ဗိ​မာန်​တော်​တောင်​ဘက်​၌​လှည်း​ငါး​စီး၊ မြောက်​ဘက်​၌​အ​ခြား​လှည်း​ငါး​စီး​ကို​နေ​ရာ​ချ ထား​၍ ရေ​ကန်​ကို​မူ​အ​ရှေ့​တောင်​ထောင့်​၌​ထား​၏။ \s1 ဗိ​မာန်​တော်​ပစ္စည်း​တန်​ဆာ​စာ​ရင်း​အ​ချုပ် \r (၆ရာ၊ ၄:၁၁-၅:၁) \p \v 40-45 ဟိ​ရံ​သည်​အိုး​များ၊ ရေ​မှုတ်​များ၊ ခွက်​ဖ​လား​များ ကို​လည်း​ပြု​လုပ်​၏။ သူ​သည်​ထာ​ဝရ​ဘု​ရား​၏ ဗိ​မာန်​တော်​အ​တွက် ရှော​လ​မုန်​မင်း​စေ​ခိုင်း​သ​မျှ သော​အ​လုပ်​တို့​ကို​ပြီး​စီး​အောင်​ဆောင်​ရွက်​လေ သည်။ သူ​ပြု​လုပ်​သော​ပစ္စည်း​များ​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​လေ​သည်။ \q1 တိုင်​ကြီး​နှစ်​လုံး၊ \q1 ဖ​လား​ပုံ​သဏ္ဌာန်​ရှိ​တိုင်​ထိပ်​အုပ်​နှစ်​ခု၊ \q1 တိုင်​ထိပ်​အုပ်​များ​တွက်​ကွန်​ရက်​များ၊ \q1 ကွန်​ရက်​ပတ်​လည်​မှ​အ​လုံး​တစ်​ရာ​စီ​ရှိ​သော \q1 သ​လဲ​သီး​ကုံး​နှစ်​ကုံး​အ​တွက်​သ​လဲ​သီး အ​လုံး​လေး​ရာ၊ \q1 လက်​တွန်း​လှည်း​ဆယ်​စီး၊ \q1 အင်​တုံ​ဆယ်​လုံး၊ \q1 ရေ​ကန်၊ \q1 ရေ​ကန်​တင်​ရန်​နွား​ရုပ်​ဆယ့်​နှစ်​ခု၊ \q1 အိုး​များ၊ ကော်​ပြား​များ​နှင့်​ခွက်​ဖ​လား​များ၊ \p ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန်​ရှော​လ​မုန်​မင်း​အ​တွက် ဟိ​ရံ​ပြု​လုပ်​ပေး​သော​ဤ​ပစ္စည်း​တန်​ဆာ​တို့​သည် အ​ရောင်​တင်​ထား​ချွတ်​ပြီး​ကြေး​ဝါ​ဖြင့်​ပြီး​ကြ​၏။- \v 46 မင်း​ကြီး​သည်​ယော်​ဒန်​မြစ်​ဝှမ်း​ရှိ​သု​ကုတ်​မြို့​နှင့် ဇာ​ရ​တန်​မြို့​စပ်​ကြား​တွင်​ရှိ​သော​ကြေး​အ​ရည် ကြို​စက်​၌ ထို​တန်​ဆာ​များ​ကို​သွန်း​လုပ်​စေ​တော် မူ​၏။- \v 47 ထို​ပစ္စည်း​တန်​ဆာ​တို့​သည်​အ​လွန်​များ​သော ကြောင့်​မ​ချိန်​တွယ်​ဘဲ​ထား​၏။ ထို့​ကြောင့်​ယင်း တို့​၏​အ​လေး​ချိန်​ကို​မ​သိ​နိုင်။ \p \v 48 ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​အ​တွက် ရွှေ​တန်​ဆာ များ​ကို​လည်း​ပြု​လုပ်​စေ​တော်​မူ​၏။ ယင်း​တို့​မှ ယဇ်​ပလ္လင်၊ ရှေ့​တော်​မုန့်​တင်​ရန်​စား​ပွဲ၊-\x + \xo 7:48 \xt ထွ၊ ၃၀:၁-၃၊ ၂၅:၂၃-၃၀။\x* \v 49 အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ရှေ့​၌​လက်​ယာ ဘက်​တွင်​ထား​ရှိ​သည့် မီး​တင်​ခုံ​ငါး​ခု​နှင့်​လက် ဝဲ​ဘက်​တွင်​ထား​ရှိ​သည့်​မီး​တင်​ခုံ​ငါး​ခု၊ ရွှေ ပန်း​ပွင့်​များ၊ ရွှေ​မီး​ခွက်​များ​နှင့်​မီး​ကိုင်​တန် ဆာ​များ၊-\x + \xo 7:49 \xt ထွ၊ ၂၅: ၃၁-၄၀၊ ၇:၅၁။ ၂ရာ၊ ၈:၁၁။ ၅ရာ၊ ၁၈:၁၁။\x* \v 50 ရွှေ​ခွက်​များ၊ ရွှေ​မီး​ညှပ်​များ၊ ရွှေ​လင်​ပန်း​များ၊ ရွှေ​ဇွန်း​များ၊ ရွှေ​ပြာ​ခံ​အိုး​များ​နှင့်​ဗိ​မာန် တော်​အ​တွင်း​သန့်​ရှင်း​ရာ​ဌာန​တံ​ခါး​များ​နှင့် ဗိ​မာန်​တော်​အ​ပြင်​ခန်း​တံ​ခါး​များ​အ​တွက် ရွှေ​ပတ္တာ​များ​ဖြစ်​လေ​သည်။ \p \v 51 ဗိ​မာန်​တော်​အ​တွက်​လုပ်​ကိုင်​ရန် ရှိ​သ​မျှ​သော အ​လုပ်​တို့​ကို​လက်​စ​သတ်​ပြီး​နောက် ရှော​လ​မုန် မင်း​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ခ​မည်း​တော် ဒါ​ဝိဒ်​ဆက်​ကပ်​ပူ​ဇော်​ထား​ခဲ့​သည့် ရွှေ၊ ငွေ၊ နှင့် အ​ခြား​ပစ္စည်း​များ​ကို​ဗိ​မာန်​တော်​ပစ္စည်း​သို လှောင်​ရာ​အ​ခန်း​များ​တွင်​သိမ်း​ဆည်း​ထား တော်​မူ​၏။\x + \xo 7:51 \xt ၂ရာ၊ ၈:၁၁။ ၅ရာ၊ ၁၈:၁၁။\x* \c 8 \s1 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ဗိ​မာန်​တော်​သို့ ပင့်​ဆောင်​ခြင်း \r (၆ရာ၊ ၅:၂-၆:၂) \p \v 1 ရှော​လ​မုန်​မင်း​သည် ထာ​ဝရ​ဘု​ရား​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ဇိ​အုန်​တည်း​ဟူ​သော​ဒါ​ဝိဒ်​မြို့ မှ ဗိ​မာန်​တော်​သို့​ပင့်​ဆောင်​ရန်​အ​တွက် ဣ​သ​ရေ​လ ခေါင်း​ဆောင်​များ​ဖြစ်​သည့်​အ​နွယ်​ခေါင်း​ဆောင်​များ နှင့်​သား​ချင်း​စု​ခေါင်း​ဆောင်​များ​အား အ​ထံ​တော် သို့​ဆင့်​ခေါ်​တော်​မူ​၏။-\x + \xo 8:1 \xt ၂ရာ၊ ၆: ၁၂-၁၆။ ၅ရာ၊ ၁၅: ၂၅-၂၉။\x* \v 2 ထို​သူ​အ​ပေါင်း​တို့​သည်​ဧ​သ​နိမ်​အ​မည်​တွင် သော​သတ္တ​မ​လ​၌ ကျင်း​ပ​သည့်​သစ်​ခက်​တဲ​နေ ပွဲ​တော်​သို့​လာ​ရောက်​စု​ဝေး​ကြ​၏။-\x + \xo 8:2 \xt ဝတ်၊ ၂၃:၃၄။\x* \v 3 ခေါင်း​ဆောင်​အ​ပေါင်း​တို့​လာ​ရောက်​စု​ဝေး​ကြ သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပဋိညာဉ် သေတ္တာ​တော်​ကို​ထမ်း​၍၊- \v 4 ဗိ​မာန်​တော်​သို့​ပင့်​ဆောင်​သွား​ကြ​၏။ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​နှင့်​တဲ​တော် တန်​ဆာ​များ​ကို​လည်း ဗိ​မာန်​တော်​သို့​သယ် ဆောင်​ကြ​၏။- \v 5 ရှော​လ​မုန်​မင်း​နှင့်​ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း တို့​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​၏​ရှေ့​၌​စု​ဝေး​၍ မ​ရေ​တွက်​နိုင်​အောင်​များ​ပြား​သည့်​သိုး​နွား များ​ကို​ယဇ်​ပူ​ဇော်​ကြ​လေ​သည်။- \v 6 ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို ဗိ​မာန်​တော်​ထဲ​သို့​ပင့်​ဆောင် ကာ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ရှိ ခေ​ရု​ဗိမ် တို့​၏​အ​တောင်​များ​အောက်​တွင်​ထား​ကြ​၏။- \v 7 ခေ​ရု​ဗိမ်​တို့​၏​အ​တောင်​များ​သည်​ပ​ဋိ​ညာဉ် သေတ္တာ​အ​ပေါ်​သို့​ဖြန့်​လျက် သေတ္တာ​တော်​နှင့် ထမ်း​ပိုး​များ​ကို​ပါ​လွှမ်း​မိုး​ထား​လေ​သည်။- \v 8 ထမ်း​ပိုး​အ​စွန်း​တို့​ကို​ဗိ​မာန်​တော်​အ​လွန်​သန့် ရှင်း​ရာ​ဌာ​န​၏​ရှေ့​တည့်​တည့်​မှ​နေ​၍​တွေ့​မြင် နိုင်​၏။ သို့​ရာ​တွင်​အ​ခြား​အ​ဘယ်​နေ​ရာ​မှ နေ​၍​မ​မြင်​နိုင်။ (ထို​ထမ်း​ပိုး​တို့​သည်​ယ​နေ့ တိုင်​အောင်​ထို​နေ​ရာ​၌​ရှိ​နေ​၏။-) \v 9 အီ​ဂျစ်​ပြည်​မှ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ထွက်​ခွာ​လာ​သော​အ​ခါ သူ​တို့​နှင့်​ထာ​ဝ​ရ ဘု​ရား​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​ရာ​သိ​နာ​တောင် ၌​မော​ရှေ​ထည့်​ထား​ခဲ့​သည့်​ကျောက်​ပြား​နှစ် ချပ်​မှ​လွဲ​၍ အ​ခြား​အ​ဘယ်​အ​ရာ​မျှ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ထဲ​တွင်​မ​ရှိ။\x + \xo 8:9 \xt တရား၊ ၁၀:၅\x* \p \v 10 ဗိ​မာန်​တော်​ထဲ​မှ​ယဇ်​ပု​ရော​ဟိတ်​များ​ထွက် ခွာ​သွား​ကြ​စဉ် ဗိ​မာန်​တော်​သည်​မိုး​တိမ် ဖြင့်​ချက်​ချင်း​ပြည့်​၍​လာ​လေ​သည်။- \v 11 ယင်း​သို့​ဗိ​မာန်​တော်​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​လျက်​နေ သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည်​မိ​မိ​တို့ တာ​ဝန်​ဝတ္တ​ရား​များ​ကို​ဆောင်​ရွက်​ရန် ဗိ​မာန် တော်​ထဲ​သို့​ပြန်​၍​မ​ဝင်​နိုင်​ကြ။-\x + \xo 8:11 \xt ထွ၊ ၄၀: ၃၄-၃၅။\x* \v 12 ထို​အ​ခါ​ရှော​လ​မုန်​က၊ \q1 ``အို ထာ​ဝရ​ဘု​ရား၊ကိုယ်​တော်​သည် \q2 မိုး​ကောင်း​ကင်​တွင်​နေ​ကို​ထား​ရှိ​တော်​မူ​သော်​လည်း၊ \q1 မိုး​တိမ်​တွင်​လည်း​ကောင်း၊မှောင်​မိုက်​တွင်​လည်း​ကောင်း စံ​ရန်​ရွေး​ချယ်​တော်​မူ​ပါ​၏။\x + \xo 8:12 \xt ဆာ၊ ၁၈:၁၁၊ ၉၇:၂။\x* \q1 \v 13 ယ​ခု​အ​ခါ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​အ​တွက် \q2 ဗိ​မာန်​တော်၊ကိုယ်​တော်​ထာ​ဝ​စဉ်​စံ​တော်​မူ​ရန်၊ \q1 ဌာ​န​တော်​ကို​တည်​ဆောက်​ပြီး​ပါ​ပြီ'' ဟု ဆု​တောင်း​ပတ္ထ​နာ​ပြု​တော်​မူ​၏။ \s1 ပြည်​သူ​တို့​အား​ရှော​လ​မုန်​မိန့်​ခွန်း​မြွက်​ကြား​ခြင်း \r (၆ရာ၊ ၆:၃-၁၁) \p \v 14 လူ​အ​ပေါင်း​တို့​သည် ထို​နေ​ရာ​တွင်​ရပ်​လျက်​နေ​ကြ စဉ် ရှော​လ​မုန်​မင်း​သည်​သူ​တို့​ဘက်​သို့​မျက်​နှာ​မူ ပြီး​လျှင်​သူ​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​၏။- \v 15 ထို​နောက်​မင်း​ကြီး​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ လော့။ ကိုယ်​တော်​သည်​ငါ​၏​ခ​မည်း​တော်​ဒါ​ဝိဒ် အား​ပြု​တော်​မူ​ခဲ့​သည့်​က​တိ​တော်​ကို​တည် မြဲ​စေ​တော်​မူ​ပြီ။- \v 16 ကိုယ်​တော်​က`ငါ​သည်​ငါ​၏​လူ​မျိုးတော်​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​ချိန်​မှ​အ​စ​ပြု​၍ ငါ့​အား​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​အ​တွက် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​အ​ဘယ်​မြို့​ကို​မျှ​မ​ရွေး ချယ်​ခဲ့။ သို့​ရာ​တွင်​ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို အုပ်​စိုး​ရန် သင့်​ကို​ရွေး​ချယ်​ပြီ' ဟု​ငါ​၏​ခ​မည်း တော်​ဒါ​ဝိဒ်​အား​မိန့်​တော်​မူ​ပါ​၏'' ဟု​ဆို​၏။\x + \xo 8:16 \xt ၂ရာ၊ ၇:၄-၁၁။ ၅ရာ၊ ၁၇:၃-၁၀။\x* \p \v 17 ထို​နောက်​ဆက်​လက်​၍​ရှော​လ​မုန်​က``ငါ​၏​ခ​မည်း တော်​ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး ကွယ်​ရန် ဗိ​မာန်​တော်​ကို​တည်​ဆောက်​လို​သော် လည်း၊-\x + \xo 8:17 \xt ၂ရာ၊ ၇:၁-၃။ ၅ရာ၊ ၁၇:၁-၂။\x* \v 18 ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သင်​၏​အ​ကြံ အ​စည်​ကို​နှစ်​သက်​တော်​မူ​၏။- \v 19 သို့​ရာ​တွင်​သင်​သည်​ဗိ​မာန်​တော်​ကို​တည်​ဆောက် ရ​မည်​မ​ဟုတ်။ သင်​၏​သား​တော်​တစ်​ပါး​သာ​လျှင် တည်​ဆောက်​ရ​မည်' ဟု​မိန့်​တော်​မူ​ခဲ့​၏။''\x + \xo 8:19 \xt ၂ရာ၊ ၇:၁၂-၁၃။ ၅ရာ၊ ၁၇:၁၁-၁၂။\x* \p \v 20 ``ယ​ခု​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည် ထို​က​တိ တော်​ကို​အ​ကောင်​အ​ထည်​ပေါ်​လွင်​စေ​တော်​မူ ပြီ။ ငါ​သည်​ခ​မည်း​တော်​ဒါ​ဝိဒ်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ပြီး​လျှင် ဣ​သ ရေ​လ​အ​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန် ဗိ​မာန်​တော် ကို​တည်​ဆောက်​၍​ပြီး​လေ​ပြီ။- \v 21 ငါ​တို့​ဘိုး​ဘေး​များ​အား​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​လာ​တော်​မူ​စဉ်​အ​ခါ​က သူ​တို့​နှင့်​ထာ​ဝ​ရ ဘု​ရား​ပြု​တော်​မူ​သော​ပ​ဋိ​ညာဉ်​တော်​ဆိုင်​ရာ ကျောက်​ပြား​များ​ပါ​ရှိ​သည့် ပ​ဋိ​ညာဉ်​သေတ္တာ​တော် ထား​ရန်​နေ​ရာ​ကို​ဗိ​မာန်​တော်​တွင်​ပြင်​ဆင်​ထား ပြီ'' ဟု​မိန့်​တော်​မူ​၏။ \s1 ရှော​လ​မုန်​၏​ဆု​တောင်း​ပတ္ထနာ \r (၆ရာ၊ ၆:၁၂-၄၂) \p \v 22 ထို့​နောက်​လူ​တို့​၏​ရှေ့​မှောက်​တွင်​ရှော​လ​မုန်​သည် ယဇ်​ပလ္လင်​ရှေ့​သို့​သွား​ရပ်​တော်​မူ​၏။ မင်း​ကြီး သည်​လက်​များ​ကို​မြှောက်​ချီ​လျက်၊- \v 23 ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ မိုး​ကောင်း​ကင်​၌​သော်​လည်း​ကောင်း၊ ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​သော်​လည်း​ကောင်း​ကိုယ်​တော် နှင့်​တူ​သော​ဘု​ရား​မ​ရှိ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး တော်​သည် ကိုယ်​တော့်​စ​ကား​တော်​ကို​စိတ်​နှ​လုံး အ​ကြွင်း​မဲ့​လိုက်​နာ​ကျင့်​သုံး​ကြ​သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​နှင့်​ထား​ရှိ​သည့်​ပ​ဋိ​ညာဉ် တော်​ကို​စောင့်​ထိန်း​တော်​မူ​လျက် သူ​တို့​အား မေတ္တာ​က​ရု​ဏာ​တော်​ကို​ပြ​တော်​မူ​ပါ​၏။- \v 24 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​ခ​မည်း​တော်​ဒါ​ဝိဒ် အား​ပေး​တော်​မူ​ခဲ့​သည့်​က​တိ​တော်​နှင့်​အ​ညီ ပြု​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​၏​မိန့်​တော်​မူ​ခဲ့ သ​မျှ​တို့​ကို ယ​နေ့​အ​ကောင်​အ​ထည်​ပေါ် စေ​တော်​မူ​ပါ​ပြီ။- \v 25 `အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​ခ​မည်း တော်​ဒါ​ဝိဒ်​အား​သင်​၏​သား​မြေး​တို့​သည် သင့် ကဲ့​သို့​ငါ့​စ​ကား​ကို​ဂ​ရု​ပြု​၍​နား​ထောင်​ကြ လျှင် ဣ​သ​ရေ​လ​ပြည်​တွင်​အ​ဘယ်​အ​ခါ​မျှ သင်​၏​အ​မျိုး​မင်း​ရိုး​ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ခဲ့​သည့်​က​တိ​တော်​အ​တိုင်း ယ​ခု​ပြု​တော်​မူ​ပါ။-\x + \xo 8:25 \xt ၃ရာ၊ ၂:၄။\x* \v 26 အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​၏​ခ​မည်း​တော်​ကိုယ် တော့်​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​တော်​မူ​သည့် ကတိ​တော်​ကို အ​ကောင်​အ​ထည်​ပေါ်​စေ​တော် မူ​ရန်​လျှောက်​ထား​ပါ​၏။'' \p \v 27 ``သို့​ရာ​တွင် အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကမ္ဘာ မြေ​ကြီး​ပေါ်​တွင် အ​ကယ်​ပင်​စံ​နေ​တော်​မူ​ပါ မည်​လော။ ကောင်း​ကင်​ဘုံ​တစ်​ခု​လုံး​ပင်​လျှင်​ကိုယ် တော်​စံ​တော်​မူ​နိုင်​လောက်​အောင်​မ​ကျယ်​ဝန်း​ပါ။ သို့​ဖြစ်​၍​ကျွန်ုပ်​တည်​ဆောက်​သည့်​ဤ​ဗိမာန်​တော် သည် စံ​တော်​မူ​ရန်​အ​တွက်​မည်​သို့​ကျယ်​ဝန်း နိုင်​ပါ​မည်​နည်း။-\x + \xo 8:27 \xt ၆ရာ၊ ၂:၆။\x* \v 28 အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာဝရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​ကိုယ်​တော်​၏​အ​စေ​ခံ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၍ ယ​နေ့ အ​ကျွန်ုပ်​လျှောက်​ထား​ပန်​ကြား​ချက်​ကို​နား ညောင်း​တော်​မူ​ပါ။- \v 29 ကိုယ်​တော်​အား​ဝတ်​ပြုကိုး​ကွယ်​ရန်​ဌာ​န​တော် အ​ဖြစ်​ရွေး​ချယ်​တော်​မူ​ရာ ဗိ​မာန်​တော်​ကို​နေ့ ည​မ​ပြတ်​စောင့်​ထိန်း​ကြည့်​ရှု​တော်​မူ​ပါ။ ဤ ဗိ​မာန်​တော်​သို့​မျက်​နှာ​မူ​လျက် အ​ကျွန်ုပ်​တောင်း လျှောက်​သော​အ​ခါ​နား​ညောင်း​တော်​မူ​ပါ။-\x + \xo 8:29 \xt တရား၊ ၁၂:၁၁။\x* \v 30 ဤ​ဌာ​န​တော်​သို့​မျက်​နှာ​မူ​လျက် အ​ကျွန်ုပ်​နှင့် ကိုယ်​တော်​၏​လူ​မျိုး​တော်​တို့​ဆု​တောင်း​သော အ​ခါ​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​စံ​တော် မူ​ရာ​ကောင်း​ကင်​ဘုံ​က​နေ​၍​အ​ကျွန်ုပ်​တို့​၏ လျှောက်​ထား​ချက်​ကို​နား​ညောင်း​လျက် အ​ကျွန်ုပ် တို့​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။'' \p \v 31 ``လူ​တစ်​ယောက်​သည် အ​ခြား​သူ​တစ်​ယောက်​အား ပြစ်​မှား​မှု​နှင့်​စွပ်​စွဲ​ခြင်း​ခံ​ရ​သ​ဖြင့် မိ​မိ​တွင် အ​ပြစ်​မ​ရှိ​ကြောင်း​ဤ​ဗိ​မာန်​တော်​ရှိ​ကိုယ်​တော် ၏​ယဇ်​ပလ္လင်​တော်​ရှေ့​၌​ကျမ်း​ကျိန်​သော​အ​ခါ၊- \v 32 အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​ဘုံ​က​နေ​၍​နား ထောင်​တော်​မူ​ပြီး​လျှင် ကိုယ်​တော်​၏​အ​စေ​ခံ​များ အား​တ​ရား​စီ​ရင်​တော်​မူ​ပါ။ အ​ပြစ်​ရှိ​သူ​အား ထိုက်​လျောက်​ရာ​အ​ပြစ်​ကို​ပေး​တော်​မူ​၍ အ​ပြစ် မဲ့​သူ​အား​အ​ပြစ်​မှ​လွတ်​စေ​တော်​မူ​ပါ။'' \p \v 33 ``ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည် ကိုယ်​တော်​ကို​ပြစ်​မှား​သည့်​အ​တွက်​ရန်​သူ့ လက်​တွင်​အ​ရေး​ရှုံး​နိမ့်​ကြ​သော​အ​ခါ ဤ​ဗိ​မာန် တော်​သို့​လာ​၍၊ မိ​မိ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ရန် နှိမ့်​ချ​သော​စိတ်​နှင့်​အ​ထံ​တော်​သို့​ဆု တောင်း​ပတ္ထ​နာ​ပြု​ကြ​လျှင်၊- \v 34 ကောင်း​ကင်​ဘုံ​က​နေ​၍​နား​ထောင်​တော်​မူ​ပါ။ ကိုယ် တော်​၏​လူ​မျိုး​တော်​ကို​အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​၍ ဘိုး​ဘေး​တို့​ကို​ပေး​တော်​မူ​သည့်​ပြည်​တော်​သို့ သူ​တို့​အား​ပြန်​၍​ပို့​ဆောင်​တော်​မူ​ပါ။'' \p \v 35 ``ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကိုယ် တော်​ကို​ပြစ်​မှား​သည့်​အ​တွက်​ဆုံး​မ​တော်​မူ ရန်​မိုး​ခေါင်​စေ​တော်​မူ​သော​အ​ခါ သူ​တို့​သည် နောင်​တ​ရ​၍​ဗိ​မာန်​တော်​သို့​မျက်​နှာ​မူ​လျက် နှိမ့်​ချ​သော​စိတ်​နှင့်​အ​ထံ​တော်​သို့​ဆု​တောင်း ပတ္ထ​နာ​ပြု​လျှင်၊- \v 36 ကောင်း​ကင်​ဘုံ​က​နေ​၍​နား​ထောင်​တော်​မူ​ပါ။ သူ​တို့​လိုက်​ရ​သော​လမ်း​မှန်​ကို​ညွှန်​ပြ​တော် မူ​ပါ။ ထို့​နောက်၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ၏​လူ​မျိုး​တော်​အား​အ​ပိုင်​ပေး​သ​နား​တော်​မူ သည့်​ပြည်​တော်​တွင်​မိုး​ရွာ​စေ​တော်​မူ​ပါ။'' \p \v 37 ``ပြည်​တော်​တွင် အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​သော အ​ခါ​၌​သော်​လည်း​ကောင်း၊ အ​နာ​ရော​ဂါ​ဘေး ဆိုက်​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ ကောက်​ပဲ သီး​နှံ​တို့​သည်​လေ​ပူ​မိ​ခြင်း၊ ပိုး​ထိ​ခြင်း​သို့ မ​ဟုတ်​ကျိုင်း​ကောင်​အုပ်​ကျ​ခြင်း​တို့​ကြောင့် ပျက်​စီး​၍​သွား​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ရန်​သူ​တို့​တိုက် ခိုက်​ကြ​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ သူ​တို့ တွင်​ဘေး​ဥ​ပဒ်၊ အ​နာ​ရော​ဂါ​တစ်​စုံ​တစ်​ခု ရောက်​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊- \v 38 သူ​တို့​ပြု​သော​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ချို့​တို့​သည်​လှိုက်​လှဲ​စွာ​ဝမ်း​နည်း လျက် ဤ​ဗိ​မာန်​တော်​ဘက်​သို့​လက်​အုပ်​ချီ​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​လျှင်၊- \v 39-40 ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​ဘိုး​ဘေး​များ အား​ပေး​တော်​မူ​မည့်​ပြည်​တော်​တွင်​နေ​ထိုင်​ရ သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​အား​ကြောက်​ရွံ့ ရို​သေ​ကြ​စေ​ရန်​သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​စံ​တော်​မူ ရာ​ကောင်း​ကင်​ဘုံ​က​နေ​၍​နား​ထောင်​တော်​မူ လျက် သူ​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​၍​ကူ​မ တော်​မူ​ပါ။ ကိုယ်​တော်​သာ​လျှင်​လူ​အ​ပေါင်း တို့​၏​အ​ကြံ​အ​စည်​များ​ကို​သိ​တော်​မူ​ပါ ၏။ လူ​တိုင်း​ခံ​စား​သင့်​သည့်​အ​ကျိုး​အ​ပြစ် အ​လျောက်​စီ​ရင်​တော်​မူ​ပါ။'' \p \v 41-42 ``ရပ်​ဝေး​တွင်​နေ​ထိုင်​သည့်​တိုင်း​တစ်​ပါး​သား တစ်​ဦး​သည် ကိုယ်​တော်​၏​ဂုဏ်​သ​တင်း​တော်​ကို လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​တွက် ပြု​တော်​မူ​သော​ကြီး​မြတ်​သည့်​အ​မှု​တော်​များ အ​ကြောင်း​ကို​လည်း​ကောင်း​ကြား​ရ​သ​ဖြင့် ကိုယ် တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဤ​ဗိ​မာန်​တော် သို့​လာ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ၊- \v 43 သူ​၏​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော် စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​က​နေ​၍ နား​ထောင် တော်​မူ​ပြီး​လျှင်​သူ​ပန်​ကြား​သည့်​အ​တိုင်း​ပြု တော်​မူ​ပါ။ သို့​မှ​သာ​လျှင်​ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း တို့​သည် ကိုယ်​တော်​၏​လူ​မျိုး​တော်​နည်း​တူ​ကိုယ်​တော် အား​ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​ရှင်​အ​ဖို့​အ​ကျွန်ုပ်​တည်​ဆောက်​ထား သည့် ဤ​ဗိ​မာန်​တော်​သည်​ကိုယ်​တော်​အား​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​တော်​ဖြစ်​ကြောင်း​ကို​သူ​တို့​သိ ရှိ​ကြ​ပါ​လိမ့်​မည်။'' \p \v 44 ``ကိုယ်​တော်​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အား ရန်​သူ​များ​နှင့်​စစ်​တိုက်​ရန်​အ​မိန့်​ပေး​တော်​မူ သော​အ​ခါ သူ​တို့​သည်​ကိုယ်​တော်​ရွေး​ချယ်​ထား တော်​မူ​သည့်​ဤ​မြို့​တော်​နှင့်​ကိုယ်​တော်​အ​ဖို့ အ​ကျွန်ုပ်​တည်​ဆောက်​ထား​သည့်​ဤ​ဗိ​မာန်​တော် သို့​မျက်​နှာ​မူ​၍​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​သော အ​ခါ၊- \v 45 နား​ညောင်း​တော်​မူ​ပါ၊ ကောင်း​ကင်​ဘုံ​က​နေ​၍ နား​ထောင်​တော်​မူ​လျက် သူ​တို့​အား​အောင်​ပွဲ​ကို ပေး​တော်​မူ​ပါ။'' \p \v 46 ``အ​ပြစ်​မ​ကူး​လွန်​သူ​လူ​တစ်​ယောက်​မျှ​မ​ရှိ ပါ။ သို့​ဖြစ်​၍​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် ကိုယ်​တော်​ကို​ပြစ်​မှား​ကြ​ပါ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​သည်​အ​မျက်​ထွက်​တော်​မူ​၍ သူ​တို့ အား​ရန်​သူ​များ​လက်​တွင်​အ​ရေး​ရှုံး​နိမ့်​စေ လျက် တိုင်း​တစ်​ပါး​သို့​ဖမ်း​ဆီး​ခေါ်​ဆောင်​ခြင်း ကို​ခံ​စေ​တော်​မူ​ပါ​လိမ့်​မည်။- \v 47 ထို​တိုင်း​ပြည်​သည်​အ​လွန်​ဝေး​ကွာ​လျက်​ပင်​နေ စေ​ကာ​မူ ကိုယ်​တော်​ရှင့်​လူ​မျိုး​တော်​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ အ​ကယ်​၍​သူ တို့​သည်​ထို​ပြည်​တွင်​နောင်​တ​ရ​လျက် မိ​မိ​တို့ အ​ဘယ်​မျှ​အ​ပြစ်​ကူး​ခဲ့​၍​အ​ဘယ်​မျှ​ဆိုး ညစ်​ယုတ်​မာ​ခဲ့​ကြောင်း​ကို​ဖော်​ပြ​ဝန်​ခံ​လျက် အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​ပါ လျှင် အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​၏​ဆု​တောင်း ပတ္ထနာ​ကို​နား​ညောင်း​တော်​မူ​ပါ။- \v 48 အ​ကယ်​၍​သူ​တို့​သည်​ထို​ပြည်​တွင်​အ​မှန်​ပင် နောင်​တ​ရ​လျက် မိ​မိ​တို့​၏​ဘိုး​ဘေး​များ​အား ကိုယ်​တော်​ပေး​တော်​မူ​သည့်​ပြည်​တော်​သို့​လည်း ကောင်း၊ ကိုယ်​တော်​ရွေး​ချယ်​ထား​တော်​မူ​သည့်​ဤ မြို့​တော်​သို့​လည်း​ကောင်း၊ အ​ကျွန်ုပ်​တည်​ဆောက် ထား​သည့်​ဤ​ဗိ​မာန်​တော်​သို့​လည်း​ကောင်း မျက် နှာ​မူ​၍​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​ပါ​လျှင်၊- \v 49 သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော် မူ​ပါ။ ကိုယ်​တော်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​က နေ​၍​နား​ထောင်​တော်​မူ​ပြီး​လျှင် သူ​တို့​အား ကရု​ဏာ​ထား​တော်​မူ​ပါ။- \v 50 ကိုယ်​တော်​အား​သူ​တို့​ပြစ်​မှား​ပုန်​ကန်​သည့် အ​ပြစ်​မှန်​သ​မျှ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ ရန်​သူ​များ​သည်​သူ​တို့​အား​သ​နား​ကြင် နာ​ကြ​ပါ​စေ​သော။- \v 51 သူ​တို့​သည်​အ​လျှံ​တောက်​လျက်​နေ​သည့်​မီး​ဖို နှင့်​တူ​သော အီ​ဂျစ်​ပြည်​မှ​ကိုယ်​တော်​ထုတ်​ဆောင် တော်​မူ​ခဲ့​သော​လူ​မျိုး​တော် ကိုယ်​တော်​ရှင်​ပိုင် တော်​မူ​သော​လူ​မျိုး​တော်​ဖြစ်​ပါ​၏။'' \p \v 52 ``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​လူ​မျိုး တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့်​သူ​တို့​၏ ဘု​ရင်​အား အ​စဉ်​အ​မြဲ​က​ရု​ဏာ​ဖြင့်​ကြည့်​ရှု့ တော်​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​အ​ထံ​တော်​သို့​သူ တို့​ပန်​ကြား​လျှောက်​ထား​သည့်​အ​ခါ​တိုင်း သူ​တို့ ၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။- \v 53 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​များ အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​တော်​မူ​စဉ် အ​ခါ​က ကိုယ်​တော်​၏​အ​စေ​ခံ​မော​ရှေ​အား​ဖြင့် မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ဤ​သူ​တို့​အား​ကိုယ် တော်​ပိုင်​တော်​မူ​သော​လူ​မျိုး​တော်​ဖြစ်​စေ​ရန် လူ မျိုး​တ​ကာ​တို့​အ​ထဲ​က​ရွေး​ချယ်​တော်​မူ​ခဲ့ ပါ​၏'' ဟု​ဆု​တောင်း​ပတ္ထနာ​ပြု​တော်​မူ​၏။ \s1 နိ​ဂုံး​ချုပ်​ဆု​တောင်း​ပတ္ထနာ \p \v 54 ရှော​လ​မုန်​သည်​ယဇ်​ပလ္လင်​တော်​ရှေ့​တွင် လက်​ကို မြှောက်​ချီ​ကာ​ဒူး​ထောက်​လျက် ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပြီး​သော​အ​ခါ နေ​ရာ​မှ​ထ​၍​ရပ်​တော်​မူ​ပြီး​လျှင်၊- \v 55 ထို​နေ​ရာ​တွင်​စုဝေး​လျက်​နေ​ကြ​သော​လူ​အ​ပေါင်း တို့​အ​တွက် ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​မင်္ဂ​လာ ကို​အ​သံ​ကျယ်​စွာ​တောင်း​ခံ​တော်​မူ​၏။- \v 56 မင်း​ကြီး​က``က​တိ​တော်​ရှိ​သည့်​အ​တိုင်း​မိ​မိ​၏ လူ​မျိုး​တော်​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ​မော​ရှေ​အား​ဖြင့် ပေး​တော်​မူ​ခဲ့​သော​ကတိ​တော်​အ​ပေါင်း​ကို တစ်​သ​ဝေ​မ​တိမ်း​တည်​စေ​တော်​မူ​ပြီ။-\x + \xo 8:56 \xt တရား၊ ၁၂:၁၀။ ယောရှု၊ ၂၁:၄၄-၄၅။\x* \v 57 အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘုရား​သည် ဘိုး​ဘေး​များ​နှင့်​အ​တူ​နေ​တော်​မူ​ခဲ့​သည့်​နည်း တူ အ​ကျွန်ုပ်​အား​အ​ဘယ်​အ​ခါ​၌​မျှ​မ​စွန့် မ​ခွာ​ဘဲ​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ ပါ​စေ​သော။- \v 58 အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း အ​သက်​ရှင်​နိုင်​ကြ​စေ​ရန်​လည်း​ကောင်း၊ ဘိုး​ဘေး တို့​အား​ပေး​တော်​မူ​ခဲ့​သည့်​ပ​ညတ်​တော်​များ​နှင့် အ​မိန့်​တော်​တို့​ကို​လိုက်​နာ​ကြ​စေ​ရန်​လည်း​ကောင်း အ​ကျွန်ုပ်​တို့​အား​အ​မိန့်​တော်​ကို​နာ​ခံ​သူ​များ ဖြစ်​အောင်​ပြု​ပြင်​တော်​မူ​ပါ​စေ​သော။- \v 59 အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​သည် ဤ​ဆု​တောင်း​ပတ္ထနာ​နှင့်​ပန်​ကြား​လျှောက်​ထား ချက်​များ​ကို အ​ခါ​ခပ်​သိမ်း​အောက်​မေ့​သ​တိ​ရ တော်​မူ​ပါ​စေ​သော။ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ ပြည်​သူ​များ​နှင့်​ဘု​ရင်​အား နေ့​စဉ်​လို​အပ်​ချက် များ​နှင့်​အ​ညီ​က​ရု​ဏာ​ပြ​တော်​မူ​ပါ​စေ သော။- \v 60 သို့​မှ​သာ​ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ လျှင်​ဘု​ရား​ဖြစ်​ကြောင်း၊ အ​ခြား​ဘု​ရား​မ​ရှိ ကြောင်း​ကို​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့ သိ​ရှိ​ကြ​ပါ​လိမ့်​မည်။- \v 61 ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​သူ​သင်​တို့​သည် လည်း အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘုရား​အား​သစ္စာ​စောင့်​၍ ယ​နေ့​ကျင့်​သ​ကဲ့​သို့ ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​မှန်​သ​မျှ​ကို အ​စဉ်​အ​မြဲ​လိုက်​နာ​နိုင်​ကြ​ပါ​စေ​သော'' ဟု မြွက်​ဆို​တော်​မူ​၏။ \s1 ဗိ​မာန်​တော်​ကို​အ​နု​မော​ဒ​နာ​ပြု​ခြင်း \r (၆ရာ၊ ၇:၄-၁၀) \p \v 62 ထို့​နောက်​ရှော​လ​မုန်​မင်း​နှင့်​ပြည်​သူ​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို ပူ​ဇော်​ကြ​၏။- \v 63 မင်း​ကြီး​သည်​နွား​ကောင်​ရေ​နှစ်​သောင်း​နှစ်​ထောင် နှင့်​သိုး​ကောင်​ရေ​တစ်​သိန်း​နှစ်​သောင်း​ကို မိတ် သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ​ဇော်​တော်​မူ​၏။ ဤ နည်း​အား​ဖြင့်​ဘု​ရင်​နှင့်​ပြည်​သူ​အ​ပေါင်း​တို့ သည်​ဗိ​မာန်​တော်​ကို​အ​နု​မော​ဒ​နာ​ပြု​ကြ လေ​သည်။- \v 64 ထို​နေ့​၌​ပင်​မင်း​ကြီး​သည်​ဗိ​မာန်​တော်​ရှေ့​၌ ရှိ​သော အ​လယ်​တံ​တိုင်း​ကို​လည်း​အ​နု​မော​ဒ​နာ ပြု​တော်​မူ​၏။ သူ​သည်​ထို​နေ​ရာ​၌​တစ်​ကောင်​လုံး မီး​ရှို့​ရာ​ယဇ်​နှင့်​ဘော​ဇဉ်​ပူ​ဇော်​သကာ​ကို​လည်း ကောင်း၊ မိတ်​သ​ဟာ​ယ​ယဇ်​အ​တွက်​ဆီ​ဥ​ကို လည်း​ကောင်း​ပူ​ဇော်​လေ​သည်။ ထို​သို့​ပြု​ရ​ခြင်း မှာ​ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း​ရှိ ကြေး​ဝါ ယဇ်​ပလ္လင်​သည်​ထို​ပူ​ဇော်​သကာ​အ​ပေါင်း​တို့ အ​တွက်​အ​လွန်​သေး​ငယ်​၍​နေ​သော​ကြောင့် တည်း။ \p \v 65 ဗိ​မာန်​တော်​တွင်​ရှော​လ​မုန်​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​နေ ပွဲ​တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင်​ကျင်း​ပ​ကြ​လေ သည်။ လူ​အုပ်​ကြီး​မှာ​မြောက်​ဘက်​ဟာ​မတ်​တောင် ကြား​လမ်း​မှ​သည် တောင်​ဘက်​အီ​ဂျစ်​ပြည်​နယ် စပ်​တိုင်​အောင်​အ​နှံ့​အ​ပြား​အ​ရပ်​ရပ်​မှ​လာ ရောက်​သူ​များ​ဖြစ်​သတည်း။- \v 66 ရှစ်​ရက်​မြောက်​သော​နေ့​၌​မင်း​ကြီး​သည်​လူ​တို့ အား မိ​မိ​တို့​ရပ်​ရွာ​များ​သို့​ပြန်​စေ​တော်​မူ​၏။ ထို​သူ​အ​ပေါင်း​တို့​သည်​လည်း​မင်း​ကြီး​အား ထော​မ​နာ​ပြု​ကြ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ကိုယ်​တော်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ခံ​ယူ​ရ​ရှိ​သည့် ကျေး​ဇူး​တော်​ကြောင့်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ မိ​မိ​တို့​ရပ်​ရွာ​များ​သို့​ပြန်​သွား​ကြ​၏။ \c 9 \s1 ရှော​လ​မုန်​မင်း​အား​ဘု​ရား​သ​ခင်​ထင်​ရှား​၍ ဗျာ​ဒိတ်​ပေး​တော်​မူ​ခြင်း \r (၆ရာ၊ ၇:၁၁-၂၂) \p \v 1 ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်၊ နန်း​တော်​မှ စ​၍​ဆောက်​လုပ်​လို​သ​မျှ​သော အ​ဆောက်​အ​အုံ များ​ကို​ဆောက်​လုပ်​ပြီး​သော​အ​ခါ၊- \v 2 ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဗောင်​မြို့​မှာ​ကဲ့​သို့ သူ့ အား​ထင်​ရှား​၍​ဗျာ​ဒိတ်​ပေး​တော်​မူ​ပြန်​၏။-\x + \xo 9:2 \xt ၃ရာ၊ ၃:၅။ ၆ရာ၊ ၁:၇။\x* \v 3 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​၏​ဆု​တောင်း ပတ္ထ​နာ​ကို​ကြား​တော်​မူ​ပြီ။ သင်​ဆောက်​လုပ်​သည့် ဤ​ဗိ​မာန်​တော်​ကို​ငါ့​အား​ထာ​ဝ​စဉ်​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဌာ​န​တော်​အ​ဖြစ်​ငါ​သီး​သန့်​၍ ထား​၏။ ဤ​ဗိ​မာန်​တော်​ကို​အ​ခါ​ခပ်​သိမ်း ငါ​ကြည့်​ရှု​စောင့်​ရှောက်​မည်။- \v 4 သင်​သည်​သင်​၏​ခမည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့​ရိုး​သား ဖြောင့်​မတ်​စွာ ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​၍ ငါ ၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​လျက် ငါ​၏ အ​မိန့်​တော်​မှန်​သ​မျှ​ကို​လိုက်​နာ​လျှင်၊- \v 5 သင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​အား​ဣသ​ရေ​လ​ရာ​ဇ ပလ္လင်​ထက်​စံ​ရ​သော သူ​၏​အ​မျိုး​မင်း​ရိုး​မ​ပြတ် စေ​ရ​ဟု​ငါ​ပေး​ခဲ့​သည့်​က​တိ​အ​တိုင်း​ငါ​ပြု မည်။-\x + \xo 9:5 \xt ၃ရာ၊ ၂:၄။\x* \v 6 သို့​ရာ​တွင်​အ​ကယ်​၍​သင်​သို့​မ​ဟုတ်​သင်​၏​သား မြေး​များ​ငါ့​နောက်​သို့​မ​လိုက်​ဘဲ ငါ​ပေး​အပ်​သည့် ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​များ​ကို​မ​လိုက် နာ​ဘဲ​အ​ခြား​ဘု​ရား​တို့​ကို​ကိုး​ကွယ်​ဝတ်​ပြု ကြ​မည်​ဆို​ပါ​မူ၊- \v 7 ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ငါ​ပေး​ထား​သည့်​ပြည်​မှ​ဖယ်​ရှား မည်။ ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​အ​တွက်​သီး သန့်​ထား​သည့်​ဤ​ဗိ​မာန်​တော်​ကို​လည်း​ငါ​စွန့် မည်။ ထို​အ​ခါ​အ​ရပ်​တ​ကာ​ရှိ​လူ​တို့​သည် ဣသ​ရေ​လ​အ​မျိုး​ကို​ကဲ့​ရဲ့​ပြောင်​လှောင် ကြ​လိမ့်​မည်။- \v 8 ဤ​ဗိ​မာန်​တော်​သည်​လည်း​ယို​ယွင်း​ပျက်​စီး သည့်​အ​ဆောက်​အ​အုံ​ဖြစ်​လာ​လိမ့်​မည်။ ယင်း ၏​အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​အ​ပေါင်း တို့​သည်​အံ့​အား​သင့်​လျက်`ထာ​ဝရ​ဘု​ရား​သည် အ​ဘယ်​ကြောင့်​ဤ​ပြည်​နှင့် ဤ​ဗိ​မာန်​တော်​ကို ဤ​သို့​ပြု​တော်​မူ​ပါ​သ​နည်း' ဟု​မေး​မြန်း ကြ​လိမ့်​မည်။-\x + \xo 9:8 \xt ၄ရာ၊ ၂၅:၉။ ၆ရာ၊ ၃၆:၁၉။\x* \v 9 ထို​အ​ခါ​လူ​တို့​က​ဤ​သူ​တို့​သည်​မိ​မိ​တို့ ဘိုး​ဘေး​များ​အား`အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် လာ​တော်​မူ​သော​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား ကို​စွန့်​၍ အ​ခြား​ဘု​ရား​များ​ထံ​မှီ​ဝဲ​ဆည်း ကပ်​ကြ​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​သူ တို့​အ​ပေါ်​ဘေး​ဆိုး​ကို​သင့်​ရောက်​စေ​တော်​မူ ခြင်း​ဖြစ်​သည်' ဟု​ပြန်​လည်​ဖြေ​ကြား​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \s1 ရှော​လ​မုန်​နှင့်​ဟိ​ရံ​သ​ဘော​တူ​ညီ​ချက် \r (၆ရာ၊ ၈:၁-၂) \p \v 10 ရှော​လ​မုန်​မင်း​သည် ဗိ​မာန်​တော်​နှင့်​နန်း​တော် ကို​တည်​ဆောက်​ရာ​တွင် အ​နှစ်​နှစ်​ဆယ်​တိုင်​တိုင် ကြာ​လေ​သည်။- \v 11 တု​ရု​ဘု​ရင်​ဟိ​ရံ​သည်​ရှော​လ​မုန်​၏​တည်​ဆောက် ရေး​အ​တွက် လို​သ​မျှ​သော​သစ်​က​တိုး​သား၊ ထင်း ရှူး​သား​နှင့်​ရွှေ​ကို​ပေး​ပို့​လေ​သည်။ တည်​ဆောက် ရေး​ပြီး​ဆုံး​ချိန်​၌​ရှော​လ​မုန်​မင်း​သည်​ဟိ​ရံ အား​ဂါ​လိ​လဲ​နယ်​မြေ​ရှိ​မြို့​နှစ်​ဆယ်​ကို​ပေး တော်​မူ​၏။- \v 12 ဟိ​ရံ​သည်​ထို​မြို့​များ​သို့​သွား​ရောက်​ကြည့်​ရှု ပြီး​နောက် မ​နှစ်​သက်​သ​ဖြင့်​ရှော​လ​မုန်​မင်း အား``အ​ဆွေ​တော်​ပေး​သည့်​မြို့​များ​ကား အ​ဘယ်​သို့​သော​မြို့​များ​နည်း'' ဟု​ဆို​သည် ကို၊- \v 13 အ​စွဲ​ပြု​၍​ထို​အ​ရပ်​ကို​ကာ​ဗု​လ​ဟူ​၍ ယ​ခု​တိုင်​အောင်​သ​မုတ်​ကြ​လေ​သည်။- \v 14 ဟိ​ရံ​သည်​ရှော​လ​မုန်​အား​ရွှေ​ချိန်​လေး​တန် နီး​ပါး​ပေး​ပို့​ခဲ့​သ​တည်း။ \s1 ရှော​လ​မုန်​၏​အ​ခြား​လုပ်​ဆောင်​ချက်​များ \r (၆ရာ၊ ၈:၃-၁၈) \p \v 15 ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော်​တည် ဆောက်​မှု​တွင်​လည်း​ကောင်း၊ မြို့​၏​အ​ရှေ့​ပိုင်း​၌​မြေ ဖို့​လုပ်​ရာ​တွင်​လည်း​ကောင်း၊ မြို့​ရိုး​တည်​ဆောက် ရာ​တွင်​လည်း​ကောင်း ချွေး​တပ်​ကို​အ​သုံး​ပြု​တော် မူ​၏။ မင်း​ကြီး​သည်​ချွေး​တပ်​ဖြင့်​ပင်​လျှင်​ဟာ​ဇော် မြို့၊ မေ​ဂိဒ္ဒေါ​မြို့​နှင့်​ဂေ​ဇာ​မြို့​တို့​ကို​လည်း​ပြန် လည်​တည်​ဆောက်​တော်​မူ​၏။- \v 16 (အီ​ဂျစ်​ဘု​ရင်​သည်​ဂေ​ဇာ​မြို့​ကို​တိုက်​ခိုက်​သိမ်း ယူ​ပြီး​လျှင် မြို့​သူ​မြို့​သား​တို့​ကို​သတ်​၍​မြို့​ကို မီး​ရှို့​ပစ်​လေ​သည်။ ထို့​နောက်​သ​မီး​တော်​အား ရှော​လ​မုန်​နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​ချိန်​၌​ထို မြို့​ကို​လက်​ဖွဲ့​တော်​မူ​၏။- \v 17 သို့​ဖြစ်​၍​ရှော​လ​မုန်​သည်​ဂေ​ဇာ​မြို့​ကို​ပြန် လည်​တည်​ဆောက်​တော်​မူ​ခြင်း​ဖြစ်​၏။) ရှော လ​မုန်​သည်​အောက်​ဗေ​သော​ရုန်​မြို့၊- \v 18 ဗာ​လက်​မြို့၊ ယု​ဒ​ပြည်​တော​ကန္တာ​ရ​ရှိ​တာ ဒ​မော်​မြို့​တို့​ကို​လည်း​ကောင်း၊- \v 19 ရိက္ခာ​သို​လှောင်​ရာ​မြို့​များ၊ မြင်း​များ၊ စစ်​ရ​ထား များ၊ စ​ခန်း​မြို့​များ​ကို​လည်း​ကောင်း၊ ယေ​ရု ရှ​လင်​မြို့၊ လေ​ဗ​နုန်​တောင်​ပေါ်​နှင့်​နိုင်​ငံ​တော် အ​တွင်း​အ​ခြား​ဒေ​သ​များ​တွင် မိ​မိ​ဆောက် လုပ်​လို​သ​မျှ​သော​အ​ဆောက်​အ​အုံ​များ​ကို လည်း​ကောင်း​ချွေး​တပ်​ဖြင့်​ပင်​တည်​ဆောက်​တော် မူ​၏။- \v 20-21 ရှော​လ​မုန်​သည်​ခါ​နာန်​ပြည်​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သိမ်း​ယူ​စဉ်​အ​ခါ​က မ​သတ် ဘဲ​ထား​ခဲ့​သည့်​ခါ​နာန်​အ​မျိုး​သား​များ​မှ ဆင်း​သက်​လာ​သူ​တို့​ကို​မိ​မိ​၏​ချွေး​တပ် အ​ဖြစ်​အ​သုံး​ပြု​လေ​သည်။ ထို​သူ​တို့​အ​ထဲ တွင်​အာ​မော​ရိ၊ ဟိတ္တိ၊ ဖေ​ရ​ဇိ၊ ဟိ​ဝိ​နှင့်​ယေ ဗု​သိ​အ​မျိုး​သား​တို့​ပါ​ဝင်​ကြ​၏။ ထို​သူ တို့​၏​သား​မြေး​များ​သည်​ယ​နေ့​တိုင်​အောင် ဆက်​လက်​၍​ကျွန်​ခံ​နေ​ရ​ကြ​သ​တည်း။- \v 22 ရှော​လ​မုန်​သည်​ယု​ဒ​အ​မျိုး​သား​တို့​ကို​မူ ကျွန်​ခံ​စေ​တော်​မ​မူ။ သူ​တို့​သည်​စစ်​သူ​ရဲ များ၊ မှူး​မတ်​များ၊ စစ်​ရ​ထား​မှူး​များ​နှင့် မြင်း​စီး​သူ​ရဲ​များ​အ​ဖြစ်​ဖြင့်​အ​မှု​ထမ်း ရ​ကြ​လေ​သည်။ \p \v 23 ရှော​လ​မုန်​၏​ဆောက်​လုပ်​ရေး​စီ​မံ​ကိန်း​များ​တွင် လုပ်​ကိုင်​နေ​သော​ချွေး​တပ်​သား​တို့​အ​ပေါ်​ကြီး ကြပ်​အုပ်​ချုပ်​ရေး​မှူး​ငါး​ရာ​ငါး​ဆယ်​ရှိ​သ​တည်း။ \p \v 24 ထို့​နောက်​ရှော​လ​မုန်​သည် အီ​ဂျစ်​ဘု​ရင်​၏​သ​မီး တော်​ကို​သူ​၏​အ​တွက် မိ​မိ​ဆောက်​လုပ်​ပေး​သည့် စံ​နန်း​သို့​ဒါ​ဝိဒ်​မြို့​မှ​ခေါ်​ဆောင်​လာ​ပြီး နောက် မြို့​၏​အ​ရှေ့​ပိုင်း​တွင်​မြေ​ဖို့​တော်​မူ​၏။ \p \v 25 ရှော​လ​မုန်​သည်​ထာ​ဝရ​ဘု​ရား​အ​တွက် မိ​မိ တည်​ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့ ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​များ​ကို​တစ် နှစ်​လျှင်​သုံး​ကြိမ်​ပူ​ဇော်​လေ​သည်။ ထာ​ဝ​ရ ဘု​ရား​အား​နံ့​သာ​ပေါင်း​ကို​လည်း​မီး​ရှို့​ပူ ဇော်​တော်​မူ​၏။ သို့​ဖြစ်​၍​သူ​သည်​ဗိ​မာန် တော်​တည်​ဆောက်​မှု​ကို​အ​ပြီး​သတ်​တော်​မူ သ​တည်း။\x + \xo 9:25 \xt ထွ၊ ၂၃:၁၇၊ ၃၄:၂၃။ တရား၊ ၁၆:၁၆။\x* \p \v 26 ရှော​လ​မုန်​မင်း​သည်​ဧ​ဒုံ​ပြည်၊ ဧ​လုတ်​မြို့​အ​နီး အ​ကွာ​ဗာ​ပင်​လယ်​ကွေ့​ကမ်း​ခြေ​ပေါ်​ရှိ​ဧ​ဇ​ယုန် ဂါ​ဗာ​မြို့​တွင်​သင်္ဘော​များ​ကို​လည်း​တည်​ဆောက် လေ​သည်။- \v 27 ဟိ​ရံ​မင်း​သည်​လည်း​အ​လုပ်​ရည်​ဝ​သည့်​သင်္ဘော သား​အ​ချို့​ကို ရှော​လ​မုန်​၏​လူ​တို့​နှင့်​အ​တူ အ​မှု​ထမ်း​ရန်​ပေး​ပို့​တော်​မူ​၏။- \v 28 သူ​တို့​သည်​သြ​ဖိ​ရ​မြို့​သို့​သင်္ဘော​လွှင့်​ကြ ပြီး​နောက် ရွှေ​အ​ချိန်​တစ်​ဆယ့်​ခြောက်​တန် နီး​ပါး​ကို​ရှော​လ​မုန်​ထံ​သို့​ယူ​ဆောင်​လာ ကြ​၏။ \c 10 \s1 ရှေ​ဘ​ဘု​ရင်​မ​အ​လည်​အ​ပတ်​ကြွ​ရောက်​လာ​ခြင်း \r (၆ရာ၊ ၉:၁-၁၂) \p \v 1 ရှေ​ဘ​ပြည့်​ရှင်​ဘု​ရင်​မ​သည် ရှော​လ​မုန်​၏​ကျော် စော​ကိတ္တိ​သ​တင်း​ကို​ကြား​လျှင် ခက်​ခဲ​သော​ပုစ္ဆာ များ​ဖြင့်​မင်း​ကြီး​အား​ပ​ညာ​စမ်း​ရန်​ယေ​ရု ရှ​လင်​မြို့​သို့​ကြွ​လာ​တော်​မူ​၏။-\x + \xo 10:1 \xt မ၊ ၁၂: ၄၂။ လု၊ ၁၁:၃၁။\x* \v 2 ဘု​ရင်​မ​သည်​နံ့​သာ​မျိုး၊ ကျောက်​မျက်​ရ​တ​နာ၊ ရွှေ​အ​မြောက်​အ​များ​တင်​ဆောင်​ထား​သည့် ကု​လား​အုတ်​များ​နှင့်​တ​ကွ များ​စွာ​သော အ​ခြံ​အ​ရံ​လိုက်​ပါ​လျက်​ရောက်​ရှိ​လာ​လေ သည်။ သူ​သည်​မင်း​ကြီး​ရှေ့​တော်​သို့​ရောက်​သော အ​ခါ​မိ​မိ​စဉ်း​စား​ရ​သ​မျှ​သော​ပုစ္ဆာ​တို့​ကို မေး​တော်​မူ​၏။- \v 3 မင်း​ကြီး​က​လည်း​တစ်​ခု​မ​ကျန်​ဖြေ​ကြား တော်​မူ​သည်။ မင်း​ကြီး​မ​ဖြေ​ရှင်း​နိုင်​လောက် အောင်​ခက်​ခဲ​သည့်​ပုစ္ဆာ​ဟူ​၍​မ​ရှိ။- \v 4-5 ဘု​ရင်​မ​သည်​မင်း​ကြီး​ဉာဏ်​ပ​ညာ​ရှိ​ပုံ၊ မင်း​ကြီး ဆောက်​လုပ်​ထား​သည့်​နန်း​တော်၊ သူ​ကျွေး​မွေး​သည့် အ​စား​အ​စာ၊ မှူး​မတ်​များ​နေ​ထိုင်​ရန်​အ​ဆောက် အ​အုံ​များ၊ နန်း​တွင်း​အ​ရာ​ရှိ​အ​စေ​ခံ​များ​ကို စီ​မံ​ခန့်​ခွဲ​ပုံ​နှင့်​သူ​တို့​ဝတ်​ဆင်​ထား​သော​ဆင် တူ​ဝတ်​စုံ​များ၊ စား​သောက်​ပွဲ​များ​တွင်​မင်း​ကြီး အား​လုပ်​ကျွေး​ရ​သည့်​အ​စေ​အ​ပါး​များ၊ ဗိ​မာန်​တော်​တွင်​ပူ​ဇော်​ထား​သည့်​ယဇ်​များ​ကို မြင်​သော​အ​ခါ​အံ့​သြ​တွေ​ဝေ​၍​သွား​လေ​သည်။- \v 6 သူ​သည်​ရှော​လ​မုန်​အား``ကျွန်ုပ်​သည်​ရှေ​ဘ​ပြည် တွင်​ရှိ​စဉ်​အ​ခါ​က အ​ဆွေ​တော်​နှင့်​အ​ဆွေ​တော် ၏​ဉာဏ်​ပ​ညာ​တော်​အ​ကြောင်း​ကို​ကြား​သိ​ခဲ့​ရ သည့်​သ​တင်း​မှန်​ပေ​၏။- \v 7 သို့​ရာ​တွင်​ကျွန်ုပ်​သည်​ကိုယ်​တိုင်​မျက်​မြင်​ဒိ​ဌ မ​တွေ့​မ​မြင်​ရ​မိ​စဉ်​အ​ခါ​က ထို​သတင်း​ကို မ​ယုံ​နိုင်​ပါ။ ထို​စဉ်​အ​ခါ​က​ကျွန်ုပ်​ကြား​သိ ရ​သည့်​အ​ရာ​များ​သည် ယ​ခု​တွေ့​မြင်​ရ​သည့် အ​မှု​အ​ရာ​များ​၏​ထက်​ဝက်​မျှ​ပင်​မ​ရှိ​ပါ။ အ​ဆွေ​တော်​၏​ဉာဏ်​ပ​ညာ​တော်​နှင့်​စည်း​စိမ် ချမ်း​သာ​သည်​ကျွန်ုပ်​ကြား​သိ​ခဲ့​သည်​ထက် များ​စွာ​ပို​မို​ကြီး​ကျယ်​ပါ​ပေ​သည်။- \v 8 အ​ဆွေ​တော်​၏​မိ​ဖု​ရား​များ​သည်​အ​လွန်​မင်္ဂ လာ​ရှိ​ကြ​ပါ​သည်​တ​ကား။ အ​ဆွေ​တော်​၏ အ​ပါး​တော်​တွင်​အ​စဉ်​ခ​စား​လျက် အ​ဆွေ တော်​၏​ထံ​မှ​ဉာဏ်​ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား များ​ကို​ကြား​ရ​သူ​အ​ဆွေ​တော်​၏​အ​စေ​ခံ များ​သည်​လည်း အ​လွန်​မင်္ဂ​လာ​ရှိ​ကြ​ပါ​သည် တ​ကား။- \v 9 အ​ဆွေ​တော်​၏​ဘုရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​ပါ​စေ​သ​တည်း။ ကိုယ်​တော်​သည် အ​ဆွေ​တော်​ကို​လွန်​စွာ​နှစ်​သက်​မြတ်​နိုး​တော်​မူ သည်​ဖြစ်​၍ ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ချီး​မြှောက် တော်​မူ​လေ​ပြီ။ ဣ​သ​ရေ​လ​လူ​မျိုး​ကို​ထာ​ဝ​စဉ် ချစ်​တော်​မူ​သ​ဖြင့် သူ​တို့​အား​တ​ရား​မျှ​တ​စွာ အုပ်​စိုး​စေ​ရန်​အ​ဆွေ​တော်​ကို​မင်း​မြှောက်​တော် မူ​လေ​ပြီ'' ဟု​ပြော​၏။ \p \v 10 ထို​နောက်​ရှေ​ဘ​ဘု​ရင်​မ​သည်​ရှော​လ​မုန်​အား ရွှေ​ချိန်​ငါး​တန်​နီး​ပါး​ကို​လည်း​ကောင်း၊ နံ့​သာ မျိုး​အ​မြောက်​အ​မြား​နှင့်​ကျောက်​မျက်​ရ​တ​နာ တို့​ကို​လည်း​ကောင်း​ပေး​ဆက်​တော်​မူ​၏။ ရှော​လ​မုန် ရ​ရှိ​ဖူး​သ​မျှ​သော​နံ့​သာ​မျိုး​တို့​အ​နက်​ဘု​ရင် မ​ပေး​ဆက်​သည့်​နံ့​သာ​မျိုး​၏​ပ​မာ​ဏ​မှာ အ​များ​ဆုံး​ဖြစ်​သ​တည်း။ \p \v 11 သြ​ဖိ​ရ​မြို့​မှ​ရွှေ​များ​ကို​တင်​ဆောင်​လာ​သော ဟိ​ရံ​၏​သင်္ဘော​စု​သည် စန္ဒ​ကူး​သား​နှင့်​ကျောက် မျက်​ရ​တ​နာ​မြောက်​မြား​စွာ​ကို​လည်း​ယူ ဆောင်​ခဲ့​လေ​သည်။- \v 12 ရှော​လ​မုန်​သည်​စန္ဒ​ကူး​သား​ကို​ဗိ​မာန်​တော်​နှင့် နန်း​တော်​တွင် လက်​ရန်း​များ​ပြု​လုပ်​ရာ​တွင်​လည်း ကောင်း၊ ဂီ​တ​ဆ​ရာ​များ​အ​တွက်​စောင်း​ကြီး၊ စောင်း​ငယ်​များ​ပြု​လုပ်​ရာ​တွင်​လည်း​ကောင်း အ​သုံး​ပြု​တော်​မူ​၏။ ထို​မျှ​ကောင်း​သော​စန္ဒ​ကူး သား​မျိုး​ကို​ဣသ​ရေ​လ​ပြည်​သို့ ယ​ခင်​အ​ဘယ် အ​ခါ​က​မျှ​မ​သွင်း​စ​ဖူး​ချေ။ ယ​နေ့​တိုင် အောင်​လည်း​မ​မြင်​ဘူး​ချေ။ \p \v 13 ရှော​လ​မုန်​မင်း​သည်​အ​ခါ​အား​လျော်​စွာ ပေး​လေ့ ပေး​ထ​ရှိ​သည့်​လက်​ဆောင်​များ​ကို ရှေ​ဘ​ဘု​ရင်​မ အား​ရက်​ရော​စွာ​ပေး​တော်​မူ​သည့်​အ​ပြင် ဘု​ရင်​မ အ​လို​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​လည်း​ပေး​တော် မူ​၏။ ထို့​နောက်​ဘု​ရင်​မ​နှင့်​အ​ခြွေ​အ​ရံ​တို့​သည် ရှေ​ဘ​ပြည်​သို့​ပြန်​သွား​ကြ​၏။ \s1 ရှော​လ​မုန်​၏​ဋ္ဌ​န​အင်​အား \r (၆ရာ၊ ၉: ၁၃-၂၉) \p \v 14 နှစ်​စဉ်​နှစ်​တိုင်း​ရှော​လ​မုန်​သည်​ရွှေ​ချိန်​နှစ်​ဆယ့် ငါး​တန်​ရ​ရှိ​၏။- \v 15 ထို့​အ​ပြင်​ကုန်​သည်​ကြီး​များ​ထံ​မှ​ကောက်​ခံ​ရ​ရှိ သည့်​အ​ခွန်​အ​ကောက်​များ၊ ကုန်​စည်​ကူး​သန်း​ရောင်း ဝယ်​မှု​မှ​ထွက်​ပေါ်​လာ​သည့်​အမြတ်​အ​စွန်း​များ၊ အာ​ရပ်​ဘု​ရင်​များ​နှင့်​နယ်​မြေ​ဘုရင်​ခံ​များ ဆက်​သ​သည့်​အ​ခွန်​များ​ရ​ရှိ​သေး​၏။ \p \v 16 ရှော​လ​မုန်​သည်​ဒိုင်း​ကြီး​နှစ်​ရာ​ကို​ပြု​လုပ်​ပြီး လျှင် တစ်​ခု​စီ​ကို​ရွှေ​ချိန်​တစ်​ဆယ့်​ငါး​ပေါင်​ခန့် ဖြင့်​မွမ်း​မံ​ထား​စေ​၏။- \v 17 ရွှေ​ချိန်​လေး​ပေါင်​ခန့်​စီ​ဖြင့်​မွမ်း​မံ​ထား​သော​ဒိုင်း ငယ်​သုံး​ရာ​ကို​လည်း​ပြု​လုပ်​၍ ထို​ဒိုင်း​အား​လုံး ကို​လေ​ဗ​နုန်​ခန်း​မ​ဆောင်​တွင်​ထား​ရှိ​စေ​၏။ \p \v 18 မင်း​ကြီး​သည်​ရွှေ​စင်​ဖြင့်​မွမ်း​မံ​ထား​သည့် ဆင် စွယ်​ရာ​ဇ​ပလ္လင်​ကြီး​ကို​လည်း​ပြု​လုပ်​တော်​မူ​၏။- \v 19-20 ရာဇ​ပလ္လင်​ကို​တက်​ရန်​လှေ​ကား​ထစ်​ခြောက်​ထစ်​ရှိ​၍ ယင်း​တို့​၏​အ​စွန်း​တစ်​ဘက်​တစ်​ချက်​တွင်​ခြင်္သေ့ ရုပ်​တစ်​ကောင်​စီ​ရှိ​သ​ဖြင့် စု​စု​ပေါင်း​ခြင်္သေ့​ရုပ် တစ်​ဆယ့်​နှစ်​ကောင်​ရှိ​လေ​သည်။ ရာ​ဇ​ပလ္လင်​၏ ကျော​ဘက်​တွင်​နွား​လား​ဥ​သ​ဘ​၏​ခေါင်း​ရုပ် တစ်​ခု​ရှိ​၍ လက်​တင်​နှစ်​ခု​၏​ဘေး​တစ်​ဘက် တစ်​ချက်​၌​ခြင်္သေ့​ရုပ်​တစ်​ခု​စီ​ရှိ​လေ​သည်။ အ​ခြား​အ​ဘယ်​နိုင်​ငံ​တွင်​မျှ​ဤ​သို့​သော ရာ​ဇ​ပလ္လင်​မျိုး​မ​ရှိ​ချေ။ \p \v 21 ရှော​လ​မုန်​၏​သောက်​တော်​ရေ​ဖ​လား​မှန်​သ​မျှ သည်​ရွှေ​ဖြင့်​ပြီး​၍ လေ​ဗ​နုန်​တော​ခေါ်​ခန်း​မ ဆောင်​တွင်​ရှိ​သ​မျှ​သော​အ​သုံး​အ​ဆောင်​များ သည်​လည်း​ရွှေ​စင်​ဖြင့်​ပြီး​သ​တည်း။ ရှော​လ​မုန် ၏​လက်​ထက်​က​ငွေ​ကို​တန်​ဖိုး​မ​ထား​သ​ဖြင့် ငွေ​အ​သုံး​အ​ဆောင်​မ​ထား​ချေ။- \v 22 မင်း​ကြီး​သည်​ဟိ​ရံ​၏​သင်္ဘော​စု​နှင့်​အ​တူ ကူး​သန်း သွား​လာ​ရန်​ပင်​လယ်​ကူး​သင်္ဘော​များ​ရှိ​လေ​သည်။ ထို​သင်္ဘော​တို့​သည်​သုံး​နှစ်​လျှင်​တစ်​ကြိမ်​ပြည်​တော် သို့​ပြန်​လာ​၍ ရွှေ၊ ငွေ၊ ဆင်​စွယ်၊ လူ​ဝံ​နှင့်​မျောက်​များ ကို​ယူ​ဆောင်​လာ​တတ်​ကြ​၏။ \p \v 23 ရှော​လ​မုန်​မင်း​သည်​ဘု​ရင်​တ​ကာ​တို့​ထက်​ပို​၍ စည်း​စိမ်​ချမ်း​သာ​နှင့်​ဉာဏ်​ပ​ညာ​ရှိ​တော်​မူ​၏။- \v 24 ထို့​ကြောင့်​ကမ္ဘာ​အ​ရပ်​ရပ်​မှ​လူ​တို့​သည်​မင်း​ကြီး အား ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဉာဏ်​ပ​ညာ ဖြင့် မြွက်​ဆို​သည့်​စ​ကား​များ​ကို​ကြား​နာ​ရန် လာ​ရောက်​ကြ​၏။- \v 25 နှစ်​စဉ်​လာ​ရောက်​ကြ​သူ​အ​ပေါင်း​တို့​သည်​ကိုယ်​စီ ကိုယ်​ငှ ရွှေ​ထည်၊ အ​ဝတ်​တန်​ဆာ၊ လက်​နက်၊ နံ့​သာ မျိုး၊ မြင်း၊ လား​တို့​ကို​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ် မင်း​ကြီး​အား​ဆက်​သ​ကြ​လေ​သည်။ \p \v 26 ရှော​လ​မုန်​သည်​စစ်​ရ​ထား​တစ်​ထောင့်​လေး​ရာ​နှင့် မြင်း​ကောင်​ရေ​တစ်​သောင်း​နှစ်​ထောင်​ရှိ​သော​တပ်​ကို ဖွဲ့​စည်း​ပြီး​နောက် အ​ချို့​ကို​ယေ​ရု​ရှ​လင်​မြို့​တွင် လည်း​ကောင်း၊ အ​ချို့​ကို​အ​ခြား​မြို့​တို့​တွင်​လည်း ကောင်း​စ​ခန်း​ချ​၍​ထား​တော်​မူ​၏။-\x + \xo 10:26 \xt ၃ရာ၊ ၄:၂၆။\x* \v 27 သူ​၏​လက်​ထက်​တော်​၌​ယေ​ရု​ရှ​လင်​မြို့​တွင်​ငွေ သည်​ကျောက်​ခဲ​ကဲ့​သို့​လည်း​ကောင်း၊ သစ်​က​တိုး သား​သည်​ယု​ဒ​ပြည်​တောင်​ခြေ​၌​အ​လေ့​ကျ ပေါက်​သော​ပိုး​စာ​ပင်​ကဲ့​သို့​လည်း​ကောင်း​ပေါ များ​လေ​သည်။-\x + \xo 10:27 \xt တရား၊ ၁၇:၁၇။\x* \v 28 မူ​သ​ရိ​ပြည်​နှင့်​ကိ​လိ​ကိ​ပြည်\f 4 \fr 10:28 \ft * \+fk မူ​သ​ရိ​ပြည်​နှင့်​ကိ​လိ​ကိ​ပြည်။ \ft ယ​ခု​ခေတ်​အ​ရှေ့​တောင်​တူ​ရ​ကီ​နိုင်​ငံ​ရှိ​ရှေး နိုင်​ငံ​များ​ဖြစ်​သည်။ ရှော​လ​မုန်​၏​လက်​ထက်​မြင်း မွေး​မြူ​ရေး​ဗ​ဟို​ဌာ​န​များ​ဖြစ်​သည်။\f* မှ​မြင်း​များ၊-\x + \xo 10:28 \xt တရား၊ ၁၇:၁၆။\x* \v 29 အီ​ဂျစ်​ပြည်​မှ​ရထား​များ​တင်​သွင်း​မှု​ကို​မင်း ကြီး​၏​အ​ဝယ်​တော်​များ​က​ချုပ်​ကိုင်​ထား​ကြ​၏။ သူ​တို့​သည်​ဟိတ္တိ​နှင့်​ရှု​ရိ​ဘု​ရင်​တို့​အား​မြင်း တစ်​ကောင်​လျှင် ငွေ​သား​ခြောက်​ရာ​နှုန်း​ဖြင့်​လည်း ကောင်း၊ ရထား​တစ်​စီး​လျှင်​ငွေ​သား​တစ်​ရာ့​ငါး ဆယ်​နှုန်း​ဖြင့်​လည်း​ကောင်း​ရောင်း​ချ​ကြ​လေ သည်။ \c 11 \s1 ထာ​ဝ​ရ​ဘု​ရား​အား​ရှော​လ​မုန်​ကျော​ခိုင်း​ခြင်း \p \v 1 ရှော​လ​မုန်​ချစ်​ခင်​မြတ်​နိုး​သည့် လူ​မျိုး​ခြား အ​မျိုး​သ​မီး​အ​မြောက်​အ​မြား​ရှိ​၏။ သူ​သည် အီ​ဂျစ်​ဘု​ရင်​၏​သ​မီး​တော်​ကို​သာ​မ​က​ဘဲ ဟိတ္တိ​အ​မျိုး​သ​မီး​များ၊ မော​ဘ​အ​မျိုး​သ​မီး များ၊ အမ္မုန်​အ​မျိုး​သ​မီး​များ၊ ဧ​ဒုံ​အ​မျိုး သ​မီး​များ​နှင့်​ဇိ​ဒုန်​အ​မျိုး​သ​မီး​များ​ကို လည်း​မိ​ဖု​ရား​မြှောက်​တော်​မူ​လေ​သည်။-\x + \xo 11:1 \xt တရား၊ ၁၇:၁၇။\x* \v 2 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``သင်​တို့​သည်​လူ​မျိုး​ခြား​များ​နှင့်​အိမ် ထောင်​မ​ပြု​ရ။ သူ​တို့​သည်​သင်​တို့​၏​စိတ်​နှ​လုံး ကို​သူ​တို့​ဘု​ရား​များ​ဘက်​သို့​အ​မှန်​ပင်​ယိမ်း ယိုင်​စေ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ခဲ့​၏။ သို့ ပါ​လျက်​ရှော​လ​မုန်​သည်​ထို​အ​မျိုး​သ​မီး များ​နှင့်​စုံ​ဖက်​တော်​မူ​လေ​သည်။-\x + \xo 11:2 \xt ထွ၊ ၃၄:၁၆။ တရား၊ ၇:၃-၄။\x* \v 3 ရှော​လ​မုန်​သည်​မင်း​သ​မီး​ခု​နစ်​ရာ​ကို​ထိမ်း မြား​သည့်​အ​ပြင် သူ​၏​မောင်း​မ​တော်​သုံး​ရာ ရှိ​သေး​၏။ သူ​တို့​သည်​မင်း​ကြီး​အား​ထာ​ဝ​ရ ဘု​ရား​ကို​ကျော​ခိုင်း​စေ​ပြီး​လျှင်၊- \v 4 အို​မင်း​လာ​ချိန်​၌​လူ​မျိုး​ခြား​တို့​၏​ဘု​ရား များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​စေ​ကြ​၏။ မင်း​ကြီး သည်​ခ​မည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား​သစ္စာ​မ​စောင့်​ဘဲ၊- \v 5 ဇိ​ဒုန်​ဘု​ရား​မ​အာ​ရှ​တ​ရက်​နှင့်​စက်​ဆုပ်​ဖွယ် ကောင်း​သည့် အမ္မုန်​ဘု​ရား​မိ​လ​ကုံ​အား​ဝတ်​ပြု ကိုး​ကွယ်​၍၊- \v 6 ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင်​ဒု​စ​ရိုက်​ကို​ပြု လျက် ခ​မည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့​ထာ​ဝ​ရ​ဘု​ရား ထံ​လုံး​ဝ​ဆည်း​ကပ်​ကိုး​ကွယ်​ခြင်း​မ​ပြု​ပေ။- \v 7 ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့​ဘက်​ရှိ​တောင်​ပေါ်​တွင် စက် ဆုပ်​ဖွယ်​ကောင်း​သည့်​မော​ဘ​ဘု​ရား၊ ခေ​မု​ရှ​နှင့် စက်​ဆုပ်​ဖွယ်​ကောင်း​သော​အမ္မုန်​ဘု​ရား​မော​လုတ် အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဌာ​န​ကို​လည်း​ကောင်း တည်​ဆောက်​လေ​သည်။- \v 8 လူ​မျိုး​ခြား​မိ​ဖု​ရား​အ​ပေါင်း​တို့​သည်​မိ​မိ​တို့ သက်​ဆိုင်​ရာ​ဘု​ရား​များ​အား​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ပူ​ဇော်​နိုင်​ရန်​နှင့် ယဇ်​ပူ​ဇော်​နိုင်​ရန်​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​လည်း​တည်​ဆောက် ပေး​တော်​မူ​၏။ \p \v 9-10 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ရှော​လ​မုန်​အား​နှစ်​ကြိမ် တိုင်​တိုင်​ထင်​ရှား​၍ လူ​မျိုး​ခြား​တို့​၏​ဘု​ရား များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​မ​ပြု​ရန်​မိန့် ကြား​တော်​မူ​သော်​လည်း ရှော​လ​မုန်​သည် ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​တော်​ကို​နား မ​ထောင်​ဘဲ ကိုယ်​တော်​အား​ကျော​ခိုင်း​သော ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လ​မုန်​အား အမျက်​ထွက်​တော်​မူ​သ​ဖြင့်၊- \v 11 ``သင်​သည်​ငါ​နှင့်​ပြု​ထား​သည့်​ပ​ဋိ​ညာဉ်​ကို ချိုး​ဖောက်​လျက် ငါ​၏​အ​မိန့်​တော်​ကို​လွန်​ဆန် သည်​ဖြစ်​၍ ငါ​သည်​နိုင်​ငံ​တော်​ကို​သင့်​လက်​မှ မု​ချ​ရုပ်​သိမ်း​ပြီး​လျှင် သင်​၏​မှူး​မတ်​တစ်​ဦး အား​ပေး​အပ်​မည်။- \v 12 သို့​ရာ​တွင်​ငါ​သည်​သင့်​ခ​မည်း​တော်​ဒါ​ဝိဒ်​၏ မျက်​နှာ​ကို​ထောက်​၍ သင်​၏​လက်​ထက်​၌​ဤ အ​မှု​ကို​မ​ပြု​ဘဲ​သင်​၏​သား​လက်​ထက် ရောက်​မှ​ပြု​မည်။- \v 13 သို့​သော်​လည်း​ငါ​သည်​ငါ့​အ​စေ​ခံ​ဒါ​ဝိဒ်​၏ မျက်​နှာ​ကို​ထောက်​၍​လည်း​ကောင်း၊ ငါ​၏​မြို့​တော် အ​ဖြစ်​ငါ​ရွေး​ချယ်​ထား​သည့်​ယေ​ရု​ရှ​လင်​မြို့ ကို​ထောက်​ထား​၍​လည်း​ကောင်း သူ​၏​ထံ​မှ​တစ် နိုင်​ငံ​လုံး​ကို​မ​ရုပ်​သိမ်း။ သူ​၏​အ​တွက်​တစ်​နွယ် ကို​ချန်​ထား​မည်'' ဟု​ရှော​လ​မုန်​အား​ဗျာ​ဒိတ် ပေး​တော်​မူ​၏။ \s1 ရှော​လ​မုန်​၏​ရန်​သူ​များ \p \v 14 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် ဧ​ဒုံ​မင်း​မျိုး​နွယ် တစ်​ဦး​ဖြစ်​သူ​ဟာ​ဒဒ်​အား ရှော​လ​မုန်​ကို​ပုန်​ကန် စေ​တော်​မူ​၏။- \v 15-16 ဤ​အ​ရေး​အ​ခင်း​မ​ပေါ်​ပေါက်​မီ​ကာ​လ​အ​တော် ကြာ​က ဧ​ဒုံ​ပြည်​ကို​ဒါ​ဝိဒ်​နှိမ်​နင်း​အောင်​မြင်​ပြီး နောက် တပ်​မ​တော်​ဗိုလ်​ချုပ်​ယွာ​ဘ​သည်​စစ်​ပွဲ​တွင် ကျ​ဆုံး​သူ​တို့​ကို​သင်္ဂြိုဟ်​ရန်​ထို​ပြည်​သို့​သွား​၍ မိ​မိ​၏​တပ်​သား​များ​နှင့်​အ​တူ​ခြောက်​လ​မျှ နေ​ထိုင်​ကာ​ဧ​ဒုံ​ပြည်​သား​ယောကျာ်း​မှန်​သ​မျှ ကို​သတ်​လေ​သည်။- \v 17 ဟာ​ဒဒ်​နှင့်​သူ့​ဖ​ခင်​၏​အ​စေ​ခံ​အ​ချို့​သာ​လျှင် လွတ်​မြောက်​၍ အီ​ဂျစ်​ပြည်​သို့​ထွက်​ပြေး​ကြ​၏။ (ထို​စဉ်​အ​ခါ​က​ဟာ​ဒဒ်​သည်​က​လေး​သူ​ငယ် မျှ​သာ​ရှိ​သေး​၏။-) \v 18 သူ​တို့​သည်​မိ​ဒျန်​ပြည်​မှ​ထွက်​ခွာ​ပြီး​လျှင်​ဖာ​ရန် မြို့​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ လူ​အ​ချို့​တို့​သည် သူ​တို့​ဘက်​သို့​ဝင်​ရောက်​လာ​ကြ​၏။ ထို့​နောက်​သူ တို့​သည်​အီ​ဂျစ်​ပြည်​သို့​ထွက်​သွား​၍​အီ​ဂျစ် ဘု​ရင်​ထံ​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ မင်း​ကြီး သည်​ဟာ​ဒဒ်​အား မြေ၊ အိမ်​နှင့်၊ စား​နပ်​ရိက္ခာ​ကို ပေး​တော်​မူ​၏။- \v 19 ဟာ​ဒဒ်​သည်​မင်း​ကြီး​နှင့်​ချစ်​ကျွမ်း​ဝင်​၍​လာ ရ​ကား မင်း​ကြီး​က​သူ့​အား​မိ​ဖု​ရား​တာ​ပ​နက် ၏​ညီ​မ၊ မိ​မိ​၏​ခယ်​မ​တော်​နှင့်​စုံ​ဖက်​ပေး​တော် မူ​၏။- \v 20 ထို​အ​မျိုး​သ​မီး​သည်​သား​ဂေ​နု​ဗတ်​ကို​ဖွား​မြင် ရာ ထို​သား​ကို​နန်း​တော်​တွင်း​၌​မိ​ဖု​ရား​က​ပင် လျှင်​စောင့်​ရှောက်​ပြု​စု​ထား​သ​ဖြင့် သူ​ငယ်​သည် ဘု​ရင်​၏​သား​တော်​များ​နှင့်​အ​တူ​နေ​ထိုင်​ရ လေ​သည်။ \p \v 21 ဒါ​ဝိဒ်​မင်း​ကွယ်​လွန်​တော်​မူ​၍ တပ်​မ​တော်​ဗိုလ် ချုပ်​ယွာ​ဘ​သည်​လည်း​သေ​ဆုံး​ပြီ​ဖြစ်​ကြောင်း အီ​ဂျစ်​ပြည်​သို့​သ​တင်း​ရောက်​ရှိ​လာ​သော အ​ခါ ဟာ​ဒဒ်​က​အီ​ဂျစ်​ဘု​ရင်​ထံ``အ​ကျွန်ုပ် အား​မိ​မိ​တိုင်း​ပြည်​သို့​ပြန်​ခွင့်​ပြု​တော်​မူ ပါ'' ဟု​လျှောက်​လေ​၏။ \p \v 22 မင်း​ကြီး​က``အ​ဘယ်​ကြောင့်​နည်း။ အ​ဘယ်​အ​လို ဆန္ဒ​မ​ပြည့်​ဝ​၍​သင့်​ပြည်​သို့​ပြန်​လို​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p ဟာ​ဒဒ်​က``ယင်း​သို့​မ​ဟုတ်​ပါ။ သို့​ရာ​တွင်​ပြန် ခွင့်​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​ထား​ပြီး​လျှင် မိ​မိ​၏​ပြည်​သို့​ပြန်​သွား​လေ​၏။ \p ဟာ​ဒဒ်​သည်​ဧ​ဒုံ​ပြည်​တွင်​မင်း​ပြု​လျက် ဣ​သ ရေ​လ​လူ​မျိုး​ကို​ရွံ​ရှာ​၍​ရန်​မူ​လေ​သည်။\f 5 \fr 11:22 \ft * \+fk ဟာ​ဒဒ်​သည်။ \ft ဟာ​ဒဒ်​သည် --- ရန်​မူ​လေ​သည်။ ဘာ​သာ​ပြန်​မူ ဟောင်း​တစ်​ခု​အ​ရ၊ ဟေ​ဗြဲ​မူ​တွင်​အ​ခန်း​ငယ် ၂၅ အ​ဆုံး​တွင်​ရှိ​ပါ​သည်။\f* \p \v 23 ဘု​ရား​သ​ခင်​သည်​ဧ​လျာ​ဒ​၏​သား​ရေ​ဇုန်​ကို လည်း ရှော​လ​မုန်​အား​ပုန်​ကန်​စေ​တော်​မူ​၏။ ရေ​ဇုန် သည်​မိ​မိ​၏​သ​ခင်၊ ဇော​ဘ​ဘု​ရင်၊ ဟာ​ဒ​ဒေ​ဇာ ထံ​မှ​ထွက်​ပြေး​ပြီး​လျှင်​တော​ပုန်း​အ​ဖွဲ့​ခေါင်း ဆောင်​လုပ်​၍​နေ​လေ​၏။- \v 24 (ဤ​သို့​ဖြစ်​ပျက်​မှု​မှာ​ဒါ​ဝိဒ်​သည်​ဟာ​ဒ​ဒေ​ဇာ ကို​နှိမ်​နင်း​၍ ထို​မင်း​၏​ရှု​ရိ​မ​ဟာ​မိတ်​များ​ကို သုတ်​သင်​ပြီး​ချိန်​၌​ဖြစ်​သ​တည်း။) ရေ​ဇုန်​သည် မိ​မိ​၏​နောက်​လိုက်​များ​နှင့်​အ​တူ ဒ​မာ​သက်​မြို့ သို့​သွား​ရောက်​နေ​ထိုင်​ရာ​သူ​၏​လူ​တို့​သည်​သူ့ ကို​ရှု​ရိ​ဘုရင်​အ​ဖြစ်​မင်း​မြှောက်​ကြ​လေ​သည်။- \v 25 ရေ​ဇုန်​သည်​လည်း​ရှော​လ​မုန်​အ​သက်​ရှင်​သ​မျှ ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​လူ​မျိုး​တို့​အား ရန်​မူ​လျက်​နေ​၏။ \s1 ယေ​ရော​ဗောင်​အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော က​တိ​တော် \p \v 26 ရှော​လ​မုန်​အား​ပုန်​ကန်​သူ​အ​ခြား​လူ​တစ်​ယောက် မှာ ဧ​ဖ​ရိမ်​ပြည်၊ ဇေ​ရ​ဒ​ရွာ​သား၊ နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​ဖြစ်​သည်။ သူ​သည်​ရှော​လ​မုန်​၏ နန်း​တွင်း​အ​ရာ​ရှိ​တစ်​ဦး​ဖြစ်​၍ သူ​၏​မိ​ခင်​မှာ ဇေရွာ​နာ​မည်​ရှိ​သော​မု​ဆိုး​မ​ဖြစ်​၏။- \v 27 ပုန်​ကန်​မှု​ဖြစ်​ပွား​ပုံ​ကား​ဤ​သို့​တည်း။ \p ရှော​လ​မုန်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့​ပိုင်း​တွင် မြေ​ဖို့​လျက် မြို့​ရိုး​များ​ကို​တိုး​ချဲ့​လျက်​နေ​၏။- \v 28 လုပ်​ရည်​ကိုင်​ရည်​ကောင်း​သူ​ယေ​ရော​ဗောင်​၏​လုံ့​လ ဝိ​ရိ​ယ​ကို​မြင်​တော်​မူ​သော​အ​ခါ ရှော​လ​မုန် သည်​သူ့​အား​မ​နာ​ရှေ​နှင့်​ဧ​ဖ​ရိမ်​နယ်​မြေ​များ အ​တွက် ချွေး​တပ်​မှူး​အ​ဖြစ်​ဖြင့်​ခန့်​အပ်​တော် မူ​၏။- \v 29 တစ်​နေ့​သ၌​ယေ​ရော​ဗောင်​သည်​ယေ​ရု​ရှ​လင်​မြို့ မှ​ခ​ရီး​ပြု​ရန်​ထွက်​ခွာ​လာ​စဉ် လမ်း​ပေါ်​၌​သူ နှင့်​ရှိ​လော​မြို့​သား​ပ​ရော​ဖက်​အ​ဟိ​ယ​တို့ နှစ်​ဦး​တည်း​တွေ့​ဆုံ​မိ​ကြ​လေ​သည်။- \v 30 အ​ဟိ​ယ​သည်​မိ​မိ​ဝတ်​ထား​သည့်​ဝတ်​လုံ သစ်​ကို​ချွတ်​၍ တစ်​ဆယ့်​နှစ်​ပိုင်း​ဆုတ်​ဖြဲ ပြီး​လျှင်၊- \v 31 ယေ​ရော​ဗောင်​အား``သင့်​အ​တွက်​ဝတ်​လုံ​စ ဆယ်​ခု​ကို​ယူ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​သင့် အား`ငါ​သည်​ရှော​လ​မုန်​ထံ​မှ​နိုင်​ငံ​တော်​ကို ရုပ်​သိမ်း​၍ ဣသ​ရေ​လ​တို့​၏​နယ်​မြေ​ဆယ်​ခု ကို​ပေး​မည်။- \v 32 ငါ​၏​အ​စေ​ခံ​ဒါဝိဒ်​၏​မျက်​နှာ​ကို​ထောက်​၍ လည်း​ကောင်း၊ ဣ​သ​ရေ​လ​တစ်​နိုင်​ငံ​လုံး​မှ​ငါ ရွေး​ချယ်​ထား​သည့်​မြို့​တော်​တည်း​ဟူ​သော ယေ​ရု ရှ​လင်​မြို့​ကို​ထောက်​ထား​၍​လည်း​ကောင်း၊ ငါ​သည် ရှော​လ​မုန်​အ​တွက်​နယ်​မြေ​တစ်​ခု​ကို​ချန်​ထား ပေး​မည်။- \v 33 ဤ​သို့​ငါ​ပြု​ရ​မည့်​အ​ကြောင်း​မှာ​ရှော​လ​မုန်​သည် ငါ့​ကို​ပစ်​ပယ်​၍ ဇိ​ဒုန်​ဘု​ရား​မ​အာ​ရှ​တ​ရက်၊ မော​ဘ​ဘု​ရား​ခေ​မု​ရှ၊ အမ္မုန်​ဘု​ရား​မိ​လ​ကုံ တို့​ကို​ဝတ်​ပြု​ကိုး​ကွယ်​သော​ကြောင့်​ဖြစ်​၏။ ရှော​လ​မုန်​သည်​ငါ​၏​အ​မိန့်​တော်​ကို​လွန်​ဆန် လေ​ပြီ။ သူ​သည်​မ​ကောင်း​မှု​ကို​ပြု​၍​ငါ​၏ ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​တို့​ကို​သူ​၏ ခ​မည်း​တော်​ဒါ​ဝိဒ်​နာ​ခံ​သ​ကဲ​သို့​မ​နာ​ခံ။- \v 34 သို့​ရာ​တွင်​ငါ​သည်​သူ​၏​ထံ​မှ​တစ်​နိုင်​ငံ​လုံး ကို​ရုပ်​သိမ်း​ဦး​မည်​မ​ဟုတ်။ ငါ​ရွေး​ချယ်​ခန့်​ထား ၍​ငါ​၏​ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​တို့ ကို​နာ​ခံ​သူ၊ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​၏​မျက်​နှာ ကို​ထောက်​၍ ငါ​သည်​ရှော​လ​မုန်​အား​တစ်​သက် လုံး​ထို​နိုင်​ငံ​ကို​အုပ်​စိုး​စေ​မည်။- \v 35 သူ​၏​သား​လက်​ထက်​ရောက်​မှ​ထို​နိုင်​ငံ​ကို ရုပ်​သိမ်း​၍ ဣ​သ​ရေ​လ​ဆယ်​နွယ်​ကို​သင့်​အား ငါ​ပေး​မည်။- \v 36 ရှော​လ​မုန်​၏​သား​ကို​မူ​ကား​ဣ​သ​ရေ​လ​တစ် နွယ်​ကို​ငါ​ပေး​မည်။ ဤ​သို့​ပေး​ရ​ခြင်း​အ​ကြောင်း မှာ​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​အ​ဖြစ်​ဖြင့် ငါ​ရွေး​ချယ်​ထား​သည့်​မြို့​တော်​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့​၌ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​၏ သား​မြေး​များ​အ​ဆက်​မ​ပြတ်​နန်း​စံ​လျက် ရှိ​နေ​စေ​ရန်​ဖြစ်​၏။- \v 37 အ​ချင်း​ယေ​ရော​ဗောင်၊ ငါ​သည်​သင့်​အား​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​ခန့်​ထား​မည်။ သင်​သည်​မိ​မိ​အ​လို​ရှိ သော​နယ်​မြေ​တို့​ကို​အုပ်​စိုး​ရ​လိမ့်​မည်။- \v 38 အ​ကယ်​၍​သင်​သည်​ငါ​၏​စ​ကား​ကို​အ​ကြွင်း​မဲ့ နား​ထောင်​ကာ​ငါ့​ပ​ညတ်​တော်​တို့​ကို​ကျင့်​သုံး ပြီး​လျှင် ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​နည်း​တူ​ငါ့​အ​မိန့် တို့​ကို​နာ​ခံ​ခြင်း​အား​ဖြင့် ငါ​နှစ်​သက်​မြတ်​နိုး အောင်​ပြု​လျှင်​သင်​နှင့်​အ​တူ​အ​စဉ်​အ​မြဲ​ငါ ရှိ​မည်။ သင့်​အား​ဣသ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ခန့် ထား​ပြီး​လျှင် ဒါ​ဝိဒ်​၏​သား​မြေး​များ​အ​တွက် ငါ​ပြု​သ​ကဲ့​သို့​သင်​၏​သား​မြေး​တို့​ကို​လည်း သင့်​နောက်​၌​ဧ​ကန်​အ​မှန်​ဆက်​လက်​နန်း​စံ စေ​မည်။- \v 39 ရှော​လ​မုန်​၏​အ​ပြစ်​အ​တွက်​ငါ​သည်​ဒါဝိဒ်​၏ သား​မြေး​တို့​အား​ဒဏ်​ခတ်​မည်။ သို့​သော်​အ​စဉ် အ​မြဲ​မ​ဟုတ်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို လေ​သည်။ \p \v 40 ထို့​ကြောင့်​ရှော​လ​မုန်​သည် ယေ​ရော​ဗောင်​ကို​သတ် ရန်​ကြိုး​စား​လေ​၏။ ယေ​ရော​ဗောင်​သည်​အီ​ဂျစ် ဘု​ရင်​ရှိ​ရှက်​ထံ​သို့​ထွက်​ပြေး​၍ ရှော​လ​မုန် ကွယ်​လွန်​သည့်​တိုင်​အောင်​အီ​ဂျစ်​ပြည်​တွင်​နေ လေ​သည်။ \s1 ရှော​လ​မုန်​ကွယ်​လွန်​ခြင်း \r (၆ရာ၊ ၉:၂၉-၃၁) \p \v 41 ရှော​လ​မုန်​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ များ၊ နေ​ထိုင်​ပြု​မူ​ပုံ​နှင့်​ပ​ညာ​ဉာဏ်​ရှိ​ပုံ​အ​ကြောင်း တို့​ကို​ရှော​လ​မုန်​အတ္ထု​ပ္ပတ္တိ​စာ​စောင်​တွင်​ရေး​သား ဖော်​ပြ​ထား​လေ​သည်။- \v 42 သူ​သည်​လေး​ဆယ့်​တစ်နှစ်​တိုင်​တိုင်​ယေ​ရု​ရှ​လင် မြို့​တွင်​နန်း​စံ​တော်​မူ​လျက် ဣ​သ​ရေ​လ​တစ် နိုင်​ငံ​လုံး​ကို​အုပ်​စိုး​တော်​မူ​ခဲ့​သတည်း။- \v 43 သူ​သည်​ကွယ်​လွန်​၍​ဒါ​ဝိဒ်​၏​မြို့​၌​သင်္ဂြိုဟ်​ခြင်း ကို​ခံ​ရ​၏။ သား​တော်​ရော​ဗောင်​သည်​နန်း​တက် လေ​၏။ \c 12 \s1 မြောက်​ပိုင်း​အ​နွယ်​များ​ပုန်​ကန်​ကြ​ခြင်း \r (၆ရာ၊ ၁၀:၁-၁၉) \p \v 1 ရော​ဗောင်​သည်​မိ​မိ​အား​မင်း​မြှောက်​ရန် ဣ​သ​ရေ​လ ပြည်​မြောက်​ပိုင်း​ရှိ​လူ​တို့​စု​ရုံး​လျက်​ရှိ​ရာ​ရှေ​ခင် မြို့​သို့​သွား​၏။- \v 2 ရှော​လ​မုန်​မင်း​၏​ဘေး​မှ​လွတ်​မြောက်​ရန်​ထွက် ပြေး​သွား​သူ​နေ​ဗက်​၏​သား​ယေ​ရော​ဗောင်​သည် ထို​သ​တင်း​ကို​ကြား​သော​အ​ခါ​အီ​ဂျစ်​ပြည် မှ​ပြန်​လာ​လေ​သည်။- \v 3 ဣ​သ​ရေ​လ​ပြည်​မြောက်​ပိုင်း​မှ​လူ​တို့​သည်​သူ့​ကို ခေါ်​ယူ​ပြီး​လျှင် သူ​နှင့်​အ​တူ​ရောဗောင်​မင်း​ထံ​သို့ သွား​ကြ​၏။ သူ​တို့​က၊- \v 4 ``အ​ရှင့်​ခ​မည်း​တော်​ရှော​လ​မုန်​သည်​ကျွန်ုပ်​တို့ အ​ပေါ်​လေး​လံ​သော​ထမ်း​ပိုး​ကို​တင်​တော်​မူ​ခဲ့ ပါ​၏။ အ​ရှင်​သည်​ထို​လေး​လံ​သော​ထမ်း​ပိုး​နှင့် ပင်​ပန်း​သော​ဝန်​ကို​ပေါ့​ပါး​စေ​လျက် အ​ကျွန်ုပ်​တို့ အား​နေ​သာ​ထိုင်​သာ​ရှိ​အောင်​ပြု​တော်​မူ​မည်​ဆို ပါ​က အ​ကျွန်ုပ်​တို့​သည်​သစ္စာ​ရှိ​စွာ​အ​ရှင့်​၏ အ​မှု​တော်​ကို​ထမ်း​ဆောင်​ပါ​မည်'' ဟု​လျှောက် ထား​ကြ​၏။ \p \v 5 ရော​ဗောင်​က​လည်း``သုံး​ရက်​ကြာ​လျှင်​ငါ့​ထံ​သို့ ပြန်​ခဲ့​ကြ။ ထို​အ​ခါ​မှ​သင်​တို့​အား​ငါ​အ​ဖြေ ပေး​မည်'' ဟု​ဆို​၏။ \p \v 6 ထို့​နောက်​ရော​ဗောင်​သည် ခ​မည်း​တော်​ရှော​လ​မုန်​၏ အ​တိုင်​ပင်​ခံ​အ​သက်​ကြီး​သူ​အ​မတ်​များ​အား``ထို သူ​တို့​ကို​ငါ​အ​ဘယ်​သို့​ဖြေ​ကြား​ရ​ပါ​မည်​နည်း။ သင်​တို့​အ​ဘယ်​သို့​အ​ကြံ​ပေး​လို​ကြ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p \v 7 မှူး​မတ်​တို့​က``အ​ရှင်​သည်​ထို​သူ​တို့​အား​အ​ကျိုး ပြု​လို​တော်​မူ​ပါ​လျှင် သူ​တို့​၏​ပန်​ကြား​ချက်​ကို လိုက်​လျော​တော်​မူ​ပါ။ သူ​တို့​သည်​အ​ရှင်​၏​အမှု တော်​ကို အ​စဉ်​အ​မြဲ​သစ္စာ​နှင့်​ထမ်း​ဆောင်​ကြ ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။ \p \v 8 သို့​ရာ​တွင်​ရော​ဗောင်​သည်​ထို​မှူး​မတ်​တို့​ပေး​သည့် အ​ကြံ​ကို​လျစ်​လူ​ရှု​၍ အ​ပါး​တော်​တွင်​ခ​စား နေ​ကျ​ဖြစ်​သော​မိ​မိ​၏​ငယ်​သူ​ငယ်​ချင်း လူ​ငယ်​လူ​ရွယ်​များ​ထံ​သို့​သွား​ပြီး​လျှင်၊- \v 9 ``သင်​တို့​က​ငါ့​အား​အ​ဘယ်​သို့​အ​ကြံ​ပေး​ကြ ပါ​မည်​နည်း။ သူ​တို့​၏​ဝန်​ကို​ပေါ့​ပါး​အောင်​ပြု လုပ်​ပေး​ရန် ငါ့​ထံ​ပန်​ကြား​လျှောက်​ထား​နေ​သူ တို့​အား​အ​ဘယ်​သို့​ဖြေ​ကြား​ရ​ပါ​မည်​နည်း'' ဟု​မေး​တော်​မူ​၏။ \p \v 10 ထို​သူ​ငယ်​များ​က``အ​ရှင်​သည်​သူ​တို့​အား`ငါ​၏ လက်​သန်း​သည်​ခ​မည်း​တော်​၏​ခါး​ထက်​ပို​၍ တုတ်​၏။- \v 11 ငါ့​ခ​မည်း​တော်​တင်​သော​ဝန်​လေး​သည်​မှန်​၏။ ငါ တင်​သော​ဝန်​ကား​ထို​ထက်​ပင်​ပို​၍​လေး​လိမ့်​မည်။ သူ​သည်​သင်​တို့​အား​ကြိမ်​နှင့်​ရိုက်​၏။ ငါ​မူ​ကား ကြာ​ပွတ်​နှင့်​ရိုက်​အံ့' ဟု​ဖြေ​ကြား​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။ \p \v 12 သုံး​ရက်​မျှ​ကြာ​သော​အ​ခါ​ယေ​ရော​ဗောင်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရော​ဗောင်​မင်း မှာ​ကြား​လိုက်​သည့်​အ​တိုင်း​ပြန်​လာ​ကြ​၏။- \v 13 ထို​အ​ခါ​ရော​ဗောင်​သည်​အ​သက်​ကြီး​သူ​အ​တိုင် ပင်​ခံ​အ​မတ်​များ​ပေး​သည့်​အ​ကြံ​ကို​လျစ်​လူ ရှု​ပြီး​လျှင်၊- \v 14 လူ​ငယ်​လူ​ရွယ်​တို့​ပေး​သည့်​အ​ကြံ​အ​တိုင်း​ထို သူ​တို့​အား``ငါ့​ခ​မည်း​တော်​တင်​သော​ဝန်​လေး သည်​မှန်​၏။ ငါ​တင်​သော​ဝန်​ကား​ထို​ထက်​ပင်​ပို ၍​လေး​လိမ့်​မည်။ သူ​သည်​သင်​တို့​အား​ကြိမ်​နှင့် ရိုက်​၏။ ငါ​မူ​ကား​ကြာ​ပွတ်​နှင့်​ရိုက်​အံ့'' ဟု ခက်​ထန်​စွာ​ဖြေ​ကြား​တော်​မူ​၏။- \v 15 မင်း​ကြီး​သည်​ဤ​သို့​ပြည်​သူ​တို့​အား​အ​လေး ဂ​ရု​မ​ပြု​ဘဲ​နေ​တော်​မူ​ခြင်း​မှာ ပ​ရော​ဖက် အ​ဟိ​ယ​အား​ဖြင့်​ယေ​ရော​ဗောင်​အား​ကိုယ်​တော် ပေး​တော်​မူ​ခဲ့​သည့်​က​တိ​တော်​ကို အ​ကောင် အ​ထည်​ပေါ်​စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​အ​လို ရှိ​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ \p \v 16 မိ​မိ​တို့​၏​ပန်​ကြား​ချက်​ကို မင်း​ကြီး​နား​ထောင် တော့​မည်​မ​ဟုတ်​ကြောင်း​သိ​ရှိ​ကြ​သော​အ​ခါ လူ တို့​က``ဒါ​ဝိဒ်​၌​ငါ​တို့​လူ​မျိုး​တော်​မ​ရှိ။ ယေ​ရှဲ ၏​သား​၌​ငါ​တို့​အ​မွေ​မ​ရှိ။ အို ဣ​သ​ရေ​လ​ပြည် သူ​တို့၊ ငါ​တို့​နေ​ရပ်​သို့​ပြန်​ကြ​ကုန်​အံ့။ အို ဒါ​ဝိဒ်၊ သင်​၏​အိမ်​ကို​ပြန်​ကြည့်​လော့'' ဟု​ဟစ်​အော်​ကြ ကုန်​၏။ \p သို့​ဖြစ်​၍​ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်​ပုန်​ကန် ကြ​၏။-\x + \xo 12:16 \xt ၂ရာ၊ ၂၀:၁။\x* \v 17 ရော​ဗောင်​သည်​ယု​ဒ​နယ်​မြေ​တွင်​နေ​ထိုင်​သူ​တို့ ကို​သာ​လျှင် အုပ်​စိုး​ရ​လေ​သည်။ \p \v 18 ထို​အ​ခါ​ရော​ဗောင်​မင်း​သည် ချွေး​တပ်​တာ​ဝန်​ခံ အ​ဒေါ​နိ​ရံ​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ သို့​စေ​လွှတ်​တော်​မူ​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အမျိုး​သား​တို့​က ထို​သူ့​အား​ခဲ​နှင့်​ပစ်​သတ်​ကြ သ​ဖြင့် ရော​ဗောင်​သည်​မိ​မိ​ရ​ထား​ပေါ်​သို့​အ​ဆော တ​လျင်​တက်​၍​ယေ​ရု​ရှ​လင်​မြို့​သို့​ထွက်​ပြေး လေ​၏။- \v 19 ထို​ကာ​လ​မှ​စ​၍​ဣသ​ရေ​လ​ပြည်​မြောက်​ပိုင်း ပြည်​သူ​တို့​သည် ဒါ​ဝိဒ်​မင်း​မျိုး​ကို​ပုန်​ကန် ကြ​လေ​သ​တည်း။ \p \v 20 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အီ​ဂျစ်​ပြည် မှ​ယေ​ရော​ဗောင်​ပြန်​လည်​ရောက်​ရှိ​လာ​သည့် သ​တင်း​ကို​ကြား​သော​အ​ခါ သူ့​အား​လူ​ထု အ​စည်း​အ​ဝေး​သို့​ဖိတ်​ခေါ်​ကာ ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​မင်း​မြှောက်​ကြ​ကုန်​၏။ ယု​ဒ အ​နွယ်​သာ​လျှင်​ဒါ​ဝိဒ်​၏​သား​မြေး​တို့ အ​ပေါ်​တွင်​သစ္စာ​စောင့်​ကြ​လေ​သည်။ \s1 ပ​ရော​ဖက်​ရှေ​မာ​ယ​ပြန်​ကြား​သည့်​ဗျာ​ဒိတ်​တော် \r (၅ရာ၊ ၁၁:၁-၄) \p \v 21 ရော​ဗောင်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ သော​အ​ခါ ဣ​သ​ရေ​လ​ပြည်​မြောက်​ပိုင်း​ကို​ပြန် လည်​သိမ်း​ပိုက်​ရန်​ကြံ​စည်​လျက် ယု​ဒ​နှင့်​ဗင်္ယာ မိန်​အ​နွယ်​များ​မှ​လက်​ရွေး​စင်​တပ်​သား တစ်​သိန်း​ရှစ်​သောင်း​ကို​စု​ရုံး​စေ​တော်​မူ​၏။ \p \v 22 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် ပ​ရော​ဖက် ရှေ​မာ​ယ​ကို​စေ​လွှတ်​၍၊- \v 23 ရော​ဗောင်​မင်း​နှင့်​တ​ကွ​ယုဒ​အ​နွယ်​ဝင်​နှင့် ဗင်္ယာ​မိန်​အ​နွယ်​ဝင်​အ​ပေါင်း​တို့​အား၊- \v 24 ``သင်​တို့​သည်​သင်​တို့​၏​ညီ​အစ်​ကို​များ​ဖြစ် ကြ​သော​ဣ​သ​ရေ​လ​ပြည်​သူ​တို့​ကို​မ​တိုက် မ​ခိုက်​ကြ​နှင့်။ ယ​ခု​ဖြစ်​ပျက်​ခဲ့​သော​အ​မှု သည်​ငါ​၏​အ​လို​တော်​အ​တိုင်း​ဖြစ်​သ​ဖြင့် သင်​တို့​အား​လုံး​မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​ကြ လော့'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း ဆင့်​ဆို​စေ​တော်​မူ​၏။ သူ​တို့​အား​လုံး​သည် လည်း​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို နာ​ခံ​လျက်​မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​သွား ကြ​၏။ \s1 ဘု​ရား​သ​ခင်​အား​ယေ​ရော​ဗောင်​ကျော​ခိုင်း​ခြင်း \p \v 25 ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​သည်​တောင် ပေါ​များ​သော​ဧ​ဖ​ရိမ်​ပြည်၊ ရှေ​ခင်​မြို့​ကို တံ​တိုင်း​ကာ​ပြီး​လျှင်​ကာ​လ​အ​တန်​ကြာ​မျှ နန်း​စံ​တော်​မူ​၏။ ထို့​နောက်​ထို​မြို့​မှ​ထွက်​ခွာ ၍​ပေ​နွေ​လ​မြို့​ကို​တံ​တိုင်း​ကာ​တော်​မူ​၍၊- \v 26-27 ``ငါ​၏​ပြည်​သူ​တို့​သည်​ယခု​အ​တိုင်း​ယေ​ရု ရှ​လင်​မြို့​ရှိ​ဗိ​မာန်​တော်​သို့​သွား​၍ ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လျှင် သူ​တို့ သည်​ယု​ဒ​ဘု​ရင်​ရော​ဗောင်​၏​ကျေး​ဇူး​သစ္စာ ကို​ပြောင်း​လဲ​ခံ​ယူ​ကာ​ငါ့​အား​လုပ်​ကြံ ကြ​ပေ​လိမ့်​မည်'' ဟု​တွေး​တော​လျက်​နေ​၏။ \p \v 28 ယင်း​သို့​တွေး​တော​ပြီး​နောက် ယေ​ရော​ဗောင်​သည် ရွှေ​နွား​လား​ဥ​သ​ဘ​ရုပ်​နှစ်​ကောင်​ကို​သွန်း လုပ်​၍​ပြည်​သူ​တို့​အား``သင်​တို့​သည်​ကိုး​ကွယ် ဝတ်​ပြု​ရန်​အ​တွက် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရ ကြ​သည်​မှာ​ကာ​လ​အ​တော်​ကြာ​ပြီ။ အို ဣ​သ ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​လာ​တော်​မူ​သော​ဘု​ရား​များ ကား​ဤ​ဘုရား​များ​ပင်​တည်း'' ဟု​မိန့်​တော် မူ​၏။-\x + \xo 12:28 \xt ထွ၊ ၃၂:၄။\x* \v 29 ထို့​နောက်​ရွှေ​နွား​လား​ဥ​သ​ဘ​ရုပ်​တစ်​ကောင် ကို​ဗေ​သ​လ​မြို့​၌​လည်း​ကောင်း၊ အ​ခြား​တစ် ကောင်​ကို​ဒန်​မြို့​၌​လည်း​ကောင်း​ထား​တော်​မူ​၏။- \v 30 ထို့​ကြောင့်​ပြည်​သူ​တို့​သည်​ထို​မြို့​များ​သို့​သွား ရောက်​ကာ ကိုး​ကွယ်​ဝတ်​ပြု​လျက်​အ​ပြစ်​ကူး လွန်​ကြ​ကုန်​၏။- \v 31 ယေ​ရော​ဗောင်​သည်​တောင်​ထိပ်​များ​တွင်​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​လည်း​တည်​ဆောက်​ပြီး လျှင် လေ​ဝိ​အ​နွယ်​ဝင်​မ​ဟုတ်​သော​သူ​တို့​အား ပု​ရော​ဟိတ်​များ​အ​ဖြစ်​ခန့်​ထား​တော်​မူ​လေ သည်။ \s1 ဗေ​သ​လ​မြို့​တွင်​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​ကို ပြစ်​တင်​ရှုတ်​ချ​ခြင်း \p \v 32 ယေ​ရော​ဗောင်​သည်​ယု​ဒ​ပြည်​တွင်​ကျင်း​ပ​သည့် ပွဲ​တော်​နှင့်​အ​လား​တူ​ဘာ​သာ​ရေး​ပွဲ​တော်​ကို လည်း အ​ဋ္ဌ​မ​လ​တစ်​ဆယ့်​ငါး​ရက်​နေ့​၌​ကျင်း​ပ ရန်​ပြ​ဋ္ဌာန်း​တော်​မူ​၏။ သူ​သည်​မိ​မိ​သွန်း​လုပ် ထား​သော​နွား​လား​ဥ​သ​ဘ​ရုပ်​များ​အား ဗေ​သ​လ​မြို့​ရှိ​ယဇ်​ပလ္လင်​တွင်​ယဇ်​များ​ကို ပူ​ဇော်​၍ မိ​မိ​ဆောက်​လုပ်​ထား​သည့်​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​များ​တွင် အ​မှု​တော်​ဆောင် လျက်​ရှိ​သော​ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ထို မြို့​၌​တာ​ဝန်​ပေး​အပ်​တော်​မူ​၏။-\x + \xo 12:32 \xt ဝတ်၊ ၂၃: ၃၃-၃၄။\x* \v 33 မင်း​ကြီး​သည်​မိ​မိ​သတ်​မှတ်​ပေး​သည့်​နေ့​ရက် ဖြစ်​သည့် အ​ဋ္ဌ​မ​လ​တစ်​ဆယ့်​ငါး​ရက်​နေ့​၌ ဗေ​သ​လ​မြို့​ရှိ​ယဇ်​ပလ္လင်​သို့​သွား​၍ ယဇ်​ပူ​ဇော် ကာ​ဣ​သ​ရေ​လ​ပြည်​သူ​တို့​အ​တွက် မိ​မိ​ကိုယ် တိုင်​တီ​ထွင်​ပြ​ဋ္ဌာန်း​ပေး​သည့်​ပွဲ​တော်​ကို ကျင်း​ပ​တော်​မူ​သ​တည်း။ \c 13 \p \v 1 ယု​ဒ​ပြည်​မှ​ပ​ရော​ဖက်​တစ်​ပါး​သည် ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​အ​ရ​ဗေ​သ​လ​မြို့​သို့ သွား​ရာ​ယဇ်​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​တွင်​ယေ​ရော ဗောင်​ရပ်​လျက်​နေ​ချိန်​၌​ရောက်​ရှိ​လာ​လေ​သည်။- \v 2 ထာ​ဝ​ရ​ဘု​ရား​၏​အမိန့်​တော်​အ​တိုင်း​ပ​ရော ဖက်​က``အို ယဇ်​ပလ္လင်၊ ယဇ်​ပလ္လင်၊ ထာ​ဝ​ရ​ဘု​ရား က`ယော​ရှိ​နာ​မည်​တွင်​မည့်​သူ​ငယ်​သည်​ဒါ​ဝိဒ် ၏​သား​ချင်း​စု​တွင်​ဖွား​မြင်​လိမ့်​မည်။ ပူ​ဇော် သကာ​များ​ကို​သင်​၏​အ​ပေါ်​တွင်​တင်​လှူ​ကာ မိစ္ဆာ​ယဇ်​ပလ္လင်​များ​တွင်​အ​မှု​ထမ်း​ဆောင်​သော ယဇ်​ပု​ရော​ဟိတ်​တို့​အား သူ​သည်​သင့်​အ​ပေါ် မှာ​တင်​၍​ယဇ်​ပူ​ဇော်​လိမ့်​မည်။ လူ​ရိုး​တို့​ကို လည်း​တင်​၍​မီး​ရှို့​လိမ့်​မည်' ဟု​မိန့်​တော် မူ​၏'' ဟု​ဆင့်​ဆို​၏။-\x + \xo 13:2 \xt ၄ရာ၊ ၂၃: ၁၅-၁၆။\x* \v 3 ထို့​နောက်​ပ​ရော​ဖက်​က​ဆက်​လက်​၍``ဤ​ယဇ်​ပလ္လင် သည်​ပြို​ကွဲ​၍ ပလ္လင်​ပေါ်​ရှိ​ပြာ​တို့​သည်​လည်း​ပျံ့ လွင့်​လိမ့်​မည်။ ထို​အ​ခါ​ငါ့​အား​ဖြင့်​ဤ​စ​ကား ကို​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​သင် သိ​လိမ့်​မည်'' ဟု​ဟော​လေ​၏။ \p \v 4 ထို​စ​ကား​ကို​ကြား​လျှင်​ယေ​ရော​ဗောင်​မင်း​သည် ပ​ရော​ဖက်​အား​လက်​ညှိုး​ထိုး​၍``ထို​သူ​ကို​ဖမ်း ဆီး​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။ ထို​ခ​ဏ ၌​သူ​သည်​လေ​ဖြတ်​သ​ဖြင့်​မိ​မိ​၏​လက်​ကို ပြန်​လည်​ရုပ်​သိမ်း​၍​မ​ရ​တော့​ချေ။- \v 5 ပ​ရော​ဖက်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​ကို​ကြို​တင်​ဖော်​ပြ​ခဲ့​သည့်​အ​တိုင်း ယဇ်​ပလ္လင် သည်​လည်း​ရုတ်​တ​ရက်​ပြို​ကွဲ​ကာ​ပြာ​တို့​သည် မြေ​ပေါ်​သို့​ဖိတ်​စင်​၍​ကျ​လေ​သည်။- \v 6 ယေ​ရော​ဗောင်​မင်း​က``အ​ကျွန်ုပ်​၏​လက်​ပျောက်​ကင်း စေ​ရန် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ အ​သ​နား​ခံ​ပါ​လော့'' ဟု​တောင်း​ပန်​၏။ \p ပ​ရော​ဖက်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု တောင်း​သ​ဖြင့် မင်း​ကြီး​၏​လက်​သည်​ရော​ဂါ ပျောက်​လေ​၏။- \v 7 ထို​အ​ခါ​မင်း​ကြီး​က​ပ​ရော​ဖက်​အား``အ​ကျွန်ုပ် နှင့်​အ​တူ နန်း​တော်​သို့​လိုက်​၍​အ​စား​အ​စာ သုံး​ဆောင်​ပါ​လော့။ သင့်​အား​လက်​ဆောင်​ပေး ပါ​မည်'' ဟု​ဆို​၏။ \p \v 8 ပ​ရော​ဖက်​က​လည်း``ဘု​ရင်​မင်း​၏​စည်း​စိမ်​ဥစ္စာ တစ်​ဝက်​ကို​ပင်​ပေး​သော်​လည်း​ငါ​မ​လိုက်​လို​ပါ။ အ​ဘယ်​အ​စား​အ​စာ​ကို​မျှ​မ​စား​လို​ပါ။- \v 9 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား​အ​ဘယ်​အ​စာ ရေ​စာ​ကို​မျှ​မ​စား​မ​သောက်​ရန်​နှင့် လာ​လမ်း အ​တိုင်း​မ​ပြန်​ရန်​ပ​ညတ်​တော်​မူ​ပြီ'' ဟု လျှောက်​၏။- \v 10 ထို့​နောက်​သူ​သည်​လာ​လမ်း​ဖြင့်​မ​ပြန်​ဘဲ အ​ခြား​လမ်း​ဖြင့်​ပြန်​လေ​၏။ \s1 ဗေ​သ​လ​မြို့​ရှိ​ပ​ရော​ဖက်​အို​ကြီး \p \v 11 ထို​အ​ချိန်​အ​ခါ​၌​ဗေ​သ​လ​မြို့​တွင်​နေ​ထိုင် သူ​ပ​ရော​ဖက်​အို​ကြီး​တစ်​ပါး​ရှိ​၏။ သူ​၏​သား များ​သည်​ထို​နေ့​၌​ဗေ​သ​လ​မြို့​တွင်​ယု​ဒ ပ​ရော​ဖက်​ပြု​မူ​သွား​ပုံ​နှင့် မင်း​ကြီး​အား ပြော​ကြား​သော​စ​ကား​များ​ကို​ဖခင်​အား ပြန်​ပြော​ကြ​၏။- \v 12 ပ​ရော​ဖက်​အို​ကြီး​က``ထို​သူ​သည်​အ​ဘယ် လမ်း​ဖြင့်​ပြန်​သ​နည်း'' ဟု​သား​တို့​အား​မေး လျှင်​သား​တို့​သည်​ယု​ဒ​ပ​ရော​ဖက်​ပြန်​သည့် လမ်း​ကို​ညွှန်​ပြ​ကြ​၏။- \v 13 ပ​ရော​ဖက်​အို​ကြီး​က``ငါ​၏​မြည်း​ကို​ကုန်း​နှီး တင်​ကြ​လော့'' ဟု​ဆို​သည့်​အ​တိုင်း​သား​တို့ သည်​ကုန်း​နှီး​တင်​၍​ပေး​ကြ​၏။-\x + \xo 13:13 \xt ၄ရာ၊ ၂၃: ၁၅-၁၆။\x* \v 14 ထို​အ​ခါ​သူ​သည်​မြည်း​ကို​စီး​၍​ယု​ဒ​ပ​ရော ဖက်​၏​နောက်​သို့​လိုက်​လေ​၏။ ဝက်​သစ်​ချ​ပင် တစ်​ပင်​အောက်​တွင်​ထို​ပ​ရော​ဖက်​ထိုင်​လျက် နေ​သည်​ကို​တွေ့​သော​အ​ခါ ပ​ရော​ဖက်​အို ကြီး​က``သင်​သည်​ယု​ဒ​ပြည်​မှ​လာ​သော ပ​ရော​ဖက်​လော'' ဟု​မေး​၏။ \p ထို​သူ​က​လည်း``ဟုတ်​ပါ​သည်'' ဟု​ဖြေ​၏။ \p \v 15 ``ငါ​နှင့်​အ​တူ​အိမ်​သို့​လိုက်​၍​အ​စား​အ​စာ​ကို စား​သောက်​ပါ​လော့'' ဟု​ပ​ရော​ဖက်​အို​ကြီး​က ခေါ်​ဖိတ်​၏။ \p \v 16 သို့​ရာ​တွင်​ယု​ဒ​ပ​ရော​ဖက်​က``ငါ​သည်​သင်​နှင့် အ​တူ​မ​လိုက်​နိုင်။ သင်​ဧည့်​ဝတ်​ပြု​သည်​ကို​လည်း လက်​မ​ခံ​နိုင်။ သင်​နှင့်​အ​တူ​ဤ​အ​ရပ်​တွင် အ​ဘယ်​အ​စာ​ရေ​စာ​ကို​မျှ​မ​စား​မ​သောက် နိုင်။- \v 17 အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား`အ​ဘယ်​အ​စာ​ရေ​စာ​ကို​မျှ​မ​စား မ​သောက်​နှင့်။ လာ​လမ်း​အ​တိုင်း​လည်း​မ​ပြန် နှင့်' ဟု​ပ​ညတ်​တော်​မူ​သော​ကြောင့်​ဖြစ်​ပါ သည်'' ဟု​ပြန်​ပြော​လေ​၏။ \p \v 18 ထို​အ​ခါ​ဗေ​သ​လ​မြို့​သား​ပ​ရော​ဖက်​အို​ကြီး က``ငါ​သည်​လည်း​သင်​ကဲ့​သို့​ပင်​ပ​ရော​ဖက်​ဖြစ် ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ကောင်း​ကင်​တမန်​တစ်​ပါး​က​သင့်​ကို​အိမ်​သို့ ဖိတ်​ခေါ်​၍​ဧည့်​ဝတ်​ပြု​ရန် ငါ့​အား​မှာ​ကြား ထား​ပါ​သည်'' ဟု​ဆို​၏။ ယင်း​သို့​ထို​ပ​ရော​ဖက် ကြီး​က​မု​သား​သုံး​၍​ပြော​ဆို​သ​ဖြင့်၊ \p \v 19 ယု​ဒ​ပ​ရော​ဖက်​သည်​သူ​နှင့်​အ​တူ အိမ်​သို့ လိုက်​၍​အ​စား​အ​စာ​ကို​သုံး​ဆောင်​လေ​သည်။- \v 20 သူ​တို့​သည်​စား​ပွဲ​တွင်​ထိုင်​လျက်​နေ​စဉ်​ပ​ရော ဖက်​အို​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ် တော်​ရောက်​၍၊- \v 21-22 ယု​ဒ​ပ​ရော​ဖက်​အား``ထာ​ဝရ​ဘု​ရား​က​သင်​သည် ငါ​၏​စ​ကား​တော်​ကို​မ​နာ​ခံ။ ငါ​၏​အ​မိန့်​တော် အ​တိုင်း​မ​ဆောင်​ရွက်။ အ​စား​အ​စာ​မ​စား​ရန်​ငါ မှာ​ကြား​သော်​လည်း ဤ​အ​ရပ်​သို့​ပြန်​လာ​ကာ​စား သောက်​သည်​ဖြစ်​သော​ကြောင့်​အ​သတ်​ခံ​ရ​လိမ့်​မည်။ သင်​၏​အ​လောင်း​ကို​ဘိုး​ဘေး​တို့​သင်္ချိုင်း​တွင် သင်္ဂြိုဟ်​ရ​လိမ့်​မည်​ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။ \p \v 23 သူ​တို့​စား​သောက်​၍​ပြီး​သော​အ​ခါ ပ​ရော​ဖက်​အို ကြီး​သည်​မြည်း​ကို​ကုန်း​နှီး​တင်​၍​ပေး​သ​ဖြင့်၊- \v 24 ယု​ဒ​ပ​ရော​ဖက်​သည်​မြည်း​ကို​စီး​၍​ထွက်​လာ ရာ​လမ်း​တွင် ခြင်္သေ့​ကိုက်​၍​သေ​လေ​၏။- \v 25 သူ​၏​အ​လောင်း​သည်​လမ်း​ပေါ်​တွင်​လဲ​လျက် မြည်း​နှင့်​ခြင်္သေ့​သည်​လည်း ထို​အ​လောင်း​အ​နီး ၌​ပင်​ရပ်​လျက်​နေ​ကြ​၏။ ယင်း​သို့​လမ်း​ပေါ် တွင်​လဲ​နေ​သော​အ​လောင်း​ကို​လည်း​ကောင်း၊ အ​နီး​တွင်​ရပ်​လျက်​နေ​သော​မြည်း​နှင့်​ခြင်္သေ့ ကို​လည်း​ကောင်း​ခ​ရီး​သွား​သူ​အ​ချို့​တို့ မြင်​ကြ​၏။ သူ​တို့​သည်​ဗေ​သ​လ​မြို့​သို့ သွား​ပြီး​လျှင်​မိ​မိ​တို့​တွေ့​မြင်​ခဲ့​ရ​သည့် အ​ဖြစ်​အ​ပျက်​ကို​ပြော​ကြား​ကြ​၏။ \p \v 26 ပ​ရော​ဖက်​အို​ကြီး​သည် ထို​သ​တင်း​ကို​ကြား သော​အ​ခါ``ဤ​သူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​လွန်​ဆန်​သည့်​ပ​ရော​ဖက်​ပင်​ဖြစ်​ပါ​သည် တ​ကား။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အ​မိန့်​တော်​ရှိ ခဲ့​သည့်​အ​တိုင်း ခြင်္သေ့​ကို​စေ​လွှတ်​၍​ကိုက်​သတ်​စေ တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။- \v 27 ထို​နောက်​သူ​သည်​မိ​မိ​၏​သား​တို့​အား``ငါ​၏​မြည်း ကို​ကုန်း​နှီး​တင်​ကြ​လော့'' ဟု​ဆို​သည်​အ​တိုင်း သူ​တို့​သည်​ကုန်း​နှီး​တင်​၍​ပေး​ကြ​၏။- \v 28 ထို​အ​ခါ​ပ​ရော​ဖက်​အို​ကြီး​သည်​မြည်း​ကို​စီး ၍​ထွက်​သွား​ရာ လမ်း​ပေါ်​တွင်​သေ​နေ​သော​ပ​ရော ဖက်​နှင့်​အ​နီး​တွင်​ရပ်​နေ​လျက်​ရှိ​နေ​သေး​သည့် မြည်း​နှင့်​ခြင်္သေ့​ကို​တွေ့​လေ​၏။ ခြင်္သေ့​သည်​လူ သေ​ကောင်​ကို​လည်း​မ​စား၊ မြည်း​ကို​လည်း မ​ကိုက်။- \v 29 ပ​ရော​ဖက်​အို​ကြီး​သည်​ထို​အလောင်း​ကို​ယူ​၍ မြည်း​ပေါ်​သို့​တင်​ပြီး​လျှင် ဝမ်း​နည်း​ပူ​ဆွေး သည့်​အ​ထိမ်း​အ​မှတ်​ကို​ပြ​ရန်​နှင့်​သင်္ဂြိုဟ်​ရန် ဗေ​သ​လ​မြို့​သို့​ယူ​ဆောင်​လာ​၏။- \v 30 သူ​သည်​ထို​အ​လောင်း​ကို​မိ​မိ​၏​အိမ်​ထောင်​စု သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ပြီး​နောက် မိ​မိ​၏​သား​များ နှင့်​အ​တူ``အို ငါ့​ညီ၊ ငါ့​ညီ'' ဟု​ဆို​၍​ငို​ကြွေး မြည်း​တမ်း​လေ​သည်။- \v 31 ထို​နောက်​ပ​ရော​ဖက်​အို​ကြီး​သည်​မိ​မိ​၏​သား များ​အား``ငါ​သေ​သော​အ​ခါ​ထို​သူ​၏​အ​နီး တွင်​ကပ်​၍​ဤ​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​လော့။- \v 32 ဗေ​သ​လ​မြို့​ရှိ​ယဇ်​ပလ္လင်​နှင့် ပတ်​သက်​၍​လည်း ကောင်း၊ ရှ​မာ​ရိ​မြို့​များ​ရှိ​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​များ​နှင့်​ပတ်​သက်​၍​လည်း​ကောင်း၊ ထာ​ဝရ ဘု​ရား​အ​မိန့်​တော်​အ​ရ​ထို​သူ​ပြန်​ကြား​သည့် စ​ကား မှန်​သ​မျှ​သည်​မု​ချ​အကောင်​အ​ထည် ပေါ်​လာ​လိမ့်​မည်'' ဟု​ဆို​၏။ \s1 ယေ​ရော​ဗောင်​၏​ကြီး​လေး​သော​အ​ပြစ် \p \v 33 ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​သည်​ယ​ခု​တိုင် အောင်​ပင် မိ​မိ​၏​ဒု​စ​ရိုက်​လမ်း​စဉ်​ကို​မ​စွန့်​သေး ဘဲ မိ​မိ​တည်​ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​များ​တွင် အ​မှု​ထမ်း​ရန် ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​သာ​မန် အိမ်​ထောင်​စု​များ​မှ​ရွေး​ချယ်​ခန့်​ထား​လေ့​ရှိ​၏။ သူ သည်​ယဇ်​ပု​ရော​ဟိတ်​လုပ်​လို​သူ​မှန်​သ​မျှ​ကို ခန့်​ထား​လေ​သည်။- \v 34 ဤ​သို့​သူ​ကူး​လွန်​သည့်​အ​ပြစ်​ကြောင့်​သူ​၏ မင်း​ဆက်​သည်​လုံး​ဝ​ပျက်​သုဉ်း​၍​သွား​လေ​၏။ \c 14 \s1 ယေ​ရော​ဗောင်​၏​သား​ကွယ်​လွန်​ခြင်း \p \v 1 ထို​အ​ချိန်​၌​ယေ​ရော​ဗောင်​၏​သား​အ​ဘိ​ယ သည်​ဖျား​နာ​လျက်​နေ​၏။- \v 2 ယေ​ရော​ဗောင်​သည်​မိ​မိ​၏​မိ​ဖု​ရား​အား``သင် သည်​မိ​ဖု​ရား​မှန်း​မ​သိ​စေ​ရန်​ရုပ်​ဖျက်​၍ ငါ့ အား​ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လိမ့်​မည်​ဟု ဟော​ခဲ့​သူ​ပ​ရော​ဖက်​အ​ဟိ​ယ​နေ​ထိုင် ရာ​ရှိ​လော​မြို့​သို့​သွား​လော့။- \v 3 သူ့​အ​တွက်​မုန့်​ဆယ်​လုံး၊ မုန့်​ပြား​အ​ချို့​နှင့် ပျား​ရည်​တစ်​ဘူး​ကို​ယူ​ဆောင်​သွား​ပြီး​လျှင် ငါ​တို့​၏​သား​အ​ဘယ်​သို့​ဖြစ်​မည်​ကို​စုံ​စမ်း မေး​မြန်း​လော့။ သူ​သည်​သင့်​အား​ပြော​ပြ လိမ့်​မည်'' ဟု​ဆို​၏။ \p \v 4 သို့​ဖြစ်​၍​မိ​ဖု​ရား​သည် ရှိ​လော​မြို့​ရှိ​အ​ဟိ​ယ ၏​အိမ်​သို့​သွား​လေ​သည်။ အ​ဟိ​ယ​သည် အ​သက်​ကြီး​သ​ဖြင့်​မျက်​စိ​ကွယ်​လျက်​နေ​၏။- \v 5 ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရော​ဗောင်​၏​မိ​ဖု​ရား သည် ဖျား​နာ​နေ​သော​သား​အ​ကြောင်း​ကို​မေး မြန်း​စုံ​စမ်း​ရန်​လာ​လိမ့်​မည်။ ထို​အ​ခါ​သူ့ အား​ဤ​အ​တိုင်း​ပြော​လော့'' ဟု​မိန့်​တော်​မူ​၏။ \p ယေ​ရော​ဗောင်​၏​မိ​ဖု​ရား​သည်​အ​ဟိ​ယ​ထံ​သို့ ရောက်​ရှိ​လာ​သော​အ​ခါ မိ​မိ​ကိုယ်​ကို​အ​ခြား သူ​၏​အ​ယောင်​ကို​ဆောင်​၍​လာ​၏။- \v 6 သို့​ရာ​တွင်​အ​ဟိ​ယ​သည်​တံ​ခါး​ဝ​မှ​သူ​၏ ခြေ​သံ​ကို​ကြား​သည်​နှင့်``ဝင်​ခဲ့​လော့။ သင်​သည် ယေ​ရော​ဗောင်​၏​မိ​ဖု​ရား​ဖြစ်​ကြောင်း​ကို​ငါ သိ​၏။ အ​ဘယ်​ကြောင့်​သင်​သည် မိ​မိ​ကိုယ်​ကို အ​ခြား​သူ​၏​အ​ယောင်​ကို​ဆောင်​သ​နည်း။ သင်​၏​အ​တွက်​ငါ့​မှာ​သ​တင်း​ဆိုး​ရှိ​၏။- \v 7 ယေ​ရော​ဗောင်​အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား​ဤ​သို့​တည်း။ ကိုယ်​တော်​က`ငါ​သည်​သင့် အား​ပြည်​သူ​များ​အ​ထဲ​မှ​ရွေး​ချယ်​၍ ငါ ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​အုပ်​စိုး​စေ​ခဲ့​၏။- \v 8 ဒါ​ဝိဒ်​၏​သား​မြေး​များ​လက်​မှ​နိုင်​ငံ​တော်​ကို ယူ​၍ သင့်​အား​ပေး​အပ်​ခဲ့​၏။ သို့​ရာ​တွင်​သင်​သည် ငါ့​အား​အ​ကြွင်း​မဲ့​သစ္စာ​စောင့်​၍​ငါ​၏​ပ​ညတ် တို့​ကို​စောင့်​ထိန်း​ကာ ငါ​နှစ်​သက်​သည့်​အ​မှု များ​ကို​သာ​ပြု​သော​ငါ​၏​အစေ​ခံ​ဒါ​ဝိဒ်​နှင့် မ​တူ။- \v 9 သင်​သည်​မိ​မိ​အ​လျင်​အုပ်​စိုး​ခဲ့​သော​မင်း​တို့ ၏​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​ထက်​ပင် ပို​မို ကြီး​လေး​သော​အ​ပြစ်​များ​ကို​ကူး​လွန်​လေ ပြီ။ ငါ့​အား​ပစ်​ပယ်​ကာ​အ​ခြား​သော​ဘု​ရား များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​၍ ရုပ်​တု​များ​ကို ပြု​လုပ်​ခြင်း​အား​ဖြင့် ငါ​၏​အ​မျက်​တော်​ကို လှုံ့​ဆော်​လေ​ပြီ။- \v 10 ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​သင်​၏​မင်း​ဆက် ကို​ပျက်​သုဉ်း​စေ​မည်။ ကြီး​ငယ်​မ​ရွေး​သင်​၏ သား​မြေး​ထဲ​မှ​ယောကျာ်း​မှန်​သ​မျှ​ကို​သုတ် သင်​ပစ်​မည်။ သင်​၏​အိမ်​ထောင်​စု​သား​တို့​ကို ငါ​ပယ်​ရှင်း​မည်။ သူ​တို့​အား​နောက်​ချေး​သ​ဖွယ် ရှင်း​လင်း​ပစ်​မည်။-\x + \xo 14:10 \xt ၃ရာ၊ ၁၅:၂၉။\x* \v 11 သင်​၏​အိမ်​ထောင်​စု​သား​များ​သည်​မြို့​တွင်း​၌ သေ​လျှင်​ခွေး​စာ၊ မြို့​ပြင်​၌​သေ​လျှင်​လင်း​တ​စာ ဖြစ်​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။ \p \v 12 ထို့​နောက်​အ​ဟိ​ယ​သည်​ဆက်​လက်​၍​ယေ​ရော ဗောင်​၏​မိ​ဖု​ရား​အား``ယ​ခု​နန်း​တော်​သို့​ပြန် လော့။ မြို့​ကို​သင်​ဝင်​မိ​သည်​နှင့်​တစ်​ပြိုင်​နက် သင်​၏​သား​သည်​သေ​လိမ့်​မည်။- \v 13 ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း​တို့​သည်​သူ​၏ အ​တွက် ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​ထိမ်း​အ​မှတ် ကို​ပြု​၍​သူ​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ​လိမ့် မည်။ ယေ​ရော​ဗောင်​၏​အိမ်​ထောင်​စု​များ​အ​နက် ထို​သား​တစ်​ဦး​တည်း​သာ​လျှင် လျောက်​ပတ် စွာ​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​တစ်​ဦး​တည်း​ကို​သာ​လျှင်​နှစ်​သက် တော်​မူ​သော​ကြောင့်​ဖြစ်​၏။- \v 14 ထာ​ဝရ​ဘု​ရား​သည်​ယေ​ရော​ဗောင်​၏​မင်း ဆက်​ကို​ပျက်​သုဉ်း​စေ​မည့်​မင်း​တစ်​ပါး​အား ဣသ​ရေ​လ​ပြည်​တွင်​အုပ်​စိုး​စေ​တော်​မူ​လိမ့် မည်။- \v 15 ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့် ဣသ​ရေ​လ ပြည်​သည်​ချောင်း​ငယ်​တွင်​တုန်​လှုပ်​လျက်​နေ​သော ကူ​ပင်​သ​ဖွယ်​တုန်​လှုပ်​သွား​လိမ့်​မည်။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဘိုး​ဘေး​များ​အား​ကိုယ်​တော် ပေး​အပ်​တော်​မူ​ခဲ့​သည့် ဤ​သာ​ယာ​သော​ပြည်​တော် မှ​နုတ်​ပယ်​ခြင်း​ကို​ခံ​ရ​ကာ​ဥ​ဖ​ရတ်​မြစ်​တစ် ဖက်​ကမ်း​သို့​ကွဲ​လွင့်​သွား​ကြ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​သူ​တို့​သည်​အာ​ရှ​ရ​ဘု​ရား​မ ရုပ်​များ​ကို​ပြု​လုပ်​လျက်​ကိုယ်​တော်​၏​အ​မျက် တော်​ကို​လှုံ့​ဆော်​ကြ​သော​ကြောင့်​ဖြစ်​၏။- \v 16 ယေ​ရော​ဗောင်​သည်​အ​ပြစ်​ကူး​၍​ဣ​သ​ရေ​လ ပြည်​သူ​တို့​အား​လည်း အ​ပြစ်​ကူး​ရန်​ရှေ့​ဆောင် လမ်း​ပြ​သူ​ဖြစ်​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဣသ​ရေ​လ​ပြည်​ကို​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်'' ဟု ဆို​၏။ \p \v 17 ယေ​ရော​ဗောင်​၏​မိ​ဖု​ရား​သည် တိ​ရ​ဇ​မြို့​သို့​ပြန် လည်​ထွက်​ခွာ​သွား​၏။ သူ​သည်​မိ​မိ​နန်း​တော်​သို့ ဝင်​မိ​သည်​နှင့်​တစ်​ပြိုင်​နက်​သူ​၏​သား​သည်​သေ လေ​၏။- \v 18 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော ဖက်​အ​ဟိ​ယ​အား​ဖြင့်​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်​ထို​သူ​ငယ်​၏​အ​တွက် ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​ထိမ်း​အ​မှတ်​ကို​ပြု​၍ သူ​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ​၏။ \s1 ယေ​ရော​ဗောင်​ကွယ်​လွန်​ခြင်း \p \v 19 ယေ​ရော​ဗောင်​မင်း​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ သူ​တိုက်​ခဲ့​သည့် စစ်​ပွဲ​များ​နှင့်​တိုင်း​ပြည်​အုပ်​ချုပ်​ပုံ​တို့​ကို​လည်း ကောင်း ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။- \v 20 ယေ​ရော​ဗောင်​သည်​နှစ်​ဆယ့်​နှစ်​နှစ်​တိုင်​တိုင်​နန်း​စံ တော်​မူ​ခဲ့​၏။ သူ​ကွယ်​လွန်​သော​အ​ခါ​သား​တော် နာ​ဒဒ်​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​၏။ \b \s1 ယု​ဒ​ဘု​ရင်​ရော​ဗောင် \r (၆ရာ၊ ၁၁:၅-၁၂:၁၅) \p \v 21 ရှော​လ​မုန်​၏​သား​ရော​ဗောင်​သည် ယု​ဒ​ဘု​ရင်​ဖြစ် လာ​ချိန်​၌ အ​သက်​လေး​ဆယ့်​တစ်​နှစ်​ရှိ​၏။ သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န တော်​အ​ဖြစ် ဣ​သ​ရေ​လ​အ​နွယ်​အ​ပေါင်း​တို့​နေ ထိုင်​ရာ​မြို့​ရွာ​များ​အ​နက် ကိုယ်​တော်​ရွေး​ချယ် တော်​မူ​သော​ယေ​ရု​ရှ​လင်​မြို့​၌​တစ်​ဆယ့်​ခု​နစ် နှစ်​နန်း​စံ​တော်​မူ​၏။ ရော​ဗောင်​၏​မယ်​တော်​မှာ အမ္မုန်​ပြည်​သူ​နေမ​ဖြစ်​၏။- \v 22 ယု​ဒ​ပြည်​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား​အား ပြစ်​မှား​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး အ​ပေါင်း​တို့​ထက်​ပင် ပို​၍​ဆိုး​ရွား​စွာ​ပြစ်​မှား လျက်​ကိုယ်​တော်​၏​အ​မျက်​တော်​ကို​လှုံ့​ဆော် ကြ​လေ​သည်။- \v 23 သူ​တို့​သည်​ဘု​ရား​အ​တု​အ​ယောင်​များ​အား ကိုး​ကွယ်​ဝတ်​ပြု​ရန်​ဌာ​န​များ​ကို​တည်​ဆောက် ကြ​၏။ တောင်​ထိပ်​များ​နှင့်​အ​ရိပ်​ကောင်း​သည့် သစ်​ပင်​အောက်​တို့​တွင်​ကိုး​ကွယ်​ဝတ်​ပြု​ရန် ကျောက်​တိုင်​များ​နှင့်​အာ​ရှ​ရ​တံ​ခွန်​တိုင် များ​ကို​စိုက်​ထူ​ကြ​၏။-\x + \xo 14:23 \xt ၄ရာ၊ ၁၇:၉-၁၀။\x* \v 24 အ​ဆိုး​ရွား​ဆုံး​အ​ပြု​အ​မူ​မှာ ရုပ်​တု​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​များ​တွင်​ပြည့်​တန်​ဆာ​အ​လုပ် ကို​အ​မျိုး​သား၊ အ​မျိုး​သ​မီး​များ​လုပ်​ကိုင် ကြ​ခြင်း​ပင်​ဖြစ်​၏။ ပြည်​တော်​သို့​ဣသ​ရေ​လ အ​မျိုး​သား​တို့​ချီ​တက်​ဝင်​ရောက်​လာ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​လိုက်​သော ပြည်​သူ​ပြည်​သား​တို့​ပြု​ကျင့်​ခဲ့​သည့်​စက် ဆုပ်​ရွံ​ရှာ​ဖွယ်​ရာ​အ​လေ့​ဟူ​သ​မျှ​ကို ယု​ဒ ပြည်​သူ​တို့​သည်​ပြု​ကျင့်​ကြ​ကုန်​၏။\x + \xo 14:24 \xt တရား၊ ၂၃:၁၇။\x* \p \v 25 ရော​ဗောင်​နန်း​စံ​ငါး​နှစ်​မြောက်​၌ အီ​ဂျစ်​ဘု​ရင် ရှိ​ရှက်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​ပြီး လျှင်၊-\x + \xo 14:25 \xt ၆ရာ၊ ၁၂:၂-၈။\x* \v 26 ရှော​လ​မုန်​ပြု​လုပ်​ခဲ့​သည့်​ရွှေ​ဒိုင်း​လွှား​များ အ​ပါ​အ​ဝင် ဗိ​မာန်​တော်​နှင့်​နန်း​တော်​မှ​ဘဏ္ဍာ တော်​ရှိ​သ​မျှ​တို့​ကို​သိမ်း​ယူ​သွား​လေ သည်။-\x + \xo 14:26 \xt ၃ရာ၊ ၁၀:၁၆-၁၇။ ၆ရာ၊ ၉:၁၅-၁၆။\x* \v 27 ရော​ဗောင်​သည်​ထို​ဒိုင်း​လွှား​များ​ကို​အ​စား​ထိုး ရန် ကြေး​ဝါ​ဒိုင်း​လွှား​များ​ပြု​လုပ်​၍​နန်း​တော် တံ​ခါး​စောင့်​မှူး​တို့​အား​ပေး​အပ်​တော်​မူ​၏။- \v 28 ဗိ​မာန်​တော်​သို့​မင်း​ကြီး​သွား​ရောက်​သည့်​အ​ခါ တိုင်း အ​စောင့်​တပ်​သား​တို့​သည်​ထို​ဒိုင်း​လွှား များ​ကို​ကိုင်​ဆောင်​ရ​ကြ​၏။ ထို​နောက်​ကင်း ခန်း​ထဲ​တွင်​ပြန်​၍​ထား​ရ​ကြ​၏။ \p \v 29 ရော​ဗောင်​မင်း​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး ထား​လျက်​ရှိ​သ​တည်း။- \v 30 ရော​ဗောင်​နှင့်​ယေ​ရော​ဗောင်​တို့​သည်​အ​ဆက် မ​ပြတ်​စစ်​ဖြစ်​လျက်​နေ​ခဲ့​ကြ​၏။- \v 31 ရော​ဗောင်​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​ဒါ​ဝိဒ်​မြို့ တော်​ရှိ​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ (သူ​၏​မိ​ခင် မှာ​အမ္မုန်​ပြည်​သူ​နေ​မ​ဖြစ်​၏။) သူ​၏​သား​တော် အ​ဘိ​ယ​သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။ \b \c 15 \s1 ယု​ဒ​ဘု​ရင်​အ​ဘိ​ယ \r (၆ရာ၊ ၁၃:၁-၁၄:၁) \p \v 1 ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နန်း​စံ​တစ် ဆယ့်​ရှစ်​နှစ်​မြောက်​၌ အ​ဘိ​ယ​သည်​ယု​ဒ ပြည်​တွင်​နန်း​တက်​၍၊- \v 2 ယေ​ရု​ရှ​လင်​မြို့​၌​သုံး​နှစ်​နန်း​စံ​တော်​မူ​၏။ သူ​၏​မယ်​တော်​မှာ​အ​ဗ​ရှ​လုံ​၏​သ​မီး​မာ​ခါ ဖြစ်​၏။- \v 3 အ​ဘိ​ယ​သည်​မိ​မိ​၏​ခ​မည်း​တော်​ကူး​ခဲ့​သည့် အ​ပြစ်​များ​ကို​ဆက်​လက်​၍​ကူး​လွန်​၏။ သူ​သည် မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဘေး​တော်​ဒါ​ဝိဒ်​ကဲ့​သို့​အ​ကြွင်း​မဲ့​သစ္စာ​မ​စောင့်။- \v 4 သို့​ရာ​တွင်​သူ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် ဒါ​ဝိဒ်​၏​မျက်​နှာ​ကို​ထောက်​၍​အ​ဘိ​ယ​မ​ရှိ သည့်​နောက်​၌ ယေ​ရု​ရှ​လင်​မြို့​ကို​အုပ်​စိုး​ရန်​နှင့် ယေ​ရု​ရှ​လင်​မြို့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​စောင့်​ထိန်း ရန်​သား​တော်​တစ်​ပါး​ကို​ပေး​တော်​မူ​၏။-\x + \xo 15:4 \xt ၃ရာ၊ ၁၁:၃၆။\x* \v 5 အ​ဘယ်​ကြောင့်​ဆို​သော်​ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​သည့်​အ​မှု​တို့​ကို​သာ​လျှင်​ပြု​ခဲ့ သော​ကြောင့်​ဖြစ်​၏။ မင်း​ကြီး​သည်​ဟိတ္တိ​အ​မျိုး​သား ဥ​ရိ​ယ​၏​အ​မှု​ကိစ္စ​မှ​တစ်​ပါး အ​ခြား​အ​ဘယ် အ​ခါ​၌​မျှ​ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​လွန်​ဆန် ခဲ့​ခြင်း​မ​ရှိ​ပေ။-\x + \xo 15:5 \xt ၂ရာ၊ ၁၁:၁-၂၇။\x* \v 6 အ​ဘိ​ယ​သည်​မိ​မိ​၏​နန်း​သက်​တစ်​လျှောက် လုံး​၌​ယေ​ရော​ဗောင်​နှင့်​စစ်​ဖြစ်​ခဲ့​၏။-\x + \xo 15:6 \xt ၆ရာ၊ ၁၃:၃-၂၁။\x* \v 7 အ​ဘိ​ယ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။ \p \v 8 အ​ဘိ​ယ​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ဒါ​ဝိဒ်​မြို့ တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သား​တော်​အာ​သ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း တက်​လေ​သည်။ \s1 ယု​ဒ​ဘု​ရင်​အာ​သ \r (၆ရာ၊ ၁၅:၁၆-၁၆:၆) \p \v 9 ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နန်း​စံ​အ​နှစ် နှစ်​ဆယ်​မြောက်​၌ အာ​သ​သည်​ယု​ဒ​ပြည်​တွင် နန်း​တက်​၍၊- \v 10 ယေ​ရု​ရှ​လင်​မြို့​၌​လေး​ဆယ့်​တစ်​နှစ်​နန်း​စံ လေ​သည်။ သူ​၏​အ​ဖွား​မှာ​အ​ဗ​ရှ​လုံ​၏ သ​မီး​မာခါ​ဖြစ်​၏။- \v 11 အာ​သ​သည်​မိ​မိ​၏​ဘိုး​ဘေး​ဒါ​ဝိဒ်​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော​အ​မှု တို့​ကို​ပြု​၏။- \v 12 သူ​သည်​ရုပ်​တု​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​များ တွင် ပြည့်​တန်​ဆာ​အ​လုပ်​ကို​လုပ်​နေ​သော​အ​မျိုး သား​အ​မျိုး​သ​မီး​များ​ကို တိုင်း​ပြည်​မှ​နှင်​ထုတ် ပြီး​လျှင် မိ​မိ​၏​ဘိုး​တော်​ဘေး​တော်​ဘု​ရင်​များ ပြု​လုပ်​ခဲ့​သည့်​ရုပ်​တု​များ​ကို​ဖယ်​ရှား​ပစ်​တော် မူ​၏။-\x + \xo 15:12 \xt ၆ရာ၊ ၁၅:၈-၁၅။\x* \v 13 မိ​မိ​၏​အ​ဖွား​မာ​ခါ​၏​ထံ​မှ​လည်း​မယ်​တော် ဘု​ရင်​မ​ရာ​ထူး​ကို​နုတ်​သိမ်း​တော်​မူ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​မာ​ခါ​သည်​အ​သီး​အ​နှံ ဖွံ့​ဖြိုး​မှု​ဆိုင်​ရာ အာ​ရှ​ရ​ဘု​ရား​မ​အား​ဝတ်​ပြု ကိုး​ကွယ်​ရန်​အ​တွက် ရှု​မ​ကောင်း​မြင်​မ​ကောင်း​သော ရုပ်​တု​ကို​ပြု​လုပ်​ထား​သော​ကြောင့်​ဖြစ်​၏။ အာ​သ သည်​ထို​ရုပ်​တု​ကို​ခုတ်​ပြီး​လျှင်​ကေ​ဒြုန်​ချောင်း အ​နီး​တွင်​မီး​ရှို့​ပစ်​တော်​မူ​၏။- \v 14 ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​အ​ကုန်​အ​စင် မ​ဖျက်​ဆီး​သော်​လည်း အာ​သ​သည်​ထာ​ဝရ​ဘု​ရား အား​တစ်​သက်​လုံး​သစ္စာ​စောင့်​တော်​မူ​ပေ​သည်။- \v 15 သူ​သည်​ထာ​ဝရ​ဘု​ရား​အား​ခ​မည်း​တော်​ဆက် ကပ်​လှူ​ဒါန်း​ထား​သမျှ​သော​ဥစ္စာ​ပစ္စည်း​များ​နှင့် မိ​မိ​ကိုယ်​တိုင်​ဆက်​ကပ်​လှူ​ဒါန်း​သည့် ရွှေ၊ ငွေ အ​သုံး ဆောင်​များ​ကို​ဗိ​မာန်​တော်​တွင်​ထား​ရှိ​တော်​မူ​၏။ \p \v 16 ယု​ဒ​ဘု​ရင်​အာ​သ​နှင့်​ဣ​သ​ရေ​လ​ဘု​ရင်​ဗာ​ရှာ တို့​သည် မိ​မိ​တို့​နန်း​သက်​တစ်​လျှောက်​လုံး​၌​စစ် ဖြစ်​လျက်​နေ​ကြ​လေ​သည်။- \v 17 ဗာ​ရှာ​သည်​ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​ပြီး လျှင် ယု​ဒ​ပြည်​သို့​အ​ဝင်​အ​ထွက်​လမ်း​ကို​ပိတ် စေ​ရန်​ရာ​မ​မြို့​ကို​တံ​တိုင်း​ကာ​၍​ထား​၏။- \v 18 ထို့​ကြောင့်​အာ​သ​မင်း​သည်​ဗိ​မာန်​တော်​နှင့်​နန်း တော်​တွင်​ကျန်​ရှိ​နေ​သေး​သော ရွှေ၊ ငွေ​ရှိ​သ​မျှ​ကို မှူး​မတ်​အ​ချို့​တို့​လက်​ဖြင့်​ဒ​မာ​သက်​မြို့​ရှိ ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်​ထံ​သို့​ယူ​ဆောင်​သွား​စေ တော်​မူ​၏။ ဗင်္ဟာ​ဒဒ်​ကား​ရေ​ဇုန်​၏​မြေး၊ တာ​ဗ​ရိ မုန်​၏​သား​ဖြစ်​သ​တည်း။- \v 19 အာ​သ​သည်​သူ​၏​ထံ​သို့``အ​ကျွန်ုပ်​တို့​သည်​ကျွန်ုပ် တို့​၏​ခ​မည်း​တော်​များ​ကဲ့​သို့​မ​ဟာ​မိတ်​ဖွဲ့​ကြ ကုန်​အံ့။ ဤ​ရွှေ၊ ငွေ​များ​မှာ​အ​ဆွေ​တော်​အ​တွက် လက်​ဆောင်​ဖြစ်​ပါ​၏။ ဗာ​ရှာ​မင်း​သည်​မိမိ​၏​စစ်​တပ် များ​ကို​ကျွန်ုပ်​၏​နယ်​မြေ​မှ​ရုပ်​သိမ်း​သွား​စေ​ရန် အ​ဆွေ​တော်​သည်​သူ​နှင့်​မ​ဟာ​မိတ်​ဖွဲ့​မှု​ကို​ဖျက် သိမ်း​ပစ်​ပါ​လော့'' ဟု​မှာ​ကြား​တော်​မူ​လိုက်​၏။ \p \v 20 ဗင်္ဟာ​ဒဒ်​မင်း​သည် အာ​သ​အ​ကြံ​ပေး​သည့်​အ​တိုင်း ဆောင်​ရွက်​ရန်​သ​ဘော​တူ​သ​ဖြင့် မိ​မိ​၏​တပ်​မှူး များ​နှင့်​စစ်​သည်​တော်​တို့​ကို​စေ​လွှတ်​၍​ဣသ​ရေ​လ မြို့​များ​ကို​တိုက်​ခိုက်​စေ​တော်​မူ​၏။ သူ​တို့​သည် န​ဿ​လိ​နယ်​မြေ​တစ်​ခု​လုံး​အ​ပြင်​ဣ​ယုန်​မြို့၊ ဒန်​မြို့၊ အာ​ဗေ​လ​ဗက်​မာ​ခါ​မြို့​နှင့်​ဂင်္နေ​သ​ရက် နယ်​တို့​ကို​သိမ်း​ဆည်း​ကြ​၏။- \v 21 ဤ​သ​တင်း​ကို​ကြား​သော​အ​ခါ​ဗာ​ရှာ​မင်း သည်​ရာ​မ​မြို့​တံ​တိုင်း​ကာ​ရံ​မှု​ကို​ရပ်​စဲ​၍ တိ​ရ​ဇ​မြို့​သို့​ထွက်​ခွာ​သွား​တော်​မူ​၏။ \p \v 22 ထို​အ​ခါ​အာ​သ​မင်း​သည် ယု​ဒ​ပြည်​တစ်​လျှောက် လုံး​သို့​အ​မိန့်​ထုတ်​ပြန်​တော်​မူ​ပြီး​လျှင် ပြည်​သူ အ​ပေါင်း​တို့​အား​တစ်​ယောက်​မ​ကျန်​ရာ​မ​မြို့ တံ​တိုင်း​တည်​ဆောက်​ရန်​အ​တွက် ဗာ​ရှာ​မင်း​အ​သုံး ပြု​လျက်​နေ​ခဲ့​သည့်​ကျောက်​တုံး​များ​နှင့်​သစ် သား​များ​ကို​ဝိုင်း​ဝန်း​သယ်​ဆောင်​စေ​တော်​မူ​၏။ ထို​ပစ္စည်း​များ​ဖြင့်​အာ​သ​သည် မိ​ဇ​ပါ​မြို့​နှင့် ဗင်္ယာ​မိန်​နယ်​တွင်​ရှိ​သော​ဂေ​ဘ​မြို့​ကို​တံ​တိုင်း ကာ​ရံ​တော်​မူ​၏။ \p \v 23 အာ​သ​မင်း​ဆောင်​ရွက်​တော်​မူ​ခဲ့​သည့် အ​ခြား အ​မှု​အ​ရာ​ရှိ​သ​မျှ​နှင့်​သူ​၏​စွန့်​စား​ခန်း​များ၊ မြို့​များ​ကို​တံ​တိုင်း​ကာ​ရံ​ပုံ​အ​ကြောင်း​များ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။ သူ​သည် အို​မင်း​ချိန်​တွင်​အ​နာ​ရော​ဂါ​စွဲ​သ​ဖြင့်၊- \v 24 ကွယ်​လွန်​သော်​သူ့​ကို​ဒါ​ဝိဒ်​မြို့​ရှိ​သင်္ချိုင်း​တော်​တွင် သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော်​ယေ​ဟော​ရှ​ဖတ် သည်​ခ​မည်း​တော်​၏​အရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။ \s1 ဣ​သ​ရေ​လ​ဘု​ရင်​နာ​ဒဒ် \p \v 25 ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​ဒု​တိ​ယ​နှစ်​၌ ယေ​ရော ဗောင်​မင်း​၏​သား​တော်​နာ​ဒဒ်​သည် ဣ​သ​ရေ​လ ပြည်​တွင်​နန်း​တက်​၍​နှစ်​နှစ်​မျှ​နန်း​စံ​တော်​မူ​၏။- \v 26 သူ​သည်​မိ​မိ​၏​ခ​မည်း​တော်​ကဲ့​သို့​ပင်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​၍ ဣ​သ​ရေ​လ​ပြည်​သူ​တို့ အား​အ​ပြစ်​ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ပေး​လေ သည်။ \p \v 27-28 နာ​ဒဒ်​နှင့်​သူ​၏​စစ်​သည်​တော်​တို့​သည်​ဖိ​လိတ္တိ​ပြည် ဂိ​ဗေ​သုန်​မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​စဉ် ယု​ဒ​ဘု​ရင် အာ​သ​နန်း​စံ​သုံး​နှစ်​တွင် ဣ​သ​ခါ​သား​ချင်း​စု ဝင်​အ​ဟိ​ယ​၏​သား​ဗာ​ရှာ​သည် နာ​ဒဒ်​ကို​လျှို့​ဝှက် ကြံ​စည်​ကာ​လုပ်​ကြံ​လိုက်​လေ​သည်။ သို့​ဖြစ်​၍ ဗာ​ရှာ​သည်​နာ​ဒဒ်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။- \v 29 ထို့​နောက်​ချက်​ချင်း​ပင်​ဗာ​ရှာ​သည်​ယေ​ရော​ဗောင် ၏​အိမ်​ထောင်​စု​သား​အ​ပေါင်း​ကို​သတ်​လေ​သည်။ ရှိ​လော​မြို့​နေ​ပ​ရော​ဖက်​အ​ဟိ​ယ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း ယေ​ရော​ဗောင်​၏​အိမ်​ထောင်​စု​အ​ပေါင်း​တို့​သည် တစ်​ယောက်​မ​ကျန်​အ​သတ်​ခံ​ရ​ကြ​သ​တည်း။-\x + \xo 15:29 \xt ၃ရာ၊ ၁၄:၁၀။\x* \v 30 ယင်း​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​ယေ​ရော​ဗောင်​သည် မိ​မိ​ကိုယ်​တိုင်​ကူး​ခဲ့​သည့်​အ​ပြစ်​များ​အား​ဖြင့် လည်း​ကောင်း၊ ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​ကူး စေ​ခဲ့​သည့်​အ​ပြစ်​များ​အား​ဖြင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး သော​ကြောင့်​ဖြစ်​၏။ \p \v 31 နာ​ဒဒ်​ဆောင်​ရွက်​ခဲ့​သော အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို​ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။- \v 32 ယု​ဒ​ဘု​ရင်​အာ​သ​နှင့်​ဣ​သ​ရေ​လ​ဘု​ရင် ဗာ​ရှာ​တို့​သည် မိ​မိ​တို့​နန်း​သက်​တစ်​လျှောက် လုံး​စစ်​ဖြစ်​ကြ​လေ​သည်။ \s1 ဣ​သ​ရေ​လ​ဘု​ရင်​ဗာ​ရှာ \p \v 33 ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​တ​တိ​ယ​နှစ်​၌၊ အ​ဟိ​ယ ၏​သား​ဗာ​ရှာ​သည် ဣ​သ​ရေ​လ​နိုင်​ငံ​၏​ဘု​ရင်​ဖြစ် လာ​ပြီး​လျှင်၊ တိ​ရ​ဇ​မြို့​တွင်​နှစ်​ဆယ့်​လေး​နှစ်​နန်း စံ​တော်​မူ​၏။- \v 34 ယေ​ရော​ဗောင်​မင်း​ကဲ့​သို့​သူ​သည်​ထာ​ဝ​ရ​ဘု​ရား ကို​ပြစ်​မှား​၍ ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ် ကူး​စေ​ရန်​ရှေ့​ဆောင်​လမ်း​ပြ​လေ​သည်။ \c 16 \p \v 1-2 ဟာ​နန်​၏​သား​ပ​ရော​ဖက်​ယေ​ဟု​ထံ​သို့၊ ဗာ​ရှာ အား​ဆင့်​ဆို​ရန်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ဗျာ​ဒိတ်​တော်​ရောက်​ရှိ​လာ​၏။ ``သင်​သည်​မ​ရေ ရာ​သူ​ဖြစ်​ခဲ့​သော်​လည်း ငါ​သည်​သင့်​အား​ငါ ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ခေါင်း​ဆောင်​အ​ဖြစ်​ခန့်​ထား​တော်​မူ​ခဲ့​၏။ သို့​ရာ​တွင်​သင်​သည်​ယေ​ရော​ဗောင်​ကဲ့​သို့​ပင် အ​ပြစ်​ကူး​ပြီး​လျှင် ငါ​၏​လူ​မျိုး​တော်​အား လည်း​အ​ပြစ်​ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ခဲ့ လေ​ပြီ။ သူ​တို့​၏​အ​ပြစ်​များ​သည်​ငါ​၏ အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​သည်​ဖြစ်​၍၊- \v 3 ငါ​သည်​ယေ​ရော​ဗောင်​အား​ပြု​သ​ကဲ့​သို့ သင် နှင့်​သင့်​အိမ်​ထောင်​စု​သား​များ​အား​သုတ် သင်​ပယ်​ရှင်း​ပစ်​မည်။- \v 4 မြို့​တွင်​သေ​သူ​သင်​၏​အိမ်​ထောင်​စု​သား​တို့ သည်​ခွေး​စာ၊ မြို့​ပြင်​တွင်​သေ​သူ​သည်​လင်း တ​စာ​ဖြစ်​ကြ​လိမ့်​မည်။'' \p \v 5 ဗာ​ရှာ​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ များ​ရှိ​သ​မျှ​နှင့် သူ​၏​စွန့်​စား​ခန်း​များ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။- \v 6 ဗာ​ရှာ​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​တိ​ရ​ဇ မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော် ဧ​လာ​သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။ \p \v 7 ထာ​ဝ​ရ​ဘု​ရား​အား​ဗာ​ရှာ​ပြစ်​မှား​သည့်​အ​ပြစ် များ​အ​တွက်​ကြောင့် ပ​ရော​ဖက်​ယေ​ဟု​သည်​ဗာ​ရှာ နှင့်​အိမ်​ထောင်​စု​အား​ထို​ဗျာ​ဒိတ်​တော်​ကို​ဆင့် ဆို​၏။ ဗာ​ရှာ​သည်​မိ​မိ​၏​အ​လျင်​အုပ်​စိုး​ခဲ့​သည့် ယေ​ရော​ဗောင်​မင်း​ကဲ့​သို့​အ​ပြစ်​ကူး​သည်​သာ မ​က ယေ​ရော​ဗောင်​နှင့်​အိမ်​ထောင်​စု​သား​အ​ပေါင်း ကို​လည်း​သတ်​ဖြတ်​သ​ဖြင့် ထာ​ဝရ​ဘု​ရား​သည် သူ့​အား​အ​မျက်​ထွက်​တော်​မူ​၏။ \s1 ဣ​သ​ရေ​လ​ဘု​ရင်​ဧ​လာ \p \v 8 ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​နှစ်​ဆယ့်​ခြောက်​နှစ် မြောက်​၌ ဗာ​ရှာ​၏​သား​တော်​ဧ​လာ​သည်​ဣ​သ ရေ​လ​ပြည်​တွင်​နန်း​တက်​ပြီး​လျှင် တိ​ရ​ဇ​မြို့ ၌​နှစ်​နှစ်​မျှ​နန်း​စံ​လေ​သည်။- \v 9 ဘု​ရင့်​ရ​ထား​တပ်​ခွဲ​မှူး​ဇိ​မ​ရိ​ဆို​သူ​သည် မင်း ကြီး​အား​လုပ်​ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​လေ​သည်။ တစ်​နေ့​သ​၌​မင်း​ကြီး​သည်​တိ​ရ​ဇ​မြို့​ရှိ​နန်း တော်​အုပ်​အာ​ဇ​၏​အိမ်​တွင်​သောက်​စား​မူး​ယစ် လျက်​နေ​စဉ်၊- \v 10 ဇိ​မ​ရိ​သည်​ထို​အိမ်​သို့​ဝင်​၍​ဧ​လာ​အား​လုပ် ကြံ​ကာ သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​မင်း ပြု​၏။ ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​နှစ်​ဆယ့် ခု​နစ်​နှစ်​မြောက်​၌​ဧ​လာ​သည်​လုပ်​ကြံ​ခြင်း ကို​ခံ​ရ​သ​တည်း။ \p \v 11 ဇိ​မ​ရိ​သည်​ဘု​ရင်​ဖြစ်​လျှင်​ဖြစ်​ချင်း ဗာ​ရှာ ၏​အိမ်​ထောင်​စု​သား​အ​ပေါင်း​ကို​သတ်​ပြီး နောက် ဗာ​ရှာ​၏​ဆွေ​မျိုး​မိတ်​သင်္ဂ​ဟ​များ အ​နက်​ယောကျာ်း​မှန်​သ​မျှ​ကို​လည်း​သတ် လေ​သည်။- \v 12 သို့​ဖြစ်​၍​ပ​ရော​ဖက်​ယေ​ဟု​အား​ဖြင့်​ဗာ​ရှာ အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​စ​ကား နှင့်​အ​ညီ ဇိ​မ​ရိ​သည်​ဗာ​ရှာ​နှင့်​အိမ်​ထောင် စု​သား​အ​ပေါင်း​ကို​သတ်​လေ​သ​တည်း။- \v 13 ဗာ​ရှာ​နှင့်​သား​တော်​ဧ​လာ​သည်​ရုပ်​တု​များ ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​အား​ဖြင့်​လည်း ကောင်း၊ ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ် ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ခြင်း​အား​ဖြင့် လည်း​ကောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​၏​အ​မျက် တော်​ကို​လှုံ့​ဆော်​ပေး​ကြ​၏။- \v 14 ဧ​လာ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ များ​ကို​ဣ​သ​ရေ​လ​ရာ​ဇဝင်​တွင်​ရေး​ထား သ​တည်း။ \s1 ဣ​သ​ရေ​လ​ဘု​ရင်​ဇိ​မ​ရိ \p \v 15 ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​နှစ်​ဆယ့်​ခု​နစ် နှစ်​မြောက်​၌ ဇိ​မ​ရိ​သည်​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ဖြင့်​တိ​ရ​ဇ​မြို့​တွင်​ခု​နစ်​ရက်​မျှ နန်း​စံ​ရ​၏။ ထို​အ​ခါ​၌​ဣ​သ​ရေ​လ​စစ် သည်​တော်​တို့​သည် ဖိ​လိတ္တိ​ပြည်​ဂိ​ဗေ​သုန် မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​၏။- \v 16 သူ​တို့​သည်​မင်း​ကြီး​အား​ဇိ​မ​ရိ​လျှို့​ဝှက် လုပ်​ကြံ​သည့်​သ​တင်း​ကို​ကြား​သော​အ​ခါ ချက်​ချင်း​ထို​အ​ရပ်​၌​ပင်​မိ​မိ​တို့​၏​ဗိုလ်​ချုပ် သြ​မ​ရိ​ကို​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​မင်း မြှောက်​ကြ​၏။- \v 17 သြ​မ​ရိ​နှင့်​သူ​၏​စစ်​သူ​ရဲ​တို့​သည်​ဂိ​ဗေ​သုန် မြို့​မှ​ထွက်​ခွာ​၍ တိ​ရ​ဇ​မြို့​သို့​သွား​ရောက်​ဝိုင်း ရံ​ထား​ကြ​၏။- \v 18 မြို့​တော်​ကျ​ဆုံး​တော့​မည်​ဖြစ်​ကြောင်း​သိ​ရှိ​ရ သော​အ​ခါ ဇိ​မ​ရိ​သည်​နန်း​အ​တွင်း​ရဲ​တိုက်​ခန်း သို့​ဝင်​၍​နန်း​တော်​ကို​မီး​ရှို့​ကာ​မီး​တောက်​မီး လျှံ​ထဲ​၌​သေ​ဆုံး​သွား​လေ​သည်။- \v 19 ဤ​သို့​ဖြစ်​ရ​ခြင်း​မှာ ထာ​ဝ​ရ​ဘု​ရား​အား​သူ ပြစ်​မှား​သည့်​အ​ပြစ်​များ​ကြောင့်​ဖြစ်​၏။ သူ​သည် ဘု​ရင်​ယေ​ရော​ဗောင်​ကဲ့​သို့​ကိုယ်​တိုင်​အ​ပြစ်​ကူး ၍ ဣသ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ်​ကူး​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား မ​နှစ်​သက်​သော​အ​မှု​ကို​ပြု​လေ​သည်။- \v 20 လျှို့​ဝှက်​လုပ်​ကြံ​မှု​အ​ပါ​အ​ဝင်​ဇိ​မ​ရိ​ဆောင် ရွက်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။ \s1 ဣ​သ​ရေ​လ​ဘု​ရင်​သြ​မ​ရိ \p \v 21 ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည် စိတ်​ဝမ်း​ကွဲ ပြား​လျက်​နေ​ကြ​၏။ အ​ချို့​တို့​သည်​ဂိ​နက် ၏​သား​တိ​ဗ​နိ​ကို​မင်း​မြှောက်​လို​ကြ​၏။ အ​ချို့​က​မူ​သြ​မ​ရိ​ကို​လို​လား​ကြ​၏။- \v 22 နောက်​ဆုံး​၌​သြ​မ​ရိ​ကို​လို​လား​သူ​တို့ က​အ​နိုင်​ရ​လေ​သည်။ တိ​ဗ​နိ​သေ​၍ သြ​မ​ရိ​သည်​ဘု​ရင်​ဖြစ်​လာ​လေ​သည်။- \v 23 သို့​ဖြစ်​၍​သူ​သည်​ယု​ဒ​ဘု​ရင်​အာ​သ​နန်း စံ​သုံး​ဆယ့်​တစ်​နှစ်​မြောက်​၌ ဣ​သ​ရေ​လ​ပြည် တွင်​နန်း​တက်​၍​တစ်​ဆယ့်​နှစ်​နှစ်​နန်း​စံ​ရ​လေ သည်။ သူ​သည်​တိ​ရ​ဇ​မြို့​တွင်​ပ​ထ​မ​ခြောက် နှစ်​နန်း​စံ​ပြီး​လျှင်၊- \v 24 ရှ​မာ​ရိ​တောင်​ကို​ရှ​မေ​ရ​ဆို​သူ​ထံ​မှ​ငွေ သား​ခြောက်​ထောင်​နှင့်​ဝယ်​ယူ​တော်​မူ​၏။ သြ​မ​ရိ သည်​ထို​တောင်​ကို​တံ​တိုင်း​ကာ​ရံ​ကာ​မြို့​တည် ပြီး​မှ တောင်​ပိုင်​ရှင်​ဟောင်း​ရှ​မေ​ရ​၏​နာ​မည် ကို​အ​စွဲ​ပြု​၍​ရှ​မာ​ရိ​မြို့​ဟု​သ​မုတ်​တော် မူ​၏။ \p \v 25 သြ​မ​ရိ​သည် မိ​မိ​၏​နောင်​တော့်​နောင်​တော် ဘု​ရင်​အ​ပေါင်း​တို့​ထက်​ပင် ပို​မို​ဆိုး​ရွား​စွာ ထာ​ဝရ​ဘုရား​အား​ပြစ်​မှား​လေ​သည်။- \v 26 သူ​သည်​မိ​မိ​၏​နောင်​တော်​ဘု​ရင်​ယေ​ရော​ဗောင် ကဲ့​သို့ မိ​မိ​၏​အ​ပြစ်​များ​အား​ဖြင့်​လည်း​ကောင်း၊ ပြည်​သူ​တို့​အား​အ​ပြစ်​ကူး​ရန်​နှင့်​ရုပ်​တု များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​ရန်​ရှေ့​ဆောင်​လမ်း ပြ​ပေး​ခြင်း​အား​ဖြင့်​လည်း​ကောင်း ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​၏။- \v 27 သြ​မ​ရိ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​နှင့် သူ​၏​စွန့်​စား​ခန်း​များ ကို​ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​သား​ထား သ​တည်း။- \v 28 သြ​မ​ရိ​ကွယ်​လွန်​သော​အ​ခါ​ရှ​မာ​ရိ​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော်​အာ​ဟပ်​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။ \s1 ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ် \p \v 29 ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​သုံး​ဆယ့်​ရှစ်​နှစ် မြောက်​၌ သြ​မ​ရိ​၏​သား​တော်​အာ​ဟပ်​သည် ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လာ​ပြီး​လျှင် ရှ​မာ​ရိ မြို့​တွင်​နှစ်​ဆယ့်​နှစ်​နှစ်​နန်း​စံ​လေ​သည်။- \v 30 သူ​သည်​မိ​မိ​၏​နောင်​တော့်​နောင်​တော်​ဘု​ရင် အ​ပေါင်း​တို့​ထက် ပို​မို​ဆိုး​ရွား​စွာ​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​လေ​သည်။- \v 31 သူ​သည်​ယေ​ရော​ဗောင်​ကဲ့​သို့​အ​ပြစ်​ကူး​ရ​ရုံ ဖြင့်​မ​ကျေ​နပ်​ဘဲ ထို​ထက်​တစ်​ဆင့်​တက်​ပြီး လျှင်​ဇိ​ဒုန်​မင်း​ဧ​သ​ဗာ​လ​၏​သ​မီး​တော် ယေ​ဇ​ဗေ​လ​ကို​မိ​ဖု​ရား​မြှောက်​၍​ဗာ​လ ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ​သည်။- \v 32 သူ​သည်​ရှ​မာ​ရိ​မြို့​တွင်​ဗာ​လ​ဘု​ရား​အ​တွက် ဗိ​မာန်​တော်​ကို​တည်​ဆောက်​ကာ​ထို​ဗိ​မာန်​တွင် ယဇ်​ပလ္လင်​ကို​တည်​၏။- \v 33 အာ​ရှ​ရ​ဘု​ရား​မ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ရန် အ​တွက် တံ​ခွန်​တိုင်​ကို​လည်း​စိုက်​ထူ​လေ​သည်။ သူ​သည်​မိ​မိ​၏​နောင်​တော့်​နောင်​တော်​ဣ​သ​ရေ လ​ဘု​ရင်​အ​ပေါင်း​တို့​ထက်​ပင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ကို​ပို​၍​လှုံ့​ဆော် ပေး​၏။- \v 34 သူ​နန်း​စံ​နေ​စဉ်​အ​တွင်း​ဗေ​သ​လ​မြို့​သား ဟိ​ဧ​လ​သည် ယေ​ရိ​ခေါ​မြို့​ကို​ပြန်​လည်​တည် ထောင်​လေ​သည်။ နုန်​၏​သား​ယော​ရှု​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​နှင့် အ​ညီ ဟိ​ဧ​လ​သည်​ယေ​ရိ​ခေါ​မြို့​ကို​အုတ် မြစ်​ချ​ချိန်​၌​မိ​မိ​၏​သား​ဦး​အ​ဘိ​ရံ​ကို လည်း​ကောင်း၊ မြို့​တံ​ခါး​များ​တည်​ဆောက် ချိန်​၌​သား​ထွေး​စေ​ဂုပ်​ကို​လည်း​ကောင်း ဆုံး​ရှုံး​ရ​လေ​သည်။\x + \xo 16:34 \xt ယောရှု၊ ၆: ၂၆။\x* \c 17 \s1 ဧ​လိ​ယ​နှင့်​မိုး​ခေါင်​ခြင်း \p \v 1 ဂိ​လဒ်​ပြည်​တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​ဆို​သူ ပ​ရော​ဖက်​က အာ​ဟပ်​မင်း​အား``မိုး​ရွာ​မည်​ဟု ငါ​မ​ပြော​မ​ချင်း​လာ​မည့်​နှစ်​နှစ်​သုံး​နှစ်​တွင် မိုး​ခေါင်​လိမ့်​မည်။ ဆီး​နှင်း​လည်း​ကျ​လိမ့်​မည် မ​ဟုတ်​ကြောင်း ငါ​ကိုး​ကွယ်​၍​အ​သက်​ရှင်​တော် မူ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​သင့် အား​ငါ​ဆို​၏'' ဟု​ဆင့်​ဆို​လေ​သည်။\x + \xo 17:1 \xt ယာ၊ ၅:၁၇။\x* \p \v 2 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဧ​လိ​ယ​အား၊- \v 3 ``ဤ​မြို့​မှ​ထွက်​ခွာ​ကာ​အ​ရှေ့​အ​ရပ်​သို့​သွား ပြီး​လျှင် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​ခေ​ရိတ် ချောင်း​အ​နီး​တွင်​ပုန်း​အောင်း​လော့။- \v 4 သင်​သည်​ထို​ချောင်း​မှ​သောက်​ရေ​ကို​ရ​လိမ့်​မည်။ သင်​ရှိ​ရာ​သို့​အ​စား​အ​စာ​ယူ​ဆောင်​လာ​ရန် ကျီး​အ​တို့​ကို​လည်း​ငါ​မှာ​ထား​ပြီး​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 5 ဧ​လိ​ယ​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​နာ​ခံ​လျက်​ခေ​ရိတ်​ချောင်း​သို့​သွား​ရောက် နေ​ထိုင်​လေ​သည်။- \v 6 သူ​သည်​ချောင်း​ရေ​ကို​သောက်​၏။ ကျီး​အ​တို့ သည်​သူ​စား​ရန်​မုန့်​နှင့်​အ​မဲ​သား​ကို နေ့​စဉ် နေ့​တိုင်း​နံ​နက်​၌​တစ်​ကြိမ်​ည​နေ​၌​တစ်​ကြိမ် ယူ​ဆောင်​လာ​၏။- \v 7 ကာ​လ​အ​တန်​ကြာ​သော​အ​ခါ​မိုး​ခေါင်​သ​ဖြင့် ချောင်း​ရေ​သည်​ခန်း​ခြောက်​လေ​၏။ \s1 ဧ​လိ​ယ​နှင့်​ဇ​ရတ္တ​မြို့​သူ​မု​ဆိုး​မ \p \v 8 ထို​အ​ခါ​ထာ​ဝရ​ဘု​ရား​က​ဧ​လိ​ယ​အား၊- \v 9 ``ယ​ခု​သင်​သည်​ဇိ​ဒုန်​မြို့​အ​နီး​ရှိ​ဇ​ရတ္တ​မြို့ သို့​သွား​၍​နေ​ထိုင်​လော့။ ထို​မြို့​သူ​မု​ဆိုး​မ တစ်​ယောက်​အား သင့်​ကို​ကျွေး​မွေး​ရန်​ငါ​မှာ ကြား​ထား​ပြီ'' ဟု​မိန့်​တော်​မူ​၏။-\x + \xo 17:9 \xt လု၊ ၄:၂၅-၂၆။\x* \v 10 သို့​ဖြစ်​၍​ဧ​လိ​ယ​သည်​ဇ​ရတ္တ​မြို့​သို့​သွား လေ​သည်။ သူ​သည်​မြို့​တံ​ခါး​ဝ​သို့​ရောက်​သော အ​ခါ ထင်း​ခွေ​နေ​သော​မု​ဆိုး​မ​တစ်​ယောက်​ကို တွေ့​သ​ဖြင့်``ငါ့​အား​သောက်​ရေ​တစ်​ပေါက် လောက်​ပေး​ပါ'' ဟု​ပြော​၏။- \v 11 မု​ဆိုး​မ​သည်​ရေ​ခပ်​ရန်​ထွက်​သွား​သော​အ​ခါ ဧ​လိ​ယ​က``ငါ့​အ​တွက်​မုန့်​အ​နည်း​ငယ်​ကို လည်း​ယူ​လာ​ခဲ့​ပါ'' ဟု​ဟစ်​အော်​၍​ပြော​၏။ \p \v 12 မု​ဆိုး​မ​က``ကျွန်​မ​မှာ​မုန့်​တစ်​ချပ်​မျှ​မ​ရှိ ကြောင်း အ​သက်​ရှင်​တော်​မူ​သော​သင်​၏​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍​ကျိန်​ဆို​ပါ​၏။ မုန့်​ခွက် ထဲ​တွင်​မုန့်​ညက်​လက်​တစ်​ဆုပ်​စာ​နှင့်​ဆီ​ဘူး တွင် သံ​လွင်​ဆီ​အ​နည်း​ငယ်​မျှ​သာ​ကျွန်​မ​မှာ ရှိ​ပါ​၏။ ဤ​ရှိ​စု​မဲ့​စု​က​လေး​ဖြင့်​ကျွန်​မ နှင့်​သား​ငယ်​အ​တွက်​မုန့်​လုပ်​၍​မီး​ဖုတ်​စား နိုင်​ရန် ဤ​နေ​ရာ​သို့​လာ​၍​ထင်း​အ​နည်း​ငယ် ခွေ​နေ​ခြင်း​ဖြစ်​ပါ​သည်။ ထို​မုန့်​သည်​ကျွန်​မ တို့​နောက်​ဆုံး​စား​ကြ​ရ​မည့်​အ​စား​အ​စာ​ပင် ဖြစ်​ပါ​သည်။ ထို့​နောက်​ကျွန်​မ​တို့​သည်​အ​စာ ငတ်​၍​သေ​ကြ​ရန်​ပင်​ဖြစ်​ပါ​သည်'' ဟု​ပြန် ပြော​လေ​၏။ \p \v 13 ဧ​လိ​ယ​က​လည်း``မ​စိုး​ရိမ်​နှင့်။ သင်​တို့​စား​ရန် အ​စား​အ​စာ​ကို​သာ​သွား​၍​ပြင်​ဆင်​ပါ​လော့။ သို့​ရာ​တွင်​ဦး​စွာ​ပ​ထ​မ​ငါ​၏​အ​တွက်​မုန့် ပြား​တစ်​ချပ်​ကို​လုပ်​၍​ယူ​ခဲ့​လော့။ နောက်​မှ ကျန်​ရှိ​သော​မုန့်​ညက်​ဖြင့်​သင်​တို့​သား​အ​မိ အ​တွက်​မုန့်​ကို​လုပ်​ပါ​လော့။- \v 14 အ​ဘယ်​ကြောင့်​ဆို​သော်​ဣသ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကို​မ​ရွာ​စေ​မီ​ကာ​လ အ​တွင်း မုန့်​ခွက်​တွင်​မုန့်​ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်။ ဆီ​ဘူး​တွင်​လည်း​ဆီ​ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​သော​ကြောင့်​ဖြစ်​သည်'' ဟု မု​ဆိုး​မ​အား​ပြော​လေ​၏။ \p \v 15 မု​ဆိုး​မ​သည်​ဧ​လိ​ယ​ပြော​သည့်​အ​တိုင်း​ပြု သ​ဖြင့် သူ​တို့​အား​လုံး​ပင်​ရက်​ပေါင်း​များ​စွာ စား​ရန်​အ​တွက် အ​စား​အ​စာ​ကို​အ​လုံ အ​လောက်​ရ​ရှိ​ကြ​လေ​သည်။- \v 16 ဧ​လိ​ယ​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​က​တိ ပေး​တော်​မူ​ခဲ့​သည့်​အ​တိုင်း မုန့်​ခွက်​တွင်​မုန့် ညက်​မ​ပြတ်။ ဆီ​ဘူး​တွင်​လည်း​ဆီ​မ​ပြတ်။ \p \v 17 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ မု​ဆိုး​မ ၏​သား​သည်​ဖျား​နာ​၍ သူ​၏​ရော​ဂါ​အ​ခြေ အ​နေ​မှာ​ဆိုး​သည်​ထက်​ဆိုး​၍​လာ​ပြီး​လျှင် နောက်​ဆုံး​၌​သူ​ငယ်​သည်​သေ​ဆုံး​သွား​တော့ ၏။- \v 18 မု​ဆိုး​မ​သည်​ဧလိယ​အား``အို ထာ​ဝ​ရ​ဘု​ရား ၏​အ​စေ​ခံ၊ အ​ရှင်​သည်​အ​ဘယ်​ကြောင့်​ကျွန်​မ အား​ဤ​သို့​ဒုက္ခ​ရောက်​စေ​ပါ​သ​နည်း။ အ​ရှင် သည်​ကျွန်​မ​၏​သား​သေ​ရ​အောင်​ဘု​ရား​သ​ခင်​အား ကျွန်​မ​၏​အ​ပြစ်​များ​ကို​ပြန် လည်​သ​တိ​ပေး​ရန်​အ​တွက် ဤ​အ​ရပ်​သို့ ကြွ​လာ​တော်​မူ​ပါ​သ​လော'' ဟု​ဆို​၏။ \p \v 19 ဧ​လိ​ယ​က``သင်​၏​သား​ကို​ငါ့​အား​ပေး​လော့'' ဟု​ဆို​ကာ​မု​ဆိုး​မ​၏​လက်​မှ​သူ​ငယ်​ကို​ယူ​၍ မိ​မိ​တည်း​ခို​ရာ​အ​ထက်​ခန်း​သို့​ပွေ့​ချီ​သွား ပြီး​လျှင် အိပ်​ရာ​ပေါ်​တွင်​ချ​ထား​လိုက်​၏။- \v 20 ထို့​နောက်​သူ​သည်``အို အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ဤ​မု​ဆိုး​မ​အား​အ​ဘယ် ကြောင့်​ကိုယ်​တော်​သည် ဤ​သို့​ထိတ်​လန့်​ဖွယ် ကောင်း​သော​အ​မှု​ကို​ပြု​တော်​မူ​ပါ​သ​နည်း။ ထို​အ​မျိုး​သ​မီး​သည်​ကျွန်ုပ်​အား​ကောင်း​စွာ ကျွေး​မွေး​ပြု​စု​ပါ​၏။ သို့​ရာ​တွင်​ယ​ခု​ကိုယ် တော်​သည်​သူ​၏​သား​ငယ်​ကို​သေ​စေ​တော် မူ​ပါ​ပြီ'' ဟု​ကျယ်​လောင်​စွာ​ဆု​တောင်း​ပတ္ထ နာ​ပြု​လေ​၏။- \v 21 ထို့​နောက်​ဧ​လိ​ယ​သည်​သူ​ငယ်​၏​အ​ပေါ်​တွင် သုံး​ကြိမ်​တိုင်​တိုင်​ဝမ်း​လျား​မှောက်​ပြီး​လျှင်``အို အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ​က​လေး​ကို​အ​သက်​ပြန်​၍​ရှင်​စေ​တော် မူ​ပါ'' ဟု​ဆု​တောင်း​၏။-\x + \xo 17:21 \xt ၄ရာ၊ ၄:၃၄-၃၅။\x* \v 22 ထာ​ဝ​ရ​ဘု​ရား​သည်​ဧ​လိ​ယ​၏​ပန်​ကြား ချက်​ကို​နား​ညောင်း​တော်​မူ​သ​ဖြင့် က​လေး သည်​ထွက်​သက်​ဝင်​သက်​ကို​ပြန်​လည်​ရ​ရှိ ကာ​အ​သက်​ပြန်​၍​ရှင်​လာ​လေ​သည်။ \p \v 23 ဧ​လိ​ယ​သည်​သူ​ငယ်​ကို​အိမ်​အောက်​ထပ်​သို့ ချီ​ဆောင်​သွား​ပြီး​လျှင် မိ​ခင်​ဖြစ်​သူ​အား``ကြည့် လော့။ သင်​၏​သား​သည်​အ​သက်​ရှင်​လျက်​ရှိ ပါ​၏'' ဟု​ဆို​၏။ \p \v 24 ထို​အ​မျိုး​သ​မီး​က​လည်း``အ​ရှင်​သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ထာ​ဝရ​ဘု​ရား​သည်​အ​ရှင်​အား​ဖြင့်​ဗျာ​ဒိတ် ပေး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ယ​ခု ကျွန်​မ​သိ​ပါ​ပြီ'' ဟု​ပြန်​ပြော​လေ​၏။ \c 18 \s1 ဧ​လိ​ယ​နှင့်​ဗာ​လ​ပ​ရော​ဖက်​များ \p \v 1 ထို့​နောက်​ကာ​လ​အ​တန်​ကြာ​၍ မိုး​ခေါင်​ချိန် သုံး​နှစ်​မျှ​ရှိ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​ယ​အား``သင်​သည်​သွား​၍​အာ​ဟပ်​မင်း ၏​ရှေ့​တော်​သို့​ဝင်​လော့။ ငါ​သည်​မိုး​ကို​ရွာ စေ​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း၊- \v 2 ဧ​လိ​ယ​သည်​လည်း​သွား​လေ​၏။ \p ထို​အ​ချိန်​အ​ခါ​၌ ရှ​မာ​ရိ​ပြည်​မိုး​ခေါင်​မှု သည် အ​ဆိုး​ဆုံး​အ​ခြေ​အ​နေ​သို့​ရောက် လျက်​ရှိ​၏။- \v 3 ထို့​ကြောင့်​အာ​ဟပ်​သည်​နန်း​တော်​အုပ်​သြ​ဗ​ဒိ ကို​ခေါ်​တော်​မူ​၏။ (သြ​ဗ​ဒိ​သည်​ထာ​ဝ​ရ ဘု​ရား​အား​အ​လွန်​ကြည်​ညို​လေး​မြတ်​သူ ဖြစ်​သ​ဖြင့်၊- \v 4 ထာ​ဝ​ရ​ဘုရား​၏​ပ​ရော​ဖက်​များ​ကို​ယေ​ဇ​ဗေ​လ သတ်​ဖြတ်​နေ​ချိန်​၌ ပ​ရော​ဖက်​တစ်​ရာ​ကို​ငါး ဆယ်​စီ​နှစ်​စု​ခွဲ​၍​ဂူ​များ​တွင်​ဝှက်​ထား​ပြီး​လျှင် အ​စာ​ရေ​စာ​ကျွေး​မွေး​ခဲ့​၏။-) \v 5 အာ​ဟပ်​သည်​သြ​ဗ​ဒိ​အား``မြင်း​နှင့်​လား​များ မ​သေ​စေ​ခြင်း​ငှာ မြက်​တော​တွေ့​ကောင်း​တွေ့​နိုင် ရန်​တစ်​ပြည်​လုံး​ရှိ​စမ်း​ရေ​တွင်း​နှင့်​ချောင်း​များ ရှိ​ရာ​အ​ရပ်​ရပ်​သို့ ငါ​တို့​သွား​၍​ကြည့်​ရှု​ကြ ကုန်​အံ့။'' ဟု​ဆို​၏။- \v 6 သူ​တို့​နှစ်​ဦး​သွား​ရောက်​ကြည့်​ရ​မည့်​အ​ရပ် များ​ကို​သ​ဘော​တူ​ကြ​ပြီး​လျှင် တစ်​ယောက် တစ်​လမ်း​စီ​ထွက်​သွား​ကြ​၏။ \p \v 7 ယင်း​သို့​ထွက်​ခွာ​သွား​စဉ်​သြ​ဗ​ဒိ​သည် ဧ​လိ​ယ နှင့်​ရုတ်​တ​ရက်​တွေ့​ဆုံ​မိ​လေ​သည်။ သူ​သည် ဧ​လိ​ယ​ကို​မှတ်​မိ​သ​ဖြင့်​ဦး​ညွှတ်​ပျပ်​ဝပ် ၍``အ​ရှင်​သည်​အ​ကျွန်ုပ်​သ​ခင်​ဧ​လိ​ယ​ပါ လော'' ဟု​မေး​၏။ \p \v 8 ဧ​လိ​ယ​က​လည်း``ဟုတ်​ပါ​သည်။ သင်​သည်​သင် ၏​အ​ရှင်​ဘု​ရင်​မင်း​မြတ်​ထံ​သို့​သွား​၍ ဤ​အ​ရပ် တွင်​ငါ​ရှိ​ကြောင်း​လျှောက်​ထား​လော့'' ဟု​ဆို​၏။ \p \v 9 သြ​ဗ​ဒိ​က``အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​မှု​ကို​ပြု မိ​သည့်​အ​တွက် အ​ရှင်​သည်​အ​ကျွန်ုပ်​အား​အာ​ဟပ် မင်း​၏​လက်​တွင်​အ​သတ်​ခံ​ရ​စေ​ရန် ဤ​သို့​ခိုင်း စေ​တော်​မူ​လို​ပါ​သ​နည်း။- \v 10 မင်း​ကြီး​သည်​အ​ရှင့်​အား​ကမ္ဘာ​ပေါ်​ရှိ​နိုင်​ငံ​တ​ကာ တွင်​ရှာ​ဖွေ​စေ​ကြောင်း​ကို အ​သက်​ရှင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​အ​ရှင်​၏​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍​အ​ကျွန်ုပ်​ကျိန်​ဆို​ပါ​၏။ ဤ မည်​သော​နိုင်​ငံ​တွင်​ဧ​လိ​ယ​မ​ရှိ​ပါ​ဟု​ဆို​သော မင်း​အား မင်း​ကြီး​က​အ​ကယ်​ပင်​ရှာ​၍​မ​တွေ့ ကြောင်း​ကို​သစ္စာ​ဆို​စေ​ပါ​၏။- \v 11 ယ​ခု​အ​ရှင်​သည်​အ​ကျွန်ုပ်​အား​အာ​ဟပ်​မင်း ထံ​သို့​သွား​၍ ဤ​အ​ရပ်​တွင်​အ​ရှင်​ရှိ​နေ ကြောင်း​လျှောက်​ထား​စေ​ပါ​၏။- \v 12 အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော် သည်​အ​ကျွန်ုပ်​ထွက်​ခွာ​သွား​သည်​နှင့်​တစ်​ပြိုင် နက် အ​ရှင့်​အား​အ​ကျွန်ုပ်​မ​သိ​သည့်​အ​ရပ်​သို့ ခေါ်​ဆောင်​သွား​ခဲ့​သော် အ​ကျွန်ုပ်​အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း။ ဤ​အ​ရပ်​တွင်​အ​ရှင်​ရှိ နေ​ကြောင်း​မင်း​ကြီး​အား​အကျွန်ုပ်​လျှောက်​ထား ပြီး​နောက် မင်း​ကြီး​သည်​အ​ရှင်​အား​မ​တွေ့ ရ​ပါ​က​အ​ကျွန်ုပ်​ကို​သတ်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည်​သူ​ငယ်​အ​ရွယ်​မှ​အ​စ​ပြု ၍​ထာ​ဝ​ရ​ဘု​ရား​အား​အ​လွန်​ကြည်​ညို လေး​မြတ်​ခဲ့​သူ​ဖြစ်​ကြောင်း​အောက်​မေ့ သ​တိ​ရ​တော်​မူ​ပါ။- \v 13 ထာ​ဝ​ရ​ဘု​ရား​၏​ပ​ရော​ဖက်​များ​ကို​ယေ​ဇ ဗေ​လ​သတ်​နေ​သော​အ​ခါ​၌ အ​ကျွန်ုပ်​သည် ပ​ရော​ဖက်​တစ်​ရာ​ကို​ငါး​ဆယ်​စီ​နှစ်​စု​ခွဲ​၍ ဂူ​များ​တွင်​ဝှက်​ထား​ကာ အ​စာ​ရေ​စာ​ကျွေး မွေး​ခဲ့​ကြောင်း​ကို​အ​ရှင်​ကြား​တော်​မ​မူ​ပါ သ​လော။- \v 14 သို့​ဖြစ်​၍​အ​ရှင်​သည်​အ​ဘယ်​သို့​လျှင် အ​ကျွန်ုပ် အား​မင်း​ကြီး​ထံ​သို့​စေ​လွှတ်​၍ ဤ​အ​ရပ်​တွင် အ​ရှင်​ရှိ​တော်​မူ​ကြောင်း​လျှောက်​ထား​စေ​နိုင် ပါ​မည်​နည်း။ သူ​သည်​အ​ကျွန်ုပ်​အား​သတ် ပါ​လိမ့်​မည်'' ဟု​ဆို​၏။ \p \v 15 ဧ​လိ​ယ​က``ငါ​သည်​ယ​နေ့​မင်း​ကြီး​၏​ရှေ့​တော် သို့​ဝင်​မည်​ဖြစ်​ကြောင်း ငါ​ကိုး​ကွယ်​သော​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​ကို​တိုင်​တည်​၍ က​တိ​ပြု​ပါ​၏'' ဟု​ဆို​၏။ \p \v 16 ထို့​ကြောင့်​သြ​ဗ​ဒိ​သည် အာ​ဟပ်​မင်း​ထံ​သို့​သွား​၍ လျှောက်​ထား​ရာ အာ​ဟပ်​သည်​ဧ​လိ​ယ​နှင့်​တွေ့​ဆုံ ရန်​ကြွ​လာ​တော်​မူ​၏။- \v 17 ဧ​လိ​ယ​ကို​မြင်​သော​အ​ခါ​အာ​ဟပ်​က``ဣ​သ ရေ​လ​ပြည်​တွင်​ဒုက္ခ​ပေး​သူ​ကို​ယ​ခု​ငါ​တွေ့ ပြီ'' ဟု​ဆို​၏။ \p \v 18 ဧ​လိ​ယ​က``ဒုက္ခ​ပေး​သူ​မှာ​ငါ​မ​ဟုတ်။ ဒုက္ခ​ပေး သူ​များ​မှာ​သင်​နှင့်​သင်​၏​ခ​မည်း​တော်​သာ​လျှင် ဖြစ်​ပါ​သည်။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် တော်​တို့​ကို​လွန်​ဆန်​၍ ဗာ​လ​ဘု​ရား​၏​ရုပ်​တု များ​ကို​ရှိ​ခိုး​ဝတ်​ပြု​လျက်​နေ​ပေ​သည်။- \v 19 ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း​တို့​အား​က​ရ မေ​လ​တောင်​ထိပ်​တွင်​ငါ​နှင့်​တွေ့​ဆုံ​ကြ​ရန် အ​မိန့်​ပေး​ပါ​လော့။ ယေ​ဇ​ဗေ​လ​မိ​ဖု​ရား ထောက်​ပံ့​ကျွေး​မွေး​ထား​သည့်​ဗာ​လ​ပ​ရော​ဖက် လေး​ရာ့​ငါး​ဆယ်​နှင့်​အာ​ရှ​ရ​ဘု​ရား​မ​၏ ပ​ရော​ဖက်​လေး​ရာ​တို့​ကို​လည်း​ခေါ်​ဖိတ်​ပါ လော့'' ဟု​ပြန်​ပြော​၏။ \p \v 20 သို့​ဖြစ်​၍​အာ​ဟပ်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​နှင့် ဗာ​လ​ပ​ရော​ဖက်​တို့​ကို က​ရ​မေ​လ​တောင်​ထိပ်​သို့​စု​ရုံး​စေ​တော်​မူ​၏။- \v 21 ဧ​လိ​ယ​သည်​ထို​လူ​တို့​ထံ​သို့​ချဉ်း​ကပ်​၍``သင် တို့​သည်​အ​ဘယ်​မျှ​ကြာ​အောင်​စိတ်​ဇ​ဝေ​ဇ​ဝါ ရှိ​နေ​ကြ​ပါ​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​အ​မှန်​ဖြစ်​လျှင် ကိုယ်​တော်​အား​ဝတ်​ပြု ကိုး​ကွယ်​ကြ​လော့။ ဗာ​လ​သည်​ဘု​ရား​အ​မှန် ဖြစ်​လျှင်​မူ​ကား​သူ့​အား​ဝတ်​ပြု​ကိုး​ကွယ် ကြ​လော့'' ဟု​ဆို​၏။ သို့​ရာ​တွင်​လူ​တို့​သည် မည်​သို့​မျှ​ပြန်​၍​မ​ပြော​ကြ။- \v 22 ထို​အ​ခါ​ဧ​လိ​ယ​က``ထာ​ဝရ​ဘု​ရား​၏ ပ​ရော​ဖက်​များ​အ​နက် ငါ​တစ်​ဦး​တည်း​ကျန် ရှိ​နေ​၏။ ဗာ​လ​ပ​ရော​ဖက်​များ​မူ​ကား​လေး ရာ​ငါး​ဆယ်​ရှိ​ပေ​သည်။- \v 23 နွား​လား​ဥ​သ​ဘ​နှစ်​ကောင်​ကို​ယူ​ပြီး​လျှင် တစ်​ကောင်​ကို​ထို​သူ​တို့​အား​ပေး​ကြ​လော့။ သူ​တို့​သည်​ထို​နွား​ကို​သတ်​၍​အ​ပိုင်း​ပိုင်း ခုတ်​ပြီး​လျှင်​ထင်း​များ​အ​ပေါ်​တွင်​တင်​ထား ကြ​ပါ​စေ။ သို့​ရာ​တွင်​မီး​မ​ညှိ​စေ​ကြ​နှင့်။ ငါ​သည်​အ​ခြား​နွား​တစ်​ကောင်​ကို​ထို​နည်း တူ​ပြု​မည်။- \v 24 ထို့​နောက်​ဗာ​လ​ပ​ရော​ဖက်​တို့​သည်​မိ​မိ​တို့ ဘု​ရား​ထံ​သို့​ဆု​တောင်း​ကြ​စေ။ ငါ​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု​တောင်း​မည်။ ငါ​တို့​အ​သီး​သီး​ပြု​သည့်​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​တော်​မူ​၍ မီး​ကို​ချ​ပေး​တော် မူ​သော​အ​ရှင်​သည်​ဘု​ရား​အ​မှန်​ဖြစ်​၏'' ဟု ဆို​လေ​သည်။ \p လူ​အ​ပေါင်း​တို့​သည် ဧ​လိ​ယ​၏​ပြော​ကြား ချက်​ကို​သ​ဘော​တူ​ကြောင်း​ဟစ်​အော်​၍ ဖော်​ပြ​ကြ​၏။ \p \v 25 ထို​အ​ခါ​ဧ​လိ​ယ​သည် ဗာ​လ​ပ​ရော​ဖက်​တို့ အား``သင်​တို့​က​အ​ရေ​အ​တွက်​အား​ဖြင့်​များ သည်​ဖြစ်​သော​ကြောင့် နွား​တစ်​ကောင်​ကို​ဦး​စွာ ယူ​၍​ပြင်​ဆင်​ကြ​လော့။ သင်​တို့​၏​ဘု​ရား​ထံ သို့​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့။ ထင်း​များ ကို​မူ​မီး​မ​ညှိ​ကြ​နှင့်'' ဟု​ဆို​၏။ \p \v 26 သူ​တို့​သည်​လည်း​မိ​မိ​တို့​ထံ​သို့​ယူ​ဆောင် လာ​သော​နွား​ကို​ယဇ်​ပူ​ဇော်​ရန်​အ​တွက် ပြင် ဆင်​ကြ​ပြီး​လျှင်​ဗာ​လ​ဘု​ရား​ထံ​သို့​မွန်း တည့်​ချိန်​တိုင်​အောင်​ဆု​တောင်း​ပတ္ထ​နာ​ပြု ကြ​၏။ သူ​တို့​က``အို ဗာ​လ​ဘု​ရား၊ အ​ကျွန်ုပ် တို့​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ ပါ'' ဟု​ဟစ်​အော်​ကြ​ပြီး​လျှင် မိ​မိ​တို့​တည် ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​၏​ပတ်​လည်​တွင် က​လျက်​နေ​ကြ​၏။ သို့​ရာ​တွင်​ဗာ​လ​ဘု​ရား ထံ​မှ​မည်​သို့​မျှ​အ​ဖြေ​မ​ရ​ကြ။ \p \v 27 မွန်း​တည့်​ချိန်​၌​ဧ​လိ​ယ​သည်​သူ​တို့​အား``သင် တို့​သည်​ပို​၍​အ​သံ​ကျယ်​စွာ​ဆု​တောင်း​ကြ လော့။ ဗာ​လ​ကား​ဘု​ရား​ပေ​တည်း။ သူ​သည်​ဆင် ခြင်​စဉ်​စား​လျက်​သော်​လည်း​ကောင်း၊ တ​ပို​တ​ပါး သွား​လျက်​သော်​လည်း​ကောင်း၊ ခ​ရီး​လွန်​၍​သော် လည်း​ကောင်း​နေ​ပေ​မည်။ ထို​သို့​မ​ဟုတ်​လျှင်​လည်း အိပ်​လျက်​နေ​ကောင်း​နေ​မည်​ဖြစ်​၍​သူ့​အား နှိုး​ရ​ကြ​မည်'' ဟု​ပြက်​ရယ်​ပြု​၍​ဆို​၏။- \v 28 သို့​ဖြစ်​၍​ဗာ​လ​ပရော​ဖက်​တို့​သည်​ပို​၍​အ​သံ ကျယ်​စွာ​ဆု​တောင်း​လျက် ဋ္ဌ​လေ့​ထုံး​စံ​ရှိ​သည့် အ​တိုင်း​ဋ္ဌား​နှင့်​ဋ္ဌား​မြှောင်​များ​ဖြင့်​သွေး​ယို စီး​လာ​သည့်​တိုင်​အောင်​ကိုယ်​ကို​ရှ​စေ​ကြ လေ​သည်။- \v 29 သူ​တို့​သည်​ည​နေ​စောင်း​တိုင်​အောင်​ကျယ်​လောင် စွာ​ဟစ်​အော်​ကြ​သော်​လည်း​အ​ဖြေ​မ​ရ​ကြ။ မည်​သည့်​အ​သံ​ကို​လည်း​မ​ကြား​ရ​ကြ။ \p \v 30 ထို့​နောက်​ဧ​လိ​ယ​က​လူ​တို့​အား``ငါ့​အ​နီး သို့​လာ​ကြ​လော့'' ဟု​ဆို​သ​ဖြင့် လူ​တို့​သည် သူ​၏​ပတ်​လည်​သို့​လာ​ရောက်​စု​ရုံး​ကြ​သော အ​ခါ ဧ​လိ​ယ​သည်​ဖြို​ချ​ထား​သည့်​ထာ​ဝ​ရ ဘု​ရား​၏​ယဇ်​ပလ္လင်​ကို​ပြန်​၍​ပြု​ပြင်​၏။- \v 31 သူ​သည်​ဣ​သ​ရေ​လ​ဟူ​သော​နာ​မည်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သ​မုတ်​တော်​မူ​သူ ယာ​ကုပ်​မှ ဆင်း​သက်​လာ​သော​တစ်​ဆယ့်​နှစ်​နွယ်​ကို​ရည် စူး​၍​ကျောက်​ဆယ့်​နှစ်​လုံး​ကို​ယူ​ပြီး​လျှင်၊-\x + \xo 18:31 \xt က၊ ၃၂:၂၈၊ ၃၅:၁၀။\x* \v 32 ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ယဇ် ပလ္လင်​ကို​တည်​လေ​သည်။ ထို​ယဇ်​ပလ္လင်​၏​ပတ်​လည် ၌​ရေ​လေး​ဂါ​လံ​ခန့်​ဝင်​သည့်​မြောင်း​ကို​တူး​၏။- \v 33 ထို့​နောက်​ထင်း​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​စီ​၍​တင် ပြီး​နောက် နွား​ကို​အ​ပိုင်း​ပိုင်း​ခုတ်​၍​ထင်း​ပေါ်​တွင် တင်​ထား​လေ​သည်။ သူ​က``အိုး​လေး​လုံး​ကို​ရေ အ​ပြည့်​ခပ်​၍​ပူ​ဇော်​သကာ​နှင့်​ထင်း​ပေါ်​သို့ လောင်း​လော့'' ဟု​ဆို​သည့်​အ​တိုင်း​လူ​တို့ လောင်း​ပြီး​သော​အ​ခါ၊- \v 34 ဧ​လိ​ယ​က``တစ်​ဖန်​လောင်း​ဦး​လော့'' ဟု​ဆို​၏။ လူ​တို့​သည်​နောက်​တစ်​ကြိမ်​လောင်း​ပြီး​သော​အ​ခါ ဧ​လိ​ယ​က``ထပ်​မံ​၍​လောင်း​ဦး​လော့'' ဟု​ဆို ပြန်​၏။ လူ​တို့​သည်​လည်း​ထပ်​မံ​၍​လောင်း​ကြ သ​ဖြင့်၊- \v 35 ရေ​သည်​ယဇ်​ပလ္လင်​ပတ်​လည်​သို့​စီး​၍​မြောင်း သည်​ရေ​ပြည့်​လေ​၏။ \p \v 36 ညဥ့်​ဦး​ယံ​ယဇ်​ပူ​ဇော်​ချိန်​ရောက်​သော​အ​ခါ ပ​ရော​ဖက်​ဧ​လိ​ယ​သည်​ယဇ်​ပလ္လင်​အ​နီး​သို့ ချဉ်း​ကပ်​၍``အို အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ် သည်​ကိုယ်​တော်​၏​အ​စေ​ခံ​ဖြစ်​၍​ဤ​အ​မှု အ​ရာ​အ​လုံး​စုံ​ကို ကိုယ်​တော်​၏​အ​မိန့်​တော် အ​ရ​ပြု​ကြောင်း​ကို​လည်း​ကောင်း​ယ​နေ့​သိ ကြ​ပါ​စေ​သော။- \v 37 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ထာ​ဝ​ရ​အ​ရှင် သည် ဘု​ရား​အ​မှန်​ပင်​ဖြစ်​တော်​မူ​ကြောင်း​ကို လည်း​ကောင်း၊ ဤ​သူ​တို့​အား​အ​ထံ​တော်​သို့​ပြန် လည်​ခေါ်​ယူ​လျက်​နေ​တော်​မူ​ကြောင်း​ကို​လည်း ကောင်း ဤ​လူ​တို့​သိ​စေ​ခြင်း​ငှာ​အ​ကျွန်ုပ်​အား ဖြေ​ကြား​တော်​မူ​ပါ။ ဖြေ​ကြား​တော်​မူ​ပါ'' ဟု ဆု​တောင်း​လေ​၏။ \p \v 38 ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ကို​ချ​ပေး​တော်​မူ​သ​ဖြင့် ယဇ်​ပူ​ဇော်​သကာ​နှင့်​တ​ကွ​ထင်း​နှင့်​ကျောက်​တုံး​များ ပါ​ကျွမ်း​လောင်​သွား​သည့်​အ​ပြင် မြေ​ကြီး​သည်​လည်း မီး​ကျွမ်း​၍​မြောင်း​ထဲ​ရှိ​ရေ​ကို​ခန်း​ခြောက်​စေ​၏။- \v 39 ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​သော​အ​ခါ လူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​မြေ​ပေါ်​တွင်​လှဲ​ချ​ကာ``ထာ​ဝ​ရ ဘု​ရား​သည်​ဘု​ရား​အ​မှန်​ပင်​ဖြစ်​ပေ​သည်။ ထာ​ဝ​ရ ဘု​ရား​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​အ​မှန်​ဖြစ် ပါ​သည်​တ​ကား'' ဟု​ကြွေး​ကြော်​ကြ​ကုန်​၏။ \p \v 40 ဧ​လိ​ယ​က``ဗာ​လ​ပ​ရော​ဖက်​တို့​ကို​ဖမ်း​ဆီး​ကြ လော့။ တစ်​ယောက်​မျှ​ထွက်​မ​ပြေး​စေ​ကြ​နှင့်'' ဟု အ​မိန့်​ပေး​၏။ လူ​တို့​သည်​ပ​ရော​ဖက်​အား​လုံး​ကို ဖမ်း​ဆီး​၍​ပေး​သ​ဖြင့် ဧ​လိ​ယ​သည်​သူ​တို့​အား ကိ​ရှုန်​ချောင်း​သို့​ထုတ်​သွား​ပြီး​လျှင်​ကွပ်​မျက် လေ​၏။ \s1 မိုး​ခေါင်​ချိန်​ကုန်​ဆုံး​သွား​ခြင်း \p \v 41 ထို့​နောက်​ဧ​လိ​ယ​သည် အာ​ဟပ်​မင်း​အား``ယ​ခု သင်​သွား​၍​အ​စား​အ​စာ​ကို​စား​သောက်​ပါ​လော့။ မိုး​လာ​နေ​သည့်​အ​သံ​ကို​ငါ​ကြား​၏'' ဟု​ဆို သ​ဖြင့်၊- \v 42 အာ​ဟပ်​သည်​စား​သောက်​ရန်​ထွက်​ခွာ​သွား​စဉ် ဧ​လိ​ယ​သည်​က​ရ​မေ​လ​တောင်​ထိပ်​သို့​တက် ပြီး​လျှင် မိ​မိ​၏​ဒူး​နှစ်​ခု​အ​ကြား​တွင်​မြေ သို့​တိုင်​အောင်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်၊- \v 43 မိ​မိ​၏​အ​စေ​ခံ​အား``သင်​သွား​၍​ပင်​လယ်​သို့ မျှော်​ကြည့်​လော့'' ဟု​ဆို​၏။ \p အ​စေ​ခံ​သည်​သွား​၍​ကြည့်​ရာ​မှ​ပြန်​လာ​ပြီး နောက်``အ​ဘယ်​အ​ရာ​ကို​မျှ​ကျွန်​တော်​မ​မြင် ပါ'' ဟု​ပြော​၏။ ဧ​လိ​ယ​သည်​မိ​မိ​၏​အ​စေ​ခံ အား ဤ​နည်း​အ​တိုင်း​ခု​နစ်​ကြိမ်​တိုင်​တိုင်​သွား ၍​ကြည့်​စေ​၏။- \v 44 သတ္တ​မ​အ​ကြိမ်​၌​အ​စေ​ခံ​သည်​ယင်း​သို့​သွား ၍​ကြည့်​ရာ​မှ​ပြန်​လာ​ကာ``လူ​၏​လက်​သ​ဖွယ် သေး​ငယ်​သော​မိုး​တိမ်​ကို​ကျွန်​တော်​မြင်​ပါ​သည်'' ဟု​လျှောက်​၏။ \p ဧ​လိ​ယ​က​မိ​မိ​၏​အ​စေ​ခံ​အား``သင်​သည် အာ​ဟပ်​မင်း​ထံ​သို့​သွား​ပြီး​လျှင်​မိုး​မ​ဆီး တား​မီ​ရ​ထား​ပေါ်​သို့​တက်​၍ နန်း​တော်​သို့ ပြန်​တော်​မူ​ရန်​လျှောက်​ထား​လော့'' ဟု​အ​မိန့် ပေး​၏။ \p \v 45 အ​ချိန်​အ​နည်း​ငယ်​အ​တွင်း​၌​ပင်​ကောင်း​ကင် ပြင်​တွင် တိမ်​မည်း​များ​အုပ်​ဆိုင်း​လာ​ပြီး​လျှင် လေ​တိုက်​လျက်​မိုး​သည်း​ထန်​စွာ​ရွာ​သွန်း​လေ​၏။ အာ​ဟပ်​သည်​လည်း​ရ​ထား​ပေါ်​သို့​တက်​၍ ယေ​ဇ​ရေ​လ​မြို့​သို့​ထွက်​ခွာ​သွား​၏။-\x + \xo 18:45 \xt ယာ၊ ၅:၁၈။\x* \v 46 ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​ဧ​လိ​ယ အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သူ​သည်​မိ​မိ​၏ ဝတ်​လုံ​ကို​ခါး​တွင်​စည်း​၍​ယေ​ဇ​ရေ​လ​မြို့ သို့​ရောက်​သည့်​တိုင်​အောင်​အာ​ဟပ်​၏​ရှေ့​က ပြေး​လေ​၏။ \c 19 \s1 သိ​နာ​တောင်​ပေါ်​သို့​ဧ​လိ​ယ​ရောက်​ရှိ​လာ​ခြင်း \p \v 1 အာ​ဟပ်​မင်း​သည်​ဧ​လိ​ယ​ပြု​သည့်​အ​မှု​အ​လုံး စုံ​ကို​လည်း​ကောင်း၊ ဗာ​လ​ပ​ရော​ဖက်​တို့​အ​သတ် ခံ​ရ​ကြ​ပုံ​ကို​လည်း​ကောင်း​မိ​ဖု​ရား​ယေ​ဇ ဗေ​လ​အား​ပြော​ပြ​လေ​သည်။- \v 2 ယေ​ဇ​ဗေ​လ​သည်​ဧ​လိ​ယ​အား``အ​ကယ်​၍ ငါ​သည်​နက်​ဖြန်​ဤ​အ​ချိန်​ရောက်​မှ ပ​ရော​ဖက် တို့​အား​သင်​ပြု​ခဲ့​သည့်​အ​တိုင်း​သင့်​အား​မ​ပြု ပါ​မူ ဘု​ရား​တို့​သည်​ငါ့​ကို​အ​ဆုံး​စီ​ရင်​ကြ ပါ​စေ​သော'' ဟု​လူ​လွှတ်​၍​ပြော​ကြား​စေ​၏။- \v 3 ဧ​လိ​ယ​သည်​ကြောက်​သ​ဖြင့် အ​သက်​ဘေး​မှ လွတ်​ရန်​ထွက်​ပြေး​လေ​၏။ သူ​သည်​မိ​မိ​၏ အ​စေ​ခံ​ကို​ခေါ်​၍​ယု​ဒ​ပြည်၊ ဗေ​ရ​ရှေ​ဘ မြို့​သို့​သွား​၏။ \p ထို​မြို့​တွင်​အ​စေ​ခံ​ကို​ထား​ခဲ့​ပြီး​လျှင်၊- \v 4 တစ်​နေ့​လုံး​တော​ကန္တာ​ရ​တွင်​ခ​ရီး​ပြု​လေ​သည်။ သူ​သည်​သစ်​ပင်​အ​ရိပ်​တစ်​ခု​သို့​ရောက်​သော အ​ခါ​ထိုင်​လျက်​သေ​လျှင်​သာ​၍​ကောင်း​၏​ဟု ဆို​၍``အို ထာ​ဝ​ရ​ဘု​ရား၊ ဤ​အ​ဖြစ်​ဆိုး​လွန်း ပါ​၏။ အ​ကျွန်ုပ်​၏​အ​သက်​ကို​ရုပ်​သိမ်း​တော် မူ​ပါ။ အ​ကျွန်ုပ်​သည်​သေ​ရ​သော်​သာ​၍​ကောင်း ပါ​သေး​၏'' ဟူ​သော​ဆု​ကို​တောင်း​လေ​၏။\x + \xo 19:4 \xt ယော​န၊ ၄:၃။\x* \p \v 5 သူ​သည်​သစ်​ပင်​အောက်​တွင်​လှဲ​လျက်​အိပ်​ပျော် လေ​၏။ ကောင်း​ကင်​တ​မန်​တစ်​ပါး​သည်​သူ့ အား​တို့​ပြီး​လျှင်``ထ​၍​စား​လော့'' ဟု​ဆို​၏။- \v 6 ဧလိ​ယ​သည်​လှည့်​၍​ကြည့်​လိုက်​ရာ​ခေါင်း​ရင်း​၌ မုန့်​တစ်​လုံး​နှင့်​ရေ​တစ်​ဘူး​ကို​တွေ့​သ​ဖြင့်​စား သောက်​ပြီး​နောက်​အိပ်​ပြန်​၏။- \v 7 ကောင်း​ကင်​တ​မန်​သည်​ဒုတိယ​အ​ကြိမ်​လာ​ပြီး လျှင်``သင်​သွား​ရ​မည့်​ခ​ရီး​ဝေး​သော​ကြောင့် ထ​၍​စား​ဦး​လော့'' ဟု​ဆို​၏။- \v 8 ထို့​ကြောင့်​ဧ​လိ​ယ​သည်​ထ​၍​စား​ပြီး​နောက် သန့်​ရှင်း​မြင့်​မြတ်​သော​သိ​နာ​တောင်​သို့ ရက်​ပေါင်း လေး​ဆယ်​တိုင်​တိုင်​ခြေ​လျင်​ခ​ရီး​ပြု​နိုင်​သော ခွန်​အား​ကို​ရ​ရှိ​လေ​သည်။- \v 9 သူ​သည်​ထို​တောင်​သို့​ရောက်​သော​အ​ခါ​ဂူ​ထဲ သို့​ဝင်​၍​အိပ်​၏။ \p ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား``ဧ​လိ​ယ၊ သင်​သည်​ဤ​အ​ရပ်​သို့​အ​ဘယ်​ကြောင့်​ရောက်​လာ သ​နည်း'' ဟု​မေး​တော်​မူ​၏။ \p \v 10 ဧ​လိ​ယ​က``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော်​တစ်​ပါး​တည်း ကို​သာ​လျှင် အ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ပါ​၏။ ဣ​သ ရေ​လ​ပြည်​သူ​တို့​မူ​ကား​ကိုယ်​တော်​နှင့်​ပြု​ထား သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​လျက် ကိုယ်​တော် ၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကာ​ကိုယ်​တော်​၏ ပ​ရော​ဖက်​တို့​ကို​သတ်​ကြ​ပါ​၏။ တစ်​ဦး​တည်း သာ​မ​သေ​ဘဲ​ကျန်​ရှိ​သော​အ​ကျွန်ုပ်​၏​အ​သက် အန္တ​ရာယ်​ကို​ပင်​ရှာ​ကြံ​လျက်​နေ​ကြ​ပါ​၏'' ဟု လျှောက်​၏။\x + \xo 19:10 \xt ရော၊ ၁၁:၃။\x* \p \v 11 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား``ဂူ​ပြင် သို့​ထွက်​၍​တောင်​ထိပ်​ပေါ်​၌​ငါ​၏​အ​ရှေ့​မျက် မှောက်​တွင်​ရပ်​နေ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို့ နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏​အ​နီး​မှ ဖြတ်​ကြွ​တော်​မူ​၍ လေ​ပြင်း​မုန်​တိုင်း​ကို​တိုက် ခတ်​စေ​တော်​မူ​၏။ သို့​ဖြစ်​၍​တောင်​များ​သည် ပြို​ကွဲ​ကြ​လျက်​ကျောက်​တို့​သည်​လည်း​ကြေ မွ​သွား​လေ​သည်။ သို့​ရာ​တွင်​ထာ​ဝရ​ဘု​ရား သည်​ထို​လေ​မုန်​တိုင်း​ထဲ​၌​ရှိ​တော်​မ​မူ။ လေ အ​တိုက်​ရပ်​သော​အ​ခါ​မြေ​င​လျင်​လှုပ်​လေ ၏။ သို့​ရာ​တွင်​ထို​မြေ​င​လျင်​ထဲ​၌​လည်း ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မ​မူ။- \v 12 မြေ​င​လျင်​လှုပ်​ပြီး​နောက်​မီး​လျှံ​တောက် လောင်​လေ​သည်။ သို့​ရာ​တွင်​ထို​မီး​လျှံ​ထဲ​၌ လည်း​ထာ​ဝရ​ဘု​ရား​ရှိ​တော်​မ​မူ။ မီး​လျှံ တောက်​လောင်​ပြီး​နောက်​ဖြည်း​ညှင်း​သော​အ​သံ ပေါ်​ထွက်​လာ​၏။ \p \v 13 ထို​အ​သံ​ကို​ကြား​သော​အ​ခါ ဧ​လိ​ယ​သည် မိ​မိ​၏​မျက်​နှာ​ကို​ဝတ်​လုံ​ဖြင့်​အုပ်​၍​ထွက်​သွား ပြီး​လျှင်​ဂူ​ဝ​တွင်​ရပ်​နေ​၏။ ထို​အ​ခါ``ဧ​လိ​ယ၊ သင်​သည်​အဘယ်​ကြောင့်​ဤ​အ​ရပ်​သို့​ရောက်​ရှိ လာ​သ​နည်း'' ဟု​မေး​သံ​ကို​ကြား​ရ​၏။ \p \v 14 ဧ​လိ​ယ​က``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော်​တစ်​ပါး​တည်း ကို​သာ​လျှင် အ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ပါ​၏။ ဣ​သ​ရေ​လ​ပြည်​သူ​တို့​မူ​ကား​ကိုယ်​တော်​နှင့် ပြု​ထား​သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​လျက် ကိုယ်​တော်​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကာ ကိုယ်​တော်​၏​ပ​ရော​ဖက်​တို့​ကို​သတ်​ကြ​ပါ​၏။ တစ်​ဦး​တည်း​သာ​လျှင်​မ​သေ​ဘဲ ကျန်​ရှိ​သော အ​ကျွန်ုပ်​၏​အ​သက်​အန္တ​ရာယ်​ကို​ရှာ​ကြံ​နေ ကြ​ပါ​၏'' ဟု​လျှောက်​၏။ \p \v 15 ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​ဒ​မာ​သက်​မြို့​အ​နီး တော​ကန္တာ​ရ​သို့​ပြန်​သွား​ပြီး​နောက် ထို​မြို့​သို့​ဝင် ၍​ဟာ​ဇေ​လ​အား​ရှု​ရိ​ဘု​ရင်​အ​ဖြစ်​ဘိ​သိက် ပေး​လော့။-\x + \xo 19:15 \xt ၄ရာ၊ ၈:၇-၁၃။\x* \v 16 နိမ်​ရှိ​၏​သား​ယေ​ဟု​ကို​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ဘိ​သိက်​ပေး​လော့။ အာ​ဗေ​လ​မ​ဟော​လ မြို့​သား​ရှာ​ဖတ်​၏​သား​ဧ​လိ​ရှဲ​ကို​သင်​၏ အ​ရိုက်​အ​ရာ​ဆက်​ခံ​ရန်​ပ​ရော​ဖက်​အ​ဖြစ် ဘိ​သိက်​ပေး​လော့။-\x + \xo 19:16 \xt ၄ရာ၊ ၉:၁-၆။\x* \v 17 ဟာ​ဇေ​လ​၏​ဋ္ဌား​ဘေး​မှ​လွတ်​မြောက်​သူ​ကို ယေ​ဟု​သတ်​လိမ့်​မည်။ ယေ​ဟု​လက်​မှ​လွတ် မြောက်​သူ​ကို​ဧ​လိ​ရှဲ​သတ်​လိမ့်​မည်။- \v 18 သို့​ရာ​တွင်​ငါ့​အား​သစ္စာ​စောင့်​၍​ဗာ​လ​အား​ဦး မ​ညွှတ်​သူ၊ သူ​၏​ရုပ်​တု​ကို​မ​နမ်း​ရှုပ်​သူ​လူ ပေါင်း​ခု​နစ်​ထောင်​တို့​ကို ဣ​သ​ရေ​လ​ပြည်​တွင် ကျန်​ကြွင်း​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။\x + \xo 19:18 \xt ရော၊ ၁၁:၄။\x* \s1 ဧ​လိ​ရှဲ​ကို​ရွေး​ချယ်​တော်​မူ​ခြင်း \p \v 19 ဧ​လိ​ယ​သည်​ထို​အ​ရပ်​မှ​ထွက်​ခွာ​သွား​သော အ​ခါ နွား​တစ်​ရှဉ်း​နှင့်​လယ်​ထွန်​နေ​သော ဧ​လိ​ရှဲ ကို​တွေ့​လေ​သည်။ သူ​၏​ရှေ့​တွင်​နွား​တစ်​ဆယ့် တစ်​ရှဉ်း​ရှိ​၍​သူ​သည်​နောက်​ဆုံး​နွား​တစ်​ရှဉ်း ဖြင့်​လယ်​ထွန်​၍​နေ​သ​တည်း။ ဧ​လိ​ယ​သည် မိ​မိ​၏​ဝတ်​လုံ​ကို​ချွတ်​၍​ဧ​လိ​ရှဲ​၏​အ​ပေါ် တွင်​တင်​လေ​သည်။- \v 20 ထို​အ​ခါ​ဧ​လိ​ရှဲ​သည်​မိ​မိ​၏​နွား​များ​ကို ထား​ခဲ့​၍ ဧ​လိ​ယ​၏​နောက်​သို့​လိုက်​ပြီး လျှင်``အ​ကျွန်ုပ်​၏​မိ​ဘ​ထံ​သို့​သွား​၍​နှုတ် ဆက်​ခွင့်​ပြု​ပါ။ ထို့​နောက်​အ​ရှင်​နှင့်​အ​တူ လိုက်​ပါ​မည်'' ဟု​ပြော​၏။ \p ဧ​လိ​ယ​က``ကောင်း​ပြီ၊ သွား​လော့။ သင့်​အား ငါ​မ​ဆီး​တား​ပါ'' ဟု​ဆို​၏။ \p \v 21 ထို​အ​ခါ​ဧ​လိ​ရှဲ​သည် မိ​မိ​၏​နွား​နှစ်​ကောင်​ကို သတ်​ပြီး​လျှင် နွား​ထမ်း​ပိုး​ကို​ထင်း​လုပ်​၍​ချက်​၏။ ထို​နောက်​အ​မဲ​သား​ဟင်း​ကို​လူ​တို့​အား​ကျွေး မွေး​ပြီး​လျှင် ဧ​လိ​ယ​၏​နောက်​သို့​တ​ပည့် အ​ဖြစ်​လိုက်​သွား​လေ​သည်။ \c 20 \s1 ရှု​ရိ​ပြည်​နှင့်​စစ်​ဖြစ်​ခြင်း \p \v 1 ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်​သည် မိ​မိ​၏​စစ်​သည်​တော် အ​ပေါင်း​ကို​စု​ရုံး​စေ​ပြီး​လျှင် အ​ခြား​မင်း သုံး​ကျိပ်​နှစ်​ပါး​ခြံ​ရံ​လျက်​သူ​တို့​၏​မြင်း တပ်၊ ရ​ထား​တပ်​များ​နှင့်​အ​တူ​ချီ​တက်​၍ ရှ​မာ​ရိ​မြို့​ကို​ဝိုင်း​ရံ​ထား​တော်​မူ​၏။- \v 2-3 သူ​သည်​သံ​တ​မန်​များ​ကို​မြို့​တွင်း​သို့​စေ​လွှတ် ၍ ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​အား``ဗင်္ဟာ​ဒဒ်​မင်း သည်​သင်​၏ ရွှေ ငွေ၊ မိ​ဖု​ရား၊ သား​တော်​သ​မီး တော်​များ​ကို​သူ့​အား​ပေး​အပ်​ရန်​တောင်း​ဆို လိုက်​ပါ​သည်'' ဟု​လျှောက်​ထား​စေ​၏။ \p \v 4 ထို​အ​ခါ​အာ​ဟပ်​က``ငါ​နှင့်​ငါ​ပိုင်​သ​မျှ​သော ဥစ္စာ​ပစ္စည်း​တို့​ကို​ငါ့​အ​ရှင်​ဗင်္ဟာ​ဒဒ်​အား​ပေး အပ်​ရန် သ​ဘော​တူ​ကြောင်း​ငါ့​အ​ရှင်​ဗင်္ဟာ​ဒဒ် မင်း​အား​လျှောက်​ထား​ကြ​လော့'' ဟု​ဆို​၏။ \p \v 5 ထို့​နောက်​တစ်​ဖန်​သံ​တ​မန်​တို့​သည်​အာ​ဟပ်​ထံ သို့​ပြန်​လာ​ပြီး​လျှင်``ဗင်္ဟာ​ဒဒ်​မင်း​က`သင်​၏ ရွှေ ငွေ၊ မိ​ဖု​ရား၊ သား​တော်​သ​မီး​တော်​များ​ကို ငါ​တောင်း​ဆို​ခဲ့​၏။- \v 6 ယ​ခု​ငါ​သည်​သင်​၏​နန်း​တော်​နှင့်​တ​ကွ​မှူး မတ်​တို့​၏​နေ​အိမ်​များ​ကို​ရှာ​ဖွေ​၍ အ​ဖိုး ထိုက်​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​သိမ်း​ယူ​ရန် တပ်​မ​တော်​အ​ရာ​ရှိ​တို့​ကို​စေ​လွှတ်​မည်။ သူ တို့​သည်​နက်​ဖြန်​ဤ​အ​ချိန်​ခန့်​၌​သင်​ထံ​သို့ ရောက်​ရှိ​လာ​ကြ​လိမ့်​မည်' ဟု​မိန့်​မှာ​လိုက် ပါ​၏'' ဟု လျှောက်​ထား​ကြ​၏။ \p \v 7 အာ​ဟပ်​မင်း​သည်​တိုင်း​ပြည်​ခေါင်း​ဆောင်​အ​ပေါင်း ကို​ခေါ်​ပြီး​လျှင်``ဤ​သူ​သည်​ငါ​တို့​အား​ပျက်​စီး စေ​လို​သူ​ဖြစ်​၏။ ငါ့​ထံ​သို့​သံ​တ​မန်​စေ​လွှတ်​၍ ရွှေ​ငွေ၊ မိ​ဖု​ရား၊ သား​တော်​သ​မီး​တော်​များ ကို​တောင်း​ဆို​စဉ်​အ​ခါ​က ငါ​မ​ငြင်း​ဆန်​ခဲ့ ပါ'' ဟု​ဆို​၏။ \p \v 8 ခေါင်း​ဆောင်​များ​နှင့်​ပြည်​သူ​တို့​က``ဤ​သူ​၏ စ​ကား​ကို​အ​ရေး​စိုက်​တော်​မ​မူ​ပါ​နှင့်။ အ​ညံ့ လည်း​ခံ​တော်​မ​မူ​ပါ​နှင့်'' ဟု​လျှောက်​၏။ \p \v 9 သို့​ဖြစ်​၍​အာ​ဟပ်​သည်​ဗင်္ဟာ​ဒဒ်​၏​သံ​တ​မန် တို့​အား``ငါ​သည်​ပ​ထ​မ​တောင်း​ဆို​ချက်​ကို လိုက်​လျော​ရန်​သ​ဘော​တူ​သော်​လည်း ဒု​တိ​ယ တောင်း​ဆို​ချက်​ကို​မူ​မ​လိုက်​လျော​နိုင်​ကြောင်း ငါ့​အ​ရှင်​ဘု​ရင်​မင်း​အား​လျှောက်​ထား​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။ \p သံ​တ​မန်​တို့​သည်​ပြန်​သွား​ပြီး​နောက် တစ်​ဖန် ပြန်​လာ​၍၊- \v 10 ``ဗင်္ဟာ​ဒဒ်​မင်း​က`သင်​၏​မြို့​ကို​ဖြို​ဖျက်​၍ ကျောက်​ခဲ​အ​ကျိုး​အ​ပဲ့​တို့​ကို လက်​နှင့်​သယ် နိုင်​လောက်​အောင်​လူ​အ​မြောက်​အ​မြား​ကို​ငါ ခေါ်​ဆောင်​ခဲ့​မည်။ ဤ​သို့​မ​ပြု​ခဲ့​သော်​ဘု​ရား များ​သည်​ငါ့​အား​အ​ဆုံး​စီ​ရင်​ကြ​ပါ​စေ သော' ဟု​မိန့်​တော်​မူ​ပါ​၏'' ဟု​လျှောက်​ကြ​၏။ \p \v 11 အာ​ဟပ်​မင်း​က​လည်း``စစ်​သူ​ရဲ​ပီ​သ​သူ​သည် တိုက်​ပွဲ​ပြီး​မှ​ဝါ​ကြွား​တတ်​၏။ တိုက်​ပွဲ​မ​ပြီး မီ​ဝါ​ကြွား​လေ့​မ​ရှိ​ကြောင်း ဗင်္ဟာ​ဒဒ်​မင်း​အား ပြန်​ကြား​လျှောက်​ထား​ကြ​လော့'' ဟု​ဆို​၏။ \p \v 12 ဗင်္ဟာ​ဒဒ်​သည်​မိ​မိ​၏​မ​ဟာ​မိတ်​မင်း​များ​နှင့် အ​တူ သူ​တို့​၏​တဲ​ရှင်​များ​တွင်​သေ​ရည်​သေ ရက်​သောက်​လျက် နေ​စဉ်​အာ​ဟပ်​၏​ပြန်​ကြား ချက်​ကို​ကြား​သိ​ရ​လေ​သည်။ ထို​အ​ခါ​သူ သည်​မိ​မိ​၏​စစ်​သည်​တော်​များ​အား ရှ​မာ​ရိ မြို့​ကို​တိုက်​ခိုက်​ရန်​အမိန့်​ပေး​သ​ဖြင့်​သူ​တို့ သည်​နေ​ရာ​ယူ​ကြ​ကုန်​၏။ \p \v 13 ဤ​အ​တော​အ​တွင်း​၌​ပ​ရော​ဖက်​တစ်​ပါး​သည် အာ​ဟပ်​မင်း​ထံ​သို့​သွား​၍``ထာ​ဝ​ရ​ဘု​ရား က​သင့်​အား`ထို​ကြီး​မား​သည့်​စစ်​သည်​အ​လုံး အ​ရင်း​ကို​မြင်​၍​မ​ကြောက်​နှင့်။ ယ​နေ့​သင့် အား​ထို​တပ်​မ​တော်​ကြီး​ကို​ဖြို​ခွင်း​ခွင့်​ငါ ပေး​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်' ဟု​မိန့်​တော် မူ​၏'' ဟု​ဆင့်​ဆို​၏။ \p \v 14 အာ​ဟပ်​က``အ​ဘယ်​သူ​ခေါင်း​ဆောင်​၍​တိုက်​ခိုက် ပါ​မည်​နည်း'' ဟု​မေး​၏။ \p ပ​ရော​ဖက်​က``နယ်​မြေ​ဘု​ရင်​ခံ​များ​၏​လက် အောက်​ရှိ​စစ်​လု​လင်​တို့​ကို​ခေါင်း​ဆောင်​စေ ရန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို ပြန်​၏။ \p မင်း​ကြီး​က``တပ်​မ​တော်​ကြီး​ကို​အ​ဘယ်​သူ ကွပ်​ကဲ​ရ​ပါ​မည်​နည်း'' ဟု​မေး​လျှင်၊- \p ``ဘု​ရင်​မင်း​ကိုယ်​တိုင်​ဖြစ်​ပါ​သည်'' ဟု ပ​ရော​ဖက်​က​ပြန်​ပြော​လေ​သည်။ \p \v 15 သို့​ဖြစ်​၍​မင်း​ကြီး​သည် နယ်​မြေ​တပ်​မှူး​များ ၏​လက်​အောက်​ရှိ​စစ်​လု​လင်​စု​စု​ပေါင်း​နှစ်​ရာ့ သုံး​ဆယ့်​နှစ်​ယောက်​တို့​ကို​ခေါ်​ပြီး​နောက် တပ် သား​ခု​နစ်​ထောင်​ရှိ​သော​ဣသ​ရေ​လ​တပ်​မ တော်​ကို​စု​ရုံး​စေ​တော်​မူ​၏။ \p \v 16 မွန်း​တည့်​ချိန်​၌​ဗင်္ဟာ​ဒဒ်​နှင့်​မ​ဟာ​မိတ်​သုံး​ကျိပ် နှစ်​ပါး​တို့​သည် မိ​မိ​တို့​တဲ​ရှင်​များ​တွင်​သေ ရည်​သေ​ရက်​သောက်​စား​မူး​ယစ်​နေ​ကြ​စဉ်၊- \v 17 အာ​ဟပ်​သည်​စ​တင်​၍​တိုက်​ခိုက်​လေ​သည်။ နယ် မြေ​တပ်​မှူး​တို့​၏​စစ်​လု​လင်​များ​က​ရှေ့​ဆုံး​မှ ချီ​တက်​ကြ​၏။ ဗင်္ဟာ​ဒဒ်​စေ​လွှတ်​ထား​သည့် အ​ထောက်​တော်​တို့​သည်​လည်း ရှ​မာ​ရိ​မြို့​မှ စစ်​သူ​ရဲ​တစ်​စု​ထွက်​ခွာ​လာ​နေ​ကြောင်း​ကို မင်း​ကြီး​အား​လျှောက်​ထား​ကြ​၏။- \v 18 မင်း​ကြီး​က``ထို​သူ​တို့​သည်​တိုက်​ခိုက်​ရန်​လာ သည်​ဖြစ်​စေ၊ စစ်​ပြေ​ငြိမ်း​ရန်​လာ​သည်​ဖြစ်​စေ သူ​တို့​အား​အ​ရှင်​ရ​အောင်​ဖမ်း​ဆီး​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။ \p \v 19 နယ်​မြေ​တပ်​မှူး​တို့​၏​စစ်​လု​လင်​များ​သည် ဣ​သ​ရေ​လ​တပ်​မ​တော်​၏​ရှေ့​မှ​ခေါင်း ဆောင်​၍​တိုက်​ကြ​၏။- \v 20 သူ​တို့​အ​သီး​သီး​တစ်​ယောက်​ကျ​သတ်​ဖြတ် ကြ​၏။ ထို​အ​ခါ​ရှု​ရိ​တပ်​သား​တို့​သည်​ထွက်​ပြေး ကြ​သ​ဖြင့် ဣ​သ​ရေ​လ​တပ်​မ​တော်​သည်​သူ​တို့ နောက်​မှ​အ​ပြင်း​လိုက်​ကြ​၏။ ထို့​ကြောင့်​ဗင်္ဟာ​ဒဒ် သည်​မြင်း​တပ်​သား​အ​ချို့​နှင့်​အ​တူ​မြင်း​စီး​၍ ထွက်​ပြေး​လေ​သည်။- \v 21 အာ​ဟပ်​မင်း​သည်​လည်း​စစ်​ပွဲ​သို့​ဝင်​တော်​မူ​၍ မြင်း​များ​စစ်​ရ​ထား​များ​ကို​ဖမ်း​ဆီး​သိမ်း ယူ​၍ ရှု​ရိ​အ​မျိုး​သား​တို့​အား​အ​ကြီး အ​ကျယ်​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​၏။- \v 22 ထို​အ​ခါ​ပ​ရော​ဖက်​သည်​အာ​ဟပ်​မင်း​ထံ သို့​သွား​၍``ရှု​ရိ​ဘု​ရင်​သည်​လာ​မည့်​နွေ​ဦး ပေါက်​တွင်​တစ်​ဖန်​ချီ​လာ​ဦး​မည်​ဖြစ်​သ​ဖြင့် သင်​သည်​ပြန်​၍​မိ​မိ​၏​တပ်​မ​တော်​ကို​အင် အား​ပြည့်​စေ​ရန်​သ​တိ​နှင့်​စီ​မံ​လော့'' ဟု ဆို​၏။ \s1 ရှု​ရိ​အ​မျိုး​သား​တို့​ဒု​တိ​ယ​အ​ကြိမ်​ချီ​တက် တိုက်​ခိုက်​ခြင်း \p \v 23 ဗင်္ဟာ​ဒဒ်​မင်း​၏​မှူး​မတ်​များ​က``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​များ​သည် တောင်​ကို အ​စိုး​ရ​သော​ဘု​ရား​များ​ဖြစ်​သ​ဖြင့် အ​ကျွန်ုပ် တို့​အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​နိုင်​ရ ကြ​ခြင်း​ဖြစ်​ပါ​သည်။ အ​ကျွန်ုပ်​တို့​သည်​သူ​တို့ နှင့်​လွင်​ပြင်​တွင်​တိုက်​ခိုက်​ရ​ကြ​ပါ​မူ​သူ​တို့ အား​ဧ​ကန်​မု​ချ​အ​နိုင်​ရ​ကြ​ပါ​လိမ့်​မည်။- \v 24 ယ​ခု​သုံး​ကျိပ်​နှစ်​ပါး​သော​မင်း​တို့​အား​မိ​မိ တို့​တပ်​များ​ကို​မ​အုပ်​ချုပ်​စေ​တော့​ဘဲ သူ​တို့ ၏​နေ​ရာ​တွင်​စစ်​ဗိုလ်​မှူး​များ​ကို​အ​စား​ထိုး ၍​ခန့်​ထား​တော်​မူ​ပါ။- \v 25 ထို့​နောက်​ယ​ခင်​အ​ခါ​က​အ​ရှင့်​အား​စွန့်​ခွာ ထွက်​ပြေး​သည့်​တပ်​မ​တော်​နှင့်​အ​မျှ​ကြီး​မား ၍ ယ​ခင်​က​ကဲ့​သို့​ပင်​များ​ပြား​သော​မြင်း တပ်၊ ရ​ထား​တပ်​များ​ပါ​ဝင်​သည့်​တပ်​မ​တော် ကို​ဖွဲ့​စည်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​လွင်​ပြင်​တွင်​တိုက် ခိုက်​ကြ​မည်​ဖြစ်​၍ ယ​ခု​အ​ကြိမ်​၌​သူ​တို့ အား​အ​နိုင်​ရ​ကြ​ပါ​လိမ့်​မည်'' ဟု​လျှောက် ထား​ကြ​၏။ \p ယင်း​သို့​လျှောက်​ထား​သည်​ကို​ဗင်္ဟာ​ဒဒ်​မင်း သည်​နှစ်​သက်​သ​ဖြင့် ထို​သူ​တို့​ပေး​သည့် အ​ကြံ​အ​တိုင်း​ဆောင်​ရွက်​တော်​မူ​၏။- \v 26 နွေ​ဦး​ပေါက်​သော​အ​ခါ​မင်း​ကြီး​သည် မိ​မိ​၏ စစ်​သည်​တော်​တို့​ကို​စု​ရုံး​စေ​ပြီး​လျှင်​အာ​ဖက် မြို့​သို့​ချီ​တက်​လေ​၏။- \v 27 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လည်း​စု​ရုံး ကာ စား​နပ်​ရိက္ခာ​စုံ​နှင့်​မြို့​ပြင်​သို့​ထွက်​လာ​ကြ လေ​သည်။ သူ​တို့​သည်​မိ​မိ​တို့​၏​တပ်​ကို​နှစ်​စု ခွဲ​၍​ရှု​ရိ​တပ်​ကို​မျက်​နှာ​မူ​ကာ​နေ​ရာ​ယူ ကြ​၏။ လွင်​ပြင်​တစ်​ခု​လုံး​ပြည့်​နှက်​နေ​သည့် ရှု​ရိ​အ​မျိုး​သား​တို့​နှင့်​နှိုင်း​ယှဉ်​ကြည့်​ပါ လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဆိတ် အုပ်​က​လေး​နှစ်​စု​နှင့်​တူ​ပေ​သည်။ \p \v 28 ပ​ရော​ဖက်​တစ်​ပါး​သည်​အာ​ဟပ်​မင်း​ထံ​သို့ သွား​၍``ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​တောင်​ကို အ​စိုး​ရ​သော​ဘု​ရား​ဖြစ်​သည်။ လွင်​ပြင်​ကို အ​စိုး​မ​ရ​ဟု​ရှု​ရိ​အ​မျိုး​သား​တို့​က​ဆို သော​ကြောင့် သူ​တို့​၏​ကြီး​မား​သော​တပ်​မ တော်​ကို​သင်​၏​လက်​သို့​ငါ​အပ်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​နှင့် တ​ကွ​သင်​၏​ပြည်​သူ​တို့​သိ​ရ​ကြ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။ \p \v 29 ရှု​ရိ​အ​မျိုး​သား​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား များ​သည် ခု​နစ်​ရက်​တိုင်​တိုင်​မျက်​နှာ​ချင်း​ဆိုင် တပ်​စွဲ​လျက်​နေ​ကြ​၏။ ခု​နစ်​ရက်​မြောက်​သော နေ့​၌​စ​တင်​တိုက်​ခိုက်​ကြ​သော​အ​ခါ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​က​ရှု​ရိ​အ​မျိုး​သား တစ်​သိန်း​ကို​သတ်​ဖြတ်​လိုက်​လေ​သည်။- \v 30 ကျန်​ကြွင်း​သော​သူ​တို့​သည်​အာ​ဖက်​မြို့​ထဲ​သို့ ဝင်​ပြေး​ကြ​ရာ လူ​ပေါင်း​နှစ်​သောင်း​ခု​နစ်​ထောင် အ​ပေါ်​သို့​မြို့​ရိုး​ပြို​ကျ​လေ​၏။ \p ဗင်္ဟာ​ဒဒ်​သည်​လည်း​မြို့​ထဲ​သို့​ဝင်​ပြေး​ပြီး​လျှင် အိမ်​တစ်​အိမ်​ရှိ​အ​တွင်း​ခန်း​တစ်​ခု​တွင်​ပုန်း အောင်း​၍​နေ​၏။- \v 31 သူ​၏​အ​မှု​ထမ်း​များ​သည်​သူ့​ထံ​သို့​လာ​၍``ဣသ ရေ​လ​ဘု​ရင်​များ​သည်​သ​နား​ညှာ​တာ​တတ် ကြောင်း အ​ကျွန်ုပ်​တို့​ကြား​သိ​ရ​ပါ​သည်။ သို့​ဖြစ် ၍​အ​ကျွန်ုပ်​တို့​အား​ဣ​သ​ရေ​လ​ဘု​ရင်​ထံ​သွား ခွင့်​ပြု​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​ခါး​တွင် လျှော်​တေ​စည်း​၍​လည်​တွင်​ကြိုး​များ​ပတ်​ပြီး လျှင်​သွား​ရောက်​ကြ​ပါ​မည်။ သူ​သည်​အ​ရှင် ၏​အ​သက်​ကို​ချမ်း​သာ​ပေး​ကောင်း​ပေး​ပါ လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။- \v 32 ထို့​နောက်​သူ​တို့​သည်​ခါး​တွင်​လျှော်​တေ​စည်း​၍ လည်​တွင်​ကြိုး​များ​ပတ်​ပြီး​လျှင် အာ​ဟပ်​မင်း ထံ​သို့​သွား​ရောက်​ကာ``အ​ရှင်​၏​အ​စေ​ခံ​ဗင်္ဟာ ဒဒ်​က​သူ​၏​အ​သက်​ကို​ချမ်း​သာ​ပေး​တော် မူ​ရန်​ပန်​ကြား​လိုက်​ပါ​သည်'' ဟု​လျှောက် ထား​ကြ​၏။ \p အာ​ဟပ်​က``ငါ့​နောင်​တော်​အ​သက်​ရှင်​သေး သ​လော'' ဟု​ဆို​၏။ \p \v 33 ဗင်္ဟာ​ဒဒ်​၏​အ​မှု​ထမ်း​တို့​သည် အ​ရိပ်​အ​ခြည် ကို​စောင့်​၍​ကြည့်​နေ​ရ​ကြ​ရာ၊ အာ​ဟပ်​က``နောင် တော်'' ဟု​ဆို​လိုက်​သော​အ​ခါ​ချက်​ချင်း​ပင် ဆက်​၍``အ​ရှင်​မိန့်​တော်​မူ​သည့်​အ​တိုင်း​ဗင်္ဟာ ဒဒ်​သည်​အ​ရှင်​၏​နောင်​တော်​ပါ'' ဟု​လျှောက် ကြ​၏။ \p ထို​အ​ခါ​အာ​ဟပ်​က``သူ​အား​ငါ့​ထံ​သို့​ခေါ် ခဲ့​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ ဗင်္ဟာ​ဒဒ်​ရောက်​ရှိ လာ​သော​အ​ခါ အာ​ဟပ်​သည်​သူ့​အား​မိ​မိ​၏ ရ​ထား​ပေါ်​သို့​တက်​ရန်​ဖိတ်​ခေါ်​တော်​မူ​၏။- \v 34 ဗင်္ဟာ​ဒဒ်​က``အရှင့်​ခ​မည်း​တော်​၏​လက်​မှ​အ​ကျွန်ုပ် ၏​ခ​မည်း​တော်​သိမ်း​ယူ​ခဲ့​သော​မြို့​များ​ကို အ​ရှင့် အား​ပြန်​လည်​ပေး​အပ်​ပါ​မည်။ အ​ကျွန်ုပ်​၏​ခ​မည်း တော်​သည်​ရှ​မာ​ရိ​မြို့​တွင်​ကုန်​သွယ်​ရေး​ဌာ​န​ကို ထား​ရှိ​ခဲ့​သည့်​နည်း​တူ အ​ရှင်​သည်​လည်း​ဒ​မာ သက်​မြို့​တွင်​ကုန်​သွယ်​ရေး​ဌာ​န​ထား​ရှိ​နိုင်​ပါ သည်'' ဟု​ဆို​၏။ \p အာ​ဟပ်​က``ဤ​သ​ဘော​တူ​ညီ​ချက်​များ​အ​ရ သင်​၏​အ​သက်​ကို​ချမ်း​သာ​ပေး​မည်'' ဟု​ဆို​၏။ ထို​နောက်​သူ​သည်​ဗင်္ဟာ​ဒဒ်​နှင့်​မ​ဟာ​မိတ်​စာ​ချုပ် ချုပ်​ဆို​ပြီး​လျှင် ဗင်္ဟာ​ဒဒ်​အား​သွား​ခွင့်​ပြု​တော် မူ​၏။ \s1 အာ​ဟပ်​အ​ပြစ်​ဒဏ်​ခံ​ရ​မည်​ဖြစ်​ကြောင်း ပ​ရော​ဖက်​တစ်​ပါး​ဆင့်​ဆို​ခြင်း \p \v 35 ပ​ရော​ဖက်​တစ်​ပါး​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​အ​ရ​အ​ခြား​ပ​ရော​ဖက်​တစ်​ပါး​အား``ငါ့ ကို​ရိုက်​လော့'' ဟု​ဆို​၏။ သို့​သော်​လည်း​ပ​ရော​ဖက် က​ငြင်း​ဆန်​သ​ဖြင့်၊- \v 36 သူ့​အား``သင်​သည်​ထာဝရ​ဘု​ရား​၏​အ​မိန့်​တော် ကို​လွန်​ဆန်​သည်​ဖြစ်​၍ ငါ​၏​ထံ​မှ​ထွက်​ခွာ သွား​သည်​နှင့်​တစ်​ပြိုင်​နက်​ခြင်္သေ့​ကိုက်​၍​သေ လိမ့်​မည်'' ဟု​ဆို​၏။ ယင်း​သို့​ဆို​သည့်​အ​တိုင်း ထို​နေ​ရာ​မှ​ထွက်​ခွာ​သွား​သည်​နှင့်​တစ်​ပြိုင် နက် ထို​ပ​ရော​ဖက်​သည်​ခြင်္သေ့​ကိုက်​၍​သေ လေ​သည်။\x + \xo 20:36 \xt ၃ရာ၊ ၁၃:၂၄။\x* \p \v 37 ထို့​နောက်​အ​ရိုက်​ခိုင်း​သော​ပ​ရော​ဖက်​သည် အ​ခြား​သူ​တစ်​ဦး​ထံ​သွား​၍``ငါ့​ကို​ရိုက်​လော့'' ဟု​ဆို​သည့်​အ​တိုင်း​ထို​သူ​သည်​ပြင်း​စွာ​ရိုက် ၍​ဒဏ်​ရာ​ရ​စေ​၏။- \v 38 ပ​ရော​ဖက်​သည်​မိ​မိ​၏​မျက်​နှာ​ကို​အ​ဝတ် ဖြင့်​စည်း​ပြီး​လျှင် ရုပ်​ဖျက်​လျက်​လမ်း​နံ​ဘေး​တွင် အာ​ဟပ်​မင်း​အ​လာ​ကို​စောင့်​ဆိုင်း​လျက်​နေ​၏။- \v 39 မင်း​ကြီး​ကြွ​လာ​တော်​မူ​သော​အ​ခါ​ပ​ရော ဖက်​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည်​တိုက်​ပွဲ ဝင်​လျက်​နေ​စဉ် စစ်​သား​တစ်​ယောက်​သည်​ရန်​သူ သုံ့​ပန်း​တစ်​ဦး​ကို​အ​ကျွန်ုပ်​ထံ​အပ်​၍`ဤ​သူ​ကို ထိန်း​သိမ်း​ထား​လော့။ အ​ကယ်​၍​ထို​သူ​ထွက်​ပြေး သွား​ပါ​က သင်​သည်​သူ​၏​အ​သက်​အ​စား​မိ​မိ ၏​အ​သက်​ကို​ပေး​လျော်​ရ​မည်။ သို့​မ​ဟုတ်​လျှင် လည်း​ငွေ​သား​သုံး​ထောင်​ဒဏ်​ဆောင်​ရ​မည်' ဟု မှာ​ကြား​ခဲ့​ပါ​၏။- \v 40 သို့​ရာ​တွင်​အ​ကျွန်ုပ်​သည်​အ​ခြား​အ​မှု​ကိစ္စ များ​နှင့်​အ​လုပ်​များ​နေ​စဉ်​ထို​သုံ့​ပန်း​ထွက် ပြေး​သွား​ပါ​သည်'' ဟု​လျှောက်​၏။ \p မင်း​ကြီး​က``သင်​ကိုယ်​တိုင်​စီ​ရင်​ချက်​ချ​ပြီး ဖြစ်​၍ သင်​သည်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​မည်'' ဟု ဆို​၏။ \p \v 41 ထို​အ​ခါ​ပ​ရော​ဖက်​သည် မိ​မိ​၏​မျက်​နှာ​မှ အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​လိုက်​သော​အ​ခါ မင်း ကြီး​သည်​ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​ကြောင်း ကို​သိ​လေ​သည်။- \v 42 ပရော​ဖက်​က​လည်း``ထာ​ဝ​ရ​ဘု​ရား​က`ရန်​သူ ကို​သတ်​ရန် ငါ​အ​မိန့်​ပေး​ထား​သော်​လည်း​သူ့ ကို​လွှတ်​ပစ်​လိုက်​သည့်​အ​တွက် ထို​သူ​၏​အ​သက် အ​စား​သင်​၏​အ​သက်​ကို​ပေး​လျော်​ရ​မည်။ သင် ၏​တပ်​မ​တော်​သည်​လည်း​ထို​ရန်​သူ​၏​တပ်​မ တော်​ကို​ထွက်​ပြေး​ခွင့်​ပြု​သည့်​အ​တွက် သုတ် သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​မည်' ဟု​မိန့်​တော် မူ​ပါ​၏'' ဟု​မင်း​ကြီး​အား​ဆင့်​ဆို​ပါ​၏။ \p \v 43 မင်း​ကြီး​သည် ပူ​ပင်​စိုး​ရိမ်​စိတ်​ပျက်​အား လျော့​လျက် ရှ​မာ​ရိ​မြို့​နန်း​တော်​သို့​ပြန် တော်​မူ​၏။ \c 21 \s1 နာ​ဗုတ်​၏​စ​ပျစ်​ဥ​ယျာဉ် \p \v 1 ယေ​ဇ​ရေ​လ​မြို့​ရှိ​အာ​ဟပ်​မင်း​၏​နန်း​တော် အ​နီး​တွင် နာ​ဗုတ်​ဆို​သူ​ပိုင်​သည့်​စ​ပျစ် ဥ​ယျာဉ်​ရှိ​သည်​ဖြစ်​၍၊- \v 2 အာ​ဟပ်​သည်​နာ​ဗုတ်​အား``သင်​၏​ဥ​ယျာဉ် ကို​ငါ​အ​လို​ရှိ​သည်။ ထို​ဥ​ယျာဉ်​သည်​ငါ့​နန်း တော်​အ​နီး​တွင်​ရှိ​သ​ဖြင့် ထို​မြေ​ကို​ယာ​ခင်း ပြု​လုပ်​လို​သည်။ သင့်​အား​ထို​ဥ​ယျာဉ်​ထက် ပို​၍​ကောင်း​သည့်​စ​ပျစ်​ဥ​ယျာဉ်​ကို​ငါ​ပေး မည်။ သို့​မ​ဟုတ်​သင်​အ​လို​ရှိ​လျှင်​သင့်​လျော် သော​အ​ဖိုး​ငွေ​ကို​ငါ​ပေး​မည်'' ဟု​ဆို​၏။ \p \v 3 နာ​ဗုတ်​က``အ​ကျွန်ုပ်​သည်​ဤ​ဥ​ယျာဉ်​ကို ဘိုး​ဘေး​များ​ထံ​မှ​အ​မွေ​ရ​ရှိ​ထား​သ​ဖြင့် အ​ရှင့်​အား​ဆက်​သ​မှု​ကို​ထာ​ဝ​ရ​ဘု​ရား ဆီး​တား​တော်​မူ​ပါ​စေ​သော'' ဟု​လျှောက်​၏။- \v 4 အာ​ဟပ်​သည်​နာ​ဗုတ်​၏​စ​ကား​ကြောင့်​စိတ် မ​ချမ်း​မ​သာ​ဖြစ်​၏။ အ​မျက်​ထွက်​၍​နန်း​တော် သို့​ပြန်​တော်​မူ​၏။ သူ​သည်​နံ​ရံ​ဘက်​သို့​လှည့်​၍ အိပ်​ရာ​ပေါ်​တွင်​လှဲ​လျောင်း​ကာ​ပွဲ​တော်​မ​တည် ဘဲ​နေ​၏။- \v 5 သူ​၏​မိ​ဖု​ရား​ယေ​ဇ​ဗေ​လ​သည်​သူ့​ထံ​သို့ လာ​၍ ``အ​ရှင်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ​စိတ် မ​ချမ်း​မ​သာ​ဖြစ်​လျက်​နေ​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​ပွဲ​တော်​မ​တည်​ဘဲ​နေ​တော်​မူ ပါ​သ​နည်း'' ဟု​မေး​လျှောက်​လေ​သည်။ \p \v 6 မင်း​ကြီး​က``ငါ​သည်​နာ​ဗုတ်​အား​သူ​၏​ဥ​ယျာဉ် ကို​ရောင်း​ချ​ရန် အ​ကယ်​၍​သူ​အ​လို​ရှိ​ပါ​လျှင် အ​ခြား​ဥ​ယျာဉ်​နှင့်​လဲ​လှယ်​ရန်​ပြော​ဆို​သော် လည်း၊ နာ​ဗုတ်​က`ဤ​ဥ​ယျာဉ်​ကို​အ​ရှင့်​အား​မ ဆက်​သ​နိုင်​ပါ' ဟု​ဆို​ချေ​သည်။ ထို့​ကြောင့်​ငါ သည်​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​နေ​သည်'' ဟု​မိန့် တော်​မူ​၏။ \p \v 7 ယေ​ဇ​ဗေ​လ​က``အ​ရှင်​သည်​ဣ​သ​ရေ​လ​ဘု​ရင် ဖြစ်​သည်​မ​ဟုတ်​ပါ​လော။ အိပ်​ယာ​မှ​ထ​တော်​မူ ၍​ရွှင်​လန်း​စွာ​စား​တော်​ခေါ်​တော်​မူ​ပါ။ နာ​ဗုတ် ၏​ဥ​ယျာဉ်​ကို​အ​ရှင်​၏​လက်​တော်​သို့​ကျွန်​မ အပ်​ပါ​မည်'' ဟု​လျှောက်​၏။ \p \v 8 ထို​နောက်​ယေ​ဇ​ဗေ​လ​သည်​စာ​များ​ကို​ရေး ပြီး​လျှင် အာ​ဟပ်​အ​မည်​ဖြင့်​လက်​မှတ်​ရေး​ထိုး ကာ ဘု​ရင့်​တံ​ဆိပ်​ခပ်​နှိပ်​၍​ယေ​ဇ​ရေ​လ​မြို့ ရှိ​မြို့​မိ​မြို့​ဖ​များ​နှင့်​မှူး​မတ်​များ​ထံ​သို့ ပေး​ပို့​လိုက်​လေ​သည်။- \v 9 ထို​အ​မိန့်​တော်​စာ​ကား``သင်​တို့​သည်​အ​စာ​ရှောင် ရန်​နေ့​ရက်​တစ်​ရက်​ကို​ကြေ​ညာ​ကာ ပြည်​သူ​တို့ အား​စု​ဝေး​စေ​၍​နာ​ဗုတ်​အား​ဂုဏ်​ထူး​ဆောင် နေ​ရာ​ထိုင်​ခင်း​ကို​ပေး​ကြ​လော့။- \v 10 ထို​နောက်​သူ့​ကို​မျက်​နှာ​ပြောင်​တိုက်​၍`ဤ​သူ​သည် ဘု​ရား​သ​ခင်​နှင့်​ဘု​ရင်​မင်း​မြတ်​အား​ပုတ်​ခတ် ပြော​ဆို​သူ​ဖြစ်​ပါ​သည်' ဟု​မ​သ​မာ​သူ​လူ​နှစ် ယောက်​ကို​ပြစ်​တင်​စွပ်​စွဲ​ခိုင်း​ကြ​လော့။ ထို့​နောက် သူ့​အား​မြို့​ပြင်​သို့​ထုတ်​၍​ခဲ​နှင့်​ပေါက်​သတ်​ကြ လော့'' ဟူ​သ​တည်း။ \p \v 11 မှူး​မတ်​များ​နှင့်​ယေ​ဇ​ရေ​လ​မြို့​ရှိ မြို့​မိ​မြို့​ဖ များ​သည်​လည်း​ယေ​ဇ​ဗေ​လ​အ​မိန့်​ပေး​သည့် အ​တိုင်း​ပြု​ကြ​၏။- \v 12 သူ​တို့​သည်​အ​စာ​ရှောင်​ရာ​နေ့​တစ်​နေ့​ကို​ကြေ​ညာ ပြီး​လျှင် ပြည်​သူ​တို့​အား​စု​ဝေး​စေ​လျက်​နာ​ဗုတ် အား​ဂုဏ်​ထူး​ဆောင်​နေ​ရာ​ထိုင်​ခင်း​ကို​ပေး​ကြ​၏။- \v 13 မ​သ​မာ​သူ​လူ​နှစ်​ယောက်​က​လည်း​ဘု​ရား​သ​ခင် နှင့် မင်း​ကြီး​အား​ပုတ်​ခတ်​ပြော​ဆို​မှု​နှင့်​နာ​ဗုတ် အား​လူ​ပုံ​အ​လယ်​တွင်​ပြစ်​တင်​စွပ်​စွဲ​ကြ​လေ သည်။ ထို့​ကြောင့်​လူ​တို့​သည်​သူ့​ကို​မြို့​ပြင်​သို့ ထုတ်​ပြီး​လျှင်​ခဲ​နှင့်​ပေါက်​သတ်​ကြ​၏။- \v 14 နာ​ဗုတ်​အား​သေ​ဒဏ်​ခတ်​ပြီး​ကြောင်း​ကို​လည်း ယေ​ဇ​ဗေ​လ​ထံ​သ​တင်း​ပေး​ပို့​ကြ​လေ​သည်။ \p \v 15 ထို​သ​တင်း​ကို​ရ​လျှင်​ရ​ခြင်း​ယေ​ဇ​ဗေ​လ​သည် အာ​ဟပ်​အား``နာ​ဗုတ်​သေ​ပြီ​ဖြစ်​၍​ယ​ခု​အ​ရှင် သွား​၍​သူ​မ​ရောင်း​လို​သော​စ​ပျစ်​ဥ​ယျာဉ်​ကို သိမ်း​ယူ​တော်​မူ​ပါ​လော့'' ဟု​လျှောက်​၏။- \v 16 အာ​ဟပ်​သည်​လည်း​ထို​ဥ​ယျာဉ်​ကို​သိမ်း​ယူ ရန်​ချက်​ချင်း​ထ​၍​သွား​တော်​မူ​၏။ \p \v 17 ထို​အ​ခါ​ထာ​ဝရ​ဘု​ရား​သည်​တိ​ရှ​ဘိ​မြို့​သား ပ​ရော​ဖက်​ဧ​လိ​ယ​အား၊- \v 18 ``သင်​သည်​ရှ​မာ​ရိ​မြို့​ရှိ​အာဟပ်​မင်း​ထံ​သို့​သွား လော့။ သူ​သည်​နာ​ဗုတ်​၏​ဥယျာဉ်​ကို​သိမ်း​ယူ​ရန် ထို​ဥ​ယျာဉ်​ထဲ​၌​ရှိ​နေ​သည်​ကို​တွေ့​လိမ့်​မည်။- \v 19 ငါ​ထာ​ဝ​ရ​ဘုရား​က`သင်​သည်​လူ​ကို​သတ်​ပြီး နောက် ထို​သူ​၏​ဥစ္စာ​ကို​သိမ်း​ယူ​ပါ​မည်​လော' ဟု မိန့်​တော်​မူ​ကြောင်း​သူ့​အား​ပြော​ကြား​လော့။ `ခွေး တို့​သည်​နာ​ဗုတ်​၏​သွေး​ကို​လျက်​ကြ​သည့်​အ​ရပ် ၌​ပင်​လျှင် သင်​၏​သွေး​ကို​လျက်​ကြ​လိမ့်​မည်' ဟု ငါ​မိန့်​တော်​မူ​ကြောင်း​ကို​လည်း​သူ့​အား​ပြော ကြား​လော့'' ဟု​မိန့်​မှာ​တော်​မူ​၏။\x + \xo 21:19 \xt ၃ရာ၊ ၂၂:၃၈။\x* \p \v 20 အာ​ဟပ်​သည်​ဧ​လိ​ယ​ကို​မြင်​သော​အ​ခါ``ငါ ၏​ရန်​သူ၊ သင်​သည်​ငါ့​ကို​တွေ့​ပြီ​လော'' ဟု မေး​၏။ \p ဧ​လိ​ယ​က​လည်း``တွေ့​ပြီ။ သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​မျက်​နှာ​တော်​တွင်​ဒု​စ​ရိုက်​ကို သာ​ပြု​လို​၏။- \v 21 ထို့​ကြောင့်​ထာ​ဝရ​ဘု​ရား​က`ငါ​သည်​သင့် အား​ဘေး​ဒဏ်​သင့်​စေ​မည်။ သင့်​ကို​သုတ်​သင် ပယ်​ရှင်း​၍​သင်​၏​အိမ်​ထောင်​စု​သား​ယောကျာ်း ဟူ​သ​မျှ​ကို​လည်း​ဖယ်​ရှား​ပစ်​မည်။- \v 22 သင်​သည်​ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ် ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​သည်​ဖြစ်​၍ သင်​၏ အိမ်​ထောင်​စု​သည်​နေ​ဗက်​၏​သား​ယေ​ရော​ဗောင် မင်း​၏​အိမ်​ထောင်​စု​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟိ​ယ ၏​သား​ဗာ​ရှာ​မင်း​၏​အိမ်​ထောင်​စု​ကဲ့​သို့​လည်း ကောင်း​ဖြစ်​လိမ့်​မည်။'- \v 23 ယေဇ​ဗေ​လ​နှင့်​ပတ်​သက်​၍​ထာ​ဝ​ရ​ဘု​ရား က`ယေ​ဇ​ရေ​လ​မြို့​တွင်​ထို​အ​မျိုး​သ​မီး​၏ အ​လောင်း​သည်​ခွေး​စာ​ဖြစ်​လိမ့်​မည်။ သူ​၏ ဆွေ​မျိုး​မှန်​သ​မျှ​တို့​သည်​လည်း​မြို့​တွင်း ၌​သေ​လျှင်​ခွေး​စာ၊-\x + \xo 21:23 \xt ၄ရာ၊ ၉:၃၆။\x* \v 24 မြို့​ပြင်​၌​သေ​လျှင်​လင်း​တ​စာ​ဖြစ်​ကြ​လိမ့် မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။ \p \v 25 (ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​တွင် အာ​ဟပ်​ကဲ့ သို့​ဒု​စ​ရိုက်​ကို​လွန်​ကဲ​စွာ​ပြု​သူ​တစ်​ယောက်​မျှ မ​ရှိ။ သူ​ပြု​သော​အ​မှု​အ​ရာ​မှန်​သ​မျှ​မှာ​မိ ဖု​ရား​ယေ​ဇ​ဗေ​လ​၏​တိုက်​တွန်း​ချက်​အ​ရ ဖြစ်​သည်။- \v 26 သူ​သည်​အာ​မော​ရိ​ပြည်​သား​တို့​ပြု​သည့်​အ​တိုင်း ရုပ်​တု​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​အား​ဖြင့် အ​လွန်​ရှက်​ကြောက်​ဖွယ်​ကောင်း​သည့်​အ​ပြစ်​များ ကို​ပြု​လေ​သည်။ အာ​မော​ရိ​ပြည်​သူ​တို့​ကား ခါ​နာန်​ပြည်​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ဝင်​ရောက်​လာ​ချိန်​၌ ထာ​ဝရ​ဘု​ရား​နှင်​ထုတ် တော်​မူ​သော​သူ​များ​ဖြစ်​သ​တည်း။) \p \v 27 ဧ​လိ​ယ​ဆင့်​ဆို​ပြော​ကြား​သော​အ​ခါ အာ​ဟပ် သည်​မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​ပြီး​လျှင် လျှော်​တေ​ကို​ဝတ်​၏။ သူ​သည်​စား​တော်​မ​ခေါ် ဘဲ​လျှော်​တေ​ဝတ်​၍​အိပ်​၏။ သွား​လာ​ရာ​၌ လည်း​မှိုင်​တွေ​လျက်​နေ​၏။ \p \v 28 ထာ​ဝ​ရ​ဘု​ရား​သည်​ပ​ရော​ဖက်​ဧ​လိ​ယ​အား၊- \v 29 ``ငါ​၏​ရှေ့​မှောက်​တွင်​အ​ဘယ်​မျှ​အာ​ဟပ်​နှိမ့်​ချ လျက်​နေ​သည်​ကို​သင်​မြင်​သ​လော။ ဤ​သို့​နှိမ့်​ချ သည့်​အ​တွက်​ငါ​သည်​သူ​၏​လက်​ထက်​၌​ဘေး​ဒဏ် သင့်​စေ​မည်​မ​ဟုတ်။ သူ​၏​သား​လက်​ထက်​သူ​၏ အိမ်​ထောင်​စု​အ​ပေါ်​တွင်​သင့်​စေ​မည်'' ဟု​မိန့် တော်​မူ​၏။ \c 22 \s1 အာ​ဟပ်​အား​မိက္ခာ​သ​တိ​ပေး​ခြင်း \r (၆ရာ၊ ၁၈:၂-၂၇) \p \v 1 ဣ​သ​ရေ​လ​ပြည်​နှင့်​ရှု​ရိ​ပြည်​တို့​သည် သုံး နှစ်​တိုင်​တိုင်​စစ်​ပြေ​ငြိမ်း​လျက်​ရှိ​၏။- \v 2 သို့​ရာ​တွင်​တ​တိ​ယ​နှစ်​၌​ယု​ဒ​ဘု​ရင်​ယော ရှ​ဖတ်​သည် ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​ထံ​သို့ အ​လည်​အ​ပတ်​ရောက်​ရှိ​လာ​လေ​သည်။ \p \v 3 အာ​ဟပ်​သည်​မိ​မိ​၏​မှူး​မတ်​တို့​အား``ငါ​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​ကို​ရှု​ရိ​ဘု​ရင်​ထံ​မှ​ပြန် လည်​ရ​ရှိ​ရန် အ​ဘယ်​ကြောင့်​မည်​သို့​မျှ​မ​ပြု​ဘဲ နေ​ကြ​ပါ​သ​နည်း။ ထို​မြို့​ကို​ငါ​တို့​ပိုင်​သည် မ​ဟုတ်​ပါ​လော'' ဟု​မိန့်​တော်​မူ​၏။- \v 4 ထို့​နောက်​အာ​ဟပ်​သည်​ယော​ရှ​ဖတ်​အား``အ​ဆွေ တော်​သည်​ရာ​မုတ်​မြို့​ကို​တိုက်​ရန်​ကျွန်ုပ်​နှင့်​အ​တူ ချီ​တက်​မည်​လော'' ဟု​မေး​၏။ \p ယော​ရှ​ဖတ်​က``အ​ဆွေ​တော်​အ​ဆင်​သင့်​ရှိ​လျှင် ကျွန်ုပ်​လည်း​အ​ဆင်​သင့်​ရှိ​ပါ​၏။ ကျွန်ုပ်​၏​စစ်​သည် တော်​များ​နှင့်​မြင်း​စီး​သူ​ရဲ​များ​သည်​လည်း အဆင်​သင့်​ရှိ​ပါ​သည်။- \v 5 သို့​ရာ​တွင်​ဤ​ကိစ္စ​ကို​ထာ​ဝရ​ဘု​ရား​အား​ဦး စွာ​မေး​မြန်း​လျှောက်​ထား​ပါ​လော့'' ဟု​ဆို​၏။ \p \v 6 သို့​ဖြစ်​၍​အာ​ဟပ်​သည်​လေး​ရာ​ခန့်​ရှိ​သော ပ​ရော​ဖက်​တို့​ကို​ခေါ်​တော်​မူ​၍``ငါ​သည် ရာ​မုတ်​မြို့​ကို​ချီ​တက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ပြော​ကြား​လော့'' ဟု​မေး​တော်​မူ​၏။ \p ပ​ရော​ဖက်​တို့​က``တိုက်​ခိုက်​တော်​မူ​ပါ။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။ \p \v 7 သို့​ရာ​တွင်​ယော​ရှ​ဖတ်​က``ကျွန်ုပ်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား​မေး​မြန်း ပေး​မည့်​အ​ခြား​ပ​ရော​ဖက်​မ​ရှိ​ပါ​သ​လော'' ဟု​မေး​၏။ \p \v 8 အာ​ဟပ်​က``အ​ခြား​ပ​ရော​ဖက်​တစ်​ပါး​ရှိ​ပါ သေး​သည်။ ထို​သူ​သည်​ဣ​မ​လ​၏​သား​မိက္ခာ ဖြစ်​ပါ​၏။ သို့​ရာ​တွင်​သူ​သည်​ကျွန်ုပ်​အ​တွက် အ​ဘယ်​အ​ခါ​မျှ​အ​ကောင်း​ကို​မ​ဟော၊ အ​ဆိုး ကို​သာ​အ​စဉ်​ဟော​တတ်​သ​ဖြင့်​သူ့​ကို​ကျွန်ုပ် မ​နှစ်​သက်​ပါ'' ဟု​ပြန်​ပြော​လေ​သည်။ \p ထို​အ​ခါ​ယော​ရှ​ဖတ်​က``ဤ​သို့​မ​ပြော​သင့် ပါ'' ဟု​ဆို​၏။- \v 9 သို့​ဖြစ်​၍​အာ​ဟပ်​မင်း​သည်​နန်း​တွင်း​အရာ​ရှိ တစ်​ဦး​ကို​ခေါ်​ပြီး​လျှင် မိက္ခာ​အား​ချက်​ချင်း သွား​ခေါ်​ခဲ့​ရန်​အ​မိန့်​ပေး​တော်​မူ​၏။ \p \v 10 ဘု​ရင်​နှစ်​ပါး​တို့​သည် မင်း​မြောက်​တန်​ဆာ​များ ကို​ဝတ်​ဆင်​ကာ​ရှ​မာ​ရိ​မြို့၊ မြို့​တံ​ခါး​ပြင် ကောက်​နယ်​တ​လင်း​၌​ရာ​ဇ​ပလ္လင်​များ​အ​ပေါ် တွင်​ထိုင်​လျက်​နေ​ကြ​၏။ သူ​တို့​၏​ရှေ့​၌​ပ​ရော ဖက်​အ​ပေါင်း​တို့​သည်​လည်း​ရှေ့​ဖြစ်​ကို​ဟော ၍​နေ​ကြ​၏။- \v 11 ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သူ၊ ခေ​နာ​နာ​၏​သား ဇေ​ဒ​ကိ​သည်​သံ​ဦး​ချို​များ​ကို​ပြု​လုပ်​ပြီး လျှင်​အာ​ဟပ်​အား``ထာ​ဝ​ရ​ဘု​ရား​က`ကိုယ်​တော် သည်​ဤ​ဦး​ချို​များ​ဖြင့်​ရှု​ရိ​အ​မျိုး​သား​တို့ အား​ချေ​မှုန်း​လိမ့်​မည်' ဟု​မိန့်​တော်​မူ​ပါ​သည်'' ဟု​လျှောက်​၏။- \v 12 အ​ခြား​ပ​ရော​ဖက်​အ​ပေါင်း​တို့​က​လည်း ဤ အ​တိုင်း​ပင်​မင်း​ကြီး​အား​လျှောက်​ထား​ကြ​၏။ သူ​တို့​က``ရာ​မုတ်​မြို့​သို့​ချီ​တက်​တော်​မူ​ပါ။ အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပါ​လိမ့် မည်'' ဟု​ဟော​ကြ​၏။ \p \v 13 ဤ​အ​တော​အ​တွင်း​၌ မိက္ခာ​ထံ​သို့​သွား​သော နန်း​တွင်း​အ​ရာ​ရှိ​က​မိက္ခာ​အား``အ​ခြား ပ​ရော​ဖက်​အား​လုံး​က​ပင်​မင်း​ကြီး​သည် အောင်​မြင်​မှု​ရ​ရှိ​လိမ့်​မည်​ဟု​ဟော​ခဲ့​ကြ လေ​ပြီ။ အ​ရှင်​သည်​လည်း​ဤ​အ​တိုင်း​ပင် ဟော​သင့်​ပါ​သည်'' ဟု​ဆို​၏။ \p \v 14 သို့​ရာ​တွင်​မိက္ခာ​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖော်​ပြ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်​၍​ငါ​ဆို​၏'' ဟု​ပြော​၏။ \p \v 15 သူ​သည်​မင်း​ကြီး​၏​ရှေ့​တော်​သို့ ရောက်​သော​အ​ခါ မင်း​ကြီး​က``အ​ချင်း​မိက္ခာ၊ ယော​ရှ​ဖတ်​မင်း​နှင့် ငါ​သည်​ရာ​မုတ်​မြို့​သို့​ချီ​တက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ဖြေ​ကြား​ပါ​လော့'' ဟု​မိန့်​တော်​မူ​၏။ \p မိက္ခာ​က``ချီ​တက်​တိုက်​ခိုက်​တော်​မူ​ပါ။ အ​ရှင် မင်း​ကြီး​သည်​အောင်​မြင်​တော်​မူ​ပါ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင့်​အား​အောင်​ပွဲ​ခံ စေ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ပြန်​လည်​လျှောက် ထား​၏။ \p \v 16 သို့​ရာ​တွင်​အာ​ဟပ်​က``ထာ​ဝရ​ဘု​ရား​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍ ပြော​ဆို​ရာ​တွင်​သစ္စာ​စ​ကား ကို​သာ​လျှင် သုံး​စွဲ​ရန်​သင့်​အား​ဘယ်​နှစ်​ကြိမ် ငါ​သ​တိ​ပေး​ရ​ပါ​မည်​နည်း'' ဟု​ဆို​၏။ \p \v 17 ထို​အ​ခါ​မိက္ခာ​က``ဣ​သ​ရေ​လ​ပြည်​သူ​တို့ သည်​သိုး​ထိန်း​မဲ့​သည့်​သိုး​များ​ကဲ့​သို့ တောင် ကုန်း​များ​ပေါ်​တွင်​ကွဲ​လွင့်​လျက်​နေ​သည်​ကို ငါ​မြင်​၏။ ထာ​ဝ​ရ​ဘု​ရား​က`ဤ​သူ​တို့​မှာ ခေါင်း​ဆောင်​မ​ရှိ။ သူ​တို့​အား​မိ​မိ​တို့​ရပ်​ရွာ သို့​ဧ​ချမ်း​စွာ​ပြန်​ခွင့်​ပြု​ကြ​လော့' ဟု​မိန့် တော်​မူ​သည်'' ဟု​ဆင့်​ဆို​လေ​၏။\x + \xo 22:17 \xt တော၊ ၂၇:၁၇။ မ၊ ၉:၃၆။ မ၊ ၁၆:၃၄။\x* \p \v 18 အာ​ဟပ်​သည်​ယော​ရှ​ဖတ်​အား``ဤ​သူ​သည် အ​ဘယ်​အ​ခါ​၌​မျှ ကျွန်ုပ်​အ​တွက်​အ​ကောင်း ကို​မ​ဟော။ အ​ဆိုး​ကို​သာ​ဟော​တတ်​ကြောင်း ကျွန်ုပ်​ပြော​ခဲ့​ပြီ​မ​ဟုတ်​လော'' ဟု​ဆို​၏။ \p \v 19 မိက္ခာ​က​ဆက်​လက်​၍​အာ​ဟပ်​အား``ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို​ယ​ခု​နား ထောင်​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင် ဘုံ​ရှိ​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော်​မူ သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​အ​ပါး​တော် တွင်​ကောင်း​ကင်​တ​မန်​များ​ရပ်​လျက်​နေ​ကြ သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏။-\x + \xo 22:19 \xt ယောဘ၊ ၁:၆။ ဟေရှာ၊ ၆:၁။\x* \v 20 ထာ​ဝ​ရ​ဘု​ရား​က`အာ​ဟပ်​သည်​ရာ​မုတ်​မြို့ သို့​ချီ​တက်​၍​ကျ​ဆုံး​စေ​ရန် အ​ဘယ်​သူ​သည် သူ့​အား​လိမ်​လည်​လှည့်​စား​မည်​နည်း' ဟု​မေး တော်​မူ​လျှင်​ကောင်း​ကင်​တ​မန်​တို့​သည် အ​မျိုး​မျိုး​အ​ဖုံ​ဖုံ​လျှောက်​ထား​ကြ​၏။- \v 21 နောက်​ဆုံး​၌​ဝိ​ညာဉ်​တစ်​ပါး​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​သို့​လာ​၍`ဤ​သူ​အား​အ​ကျွန်ုပ်​လိမ်​လည် လှည့်​စား​ပါ​မည်' ဟု​လျှောက်​၏။ ထာ​ဝ​ရ​ဘုရား က`အ​ဘယ်​သို့​နည်း' ဟု​မေး​တော်​မူ​သော်၊- \v 22 ထို​ဝိ​ညာဉ်​က`အ​ကျွန်ုပ်​သည်​အာ​ဟပ်​၏​ပ​ရော ဖက်​များ​ထံ​သို့​သွား​၍​သူ​တို့​အား​လိမ်​လည် ဟော​ပြော​စေ​ပါ​မည်' ဟု​လျှောက်​၏။ ထာ​ဝ​ရ ဘု​ရား​က​လည်း`သင်​သွား​၍​အာ​ဟပ်​အား​လိမ် လည်​လှည့်​စား​လော့။ အောင်​မြင်​လိမ့်​မည်' ဟု​မိန့် တော်​မူ​၏'' ဟု​လျှောက်​ထား​၏။ \p \v 23 ထို့​နောက်​မိက္ခာ​က``ဖြစ်​ပျက်​ပုံ​ကား​ဤ​သို့​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​ပ​ရော​ဖက်​တို့​ကို အ​ရှင့်​အား​လိမ်​လည်​ဟော​ပြော​စေ​တော်​မူ​၏။ သို့​ရာ​တွင်​အ​ရှင်​တွေ့​ကြုံ​ရ​မည့်​ဘေး​အန္တ​ရာယ် ကို​မူ​ကိုယ်​တော်​တိုင်​စီ​ရင်​ထား​တော်​မူ​ပြီ'' ဟု နိ​ဂုံး​ချုပ်​လိုက်​လေ​သည်။ \p \v 24 ထို​အ​ခါ​ဇေ​ဒ​ကိ​သည်​မိက္ခာ​အ​နီး​သို့​ချဉ်း​ကပ်​၍ ပါး​ကို​ရိုက်​ပြီး​လျှင်``ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ် တော်​သည်​သင့်​အား​မိန့်​မြွက်​တော်​မူ​ရန်​အ​ဘယ် အ​ခါ​က ငါ​၏​ထံ​မှ​ထွက်​ခွာ​သွား​တော်​မူ​ပါ သ​နည်း'' ဟု​ဆို​၏။ \p \v 25 မိက္ခာ​က​လည်း``သင်​ပုန်း​အောင်း​ရန်​အ​တွက်​အ​တွင်း ခန်း​တစ်​ခု​ခု​သို့​ဝင်​သော​အ​ခါ​၌​သိ​ရ​ပါ​လိမ့် မည်'' ဟု​ပြန်​ပြော​လေ​သည်။ \p \v 26 ထို့​နောက်​အာ​ဟပ်​သည်​နန်း​တွင်း​အ​ရာ​ရှိ​တစ် ယောက်​အား``မိက္ခာ​ကို​ဖမ်း​ဆီး​၍​မြို့​ဝန်​အာ​မုန် နှင့်​ယော​ရှ​မင်း​သား​ထံ​သို့​ခေါ်​ဆောင်​သွား​လော့။- \v 27 သူ့​အား​ထောင်​သွင်း​အ​ကျဉ်း​ချ​ကာ​ကောင်း မွန်​ချော​မော​စွာ ငါ​ပြန်​လည်​ရောက်​ရှိ​လာ​ချိန် တိုင်​အောင်​မုန့်​နှင့်​ရေ​ကို​သာ​ကျွေး​မွေး​ထား ရန်​သူ​တို့​အား​မှာ​ကြား​လော့'' ဟု​အ​မိန့် ပေး​တော်​မူ​၏။ \p \v 28 မိက္ခာ​က``အ​ကယ်​၍​ဘု​ရင်​မင်း​ကောင်း​မွန်​ချော မော​စွာ​ပြန်​လည်​ရောက်​ရှိ​လာ​ပါ​မူ​အ​ကျွန်ုပ် ဆင့်​ဆို​သော​စ​ကား​များ​သည်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​များ​မ​ဟုတ်​နိုင်။ အို လူ အပေါင်း​တို့၊ ငါ​ပြော​သည်​ကို​နား​ထောင်​ထား ကြ​လော့'' ဟု​ဆို​၏။ \s1 အာ​ဟပ်​ကွယ်​လွန်​ခြင်း \r (၆ရာ၊ ၁၈: ၂၈-၃၄) \p \v 29 ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​နှင့်​ယု​ဒ​ဘု​ရင် ယော​ရှ​ဖတ်​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့ ကို​တိုက်​ခိုက်​ရန်​ချီ​တက်​ကြ​၏။- \v 30 အာ​ဟပ်​က​ယော​ရှ​ဖတ်​အား``စစ်​ပွဲ​သို့​ဝင်​သော အ​ခါ​ကျွန်ုပ်​သည်​ကိုယ်​ကို​ရုပ်​ဖျက်​၍​သွား​မည်။ အ​ဆွေ​တော်​မူ​ကား​မင်း​မြောက်​တန်​ဆာ​ဝတ်​ဆင် လျက်​သွား​ပါ​လော့'' ဟု​ဆို​လေ​သည်။ ဤ​သို့​ဆို ပြီး​သော်​ဣ​သ​ရေ​လ​ဘု​ရင်​သည်​ရုပ်​ဖျက်​၍ တိုက်​ပွဲ​ဝင်​လေ​၏။ \p \v 31 ရှ​ရိ​ဘု​ရင်​သည် မိ​မိ​၏​ရ​ထား​တပ်​မှူး​သုံး​ဆယ့် နှစ်​ယောက်​တို့​အား ဣ​သ​ရေ​လ​ဘု​ရင်​မှ​တစ်​ပါး အ​ခြား​မည်​သူ​ကို​မျှ​မ​တိုက်​ခိုက်​ရန်​အ​မိန့်​ပေး ထား​လေ​သည်။- \v 32 ထို့​ကြောင့်​သူ​တို့​သည်​ယော​ရှ​ဖတ်​မင်း​ကို​မြင်​သော အ​ခါ ဣ​သ​ရေ​လ​ဘု​ရင်​ဟု​ထင်​မှတ်​ကာ​ပြန်​လှည့် ၍​တိုက်​ခိုက်​ကြ​၏။ သို့​ရာ​တွင်​ယော​ရှ​ဖတ်​ဟစ်​အော် လိုက်​သော​အ​ခါ၊- \v 33 သူ​တို့​သည်​ဣ​သ​ရေ​လ​ဘု​ရင်​မ​ဟုတ်​မှန်း​သိ​ရ​၍ လွှဲ​ရှောင်​ကြ​၏။- \v 34 သို့​ရာ​တွင်​ရှ​ရိ​တပ်​သား​တစ်​ယောက်​သည်​မြား တစ်​စင်း​ကို အ​မှတ်​မ​ထင်​ပစ်​လွှတ်​လိုက်​ရာ​အာ​ဟပ် ၏​သံ​ချပ်​အင်္ကျီ​အ​ဆက်​ကြား​ကို​ထိ​မှန်​သွား​လေ သည်။ မင်း​ကြီး​က``ငါ့​ကို​မြား​ထိ​ပြီ၊ တိုက်​ပွဲ​မှ မောင်း​ထွက်​သွား​လော့'' ဟု​ရ​ထား​မှူး​အား​အ​မိန့် ပေး​တော်​မူ​၏။ \p \v 35 တိုက်​ပွဲ​ဖြစ်​လျက်​နေ​ချိန်​၌​အာ​ဟပ်​မင်း​သည် ရှု​ရိ​တပ်​ကို​မျက်​နှာ​မူ​လျက် မိ​မိ​၏​ရ​ထား ထက်​တွင်​မှီ​၍​ထိုင်​နေ​တော်​မူ​၏။ သူ​၏​ဒဏ်​ရာ မှ​ယို​စီး​လာ​သော​သွေး​သည်​ရ​ထား​ကြမ်း​ပြင် ပေါ်​တွင်​အိုင်​ဖြစ်​၍​နေ​၏။ ည​နေ​စောင်း​အ​ချိန် ၌​သူ​သည်​ကွယ်​လွန်​လေ​သည်။- \v 36 နေ​ဝင်​ချိန်​နီး​သော​အ​ခါ``လူ​တိုင်း​ကိုယ့်​ပြည်၊ ကိုယ့်​မြို့​ရွာ​များ​သို့​ပြန်​ကြ​ကုန်​အံ့'' ဟူ​သော ဟစ်​သံ​သည်​ဣ​သ​ရေ​လ​တပ်​တစ်​တပ်​လုံး သို့​ရောက်​ရှိ​လာ​လေ​သည်။ \p \v 37 ဤ​သို့​ဖြင့်​အာ​ဟပ်​မင်း​သည်​ကွယ်​လွန်​လေ​သည်။ သူ​၏​အ​လောင်း​ကို​ရှ​မာ​ရိ​မြို့​သို့​ယူ​ဆောင် ပြီး​လျှင်​သင်္ဂြိုဟ်​ကြ​၏။- \v 38 သူ​၏​ရ​ထား​ကို​ပြည့်​တန်​ဆာ​တို့​ရေ​ချိုး​လေ့​ရှိ သည့်​ရှ​မာ​ရိ​ရေ​ကန်​တွင်​ဆေး​ကြော​ကြ​၏။ ထာ ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ခွေး​တို့ သည်​လာ​၍​သူ​၏​သွေး​ကို​လျက်​ကြ​ကုန်​၏။ \p \v 39 အာ​ဟပ်​မင်း​၏​ဆင်​စွယ်​နန်း​တော်​အ​ကြောင်း နှင့် သူ​တည်​ထောင်​ခဲ့​သော​မြို့​များ​အ​ပါ​ဝင် သူ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ သ​မျှ​ကို​ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။- \v 40 အာ​ဟပ်​ကွယ်​လွန်​သော​အ​ခါ​သား​တော်​အာ​ခ​ဇိ သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။ \s1 ယု​ဒ​ဘု​ရင်​ယော​ရှ​ဖတ် \r (၆ရာ၊ ၂၀:၃၁-၂၁:၁) \p \v 41 ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​၏​နန်း​စံ​စ​တုတ္ထ​နှစ်​၌ အာ​သ​၏​သား​တော်​ယော​ရှ​ဖတ်​သည်​ယု​ဒ​ပြည် တွင်​နန်း​တက်​၍၊- \v 42 ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​ဆယ့်​ငါး​နှစ်​နန်း​စံ လေ​သည်။ နန်း​တက်​ချိန်​၌​သူ​သည်​အသက်​သုံး ဆယ့်​ငါး​နှစ်​ရှိ​၏။ သူ​၏​မယ်​တော်​မှာ​ရှိ​လ​ဟိ ၏​သ​မီး​အ​ဇု​ဘ​ဖြစ်​၏။- \v 43 သူ​သည်​မိ​မိ​အ​လျင်​နန်း​စံ​ခဲ့​သည့်​ခ​မည်း​တော် အာ​သ​ကဲ့​သို့​ပင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက် တွင်​ဖြောင့်​မှန်​စွာ​ပြု​ကျင့်​လေ့​ရှိ​၏။ သို့​ရာ​တွင်​ရုပ်​တု ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​မူ​မ​ဖြို​မ​ဖျက်​သ​ဖြင့် လူ တို့​သည်​ထို​အ​ရပ်​များ​တွင်​ဆက်​လက်​၍​ယဇ်​ပူ​ဇော် ၍​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​လေ​သည်။- \v 44 ယော​ရှ​ဖတ်​သည်​ဣသ​ရေ​လ​ဘု​ရင်​နှင့်​လည်း ငြိမ်း​ချမ်း​စွာ​နေ​တော်​မူ​၏။ \p \v 45 ယော​ရှ​ဖတ်​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို​လည်း​ကောင်း၊ သူ​၏​စွန့်​စား​မှု​များ​နှင့် သူ​ဆင်​နွှဲ​ခဲ့​သည့်​တိုက်​ပွဲ​များ​ကို​လည်း​ကောင်း ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။- \v 46 သူ​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင်​ခ​မည်း တော်​အာ​သ​လက်​ထက်​မှ ကျန်​ရစ်​ခဲ့​သည့်​အ​မျိုး သား​ပြည့်​တန်​ဆာ​များ​နှင့်​အ​မျိုး​သ​မီး​ပြည့် တန်​ဆာ​များ​အား​လုံး​ကို​သုတ်​သင်​ပယ်​ရှင်း တော်​မူ​၏။ \p \v 47 ဧ​ဒုံ​ပြည်​တွင်​ဘု​ရင်​မ​ရှိ။ ယု​ဒ​ဘု​ရင်​ခန့်​ထား သည့်​ဘု​ရင်​ခံ​က​ထို​ပြည်​ကို​အုပ်​ချုပ်​ရ​လေ​သည်။ \p \v 48 ယော​ရှ​ဖတ်​မင်း​သည်​သြ​ဖိ​ရ​ပြည်​မှ​ရွှေ​ကို​ယူ ဆောင်​ရန် ပင်​လယ်​ကူး​သင်္ဘော​များ​ကို​တည်​ဆောက် စေ​သော်​လည်း ထို​သင်္ဘော​တို့​သည်​ဧ​ဇ​ယုန်​ဂါ​ဗာ မြို့​တွင်​ပျက်​သွား​သ​ဖြင့်​သင်္ဘော​မ​လွှင့်​ရ​ကြ​ချေ။- \v 49 ထို​အ​ခါ​ဣ​သ​ရေ​လ​ဘု​ရင်​အာ​ခ​ဇိ​က​မိ​မိ ၏​လူ​တို့​နှင့်​အ​တူ ယော​ရှ​ဖတ်​၏​လူ​တို့​အား သင်္ဘော​လွှင့်​ခွင့်​ပြု​မည်​ဟု စ​ကား​ကမ်း​လှမ်း​သော် လည်း​ယော​ရှ​ဖတ်​က​ထို​ကမ်း​လှမ်း​ချက်​ကို လက်​ခံ​တော်​မ​မူ။ \p \v 50 ယော​ရှ​ဖတ်​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ယေ​ရု ရှ​လင်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော် ယ​ဟော​ရံ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။ \s1 ဣ​သ​ရေ​လ​ဘု​ရင်​အာ​ခ​ဇိ \p \v 51 ယု​ဒ​ဘု​ရင်​ယော​ရှ​ဖတ်​၏ နန်း​စံ​တစ်​ဆယ့်​ခု​နစ် နှစ်​မြောက်​၌​အာ​ဟပ်​၏​သား​တော်​အာ​ခ​ဇိ​သည် ဣ​သ​ရေ​လ​ပြည်​တွင်​နန်း​တက်​၍​ရှ​မာ​ရိ​မြို့ ၌​နှစ်​နှစ်​မျှ​နန်း​စံ​လေ​သည်။- \v 52 သူ​သည်​ခ​မည်း​တော်​အာဟပ်​နှင့်​မယ်​တော်​ယေ​ဇ ဗေ​လ​၏​စံ​န​မူ​နာ​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ ပြည်​သူ​တို့​အား​အ​ပြစ်​ကူး​စေ​ရန် ရှေ့​ဆောင် လမ်း​ပြ​ခဲ့​သူ ယေ​ရော​ဗောင်​မင်း​၏​စံ​န​မူ​နာ ကို​လည်း​ကောင်း​ယူ​၍၊- \v 53 ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကာ မိ​မိ အ​လျင်​နန်း​စံ​တော်​မူ​ခဲ့​သည့်​ခ​မည်း​တော်​ကဲ့ သို့​ပင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်​ကို လှုံ့​ဆော်​လေ​သည်။ ဋ္ဌမ္မ​ရာ​ဇ​ဝင်​တ​တိ​ယ​စောင်​ပြီး​၏။