\id 1JN Myanmar Common Language Bible \h ၁ ယော \toc1 ရှင်​ယော​ဟန်​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် \toc2 ၁ ယော \mt1 ရှင်​ယော​ဟန်​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် \is1 နိ​ဒါန်း \ip ရှင်​ယော​ဟန်​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​တွင် ရည်​ရွယ်​ချက်​(၂)​ခု​ရှိ​၏။ ယင်း​ရည်​ရွယ်​ချက် များ​မှာ (၁) စာ​ဖတ်​သူ​တို့​အား​ဘု​ရား​သ​ခင် နှင့်​လည်း​ကောင်း၊ ကိုယ်​တော်​၏​သား​တော်​ယေ​ရှု ခ​ရစ်​နှင့်​လည်း​ကောင်း၊ မိတ်​သဟာ​ယ​ဖွဲ့​ဖို့​အား ပေး​တိုက်​တွန်း​ရန်​နှင့်​(၂) ယင်း​သို့​မိတ်​သ​ဟာ ယ​ဖွဲ့​မှု​ကို​ပျက်​ပြား​စေ​မည့်​မှား​ယွင်း​သော သွန်​သင်​ချက်​ကို​လက်​မ​ခံ​ကြ​ဖို့​သ​တိ​ပေး ရန်​ဖြစ်​ပေ​သည်။ မှား​ယွင်း​သော​သွန်​သင်​ချက် အ​ရ​မ​ကောင်း​မှု​ဟူ​သ​မျှ​သည်​ရုပ်​လော​က နှင့်​ထိ​တွေ့​မှု​မှ​ဖြစ်​ပေါ်​လာ​ရ​ကား ဘု​ရား သ​ခင်​၏​သား​တော်​သ​ခင်​ယေ​ရှု​သည်​အ​ကယ် ပင်​လူ့​ဇာ​တိ​ကို​မ​ခံ​ယူ​နိုင်။ ထို​သို့​သွန်​သင် သော​ဆ​ရာ​တို့​က​ကယ်​တင်​ခြင်း​ဆို​သည်​မှာ ဤ​လော​က​တွင်​နေ​ထိုင်​ရေး​အ​တွက်​စိုး​ရိမ် ပူ​ပန်​မှု​နှင့်​ကင်း​ဝေး​နိုင်​ခြင်း​ပင်​ဖြစ်​သည် ဟူ​၍​လည်း​ကောင်း၊ ကယ်​တင်​ခြင်း​သည် အ​ကျင့်​တ​ရား၊ မေတ္တာ​တ​ရား​တို့​နှင့်​မည် သို့​မျှ​မ​သက်​ဆိုင်​ဟူ​၍​လည်း​ကောင်း​သွန် သင်​ကြ​၏။ \ip ထို​သူ​တို့​၏​သွန်​သင်​ချက်​ကို​ချေ​ပ​သည့် အ​နေ​ဖြင့်​စာ​ရေး​သူ​က ယေ​ရှု​ခရစ်​သည်​လူ သား​အ​မှန်​စင်​စစ်​ဖြစ်​တော်​မူ​ခဲ့​ကြောင်း ရှင်း​လင်း​ပြတ်​သား​စွာ​တင်​ပြ​သည်။ ထို​မှ တစ်​ပါး​လည်း​သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည်​၍ ဘု​ရား​သ​ခင်​ကို​ချစ်​မြတ်​နိုး​သူ​မှန်​သ​မျှ သည် မိ​မိ​တို့​အ​ချင်း​ချင်း​အား​လည်း​ချစ် ရ​ကြ​မည်​ဖြစ်​ကြောင်း​အ​လေး​ပေး​သွန် သင်​ပေ​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 နိ​ဒါန်း ၁:၁-၄ \io1 အ​လင်း​နှင့်​အ​မှောင် ၁:၅-၂:၂၉ \io1 ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​နှင့် \io1 မာရ်​နတ်​၏​သား​သ​မီး​များ ၃:၁-၂၄ \io1 အ​မှန်​နှင့်​အ​မှား ၄:၁-၆ \io1 မေတ္တာ​တ​ရား ၄:၇-၂၁ \io1 အောင်​မြင်​သော​ယုံ​ကြည်​ခြင်း ၅:၁-၂၁ \c 1 \s1 အ​သက်​ရှင်​စေ​သော​နှုတ်​က​ပတ်​တော် \p \v 1 အ​သက်​တော်​တည်း​ဟူ​သော​နှုတ်​က​ပတ်​တော် အ​ကြောင်း​ကို​ငါ​တို့​စာ​ရေး​လိုက်​၏။ ထို​နှုတ် က​ပတ်​တော်​သည်​အ​စ​မူ​လ​က​တည်း​က​ပင် ရှိ​နေ​တော်​မူ​ခဲ့​၏။ ထို​နှုတ်​က​ပတ်​တော်​ကို ငါ​တို့​ကြား​ခဲ့​ကြ​၏။ ငါ​တို့​ကိုယ်​တိုင်​မျက်​စိ ဖြင့်​မြင်​ခဲ့​ကြ​၏။ ငါ​တို့​လက်​ဖြင့်​စမ်း​သပ် ကြည့်​ရှု​ခဲ့​ကြ​၏။-\x + \xo 1:1 \xt ယော၊ ၁:၁။\x* \v 2 ထို​အ​သက်​တော်​ပေါ်​လွင်​ထင်​ရှား​ခဲ့​စဉ်​က ငါ​တို့​မြင်​ရ​ကြ​၏။ သို့​ဖြစ်​၍​ယင်း​၏​အ​ကြောင်း ကို​ငါ​တို့​ဟော​ပြော​ကြ​၏။ ခ​မည်း​တော်​နှင့် အ​တူ​ရှိ​တော်​မူ​ခဲ့​သည့်​အ​သက်​တော်​သည် ငါ​တို့​တွင်​ပေါ်​လွင်​ထင်​ရှား​ခဲ့​သ​ဖြင့် ငါ​တို့ သည်​ထို​အ​သက်​တော်​အ​ကြောင်း​ကို​သင်​တို့ အား​ဖော်​ပြ​ကြေ​ညာ​ကြ​၏။-\x + \xo 1:2 \xt ယော၊ ၁:၁၄။\x* \v 3 ငါ​တို့​သည်​ခ​မည်း​တော်​နှင့်​လည်း​ကောင်း၊ ကိုယ်​တော်​၏​သား​တော်​ယေ​ရှု​ခ​ရစ်​နှင့်​လည်း ကောင်း၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​ကြ​သည်​ဖြစ်​ရာ သင်​တို့​သည်​လည်း ငါ​တို့​နှင့်​အ​တူ​ထို​မိတ် သ​ဟာ​ယ​တွင်​ပါ​ဝင်​ခွင့်​ကို​ရ​ရှိ​ကြ​စေ​ရန် ငါ​တို့​တွေ့​မြင်​ကြား​သိ​ခဲ့​ရ​သည့်​အ​မှု အ​ရာ​ကို​သင်​တို့​အား​ဖော်​ပြ​၏။- \v 4 ငါ​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​မှု​ကို​အ​ပြည့် အ​ဝ​ခံ​စား​နိုင်​ကြ​စေ​ရန် ဤ​အ​ကြောင်း အ​ရာ​များ​ကို​စာ​ရေး​လိုက်​သည်။ \s1 ဘု​ရား​သ​ခင်​သည်​အ​လင်း​ဖြစ်​တော်​မူ​ခြင်း \p \v 5 ဘု​ရား​သ​ခင်​သည်​အ​လင်း​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​၌​အ​မှောင်​လုံး​ဝ​မ​ရှိ​ဟူ​သော တ​ရား​စ​ကား​ကို ငါ​တို့​သည်​ကိုယ်​တော်​၏ သား​တော်​ထံ​မှ​ကြား​သိ​ရ​သ​ဖြင့်​သင်​တို့ အား​ကြေ​ညာ​၏။- \v 6 သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​နှင့်​မိတ်​သ​ဟာ ယ​ဖွဲ့​ရ​ကြ​လေ​ပြီ​ဟု​ဆို​လျက် အ​မှောင်​တွင် ကျင်​လည်​နေ​ကြ​ပါ​မူ​နှုတ်​အား​ဖြင့်​လည်း ကောင်း၊ အ​ကျင့်​အား​ဖြင့်​လည်း​ကောင်း​လိမ်​လည် သူ​များ​ဖြစ်​ကြ​၏။- \v 7 သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​လင်း​တွင်​ရှိ​တော် မူ​သ​ကဲ့​သို့ ငါ​တို့​သည်​အ​လင်း​တွင်​ကျင်​လည် ကြ​ပါ​မူ အ​ချင်း​ချင်း​တစ်​ယောက်​နှင့်​တစ်​ယောက် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ရှိ​ကြ​၏။ ဘု​ရား​သ​ခင် ၏​သား​တော်​သ​ခင်​ယေ​ရှု​၏​သွေး​တော်​သည် လည်း​ငါ​တို့​၏​အ​ပြစ်​ရှိ​သ​မျှ​ကို​ဆေး​ကြော စင်​ကြယ်​စေ​တော်​မူ​လိမ့်​မည်။ \p \v 8 ငါ​တို့​သည်​အ​ပြစ်​သား​များ​မ​ဟုတ်​ဟု​ဆို ပါ​မူ ငါ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​လှည့်​စား ကြ​၏။ ငါ​တို့​၌​သစ္စာ​တ​ရား​မ​ရှိ။- \v 9 သို့​ရာ​တွင်​အ​ပြစ်​ဝန်​ချ​ကြ​လျှင်​ဘု​ရား သ​ခင်​သည်​က​တိ​တည်​တော်​မူ​၍​တ​ရား​မျှ​တ တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​သ​ဖြင့် ငါ​တို့ ၏​အြုပစ်​များ​ကို​ဖြေ​လွှတ်​၍​ငါ​တို့​အား ဒု​စ​ရိုက်​အ​ညစ်​အ​ကြေး​အ​ပေါင်း​တို့​နှင့် ကင်း​စင်​စေ​တော်​မူ​လိမ့်​မည်။- \v 10 အ​ကယ်​၍​မိ​မိ​တို့​သည်​အ​ပြစ်​ကူး​သူ​များ မ​ဟုတ်​ဟု​ငါ​တို့​ဆို​ပါ​မူ ဘု​ရား​သ​ခင်​အား မု​သား​သုံး​တော်​မူ​သော​အ​ရှင်​ဟု​စွပ်​စွဲ​ပြော ဆို​ရာ​ရောက်​လျက်​နှုတ်က​ပတ်​တော်​သည်​ငါ​တို့ ၌​မ​ရှိ။ \c 2 \s1 ငါ​တို့​အား​ကူ​မ​တော်​မူ​သော​ခ​ရစ်​တော် \p \v 1 ငါ​၏​သား​သ​မီး​တို့၊ သင်​တို့​သည်​အ​ပြစ် မ​ကူး​ကြ​စေ​ရန်​ဤ​စာ​ကို​ငါ​ရေး​လိုက်​၏။ သို့​ရာ​တွင်​အကယ်​၍​တစ်​စုံ​တစ်​ယောက်​သော သူ​သည်​အ​ပြစ်​ကူး​မိ​ပါ​မူ ခ​မည်း​တော် ထံ​တွင်​ငါ​တို့​အ​တွက်​အသ​နား​ခံ​သည့်​ဖြောင့် မတ်​တော်​မူ​သော​အ​ရှင်​ယေ​ရှု​ခ​ရစ်​ရှိ​ပေ သည်။- \v 2 ကိုယ်​တော်​သည်​ငါ​တို့​၏​အ​ပြစ်​များ​သာ​မ​က ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​၏​အြုပစ်​ပြေ ရာ​ပြေ​ကြောင်း​ပူ​ဇော်​ဆက်​ကပ်​တော်​မူ​သော အရှင်​ဖြစ်​တော်​မူ​၏။ \p \v 3 ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း မှ​သာ​လျှင်​ငါ​တို့​သည်​ကိုယ်​တော်​ကို​သိ​ကျွမ်း သူ​များ​ဖြစ်​ကြောင်း​အ​သေ​အ​ချာ​သိ​ရှိ နိုင်​မည်။- \v 4 ကိုယ်​တော်​ကို​သိ​ပါ​သည်​ဟု​ဆို​ပြီး​လျှင် ပ​ညတ်​တော်​တို့​ကို​မ​စောင့်​ထိန်း​သူ​သည် လူ​လိမ်​ဖြစ်​၍​ထို​သူ​၌​သစ္စာ​တ​ရား​မ​ရှိ။- \v 5-6 သို့​ရာ​တွင်​ကိုယ်​တော်​၏​စ​ကား​တော်​ကို​နား ထောင်​သူ​သည် အ​ကယ်​ပင်​ဘု​ရား​သ​ခင်​၏ ချစ်​ခြင်း​မေတ္တာ​နှင့်​ပြည့်​ဝ​စုံ​လင်​၏။ သို့​မှ သာ​ကျွန်ုပ်​တို့​သည်​ဘု​ရား​သ​ခင်​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​ကြောင်း​သေ​ချာ​သိ ပေ​သည်။ ဘု​ရား​သ​ခင်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​ကြောင်း​သေ​ချာ​သိ​သူ​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ခြေ​တော်​ရာ​ကို လိုက်​လျှောက်​သူ​ဖြစ်​မည်။ \s1 ပ​ညတ်​သစ် \p \v 7 ချစ်​ဆွေ​တို့၊ သင်​တို့​ထံ​သို့​ငါ​စာ​ရေး​သား ဖော်​ပြ​နေ​သည့်​ပ​ညတ်​သည်​အ​သစ်​မ​ဟုတ်။ အ​စ​မူ​လ​က​တည်း​က​သင်​တို့​ရ​ရှိ​ထား ကြ​သည့်​ပ​ညတ်​ဟောင်း​ဖြစ်​၏။ ထို​ပ​ညတ် ဟောင်း​ကား သင်​တို့​ကြား​နာ​ခဲ့​ရ​သည့် တ​ရား​တော်​ပင်​ဖြစ်​ပေ​သည်။-\x + \xo 2:7 \xt ယော၊ ၁၃:၃၄။\x* \v 8 သို့​သော်​သင်​တို့​အား​ယ​ခု​ငါ​ရေး​သား ဖော်​ပြ​သည့်​ပ​ညတ်​သည်​အ​သစ်​ဖြစ်​၏။ ယင်း သို့​အ​မှန်​ပင်​အ​သစ်​ဖြစ်​ကြောင်း​ခ​ရစ်​တော် ၌​လည်း​ကောင်း၊ သင်​တို့​၌​လည်း​ကောင်း​ဖော်​ပြ လျက်​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​မှောင် သည်​ရွေ့​လျား​လျက်​အ​လင်း​စစ်​အ​လင်း​မှန် ပေါ်​ထွန်း​လာ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။ \p \v 9 အ​လင်း​တွင်​ကျင်​လည်​ပါ​သည်​ဟု​ဆို​လျက် မိ​မိ​၏​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည် ယ​ခု တိုင်​အောင်​အ​မှောင်​တွင်​ကျင်​လည်​နေ​သေး​သူ ဖြစ်​၏။- \v 10 ညီ​အစ်​ကို​ကို​ချစ်​သော​သူ​သည်​အ​လင်း​တွင် ကျင်​လည်​သော​သူ​ဖြစ်​၏။ သူ​သည်​အ​ဘယ်​သို့ မျှ​သူ​တစ်​ပါး​တို့​အား​အ​ပြစ်​ကူး​လွန်​စေ လိမ့်​မည်​မ​ဟုတ်။- \v 11 သို့​ရာ​တွင်​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည် ကား​အ​မှောင်​တွင်​ကျင်​လည်​သူ​ဖြစ်​၏။ အ​မှောင် တွင်​ကျင်​လည်​၍​မျက်​စိ​မ​မြင်​နိုင်​သ​ဖြင့်​သူ သည်​မိ​မိ​အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို​မ​သိ။ \p \v 12 သား​သ​မီး​တို့၊ သင်​တို့​သည်​ခ​ရစ်​တော်​အ​တွက် ကြောင့်​အ​ပြစ်​လွတ်​ပြီ​ဖြစ်​၍​သင်​တို့​ထံ​ငါ စာ​ရေး​လိုက်​၏။- \v 13 အ​ဖ​တို့၊ သင်​တို့​သည်​အ​စ​က​ပင်​ရှိ​တော်​မူ သော​အ​ရှင်​ကို​သိ​သူ​များ​ဖြစ်​သော​ကြောင့် သင်​တို့​ထံ​သို့​ငါ​စာ​ရေး​လိုက်​၏။ လူ​ငယ် လူ​ရွယ်​တို့၊ သင်​တို့​သည်​မာရ်​နတ်​ကို​အောင် သော​ကြောင့်​သင်​တို့​ထံ​သို့​ငါ​စာ​ရေး​လိုက်​၏။ \p \v 14 သား​သ​မီး​တို့၊ သင်​တို့​သည်​ခ​မည်း​တော် ကို​သိ​သူ​များ​ဖြစ်​သော​ကြောင့်​သင်​တို့​ထံ​သို့ ငါ​စာ​ရေး​လိုက်​၏။ သင်​တို့​သည်​အ​စ​က​ပင် ရှိ​တော်​မူ​သော​အ​ရှင်​ကို​သိ​သူ​များ​ဖြစ် သော​ကြောင့် သင်​တို့​ထံ​သို့​ငါ​စာ​ရေး​လိုက် ၏။ လူ​ငယ်​လူ​ရွယ်​တို့၊ သင်​တို့​သည်​ခွန်​အား ရှိ​၍ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် သင်​တို့​တွင်​ကိန်း​အောင်း​လျက်၊ မာရ်​နတ်​ကို အောင်​သော​ကြောင့်​သင်​တို့​ထံ​သို့​ငါ​စာ​ရေး လိုက်​၏။ \p \v 15 သင်​တို့​သည်​လော​က​ကို​သော်​လည်း​ကောင်း၊ လော ကီ​အ​ရာ​များ​ကို​သော်​လည်း​ကောင်း​မ​ချစ်​ကြ နှင့်။ လော​က​ကို​ချစ်​သော​သူ​သည်​ခ​မည်း​တော် ကို​မ​ချစ်။- \v 16 ကာ​ယ​တပ်​မက်​စွဲ​လန်း​သော​အ​ရာ​များ၊ မျက်​စိ ဖြင့်​မြင်​၍​လို​ချင်​တပ်​မက်​သော​အ​ရာ​များ၊ ဂုဏ် ယူ​ဝါ​ကြွား​စ​ရာ​များ​အ​စ​ရှိ​သော​လော​ကီ အ​ရာ​ရှိ​သ​မျှ​တို့​သည်​ခ​မည်း​တော်​နှင့် မ​သက်​ဆိုင်။ လော​က​နှင့်​သာ​သက်​ဆိုင်​၏။- \v 17 လော​က​နှင့်​တ​ကွ​လူ​တို့​တပ်​မက်​သော​အ​ရာ များ​သည်​ရွေ့​လျား​ကွယ်​ပျောက်​လျက်​နေ​လေ​ပြီ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​အ​လို​တော်​ကို​ဆောင် ရွက်​သူ​မူ​ကား ကာ​လ​အ​စဉ်​အ​မြဲ​တည်​လိမ့် မည်။ \s1 ခ​ရစ်​တော်​၏​ရန်​သူ \p \v 18 သား​သ​မီး​တို့၊ အ​ဆုံး​စွန်​သော​ကာ​လ​သည် ယ​ခု​နီး​လာ​လေ​ပြီ။ ခ​ရစ်​တော်​၏​ရန်​သူ​ပေါ် ပေါက်​လာ​မည်​ဖြစ်​ကြောင်း​ကို​သင်​တို့​ကြား​သိ ခဲ့​ကြ​၏။ ယ​ခု​ပင်​လျှင်​ခ​ရစ်​တော်​၏​ရန်​သူ အ​များ​အ​ပြား​ပေါ်​ပေါက်​လျက်​ရှိ​လေ​ပြီ။ ဤ အ​ချက်​ကို​ထောက်​၍​အဆုံး​စွန်​သော​ကာ​လ ရောက်​လာ​ကြောင်း​ကို​ငါ​တို့​သိ​ရ​ကြ​၏။- \v 19 ထို​သူ​တို့​သည်​အ​မှန်​စင်​စစ်​အ​ဘယ်​အ​ခါ​က​မျှ ငါ​တို့​မိတ်​သ​ဟာ​ယ​တွင်​မ​ပါ​ဝင်​ခဲ့​ကြ​သ​ဖြင့် ငါ​တို့​ထံ​မှ​ထွက်​ခွာ​သွား​ကြ​၏။ အ​ကယ်​၍​သူ တို့​သည်​ငါ​တို့​မိတ်​သ​ဟာ​ယ​တွင်​ပါ​ဝင်​ခဲ့​ပါ​မူ ငါ​တို့​နှင့်​အ​တူ​ရှိ​နေ​ကြ​မည်​ဖြစ်​၏။ သူ​တို့ သည်​အ​မှန်​ပင်​ငါ​တို့​မိတ်​သ​ဟာ​ယ​တွင်​မ​ပါ ဝင်​ကြောင်း​သိ​သာ​ထင်​ရှား​စေ​ရန် သူ​တို့​သည် ငါ​တို့​ထံ​မှ​ထွက်​ခွာ​သွား​ကြ​၏။ \p \v 20 သို့​ရာ​တွင်​ခ​ရစ်​တော်​သည်​သင်​တို့​အ​ပေါ်​သန့် ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​သွန်း​လောင်း​တော်​မူ သည်​ဖြစ်​၍ သင်​တို့​အ​ပေါင်း​သည်​သမ္မာ​တ​ရား ကို​သိ​ကြ​ပေ​သည်။- \v 21 သင်​တို့​ထံ​ငါ​စာ​ရေး​ရ​ခြင်း​အ​ကြောင်း​မှာ သမ္မာ​တ​ရား​ကို​သင်​တို့​မ​သိ​ကြ​၍​မ​ဟုတ်။ သမ္မာ​တ​ရား​ကို​လည်း​ကောင်း၊ မု​သား​စ​ကား သည် သမ္မာ​တ​ရား​နှင့်​မည်​သို့​မျှ​မ​သက်​ဆိုင် သည်​ကို​လည်း​ကောင်း​သင်​တို့​သိ​ကြ​သော ကြောင့်​ဖြစ်​၏။ \p \v 22 ထို့​ကြောင့်​အ​ဘယ်​သူ​သည်​မု​သား​စ​ကား​ကို ပြော​သ​နည်း။ သ​ခင်​ယေ​ရှု​သည်​မေ​ရှိ​ယ မ​ဟုတ်​ဟု​ပြော​ဆို​သူ​သည်​မု​သား​စ​ကား ကို​ပြော​၏။ ထို​ကဲ့​သို့​သော​သူ​သည်​ခ​ရစ်​တော် ၏​ရန်​သူ​ဖြစ်​၏။ သူ​သည်​ခ​မည်း​တော်​နှင့် သား​တော်​ကို​ပစ်​ပယ်​သူ​ဖြစ်​၏။- \v 23 သား​တော်​ကို​ပစ်​ပယ်​သူ​သည်​ခ​မည်း​တော်​ကို လည်း​ပစ်​ပယ်​သူ​ဖြစ်​၏။ သား​တော်​ကို​လက်​ခံ သူ​သည်​ခ​မည်း​တော်​ကို​လည်း​လက်​ခံ​သူ ဖြစ်​၏။ \p \v 24 သို့​ဖြစ်​၍​သင်​တို့​သည်​အ​စ​က​ပင်​ကြား​နာ​ခဲ့ ကြ​သည့်​တ​ရား​တော်​ကို​မိ​မိ​တို့​၏​စိတ်​နှ​လုံး တွင်​ထိန်း​သိမ်း​ထား​ကြ​လော့။ ယင်း​သို့​ပြု​ပါ​မူ သင်​တို့​သည်​သား​တော်​နှင့်​လည်း​ကောင်း၊ ခ​မည်း တော်​နှင့်​လည်း​ကောင်း​ထာ​ဝ​စဉ်​တစ်​လုံး​တစ်​ဝ တည်း​တည်​ရှိ​ကြ​လိမ့်​မည်။- \v 25 ဤ​ကား​ငါ​တို့​အား​ခ​ရစ်​တော်​ကိုယ်​တော်​တိုင် က​တိ​ထား​တော်​မူ​သော​ထာ​ဝ​ရ​အသက် ပေ​တည်း။ \p \v 26 သင်​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ​ရန်​ကြိုး​စား သူ​တို့​၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ဤ​အ​ကြောင်း အ​ရာ​များ​ကို​ငါ​စာ​ရေး​လိုက်​၏။- \v 27 သင်​တို့​မူ​ကား​ခ​ရစ်​တော်​သည်​မိ​မိ​၏​ဝိ​ညာဉ် တော်​ကို​သင်​တို့​အ​ပေါ်​သို့​သွန်း​လောင်း​တော်​မူ ပြီ။ ဝိ​ညာဉ်​တော်​သည်​သင်​တို့​စိတ်​နှ​လုံး​တွင် ကိန်း​အောင်း​လျက်​နေ​တော်​မူ​သ​မျှ​ကာ​လ ပတ်​လုံး​သင်​တို့​အား​အ​ခြား​အ​ဘယ်​အ​ရာ​မျှ သွန်​သင်​ပေး​စ​ရာ​မ​လို။ အ​ဘယ်​ကြောင့်​ဆို သော်​ကိုယ်​တော်​၏​ဝိ​ညာဉ်​တော်​သည်​သင်​တို့​အား ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​ကို​သွန်​သင်​ပေး တော်​မူ​သော​ကြောင့်​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သွန်​သင် တော်​မူ​သော​အ​ရာ​တို့​သည်​မှန်​ကန်​၍​အ​မှား မ​ရှိ။ ထို့​ကြောင့်​သင်​တို့​သည်​ဝိ​ညာဉ်​တော်​သွန် သင်​သည့်​အ​တိုင်း​လိုက်​နာ​ဆောင်​ရွက်​ကြ​လော့။ ခရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​တည်​ကြ လော့။ \p \v 28 သား​သ​မီး​တို့၊ ကိုယ်​တော်​ကြွ​လာ​တော်​မူ​သော နေ့​၌​ငါ​တို့​သည်​ရှက်​ကြောက်​၍ ပုန်း​အောင်း​နေ ကြ​ရန်​မ​လို​ဘဲ ရှေ့​တော်​၌​ရဲ​ရင့်​ခွင့်​ရ​ရှိ​စေ ခြင်း​ငှာ၊ ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း တည်​ရှိ​နေ​ကြ​လော့။- \v 29 ခ​ရစ်​တော်​သည်​ဖြောင့်​မတ်​တော်​မူ​သည်​ကို သင်​တို့​သိ​ကြ​၏။ သို့​ဖြစ်​၍​အ​မှန်​တ​ရား ကို​ကျင့်​သုံး​သူ​သည်​ဘု​ရား​သ​ခင်​၏​သား သ​မီး​ဖြစ်​ကြောင်း​ကို​သင်​တို့​သိ​ကြ​၏။ \c 3 \s1 ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ \p \v 1 ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ ဟု​အ​ခေါ်​ခံ​ရ​ကြ​သော​အ​ခွင့်​ကို​ရ​ကြ​သ​ဖြင့် ငါ​တို့​အား​ခ​မည်း​တော်​ဘု​ရား​သည်​မည်​မျှ ချစ်​တော်​မူ​သည်​ကို​ဆင်​ခြင်​ကြ​လော့။ ငါ​တို့ သည်​အ​ကယ်​ပင်​ဘု​ရား​သ​ခင်​၏​သား​သ​မီး များ​ဖြစ်​ကြ​၏။ ဤ​အ​ကြောင်း​ကြောင့်​ဤ​လော​က သား​တို့​က​ငါ​တို့​ကို​မ​သိ။ သူ​တို့​သည်​ခ​မည်း တော်​ကို​လည်း​မ​သိ။-\x + \xo 3:1 \xt ယော၊ ၁:၁၂။\x* \v 2 ချစ်​ဆွေ​တို့၊ ယ​ခု​အ​ခါ​ငါ​တို့​သည်​ဘု​ရား သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။ သို့​ရာ တွင်​နောင်​အ​ခါ​အ​ဘယ်​သို့​သော​သူ​များ​ဖြစ် မည်​ကို​သေ​ချာ​စွာ​မ​သိ​ရ​ကြ​သော်​လည်း ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ​ကိုယ် တော်​ဖြစ်​တော်​မူ​သည်​အ​တိုင်း​ဖူး​မြင်​ရ​ကြ မည်​ဖြစ်​၍ ငါ​တို့​သည်​ကိုယ်​တော်​နှင့်​တူ​ကြ မည်​ကို​သိ​ကြ​၏။- \v 3 ခရစ်​တော်​ကို​အ​မှီ​ပြု​၍​ထို​သို့​မျှော်​လင့် တောင့်​တ​သူ​သည် ခ​ရစ်​တော်​သန့်​ရှင်း​ဖြူ​စင် တော်​မူ​သ​ကဲ့​သို့​မိ​မိ​ကိုယ်​ကို​သန့်​ရှင်း​ဖြူ စင်​စေ​တတ်​၏။ \p \v 4 အ​ပြစ်​ကူး​ခြင်း​သည်​ပ​ညတ်​တော်​ကို​ချိုး ဖောက်​ခြင်း​ဖြစ်​သ​ဖြင့် အ​ပြစ်​ကူး​သူ​မှန် သ​မျှ​သည်​ပညတ်​တော်​ကို​ချိုး​ဖောက်​သူ​ဖြစ်​၏။- \v 5 ခ​ရစ်​တော်​သည်​လူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ရန်​ကြွ​လာ​တော်​မူ​ကြောင်း​ကို​သင်​တို့​သိ ကြ​၏။ ကိုယ်​တော်​သည်​အ​ပြစ်​ကင်း​တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​၏။-\x + \xo 3:5 \xt ယော၊ ၁:၂၉။\x* \v 6 ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​တည်​နေ​သူ သည်​အ​ပြစ်​မ​ကူး​တတ်။ အ​ပြစ်​ကူး​တတ်​သူ မူ​ကား​ကိုယ်​တော်​ကို​မ​သိ​မ​မြင်​ဘူး​သူ ဖြစ်​၏။ \p \v 7 သား​သ​မီး​တို့၊ အ​ဘယ်​သူ​မျှ​သင်​တို့​အား မှောက်​မှား​လမ်း​လွဲ​အောင်​မ​ပြု​စေ​နှင့်။ ခ​ရစ်​တော် သည်​ဖြောင့်​မတ်​တော်​မူ​သ​ကဲ့​သို့ အ​မှန်​တ​ရား​ကို ကျင့်​သုံး​သူ​သည်​လည်း​ဖြောင့်​မတ်​သူ​ဖြစ်​၏။- \v 8 အြုပစ်​တ​ရား​ကို​ကျင့်​သုံး​သူ​သည်​မာရ်​နတ် ၏​ဘက်​သား​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် မာရ်​နတ်​သည် မူ​လ​အ​စ​က​တည်း​က​ပင်​လျှင် အ​ပြစ်​ကူး​သူ​ဖြစ်​သော​ကြောင့်​တည်း။ ဘု​ရား သ​ခင်​၏​သား​တော်​ပေါ်​ထွန်း​တော်​မူ​သည့် အ​ကြောင်း​မှာ မာရ်​နတ်​ပြု​ခဲ့​သည့်​အ​မှု​ကို ချေ​ဖျက်​ရန်​ပင်​ဖြစ်​ပေ​သည်။ \p \v 9 ဘု​ရား​သ​ခင်​၏​သား​သ​မီး​ဖြစ်​လာ​သူ​သည် အ​ပြစ်​မ​ကူး​တတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို သူ​၌​ဘု​ရား​သ​ခင်​၏​ဇာ​တိ​သ​ဘော​ပါ​ရှိ သော​ကြောင့်​ဖြစ်​၏။ သူ​သည်​ဘု​ရား​သ​ခင်​၏ သား​သ​မီး​ဖြစ်​သ​ဖြင့်​အ​ပြစ်​ဒု​စ​ရိုက် မ​ပြု​နိုင်။- \v 10 ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​၏​သား​သ​မီး များ​နှင့်​မာရ်​နတ်​၏​သား​သ​မီး​ကွာ​ခြား​ပုံ​ကို သိ​ရ​၏။ အ​မှန်​တ​ရား​ကို​မ​ကျင့်​သုံး​သူ၊ ညီ အစ်​ကို​ကို​မ​ချစ်​သူ​သည်​ဘု​ရား​သ​ခင်​၏ သား​သ​မီး​မ​ဟုတ်။ \s1 အ​ချင်း​ချင်း​ချစ်​ကြ​လော့ \p \v 11 ``ငါ​တို့​သည်​အ​ချင်း​ချင်း​ချစ်​ရ​ကြ​မည်'' ဟူ သော​တ​ရား​တော်​ကို​ရှေး​မ​ဆွ​က​ပင်​လျှင် သင်​တို့​ကြား​နာ​ခဲ့​ရ​ကြ​၏။-\x + \xo 3:11 \xt ယော၊ ၁၃:၃၄။\x* \v 12 မာရ်​နတ်​၏​ဘက်​သား​ဖြစ်​၍​မိ​မိ​၏​ညီ​အာ​ဗေ​လ ကို​သတ်​သူ​ကာ​ဣ​န​ကဲ့​သို့ ငါ​တို့​မ​ဖြစ်​စေ​ကြ နှင့်။ ကာ​ဣ​န​သည်​မိ​မိ​၏​ညီ​ကို​အ​ဘယ်​ကြောင့် သတ်​သ​နည်း။ သူ​၏​အ​ကျင့်​သည်​ဆိုး​ယုတ်​၍ သူ့ ညီ​၏​အ​ကျင့်​မူ​ကား​ဖြောင့်​မှန်​သော​ကြောင့် ဖြစ်​၏။\x + \xo 3:12 \xt က၊ ၄:၈။\x* \p \v 13 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ လော​က​သား​တို့​သည် သင်​တို့​ကို​မုန်း​ကြ​လျှင်​မ​အံ့​သြ​ကြ​နှင့်။- \v 14 ငါ​တို့​သည်​မိ​မိ​တို့​၏​ညီ​အစ်​ကို​များ​ကို​ချစ် သည့်​အ​တွက်​ကြောင့် သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း သို့​ကူး​မြောက်​ခဲ့​ရ​ကြ​ကြောင်း​ကို​ငါ​တို့​သိ ကြ​၏။ မိ​မိ​၏​ညီ​အစ်​ကို​ကို​မ​ချစ်​သော​သူ သည်​သူ​သေ​ဘ​ဝ​၌​ပင်​ရှိ​နေ​သေး​၏။-\x + \xo 3:14 \xt ယော၊ ၅:၂၄။\x* \v 15 မိ​မိ​၏​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည်​သူ သတ်​သ​မား​ဖြစ်​၏။ သူ​သတ်​သ​မား​သည် ထာ​ဝ​ရ​အ​သက်​ကို​မ​ရ​ကြောင်း​သင်​တို့ သိ​ကြ​၏။- \v 16 ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက်​အ​သက်​တော် ကို​စွန့်​တော်​မူ​သော​ကြောင့်​မေတ္တာ​အ​ကြောင်း ကို​ငါ​တို့​သိ​ရ​ကြ​၏။ ငါ​တို့​သည်​လည်း​မိ​မိ တို့​၏​ညီ​အစ်​ကို​များ​အ​တွက်​အ​သက်​စွန့် သင့်​ကြ​ပေ​သည်။- \v 17 လော​ကီ​စည်း​စိမ်​ဥစ္စာ​ကြွယ်​ဝ​သူ​ဖြစ်​ပါ​လျက် မိ​မိ​၏​ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက်​ချို့​တဲ့​မှု ကို​မြင်​သော​အ​ခါ က​ရု​ဏာ​စိတ်​မ​ရှိ​သူ​တွင် အ​ဘယ်​သို့​လျှင်​ဘု​ရား​သ​ခင်​၏​မေတ္တာ​တော် ကိန်း​အောင်း​နိုင်​မည်​နည်း။- \v 18 သား​သ​မီး​တို့၊ ငါ​တို့​၏​မေတ္တာ​သည်​နှုတ်​ဖျား ၌​သာ​တည်​သော​မေတ္တာ​မ​ဖြစ်​သင့်။ လက်​တွေ့​အား ဖြင့်​ဖော်​ပြ​ထား​သော​မေတ္တာ​စစ်​မေတ္တာ​မှန်​ဖြစ် ရ​မည်။ \s1 ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​ရဲ​ဝံ့​ခွင့် \p \v 19 သို့​ဖြစ်​၍​ဤ​နည်း​အား​ဖြင့်​ငါ​တို့​သည်​သမ္မာ တရား​နှင့်​ဆိုင်​သူ​များ​ဖြစ်​ကြောင်း​သိ​ရှိ​နိုင် မည်။ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​တွင်​လည်း စိတ်​ချ​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။- \v 20 မိ​မိ​တို့​သြတ္တပ္ပ​စိတ်​၏​ပြစ်တင်​ရှုတ်​ချ​မှု​ကို ခံ​ရ​သော​အ​ခါ​၌​လည်း ဘု​ရား​သ​ခင်​သည် ငါ​တို့​သြတ္တ​ပ္ပ​စိတ်​ထက်​ကြီး​မြတ်​တော်​မူ ကြောင်း၊ ကိုယ်​တော်​သည်​အ​မှု​အ​ရာ​ခပ်​သိမ်း ကို​သိ​တော်​မူ​ကြောင်း​ငါ​တို့​သိ​ကြ​၏။- \v 21 သို့​ဖြစ်​၍​ချစ်​ဆွေ​တို့၊ ငါ​တို့​၏​သြတ္တ​ပ္ပ​စိတ် က​ငါ​တို့​အား​ပြစ်​တင်​ရှုတ်​ချ​မှု​မ​ပြု​လျှင် ငါ​တို့​သည်​ဘု​ရား​သ​ခင်​ထံ​တော်​၌​ရဲ​ဝံ့ ခွင့်​ရ​ရှိ​ကြ​၏။- \v 22 ငါ​တို့​သည်​ကိုယ်​တော်​၏​ပညတ်​တော်​တို့​ကို စောင့်​ထိန်း​သူ​များ၊ ကိုယ်​တော်​နှစ်​သက်​တော် မူ​သော​အ​မှု​တို့​ကို​ပြု​သူ​များ​ဖြစ်​သ​ဖြင့် ငါ​တို့​တောင်း​လျှောက်​သ​မျှ​သော​အ​ရာ​တို့ ကို​အထံ​တော်​မှ​ရ​ရှိ​ကြ​၏။- \v 23 ကိုယ်​တော်​၏​ပ​ညတ်​တော်​ဟူ​မူ​ကား​ငါ​တို့ သည်​ဘု​ရား​သ​ခင်​၏​သား​တော်​ယေ​ရှု​ခ​ရစ် ကို​ယုံ​ကြည်​ရ​ကြ​မည်။ ထို​အ​ရှင်​မိန့်​တော်​မူ သည်​အ​တိုင်း အ​ချင်း​ချင်း​တစ်​ယောက်​ကို တစ်​ယောက်​ချစ်​ရ​ကြ​မည်​ဟူ​၍​ဖြစ်​ပေ​သည်။-\x + \xo 3:23 \xt ယော၊ ၁၃:၃၄၊ ၁၅:၁၂၊၁၇။\x* \v 24 ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း သူ​သည် ဘု​ရား​သ​ခင်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​၍ ဘု​ရား​သ​ခင်​သည်​လည်း​ထို​သူ​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​တော်​မူ​၏။ ယင်း​သို့​ဖြစ်​တော်​မူ ကြောင်း​ကို ကိုယ်​တော်​ပေး​သ​နား​တော်​မူ​သော ဝိ​ညာဉ်​တော်​အား​ဖြင့်​ငါ​တို့​သိ​ရ​ကြ​၏။ \c 4 \s1 စစ်​မှန်​သော​ဝိ​ညာဉ်​တော်​နှင့်​မိစ္ဆာ​ဝိ​ညာဉ် \p \v 1 ချစ်​ဆွေ​တို့၊ ဝိ​ညာဉ်​တော်​ခံ​ယူ​ရ​ရှိ​သည်​ဟု ဆို​သူ​တိုင်း​ကို​မ​ယုံ​ကြ​နှင့်။ သူ​တို့​ခံ​ယူ​ရ​ရှိ သည်​ဆို​သော​ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင် ၏​ထံ​တော်​မှ​ဆင်း​သက်​လာ​သည့်​ဝိ​ညာဉ်​တော် ဟုတ်​မ​ဟုတ်​စစ်​ဆေး​ကြည့်​ရှု​ကြ​လော့။ အ​ဘယ် ကြောင့်​ဆို​သော်​မိစ္ဆာ​ပ​ရော​ဖက်​များ​သည် နေ​ရာ တ​ကာ​သို့​ရောက်​ရှိ​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။- \v 2 ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ဟုတ်​မ​ဟုတ် သင် တို့​သိ​ရှိ​နိုင်​မည့်​နည်း​ကား​ဤ​သို့​တည်း။ သ​ခင် ယေ​ရှု​သည်​လူ့​ဇာ​တိ​ကို​ခံ​ယူ​ကာ​ကြွ​လာ တော်​မူ​သည်​ဟု​ဝန်​ခံ​သူ​သည် ဘု​ရား​သ​ခင် ထံ​တော်​မှ​ဆင်း​သက်​လာ​သည့်​ဝိ​ညာဉ်​တော် ကို​ခံ​ယူ​ရ​ရှိ​သူ​ဖြစ်​၏။- \v 3 ယင်း​သို့​ဝန်​မ​ခံ​သူ​သည်​ကား ဘု​ရား​သ​ခင် ထံ​တော်​မှ​ဆင်း​သက်​လာ​သည့်​ဝိ​ညာဉ်​တော်​ကို ခံ​ယူ​ရ​ရှိ​သူ​မ​ဟုတ်။ ထို​သူ​တွင်​ကိန်း​အောင်း သည့်​ဝိ​ညာဉ်​မှာ ခ​ရစ်​တော်​၏​ရန်​သူ​ဖြစ်​၏။ ခ​ရစ်​တော်​၏​ရန်​သူ​ဝိ​ညာဉ်​သည် ဤ​လော​က သို့​ရောက်​ရှိ​လာ​မည်​ဖြစ်​ကြောင်း၊ သင်​တို့​ကြား သိ​ခဲ့​ကြ​၏။ သူ​သည်​ယ​ခု​ပင်​လျှင်​ရောက်​ရှိ လျက်​နေ​လေ​ပြီ။ \p \v 4 သား​သ​မီး​တို့၊ သင်​တို့​သည်​ဘု​ရား​သ​ခင် ၏​ဘက်​တော်​သား​များ​ဖြစ်​၍​မိစ္ဆာ​ပ​ရော​ဖက် များ​ကို​အ​နိုင်​ရ​ခဲ့​ကြ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​သင်​တို့​တွင်​ကျိန်း​ဝပ်​တော်​မူ​သော ဝိ​ညာဉ်​တော်​သည်​လော​က​သား​တို့​တွင်​ကိန်း ဝပ်​သော​ဝိ​ညာဉ်​ထက်​ကြီး​မြတ်​တော်​မူ​သော ကြောင့်​တည်း။- \v 5 မိစ္ဆာ​ပ​ရော​ဖက်​တို့​သည်​လော​က​နှင့်​ဆိုင်​သော သူ​များ​ဖြစ်​ကြ​၏။ သို့​ဖြစ်​၍​လော​ကီ​အ​ကြောင်း အ​ရာ​များ​ကို​ပြော​ဆို​ကြ​၏။ လော​က​သား တို့​သည်​လည်း​သူ​တို့​၏​စ​ကား​ကို​နား​ထောင် ကြ​၏။- \v 6 သို့​ရာ​တွင်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ဘက် တော်​သား​များ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​ကို​သိ သော​သူ​သည်​ငါ​တို့​စ​ကား​ကို​နား​ထောင်​တတ်​၏။ ဘု​ရား​သ​ခင်​၏​ဘက်​တော်​သား​မ​ဟုတ်​သူ​မူ ကား​ငါ​တို့​စ​ကား​ကို​နား​မ​ထောင်​တတ်။ ဤ သို့​လျှင်​ငါ​တို့​သည်​သမ္မာ​ဝိ​ညာဉ်​နှင့်​မိစ္ဆာ ဝိ​ညာဉ်​ကို​ခွဲ​ခြား​၍​သိ​ရှိ​နိုင်​ကြ​၏။ \s1 ဘု​ရား​သ​ခင်​သည်​ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော်​မူ​ခြင်း \p \v 7 ချစ်​ဆွေ​တို့၊ ချစ်​ခြင်း​မေတ္တာ​သည်​ဘု​ရား​သခင်​ထံ တော်​မှ​သက်​ရောက်​လာ​သည်​ဖြစ်​ရာ ငါ​တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​ချစ်​ကြ ကုန်​အံ့။ ချစ်​တတ်​သော​သူ​သည်​ဘု​ရား​သ​ခင်​၏ သား​သ​မီး​ဖြစ်​၏။ ကိုယ်​တော်​ကို​သိ​ကျွမ်း သော​သူ​လည်း​ဖြစ်​၏။- \v 8 ဘု​ရား​သ​ခင်​သည်​ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော် မူ​၏။ သို့​ဖြစ်​၍​မေတ္တာ​ကင်း​မဲ့​သူ​သည်​ဘု​ရား သ​ခင်​ကို​မ​သိ။- \v 9 ငါ​တို့​သည်​သား​တော်​အား​ဖြင့်​အ​သက်​ကို ရ​ရှိ​ကြ​စေ​ရန်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏ တစ်​ပါး​တည်း​သော​သား​တော်​ကို​ဤ​လော​က သို့​စေ​လွှတ်​တော်​မူ​ခြင်း​အား​ဖြင့် ငါ​တို့​အ​ပေါ် ၌​မိ​မိ​ထား​ရှိ​သော​မေတ္တာ​တော်​ကို​ပေါ်​လွင် ထင်​ရှား​စေ​တော်​မူ​၏။- \v 10 မေတ္တာ​ဟု​ဆို​ရာ​၌​ဘု​ရား​သခင်​အ​တွက်​ငါ တို့​ထား​ရှိ​သည့်​မေတ္တာ​ကို​မ​ဆို​လို။ ငါ​တို့​သည် အ​ပြစ်​များ​မှ​ပြေ​လွတ်​ခွင့်​ရ​ရှိ​၍ ပူ​ဇော်​ဆက် ကပ်​တော်​မူ​သော​သား​တော်​ကို​စေ​လွှတ်​တော် မူ​ခြင်း​အား​ဖြင့် ငါ​တို့​အား​ဘု​ရား​သ​ခင်​ပြ တော်​မူ​သော​မေတ္တာ​တော်​ကို​ဆို​လို​ပေ​သည်။ \p \v 11 ချစ်​ဆွေ​တို့၊ ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား ဤ​မျှ​ချစ်​တော်​မူ​လျှင်​ငါ​တို့​သည်​အ​ချင်း ချင်း​ချစ်​သင့်​ကြ​၏။- \v 12 အ​ဘယ်​သူ​မျှ​ဘု​ရား​သ​ခင်​ကို​မ​တွေ့​မ​မြင် စ​ဖူး။ သို့​ရာ​တွင်​ငါ​တို့​သည်​အ​ချင်း​ချင်း​ချစ် ကြ​ပါ​မူ ဘု​ရား​သ​ခင်​သည်​ငါ​တို့​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​တော်​မူ​လျက် ကိုယ်​တော်​၏ မေတ္တာ​တော်​သည်​ငါ​တို့​၌​ပြည့်​ဝ​စုံ​လင်​ပြီ။\x + \xo 4:12 \xt ယော၊ ၁:၁၈။\x* \p \v 13 ကိုယ်​တော်​သည်​ငါ​တို့​အား​ဝိ​ညာဉ်​တော်​ကို ပေး​တော်​မူ​သော​ကြောင့် ငါ​တို့​သည်​ကိုယ်​တော်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ရှိ​၍​ကိုယ်​တော်​သည်​လည်း ငါ​တို့​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​တော်​မူ ကြောင်း​ငါ​တို့​သေ​ချာ​စွာ​သိ​ကြ​၏။- \v 14 ခ​မည်း​တော်​သည်​သား​တော်​အား​လော​က​ကို ကယ်​တင်​ရန်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို ငါ တို့​တွေ့​မြင်​ရ​၍​သက်​သေ​ခံ​ကြ​၏။- \v 15 သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ဖြစ်​ကြောင်း​ဝန်​ခံ​သော​သူ​သည် ဘု​ရား​သ​ခင် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​၏။ ဘု​ရား​သ​ခင် သည်​လည်း​သူ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ တော်​မူ​၏။- \v 16 ငါ​တို့​အ​ပေါ်​ဘု​ရား​သ​ခင်​မေတ္တာ​ထား​ရှိ တော်​မူ​ကြောင်း​ငါ​တို့​ကိုယ်​တိုင်​သိ​၍​ယုံ ကြည်​ကြ​၏။ \p ဘု​ရား​သ​ခင်​သည်​ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော် မူ​၏။ ချစ်​တတ်​သော​သူ​သည်​ဘု​ရား​သ​ခင်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ရှိ​၏။ ဘု​ရား​သ​ခင်​သည် လည်း​ထို​သူ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​တော် မူ​၏။- \v 17 ငါ​တို့​၌​ကိုယ်​တော်​၏​မေတ္တာ​တော်​ပြည့်​ဝ​စုံ လင်​ခြင်း​အား​ဖြင့် တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့ ၌​ငါ​တို့​သည်​ရဲ​ရင့်​တည်​ကြည်​မှု​ကို​ရ​ရှိ​နိုင် ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​လော​က ၌​ငါ​တို့​သည်​ခ​ရစ်​တော်​နည်း​တူ​အ​သက် ရှင်​ကြ​သော​ကြောင့်​ဖြစ်​၏။- \v 18 ချစ်​ခြင်း​မေတ္တာ​၌​ကြောက်​စိတ်​မ​ရှိ​နိုင်။ ပြည့်​ဝ စုံ​လင်​သည့်​မေတ္တာ​သည်​ကြောက်​စိတ်​ကို​ပယ်​ရှား တတ်​၏။ ကြောက်​စိတ်​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​မှု​ကို စောင့်​မျှော်​တတ်​သ​ဖြင့်​ကြောက်​စိတ်​ရှိ​သူ​၌ မေတ္တာ​ပြည့်​ဝ​စုံ​လင်​ခြင်း​မ​ရှိ​ပေ။ \p \v 19 ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ရှေး​ဦး​စွာ​ချစ် တော်​မူ​သော​ကြောင့်​ငါ​တို့​သည်​ကိုယ်​တော်​ကို ချစ်​ကြ​၏။- \v 20 ဘု​ရား​သ​ခင်​ကို​ချစ်​ပါ​သည်​ဟု​ဆို​လျက် ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည်​လူ​လိမ်​ဖြစ် ၏။ အ​ဘယ်​ကြောင့်​ဆို​သော်​မျက်​စိ​ဖြင့်​မြင်​ရ​သူ ညီ​အစ်​ကို​ကို​မ​ချစ်​နိုင်​သော​သူ​သည် မျက်​စိ ဖြင့်​မ​မြင်​ရ​သည့်​ဘု​ရား​သ​ခင်​ကို​ချစ်​နိုင် မည်​မ​ဟုတ်​သော​ကြောင့်​တည်း။- \v 21 ငါ​တို့​အား​ခ​ရစ်​တော်​ပေး​တော်​မူ​သော​ပ​ညတ် တော်​ကား``ဘု​ရား​သ​ခင်​ကို​ချစ်​သော​သူ​သည် ညီ​အစ်​ကို​ကို​လည်း​ချစ်​ရ​မည်'' ဟူ​၍​ဖြစ် သ​တည်း။ \c 5 \s1 လော​က​ကို​အောင်​ခြင်း \p \v 1 သ​ခင်​ယေ​ရှု​သည်​မေ​ရှိ​ယ​ဖြစ်​တော်​မူ​ကြောင်း​ကို ယုံ​ကြည်​သော​သူ​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး ဖြစ်​၏။ ဖ​ခင်​ကို​ချစ်​သော​သူ​သည်​ထို​ဖ​ခင်​၏​သား ကို​လည်း​ချစ်​တတ်​၏။- \v 2 ငါ​တို့​သည်​ဘု​ရား​သ​ခင်​ကို​ချစ်​၍​ပ​ညတ် တော်​ကို​စောင့်​ထိန်း​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင် ၏​သား​သ​မီး​များ​ကို​ငါ​တို့​ချစ်​ကြောင်း ငါ​တို့​သိ​ကြ​ရ​၏။- \v 3 အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​သည် ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့ ကို​စောင့်​ထိန်း​ခြင်း​ပင်​ဖြစ်​သည်။ ကိုယ်​တော်​၏ ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​ရန်​ငါ​တို့ အ​တွက်​ဝန်​မ​လေး​ပေ။-\x + \xo 5:3 \xt ယော၊ ၁၄:၁၅။\x* \v 4 အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​၏​သား သ​မီး​ဖြစ်​သူ​သည် လော​က​ကို​အောင်​နိုင်​သော ကြောင့်​ဖြစ်​၏။ ငါ​တို့​သည်​ယုံ​ကြည်​ခြင်း​အား ဖြင့်​လော​က​ကို​အောင်​ခြင်း​ဖြစ်​ပေ​သည်။- \v 5 သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​သား တော်​ဖြစ်​ကြောင်း​ခံ​ယူ​ယုံ​ကြည်​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​သည်​လော​က​ကို​အောင်​နိုင်​သ​နည်း။ \s1 သ​ခင်​ယေ​ရှု​အ​ကြောင်း​သက်​သေ​ခံ​ခြင်း \p \v 6 ယေ​ရှု​ခ​ရစ်​သည်​ရေ​အား​ဖြင့်​ဗတ္တိ​ဇံ​ကို​ခံ တော်​မူ​လျက်​သွေး​တော်​ကို​သွန်း​၍ အ​သေ​ခံ တော်​မူ​လျက်​ကြွ​လာ​တော်​မူ​သော​အ​ရှင်​ပေ တည်း။ ကိုယ်​တော်​သည်​ရေ​အား​ဖြင့်​သာ​ကြွ​လာ တော်​မူ​သည်​မ​ဟုတ်။ ရေ​အား​ဖြင့်​လည်း​ကောင်း၊ သွေး​အား​ဖြင့်​လည်း​ကောင်း​ကြွ​လာ​တော်​မူ​ပေ သည်။ ဝိ​ညာဉ်​တော်​သည်​သမ္မာ​တ​ရား​ဖြစ်​၍​ကြွ လာ​တော်​မူ​ကြောင်း​ကို​သက်​သေ​ခံ​တော်​မူ​၏။- \v 7 သက်​သေ​သုံး​ပါး​ရှိ​လေ​သည်။- \v 8 ယင်း​တို့​ကား​ဝိ​ညာဉ်​တော်၊ ရေ​နှင့်​သွေး​တို့​ဖြစ် ကြ​၏။ ထို​သုံး​ပါး​တို့​သည်​တ​ညီ​တ​ညွတ် တည်း​သက်​သေ​ခံ​ကြ​၏။- \v 9 ငါ​တို့​သည်​လူ​တို့​၏​သက်​သေ​ခံ​ချက်​ကို လက်​ခံ​တတ်​ကြ​၏။ ဘု​ရား​သ​ခင်​၏​သက်​သေ ခံ​တော်​မူ​ချက်​မှာ လူ​တို့​၏​သက်​သေ​ခံ​ချက် ထက်​ပို​၍​ပင်​ခိုင်​လုံ​၏။ ကိုယ်​တော်​သည်​သား တော်​၏​အ​ကြောင်း​သက်​သေ​ခံ​တော်​မူ​ပြီ။- \v 10 ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ယုံ​ကြည်​သူ​သည် ထို​သက်​သေ​ခံ​ချက်​ကို​စိတ်​နှ​လုံး​ထဲ​တွင်​မှတ် ကျုံး​ထား​၏။ ဘု​ရား​သ​ခင်​ကို​မ​ယုံ​ကြည်​သူ သည်​ကား သား​တော်​အ​ကြောင်း​ကိုယ်​တော်​သက် သေ​ခံ​တော်​မူ​သည်​ကို​မ​ယုံ​ကြည်​သ​ဖြင့် ဘု​ရား​သ​ခင်​အား​မု​သား​သုံး​သည်​ဟု​ဆို ရာ​ရောက်​၏။- \v 11 ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား ထာ​ဝ​ရ​အ​သက် ကို​ပေး​သ​နား​တော်​မူ​ကြောင်း၊ ထို​အ​သက်​ကို သား​တော်​အား​ဖြင့်​ရ​ရှိ​ကြောင်း​ဘု​ရား​သ​ခင် သက်​သေ​ခံ​တော်​မူ​၏။-\x + \xo 5:11 \xt ယော၊ ၃:၃၆။\x* \v 12 သား​တော်​ကို​ရ​ရှိ​သူ​သည်​ထို​အ​သက်​ကို ရ​၏။ ဘု​ရား​သ​ခင်​၏​သား​တော်​ကို​မ​ရ ရှိ​သူ​မူ​ကား​ထို​အ​သက်​ကို​မ​ရ။ \s1 ထာ​ဝ​ရ​အ​သက် \p \v 13 ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ယုံ​ကြည်​သူ​သင် တို့​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​ကြောင်း​သိ ကြ​စေ​ရန် ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ငါ ရေး​လိုက်​၏။- \v 14 ကိုယ်​တော်​သည်​မိ​မိ​၏​အ​လို​တော်​နှင့်​အ​ညီ တောင်း​လျှောက်​သော​ပတ္ထ​နာ​ကို​နား​ညောင်း​တော် မူ​ကြောင်း​စိတ်​ချ​ယုံ​ကြည်​နိုင်​သ​ဖြင့် ငါ​တို့ သည်​ရှေ့​တော်​သို့​ရဲ​ဝံ့​စွာ​ချဉ်း​ကပ်​ကြ​ပေ​သည်။- \v 15 ယင်း​သို့​ကိုယ်​တော်​နား​ညောင်း​တော်​မူ​သည်​ကို သိ​ကြ​သ​ဖြင့် ငါ​တို့​သည်​မိ​မိ​တို့​တောင်း​လျှောက် သည့်​ဆု​များ​ကို​ချ​ပေး​တော်​မူ​သည်​ကို​လည်း သိ​ကြ​၏။ \p \v 16 ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက်​သည်​အ​သက် ဝိ​ညာဉ်​ဆုံး​ရှုံး​မည့်​အြုပစ်​မှ​လွဲ​၍ အ​ခြား​အ​ပြစ် တစ်​စုံ​တစ်​ရာ​ကို​ကူး​လွန်​ပါ​မူ​သူ့​အ​တွက် ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​လော့။ ကိုယ်​တော် သည်​သူ့​အား​အ​သက်​ကို​ပေး​တော်​မူ​လိမ့်​မည်။ အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​မည့်​အြုပစ်​ကို​မ​ကူး သူ​များ​အ​တွက်​သာ ဤ​သို့​ဆု​တောင်း​ပေး​ရန် ဖြစ်​သည်။ သို့​ရာ​တွင်​အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး မည့်​အ​ပြစ်​ဟူ​၍​ရှိ​သည်။ ထို​အ​ပြစ်​မျိုး​ကို ကူး​သူ​အ​တွက်​ဆု​တောင်း​ရ​မည်​ဟု​ငါ​မ​ဆို။- \v 17 ဒု​စ​ရိုက်​ဟူ​သ​မျှ​သည်​အ​ပြစ်​ဖြစ်​၏။ သို့​ရာ တွင်​အ​ပြစ်​ဟူ​သ​မျှ​သည် အ​သက်​ဝိ​ညာဉ် ဆုံး​ရှုံး​မည့်​အ​ပြစ်​များ​မ​ဟုတ်​ပေ။ \p \v 18 ဘု​ရား​သ​ခင်​၏​သား​သ​မီး​ဖြစ်​သူ​သည် ဆက်​လက်​၍ အ​ပြစ်​မ​ကူး​တတ်​ကြောင်း​ကို​ငါ တို့​သိ​ကြ​၏။ သူ့​အား​ဘု​ရား​သ​ခင်​၏​သား တော်​စောင့်​ထိန်း​တော်​မူ​သည်​ဖြစ်​၍ မာရ်​နတ် သည်​ထို​သူ​ကို​မ​ထိ​မ​ခိုက်​နိုင်။ \p \v 19 ကမ္ဘာ​လော​က​တစ်​ခု​လုံး​တွင်​မာရ်​နတ်​၏​တန်​ခိုး လွှမ်း​မိုး​လျက်​ရှိ​နေ​သော်​လည်း ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​ဘက်​တော်​သား​များ​ဖြစ် ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။ \p \v 20 ဘု​ရား​သ​ခင်​၏​သား​တော်​သည်​လော​က​သို့​ကြွ လာ​တော်​မူ​၍ ငါ​တို့​အား​ဘု​ရား​စစ်​ဘု​ရား​မှန် ကို​သိ​ရှိ​နိုင်​သည့်​ဉာဏ်​ကို​ပေး​တော်​မူ​ကြောင်း ငါ​တို့​သိ​ကြ​၏။ ငါ​တို့​သည်​ကိုယ်​တော်​၏​သား​တော် ယေ​ရှု​ခ​ရစ်​နှင့်​လည်း​ကောင်း၊ ဘု​ရား​စစ်​ဘု​ရား​မှန် ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​နှင့်​လည်း​ကောင်း တစ်​လုံး​တစ်​ဝ​တည်း​ရှိ​ကြ​၏။ ကိုယ်​တော်​သည် ဘု​ရား​စစ်​ဘု​ရား​မှန်​ဖြစ်​တော်​မူ​၏။ ထာ​ဝ​ရ အ​သက်​လည်း​ဖြစ်​တော်​မူ​၏။ \p \v 21 သား​သ​မီး​တို့၊ သင်​တို့​သည်​ဘု​ရား​အ​တု အ​ယောင်\f 1 \fr 5:21 \ft * \+fk ဘု​ရား​အ​တု​အ​ယောင်​များ။ \ft အ​ပြစ်​ကူး​ခြင်း​ကို​ရှောင်​ကြ​လော့​ဟူ သော​အ​ဋ္ဌိပ္ပါယ်​လည်း​ရှိ​သည်။\f* များ​ကို​ရှောင်​ကြ​လော့။ ရှင်​ယော​ဟန်​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး​၏။