\id 1CO Myanmar Common Language Bible \h ၁ ကော \toc1 ကော​ရိန္သု​သြ​ဝါ​ဒ​စာ \toc2 ၁ ကော \mt1 ကော​ရိန္သု​သြ​ဝါ​ဒ​စာ \mt2 ပ​ထ​မ​စာ​စောင် \is1 နိ​ဒါန်း \ip ကော​ရိန္သု​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ကို​တ​မန် တော်​ရှင်​ပေါ​လု​ရေး​သား​ရ​သည့်​အ​ကြောင်း​မှာ ကော​ရိန္သု​မြို့​၌​မိ​မိ​တည်​ထောင်​ခဲ့​သည့်​အ​သင်း တော်​တွင် ခ​ရစ်​ယာန်​တို့​၏​ပြု​မူ​ကျင့်​ကြံ​မှု​နှင့် လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​နှင့်​လည်း​ကောင်း​ပတ် သက်​သည့်​ပြ​ဿ​နာ​များ​ကို​ဖြေ​ရှင်း​ပေး​ရန် ဖြစ်​၏။ ထို​အ​ချိန်​အ​ခါ​က​ကော​ရိန္သု​မြို့​သည် လူ​မျိုး​ပေါင်း​စုံ​နေ​ထိုင်​ရာ​ဂ​ရိ​မြို့​ကြီး​ဖြစ် ပြီး​ရော​မ​နိုငo ်​ငံ​၏​လက်​အောက်​ခံ၊ အ​ခါ​ယ ပြည်​နယ်​၏​မြို့​တော်​ဖြစ်​သည်။ ယင်း​သည်​ကုန် သွယ်​ရေး​ထွန်း​ကား​သော​မြို့၊ ယဉ်​ကျေး​မှု​အ​တွက် ဂုဏ်​ယူ​နိုင်​သော​မြို့၊ စာ​ရိတ္တ​ပျက်​ပြား​သော​မြို့၊ ကိုး​ကွယ်​ရာ​ဘာ​သာ​တ​ရား​အ​မျိုး​ပေါင်း​စုံ သော​မြို့​ဟူ​၍​ထင်​ပေါ်​ကျော်​ကြား​ခဲ့​သည်။ \ip တ​မန်​တော်​ကြီး​အ​ထူး​အ​လေး​ပေး​ရေး​သား သည့်​အ​ကြောင်း​အ​ရာ​များ​မှာ အ​သင်း​တော်​တွင် စိတ်​ဝမ်း​ကွဲ​ပြား​မှု​နှင့်​ကာ​မ​ဂုဏ်​လိုက်​စား​မှု ဆိုင်​ရာ​ပြ​ဿ​နာ​များ၊ လိင်​နှင့်​လည်း​ကောင်း၊ ထိမ်း မြား​မင်္ဂ​လာ​ပြု​ရေး​နှင့်​လည်း​ကောင်း​ဆိုင်​သည့် ပြ​ဿ​နာ​များ၊ သြတ္တ​ပ္ပ​စိတ်​ကြည်​လင်​မှု၊ အ​သင်း တော်​တွင်​ဝတ်​ပြု​ကိုး​ကွယ်​မှု၊ သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​၏​ဆု​ကျေး​ဇူး​များ၊ သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​ခြင်း​တို့​ဖြစ်​၏။ သ​တင်း​ကောင်း​တည်း ဟူ​သော​တ​ရား​တော်​နှင့်​အ​ညီ ယင်း​ပြ​ဿ​နာ အ​ရပ်​ရပ်​တို့​ကို​ဖြေ​ရှင်း​ပုံ​သည်​နက်​ရှိုင်း​ထက် မြက်​လှ​ပေ​သည်။ \ip မိ​မိ​၏​လူ​စု​တော်​အား​ဘု​ရား​သ​ခင်​ချ​ပေး တော်​မူ​သော​ဆု​ကျေး​ဇူး​များ​အ​နက် အ​မြတ် ဆုံး​ဖြစ်​သည့်​မေတ္တာ​အ​ကြောင်း​ကို​တင်​ပြ​သည့် အ​ခန်း ၁၃ မှာ​ဤ​စာ​စောင်​တစ်​ခု​လုံး​ရှိ​အ​ခန်း များ​အ​နက်​လူ​သိ​အ​များ​ဆုံး​ဖြစ်​သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 နိ​ဒါန်း ၁:၁-၉ \io1 အ​သင်း​တော်​တွင်​ဂိုဏ်း​ကွဲ​ခြင်း ၁:၁၀-၄:၂၁ \io1 ဖို​မ​ကိစ္စ​နှင့်​အိမ်​ထောင်​ရေး​ကိစ္စ ၅:၁-၇:၄၀ \io1 ခ​ရစ်​ယာန်​များ​နှင့်​ခ​ရစ်​ယာန်​မ​ဟုတ်​သူ​များ ၈:၁-၁၁:၁ \io1 အ​သင်း​တော်​ဝင်​တို့​ပြု​မူ​ကျင့်​ကြံ​မှု​နှင့် ကိုး​ကွယ်​ဝတ်​ပြု​မှု ၁၁:၂-၁၄:၄၀ \io1 ခ​ရစ်​တော်​နှင့်​ကိုယ်​တော်​ကို​ယုံ​ကြည်​သူ​တို့ သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ခြင်း ၁၅:၁-၅၈ \io1 ယု​ဒ​ပြည်​ရှိ​ခ​ရစ်​ယာန်​များ​အ​တွက်​အ​လှူ​ငွေ ၁၆:၁-၄ \io1 ကိုယ်​ရေး​ကိုယ်​တာ​ကိစ္စ​များ​နှင့်​နိ​ဂုံး ၁၆:၅-၂၄ \c 1 \p \v 1 ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ၊ ခ​ရစ်​တော် ယေ​ရှု​၏​တ​မန်​တော်​အ​ဖြစ်​ခန့်​ထား​ခြင်း​ခံ​ရ သော​ပေါ​လု​နှင့်​ငါ​တို့​၏​ညီ​သု​ဿင်​ထံ​မှ၊- \v 2 ကော​ရိန္သု​မြို့​ရှိ​ဘု​ရား​သ​ခင်​၏​အ​သင်း​တော် ဝင်​အ​ပေါင်း​တို့​ထံ​သို့​လည်း​ကောင်း၊ အ​ရပ် ခပ်​သိမ်း​မှ​ငါ​တို့​၏​အ​ရှင်​နှင့်​သူ​တို့​၏​အ​ရှင် ဖြစ်​တော်​မူ​သော​အ​ရှင်​ယေ​ရှု​ခ​ရစ်​ကို​ကိုး​ကွယ် သူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ခ​ရစ်​တော်​ယေ​ရှု​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ရှိ​သော​အား​ဖြင့် ဘု​ရား သ​ခင်​၏​လူ​စု​တော်​အ​ဖြစ်​ရွေး​ချယ်​ခြင်း ခံ​ရ​ကြ​သူ​အ​ပေါင်း​တို့​ထံ​သို့​လည်း​ကောင်း စာ​ရေး​လိုက်​ပါ​သည်။\x + \xo 1:2 \xt တ၊ ၁၈:၁။\x* \p \v 3 ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက် ခြင်း​သည် သင်​တို့​အ​ပေါ်​သို့​သက်​ရောက်​ပါ စေ​သော။ \s1 ခ​ရစ်​တော်​အား​ဖြင့်​ရ​ရှိ​သည့်​ကောင်း​ချီး​မင်္ဂလာ​များ \p \v 4 ငါ​သည်​သင်​တို့​အား​ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ကျေး​ဇူး​တော် ကို​ထောက်​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို အ​စဉ်​ချီး​မွမ်း​၏။- \v 5 သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ရှိ​သ​ဖြင့်​နှုတ်​သတ္တိ၊ ဉာဏ်​သတ္တိ​နှင့်​တ​ကွ​အ​စ​စ အ​ရာ​ရာ​တွင်​ကြွယ်​ဝ​ပြည့်​စုံ​လျက်​ရှိ​ကြ​၏။- \v 6 ငါ​တို့​ဟော​ပြော​ကြေ​ညာ​သည့်​ခ​ရစ်​တော် အ​ကြောင်း​သ​တင်း​ကောင်း​သည် သင်​တို့​အ​ထဲ တွင်​အ​မြစ်​စွဲ​လျက်​ရှိ​၏။- \v 7 သို့​ဖြစ်​၍​အ​ရှင်​ယေ​ရှု​ခ​ရစ်​ကြွ​လာ​တော်​မူ မည်​ကို​စောင့်​မျှော်​လျက်​နေ​စဉ် သင်​တို့​မ​ခံ​စား ကြ​ရ​သည့်​ကောင်း​ချီး​မင်္ဂ​လာ​ဟူ​၍​မ​ရှိ။- \v 8 ငါ​တို့​အရှင်​ယေ​ရှု​ခ​ရစ်​တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​တွင် သင်​တို့​သည်​အ​ပြစ်​နှင့်​ကင်း​စင်​စေ​ရန် ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဆုံး​တိုင်​အောင် တည်​ကြည်​စေ​တော်​မူ​လိမ့်​မည်။- \v 9 ဘု​ရား​သ​ခင်​သည်​သစ္စာ​စောင့်​တော်​မူ​၏။ ကိုယ်​တော် သည်​သင်​တို့​အား​မိ​မိ​၏​သား​တော်​တည်း​ဟူ​သော ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့်​မိတ်​သ​ဟာ​ယ ဖွဲ့​စေ​ရန် သင်​တို့​ကို​ရွေး​ကောက်​တော်​မူ​ပေ​သည်။ \s1 အ​သင်း​တော်​ထဲ​တွင်​စိတ်​ဝမ်း​ကွဲ​ကြ​ခြင်း \p \v 10 ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​သင်​တို့​အား​တောင်း ပန်​ပါ​၏။ စိတ်​ဝမ်း​ကွဲ​ပြား​မှု​မ​ရှိ​စေ​ရန်​သင် တို့​စ​ကား​အ​ပြော​အ​ဆို​တွင်​ညီ​ညွတ်​မှု​ရှိ ကြ​လော့။ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြင့်​စည်း​လုံး မှု​ရှိ​ကြ​လော့။- \v 11 ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​အ​ချင်း​ချင်း ခိုက်​ရန်​ဖြစ်​လျက်​ရှိ​ကြ​ကြောင်း​ကို က​လော​ဣ ၏​အိမ်​သူ​အိမ်​သား​များ​ထံ​မှ​ငါ​ကြား​သိ ရ​၏။- \v 12 သင်​တို့​တွင်​တစ်​ယောက်​တစ်​မျိုး​စီ​ပြော​နေ​ကြ ၏။ ``ငါ​သည်​ပေါ​လု​၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည် အာ​ပေါ​လု​၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည်​ကေ​ဖ ၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည်​ခ​ရစ်​တော်​၏​တ​ပည့် ဖြစ်​သည်'' ဟု​အ​သီး​သီး​ပြော​ဆို​နေ​ကြ​၏။-\x + \xo 1:12 \xt တ၊ ၁၈:၂၄။\x* \v 13 ခ​ရစ်​တော်​သည်​ကွဲ​ပြား​သ​လော။ ပေါ​လု​သည် သင်​တို့​အ​တွက်​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ အ​သေ ခံ​ပါ​သ​လော။ သို့​တည်း​မ​ဟုတ်​သင်​တို့​သည် ပေါ​လု​၏​နာ​မ​ကို​အ​မှီ​ပြု​၍​ဗတ္တိ​ဇံ​ကို​ခံ ယူ​ခဲ့​ကြ​ပါ​သ​လော။ \p \v 14 ကရိပ္ပု​နှင့်​ဂါ​ယု​မှ​လွဲ​၍​သင်​တို့​အ​ထဲ​မှ​မည်​သူ့ ကို​မျှ​ငါ​သည်​ဗတ္တိ​ဇံ​မ​ပေး​ခဲ့​ပါ။ ယင်း​သို့​မ​ပေး မိ​သည့်​အ​တွက်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​ပါ​၏။-\x + \xo 1:14 \xt တ၊ ၁၈:၈၊ ၁၉:၂၉။ ရော၊ ၁၆:၂၃။\x* \v 15 သို့​ဖြစ်​၍​သင်​တို့​သည်​ငါ​၏​နာ​မ​ကို​အ​မှီ​ပြု ၍​ဗတ္တိ​ဇံ​ခံ​ယူ​ကြ​သည်​ဟု​အ​ဘယ်​သူ​မျှ မ​ပြော​နိုင်။- \v 16 (သ​တေ​ဖန်​၏​အိမ်​သူ​အိမ်​သား​တို့​ကို​လည်း ငါ​ဗတ္တိ​ဇံ​ပေး​ခဲ့​သည်။ ထို​သူ​တို့​မှ​လွဲ​၍ အ​ခြား​မည်​သူ့​ကို​မျှ​ဗတ္တိ​ဇံ​ပေး​သည်​ကို ငါ​မ​မှတ်​မိ။-)\x + \xo 1:16 \xt ၁ကော၊ ၁၆:၁၅။\x* \v 17 ခ​ရစ်​တော်​ငါ့​ကို​စေ​လွှတ်​တော်​မူ​သည်​မှာ ဗတ္တိ​ဇံ​ပေး​ရန်​မ​ဟုတ်။ ခ​ရစ်​တော်​လက်​ဝါး​ကပ် တိုင်​တွင်​အ​သေ​ခံ​ခြင်း​တန်​ခိုး​မ​ပျက်​မ​ပြယ် စေ​ရန် လူ​တို့​၏​ဉာဏ်​ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား များ​ကို​အ​သုံး​မ​ပြု​ဘဲ​သ​တင်း​ကောင်း​ကို ကြေ​ညာ​ရန်​ဖြစ်​သည်။ \s1 ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​နှင့်​ဉာဏ်​ပ​ညာ​တော် ဖြစ်​တော်​မူ​သည့်​ခ​ရစ်​တော် \p \v 18 လက်​ဝါး​ကပ်​တိုင်​တော်​တွင်​ခ​ရစ်​တော်​အ​သေ​ခံ တော်​မူ​ခြင်း​တည်း​ဟူ​သော​တ​ရား​သည်​ဆုံး​ရှုံး မည့်​သူ​များ​အ​တွက်​အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှိ​သည့် အ​ရာ​ဖြစ်​၏။ ကယ်​တင်​ခြင်း​ခံ​ကြ​ရ​သော​ငါ တို့​အ​တွက်​မူ​ကား​ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​ဖြစ်​၏။- \v 19 အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​တွင် \q1 ``ပ​ညာ​ရှိ​တို့​၏​ဉာဏ်​ပ​ညာ​ကို​ငါ​ဖျက်​ဆီး​မည်။ \q2 အ​သိ​ပ​ညာ​ရှင်​တို့​၏​အ​သိ​ပ​ညာ​ကို​လည်း ငါ​ပယ်​ရှား​မည်'' \m ဟု​ရေး​သား​ဖော်​ပြ​ထား​သော​ကြောင့်​ဖြစ်​၏။-\x + \xo 1:19 \xt ဟေရှာ၊ ၂၉:၁၄။\x* \v 20 သို့​ဖြစ်​၍​ပ​ညာ​ရှိ​များ၊ အ​သိ​ပ​ညာ​ရှင်​များ၊ ဤ​လော​က​တွင်​စ​ကား​စစ်​ထိုး​တတ်​သူ​များ ကား အ​ဘယ်​အ​ခြေ​အ​နေ​မှာ​ရှိ​ပါ​သ​နည်း။ ဘု​ရား​သ​ခင်​သည်​လော​ကီ​ဉာဏ်​ပ​ညာ​ကို အ​ချည်း​နှီး​ဖြစ်​စေ​တော်​မူ​လေ​ပြီ။\x + \xo 1:20 \xt ယောဘ၊ ၁၂:၁၇။ ဟေရှာ၊ ၁၉:၁၂၊ ၃၃:၁၈၊ ၄၄:၂၅။\x* \p \v 21 လူ​သည်​မိ​မိ​ကိုယ်​ပိုင်​ဉာဏ်​ဖြင့်​ဘု​ရား​သ​ခင် အား​မ​သိ​နိုင်​စေ​ရန် ကိုယ်​တော်​သည်​ရွှေ​ဉာဏ် တော်​ဖြင့်​စီ​မံ​ထား​တော်​မူ​၏။ အ​ချည်း​နှီး​သော တ​ရား​ဖြစ်​သည်​ဟု​လူ​တို့​ထင်​မှတ်​သော​ငါ တို့​ကြေ​ညာ​သည့်​သ​တင်း​ကောင်း​အား​ဖြင့် ဘု​ရား​သ​ခင်​သည်​မိ​မိ​ကို​ယုံ​ကြည်​သူ​တို့ အား​ကယ်​တင်​တော်​မူ​ရန်​စီ​မံ​တော်​မူ​ပေ​သည်။- \v 22 ယု​ဒ​အ​မျိုး​သား​တို့​က​နိ​မိတ်​လက္ခ​ဏာ​များ ကို​တောင်း​ခံ​ကြ​၏။ ဂ​ရိ​အ​မျိုး​သား​တို့​က ဉာဏ်​ပ​ညာ​ကို​ရှာ​ဖွေ​ကြ​၏။- \v 23 ငါ​တို့​က​မူ​လက်​ဝါး​ကပ်​တိုင်​တွင်​အ​သေ​ခံ တော်​မူ​သော​ခ​ရစ်​တော်​၏​အ​ကြောင်း​ကို​ဟော ပြော​ကြေ​ညာ​ကြ​၏။ ထို​အ​ကြောင်း​အ​ရာ​သည် ယု​ဒ​အ​မျိုး​သား​တို့​အ​တွက်​မ​နှစ်​မြို့​စ​ရာ၊ လူ​မျိုး​ခြား​တို့​အ​တွက်​အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှိ သည့်​အ​ရာ​ဖြစ်​၏။- \v 24 သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား ဖြစ်​စေ​ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ကြ​ရ​သူ​တို့ အ​တွက်​မူ​ကား ခ​ရစ်​တော်​သည်​ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော်၊ ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​တော် ဖြစ်​ပေ​သည်။- \v 25 ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​မဲ့​မှု​ဟု​ထင်​ရ သော​အ​ရာ​သည် လူ​တို့​ဉာဏ်​ပ​ညာ​ရှိ​မှု​ထက် ပို​၍​ထက်​မြက်​၏။ ဘု​ရား​သခင်​၏​အား​နည်း​မှု ဟု​ထင်​ရ​သော​အ​ရာ​သည်​လူ​တို့​၏​စွမ်း​သန် မှု​ထက်​ပို​၍​အား​ကြီး​၏။ \p \v 26 ညီ​အစ်​ကို​တို့၊ သင်​တို့​ကိုယ်​တိုင်​ရွေး​ကောက်​တော် မူ​ခြင်း​မ​ခံ​ရ​မီ အ​ခြေ​အ​နေ​ကို​စဉ်း​စား​ဆင် ခြင်​ကြ​လော့။ လူ​တို့​အ​မြင်​အား​ဖြင့်​သင်​တို့ အ​ထဲ​တွင်​ပ​ညာ​ရှိ​သူ၊ တန်​ခိုး​ကြီး​သူ၊ မျိုး​ရိုး ဇာ​တိ​ကြီး​မြင့်​သူ​ဟူ​၍​များ​စွာ​မ​ပါ​မ​ရှိ ပေ။- \v 27 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ပ​ညာ​ရှိ​တို့ အ​ရှက်​ရ​စေ​ရန် လော​က​တွင်​မိုက်​မဲ​မှု​ဟု ယူ​ဆ​ရ​သည့်​အ​ရာ​များ​ကို​ရွေး​ချယ်​တော် မူ​၏။- \v 28 လော​က​တွင်​အ​ရေး​ပါ​အ​ရာ​ရောက်​သည်​ဟု ယူ​ဆ​ရ​သည့်​အ​ရာ​များ​ကို​ဖျက်​ဆီး​ရန် အ​ထင် သေး​အ​မြင်​သေး​ခံ​ရ​သည့်​အ​ရာ၊ မ​ထီ​မဲ့​မြင် ပြု​ခြင်း​ခံ​ရ​သည့်​အ​ရာ၊ မ​ရေ​ရာ​သည့်​အ​ရာ တို့​ကို​ရွေး​ချယ်​တော်​မူ​၏။- \v 29 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​အ​ဘယ် သူ​မျှ​ဝါ​ကြွား​စ​ရာ​မ​ရှိ။- \v 30 ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ခ​ရစ်​တော် ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​တော် မူ​၏။ ခ​ရစ်​တော်​အား​ငါ​တို့​၏​ဉာဏ်​ပ​ညာ ဖြစ်​စေ​တော်​မူ​၏။ ကိုယ်​တော်​အား​ဖြင့်​ဘု​ရား သ​ခင်​သည် ငါ​တို့​ကို​မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက် သွယ်​စေ​တော်​မူ​၍ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​ဖြစ်​လျက်​လွတ်​မြောက်​ခွင့်​ကို​ရ​ရှိ ကြ​၏။- \v 31 ထို့​ကြောင့်​ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ​မည်​သူ မ​ဆို​ဝါ​ကြွား​လို​လျှင် ဘု​ရား​ရှင်​ပြု​တော်​မူ သော​အ​မှု​တော်​အ​တွက်​သာ​လျှင်​ဝါ​ကြွား​စေ။\x + \xo 1:31 \xt ယေ၊ ၉:၂၄။\x* \c 2 \s1 ခ​ရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း​တည်း​ဟူ​သော တ​ရား​တော် \p \v 1 သို့​ဖြစ်​သော​ကြောင့်​ညီ​အစ်​ကို​တို့၊ ငါ​သည် သင်​တို့​ထံ​သို့​လာ​ရောက်​၍ ဘု​ရား​သ​ခင်​၏ နက်​နဲ​သော​သမ္မာ​တရား​တော်​ကို​ဟော​ပြော​စဉ် အ​ခါ​က​ထည်​ဝါ​သော​စ​ကား​များ၊ အ​သိ ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား​များ​ဖြင့်​ဟော ပြော​သည်​မဟုတ်။- \v 2 သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က​ငါ​သည် ယေ​ရှု​ခ​ရစ်​၏​အ​ကြောင်း၊ အ​ထူး​သ​ဖြင့်​လက် ဝါး​ကပ်​တိုင်​တွင်​ကိုယ်​တော်​အ​သေ​ခံ​တော်​မူ သည့်​အ​ကြောင်း​မှ​လွဲ​၍ အ​ခြား​အ​ရာ​မှန် သ​မျှ​ကို​မေ့​ပျောက်​ပစ်​ရန်​စိတ်​ပိုင်း​ဖြတ် ထား​၏။- \v 3 သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​ထံ​သို့​လာ​ချိန် ၌ အား​နည်း​၍​ကြောက်​ရွံ့​တုန်​လှုပ်​လျက်၊-\x + \xo 2:3 \xt တ၊ ၁၈:၉။\x* \v 4 ဟော​ပြော​သွန်​သင်​ရာ​၌​လူ​တို့​၏​ဉာဏ်​ပညာ နှင့်​ယှဉ်​သော​စ​ကား​များ​ကို​အ​သုံး​မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​တန်​ခိုး​ပါ​ရှိ သည့်​စ​ကား​များ​ကို​သာ​အ​သုံး​ပြု​၏။- \v 5 သို့​ဖြစ်​၍​သင်​တို့​၏​ယုံ​ကြည်​မှု​သည်​လူ​တို့​၏ အ​သိ​ဉာဏ်​အ​ပေါ်​တွင်​အ​မှီ​မ​ပြု​ဘဲ ဘု​ရား သ​ခင်​၏​တန်​ခိုး​တော်​အ​ပေါ်​တွင်​အ​မှီ​ပြု ပေ​သည်။ \s1 ဘု​ရား​သ​ခင်​၏​ဉာဏ်​ပညာ​တော် \p \v 6 သို့​သော်​လည်း​ငါ​သည်​ဉာဏ်​ပညာ​နှင့်​ယှဉ်​သော စ​ကား​ကို​ဝိ​ညာဉ်​ရေး​ရင့်​ကျက်​သူ​တို့​အား ပြော​ဆို​ပါ​၏။ သို့​ရာ​တွင်​ထို​ဉာဏ်​ပညာ​ကား ဤ​လော​က​နှင့်​မ​သက်​ဆိုင်။ လော​ကီ​မင်း​များ နှင့်​လည်း​မ​သက်​ဆိုင်။ လော​ကီ​မင်း​တို့​၏ တန်​ခိုး​အာ​ဏာ​ကား​လျော့​နည်း​လျက်​နေ ပေ​သည်။- \v 7 ငါ​သည်​ဘု​ရား​သ​ခင်​၏​နက်​နဲ​သော​ဉာဏ်​ပညာ တော်​အ​ကြောင်း​ကို​ဟော​ပြော​၏။ ထို​ဉာဏ်​ပ​ညာ ကား​လူ​သား​တို့​ထံ​မှ​ဘု​ရား​သ​ခင်​လျှို့​ဝှက် ထား​သော​အ​ရာ​ဖြစ်​၏။ သို့​သော်​ငါ​တို့​ဘုန်း အ​သ​ရေ​ခံ​စား​ရ​စေ​ရန် ကမ္ဘာ​လော​က​ကို ဖန်​ဆင်း​တော်​မ​မူ​မီ​က​ပင်​လျှင် ဘု​ရား သ​ခင်​စီ​ရင်​သော​ဉာဏ်​ပညာ​ဖြစ်​၏။- \v 8 လော​ကီ​မင်း​တို့​အ​နက်​အ​ဘယ်​သူ​မျှ​ဤ ဉာဏ်​ပညာ​တော်​အ​ကြောင်း​ကို​မ​သိ​နား​မ​လည် ကြ။ အ​ကယ်​၍​သိ​ရှိ​နား​လည်​ကြ​ပါ​မူ​သူ တို့​သည်​ဘုန်း​အ​သ​ရေ​တော်​ရှင်​ကို​လက်​ဝါး ကပ်​တိုင်​တွင်​တင်​၍​သတ်​ကြ​မည်​မ​ဟုတ်။- \v 9 သို့​သော်​လည်း​ကျမ်း​စာ​လာ​သည်​အ​တိုင်း၊ \q1 ``ဘု​ရား​သ​ခင်​သည်​အ​ဘယ်​သူ​မျှ​မ​မြင်​မ​ကြား စ​ဖူး၊ ဖြစ်​နိုင်​လိမ့်​မည်​ဟု \q2 အ​ဘယ်​သူ​မျှ​မ​ထင်​မ​မှတ်​ဘူး​သည့်၊အ​မှု​အ​ရာ​ကို \q1 မိ​မိ​အား​ချစ်​သော​သူ​တို့​အ​ဖို့​ပြင်​ဆင်​ထား​တော် မူ​၏။''\x + \xo 2:9 \xt ဟေရှာ၊ ၆၄:၄။\x* \p \v 10 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား မိ​မိ ၏​လျှို့​ဝှက်​ချက်​ကို​ဝိ​ညာဉ်​တော်​အား​ဖြင့်​ဖော်​ပြ တော်​မူ​၏။ ဝိ​ညာဉ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို သာ​မ​က ဘု​ရား​သ​ခင်​၏​လျှို့​ဝှက်​နက်​နဲ​သော အ​ကြံ​အ​စည်​တော်​တို့​ကို​ပင်​စူး​စမ်း​ရှာ​ဖွေ တော်​မူ​ပေ​သည်။- \v 11 လူ​တစ်​စုံ​တစ်​ယောက်​၏​အ​ကြောင်း​အ​လုံး​စုံ ကို ထို​လူ​အ​တွင်း​၌​ရှိ​သော​စိတ်​ဝိ​ညာဉ်​ကသာ သိ​၏။ ထို​နည်း​တူ​ဘု​ရား​သ​ခင်​၏​အ​ကြောင်း တော်​အ​လုံး​စုံ​ကို ကိုယ်​တော်​၏​ဝိ​ညာဉ်​တော် က​သာ​သိ​တော်​မူ​၏။- \v 12 ငါ​တို့​သည်​ဤ​လော​က​နှင့်​သက်​ဆိုင်​သည့် ဝိ​ညာဉ်​ကို​ခံ​ယူ​ကြ​ရ​သည်​မ​ဟုတ်။ ဘု​ရား သ​ခင်​ပေး​သ​နား​တော်​မူ​သ​မျှ​ကို​သိ​ခြင်း ငှာ ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သည့်​ဝိ​ညာဉ် တော်​ကို​ခံ​ယူ​ကြ​ရ​ပြီ။ \p \v 13 သို့​ဖြစ်​၍​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​တို့ အား ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​သစ္စာ​တရား​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​ရှင်း​လင်း​ဖော်​ပြ​ရာ​၌ ငါ​တို့​သည်​လူ့​အ​သိ​ဉာဏ်​နှင့်​ယှဉ်​သည့် စ​ကား​များ​ကို​အ​သုံး​မ​ပြု။ ဝိ​ညာဉ်​တော် သွန်​သင်​ပေး​သည့်​စ​ကား​များ​ကို​သာ အ​သုံး​ပြု​ကြ​၏။- \v 14 ဝိ​ညာဉ်​တော်​ကို​မ​ခံ​မ​ယူ​သူ​သည်​ဝိ​ညာဉ် တော်​ချ​ပေး​သည့်​ဆု​ကျေး​ဇူး​များ​ကို​မ​ခံ စား​နိုင်။ ဝိ​ညာဉ်​ရေး​ကို​အ​ခြေ​ခံ​မှ​သာ​လျှင် ထို​အ​ရာ​များ​၏​တန်​ဖိုး​ကို​အ​ကဲ​ဖြတ်​နိုင် သ​ဖြင့် ဝိ​ညာဉ်​တော်​မ​ခံ​မ​ယူ​သူ​သည်​ဝိ​ညာဉ် ဆု​ကျေး​ဇူး​များ​အ​ကြောင်း​ကို​အ​ကယ်​ပင် နား​မ​လည်​နိုင်။ သူ​၏​အ​တွက်​ထို​အ​ရာ​တို့ သည်​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကင်း​မဲ့​သော​အ​ရာ များ​သာ​လျှင်​ဖြစ်​ပေ​သည်။- \v 15 ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​သည်​အ​ရာ ခပ်​သိမ်း​၏​တန်​ဖိုး​ကို​အ​ကဲ​ဖြတ်​နိုင်​၏။ သို့ ရာ​တွင်​ထို​သူ့​အား​မည်​သူ​မျှ​အ​ကဲ​ဖြတ် ၍​မရ။- \v 16 ကျမ်း​စာ​တော်​တွင်၊ \q1 ``အ​ဘယ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ရှင်​၏ စိတ်​သ​ဘော​တော်​ကို​သိ​ပါ​သ​နည်း။ \q2 အ​ဘယ်​သူ​သည်​ကိုယ်​တော်​အား​အ​ကြံ​ဉာဏ် ပေး​နိုင်​ပါ​သ​နည်း'' \m ဟူ​၍​ပါ​ရှိ​သည်​အတိုင်း​ပင်​ဖြစ်​၏။ ငါ​တို့​မူ​ကား ခ​ရစ်​တော်​၏​စိတ်​သ​ဘော​တော်​ကို​ရ​ရှိ​ကြ​၏။\x + \xo 2:16 \xt ဟေရှာ၊ ၄၀:၁၃။\x* \c 3 \s1 ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​များ \p \v 1 ညီ​အစ်​ကို​တို့၊ အ​မှန်​အား​ဖြင့်​ဆို​သော်​ငါ​သည် သင်​တို့​အား ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​များ အ​နေ​ဖြင့်​ပြော​ဆို​၍​မ​ဖြစ်။ လော​ကီ​သား​များ သ​ဖွယ်​အ​နေ​ဖြင့်​လည်း​ကောင်း၊ ခ​ရစ်​ယာန်​သက် တွင်​ကလေး​သူ​ငယ်​များ​အ​နေ​ဖြင့်​လည်း​ကောင်း ပြော​ဆို​ရ​၏။- \v 2 ကြေ​ခဲ​သော​အ​စား​အ​စာ​ကို​သင်​တို့​မ​စား နိုင်​ကြ​သေး​သ​ဖြင့် ငါ​သည်​သင်​တို့​အား​နို့ ကို​သာ​တိုက်​ကျွေး​ရ​၏။ ယ​ခု​တိုင်​အောင်​သင် တို့​သည်​အ​စာ​မ​ကြေ​နိုင်​ကြ။-\x + \xo 3:2 \xt ဟေဗြဲ၊ ၅:၁၂-၁၃။\x* \v 3 သင်​တို့​သည်​လော​ကီ​သား​များ​အ​ဆင့်​အ​တန်း ၌​သာ​နေ​ကြ​သေး​၏။ အ​ချင်း​ချင်း​မ​နာ​လို လျက်၊ ရန်​ဖြစ်​လျက်​နေ​ကြ​သည်​မှာ​လော​ကီ သား​အ​ဆင့်​အ​တန်း​၌​ပင်​သင်​တို့​ရှိ​နေ​ကြ သေး​၍​မ​ဟုတ်​ပါ​လော။ လော​ကီ​ထုံး​စံ​အ​တိုင်း ကျင့်​ကြံ​နေ​ကြ​ခြင်း​ပင်​မ​ဟုတ်​ပါ​လော။- \v 4 ငါ​သည်​ပေါ​လု​တ​ပည့်​ဖြစ်​သည်၊ ငါ​သည် အာ​ပေါ​လု​တ​ပည့်​ဖြစ်​သည်​ဟု​သင်​တို့​ဆို သည့်​အ​ခါ သင်​တို့​သည်​လော​ကီ​ဆန်​သူ များ​ကဲ့​သို့​ပြု​မူ​ခြင်း​ပင်​မ​ဟုတ်​ပါ​လော။\x + \xo 3:4 \xt ၁ကော၊ ၁:၁၂။\x* \p \v 5 အာ​ပေါ​လု​ကား​အ​ဘယ်​သူ​နည်း။ ပေါ​လု​ကား အ​ဘယ်​သူ​နည်း။ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​စေ​ခံ​များ​သာ​လျှင်​ဖြစ်​၍ သင်​တို့​ယုံ​ကြည် လာ​စေ​ရန်​ပြု​စု​ပေး​ကြ​သူ​များ​ဖြစ်​၏။ ငါ တို့​တစ်​ဦး​စီ​သည်​သ​ခင်​ဘု​ရား​ခွဲ​ဝေ​သတ် မှတ်​ပေး​တော်​မူ​သော​တာ​ဝန်​အ​သီး​သီး ကို​ထမ်း​ဆောင်​ကြ​ရ​သည်။- \v 6 ငါ​သည်​မျိုး​စေ့​ကို​စိုက်​၏။ အာ​ပေါ​လု​ကား ရေ​လောင်း​၏။ အ​ပင်​ပေါက်​စေ​တော်​မူ​သော အ​ရှင်​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။-\x + \xo 3:6 \xt တ၊ ၁၈:၄-၁၁၊ ၂၄:၂၈။\x* \v 7 မျိုး​စေ့​ကို​စိုက်​သူ​နှင့်​ရေ​လောင်း​သူ​သည် အ​ဋ္ဌိ​က​မ​ဟုတ်။ အ​ပင်​ပေါက်​စေ​တော်​မူ သော​သူ​တည်း​ဟူ​သော​ဘု​ရား​သ​ခင်​သာ လျှင်​အ​ဋ္ဌိ​က​ဖြစ်​တော်​မူ​၏။- \v 8 မျိုး​စေ့​ကို​စိုက်​သူ​နှင့်​ရေ​လောင်း​သူ​တို့​သည် တန်း​တူ​ရည်​တူ​ဖြစ်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့ ၏​အား​ထုတ်​မှု​နှင့်​အ​ညီ​အ​ကျိုး​ကို​ရ​ရှိ​ကြ ပေ​မည်။- \v 9 ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ထံ​တော်​၌​အ​လုပ် လုပ်​သော​လုပ်​ဖော်​ကိုင်​ဘက်​ဖြစ်​ကြ​၏။ သင်​တို့ သည်​ကား​ဘု​ရား​သ​ခင်​၏​ဥ​ယျာဉ်​တော်​ဖြစ်​၏။ \p သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျောင်း​တော်​တိုက် လည်း​ဖြစ်​၏။- \v 10 ငါ​သည်​ဘု​ရား​သ​ခင်​ပေး​သနား​တော်​မူ​သော ဆု​ကျေး​ဇူး​ကို​အ​သုံး​ပြု​လျက် ကျွမ်း​ကျင်​သော ဗိ​သု​ကာ​ကဲ့​သို့​တိုက်​မြစ်​ကို​ချ​ခဲ့​၏။ အ​ခြား သူ​တစ်​ဦး​က​ထို​တိုက်​မြစ်​ပေါ်​တွင်​တည်​ဆောက် ၏။ သို့​ရာ​တွင်​ထပ်​ဆင့်​၍​တည်​ဆောက်​သူ​တိုင်း သည်​မိ​မိ​အ​ဘယ်​သို့​တည်​ဆောက်​သည်​ကို သ​တိ​ပြု​စေ။- \v 11 ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော​ချ​ထား​ပြီး​တိုက် မြစ်​မှ​တစ်​ပါး အ​ခြား​တိုက်​မြစ်​ကို​အ​ဘယ် သူ​မျှ​မ​ချ​နိုင်။- \v 12 လူ​အ​ချို့​တို့​သည်​ထို​တိုက်​မြစ်​ပေါ်​တွင်​ရွှေ၊ ငွေ၊ ကျောက်​သံ​ပတ္တ​မြား​ဖြင့်​ထပ်​ဆင့်​တည်​ဆောက် ကြ​လိမ့်​မည်။ လူ​အ​ချို့​တို့​က​မူ​သစ်​သား၊ မြက် ခြောက်​သို့​မ​ဟုတ်​ကောက်​ရိုး​ဖြင့်​ထပ်​ဆင့် တည်​ဆောက်​ကြ​လိမ့်​မည်။- \v 13 ထို​သူ​တစ်​ယောက်​စီ​၏​တည်​ဆောက်​မှု​အ​ရည် အ​သွေး​သည် ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​ရာ​နေ့ ၌​သိ​သာ​ထင်​ရှား​လိမ့်​မည်။ ထို​နေ့​၌​မီး​လျှံ သည်​လူ​တိုင်း​၏​အ​လုပ်​ကို​ထင်​ပေါ်​စေ​လိမ့်​မည်။ ထို​မီး​သည်​လူ​အ​သီး​သီး​တို့​၏​အ​လုပ် အ​ရည်​အ​သွေး​ကို​စစ်​ဆေး​ပေး​လိမ့်​မည်။- \v 14 တိုက်​မြစ်​ပေါ်​တွင်​တည်​ဆောက်​သည့်​အ​ရာ​သည် ထို​မီး​၏​ဒဏ်​ကို​ခံ​နိုင်​လျှင်​တည်​ဆောက်​သူ​သည် အ​ကျိုး​ကို​ခံ​ရ​လိမ့်​မည်။- \v 15 သို့​ရာ​တွင်​မိ​မိ​အ​လုပ်​မီး​လောင်​သွား​လျှင် တည် ဆောက်​သူ​သည်​အ​ရှုံး​ရ​လိမ့်​မည်။ သို့​သော်​ထို သူ​ကိုယ်​တိုင်​မူ​ကား မီး​လျှံ​ဘေး​မှ​လွတ်​မြောက် သူ​သ​ဖွယ်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ \p \v 16 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ဖြစ် သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ် တော်​သည်​သင်​တို့​အ​ထဲ​၌​ကျိန်း​ဝပ်​တော်​မူ သည်​ကို​လည်း​ကောင်း​သိ​ကြ​သည်​မ​ဟုတ်​ပါ လော။-\x + \xo 3:16 \xt ၁ကော၊ ၆:၁၉။ ၂ကော၊ ၆:၁၆။\x* \v 17 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို ဖျက်​ဆီး​သော​သူ​ကို ဘု​ရား​သ​ခင်​ဖျက်​ဆီး တော်​မူ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား သ​ခင်​၏​ဗိ​မာန်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ် တော်​မူ​၍ သင်​တို့​ကိုယ်​တိုင်​ပင်​လျှင်​ကိုယ်​တော် ၏​ဗိ​မာန်​တော်​ဖြစ်​သော​ကြောင့်​တည်း။ \p \v 18 အ​ဘယ်​သူ​မျှ​မိ​မိ​ကိုယ်​ကို​မ​လှည့်​စား​စေ​နှင့်။ လော​ကီ​စံ​နှုန်း​အ​ရ​မိ​မိ​ကိုယ်​ကို​ပ​ညာ​ရှိ သည်​ဟု​ထင်​မှတ်​သော​သူ​သည် အ​မှန်​ပင်​ပ​ညာ ရှိ​ဖြစ်​လာ​စေ​ရန်​လူ​မိုက်​ဖြစ်​ပါ​စေ။- \v 19 ဉာဏ်​ပ​ညာ​ဟူ​၍​ဤ​လော​က​သား​တို့​ထင်​မှတ် ကြ​သည့်​အ​ရာ​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် ၌​မိုက်​မဲ​မှု​သာ​လျှင်​ဖြစ်​၏။ ကျမ်း​စာ​တော်​တွင် ``ဘု​ရား​သ​ခင်​သည်​ပ​ညာ​ရှိ​များ​အား​မိ​မိ တို့​ကိုယ်​တိုင်​အ​သုံး​ပြု​သည့်​ပ​ရိ​ယာယ်​အား ဖြင့်​ပင်​လျှင်​ထောင်​ချောက်​တွင်​မိ​စေ​တော်​မူ​၏'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်။-\x + \xo 3:19 \xt ယောဘ၊ ၅:၁၃။\x* \v 20 ထို့​အ​ပြင်​အ​ခြား​ကျမ်း​စာ​တော်​တစ်​ချက် က ``ပ​ညာ​ရှိ​တို့​၏​အ​ကြံ​အ​စည်​သည်​အ​ချည်း နှီး​ဖြစ်​ကြောင်း​ကို​ထာ​ဝ​ရ​ဘု​ရား​သိ​တော် မူ​၏'' ဟု​ဆို​ချေ​သည်။-\x + \xo 3:20 \xt ဆာ၊ ၉၄:၁၁။\x* \v 21 သို့​ဖြစ်​၍​လူ​၏​စွမ်း​ရည်​အ​ကြောင်း​ကို​မည်​သူ မျှ​မ​ဝါ​ကြွား​စေ​နှင့်။ အ​မှန်​စင်​စစ်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သင်​တို့​ပိုင်​ကြ​၏။- \v 22 ပေါ​လု၊ အာ​ပေါ​လု၊ ပေ​တ​ရု​တို့​ကို​လည်း​ကောင်း၊ ဤ​ကမ္ဘာ​လော​က​ကြီး​ကို​လည်း​ကောင်း၊ အ​သက် ရှင်​ခြင်း​နှင့်​သေ​ခြင်း​တို့​ကို​လည်း​ကောင်း၊ မျက် မှောက်​ကာ​လ​နှင့်​အ​နာ​ဂတ်​ကာ​လ​တို့​ကို လည်း​ကောင်း​သင်​တို့​ပိုင်​ကြ​၏။- \v 23 သင်​တို့​ကို​ခ​ရစ်​တော်​ပိုင်​တော်​မူ​၍​ခ​ရစ်​တော် ကို​ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​၏။ \c 4 \s1 ခ​ရစ်​တော်​၏​တ​မန်​တော်​များ \p \v 1 ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​နက်​နဲ​သော​သမ္မာ တ​ရား​တော်​ကို​တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သူ ခ​ရစ် တော်​၏​အ​စေ​ခံ​များ​ဖြစ်​သည်​ဟု​သင်​တို့​မှတ် ယူ​သင့်​ကြ​၏။- \v 2 ယင်း​သို့​တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​သူ​တွင်​ရှိ​ရ မည့်​အ​ရည်​အ​ချင်း​တစ်​ခု​ကား မိ​မိ​သ​ခင် ၏​ပေါ်​တွင်​သစ္စာ​စောင့်​ရန်​ပင်​ဖြစ်​ပေ​သည်။- \v 3 ငါ့​အား​သင်​တို့​အား​ဖြင့်​ဖြစ်​စေ၊ လူ့​စံ​နှုန်း​အား ဖြင့်​ဖြစ်​စေ​အ​စစ်​ခံ​ရ​လျှင်​ငါ​သည်​အ​မှု မ​ထား။ ငါ​သည်​မိ​မိ​ကိုယ်​ကို​ပင်​လျှင်​မ​စစ် ကြော​မ​စီ​ရင်​ပြီ။- \v 4 ငါ​၏​သြတ္တပ္ပ​စိတ်​သည်​ကြည်​လင်​လျက်​ရှိ​၏။ ယင်း သို့​ဆို​သော်​ငါ​၌​အြုပစ်​မ​ရှိ​ဟု​မ​ဆို​လို။ ငါ့​ကို စစ်​ကြော​စီ​ရင်​သူ​ကား​သခင်​ဘု​ရား​ပေ​တည်း။- \v 5 သို့​ဖြစ်​၍​နောက်​ဆုံး​တ​ရား​စီ​ရင်​တော်​မူ​ရန် သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​ချိန်​တိုင်​အောင် မည်​သူ့​ကို​မျှ​စီ​ရင်​မှု​မ​ပြု​နှင့်။ ကိုယ်​တော်​သည် လျှို့​ဝှက်​ချက်​မှန်​သ​မျှ​ကို​လည်း​ကောင်း၊ လူ​တို့ ၏​စိတ်​နှ​လုံး​တွင်​ကွယ်​ဝှက်​နေ​သည့်​အ​ကြံ​အ​စည် များ​ကို​လည်း​ကောင်း​ထုတ်​ဖော်​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​လူ​တိုင်း​ပင်​ဘု​ရား​သ​ခင်​၏​ထံ​ခံ ထိုက်​သည့်​အ​ချီး​အ​မွမ်း​ကို​ခံ​ကြ​ရ​လတ္တံ့။ \p \v 6 ညီ​အစ်​ကို​တို့၊ သင်​တို့​၏​အ​ကျိုး​ငှာ​ဤ​အ​ကြောင်း အ​ရာ​များ​တွင် အာ​ပေါ​လု​နှင့်​ငါ့​ကိစ္စ​ကို​ဥ​ပ​မာ ထည့်​သွင်း​ဖော်​ပြ​လိုက်​ခြင်း​ဖြစ်​၏။ ထို​သို့​ဖော် ပြ​ရ​ခြင်း​မှာ ``စည်း​မျဉ်း​ကို​ကျော်​လွန်​၍​မ​ပြု နှင့်'' ဟူ​သော​ဆို​ရိုး​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​သင်​တို့​နား​လည်​နိုင်​ကြ​စေ​ရန်​ဖြစ်​၏။ သင် တို့​သည်​တစ်​ယောက်​ကို​ချီး​မွမ်း​၍​အ​ခြား တစ်​ယောက်​ကို​မ​ထီ​လေး​စား​မ​ပြု​ကြ​နှင့်။- \v 7 အ​ဘယ်​သူ​သည်​သင်​တို့​အား​သူ​တစ်​ပါး ထက်​ထူး​ကဲ​စေ​ပါ​သ​နည်း။ သင်​တို့​တွင်​ရှိ သ​မျှ​သော​အ​ရာ​တို့​သည် ဘု​ရား​သ​ခင် ချ​ပေး​တော်​မူ​သော​အ​ရာ​များ​မ​ဟုတ် ပါ​လော။ သို့​ဖြစ်​ပါ​လျက်​သင်​တို့​ရ​ရှိ​ထား သော​အ​ရာ​များ​သည် ဘု​ရား​သ​ခင်​ချ​ပေး တော်​မူ​သော​ဆု​ကျေး​ဇူး​များ​မ​ဟုတ် သ​ကဲ့​သို့ သင်​တို့​အ​ဘယ်​ကြောင့်​ကြွား ဝါ​သ​နည်း။ \p \v 8 သင်​တို့​သည်​လို​လေ​သေး​မ​ရှိ​အောင်​ပြည့်​စုံ ကြ​ပြီ​လော။ ချမ်း​သာ​ကြွယ်​ဝ​ကြ​လေ​ပြီ လော။ ငါ​တို့​ပင်​ဘု​ရင်​မ​ဖြစ်​ဘဲ​သင်​တို့​သည် ဘု​ရင်​ဖြစ်​ကြ​လေ​ပြီ​လော။ သင်​တို့​ဘု​ရင် ဖြစ်​မှ​သာ​လျှင်​ငါ​တို့​လည်း​သင်​တို့​နှင့် အ​တူ​နန်း​စံ​နိုင်​ကြ​မည်​ဖြစ်​၍ အ​ကယ်​ပင် သင်​တို့​ဘု​ရင်​ဖြစ်​ကြ​ပါ​စေ​ဟု​ငါ​သည် ဆန္ဒ​ပြု​၏။- \v 9 လူ​ထု​အား​ထုတ်​ပြ​ရာ​တွင်​သေ​ဒဏ်​သင့် သူ​များ​အား​နောက်​ဆုံး​မှ​လိုက်​ပါ​စေ​သ​ကဲ့ သို့ ဘု​ရား​သ​ခင်​သည်​လူ​တို့​နှင့်​ကောင်း​ကင် တ​မန်​တို့​ရှု​စား​ကြ​စေ​ရန် ငါ​တို့​တ​မန် တော်​များ​အား​နောက်​ဆုံး​နေ​ရာ​တွင်​ထား တော်​မူ​သည်​ဟု​ငါ​ထင်​မှတ်​၏။- \v 10 ငါ​တို့​သည်​ခ​ရစ်​တော်​အ​တွက်​လူ​မိုက်​ဖြစ် ရ​၏။ သင်​တို့​ကား​ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​သူ​ပ​ညာ​ရှိ​များ​ဖြစ်​ကြ သည်။ ငါ​တို့​သည်​ချည့်​နဲ့​သူ၊ သင်​တို့​ကား စွမ်း​သန်​သူ၊ ငါ​တို့​သည်​အ​သ​ရေ​မဲ့​သူ၊ သင်​တို့​ကား​အ​သ​ရေ​ရှိ​သူ​များ​ဖြစ်​ကြ ပါ​သည်​တ​ကား။- \v 11 ယ​ခု​အ​ချိန်​အ​ထိ​ငါ​တို့​သည်​အ​စာ​ရေ စာ​ငတ်​မွတ်​လျက်​ရှိ​ကြ​၏။ အ​ဝတ်​အ​စား နွမ်း​ပါး​ကြ​၏။ ရိုက်​ပုတ်​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ကြ​ရ​၏။ အိမ်​ခြေ​ရာ​ခြေ​မဲ့​လှည့်​လည် ကြ​ရ​၏။- \v 12 လက်​ဖြင့်​ပင်​ပန်း​ကြီး​စွာ​လုပ်​ဆောင်​ကြ​ရ​၏။ ငါ​တို့​သည်​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ ကောင်း​ချီး​ပေး​ကြ​၏။ ညှင်း​ဆဲ​ခြင်း​ခံ​ရ​သော အ​ခါ​သည်း​ခံ​ကြ​၏။-\x + \xo 4:12 \xt တ၊ ၁၈:၃။\x* \v 13 စော်​ကား​ခြင်း​ကို​ခံ​ရ​သော​အ​ခါ​မေတ္တာ​ပို့ ကြ​၏။ ငါ​တို့​ကား​ယ​ခု​တိုင်​အောင်​လော​က ၏​အ​ညစ်​အ​ကြေး၊ လူ​တ​ကာ​စွန့်​ပစ်​သည့် အ​မှိုက်​ကဲ့​သို့​ဖြစ်​ကြ​၏။ \p \v 14 ဤ​သို့​ရေး​ရ​ခြင်း​အ​ကြောင်း​မှာ​သင်​တို့​အား အ​ရှက်​ခွဲ​လို​၍​မ​ဟုတ်။ ငါ​ချစ်​သော​သား​သ​မီး များ​အ​နေ​ဖြင့်​သင်​တို့​အား​သွန်​သင်​လို​၍ ဖြစ်​၏။- \v 15 သင်​တို့​သည်​ခ​ရစ်​တော်​ကို​လက်​ခံ​ပြီး​နောက် သင်​တို့​အား​သွန်​သင်​မည့်​ဆ​ရာ​ထောင်​ပေါင်း များ​စွာ​ရှိ​သော်​လည်း ဖ​ခင်​ကား​တစ်​ဦး​တည်း သာ​ရှိ​ပေ​သည်။ ငါ​သည်​သ​တင်း​ကောင်း​ကို ကြေ​ညာ​ခြင်း​အား​ဖြင့် သင်​တို့​အား​ခ​ရစ်​တော် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​သည့်​မွေး သ​ဖ​ခင်​ဖြစ်​လာ​၏။- \v 16 ထို့​ကြောင့်​ငါ​၏​စံ​န​မူ​နာ​ကို​လိုက်​ကြ​ရန်​ငါ မေတ္တာ​ရပ်​ခံ​ပါ​၏။-\x + \xo 4:16 \xt ၁ကော၊ ၁၁:၁။ ဖိ၊ ၃:၁၇။\x* \v 17 ထို​အ​ကြောင်း​ကြောင့်​ငါ​သည်​တိ​မော​သေ​ကို သင်​တို့​ထံ​သို့​စေ​လွှတ်​လိုက်​ပါ​မည်။ သူ​သည် ခ​ရစ်​ယာန်​သက်​တမ်း​၌ ငါ​ချစ်​မြတ်​နိုး​၍​သစ္စာ ရှိ​သော​သား​ဖြစ်​ပါ​၏။ သူ​သည်​ငါ​လိုက်​လျှောက် ကျင့်​သုံး​သော​အ​ရပ်​ရပ်​ရှိ​အ​သင်း​တော် အ​ပေါင်း​တို့​အား ငါ​ဟော​ပြော​သွန်​သင်​ခဲ့​သော၊ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သော ဘ​ဝ​သစ်​လမ်း​စဉ်​ကို သင်​တို့​အား​ပြန်​လည် သ​တိ​ရ​စေ​ပါ​လိမ့်​မည်။ \p \v 18 သင်​တို့​ထံ​သို့​ငါ​လာ​ရောက်​တော့​မည်​မ​ဟုတ် ဟု​ထင်​မှတ်​ကာ သင်​တို့​အ​နက်​အ​ချို့​သော သူ​တို့​သည်​မာန​ထောင်​လွှား​လျက်​ရှိ​ကြ​၏။- \v 19 သို့​ရာ​တွင်​သ​ခင်​ဘု​ရား​အ​လို​တော်​ရှိ​ပါ​မူ ငါ​သည်​သင်​တို့​ထံ​သို့​မ​ကြာ​မီ​လာ​ခဲ့​ပါ မည်။ ထို​အ​ခါ​ယင်း​သို့​မာန်​မာ​န​ထောင်​လွှား သူ​တို့​၏​နှုတ်​သတ္တိ​ကို​သာ​မ​က သူ​တို့​၏ တန်​ခိုး​စွမ်း​ရည်​ကို​လည်း​ငါ​ကိုယ်​တိုင်​သိ​ရ လိမ့်​မည်။- \v 20 ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​စ​ကား အား​ဖြင့်​မ​တည်။ တန်​ခိုး​၌​တည်​၏။- \v 21 ငါ​သည်​ကြိမ်​လုံး​ကို​ကိုင်​၍​သင်​တို့​ထံ​သို့ လာ​ရ​မည်​လော။ သို့​တည်း​မ​ဟုတ်​မေတ္တာ​နှင့် လည်း​ကောင်း၊ နူး​ညံ့​သိမ်​မွေ့​သော​စိတ်​နှင့်​လည်း ကောင်း​လာ​ရ​မည်​လော။ သင်​တို့​အ​ဘယ်​သို့ အ​လို​ရှိ​ကြ​သ​နည်း။ \c 5 \s1 အ​သင်း​တော်​ဝင်​တို့​တွင်​ကာ​မ​ဂုဏ် လိုက်​စား​မှု​များ​ရှိ​နေ​ခြင်း \p \v 1 မ​ယုံ​ကြည်​သူ​များ​ပင်​လျှင်​ပြု​ကျင့်​ကြ​မည် မ​ဟုတ်​သည့်​ကာ​မ​ဂုဏ်​လိုက်​စား​မှု သင်​တို့​တွင် ရှိ​နေ​ကြောင်း​ကို​ငါ​ကြား​သိ​ရ​၏။ လူ​တစ် ယောက်​သည်​မိ​မိ​၏​မိ​ထွေး​နှင့်​ပေါင်း​သင်း​နေ ထိုင်​လျက်​ရှိ​သည်​ဟု​ငါ​ကြား​သိ​ရ​၏။-\x + \xo 5:1 \xt တရား၊ ၂၂:၃၀။\x* \v 2 သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ်​သို့​ကြွား​ဝါ နိုင်​သ​နည်း။ သင်​တို့​သည်​ဝမ်း​နည်း​ပူ​ဆွေး​သင့် ကြ​၏။ ထို​အ​မှု​ကို​ကူး​လွန်​သူ​အား​သင် တို့​အ​ထဲ​မှ​နှင်​ထုတ်​သင့်​သည်။- \v 3-4 ငါ​သည်​သင်​တို့​ထံ​သို့​ကိုယ်​တိုင်​မ​ရောက်​သော် လည်း​စိတ်​ရောက်​လျက်​ရှိ​၏။ ငါ​ကိုယ်​တိုင်​ပင် သင်​တို့​ထံ​သို့​ရောက်​နေ​ဘိ​သ​ကဲ့​သို့ ထို​ဆိုး ယုတ်​သော​အ​မှု​ကို​ပြု​သူ​အား​ငါ​တို့​အ​ရှင် ယေ​ရှု​၏​နာ​မ​၌ ယ​ခု​ပင်​ငါ​တ​ရား​စီ​ရင် ပြီ။ သင်​တို့​စု​ဝေး​ကြ​စဉ်​ငါ​ကိုယ်​တိုင်​ပင် သင်​တို့​ထံ​တွင်​စိတ်​ရောက်​ရှိ​နေ​မည်။ ငါ​တို့ ၏​အ​ရှင်​ယေ​ရှု​၏​တန်​ခိုး​တော်​အား​ဖြင့် သင်​တို့​နှင့်​အ​တူ​ရှိ​မည်။- \v 5 တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ထို​သူ​၏ ဝိ​ညာဉ်​သည်​ကယ်​တင်​ခြင်း​ခံ​ရ​မည့်​အ​ကြောင်း သူ​၏​ခန္ဓာ​ကို​ဖျက်​ဆီး​ပစ်​ရန်​စာ​တန်​၏ လက်​သို့​ပေး​အပ်​ကြ​လော့။ \p \v 6 သင်​တို့​သည် မာန်​မာ​န​ထောင်​လွှား​နေ​ကြ​ရန် မ​သင့်။ ``တ​ဆေး​အ​နည်း​ငယ်​က မုန့်​ညက် အား​လုံး​ကို​ဖောင်း​ကြွ​စေ​၏'' ဟူ​သော ဆို​ရိုး​စ​ကား​ကို​သင်​တို့​သိ​ကြ​၏။-\x + \xo 5:6 \xt ဂလ၊ ၅:၉။\x* \v 7 တ​ဆေး​ဟောင်း​တည်း​ဟူ​သော​အ​ပြစ်​ဒု​စ​ရိုက် ကို​ပယ်​ရှား​ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့ သည်​လုံး​ဝ​သန့်​စင်​လာ​ကြ​လိမ့်​မည်။ ထို​အ​ခါ သင်​တို့​သည်​တ​ဆေး​မ​ပါ​သော​မုန့်​ညက်​သစ် ကဲ့​သို့​ဖြစ်​လိမ့်​မည်။ ဤ​သို့​သင်​တို့​အ​ကယ်​ပင် ဖြစ်​ကြ​ကြောင်း​ကို​ဧ​ကန်​အ​မှန်​ငါ​သိ​၏။ ငါ တို့​၏​ပ​သ​ခါ​သိုး​တည်း​ဟူ​သော​ခ​ရစ်​တော် အား​ယဇ်​ပူ​ဇော်​ပြီး​ပြီ​ဖြစ်​သ​ဖြင့် ငါ​တို့​၏ ပ​သ​ခါ​ပွဲ​ကျင်း​ပ​ရန်​အ​သင့်​ရှိ​ပေ​ပြီ။-\x + \xo 5:7 \xt ထွ၊ ၁၂:၅။\x* \v 8 သို့​ဖြစ်​၍​အ​ပြစ်​ဒု​စ​ရိုက်​နှင့်​ယုတ်​မာ​သော အ​ကျင့်​တည်း​ဟူ​သော​တ​ဆေး​ဟောင်း​ပါ​သည့် မုန့်​နှင့်​မ​ဟုတ်​ဘဲ ဖြူ​စင်​ခြင်း​နှင့်​သမ္မာ​တ​ရား တည်း​ဟူ​သော​တ​ဆေး​မဲ့​မုန့်​နှင့်​ပ​သ​ခါ​ပွဲ တော်​ကို​ကျင်း​ပ​ကြ​ကုန်​အံ့။\x + \xo 5:8 \xt ထွ၊ ၁၃:၇။ တရား၊ ၁၆:၃။\x* \p \v 9 ယ​ခင်​က​သင်​တို့​ထံ​သို့​ရေး​လိုက်​သော​စာ တွင်​ကာ​မ​ဂုဏ်​လိုက်​စား​သူ​တို့​နှင့်​မ​ပေါင်း ဖော်​ရန်​ငါ​မှာ​ကြား​ခဲ့​၏။- \v 10 သို့​မှာ​ကြား​ရာ​တွင်​ဤ​လော​က​ရှိ​ကာ​မ​ဂုဏ် လိုက်​စား​သူ​များ၊ လော​ဘ​လွန်​ကူး​သူ​များ၊ သူ​ခိုး​များ၊ ရုပ်​တု​ကိုး​ကွယ်​သူ​များ​ကို​မ​ပေါင်း ဖော်​ရ​ဟု​မ​ဆို​လို။ ထို​သူ​တို့​ကို​ရှောင်​ရှား​ရ မည်​ဆို​ပါ​က​သင်​တို့​သည်​ဤ​လော​က​မှ လုံး​ဝ​ထွက်​ခွာ​သွား​ရ​ပေ​လိမ့်​မည်။- \v 11 မိ​မိ​ကိုယ်​ကို​ညီ​အစ်​ကို​ဟု​ဆို​လျက် ကာ​မ ဂုဏ်​လိုက်​စား​သူ​များ၊ လော​ဘ​လွန်​ကူး​သူ များ၊ ရုပ်​တု​ဆင်း​တု​ကို​ကိုး​ကွယ်​သူ​များ၊ သူ တစ်​ပါး​အ​သ​ရေ​ကို​ဖျက်​သူ​များ၊ သေ​သောက် ကြူး​သူ​များ၊ သူ​ခိုး​များ​ဖြစ်​သူ​တို့​ကို​ဆို လို​၏။ ထို​လူ​စား​မျိုး​နှင့်​အ​တူ​စား​သောက် ခြင်း​ကို​ပင်​မ​ပြု​ကြ​နှင့်။ \p \v 12-13 အ​သင်း​တော်​ဝင်​မ​ဟုတ်​သူ​တို့​ကို​စစ်​ကြော စီ​ရင်​ရန်​မှာ ငါ​၏​အ​လုပ်​မ​ဟုတ်။ ထို​သူ​တို့ ကို​ဘု​ရား​သ​ခင်​စစ်​ကြော​စီ​ရင်​တော်​မူ လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့ ၏​အ​သင်း​တော်​ဝင်​တို့​ကို​စစ်​ကြော​စီ​ရင် သင့်​ကြ​သည်​မ​ဟုတ်​ပါ​လော။ ကျမ်း​စာ တော်​က​ဖော်​ပြ​သည်​အ​တိုင်း ``သင်​တို့ အ​ထဲ​မှ​ဆိုး​ညစ်​သော​သူ​ကို​ပယ်​ရှား ကြ​လော့။''\x + \xo 5:12-13 \xt တရား၊ ၁၃:၅၊ ၁၇:၇။\x* \c 6 \s1 ခ​ရစ်​ယာန်​ညီ​အစ်​ကို​အ​ချင်း​ချင်း တ​ရား​စွဲ​ဆို​ခြင်း \p \v 1 သင်​တို့​အ​ချင်း​ချင်း​အ​မှု​ဖြစ်​ပွား​လျှင် ဘု​ရား သ​ခင်​လူ​စု​တော်​၏​စီ​ရင်​ဆုံး​ဖြတ်​ခြင်း​ကို​ခံ မည့်​အ​စား အ​ဘယ်​ကြောင့်​ဘု​ရား​မ​ရှိ​သည့် တ​ရား​သူ​ကြီး​များ​ထံ​သို့​သွား​ကြ​ပါ သ​နည်း။- \v 2 ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်​ကမ္ဘာ​လော​က ကို​တ​ရား​စီ​ရင်​ရ​မည်​ဖြစ်​ကြောင်း သင်​တို့ မ​သိ​ကြ​ပါ​သ​လော။ ကမ္ဘာ​လော​က​ကို​တ​ရား စီ​ရင်​ရ​မည့်​သင်​တို့​သည် အ​မှု​ကိစ္စ​အ​သေး အ​ဖွဲ​က​လေး​များ​ကို​မ​စီ​ရင်​မ​ဆုံး​ဖြတ် နိုင်​ပါ​သ​လော။- \v 3 ငါ​တို့​သည်​ကောင်း​ကင်​တ​မန်​များ​ကို​တ​ရား စီ​ရင်​ရ​ကြ​မည်​ဖြစ်​ကြောင်း မ​သိ​သ​လော။- \v 4 ထို​အ​မှု​ကိစ္စ​မျိုး​ပေါ်​ပေါက်​လာ​သော​အ​ခါ အ​သင်း​တော်​နှင့်​မည်​သို့​မျှ​မ​သက်​ဆိုင်​သူ များ​အား​စီ​ရင်​ဆုံး​ဖြတ်​စေ​ကြ​ပါ​မည် လော။- \v 5 သင်​တို့​ရှက်​ဖွယ်​ကောင်း​လှ​၏။ ခ​ရစ်​ယာန်​ညီ​အစ်​ကို အ​ချင်း​ချင်း​အ​မှု​အ​ခင်း​ဖြစ်​ပွား​ကြ​သော​အ​ခါ အ​သင်း​တော်​နှင့်​တ​ရား​စီ​ရင်​ဆုံး​ဖြတ်​နိုင်​သူ ပ​ညာ​ရှိ​တစ်​ယောက်​မျှ​မ​ရှိ​သ​လော။- \v 6 မ​ယုံ​ကြည်​သူ​တ​ရား​သူ​ကြီး​များ​၏​ရှေ့​တွင် ညီ​အစ်​ကို​အ​ချင်း​ချင်း​တ​ရား​စွဲ​ဆို​ကြ​ပါ သည်​တ​ကား။ \p \v 7 ဤ​သို့​အ​ချင်း​ချင်း​တ​ရား​စွဲ​ဆို​ခြင်း​သည် သင် တို့​၏​အ​တွက်​ဆုံး​ရှုံး​မှု​ဖြစ်​စေ​၏။ တ​ရား​စွဲ​ဆို မည့်​အ​စား မ​တ​ရား​ပြု​ခြင်း​ကို​ခံ​သည်​က​ပို ၍​မ​ကောင်း​ပါ​လော။ လု​ယက်​ခြင်း​ခံ​ရ​သည် က​ပို​၍​မ​ကောင်း​ပါ​လော။- \v 8 သင်​တို့​သည်​ဤ​သို့​ခံ​မည့်​အ​စား​ညီ​အစ်​ကို ရင်း​အ​ချင်း​ချင်း​ကို​ပင်​လျှင် မ​တော်​မ​တ​ရား ပြု​ကြ​၏။ လု​ယက်​ကြ​၏။- \v 9 ဆိုး​ညစ်​သော​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​သား​ဖြစ်​ကြ​ရ​လိမ့်​မည်​မ​ဟုတ် ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော။ လွဲ​မှား​၍ မ​ထင်​ကြ​နှင့်။ ကာ​မ​ဂုဏ်​လိုက်​စား​သူ​များ၊ ရုပ်​တု​ကို​ကိုး​ကွယ်​သူ​များ၊ သူ့​သား​အိမ်​ရာ ကို​ပြစ်​မှား​သူ​များ၊ ယောကျာ်း​အ​ချင်း​ချင်း မှား​ယွင်း​သူ​များ၊- \v 10 သူ​ခိုး​များ၊ လော​ဘ​လွန်​ကူး​သူ​များ၊ သေ သောက်​ကြူး​သူ​များ၊ ဆဲ​ရေး​တိုင်း​ထွာ​သူ​များ နှင့်​လု​ယက်​တိုက်​ခိုက်​သူ​များ​သည် ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​သား​ဖြစ်​ကြ​ရ​လိမ့်​မည် မ​ဟုတ်။- \v 11 ယ​ခင်​က​သင်​တို့​တွင်​အ​ချို့​သော​သူ​တို့​သည် ထို​သို့​ဆိုး​ယုတ်​သူ​များ​ဖြစ်​ခဲ့​သော်​လည်း အ​ပြစ်​မှ​ဆေး​ကြော​သုတ်​သင်​ခြင်း​ကို​ခံ ကြ​ရ​ပြီ။ ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​သူ များ​ဖြစ်​ကြ​ပြီ။ အ​ရှင်​ယေ​ရှု​ခ​ရစ်​အား ဖြင့်​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​အား​ဖြင့်​လည်း​ကောင်း သင်​တို့ သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် ခွင့်​ကို​ရ​ရှိ​ကြ​ပြီ။ \b \s1 သင်​တို့​ကိုယ်​ခန္ဓာ​ကို​ဘု​ရား​သ​ခင် ဘုန်း​အ​သ​ရေ​တော်​အ​တွက်​အ​သုံး​ပြု​ကြ​လော့ \p \v 12 သင်​တို့​က``ငါ​တို့​သည်​အ​ဘယ်​အ​မှု​ကို​မ​ဆို ပြု​နိုင်​ခွင့်​ရှိ​၏'' ဟု​ဆို​ကြ​လိမ့်​မည်။ သင်​တို့ ဆို​သည်​အ​တိုင်း​မှန်​ပေ​၏။ သို့​သော်​အ​ရာ ခပ်​သိမ်း​သည် သင်​တို့​အ​ဖို့​အ​ကျိုး​မ​ရှိ​နိုင်။ ငါ​သည်​အ​ဘယ်​အ​မှု​ကို​မ​ဆို​ပြု​ပိုင်​ခွင့် ရှိ​သည်​ဟု​ဆို​နိုင်​သော်​လည်း အ​ဘယ်​အ​မှု က​မျှ​ငါ့​အား​၎င်း​၏​ကျွန်​ဖြစ်​စေ​ရန်​ငါ အ​ခွင့်​ပေး​လိမ့်​မည်​မ​ဟုတ်။-\x + \xo 6:12 \xt ၁ကော၊ ၁၀:၂၃။\x* \v 13 ``အ​စား​အ​စာ​သည်​ဝမ်း​အ​တွက်​ဖြစ်​၏။ ဝမ်း သည်​လည်း​အ​စား​အ​စာ​အ​တွက်​ဖြစ်​၏'' ဟု သင်​တို့​ဆို​လိမ့်​မည်။ ဤ​စ​ကား​သည်​မှန်​ပေ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ထို​အ​ရာ​နှစ်​ခု လုံး​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​လိမ့်​မည်။ ကိုယ်​ခန္ဓာ သည်​ကာ​မ​ဂုဏ်​လိုက်​စား​ရန်​အ​တွက်​မ​ဟုတ်။ သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​ရန် အ​တွက်​ဖြစ်​၏။ ဘု​ရား​သ​ခင်​သည်​လည်း​ကိုယ် ခန္ဓာ​လို​အပ်​သည်​များ​ကို​ချ​ပေး​တော်​မူ​၏။- \v 14 ထာ​ဝ​ရ​ဘု​ရား​သည်​သ​ခင်​ဘု​ရား​ကို ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​၏။ ငါ​တို့​ကို လည်း​တန်​ခိုး​တော်​အား​ဖြင့်​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​လိမ့်​မည်။ \p \v 15 သင်​တို့​ကိုယ်​ခန္ဓာ​များ​သည် ခ​ရစ်​တော်​၏​ကိုယ် အင်္ဂါ​များ​ဖြစ်​သည်​ကို​မ​သိ​ကြ​သ​လော။ ငါ သည်​ခ​ရစ်​တော်​၏​ကိုယ်​အင်္ဂါ​ကို​ယူ​၍ ပြည့်​တန် ဆာ​မ​၏​ကိုယ်​အင်္ဂါ​ဖြစ်​စေ​ရ​မည်​လော။ မ​ဖြစ် စေ​နိုင်။- \v 16 ပြည့်​တန်​ဆာ​မ​နှင့်​ဆက်​ဆံ​သော​သူ​သည် ပြည့် တန်​ဆာ​မ​နှင့်​တစ်​သား​တည်း​တစ်​ကိုယ်​တည်း ဖြစ်​သည်​ကို​သင်​တို့​မ​သိ​ကြ​သ​လော။ ကျမ်း စာ​တော်​က ``ထို​သူ​နှစ်​ယောက်​တို့​သည်​တစ် သား​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​လိမ့်​မည်'' ဟု ဆို​ပေ​သည်။-\x + \xo 6:16 \xt က၊ ၂:၂၄။\x* \v 17 သို့​ရာ​တွင်​သ​ခင်​ဘု​ရား​နှင့်​ဆက်​ဆံ​သူ​သည် ဝိ​ညာဉ်​သ​ဘော​အား​ဖြင့်​ကိုယ်​တော်​နှင့်​တစ် သား​တစ်​ကိုယ်​တည်း​ဖြစ်​သ​တည်း။ \p \v 18 ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း​ကို​ရှောင်​ကြ​လော့။ အ​ခြား​အ​ပြစ်​မှန်​သ​မျှ​သည်​လူ​၏​ကိုယ် ခန္ဓာ​အ​ကျိုး​ကို​မ​ထိ​မ​ခိုက်​စေ​နိုင်။ ကာ​မ​ဂုဏ် လိုက်​စား​ခြင်း​အ​ပြစ်​ကို​ကူး​လွန်​သူ​သည် ကား​မိ​မိ​၏​ကိုယ်​ခန္ဓာ​ကို​ပြစ်​မှား​၏။- \v 19 သင်​တို့​ကိုယ်​ခန္ဓာ​သည်​ဘု​ရား​သ​ခင်​သင်​တို့ အ​တွင်း​၌​ကိန်း​အောင်း​တော်​မူ​သော၊ ဘု​ရား သ​ခင်​ပေး​သ​နား​တော်​မူ​၍ ဝိ​ညာဉ်​တော်​၏ ဗိ​မာန်​တော်​ဖြစ်​ကြောင်း​ကို​သင်​တို့​မ​သိ​ကြ သ​လော။ သင်​တို့​ကိုယ်​ကို​သင်​တို့​မ​ပိုင်။ ဘု​ရား သ​ခင်​သာ​လျှင်​ပိုင်​တော်​မူ​၏။-\x + \xo 6:19 \xt ၁ကော၊ ၃:၁၆။ ၂ကော၊ ၆:၁၆။\x* \v 20 ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဖိုး​အ​ခ​ပေး ၍​ဝယ်​ယူ​ထား​တော်​မူ​သ​ဖြင့် သင်​တို့​၏​ကိုယ် ခန္ဓာ​ကို​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​စေ​ရန်​အ​တွက်​အ​သုံး​ပြု​ကြ လော့။ \c 7 \s1 လက်​ထပ်​ထိမ်း​မြား​ခြင်း​ပြ​ဿ​နာ \p \v 1 သင်​တို့​ရေး​သား​ပေး​ပို့​လိုက်​သော​စာ​တွင် ပါ ရှိ​သည့်​အ​ကြောင်း​အ​ရာ​များ​နှင့်​ပတ်​သက်​၍ ဖြေ​ကြား​အံ့။ အ​မျိုး​သား​သည်​အိမ်​ထောင် မ​ပြု​ဘဲ​နေ​နိုင်​လျှင်​ကောင်း​၏။- \v 2 သို့​သော်​ကာ​မ​ဂုဏ်​လိုက်​စား​မှု​များ​လွန်​စွာ များ​ပြား​လျက်​နေ​သ​ဖြင့် အ​မျိုး​သား​တိုင်း မှာ​ဇ​နီး​ရှိ​သင့်​၏။ အ​မျိုး​သမီး​တိုင်း​မှာ​လည်း ခင်​ပွန်း​ရှိ​သင့်​၏။- \v 3 လင်​သည်​မ​ယား​အား​ပြု​သင့်​သည့်​ဝတ်​ကို​လည်း ကောင်း၊ မ​ယား​သည်​လင်​အား​ပြု​သင့်​သည့်​ဝတ်​ကို လည်း​ကောင်း​ပြု​လျက် တစ်​ဦး​၏​အ​လို​ကို​တစ်​ဦး က​ဖြည့်​တင်း​ပေး​ရာ​၏။- \v 4 မ​ယား​သည်​မိ​မိ​ကိုယ်​ခန္ဓာ​ကို​မ​ပိုင်။ လင်​သာ လျှင်​ပိုင်​၏။ ထို​နည်း​တူ​လင်​သည်​မိ​မိ​ကိုယ်​ခန္ဓာ ကို​မ​ပိုင်။ မ​ယား​သာ​လျှင်​ပိုင်​၏။- \v 5 သင်​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ​အ​တွက်​အ​ချိန် ပေး​ရန် ကြို​တင်​သ​ဘော​တူ​ညီ​ချက်​အ​ရ​ခေတ္တ ဆိုင်း​ငံ့​ခြင်း​မှ​တစ်​ပါး မိ​မိ​တို့​၏​လင်​မ​ယား ဝတ်​များ​ကို​မ​ပျက်​မ​ကွက်​ကြ​စေ​နှင့်။ ဆု​တောင်း ပတ္ထ​နာ​ပြု​ချိန်​ကုန်​ဆုံး​သော​အ​ခါ​၌​မူ ပြန် လည်​ပေါင်း​သင်း​၍​နေ​ကြ​လော့။ သို့​မှ​သာ​လျှင် မိ​မိ​တို့​၏​စိတ်​ကို​ချုပ်​တည်း​နိုင်​လျက် စာ​တန် သွေး​ဆောင်​ခြင်း​ကို​ခံ​နိုင်​ကြ​လိမ့်​မည်။ \p \v 6 ဤ​သို့​ဆို​ရာ​၌​ငါ​သည်​သင်​တို့​အား​အ​မိန့်​ပေး ခြင်း​မ​ဟုတ်။ ခွင့်​ပြု​ခြင်း​သာ​ဖြစ်​၏။- \v 7 အ​ကယ်​စင်​စစ်​ငါ​သည်​လူ​တိုင်း​ကို​ငါ​ကဲ့​သို့​ပင် ဖြစ်​စေ​လို​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​လူ တစ်​ဦး​စီ​အား​ထူး​ခြား​သည့်​ဆု​ကျေး​ဇူး​ကို ပေး​တော်​မူ​၏။ \p \v 8 သို့​ဖြစ်​၍​အိမ်​ထောင်​မ​ရှိ​သူ​များ​နှင့်​မု​ဆိုး​မ များ​အား ငါ​ကဲ့​သို့​တစ်​ကိုယ်​တည်း​ဆက်​လက်​နေ ထိုင်​နိုင်​လျှင်​ပို​၍​ကောင်း​လိမ့်​မည်။- \v 9 သို့​သော်​သင်​တို့​၏​စိတ်​ကို​မ​ချုပ်​တည်း​နိုင်​လျှင်​မူ ကား အိမ်​ထောင်​ပြု​ကြ​လော့။ စိတ်​ပူ​လောင်​ခြင်း​ရှိ သည်​ထက်​အိမ်​ထောင်​ပြု​ခြင်း​က​ပို​၍​ကောင်း​လိမ့် မည်။ \p \v 10 အိမ်​ထောင်​သည်​များ​အား​ငါ​ပ​ညတ်​လို​၏။ ယင်း ပ​ညတ်​မှာ​ငါ​၏​ပ​ညတ်​မ​ဟုတ်။ သ​ခင်​ဘု​ရား ၏​ပ​ညတ်​ဖြစ်​၏။ မ​ယား​သည်​မိ​မိ​၏​လင်​နှင့် ခွဲ​ခွာ​၍​မ​နေ​ရ။- \v 11 ခွဲ​ခွာ​၍​နေ​လျှင်​လည်း​နောက်​ထပ်​အိမ်​ထောင် မ​ပြု​ဘဲ​နေ​ရ​မည်။ သို့​မ​ဟုတ်​မိ​မိ​လင်​နှင့် ပြန်​လည်​၍​ပေါင်း​သင်း​ရ​မည်။ လင်​သည်​လည်း မိ​မိ​မ​ယား​ကို​မ​ကွာ​မ​ရှင်း​ရ။-\x + \xo 7:11 \xt မ၊ ၅:၃၂၊ ၁၉:၉။ မာ၊ ၁၀:၁၁-၁၂။ လု၊ ၁၆:၁၈။\x* \v 12 (သ​ခင်​ဘု​ရား​ပ​ညတ်​တော်​မ​မူ​သော်​လည်း) အ​ခြား​သူ​တို့​အား​ငါ​ပ​ညတ်​လို​သည်​မှာ ယုံ​ကြည်​သူ​အ​မျိုး​သား​တစ်​ယောက်​သည် မ​ယုံ​ကြည်​သူ​မ​ယား​ရှိ​က ထို​အ​မျိုး​သ​မီး က​ဆက်​လက်​ပေါင်း​သင်း​နေ​လို​ပါ​မူ သူ့​အား မ​ကွာ​မ​ရှင်း​ရ​ဟူ​၍​ပင်​ဖြစ်​၏။- \v 13 ထို​နည်း​တူ​ယုံ​ကြည်​သူ​အ​မျိုး​သ​မီး​တစ်​ယောက် သည် မ​ယုံ​ကြည်​သူ​လင်​ရှိ​၍ ထို​အ​မျိုး​သား​က ဆက်​လက်​ပေါင်း​သင်း​နေ​လို​ပါ​လျှင်​သူ့​အား မ​ကွာ​မ​ရှင်း​ရ။- \v 14 ယုံ​ကြည်​သူ​အ​မျိုး​သား​သည် မ​ယုံ​ကြည်​သူ မ​ယား​နှင့်​စုံ​ဖက်​သော​အား​ဖြင့်​လည်း​ကောင်း၊ မ​ယုံ​ကြည်​သူ​အ​မျိုး​သ​မီး​သည် ယုံ​ကြည်​သူ လင်​နှင့်​စုံ​ဖက်​သော​အား​ဖြင့်​လည်း​ကောင်း၊ ဘု​ရား သ​ခင်​နှစ်​သက်​လက်​ခံ​သူ​များ​ဖြစ်​လာ​ပေ​သည်။ အ​ကယ်​၍​ဤ​သို့​မ​ဖြစ်​ပါ​မူ​သင်​တို့​၏​သား သ​မီး​များ​သည် ဘု​ရား​မဲ့​သူ​များ​ဖြစ်​ကြ ပေ​တော့​အံ့။ ယ​ခု​မှာ​မူ​ထို​သား​သ​မီး​တို့ သည်​ဘု​ရား​သ​ခင်​နှစ်​သက်​လက်​ခံ​သူ​များ ဖြစ်​ကြ​၏။- \v 15 သို့​သော်​မ​ယုံ​ကြည်​သူ​မ​ဟုတ်​သူ​အ​မျိုး​သား က​သော်​လည်း​ကောင်း၊ အ​မျိုး​သ​မီး​က​သော် လည်း​ကောင်း ကွာ​ရှင်း​လို​လျှင်​ကွာ​ရှင်း​ပါ​စေ။ ဤ အ​မှု​မျိုး​တွင်​ယုံ​ကြည်​သူ​ခင်​ပွန်း​ဖြစ်​စေ၊ ဇ​နီး ဖြစ်​စေ​လွတ်​လပ်​စွာ​ပြု​နိုင်​ခွင့်​ရှိ​၏။ ဘု​ရား​သ​ခင် သည်​သင်​တို့​အား သင့်​တင့်​အေး​ချမ်း​စွာ​နေ​ထိုင် ကြ​စေ​ရန် ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​၏။- \v 16 အ​ချင်း​အ​မျိုး​သ​မီး၊ သင်​သည်​မိ​မိ​ခင်​ပွန်း​ဖြစ် သူ​ကို​ကယ်​တင်​နိုင်​မည်​မ​ဟုတ်​ဟု​မ​ဆို​နိုင်​ပေ။ အ​ချင်း​အ​မျိုး​သား၊ သင်​သည်​မိ​မိ​၏​ဇ​နီး​ကို ကယ်​တင်​နိုင်​မည်​မ​ဟုတ်​ဟု​မ​ဆို​နိုင်​ပေ။ \b \s1 ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​သည်​နှင့်​အ​ညီ အ​သက်​ရှင်​လော့ \p \v 17 မည်​သို့​ပင်​ဆို​စေ၊ လူ​အ​သီး​သီး​တို့​သည်​သ​ခင် ဘု​ရား​ပေး​တော်​မူ​သည့်​ဆု​ကျေး​ဇူး​များ​နှင့် အ​ညီ ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​စဉ် အ​ခါ​က​ရှိ​ခဲ့​သည့်​အ​ခြေ​အ​နေ​အ​တိုင်း ဆက်​လက်​၍​အ​သက်​ရှင်​ရာ​၏။ ဤ​နည်း​အ​တိုင်း အ​သင်း​တော်​အား​လုံး​အား​ငါ​ဟော​ပြော​သွန် သင်​၏။- \v 18 အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ယူ​ပြီး​သူ​သည် ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ​လျှင် အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ဆိုင်​ရာ​အ​မှတ်​အ​သား​များ​ကို​စွန့်​ပယ် ရန်​မ​လို။ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ယူ​ခဲ့​သူ သည်​ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ​လျှင်​အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ခံ​ယူ​ရန်​မ​လို။- \v 19 အ​ရေ​ဖျား​လှီး​ခံ​သည်​မ​ခံ​သည်​မှာ​ပ​ဋ္ဌာ​န မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​များ​ကို စောင့်​ထိန်း​ခြင်း​သာ​လျှင်​ပ​ဋ္ဌာ​န​ဖြစ်​၏။- \v 20 လူ​တိုင်း​ပင်​ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ ခြင်း​ခံ​ရ​စဉ်​အ​ချိန်​က​မိ​မိ​လုပ်​ကိုင်​နေ​သည့် အ​လုပ်​ကို​ဆက်​လက်​လုပ်​ကိုင်​ရာ​၏။- \v 21 ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ​ချိန်​တွင်​သင်​သည် ကျွန်​ဖြစ်​ပါ​လျှင်​ကိစ္စ​မ​ရှိ။ သို့​သော်​ကျွန်​အ​ဖြစ် မှ​လွတ်​မြောက်​ခွင့်​ရ​မည်​ဆို​ပါ​က​ထို​အ​ခွင့် ကို​ယူ​လော့။- \v 22 ကျွန်​ဖြစ်​စဉ်​သ​ခင်​ဘု​ရား​ရွေး​ကောက်​တော်​မူ ခြင်း​ခံ​ရ​သူ​သည်​သ​ခင်​ဘု​ရား​၏​လွတ်​မြောက် သူ​ဖြစ်​၏။ ထို​နည်း​တူ​စွာ​လွတ်​မြောက်​သူ​သည် ခ​ရစ်​တော်​၏​ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ သော​အ​ခါ​ခ​ရစ်​တော်​၏​ကျွန်​ဖြစ်​လာ​၏။- \v 23 သင်​တို့​ကို​ဘု​ရား​သ​ခင်​သည်​အ​ဖိုး​အ​ခ​ပေး ၍​ဝယ်​ယူ​ထား​တော်​မူ​သ​ဖြင့်​လူ​တို့​ထံ​တွင် ကျွန်​မ​ခံ​ကြ​နှင့်။- \v 24 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ရွေး​ကောက်​တော်​မူ ခြင်း​ခံ​ရ​စဉ်​အ​ခါ​က​ရှိ​ခဲ့​သည့်​အ​ခြေ​အ​နေ ၌​ပင် ဘု​ရား​သ​ခင်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​လျက် ဆက်​လက်​နေ​ထိုင်​ရ​ကြ​၏။ \b \s1 အိမ်​ထောင်​မ​ပြု​သူ​များ​နှင့်​မု​ဆိုး​မ​များ​ပြ​ဿ​နာ \p \v 25 သင်​တို့​စာ​ရေး​မေး​မြန်း​သည့်​အိမ်​ထောင်​မ​ပြု​ဘဲ နေ​ရေး​ကိစ္စ​နှင့်​ပတ်​သက်​၍​ငါ​ပြော​မည့်​စ​ကား သည် ငါ့​အား​သ​ခင်​ဘု​ရား​မိန့်​တော်​မူ​ချက်​အ​ရ ပြော​သော​စ​ကား​မ​ဟုတ်။ သို့​ရာ​တွင်​သ​ခင်​ဘု​ရား ၏​က​ရု​ဏာ​တော်​ကြောင့်​ယုံ​ကြည်​ထိုက်​သူ​တစ် ယောက်​အ​နေ​ဖြင့် ငါ​၏​ထင်​မြင်​ချက်​ကို​ဖော်​ပြ လိုက်​ပါ​သည်။ \p \v 26 ယ​ခု​ကြုံ​တွေ့​နေ​ရ​သည့်​ခေတ်​ဆိုး​ကြောင့်​အ​မျိုး သား​တစ်​ယောက်​သည် ရှိ​မြဲ​အ​ခြေ​အ​နေ​အ​တိုင်း ဆက်​လက်​နေ​ထိုင်​လျှင်​ကောင်း​ပေ​မည်။- \v 27 သင်​သည်​အိမ်​ထောင်​သည်​ဖြစ်​လျှင် မိ​မိ​၏​ဇ​နီး ကို​စွန့်​ပယ်​ရန်​မ​ကြံ​စည်​နှင့်။ အိမ်​ထောင်​သည်​မ​ဟုတ် ပါ​က​အိမ်​ထောင်​ပြု​ရန်​မ​ကြံ​စည်​နှင့်။- \v 28 သို့​သော်​အိမ်​ထောင်​ပြု​လျှင်​လည်း​အ​ပြစ်​တစ်​စုံ တစ်​ရာ​ကူး​လွန်​ခြင်း​မ​ဟုတ်။ အိမ်​ထောင်​မ​ရှိ သည့်​အ​မျိုး​သ​မီး​သည်​အိမ်​ထောင်​ပြု​ခဲ့​သော် မည်​သည့်​အ​ပြစ်​ကို​မျှ​မ​ကူး​လွန်။ သို့​ရာ​တွင် အိမ်​ထောင်​သည်​တို့​နေ့​စဉ်​တွေ့​ကြုံ​ကြ​ရ​မည့် ဆင်း​ရဲ​ဒုက္ခ​များ​နှင့် သင်​တို့​အား​ကင်း​ဝေး​စေ လို​၍​ဤ​သို့​ငါ​ပြော​ရ​ခြင်း​ဖြစ်​၏။ \p \v 29 ညီ​အစ်​ကို​တို့၊ ငါ​ဆို​လို​သည်​ကား​ဤ​သို့​တည်း။ အ​ချိန်​ကာ​လ​ကုန်​ဆုံး​တော့​မည်။ ယ​ခု​မှ​စ​၍ အိမ်​ထောင်​ရှင်​အ​မျိုး​သား​များ​သည်​အိမ်​ထောင် မ​ရှိ​သ​ကဲ့​သို့​နေ​အပ်​၏။- \v 30 ငို​ကြွေး​သူ​များ​သည်​ဝမ်း​မ​နည်း​သ​ကဲ့​သို့ လည်း​ကောင်း၊ ရယ်​မော​သူ​များ​သည်​ဝမ်း​မ​မြောက် သ​ကဲ့​သို့​လည်း​ကောင်း​နေ​အပ်​၏။ ဥစ္စာ​ပစ္စည်း ဝယ်​ယူ​သူ​များ​သည်​ထို​ဥစ္စာ​ပစ္စည်း​ကို​မ​ပိုင် သ​ကဲ့​သို့​နေ​အပ်​၏။- \v 31 လော​က​ဥစ္စာ​ဘဏ္ဍာ​ကို​သုံး​သော​သူ​တို့​သည် မ​သုံး​သ​ကဲ့​သို့​နေ​အပ်​၏။ အ​ဘယ်​ကြောင့်​ဆို သော်​ယ​ခု​လက်​ရှိ​ကမ္ဘာ​လော​က​ကြီး​သည် ကာ​လ​ကြာ​မြင့်​စွာ​တည်​ရှိ​နေ​တော့​မည် မ​ဟုတ်​သော​ကြောင့်​တည်း။ \p \v 32 ငါ​သည်​သင်​တို့​အား​ပူ​ပန်​သော​က​နှင့်​ကင်း​ဝေး စေ​လို​၏။ အိမ်​ထောင်​မဲ့​အ​မျိုး​သား​သည်​သ​ခင် ဘု​ရား​နှစ်​သက်​တော်​မူ​သော​အ​မှု​ကို​ပြု​လုပ် လို​သော​ကြောင့် သ​ခင်​ဘု​ရား​၏​အ​မှု​တော် ကို​အ​လေး​အ​နက်​ထား​တတ်​၏။- \v 33 သို့​ရာ​တွင်​အိမ်​ထောင်​ရှင်​အ​မျိုး​သား​မူ​ကား မိ​မိ​၏​ဇ​နီး​နှစ်​သက်​စေ​ရန်​စိတ်​ဆန္ဒ​ရှိ​သ​ဖြင့် လော​ကီ​မှု​ရေး​ကို​အ​လေး​အ​နက်​ထား​တတ်​၏။- \v 34 ထို့​ကြောင့်​သူ​သည်​စိတ်​နှစ်​ခွ​ဖြစ်​၍​နေ​၏။ အိမ် ထောင်​မဲ့​အ​မျိုး​သ​မီး​သို့​မ​ဟုတ်​အ​ပျို​ဖြစ်​သူ သည်​သ​ခင်​ဘု​ရား​အား မိ​မိ​၏​ကိုယ်​ခန္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​ကို​ပါ​ဆက်​ကပ်​လို​သ​ဖြင့် သ​ခင် ဘု​ရား​၏​အ​မှု​တော်​ကို​အ​လေး​အ​နက်​ထား တတ်​၏။ သို့​ရာ​တွင်​အိမ်​ထောင်​ရှင်​အ​မျိုး​သ​မီး မူ​ကား မိ​မိ​ခင်​ပွန်း​နှစ်​သက်​စေ​ရန်​စိတ်​ဆန္ဒ ရှိ​သ​ဖြင့်​လော​ကီ​မှု​ရေး​ကို​အ​လေး​အ​နက် ထား​တတ်​၏။ \p \v 35 ဤ​သို့​ငါ​ပြော​ရ​ခြင်း​မှာ​သင်​တို့​၏​အ​ကျိုး​ကို လို​လား​၍​ပြော​ခြင်း​ဖြစ်​၏။ သင်​တို့​အား​ချုပ် ချယ်​လို​သော​ကြောင့်​မ​ဟုတ်။ သင်​တို့​အား​မှန် ကန်​လျောက်​ပတ်​စွာ​ပြု​ကျင့်​ကြ​စေ​ရန်​နှင့် သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဦး​လည်​မ​သုန် အ​ကြွင်း​မဲ့​ဆက်​ကပ်​လျက်​ထမ်း​ဆောင်​ကြ စေ​ရန်​လို​လား​သော​ကြောင့်​ဖြစ်​၏။ \p \v 36 စေ့​စပ်​ကြောင်း​လမ်း​ပြီး​နောက်​ထိမ်း​မြား​မင်္ဂ​လာ မ​ပြု​ရန် သ​ဘော​တူ​စိတ်​ပိုင်း​ဖြတ်​ထား​သူ​နှစ်​ဦး နှင့်​ပတ်​သက်​၍​ပြော​ရ​သော် အ​မျိုး​သား​သည် အ​မျိုး​သ​မီး​အ​ပေါ်​တွင် မိ​မိ​ပြု​မူ​ပုံ​မ​လျောက် ပတ်​သည်​ကို​သိ​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ မိ​မိ​စိတ်​ကို​မ​ထိန်း​ချုပ်​နိုင်​သော​အ​ခါ​၌​သော် လည်း​ကောင်း​ထိမ်း​မြား​မင်္ဂ​လာ​ပြု​ရာ​၏။ ဤ​သို့ ပြု​ခြင်း​၌​အ​ဘယ်​အ​ပြစ်​မျှ​မ​ရှိ။- \v 37 သို့​ရာ​တွင်​အ​မျိုး​သား​သည်​မိ​မိ​အ​လို​အ​လျောက် အိမ်​ထောင်​မ​ပြု​ဘဲ​နေ​ရန်​စိတ်​ပိုင်း​ဖြတ်​၍ မိ​မိ​၏ စိတ်​ကို​လည်း​လုံး​ဝ​ချုပ်​ထိန်း​နိုင်​သ​ဖြင့်​ထိမ်း မြား​မင်္ဂ​လာ​မ​ပြု​ဘဲ​နေ​ပါ​လျှင်​ကောင်း​လေ​စွ။- \v 38 ထို​ကြောင့်​မိ​မိ​နှင့်​စေ့​စပ်​ကြောင်း​လမ်း​ထား​သူ အ​မျိုး​သ​မီး​ပျို​နှင့် ထိမ်း​မြား​မင်္ဂ​လာ​ပြု​သူ​၏ အ​ပြု​အ​မူ​သည်​လျောက်​ပတ်​ပေ​၏။ သို့​ရာ​တွင် ထိမ်း​မြား​မင်္ဂ​လာ​မ​ပြု​သူ​၏​အ​ပြု​အ​မူ​သည် ကား​သာ​၍​ပင်​လျောက်​ပတ်​၏။ \p \v 39 ဇ​နီး​ဖြစ်​သူ​သည်​မိ​မိ​၏​ခင်​ပွန်း​အ​သက်​ရှင် သ​မျှ​ကာ​လ​ပတ်​လုံး​ချည်​နှောင်​မှု​ရှိ​၏။ ခင်​ပွန်း သေ​ဆုံး​သွား​သော​အ​ခါ​၌​မူ မိ​မိ​နှစ်​သက်​သူ မည်​သူ​နှင့်​မ​ဆို​ထိမ်း​မြား​လက်​ထပ်​နိုင်​၏။ သို့ ရာ​တွင်​ထို​ထိမ်း​မြား​လက်​ထပ်​မှု​သည်​ယုံ​ကြည် သူ​အ​ချင်း​ချင်း​ထိမ်း​မြား​လက်​ထပ်​မှု​သာ လျှင်​ဖြစ်​ရ​မည်။- \v 40 အ​ကယ်​၍​ထို​အ​မျိုး​သ​မီး​သည်​အိမ်​ထောင်​မ​ပြု ဘဲ​နေ​ပါ​က သာ​၍​မင်္ဂ​လာ​ရှိ​၏။ ဤ​ကား​ငါ​၏ ထင်​မြင်​ယူ​ဆ​ချက်​ဖြစ်​၏။ ငါ​သည်​လည်း​ဘု​ရား သ​ခင်​၏​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​ဖြစ် သည်​ဟု​ယုံ​ကြည်​၏။ \c 8 \s1 ရုပ်​တု​ကို​ပူ​ဇော်​သည့်​အ​စား​အ​စာ​ပြ​ဿ​နာ \p \v 1 သင်​တို့​ရေး​သား​မေး​မြန်း​သည့်​ရုပ်​တု​များ ကို​ပူ​ဇော်​ရာ​အ​စား​အ​စာ​ကိစ္စ​နှင့်​ပတ်​သက် ၍ ငါ​ဖြေ​ပေး​ပါ​မည်။ ငါ​တို့​အား​လုံး​ပင် အ​သိ​ပ​ညာ​ရှိ​သူ​များ​ဖြစ်​သည်​ဟု​ဆို သည့်​စ​ကား​မှာ​မှန်​ပေ​၏။ သို့​ရာ​တွင်​အ​သိ ပ​ညာ​သည်​လူ​တို့​ကို​မာန်​မာ​န​ထောင် လွှား​စေ​တတ်​၏။ မေတ္တာ​မူ​ကား​ဆောက်​တည် မှု​ကို​ပြု​တတ်​၏။- \v 2 မိ​မိ​ကိုယ်​ကို​အ​သိ​ပ​ညာ​ရှိ​သည်​ဟု​ထင် မှတ်​သူ​သည် အ​မှန်​ပင်​အ​သိ​ပ​ညာ​မ​ရှိ။- \v 3 သို့​သော်​ဘု​ရား​သ​ခင်​ကို​ချစ်​မြတ်​နိုး​သူ​သည် ဘု​ရား​သ​ခင်​သိ​မှတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​၏။ \p \v 4 ထို့​ကြောင့်​ရုပ်​တု​ကို​ပူ​ဇော်​သည့်​အ​စား​အ​စာ နှင့်​ပတ်​သက်​၍​ပြော​ရ​သော် ရုပ်​တု​ဟူ​သည်​မှာ သက်​ရှင်​လှုပ်​ရှား​မှု​မ​ရှိ​ကြောင်း​ကို​လည်း ကောင်း၊ တစ်​ဆူ​တည်း​သော​ဘု​ရား​မှ​တစ်​ပါး အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း ငါ​တို့​သိ​ကြ​၏။- \v 5 အ​ကယ်​၍​ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ပေါ် ၌ နာ​မည်​ခံ​ဘု​ရား​များ​နှင့်​အ​ရှင်​သ​ခင် အ​မြောက်​အ​မြား​ပင်​ရှိ​စေ​ကာ​မူ- \v 6 ငါ​တို့​အ​ဖို့​မှာ​အ​ဖ​ခ​မည်း​တော်​ဘု​ရား တစ်​ပါး​တည်း​သာ​လျှင်​ရှိ​တော်​မူ​၏။ ကိုယ် တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း တော်​မူ​၏။ ကိုယ်​တော်​၏​အ​ဖို့​ငါ​တို့​အ​သက် ရှင်​ကြ​၏။ ငါ​တို့​မှာ​အ​ရှင်​သ​ခင်​တစ်​ပါး တည်း​သာ​လျှင်​ရှိ​၏။ ထို​အ​ရှင်​သ​ခင်​ကား ယေ​ရှု​ခ​ရစ်​ပေ​တည်း။ ထို​အ​ရှင်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​သည်​ဖန်​ဆင်း​ခြင်း ကို​ခံ​ကြ​ရ​၏။ ထို​အ​ရှင်​အား​ဖြင့်​ငါ​တို့ သည်​အ​သက်​ရှင်​ကြ​၏။ \p \v 7 သို့​ရာ​တွင်​လူ​တိုင်း​ဤ​သစ္စာ​တ​ရား​ကို​သိ​ရှိ ကြ​သည်​မ​ဟုတ်။ အ​ချို့​သော​သူ​တို့​သည် ရုပ်​တု​ကို​ကိုး​ကွယ်​ခဲ့​သည့်​အ​တွက် ယ​ခု တိုင်​အောင်​ပင်​ရုပ်​တု​အား​ပူ​ဇော်​ပြီး​သော အ​စား​အ​စာ​ကို​စား​သော​အ​ခါ ရုပ်​တု​၏ အ​စား​အ​စာ​ဟု​မှတ်​ယူ​လျက်​စား​နေ​ကြ ၏။ ထို့​ကြောင့်​သူ​တို့​သည်​စိတ်​မ​သိုး​မ​သန့် ဖြစ်​ကာ ထို​အ​စား​အ​စာ​က​မိ​မိ​တို့​အား ညစ်​ညမ်း​စေ​သည်​ဟု​ထင်​မှတ်​ကြ​၏။- \v 8 အ​စား​အ​စာ​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​အ​ဋ္ဌိ​က​မ​ဟုတ်။ အ​စား​အ​စာ​ကို​မ​စား ဘဲ​နေ​လျှင်​ငါ​တို့​မှာ​အ​ရှုံး​မ​ရှိ။ စား​လျှင် လည်း​အ​မြတ်​မ​ရ။ \p \v 9 သို့​ရာ​တွင်​သင်​တို့​ဤ​သို့​လွတ်​လပ်​စွာ​စား သောက်​နိုင်​ခွင့်​သည် ယုံ​ကြည်​မှု​အား​နည်း​သူ များ​အ​တွက်​မှောက်​မှား​စ​ရာ​မ​ဖြစ်​စေ​ရန် သ​တိ​ပြု​ကြ​လော့။- \v 10 အ​ကယ်​၍​ဤ​ကိစ္စ​မျိုး​၌​စိတ်​မ​သိုး​မ​သန့် ဖြစ်​သူ​သည် ``အ​သိ​ပ​ညာ'' ရှိ​သူ​သင်​တို့​က နတ်​ကွန်း​အ​တွင်း​၌​ထိုင်​လျက်​စား​သောက်​နေ သည်​ကို​တွေ့​ရှိ​သော​အ​ခါ ရုပ်​တု​အား​ဆက်​သ သည့်​ပူ​ဇော်​သ​ကာ​ကို​စား​ရဲ​လာ​မည်​မ​ဟုတ် ပါ​လော။- \v 11 သို့​ဖြစ်​၍​အား​နည်း​သူ​ညီ​အစ်​ကို​အ​တွက် ခ​ရစ်​တော်​အ​သေ​ခံ​ခဲ့​ပါ​သော်​လည်း​သင် ၏ ``အ​သိ​ပ​ညာ'' ကြောင့်​ထို​သူ​သည်​ပျက်​စီး ရ​တော့​၏။- \v 12 ဤ​သို့​လျှင်​သင်​တို့​သည်​မိ​မိ​တို့​ညီ​အစ်​ကို များ​အား​ပြစ်​မှား​၍ သူ​တို့​၏​သြတ္တပ္ပ​စိတ်​ကို လည်း​ထိ​ခိုက်​စေ​ခြင်း​အား​ဖြင့် ခ​ရစ်​တော်​ကို လည်း​ပြစ်​မှား​ရာ​ရောက်​သည်။- \v 13 ထို့​ကြောင့်​အ​သား​ကို​စား​ခြင်း​သည်​ညီ​အစ်​ကို အား​မှောက်​မှား​လမ်း​လွဲ​စေ​မည်​ဆို​ပါ​က ငါ သည်​ငါ့​ညီ​အစ်​ကို​အား​မ​မှောက်​မှား​လမ်း မ​လွဲ​စေ​ရန်​အ​သား​ကို​မ​စား​ဘဲ​နေ​မည်။ \c 9 \s1 တ​မန်​တော်​၏​ရ​ပိုင်​ခွင့်​များ​နှင့် တာ​ဝန်​ဝတ္တရား​များ \p \v 1 ငါ​သည်​လွတ်​လပ်​သူ​မ​ဟုတ်​ပါ​လော။ တ​မန် တော်​တစ်​ပါး​မ​ဟုတ်​ပါ​လော။ ငါ​တို့​အ​ရှင် သ​ခင်​ယေ​ရှု​ကို​ဖူး​မြင်​ခဲ့​ရ​သူ​မ​ဟုတ် ပါ​လော။ သင်​တို့​သည်​သ​ခင်​ဘု​ရား​၏​အ​မှု တော်​ကို ငါ​ထမ်း​ဆောင်​ခြင်း​မှ​ထွက်​ပေါ်​လာ သော​အ​သီး​အ​ပွင့်​များ​မ​ဟုတ်​ပါ​လော။- \v 2 အ​ခြား​သူ​များ​သည်​ငါ့​အား​တ​မန်​တော် အ​ဖြစ်​ဖြင့်​လက်​မ​ခံ​ကြ​စေ​ကာ​မူ သင်​တို့ လက်​ခံ​ကြ​သည်​မ​ဟုတ်​ပါ​လော။ ငါ​သည် သ​ခင်​ဘု​ရား​၏​တ​မန်​တော်​ဖြစ်​ကြောင်း သက်​သေ​ပြ​ရန်​မှာ သ​ခင်​ဘု​ရား​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ရှိ​ပြီး​အ​သက်​ရှင်​ကြ သော​သင်​တို့​ပင်​ဖြစ်​ပေ​သည်။ \p \v 3 ငါ့​ကို​ပြစ်​တင်​ဝေ​ဖန်​ကြ​သူ​တို့​အား​ဤ​သို့ ငါ​ပြော​လို​၏။- \v 4 ငါ​၏​လုပ်​ဆောင်​မှု​အ​တွက်​ငါ့​မှာ​စား​သောက် ပိုင်​ခွင့်​မ​ရှိ​သ​လော။- \v 5 ပေ​တ​ရု​ကဲ့​သို့​လည်း​ကောင်း၊ သ​ခင်​ဘု​ရား ၏​ညီ​တော်​များ​နှင့်​အ​ခြား​တ​မန်​တော်​များ ကဲ့​သို့​လည်း​ကောင်း ငါ​သည်​ခ​ရီး​သွား​ရာ​၌ ယုံ​ကြည်​သူ​ဇ​နီး​ကို​ခေါ်​ဆောင်​သွား​ပိုင် ခွင့်​မ​ရှိ​သ​လော။- \v 6 ငါ​နှင့်​ဗာ​န​ဗ​တို့​သာ​လျှင်​မိ​မိ​တို့​စား​ဝတ် နေ​ရေး​အ​တွက် အ​လုပ်​လုပ်​ရ​မည်​လော။ အ​ဘယ် စစ်​သား​သည်​မိ​မိ​၏​စ​ရိတ်​နှင့်​အ​မှု​ထမ်း​ရ သ​နည်း။- \v 7 အ​ဘယ်​ဥ​ယျာဉ်​မှူး​သည်​မိ​မိ​စိုက်​ပျိုး​သည့် စ​ပျစ်​ဥ​ယျာဉ်​မှ စ​ပျစ်​သီး​ကို​မ​စား​ဘဲ​နေ သ​နည်း။ အ​ဘယ်​သိုး​ထိန်း​သည်​မိ​မိ​ထိန်း ကျောင်း​ရ​သည့်​သိုး​များ​မှ​နို့​ကို​မ​သုံး ဆောင်​ဘဲ​နေ​သ​နည်း။ \p \v 8 ယ​ခု​ဖော်​ပြ​သည့်​ဥ​ပ​မာ​များ​သာ​မ​က၊ ပ​ညတ်​ကျမ်း​က​လည်း​ဤ​အ​တိုင်း​ပင်​ထောက် ခံ​ပေ​သည်။- \v 9 မော​ရှေ​၏​ပ​ညတ်​ကျမ်း​တွင် ``စ​ပါး​နယ်​သည့် နွား​ကို​ပါး​ချုပ်​တတ်​၍​မ​ထား​ရ'' ဟု​ပါ​ရှိ​၏။ ဤ​သို့​မိန့်​တော်​မူ​ရာ​၌​ဘု​ရား​သ​ခင်​သည် နွား​အ​တွက်​မိန့်​တော်​မူ​သ​လော။-\x + \xo 9:9 \xt တရား၊ ၂၅:၄။ ၁တိ၊ ၅:၁၈။\x* \v 10 ငါ​တို့​အ​တွက်​အ​ကယ်​ပင်​မိန့်​တော်​မူ​ခြင်း မ​ဟုတ်​လော။ အ​ကယ်​ပင်​ငါ​တို့​အ​တွက်​ရေး သား​ထား​ခြင်း​ဖြစ်​သည်။ လယ်​ထွန်​သော​သူ နှင့်​ရိတ်​သိမ်း​သော​သူ​တို့​သည် မိ​မိ​တို့​၏​ဝေ စု​ကို​မျှော်​လင့်​လျက်​လုပ်​ကိုင်​ကြ​ရာ​၏။- \v 11 ငါ​တို့​သည်​သင်​တို့​၌​ဋ္ဌမ္မ​မျိုး​စေ့​ကို​စိုက်​ပျိုး ခဲ့​ပြီး​နောက် သင်​တို့​ထံ​မှ​ရုပ်​ပိုင်း​ဆိုင်​ရာ အ​ကျိုး​ကျေး​ဇူး​များ​ကို​ရိတ်​သိမ်း​ကြ​လျှင် ငါ​တို့​လွန်​ရာ​ကျ​မည်​လော။-\x + \xo 9:11 \xt ရော၊ ၁၅:၂၇။\x* \v 12 သင်​တို့​ထံ​မှ​အ​ခြား​သူ​တို့​သည်​ဤ​သို့​ရ ပိုင်​ခွင့်​ရှိ​လျှင် ငါ​တို့​သည်​ပို​၍​ပင်​ရ​ပိုင်​ခွင့် ရှိ​သည်​မ​ဟုတ်​လော။ \p သို့​သော်​ငါ​တို့​သည်​ထို​အ​ခွင့်​အ​ရေး​ကို မ​ယူ​ခဲ့​ကြ။ ခ​ရစ်​တော်​အ​ကြောင်း​သ​တင်း ကောင်း​ပျံ့​နှံ့​ရေး​အ​တွက် အ​ဆီး​အ​တား မ​ဖြစ်​စေ​ရန်​တွေ့​ကြုံ​ရ​သော​အ​ခက်​အ​ခဲ ရှိ​သ​မျှ​ကို​ရင်​ဆိုင်​သည်း​ခံ​ခဲ့​ကြ​၏။- \v 13 ဗိ​မာန်​တော်​တွင်​အ​မှု​ထမ်း​ဆောင်​သူ​များ​သည် ဗိ​မာန်​တော်​မှ​အ​စား​အ​စာ​ကို​ရ​ကြ​သည် ကို​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​သူ​များ​သည်​လည်း ယဇ်​ကောင်​မှ​ဝေ​စု​ကို​ရ​ကြ​သည်​ကို​လည်း ကောင်း​သင်​တို့​မ​သိ​ကြ​ပါ​သ​လော။-\x + \xo 9:13 \xt တရား၊ ၁၈:၁။\x* \v 14 ထို​နည်း​တူ​စွာ​သတင်း​ကောင်း​ကို​ဟော​ပြော ကြေ​ညာ​သူ​တို့​သည်​လည်း သ​တင်း​ကောင်း အား​ဖြင့်​အ​သက်​မွေး​ရ​မည်​ဟူ​၍​သ​ခင် ဘု​ရား​မိန့်​မှာ​တော်​မူ​ခဲ့​၏။\x + \xo 9:14 \xt မ၊ ၁၀:၁၀။ လု၊ ၁၀:၇။\x* \p \v 15 သို့​ရာ​တွင်​ငါ​သည်​ထို​အ​ခွင့်​အ​ရေး​တစ်​စုံ တစ်​ရာ​ကို​မျှ​မ​ယူ​ခဲ့။ ထို​ကဲ့​သို့​သော​အ​ခွင့် ရေး​များ​ကို​တောင်း​ဆို​လို​သော​ကြောင့် ဤ​စာ ကို​ရေး​လိုက်​ခြင်း​လည်း​မ​ဟုတ်။ ဤ​သို့​တောင်း ဆို​ရ​ခြင်း​ထက်​သေ​ရ​ခြင်း​က​ပို​၍​ကောင်း​၏။- \v 16 ငါ​၏​ဝါ​ကြွား​မှု​ကို​အ​ချည်း​နှီး​ဖြစ်​စေ​ရန် ပြု​လုပ်​ခွင့်​ကို​မည်​သူ​အား​မျှ​ပေး​လိမ့်​မည် မ​ဟုတ်။ သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရ​သည့် အ​တွက် ငါ့​မှာ​ဝါ​ကြွား​နိုင်​ခွင့်​မ​ရှိ။ ငါ​သည် အ​မိန့်​တော်​အ​ရ​ကြေ​ညာ​ခြင်း​ဖြစ်​သည်။ အ​ကယ်​၍​ထို​သ​တင်း​ကောင်း​ကို​မ​ကြေ ညာ​လျှင် ငါ​သည်​အ​ဘယ်​မျှ​အ​မင်္ဂ​လာ ရှိ​လိမ့်​မည်​နည်း။- \v 17 အ​ကယ်​၍​ငါ​သည်​အ​လုပ်​ကို​ငါ​၏​ဆန္ဒ အ​လျောက်​ရွေး​ချယ်​လုပ်​ကိုင်​ပါ​မူ အ​ခ​ကြေး ငွေ​ကို​စောင့်​မျှော်​နိုင်​ပေ​သည်။ သို့​ရာ​တွင်​ဤ အ​လုပ်​ကို​ဘု​ရား​သ​ခင်​ငါ့​အား​ပေး​အပ် ထား​သ​ဖြင့် ငါ​သည်​ဝတ္တ​ရား​အ​နေ​ဖြင့် လုပ်​ဆောင်​ရ​၏။- \v 18 သို့​ဖြစ်​၍​ငါ​သည်​အ​ဘယ်​အ​ခ​ကြေး​ငွေ ခံ​စား​ရ​သ​နည်း။ ငါ​ခံ​စား​ရ​သည့်​အ​ကျိုး မှာ​သ​တင်း​ကောင်း​ကို​အ​ခ​ကြေး​ငွေ​မ​ယူ ဘဲ​ဟော​ပြော​ခွင့်​နှင့် ထို​သို့​ဟော​ပြော​သည့် အ​တွက် ရ​ပိုင်​ခွင့်​များ​ကို​မ​တောင်း​ဆို​ဘဲ နေ​နိုင်​ခွင့်​တို့​ပင်​ဖြစ်​၏။ \p \v 19 ငါ​သည်​မည်​သူ့​ကျွန်​မျှ​မ​ဟုတ်။ လွတ်​လပ်​သူ ဖြစ်​၏။ သို့​ရာ​တွင်​ခ​ရစ်​တော်​ကို​ယုံ​ကြည်​သူ ဦး​ရေ​များ​နိုင်​သ​မျှ​တိုး​တက်​များ​ပြား လာ​စေ​ရန် ငါ​သည်​လူ​တိုင်း​၏​ကျွန်​ဖြစ်​၏။- \v 20 ငါ​သည်​ယု​ဒ​အ​မျိုး​သား​တို့​ထံ​တွင်​အ​မှု တော်​ဆောင်​စဉ် သူ​တို့​ကို​ကယ်​တင်​နိုင်​ရန်​ယု​ဒ အ​မျိုး​သား​ကဲ့​သို့​နေ​ထိုင်​၏။ ထို​သူ​တို့​ကို ကယ်​တင်​နိုင်​ရန်​ငါ​သည်​ပ​ညတ်​တ​ရား​စောင့် ထိန်း​သူ​မ​ဟုတ်​သော်​လည်း ပ​ညတ်​တ​ရား စောင့်​ထိန်း​သူ​ကဲ့​သို့​ငါ​နေ​ထိုင်​၏။- \v 21 ထို​နည်း​တူ​စွာ​လူ​မျိုး​ခြား​များ​ထံ​တွင် အ​မှု တော်​ဆောင်​စဉ်​သူ​တို့​ကို​ကယ်​တင်​နိုင်​ရန် ပ​ညတ် တ​ရား​ကို​မ​ကျင့်​သုံး​ဘဲ လူ​မျိုး​ခြား​ကဲ့​သို့ နေ​ထိုင်​၏။ ဤ​သို့​ဆို​ရာ​၌​ငါ​သည်​ဘု​ရား သ​ခင်​၏​ပ​ညတ်​တော်​ကို မ​လိုက်​နာ​ဟု​မ​ဆို လို။ အ​မှန်​အား​ဖြင့်​ဆို​သော် ငါ​သည်​ခ​ရစ်​တော် ၏​တ​ရား​တော်​ကို လိုက်​နာ​ကျင့်​သုံး​သူ​ဖြစ် သည်။- \v 22 ငါ​သည်​ယုံ​ကြည်​မှု​အား​နည်း​သူ​တို့​အ​ထဲ သို့​ရောက်​သော​အ​ခါ ထို​သူ​တို့​ကို​ကယ်​တင်​နိုင် ရန်​ငါ​သည်​ယုံ​ကြည်​မှု​အား​နည်း​သူ​ကဲ့​သို့ နေ​ထိုင်​၏။ အ​ချို့​သော​သူ​တို့​ကို​တစ်​နည်း နည်း​အား​ဖြင့် ကယ်​တင်​နိုင်​ရန်​ငါ​သည်​လူ အ​မျိုး​မျိုး​အ​ထဲ​၌​အ​မျိုး​မျိုး​နေ​ထိုင်​၏။ \p \v 23 သ​တင်း​ကောင်း​၏​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို ဝေ​မျှ​နိုင်​ရန် ငါ​သည်​သ​တင်း​ကောင်း​အ​ကျိုး​ငှာ ဤ​အ​မှု​ခပ်​သိမ်း​ကို​ပြု​ခြင်း​ဖြစ်​သည်။- \v 24 အ​ပြေး​ပြိုင်​ပွဲ​တွင်​လူ​အ​များ​အ​ပြား​ပင်​ဝင် ရောက်​ယှဉ်​ပြိုင်​ကြ​သော်​လည်း တစ်​ယောက်​တည်း သာ​လျှင်​အောင်​ဆု​ကို​ရ​ရှိ​ကြောင်း​သင်​တို့​သိ ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​အောင်​ဆု​ကို ဆွတ်​ခူး​နိုင်​ရန်​ပြေး​ကြ​လော့။- \v 25 ပြိုင်​ပွဲ​ဝင်​ရန်​လေ့​ကျင့်​သူ​အား​က​စား​သ​မား တိုင်း​ပင် ကြပ်​တည်း​သည့်​စည်း​ကမ်း​များ​ကို​ထိန်း သိမ်း​စောင့်​ရှောက်​ရ​၏။ ထို​သူ​တို့​ဤ​သို့​ပြု​ကြ ခြင်း​မှာ ညှိုး​နွမ်း​ပျက်​စီး​နိုင်​သော​ပန်း​ဦး​ရစ် ကို​ရ​ရှိ​ရန်​ပြု​ကြ​ခြင်း​ဖြစ်​ပေ​သည်။ ငါ​တို့ မူ​ကား​မ​ညှိုး​နွမ်း​မ​ပျက်​စီး​နိုင်​သော ပန်း​ဦး ရစ်​ကို​ရ​ရှိ​ရန်​ပြု​ကြ​၏။- \v 26 ထို့​ကြောင့်​ငါ​သည်​ပန်း​ဝင်​ရာ​သို့ တည့်​မတ်​စွာ ပြေး​၏။ ငါ​သည်​မိ​မိ​လက်​သီး​စွမ်း​ကို​အ​ချည်း နှီး​မ​ဖြုန်း​တီး​သည့်​လက်​ဝှေ့​သ​မား​နှင့်​တူ​၏။- \v 27 ငါ​သည်​သူ​တစ်​ပါး​တို့​အား​ပြိုင်​ပွဲ​ဝင်​ရန်​ခေါ် ဖိတ်​ခဲ့​ပြီး​နောက် မိ​မိ​ကိုယ်​တိုင်​ပြိုင်​ပွဲ​မှ​အ​ပယ် မ​ခံ​ရ​စေ​ရန်​ငါ​၏​ကိုယ်​ခန္ဓာ​ကို​မာ​ကြော​အောင် ထိုး​ကြိတ်​၍​ချုပ်​ထိန်း​၏။ \c 10 \s1 ရုပ်​တု​ကိုး​ကွယ်​မှု​နှင့်​ပတ်​သက်​၍​သ​တိ​ပေး​ချက် \p \v 1 ညီ​အစ်​ကို​တို့၊ မော​ရှေ​ဦး​ဆောင်​သော​ငါ​တို့​၏ ဘိုး​ဘေး​များ​အ​ကြောင်း​ကို​သ​တိ​ရ​စေ​လို​၏။ သူ​တို့​သည်​မိုး​တိမ်​၏​အ​ကွယ်​အ​ကာ​ရ​၍ ပင်​လယ်​နီ​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​ဖြတ်​သန်း​ခဲ့ ကြ​၏။-\x + \xo 10:1 \xt ထွ၊ ၁၃:၂၁-၂၂၊ ၁၄:၂၂-၂၉။\x* \v 2 သူ​တို့​သည်​ထို​မိုး​တိမ်​နှင့်​ပင်​လယ်​ထဲ​၌​မော​ရှေ ၏​တ​ပည့်​များ​အ​ဖြစ်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ယူ ကြ​၏။- \v 3 သူ​တို့​အား​လုံး​ပင်​ဋ္ဌမ္မ​အ​စာ​တစ်​မျိုး​တည်း ကို​စား​ကြ​ရ​၏။-\x + \xo 10:3 \xt ထွ၊ ၁၆:၃၅။\x* \v 4 ဋ္ဌမ္မ​ရေ​စာ​တစ်​မျိုး​တည်း​ကို​သောက်​ကြ​ရ​၏။ သူ တို့​အား​လုံး​ပင်​မိ​မိ​တို့​နှင့်​လိုက်​ပါ​လာ​သော ဋ္ဌမ္မ​ကျောက်​မှ​ရေ​ကို​သောက်​သုံး​ကြ​ရ​၏။ ထို ကျောက်​ကား​ခ​ရစ်​တော်​ပင်​ဖြစ်​သ​တည်း။-\x + \xo 10:4 \xt ထွ၊ ၁၇:၆။ တော၊ ၂၀:၁၁။\x* \v 5 သို့​ဖြစ်​စေ​ကာ​မူ​ထို​သူ​တို့​အ​နက်​လူ​အ​များ တို့​အား​ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မ​မူ။ ထို့ ကြောင့်​သူ​တို့​သည်​တော​ကန္တာ​ရ​၌​သေ​ကြေ ပျက်​စီး​ကြ​၏။\x + \xo 10:5 \xt တော၊ ၁၄:၂၉-၃၀။\x* \p \v 6-7 ဤ​သာ​ဋ္ဌ​က​ကား​ဆိုး​ညစ်​မှု​များ​ကို​ထို​သူ​တို့ ပြု​လုပ်​လို​သ​ကဲ့​သို့ ငါ​တို့​မ​ပြု​လုပ်​ကြ​စေ​ရန် လည်း​ကောင်း၊ ကျမ်း​စာ​တော်​တွင် ``လူ​တို့​သည်​ထိုင် ၍​စား​သောက်​ကြ​ပြီး​နောက်​အ​သောက်​ကြူး​လျက် မြူး​တူး​ပျော်​ပါး​ကြ​၏'' ဟု​ပါ​ရှိ​သည်​နှင့် အ​ညီ၊ အ​ချို့​တို့​သည်​ရုပ်​တု​ကို​ပူ​ဇော်​ပ​သ ကြ​သ​ကဲ့​သို့ ငါ​တို့​မ​ပူ​ဇော်​မ​ပ​သ​ကြ စေ​ရန်​လည်း​ကောင်း​သ​တိ​ပေး​ခြင်း​ပင်​ဖြစ်​၏။-\x + \xo 10:6-7 \xt တော၊ ၁၁:၄\x*\x + \xo 10:6-7 \xt ထွ၊ ၃၂:၆။\x* \v 8 ငါ​တို့​သည်​ထို​သူ​အ​ချို့​တို့​ကဲ့​သို့​ကာ​မ ဂုဏ်​မ​လိုက်​စား​ကြ​ရ။ သူ​တို့​အ​နက်​တစ် ရက်​အ​တွင်း​လူ​နှစ်​သောင်း​သုံး​ထောင်​မျှ​သေ ကြ​၏။-\x + \xo 10:8 \xt တော၊ ၂၅:၁-၁၈။\x* \v 9 ငါ​တို့​သည်​ထို​သူ​အ​ချို့​တို့​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​ရှင်​အား အ​ကဲ​မ​စမ်း​ကြ​နှင့်။ သူ​တို့ ကား​မြွေ​ကိုက်​၍​သေ​ခဲ့​ကြ​လေ​ပြီ။-\x + \xo 10:9 \xt တော၊ ၂၁:၅-၆။\x* \v 10 သင်​တို့​သည်​ထို​သူ​အ​ချို့​တို့​ကဲ့​သို့​မ​ညည်း မ​ညူ​ကြ​နှင့်။ သူ​တို့​သည်​သေ​မင်း​၏​တ​မန် လက်​ချက်​ဖြင့်​ဆုံး​ပါး​ပျက်​စီး​ရ​ကြ​၏။\x + \xo 10:10 \xt တော၊ ၁၆:၄၁-၄၉။\x* \p \v 11 ထို​သူ​တို့​၌​ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ အ​ခြား သူ​တို့​သင်​ခန်း​စာ​ရ​ရှိ​ကြ​စေ​ရန်​ဖြစ်​ပေ​သည်။ ငါ​တို့​သည်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ရန်​နီး​ချိန်​၌ အ​သက်​ရှင်​ရ​ကြ​သူ​များ​ဖြစ်​သော​ကြောင့် ငါ တို့​အား​သ​တိ​ပေး​သည့်​အ​နေ​ဖြင့်​ထို​အ​ကြောင်း အ​ရာ​များ​ကို​ကျမ်း​စာ​တော်​တွင်​ရေး​သား​ထား သ​တည်း။ \p \v 12 မိ​မိ​ခိုင်​မြဲ​စွာ​ရပ်​တည်​လျက်​နေ​သည်​ဟု​ထင် သော​သူ​သည်​မ​ယိုင်​မ​လဲ​စေ​ရန်​သ​တိ​ပြု ရ​၏။- \v 13 သင်​တို့​တွေ့​ကြုံ​ရ​သည့်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း များ​သည်​လူ​အ​ပေါင်း​တို့​တွေ့​ကြုံ​နေ​ကြ၊ သာ မန်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​သာ​ဖြစ်​၏။ ဘု​ရား သ​ခင်​သည်​က​တိ​တည်​တော်​မူ​သော​အ​ရှင်​ဖြစ် တော်​မူ​သ​ဖြင့် သင်​တို့​အား​မိ​မိ​တို့​ခံ​နိုင်​သည် ထက်​ပို​၍​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ခံ​စေ​တော် မူ​လိမ့်​မည်​မ​ဟုတ်။ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ခံ​ရ ချိန်​၌​ခံ​နိုင်​သော​ခွန်​အား​ကို​ပေး​တော်​မူ​သ​ဖြင့် ထို​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​မှ​လွတ်​မြောက်​ရန် လမ်း​ဖွင့်​ပေး​တော်​မူ​လိမ့်​မည်။ \p \v 14 သို့​ဖြစ်​၍​ချစ်​သူ​တို့၊ ရုပ်​တု​ကိုး​ကွယ်​မှု​ကို ရှောင်​ကြဉ်​ကြ​လော့။- \v 15 သင်​တို့​အား​အ​သိ​အ​လိမ္မာ​ရှိ​သူ​များ​အ​နေ ဖြင့်​ငါ​ပြော​နေ​ခြင်း​ဖြစ်​၏။ ငါ့​စ​ကား​ကို စဉ်း​စား​ဆင်​ခြင်​ကြ​လော့။- \v 16 ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​၍ ပွဲ​တော်​ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို သောက်​ကြ​သော​အ​ခါ ခ​ရစ်​တော်​၏​သွေး​တော်​ကို ဆက်​ဆံ​သုံး​ဆောင်​ကြ​သည်​မ​ဟုတ်​လော။ မုန့်​ကို စား​သော​အ​ခါ​၌​လည်း ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ တော်​ကို​ဆက်​ဆံ​သုံး​ဆောင်​ကြ​သည်​မ​ဟုတ် လော။-\x + \xo 10:16 \xt မ၊ ၂၆:၂၆-၂၈။ မာ၊ ၁၄:၂၂-၂၄။ လု၊ ၂၂:၁၉-၂၀။\x* \v 17 မုန့်​သည်​တစ်​လုံး​တည်း​ဖြစ်​၏။ ထို​မုန့်​တစ်​လုံး တည်း​ကို​ဆက်​ဆံ​သုံး​ဆောင်​ကြ​သော​ကြောင့် ငါ တို့​သည်​အ​ရေ​အ​တွက်​အား​ဖြင့်​များ​သော် လည်း​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​၏။ \p \v 18 ယု​ဒ​အ​မျိုး​သား​တို့​ကို​ကြည့်​ရှု​ဆင်​ခြင်​ကြ လော့။ သူ​တို့​သည်​ယဇ်​ကောင်​၏​အ​သား​ကို​စား သ​ဖြင့်​ယဇ်​ပလ္လင်​ပေါ်​ပူ​ဇော်​ခြင်း​တွင်​ပါ​ဝင် ကြ​၏။-\x + \xo 10:18 \xt ဝတ်၊ ၇:၆။\x* \v 19 သို့​ဖြစ်​၍​ရုပ်​တု​သို့​မ​ဟုတ်​ရုပ်​တု​အား​ပူ​ဇော် သော​အ​စား​အ​စာ​အ​ရေး​ကြီး​သည်​ဟု​ငါ ဆို​လို​သ​လော။- \v 20 ဤ​သို့​ငါ​မ​ဆို​လို။ ဘု​ရား​သ​ခင်​ကို​မ​ကိုး​ကွယ် သူ​တို့​ပူ​ဇော်​သော​ယဇ်​သည် နတ်​မိစ္ဆာ​များ​အား​ပူ ဇော်​သော​ယဇ်​သာ​လျှင်​ဖြစ်​၍ ဘု​ရား​သ​ခင်​အား ပူ​ဇော်​သော​ယဇ်​မ​ဟုတ်​ကြောင်း​ကို​သာ​လျှင်​ငါ ဆို​လို​၏။ ငါ​သည်​သင်​တို့​အား​နတ်​မိစ္ဆာ​များ​နှင့် မ​ဆက်​ဆံ​စေ​လို။-\x + \xo 10:20 \xt တရား၊ ၃၂:၁၇။\x* \v 21 သင်​တို့​သည်​သ​ခင်​ဘု​ရား​၏​ခွက်​ဖ​လား​မှ စ​ပျစ်​ရည်​ကို​သောက်​၍ နတ်​မိစ္ဆာ​၏​ခွက်​ဖ​လား မှ​စ​ပျစ်​ရည်​ကို​လည်း​မ​သောက်​နိုင်။ သ​ခင် ဘု​ရား​၏​စား​ပွဲ​တော်​၌​စား​၍​နတ်​မိစ္ဆာ​များ ၏​စား​ပွဲ​၌​လည်း​မ​စား​နိုင်။- \v 22 ငါ​တို့​သည်​သ​ခင်​ဘု​ရား​အား​ဆန့်​ကျင်​ဖက် ပြု​လို​ကြ​သ​လော။ ငါ​တို့​သည်​သ​ခင်​ဘု​ရား ထက်​ပို​၍​တန်​ခိုး​ကြီး​ကြ​သ​လော။\x + \xo 10:22 \xt တရား၊ ၃၂:၂၁။\x* \p \v 23 ``ငါ​တို့​တွင်​အ​ဘယ်​အ​မှု​ကို​မ​ဆို​ပြု​နိုင်​ခွင့် ရှိ​၏'' ဟု​ဆို​ကြ​သည်​အ​တိုင်း​မှန်​သော်​လည်း အ​ရာ​ခပ်​သိမ်း​သည်​ကောင်း​မွန်​သည်​မ​ဟုတ်။``ငါ တို့​တွင်​အ​ဘယ်​အ​မှု​ကို​မ​ဆို​ပြု​ပိုင်​ခွင့်​ရှိ​၏'' ဟု​ဆို​သော်​လည်း​အ​ရာ​ခပ်​သိမ်း​သည်​ငါ​တို့ အ​ကျိုး​ကို​ပြု​စု​ပေး​သည်​မ​ဟုတ်။-\x + \xo 10:23 \xt ၁ကော၊ ၆:၁၂။\x* \v 24 အ​ဘယ်​သူ​မျှ​ကိုယ်​ကျိုး​ကို​မ​ရှာ​စေ​နှင့်။ သူ တစ်​ပါး​၏​အ​ကျိုး​ကို​သာ​လျှင်​ရှာ​စေ။ \p \v 25 သင်​တို့​၏​သြတ္တ​ပ္ပ​စိတ်​ကို​ထောက်​၍ စျေး​တွင်​ရောင်း သည့်​အ​မဲ​သား​ကို​စစ်​ဆေး​မေး​မြန်း​ခြင်း​မ​ပြု ဘဲ​ဝယ်​၍​စား​ကြ​လော့။- \v 26 အ​ဘယ်​ကြောင့်​ဆို​သော်``ဤ​လော​က​နှင့်​တ​ကွ လော​က​၌​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​ပိုင်​တော်​မူ​၏'' ဟု​ကျမ်း​စာ​တော်​က​ဆို​၏။\x + \xo 10:26 \xt ဆာ၊ ၂၄:၁။\x* \p \v 27 အ​ကယ်​၍​မ​ယုံ​ကြည်​သူ​လူ​တစ်​ယောက်​က သင်​တို့​အား ဧည့်​ခံ​ကျွေး​မွေး​ရန်​ခေါ်​ဖိတ်​သော အ​ခါ​သင်​တို့​သွား​လို​က​သွား​ကြ​လော့။ မိ​မိ တို့​၏​သြတ္တပ္ပ​စိတ်​ကို​ထောက်​၍​တည်​ခင်း​ကျွေး မွေး​သ​မျှ​တို့​ကို​စစ်​ဆေး​မေး​မြန်း​ခြင်း​မ​ပြု ဘဲ​စား​လော့။- \v 28 သို့​ရာ​တွင်​လူ​တစ်​စုံ​တစ်​ယောက်​က``ဤ​အ​ရာ သည်​ယဇ်​ပူ​ဇော်​သော​အ​သား​ဖြစ်​သည်'' ဟု ဆို​ပါ​မူ​ယင်း​သို့​ပြော​ဆို​သူ​ကို​လည်း​ကောင်း၊ သြတ္တ​ပ္ပ​စိတ်​ကို​လည်း​ကောင်း​ထောက်​၍​ထို အ​သား​ကို​မ​စား​ကြ​နှင့်။- \v 29 သြတ္တပ္ပ​စိတ်​ဆို​ရာ​၌​သင်​တို့​၏​သြတ္တပ္ပ​စိတ်​ကို မ​ဆို​လို။ လာ​ပြော​သူ​၏​သြတ္တပ္ပ​စိတ်​ကို​ဆို လို​၏။ \p သင်​တို့​တွင်​လူ​တစ်​စုံ​တစ်​ယောက်​က``ငါ​၏ လွတ်​လပ်​မှု​ကို​အ​ဘယ်​ကြောင့်​သူ​တစ်​ပါး ၏​သြတ္တပ္ပ​စိတ်​က​ချုပ်​ချယ်​ရ​ပါ​သ​နည်း။- \v 30 အ​ကယ်​၍​ငါ​သည်​မိ​မိ​စား​သောက်​သည့်​အ​စား အ​စာ​အ​တွက်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​၏။ ထို​သို့​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၍​စား​သောက်​သည့်​အ​စား​အ​စာ​နှင့်​ပတ်​သက်​၍ ငါ့​အား​သူ​တစ်​ပါး​က​အ​ဘယ်​ကြောင့်​ဝေ​ဖန် ရ​ပါ​မည်​နည်း'' ဟု​မေး​လို​ပေ​လိမ့်​မည်။ \p \v 31 သင်​တို့​သည်​စား​သည်​ဖြစ်​စေ၊ အ​ဘယ်​အ​မှု ကို​ပြု​သည်​ဖြစ်​စေ ဘု​ရား​သ​ခင်​၏​ဘုန်း အ​သ​ရေ​တော်​အ​တွက်​ပြု​ကြ​လော့။- \v 32 ယု​ဒ​အ​မျိုး​သား​တို့​က​သော်​လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​က​သော်​လည်း​ကောင်း ဘု​ရား သ​ခင်​၏​အ​သင်း​တော်​ဝင်​တို့​က​သော်​လည်း ကောင်း ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​မ​ဖြစ်​စေ​ရန် နေ​ထိုင်​ကြ​လော့။- \v 33 သင်​တို့​သည်​လည်း​ငါ​ကဲ့​သို့​ပြု​ကြ​လော့။ ငါ သည်​လူ​တို့​ကယ်​တင်​ခြင်း​ခံ​ရ​စေ​ရန်​မိ​မိ​ပြု သ​မျှ​သော​အ​မှု​တို့​တွင် ကိုယ်​ကျိုး​ကို​မ​ငဲ့ ဘဲ​လူ​အ​ပေါင်း​တို့​၏​အ​ကျိုး​ကို​ငဲ့​၍​သူ တို့​နှစ်​သက်​အောင်​ပြု​၏။ \c 11 \p \v 1 သို့​ဖြစ်​၍​ငါ​သည်​ခ​ရစ်​တော်​ထံ​မှ​အ​တု ယူ​သ​ကဲ့​သို့ သင်​တို့​သည်​ငါ့​ထံ​မှ​အ​တု ယူ​ကြ​လော့။\x + \xo 11:1 \xt ၁ကော၊ ၄:၁၆။ ဖိ၊ ၃:၁၇။\x* \s1 ကိုး​ကွယ်​ဝတ်​ပြု​ချိန်​၌​ဦး​ခေါင်း​ကို​ဖုံး​အုပ်​ခြင်း \p \v 2 သင်​တို့​သည်​ငါ့​ကို​အ​စဉ်​အောက်​မေ့​သ​တိ​ရ​၍ ငါ​ပေး​အပ်​ခဲ့​သည့်​သွန်​သင်​ချက်​အ​တိုင်း​လိုက် နာ​ပြု​ကျင့်​ကြ​သော​ကြောင့်​သင်​တို့​အား​ငါ ချီး​ကူး​၏။- \v 3 သို့​သော်​ခ​ရစ်​တော်​သည်​ယောကျာ်း​တိုင်း​၏​အ​ထွတ် အ​ထိပ်၊ ယောကျာ်း​သည်​မိန်း​မ​၏​အ​ထွတ်​အ​ထိပ်၊ ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော်​၏​အ​ထွတ်​အ​ထိပ် ဖြစ်​ကြောင်း​ကို​သင်​တို့​အား​သိ​စေ​လို​၏။- \v 4 သို့​ဖြစ်​၍​ယောကျာ်း​သည်​ဝတ်​ပြု​အ​စည်း​အ​ဝေး တွင်​မိ​မိ​၏​ဦး​ခေါင်း​ကို​ဖုံး​အုပ်​၍​ပတ္ထ​နာ​ပြု သော်​လည်း​ကောင်း၊ တ​ရား​ဟော​သော်​လည်း​ကောင်း ခ​ရစ်​တော်​၏​အ​သ​ရေ​တော်​ကို​ရှုတ်​ချ​သူ ဖြစ်​၏။- \v 5 မိန်း​မ​သည်​စု​ဝေး​ဝတ်​ပြု​ခြင်း​တွင်​မိ​မိ​၏​ဦး ခေါင်း​ကို​မ​ဖုံး​မ​အုပ်​ဘဲ​ဆု​တောင်း​ပတ္ထ​နာ​ပြု သော်​လည်း​ကောင်း၊ တ​ရား​တော်​ကို​ကြေ​ညာ သော်​လည်း​ကောင်း မိ​မိ​ခင်​ပွန်း​၏​အ​သ​ရေ​ကို ရှုတ်​ချ​သူ​ဖြစ်​၏။ သူ​သည်​ခေါင်း​တုံး​ရိတ်​ထား သည့်​အ​မျိုး​သ​မီး​နှင့်​မ​ထူး​ခြား​တော့​ချေ။- \v 6 မိန်း​မ​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​မ​ဖုံး​မ​အုပ် ဘဲ​ထား​မည့်​အ​စား မိ​မိ​၏​ဆံ​ပင်​ကို​ဖြတ် ထား​လျှင်​သာ​၍​ကောင်း​၏။ ဆံ​ပင်​ဖြတ်​ခြင်း၊ ခေါင်း​တုံး​ရိတ်​ခြင်း​တို့​သည်​အ​မျိုး​သ​မီး အ​တွက် ရှက်​ဖွယ်​ကောင်း​သော​အ​ရာ​များ​ဖြစ် သ​ဖြင့် သူ​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​ဖုံး​အုပ်​စေ။- \v 7 အ​မျိုး​သား​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​ဖုံး အုပ်​ရန်​မ​သင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ သည်​ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​ဘုန်း အ​သ​ရေ​တော်​ကို​ရောင်​ပြန်​ဟပ်​သူ​ဖြစ်​သော ကြောင့်​တည်း။ အ​မျိုး​သ​မီး​သည်​ကား​အ​မျိုး သား​၏​ဘုန်း​အ​သ​ရေ​ကို​ရောင်​ပြန်​ဟပ်​သူ ဖြစ်​၏။-\x + \xo 11:7 \xt က၊ ၁:၂၆-၂၇။\x* \v 8 အ​မျိုး​သား​သည်​အ​မျိုး​သ​မီး​မှ​ဖန်​ဆင်း ထား​သူ​မ​ဟုတ်။ အ​မျိုး​သ​မီး​သည်​သာ​လျှင် အ​မျိုး​သား​မှ​ဖန်​ဆင်း​သူ​ဖြစ်​၏။- \v 9 အ​မျိုး​သား​ကို​အ​မျိုး​သ​မီး​အ​တွက်​ဘု​ရား သ​ခင်​ဖန်​ဆင်း​တော်​မ​မူ။ အ​မျိုး​သမီး​ကို​သာ လျှင်​အ​မျိုး​သား​အ​တွက်​ဖန်​ဆင်း​တော်​မူ​၏။-\x + \xo 11:9 \xt က၊ ၂:၁၈-၂၃။\x* \v 10 သို့​ဖြစ်​၍​ကောင်း​ကင်​တ​မန်​များ​ကို​ထောက် သော​အား​ဖြင့် အ​မျိုး​သ​မီး​သည်​မိ​မိ​အ​ပေါ် အ​မျိုး​သား​အုပ်​စိုး​ခြင်း​ကို​ဖော်​ပြ​ရန်​မိ​မိ ဦး​ခေါင်း​ကို​အုပ်​သင့်​၏။- \v 11 သို့​ရာ​တွင်​သ​ခင်​ဘု​ရား​၏​မိတ်​သ​ဟာ​ယ အ​ဖွဲ့​တွင် အ​မျိုး​သား​သည်​အ​မျိုး​သ​မီး ကို​လို​အပ်​သ​ကဲ့​သို့​အ​မျိုး​သ​မီး​သည် လည်း​အ​မျိုး​သား​ကို​လို​အပ်​ပေ​သည်။- \v 12 အ​မျိုး​သ​မီး​သည်​အ​မျိုး​သား​မှ​ဖန်​ဆင်း​သော် လည်း အ​မျိုး​သား​သည်​အ​မျိုး​သ​မီး​က​မွေး​ဖွား သူ​ဖြစ်​၏။ အ​ရာ​ခပ်​သိမ်း​ကို​ဖြစ်​ပေါ်​စေ​သော အ​ရှင်​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။ \p \v 13 အ​မျိုး​သ​မီး​သည်​ဦး​ခေါင်း​ကို​မ​ဖုံး​မ​အုပ် ဘဲ​စု​ဝေး​ဝတ်​ပြု​ခြင်း​တွင် ဘု​ရား​သ​ခင်​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​သင့်​တော်​သည်​မ​သင့် တော်​သည်​ကို​သင်​တို့​ကိုယ်​တိုင်​စဉ်း​စား​ဆင်​ခြင် ကြ​လော့။- \v 14 ဆံ​ပင်​ရှည်​သည့်​အ​မျိုး​သား​အ​တွက်​ရှက်​ဖွယ် ရာ​ဖြစ်​ကြောင်း၊- \v 15 အ​မျိုး​သ​မီး​အ​တွက်​မှာ​မူ​လှ​ပ​တင့်​တယ်​ဖွယ် ရာ​ဖြစ်​ကြောင်း သ​ဘာ​ဝ​ဋ္ဌမ္မ​က​ပင်​သွန်​သင်​ပေး သည်​မ​ဟုတ်​ပါ​လော။ ဆံ​ပင်​ရှည်​ကို​အ​မျိုး သ​မီး​အား​ခြုံ​ထည်​အ​ဖြစ်​ပေး​ထား​ခြင်း​ဖြစ်​၏။- \v 16 ဤ​ကိစ္စ​နှင့်​ပတ်​သက်​၍​စော​ဒ​က​တက်​လို​သူ အား​ငါ​တို့​၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏ အ​သင်း​တော်​များ​၌​လည်း​ကောင်း ယင်း​သို့ ခေါင်း​ဖုံး​အုပ်​သည့်​ထုံး​စံ​မှ​လွဲ​၍​အ​ခြား ထုံး​စံ​မ​ရှိ​ကြောင်း​ငါ​ဖြေ​ဆို​အံ့။ \s1 သ​ခင်​ဘု​ရား​၏​ပွဲ​တော်​မင်္ဂ​လာ \r (မ၊ ၂၆:၂၆-၂၉။ မာ၊ ၁၄:၂၂-၂၅။ လု၊ ၂၂:၁၄-၂၀) \p \v 17 သို့​ရာ​တွင်​အောက်​ပါ​ညွှန်​ကြား​ချက်​များ​ကို ပေး​ရာ​တွင်​သင်​တို့​အား​ငါ​မ​ချီး​မွမ်း။ သင် တို့​၏​ဝတ်​ပြု​ခြင်း​များ​သည်​ကောင်း​ကျိုး​ထက် ဆိုး​ကျိုး​ကို​ပေး​နေ​၏။- \v 18 ပ​ထ​မ​အ​ချက်​အ​နေ​ဖြင့်​သင်​တို့​၏​အ​သင်း တော်​အ​စည်း​ဝေး​များ​၌ စိတ်​ဝမ်း​ကွဲ​ပြား​မှု​များ ရှိ​ကြောင်း​ကို​ငါ​ကြား​သိ​ရ​ပေ​သည်။ ကြား​ရ သည့်​အ​တိုင်း​အ​ချို့​တစ်​ဝက်​မှန်​လိမ့်​မည်။- \v 19 (သင်​တို့​တွင်​စိတ်​ဝမ်း​ကွဲ​ပြား​မှု​ကား​ရှိ​ရ သည်​မှန်​၏။ သို့​ရှိ​မှ​သာ​လျှင်​အ​မှန်​ဘက်​တွင် ရှိ​သော​သူ​များ​ကို​ပေါ်​လွင်​ထင်​ရှား​စေ​မည်။-) \v 20 သင်​တို့​သည်​စု​ရုံး​ကြ​သော​အ​ခါ​သ​ခင် ဘု​ရား​၏​ပွဲ​တော်​မင်္ဂ​လာ​ဝင်​ရန်​အ​တွက်​မ​ဟုတ်။- \v 21 သင်​တို့​တစ်​ဦး​စီ​သည်​ကိုယ့်​အ​စာ​ကို​အ​လျင် စား​ကြ​သ​ဖြင့်​ဆာ​သူ​က​ဆာ၊ သေ​သောက်​ကြူး သူ​က​ကြူး​လျက်​ရှိ​ကြ​သည်။- \v 22 သင်​တို့​တွင်​စား​သောက်​ရန်​နေ​အိမ်​မ​ရှိ​သ​လော။ သို့​တည်း​မ​ဟုတ်​ဘု​ရား​သ​ခင်​၏​အ​သင်း​တော် ကို​ရှုတ်​ချ​၍ ဆင်း​ရဲ​သူ​တို့​အား​အ​ရှက်​ခွဲ​လို ကြ​သ​လော။ သင်​တို့​အား​အ​ဘယ်​သို့​ငါ​ပြော​ရ မည်​နည်း။ သင်​တို့​ကို​ချီး​ကူး​ရ​မည်​လော။ ဤ ကိစ္စ​တွင်​အ​ဘယ်​နည်း​နှင့်​မျှ​မ​ချီး​ကူး​နိုင်။ \p \v 23 သင်​တို့​အား​ယ​ခု​ငါ​ပေး​အပ်​မည့်​သွန်​သင် ချက်​ကို​သ​ခင်​ဘု​ရား​ထံ​တော်​မှ​ငါ​ရ​ရှိ​၏။ ရန်​သူ့​လက်​သို့​အပ်​နှံ​ခြင်း​ခံ​တော်​မူ​သည့် ည​၌​အ​ရှင်​ယေ​ရှု​သည်​မုန့်​ကို​ယူ​၍၊- \v 24 ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​နောက်​မုန့်​ကို​ဖဲ့ တော်​မူ​လျက် ``ဤ​မုန့်​ကား​သင်​တို့​အ​တွက်​စွန့် သော​ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​သ​တိ​ရ ခြင်း​ငှာ​ဤ​သို့​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။- \v 25 ထို​နည်း​တူ​စွာ​ည​စာ​စား​ပြီး​နောက်​စ​ပျစ် ရည်​ခွက်​ဖ​လား​ကို​ယူ​တော်​မူ​လျက် ``ဤ ခွက်​ဖ​လား​ကား​ငါ​၏​သွေး​နှင့်​တံ​ဆိပ်​ခတ် သော​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ်​သစ်​ဖြစ်​၏။ ဤ​ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို​သောက်​သည့် အ​ခါ​တိုင်း​ငါ့​ကို​သ​တိ​ရ​ခြင်း​ငှာ​သောက် ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။\x + \xo 11:25 \xt ထွ၊ ၂၄:၆-၈။ ယေ၊ ၃၁:၃၁-၃၄။\x* \p \v 26 သင်​တို့​သည်​ထို​မုန့်​ကို​စား​၍​ထို​ခွက်​ဖ​လား မှ​စ​ပျစ်​ရည်​ကို​သောက်​သည့်​အ​ခါ​တိုင်း​သ​ခင် ဘု​ရား​အ​သေ​ခံ​တော်​မူ​ကြောင်း​ကို​ကိုယ်​တော် ကြွ​လာ​တော်​မူ​ချိန်​တိုင်​အောင်​ကြေ​ညာ​ကြ​၏။- \v 27 သို့​ဖြစ်​၍​မ​ရို​မ​သေ​ဘဲ​သ​ခင်​ဘု​ရား​၏​မုန့် ကို​စား​၍ ကိုယ်​တော်​၏​ခွက်​ဖ​လား​မှ​စ​ပျစ် ရည်​ကို​သောက်​သော​သူ​မည်​သည်​ကား သ​ခင် ဘု​ရား​၏​ကိုယ်​ခန္ဓာ​တော်​နှင့်​သွေး​တော်​ကို ပြစ်​မှား​ရာ​ရောက်​၏။- \v 28 ထို့​ကြောင့်​လူ​တိုင်း​မိ​မိ​ကိုယ်​ကို​စစ်​ဆေး​ပြီး​မှ မုန့်​ကို​စား​၍ ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို​သောက် စေ။- \v 29 မုန့်​ကို​စား​၍​ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို သောက်​သော​အ​ခါ သ​ခင်​ဘု​ရား​၏​ကိုယ်​ခန္ဓာ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မ​သိ​နား​မ​လည်​သော သူ​သည် မိ​မိ​အ​ပေါ်​အ​ပြစ်​ဒဏ်​ကျ​ရောက် စေ​ရန်​စား​သောက်​သူ​ဖြစ်​၏။- \v 30 ထို​အ​ကြောင်း​ကြောင့်​သင်​တို့​အ​ထဲ​တွင်​အား​အင် ချည့်​နဲ့​သူ​နှင့်​မ​ကျန်း​မ​မာ​သူ​အ​မြောက်​အ​မြား ရှိ​ပေ​သည်။ သေ​သော​သူ​အ​ချို့​လည်း​ရှိ​၏။- \v 31 ငါ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ပ​ထ​မ​ဦး​စွာ​စစ် ဆေး​ကြ​မည်​ဆို​ပါ​မူ ဤ​သို့​ဘု​ရား​သ​ခင်​၏ စီ​ရင်​တော်​မူ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။- \v 32 သို့​ရာ​တွင်​ငါ​တို့​အား​ဤ​သို့​ထာ​ဝ​ရ​ဘု​ရား သ​ခင်​စီ​ရင်​တော်​မူ​ခြင်း​မှာ ငါ​တို့​အား​လော​ကီ သား​တို့​နှင့်​အ​တူ​အ​ပြစ်​ဒဏ်​မ​ခံ​ရ​စေ​ရန် ဆုံး​မ​တော်​မူ​ခြင်း​ဖြစ်​သည်။ \p \v 33 ထို့​ကြောင့်​ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​၏​ပွဲ​တော် မင်္ဂလာ​ကို​ဝင်​ရန်​စု​ဝေး​ကြ​သော​အ​ခါ တစ်​ယောက် ကို​တစ်​ယောက်​စောင့်​ဆိုင်း​ကြ​လော့။- \v 34 သင်​တို့​စု​ဝေး​ကြ​သော​အ​ခါ​တွင်​ဘု​ရား​သ​ခင် ၏​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ခြင်း​နှင့်​ကင်း​လွတ် နိုင်​စေ​ရန် ဆာ​မွတ်​သော​သူ​သည်​မိ​မိ​အိမ်​တွင် စား​သောက်​စေ။ အ​ခြား​ကိစ္စ​များ​နှင့်​ပတ်​သက်​၍ ငါ​လာ​သည့်​အ​ခါ​ဖြေ​ရှင်း​မည်။ \c 12 \s1 သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​ဆု​ကျေး​ဇူး​များ \p \v 1 ညီ​အစ်​ကို​တို့၊ သင်​တို့​ရေး​သား​မေး​မြန်း သည့်​ဝိ​ညာဉ်​တော်​၏​ဆု​ကျေး​ဇူး​များ​နှင့် ပတ်​သက်​၍ သင်​တို့​အား​သိ​စေ​လို​သော အ​ချက်​များ​ရှိ​၏။- \v 2 သင်​တို့​သည်​ယုံ​ကြည်​သူ​မ​ဖြစ်​မီ​က စိတ် လှုပ်​ရှား​ရာ​သို့​လိုက်​ပါ​ကာ​လမ်း​လွဲ​လျက် သက်​မဲ့​ရုပ်​တု​များ​ကို​ကိုး​ကွယ်​ခဲ့​ကြ​ကြောင်း သင်​တို့​အ​သိ​ပင်​ဖြစ်​၏။- \v 3 အ​ဘယ်​သူ​မ​ဆို​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ် တော်​ဦး​ဆောင်​မှု​ကို​ခံ​ယူ​ရ​ရှိ​လျှင် သ​ခင် ယေ​ရှု​အား​ကျိန်​စာ​မ​သင့်​စေ​နိုင်။ သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​ရှေ့​ဆောင်​လမ်း​ပြ​မှု​ကို မ​ခံ​ယူ​မ​ရ​ရှိ​လျှင် ``ယေ​ရှု​သည်​အ​ရှင် သ​ခင်​ဖြစ်​ပါ​သည်'' ဟု​မည်​သူ​မျှ​ဝန်​မ​ခံ နိုင်​ကြောင်း​ကို​သင်​တို့​အား​သိ​စေ​လို​၏။ \p \v 4 ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကား​အ​မျိုး​မျိုး​ရှိ​၏။ သို့ သော်​ထို​ဆု​ကျေး​ဇူး​များ​ကို​ချ​ပေး​တော် မူ​သော​ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​ရှိ​၏။-\x + \xo 12:4 \xt ရော၊ ၁၂:၆-၈။\x* \v 5 အ​စေ​ခံ​ရန်​နည်း​အ​မျိုး​မျိုး​ရှိ​သော်​လည်း အ​စေ​ခံ​ရ​သည့်​သ​ခင်​ကား​တစ်​ပါး​တည်း​ရှိ​၏။- \v 6 အ​မှု​တော်​ဆောင်​ရန်​စွမ်း​ရည်​အ​မျိုး​မျိုး​ရှိ​သော် လည်း လူ​အ​သီး​သီး​၌​ရှိ​သော​စွမ်း​ရည်​များ​ကို ပေး​တော်​မူ​သော​အ​ရှင်​ကား​တစ်​ပါး​တည်း​ရှိ​၏။- \v 7 အ​များ​ကောင်း​ကျိုး​အ​တွက်​လူ​အ​သီး​သီး တို့​နှင့်​ဝိ​ညာဉ်​တော်​ပါ​ရှိ​ကြောင်း​တစ်​နည်း တစ်​ဖုံ​အား​ဖြင့်​ဖော်​ပြ​၏။- \v 8 ဝိ​ညာဉ်​တော်​သည်​လူ​တစ်​ယောက်​အား​ဉာဏ် ပ​ညာ​ဖြင့်​ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​ပေး တော်​မူ​၏။ အ​ခြား​တစ်​ယောက်​အား​အ​သိ ဉာဏ်​ဖြင့်​ခက်​ခဲ​သော​အ​ရာ​တို့​ကို​ထုတ်​ဖော် ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​ပေး​တော်​မူ​၏။- \v 9 ဝိ​ညာဉ်​တော်​က​ပင်​တစ်​ယောက်​အား​ယုံ​ကြည်​မှု ပါ​ရ​မီ​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက် အား​အ​နာ​ရော​ဂါ​များ​ပျောက်​ကင်း​စေ​နိုင် သော​တန်​ခိုး​ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။- \v 10 ဝိ​ညာဉ်​တော်​သည်​တစ်​ယောက်​အား​နိ​မိတ်​လက္ခ ဏာ​များ​ပြ​နိုင်​သော​တန်​ခိုး​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက်​အား​ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တော်​ကို​ဟော​ပြော​နိုင်​သော​စွမ်း ရည်​ကို​လည်း​ကောင်း၊ နောက်​တစ်​ယောက်​အား ဝိ​ညာဉ်​တော်​ချ​ပေး​တော်​မူ​သည့်​ဆု​ကျေး​ဇူး များ​နှင့်​ချ​ပေး​တော်​မ​မူ​သည့်​ဆု​ကျေး​ဇူး များ​ကို​ပိုင်း​ခြား​သိ​ရှိ​နိုင်​သော​စွမ်း​ရည် ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။ ကိုယ်​တော် သည်​တစ်​ယောက်​အား​ထူး​ဆန်း​သော​ဘာ​သာ စ​ကား​အ​မျိုး​မျိုး​ကို​အ​နက်​ပြန်​ဆို​နိုင် သော​စွမ်း​ရည်​ကို​လည်း​ကောင်း၊ အ​ခြား​တစ် ယောက်​အား​ထို​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ကို​ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​လည်း​ကောင်း ပေး​တော်​မူ​၏။- \v 11 သို့​ရာ​တွင်​ဤ​တန်​ခိုး​စွမ်း​ရည်​အ​ပေါင်း​တို့ ကို​ချ​ပေး​တော်​မူ​သော​အ​ရှင်​ကား​ဝိ​ညာဉ် တော်​တစ်​ပါး​တည်း​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သည် မိ​မိ​အ​လို​တော်​အ​တိုင်း​လူ​တစ်​ဦး​စီ​အား ထူး​ခြား​သည့်​ဆု​ကျေး​ဇူး​ကို​ချ​ပေး​တော် မူ​သ​တည်း။ \s1 အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ရှိ​သည့်​ကိုယ်​ခန္ဓာ \p \v 12 ခ​ရစ်​တော်​သည်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ရှိ သည့်​ကိုယ်​ခန္ဓာ​နှင့်​တူ​၏။ ကိုယ်​ခန္ဓာ​သည်​အင်္ဂါ အ​စိတ်​အ​ပိုင်း​များ​ရှိ​သော်​လည်း​တစ်​ကိုယ် တည်း​သာ​ဖြစ်​၏။-\x + \xo 12:12 \xt ရော၊ ၁၂:၄-၅။\x* \v 13 ထို​နည်း​တူ​စွာ​ငါ​တို့​သည်​ယု​ဒ​လူ​မျိုး​ဖြစ် စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လွတ်​လပ် သူ​ဖြစ်​စေ၊ ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​အား ဖြင့်​ကိုယ်​ခန္ဓာ​တစ်​ခု​တည်း​ထဲ​သို့​ဗတ္တိ​ဇံ​ခံ ယူ​ကြ​၏။ ငါ​တို့​ရှိ​သ​မျှ​သည်​ဝိ​ညာဉ်​တော် တစ်​ပါး​တည်း​ကို​သောက်​ကြ​ရ​၏။ \p \v 14 လူ​၏​ကိုယ်​ခန္ဓာ​တွင်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ် ခု​တည်း​ရှိ​သည်​မ​ဟုတ်။ အ​များ​ပင်​ရှိ​ပေ သည်။- \v 15 ခြေ​က ``ငါ​သည်​လက်​မ​ဟုတ်​သ​ဖြင့်​ကိုယ် ခန္ဓာ​နှင့်​မ​စပ်​ဆိုင်'' ဟု​ဆို​ပါ​က​ခြေ​သည် ကိုယ်​ခန္ဓာ​၏​အ​စိတ်​အ​ပိုင်း​ဖြစ်​သေး​၏။- \v 16 နား​က``ငါ​သည်​မျက်​စိ​မ​ဟုတ်​သ​ဖြင့်​ကိုယ် ခန္ဓာ​နှင့်​မ​စပ်​ဆိုင်'' ဟု​ဆို​ပါ​က​နား​သည် ကိုယ်​ခန္ဓာ​၏​အ​စိတ်​အ​ပိုင်း​ဖြစ်​သေး​၏။- \v 17 ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​မျက်​စိ​သာ​လျှင် ဖြစ်​ပါ​က​အ​ဘယ်​သို့​ကြား​နိုင်​မည်​နည်း။ ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​နား​သာ​လျှင် ဖြစ်​ပါ​မူ​အ​ဘယ်​သို့​အ​နံ့​ခံ​နိုင်​မည်​နည်း။- \v 18 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​အ​လို​တော် ရှိ​သည့်​အ​တိုင်း​ကိုယ်​ခန္ဓာ​တွင် အင်္ဂါ​အ​စိတ် အ​ပိုင်း​အ​သီး​သီး​တို့​သူ့​နေ​ရာ​နှင့်​သူ ရှိ​စေ​တော်​မူ​၏။- \v 19 အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​တည်း​သာ​လျှင် ရှိ​ခဲ့​သော်​ကိုယ်​ခန္ဓာ​ဖြစ်​လာ​နိုင်​မည်​မ​ဟုတ်။- \v 20 အ​မှန်​အား​ဖြင့်​ဆို​သော်​အင်္ဂါ​အ​စိတ်​အ​ပိုင်း အ​များ​ရှိ​သော်​လည်း​ကိုယ်​ခန္ဓာ​တစ်​ခု​တည်း သာ​ရှိ​သ​တည်း။ \p \v 21 ထို​ကြောင့်​မျက်​စိ​က​လက်​အား ``သင့်​ကို​ငါ အ​လို​မ​ရှိ'' ဟု​မ​ဆို​နိုင်။ ဦး​ခေါင်း​က​လည်း ခြေ​အား ``သင့်​ကို​ငါ​အ​လို​မ​ရှိ'' ဟု​မ​ဆို နိုင်။- \v 22 အား​နည်း​သော​လက္ခ​ဏာ​ရှိ​သော​ကိုယ်​အင်္ဂါ အ​စိတ်​အ​ပိုင်း​များ​မှာ​မ​ရှိ​လျှင်​မ​ဖြစ်။- \v 23 ယုတ်​သည်​ဟု​ထင်​ရ​သော​အင်္ဂါ​အ​စိတ်​အ​ပိုင်း များ​ကို​ပို​၍​ပင်​ငါ​တို့​ဂ​ရု​စိုက်​ကြ​ရ​၏။ တင့်​တယ်​ခြင်း​မ​ရှိ​သည့်​အင်္ဂါ​အ​စိတ်​အ​ပိုင်း များ​ကို​ပို​၍​တင့်​တယ်​အောင်​မွမ်း​မံ​ကြ​ရ​၏။- \v 24 တင့်​တယ်​ပြီး​ဖြစ်​သည့်​အင်္ဂါ​အ​စိတ်​အ​ပိုင်း များ​ကို​မူ​ကား​မွမ်း​မံ​နေ​စ​ရာ​မ​လို။ ဂုဏ် အ​သ​ရေ​လို​သည့်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​တို့ ကို​ပို​၍​ဂုဏ်​အ​သ​ရေ​ရှိ​စေ​ရန်​ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​ကိုယ်​ခန္ဓာ​ကို​စေ့​စပ် ပြု​ပြင်​ထား​တော်​မူ​၏။- \v 25 သို့​ဖြစ်​၍​ကိုယ်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​အ​ချင်း ချင်း​စိတ်​ဝမ်း​ကွဲ​ပြား​မှု​မ​ရှိ​ဘဲ အ​ချင်း​ချင်း ၏​အ​ကျိုး​ကို​ပြု​စု​လျက်​ရှိ​ပေ​သည်။- \v 26 အ​ကယ်​၍​ကိုယ်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​က ဝေ​ဒ​နာ​ခံ​ရ​လျှင်​အခြား​အ​စိတ်​အ​ပိုင်း​များ သည်​လည်း​အ​တူ​ခံ​ရ​ကြ​၏။ ကိုယ်​အင်္ဂါ​အ​စိတ် အ​ပိုင်း​တစ်​ခု​က​ချီး​မွမ်း​ခြင်း​ခံ​ရ​လျှင် အ​ခြား​အ​စိတ်​အ​ပိုင်း​များ​သည်​လည်း​အ​တူ ဝမ်း​မြောက်​ရ​ကြ​၏။ \p \v 27 သင်​တို့​အ​ပေါင်း​သည်​ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ တော်​ဖြစ်​၏။ သင်​တို့​အ​သီး​သီး​သည်​ကား ကိုယ်​ခန္ဓာ​တော်​၏​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ ဖြစ်​ကြ​၏။- \v 28 ဘု​ရား​သ​ခင်​သည်​ပ​ထ​မ​အ​နေ​ဖြင့်​တ​မန် တော်​များ၊ ဒု​တိ​ယ​အ​နေ​ဖြင့်​ပ​ရော​ဖက်​များ၊ တ​တိ​ယ​အ​နေ​ဖြင့်​ဆ​ရာ​များ​ကို​လည်း ကောင်း၊ ထို​နောက်​နိ​မိတ်​လက္ခ​ဏာ​ပြ​သူ​များ၊ အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​နိုင် သော​တန်​ခိုး​ကို​ရ​ရှိ​သူ​များ၊ သူ​တစ်​ပါး တို့​ကို​ကူ​ညီ​သူ​များ၊ ရှေ့​ဆောင်​လမ်း​ပြ နိုင်​စွမ်း​ရှိ​သူ​များ၊ ထူး​ဆန်း​သော​ဘာ​သာ စ​ကား​အ​မျိုး​မျိုး​ကို​ပြော​နိုင်​သူ​များ​ကို လည်း​ကောင်း​အ​သင်း​တော်​တွင်​ခန့်​ထား တော်​မူ​၏။-\x + \xo 12:28 \xt ဧ၊ ၄:၁၁။\x* \v 29 သူ​တို့​အား​လုံး​ပင်​တ​မန်​တော်​များ​ဖြစ်​ကြ သ​လော။ သူ​တို့​အား​လုံး​ပင်​ပ​ရော​ဖက်​များ ဖြစ်​ကြ​သ​လော။ သူ​တို့​အား​လုံး​ပင်​ဆ​ရာ များ​ဖြစ်​ကြ​သ​လော။ သူ​တို့​အား​လုံး​ပင် နိ​မိတ်​လက္ခ​ဏာ​ပြ​နိုင်​သူ​များ​ဖြစ်​ကြ သ​လော။- \v 30 သူ​တို့​အား​လုံး​ပင်​အ​နာ​ရော​ဂါ​များ​ကို ပျောက်​ကင်း​စေ​နိုင်​သော​တန်​ခိုး​ကို​ရ​ရှိ​သူ များ​ဖြစ်​ကြ​သ​လော။ သူ​တို့​အား​လုံး​ပင် ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ကို​အ​နက်​အ​ဋ္ဌိပ္ပါယ်​ပြန်​ဆို​နိုင်​သူ​များ ဖြစ်​ကြ​သ​လော။- \v 31 သို့​ဖြစ်​၍​သင်​တို့​သည်​ပို​၍​မြတ်​သည့်​ဆု ကျေး​ဇူး​များ​ကို​စွဲ​လမ်း​ကြ​လော့။ \p သို့​ရာ​တွင်​အ​မြတ်​ဆုံး​သော​ဆု​ကျေး​ဇူး ကို​ငါ​ဖော်​ပြ​မည်။ \c 13 \s1 မေတ္တာ \p \v 1 ငါ​သည်​လူ​ဘာ​သာ​စ​ကား​များ​နှင့်​ကောင်း​ကင် တ​မန်​ဘာ​သာ​စ​ကား​များ​ကို​ပြော​နိုင်​သော် လည်း မေတ္တာ​မ​ရှိ​လျှင်​ပဲ့​တင်​ခတ်​သည့်​မောင်း ကဲ့​သို့​လည်း​ကောင်း၊ အ​သံ​မြည်​သည့်​လင်း ကွင်း​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​၏။- \v 2 ငါ​သည်​ဗျာ​ဒိတ်​တော်​အား​ဖြင့်​ဟော​ပြော​နိုင် သော်​လည်း​ကောင်း၊ နက်​နဲ​သော​အ​ရာ​ရှိ​သ​မျှ နှင့်​အ​တတ်​ပ​ညာ​ရှိ​သ​မျှ​တို့​ကို​နား​လည် တတ်​ကျွမ်း​သော်​လည်း​ကောင်း၊ တောင်​များ​ကို ရွှေ့​ပြောင်း​နိုင်​သည့်​ယုံ​ကြည်​ခြင်း​ရှိ​သော် လည်း​ကောင်း​မေတ္တာ​မ​ရှိ​လျှင်​အ​ချည်း​နှီး ပင်​ဖြစ်​၏။-\x + \xo 13:2 \xt မ၊ ၁၇:၂၀။ ၂၁:၂၁။ မာ၊ ၁၁:၂၃။\x* \v 3 ငါ​၏​ဥစ္စာ​ရှိ​သ​မျှ​ကို​ပေး​ကမ်း​စွန့်​ကြဲ​သည် သာ​မ​က​ကိုယ်​ခန္ဓာ​ကို​မီး​ဖြင့်​ပူ​ဇော်​သော် လည်း​မေတ္တာ​မ​ရှိ​လျှင်​ငါ​၌​အ​ကျိုး​မ​ရှိ။ \p \v 4 မေတ္တာ​သည်​သည်း​ခံ​တတ်​၏။ ကြင်​နာ​သ​နား တတ်​၏။ မ​နာ​လို​စိတ်​မ​ရှိ။ မေတ္တာ​သည်​ကြွား​ဝါ မှု​မ​ရှိ။ မာန်​မာ​န​မ​ရှိ။- \v 5 မ​လျောက်​ပတ်​သည့်​အ​မှု​ကို​မ​ပြု​တတ်။ ကိုယ် ကျိုး​ကို​မ​ရှာ​တတ်။ ဒေါ​သ​အ​မျက်​မ​ထွက် တတ်။ သူ​တစ်​ပါး​၏​အ​ပြစ်​ကို​မှတ်​၍​မ​ထား တတ်။- \v 6 မ​ကောင်း​မှု​ဒု​စ​ရိုက်​ကြောင့်​ဝမ်း​မြောက်​ဝမ်း​သာ မ​ရှိ​တတ်။ သမ္မာ​တ​ရား​ကြောင့်​ဝမ်း​မြောက်​တတ်​၏။- \v 7 မည့်​သည့်​အ​ခါ​မျှ​လက်​အ​လျော့​မ​ပေး​တတ်။ မေတ္တာ​သည်​အ​မြဲ​ယုံ​ကြည်​တတ်​၏။ အ​မြဲ မျှော်​လင့်​တတ်​၏။ အ​မြဲ​သည်း​ခံ​တတ်​၏။ \p \v 8 မေတ္တာ​သည်​ထာ​ဝ​စဉ်​တည်​၏။ ဗျာ​ဒိတ်​တော် အား​ဖြင့်​ဟော​ပြော​နိုင်​သော​စွမ်း​ရည်​သည် လည်း​ကောင်း၊ ထူး​ဆန်း​သော​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​နိုင်​သော​အ​ခွင့်​သည် လည်း​ကောင်း၊ အ​သိ​ပ​ညာ​သည်​လည်း​ကောင်း အ​မြဲ​မ​တည်​ဘဲ​ကွယ်​ပျောက်​လိမ့်​မည်။- \v 9 ငါ​တို့​၏​အ​သိ​ပ​ညာ​သည်​မ​စုံ​လင်။ ဗျာ​ဒိတ် တော်​အား​ဖြင့်​ဟော​ပြော​နိုင်​သော​စွမ်း​ရည် သည်​လည်း​မ​စုံ​လင်။- \v 10 သို့​ရာ​တွင်​စုံ​လင်​သည့်​အ​ရာ​ရောက်​ရှိ​လာ​သော အ​ခါ​၌​မူ​ကား မ​စုံ​လင်​သော​အ​ရာ​ဟူ​သ​မျှ တို့​သည်​ကွယ်​ပျောက်​လိမ့်​မည်။ \p \v 11 ငါ​သည်​က​လေး​သူ​ငယ်​ဖြစ်​စဉ်​အ​ခါ​က၊ က​လေး​သူ​ငယ်​ကဲ့​သို့​စ​ကား​ပြော​၏။ သူ​ငယ် ကဲ့​သို့​စိတ်​တွင်​ခံ​စား​ရ​၏။ သူ​ငယ်​ကဲ့​သို့ စဉ်း​စား​ဆင်​ခြင်​၏။ ကြီး​ပြင်း​လာ​သော အ​ခါ​၌​မူ​ကား​က​လေး​သူ​ငယ်​၏​အ​လေ့ များ​ကို​ငါ​ပယ်​ရှား​၏။- \v 12 ယ​ခု​အ​ခါ​ငါ​တို့​သည်​ကြေး​မုံ​တွင်​ပေါ်​လာ သည့်​ပုံ​သဏ္ဌာန်​ကို​မြင်​ရ​သ​ကဲ့​သို့​မ​ထင်​မ​ရှား တွေ့​မြင်​ရ​ကြ​၏။ ထို​အ​ခါ​၌​မူ​ကား​မျက်​ဝါး ထင်​ထင်​တွေ့​မြင်​ရ​လတ္တံ့။ ယ​ခု​အ​ခါ​ငါ​သည် စုံ​လင်​စွာ​မ​သိ​မ​မြင်​ရ။ ထို​အ​ခါ​၌​ကား ဘု​ရား​သ​ခင်​သည်​ငါ့​ကို​စုံ​လင်​စွာ​သိ​မြင် တော်​မူ​သ​ကဲ့​သို့​ငါ​သည်​စုံ​လင်​စွာ​သိ မြင်​ရ​လိမ့်​မည်။ \p \v 13 ယ​ခု​တွင်​ပါ​ရ​မီ​သုံး​ပါး​တည်း​ဟူ​သော ယုံ​ကြည်​ခြင်း၊ မျှော်​လင့်​ခြင်း၊ ချစ်​ခြင်း​တည် လျက်​ရှိ​၏။ ဤ​သုံး​ပါး​တို့​တွင်​ချစ်​ခြင်း မေတ္တာ​သည်​အ​မြတ်​ဆုံး​ဖြစ်​သ​တည်း။ \b \c 14 \s1 ဝိ​ညာဉ်​တော်​ဆု​ကျေး​ဇူး​များ​အ​ကြောင်း ထပ်​လောင်း​ဖော်​ပြ​ချက် \p \v 1 ထို့​ကြောင့်​သင်​တို့​သည်​မေတ္တာ​တ​ရား​ကို​ကျင့်​သုံး ရန် ကြိုး​ပမ်း​အား​ထုတ်​ကြ​လော့။ ဝိ​ညာဉ်​ဆု​ကျေး​ဇူး များ​ကို​တောင့်​တ​လို​ချင်​ကြ​လော့။ အ​ထူး​သ​ဖြင့် နှုတ်​က​ပတ်​တ​ရား​တော်​ဟော​ပြော​နိုင်​သော​ဆု ကျေး​ဇူး​ကို​လို​လား​ကြ​လော့။- \v 2 ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့် ပြော​ဆို​သော​သူ​သည်​လူ​နှင့်​ပြော​ဆို​သည် မ​ဟုတ်။ ဘု​ရား​နှင့်​သာ​ပြော​ဆို​ခြင်း​ဖြစ်​၏။ သူ​၏​စ​ကား​ကို​အ​ဘယ်​သူ​မျှ​နား​မ​လည်။ သူ​သည်​ဝိ​ညာဉ်​တော်​တန်​ခိုး​ဖြင့်​လျှို့​ဝှက် နက်​နဲ​သည့်​အ​ကြောင်း​အ​ရာ​များ​ကို​ပြော ဆို​၏။- \v 3 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို ဟော​ပြော​သော​သူ​သည်​ကား လူ​တို့​အား​ဆောက် တည်​ရာ​ရ​စေ​သော​စ​ကား၊ အား​ပေး​သော စ​ကား၊ နှစ်​သိမ့်​သော​စ​ကား​တို့​ကို​ပြော​၏။- \v 4 ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့် ပြော​ဆို​သူ​သည် မိ​မိ​အ​ကျိုး​ကို​ပြု​စု​၏။ နှုတ် က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​သော​သူ​မူ ကား အ​သင်း​တော်​တစ်​ခု​လုံး​၏​အ​ကျိုး​ကို ပြု​စု​၏။ \p \v 5 ငါ​သည်​သင်​တို့​အား​လုံး​ကို​ပင်​ထူး​ဆန်း​သော ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့်​ပြော​ဆို​စေ​လို သော်​လည်း နှုတ်​က​ပတ်​တ​ရား​တော်​ဟော​ပြော နိုင်​သော​ဆု​ကျေး​ဇူး​ကို​ပို​၍​ရ​စေ​လို​၏။ ထူး ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့်​ပြော ဆို​သူ​သည် မိ​မိ​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို ရှင်း​လင်း​ဖော်​ပြ​နိုင်​သူ​ရှိ​မှ​သာ​လျှင် အ​သင်း တော်​၏​အ​ကျိုး​ကို​ပြု​စု​၏။ သို့​မ​ဟုတ်​ပါ​မူ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​ခြင်း က​ပို​၍​တန်​ဖိုး​ရှိ​၏။- \v 6 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ ငါ​သည်​သင်​တို့​ထံ သို့​လာ​၍​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ဖြင့်​ပြော​ဆို​ပါ​လျှင် အ​ဘယ် အ​ကျိုး​ရှိ​မည်​နည်း။ ငါ​ဟော​ပြော​သော​စကား များ​သည် ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော် စ​ကား၊ အ​သိ​ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား၊ ဝိ​ညာဉ်​တော်​တန်​ခိုး​အား​ဖြင့်​နှိုး​ဆော်​သော စ​ကား၊ ဆုံး​မ​သွန်​သင်​သည့်​စ​ကား​များ​မ​ဖြစ် ပါ​မူ​သင်​တို့​၌​အ​ဘယ်​အ​ကျိုး​ရှိ​မည်​နည်း။ \p \v 7 ပ​လွေ​သို့​မ​ဟုတ်​စောင်း​ကောက်​ကဲ့​သို့​သော သက်​မဲ့​တူ​ရိ​ယာ​များ​ကို​ကြည့်​လော့။ ထို တူ​ရိ​ယာ​များ​မှ​တေး​သံ​များ​ပီ​သ​စွာ ထွက်​ပေါ်​၍​မ​လာ​ပါ​မူ​အ​ဘယ်​သူ​သည် ထို​တူ​ရိ​ယာ​တို့​၏​တေး​သွား​ကို​သိ​နိုင် မည်​နည်း။- \v 8 တံ​ပိုး​ခ​ရာ​မှုတ်​သံ​မ​ပီ​သ​ပါ​က​အ​ဘယ်​သူ သည်​စစ်​ပွဲ​ဝင်​ရန်​ပြင်​ဆင်​မည်​နည်း။- \v 9 ထို​နည်း​တူ​စွာ​ထူး​ဆန်း​သည့်​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ဖြင့်​သင်​တို့​ပြော​သည့်​စ​ကား​သည် အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှင်း​ပါ​မူ အ​ဘယ်​သူ​သည် နား​လည်​နိုင်​မည်​နည်း။ သင်​တို့​၏​စ​ကား​များ သည်​လေ​ထဲ​တွင်​ပျောက်​ကွယ်​သွား​လိမ့်​မည်။- \v 10 ကမ္ဘာ​ပေါ်​တွင်​ဘာ​သာ​စ​ကား​အ​မျိုး​ပေါင်း များ​စွာ​ရှိ​သော်​လည်း မည်​သည့်​ဘာ​သာ​စ​ကား မျှ​အ​ဋ္ဌိပ္ပါယ်​ကင်း​မဲ့​သည်​မ​ရှိ။- \v 11 သို့​ရာ​တွင်​ငါ​နား​မ​လည်​သည့်​ဘာ​သာ​စ​ကား ကို​ပြော​ဆို​သူ​သည် ငါ့​အ​ဖို့​လူ​မျိုး​ခြား​ဖြစ်​၏။ ငါ​သည်​လည်း​သူ့​အ​ဖို့​လူ​မျိုး​ခြား​ဖြစ်​ပေ​မည်။- \v 12 သင်​တို့​သည်​ဝိ​ညာဉ်​တော်​ဆု​ကျေး​ဇူး​များ​ကို လို​လား​တောင့်​တ​ကြ​သည့်​အ​လျောက်​အ​သင်း တော်​ကြီး​ပွား​တိုး​တက်​မှု​ကို အ​ထောက်​အ​ကူ ပြု​မည့်​ဆု​ကျေး​ဇူး​များ​ကို​ပို​၍​အ​သုံး​ပြု ရန်​ကြိုး​စား​ကြ​လော့။- \v 13 ထို့​ကြောင့်​ထူး​ဆန်း​သော​စ​ကား​အ​မျိုး​မျိုး ဖြင့်​ပြော​သော​သူ​သည် မိ​မိ​ပြော​သည့်​စ​ကား ၏​အ​ဋ္ဌိပ္ပါယ်​ကို​ဖော်​ပြ​နိုင်​သော​တန်​ခိုး​စွမ်း ရည်​ကို​ရ​ရှိ​ရန်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရ​မည်။- \v 14 ငါ​သည်​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ဖြင့်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ ငါ​၏​စိတ် နှ​လုံး​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​သော် လည်း​ငါ​၏​အ​သိ​ဉာဏ်​မူ​ကား​ပါ​ဝင်​မှု​မ​ရှိ။- \v 15 သို့​ဖြစ်​၍​အ​ဘယ်​သို့​ငါ​ပြု​ရ​မည်​နည်း။ ငါ​သည် စိတ်​နှ​လုံး​အား​ဖြင့်​သာ​မ​က​အ​သိ​ဉာဏ်​အား ဖြင့်​လည်း​ဆု​တောင်း​ပတ္ထနာ​ပြု​မည်။ စိတ်​နှ​လုံး အား​ဖြင့်​သီ​ချင်း​ဆို​သည်​သာ​မ​က​အ​သိ ဉာဏ်​အား​ဖြင့်​လည်း​သီ​ဆို​မည်။- \v 16 သင်​တို့​သည်​စိတ်​နှ​လုံး​အား​ဖြင့်​သာ​လျှင် ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍​ဆု​တောင်း ပတ္ထနာ​ပြု​ကြ​ပါ​မူ ပ​ရိ​သတ်​ဝတ်​ပြု​ခြင်း​၌​သာ​မန် လူ​တစ်​ယောက်​သည် သင်​တို့​ပြော​ဆို​သ​မျှ​စကား များ​ကို​နား​မ​လည်​နိုင်​သ​ဖြင့် အ​ဘယ်​သို့​လျှင် သင်​တို့​၏​ဆု​တောင်း​ပတ္ထနာ​ကို ``အာ​မင်'' ဟု​ဝန်​ခံ နိုင်​မည်​နည်း။- \v 17 ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​သင်​တို့​၏​ဆု​တောင်း ပတ္ထ​နာ​သည်​ကောင်း​မွန်​စေ​ကာ​မူ​သူ​တစ်​ပါး အ​တွက်​မည်​သို့​မျှ​အ​ကျိုး​မ​ရှိ။ \p \v 18 ငါ​သည်​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး မျိုး​ကို သင်​တို့​ထက်​ပို​၍​ပြော​ဆို​နိုင်​သ​ဖြင့် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၏။- \v 19 သို့​သော်​ပ​ရိ​သတ်​ဝတ်​ပြု​ခြင်း​တွင်​ထူး​ဆန်း​သော ဘာ​သာ​စကား​အ​ခွန်း​ပေါင်း​အ​ထောင်​အ​သောင်း ထက်​သွန်​သင်​ရန်​နား​လည်​နိုင်​သည့်​စ​ကား​ငါး ခွန်း​မျှ​ကို​ပို​၍​ငါ​ပြော​ဆို​လို​၏။ \p \v 20 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​စဉ်း​စား​ဆင်​ခြင်​မှု တွင်​က​လေး​သူ​ငယ်​များ​ကဲ့​သို့​မ​ဖြစ်​ကြ​နှင့်။ ဆိုး​ညစ်​မှု​ကင်း​စင်​မှု​တွင်​ကလေး​သူ​ငယ်​များ ကဲ့​သို့​ဖြစ်​ကြ​လော့။ စဉ်း​စား​ဆင်​ခြင်​မှု​တွင်​မူ ကား​အ​သက်​အ​ရွယ်​ရင့်​ကျက်​သူ​များ​ကဲ့​သို့ ဖြစ်​ကြ​လော့။- \v 21 ကျမ်း​စာ​တော်​တွင်၊ \q1 ``ငါ​၏​လူ​စု​တော်​အား​ထူး​ဆန်း​သော ဘာ​သာ​စ​ကား​များ​ဖြင့်​ငါ​ပြော​မည်။ \q2 လူ​မျိုး​ခြား​တို့​၏​နှုတ်​ဖြင့်​ငါ​ပြော​မည်။ \q1 သို့​သော်​လည်း​ငါ​၏​လူ​စု​တော်​သည် \q2 ငါ့​စ​ကား​ကို​နား​ထောင်​ကြ​လိမ့်​မည်​မ​ဟုတ်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏'' \m ဟူ​၍​ဖော်​ပြ​ပါ​ရှိ​၏။-\x + \xo 14:21 \xt ဟေရှာ၊ ၂၈:၁၁-၁၂။\x* \v 22 ထို့​ကြောင့်​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး မျိုး​ပြော​ဆို​နိုင်​သော​စွမ်း​ရည်​သည်​မ​ယုံ​ကြည် သူ​တို့​အ​တွက်​နိ​မိတ်​လက္ခ​ဏာ​ဖြစ်​၏။ ယုံ​ကြည် သူ​တို့​အ​တွက်​မ​ဟုတ်။ ဗျာ​ဒိတ်​တော်​ကို​ကြေ​ညာ ဟော​ပြော​နိုင်​သော​ဆု​ကျေး​ဇူး​ကား​ယုံ​ကြည်​သူ တို့​အ​တွက်​နိ​မိတ်​လက္ခ​ဏာ​ဖြစ်​၏။ မ​ယုံ​ကြည် သူ​တို့​အ​တွက်​မ​ဟုတ်။ \p \v 23 သို့​ဖြစ်​၍​အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့​သည်​စု ဝေး​လျက်​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ဖြင့်​ပြော​ဆို​နေ​စဉ် သာ​မန်​လူ​အ​ချို့​သို့​မ​ဟုတ်​မ ယုံ​ကြည်​သူ​အ​ချို့​ရောက်​ရှိ​လာ​ခဲ့​သော်​သင်​တို့ အား​ရူး​သွပ်​သူ​များ​ဟု​ဆို​မည်​မ​ဟုတ်​လော။- \v 24 သို့​သော်​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​သင် တို့​အ​ပေါင်း​ကြေ​ညာ​ဟော​ပြော​လျက်​နေ​စဉ် မ​ယုံ​ကြည်​သူ​သို့​မ​ဟုတ်​သာ​မန်​လူ​တစ်​ယောက် ရောက်​ရှိ​လာ​ပါ​မူ သင်​တို့​ဟော​ပြော​သည့်​တ​ရား စ​ကား​ကြောင့် မိ​မိ​သည်​အ​ပြစ်​များ​ကူး​သူ ဖြစ်​ကြောင်း​ကောင်း​စွာ​သိ​မြင်​လာ​လိမ့်​မည်။- \v 25 သူ​၏​စိတ်​နှ​လုံး​စစ်​ကြော​စီ​ရင်​ခြင်း​ကို​ခံ​ရ လျက်​သူ​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည်​များ သည်​ပေါ်​လွင်​သ​ဖြင့် ``သင်​တို့​နှင့်​အ​တူ​ဧ​ကန် အ​မှန်​ဤ​အ​ရပ်​တွင်​ဘု​ရား​သ​ခင်​ရှိ​တော်​မူ ပါ​သည်​တ​ကား'' ဟု​ထုတ်​ဖော်​ဝန်​ခံ​ကာ​ဘု​ရား သ​ခင်​ကို​ပျပ်​ဝပ်​ရှိ​ခိုး​လိမ့်​မည်။ \b \s1 ဝတ်​ပြု​ကိုး​ကွယ်​မှု \p \v 26 ညီ​အစ်​ကို​တို့၊ ငါ​ဆို​လို​သည်​မှာ​ဤ​သို့​တည်း။ ကိုး​ကွယ်​ဝတ်​ပြု​ရန်​သင်​တို့​စု​ဝေး​ကြ​သော အ​ခါ​တစ်​ယောက်​က​သီ​ချင်း​ဆို​ခြင်း၊ နောက် တစ်​ယောက်​က​သွန်​သင်​ခြင်း၊ နောက်​တစ်​ယောက် က​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​ခြင်း၊ နောက် တစ်​ယောက်​က​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား ဖြင့်​ပြော​ဆို​ခြင်း၊ နောက်​တစ်​ယောက်​က​အ​နက် အ​ဋ္ဌိပ္ပါယ်​ဖော်​ပြ​ခြင်း​တို့​ကို​ဆောင်​ရွက်​ကြ လော့။ သင်​တို့​ဆောင်​ရွက်​သ​မျှ​သော​အ​မှု​တို့ သည်​အ​သင်း​တော်​ဝင်​အ​ပေါင်း​အား​အ​ကျိုး ပြု​ရ​မည်။- \v 27 ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​ဖြင့်​ပြော​မည် ဆို​ပါ​က​နှစ်​ယောက်​ဖြစ်​စေ၊ အ​များ​ဆုံး​သုံး ယောက်​ဖြစ်​စေ​အ​လှည့်​ကျ​ပြော​စေ​လော့။ ထို နောက်​လူ​တစ်​ယောက်​က​အ​နက်​အ​ဋ္ဌိပ္ပါယ် ပြန်​ပါ​စေ။- \v 28 အ​ကယ်​၍​စ​ကား​ပြန်​မ​ရှိ​ပါ​မူ​ထူး​ဆန်း​သော ဘာ​သာ​စ​ကား​ဖြင့်​ပြော​ဆို​လို​သော​သူ​သည် ဆိတ် ဆိတ်​နေ​၍​မိ​မိ​တစ်​ကိုယ်​တည်း​ပြော​လျက်​နေ​စေ။ ဘု​ရား​သ​ခင်​အား​လည်း​လျှောက်​ထား​လျက်​နေ စေ။- \v 29 ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​နှစ်​ယောက်​သုံး ယောက်​က​ဟော​ပြော​၍ ကျန်​သော​သူ​တို့​က​ထို သူ​တို့​၏​ဟော​ပြော​ချက်​များ​ကို​ဆင်​ခြင် သုံး​သပ်​ကြ​စေ။- \v 30 သို့​ရာ​တွင်​အ​ကယ်​၍​လူ​တစ်​ယောက်​ဟော​ပြော နေ​စဉ်​ထိုင်​နေ​သူ​များ​အ​ထဲ​မှ​တစ်​ယောက် သည် ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ ရ​ရှိ​ပါ​က​ဟော​ပြော​နေ​သော​သူ​သည်​ရပ်​နား စေ။- \v 31 ပ​ရိ​သတ်​အ​ပေါင်း​သည်​သွန်​သင်​မှု​ယူ​၍​အား တက်​လာ​ကြ​စေ​ရန် သင်​တို့​အား​လုံး​ပင်​အ​လှည့် ကျ​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​ဟော ပြော​နိုင်​၏။- \v 32 ဗျာ​ဒိတ်​တော်​ကို​ဟော​ပြော​နိုင်​သော​ဆု​ကျေး​ဇူး ကို​အ​သုံး​ပြု​ရာ​၌​ဟော​ပြော​သူ​သည်​မိ​မိ ကိုယ်​ကို​ထိန်း​ချုပ်​ရ​မည်။- \v 33 အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည် စည်း​မဲ့​ကမ်း​မဲ့​ပြု​မူ​ခြင်း​ကို​လို​လား​တော် မ​မူ။ ငြိမ်​ဝပ်​ပိ​ပြား​မှု​ကို​လို​လား​တော်​မူ သော​ကြောင့်​ဖြစ်​သည်။ \p ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​အ​ပေါင်း​တို့​တွင် ကျင့်​သုံး​သည့်​မူ​အ​တိုင်း၊- \v 34 အ​မျိုး​သ​မီး​များ​သည်​အ​စည်း​အ​ဝေး​များ​တွင် ဆိတ်​ဆိတ်​နေ​ကြ​စေ။ သူ​တို့​မှာ​စ​ကား​ပြော​ပိုင်​ခွင့် မ​ရှိ။ ယု​ဒ​ပ​ညတ်​ကျမ်း​တွင်​ဖော်​ပြ​သည့်​အ​တိုင်း အ​မျိုး​သ​မီး​တို့​သည်​အ​စည်း​အ​ဝေး​များ​တွင် ခေါင်း​ဆောင်​များ​မ​ဖြစ်​စေ​ရ။- \v 35 သူ​တို့​သည်​အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ကို​သိ​လို လျှင် မိ​မိ​တို့​၏​ခင်​ပွန်း​များ​ကို​အိမ်​တွင်​မေး​မြန်း စုံ​စမ်း​ကြ​စေ။ အ​သင်း​တော်​၏​အ​စည်း​အ​ဝေး ၌​အ​မျိုး​သ​မီး​များ​စ​ကား​ပြော​ခြင်း​သည် ရှက်​ဖွယ်​သော​အ​မှု​ဖြစ်​၏။ \p \v 36 ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​တော်​သည် သင်​တို့​ထံ​မှ​ထွက်​လာ​သ​လော။ သို့​တည်း​မ​ဟုတ် သင်​တို့​ထံ​သို့​သာ​လျှင်​နှုတ်​က​ပတ်​တ​ရား တော်​ရောက်​ရှိ​လာ​သ​လော။- \v 37 မိ​မိ​ကိုယ်​ကို​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော် ပြန်​ကြား​သူ​ဖြစ်​သည်​ဟူ​၍​လည်း​ကောင်း၊ ဝိ​ညာဉ် ဆု​ကျေး​ဇူး​ရ​ရှိ​သူ​ဖြစ်​သည်​ဟူ​၍​လည်း​ကောင်း ယူ​ဆ​သော​သူ​သည် ယ​ခု​ငါ​ရေး​လိုက်​သော စ​ကား​တို့​သည်​သ​ခင်​ဘု​ရား​၏​ပညတ်​ဖြစ် ကြောင်း​သိ​မှတ်​စေ။- \v 38 မ​သိ​မှတ်​လျှင်​သူ့​ကို​လည်း​အ​သိ​အ​မှတ်​မ​ပြု ကြ​နှင့်။ \p \v 39 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ဗျာ​ဒိတ် တော်​ကို​ကြေ​ညာ​ဟော​ပြော​ခြင်း​ငှာ​လို​လား တောင့်​တ​ကြ​လော့။ သို့​ရာ​တွင်​ထူး​ဆန်း​သော ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့်​ပြော​ဆို​ခြင်း ကို​မ​တား​မြစ်​ကြ​နှင့်။- \v 40 ခပ်​သိမ်း​သော​အ​မှု​တို့​ကို​လျောက်​ပတ်​စွာ​စနစ် တ​ကျ​လုပ်​ဆောင်​ကြ​လော့။ \c 15 \s1 ခ​ရစ်​တော်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ခြင်း \p \v 1 ညီ​အစ်​ကို​တို့၊ သင်​တို့​အား​ငါ​ဟော​ပြော​သည့် သ​တင်း​ကောင်း​ကို​ပြန်​လည်​သ​တိ​ရ​စေ​လို​၏။ ထို​သ​တင်း​ကောင်း​ကို​သင်​တို့​ခံ​ယူ​ကာ​ယင်း အ​ပေါ်​၌ သင်​တို့​၏​ယုံ​ကြည်​ခြင်း​ခိုင်​မြဲ​စွာ အ​မြစ်​စွဲ​လျက်​ရှိ​ပေ​သည်။- \v 2 ထို​သ​တင်း​ကောင်း​ကား​သင်​တို့​အား​ငါ​ဟော ပြော​သည့်​တ​ရား​ဖြစ်​သည်။ သင်​တို့​သည်​ထို သ​တင်း​ကောင်း​ကို​စွဲ​မြဲ​စွာ​ယုံ​ကြည်​လက်​ခံ လျှင်​ကယ်​တင်​ခြင်း​ကို​ခံ​ကြ​ရ​၏။ သို့​မ​ဟုတ် လျှင်​သင်​တို့​ယုံ​ကြည်​ခဲ့​သည်​မှာ​အ​ချည်း​နှီး ဖြစ်​သည်။ \p \v 3 ငါ​သည်​မိ​မိ​ခံ​ယူ​ရ​ရှိ​၍​သင်​တို့​အား​ပေး အပ်​သည့်​အ​ရေး​ကြီး​လှ​သော​အ​ကြောင်း အ​ရာ​များ​မှာ ကျမ်း​စာ​လာ​သည့်​အ​တိုင်း ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက်​အ​သေ​ခံ တော်​မူ​ကြောင်း၊-\x + \xo 15:3 \xt ဟေရှာ၊ ၅၃:၅-၁၂။\x* \v 4 ကိုယ်​တော်​သည်​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ပြီး​နောက် ကျမ်း​စာ​လာ​သည်​အ​တိုင်း​သုံး​ရက်​မြောက် သော​နေ့​၌ သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​ကြောင်း၊-\x + \xo 15:4 \xt ဆာ၊ ၁၆:၈-၁၀။ မ၊ ၁၂:၄၀။ တ၊ ၂:၂၄-၃၂။\x* \v 5 ကိုယ်​တော်​အား​ပေ​တရု​ဖူး​မြင်​ရ​ကြောင်း၊ ထို နောက်​တ​မန်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​ဖူး​မြင် ရ​ကြ​ကြောင်း​တို့​ဖြစ်​သည်။-\x + \xo 15:5 \xt မ၊ ၂၈:၁၆-၁၇။ မာ၊ ၁၆:၁၄။ လု၊ ၂၄:၃၄၊ ၃၆။ ယော၊ ၂၀:၁၉။\x* \v 6 ထို​နောက်​ကိုယ်​တော်​အား​ခ​ရစ်​ယာန်​ညီ​အစ်​ကို ငါး​ရာ​ကျော်​တို့​သည်​တစ်​ပြိုင်​နက်​ဖူး​မြင်​ရ ကြ​၏။ ထို​သူ​တို့​အ​ထဲ​မှ​လူ​အ​ချို့​တို့​သည် သေ​လွန်​သွား​ပြီ​ဖြစ်​သော်​လည်း​လူ​အ​များ​စု မှာ​ယ​ခု​တိုင်​အောင်​အ​သက်​ရှင်​လျက်​ရှိ​ကြ​၏။- \v 7 ထို​နောက်​ကိုယ်​တော်​အား​ယာ​ကုပ်​ဖူး​မြင်​ရ​၏။ ထို နောက်​တ​မန်​တော်​အ​ပေါင်း​တို့​ဖူး​မြင်​ကြ​ရ​၏။ \p \v 8 နောက်​ဆုံး​၌​လျှော​မွေး​သ​ဖွယ်​ဖြစ်​သူ​ငါ​သည် လည်း ကိုယ်​တော်​အား​ဖူး​မြင်​ရ​၏။-\x + \xo 15:8 \xt တ၊ ၉:၃-၆။\x* \v 9 ငါ​သည်​တ​မန်​တော်​တို့​တွင်​အ​ညံ့​ဆုံး​ဖြစ်​၏။ ဘု​ရား​သ​ခင်​၏​အသင်း​တော်​ကို​နှိပ်​စက်​ညှဉ်း​ဆဲ ခဲ့​သူ​ဖြစ်​သ​ဖြင့် တ​မန်​တော်​ဟူ​၍​ပင်​အ​ခေါ် မ​ခံ​ထိုက်။-\x + \xo 15:9 \xt တ၊ ၈:၃။\x* \v 10 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့် ငါ​သည်​ယ​ခု​အ​ခြေ​အ​နေ​သို့​ရောက်​ရှိ​၏။ ငါ့ အား​ကိုယ်​တော်​ပေး​သ​နား​တော်​မူ​သော​ကျေး​ဇူး တော်​သည်​လည်း​အ​ကျိုး​မဲ့​မ​ဖြစ်။ ငါ​သည်​အ​ခြား တ​မန်​တော်​တို့​ထက်​ပို​၍​ကြိုး​စား​လုပ်​ဆောင်​၏။ ဤ​သို့​လုပ်​ဆောင်​နိုင်​ခြင်း​မှာ​ငါ​၏​စွမ်း​ရည်​ကြောင့် မ​ဟုတ်။ ငါ​နှင့်​အ​တူ​လုပ်​ဆောင်​သော​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကြောင့်​ဖြစ်​၏။- \v 11 သို့​ဖြစ်​၍​ငါ​ဖြစ်​စေ၊ ထို​သူ​တို့​ဖြစ်​စေ​ဤ အ​တိုင်း​ဟော​ပြော​ကြေ​ညာ​ကြ​သည်။ သင်​တို့ သည်​လည်း​ဤ​အ​တိုင်း​ပင်​ယုံ​ကြည်​ကြ​၏။ \b \s1 ငါ​တို့​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​မှု \p \v 12 ခ​ရစ်​တော်​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​ကြောင်း​ကို ငါ​တို့​ဟော​ပြော​ကြေ​ညာ လျက်​ရှိ​သည်​ဖြစ်​ရာ အ​ဘယ်​ကြောင့်​သင်​တို့ အ​နက်​အ​ချို့​သော​သူ​တို့​က ``သေ​ခြင်း​မှ ရှင်​ပြန်​ထ​မြောက်​ခြင်း​ဟူ​သည်​မ​ရှိ'' ဟု ပြော​ဆို​နေ​ကြ​သ​နည်း။- \v 13 ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​ပါ​က​ခ​ရစ်​တော် သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မ​မူ နိုင်​ရာ။- \v 14 ခ​ရစ်​တော်​ထ​မြောက်​တော်​မ​မူ​လျှင်​ငါ​တို့ ၏​ဟော​ပြော​ခြင်း​သည်​အ​ကျိုး​မ​ရှိ။ သင်​တို့​၏ ယုံ​ကြည်​ခြင်း​သည်​လည်း​အ​ကျိုး​မ​ရှိ။- \v 15 အ​ကယ်​၍​သူ​သေ​တို့​ရှင်​ပြန်​ထ​မြောက်​မှု​မ​ရှိ ဟု​ဆို​သည်​မှာ မှန်​ခဲ့​သော်​ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မ​မူ။ သို့​ဖြစ်​၍​ငါ​တို့​က ``ဘု​ရား သခင်​သည်​ခ​ရစ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ပြီ'' ဟု​ဟော​ပြော​ရာ ၌​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​ကြောင်း မု​သား​သက်​သေ​များ​ဖြစ်​ကြ​၏။- \v 16 အ​ကယ်​၍​သေ​သူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း မ​ရှိ​လျှင် ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော်​အား ရှင်​ပြန်​ထ​မြောက်​စေ​တော်​မ​မူ။- \v 17 ခ​ရစ်​တော်​သည်​ရှင်​ပြန်​ထ​မြောက်​တော်​မ​မူ လျှင်​သင်​တို့​၏​ယုံ​ကြည်​မှု​သည်​လွဲ​မှား​လျက် သင်​တို့​သည်​လည်း​အ​ပြစ်​ဒု​စ​ရိုက်​တွင်​နစ် မွန်း​လျက်​ရှိ​နေ​ကြ​သေး​မည်။- \v 18 ခ​ရစ်​တော်​ကို​ယုံ​ကြည်​လျက်​သေ​လွန်​သွား​သူ တို့​သည်​လည်း​ထာ​ဝ​ရ​ဆုံး​ရှုံး​ကြ​ပေ​မည်။- \v 19 ခ​ရစ်​တော်​ကို​အ​မှီ​ပြု​၍​ငါ​တို့​သည်​ယ​ခု ဘ​ဝ​အ​တွက်​သာ​မျှော်​လင့်​စ​ရာ​ရှိ​ပါ​မူ ကမ္ဘာ​ပေါ်​တွင်​ငါ​တို့​လောက်​သ​နား​စ​ရာ ကောင်း​သူ​များ​မ​ရှိ​တော့​ပြီ။ \p \v 20 သို့​ရာ​တွင်​အ​မှန်​ဖြစ်​ရပ်​မှာ​ခ​ရစ်​တော်​သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ ယင်း သို့​ထ​မြောက်​တော်​မူ​ခြင်း​ကြောင့်​သေ​လွန်​သူ တို့​သည် ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်​ဖြစ် ကြောင်း​အာ​မ​ခံ​ချက်​ရ​ရှိ​ကြ​သည်။- \v 21 လူ​တစ်​ယောက်​ကြောင့်​ကမ္ဘာ​ပေါ်​တွင်​သေ​ခြင်း တ​ရား​ဖြစ်​ပေါ်​လာ​သ​ကဲ့​သို့ လူ​တစ်​ယောက် ကြောင့်​ပင်​လျှင် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် ခြင်း​တ​ရား​သည်​လည်း​ဖြစ်​ပေါ်​လာ​၏။- \v 22 လူ​အ​ပေါင်း​တို့​သည်​အာ​ဒံ​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​ခြင်း​ကြောင့်​သေ​ရ​ကြ​၏။ ထို​နည်း​တူ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ခြင်း ကြောင့်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ရ​ကြ လိမ့်​မည်။- \v 23 သို့​ရာ​တွင်​လူ​အ​သီး​သီး​တို့​သည်​မိ​မိ​တို့ အ​လှည့်​ကျ​ရှင်​ပြန်​ထ​မြောက်​ရ​ကြ​မည်။ ခ​ရစ်​တော်​သည်​ဦး​စွာ​ပ​ထ​မ​ရှင်​ပြန် ထ​မြောက်​တော်​မူ​သည်။ ထို​နောက်​ခ​ရစ်​တော် ကြွ​လာ​တော်​မူ​သော​အ​ခါ​ကိုယ်​တော်​၏ တ​ပည့်​တော်​တို့​ရှင်​ပြန်​ထ​မြောက်​ပေ​အံ့။- \v 24 ထို​နောက်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​ရောက်​လိမ့်​မည်။ ထို​အ​ခါ​ခ​ရစ်​တော်​သည်​ရှိ​ရှိ​သ​မျှ​သော ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​တန်​ခိုး​ရှင်​များ၊ အာ​ဏာ ပိုင်​များ​နှင့်​စိုး​မိုး​အုပ်​ချုပ်​သူ​များ​ကို​နှိမ်​နင်း ၍​နိုင်​ငံ​တော်​ကို​ခ​မည်း​တော်​ဘု​ရား​သ​ခင် ၏​လက်​တော်​သို့​ပေး​အပ်​တော်​မူ​လိမ့်​မည်။- \v 25 ဘု​ရား​သ​ခင်​သည်​ရန်​သူ​အ​ပေါင်း​ကို​နှိမ်​နင်း ၍​ခ​ရစ်​တော်​၏​ခြေ​ဖ​ဝါး​အောက်​သို့​ရောက် စေ​တော်​မူ​မည့်​အ​ချိန်​မ​ရောက်​မီ ခ​ရစ်​တော် သည်​အုပ်​စိုး​တော်​မူ​ရ​မည်။-\x + \xo 15:25 \xt ဆာ၊ ၁၁၀:၄။\x* \v 26 နောက်​ဆုံး​နှိမ်​နင်း​ရ​မည့်​ရန်​သူ​ကား​သေ​မင်း ပင်​ဖြစ်​၏။- \v 27 ကျမ်း​စာ​တော်​တွင် ``ဘု​ရား​သ​ခင်​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ကိုယ်​တော်​၏​ခြေ​ဖ​ဝါး​အောက် သို့​ရောက်​စေ​တော်​မူ​၏'' ဟု​လာ​၏။ ``ခပ်​သိမ်း သော​အ​ရာ​တို့'' တွင်​ဘု​ရား​သ​ခင်​မ​ပါ​ဝင် ကြောင်း​ထင်​ရှား​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ခပ်​သိမ်း​သော​အ​ရာ​ကို​ခ​ရစ်​တော်​၏​ခြေ ဖ​ဝါး​အောက်​သို့​ရောက်​စေ​တော်​မူ​သော​အ​ရှင် ကား​ဘု​ရား​သ​ခင်​ဖြစ်​သော​ကြောင့်​တည်း။-\x + \xo 15:27 \xt ဆာ၊ ၈:၆။\x* \v 28 သို့​ရာ​တွင်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သား တော်​အား​အုပ်​စိုး​စေ​တော်​မူ​သော​အ​ခါ​၌ မိ​မိ​ခြေ​ဖ​ဝါး​တော်​အောက်​သို့​ခပ်​သိမ်း​သော အ​ရာ​ကို​ရောက်​ရှိ​စေ​တော်​မူ​သော​ဘု​ရား သ​ခင်​၏​အုပ်​စိုး​ခြင်း​ကို သား​တော်​ကိုယ်​တိုင် ပင်​လျှင်​ခံ​ယူ​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ ဘု​ရား​သ​ခင်​သည်​ခပ်​သိမ်း​သော​အ​ရာ တို့​ကို​လုံး​ဝ​ဥ​ဿုံ​အုပ်​စိုး​တော်​မူ​ပေ​အံ့။ \p \v 29 သေ​လွန်​သူ​တို့​ကိုယ်​စား​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​သူ တို့​သည် အ​ဘယ်​အ​ကျိုး​အ​တွက်​ယင်း​သို့​ပြု ကြ​သ​နည်း။ သေ​လွန်​သူ​တို့​ရှင်​ပြန်​ထ​မြောက် မှု​မ​ရှိ​ဟု​အ​ချို့​က​ပြော​ဆို​သည်​အ​တိုင်း​မှန် လျှင် ထို​သူ​တို့​သည်​သေ​သူ​တို့​၏​ကိုယ်​စား အ​ဘယ်​ကြောင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ကြ​သ​နည်း။- \v 30 အ​ဘယ်​ကြောင့်​ငါ​တို့​ကိုယ်​တိုင်​ပင်​ဘေး​အန္တ​ရာယ် နှင့်​နာ​ရီ​မ​လပ်​ရင်​ဆိုင်​လျက်​နေ​ရ​ကြ​သ​နည်း။- \v 31 ညီ​အစ်​ကို​တို့၊ ငါ​သည်​သေ​ဘေး​နှင့်​နေ့​တိုင်း​ရင် ဆိုင်​ရ​၏။ ငါ​သည်​သင်​တို့​အ​တွက်​ဂုဏ်​ယူ​ဝါ ကြွား​သ​ဖြင့်​လည်း​ကောင်း၊ ငါ​သည်​သင်​တို့​နှင့် အ​တူ​ငါ​တို့​အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​သ​ဖြင့်​လည်း​ကောင်း​ဤ သို့​ပြော​ဆို​ရ​ခြင်း​ဖြစ်​၏။- \v 32 အ​ကယ်​၍​ငါ​သည်​ဧဖက်​မြို့​တွင် ``သား​ရဲ တိ​ရစ္ဆာန်'' တို့​နှင့်​တိုက်​ခိုက်​ခဲ့​ပါ​မူ​လူ​အ​မြင် ဖြင့်​ငါ့​အ​ဖို့​အ​ဘယ်​အ​ကျိုး​ရှိ​မည်​နည်း။ သေ​လွန်​သူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ ပါ​က ``နက်​ဖြန်​သေ​ကြ​မည်​ဖြစ်​၍​ငါ​တို့ သည်​စား​ကြ၊ သောက်​ကြ၊ ပျော်​ပါး​ကြ​ကုန် အံ့'' ဟု​ဆို​သည့်​အ​တိုင်း​ပြု​ကြ​စို့။\x + \xo 15:32 \xt ဟေရှာ၊ ၂၂:၁၃။\x* \p \v 33 သင်​တို့​အ​ယူ​အ​ဆ​မ​မှား​ကြ​နှင့်။ ``အ​ပေါင်း အ​သင်း​မ​ကောင်း​လျှင်​လူ​ကောင်း​ပျက်​စီး​တတ် ၏။-'' \v 34 အ​မြင်​မှန်​ရ​ကြ​လော့။ ဆက်​လက်​၍​အ​ပြစ် မ​ကူး​ကြ​နှင့်။ သင်​တို့​တွင်​အ​ချို့​သော​သူ​တို့ သည်​ဘု​ရား​သ​ခင်​ကို​မ​သိ​ကြ။ ဤ​သို့​ငါ ဆို​ရာ​၌​သင်​တို့​အ​ရှက်​ရ​စေ​ရန်​အ​တွက် ဖြစ်​၏။ \b \s1 ထ​မြောက်​ရှင်​ပြန်​သည့်​ကိုယ်​ခန္ဓာ \p \v 35 လူ​တစ်​စုံ​တစ်​ယောက်​က ``သေ​လွန်​သူ​တို့​သည် အ​ဘယ်​သို့​ရှင်​ပြန်​ထ​မြောက်​ကြ​မည်​နည်း'' ဟု​မေး​သည်​ဆို​အံ့။- \v 36 အ​ချင်း​လူ​မိုက်၊ သင်​စိုက်​ပျိုး​သည့်​မျိုး​စေ့​သည် ဦး​စွာ​မ​ပျက်​မ​စီး​ဘဲ​အ​ပင်​မ​ပေါက်​တတ်။- \v 37 မြေ​တွင်​သင်​စိုက်​သော​အ​ရာ​သည်​ဂျုံ​စေ့ သို့​မ​ဟုတ်​အ​ခြား​မျိုး​စေ့​တစ်​မျိုး​မျိုး​ဖြစ် မည်။ နောင်​အ​ခါ​ပေါက်​လာ​သည့်​အ​ပင်​မ​ဟုတ်။- \v 38 ဘု​ရား​သ​ခင်​သည်​အ​လို​တော်​နှင့်​အ​ညီ​ထို မျိုး​စေ့​အား​ကိုယ်​ထည်​ကို​ပေး​တော်​မူ​၏။ ကိုယ် တော်​သည်​မျိုး​စေ့​အ​သီး​သီး​တို့​အား​သင့် တော်​သည့်​ကိုယ်​ထည်​ကို​ပေး​တော်​မူ​၏။ \p \v 39 သက်​ရှိ​သတ္တ​ဝါ​တို့​၏​အ​သား​သည်​တစ်​မျိုး တည်း​မ​ဟုတ်။ လူ​၏​အ​သား​သည်​တစ်​မျိုး၊ တိရစ္ဆာန် ၏​အ​သား​သည်​တစ်​မျိုး၊ ငှက်​၏​အ​သား​သည်​တစ် မျိုး၊ ငါး​၏​အ​သား​သည်​တစ်​မျိုး​ဖြစ်​၏။ \p \v 40 ကောင်း​ကင်​နှင့်​ဆိုင်​သော​အ​ကောင်​အ​ထည်​များ၊ ကမ္ဘာ​မြေ​ကြီး​နှင့်​ဆိုင်​သော​အ​ကောင်​အ​ထည် များ​ဟူ​၍​ရှိ​၏။ ကောင်း​ကင်​အ​ကောင်​အ​ထည် များ​၏​တင့်​တယ်​မှု​သည်​တစ်​မျိုး၊ ကမ္ဘာ​မြေ ကြီး​အ​ကောင်​အ​ထည်​များ​၏​တင့်​တယ်​မှု က​တစ်​မျိုး​ဖြစ်​၏။- \v 41 နေ​၏​တင့်​တယ်​မှု​သည်​တစ်​မျိုး၊ လ​၏​တင့်​တယ်​မှု သည်​တစ်​မျိုး၊ ကြယ်​တာ​ရာ​များ​၏​တင့်​တယ်​မှု​သည် တစ်​မျိုး​ဖြစ်​၏။ ကြယ်​တစ်​လုံး​နှင့်​တစ်​လုံး​ပင်​တင့် တယ်​မှု​မ​တူ​ချေ။ \p \v 42 ထို​နည်း​တူ​သေ​လွန်​သူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း သည်​ဤ​အ​တိုင်း​ဖြစ်​၏။ ကိုယ်​ခန္ဓာ​သည်​မြေ​၌​မြှုပ်​နှံ ခြင်း​ခံ​ရ​သော​အ​ခါ​ပုပ်​ပျက်​တတ်​သော​အ​ဖြစ် တွင်​ရှိ​၏။ ရှင်​ပြန်​ထ​မြောက်​သော​အ​ခါ​၌​မ​ပုပ် မ​ပျက်​တတ်​သော​အ​ဖြစ်​တွင်​ရှိ​လိမ့်​မည်။- \v 43 မြှုပ်​နှံ​ခြင်း​ခံ​ရ​သော​အ​ခါ​အ​သ​ရေ​ပျက်​၍ စွမ်း​အား​မ​ရှိ။ ရှင်​ပြန်​ထ​မြောက်​သော​အ​ခါ​၌ အ​သ​ရေ​နှင့်​ပြည့်​စုံ​လိမ့်​မည်။- \v 44 မြှုပ်​နှံ​ခြင်း​ခံ​ရ​သော​အ​ခါ​ကာ​ယ​ခန္ဓာ​ဖြစ် ၏။ ရှင်​ပြန်​ထ​မြောက်​သော​အ​ခါ​၌​ဝိ​ညာ​ဏ ခန္ဓာ​ဖြစ်​လိမ့်​မည်။ ရုပ်​ခန္ဓာ​ရှိ​သ​ဖြင့်​ဝိ​ညာ​ဏ ခန္ဓာ​လည်း​ရှိ​ရ​ပေ​သည်။- \v 45 ကျမ်း​စာ​တော်​တွင် ``ပ​ထ​မ​လူ​အာ​ဒံ​သည် အ​သက်​ရှင်​သော​သတ္တ​ဝါ​ဖြစ်​လာ​၏'' ဟု​ဖော် ပြ​၏။ နောက်​ဆုံး​ဖြစ်​သော​အာ​ဒံ​သည်​ကား အ​သက်​ရှင်​စေ​တတ်​သော​ဝိ​ညာဉ်​ဖြစ်​၏။-\x + \xo 15:45 \xt က၊ ၂:၇။\x* \v 46 ဝိ​ညာ​ဏ​ခန္ဓာ​သည်​ပ​ထ​မ​ဖြစ်​ပေါ်​သည် မ​ဟုတ်။ ရုပ်​ခန္ဓာ​ဖြစ်​ပေါ်​ပြီး​မှ​ဝိ​ညာ​ဏ​ခန္ဓာ ဖြစ်​ပေါ်​လာ​၏။- \v 47 ပ​ထ​မ​လူ​အာ​ဒံ​သည်​မြေ​မှုန့်​မှ​ဖန်​ဆင်း​ထား​သူ ဖြစ်​၏။ ဒု​တိ​ယ​လူ​မူ​ကား​ကောင်း​ကင်​ဘုံ​မှ​လာ သူ​တည်း။- \v 48 မြေ​ကြီး​သား​တို့​သည်​မြေ​မှုန့်​မှ​ဖန်​ဆင်း​ထား​သော သူ​နှင့်​တူ​ကြ​၏။ ကောင်း​ကင်​ဘုံ​နှင့်​ဆိုင်​သော​လူ​တို့ သည်​ကောင်း​ကင်​ဘုံ​မှ​လာ​သော​သူ​နှင့်​တူ​ကြ​၏။- \v 49 ငါ​တို့​သည်​မြေ​မှုန့်​မှ​ဖန်​ဆင်း​ထား​သူ​၏​ပုံ​သဏ္ဌာန် ကို​ဆောင်​သ​ကဲ့​သို့​ကောင်း​ကင်​ဘုံ​မှ​ကြွ​လာ​တော် မူ​သော​သူ​၏​ပုံ​သဏ္ဌာန်​ကို​ဆောင်​ကြ​လိမ့်​မည်။ \p \v 50 ညီ​အစ်​ကို​တို့၊ သင်​တို့​အား​ငါ​ပြော​လို​သည်​မှာ လူ့​အ​သွေး​အ​သား​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​ကို​မ​ခံ​မ​ယူ​နိုင်။ ပုပ်​ပျက်​တတ်​သော​အ​ရာ သည်​လည်း​မ​ပုပ်​မ​ပျက်​တတ်​သော​အ​ဖြစ်​ကို မ​ခံ​မ​ယူ​နိုင်။ \p \v 51-52 လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​တစ်​ခု​ကို​နား​ထောင် ကြ​လော့။ ငါ​တို့​အား​လုံး​သည်​သေ​လွန်​သွား​ကြ မည်​မ​ဟုတ်။ ငါ​တို့​သည်​တံ​ပိုး​ခ​ရာ​မှုတ်​သော အ​ခါ​ခ​ဏ​ချင်း​မျက်​စိ​တစ်​မှိတ်​အ​တွင်း​၌ ပြောင်း​လဲ​ကြ​မည်။ နောက်​ဆုံး​တံ​ပိုး​ခ​ရာ​မှုတ် သော​အ​ခါ​သေ​လွန်​သူ​တို့​သည် ရှင်​ပြန်​ထ​မြောက် ကြ​၍​သေ​ခြင်း​နှင့်​ထာ​ဝ​စဉ်​ကင်း​လွတ်​ကြ လိမ့်​မည်။ ငါ​တို့​အား​လုံး​သည်​လည်း​ပြောင်း​လဲ ကြ​မည်။-\x + \xo 15:51-52 \xt ၁သက်၊ ၄:၁၅-၁၇။\x* \v 53 အ​ဘယ်​ကြောင့်​ဆို​သော်​ပုပ်​ပျက်​တတ်​သော အ​ရာ​သည်​မ​ပုပ်​မ​ပျက်​နိုင်​သော​အ​ဖြစ်​သို့ ပြောင်း​လဲ​ရ​မည်။ သေ​တတ်​သော​အ​ရာ​သည် မ​သေ​နိုင်​သော​အ​ဖြစ်​သို့​ပြောင်း​လဲ​ရ​မည်။- \v 54 ပုပ်​ပျက်​တတ်​သော​အ​ရာ​သည်​မ​ပုပ်​မ​ပျက် နိုင်​သော​အ​ဖြစ်​သို့​လည်း​ကောင်း၊ သေ​တတ်​သော အ​ရာ​သည်​မ​သေ​နိုင်​သော​အ​ဖြစ်​သို့​လည်း ကောင်း​ပြောင်း​လဲ​သော​အ​ခါ ``သေ​ခြင်း​ကို ဖျက်​ဆီး​ပစ်​ပြီ။ သေ​ခြင်း​ကို​အောင်​မြင်​လေ ပြီ'' ဟူ​သော​ကျမ်း​စ​ကား​သည်​မှန်​ကန်​၍ လာ​ပေ​အံ့။\x + \xo 15:54 \xt ဟေရှာ၊ ၂၅:၈။\x* \q1 \v 55 ``အို မ​ရ​ဏ​နိုင်​ငံ၊သင်​၏​အောင်​မြင်​ခြင်း​ကား အ​ဘယ်​မှာ​နည်း။ \q2 အို သေ​မင်း၊သင်​၏​အ​စွယ်​ကား​အ​ဘယ်​မှာ​နည်း။\x + \xo 15:55 \xt ဟော၊ ၁၃:၁၄။\x* \p \v 56 သေ​မင်း​၏​အ​စွယ်​ကား​အ​ပြစ်​ဒု​စ​ရိုက်​ဖြစ်​၏။ အ​ပြစ်​ဒု​စ​ရိုက်​သည်​ပ​ညတ်​တ​ရား​မှ​တန်​ခိုး ကို​ရ​ရှိ​သ​တည်း။- \v 57 သို့​ရာ​တွင်​အ​ရှင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့ အား​သေ​ခြင်း​ကို​အောင်​မြင်​ခွင့်​ပေး​တော်​မူ သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သည် ကြီး​လှ​စွ​တ​ကား။ \p \v 58 သို့​ဖြစ်​၍​ချစ်​သော​ညီ​အစ်​ကို​တို့၊ ကြံ့​ခိုင်​စွာ ရပ်​တည်​ကြ​လော့။ သ​ခင်​ဘု​ရား​၏​အ​မှု​တော် ကို​ဆောင်​ရွက်​ခြင်း​သည်​ဘယ်​အ​ခါ​၌​မျှ အ​ချည်း​နှီး​မ​ဖြစ်​ကြောင်း​သိ​မှတ်​ကာ အ​မှု​တော်​ကို​အ​စဉ်​အ​မြဲ​ဆောင်​ရွက်​ကြ လော့။ \c 16 \s1 ခ​ရစ်​ယာန်​အ​ချင်း​ချင်း​တို့​အ​တွက်​အ​လှူ​ငွေ \p \v 1 ယု​ဒ​ပြည်​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ထောက်​ပံ့​ရန်​အ​တွက်​အ​လှူ​ငွေ​များ​နှင့်​ပတ်​သက် ၍ ဂ​လာ​တိ​ပြည်​ရှိ​အ​သင်း​တော်​များ​သို့​ငါ ညွှန်​ကြား​ခဲ့​သည်​အ​တိုင်း​သင်​တို့​ပြု​ကြ​လော့။-\x + \xo 16:1 \xt ရော၊ ၁၅:၂၅-၂၆။\x* \v 2 ငါ​ရောက်​ရှိ​လာ​သော​အ​ခါ​အ​လှူ​ငွေ​ကောက်​ခံ​ဖို့ မ​လို​စေ​ရန် တ​နင်္ဂ​နွေ​နေ့​တိုင်း​သင်​တို့​တစ်​ဦး​စီ သည် မိ​မိ​၏​ဝင်​ငွေ​နည်း​များ​အ​လိုက်​လှူ​ဒါန်း​ရန် စု​ဆောင်း​ထား​ကြ​လော့။- \v 3 ငါ​ရောက်​ရှိ​လာ​သော​အ​ခါ​အ​မှာ​စာ​ရေး​၍ သင်​တို့​ရွေး​ချယ်​သူ​များ​အား ထို​အ​လှူ​ငွေ​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ယူ​ဆောင်​သွား​စေ​မည်။- \v 4 အ​ကယ်​၍​ငါ​သွား​ရန်​လို​အပ်​ပါ​လျှင် ထို​သူ တို့​သည်​ငါ​နှင့်​အ​တူ​လိုက်​ပါ​နိုင်​ပါ​သည်။ \s1 ပေါ​လု​၏​အ​ကြံ​အ​စည် \p \v 5 ငါ​သည်​မာ​ကေ​ဒေါ​နိ​ပြည်​လမ်း​မှ​လာ​မည်​ဖြစ် ၍ မာ​ကေ​ဒေါ​နိ​ပြည်​တစ်​လျှောက်​ခ​ရီး​ပြု​ပြီး သော​အ​ခါ​သင်​တို့​ထံ​သို့​လာ​ခဲ့​မည်။-\x + \xo 16:5 \xt တ၊ ၁၉:၂၁။\x* \v 6 သင်​တို့​နှင့်​အ​တူ​အ​တန်​ကြာ​နေ​နိုင်​မည်​ထင် ပါ​သည်။ ဆောင်း​ရာ​သီ​တစ်​ချိန်​လုံး​ပင်​သင်​တို့ နှင့်​အ​တူ​နေ​ကောင်း​နေ​ပါ​မည်။ ထို​နောက်​ငါ သွား​လို​ရာ​အ​ရပ်​သို့​သွား​နိုင်​ရန်​သင်​တို့ ကူ​ညီ​နိုင်​လိမ့်​မည်​ဟု​မျှော်​လင့်​ပါ​သည်။- \v 7 ငါ​သည်​သင်​တို့​ထံ​တွင်​ခေတ္တ​တည်း​ခို​ရုံ​မျှ​သာ မ​လာ​လို​ပါ။ သ​ခင်​ဘု​ရား​ခွင့်​ပြု​တော်​မူ​ပါ လျှင်​အ​တန်​ကြာ​သင်​တို့​နှင့်​နေ​လို​ပါ​သည်။ \p \v 8 ပင်​တေ​ကုတ္တေ​ပွဲ​နေ့​အ​ထိ​ဧ​ဖက်​မြို့​တွင်​ငါ​နေ ပါ​မည်။\x + \xo 16:8 \xt ဝတ်၊ ၂၃:၁၅-၂၁။ တရား၊ ၁၆:၉-၁၁။\x* \m \v 9 ထို​မြို့​တွင်​ငါ့​ကို​ဆန့်​ကျင်​ဖက်​ပြု​သူ​များ​ပင်​ရှိ သော်​လည်း အ​မှု​တော်​ဆောင်​ရန်​အ​ခွင့်​ကောင်း အ​မှန်​ပင်​ရှိ​၏။\x + \xo 16:9 \xt တ၊ ၁၉:၈-၁၀။\x* \p \v 10 အ​ကယ်​၍​သင်​တို့​ထံ​သို့​တိ​မော​သေ​ရောက်​ရှိ​လာ ပါ​လျှင် သူ့​အား​လှိုက်​လှဲ​စွာ​ကြို​ဆို​ဧည့်​ခံ​ကြ​လော့။ သူ​သည်​ငါ​ကဲ့​သို့​ပင်​သ​ခင်​ဘု​ရား​၏​အ​မှု​တော် ဆောင်​ဖြစ်​ပေ​သည်။-\x + \xo 16:10 \xt ၁ကော၊ ၄:၁၇။\x* \v 11 သူ့​ကို​အ​ဘယ်​သူ​မျှ​မ​လေး​မ​စား​မ​ပြု​စေ​နှင့်။ ငါ​သည်​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​နှင့်​အ​တူ​သူ့ ကို​စောင့်​မျှော်​လျက်​ရှိ​သ​ဖြင့် သူ့​အား​ငါ့​ထံ​သို့ ချော​မော​စွာ​ပြန်​လည်​ရောက်​ရှိ​စေ​ရန်​ကူ​ညီ ကြ​လော့။ \p \v 12 ငါ့​ညီ​အာ​ပေါ​လု​နှင့်​ပတ်​သက်​၍​ပြော​ရ​မည်​ဆို လျှင် သူ​သည်​အ​ခြား​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ နှင့်​အ​တူ သင်​တို့​ထံ​သို့​သွား​ရောက်​လည်​ပတ်​ရန် အ​ထူး​ပင်​ငါ​အား​ပေး​တိုက်​တွန်း​ပါ​၏။ သို့​ရာ တွင်​ယ​ခု​အ​ချိန်​အ​ခါ​မ​သင့်​သေး​ဟု​သူ ယုံ​ကြည်​၏။ နောင်​အ​ခွင့်​ကောင်း​ကြုံ​သည့်​အ​ခါ လာ​ရောက်​ပါ​လိမ့်​မည်။ \s1 နောက်​ဆုံး​အ​မှာ​စ​ကား \p \v 13 နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ သင်​တို့​၏​ယုံ​ကြည် ခြင်း​တွင်​ခိုင်​မာ​စွာ​ရပ်​တည်​ကြ​လော့။ ရဲ​စွမ်း​သတ္တိ ရှိ​ကြ​လော့။- \v 14 ခပ်​သိမ်း​သော​အ​မှု​တို့​ကို​မေတ္တာ​နှင့်​ပြု​ကြ​လော့။- \v 15-16 သင်​တို့​သည်​သ​တေ​ဖန်​နှင့်​သူ​၏​အိမ်​သား​များ​ကို သိ​ကြ​၏။ သူ​တို့​သည်​ဂ​ရိ​ပြည်​မှ​ခ​ရစ်​ယာန်​ဦး များ​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ကူ​ညီ​မ​စ​ရန်​မိ​မိ​တို့​ကိုယ်​ကို​ဆက်​ကပ်​ထား​သူ များ​ဖြစ်​ပေ​သည်။ ညီ​အစ်​ကို​တို့၊ ထို​သို့​သော​သူ​တို့ ၏​ခေါင်း​ဆောင်​မှု​ကို​လည်း​ကောင်း၊ သူ​တို့​နှင့်​အ​တူ အ​မှု​တော်​ကို​ကြိုး​စား​၍​ပါ​ဝင်​ဆောင်​ရွက်​ကြ သော​သူ​တို့​၏​ခေါင်း​ဆောင်​မှု​ကို​လည်း​ကောင်း လက်​ခံ​ကြ​ရန်​သင်​တို့​အား​ငါ​မေတ္တာ​ရပ်​ခံ ပါ​၏။\x + \xo 16:15-16 \xt ၁ကော၊ ၁:၁၆။\x* \p \v 17 သ​တေ​ဖန်၊ ဖော်​တု​နက်​နှင့်​အ​ခါ​ယ​ကု​တို့​ရောက် ရှိ​လာ​ကြ​သြဖင့်​ငါ​ဝမ်း​မြောက်​၏။ သူ​တို့​သည် သင်​တို့​၏​ကိုယ်​စား​ငါ့​အား​ပြု​စု​ပေး​ကြ​၏။- \v 18 သူ​တို့​သည်​သင်​တို့​၏​စိတ်​ကို​ရွှင်​လန်း​စေ​သ​ကဲ့​သို့ ငါ​၏​စိတ်​ကို​လည်း​ရွှင်​လန်း​စေ​၏။ ထို​သို့​သော​သူ တို့​သည်​အ​သိ​အ​မှတ်​ပြု​ခြင်း​ကို​ခံ​ထိုက်​ကြ​၏။ \p \v 19 အာ​ရှ​ပြည်​အ​သင်း​တော်​များ​က​သင်​တို့​အား နှုတ်​ဆက်​ကြ​၏။ အာ​ကု​လ၊ ပြစ်​ကိ​လ​နှင့်​သူ​တို့ အိမ်​တွင်​ဝတ်​ပြု​ကိုး​ကွယ်​ကြ​သည့်​အ​သင်း​ဝင် များ​က​လည်း သ​ခင်​ဘု​ရား​၏​နာ​မ​တော်​နှင့် နှုတ်​ဆက်​ကြ​၏။-\x + \xo 16:19 \xt တ၊ ၁၈:၂။\x* \v 20 ဤ​အ​ရပ်​တွင်​ရှိ​သည့်​ညီ​အစ်​ကို​အ​ပေါင်း​က​လည်း သင်​တို့​ကို​နှုတ်​ဆက်​ကြ​၏။ သင်​တို့​အ​ချင်း​ချင်း သန့်​ရှင်း​သော​နမ်း​ခြင်း​ဖြင့်​နှုတ်​ဆက်​ကြ​လော့။ \p \v 21 ``မေတ္တာ​ဖြင့်​ပေါ​လု'' ဟူ​၍​ဤ​စာ​ကို​ငါ​ကိုယ်​တိုင် လက်​မှတ်​ရေး​ထိုး​လိုက်​ပါ​၏။- \v 22 မည်​သူ​မ​ဆို​သ​ခင်​ဘု​ရား​ကို​မ​ချစ်​ပါ​မူ ကျိန်​စာ​သင့်​ပါ​စေ​သ​တည်း။ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​ပါ။- \v 23 အ​ရှင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​သည်​သင်​တို့ အ​ပေါ်​သို့​သက်​ရောက်​ပါ​စေ​သ​တည်း။- \v 24 ငါ​သည်​ခ​ရစ်​တော်​ယေ​ရှု​တ​ပည့်​ဖြစ်​သူ သင် တို့​အ​ပေါင်း​အား​မေတ္တာ​ပို့​သ​လိုက်​ပါ​၏။ ကော​ရိန္သု​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စာ​စောင်​ပြီး​၏။