\id 1CH Myanmar Common Language Bible \h ၁ ရာ​ချုပ် \toc1 ရာ​ဇ​ဝင်​ချုပ်​ပ​ထ​မ​စောင် \toc2 ၁ ရာ​ချုပ် \mt1 ရာ​ဇ​ဝင်​ချုပ်​ပ​ထ​မ​စောင် \is1 နိ​ဒါန်း \ip ရာ​ဇ​ဝင်​ချုပ်​ပ​ထ​မ​စောင်​နှင့်​ဒု​တိ​ယ​စောင် သည် ဋ္ဌမ္မ​ရာ​ဇ​ဝင်​ကျမ်း​များ​ထဲ​တွင်​မှတ်​တမ်း တင်​ထား​သော​အ​ဖြစ်​အ​ပျက်​များ​ကို​များ သော​အား​ဖြင့် ပြန်​လည်​ဖော်​ပြ​ချက်​များ​ဖြစ် သော်​လည်း​တင်​ပြ​ချက်​အ​မြင်​ချင်း​ကွဲ​ပြား ပေ​သည်။ ရာ​ဇ​ဝင်​ချုပ်​ကျမ်း​စောင်​များ​ထဲ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ရှင်​ဘု​ရင်​များ သ​မိုင်း​အ​ကြောင်း​ကို အ​ဋ္ဌိ​က​ရည်​ရွယ်​ချက် နှစ်​ခု​အား​ဖြင့်​ထိန်း​ချုပ်​ထား​သည်။ \ip ၁။ ဣ​သ​ရေ​လ​နှင့်​ယု​ဒ​နိုင်​ငံ​များ​အ​ပေါ် သို့​ဘေး​ဥ​ပဒ်​များ​ကျ​ရောက်​နေ​စေ​ကာ​မူ၊ ဘု​ရား​သ​ခင်​သည်​ယု​ဒ​နိုင်​ငံ​တွင်​နေ​ထိုင် လျက်​ရှိ​သော​သူ​များ​အား​ဖြင့် ကိုယ်​တော် ရှင်​၏​လူ​မျိုး​တော်​အ​တွက်​ကိုယ်​တော်​ရှင်​၏ အ​ကြံ​အ​စည်​တော်​ကို​အ​ကောင်​အ​ထည် ဖော်​လျက်​ရှိ​ကြောင်း၊ ထို​နိုင်​ငံ​အ​ပေါ်​ထား ခဲ့​သော​က​တိ​တော်​ကို​လည်း အ​ကောင်​အ​ထည် ဖော်​လျက်​ရှိ​ကြောင်း​တင်​ပြ​ရန်​ဖြစ်​သည်။ ဤ အာ​မ​ခံ​ချက်​ကို​အ​ခြေ​ခံ​သည့်​အ​နေ​ဖြင့် စာ​ရေး​သူ​သည်​ဒါ​ဝိဒ်၊ ရှော​လ​မုန်​တို့​၏ ကြီး​မား​သော​အောင်​မြင်​မှု​များ​ကို​လည်း ကောင်း၊ ယော​ရှ​ဖတ်​မင်း၊ ဟေ​ဇ​ကိ​မင်း​နှင့် ယော​ရှု​မင်း​တို့​၏​အ​သစ်​ပြု​ပြင်​ပြောင်း လဲ​မှု​များ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင် အား​ဆက်​လက်​၍​သစ္စာ​စောင့်​သော​သူ​များ ကို​လည်း​ကောင်း​ဖော်​ပြ​သည်။ \ip ၂။ ယေ​ရု​ရှ​လင်​မြို့​ရှိ​ဗိ​မာန်​တော်​တွင်​ဘု​ရား​သ​ခင်​အား​ကိုး​ကွယ်​ဝတ်​ပြု​မှု​စ​တင်​ဖြစ် ပေါ်​လာ​ပုံ​ကို​လည်း​ကောင်း၊ အ​ထူး​သ​ဖြင့် ကိုး​ကွယ်​ခြင်း​အ​စီ​အ​စဉ်​ကို​ဆောင်​ရွက်​ကြ သော​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ် ဝင်​များ​၏​အ​ဖွဲ့​အ​စည်း​စ​တင်​ဖွဲ့​စည်း​ပုံ ကို​လည်း​ကောင်း​တင်​ပြ​ရန်​ဖြစ်​သည်။ ဗိ​မာန် တော်​ကြီး​ကို​တည်​ဆောက်​သော​သူ​မှာ ရှော​လ​မုန်​မင်း​ဖြစ်​သော်​လည်း၊ ဘာ​သာ​ရေး အ​ခမ်း​အ​နား​များ​နှင့်​ဗိ​မာန်​တော်​ကို စ​တင်​တည်​ဆောက်​သူ​အ​စစ်​အ​မှန်​မှာ ဒါ​ဝိဒ်​မင်း​သာ​ဖြစ်​ကြောင်း​တင်​ပြ​ထား သည်။ \iot အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ် \io1 ဆွေ​စဉ်​မျိုး​ဆက်​ဆင်း​သက်​လာ​ပုံ​နှင့်​စာ​ရင်း​များ ၁:၁-၉:၄၄ \io1 ရှော​လု​မင်း​ကွယ်​လွန်​ခြင်း ၁၀:၁-၁၄ \io1 ဒါ​ဝိဒ်​မင်း​အုပ်​စိုး​စဉ်​ကာ​လ ၁၁:၁-၂၉:၃၀ \io2 (က) ဒုက္ခ​များ​နှင့်​အောင်​မြင်​မှု​များ ၁၁:၁-၂၂:၁ \io2 (ခ) ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန်​ပြင်​ဆင်​ခြင်း ၂၂:၂-၂၉:၃၀ \c 1 \s1 အာ​ဒံ​မှ​သည်​အာ​ဗြ​ဟံ​သို့ \r (က၊ ၅:၁-၃၂၊ ၁၀:၁-၃၂၊ ၁၁:၁၀-၂၆) \p \v 1 အာ​ဒံ​၏​သား​သည်​ရှေ​သ၊ ရှေ​သ​၏​သား​မှာ ဧ​နုတ်၊ ဧ​နုတ်​၏​သား​ကား​ကာ​ဣ​နန်​ဖြစ်​၏။- \v 2 ကာ​ဣ​နန်​၏​သား​သည်​မ​ဟာ​လေ​လ၊ မ​ဟာ လေ​လ​၏​သား​ကား​ယာ​ရက်​တည်း။- \v 3 ယာ​ရက်​၏​သား​သည်​ဧ​နောက်၊ ဧ​နောက်​၏​သား မှာ​မ​သု​ရှ​လ၊ မ​သု​ရှ​လ​၏​သား​ကား​လာ​မက် ဖြစ်​၏။- \v 4 လာ​မက်​၏​သား​သည်​နော​ဧ​ဖြစ်​၍​နော​ဧ​တွင် ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​ဟူ​သော​သား​သုံး​ယောက် ရှိ​၏။ \p \v 5 ယာ​ဖက်​၏​သား​များ​ဖြစ်​ကြ​သော ဂေါ​မာ၊ မာ ဂေါ​ဂ၊ မာ​ဒဲ၊ ယာ​ဝန်၊ တု​ဗ​လ၊ မေ​ရှ​က​နှင့်​တိ ရတ်​တို့​သည်​မိ​မိ​တို့​နာ​မည်​အ​သီး​သီး​ကို ဆောင်​ကုန်​သော​အ​မျိုး​သား​တို့​၏​ဘိုး​ဘေး များ​ဖြစ်​ကြ​၏။- \v 6 ဂေါ​မာ​မှ​ဆင်း​သက်​လာ​သူ​များ​မှာ​အာ​ရှ ကေ​နတ်၊ ရိ​ဖတ်​နှင့်​တော​ဂါ​မ​အ​မျိုး​သား များ​ဖြစ်​သ​တည်း။- \v 7 ယာ​ဝန်​မှ​ဆင်း​သက်​လာ​သူ​များ​သည်​ဧ​လိ​ရှာ၊ တာ​ရှု၊ ကိတ္တိမ်​နှင့်​ဒေါ​ဒါ​နိမ်​အ​မျိုး​သား​များ ဖြစ်​ကြ​၏။ \p \v 8 ဟာ​မ​၏​သား​များ​ဖြစ်​ကြ​သော​ကု​ရှ၊ အီ​ဂျစ်၊ လိ​ဘိ​ယ​နှင့်​ခါ​နာန်​တို့​သည်​မိ​မိ​တို့​၏​နာ​မည် အ​သီး​သီး​ကို ဆောင်​ကုန်​သော​အ​မျိုး​သား တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​၏။- \v 9 ကု​ရှ​မှ​ဆင်း​သက်​လာ​သူ​များ​မှာ​သေ​ဘ၊ ဟ​ဝိ​လ၊ သာ​ဗ​တ၊ ရာ​ဂ​မ​နှင့်​သတ္တေ​ခါ အ​မျိုး​သား​များ​ဖြစ်​ပေ​သည်။ ရာ​ဂ​မ​မှ ဆင်း​သက်​လာ​သူ​များ​သည်​ရှေ​ဘ​နှင့် ဒေ​ဒန်​အ​မျိုး​သား​များ​ဖြစ်​ကြ​၏။- \v 10 (ကု​ရှ​တွင်​နိမ်​ရော​ဒ​နာ​မည်​ရှိ​သော​သား​တစ် ယောက်​ရှိ​၏။ သူ​သည်​ကမ္ဘာ​ပေါ်​တွင်​ပ​ထ​မ အ​ဦး​ဆုံး​လူ​စွမ်း​ကောင်း​ဖြစ်​လာ​၏။-) \v 11 အီ​ဂျစ်​မှ​ဆင်း​သက်​လာ​သူ​များ​မှာ​လု​ဒိန်၊ အာ​န​မိမ်၊ လ​ဟာ​ဗိမ်၊ နတ္တု​ဟိမ်၊- \v 12 ပါ​သ​ရု​သိမ်၊ ကာ​သ​လု​ဟိမ်​နှင့်​ကတ္တော​ရိမ် အ​မျိုး​သား​များ​တည်း။ (ကတ္တော​ရိမ်​အ​မျိုး သား​များ​မှ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ဆင်း သက်​ပေါက်​ပွား​လာ​ကြ​ပေ​သည်။-) \v 13 ခါ​နာန်​၏​သား​အ​ကြီး​ဇိ​ဒုန်​နှင့်​သား​ငယ် ဟေ​သ​တို့​မှ​ဆင်း​သက်​လာ​သူ​များ​မှာ မိ​မိ တို့​၏​အ​မည်​နာ​မ​အ​သီး​သီး​ကို​ဆောင် ကုန်​သော​အ​မျိုး​သား​များ​ဖြစ်​ကြ​၏။- \v 14-16 ခါ​နာန်​သည်​ယေ​ဗု​သိ၊ အာ​မော​ရိ၊ ဂိ​ရ​ဂါ​ရှိ၊- ဟိ​ဝိ၊ အာ​ကိ၊ သိ​နိ၊- အာ​ဝ​ဒိ၊ ဇေ​မ​ရိ​နှင့်​ဟာ​မ​သိ အ​မျိုး​သား​များ​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​၏။ \p \v 17 ရှေ​မ​၏​သား​များ​ဖြစ်​ကြ​သော ဧ​လံ၊ အာ​ရှု၊ အာ​ဖာ​ဇဒ်၊ လု​ဒ၊ အာ​ရံ၊ ဥ​ဇ၊ ဟု​လ၊ ဂေ​သာ နှင့်​မာ​ရှ​တို့​သည် မိ​မိ​တို့​၏​နာ​မည်​အ​သီး သီး​ကို​ဆောင်​ကုန်​သော​အ​မျိုး​သား​တို့​၏ ဘိုး​ဘေး​များ​ဖြစ်​ကြ​၏။- \v 18 အာ​ဖာ​ဇဒ်​၏​သား​သည် ရှာ​လ၊ ရှာ​လ​၏​သား မှာ​ဟေ​ဗာ​ဖြစ်​၏။- \v 19 ဟေ​ဗာ​တွင်​သား​နှစ်​ယောက်​ရှိ​၏။ တစ်​ယောက်​သည် ဖာ​လက်​ဟု​နာ​မည်​တွင်​၏။ အ​ဘယ်​ကြောင့်​ဆို သော်​သူ​၏​လက်​ထက်​တွင် ကမ္ဘာ​ပေါ်​ရှိ​လူ​တို့ သည်​ကွဲ​သွား​ကြ​သော​ကြောင့်​ဖြစ်​၏။ အ​ခြား သား​တစ်​ယောက်​သည်​ယုတ္တန်​ဟု​နာ​မည်​တွင်​၏။- \v 20 ယုတ္တန်​မှ​ဆင်း​သက်​လာ​သူ​များ​မှာ အာ​လ မော​ဒန်၊ ရှေ​လပ်၊ ဟာ​ဇာ​မာ​ဝက်၊ ယေ​ရ၊- \v 21 ဟ​ဒေါ​ရံ၊ ဥ​ဇာ​လ၊ ဒိ​က​လ၊ \m \v 22-23 သြ​ဗာ​လ၊ အ​ဘိ​မေ​လ၊ ရှေ​ဘ၊ သြ​ဖိ​ရ၊ ဟ​ဝိ​လ​နှင့်​ယော​ဗပ်​အ​မျိုး​သား​များ​ဖြစ် သ​တည်း။ \p \v 24 ရှေ​မ​မှ​အာ​ဗြ​ဟံ​အ​ထိ​ဆွေ​စဉ်​မျိုး​ဆက် များ​မှာ ရှေ​မ၊ အာ​ဖာ​ဇဒ်၊ ရှာ​လ၊- \v 25-27 ဟေ​ဗာ၊ ဖာ​လက်၊ ရာ​ဂေါ၊- စေ​ရောက်၊ နာ​ခေါ်၊ တေ​ရ နှင့်၊-အာ​ဗြ​ဟံ​ဟု​လည်း​နာ​မည်​တွင်​သော​အာ​ဗြံ တို့​ဖြစ်​ကြ​၏။ \s1 ဣ​ရှ​မေ​လ​၏​သား​မြေး​များ \r (က၊ ၂၅:၁၂-၁၆) \p \v 28 အာ​ဗြ​ဟံ​တွင်​ဣ​ဇာက်​နှင့်​ဣ​ရှ​မေ​လ​ဟူ​၍ သား​နှစ်​ယောက်​ရှိ​၏။- \v 29 ဣ​ရှ​မေ​လ​မှ​ဆင်း​သက်​လာ​သူ​များ​သည် အ​နွယ် တစ်​ဆယ့်​နှစ်​နွယ်​တို့​၏​ဦး​စီး​ခေါင်း​ဆောင်​များ ဖြစ်​လာ​ကြ​၏။ ထို​တစ်​ဆယ့်​နှစ်​နွယ်​တို့​၏​နာ မည်​များ​မှာ (ဣ​ရှ​မေ​လ​၏​သား​ဦး​ကို အ​စွဲ ပြု​၍​မှည့်​ခေါ်​သည်) န​ဗာ​ယုတ်၊ ကေ​ဒါ၊ အာ​ဒ ဗေ​လ၊ မိ​ဗ​သံ၊- \v 30 မိ​ရှ​မ၊ ဒု​မာ၊ မာ​စ၊ ဟာ​ဒါ၊ တေ​မ၊- \v 31 ယေ​တု​ရ၊ နာ​ဖိ​ရှ၊ ကေ​ဒ​မာ​ဟူ​၍​ဖြစ်​သ​တည်း။ \p \v 32 အာ​ဗြ​ဟံ​၏​မ​ယား​နှောင်း​နာ​မည်​မှာ​ကေ​တု​ရ ဖြစ်​၏။ သူ​သည်​ဇိ​မ​ရံ၊ ယုတ်​ရှန်၊ မေ​ဒန်၊ မိ​ဒျန်၊ ဣ​ရှ​ဘတ်​နှင့်​ရှု​အာ​ဟူ​သော​သား​ခြောက်​ယောက် ကို​ဖွား​မြင်​လေ​သည်။ ယုတ်​ရှန်​တွင်​ရှာ​ဘ​နှင့် ဒေ​ဒန်​ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။- \v 33 မိ​ဒျန်​တွင်​ဧ​ဖာ၊ ဧ​ဖေ​ရ၊ ဟာ​နုတ်၊ အ​ဘိ​ဒ နှင့်​ဧ​လ​ဒါ​ဟူ​သော​သား​ငါး​ယောက်​ရှိ​၏။ \s1 ဧ​သော​၏​သား​မြေး​များ \r (က၊ ၃၆:၁-၁၉) \p \v 34 အာ​ဗြ​ဟံ​၏​သား​ဣ​ဇာက်​တွင် ဧ​သော​နှင့် ယာ​ကုပ်​ဟူ​၍​သား​နှစ်​ယောက်​ရှိ​၏။- \v 35 ဧ​သော​၏​သား​များ​ကား ဧ​လိ​ဖတ်၊ ရွေ​လ၊ ယု​ရှ၊ ယာ​လံ၊ နှင့်​ကော​ရ​ဖြစ်​၏။- \v 36 ဧ​လိ​ဖတ်​သည် တေ​မန်၊ သြ​မ​ရ၊ ဇေ​ပေါ်၊ ဂါ​တံ၊ ကေ​နတ်၊ တိ​မ​န​နှင့်​အာ​မ​လက်​အ​နွယ်​တို့​၏ ဘိုး​ဘေး​ဖြစ်​လာ​၏။- \v 37 ရွေ​လ​သည်​လည်း၊ နာ​ဟတ်၊ ဇေ​ရ၊ ရှမ္မ​နှင့်​မိဇ္ဇ အ​နွယ်​တို့​၏​ဘိုး​ဘေး​ဖြစ်​လာ​၏။ \s1 ဧ​ဒုံ​ပြည်​တွင်​မူ​လ​နေ​ထိုင်​ကြ​သူ​များ \r (က၊ ၃၆:၂၀-၃၀) \p \v 38-42 ဧ​ဒုံ​ပြည်​တွင်​မူ​လ​နေ​ထိုင်​ကြ​သူ​များ​သည် အောက်​ဖော်​ပြ​ပါ​စိ​ရ​၏​သား​များ​ဖြစ်​ကြ သော​လော​တန်၊ ရှော​ဗ​လ၊ ဇိ​ဘောင်၊ အာ​န၊ ဒိ​ရှုန်၊ ဧ​ဇာ​နှင့်​ဒိ​ရှန်​တို့​မှ​ဆင်း​သက်​လာ​သူ​များ ဖြစ်​ပေ​သည်။ \p လော​တန်​သည်​ဟော​ရိ​နှင့်​ဟေ​မံ​သား​ချင်း​တို့​၏ ဘိုး​ဘေး​ဖြစ်​၏။ (လော​တန်​တွင်​တိ​မ​န​နာ​မည် တွင်​သော​နှ​မ​တစ်​ယောက်​ရှိ​၏။) \p ရှော​ဗ​လ​သည် အာ​လာ​ဝန်၊ မ​နာ​ဟတ်၊ ဧ​ဗာ​လ၊ ရှေ​ဖော​နှင့်​သြ​နံ​သား​ချင်း​စု​တို့​၏​ဘိုး​ဘေး ဖြစ်​၏။ \p ဇိ​ဘောင်​မှာ​အာ​ယ​နှင့်​အာ​န​နာ​မည်​တွင်​သော သား​နှစ်​ယောက်​ရှိ​၏။ \p အာ​န​၏​သား​သည်​ဒိ​ရှုန်​ဖြစ်​၏။ \p ဒိ​ရှုန်​သည် ဟင်္ဒန်၊ ဧ​ရှ​ဗန်၊ ဣ​သ​ရန်​နှင့်​ခေ​ရန် သား​ချင်း​စု​တို့​၏​ဘိုး​ဘေး​ဖြစ်​၏။ \p ဧ​ဇာ​သည်​ဗိ​လ​ဟန်၊ ဇာ​ဝန်​နှင့်​အာ​ကန်​သား ချင်း​စု​တို့​၏​ဘိုး​ဘေး​ဖြစ်​၏။ \p ဒိ​ရှန်​သည်​ဥ​ဇ​နှင့်​အာ​ရန်​သား​ချင်း​စု​တို့​၏ ဘိုး​ဘေး​ဖြစ်​၏။ \s1 ဧ​ဒုံ​ပြည်​ဘု​ရင်​များ \r (က၊ ၃၆:၃၁-၄၃) \p \v 43-50 ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ဘု​ရင်​တစ်​ပါး​မျှ​မ​ပေါ် ပေါက်​မီ​ကာ​လ​၌ ဧ​ဒုံ​ပြည်​ကို​အောက်​ပါ​ဘု​ရင် များ​အုပ်​စိုး​ကြ​လေ​သည်။ \q1 ဗော​ရ​၏​သား​ဖြစ်​သူ၊ဒိန္နာ​ဗာ​မြို့​သား​ဗေ​လ၊ \q1 ဇေ​ရ​၏​သား​ဖြစ်​သူ၊ဗော​ဇ​ရ​အ​ရပ်​သား​ယော​ဗပ်၊ \q1 တေ​မာ​နိ​အ​ရပ်​သား​ဟု​ရှံ၊ဗေ​ဒဒ်​၏​သား​ဟာ​ဒဒ်၊ \q1 သူ​၏​မြို့​မှာ​အာ​ဗိတ်​မြို့​ဖြစ်​သည်။ \q1 (သူ​သည်​မော​ဘ​လွင်​ပြင်​တိုက်​ပွဲ​တွင် မိ​ဒျန်​အ​မျိုး​သား​တို့​ကို​နှိမ်​နင်း​ခဲ့​သည်။) \q1 မာ​သ​ရက်​အ​ရပ်​သား​စာ​မ​လ၊ရ​ဟော​ဘုတ် မြစ်​အ​နီး​မှ​ရှော​လ၊ \q1 အာ​ခ​ဗော်​၏​သား​ဗာ​လ​ဟာ​နန်၊ပေါ​မြို့​မှ​ဟာ​ဒါ၊ \q1 (သူ​၏​မိ​ဖု​ရား​ကား​မ​ဟေ​တ​ဗေ​လ​ဖြစ်​၏။ \q1 မ​ဟေ​တ​ဗေ​လ​သည်​မာတ​ရေ​ဒ​၏​သ​မီး၊ မေ​ဇ​ဟပ်​၏​မြေး​ဖြစ်​သ​တည်း။) \p \v 51 ဧ​ဒုံ​ပြည်​သူ​များ​တွင်​ပါ​ဝင်​ကြ​သော​အ​နွယ် များ​မှာ တိ​မ​နာ၊ အာ​လ​ဝ၊ ယေ​သက်၊- \v 52-54 အ​ဟော​လိ​ဗာ​မ၊ ဧ​လာ၊ ပိ​နုန်၊- ကေ​နတ်၊ တေ​မန်၊ မိ​ဗ​ဇ၊-မာ​ဂ​ဒေ​လ​နှင့်​ဣ​ရံ​တို့​ဖြစ်​သ​တည်း။ \c 2 \s1 ယု​ဒ​၏​သား​မြေး​များ \p \v 1 ယာ​ကုပ်​တွင်​ရု​ဗင်၊ ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ၊ ဇာ​ဗု​လုန်၊- \v 2 ဒန်၊ ယော​သပ်၊ င်္ဗယာ​မိန်၊ န​ဿာ​လိ၊ ဂဒ်၊ အာ​ရှာ​ဟူ​၍ သား​တစ်​ဆယ့်​နှစ်​ယောက်​ရှိ​၏။ \p \v 3 ယု​ဒ​တွင်​စု​စု​ပေါင်း​သား​ငါး​ယောက်​ရှိ​၏။ သူ​၏ ဇ​နီး၊ ခါ​နာန်​အ​မျိုး​သ​မီး​ဖြစ်​သူ ရှု​အာ​နှင့်​ရ သော​သား​သုံး​ယောက်​တို့​ကား​ဧ​ရ၊ သြ​နန်​နှင့် ရှေ​လ​တို့​ဖြစ်​၏။ သူ​၏​သား​အ​ကြီး​ဆုံး​ဧ​ရ သည်​အ​လွန်​ဆိုး​ညစ်​သူ​ဖြစ်​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​ကွပ်​မျက်​တော်​မူ​ခြင်း​ကို​ခံ​ရ​၏။- \v 4 ယု​ဒ​သည်​မိ​မိ​၏​ချွေး​မ​နှင့်​ရ​ပြန်​သော သား​နှစ်​ယောက်​မှာ​ဖာ​ရက်​နှင့်​ဇာ​ရ​ဖြစ်​၏။ \p \v 5 ဖာ​ရက်​တွင်​ဟေ​ဇ​ရုံ​နှင့်​ဟာ​မု​လ​ဟူ​သော သား​နှစ်​ယောက်​ရှိ​၏။- \v 6 သူ​၏​ညီ​ဇာ​ရ​တွင်​ဇိ​မ​ရိ၊ ဧ​သန်၊ ဟေ​မန်၊ ကာ​လ​ကော​လ၊ ဒါ​ရ​ဟူ​၍​သား​ငါး​ယောက် ရှိ​၏။- \v 7 ကာ​မိ​၏​သား​အာ​ခန်​သည်​ဘု​ရား​သ​ခင်​အား ဆက်​ကပ်​ထား​သော​တိုက်​ခိုက်​သိမ်း​ယူ​ရ​ရှိ​သည့် ဝတ္ထု​ပစ္စည်း​ကို​ယူ​သော​ကြောင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကပ်​ဆိုက်​ရ​ကြ​ကုန်​၏။\x + \xo 2:7 \xt ယောရှု၊ ၇:၁။\x* \p \v 8 ဧ​သန်​တွင်​အ​ဇ​ရိ​ဟူ​သော​သား​တစ်​ယောက် ရှိ​၏။ \s1 ဒါ​ဝိဒ်​မင်း​၏​ဆွေ​စဉ်​မျိုး​ဆက်​တော် \p \v 9 ဟေ​ဇ​ရုံ​တွင် ယေ​ရ​မေ​လ၊ အာ​ရံ၊ ကာ​လက် ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။ \p \v 10 အာ​ရံ​မှ​ယေ​ရှဲ​တိုင်​အောင်​ဆွေ​စဉ်​မျိုး​ဆက်​ကား အာ​ရံ၊ အ​မိ​န​ဒပ်၊ (ယု​ဒ​အ​နွယ်​တွင်​ထင်​ပေါ် ကျော်​ကြား​သူ) နာ​ရှုန်၊ \m \v 11-12 စာ​လ​မုန်၊ ဗော​ဇ၊- သြ​ဗက်၊ ယေ​ရှဲ​ဟူ​၍​ဖြစ်​သ​တည်း။ \p \v 13 ယေ​ရှဲ​တွင်​သား​ခု​နစ်​ယောက်​ရှိ​၏။ သူ​တို့​အား ကြီး​စဉ်​ငယ်​လိုက်​ဖော်​ပြ​ရ​သော်​ဧ​လျာ​ဘ၊ အ​ဘိ​န​ဒပ်၊ ရှိ​မာ၊- \v 14 နာ​သ​နေ​လ၊ ရဒ္ဒဲ၊- \v 15-16 သြ​ဇင်​နှင့်​ဒါ​ဝိဒ်​တို့​ဖြစ်​၏။ ယေ​ရှဲ​တွင်​ဇေ​ရု​ယာ နှင့်​အ​ဘိ​ဂဲ​လ​ဟူ​၍​သမီး​နှစ်​ယောက်​လည်း​ရှိ​၏။ \p ယေ​ရှဲ​၏​သ​မီး​ဇေ​ရု​ယာ​တွင်​အ​ဘိ​ရှဲ၊ ယွာ​ဘ နှင့်​အာ​သ​ဟေ​လ​ဟူ​သော​သား​သုံး​ယောက်​ရှိ​၏။- \v 17 သူ​၏​အ​ခြား​သ​မီး​အ​ဘိ​ဂဲ​လ​သည် ဣ​ရှ​မေ​လ မှ​ဆင်း​သက်​လာ​သူ​ယေ​သာ​နှင့်​အိမ်​ထောင်​ပြု​၏။ သူ​တို့​မှာ​အာ​မ​သ​နာ​မည်​တွင်​သော​သား​တစ် ယောက်​ရှိ​၏။ \s1 ဟေ​ဇ​ရုံ​၏​သား​မြေး​များ \p \v 18 ဟေ​ဇ​ရုံ​၏​သား​ကာ​လက်​သည် အ​ဇု​ဘ​နှင့်​အိမ် ထောင်​ပြု​၍​ယေ​ရုတ်​နာ​မည်​တွင်​သော​သ​မီး​တစ် ယောက်​ကို​ရ​၏။ ယေ​ရုတ်​တွင်​ယေ​ရှာ၊ ရှော​ဗပ်​နှင့် အာ​ဒုန်​ဟူ​သော​သား​သုံး​ယောက်​ရှိ​၏။- \v 19 အ​ဇု​ဘ​သေ​လွန်​ပြီး​နောက်​ကာ​လက်​သည် ဧ​ဖ​ရတ် နှင့်​အိမ်​ထောင်​ပြု​၍​ဟု​ရ​နာ​မည်​တွင်​သော​သား ကို​ရ​၏။- \v 20 ဟု​ရ​၏​သား​သည်​ဥ​ရိ၊ ဥ​ရိ​၏​သား​ကား​ဗေ​ဇ လေ​လ​တည်း။ \p \v 21 ဟေ​ဇ​ရုံ​သည်​အ​သက်​ခြောက်​ဆယ်​ရှိ​သော​အ​ခါ မာ​ခိ​ရ​၏​သ​မီး၊ ဂိ​လဒ်​၏​ညီ​မ​နှင့်​အိမ်​ထောင် ပြု​၍​စေ​ဂုပ်​နာ​မည်​တွင်​သော​သား​တစ်​ယောက် ကို​ရ​၏။- \v 22 စေ​ဂုပ်​တွင်​ယာ​ဣ​ရ​နာ​မည်​တွင်​သော​သား​တစ် ယောက်​ရှိ​၏။ ယာ​ဣ​ရ​သည်​ဂိ​လဒ်​ပြည်​တွင်​မြို့ ကြီး​နှစ်​ဆယ့်​သုံး​မြို့​ကို​အုပ်​စိုး​ရ​၏။- \v 23 သို့​ရာ​တွင်​ဂေ​ရှု​ရ​နှင့်​အာ​ရံ​ဘု​ရင်​တို့​သည် ထို​ပြည်​မှ​ယာ​ဣ​ရ​နှင့်​ကေ​နတ်​ရွာ​တို့​နှင့် တ​ကွ အ​နီး​အ​နား​ရှိ​မြို့​များ​အ​ပါ​အ​ဝင် မြို့​ခြောက်​ဆယ်​တို့​ကို​တိုက်​ခိုက်​သိမ်း​ပိုက်​လိုက် ကြ​၏။ ထို​ဒေ​သ​တွင်​နေ​ထိုင်​ကြ​သူ​လူ​အ​ပေါင်း တို့​မှာ​ဂိ​လဒ်​၏​ဖ​ခင်​မာ​ခိ​ရ​၏​သား​မြေး များ​ဖြစ်​သ​တည်း။- \v 24 ဟေ​ဇ​ရုံ​သေ​လွန်​ပြီး​နောက်​သူ​၏​သား​ကာ​လက် သည် ဖ​ခင်​၏​ဇ​နီး​မု​ဆိုး​မ​ဖြစ်​သူ​ဧ​ဖ​ရတ်​ကို သိမ်း​ပိုက်​လိုက်​၏။ သူ​တို့​တွင်​အာ​ရှု​ရ​နာ​မည်​တွင် သော​သား​တစ်​ယောက်​ကို​ရ​ရှိ​ကြ​၏။ အာ​ရှု​ရ ကား​တေ​ကော​မြို့​ကို​တည်​ထောင်​သူ​တည်း။ \s1 ယေ​ရ​မေ​လ​၏​သား​မြေး​များ \p \v 25 ဟေ​ဇ​ရုံ​၏​သား​အ​ကြီး​ဆုံး​ဖြစ်​သူ​ယေ​ရ မေ​လ​တွင်​သား​ငါး​ယောက်​ရှိ​၏။ သူ​တို့​အ​နက် အ​ကြီး​ဆုံး​မှာ​အာ​ရံ​ဖြစ်​၍​အ​ခြား​သား များ​မှာ​ဗု​န၊ သြ​ရင်၊ သြ​ဇင်​နှင့်​အ​ဟိ​ယ တို့​ဖြစ်​၏။- \v 26-27 အာ​ရံ​တွင်​မာ​ဇ၊ ယာ​မိန်၊ ဧ​ကာ​ဟူ​၍​သား​သုံး ယောက်​ရှိ​၏။ ယေ​ရ​မေ​လ​တွင်​အာ​တ​ရ​နာ​မည် တွင်​သော​အ​ခြား​ဇ​နီး​တစ်​ယောက်​ရှိ​၏။ ထို ဇ​နီး​ဖြင့်​သြ​နံ​ဟူ​သော​သား​တစ်​ယောက်​ကို ရ​၏။- \v 28 သြ​နံ​တွင်​ရှမ္မဲ​နှင့်​ယာဒ​ဟူ​သော​သား​နှစ်​ယောက် ရှိ​၏။ ရှမ္မဲ​တွင်​လည်း​နာ​ဒပ်​နှင့်​အ​ဘိ​ရှု​ရ​ဟူ သော​သား​နှစ်​ယောက်​ရှိ​ပေ​သည်။ \p \v 29 အ​ဘိ​ရှု​ရ​သည်​အ​ဘိ​ဟဲ​လ​နာ​မည်​ရှိ​သော အ​မျိုး​သ​မီး​နှင့်​အိမ်​ထောင်​ပြု​၍ အာ​ဗန်​နှင့် မော​လိဒ်​နာ​မည်​တွင်​သော​သား​နှစ်​ယောက်​ကို ရ​၏။- \v 30 အ​ဘိ​ရှု​ရ​၏​ညီ​ဖြစ်​သူ​နာ​ဒပ်​တွင်​သေ​လက် နှင့်​အပ္ပိမ်​ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။ သို့​ရာ တွင်​သေ​လက်​သည်​သား​တစ်​ယောက်​မျှ​မ​ရ ဘဲ​ကွယ်​လွန်​သွား​၏။- \v 31 အပ္ပိမ်​၏​သား​သည်​ဣ​ရှိ၊ ဣ​ရှိ​၏​သား​မှာ​ရှေ​ရှန်၊ ရှေ​ရှန်​၏​သား​ကား​အာ​လဲ​ဖြစ်​၏။ \p \v 32 ရှမ္မဲ​၏​ညီ​ယာ​ဒ​တွင်​ယေ​သာ​နှင့် ယော​န​သန်​ဟူ သော​သား​နှစ်​ယောက်​ရှိ​၏။ သို့​ရာ​တွင်​ယေ​သာ သည်​သား​တစ်​ယောက်​မျှ​မ​ရ​ဘဲ​ကွယ်​လွန် သွား​၏။- \v 33 ယော​န​သန်​တွင်​ပေ​လက်​နှင့်​ဇာ​ဇ​ဟူ​သော​သား နှစ်​ယောက်​ရှိ​၏။ ဤ​သူ​အ​ပေါင်း​တို့​သည်​ယေ​ရ မေ​လ​၏​သား​မြေး​များ​ဖြစ်​ကြ​သ​တည်း။ \p \v 34 ရှေ​ရှန်​တွင်​သား​မ​ရှိ၊ သ​မီး​များ​သာ​ရှိ​၏။ သူ့​မှာ ယာ​ဟ​နာ​မည်​တွင်​သော​အီ​ဂျစ်​အ​မျိုး​သား အ​စေ​ခံ​တစ်​ယောက်​ရှိ​၏။- \v 35 သူ​သည်​မိ​မိ​၏​သ​မီး​တစ်​ယောက်​အား​ထို​ကျွန် နှင့်​ပေး​စား​ရာ အတ္တဲ​နာ​မည်​တွင်​သော​သား​တစ် ယောက်​ကို​ရ​လေ​၏။ \m \v 36-38 အတ္တဲ​၏​သား​မြေး​အ​ဆက်​ဆက်​မှာ​နာ​သန်၊ ဇာ​ဗဒ်၊ ဧ​ဖ​လ​လ၊ သြ​ဗက်၊ \m \v 39-41 ယေ​ဟု၊ အာ​ဇ​ရိ၊- ဟေ​လက်၊ ဧ​လာ​သ၊ သိ​သ​မဲ၊ ရှလ္လုံ၊ ယေ​က​မိ​နှင့်​ဧ​လိ​ရှ​မာ​တို့​ဖြစ်​ကြ​၏။ \s1 ကာ​လက်​၏​အ​ခြား​သား​မြေး​များ \p \v 42 ယေ​ရ​မေ​လ​၏​ညီ​ဖြစ်​သူ​ကာ​လက်​၏​သား​ဦး မှာ​မေ​ရှ​ဟု​နာ​မည်​တွင်​၏။ မေ​ရှ​၏​သား​သည် ဇိ​ဖ၊ ဇိ​ဖ​၏​သား​မှာ​မ​ရေ​ရှ၊ မ​ရေ​ရှ​၏​သား ကား​ဟေ​ဗြုန်​ဖြစ်​၏။- \v 43 ဟေ​ဗြုန်​တွင်​ကော​ရ၊ တာ​ပွာ၊ ရေ​ကင်​နှင့် ရှေ​မ​ဟူ​သော​သား​လေး​ယောက်​ရှိ​၏။- \v 44 ရှေ​မ​၏​သား​သည်​ရာ​ဟံ၊ ရာ​ဟံ​၏​သား​မှာ ယော်​ကောင်​ဖြစ်​၏။ ရှေ​မ​၏​ညီ​ဖြစ်​သူ​ရေ​ကင် ၏​သား​သည်​ရှမ္မဲ၊- \v 45 ရှမ္မဲ​၏​သား​မှာ​မော​န၊ မော​န​၏​သား​ကား​ဗက် ဇု​ရ​တည်း။ \p \v 46 ကာ​လက်​မှာ​ဧ​ဖာ​နာ​မည်​တွင်​သော​မ​ယား ငယ်​တစ်​ယောက်​ရှိ​သေး​၏။ ထို​မယား​ငယ်​ဖြင့် သူ​သည်​ဟာ​ရန်၊ မော​ဇ၊ ဂါ​ဇက်​ဟူ​သော​သား သုံး​ယောက်​ကို​ထပ်​မံ​ရ​ရှိ​ပြန်​၏။ ဟာ​ရန် တွင်​ဂါ​ဇက်​ဟု​ပင်​နာ​မည်​တွင်​သော​သား တစ်​ယောက်​ရှိ​၏။ \p \v 47 (ယာ​ဒဲ​နာ​မည်​တွင်​သော​လူ​တစ်​ယောက်​တွင် ရေ​ဂင်၊ ယော​သံ၊ ဂေ​ရှံ၊ ပေ​လက်၊ ဧ​ဖာ၊ ရှာ​ဖ ဟူ​၍​သား​ခြောက်​ယောက်​ရှိ​၏။) \p \v 48 ကာ​လက်​မှာ​မာ​ခါ​နာ​မည်​တွင်​သော​အ​ခြား မ​ယား​ငယ်​တစ်​ယောက်​ရှိ​သေး​၏။ ထို​မ​ယား ငယ်​ဖြင့်​သူ​သည်​ရှေ​ဗာ​နှင့် တိ​ရ​ဟာ​န​ဟူ သော​သား​နှစ်​ယောက်​ကို​ရ​၏။- \v 49 ထို​နောက်​မာ​ခါ​သည်​မာ​ဒ​မေ​န​မြို့​ကို​တည် ထောင်​သူ​ဖြစ်​လာ​သည့်​ရှာ​ဖ​ကို​လည်း​ကောင်း၊ မာ​ခ​ဗေ​န​မြို့​ကို​တည်​ထောင်​သူ​ဖြစ်​လာ သည့်​ရှေ​ဝ​ကို​လည်း​ကောင်း​ရ​ရှိ​ပြန်​၏။ \p ထို​သား​များ​အ​ပြင်​ကာ​လက်​မှာ​အာ​ခ​သ နာ​မည်​တွင်​သော​သ​မီး​တစ်​ယောက်​လည်း​ရှိ​၏။ \p \v 50 အောက်​ဖော်​ပြ​ပါ​တို့​သည်​လည်း​ကာ​လက် ၏​သား​မြေး​များ​ဖြစ်​ပေ​သည်။ \p ဇ​နီး​ဖြစ်​သူ​ဧ​ဖ​ရတ်​နှင့်​ကာ​လက်​ရ​သော သား​ဦး​မှာ​ဟု​ရ​ဖြစ်​၏။ ဟု​ရ​၏​သား​ရှော ဗာ​လ​သည်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​ကြီး​ကို တည်​ထောင်​လေ​သည်။- \v 51 ရှော​ဗာ​လ​၏​ဒု​တိ​ယ​သား​စ​လ​မ​သည် ဗက်​လင်​မြို့​ကို​တည်​ထောင်​၍ သူ​၏​တ​တိ​ယ သား​ဟာ​ရပ်​မူ​ကား​ဗက်​ဂါ​ဒါ​မြို့​ကို​တည် ထောင်​သ​တည်း။ \p \v 52 ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​ကြီး​ကို​တည်​ထောင်​သူ ရှော​ဗာ​လ​သည်​ဟာ​ရော​အ​မျိုး​သား​များ​၏ ဘိုး​ဘေး​နှင့် မ​န​ဟေ​သိ​အ​မျိုး​သား​ထက် ဝက်​ခန့်​တို့​၏​ဘိုး​ဘေး​ဖြစ်​ပေ​သည်။- \v 53 သူ​သည်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​ကြီး​တွင်​နေ ထိုင်​ကြ​ကုန်​သော​ဣ​သ​ရိ၊ ဖု​ဟိ၊ ရှု​မ​သိ​နှင့် မိ​ရှ​ရိ​သား​ချင်း​စု​တို့​၏​ဘိုး​ဘေး​လည်း ဖြစ်​၏။ (ဇာ​ရာ​သိ​နှင့်​ဧ​ရှ​တော​လိ​အ​မျိုး သား​တို့​ကား​ထို​သား​ချင်း​စု​များ​မှ​ဆင်း သက်​လာ​သူ​များ​တည်း။) \p \v 54 ဗက်​လင်​မြို့​ကို​တည်​ထောင်​သူ​စ​လ​မ​သည် နေ​တော​ဖာ​သိ၊ အ​တ​ရုတ်၊ ဗက်​ယွာ​ဘ​သား ချင်း​စု​များ​နှင့်​ဇော​ရိ​သား​ချင်း​စု​တို့​၏ ဘိုး​ဘေး​ဖြစ်​ပေ​သည်။ ဇော​ရိ​သား​ချင်း​စု သည်​မ​န​ဟေ​သိ​သား​ချင်း​စု​နှစ်​စု​မှ တစ်​စု​ဖြစ်​၏။ \p \v 55 (စာ​ချုပ်​စာ​တမ်း​များ​ရေး​မှတ်​ကူး​ယူ​သည့် အ​တတ်​တွင် အ​ထူး​ကျွမ်း​ကျင်​ကုန်​သော​တိ ရ​သိ၊ ရှိ​မ​သိ​နှင့် စု​ခ​သိ​သား​ချင်း​စု​တို့ သည်​ယာ​ဗက်​မြို့​တွင်​နေ​ထိုင်​ကြ​၏။ ထို​သူ တို့​သည်​ရေ​ခပ်​အ​မျိုး​အ​နွယ်​များ​နှင့် အ​ပြန်​အ​လှန်​လက်​ထပ်​ထိမ်း​မြား​ခဲ့​ကြ သော​ကိ​နိ​အ​မျိုး​သား​များ​ဖြစ်​သ​တည်း။) \c 3 \s1 ဒါ​ဝိဒ်​မင်း​၏​သား​သ​မီး​များ \p \v 1-3 ဟေ​ဗြုန်​မြို့​တွင်​ဒါ​ဝိဒ်​မင်း​နန်း​စံ​စဉ်​အ​ခါ ရ​ရှိ​သော​သား​များ​ကား ကြီး​စဉ်​ငယ်​လိုက် အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ \q1 ယေ​ဇ​ရေ​လ​မြို့​သူ​အ​ဟိ​နောင်​က​မွေး​သော သား​အာ​မ​နုန်၊ \q1 က​ရ​မေ​လ​မြို့​သူ​အ​ဘိ​ဂဲ​လ​က​မွေး​သော သား​ဒံ​ယေ​လ၊ \q1 ဂေ​ရှု​ရ​ဘု​ရင်​တာ​လ​မဲ​၏​သ​မီး​မာ​ခါ​က မွေး​သော​သား​အ​ဗ​ရှ​လုံ၊ \q1 ဟ္ဂိတ်​က​မွေး​သော​သား​အ​ဒေါ​နိ​ယ၊ အ​ဘိ တ​လ​က​မွေး​သော​သား​ရှေ​ဖ​တိ၊ \q1 ဧ​ဂ​လ​မွေး​သော​သား​ဣ​သ​ရံ။ \p \v 4 ဒါ​ဝိဒ်​မင်း​သည်​ဟေ​ဗြုန်​မြို့​တွင်​ခု​နစ်​နှစ်​နှင့် ခြောက်​လ​နန်း​စံ​တော်​မူ​စဉ် ဤ​သား​ခြောက် ပါး​စ​လုံး​ကို​ရ​ရှိ​သ​တည်း။ \p သူ​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​ဆယ့်​သုံး နှစ်​နန်း​စံ​တော်​မူ​၍၊-\x + \xo 3:4 \xt ၂ရာ၊ ၅:၄-၅။ ၃ရာ၊ ၂:၁၁။ ၅ရာ၊ ၂၉:၂၇။\x* \v 5 သား​များ​ထပ်​မံ​၍​ရ​ရှိ​လေ​သည်။ \p အ​မျေ​လ​၏​သ​မီး​ဗာ​သ​ရှေ​ဘ​သည်​ရှမွာ၊ ရှော​ဗပ်၊ နာ​သန်​နှင့်​ရှော​လ​မုန်​ဟူ​သော​သား တော်​လေး​ပါး​ကို​မွေး​ဖွား​၏။\x + \xo 3:5 \xt ၂ရာ၊ ၁၁:၃။\x* \p \v 6-8 ဒါ​ဝိဒ်​မင်း​တွင်​ဣ​ဗ​ဟာ၊ ဧ​လိ​ရွှ၊ ဧ​လိ​ပ​လက်၊ နော​ဂ၊ နေ​ဖက်၊ ယာ​ဖျာ၊ ဧ​လိ​ရှ​မာ၊ ဧ​လျာ​ဒ၊ ဧ​လိ​ဖ​လက်​ဟူ​၍​အ​ခြား​သား​တော်​ကိုး ပါး​ရှိ​၏။- \v 9 ဤ​သား​များ​အ​ပြင်​မောင်း​မ​တော်​များ​နှင့်​ရ​ရှိ သည့်​သား​များ​ရှိ​သေး​သည်။ သူ့​မှာ​တာ​မာ​နာ မည်​တွင်​သော​သ​မီး​တော်​တစ်​ပါး​လည်း​ရှိ​၏။ \s1 ရှော​လ​မုန်​မင်း​၏​သား​မြေး​များ \p \v 10-14 အ​ဖ​အ​မည်​နှင့်​သား​အ​မည်​မျိုး​ရိုး​စဉ်​ဆက်​မှာ ရှော​လ​မုန်၊ ရော​ဗောင်၊ အ​ဘိ​ယ၊ အာ​သံ၊ ယော​ရှ​ဖတ်၊ ယော​ရံ၊ အာ​ခ​ဇိ၊ ယော​ရှ၊ အာ​မ​ဇိ၊ သြ​ဇိ၊ ယော​သံ၊ အာ​ခတ်၊ ဟေ​ဇ​ကိ၊ မ​နာ​ရှေ၊ အာ​မုန်၊ ယော​ရှိ​တည်း။- \v 15 ယော​ရှိ​တွင်​ယော​ဟာ​နန်၊ ယော​ယ​ကိမ်၊ ဇေ​ဒ​ကိ နှင့် ရှလ္လုံ​ဟူ​၍​သား​တော်​လေး​ပါး​ရှိ​၏။- \v 16 ယော​ယ​ကိမ်​တွင်​ယေ​ခေါ​နိ​နှင့် ဇေ​ဒ​ကိ​ဟူ သော​သား​တော်​နှစ်​ပါး​ရှိ​၏။ \s1 ယေ​ခေါ​နိ​မင်း​၏​သား​မြေး​များ \p \v 17 ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ဖမ်း​ဆီး​ထိန်း​သိမ်း သွား​သည့် ယေ​ခေါ​နိ​မင်း​တွင်​သား​တော်​ခု​နစ် ပါး​ရှိ​၏။ ထို​မင်း​၏​သား​များ​မှာ​ရှာ​လ သေ​လ၊- \v 18 မာ​လ​ခိ​ရံ၊ ပေ​ဒါ​ယ၊ ရှေ​န​ဇာ၊ ယေ​က​မိ၊ ဟော​ရှ​မ၊ နေ​ဒ​ဘိ​တို့​ဖြစ်​၏။- \v 19 ပေ​ဒါ​ယ​တွင်​ဇေ​ရု​ဗ​ဗေ​လ​နှင့် ရှိ​မိ​ဟူ​သော သား​တော်​နှစ်​ပါး​ရှိ​၏။ ဇေ​ရု​ဗ​ဗေ​လ​တွင် မေ​ရှု​လံ​နှင့်​ဟာ​န​နိ​ဟူ​သော​သား​တော်​နှစ် ပါး​နှင့် ရှေ​လော​မိတ်​ဟူ​သော​သ​မီး​တော် တစ်​ပါး​ရှိ​၏။- \v 20 ထို့​ပြင်​ဟ​ရှု​ဘ၊ သြ​ဟေ​လ၊ ဗေ​ရ​ခိ၊ ဟ​သ​ဒိ၊ ယု​ရှ​ဿေ​သက်​ဟူ​၍​အခြား​သား​တော်​ငါး ပါး​လည်း​ရှိ​၏။ \p \v 21 ဟာ​န​နိ​တွင်​ပေ​လ​တိ​နှင့်​ယေ​ရှာ​ယ​ဟူ သော​သား​တော်​နှစ်​ပါး​ရှိ​၏။ ယေ​ရှာ​ယ​၏ သား​သည်​ရေ​ဖာ​ယ၊ ရေ​ဖာ​ယ​၏​သား​မှာ အာ​နန်၊ အာ​နန်​၏​သား​ကား​သြ​ဗ​ဒိ၊ သြ​ဗ​ဒိ​၏​သား​သည်​ရှေ​ခ​နိ\f 1 \fr 3:21 \ft * \ft အ​ခန်း​ငယ် ၂၁ ဟေ​ဗြဲ​မူ​တွင်​မ​ရှင်း​ပါ။\f* တည်း။- \v 22 ရှေ​ခ​နိ​တွင်​ရှေ​မာ​ယ​ဟူ​သော​သား​တော် တစ်​ပါး​နှင့် ဟတ္တုတ်၊ ဣ​ဂါ​လ၊ ဗာ​ရိ၊ နာ​ရိ၊ အာ​ဇ​ရိ၊ ရှာ​ဖတ်​ဟူ​သော​မြေး​တော် ခြောက်​ပါး​ရှိ​၏။- \v 23 နာ​ရိ​တွင်​ဧ​လိ​သြ​နဲ၊ ဟေ​ဇ​ကိ၊ အာ​ဇ​ရိ​ကံ ဟူ​၍​သား​တော်​သုံး​ပါး​ရှိ​၏။- \v 24 ဧ​လိ​သြ​နဲ​တွင်​ဟော​ဒါ​ယ၊ ဧ​လျာ​ရှိပ်၊ ပေ လာ​ယ၊ အက္ကုပ်၊ ယော​ဟန်၊ ဒ​လာ​ယ၊ အာ​န​နိ ဟူ​၍​သား​တော်​ခု​နစ်​ပါး​ရှိ​သ​တည်း။ \c 4 \s1 ယု​ဒ​၏​သား​မြေး​များ \p \v 1 ယု​ဒ​၏​သား​များ​မှာ​ဖာ​ရက်၊ ဟေ​ဇ​ရုံ၊ ကာ​မိ၊ ဟု​ရ၊ ရှော​ဗာ​လ​တို့​ဖြစ်​၏။- \v 2 ရှော​ဗာ​လ​၏​သား​သည်​ရာ​ယ၊ ရာ​ယ​၏​သား မှာ​ယာ​ဟတ်၊ ယာ​ဟတ်​၏​သား​များ​ကား အ​ဟု​မဲ​နှင့်​လာ​ဟဒ်​ဖြစ်​သ​တည်း။ ထို​သူ နှစ်​ဦး​တို့​သည်​ဇော​ရေ​သိ​တွင်​နေ​ထိုင်​ကြ သော​သူ​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​၏။ \p \v 3-4 ဟု​ရ​သည်​ဖ​ခင်​ဖြစ်​သူ​ကာ​လက်​၏​ဇ​နီး​ဧ​ဖ ရတ်​မှ​မွေး​သော​သား​ဦး​ဖြစ်​၍ သူ​၏​သား​မြေး တို့​သည်​ဗက်​လင်​မြို့​ကို​တည်​ထောင်​ကြ​၏။ ဟု​ရ တွင်​ဧ​တံ၊ ပေ​နွေ​လ၊ ဧ​ဇာ​ဟူ​သော​သား​သုံး ယောက်​ရှိ​၏။ ဧ​တံ​တွင်​ယေ​ဇ​ရေ​လ၊ ဣ​ရှ​မ နှင့်​ဣ​ဒ​ဗတ်​ဟူ​သော​သား​သုံး​ယောက်​နှင့် ဟာ​ဇ​လေ​လ​ပေါ​နိ​ဟူ​သော​သ​မီး​တစ် ယောက်​ရှိ​၏။ ပေ​နွေ​လ​သည်​ဂေ​ဒေါ်​မြို့​ကို တည်​ထောင်​၍​ဧ​ဇာ​သည်​ဟု​ရှ​မြို့​ကို​တည် ထောင်​၏။ \p \v 5 တေ​ကော​မြို့​ကို​တည်​ထောင်​သူ​အာ​ရှု​ရ​တွင် ဟေ​လ​နှင့်​နာ​ရ​နာ​မည်​တွင်​သော​မ​ယား နှစ်​ယောက်​ရှိ​၏။- \v 6 နာ​ရ​သည်​အ​ဟု​ဇံ၊ ဟေ​ဖာ၊ တေ​မ​နိ​နှင့် ဟာ​ဟ​ရှ တာ​ရိ​ဟူ​သော​သား​လေး​ယောက်​ကို​ဖွား​မြင်​၍၊- \v 7 ဟေ​လ​သည်​ဇေ​ရက်၊ ယေ​ဇော်၊ ဧ​သ​နန်​ဟူ သော​သား​သုံး​ယောက်​ကို​ဖွား​မြင်​လေ​သည်။ \p \v 8 ကော​ဇ​သည်​အာ​နုပ်​နှင့်​ဇော​ဗေ​ဒ​တို့​၏​ဖ​ခင် ဖြစ်​၍ ဟာ​ရုံ​၏​သား​အ​ဟာ​ရေ​လ​မှ​ဆင်း သက်​လာ​သော​သား​ချင်း​စု​တို့​၏​ဘိုး​ဘေး ဖြစ်​သ​တည်း။ \p \v 9 ထို​အ​ရပ်​တွင်​ယာ​ဗက်​နာ​မည်​တွင်​သော​လူ တစ်​ယောက်​ရှိ​၏။ သူ​သည်​မိ​မိ​၏​အိမ်​ထောင်​စု တွင်​အ​ကြည်​ညို​ခံ​ရ​ဆုံး​သော​သူ​ဖြစ်​၏။ မိ​ခင်​က​သူ့​အား​ယာ​ဗက်​ဟု​နာ​မည်​ပေး​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ့​ကို​ဖွား​မြင်​ချိန် ၌​မိ​ခင်​ဖြစ်​သူ​သည်​လွန်​စွာ​ဝေ​ဒ​နာ ခံ​ရ​သော​ကြောင့်​ဖြစ်​၏။- \v 10 ယာ​ဗက်​သည်``အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး အား​ကောင်း​ချီး​ပေး​တော်​မူ​၍ မြေ​ယာ​အ​မြောက် အ​မြား​ကို​ပေး​သ​နား​တော်​မူ​ပါ။ ကျွန်​တော် မျိုး​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး အား​ဒုက္ခ​ဝေ​ဒ​နာ​ဖြစ်​စေ​မည့်​မ​ကောင်း​မှု မှန်​သ​မျှ​မှ​ကင်း​လွတ်​စေ​တော်​မူ​ပါ'' ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား ထံ​တော်​တွင်​ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​သော ကြောင့် ဘု​ရား​သ​ခင်​သည်​ယာ​ဗက်​တောင်း လျှောက်​သည့်​ဆု​များ​ကို​ပေး​သ​နား​တော် မူ​သ​တည်း။ \s1 အ​ခြား​အိမ်​ထောင်​စု​စား​ရင်း​များ \p \v 11 ရှု​အာ​၏​မောင်​ကာ​လက်​တွင်​မ​ဟိ​ရ​ဟူ​သော သား​တစ်​ယောက်​ရှိ​၏။ မ​ဟိ​ရ​၏​သား​မှာ​ဧ​ရှ တုန်​တည်း။- \v 12 ဧ​ရှ​တုန်​တွင်​ဗက်​ရာ​ဖ၊ ပါ​သာ၊ တေ​ဟိန္န​ဟူ​၍ သား​သုံး​ယောက်​ရှိ​၏။ တေ​ဟိန္န​သည်​နာ​ဟက် မြို့​ကို​တည်​ထောင်​သူ​ဖြစ်​၏။ ထို​သူ​၏​သား​မြေး များ​သည်​ရေ​ခါ​အ​ရပ်​တွင်​နေ​ထိုင်​ကြ​လေ သည်။ \p \v 13 ကေ​နတ်​တွင်​သြ​သံ​ယေ​လ​နှင့်​စ​ရာ​ယ​ဟူ သော​သား​နှစ်​ယောက်​ရှိ​၏။ သြ​သံ​ယေ​လ​တွင် လည်း​ဟာ​သတ်​နှင့်​မော​နော​သဲ​ဟူ​သော​သား​နှစ် ယောက်​ရှိ​၏။- \v 14 မော​နော​သဲ​၏​သား​မှာ​သြ​ဖ​ရာ​တည်း။ \p စ​ရာ​ယ​၏​သား​သည်​လက်​မှု​ပညာ​သည်​ချိုင့်​ဝှမ်း ကို​တည်​ထောင်​သူ​ယွာ​ဘ​ဖြစ်​၏။ ထို​ချိုင့်​ဝှမ်း တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​ကား​လက်​မှု​ပ​ညာ ကျွမ်း​ကျင်​သူ​အ​လုပ်​သ​မား​များ​ဖြစ်​သ​တည်း။ \p \v 15 ယေဖုန္န​၏​သား​ဖြစ်​သော​ကာ​လက်​တွင်​ဣ​ရု၊ ဧ​လာ၊ နာ​မ​ဟူ​သော​သား​သုံး​ယောက်​ရှိ​၏။ ဧ​လာ​၏ သား​မှာ​ကေ​နတ်​ဖြစ်​၏။ \p \v 16 ယေ​ဟ​လ​လေ​လ​တွင်​ဇိ​ဖ၊ ဇိ​ဖာ၊ တိ​ရိ နှင့်​အာ​သ​ရေ​လ​ဟူ​သော​သား​လေး​ယောက် ရှိ​၏။ \p \v 17-18 ဧ​ဇ​ရ​တွင်​ယေ​သာ၊ မေ​ရက်၊ ဧ​ဖာ၊ ယာ​လုန်၊ ဟူ​၍​သား​လေး​ယောက်​ရှိ​၏။ မေ​ရက်​သည် အီ​ဂျစ်​ဘု​ရင်​၏​သ​မီး​တော်​ဗိ​သ​ယာ​နှင့် စုံ​ဖက်​၍ မိ​ရိ​အံ​ဟူ​သော​သ​မီး​တစ်​ယောက် နှင့်​ရှမ္မဲ၊ ဣ​ရှ​ဘ​ဟူ​သော​သား​နှစ်​ယောက်​ကို ရ​လေ​သည်။ ဣ​ရှ​ဘ​သည်​ဧ​ရှ​တ​မော​မြို့ ကို​တည်​ထောင်​၏။ မေ​ရက်​သည်​ယု​ဒ​အ​မျိုး သ​မီး​တစ်​ယောက်​နှင့်​လည်း​စုံ​ဖက်​လေ​သည်။ သူ​တို့​နှစ်​ဦး​တွင်​ဂေ​ဒေါ်​မြို့​ကို​တည်​ထောင် သူ​ယေ​ရက်၊ စော​ခေါ​မြို့​ကို​တည်​ထောင်​သူ ဟေ​ဗာ​နှင့်​ဇာ​နော်​မြို့​ကို​တည်​ထောင်​သူ ယေ​ကု​သေ​လ​ဟူ​သော​သား​သုံး​ယောက် ရှိ​၏။ \p \v 19 ဟော​ဒိ​ယ​သည်​နာ​ဟံ​၏​နှ​မ​နှင့်​စုံ​ဖက်​၏။ သူ​တို့​၏​သား​မြေး​များ​သည်​ကိ​လ​မြို့​တွင် နေ​ထိုင်​သော​မာ​ခ​သား​ချင်း​စု​ကို​လည်း ကောင်း တည်​ထောင်​သူ​များ​ဖြစ်​ကြ​၏။\f 2 \fr 4:19 \ft * \ft အ​ခန်း​ငယ် ၁၉ ဟေ​ဗြဲ​မူ​တွင်​မ​ရှင်း​ပါ။\f* \p \v 20 ရှိ​မုန်​တွင်​အာ​မ​နုန်၊ ရိန္န၊ ဗင်္ဟာ​နန်၊ တိ​လုန်​ဟူ သော​သား​လေး​ယောက်​ရှိ​၏။ \p ဣ​ရှိ​တွင်​ဇော​ဟက်​နှင့်​ဗင်္ဇော​ဟက်​ဟူ​သော​သား နှစ်​ယောက်​ရှိ​၏။ \s1 ရှေ​လ​၏​သား​မြေး​များ \p \v 21 ရှေ​လ​သည်​ယု​ဒ​၏​သား​တစ်​ယောက်​ဖြစ်​၏။ သူ​၏​သား​မြေး​များ​တွင်​လေ​က​မြို့​ကို​တည် ထောင်​သူ ဧ​ရ​နှင့်​မ​ရေ​ရှ​မြို့​ကို​တည်​ထောင် သူ​လာ​ဒ​သည်​လည်း​ကောင်း၊ ဗေ​သ​ရှေ​ဘ မြို့​တွင်​နေ​ထိုင်​ကြ​သော ပိတ်​ချော​ထည်​ယက် သည့်​သား​ချင်း​စု​သည်​လည်း​ကောင်း၊- \v 22 ယော​ယ​ကိမ်​နှင့်​ခေါ​ဇေ​ဘ​မြို့​တွင် နေ​ထိုင် ကြ​သော​လူ​တို့​သည်​လည်း​ကောင်း၊ မော​ဘ ပြည်​သူ​အ​မျိုး​သ​မီး​များ​နှင့်​အိမ်​ထောင် ပြု​၍​ဗက်​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သော ယော​ရှ​နှင့်​သာ​ရပ်​တို့​သည်​လည်း​ကောင်း ပါ​ဝင်​ကြ​၏။ (ဤ​သည်​ကား​ရှေး​စကား​ဖြစ် သ​တည်း။-) \v 23 ယော​ရှ​နှင့်​သာ​ရပ်​တို့​သည်​ဘု​ရင်​၏​အ​မှု တော်​ထမ်း​အိုး​ထိန်း​သည်​များ​ဖြစ်​၍ န​တိမ် နှင့်​ဂ​ဒေ​ရ​မြို့​တို့​တွင်​နေ​ထိုင်​ကြ​ပေ​သည်။ \s1 ရှိ​မောင်​၏​သား​မြေး​များ \p \v 24 ရှိ​မောင်​တွင်​ယေ​မွေ​လ၊ ယာ​မိန်၊ ယာ​ရိပ်၊ ဇေ​ရ၊ ရှော​လ​ဟူ​၍​သား​ငါး​ယောက်​ရှိ​၏။- \v 25 ရှော​လ​၏​သား​သည်​ရှလ္လုံ၊ သူ​၏​မြေး​မှာ မိ​ဘ​သံ၊ သူ​၏​မြစ်​မှာ​မိ​ရှ​မ​ဖြစ်​၏။- \v 26 မိ​ရှ​မ​မှာ​အ​စ​ပြု​၍​ဟ​မွေ​လ၊ ဇက္ကု​ရ​နှင့် ရှိ​မိ​တိုင်​အောင်​မျိုး​ဆက်​ပေါက်​ပွား​လာ​၏။- \v 27 ရှိ​မိ​တွင်​သား​တစ်​ဆယ့်​ခြောက်​ယောက်​နှင့် သ​မီး​ခြောက်​ယောက်​ရှိ​၏။ သို့​သော်​သူ​၏ ဆွေ​မျိုး​သား​ချင်း​တို့​တွင်​သား​သ​မီး​များ စွာ​မ​ထွန်း​ကား​သ​ဖြင့် ရှိ​မောင်​၏​အ​မျိုး အ​နွယ်​များ​သည်​ယု​ဒ​အ​မျိုး​အ​နွယ် များ​ကဲ့​သို့​တိုး​တက်​ပွား​များ​မှု​မ​ရှိ​ချေ။ \p \v 28 ရှိ​မောင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​ဒါ​ဝိဒ် မင်း​၏​လက်​ထက်​တိုင်​အောင်​ဗေ​ရ​ရှေ​ဘ မြို့၊ မော​လ​ဒါ​မြို့၊ ဟာ​ဇ​ရွာ​လ​မြို့၊- \v 29 ဗိ​လ​ဟာ​မြို့၊ ဧ​ဇင်​မြို့၊ တော​လဒ်​မြို့၊- \v 30 ဗေ​သွေ​လ​မြို့၊ ဟော်​မာ​မြို့၊ ဇိ​က​လတ်​မြို့၊- \v 31 ဗက်​မာ​က​ဗုတ်​မြို့၊ ဟာ​ဇ​သု​သိမ်​မြို့၊ ဗက်​ဗိ​ရိ မြို့၊ ရှာ​ရိမ်​မြို့​တို့​၌​နေ​ထိုင်​ကြ​၏။- \v 32 ထို​ပြင်​သူ​တို့​သည်​ဧ​တံ၊ အိန်း၊ ရိမ္မုန်၊ တော​ခင်၊ အာ​ရှန်​တည်း​ဟူ​သော​မြို့​ငါး​မြို့​နှင့်​တ​ကွ၊- \v 33 အ​နောက်​တောင်​ဘက်​ရှိ​ဗာလ​မြို့​တိုင်​အောင် အ​နီး အ​နား​ကျေး​ရွာ​တို့​တွင်​လည်း​နေ​ထိုင်​ကြ​၏။ ဤ​ကား​မိ​မိ​တို့​ဆွေ​မျိုး​သား​ချင်း​စု​နှင့် မိမိ တို့​နေ​ထိုင်​ရာ​ဒေ​သ​များ​အ​ကြောင်း​ကို မှတ်​တမ်း​တင်​ထား​ခြင်း​အ​ရ​ဖြစ်​ပေ​သည်။\x + \xo 4:33 \xt ယောရှု၊ ၁၉:၂-၈။\x* \p \v 34-38 ထို​သူ​တို့​၏​သား​ချင်း​စု​ဦး​စီး​ခေါင်း​ဆောင် များ​မှာ \q1 မေ​ရှော​ဗပ်၊ယာ​မ​လက်၊အာ​မ​ဇိ​၏​သား ယော​ရှ၊ယော​လ၊ \q1 စ​ရာ​ယ​၏​မြေး၊အာ​သေ​လ​၏​မြစ်၊ယော​ရှိ​ဘိ​ယ သား​ဖြစ်​သော​ယေ​ဟု၊ \q1 ဧ​လျော​နဲ၊​ယာ​ကော​ဘ၊ယေ​ရှော​ဟာ​ယ၊အ​သာ​ယ၊ အ​ဒျေ​လ၊ယေ​သိ​မျေ​လ၊ဗေ​နာ​ယ၊ \q1 ယေ​ဒါ​ယ၊ရှိ​မ​ရိ၊ရှေ​မာ​ယ​နှင့်​အလ္လုန်​မှ​ဆင်း သက် လာ​သော​ရှိ​ဖိ​၏​သား​ဇိ​ဇ။ \p ထို​သူ​တို့​၏​အိမ်​ထောင်​စု​များ​သည်​ဆက် လက်​တိုး​ပွား​များ​ပြား​လာ​သ​ဖြင့်၊- \v 39 အ​နောက်​ဘက်​တွင်​ဂေရာ​မြို့​အ​နီး​သို့​တိုင် အောင်​ပြန့်​နှံ့​သွား​လျက် ထို​မြို့​တည်​ရာ​ချိုင့် ဝှမ်း​အ​ရှေ့​ဘက်​တွင်​သိုး​များ​ကို​ထိန်း ကျောင်း​ကြ​၏။- \v 40 သူ​တို့​သည်​ငြိမ်း​ချမ်း​သာ​ယာ​သည့်​မြေ​ပြန့် ဒေ​သ​တွင် စား​ကျက်​ကောင်း​များ​ကို​အ​လုံ အ​လောက်​တွေ့​ရှိ​ကြ​လေ​သည်။ ထို​အရပ်​တွင် နေ​ထိုင်​ခဲ့​ကြ​သူ​တို့​မှာ​ဟာ​မ​အ​မျိုး​သား များ​ဖြစ်​သ​တည်း။ \p \v 41 ယု​ဒ​ဘု​ရင်၊ ဟေ​ဇ​ကိ​မင်း​လက်​ထက်​၌ အ​ထက်​ဖော်​ပြ​ပါ​လူ​တို့​သည် ဂေ​ရာ​မြို့ သို့​သွား​၍​ဟာ​မ​အ​မျိုး​သား​တို့​ကို​သူ တို့​၏​တဲ​အိမ်​များ​နှင့်​တ​ကွ​သုတ်​သင် ဖျက်​ဆီး​ပစ်​ပြီး​လျှင် ထို​အ​ရပ်​တွင် အ​တည်​တ​ကျ​အ​ခြေ​စိုက်​၍​နေ​ထိုင် ကြ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​သည်​မိ​မိ​တို့​၏​သိုး​များ​အ​တွက် စား​ကျက်​အ​လုံ​အ​လောက်​ကို​ရ​ရှိ​ကြ သော​ကြောင့်​ဖြစ်​၏။- \v 42 ရှိ​မောင်​အ​နွယ်​ဝင်​လူ​ငါး​ရာ​တို့​သည် အ​ရှေ့​ဘက်၊ ဧ​ဒုံ​ပြည်​သို့​သွား​ကြ​၏။ သူ တို့​အား​ဦး​ဆောင်​သွား​ကြ​သူ​များ​မှာ ပေ​လ​တိ၊ နာ​ရိ၊ ရေ​ဖာ​ယ​နှင့်​သြ​ဇေ​လ တို့​ဖြစ်​၏။ သူ​တို့​ကား​ဣ​ရှိ​၏​သား​များ ဖြစ်​သ​တည်း။- \v 43 သူ​တို့​သည်​အာ​မ​လက်​အ​မျိုး​သား​အ​ကြွင်း အ​ကျန်​တို့​ကို​လုပ်​ကြံ​သတ်​ဖြတ်​ပြီး​လျှင် ထို​အ​ရပ်​တွင်​ယ​နေ့​တိုင်​အောင်​နေ​ထိုင် လျက်​ရှိ​ကြ​၏။ \c 5 \s1 ရု​ဗင်​၏​သား​မြေး​များ \p \v 1 ရု​ဗင်​၏​သား​မြေး​များ​ကား​အောက်​ပါ အ​တိုင်း​ဖြစ်​၏။ (ရု​ဗင်​သည်​ဣ​သ​ရေ​လ ၏​သား​ဦး​ဖြစ်​သော်​လည်း အ​ဖ​၏​မောင်း​မ တစ်​ယောက်​နှင့်​ပြစ်​မှား​သ​ဖြင့် သား​ဦး​၏ အ​ခွင့်​အ​ရေး​များ​ကို​ဆုံး​ရှုံး​ရ​လေ​သည်။ ထို​အ​ခွင့်​အ​ရေး​များ​သည်​ဣ​သ​ရေ​လ ၏​သား​ယော​သပ်​၏​လက်​သို့​ရောက်​ရှိ သွား​၏။ သို့​ဖြစ်​၍​သား​စဉ်​မြေး​ဆက် အ​လိုက်​ရေ​တွက်​သော​အ​ခါ သား​ဦး အ​ရာ​ကို​ရု​ဗင်​မ​ရ​ရှိ​ပေ။-\x + \xo 5:1 \xt က၊ ၃၅:၂၂၊ ၄၉:၃-၄။\x* \v 2 ယု​ဒ​အ​နွယ်​သည်​ခွန်​အား​အ​ကြီး​မား​ဆုံး ဖြစ်​လာ​၍ အ​နွယ်​စု​အ​ပေါင်း​တို့​အ​တွက် မင်း​ပေါ်​ထွန်း​ခဲ့​၏။)-\x + \xo 5:2 \xt က၊ ၄၉:၈-၁၀။\x* \v 3 ယာ​ကုပ်​၏​သား​ဦး​ဖြစ်​သူ​ရု​ဗင်​တွင်​ဟာ နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ​နှင့်​ကာ​မိ​ဟူ​၍​သား လေး​ယောက်​ရှိ​၏။- \p \v 4-6 အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​အ​လိုက် အ​တိုင်း ယော​လ​၏​သား​မြေး​စာ​ရင်း​မှာ​ရှေ မာ​ယ၊ ဂေါ​ဂ၊ ရှေ​မိ၊ မိက္ခ၊ ရာ​ယ၊ ဗာ​လ​နှင့် ဗေ​ရာ​ဟူ​၍​ဖြစ်​၏။ အာ​ရှု​ရိ​ပြည်​ကို​အ​စိုး ရ​သော​ဧ​က​ရာဇ်​ဘု​ရင်​တိ​ဂ​လတ်​ပိ​လေ သာ​သည် အ​နွယ်​ခေါင်း​ဆောင်​ဗေ​ရာ​ကို ဖမ်း​ဆီး​၍​ပြည်​နှင်​ဒဏ်​ပေး​လေ​သည်။\x + \xo 5:4-6 \xt ၄ရာ၊ ၁၅:၂၉။\x* \p \v 7 အိမ်​ထောင်​စု​မှတ်​တမ်း​များ​အ​ရ​ရု​ဗင် အ​နွယ်​ဝင်​သား​ချင်း​စု​ခေါင်း​ဆောင်​များ မှာ ယေ​ယေ​လ၊ ဇာ​ခ​ရိ​နှင့်၊- \v 8 ဗေ​လ​တို့​ဖြစ်​၏။ ဗေ​လ​သည်​အာ​ဇတ်​၏​သား ရှေ​မ​၏​မြေး​ဖြစ်​၍ ယော​လ​၏​သား​ချင်း​စု ဝင်​ဖြစ်​ပေ​သည်။ ထို​သား​ချင်း​စု​သည်​အာ​ရော် မြို့​တွင်​လည်း​ကောင်း၊ ထို​မြို့​မြောက်​ဘက်​နေ ဗော​မြို့၊ ဗာ​လ​မောင်​မြို့​တို့​တိုင်​အောင်​ရောက် ရှိ​သည့်​နယ်​မြေ​ဒေ​သ​တွင်​လည်း​ကောင်း နေ​ထိုင်​ကြ​လေ​သည်။- \v 9 ဂိ​လဒ်​ပြည်​တွင်​သူ​တို့​၏​သိုး​အုပ်၊ နွား​အုပ် ကြီး​များ​ပွား​များ​၍​လာ​သ​ဖြင့် သူ​တို့​၏ နယ်​မြေ​သည်​အ​ရှေ့​ဘက်​သဲ​ကန္တာ​ရ​အ​ဆုံး ဥ​ဖ​ရတ်​မြစ်​သို့​တိုင်​အောင်​ကျယ်​ပြန့်​၏။ \p \v 10 ရှော​လု​မင်း​လက်​ထက်​၌​ရု​ဗင်​အ​နွယ်​ဝင် တို့​သည် ဟာ​ဂ​ရ​အ​မျိုး​သား​တို့​ကို​တိုက် ခိုက်​သတ်​ဖြတ်​ကာ ဂိ​လဒ်​ပြည်​အ​ရှေ့​ဘက် ပိုင်း​ကို​သိမ်း​ယူ​လေ​သည်။ \s1 ဂဒ်​၏​သား​မြေး​များ \p \v 11 ဂဒ်​အ​နွယ်​ဝင်​တို့​သည်​ရု​ဗင်​အ​နွယ်​ဝင်​တို့ နေ​ထိုင်​ရာ​အ​ရပ်​၏ မြောက်​ဘက်​ရှိ​ဗာ​ရှန် ပြည်​တွင်​နေ​ထိုင်​ကြ​၏။ သူ​တို့​၏​ဒေ​သ သည်​သ​လ​ကာ​မြို့​တိုင်​အောင်​ကျယ်​ပြန့်​၏။- \v 12 ယော​လ​သည်​အ​ရေး​အ​ကြီး​ဆုံး​သား​ချင်း စု​ကို​တည်​ထောင်​၍​ရှာ​ဖံ​ကား ဒု​တိ​ယ​အ​ရေး ကြီး​ဆုံး​သား​ချင်း​စု​ကို​တည်​ထောင်​သ​တည်း။ ဗာ​ရှန်​ပြည်​တွင်​အ​ခြား​သား​ချင်း​စု​တို့ ကို​တည်​ထောင်​သူ​များ​မှာ​ယာ​နဲ​နှင့်​ရှာ​ဖတ် တို့​ဖြစ်​၏။- \v 13 အ​ခြား​အ​နွယ်​ဝင်​တို့​သည်​အောက်​ပါ​သား ချင်း​စု​များ​ဖြစ်​ကြ​သော​မိက္ခေ​လ၊ မေ​ရှု​လံ၊ ရှေ​ဘ၊ ယော​ရဲ၊ ယာ​ခန်၊ ဇ​ယာ​နှင့်​ယေ​ဗာ တို့​တွင်​ပါ​ဝင်​ကြ​၏။- \v 14 သူ​တို့​သည်​ဟု​ရိ​၏​သား​အ​ဘိ​ဟဲ​လ​မှ ဆင်း​သက်​လာ​သူ​များ​ဖြစ်​ပေ​သည်။ အ​ဘိ ဟဲ​လ​၏​ဘိုး​ဘေး​များ​မှာ​ဟု​ရိ၊ ယာ​ရော်၊ ဂိ​လဒ်၊ မိက္ခေ​လ၊ ယေ​ရှိ​ရှဲ၊ ယာ​ဒေါ၊ ဗု​ဇာ​ဟိ တို့​ဖြစ်​သ​တည်း။- \v 15 အာ​ဗ​ဒျေ​လ​၏​သား​ဂု​နိ​၏​မြေး​အာ​ဟိ သည် ထို​သား​ချင်း​စု​တို့​၏​ဦး​စီး​ခေါင်း ဆောင်​ဖြစ်​သည်။- \v 16 သူ​တို့​သည်​ဗာ​ရှန်​ပြည်​နှင့်​ဂိ​လဒ်​ပြည်​ရှိ မြို့​များ​တွင်​လည်း​ကောင်း၊ ရှာ​ရုန်​မြက်​ခင်း များ​တစ်​လျှောက်​တွင်​လည်း​ကောင်း​နေ​ထိုင် ကြ​၏။- \v 17 (ဤ​စာ​ရင်း​မှတ်​တမ်း​များ​မှာ​ယု​ဒ​ဘု​ရင် ယော​သံ​မင်း​နှင့် ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော ဗောင်​မင်း​တို့​၏​လက်​ထက်​၌​ပြု​စု​ရေး​သား သော​မှတ်​တမ်း​များ​ဖြစ်​သ​တည်း။) \s1 အ​ရှေ့​ပိုင်း​အ​နွယ်​တို့​၏​စစ်​တပ်​များ \p \v 18 ရု​ဗင်၊ ဂဒ်​နှင့်​အ​ရှေ့​ပိုင်း​မ​နာ​ရှေ​တို့​တွင် လေး၊ ဋ္ဌား၊ ဒိုင်း​လွှား​ကိုင်​ဆောင်​မှု​တွင်​ကောင်း စွာ​ကျင်​လည်​သူ စစ်​သား​ပေါင်း​လေး​သောင်း လေး​ထောင်​ခု​နစ်​ရာ့​ခြောက်​ဆယ်​ရှိ​၏။- \v 19 သူ​တို့​သည်​ဟာ​ဂ​ရ​အ​နွယ်​များ​ဖြစ်​ကြ သော​ယေ​တု​ရ၊ နာ​ဖိ​ရှ၊ နော​ဒပ်​သား​ချင်း​စု တို့​နှင့်​စစ်​တိုက်​ကြ​၏။- \v 20 ထို​အ​ခါ​သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ယုံ​ကြည်​ကိုး​စား​လျက် ကူ​မ​တော်​မူ​ရန် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​၏။ ဘု​ရား​သ​ခင် သည်​လည်း​နား​ညောင်း​တော်​မူ​သ​ဖြင့် သူ​တို့ သည်​ဟာ​ဂ​ရ​အ​မျိုး​သား​နှင့်​၎င်း​၏​မ​ဟာ မိတ်​တို့​ကို​အ​နိုင်​ရ​ကြ​၏။- \v 21 သူ​တို့​သည်​ရန်​သူ​များ​ဘက်​မှ​ကု​လား​အုတ် ငါး​သောင်း၊ သိုး​နှစ်​သိန်း​ငါး​သောင်း​နှင့်​မြည်း နှစ်​ထောင်​ကို​လက်​ရ​ဖမ်း​မိ​ကြ​၏။ သုံ့​ပန်း တစ်​သိန်း​ကို​လည်း​ရ​ရှိ​ကြ​၏။- \v 22 ဤ​စစ်​ပွဲ​သည်​ဘု​ရား​သ​ခင်​၏​အ​လို​တော် အ​ရ​ဖြစ်​သ​ဖြင့် ရန်​သူ​အ​များ​အ​ပြား သေ​ကြ​ကုန်​၏။ ထို​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ပြည်​နှင်​ဒဏ်​ခံ​ရ ချိန်​မ​တိုင်​မီ ထို​ပြည်​တွင်​ဆက်​လက်​နေ ထိုင်​ကြ​၏။ \s1 အ​ရှေ့​ပိုင်း​မ​နာ​ရှေ​မှ​လူ​များ \p \v 23 အ​ရှေ့​ပိုင်း​မ​နာ​ရှေ​မှ​လူ​တို့​သည်​ဗာ​ရှန် ပြည်​တွင်​မြောက်​သို့​လား​သော်​ဗာ​လ​ဟေ​ရ မုန်​မြို့၊ စ​နိ​ရ​မြို့​နှင့်​ဟေ​ရ​မုန်​တောင်​ပိုင်း တိုင်​အောင်​ပြန့်​နှံ့​လျက်​အ​ခြေ​စိုက်​နေ​ထိုင် ကြ​လေ​သည်။ သူ​တို့​၏​လူ​ဦး​ရေ​သည် လည်း​များ​စွာ​တိုး​တက်​၍​လာ​၏။- \v 24 သူ​တို့​သား​ချင်း​စု​ခေါင်း​ဆောင်​များ​မှာ​ဧ​ဖာ၊ ဣ​ရှိ၊ ဧ​လျေ​လ၊ အာ​ဇ​ရေ​လ၊ ယေ​ရ​မိ၊ ဟော ဒ​ဝိ​နှင့်​ယာ​ဒျေ​လ​တို့​ဖြစ်​ကြ​၏။ ထို​သူ​တို့ အား​လုံး​သည်​ထူး​ချွန်​သော​စစ်​သူ​ရဲ​များ ဖြစ်​၍ မိ​မိ​တို့​၏​သား​ချင်း​စု​များ​ပေါ်​တွင် ထင်​ပေါ်​ကျော်​စော​သူ​များ​ဖြစ်​ကြ​၏။ \s1 အ​ရှေ့​ပိုင်း​အ​နွယ်​တို့​ပြည်​နှင်​ဒဏ်​ခံ​ရ​ခြင်း \p \v 25 သို့​ရာ​တွင်​သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​ကို​သစ္စာ​ဖောက်​ကြ​၏။ သူ​တို့ သည်​မိ​မိ​တို့​၏​တိုင်း​ပြည်​မှ​ဘု​ရား​သ​ခင် နှင်​ထုတ်​ထား​တော်​မူ​သော​သူ​တို့​၏​ဘု​ရား ကို​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ကိုယ်​တော်​ကို​စွန့် ပစ်​ကြ​၏။- \v 26 သို့​ဖြစ်​၍​ကိုယ်​တော်​သည်(တိ​ဂ​လတ်​ပိ​လေ သာ​ဟု​လည်း​နာ​မည်​တွင်​သော) အာ​ရှု​ရိ ပြည်​ဧ​က​ရာဇ်​ဘု​ရင်​ပု​လ​အား​သူ​တို့ ၏​တိုင်း​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​စေ တော်​မူ​၏။ ကိုယ်​တော်​သည်​ရုဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်​နှင့် အ​ရှေ့​ပိုင်း​မ​နာ​ရှေ​အ​နွယ် ဝင်​တို့​အား​ပြည်​နှင်​ဒဏ်​ပေး​တော်​မူ​၍ ဟေ​လ၊ ဟာ​ဗော်​နှင့်​ဟာ​ရ​နယ်​များ​တွင် လည်း​ကောင်း၊ ဂေါ​ဇန်​မြစ်​အ​နီး​တွင်​လည်း ကောင်း၊ အ​မြဲ​တမ်း​အ​ခြေ​စိုက်​၍​နေ ထိုင်​စေ​တော်​မူ​၏။\x + \xo 5:26 \xt ၄ရာ၊ ၁၅:၁၉၊ ၂၉၊ ၁၇:၆။\x* \c 6 \s1 ယဇ်​ပု​ရော​ဟိတ်​မင်း​များ​၏​ဆွေ​တော်​စဉ် မျိုး​တော်​ဆက်​စာ​ရင်း \p \v 1 လေ​ဝိ​တွင်​ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​ဟူ​၍ သား​သုံး​ယောက်​ရှိ​၏။ \p \v 2 ကော​ဟတ်​တွင်​အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ သြ​ဇေ​လ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။ \p \v 3 အာ​မ​ရံ​တွင်​အာ​ရုန်၊ မော​ရှေ​ဟူ​သော​သား နှစ်​ယောက်​နှင့်​မိ​ရိ​အံ​ဟူ​သော​သ​မီး​တစ် ယောက်​ရှိ​၏။ \p အာ​ရုန်​တွင်​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ နှင့်​ဣ​သ​မာ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။ \p \v 4-7 အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​လိုက်​အ​တိုင်း ဧ​လ​ဇာ​၏​သား​မြေး​စာ​ရင်း​မှာ​ဧ​လ​ဇာ၊ ဖိ​န​ဟတ်၊ အ​ဘိ​ရွှ၊ ဗုက္ကိ၊ သြ​ဇိ၊ ဇေ​ရ​ဟိ၊ မေ​ရာ​ယုတ်၊ အာ​မ​ရိ၊ အ​ဟိ​တုပ်၊- \v 8 ဇာ​ဒုတ်၊ အ​ဟိ​မတ်၊- \v 9 အာ​ဇ​ရိ၊ ယော​ဟနန်​ဟူ​၍​လည်း​ကောင်း၊ \m \v 10 (ရှော​လ​မုန်​မင်း​ယေ​ရု​ရှ​လင်​မြို့​တွင်​တည် ဆောက်​သည့်​ဗိ​မာန်​တော်​တွင်​အ​မှု​တော်​ဆောင် သူ) အာ​ဇ​ရိ၊- \v 11 အာ​မ​ရိ၊ အ​ဟိ​တုပ်၊ \m \v 12 ဇာ​ဒုတ်၊ ရှလ္လုံ၊ \m \v 13 ဟိ​လ​ခိ၊ အာ​ဇ​ရိ၊ \m \v 14 စ​ရာ​ယ၊ ယော​ဇ​ဒက်​ဟူ​၍​လည်း​ကောင်း​ဖြစ် သ​တည်း။ \m \v 15 ဘု​ရား​သ​ခင်​သည်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကို အ​သုံး​ပြု​၍ ယု​ဒ​ပြည်​သူ​ပြည်​သား​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​အား ပြည်​နှင် ဒဏ်​ပေး​သော​အ​ခါ​ယော​ဇ​ဒက်​လည်း​ပါ သွား​လေ​သည်။ \s1 လေ​ဝိ​၏​အ​ခြား​သား​မြေး​များ \p \v 16 လေ​ဝိ​တွင်​ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​ဟူ​၍ သား​သုံး​ယောက်​ရှိ​၏။- \v 17 သူ​တို့​သုံး​ယောက်​စ​လုံး​တွင်​လည်း​သား​များ ရှိ​၏။ ဂေ​ရ​ရှုံ​၏​သား​များ​သည်​လိ​ဗ​နိ​နှင့် ရှိ​မိ​ဖြစ်​၏။- \v 18 ကော​ဟတ်​၏​သား​များ​မှာ​အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်​နှင့်​သြ​ဇေ​လ​တို့​ဖြစ်​၏။- \v 19 မေ​ရာ​ရိ​၏​သား​များ​ကား​မ​ဟာ​လိ​နှင့်​မု​ရှိ ဖြစ်​သ​တည်း။\x + \xo 6:19 \xt ထွ၊ ၆:၁၆-၁၉။\x* \p \v 20 အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​လိုက် အ​တိုင်း ဂေ​ရ​ရှုံ​၏​သား​မြေး​စာ​ရင်း​မှာ ဂေ​ရ​ရှုံ၊ လိ​ဗ​နိ၊ ယာ​ဟတ်၊ ဇိမ္မ၊- \v 21 ယော​အာ၊ ဣဒ္ဒေါ၊ ဇေ​ရ၊ ယာ​တ​ရဲ​ဟူ​၍​ဖြစ်​၏။ \p \v 22 အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​လိုက်​အ​တိုင်း ကော​ဟတ်​၏​သား​မြေး​စာ​ရင်း​မှာ​ကော​ဟပ်၊ ဣ​ဇ​ဟာ(ခေါ်) အ​မိ​န​ဒပ်၊ ကော​ရ၊ အ​ဿိ​ရ၊- \v 23 ဧ​လ​ကာ​န၊ ဧ​ဗျာ​သပ်၊ အ​ဿိ​ရ၊ \m \v 24 တာ​ဟပ်၊ ဥ​ရေ​လ၊ သြ​ဇိ၊ ရှော​လ​ဟူ​၍​ဖြစ်​၏။ \p \v 25 ဧ​လ​ကာ​န​တွင်​အာ​မ​သဲ​နှင့် အ​ဟိ​မုတ်​ဟူ သော​သား​နှစ်​ယောက်​ရှိ​၏။- \v 26 အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​လိုက်​အ​တိုင်း အ​ဟိ​မုတ်​၏​သား​မြေး​စာ​ရင်း​မှာ အ​ဟိ​မုတ်၊ ဧ​လ​ကာ​န၊ ဇော်​ဖဲ၊ နာ​ဟတ်၊- \v 27 ဧ​လျာ​ဘ၊ ယေ​ရော​ဟံ​နှင့်​ဧ​လ​ကာ​န​ဟူ​၍ ဖြစ်​၏။ \p \v 28 ရှ​မွေ​လ​တွင်​သား​ကြီး​ယော​လ​နှင့် သား​ငယ် အ​ဘိ​ယ​ဟူ​၍​သား​နှစ်​ယောက်​ရှိ​၏။ \p \v 29 အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​လိုက်​အ​တိုင်း မေ​ရာ​ရိ​၏​သား​မြေး​စာ​ရင်း​မှာ​မေ​ရာ​ရိ၊ မ​ဟာ​လိ၊ လိ​ဗ​နိ၊ ရှိ​မိ၊ သြ​ဇ၊- \v 30 ရှိ​မာ၊ ဟ္ဂျာ​နှင့်​အ​သာ​ယ​ဟူ​၍​ဖြစ်​၏။ \s1 ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ \p \v 31 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ယေ​ရု​ရှ​လင်​မြို့ ရှိ​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တော်​သို့​ပြောင်း ရွှေ့​ရ​ပြီး​နောက် ဒါ​ဝိဒ်​မင်း​သည်​ဤ​သူ​တို့ အား​ဗိ​မာန်​တော်​တွင်​ဂီ​တ​သီ​ဆို​တီး​မှုတ် ရန်​အ​တွက်​တာ​ဝန်​ပေး​အပ်​တော်​မူ​၏။- \v 32 သူ​တို့​သည်​ရှော​လ​မုန်​မင်း​ကြီး​ဗိ​မာန်​တော် ကို​မ​တည်​မ​ဆောက်​မီ​ကာ​လ​၌ ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​တွင် အ​လှည့်​ကျ​တာ​ဝန်​ယူ​၍​မ​ပျက်​မ​ကွက် ဆောင်​ရွက်​ရ​ကြ​သည်။- \v 33-38 ဤ​ရာ​ထူး​တွင်​ခန့်​ထား​ခြင်း​ခံ​ရ​သူ​တို့ ၏ ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​သည်။ \p ကော​ဟတ်​သား​ချင်း​စု​မှ​ယော​လ​၏​သား ဟေ​မန်​သည် ပ​ထ​မ​သံ​စုံ​သီ​ချင်း​အ​ဖွဲ့ ခေါင်း​ဆောင်​ဖြစ်​၏။ ဟေ​မန်​၏​အ​ဖ​သည် ယော​လ၊ ယော​လ​၏​အ​ဖ​မှာ ရှ​မွေ​လ၊ ရှ​မွေ​လ​၏​အ​ဖ​ကား​ဧ​လ​ကာ​န​ဖြစ်​၏။ ဧ​လ​ကာ​န​၏​အ​ဖ​သည် ယေ​ရော​ဟံ၊ ယေ ရော​ဟံ​၏​အ​ဖ​မှာ​ဧ​လျာ​ဘ၊ ဧ​လျာ​ဘ ၏​အ​ဖ​ကား​တော​အာ​ဖြစ်​၏။ တော​အာ​၏ အ​ဖ​သည်​ဇော​ဖဲ၊ ဇော​ဖဲ​၏​အ​ဖ​မှာ ဧ​လ ကာ​န၊ ဧ​လ​ကာ​န​၏​အ​ဖ​ကား​မာ​ဟတ် ဖြစ်​၏။ မာ​ဟတ်​၏​အ​ဖ​သည် အ​မာ​သဲ၊ အ​မာ​သဲ​၏​အ​ဖ​သည်​ဧ​လ​ကာ​န၊ ဧ​လ ကာ​န​၏​အ​ဖ​မှာ​ယော​လ၊ ယော​လ​၏​အ​ဖ ကား​အာ​ဇ​ရိ​ဖြစ်​၏။ အာ​ဇ​ရိ​၏​အ​ဖ​သည် ဇေ​ဖ​နိ၊ ဇေ​ဖ​နိ​၏​အ​ဖ​မှာ​တာ​ဟတ်၊ တာ ဟတ်​၏​အ​ဖ​သည်​အ​ဿိ​ရ၊ အ​ဿိ​ရ​၏​အ​ဖ ကား​ဧ​ဗျာ​သပ်​ဖြစ်​၏။ ဧ​ဗျာ​သပ်​၏​အ​ဖ သည်​ကော​ရ၊ ကော​ရ​၏​အ​ဖ​မှာ​ဣ​ဇ​ဟာ၊ ဣ​ဇ​ဟာ​၏​အ​ဖ​ကား​ကော​ဟတ်​ဖြစ်​၏။ ကော​ဟပ်​၏​အ​ဖ​သည်​လေ​ဝိ၊ လေ​ဝိ​၏ အ​ဖ​ကား​ယာ​ကုပ်​ဖြစ်​၏။ ဤ​သို့​လျှင် ဟေ​မန်​၏​ဘိုး​ဘေး​စာ​ရင်း​မှာ​ယာကုပ် တွင်​အ​ဆုံး​သတ်​သ​တည်း။ \p \v 39-43 ဒု​တိ​ယ​သံ​စုံ​သီ​ချင်း​အ​ဖွဲ့​ခေါင်း​ဆောင်​မှာ အာ​သပ်​ဖြစ်​၏။ အာ​သပ်​၏​အ​ဖ​သည်​ဗေ​ရ​ခိ၊ ဗေ​ရ​ခိ​၏​အ​ဖ​မှာ​ရှိ​မာ၊ ရှိ​မာ​၏​အ​ဖ​ကား မိက္ခေ​လ​ဖြစ်​၏။ မိက္ခေ​လ​၏​အ​ဖ​သည်​ဗာ​သေ ယ၊ ဗာ​သေ​ယ​၏​အ​ဖ​မှာ​မာ​လ​ခိ၊ မာ​လ​ခိ ၏​အ​ဖ​ကား​ဧ​သ​နိ​ဖြစ်​၏။ ဧ​သ​နိ​၏ အ​ဖ​သည်​ဇေ​ရ၊ ဇေ​ရ​၏​အ​ဖ​မှာ​အ​ဒါ​ယ၊ အ​ဒါ​ယ​၏​အ​ဖ​ကား​ဧ​သန်​ဖြစ်​၏။ ဧ​သန် ၏​အ​ဖ​သည်​ဇိမ္မ၊ ဇိမ္မ​၏​အ​ဖ​မှာ​ရှိ​မိ၊ ရှိ​မိ ၏​အ​ဖ​သည်​ယာ​ဟတ်​ဖြစ်​၏။ ယာ​ဟတ်​၏ အ​ဖ​သည်​ဂေ​ရ​ရှုံ၊ ဂေ​ရ​ရှုံ​၏​အ​ဖ​ကား လေ​ဝိ​ဖြစ်​၏။ ဤ​သို့​လျှင်​အာ​သပ်​၏​ဘိုး ဘေး​စာ​ရင်း​သည်​လေ​ဝိ​တွင်​အ​ဆုံး​သတ် သ​တည်း။ \p \v 44-47 မေ​ရာ​ရိ​သား​ချင်း​စု​မှ​ဧ​သန်​သည်​တ​တိ​ယ သံ​စုံ​သီ​ချင်း​အ​ဖွဲ့​ခေါင်း​ဆောင်​ဖြစ်​၏။ ဧ​သန် ၏​အ​ဖ​သည်​ကိ​ရှိ၊ ကိ​ရှိ​၏​အ​ဖ​မှာ​အာ​ဖ​ဒိ၊ အာ​ဖ​ဒိ​၏​အ​ဖ​ကား​မလ္လုတ်​ဖြစ်​၏။ မလ္လုတ် ၏​အ​ဖ​သည်​ဟာ​ရှ​ဗိ၊ ဟာ​ရှ​ဗိ​၏​အ​ဖ​မှာ အာ​မ​ဇိ၊ အာ​မ​ဇိ​၏​အ​ဖ​ကား​ဟိ​လ​ခိ ဖြစ်​၏။ ဟိ​လ​ခိ​၏​အ​ဖ​သည်​အံ​ဇိ၊ အံ​ဇိ ၏​အ​ဖ​မှာ​ဗာ​နိ၊ ဗာ​နိ​၏​အ​ဖ​ကား​ရှ​မေ​ရ ဖြစ်​၏။ ရှ​မေ​ရ​၏​အ​ဖ​သည်​မ​ဟာ​လိ၊ မ​ဟာ လိ​၏​အ​ဖ​မှာ​မု​ရှိ၊ မု​ရှိ​၏​အ​ဖ​ကား​မေ ရာ​ရိ​ဖြစ်​၍ မေ​ရာ​ရိ​၏​အ​ဖ​သည်​လေ​ဝိ ဖြစ်​၏။ ဤ​သို့​လျှင်​ဧ​သန်​၏​ဘိုး​ဘေး​စာ​ရင်း သည်​လေ​ဝိ​တွင်​အ​ဆုံး​သတ်​သ​တည်း။ \p \v 48 ထို​သူ​တို့​၏​ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​သော အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​တော်​တွင်​အ​ခြား​တာ​ဝန် ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​ရ​ကြ​၏။ \s1 အာ​ရုန်​၏​သား​မြေး​များ \p \v 49 အာ​ရုန်​နှင့်​သူ​၏​သား​မြေး​တို့​သည်​နံ့​သာ ပေါင်း​ကို​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​နှင့် ပလ္လင်​ပေါ် တွင်​တင်​၍​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​ဆက်​သ ရ​ကြ​၏။ သူ​တို့​သည်​အ​လွန်​သန့်​ရှင်း​ရာ ဌာ​န​တော်​၌​ကိုး​ကွယ်​ဝတ်​ပြု​မှု​မှန်​သ​မျှ ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​မှု​များ ကို​လည်း​ကောင်း၊ တာ​ဝန်​ယူ​၍​ဆောင်​ရွက် ရ​ကြ​၏။ ယင်း​သို့​ဆောင်​ရွက်​ရာ​၌​သူ​တို့ သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဖြစ်​သူ မော​ရှေ​ဆင့်​ဆို​ညွှန်​ကြား​ခဲ့​သည့်​အ​တိုင်း လိုက်​နာ​ကျင့်​သုံး​ရ​ကြ​ပေ​သည်။- \v 50 အာ​ရုန်​၏​သား​မြေး​များ​စာ​ရင်း​မှာ​အာ​ရုန်၊ ဧ​လာ​ဇာ၊ ဖိ​န​ဟတ်၊ အ​ဘိ​ရွှ၊- \v 51-53 ဗုက္ကိ၊ သြ​ဇိ၊ ဇေ​ရ​ဟိ၊- မ​ရာ​ယုတ်၊ အာ​မ​ရိ၊ အ​ဟိ​တုပ်၊ ဇာ​ဒုတ်၊ အ​ဟိ​မတ်​ဟူ​၍​ဖြစ်​၏။ \s1 လေ​ဝိ​အ​နွယ်​ဝင်​တို့​နေ​ထိုင်​ရာ​ဒေ​သ \p \v 54-55 ကော​ဟတ်​သား​ချင်း​စု​ဖြစ်​သော၊ အာ​ရုန် ၏​သား​မြေး​များ​ပ​ထ​မ​ဆုံး​ဝေ​စု​အ​ဖြစ်​ဖြင့် ခွဲ​ဝေ​ပေး​ခြင်း​ခံ​ရ​သည့်​နယ်​မြေ​များ​မှာ ယု​ဒ​နယ်​မှ​ဟေ​ဗြုန်​မြို့​နှင့်​ပတ်​ဝန်း​ကျင် ရှိ​မြက်​ခင်း​များ​ဖြစ်​၏။- \v 56 ထို​မြို့​တို့​နှင့်​သက်​ဆိုင်​ရာ​လယ်​များ၊ ရွာ​များ​ကို မူ​ယေ​ဖုန္န​၏​သား​ကာ​လက်​က​ရ​ရှိ​လေ​သည်။- \v 57-59 အာ​ရုန်​၏​သား​မြေး​တို့​အား​ခွဲ​ဝေ​ပေး​သည့်​မြို့ များ​မှာ အ​ပြစ်​လွတ်​ငြိမ်း​ခွင့်​ရ​ရန်​ခို​လှုံ​ရာ​ဖြစ် သော​ဟေ​ဗြုန်​မြို့၊ ယတ္တိ​ယ​မြို့၊ လိ​ဗ​န၊ ဧ​ရှ​တ​မော၊ ဟော​လုန်၊ ဒေ​ဗိ​ရ၊ အာ​ရှန်​ဗက်​ရှေ​မက်​မြို့​များ နှင့်​ထို​မြို့​တို့​နှင့်​သက်​ဆိုင်​ရာ​မြက်​ခင်း​များ ဖြစ်​ပေ​သည်။- \v 60 သူ​တို့​သည်​င်္ဗယာ​မိန်​နယ်​မှ​ဂေ​ဗ၊ အာ​လ​မက်၊ အာ​န​သုတ်​မြို့​များ​နှင့်​သက်​ဆိုင်​ရာ​မြက်​ခင်း များ​ကို​လည်း​ရ​ရှိ​ကြ​၏။ ဤ​သို့​လျှင်​သူ​တို့ ၏​အိမ်​ထောင်​စု​အား​လုံး​နေ​ထိုင်​ရန်​အ​တွက် စု​စု​ပေါင်း​မြို့​တစ်​ဆယ့်​သုံး​မြို့​ကို​ရ​ရှိ​ကြ လေ​သည်။- \v 61 ကော​ဟပ်​သား​ချင်း​စု​ထဲ​မှ​ကျန်​ရှိ​နေ​သော သူ​တို့​သည် အ​နောက်​ပိုင်း​မ​နာ​ရှေ​နယ်​ရှိ​မြို့ ဆယ်​မြို့​ကို​အိမ်​ထောင်​စု​အ​လိုက်​မဲ​ချ​၍ ခွဲ​ဝေ​ယူ​ရ​ကြ​၏။ \p \v 62 ဂေ​ရ​ရှုံ​သား​ချင်း​စု​တို့​သည် ဣ​သ​ခါ​နယ်၊ အာ​ရှာ​နယ်၊ န​ဿ​လိ​နယ်၊ ဗာ​ရှန်​ပြည်​အ​ရှေ့ မ​နာ​ရှေ​နယ်​တို့​မှ​မြို့​တစ်​ဆယ့်​သုံး​မြို့​ကို အိမ်​ထောင်​စု​အ​လိုက်​မဲ​ချ​၍​ခွဲ​ဝေ​ယူ​ရ ကြ​၏။- \v 63 ထို​နည်း​တူ​စွာ​မေ​ရာ​ရိ​သား​ချင်း​စု​တို့​သည် ရု​ဗင်​နယ်၊ ဂဒ်​နယ်​နှင့်​ဇာ​ဗု​လုန်​နယ်​တို့​မှ​မြို့ တစ်​ဆယ့်​နှစ်​မြို့​ကို​အိမ်​ထောင်​စု​အ​လိုက်​မဲ​ချ ၍​ခွဲ​ဝေ​ယူ​ရ​ကြ​၏။- \v 64 ဤ​နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​နေ​ထိုင်​ရန် မြို့​များ​ကို​အ​နီး တစ်​ဝိုက်​ရှိ​မြက်​ခင်း​များ​နှင့်​တ​ကွ​ခွဲ​ဝေ​ပေး ကြ​ကုန်​သည်။- \v 65 (အ​ထက်​ဖော်​ပြ​ပါ​ယု​ဒ​နယ်၊ ရှိ​မောင်​နယ်၊ င်္ဗယာ​မိန်​နယ်​တို့​မှ​မြို့​တို့​ကို​လည်း​မဲ​ချ​၍ ခွဲ​ဝေ​ပေး​ကြ​၏။) \p \v 66 ကော​ဟတ်​သား​ချင်း​စု​ထဲ​မှ​အ​ချို့​သော​အိမ် ထောင်​စု​တို့​သည် ဧ​ဖ​ရိမ်​နယ်​မှ​မြို့​များ​နှင့် မြက်​ခင်း​များ​ကို​ရ​ရှိ​ကြ​၏။- \v 67-69 ထို​မြို့​များ​မှာ​ဧ​ဖ​ရိမ်​တောင်​ကုန်း​များ​ပေါ် တွင်​တည်​ရှိ​လျက် အပြစ်​လွတ်​ငြိမ်း​ခွင့်​အ​တွက် ခို​လှုံ​ရာ​ဖြစ်​သော​ရှေ​ခင်​မြို့၊ ဂေ​ဇာ​မြို့၊ ယော က​မံ​မြို့၊ ဗက်​ဟော​ရုန်​မြို့၊ အာ​ဇ​လုန်​မြို့ နှင့်​ဂါ​သ​ရိမ္မုန်​မြို့​တို့​ဖြစ်​ကြ​၏။- \v 70 ထို​သူ​တို့​သည်​အ​နောက်​ပိုင်း​မ​နာ​ရှေ​နယ်​မှ အ​နေ​ရ​မြို့၊ ဗိ​လံ​မြို့​နှင့်​ယင်း​တို့​၏​အ​နီး တစ်​ဝိုက်​ရှိ​မြက်​ခင်း​များ​ကို​ရ​ရှိ​ကြ​၏။ \p \v 71 ဂေ​ရ​ရှုံ​သား​ချင်း​စု​ထဲ​မှ​အိမ်​ထောင်​စု​တို့​သည် အ​ရှေ့​မ​နာ​ရှေ​နယ်၊ ဗာ​ရှန်​ပြည်​ရှိ၊ ဂေါ​လန်​မြို့၊ အာ​ရှ​တ​ရုတ်​မြို့​နှင့်​ယင်း​တို့​၏​အ​နီး​တစ် ဝိုက်​ရှိ​မြက်​ခင်း​များ​ကို​လည်း​ကောင်း၊ \p \v 72 ဣ​သာ​ခါ​နယ်​မှ​ကေ​ဒေ​ရှ​မြို့၊ ဒါ​ဗ​ရတ်​မြို့၊ \m \v 73 ရာ​မုတ်​မြို့၊ အာ​နင်​မြို့​နှင့်​ယင်း​တို့​၏​အ​နီး တစ်​ဝိုက်​ရှိ မြက်​ခင်း​များ​ကို​လည်း​ကောင်း၊ \p \v 74 အာ​ရှာ​နယ်​မှ​မိ​ရှ​လ​မြို့၊ အာ​ဗ​ဒုန်​မြို့၊ \m \v 75 ဟု​ကုတ်၊ ရ​ဟော​ဘ​မြို့​နှင့်​ယင်း​တို့​၏​အ​နီး တစ်​ဝိုက်​ရှိ​မြက်​ခင်း​များ​ကို​လည်း​ကောင်း၊ \p \v 76 န​ဿ​လိ​နယ်​မှ​ဂါ​လိ​လဲ​ပြည်​ရှိ​ကေ​ဒေ​ရှ​မြို့၊ ဟမ္မုန်​မြို့၊ ကိ​ရ​ယ​သိမ်​မြို့​နှင့်​ယင်း​တို့​၏​အ​နီး တစ်​ဝိုက်​ရှိ​မြက်​ခင်း​များ​ကို​လည်း​ကောင်း​ရ ရှိ​ကြ​၏။ \p \v 77 မေ​ရာ​ရိ​သား​ချင်း​စု​မှ​ကြွင်း​ကျန်​နေ​သော အိမ်​ထောင်​စု​တို့​သည် ဇာ​ဗု​လုန်​နယ်​မှ​ရိမ္မုန်​မြို့၊ တာ​ဗော်​မြို့​နှင့်​ယင်း​တို့​၏​အ​နီး​တစ်​ဝိုက်​ရှိ မြက်​ခင်း​များ​ကို​လည်း​ကောင်း၊ \p \v 78 ရု​ဗင်​နယ်​မှ​ယေ​ရိ​ခေါ​မြို့​၏​အ​လွန်​ယော်​ဒန် မြစ်​အ​ရှေ့​ဘက်​ကမ်း၊ ယာ​ဇ​ကုန်း​ပြင်​မြင့်​ပေါ် ရှိ​ဗေ​ဇာ​မြို့၊- \v 79 ကေ​ဒ​မုတ်​မြို့၊ မေဖတ်​မြို့​နှင့်​ယင်း​တို့​၏​အ​နီး တစ်​ဝိုက်​ရှိ​မြက်​ခင်း​များ​ကို​လည်း​ကောင်း၊ \p \v 80 ဂဒ်​နယ်​မှ​ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့၊ မ​ဟာ​နိမ်​မြို့၊ \m \v 81 ဟေ​ရှ​ဘုန်​မြို့၊ ယာ​ဇာ​မြို့​နှင့်​ယင်း​တို့​၏​အ​နီး တစ်​ဝိုက်​ရှိ​မြက်​ခင်း​များ​ကို​လည်း​ကောင်း​ရ​ရှိ ကြ​လေ​သည်။ \c 7 \s1 ဣ​သ​ခါ​၏​သား​မြေး​များ \p \v 1 ဣ​သ​ခါ​တွင်​တော​လ၊ ဖု​ဝါ၊ ယာ​ရှုပ်၊ ရှိ​မ​ရုန် ဟူ​၍​သား​လေး​ယောက်​ရှိ​၏။ \p \v 2 တော​လ​တွင်​သြ​ဇိ၊ ရေ​ဖာ​ယ၊ ယေ​ရေ​လ၊ ယာ​မဲ၊ ယိ​ဗ​သံ၊ ရှ​မွေ​လ​ဟူ​၍​သား​ခြောက်​ယောက်​ရှိ ၏။ ထို​သူ​တို့​သည်​တော​လ​သား​ချင်း​စု​၏ ဦး​စီး​ခေါင်း​ဆောင်​များ၊ ထင်​ပေါ်​ကျော်​စော သော​စစ်​သူ​ရဲ​များ​ဖြစ်​ကြ​၏။ သူ​တို့​၏​သား မြေး​ဦး​ရေ​သည်​ဒါ​ဝိဒ်​မင်း​၏​လက်​ထက်​၌ နှစ်​သောင်း​နှစ်​ထောင်​ခြောက်​ရာ​ရှိ​သ​တည်း။ \p \v 3 သြ​ဇိ​တွင်​ဣ​ဇ​ရ​ဟိ​ဟူ​သော​သား​တစ် ယောက်​ရှိ​၏။ ဣ​ဇ​ရ​ဟိ​နှင့်​သူ​၏​သား​များ ဖြစ်​ကြ​သော​မိက္ခေ​လ၊ သြ​ဗ​ဒိ၊ ယော​လ၊ ဣ​ရှ​ယ​တို့​သည်​အိမ်​ထောင်​ဦး​စီး​များ ဖြစ်​ကြ​၏။- \v 4 သူ​တို့​တွင်​သား​မယား​အ​များ​အ​ပြား​ရှိ သော​ကြောင့် သူ​တို့​၏​သား​မြေး​များ​မှ​စစ် မှု​ထမ်း​ရန်​လူ​ပေါင်း​သုံး​သောင်း​ခြောက် ထောင်​ရ​ရှိ​နိုင်​လေ​သည်။ \p \v 5 အ​စိုး​ရ​မှတ်​တမ်း​များ​အ​ရ​ဣ​သ​ခါ​၏​သား ချင်း​စု​ထဲ​မှ​အိမ်​ထောင်​စု​ရှိ​သ​မျှ​တို့​တွင် စစ် မှု​ထမ်း​ရန်​အ​ရည်​အ​ချင်း​ရှိ​သူ​လူ​ပေါင်း ရှစ်​သောင်း​ခု​နစ်​ထောင်​ရှိ​၏။ \s1 င်္ဗယာ​မိန်​နှင့်​ဒန်​၏​သား​မြေး​များ \p \v 6 င်္ဗယာ​မိန်​တွင်​ဗေ​လ၊ ဗေ​ခါ၊ ယေ​ဒ​ယေ​လ ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။ \p \v 7 ဗေ​လ​တွင်​ဧ​ဇ​ဗုန်၊ သြ​ဇိ၊ သြ​ဇေ​လ၊ ယေ​ရိ မုတ်၊ ဣ​ရိ​ဟူ​၍​သား​ငါး​ယောက်​ရှိ​၏။ သူ​တို့ သည်​မိမိ​တို့​သား​ချင်း​စု​ထဲ​တွင်​အိမ်​ထောင် ဦး​စီး​များ၊ ထင်​ပေါ်​ကျော်​စော​သော​စစ်​သူ​ရဲ များ​ဖြစ်​ကြ​၏။ သူ​တို့​၏​သား​မြေး​များ​ထဲ တွင်​စစ်​မှု​ထမ်း​ရန်​အ​ရည်​အချင်း​ပြည့်​သူ နှစ်​သောင်း​နှစ်​ထောင့်​သုံး​ဆယ့်​လေး​ယောက် ရှိ​၏။ \p \v 8 ဗေ​ခါ​တွင်​ဇေ​မိ​ရ၊ ယော​ရှ၊ ဧ​လျေ​ဇာ၊ ဧ​လိ သြ​နဲ၊ သြ​မ​ရိ၊ ယေ​ရိ​မုတ်၊ အ​ဘိ​ယ၊ အာ​န သုတ်၊ အာ​လ​မက်​ဟူ​၍​သား​ကိုး​ယောက်​ရှိ​၏။- \v 9 အ​စိုး​ရ​မှတ်​တမ်း​အ​ရ​သူ​တို့​၏​သား​မြေး များ​တွင် အိမ်​ထောင်​စု​အ​လိုက်​စစ်​မှု​ထမ်း​ရန် အ​ရည်​အ​ချင်း​ပြည့်​သူ​များ​မှာ လူ​ပေါင်း နှစ်​သောင်း​နှစ်​ရာ​ယောက်​ရှိ​၏။ \p \v 10 ယေ​ဒ​ယေ​လ​တွင်​ဗိ​လ​ဟန်​ဟူ​သော​သား တစ်​ယောက်​ရှိ​၏။ ဗိ​လ​ဟန်​တွင်​ယု​ရှ၊ င်္ဗယာ​မိန်၊ ဧ​ဟုတ်၊ ခေ​နာ​န၊ ဇေ​သန်၊ သာ​ရှိ​ရှ၊ အ​ဟိ ရှ​ဟာ​ဟူ​၍​သား​ခု​နစ်​ယောက်​ရှိ​၏။- \v 11 သူ​တို့​အား​လုံး​သည်​မိ​မိ​တို့​သား​ချင်း​စု ထဲ​မှ​အိမ်​ထောင်​ဦး​စီး​များ၊ ထင်​ပေါ်​ကျော် စော​သော​စစ်​သူ​ရဲ​များ​ဖြစ်​ကြ​၏။ သူ​တို့ ၏​သား​မြေး​များ​တွင်​စစ်​မှု​ထမ်း​ရန်​အ​ရည် အ​ချင်း​ပြည့်​သူ​လူ​ပေါင်း​တစ်​သောင်း​ခုနစ် ထောင့်​နှစ်​ရာ​ယောက်​ရှိ​သည်။- \v 12 ရှု​ပိမ်​နှင့်​ဟု​ပိမ်​တို့​သည်​လည်း​ဤ​အ​နွယ်​စု တွင်​ပါ​ဝင်​ကြ​သ​တည်း။ \p ဒန်​တွင်​ဟု​ရှိမ်​ဟူ​သော​သား​တစ်​ယောက်​ရှိ​၏။ \s1 န​ဿ​လိ​၏​သား​မြေး​များ \p \v 13 န​ဿ​လိ​တွင်​ယာ​ဇေ​လ၊ ဂု​နိ၊ ယေ​ဇ၊ ရှလ္လုံ ဟူ​၍​သား​လေး​ယောက်​ရှိ​၏။ (သူ​တို့​သည် ဗိ​လ​ဟာ​၏​သား​မြေး​များ​ဖြစ်​သ​တည်း။) \s1 မ​နာ​ရှေ​၏​သား​မြေး​များ \p \v 14 မ​နာ​ရှေ​သည်​အာ​ရ​မိ​အ​မျိုး​သ​မီး​မ​ယား ငယ်​နှင့်​ရ​သော​သား​နှစ်​ယောက်​မှာ အာ​သ​ရေ​လ နှင့်​မာ​ခိ​ရ​ဖြစ်​၏။ မာ​ခိ​ရ​၏​သား​သည်​ဂိ​လဒ် ဖြစ်​၏။- \v 15 မာ​ခိ​ရ​သည်​ဟု​ပိမ်​နှင့်​ရှုပိမ်​တို့​အ​တွက်​အိမ် ထောင်​ဖက်​များ​ကို​ရှာ​၍​ပေး​၏။ သူ့​နှ​မ ၏​နာ​မည်​မှာ​မာ​ခါ​ဖြစ်​၏။ မာ​ခိ​ရ​၏​ဒု​တိ​ယ သား​မှာ​ဇ​လော​ဖတ်​ဖြစ်​၍​ထို​သူ​၌​သ​မီး များ​သာ​လျှင်​ရှိ​လေ​သည်။ \p \v 16 မာ​ခိ​ရ​၏​ဇ​နီး​မာ​ခါ​သည်​သား​နှစ်​ယောက် ကို​ဖွား​မြင်​လေ​သည်။ သူ​တို့​အား​ပေ​ရက်​နှင့် ရှေ​ရက်​ဟု​နာ​မည်​မှည့်​၏။ ပေ​ရက်​တွင်​ဥ​လံ နှင့်​ရေ​ကင်​ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။- \v 17 ဥ​လံ​တွင်​ဗေ​ဒန်​နာ​မည်​တွင်​သော​သား​တစ် ယောက်​ရှိ​လေ​သည်။ ဤ​သူ​တို့​ကား​မာ​ခိ​ရ ၏​သား၊ မ​နာ​ရှေ​၏​မြေး​ဂိ​လဒ်​မှ​ဆင်း​သက် လာ​သူ​များ​ဖြစ်​ကြ​၏။ \p \v 18 ဂိ​လဒ်​၏​နှ​မ၊ ဟမ္မော​လေ​ကက်​တွင် ဣ​ရှော​ဒ၊ အ​ဗျေ​ဇာ၊ မ​ဟာ​လ​ဟူ​၍​သား​သုံး​ယောက် ရှိ​၏။- \v 19 (ရှ​မိ​ဒ​တွင်​အ​ဟိ​အန်၊ ရှေ​ခင်၊ လိ​က​ဟိ၊ အ​နိ​အံ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။) \s1 ဧ​ဖ​ရိမ်​၏​သား​မြေး​များ \p \v 20 အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​အ​လိုက် အ​ရ ဧ​ဖ​ရိမ်​၏​သား​မြေး​စာ​ရင်း​မှာ​ဧ​ဖ​ရိမ်၊ ရှု​သေ​လ၊ ဗေ​ရက်၊ တာ​ဟတ်၊ ဧ​လာ​ဒ၊ တာ​ဟတ်၊- \v 21 ဇာ​ဗဒ်​နှင့်​ရှု​သေ​လ​တို့​ဖြစ်​၏။ ဧ​ဖ​ရိမ်​တွင် ဧ​ဇာ​နှင့်​ဧ​လဒ်​ဟူ​သော​သား​နှစ်​ယောက်​ရှိ သေး​၏။ သူ​တို့​သည်​ဂါ​သ​မြို့​နေ​တိုင်း​ရင်း သား​တို့​၏​နွား​များ​ကို ခိုး​ယူ​ရန်​ကြိုး​စား သည့်​အ​တွက်​အ​သတ်​ခံ​ရ​ကြ​၏။- \v 22 ဖ​ခင်​ဖြစ်​သူ​ဧဖရိမ်​သည်​သား​နှစ်​ယောက် အ​တွက် ရက်​ပေါင်း​များ​စွာ​ငို​ကြွေး​မြည် တမ်း​လျက်​နေ​သ​ဖြင့် သူ​၏​ညီ​အစ်​ကို များ​လာ​ရောက်​၍​သူ့​အား​နှစ်​သိမ့်​ကြ​၏။- \v 23 ထို​နောက်​သူ​သည်​မိ​မိ​၏​ဇနီး​နှင့်​ကိုယ်​လက် နှီး​နှော​ပြန်​သ​ဖြင့် ဇ​နီး​သည်​တွင်​ကိုယ်​ဝန် ရှိ​၍​သား​တစ်​ယောက်​ကို​ဖွား​မြင်​လေ​သည်။ သူ​တို့​သည်​မိ​မိ​တို့​အိမ်​ထောင်​သို့​ဆိုက်​ရောက် ခဲ့​သော​ဒုက္ခ​ကို​အ​ကြောင်း​ပြု​၍​ထို​သား အား​ဗေ​ရိ​ယ​ဟု​နာ​မည်​မှည့်​ကြ​၏။ \p \v 24 ဧ​ဖ​ရိမ်​တွင်​ရှေ​ရ​နာ​မည်​တွင်​သော​သ​မီး တစ်​ယောက်​ရှိ​၏။ ထို​အ​မျိုး​သ​မီး​သည် အ​ထက်​ဗေ​သော​ရုန်​မြို့၊ အောက်​ဗေ​သော​ရုန် မြို့​နှင့်​သြ​ဇင်​ရှေ​ရ​မြို့​တို့​ကို​တည်​ထောင် သူ​ဖြစ်​၏။ \p \v 25-27 ဧ​ဖ​ရိမ်​တွင်​ရေ​ဖ​ဟု​နာ​မည်​တွင်​သော သား​တစ်​ယောက်​ရှိ​၏။ သူ​၏​သား​မြေး​များ မှာ​ရေ​ရှပ်၊ တေ​လ၊ တာ​ဟန်၊ လာ​ဒန်၊ အ​မိ ဟုဒ်၊ ဧ​လိ​ရှ​မာ၊ နုန်၊ ယော​ရှု​တို့​ဖြစ်​ကြ​၏။ \p \v 28 သူ​တို့​သိမ်း​ယူ​၍​အ​ခြေ​စိုက်​နေ​ထိုင်​ကြ သည့်​နယ်​မြေ​တွင်​အ​ရှေ့​သို့​လား​သော်​နာ​ရန် မြို့​အ​ထိ၊ ထို​မြို့​နှင့်​ဗေ​သ​လ​မြို့​နှင့်​အ​နီး တစ်​ဝိုက်​ရှိ​မြို့​များ၊ အ​နောက်​သို့​လား​သော် ဂေ​ဇာ​မြို့​အ​ထိ၊ ထို​မြို့​နှင့်​အ​နီး​တစ်​ဝိုက် ရှိ​မြို့​များ​ပါ​ဝင်​၏။ ရှေ​ခင်​မြို့၊ အာ​ရ​မြို့​နှင့် ယင်း​တို့​၏​အ​နီး​တစ်​ဝိုက်​ရှိ​မြို့​များ​လည်း ပါ​၏။ \p \v 29 မ​နာ​ရှေ​၏​သား​မြေး​တို့​သည် ဗက်​ရှန်၊ တာ နက်၊ မေ​ဂိဒ္ဒေါ၊ ဒေါ​ရ​မြို့​ကြီး​များ​နှင့်​ယင်း တို့​အ​နီး​တစ်​ဝိုက်​ရှိ​မြို့​များ​ကို​အ​စိုး​ရ ကြ​၏။ \p ဤ​မြို့​တို့​သည်​ယာ​ကုပ်​၏​သား​ဖြစ်​သူ ယော​သပ်​၏​သား​မြေး​တို့​နေ​ထိုင်​ရာ​ဖြစ် သ​တည်း။ \s1 အာ​ရှာ​၏​သား​မြေး​များ \p \v 30 အာ​ရှာ​၏​သား​မြေး​များ​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​၏။ အာ​ရှာ​တွင်​ယိ​မ​န၊ ဣ​ရွာ၊ ဣ​ရွှိ၊ ဗေ​ရိ​ယ​ဟူ​သော​သား​လေး​ယောက် နှင့်​စေရ​ဟူ​သော​သ​မီး​တစ်​ယောက်​ရှိ​၏။ \p \v 31 ဗေ​ရိ​ယ​တွင်​ဟေ​ဗာ​နှင့်​မာ​လ​ကျေ​လ ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။ (မာ​လ​ကျေ​လ သည်​ဗိ​ရ​ဇာ​ဝိတ်​မြို့​ကို​တည်​ထောင်​သည်။) \p \v 32 ဟေ​ဗာ​တွင်​ယာ​ဖ​လက်၊ ရှော​မာ၊ ဟော​သံ​ဟူ သော​သား​သုံး​ယောက်​နှင့်​ရှု​အာ​ဟူ​သော သ​မီး​တစ်​ယောက်​ရှိ​၏။ \p \v 33 ယာ​ဖ​လက်​တွင်​ပါ​သက်၊ ဗိ​မ​ဟာ​လ၊ အာ​ရှ​ဝတ်​ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။ \p \v 34 ယာ​ဖ​လက်​၏​ညီ​ရှော​မာ​တွင်​ရော​ဂ၊ ယေ​ဟုဗ္ဗ၊ အာ​ရံ​ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။ \p \v 35 သူ​၏​ညီ​ငယ်​ဟော​သံ​တွင်​ဇော​ဖ၊ ဣ​မ​န၊ ရှေ​လက်၊ အာ​မ​လ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။ \p \v 36 ဇော​ဖ​၏​သား​မြေး​များ​မှာ​သု​အာ၊ ဟာ​နေ​ဖာ၊ ရွှ​လ၊ ဗေ​ရိ၊ ဣ​မ​ရ၊- \v 37 ဗေ​ဇာ၊ ဟော​ဒ၊ ရှမ္မ၊ ရှိ​လ​ရှ၊ ဣ​သ​ရန်၊ ဗေ​ရ​တို့ ဖြစ်​၏။ \p \v 38 ယေ​သာ​၏​သား​မြေး​များ​မှာ​ယေ​ဖုန္န၊ ပိ​သ​ပ၊ အာ​ရ​တို့​ဖြစ်​၏။- \v 39 ဥလ္လ​၏​သား​မြေး​များ​မှာ​အာ​ရ၊ ဟံ​ယေ​လ၊ ရေ​ဇိ​ယ​တို့​ဖြစ်​သ​တည်း။ \p \v 40 ဤ​သူ​အ​ပေါင်း​တို့​သည်​အာ​ရှာ​၏​သား​မြေး များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​အိမ်​ထောင်​ဦး​စီး များ၊ ထင်​ပေါ်​ကျော်​စော​သော​စစ်​သူ​ရဲ​များ၊ ထူး​ချွန်​သော​ခေါင်း​ဆောင်​များ​ဖြစ်​ပေ​သည်။ သူ​တို့​တွင်​စစ်​မှု​ထမ်း​ရန်​အ​ရည်​အ​ချင်း ရှိ​သူ​လူ​ပေါင်း​နှစ်​သောင်း​ခြောက်​ထောင်​ရှိ သ​တည်း။ \c 8 \s1 ဗင်္ယာ​မိန်​၏​သား​မြေး​များ \p \v 1 ဗင်္ယာမိန်​တွင်​ဗေ​လ၊ အာ​ရှ​ဗေ​လ၊ အ​ဟိ​ရံ၊- \v 2 နော​ဟ၊ ရာဖ​ဟူ​၍​ကြီးစဉ်​ငယ်​လိုက်​သား ငါး​ယောက်​ရှိ​၏။ \p \v 3-5 ဗေ​လ​၏​သား​များ​မှာ အဒ္ဒါ၊ ဂေ​ရ၊ အ​ဘိ​ဟုဒ်၊- အ​ဘိ​ရွှ၊ နေ​မန်၊ အာ​ဟော၊ ဂေ​ရာ၊ ရှေ​ဖု​ဖံ၊ ဟု​ရံတို့ဖြစ်​၏။ \p \v 6-7 ဧဟုဒ်​၏သား​များ​မှာ​နေ​မန်၊ အ​ဟိ​ယ​နှင့် ဂေ​ရ​ဖြစ်​၏။-သူ​တို့သည်​ဂေ​ဗ​မြို့တွင်​နေ​ထိုင် သူ​တို့၏​အိမ်​ထောင်​ဦး​စီး​များ​ဖြစ်​ကြ​၏။ သို့ရာတွင်​ထို​မြို့​မှ​နှင်​ထုတ်​ခြင်း​ခံ​ရကြ သော​အ​ခါ​သူ​တို့​သည်​မာ​န​ဟက်​မြို့သို့ သွား​ရောက်​နေ​ထိုင်​ကြ​လေ​သည်။ ယင်း​သို့ ပြောင်း​ရွှေ့ရာ​တွင်​သြ​ဇ​နှင့်အ​ဟိ​ဟုဒ်​တို့၏ အ​ဖ​ဖြစ်​သူ​ဂေ​ရသည်​သူ​တို့အား ဦး​စီး​ခေါင်း​ဆောင်​ပြု၏။ \p \v 8 ရှ​ဟာ​ရိမ်​သည်​မိ​မိ​၏ဇ​နီး​ဟု​ရှိမ်​နှင့် ဗာ​ရာတို့​ကို​ကွာ​ရှင်း​ပြီးနောက်​မော​ဘ ပြည်​တွင်​နေ​ထိုင်​သော​အ​ခါ- \v 9 ဟော​ဒေ​ရှ​နှင့်​အိမ်​ထောင်​ပြု၍​ယော​ဗပ်၊ ဇိ​ဘိ၊ မေ​ရှ၊ မာ​လ​ခံ၊- \v 10 ယု​ဇ၊ ရှာ​ခိ၊ မိ​ရမ​ဟူ​သော​သား​ခု​နစ်​ယောက် ကို​ရလေ​သည်။ သူ​၏သား​များ​အား​လုံး​ပင် အိမ်​ထောင်​ဦး​စီး​များ​ဖြစ်​လာ​ကြ​၏။ \p \v 11 သူ​သည်​ယ​ခင်​ဇ​နီး​ဟု​ရှိမ်​နှင့်​လည်း​အ​ဘိ တုပ်​နှင့်​ဧလ​ပါ​လ​ဟူ​သော​သား​နှစ်​ယောက် ကို​ရ၏။ \p \v 12 ဧလ​ပါ​လ​တွင်​ဧဗာ၊ မိ​ရှ​ဟံ၊ ရှာ​မက်၊ ဟူ​၍ သား​သုံး​ယောက်​ရှိ​၏။ သြ​နော​မြို့၊ လော​ဒ​မြို့ နှင့်​အ​နီး​တစ်​ဝိုက်​ရှိ​ကျေး​ရွာ​များ​ကို​တည် ထောင်​သူ​မှာ​ရှာ​မက်​ဖြစ်​၏။ \s1 ဂါ​သ​မြို့နှင့်​အာ​ဇ​လုန်​မြို့မှ​ဗင်္ယာ​မိန် အ​နွယ်​ဝင်​များ \p \v 13 ဗေ​ရိယ​နှင့်​ရှေ​မ​တို့သည်​အာ​ဇ​လုန်​မြို့တွင် အ​ခြေ​စိုက်​နေ​ထိုင်​ကြ​သူ​တို့၏​အိမ်​ထောင် ဦး​စီး​များ​ဖြစ်​၍ ဂါ​သ​မြို့​သား​တို့ကို​နှင် ထုတ်​ကြ​သူ​များ​ဖြစ်​၏။- \v 14 ဗေ​ရိ​ယ​၏သား​မြေး​တို့တွင်​အ​ဟိ​သြ၊ ရှာ​ရှက်၊ ယေ​ရိ​မုတ်၊- \v 15-16 ဇေ​ဗ​ဒိ၊ အာ​ရဒ်၊ အာ​ဒါ၊ မိက္ခေ​လ၊ ဣ​ရှ​ပ၊ ယော​ဟ​တို့ပါ​ဝင်​ကြ​၏။ \s1 ယေ​ရုရှ​လင်​မြို့​မှ​ဗင်္ယာမိန်​အ​နွယ်​ဝင်​များ \p \v 17 ဧလ​ပါ​လ​၏သား​မြေး​တို့​တွင်​ဇေ​ဗ​ဒိ၊ မေ​ရှု​လံ၊ ဟေ​ဇ​ကိ၊- \v 18 ဟေ​ဗာ၊ ဣ​ရှ​မေ​ရဲ၊ ယေ​ဇ​လိ၊ ယော​ဗပ်​တို့ ပါ​ဝင်​ကြ​၏။ \p \v 19-21 ရှိ​မ​ဟိ​၏သား​မြေး​တို့​တွင်​ယာ​ကိမ်၊ ဇိ​ခ​ရိ၊ ဇာ​ဗ​ဒိ၊- ဧ​လျေ​နဲ၊ ဇိ​လ​သဲ၊ ဧလေ​လ၊- အ​ဒါ ယ၊ ဗေ​ရာ​ယ၊ ရှိ​မ​ရတ်​တို့ပါ​ဝင်​ကြ​၏။ \p \v 22 ရှာ​ရှက်​၏သား​မြေး​တို့​တွင်​ဣ​ရှ​ပန်၊ ဟေ​ဗာ၊ ဧလေ​လ၊- \v 23 အာ​ဗ​ဒုန်၊ ဇိ​ခ​ရိ၊ ဟာ​နန်၊ \m \v 24 ဟာ​န​နိ၊ ဧ​လံ၊ အေန္တောသိ​ယ၊ \m \v 25 ဣ​ဖ​ဒိ​ယ၊ ပေ​နွေလ​တို့ပါ​ဝင်​ကြ​၏။ \p \v 26 ယေ​ရော​ဟံ​၏သား​မြေး​တို့​တွင်​ရှံ​ရှ​ရဲ၊ ရှေ​ဟာ​ရိ၊ အာ​သ​လိ၊- \v 27 ယာ​ရရှိ၊ ဧလိ​ယ၊ ဇိ​ခ​ရိ၊ တို့ပါ​ဝင်​ကြ​၏။ \p \v 28 ဤ​သူ​တို့သည်​ဘိုး​ဘေး​အ​စဉ်​အ​ဆက်​မှ အိမ်​ထောင်​ဦး​စီး​များ​ဖြစ်​ကြ​၍ သူ​တို့၏ သား​မြေး​များ​သည်​ယေ​ရုရှ​လင်​မြို့တွင် နေ​ထိုင်​ကြ​လေ​သည်။ \s1 ဂိ​ဗောင်​မြို့​နှင့်​ယေ​ရု​ရှ​လင်​မြို့မှ​ဗင်္ယာမိန် အ​နွယ်​ဝင်​များ \p \v 29 ယေ​ဟေ​လ​သည်​ဂိ​ဗောင်​မြို့ကို​တည်​ထောင်​၍ ထို​မြို့တွင်​အ​ခြေ​စိုက်​နေ​ထိုင်​လေ​သည်။ သူ ၏​ဇ​နီး​၏နာ​မည်​မှာ​မာ​ခါ​ဖြစ်​၏။- \v 30 သူ​၏​သား​ဦး​ကား​အာဗဒုန်​တည်း။ အ​ခြား သား​များ​မှာ​ဇု​ရ၊ ကိ​ရှ၊ ဗာ​လ၊ နေ​ရ၊ နာ​ဒပ်၊- \v 31 ဂေ​ဒေါ်၊ အ​ဟိ​သြ၊ ဇာ​ခ​ရိနှင့်​မိ​က​လုတ် တို့​ဖြစ်​၏။- \v 32 မိ​က​လုတ်​၏သား​သည်​ရှိ​မံ​ဖြစ်​၏။ သူ​တို့ ၏​သား​မြေး​များ​သည်​မိ​မိ​တို့​၏သား​ချင်း အ​ခြား​အိမ်​ထောင်​စု​များ​အ​နီး​ယေ​ရု ရှ​လင်​မြို့တွင်​နေ​ထိုင်​ကြ​လေ​သည်။ \s1 ရှော​လု​မင်း​ကြီး၏အိမ်​ထောင်​စု \p \v 33 နေ​ရ၏သား​သည်​ကိ​ရှ၊ ကိ​ရှ​၏သား​မှာ ရှော​လု​ဖြစ်​၏။ ရှော​လု​တွင်​ယော​န​သန်၊ မေ​လ​ခိ​ရွှ၊ အ​ဘိ​နာ​ဒပ်၊ ဣ​ရှ​ဗာ​လ​ဟူ​၍ သား​လေး​ယောက်​ရှိ​၏။- \v 34 ယော​န​သန်​၏သား​သည်​မေ​ရိဗ္ဗာ​လ​ဖြစ်​၍ မေ​ရိဗ္ဗာ​လ​၏သား​မှာ​မိက္ခာ​ဖြစ်​၏။ \p \v 35 မိက္ခာ​တွင်​ပိ​သုန်၊ မေ​လက်၊ တာ​ရာ၊ အာ​ခတ် ဟူ​၍​သား​လေး​ယောက်​ရှိ​၏။- \v 36 အာ​ခတ်​၏​သား​သည်​ယုဒ္ဒါ​ဖြစ်​၏။ ယုဒ္ဒါ​တွင် အာ​လ​မက်၊ အာ​ဇ​မာ​ဝက်၊ ဇိ​မ​ရိဟူ​၍ သား​သုံး​ယောက်​ရှိ​၏။ ဇိ​မ​ရိ၏​သား​သည် မော​ဇ၊- \v 37 မော​ဇ​၏သား​မှာ​ဗိ​နာ၊ ဗိ​နာ​၏သား​ကား ရေဖာ​ယ​ဖြစ်၏။ ရေဖာ​ယ၏​သား​သည် ဧလာ​သ၊ ဧလာ​သ​၏​သား​မှာ​အာ​ဇေ​လ ဖြစ်​သ​တည်း။ \p \v 38 အာ​ဇေ​လ​တွင်​အာ​ဇ​ရိ​ကံ၊ ဗော​ခေ​ရု၊ ဣ​ရှ မေ​လ၊ ရှ​ရိယ၊ သြ​ဗ​ဒိ၊ ဟာ​နန်၊ ဟူ​၍​သား ခြောက်​ယောက်​ရှိ​၏။- \v 39 အာ​ဇေ​လ​၏​ညီ​ဧ​ရှက်​တွင်​ဥ​လံ၊ ယေ​ဟုတ်၊ ဧလိ​ဖ​လက်​ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။ \p \v 40 ဥလံ​၏သား​များ​သည်​ထူး​ချွန်​သော​စစ်​သူ​ရဲ များ​နှင့်​လေး​သည်​တော်​များ​ဖြစ်​ကြ​၏။ သူ ၏သား​မြေး​ပေါင်း​တစ်​ရာ့​ငါး​ဆယ်​ရှိ​၏။ အ​ထက်​တွင်​ဖော်​ပြ​ပါ​ရှိ​သူ​အ​ပေါင်း​တို့ သည်​ဗင်္ယာမိန်​အ​နွယ်​ဝင်​များ​ဖြစ်​သ​တည်း။ \c 9 \s1 ဖမ်း​ဆီး​သိမ်း​ယူ​သွား​ခြင်း​ခံ​ရ​ရာ​မှ ပြန်​လာ​သူ​များ \p \v 1 ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း​တို့​အား​အိမ် ထောင်​စု​များ​အ​လိုက်​စာ​ရင်း​ပြု​လုပ်​ထား ကြောင်း ဣ​သ​ရေ​လ​ဘု​ရင်​များ​ကျမ်း​တွင် မှတ်​တမ်း​တင်​၍​ထား​လေ​သည်။ \p ယု​ဒ​ပြည်​သား​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ် များ​ကြောင့် ဗာ​ဗု​လုန်​ပြည်​သို့​ပြည်​နှင်​ဒဏ် အ​ပေး​ခံ​ရ​ကြ​၏။- \v 2 ပ​ထ​မ​ဦး​ဆုံး​မိ​မိ​တို့​၏​ဘိုး​ဘွား​ပိုင်​မြို့ ရွာ​များ​သို့​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​သူ များ​အ​ထဲ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား ဝတ်​ကြောင်​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ အ​နွယ်​ဝင်​များ​နှင့်​ဗိ​မာန်​တော်​အ​လုပ် သ​မား​များ​ပါ​ဝင်​လေ​သည်။- \v 3 ယု​ဒ၊ ဗင်္ယာ​မိန်၊ ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ​အ​နွယ် ဝင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရောက် နေ​ထိုင်​ကြ​၏။\x + \xo 9:3 \xt ဧဇ၊ ၂:၂၇။ နေ၊ ၇:၂၃။\x* \p \v 4-6 ယု​ဒ​အ​နွယ်​မှ​အိမ်​ထောင်​စု​ပေါင်း​ခြောက်​ရာ ကိုး​ဆယ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​နေ ထိုင်​ကြ​၏။ \p ယု​ဒ​၏​သား​ဖာ​ရက်​မှ​ဆင်း​သက်​လာ​သူ​တို့ ၏​ခေါင်း​ဆောင်​မှာ​ဥသဲ​ဖြစ်​၏။ သူ​သည်​အ​မိ ဟုဒ်​၏​သား၊ သြ​မ​ရိ​၏​မြေး​တည်း။ သူ​၏ အ​ခြား​ဘိုး​ဘေး​များ​တွင်​ဣ​မ​ရိ​နှင့် ဗာ​နိ​တို့​ပါ​ဝင်​သည်။ \p ယု​ဒ​၏​သား​ရှေ​လ​မှ​ဆင်း​သက်​လာ​သူ​တို့ ၏​ခေါင်း​ဆောင်​မှာ​အ​သာ​ယ​ဖြစ်​၏။ သူ​သည် မိ​မိ​၏​အိမ်​ထောင်​ဦး​စီး​ဖြစ်​လေ​သည်။ \p ယု​ဒ​၏​သား​ဇေ​ရ​မှ​ဆင်း​သက်​လာ​သူ တို့​၏​ခေါင်း​ဆောင်​မှာ​ယွေ​လ​ဖြစ်​၏။ \p \v 7-8 ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​သော၊ \q1 ဟာ​သေ​နွာ​၏​သား​ဟော​ဒ​ဝိ၊ဟော​ဒ​ဝိ​၏​သား မေ​ရှု​လံ၊ မေ​ရှု​လံ​၏​သား​သလ္လု၊ \q1 ယေ​ရော​ဟံ​၏​သား​ဣ​ဗ​နိ​ယ၊ \q1 သြ​ဇိ​၏​သား၊ မိ​ခ​ရိ​၏​မြေး​ဧ​လာ၊ \q1 ဣ​ဗ​နိ​ယ​၏​သား​ရွေ​လ၊ ရွေ​လ​၏​သား ရှေ​ဖ​တိ \p တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​၏။ \p \v 9 ဤ​အ​နွယ်​မှ​ထို​မြို့​တွင်​နေ​ထိုင်​သူ​အိမ်​ထောင်​စု များ​မှာ​ကိုး​ရာ့​ငါး​ဆယ့်​ခြောက်​စု​ရှိ​သ​တည်း။ အ​ထက်​တွင်​ဖော်​ပြ​ပါ​ရှိ​သော​အ​မျိုး​သား အား​လုံး​သည်​အိမ်​ထောင်​ဦး​စီး​များ​ဖြစ်​ပေ သည်။ \s1 ယေ​ရု​ရှ​လင်​မြို့​တွင်​သီ​တင်း​သုံး​သည့် ယဇ်​ပု​ရော​ဟိတ်​များ \p \v 10-12 ယေ​ရု​ရှ​လင်​မြို့​တွင် အောက်​ပါ​ယဇ်​ပု​ရော ဟိတ်​များ​သီ​တင်း​သုံး​နေ​ထိုင်​ကြ​သည်။ \q1 ယေ​ဒါ​ယ၊ယော​ယ​ရိပ်​နှင့်​ယာ​ခိန်၊ \q1 မေ​ရှု​လံ၊ဇာ​ဒုတ်၊မ​ရာ​ယုတ်၊အ​ဟိ​တုပ်​တို့​မှ ဆင်း​သက်​လာ​သူ​ဟိ​လ​ခိ​၏​သား \q1 (ဗိ​မာန်​တော်​မှူး​ချုပ်) အာ​ဇ​ရိ။ \q1 ပါ​ရှု​ရ​နှင့်​မာ​လ​ခိ​တို့​မှ​ဆင်း​သက်​လာ​သူ ယေ​ရော​ဟံ​၏​သား​အ​ဒါ​ယ။ \q1 ယာ​ဇေ​ရ၊ မေ​ရှု​လံ၊ မေ​ရှိ​လ​မုတ်​နှင့် ဣ​မေ​ရ တို့​မှ​ဆင်း​သက်​လာ​သူ​အ​ဒေ​လ​၏​သား မာ​ရှဲ​တို့​ဖြစ်​ကြ​၏။ \p \v 13 အိမ်​ထောင်​ဦး​စီး​များ​ဖြစ်​ကြ​သည့်​ယဇ်​ပု​ရော ဟိတ်​တို့​၏​အ​ရေ​အ​တွက်​မှာ စု​စု​ပေါင်း​တစ် ထောင့်​ခု​နစ်​ရာ​ခြောက်​ဆယ်​ဖြစ်​၏။ သူ​တို့​သည် ဗိ​မာန်​တော်​အ​တွင်း​၌​ဆောင်​ရွက်​ရ​သော​အ​မှု ကိစ္စ​မှန်​သ​မျှ​တို့​တွင်​အ​ထူး​ကျွမ်း​ကျင်​သူ များ​ဖြစ်​ကြ​၏။ \s1 ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သည့် လေ​ဝိ​အ​နွယ်​ဝင်​များ \p \v 14-16 အောက်​ပါ​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ယေ​ရု​ရှ​လင် မြို့​တွင်​နေ​ထိုင်​ကြ​၏။ \q1 မေ​ရာ​ရိ​သား​ချင်း​စု​ဝင်၊ ဟာ​ရှ​ဘိ​နှင့်​အာ​ဇ​ရိ​ကံ တို့​မှ ဆင်း​သက်​လာ​သော​ဟာ​ရှုပ်​၏​သား​ရှေ​မာ​ရ။ \q1 ဗာ​က​ဗက္ကာ၊ဟေ​ရက်​နှင့်​ဂ​လာ​လ။ \q1 အာ​သပ်၊ဇိ​ခ​ရိ​တို့​မှ​ဆင်း​သက်​လာ​သော မိက္ခာ​၏​သား​မ​ဿ​နိ။ \q1 ဂ​လာ​လ၊ ယေ​ဒု​သုံ​တို့​မှ​ဆင်း​သက်​လာ သော ရှေ​မာ​ယ​၏​သား​သြ​ဗ​ဒိ။ \q1 ဧ​လ​ကာ​န​၏​မြေး၊အာ​သ​၏​သား​ဗေ​ရ​ခိ၊ \q2 ဧ​လ​ကာ​န​သည်​နေ​တော​ဖာ​သိ​မြို့​အ​ပိုင် နယ်​မြေ​သား​ဖြစ်​၏။ \s1 ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သည့်​ဗိ​မာန်​တော် အ​စောင့်​တပ်​သား​များ \p \v 17 ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သည့်​ဗိ​မာန်​တော် အ​စောင့်​တပ်​သား​များ​မှာ​ရှလ္လုံ၊ အက္ကုပ်၊ တာ လ​မုန်​နှင့်​အ​ဟိ​မန်​တို့​ဖြစ်​၏။ ရှလ္လုံ​သည်​သူ တို့​၏​ခေါင်း​ဆောင်​တည်း။- \v 18 သူ​တို့​သည်​ယ​ခင်​အ​ခါ​က​သူ​တို့​သည် လေ​ဝိ​တဲ​စ​ခန်း​မှ​တံ​ခါး​စောင့်​များ​ဖြစ် သည်။ အ​ရှေ့​အ​ဝင်​ဝ​ရှင်​ဘု​ရင်​၏​တံ​ခါး ကို​စောင့်​ရ​ကြ​၏။ \p \v 19 ဘု​ရား​သ​ခင်​၏​တဲ​စ​ခန်း​ကို​ဘိုး​ဘေး​တို့ တာ​ဝန်​ယူ​၍​စောင့်​ရ​ကြ​သ​ကဲ့​သို့ ဧ​ဗျာ​သပ် ၏​မြေး၊ ကော​ရ​၏​သား​ရှလ္လုံ​သည်​မိ​မိ​၏ အ​မျိုး​သား​များ​ဖြစ်​ကြ​သော အ​ခြား ကော​ရ​သိ​သား​ချင်း​စု​ဝင်​တို့​နှင့်​အ​တူ သန့်​ရှင်း​မြင့်​မြတ်​သည့်​တဲ​တော်​အ​ဝင်​ဝ ကို​စောင့်​ရန်​တာ​ဝန်​ယူ​ရ​၏။- \v 20 ဧ​လာ​ဇာ​၏​သား​ဖိ​န​ဟတ်​သည်​အ​ခါ တစ်​ပါး​က ထို​သူ​တို့​အား​ကြီး​ကြပ်​အုပ် ချုပ်​ရ​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ \p \v 21 မေ​ရှိ​လ​မိ​၏​သား​ဇာ​ခ​ရိ​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​ရာ​တဲ​တော် တံ​ခါး​စောင့်​ဖြစ်​၏။ \p \v 22 အ​ဝင်​ဝ​နှင့်​တံ​ခါး​ပေါက်​များ​အ​တွက် အ​စောင့်​တပ်​သား​များ​အ​ဖြစ် ရွေး​ချယ်​ခန့် ထား​ခြင်း​ခံ​ရ​သူ​များ​မှာ လူ​ပေါင်း​နှစ်​ရာ တစ်​ဆယ့်​နှစ်​ယောက်​ရှိ​သ​တည်း။ ထို​သူ​တို့ အား​မိ​မိ​တို့​နေ​ထိုင်​ရာ​ရပ်​ရွာ​များ​အ​လိုက် မှတ်​တမ်း​တင်​ထား​၏။ သူ​တို့​၏​ဘိုး​ဘေး​များ အား​ဤ​သို့​တာ​ဝန်​ရှိ​သည့်​အ​လုပ်​ကို​ပေး အပ်​ခဲ့​သူ​များ​မှာ​ဒါ​ဝိဒ်​မင်း​နှင့်​ပ​ရော ဖက်​ရှ​မွေ​လ​တို့​ဖြစ်​၏။- \v 23 ထို​အ​စောင့်​တပ်​သား​များ​နှင့်​သား​မြေး​တို့ သည် ဆက်​လက်​၍​ဗိ​မာန်​တော်​အ​ဝင်​တံ​ခါး များ​ကို​စောင့်​ရ​ကြ​၏။- \v 24 ဗိ​မာန်​တော်​၏​အ​ရှေ့​အ​နောက်​တောင်​မြောက် အ​ရပ်​လေး​မျက်​နှာ​တွင်​တံ​ခါး​တစ်​ပေါက် စီ​ရှိ​၏။ ထို​တံ​ခါး​တစ်​ပေါက်​စီ​တွင်​တံခါး မှူး​တစ်​ယောက်​စီ​ရှိ​၏။- \v 25 ယင်း​တံ​ခါး​မှူး​တို့​အား​ရွာ​များ​တွင်​နေ​ထိုင် ကြ​သူ​ဆွေ​မျိုး​သား​ချင်း​တို့​က တစ်​ကြိမ် လျှင်​ခု​နစ်​ရက်​အ​လှည့်​ကျ​တံ​ခါး​စောင့် အ​လုပ်​တွင်​ကူ​ညီ​ရ​ကြ​လေ​သည်။- \v 26 တံ​ခါး​မှူး​လေး​ယောက်​တို့​သည်​လေဝိ​အ​နွယ် ဝင်​များ​ဖြစ်​၍​လုံး​ဝ​တာ​ဝန်​ယူ​ရ​သည်။ ဗိ​မာန်​တော်​ရှိ​အ​ခန်း​များ​နှင့် ယင်း​တို့​တွင် သို​လှောင်​ထား​သော​ပစ္စည်း​များ​ကို​လည်း တာ​ဝန်​ယူ​၍​စောင့်​ထိန်း​ရ​ကြ​၏။- \v 27 သူ​တို့​၏​တာ​ဝန်​ဝတ္တ​ရား​မှာ​ဗိ​မာန်​တော်​ကို စောင့်​ရန်​နှင့် တံ​ခါး​များ​ကို​နံ​နက်​တိုင်း​ဖွင့် ပေး​ရန်​ဖြစ်​သ​ဖြင့် သူ​တို့​သည်​ဗိ​မာန်​တော် အ​နီး​တွင်​နေ​ထိုင်​ရ​ကြ​၏။ \s1 အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​များ \p \v 28 အ​ချို့​သော​လေဝိ​အ​နွယ်​ဝင်​တို့​သည်​ကိုး​ကွယ် ဝတ်​ပြု​ရာ​၌​အ​သုံး​ပြု​သော​ခွက်​ဖ​လား​များ ကို​တာ​ဝန်​ယူ​ရ​ကြ​၏။ ခွက်​ဖ​လား​များ​ကို အ​သုံး​ပြု​သည့်​အ​ခါ​တိုင်း စစ်​ဆေး​၍​ထုတ် ပေး​ပြီး​နောက်​စစ်​ဆေး​၍​ပြန်​လည်​လက်​ခံ ရ​ကြ​၏။- \v 29 အ​ချို့​သူ​တို့​မှာ​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဆိုင် ရာ​အ​သုံး​အ​ဆောင်​တန်​ဆာ​များ၊ မုန့်​ညက်၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ လော်​ဗန်​နှင့်​နံ့​သာ မျိုး​တို့​ကို​ကြည့်​ရှု​သိမ်း​ဆည်း​ရန်​တာ​ဝန် ယူ​ရ​ကြ​၏။- \v 30 သို့​ရာ​တွင်​နံ့သာ​မျိုး​တို့​ကို​ပေါင်း​စပ်​ရော နှော​သည့်​အ​လုပ်​မှာ​မူ ယဇ်​ပု​ရော​ဟိတ်​တို့ ၏​တာ​ဝန်​ဖြစ်​ပေ​သည်။ \p \v 31 ကော​ရ​ဆွေ​မျိုး​စု​မှ​ရှလ္လုံ​၏​သား​ဦး​မတ္တိ​သိ နာ​မည်​ရှိ​သော​လေ​ဝိ​အ​နွယ်​ဝင်​တစ်​ယောက် သည် မီး​ဖြင့်​ဖုတ်​လုပ်​ရ​သည့်​ပူ​ဇော်​သ​ကာ များ​ကို​တာ​ဝန်​ယူ​၍​ပြင်​ဆင်​ရ​၏။- \v 32 ကော​ဟတ်​သား​ချင်း​တွင်​ပါ​ဝင်​သူ​တို့​သည် ဥ​ပုသ်​နေ့​တိုင်း​ဗိ​မာန်​တော်​အ​တွက်​ရှေ့ တော်​မုန့်​ကို​ပြင်​ဆင်​ရ​ကြ​၏။ \p \v 33 လေ​ဝိ​အိမ်​ထောင်​စု​အ​ချို့​တို့​သည်​ဗိ​မာန် တော်​တွင် ဂီ​တ​သီ​ဆို​တီး​မှုတ်​မှု​များ​ကို တာ​ဝန်​ယူ​ရ​ကြ​၏။ သူ​တို့​၏​အိမ်​ထောင် ဦး​စီး​များ​သည်​နေ့​ရော​ညည့်​ပါ​လုပ်​ဆောင် ရန်​လို​အပ်​သ​ဖြင့် ဗိ​မာန်​တော်​အ​ဆောက် အ​အုံ အ​ချို့​တို့​တွင်​နေ​ထိုင်​ရ​ကြ​၍ အ​ခြား​တာ​ဝန်​ဝတ္တ​ရား​များ​မှ​ကင်း လွတ်​ခွင့်​ရ​ရှိ​ကြ​၏။ \p \v 34 အ​ထက်​တွင်​ဖော်​ပြ​ပါ​ရှိ​သော​အ​မျိုး​သား တို့​သည် မိ​မိ​တို့​ဘိုး​ဘေး​အ​ဆက်​အ​နွယ် စာ​ရင်း​များ​အ​ရ​လေ​ဝိ​အိမ်​ထောင်​ဦး​စီး များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​ယေ​ရု​ရှ​လင် မြို့​တွင်​နေ​ထိုင်​သည့်​ခေါင်း​ဆောင်​များ​ဖြစ် ပေ​သည်။ \s1 ရှော​လု​မင်း​၏​ဘိုး​ဘေး​များ​နှင့်​သား​မြေး​များ \r (၈:၂၉-၃၈) \p \v 35 ယေ​ဟေ​လ​သည်​ဂိ​ဗောင်​မြို့​ကို​တည်​ထောင်​၍ ထို​မြို့​တွင်​အ​ခြေ​စိုက်​နေ​ထိုင်​လေ​သည်။ သူ​၏​ဇနီး​မှာ​မာခါ​နာ​မည်​ရှိ​၏။- \v 36 သူ​၏​သား​ဦး​ကား​အာ​ဗ​ဒုန်​ဖြစ်​၏။ သူ​၏ အ​ခြား​သား​များ​မှာ​ဇု​ရ၊ ကိ​ရှ၊ ဗာ​လ၊ နေ​ရ၊ နာ​ဒပ်၊- \v 37 ဂေ​ဒေါ်၊ အ​ဟိ​သြ၊ ဇာ​ခ​ရိ၊ မိ​က​လုတ်​တို့ ဖြစ်​ကြ​၏။- \v 38 မိ​က​လုတ်​၏​သား​သည်​ရှိ​မံ​ဖြစ်​၏။ သူ​တို့​၏ သား​မြေး​များ​သည် မိ​မိ​တို့​၏​အ​နွယ်​ဝင် အ​ခြား​အိမ်​ထောင်​စု​များ​နှင့်​ယှဉ်​တွဲ​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​၏။ \p \v 39 နေ​ရ​၏​သား​သည်​ကိ​ရှ၊ ကိ​ရှ​၏​သား​သည် ရှော​လု​ဖြစ်​၏။ ရှော​လု​တွင်​ယော​န​သန်၊ မေ​လ ခိ​ရွှ၊ အ​ဘိ​နာ​ဒပ်၊ ဣ​ရှ​ဗာ​လ​ဟူ​၍​သား လေး​ယောက်​ရှိ​၏။- \v 40 ယော​န​သန်​၏​သား​သည်​မေ​ရိဗ္ဗာ​လ၊ မေ​ရိဗ္ဗာ​လ ၏​သား​မှာ​မိက္ခာ​ဖြစ်​၏။- \v 41 မိက္ခာ​တွင်​ပိ​သုန်၊ မေ​လက်၊ တာ​ရာ၊ အာ​ခတ်​ဟူ ၍​သား​လေး​ယောက်​ရှိ​၏။- \v 42 အာ​ခတ်​၏​သား​သည်​ယာ​ရ​ဖြစ်​၏။ ယာ​ရ​တွင် အာ​လ​မက်၊ အာ​ဇ​မာ​ဝက်၊ ဇိ​မ​ရိ​ဟူ​၍​သား သုံး​ယောက်​ရှိ​၏။ ဇိ​မ​ရိ​၏​သား​သည်​မော​ဇ၊- \v 43 မော​ဇ​၏​သား​မှာ​ဗိ​နာ၊ ဗိ​နာ​၏​သား​ကား ရေ​ဖာ​ယ​ဖြစ်​၏။ ရေ​ဖာ​ယ​၏​သား​သည် ဧ​လာ​သ၊ ဧ​လာ​သ​၏​သား​မှာ​အာ​ဇေ​လ ဖြစ်​၏။ \p \v 44 အာ​ဇေ​လ​တွင်​အာ​ဇ​ရိ​ကံ၊ ဗော​ခေ​ရု၊ ဣ​ရှ​မေ​လ၊ ရှ​ရိ​ယ၊ သြ​ဗ​ဒိ၊ ဟာ​နန်​ဟူ​၍​သား​ခြောက်​ယောက် ရှိ​၏။ \c 10 \s1 ရှော​လု​မင်း​ကွယ်​လွန်​တော်​မူ​ခြင်း \r (၁ရာ၊ ၃၁:၁-၁၃) \p \v 1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့် ဂိ​လ​ဗော​တောင်​ပေါ်​တွင် တိုက်​ပွဲ​ဖြစ်​ကြ​ရာ၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​မြောက်​အ​မြား​ကျ​ဆုံး​ကြ လေ​သည်။ ရှော​လု​မင်း​နှင့်​သား​တော်​များ အ​ပါ​အ​ဝင်​ကျန်​ရှိ​သော​သူ​တို့​သည် ထွက်​ပြေး​ကြ​ကုန်​၏။- \v 2 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​လိုက်​၍​မီ​သော အ​ခါ ရှော​လု​၏​သား​များ​ဖြစ်​ကြ​သော ယော​န​သန်၊ အ​ဘိ​န​ဒပ်​နှင့်​မေ​လ​ခိ​ရွှ တို့​ကို​ကွပ်​မျက်​ပစ်​ကြ​၏။- \v 3 တိုက်​ပွဲ​သည်​ရှော​လု​၏​ပတ်​လည်​တွင်​ပြင်း ထန်​လှ​သ​ဖြင့် ရှော​လု​သည်​ရန်​သူ​များ​၏ မြား​ချက်​ဖြင့်​ပြင်း​စွာ​ဒဏ်​ရာ​ရ​လေ​၏။- \v 4 သူ​သည်​မိ​မိ​၏​လက်​နက်​များ​ကို​သယ် ဆောင်​ပေး​သူ​လု​လင်​ပျို​အား``ဘု​ရား​မဲ့ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လာ​၍ ငါ့​အား သ​ရော်​မော်​ကား​မ​ပြု​လုပ်​နိုင်​ကြ​စေ​ရန် သင်​သည်​ဋ္ဌား​ကို​ဆွဲ​ထုတ်​ကာ​ငါ့​အား သတ်​လော့'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​လု​လင် သည်​မင်း​ကြီး​ကို​သတ်​ရန်​ကြောက်​ရွံ့​လျက် နေ​သ​ဖြင့် ရှော​လု​သည်​မိ​မိ​၏​ဋ္ဌား​ကို​ဆွဲ ထုတ်​ပြီး​လျှင် ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​ကာ မိ​မိ​ကိုယ်​ကို​အ​ဆုံး​စီ​ရင်​တော်​မူ​၏။- \v 5 လု​လင်​ပျို​သည်​ရှော​လု​ကွယ်​လွန်​သွား ကြောင်း​တွေ့​မြင်​သော​အ​ခါ မိ​မိ​ကိုယ်​ကို ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​ကာ​သေ​လေ​၏။- \v 6 ဤ​သို့​လျှင်​ရှော​လု​နှင့်​သား​သုံး​ယောက် စ​လုံး​ပင်​ကွယ်​လွန်​ကြ​သ​ဖြင့် သူ​၏​မင်း ဆက်​ပြတ်​လေ​တော့​၏။- \v 7 ယေ​ဇ​ရေ​လ​ချိုင့်​ဝှမ်း​တွင်​နေ​ထိုင်​ကြ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​၏ စစ်​သည်​များ​တပ်​လန့်​၍​သွား​ကြောင်း​ကို​လည်း ကောင်း၊ ရှော​လု​မင်း​နှင့်​သား​တို့​ကွယ်​လွန်​သွား ကြောင်း​ကို​လည်း​ကောင်း​ကြား​သိ​လေ​သော် မိ​မိ တို့​၏​မြို့​များ​ကို​စွန့်​ပစ်​၍​ထွက်​ပြေး​ကြ​ကုန် ၏။ ထို​အ​ခါ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည် လာ​၍​ထို​မြို့​များ​ကို​သိမ်း​ပိုက်​ကြ​၏။ \p \v 8 တိုက်​ပွဲ​ပြီး​ဆုံး​ပြီး​နောက်​တစ်​နေ့​၌ ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည်​အ​လောင်း​ကောင်​များ​မှ ပစ္စည်း​များ​ကို​လု​ယူ​ရန်​လာ​ကြ​သော​အ​ခါ ရှော​လု​နှင့်​သား​တို့​၏​အ​လောင်း​များ​ကို ဂိ​လ​ဗော​တောင်​ထိပ်​တွင်​တွေ့​ရှိ​ကြ​၏။- \v 9 သူ​တို့​သည်​ရှော​လု​၏​ဦး​ခေါင်း​ကို​ဖြတ်​၍ အ​ဝတ်​တန်​ဆာ​များ​ကို​ချွတ်​ပစ်​ကြ​၏။ ထို နောက်​စေ​တ​မန်​တို့​အား​ရှော​လု​၏​ဦး​ခေါင်း နှင့်​လက်​နက်​များ​ကို​ယူ​ဆောင်​၍ ဖိ​လိတ္တိ ပြည်​ကို​လှည့်​လည်​ကာ​မိ​မိ​တို့​အ​မျိုး သား​များ​နှင့်​ရုပ်​တု​များ​ရှိ​ရာ​အ​ရပ် များ​တွင်​သ​တင်း​ကောင်း​ကို​ကြေ​ညာ စေ​ကြ​၏။- \v 10 သူ​တို့​သည်​ရှော​လု​၏​လက်​နက်​များ​ကို မိ​မိ​တို့​၏​ဘု​ရား​ကျောင်း​တွင်​ထား​၍ သူ ၏​ဦး​ခေါင်း​ကို​ဒါဂုန်​ဗိ​မာန်​တွင်​ချိတ်​ဆွဲ ထား​ကြ​၏။- \v 11 ရှော​လု​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အ​ဘယ် သို့​ပြု​ကျင့်​ကြ​သည်​ကို ဂိ​လဒ်​ပြည်​ယာဗက် မြို့​သား​တို့​ကြား​လျှင်။- \v 12 သူ​ရဲ​ကောင်း​အ​ပေါင်း​တို့​သည်​သွား​၍ ရှော​လု မင်း​နှင့်​သား​တို့​၏​အ​လောင်း​များ​ကို​ယာ​ဗက် မြို့​သို့​ယူ​ဆောင်​ခဲ့​ကြ​၏။ ထို​နောက်​အရိုး​တို့​ကို ဝက်​သစ်​ချ​ပင်​အောက်​တွင်​သင်္ဂြိုဟ်​ကြ​ပြီး​လျှင် ခု​နစ်​ရက်​တိုင်​တိုင်​အ​စာ​ရှောင်​ကြ​ကုန်​၏။ \p \v 13 ရှော​လု​မင်း​ကွယ်​လွန်​တော်​မူ​ရ​ခြင်း​အ​ကြောင်း မှာ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အ​ပေါ်​သစ္စာ​ဖောက် သော​ကြောင့်​ဖြစ်​၏။ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​တို့​ကို​လွန်​ဆန်​ခဲ့​၏။-\x + \xo 10:13 \xt ဝတ်၊ ၁၉:၃၁၊ ၂၀:၆။ ၁ရာ၊ ၁၃:၈-၁၄၊ ၁၅:၁-၂၄၊ ၂၈:၇-၈။\x* \v 14 ထာ​ဝ​ရ​ဘု​ရား​နှင့်​တိုင်​ပင်​မည့်​အ​စား​လူ​သေ တို့​၏​ဝိ​ညာဉ်​များ​နှင့်​နှီး​နှော​တိုင်​ပင်​ခဲ့​လေ သည်။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လု အား ကွပ်​မျက်​တော်​မူ​၍​သူ​၏​နိုင်​ငံ​ကို​ယေ​ရှဲ ၏​သား​ဒါ​ဝိဒ်​အား​အုပ်​စိုး​စေ​တော်​မူ သ​တည်း။ \c 11 \s1 ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​ပြည်နှင့်​ယု​ဒ​ပြည်​တို့​တွင် ဘု​ရင်​ဖြစ်​လာ​ခြင်း \r (၂ရာ၊ ၅:၁-၁၀) \p \v 1 ဣ​သ​ရေလ​ပြည်သား​အ​ပေါင်း​တို့သည်​ဟေ​ဗြုန် မြို့​ရှိ​ဒါ​ဝိဒ်​ထံ​သို့​လာ​ရောက်​လျက်``ကျွန်​တော် တို့သည်​အ​ရှင်​၏သွေး​သား​များ​ဖြစ်​ပါ​၏။- \v 2 အ​တိတ်​ကာ​လ​က​ရှော​လု​မင်း​ဘု​ရင်​ဖြစ်​စဉ် အ​ခါ​၌ပင်​လျှင် အ​ရှင်​သည်​ဣ​သ​ရေလ​ပြည် သား​တို့​အား​ရှေ့​ဆောင်​၍​တိုက်​ပွဲ​ဝင်​ခဲ့​ပါ​၏။ အ​ရှင်​၏ဘု​ရားသ​ခင်​ထာ​ဝ​ရဘု​ရားက လည်း အ​ရှင်​သည်​ကိုယ်​တော့်လူ​မျိုး​တော်​၏ ခေါင်း​ဆောင်၊ သူ​တို့၏ဘု​ရင်​ဖြစ်​လိမ့်​မည်​ဟု ဗျာ​ဒိတ်​ပေး​တော်​မူ​ခဲ့​ပါ​၏'' ဟု​လျှောက်​ထား ကြ​၏။- \v 3 ယင်း​သို့ဣ​သ​ရေလ​အ​မျိုး​သား​ခေါင်း​ဆောင် အ​ပေါင်း​တို့သည် ဟေ​ဗြုန်​မြို့​ရှိ​ဒါ​ဝိဒ်​မင်း​ထံ တော်​သို့​လာ​ရောက်​ကြ​သော​အ​ခါ မင်း​ကြီး​သည် ထာ​ဝ​ရဘု​ရား၏​ရှေ့​တော်​၌ထို​သူ​တို့နှင့်​သစ္စာ မိတ်​ဖွဲ့တော်​မူ​၏။ သူ​တို့သည်​လည်း​ရှ​မွေ​လ​အား ဖြင့်​ထာ​ဝ​ရဘု​ရား​က​တိ​ပေး​တော်​မူ​ခဲ့​သည့် အ​တိုင်း ဒါ​ဝိဒ်​အား​ဘိ​သိက်​ပေး​၍​ဣ​သ​ရေလ ဘု​ရင်​အ​ဖြစ်​ဖြင့်​ချီး​မြှောက်​ကြ​၏။ \p \v 4 ဒါ​ဝိဒ်​မင်း​နှင့်​ဣ​သ​ရေလ​အ​မျိုးသား အ​ပေါင်း​တို့သည်​ချီ​တက်​၍ ယေ​ရုရှ​လင် မြို့​ကို​တိုက်​ခိုက်​ကြ​၏။ ထို​စဉ်​အ​ခါ​က ယေ​ရု​ရှ​လင်​မြို့သည်​ယေ​ဗုတ်​မြို့ဟု​နာ​မည် တွင်​၏။ ထို​မြို့​တွင်​ပင်​ကိုယ်​ရှိ​ရင်း​စွဲ​ယေ​ဗု​သိ မြို့သား​တို့ပင်​လျှင်​နေ​ထိုင်​လျက်​ရှိ​သေး​၏။-\x + \xo 11:4 \xt ယောရှု၊ ၁၅:၆၃။ သူကြီး၊ ၁:၂၁။\x* \v 5 ယေ​ဗု​သိ​မြို့သား​တို့​က​ဒါ​ဝိဒ်​မင်း​အား``သင် သည်​ဤ​မြို့ထဲ​သို့အ​ဘယ်​အ​ခါ​၌မျှ​ဝင်​ရ လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။ သိုရာ​တွင် ဒါ​ဝိဒ်​မင်း​သည်​သူ​တို့၏​ဇိ​အုန်​ခံ​တပ်​ကို တိုက်​ခိုက်​သိမ်း​ပိုက်​လိုက်​သ​ဖြင့် ခံ​တပ်​သည် ဒါ​ဝိဒ်​မြို့ဟူ​သော​နာ​မည်​ကို​ရ​ရှိ​လေ​သည်။- \v 6 ဒါ​ဝိဒ်​မင်း​က``ယေ​ဗု​သိ​မြို့သား​တစ်​ယောက် ယောက်​ကို​အ​ဦး​အ​ဖျား​လုပ်​ကြံ​နိုင်​သူ အား​တပ်​မှူးအ​ရာ​ကို​ငါ​ပေး​မည်'' ဟု အ​မိန့်တော်​ရှိ​သည့်​အ​တိုင်း​ဇေ​ရုယာ​၏ သား​ယွာ​ဘ​သည်​ရှေ့​ဆုံး​မှ​နေ​၍ တိုက်​စစ် ဆင်​သူ​ဖြစ်​သ​ဖြင့်​တပ်​မှူးအ​ရာကို​ရ လေ​၏။- \v 7 ဒါ​ဝိဒ်​မင်း​သည်​ထို​ခံ​တပ်​တွင်​နေ​ထိုင်​ရန် သွား​ရောက်​တော်​မူ​သည်​ကို​အ​စွဲ​ပြု၍ ယင်း ကို``ဒါ​ဝိဒ်​မြို့'' ဟု​ခေါ်​ဆို​သ​မုတ်​ကြ သ​တည်း။- \v 8 မင်း​ကြီးသည်​ဇိ​အုန်​တောင်​၏​အ​ရှေ့​ဘက်၊ မြေ​က​တုတ်​ဖို့ထား​သည့်​အ​ရပ်​မှ​အ​စ​ပြု ၍​ခံ​တပ်​ပတ်​လည်​တွင်​မြို့ကို​ပြန်​လည်​တည် ဆောက်​တော်​မူ​၏။ ထို​မြို့ရှိ​ကျန်​သော​အ​ရပ် တို့​ကို​မူ​ယွာ​ဘ​က​ပြုပြင်​တည်​ဆောက် ပေး​လေ​သည်။- \v 9 ဒါ​ဝိဒ်​မင်း​သည်​တစ်​နေ့တစ်​ခြား​တန်​ခိုး ကြီး​မား​၍​လာ​တော်​မူ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​အန​န္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​မင်း​ကြီး​နှင့်​အ​တူ​ရှိ​တော်​မူ​သော ကြောင့်​ဖြစ်​၏။ \s1 ဒါ​ဝိဒ်​မင်း​၏​နာ​မည်​ကျော်​စစ်​သူ​ရဲများ \r (၂ရာ၊ ၂၃:၈-၃၉) \p \v 10 အောက်​ပါ​တို့သည်​ဒါ​ဝိဒ်​၏​နာ​မည်​ကျော် စစ်​သူ​ရဲ​များ​ဖြစ်​ကြ​၏။ သူ​တို့သည်​ထာ​ဝ​ရ ဘု​ရား​၏​က​တိ​တော်​အ​တိုင်း ဒါ​ဝိဒ်​အား​မင်း မြှောက်နိုင်​ရန်​အ​ခြား​ဣ​သ​ရေလ​ပြည်သား တို့နှင့်​အ​တူ​ဝိုင်း​ဝန်း​ကူ​ညီ​ကာ မင်း​ကြီး ၏နိုင်​ငံ​ကို​လည်း​တည်​တံ့​ခိုင်​မြဲ​စေ​သူ များ​ဖြစ်​ကြ​၏။ \p \v 11 သူ​တို့၏နာ​မည်​များ​မှာ​ပ​ထ​မ​ဆုံး၊ ဟ​ခ မော​နိ​သား​ချင်း​စု​ဝင်​ယာ​ရှော​ဗံ​ဖြစ်​သည်။ သူ​သည်​သူ​ရဲကောင်း​သုံး​ယောက်​တို့​တွင်​ခေါင်း ဆောင်​ဖြစ်​၏။ တိုက်​ပွဲ​တစ်​ခု​တည်း​၌ပင်​လျှင် လူ​သုံး​ရာကို​လှံ​ဖြင့်​ထိုး​သတ်​တိုက်​ခိုက်​ခဲ့ သူ​ဖြစ်​သ​တည်း။- \v 12 နာ​မည်​ကျော်​သူ​ရဲကောင်း​သုံး​ယောက်​အ​ပါ အ​ဝင်​ဒု​တိ​ယ​သူ​ရဲကောင်း​မှာ​အ​ဟော​ဟိ သား​ချင်း​စု​ဝင်၊ ဒေါ​ဒေါ​၏သား​ဧလ​ဇာ ဖြစ်​၏။- \v 13 သူ​သည်​ပါ​သ​ဒမ္မိမ်​တိုက်​ပွဲ​တွင်​ဒါ​ဝိဒ်​နှင့် အ​တူ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​တိုက်​ခိုက် ခဲ့​သူ​ဖြစ်​၏။ ဣ​သ​ရေ​လ​အ​မျိုးသား​တို့ တပ်​လှန့်​စ​ပြုသော​အ​ခါ​သူ​သည်​မု​ယော စ​ပါး​လယ်​ပြင်​တစ်​ခု​တွင်​ရှိ​၏။- \v 14 သို့ဖြစ်​၍​သူ​သည်​မိ​မိ​၏အ​ဖော်​များ​နှင့် လယ်​ပြင်​အ​လယ်​တွင်​ရပ်​လျက် ဖိ​လိတ္တိ​အ​မျိုး သား​တို့ကို​တိုက်​ခိုက်​လေ​သည်။ ထာ​ဝ​ရ ဘု​ရားသည်​သူ့အား​ကြီးစွာ​သော​အောင်​ပွဲ ကို​ပေး​တော်​မူ​၏။ \p \v 15 တစ်​နေ့​သ​၌ဖိ​လိတ္တိ​အ​မျိုး​သား​တစ်​စု သည်​ရေဖိမ်​ချိုင့်​ဝှမ်း​တွင်​တပ်​စ​ခန်း​ချ​လျက် ရှိ​နေ​စဉ် ရှေ့​တန်း​ခေါင်း​ဆောင်​များ​ဖြစ်​သော ရဲ​ဘော်​သုံး​ကျိပ်​မှ​ရဲဘော်​သုံး​ဦး​တို့သည် အ​ဒု​လံ​လှိုဏ်​ဂူ​အ​နီး​ဒါ​ဝိဒ်​မင်း​ရှိ​ရာ ကျောက်​ဆောင်​သို့​သွား​ရောက်ကြ​၏။- \v 16 ထို​အ​ချိန်​၌ဒါ​ဝိဒ်​သည်​အ​ခိုင်​အ​မာ​ခံ တပ်​တည်​ထား​သော​တောင်​ကုန်း​တစ်​ခု​ပေါ် တွင်​ရှိ​၍ ဖိ​လိတ္တိ​အ​မျိုးသား​တစ်​စု​က​လည်း ဗက်​လင်​မြို့ကို​ဝင်​ရောက်​သိမ်း​ပိုက်​၍​ထား ကြ​၏။- \v 17 ဒါ​ဝိဒ်​မင်း​သည်​ပြည်​တော်​ကို​လွမ်း​ဆွတ် တော်​မူ​သ​ဖြင့်``ငါ့​အား​ဗက်​လင်​မြို့တံ​ခါး အ​နီး​ရှိ​ရေ​တွင်း​မှ​သောက်​ရေတစ်​ပေါက် လောက်​ယူ​ဆောင်​ပေး​မည့်​သူ​ရှိ​လျှင် အ​ဘယ် မျှ​ကောင်း​လိမ့်​မည်​နည်း'' ဟု​တောင့်တ​ပြော ဆို​တော်​မူ​၏။- \v 18 ထို​အ​ခါ​နာ​မည်​ကျော်​သူ​ရဲကောင်း​သုံး ယောက်​တို့သည် ဖိ​လိတ္တိ​အ​မျိုးသား​တပ်​စ​ခန်း ကို​ဖောက်​ထွင်း​ပြီးလျှင်ရေတွင်း​မှ​ရေ​အ​နည်း ငယ်​ကို​ခပ်​ယူ​၍​ဒါ​ဝိဒ်​မင်း​ထံ​ယူ​ဆောင်​ခဲ့ ကြ​၏။ သို့ရာတွင်​မင်း​ကြီးသည်​ထို​ရေကို သောက်​တော်​မ​မူ​လို။ ယင်း​ကို​သောက်​မည့် အ​စား​ထာ​ဝ​ရဘု​ရား​အား​ပူ​ဇော်​သည့် အ​နေ​ဖြင့်​သွန်း​လောင်း​လေ​၏။- \v 19 ထို့နောက်​မင်း​ကြီး​က``ငါ​သည်​ဤ​ရေကို အ​ဘယ်​နည်း​နှင့်​မျှ​မ​သောက်​နိုင်၊ သက်​စွန့် ကြိုးပမ်း​အ​မှုတော်​ထမ်း​ကြ​သူ​တို့၏ သွေး​ကို​သောက်​သည်​နှင့်​တူ​လိမ့်​မည်'' ဟု မိန့်တော်​မူ​လျက်​ထို​ရေကို​မ​သောက်​ဘဲ နေ​တော်​မူ​၏။ ဤ​ကား​နာ​မည်​ကျော်​သူ​ရဲ ကောင်း​သုံး​ယောက်​တို့၏​စွန့်စား​ခန်း​တစ် ရပ်​ဖြစ်​သ​တည်း။ \p \v 20 ယွာ​ဘ​၏​ညီ​အ​ဘိ​ရှဲ​သည်​နာ​မည်​ကျော် ရဲဘော်​သုံး​ကျိပ်​၏​ခေါင်း​ဆောင်​ဖြစ်​၏။ သူ သည်​လူ​သုံး​ရာ​ကို​လှံ​နှင့်​ထိုး​သတ်​တိုက် ခိုက်​ခဲ့​သ​ဖြင့်​ရဲဘော်​သုံး​ကျိပ်​တို့တွင် နာ​မည်​ကြီး၍​လာ​၏။- \v 21 သူ​သည်​ရဲ​ဘော်​သုံး​ကျိပ်​တို့​တွင်​နာ​မည် အ​ကြီးဆုံး​ဖြစ်​၍ သူ​တို့၏ခေါင်း​ဆောင် ဖြစ်​လာ​လေ​သည်။ သို့ရာ​တွင်​သူ​ရဲ​ကောင်း သုံး​ယောက်​လောက်​နာ​မည်​မ​ကြီး​ချေ။ \p \v 22 ကပ်​ဇေ​လ​မြို့မှ​ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ သည် နာ​မည်​ကျော်​စစ်​သူ​ရဲတစ်​ဦး​ဖြစ်​၏။ သူ သည်​ရဲဝံ့​စွန့်​စား​မှုအ​မြောက်​အ​များ​ကို ပြုခဲ့​၏။ ယင်း​အ​မှုတို့တွင်​အ​လွန်​ကြီး​မား သော​မော​ဘ​အ​မျိုးသား​နှစ်​ယောက်​ကို​သတ် သော​ကိစ္စ​လည်း​ပါ​၏။ အ​ခါ​တစ်​ပါး​က​သူ သည်​မိုး​ပွင့်​ကျ​သည့်​နေ့တစ်​နေ့၌​သား​ရဲ တွင်း​တစ်​ခု​သို့ဝင်​၍​ခြင်္သေ့​တစ်​ကောင်​ကို သတ်​ခဲ့​၏။- \v 23 အ​လွန်​ကြီး​မား​သော​လှံ​ကို​ဆောင်​ထား​သူ အ​မြင့်​ခု​နစ်​ပေ​ခွဲ​ရှိ အီ​ဂျစ်​အ​မျိုးသား ကြီးတစ်​ယောက်​ကို​လည်း​သတ်​ခဲ့​၏။ ဗေ​နာ​ယ သည်​တင်း​ပုတ်​ဖြင့်​တိုက်​ခိုက်​ကာ​သူ​၏​လက် မှ​လှံ​ကြီး​ကို​လု​ယူ​လိုက်​၏။ ထို့​နောက်​ထို လှံ​ဖြင့်​ပင်​လျှင်​သူ၏​အား​အ​ဆုံး​စီ​ရင် လေ​တော့​သည်။- \v 24 ဤ​အ​မှုများ​သည်​ရဲ​ဘော်​သုံး​ကျိပ်​တွင် ပါ​ဝင်​သူ ဗေ​နာ​ယ​၏​စွန့်​စား​ခန်း​များ ဖြစ်​လေ​သည်။- \v 25 သူ​သည်​ရဲဘော်​သုံး​ကျိပ်​တို့​တွင်​ထူး​ချွန် သူ​ဖြစ်​သော်​လည်း သူ​ရဲ​ကောင်း​သုံး​ယောက် လောက်​နာ​မည်​မ​ကြီး​ချေ။ ဒါ​ဝိဒ်​မင်း​သည် သူ့​အား​ကိုယ်​ရံ​တော်​တပ်​မှူး​အ​ဖြစ်​ဖြင့် ခန့်​အပ်​တော်​မူ​၏။ \p \v 26-47 ထူး​ချွန်​သော​အ​ခြား​စစ်​သူ​ရဲများ​စာ​ရင်း မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ \q1 ယွာ​ဘ​၏​ညီ၊အာ​သ​ဟေ​လ။ \q1 ဗက်​လင်​မြို့​သား၊ဒေါ​ဒေါ​၏​သား​ဧ​လ​ဟာ​နန်။ \q1 ဟေ​ရောဒိ​မြို့​သား၊ရှမ္မ။ \q1 ဖာ​လ​တိ​မြို့​သား​ဟေ​လက်။ \q1 တေ​ကော​မြို့သား​ဣ​ကေ​ရှ​၏​သား​ဣ​ရ။ \q1 အ​နေ​သော​သိ​မြို့သား​အ​ဗျေ​ဇာ။ \q1 ဟု​ရှ​သိ​မြို့သား​သိ​ဗေ​ကဲ။ \q1 အ​ဟော​ဟိ​မြို့သားဣ​လဲ။ \q1 နေ​တော​ဖာ​သိ​မြို့သား​မ​ဟာ​ရဲ၊ \q1 နေ​တော​ဖာ​သိ​မြို့သား​ဗာ​န​၏​သား ဟေ​လက်။ \q1 ဗင်္ယာမိန်​ပြည်​ဂိ​ဗာ​မြို့​သား​ရိ​ဘဲ​၏​သား​ဣတ္တဲ။ \q1 ပိ​ရသော​နိ​မြို့​သား​ဗေ​နာ​ယ။ \q1 ဂါ​ရှ​မြို့​အ​နီး​ချိုင့်​ဝှမ်း​များ​မှ​ဟု​ရဲ။ \q1 အာ​ဗ​သိ​မြို့​သား​အ​ဗျေ​လ။ \q1 ဗာ​ဟု​မိ​မြို့သား​အာ​ဇ​မာ​ဝက်။ \q1 ရှာ​လ​ဗော​နိ​မြို့​သား​ဧ​လျာ​ဘ။ \q1 ဂိ​ဇော​နိ​မြို့သား​ယာ​ရှင်။ \q1 ဟာ​ရာ​မြို့​သား​ရှာ​ဂဲ​၏​သား​ယော​န​သန်။ \q1 ဟာ​ရာ​မြို့သား​စာ​ကာ​ရ၏​သား​အ​ဟိ​အံ။ \q1 ဥ​ရ၏​သား​ဧလိ​ဖ​လ။ \q1 မေ​ခေ​ရသိ​မြို့​သား​ဟေ​ဖာ။ \q1 ပေ​လော​နိ​မြို့သား​အ​ဟိ​ယ။ \q1 က​ရ​မေ​လ​မြို့သား​ဟေ​ဇ​ရဲ။ \q1 ဧဇ​ပဲ​၏​သား​နာ​ရဲ။ \q1 နာ​သန်​၏ညီ​ယော​လ။ \q1 ဟ​ဂ္ဂေ၏​သား​မိ​ဗ​ဟာ။ \q1 အမ္မုန်​မြို့​သား​ဇေ​လက်။ \q1 ယွာ​ဘ​၏လက်​နက်​ကိုင်​ဆောင်​သူ ဗေ​ရောသိ​မြို့​သား​န​ဟာ​ရဲ။ \q1 ဣ​သ​ရိမြို့​သား​ဣရနှင့်​ဂါ​ရက်။ \q1 ဟိတ္တိ​လူ​မျိုး​ဥရိယ။ \q1 အာ​လဲ​၏​သား​ဇာ​ဗဒ်။ \q1 ရှိ​ဇ​၏သား​အ​ဒိ​န(သူ​သည်​ရု​ဗင်​အ​နွယ်​မှ \q1 ဦး​စီး​ခေါင်းဆောင်​တစ်​ဦး​ဖြစ်​၍ လူ​သုံး​ကျိပ်​ရှိ \q1 တပ်​စိပ်​တစ်​စိပ်​အုပ်​ချုပ်ရသူ​ဖြစ်​၏။) \q1 မာ​ခါ​၏သား​ဟာ​နန်။ \q1 မိ​သ​နိ​မြို့သား​ယော​ရှ​ဖတ်။ \q1 အာ​ရှ​တ​ယော​သိ​မြို့သား​သြ​ဇိ။ \q1 အာ​ရော်​မြို့​မှ​ဟော​သန်​၏​သား​များ​ဖြစ် ကြ​သော ရှာ​မ​နှင့်​ယေ​ဟေ​လ။ \q1 တိ​ဇိ​မြို့သား​ရှိ​မ​ရိ​၏​သား​များ​ဖြစ်​ကြ​သော ယေ​ဒျေ​လ​နှင့်​ယော​ဟ။ \q1 မ​ဟာ​ဝိ​မြို့သား​ဧ​လျေ​လ။ \q1 ဧလ​နန်​၏​သား​များ​ဖြစ်​ကြ​သော ယေ​ရိ​ဗဲ​နှင့်​ယော​ရှ​ဝိ၊မော​ဘ​မြို့​သား​ဣသ​မ။ \q1 မေ​ဇော​ဗိတ်​မြို့သား​ဧ​လျေ​လ၊သြ​ဗက်​နှင့် ယာ​သေ​လ​တို့​ဖြစ်​ကြ​၏။ \c 12 \s1 ဗင်္ယာ​မိန်​အ​နွယ်​မှ​ဒါ​ဝိဒ်​မင်း​၏​နောက်​သို့ အ​ဦး​အ​ဖျား​လိုက်​ကြ​သူ​များ \p \v 1-2 ဒါ​ဝိဒ်​သည်​ရှော​လု​မင်း​ထံ​တော်​မှ​ထွက်​ပြေး တိမ်း​ရှောင်​နေ​ချိန်​၌ ဇိ​က​လတ်​မြို့​တွင်​နေ​ထိုင် ၏။ ထို​အ​ခါ​လူ​အ​များ​ပင်​သူ​၏​ဘက်​သို့ ဝင်​ရောက်​လာ​ကြ​၏။ ထို​သူ​အ​ပေါင်း​တို့​သည် ရှော​လု​နှင့်​ဆွေ​မျိုး​တော်​စပ်​သည့်​ဗင်္ယာ​မိန် အ​နွယ်​ဝင်​မှ စစ်​ရည်​ဝ​၍​အား​ကိုး​အား​ထား လောက်​သော​စစ်​သူ​ရဲ​များ​ဖြစ်​သ​တည်း။ သူ တို့​သည်​လက်ယာ​လက်​ဖြင့်​သော်​လည်း​ကောင်း၊ လက်​ဝဲ​လက်​ဖြင့်​သော်​လည်း​ကောင်း လောက်​လွှဲ နှင့်​လေး​ကို​ပစ်​ခတ်​နိုင်​ကြ​၏။- \v 3-7 သူ​တို့​၏​တပ်​မှူး​များ​မှာ​ဂိ​ဗာ​မြို့​သား ရှေ​မာ​၏​သား​ဖြစ်​ကြ​သော အ​ဟေ​ဇာ​နှင့် ယော​ရှ​တို့​ဖြစ်​ကြ​၏။ \q1 စစ်​သူ​ရဲ​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ \q1 အာ​ဇ​မာ​ဝက်​၏​သား​များ​ဖြစ်​ကြ​သော ယေ​ဇေ​လ​နှင့်​ပေ​လက်။ \q1 အ​န​သုတ်​မြို့​သား​ဗေ​ရာ​ခ​နှင့်​ယေ​ဟု။ \q1 ရဲ​ဘော်​သုံး​ကျိပ်​၏​ခေါင်း​ဆောင်​တစ်​ဦး​ဖြစ်​သူ \q1 ဂိ​ဗောင်​မြို့​သား​နာ​မည်​ကျော်​စစ်​သူ​ရဲ​ဣ​ရှ​မာ​ယ။ \q1 ဂေ​ဒ​ရ​မြို့​သား​များ​ဖြစ်​ကြ​သော​ယေ​ရ​မိ၊ ယ​ဟာ​ဇေ​လ၊ယော​ဟ​နန်​နှင့်​ယော​ဇ​ဗဒ်။ \q1 ဟ​ရု​ဖိ​မြို့​သား​များ​ဖြစ်​ကြ​သော​ဧ​လု​ဇဲ၊ ယေ​ရိ​မုတ်၊ ဗာ​လျာ၊ရှေ​မ​ရိ​နှင့်​ရှေ​ဖ​တိ။ \q1 ကော​ရ​သား​ချင်း​စု​မှ​ဧ​လ​ကာ​န၊ယေ​ရှာ၊ အာ​ဇ​ရေ​လ၊ယော​ဇာ​နှင့်​ယာ​ရှော​ဗ။ \q1 ဂေ​ဒေါ်​မြို့​သား​ယေ​ရော​ဟံ​၏​သား​များ ဖြစ်​ကြ​သော ယော​လာ​နှင့်​ဇေ​ဗ​ဒိ​တို့​ဖြစ်​ကြ​၏။ \s1 ဂဒ်​အ​နွယ်​မှ​ဒါ​ဝိဒ်​၏​နောက်​သို့​လိုက်​ကြ​သူ​များ \p \v 8 ဒါ​ဝိဒ်​သည်​သဲ​ကန္တာ​ရ​ရဲ​တိုက်​တွင်​ရှိ​နေ​စဉ် အ​ခါ သူ​၏​တပ်​မ​တော်​သို့​ဝင်​ရောက်​လာ​ကြ သူ​နာ​မည်​ကျော်​စစ်​ရည်​ဝ​သူ​ရဲ​တို့​မှာ​အောက် ပါ​အ​တိုင်း​ဖြစ်​၏။ ထို​သူ​တို့​သည်​ခြင်္သေ့​ကဲ့ သို့​ကြောက်​မက်​ဖွယ်​သဏ္ဌာန်​ကို​ဆောင်​လျက် ဒိုင်း​လွှား​အ​တတ်၊ လှံ​အ​တတ်​တို့​တွင်​အ​ထူး ကျွမ်း​ကျင်​သူ​များ​ဖြစ်​ကြ​၏။ တောင်​ပေါ် ဒ​ရယ်​ကဲ့​သို့​လည်း​လျင်​မြန်​ဖြတ်​လတ် ကြ​၏။- \v 9-13 ရာ​ထူး​ကြီး​ငယ်​အ​လိုက်​သူ​တို့​၏​နာ​မည် များ​မှာ​ဧ​ဇာ၊ သြ​ဗ​ဒိ၊ ဧ​လျာ​ဘ၊ မိ​ရှ​မန္န၊ ယေ​ရ​မိ၊ အတ္တဲ၊ ဧ​လျေ​လ၊ ယော​ဟ​နန်၊ ဧ​လ ဇာ​ဗဒ်၊ ယေ​ရ​မိ၊ မာ​ခ​ဗာ​နဲ​ဟူ​၍​ဖြစ်​သ​တည်း။ \p \v 14 ဂဒ်​အ​နွယ်​ဝင်​မှ​ထို​သူ​အ​ချို့​တို့​သည်​တစ် ထောင်​တပ်​ကို​အုပ်​ချုပ်​ရ​သူ၊ အ​ချို့​မှာ​တစ် ရာ​တပ်​ကို​အုပ်​ချုပ်​ရ​သူ​တပ်​မှူး​များ​ဖြစ် ကြ​၏။- \v 15 ထို​နှစ်​၏​ပ​ထ​မ​လ​၌​ယော်​ဒန်​မြစ်​ရေ​လျှံ သော​အ​ခါ သူ​တို့​သည်​မြစ်​ကို​ဖြတ်​ကူး​ပြီး နောက် မြစ်​၏​အ​ရှေ့​နှင့်​အ​နောက်​ဘက်​ရှိ​ချိုင့် ဝှမ်း​များ​တွင် နေ​ထိုင်​ကြ​သူ​တို့​ကို​ထွက်​ပြေး စေ​ကြ​၏။ \s1 ဗင်္ယာ​မိန်​နှင့်​ယု​ဒ​အ​နွယ်​ဝင်​တို့​မှ​ဒါ​ဝိဒ်​၏ နောက်​သို့​လိုက်​ကြ​သူ​များ \p \v 16 အ​ခါ​တစ်​ပါး​၌​ဗင်္ယာ​မိန်​နှင့်​ယု​ဒ​အ​နွယ် ဝင်​တို့​မှ လူ​အ​ချို့​တို့​သည်​ဒါ​ဝိဒ်​မင်း​ရှိ​ရာ ရဲ​တိုက်​သို့​လာ​သော​အ​ခါ၊- \v 17 ဒါ​ဝိဒ်​မင်း​သည်​သူ​တို့​အား​ခရီး​ဦး​ကြို​ပြု လျက်``သင်​တို့​သည်​မိတ်​ဆွေ​အ​ဖြစ်​ဖြင့်​ငါ့ ကို​ကူ​ညီ​ရန်​လာ​ရောက်​ကြ​ခြင်း​ဖြစ်​ပါ​မူ ငါ​သည်​သင်​တို့​အား​ကြို​ဆို​လက်​ခံ​ပါ​၏။ ငါ​တို့​ဘက်​သို့​ဝင်​ကြ​လော့။ သို့​ရာ​တွင်​သင် တို့​သည်​ငါ့​အား​ရန်​သူ​များ​လက်​သို့​အပ် ရန်​လာ​လျှင်​မူ​ကား ငါ​သည်​သင်​တို့​အား အ​နာ​တ​ရ​ပြု​မည်​မ​ဟုတ်​သော်​လည်း ငါ တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သည်​သင်​တို့​ပြု သည့်​အ​မှု​ကို​မြင်​တော်​မူ​၍ သင်​တို့​အား အပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။ \p \v 18 ဘု​ရား​သ​ခင်​ထံ​တော်​မှ​ဝိ​ညာဉ်​တော်​သည် အာ​မ​သဲ​အ​ပေါ်​သို့​သက်​ရောက်​ကာ​နောင် အ​ခါ​၌ ရဲ​ဘော်​သုံး​ကျိပ်​တို့​၏​တပ်​မှူး ဖြစ်​လာ​သူ​အာ​မ​သဲ​က၊ \q1 ``ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​မင်း၊ကျွန်​တော်​တို့​သည် အ​ရှင်​၏​ဘက်​တော်​သား​များ​ဖြစ်​ကြ​ပါ​၏။ \q1 ဘု​ရား​သ​ခင်​သည်​အ​ရှင်​၏​ဘက်​၌​ရှိ​ပါ​၏။ \q1 အ​ရှင်​နှင့်​တ​ကွ​အ​ရှင့်​အား​ကူ​ညီ​ကြ​သူ​တို့ သည် \q1 အောင်​မြင်​ကြ​ပါ​စေ​သော'' ဟု​ဟစ်​အော် လျှောက်​ထား​၏။ \m ဒါ​ဝိဒ်​သည်​ထို​သူ​တို့​ကို​လက်​ခံ​လျက် မိ​မိ တပ်​တွင်​အ​ရာ​ရှိ​များ​အ​ဖြစ်​ခန့်​အပ်​လေ​၏။ \s1 မ​နာ​ရှေ​သား​ချင်း​မှ​ဒါ​ဝိဒ်​၏​နောက်​သို့ လိုက်​ကြ​သူ​များ \p \v 19 ဒါ​ဝိဒ်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​များ​နှင့် အ​တူ ရှော​လု​မင်း​ကို​တိုက်​ရန်​စစ်​ချီ​သွား သော​အ​ခါ မ​နာ​ရှေ​အ​နွယ်​ဝင်​စစ်​သူ​ရဲ အ​ချို့​တို့​သည် ဒါ​ဝိဒ်​ဘက်​သို့​ဝင်​ရောက်​လာ ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့ က​ဒါ​ဝိဒ်​သည် မိ​မိ​၏​အ​ရှင်​ဟောင်း​ရှော​လု ဘက်​သို့​ပါ​၍​သူ​တို့​ကို​သစ္စာ​ဖောက်​လိမ့်​မည် ဟု​စိုး​ရိမ်​သ​ဖြင့် သူ့​အား​ဇိ​က​လတ်​မြို့​သို့ ပြန်​လွှတ်​လိုက်​ကြ​၏။ ထို့​ကြောင့်​ဒါ​ဝိဒ်​သည် စင်​စစ်​အား​ဖြင့် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ဘက်​မှ​ကူ​၍​စစ်​မ​တိုက်​ခဲ့​ရ​ပေ။- \v 20 ဇိ​က​လတ်​မြို့​သို့​ဒါ​ဝိဒ်​ပြန်​သွား​ချိန်​၌​မ​နာ ရှေ​အ​နွယ်​ဝင်​မှ သူ​၏​ဘက်​သို့​ဝင်​ရောက်​လာ သည့်​စစ်​သူ​ရဲ​များ​မှာ​အာ​ဒ​န၊ ယော​ဇ​ဗဒ်၊ ယေ​ဒ​ယေ​လ၊ မိက္ခေ​လ၊ ယော​ဇ​ဗဒ်၊ ဧ​လိ​ဟု နှင့်​ဇိ​လ​သဲ​တို့​ဖြစ်​ကြ​၏။ သူ​တို့​အား​လုံး သည်​မ​နာ​ရှေ​အ​နွယ်​တွင်​တစ်​ထောင်​တပ် တပ်​မှူး​များ​ဖြစ်​ကြ​သ​တည်း။- \v 21 သူ​တို့​သည်​ထူး​ချွန်​သော​စစ်​သူ​ရဲ​များ​ဖြစ် သ​ဖြင့် ဒါ​ဝိဒ်​၏​တပ်​သား​တို့​ကို​အုပ်​ချုပ်​သူ အ​ရာ​ရှိ​များ​အ​ဖြစ်​ဖြင့်​အ​မှု​ထမ်း​ရ​ကြ ၏။ နောင်​အ​ခါ​၌​သူ​တို့​သည်​ဣ​သ​ရေ​လ တပ်​မ​တော်​တွင်​အ​ရာ​ရှိ​များ​ဖြစ်​လာ​ကြ လေ​သည်။- \v 22 နေ့​တိုင်း​လို​ပင်​ဒါ​ဝိဒ်​၏​တပ်​ဖွဲ့​ထဲ​သို့​လူ​သစ် များ​ဝင်​ရောက်​လာ​ကြ​သ​ဖြင့် သူ​၏​တပ်​မ​တော် သည်​အ​လွန်​အင်​အား​ကြီး​မား​လာ​လေ​သည်။ \s1 ဒါ​ဝိဒ်​တပ်​ဖွဲ့​ဝင်​များ​စာ​ရင်း \p \v 23-37 ထာ​ဝ​ရ​ဘု​ရား​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ရှော​လု​မင်း​၏​နေ​ရာ​တွင်​ဒါ​ဝိဒ်​အား​မင်း မြှောက်​နိုင်​ရေး​အ​တွက်​ကူ​ညီ​ဆောင်​ရွက်​ရန် စစ်​အ​တတ်​ကို​လေ့​ကျင့်​ပြီး​သော​စစ်​သူ​ရဲ အ​များ​ပင်​သူ​၏​တပ်​မ​တော်​သို့​ဝင်​ရောက် လာ​ကြ​၏။ ထို​သူ​တို့​၏​အ​ရေ​အ​တွက်​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ \p ဒိုင်း​လွှား​များ​နှင့်​လှံ​များ​ကိုင်​ဆောင်​လျက် စစ်​လက်​နက်​အ​ပြည့်​အ​စုံ​ပါ​သော​ယု​ဒ အ​နွယ်​ဝင်​စစ်​သူ​ရဲ​ခြောက်​ထောင့်​ရှစ်​ရာ။ \q1 ကောင်း​စွာ​လေ့​ကျင့်​ပြီး​သူ​ရှိ​မောင်​အ​နွယ် ဝင် စစ်​သူ​ရဲ​ခု​နစ်​ထောင့်​တစ်​ရာ။ \q1 လေ​ဝိ​အ​နွယ်​ဝင်​လူ​ပေါင်း​လေး​ထောင့်​ခြောက်​ရာ။ \q1 အာ​ရုန်​မှ​ဆင်း​သက်​သော​ယော​ယ​ဒ​၏​နောက်​လိုက် လူ​ပေါင်း​သုံး​ထောင့်​ခု​နစ်​ရာ။ \q1 စစ်​တိုက်​ကောင်း​သူ၊လု​လင်​ပျို​ဇာ​ဒုတ်​၏​ဆွေ​မျိုး၊ ခေါင်း​ဆောင်​နှစ်​ဆယ့်​နှစ်​ဦး။ \p ရှော​လု​၏​အ​နွယ်​စု​ဖြစ်​သော​ဗင်္ယာ​မိန်​အ​နွယ်​ဝင် လူ​ပေါင်း​သုံး​ထောင်။ (ဗင်္ယာ​မိန်​အ​နွယ်​မှ​လူ​များ​စု သည်​ရှော​လု​မင်း​၏​သစ္စာ​တော်​ကို​စောင့်​သိ​ကြ​သူ များ​ဖြစ်​၏။) \p ဧ​ဖ​ရိမ်​စစ်​သူ​ရဲ​နှစ်​သောင်း​ရှစ်​ရာ။ သူ​တို့​သည် မိ​မိ​တို့​သား​ချင်း​စု​တွင်​နာ​မည်​ကျော်​သူ များ​တည်း။ \p အ​နောက်​ပိုင်း​မ​နာ​ရှေ​အ​မျိုး​သား​များ​မှ ဒါ​ဝိဒ်​အား​မင်း​မြှောက်​နိုင်​ရေး​အ​တွက်​သွား ရောက်​ဆောင်​ရွက်​ရန် ရွေး​ချယ်​ထား​သူ​လူ​ပေါင်း တစ်​သောင်း​ရှစ်​ထောင်။ \p ဣ​သ​ခါ​အ​နွယ်​ဝင်​ခေါင်း​ဆောင်​နှစ်​ရာ​နှင့် သူ​တို့ ၏​နောက်​လိုက်​များ (ဤ​ခေါင်း​ဆောင်​များ​သည် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ပြု​အပ်​သော​အ​မှု​နှင့်​ပြု ရန် အ​ချိန်​ကာ​လ​ကို​သိ​ရှိ​သူ​များ​ဖြစ်​ကြ​၏။) \p ယုံ​ကြည်​စိတ်​ချ​ရ​၍​သစ္စာ​ရှိ​သူ​ဇာ​ဗု​လုန် အ​နွယ်​ဝင်​လူ​ငါး​သောင်း။ သူ​တို့​သည်​စစ်​တိုက် ရန်​အ​ဆင်​သင့်​ရှိ​ကြ​လျက်​လက်​နက်​မျိုး​စုံ ကို​ကိုင်​ဆောင်​တတ်​သူ​များ​ဖြစ်​ကြ​၏။ \p ဒိုင်း​လွှား၊ လှံ​တံ​ကိုင်​ဆောင်​သူ​လူ​သုံး​သောင်း​ခု​နစ် ထောင်​နှင့်​တ​ကွ န​ဿ​လိ​အ​နွယ်​ဝင်​ခေါင်း​ဆောင် တစ်​ထောင်။ စစ်​အ​တတ်​ကို​လေ့​ကျင့်​ထား​ပြီး​သူ၊ \p ဒန်​အ​နွယ်​ဝင်​စစ်​သူ​ရဲ​နှစ်​သောင်း​ရှစ်​ထောင်​ခြောက် ရာ။ \p တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ရှိ​သူ​အာ​ရှာ​အ​နွယ်​ဝင် လူ​ပေါင်း​လေး​သောင်း။ \p ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ကမ်း​မှ​ရု​ဗင်၊ ဂဒ်​နှင့် အ​ရှေ့​မ​နာ​ရှေ​အ​နွယ်​ဝင်​များ​ထဲ​မှ​လက်​နက် မျိုး​စုံ​ကိုင်​ဆောင်​တတ်​သူ လူ​ပေါင်း​တစ်​သိန်း နှစ်​သောင်း​တို့​ဖြစ်​သ​တည်း။ \p \v 38 တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ရှိ​သော​ဤ​စစ်​သူ​ရဲ အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​အား​ဣ​သ​ရေ​လ​နိုင်​ငံ တစ်​ဝှမ်း​လုံး​ကို​အ​စိုး​ရ​သော​ဘု​ရင်​အ​ဖြစ်​ဖြင့် ချီး​မြှောက်​ကြ​ရန်​သန္နိ​ဋ္ဌာန်​ပြု​လျက်​ဟေ​ဗြုန်​မြို့ သို့​သွား​ကြ​၏။ ကျန်​ဣ​သ​ရေ​လ​ပြည်​သား အ​ပေါင်း​တို့​သည်​လည်း ထို​ရည်​ရွယ်​ချက် ဖြင့်​တစ်​စိတ်​တစ်​သ​ဘော​တည်း​ရှိ​ကြ​၏။- \v 39 သူ​တို့​သည်​မိ​မိ​တို့​၏​အ​မျိုး​သား​များ​ပြင် ဆင်​ကျွေး​မွေး​သော​အ​စား​အ​သောက်​များ​ကို စား​သောက်​ကာ သုံး​ရက်​တိုင်​တိုင်​ဒါ​ဝိဒ်​နှင့် အ​တူ​နေ​ကြ​၏။- \v 40 ဝေး​ကွာ​သော​ဣ​သ​ခါ​ခ​ရိုင်၊ ဇာ​ဗု​လုန်​ခ​ရိုင်​နှင့် န​ဿ​လိ​ခ​ရိုင်​မှ​စ​သော​မြောက်​ပိုင်း​အ​ရပ်​များ မှ​လူ​တို့​သည်​မုန့်​ညက်၊ သင်္ဘော​သ​ဖန်း​သီး၊ စ​ပျစ် ရည်​နှင့်​သံ​လွင်​ဆီ​တို့​ကို​မြည်း​များ၊ ကု​လား အုတ်​များ၊ လား​များ၊ နွား​များ​ဖြင့်​တင်​ဆောင် လာ​ကြ​၏။ သူ​တို့​သည်​သတ်​၍​စား​ရန်​အ​တွက် နွား​များ​နှင့်​သိုး​များ​ကို​လည်း​ယူ​ဆောင်​လာ လေ​သည်။ ဤ​အ​မှု​အ​ရာ​အ​ပေါင်း​အား​ဖြင့် နိုင်​ငံ​တစ်​ဝှမ်း​လုံး​ရှိ​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ပျော်​ရွှင်​ကြ​ပုံ​ကို​ထုတ်​ဖော်​၍​ပြ​သ​တည်း။ \c 13 \s1 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​မှ ပြောင်း​ရွှေ့​ခြင်း \r (၂ရာ၊ ၆:၁-၁၁) \p \v 1 ဒါ​ဝိဒ်​မင်း​သည်​တစ်​ထောင်​တပ်​နှင့် တစ်​ရာ​တပ် တို့​၏​တပ်​မှူး​အား​လုံး​နှင့်​ဆွေး​နွေး​တိုင်​ပင်​၏။- \v 2 ထို​နောက်​စု​ရုံး​လျက်​ရှိ​သော​ဣ​သ​ရေ​လ​ပြည် သား​တို့​အား``သင်​တို့​သ​ဘော​တူ​ညီ​၍​ငါ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​လည်း​အ​လို တော်​ရှိ​မည်​ဆို​ပါ​က ကျန်​ရှိ​နေ​သော​အ​ခြား ငါ​တို့​အ​မျိုး​သား​အ​ပေါင်း​နှင့်​မြို့​ရွာ​များ ရှိ​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင် များ​အား ဤ​အ​ရပ်​သို့​အ​ရောက်​စု​ဝေး​ကြ ရန်​စေ​တ​မန်​များ​လွှတ်​၍​ခေါ်​ဖိတ်​ကြ ကုန်​အံ့။- \v 3 ထို​နောက်​ရှော​လု​နန်း​စံ​ခဲ့​စဉ်​အ​ခါ​က လျစ် လူ​ရှု​ထား​ခဲ့​သည့်​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ငါ​တို့​သွား​၍​ယူ​ဆောင်​ကြ​ကုန် အံ့'' ဟု​ကြေ​ညာ​၏။- \v 4 လူ​တို့​သည်​ဤ​အ​ကြံ​ကို​နှစ်​သက်​သ​ဖြင့် သ​ဘော​တူ​လက်​ခံ​ကြ​၏။ \p \v 5 သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​တောင်​ဘက်​အီ​ဂျစ်​နယ် စပ်​မှ မြောက်​ဘက်​ဟာ​မတ်​တောင်​ကြား​လမ်း​သို့ တိုင်​အောင် နိုင်​ငံ​တစ်​ဝှမ်း​လုံး​မှ​ဣ​သ​ရေ​လ ပြည်​သား​အ​ပေါင်း​တို့​အား​လာ​ရောက်​စု​ဝေး ကြ​ရန်​ခေါ်​ယူ​လေ​သည်။ သူ​တို့​သည်​ကိ​ရ ယတ်​ယာ​ရိမ်​မြို့​မှ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ဆောင်​ယူ​ကြ​ရန်​စု​ဝေး​ကြ​၏။-\x + \xo 13:5 \xt ၁ရာ၊ ၇:၁-၂။\x* \v 6 ဒါ​ဝိဒ်​နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် ခေ​ရု​ဗိမ်​များ​ထက်​တွင်​စံ​ပယ်​တော်​မူ​သည့် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​နှင့်​ဆိုင်​သော ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ယူ​ဆောင်​ရန် ယု​ဒ​ပြည်​ရှိ​ဗာ​လာ​မြို့​တည်း ဟူ​သော​ကိ​ရိ​ယတ်​ယာ​ရိမ်​မြို့​သို့​သွား ကြ​၏။-\x + \xo 13:6 \xt ထွ၊ ၂၅:၂၂။\x* \v 7 သူ​တို့​သည်​အ​ဘိ​န​ဒပ်​၏​အိမ်​မှ ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ထုတ်​ယူ​ပြီး​နောက်​လှည်း​သစ် ပေါ်​သို့​တင်​ကြ​၏။ သြ​ဇ​နှင့်​အ​ဟိ​သြ​တို့ က​ထို​လှည်း​ကို​မောင်း​လျက်- \v 8 ဒါ​ဝိဒ်​နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့​က​အ​စွမ်း ကုန်​က​လျက် ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး ကူး​လျက်​လာ​ကြ​၏။ သူ​တို့​သည်​သီ​ချင်း​ဆို ၍​စောင်း၊ ပတ်​သာ၊ လင်း​ကွင်း​နှင့်​တံ​ပိုး​ခ​ရာ များ​ကို​တီး​မှုတ်​ကြ​၏။ \p \v 9 ထို​သူ​တို့​ခိ​ဒုန်​ကောက်​နယ်​တ​လင်း​သို့​ရောက် သော​အ​ခါ​နွား​တို့​သည်​ခြေ​ချော်​လဲ​သ​ဖြင့် သြ​ဇ​သည်​လက်​ကို​ဆန့်​၍​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ထိန်း​ထား​လိုက်​၏။- \v 10 ထာ​ဝ​ရ​ဘု​ရား​သည်​ထို​ခဏ​၌​အ​မျက်​ထွက် တော်​မူ​၍ သြ​ဇ​အား​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို တို့​ထိ​သည့်​အ​တွက်​သေ​ဒဏ်​ပေး​တော်​မူ​၏။ သြ​ဇ​သည်​ထို​အ​ရပ်​၌​ပင်​ဘုရား​သခင်​၏ ရှေ့​တော်​ဝယ်​သေ​လေ​၏။- \v 11 သို့​ဖြစ်​၍​ထို​အ​ရပ်​ကို​ပေ​ရ​ဇော​ဇ​ဟု​ယ​နေ့ တိုင်​အောင်​ခေါ်​ဝေါ်​သ​မုတ်​ကြ​သ​တည်း။ ယင်း သို့​သြ​ဇ​အား​ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော် ထွက်​၍ ဒဏ်​ခတ်​တော်​မူ​သည့်​အ​တွက်​ဒါ​ဝိဒ် သည်​စိတ်​နာ​လေ​၏။ \p \v 12 ထို့​နောက်​ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​ကို​ကြောက် ရွံ့​တော်​မူ​သ​ဖြင့်``ယ​ခု​ငါ​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​အ​ဘယ်​သို့​လျှင်​ယူ​ဆောင် ရ​ပါ​တော့​မည်​နည်း'' ဟု​ဆို​၍။- \v 13 သေတ္တာ​တော်​ကို​မိ​မိ​နှင့်​အ​တူ​ယေ​ရု​ရှ​လင်​မြို့ သို့​မ​ယူ​ဆောင်​တော့​ချေ။ ယင်း​သို့​ယူ​ဆောင်​မည့် အ​စား​သေတ္တာ​တော်​ကို​ဂိတ္တိ​မြို့​သား​သြ​ဗ ဒေ​ဒုံ​နာ​မည်​ရှိ​သူ​တစ်​ဦး​၏​အိမ်​၌​ထား​ခဲ့​၏။- \v 14 သေတ္တာ​တော်​သည်​ထို​အိမ်​တွင်​သုံး​လ​မျှ​ရှိ​နေ တော်​မူ​၍ ထာ​ဝ​ရ​ဘု​ရား​သည်​သြ​ဗ​ဒေ​ဒုံ​၏ အိမ်​ထောင်​စု​နှင့်​သူ​ပိုင်​ဆိုင်​သည့်​အ​ရာ​ရှိ​သ​မျှ တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​၏။\x + \xo 13:14 \xt ၅ရာ၊ ၂၆:၄-၅။\x* \c 14 \s1 ယေ​ရု​ရှ​လင်​မြို့​တွင်​ဒါ​ဝိဒ်​၏​လုပ်​ဆောင်​ချက်​များ \r (၂ရာ၊ ၅:၁၁-၁၆) \p \v 1 တု​ရု​မြို့​မှ​ဟိ​ရံ​မင်း​သည်​ဒါဝိဒ်​ထံ​သို့​ကုန်​သွယ် ရေး​သံ​တ​မန်​အ​ဖွဲ့​တစ်​ဖွဲ့​ကို​စေ​လွှတ်​ကာ နန်း တော်​တည်​ဆောက်​ရန်​အ​တွက်​အာ​ရဇ်​သစ်​များ နှင့်​တ​ကွ လက်​သ​မား​များ၊ ပန်း​ရံ​များ​ကို ပေး​ပို့​လိုက်​၏။- \v 2 သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​မိ​မိ​အား​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ခန့်​ထား တော်​မူ​ပြီ​ဖြစ်​ကြောင်း၊ မိ​မိ​၏​ပြည်​သူ​တို့ အ​ကျိုး​ငှာ​ဣ​သ​ရေ​လ​နိုင်​ငံ​ကို ချမ်း​သာ ကြွယ်​ဝ​စေ​တော်​မူ​ပြီ​ဖြစ်​ကြောင်း​သိ​ရှိ ရ​၏။ \p \v 3 ဒါ​ဝိဒ်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ထပ်​မံ​၍ လက်​ထပ်​ထိမ်း​မြား​မှု​များ​ကို​ပြု​သ​ဖြင့် သား​သ​မီး​များ​ထပ်​မံ​၍​ရ​ရှိ​လေ​သည်။- \v 4 ယေ​ရု​ရှ​လင်​မြို့​တွင်​ရ​ရှိ​သော​သား​တို့​၏ နာ​မည်​များ​မှာ​ရှမွာ၊ ရှော​ဗပ်၊ နာ​သန်၊ ရှော လ​မုန်၊- \v 5 ဣ​ဗ​ဟာ၊ ဧ​လိ​ရွှ၊ ဧ​လိ​ပ​လက်၊- \v 6 နော​ဂ၊ နေ​ဖက်၊ ယာ​ဖျာ၊ \m \v 7 ဧ​လိ​ရှ​မာ၊ ဧ​လျာ​ဒ​နှင့်​ဧ​လိ​ဖ​လက်​ဟူ​၍ ဖြစ်​၏။ \s1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​အ​နိုင်​ရ​တော်​မူ​ခြင်း \r (၂ရာ၊ ၅:၁၇-၂၅) \p \v 8 ဣ​သ​ရေ​လ​နိုင်​ငံ​တော်​တစ်​ဝှမ်း​လုံး​မှ​ဒါ​ဝိဒ် အား​မင်း​မြှောက်​လိုက်​ကြ​ကြောင်း ဖိ​လိတ္တိ​အ​မျိုး သား​တို့​ကြား​သိ​ကြ​သော​အ​ခါ ဒါ​ဝိဒ်​ကို​ဖမ်း ဆီး​ရန်​တပ်​ချီ​လာ​ကြ​၏။ သို့​ဖြစ်​၍​ဒါ​ဝိဒ် သည်​ထို​သူ​တို့​နှင့်​ရင်​ဆိုင်​ရန်​ထွက်​ခွာ​လာ​ခဲ့​၏။- \v 9 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရေ​ဖိမ်​ချိုင့်​ဝှမ်း​သို့ ရောက်​ရှိ​ကြ​သော​အ​ခါ လူ​တို့​အား​စ​တင်​တိုက် ခိုက်​လု​ယက်​ကြ​ကုန်​၏။- \v 10 ဒါ​ဝိဒ်​က``ကျွန်​တော်​မျိုး​သည်​ဖိ​လိတ္တိ​အ​မျိုး သား​တို့​ကို​တိုက်​ရ​ပါ​မည်​လော။ ကိုယ်​တော်​ရှင် သည်​ကျွန်​တော်​မျိုး​အား​အောင်​ပွဲ​ကို​ပေး​တော် မူ​ပါ​မည်​လော'' ဟု​ဘု​ရား​သခင်​အား​မေး လျှောက်​၏။ \p ထာ​ဝ​ရ​ဘု​ရား​က``တိုက်​လော့၊ ငါ​သည်​သင့် အား​အောင်​ပွဲ​ကို​ပေး​တော်​မူ​မည်'' ဟု​မိန့် တော်​မူ​၏။ \p \v 11 သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​ဗာ​လ​ပေ​ရ​ဇိမ်​မြို့​တွင် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​တိုက်​ခိုက်​ရာ​အ​နိုင် ရ​လေ​၏။ ဒါ​ဝိဒ်​က``ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ တပ်​ကို​မြစ်​ရေ​လျှံ​၍​ဖြို​ခွင်း​သ​ကဲ့​သို့ ငါ့​ကို အ​သုံး​ပြု​၍​ဖြို​ခွင်း​တော်​မူ​လေ​ပြီ'' ဟု​ဆို ၏။ သို့​ဖြစ်​၍​ထို​အ​ရပ်​ကို​ဗာ​လ​ပေ​ရ​ဇိမ်​မြို့ ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လေ​သည်။- \v 12 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ကိုး​ကွယ် သည့်​ရုပ်​တု​များ​ကို ထို​အ​ရပ်​တွင်​ထား​ရစ်​ခဲ့ ကြ​၏။ ဒါ​ဝိဒ်​သည်​လည်း​ယင်း​တို့​ကို​မီး​ရှို့ ပစ်​ရန်​အ​မိန့်​ပေး​တော်​မူ​၏။ \p \v 13 ထို​နောက်​များ​မ​ကြာ​မီ​ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည် ထို​ချိုင့်​ဝှမ်း​သို့​တစ်​ဖန်​ပြန်​လာ​ကြ လျက်​စတင်​လု​ယက်​တိုက်​ခိုက်​ကြ​ပြန်​၏။- \v 14 ဒါ​ဝိဒ်​သည်​လည်း​နောက်​တစ်​ကြိမ်​ဘု​ရား​သ​ခင် အား​လျှောက်​ထား​စုံ​စမ်း​ပြန်​၏။ ဘု​ရား​သ​ခင် က``သင်​သည်​ဤ​အ​ရပ်​မှ​နေ​၍​မ​တိုက်​နှင့်။ အ​ခြား​တစ်​ဖက်​သို့​လှည့်​၍​သွား​ပြီး​လျှင် သစ်​ဆီ​မွှေး​ပင်​များ​အ​နီး​မှ​နေ​၍​တိုက်​လော့။- \v 15 ငါ​သည်​ဖိ​လိတ္တိ​တပ်​ကို​ဖြို​ခွင်း​ရန်​သင်​တို့​၏ ရှေ့​မှ​ချီ​တက်​တော်​မူ​မည်​ဖြစ်​၍ သင်​တို့​သည် သစ်​ဆီ​မွှေး​ပင်​ထိပ်​ဖျား​များ​တွင်​စစ်​ချီ​သံ များ​ကို​ကြား​ရ​သော​အ​ခါ​တိုက်​ခိုက်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။- \v 16 ဒါ​ဝိဒ်​မင်း​သည်​ဘု​ရား​သခင်​မိန့်​တော်​မူ​သည် အ​တိုင်း​ပြု​၍ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို​ဂိ ဗောင်​မြို့​မှ​သည်​ဂါ​ဇေ​ရ​မြို့​သို့​တိုင်​အောင် နှင်​ထုတ်​တော်​မူ​၏။- \v 17 ဒါ​ဝိဒ်​မင်း​၏​ဂုဏ်​သ​တင်း​သည်​အ​ရပ်​တ​ကာ သို့​ပြန့်​နှံ့​၍​သွား​၏။ မင်း​ကြီး​အား​လူ​မျိုး တ​ကာ​တို့​ကြောက်​လန့်​လာ​ကြ​စေ​ရန် ထာ​ဝ​ရ ဘု​ရား​သည်​စီ​ရင်​တော်​မူ​သ​တည်း။ \c 15 \s1 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပြောင်း​ရွှေ့​ပင့်​ဆောင်​ရန် အ​သင့်​ပြင်​ဆင်​ခြင်း \p \v 1 ဒါ​ဝိဒ်​သည်​မိ​မိ​၏​အ​တွက်​အိမ်​တော်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​တွင်​တည်​ဆောက်​၏။ ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွက်​လည်း နေ​ရာ​တစ်​နေ​ရာ​ကို​အ​သင့်​ပြင်​ဆင်​ကာ တဲ​တော်​တစ်​ဆောင်​ကို​ဆောက်​လုပ်​လေ​သည်။- \v 2 ထို​နောက်​မင်း​ကြီး​က``ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ရန် နှင့် အ​စဉ်​အ​မြဲ​ကိုယ်​တော်​၏​အ​မှု​တော်​ကို ထမ်း​ဆောင်​ရန် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​သာ လျှင်​ရွေး​ချယ်​ခန့်​ထား​တော်​မူ​သည်​ဖြစ်​၍ ထို​သူ​တို့​သာ​လျှင်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ပင့်​ဆောင်​ရ​ကြ​ပေ​မည်'' ဟု​မိန့်​တော် မူ​လျက်၊-\x + \xo 15:2 \xt တရား၊ ၁၀:၈။\x* \v 3 မိ​မိ​အ​သင့်​ပြင်​ဆင်​ထား​သည့်​အ​ရပ်​သို့ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ရန် ယေ​ရု ရှ​လင်​မြို့​တွင်​ဣ​သ​ရေ​လ​ပြည်​သား​အ​ပေါင်း တို့​အား​စု​ရုံး​စေ​၏။- \v 4 ထို​နောက်​မင်း​ကြီး​သည်​အာ​ရုန်​၏​သား​မြေး များ​နှင့် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ခေါ်​ယူ​တော် မူ​၏။- \v 5 ကော​ဟတ်​သား​ချင်း​စု​မှ​လူ​တစ်​ရာ့​နှစ်​ဆယ် ကို​ခေါင်း​ဆောင်​၍​ဥ​ရေ​လ​သည်၊- \v 6 မေ​ရာ​ရိ​သား​ချင်း​စု​မှ​လူ​တစ်​ရာ့​နှစ်​ဆယ် ကို​ခေါင်း​ဆောင်​၍​အ​သာ​ယ​သည်၊- \v 7 ဂေ​ရ​ရှုံ​သား​ချင်း​စု​မှ​လူ​တစ်​ရာ့​သုံး​ဆယ် ကို​ခေါင်း​ဆောင်​၍​ယော​လ​သည်၊- \v 8 ဧ​လိ​ဇ​ဖန်​သား​ချင်း​စု​မှ​လူ​နှစ်​ရာ​ကို ခေါင်း​ဆောင်​၍​ရှေ​မာ​ယ​သည်၊- \v 9 ဟေ​ဗြုန်​သား​ချင်း​စု​မှ​လူ​ရှစ်​ဆယ်​ကို​ခေါင်း ဆောင်​၍​ဧ​လျေ​လ​သည်၊- \v 10 သြ​ဇေ​လ​သား​ချင်း​စု​မှ​လူ​တစ်​ရာ​တစ်​ဆယ့် နှစ်​ယောက်​ကို​ခေါင်း​ဆောင်​၍ အ​မိ​န​ဒပ်​ရောက် ရှိ​လာ​၏။ \p \v 11 ဒါ​ဝိဒ်​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သော ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ၊ လေ​ဝိ​အ​နွယ်​ဝင်​များ ဖြစ်​ကြ​သော​သြ​ရေ​လ၊ အ​သာ​ယ၊ ယော​လ၊ ရှေ​မာ​ယ၊ ဧ​လျေ​လ​နှင့်​အ​မိ​န​ဒပ်​တို့​ကို ခေါ်​ယူ​တော်​မူ​၍၊- \v 12 သူ​တို့​အား``သင်​တို့​သည်​လေ​ဝိ​သား​ချင်း​စု တို့​၏​ခေါင်း​ဆောင်​များ​ဖြစ်​ကြ​၏။ ငါ​အ​သင့် ပြင်​ဆင်​ထား​သည့်​ဌာ​န​တော်​သို့ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​လာ နိုင်​စေ​ရန် သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​လည်း ကောင်း၊ သင်​တို့​၏​ညီ​အစ်​ကို​များ​ဖြစ်​သော လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​လည်း​ကောင်း​သန့် စင်​စေ​ကြ​လော့။- \v 13 ပ​ထ​မ​အ​ကြိမ်​ပင့်​ဆောင်​စဉ်​အ​ခါ​က​သင် တို့​မ​ပါ​မ​ရှိ​ခဲ့​ကြ။ သို့​ဖြစ်​၍​ငါ​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား လျောက်​ပတ်​စွာ​ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို မ​ပြု​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ငါ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ခဲ့​၏'' ဟု​မိန့်​တော် မူ​လေ​သည်။ \p \v 14 ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​ပြောင်း​ရွှေ့​ပင့်​ဆောင်​နိုင် ရန် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​ကြ​ကုန်​၏။- \v 15 လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မော​ရှေ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း သေတ္တာ​တော်​ကို​ထမ်း​ပိုး​များ​ဖြင့်​ပ​ခုန်း​ထက် တွင်​ထမ်း​ကာ​ပင့်​ဆောင်​ခဲ့​ကြ​၏။\x + \xo 15:15 \xt ထွ၊ ၂၅:၁၄။\x* \p \v 16 ဒါ​ဝိဒ်​မင်း​သည်​စောင်း​များ၊ လင်း​ကွင်း​များ​ဖြင့် ပျော်​ရွှင်​ဖွယ်​ကောင်း​သော​သီ​ချင်း​များ​သီ​ဆို တီး​မှုတ်​ရန် လေ​ဝိ​အ​နွယ်​ဝင်​အ​သီး​သီး​တို့ ကို​တာ​ဝန်​ပေး​အပ်​မည့်​အ​ကြောင်း ထို​သူ​တို့ ၏​ခေါင်း​ဆောင်​များ​အား​အ​မိန့်​ပေး​တော်​မူ​၏။- \v 17-21 သူ​တို့​သည်​ကြေး​လင်း​ကွင်း​တီး​ရန်​အ​ဆို တော်​သား​ချင်း​စု​များ​မှ​ယော​လ​၏​သား ဟေ​မန်​နှင့် သူ​၏​ဆွေ​မျိုး​ဗေ​ရ​ခိ​၏​သား အာ​သပ်​နှင့်​မေ​ရာ​ရိ​သား​ချင်း​စု​မှ​ကု​ရှာ​ယ ၏​သား​ဧ​သန်​ကို​ရွေး​ချယ်​ကြ​၏။ ထို​သူ​တို့ ကို​ကူ​ညီ​ရာ​တွင်​အ​သံ​မြင့်​စောင်း​များ​ကို တီး​ရန်​ဇာ​ခ​ရိ၊ ဗင်​ယာ​ဇေ​လ၊ ရှေ​မိ​ရာ​မုတ်၊ ယေ​ဟေ​လ၊ ဥန္နိ၊ ဧ​လျာ​ဘ၊ ဗေ​နာ​ယ၊ မာ သေ​ယ၊ မတ္တိ​သိ၊ ဧ​လိ​ဖ​လေ၊ မိတ်​နေ​ယ ဟူ​သော​လေဝိ​အ​နွယ်​ဝင်​တို့​ကို​ရွေး​ချယ် ကြ​၏။ \p အ​သံ​နိမ့်​စောင်း​များ​တီး​ရန်​အ​တွက် မတ္တိ​သိ၊ ဧ​လိ​ဖ​လေ၊ မိတ်​နေ​ယ​နှင့်​ဗိ​မာန်​တော်​စောင့် သြ​ဗ​ဒေ​ဒုံ၊ ယေ​လ​နှင့်​အာ​ဇ​ဇိ​တို့​ကို ရွေး​ချယ်​ကြ​၏။ \p \v 22 ခေ​န​နိ​သည်​ဂီ​တ​ပ​ညာ​တွင်​ကျွမ်း​ကျင် သူ​ဖြစ်​သ​ဖြင့် သူ့​အား​လေ​ဝိ​ဂီ​တ​ပ​ညာ သည်​တို့​၏​ခေါင်း​ဆောင်​အ​ဖြစ်​ဖြင့်​ရွေး ချယ်​ခန့်​ထား​ကြ​၏။- \v 23-24 ဗေ​ရ​ခိ​နှင့်​ဧ​လ​ကာ​န​တို့​အား သြ​ဗ​ဒေ​ဒုံ၊ ယေ​ဟိ​တို့​နှင့်​အ​တူ ပ​ဋိ​ညာဉ်​သေတ္တာ​တော် တည်​ရာ​တဲ​တော်​တံ​ခါး​စောင့်​များ​အ​ဖြစ် ဖြင့်​ရွေး​ချယ်​ခန့်​ထား​ကြ​၏။ ယဇ်​ပု​ရော​ဟိတ် များ​ဖြစ်​ကြ​သော​ရှေ​ဗ​နိ၊ ယော​ရှ​ဖတ်၊ နာ​သ နေ​လ၊ အာ​မ​သဲ၊ ဇာ​ခ​ရိ၊ ဗေ​နာ​ယ၊ ဧ​လျေ​ဇာ တို့​အား​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​တံ​ပိုး ခ​ရာ​မှုတ်​ရန်​အ​တွက်​ရွေး​ချယ်​ခန့်​ထား ကြ​၏။ \s1 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ယေ​ရု​ရှ​လင်​မြို့​သို့ ပြောင်း​ရွှေ့​ပင့်​ဆောင်​ခြင်း \r (၂ရာ၊ ၆:၁၂-၂၂) \p \v 25 သို့​ဖြစ်​၍​ဒါဝိဒ်​မင်း​နှင့်​တ​ကွ​ဣ​သ​ရေ​လ ခေါင်း​ဆောင်​များ၊ စစ်​ဘက်​ဆိုင်​ရာ​တပ်​မှူး များ​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင် ရန်​အ​တွက်​သြ​ဗ​ဒေ​ဒုံ​၏​အိမ်​သို့​သွား​ကြ ပြီး​လျှင်​ခမ်း​နား​သော​ပွဲ​လမ်း​သ​ဘင်​တစ်​ရပ် ကို​ကျင်း​ပ​ကြ​၏။- \v 26 ဘု​ရား​သ​ခင်​သည်​သေတ္တာ​တော်​ကို​ပင့်​ဆောင် ကြ​သူ​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​မ​စ​တော် မူ​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​နွား​ထီး​ခု​နစ်​ကောင်​နှင့်​သိုး​ခု​နစ် ကောင်​ကို​ယဇ်​ပူ​ဇော်​ကြ​၏။- \v 27 ဒါ​ဝိဒ်​မင်း​သည်​အ​လွန်​ကောင်း​မွန်​သော​ပိတ် ချော​ထည်​ဝတ်​လုံ​ကို​ဝတ်​ဆင်​ထား​လေ​သည်။ ထို​နည်း​တူ​ဂီ​တ​ပ​ညာ​သည်​များ၊ သူ​တို့​၏ ခေါင်း​ဆောင်​ခေ​န​နိ​နှင့်၊ သေတ္တာ​တော်​ကို​ပင့် ဆောင်​ကြ​သူ​လေဝိ​အ​နွယ်​ဝင်​တို့​သည်​လည်း ဝတ်​ဆင်​ထား​သ​တည်း။ ဒါ​ဝိဒ်​သည်​ပိတ်​ချော သင်​တိုင်း​ကို​လည်း​ဝတ်​ထား​သေး​၏။- \v 28 ဤ​နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​ဝမ်း​မြောက်​စွာ​ကြွေး​ကြော် ကာ တံ​ပိုး​ခ​ရာ၊ လင်း​ကွင်း​နှင့်​စောင်း​များ​ကို တီး​မှုတ်​လျက်​ယေ​ရု​ရှ​လင်​မြို့​သို့​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ပင့်​ဆောင်​လာ​ကြ​၏။ \p \v 29 သေတ္တာ​တော်​ကို​မြို့​တွင်း​သို့​ပင့်​ဆောင်​လာ​စဉ် ရှော​လု​မင်း​၏​သ​မီး​တော်​မိ​ခါ​လ​သည် လေ သာ​ပြူ​တင်း​မှ​ကြည့်​လိုက်​သော​အ​ခါ ဝမ်း မြောက်​စွာ​က​ခုန်​လျက်​နေ​သော​ဒါ​ဝိဒ်​မင်း ကို​မြင်​လေ​သည်။ ထို​အ​ခါ​သူ​သည်​မင်း​ကြီး အား​ရွံ​ရှာ​စက်​ဆုပ်​စိတ်​ပေါ်​လာ​၏။ \c 16 \p \v 1 သူ​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ဒါ​ဝိဒ် မင်း​အ​သင့်​ပြင်​ဆင်​ထား​သည့်​တဲ​တော်​သို့ ပင့်​ဆောင်​ပြီး​နောက် ထို​တဲ​တော်​ထဲ​တွင်​ထား ရှိ​ကြ​၏။ ထို့​နောက်​မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ် သ​ဟာ​ယ​ယဇ်​တို့​ကို​ဘု​ရား​သ​ခင်​အား ပူ​ဇော်​ကြ​၏။- \v 2 ဒါ​ဝိဒ်​မင်း​သည်​ဤ​သို့​ယဇ်​များ​ကို​ပူ​ဇော် ပြီး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​လူ​တို့​အား​ကောင်း​ချီး ပေး​ပြီး​လျှင်၊- \v 3 အ​စား​အ​စာ​များ​ကို​ဝေ​ပေး​တော်​မူ​၏။ မင်း ကြီး​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​အ​မျိုး​သား အ​မျိုး​သ​မီး​အ​ပေါင်း​တို့​အား​မုန့်​တစ်​လုံး၊ အ​မဲ​သား​တစ်​တုံး​နှင့် စ​ပျစ်​သီး​ခြောက် အ​နည်း​ငယ်​စီ​ပေး​တော်​မူ​၏။ \p \v 4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့ တွင်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​၌​သီ​ချင်း​ဆို​ခြင်း၊ ဂုဏ်​တော်​ကို​ချီး​မွမ်း​ခြင်း​တို့​ဖြင့်​ဦး​ဆောင်​ရန် ဒါ​ဝိဒ်​မင်း​သည်​လေ​ဝိ​အ​နွယ်​ဝင်​အ​ချို့​တို့ ကို​ခန့်​ထား​တော်​မူ​၏။- \v 5 သူ​တို့​၏​ခေါင်း​ဆောင်​မှာ​အာ​သပ်​ဖြစ်​၍​သူ ၏​လက်​ထောက်​မှာ​ဇာ​ခ​ရိ​ဖြစ်​၏။ ယေ​လ၊ ရှေ​မိ၊ ရာ​မုတ်၊ ယေ​ဟေ​လ၊ မတ္တိ​သိ၊ ဧ​လျာ​ဘ၊ ဗေ​နာ​ယ၊ သြ​ဗ​ဒေ​ဒုံ​နှင့်​ယေ​လ​တို့​သည် စောင်း​များ​ကို​တီး​ရ​ကြ​၏။ အာ​သပ်​ကား လင်း​ကွင်း​ကို​တီး​ရ​၍၊- \v 6 ယဇ်​ပု​ရော​ဟိတ်​ဗေ​နာ​ယ​နှင့်​ယ​ဟာ​ဇေ​လ တို့​က​တံ​ပိုး​ခ​ရာ​များ​ကို​ပ​ဋိ​ညာဉ်​သေတ္တာ တော်​၏​ရှေ့​တွင်​အ​ချိန်​မှန်​မှန်​မှုတ်​ရ​ကြ​၏။- \v 7 ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု ၍​သီ​ချင်း​ဆို​ကြ​ရန် အာ​သပ်​နှင့်​မိ​မိ​၏​အ​ဖော် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို ဒါ​ဝိဒ်​မင်း​ပ​ထ​မ​ဆုံး အ​ကြိမ်​တာ​ဝန်​ပေး​ခြင်း​ပင်​ဖြစ်​သ​တည်း။ \s1 ထော​မ​နာ​သီ​ချင်း \r (ဆာ​လံ၊ ၁၀၅:၁-၁၅၊ ၉၆:၁-၁၃၊ ၁၀၆:၁, ၄၇-၄၈) \q1 \v 8 ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ကြ​လော့။ \q2 ကိုယ်​တော်​သည်​ကြီး​မြတ်​တော်​မူ​ကြောင်း​ကို ထုတ်​ဖော်​ကြေ​ညာ​ကြ​လော့။ \q1 ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို လူ​မျိုး​တ​ကာ​တို့​အား​ပြော​ကြား​ကြ​လော့။ \q1 \v 9 ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဘွယ်​ရာ​တို့ ကို ပြော​ကြား​လျက် \q2 ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​သီ​ချင်း​ဆို​၍ ချီး​မွမ်း​ကြ​လော့။ \q1 \v 10 ငါ​တို့​အား​ကိုယ်​တော်​ပိုင်​တော်​မူ​သည်​ဖြစ်​၍ ဝမ်း​မြောက်​ကြ​လော့။ \q2 ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​အ​ပေါင်း တို့​သည် ဝမ်း​မြောက်​ရွှင်​မြူး​ကြ​စေ။ \q1 \v 11 ကူ​မ​တော်​မူ​ရန်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ​လော့။ \q2 ကိုယ်​တော်​အား​အ​စဉ်​အ​မြဲ​ဝတ်​ပြု ကိုး​ကွယ်​ကြ​လော့။ \q1 \v 12-13 ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ယာ​ကုပ်​၏​သား မြေး​တို့၊ \q2 ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​သော ဣ​သ​ရေ​လ​၏​သား​မြေး​တို့၊ \q1 ကိုယ်​တော်​ပြ​တော်​မူ​သည့်​ကြီး​မြတ်​အံ့​သြ​ဖွယ် ကောင်း​သော​နိ​မိတ်​လက္ခ​ဏာ​တို့​ကို​လည်း​ကောင်း၊ \q2 ကိုယ်​တော်​ချ​မှတ်​တော်​မူ​သော​တ​ရား စီ​ရင်​ချက်​တို့​ကို​လည်း​ကောင်း \q1 အောက်​မေ့​သ​တိ​ရ​ကြ​လော့။ \q1 \v 14 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​၏။ \q2 ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​သည် ကမ္ဘာ​တစ်​ဝန်း​လုံး​အ​တွက်​ဖြစ်​၏။ \q1 \v 15-16 ထာ​ဝ​စဉ်​တည်​မြဲ​စေ​ရန်​ကိုယ်​တော်​ပြု​တော် မူ​သော ပ​ဋိ​ညာဉ်​တော်​တည်း​ဟူ​သော \q2 အာ​ဗြ​ဟံ​နှင့်​ကိုယ်​တော်​ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​တော်​ကို​လည်း​ကောင်း၊ \q1 ဣ​ဇာက်​အား​ပေး​တော်​မူ​သော​က​တိ​တော် ကို​လည်း​ကောင်း၊ \q2 အ​ဘယ်​အ​ခါ​၌​မျှ​မ​မေ့​မ​လျော့​ကြ​နှင့်။\x + \xo 16:15-16 \xt က၊ ၁၂:၇၊ ၂၆:၃။\x* \q1 \v 17 ထာ​ဝ​ရ​ဘု​ရား​သည်​ထာ​ဝ​စဉ်​တည်​မြဲ​မည့် ပ​ဋိ​ညာဉ်​တော်​ကို​ယာ​ကုပ်​နှင့်​ပြု​တော်​မူ​ခဲ့​၏။ \q1 \v 18 ကိုယ်​တော်​က``ခါ​နာန်​ပြည်​ကို​သင့်​အား​ငါ​ပေး​မည်။ \q2 သင်​သည်​ထို​ပြည်​ကို​အ​ပိုင်​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။\x + \xo 16:18 \xt က၊ ၂၈:၁၃။\x* \b \q1 \v 19 ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​သည် အ​ရေ​အ​တွက်​အား​ဖြင့်​နည်း​ပါး​၍၊ \q2 ခါ​နာန်​ပြည်​တွင်​သူ​စိမ်း​တစ်​ရံ​ဆံ​များ အဖြစ်​ဖြင့် နေ​ရ​ကြ​၏။ \q1 \v 20 တစ်​နိုင်​ငံ​မှ​တစ်​နိုင်​ငံ၊လူ​မျိုး​တစ်​မျိုး​မှ တစ်​မျိုး​သို့ လှည့်​လည်​သွား​လာ​ရ​ကြ​၏။ \q1 \v 21 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ဖိ​စီး နှိပ်​စက်​ရန် အ​ဘယ်​သူ​ကို​မျှ​ခွင့်​ပြု​တော်​မ​မူ။ \q2 သူ​တို့​အား​ကာ​ကွယ်​စောင့်​ရှောက်​ရန် ရှင်​ဘု​ရင်​တို့​အား​သ​တိ​ပေး​တော်​မူ​၏။ \q1 \v 22 ကိုယ်​တော်​က``ငါ​ရွေး​ချယ်​ထား​သည့်​အ​စေ​ခံ တို့​ကို ဘေး​ဥ​ပဒ်​မ​ရောက်​စေ​ကြ​နှင့်။ \q2 ငါ​၏​ပ​ရော​ဖက်​တို့​ကို​မ​ထိ​ကြ​နှင့်'' ဟု​မိန့် တော်​မူ​၏။\x + \xo 16:22 \xt က၊ ၂၀:၃-၇။\x* \b \q1 \v 23 ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့၊သီ​ချင်း​ဆို​၍ \q2 ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ လော့။ \q1 ကိုယ်​တော်​သည်​ငါ​တို့​အား​ကယ်​တော်​မူ​ကြောင်း သ​တင်း​ကောင်း​ကို \q2 နေ့​စဉ်​နေ့​တိုင်း​ထုတ်​ဖော်​ကြေ​ညာ​ကြ​လော့။ \q1 \v 24 လူ​မျိုး​တ​ကာ​တို့​အား​ကိုယ်​တော်​၏ ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ \q2 လူ​အ​ပေါင်း​တို့​အား​ကိုယ်​တော်​၏ \q1 အံ့​သြ​ဖွယ်​သော​အ​မှု​တော်​တို့​ကို​လည်း​ကောင်း ထုတ်​ဖော်​ကြေ​ညာ​ကြလော့။ \b \q1 \v 25 ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၍ \q2 ငါ​တို့​သည်​ကိုယ်​တော်​ကို​ထော​မ​နာ​ပြု​ရ​ကြ ပေ​မည်။ \q1 ငါ​တို့​သည်​ကိုယ်​တော်​အား​အ​ခြား​ဘု​ရား​များ ထက် ပို​၍​ကြောက်​ရွံ့​ရို​သေ​ရ​ကြ​ပေ​မည်။ \q1 \v 26 အ​ခြား​လူ​မျိုး​တို့​၏​ဘု​ရား​များ​သည် ရုပ်​တု​များ​သာ​ဖြစ်​ကြ​၏။ \q2 ထာ​ဝ​ရ​ဘု​ရား​မူ​ကား​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။ \q1 \v 27 ဘုန်း​အ​သ​ရေ​တော်​နှင့်​တန်​ခိုး​အာ​နု​ဘော် တော်​သည် ကိုယ်​တော်​အား​ဝိုင်း​ရံ​လျက်​ရှိ​၏။ \q2 ကိုယ်​တော်​၏​ဗိ​မာန်​တော်​သည်​ဝမ်း​မြောက် ရွှင်​မြူး​သံ​နှင့်​ပြည့်​လျက်​ရှိ​၏။ \b \q1 \v 28 ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊ထာ​ဝရ​ဘု​ရား​ကို ထော​မ​နာ​ပြု​ကြ​လော့။ \q2 ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​တန်​ခိုး အာ​နု​ဘော်​တော်​ကို​ထော​မ​နာ​ပြု​ကြ​လော့။ \q1 \v 29 ဘုန်း​အ​သ​ရေ​တော်​ရှင်​ထာ​ဝရ​ဘု​ရား​၏​နာ​မ တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ \q2 ပူ​ဇော်​သ​ကာ​ကို​ဆောင်​ယူ​လျက်​ကိုယ်​တော်​၏ ဗိ​မာန်​တော်​သို့​ဝင်​ကြ​လော့။ \q1 သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင် \q2 ကြွ​လာ​တော်​မူ​သော​အ​ခါ​ဦး​ညွှတ်​ပျပ်​ဝပ် ကြ​လော့။ \q1 \v 30 ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့၊ကိုယ်​တော်​၏ ရှေ့​တော်​၌ ကြောက်​လန့်​တုန်​လှုပ်​ကြ​လော့။ \q2 ကမ္ဘာ​မြေ​ကြီး​သည်​မ​ရွှေ့​မ​လျား​နိုင်​အောင် မိ​မိ​၏​နေ​ရာ​တွင်​ခိုင်​မြဲ​စွာ​တည်​နေ​၏။ \q1 \v 31 အ​ချင်း​ကုန်း​မြေ​နှင့်​မိုး​ကောင်း​ကင်​တို့၊ ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။ \q2 ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​ကြောင်း လူ​မျိုး​တ​ကာ​တို့​အား​ပြော​ကြား​လော့။ \q1 \v 32 ပင်​လယ်​နှင့်​ပင်​လယ်​ထဲ​တွင်​ရှိ​သ​မျှ​သော သတ္တဝါ​တို့၊ မြည်​ဟည်း​သံ​ကို​ပြု​ကြ​လော့။ \q2 ပင်​လယ်​နှင့်​လယ်​ပြင်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့၊ ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။ \q1 \v 33 ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​လော​က​ကို​အုပ်​စိုး ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ \q2 တော​များ​ရှိ​သစ်​ပင်​တို့​သည်​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လိမ့်​မည်။ \b \q1 \v 34 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​သည် ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ \q2 ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​၏။\x + \xo 16:34 \xt ၆ရာ၊ ၅:၁၃၊ ၇:၃။ ဧဇ၊ ၃:၁၁။ ဆာ၊ ၁၀၀:၅၊ ၁၀၆:၁၊ ၁၀၇:၁၊ ၁၁၈:၁၊ ၁၃၆:၁။ ယေ၊ ၃၃:၁၁။\x* \q1 \v 35 ``ကျွန်​တော်​မျိုး​တို့​သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍ \q2 ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သော နာ​မ​တော်​ကို \q1 ထော​မ​နာ​ပြု​ကြ​စေ​ရန်​ကျွန်​တော်​မျိုး​တို့​၏ ကယ်​တင်​ရှင်​ဘု​ရား​သ​ခင် \q2 ကျွန်​တော်​မျိုး​တို့​ကို​ကယ်​တင်​တော်​မူ​ပါ။ \q1 ကျွန်​တော်​မျိုး​တို့​ကို​စု​ရုံး​၍​ကျွန်​တော်​မျိုး​တို့​အား \q2 လူ​မျိုး​တ​ကာ​တို့​၏​လက်​မှ​ကယ်​တော်​မူ​ပါ'' ဟု ကိုယ်​တော်​အား​မြွက်​ဆို​ကြ​လော့။ \q1 \v 36 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ \q1 ကိုယ်​တော်​အား​ယ​ခု​မှ​စ​၍​ကမ္ဘာ​အ​ဆက်​ဆက် ထော​မ​နာ​ပြု​ကြ​လော့။ \p ထို​အ​ခါ​လူ​အ​ပေါင်း​တို့​သည်``အာ​မင်'' ဟု​ဆို ၍​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ ကုန်​၏။ \s1 ယေ​ရု​ရှ​လင်​မြို့​နှင့်​ဂိ​ဗောင်​မြို့​တို့​တွင် ကိုး​ကွယ်​ဝတ်​ပြု​ခြင်း \p \v 37 ဒါ​ဝိဒ်​မင်း​သည်​အာ​သပ်​နှင့်​သူ​၏​သား​ချင်း လေ​ဝိ​အ​နွယ်​တို့​အား ပ​ဋိ​ညာဉ်​သေတ္တာ​တော် တည်​ရာ​ဌာ​န​တွင်​ကိုး​ကွယ်​ဝတ်​ပြု​မှု​အ​တွက် အ​မြဲ​တမ်း​တာ​ဝန်​ပေး​အပ်​တော်​မူ​၏။ သူ​တို့ သည်​နေ့​စဉ်​နေ့​တိုင်း​မိ​မိ​တို့​၏​တာ​ဝန်​ဝတ္တ​ရား များ​ကို​ဆောင်​ရွက်​ရ​ကြ​၏။- \v 38 ယေ​ဒု​သုန်​၏​သား​သြဗ​ဒေဒုံ​နှင့်​သူ​၏​သား​ချင်း စု​မှ​လူ​ခြောက်​ဆယ့်​ရှစ်​ယောက်​တို့​သည် အာ​သပ် နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ကူ​ညီ​မ​စ​ရ ကြ​၏။ ဟော​သံ​နှင့်​သြ​ဗ​ဒေ​ဒုံ​တို့​ကား တံ​ခါး​မှူး​များ​ဖြစ်​သ​တည်း။ \p \v 39 ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့်​သူ​၏​အ​ဖော်​ယဇ် ပု​ရော​ဟိတ်​များ​မူ​ကား ဂိ​ဗောင်​၌​ထာ​ဝ​ရ ဘု​ရား​အား​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တွင် တာ​ဝန်​ယူ​ရ​ကြ​လေ​သည်။- \v 40 သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ထာ​ဝ​ရ​ဘု​ရား ပေး​အပ်​တော်​မူ​သော​ပ​ညတ် ကျမ်း​တွင်​ရေး​သား​ပါ​ရှိ​သည့်​အ​တိုင်း​နေ့​စဉ် နံ​နက်​၌​တစ်​ကြိမ်၊ ည​နေ​၌​တစ်​ကြိမ်​ယဇ်​ပလ္လင် ပေါ်​တွင် ယဇ်​ကောင်​များ​ကို​အ​ကောင်​လိုက်​တင် ၍​မီး​ရှို့​ပူ​ဇော်​ရ​ကြ​၏။- \v 41 ထာ​ဝ​ရ​ဘု​ရား​၏​မေတ္တာ​တော်​သည်​ထာ​ဝ​ရ တည်​သည်​ဖြစ်​၍ ထော​မ​နာ​သီ​ချင်း​များ​ဖြင့် ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​သီး​ခြား သတ်​မှတ်​ရွေး​ချယ်​ထား​သူ​ဟေ​မန်၊ ယေ​ဒု​သုန် နှင့်​အ​ခြား​သူ​တို့​သည်​လည်း ထို​အ​ရပ်​တွင် ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​အ​တူ​ရှိ​ကြ​ပေ သည်။- \v 42 ထော​မ​နာ​သီ​ချင်း​များ​ကို​သီ​ဆို​ချိန်​၌​ဟေ​မန် နှင့်​ယေ​ဒု​သုန်​တို့​သည်​တံပိုး​ခ​ရာ၊ လင်း​ကွင်း​နှင့် အ​ခြား​တူ​ရိ​ယာ​များ​ကို​တီး​မှုတ်​ရာ​၌​လည်း တာ​ဝန်​ယူ​ရ​ကြ​၏။ ယေ​ဒု​သုန်​၏​သား​ချင်း​စု မှ​လူ​တို့​သည် တံ​ခါး​များ​ကို​တာ​ဝန်​ယူ​၍ စောင့်​ရ​သူ​များ​ဖြစ်​ကြ​၏။ \p \v 43 ထို့​နောက်​လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​၏​အိမ် အ​သီး​သီး​သို့​ပြန်​သွား​ကြ​၏။ ဒါ​ဝိဒ်​မင်း သည်​လည်း​မိ​မိ​၏​အိမ်​ထောင်​စု​သား​တို့​ထံ သို့​ပြန်​သွား​တော်​မူ​၏။\x + \xo 16:43 \xt ၂ရာ၊ ၆:၁၉-၂၀။\x* \c 17 \s1 ဒါ​ဝိဒ်​မင်း​အား​ပ​ရော​ဖက်​နာ​သန်​ဖော်​ပြ​သည့် ဗျာ​ဒိတ်​တော် \r (၂ရာ၊ ၇:၁-၁၇) \p \v 1 ယ​ခု​အ​ခါ​ဒါ​ဝိဒ်​မင်း​သည် မိ​မိ​နန်း​တော်​တွင် စံ​မြန်း​လျက်​နေ​တော်​မူ​လေ​ပြီ။ တစ်​နေ့​သ​၌ သူ​သည်​ပ​ရော​ဖက်​နာ​သန်​အား​ခေါ်​ပြီး​လျှင်``ငါ သည်​အာ​ရစ်​သား​နှင့်​တည်​ဆောက်​သော​နန်း​တော် တွင်​စံ​နေ​ရ​၏။ ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​မူ​ကား တဲ​တော်​၌​ပင်​ရှိ​နေ​ပေ သည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 2 နာ​သန်​က``အ​ကြံ​အ​စည်​တော်​ရှိ​သည့်​အ​တိုင်း ပြု​တော်​မူ​ပါ။ ဘု​ရား​သ​ခင်​သည်​အ​ရှင်​မင်း ကြီး​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​၏'' ဟု​လျှောက်​၏။ \p \v 3 သို့​ရာ​တွင်​ထို​ည​၌​ဘု​ရား​သ​ခင်​သည်​နာ​သန် အား၊ \m \v 4 ``ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ထံ​သို့​သွား​၍​သူ​သည် ငါ​ကျိန်း​ဝပ်​ရန်​ဗိ​မာန်​တော်​ကို​တည်​ဆောက် ရ​မည့်​သူ​မ​ဟုတ်​ကြောင်း​ပြော​ကြား​လော့။- \v 5 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​ချိန်​မှ​အ​စ​ပြု​၍ ငါ​သည်​အ​ဘယ် အ​ခါ​မျှ​ဗိ​မာန်​တော်​တွင်​မ​ကျိန်း​မ​ဝပ်​ခဲ့။ တဲ တော်​များ​တွင်​သာ​လျှင်​ကျိန်း​ဝပ်​၍ တစ်​နေ​ရာ မှ​တစ်​နေ​ရာ​သို့​ပြောင်း​ရွှေ့​ခဲ့​၏။- \v 6 ဣ​သ​ရေ​လ​ပြည်​သား​တို့​နှင့်​အ​တူ​လှည့်​လည် သွား​လာ​လေ​သ​မျှ​သော​အ​ရပ်​တို့​တွင် ငါ​သည် မိ​မိ​ခန့်​ထား​သော​မည်​သည့်​ခေါင်း​ဆောင်​ကို မျှ`သင်​တို့​သည်​ငါ​၏​အ​တွက်​အာ​ရစ်​သား ဗိ​မာန်​တော်​ကို အ​ဘယ်​ကြောင့်​မ​တည်​မ​ဆောက် သ​နည်း' ဟု​မေး​မြန်း​ခဲ့​ဖူး​သည်​မ​ရှိ။'' \p \v 7 ``သို့​ဖြစ်​၍​ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား၊ အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား`ငါ​သည်​သင့်​အား​သိုး​တို့​ကို​ထိန်း​ကျောင်း ရာ​မှ​ခေါ်​ယူ​၍ ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့်​ချီး မြှောက်​တော်​မူ​ခဲ့​၏။- \v 8 သင်​သွား​လေ​ရာ​ရာ​သို့​သင်​နှင့်​အ​တူ​ငါ​ရှိ ခဲ့​၏။ သင်​၏​လမ်း​မှ​ရန်​သူ​အ​ပေါင်း​တို့​ကို သုတ်​သင်​ဖျက်​ဆီး​ခဲ့​၏။ ကမ္ဘာ​မြေ​ပေါ်​တွင် အ​ကြီး​မြတ်​ဆုံး​သူ​များ​နည်း​တူ​သင့်​ကို ငါ​ထင်​ပေါ်​ကျော်​ကြား​စေ​မည်။- \v 9-10 ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​ဖြစ်​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နေ​ထိုင်​ရန်​အ​ရပ်​ကို​ရွေး​ချယ်​၍ သူ တို့​အား​နေ​ရာ​ချထား​ပေး​ခဲ့​၏။ သူ​တို့​သည်​နောင် အ​ဘယ်​အ​ခါ​၌​မျှ​ဖိ​စီး​နှိပ်​စက်​မှု​ကို​ခံ​ရ ကြ​လိမ့်​မည်​မ​ဟုတ်။ ဤ​ပြည်​သို့​ဝင်​ရောက်​လာ ချိန်​မှ​အ​စ​ပြု​၍​အ​ကြမ်း​ဖက်​သ​မား​တို့​၏ တိုက်​ခိုက်​မှု​ကို​ခံ​ခဲ့​ရ​သော်​လည်း နောင်​အ​ဘယ် အ​ခါ​၌​မျှ​ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။ ငါ သည်​သင်​၏​ရန်​သူ​အ​ပေါင်း​ကို​နှိမ်​နင်း​မည်၊ သင်​၏​အ​မျိုး​အ​နွယ်​ကို​လည်း​တည်​မြဲ​စေ မည်​ဟူ​၍​က​တိ​ပြု​၏။- \v 11 သင်​သည်​ကွယ်​လွန်​၍​ဘိုး​ဘေး​တို့​၏​သင်္ချိုင်း များ​အ​နီး​တွင်​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​သော အ​ခါ ငါ​သည်​သင့်​သား​တစ်​ယောက်​ကို​ဘု​ရင် အ​ဖြစ်​ချီး​မြှင့်​၍​သူ​၏​နိုင်​ငံ​ကို​တည်​တံ့ ခိုင်​မြဲ​စေ​မည်။- \v 12 သူ​သည်​ငါ​၏​အ​တွက်​ဗိ​မာန်​တော်​တစ်​ဆောင် ကို​တည်​ဆောက်​လိမ့်​မည်။ ငါ​သည်​လည်း​သူ​၏ မင်း​ဆက်​ကို​ထာ​ဝ​စဉ်​တည်​မြဲ​စေ​မည်။- \v 13 ငါ​သည်​သူ​၏​အဖ​ဖြစ်​လိမ့်​မည်။ သူ​သည်​လည်း ငါ​၏​သား​ဖြစ်​လိမ့်​မည်။ ငါ​သည်​သင့်​အား​ဘု​ရင် အ​ဖြစ်​ဖြင့်​ချီး​မြှောက်​နိုင်​ရန်​ရှော​လု​ကို​ဖယ် ရှား​၍ ငါ​၏​အ​ထောက်​အ​ကူ​ကို​သူ့​ထံ​မှ ရုတ်​သိမ်း​သ​ကဲ့​သို့ သင်​၏​သား​ထံ​မှ​ရုတ်​သိမ်း လိမ့်​မည်​မ​ဟုတ်။-\x + \xo 17:13 \xt ၂ကော၊ ၆:၁၈။ ဟေဗြဲ၊ ၁:၅။\x* \v 14 ငါ​၏​လူ​မျိုး​တော်​နှင့်​ငါ့​နိုင်​ငံ​တော်​ကို​ထာ​ဝ စဉ်​စောင့်​ရှောက်​ရန် သူ့​ကို​တာ​ဝန်​ပေး​အပ်​မည်။ သူ​၏​မင်း​ဆက်​သည်​အ​ဘယ်​အ​ခါ​၌​မျှ ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်' ဟု​ပြော​ကြား​လော့'' ဟူ​၍​နာ​သန်​အား​မိန့်​တော်​မူ​၏။ \p \v 15 နာ​သန်​သည်​ဘု​ရား​သခင်​ဖွင့်​ပြ​တော်​မူ​သော ဗျာ​ဒိတ်​တော်​မှန်​သ​မျှ​ကို ဒါ​ဝိဒ်​အား​ပြန် ကြား​လျှောက်​ထား​လေ​၏။ \s1 ဒါ​ဝိဒ်​၏​ကျေး​ဇူး​တော်​ချီး​မွမ်း​သည့် ဆု​တောင်း​ပတ္ထ​နာ \r (၂ရာ၊ ၇:၁၈-၂၉) \p \v 16 ဒါ​ဝိဒ်​မင်း​သည်​တဲ​တော်​ထဲ​သို့​ဝင်​၍​ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​၌​ထိုင်​ပြီး​လျှင်``အို ထာ​ဝ​ရ အ​ရှင်​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​နှင့်​ကျွန် တော်​မျိုး​၏​အိမ်​ထောင်​စု​သည် ကိုယ်​တော်​ရှင် ပြု​တော်​မူ​သော​ကျေး​ဇူး​တော်​အ​ပေါင်း​နှင့် မ​ထိုက်​တန်​ပါ။- \v 17 သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ဤ​ထက်​မ​က ပို​၍​ပင် ကျေး​ဇူး​ပြု​တော်​မူ​လျက်​ရှိ​ပါ​၏။ နောင်​လာ​လတ္တံ့​သော​နှစ်​များ​တွင်​ကျွန်​တော်​မျိုး ၏​သား​မြေး​တို့​အ​တွက် မည်​သို့​ပြု​တော်​မူ​မည် ကို​က​တိ​ထား​တော်​မူ​ပါ​ပြီ။ အို ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော် မျိုး​အား​ကြီး​မြတ်​သူ​တစ်​ဦး​အ​ဖြစ်​ကြို တင်​၍​သိ​မှတ်​တော်​မူ​ပါ​ပြီ။- \v 18 ဤ​ထက်​ပို​၍​မည်​သို့​လျှောက်​ထား​ရ​ပါ​မည် နည်း။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ အ​ကြောင်း​ကို​ကောင်း​စွာ​သိ​တော်​မူ​သော်​လည်း ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး​အား ချီး​မြှင့်​မြှောက်​စား​တော်​မူ​ပါ​၏။- \v 19 အ​နာ​ဂတ်​ကာ​လ​၌​ကျွန်​တော်​မျိုး​ကြီး​မြတ် လာ​မည်​ကို​ဖော်​ပြ​ရန် ကျွန်​တော်​မျိုး​အ​တွက် အ​လို​တော်​နှင့်​အ​ကြံ​အ​စည်​တော်​အ​ရ ဤ သို့​ပြု​တော်​မူ​ခြင်း​ပင်​ဖြစ်​ပါ​၏။- \v 20 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​နှင့်​အ​ဘယ် သူ​မျှ​မ​တူ​ပါ။ ကျွန်​တော်​မျိုး​တို့​အ​စဉ်​သိ မြင်​သည်​အ​တိုင်း ကိုယ်​တော်​ရှင်​သာ​လျှင် ဘု​ရား​သခင်​ဖြစ်​တော်​မူ​ပါ​၏။- \v 21 ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​ဣ​သ​ရေ​လ​လူ​မျိုး​နှင့် တူ​သော​လူ​မျိုး​မ​ရှိ​ပါ။ သူ​တို့​အား​ကိုယ်​တော် ရှင်​သည်​မိ​မိ​ပိုင်​တော်​မူ​သော​လူ​မျိုး​တော်​ဖြစ် လာ​စေ​ရန် ကျွန်​ဘ​ဝ​မှ​ကယ်​ဆယ်​တော်​မူ​ခဲ့ ပါ​၏။ သူ​တို့​အ​တွက်​ကိုယ်​တော်​ပြု​တော်​မူ သော​ကြီး​မြတ်​၍​အံ့​သြ​ဖွယ်​ကောင်း​သည့် အ​မှု​များ​ကြောင့် ဂုဏ်​သတင်း​တော်​သည်​ကမ္ဘာ သို့​ပျံ့​နှံ့​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏ လူ​စု​တော်​အား​အီ​ဂျစ်​ပြည်​မှ​ကယ်​ဆယ် တော်​မူ​ခဲ့​ပြီး​လျှင် သူ​တို့​ချီ​တက်​လာ​ကြ သော​အ​ခါ​အ​ခြား​လူ​မျိုး​အ​ပေါင်း​တို့ ကို​နှင်​ထုတ်​တော်​မူ​ပါ​၏။- \v 22 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကိုယ်​တော်​ရှင် ထာ​ဝ​စဉ်​ပိုင်​တော်​မူ​သော​လူ​မျိုး​တော်​ဖြစ်​စေ တော်​မူ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရှင်​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​လာ​တော် မူ​ပါ​ပြီ။ \p \v 23 ``သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး နှင့်​သား​မြေး​တို့​အ​တွက်​ကိုယ်​တော်​ရှင်​ပြု တော်​မူ​သော​က​တိ​တော်​ကို ယ​ခု​ပင်​အ​ကောင် အ​ထည်​ပေါ်​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ပြု တော်​မူ​မည်​ဟု​အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း အ​စဉ်​ပင်​ပြု​တော်​မူ​ပါ။- \v 24 ကိုယ်​တော်​ရှင်​၏​သ​တင်း​တော်​သည်​ထင်​ပေါ် ကျော်​ကြား​ပါ​လိမ့်​မည်။ လူ​တို့​က​လည်း`အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​၏​ဘု​ရား​ဖြစ်​တော် မူ​၏' ဟု​အ​စဉ်​အ​မြဲ​မြွက်​ဆို​ကြ​ပါ​လိမ့် မည်။ ကျွန်​တော်​မျိုး​၏​ရာ​ဇ​ပလ္လင်​ကို​လည်း ထာ​ဝ​စဉ်​တည်​စေ​တော်​မူ​ပါ​လိမ့်​မည်။- \v 25 ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​အ​စေ​ခံ​ကျွန်​တော် မျိုး​အား ဤ​အ​မှု​အ​ရာ​အ​လုံး​စုံ​ကို​ဖွင့်​ပြ တော်​မူ​သော​ကြောင့်​လည်း​ကောင်း၊ ကျွန်​တော် မျိုး​၏​သား​မြေး​တို့​အား​ဘု​ရင်​အ​ဖြစ်​ဖြင့် ချီး​မြှင့်​မြှောက်​စား​တော်​မူ​မည်​ဟု​မိန့်​တော် မူ​သော​ကြောင့်​လည်း​ကောင်း​ကျွန်​တော်​မျိုး သည် ဤ​ဆု​တောင်း​ပတ္ထ​နာ​ကို​ကျွန်​တော်​မျိုး ၏​ဘု​ရား​ထံ​တော်​သို့​တင်​လျှောက်​ဝံ့​ခြင်း ဖြစ်​ပါ​၏။- \v 26 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား ဤ​အံ့​သြ​ဖွယ်​သော​က​တိ​တော်​ကို​ပေး တော်​မူ​ပါ​ပြီ။- \v 27 ကျွန်​တော်​မျိုး​၏​သား​မြေး​တို့​သည်​ကိုယ်​တော် ရှင်​၏​ရှေ့​တော်​၌​ဆက်​လက်​၍​မျက်​နှာ​ရ​ကြ စေ​ရန် သူ​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ ဟု​ပန်​ကြား​လျှောက်​ထား​ပါ​၏။ အို ထာ​ဝ​ရ ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​ပါ​ပြီ။ သူ​တို့​သည်​ကိုယ်​တော် ရှင်​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို​အ​စဉ်​အ​မြဲ ခံ​စား​ရ​ကြ​ပါ​စေ​သော'' ဟု​ဆု​တောင်း သ​တည်း။ \c 18 \s1 ဒါ​ဝိဒ်​အ​နိုင်​ရ​သော​စစ်​ပွဲ​များ \r (၂ရာ၊ ၈:၁-၁၈) \p \v 1 ထို့​နောက်​ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ဒါ​ဝိဒ်​မင်း​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့် စစ်​တိုက်​ရာ​အ​နိုင်​ရ​တော်​မူ​၏။ သူ​တို့​၏​လက် မှ​ဂါ​သ​မြို့​အ​နီး​တစ်​ဝိုက်​ရှိ​ကျေး​ရွာ​များ ကို​သိမ်း​ယူ​တော်​မူ​၏။- \v 2 မော​ဘ​အ​မျိုး​သား​တို့​ကို​လည်း​နှိမ်​နင်း​တော် မူ​သ​ဖြင့် သူ​တို့​သည်​မင်း​ကြီး​၏​လက်​အောက် ခံ​များ​ဖြစ်​လာ​ကြ​လျက်​အ​ခွန်​ဘဏ္ဍာ​များ ကို​ဆက်​သ​ရ​ကြ​လေ​သည်။ \p \v 3 ထို​နောက်​ဒါ​ဝိဒ်​မင်း​သည်​ဟာမတ်​မြို့​အ​နီး​တွင် ဇောဘ​ဘု​ရင်​ဟာ​ဒ​ဒေ​ဇာ​ကို​တိုက်​ခိုက်​တော် မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ဟာ​ဒ​ဒေ​ဇာ သည်​ဥ​ဖ​ရတ်​မြစ်​အ​ထက်​ပိုင်း​ရှိ​နယ်​မြေ ကို​သိမ်း​ယူ​ရန်​ကြိုး​စား​အား​ထုတ်​သော ကြောင့်​ဖြစ်​၏။- \v 4 ဒါ​ဝိဒ်​သည်​ထို​မင်း​၏​စစ်​ရ​ထား​တစ်​ထောင်၊ မြင်း​စီး​သူ​ရဲ​ခု​နစ်​ထောင်​နှင့်​ခြေ​လျင်​တပ် သား​နှစ်​သောင်း​တို့​ကို​လက်​ရ​ဖမ်း​မိ​တော် မူ​၏။ သူ​သည်​စစ်​ရ​ထား​တစ်​ရာ​အ​တွက် လို​အပ်​သ​မျှ​သော​မြင်း​တို့​ကို​သိမ်း​ယူ​ထား ပြီး​လျှင် အ​ခြား​မြင်း​တို့​အား​ဒူး​ခေါက်​ကြော ကို​ဖြတ်​၍​ခြေ​ဆွံ့​အောင်​ပြု​တော်​မူ​၏။ \p \v 5 ဒ​မာ​သက်​မြို့​မှ​ရှု​ရိ​အ​မျိုး​သား​တို့​သည် ဟာ​ဒ​ဒေ​ဇာ​ဘု​ရင်​ကို​စစ်​ကူ​ရန်​တပ်​တစ် တပ်​စေ​လွှတ်​လိုက်​ကြ​၏။ ဒါ​ဝိဒ်​မင်း​သည် သူ​တို့​အား​တိုက်​တော်​မူ​၍ လူ​နှစ်​သောင်း နှစ်​ထောင်​ကို​သုတ်​သင်​ပစ်​တော်​မူ​သည်။- \v 6 ထို​နောက်​ထို​သူ​တို့​ပိုင်​နက်​တွင်​စစ်​စ​ခန်း များ​ချ​၍​ထား​တော်​မူ​၏။ သူ​တို့​သည်​လည်း ဒါ​ဝိဒ်​မင်း​၏​လက်​အောက်​ခံ​များ​ဖြစ်​လာ ကြ​လျက် သူ့​အား​အ​ခွန်​ဘဏ္ဍာ​များ​ကို​ဆက် သ​ရ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ် မင်း​အား​အ​ရပ်​တ​ကာ​၌​အောင်​ပွဲ​ကို ပေး​တော်​မူ​၏။- \v 7 ဒါ​ဝိဒ်​သည်​ဟာ​ဒ​ဒေ​ဇာ​၏​အ​ရာ​ရှိ​များ ကိုင် ဆောင်​သည့်​ရွှေ​ဒိုင်း​လွှား​တို့​ကို​ဖမ်း​ဆီး​သိမ်း​ယူ တော်​မူ​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့​သို့​ဆောင်​ယူ သွား​တော်​မူ​၏။- \v 8 သူ​သည်​ဟာ​ဒ​ဒေ​ဇာ​အ​စိုး​ရ​သည့်​တိ​ဗ​ဟတ် မြို့​နှင့် ခုန်​မြို့​တို့​မှ​ကြေး​ဝါ​အ​မြောက်​အ​မြား ကို​လည်း​သိမ်း​ယူ​၍​သွား​လေ​သည်။ (နောင်​အ​ခါ ၌​ရှော​လ​မုန်​မင်း​သည်​ထို​ကြေး​ဝါ​တို့​ဖြင့်​ရေ ကန်​တိုင်​ကြီး​များ၊ ဗိ​မာန်​တော်​အ​တွက်​အိုး ခွက်​များ​ကို​ပြု​လုပ်​သ​တည်း။)\x + \xo 18:8 \xt ၃ရာ၊ ၇:၄၀-၄၇။ ၆ရာ၊ ၄:၁၁-၁၈။\x* \p \v 9 ဒါ​ဝိဒ်​မင်း​သည်​ဟာ​ဒ​ဒေ​ဇာ​မင်း​၏​တပ်​မ တော်​တစ်​ခု​လုံး​ကို​ဖြို​ခွင်း​လိုက်​ကြောင်း ဟာ​မတ်​ဘု​ရင်​တော​ဣ​ကြား​သိ​လေ​သော်- \v 10 ဒါ​ဝိဒ်​မင်း​ကြီး​အား​နှုတ်​ခွန်း​ဆက်​သ​ရန်​နှင့် စစ်​ပွဲ​နိုင်​သည့်​အ​တွက် နှစ်​ထောင်း​အား​ရ​ကြောင်း ဖော်​ပြ​ရန်​သား​တော်​ဟ​ဒေါ​ရံ​ကို​စေ​လွှတ် လိုက်​လေ​သည်။ ဟ​ဒေါ​ရံ​သည်​ဒါ​ဝိဒ်​မင်း အ​တွက် ရွှေ၊ ငွေ၊ ကြေး​ဝါ၊ တို့​ဖြင့်​ပြီး​သော လက်​ဆောင်​ပဏ္ဏာ​များ​ကို​ယူ​ဆောင်​သွား​၏။- \v 11 ဒါ​ဝိဒ်​မင်း​သည်​ထို​ပစ္စည်း​တို့​ကို​မိ​မိ​စစ်​ပွဲ​နိုင် သည့်​ဧ​ဒုံ​ပြည်၊ မော​ဘ​ပြည်၊ အမ္မုန်​ပြည်၊ ဖိ​လိတ္တိ ပြည်​နှင့်​အာ​မ​လက်​ပြည်​ရှိ​လူ​မျိုး​တ​ကာ​တို့ ထံ​မှ​ရ​ရှိ​ခဲ့​သော​ရွှေ၊ ငွေ​များ​နှင့်​အ​တူ​ဝတ်​ပြု ကိုး​ကွယ်​ရာ​၌​အ​သုံး​ပြု​ရန်​ဆက်​ကပ်​ပူ​ဇော် တော်​မူ​၏။ \p \v 12 ဇေ​ရု​ယာ​၏​သား​အ​ဘိ​ရှဲ​သည်​ဆား​ချိုင့်​ဝှမ်း တွင် ဧ​ဒုံ​အ​မျိုး​သား​လူ​တစ်​သောင်း​ရှစ်​ထောင် ကို​လုပ်​ကြံ​လေ​သည်။-\x + \xo 18:12 \xt ဆာ၊ ၆၀ (ခေါင်း​စဉ်)\x* \v 13 သူ​သည်​ဧ​ဒုံ​ပြည်​တစ်​လျှောက်​လုံး​တွင်​တပ်​စ​ခန်း များ​ချ​၍​ထား​သ​ဖြင့် ထို​အ​ရပ်​ရှိ​လူ​တို့​သည် ဒါ​ဝိဒ်​၏​လက်​အောက်​ခံ​များ​ဖြစ်​လာ​ကြ​လေ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​အား​အ​ရပ် တ​ကာ​တွင်​အောင်​ပွဲ​ကို​ပေး​တော်​မူ​သ​တည်း။ \p \v 14 ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တစ်​ခု​လုံး​ကို အ​စိုး​ရ​တော်​မူ​၍ မိ​မိ​၏​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​အ​ပေါ်​တွင်​အ​စဉ်​ပင်​တ​ရား မျှ​တ​စွာ​စီ​ရင်​အုပ်​ချုပ်​တော်​မူ​၏။- \v 15 ဇေ​ရု​ယာ​၏​ညီ​ယွာ​ဘ​သည်​တပ်​မ​တော် ဗိုလ်​ချုပ်​ဖြစ်​၍ အ​ဟိ​လုဒ်​၏​သား​ယော​ရှ​ဖတ် သည်​မှတ်​တမ်း​ထိမ်း​မှူး​ဖြစ်​၏။- \v 16 အ​ဟိ​တုပ်​၏​သား​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ​၏ သား​အ​ဟိ​မ​လက်​သည်​ယဇ်​ပု​ရော​ဟိတ်​များ ဖြစ်​ကြ​၏။ စ​ရာ​ယ​ကား​နန်း​တော်​အ​တွင်း​ဝန် ဖြစ်​သ​တည်း။- \v 17 ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ​သည်​ဒါ​ဝိဒ်​၏ ကိုယ်​ရံ​တော်​တပ်​ဖွဲ့​ဝင်၊ ခေ​ရ​သိ​အ​မျိုး​သား များ​နှင့်​ပေ​လ​သိ​အ​မျိုး​သား​တို့​ကို​အုပ်​ချုပ် ရ​လေ​သည်။ ဒါ​ဝိဒ်​၏​သား​တော်​တို့​သည်​လည်း ကြီး​မြင့်​သည့်​ရာ​ထူး​ရာ​ခံ​များ​တွင်​မင်း​ကြီး ၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရ​ကြ​၏။ \c 19 \s1 အမ္မုန်​အ​မျိုး​သား​နှင့်​ရှု​ရိ​အ​မျိုး​သား​တို့​ကို နှိမ်​နင်း​တော်​မူ​ခြင်း \r (၂ရာ၊ ၁၀:၁-၁၉) \p \v 1 ထို​နောက်​ကာ​လ​အ​နည်း​ငယ်​ကြာ​သော အ​ခါ အမ္မုန်​ဘု​ရင်​နာ​ဟတ်​ကွယ်​လွန်​၍ သူ​၏​သား​ဟာ​နုန်​မင်း​ဖြစ်​လေ​၏။- \v 2 ဒါ​ဝိဒ်​က``ဟာ​နုန်​၏​အ​ဖ​နာ​ဟတ်​သည်​သစ္စာ ရှိ​သော​မိတ်​ဆွေ​ဖြစ်​ကြောင်း ငါ့​အား​ပြ​သ​ခဲ့ သည့်​နည်း​တူ​ငါ​သည်​လည်း​ဟာနုန်​အား​ပြ​သ ရ​ပေ​မည်'' ဟု​ဆို​လျက်​သူ​၏​ထံ​သို့​ဝမ်း​နည်း ကြေ​ကွဲ​ကြောင်း​သ​ဝဏ်​လွှာ​ကို​စေ​တ​မန်​များ နှင့်​ပေး​ပို့​တော်​မူ​လိုက်​၏။ \p ထို​သူ​တို့​အမ္မုန်​ပြည်​သို့​ရောက်​ရှိ​ကြ​သော အ​ခါ ဟာ​နုန်​မင်း​၏​ရှေ့​သို့​ဝင်​ကြ​၏။- \v 3 အမ္မုန်​အ​မျိုး​သား​ခေါင်း​ဆောင်​များ​က``ဒါ​ဝိဒ် သည်​အ​ရှင်​မင်း​ကြီး​၏​ခမည်း​တော်​ကို​ဂုဏ်​ပြု သည့်​အ​နေ​ဖြင့် ဤ​စေ​တ​မန်​များ​ကို​စေ​လွှတ် ၍​ဝမ်း​နည်း​ကြေ​ကွဲ​ကြောင်း​သ​ဝဏ်​လွှာ​ကို ပေး​ပို့​ခြင်း​ဖြစ်​သည်​ဟု​မှတ်​တော်​မူ​ပါ သ​လော။ အ​ဘယ်​နည်း​နှင့်​မျှ​မ​ဟုတ်​ပါ။ ဤ နိုင်​ငံ​ကို​ချင်း​နင်း​ဝင်​ရောက်​သိမ်း​ပိုက်​နိုင်​ရန် အ​ခြေ​အ​နေ​ကို​လေ့​လာ​စုံ​စမ်း​ရန် ထို​သူ တို့​အား​သူ​လျှို​များ​အ​ဖြစ်​ဖြင့်​စေ​လွှတ် လိုက်​ခြင်း​သာ​လျှင်​ဖြစ်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။ \p \v 4 ဟာ​နုန်​သည်​ဒါ​ဝိဒ်​၏ စေ​တ​မန်​တို့​ကို​ဖမ်း ဆီး​ကာ​မုတ်​ဆိတ်​များ​ကို​ရိတ်​၍ အ​ဝတ်​များ ကို​တင်​ပါး​အ​ထိ​ဖြတ်​ပြီး​လျှင်​သူ​တို့ အား​ပြန်​၍​လွှတ်​လိုက်​၏။- \v 5 သူ​တို့​သည်​အ​လွန်​ပင်​ရှက်​သ​ဖြင့်​မိ​မိ​တို့ တိုင်း​ပြည်​သို့​မ​ပြန်​ဘဲ​နေ​ကြ​၏။ ဤ​အ​ဖြစ် အ​ပျက်​ကို​ဒါ​ဝိဒ်​ကြား​သိ​သော​အ​ခါ​သူ တို့​အား``သင်​တို့​သည်​ယေ​ရိ​ခေါ​မြို့​တွင်​နေ ကြ​လော့။ မုတ်​ဆိတ်​များ​ပြန်​၍​မ​ရှည်​မ​ချင်း မိ​မိ​တို့​ပြည်​သို့​မ​ပြန်​ခဲ့​ကြ​နှင့်'' ဟု အ​ကြောင်း​ကြား​တော်​မူ​၏။ \p \v 6 ဟာ​နုန်​မင်း​နှင့်​အမ္မုန်​အ​မျိုး​သား​တို့​သည် ဒါ​ဝိဒ်​မင်း​အား မိ​မိ​တို့​ရန်​ဖက်​ပြု​မိ​ကြ ကြောင်း​သိ​ရှိ​လာ​ကြ​သော​အ​ခါ​မေ​သော ပေါ​တာ​မိ​ပြည်​အ​ထက်​ပိုင်း​နှင့် ရှု​ရိ​ပြည် ဖြစ်​ကြ​သော​မာ​ခါ​ပြည်၊ ဇော​ဘ​ပြည်​တို့ မှ​စစ်​တပ်​တစ်​တပ်​ကို​ငွေ​တန်​ချိန်​လေး ဆယ်​မျှ​ပေး​၍​ငှား​ရမ်း​ကြ​၏။- \v 7 သူ​တို့​သည်​မိ​မိ​တို့​ငှား​ရမ်း​ထား​သည့်​စစ် ရထား​သုံး​သောင်း​နှစ်​ထောင်​နှင့် မာ​ခါ​ပြည် ဘု​ရင်​၏​တပ်​မ​တော်​ကို​ခေါ်​ဆောင်​ကာ မေ ဒဘ​မြို့​အ​နီး​သို့​လာ​၍​စ​ခန်း​ချ​လေ​သည်။ အမ္မုန်​အမျိုး​သား​တို့​သည်​လည်း​မိ​မိ​တို့​၏ မြို့​အ​ပေါင်း​မှ​ထွက်​၍​စစ်​တိုက်​ရန်​အ​သင့် ပြင်​ကြ​ကုန်​၏။ \p \v 8 ဒါ​ဝိဒ်​သည်​ဤ​အ​ကြောင်း​အ​ရာ​ကို​ကြား သော​အ​ခါ ယွာ​ဘ​နှင့်​တပ်​မ​တော်​ကြီး တစ်​ခု​လုံး​ကို​စေ​လွှတ်​တော်​မူ​၏။- \v 9 အမ္မုန်​အ​မျိုး​သား​တို့​သည်​လာ​ရောက်​၍ မိ​မိ တို့​၏​မြို့​တော်​ရဗ္ဗာ​မြို့​အ​ဝင်​တွင်​နေ​ရာ​ယူ ကြ​၏။ စစ်​ကူ​ရောက်​ရှိ​လာ​ကြ​သော​ဘု​ရင် တို့​သည်​လည်း​ကွင်း​ပြင်​တွင်​နေ​ရာ​ယူ ကြ​ကုန်​၏။ \p \v 10 ယွာ​ဘ​သည်​မိ​မိ​အား​အ​ရှေ့​မှ​လည်း​ကောင်း၊ အ​နောက်​မှ​လည်း​ကောင်း၊ ရန်​သူ​တပ်​သား​တို့ တိုက်​ခိုက်​ကြ​လိမ့်​မည်​ကို​သိ​မြင်​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​အ​တော် ဆုံး​စစ်​သူ​ရဲ​တို့​ကို​ရွေး​ချယ်​ကာ​ရှုရိ​တပ် ကို​မျက်​နှာ​မူ​၍​နေ​ရာ​ယူ​စေ​၏။- \v 11 ကြွင်း​သော​သူ​တို့​ကို​မူ​မိ​မိ​၏​ညီ​အ​ဘိ​ရှဲ အား​ကွပ်​ကဲ​စေ​၏။ အ​ဘိ​ရှဲ​သည်​လည်း​သူ တို့​အား​အမ္မုန်​တပ်​သား​တို့​ကို​မျက်​နှာ​မူ ၍​နေ​ရာ​ယူ​စေ​၏။- \v 12 ယွာ​ဘ​က``ရှု​ရိ​တပ်​သား​တို့​သည်​ငါ​တို့ အား​အ​နိုင်​ရ​လျက်​နေ​ပါ​မူ သင်​သည်​လာ ၍​ငါ့​အား​ကူ​ညီ​လော့။ အ​ကယ်​၍​အမ္မုန် တပ်​သား​တို့​က​သင့်​ကို​အ​နိုင်​ရ​လျက် နေ​ပါ​မူ​ငါ​သည်​လာ​၍​သင့်​ကို​ကူ​ညီ​မည်။- \v 13 စွမ်း​ရည်​သတ္တိ​ရှိ​စေ​ကြ​လော့။ ငါ​တို့​သည် မိ​မိ​တို့​၏​လူ​မျိုး၊ မိ​မိ​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​၏​မြို့​များ​အ​တွက်​ကြိုး စား​၍​တိုက်​ခိုက်​ကြ​ကုန်​အံ့။ ထာ​ဝ​ရ ဘု​ရား​သည်​မိ​မိ​အ​လို​တော်​ရှိ​သည် အ​တိုင်း​ဖြစ်​ပါ​စေ​သော'' ဟု​အ​ဘိ​ရှဲ အား​ဆို​၏။ \p \v 14 ယွာ​ဘ​နှင့်​သူ​၏​တပ်​သား​တို့​သည်​ရှေ့​သို့ ချီ​တက်​တိုက်​ခိုက်​လျှင် ရှု​ရိ​တပ်​သား​တို့ သည်​ထွက်​ပြေး​ကြ​ကုန်​၏။- \v 15 ယင်း​သို့​ထွက်​ပြေး​သည်​ကို​အမ္မုန်​တပ်​သား တို့​မြင်​သော​အ​ခါ သူ​တို့​သည်​လည်း​အ​ဘိ​ရှဲ ၏​ရှေ့​မှ​ထွက်​ပြေး​ကာ​မြို့​တွင်း​သို့​ဆုတ် ခွာ​သွား​ကြ​ကုန်​၏။ ထို​အ​ခါ​ယွာဘ​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လေ​၏။ \p \v 16 ရှု​ရိ​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​နိုင်​ရ​သွား​ကြောင်း​ကို​သိ​ရှိ​လာ ကြ​သ​ဖြင့် သူ​တို့​သည်​ဥ​ဖ​ရတ်​မြစ်​အ​ရှေ့ ဘက်​ကမ်း​ရှိ​ရှု​ရိ​ပြည်​နယ်​မှ​စစ်​သား​တို့​ကို ခေါ်​ယူ​ကာ ဇော​ဘ​ပြည်​မှ​ဟာ​ဒ​ဒေ​ဇာ​မင်း တပ်​မ​တော်​တပ်​မှူး​ရှော​ဗက်​၏​လက်​အောက် တွင်​ထား​ရှိ​ကြ​၏။- \v 17 ဤ​အ​ကြောင်း​ကို​ဒါ​ဝိဒ်​ကြား​လေ​သော် ဣ​သ​ရေ​လ​တပ်​သား​များ​ကို​စု​ရုံး​စေ​လျက် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး​လျှင် ရှု​ရိ​တပ် များ​ကို​မျက်​နှာ​မူ​၍​နေ​ရာ​ယူ​စေ​တော် မူ​၏။ စစ်​ပွဲ​ကား​အ​စ​ပြု​လေ​ပြီ။- \v 18 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှု​ရိ​အ​မျိုး​သား​တို့​အား​တပ်​လှန့်​ထွက်​ပြေး စေ​ကြ​၏။ ဒါ​ဝိဒ်​နှင့်​သူ​၏​တပ်​မ​တော်​သည် ရ​ထား​စီး​စစ်​သူ​ရဲ​ခု​နစ်​ထောင်​နှင့်​ခြေ​လျင် တပ်​သား​လေး​သောင်း​တို့​ကို​သုတ်​သင်​ပစ် လိုက်​ကြ​သ​တည်း။ သူ​တို့​သည်​ရှု​ရိ​တပ်​မှူး ရှော​ဗက်​အား​လည်း​သုတ်​သင်​လိုက်​ကြ​သည်။- \v 19 ဟာ​ဒ​ဒေ​ဇာ​၏​လက်​အောက်​ခံ​ဘု​ရင်​တို့ သည် မိ​မိ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ​ပြီ​ဖြစ် ကြောင်း​သိ​ရှိ​လာ​သော​အ​ခါ ဒါ​ဝိဒ်​နှင့် စစ်​ပြေ​ငြိမ်း​ရန်​ဆောင်​ရွက်​ကြ​လျက် ဒါ​ဝိဒ်​၏​လက်​အောက်​ခံ​များ​ဖြစ်​လာ ကြ​၏။ ရှု​ရိ​အ​မျိုး​သား​တို့​သည်​နောင် အ​ဘယ်​အ​ခါ​၌​မျှ အမ္မုန်​အ​မျိုး​သား တို့​အား​စစ်​ကူ​လို​စိတ်​မ​ရှိ​ကြ​တော့​ပေ။ \c 20 \s1 ရဗ္ဗာ​မြို့​ကို​ဒါ​ဝိဒ်​သိမ်း​ပိုက်​ခြင်း \r (၂ရာ၊ ၁၂:၂၆-၃၁) \p \v 1 နောက်​တစ်​နှစ်​နွေ​ဦး​ပေါက်​စ၊ ဘု​ရင်​တို့​စစ် ချီ​လေ့​ရှိ​သည့်​အ​ခါ​ကာ​လ​၌ ယွာ​ဘ​သည် တပ်​မ​တော်​ကို​ဦး​ဆောင်​၍ အမ္မုန်​ပြည်​သို့ ချင်း​နင်း​ဝင်​ရောက်​ကာ ရဗ္ဗာ​မြို့​ကို​ဝိုင်း​၍ ထား​၏။ ဒါ​ဝိဒ်​မူ​ကား​ယေ​ရု​ရှ​လင်​မြို့ တွင်​နေ​ရစ်​သ​တည်း။ ယွာ​ဘ​သည်​ရဗ္ဗာ​မြို့ ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ဖျက်​ဆီး​လိုက်​၏။-\x + \xo 20:1 \xt ၂ရာ၊ ၁၁:၁။\x* \v 2 အမ္မုန်​အ​မျိုး​သား​တို့​ကိုး​ကွယ်​သော​မော​လုတ် ဘု​ရား​ရုပ်​တု​၏​ဦး​ခေါင်း​ထက်​တွင် အ​လေး ချိန်​ခု​နစ်​ဆယ့်​ငါး​ပေါင်​ရှိ​သော​ရွှေ​သ​ရ​ဖူ တစ်​ခု​ရှိ​၏။ ထို​သ​ရ​ဖူ​တွင်​ကျောက်​မျက် ရ​တ​နာ​တစ်​လုံး​ရှိ​၏။ ထို​ကျောက်​ကို​ဒါ​ဝိဒ် သည်​ယူ​၍​မိ​မိ​၏​သ​ရ​ဖူ​တွင်​တပ်​ဆင် လေ​သည်။ သူ​သည်​ရဗ္ဗာ​မြို့​မှ​တိုက်​ရာ​ပါ ပစ္စည်း​အ​မြောက်​အ​မြား​ကို​လည်း​ယူ​၍ သွား​၏။- \v 3 ထို​မြို့​မှ​လူ​တို့​ကို​ခေါ်​ဆောင်​ပြီး​လျှင် လွှ၊ ပေါက်​တူး၊ ပု​ဆိန်​တို့​ဖြင့်​လုပ်​ရ​သော​အ​လုပ် ကြမ်း​များ​ကို​လုပ်​စေ​လေ​သည်။ ဒါ​ဝိဒ်​သည် အမ္မုန်​ပြည်​ရှိ​အ​ခြား​မြို့​များ​မှ​လူ​တို့ ကို​လည်း​ဤ​နည်း​အ​တိုင်း​ပင်​ပြု​တော်​မူ ပြီး​လျှင် မိ​မိ​၏​တပ်​မ​တော်​သား​များ​နှင့် အ​တူ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​သွား တော်​မူ​၏။ \s1 ကာ​ယ​ကြီး​မား​သော​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့် ဆိုင်​ပြိုင်​ရ​သည့်​တိုက်​ပွဲ​များ \r (၂ရာ၊ ၂၁:၁၅-၂၂) \p \v 4 ထို​နောက်​တစ်​ဖန်​ဂေဇာ​မြို့​တွင်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​နှင့်​စစ်​ဖြစ်​ပြန်​၏။ ဤ တိုက်​ပွဲ​တွင်​ဟု​ရှ​သိ​မြို့​မှ​သိ​ဗေ​ခဲ​သည် သာ​ဖ​ဆို​သူ​ကြီး​မား​သော​စစ်​သူ​ရဲ​ကြီး ကို​လုပ်​ကြံ​လိုက်​သ​ဖြင့် ဖိ​လိတ္တိ​အ​မျိုး သား​တို့​သည်​အ​ရေး​ရှုံး​နိမ့်​သွား​ကြ​၏။ \p \v 5 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​အ​ခြား​တိုက်​ပွဲ တစ်​ရပ်​ဖြစ်​သေး​၏။ ထို​တိုက်​ပွဲ​တွင်​ယာ​ဣ​ယ ၏​သား​ဧ​လ​ဟာ​နန်​သည် ဂါ​သ​မြို့​မှ ဂေါ​လျက်​၏​ညီ​လာ​ခ​မိ​အား​လုပ်​ကြံ လိုက်​၏။ ဧ​လ​ဟာ​နန်​လှံ​ရိုး​သည်​ရက်​ကန်း လက်​လိပ်​တ​မျှ​ကြီး​မား​သ​တည်း။\x + \xo 20:5 \xt ၁ရာ၊ ၁၇:၄-၇။\x* \p \v 6 ဂါ​သ​မြို့​တွင်​အ​ခြား​တိုက်​ပွဲ​တစ်​ရပ်​ဖြစ် ပွား​ပြန်​၏။ ထို​တိုက်​ပွဲ​တွင်​လက်​တစ်​ဖက် လျှင်​လက်​ချောင်း​ခြောက်​ချောင်း​နှင့် ခြေ​တစ် ဖက်​လျှင်​ခြေ​ချောင်း​ခြောက်​ချောင်း​ရှိ​၍ အ​လွန်​ထွား​ကြိုင်း​ကြီး​မား​သူ​လူ​တစ် ယောက်​ပါ​ဝင်​၏။ သူ​သည်​ကိုယ်​လက်​ကြီး ထွား​သည့်​ရှေး​လူ​မျိုး​မှ​ဆင်း​သက်​လာ သူ​ဖြစ်​သတည်း။- \v 7 သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား စစ်​ထိုး​ရန် ကြုံး​ဝါး​ဖိတ်​ခေါ်​လိုက်​သော​အ​ခါ ဒါ​ဝိဒ်​၏​အစ်ကို​ဖြစ်​သူ​ရှိ​မာ​၏​သား ယော​န​သန်​က​သူ့​အား​သတ်​ပစ်​လေ​သည်။ \p \v 8 ဒါ​ဝိဒ်​နှင့်​သူ​၏​တပ်​သား​တို့​သတ်​ဖြတ်​ပစ် ကြ​သည့်​ဤ​လူ​သုံး​ဦး​တို့​သည် ဂါ​သ​မြို့ မှ​ကိုယ်​လက်​ကြီး​ထွား​သည့်​လူ​မျိုး​အ​ဆက် အ​နွယ်​များ​ဖြစ်​သ​တည်း။ \c 21 \s1 ဒါ​ဝိဒ်​မင်း​လူ​ဦး​ရေ​စာ​ရင်း​ကောက်​ယူ​ခြင်း \r (၂ရာ၊ ၂၄:၁-၂၅) \p \v 1 စာ​တန်​သည်​ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို ဒုက္ခ​ပေး​လို​သ​ဖြင့် ဒါ​ဝိဒ်​အား​သန်း​ခေါင် စာ​ရင်း​ကောက်​ယူ​ရန်​ဆုံး​ဖြတ်​စေ​၏။- \v 2 ဒါ​ဝိဒ်​သည်​ယွာ​ဘ​နှင့်​အ​ခြား​တပ်​မှူး​များ အား``သင်​တို့​သည်​တိုင်း​ပြည်​တစ်​စွန်း​မှ အ​ခြား​တစ်​စွန်း​သို့​တိုင်​အောင် ဣ​သ​ရေ​လ နိုင်ငံ​တစ်​လျှောက်​လုံး​ကို​သွား​ရောက်​၍​လူ​ဦး ရေ​စာ​ရင်း​ကောက်​ယူ​ကြ​လော့။ လူ​ဦး​ရေ မည်​မျှ​ရှိ​သည်​ကို​ငါ​သိ​လို​သည်'' ဟု မိန့်​တော်​မူ​၏။ \p \v 3 ယွာ​ဘ​က``ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ ပြည်​သား​တို့​အား ယ​ခု​ထက်​အ​ဆ​တစ်​ရာ ပို​မို​တိုး​ပွား​အောင်​ပြု​တော်​မူ​ပါ​စေ​သော။ အ​ရှင်​မင်း​ကြီး၊ သူ​တို့​အ​ပေါင်း​သည်​ကိုယ် တော်​ရှင်​၏​အ​စေ​ခံ​များ​ဖြစ်​ကြ​ပါ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​အ​ပြစ် ရ​ကြ​စေ​ရန် အ​ဘယ်​ကြောင့်​ဤ​အ​မှု​ကို ပြု​တော်​မူ​ပါ​သ​နည်း'' ဟု​လျှောက်​ထား​၏။- \v 4 သို့​ရာ​တွင်​မင်း​ကြီး​သည်​မိ​မိ​၏​အ​မိန့် အ​တိုင်း​လိုက်​နာ​စေ​တော်​မူ​၏။ ယွာ​ဘ​သည် ထွက်​ခွာ​သွား​ပြီး​လျှင် ဣ​သ​ရေ​လ​နိုင်​ငံ တစ်​ခု​လုံး​သို့​လှည့်​လည်​ကာ​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​လာ​၏။- \v 5 သူ​သည်​စစ်​မှု​ထမ်း​နိုင်​သူ​လူ​ပေါင်း​ဣ​သ ရေ​လ​ပြည်​မှ တစ်​သန်း​တစ်​သိန်း​နှင့်​ယု​ဒ ပြည်​မှ​လေး​သိန်း​ခု​နစ်​သောင်း​ရှိ​ကြောင်း ဒါ​ဝိဒ်​မင်း​အား​အ​စီ​ရင်​ခံ​လေ​သည်။- \v 6 ယွာ​ဘ​သည်​ဘု​ရင်​၏​အ​မိန့်​ကို​မ​နှစ်​သက် သ​ဖြင့် လေ​ဝိ​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​တို့​တွင် သန်း​ခေါင်​စာ​ရင်း​မ​ကောက်​ယူ​ခဲ့​ပေ။ \p \v 7 ဒါ​ဝိဒ်​ပြု​သော​အ​မှု​ကို​ဘု​ရား​သ​ခင်​သည် နှစ်​သက်​တော်​မ​မူ​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ဒဏ်​ခတ်​တော်​မူ​၏။- \v 8 ဒါ​ဝိဒ်​က``ကျွန်​တော်​မျိုး​သည် ဤ​ကြောက်​မက် ဖွယ်​ကောင်း​သော​အ​ပြစ်​ကို​ကူး​လွန်​မိ​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား အ​ပြစ်​ဖြေ​လွှတ်​တော် မူ​ပါ။ ကျွန်​တော်​မျိုး​သည် မိုက်​မဲ​စွာ​ပြု​မိ ပါ​ပြီ'' ဟု​ဘု​ရား​သ​ခင်​အား​လျှောက် ထား​၏။ \p \v 9 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​၏ ပ​ရော​ဖက်​ဖြစ်​သူ​ဂဒ်​အား၊- \v 10 သင်​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​လော့။ ငါ​ပြု​ရန် ရှိ​သည့်​အ​မှု​သုံး​ခု​အ​နက် သူ​သည်​မိ​မိ ကြိုက်​နှစ်​သက်​ရာ​တစ်​ခု​ကို ရွေး​ချယ်​နိုင် ကြောင်း​ပြော​ကြား​လော့။ သူ​ရွေး​ချယ်​ရာ ကို​ငါ​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 11 ဂဒ်​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း​တင်​ပြ​ပြီး​လျှင်၊- \v 12 ``အ​ရှင်​မင်း​ကြီး၊ သုံး​နှစ်​ပတ်​လုံး​အ​စာ ငတ်​မွတ်​ခေါင်း​ပါး​သည့်​ဘေး၊ သုံး​လ​ပတ် လုံး​သင့်​ကို​ရန်​သူ​လိုက်​မီ​၍​ထား​ဖြင့် လုပ်​ကြံ​သော​ဘေး၊ သုံး​ရက်​ပတ်​လုံး​ကပ် ရော​ဂါ​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား ၏​ဋ္ဌား​ဖြင့် ကောင်း​ကင်​တ​မန်​ကို​စေ​လွှတ် ကာ ဣ​သ​ရေ​လ​နိုင်​ငံ​တစ်​လျှောက်​လုံး တွင်​သတ်​ဖြတ်​မည့်​ဘေး​တို့​အ​နက် အ​ဘယ်​ကို​ရွေး​ချယ်​တော်​မူ​ပါ​မည်​နည်း။ ထာ​ဝ​ရ​ဘုရား​အား​အ​ကျွန်ုပ်​ပြန်​ကြား လျှောက်​ထား​ရ​ပါ​မည်'' ဟု​လျှောက်​လေ​၏။ \p \v 13 ဒါ​ဝိဒ်​သည်​ဂဒ်​အား``ငါ​သည်​အ​လွန်​ဆိုး​ဝါး သော​အ​ခြေ​အ​နေ​သို့​ရောက်​၍​နေ​လေ​ပြီ။ သို့​ရာ​တွင်​လူ​တို့​အပြစ်​ပေး​သည်​ကို​ငါ မ​ခံ​လို။ ထာ​ဝ​ရ​ဘု​ရား​အ​ပြစ်​ပေး​တော် မူ​ပါ​စေ။ ကိုယ်​တော်​သည်​က​ရု​ဏာ​ထား တော်​မူ​တတ်​သော​အ​ရှင်​ဖြစ်​ပါ​၏'' ဟု ဆို​၏။ \p \v 14 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ ပြည်​သား​တို့​အ​ပေါ်​သို့ ကပ်​ရော​ဂါ​သက် ရောက်​စေ​တော်​မူ​သ​ဖြင့်​လူ​ခု​နစ်​သောင်း သေ​လေ​၏။- \v 15 ဘု​ရား​သ​ခင်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ဖျက်​ဆီး​တော်​မူ​ရန် ကောင်း​ကင်​တ​မန်​တစ် ပါး​စေ​လွှတ်​တော်​မူ​ပြီး​မှ​စိတ်​ပြောင်း​လဲ တော်​မူ​၍``ဤ​မျှ​နှင့်​တော်​လောက်​ပြီ။ ရပ် တန့်​လော့။ ဆက်​၍​မ​ဖျက်​ဆီး​နှင့်'' ဟု ထို ကောင်း​ကင်​တ​မန်​အား​မိန့်​တော်​မူ​၏။ ကောင်း​ကင်​တ​မန်​သည်​ယေ​ဗု​သိ​အ​မျိုး သား​အ​ရော​န​၏​ကောက်​နယ်​တ​လင်း အ​နီး​တွင်​ရပ်​လျက်​နေ​သ​တည်း။ \p \v 16 ကောင်း​ကင်​တ​မန်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ဖျက်​ဆီး​ပစ်​ရန် ဋ္ဌား​ကို​ကိုင်​ကာ​လေ​ထဲ​တွင် ရပ်​နေ​သည်​ကို​ဒါ​ဝိဒ်​မြင်​လေ​၏။ ထို​အ​ခါ သူ​သည်​ဣ​သ​ရေ​လ​ပြည်​သား​ခေါင်း​ဆောင် များ​နှင့်​အ​တူ မြေ​သို့​တိုင်​အောင်​ဦး​ညွှတ် ပျပ်​ဝပ်​လိုက်​၏။ သူ​တို့​အား​လုံး​ပင်​လျှင် လျှော်​တေ​အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သ​တည်း။- \v 17 ဒါ​ဝိဒ်​က``အို ဘု​ရား​သ​ခင်၊ အ​မှား​ကို​ပြု သူ​မှာ​ကျွန်​တော်​မျိုး​ဖြစ်​ပါ​၏။ သန်း​ခေါင် စာ​ရင်း​ကောက်​ယူ​ရန်​အ​မိန့်​ပေး​သူ​မှာ ကျွန်​တော်​မျိုး​ဖြစ်​ပါ​၏။ ဤ​သ​နား​စ​ရာ ကောင်း​သော​သူ​တို့​သည်​အ​ဘယ်​အ​မှု​ကို ပြု​မိ​ကြ​ပါ​သ​နည်း။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဘု​ရား၊ ကျွန်​တော်​မျိုး​နှင့် ကျွန်​တော်​မျိုး​၏​အိမ်​ထောင်​စု​ကို​ဒဏ်​ခတ် တော်​မူ​၍​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား ချမ်း​သာ​ပေး​တော်​မူ​ပါ'' ဟု​ဆု​တောင်း ပတ္ထ​နာ​ပြု​၏။ \p \v 18 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က ဂဒ်​အား``သင်​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​၍​သူ့ အား​ယေ​ဗု​သိ​အ​မျိုး​သား​အ​ရော​န​ကောက် တ​လင်း​တွင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင် ကို​တည်​ရန်​ပြော​ကြား​လော့'' ဟု​ဆို​၏။- \v 19 ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​နာ​ခံ​လျက် ဂဒ်​စေ​ခိုင်း​သည်​အ​တိုင်း​သွား လေ​သည်။- \v 20 အ​ရော​န​နှင့်​သူ​၏​သား​လေး​ယောက်​တို့​သည် ဂျုံ​စ​ပါး​များ​ကို​နယ်​၍​နေ​ကြ​၏။ သူ​တို့ သည်​ကောင်း​ကင်​တ​မန်​ကို​မြင်​သော​အ​ခါ အ​ရော​န​၏​သား​တို့​သည်​ထွက်​ပြေး​ပုန်း ရှောင်​ကြ​၏။- \v 21 အ​ရော​န​သည်​ချဉ်း​လာ​သော​ဒါ​ဝိဒ်​မင်း ကို​မြင်​လျှင် ကောက်​နယ်​ရာ​မှ​ထွက်​လာ​၍ မြေ​သို့​တိုင်​အောင်​ဦး​ညွှတ်​ပျပ်​ဝပ်​လေ​၏။- \v 22 ဒါ​ဝိဒ်​က``ကပ်​ရော​ဂါ​ဘေး​မှ​ငြိမ်း​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင်​ကို​တည် နိုင်​ရန်​သင်​၏​ကောက်​နယ်​တ​လင်း​ကို​ငါ့ အား​ရောင်း​လော့။ တန်​ဖိုး​အ​ပြည့်​အ​ဝ ငါ​ပေး​မည်'' ဟု​အ​ရော​န​အား​ဆို​၏။ \p \v 23 အ​ရော​န​က``အ​ရှင်​မင်း​ကြီး၊ ဤ​ကောက်​နယ် တ​လင်း​ကို​ယူ​တော်​မူ​ပါ။ အ​လို​ရှိ​သည် အ​တိုင်း​ပြု​တော်​မူ​ပါ။ ယဇ်​ပလ္လင်​ပေါ်​တွင် တင်​၍ မီး​ရှို့​ပူ​ဇော်​ရန်​နွား​များ​ဤ​တွင် ရှိ​ပါ​၏။ ထင်း​အ​ဖြစ်​အ​သုံး​ပြု​ရန်​ကောက် နယ်​တန်​ဆာ​များ​သည်​လည်း​ကောင်း၊ ပူ​ဇော် သ​ကာ​အ​ဖြစ်​ဆက်​သ​ရန်​ဂျုံ​စ​ပါး​များ သည်​လည်း​ကောင်း ဤ​တွင်​ရှိ​ပါ​၏။ ဤ​အ​ရာ အား​လုံး​ကို​အ​ရှင့်​အား ကျွန်​တော်​မျိုး ဆက်​သ​ပါ​၏'' ဟု​လျှောက်​လေ​၏။ \p \v 24 သို့​ရာ​တွင်​မင်းကြီး​က``ဤ​သို့​မ​ယူ​လို။ တန်​ဖိုး​အ​ပြည့်​အ​ဝ​ငါ​ပေး​မည်။ သင်​ပိုင် သည့်​ပစ္စည်း​တစ်​စုံ​တစ်​ရာ​နှင့်၊ ငါ​တန်​ဖိုး မ​ပေး​ဘဲ​ရ​ရှိ​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဖြင့်​ငါ​မ​ဆက်​လို'' ဟု​မိန့်​တော် မူ​၏။- \v 25 ထို​နောက်​မင်း​ကြီး​သည်​အ​ရော​န​အား ရွှေ​ဒင်္ဂါး​ခြောက်​ရာ​ကို​ပေး​တော်​မူ​၍၊- \v 26 ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင်​ကို​တည် တော်​မူ​ပြီး​လျှင် မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ ယ​ယဇ်​တို့​ကို​ပူ​ဇော်​တော်​မူ​၏။ မင်းကြီး ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည်​ပလ္လင်​ပေါ်​ရှိ​ယဇ်​ကောင်​များ ကို​မီး​ရှို့​ရန်​အ​တွက် ကောင်း​ကင်​မှ​မီး​ကို ချ​ပေး​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​မင်း ကြီး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​သ​တည်း။ \p \v 27 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​တ​မန်​အား မိ​မိ​၏​ဋ္ဌား​ကို​ဖယ်​ရှား​လိုက်​ရန်​အ​မိန့်​ပေး တော်​မူ​သည်​အ​တိုင်း ကောင်း​ကင်​တ​မန်​သည် လည်း​ဖယ်​ရှား​လိုက်​၏။- \v 28 ဤ​အ​ချင်း​အ​ရာ​ကို​ဒါ​ဝိဒ်​မင်း​မြင်​သော် မိ​မိ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို ထာ​ဝ​ရ​ဘု​ရား နား​ညောင်း​တော်​မူ​ပြီ​ဖြစ်​ကြောင်း​သိ​လေ​၏။ သို့​ဖြစ်​၍​သူ​သည်​အ​ရော​န​၏​ကောက်​နယ် တ​လင်း​ရှိ​ယဇ်​ပလ္လင်​ပေါ်​တွင်​ယဇ်​များ​ကို ပူ​ဇော်​ခြင်း​ဖြစ်​သ​တည်း။- \v 29 ထို​အ​ချိန်​ကာ​လ​၌​တော​ကန္တာ​ရ​တွင် မော​ရှေ​တည်​ဆောက်​ခဲ့​သော​ထာ​ဝ​ရ​ဘု​ရား ၏​တဲ​တော်​နှင့် ယဇ်​များ​ပူ​ဇော်​ရာ​ယဇ်​ပလ္လင် သည်​ဂိ​ဗောင်​မြို့​ကိုး​ကွယ်​ရာ​ဌာ​န​၌​တည် ရှိ​လျက်​နေ​သေး​၏။- \v 30 သို့​ရာ​တွင်​ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​အား ကိုး​ကွယ်​ဝတ်​ပြု​ရန် ထို​အ​ရပ်​သို့​မ​သွား​ဝံ့။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​ထာ​ဝ​ရ ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ဋ္ဌား​ကို​ကြောက် သော​ကြောင့်​ဖြစ်​၏။ \c 22 \p \v 1 ထို့​ကြောင့်​ဒါ​ဝိဒ်​က``ဤ​အ​ရပ်​ကား​ထာ​ဝ​ရ အ​ရှင်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​တည် ဆောက်​ရ​မည့်​အ​ရပ်​ဖြစ်​၏။ ဤ​နေ​ရာ​သည် ဣ​သ​ရေ​လ​ပြည်​သား​တို့​မီး​ရှို့​ရာ​ယဇ် ပူ​ဇော်​ရန်​နေ​ရာ​ဖြစ်​၏'' ဟု​ဆို​၏။ \s1 ဗိ​မာန်​တော်​တည်​ဆောက်​ရန်​ပြင်​ဆင်​ကြ​ခြင်း \p \v 2 ဒါ​ဝိဒ်​မင်း​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​နေ ထိုင်​ကြ​သော​လူ​မျိုး​ခြား​အ​ပေါင်း​တို့​ကို စု​ရုံး​စေ​၍​လုပ်​အား​ပေး​စေ​တော်​မူ​၏။ အ​ချို့​သော​သူ​တို့​သည်​ဗိ​မာန်​တော် အ​ဆောက်​အ​အုံ​အ​တွက်​ကျောက်​တုံး များ​ကို​ဆစ်​ရ​ကြ​၏။- \v 3 မင်း​ကြီး​သည်​အိမ်​ရိုက်​သံ​များ​ပြု​လုပ်​ရန် နှင့်​ဝင်း​တံ​ခါး​ကြီး​များ​အ​တွက် ပျဉ်​ဆက် ကိ​ရိ​ယာ​များ​ပြု​လုပ်​ရန်​သံ​အ​မြောက် အ​မြား​ကို​ထုတ်​ပေး​တော်​မူ​၏။ ချိန်​တွယ်​၍ ပင်​မ​ရ​နိုင်​အောင်​များ​ပြား​သော​ကြေး​ဝါ များ​ကို​ထုတ်​ပေး​တော်​မူ​၏။- \v 4 တု​ရု​နှင့်​ဇိ​ဒုန်​မြို့​များ​မှ​လူ​တို့​အား အာ​ရဇ် သစ်​အ​မြောက်​အ​များ​ကို​လည်း​အ​ထံ​တော် သို့​ယူ​ဆောင်​လာ​စေ​တော်​မူ​၏။- \v 5 ဒါ​ဝိဒ်​သည်``ငါ​၏​သား​ရှော​လ​မုန်​တည်​ဆောက် မည့်​ဗိ​မာန်​တော်​သည်​ခမ်း​နား​ထည်​ဝါ​၍ ကမ္ဘာ ပေါ်​တွင်​ထင်​ပေါ်​ကျော်​ကြား​ရ​ပေ​မည်။ သို့ ရာ​တွင်​ရှော​လ​မုန်​သည်​အ​သက်​အ​ရွယ် ငယ်​၍​အ​တွေ့​အ​ကြုံ​နည်း​ပါး​သေး​သူ ဖြစ်​သ​ဖြင့် ငါ​သည်​ဗိ​မာန်​တော်​အ​တွက် ပြင်​ဆင်​မှု​များ​ကို​ပြု​လုပ်​ပေး​မည်'' ဟု တွေး​တော​ဆင်​ခြင်​ကာ မ​ကွယ်​လွန်​မီ​ဗိ​မာန် တော်​တည်​ဆောက်​ရန်​ပစ္စည်း​အ​မြောက် အ​မြား​ကို​အ​သင့်​စု​ဆောင်း​လေ​သည်။ \p \v 6 မင်း​ကြီး​သည်​သား​တော်​ရှော​လ​မုန်​ကို ခေါ်​ယူ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ဗိ​မာန်​တော်​တစ်​ဆောင်​ကို​တည်​ဆောက်​ရန် အ​မိန့်​ပေး​တော်​မူ​၏။- \v 7 ဒါ​ဝိဒ်​က``ငါ့​သား၊ ငါ​သည်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​ချီး​မြှောက် ရန်​အ​တွက် ဗိ​မာန်​တော်​တစ်​ဆောင်​ကို​တည် ဆောက်​လို​သည်။- \v 8 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က​ငါ​သည် လူ​အ​မြောက်​အ​မြား​ကို​သတ်​ခဲ့​သူ၊ စစ်​ပွဲ အ​မြောက်​အ​များ​ကို​ဝင်​ခဲ့​သူ​ဖြစ်​သ​ဖြင့် ငါ​ဖြစ်​ပွား​စေ​ခဲ့​သည့်​သွေး​ထွက်​သံ​ယို​မှု အ​ပေါင်း​ကို​အ​ကြောင်း​ပြု​၍ ငါ့​အား​ဗိ​မာန် တော်​တည်​ဆောက်​ခွင့်​ကို​ပေး​တော်​မ​မူ။- \v 9 သို့​သော်​ကိုယ်​တော်​သည်​ငါ့​အား​ကတိ​တော် ကို​ပေး​တော်​မူ​၏။ ကိုယ်​တော်​က`သင်​သည်​တိုင်း နိုင်​ငံ​ကို​ငြိမ်း​ချမ်း​စွာ​အုပ်​စိုး​မည့်​သား​တစ် ဦး​ကို​ရ​လိမ့်​မည်။ သူ​သည်​မိ​မိ​ရန်​သူ​များ နှင့်​ငြိမ်း​ချမ်း​စွာ​နေ​နိုင်​ရေး​ကို​ငါ​ပေး​မည်။ သူ​သည်​မိ​မိ​နန်း​သက်​အ​တွင်း ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ငြိမ်း​ချမ်း​လုံ​ခြုံ​စွာ ထား​မည်​ဖြစ်​၍၊ ရှော​လ​မုန်\f 2 \fr 22:9 \ft * \+fk ရှော​လ​မုန်။ \ft ငြိမ်း​ချမ်း​ရေး​နှင့်​လုံ​ခြုံ​ရေး​အ​ဋ္ဌိပ္ပါယ် ကို​ဆောင်​သော​စ​ကား​ကို​အ​ခြေ​ပြု​သော နာ​မည်​ဖြစ်​သည်။\f* ဟု​နာ​မည်​တွင်​လိမ့်​မည်။- \v 10 သူ​သည်​ငါ​၏​အ​ဖို့​ဗိ​မာန်​တော်​တစ်​ဆောင် ကို​တည်​ဆောက်​ရ​လိမ့်​မည်။ သူ​သည်​ငါ​၏ သား​ဖြစ်​ရ​လိမ့်​မည်။ ငါ​သည်​လည်း​သူ​၏ အဖ​ဖြစ်​လိမ့်​မည်။ သူ​၏​နန်း​ဆက်​သည် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​အ​စဉ်​အ​မြဲ​တည် လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏'' ဟူ​၍​ပြော ကြား​တော်​မူ​၏။\x + \xo 22:10 \xt ၂ရာ၊ ၇:၁-၁၆။ ၅ရာ၊ ၁၇:၁-၁၄။\x* \p \v 11 ထို​နောက်​ဒါ​ဝိဒ်​သည်​ဆက်​၍``ငါ့​သား၊ သင်​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​နှင့် အ​တူ​ရှိ​ပါ​စေ​သော။ က​တိ​တော်​ရှိ​သည့် အ​တိုင်း​သင်​သည်​ကိုယ်​တော်​အ​ဖို့​ဗိ​မာန် တော်​ကို​အောင်​မြင်​စွာ​တည်​ဆောက်​နိုင်​ပါ စေ​သော။- \v 12 သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​သည် သင့်​အား​ကိုယ်​တော်​၏​တ​ရား​တော်​အ​ရ ဣ​သ​ရေ​လ​နိုင်​ငံ​ကို​အုပ်​စိုး​နိုင်​ရန်​ထိုး ထွင်း​ဉာဏ်​နှင့်​အ​သိ​ပညာ​ကို​ပေး​သ​နား တော်​မူ​ပါ​စေ​သော။- \v 13 သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အ​တွက် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​သော​ပညတ်​တော်​တို့​ကို​စောင့်​ထိန်း ပါ​မူ သင်​၏​အ​ကြံ​အ​စည်​ထ​မြာက်​လိမ့် မည်။ အား​မာန်​တင်း​၍​စိတ်​ချ​ယုံ​ကြည် လော့။ အ​ဘယ်​အ​ရာ​ကို​မျှ​မကြောက်​နှင့်။-\x + \xo 22:13 \xt ယောရှု၊ ၁:၆-၉။\x* \v 14 ငါ​သည်​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​အ​တွက် ရွှေ​တန်​ချိန်​လေး​ထောင်​ခန့်​ကို​လည်း​ကောင်း၊ ငွေ​တန်​ချိန်​လေး​သောင်း​နီး​ပါး​မျှ​ကို​လည်း ကောင်း​ကြိုး​စား​၍​စု​ဆောင်း​ထား​ခဲ့​၏။ ထို​မှ တစ်​ပါး​လည်း​အ​ချိန်​မ​ရေ​မ​တွက်​နိုင်​အောင် များ​ပြား​သော​ကြေး​ဝါ​နှင့်​သံ​များ​လည်း ငါ့​မှာ​ရှိ​၏။ သစ်​များ၊ ကျောက်​များ​လည်း အ​ဆင်​သင့်​ရှိ​၏။ သို့​ရာ​တွင်​သင်​သည် ထပ်​မံ​၍​စု​ဆောင်း​ရ​လိမ့်​ဦး​မည်။- \v 15 သင့်​မှာ​များ​စွာ​သော​အ​လုပ်​သ​မား များ​ရှိ​၏။ ကျောက်​ဆစ်​သ​မား​များ၊ ပန်း​ရံ များ၊ လက်​သ​မား​များ​နှင့်၊- \v 16 ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ​တို့​နှင့်​သက်​ဆိုင်​သော လက်​မှု​ပ​ညာ​သည်​အ​မျိုး​မျိုး​တို့​လည်း များ​စွာ​ရှိ​၏။ သင်​သည်​ယ​ခု​ပင်​အ​လုပ် ကို​စ​တင်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သင် နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​စေ​သော'' ဟု​မိန့် တော်​မူ​၏။ \p \v 17 ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​အ​ပေါင်း​တို့​အား ရှော​လ​မုန်​ကို​ကူ​ညီ ကြ​ရန်​မိန့်​မှာ​တော်​မူ​၏။- \v 18 မင်း​ကြီး​က``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​နေ​တော်​မူ လျက် သင်​တို့​အား​အ​ရပ်​တ​ကာ​တွင်​ငြိမ်း ချမ်း​သာ​ယာ​မှု​ကို​ပေး​တော်​မူ​ပြီ။ ကိုယ်​တော် သည်​ယ​ခင်​က​ဤ​ပြည်​တွင်​နေ​ထိုင်​ကြ​သူ တို့​အား​ငါ​၏​လက်​သို့​အပ်​တော်​မူ​၍ ငါ သည်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​တွက်​နှိမ် နင်း​ခဲ့​၏။- \v 19 သို့​ဖြစ်​၍​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မှု​တော်​ကို​စိတ်​ရော​ကိုယ်​ပါ ဆောင်​ရွက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​ချီး​မြှောက်​ရန်​ဗိ​မာန်​တော်​ကို​စ​တင် တည်​ဆောက်​ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​နှင့် ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု ဆိုင်​ရာ​အ​မွန်​အ​မြတ်​ထား​သည့်​အ​ခြား ဝတ္ထု​ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို​ဗိ​မာန် တော်​တွင်​ထား​ရှိ​နိုင်​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ \c 23 \p \v 1 ဒါ​ဝိဒ်​သည်​ကြီး​ရင့်​အို​မင်း​သော​အ​ခါ သား တော်​ရှော​လ​မုန်​ကို​ထီး​နန်း​လွှဲ​အပ်​တော်​မူ​၏။\x + \xo 23:1 \xt ၃ရာ၊ ၁:၁-၄၀။\x* \s1 လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​အ​လုပ်​တာ​ဝန် \p \v 2 ဒါ​ဝိဒ်​မင်း​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား ခေါင်း​ဆောင်​ရှိ​သ​မျှ​တို့​နှင့် ယဇ်​ပု​ရော​ဟိတ် များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​အ​ပေါင်း​တို့​ကို စု​ရုံး​စေ​တော်​မူ​၏။- \v 3 အ​သက်​သုံး​ဆယ်​နှင့်​အ​ထက်​ရှိ​သော​လေ​ဝိ အ​နွယ်​ဝင်​အ​မျိုး​သား​တို့​ကို​စာ​ရင်း​ကောက် ယူ​ရာ စု​စု​ပေါင်း​သုံး​သောင်း​ရှစ်​ထောင်​ရှိ သ​တည်း။- \v 4 မင်း​ကြီး​သည်​ထို​သူ​တို့​အ​နက်​လူ​ပေါင်း နှစ်​သောင်း​လေး​ထောင်​တို့​အား ဗိ​မာန်​တော် တွင်​ဝတ်​ကြီး​ဝတ်​ငယ်​တို့​ကို​ဆောင်​ရွက်​ရန် စီ​စဉ်​သတ်​မှတ်​၍​ပေး​တော်​မူ​၏။ လူ​ခြောက် ထောင်​တို့​အား​စာ​ရင်း​အင်း​များ​ကို​ထိန်း သိမ်း​စေ​၍​တ​ရား​သူ​ကြီး​များ​အ​ဖြစ် ဖြင့်​ဆောင်​ရွက်​စေ​တော်​မူ​၏။- \v 5 လူ​လေး​ထောင်​တို့​အား​တံ​ခါး​စောင့်​တာ​ဝန်​ကို အပ်​နှင်း​လျက် အ​ခြား​လေး​ထောင်​တို့​ကို​မင်း ကြီး​ပေး​အပ်​ထား​သည့်​တူ​ရိ​ယာ​များ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​ရန် ခွဲ​ခန့်​သတ်​မှတ်​၍​ပေး​တော်​မူ​၏။ \p \v 6 ဒါ​ဝိဒ်​သည်​လေဝိ​အ​နွယ်​ဝင်​တို့​အား​မိ​မိ​တို့ သား​ချင်း​စု​များ​အ​လိုက်​ဂေ​ရ​ရှုံ၊ ကော​ဟတ် နှင့်​မေ​ရာ​ရိ​ဟူ​၍​အ​စု​သုံး​စု​ခွဲ​တော်​မူ​၏။ \p \v 7 ဂေ​ရ​ရှုံ​တွင်​လာ​ဒန်​နှင့်​ရှိ​မိ​ဟူ​သော​သား နှစ်​ယောက်​ရှိ​၏။- \v 8 လာ​ဒန်​တွင်​ယေ​ဟေ​လ၊ ဇေ​သံ​နှင့်​ယော​လ ဟူ​သော​သား​သုံး​ယောက်​ရှိ​၏။- \v 9 သူ​တို့​သည်​ယာ​ဒန်​မှ​ဆင်း​သက်​လာ​သော ဆွေ​မျိုး​သား​ချင်း​စု​ဦး​စီး​များ​ဖြစ်​ကြ​၏။ (ရှိ​မိ​တွင်​ရှေ​လော​မိတ်၊ ဟာ​ဇေ​လ​နှင့်​ဟာ​ရန် ဟူ​သော​သား​သုံး​ယောက်​ရှိ​၏။-)\f 3 \fr 23:9 \ft * \+fk ရှိ​မိ --- ဟာ​ရန်။ \ft ဤ​စာ​ရင်း​နှင့်​အ​ခန်း​ငယ် ၁၀ တွင်​ပါ​ရှိ သော​စာ​ရင်း​စပ်​ဆိုင်​မှု​မ​ရှင်း​ပါ။\f* \v 10-11 ရှိ​မိ​တွင်​ယာ​ဟတ်၊ ဇိ​ဇ၊ ယု​ရှ၊ ဗေ​ရိ​ဟူ​၍​ကြီး စဉ်​ငယ်​လိုက်​သား​လေး​ယောက်​ရှိ​၏။ ယု​ရှ​နှင့် ဗေ​ရိ​နှစ်​ဦး​တို့​တွင်​သား​မြေး​များ​စွာ​မ​ရှိ သ​ဖြင့် သူ​တို့​အား​တာ​ဝန်​ပေး​အပ်​ရာ​တွင် သား​ချင်း​စု​တစ်​စု​အ​ဖြစ်​ဖြင့်​သတ်​မှတ်​၍ ထား​သ​တည်း။ \p \v 12 ကော​ဟတ်​တွင်​အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန် နှင့်​သြ​ဇေ​လ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။- \v 13 သူ​၏​သား​ကြီး​အာ​မ​ရံ​သည်​အာ​ရုန်​နှင့် မော​ရှေ​တို့​၏​အ​ဖ​ဖြစ်​၏။ (အာ​ရုန်​နှင့်​သူ ၏​သား​မြေး​တို့​သည်​အ​မွန်​အ​မြတ်​ထား သည့်​ပစ္စည်း​အ​သုံး​အ​ဆောင်​တို့​ကို​အ​စဉ် အ​မြဲ​ထိန်း​သိမ်း​ရန် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ကိုး​ကွယ်​ရာ​၌​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရန်၊ ကိုယ်​တော်​၏​အ​မှု​တော်​ကို​ဆောင် ရွက်​ရန်​နှင့်​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လူ တို့​အား​ကောင်း​ချီး​ပေး​ရန်​သီး​သန့်​တာ​ဝန် ပေး​အပ်​ခြင်း​ကို​ခံ​ရ​ကြ​၏။-\x + \xo 23:13 \xt ထွ၊ ၂၈:၁။\x* \v 14 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​လူ​မော​ရှေ​၏ သား​များ​သည် လေ​ဝိ​အ​နွယ်​ဝင်​များ​အ​ဖြစ် ဖြင့်​စာ​ရင်း​သွင်း​ခြင်း​ကို​ခံ​ရ​ကြ​၏။-) \v 15 မော​ရှေ​တွင်​ဂေ​ရ​ရှုံ​နှင့်​ဧ​လျေ​ဇာ​ဟူ သော​သား​နှစ်​ယောက်​ရှိ​၏။- \v 16 ဂေ​ရ​ရှုံ​၏​သား​တို့​တွင်​ရှေ​ဗွေ​လ​သည် ခေါင်း​ဆောင်​ဖြစ်​၏။- \v 17 ဧ​လျေ​ဇာ​တွင်​ရေဟဘိ​ဟူ​သော​သား​တစ်​ယောက် တည်း​ရှိ​၏။ သို့​ရာ​တွင်​ရေ​ဟ​ဘိ​တွင်​မူ​ကား သား​မြေး​များ​စွာ​ရှိ​သ​တည်း။ \p \v 18 ကော​ဟတ်​၏​ဒု​တိ​ယ​သား​ဣ​ဇ​ဟာ​တွင် ရှေ​လော​မိတ်​ဟူ​သော​သား​တစ်​ယောက်​ရှိ​၏။ သူ​သည်​သား​ချင်း​စု​ဦး​စီး​ဖြစ်​၏။- \v 19 ကော​ဟတ်​၏​တ​တိ​ယ​သား​ဟေ​ဗြုန်​တွင်​ယေ​ရိ၊ အာ​မ​ရိ၊ ယ​ဟာ​ဇေ​လ​နှင့်​ယေ​က​မံ​ဟူ​သော သား​လေး​ယောက်​ရှိ​၏။- \v 20 ကော​ယတ်​၏​စ​တုတ္ထ​သား​သြ​ဇေ​လ​တွင် မိက္ခာ​နှင့်​ယေ​ရှိ​ဟူ​၍​သား​နှစ်​ယောက်​ရှိ​၏။ \p \v 21 မေ​ရာ​ရိ​တွင်​မ​ဟာ​လိ​နှင့်​မု​ရှိ​ဟူ​သော​သား နှစ်​ယောက်​ရှိ​၏။ မ​ဟာ​လိ​တွင်​ဧ​လာ​ဇာ​နှင့် ကိ​ရှ​ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။- \v 22 ဧ​လာ​ဇာ​သည်​သား​များ​ကို​မ​ရ၊ သ​မီး​များ ကို​သာ​လျှင်​ရ​ရှိ​၏။ သူ​၏​သ​မီး​များ​သည် မိ​မိ​တို့​၏​အစ်​ကို​ဝမ်း​ကွဲ​များ​နှင့်​အိမ်​ထောင် ပြု​ကြ​၏။ ထို​သူ​တို့​ကား​ကိ​ရှ​၏​သား​များ ဖြစ်​သ​တည်း။- \v 23 မေ​ရာ​ရိ​၏​ဒု​တိ​ယ​သား​မု​ရှိ​တွင်​မ​ဟာ​လိ၊ ဧ​ဒါ​နှင့်​ယေ​ရိ​မုတ်​ဟူ​သော​သား​သုံး​ယောက် ရှိ​၏။ \p \v 24 ဤ​သူ​တို့​ကား​သား​ချင်း​စု​နှင့်​အိမ်​ထောင်​စု အ​လိုက်​ဖော်​ပြ​သည့် လေ​ဝိ​အ​ဆက်​အ​နွယ် များ​ဖြစ်​ကြ​၏။ ထို​သူ​အ​ပေါင်း​တို့​အား​တစ် ဦး​စီ​၏​နာ​မည်​ကို​မှတ်​ပုံ​တင်​ထား​လေ​သည်။ အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သူ​လေဝိ​၏ သား​မြေး​တိုင်း​ပင်​လျှင် ထာ​ဝ​ရ​ဘု​ရား​၏ ဗိ​မာန်​တော်​တွင်​ပါ​ဝင်​၍​အ​မှု​တော်​ထမ်း ဆောင်​ရ​ကြ​၏။ \p \v 25 ဒါ​ဝိဒ်​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ လူ​မျိုး​တော်​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို ပေး​တော်​မူ​၍ မိ​မိ​ကိုယ်​တော်​တိုင်​ယေ​ရု ရှ​လင်​မြို့​တွင်​ထာ​ဝ​စဉ်​ကိန်း​ဝပ်​တော်​မူ လိမ့်​မည်။- \v 26 ယ​ခု​အ​ခါ​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​တဲတော် ကို​လည်း​ကောင်း၊ ကိုး​ကွယ်​ဝတ်​ပြု​ရာ​၌​အ​သုံး ပြု​သည့်​ပစ္စည်း​တန်​ဆာ​ပ​လာ​များ​ကို​လည်း ကောင်း​သယ်​ဆောင်​ကြ​ရန်​လို​တော့​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။-\x + \xo 23:26 \xt တရား၊ ၁၀:၈။\x* \v 27 ဒါ​ဝိဒ်​၏​နောက်​ဆုံး​ညွှန်​ကြား​ချက်​များ​အ​ရ အ​သက်​နှစ်​ဆယ်​ပြည့်​သူ လေ​ဝိ​အ​နွယ်​ဝင် အ​ပေါင်း​တို့​သည်​အ​မှု​ဆောင်​ရန်​မှတ်​ပုံ​တင် ရ​ကြ​၏။- \v 28 သူ​တို့​၏​အ​လုပ်​ဝတ္တ​ရား​များ​မှာ​ဗိ​မာန်​တော် တွင် ဝတ်​ပြု​ကိုး​ကွယ်​မှု​၌​အာ​ရုန်​၏​သား​မြေး ယဇ်​ပု​ရော​ဟိတ်​တို့​အား​ကူ​ညီ​ရန်၊ ဗိ​မာန် တော်​ဝင်း​နှင့်​အ​ခန်း​များ​ကို​ကြည့်​ရှု​စောင့် ထိန်း​ရန်၊ အ​မွန်​အ​မြတ်​ထား​သည့်​အ​ရာ ဟူ​သ​မျှ​ကို​သန့်​စင်​စွာ​ထား​ရှိ​ရန်​တို့​ဖြစ်​၏။- \v 29 သူ​တို့​သည်​ဘု​ရား​သ​ခင်​အား​ပူ​ဇော်​သည့်​မုန့်၊ ပူ​ဇော်​သ​ကာ​အ​ဖြစ်​အ​သုံး​ပြု​သည့်​မုန့်​ညက်၊ တ​ဆေး​မဲ့​မုန့်​ပြား​များ၊ မီး​ဖြင့်​ထုတ်​လုပ်​သည့် ပူ​ဇော်​သ​ကာ​များ၊ ဆီ​နှင့်​ရော​သော​မုန့်​ညက် တို့​အ​တွက်​တာ​ဝန်​ယူ​ရ​ကြ​၏။ သူ​တို့​သည် ဗိ​မာန်​တော်​ပူ​ဇော်​သ​ကာ​များ​ချိန်​တွယ်​မှု ကို​လည်း​တာ​ဝန်​ယူ​ရ​ကြ​၏။- \v 30-31 သူ​တို့​သည်​နံ​နက်​တိုင်း​ည​နေ​တိုင်း​ဥ​ပုသ် နေ့၊ လ​ဆန်း​ပွဲ​တော်​နေ့​များ​တွင်​ပူ​ဇော် သ​ကာ​ဆက်​သ​ချိန်​တိုင်း ထာ​ဝ​ရ​ဘု​ရား ကို​ထော​မ​နာ​ပြု​၍​ဘုန်း​အ​သ​ရေ​တော် ချီး​ကူး​ရ​ကြ​၏။ ဤ​အ​မှု​ကို​တစ်​ကြိမ် လျှင်​လေ​ဝိ​အ​နွယ်​ဝင်​မည်​မျှ​ဆောင်​ရွက် ရ​မည်​ကို​သတ်​မှတ်​ထား​သည့်​နည်း​ဥ​ပ​ဒေ များ​ရှိ​၏။ လေဝိ​အ​နွယ်​ဝင်​တို့​အ​စဉ်​အ​မြဲ ထမ်း​ဆောင်​ရ​ကြ​သည့် တာ​ဝန်​ဝတ္တ​ရား​မှာ ထာ​ဝ​ရ​ဘု​ရား​အား​ရှိ​ခိုး​ဝတ်​ပြု​ကြ ရန်​ပင်​ဖြစ်​ပေ​သည်။- \v 32 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​တော်​မူ ရာ​တဲ​တော်​နှင့် ဗိ​မာန်​တော်​ကို​ကြည့်​ရှု​စောင့် ရှောက်​ကြ​ရန်​လည်း​ကောင်း၊ မိ​မိ​တို့​၏​ဆွေ​မျိုး များ​ဖြစ်​သော​အာ​ရုန်​၏​သား​မြေး​ယဇ်​ပု​ရော ဟိတ်​တို့​အား ဗိ​မာန်​တော်​တွင်​ဝတ်​ပြု​ကိုး​ကွယ် မှု​၌​ကူ​ညီ​ကြ​ရန်​လည်း​ကောင်း​တာ​ဝန်​ယူ​ရ ကြ​၏။\x + \xo 23:32 \xt တော၊ ၃:၅-၉။\x* \c 24 \s1 ယဇ်​ပု​ရော​ဟိတ်​တို့​အ​တွက်​သတ်​မှတ်​ထား​သည့် အ​လုပ်​တာ​ဝန် \p \v 1 အာ​ရုန်​၏​သား​မြေး​များ​မှ​ဆင်း​သက်​လာ သော​အုပ်​စု​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ အာ​ရုန်​တွင်​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ​နှင့် ဣ​သ​မာ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။- \v 2 နာ​ဒပ်​နှင့်​အ​ဘိ​ဟု​တို့​သည်​မိ​မိ​တို့​၏​အ​ဖ မ​ကွယ်​လွန်​မီ​သေ​သွား​ကြ​သ​ဖြင့် သူ​တို့​တွင် သား​မြေး​များ​မ​ကျန်​ရစ်။ သို့​ဖြစ်​၍​သူ​တို့ ၏​ညီ​များ​ဖြစ်​သော​ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ တို့​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​လာ​ကြ သည်။-\x + \xo 24:2 \xt ဝတ်၊ ၁၀:၁-၂။\x* \v 3 ဒါ​ဝိဒ်​သည်​အာ​ရုန်​၏​သား​မြေး​တို့​အား​သူ တို့​၏​တာ​ဝန်​ဝတ္တ​ရား​များ​အ​လိုက် အုပ်​စု​များ ခွဲ​၍​ပေး​တော်​မူ​၏။ ဤ​သို့​တာ​ဝန်​ခွဲ​ပေး​ရာ ၌​မင်း​ကြီး​အား​ဧ​လာ​ဇာ​၏​သား​မြေး​ဖြစ်​သူ ဇာ​ဒုတ်​နှင့်​ဣ​သ​မာ​၏​သား​မြေး​ဖြစ်​သူ အ​ဟိ​မ​လက်​တို့​က​ကူ​ညီ​ကြ​၏။- \v 4 ဧ​လာ​ဇာ​၏​သား​မြေး​တို့​ကို​အုပ်​စု​တစ်​ဆယ့် ခြောက်​ခု​ဖွဲ့​၍ ဣ​သ​မာ​၏​သား​မြေး​တို့​ကို​မူ အုပ်​စု​ရှစ်​ခု​ဖွဲ့​၍​ထား​လေ​သည်။ ဤ​သို့​ပြု​ရ ခြင်း​အ​ကြောင်း​မှာ​ဧ​လာ​ဇာ​၏​သား​မြေး တို့​တွင်​အ​မျိုး​သား​အိမ်​ထောင်​ဦး​စီး​ဦး​ရေ ပို​၍​များ​သော​ကြောင့်​ဖြစ်​၏။- \v 5 ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​နှစ်​ဦး​စ​လုံး​၏​သား မြေး​တို့​တွင်​ဗိ​မာန်​တော်​အ​ရာ​ရှိ​များ​နှင့် ဝိ​ညာဉ်​ရေး​ခေါင်း​ဆောင်​များ​ပါ​ရှိ​သ​ဖြင့် တာ​ဝန်​ခွဲ​ခန့်​သတ်​မှတ်​မှု​ကို​မဲ​ချ​၍​ဆောင် ရွက်​ရ​ကြ​လေ​သည်။- \v 6 ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့​၏​သား​မြေး​များ သည် အ​လှည့်​ကျ​မဲ​နှိုက်​ရ​ကြ​၏။ ထို့​နောက်​သူ တို့​၏​နာ​မည်​များ​ကို​နာ​သ​နေ​လ​၏​သား၊ လေ​ဝိ​အ​နွယ်​ဝင်​အ​တွင်း​ရေး​မှူး​တစ်​ဦး​ဖြစ် သူ ရှေ​မာ​ရ​က​မှတ်​ပုံ​တင်​ရ​၏။ ယင်း​သို့​မှတ် ပုံ​တင်​ရာ​တွင်​ရှင်​ဘု​ရင်၊ မှူး​မတ်​များ၊ ယဇ် ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ အ​ဗျာ​သာ​၏​သား​အ​ဟိ မ​လက်၊ ယဇ်​ပု​ရော​ဟိတ်​တို့​၏​အိမ်​ထောင်​ဦး​စီး များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​အိမ်​ထောင် ဦး​စီး​များ​သည်​အ​သိ​သက်​သေ​ဖြစ်​ကြ​၏။ \p \v 7-18 မိ​မိ​တို့​၏​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ခွဲ​ခန့် သတ်​မှတ်​ပေး​ခြင်း​ခံ​ကြ​ရ​သော အိမ်​ထောင် အုပ်​စု​နှစ်​ဆယ့်​လေး​စု​တို့​မှာ၊ \p ၁။ ယော​ယာ​ရိပ်၊ \p ၂။ ယေ​ဒါ​ယ၊ \p ၃။ ဟာ​ရိမ်၊ \p ၄။ စော​ရိမ်၊ \p ၅။ မာ​လ​ခိ​ယ၊ \p ၆။ မိ​ယ​မိန်၊ \p ၇။ ဟက္ကုတ်၊ \p ၈။ အ​ဘိ​ယ၊ \p ၉။ ယေ​ရွှာ၊ \p ၁၀။ ရှေ​က​နိ၊ \p ၁၁။ ဧ​လျာ​ရှိပ်၊ \p ၁၂။ ယာ​ကိမ်၊ \p ၁၃။ ဟုပ္ပ၊ \p ၁၄။ ယေ​ရှေ​ဗပ်၊ \p ၁၅။ ဗိ​လ​ဂ၊ \p ၁၆။ ဣ​မ္မေရ၊ \p ၁၇။ ဟေ​ဇိ​ရ၊ \p ၁၈။ အပ်​ဇဇ်၊ \p ၁၉။ ပေ​သ​ဟိ၊ \p ၂၀။ ယေ​ဇ​ကျေ​လ၊ \p ၂၁။ ယာ​ခိန်၊ \p ၂၂။ ဂါ​မု​လ၊ \p ၂၃။ ဒေ​လာ​ယ​နှင့် \p ၂၄။ မာ​ဇိ တို့​ဖြစ်​သ​တည်း။ \p \v 19 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ဘိုး​ဘေး အာ​ရုန်​စီ​ရင်​သတ်​မှတ်​ထား​သည့်​အ​တိုင်း​ဗိ​မာန် တော်​သို့​သွား​ရောက်​၍ မိ​မိ​တို့​အပ်​နှင်း​ခံ​ရ​သည့် တာ​ဝန်​ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​ကြ​ရန် ဤ သူ​တို့​၏​နာ​မည်​များ​ကို​မှတ်​ပုံ​တင်​၍​ထား လေ​သည်။ \s1 လေ​ဝိ​အ​နွယ်​ဝင်​များ​စာ​ရင်း \p \v 20 လေ​ဝိ​မှ​ဆင်း​သက်​လာ​သူ​အ​ခြား​အိမ်​ထောင် ဦး​စီး​များ​မှာ ရှု​ဗွေ​လ​မှ​တစ်​ဆင့်​အာ​မ​ရံ မှ​ဆင်း​သက်​လာ​သူ​ယေ​ဒေ​ယ။ \p \v 21 ရေ​ဟ​ဘိ​မှ​ဆင်း​သက်​လာ​သူ​ဣ​ရှ​ယာ။ \p \v 22 ရှေ​လော​မိတ်​မှ​တစ်​ဆင့်​ဣ​ဇ​ဟာ​မှ​ဆင်း​သက် လာ​သူ​ယာ​ဟတ်။ \p \v 23 ကြီး​စဉ်​ငယ်​လိုက်​ဟေ​ဗြုန်​၏​သား​များ​ဖြစ် သော​ယေ​ရိ၊ အာ​မ​ရိ၊ ယ​ဟာ​ဇေ​လ​နှင့် ယေ​က​မံ။ \p \v 24 မိက္ခာ​မှ​တစ်​ဆင့်​သြ​ဇေ​လ​မှ​ဆင်း​သက်​လာ​သူ ရှ​မိ​ရ။ \p \v 25 သြ​ဇေ​လ​၏​သား၊ မိက္ခာ​၏​ညီ​ဣ​ရှ​ယာ​မှ​တစ်​ဆင့် သြ​ဇေ​လ​မှ​ဆင်း​သက်​လာ​သူ​ဇာ​ခ​ရိ။ \p \v 26 မေ​ရာ​ရိ​မှ​ဆင်း​သက်​လာ​သူ​များ​ဖြစ်​ကြ​သော မ​ဟာ​လိ၊ မု​ရှိ​နှင့်​ယာ​ဇိ။- \v 27 ရှော​ဟံ၊ ဇက္ကု​ရ​နှင့်​ဣဗရိ​ဟူ​၍​သား​သုံး​ယောက် ယာ​ဇိ​၌​ရှိ​၏။- \v 28-29 ဧ​လာ​ဇာ​နှင့်​ကိ​ရှ​ဟူ​သော​သား​နှစ်​ယောက် မ​ဟာ​လိ​၌​ရှိ​၏။ ဧ​လာ​ဇာ​တွင်​သား​မ​ရှိ။ သို့​ရာ​တွင်​ကိ​ရှ​၌​ယေ​ရ​မေ​လ​ဟူ​သော သား​တစ်​ယောက်​ရှိ​၏။- \v 30 မု​ရှိ​၌​မ​ဟာ​လိ၊ ဧ​ဒါ၊ ယေ​ရိ​မုတ်​ဟူ သော​သား​သုံး​ယောက်​ရှိ​သ​တည်း။ \p ဤ​သူ​တို့​သည်​အိမ်​ထောင်​စု​အ​လိုက်​လေဝိ အ​နွယ်​ဝင်​များ​ဖြစ်​ကြ​၏။ \p \v 31 မိ​မိ​တို့​၏​ဆွေ​မျိုး​များ​ဖြစ်​သော​အာ​ရုန်​မှ ဆင်း​သက်​လာ​သော ယဇ်​ပု​ရော​ဟိတ်​များ​ပြု​ခဲ့ ကြ​သည့်​နည်း​တူ၊ အိမ်​ထောင်​စု​တိုင်း​မှ​အိမ် ထောင်​ဦး​စီး​နှင့်​ယင်း​အိမ်​ထောင်​မှ​ညီ​ဖြစ်​သူ တစ်​ယောက်​သည်​မဲ​ချ​၍ တာ​ဝန်​ဝတ္တ​ရား​များ ကို​ယူ​ရ​ကြ​၏။ ဤ​သို့​ပြု​ရာ​၌​ဒါ​ဝိဒ်​မင်း၊ ဇာ​ဒုတ်၊ အ​ဟိ​မ​လက်၊ ယဇ်​ပု​ရော​ဟိတ်​တို့ ၏​အိမ်​ထောင်​ဦး​စီး​များ​နှင့်​လေ​ဝိ​အ​နွယ် ဝင်​တို့​၏​အိမ်​ထောင်​ဦး​စီး​များ​သည်​အ​သိ သက်​သေ​ဖြစ်​ကြ​၏။ \c 25 \s1 ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ \p \v 1 ဒါ​ဝိဒ်​နှင့်​လေဝိ​အ​နွယ်​ဝင်​ခေါင်း​ဆောင်​တို့ သည် ကိုး​ကွယ်​ဝတ်​ပြု​ခြင်း​အ​မှု​၌​ဦး​ဆောင် ရန်​အာ​သပ်၊ ဟေ​မန်​နှင့်​ယေ​ဒု​သုန်​သား​ချင်း စု​တို့​ကို​ရွေး​ချယ်​ကြ​၏။ သူ​တို့​သည်​စောင်း သံ၊ လင်း​ကွင်း​သံ​များ​နှင့်​တွဲ​ဖက်​လျက် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို​ဟော​ပြော​ကြ ရန်​ဖြစ်​၏။ ကိုး​ကွယ်​ဝတ်​ပြု​မှု​ကို​ဦး​ဆောင်​ရန် ရွေး​ချယ်​ခြင်း​ခံ​သူ​များ​နှင့်​သူ​တို့​ထမ်း ဆောင်​ရ​မည့်​အ​လုပ်​တာ​ဝန်​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ \p \v 2 အာ​သပ်​၏​သား​များ​ဖြစ်​ကြ​သော​ဇက္ကု​ရ၊ ယော​သပ်၊ နေ​သ​နိ​နှင့်​အာ​ရှ​ရေ​လ​တို့​သည်​မင်း​ကြီး​အ​မိန့် ပေး​သည့်​အ​ခါ​တိုင်း ဘု​ရား​သခင်​၏​တ​ရား​တော် ကို​ဟော​ပြော​ရ​သူ​အာ​သပ်​၏​ညွှန်​ကြား​ကွပ် ကဲ​မှု​ကို​ခံ​ယူ​ရ​ကြ​၏။ \p \v 3 ယေ​ဒု​သုန်​၏​သား​ခြောက်​ယောက်​ဖြစ်​ကြ​သော ဂေ​ဒ​လိ၊ ဇေ​ရိ၊ ရှိ​မိ၊ ယေ​ရှာ​ယ၊ ဟာ​ရှ​ဘိ၊ မတ္တိ သိ​တို့​သည်​မိ​မိ​တို့​၏​ဖ​ခင်​ညွှန်​ကြား​ကွပ်​ကဲ မှု​ကို​ခံ​ယူ​လျက် စောင်း​သံ​နှင့်​တွဲ​ဖက်​၍​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို​ဟော​ပြော​ခြင်း၊ ထာ​ဝ​ရ ဘု​ရား​အား​ထော​မ​နာ​ပြု​ခြင်း၊ ကျေး​ဇူး​တော် ကို​ချီး​မွမ်း​ခြင်း​အ​မှု​တို့​ကို​ပြု​ရ​ကြ​၏။ \p \v 4 ဟေ​မန်​၏​သား​တစ်​ဆယ့်​လေး​ယောက်​မှာ ဗုက္ကိ၊ မတ္တ​နိ၊ သြ​ဇေ​လ၊ ရှေ​ဗွေ​လ၊ ယေ​ရိ​မုတ်၊ ဟာ​န​နိ၊ ဟာ​နန်၊ ဧ​လျာ​သ၊ ဂိဒ္ဒါ​လ​တိ၊ ရော​မန္တေ​ဇာ၊ ယော​ရှ​ဗေ​က​ရှ၊ မလ္လော​သိ၊ ဟော​သိ​ရ၊ မ​ဟာ​ဇုတ်​ဟူ​၍​ဖြစ်​သ​တည်း။- \v 5 ဘု​ရင်​၏​ပ​ရော​ဖက်​ဖြစ်​သူ​ဟေ​မန်​အား​ဘု​ရား​သ​ခင်​သည် မိ​မိ​ကတိ​တော်​ရှိ​သည့်​အ​တိုင်း​ချီး မြှင့်​ရန် သား​တစ်​ဆယ့်​လေး​ယောက်​နှင့်​သ​မီး​သုံး ယောက်​ကို​ပေး​တော်​မူ​၏။- \v 6 သူ​တို့​အား​လုံး​ပင်​ဖ​ခင်​စီ​စဉ်​ညွှန်​ကြား​မှု​အ​ရ၊ လင်း​ကွင်း​နှင့်​စောင်း​များ​ကို​ဗိ​မာန်​တော်​ဝတ်​ပြု ကိုး​ကွယ်​မှု​နှင့်​တွဲ​ဖက်​၍​တီး​ကြ​၏။ အာ​သပ်၊ ယေ​ဒု​သုန်​နှင့်​ဟေ​မန်​တို့​သည်​ဘု​ရင်​၏ အ​မိန့်​တော်​ခံ​များ​ဖြစ်​ကြ​၏။ \p \v 7 ဤ​သူ​အ​ပေါင်း​တို့​နှင့်​သူ​တို့​၏​ညီ​အစ်​ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် လေ့​ကျင့်​ထား​သော ဂီ​တ​ပ​ညာ​သည်​များ​ဖြစ်​၍​အ​ထူး​ကျွမ်း ကျင်​သူ​များ​တည်း။ သူ​တို့​၏​ဦး​ရေ​မှာ​စု​စု ပေါင်း​နှစ်​ရာ​ရှစ်​ဆယ့်​ရှစ်​ယောက်​ဖြစ်​၏။ \p \v 8 ထို​သူ​တို့​သည်​ကြီး​သူ​ငယ်​သူ၊ ကျွမ်း​ကျင်​သူ၊ မ​ကျွမ်း​ကျင်​သူ​ဟူ​၍​ခွဲ​ခြား​ခြင်း​မ​ရှိ​ဘဲ တာ​ဝန်​ဝတ္တ​ရား​များ​ခွဲ​ခန့်​သတ်​မှတ်​ရာ​၌ မဲ​နှိုက်​၍ ယူ​ရ​ကြ​၏။ \p \v 9-31 ဤ​သူ​နှစ်​ရာ​ရှစ်​ဆယ့်​ရှစ်​ယောက်​တို့​ကို​တစ်​အုပ်​စု လျှင် တစ်​ဆယ့်​နှစ်​ယောက်​ပါ​ဝင်​သော​အုပ်​စု​နှစ်​ဆယ့် လေး​စု​ခွဲ​ထား​၏။ တစ်​အုပ်​စု​လျှင်​ခေါင်း​ဆောင်​တစ် ယောက်​စီ​ရှိ​၏။ တာ​ဝန်​အ​ရ​အောက်​ပါ​အ​တိုင်း​ခွဲ ထား​၏။ အာ​သပ်​၏​အိမ်​ထောင်​စု​မှ၊ \p ၁။ ယော​သပ်၊ \p ၂။ ဂေ​ဒ​လိ၊ \p ၃။ ဇက္ကု​ရ၊ \p ၄။ ဣ​ဇ​ရိ၊ \p ၅။ နေ​သ​နိ၊ \p ၆။ ဗုက္ကိ၊ \p ၇။ ယေ​ရှ​ရေ​လ၊ \p ၈။ ယေ​ရှာ​ယ၊ \p ၉။ မတ္တ​နိ၊ \p ၁၀။ ရှိ​မိ၊ \p ၁၁။ အာ​ရေ​လ၊ \p ၁၂။ ဟာ​ရှ​ဘိ၊ \p ၁၃။ ရှေ​ဗွေ​လ၊ \p ၁၄။ မတ္တိ​သိ၊ \p ၁၅။ ယေ​ရ​မုတ်၊ \p ၁၆။ ဟာ​န​နိ၊ \p ၁၇။ ယော​ရှ​ဗေ​က​ရှ၊ \p ၁၈။ ဟာ​နန်၊ \p ၁၉။ မ​လ္လော​သိ၊ \p ၂၀။ ဧ​လျာ​သာ၊ \p ၂၁။ ဟော​သိ​ရ၊ \p ၂၂။ ဂိဒ္ဒါ​လ​တိ၊ \p ၂၃။ မ​ဟာ​ဇ​ယုတ်​နှင့် \p ၂၄။ ရော​မန္တေ​ဇာ၊ ဟူ​၍​ဖြစ်​သ​တည်း။ \c 26 \s1 ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ \p \v 1 ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​အား ခွဲ​ခန့် သတ်​မှတ်​ပေး​သည့်​တာ​ဝန်​ဝတ္တ​ရား​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ ကော​ရ​ဟိ​ဆွေ​မျိုး စု​တွင်​အာ​သပ်​၏​အိမ်​ထောင်​စု​မှ​ကော​ရ​၏ သား​မေ​ရှ​လေ​မိ​ဆို​သူ​ရှိ​၏။- \v 2 သူ့​မှာ​ဇာ​ခ​ရိ၊ ယေ​ဒျေ​လ၊ ဇေ​ဗ​ဒိ၊ ယာ​သ​နေ​လ၊- \v 3 ဧ​လံ၊ ယော​ဟ​နန်​နှင့်​ဧ​လဲ​သြ​နဲ​ဟူ​၍​ကြီး​စဉ် ငယ်​လိုက်​သား​ခု​နစ်​ယောက်​ရှိ​၏။ \p \v 4-5 ရှေ​မာ​ယ၊ ယော​ဇ​ဗပ်၊ ယော​အာ၊ စာ​ကာ၊ နာ​သ နေ​လ၊ အ​မျေ​လ၊ ဣ​သ​ခါ၊ ပု​လ​သဲ​ဟူ​သော သား​ရှစ်​ယောက်​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​ကောင်း ချီး​ပေး​သူ​သြ​ဗ​ဒေ​ဒုံ​ဆို​သူ​လည်း​ရှိ​၏။\x + \xo 26:4-5 \xt ၂ရာ၊ ၆:၁၁။ ၅ရာ၊ ၁၃:၁၄။\x* \p \v 6-7 သြ​ဗ​ဒေ​ဒုံ​၏​သား​ဦး​ရှေ​မာ​ယ​တွင်​စွမ်း​ရည် ကြီး​မား​သ​ဖြင့် မိ​မိ​တို့​ဆွေ​မျိုး​စု​၌​အ​ရေး ပါ​အ​ရာ​ရောက်​သည့်​သား​များ​ရှိ​လေ​သည်။ သူ တို့​၏​နာ​မည်​များ​မှာ​သြ​သ​နိ၊ ရေ​ဖေ​လ၊ သြ​ဗက်၊ ဧ​လာ​ဇာ​ဗဒ်၊ ဧ​လိ​ဟု​နှင့်​သေ​မ​ခိ ဟူ​၍​ဖြစ်​၏။ နောက်​ဆုံး​ဖော်​ပြ​သူ​နှစ်​ဦး​မှာ အ​ထူး​ပင်​အ​စွမ်း​အ​စ​ကောင်း​သူ​များ ဖြစ်​ကြ​၏။ \p \v 8 သြ​ဗ​ဒေ​ဒုံ​၏​အိမ်​ထောင်​စု​မှ​ဤ​အ​လုပ် တာ​ဝန်​အ​တွက် အ​ထူး​အ​ရည်​အ​ချင်း​နှင့် ပြည့်​စုံ​သူ​လူ​ခြောက်​ဆယ့်​နှစ်​ယောက်​ရ​ရှိ​၏။ \p \v 9 မေ​ရှ​လေ​မိ​၏​အိမ်​ထောင်​စု​မှ အ​ရည်​အ​ချင်း နှင့်​ပြည့်​စုံ​သူ​တစ်​ဆယ့်​ရှစ်​ယောက်​ရ​ရှိ​၏။ \p \v 10-11 မေ​ရာ​ရိ​၏​အိမ်​ထောင်​စု​၌ ဟော​သ​ဆို​သူ​တစ် ဦး​ရှိ​၏။ သူ့​မှာ​ရှိ​မ​ရိ၊ ဟိ​လ​ခိ၊ တေ​ဗ​လိ၊ ဇာ​ခ​ရိ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။ (ထို​သူ တို့​အ​နက်​ရှိ​မ​ရိ​သည်​သား​ဦး​မ​ဟုတ်​သော် လည်း​သူ​၏​ဖ​ခင်​က​ခန့်​ထား​သ​ဖြင့်​ခေါင်း ဆောင်​ဖြစ်​လေ​၏။) ဟော​သ​၏​အိမ်​ထောင်​စု​မှ ဗိ​မာန်​တော်​တပ်​သား​စု​စု​ပေါင်း​တစ်​ဆယ့် သုံး​ယောက်​ရ​သ​တည်း။ \p \v 12 ဗိ​မာန်​တော်​၏​အ​စောင့်​တပ်​သား​တို့​ကို အိမ်​ထောင် စု​များ​အ​လိုက်​အုပ်​စု​များ​ခွဲ​၍ အ​ခြား​လေ​ဝိ အ​နွယ်​ဝင်​တို့​နည်း​တူ​အ​လုပ်​တာ​ဝန်​များ​ကို ခွဲ​ခန့်​ပေး​လေ​သည်။- \v 13 လူ​ဦး​ရေ​အ​နည်း​အ​များ​ကို​ပ​မာ​ဏ​မ​ထား ဘဲ​အိမ်​ထောင်​စု​တိုင်း​ပင်​လျှင် မိ​မိ​တို့​အ​စောင့် တာ​ဝန်​ကျ​မည့်​တံ​ခါး​ကို​မဲ​နှိုက်​၍​ယူ​ရ​ကြ​၏။- \v 14 ရှေ​လ​မိ​သည်​အ​ရှေ့​တံ​ခါး​ကို​ရ​၍ သူ​၏​သား ဇာ​ခ​ရိ​သည်​မြောက်​တံ​ခါး​ကို​ရ​လေ​သည်။ သူ သည်​အ​စဉ်​ပင်​အ​ကြံ​ကောင်း​ဉာဏ်​ကောင်း​ကို ပေး​တတ်​သူ​ဖြစ်​၏။- \v 15 သြ​ဗ​ဒေ​ဒုံ​သည်​တောင်​တံခါး​ကို​စောင့်​ရန် တာ​ဝန်​ကျ​၏။ သူ​၏​သား​တို့​သည်​ကုန် လှောင်​ရုံ​ကို​စောင့်​ရ​ကြ​၏။- \v 16 ရှု​ပိန်​နှင့်​ဟော​သ​တို့​သည်​အ​နောက်​တံ​ခါး​နှင့် အ​ထက်​လမ်း​ရှိ၊ ရှလ္လေ​ခက်​တံ​ခါး​တွင်​တာ​ဝန် ကျ​ကြ​၏။ အ​စောင့်​တာ​ဝန်​ကို​တစ်​ချိန်​ပြီး တစ်​ချိန် ခွဲ​ခန့်​သတ်​မှတ်​ထား​၏။- \v 17 အ​ရှေ့​မျက်​နှာ​တွင်​အ​စောင့်​တပ်​သား​ခြောက် ယောက်၊ မြောက်​မျက်​နှာ​တွင်​လေး​ယောက်​နှင့် တောင်​မျက်​နှာ​တွင်​လေး​ယောက်​နေ့​စဉ်​တာ​ဝန် ကျ​လေ​သည်။ ကုန်​လှောင်​ရုံ​များ​တွင်​တစ်​ရုံ လျှင်​ခြောက်​ယောက်​စီ​နေ့​စဉ်​တပ်​သား​လေး ယောက်​စောင့်​ရ​ကြ​၏။- \v 18 အ​နောက်​မျက်​နှာ​စင်္ကြံ​အ​နီး​လမ်း​ပေါ်​တွင် အ​စောင့်​တပ်​သား​လေး​ယောက်​နှင့်​စင်္ကြံ​ထဲ တွင်​နှစ်​ယောက်​ရှိ​၏။- \v 19 ဤ​ကား​ကော​ရ​၏​အိမ်​ထောင်​စု​နှင့်​မေ​ရာ​ရိ ၏​အိမ်​ထောင်​စု​တို့​အား​အ​စောင့်​တာ​ဝန်​ခွဲ​ခန့် သတ်​မှတ်​ပေး​ပုံ​ဖြစ်​သ​တည်း။ \s1 ဗိ​မာန်​တော်​တွင်​ဆောင်​ရွက်​ရ​သော​အ​ခြား တာ​ဝန်​ဝတ္တ​ရား​များ \p \v 20 အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​တို့\f 4 \fr 26:20 \ft * \+fk အခြား​လေ​ဝိ​အ​နွယ်​ဝင်​တို့။ \ft ဘာ​သာ​ပြန်​ရှေး​မူ​ဟောင်း​တစ်​ခု​အ​ရ။ ဟေ​ဗြဲ​မူ​တွင်​လေ​ဝိ​အ​နွယ်​ဝင်​များ၊ အ​ဟိ​ယ။\f* သည်​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​နှင့်​ဘု​ရား​သ​ခင် အ​တွက် ဆက်​ကပ်​ထား​သော​လှူ​ဖွယ်​ပစ္စည်း​များ သို​မှီး​ရာ ကုန်​လှောင်​ရုံ​များ​ကို​တာ​ဝန်​ယူ​၍ အုပ်​ချုပ်​ရ​ကြ​၏။- \v 21 ဂေ​ရ​ရှုံ​၏​သား​လာ​ဒန်​သည်​ယေ​ဟေ​လိ​အိမ် ထောင်​စု​အ​ပါ​အ​ဝင် အိမ်​ထောင်​စု​များ​၏​ဘိုး ဘေး​ဖြစ်​၏။- \v 22 လာ​ဒန်​၏​အ​ခြား​သား​များ​ဖြစ်​ကြ​သော ဇေ​သံ​နှင့်​ယော​လ​တို့​သည် ဗိ​မာန်​တော်​ဘဏ္ဍာ တိုက်​နှင့်​ကုန်​လှောင်​ရုံ​များ​ကို​တာ​ဝန်​ယူ​၍ အုပ်​ချုပ်​ရ​လေ​သည်။ \p \v 23 အာ​မ​ရံ​၏​သား​မြေး​များ​ဖြစ်​ကြ​သော ဣ​ဇ​ဟာ၊ ဟေ​ဗြုန်​နှင့်​သြ​ဇေ​လ​တို့​ကို​လည်း အ​လုပ်​တာ​ဝန်​ခံ​များ​ခွဲ​ခန့်​သတ်​မှတ်​၍ ပေး​၏။ \p \v 24 မော​ရှေ​၏​သား​ဂေ​ရ​ရှုံ​သား​ချင်း​စု​မှ ရှေ​ဗွေ​လ သည်​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​၏​တာ​ဝန်​ခံ​အုပ် ချုပ်​ရေး​မှူး​ဖြစ်​၏။- \v 25 သူ​သည်​ဂေ​ရ​ရှုံ​၏​ညီ၊ ဧ​လျာ​ဇာ​နှင့်​ဆက်​စပ် ၍​ရှေ​လော​မိတ်​၏​ဆွေ​မျိုး​ဖြစ်​လာ​လေ​သည်။ ဧ​လျာ​ဇာ​၏​သား​သည်​ရေ​ဟ​ဗိ၊ ရေ​ဟ​ဗိ​၏ သား​မှာ​ယေ​ရှာ​ယ၊ ယေ​ရှာ​ယ​၏​သား​ကား ယော​ရံ​ဖြစ်​၏။ ယော​ရံ​၏​သား​သည်​ဇိ​ခ​ရိ ဖြစ်​၍​ဇိ​ခ​ရိ​၏​သား​မှာ​ရှေ​လော​မိတ်​ဖြစ် သ​တည်း။- \v 26 ရှေ​လော​မိတ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် ဘု​ရား​သ​ခင်​အား​ဒါ​ဝိဒ်​မင်း​ကြီး၊ အိမ်​ထောင် ဦး​စီး​များ၊ သား​ချင်း​စု​ခေါင်း​ဆောင်​များ​နှင့် စစ်​တပ်​အ​ရာ​ရှိ​များ​ဆက်​ကပ်​ထား​သည့်​လှူ ဖွယ်​ပစ္စည်း​များ​ကို​တာ​ဝန်​ယူ​၍​ထိန်း​သိမ်း ရ​ကြ​၏။- \v 27 သူ​တို့​သည်​စစ်​ပွဲ​မှ​တိုက်​ရာ​ပါ​ပစ္စည်း​အ​ချို့ ကို​ယူ​၍ ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန် ဆက်​ကပ်​ကြ​လေ​သည်။- \v 28 ရှေ​လော​မိတ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် ပ​ရော​ဖက်​ရှ​မွေ​လ၊ ရှော​လု​မင်း၊ နေ​ရ​၏​သား အာ​ဗ​နာ​နှင့်​ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​တို့​ယူ ဆောင်​လာ​သော လှူ​ဖွယ်​ပစ္စည်း​များ​အ​ပါ​အ​ဝင် ဗိ​မာန်​တော်​တွင် အ​သုံး​ပြု​ရန်​ဆက်​ကပ်​လေ သ​မျှ​သော​အ​ရာ​တို့​ကို​တာ​ဝန်​ယူ​၍​ထိန်း သိမ်း​ရ​ကြ​၏။ \s1 အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​တာ​ဝန်​ဝတ္တ​ရား​များ \p \v 29 ဣ​ဇ​ဟာ​၏​သား​မြေး​များ​အ​နက်​ခေ​န​နိ​နှင့် သား​များ​သည် စာ​ရင်း​အင်း​များ​ထိန်း​သိမ်း​ခြင်း နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့​အ​ချင်း​ဖြစ်​ပွား မှု​များ​ကို ဖြေ​ရှင်း​ခြင်း​စ​သော​အုပ်​ချုပ်​ရေး တာ​ဝန်​များ​ကို​ထမ်း​ဆောင်​ရ​ကြ​၏။ \p \v 30 ဟေ​ဗြုန်​၏​သား​မြေး​တို့​အ​နက်​ဟာ​ရှ​ဘိ​နှင့် သူ​၏​ဆွေ​မျိုး​သား​ချင်း​တစ်​ထောင့်​ခု​နစ်​ရာ တို့​သည် ယော်​ဒန်​မြစ်​အ​နောက်​ဘက်​ရှိ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘာ​သာ​ရေး​နှင့်​မြို့​ပြ​ရေး ရာ​အ​မှု​ကိစ္စ​မှန်​သ​မျှ​ကို စီ​မံ​အုပ်​ချုပ်​ရန် တာ​ဝန်​ယူ​ရ​ကြ​လေ​သည်။ သူ​တို့​အား​လုံး ပင်​ထူး​ချွန်​သူ​များ​ဖြစ်​သ​တည်း။- \v 31 ယေ​ရိ​ယ​သည်​ဟေဗြုန်​၏​သား​မြေး​တို့​တွင်​ခေါင်း ဆောင်​ဖြစ်​၏။ ဒါ​ဝိဒ်​မင်း​နန်း​စံ​အ​နှစ်​လေး​ဆယ် မြောက်​တွင်​ဟေ​ဗြုန်​၏​သား​မြေး​ဆွေ​စဉ်​မျိုး​ဆက် များ​ကို​စုံ​စမ်း​ရှာ​ဖွေ​၍​ကြည့်​ရာ ယင်း​အ​ဆက် အ​နွယ်​များ​ထဲ​မှ​ထူး​ချွန်​သော​စစ်​သူရဲ​များ သည်​ဂိ​လဒ်​ပြည်​ယာ​ဇာ​မြို့​၌​နေ​ထိုင် လျက်​ရှိ​ကြောင်း​တွေ့​ရ​လေ​သည်။- \v 32 ဒါ​ဝိဒ်​မင်း​သည်​ယေ​ရိ​ယ​၏​ဆွေ​မျိုး​များ ထဲ​မှ ထူး​ချွန်​သူ​အိမ်​ထောင်​ဦး​စီး​နှစ်​ထောင့် ခု​နစ်​ရာ​ကို​ရွေး​ချယ်​၍​ရု​ဗင်​ပြည်၊ ဂဒ် ပြည်​နှင့်​မ​နာ​ရှေ​အ​ရှေ့​ပိုင်း​တို့​တွင်​ဘာ​သာ ရေး​နှင့် မြို့​ပြ​ရေး​ရာ​အ​မှု​ကိစ္စ​မှန်​သ​မျှ တို့​ကို​စီ​မံ​အုပ်​ချုပ်​ရန်​တာ​ဝန်​ပေး​အပ် တော်​မူ​၏။ \c 27 \s1 စစ်​မှု​ရေး​ရာ​နှင့်​မြို့​ပြ​ရေး​အ​ဖွဲ့​အ​စည်း \p \v 1 ဘု​ရင်​၏​အ​မှု​တော်​ကို​ထမ်း​ရွက်​ရ​သူ ဣ​သ​ရေ​လ အ​မျိုး​သား​အိမ်​ထောင်​ဦး​စီး​များ၊ သား​ချင်း​စု ခေါင်း​ဆောင်​များ​နှင့်​နိုင်​ငံ​တော်​အုပ်​ချုပ်​ရေး အ​ရာ​ရှိ​များ​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။ သူ​တို့​သည်​လူ​ပေါင်း​နှစ်​သောင်း​လေး ထောင်​စီ​ရှိ​သည့်​အ​ဖွဲ့​များ​ဖွဲ့​၍​တစ်​လ​လျှင် တစ်​ဖွဲ့​တာ​ဝန်​ယူ​ရ​ကြ​၏။ ထို​အ​ဖွဲ့​တိုင်း​ကို သက်​ဆိုင်​ရာ​တပ်​မ​ဟာ​မှူး​တစ်​ယောက်​က ကွပ်​ကဲ​အုပ်​ချုပ်​လေ​သည်။ \p \v 2-15 တစ်​လ​စီ​တာ​ဝန်​ကျ​သည့်​တပ်​မ​ဟာ​မှူး​များ မှာ၊ \q1 ပ​ထ​မ​လ​၌​ဇာ​ဗ​ဒေ​လ​၏​သား​ယာ​ရှော​ဗံ (သူ​သည်​ယု​ဒ​အ​နွယ်​ဝင်​ဖာ​ရက်​၏​သား​ချင်း စု​ဝင်​ဖြစ်​၏။) \q1 ဒု​တိ​ယ​လ​၌​အ​ဟော​ဟိ​၏​သား​မြေး​ဒေါ​ဒဲ။ (သူ​၏​လက်​ထောက်​တပ်​မှူး​မှာ​မိ​က​လုပ်​ဖြစ်​၏။) \q1 တ​တိ​ယ​လ​၌​ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ ၏​သား​ဗေ​နာ​ယ။ သူ​သည်​နာ​မည်​ကျော်​သူ​ရဲ ကောင်း​သုံး​ကျိပ်​တို့​၏​ခေါင်း​ဆောင်​ဖြစ်​သ​တည်း၊ (သူ​၏​သား​အ​မိ​ဇ​ဗဒ်​သည်​သူ​၏​ရာ​ထူး​ကို ဆက်​ခံ​ရ​ရှိ​၍​တပ်​မ​ဟာ​မှူး​ဖြစ်​လာ​၏။) \q1 စ​တုတ္ထ​လ​၌​ယွာ​ဘ​၏​ညီ၊ အာ​သ​ဟေ​လ (သူ​၏​သား​ဇေ​ဗ​ဒိ​သည်​ရာ​ထူး​ကို​ဆက်​ခံ ရ​ရှိ​၏။) \q1 ပဉ္စ​မ​လ​၌​ဣ​ဇ​ဟာ​၏​သား​မြေး​ရှံ​ဟုတ်။ \q1 ဆ​ဋ္ဌ​မ​လ​၌​တေ​ကော​မြို့​မှ​ဣ​ကေ​ရှ​၏ သား​ဣ​ရ။ \q1 သတ္တမ​လ​၌​ပေ​လာ​နိ​မြို့​မှ​ဧ​ဖ​ရိမ်​အ​နွယ် ဝင်​ဟေ​လက်။ \q1 အ​ဋ္ဌ​မ​လ​၌​ဟု​ရှ​မြို့​မှ​သိ​ဗေ​ကဲ (သူ​သည် ယု​ဒ​အ​နွယ်၊ ဇာ​ရ​သား​ချင်း​စု​မှ​ဖြစ်​၏။) \q1 န​ဝ​မ​လ​၌​အ​နေ​သော​သိ​မြို့​ဗင်္ယာ​မိန် အ​နွယ်​ဝင် ဒေ​သ​မှ​အ​ဗျေ​ဇာ။ \q1 ဒ​သ​မ​လ​၌​နေ​တော​ဖာ​သိ​မြို့​မှ​မ​ဟာ​ရဲ (သူ​သည်​ဇာ​ရ​သား​ချင်း​စု​ဝင်​ဖြစ်​၏။) \q1 ဧ​က​ဒ​သ​မ​လ​၌​ပိ​ရ​သော​နိ​မြို့​မှ​ဧ​ဖ​ရိမ် အ​နွယ်​ဝင် ဒေ​သ​မှ​ဗေ​နာ​ယ။ \q1 ဒွါ​ဒ​သ​မ​လ​၌​နေ​တော​ဖာ​သိ​မြို့​မှ​ဟေ​လ​ဒဲ (သူ​သည်​သြ​သ​နေ​လ​၏​သား​မြေး​ဖြစ်​၏။) \s1 ဣ​သ​ရေ​လ​အ​မျိုး​အနွယ်​တို့​အား​အုပ်​ချုပ်​မှု \p \v 16-22 ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​၏​အုပ်​ချုပ်​ရေး အ​ရာ​ရှိ​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ \tr \th1 အ​နွယ် \th2 အုပ်​ချုပ်​သူ \tr \tc1 ရု​ဗင် \tc2 ဇိ​ခ​ရိ​၏​သား​ဧ​လျေ​ဇာ။ \tr \tc1 ရှိ​မောင် \tc2 မာ​ခ​၏​သား​ရှေ​ဖ​တိ။ \tr \tc1 လေဝိ \tc2 ကေ​မွေ​လ​၏​သား​ဟာ​ရှ​ဘိ။ \tr \tc1 အာ​ရုန် \tc2 ဇာ​ဒုတ်။ \tr \tc1 ယု​ဒ \tc2 ဒါ​ဝိဒ်​၏​အစ်​ကို​ဧ​လိ​ဟု။ \tr \tc1 ဣ​သ​ခါ \tc2 မိက္ခေ​လ​၏​သား​သြ​မ​ရိ။ \tr \tc1 ဇာ​ဗု​လုန် \tc2 သြ​ဗ​ဒိ​သား​ဣရှ​မာ​ယ။ \tr \tc1 န​ဿ​လိ \tc2 အာ​ဇ​ရေ​လ​၏​သား ယေ​ရိ​မုတ်။ \tr \tc1 ဧ​ဖ​ရိမ် \tc2 အာ​ဇ​ဇိ​၏​သား​ဟော​ရှေ။ \tr \tc1 အ​နောက်​ပိုင်း​မ​နာ​ရှေ \tc2 ပေ​ဒါ​ယ​၏​သား​ယောလ။ \tr \tc1 အ​ရှေ့​ပိုင်း​မ​နာ​ရှေ \tc2 ဇာ​ခ​ရိ​၏​သား​ဣ​ဒ္ဒေါ။ \tr \tc1 ဗင်္ယာ​မိန် \tc2 အာ​ဗ​နာ​၏​သား​ယာ​သေ​လ။ \tr \tc1 ဒန် \tc2 ယေ​ရော​ဟံ​၏​သား အာ​ဇ​ရေ​လ။ \p \v 23 ထာ​ဝ​ရ​ဘု​ရား​က ဣ​သ​ရေ​လ​ပြည်​သား​တို့ အား ကောင်း​ကင်​ကြယ်​များ​ကဲ့​သို့​များ​ပြား စေ​တော်​မူ​မည်​ဟု​က​တိ​တော်​ရှိ​သ​ဖြင့် ဒါ​ဝိဒ်​မင်း​သည်​အသက်​နှစ်​ဆယ်​အောက်​ရှိ သူ​တို့​အား​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ တော်​မ​မူ။-\x + \xo 27:23 \xt က၊ ၁၅:၅၊ ၂၂:၁၇၊ ၂၆:၄။\x* \v 24 ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​သည်​သန်း​ခေါင်​စာ​ရင်း တစ်​ရပ်​စ​တင်​ကောက်​ယူ​ခဲ့​သော်​လည်း​အ​ပြီး မ​သတ်​ချေ။ ဤ​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​မှု အ​တွက်​ဘု​ရား​သ​ခင်​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။ သို့​ဖြစ် ၍​ကောက်​ယူ​ရ​ရှိ​သည့်​နောက်​ဆုံး​ကိန်း​ဂ​ဏန်း များ​ကို​ဒါဝိဒ်​မင်း​၏​တ​ရား​ဝင်​မှတ်​တမ်း​များ တွင်​ရေး​မှတ်​ထား​ခြင်း​မ​ရှိ​ပေ။\x + \xo 27:24 \xt ၂ရာ၊ ၂၄:၁-၁၅။ ၅ရာ၊ ၂၁:၁-၁၄။\x* \s1 ဘု​ရင်​၏​ပစ္စည်း​ဥစ္စာ​များ​ကို​စီ​မံ​အုပ်​ချုပ်​ရ​သူ​တို့​၏ စာ​ရင်း \p \v 25-31 ဘု​ရင်​၏​ပစ္စည်း​ဥစ္စာ​များ​ကို​စီ​မံ​အုပ်​ချုပ်​ရ​သူ တို့​၏​စာ​ရင်း​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ \q1 ဘု​ရင့်​ကုန်​လှောင်​ရုံ​များ​ကို အ​ဒေ​လ​၏​သား အာ​ဇိ​မာ​ဝက်​က​အုပ်​ချုပ်​ရ​၏။ \q1 ဒေ​သ​ဆိုင်​ရာ​ကုန်​လှောင်​ရုံ​များ​ကို သြ​ဇိ​၏​သား ယော​န​သန်​က​အုပ်​ချုပ်​ရ​၏။ \q1 တောင်​သူ​လယ်​သ​မား​စု​ကို ခေ​လုပ်​၏​သား​ဧ​ဇ​ရိ အုပ်​ချုပ်​ရ​၏။ \q1 စ​ပျစ်​ဥ​ယျာဉ်​တို့​ကို​ရာ​မ​မြို့​သား​ရှိ​မိ​က အုပ်​ချုပ်​ရ​၏။ \q1 စ​ပျစ်​ရည်​တိုက်​တို့​ကို​ရှိ​ဖ​မိ​မြို့​သား​ဇ​ဗ​ဒိ​က အုပ်​ချုပ်​ရ​၏။ \q1 အ​နောက်​တောင်​ခြေ​ရှိ​သံ​လွင်​ပင်​များ​နှင့် သ​ဖန်း​ပင်​တို့​ကို ဂေ​ဒ​ရိ​မြို့​သား​ဗာ​လ​ဟာ​နန်​က​အုပ်​ချုပ်​ရ​၏။ \q1 ဆီ​တိုက်​ကို​ယော​ရှ​သည်​အုပ်​ချုပ်​ရ​၏။ \q1 ရှာ​ရုန်​လွင်​ပြင်​ရှိ​နွား​တို့​ကို​ရှာ​ရုန်​မြို့​သား​ရှိ တ​ရဲ​က အုပ်​ချုပ်​ရ​၏။ \q1 ချိုင့်​ဝှမ်း​များ​ရှိ​နွား​တို့​ကို​အာ​ဒ​လဲ​၏​သား ရှာ​ဖတ်​က အုပ်​ချုပ်​ရ​၏။ \q1 ကု​လား​အုတ်​တို့​ကို​ဣ​ရှ​မေ​လ​အ​နွယ်​ဝင်၊ သြ​ဗိ​လ​က​အုပ်​ချုပ်​ရ​၏။ \q1 မြည်း​တို့​ကို​မေ​ရော​န​သိ​မြို့​သား​ယေ​ဒေ​ယ​က အုပ်​ချုပ်​ရ​၏။ \q1 သိုး​နှင့်​ဆိတ်​တို့​ကို​ဟာ​ဂ​ရ​အ​နွယ်​ဝင်​ယာ​ဇဇ်​က အုပ်​ချုပ်​ရ​၏။ \s1 ဒါ​ဝိဒ်​၏​အ​တိုင်​ပင်​ခံ​အ​မတ်​များ \p \v 32 ဒါ​ဝိဒ်​၏​ဘ​ထွေး​တော်​ယော​န​သန်​သည် တတ် သိ​လိမ္မာ​စွာ​အ​ကြံ​ဉာဏ်​ပေး​တတ်​သူ​ပ​ညာ​ရှင် ဖြစ်​၏။ သူ​နှင့်​ဟ​ခ​မော​နိ​၏​သား​ယေ​ဟေ​လ တို့​သည်​ဘု​ရင့်​သား​တော်​များ​အား​ပ​ညာ​ပို့ ချ​ရေး​ကို​တာ​ဝန်​ယူ​ရ​ကြ​၏။- \v 33 အ​ဟိ​သော​ဖေ​လ​သည်​ဘု​ရင်​၏​အ​တိုင်​ပင်​ခံ အ​မတ်​ဖြစ်​၍ အာ​ခိ​မြို့​သား​ဟု​ရှဲ​သည်​ဘု​ရင် ၏​အ​ဆွေ​တော်​တိုင်​ပင်​ဖော်​တိုင်​ပင်​ဖက်​ဖြစ် သ​တည်း။- \v 34 အ​ဟိ​သော​ဖေ​လ​သေ​လွန်​ပြီး​နောက်​အ​ဗျာ​သာ နှင့်​ဗေ​နာ​ယ​၏​သား​ယော​ယ​ဒ​တို့​သည်​အ​တိုင် ပင်​ခံ​များ​ဖြစ်​လာ​ကြ​၏။ ယွာ​ဘ​ကား​ဘု​ရင့် တပ်​မ​တော်​၏​ဗိုလ်​ချုပ်​ဖြစ်​သ​တည်း။ \c 28 \s1 ဗိ​မာန်​တော်​အ​တွက်​ဒါ​ဝိဒ်​၏​ညွှန်​ကြား​ချက်​များ \p \v 1 ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ရာ​ရှိ အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး​စေ တော်​မူ​၏။ လူ​မျိုး​နွယ်​တို့​ကို​အုပ်​ချုပ်​ရ​သူ အ​ရာ​ရှိ​အ​ပေါင်း​နှင့် နိုင်​ငံ​အုပ်​ချုပ်​မှု​တာ​ဝန် ကို​ထမ်း​ဆောင်​ရ​သူ​အ​ရာ​ရှိ​အ​ပေါင်း​သည် လည်း​ကောင်း၊ သား​ချင်း​စု​ခေါင်း​ဆောင်​များ၊ ဘု​ရင်​နှင့်​သား​တော်​များ​၏​ဥစ္စာ​ပစ္စည်း၊ မြည်း၊ နွား​အ​စ​ရှိ​သော​တိရစ္ဆာန်​များ​ကို​ကြီး​ကြပ် ထိန်း​သိမ်း​ရ​ကြ​သူ​တို့​သည်​လည်း​ကောင်း စု​ရုံး​ကြ​၏။ တစ်​နည်း​အား​ဖြင့်​နန်း​တော် အ​ရာ​ရှိ​များ၊ ထင်​ရှား​သော​စစ်​သူ​ရဲ​ကြီး များ​နှင့်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​ရှိ သ​မျှ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး ကြ​ကုန်​၏။ \p \v 2 ဒါ​ဝိဒ်​မင်း​သည်​ထို​သူ​တို့​ရှေ့​တွင်​ရပ်​လျက် မိန့်​ခွန်း​မြွက်​ကြား​တော်​မူ​၏။ မင်း​ကြီး​က``ငါ ၏​ပြည်​သူ​ပြည်​သား​တို့၊ နား​ထောင်​ကြ​လော့။ ငါ​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​ခြေ​တင်​ခုံ​ဖြစ်​သော ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ထား​ရှိ​ရန်​အ​တွက်​အိမ်​တော်​တစ်​ဆောင် ကို​တည်​ဆောက်​လို​ပေ​သည်။ ဘု​ရား​သ​ခင် နာ​မ​တော်​ကို​ချီး​မြှောက်​ရန်​ဗိ​မာန်​တော် တည်​ဆောက်​ရေး​အ​တွက်​ငါ​သည်​ပြင်​ဆင် မှု​များ​ကို​ပြု​ခဲ့​လေ​ပြီ။- \v 3 သို့​ရာ​တွင်​ငါ​သည်​စစ်​သည်​တစ်​ဦး​ဖြစ်​၍ များ​စွာ​သွေး​ထွက်​သံ​ယို​ဖြစ်​ပွား​စေ​ခဲ့ သ​ဖြင့် ငါ့​အား​ကိုယ်​တော်​က​မ​တည်​မ ဆောက်​ရ​ဟု​တား​မြစ်​တော်​မူ​၏။- \v 4 ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​သည် ငါ​နှင့် ငါ​၏​သား​မြေး​တို့​အား​ဣ​သ​ရေ​လ​နိုင်​ငံ တော်​ကို​ထာ​ဝ​စဉ်​အုပ်​စိုး​ရန်​ရွေး​ချယ်​တော် မူ​၏။ ကိုယ်​တော်​သည်​ခေါင်း​ဆောင်​မှု​ပေး​ရန် အ​တွက်​ယု​ဒ​အ​နွယ်​ကို​ရွေး​ချယ်​တော် မူ​၏။ ယု​ဒ​ပြည်​မှ​ငါ့​အ​ဖ​၏​အိမ်​ထောင်​စု ကို​ရွေး​ချယ်​တော်​မူ​ပေ​သည်။ ထို​အိမ်​ထောင်​စု မှ​ငါ့​အား​ထုတ်​ယူ​၍​ဣ​သ​ရေ​လ​နိုင်​ငံ တစ်​နိုင်​ငံ​လုံး​ကို​အုပ်​စိုး​ခွင့်​ပေး​တော်​မူ​၏။- \v 5 ကိုယ်​တော်​သည်​ငါ့​အား​သား​များ​ထွန်း​ကား စေ​တော်​မူ​၍​ထို​သား​တို့​အ​နက်​ရှော​လ​မုန် ကို​ထာ​ဝ​ရ​ဘု​ရား​၏​နိုင်​ငံ​တည်း​ဟူ​သော ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​ရန်​ရွေး​ချယ် တော်​မူ​၏။'' \p \v 6 ``ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`သင်​၏​သား ရှော​လ​မုန်​သည်​ငါ​၏​ဗိ​မာန်​တော်​ကို​တည် ဆောက်​ရ​မည့်​သူ​ဖြစ်​၏။ သူ့​အား​ငါ​သည် ငါ​၏​သား​အ​ဖြစ်​ဖြင့်​ရွေး​ချယ်​တော်​မူ ပြီ။ ငါ​သည်​လည်း​သူ​၏​အ​ဖ​ဖြစ်​လိမ့် မည်။- \v 7 သူ​သည်​ယ​ခု​တိုင်​ဆက်​လက်​၍​ငါ​၏ ပ​ညတ်​တို့​ကို​စောင့်​ထိန်း​ပါ​မူ ငါ​သည် သူ​၏​နိုင်​ငံ​ကို​ကာ​လ​အ​စဉ်​အ​ဆက် တည်​တံ့​စေ​တော်​မူ​မည်' ဟု​မိန့်​တော်​မူ​၏။''\x + \xo 28:7 \xt ၂ရာ၊ ၇:၁-၁၆။ ၅ရာ၊ ၁၇:၁-၁၄။\x* \p \v 8 ``သို့​ဖြစ်​၍​သင်​တို့​အား ငါ​သည်​ဘု​ရား​သ​ခင်​၏​လူ​ပ​ရိတ်​သတ်​ရှေ့​တော်​၌​လည်း ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​တည်း ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​လူ​ထု ကြီး​၏​ရှေ့​၌​လည်း​ကောင်း၊ သင်​တို့​အား တာ​ဝန်​ပေး​အပ်​ပါ​၏။ သင်​တို့​သည်​ငါ တို့​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​ပ​ညတ် တော်​မူ​သ​မျှ​တို့​ကို တိ​ကျ​စွာ​လိုက်​နာ ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့​သည် ဤ​ပြည်​ကောင်း​ပြည်​မြတ်​ကို​ဆက်​လက် ပိုင်​ဆိုင်​ရ​ကြ​လျက် မိ​မိ​တို့​၏​သား​မြေး အား​အ​ဆက်​မ​ပြတ်​လွှဲ​ပြောင်း​ပေး အပ်​နိုင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 9 ထို​နောက်​ရှော​လ​မုန်​အား``ငါ့​သား၊ သင်​သည် မိ​မိ​၏​အ​ဖ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ကို အ​သိ​အ​မှတ်​ပြု​၍​ယုံ​မှား​သံ​သ​ယ​မ​ရှိ ဘဲ နူး​ညွတ်​သော​စိတ်​နှင့်​ဝတ်​ပြု​ကိုး​ကွယ်​ရန် ငါ​သည်​သင့်​အား​တာ​ဝန်​ပေး​အပ်​၏။ ကိုယ်​တော် သည်​ငါ​တို့​၏​အ​ကြံ​အ​စည်​များ​နှင့်​လို​အင် ဆန္ဒ​ရှိ​သ​မျှ​တို့​ကို​သိ​တော်​မူ​၏။ သင်​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​ပါ​မူ ကိုယ်​တော်​သည် သင့်​အား​နှစ်​သက်​လက်​ခံ​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​သည်​ကိုယ်​တော်​အား​ကျော ခိုင်း​မည်​ဆို​ပါ​က​ကိုယ်​တော်​သည်​လည်း သင့်​အား​အ​စဉ်​အ​မြဲ​စွန့်​ပစ်​တော်​မူ ပေ​အံ့။- \v 10 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့် မြတ်​သော​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန် အ​တွက် သင့်​အား​ရွေး​ချယ်​တော်​မူ​ပြီ​ဖြစ် ကြောင်း​သင်​သိ​မှတ်​ရ​ပေ​မည်။ သို့​ဖြစ်​၍ ယ​ခု​ပင်​လျှင်​ထို​ဗိ​မာန်​တော်​ကို​တည် ဆောက်​လော့။ အား​မာန်​တင်း​၍​တည်​ဆောက် လော့'' ဟု​မိန့်​တော်​မူ​၏။ \p \v 11 ဒါ​ဝိဒ်​သည်​ဗိ​မာန်​တော်​ဆိုင်​ရာ​အ​ဆောက် အ​အုံ​ရှိ​သ​မျှ​တို့​၏​ပုံ​စံ​များ​ကို​လည်း ကောင်း၊ ပစ္စည်း​သို​လှောင်​ရာ​မှ​စ​၍​အ​ခြား အ​ခန်း​အ​ပေါင်း​နှင့်​အ​ပြစ်​ဖြေ​လွှတ်​ရာ မြင့်​မြတ်​သန့်​ရှင်း​ရာ​ဌာ​န​တော်​၏​ပုံ​စံ​ကို လည်း​ကောင်း​ရှော​လ​မုန်​အား​ပေး​အပ်​တော် မူ​၏။- \v 12 မင်း​ကြီး​သည်​မိ​မိ​ကြံ​စည်​ထား​တော်​မူ သည့်​အ​တိုင်း ဗိ​မာန်​တော်​တံ​တိုင်း​များ​နှင့် တံ​တိုင်း​ပတ်​လည်​ရှိ​အ​ခန်း​များ၊ ဗိ​မာန် တော်​ပစ္စည်း​တန်​ဆာ​များ​သို​မှီး​ရာ​နှင့် ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ထား​သည့် လှူ​ဖွယ်​ပစ္စည်း​သို​လှောင်​ခန်း​တို့​၏​ပုံ​စံ များ​ကို​လည်း​ပေး​အပ်​တော်​မူ​၏။- \v 13 ဒါ​ဝိဒ်​သည်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​အား မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား များ​ကို​ထမ်း​ဆောင်​မှု၊ ဗိ​မာန်​တော်​ဝေ​ယျာ ဝစ္စ​များ​ကို​ဆောင်​ရွက်​မှု​နှင့်၊ ဗိ​မာန်​တော် ခွက်​ဖ​လား​များ​ကို​ထိန်း​သိမ်း​မှု​တို့ အ​တွက်​စည်း​ရုံး​ဖွဲ့​စည်း​ခြင်း​ဆိုင်​ရာ အ​စီ​အ​စဉ်​များ​ကို​လည်း​ပေး​အပ် တော်​မူ​၏။- \v 14-16 မင်း​ကြီး​သည်​ခွက်​ဖ​လား​များ​အ​တွက်၊ မီး​ခွက်​နှင့်​မီး​တင်​ခုံ​တစ်​ခု​စီ​အ​တွက်၊ ရွှေ စား​ပွဲ​များ​အ​တွက်​နှင့် ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​ရာ​မုန့်​များ​တင်​သည့်​ရွှေ​စား ပွဲ​တစ်​ခု​စီ​အ​တွက်​ငွေ​ချိန်၊ ရွှေ​ချိန်​မည် မျှ​အ​သုံး​ပြု​ရ​မည်​ကို​ညွှန်​ကြား​တော် မူ​၏။- \v 17 အ​မဲ​သား​ချိတ်​များ၊ ဖ​လား​များ၊ အိုး​များ အ​တွက်​ရွှေ​စင်​မည်​မျှ​အ​သုံး​ပြု​၍ ပန်း​ကန် များ​အ​တွက်​ငွေ​နှင့်​ရွှေ​မည်​မျှ​အ​သုံး​ပြု ရ​မည်၊- \v 18 နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ယဇ်​ပလ္လင်​အ​တွက် နှင့်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို အ​တောင်​ဖြင့်​လွှမ်း​မိုး​ထား​သော ခေ​ရု​ဗိမ်​များ​က​သည့်​ရ​ထား​အ​တွက် ရွှေ​စင်​မည်​မျှ​အ​သုံး​ပြု​ရ​မည်​ကို​ညွှန် ကြား​တော်​မူ​၏။- \v 19 ဒါ​ဝိဒ်​မင်း​က``ဤ​အ​ရာ​အား​လုံး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ငါ့​အား​ဆောင် ရွက်​ရန်​ညွှန်​ကြား​တော်​မူ​သည်​အ​တိုင်း​ရေး ဆွဲ​ထား​ခြင်း​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။ \p \v 20 ဒါ​ဝိဒ်​မင်း​သည်​သား​တော်​ရှော​လ​မုန်​အား``သင် သည်​တည်​ကြည်​ခိုင်​ခန့်​၍​ဇွဲ​သတ္တိ​ရှိ​လော့။ အ​လုပ် ကို​အ​စ​ပြု​လော့။ အ​ဘယ်​အ​ရာ​မျှ​သင့်​အား မ​ဆီး​မ​တား​စေ​နှင့်။ ငါ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင့်​ကို​စွန့်​ပစ် တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ဗိ​မာန်​တော်​အ​တွက် လို​အပ်​သ​မျှ​သော​အ​မှု​ကိစ္စ​များ​ပြီး​ဆုံး သည်​တိုင်​အောင် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​လိမ့် မည်။- \v 21 ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေဝိ​အ​နွယ်​ဝင် တို့​အား ဗိ​မာန်​တော်​တွင်​ဆောင်​ရွက်​ရန် တာ​ဝန်​ဝတ္တ​ရား​များ​ကို​ခွဲ​ခန့်​သတ်​မှတ် ပေး​ပြီး​ဖြစ်​လေ​ပြီ။ အ​ဘက်​ဘက်​မှ​ကျွမ်း ကျင်​သူ​အ​လုပ်​သ​မား​တို့​သည် သင့်​အား ကူ​ညီ​ရန်​စိတ်​အား​ထက်​သန်​လျက်​ရှိ​ကြ ၏။ လူ​အ​ပေါင်း​နှင့်​သူ​တို့​၏​ခေါင်း​ဆောင် များ​သည်​လည်း​သင်​၏​အ​မိန့်​ကို​လိုက် နာ​ဆောင်​ရွက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။ \c 29 \s1 ဗိ​မာန်​တော်​တည်​ဆောက်​ရန်​အ​တွက် အ​လှူ​ပစ္စည်း​များ \p \v 1 ဒါ​ဝိဒ်​မင်း​သည်​လူ​ထု​တစ်​ရပ်​လုံး​အား``ငါ့ သား​ရှော​လ​မုန်​သည်​ဘု​ရား​သ​ခင်​ရွေး​ချယ် တော်​မူ​သော​သူ​ဖြစ်​၏။ သို့​သော်​လည်း​အ​သက် အ​ရွယ်​ငယ်​၍​အ​တွေ့​အ​ကြုံ​မ​ရှိ​သေး​သူ ဖြစ်​၏။ သူ​ပြု​ရ​မည့်​အ​မှု​ကား​အ​လွန်​ကြီး မား​လှ​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော် ယ​ခု​တည်​ဆောက်​ရ​မည်​မှာ​လူ​တို့​အ​တွက် နန်း​တော်​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ဗိ​မာန်​တော်​ဖြစ်​သော ကြောင့်​တည်း။- \v 2 ငါ​သည်​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​ပစ္စည်း များ​ဖြစ်​သည့်​ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ သစ်၊ ကျောက်​မျက်​ရ​တ​နာ၊ ကျောက်​စီ​ပန်း​ဖော် ကျောက်​များ​နှင့် မြောက်​မြား​စွာ​သော​ကျောက် ဖြူ​တို့​ကို​စု​ဆောင်း​ပြင်​ဆင်​ထား​ရန်​အ​စွမ်း ကုန်​ကြိုး​စား​အား​ထုတ်​ခဲ့​၏။-\x + \xo 29:2 \xt ၅ရာ၊ ၂၂:၅။\x* \v 3 ငါ​သည်​ဤ​သို့​ပေး​လှူ​ခဲ့​သည့်​ပစ္စည်း​အ​လုံး​စုံ တို့​အ​ပြင် မိ​မိ​ကိုယ်​ပိုင်​ရွှေ​နှင့်​ငွေ​တို့​ကို​လည်း ပေး​လှူ​ခဲ့​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည် ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို​လွန်​စွာ​မြတ် နိုး​သော​ကြောင့်​ဖြစ်​ပေ​သည်။- \v 4 ငါ​သည်​ရွှေ​စင်​တန်​ချိန်​တစ်​ရာ​တစ်​ဆယ့် ငါး​နှင့်​ဗိ​မာန်​တော်​နံ​ရံ​များ​မွမ်း​မံ​ချယ် လှယ်​ရန်၊- \v 5 နှင့်​လက်​မှု​ပ​ညာ​သည်​တို့​ပြု​လုပ်​ရန်​ရှိ​သ​မျှ သော​ဝတ္ထု​ပစ္စည်း​များ ငွေ​စင်​အ​ချိန်​နှစ်​ရာ​ခြောက် ဆယ့်​ငါး​တန်​ကို​လည်း​ပေး​လှူ​ခဲ့​လေ​ပြီ။ ယ​နေ့ အ​ဘယ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ရက်​ရော စွာ​ပေး​လှူ​လို​ပါ​သ​နည်း'' ဟု​မိန့်​တော်​မူ​၏။ \p \v 6 ထို​အ​ခါ​သား​ချင်း​စု​ဦး​စီး​များ၊ အ​မျိုး အ​နွယ်​ဝင်​တို့​ကို​အုပ်​ချုပ်​သူ​အ​ရာ​ရှိ​များ၊ တပ်​မှူး​များ​နှင့်​ဘု​ရင့်​ပစ္စည်း​များ​ကို​ထိန်း သိမ်း​အုပ်​ချုပ်​ရ​သူ​တို့​သည်​ဗိ​မာန်​တော် အ​တွက်​ပေး​လှူ​ရန်​အ​လို​အ​လျောက်​ဆန္ဒ ပြု​ကြ​ကုန်​၏။- \v 7 သူ​တို့​သည်​ရွှေ​တန်​ချိန်​တစ်​ရာ့​ကိုး​ဆယ်၊ ငွေ တန်​ချိန်​သုံး​ရာ့​ရှစ်​ဆယ်၊ ကြေး​ဝါ​တန်​ချိန် ခြောက်​ရာ​ခု​နစ်​ဆယ့်​ငါး​နှင့်​သံ​တန်​ချိန်​သုံး ထောင်​ခု​နစ်​ရာ့​ငါး​ဆယ်​ကို​ပေး​လှူ​ကြ​လေ သည်။- \v 8 ကျောက်​မျက်​ရ​တ​နာ​များ​ရှိ​ကြ​သူ​တို့​သည် ယင်း​တို့​ကို​လေ​ဝိ​အ​နွယ်​ဝင်​ဂေ​ရ​ရှုံ​သား ချင်း​စု​မှ​ယေ​ဟေ​လ​အုပ်​ချုပ်​သည့်​ဗိ​မာန် တော်​ဘဏ္ဍာ​တိုက်​သို့​ပေး​လှူ​ကြ​၏။- \v 9 သူ​တို့​သည်​စေ​တ​နာ​စိတ်​နှင့်​ထာ​ဝ​ရ ဘု​ရား​အား​ပေး​လှူ​ကြ​သည်​ဖြစ်​ရာ မိ​မိ တို့​ဤ​မျှ​မြောက်​မြား​စွာ​ပေး​လှူ​ခဲ့​ရ​ကြ သည့်​အ​တွက်​အား​ရ​ဝမ်း​မြောက်​ကြ​ကုန်​၏။ ဒါ​ဝိဒ်​မင်း​သည်​လည်း​လွန်​စွာ​အား​ရ​ဝမ်း မြောက်​တော်​မူ​၏။ \s1 ဘု​ရား​သ​ခင်​အား​ဒါ​ဝိဒ်​ထော​မ​နာ​ပြု​တော်​မူ​ခြင်း \p \v 10 ဒါ​ဝိဒ်​သည်​ထို​အ​ရပ်​ရှိ​လူ​စု​တစ်​ရပ်​လုံး​၏​ရှေ့ တွင်​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​တော် မူ​၏။ မင်းကြီး​က``ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး ယာ​ကုပ်​၏​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ် တော်​ရှင်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​မင်္ဂလာ​ရှိ​တော် မူ​ပါ​စေ​သ​တည်း။- \v 11 ကိုယ်​တော်​ရှင်​သည်​ကြီး​မြတ်​တော်​မူ​၍​တန်​ခိုး တော်​ဘုန်း​အ​သ​ရေ​တော်၊ အ​ရောင်​အ​ဝါ​တော်၊ အာ​နု​ဘော်​တော်​တို့​နှင့်​ပြည့်​စုံ​တော်​မူ​ပါ​၏။ ကောင်း​ကင်​နှင့်​မြေ​ကြီး​ပေါ်​တွင်​ရှိ​သ​မျှ​သော အ​ရာ​တို့​ကို​ပိုင်​တော်​မူ​၍ ကိုယ်​တော်​ရှင်​သည် လူ​ခပ်​သိမ်း​တို့​အား​အ​ချုပ်​အ​ခြာ​အာ​ဏာ တော်​ဖြင့်​အ​စိုး​ရ​သည့်​ဘုရင်​ဖြစ်​တော်​မူ​ပါ ၏။-\x + \xo 29:11 \xt မ၊ ၆:၁၃။\x* \v 12 စည်း​စိမ်​ချမ်း​သာ​နှင့်​ပစ္စည်း​ဥစ္စာ​ပေါ​များ ကြွယ်​ဝ​မှု​မှန်​သ​မျှ​ကို​ကိုယ်​တော်​ရှင်​ပေး တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​ရာ​ခပ် သိမ်း​တို့​ကို​ခွန်​အား​စွမ်း​ရည်​တန်​ခိုး​နှင့် အ​စိုး​ရ​တော်​မူ​၍ မည်​သူ့​ကို​မ​ဆို​ကြီး မြတ်​၍​သန်​စွမ်း​မှု​ကို​ပေး​တော်​မူ​ပါ​၏။- \v 13 ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့ သည်​ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၍​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​ဝ​သည့်​နာ​မ​တော် ကို​ထော​မ​နာ​ပြု​ကြ​ပါ​၏။'' \p \v 14 ``အ​ကယ်​စင်​စစ်​ကျွန်​တော်​မျိုး​နှင့်​ကျွန်​တော် မျိုး​၏​လူ​တို့​သည် ကိုယ်​တော်​ရှင်​အား​အ​ဘယ် အ​ရာ​ကို​မျှ​ပေး​လှူ​နိုင်​စွမ်း​မ​ရှိ​ပါ။ ခပ်​သိမ်း သော​အ​ရာ​တို့​သည်​ကိုယ်​တော်​ရှင်​ပေး​သ​နား ထား​သည့်​ဆု​ကျေး​ဇူး​များ​ဖြစ်​သ​ဖြင့် ကျွန် တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ပိုင်​သည့် အ​ရာ​များ​ကို​သာ​လျှင်​ကိုယ်​တော်​ရှင် အား​ပြန်​လည်​ဆက်​သ​ခြင်း​ဖြစ်​ပါ​၏။- \v 15 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​သည် ဘိုး​ဘေး​များ​နည်း​တူ​ပြည်​နှင်​ဒဏ်​ခံ​ရ ကြ​သူ​များ​နှင့်​သူ​စိမ်း​တစ်​ရံ​ဆံ​များ​ကဲ့ သို့​ဤ​ဘ​ဝ​တွင်​ကျင်​လည်​ရ​ကြ​ကြောင်း ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ ကျွန်​တော် မျိုး​တို့​၏​နေ့​ရက်​များ​သည်​ရှည်​လျား လျက်​နေ​သော​အ​ရိပ်​ကဲ့​သို့​ဖြစ်​၍ ကျွန် တော်​မျိုး​တို့​သည်​သေ​ဘေး​နှင့်​မ​လွတ် နိုင်​ကြ​ပါ။- \v 16 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​၏ ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ် သည့်​နာ​မ​တော်​ကို​ချီး​မြှောက်​နိုင်​ရန် ဗိ​မာန် တော်​တစ်​ဆောင်​တည်​ဆောက်​ရေး​အ​တွက် ဤ​ဥစ္စာ​အ​ပေါင်း​ကို​ကျွန်​တော်​မျိုး​တို့ စု​ဆောင်း​ယူ​ဆောင်​ခဲ့​ကြ​ပါ​၏။ သို့​ရာ တွင်​ထို​ဥစ္စာ​ပစ္စည်း​အား​လုံး​သည်​ကိုယ် တော်​ရှင်​ပေး​သ​နား​တော်​မူ​သော​အ​ရာ များ​ဖြစ်​၍​ယင်း​တို့​ကို​ကိုယ်​တော်​ရှင် ပိုင်​တော်​မူ​ပါ​၏။- \v 17 ကိုယ်​တော်​ရှင်​သည်​လူ​တိုင်း​၏​စိတ်​နှ​လုံး ကို​စစ်​ဆေး​ကြည့်​ရှု​တော်​မူ​၍ သ​မာ​ဋ္ဌိ ရှိ​သူ​တို့​အား​နှစ်​သက်​တော်​မူ​သည်​ကို ကျွန်​တော်​မျိုး​သိ​ပါ​၏။ ကျွန်​တော်​မျိုး သည်​ရိုး​ဖြောင့်​မှန်​ကန်​သော​စေ​တ​နာ စိတ်​ဖြင့် ဤ​ဘဏ္ဍာ​ကို​ကိုယ်​တော်​ရှင်​အား ဆက်​သ​ပါ​၏။ ဤ​အ​ရပ်​တွင်​စု​ရုံး​လျက် ရှိ​သော​ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​သည် လည်း ကိုယ်​တော်​ရှင်​အား​ပေး​လှူ​ပူ​ဇော် ရ​သ​ဖြင့်​အ​ဘယ်​မျှ​ဝမ်း​မြောက်​ကြ သည်​ကို​ကျွန်​တော်​မျိုး​တွေ့​ရှိ​ရ​ပါ​ပြီ။- \v 18 ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး​များ​ဖြစ် ကြ​သော​အာ​ဗြ​ဟံ၊ ယာ​ကုပ်​နှင့်​ဣ​ဇာက် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ သို့​ဘု​ရား​တ​ရား​စွဲ​လန်း​တတ်​သော​စိတ် သ​ဘော​ကို ကိုယ်​တော်​ရှင့်​လူ​စု​တော်​၏ စိတ်​နှ​လုံး​တွင်​အ​စဉ်​သ​ဖြင့်​ခိုင်​မြဲ စွာ​တည်​ရှိ​စေ​တော်​မူ​ပါ။ သူ​တို့​သည် ကိုယ်​တော်​ရှင်​အ​ပေါ်​အ​စဉ်​အ​မြဲ သစ္စာ​ရှိ​စေ​တော်​မူ​ပါ။- \v 19 ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​သ​မျှ​တို့​ကို စိတ်​ရော​ကိုယ်​ပါ​လိုက်​နာ​လို​သော​ဆန္ဒ​ကို လည်း​ကောင်း၊ ဗိ​မာန်​တော်​ကို​အ​ပြီး​တိုင် စိတ်​ပါ​လက်​ပါ​တည်​ဆောက်​လို​သော​ဆန္ဒ ကို​လည်း​ကောင်း ကျွန်​တော်​မျိုး​၏​သား ရှော​လ​မုန်​အား​ပေး​တော်​မူ​ပါ။ ထို​ဗိ​မာန် တော်​အ​တွက်​ကျွန်​တော်​မျိုး​သည်​ဤ​ပြင် ဆင်​မှု​များ​ကို​ပြု​လုပ်​၍​ထား​ပါ​ပြီ'' ဟု လျှောက်​ထား​၏။ \p \v 20 ထို​နောက်​ဒါ​ဝိဒ်​သည်​လူ​တို့​အား``သင်​တို့​၏ ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။ ထို အ​ခါ​လူ​ထု​တစ်​ရပ်​လုံး​သည် မိ​မိ​တို့​၏ ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​ကုန်​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​နှင့်​မိ​မိ​တို့​၏​ဘုရင့်​ရှေ့​တော် တွင်​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​ကုန်​၏။ \p \v 21 နောက်​တစ်​နေ့​၌​သူ​တို့​သည်​ယဇ်​ကောင်​များ အ​ဖြစ်​ဖြင့်​တိ​ရစ္ဆာန်​များ​ကို​သတ်​၍ ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​ပြီး​လျှင် လူ​တို့​အား စား​သုံး​ရန်​ပေး​ကြ​၏။ သူ​တို့​သည်​စပျစ်​ရည် ပူ​ဇော်​သ​ကာ​များ​ကို​လည်း​ယူ​ဆောင်​လာ ကြ​၏။ ထို​အ​ပြင်​နွား​သိုး​တစ်​ထောင်၊ သိုး ထီး​တစ်​ထောင်​နှင့်​သိုး​ငယ်​တစ်​ထောင်​တို့ ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​တစ်​ကောင်​လုံး မီး​ရှို့​ပူ​ဇော်​ကြ​လေ​သည်။- \v 22 သို့​ဖြစ်​၍​ထို​နေ့​၌​သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​တွင်​စား​သောက်​ကာ အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​ကုန်​၏။ \p သူ​တို့​သည်​ရှော​လ​မုန်​အား​ဘု​ရင်​အ​ဖြစ် ဖြင့်​ဒု​တိ​ယ​အ​ကြိမ်​ကြေ​ညာ​လေ​သည်။ သူ့​အား​မိ​မိ​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့် လည်း​ကောင်း၊ ဇာ​ဒုတ်​အား​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​ဘိ​သိက် ပေး​ကြ​၏။- \v 23 သို့​ဖြစ်​၍​ရှော​လ​မုန်​သည်​မိ​မိ​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​လျက် ထာ​ဝ​ရ​ဘု​ရား​တည်​စေ​သော​ရာ​ဇ​ပလ္လင် ပေါ်​တွင်​ထိုင်​တော်​မူ​၏။ သူ​သည်​အောင်​မြင် သော​ဘု​ရင်​ဖြစ်​ပေ​သည်။ ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​သည်​လည်း သူ​၏​အ​မိန့်​ကို​နာ​ခံ​ကြ​လေ​သည်။-\x + \xo 29:23 \xt ၃ရာ၊ ၂:၁၂။\x* \v 24 အ​ရာ​ရှိ​များ​နှင့်​စစ်​သူ​ရဲ​အ​ပေါင်း​တို့ နှင့်​ဒါ​ဝိဒ်​၏​အ​ခြား​သား​တို့​သည်​ရှော လ​မုန်​မင်း​၏​ကျေး​ဇူး​သစ္စာ​ကို​စောင့် ပါ​မည်​ဟု​က​တိ​ပေး​ကြ​၏။- \v 25 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​၏​ရှေ့​တွင်​ရှော​လ​မုန်​အား လွန်​စွာ​ချီး​မြှောက်​တော်​မူ​၍ အ​ခြား​အ​ဘယ် ဣ​သ​ရေ​လ​ဘု​ရင်​မျှ​မ​ရ​ရှိ​ဘူး​သည့် ဘုန်း​အ​သ​ရေ​ဖြင့်​ပြည့်​ဝ​စေ​တော်​မူ​၏။ \s1 ဒါ​ဝိဒ်​၏​နန်း​သက်​အ​ကျဉ်း​ချုပ် \p \v 26-27 ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​နိုင်​ငံ တစ်​ခု​လုံး​ကို​အ​နှစ်​လေး​ဆယ်​အုပ်​စိုး​တော် မူ​၏။ သူ​သည်​ဟေဗြုန်​မြို့​တွင်​ခု​နစ်​နှစ်၊ ယေ​ရု ရှ​လင်​မြို့​တွင်​သုံး​ဆယ့်​သုံး​နှစ်​နန်း​စံ​တော် မူ​၏။-\x + \xo 29:26-27 \xt ၂ရာ၊ ၅:၄-၅။ ၅ရာ၊ ၃:၄။\x* \v 28 သူ​သည်​စည်း​စိမ်​ချမ်း​သာ​ကြွယ်​ဝ​လျက်​ကြည်​ညို လေး​စား​မှု​ကို​ခံ​ရ​ကာ အ​လွန်​အို​မင်း​ချိန်​ကျ မှ​ကွယ်​လွန်​တော်​မူ​လေ​သည်။- \v 29 ဒါ​ဝိဒ်​မင်း​၏​ရာ​ဇ​ဝင်​ကို​အ​စ​မှ​အ​ဆုံး​တိုင် အောင်​ရှ​မွေ​လ၊ နာ​သန်​နှင့်​ဂဒ်​ဟူ​သော​ပ​ရော ဖက်​သုံး​ပါး​တို့​၏​မှတ်​တမ်း​များ​တွင်​ရေး​မှတ် ၍​ထား​၏။- \v 30 ထို​ပ​ရော​ဖက်​တို့​သည်​ဒါ​ဝိဒ်​မင်း​တိုင်း​ပြည်​ကို အုပ်​စိုး​ပုံ​နှင့်​တန်​ခိုး​ကြီး​ပုံ​တို့​ကို​လည်း​ကောင်း၊ သူ​ကြုံ​တွေ့​ရ​သော​အ​ဖြစ်​အ​ပျက်​များ​နှင့် တ​ကွ​ဣ​သ​ရေ​လ​နိုင်​ငံ​နှင့်​အ​နီး​တစ်​ဝိုက် ရှိ​တိုင်း​ပြည်​များ​၏​အ​ဖြစ်​အ​ပျက်​မှန်​သ​မျှ တို့​ကို​လည်း​ကောင်း​ဖော်​ပြ​ကြ​လေ​သည်။ ရာ​ဇ​ဝင်​ချုပ်​ပ​ထ​မ​စောင်​ပြီး​၏။